ဥတ္တရအလင်း ဦးဝင်းတင်

Page 1

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


http://www.shwezinu.blogspot.com/ ဘလော့မှ ရွှေစင်ဦး စာရိုက်တင်ပြီး

The Northern Light by A.J.Cronin ဥတ္တရအလင်း မြန်မာပြန် - ဦးဝင်းတင်

မင်းအရိပ် (ရောင်စုံအခန်းငယ်ဘလော့)မှ ဒီဇိုင်းနှင့် အီးဘွတ်ခ်အား ပြုလုပ်သည်။ http://colourful-flatlet.blogspot.com/


This e-book is not for sale and use of anyone anywhere at no cost. Commercial use of this book will be at your own risk.


ဦးဝင်းတင်

ဥတ္တရအလင်း လူထုစိန၀် င်းရဲ့ အမှာ

"သဘောထား အတင်းမာဆုံးသူ" အကြောင်းမသိသူ တိုင်းက သူ့ကို ဒီလိုပဲ မြင်ကြတယ်။ ခေါင်းမာလွန်း၊ မာကြောလွန်းတယ် လို့ လည်း ကောက်ချက်ချကြတယ်။ တချို့ကဆို ကွန်မြူနစ် လက်ဝဲသမားလို့တောင် တံဆိပ်တပ်လိုက်ကြ တယ်။ နှစ်ပေါင်း ငါးဆယ်ကျော် လက်ပွန်းတတီး ရင်းရင်းနှီးနှီး အတူလက်တွဲ လုပ်ကိုင်ခဲ့သူတစ်ယောက် အနေနဲ့ ဒီလို ပြော ဆိုသံတွေ ကြားရတဲ့အခါတိုင်း ပြုံးမိတယ်။ စေ့စေ့စပ်စပ် စနစ်တကျ ပိုင်းခြား ဝေဖန် သုံးသပ်မှုမျိုး မလုပ်ဘဲ ကိုယ်လချိုင်ရာ ဆွဲပြီးပြီးစလွယ် ကောက်ချက်ချ၊

တံဆိပ်တပ်မှု မျိုး တွေကြောင့်

နှစ်ပေါင်း ခြောက်ဆယ်ကျော် ရေစုန်မျော ခဲ့ ရတာ ပါလားလို့ မတွေးဘဲ မနေနိုင် ဖြစ်ရ တယ်။ နိုင်ငံရေးပါတီကြီး တစ်ခု စတင်တည်ထောင်ရာမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး ကြီးလေးတဲ့ တာဝန်ကို ယူခဲ့ ရပေမယ့် သူဟာ နိုင်ငံရေးသမား နဲ့ နည်းနည်းလေးမှကို မတူတဲ့ သူတစ်ယောက် အဖြစ်ပဲ ရှိနေသေး

တာ

တွေ့

ရတယ်။

နိုင်ငံရေးသမားဆိုတာ

ယေဘုယျအားဖြင့်

ကိုယ့်ကိုယ်ကိုယ်

‹‹‹http://www.shwezinu.blogspot.com/

ပေါ်ပြူလာဖြစ်အောင် လုပ်ကြ ရတယ်။ လူရှေ့ထွက်ပြီး လူလုံးပြတာနဲ့ စင်ပေါ်တက်ပြီး ဟောရ ပြောရတာကို မဖြစ်မနေ လုပ်ကြ တယ်။ နှစ်ပေါင်း နှစ်ဆယ်ကျော် သူ နိုင်ငံရေးလုပ်တဲ့ လမ်းခရီးမှာ သူဟာ စင်ပေါ်တက် လူလုံးပြတာမျိုးတွေ

သိပ်မလို

ဘဲ

လုပ်စရာအလုပ်တွေကို

ကန့်လန့်ကာ

နောက်ကွယ်ကပဲ

သိမ်းကြုံးလုပ်နေလေ့ ရှိတယ်။ နိုင်ငံရေးသမား အများစုက စားပွဲနဲ့ ကုလားထိုင်ကို သိပ်ခုံမင်ကြပြီး ရာထူးကို ဖော်ပြတဲ့ သုံးမျှောင် တုံးကိုလည်း သိပ် စုံမက်ကြတယ်။ သူက အဆောင်အယောင် အခမ်းအနားတွေကို သိပ်မုန်းသူ ဖြစ်တယ်။ သူ ပုဂ္ဂလိက ကြေးမုံသတင်းစာ ကို တာဝန်ယူ လုပ်နေစဉ်က မျက်နှာချင်းဆိုင် စီတန်း ထားတဲ့ စားပွဲတွေမှာ တခြား အယ်ဒီတာတွေ သတင်းထောက်တွေနဲ့ အတူတူထိုင်ပြီး အလုပ်လုပ် တယ်။ မန္တလေးက ပြည်သူပိုင် ဟံသာဝတီ သတင်းစာကို သူပဲ စတင် တည်ထောင်ပြီး သူပဲ တာဝန် ယူ လုပ်ကိုင်ရတော့လည်း သူ့အယ်ဒီတာချုပ် ရုံးခန်းမှာ တံခါး မရှိပါဘူး။ စာစီတွေ၊ ဖိုမင်တွေ၊ စက်ဆရာတွေဟာ သတင်းထောက်တွေလိုပဲ သူ့အခန်းကို ဥဒဟို ၀င်ထွက်နေ တာ တွေ့ရတယ်။ မန္တလေးနန်းရှေ့ က ယူဂိုဆလပ် တိုက်တန်းတွေက သူ့အခန်းမှာ သူရှိတဲ့ အချိန်ဆိုရင် ကလေးတွေ တရုန်းရုန်းနဲ့

စည်ကားနေ

တတ်တယ်။

ဘယ်အရပ်ရောက်ရောက်

သူ

ပထမဦးဆုံး

မိတ်ဆွေဖြစ်တာ

ကလေးတွေပဲ။ သူ့ဟာသူ ထမင်း နပ်မှန် စားချင်မှစားပေမယ့် ရုံးက ပြန်ရင်တော့ ကလေးတွေ စားဖို့ မုန့်ပဲသရေစာ ၀ယ်သွားဖို့ သူ ဘယ်တော့ မှ မမေ့ဘူး။ ရှားရှားပါးပါး အားလပ်ရက်ရတဲ့အခါများ ဆိုရင် Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကလေးပရိသတ် တစ်အုပ်ကြီးကို ထမင်းဟင်း ချက်ပြုတ်ကျွေးရင်း သူ တပြုံးပြုံးနဲ့ ဖြစ်နေ တတ်တယ်။ ကွယ်လွန်သူ

ကျွန်တော်တို့

မိတ်ဆွေ

သူ့

မိတ်ဆွေ

သတင်းစာဆရာ၊

စာရေးဆရာ

မောင်နေ၀င်းရဲ့

သားသမီးတွေ ဖြစ်ကြတဲ့ မောင်နေဦး၊ မောင်ကြည်လင်၊ ရီရီဝင်း၊ မောင်ဥာဏ် တို့ ဆို သူ သိပ်ချစ်တယ်။ စလည်း စလေ့ ရှိတယ်။ အခု သူ နေတဲ့ သူ့သူငယ်ချင်း ကိုအုန်းထွန်း သမီးတွေ ဆိုလည်း သူ့သမီးတွေလို့ သူက သတ်မှတ်ထားတယ်။ ကိုအုန်းထွန်း

ကို

သံယောဇဉ်ရှိလို့

အတူနေတာထက်

သူ့သမီးတွေကို

သံယောဇဉ်

ပိုရှိလို့

အတူနေတာလို့တောင် ထင်မှတ် ရတယ်။ ရောက်လေရာအရပ်မှာ ကလေးတွ တရုန်းရုန်းကြားမှာ နေတတ်သူမို့ ကျွန်တော်တို့၊ ကိုနေ၀င်း တို့ တစ်တွေက သူ့ကို ကလေးဗိုလ်ကြီး လို့ ခေါ်ကြတယ်။ ကျွန်တော့်သားကြီးဆိုရင် တကယ်ကို သူ့လက်ပေါ်မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ ၁၉၆၇၊ ဇူလိုင် မှာ လူထု သတင်းစာ အပိတ်ခံရပြီး ကျွန်တော် အဖမ်းခံရတော့ သားကြီး က ဆယ်လသားအရွယ်ပဲ ရှိသေးတယ်။ သူ့ အမေက မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်း မှာ ဆရာမ လုပ်နေတာ ဆိုတော့ ကလေးကို တစ်နေကုန် မျက်နှာလွှဲ ထားခဲ့ရတယ်။ အဲဒီတော့ ကလေးက ချူချာတယ်။ နည်းနည်းလေး ကိုယပ်ူတာနဲ့ တက် တတ်တယ်။ ကလေးအမေ ကလည်း မင်္ဂလာဒုံမှာ ဆိုတော့ ပြန်မလာနိုင်ဘူး။ အိမ်သားတွေက သူ့ဆီပဲ လှမ်းပြီး

‹‹‹http://www.shwezinu.blogspot.com/

ဖုန်းဆက် ရတယ်။ သူ ချက်ချင်း ရောက်လာပြီး ကလေးဆေးရုံ လိုက်ပို့ရတယ်။ တစ်ကြိမ်တစ်ခါ မဟုတ်ဘူး။ တစ်ခါ တစ်လေ တစ်လနှစ်ကြိမ် လောက်၊ တစ်ခါတလေ သုံးလတစ်ကြိမ်လောက်။ ဒါကြောင့် သားကြီးဟာ တကယ်ပဲ သူ့လက်ပေါ် မှာ ကြီးခဲ့ရတာလို့ ဆိုနိုင်တယ်။ တခြား နိုင်ငံရေးသမားတွေနဲ့ သူ မတူကွဲပြားတဲ့ နောက်တစ်ချက်ကတော့ "နင်ဘဲငဆ" မငြင်းတတ် တာ ဖြစ် တယ်။ နိုင်ငံရေးသမား အများစု ဟာ အငြင်းသန်ကြတယ်။ "ငါ့စကားနွားရ" ပြောတတ် တယ်။ နောက်ပြီး နိုင်ငံရေးသမားတွေ က လက်ဖ၀ါးလို ကျင့်လေ့ ရှိတယ်။ မှောက်ချီလှန်ချီ လုပ်တတ်တယ်။ သူက ဗလောင်းဗလဲ မလုပ်တတ်ဘူး။ သူ ကိုင်ခဲ့တဲ့မူကို အခိုင်အမာ ဆုပ်ကိုင်ပြီး သဘောထား တင်းမာတာလို့ သတ်မှတ်

ကြတာ

ဖြစ်တယ်။

နိုင်ငံရေးသမား

ဆိုတာ

ရပ်တည်ချက်

ခိုင်မာရတယ်။

အခြေခံမူကို

အရောင်းအ၀ယ် မလုပ် ရဘူး။ စည်းရုံးရေးနဲ့ ဆက်ဆံရေးမှာတော့ ပျော့ပျောင်း ငြင်သာရမယ်။ အဲဒီလို ဆိုကြတဲ့အတိုင်း သူ ကျင့်ကြံ နေထိုင် ခဲ့တာ ဖြစ်တယ်။ သူဟာ နှစ်ပေါင်းနှစ်ဆယ်နီးပါး ထောင်နန်းစံခဲ့ရတဲ့ ပါတီထိပ်သီး ခေါင်းဆောင်ကြီး တစ်ယောက် ဖြစ်နေပေမယ့် ကျွန်တော် ကတော့ သူ့ကို အခုထိ နိုင်ငံရေးသမားလို့ မမြင်ဘဲ သတင်းစာဆရာ တစ်ယောက် လို့သာ မြင်နေဆဲ ဖြစ်တယ်။ မူကို အပြုအပြင် မခံတာ၊ အပြောင်းအလဲ မလုပ်တာဟာ သတင်းစာဆရာများရဲ့ အခြေခံ အကျဆုံး ကျင့်ဝတ် ဖြစ်တယ်။ သတင်းသမား ဆိုတာ ဖြစ်တာ ကို ဖြစ်တဲ့ အတိုင်း၊ မြင်တာ ကို မြင်တဲ့အတိုင်း ရေးရတယ်။ ဖြည့်တာ စွက်တာ မလုပ်ရ သလို ဖြုတ်တာ ဖျောက်တာလည်း မလုပ်ရဘူး။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သနပ်ခါးလိမ်း ပန်းပန်ပြီး လူမြင်ကောင်းအောင် မလုပ်ရသလို၊ လူမြင်မကောင်း လို့ ဆိုပြီး ထိန်ချိန်တာလည်း မလုပ် ရဘူး။ သတင်းစာဆရာ ဗီဇစိတ်နဲ့ နိုင်ငံရေး ၀င်လုပ်ရတော့ လူတွေက သူ့ကို အပြောင်းအလဲ မလုပ်ချင် တဲ့ သဘောထား တင်းမာသူ လို့ မြင်နေကြတာ ဖြစ်တယ်။ တကယ်တော့ သူ ကိုယ်တိုင် က နိုင်ငံ ရေးသမား ဖြစ်ချင်တာ မဟုတ်ဘူး။ နိုင်ငံရေးလုပ် ဖို့လည်း သူ ဘယ်တုန်းကမှ စိတ်ကူးခဲ့တာ မဟုတ် ဘူး။ မလုပ်မဖြစ် လို့ အရေးတော်ပုံကြီးအတွင်း

ဝင်ရောက်လုပ်ကိုင်ရင်းနဲ့

ဇွတ်အတင်း

"ပေါ်တာ"

ဆွဲသလို

အဆွဲခံ

ခဲ့ရလို့

နိုင်ငံရေးသမား ဖြစ်သွားခဲ့ရတာသာ ဖြစ်တယ်။ သူက သူ့ဘ၀တစ်ခုလုံးကို သတင်းစာထဲမှာပဲ မြုပ်နှံထားတာ ဖြစ်တယ်။ သတင်းစာ ကိုယ်တိုင် မလုပ်ရတဲ့ အချိန်တွေ ကို "ကွ"ိ လို ၊ "ဥတ္တရအလင်း" လို သတင်းစာဆရာတွေ ရဲ့ အကြောင်းရေးတဲ့ စာအုပ်တွေကို

ဘာသာပြန်ရင်း

နဲ့

"ရသေ့စတိဖြေ"

လုပ်သူ

ဖြစ်တယ်။

အခုအချိန်က

မြန်မာစာနယ်

ဇင်းလောကမှာ အပတ်စဉ် ထုတ် ဂျာနယ်တွေ ၂၀၀ လောက်အထိ ထွက်ရှိလာတဲ့ စံချိန်တင်ရတဲ့ ကာလ ဖြစ်တယ်။ အသက်နှစ်ဆယ်နဲ့ အစိတ်ကြား ယောက်ျားလေးတွေ၊ မိန်းကလေးတွေ အားတက်သရော ၀င်ရောက် လုပ်ကိုင်နေကြတယ်။ သတင်းစာ ပညာသင်တဲ့ တက္ကသိုလ်တွေ၊ ကျောင်းတွေ မရှိလေတော့ ဒီသူငယ်လေးတွေ

‹‹‹http://www.shwezinu.blogspot.com/

အားလုံးဟာ မုဆိုးစိုင်သင် ဆိုသလို "လုပ်ရင်းသင်၊ သင်ရင်းလုပ"် လုပ်နေကြရရှာတယ်။ အုတ်အရောရော၊ ကျောက် အရောရော ဖြစ်နေကြတာလည်း ရှိတယ်။ ဒီလိုအချိန်မှာ "ဥတ္တရအလင်း" ပြန်ထုတ်ခွင့်ရတဲ့ အတွက် ၀မ်းသာ မိတယ်။ "ဥတ္တရအလင်း" က သတင်းစာလောကအကြောင်း မီးမောင်း ထိုးပြထားတဲ့ စာအုပ် ဖြစ်တယ်။ သတင်းစာ

အလုပ်ကို

သာသနာပြု

လုပ်ငန်းလို့

သဘောထား

တဲ့

"တိုင်းပြုပြည်ပြု"

သတင်းစာနဲ့၊

သတင်းစာလုပ်ငန်းကို စီးပွားရှာဖို့ နဲ့ ကိုယ့်ကိုယ်ကိုယ် နာမည်ကြီးအောင် လုပ်ဖို့ အသုံးချတဲ့ "ပေါက်လွှတ်ပဲစား" သတင်းစာတွေ အကြောင်း ကို ရှင်းခနဲ ထင်းခနဲ မြင်သာအောင် ရေးထားတဲ့ အတွက် "မုဆိုးစိုင်းသင်" စမ်းတ၀ါးဝါး လုပ်နေရတဲ့ လူငယ်တွေ အတွက် အများကြီး အထောက်အကူ ရလိမ့်မယ်လို့ ထင်တယ်။ ဒါ့အပြင် သိက္ခာသမာဓိ ရှိတဲ့ သတင်းစာဆရာ ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်၊ "အ၀ါရောင်သတင်း စာဆရာ" ဆိုတာ ဘယ်လိုလူမျိုး ဖြစ်တယ်ဆိုတာ ခွဲခြားပြီး သိနားလည်အောင်လည်း လုပ်ပေးပါ လိမ့်မယ်။ ကမ္ဘာတစ်ခုလုံး မှာ သိက္ခာရှိ သတင်းစာ ဆိုတာ တော်တော် ရှားနေပြီ။ အများစုက စီးပွား ရှာဖို့ အမြတ်အစွန်း များများ ရဖို့ ဘာမဆို လုပ်မယ်ဆိုတဲ့ သတင်းစာတွေ ဖြစ်နေပြီ။ "သတင်းစာ လုပ်ငန်းကို များ မြင့်မြတ်တော်မူပေသော ကိစ္စလို လုပ်ပြီး တရားဟောနေသေးတာ၊ ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ်နဲ့ လောကနိဗ္ဗာန် ဖန်ဆင်း ချင်တဲ့ မြှင့်တင်ရေး သမားတွေ ကို ကျွန်တော် နည်းနည်းမှ ကြည့်လ့မို ရဘူး" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဥတ္တရအလင်းထဲက

"လီယိုနဒ်ညေး"ရဲ့

စကားထဲက

သတင်းစာသမားမျိုးတွေပဲ

ဒီခေတ်မှာ

များနေတယ်။ "ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေလိုပဲပေါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ ဆိုတဲ့ ပန်းတိုင် နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင် ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရ မယ်။ လူအများစုကြီး ဖတ်ချင်တဲ့ "ဓာတ်စာ" သတင်း က ဘာလဲ။ သူတို့ ဖတ်ချင်တာက အရေရွှမ်း တဲ့ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက် သတင်းတွေ၊ အမနာပ သတင်းတွေ၊ အမြူအဆွ သတင်းတွေဗျ။ ရာဇ၀တ်ရုံး သတင်းတွေ၊

ထရံပေါက်

က

သတင်းတွေနဲ့

စောင်ရေ

ခုနှစ်သန်းအထိ

ရောက်နေတဲ့

"တနင်္ဂနွေ

အထောက်တော်"က သက်သေခံနေ တာပဲ" "ညေး"ရဲ့ မီဒီယာလုပ်ငန်း

စကားတွေက အားလုံး

အမြတ်အစွန်းရရေးအတွက်

ကို

သွေးထွက်အောင် အခုအခါ

သက်သက်သာသာ

မှန်ပါတယ်။

စီးပွားရေး

ကမ္ဘာပေါ်က

သတင်းစာနဲ့

လုပ်ငန်းရှင်ကြီးတွေက

လုပ်ကိုင်နေကြတာကြောင့်

ဆက်စပ်

ချုပ်ကိုင်ထားကြပြီး

"စတုတ္ထမဏ္ဍိုင်"

ပီသတဲ့

သတင်းစာ ဆိလို့ နည်းနည်းပါးပါး ပဲ မြင်တွေ့နိုင်ပါတော့တယ်။ "ဥတ္တရအလင်း"

ကို

လူငယ်တွေ

ဖတ်ပြီး

"ဟင်နရီပေ့"ကို

အားကျရုံလောက်

ရှိတယ်ဆိုရင်ပဲ

‹‹‹http://www.shwezinu.blogspot.com/

ကျွန်တော်တို့ အနေ နဲ့ ကျေနပ်နိုင်ပါပြီ။

လူထုစိန၀် င်း ၂၂.၁၁.၁၁.

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သတင်းစာသမား၏ "သွေး"

(၁) "ဘာသာပြန် စာအုပ်ပဲဗျ။ အမှာတွေ ဘာတွေ လိုလှ မထင်ပါဘူး။ ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ ထင်ပါရဲ့" ထင်လင်း က ပြောသည်။ ထင်လင်း က နာမည်ကျော် စာရေးဆရာ။ ပြီးတော့ ဆုရဘာသာပြန်ဆရာ။ ဒါထက် ကရိုနင် ၀တ္ထု တစ်ပုဒ်၊ (တစ်ကျွန်းစံ ၏ အပြန်လမ်း)ကို ဘာသာပြန်ခဲ့သူ။ ထိ့ေု ကြာင့် ဤကရိုနင် ဘာသာပြန် စာအုပ်တွင် အမှာစာ ရေးခိုင်းရကောင်းသား ဟု ကျွန်တော်တို့ အတွေးပေါ်မိသည်။ ဘာစာအုပ်မျိုး

ထုတ်ထုတ်

ဆရာကြီးငယ်တို့၏

အပို့အပင့်

အမိန့်အမှာတွေက

တန်းလန်းပါမြဲ။

‹‹‹http://www.shwezinu.blogspot.com/

အလေ့အထ လို ပင် ဖြစ်နေပြီ။ ကျွန်တော် ရေးခဲ့ သည့် စာအုပ်များတွင်လည်း ထိုနည်းလည်းကောင်း၊ လူထုဦးလှ၊ တက်တိုး၊ ဒဂုန်တာရာ၊ မြသန်းတင့်၊ မင်းယုဝေ၊ ဂျာနယ်ကျော်မမလေး စသော စာရေးဆရာကြီးငယ်များ၏ အမှာတွေနှင့်။ ဦးအုန်းလွင် လို ပန်းချီဆရာ ပန်တျာ မြင့်အောင်လို ဂီတပညာရှင်၊ ကိုကြည်မြ လို နိုင်ငံရေးသမားတို့၏ အမှာ များ ပင် ပါလိုက်ချည်သေး။ ဤစာအုပ်တွင် လည်း တစ်ယောက်ယောက်ကို "ပင့်"ဦးမှ တော်တော့ မှာကိုး ဟု ကျွန်တော်တို့ အကျင့် ပါပါ တွေးမျှော် ထားခဲ့သည်။ ထင်လင်း စကားကြားတော့ ဟုတ်သားပဲလိုလို ထင်မိလာ၏။ မဟုတ်သေးပါဘူးလိုလိုလည်း ထင်မိ လာ၏။ ဘာပဲဖြစ်ဖြစ် "ဆရာကြီး"တွေ ကို အားနာလာမိသည်တော့ အမှန်။ ကျွန်တော် ကိုယ်တိုင် ကဗျာစာအုပ်၊ ၀တ္ထုစာအုပ်တွေ အစ၊ ဘာသာပြန်စာအုပ်၊ ဆောင်းပါးစာအုပ် တွေ အလယ်၊ အကပညာ စာအုပ်၊

တရားစာအုပ်တွေ အဆုံး

(ဘုမသိဘမသိ

အကြိမ်များစွာ

အပါအ၀င်)

အမှာတွေ ဗောင်းလံအောင် ရေးပေးခဲ့ရဖူး၍ "ဆရာကြီး" တွေကို ကိုယ်ချင်းစာနာလာ မိသည်လည်း အမှန်။ သို့ဖြင့် ကိုယ့်ငါးချဉ် ကိုယ်ချဉ်ကာ ထင်လင်း ပြောသလို "ကိုယ်မြင်တာလေးလောက် ရေးလိုက် ... တော်ပေါ့ထင်ပါရဲ့" ဟု တွေးလာမိသည်လည်း အမှန်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၂) ဤစာအုပ်

အင်္ဂလိပ်စာရေးဆရာ

(A.J.

Cronin

The

Northern

Light)

အကြောင်း

သတင်းကောင်းကြားနေ ခဲ့ သည်မှာ ကြာပြီ။ စာကောင်းပေကောင်း ကို အမြည်းအမြုံ့ အဖတ် အမှတ်ကောင်း သော တက္ကသိုလ် များ ဗဟို စာကြည့်တိုက်မှူး ဦးသော်ကောင်း က "လက်တို့" ထားခဲ့သည် မှာ လည်း ကြာပြီ။ နှစ်၃၀ ခန့် ကျွန်တော် တို့ ကျင်လည်ခဲ့သည့် သတင်းစာသမားဘ၀က တာဝန်ပိလွန်းသည်။ စိတ်အား လူအား အချိန် အား ရသည် ဟူ၍ မရှိသလောက်။ ၁၀နှစ်ခန့် ကျွန်တော်တို့ နေထိုင်ခဲ့သည့် မန္တလေး မြို့က ခေတ်ပေါ် စာအုပ် ရှားလွန်း သည်။ စာအုပ်ဆိုင် ကောင်းကောင်းကြီးကြီးဟူ၍ မရှိသလောက်။ အလုပ် က ဗလပွ။ စာအုပ်က ရှာမရ။ သည်လိုနှင့် ဤစာအုပ်ကို မဖတ်ဖြစ်ခဲ့။ ဘာသာပြန်ဖို့ကား ဝေလာဝေး။

‹‹‹http://www.shwezinu.blogspot.com/

"ကောင်းသားပဲ"

"ရေးဗျာ"

ယခုတစ်လော

ကျွန်တော်တို့

စိတ်အား

လူအား

အချိန်အား

။အားချင်တိုင်းအား အများကြီးအားနေ သည်။ ထု့ေိ ကြာင့် ထိုစာအုပ် ကို ဘာသာပြန်လိုက်သည်။ "ဥတ္တရအလင်း ..."

(၃) သတင်းစာ သည် လူ့အဖွဲ့ အစည်းတွင် မရှိမဖြစ် လူမှုနိုင်ငံရေး လက်နက်တစ်ခု။ ထိုလက်နက်သည် သုံးချင်သလို သုံး စူးရှသည်။ ထက်မြက်သည်။ ထိရောက်သည်။ သြဇာကြီးသည်။ တန်ခိုးထွား သည်။ အကောင်းသုံး အကောင်းဖြစ်။ အဆိုးသုံး အဆိုးဖြစ်။ ထု့ေိ ကြာင့် အကောင်းသုံးသူက သုံး၊ အဆိုးသုံးသူက သုံး။ သို့ဖြင့် အကောင်းတွေ ဖြစ်ထွန်း။ အဆိုးတွေ ကျရောက်။ ပြီးတော့ အကောင်း အဆိုးပဋိပက္ခတွေ ပေါ်ပေါက်။ အကောင်းဆုံး ပဋိပက္ခ သည် အကောင်းအဆိုးတို့ကို ဖန်တီးစွမ်းရှိသော သတင်းစာလောကတွင် လည်း ဖြစ်ပွားလေ သည်။ ဥတ္တရအလင်းသည်

ပြည်သူ့အကျိုးဆောင်

သတင်းစာကောင်းနှင့်

ပုဂ္ဂလိက

ကိုယ်ကျိုးရှာ

သတင်းစာဆိုး၏ ပဋိပက္ခ၊ ဒေါင်ဒေါင်မြည် သတင်းစာသမားနှင့် မူးတင်းပဲတင်း သတင်းစာသမား၏ တိုက်ပွဲ၊ သဘောရိုးနှင့် မနောဆိုး ၏ ၀ိရောဓိ တို့ကို ဇာတ်လမ်းဖွဲ့သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဗြိတိန်နိုင်ငံ အရင်းရှင် သတင်းစာလောက၏ စီးပွားရေး စားကျက်လုပွဲ၊ သတင်းစာကောင်းဆိုး၏ ပဋိပက္ခ၊ ပြည်သူ့အကျိုးဆောင် သတင်းစာကောင်း၏ အစဉ်အလာ၊ သြဇာတိက္ကမနှင့် ရပ်တည် ချက်၊ ပုဂ္ဂလိက ကိုယ်ကျိုးရှာ သတင်းစာဆိုး ၏ "မှိုင်း"၊ ထိုးကွက်နှင့် ဆင်လုံး၊ သတင်းစာသမား ကောင်း၏ "သွေး"၊ မာနနှင့် စေတနာ၊ သတင်းစာသမား၏ ဥာဉ်၊ ၀သီနှင့် စရိုက်တို့ကို မီးမောင်း ထိုးပြသည်။ ကြည်နူးစရာအချစ်၊ ရင်နင့်စရာ အလွမ်းတို့က ထိုမီးမောင်းအလယ် မှာ မြူးပျံရင်း ကျေပြုန်းသည့် ပိုးလိပ်ပြာနှယ်။

(၄) တစ်လောကဆီက ငွေဥဒေါင်း ဧည့်ခံပွဲတွင် ဒဂုန်တာရာ၊ မြသန်းတင့်၊ ထင်လင်း၊ ပါရဂူ၊ မောင်နေ၀င်း၊ သာဘန်း၊ ရွှေစင်မောင်မောင်ခင် တို့နှင့် ဆုံသည်။ ဒဂုန်တာရာက ကျွန်တော်တို့ကို မေးသည်။ "ဘာတွေ ရေးဖြစ်နေတာလဲ" "သဗ္ဗရနာမ် ပေါင်းပဲဗျာ။ စုံရော။ ကရိုနင် တစ်အုပ်လည်း ပြန်နေတယ်"

‹‹‹http://www.shwezinu.blogspot.com/

"ဘယ်ဟာလဲ" "ဥတ္တရအလင်းလေ" "တက္ကသိုလ်တုန်း ကတော့ ကရိုနင် ကို ကြိုက်ခဲ့သားဗျာ။ ခုတော့လည်း သိပ်မကြိုက်ချင်သလိုလို ဘဲ" "ဟား ... ဟား ... ဟား ... ခင်ဗျား အဘိုးကြီး ဖြစ်လာလို့ နေမှာပါဗျာ။ ကျွန်တော်တို့က ကြိုက်တုန်းပဲ၊ နင်လားဟဲ့ ငါလားဟဲ့ ဘ၀တိုက်ပွဲရယ်၊ လူမှုအတွေးအခေါ်ရယ်၊ သိမ်မွေ့တဲ့ အချစ်ဇာတ်လမ်းရယ် ဆိုတာ ရသမြောက် ဖွဲ့ရင် အမြဲဖတ်လို့ ကောင်းတာပါပဲဗျာ။ ခင်ဗျားကြီးပဲ အဲသလို ပြောဖူးတာ မဟုတ်လားဗျ။ ငယ်မူလေး ပြန်လာအောင် ဖတ်ကြည့်စမ်းပါဦးလေ" "ဒီလိုဆိုလည်း ဖတ်ရဦးမှာပေါ့ဗျာ"

ဝင်းတင် ၁၂-၃-၇၉

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဥတ္တရအလင်း

‹‹‹http://www.shwezinu.blogspot.com/

ဦးဝင်းတင်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အပိုင်း - ၁

(၁)

ဒုတိယအယ်ဒတီာချုပ် မယ်လ်ကမ်မိတ်တလန်ကို နှုတ်ဆက်ခဲ့ပြီး ဥတ္တရအလင်း သတင်းစာတိုက်မှ ဟင်နရီပေ့ ထွက်လာချိန် မှာ ၈နာရီကျော်ပေပြီ။ စွတ်စိုသော ဖေဖော်ဝါရီလ၏ ညဦးပိုင်း။ တနင်္လာနေ့

အတွက်

အယ်ဒီတာ့အာဘော်

ခေါင်းကြီးပိုင်းကို

အချိန်စားသည်။

သတင်းစာ

လုပ်သက်

နှစ်၂၀ကျော်

ဟုတ်တိပတ်တိ

မချောချင်။

ဗာနန်ဆမ်

မာဗီးလ်

ရှိလာပြီ

ထံမှ

ရေးရသည်မှာ

ဖြစ်ပါလျက်

ထူးထူးခြားခြား

သူ့

ခါတိုင်းထက်ပို၍

စာ

အနှုန်းအဖွဲ့က

အကြောင်းကြားချက်ကလည်း

အလုပ်ဖင့်ပြီး အာရုံပျံ့စေသည်။

‹‹‹http://www.shwezinu.blogspot.com/

ဇနီးသည်က ကားကိုယူထား၍ အိမ်သို့ လမ်းလျှောက်ပြန်မည်ဟု သူ အတွေးပေါက်မိသေး၏။ မကြာမီ ကပင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရန် ဒေါက်တာဘတ်က သူ့ကို တိုက်တွန်းထားခဲ့သေး၏။ သို့သော် ယခုတော့ အချိန်လင့် နေပြီ။ ဓာတ်ရထားစီး၍ ပြန်ရန် ဆုံးဖြတ် လိုက်လေသည်။ စနေနေ့ ညပိုင်းဖြစ်၍ ဟက်ဒယ်လ်စတန်မြို့ဟောင်းပိုင်း အရောင်းအ၀ယ်ရပ်ကွက် ရိက္ခာဈေးတန်း တွင် လူမစည်။ ဟင်နရီပေ့၏ သတင်းစာတိုက်နှင့် ပုံနှိပ်စက်ရုံ တည်ရှိရာ ၀ိတိုရိယ ကွက်လပ်တွင် လမ်းမြှောင် ကလေးများ၊

စင်္ကြံကလေးများ

လက်ယှက်ထိုးနေသည်။

သတင်းစာတိုက်

တစ်စိတ်

တစ်ပိုင်း

နေရာယူထားသည့် အဒမ်တိုက်တန်း ကား ရှေးဟောင်းမီးခိုးနှင့် ရာသီဒဏ် အညှိတက်ကာ ၁၈ရာစု ဇာတိရုပ်ကို လှစ်ပြနေလေ သည်။ ယာဉ်အသွားအလာ ငြိမ်ဆိတ်နေ

သည်။

မှီတင်းနေထိုင်

ရှင်းနေသည်။

ဟင်နရီပေ့အဖို့

လုပ်ကိုင်

ရိက္ခာဈေး၏

ကျောက်တုံးခင်းလမ်းများသည်

ဤမြို့ဟောင်းပိုင်းကို

စားသောက်ခဲ့ကြသည့်

သူတို့

ဆွေစဉ်မျိုးဆက်

နော်သမ်ဘာလန်ခရိုင်၏

ပိတ်ပိတ်သား

ငါးဆက်တိုင်တိုင်

ဗဟိုချက်ချာ

နေရာအလား

ခါတိုင်းထက်ပို၍ ထင်ယောင်မြင်ယောင် ဖြစ်နေ မိသည်။ စိုထပ်ထပ် နံတန်တန် လေပြည်လေးကို ပင် အလိုလို ရှူရှိုက် မိရက်သား ဖြစ်သွားလေ၏။ ဒင်းလမ်းကြားအတိုင်း ဖြတ်လမ်း လိုက်လာခဲ့သည်။ လမ်းမကြီးပေါ်သို့ ရောက်လာသည်။ ဓာတ်ရထား မှတ်တိုင်

တွင်

တန်းစီးစောင့်နေသူတွေ

မရှိ။

ဂူးတန်ဓာတ်ရထားမှာလည်း

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ခရီးသည်

ကျိုးတိ့ကျုဲတဲ။


ဦးဝင်းတင်

ဥတ္တရအလင်း

တစ်သက်လုံး

စွဲလာသည့်

အကျင့်လို

ဖြစ်နေသည့်အတိုင်း

ဓာတ်ရထားဆိပ်ရှိ

ဥတ္တရ

အလင်း

သတင်းစာစောင်ရေ အကျန် ကို ရေတွက်ကြည့်လိုက်မိ၏။ မြင်ရသမျှ လေးစောင်သာ ကျန်တော့သည်။ အသက် ၆၀ခန့် အရွယ် အလုပ်သမားကြီးတစ်ဦးက တန်ဆာပလာအိတ်ကို ခြေရင်း၌ ချ၊ သံကိုင်း မျက်မှန်ကြီး

ကိုတပ်၊

သတင်းစာကို

လျှပ်စစ်မီးလုံး

မှုန်ဝါးဝါးအနီး၌

ကပ်၊

ပါးစပ်တလှုပ်လှုပ်နှင့်

စာလုံးပေါင်းရွတ်ကာ သူ့ခေါင်းကြီးပိုင်း ကို ဖတ်နေ၏။ လူကြီးပိုင်းကတော့ အကောင်းဆုံးပဲဟု သူ တွေးမိ၏။ သူ့ သားတော်မောင် ဒေးဗစ်က ထိုခေါင်းကြီးပိုင်းများကို သူ့ "ကြေညာချက်များ" ဟု ဆိုကာ လှောင်ပြုံးပြုံးချင်လေ သည်။ သူကလည်း သူ့အရေးအသား သူ့စာဟိတ် သူ့စာဟန်နှင့် စပ်လျဉ်း၍ အမြင် မမှောက်။

သိ့ေု သာ်

သူ့စာများက

အညတရ

မြို့သူမြို့သားများထံ

ပေါက်ပေါက်

ရောက်ရောက်ရှိပြီး

သြဇာညောင်းနိုင်ခြင်း ကို တွေးလိုက်မိသည့်အခါမျိုးတွင်ကား စိတ်ချမ်းမြေ့ရ၏။ အညတရ မြို့သူမြို့သားများ အပေါ် တာဝန်သိသော စိတ်ဓာတ်ကို အစဉ်သဖြင့် တကြောင့်ကြကြ သူ မွေးမြူလေသည်။ ဟန်လေလမ်းတွင် သူ ဓာတ်ရထားပေါ် မှ ဆင်းသည်။ လမ်းထိပ်ရှိ အိမ်ကြီး အားလုံးပင် အယ်လ်ဒန်ကျောက်ကျင်းမှ သဲကျောက်နီ များဖြင့် ဆောက်ထားသည်။ သစ်သား ဘုံဆောင်ကလေးများမှအပ ကွဲပြားခြားနားသော ပုံပန်းသဏ္ဍာန် မရှိ သလောက်

ဖြစ်သည်။

သူ့အိမ်

ကတော့

ကောက်ကောက်ကွေးကွေး

သွန်းသံမီးတိုင်နှစ်တိုင်ကြောင့်

‹‹‹http://www.shwezinu.blogspot.com/

အလှပျက်နေ သည်။ မီးတိုင် များတွင် အပြာရောင် နောက်ခံဒိုင်းအပေါ်၌ ဘော်ဖြူရောင် ပျံလွှား သုံးကောင် ပျံသန်းနေ ဟန် ဟက်ဒယ်လ်စတန်မြို့ တံဆိပ်ကြီးကို ရွှေဗိန်းချ ဖောင်းကြွပုံဖော်ထားသည်။ ဟင်နရီပေ့သည် ဟန်ရေးပြ ပန်ရေးပြ မှန်သမျှကို စက်ဆုပ်သူ ဖြစ်၏။ သို့ရာတွင် ဤမြို့ကလေး၌ သူ မြို့တော်ဝန်နှစ်ကြိမ် ဖြစ်ခဲ့ဖူးခြင်းကြောင့်

မြို့ထုံးတမ်းစဉ်လာကို လိုက်နာရန် လိုအပ်သည်ဟု ခံယူသည်။

ထို့ကြောင့် သူ မြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သည့် နှစ်ကာလများအား သတိရစေ သည့် အမှတ်အသား များ ကို လက်ခံ ထားခြင်း ဖြစ်လေသည်။ အားလပ်သည့် အခိုက်အတန့်တိုင်း သူ စိတ်ပြေနပြေ လမ်းလျှောက်နေလေ့ ရှိသည့် ပန်းခြံတစ်ခု လုံး သည် နွေဦးအရိပ်အရောင်များကို အားရပါးရ လှစ်ပြနေလေပြီ။ အိမ်ရှေ့လှေကားထစ်များကို တစ်ထစ်ချင်း တက်ခဲ့ သည်။ ခန်းမထဲတွင် ကုတ်အင်္ကျီကို ချိတ်လိုက်သ်ည။ တအောင့် နားစွင့်လိုက် ၏။ ဧည့်ဝတ် ဆောင်ဝတ် ကိစ္စများ မရှိ။ စားသောက်ခန်းထဲသို့ ၀င်သွားသည်။ ညစာ အသင့်ပြင် ထား၏။ ကော်ဇောပေါ် တွင် ခြေထောက်ဖြင့် စမ်းပြီး လူခေါ် ခေါင်းလောင်းခလုတ်ကို ဖိနင်းလိုက် သည်။ ချက်ချင်းပင် အရိုးဂေါင်ပင် အရပ်ရှည်ရှည် အိမ်ဖော်မိန်းမတစ်ယောက်က သိုးသားတုံး၊ အာလူး၊ ဂေါ်ဖီ စသော စားစရာများ ကို ယူလာသည်။ သူ အမှုထမ်းလာသည့် နှစ်ပေါင်း ၂၀ကျော် တစ်လျှောက်လုံး လုပ်မြဲအတိုင်း ပါးစပ် ကို ရွဲ့ရုံကလေးရွဲ့ကာ ပြောသည်။ "မီးဖိုပေါ် မှာ တင်ထားတာတော့ အတော်ကြာနေပြီ မစ္စတာပေ့ ..." Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မြည်းကြည့်သေးတာပေါ့ကွယ်" ဟင်နရီပေ့က ပြောသည်။ "ကြက်ဥ နည်းနည်း ပြုတ်ပေးရဦးမလား" အိမ်ဖော်မိန်းမက မေးသည်။ "ဒုက္ခမရှာပါနဲ့တော့ ဟန်နာရေ။ လိုရ မယ်ရ ဘီစကွတ်နဲ့ ဒိန်ခဲကလေး နည်းနည်းလောက်သာ ယူခဲ့ပါတော့" ဟန်နာ က သူ့ကို ငေါ့တော့တော့ အကြည့်ဖြင့် ကွက်ခနဲ ကြည့်လိုက်၏။ အလုပ်ရှင်၏ အမူအကျင့် အပေါ် အကဲဖြတ်ချက် ကို ခင်တွယ်မှုဖြင့်ရော ပဲ့ပြင်မှုဖြင့်ပါ ဖော်ပြသည့် အခွင့်ထူးခံ အိမ်ဖော်၏ အကြည့်မျိုး။ အဆီအပြား ခြောက်ခမ်းစွာ စားသောက်ရခြင်းအတွက် ဟင်ရနီပေ့က သူ့ကိုယ်သူသာ အပြစ်တင် သည်။ သူလို အချိန်မှန် အိမ်မပြန်သူအား မည်သူကမှ အခုတ်တရ ပြုစုနိုင်လိမ့်မည်မဟုတ်။ သူ သိသည်။ ည ၇နာရီတိတိ ညစာ စားရန် သူ ကိုယ်တိုင်ပင် သတ်မှတ်ထားခဲ့သည်။ ယနေ့ညတော့ သူ ဟုတ်တိပတ်တိ မဆာလှ။ ချက်ဒါဒိန်ခဲ၊ ဘီစကွတ်တို့ဖြင့်သာ ကိစ္စငြိမ်းလိုက်သည်။ ဟန်နာက သူ့ကွင်းထိုးဖိနပ်ကို ယူပေး၏။ အိမ်ခေါင်ထပ်ခိုး သူ့အလုပ်ခန်းသို့ တက်ပြီး အလုပ်မလုပ် မီ

‹‹‹http://www.shwezinu.blogspot.com/

သူ့လုပ်မြဲအတိုင်း စာကြည့်ခန်းထဲသို့ ၀င်သွားလေသည်။ သူ့ဇနီး အဲလစ် က သမီးဒေါ်ရော်သီနှင့်အတူ ဆိုဖာပေါ်တွင် ထိုင်နေသည်။ အမေ့မေ့ အလျော့လျော့ နှင့် ခေါင်းပေါ် က ဦးထုပ် ကိုပင် မချွတ်သေး။ နှစ်ယောက်သား ပဟေဠိ ဖြေနေကြသည်။ သမီးဖြစ်သူ ကို အိမ် တွင် တွေ့ရ ၍ ပေ့စိတ်ကျေနပ်သွားသည်။ တိုင်းကာဆယ်မြို့သို့သွားပြီး ပန်းချီ သင်တန်း တက်နေချိန်မှ စ၍ ၁၆နှစ်သမီး ဒေါ်ရော်သီတစ်ယောက် အိမ်ပြင်ထွက်လွန်း၊ အိမ်ပြန် နောက်ကျ လွန်း ဖြစ်နေခဲ့ သည်။ သူ ၀င်သွားချိန်တွင် ဒေါ်ရော်သီက သူ့ကို မော်မကြည့်ဘဲ ... "ဖေဖေ တို့ ပဟေဠိကလည်း နည်းနည်းမှ အထက်တန်းမကျဘူး" ဟု ပြောသည်။ "တော်ရုံ တန်ရုံ ဥာဏ် ရှိတဲ့ လူတွေအတွက်လောက်သာ လုပ်ထားတာပဲ သမီးရယ်" ပေ့က မီးသေစပြု နေသော မီးလင်းဖို ကို မီးဆွပေးလိုက်သည်။ "သမီး ဘာခက်နေလို့လဲ" မေးသည်။ "ရောဘတ်လူဝီစတီဗင်ဆင်ရဲ့ တောင်ပင်လယ် နာမည်ပေါ့" "တူဆီတာလာ လို့ ထည့်ကြည့်စမ်း။ သမီးစာဖတ်များလာရင် အဲဒီစာရေးဆရာ အကြောင်း ကို ပိုသိ လာမှာပေါ့ကွယ်" ဒေါ်ရော်သီ က သူ့ဆံပင်ကို ခါယမ်းလိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဖေဖေက တိုက်မှာကတည်းက အဖြေကြည့်လာတာ သမီး သိပါတယ်။ သမီးလည်း သူ့ဝတ္ထုကို ရိုက်တဲ့ ရုပ်ရှင် ကို ကြည့်ဖူးပါတယ်။ ဒီပရတနာလေ" ဟင်နရီပေ့ ငိုင်နေမိ ၏။ သူ့သားသမီးတွေ ဖီလာကြီး ကွဲပြားကြပုံကို တွေးနေမိ၏။ ဒေးဗစ်က ဥာဏ်ထက်သည်။ ကြိုးစား သည်။ ဒေါ်ရော်သီက တကယ့်နဝေတိမ်တောင်။ သူ့ဇနီးက ... "ဒီနေ့ည ဒေါ်ရီ ဖိတ်စာ ရထားတယ်။ ၀ဲလ်စဘီအိမ်မှာ ရုပ်မြင်သံကြား ပါတီတက်ဖို့လေ" ဟု ပြောသည်။ ဘဏ်တိုက် ဆာဘွဲ့ ရ

လုပ်ငန်းရှင်၊

လူကုံထံတစ်ဦး

ဖြစ်၏။

ဖိနပ်လုပ်ငန်းရှင် သူ့ဇနီး

အာဆာချီဘော်လ်စဘီသည်

အယ်လီနာသည်

အဲလစ်

ဟက်ဒယ်စတန်မြို့၏

ရွေးပေါင်းသူများအနက်

တစ်ဦး

ဖြစ်လေသည်။ "ဒါပေမဲ့ ၁၀နာရီ ထိုးခါနီးနေပါပေါ့လား" ဟင်နရီပေ့က သူ့နာရီကို ကြည့်ပြီး ပြောလိုက်၏။

‹‹‹http://www.shwezinu.blogspot.com/

"သိပ်လည်း မချုပ်ချယ်ချင်ပါနဲ့ ဟင်နရီရယ်။ ကိုယ့်အိမ်မှာ ကလေးတွေဖို့ ရုပ်မြင်သံကြားမထားရင် တခြားအိမ် သွားကြည့်မှာပေါ့ရှင်" ဒေါ်ရော်သီ ကတော့ တံခါးဝသို့ပင် ရောက်နေပြီ။ သမီးထွက်သွားတော့ ပေ့ စောဒကမတက်ဘဲ မနေနိုင်။ "မင့်သမီးက ဒီကလေးတွေ

မနိုင်တော့ဘူးကွ။

ဘာမှ

မလုပ်ဘူး။

ဘာဖြစ်လို့ ရုပ်ရှင်ထဲမှာ

သူ့ကို

အနုပညာကျောင်းစုတ်

အချိန်မဖြုန်းရရင်

သွားပို့ရတာလဲ။

တိုင်းကာဆယ်မြို့ထဲက

လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်ပြီး အတင်းအဖျင်း ပြောကြတာပဲ။ သူ့မှာ ဘာအစွမ်းအစမှ မရှိတာ လည်း မင်းအသိပဲ" "ရှိချင်မှ ရှိမှာပေါ့ရှင့်။ ဒါပေမဲ့ လူကောင်း သူကောင်းတွေနဲ့ တွေ့ရဆုံရတာပေါ့။ တချို့ဆိုရင် မျိုးကြီး ဆွေကြီးတွေရှင့်။ အယ်လာတန်ရဲ့သား ဆိုရင် ဒေါ်ရောသီနဲ့ တစ်တန်းတည်းပဲ။ ပြီးတော့ ဒီရက်ဆီရဲ့ သမီး လည်း

အတူတူပဲ။

ဒါက

တကယ်အရေးကြီးတာ။

ဘာပဲဖြစ်ဖြစ်

ကျွန်မတော့

တစ်ပူပေါ်

နှစ်ပူ

မဆင့်ချင်တော့ပါဘူးရှင်" ဟင်နရီက ခွန်းတုံ့မပြန်။ အဲလစ်က ပဟေဠိကို ဘေးချလိုက်သည်။ ပန်းထိုးအပ်ကောက်ကိုင်လိုက် သည်။ ပန်းထိုးရင်း က နေ့လယ်ပိုင်းက သူ တက်ခဲ့သည့် ဧည့်ခံပွဲအကြောင်းကို ဆိုင်းမဆင့် ဗုံမဆင့် ဇာတ်ကြောင်း လှန်တော့သည်။ ဧည့်ခံပွဲတက်သူတို့ အကြောင်းကို အသေးစိတ်ပြောနေ၏။ သူတ့၏ို ၀တ်စုံ များ၊ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သူတ့၏ို ဦးထုပ်များ၊ သူတို့၏ လက်စွပ်အိတ်များ၊ အမျိုးမျိုး အထွေထွေသော ဆံပင် ထုံးဖွဲ့ ပုံများ စသည်။ ဟင်နရီ က အကျင့်ရနေပြီဖြစ်၍ နားထောင်ဟန်သာ လုပ်နေသည်။ တစ်လုံး တစ်ပါဒမျှ နားထဲမ၀င်။ ဗာနန်ဆမ်မာဗီးလ် ထံမှ တယ်လီဖုန်းအကြောင်းကြားချက် ကိစ္စက ပေ့၏ စိတ်ထဲတွင် စွဲနေဆဲ ရှိသေး၏။ သူ့ အဖို့ တွေးရခက်ကြီး ဖြစ်နေသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်က လန်ဒန်မြို့၌ ပြုလုပ် သည့် ထုတ်ဝေသူများ ညစာစားပွဲ တွင် ဆမ်မာဗီးလ်နှင့် မိတ်ဆက်ရုံ မိတ်ဆက်လိုက်ရဖူးသည်။ သူလို အညတရ နယ်သတင်းစာ

အယ်ဒီတာချုပ်တစ်ဦး

ကို

ဆမ်မာဗီးလ်ကို

လျှမ်းလျှမ်းတောက်

ပုဂ္ဂိုလ်တစ်ဦးက

အမှတ်ရလိမ့်မည်ဟု သူ ဘယ်တုန်း ကမှ မထင်ခဲ့။ ဥတ္တရအလင်း သတင်းစာ အပေါ် ဆမ်မာဗီးလ်၏ အထင်အမြင်က

ကောင်းလှလိမ့်မည်

ဟုလည်း

မထင်ခဲ့။

နံနက်ပြန်တမ်း

သတင်းစာ

ပိုင်ရှင်ကြီးအဖို့

ပြောင်းတိပြောင်းပြန်သာ ထင်ဖို့မြင်ဖို့ ရှိသည်။

"ဟင်နရီ ... ရှင် နားထောင်နေတာမှ ဟုတ်ရဲ့လား" ပေ့ ဆတ်ခနဲ တုန်သွားသည်။

‹‹‹http://www.shwezinu.blogspot.com/

"စိတ်မရှိပါနဲ့ အချစ်ရယ်" "တကယ်ပဲ။ ရှင်ဟာလေ အကြင်နာတရား သိပ်ခေါင်းပါးတာပဲ" "ဒီည ငါ့စိတ်ထဲ မှာ ခုလုခုလု ဖြစ်နေတာလေးတစ်ခု ရှိနေလို့ပါကွယ်" ဟင်နရီပေ့က တောင်းပန် သည်။ "ဘုရားရေ ... ဘာများပါလိမ့်ရှင်" ယေဘုယျအားဖြင့် တစ်ခါပြောမိခဲ့ဖူး၍

ဟင်နရီပေ့

သည်

သတင်းစာကိစ္စကို

မတော်မတည့်တွေ ဖြစ်ခဲ့ဖူးပြီ။

သို့သော်

အိမ်တွင်

ယနေ့ညအဖို့မူ

မပြော။

သူတို့

ညားစက

တစ်စုံတစ်ယောက်ကို သူ

ရင်ဖွင့်လိုက်ရမှ ဖြစ်တော့မည်။ အဲလစ်ကို သူ လှမ်းကြည့်နေ၏။ ကိုယ်ဟန်က ကနွဲ့ ကလျ။ ပါးပါးလျားလျား။ အသားအရေက စိုစို ပြည်ပြည်။

ဆံပင်နှင့်

ကွေးညွတ်ညွတ်

လိုက်ဖက်သည်။

မျက်ခုံးများအောက်

မှ

ပြာလဲ့လဲ့မျက်လုံးများက သူ့ကို

စူးစူးစမ်းစမ်း

ထာဝရအံ့အားသင့်နေသယောင်။

ပြန်ကြည့်နေ၏။

နှစ်ပေါင်း၂၀ကျော်

ပေါင်းသင်းလာခဲ့သည့် ကာလ အတွင်း ခင်ပွန်းသည်က စိတ်ပျက်အားငယ်ဖွယ် များစွာကို ဖန်တီးခဲ့ စေကာမူ ဒူပေနာပေ ခံနေသည့် မိန်းမသားတစ်ဦး၏ အကြည့်မျိုး။ "ဒီနေ့ တို့သတင်းစာတိုက်ကို ၀ယ်မယ့်လူ ပေါ်တယ်" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"၀ယ်မယ် ဟုတ်လား" အဲလစ် ခါးဆန့်လိုက်သည်။ ဧည့်ခံပွဲအကြောင်းတွေကို မေ့ပျောက်သွားသည်။ "ဟန်ကျလိုက်တာရှင်။ ၀ယ်မှာက ဘယ်သူတဲ့လ"ဲ "ပြန်တမ်း ပိုင်ရှင် ဆမ်မာဗီးလ်ပေါ့" "ဗာနန်ဆမ်မာဗီးလ်။ သူ့မိန်းမက ဘလန်ချီဂီလီဖလားဝါးလေ။ မနှစ်က သူတို့ လင်မယားကွဲတယ်" လူရည်တတ်အသိုင်းအ၀ိုင်း၏ ဆွေစဉ်မျိုးဆက်၊ သားချင်းတော်စပ်ပုံနှင့် အတွင်းရေးကလေးများကို နောကျေအောင်

သိထားသူပီပိ

အဲလစ်က

အက်ဒင်ဘာရာမြို့၏

ထိပ်ထိပ်ကြဲ

အပိုင်းဖြစ်သော

မောနင်းဆိုက်ရပ်ကွက် လေယူလေသိမ်းဖြင့် ပြောနေသည်။ "ဟင်နရီ ဒီိကိစ္စက တကယ့်ကိစ္စကြီးရှင့်။ ကမ်းလှမ်းတာက" အဲလစ် က ချိန်ချိန်ဆဆလုပ်ကာ စကားကို ဖြတ်လိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

"ကမ်းလှမ်းချက် ကို လက်မခံ လိုက်ပါဘူး အချစ်ရယ်။ ဒီတော့ မင်းသိလည်း ကိစ္စမရှိတော့ပါဘူး။ ပေါင် ငါးသောင်းပေး မယ်တဲ့" "ဘုရားရေ ... များလှချည့်လား" အဲလစ် မျက်လုံးများ ငေးလာသည်။ "အဲဒီ ငွေတွေနဲ့ ဘာလုပ်နိုင်မလဲဆိုတာ စဉ်းစားကြည့်စမ်း။ ခရီးသွားနိုင်မယ်။ ကမ္ဘာလှည့်နိုင်မယ်။ အို ... ဟင်နရီ ရယ်။ ကျွန်မ တစ်သက်လုံး ဟာဝိုင်ယီကျွန်းဘက်ဆီကို သွားချင်တာ ရှင်သိပါတယ် ရှင်" "စိတ်မကောင်းပါဘူး အဲလစ်ရယ်။ ဟာဝိုင်ယီကိစ္စကတော့ ဆိုင်းထားရဦးမှာပဲ" "ရှင် လက်မခံဘူးလို့ ပြောတာလား" "ဆမ်မာဗီးလ်မှာ သတင်းစာ

သုံးစောင်

ရှိတယ်။

သူ့ပေါက်လွှတ်ပဲစား ဂျာနယ်ရယ်။

တနင်္ဂနွေ

မျက်လုံးရယ်၊ နံနက်ပြန်တမ်း ရယ်။ နောက်ထပ် သတင်းစာ မလိုတော့ပါဘူး။ ပြီးတော့ သူတို့ သရဲမရဲစီးပုံက တို့ သတင်းစာကလေး နဲ့ မကိုက်ပါဘူး" ဟု ပေ့က ပြောလိုက်လေသည်။ စကားစ ပြတ်သွားသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဒါပေမဲ့ တကယ့် အခွင့်ကောင်းပဲရှင့်" အဲလစ်က စကားဆက်ပြောသည်။ အပ်ကြိုး ထိုးသည်။ လေသံက အေးအေးပေါ့ပေါ့၊ ချော့ချော့မော့မော့။ "ခုတစ်လော ရှင်နေထိုင်မကောင်းတာလည်း ရှင်အသိပဲ။ ဒေါက်တာဘတ်ကလည်း အလုပ်ပိလွန်း တာတိ့၊ု စားချိန်အိပ်ချိန်မမှန်တာတို့ ရှင်နဲ့ မဖြစ်ဘူးလို့ မပြတ် ပြောနေတာပဲ မဟုတ်လား" "မင်းက အိမ်ကလေး

ငါ့ကို

အငြိမ်းစားသတင်းစာဆရာ

တစ်လုံးနဲ့

လုပ်ခိုင်းချင်နေပြီပေါ့လေ။

ငြိမ်ကုတ်နေရတော့မှာလားကွာ။

အဲဒီလိုဆိုရင်

ပင်လယ်ကမ်းခြေသွားပြီး ငါ့အဖို့တော့

ပြောမဖြစ်

လောက်အောင်ကို စိတ်ဆင်းရဲ ရတော့မှာ မုချပဲ" "ဒီလောက်တောင် လုပ်ဖို့အထိလည်း ပြောတာမဟုတ်ပါဘူးရှင်။ ရှင်လည်း အရွယ် ရှိပါသေးတယ်။ ကျွန်မတို့ နယ်မှာချည်း တစ်သက်လုံးတွယ်နေလို့ ဘယ်ဖြစ်မလဲ။ ရှင့်သြဇာတိက္ကမနဲ့ဆိုရင် ရာထူး လေး ဘာလေး တစ်နေရာရာတော့ ရနိုင်ပါတယ်။ ကုလသမဂ္ဂတို့ ဘာတိ့မှုာ ဆိုပါတော့ရှင်" "ငါ့ကိုငါ စကားလုံးရဲတိုက်ကြီးထဲ လှောင်ပိတ်ထားရမှာလား။ ဒါမျိုးတော့ တစ်သက်လုံး မလုပ်ဘူး ဟေ့" "ဒါပေမဲ့ ဟင်နရီရယ်၊ ကျွန်မတော့ ဟက်ဒယ်လ်စတန်မြို့ကိုရော၊ မြို့ထဲက လူတွေကိုပါ ငြီးငွေ့ လာပြီ။

‹‹‹http://www.shwezinu.blogspot.com/

ကျွန်မ အတွက် သက်သက်ပြောနေတာ မဟုတ်ပါဘူး။ ဒီအခွင့်အလမ်းက မစဉ်းစားထိုက်ဘူး လား။ လမ်းစပေါ် တိုင်း ရှင် ဘယ်တော့မှ ပိုင်ပိုင်ကြီး မနင်းဘူး။ ဒါလည်း ရှင်အသိပဲ။ ဟင်နရီပေ့က ခေါင်းခါလိုက်သည်။ သူ တကယ် ကြိုးစားရင် ဒုတိယအကြိမ် မြို့တော်ဝန်သက်တမ်းအပြီးတွင် ဆာဘွဲ့ ရနိုင်သည်ဆို သော ဖန်တစ်ရာတေအောင်

ကြားနေခဲ့ရသည့်အပြောမျိုးဖြင့်

စောင်းပါးရိပ်ခြေစကား

ချိတ်လိုက်ခြင်း

ကို

မကြားယောင်ပြုနေလိုက်၏။ "ငါ့ဘ၀ တစ်ခုလုံး ကို ဒီသတင်းစာမှာ မြှုပ်ထားတာပဲ အဲလစ်ရယ်။ ပြီးတော့ ဒီသတင်းစာကို ပီပီမြည်မြည် ဖြစ်လာအောင် လည်း ငါပဲ လုပ်လာခဲ့တာပဲဟ" "ဒေးဗစ်ဆက်လုပ်လည်း ဖြစ်ပါတယ်ရှင်" "ပေါက်ကရတွေ မပြောစမ်းပါနဲ့ အဲလစ်ရာ။ သတင်းစာကို ဆမ်မာဗီးလ် ၀ယ်ပြီးမှတော့ မင်းရဲ့ သားတော်မောင်က လုပ်ပါလိမ့်မယ်။ စိတ်ကြီးချနေ။ သူက လှည့်တောင် ကြည့်မှာ မဟုတ်ဘူး။ သူ့ကို ငါ ဘယ်လို မြေတောင်မြှောက်နေတယ်ဆိုတာလည်း မင်းအသိပဲ။ သူ ပြန်ကောင်းလာရင် တော့ ..." "ဒါပေမဲ့ ပေါင်ငါးသောင်း" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အချစ်ရယ်။ ဒီငွေကို သိပ်များတယ်လို့ မင်းထင်နေရင် ငါ ရဲရဲကြီး အာမခံလိုက်မယ်။ တို့ပစ္စည်းက အဲဒီငွေရဲ့ နှစ်ဆမက တန်ပါတယ်ကွယ်" ခဏတော့ အဲလစ်ခမျာ ကြက်သီးမွေးညှင်းပင် ထသွားသည်။

"ကဲပါလေ" စကားဖြတ်ထားခိုက် အဲလစ်၏ စိတ်ပျက်လက်ပျက် မျက်နှာထားသည် အက်ဒင်ဘာရာ တရားရုံး၌ အဲလစ်၏

အဖေ

လျှောက်လဲချက်ပေးတိုင်း

ပြန်မြင်ယောင်စေ၏။

အဲလစ်

ထားခဲ့သည့်

မျက်နှာပေါ်တွင်မူ

အကင်းပါးပါး

ထိုရုပ်လက္ခဏာက

ရုပ်လက္ခဏာကို ရိုးစင်းလွန်းနေ၏။

အတိုင်းသား ဟင်နရီကို

စိတ်မယိုင်စေနိုင်။ "ဆွဲထားလိုက်ရင် ဈေးပိုပေးချင်ပေးမှာပေါ့လေ" "မဟုတ်ဘူး။ အဲလစ် ..."

‹‹‹http://www.shwezinu.blogspot.com/

ဟင်နရီက ညင်ညင်သာသာ ပြောသည်။ "ဘယ်တော့မှ မရောင်းဘူးလို့ အပြတ်ပြောလိုက်ပြီးပြီ" ထိုစကားကို ကြားရပြီးနောက်တွင် အဲလစ် နှုတ်ဆိတ်သွားသည်။ ထိုးမြဲ ထိုးနေသည်။ စိတ်ထဲတွင် ကား ထိုကိစ္စ ကို တနုံ့နုံ့တွေးနေ၏။ ဘယ်လို သဘောပိုက်ရမှန်း မသိသေး။ ဟင်နရီကိုင်စွဲသည့် သဘောထားကြောင့် စိတ်အားတက်ရမလိုလို။ စိတ်မကြည်မသာ ဖြစ်ရမလိုလို။ စကားအိုး

တစ်ဦး

သဘောမကြိုက်ညီမှု

မှ

ဖြစ်ပါလျက်

ထူးထူးဆန်းဆန်း

ရှောင်ခွာခွာလုပ်ဟန်ပြခြင်းတို့သည်

နှုတ်ဆိတ်ခြင်း၊

သုန်သုန်မှုန်မှုန်ကြည့်ခြင်း၊

အမြဲတမ်းလိုလိုပင်

အဲလစ်၏

မလိုတမာ

လက္ခဏာများ ဖြစ်ချေ၏။ ဟင်နရီပေ့က

သူ့ကိုယ်သူ

ကျွဲမြီးတိုနေမိ၏။

အဲလစ်ရှေ့မှောက်မှာ

ရင်ဖွင့်၍

အကျိုးမထူးမှန်း

အတွေ့အကြုံများ အရ သူ သိဖို့ကောင်းသည်။ သိ့ပုါလျက် သူ့အလိုမပြည့်မှုက သူ့ကို ရင်ဖွင့်အောင် လုပ်သည်။ အကျိုး သက်ရောက်မှုကား ခါတိုင်းလိုပင်။ နားလည်မှု မရှိ။ သဘောညီမှု မရှိ။ မကျေမချမ်း ဖြစ်ရသည်သာ အဖတ် တင်သည်။ လန်းလန်းဆန်းဆန်း ဖြစ်အောင် ရေကန်ထဲ ခုန်ချပါ မှ ရေတိမ်ထဲ ခုန်ချမိလျက်သား ဖြစ်ရသူပမာ။ ခဏကြာ မှ အဲလစ်က တိုတိုတောင်းတောင်း ပြောသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ရှင် မနက်ဖြန် စလီဒန်သွားဦးမှာလား" "သွားမှာပေါ့ကွာ။ လကုန်ရက် ရောက်နေပြီပဲ။ မင်းကော လိုက်ဦး မှာလား" အဲလစ်က ခေါင်းခါသည်။ သူ ငြင်းမည်မှန်းပေ သိသည်။ သားတော်မောင် အိမ်ထောင်ပြုခြင်းကို အဲလစ် မကျေနပ်။ စိတ်ပျက်နေဆဲ ရှိသေးသည်။ ရည်မှန်းချက် ပြိုကွဲပြီးနောက် ခံစားရသည့် စိတ်ပျက်မှုမျိုး။ ဒါကို အဲလစ် က "ဒုက္ခရောက်" သည်ဟု နှစ်ကိုယ်ကြား ပြောလေ့ ရှိသည်။ သူ့သားသမီးများကို ဆင်စီးမြင်းရံ ဖြစ်စေလိုသည်။ ကော်ရာ ကို တော်လေး၀၀င် မိန်းမသားမျိုး အဖြစ် ဟင်နရီပေ့က ထင်ထားသည်။ အဲလစ် ကမူ ထောင်ထောင်မောင်းမောင်း၊

ဖြူဖတ်ဖြူရော်၊

ရှိုးတိုးရှန့်တန့်၊

မျက်နှာစိမ်း

မိန်းမတစ်ယောက်နှင့်

ဒေးဗစ်

ရုတ်တရက် တွဲခုတ်လာသည့် ပထမဆုံး ဆုံဆည်းမှု ကြောင့် အဲလစ် ခံစားခဲ့ရသော ရင်ဆို့မှု သည် ပြေပျောက်သွားခဲ့ပြီ။ သို့သော် အခက်အခဲတွေ ရှိသေးသည်။ ကန့်ကွက်ချက်တွေ ရှိသေးသည်။ အဲလစ် ၏ ဆွေကြီးမျိုးကြီးပီသသော ချုပ်တည်းမှု ကြောင့် သာ ထိုစကားလုံးကို ဖွင့်ဟမပြောခြင်း ဖြစ်၏။ ယခုမူ ပေ့ကြောင့် မျက်မာန်ပွားနေသဖြင့် အဲလစ် ဟောဟော ဒိုင်းဒိုင်း ပြောချလိုက်သည်။ "သူတို့ လင်မယား ကို မြို့ထဲလည်း မကြာမကြာလာအောင် ပင့်ပါဦး ရှင့်။ ကပွဲဖြစ်ဖြစ်၊ ဂီတပွဲဖြစ်ဖြစ်

‹‹‹http://www.shwezinu.blogspot.com/

ပေါ့။ ကျွန်မ တို့နဲ့ လည်း သွားလား လာလား လုပ်ပါဦးလို့။ လူတွေက ပြောကြတယ်ရှင့်။ သိရဲ့လား။ တောကြီးမျက်မဲထဲ သွားပြီး အောင်းနေတာတော့ မတော်ဘူးပေါ့ရှင်။ ကျွန်မ အသိုင်းအ၀ိုင်းက ဘယ်လို အဓိပ္ပာယ် ကောက်မလဲ ဆိုတာ တွေးမိရင် ကြက်သီးတောင် ထမိတယ်" ပေ့က အလိမ္မာ ဖက်ကာ ထိန်းထိန်းသိမ်းသိမ်းပင် ပြန်ပြောလိုက်လေသည်။ "ကောင်းပါပြီလေ ...၊ အချစ်ရယ်။ ပြောလိုက်ပါ့မယ်"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၂)

နောက်တစ်နေ့တွင် နေသာသည်။ ကောင်းကင်ပြာပြာတွင် တိမ်တစ်စ နှစ်စသာ ရှိသည်။ ပေ့၏ ဘိုးဘေးတိ့သု ည် ဘာသာတရား ကိုင်းရှိုင်းသူများ ဖြစ်ကြ၏။ ပေ့ကမူ ဘုရားရှိခိုးကျောင်း မှန်မှန် တက်လေ့မရှိ။ သူ့ ဇနီးနှင့် ဒေါ်ရော်သီတို့ နံနက် ၁၁နာရီ ၀တ်တက်သွားကြချိန်တွင် ကော်ရာ အတွက် ပန်းခူး၊ ဒေးဗစ်အတွက် သတင်းစာတိုက် သို့ ဝေဖန်ရန် ပိ့ထုားသည့် စာအုပ်တစ်အုပ်ကို ယူကာ ကားပေါ်သို့ တက်သည်။ အိမ်နီးချင်း

တို့

စကားတင်း

မဆိုသာအောင်

ကားကို

နောက်ဖေးလမ်းကြားမှ

တဖြည်းဖြည်း

မောင်းလာခဲ့သည်။ သို့သော် မစ္စက်ဟားဘော်တယ် ကို လွတ်အောင် မရှောင်နိုင်။ မစ္စက်ဟား ဘော်တယ်သည် သူ့ဖခင်၏

သူငယ်ချင်း ဘော့ဟားဘော်တယ်၏ ဇနီး မုဆိုးမကြီး ဖြစ်၏။

ဘုရားရှိခိုးကျောင်းသို့

ဟိတ်ဟန်ပါပါ

ဝတ်စားဆင်ယင်ကာ

တလှုပ်လှုပ်

အဘွားကြီးသည် စိန့်မတ်ခ် လျှောက်နေ၏။

ဟင်နရီ၏

‹‹‹http://www.shwezinu.blogspot.com/

နှုတ်ဆက်မှုကို ပြစ်တင် မျက်စောင်းဖြင့် တုံ့ပြန် သည်။ မကြာမီ

စလီဒန်ရွာကလေးသို့သွားရာ

လမ်းမကြီးပေါ်သို့

ရောက်သွားသည်။

မနေ့ညနေက

စိတ်ညစ်ညူးမှုများ လွင့်စဉ် သွားသည်။ ခါတိုင်းနှင့်မတူ စိတ်လွတ်လူလွတ် ဖြစ်လာသည်။ ပေ့သည် အလုပ်ထဲ အမြဲနစ်နေ သည်။ ပျော်စရာ ပါးစရာ နားစရာ အချိန်မရှိသလောက် ဖြစ်၏။ ဂေါက်သီး ရိုက်ရန်လည်း စိတ်မပါ။ တင်းနစ် ကစားရန်လည်း စိတ်မရှိ။ အမှန်အားဖြင့်လည်း သူ့မှာ အားကစားသွေးမပါ။ သူ့အသက်က ၄၉နှစ်သာ ရှိသေး သည်။ သို့သော် နှလုံးရောဂါက ဖြစ်ချင် သလိုလို အရိပ်အယောင် ပြနေ သည်။ ဒေါက်တာဘတ် က ခေါင်းတရမ်းရမ်း လုပ်နေစေကာ မူ သူကတော့ ပေါ့ပေါ့ပင်သဘောထားသည်။ ဟင်နရီ က နှုတ်ဆိတ်သည်။ တစ်ကိုယ်တည်း နေတတ်သည်။ တင်းကြပ်မှုကို ကလေးသုတ်သင် ပဲ့ပြင်မှု၏ အခြေခံ အဖြစ် ယုံကြည်သည့် မိဘများ၏ စည်းကမ်းကလနား ကြပ်မမှုအောက်၌ ကြီးပြင်း လာရသူ ဖြစ်သည်။ မြို့တော်ဝန် ဖြစ်လာချိန်မှာပင် ဧည့်ခံပွဲများသည် သူ့အဖို့ မချိမဆန့် ကိစ္စပမာ ဖြစ်နေခဲ့သည်။ အဲလစ်က သူ့ကို လူတော မတိုးဟု မကြာခဏ ပြစ်တင်ရှုတ်ချသည်။ ရှုတ်ချလောက် သော အကြောင်းလည်း ရှိပါပေ၏။ ပေ့က သူ့ပန်းခြံ ကို တန်းတန်းစွဲသည်။ မှန်လုံခန်းကလေးများဖြင့် ပန်းစိုက်သည်။ သူ စုဆောင်းထား သည့် စတက်ဖို့ ကြွေထည်များ ကို တကိုင်ကိုင် လုပ်ခြင်းဖြင့် ရသေ့စိတ်ဖြေ လုပ်တတ်သည်။ ဆောင်းဦးရာသီ ဂီတပွဲတော် များ ကျင်းပရေး အတွက် စီစဉ်ခြင်းသည် သူ့အဖို့ အလွန်အမင်း စိတ်ကြည်နူးစရာ ကိစ္စ ဖြစ်၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟက်ဒယ်လ်စတန်မြို့ သို့ သူ စတင် သွတ်သွင်းခဲ့သည့် ထိုဂီတ ပွဲတော်သည် ယခုအခါ မြို့၏ နှစ်စဉ်အချိန်မှန် ပွဲတော် များ ဖြစ်နေလေပြီ။ ရံဖန်ရံခါ ပင်လယ်ကမ်းခြေသို့ သွားရောက်ရသည်မှာ သူ့အဖို့ စိတ်အကြည်နူးဆုံး ဖြစ်လေသည်။ စလီဒန်ရွာအနီး ပင်လယ်ကမ်းခြေ သို့ သွားရသည်ကိုလည်း ပျော်သည်။ ထိုရွာကလေးက မြို့နှင့် နီးစေကာမူ အရှေ့မြောက်ပိုင်းဒေသ ပင်လယ် ကမ်းရိုးတန်းတစ်လျှောက်လုံး တွင် ရိုးရာစရိုက် မပျက်ဆုံး တံငါရွာ ကလေး ဖြစ်၏။ ထိုရွာကလေး ကို ကလေးဘ၀ကပင် သူ သိခဲ့၏။ ယခု သူ့သားကိုယ်တိုင် ထိုရွာတွင် နေနေသည်။ ဤသံယောဇဉ် နှောင်ကြိုးကလေးများကြောင့်သာ မဟုတ်သေး။ ဤရွာကလေးတွင် ရှေးဟောင်း အင်္ဂလန်နိုင်ငံ စစ်စစ် ၏ အစိတ်အပိုင်းတစ်ရပ် သက်ဆိုးရှည်နေသေးခြင်းကြောင့်လည်း ဤရွာကလေး ကို သူ တန်းတန်းစွဲ စွဲမက်နေခြင်း ဖြစ် သည်။

တစ်ခေတ်တစ်ခါက ရွှေထီးဆောင်းခဲ့သည့် အင်္ဂလန်။ တစ်နေ့သောအခါတွင် ရွှေထီးဆောင်းရပြန်

‹‹‹http://www.shwezinu.blogspot.com/

ဦးမည့် အင်္ဂလန်။ ဤသည်ပင် ဟင်နရီပေ့၏ ရမ္မက်ဇော၊ ဤသည်ပင် သူ့ဘာသာတရား၊ ဤသည်ပင် သူ့ဥပါဒါန်ဟု ဆိုချင် ဆိုပေရော့။ သူ့နိုင်ငံကို သူ စေတနာသန့်သန့် ချစ်သည်။ နိုင်ငံ၏ မြေသား၊ ထိုမြေသားကို ရိုက်ခတ်သော ပင်လယ်ရေ ဆားဓာတ် ကအစ အားလုံးကို ချစ်သည်။ စစ်ပြီးချိန်မှ စ၍ အမျိုးသားဘ၀ အဆောက်အအုံအား ပြောင်းလဲစေခဲ့သည့် ယိုယွင်းမှုများကို သူ မျက်ကွယ်ပြု သည် မဟုတ်။ သို့ရာတွင် ထိုအချင်းအရာသည် မဟာရုန်းကန်ကြိုးပမ်းမှုကြီး၏ ဒဏ်ရာ ဒဏ်ချက် ဖြစ်သည်။ ခေတ္တ ယာယီမျှသာ ဖြစ်နိုင်သည်။ ဖြစ်ရမည်။ အင်္ဂလန်သည် တစ်ဖန် ပြန်ရှင်နိုးထ လာပေ လိမ့်ဦးမည်။ အင်္ဂလန်သည် တစ်နိုင်ငံလုံး အားအင်ကုန်ခမ်းကာ အသက်သွေးမရှိတော့လောက်အောင် ဖြစ်ပြီး မျှော်လင့်ချက် မရှိတော့လောက်အောင် အနာဂတ် အလားအလာ ပိတ်ဖုံးသော ဆိုးဆိုး ၀ါးဝါး ပြုတ်ပြုတ်ပြုန်း ဘေးဒုက္ခ အန္တရာယ်ကြီးပေါင်း များစွာကိုပင် လွန်မြောက်နိုင်ခဲ့သည်။ သမိုင်းက သက်သေခံနေ သည်။ အင်္ဂလန်သည် ပင်ကိုအားဖြင့် အင်္ဂလန်ပင်ဖြစ်၍ လန်းဆန်းသော သက်ရှိတရားကို ပေါက်ဖွားနိုင်ခဲ့ သည့် ကြီးမြတ်သော အစဉ်အလာကို ပြန်လည် သစ်ဆန်းနိုင်ခဲ့သည်။ တိမ်ကောနစ်မွန်းမှုကို မဆုတ်မနစ် အာခံငြင်းဆန်ခြင်းဖြင့် အန္တိမအခြေတွင် အောင်ပွဲခံနိုင်ခဲ့သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စလီဒန်ရွာကလေး ၏ ၀ပ်ဝပ်စင်းစင်း သဏ္ဍာန်သည် သူ့ရှေ့တွင် ပေါ်လာ၏။ ဆိပ်ခံတံတားတွင် လှိုင်းရိုက် ၍ ရေမှုန်ရေမွှား တဖွားဖွားထနေ၏။ ပေ့ သည်ဆိပ်ကမ်းတစ်လျှောက် ကားမောင်းလာ သည်။ ကျောက်ကြိုးချထားသည့် တံငါလှေကလေးများ၊ နေလှန်းထားသည့် ငါးဖမ်းပိုက် များ ကို ကျော်ဖြတ်ခဲ့သည်။ ထုံးဖြူသုတ်ထားသည့် ဆိပ်ကမ်းစောင့်ရုံးကိုပတ်ပြီး ကမ်းပါးပြတ်ပေါ်သို့ တက်လာခဲ့ သည်။ ဒေးဗစ်အိမ်သို့ ရောက်လာသည်။ ကော်ရာက ခြံတံခါးဝမှ ဆီးကြိုစောင့်နေသည်။ ခေါင်းမှာ အဆောင်းမပါ။ နက်မှောင်မှောင် ဆံပင်တွေ က လေတိုးနေ၍ ပါးပြင်ပေါ်၌ ပျံဝဲနေသည်။ အနီရင့်ရောင်ဝတ်စုံက ကိုယ်ပေါ်တွင် ချပ်ချပ်ရပ်ရပ် ကပ်နေသည်။ သားတော်မောင် အတွက် အားဆေးတစ်ခွက်လိုဖြစ်သော ကြင်နာ လှိုက်လှဲမှုသည် ကော်ရာထံမှ ပျံ့လွင့်ပေါ် ထွက်နေသည်။ ကော်ရာ က ပေ့၏လက်ကို သူ့လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ ကော်ရာ မပြောမီကပင် သူ့ကို တွေ့ရ ၍ ကော်ရာ ၀မ်းသာကြောင်း သူ သိနှင့်နေသည်။ "သူ ဘယ်နှယ့်နေလဲ"

‹‹‹http://www.shwezinu.blogspot.com/

ဟင်နရီပေ့က မေးသည်။ "တစ်ပတ်လုံး ကောင်းပါတယ်။ အခု အပေါ်ထပ်မှာ စာရေးနေတယ်" ကော်ရာက

အိမ်ခေါင်ခန်း

ပြတင်းကလေးကို

လှမ်းကြည့်လိုက်၏။

အခန်းဆီမှ

ထွက်လာသော

ဘားတော့ခ်၏ ကွန်ရှပ်တို ဂီတသံကို ကြားနေရသည်။ "ကျွန်မ ခေါ်လိုက်ဦးမယ်" ပေ့က ဒေးဗစ်ကို အနှောက်အယှက် မပေးချင်။ ဒေးဗစ် ရေးနေသည့် "အစ္စလာမ်သာသနာ ခေတ်ကြို ကဗျာများ" စာအုပ် သည် ကျားကုတ်ကျားခဲအား ထုတ်ရသည့် အဆိုအမိန့်တစ်ခု ဖြစ်သည်။ ဒေးဗစ်သည် လွန်ခဲ့

သည့်

ခြောက်လအတွင်း

အာရပ်ဒေသ

စကားသုံးမျိုးကို

သူ့ဘာသာ

သူ

သင်ယူသည်။

"ကီတာအယ်အဂါနီ" ခေါ် တေးချင်းများစာအုပ်ကို ဘာသာပြန်နေသည်။ ထိုအားထုတ်မှုကို ပျက်ပြားအာင် မလုပ် သင့်။ ကော်ရာ က ပေ့ ချီတုံချတုံ ဖြစ်နေပုံကို မြင်၍ ပြုံးလိုက်သည်။ "ဘာပဲဖြစ်ဖြစ်လေ။ နေ့လယ်စာကလည်း နာရီဝက်နဲ့ မစားဖြစ်သေးပါဘူး" ဟင်နရီပေ့ ထင်ထားသည်ထက်ပို၍ သူ့ပန်းများက ကော်ရာကို စိတ်ကြည်နူးစေသည်။ ကော်ရာက ပန်းများကို ပန်းအိုးတွင် ထိုးသည်။ ဟင်နရီပေ့ကို ပန်းခြံထဲသို့ ခေါ်သွားသည်။ လွန်ခဲ့သည့်ရက်ပတ် အတွင်း

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သူစိုက်ထားခဲ့၊ ပျိုးထားခဲ့ပုံကို ပြသည်။ ကျောက်ထူသော မြေကွက်ကလေး၌ သပ်သပ်ရပ်ရပ် အကွက်ချ စိုက်ပျိုးထားသည့် ဟင်းသီး ဟင်းရွက် အခင်းကလေး။ "ဘယ်သူက မြေတူးပေးသလဲ" "ကျွန်မပဲ တူးတာပေါ့" ကော်ရာ က ရွှင်ရွှင်မြူးမြူး ရယ်လိုက်၏။ "မပင်ပန်းလွန်းဘူးလားကွယ်။ အိမ်အလုပ်က တစ်ဖက်။ ချက်ရပြုတ်ရတာက တစ်ဖက်။ ပြီးတော့ ဒေးဗစ် ကလည်း ရှိသေး" "အို မပင်ပန်းပါဘူး။ ကျွန်မ အားရှိပါသေးတယ်။ ကျွန်မက ပန်းခြံဆိုရင် သိပ်ကြိုက်တာ" ကော်ရာ

က

သူ့ကို

ရှက်စနိုးကြည့်ကာ

...

"ပန်းခြံလုပ်ဖို့ဆိုတာ

ကျွန်မမှာ

ဘယ်တုန်းကမှ

‹‹‹http://www.shwezinu.blogspot.com/

အခွင့်ကြုံခဲ့ဖူးတာမှ မဟုတ်တာ" ဟု သည်းလှိုက် အူလှိုက်ပြောသည်။

ကော်ရာ

မီးဖိုဆောင်ထဲ

ဝင်သွားချိန်တွင်

ဟင်နရီပေ့က

ပန်းခြံလမ်းကျဉ်း

ကလေးပေါ်

ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ မကြာလိုက်မီမှာပင် ကော်ရာက နောက်ဘက်တံခါးမှ သူ့ကို လှမ်းခေါ် သည်။ အိမ်ရှေ့ခန်း တွင် စားပွဲခင်း ထားသည်။ ခ၀ါကျ သန့်သန့်ပြန့်ပြန့် အ၀တ်လွှမ်းထားသည်။ သူ ပေးထားသည့် ဇွန်းခက်ရင်း များ၊ ဓားများ၊ ကြွေပန်းကန်များကို မြင်သာထင်သာ ခင်းကျင်းထား သည်။ ကြက်ကောင်လုံးကြော်

ကလည်း

ပန်းကန်ထဲတွင်

ကျွတ်ကျွတ်ရွရွ၊

ဝင်းဝင်းပပ။

ကော်ရာ

လုပ်သမျှ

ပိုင်ပိုင်နိုင်နိုင် ရှိပုံကို ပြနေသလို။ သူတို့ စောင့်နေခိုက်မှာပင် အပေါ်ထပ်မှ ဓာတ်စက် ဂီတသံတိတ်သွားသည်။ ခဏအကြာတွင် ဒေးဗစ် ဆင်းလာသည်။ ခါတိုင်းလိုပင် မျက်နှာထားက ခပ်တန်းတန်း။ သိ့ေု သာ် စိတ်ကောင်းဝင်နေ ပုံကို ပေ့ချက်ချင်း သတိထား

မိလိုက်သည်။

ကျန်းမာပုံ

လည်း

ရသည်။

လည်ဖုံးဆွယ်တာအင်္ကျီနှင့်။

သားရေရောင်

ပိတ်ထူဘောင်းဘီနှင့်။ စုတ်ဖွာနေသော သားရေပျော့ဖိနပ်နှင့်။ ကြောင်စီစီ ၀တ်ဆင် ထားသော်လည်း တကယ့် လူခန့်ချောကြီးပေပဲ

ဟု

ဘယ်သူမှ

မတွေးမိဘဲ

မနေနိုင်။

ဒေးဗစ်က

ကော်ရာလိုပင်

အရပ်အမောင်း

အလွန်ကောင်းသည်။ ပိန်ပင် ပိန် လွန်းနေသည်။ ဆံပင်က ရွှေဝါရောင်။ အသားက လတ်လတ်။ သွားက ညီညီ။ "အလုပ် ပြီးရဲ့လား" ဟင်နရီ က သားကို မေးသည်။ ကော်ရာက ကြက်ကြော်လှီးနေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အတော် ဟန်ပါတယ်" ကော်ရာ ပန်းကန်ကို

က

လှမ်းပေး

ကြက်ရင်အုပ်၊ သည်။

ဂေါ်ဖီပြုတ်၊

ဒေးဗစ်က

အာလူးမွှေများဖြင့်

ပန်းကန်ကို

စားချင့်စဖွယ်

ခဏကြည့်ပြီး

ပြင်ဆင်ထားသည့်

အမှတ်မထင်ပင်

ခက်ရင်းကို

ကောက်ကိုင်လိုက်သည်။ "အက်စွက် ဖစ်ဂျရယ် ရဲ့ အတ္ထုပ္ပတ္တိသစ်တစ်အုပ် အဖေတို့ဆီ ရောက်လာတယ်" ဒေးဗစ် က မျက်မှောင်ချီလိုက်၏။ "သားကြည့်ချင်မလားလို့" ပေ့က မယုံမရဲ သဲ့သဲ့ပြောသည်။ ဒေးဗစ်က သူ့အဖေ ကို သရော်တော်တော် ပြန်ကြည့်သည်။

"သဘောကြိုက်ညီ

‹‹‹http://www.shwezinu.blogspot.com/

မကြိုက်ညီသော မပြောသာသည် ဂူလီအလား ကစားသူတို့ ရိုက်ပို့လိုက်ရာ ဟိုမှာသည်မှာ သွားလာရောက်ရက်" ဆိုတဲ့ ကဗျာမျိုးတွေရေးတဲ့ အရှေ့အင်္ဂလန်က မဟာမတ်အနွယ်တော်ကို အဖေ ကြိုက်တယ်ဆိုတာ တော့ လာပြော မနေနဲ့နော်" ပေ့က မချိပြုံး ပြုံးသည်။ သားတော်မောင်က ဆရာလုပ်နေခြင်းကို သူ အရေးမစိုက်။

သူ့သားက

အောက်စ်ဖို့ဒ်တက္ကသိုလ်တွင်

ဂုဏ်ထူးပထမဆင့်နှင့်

သီသီကလေး

ကပ်လွဲခဲ့သည့်

ဂန္ထ၀င်စာပေ ပညာရှင်တစ်ဦးဖြစ်၍ ထိုသဘောထားကို ပြောပိုင်ခွင့် ရှိသည်။ ဟင်နရီပေ့၏ ပညာရေးမှာမူ သူ့အဖေ နာမကျန်း မှုကြောင့် စကောစက ဖြစ်ခဲ့ရသည်။ စာအုပ်စာတမ်းမှန်သမျှကို မလွတ်တန်း ဖတ်ရှုခြင်းဖြင့် Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကိုယ့်ဒူးကိုယ်ချွန်

အသိပညာ

အဆင့်

မြှင့်ခဲ့ရသည်။

အက်ဒင်ဘာရာ

တက္ကသိုလ်တွင်

ပညာသင်ခဲ့ရသည်မှာလည်း နှစ်နှစ်ထက် မပို။ သူ့ အဖေက ထိုတက္ကသိုလ်တွင် ပညာသင်ခဲ့ဖူး သည်။ ထို့ကြောင့် သူ့ကိုလည်း ထိုတက္ကသိုလ်သ့ပို င် ဇွတ်အတင်း ပို့ခဲ့ခြင်း ဖြစ်သည်။ "အိုမာခေယမ် က သိပ်မဆိုးလှပါဘူးကွယ်" ပေ့က သာယာညင်းပျောင်းစွာ လျှောက်လဲချက်ပေးသည်။ "ရပ်စကင်တောင် သူ့ကို ကြိုက်သေးတာပဲ" ဒေးဗစ် က ရှုံ့မဲ့မဲ့ မျက်နှာထားဖြင့် အာရပ်စကားလုံးတွေ ကို တသီကြီး ရွတ်နေလေသည်။ "အဲဒါ အိုမာခေယမ်ကြီး ကို မြင်တဲ့ ကျွန်တော့်အမြင်ပဲ" "အဓိပ္ပာယ် က ဘာတဲ့လ"ဲ ကော်ရာက ၀င်မေး သည်။

‹‹‹http://www.shwezinu.blogspot.com/

"မင်းကို မှ ငါ ကောင်းကောင်း မသိတာ ဘယ်ပြောနိုင်ပါ့မလဲ" ဒေးဗစ် က ပြောပြောဆိုဆို တဟားဟား ရယ်ချလိုက်လေသည်။ ဟင်နရီပေ့က

သူ့သားကို

မယုံသင်္ကာ

ကြည့်သည်။

သိ့ေု သာ်

သူ့သား

တစ်ယောက်တည်း

ခေါင်းငိုက်စိုက်ထိုင် လက်နှစ်ဖက် ပေါင်ကြားညှပ်၊ ကြမ်းပြင် စိန်းစိန်းကြည့်နေလေ့ ရှိသည့် နေ့ရက် များ ကို ပြန်ပြောင်းအမှတ်ရမိသည်။ ထိုအခါ ရယ်မောနေသည်က တော်သေးဟု စိတ်သက်သာရာ ရမိလေသည်။ ဒေးဗစ် အဖို့ အကာလ ညအခါများသည် ပိုဆိုး၏။ တစ်မှေးမျှ မအိပ်ရ။ ညတာများသည် ဆုံးနိုင် သည်မရှိ။ မသိရသော ရန်သူ ကို စိုးရွံ့သော အကြောက်တရားက ဖိစီးမြဲ။ သူ့စစ်မှုထမ်းကာလသည် ဆိုးဆိုးဝါးဝါး မဟုတ်။ ဂရိကျွန်း တွင် သူ ပါဝင် တိုက်ခဲ့၏။ တပ်ဆုတ်ချိန်တွင် ၀မ်းကိုက်ရောဂါစွဲခဲ့၏။ စစ်ထဲ၌ ပင်ပန်းခဲ့ရခြင်းကြောင့်

စိတ်ထိခိုက်

လွယ်သော

ဝေဒနာ

စွဲကပ်လာခဲ့၏။

အောက်စ်ဖို့ဒ်

တက္ကသိုလ်

တက်သည်အထိ ထိုဝေဒနာ ကပ်ပါ လာခဲ့၏။ လွန်ခဲ့သည့် တစ်နှစ်ခွဲကမူ စိတ်ကယောင် ချောက်ချား ဖြစ်လာတော့သည်။ ဒေါက်တာဘတ်က ဒေးဗစ်တွင် ငယ်ငယ်ကတည်းကပင် စိတ်မနှံ့သော သဘောရှိခဲ့သည်ဟု ဆိုသည်။ ဟင်နရီပေ့ လက်မခံနိုင် ခဲ့။ ထိုအယူအဆကြောင့်ပင် တစ်သက်လုံး ခင်မင်ခဲ့သည့် ရင်းနှီး မှုမှာ ပျက်မတတ် ပင် ဖြစ်ခဲ့ရသေး၏။ သို့သော် ယခုမူ မထူးသလောက် ဖြစ်နေလေပြီ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ်

စိတ်အားထက်ထက်သန်သန်

ဖြစ်နေပုံကို

ကြည့်ရင်း

ထူးခြားသလောက်

ကံကောင်း

ထောက်မသော သူ့အိမ်ထောင်ရေး က သူ့ဘ၀ကို ကယ်တင်ခဲ့တာပါကလားဟု ဟင်နရီပေ့ စဉ်းစားမိ၏။ ဆေးဝါးကုသ ရန် စကာဘာရာမြို့သို့ ဒေးဗစ် သွားနေခဲ့ရသည်။ ထိုမြို့ဆိပ်ကမ်း၌ ကြုံကြိုက်ခဲ့သည့် အမှတ်မထင်

ဆုံဆည်းမှုကလေးတစ်ခုကြောင့်

ယုံကြည်ချက်ဖြင့်

စိတ်ထိန်း

လာနိုင်သည်။

ဒေးဗစ်

စိတ်ပြန်မှန်လာသည်။

ဘယ်တုန်းကမှ၊

ဘယ်မိန်းမကိုမှ

အနာဂတ်အတွက်

ဒေးဗစ်

ဟုတ်တိပတ်တိ

အာရုံမကပ် ခဲ့။ သူ့အသိဥာဏ်နှင့် ဖီလာဖြစ်သော ပညာမဲ့ မိန်းမသားတစ်ဦးအပေါ် အာရုံငြိဖို့ ကားဝေစွ ခြောက်ပါး။ ထို့ကြောင့် နှစ်ထပ်ကွမ်း ဆန်းကြယ်နေတော့၏။ သို့ရာတွင် ကော်ရာ၏ စာမတတ် ပေမတတ်အဖြစ်ကြောင့်ပင် နီးစပ်ရန် အကြောင်းဖန်လာခြင်း လည်း ဖြစ်နိုင်ပေ

၏။

အသူတစ်ရာ

ချောက်ထဲကျနေ၍

လက်လှမ်းမီရာ

မာယာေ၀၀ုစ်

အကင်းရှင်း

ဆုံးသတ္တ၀ါကလေးကို အလိုလို လှမ်းဆွဲမိခြင်း လည်း ဖြစ်တန်ရာ၏။ သူ လှမ်းဆွဲခဲ့သည့်လက်သည် ကော်ရာ၏ လက်ဖြစ်နေခြင်းမှာ ကံအကြောင်း လှလေစွ။ စားသောက်ပြီး၍ ကော်ရာ စားပွဲသိမ်းသည်။ ပေ့နှင့် သားဖြစ်သူတို့ ပြတင်းပေါက်နားတွင် ထိုင်ပြီး စကားပြောကြသည်။ ခါတိုင်းဆိုလျှင် ဒေးဗစ်က သူ့အလုပ်အကြောင်းကို မေး၍ စမ်း၍ မရ။ ယနေ့တော့

‹‹‹http://www.shwezinu.blogspot.com/

မြိုသိပ်ချုပ်တည်း မှုတွေ ဘယ်လွင့်ကုန်လေသည်မသိ။ စိတ်ရွှင်သည်။ နှုတ်သွက်သည်။ စစ်အတွင်းက သူ ရေးခဲ့သည့် အစမ်းစာများအနက် "ညဥ့်မင်းမူရာဒေသ" အမည်ရှိ အစမ်းစာများကို မာကြူရီဒဖရန့်

စာစောင်က

ဘာသာပြန်

ဖော်ပြကြောင်း

အယ်ဒီတာထံမှ

ရေးပို့သော

ချီးကျူးစာကို

ထုတ်ပြသည်။ သူ့အစွမ်းအစကို အသိအမှတ်ပြုသည့် ဤစာသည် ဒေးဗစ်အဖို့ အားဆေးတစ်ခွက် ဖြစ်သည်။ ပေ့အဖို့လည်း အားပေးမှုတစ်ရပ်ပင် ဖြစ်ပေတော့၏။ ဥတ္တရအလင်းကို ပြောင်ပြောင် မြောက်မြောက် သတင်းစာ ဖြစ်လာစေရန် ပေ့က ဒေးဗစ်ကို သူနှင့်အတူ အမြန်လာ၍ အလုပ်လုပ်စေချင်သည်။ သားအဖနှစ်ယောက်အတူ လမ်းလျှောက်လေ့ရှိသည်မှာ ထုံးစံလို ဖြစ်၏။ ယနေ့ နေ့လယ်တွင်မူ ဒေးဗစ် အပေါ်ထပ်ပြန်တက်ပြီး

အလုပ်လုပ်သည်။

နောက်တစ်နေ့တွင်

ပြန်အပ်ရမည့်

လန်ဒန်

စာကြည့်တိုက်မှ

စာအုပ်တစ်အုပ် ကို အချိန်ပြည့် လေ့လာချင်သည်ဟု ဆိုသည်။ ကော်ရာကတော့ အပေါ်အင်္ကျီပင် ၀တ်ပြီးနေပြီ။ ထို့ကြောင့် ကော်ရာနှင့် ပေ့တို့ ဆိပ်ကမ်းဘက်သို့ ထွက်လာခဲ့ကြ သည်။ အစတော့ သူတို့ စကားမပြောကြ။ ကော်ရာက တိတတိတ်ဆိတ်ဆိတ်နှင့် အဖော်ရသည်။ ထို့ကြောင့် ဟင်နရီပေ့ အဖို့ နှစ်ပေါင်း များစွာ သိရှိပေါင်းဖက် လာသူပမာ ခင်တွယ်ရသည်။ သဲခုံကို ကျော်တော့ ပင်လယ်မှော်ခြောက် များ အပေါ် မှ နင်းသွားရသည်။ လှိုင်းကာတံတိုင်းဘက်သို့ ချိုးကွေ့လျှောက်ကြသည်။ ကော်ရာက ပေ့ လက်ကို ကိုင်ထားသည်။ ပျော်ပျော်ကြီး ပင်လယ် လေညင်းခံနေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အင်္ကျီထူထူ ၀တ်ခဲ့ဖို့ ကောင်းတယ်ကွယ်" ပေ့က ကော်ရာ ၀တ်လာသည့် သက္ကလပ်အင်္ကျီခပ်နွမ်းနွမ်းကို သတိထားမိလိုက်သည်။ "ကျွန်မတော့ နည်းနည်း မှ မချမ်းပေါင်။ ဒီကိုလာရတာ မပျော်ဘူးလား" ဟု ပြန်မေးသည်။ "ပျော်တာပေါ့" ပေ့က ဖြေသည်။ ထိုစကားမှာ ဆိပ်ခံတံတား

ကော်ရာအဖို့

အဆုံးရှိ

ပျံဝဲထိုးသုတ်နေဟန်ကို

အားဆေးတစ်ခွက်ပမာ

သက်ကယ်လှေစခန်းထဲ၌ ကြည့်နေကြသည်။

ဖြစ်လေသည်။

သူတို့

လူသူကင်းရှင်းနေ

လေခိုကြသည်။

ပင်လယ်ထဲတွင်

သော

ပင်လယ်စင်ရော်ကြီးများ

လှိုင်းကြမ်းနေ၏။

လှိုင်းလုံးများပေါ်မှ

ဖြတ်တိုက်လာသော လေသည် ငန်ငြိငြိ စပ်ဖျဉ်းဖျဉ်း ဖြစ်နေ၏။ ဤနေရာမျိုးတွင် ထာဝစဉ် နေရ နေရ နေသွားနိုင်သည်ဟူသော ဆန်းဆန်းကြယ်ကြယ် ခံစားမှု တစ်ခု ပေ့၏ စိတ်ထဲတွင် ပေါ်လာ၏။ ခဏကြာမှ စကား စပြောသည်။ "မင်း ဒေးဗစ် အပေါ် အများကြီး ကောင်းရှာပါပေတယ်ကွယ်"

‹‹‹http://www.shwezinu.blogspot.com/

"သူက ကျွန်မအပေါ် ကောင်းတာပါ" ကော်ရာ က သွက်သွက်ပြန်ပြောသည်။ ကော်ရာက စကားခဏ ရပ်ထားသည်။ ပေ့ကို ကြည့်သည်။ ပြီးတော့ အဝေး သို့ ငေးနေလိုက်သည်။ "ကျွန်မတို့ တွေ့စကတော့ ကျွန်မလည်း ဒီလောက် မပျော်လှပါဘူး" ထိုစကားဖြင့် ကော်ရာက သူ့ကို နှစ်နှစ်ကာကာ အလေးအမြတ် ပြုသည်ဟု ဟင်နရီပေ့ ယူဆသည်။ ကရားရေလွှတ် တတွတ်တွတ် ပေါက်ကရပြောတတ်သည့် မိန်းမအကျင့်ကို သူ စက်ဆုပ်သည်။ ကော်ရာကိုမူ ထိုအကျင့်

မရှိခြင်း၊

နှုတ်သိုသိပ်ခြင်းကြောင့်

တွေ့စကတည်းကပင်

နှစ်သက်ခဲ့သည်။

ကော်ရာ့တွင်

အမြတ်နိုးခံချင် စိတ်၊ ယောက္ခမ မိသားစုအပေါ် တွယ်တာလိုစိတ် များ ရှိကြောင်း သတိထားမိသည်။ အတိတ်ကာလ က ဆင်းရဲဒုက္ခရောက်ခဲ့ရခြင်းကို လှစ်ပြနေခြင်း ဖြစ်လေသည်။ နောက်ပိုင်းတွင် ကော်ရာက သူ မိတဆိုး ဖတဆိုး ဖြစ်ခဲ့ရပုံ၊ လန်ဒန်မြို့တွင် အဒေါ်ထံ ကပ်နေခဲ့ရပုံ၊ ကိုယ၀့် မ်း အသနားပိုပုံ

ကိုယ်ကျောင်းခဲ့ရပုံများကို တစ်စွန်း

တစ်စ

မျှ

ပြောပြ မပြ။

သည်။

သို့သော်

ဘ၀ဇာတ်ကြောင်းလှန်သည်။ လက်ရှိ

ပျော်ရွှင်ကြည်နူးမှုကြား၌ပင်

ဝမ်းနည်းကြေကွဲရမှုကား သဲ့သဲ့မျှပင် ဖြစ်စေကာမူ သိသိသာသာ ပဲ့တင်ထပ်နေလေ၏။ "တစ်ကောင်ကြွက် လို ဖြစ်နေခဲ့တာပေါ့လေ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ကိုယ့်ကိုယ်ကိုယ် အတိတ်က


ဦးဝင်းတင်

ဥတ္တရအလင်း

"ဟုတ်ပါတယ်" ကော်ရာက ဖြေသည်။ "အဲဒီ သဘောပါပဲ" လေပြင်းကျ လာ၏။ ပေ့က ကော်ရာ့ပခုံးပေါ် လက်တင်ပြီး ထိန်းပေးထားသည်။ "ငါတို့ မင်းကို ဘယ်တော့မှ အဲဒီလို မဖြစ်စေချင်တော့ပါဘူးကွယ်။ တိ့မိုသားစုထဲက ရောက်နေပြီပဲ။ အထီးကျန်ဖြစ်အောင် ဘယ်တော့မှ မလုပ်ပါဘူး။ အဲလစ်က မနေ့ကပဲ အဲဒါကို ပြောနေသေးတယ်။ ဒေးဗစ်ရယ်၊ မင်းရယ် ဒီမှာချည်း နေနေရတာ တစ်ခါတလေ ပျင်းစရာကောင်းမှာပဲလို့ သူ ထင်နေတယ်။ တစ်ခါတလေ ဟက်ဒယ်လ်စတန် ကို မင်းလာဖို့ ကောင်းတယ်။ နှစ်ယောက်စလုံး ပေါ့။ ကပွဲလေး ဘာလေးလာကြပေါ့" "ကျွန်မ က ကတာခုန်တာ သိပ်စိတ်မပါပါဘူး" ကော်ရာက ပြောသည်။ သူ့ပြောပေါက်ဆိုပေါက်က ခပ်ဆန်းဆန်း ဖြစ်နေမည်စိုးသည့်အလား စကား ဖြည့်ပြော သည်။

‹‹‹http://www.shwezinu.blogspot.com/

"ဒေးဗစ်ကလည်း စိတ်မပါ ပါဘူးလေ။ သူက အဲဒီလိုလူစားမှ မဟုတ်တာ" "ဒါဖြင့်လည်း ပြဇာတ်တို့ ဘာတု့ေိ ပါ့။ ဂီတပွဲကော" ကော်ရာက သူ့ဘက်လှည့်လိုက်၏။ "ကျွန်မ ဒီမှာ ပျော်တယ်။ တိတ်တိတ်ဆိတ်ဆိတ်နေရတာ ကြိုက်တာပဲ။ ညတိုင်း အိပ်ရာထဲ မှာ ဆိုရင် ..." စကားမှား သွားသလို ကော်ရာ ရှက်သွေး ဖြန်းသွားသည်။ ပြီးမှဆက်ပြောသည်။ "အိမ်ကို

လေတိုးနေတဲ့အခါ

လှိုင်းသံတွေကို

ကြားနေရတာပဲ။

ရဲတိုက်ကြီးထဲမှာ

နေရသလိုပဲ။

ကျွန်မတော့ စလီဒန် ကို ဘယ်နေရာနဲ့မှ မလဲနိုင်ဘူး" "ကဲ ပြန်ဖို့ အချိန်တော်ပြီ" ကားရှိရာ သို့ သူတ့ေို ရာက်ချိန်တွင် အိမ်ခေါင်ခန်းဆီမှ ဓာတ်စက်ဖွင့်သံ ကြားရသည်။ ဘရွတ်ခနာ၏ အီးဖလက်မေဂျာ စတုတ္ထဆင်ဖိုနီပင် ဖြစ်ဟန်တူသည်။ ဒေးဗစ် စိတ်ကူးစိတ်သန်း ရှာနေသည်မှာ သေချာသည်။ ထို့ကြောင့် ပေ့ အိမ်ပေါ်မတက်တော့။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟင်နရီပေ့ က လကုန်တိုင်း ပေးနေကျ စာအိတ်ကို ကော်ရာ၏ ဘေးအိတ်ထဲသို့ မသိလိုက် မသိဘာသာပင်

ထိုးထည့်

ထည့်နိုင်အောင်

သူ

လိုက်သည်။

ကြိုးစားသည်။

မျက်လှည့်ဆရာ

သိ့ေု သာ်

ဖဲချပ်

စာအိတ်ထည့်တိုင်း

ဖျောက်ပြသလို အမြဲတန်းပင်

ကျွမ်းကျွမ်းကျင်ကျင် နည်းနည်းတော့

သူ

အနေခက်သည်။ လှီးလွှဲစကား လေးများကိုလည်း အဆစ်ထည့်ပြောရသေးသည်။ လူငယ်တွေမှာ မာနရှိသည်။ သို့သော် နေရေးစာရေး က ရှိသေးသည်။ ယခုအကြိမ် သူပြောသည့် စကားမှာ ... "မင်းပန်းခြံ ကလေးအတွက် ပန်းမျိုးစေ့ဖိုး" ကော်ရာက

မရယ်မပြုံး။

ပါးရိုးမြင့်မြင့်၊

ပါးပြင်ချိုင့်ချိုင့်

ကော်ရာ့မျက်နှာက

ထူးထူးဆန်းဆန်း

မျက်နှာထားနှင့်။ လေပြင်းကြောင့် ကော်ရာ့မျက်လုံးများတွင် မျက်ရည်လည်နေသည်။ ဆံခွေ ကလေးတစ်ခုက မျက်ခုံးပေါ်ဝဲနေသည်။ "ကျွန်မတို့ အပေါ် ဦးတို့ မိသားစုအားလုံး သိပ်ကောင်းကြပါတယ်။ အထူးသဖြင့် ဦးက ကျွန်မအပေါ် သိပ်ကောင်း ပါတယ်။ ကျွန်မကို ... ကျွန်မကို ..." ကော်ရာ စကားမဆက်နိုင်။ ပေ့အနီးသို့ ရုတ်တရက် ကပ်လာသည်။ ပေ့၏ ပါးပြင်ကို ဖျတ် ခနဲ

‹‹‹http://www.shwezinu.blogspot.com/

နှုတ်ခမ်းဖြင့် တေ့နမ်း လိုက်သည်။ ပေ့သည်

ဟက်ဒယ်လ်စတန်သို့

ဖြည်းဖြည်းဆေးဆေး

ကားမောင်းပြန်လာသည်။

ကလေး ကို ပြန်တွေးရသည်မှာ အိမ်ရောက်သည်အထိ ရင်ဝယ်တသိမ့်သိမ့် ဖြစ်နေလေတော့၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ထိုအယုအယ


ဦးဝင်းတင်

ဥတ္တရအလင်း

(၃)

တနင်္လာနေ့သည် အမြဲအလုပ်ရှုပ်သောနေ့။ ရက်အားအတွင်း သတင်းတွေ စုပုံနေခဲ့သည်။ ဟင်နရီပေ့တိုက်သို့ စောစောရောက်နေသည်။ အပေါ်သို့ မတက်သေး။ သတင်းဌာနသို့ ၀င်သွား သည်။ သတင်းသမားများ အလုပ်လုပ်ရာ သတင်း ဌာနသည် ကျောက်တုံးခင်းထားသော ကွက်လပ်ဘက်သို့ မျက်နှာမူ ထား၏။ အခန်းကျယ်၏။ ဟောင်းတော့ ဟောင်းနေပြီ။ သိ့ေု သာ် အလင်းရောင် ကောင်းကောင်းရသည်။ အဆောက်အအုံ က မကျယ်လှ။ ပုံနှိပ်စက်များထားသည့် ကပ်လျက်တိုက်ကို ငှားထား၍သာ ဤမျှ ကျယ်ခြင်း ဖြစ်၏။ ခေတ်လည်း မမီတော့။ သိ့ေု သာ် နှစ်ပေါင်းများစွာ ဤအတိုင်းပင် ရှိနေခဲ့သည်။ သူ့အတွက် အဆင်ပြေ သည်။ သူကလည်း သဘောကျသည်။

‹‹‹http://www.shwezinu.blogspot.com/

လက်ထောက်အယ်ဒီတာ ပီတာဖန်းဝစ်က သတင်းမြည်းအယ်ဒီတာ ဖရန့်နှင့်အတူ အေပီတယ်လီ ပရင်တာ သတင်းဖမ်းစက် အနီးတွင် ရပ်နေသည်။ "အီဂျစ်သတင်း ဘာလာသေးသလဲဟေ့" ဟင်နရီပေ့က မေးသည်။ "စူးအက် တူးမြောင်းကတော့ ပိတ်ထားတုန်းပဲ ခင်ဗျ" ဖန်းဝစ်က ဖြေသည်။ "အမေရိကန်တွေလည်း ဖောင်ကြီးတွေ ဆယ်ခွင့်မရကြသေးဘူး။ ဆော့ဘုရင်နဲ့ အိုက်ဆင်ဟောင်ဝါ ဆွေးနွေးနေကြပြီ။ ဂျက်လေယာဉ်တွေ နဲ့ ကာဒီလက် ကားတွေ တောင်းနေတယ်။ နတ်ဆာ ကတော့ သြဇာသုံးနေတုန်းပဲ။ အစ္စရေးကလည်း မလှုပ်ဘူး။ ဗြိတိန်မှာ ရေနံပြတ်နေပြီ။ ၀န်ကြီးချုပ်အီဒင် ပနားမား ရောက်သွားပြီ" ပေ့ ခပ်မဆိတ် နားထောင်နေ၏။ စကားလုံးတိုင်းသည် အနာဟောင်းကို ဆွ သလို ဖြစ်နေလေ သည်။ "ပြည်တွင်း သတင်းကကော" "ဘဲလ်ဖက်စ်က ကြောက်စရာ သတင်းကြီးလာတယ်။ နှစ်လောင်းပြိုင် သတ်ပြီး ကိုယ့်ကိုယ်ကိုယ် သတ်သွားတဲ့ သတင်းခင်ဗျ။ မိန်းမ ရယ်။ ကြာခိုသမားရယ်။ လင်ရယ်။ အားလုံး လည်ပင်းပြတ်နေ ကြသတဲ့" ပေ့က

သတင်းကို

ဖတ်ကြည့်သည်။

သတင်းအချက်အလက်များမှာ

လန့်စရာပင်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

တကယ့်ကြောက်စရာ


ဦးဝင်းတင်

ဥတ္တရအလင်း

"ဖြုတ်လိုက်ကွာ" ပေ့က ပြောသည်။ "ကျောဖုံးမှာ တစ်ပိုဒ်လောက်ထည့်လိုက်ရင် မကောင်းဘူးလား" ဖန်းဝစ် က အကြံပေးသည်။ "တစ်ကြောင်းမှကို မထည့်နဲ့" ကျန်သတင်းများ

ကို

အမြန်ကျော်လွှားဖတ်ကြည့်သည်။

ဆွဲဆွဲဆောင်ဆောင်

မရှိလှ။

အာရှ

အနောက်ပိုင်း အခြေအနေက ပိုဆိုးလာသည်။ ဆိုက်ပရပ်တွင် ဆူပြန်ဦးတော့မည်။ "တခြား ဘာရှိသေးတုန်း" ပေ့က မေးသည်။ တယ်လီပရင်တာ သတင်းဖမ်းစက်မှ သတင်းများကို "မြည်း" ကြည့်ပြီး အရှေ့မြောက်ပိုင်းဒေသနှင့် သက်ဆိုင်သည့် သတင်းများကို ရွေးရသည့် ဖရန့်က ... "ဒီသတင်း ဘယ်နှယ့်နေမလဲ" ဟု မေးသည်။ သတင်းမှာ စနေနေ့ညပိုင်း လွှတ်တော်သတင်း ဖြစ်၏။ ခဲတံပြာနှစ်ချက် ခြစ်ထားသည်။ "အရှေ့မြောက်ပိုင်းဒေသ မဲဆန္ဒနယ် အမတ် မစ္စတာ ဘာနေးကိတ်ဒီမတ်စ် ၏ မေးခွန်းကို အစိုးရ ကိုယ်စား

မစ္စတာ

‹‹‹http://www.shwezinu.blogspot.com/

ခေါ်ဝေါ်သမုတ်သည့်

ဖိလစ်လက်စတာက

ဖြေကြားရာတွင်

ကောလာဟလများသည်

အခြေအမြစ်

အင်အာယူ မရှိ။

အရိပ်မပြ

စီမံကိန်းဟု

အမတ်မင်း

အကောင်

မထင်သော

ကောလာဟလများသာ ဖြစ်ကြောင်းဖြင့် ပြောကြားသွားသည်။ "အင်အာယူ စီမံကိန်း ဟုတ်လား" ဟင်နရီပေ့က

ပုစ္ဆာထုတ်သလို

မေးသည်။

အယ်ဒီတာများကို

တစ်ယောက်ပြီးတစ်ယောက်

လိုက်ကြည့်နေသည်။ "တစ်ခါမှတော့ မကြားမိပါဘူး" ဖန်းဝစ်က ပြောသည်။ "အင်အာယူ" ဖရန့်က မျက်မှောင်ကြုတ်ပြီး စဉ်းစားသည်။ "နေရှင်နယ် ရေးရုတ် ယူနီယန်လား" "မဖြစ်နိုင်ပါဘူး" ဖန်းဝစ်က ဖြေသည်။ "သတင်းမှားနဲ့ တူပါတယ်။ ဒီ ကတ်ဒ်မတ်စ်ဆိုတဲ့လူက လျှာဦးတည့်ရာ စွတ်ပြောတဲ့လူ" ပေ့က သတင်းစာရွက်ကို ပြန်ပေးလိုက်သည်။ "ဘာပဲ

ဖြစ်ဖြစ်လေ။

သတင်းဆက်လကိုဖို့

တစ်ယောက်တော့

ချထားလိုက်။

မင်းပေးနိုင်ရင်

လူးဝစ်ကလေးကို ချပေးလိုက်" ပေ့သည် သူ့အခန်းသို့ တက်သွားသည်။ သူ့အတွင်းရေးမှူးလည်းဖြစ်၊ ဖြန့်ချိရေး လုပ်ငန်းကို တွဲကိုင်သူလည်း ဖြစ်သည့် မစ်မော့ဖတ်က စာများကို ရွေးနေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မစ်မော့ဖတ် သည် အသက်ကကြီးကြီး၊ ရုပ်ရေက ရွက်ကြမ်းရေကြို။ အငြိမ်းစား ကျောင်းဆရာမကြီး နှင့် တူ သယောင်ယောင်။ အသားအရေက အရောင်အဆင်းမရှိ။ ဆံပင်က ဖြူကြောင်ကြောင်။ နွေရော ဆောင်းပါ ရာသီမရွေး မီးခိုးရောင် ဂါဝန်၊ မီးခိုရောင် သိုးမွေးအင်္ကျီကိုသာ ၀တ်လေ့ ရှိသည်။ သတင်းစာတိုက်တွင် မရှိမဖြစ်သူ။ တောက်တိုမယ်ရရော အရေးကြီးကိစ္စပါ မညည်းမညူ အားလုံး ကျုံးလုပ်သူ။ လွန်ခဲ့သည့် နှစ် ၃၀ကျော်က ဟင်နရီပေ့၏ ဖခင် ရောဘတ်ပေ့ခန့်ခဲ့၍ သတင်းစာ တိုက်တွင် စတင်လုပ်ကိုင်ခဲ့သည်။ သူက ဟင်နရီပေ့ကို အဖေ့အရိုက်အရာ ဆက်ခံသူအဖြစ် ဘယ်တော့မှ သဘောမထား။ ယနေ့နံနက်တွင် မစ်မော့ဖတ် ၏ အမူအရာက သိသိသာသာ "ငူ" နေသည်။ သူ့စိတ်ထဲတွင် တစ်ခုခု တော့ ရှိနေပြီဟု ပေ့ ချက်ချင်း သိလိုက်သည်။ ပေးစာများကို ပေ့ ဖတ်နေစဉ် မော့ဖတ်က စောင့်နေ သည်။ စာထုပ်များမှ ကြိုးကလေးတစ်စကို ဆွဲယူပြီး အထုံးကလေး လုပ်နေသည်။ ကြိုးများ၊ စက္ကူ ဖြတ်စများ၊ မသုံးရသေးသော တံဆိပ်ခေါင်းများ စသည့် အသေးအဖွဲများကို ချွေတာရေး မလုပ်ရ မနေနိုင်။ ပေ့က လက်ရေးကို မလိုက်ခိုင်းမီ မော့ဖတ် က စကားစပြောသည်။ "သူ ဖုန်းဆက်ပြန်ပြီ"

‹‹‹http://www.shwezinu.blogspot.com/

"ဘယ်သူလ"ဲ "ဆမ်မာဗီးလ်ပေါ့" ဟင်နရီပေ့က သူ့ကို တအံ့တသြ ပြန်ကြည့်နေသည်။ "ဘာပြောချင်တာတဲ့လဲ" "ရှင်နဲ့ပြောချင်တာတဲ့။ ဆာရီးမြို့ကနေ ဖုန်းခေါ်တာ။ မနက်၇နာရီခွဲပဲ ရှိသေးတယ်။ ရှင်မရှိသေးဘူး ဆိုတာ သိပုံရပါတယ်။ ကျွန်မက ရှင် မရောက်သေးဘူးလို့ ပြောတော့ မှာစရာလေး ပြောထားခဲ့ တယ်" "ဒီတော့" မစ်မော့ဖတ်က မှတ်စုစာအုပ်ကို ထုတ်သည်။ လက်ရေးတိုဖြင့် လိုက်မှတ်ထားသည့် မှာကြားချက် ကို ဖတ်ပြသည်။ "ကျေးဇူးပြု၍ မစ္စတာပေ့အား ကျွန်တော် မေတ္တာပို့ကြောင်း ပြောကြားပါရန်။ လာမည့်ရက်ပတ်တွင် ကျွန်တော့်

ထံမှ

တာဝန်ခံပုဂ္ဂိုလ်နှစ်ဦးအား

လာရောက်တွေ့ဆုံခွင့်ပြုလျှင်

တင်မည်ဖြစ်ကြောင်း ကိုလည်း ပြောကြားပါရန်" ပေ့ ငြိမ်နေသည်။ ပြီးမှ စဉ်းစားချိန်ရစေရန် ... Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အလွန်ဝမ်းသာ

ကျေးဇူး


ဦးဝင်းတင်

ဥတ္တရအလင်း

"တစ်ခေါက် ပြန်ဖတ်စမ်းပါဦး" ဟု ခိုင်းသည်။ မော့ဖတ် က ပြန်ဖတ်သည်။ နောက်တစ်ခေါက် ပြန်ဖတ်မှ လွန်လွန်ကျွံကျွံ ယဉ်ကျေးဖော်ရွေသံ ပိုပေါ်လာသည်။ တောင်ကိစ္စသည်

စနေနေ့

ကတည်းက

သူ့ကို

အရှိန်ကောင်းကောင်းဖြင့်

စိတ်

သူ့ဆီ

စနောင့်စနင်း

ဖြစ်နေစေခဲ့သည့်

ပြန်ရောက်လာပြန်သည်။

သူ့စိတ်တွင်

ဤနဝေတိမ် မသိမသာ

ကြောင့်ကြမှု ၀င်လာသည်။ "ခင်ဗျား ဘယ်လို ထင်သလဲ" မစ်မော့ဖတ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။ ခေါင်းကို တူးတူး ခါးခါး ဆတ်ခနဲ ခါလိုက်၏။ "ဥတ္တရအလင်း ကို ၀ယ်ချင်နေတာပေါ့" ဟု ပြောလိုက်၏ဒ။ "ဟုတ်တယ်။ သူက ဒီသတင်းစာကို ရောင်းမယ် ထင်နေတာ။ သူ သတင်းကြားမှားနေတာကို ကျွန်တော်လည်း ပြောပြီးသားပဲဟာ" "သူက မှားတတ်တဲ့ လူစားမျိုးတော့ မဟုတ်ဘူး"

‹‹‹http://www.shwezinu.blogspot.com/

"အင်းလေ။ ခင်ဗျားပြောတာ ဟုတ်ရင်တောင်မှ အကြောင်းကတော့ မထူးပါဘူး။ သူက အတင်း ၀ယ်ချင်တယ်။ ကျွန်တော်က အရှင်းမရောင်းချင်ဘူး။ ဒါပဲပေါ့" "ဒီလောက်ကို ရှင်းတာပဲလား" "ရှင်းတာပေါ့" ပေ့ စိတ် ကသိကအောက် ဖြစ်ပြီး ကျွဲမြီးတိုလာသည်။ "သတင်းစာတစ်စောင်ကို

မောင်းထုရောင်းနေတာ

မဟုတ်ရင်

ဘယ်သူက

ဘယ်လိုလုပ်

ဝယ်လ့ရို မှာလဲဗျ" "ဗာနန်ဆမ်မာဗီးလ်အကြောင်းကို ရှင်သိရဲ့လား" "တစ်ခါလောက်ပဲ တွေ့ဖူးတာပါ" "ဒါဖြင့် သိတယ်လို့ မဆိုနိုင်သေးဘူး။ အနည်းဆုံးတော့ သူ ဘယ်လို သတင်းစာကို ထုတ်တယ်ဆို တာတော့ ရှင်သိမှာပေါ့လေ။ ဒီနေ့မနက် ပြန်တမ်းကို မြင်ပြီးပလား" လန်ဒန်မြို့ထုတ် သတင်းစာအားလုံးကို ပြတင်းပေါက်အနီးရှိ မဟော်ဂနီ စားပွဲကြီးပေါ်တွင် စနစ်တကျ စဉ်ထား သည်။ မစ်မော့ဖတ်က ပြန်တမ်းကို ယူသည်။ သူ့ရှေ့တွင် ဖြန့်ပြသည်။ မျက်နှာဖုံးတွင် အလောင်း Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သုံးလောင်းပုံ ကို ကော်လံပြည့် ဖော်ပြထားသည်။ ယောက်ျား နှစ်လောင်း။ ကိုယ်တွင် အ၀တ်မကပ်တကပ် သနားစရာ မိန်းမ အလောင်း တစ်လောင်း။ အိမ်ခန်း တစ်ခန်း၏ ကြမ်းပြင်ပေါ်တွင် အဆန့်သားသေနေကြ၏။ ဓာတ်ပုံအပေါ် တွင် ခြောက်လိုင်းစာလုံး မည်းကြီများဖြင့် "ရာဂ၏ ဆုလာဘ်"ဟု ခေါင်းစီးတပ်ထား၏။ "မယဉ်ဘူးလား" မစ်မော့ဖတ်က အနက်ဖွင့်ရန်ခက်သော လေသံဖြင့် ပြောသည်။ "ကျွန်မတို့ သတင်းစာမျက်နှာဖုံးမှာ ထည့်လိုက်ရရင် ကောင်းမှာပဲ" မစ်မော့ဖတ်

ဘာဖြစ်နေပါလိမ့်။

ပေ့

စဉ်းစားမရ။

ဤပေါက်ကရကိစ္စကို

ရပ်တန်းက

ရပ်ပစ်မှ

ဖြစ်တော့မည်။ ပေ့က သတင်းစာကို ပြန်ပေးပြီး ထန်ထန် ပြောလိုက်၏။ "လက်ရေးတိုလိုက်စမ်း" စာအဆက်အသွယ်ကိစ္စများကို ဆောင်ရွက်ပြီးနောက် မစ်မော့ဖတ် ပြန်ထွက်သွားသည်။

ပေ့သည် စင်္ကြံမှ လျှောက်ပြီး အခန်းတစ်ခန်းထဲသို့ ၀င်သွားသည်။ ထုအိ ခန်း၌ နံနက်တိုင်း ၁၀နာရီ

‹‹‹http://www.shwezinu.blogspot.com/

တိတိ

တွင်

နောက်တစ်နေ့ထုတ်

အယ်ဒီတာချုပ်

သတင်းစာအတွက်

ဌာနမှူးများနှင့်

မယ်လ်ကမ်မိတ်တလန်ရောက်နှင့်နေသည်။

ပေ့

ဓာတ်ပုံဌာနမှူး

တွေ့ဆုံညှိနှိုင်းသည်။

ဒု-

ဟတ်တလေစလိတ်

နှင့်

စကားစမြည် ပြောနေ၏။ ပေ့ ရောက်သွားချိန်တွင် အားကစား အယ်ဒီတာ ပူးလ်နှင့် ကြော်ငြာ ဌာနမှူး ဟောရေ့စ်ဘယ်လ်မာတို့ သူ့နောက်မှ ၀င်လာကြသည်။ ပေ့သည် အရောင်တင်ထားသော စားပွဲရှည်ကြီး၌ ထိုင်လိုက်ချိန်တွင် ဆမ်မာဗီးလ် ကမ်းလှမ်းချက် ကိစ္စကို ပြောပြချင်စိတ် ရုတ်တရက် ပေါ်မိသေး၏။ ပျော့ကွက်ဖွင့်ပြသလို ဖြစ်နေမည်စိုး၍ ထိန်းထားလိုက်သည်။ သတင်းစာ

အထားအသိုကို

ဆွေးနွေးကြသည်။

မိတ်တလန်တင်ပြသည့်

သတင်းဇယားကို

တစ်ခုချင်း

စိစစ်ကြသည်။ ထည့်သင့်တာထည့်၊ ဖြုတ်သင့်တာဖြုတ်။ ဥတ္တရအလင်း ၏ မူဝါဒသည် နှစ်ပေါင်းများစွာကပင် စာတန်းကလေး တစ်တန်းတည်းဖြင့် သင်္ကေတ အကျဉ်းချုပ်

ထားခဲ့ပြီး

ဖြစ်သည်။

ထိုစာတန်းကလေးကို

ပိုက်ကားစာလုံး

သေးသေးလေးဖြင့်သာ

စာစီထားသည်။ သတင်းစာ မျက်နှာဖုံး ထိပ်ဆုံးတွင်ဣနြေ္ဒရရ ဖော်ပြထားသည်။ ထိုစာတန်းမှာ "ဖတ်သင့် ဖတ်ထိုက်သမျှ သတင်းစုံ" ဟူ၍ ဖြစ်လေ သည်။ ဥတ္တရအလင်းသည်

မြှူဆွသတင်းများကို မလျှော့တန်း ဆန့်ကျင့်ခဲ့၏။ မျိုးဆက်ငါးဆက်တိုင်တိုင်

သမာဓိရှိမှု၊ သမာသမတ်မျှမှု၊ သတင်းခိုင်လုံ တိကျမှု တို့အတွက် ယုံကြည်ကိုးစားခံခဲ့ရသည်။ ကျော်စော ထင်ရှားခဲ့ သည်။ မြောက်ပိုင်းဒေသ၏ အစဉ်အလာကြီးသော အဖွဲ့အစည်း တစ်ရပ် ပမာ ဖြစ်လာခဲ့သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ယနေ့

အဖို့

မဏ္ဍိုင်ပြုနေသည်။

အဓိက

ပေ့နှင့်

သတင်းသည်

အယ်ဒီတာအဖွဲ့

သည်

မလွဲမရှောင်သာပင် ထိုသတင်းကို

အာရှအနောက်ပိုင်းကို

အကျယ်တ၀င့်

ဆွေးနွေးကြသည်။

နိုင်ငံလုံးဆိုင်ရာ သတင်း၊ ဒေသဆိုင်ရာ သတင်းများကို စိစစ်ကြသည်။ နောက်ဆုံးတွင်မှ မရိုးနိုင်သော သတင်းကို

ကိုင်ကြသည်။

မိုးလေ၀သသတင်း။

လင်ကွန်းရှိုင်းယားနယ်တွင်

ညတွင်းချင်း

ရေကြီးလာ၍

သတင်းထောက်တစ်ယောက်ကို ဓာတ်ပုံ သတင်းထောက် ချုပ်နှင့် အတူ သတင်းယူလွှတ်သည်။ မြို့နယ်သတင်းများကိုလည်း ရေးရန် ရှိသေးသည်။ မြို့မ သတင်းထောက်များအား တာဝန်ပေးအပ် မှု အစီအမံမျိုးစုံကိုလည်း လုပ်ရသေးသည်။ ပွင့်ပွင့်လင်းလင်း

ပြောကြဆိုကြပြီးနောက်

တစ်နာရီခန့်အတွင်း

ကိစ္စပြီးသည်။

နောက်တစ်နေ့

သတင်းစာအတွက် အတော် အတန် ရေရေရာရာ ပုံပန်းဖော်နိုင်လာသည်။ အခြားသူများ ထွက်သွားကြချိန် တွင် မယ်လ်ကမ်မိတ်တလန်နှင့် ဟင်နရီ ပေ့တို့ စင်္ကြံမှ အတူ လျှောက် လာကြသည်။ မိတ်တလန်သည် လုပ်ရည်ကိုင်ရည် ထူးထူးချွန်ချွန် ထက်မြက်သည်။ ကိုယ်ကျင့် တရား ထူးထူးခြားခြား ပြည့်ဝသည်။ ယုံကြည်ချက်ခိုင်မြဲပြီး ခေါင်းမာသော နော့သမ်ဘာလမ်နယ်သား ပီသည်။ သူ့

‹‹‹http://www.shwezinu.blogspot.com/

အယူအဆများ ကို ပေ့ အလေးထားသည်။

မိတ်တလန် သည် ဘက်လင်တန် ကျောက်မီးသွေးတွင်း ရွာကလေးမှ ယမ်းထုပ်ခွဲသမားတစ်ဦး၏ သား ဖြစ်သည်။

ကျောက်မီးသွေးတွင်းတူးသမား

အိမ်တန်းလျား၌

မွေးဖွားခဲ့သည်။

ဒါဟမ်

တက္ကသိုလ်တွင်

ကိုယ့်ဒူးကိုယ်ချွန် ပညာသင်ခဲ့သည်။ ပညာသင်ဆုနှစ်ဆု ရခဲ့သည်။ နောက်ဆုံး နှစ် တွင် နိုင်ငံရေး ဘောဂဗေဒ ပညာရပ်အတွက် ၀ှစ်တင်ဂမ် ဆုတံဆိပ် ဆွတ်ခူးခဲ့သည်။ တိုင်းကာဆယ်မြို့ တွင် ကျောင်းဆရာ လုပ်ခဲ့သည်။ အားလပ်ချိန်တွင် သင်္ဘောကျင်းမှ လူငယ်များ အား ညကျောင်းဖွင့်ပြီး စာသင်ပေး ခဲ့ပါသည်။ ဒါဟမ်မြောက်ပိုင်း

မဲဆန္ဒနယ်မှ

လစ်ဘရယ် ပါတီ

အမတ်လောင်းအဖြစ်

ပါလီမန်

လွှတ်တော်

ရွေးကောက်ပွဲ တွင် နှစ်ချီနှစ်လား ၀င်ပြိုင်ခဲ့သည်။ နှစ်ကြိမ်စလုံး ပွတ်ကာသီကာ ကပ်ရှုံးခဲ့သည်။ စီးပွားရေး အခြေအနေ အရ နိုင်ငံရေးကို စွန့်ခွာခဲ့ သည်။ သတင်းစာတွင် ၀င်လုပ်ခဲ့သည်။ မိတ်တလန် သည် အသားနီစပ်စပ်၊ အရုပ်ဆိုးဆိုး၊ ခြေထောင့်နင်းနင်း ဖြစ်၍ အကျည်းတန်သည်။ အကျည်းတန်

သလောက်

စိတ်ကောင်းနှလုံးကောင်း

ရှိသည်။

တိုက်ခန်းတစ်ခန်းတွင် တစ်ကိုယ် တည်းနေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

လူပျိုကြီးဖြစ်၍

ဝူးတန်ရပ်ကွက်


ဦးဝင်းတင်

ဥတ္တရအလင်း

မိတ်တလန်သည် မြောက်ပိုင်းဒေသ သစ်တော်သီး ကောင်းကောင်းတစ်လုံးကဲ့သို့ပင် မာကျော၏။ အပြစ် အနာအဆာ ကင်း၏။ ၀ါသနာအရာမှာပင် ကိုယ်စိတ်နှစ်ပါးစလုံး အကျိုးပွားများမှုအတွက် သာ သူ ရှေ့ရှု သည်။ မြင်း ဆိုလျှင် တန်းတန်းစွဲ ခုံမင်သည်။ တစ်တိုက်လုံးတွင် အခြားသူများထက် ပို၍ ပေ့နှင့် ရင်းနှီးသည်။

"ပြဿနာတွေကတော့ သောင်းခြောက်ထောင်ပဲ" နှစ်ယောက်သား

ခေါင်းကြီးပိုင်းရေးရမည့်

အကြောင်းရပ်ကို

ဆွေးနွေးကြသည်။

ဟင်နရီပေ့က

စိတ်တိုတို အားငယ်ငယ် ပြောသည်။ ခါတိုင်းထက်ပို၍ အကဲဆတ်နေသည်။ "ပြောစရာတွေ က တစ်ပုံတစ်ခေါင်း။ အဲဒါတွေကို ပြောရမယ့် အချိန်က တိုတို တောင်းတောင်း။ ကောင်းပေ့ဗျာ" မိတ်တလန် က ခေါင်းညိတ်သည်။ "ကျွန်တော်တို့ နိုင်ငံလည်း ကြွေး လည်ပင်းခိုက်နေပြီ"

‹‹‹http://www.shwezinu.blogspot.com/

"ဒီပေယျာလကန် အကျင့်ကို ခွာချပစ်မှကို ဖြစ်တော့မှာပဲ။ လူတွေကလည်း ဆေးအလကားကုရ ပြီးရော၊ ဘောလုံးပွဲ လောင်းကစားဒိုင်တွေ ရှိနေသမျှ ပြီးရော ဖြစ်နေတယ်။ အနောက်ဂျာမနီကို ကြည့်စမ်း။ သူတို့ ဘယ်လိုလုပ် ရှိစုမဲ့စုနဲ့ ကုန်းရုန်းထလာခဲ့သလဲ။ ၁၉၄၃ တုန်းက သူတြို့ ပာပုံမှာ လူးနေတာ ။ ဂျာမဏီတော့ တစ်စခန်းသိမ်း ပြီ၊ ဘယ်တော့မှ ပြန်လမ်းကောင်း မရှိတော့ဘူးလို့ ထင်ထားခဲ့တာ။ နာလန်ထူလာတယ်ဗျာ။ အံ့ရော။ အခုကမ္ဘာမှာ ထိပ်သီးဖြစ်နေပြီဗျ" "သူတို့ အကျောရထားတာကိုလည်း ထည့်ပြောဦးလေဗျာ။ သူတို့က စစ်ရူံးနိုင်ငံဗျ" "ဒါအဖြေ မဟုတ်ဘူး မယ်လ်ကမ်ရဲ့။ သူတ့ကို ချွေးတရွှဲရွှဲ ဇွဲတရှိရှိ လုပ်ကြတာဗျ။ ကျွန်တော်တို့က ပဲ့မပါတဲ့လှေ လို မျောနေတာဗျ" "ဟုတ်ပါတယ်။ ကျွန်တော်တို့ကလည်း နည်းနည်းတော့ အိုးနင်းခွက်နင်း ဖြစ်နေတာကိုး။ ဒါပေမယ့် ဒါထက် အဖြစ်ဆိုး တာတွေ ကျွန်တော်တို့ ကြုံဖူးခဲ့တာပဲ" "ကွပ်ကဲနိုင်မယ့် လူ လိုနေတာဗျ။ တကယ့်ခေါင်းဆောင် လိုနေတာပဲ။ ဒစ္စရေလို လူဆိုပါတော့ဗျာ" ဟင်နရီပေ့

အခန်းရှေ့အရောက်တွင်

မိတ်တလန်

ပြောလိုက်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ရပ်လိုက်သည်။

ဟာသကလေးစွက်ကာ


ဦးဝင်းတင်

ဥတ္တရအလင်း

"ခင်ဗျား

ခေါင်းကြီးပိုင်း

ရေးစရာ

ရပြီလေဗျာ။

ဒစ္စရေသာ

ယနေ့အသက်ထင်ရှား

ရှိနေလျှင်

ဆိုတဲ့ခေါင်းစဉ် နဲ့ ရေးပေါ့ဗျ" ပြီးမှ နာရီကြည့်လိုက်သည်။ "၁၁ နာရီမှာ ဘုရားသားတော်နဲ့ ချိန်းထားတာလည်း မမေ့နဲ့ဦးနော်" အချိန်က ၁၁ နာရီတောင်ထိုးလုနေပြီ။ ပေ့ ခမျာ ကြော်ငြာဌာနသို့သွားပြီး ညှိနှိုင်းပွဲ လုပ်ချိန်ပင် မရလိုက်။ စိန့်မတ်ခ် ဘုရားရှိခိုးကျောင်းမှ ဘုန်းကြီးဂီလ်မိုး ရောက်လာသည်။ ပေ့နှင့် လက်ဆွဲနှုတ်ဆက်သည်။ ဘုန်းကြီးက သွက်လက် သည်။ မုတ်ဆိတ် ပါးသိုင်း အပြောင်ရိတ်ထားသည်။ ပေါင်းဟောင်း သင်းဟောင်း ပြောဟန် ဆိုဟန်နှင့်။ "တွေ့ခွင့် ပေးတာ တော်ရှာပါပေ့ဗျာ။ ခင်ဗျားကလည်း ကျုပ်လိုပဲ အလုပ်များတဲ့လူ မဟုတ်လား" ဇန်န၀ါရီလ မှစ၍ ယိုင်နေ ခဲ့ သည့် ဘုရားရှိခိုးကျောင်း ပြာသာဒ်ချွန်းကြီးကိစ္စအတွက် သူ လာခြင်းဖြစ် ၏။ ပြာသာဒ်ချွန်းကြီး က လှလည်းလှ ၊ အထင်ကရလည်း ဖြစ်သည်။ ဥတ္တရအလင်း က ပြုပြင်ထိမ်းသိမ်းရေး

‹‹‹http://www.shwezinu.blogspot.com/

ရန်ပုံငွေ ကောက်ခံပေး ခဲ့သည်။ "နောက်ဆုံး ခန့်မှန်းချေတော့ရပြီ" ဘုန်းကြီးက ဆက်ပြောသည်။ "ကျွန်တော်တို့ မှန်းထားတာထက် အများကြီး ပိုနေတယ်။ ပေါင်တစ်သောင်းလေးထောင် တောင်မှပဲ" "နည်းတဲ့ငွေ မဟုတ်ပါလား" "မနည်းဘူးပေါ့ မိတ်ဆွေကြီးရယ်။ ခင်ဗျားတို့ ရန်ပုံငွေ ကောက်လို့ရတာက ပေါင် ၅၀၀၀ တောင် မပြည့်သေးတော့….. ဟင်နရီပေ့ က နည်းတာများတာ အမှုမထား။ သတင်းစာမှတစ်ဆင့် ရန်ပုံငွေ ကောက်ခံပေးသည့် ကိစ္စမှာ သူ့ဆန္ဒ အလျောက် စီစဉ်မှုသက်သက်သာဖြစ်သည်။ လူချမ်းသာကြီး မဟုတ်ပါလျက် ဂီနီဒင်္ဂါး ၁၀၀ မတည်ခဲ့သည်။ "တိုင်းပြည်ကလည်း ကျပ်တည်းနေတယ်လေဗျာ။ အခွန်အတုတ်တွေကလည်းထူပြော၊ အချိန်ကလည်း အလှူအတန်း ရာသီမဟုတ်။ နောင်နှစ်နာတာလူး ပွဲတော်ရက်အထိ စောင့်ပေဦးတော့ပေါ့။ ဟန်ကျလာပါ လိမ့်မယ်" "ဒါပေမယ့် ဟင်နရီရေ…လိုတာက နေ့မဆိုင်း ညမဆိုင်းလိုနေတာဗျ"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဘုန်းကြီးက ဤအချိုးအတိုင်း အတန်ကြာ ဆက်ပြောနေသည်။ ပေ့က ကျွဲမြီးတိုလှပြီ။ မလိုအပ်သော စီမံကိန်း

များ၊

တိုင်းပြည်ကြီး

ကိုယ်ကျိုးကိစ္စများ၊ ချွတ်ခြုံ

လိုက်လေခြင်း။

ပေ့က

မကျ

ပေးပါ

ပေးပါ

ရလေအောင်

စိတ်ချုပ်တည်းပါ၏။

တစာစာနှင့်

ထာဝစဉ်လက်ဝါးဖြန့်မှုများ

ချိုးနှိမ်ထားရမည်

ဖြစ်ကြောင်း

နားထောင်ပါ၏။

နည်းလမ်းရှာပါ၏။

အားလုံးကို

ဘုန်းကြီးနှယ်မသိဆိုးရွား သတင်းစာအလယ်

စာမျက်နှာတွင် နေရာပေးရန် ကတိပြုလိုက်လေ ၏။ ဘုန်းကြီးထလိုက်တော့မှ

စိတ်ထဲမှ

လန်းသွားသည်။

ဘုန်းကြီးက

စားပွဲပေါ်၌

လက်နှိပ်စက်ဖြင့်

ရိုက်ထားသည့် စာရွက်တစ်ရွက် ကို ထားသွားသေးသည်။ "အီစတာပွဲတော် ကဗျာတွေ ထားခဲ့မယ် ဟင်နရီ၊ စိတ်မရှိပါနဲ့၊ သတင်းစာထဲ ထည့်ပေးပါဦး၊ စိတ်ချ သွားမယ်နော်" ဘုန်းကြီး ထွက်သွားပြီး တံခါးပိတ်လိုက်မှ ပေ့က စာရွက်ကို ကောက်ယူကြည့်သည်။ ပထမဆုံး စာ ကြောင်း

ကိုသာ

ကြည့်ရသေးသည်။

တယ်လီဖုန်းခေါင်းလောင်းမြည်သံပေါ်လာသည်။

မစ်မော့ဖတ်

က

အောက်ထပ်ရှိ တယ်လီဖုန်း ခလုတ်ခုံမှနေ၍ ပြောသည်။

‹‹‹http://www.shwezinu.blogspot.com/

"လန်ဒန်က ခေါ်ပြန်ပြီ" "ဆမ်မာဗီးလ်များ ဖြစ်နေမလားဗျာ" သူ့ပါးစပ်က လွှတ်ခနဲ ထွက်သွားသည်။ "မဟုတ်ပါဘူး။ မစ်ဂ်ဟီးလ်တိုက်က လာတာ။ မစ္စတာဂျူန်း တဲ့" ခဏ ငြိမ်နေပြီးမှ ပေ့က ပြောလိုက်သည်။ "ဆက်ပေးလိုက်လေ" "မစ္စတာ ဟန်နရီပေ့လား ခင်ဗျာ။ ကျန်းခံ့သာပါစ ခင်ဗျာ" အသံက ဝေလနယ်သား လေသံပေါက်သည်။ "ခုပြောနေတာ ထရေဗာဂျူန်းပါ။ ဆာအီသီယယ် မစ်ဂ်ဟီးလ်ရဲ့ အတွင်းရေးမှူးပါ။ လူကြီးမင်းနဲ့ ကျွန်တော် ဆုံဆည်းခွင့် မကြုံသေးပါဘူး ခင်ဗျာ၊ ဒါပေမဲ့ မကြာခင် ဆုံဆည်းရလိမ့်မယ်လို့ မျှော်လင့် ပါတယ်။ ဆာအီသီယယ် က မစ္စတာပေ့ လန်ဒန်လာပြီး သူနဲ့တွေ့စေချင်ပါတယ်တဲ့။ ဒါမှမဟုတ် လည်း ဆပ်ဆက်နယ် မှာရှိတဲ့ သူ့ကျေးလက်အိမ်မှာ လာတွေ့စေချင်ပါတယ်တဲ့ ခင်ဗျာ။ လူကြီးမင်း အဖို့ အစောဆုံး အဆင်ပြေတဲ့ အချိန်ပေါ့ ခင်ဗျာ" ဘာပြောတော့မည် မှန်း ဟင်နရီပေ့က အလိုလို တွက်ဆမိနေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော် အချိန်ပေးနိုင်မယ် မထင်ဘူးဗျာ" "ဆာအီသီယယ်က သူ့ကိုယ်ပိုင် လေယာဉ်ပျံလွှတ်ပြီး လူကြီးမင်းကို ခေါ်ရမယ်ဆိုရင်လည်း ခေါ်ချင် တာပါ" "မလို ပါဘူး။ ဒါလည်း မဖြစ်နိုင်ပါဘူး" "စိတ်ချပါ မစ္စတာပေ့။ လူကြီးမင်းမှာ အကျိုးထူးမှာပါ ခင်ျော" "ဘာဖြစ်လို့လဲ" "အကြောင်းလေးတွေ ရှိလို့ပေါ့ခင်ဗျာ" "ကျွန်တော် မေးနေတာက ဘာဖြစ်လို့လ"ဲ "ဥတ္တရအလင်း ကို ရောင်းတော့မယ်လို့ ဆာအီသီယယ်က ကြားထားတယ်။ သူက လူကြီးမင်းနဲ့ သူနဲ့ တေ့တေ့ ဆိုင်ဆိုင် မပြောရသေး မချင်း ဘာမှမလုပ်စေချင်ပါဘူးတဲ့ ခင်ဗျာ"

‹‹‹http://www.shwezinu.blogspot.com/

ဟင်နရီပေ့ ဒေါသဖြင့် လည်ချောင်းပင် တစ်ဆ့ေို နမိသည်။ တယ်လီဖုန်းကို ဇက်ခနဲ ချလိုက်သည်။ ဘာသဘောပါလိမ့်။

တစ်ပြည်လုံးတွင်

အကြီးဆုံးသတင်းစာ

လုပ်ငန်းရှင်

ထိပ်သီးနှစ်ယောက်က

နယ်သတင်းစာ ကလေး တစ်စောင် ကို ဘာအကြောင်းကြောင့် ဗြုန်းစားဗြင်းစား အာရုံစိုက်လာကြရ တာလဲ။ ဖြစ်နိုင်ဖွယ်ရာ ရှိသမျှ ကို စေ့ငုကြည့်မိသည်။ မေးခွန်းနှစ်ခုစလုံးအတွက် အသင့်ယုတ္တိရှိရှိ အဖြေမထွက်။ သူ့ကို ဖိစီးစပြုနေ သည့် သွေးလန့်မှုကို စိတ်အားတင်းပြီး ခွာချလိုက်သည်။ ခေါင်းကြီးပိုင်းကို ဇွတ် မှိတ်ရေး သည်။ တယ်လီဖုန်းခေါင်းလောင်းသံက ကောက်ကာငင်ကာ ပေါ်လာပြန်သည်။ ပေ့ ထခုန် မိမတတ် လန့်တုန်

သွားသည်။

ဒေါက်တာဘတ်၏

ဆေးခန်းစာရေးမက

လစဉ်ကျန်းမာရေးစစ်ဆေး

မှုအတွက်

မွန်းတည့်အချိန်တွင် ချိန်းထားခြင်း ကို သတိပေးခြင်း ဖြစ်၏။ ခါတိုင်းဆိုလျှင် ဤသိ့ေု သာ အရေးကောင်း ဒိန်းဒေါင်းဖျက်ခြင်းမျိုးကို

သူဒေါပွ

တတ်သည်။

ယနေ့မူ

သူကိုယ်တိုင်က

အပြင်သို့

ထွက်ချင်နေ၍

အကြိုက်တွေ့သွားသည်။ အာရုံ စိုက်ပြီး ရေးလိုက်ရာ ခေါင်းကြီးပိုင်းရေးပြီး သွားသည်။ ခေါင်းလောင်းတီးပြီး မစ်မော့ဖတ်ကို ခေါ်လိုက်သည်။ မစ်မော့ဖတ်က စာများကို ယူပြီး ၀င်လာသည်။ ပေ့က စာများကို လက်မှတ်ထိုးသည်။ ခေါင်းကြီး ပိုင်းကို မစ်မော့ဖတ် လက် သို့ အပ်လိုက်သည်။ "ဟုတ်က"ဲ့

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မစ်မော့ဖတ် ၏လေသံက အေးတိအေးစက်။ စောစောက ပေ့ တိုတို တောင်းတောင်း ပြောခဲ့ခြင်း အတွက် စိတ်ကွက်နေဆဲ ဖြစ်ဟန်တူသည်။ "ကော်ဖီ သောက်တော့မလား" မစ်မော့ဖတ် က မေးသည်။ "၁၂နာရီ ကျော်နေပြီ" "မသောက်တော့ ပါဘူးဗျာ။ အပြင်သွားလိုက်ဦးမယ်။ ၂နာရီမှာ ပြန်လာခဲ့မယ်" "ရှင်မသွားခင် ဒါလေးတော့ ကြည့်သွားရင် ကောင်းမယ်" မစ်မော့ဖတ် က ကြေးနန်းစာကို လှမ်းပေးသည်။ "အကြောင်းကြားချက် ပြို့ ပီးပြီဖြစ်၍ လာမည့် အင်္ဂါနေ့တွင် လူကြီးမင်းထံ ကျွန်တော် လာရောက် တွေ့ဆုံပါမည်။

လူကြီးမင်းအား

အသိပေးရန်

ဆမ်မာဗီးလ်က

ယနေ့နံနက်

ညွှန်ကြားပါသည်။

‹‹‹http://www.shwezinu.blogspot.com/

မျှော်လင့်စောင့်စားချက်။ စေတနာ သန့်သန့်ဖြင့်။ ဟာရိုးလ်စမစ်" ဤအခြေအနေရောက် မှတော့ ပေ့ အဖို့ တအံ့တသြ ဖြစ်နေစရာ မရှိတော့။ သိ့ေု သာ် ကြေးနန်း စာရွက်ကို ကိုင်ထား သည့် သူ့လက်တွေကတော့ တင်းတင်းကျပ်ကျပ် ဆုပ်မိရက်သား ဖြစ်နေလေ ၏။ "သူတို့စိတ်ထဲ ဘာတွေ ရှိနေသလဲ ဆိုတာ သိချင်လိုက်တာဗျာ" မစ်မော့ဖတ် က တိုတိုပင် ပြောသည်။ "အမြန်ဆုံး သိရတော့မှာပေါ့ရှင်" ပေ့က ဘာမှ ပြန်မပြော၍ မစ်မော့ဖတ် ထွက်သွားသည်။

ဟင်နရီပေ့သည် တစ်ယောက်တည်းထိုင်ပြီး မျက်လုံးများကို အပေါ်လှန် ကြည့်နေသည်။ ဥတ္တရ အလင်း သတင်းစာ တည်ထောင်သူ သူ့အဘိုး၏ အဘိုးတော်သူ ဒင်နီယယ်ပေ့၏ နံရံပေါ်မှ ဓာတ်ပုံ ကို မျက်မှောင်ကြုတ်ပြီး ကြည့်နေမိသည်။ ဓာတ်ပုံတွင် ဒယ်နီယယ်ပေ့က ထိုင်လျက်။ ၀တ်စုံနက်ဖြင့်။ ကိုယ်ဟန် က တောင့်တောင့်ကြီး။ လက်တစ်ဖက်က အပေါ်ကုတ်အင်္ကျီ ရင်ဖုံး အောက်တွင် ထိုးထား၏။ လက်တစ်ဖက်က လက်ချောင်း များကို ဆန့်ကားလျက် နဖူးကို ထောက်ထား၏။ အဘိုးကြီး၏ အာဏာမာန်ပါပါ မျက်နှာထားတွင်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ရှစ်ခေါက်ချိုး ဣနြေ္ဒကြီး တစ်ခွဲသားကပါ ရောစွက်နေသည်ကို ကွဲကွဲပြားပြား မြင်နေရသလို သူ့စိတ်တွင် ထင်မိလေ သည်။

‹‹‹http://www.shwezinu.blogspot.com/

ဟင်နရီပေ့ သည် ဦးထုပ်ကိုဆွဲကာ အခန်းထဲမှ ကမြောသောပါး ထွက်ခဲ့လေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၄)

လေယာဉ်ပျံ အချိန်မှန်ဆိုက်သည်။ စမစ်၏ ၀ိုင်အမ်စီအေ ဂုဏ်ထူးဆောင်ဆု လက်ပတ်နာရီ အလိုအရ ၁၂နာရီ၊ မိနစ် ၄၀ ရှိပြီ။ စမစ်က သူ့နာရီကို စက္ကန့်မလွဲ အချိန်မှန်အောင် အမြဲတိုက်ထားသည်။ "ဒီအိတ်

နှစ်အိတ်

စလုံး

သယ်ခဲ့။

ကားငှားထားတာ

ရှိတယ်။

မစ္စတာ

ဟာရိုးစမစ်နာမည်နဲ့

ငှားထားတယ်" စမစ် က အထမ်းသမားကို ပြောသည်။ အညာ

သို့

လေယာဉ်ပျံစီးလာခဲ့ရသည်မှာ

စိတ်ချမ်းသာသည်။

စမစ်သည်

စူးစူးရှရှ

တိုက်နေသည့်လေကို တ၀ကြီး ရှူသွင်း လိုက်သည်။ တိုင်းကာဆယ်မြို့သို့ ကားသမား မောင်းလာသည့် ဒင်မလာကားနက်ကြီး

ဆိုက်လာ

သည်။

စမစ်

က

အထမ်းသမားအား

၁၀

ရှီလင်

ပေးလိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

အသုံးစာရင်းစာအုပ်တွင် တေးမှတ်လိုက်သည်။ ပြီးမှ လီယိုနဒ်ညေးနှင့်အတူ ကားပေါ်တက်သည်။ "ကျွန်တော် ဒီကို မရောက်တာ အတော်ကိုကြာပြီ" ကားအထွက် တွင် စမစ်က စကားပျိုးသည်။ "၁၅ နှစ် ရှိပြီပေါ့လေ" ညေးက စီးကရက်အသစ်တစ်လိပ် မီးညှိပြန်သည်။ ပါးစပ်နှင့် စီးကရက်မပြတ်အောင် သောက်သူ ဖြစ်၏။ ထိုအကျင့် သည် ဘယ်သ့ကိုမှ ဘာကောင်းကျိုးမှ မပေးသော အကျင့် ဖြစ်သည်။ "ခင်ဗျား ကို ဘင်ခရာအဖွဲ့နဲ့ ကြိုဖို့တောင် ကောင်းနေတာပေါ့" ညေးက ခနိုးခနဲ့ ပြောသည်။ စမစ်က မျက်ကြောတင်းသွားသည်။ ညေးသည် သူ စိတ်လိုလျှင် လူချစ်အောင် လုပ်တတ်သည်။ သို့သော် နှုတ်သီး စွာသည်။ စမစ်က ဗွေမယူ။ ခန္ဓာကိုယ်ထွားကျိုင်းသလောက် သဘောသကာယ အရာမှာ လည်း ကြီးမား သည်ဟု စမစ်က သူ့ကိုယ်သူ ထင်ထားသည်။ "ကျွန်တော့်ဆောင်ပုဒ် ကတော့ လူတိုင်းရဲ့ အကောင်းဆုံးကို ရှာပြီး လူတိုင်းနဲ့ သင့်တင့်အောင်နေ" ဆိုတာပဲ ဟု ပြောလေ့ရှိသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ထို့ပြင် ယနေ့အဖို့ရာ သူ့ဘ၀ကို သူ ကျေနပ်စရာ အကြောင်း ရှိနေသည်။ တာကုတ်လမ်းတစ်လျှောက် သူတို့

ကားဖြတ်မောင်း

သွားသည်။

သူ

ဖွင့်ဟမပြောစေကာမူ

ထိုနေရာသည်

သူ

နွမ်းနွမ်းပါးပါး

နေထိုင်ခဲ့ဖူးသည့် အခန်း ကလေးနှင့် တစ်ခေါ်လောက်ပင်မဝေး။ သူ ချာတာစာရင်းကိုင်ကြီး ဖြစ်လာသည်အထိ သူ့အမေ

မုဆိုးမကြီး

ရပ်ကွက်အနီးမှနေ၍

က

ရုန်းကန်

လုပ်ငန်းကိုင်ငန်း

အနစ်နာခံခဲ့သည်။ တက်လမ်းရှိရာသို့

ထိုအောက်တန်း ယခု

သူ

နောက်တန်းကျသော

သွားနေရပြီ။

မြို့တွင်းကို

ကျော်ဖြတ်လာခဲ့ကြပြီးနောက် စမစ်က ကားမောင်းသမား ကို မေးသည်။ "ကိုယ့်လူ မင်းနည် ဘယ်သူလ"ဲ "ပါတစ်ပါ ခင်ဗျာ" "မဟုတ်ဘူး … မဟုတ်ဘူး။ ငယ်နာမည်ကို ပြောတာ" စမစ်က သူ့ အလုပ်သမားတိုင်းနှင့် ဖတ်လဲတကင်း ပြောတယ် ဆို တတ်သည်။

‹‹‹http://www.shwezinu.blogspot.com/

"ဖရက်ပါ ခင်ဗျာ" "ကောင်းသကွယ်။ ကဲ … ဖရက်ရေ၊ ဟက်ဒယ်လ်စတန်ကို တန်းမမောင်းနဲ့ဦးဟေ့။ ဘင့်ခိဝယ်မှာ ကွေ့ပြီး အတ်တလေ က ဖြတ်သွားကွာ" "အဲဒီလမ်း က တစ်ပတ်ကြီး ခင်ဗျ။ လမ်းကလည်း သိပ်ကောင်းတာ မဟုတ်ဘူး" "ကိစ္စမရှိပါဘူး ဖရက်ရေ။ မောင်းသာမောင်း" ဤဒေသ သည် စမစ်၏ ကိုယ့်ရပ်ကိုယ့်ရွာ ဖြစ်၏။ ၁၉၄၉တွင် သူ သြစတြေးလျမှ ပြန်လာခဲ့သည်။ လန်ဒန်၌ အတည် တကျ အခြေစိုက်ခဲ့သည်။ သို့သော် လန်ဒန်တွင် ဘယ်တုန်းကမှ ပျော်ပျော်ပိုက်ပိုက် မရှိ။ ဆမ်မာဗီးလ် ကဲ့သို့ ကာဇန်လမ်း တွင် အိမ်ကြီးရခိုင်ရှိပြီး အပြောင်းအလဲသဘော မြို့ပြင်၌ ခြံကြီးဝင်းကြီး ရှိလျှင် လန်ဒန်

က

နေပျော်ထိုင်ပျော်

ရှိနိုင်ပါ၏။

သို့သော်

သူ

နေထိုင်ရသည့်

မတ်စ်ဝယ်ဟီးလ်လို

ဆင်ခြေဖုံးရပ်ကွက်မှာမူ စိတ်ချမ်း သာစရာ တစ်ကွက် မရှိ။ ဇနီးဖြစ်သူ မင်နီက သူ့ကို ပစ်သွားချိန်မှစ၍ စိတ်ချမ်းသာစရာ မကောင်းတော့။ ယခုမူ ထိုရပ်ကွက် မှ သူ ခွာနိုင်တော့မည်။ အတ်တလေ စိမ့်မြေကွင်း သို့ သူတို့ ရောက်လုနီးလာပြီ။ ညေးက မျက်စိ မှိတ်ထားသည်။ သူ့ခေါင်းကို ကုတ်အင်္ကျီ ထဲ မြုပ်နေအောင် မြှုပ်ထားသည်။ မနေ့ညက မြို့လုံးပတ်လည်လှည့်ပြီး ကပွဲတကာ၊ အရက်ဆိုင် တကာ စေ့အောင် ခြေစင်္ကြာမွှေ့ခဲ့သည်။ စမစ်က သူ့ကို မသိမသာ လူကဲခတ်သည်။ ကိုယ်လုံး ကိုယ်ပေါက်က အချိုး ကျသည်။ မျက်နှာအဆက်အပေါက်က ချက်ချာသည်။ ညိုဝါ၀ါ ဆံပင်က လှိုင်းတွန့်ထနေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

လက်သည်း

များကို

သပ်သပ်ရပ်ရပ်

လှီးဖြတ်ပြုပြင်ထားသည်။

အပေါ်ဝတ်စုံနက်၊

နံ့သာရောင်

ကိုယ်ကြပ်ခါးပြတ် အင်္ကျီ၊ မီးခိုးရောင် လည်စည်း၊ အနက်ရောင် ပုလဲရင်ထိုး၊ ကြိုးမြှောင်းမြှောင်း လက်ပတ်နာရီ၊ စာလုံး ဖော်ဒိုင်း လက်စွပ် စသည် တို့ဖြင့် သားသားနားနား ၀တ်ဆင်ထား၏။ တကယ့် လူ့ဘော်ကြော့ပါပေ။ ထူအမ်းအမ်း နှုတ်ခမ်း၊ ပြူးတူးတူးမျက်စိ၊ သူ့အသက် ၃၂နှစ်ထက် ရင့်သလို ထင်ရစေသည့် မျက်ရစ်တို့ကသာ ဖျက် မနေလျှင် အတော် ရုပ်ဖြောင့်မည်။ ရည်မွန်သော၊

အညွှန့်လူသော၊

ပြေပြစ်သော

သူ့အမူအကျင့်၊

ဘာသာလ၀ါလုပ်သော

သူ့ဟန်ပန်လေသံ၊ အကုန်အကျ ကြီးလွန်းသော သူ့အထုံအကြိုက်၊ ငွေကိုရေလိုမှတ်သော သူ့အသုံးအဖြုန်း၊ တစ်လောကလုံး ထီ မထင်သော သူ့ကိန်းခန်းတို့ကြောင့် ညေး၏ ပေါက်လွှတ်ပဲစား ဇာတိပတ္တိကို မည်သူမျှ ရိပ်မိကြလိမ့်မည် မဟုတ်။ ခရစ်ယာန်ကိုယ်ကျင့်တရားစွဲမြဲသူ

စမစ်အဖို့တော့

သည်းမခံနိုင်စရာ။

သို့သော်

လေးစားတော့

လေးစားရမည် သာ။ ညေး မှာက အသိဥာဏ်မရှိ၊ မခံစားမှု မရှိဟု ဆိုစေကာမူ ထက်မြက်မှုတော့ ရှိသည်။ လက်တွဲရန် ခက်ပုံ ပေါ်သည်။ သို့သော် အရေးကြုံလျှင် သက်လုံကောင်းမည့်ပုံတော့ ပေါ်သည်။

‹‹‹http://www.shwezinu.blogspot.com/

"ထတော့ လီယိုနဒ်ရေ။ ကျွန်တော်တို့ အတ်တလေ ရောက်နေပြီ" စမစ်က ကားရပ်ပြီး ဆင်းကြည့်ချင်သည်။ သို့သော် ဤဝေးဝေးခေါင်ခေါင် နေရာကိုမှ ရွေးပြီး သူတို့ စိတ်ဝင်စားပုံကို

ကားမောင်းသမား

မယုံသင်္ကာ

ဖြစ်မည်စိုးသည်။

ဖက်လဲတကင်းနေသည်က

တခြား။

ကိုယ့်အလုပ်တွင် ၀င်၍ မစပ်စုအောင် ကင်းကင်းရှင်းရှင်း လုပ်သည်က တခြား။ မည်သ့ပို င်ဖြစ်စေ ကားကလည်း တလိမ့်လိမ့်သာ

မောင်းနေရသည်။

ချိုင့်ကျင်းတွေအပေါ်

ခုန်ဆွခုန်ဆွ

သွားနေရသလို၊

ကွင်းပြင်ကြီးကို

အတိုင်းသား မြင်နေရ၏။ ချုံပုတ်များကို တစ်မျှော်တစ်ခေါ်ကြီး မြင်နေရ၏။ ကျောက်တံတိုင်း နိမ့်နိမ့်ကလေးများ ကွက်ကြားပေါ်နေသည်။ တကယ့် မြောက်ပိုင်းဒေသ စိမ့်မြေကွင်းပါတကား။ "ကိုင်း … ဒါ … နေရာပဲ" စမစ် က မပွင့်တပွင့် ပြောသည်။ "ပို့စကဒ် ပုံကလေးကျနေတာပဲ။ လှလိုက်တာ။ ဒါကို သူတို့ လုပ်ပစ်မယ့်ဟာကတော့ ရှက်စရာ ပဲ။ ခေါင်းတိုင် တွေ၊ အိမ်နံရံတွေ တစ်ကွင်းလုံးအနှံ့ ပေါ်လာတော့မှာပဲ" "ဘာဖြစ်သေးလဲ ဗျာ။ တခြားရော ဘာအသုံးဝင်လို့လဲ။ အေးလိုက်တာကလည်း သောက်ရမ်းပဲ။ ဆက်မောင်း ခိုင်း ပါတော့ဗျာ" "အခုမှ ၁နာရီ ၁၅မိနစ်ပဲ ရှိပါသေးလား။ ညနေပိုင်းအထိ ပေ့က အတွေ့ခံမှာ မဟုတ်ဘူး။ ဟိုတယ်မှာပဲ အရင် ၀င်ကြတာပေါ့ဗျာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အမှိုက်ပုံလိုနေရာမျိုး ပဲ ဖြစ်နေမှာ ထင်ပါရဲ့ဗျာ" "မဟုတ်ပါဘူးလေ။ ပထမတန်း ဟိုတယ် ပါ။ ခြင်္သေ့နီလေဗျာ" "အဲဒီလိုပဲ ဖြစ်သင့်တာပေါ့။

ဒီကိစ္စက

ခင်ဗျားမှန်းတာထက်

ပိုကြာလိမ့်မယ်လို့ ကျွန်တော်တော့

ထင်နေတာပဲ ဗျာ" "မပူပါနဲ့လေ၊ မစ်ဂ်ဟီးလ်က မှ ၀င်မလုပ်တော့တာ ရှောရှောရှူရှူ ဖြစ်မှာပါ" စမစ်က ပြောသည်။ "ဘာကြောင့် သူဒီလောက် မြန်မြန်ဆုတ်သွားတာလဲ ဆိုတာကို ကျွန်တော် တွက်ကြည့်နေ တာ" ညေး က ပြောသည်။ "မစ်ဂ်ဟီးလ် လုပ်ပုံက တစ်မူထူးနေတာတော့ အမှန်ပဲ" "သူအသစ် ထုတ်တဲ့ ရုပ်စုံတနင်္ဂနွေကလည်း ငွေသိပ်ကုန်တော့ ကျွန်တော်တို့ သုံးသလောက် သူ လိုက်မသုံးနိုင် လို့ နဲ့ တူပါရဲ့ဗျာ" "ဒီလောက် စင်းစင်းကြီးတော့လည်း မဟုတ်သေးပါဘူး။ မစ်ဂ်ဟီးလ်နဲ့ ဆမ်မာဗီးလ်က တစောင်းစေးနဲ့

‹‹‹http://www.shwezinu.blogspot.com/

မျက်ချေး ဗျ။ ဆမ်မာဗီးလ် ကိုယ်တိုင်ကလည်း အခုအချိန်မှာ ငွေသိပ်ဖော့တော့တာ မဟုတ်ပါဘူး" "ကျွန်တော် တို့ကိုတော့ တော်တော်များများ ပေးထားသားပဲ" "ဘာဖြစ်လို့ ပေးတာကောလဲ သိရဲ့လား" "ဥတ္တရအလင်းကို ၀ယ်ချင်လို့ပေါ့ဗျ" ညေးက သူငယ်နှပ်စား စကားကြားလိုက်ရသည့်အလား စမစ်ကို ကြည့်နေသည်။ "၀ယ်ကို ၀ယ်မှ ဖြစ်မယ် လို့ ဆိုချင်တာလား" နောက်ထပ်

စကားမပြော

ဖြစ်ကြတော့။

ကုန်းလျောတစ်ခုကို

ဆင်းလာသည်။

သူတို့

မျက်စိအောက်တွင် ဟယ်ဒယ်လ်စတန်မြို့ ကို ချိုင့်ဝှမ်းထဲတွင် မြင်ရ၏။ မြို့တော်ခန်းမ အမိုးစိမ်းကြီး၊ စိန့်မတ်ခ် ဘုရားရှိခိုးကျောင်း ပြဿဒ်ချွန်းကြီး၊ ဘူတာတွင် ရပ်ထားသည့် ရထားတစ်စင်းမှ မီးခိုးလုံးတို့ကို မြင်ရ၏။ "အဲဒါ ကျွန်တော် တို့ မြို့ပဲ" စမစ်က ပြောသည်။ "အတော်ကောင်း တဲ့ မြို့ပါပဲဗျာ။ အလုပ်လက်မဲ့ မရှိဘူး။ စက်မှုလုပ်ငန်းလည်း နှစ်ခုပဲ ရှိတယ်။ တစ်ခုက မြောက်ပိုင်းဒေသ စက်ပစ္စည်းကုမ္ပဏီနဲ့ တစ်ခုက စထရိုက်ကလန်ဖိနပ် ကုမ္ပဏီပဲ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးက ထင်မြင်ချက်

အထင်မကြီး။ တွေကို

ဆင်ခြေဖုံးရပ်ကွက်များကို

ပေးနေလေသည်။

ကားဖြတ်မောင်းနေစဉ်

ထင်မြင်ချက်အချို့က

ထော်လော်ကန့်လန့်

အတော်ရယ်ရသည်။

စမစ်

က

ခြင်္သေ့နီဟိုတယ်အနီးသို့ ရောက်သည်အထိ စကားမပြော။ ဟိုတယ်အနီးရောက်လာမှ စကားစပြောသည်။ "ဒီမှာ

ညေး။

လေယာဉ်ပျံပေါ်

ကျွေးတဲ့

နေ့လယ်စာက

မ၀ရေစာပဲဗျာ။

ဟိုတယ်ရောက်ရင်

တမြုံ့လောက် ၀ါးလိုက်ကြ ဦးစို့လား" ညေး ပြောပုံဆိုပုံ က ပို၍ ကလိတိတိ ဖြစ်လာသည်။ "ခင်ဗျား ကတော့ အစားပုပ်ပဲဗျို့။ အဲဒါ ရောဂါဗျ။ ခင်ဗျား ငယ်ငယ်တုန်းက ငတ်များလာရော့လားဗျာ" စမစ် က ပြုံးသည်။ စိတ်ထဲတွင်တော့ အတော်အောင့်သွား၏။ ကိုယ့်ဒူးကိုယ်ချွန်သမားတို့ ထုံးစံ အညတရ ဘ၀ဖြင့် စတင်ခဲ့ရခြင်း ကို ဂုဏ်ယူသည်။ ထိုအဖြစ်မျိုးကို ချဲ့ချဲ့ထွင်ထွင် ပြောမိတတ်သေးသည်။ ဟိုတယ်ရုံးခန်း တွင် စမစ်က တစ်ယောက်အိပ်ခန်း ကောင်းကောင်း နှစ်ခန်းအလယ်တွင် ဧည့်ခန်း ပါသည့် နှစ်ခန်းတွဲပေးရန် ဟိုတယ်စာရေးကို ပြောသည်။

‹‹‹http://www.shwezinu.blogspot.com/

"ကြာကြာနေမှာ လား ခင်ဗျာ" ညေး က စာရေးကို ခြေဆုံးခေါင်းဆုံးကြည့်သည်။ "ကိုယ့်လူ စောင့်ကြည့်ပေါ့။ အခုတော့ အရက်ခန်းကို ဘယ်က သွားရမလဲသာပြော" ညေး ထွက်သွားသည်။ စမစ်အခန်း သို့ တက်လာခဲ့သည်။ အခန်းက သန့်သည်။ ကြမ်းတိုက်ဖယောင်းနံ့ သင်းနေ၏။ မျက်နှာသစ်ခွက် တွင် မျက်နှာသုတ်ပ၀ါ အသစ်များ ချိတ်ထားသည်။ အိပ်ရာပေါ် ထိုင်ကြည့်သည်။ စပရိန်တွေ က တောင့်သေးသည်။ သူ့သေတ္တာ ကို ဖွင့်ပြီး အ၀တ်အစားများကို ဗီရို ထဲ၌ သပ်သပ်ရပ်ရပ် ထည့် သည်။ သားရေဘောင်တပ် သူ့ဇနီး ဓာတ်ပုံ ကို ဗီရိုပေါ်တွင် တင်သည်။ လွန်ခဲ့သည့် နှစ်အတန်ကြာက ရိုက်ကူး ထားခဲ့ သည့် ဓာတ်ပုံ။ ပွဲထိုင် အ၀တ်အစား ၀တ်ထားသည့် လက်လုပ်လက်စား မိန်းကလေးတစ်ဦး၊ လက်ထဲ မှာက သမ္မာကျမ်းစာအုပ်။ စမစ်က ဓာတ်ပုံကို တမြတ်တနိုး ကြည့်နေ၏။ သူ့အထားအသိုကို သူ ကျေနပ်သည်။ သူက စနစ်တကျ နေတတ်သူ ဖြစ်၍ အရာရာကို စီကာစဉ်ကာ ရှိစေချင်သည်။ လူခေါ် ခေါင်းလောင်းနှိပ်ပြီး ၀က်ပေါင်ခြောက် ညှပ် ပေါင်မုန့်နှစ်ချပ်နှင့် နွားနို့တစ်ခွက် မှာလိုက်သည်။ ညေး အရက်သောက်တာကိုတော့ စမစ် မပူလှ။ ညေးက ကြွက်တွင်း။ ဘယ်လောက် သောက်သောက် မူးရုပ်

မပေါက်။

ပြီးတော့

ရှစ်စပ်က

ဂျင်ခြေလည်သည်။

ဖျံကျလွန်းသည်ဟုပင်

ဆိုနိုင်သည်။

တစ်ချိန်ချိန်မှာတော့ ဘယ်သူ ဗိုလ်လဲဆိုတာ ပြရသေးတာပေါ့ဟုသာ စိတ်ထဲတွင် တေးထားလိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မြိန်ရေယှက်ရေ စားပြီးနောက် မျက်နှာသစ်ကာ ကိုယ်ဟန်ပြင်သည်။ သူ့ကိုယ်သူ မှန်ထဲတွင် ကြည့် သည်။ ပေ့နှင့် တွေ့ချိန်တွင် ပြောရမည့် စကားကို စိတ်ထဲမှ ပြန်ရွတ်သည်။ ကိန်းဂဏန်း စာရင်းဇယားတွေက သူ့ခေါင်းထဲ မှာ အသင့်။ လွန်ခဲ့သည့် သုံးပတ်လုံးလုံး ဒါတွေကိုပဲ လေ့လာမှတ်သားနေခဲ့သည်။ ဟန်ကျမှာပါဟု သူ ယုံကြည် ထားသည်။ ငွေကြေး၏ တန်ဖိုးရှိန်စော်ကို စမစ် နားလည်သည်။ ငွေပုံပေး၍မှ ၀ယ်မရလျှင် ဆက်လုပ်ရမည့် အခြားနည်းလမ်း များကို ရုံးချုပ် က အသေးစိတ် စီမံချက်ချပြီး ဖြစ်သည်။ စမစ်က စာသမား ပေသမား မဟုတ်။ သို့သော် လုပ်ငန်း ကိုင်ငန်းနှင့် ပတ်သက်လာလျှင် နောကျေပြီးသား။

သူ့အမေ ကွယ်လွန်ပြီးနောက် ကြီးပွားလမ်းရှာရန် သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့သို့ သင်္ဘောဖြင့် သွားခဲ့သည်။

လမ်းခရီးတွင်

မစ္စတာဂလန်ဒန်နင်က

နိ့မှုန့်

‹‹‹http://www.shwezinu.blogspot.com/

သိုးခြံပေါင်းများစွာကိုလည်း

ၾသစေၾတးလ်

လုပ်ငန်းရှင်ကြီး

လုပ်ငန်းကို

ပင်တိုင်လုပ်သည်။

ပိုင်သည်။

ဆစ်ဒနီမြို့အနီး

ဘွန်ဒီပင်လယ်ကမ်းခြေရှိ

တစ်ညအလိုတွင်

မစ္စတာ

မစ္စတာ သို့သော်

ဂလန်ဒန်နင်နှင့်

စီးပွားရေးအမြင်ကျယ်သူပီပီ

မဲလ်ဘုန်း

ပဲ့တင်သံ

ညနေသတင်းစာကိုလည်း

ကလပ်

တစ်ခုကို

လည်း

ဂလန်ဒန်နင်က စမစ်ကို ဘွန်ဒီပင်လယ်

တွေ့သည်။

ပိုင်သည်။

ပိုင်သည်။

သင်္ဘောမဆိုက်မီ

ကမ်းခြေသို့ လွှတ်သည်။ ကလပ်

အခြေအနေကို စစ်ဆေးခိုင်းသည်။ ကလပ်က စာရင်းအင်းတွေ ဖြစ်ချင်တိုင်း ဖြစ်နေသည်။ အခြေယိုင်နေသည်။ မန်နေဂျာက စမစ်ကို လာဘိုး သေးသည်။ စမစ်က စိတ်ဆိုး မာန်ဆိုးငြင်းသည်။ လုပ်ငန်းတစ်ခုလုံး ကို နေသား တကျဖြစ်အောင် ပြန် လုပ်သည်။ တစ်နှစ်ခွဲအကြာတွင် အမြတ်ကောင်းကောင်းဖြင့် ပြန်ရောင်းနိုင် သည် အထိ လုပ်ငန်း အောင်မြင် ခဲ့သည်။ မစ္စတာဂလန်ဒန်နင် က သူကောင်းပြုသည့်သဘောဖြင့် မဲလ်ဘုန်းပဲ့တင်သံ ညနေသတင်းစာတိုက်တွင် သူ့ကို အလုပ် ခန့်သည်။ ကောင်းစားချင်သည့် ဇောကပ်နေ၍ စမစ်လုပ်ငန်း အတက်မြန်သည်။ သုံးနှစ်အတွင်း စီမံ ခန့်ခွဲရေး မှူး ဖြစ်လာသည်။ ထိုအချိန်မှာပင် မင်နီလန်လေနှင့် သူ အိမ်ထောင်ကျသည်။ မင်နီက တရားဟောဆရာတစ်ဦး၏ သမီး။ ခရစ်ယာန် အသင်း မိတ်ဆုံပွဲတစ်ခုတွင် သူနှင့်ဆုံစည်းခဲ့သည်။ ထိုအသင်းတွင် စမစ် ရှေ့ဆောင်ရှေ့ရွက် တစ်ဦး ဖြစ်လာသည်။ မဲလ်ဘုန်း ပဲ့တင်သံ သတင်းစာတွင် ၉နှစ်တိတိ သူ လုပ်ခဲ့သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

တစ်နှစ် ပေါင်နှစ်သောင်း အမြက်ပေါ်သည့် အပတ်စဉ်ရောင်စုံ အချပ်ပို စာစောင် ထုတ်ခဲ့သည်မှာ သူ့ အကြံ ဥာဏ် အရဖြစ်သည်။ သတင်းစာ လုပ်ငန်းတွင် သူအစုရှင် တစ်ဦး ဖြစ်လာရ မည်မှာ မဝေးတော့ဟု အထင်ရောက်စ ပြု လာသည်။ ထိုအချိန်မှာ ပင် မစ္စကာ ဂလန်ဒန်နင် ရုတ်တရက် ကွယ်လွန်သွားသည်။ ညနေသတင်းကို ပြိုင်ဘက် ပြဒါး ရှင် သတင်းစာစု သို့ ရောင်းလိုက်ရသည်။ စမစ် ခမျာ လက်လွတ်ခြေလွတ်ဖြစ်ကာ အလုပ်မရှိ မကိုင် မရှိ ဖြစ်ရရှာတော့ သည်။ အခွင့် အလမ်း ပိတ်ရရှာတော့သည်။ မစ္စတာဂလန်ဒန်နင်၏ သေတမ်းစာတွင် သူ့အဖို့ တစ်စုံ တရာ ဖော်ရခြင်း မရှိသည်မှာလည်း အထိနာသော အချက်တစ်ခုဖြစ်သည်။ သုံးလ

ခန့်

အကြာတွင်

ဇနီးသည်ကိုခေါ်ကာ

ဗာနွန်ဆမ်မာဗီးလ်နှင့်

တွေ့သည်။

ဆမ်မာဗီးက

အင်္ဂလန်သို့

ပြန်တမ်းသတင်းစာကို

ပြန်လာခဲ့သည်။ ၀ယ်ပြီးခါစ။

သင်္ဘောပေါ်တွင် ဇာတာဆန်းလာဘ်

ထလာပြန်ခြင်း ပင်။ သင်္ဘောပေါ်၌ ခရီးသွားဟန်လွဲ ဆုံဆည်းမှု တစ်ခုဖြင့်ပင် သူဘ၀ ကံဆိုးမိုးမှောင် ကျမှုကို ဖယ်ရှားနိုင် ပြန်ဦးတော့မည့် သဘော။ ဆမ်မာဗီးလ် က ဘာသိဘာသာ ဧကစာကျင့်သလို လုပ်နေသည်။ တစ်ညနေ ညစာစားပွဲအပြီးတွင် ကုန်းပတ်ပေါ် ၌ ဆမ်မာဗီးလ်နှင့် ဆုံမိအောင် စမစ် အကွက်ဆင်သည်။ အစတော့ ဆမ်မာဗီးလ်စိတ်လို လက်

‹‹‹http://www.shwezinu.blogspot.com/

ရမရှိ။ ရိုင်းရိုင်းပျပျ ဟုပင် ဆိုရမတတ်။ စမစ်က ကြိုတင် တွေးကြံထားသည့် အတိုင်း သူ့စကား ကို ပြော ဖြစ်အောင် ပြောသည်။ ဆမ်မာဗီးလ် က သူ့ကိုလူကဲခတ်လာသည်။ နောက်ဆုံးတော့ ဆမ်မာဗီးလ် က သူ့ကို မျက်စိကျသလိုလို ဖြစ်လာဟန်ဖြင့် လန်ဒန် ရောက်လျှင် လာတွေ့ရန် လိပ်စာပေးသည်။ ပြန်တမ်းသတင်းစာတွင် စမစ် အောက်ခြေမှ စရသည်။ လွန်ခဲ့သည့် ၇ နှစ် လုံးလုံး ဇွဲနပဲ ကြီးကြီး အားထုပ် မှုဖြင့် ရာထူး အဆင့်ဆင့်

တိုးလာခဲ့သည်။ ဆမ်မာဗီးလ်၏ အထွေထွေ လုပ်ငန်းစီမံခန့်ခွဲရေးမှုး

ကလဲရင့် ဂရီလီ တစ်ဦး သာ သူ့အထက်တွင် ရှိတော့သည်။ ယခု ဥတ္တရအလင်းကို သူ ဦးစီးဝယ်ယူပြီး သူကိုယ်တိုင်စီမံ ခန့်ခွဲ ရတော့မည်။ ဤ အခွင့်ကောင်း ကို အလွတ်မခံနိုင်။ အောက်ထပ်သို့ ဆင်းရန် အချိန်တန်ပြီ။ ဟင်နရီပေ့နှင့် သွားတွေ့ရာတွင် အောင်မြင် မှု ရစေကြာင်း မတ် တတ်ရပ်၊ မျက်စိမှိတ်၊ လက်ယှက်ပြီး ဘုရားသခင်ထံ ဆုမွန်ကောင်း တောင်းလိုက်သေးသည်။

ညေးကို အရက်ခန်း ထဲတွင်တွေ့ရသည်။ ဘီယာသောက်နေ၏။ အရက် ခန်းစားပွဲထိုးနှင့် စကားလက်ဆ၀ုံ င် နေ၏။ “ ၃ နာရီထိုးတော့မယ်။ ရေလေးမိုးလေးတောင် မချိုးတော့ဘူးလား“

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

“ဘာလုပ်ဖို့လဲ။ ဒီအတိုင်းလည်း ဒေသခံ အရိုင်းအစိုင်းတွေက ကျွန်တော့် ကို ကြိုက်ရကောင်းမှန်းသိ တယ် ဗျ” ညေး က ပြေပြေဆိုဆို စမစ်နှင့်အတူ အပြင်သို့ ထွက်လာသည်။ “ဟို ငနဲ ဆီက စကားတစ်ခု အစ်လို့ ရလာ တယ်ဗျ။ ပေ့ မိန်းမက ပကာသန မက်တယ်။ ဟိတ်ဟန်များတယ်။ သမီးက ကဖိ့ေု လာက်ပဲ စိတ်သန် တယ်တဲ့။ သတင်းစာ မှာ မလုပ်ချင်တဲ့ သူ့သား သတင်းကိုလည်း ကြားခဲ့သေးတယ်” “ဟုတ်လား။ သူ့သား က လုပ်နေပြီ ဆိုရင် လည်း ကျွန်တော်ကတော့ ဆက်ခန့်ထားချင်တာပါ“ စမစ်က သဘောဖြူအူစင်း ပြောသည်။ ညေးက ရှုံ့ရှုံ့မဲ့မဲ့ ကြည့်လိုက်သည်။ “အပိုတွေ လုပ်မနေစမ်းပါနဲ့ဗျာ“ ဖရက်

က

ကားအသင့်

ရပ်စောင့်နေသည်။

လေးပြုသည်။

သူတ့ကိုားကြီးဖြင့်

အခန့်

‹‹‹http://www.shwezinu.blogspot.com/

သားထွက်လာခဲ့ကြသည်။ စမစ် က အေးအေး လူလူ ဂိုက်မျိုး ဖမ်းချင်သည်။ သို့သော် ဘုရင်မလမ်းမကြီးတစ် လျှောက် ကားမောင်းနေဆဲ မှာပင် ဇောချွေးပြန်လာသည်။ ပင်ကိုအားဖြင့် ချွေးထွက် သန်သူဖြစ်၍ လည်ကုပ် နှင့် လက်ဖ၀ါး တွင် ချွေးစိုနေလေပြီ။ ပေ့နှင့် လူချင်းတွေ့ချိန် နီးလာလေလေ ချွေးပိုပြန်လာလေလေ။ ညေး ပုံပန်း ကတော့ လုံးလုံးမဖြုံ။ ၅ မိနှစ်အတွင်း ဥတ္တရအလင်းသတင်းစာတိုက်သို့ သူတို့ ရောက်လာကြသည်။ မဆိုင်းမတွပင် သူတို့ကို ပေ့၏ အခန်းသို့ လိုက်ပို့ပေးသည်။ အတိတ်ကောင်း နိမိတ်ကောင်းပြသော ဖော်ရွေမှု။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၅)

လူနှစ်ဦး အခန်းထဲ ၀င်လာသည်။ ပေ့က ထိုင်ခိုင်းသည်။ အမှာစာများကို ဖိုင်တွဲနေသည့် မော့ဖတ်ကို အပြင် ထွက်ခိုင်း လိုက်သည်။ စမစ်က အပေါ်အင်္ကျီ ကြယ်သီးကို ဖြုတ်သည်။ ပေ့ကို လူကဲခတ်သည်။ ဥတ္တအလင်း ပိုင်ရှင် ၏ ပုံပန်းသဏ္ဍန်ကို ချက်ချင်း သဘောကျသွားသည်။ ပေ့ကို အလုံးအဖန် သေးသေး ၊ အမူအရာ အေးအေးနှင့် နှိုင်းနှိုင်းချိန်ချိန် ရှိပုံရသော လူတစ်ယောက်အဖြစ် စမစ်မြင်မိသည်။ ပေ့

သည် ဗိုက်ရွှဲစပြုသော

အရွယ်သို့ ရောက်နေပြီ

မျက်လုံးများက

ညို မှောင်မှောင်

သူဝတ်ထားသည့် အ င်္ကျီ နှင့် တစ်သွေးတည်း။ ထိုမျက်လုံးများတွင် ဟက်ပက်လှိုက်လှဲမှု၊ သဘော သကာယ ကောင်းမှု တို့ကို မြင်ရသည်။

‹‹‹http://www.shwezinu.blogspot.com/

စမစ်

အားတက်သရော

ရှိလာသည်။

ချောင်းတစ်ချက်

ဟန့်လိုက်သည်။

အာလာပသလ္လာပ စကားစပြော သည်။ ပြီးမှ လိုရင်းစကားဘက် သို့ သိမ်သိမ် မွေ့မွေ့ ဆွဲပြောသွားသည်။ “မစ္စတာပေ့

ဆီကို

ရင်းရင်းနှီးနှီးလာတွေ့တာပါ။

လာရင်းကိစ္စလည်း

သိပြီးတဲ့

အတိုင်း

ပါပဲ။

လူကြီးမင်းရဲ့ သ တင်းစာ ကို ဆမ်မာဗီးလ် အုပ်စုက လေးလေးစားစား အာရုံထားနေပါတယ် ခင်ဗျ” ဟင်နရီပေ့ တအောင့်လောက် တွေ့သွားသည်။ “ကျွန်တော် နားမလည်နိုင်တာက ဥတ္တရအလင်းကိုမှ ဘာဖြစ်လို့ ဒီလို အာရုံထားနေ သလဲ ဆိုတာပါပဲ” အင်ယူအာစီမံကိန်း ကို ပေ့ အလျဉ်း သိပုံမရ ။ စမစ်က စကားအစ ဖော်မနေတော့။ အကြောင်း အရင်း မှန် ကို သာ ပြောပြ လိုက်တော့သည်။ “ကျွန်တော်

တု့လိ ည်း

လုပ်ငန်းချဲ့ချင်နေ၊

မစ္စတာပေ့

သိနေလို့ပါပဲ” “ကောင်းတဲ့ သတင်းလိ့ေု ရာ ထင်ပါစဗျာ“ “ထင်ပါတယ်ခင်ဗျာ“ စမစ် သာသာထိုးထိုးကလေး ပြောရန် ချက်ကောင်းရသွားသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သတင်းစာရဲ့

ဂုဏ်သတင်းကိုလည်း


ဦးဝင်းတင်

ဥတ္တရအလင်း

“သူ့ အတန်းစား ထဲမှာတော့ ဥတ္တရအလင်းဟာ ထိပ်တန်း ပဲလို့ တွက်ထားတာပါ“ “ဒီလိုဖြင့်လည်း ကျွန်တော်က ဘာဖြစ်လို့ ရောင်းရမှာလဲဗျ“ “ကျွန်တော် ရှင်းပါရစေ မစ္စတာပေ့“ စမစ် က ကိုယ်ကို ရှေ့ကိုင်းလိုက်သည်။ စကားကို ဖြည်းဖြည်းချင်း ပြောသည်။ “ထူးထူးခြားခြား အခြေ အနေ အရပေါ့ ခင်ဗျာ။ အခုအချိန်ထိတော့ လန်ဒန်သတင်း စာကြီးတွေ ၀င်တိုးတာကို မစ္စတာပေ့ တောင့် ခံ နေနိုင်တယ်။ ဒါပေမဲ့ ကြာရှည်သဖြင့် ဖြစ်နိုင်မယ် မဟုတ်တော့ပါဘူး“ “ကျွန်တော်တော့ စာရင်းတွေအ

ဆိုရင်

ဒီလိုမထင်ဘူး။ မနှစ်ကထက်

တောင့်ခံနိုင် ဒီနှစ်စောင်ရေ

တာထက်တောင်

ပိုသေးတယ်။

လေးထောင်တိုးလာတယ်။

နောက်ဆုံး

လက်ရှိစောင်ရေက

ရှစ်သောင်း ရှိတယ်။ ခင်ဗျား တိ့ရဲု့ ပြန်တမ်းသတင်းစာက ဒီနယ်မှာ ကိုးထောင်ထက် ပိုရောင်းရမယ် မထင်ဘူး။ မစ်ဂ်ဟီးလ်ရဲ့ ကမ္ဘာလုံး သတင်းစာ ဆိုရင် ခုနှစ်ထောင်ပဲ ရောက်ပြီး အတော်တော်များများက ပုံနေတာပဲ“ “၀န်ခံ ပါတယ်။ မစ္စပေ့ အောင်အောင်မြင်မြင် လုပ်နိုင်တာကို ကျွန်တော်တို့ သိပါတယ်။မစ္စတာပေ့ ရဲ့ ကြံ့ကြံ့ခံနိုင်စွမ်း ကို သေးသိမ်အောင် လုပ်နေတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ခေတ်တွေက သိပ် အပြောင်းမြန်

‹‹‹http://www.shwezinu.blogspot.com/

နေပါပြီခင်ဗျာ။ စက်မှုလုပ်ငန်းချဲ့ဖို့ စိတ်ဒုံးဒုံးချထားတာတွေနဲ့ဆိုရင် အပြိုင်အဆိုင်တွေ သဲသဲမဲမဲ ပေါ်လာ တော့ မှာပါ။ ဒီနယ်ထဲမှာ မစ္စတာပေ့ သတင်းစာလို သီးခြားသတင်းစာ ဆိုလို့ လေးငါး ခြောက်စောင်ပဲ ရှိတော့တာပါ။ ကျွန်တော်ပြောရဲပါတယ်။ ၂နှစ် ၃ နှစ်အတွင်း အဲဒီသတင်းစာတွေ အမျိုခံ ရမှာပါ“။ “အဲဒီ သတင်းစာတွေ အမျိုခံရချင် ခံရမှာပေါ့။ ဥတ္တရအလင်းကတော့ ခံရမှာ မဟုတ်ဘူး“ “မစ္စတာပေ့ ကတော့ အပိုင်တွက်နေမှာပေါ့လေ။ ဒါပေမဲ့ မစ်ဒ်လန်တစ်နယ်တည်းမှာပဲ မနှစ်က သတင်းစား ငါးစောင် ပြုတ်သွားတာလည်း မစ္စတာပေ့ မမေ့သေးဘူးလို့ ထင်ပါတယ်“ “သတင်းစာ ဆရာ တစ်ရာကျော်အပါဝင် အလုပ်သမားတွေ ထောင်ချီပြီး အမှိုက်လှဲခံရတာကိုလည်း ထည့် ပြောဦးလေ“ “အစစ်ပေါ့ ခင်ဗျာ။ ပြီးတော့ ဟန်ဘရစ်မြို့ကို နမူနာထားကြည့်ပါ။ လွန်ခဲ့တဲ့သုံးနှစ်က အဲဒီမြို့မှာ မနက် သတင်းစာ တစ်စောင် ၊ညနေသတင်းစာ နှစ်စောင်နဲ့ ဂျာနယ်တစ်စောင် ရှိခဲ့ပါတယ်။ အခုဆိုရင် အားလုံး ပြုတ်ပြုတ်ပြုန်းသွားပါပြီ။ ညနေသတင်းစာ တစ်စောင်တည်း သက်ဆိုးရှည်နေတယ်။ ဒါတောင် ဒေသခံ လူ တွေပိုင် တဲ့ သတင်းစာ မဟုတ်ပါဘူး“ “ဟက်ဒယ်လ်စတန်က ဟန်ဘရစ်နဲ့မှ မတူတာ“

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

“မစ္စတာပေ့ ခင်ဗျာ။ တစ်ဆိတ် သည်းညည်းခံပါ။ တကယ်တန်းပြောရရင် ကျွန်တော် မစ္စတာပေ့ ဘက်က လိုက်ပြောနေတာပါ။ မနှစ်က နောက်ပိုင်း ဒေသ သတင်းလွှာရဲ့ အဖြစ်ကို သိမှာပေါ့“ “သိပ်သိတာပေါ့ ။ တကယ့် အဓမ္မမှုကြီးဟာပဲ“။ “ကျွန်တော်တို့ မဟုတ်ပါဘူး။ ဂျိုနသန်အုပ်စုရဲ့ လက်ချက်ပါ။ ဒါပေမဲ့ လန်ဒန်က ဧရာမလုပ်ငန်း ကြီးကို သ တင်းစာကလေးတစ်စောင်က ခံတိုက်တာ ဆိုတော့ ခံရချက်တောင် နည်းသေးတယ်။ လူတွေ ထမင်းအိုး ကွဲလိုကွဲ၊ ဒေသခံအစု စပ်ပိုင်ရှင် တွေ အရင်းပြုတ်လိုပြုတ်။ လူပြိန်းတွေးကလေးနဲ့တောင်မှ မတွေးဘဲ ကိုး။ အမှိုက်ကစ ပြဿဒ်မီးလောင် ကုန်တော့တာပေါ့။ အကျိုးသင့် အကြောင်းသင့် တွေးတတ်တဲ့ လူသားမှန်သမျှ ဒီအဖြစ်မျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ် ခင်ဗျာ“။ ဟင်နရီပေ့ က စမစ်ကို စိမ်းစိမ်းစိုက်ကြည့်နေသည်။ စမစ်က သူ့စကား လွန်သွားပြီဟုထင်နေသည်။ “ဒါကခြိမ်းချောက်နေတာလား“ စမစ်က ကပျာကယာ ဖြေသည်။

‹‹‹http://www.shwezinu.blogspot.com/

“မစ္စတာပေ့

ခင်ဗျာ။

လုံးလုံးကို

မဟုတ်ရပါဘူး။

လက်ရှိ

အခြေအနေမှာ

မစ္စတာပေ့

အဖို့

ဘယ်လောက် လမ်းသာနေတယ်ဆိုတာ ထောက်ပြတာပါ။ တစ်ဆိတ်ကလေး ရှင်းပြပါရစေဦးခင်ဗျာ“ စမစ်သည် သူ့ လက်ဆွဲ အိတ်ကို ဖွင့်သည်။ စက္ကူထပ်ကြီးကို ထုတ်သည်။ လွန်ခဲ့သည့် သုံပတ်အတွင်းသူ စုံစမ်း စုဆောင်း ထားသည့် စက်ရုံတန်ဖိုး၊ စက်ကရိယာတန်ဖိုး၊ သတင်းစာ နာမည်တန်ဖိုး ရှိပစ္စည်း အရပ်ရပ်တန်ဖိုး စသည် ကိန်းဂ ဏန်းများကို ဖတ်ပြသည် ။ ပြောလက်စ စကားကို ပြန်ဆက်သည်။

“လုပ်ငန်း တစ်ရပ်လုံး ပေါင် ခုနှစ်သောင်းခွဲလောက် တန်တယ်လို့ ကျွန်တော်တို့ ခန့်မှန်းပါတယ်။ ကျွန် တော် စောစောက ကမ်းလှမ်းတဲ့ဈေးက ယာယီ သက်သက်ပါ။ အဲဒီဈေးထက် နှစ်ဆတိုးပြီး ဥတ္တရအလင်း အတွက် ပေါင် တစ်သိန်းကမ်းလှမ်း ဖို့ ကျွန်တော်ကို အာဏာလွှဲလိုက်ပါတယ်“ ဟင်နရီပေ့ က ချက်ချင်း အဖြေမပေး ။ သူ့ ကမ်းလှမ်းချက်ကို လက်ခံတော့ မည်မုချဟု စမစ် ထင်လာသည် အထိ သူတို့ နှစ်ယောက်ကို တစ်လှည့်စီ ကြည့်နေသည်။ ပြီးမှ ပျော့ပျော့ ပျောင်းပျောင်းပင် ဖြစ်သည်။ “မိတ်ဆွေ တို့ကို ကျွန်တော် ရန်လိုစရာလည်း မလိုပါဘူး။ ကိုယ့်အလုပ်ကိုယ်လုပ်ကြတာပဲ။ ဒါပေမဲ့ ဒီနေ့ ကျွန် တော် တို့ သတင်းစာ လောကမှာ ဘာတွေ ဖြစ်နေကုန်ပြီဆိုတာတော့ သိဖို့ ကောင်း ပါတယ်။ ဖြစ်တဲ့နည်းနဲ့ ဈေးကွက်ချဲ့ ချင်တဲ့ အုပ်စုကြီး လက်တစ်ဆုပ်စာက သူတို့လိုချင်တဲ့ သတင်းစာတိုင်းကို Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

လိုက်မျိုနေတယ်။ ကောင်းကောင်းကန်းကန်း ရည်ရွယ်ချက်ဆို လို့ ဘာမှ မရှိဘူး။ စောင်ရေတိုးချင်တာ တစ်ခုပဲ ရှိတယ်။ ဒီနေ့ ခေတ်စားနေတဲ့ အပြိုင်အဆိုင် လည်လှီးပွဲမှာ ကိုယ့်ပြိုင်ဘက်ကို အနိုင်ယူချင်တာ တစ်ခုပဲရှိ တယ်“ စမစ် ကြားဖြတ်ပြောမည့် ဆဲဆဲ ပေ့က ဆက်ပြောသွားသည်။ ''သတင်းစာရဲ့ သြဇာသတ္တိကို ကျွန်တော်တို့ အားလုံးသိနေကြတာပဲ။ ဆိုးတာတွေ အတွက် ဖြစ်ဖြစ်၊ ကောင်းတာအတွက်ဖြစ်ဖြစ်ပေါ့လေ။ အတိုင်းအဆမရှိတဲ့ သြဇာသတ္တိပဲ။ လူတစ်ဦးချင်း ကို ကောင်းစားအောင် လုပ်မလား။ မွဲပြာကျအောင်လုပ်မလား။ လုပ်နိုင်ပါတယ်။ အစိုးရတစ်ဖွဲ့ကို တင်နိုင်ပါ တယ်။ ဖြုတ်နိုင်တယ်။ လွဲပါစေ။ ဖယ်ပါစေ။ စစ်မီးကိုတောင် မွှေးနိုင်တယ်။ သတင်းစာကြီးတစ်ချို့က အဲဒီ သြဇာသတ္တိ ကို မတန်မရာ ကိစ္စတွေအတွက်

အသုံးချနေတယ်။

စောင့်စည်းမှုမရှိတော့ဘူး။

ဒါဟာ

ဒီနေ့တိုင်းပြည်

ကို

ကျိန်စာတိုက်တဲ့သဘောဖြစ်နေပြီ။ နက်ဖြန်ဆိုရင် ပျက်ကိန်း ဆိုက်အောင်လုပ်တဲ့ သဘော ဖြစ်လာနိုင်တယ်။'' ပေ့က တွန်းပြောလေ၊ ညေးက ဂနာမငြိမ်လေ ဖြစ်လာသည်။ ငွေရေးကြေးရေး ပြောဖို့မှာ စမစ် ကိစ္စဖြစ်မှန်း သူသိပြီး သား။ ထို့ကြောင့် တမင် ရေငုံနှုတ်ပိတ်လုပ်နေသည်။ ဘာမှ ဝင်မတား။ နေသာသပ လေညာက

မျက်နှာထားဖြင့်

ကုလားထိုင်ပေါ်တွင်

ပျင်းတိပျင်းရွဲထိုင်နေခဲ့သည်။

သို့သော်

ယခု

သူငြိမ်မနေနိုင်တာ့။ ဒိုးဒိုးဒေါက်ဒေါက် ဝင်ပြောလိုက်၏။

‹‹‹http://www.shwezinu.blogspot.com/

''ခင်ဗျား

ရဲ့

ခြောက်ပြစ်ကင်း

သတင်းစာကလေးကိုတော့

အဲဒီပျက်ကိန်းဆိုက်

ကိစ္စကြီး

မှာ

ဘေးမဲ့ပေးထားတော့မှာလားဗျ'' ''ပေးထားမယ်'' ပေ့ က တည်တည်ငြိမ်ငြိမ် ဝင်ဖြေသည်။ ''ကျွန်တော့်

သတင်းစာက

သတင်းစာကြီးတွေရဲ့

ကိုယ့်နယ်ကျဉ်းကျဉ်းကလေးထဲမှာ

ခြေရာကို

နင်းတယ်။

မူဝါဒ

တိုင်းသူပြည်သားတွေကို

တိတိကျကျ

ကိုင်စွဲခဲ့တဲ့

ရှေ့ဆောင်ရှေ့ရွက်ပြုတဲ့

သတင်းစာကြီးတွေ ရဲ့ လမ်းကြောင်းကို လိုက်တယ်။ တိုင်းသူပြည်သားတွေကို ဖိုမကိစ္စတွေ ၊ အာရုံလိုက်စား မှုတွေ၊ မကြားဝံ့မနာသာ အတင်းအဖျင်းတွေနဲ့ ကြီးပြင်းရတဲ့ နလပိန်းတုံး အရိုင်းအစိုင်း လူမျိုးအဖြစ် မွေး ထုတ် မယ့်အစား

ဆင်ခြေတုံ

တရားကြီးတဲ့

နိုင်ငံသားကောင်း

တွေ

အဖြစ်

မွေး

ထုတ်ပေးဖို့

ကြိုးစားတဲ့

သတင်းစာကြီးတွေ ရဲ့ လမ်းကြောင်းကိုလိုက်တယ်'' ''ခင်ဗျား ကြည့်ရတာ အဗြဟ္မစရိယသမား ကျနေတာပဲ။ လိင်ကိစ္စ စိတ်ကုန် နေ ရော့သလားဗျ'' ''ကုန်တယ်လေ၊ နေ့ရှိသမျှ ဘရာဇီယာတွေ၊ ဘီကနီတွေနဲ့ ပေါက်ပေါက်ကြဲသ လို သောက်သောက်လဲ လုပ်နေရင်တော့ ပြောချင်သလိုပြော။ လိင်ကိစ္စကို စိတ် ကုန်တယ်'' ''ထားပါတော့လေ'' စမစ်က ဒရောသောပါး စကားဖြတ်သည်။ ''ဒါက ငြင်းနေစရာ ကိစ္စ မဟုတ်ပါဘူးဗျာ'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးက

တောင့်တောင့်

ယောင့်ယောင့်

ပြန်ထိုင်သည်။

သရော်ပြက်ချော်

လေ

သံဖြင့်

စကားဆက်သည်။ ''တစ်ခုတော့ ပြောပါရစေ။ ခင်ဗျားရဲ့ အဗြဟ္မစရိယ နိဗ္ဗန္ဒချောင်ကလေး တော့ လွတ်ချင်လွတ်မယ်။ တိုင်းသူပြည်သား

တချို့ကတော့

ဘီကီနီနဲ့မြာကလေး

တွေကို

ငန်းချင်တယ်။

အိမ်ကကြက်မကြီးနဲ့

စက်တော်ခေါ် မယ့်အစား အဲ့ဒီမြာ ကလေးတွေနဲ့ ရွှေလည် တွဲရတယ်လို့ အိမ်မက်မက်ချင်တယ်။ လူမှာ လိင်ကိစ္စ၊ ငွေကိစ္စဆိုတဲ့ အဓိက ကိစ္စကြီးနှစ်ခုပဲ ရှိတယ်။ ဘာဖြစ်လို့ ရှောင်ပြေးရမှာလဲဗျ။ ကြာကူလီ သတင်းလောက် သတင်းစာရောင်း စွံ တဲ့ သတင်း မရှိဘူး ဆိုတာ ခင် ဗျား သိဖို့ ကောင်းတယ်။ အဲ့ဒီ သတင်းမျိုး ကို

လူတွေ

ဖတ်ပစေပေါ့။

အလုပ်သ

မား

တစ်ယောက်

စောစောစီးစီး

ကော်ဖီသောက်ရင်း

ဘာချင်ခြင်းတပ်တယ် လို့ ခင်ဗျား ထင်သလဲ။ ခင်ဗျားတို့ ရေးနေတဲ့ အရူးဘုံမြှောက် ပလီစိချောက်ချက် ဒေသနာတွေ မဟုတ်ဘူးဗျ။ ကျွန်တော်တို့ ပြန်တမ်းမှာရေးနေတဲ့ အညှီအ ဟောက် ကလေးတွေဗျ'' '' အစစ်ပေါ့။ ဒါကြေင့် တနင်္လာနေ့က ခင်ဗျားတို့က အဲဒီ အလုပ်သမား ကို သွေး ရဲရဲ သံရဲရဲ သုံးလောင်းပြိုင် သတင်းနဲ့ သတ္တိ မွေးပေး လိုက်တာ ပေါ့လေ။ ဟုတ် လား'' ပေ့ မျက်နှာ ဖြူရော်ရော် ဖြစ်လာသည်။ လည်ပင်း ကြောကြီး များထောင် ထလာသည် ။ သို့သော်

‹‹‹http://www.shwezinu.blogspot.com/

တည်တည် ငြိမ်ငြိမ် ချုပ်ချုပ်တည်းတည်းပင် ရှိသေးသည် သူ့စားပွဲ အံဆွဲထဲမှ သတင်းစာဖြတ် ပိုင်းများကို ဆွဲထုတ် လိုက်သည်။ ''ခင်ဗျားက ကျွန်တော်တို့ သတင်းစာကို သုတေသနလုပ်တယ်။ ကျွန်တော်ဂုဏ်ယူ ပါတယ်။ ကျွန်တော် ကလည်း

လွန်ခဲ့တဲ့

လေးရက်က

ခင်ဗျားတို့

သတင်းစာက

တိုလီမုတ်စတွေကို

စုထား

ပါတယ်။

ဟောဒါ ခေါင်းစည်း တစ်ခုပဲ။ ဖေါ် ကွာဝေးကမ္ဘာလှည့်ကို မွန်မတ် ဝစ်လစ်စလစ်တို့ မြှူဆွယ်။ လင်ကောင် ပေါ်တဲ့ သတိ့သု မီး လမ်းသရဲ တို့ ရေမွှေးစွဲ ။ ချွတ်ဖော်ကချေသည် ကလေး ဝတ်ကြောင်ရုန်းပြီး လွတ်ရှောင်ပုန်း။ ၆၀ ကျော်မှ အမြွှာပေါ်။ နကမ္ပတိ မုဒိန်းကိစ္စ သူနာပြုဆရာမ လေး ရှင်းမပြနိုင်။ ကျားတဏှာရူး လမ်းသလားနေ။ အရှေ့တိုင်းဆောင်ကြာမြိုင် မှ အနောက်တိုင်း ဇိမ်မယ်။ ဘုရင်ကို မြှူချိုတဲ့ ရွှေဝါကေသာ သူလျှိုမလေး။ အပျိုကြီး ရဲ့ အပျိုစင် လင်မဲ့ေ မွးတဲ့ သမီးလေး။ တစ်ခါမှ မတစ်ခါဖူးတဲ့ မစ်တော်မ်ကင်စ်။ လင်တော်မောင် လိပ်ပြောင်း မိန်းမကောင်း ဖြစ်။ ခင်ဗျားတို့ရဲ့ အယုတ္တ အနတ္တတွေကို ဆက်ပြောမနေတော့ပါဘူး။ ကျွန်တော် အပြတ်ပြော လိုက်မယ်။ ကျွန်တော့် သတင်းစာကို တစ်ပိုင်းသေနေအောင် ရောင်းချင်ရင်တောင် ပြန်တမ်းအုပ်စု ကိုတော့ ဘယ်တာ့မှ မရောင်းဘူး။ ဒါပဲ" "တစ်ဆိတ်ခင်ဗျား။ မစ္စတာပေ့"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စမစ် က ကုလားထိုင် အဖျားပိုင်းသို့ တိုးထိုင်ကာ စိုးရိမ်တကြီး ပြောသည်။ အလွဲလွဲ အချော်ချော် တွေတော့ ဖြစ်ကုန်ပြီဟု တွေးမိ၏။ "အရင်စလို လုပ်စရာ မလိုပါဘူးလေ။ တစ်ရက် နှစ်ရက်တန်သည် စဉ်းစားပါဦးလား ခင်ဗျာ" "မလိုပါဘူး။ ကျွန်တော့်ဆုံးဖြတ်ချက်က အပြီးအပြတ်ပဲဟာ" "ဒီလိုဆိုလည်း ခင်ဗျား သတင်းစာတော့ ပြိုင်ဘက်ကလေး ရဦးမှာပေါ့။ မိုးမီးလောင်မယ့် သတင်းစာ၊ သဲသဲမဲမဲ သတင်းစာ ဆိုတာတော့ စိတ်သာချပေတော့" ညေးက ပြောသည်။ "မစ္စတာပေ့ သိပ်မှားနေပြီလို့ ကျွန်တော် ထင်ပါတယ်" စမစ်က ညေးကို နှုတ်ပိတ်ရန် လှမ်းကြည့်လိုက်သည်။ "ကျွန်တော်တို့ ဒီနယ်မှာ သတင်းစာထောင်ဖို့ ဆုံးဖြတ်ထားပါတယ်။ မျှမျှတတ တရားဝင်နည်းနဲ့ ထောင်မှာပါ။ ဒါကြောင့် မစ္စတာပေ့ကို ဈေးကောင်းကောင်း ပေးပြီး ကမ်းလှမ်းတယ်။ မစ္စတာပေ့က ငြင်းတယ်။

‹‹‹http://www.shwezinu.blogspot.com/

ဒီတော့ ကျွန်တော် တို့ သတင်းစာ အပြိုင်ထုတ်ရတော့မှာပေါ့။ ကျွန်တော်တို့လည်း ဒီမှာ သတင်းစာ ဖွင့်ခွင့် ရှိပါတယ်" "ခင်ဗျားတို့ ပြောတာ မှန်ပါတယ်" ပေ့က စောစောကထက် စကားကို ပို၍ လေးလေး ပြောသည်။ "ဒါပေမဲ့ ခင်ဗျားတို့ ဘယ်တော့မှ အောင်မြင်မှာ မဟုတ်ပါဘူး။ ပထမအကြောင်းက မြို့လူဦးရေက သတင်းစာနှစ်စောင်

ထုတ်ရလောက်အောင်

မများဘူး။

ဒုတိယအကြောင်းက

ဥတ္တရအလင်းက

အခြေ

သိပ်ခိုင်နေပြီ။ ဘယ်သူမှ အစားထိုးလို့ မရနိုင်ဘူး။ ဒီသတင်းစာကို ၁၇၆၉ခုနှစ်ကတည်းက ထောင်ခဲ့တယ်။ သတင်းစာ လွတ်လပ်ခွင့်နဲ့ လွှတ်တော်သတင်းတွေ ရေးခွင့်အတွက် ၀ီလ်ကက်နဲ့ အတူ တိုက်ပွဲ ၀င်ခဲ့လို့ ဒီနီယယ်ပေ့ ထောင်ကျခဲ့တယ်။ အဓမ္မ စည်းကြပ်တဲ့ သတင်းစာ အခွန်တွေ ကို အသိပညာ အခွန်ဆိုပြီး ကျွန်တော့် အဘိုးရဲ့ အဖေ ဂျိမ်းစ်ပေ့ ဦးဆောင်ဆန့်ကျင်ခဲ့တယ်။ အရေးယူခံခဲ့ရတယ်။ ဒါတွေ ခင်ဗျားတို့ သိကြရဲ့ လား။ သိမှာလည်း မဟုတ်ပါဘူး။ သိအောင်လည်း လုပ်မနေပါနဲ့တော့" ညေးက ၀င်ပြောသည်။ "ခင်ဗျား

စောင့်ကြည့်ပေါ့။

ခင်ဗျား

တစ်နှစ်ခွဲအတွင်း

လောင်းမလား" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ပြုတ်ရစေ့မယ်။

နှစ်လေး

တစ်လေး


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော် လောင်းကစားဝါသနာမပါဘူး။ ခြောက်တိုင်းလည်း မကြောက်ဘူး။ ဒီနယ်မှာက စလုံးရေ စ ကနေ သတင်းစာထောင် လို့ ဖြစ်နိုင်တာ မဟုတ်ဘူး" "မစ္စတာပေ့ တွက်ကိန်းမှားနေပြီ။ မစ္စတာပေ့ မသိတဲ့နည်းလမ်းတွေ ကျွန်တော်တို့မှာ အသင့်ရှိပြီး သားပါ။ သဘောထားပြောင်း ဖို့ ကျွန်တော် တောင်းပန်ပါတယ်ခင်ဗျာ" စမစ်က ၀င်ပြောသည်။ "မပြောင်းနိုင်ဘူး" ဟင်နရီပေ့က ခေါင်းခါသည်။ ခဏငြိမ်သွား သည်။ စမစ်က သက်ပြင်းရှည်ကြီးချသည်။ မတ်တတ်ရပ်လိုက်သည်။ "ကောင်းပါပြီ ကျွန်တော်

ခင်ဗျာ။

စိတ်မကောင်းပါဘူး။

သဘောတူချက်

မရတဲ့ပြင်

ခဏတွေ့လိုက်ရပေမယ့်

အယူအဆ မတိုက်ဆိုင်တာတွေပါ ဖြစ်ရလို့ မစ္စတာပေ့ကို

ကျွန်တော်

ခင်မင်ပါ

တယ်။

လေးလည်း လေးစား ပါတယ်။ ကျွန်တော်တို့ မျှမျှတတ ပွင့်ပွင့်လင်းလင်း ရိုးရိုးသားသား ပြိုင်သွား မယ်ဆိုတာ ကတိပေးပါတယ်" စမစ်က ပေ့နှင့် လက်ဆွဲ နှုတ်ဆက်သည်။ ညေးက ဟန်လုပ်၍ နှုတ်ဆက်မနေ။ စီးကရက်တစ်လိပ် ကို မီးညှိသည်။ မီးခြစ်ဆံကို အခန်းထောင့် အမှိုက်ခြင်းထဲသို့ ပစ်ချလိုက်သည်။ စမစ် အလျင် အခန်းထဲမှ

‹‹‹http://www.shwezinu.blogspot.com/

ထွက်လာခဲ့သည်။ ကားထဲပြန်ရောက်တော့ ညေးက ... "မရောင်းပါဘူးလို့ ကျွန်တော် ပြောရက်သားနဲ့ဗျာ" ဟု ပြောသည်။ "ခင်ဗျား ဘာဝင်ပြီး ကူပြောလို့လဲ" စမစ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။ "ကြောက်ကန်ကန်အောင်သာ လုပ်နေတာပဲ" "ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ။ ဘယ်တော့မှလည်း ရောင်းမှာ မဟုတ်ပါဘူး။ ဘူးဆို ဖရုံမသီးချင် တဲ့ သောက်ရူးကြီးပါ။ သူ့သတင်းစာနဲ့ပဲ ဖတ်သေမယ့်ဟာကြီးပါဗျာ။ စွဲလန်းတာလည်း တစ်ကြောင်း၊ ဘ၀င်မြင့် တာလည်း တစ်ကြောင်းပေါ့လေ။ ဦးကျိုးအောင် ချိုးမှ ဖြစ်မယ်။ ပြောလိုက်ရင် ပြည်သူ့ အကျိုးဆောင် လုပ်ငန်းလေး ဘာလေး နဲ့။ လူကြားကောင်းအောင် အော်နေတဲ့ ကြောင်သူတော် ကြီး။ အဲဒါမျိုးက တကယ့် အရေခြုံ လုပ်ငန်းဗျ။ ကျောက်ခေတ်နဲ့ပဲ တန်တယ်။ သူ့သတင်းစာတိုက် က ဓာတ်လှေကားကလေးတောင် မရှိဘူး။ သူ့နောက်နားက မြာကြီးကိုလည်း တွေ့တယ်မလား။ ပြဇာတ်ထဲက ဟင်းမလက်အမေ တစ္ဆေမကြီးနဲ့ မတူ ဘူးလား။ နံရံပေါ်မှာ မုတ်ဆိတ် ထူလပျစ်နဲ့ သူ့အဘိုးအေကြီးပုံတွေ၊ စားပွဲပေါ်မှာ ဘိုးတော်ဘုရားလက်ထက်က ပုံနှိပ် ပန်းချီကားတွေ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စမစ် က ညေးကို လေကုန်သည်အထိ လွှတ်ပေးထားလိုက်၏။ သူ့အတွေးနှင့် သူ နေလိုက်၏။ သတင်းစာ ကို ရော့ပတ္တမြား ရော့နဂါးဝယ်၍ မရလိုက်ခြင်းကြောင့် လပေါင်းများစွာ အလုပ်ပိတော့ မည်။ တာဝန်ပိုတော့မည်။ ထို့ကြောင့် စမစ် စိတ်ပျက် မိ၏။ သို့သော် စိတ်အားတော့မငယ်။ သူ့အစွမ်းအစကို ဆမ်မာဗီးလ်အား ပို၍ ပြခွင့်ရပေတော့ မည်။ ဟိုတယ် သို့ ရောက်ရောက်ချင်း ရုံးချုပ်သို့ တယ်လီဖုန်းဆက်သည်။ သူ့အထက်လူကြီး ဂရီလီထံ အစီရင်ခံသည်။

သူ့လက်ဝယ်

ရရှိထားပြီးဖြစ်သော

စီမံချက်များကို

ထပ်မံအတည်ပြုသည်။

စကား

အတော်ကြာကြာ ပြောပြီးနောက် ညေးနှင့် ပြန်ဆုံသည်။ "စီမံချက်ဆွဲထားတဲ့အတိုင်း ဆက်လုပ်ရမယ်တဲ့။ စိတ်မပူပါနဲ့လေ။ အချိန် ပိုကြာရုံကြာမှာပါ။ တွဲလုပ် သွားကြတာပေါ့" ညေးက "ကိုင်း ... ဒီအချိန်ကစပြီး ကျွန်တော်တို့နှစ်ယောက်တော့ ရုပ်သေးရုပ် ဖြစ်ပြီ။ လန်ဒန်က ကြိုးဆွဲတော့ မယ်။ ဒီမှာထိုင်ပြီး ဆူသံပူသံတွေ နားထောင်သွားကြရုံပေါ့" ဟု ပြောသည်။ "မလိုပါဘူး။ ကိုယ့်ခြေကိုယ့်လက် လုပ်နိုင်ပါတယ်ဗျာ။ ဂရီလီက အခုပဲ ပြောလိုက်သေးတယ်"

‹‹‹http://www.shwezinu.blogspot.com/

"အဓိပ္ပာယ် ကောက်ချင်သလိုကောက် ပေါ့ဗျာ။ အဲသတင်းစာ မစွံရင်တော့ ဘုရားတရားသာ တ ပေတော့ပေါ့" စမစ်က သူ့နာရီကို ကြည့်သည်။ ၄နာရီကျော်ပြီ။ လက်ဖက်ရည်ကလေးထိုင်သောက်နေလိုက်ချင် သေး၏။ သို့သော် အချိန်ဆွဲနေ၍ မဖြစ်။. "ကဲ

...

မော့စ်ဘန်း

ကို

အားချင်းသွားလိုက်ကြဦးစို့။

ပိုကောင်းလေပေါ့ဗျာ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

စရန်ကိစ္စကလေး

စောစောပြီးလေ


ဦးဝင်းတင်

ဥတ္တရအလင်း

(၆)

စမစ်နှင့် ညေးတို့ ထွက်သွားပြီးနောက် ခဏအကြာတွင် ဟင်နရီပေ့ အိမ်သို့ ပြန်လာခဲ့သည်။ သူ့ဇနီး နှင့် သမီးဒေါ်ရော်သီတို့ အိမ်မှာမရှိ။ မစ္စစ်ဘတ်နှင့် အိုဒီအုံး ရုပ်ရှင်ရုံတွင် ရုပ်ရှင်သွားကြည့်နေကြ သည်ဟု ဟန်နာက ပြောပြ၏။ တို့ကနန်း ဆိတ်ကနန်း စားသောက်ပြီးနောက် အိမ်ပေါ်ထပ်ရှိ စာကြည့်ခန်းသို့ တက်ခဲ့၏ အိမ် နောက်ဘက်ရှိ ပန်းခြံ ကို ဆီးမြင်နေရသည့် အိမ်ခေါင်းထပ်ခိုးအခန်းကလေး။ သူ့စာအုပ်များ၊ တိုလီ မုတ်စများ၊ စတပ်ဖို့ရှိုင်းယားအိုး များ ထားသည့် အခန်းကလေး။ ထိုအခန်းကလေးထဲတွင် တစ်ည နေချမ်းလုံး သူထိုင်နေ သည်။

‹‹‹http://www.shwezinu.blogspot.com/

နေ့လယ်ပိုင်းက ဖြစ်ပျက်ခဲ့ပုံကိစ္စ အလုံးစုံကို ပြန်တွေးသည်။ အနည်ထိုင်နေသော သူ့ဘဝ ကို ဇောက်ထိုးမိုးမျှော် ပြောင်းပစ်ရမည့်

အခြေအနေသစ်နှင့် လိုက်လျောညီထွေ ညိနိုင်အောင် သူ မာန်တင်း

သည်။ စိတ်ကတော့ ခပ်လေးလေးပင်။ အနိမ့်ဆုံးထား၍ ဆိုလျှင်သော်မှ အရိပ်နိမိတ်က မရေမရာ အနာဂတ် ကိုသာ ပြနေသည်။ သတင်းစာတစ်စောင် အပြိုင်ထောင်မည်ဆိုသည့် ခြောက် လုံးသည် သင်္ကြန်အမြောက် ပမာသာ ဖြစ်ကြောင်း သူ့ကိုယ်သူ အယုံသွင်းကြည့်သည်။ မရ။ တကယ်ပြော တကယ်လုပ်မည့် ကိစ္စမှန်း သူ သိသည်။ ကိုယဟ် န် ဖိုင့်ဖိုင့်၊ မျက်နှာတည်တည်နှင့် ပြောရေးဆိုခွင့်ရှိသူအဖြစ် စကားဒိုင်ခံပြောသွားသည့် စမစ် ကို အကျိုးသင့် အကြောင်းသင့် လုပ်တတ်သူအဖြစ် သူ အကဲခတ်မိသည်။ ထက်ထက်မြက်မြက် ရှိလှပုံမပေါ်။ သို့သော် အလုပ် ကျွမ်းကျင်ပုံ ရသည်။ ဟိတ်ထုတ်ချင်ပုံရသည်။ သို့သော် စိတ်ကောင်း ရှိပုံပေါ်သည်။ ရိုးသားပုံပေါက် သည်။ ခြုံကြည့်လိုက်လျှင် မကြိုက်စရာ မရှိလှ။ အခြားတစ်ယောက်ကတော့ ဒုက္ခပေးမည့် လူစားမျိုး။ ပြေပြစ်ပါ၏။ သိ့ေု သာ် ထက်သည်။ အာကြမ်း ကြမ်း မျက်စိ လျင်လျင်။ ဥာဏ်နီဥာဏ်နက် များပုံရသည်။ သူတ့နှိုစ်ဦးအနက် ထိုသူက ပို၍ ခိုင်မာ ကြောင်း၊ ပို၍ ဥာဏ်ရည် သာကြောင်း ကြောက်ရမည့် လူစားဖြစ်ကြောင်း ပေ့ အလိုလိုသိလာ၏။ 'ကြောက်ရမည်'ဟူသော

စကားလုံး

သုံးလိုက်မိသည့်

သူ့အဖြစ်ကိုသူ

တွေးမိလိုက်သည်။

ညံ့သားကျလေခြင်း ဟု ပေ့ စိတ်တွင် ခံစားလိုက်ရသည်။ ထိ့ေု ကြာင့် ရှေ့အလားအလာကို ကြည် လင်စေပြီး Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကြုံရဆုံရမည့်

ဒုက္ခ

ကို

သေးဖွဲသွားစေသော

ခိုင်ခိုင်မာမာ

တည်တည်ငြိမ်ငြိမ်

စိတ်ထား

ကို

ချက်ချင်းပြန်မွှေးလိုက်လေသည်။ မှန်၏။ သတင်းစာ သည် အခြေခိုင်ပြီးသား သတင်းစာဖြစ်၏။ မြို့လူထု၏ မြတ်နိုးတွယ်တာမှုကိုပင် ခံယူရရှိနေ၏။ ဤသတင်းစာကြီးမျိုးကို လန်ဒန်မြို့ထုတ် အပေါစားသတင်းစာများအနက် သတင်းအပုပ်ဆုံး အုတ်ကြားမြတ်ပေါက် နောက်ပေါ်တဲ့ ရွှေကြာပင်က ဘယ်လိုလုပ်ပြီး ဖြိုပျက်နိုင် ပါ့မလဲ။ ဥတ္တရအလင်းသည် အတိတ်ကာလကလည်း အကျပ်အတည်းများကို ကျော်ဖြတ်လွန်မြောက်ခဲ့ သည်။ ယခု သေရေးရှင်ရေးတွင်လည်း ခလုတ်မထိ ဆူးမငြိ ဖြစ်ရပေဦးမည်။ နောက်တစ်နေ့တွင် လာမယ့်ဘေး ပြေးတွေ့စိတ်ဓာတ်ဖြင့် ဟင်နရီပေ့ သတင်းစာတိုက်သို့ ရောက် သွားသည်။ သူ ကြာကြာ ဒွိဟ ဖြစ်မနေလိုက်ရ။ မစ်မော့ဖတ်က သူ့ကို နှုတ်ဆက်ရင်း မင်မခြောက် တတ် ခြောက်တတ်ပင် ရှိသေးသည့် လက်ကမ်းကြော်ငြာစာရွက် တစ်ရွက်ကို ထိုးပေးသည်။၏ ''သူတို့ မော့စ်ဘန်းမော်ကွန်းကို ဝယ်လိုက်ကြပြီ'' ဟု ပြောလိုက်သေး၏။ ထိုကိစ္စမှာ သူ ထင်ထားသည့်အတိုင်းပင်။ ဟက်ဒယ်လ်စတန်နှင့် အဘိုးအိုကြီး အတ်ရစ်ကဘီက

‹‹‹http://www.shwezinu.blogspot.com/

သူ့အပတ်စဉ် ထုတ် သတင်းစာကို ရောင်းမည် တကဲကဲလုပ်နေသည်မှာ အတန်ကြာ ခဲ့ပြီ.။ ဈေးကွက် မကျယ်ပြန့်သည် မှာ ပြောစရာမရှိ။ သိ့ေ်ု သာ် မဆိုင်းမတွ လုပ်ငန်းစတင်ရန်နှင့် လုပ်ငန်း တိုးချဲ့သွားရန် အတွက် အခြေစိုက်စခန်းဖြစ်သည်။ သည်ကား အမှန်။ ကြော်ငြာစာရွက်ကို ပေ့ ဖတ် ကြည့်လိုက်သည်။ သတင်းစာ ဝယ်ယူ လိုက်ကြောင်း ကြေညာချက်။ နောင်တွင် သတင်းစာ အမည် ကို မော်ကွန်းနေ့စဉ်ဟုသာ သုံးတော့ မည်ဖြစ်ကြောင်း။ ဟက်ဒယ်လ်စတန်မြို့နှင့် ပတ်ဝန်းကျင်တွင် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဖြူးသွားမည့်အကြောင်း။ သတင်းစာသစ်၏ လေလုံးမိုးလုံး ကိုယ်ရည်သွေး အချက်အလက်များကိုလည်း ရေးသားထားလေသည်။ မစ်မော့ဖတ်က သူ့မျက်နှာကဲကိုသာ စောင့်ကြည့်နေ၏။ ''အလုပ်ရှာဖွေရေးရုံး က လူလေးငါးခြောက်ယောက်ငှားပြီး ဒီစာရွက်တွေကို ဝေနေတာ။ ဘူတာရုံ ရှေ့ မှာလည်း ကြော်ငြာသင်ပုန်းအထမ်းသမားတွေ စီတန်းနေလေရဲ့'' ''ကျွန်တော်တို့ အနေအထားကို ကျွန်တော်တို့ သိပါတယ်လေ'' ပေ့က ပြောသည်။ ပထမဆုံး ပေါ်လာသည့် သူ့စိတ်ကူးမှာ အလုပ်သားအားလုံးကိုခေါ်ပြီး အမှာစကား သဘောပြော ရန် ဖြစ်၏။

ဇာတ်ဆန်

လွန်းပြီး

သူ့စိတ်နေ

စိတ်ထားနှင့်လည်း

ထိုစိတ်ကူးကို ဖျောက်ပစ်လိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ပြဒါးတစ်လမ်း

သံတစ်လမ်းဖြစ်၍


ဦးဝင်းတင်

ဥတ္တရအလင်း

၁၀ နာရီထိုး သည်အထိ စောင့်နေသည်။ ၁၀ နာရီထိုးမှ ခါတိုင်းလိုပင် နံနက်ပိုင်း သတင်းညိ နှိုင်းပွဲ ခန်းမသို့ စင်္ကြမှ လျှောက်သွားသည်။ ဌာနမှူး ငါးဦးမှာ ရောက်နှင့်နေကြသည်။ သူ ဝင်သွားချိန်တွင် တစ်ခန်းလုံး ငြိမ်သက်နေလွန်း ၍ စိတ်ထဲက ရွှင်ရွှင်ပျပျ မရှိစေကာမူ ကုလားထိုင်ပေါ်တွင် ထိုင်ချ ရင်း ပြုံးပြလိုက်မိသေး၏။ ''ကိုင်း ကျွန်တော်တို့တော့ ပြိုင်ဖက်ပေါ်လာပြီဗျို့။ ခင်ဗျားတို့လည်း ဒါကို တွေ့ပြီးရောပေါ့'' ကြော် ငြာစာရွက် ကို ပေ့ က မြောက်ပြသည်။ ''မတွေ့ဘဲ ဘယ်နေမလဲ ဗျာ။ ရှောင်လို့မရအောင်ကို နေရာအနှံ့ ဝေနေတာပဲဟာ'' ''ဆမ်မာဗီလ်ငွေ လည်း သူများတကာ ငွေလိုပေါ့။ လက်ညိုးညွှန်ရာ ရေဖြစ်နိုင်တာပေါ့'' မိတ်တလန် က တိုတိုတောင်းတောင်း ပင် ပြောသည်။ ''အဲဒီ ငွေတွေကို ပုံအောတော့မှာပဲနဲ့ တူပါတယ်'' ''ရစ်ကဘီကို သူတို့ ဘယ်လောက်ပေးသလဲမသိဘူး'' ပူးလ်က ထင်မြင်ချက်တောင်းသည်။ ဘယ်သူကမှ မဖြေ၍

‹‹‹http://www.shwezinu.blogspot.com/

'''မဖြစ်စလောက် နဲ့ တူပါတယ်ဗျာ။ အဘိုးကြီးက ရောင်းချင်လွန်းလို့ တစ်ပိုင်းသေနေတာ' ဟု သူ့ဘာသာပင် ဆက်ပြောသည်။ ''နေပါဦး။ ပုံနှိပ်စက်က ဘယ်လိုဟာတဲ့လ'ဲ ' ဘာလ်မာက ပခုံးချီလိုက်ပြီး ''ဖန်ဝစ် အပြောကတော့ ဝပ်ဖိဒေးလက်ထိုးစက် တစ်လုံးတည်းနဲ့ ရိုက်မှာ တဲ့။ စောင်ရေ ကလည်း ခြောက်ထောင်ထက်မပိုနိုင်ပါဘူး'' ဟု ပြောသည်။ '' မပူပါနဲ့လေ။ သူတို့ လုပ်တတ်ပါတယ်'' မယ်လ်ကမ်မိတ်တလန်

တစ်ယောက်တည်းသာ

ဤကိစ္စကို

အလေးအနက်

ပြောရကောင်းမှန်း

သိသလိုလို ရှိသည်။ အခြားသူ များကမူ ဘူးလုံးနားမထွင်းဖြစ်လိုဖြစ်၊ စပ်စပ်စုစု မေးလိုမေး၊ အရွှန်း အပြက် ပြော လိုပြော ဖြစ်နေကြသည်။ အလေးထားရကောင်းမှန်း မသိကြ။ ''ကုန်ဈေးနှုန်း သတင်း ထူလပျစ်တွေ၊ မိုးလေ၀သသတင်းတွေ၊ တူးရွှင်းပြားကိစ္စတွေ၊ မုံလာဥကိစ္စ တွေကိုချည်း သူတို့ ရေးလိမ့်မယ် လို့ ထင်ထားရင် မှားမှာပေါ့”ဟု မိတ်တလန်က ဆက်ပြောသည်။ ''မယ်လ်ကမ်ပြောတာ ဟုတ်တယ်'' ဟင်နရီပေ့က ဝင်ပြောသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ကျွန်တော်တို့ အကြာကြီး ရုန်းကြကန်ကြရဦးမှာ၊ ပြန်တမ်းသတင်းစာ အထူးကဏ္ဍတွေ၊ တိုက်စုံ ဖြန့်ဆောင်းပါးတွေ၊ ကိုယ်ပိုင်နိုင်ငံခြားသတင်းတွေကို သူတို့ရကြမှာပဲ၊ သူတ့ဆီုကို လန်ဒန်က ပို့ပေး နေမှာပေါ့​။ ဒါ့အပြင် ဒေသခံသတင်းတွေကိုလည်း မီးကုန်ယမ်းကုန် အသားပေး ကြမှာ သေချာ တယ်။ စောင်ရေတိုးအောင် ဥာဏ်နီဥာဏ်နက်မျိုးစုံ ထုတြ် ကမှာပဲ။ ဒါပေမဲ့ သူတို့ ရှုံးမှာပါ။ သူ တိ့ရှုံးကို ရှုံးရမယ် လို့တောင် ကျွန်တော် ပြောဝံ့တယ်၊ ကျွန်တော်တို့ဘက်ကလည်း ခါတိုင်းထက်ပို ပြီး ထထကြွကြွ ရှိကြရလိမ့်မယ်။ အမြဲတမ်းလည်း အဆင်သင့် ဖြစ်နေကြရလိမ့်မယ်။ အကြံဥာဏ်ပေးချင်တာရှိရင် ပြောကြစမ်းပါဗျာ။ ကြားချင် ပါတယ်'' စားပွဲတစ်ဖက်ခြမ်းကို ပေ့ လှည့်ကြည့်လိုက်သည်။ လက်နှစ်ဖက်ကို အိတ်ထဲနှိုက် ခြေထောက်နှစ် ဖက်ကို ဆန့်ကား ထိုင်နေသည့် အားကစား အယ်ဒီတာ ပူးလ်ကို တွေ့ရသည်။ ပူးလ် စကားပြော ချင်နေသည်။ ပူးလ်က

အရပ်ရှည်ရှည်။

တန်ဖိုးထားသည်။

နှုတ်ခမ်း

အလုပ်

မဆင်းမီ

မွေးကားကား။ နံနက်တိုင်း

မျက်နှာထား ၆

မိုင်

မှုန်မှုန်။

ကြံ့ခိုင်ရေး

အပြေးလေ့ကျင့်သည်။

ကို

စစ်ပြီး

အရူးအမူး ကာလတွင်

ချောင်ထိုးခံရသည်ဟူသော အထင်ဖြင့် မြင်မြင် သမျှ အလိုမကျသော စစ်ဗိုလ်လူထွက် ဥာဉ်ကလေးတော့ အနည်းအကျဉ်းရှိသည်။

ထိ့ေု ကြာင့်

ရံဖန်ရံခါ

ပေါင်းရသင်းရခက်သည်။

သို့

သော်

ပေ့က

သူ့ကို

သဘောကျသည်။ အပြည့်အဝ အားထားလောက်သူ ဖြစ်မှန်းသိသည်။

‹‹‹http://www.shwezinu.blogspot.com/

ပူးလ်က သူ့ ပုံစံ အတိုင်းပင် ဘာမထီဟန်ဖြင့် ပြောသည်။ ''ကျွန်တော်တို့ကလည်း သူတို့ လုပ်နည်းကားအတိုင်း လုပ်သင့်တယ်လို့ ထင်တာပဲ။ သတင်းစာကို နည်းနည်းသွက်အောင်လုပ်။ သတင်းတွေကို ပိုပြီးခိုက်အောင် လုပ်'' ဟင်နရီပေ့ က ''အဲဒီနည်းကို ကျွန်တော် မယုံဘူး။ ဒီလိုအချိန်မျိုးမှာ ဥတ္တရအလင်းရဲ့ ကိုယ်ပိုင် ဟန် ကို အသေ ကိုင်ရမယ်။ ကိုယ့်ပုံစံနဲ့ကိုယ်ပဲ သေမြေကြီး ရှင်ရွှေထီးပေါ့ဗျာ'' ဟု ပြောသည်။ အခြားသူများ ကလည်း သဘောတူကြ၏။ '' ဒါပေမဲ့ စာဖတ်ပရိသတ်က အားကစား စိတ်ဝင်စားတာတော့ အမှန်ပဲ။ ကိုယဌ့်ာန ဖြစ်နေလို့ ဒီလို ပြောတာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ အားကစားသတင်းကို နှစ်ကော်လံ သုံးကော်လံထက် ပို မပေးတာ မနိတ်ဘူး။ မြောက်ပိုင်းဇုန်အမှတ်ပေး ဘောပွဲသတင်းတွေ။ တိုင်းတာဆယ်မြို့က လက် ဝှေ့ပွဲ သတင်းစာကို ပိုပြီး စုံစုံ ထည့်ရမယ်။ ပြီးတော့ မြင်းပွဲသတင်းတွေလည်း ပိုထည့်ရမယ်'' “အဲဒီသတင်းတွေ က ကြော်ငြာခြူနိုင်တာ မဟုတ်ဘူးဗျ” ဘာလ်မာက ကန့်ကွတ်သည်။ “ခြူနိုင်တာပေါ့ဗျာ” မိတ်တလန် က ဖျတ်ခနဲဝင်ပြောသည်။ “သူတို့အဆင့်ကို ကျွန်တော်တို့ဆင်း လုပ်ရင် ကျွန်တော်တို့လည်း ကိစ္စချော မှာ မုချပဲ ကောင်းပါပြီဗျာ ကောင်းပါပြီ။” Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပူးက မကျေမချမ်းသံဖြင့် အလျှော့ပေးသည်။ “တခြားဖျတ်ဖျတ်လတ်လတ်နည်းကလေးနဲ့

ဖြစ်ဖြစ်

လုပ်ဦးပေါ့။

စနေရုပ်စုံ

အချပ်ပိုဆိုရင်ရော

လူကြိုက်မလား မသိဘူး။” အကြံပေးသူမှာ လောရင့် ဟတ်ဒလေ။ လူညှက်ညှက်။ ကိုယ်ဖိုင့်ဖိုင့် အသက် ၅၀အရွယ်

ထိပ်ပြောင်ပြောင်

ဓာတ်ပုံဌာနမှူး

နှစ်ပတ်လည်

ပျော်ပွဲစားထွက်ချိန်

လုပ်သားအားလုံးစု၍

ဓာတ်ပုံရိုက်သည့်အခါ မျိုး မှအပ ဘယ်သူကမှ သူ့ကိုဖုတ်လေသည် ငါးပိ ရှိလေသည်မှန်း မသိရလောက်အောင် သိုသိုသိပ်သိပ် အလုပ်လုပ်တတ်သူ။ မိတ်တလန်က ဟက်ခနဲရယ်လိုက်င်္ပြီး “ကိုယ့အ် စွဲနဲ့ကိုယ်ပြောနေလို့တော့ ဆုံးတော့မှာ မဟုတ်ဘူး” ဟုပြောသည်။ “အကြံပေးတာပါဗျာ” ဟု ဟတ်ဒလေက မသဲမကွဲ ပြန်ပြောလိုက်၏။ ပေ့က ဖျောင်းဖျောင်းဖျဖျ ၀င်ပြော သည်။ “လုပ်သေးတာပေါ့ လောရင့်ရယ်။ တစ်ချိန်ချိန်ပေါ့”

‹‹‹http://www.shwezinu.blogspot.com/

ခဏငြိမ်သွား၏။ ပြီးမှ မိတ်တလန်က စကားဆက် သည်။ နီနီရဲရဲ၊ ပွပွစိစိ သူ့မျက်နှာကြီးကို သူ့ရင်ဘတ်ပေါ်တွင် ငု့စိုံက်ထားသည်။ “ကျွန်တော်မြင်တာ ကတော့ ဒီလိုပါ။ အတွေ့အကြုံအရ ပြောရရင်လည်း ဒီိအတိုင်း ပဲ ဖြစ်ရ မှာပါပဲ။ ပြန်တမ်းသတင်းစာ က တစ်ယောက်ယောက်ပေါ့လေ။ ဆမ်မာဗီးလ် ကိုယ်တိုင် လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ အဲဒီလူက

ဥတ္တရအလင်းကို

သူတို့အောက်ဆွဲသွင်းဖို့

အကြံရတာဖြစ်

မယ်။

အဲဒီလုပ်ငန်းကြီးတွေ

မှာ

ခြေချော်လက်ချော် တာမျိုး လက်မခံဘူး။ ငွေကြေးကိစ္စကိုတော့ စီမံချက်တွေချ အချိန်ဇယားတွေဆွဲ လူတွေရွေး နဲ့ ထောင့်စေ့အောင် လုပ်တယ်။ အရေးအကြီး ဆုံးအချက်က လုပ်ငန်းအတွက် ငွေကြေးပမာဏ အတိအကျ သတ်မှတ်ပေးထား တာပဲ။ အဲဒီငွေကိုကုန်အောင် သုံးပစ်နိုင်တယ်။ ဒါပေမဲ့ ကုနြ် ပီ ဆိုရင်တော့ နောက်ထပ် ခြူးတစ်ပြား မကျတော့ဘူး လုပ်ငန်းစီမံချက် တစ်ခုလုံး ရေစုန်မျောပေရော့ပဲ။ သစ်စိမ်းချိုးချိုး လိုက်တော့ တာပဲ။ လူတွေလည်း သစ်စိမ်းချိုး ချိုးခံရတာပဲ။ အဲဒီတော့ ကျွန်တော်တို့ လုပ်ရမှာက သက်လုံကောင်းဖို့ပဲ သတင်းစာ မှန်မှန် ထုတ်နိုင်ဖို့ပဲ ကျွန်တော်တို့ နည်းနည်းထိခိုက်မယ်။ ဒါပေမဲ့ သူတ့ေို သာက်သောက်လဲ ငွေကုန်မယ် ဘယ်လောက်ကြာမလဲတော့ မမှန်းတတ်ဘူး တစ်နှစ်ကြာရင်ကြာမယ် တစ်နေ့နေ့မှာတော့ သူတ့ေို ငွပုံကြီး ပြောင်တလင်းခါမှာ မုချပဲ။ အဲဒီအခါကျတော့ သူတို့ ပတ်စာခွာ ဖျာသိမ်းကြတော့ပေါ့။” အခြေအနေ တစ်ရပ်လုံးကို တည်တည်ငြိမ်ငြိမ်၊ လက်တွေ့ကျကျ၊ သတ္တုချပြသည့် စကားများကို ကြားရသည်မှာ ဟင်နရီပေ့အဖို့ အားဆေးတစ်ခွက်ပမာ ဖြစ်သည်။ အထူးသဖြင့် မယ်လ်ကမ်မိတ်တလန်ထံမှ ကြားရသည့်စကားဖြစ်ခြင်းကြောင့်ပေတည်း။ သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီးနောက် ပေ့က “တစ်ခုပဲ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဖြည့်ပြောစရာကျန်တယ်။ ကျွန်တော်တို့ သဘောထားပေါ့လေ။ သူ တို့ကို ပေယျာလကန်လုပ်ထားရမယ်လို့ ကျွန်တော်ထင်တယ်” ဟုပြောလေသည်။ “အဲဒါနည်းမှန်လမ်း

မှန်ပဲ။”

မိတ်တလန်

က

ခေါင်းညိတ်သည်။

“သူတ့ကို

ရှိတယ်လို့သဘောမထားနဲ့ပေါ့။” “သူတို့အထဲမှာ

ကျွန်တော်တို့လူတစ်ယောက်လောက်ထည့်ထားရင်

မကောင်းဘူးလား”

ပူးလ်ကမေးသည်။ “သူတို့ ဘာတွေ လုပ်နေတယ်ဆိုတာ ကျွန်တော်တို့သိရရင် ကောင်းတာပေါ့ သူတို့ကလည်း ကျွန်တော်တို့ကို စနည်းနာနေမှာပဲ မဟုတ်လား။” ဟင်နရီပေ့က

ထိုအကြံကို

တကယ်တော့လည်း

အရေးမထား၊

စမစ်ကိုယ်တိုင်

သူလျှိုလွှတ်ထားသည့်သဘောရောက်

အကျင့်သိက္ခာရှိရှိပြုမူမည်ဖြစ်ကြောင်း

နိုင်သည်။

ကတိက၀တ်ထားသွားခဲ့ပြီး

ဖြစ်သည် မဟုတ်လား။ “လောလောဆယ်တော့ ဒီကိစ္စကို အသာထားပါဦးလေ” မိတ်တလန်က စိတ်မပါတပါလေသံဖြင့် “သူတ့ဆီုက အသံ ကို ကြားရတော့မှာပါလေ။ ပွဲဦးထွက်

‹‹‹http://www.shwezinu.blogspot.com/

သတင်းစာကိုသာစောင့်ဖတ်ကြပေါ့” ဟုပြောသည်။ ဆွေးနွေးပွဲ

ပြီးသွားသည်။

ဥတ္တရအလင်းတွင်

ရှိရှိသမျှလူတိုင်း

သူတ့ရို န်ဘက်ကို

သူတ့မို သိနိုင်။

နောက်ရက်အနည်းငယ်အတွင်း ရင်တမမ

မော်ကွန်းပွဲဦးထွက်သတင်း

မျှော်နေကြလေသည်။

သတင်းစာတွေကလည်း

မရှား၊

စာကို

ထိုသတင်းစာ

မထွက်မချင်း

ညေးကလည်း

သတင်းတွေ၊

ကောလာဟလတွေ ဖြန့်နေသည်။ သွက်လက်မှုနှင့် ကျွမ်းကျင်မှုကို ဗန်းတင် နေသည်။

လန်ဒန်မြို့မှ အဖွ့ဝဲ င်တော်တော်များများ ရောက်လာ၏။ သတင်းစာတွင် အမျိုးသမီး ဆောင်းပါး များ ရေးသားခြင်းဖြင့်တိုင်းသိပြည်သိ ကျော်ကြားနေသော အမျိုးသမီးသတင်း ထောက် တီနာတင်ဂဲလ် အပါအ၀င်။ ခရီးရောက်မဆိုက်မှာပင်

သူတ့အိုားလုံး

ဟက်ဒယ်လ်စ

တန်မြို့ထဲ

တွင်ရော

မော့စ်ဘန်းမြို့ထဲတွင်ပါ

အိမ်ခန်းရှာပုံတော်ဖွင့်ကြလေသည်။ သူတ့သို တင်းစာအကြောင်းကြောငြာတွင် တစ်ပုံတစ်ခေါင်းကြီးကလည်း နောက်ဆက် တွဲပါလာသည်။ ပထမတော့ ကြော်ငြာ်သင်ပုန်းကြီးများတွင် ပိုစတာကပ်သည်။ မတ်၊ ၁၆ရက်၊ စနေနေ့ မွန်းလွဲပိုင်း တွင် ကြော်ငြာသင်ပုန်းကြီးများကို

ကိုယ်ပေါ်တွင်

ရှေ့နောက်ညှပ်ကာ

တစ်တန်းမြို့ လှည့သ် ည်။ ကြော်ငြာသင်ပုန်းများပေါ်တွင် Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

တန်းစီလျှောက်ကြသည့်

လူတန်းကြီး


ဦးဝင်းတင်

ဥတ္တရအလင်း

“ဟက်ဒယ်လ်စတန် အတွက် သတင်းထူး မော်ကွန်းနေ့စဉ် တနင်္လာနေ့ ထွက်တော့မည်။” ဟု မျက်နှာပြည့် ရေးထားလေသည်။ ထို

ရက်သတ္တပတ်

နားရက်များသည်

ဟင်နရီပေ့အဖို့

အစစ

အဆင်မပြေ။မိုးကြီး

ရွာသည်။

မိုးမှိုင်းမှိုင်းက သူ့စိတ် အနေအထားနှင့် တစ်သားတည်း တစ်ထပ်တည်း ဖြစ်နေ လေ၏။

ပေ့သည် အအိပ်အနေ နည်းပါးသူဖြစ်၏။ ယခုလည်း လေးငါးခြောက်နာရီထက် ပို၍အိပ်ရပုံမပေါ်။ တနင်္လာနေ့ နံနက်ပိုင်းတွင် သတင်းစာတိုက်သို့ ပေ့ကားမောင်းလာသည်။ လမ်းတကာတွင် ခါတိုင်းနှင့်မတူ တစ်မူထူးကာ လှုပ်လှုပ်ရွရွဖြစ် မဖြစ်ကို သူ့မျက်လုံးများက ကျီးကန်းတောင်းမှောက်ကြည့်လာသည်။ ထင်သည့် အတိုင်း

ပင်

အသစ်ချပ်ချွတ်

မြောက်ပိုင်းဒေသ ကားဝါကြီးပေါ်

ငွေစုဘဏ် မှ

နှင့်

မျက်နှာချင်းဆိုင်တွင်

မော်ကွန်းသတင်းစာတိုက်မှ

သတင်းစာများကို

လက်ပွေ့ရောင်းသမားများက

ဖြန့်ဝေနေသည့်

လှမ်းယူနေကြသည်။ သတင်းစာတိုက် ရှိ သူ့အခန်းသို့ လှေကားတစ်ထစ်ချင်း နင်းတက်လာချိန်တွင် သူ့နှလုံးသွေးမှာ

‹‹‹http://www.shwezinu.blogspot.com/

နံရိုးများ ကို ဆောင့်တိုးနေရော့သလားဟု ထင်ရလောက်အောင်ပင် တဒိန်းဒိန်း ခုန်နေ၏။ ထိုသတင်းစာကို မစ်မော့ဖတ်ရှာထားပြီး ဖြစ်လိမ့်မည်။ သူသိသည်။ မှန်၏။ သတင်းစာက သူ့စားပွဲပေါ်ရှိ ပန်းအိုးဘေး တွင် ရောက်နှင့်နေသည်။

တနင်္လာနေ့တိုင်း

မစ်မော့ဖတ်က

သူ့ပန်းခြံမှ

ပန်းခူးယူလာနေကျဖြစ်၏။

ပေ့သည်

သတင်းစာ ကို ဖျတ်ခနဲ ကြည့်လိုက်၏။ ခိုးကြောင်ခိုးဝှက်အကြည့်ဟု ဆိုရမတတ်ပင် သတင်းတစ်ပုဒ် ကို မြင်လိုက် ရသည်။ အသက်ရှူမှားမတတ်စိုက်ကြည့်မိလေ၏။ သတင်းစာရှေ့ မျက်နှာဖုံး စာမျက်နှာတစ်ဝက်လုံးလုံးတွင် ပလူတိုနီယမ်အဏုမြူ ဓာတ်ခွဲစက်ကြီး တစ်လုံး၏

ခေတ်ရှေ့ပြေး

အဆောက်အအုံပုံစံ

ဓာတ်ပုံကို

ဖော်ပြထားသည်။

ဓာတ်ပုံအောက်တွင်

အနီအောက်ခံပေါ် အဖြူ စာလုံးဖောက်ခြောက်လုံး စာလုံးခေါင်းစဉ်ကြီးဖြင့် သတင်းရေးထားသည်။ ဟက်ဒယ်လ်စတန်အတွက် အဏုမြူဓာတ်ပေါင်းအိုးကြီး အတ်တလေ စိမ့်မြေကွင်းတွင် အဏုမြူမြို့သစ်တည်မည်။ အဏုမြူဗဟိုဌာနကြီးတစ်ခုကို ဟက်ဒယ်လ်စတန်မြို့ ဆင်ခြေဖုံးရှိ အတ်တလေ စိမ့်မြေကွင်းတွင် အရံအိုးအိမ် စီမံကိန်းတစ်ခုနှင့် အတူ တည်ဆောက်သွားမည်ဟု သိရသည်။ အဏုမြူ သုတေသနဘုတ်အဖွဲ့မှ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင် ထိပ်တန်း

ဥတ္တရအလင်း အရာရှိကြီးတစ်ဦးက

ထုတ်ဖော်ပြောကြားလိုက်

သည့်

ဤကိုယ်ပိုင်သတင်းထူးကြီးကို

ပွဲဦးထွက်မော်ကွန်း သတင်းစာ တွင် စာဖတ်ပရိသတ်ထံ တင်ပြနိုင်ခြင်းကြောင့်ဂုဏ်ယူသည်။ သတိကြီးစွာ

သိုသိပ်ထားခဲ့ပြီး

ယခုမှထုတ်ဖော်ဖွင့်ဟလိုက်သည့်

ဤလျှို့ဝှက်စီမံကိန်း

ကြီးသည်

တစ်မျိုးသားလုံး အတွက် အရေးကြီးသကဲ့သို့ ဒေသခံလူထု၏ သက်သာချောင်ချိ ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီးပွားအလားအလာ ဖြောင့်ဖြူးရေးအတွက်လည်း အကျိုးကျေးဇူး ကြီးမားလိမ့်မည် ဖြစ်ပေသည်။

ဟင်နရီပေ့သည် သတင်းကိုဖတ်ရင်း တန်းလန်းရက်ကာ မစ်မော့ဖတ်ကို ငိုင်ကြည့်နေ သည်။ မှန်ပေ၏။ ဤသတင်း သည် ထိပ်ထိပ်ကြဲ သတင်းကြီးဖြစ်၏။ လွန်ခဲ့သည့်နှစ်ပေါင်း ၅၀ခန့်အတွင်း ဟက်ဒယ်လ်စတန် ၌ ပေါ်ပေါက်ခဲ့သည့် အချင်းကိစ္စများအနက် အကြီးမားဆုံး တစ်ခုဖြစ်၏။ ထိုသတင်းကို သူလွတ်သွားသည်။ ကိုယ်က သတင်းလွတ်ရုံ မကသေး ကိုယြ့် ပိုင်ဘက်က ဦးသွား၏။ ဖြစ်ရပ် ဆမ်မာဗီးလ်

များ၏ သည်

ကွင်းဆက်ကြောင်းကျိုးအရာများသည် ကနဦးကတည်းကပင်

လယ်ပြင်ဆင်သွားသလို

အဏုမြူလုပ်ငန်းစီမံကိန်းကြီးကို

ထင်းရှားလာ၏။ သိထားသည်။

‹‹‹http://www.shwezinu.blogspot.com/

ထိုစီမံကိန်းကြီးကြောင့် ဖြစ်ထွန်း လာမည့် ဒေသဖွံ့ဖြိုးမှုအလားအလာကြီးကို မြင်ထားသည်။ ထို့ကြောင့် ဥတ္တရအလင်းကို ၀ယ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ် သည်။ သူ့ကို ထင်တစ်လုံးဖြစ်အောင် လုပ်ထားခဲ့သလို သူ့သတင်းစာကို အထူးလေးစား မှုရှိခြင်းကြောင့် ဝယ်ရန် ကမ်းလှမ်းခဲ့ခြင်း မဟုတ်။ ဒေသတွင်း ကြီးပွားကြွယ်ဝလာမည့် အရေးနှင့် မလွဲမသွေ လူဦးရေ တိုးတက်များပြား လာမည့် အရေးကို ကြိုတင်သိရှိထားခြင်း ကြောင့်သာဖြစ်သည်။ သူက သတင်းစာကို လက်လွှဲရောင်းချရန်

မည်မျှပင်

ငြင်းဆန်စေကာ

မူ

ဆမ်မာဗီးလ်ကတော့

လက်တွန့လိမ့်မည်မဟုတ်။

တုံးတိုက်တိုက် ကျားကိုက်ကိုက် ဝင်လာတော့ မည်လား။ ထိုသတင်းသည် ဧကန်ပင် ထိပ်တန်းလျှို့ဝှက်သတင်းဖြစ်ပေလိမ့်မည်၊ သို့ရာတွင် လက်ရဲဇက်ရဲဖွင့်ချပြီး ဥတ္တရအလင်း ကို ထိုးနှက်ရာ၌ အချိန်ကိုက်အသုံးချခဲ့ခြင်းဖြစ်ပေသည်။ ဟင်နရီပေ့ သည် ယနေ့နံနက်ထုတ် သူ့သတင်းစာ၏ အဓိကသတင်းကို ပြန်စစ်ကြည့် သည်။ ဝူးတန်မြို့ကလေး

မှ

နွေဦးရာသီ

စိုက်ပျိုးရေးပြပွဲအကြောင်း

စုံစုံစေ့စေ့

ဖော်ပြသည့်

သတင်းသာ။

တစ်နှစ်တစ်ကြိမ် သတင်းထူးဖြစ်သည်မှန်၏ သို့ရာတွင် ပြိုင်ဘက်သတင်းစာ၏ သတင်းနှင့် ဘယ်နည်းနှင့်မျှ မယှဉ်နိုင်၊ ဒွိဟ သံသယဖြစ်စရာ မလို။ နာကျည်းဖွယ်

ဤအတွေးများဖြင့်

တံကျင်လျှိုထားခံရသလို

သူခံစားရ၏။

ထိုခံစားချက်

ရပ်နေမိသည်။ ထိုအခိုက်တွင် ဆမ်မာဗီး၏ တွက်ကိန်းနောက်ကွယ်မှ လူမသိ သူမသိ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဖြင့်

ကြံရည်ဖန်ရည်


ဦးဝင်းတင်

ဥတ္တရအလင်း

ပြည့်ဝသော

စွမ်းအားကြီး

တစ်ရပ်ဖြစ်ကြောင်း

သူသိလာရသည်။

ထိုအသိ

သည်

သူ့အပေါ်သို့

ဝန်လေးကြီးတစ်ခုပမာ ဖိစီးလာလေ၏။

တံခါးခေါက်သံကြားရသည်။

“ဝင်ခဲ့”

သတင်းထောက်ပေါက်စ

လူးဝစ်

မျက်နှာငယ်

လေးနှင့်

ဝင်လာသည်။ “အင်အာယူသတင်း လွတ်သွားတာ ဝမ်းနည်းပါတယ်ခင်ဗျာ။” ယူဆိုတ့စဲာလုံးဟာ အတ်တလေကို ဆိုလိုမှန်းသာ

တွေးမိရင်း

ဟင်နရီပေ့ဒေါသထွက်ခဲ့သည်။

ဘော့လူးဝစ်သည်

အလားအလာရှိသူ

အလုပ်ကြိုးစားသူ လူငယ်တစ်ဦးလည်း ဖြစ်၏ သူ့သမီးဒေါ်ရော်သီနှင့် ကျောင်းနေဖက်လည်းဖြစ်၊ သူ့အိမ်တွင် အဝင်အထွက် ရှိသူလည်းဖြစ်၍ သဘောကျသည်။ သိ့ေု သာ် ယခုအချိန်တွင်တော့ မနူးမနပ်၊ မလယ်မဝယ် လူးဝစ်ကို

မြင်လိုက်ရသည်မှာ

ဥတ္တရအလင်း၏

တောသတင်းစာဆန်သော၊

ခြေမဲ့လက်မဲ့

အစွမ်းအစမဲ့

အဖြစ်သနစ် ကို စံထိုးပြလိုက်ဘိသကဲ့သို့ ရှိ၍ ဒေါသပုန်ထမိ လေသည်။ လူးဝစ်ကို ပယ်ပယ်နယ်နယ် ဆူပူကြိမ်းမောင်း ပစ်လိုက်သည်။ အခန်းထဲမှ မောင်းထုတ်ပစ်လိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

သူ့ကိုယ်သူပြန်ထိန်းပြီး မစ်မော့ဖတ်ဘက်သို့ လှညြ့် ကည့်လိုက်သည်။ မစ်မော့ဖတ်က လက်ရေးတို လိုက်ရန် စောင့်နေသလို ထိုင်နေသည်။ တကယ်တော့သူ့ကို အရိပ်အကဲ ကြည့်နေခြင်းသာ၊ သူ့အဖေနှင့် နှိုင်းယှဉ် ကာ သူ့ကို အကဲဖြတ်နေခြင်းသာ။ မစ်မော့ဖတ်သည် သူ့အဖေကို မြတ်နိုးကိုးကွယ်သည်၊ ကျွန် လို အလုပ်အကျွေးပြုသည်။

သူ့အဖေသာဆိုလျှင်

ယခုကဲ့သို့

ရှေ့တိုးထမ်းပိုး

နောက်ဆုတ်လှည်းတုတ်

အဖြစ်မျိုးကြုံရဖွယ် မရှိဟု မစ္စက်မော့ဖတ် ယူဆသည်။ မစ်မော့ဖတ်က လူခံရှိတာမှလည်း

“ဒါကတော့

မဟုတ်ပဲဟာ”

လူးဝစ်အပြစ် ဟု

ပြောသည်။

မဟုတ်ပါဘူးလေ

သူ့ခမျာသုသေသနအဖွဲ့မှာ

ဟင်နရီပေ့သည်

ဒေါသထွက်မိခြင်းအတွက်

စိတ်မကောင်းဖြစ်မိ၏။ သို့သော် မစ်မော့ဖတ် စကားကို မသိကျိုးကျွန် လုပ်နေလိုက်၏။ “ဒီဟာတွေ ဘယ်နှစ်စောင် ရောင်းရတယ်ဆိုတာ သိချင်တယ်။ တစ်ယောက်ယောက်ကို လွှတ်ပြီး စုံစမ်းဖို့ မိတ်တလန်ကို ပြောလိုက်” ပေ့ကမော်ကွန်းဟု ပါးစပ်မှ ပြောမထွက်။ “မေးနေစရာမလိုပါဘူး၊ ဖန်းဝစ်က အစီရင်ခံစာ ပို့ထားပြီးပါပြီ။ တစ်စောင်မှ မရောင်းရဘူးတဲ့၊ ဘာတဲ့၊ မနက်၆နာရီမှာ စောင်ရေတစ်သောင်း ရောက်လာတယ်။ ၉ နာရီမှာ နောက်ထပ်တစ်သောင်း ရောက်ဦးမယ်၊ အားလုံးအခမဲ့ဝေတယ်။ သူတ့ကို စာဖတ်ပရိတ်သတ် ရှာတာ ဒီလိုဝေတော့ ပရိသတ်ရတာပေါ့။” တစ်ခန်းလုံး ငြိမ်သွားသည်။ “အစရှုံးရင် အဆုံးအောင်သတဲ့ ကဲ အလုပ်ဆက်လုပ်ကြစို့” ဟင်နရီပေ့ က ပြတ်ပြတ်သားသားပြောသည်။

အလုပ်စားပွဲသို့

ရောက်သွားချိန်တွင်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သတင်းစာတိုက်ရှေ့မှ


ဦးဝင်းတင်

ဥတ္တရအလင်း

မျက်မမြင်သတင်းစာ

လက်ပွေ့

ရောင်းသမား

အဘိုးကြီး

တွမ်ဂါဝါလေ၏

ဥတ္တရအလင်း

သတင်းစာ

အော်ရောင်းနေသံကို ကြားရသည်။ အဘိုးကြီးသည် ဟင်နရီပေ့၏ ဖခင် ရောဘန်ပေ့ လက်ထက်ကတည်းက သတင်းစာရောင်း လာခဲ့သူ ဖြစ်၏။ ထိုတဒင်္ဂအဖို့ ရာကား အဘိုးကြီ၏ အသံ မှာ တိုးတိုးတိမ်တိမ် အထီးကျန် အော်သံ ပမာ ဖြစ်နေလေ၏။

မော်ကွန်းသတင်းစာ ပွဲဦးထွက်သတင်း၏ ထိုးနှက်ချက်သည် ဟင်နရီပေ့ စိုးရွံ့သလောက် အထိမ နာ။ မြို့လူထု က သတင်းရေးသားတင်ပြဟန်ကို မနှစ်မမြို့သော သဘောထားမပြ။ သို့သော် သတင်းသားကိုမူ စိတ်ပျက်ကြလေ

သည်။

ဟက်ဒယ်လစ် တန်မြို့ထိပ်

စီးပွားကုန်သွယ်ရေး တွင်

အဏုမြူစက်ရုံကြီး

အသိုင်းအဝိုင်းအ

ချို့မှအပ

ပေါ်လာမည့်အရေးကို

မည်သူ

လိုလိုလားလား

ကမှ မရှိကြ။

အတ်တလေ စိမ့်မြေကွင်း ၏ သဘာဝအလှကို မလွဲဧကန် ရုပ်ပျက်ဆင်းပျက် ဖြစ်စေမည့် တစ်မျှော်တစ်ခေါ် ဆင်ခြေဖုံး သစ်ကြီး ပေါ်လာမည့် အရေးကိုလည်း မည်သူကမှ တောင့်တောင့် တတ မရှိကြ။ ရက်အတန်ကြာပြီးနောက် ပါလီမန်ဆိုင်ရာအတွင်း ဝန်က အတ်တလေအဏုမြူ ဓာတ်ပေါင်းဖိုလုပ် ငန်းများကို လာမည့် ဇန်နဝါရီလ အထိ စတင်လိမ့်မည် ဖြစ်ကြောင်း ကြေညာလိုက်မှ မိုးလားကဲလား

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်လာနေသော လူထု စိတ်လှုပ်ရှားမှု မှာ အရှိန်သေသွားတော့သည်။ ဥတ္တရအလင်း ကို ဘေးကျပ်နံကျပ်ဖြစ်စေသော ထိုးနှက်ဖိညပ်မှုများကား စလုံးရေ စလာသည်။ အဟုန်ပြင်းပြင်း

ဆက်တိုက်ဖိလာသည်။

ဗြိတိသျှ

သတင်းစာတစ်စောင်ကို

ရောင်းပန်းလှစေ

အောင်

အားထုတ်ရာ ဤမျှ သိမ်ဖျင်းနုံချာသော 'လုပ်ချက်'များကို ဤမျှ ဗုံးဗောလေအောသုံးရန် လိုလိမ့်မည်ဟု ဟင်နရီပေ့ ဘယ်တုန်းကမှ မတွေးမိ၏။ ဇွန်း၊ ခရင်း၊ ကြွေပန်းကန်နှင့် အခြားအိမ်သုံးပစ္စည်းများ ဝှစ်လေ ပင်လယ်အော်သို့ အသွား အပြန် လေယာဉ်စီးခွင့်လက်မှတ်များ စသည်တ့ကို 'ဘုဉ္စဟီ' လုပ်သော အထူးထုတ် သတင်းစာများ၊ ရုပ်ရှင် လက်မှတ် စသည် တိ့ကို ဆုအဖြစ် ပေးသောပြိုင်ပွဲများ၊ ရေကူးသူဇာပြိုင်ပွဲများ၊ စိုင်းပြင်းဆဲ ၁၉၅၆ ဟက်ဒယ်လ်စတန် မယ်ရွေးပွဲများ

အစရှိသော

စောင်ရေတွန်းတင်ပွဲများသည်

အသံဗလံ

ကျယ်ကျယ်

လောင်လောင်

ပေါ်ထွက်လာနေသည်။ ထိုအသံဗလံများနှင့် ထိုလှုပ်ရှားမှုများကို ကြိုး ဆွဲနေသည့် ညေး ၏ အကြံအဖန် အသံဗလံများကလည်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေလေတော့၏။ သတင်းစာ ကိုယ်တိုင်ကလည်း နွားငတ်ရေကျ အငန်းမရ လုပ်နေသည်။ ပြန်တမ်းသတင်းစာမှ ပို့ ပေးသည့် မြူဆွယ်နှိုးဆွ သတင်းဆောင်းပါး များဖြင့် ပြည့်နှက်နေသည်။ တီနာတင်ဂဲလ် ကလောင် အမည်ခံ အမျိုးသမီး သတင်းထောက်တစ်ဦး ၏ မတုပနိုင်သော သတင်းဆောင်းပါးများကလည်း အ ဆစ်ပါသေးသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ထိုအမျိုးသမီး ၏ လှုပ်ရှားမှုသည် မြောက်ပိုင်းဒေသမြို့ကလေး၏ က္ကနြေ္ဒတစ်ခွဲသား လမ်းကြီးလမ်း ငယ် အသွယ်သွယ်

တွင်

သားဖွားဝေဒနာ

မှ

တစ်မူထူးခြားနေတော့၏။ သွေးဆုံးဝေဒနာအထိ

သူ့ဆောင်းပါးက

အကြောင်းစုံရေးသည်။

သတင်းစာတွင်

နေ့စဉ်ပါ

ထိုဆောင်းပါးများသည်

သည်။

အမျိုးသမီး

စာဖတ်ပရိသတ်အတွက် ရည်ရွယ်သည် ဟု ယူဆရ၏။ သို့သော် ဘိလိယက်ခုံ တရုန်း ရုန်း လုပ်နေကြသည့် လူငယ်များ၏ အသည်းစွဲ ဖတ်စရာများ ဖြစ်နေလေတော့သည်။ 'တီနာတင်ဂဲလ် မပန်းတမ်း

တရားခွင်'

ရေးသေးသည်။

အမည်ဖြင့်

အမေးအဖြေ

အမေးအဖြေများသည်

အပူခန်းကဏ္ဍတစ်ခုကိုလည်း

အမျိုးအစား

နှစ်မျိုးအနက်

မမောတမ်း

တစ်မျိုးမျိုးတွင်သာ

အလိုအလျေက် အကျုံးဝင်သွားတော့၏။ တစ်မျိုးမှာ တူနှစ်ကိုယ် တဲအိုပျက်မှာနေရ ချစ်တာ ချစ်တာ ပဓာနဘဝ ၏ ပီတိ သောမနဿကို စကားဦး သန်းခြင်းဖြစ်သည်။ တစ်မျိုးမှာ အိမ်ထောင် သားမွေး ခြနှယ်မြေးသော ကလေးကငို သေးကစို ဘဝ၏ သောကဗျာပါဒကို ဖောက်သည် ချခြင်း ဖြစ်လေသည်။ ဤအခြေအနေမျိုး တွင် ဟန်မပျက် နေသွားရန် ခက်ခဲသည်။ ဥပေက္ခာတရား လက်ကိုင်ထားရန် လည်း မလွယ်။

ဟင်နရီပေ့အဖို့

ရောင်းရင်းများသည်

ရသေ့စိတ်ဖြေ

ငွေကို

လုပ်စရာတစ်ခုသာ

ရှိသည်။

ရေလိုဖြုန်းနေကြတာပါကလားဆိုသော

ညေးနှင့်

အပေါင်း

အသင်း

အတွေးကို

တွေးနေ

ရန်သာ

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်တော့သည်။ ဥတ္တရအလင်း လည်း စောင်ရေကျလာသည်။ သွေးရူးသွေးတန်း ဖြစ်လောက်အောင် မကျဟု ဆိုနိုင် စေကာမူ

အပတ်

တိုင်း

အရှုံးဆက်ခံနိုင်ပါ့မလဲ

စောင်ရေ

ဟူသော

ရာပေါင်းများစွာ

ကြောင့်ကြမှု

သည်

ပေ့

တအိအိ

ကျလာသည်။

ရင်ထဲတွင်

ကြီးထွားလာနေလေ၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဘယ်လောက်အထိ

တအုံနွေးနွေးနှင့်

တဖြည်းဖြည်း


ဦးဝင်းတင်

ဥတ္တရအလင်း

(၇)

ယနေ့ နံနက် သတင်းညိနှိုင်းပွဲမှာလည်း ရွှင်လန်းချမ်းမြေ့မှုမရှိ။ ညိနှိုင်းပွဲအပြီးတွင် ဟင်နရီပေ့သည် သုန်သုန်မှုန်မှုန်ကြီး ထိုင်ကာ မော်ကွန်းသတင်းစာကို ဟိုလှန်ဒီလှော လုပ်နေလေသည်။ တီနာတင်ဂဲလ် လက်သံပြောင်လိုက်လေဟု အော့နှလုံးနာနာ နှင့် သတိထားမိနေ၏။ ''ချစ်တဲ့ တီနာရေ... မေ့ကိုယ်တော်ချောက မင်္ဂလာမဆောင်ခင် နှစ်ကိုယ်ကြင်တာကို မှားတယ်လို့ မထင်ဘူး တဲ့ ကွယ'် ' ဟူသော မေးခွန်းကို အတည်ပေါက် ပြန်ဖြေပုံမှာ....

‹‹‹http://www.shwezinu.blogspot.com/

''ချစ်တဲ့ ဂလဲဒစ်ရေ... ညီမရဲ့ ချစ်သော မောင်မောင်က ညီမရဲ့ ကိုယ်ကာယကို လိင်အာသာဖြေမှု တစ်ခုတည်းသက်သက်အတွက်

အသုံးချချင်တာပါကလား။

သူ့ကို

အသာခေါ်ပြီး

တိုးတိုးလေး

ပြော

လိုက်ပေါ့ကွဲ့၊ သူ့မယားကို မပြစ်မှားနဲ့လို့။ ဒီလိုကိစ္စမှာ အညှာလွယ်တဲ့ ညီမရဲ့ သူငယ်ချင်းတွေက ညီမရဲ့ စိတ်ဓာတ်ခိုင်မာတည်ကြည်မှု၊ ကိုယ်ကာယ ကျန်းခန့်သန့်စင်မှုကို လှောင်ကြလိမ့်မယ်။ ဒါ ပေမဲ့ သူတ့မှိုာသာ လိပ်ပြာမသန့်တဲ့

စိတ္တဇနာစွဲကြမှာပါ။

နောက်ဆုံးတော့

ညီမက

သူတ့ကို

ပြန်

လှောင်နိုင်မှာပါကွယ်'' ရှိသေးသည်။ ''ခင်မင်အပ်သော နှစ်ပေါင်း

၂၀

မစ်တင်ဂဲလ်ရှင့်။

ကျွန်မ၏

ခင်ပွန်းသည်

ဒေါသကုမ္မာရတစ်ဦးပီပီ

ကျွန်မကို

တိုင်တိုင် ခုနှစ်အိမ်ကြား၊ ရှစ်အိမ်ကြား အော်ကြီးဟစ်ကျယ် ကြိမ်းမောင်း နေခဲ့ပါသည်။''

ဆိုသော မေးခွန်းကို.... ''အချစ်ရေ... ရှင့်ခင်ပွန်းက စိတ်ဝေဒနာရှင်ပါကလား။ ရှင့်အဖို့ ကြေကွဲဖွယ် ဒုက္ခအသွယ်သွယ်ကို ကြုံနေရပေ မယ့် သူ့ကို ယုယုယယ ပြုစုပါလေ။ မယားဝတ္တရား ကျေပွန်ရခြင်းရဲ့ ပီတိနဲ့ ကျေနပ်မှု ကို ရှင်ခံစားရပါ

လိမ့်မယ်။

မျှော်လင့်ချက်ကုန်ခန်းနေပြီ

လို့

ထင်ရတဲ့

အခြေအနေမှာ

ဘယ်လိုအနှစ်

သာရလေးနက်ပြည့်ဝတဲ့ အနက် အဓိပ္ပါယ် ရှိတယ်ဆိုတာကို ရှင်မခန့်မှန်းနိုင်ပါဘူး။ နားအဆို့ ကလေး တပ်ထားရင် သက်သာနိုင် ပါတယ်ရှင်။ ဝါသနာလေး တစ်ခုခု လေ့လာလိုက်စားပေါ့ သီချင်း ဆိုတာတို့၊ စန္ဒရားတို့လို ဟာမျိုးတွေပေါ့လေ။”

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟင်နရီပေ့ သည် သတင်းများကို တစ်လှည့်ဖတ်ပြန်သည်။ စက်ဘရာဆီယာ တီထွင်လိုက်ကြောင်း ကို ''သပြေကညာ တို့ လေဘရာ သုံးဖူးကြရဲ့လား... ကညာမာန်ကို သဒ္ဒါန်လန်ဖောင်းစေလိမ့် မည်'' ဟူသော ခေါင်းစီးဖြင့် ဘရာဇီယာ သမိုင်းစဉ် မော်ကွန်းတင်သည်။ ထိုသတင်းအောက်တွင် ဂရက်ဖို့ဒ်မြို့မှ လူတစ်ယောက်က အိမ်ထောင်သက်နှစ် ၃၀ အတွင် သူ့ဇနီးကို အကြိမ် ၅၂၀၀၀ နမ်း ခဲ့သည်ဆိုသော သတင်း၊ မက်ဆီကိုနိုင်ငံတွင် အမျိုးသမီးနစ်ဦးက ခေါင်းနှစ်လုံးပါသော ကလေး ကို မွေးခဲ့သည်ဆိုသော သတင်းများကို တွေ့ရသည်။ ထိုသတင်းများကို စိတ်မပါ့တပါ ဖတ်ကြည့်နေ စဉ် တံခါးခေါက်သံကြားရသည်။ ဟိုရေ့စ်ဘာလ်မာ အခန်းထဲ ဝင်လာသည်။ သူ့မျက်နှာ ကို ကြည့်ပြီး စိတ်မချမ်းသာစရာ စကားကို ပြောတော့မည်မှန်း ပေ့ ကြိုသိနေသည်။ ပေ့ ကိုယ်တိုင် ကလည်း စိတ်မကြည်မလင် ဖြစ်နေ၍ ဘာလ်မာကို ခါတိုင်းထက်ပို၍ စေ့စေ့စပ်စပ် ကြည့် နေမိသည်။ ဘာလ်မာ သည် မြင်လိုက်လျှင် အထင်ကြီးချင်စရာ လူစားမျိုး၊ သားသားနားနား ပြောဆိုတတ်၏။ အပေါင်းအသင်း အလွန် ဆံ့၏။ ရိုတေရီ အသင်းဝင်ဖြစ်၏ ဟက်ဒယ်လ်စတန်မြို့ အသိုင်းအဝိုင်းတိုင်းတွင် 'ပါလေရာ' တစ်ဦးဖြစ်၏။ သူ့လောက် ဟက်ဟက်ပက်ပက် လက်ဆွဲနှုတ် ဆက် တတ်သူမရှိ။ သူ့လောက်

‹‹‹http://www.shwezinu.blogspot.com/

ထမင်းစားရေသောက် သာမန်ညောင်ည ကိစ္စကို ရွှမ်းရွှမ်းဝေအောင် ပြောနိုင်သူမရှိ။ ''ကျွန်တော်တော့ ဒုက္ခလှလှတွေ့နေပြီ ဟင်နရီရေ့'' သူ့ ထုံးစံအတိုင်း ငယ်ပေါင်းကြီးဖော် အပြောမျိုးဖြင့် စကားစသည်။ ''ကြော်ငြာတွေ က ဒီနှုန်းအတိုင်းနဲ့တော့ မစွံတော့ဘူး'' ပေ့က တုံဏှိဘာဝေ လုပ်နေသည်။ ဘာလ်မာက ဆက်ပြောသည်။ ''သူတို့က ကျွန်တော်တို့ ကြော်ငြာနှုန်းတွေကို ဈေးဖျက်နေတာ။ တချို့ကြော်ငြာတွေဆိုရင် အလကား တောင် ထည့်ပေးနေတယ် ထင်တာပဲဗျာ'' ''ဒါကတော့ မိုက်ကန်းတာပေါ့'' ''ကျွန်တော်ကတော့ အဲဒီလို မထင်ဘူး။ လာဘ်မြင်တဲ့လူတွေကို ထင်တာပဲ။ သူတ့ကို မြို့ထဲလျှောက် လှည့်တယ်။ မကြာခင် ဒီမြို့မှာ သူတို့ သတင်းစာ

တစ်စောင်တည်း

ကြောငြာစာချုပ်တွေ

ချုပ်တယ်။

ရှိတော့မှာလို့ ပြီးခဲ့တဲ့

ပြောတယ်။

အပတ်က

ပြီတော့

ကျွန်တော်တို့

မှ

လျှော့ဈေးပေါ့ဈေးနဲ့

ဟင်ဒါဆင်နဲ့

ရေရှည်

ဘိုင်းလ်ကြော်ငြာတွေ

လက်လွတ် သွားပြီ။ ဖောက်သည်ဟောင်းတွေ လည်း ယိုင်စ ပြုကုန်ပြီ။ ဒီနေ့မနက် ဝဲလ်စ်ဘီကို သွားတော့ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကြော်ငြာတော့ ရပါရဲ့။ ဟာလီဒေး က ကျွန်တော့်ကို ကြောင်စီစီ ကြည့်လွတ်လိုကတ် ယ်။ ကျွန်တော်တို့ လုပ်စရာကတော့ တစ်ခုပဲ ရှိတော့တယ် လို့ ထင်တယ်'' ''ဘာလုပ်ရမှာလဲ'' ''ကျွန်တော်တို့ ဘက်ကလည်း ဈေးနည်းနည်း လျှော့ချဖို့ပေါ့'' ''ဘာဖြစ်လို့လ'ဲ ' ''ကျင့်ဝတ်နဲ့မှ မညီပဲဟာ။ ပြီးတော့ အဓိပ္ပာယ်လည်းမရှိဘူး။ ကျွန်တော်တို့က လျှော့ရင် သူတ့ကို လည်း လိုက်လျှော့ဦး မှာပေါ့။ ကျွန်တော်တို့ သတင်းစာက ကြောငြာတွေကို တန်ရာတန်ကြေးဈေးနဲ့ ထိုက် ထိုက် တန်တန် ထည့်ပေးနေတာ နှစ်ပေါင်း ၁၅၀ ရှိပြီ။ ကျွန်တော်တို့မှာ အဆင့်အတန်းရှိတယ်။ အပြန် အလှန် လည်လှီး တဲ့ ဈေးနှုန်းစစ်ပွဲ လည်း မနွှဲချင်ဘူး။ ကြော်ငြာနှုန်းကိုလည်း မချနိုင်ဘူး'' ဘာလ်မာက မချိတင်ကဲ မျက်နှာထားဖြင့်... ''ခင်ဗျား မှားနေပြီထင်တယ်။ ခင်ဗျား တာဝန်ဆိုတာတော့ ဟုတ် တာပေါ့။ ကျွန်တော်ကတော့ သတိပေး ရုံ ပေးတာပါ။ တစ်နေ့က သူတ့တိုက်က မစ္စတာစမစ်နဲ့ လမ်းမှာဆုံတယ်။

သူကလည်း

ရိုတေရီ

အသင်း

ဝင်ပဲလေ။

ခင်ဗျားလည်း

သိမှာပေါ့။

သူကတော့

‹‹‹http://www.shwezinu.blogspot.com/

တကယ့်စီးပွားရေး လာဘ်မြင်တဲ့ လူပါပဲဗျာ'' ''ဒီလိုကြားရတာ ဝမ်းသာတယ် ဟိုရေ့စ်ရေ။ ဒါပေမဲ့ ခင်ဗျားကိုယ်တိုင်လည်း စီးပွားရေး သမားကောင်း ပဲဗျာ။ ဒီတော့ မူလနှုန်းတွေ နဲ့ပဲ ဖြစ်အောင် ဆက်လုပ်ပေါ့။ ကဲ သွားပေရော့'' ဘာလ်မာ ထွက်သွားသည်။ သူတို့တိုက်က မစ္စတာစမစ်တို့။ ရိုတေရီအသင်းဝင်တို့ စသော ချစ်စနိုး စကားလုံးတွေ က

နိမိတ်ပြေးလွန်းသည်ဟု

ပေ့

တွေးမိ၏။ မော်ကွန်းသတင်းစာတိုက်ခွဲ

ဖွင့်ထားသည့်

လမ်းမတော် လမ်းပေါ်တွင် စမစ်နှင့် သူ မျက်နှာချင်း ဆုံဖူးသည်။ စမစ်က သူ့ကို တလေးတစား ဦးညွတ် နှုတ်ဆက် သည်။ သဟဇာတ ဖြစ်လိုဟန်ပြသည်။ သိ့ေု သာ် သူ့ တိုက်သားတစ်ယောက်နှင့် စမစ်တို့ ပလဲနံပ သင့်ခြင်းကား တစ်ကိစ္စ ဖြစ်ချေ၏။ ဘာလ်မာနှင့် တွေ့ဆုံလိုက်ရခြင်းသည် ပေ့အဖို့ ဘာတစ်ခုမှ အပေါက်အလမ်းမတည့်သော မကောင်း ဆိုးဝါး နေ့တစ်နေ့၏ အစနိဒါန်းပင် ဖြစ်လေတော့သည်။ မစ်မော့ဖတ်က ဇီဇာကြောင် လွန်းနေ၏။ စောင် ရေက နောက်ထပ် ကျလာပြန်၏။ နှလုံးသွေးတိုးတိ့ကု လည်း ဆောင့်ကြီးအောင့်ကြီး သွားသလို နှေး သွားလိုက်၊ တာတိုပြေးသလို သွက်လာ လိုက် ဖြစ်နေ ၏။ ဒေါက်တာဘတ် ပေး ထားသည့်နိုက်ထရို ဂလစ်စရင်ဆေးပြားကို သိပ်အားမထားချင်။ မသောက် ဘဲ နေလိုက်၏။ ညနေ ၅ နာရီ ထိုးတော့ စိတ် လျှော့်ချလိုက်သည်။ အိမ်ပြန် အနားယူရန် ဆုံးဖြတ်လိုက်၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အိမ်တွင်းရေး ကလည်း ယခုလပိုင်းအတွင်း အခြေပျက်နေ၏။ သူ့အိမ်ထောင်ရေးက လက်ထပ်ပြီး မကြာမီမှာပင်

မှားမှန်း

အိမ်ထောင်ရေး။

သူ့ဇနီး

သိခဲ့ရသည့် အဲလစ်

အိမ်ထောင်ရေး၊ က

သူနှင့်

ကြိတ်မှိတ်စခန်းသွားရတော့မည်မှန်း

စိတ်တူကိုယ်တူ

မိန်းမပျိုမဟုတ်။

သိခဲ့ရသည့်

''ဖြစ်သမျှအကြောင်း

အကောင်းချည်း'' ဆိုသော သူ့စကား အတိုင်း ဘဝခရီးကို ဆက်လျှောက်ခဲ့သည်.။ အဲလစ်တောင် သူမှန်းတိုင်း ဖြစ်မလာမှတော့ သူ့ဘဝကရော သူမှန်းတိုင်း ဖြစ်လာနိုင်ပါတော့မလား။ အိမ်ထောင်သက် နှစ်ပေါင်းများစွာအတွင်း ရေလိုက်ငါးလိုက်လုပ်ကာ မျိုသိပ်နိုင်ခဲ့သည်။ သြို့ ဖင့် အဲလစ် ၏ စိတ်ရူးပေါက် မှုများ၊ အဆင်ခြင် မရှိ နမောနမဲ့ လုပ်မှုများ၊ ရံဖန်ရံခါ စုန်းပူးသလို နတ်ပူးသလို ယမ်းပုံ မီးကျ ဒေါသပေါက်ကွဲမှု များကို အောင့်အည်း သည်းခံနိုင်ခဲ့သည်။ လင်မယား သင့်မြတ်အောင်၊ အိမ် ထောင်ရေး တည်ငြိမ်အောင် အထိုက်အလျောက် ဖန်တီးနိုင်ခဲ့သည်။ ယခုမူ မယားကရော သမီးကပါ သူ့ကို အော်ကလိအာ လုပ်လာကြပြန်သည်။ သူ့ကို ပြောဟန်ဆိုဟန် က အေးတိအေးစက်။ သူတ့သိုားအမိချင်း အပြန်အလှန် ကြည့်ပုံက အဓိပ္ပါယ်အပြည့်။ သူ့သမီးက လည်း

‹‹‹http://www.shwezinu.blogspot.com/

အိမ်ဖော် ဟာနာ ပြော သလို ပြောရလျှင် အမေနှင့် ချွတ်စွပ်တူလာသည်။ ထို့ကြောင့် ယနေ့ညနေ သူ အိမ်ပြန်အရောက်တွင် သူတို့သားအမိက စိတ်လိုလက်ရ နှုတ်ဆက်ကြ၍ ပေ့ အံ့အားသင့် ရသေး၏။ သူတ့သိုားအမိ ဧည့်ခန်းတွင် ထိုင်ပြီး လက်ဖက်ရည် သောက်နေကြ၏။ အဲလစ် က သူ့ကို မြင်မြင်ချင်း စိတ်လိုလက်ရ ပြုံးပြ၏။ ''လက်ဖက်ရည်လေး လာသောက်ပါဦး ဟင်နရီရေ။ ရှင်ဒီနေ့ စောစော ပြန်လာတာ အတော်ပဲ။ သတင်း ကောင်းလေး ပြောစရာရှိတယ်'' ဟင်နရီပေ့ က ''ကောင်းပါပြီတဲ့ဗျာ။ ကျုပ်ခံနိုင်ရည် ရှိကောင်းပါရဲ့'' ဟု ပြော သည်။ လက်ဖက်ရည်ခွက် ကို ယူသည်။ ကုလားထိုင်တွင် ဝင်ထိုင်သည်။ ''ဘာသတင်း လို့ ထင်သလဲ။ ရှင်ဘယ်တုန်းကမှ တွေးမိမှာ မဟုတ်ပါဘူး'' အဲလစ်က သက်ပြင်းကြီး ရှိုက် လိုက်သည်။ ''ဒေါ်ရီ ဆုရတယ်လေ။ ဂီနီ ၂၀ တောင်မှပဲ'' ဟု ပြောသည်။ ''သမီး ကံမကောင်းဘူး ဖေဖေ။ တော်ကော မတော်ဘူးလား'' ဟု ဒေါ်ရော်သီက ဝင်ပြောသည်။ ဟင်နရီပေ့ မှာ စိတ်ပင်ပန်း လူပင်ပန်း ဖြစ်နေ၍ အမှတ်အသားက မကောင်းချင်လှ။ သူ့သမီး ကြက်ကန်း ဆန်အိုးတိုးပြီး ကျောင်း မှ ဆုရသည်ဟုပင် ထင်လိုက်မိ၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''တော်လိုက်လေ သမီးရယ်'' ဟုပင် အမှတ်မထင် ပြောလိုက်မိသေးသည်။ ပြီးမှ အနုပညာကျောင်းမှ ဆုလည်း မဖြစ်နိုင် ဟု သတိရသည်။ ဒေါ်ရော်သီကို

လှမ်းကြည့်ပြီး... ''ဘာအတွက် ရတာလဲကွဲ့'' ဟု

မေးလိုက်မိ၏။

''ဖြစ်ပုံက ဒီလိုလေ။ သမီးက ခါတိုင်းလိုပဲ ဘူတာရုံကနေ လမ်းလျှောက်ပြန်လာတာ။ သမီးတို့ လမ်းပေါ် ရောက်တော့ လမ်းထောင့်မှာ လူစိမ်းတစ်ယောက်နဲ့ တွေ့တယ်။ လမ်းမှားနေတာနဲ့ တူပါတယ်။ ဟုတ် တာပေါ့။ တစ်ယောက် က သမီးကို မေးတယ်။ ဒါ ဟန်လေလမ်းလားတဲ့။ သမီးက ဟုတ်ပါတယ်လို့ ပြောရင်း သူ့ရင်ဘတ်ပေါ် က ဖြူနီပြာဖဲပြား တံဆိပ်ကို သတိထားမိတယ်။ ရှင်ရတနာပုံမောင် မဟုတ် လားလို့ ဒက်ခနဲ မေး လိုက်တယ်။ သူက မင်းအတော်လျင် တဲ့ မိန်းကလေးပဲ ငါ့ကို တွေ့အောင်ရှာနိုင် တယ်လ့ေို ပြာတယ်'' ''ပျော်စရာ မကောင်းဘူးလား၊ ဟင်နရီ'' ဟင်နရီပေ့ က မင်သက်မိသလိုလို ငူငူကြီး ထိုင်နေသည်။ အဲလစ်က စကားလုမပြောဘဲ မနေနိုင်။ ဒေါ်ရော်သီ ပြောလက်စ စကား ကို သူက ကြားဝင်ပြီး ဆက်ပြောနေလေသည်။

‹‹‹http://www.shwezinu.blogspot.com/

''ကျန်သေးတယ်။ အဲဒီလူက ဒေါ်ရော်သီ ကို ပြောတယ်လေ။ ငါ့ကို ဘယ်သူမှ ရှာမတွေ့တော့တာ လေးရက် ရှိပြီ။ ဒါကြောင့် မင်း ၅ ဂီနီ ထဲရမှာ မဟုတ်ဘူး။ ဂီနီ ၂၀ ရမှာတဲ့။ ပြီးလည်း ပြီးရော ငွေတွေကို ဒေါ်ရီ လက်ထဲ ထည့်ပေးသွားတော့ တာပါပဲလေ'' ''ပျော်စရာကြီးပေါ့။ တကယ်ပ'ဲ ' ဒေါ်ရော်သီက ဝင်ပြောပြန်သည်။ ''ပြီးတော့ သမီးတို့ စကားပြောကြတယ်။ နောက်လာတဲ့သူက ပထမလူထက်တောင် အပြောချိုသေး တယ်။ အေးအေး လူလူ ပြောရိုးပြောစဉ်ပဲ။ လေယူလေသိမ်းက အမေရိကန် ဆန်ဆန်နဲ့။ သမီးကို လည်း ဓာတ်ပုံ ရိုက်ယူ သွားသေးတယ်။ ဘာလဲ။ ဘာဖြစ်လို့လဲ ဖေဖေရဲ့'' ဟင်နရီပေ့ ၏ အသံ အက်ကွဲနေ၏။ မာကျောနေ၏။ ''အဲဒီဆု က ဘယ်လိုရတာလဲ။ မော်ကွန်းသတင်းစာကို ကိုင်လာလို့ရတာဖြစ်မှာပေါ့'' ''ဟုတ်ကဲ့။ သမီး ကိုင်လာတယ်'' ''သူတို့

သတင်းစာကို ဝယ်ဖတ်တယ်ပေါ့လေ''

အဲလစ်

မျက်နှာထား သီသီပြောင်း

မျက်နှာမှာ သွေးဖျော့ဖျော့ လွှမ်းလာသည်။ ''ကဲပါ ... ဟင်နရီ။ အပေါ်စီးနဲ့ မပြောစမ်းပါနဲ့ရှင့်။ ဘာဖြစ်တယ်ဆိုတာပဲ ပြောစမ်းပါ'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

လာသည်။


ဦးဝင်းတင်

ဥတ္တရအလင်း

''အဲဒီသတင်းစာ က မင်းအတွက် ဝယ်လာခဲ့ရတဲ့ သတင်းစာပေါ့လေ'' ''ဝယ်တော့ ဘာဖြစ်လ'ဲ ' အဲလစ် မျက်နှာ ပိုနီလာသည်။ အထက်တန်းစား ဟန်ပန်လေသံကို အစွမ်းကုန်ယူကာ သူ့ကိုယ်သူ ကာကွယ် သည်။ ''သူတို့ရေး တဲ့ ဂုဏ်သရေရှိ အသိုင်းအဝိုင်း သတင်းတွေကို ကျွန်မ ကြိုက်တယ်။ ရှင့်သတင်းစာမှာက ဟုတ်တိ ပတ်တိ ပါတာမဟုတ်ဘူး။ တီနာတင်ဂဲလ်က ရယ်ရတယ်။ ဒါလောက်နဲ့ ဘာထိခိုက်စရာရှိ လိ့လဲုရှင့်'' ပကာသန မက်မောစိတ်ဖြင့် လူကုံထံ အတင်းအဖျင်းသတင်းများကို အဲလစ် ဖတ်ကျင့်ရှိနေမှန်း ပေ့ နား လည်သည်။ သိ့ေု သာ် ပြောသည်ဆိုရုံလောက်တော့ ပြောလိုက်၏။ ''ဒီလူတွေက တိ့ကို အပြတ်တိုက်နေတာကွ။ အဲဒါကို မင်းတိ့ကု စေတနာရေစီးကမ်းပြိုလိုက်ပြီး အား ပေးအားမြောက်လုပ်နေတယ်။ ဒီလို ကိုယ့်လူ သူ့ဘက်သား လုပ်တာမျိုးကို ငါ တစ်သက်လုံး မကြား ဖူးဘူး'' ဒေါ်ရော်သီဘက်သို့ လှည့်ပြီး ''နင်ကလည်း ကံကောင်းတယ်လ့ပိဲု အရူးမဟုတ် အကောင်းမဟုတ် ပြော

‹‹‹http://www.shwezinu.blogspot.com/

နေတယ်။ သူတ့ကို နင့်ကို ထောင်ဖမ်းတာ နင်မသိဘူးလား၊ အဲဒါ တစ်ခုလုံးက အကွက်ဆင်ထားတာ။ စကားပြော ချိုလိုက်တာ တဲ့ ဟုတ်လား။ နင့်အကြောင်း ဘာတွေ ရေးမယ်ဆိုတာ တွေးရင် ငါ ကြက် သီးထတောင်ထတယ်။ နက်ဖြန်မှပဲ သိရတော့မှာပဲ။ သူတို့ နောက်ထပ် ဆော်ကွက်ရသွားမှာ စိုးလို့ သာ။ နိ့မို့ရင် အဲဒီငွေတွေ ငါ ပြန်ပေးခိုင်း မှာ'' ပေ့သည် နာကျည်းခံပြင်းစိတ်ဖြင့် မွှန်ထူကာ ထသွားသည်။ ဒေါ်ရော်သီငိုသည်။ ''ဖေဖေ သိပ်မမှန် တာ ပြောတာပဲ။ အားလုံးပျက်ကုန်အောင် လုပ်တာပဲ'' အဲလစ် က သူ့သမီးဘက်က မလိုက်တော့။ အလျှော့ပေးသွားပုံရသည်။ ခေါင်းရှုပ်သွားပုံလည်း ရသည်။ ''ကျွန်မတော့ နား ကို မလည်နိုင်ဘူး။ ဘာကြောင့်.... သူတ့ကို ရှင့်ကို အဲလောက် ကဏ္ဍကောဇ လုပ်နေ ရင်.... ဘာကြောင့် ဒေါ်ရီ ကို ဂီနီ ၂၀ ပေးရမှာလဲ'' စကားဆက်ပြောနေ၍ သူ့ကိုယ်သူ

အပြစ်တင်နေမိ

လည်း ၏။

အကျိုးမထူးတော့။

ဤအချင်းများမှုသည်

ပေ့က

စိတ်လိုက်မာန်ပါ

မိသားစုတစ်ခုလုံးကို

ပြောမိလေခြင်းဟု

နာကျည်းသူ

နာကျည်း၊

စိတ်အားငယ် သူ၊ ငယ်ဖြစ်စေသည်။ သူ့သမီးကိစ္စနှင့် စပ်လျဉ်း၍ ဘာကို မျှော်တလင့်လင့် လုပ်ရမည်မှန်း သူ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သိ သည်။ နောက်တစ်နေ့နံနက်တွင် သူစိုးရိမ်ပူပန်ကြီးစွာ မျှော်တလင့်လင့် လုပ်နေသည့်ကိစ္စကို မော်ကွန်း သတင်းစာ တစ်ဝကြီး ဖတ်ရသည်။ မော်ကွန်းသတင်းစာ အလယ်စာမျက်နှာတွင် သူ့သမီး၏ ကိုယ်လုံးပေါ် ဓာတ်ပုံကြီးကို ''ဒေါ်ရော်သီပေ့၊ ဧရာမ ရတနာပုံကြီးတွေ့'' ဟူသော ခေါင်းစီးဖြင့် သတင်းဖော်ပြထားသည်။ ဓာတ်ပုံထဲတွင် ဒေါ်ရော်သီက ပြုံးတုံးတုံး။

သတင်းစာကို

မြင်သာအောင်

ပြပြီး

လက်တစ်ဖက်ဖြင့်

ဆုယူနေသည်။

ငွေစက္ကူတွေက

ယပ်တောင်အလား ကားကားပြန့်ပြန့်။ ပေ့ စိတ်တင်းပြီး သတင်းစာကို ဖတ်ကြည့်လိုက်သည်။ ညို့ညို့ငင်ငင်။ ဖျတ်ဖျတ်လတ်လတ်၊ လှလှ ပပ ဆံပင်နက်နက် ၁၇နှစ်သမီးကလေး ဒေါ်ရော်သီပေ့ သည် မော်ကွန်း ၏ ရတနာပုံမောင်ကို အောင်မြင်စွာ ရှာဖွေတွေ့ရှိသွားသဖြင့် ရွှေဂီနီ ၂၀ ကို အောင် ပွဲခံသွား သည်။ လှိုက်လှိုက်လှဲလြှဲ ကီး ချီးကျူးဂုဏ်ပြုလိုက်ပါရဲ့ ဒေါ်ရော်သီရေ။ (ဒါထက် မော်ကွန်း အလှမယ်ပြိုင်ပွဲ ကို ရော ဘာဖြစ်လို့ ဝင်မပြိုင်သေးရတာလဲ မနွဲ့ ဆိုးလေးရဲ့။ မင်းလို လှပုံ ယဉ်ပုံမျိုးနဲ့ဆို အဲဒီဆုကြီးကိုလည်း ဆွတ်ခူးနိုင်မှာပါကွယ်။) ဒေါ်ရော်သီပေ့မှာ လက်ပွန်းတတီး ခင်မင်ရင်းနှီးသူများအကြား ဒေါ်ရီဟု လူသိများသူဖြစ်သည်။ တိုက် တိုက်ဆိုင်ဆိုင် မော်ကွန်း၏ ချစ်ကြည်ရင်းနှီးသော ပြိုင်ဘက် ဥတ္တရာအလင်း သတင်းစာ အယ်ဒီတာ ချုပ်

‹‹‹http://www.shwezinu.blogspot.com/

မစ္စတာဟင်နရီပေ့ ၏ သမီးလည်းဖြစ်သည်။ ဒေါ်ရော်သီပေ့က မော်ကွန်း သတင်းထောက်နှင့် တွေ့ ဆုံရာတွင် စိတ်ဝင်စား ဖွယ် ထင်မြင်ချက်များကို ပြောပြလိုက်သည်။ ဒေါ်ရော်သီနှင့် မိခင်တို့ သည် မော်ကွန်းပရိသတ် များ ဖြစ်ကြသည်။

(ကျေးဇူးတင်ပါတယ်

မစ္စက်ပေ့ခင်ဗျာ)

မော်ကွန်းသည်

ဟက်ဒယ်လ်စတန်မြို့နှင့်

ပတ်ဝန်းကျင်ဒေသ များတွင် အငန်းမရ လိုအပ်နေသော အတွေးသစ် အမြင် သစ်များ ကို သွေးသစ် အားသစ် လောင်းပေးနိုင်မည်ဟု ယုံကြည်ကြသည်။ တက်သစ်လူငယ်တစ်ဦးဖြစ်သူ ဒေါ်ရော်သီသည် အနုပညာကျောင်းသူဖြစ်သည်။ ကပွဲ၌ လက်သွက် ခြေသွက်တစ်ဦးဖြစ်သည်။ ရုပ်ရှင် ကောင်းကောင်းကြိုက်သည်။ ဂျက်ကီဒစ်၏ ဓာတ်ပြားများကို ကြိုက် သည်။ ခွင့်လွတ်ပါဦးခင်ဗျာ။ မော်ကွန်းကိုလည်း ကြိုက်သည်။ အခြား မြို့လူထုပေါင်းများစွာတို့ ကဲ့သို့ပင် တုန်ချိ တုန်ချိ လူနေမှုပုံစံကို အားမလိုအားမရ ဖြစ်နေသည်။ မြို့နယ်အတွင်းရှိ တိုးတက်သော ရှေ့သို့ အင်အားစု များအား ချိုးနှိမ်ထားခဲ့သည့် မှိုင်းမှုန်ရီဝေ ထုံပေပေစိတ် သဘောထားများကို လက်သင့်မခံ။ ''တကယ်တော့လည်း ကျွန်မတို့ နေနေတာ အဏုမြူခေတ်ကြီးပဲရှင့်။ ကျောက်ခေတ်မှ မဟုတ်တော့ တာ။ လှည်းခေတ် ထက်တော့ မြန်မြန်ထက်ထက် ပြုမူနေထိုင်ရတော့မှာပေါ့။ ကျွန်မကတော့ ရော့အင် ရိုးမှ ရော့အင်ရိုးပဲ။ မော်ကွန်းဟာ အထောက်အပံ့ ဖြစ်စေတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။''ဟု ဒေါ်ရော်သီက ပြုံးပြုံး ရယ်ရယ် ပြောပြလိုက်သည်။ ပြောတတ်လိုက်လေ ဒေါ်ရော်သီလေးရေ။ ဟင်နရီ ပေ့၏ သမီးနှုတ်ဖျားမှ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ထွက်လာသော စကားများဖြစ်၍ မော်ကွန်းက တလေးတစား တန်းဖိုးထားပေ သည်။ မော်ကွန်းပရိသတ် ကလည်း ဤစကားရပ်များသည် မဟာချီးမွန်းခန်းပင် ဖြစ်ကြောင်း သဘော တူလိမ့်မည်ဟု မျှော်လင့်ပေသည်။ သတင်းညိနှိုင်းပွဲအခန်းထဲသို့

ဟင်နရီပေ့

ဝင်သွားသောအခါ

တစ်ခန်းလုံး

စိတ်လေးနေသည်။

မယ်လ်ကမ်မိတ်တလန် က ခေါင်းမမော်။ သူ့ကို တစ်ချက်သာ လှမ်းကြည့်သည်။ ပူးလ်က နှုတ်ခမ်းမွေး ကို သရင်း မျက်နှာကျက်ကို မော့ကြည့်နေသည်။ ဟက်ဒလေကတော့ ကိုယ်ရောင်ဖျောက်ချင်သလို လို ကြို့ကြို့ ယို့ယို့ လုပ်နေသည်။ ဘာလ်မာတစ်ယောက်သာ တောင့်တောင့်မတ်မတ် ထိုင်နေသည်။ မိတ်တလန်က လေပြည်ထိုးဖော်ရ၍ ပေ့ ကျေးဇူးတင်ရသေးသည်။ ''ကိုင်း ဟင်နရီရေ။ ကံခေတာတော့ ခေတာပေါ့။ ဒါပေမဲ့ ပြီးတာပြီးပါစေတော့။ ဒေါ်ရော်သီအကြောင်း သူ့တ့ေို ရးပုံ ကတော့ ညက်ပါပေ့ဗျား'' ''ကောင်မလေးကိုက ဆက်ဆော့တာပါ'' ''ဒါတော့ ဒါပေါ့။ ဒါပေမဲ့ သူ့ခမျာလည်း ဘာရယ်လို့ ဘယ်သိမလဲ။ ကျွန်တော်တို့ကို ခုနှစ်ဆွေး ရှစ် ဆွေး ရှေးခေတ်သမားတွေ လို့ စောင်းပါးရိပ်ခြေလောက် သာ ရေးသားတာ ပါ။ သွေးပုပ်လေလွင့် မရေးတာ

‹‹‹http://www.shwezinu.blogspot.com/

တော်သေး တာပေါ့'' ဘာလ်မာက ဝင်ထောက်သည်။ ''ကျွန်တော့်အထင်တော့ ဒါက ဆဲတာထက် နာစရာကောင်းသေးတယ်'' ''ဒါ ညေးဆိုတဲ့ ငနဲ လက်ချက်ပဲ'' ပူးလ်က ပြောသည်။ ''သူကြိုးကိုင်နေတာပဲ။ တစ်နေ့ညက ခြင်္သေ့နီမှာ ဘိလိယက်ထိုးနေတာ တွေ့ခဲ့တယ်။ တကယ့် ကြောင်သူတော်ပဲ'' ''အရေးလုပ်မနေပါနဲ့တော့လေ'' မိတ်တလန်က ပြောသည်။ ''အရေးမလုပ်ဘဲ ဘယ်နေနိုင်မလဲဗျ'' ပူးလ်က ဒေါကြီးမောကြီး ပြောသည်။ ''ကျုပ်တို့ မြောက်အာဖရိကမှာ အူလန် အသည်းလန် တိုက်နေရတုန်းက ဒီကြမ်းပိုး သူခိုးက နယူး ယောက်မှာ

ဇိမ်ကျနေတာ။

ပြန်ကြားရေးအဖွဲ့အတွက်

လုပ်နေသလိုလို

အဲဒီကောင် ကို ခေါင်းဖြတ်ချင်တယ်'' မိတ်တလန်က ပြုံးလိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဘာလိုလိုနဲ့

အဲဒါ

တွေးမိရင်


ဦးဝင်းတင်

ဥတ္တရအလင်း

''ကူသတ်မယ့် လူရှိကြသလားဗျို့'' ဟု မေးသည်။ ''ကျွန်တော်တို့တော့ ဝေလာဝေးပဲဗျို့'' ဘာလ်မာက အောက်သိုးသိုးပြော သည်။ ''သူတို့တောင် ဒီလောက် ဥာဏ်သွားသေးရင် ကျွန်တော်တို့က ခေါင်းတစ်လုံးသာအောင် လုပ်ရမှာ ပေါ့။ အကြမ်းဖက်တယ် ဆိုတာကတော့ ကောင်းတဲ့အလုပ်မဟုတ်ပါဘူး'' တစ်ယောက်တစ်ပေါက် ဖြစ်မကုန်မီ စကားဖြတ်မှ တော်တော့မည်ဟု ဟင်နရီပေ့ တွေးလိုက်မိသည်။ ''လက်တြုံ့ ပန်ချင်တယ်ဆိုတာကတော့

သဘာဝပေါ့လေ။

ဒီထိုးနှက်ချက်တွေကြောင့်

ခဏတော့

ကျွန်တော်တို့ အထိနာမှာပေါ့။ ဒါပေမဲ့ ချုပ်တည်းနိုင်လေ အကျိုးရှိလေဖြစ်မှာပါ။ လူထုက ကျွန်တော် တို့ကို ကြည်ညိုလေးစား လာကြမှာပါ။ စော်ကားမော်ကားလုပ်တာတွေ၊ အပေါစား လှောင်လုံးပြောင်လုံး ထုတ်တာတွေ သွားပုတ်လေလွင့် လုပ်တာတွေ အထဲကနေ ကျွန်တော်တို့ကို ကယ်နိုင်မှာ တစ်ခုတည်း ရှိတယ်။ အဲဒါ ဘာလဲဆိုရင် လူထုရဲ့ ကြည်ညိုလေးစားမှုပဲ''

‹‹‹http://www.shwezinu.blogspot.com/

''လူထု... ''ပူးလ်က ခေါင်းမော့ပြီး သံကုန်ဟစ်လိုက်သည်။ မိတ်တလန်က သာယာညင်းပျောင်းပြောသည်။ ''လူထုကို ဘေးချိတ်လို့ မရဘူး။ အရေးကြီးလာရင် လူထုက စောင့်ရှောက်လိမ့်မယ်လို့ ကျွန်တော် ယုံ တယ်ဗျာ။ ပေ့ ပြောတာ သဘောတူတယ်။ ကျွန်တော်အားလုံး သတင်းစာအတွက် အစွမ်းကုန်လုပ်ကြ မယ်။ စောင့်ကြည့်မယ်'' ပူးလ်က ''ခင်ဗျား မှန်ပါစေလို့ ဘုရားမှာ ဆုတောင်းပါရဲ့ဗျာ။ ဒါပေမဲ့ ဒီလိုသာ စောင်ရေဆက်ကျနေရင် အစောင့်လွန် သွားတာမျိုး ဖြစ်နေဦးမှာလည်း စိုးရသေးတယ်''ဟု ပြောသည်။ သုန်သုန် မှုန်မှုန် ငြိမ်သက်သွားကြသည်။ နောက်ထပ် ငြင်းခုန်မနေကြတော့။ အလုပ်ကိစ္စကိုသာ ပြော ကြသည်။

အရေးမလှ ဖြစ်ရုံသာမက အသိအကျွမ်းများအလယ်တွင် လှောင်ဖတ်ပြောင်ဖတ် ဖြစ်နေရသည်ဆို သော အတွေးသည် ဟင်နရီပေ့ စိတ်ထဲတွင် တစ်နေ့လုံး တနုံ့နုံ့ စွဲနေသည်။ ထို့ကြောင့်ပင် ညနေ ၆နာရီ သတင်းစာတိုက် မှ အပြန်တွင် မြောက်ပိုင်းခရိုင်များ အသင်းကလပ် သို့ ဝင်ဖြစ်အောင်ဝင်သည်။ မကြာမီကစ၍ မလို အပ်သော ပုဂ္ဂိုလ်

များ အဆက်အဆံများကို သူရှောင်ခဲ့သည်။ ကိုယ့်အပူကို လူပုံ အလယ်မှာ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဖွင့်မပြောချင်။ အားပေးသမှု ပြုခြင်းကို လည်း မခံချင်။ ဝမ်းနည်းစကားပြောကြားခြင်းကိုပင် နားမထောင်ချင်။ ယခုတော့ သတင်းစာ အကျိုး ကို ရှေးရှုကာ ခွေးဟောင်တိုင်း ထမကြည့်သော သဘော ထားကို လူသိရှင်ကြား

‹‹‹http://www.shwezinu.blogspot.com/

ဖော်ပြရန် လိုအပ်လာပြီ ဟု သူယူဆသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၈)

ဟက်ဒယ်လ်စတန်မြို့ တွင် ကလပ်ဟု နှုတ်ကျိုး၍ နေသော မြောက်ပိုင်းခရိုင်များအသင်းသည် နှစ်သံ မဏိရှည်ရှည် ဂုဏ်သရေ ရှိရှိ အဖွဲ့အစည်းတစ်ခုဖြစ်၏။ မြို့မိမြို့ဖများ တွေ့ဆုံကြရာနေရာ။ အပြင်ပန်း အားဖြင့် ဂူဗိမာန်ကြီးနှင့် တူ၏။ အတွင်းဘက်တွင်မူ နွေးနွေထွေးထွေး လင်းလင်းချင်းချင်း။ ဆေးပြင်း လိပ်နံ့ကလည်း တသင်းသင်း။ ပေ့သည် အစောင့်တာဝန်ကျ ဒန်ကင်ကို ခေါင်းညိတ်နှုတ်ဆက်သည်။ အကျင့်လိုဖြစ်နေ၍ ကြော်ငြာ သင်ပုန်းရှေ့ တွင် ရပ်သည်။ ကြော်ငြာများကို ဖတ်ကြည့်သည်။ သူ့မျက်လုံးများကို ဟာရိုးစမစ်ဆိုသော အမည်ပေါ်မှ

ခွာမရ။

မော်ကွန်း

သတင်းစာ

အထွေထွေစီမံခန့်ခွဲရေးမှူး

စမစ်။

ဟားဘတ်ရစ်ကဘီက

အဆိုသွင်းပြီး စိန့်မတ်ခန် ဘုရားရှိခိုးကျောင်းမှ ဘုန်းကြီးက ထောက်ခံထားသည်။ ခဏတော့ ဟင်နရီ ပေ့

‹‹‹http://www.shwezinu.blogspot.com/

ငိုင်နေ၏။ ကြက်သေသေနေ၏။ မြို့မိမြို့ဖများ၏ ဆေးဖော်ကြောဖက်လုပ်မှုကို စမစ် ဤမျှစောစော စီးစီး ခံယူရရှိလိုက်ခြင်းသည်

ပေ့အဖို့

ထိုးနှက်ချက်ကြီး

ပင်

ဖြစ်တော့၏။

သိ့ေု သာ်

စိတ်ကို

ငြိမ်အောင်

ပြန်ထိန်းလိုက်သည်။ ဤကိစ္စကို စကားထဲ ထည့် မပြောရန် ဆုံးဖြတ်လိုက်သည်။ ပြီးမှ ဧည့်ခန်းမကြီး ထဲသို့ လျှောက်ဝင်သွားသည်။ ပေ့ ဝင်သွားချိန်တွင် အသင်းသား များများစားစားမရှိ။ သို့သော် သူ့ကိုမြင်၍ မသိမသာတော့ လှုပ်လှုပ် ရွရွ ဖြစ် သွား၏။ ဆာအာချီဘောဝဲလ်စ်ဘီနှင့် ဒေါက်တာဘတ်တို့ မီးလင်းဖိုရှေ့တွင် ရပ်နေသည်။ သူ လျှောက်သွား သည်။ ဝဲလ်စ်ဘီက သူ့ကျောကို အားရပါးရပုတ်ကာ.... ''သမီးအတွက် ဂုဏ်တက်နေတဲ့ ဖေဖေကြီး ရောက်လာပါပကော''ဟု ပြောသည်။ သူ့ကိုယ်သူ ဆာအာချီ ဟု ပြောလေ့ရှိသည့် ပုပုဝဝ၊ ထိပ်ပြောင်ပြောင်၊ အသားနီစပ်စပ် အာချီဘော ဝဲလ်စ်ဘီ သည် အမြဲ ဟေးလားဝါးလား၊ ပျော်ပျော်ပါးပါး ပြောတတ်ဆိုတတ်သူ ဖြစ်သည်။ ဖိနပ်လုပ်ငန်း ဖြင့် ချမ်းသာ လာလောက်အောင် အစွမ်းအစ ထက်မြက်သူဖြစ်သည်။ သိ့ေု သာ် စီးပွားရေးသမား ပုံပန်း မပေါ်၊ ဆက်၍ကြီးပွား တိုးတက်လိမ့်ဦးမည် ဟု သူ့ကိုယ်သူ ယုံနေသူလည်း ဖြစ်သည်။ ''မော်ကွန်း ငနဲတွေ ကိုယ့်လူကို အတော်လန့်နေပြီလို့ ကြားတယ်၊ ဒီမြို့ ရောက်တာမှ သုံးလမပြည့် သေးဘူး။ ကိုယ့်လူ ကို ဂီနီရွှေဒင်္ဂါးတွေ ပုံပေးနေပြီဆို၊ ဘယ်လိုများ ပိုင်အောင် လုပ်လိုက်တာလဲ ကိုယ့် လူရေ'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟင်နရီ က ပြုံးပြီး ''ဒေါ်ရော်သီကို မေးပေါ့ဗျာ''ဟု ပြောသည်။ ''အဲဒီလူ

ကို

တွေ့အောင်

လုပ်နိုင်တာတော့

ကလေးမ

တော်တာပဲ''ဟု

ဒေါက်တာဘတ်က

အလိုက်သင့် အလျားသင့် ဝင်ပြောသည်။ ကလူကျီစယ်ပြောနေသော်လည်း သူ မည်မျှ အထိနာနေမှန်း သူတ့သိုသည်ဟု ပေ့ နားလည် သည်။ နောက်ဆုံးတွင် သူသာ အောင်ပွဲခံလိမ့်မည်ဟူသော သူတ့၏ို တွက်ကိန်းများသည် လွယ်လွန်းလှ သည်။ စိတ်ကောင်း နှလုံးကောင်း သူ့မိတ်ဟောင်းကြီး အက်ဒွပ်ဘတ်က စကားပြောင်းပစ်သည်။ ပေ့ကမူ သူ့ ဂုဏ်သတင်းနှင့် သူ့သတင်းစာ မည်မျှ ထိခိုက်နစ်နာသည်ကို အကဲဖြတ်လျက်ရှိသည့် ဝဲလ်စ်ဘီ၏ ခိုးကြောင် ခိုးဝှက် အကြည့်များကို သတိထားမိသည်။ ယောက်ျားရင့်မာကြီးဖြစ်ပါလျက် အရက်မသောက်တတ်၊ ဆေးလိပ်မသောက်တတ်၊ ငါးမမျှားတတ်၊ အမဲ မပစ် တတ်၊ တိုးတိုးပုံပြင် မပြောတတ်၍ ဝဲလ်စ်ဘီက သူ့အပေါ် ဂရုဏာ ဒေါသောရှုတ်ချသော သဘောထားရှိမှန်း သူ သတိထား မိခဲ့သည်။ ထိုကိစ္စအားလုံးကို ဝဲလ်စ်ဘီ မြိန်မြိန်ယှက်ယှက် ထက်ထက် သန်သန် လွန်လွန်ကျွံကျွံ လုပ်သည်။ ပေ့ကမူ သူလို လူစားမဟုတ်။

‹‹‹http://www.shwezinu.blogspot.com/

သူတို့ စကားပြောနေစဉ် မြို့ပြကာကွယ်ရေးအဖွဲ့မှ ဗိုလ်မှူးဆီတန်၊ စက်ကိရိယာကုမ္ပဏီ အထွေထွေစီ မံခန့်ခွဲရေး မှူး ဟာရင်တန်၊ ဝတ်လုံတော်ရကြီး ပေတန်၊ ဘဏ်လုပ်ငန်းရှင် ဖရန့်ဟိုလ်ဒင် စသော အခြား အသင်းဝင် များ ရောက်လာကြသည်။ ပေ့က အရာရာတွင် သတိဗ္တျတ္တိရှိရှိ ရင်ဆိုင်နိုင်ဟန်ကို ပြနိုင် သည်။ နာရီဝက် အကြာ တွင် ကလပ်မှ ပြန်လာခဲ့၏။ ဒေါက်တာဘတ်လည်း တစ်ချိန်တည်း ပြန်သည်။ သူနှင့်အတူ ထွက်လာသည်။ စင်္ကြပေါ်တွင် သူတ့နှိုစ်ယောက် တအောင့်လောက် ရပ်ပြီး စကားပြော ကြသည်။ ဒေါက်တာဘတ်က ရုတ်တရက် အထစ်ထစ်အငေါ့ငေါ့ ပြောချလိုက်သည်။ ''ကျွန်တော်တို့က ခင်ဗျားဘက်ကပါဗျာ။ ကော်မတီက စမစ်ကို သိပ်လိုလိုလားလား ရှိတာမဟုတ်ပါ ဘူး''ဘတ်က ပုခုံးချီလိုက်သည်။ ''ဒါပေမဲ့ လူကောင်းတစ်ယောက်နဲ့တော့ တူပါရဲ့။ ပြီးတော့ ထောက်ခံစာတွေလည်း ကောင်းကောင်းပါ တယ်'' ပြီးမှ သူ့ပြောရိုးပြောစဉ်အတိုင်း ဆက်ပြောသည်။ ''ခင်ဗျား ကျန်းမာရေးကတော့ ကောင်းပုံရသားပဲ။ အလုပ်လည်း သိပ်မလုပ်နဲ့၊ ဇွတ်တရွတ်လည်း မလုပ် နဲ့ပေါ့ဗျာ'' ''မလုပ်ပါဘူး'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ဒေးဗစ်ကော'' ''ကောင်းပါတယ်။ လုံးလုံး ပြန်ကောင်းလာပါပြီ'' ဘတ်က စင်္ကြကို ထီးရိုးဖြင့် တစ်ဒေါက်ဒေါက်ခေါက်ရင်း အဝေးသို့ ငေးကြည့်နေသည်။ ''သားကိစ္စမှာလည်း ဇွတ်မလုပ်နဲ့ပေါ့။ ကျွန်တော်ပြောတာလည်း မှတ်ထားဦး။ ဒီရောဂါမျိုးက အမြဲပြန် ဖောက်တတ်တယ်'' ''ဘာဖြစ်လို့လဲဗျာ။ ပြန်တောင် ကောင်းနေပြီပဲဟာ'' ''ဟုတ်ပါတယ်။ ဒါပေမဲ့ ဂဏှာမငြိမ်မှုကတော့ ရှိနေသေးတာပဲ'' ''ဘာဂဏှာမငြိမ်တာမျိုးလဲ'' ဒေါက်တာ အက်ဒွပ်ဘတ်သည် တွန့်ဆုတ်ဆုတ် ဖြစ်နေ၏။ သူ့မိတ်ဆွေကြီးကို ကြည့်နေသည်။ ပြီးမှ အဝေးသို့ ကြည့်နေပြန်၏.။ သူယခင်က ပြောခဲ့ဖူးသည့် ထင်မြင်ချက်သည် စိတ်ထဲတွင် ရှိနေသေး သည်။

‹‹‹http://www.shwezinu.blogspot.com/

ထိုထင်မြင်ချက်ကြောင့် ပင် သူတို့ အစေးမကပ် ဖြစ်လုမတတ်ကြုံခဲ့ရသည်။ ယခုတစ်ကြိမ်တော့ ပေ့က အချီအချ ပြောမနေချင်တော့။ တိုတိုပင်ပြောလိုက်သည်။ ''အက်ဒွပ်၊ ခင်ဗျားကသာ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာတဲ့ လူစားမျိုးဗျ။ သားတော်မောင်ကို ခင်ဗျား မြင်စေချင်ပါတယ်။ ဒေါင်ဒေါင်မြည် ကောင်းနေပါလေရဲ့ဗျာ'' ဒေါက်တာဘတ်က တအောင့် ငြိမ်နေသည်။ ''ကြားရတာ ဝမ်းသာပါတယ်လေ''ဟု ပြောသည်။ ငြိမ်သွားပြန်သည်။

သူတ့နှိုတ်ဆက်ကြသည်။

ခွဲခွာကြသည်။

ဆရာဝန်က

ညပိုင်းခွဲစိတ်ကုသရန်

ဝိတိုရိယလမ်းဘက်သို့ ထွက်သွားသည်။ ပေ့က ဟန်လေလမ်းဘက်သို့ ထွက်လာခဲ့သည်။ ထိုနှစ် နွေကာလမှာ စိုစိုစွတ်စွတ် အေးအေးစက်စက် ရှိလှသည်။ ပေ့ ဘဝမှာလည်း သတင်းစာတိုက်မှာ ရော၊

အိမ်မှာပါ

ကြားထဲတွင်

ရာသီဥတုလိုပင်။

လန်းလန်းဆန်းဆန်းမရှိ။

အလုပ်ကပိ၊

သောက

ကပွေနေသည့်

အဲလစ်က ဇွတ်ယထာဘူတ ကျချင်သော သဘောထားက သူ့ကို စိတ်ထောင်းကိုယ်ကျေ

ဖြစ်စေလေသည်။ လင်ဖြစ်သူက သူ့ကို အလိုကျလိုက်မလုပ်၍ အဲလစ်မကျေမချမ်း ဖြစ်လာသည်။ ထို့ ပြင် စိတ်ကလည်း ကလးဆန်ဆန်ဖြစ်၍ သူ့ကို ဘယ်သူမှ နားမလည်။ နေရာမှန်းမထားဟု ထင်လာ သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဇွန်လကုန်ပိုင်းတွင် ပေ့က ယခုနှစ်အဖို့ သူကိုယ်တိုင် အပန်းဖြေခရီထွက်ရန် မဖြစ်တော့ဟု အဲလစ် ကို ပြောပြသည်။ ဒေါ်ရော်သီကို တော်ကေး ပင်လယ်သို့ ခေါ်သွားရန် တိုက်တွန်းသည်။ အဲလစ်က မဲ့ပြုံးပြုံး ကာ အတွင်သာ ခေါင်းခါတော့သည်။ ''ဟင့်အင်း.... ကျွန်မတို့ အတူတူ ကျကျနန မသွားနိုင်ရန် လုံးလုံးမသွားတော့ဘူး'' ဒေါ်ရော်သီ မကျေမချမ်း ဖြစ်ပုံက ပိုသဲသည်။ လှေကားပေါ် ရင်ဆိုင်တွေ့ချိန်မှာပင် အဖေလုပ်သူကို မပွင့်တပွင့် တစ်ခွန်းစ နှစ်ခွန်းစထက် ပိုမပြော။ မိသားစုက သူ့ကို ဖူးဖူးမှုတ်ထားစေလိုသော ဆန္ဒ မရှိစေ ကာမူ ဤသို့သော အကြင်နာခေါင်းပါးမှု၊ အဖေးအမ ကင်းမဲ့မှုမျိုးကိုကား ပေ့ ရင်နာမိလေသည်။ ရက်တွေ ကုန်လွန်လာသည်။ သူ့စိတ် အထင်ပေလားတော့ မသိ။ အသိအကျွမ်းတွေကပင် သူနှင့် တွေ့လျှင်

အိုးတိုးအန်းတန်း

ဘုန်းကြီးဂီလ်မိုးနှင့်

ဖြစ်လာကြသည်။

ရင်ဆိုင်တိုးတော့မှ

သြဂုတ်လ

ရှင်းတော့သည်။

ပထမပတ်တွင်

ဘုန်းကြီးသည်

ပေ့ကို

ဝိတိုရိယလမ်းပေါ်၌ ရှောင်ချိန်

မရလိုက်။

လမ်းတစ်ဖက်သို့ ကူးသွားရန် ဟန်ပြင်စဉ် ပေ့နှင့် တန်းတိုးနေသည်။ ဘုန်းကြီးက စကားရွှန်းရွှန်းဝေအောင် ပြောကာ သူ့အပြစ်ကို ဖုံးကွယ်သည်။

‹‹‹http://www.shwezinu.blogspot.com/

''သြော် ... ဟင်နရီ ပါလား။ မိတ်ဆွေကြီး ကျန်းခံ့သာရဲ့နော်'' စမစ်ကလပ် အသင်းဝင် ဖြစ်လာသည့်ကိစ္စနှင့် ပတ်သက်၍ ဘုန်းကြီး ဂီးလ်မိုးကို ပေ့ တနုံ့နုံ့ဖြစ်နေ သည်မှာ ကြာပြီ။ ထု့ေိ ကြာင့် ပြောင်ပြောင်ဖွင့်ချရန် ဆုံးဖြတ်လိုက်သည်။ ပေ့ကို တုံးတိတိပင် ပြောသည်။ "ကျွန်တော် အကျပ်ဆိုက်နေ တယ်ဗျာ။ ခင်ဗျားဆီက အားပေးထောက်ခံမှုလေး ဘာလေးလိုချင် တယ်" "ဘယ်လိုများ ပေးရမှာလဲဗျာ" ဘုန်းကြီး ဂီလ်မိုး က သူ့ထီးပေါ်မှ မိုးရေစက်များကို ခါချရင်း ချိန်ချိန်ဆဆ မေးသည်။ "ဒီမော်ကွန်း

အမှိုက်စုတ်ကို

တိုက်တဲ့နေရာမှာ

ကျွန်တော့်ဘက်က

ထောက်ခံစေချင်တာပေါ့ဗျာ။

အရင်က ခင်ဗျား ကို ကျွန်တော် ကူခဲ့တယ်။ အခု ကျွန်တော့်ကို ခင်ဗျား ကူပေါ့" ဘုန်းကြီးက မိုးသားမိုးရိပ် စင်မစင် ကောင်းကင် ကို မော့ကြည့်ရင်း ပေ့ကို စွေကြည့်လိုက်၏။ "ဟင်နရီရေ လုပ်ခွင့်မရှိ

အသင်းတော်က

တာလည်း

ခင်ဗျား

နိုင်ငံရေးနှင့်

သိသားပဲ။

ဒွေးရောယှက်တင်

ကျွန်တော်

လုပ်ရင်လည်း

လုပ်လို့မရဘူးဗျ။ ဂိုဏ်းချုပ်နဲ့

ကျွန်တော်တို့

ပြဿနာပေါ်မှာပဲ။

ခင်ဗျားကလည်း အစွဲအလန်း ကြီးလွန်း ပါတယ်ဗျာ။ ဒီနေ့ခေတ်မှာ ကျွန်တော်တို့ အယူအဆတွေ ပိုပြီး ကျယ်ပြောဖို့

လုိလာၿပီေ်။

မော်ကွန်းက

ကျွန်တော်တို့ရဲ့

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

မိတ်ဆွေကြီးတွေကလည်း

တစ်ခါတစ်ခါ


ဦးဝင်းတင်

ဥတ္တရအလင်း

တရားလွန်တာလေးတွကို ရှိတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဒီနေ့ကာလက ခေတ်သစ် ကြီး ရောက်နေပြီဗျ။ မစ္စတာစမစ် ဆိုရင် တကယ့် လူကောင်း ပါဗျာ။ ဒီကို ရောက်မဆိုက်ပဲ ကျွန်တော်နဲ့ လာတွေ့တယ်။ သြစတြေးလျမှာ

သူ

လုပ်ခဲ့တဲ့

ဝိုင်အမ်စီအေ

လုပ်ငန်းတွေ

အကြောင်း

ပြောပြတာ

သိပ်စိတ်ဝင်စားစရာကောင်းတာပဲ။ တနင်္ဂနွေ နေ့တိုင်း စိန့်မတ်ခ် ဘုရားရှိခိုးကျောင်း မှာ သူ ၀တ်တက်တယ်။ ပြီးတော့

ခင်ဗျား

သိပြီးပလား

မသိဘူး။

ဘုရားရှိခိုးကျောင်း

ရန်ပုံငွေ

အတွက်

ငွေအများဆုံးလှူတာ

သူတ့ေို လဗျာ" "ဒီလိုကိုး" ပေ့က လေသံမာမာ ပြောသည်။ "ကျွန်တော်တို့အားလုံး ခင်ဗျားဘက်က ရပ်ပါတယ်ဗျာ။ ဒါပေမဲ့ မျှမျှတတတော့ ရှိရမှာပေါ့" ဟင်နရီပေ့

သတင်းစာတိုက်

သို့

ဆက်လျှောက်လာခဲ့သည်။

ရင်ထဲတွင်

ဗလောင်ဆူနေသည်။

မယ်လ်ကမ်မိတ်တလန် တစ်ယောက်သာ သူနှင့် နီးနီးကပ်ကပ် နေသလို ထင်မိသည်။ မယ်လ်ကမ် ၏ နှုတ်ဆိတ်ဆိတ် ခေါင်းမာမာ ရဲဘော်စိတ်ဓာတ်ကို သူ တန်ဖိုးထားသည်။ သို့သော် ထိုစိတ်ဓာတ် က သူ့ကို စာနာဖြေသိမ့်မှု မပေးနိုင်။ ညှိုးညှိုးငယ်ငယ် ဆောင်းဦးရာသီမှ ဆောင်းရာသီသို့ တရွေ့ရွေ့ ၀င်လာခဲ့၏။ မိုးကရွာ၊ မိုးသီးကကြွေ။ ဖေဖော်ဝါရီလထဲတွင် ရက်သတ္တပတ်ပေါင်းများစွာ နှင်းထူထူက ကျနှင့်။ လမ်းတွေ

‹‹‹http://www.shwezinu.blogspot.com/

ဗွက်ပေါက်ပြီး ရေခဲပြင် ဖုံးနေသည်။ ညစ်ပတ်ပေရေလျက် ရှိသည်။ ဥတ္တရအလင်း လုပ်သားများအဖို့ စိတ်ဓာတ် မကျအောင် ထိန်းရခက်ခက်ပင် ဖြစ်နေကြရလေ၏။ ပေ့ကတော့

အလုပ်ကို

အပြင်းအထန်

ဖိလုပ်သည်။

တစ်သက်နှင့်

တစ်ကိုယ်တစ်ခါမျှ

ဤသို့

မလုပ်ခဲ့စဖူး။ စီစဉ် သည်။ စီမံသည်။ အခြား သူများကို အားပေးသည်။ ထုတ်လုပ်စရိတ်ကျေအောင် ခြိုးခြံသည်။ သတင်းစာတိုက်သို့

အစောဆုံး

ညဥ့်နက်သန်းခေါင်အိပ်ရာမှ

လာသည်။

ထပြီး

နောက်ဆုံးမှ

ခြောက်ပြစ်ကင်း

ပြန်သည်။

သဲလဲစင်

အိပ်မပျော်သည့်

သတင်းစာ

အခါ

ထုတ်နိုင်အောင်

အစွမ်းကုန်ကြိုးစားသည်။ သိ့ရုာတွင် သေရေး ရှင်ရေး ပဋိပက္ခ ကား ဆုံးခန်းတိုင်ဖို့ လမ်းမမြင်။ ဟက်ဒယ်လ်စတန်မြို့မှာ သတင်းစာနှစ်စောင်အတွင်း သူ ငွေတရဟော ကုန်ခဲ့မဆွကပင် စမစ်ကို သူပြောခဲ့၏။ လပေါင်းများစွာ အတွင်း သူ ငွေတရဟော ကုန်ခဲ့သည်။ မော်ကွန်း၏ အရှုံးကား ပို၍ပင် ကြီးမားပေလိမ့်မည်ဟု

သူ

ထင်သည်။

လွန်ခဲ့သည့်

ရက်သတ္တပတ်အတွင်း

သူ့အရှုံးသည်

မျက်လုံး

ပြူးလောက်စရာနှုန်းဖြင့် အရှိန်ပြင်းလာခဲ့သည်။ ဟင်နရီပေ့ ကိုင်စွဲ သည့် ဥတ္တရအလင်း၏ မူဝါဒမှာ အစဉ်သဖြင့် ပြည်သူ့အကျိုးဆောင်၊ ပြည့်သူ့ အကျိုးပြု၊ ပြည်သူ့ဝန်ထမ်း မူဝါဒသာ ဖြစ်ပေ၏။ အမြတ်အစွန်း ရရှိရေး သက်သက်မျှသာ မဟုတ်။ သူတ့မျိုးနွယ် ဆက်၏ အစဉ်အလာ မူဝါဒပင် ဖြစ်ချေသည်တကား။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပေ့သည် သူ့သတင်းစာကို အနိမ့်ဆုံး ဈေးနှုန်းဖြင့် ရောင်းသည်။ အဆင့်မြင့် သတင်း၊ ဆောင်းပါး၊ ဓာတ်ပုံ၊ စက္ကူ၊ မင်၊ ဘလောက် စသည်တို့ကိုသာ သုံးသည်။ အလုပ်သမားများအပေါ် ရက်ရော သည်။ အထူးသဖြင့်

အိုမင်းမစွမ်း

အလုပ်သမားများအတွက်

အငြိမ်းစားဆုများကို

ရက်ရက်ရောရော

သတ်မှတ်ပေးသည်။ သူကိုယ်တိုင်ကား

လခကို

နည်းနိုင်သမျှနည်းနည်းသာ

ယူသည်။ ပေါင်

၁၅၀၀မျှသာ။

သူ့ဇနီး

အမည်ဖြင့် ၀ယ်ထားသော ဟန်လေလမ်းရှိ သူတ့ေို နအိမ်မှ တစ်ပါးသူတါင် အခြားကိုယ်ပိုင် ပစ္စည်း မရှိ။ သူ အလွန် တန်ဖိုးထားသော သတင်းစာ၏ အမည်မှတစ်ပါး အခြားပစ္စည်းအရပ်ရပ်ကို စစ်စရိတ်ငွေ စာချုပ်များ ၀ယ်ယူခြင်းဖြင့် မြှုပ်နှံ ထားခဲ့သည်။ ပထမကမ္ဘာစစ်ကြီး အပြီးတွင် နိုင်ငံ ချစ်စိတ်ဖြင့် ဆုံးဖြတ်ခဲ့သည့် သူ့ဖခင်၏ အစီအမံ အတိုင်း ဆက်လက်ဆောင်ရွက်ခြင်း ဖြစ်၏။ ထိုမြှုပ်နှံငွေ တန်ဖိုးမှာ ပေါင် ၁၀၀၀၀၀၀ ဖြစ်သည်။ သင့်တင့်လျောက်ပတ် ကျေနပ်ဖွယ်ကောင်း သော အရန်ငွေကြေးအဖြစ် သူ အမြဲ သဘောပိုက်ခဲ့လေသည်။

မတ်လ၊ ၁ရက် နံနက်ဖြစ်သော ယနေ့တွင်မူ ဥတ္တရအလင်း၏ နောက်ဆုံး လက်ကျန်စာရင်းကို သူ စစ်ဆေးကြည့် သည်။ အရန်ငွေမှ အတော်များများ ထုတ်သုံးထားရပြီး ဖြစ်နေသည်မှာ ဘွားဘွားပေါ်နေ၏။

‹‹‹http://www.shwezinu.blogspot.com/

အချိန် အတော်ကြာကြာ စဉ်းစားပြီးနောက် မြောက်ပိုင်းခရိုင်များ ဘဏ်တိုက်မှ အထွေထွေ စီမံခန့်ခွဲရေးမှူး ဖရန့်ဟိုလ်ဒင် ထံ တယ်လီဖုန်းဆက်သည်။ တွေ့ဆုံရန် ချိန်းဆိုလိုက်၏။ နံနက် ၁၁နာရီ တွင် ဟိုလ်ဒင်၏ ရုံးခန်း သို့ ပေ့ရောက်သွားသည်။ ငွေကိုင်စာရေး၏ စားပွဲနောက်ရှိ မှန်မှုန်တပ် မဟော်ဂနီလိုက်ကာများ ကာထားသည့် အခန်းကျဉ်းကလေး။ သူ ၀င်လာချိန်တွင် ဟိုလ်ဒင်က အခန်းထဲရှိ စာရေးကို အပြင်သို့ ထွကခိုင်းသည်။ သူ့ကို ၀မ်းသာအယ်လဲ နှုတ်ဆက် သည်။ အရပ်ရှည်ရှည်၊

နှုတ်ခမ်းမွေးပါးပါး၊

ကော်ကိုင်းမျက်မှန်တပ်ထားသည့်

ဖရန့်ဟိုလ်ဒင်သည်

ထက်ထက်သန်သန် ပျူပျူငှာငှာ ပြောဆိုဆက်ဆံတတ်သည်။ ပေ့ထက် အသက် ၁၂နှစ်ငယ်သည်။ သူ့ ဖခင် ရောဘတ်ဟိုလ်ဒင်မှာ

ပေ့၏

ဖခင်ရောဘတ်ပေ့၏

အရင်းချာဆုံး

သူငယ်ချင်း

ဖြစ်

သည်။

ရောဘတ်ကားဘော်တယ်နှင့် လည်း တွဲမိကြ၍ သူတို့သုံးဦးကို "ရဲသုံးဘော်" ဟု အရပ် က ခေါ်စမှတ် ပြုခဲ့လေသည်။

ထိုရင်းနှီးမှုကြောင့်ပင်

ပေ့က

တစ်စုံတစ်ရာ

စနိုးစနောင့်

မဖြစ်။

ပြောပြီးသည်နှင့် ... "လာတဲ့ကိစ္စ ကတော့ ငွေချေးဖို့ပဲ ဖရန့်ရေ" ဟု ပြောလိုက်သည်။ "ကျွန်တော် ကလည်း စကားစမြည်ပြောဖို့ ခင်ဗျားကို မျှော်နေတာပါပဲဗျာ"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အာလာပ

သလ္လာပ


ဦးဝင်းတင်

ဥတ္တရအလင်း

ပေ့က စကား မဟ။ ဟိုလ်ဒင်က သူ ပြောမည့် စကားကို နားဝင်ခံသာစေအောင် လဲ့လဲ့ပြုံးပြီး ပြောသည်။ "မစ္စတာပေ့လည်း သိမှာပါပဲလေ။ ကျွန်တော်တို့ဘဏ်က ခင်ဗျားငွေထုတ်ထားတာ အတော်များနေ ပြီ။ တနင်္လာနေ့ ကပဲ ခင်ဗျားစာရင်းတွေကို ကျွန်တော် လှန်ကြည့်သေးတယ်။ ဘယ်လောက် ပိုထုတ်ထားတယ် ဆိုတာတော့ ခင်ဗျားလည်း သိမှာပေါ့" ဟင်နရီပေ့ ခေါင်းညိတ်ပြလိုက်၏။ "ဒါပေါ့လေ။ နည်းနည်းလွှတ်ပေး ထားလိုက် လို့ ဖြစ်သွားတာပါ။ ဒါပေမဲ့ ကျွန်တော် စစ်စရိတ် ငွေစု စာအုပ်တွေ ကို အာမခံ တင်ထားတာပဲ မဟုတ်လားဗျာ" "ဟုတ်ပါတယ်။ အဲဒါတွေ က ဘယ်နှုန်း နဲ့ ၀ယ်ထားခဲ့တာလဲ" ဟိုလ်ဒင် က စဉ်းစားသလို လုပ်နေသည်။ "တစ်ရာ့လေး၊ ဟုတ်ရဲ့လား" ဟု မေးသည်။ "ဟုတ်တယ် ထင်တာပဲ"

‹‹‹http://www.shwezinu.blogspot.com/

"အခု ၆၅ အောက်ကျသွားပြီ။ အတိအကျ ပြောရရင် ၆၃ ခွဲပဲ ရှိတော့တယ်။ ထပ်ကျဦးမှာပဲ ထင်တယ်။ ကျွန်တော် ပြောတုန်း က ဘာဖြစ်လို့ ရောင်းမပစ်လိုက်ရတာလဲဗျာ" "နိုင်ငံ သားကောင်းတစ်ယောက်အနေနဲ့ ကိုင်ထားရမှာပဲလို့ သဘောပိုက်မိလို့ပေါ့ဗျာ" ဟိုလ်ဒင် က ပေ့ ကို ကြောင်စီစီကြည့်နေ၏။ "အခုနေအခါတော့ နိုင်ငံသားကောင်းတိုင်း ကိုယ့်အကျိုးပဲ ကြည့်နေရတော့တာပဲဗျို့။ ငွေဖောင်းပွ တာကို မထိန်းနိုင်တာ နဲ့ပဲ အစိုးရငွေချေးစာချုပ်တွေ ကိုင်ထားတဲ့လူတိုင်း မွဲကိန်းကြုံနေကြရတာ ခင်ဗျားလည်း သိ မှာပေါ့။ အကောင်းဆုံး စာချုပ်တွေတော့ ဟုတ်ပါရဲ့။ ခင်ဗျားတို့လို ယုံစားတဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေအဖို့တော့ ဖွတ်ကျောပြောစု ဖြစ်ကုန်ကြရတော့တာပေါ့ဗျာ" ဟင်နရီပေ့က စောဒကတက်ရန် ဟန်ပြင်သည်။ ဟိုလ်ဒင်က ဆက်ပြောသည်။ “အရှုံးပြနေပြီ။ ကျွန်တော် သာ ငွေကြေးဈေးကွက်ကို အကဲဖြတ်နိုင်တဲ့ လူဆိုရင် ခင်ဗျားနောက်ထပ် အရှုံးပေါ်ဦး တော့မှပဲ လို့ ပြောချင်တယ်။ ဒီနှုန်းနဲ့ဆိုရင် လာမယ့်ခုနစ်ပတ်၊ ရှစ်ပတ်အတွင်း ခင်ဗျား အာမခံ တင်ထားတာက ကာမိနိုင် မှာ မဟုတ်တော့ဘူး" "ကျွန်တော် ကောင်းကောင်းသိပါတယ်။ ဒါကြောင့်လည်း ချေးငွေကိစ္စ စီစဉ်ဖို့ ခင်ဗျားဆီ လာတာ ပေါ့ဗျာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဘာ အာမခံနဲ့ ချေးမှာလဲ" "ဥတ္တရအလင်း အဆောက်အအုံတွေရယ်၊ စက်ရုံရယ်၊ နာမည်ရယ်" ဟိုလ်ဒင် က ပေတံကလေး ကို ကောက်ကိုင်လိုက်ပြီး စေ့စေ့စပ်စပ် ကြည့်နေသည်။ တစ်ခန်းလုံး သိသိသာသာ ငြိမ်သက်နေ၏။ ပေ့ကို မကြည့်။ စကားဆက်ပြောသည်။ "၀မ်းနည်းပါ တယ် မစ္စတာပေ့။ ကျွန်တော် သိပ်ကူချင်ပါတယ်။ ဒါပေမဲ့ လုပ်လို့ မရနိုင်ဘူး" ဟင်နရီပေ့

တုန်လှုပ်

သွားသည်။

ဤသို့

ကန်တော့ဆွမ်း

လုပ်ခံရလိမ့်မည်ဟု

ဘယ်တုန်းကမှ

တစ်ဖြုတ်စာမျှပင် မထင်မှန်းခဲ့။ "ဘာဖြစ်လို့လဲဗျာ။ ခင်ဗျားတို့ ကျွန်တော့်ကိုလည်း သိပါတယ်။ ဥတ္တရအလင်း ... ကျွန်တော်တို့ နာမည်လည်း ရှိပါသေးတယ် ...။ ပစ္စည်းတွေလည်း ရှိပါသေးတယ်။ ပြီးတော့ နှစ်ပေါင်းများစွာ ခင်ဗျားတို့ ဘဏ်မှာပဲ ငွေ အပ်လာခဲ့တာပဲ ဟာဗျာ" ပေ့သည် ကဘောက်တိ ကဘောက်ချာ ပြောနေမိ၏။ "သိပါတယ် ... သိပါတယ်။ ဒီလို ငြင်းရတာလည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့ ငွေက သိပ်ကျပ်နေ တယ်ဗျာ။

ကျွန်တော်

တို့လည်း

ချေးငွေချုံ့တဲ့

အထဲပါနေတော့

ဘဏ်ချေးငွေတွေ

ပိတ်ကုန်သလို

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်နေတာပေါ့ဗျာ။ အစိုးရ ကလည်း ငွေမချေးစေချင်ဘူး" "ဒါက ဒေသဆိုင်ရာ အလုပ်ပဲဗျာ။ ပုဂ္ဂိုလ်ရေး ချေးတာလို့တောင် ဆိုနိုင်ပါတယ်။ ယုတ်စွ အဆုံး ဆွေးနွေး တာလောက်တော့ လုပ်နိုင်ရမှာပေါ့" ဟင်နရီပေ့က ကန့်ကွက်သည်။ "ဒါလည်း သိပ်မထူးနိုင်ပါဘူး" ဟိုလ်ဒင်က ပေ့ကို အားနာပါးနာကြည့်ကာ ပြောသည်။ "ကျွန်တော့်မှာလည်း လုပ်ပိုင်ခွင့် မရှိဘူးဗျာ။ ဒါရိုက်တာတွေနဲ့ တွေ့ပြီး ပြောမှ ဖြစ်တော့မှာပဲ" ဟိုလ်ဒင်က စကားကို ခဏဖြတ်ထားသည်။ ပေတံကလေးကို ကြည့်နေပြန်သည်။ "ဘုတ်အဖွဲ့ ဥက္ကဋ္ဌနဲ့ သွားတွေ့လိုက်ပါလားဗျာ" ဟု ပြောသည်။ "၀ဲလ်စ်ဘီနဲ့လား" "ဟုတ်ပါတယ်။ သူနဲ့ ခင်ဗျားနဲ့လည်း ရင်းသားပဲ။ အခုနေဆိုရင် စက်ရုံမှာ ရှိမှာပါ။ ခင်ဗျားလာတွေ့ မယ်ဆိုတာ ဖုန်းဆက်ပြောလိုက်ရမလား" ဟင်နရီပေ့ တုံဏှိဘာဝေ လုပ်နေလိုက်၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟိုလ်ဒင်က အယဉ်ကျေးဆုံးနည်းဖြင့် သူ့ကို ပထုတ်နေ ပါပကောလား ဟူသော စိတ်အားငယ်စရာ ခံစားချက်က သူ့ရင်ထတွဲင် ပေါ်နေသည်။ လေးလေး ကန်ကန် ထလိုက်သည်။ ၀ဲလ်စ်ဘီကို တွေးမိလိုက်၏။ သူ့ရှေ့ တွင် ငွေကြေးလိုအပ်တာ ကို ပေ့ ဖော်ထုတ်မပြောချင်ဆုံး။ သိ့ေု သာ် ဘာမှ မတတ်နိုင်တော့။ ငွေချေးချင်သည်။ ရကိုရမှ လည်း ဖြစ်တော့မည်။ "ကောင်းပါပြီလေ ... တယ်လီဖုန်းဆက် ပြောပေးမယ်ဆိုရင်လည်း ကျေးဇူးကြီးလှပါပြီ" မိနစ် ၂၀ခန့်အကြာတွင် စက်ရုံအနီး ဖုန်းဆိုးကွင်းကြီးထိပ်၌ ဆောက်ထားသည့် ရုံးအဆောက်အအုံ မြင့်မြင့်ကြီးရှိ ၀ဲလ်စ်ဘီ ၏ ရုံးခန်းထဲသို့ ပေ့ရောက်သွားသည်။ ၀ဲလ်စ်ဘီ အရောင်းအ၀ယ်လည်၍ ထိုမြေကွက်ကို ရလိုက်ခြင်းဖြစ်၏။

ဝိတိုရိယကွက်လပ်

မှ

လမ်းလွှဲတစ်ခုဖောက်လိုက်၍

မူလဈေးထက်အဆပေါင်းများစွာ

တန်ဖိုးမြင့်တက်နေပြီ ဖြစ်၏။ ဟင်နရီပေ့ ၀င်သွားချိန်တွင် ၀ဲလ်ဘီက ၀ိတိုရိယကွက်လပ်ကို စီးမြင်နေရသည့် မှန်ပြတင်းပေါက်ကြီးတွင် ရပ်နေသည်။ ဆေးပြင်းလိပ်ငွေ့သီးသည် အထိ တခွီးခွီးရယ်နေသည်။ "ဒီကိုလာပါဦး ပေ့ရဲ့။ ကြည့်စမ်းပါဦး" အပြင်ဘက်တွင်

ရတတ်နိုင်သမျှယာဉ်ဖြင့်

ကလေးများကို

တင်တွန်းနေသော

အမျိုးသမီး

‹‹‹http://www.shwezinu.blogspot.com/

လူတန်းရှည်ကြီး ကို မြင်ရ၏။ ကွက်လပ်ကို ပတ်ပြီး တွန်းနေကြခြင်းဖြစ်သည်။ ယာဉ်အသွားအလာများ ပိတ်ဆို့ကုန်သည်။ စီတန်း လှည့်လည်ပွဲကြီး၏ထိပ်ဆုံး တွင် အသံချဲ့စက်ကားတစ်စင်းမောင်းနေ၏။ ကလေးတွန်းလှည်း ချီတက်ပွဲကြီး အလှဆုံးကလေးပြပွဲ မြို့တော်ခန်းမ၌ ယနေ့ကျင်းပမည်။ မော်ကွန်းကိုဖတ်ပါ။ ဆိုသောစာတန်းရှည်ကြီးကိုလည်း ကားထိပ်တွင် ချိတ်ဆွဲထားသည်။ "မဆိုးဘူးဗျ.....ဘယ့်နှယ်သဘောရလဲ" ၀ဲလ်စ်ဘီ က ဟင်နရီပေ့ကို ကျောပုတ်ပြီး မေးသည်။ ခါတိုင်းထက်ပို၍ နီစပ်စပ်၊ ပို၍ ပုတိုတို၊ ပို၍ ထိပ်ပြောင်ပြောင်၊ ပို၍ ဟေးလားဝါးလား ဖြစ်ပုံပေါက်နေသည်။ ပေ့က မပြုးံချင်ပြုံးချင် ပြုံးပြလိုက်သည်။ "ထိုးထိုးထွင်းထွင်း လုပ်တတ်တာတော့ အမှန်ပဲ။ သိက္ခာရှိလှတယ်တော့ မဆိုနိုင်ဘူးပေါ့လေ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဘာဖြစ်လို့ လည်း ကိုယ့်လူရ။ ဘာတွေများ မဟုတ်တရုတ်လုပ်လ့လိုဲ။ တကယ်နိတ်တဲ့ အကြံပဲဟာ။ သားသည် အမေတွေကို အပိုင် ကိုင်လိုက်တာပဲ။ သူတ့ရိုဲ့ထုတ်ကုန်ကို သူတြို့ ပတာပဲ။ ကျုပ်ထုတ်တဲ့ပစ္စည်း ကျုပ်ပြ သလိုပေါ့။ ညေး ဆိုတဲ့ငနဲလုပ်နေတာပဲ။ သူကနောက်ကွယ်က ကြိုးကိုင်နေတာ။ စမစ် ဆိုတဲ့ တခြားငနဲကတော့ အညတရပါ။ ညေးက တကယ်မခေဘူးနော်။ ပြီးခဲ့တဲ့ နားရက်တုန်းက ကျုပ်သား ချာလီတောင် သူနဲ့အတူ တိုင်းကာဆယ် ကို ဂျက်ဂွားကားနဲ့ သွားသေးတယ်လေ။ အပြန်ကျတော့ သူ့ အကြောင်းပြော လို့ကို မ၀င်နိုင်အောင် ဖြစ်နေတော့တာပဲ" ''ဟုတ်လား'' ပေ့က မေးသည်။ ထိပ်သီး လူပေါ်ကြော့လေးတစ်ဦးဖြစ်သော ချာလီဝဲလ်စ်ဘီ အဖို့ ညေးနှင့် ပလဲနံပ သင့်သည်မှာ ဖြစ်လောက်သည် ဟု တွေးမိသည်။ ''ဒါပေါ့ဗျ။ သူ့တို့ သိပ်တွဲမိနေကြတာ။ ခင်ဗျားတော့ သတိထားနေပေတော့'' ၀ဲလ်စ်ဘီ က ပြတင်းပေါက်မှ ခွါကာ ဆုံလည်ကုလားထိုင်တွင် ထိုင်ချလိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

''ကဲ ကျွန်တော် ဘာလုပ်ပေးရမလဲ။ ညနေပိုင်းမှာ ဂေါက်ရိုက်စရာလေးရှိနေလို့ဗျာ။ ကိစ္စကို ဆိုပါဦး'' ဟင်နရီပေ့ က ကိစ္စကို ပြောပြသည်။ တိုတိုတုတ်တုတ်နှင့် တတ်နိုင်သမျှ ဆွဲဆွဲဆောင်ဆောင် ပြော သည်။ ပြောနေရင်းသူ့ ကိစ္စကို ၀ဲလ်စ်ဘီသိပြီးသားဖြစ်မှန်း သတိထားမိသည်။ ပေ့စကားဆုံးမှ ၀ဲလ်စ်ဘီ က ဆေးပြင်းလိပ် ကို ပါးစပ်မှ ချွတ်လိုက်သည်။ ''ခင်ဗျား ခံ ဘက်က ဖြစ်နေပြီ ဟင်နရီရေ။ ခင်ဗျားကရှိပစ္စည်းကိုသာ ပြောနေတာကိုး။ ဆိုပါတော့။ ခင်ဗျား လုပ်ငန်းပြုတ် သွားရင် အဲဒါတွေက ဘာတန်ကြေးရှိတော့မှာလဲ။ ခင်ဗျား သတင်းစာတိုက် က ခေတ်မမီတော့ ဘူး။ အဒမ်တိုက်တန်းတစ်ခုလုံးကိုက ဆွဲဖြိုစရာကောင်းနေပြီ။ ပေါင်လို့တော့ တစ်ပြားတစ်ချပ်မှ ရမှာမဟုတ်ဘူး။ ပုံနှိပ်စက်ခန်း က တန်ဘိုးရှိတာတော့ မှန်ပါရဲ့။ ဒါပေမယ့် အဲဒါက ဟားဟိုတယ် ရဲ့ ပစ္စည်းမဟုတ်လား။ ခင်ဗျားက ငှါးသုံးနေတာပဲ။ အဲဒီတော့ အလုပ်ဖြစ်စရာ သိပ်မရှိနိုင်ဘူး။ သတင်းစာ နာမည် ဆိုတာကတော့ မော်ကွန်းက ခင်ဗျားသတင်းစာကို အပြုတ်တိုက်လိုက်ရင် ဘယ်သူကခြူးတစ်ပြားပေးတော့ မှာလဲ'' ''သူတို့ အပြုတ်မတိုက်နိုင်ပါဘူးဗျာ'' ''ခင်ဗျားကတော့ ဒီလိုပဲ ပြောမှာပေါ့။ ဒါပေမယ့် အခုအချိန်ထိ ခင်းဗျားဘယ်လောက် အခြေလှအောင် လုပ်နိုင်သေး လဲ။ ဟိုငနဲက သိက္ခာရှိချင်မှရှိမယ်။ ဒါပေမယ့် လျင်တယ်။ ကျွမ်းတယ်။ သူတို့သတင်းစာက အစုတ်ပလုပ် သက်သက်တော့ မဟုတ်ပါဘူးဗျာ ။ ဥတ္တရအလင်းနဲ့တော့ ယှဉ်လို့မရဘူးပေါ့။ ဒါပေမယ့်... အဲ.... Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သတင်းပေးပုံက ရှုထောင့်အသစ်ကပေးတာဗျ'' ၀ဲလ်စ်ဘီနှုတ်ခမ်းမှ အမှန်ထင်ထင်အပြုံးကလေးဖြင့် တွန့်သွား သည်။ ''မနေ့က သတင်းဆို သိပ်ကောင်းတာပေါ့ ။ အဆီတစ်ထပ် အသားတစ်ထပ်ပဲ။ ရယ်ရတယ် ။ အသရေဖျက်မှု သတင်းေ လဗျာ....သိတယ်မှတ်လား။ ဘိန်းဖြူမှောင်ခိုတဲ့ အီတလီမြို့စားကြီးနဲ့ သူ့မြာ ကို ရေချိုးဇလုံ ထဲမှာ ၀တ်လစ်စလစ် မိလိုက်တယ်ဆိုတာလေ'' ''သိပါတယ်'' ပေ့က ခါးခါးသီးသီး ပြောသည်။ ''ဒါမျိုးတွေနဲ့ အသရေပျက်မှု

သူတ့စိုားသာနေတာပေါ့ဗျာ။

သတင်းတွေ၊

လိမ်လည်မှု

သတင်းစာပညာဆိုတာ

သတင်းတွေ၊

ဂုဏ်သိက္ခာကြီးမြင့်တဲ့

ကြာခိုမှု

သတင်းတွေ၊

အတတ်ပညာပါဗျာ။

သတင်းစာလောကမှာလည်း ကြီးမြတ် တဲ့ ပုဂ္ဂိုလ်ကျော်တွေ ပေါ်ခဲ့ပါတယ်။ အခုလည်း အဲဒီလို ပုဂ္ဂိုလ်ကြီးတွေ ရှိနေတာပါပဲ။ အသိဉာဏ်ရင့်သန်တဲ့  ပုဂ္ဂိုလ်တွေ ၊ မူဝါဒစွဲမြဲတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာလုပ်ငန်းနဲ့ ပတ်သက်ပြီး တကယ်အမြော်အမြင်ရှိတဲ့ ပုဂ္ဂိုလ်တွေ၊ သတင်းစာဖတ်ပြည်သူတွေ အပေါ် ထားရှိရမယ့် တာဝန်နဲ့ပတ်သက်ပြီး တကယ်အသိတရားရှိတဲ့ ပုဂ္ဂိုလ်တွေပါ။ ဒါပေမဲ့ ဒီညေး လို သတ္တ၀ါမျိုးက မော်ကွန်းလို သတင်းစာမျိုးနဲ့ မြို့ကို

‹‹‹http://www.shwezinu.blogspot.com/

ရှေ့ဆောင်ရှေ့ရွက် ပြုမယ်ဆိုတာကတော့ လူတန်းမစေ့ သူတန်းမစေ့ နိုင်လှသဗျ'' ''ကဲ..ကဲ ...ဟင်နရီ။ ဒါတော့ ပြင်းထန်လွန်းပါတယ်။ ခင်ဗျား ဘယ်လိုဟာနဲ့ရင်ဆိုင်နေရတယ်ဆိုတာ သိစေချင် လို့ ပြောတာ ပါ။ မနှစ်တုန်းက ကန်းနက်မြို့မှာ ဆမ်မာဗီးလ်ရဲ့ရွက်လှေကြီးကို ကျွန်တော်တို့ လင်မယား မြင်ခဲ့ ရတယ်။ သမုဒ္ဒရာကူးရွက်လှေကြီးဆိုတော့ ဧရာမဟာကြီးပါပဲဗျာ'' ၀ဲလ်စ်ဘီ အသံက ပျော့သွား သည်။ ပြေလည်ရာ ပြေလည်ကြောင်းလေသံပေါက်လာသည်။ ''မိတ်ဆွေတစ်ယောက်အနေနဲ့ ပြောရရင် ခင်ဗျားလည်လှီးခံရတာကိုလည်း ကျွန်တော်မမြင်ချင်ပါဘူး။ အချိန် ရှိတုန်း ရောင်းလိုက်ပေါ့။ စဉ်းစဉ်းစားစား လုပ်စမ်းပါဗျာ။ ခင်ဗျားရောင်းချင်ရင် ကျွန်တော်ကူမယ်။ ခင်ဗျား လိုချင်တဲ့ဈေး ရ အောင်လည်း ပြောပေးမယ်'' ၀ဲလ်စ်ဘီ တကယ်စိတ်လိုလက်ရပြောနေမှန်း ဟင်နရီပေ့သိပါ၏။ သို့သော် ဘာအကြောင်းယုတ္တိကမှ သူ့စိတ် ကို ပြောင်းအောင် မလုပ်နိုင်တော့။ ''မရောင်းတော့ပါဘူးဗျာ။ ကျွန်တော် စိတ်ဒုံးဒုံးချပြီးပါပြီ'' ၀ဲလ်စ်ဘီ က ဆေးပြင်းလိပ်ကို ပါးစပ်မှချွတ်လိုက်၏။ ပေ့ကို အရိပ်အကဲ ကြည့်နေသည်။ ပေ့အပေါ် ထင်မြင်ချက် ကို သုံးသပ်ဆန်းစစ်နေသည့်အလား။ ခဏကြာမှ ၀ဲလ်စ်ဘီက စကားဆက်သည်။ ''ခင်ဗျား ကို လူကောင်းတစ်ယောက်လို့ပဲ ကျွန်တော်အမြဲ သဘောထားပါတယ် ဟင်နရီ။ ဒါပေမယ့် စိတ် မရှိနဲ့နော်။ လူပျော့ လူညံ့ လို့လည်း ထင်ထားခဲ့တယ်။ အခုတော့ တကယ်မိုက်လုံးကြီးတဲ့ လူပဲလို့ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မြင်လာတယ်။ ဘာပဲဖြစ်ဖြစ်လေ။ ခင်ဗျား သတ္တိ ရှိပါပေတယ်။ အချင်းချင်းမို့ပြောရရင် ခင်ဗျားကို ကျွန်တော် အားကျပါတယ်ဗျာ'' ''ဒါဖြင့်လည်း ငွေထုတ်ချေး ဗျာ။ ပေါင် ၂၀၀၀၀ လောက်ပေါ့။ ရှေ့လဆန်းကစပြီး ယူချင်တယ်'' ''မဖြစ်နိုင် ဘူး ဟင်နရီ။ ကျွန်တော် ကတိပေးဖို့ခက်တယ်။ တခြားလူတွေနဲ့ တိုင်ပင်ဦးမှဖြစ်မယ်။ ခင်ဗျားကို အကြောင်းကြား ပါလိမ့်မယ်ဗျား'' ''ဘယ်တော့လဲ'' ''နောက်တော့ပေါ့.....နောက်တော့'' ၀ဲလ်စ်ဘီ က ကုလားထိုင်မှ ထလိုက်သည်။ သူ လှုပ်ရှားပုံက ပေ့ကိုလက်ခါပြပြီး နှင်ထုတ်နေသည့်ပမာ။ အမှန်

အားဖြင့်

ဖိနပ်လုပ်ငန်းရှင်ကြီးသည်

သူ့အနေအထားကိုလည်း

အမတ်ရွေးကောက်ပွဲ ၀င်ရန် အတန်ကြာကပင် သူစိတ်ကူးပေါက်နေခဲ့သည်။

တွက်ဆနေသည်။

ပါလီမန်

လာမည့်ရွေးကောက်ပွဲ တွင်

ဝင်ပြိုင်မည် ဆိုလျှင် ဒေသခံသတင်းစာ ၏ ထောက်ခံမှုကို ရရန်လိုအပ်၏။ သူ ကောင်းကောင်းသိသည်။ သို့သော် ဘယ် သတင်းစာ ၏ ထောက်ခံမှုကို ယူမလဲ။ ဥတ္တရအလင်းလား။ မော်ကွန်းလား၊ မော်ကွန်းသာ

‹‹‹http://www.shwezinu.blogspot.com/

မုချဖြစ်ရပေလိမ့်မည်။

သို့ဖြစ်လျှင်

ဘာကြောင့်

သံယောဇဉ်

အမျှဉ်တန်းနေရဦးတော့မှာလဲ။

ဤအခြေအနေမျိုးတွင် ငွေထုတ်ချေးလျှင် မိုက်မဲရာ ကျပေတော့မည်။ ဤအတွေးများ

သည်

မည်မျှပင်

ဟန်လုပ်၍

ဖုံးကွယ်ထားစေကာမူ

ဝဲလ်စ်ဘီမျက်နှာပေါ်တွင်

ထင်းထင်းကြီး ပေါ် လွန်၏။ ဟင်နရီပေ့၏ ရနိုးရနိုး မျှော်ကိုးချက်လည်း ပျက်သုဉ်းသွားလေ၏။ ၀ဲလ်ဘီ၏ မျက်နှာပေါ် တွင် ငြင်းပယ်ချက် ကို ပေ့အတိုင်းသား မြင်နေရလေသည်။ ထိုငြင်းပယ်မှု သည် ပေ့ကို အကြီးအကျယ် ဖိစီးနှိပ်စက်လေတော့၏။ သို့သော် သူ့စိတ်ထားမှာမူ ပို၍ သည်းကြီးမည်းကြီး လာ၏။

သူ

ခိုင်မာစွဲမြဲလေ၏။ တိုက်ပွဲဆက်ဝင်ရေးအတွက် နည်းလမ်းရှာရန်ပို၍ သန္နိဌာန်ကြီးမား

ဆက်လုပ်ရတော့မည်။

ဆက်၍

ဆက်၍သာ

လုပ်သွားရတော့မည်။

ဘဏ်တိုက်

က

ငွေထုတ်မချေးစေကာမူ ဟက်ဒယ်စတန် အိုးအိမ်အဖွဲ့ ကတော့ ပို၍ လိုက်လိုက် လျောလျော ရှိတန်ကောင်း ပါရဲ့။ ဘိုးဘွားပိုင် အိမ်မြေများအတွက် ငွေချေးတန်ကောင်းပါရဲ့ဟု ပေ့တွေးမိ၏။ သိ့ေု သာ် အချိန်ကြာ လိမ့်ဦးမည်။ လောလောလတ်လတ် သူ လုပ်ရမည့် အလုပ်က အိမ်ပေါင်ရန် အဲလစ်ကို ပြောရမည့် အလုပ်။ ပြောရ မှာ ရွံ့သည်။ သိ့ေု သာ် ပြောမည်။ အဆီးအတား ပိုတွေ့လေ၊ သူ့ဆုံးဖြတ်ချက်က ပိုခိုင်လေ၊ သူသာ အောင်ပွဲခံ လိမ့်မည် ဆိုသော ထူးထူးလည်လည် ယုံကြည်ချက်က ပိုမြဲလေ ဖြစ်နေလေ၏။ သူ့အခန်းသို့ ပြန်ရောက်ပြီးနောက် ၅မိနစ်ပင် မကြာတတ်သေး။ မိတ်တလန် ၀င်လာ၏။ "ဒီနေ့ ညှိနှိုင်းပွဲ မှာ တစ်ယောက်တော့ လျော့သွားပြီ။ ဘာလ်မာ ထွက်သွားပြီလေ" ဟု ပြောသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ထွက်သွားပြီ။ ဟုတ်လား" "စွန့်တယ် ဆိုဆို၊ ထွက်တယ် ဆိုဆို၊ ပြေးတယ် ဆိုဆို၊ ကြိုက်သလိုသာ ပြောပေတော့။ ဟောဒီမှာ သူ့ထွက်စာ" စားပွဲပေါ် သို့ မိတ်တလန် ပစ်ပေးလိုက်သည့် စာအိတ်ကို ပေ့ကြောင်၍ ကြည့်နေသည်။ တကယ်တော့ အံ့အား

သင့်စရာ

အကြောင်းမရှိ။

ဘာလ်မာ

တစ်ယောက်

ယခုတစ်လော

တစ်နေ့

တစ်ခြား

ပို၍

ထော်လော်ကန့်လန့် လုပ် လာခဲ့သည်။ ပေ့နှင့်ပင် အလွမ်းမသင့်ချေ။ "သူ့ဘက်က တစ်လကြိုတင် နိ့တု စ်ပေးရမှာ မဟုတ်လား" "ဘယ်ပေးနေတော့မလဲဗျ။ အခြားအလုပ်တစ်ခု တန်းရသွားပြီပဲဟာ" "မော်ကွန်း မှာများလား" "ဒါပေါ့ ... " မိတ်တလန်က စကားဖြတ်ထားလိုက်သည်။ ပြီးမှ "ခင်ဗျားကို မပြောဝံ့ဘူးနဲ့ တူပါရဲ့ဗျာ။ ဒါကြောင့် ခင်ဗျား ဆီကို ၀မ်းနည်းကြောင်း စာကလေး

‹‹‹http://www.shwezinu.blogspot.com/

ယဉ်ယဉ်ကျေးကျေး ရေးသွားတာ နေမှာပေါ့။ ဒီလို ဖြစ်လာလိမ့်မယ် ဆိုတာ ကျွန်တော် သိသားပဲ။ စမစ် နဲ့သူ ပလူးနေတာ ခင်ဗျား သိတယ် မဟုတ်လား။ ဘာလ်မာ ကတော့ ငွေပိုရတဲ့နေရာဆိုရင် ဘယ်ဖြစ်ဖြစ် သွားမှာပါပဲလေ။ အဲဒီမှာ လစာ ပိုရမှာကလည်း ကျိန်းသေပဲပေါ့" ပေ့က ခပ်မဆိတ် လုပ်နေသည်။ "တခြား သတင်းဆိုးတွေ ရှိသေးတယ် ဟင်နရီ။ စာစီသမားထဲက ပါကင်နဲ့ ဒေါ့တို့လည်း သွားကြပြီ" မိတ်တလန် က ဆက်ပြောလိုက်၏။ ဤကိစ္စ ကတော့ ပေ့ နားမလည်နိုင်သော ကိစ္စ။ "ဘာသဘောလဲဗျ။ ကျွန်တော်တို့ ပြုတ်တော့မယ်လို့များ သူတို့ ထင်ကုန်ကြလိ့လုား" "မဟုတ်နိုင်ပါဘူး ... ကျွန်တော်တော့ အဲဒီလို မထင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ ငွေပြတ်နေပြီဆိုတာ တော့ သူတို့ သိမှာပေါ့။ ငွေကိစ္စ နဲ့ပဲ တူပါတယ်။ နှစ်ရှည်စာချုပ်နဲ့ ခေါ်လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ပြန်တမ်းက အာမခံချက်ပေး လိ့လု ည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ။ သူတ့အို နေနဲ့တော့ အရှုံးမရှိဘူးလို့ တွက်ကြဟန် တူပါရဲ့ဗျာ" ဟင်နီရီပေ့ က နှုတ်ခမ်း ကို တင်းတင်းကိုက်ထားသည်။ သူ့မှာ အားကိုးအားထားပြုစရာ တစ်ခုသာ ရှိသည် ဆိုလျှင် ထိုအားကိုးအားထား မှာ သူ့အလုပ်သမားရဖို့မလွယ်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အတော်ကြာမှ ပေ့က "အလုပ်သမားရုံး နဲ့ ချက်ချင်းဆက်သွယ်မှ ဖြစ်မယ်ထင်တယ်" ဟု ပြောသည်။ မိတ်တလန် က မေးစေ့ကို ပွတ်ရင်း ရပ်စောင့်နေသည်။ ပြီးမှ တံခါးဆီသို့ ထွက်သွားသည်။ "တိုင်းကာဆယ် ကို လှမ်းမေးရမှာပေါ့" "လီဗာပူးနဲ့ မန်ချက်စတာကိုရောပေါ့" မိတ်တလန်က ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော်တို့ ဒီတောင် က ကျော်နိုင်မှာပါဗျာ" ဟု ပြောသွားလေသည်။ တစ်နေ့လုံး သူတ့အို လုပ်သမား လူစားရှာကြသည်။ ကံကောင်းထောက်မ၍ လီဗာပူးမြို့မှ စာစီသမား တစ်ဦး

ရသည်။

ရှေ့အပတ်ထဲတွင်

တိုင်းကာဆယ်မြို့မှ

နောက်ထပ်စာစီသမား

တစ်ယောက်

ပို့ပေးဦးမည်ဟူသော ကတိကိုလည်း ရသည်။ သတင်းထောက်ကလေး လူးဝစ်က သူနှင့် လာတွေ့သည်။ အချိန်ပိုလုပ်မည်။ အခြား ဘာအလုပ်ရှိရှိ ၀ိုင်းကူမည်ဟုပြောလာ၍ ဟင်နရီပေ့ စိတ်ချမ်းမြေ့ရသေးသည်။ ပူးလ်ကလည်း

စိတ်လိုက်မာန်ပါ

လုပ်ပြီး

မှုန်ကုတ်ကုတ်

နေတတ်စေကာမူ

အားကိုးလောက်သည်မှာ

‹‹‹http://www.shwezinu.blogspot.com/

သေချာသည်။ အထူးသဖြင့် ညေးကို ကမ္ဘာရန် သဘောထားကာ ချောင်ပိတ်တွယ်ရန် ချက်ကောင်းစောင့်နေသူ ဖြစ်၍ စိတ်ချရသည်။ ဟက်ဒလေ ဆိုလျှင် လည်း ကလေးသုံးယောက် ဖခင်ပီပီ ပူပန်ကြောင့်ကြမှု ရှိနေစေကာမူ လုံးလုံး လျားလျား အားထားရသူ ဖြစ်သည်။ ကြော်ငြာကောက်ခိုင်း၍ ရနိုင်သူ ဖြစ်သည်။ သတင်းစာမျက်နှာ ပုံစံထုတ်သည့် အလုပ်ကိုမူ ပေ့ ကိုယ်တိုင်ပင် အတန်ကြာ တာဝန်ယူ လုပ်ကိုင်သွားရပေတော့မည်။ တာဝန်သစ် များ ခွဲဝေသတ်မှတ်လိုက်ခြင်းဖြင့် လုပ်ငန်းအခြေအနေ ချောမောလာသည်။ သို့သော် နည်းနည်းနှင့် ကျဲကျဲ ၀ိုင်း ထားရခြင်းသာ။ လုပ်ငန်းအားလုံး

ပြီးစီးသွားမှ

တစ်ကျော့ပြန်

စဉ်းစားသည်။

ထု့ေိ နာက်

သားတော်မောင်ထံ

သွားလိုက်ဦး မှ ပဲလေ ဟု ပေ့ ဆုံးဖြတ်သည်။ အခြားနည်းလမ်း မရှိတော့။ စလီဒန်မှ ခေတ္တယာယီ ဖြစ်ဖြစ် ဒေးဗစ် ခွာဦး မှ ဖြစ်တော့မည်။ သတင်းစာတွင် လူစားဝင်ဦးမှ ဖြစ်တော့မည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၉)

ပေ့သည် ညနေ ၅နာရီတွင် အလုပ်ကို ဖြတ်ထားခဲ့ပြီး စလီဒန်သို့ ထွက်လာခဲ့လေ၏။ နံနက်ပိုင်း က ဖြစ်ပျက်ခဲ့ပုံများကြောင့် ခေါင်းကိုက်သလိုလို ဖြစ်နေခဲ့သည်။ နေ့လယ်ပိုင်း တစ်ချိန် လုံး သည် ခေါင်းခဲနေခဲ့၏။ ယခုမှ ပင်လယ်လေ လန်းလန်းဆန်းဆန်းကလေးကို ရှုရှိုက်လိုက်ရ သဖြင့် ခေါင်းကိုက် အတော်ပြေသွားလေသည်။ သူ ကားမောင်းနေစဉ် နေ၀င်ရိုးရီ လေပြည် လေညင်းကလေး ဆော်သွေးလာ၏။ သောင်ပြင်ပေါ်မှ မြက်နုကလေးများကို လှိုင်းထအောင် တိုးဝှေ့နေ၏။ ကြိုတင်

အသိပေးမထား၍

ခြံတံခါးဝတွင်

ကော်ရာ

အကြိုမထောက်ရှာ။

အိမ်ကလေးမှာလည်း

ခါတိုင်းနှင့်မတူ။ ငြိမ်ငြိမ် တိတ်တိတ် ဖြစ်နေသလိုလို။ ပြတင်းပေါက်အနီးတွင် ထိုင်ပြီး တစ်စုံတစ်ခု ကို

‹‹‹http://www.shwezinu.blogspot.com/

ကုန်းလုပ်နေ သည့် ကော်ရာ ကို ပေ့ မြင်ရသည်။ သူ့ခြေသံကို ကြားမှ ကော်ရာ ခေါင်းထောင်လာ သည်။ တစ်မျက်နှာလုံး ၀င်းထိန်သွားသည်။ ရွှင်မြူးအံ့သြဟန်ဖြင့် သူ့ကို ကြည့်လိုက်သည်။ ချက်ချင်းပင် တံခါးဝသို့ ရောက်လာသည်။ ကော်ရာကို မြင်ရသည်မှာ ပေ့အဖို့ ခါတိုင်းထက်ပို၍ စိတ်ချမ်းမြေ့သည်။ ရက်ပေါင်းများစွာအတွင်း ပထမဆုံး အကြိမ်အဖြစ် စိတ်အားတက်ကြွသလို ခံစားရသည်။ "တစ်နာရီလောက်ဆိုပြီး လာခဲ့တာပဲ။ ငါ့ကြောင့် တစ်မှောင့်များ ဖြစ်နေမလားမသိဘူးဟေ့" "ဘယ်တော့ မှ မဖြစ်ပါဘူး" ကော်ရာ က ပေ့၏ လက်နှစ်ဖက်စလုံးကို ဆုပ်ကိုင်လိုက်သည်။ "ဦး ကို တွေ့ရတာ စိတ်ချမ်းသာပါတယ်။ ကျွန်မလည်း ပျင်းပျင်း ခြောက်ခြောက်ကြီး ဖြစ်နေတာပါ။" "ပျင်းတာပေါ့။ ဒါပေမဲ့ အခုတော့ မပျင်းတော့ပါဘူး။ ကဲ ... အိမ်ထဲဝင်လေ" "ဒေးဗစ် ဘယ်ရောက်နေ သလဲ" ပေ့က အပေါ် အင်္ကျီကို ချွတ်ရင်း မေးလိုက်၏။ "စကာဘာရာ

ကို

သွားလေရဲ့။

ဒီနေ့

မနက်ကပဲ

တွေ့ရအောင်တဲ့” Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ထွက်သွားတာပါ။

ဒေါက်တာ

အီဗန်ကို


ဦးဝင်းတင်

ဥတ္တရအလင်း

မျှော်လင့် မထားသော သတင်းကို ကြားလိုက်ရ၍ ပေ့ တုံ့ခနဲ ရပ်လိုက်မိ၏။ တစ်အောင့်လောက်ကြာမှ ... "သူ နေမကောင်းပြန်ဘူးလား" ဟု မေးနိုင်တော့၏။ "ကောင်းပါတယ်။ အတော်ကောင်းနေတာပဲ။ တလောတုန်းကစပြီး စိတ်ထင့်ထင့် ဖြစ်လာပြန်တာ" "ဘာကိစ္စ အတွက်လဲ" "သူ့ကိစ္စအတွက်ပေါ့။ တကြောင့်ကြကြ ဖြစ်ရုံဖြစ်နေတာပါ" "ရောဂါပြန်ဖြစ်မှာ စိုးတယ်ပေါ့လေ" "အဲဒါလည်း တစ်ပိုင်းပေါ့" ကော်ရာက လေးလေးဖြည်းဖြည်း ပြောသည်။ မပြောရက် ပြောရက် ဖြစ်နေပုံရသည်။ ပြောလိုက် ရ၍ ရင်ပေါ့သွားပုံလည်း ရလေသည်။

‹‹‹http://www.shwezinu.blogspot.com/

''တဖြည်းဖြည်း ဖြစ်လာတာပါ။ လွန်ခဲ့တဲ့နှစ်ပတ်က စတာပဲ။ ပထမတော့ သူ့စာအုပ်ကိစ္စမှာ အာရုံလျော့ လာတယ်။ ပြီးတော့ ကျွန်မနဲ့မတွေ့ခင် သူ ဒုက္ခရောက်ခဲ့ပုံတွေကို စပြောလာတယ်။ အဲဒီကိစ္စကို သူမေ့မေ့ ပျောက်ပျောက် သိပါတယ်။

ဖြစ်အောင်

ဒါပေမဲ့

ကျွန်မ

လုပ်ပါသေးတယ်။

သူကတော့ဆက်ပြောနေတာပဲ။

သူ့အတွက်မကောင်းဘူးဆိုတာလည်း

မောင်

အဲဒီလို

များပြန်ဖြစ်ရင်ကော်ရာ

ကျွန်မ ရယ်....

ဆိုတာမျိုးတွေပြောနေ တာပဲ။ တနင်္လာနေ့ကတော့ သူ အပေါ်ထပ်ဆင်း လာတယ်။ ''ဘယ်သူန့စဲ ကားပြောနေ တာလဲ'' လု့ေိ မးတယ်။ ကျွန်မက ''မပြောပါလား'' လု့ေိ ပြာတော့ ''မောင် ကြားမိပါတယ်။နားနဲ့ ဆတ်ဆတ်ကြား တာပါ'' လို့ပြောတယ်။ ''မင်းတစ်ယောက်တည်းများ စကားပြောနေတာလားကွယ်''လို့ထပ်မေးတယ်။ ကျွန်မက ''မဟုတ်ပါဘူး'' လို့ဖြေတယ်။ ဒါပေမဲ့ သူမကျေနပ်ဘူး။ တစ်အိမ်လုံးအနှံ့ ရှာတော့ တာပါပဲ။ ဗီရိုတွေပါမကျန် အားလုံးရှာတာပဲ။ လူတစ်ယောက်ယောက်များ ရှိနေမလားလို့ပေါ့လေ။ ကျွန်မကို ငူငူကြီးကြည့်ပြီး ''မောင် အသံတွေကြားတယ် ကောရာ''

လို့

ပြောတယ်။

ကျွန်မက

နားကြားလွဲတာ

ဖြစ်ပါလိမ့်မယ်လို့

ပြောပေမယ့်

မရဘူး။

နေ့လည်ပိုင်းကျတော့ ဆရာဝန်န့ေဲ တွ့ မှ ဖြစ်မယ်လို့ ပြောတော့တာပဲ။ ဦးတို့ကို မပြောရဘူးလို့ ကျွန်မကို မှာသွားတယ်။ သူနဲ့လည်း မလိုက်ရဘူးတဲ့။ ကျွန်မ က လိုက်ချင်တယ်။ သူက မလိုက်စေချင်ဘူး။ သူ့ကိစ္စ သူလုပ်မယ်တဲ့။ သူများကို အားမကိုး ချင်ဘူးတဲ့။ နို့မို့ရင် ဒီအစွဲ ကို ချွတ်လို့ရမှာမဟုတ်တော့ဘူးတဲ့လေ'' စကားပြတ်သွားသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ထိုအချိန်အတွင်း ဟင်နရီပေ့ခမျာ မှန်းချက်နှင့် နှမ်းထွက်တစ်ခြားစီဖြစ်နေသည့် သူ့စိတ်ကူးများ ကို ပြန်ပြင်ရလေ၏။

အကူအညီတောင်းရန်

သူလာခဲ့၏။

ယခုသူက

ပြန်ကူရပေဦးတော့မည်။

ကော်ရာ

မျက်ရည်လည်နေသည် ကို တွေ့လိုက် ရ၍ ဒေးဗစ်နှင့် ကော်ရာတစ်ခုခုတော့ ဖြစ်ကြပြီ ဟု တွေးမိ လိုက်၏။ ကော်ရာဖွင့်ပြောတာ အပြင် တစ်ခုခုတော့ ဖြစ်ခဲ့သေးသည်ဟု ထင်မိလိုက်၏။ ပေ့သည် ကော်ရာ့လက်မောင်းကို ဇတ်ခနဲ ကိုင်လိုက်၏။ ''ကဲလာ....တို့လမ်းလျှောက်ကြရအောင် ။ လေစိမ်းကလေးရူလိုက်ရင် ကောင်းသွားမယ်'' သူတို့ လျှောက်နေကျအတိုင်း ဆိပ်ခံတံတားတစ်လျှောက် လျှောက်သွားကြလေ၏။ နှစ်ယောက်စလုံး စကား တစ်ချက် မဟသလောက်ဖြစ်သည်။ သု့ေိ သာ် နေသာထိုင်သာ ရှိလာသည်။ မီးပြတိုက်အနီးရောက်တော့ ချမ်းမြသန့်စင်နေ၏။ လူးလွန့်ရုံလူးလွန့်နေ၏။

လေငြိမ်သွား၏။

မိုးကုတ်စက်ဝိုင်းဆီတွင် မှန်သားပြင်လို

နေ၀င်ရိုးရီး

နှင်းလွှာပါးပါး

လေပြေလေညင်းကလေးက

လွှမ်းခြုံထား၏။

ပြန့်ပြူးနေသော

လှိုင်းအိအိကလေးတွေ

ပင်လယ်ရေထုကို

အဆုံးအစမရှိ

တစ်မျှော်တစ်ခေါ်မြင်ရ၏။ မြူလွှာရုံလွှမ်းခြုံ ဖုံးကွယ် ထားသော တံငါလှေကလေးတစ်စင်းမှ ခရုသင်းမှုတ်သံ၏

‹‹‹http://www.shwezinu.blogspot.com/

ခြောက်ခြားဖွယ်ရာ ပဲ့တင်သံသည် ဆိတ်ငြိမ်မှု ကို ဖောက်ထွင်းဖြတ်သန်းလာသည်။ ပေ့သည် ကောရာနှင့်အတူ ဆိတ်ငြိမ်စွာ ရပ်နေသည်။ တစ်ယောက်နှင့်တစ်ယောက် ခါတိုင်းထက်ပို၍ နီးစက်ရင်းချာ လာဘိသကဲ့သို့ ခံစားမိ၏။ အိမ်သို့ပြန်ရောက်ချိန်တွင် ကော်ရာက သူ့ကိုလှမ်းကြည့်လိုက်သည်။ သမုဒယ အကြည့်။ အတညုတ အကြည့်။ ''ဒီအဖြစ်က မမျှတလိုက်တာရှင်။ ဦးမှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ် မဟုတ်လား'' ကော်ရာကပြော၏။ ''ငါက ခံနိုင်ရည် ရှိပါတယ်ကွယ်'' ပေ့က တံခါးဝတွင်ရပ်ကာ လက်ပတ်နာရီကို ကြည့်လိုက်သည်။ ''ကဲ ပြန်လိုက်ဦးမှ ထင်တယ်'' ''မဟုတ်တာရှင်။ အိမ်ထဲဝင်ပါဦး။ တစ်ခုခုတော့ စားသွားဦးပေါ့ဦးရဲ့'' ကော်ရာ က ဇွတ်ခေါ်သည်။ ကော်ရာကလည်း အငြင်းအပယ်မခံ။ ပေ့၏ အငြင်းအပယ်ကလည်း အကြောက်အကန် မဟုတ်။ ပေ့က စောစော လည်း မပြန်ချင် ။ ကျွေးမည်မွေးမည် ဆိုတော့မှ ၀မ်းကလည်းဟာလာသည်။ ''ကျွန်မ စားစရာ ပြင်လိုက်ဦးမယ်။ ဦးအခန်း ထဲမှာ ထိုင်နေနော်'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''မထိုင်ချင် ပါဘူး။ မီးဖို ထဲပဲ လိုက်ခဲ့ပါ့မယ်ကွယ်။ မင်းလုပ်တာ ကိုင်တာလည်း ကြည့်ရတာပေါ့'' မီးဖိုချောင်ထဲ

လိုက်ကြည့်ရသည်မှာ

အရသာတစ်မျိုးပင်။

သားတော်မောင်သတင်းကြောင့်

စိတ်ညစ်ရခြင်းကိုပင် သက်သာရာ ရစေသည်။ ကော်ရာလုပ်ပုံ ကုငိပုံကတတ်ကျွမ်းသည်။ ကြော့မော့သည်။ မျက်စိပသာဒ

ဖြစ်သည်။

သတင်းပတ်ပေါင်း

များ

သူခံစားခဲ့သည့်

ကြောင့်ကြမှုများသည်

ကော်ရာထံမှထုတ်လွှင့်သည့် လျှို့ဝှက် ဆန်းကြယ်သော အင်အားကြောင့် လျော့ပါးပြေပြောက်သွားသလို ခံစားရလေသည်။ ''ကော်ရာရေ မင်းနဲ့တွေ့ရတာ ငါဖြင့်ငယ်မူတောင်ပြန်သလို ဖြစ်မိတယ်'' ပေ့

သည်

စကားဆက်

စကားစပ်မရှိ

ဟောဟောဒိုင်းဒိုင်း

ပြောလိုက်သည့်

သူ့စကားသံကို

သူပြန်ကြားလိုက် ရသည်။ ''ဘုရားရေ'' ကော်ရာ က သူ့ကိုပြုံးပြသည်။ ''ဦးကလည်း အိုသေးတာမှမဟုတ်တာ။အိုကို မအိုသေးပါဘူး။ ကျွန်မကလည်း အိုတယ်လို့ မထင်ပါဘူး။

‹‹‹http://www.shwezinu.blogspot.com/

ဘယ်တုန်း ကမှ မထင်ပါဘူး'' ဟု ပြောလိုက်၏။ ညစာက ရိုးရိုးသာ။ ကော်ရာကအိမ်မှာလည်း ဘာမှ မရှိဘူးဟု သူ့ကိုယ်သူတဖျစ်ဖျစ် အပြစ် တင်ရင်း ပြင်ပေးသည့် အစာ။ ၀က်ပေါင်ခြောက်၊ ဘဲဥ၊ ပေါင်မုန့်မီးကင်၊ ထောပတ်သုတ်နှင့် လက်ဘက်ရည် မျှသာ။ ခြံထွက်ဟင်းရွက်ပြုတ် တစ်ခွက် ကတော့ ပါလိုက်သေးသည်။ သူ ငယ်ငယ် က နွေကျောင်းပိတ်ရက်များတွင် စလီဒန်ရွာသို့ လာနေခဲ့သည်။ လှိုင်းကာတံတိုင်းပေါ် ၌ ငါးမျှား ခဲ့သည်။ ထိုစဉ်က ဤညစာမျိုးကို စားခဲ့ရဖူးသည်။ ရှေးဟောင်းနှောင်ဖြစ်မျုားဖြင့် အားဖြည့်ကာ ငယ်ငယ်က ခံတွင်းတွေ့မှုမျိုး ထက်ပိုသော အာလူးဖြင့် ညစာ ကို သူစားလိုက်လေသည်။

ရှိသမျှပေးပြီး တစ်ခုမှ မယူတတ်သော ကော်ရာ၏အကျုင့်ကို ကြာမြင့်စွာကပင် သိထားသည်။ သူ မီးဖိုချောင်ထဲ

ဝင်လာမှ

ရက်လွန်ပေါင်မုန့်

များနှင့်

နွားနို့ကို

စားပွဲပေါ်မှ

ကော်ရာသိမ်းလိုက်သည်။

ထိုအစားအစာများဖြင့်သာ ပြီးနေသည့်ကော်ရာ အဖြစ်ကိုလည်း သူသိထားပြီးဖြစ်သည်။ ထိုကြောင့် ပေ့က ညစာအတူမျှ စားရန် ကော်ရာ ကိုခေါ်သည်။ ကော်ရာ

စိတ်လက်ကြည်သာ ရှိလိုရှိငြား သူတို့နှစ်ဦးစလုံးအပေါ် ဖိစီးနေသည့်

သောကဗျာပါဒ

ကိစ္စများမှ စကား ကို လှီးလွှပဲ စ်သည်။ နောက်နေ့ နံနက်ပိုင်းတွင် ဒေါက်တာအီဗန်ထံ တယ်လီဖုန်းဆက်မည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ထိုအချိန်ထိတော့ ဤကိစ္စ ကို ပြည်ဖုံးကား ချထားလိုက်ဦးမည်။ သူ့ပြဿနာတွေနှင့် ပတ်သက်၍လည်း အလားတူပင်။ ဆိုင်းထား ဦးမည်။ အခြားကမ္ဘာတစ်ခု

မှ

ခိုးဝှက်ဆောင်ကျဉ်းလာခဲ့ရသည့်အလား

ရှားရှားပါးပါးဇွတ်ရှောင်ပုန်း၍

လွှတ်အောင်ရုန်း ရသည့် ဤတဒင်္ဂကလေးကား အဖိုးထိုက်လွန်းလှ၏။ ပြဿနာများကို တနုံ့နုံ့တွေးခြင်းဖြင့် ထိုအဖိုးတန် တဒင်္ဂအချိန်ကလေး ကိုး ဖြုန်းတီးမပစ်နိုင်။ ဤသို့သော နားချိန်အားချိန်ကလေးမျိုး ဘယ်နည်း ဘယ်ပုံဖြစ်ထွန်း လာပါလိမ့် ဟုပင် စေ့ငုမနေတော့။ လပေါင်း

များစွာ

ထမ်းပိုးခဲ့ရသည့်

ဝန်ထုပ်ကြီးကို

ပစ်ချလိုက်ရလျှင်

တော်ပြီ။

ဤအိမ်မှ

ခွာသည်နှင့်တစ်ပြိုင်နက် ၀န်ထုပ်ကြီး ကို ပခုံးပေါ်ပြန်ထမ်းရဦးမည့် အရေးကို မေ့ထားလိုက်ရလျှင် တော်ပြီ။ စကားပြောကောင်း တုန်း ထိုင်နေကျ ပြတင်းပေါက်အနီး ထိုင်ခုံ ဘေးတွင် ဖွင့်လျက်သားစာအုပ်ကို ပေ့ လှမ်းမြင် လိုက်သည်။ ကာလိုင်း၏ ဆာတော်ရီဆာတပ်စ်။ ကော်ရာ က စာအုပ်ကို ပေ့မြင်သွားမှန်းသိလိုက်၏။ လိပ်ပြာ မလုံ သလို မျက်နှာ သွေးဖြန်းသွား၏။ ''ဒီနေ့

ဖတ်ရမယ့်

အခန်းတောင်

မဖတ်ရသေးဘူရှင်။

ဒေးဗစ်တော့ဒေါပွတော့မှာပဲ။

ကျွန်မက

‹‹‹http://www.shwezinu.blogspot.com/

စာဖတ်လို့ကို မရ ဘူး။ ပျင်းတာပေါ့လေ'' ပေ့က

ကော်ရာကို

တအံ့တသြကြည့်နေသည်။

ကော်ရာ

ပညာတိုးအောင်ဆိုပြီး

ဒေးဗစ်က

ဤစာအုပ်မျိုးကို ဖတ်ခိုင်းနေလေရော့ သလား။ ''ကျွန်မအဖို့

ကတော့

ဘာမှရေးမကြီး

သလိုပါပဲ။

ကျွန်မက

လုပ်ဟယ်ကိုင်ဟယ်ဆိုတာမျိုးကိုပဲ

စိတ်ပါတယ်။ ဘယ်တော့ မှ ပညာတတ်မှာ မဟုတ်ပါဘူး'' ကော်ရာ

က

ဝမ်းနည်းပက်လက်

ဆက်၍ရှင်းပြနေသည်။

ဒေးဗစ်ဖတ်ခိုင်းတာဖြစ်မှာပဲဟု

ပေ့

တွေးမိလေ၏။ ပေ့ ကရုဏာ သက်မိ၏။ အသနားပိုမိ၏။ ''မင်းမှာ အသိဉာဏ်တွေ

အများကြီးရှိတာပဲ ကော်ရာရယ်။ အဲဒါတွေက ပိုပြီးအရာရောက်ပါတယ်။

ပြီးတော့ ဒီစာအုပ် ကလည်း ဘယ်သ့အူ ဖို့ဖြစ်ဖြစ် သေချင်ပက်ကျိ ငြီးငွေ့စရာကောင်းတဲ့ စာအုပ်မျိုးပါ'' ကော်ရာ

က

ဘာမ

ှစကားပြန်မပြော

စားသောက်ပြီးသွားပြီဖြစ်၍

မီးလင်းဖိုထံမှထင်းတုံးကို

မီးမွှေးသည်။ ''ဒီမတ်လ ညပုငိးတွေကလည်း

အေးသားရှင့်။ ကျွန်မကတော့ မီးဖိုရတာကြိုက်တယ်။ နွေးတယ်။

မီးသင်းနံ့ ကလေး ကိုရောပေါ့။ သံချေးတက် ဓာတ်ငွေ့မီးခွေကလေးတစ်ခုပဲရှိတဲ့ ဟိုတုန်းက ကျွန်မနေခဲ့တဲ့

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အခန်း ကလေးတွေ ကို ပြန်တွေး မိရင် ဒေးဗစ်ကတော့ မကြိုက်ဘူး။ မီးဖိုမရှိဘဲလည်း နေတာပဲ။ အဲဒါ သူ့စိတ်ကူး သစ် တစ်ခုပဲ'' ''ဘာစိတ်ကူးသစ် ပါလိမ့်ကွယ်'' ကော်ရာငြိမ် နေသည်။ မျက်လွှာချထားသည်။ အကြာကြီးကြာမှ တွန့်ဆုတ်ဆုတ်နှင့် ဇွတ်မှိတ်ပြော သလိုပြောပြ သည်။ "သူ့စိတ်ထဲမှာ ဖြစ်လာတဲ့ဟာပါ။ သူ့အပြောကတော့ ခြိုးခြံ ရှောင်ကျဉ်နိုင်အောင် ကြိုးစားရမယ်တဲ့။ ကျွန်မ သူ့ကို ခြိုးခြံရှောင်ကျဉ် တာတွေ မလုပ်စေချင်ဘူး။ ရှိရှိသမျှ ရှောင်ကျဉ်ဖို့ လူဖြစ်လာတာမှ မဟုတ်တာပဲ။ စိတ်နည်းနည်းလျှော့ပြီး ဓမ္မတာအ တိုင်း နေထိုင်မယ်ဆိုရင် ...၊ ဘယ်သူပဲဖြစ်ဖြစ် ဓမ္မတာနဲ့ ဆန့်ကျင်နေရင် ဘယ်ကောင်းနိုင် မလဲ။ သူ့အတွက်လည်း မကောင်းနိုင်ဘူး။ ကျွန်မ အတွက်လည်း မကောင်းနိုင်ဘူး" ကော်ရာက စကားဖြတ်လိုက်သည်။ ပေ့ကို လှမ်းကြည့်လိုက်သည်။ ရင်ဗလောင်ဆူသောအကြည့်။ သူ့စကား လွန်လွန်းသွား ၍ စိတ်ကသိကအောက် ဖြစ်နေဟန်အကြည့်။ အမှတ်မထင် ရည်ညွှန်းပြောလိုက်သည့် ကော်ရာ့စကားအဓိပ္ပာယ်ကို ပေ့ သိလိုက်၏။ ထူးဆန်းသော

‹‹‹http://www.shwezinu.blogspot.com/

နာကျည်းမှုကို

ခံစားလိုက်ရ၏။

ယခုအချိန်အထိ

ကော်ရာတို့

အိမ်ထောင်ရေးကို

သူ့သား

ကောင်းကျိုးချမ်းသာ ဘက် ကသာ စဉ်းစားမိသည်။ ယခုမှ ကော်ရာ့ဘက်ကလည်း စဉ်းစားမိပြန်သည်။ "မင်းပျော်ရဲ့လား ကော်ရာ" ကော်ရာက ဖြည်းညင်းစွာ ပြန်ဖြေသည်။ "ပျော်ပါတယ်။ အနည်းဆုံး ဒေးဗစ် ပျော်ရင်ပေါ့လေ။ ကျွန်မလည်း အစွမ်းကုန် ပြုစုတာပါပဲရှင်။ ဒါပေမဲ့ တစ်ခါ တလေ ဒေးဗစ် က ကျွန်မကို မလိုချင်တော့သလို ဆက်ဆံတာ ..." "ဒါကတော့ သူ့အကျင့်ပါကွယ်။ မင်းကို သူ အရေးပေးတာ ငါ သိပါတယ်" "ကျွန်မ လည်း အဲဒီလိုပဲ ဖြစ်စေချင်တာပါ" ငြိမ်သွားပြန်သည်။ ကော်ရာသည် ကတုန်ကယင် လှုပ်ရှားမှုဖြင့် မီးလင်းဖိုမီးကို ဆွနေလေသည်။ "ထင်းတွေ က ဒီရေအတက်မှာ ကျွန်မ ဆယ်ထားတာလေ။ ချွေတာရေးလည်း ကျတယ်။ ပျော် လည်း ပျော် ရတယ်" "မင်းကတော့ ဟင်းလင်းပြင်ထွက်နေ ရရင် ပျော်နေတာ မဟုတ်လား" ကော်ရာက ခေါင်းညိတ်သည်။ "တစ်ခါတလေ များ ကျွန်မ ကမ်းခြေမှာ အဝေးကြီး လမ်းလျှောက်နေတာပဲ။ လူဆိုလို့ တစ်ယောက် တလေမှ မတွေ့ ရဘူး။ ကမ်းခြေမှာ ကောက်ရခဲ့တာတွေကို ဦးသိရင် အံ့သြမှာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ပြောစမ်းပါဦးကွယ်။ ဘာတွေပါလိမ့်" "မှန်းကြည့်ပေါ့" "ဖိနပ်စုတ်တွေလား"

ပေ့က

ပြက်လုံးထုတ်လိုက်၏။

ကော်ရာ

စိတ်ကြည်ကြည်လင်လင်

ဖြစ်လာစေချင်သည်။ "ဘယ်ကလာ ဟုတ်ရမှာလဲ။ ဒီအပတ် ကြက်ဥသေတ္တာ တစ်လုံး ကောက်ရတယ်" "ကော်ရာ ကတော့ ပေါက်ကရ ပြောတော့မယ်" "အဟုတ်ပြောတာ ဦး ရဲ့။ သင်္ဘောတစ်စင်းစင်းပေါ်က လှိုင်းပုတ်ကျန်ခဲ့တာနဲ့ တူပါတယ်" "အားလုံး အပုပ်ချည်း ပဲလား" ကော်ရာ့မျက်နှာ ၀င်းပလာသည်။ ပြုံးတောင့်ပြုံးခဲ အပြုံးကလေးကို ပြုံးလေတော့မလားဟုပင် ထင်ရ၏။ "ဒီည ဦးစားတဲ့ ကြက်ဥ ဟာကော။ ကျွန်မ ကောက်ရ ခဲ့တာ ကံကောင်းတာပဲ။ ဦးစားရတာပေါ့။

‹‹‹http://www.shwezinu.blogspot.com/

ဒီလှိုင်းကလေး

သိပ်

အပုတ်သန်

တာပဲ။

မြောက်ပိုင်းကမ်းခြေမှဆိုရင်

ဒီလှိုင်းပုတ်တာနဲ့

အားလုံး

လာတင်တော့တာပဲ။ အားလုံး ဆိုမှ အားလုံးပဲ" ကော်ရာပြောသမျှ ရိုးရိုးစင်းစင်း။ ပွင့်ပွင့်လင်းလင်း။ သူ့လှုပ်ရှားမှု အားလုံးအတိုင်းပင်။ သူ့စကား ကလည်း တွက်ကိန်း ချထားတာ မဟုတ်။ ဖြစ်ရိုးဖြစ်စဉ်။ တကယ့် ဖြစ်မြဲဓမ္မတာအတိုင်း။ မီးလင်းဖို ထဲမှ မီးတောက်က အရိပ်များအတွင်း၌ အလင်းလျှာပြူတစ် ထုတ်ပြနေသလို ဖြစ်နေ သည်။ ကော်ရာ့ မျက်နှာပေါ် သို့ အနွေးဓာတ်ကို ဆွတ်ဖျန်းပေးနေသည်။ တစ်ခန်းလုံး ငြိမ်သက်နေ၏။ ပေ့သည် ကိုယ့်အိမ်ကိုယ့်ရာမှာပင် မြတ်နိုးတွယ်တာမှု ကင်းဆိတ် စွာ နေလာခဲ့ရသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။ မြီးကောက်ပေါက် သွေးတကြွကြွ ဖြစ်နေသော ဒေါ်ရော်သီဆိုလျှင် သူ့ကို အရေးမထားသလောက် ပင်။ မျိုး ဆက်သစ် ၏ အကြင်နာခေါင်းပါးသော စိတ်ဓာတ်အပြည့်ဖြင့် သူ့ကို မထေမဲ့မြင် ဆက်ဆံ သည်။ အနုပညာကျောင်း

တက်ရန်

မညည်းမညူ

ထောက်ပံ့နေသမျှ

ကာလပတ်လုံး

အဖေလုပ်သူ

အား

ဘေးမဲ့ပေးခြင်း သဘောဖြစ် သည်။ ထိုသို့ ဘေးမဲ့ပေးထားခြင်းသည်ပင်လျှင် အကောင်းဆုံး ဆက်ဆံမှု ဖြစ်ပေတော့သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အဲလစ် ကျပြန်တော့လည်း ဘ၀ပုံစံက ပုံသေကားကျ။ မပြောင်းမလဲ။ ခုနှစ်ဆွေး၊ ရှစ်ဆွေးပုံစံ။ ပေ့က အဲလစ်နှင့် တန်းတူ ရည်တူ ကြည်ဖြူနှစ်လို ဆက်ဆံသည်။ သို့ရာတွင် သူ့အိမ်ထောင်ရေး ဘ၀သည် မည်မျှမွတ်သိပ်၊ မည်မျှခြောက်မြုံကြောင်း ဥာဏ်အလင်း ရသလို ယခုမှပင် သူ သိလာတော့၏။ ငယ်မူငယ်သွေးဖြင့် ရင်ဝယ်ပိုက်ထွေးခဲ့သည့် သူ့အချစ် စိတ်ကူးစိတ်သန်းတိ့သု ည် အကြွေစောခဲ့၏။ အနောက်ကုန်းမြင့်ဒေသ သို့ နှစ်ပတ်တာထွက်ခဲ့ကြသည့် သူတို့ မင်္ဂလာဦးခရီးတွင် အဲလစ်သည် အစော်ကား ခံရသည့် ဣနြေ္ဒရှင်မကြီးပမာ ပြုမူခဲ့သည်။ လင်ချစ် မယားချစ်ကိစ္စကိုပင် အဲလစ်က ဧရာမ အမှောင့်အယောင့် အဖြစ် သဘောထားခဲ့သည်မှာ ကြာတောင်ကြာခဲ့လေပြီ။ အဲလစ်က

သူ့အပေါ်

စုံရေမက်ရေစိတ်ထား လျော့ပါးလာသည်နှင့်အမျှ

သူ့အပေါ်

ပိုင်စိုးပိုင်နင်း

စိတ်ထား တိုးလာသည်။ ကိုယ့်ကိုယ်ကိုယ် သနားစိတ်၊ ကလေးဆန်ဆန် အထအနကောက်စိတ်၊ ထင်ရာမြင်ရာ စိတ်ကူး စိတ်သန်း၊ ခု ဟုန်းဟုန်းတောက် ခု စုန်းစုန်းပျောက် ကောက်ရိုးမီးစိတ်၊ ဆင်ခြေတိုင်းထွာမှု ကင်းမဲ့စိတ် အနုတ်မက် အခွက် ပျက်စိတ်၊ ကိုယ့်လင်သား၏ အလုပ်အကိုင်တွင် စိတ်ဝင်စားမှု ကင်းမဲ့စိတ်၊ ယမ်းပုံ မီးကျ ဒေါသူပုန်ထ စိတ် စသော အဲလစ်၏ စိတ်ထား စိတ်နေ အထွေထွေကို သူ တပေပေ ငုံ့ခံခဲ့ရသည်။ အဲလစ် လည်း စိတ်မငြိမ်။ သူလည်း စိတ်မကြည်။

‹‹‹http://www.shwezinu.blogspot.com/

ဤကလေးမနှင့် များ ကွာလိုက်ပလေဟု ပေ့ အတွေးပေါက်မိ၏။ ဖွံ့ဖွံ့ထွားထွား။

တိတ်တိတ်

ဆိတ်ဆိတ်။

ဤကလေးမသည်

မီးလင်းဖိုကို

စိုက်ကြည့်နေသည်။

သူ့မျက်လုံးများက မချမ်းမြေ့။ သိ့ေု သာ် သူ့လက်များက တည်ငြိမ်သည်။ မြတ်နိုးတွယ်တာမှုကို သူကလည်း ရက်ရက်ရောရော ပေး ချင် သည်။ သူ့ အတွက် လည်း လိုချင်သည်။ သူ့ငြိမ်သက်မှုက စာနာမှုနှင့် နားလည်မှု အပြည့်။ သေရေးရှင်ရေး လုံးပမ်းနေရသည့် ယခုလိုအချိန်တွင် သူ့အပေါ် နားလည်မှု ရှိစေချင်သည့်စိတ်ဆန္ဒ သည် ဟင်နရီပေ့ ရင်ထဲတွင် မကြာသေးမီကပင် စွဲကပ်လာခဲ့သည်။ ပျော့ညံ့စိတ်မှန်း သူ သိပါ၏။ သို့သော် ထိုစိတ်ကို သူ မချိုးနှိမ်နိုင်။ ခင်မင်ကြင်နာမှုကို အငမ်းမရ တောင့်တသောစိတ်။ ပေးနှင်း လိုသောစိတ်။ ပိုက်ထွေး လိုသောစိတ်။ ထိုတောင့်တစိတ် အား ဖြည့်နှင်းနိုင်သည့်အရာသည် ကော်ရာ့ထံတွင် ရှိသည်။ ရှားပါးသောအရာ။ အဖိုးထိုက်သော အရာ။ အိမ်ပြန်ရန်

အချိန်တန်ပြီဟု

သတိရသည်။

ကော်ရာက

ခပ်မဆိတ်ပင်

ပေ့ကို

ကားရှိရာအထိ

လိုက်ပို့သည်။. ကြယ်ရောင် ကမ်းခြေကို

လင်းလင်း၊

တ၀ုန်းဝုန်း

အေးစိမ့်စိမ့်ကောင်းကင်ပြာကြီးအောက်တွင်

ဆောင့်ပုတ်နေကြသည်။

လှိုင်းတက်တွင်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

လှိုင်းခေါင်းဖြူကြီးများက

မြည်ဟိန်းသံ၊

လှိုင်းဆုတ်တွင်


ဦးဝင်းတင်

ဥတ္တရအလင်း

ကျောက်တုံးကလေးများ တရွေ့ရွေ့မျော ပါလိမ့် ဆင်းသံကို သူတို့ နားစွင့်နေမိကြ၏။ လရောင်ဖြာ ဆင်းနေ၍ အယ်လ်ဒန်

ကုန်းတန်း

မှာ

ပြာနှမ်းနှမ်း

ဖြစ်နေ၏။

ကော်ရာ

အသက်ရှူထုတ်လိုက်တိုင်း

နှင်းမှုန်မှုန်

လွင့်မျောနေသည်။ ရင်အုံက နိမ့်တုံမြင့်ချည်။ ကော်ရာ က တိုးတိုးလေး ရေရွတ်လိုက်သည်။ "ဦး ပြန်မှ ဖြစ်မှာလား" "အချိန်လင့်နေပြီကွယ်" ပေ့က ပြောသည်။ "ဒီလောက်လည်း ညဥ့်မနက်သေးပါဘူး ဦးရယ်။ ဦးပြန်သွားရင် ကျွန်မတော့ ... ကျွန်မတော့ ပိုပြီး စိတ်ညစ် ရတော့ မှာပဲ" ကော်ရာ့တစ်ကိုယ်လုံး ရုတ်တရက်တုန်လာသည်။ ပေ့၏ လက်ကိုဆုပ်ကိုင်ထားသည့် သူ့ လက်တွေ အေးစက်နေ ၏။ "မင်းနေကောင်း ရဲ့လား ကွယ်။ လက်ဖျားတွေကလည်း ရေခဲကျနေတာပဲ" ကော်ရာ က ရယ်လိုက်၏။ "လက်အေး တာ နွေးထွေး တဲ့ နှလုံးသားရဲ့ အမှတ်လက္ခဏာတဲ့ ဦးရဲ့။ ဒီလိုပဲ ပြောကြတယ်လေ။

‹‹‹http://www.shwezinu.blogspot.com/

လှလိုက်တဲ့ ညရယ်။ အိမ်ထဲဝင် ရမှာ အားနာ ဖို့တောင် ကောင်းသေး။ ကမ်းစပ်ဘက်ကို နည်းနည်း လျှောက်ကြဦး စို့လား ဟင်" "လျှောက်ပြီးမှပဲကွယ်" "ဟုတ်ပါတယ်။ ဒါပေမဲ့ လှလိုက်လင်းလိုက်တာနော်" ကော်ရာ့အသံက တုန်တုန်ယင်ယင်။ "လမ်းအဆုံးမှာ တဲကလေးတစ်လုံး ရှိတယ်။ အထဲမှာ ပိုက်ကွန်တွေ ရှိတယ်။ ဦးကို ကျွန်မ ပြမယ်လေ။ လူတွေ

သူတွေလည်း

မရှိဘူး။

ခြောက်ခြောက်သွေ့သွေ့ပဲ။

ကျွန်မတို့

ထိုင်ပြီး

လှိုင်းလုံးတွေကို

ကြည့်နိုင်တာပေါ့" ကော်ရာ

က

သူ့ကို

ကမန်းကတန်း

ကြည့်လိုက်၏။

ရှိုးတိုးရှန်းတန်းကြည့်လိုက်၏။

ဆန်းဆန်း

ကြယ်ကြယ် ကတုန် ကယင် စူးစမ်းသော အငေးအစိုက်။ "ကော်ရာရေ ... တကယ်ညဥ့်နက်နေပါပြီကွယ်။ ၁၀နာရီတောင်ထိုးတော့မယ်။ ဦးလည်း ပြန်မှပဲ။ တစ်နေ့နေ့ကျ သွားကြ တာပေါ့နော်" "တကယ်သွားကြမှာလားဟင်" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကဲ

...

ပျော်ပျော်နေတော့။

မင်းအတွက်ရော

ဒေးဗစ်အတွက်ရော

တု့အိားလုံးအတွက်ပါ

အကုန်အဆင်ပြေတော့ မှာပါကွယ်" ကော်ရာ ကြား ပါလေစ။ ကော်ရာက ဘာမှပြန်မပြော။ ပေ့၏ လက်ကိုသာ ဆွဲယူပြီး သူ့ကိုယ်တွင် ဖိကပ် ထားလိုက်၏။ ပြီးမှ ... "ဦးက သိပ်ကောင်းတာပဲ ... တကယ်ပ"ဲ ဟု ပြောသည်။ "လာခဲ့ဦးနော်။ မြန်မြန်လာခဲ့နော်" ပေ့ အသည်းခိုက်သွားသည်။ ကော်ရာ့ဆံပင်ကို ငုံ့မွှေးလိုက်၏။ ကော်ရာ က သူ ကားမောင်းထွက်လာချိန်တွင် သူ့ကို မတုန်မလှုပ် ကျောက်ရုပ်လိုရပ်ကာ ကြည့်နေ ရစ်ခဲ့လေ သည်။ ဟင်နရီပေ့ သည် ရွှန်းစိုဖြာလက်နေသော ငွေလရောင်ထဲသို့ ကားမောင်း ၀င်လာခဲ့သည်။ လရောင်က ရှည်လျားဖြောင့်စင်းသော လမ်းမကြီးကို နို့နှစ်မြစ်ကြီး တစ်စင်းအဖြစ် ပြောင်းလဲပစ် လိုက်သည်။ ကားမောင်း၍

‹‹‹http://www.shwezinu.blogspot.com/

၅မိနစ်ခန့် အကြာတွင် ကားကို ဗြုန်းခနဲ ဆောင့်ရပ်လိုက်၏။ ခြံတံခါးဝ တွင် ၀မ်းနည်းပမ်းနည်း တ၀ဲလယ်လယ် ကျန်ရစ်ရှာ ခဲ့သည့် ကော်ရာ့ ရုပ်သွင်ကို ပြန်၍ မြင်ယောင် မိသည့် အတွေးက သူ့နှလုံးသားကို ထိုးဆွနေ၏။ ဘာကြောင့် ကော်ရာ့ကို သူ ပစ်ထားမိ ခဲ့ပါလိမ့်။ ဘာကြောင့် သူ စောင့်ရှောက် သင့်သလောက် မစောင့်ရှောက်မိခဲ့ပါလိမ့်။ ကား ကို ပြန်ကွေ့ပြီး ကော်ရာ့ ထံ ပြန်သွားကာ ဖြေသိမ့်ရန် စိတ်ကြမ်း ၀င်မိသေး၏။ သိ့ေု သာ် မဖြစ်။ မဖြစ်နိုင်။ အထင် အမြင်တွေ မှား ကုန်လိမ့်မည်။ ကော်ရာ့ကိုသာ ဧကန်မုချ အကျိုးယုတ်စေလိမ့် မည်။ စကားတစ်ခွန်းတလေ

ပြောရရုံပဲဖြစ်ဖြစ်

ကော်ရာ့အပါးပြန်သွားချင်နေသောစိတ်ကို

တွန်းလှန်

ဖယ်ရှားရင်း ရင်ထဲ တွင် တစ်ဆို့ခြောက်ကပ်လာသည်။ ဟင်နရီပေ့သည် သက်ပြင်းကြီးချလိုက်၏။ ကားစက်ကိုပြန်နိုးပြီး ဟက်ဒယ်လ်စတန် မြို့ဘက် သို့ မောင်းလာ ခဲ့လေ၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၀)

ထိုနေ့တစ်ညနေခင်းလုံးပင်

မစ္စက်ပေ့သည်

ဟန်လေလမ်းနေအိမ်

စာကြည့်ခန်းထဲတွင်

ထိုင်ကာ

တငြီးငြီး တငွေ့ငွေ့ ဖြစ်နေလေသည်။ အိမ်ဖော် ဟန်နာက အနားယူ။ သမီး ဒေါ်ရော်သီက အအေးမိပြီး အိပ်ရာစောစော ၀င်။ နှစ်ယောက် တည်း ဖဲရိုက်ရန် ဖိတ်ထားသည့် ဆရာဝန်ကတော် ကက်သရင်းဘတ်က မပေါ်လာ။ သို့ဖြင့် အဲလစ် တစ်ကိုယ်တည်း ငြီးငွေ့နေခြင်း ဖြစ်လေ၏။ အဲလစ် က အဖော်ခင်တတ်သည်။ တစ်ယောက်တည်း မနေတတ်။ သူ့ကိုယ်သူ ပစ်ထားခဲ့ရသည်ဟု အထင်ရောက်နေ သည်။ စိတ်မကြည်သာ။ အခြားမျှော်စရာ လူမရှိတော့၍ ဟင်နရီပေ့ကိုသာ မျှော်နေမိလေ၏။ ကိုယ်တော်ချော ဘယ်များ သဝေထိုးနေပါလိမ့်ဟု တွေးမိ၏။ ခုတစ်လော ကိုယ်တော်ချော သွားပုံလာပုံ

‹‹‹http://www.shwezinu.blogspot.com/

အခြေပျက်နေ သည်။ ည၇နာရီ

ထိုးပြီးစတွင်

အိမ်ဖော်နားရက်တွင်

သတင်းစာတိုက်သို့

တစ်ခါတစ်ရံ

ကလပ်၌

တယ်လီဖုန်း

ပေ့

ဆက်မေးသည်။

ညစာစားတတ်သည်။

ဟင်နရီပေ့

ည၈နာရီတွင်

မရှိ။

ကလပ်သို့

တယ်လီဖုန်းဆက်သည်။ ကလပ် မှာလည်း မရှိ။ ရောက်နေစရာ တစ်နေရာသာ ရှိတော့သည်။ ထိုနေရာမှာ စလီဒန်ရွာ။

ထိုနေရာသို့

ကိုယ်တော်ချော

ရောက်ကိုရောက်နေရမည်။

ဇနီးမယား

ဖြစ်သူကိုတော့

အရေးလုပ်ဖော်မရ။ တစ်ဆိတ်ရှိ စတီဒန်အိမ်ကလေး သို့ အပြေးရောက်နေသည်မှာ တကယ် လွန်လွန်းသည်။ အဲလစ် သည် ကျောမှီထားသည့်မှီအုံးကို ထောင်လိုက်သည်။ သတင်းစာပဟေဠိမှာ ဆက်ဖြေ၍ မရတော့။ သုံးကြိမ်မြောက် အဖြစ် ဇာထိုးအပ် ကို ကောက်ကိုင်ပြန်၏။ အပ်ချက်ကလေးတွေက စိပ်လွန်းသည်။ ပန်းပုံစံ ကိုလည်း မကြိုက်တော့။ ဟန်နာ ကို အားလပ်ချိန်တွင် အစသတ်ပေးခိုင်းရန် ဆုံးဖြတ်လိုက်သည်။ စိတ်ငြိမ်စေရန် ဖဲချက်ကလေးများကို ချကစားပြန်သည်။ အကြောင်းမထူး။ တစ်ညနေလုံး အလိုမကျ ဖြစ်နေခဲ့၍

စိတ်ကသိ

ကအောက်

ဖြစ်ရသည်။

ကိုယ့်ကိုယ်ကိုယ်

သနားစိတ်

က

စေ့ဆော်

နေ၍

လေထဲတိုက်ဆောက် မိပြန် သည်။ ယနေ့ညအဖို့မူ အနာဂတ်အတွက် စိတ်ကူးယဉ်ခြင်း မဟုတ်။ အတိတ်ကို ပြန်ပြောင်း

သတိရခြင်းသာ။

ဖဲချပ်ကလေးများကို

လက်ထဲတွင်

ကိုင်ရင်း

အပူအပင်မရှိ

ပျော်စရာအတိကလေးဘ၀ကို အမှတ်ရနေလေ၏။ ထိုစဉ်က အရှေ့ လိုသီယန်နယ်တွင် သူ့အဖေ၀ယ်ထားသည့် ဘင့်ခ်စ်ဟုမ်း ခြံကလေးသို့ သူတို့ မောနင်းဆိုက် တိုက်တန်းမှ ပြောင်းရွှေ့ခဲ့ကြသည်။ ထိုအချိန်က သူ ပျော်ခဲ့လိုက်ပုံမှာ ပြောမပြ တတ်အောင်ပင်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ခြံကလေးက ဆိတ်ငြိမ်၏။ ကျေးလက်ဆန်၏။ ဖော့သ်မြစ်နှင့် ဘာ့စ်ကျောက်ဆောင်ကို လှမ်းမြင်ရ ၏။ မြို့တော်၏ ပျော်စရာ ရွှင်စရာတို့နှင့်လည်း အလှမ်းမကွာ။ အသိုင်းအ၀ိုင်းကလည်း ကျယ်သည်။ အထက်တန်း ကျသည်။ သူ့အဖေက စက်ရှင်တရားသူကြီးအဖြစ် ခန့်အပ်ခြင်းမခံရမီကပင် အက်ဒင်ဘာရာ ရှေ့နေလောက တွင် ထင်ရှားကျော်ကြားသော

ဘုရင့်အတိုင်ပင်ခံ

ဝတ်လုံတော်ရကြီး။

အဲလစ်အသက်

၁၇နှစ်တွင်

သူ့အမေ

ဆုံးသည်။ မိသားစု အခြေပျက်ရတော့မလို ဖြစ်ခဲ့ရသေးသည်။ သိ့ေု သာ် ရို့စ်က အိမ်ထောင်တာဝန်ကို နိုင်နိုင်နင်းနင်း ဦးစီးနိုင်ခဲ့ သည်။ သူ့အနာဂတ် မှာ သာယာဖြောင့်ဖြူး လှချေတကား။ သူ့ဘ၀ကို ယခုလို ဖြစ်လာလိမ့်မည်ဟု လုံးဝ မထင်ခဲ့။ သူ အမှန်းကြီး မှန်းထားခဲ့သည့် အိမ်ထောင်ရေးမှာ ယခုလို တောဆန်ဆန်၊ တစ်ခါလာ မဲပြာ ပုဆိုး ဖြစ်လာလိမ့်မည်ဟုလည်း မထင်ခဲ့။ ဥပေက္ခာရှုမှုနှင့် စီးပွားပျက်မှုဖြင့်သာ ဇာတ်သမ်း ရမည့် အိမ်ထောင်ရေး ဖြစ် လာလိမ့်မည်ဟုလည်း မမှန်းခဲ့။ ဟင်နရီပေ့နှင့် သူ စတင် တွေ့ခဲ့ရပုံကလေးကို တွေးလိုက်တော့ မျက်ရည်စို့ရသေး။ အဲလစ်သည် သူတ့လို

အထက်တန်းလွှာမှ

မိန်းကလေးများအတွက်

"အသိအမှတ်ပြုကိစ္စ"

တစ်ခုဖြစ်သော

‹‹‹http://www.shwezinu.blogspot.com/

အနုပညာသင်တန်းတက်ရန်အတွက်သာ တက္ကသိုလ်ရောက်ခဲ့သည်။ ဘွဲ့ယူရန် မဟုတ်။ သူနှင့် အတန်းတူ ထိပ်ထိပ်ကြဲ အသိုင်းအ၀ိုင်းတွင် ပေ့မပါ။ သူတ့အိုားလုံး အလွန်မြူးကြွခဲ့ကြ၏။ နေ့လယ်ပိုင်း သင်တန်းပြီးချိန် ဆိုလျှင် လက်ချင်းချိတ်ကာ လက်ပံပင် ဇရက်ကျ သလို စကားဖောင်ဖွဲ့ကြ၏။ မက်ဗက်တီ ဧည့်ရိပ်မြုံတွင် နေ့လယ်စာစားကြရန် မင်းသားလမ်း တစ်လျှောက် လမ်းလျှောက်ကြ၏။ စားပွဲထိုးကလေး လစ်ဇီဒီဝါက ပြတင်းပေါက်နား တွင် စားပွဲဝိုင်းတစ်ခု အမြဲ သီးသန့် လုပ်ထားမြဲ။ နေ့လယ်စာ စားပြီးချိန်တွင် စိတ်ဝင်စားရာ တစ်ခုခု တော့ရှိမြဲ။ ကပွဲအတွက် ဖြစ်ဖြစ်၊ စကားရည်လုပွဲ အတွက် ဖြစ်ဖြစ်၊ "ဆိုရှယ်" ကိစ္စ တစ်ခုခု အတွက် ဖြစ်ဖြစ် ပြင်လိုက် ဆင်လိုက်နှင့် ပြာလောင်ခတ်မြဲ။ စကားရည်လုပွဲကြောင့် ဟင်နရီပေ့နှင့် သူ စကားပြောဖို့ အကြောင်းဖန်လာ၏။ ပေ့က ရှိုးတိုးရှန့်တန့် အိုးတိုးအတ။ ခွကျကျ။ ကျောင်းမဂ္ဂဇင်း တွင် လက်ရာကောင်းဆောင်းပါး တစ်ပုဒ်စနှစ်ပုဒ် စ ဖော်ပြ ခြင်း ခံရပြီး ဖြစ်သော် လည်း ဘယ်သူကမှ သူ့ကို အရာမသွင်း။ အဲလစ်ကမူ ထိုအစွမ်းအစကြောင့် သူ့ထံမှ အချက်အလက် တောင်းသည်။ စကားပလ္လင်ခံရာတွင် ထည့်ပြောသင့်

သည့်

စိတ်ကူးစိတ်သန်းကလေး

ရှာခိုင်းသည်။

ဟင်နရီက

လိုလိုလားလား

လုပ်ကိုင်

ပေးခဲ့သည်။ သူ့အကြောင်းကို အဲလစ် စပ်စုမိသည်။ အဆောင်တွင် နေသည်။ အပေါင်းအသင်း မရှိဟု သိလာရသည်။ ထို့ကြောင့် ဘန့်ခ်စ်ဟုမ်းသို့ အလည်လာရန် ဖိတ်မန္တက ပြုမိသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

နောက်တွင်လည်း နောက်ထပ် အလည်ဖိတ်မိပြန်သည်။ ဂူလိန်းဂေါက်သီး ကစားကွင်းတွင် သူတို့ နှစ်ယောက်သား အဝေးကြီး လမ်းလျှောက်ကြသည်။ ထွေရာလေးပါး စကားဆန်းတွေ ပြောကြ သည်။ ရံဖန်ရံခါ မိုးဖွဲဖွဲ ရွာလျှင် ကတုတ်ကျင်းထဲ တွင်ထိုင်ရင်း ဖတ်သ်ပင်လယ်အော်ကို ဖြတ်ကျော် မျှော်ငေးကြသည်။ ပေ့က ချစ်လှချည်ရဲ့ ကြိုက်လှချည်ရဲ့ လှစ်ဟပြောတတ်သူမဟုတ်။ ဒါကို အဲလစ်က သဘောကျ သည်။ အဲလစ် ကလည်း အတင်းကာရော အပြောခံသူမဟုတ်။ ဒါမျိုးဆို ဘယ်တော့မှ လက်သင့်မခံ။ လမ်းလျှောက် ရာမှပြန်တိုင်း ပေ့က ညုခ် ဟုခေါ်လေ့ရှိသည့် ဘန်းဝစ်လမ်းရှိ ဆိုင်စုတ်ကလေးတွင် သူတို့

လက်ဖက်ရည်

သောက်လေ့ရှိကြသည်။

ပြီးတော့

သူတ့အိုမ်ပြန်ကြသည်။

ရုံးမှ

ပြန်လာသည့်

အဲလစ်ဖခင်က ဟင်နရီပေ့ ကို ပုခုံးပုတ်ကာ ... "ဟေ့ သူငယ် မင်းအကြံတွေ မရိုးဘူးဆိုတာ ဖြောင့်ချက်ပေးဖို့ အချိန်မတန်သေးဘူးလားကွဲ့" ဟု ပြက်လုံး ထုတ်လေ့ ရှိသည်။ နိုင်ငံရေး အကြောင်း၊ စာအုပ်အကြောင်း သူတ့မို ပြီးနိုင်၊ မဆုံးနိုင် ဆွေးနွေးကြ၏။ သူ့ဖခင် က ဟင်နရီပေ့နှင့် အတွင်းစကားကလေးများ ပြောတတ်၏။ ဟင်နရီပေ့ ပြန်သွားသောအခါ

‹‹‹http://www.shwezinu.blogspot.com/

သူ့ဖခင်က... "ဒီသူငယ်မှာ ဇရှိတယ် အဲလစ်ရှေ့။ သမီးသာ အမြော်အမြင် ရှိရင် သူ့ကို တွယ်တာမှာပဲ" ဟု ပြော လေ့ရှိသည်။

အဲလစ်ကလည်း

ဟင်နရီပေ့ကို

ယုံစားသည်။

စရိုက်ချင်းကတော့

မတူ။

ပေါင်းသင်း

ဆက်ဆံရေးနယ်ပယ်တွင် ပေ့ကို သူ ဖေးမနိုင်လိမ့်မည်ဟု အဲလစ်က ထင်ထား၏။ ဟင်နရီပေ့ လူ တစ်လုံး သူတစ်လုံးဖြစ်လာအောင် ဘက်ပေါင်းစုံမှ ကူညီနိုင်လိမ့်မည်ဟုလည်း ထင်ထား၏။ ဟင်နရီပေ့၏ တက္ကသိုလ်မှထွက်ပြီး

ဖခင်

မစ္စတာရောက်ဘတ်ပေ့

ဟက်ဒယ်လ်စတန်မြို့

ကောက်ရသလို

သို့ပြန်ရမည်ဖြစ်သောအခါ

နာမကျန်းဖြစ်၍ သူတို့

ဟင်နရီပေ့

စေ့စပ်ကြောင်းလမ်း

လိုက်ကြတော့သည်။ နှစ်ပေါင်း ၂၀ ကျော် သစ္စာရှိရှိ စွဲစွဲမြဲမြဲ ပေါင်းသင်းလာခဲ့ပြီးနောက် ဖုတ်လေသည့် ငါးပိ ရှိလေသည် မှန်း မသိ သယောင် လင်တော်မောင်၏ ချောင်းထိုး ဘေးချိတ်ခြင်းကို ခံရလိမ့်မည်ဟု သူတစ်စက်လေး မှ မတွေးမိခဲ့ချေ တကား။ အိမ်ရှေ့ တံခါးဖွင့်ချိန် ကြားလိုက်ရချိန်တွင် အဲလစ် မျက်ရည်လည်ရွှဲ ဖြစ်လုမတတ် ဖြစ်လုမတတ် ဖြစ်နေသည်။ ဣနြေ္ဒဆည် ရန် အချိန်မီရုံကလေး။ ပေ့ ၀င်မလာမီ ဖဲချပ်များကို သိမ်းသည်။ ပန်းထိုး အလုပ် ကို ပြန်ကောက် လိက်ုသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မင်း...အိပ်ရာ မ၀င်သေးဘူးကိုး။ ဒေါ်ရော်သီကော ရောက်ပြီလား" ဟင်နရီပေ့က အံ့အား သင့် သလို မေးလိုက်၏။ "သမီး အိပ်တာဖြင့် ကြာလှပြီ " အဲလစ်က မီးလင်းဖိုပေါ်မှ နာရီကို အဓိပ္ပာယ်ပါပါဖြင့် လှမ်းကြည့် လိုက်၏။ ၁၁ နာရီ ၁၅ မိနစ်။ "ကျွန်မ က ရှင့်အတွက် စိတ်ပူနေတာ" ဟု စိတ်ချုပ်တည်းသော လေသံဖြင့် ဆက်ပြောသည်။ "မင်းကို

သတင်းစာတိုက်က

မပြောဘူးလား။

စလီဒန်ကို

သွားနေတာပါကွာ"

ဟင်နရီပေ့က

ခြေကုန်

လက်ပမ်းကျ သလို ထိုင်ချလိုက်သည်။ မျက်လုံးကို မီးရောင်မထိုးအောင် ကာထားလိုက်၏။ "ဟုတ်လား" ထို စကားတစ်ခွန်းဆိုလျှင် တာသွားလှပြီ။ အဲလစ်က နောက်ထပ်မပြောတော့။ "ဒေးဗစ်လည်း

မရှိဘူး။

ဒေါက်တာအီဗန်ဆီ

သွားနေတယ်။

ဆိုးဆိုးဝါးဝါး

တော့

မဟုတ်ဘူးနဲ့

တူပါတယ်။ မနက်ကျမှ စကာဘာရာကိုလှမ်းပြီး ဖုန်းဆက်လိုက်ဦးမယ်။ ကော်ရာကတော့ မှိုင်တွေချနေလေရဲ့ သနားစရာပဲကွာ။ ဒါနဲ့ ငါလည်း ခဏစကားပြောနေလိုက်တာ"

‹‹‹http://www.shwezinu.blogspot.com/

အဲလစ်က

ခပ်သွက်သွက်

ပန်းထိုးနေလိုက်၏။

အပ်ချပ်က

တောင်ရောက်

မြောက်ရောက်

မျက်နှာအောက်စိုက်ထားသည်။ သိ့ေု သ်ာသွေးရောင် လွှမ်းနေမှန်း သူ့ဘာသာ သူ သိသည်။ ၅ နာရီကြီး များတောင် စကားပြောနေကြသကိုး။ သူအသံကို တည်ငြိမ်အောင်ထိန်းကာ..... "ရှင်စကားပြောတာကလည်း ကြာကြာလွန်းရှင်"ဟု ပြော လိုက်လေသည်။ "အေး...ကြာသွားတယ်။ ဆိပ်ခံတံတားဘက်လည်း လမ်းလျှောက် လိုက်သေးလို့။ ညစာလည်း အတင်း ကျွေးနေတာနဲ့ကွယ်။ စားလို့ကောင်းလိုက်တာ။ ပြီးတော့ မီးဖိုဘေးမှာ ထိုင်စကားပြော လိုက်ကြသေး တယ်" ပေ့က

ညင်ညင်သာသာ၊

ဥာဏ်ထုတ်နေခြင်းဖြစ် စေတနာ

သည်ဟု

ဘာသညာလ၀ါပြောနေခြင်းမှာ အဲလစ်

သူ့ကို

အတွေးပေါက်မိ၏။

နားလည့်

ပါးလှည့်လုပ်ရန်

ကော်ရာ့အပေါ်

ပေ့

ရေးစီးကမ်းပြိုလိုက်နေခြင်းကို အဲလစ် ယနံ့မကင်းဖြစ်နေသည် မှာ အတော်ကြာခဲ့ပြီ။ ကော်ရာ

အိမ်ရိပ်နင်းစ အချိန်မှ စ၍ ပေ့က ကော်ရာတို့ နှစ်ယောက်သား အိမ်ကလေး တစ်လုံးထဲတွင် တစ်ညချမ်းလုံး အကြည်ဆိုက်နေပြီး

သူ့ကိုတော့

အိမ်မှာ

မျက်စိ

သူငယ်

သူကြားမကောင်းပင် ဖြစ်တော့သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ပစ်ထားသည်မှာ

လူကြား

မကောင်း


ဦးဝင်းတင်

ဥတ္တရအလင်း

အဲလစ် ပိုင်းဖြတ်လိုက်သည်။ ယတိပြတ် ပြောရတော့မည်။ ဤကိစ္စကို ရပ်တန်းက ရပ်အောင် လုပ်ရတော့မည်။ မော့ကြည့်လိုက်တော့ သူ့ကို ကြည့် နေသည့် ပေ့ကို ကျိုးကျိုးနွံနွံ ကြောင်ကြာင် စီစီ မျက်လုံးများကို မြင်ရသည်။ အဲလစ် စကားမစနိုင်မီမှာပင် ပေ့က''အဲလစ်အချစ်ရေ မင်းနဲ့ ငါ စကား ကလေးတစ်ခွန်း ပြောရဦးမယ်။ အလုပ်ကိစ္စပါ။ ငါ့ရင်ထဲမှာ တနုံနုံ ဖြစ်နေလို့။ နည်းနည်းတော့ နောက်ကျနေပြီ။ ငါအခု ပြောတာ ခွင့်လွှတ်နော်'' ဟုပြောသည်။ ကော်ရာကိစ္စကို အဲလစ် တအောင့်တနားမေ့သွားသည်။ ''ဘာကိစ္စပါလိမ့်'' မေးမိရက်သား ဖြစ်သွား၏။ ပေ့က တွန့်ဆုတ်ဆုတ် ဖြစ်နေသည်။ '' ဒီအိမ်ဝယ်တုန်းက မင်းနာမည်နဲ့ စာချုပ်ထားခဲ့တာ ဆိုတော့ မင်းကူဦး မှ ဖြစ်မယ်။ ငါလည်း အချိန်ဆွဲနိုင်သမျှတော့ ဆွဲတာပဲ။ မင်းဆီက မတောင်းချင် ပါဘူးကွယ်။ ဒါပေမဲ့ ငါ ဘေးကျပ် နံကျပ် ဖြစ်နေတာ မင်းလည်း အသိပဲ။ လှည့်သုံးစရာငွေရမှ ဖြစ်တော့မယ်။ အိမ်ပေါင်ဖို့ လက်မှတ် ထိုးပေးစေချင်တယ်'' ဟင်နရီပေ့

က

စာရွက်တစ်ရွက်ကို

အိတ်ထဲမှ

ထုပ်ပြီး

ပေါင်ပေါ်တွင်

ဖြန့်နေသည်။

အဲလစ်

‹‹‹http://www.shwezinu.blogspot.com/

နှုတ်ဆွံ့နေသည်။ အတော်ကြီးကြာ သည်။ ဒေါသမီးက တရှိန်ရှိန် လောင်မြှိုက်လာသည်။ မခံသာ မရပ်သာ လောက်အောင်ပင်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ ''ရှင် ဒီလိုမျိုးပြော ရတာ အရှက်မရှိဘူးလား'' ဟု ပြောချလိုက်၏။ ''ရှက်တာပေါ့ကွယ်။ စိတ်လည်း နည်းနည်းမှ မချမ်းသာဘူး'' ''ရှက်ရမှာပေါ့။ ပေးတုန်းကပေး၊ ပြန်တောင်းချင်တော့ တောင်းဆိုတဲ့ အကျင့်မျိုး ရှင့်မှာ ရှိလိမ့်မယ်လို့ ကျွန်မ ဘယ်တုန်း ကမှမထင်ခဲ့ဘူး'' ပေ့က စိတ်ရှည် လက်ရှည် ပြောနေသဖြင့် အဲလစ်ပို၍ ဒေါသ ဖြစ်ရသည်။ ''ဒါပေမယ့် အဲလစ်ရယ် ငါ့အခြေ အနေလည်း မင်းသိလောက်ပါတယ်ကွယ်'' ''သိပ်သိတာပေါ့ရှင့်။ ကျွန်မတို့ အားလုံး ကုန်းကောက်စရာ မရှိတော့တဲ့ အဖြစ်မျိုးရောက်အောင် ရှင်လုပ်တာ ဘယ်လောက်ကြာနေပြီ လဲ။ ဒီ ကြက်တော ငှက်တောနေရာက ကျွန်မတို့ကို ဝေါနဲ့ပင့် ထုတ်မယ့် ကမ်းလှမ်းချက်

ကို

ရှင်ငြင်းခဲ့တယ်။

ကြိုက်ဈေးပေးတာတောင်

ရှင်က

ခေါင်းမာမာပယ်

ခဲ့တယ်။

တစ်ကိုယ်ကောင်း ကြည့်ခဲ့တယ်။ အခုဒေ၀ါလီ ခံရခါနီး ဖြစ်နေတာတောင် အားမရသေးဘူး။ ခြေသလုံးအိမ်တိုင် အဖြစ်ရောက်အောင် လုပ်နေပြန်ပြီ'' ''မဟုတ်သေးဘူး အဲလစ်ရယ်'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ကျွန်မတို့မှာခြေစောင့် လက်စောင့်ဆိုလို့ ဒီအိမ်ကလေးတစ်လုံးပဲ ရှိတော့တာရှင့်။ အဲဒါကို ရှင်က ချော့တောင်းပြီး ဖြုန်းတီးပစ်ဦးမယ်ပေါ့လေ'' ဟင်နရီပေ့က သက်ပြင်းရှည်ကြီး ချလိုက်၏။ ''မင်းစိတ်ထိခိုက်တာကို အဆိုးမဆိုပါဘူး အဲလစ်ရယ်။ ဒါပေမယ့် ကိုယ်ပိုင် ခွင့်ကို အနိုင်ကျင့်တာ ဘယ်သူခံနိုင် ပါမလဲ။ ငါကတော့ ခေါင်းငုံ့မခံနိုင်ဘူး။ အခုမှတော့ ဒူးမထောင်နိုင်တော့ဘူး။ ငါက တော့ မရှုံးဘူးဆိုတာ သိတယ်။ ရှုံးပြီ ဆိုရင်တောင် ရေဆုံး မီးဆုံးတော့ ဆက်လုပ်သွားရမှာပဲ''။ ''ရေဆုံးမီးဆုံး။ ဟုတ်လား။” အဖြေမပေး။ အသံထွက်ပြီး စဉ်းစားသလို လေသံမျိုးဖြင့်... ''ဗုံးဗုံးကျ တဲ့ အဖြစ်မျိုးရောက်နေတောင်မှ မင်းတို့ကိုတော့ ငါရှာ ကျွေးနိုင်ပါသေးတယ်ကွယ်။ ငါ့အိမ် သူတစ်ယောက် အနေနဲ့ ဒီအမြင်မျိုးတော့ မမြင်စေချင်ဘူး'' ဟု ပြောသည်။ ''ရှင့် အိမ်သူ တစ်ယောက်အနေနဲ့ ဟုတ်လား။ ရှင်က ကျွန်မကို အိမ်သူမယားလို့ကော သဘောထား သေးလို့ လားရှင့် ။ ကျွန်မ တစ်ညနေလုံး ဒီမှာငုတ်တုတ်ထိုင် နေရတယ်။ ရှင်ကတော့ စလီဒန်မှာ ကော်ရာ

‹‹‹http://www.shwezinu.blogspot.com/

ဆိုတဲ့ သတ္တ၀ါမ နဲ့ တမေ့တမော လုပ်နေတယ်'' အဲလစ် ဘယ်စိတ်ကူးနှင့် ပြောမှန်းမသိသလို ဖြစ်နေသေး၍ ပေ့ မတ်မတ်ထိုင်လိုက်သည်။ ပြီးမှ ခေါင်းကို ဆတ်ခနဲ မော့သည်။ “မင် ဘာတွေ ပြောနေတာလဲ“ ဟု မေးလိုက်၏။ “ခုမှ မုံလာဥ လုပ်မနေစမ်းပါနဲ့ရှင့်။ ရှင်ကို မျက်လုံးကြီး အ၀ိုင်းသားနဲ့ ကြည့်လိုက်။ ရှင့်လက်ကို ဖျစ်လိုက် ညှစ်လိုက် နဲ့ ရှင့်ကို မိုးကျရွှေကိုယ်လို ညုနေတာ ကျွန်မ မမြင်ဘူးများ မှတ်နေသလား“ ဟင်နရီပေ့ တုန်တုန်ခိုက်ခိုက် ဖြစ်သွားသည်။ “တွေကရာ ရှစ်သောင်းတွေ မပြောစမ်းပါနဲ့ကွ။ သူက ငါကို ခင်တာပေါ့။ ငါကလည်း သူ့ကိုခင်တာပေါ့။ တို့ချွေးမ ပဲကွ“ ဟု အမောတကော ပြောပစ်လိုက်၏။ “ဒီတော့ ရှင်က မငြင်းဘူးပေါ့“ “ဘာငြင်းရမှာလဲကွ။ ကော်ရာ့ ကို ငါ သိပ်ခင်တယ်လေ“ “တစ်မျိုးပြောရရင် ရှင် သိပ်ချစ်တယ်ပေါ့“ “ အေး… မင်း ပြောချင်သလိုပြော…။ တကယ်ဆိုရင် သူလည်း တို့မိသားစုပဲ မဟုတ်လားကွ“ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အဲလစ် က အသက်ပင် မရှူနိုင်တော့လောက်အောင် မရှူနိုင် မကယ်နိုင် ဖြစ်နေသည်။ သို့ သော် ဆက်ပြောမြဲ ပြောနေ ၏ “ဒါကတော့

ဝိနည်း

ရှောင်တာပဲရှင့်။

ကလေးလေးတောင်

မြင်ရင်သိပါတယ်။

ရှင့်ကိုရှင်

လှည့်စားနေတာ ရှင် မသိဘူး လား။ တစ်နေ့တခြား ခြေကျွံလက်ကျွံ ဖြစ်လာနေပြီရှင့်“ ဟင်နရီပေ့ သည် အဲလစ် ကို တိုးတိုးလျှိုးလျှိုး ကြည့်နေသည်။ “ကတော်ကဆ မဖြစ်ချင်းစမ်းပါနဲ့ အဲလစ်ရာ။ ပြသာနတွေက တစ်ပုံကြီး ပေါ်နေရတဲ့အထဲမှာ“ “ကျွန်မ ဘ၀ အတွက် ကျွန်မ ပြောတာ။ ရှင့်ကို ကယ်ဖို့ပြောတာ။ ဒါကို ကတောက်ကဆ ဖြစ်အောင်လုပ်တာလို့

ရှင်က

ပြောချင်

သလား။

ရှင်ကို့

ယောက်ျားတွေ

ဒီအရွယ်မှာ

ဗွေဖောက်တက်တယ်ဆိုတာ ကျွန်မ သိတယ်“ ပေ့ တစ်မျက်နှာလုံး နီရဲသွားသည်။ “ဒီအပြောမျိုး မင်းမို့လို့ ပြောတက် ပလေကွာ။ ကလေးတွေရပြီးကတည်းက မင်းပဲ အခန်းခွဲနေချင်

‹‹‹http://www.shwezinu.blogspot.com/

တယ်ဆိုလို့ ငါ့ကိုယ်ငါ သတင်းစာထဲမှာ စိတ်ရော ကိုယ်ရော မြှုပ်နေခဲ့တယ်။ ဘယ်မိန်းမ ကိုမှ ငဲ့စောင်း တောင် မကြည့်ခဲ့ဘူး။ ဒီလို တောမြို့လေးမှာ ဘယ်လောက် ကိုယ်ကျင့်တရား ထိန်းရတယ်ဆိုတာ မင်းသိ ပါတယ်။ မင်းပြောနေတာမျိုးက တွေးတောင် မတွေးဝံ့ဘူး“ အဲလစ် တဆတ်ဆတ် တုန်လာသည်။ စကားတွေ မြန်သထက် မြန်လာသည်။ “အဲဒီ မိန်းမတွေထဲမှာ ကော်ရာတော့ မပါပါဘူး။ ကျွန်မ အာယာတနဲ့ ပြောတယ်လို့ ရှင်က စွပ်စွဲဦးမယ်။ သူ့ကို ကျွန်မ ဘယ်တုန်းကမှ မကြိုက်ခဲ့ဘူး။ သူနဲ့ ပက်သက်ပြီး ပြောစရာတွေ တစ်ပုံကြီးရှိတယ်။ သူက အုတ်ကြား မြက်ပေါက် ရှင့်။ ဒါတောင် ကောင်းတဲ့ အစား ဟုတ်ချင်မှ ဟုတ်မှာ။ ရမ္မက်က ကြီးသေးတယ်။ ကျွန်မက ဒါမျိုး မကြိုက်ဘူး။ သူ လိုချင် တဲ့ လူဆိုရင် ရအောင်ယူမယ့်ဟာမျိုးရှင့်။ သူက ဒေးဗစ်ထက် ရှင့်ကို ပိုလိုချင်နေတာ ဖြစ်မယ်။ ရှင် ကလည်း ကျွန်မထက် သူ့ကို လိုချင်နေတာ…“ ပေ့ တထိထ်တလန့် ဖြစ်သွားသည်။ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ ပေ့ စိတ်ထိခိုက် နာကျည်း သွားပုံကိုမြင်ပြီး အဲလစ်ပါ လန့်ဖြန့်လာသည်။ ပေ့ မျက်နှာမှ သွေးတစက်မှ မရှိတော့။ တစ်သက်နှင့် တစ်ကိုယ် တွေးပင် မတွေးမိခဲ့သည့် စကားကို ကြားလိုက်ရသည့် အလား။ ထိုစကားက သူနားထဲက ပြန်မထွက်တော့သည် အလား။ ထိုအဖြစ်မျိုး ဟစ်အော်ပစ်

ရောက်သွားသည်ကို

အဲလစ်

မမြင်ရက်နိုင်။

ငယ်သံပါအောင်

လိုက်ချင်သည်။ သူ“ဖောက်“ တော့မည်မှန်း သူ့ဘာသာ သူ သိသည်။ မျက်ခွံတွေ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

တဖျတ်ဖျတ်

လှုပ်ခတ်လာသည်။

တောင့်တင်းလာသည်။

ထမသွားနိုင်မီ

ပါးစုံ့တွေ မှာပင်

တဆတ်ဆတ်

ခြောက်ထောက်တွေက

တွန့်လာသည်။ ကြမ်းပေါ်တွင်

တစ်ကိုယ်လုံး တဒိုင်းဒိုင်းဆောင့်

ကန်နေလေတော့သည်။ ပေ့ ကပျာကယာ ပြေးလာသည်။ “အဲလစ် မလုပ်နဲ့လေ။ သိပ်မဆူနဲ့ လေကွာ။ ဒေါ်ရော်သီ နိုးလာလိမ့်မယ်“ “အမလေး… ဟင်နရီ…ဟင်နရီ“ “စိတ်ငြိမ်ငြိမ်ထာစမ်းပါ အဲလစ်ရယ်။ ဒီလို “ဖောက်“ တာတွေ မင်းကို ဘယ်လောက်ဒုက္ခပေးတယ် ဆိုတာ မင်း လည်း သိသားနဲ့“ ပေ့၏ သောက လွှမ်းနေသော ဖြူဖတ်ဖြူရော် မျက်နှာကို အနီးကပ်မြင် လိုက်ရ၍ အဲလစ် စိတ်ကောင်း ပြန်ဝင်လာ သည်။ ပေ့၏ လည်ပင်းကို လှမ်းဖက် လိုက်သည်အထိ လုံးလုံးလျားလျား စိတ်ပြောင်းသွားသည်။ “ကိစ္စမရှိဘူး။ ဖြစ်တာကောင်းတယ်။ ကျွန်မဟာ ၀န်တိုတဲ့ မိန်းမ၊ စဉ်းစား ညဏ်မဲ့တဲ့ မိန်းမ၊ ဒါပေမဲ့

‹‹‹http://www.shwezinu.blogspot.com/

ပြောတာတော့ ပြောရမှာပဲ။ စိတ်မကောင်း မရှိပါနဲ့ ဟင်နရီရယ်နော်…။ ရှင့်အတွက် ကျွန်မလေ ဘာမဆို လုပ်ပေး မယ်။ အလုပ်လုပ်မယ်။ အငတ်ခံမယ်။ အေးလည်း အတူတူပဲ။ ပူလည်း အမျှပဲ။ ဘာပဲဖြစ်ဖြစ် သားသမီးတွေ မွေးရတာ ဘယ်လောက် ဒုက္ခရောက်တယ်ဆိုတာ ရှင်သိပါတယ်။ ကျွန်မက လူစဉ်မီတာ မဟုတ် ဘူး။ ဒေါက်တာဘတ်က မပြောဘူးလား။ သေနိုင်တယ်တဲ့။ ရှင့်အတွက် သားသမီးယူခဲ့တာပါ ဟင်နရီရယ်။ ရှင့်ကို ပါမောက္ခစကော့ ရဲ့ စာသင်ခန်းထဲမှာ မြင်းဖူးကတည်းက ဖူးစာရှင်မှန်း သိခဲ့တာပါ။ ညုခ်လက်ဖက်ရည် ဆိုင် ကလေးကို မှတ်မိတယ်မှတ်လား။ ဂူလိန်း ဂေါက်သီးကွင်းကို မှတ်မိရဲ့မှုတ်လား။ အိမ်ပေါင်စာချုပ် ကျွန်မ လက်မှတ်ထိုးပေးမယ်။ ထိုးချင်တယ်။ ထိုးကို ထိုးချင်တယ်။ ပေးစမ်း…ဖောင်တန်ပေး စမ်း…မြန်မြန်…မြန်မြန်… “ “မနက်ကျမှ ထိုးတာပေါ့ အဲလစ် ရယ်…မင်း သိပ်ပင်ပန်းနေပါပြီ“ အဲလစ်

ဆံပင်တွေ

ဖားယားပြေလျော့လာပြန်သည်။

တစ်ကျော့

“ဖောက်“

လာဦးတော့မည့်

ပုံပန်းပေါ်နေသည်။ အခန့်သင့် ပင် ဟန်နာမြို့ထဲ ထွက်လည်ရာမှ ပြန်ရောက်လာသည်။ ဟန်နာက အရိပ်အကဲ သိသိပင် ဆေးယူ လာသည်။ အဖြစ်မသဲ။ တိတ်တိတ်ဆိတ်ဆိတ်ပင် ပြုစုသည်။ “ခဏလေး ငြိမ်ငြိမ်လှဲနေလိုက်ပါလား မစ္စစ်ပေ့ရယ်။ ပြီးမှ အိပ်ရာထဲ ၀င်တာပေါ့“ “ကျေးဇူးပါပဲ ဟန်နာရေ။ ငါ့အပေါ် ညည်းတု့ေိ ကာင်းရှာကြပါပေတယ် …ကောင်းရှာကြပါပေတယ်“ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အဲလစ် တတွက်တွက် ရေရွတ်နေသည်။ ပေ့ကို မော့ကြည့်သည်။ အားလုံးပြောင်းလဲသွားသည်။ ဟင်နရီပေ့ လိုချင်တာမှန်သမျှ စိတ်လို လက်ရ လုပ်ပေးချင်သည်။ အစစ အရာရာ ပေ့ စကား ကို နားထောင်ချင်သည်။ ကွပ်ပျစ်ပေါ်တွင် အဲလစ် အတော်ကြာ လှဲနေလိုက်သည်။ ဟန်နာ မီးဖိုချောင်ထဲ ၀င်သွားမှ ပေ့က သူ့ကိုအပေါ်ထပ်သို့ တွဲပို့ပေးသည်။ ဟန်နာ နို့ယူလာသောအခါ အဲလစ် အိပ်ရာထဲရောက်နေလြေ ပီ။ သူ့လက်တွေက တုန်ရီနေဆဲ။ ပေ့ တိုက်သည့် ဆေးကို သောက်လိုက်၏။ ဟန်နာ ထွက်သွားတော့ လေသံသဲ့သဲ့ဖြင့် ပြောပြန်၏။ “စာရွက်ပေးလေ ဟင်နရီ“ ပေ့က သူ့ကို ကြောင်စီစီကြည့်ကာ စာရွက်ကို ထုတ်ပေးသည်။ဖောင်တိန်ကို အဖုံးဖွင့်ပေးသည်။ အဲလစ် သည် ခဲမှတ် ပြထားသည့်နေရာတွင် လက်မှတ်ထိုး လိုက်လေ၏။ ပေ့ မီးပိတ်ပြီး အခန်းပြင်သို့ ထွက်သွားမှ အဲလစ် မျက်စိမှိတ်လိုက်တော့သည်။ သူ့ တာဝန် ကျေပြီ ဟု တွေးလိုက်မိ၏။

စိတ်အေးငြိမ်းချမ်းသာ

သွား၏။

စိတ်သက်သာသွား၏။

စိတ်သန့်ရှင်းသွား၏။

ငှက်ပုံ

ကျောက်ရင်ထိုးလေး ထိုးထားလေ့ ရှိသည့် ဘာဝစ်လမ်းပေါ်ရှိ ညုခ် လက်ဖက်ရည်ဆိုင်ပိုင်ရှင် အဘွားကြီး

‹‹‹http://www.shwezinu.blogspot.com/

မစ္စက် တက်ဂတ် ကိုမှ မှတ်မှတ်ရရ သတိရမိလိုက်သည်။ ချက်ချင်းပင် အိပ်ပျော်သွားသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၁)

ရက်သတ္တပတ် အတန်ကြာခဲ့ပြီးနောက် ဇွန်လ၊ ၂၁ရက်၊ နံနက် ၁၀ နာရီတွင် ပရူဒင်ရှယ် တုကိသစ်ကြီး ရှိ မော်ကွန်းသတင်းစာတိုက်ခွဲ ရုံးခန်းထဲသို့ လီယိုနတ်ညေး ၀င်လာသည်။ အရေကြီးသော နေ့တစ်နေ့ ဖြစ်လာမည့် ရက်ပေတည်း။ ညေးသည် တစ်မနက်လုံး မေးမထူး ခေါ်မရ ဖြစ်နေ၏။ တယ်လီဖုန်း ခလုတ်ရုံ အော်ပရေတာ ကလေး ပီတာက သူ့ကို နှုတ်ဆက်သည်။ သူက

မတုံ့ပြန်။

စင်္ကြတွင်

သူ

လျှောက်လာသံကြား၍

စမစ်က

“လီယိုနဒ်လားဗျို့“

ဟု

လှမ်းမေးလေသည်။ “တွေ့ရအောင်ဗျာ“ ဟု အသံပိုကျယ်ကျယ် အော်ပြောသည်။ ညေးက အရေးမလုပ်။

‹‹‹http://www.shwezinu.blogspot.com/

စမစ်က သြဇာပြချင်သည်။ ခဏခဏတော့မဟုတ်။ သို့သော် သူအာဏာ ပါဝါ ကလေးတွေကတော့ အညွှန့်ချိုးခံနေကြရသည်သာ။ ညေးက သူ့ကို တိုင်ပင်ချင်လျှင်၊ သူ့ကို ပြောစရာရှိလျှင် သူ့အခန်းလာပြီး တွေ့ရမည်ဟု သဘောထားသည်။ ညေး အခန်းထဲ ၀င်သွားသည်။ သူ့အခန်းက ၀ိတိုရိယကွက်လပ်ကို ဆီးမြင်နေရသည်။ သားရေဖုံး ပက်လက်ကုလားထိုင်များ၊ ရုပ်မြင်သံကြားစက်၊ ကွပ်ပျစ်စသည်တို့ဖြင့် သက်သောင့်သက်သာ ရှိလှသည်။ ကွပ်ပျစ်မှာ ဇိမ်ခံရန် မျှော်လင့်ချက် တစ်ခွဲသားဖြင့် ၀ယ်ထားခဲ့သည့်ပစ္စည်း။ ၀ယ်ရကျိုးတော့ မနပ်လှ။ ယနေ့နံနက်

ညေး၏

အမူအရာက

ခါတိုင်းလိုပင်

ဘာသာလ၀ါသာဖြစ်၏။

သို့သော်

စိတ်တထင့်ထင့်ဖြစ်နေပုံ က ပေါက်နေသည်။ လက်အိတ်များကို ချွတ်၍မှ မပြီးခင်မှပင် စားပွဲသို့သွားပြီး ပေးစာများကို လှန်လှောကြည့်နေ သည်။ အရေးကြီးသော သတင်းစကားတစ်ခုခုကို မျှော်လင့်နေသည့်အလား။ သူရှာနေသည့်

စာကိုတွေ့သည်။

ခရိုင်စစ်ဆေးရေး

ဟု

တံဆိပ်ရိုက်ထားသည့်

စာအိတ်ကြီး။

ညေးက

စာအိတ်ကြီးကို အလောသုံးဆယ် ကောက်ဖွင့်လိုက်၏။ စာကို ဖြန့်ဖတ်နေစဉ် သူ့မျက်နှာတစ်ခုလုံး ကျေနပ်မှု ဖုံးနေလေ၏။ “နိပ်ပြီကွ“ ညေးက သူ့ဘာသာ ပြောလိုက်၏။ သူ့မျှော်လင့်ထားသည့် အတိုင်းဖြစ်လာပြီ။ သူ တွက်ကိန်း ချထားသည့် အတိုင်းဖြစ်လာပြီ။ စာကို ဖြည်းဖြည်းချင်း တစ်ခေါက်ပြန်ဖတ်သည်။ ထို့ နောက်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပိုက်ဆံအိတ်ထဲ

တွင်

ခေါက်ထည့်

ထား

လိုက်လေသည်။

ပြတင်းပေါက်တွင်

ရပ်ကား

အားရပါးရ

ဖွာရှိုက်နေလေသည်။ ဘာခေါင်းရှုတ်စရာ ကိုမှ တွေးမနေတော့။ ခဏကြာမှ ခေါင်းတဆိတ်ညိတ်သည်။ ကုလားထိုင်တွင် ပြန်ထိုင်သည်။ ပေးစာများကို ဖတ်သည်။ အရေးတကြီး စာမပါ။ နောက်ဆုံးတွင်မှ သတင်းစာများကို ဖတ်သည်။ ဥတ္တရအလင်းကို ပထမဆုံး၊ မော်ကွန်းကို နောက်ဆုံးမှ ဖတ်ရသည်။ သူ့သတင်းစာ ပုံစံက အသားကျလာပြီ။ ပြီးတော့ သူ့သတင်းစာ ဘာတွေရေးသည်ကို သူ သိသည်။ ဟင်နရီပေ့ ၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်ကြည့်သည်။ ပန်းခြံထဲ၌ တီးမှုတ်မည့်ရာသီလိုက် ဂီတပွဲတော် အစီအစဉ်

အကြောင်း။

သူ

ပြုံးမိလိုက်သည်။

ထိုအခိုက်မှာပင်

အခန်းတံခါး

ပွင့်လာသည်။

စမစ်

ဆောင့်ကြီးအောင့်ကြီး ၀င် လာသည်။ “ကျွန်တော် ခေါ်လိုက်တာ မကြားဘူးလားဗျ“ ညေးက အေးတိအေးစက်။

‹‹‹http://www.shwezinu.blogspot.com/

“ဘယ်တုန်းကလဲ။ ခေါ်လို့လား“ စမစ်က ညေး ကို မယုံသလိုကြည့်ပြီး ထိုင်ချလိုက်သည်။ လက်ပတ်နာရီကို စိုက်ကြည့်နေသည်။ “ခင်ဗျားလာတာ နည်းနည်းနောက်ကျတယ် ထင်ထယ်“ “ကျွန်တော် က စောစောထတဲ့ကောင် မဟုတ်ဘူးဗျ။ ခင်ဗျားလည်း သိသားပဲ။ ထချင်တဲ့စိတ်လည်း မရှိဘူး။ ဘာများထူးလို့လ“ဲ “ထူးတာပေါ့ဗျာ“

စမစ်က

စိတ်မကြည်မသာနှင့်

စကားရပ်ထားသည်။

ပြီးမှ

“ဂရီလီဆီက

သံကြိုးရတယ်။ သူ လာကြည့်ဦးမတဲ့ဗျာ“ ဟု ပြောသည်။ “ဘယ်တော့လ“ဲ “ဒီနေ့ပေါ့။

ရထားက

၂နာရီ

၂၀

မှာ

တိုင်းကာဆယ်ကို ရောက်မယ်။

ကားလွှတ်ပေးရမယ်၊

ကျွန်တော်လည်း သွားတော့မှာပါပဲလေ။ ကျွန်တော်တော့ သိပ်ခေါင်းပူနေတယ် လီယိုနဒ်ရယ်။ အခြေကတော့ မလှဘူးဗျာ။“ အုပ်ချုပ်သူ

အယ်ဒီတာဂရီလီမှာ

ဆောင်းကြဉ်းလာတတ်သူ။

အရှုံးအမြတ်

အချိန်မရွေး စာရင်းတွင်

မကောင်းဆိုးဝါး

အပြစ်ရှာရာမှာ

ဖြစ်ဖြစ်၊

သတင်းကိုသာ အသုံးစရိတ်များကို

ဖြတ်တောက်ရာမှာ ဖြစ်ဖြစ် တကယ့် အမဲလိုက်ခွေး ပမာ တစ်ချက်အလွတ် မပေးသူ။ တစ်လခွဲအတွင်း Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သုံးကြိမ်မြောက် သူရောက်သည့် ယခု ခရီးမှာ ထိုကိစ္စမျိုးလောက်တော့ မဖြစ်နိုင်။ ပိုလိမ့်မည်။ အများကြီး ပိုလိမ့်မည်။ ညေးကတော ဂရီလီ လာလိမ့်မည်ဟု မျှော်လင့်ထားပြီးသား၊။ သူ ပြုတ် ကိုယ်ပြုတ် အပြတ် ရှင်းပွဲကြီး ဖြစ်လိမ့်မည်ဟုလည်း သိထားပြီးသား။ “လေယာဉ်ပျံ နဲ့ လာရောပေါ့ဗျာ။ လေဆိပ်သွားကြိုရတာကမှ အဆင်ပြေသေးတယ်“ စမစ်က လက်ထဲ က သံကြိုးစာကို အလွတ်ကျက်နေသည့် အလား အခေါက်ခေါက် အခါခါ ဖတ်ရင်း စိတ်မချမ်း မမြေ့ ပြောသည်။ “ဂရီလီက

တစ်သက်လုံး

လေယာဉ်ပျံစီးတာမှ

မဟုတ်တာ။

အစိုးရိမ်

သိပ်ကြီးတဲ့လူစားဗျ။

ခင်ဗျားလည်း သိသားပဲ“ “တော်စမ်းပါ ညေးရာ။ ဒီကိစ္စက ကျွန်တော်တို့ နှစ်ယောက်စလုံးအတွက် သိပ်အရေးကြီးတယ်ဆိုတာ သိတယ် မှတ်လား။ သူ့ကို နားဝင်အောင် မပြောနိုင်ရင် ပေါ့လေ။ သတ်မှတ်ရန်ပုံငွေကလည်း ပြောင်လုနီးနေပြီ။ မနေ့က ရုံးချုပ် လုပ်ပုံကတော့ ခပ်ဆန်းဆန်းပဲ။ တီနာတင်ဂဲလ်ကို ပြန်ခေါ်ကတည်းက ကျွန်တော်တော့ မျက်ခုံး

‹‹‹http://www.shwezinu.blogspot.com/

လှုပ်နေပြီ။ ပြီးခဲ့တဲ့ အပတ်ကတည်းက ရုံးချုပ်မှာ ဆမ်မာဗီးလ် မီးလောင်နေခဲ့တာ။ မတ်လတုန်းက ကျွန်တော် တို့ကို ခေါ်တွေ့တာကိုက ဆိုးလှပြီ။ မဖြစ်ဖြစ်အောင် လုပ်ရမှာပဲ။ မလုပ်နိုင်ရင်တော့ ခံရုံပေါ့။ ကျွန်တော်တော့ သိပ်စိတ်ညစ် တာပဲဗျာ“ ညေးက စမစ်ကို အထင်သေး အမြင်သေးကြည့်နေ၏။ ဟက်ဒယ်လ်စတန် သို့ရောက်ပြီးနောက် ရက်လ အတန်ကြာပင် ပေ့က ရင်ဝဆီးကန်နေ၍ သူတို့ နှစ်ယောက် ကျောချင်းကပ်မိခဲ့ကြသည်။ သို့သော် စရိုက်ချင်း ကတော့မတူ။ စမစ်၏ လူရေးညံ့ပုံ၊ လုပ်ဟန်ချောပုံ၊ အမြင်ဖျင်းပုံတို့သည် ညေးနှင့် တစောင်းစေးနှင့် မျက်ချေး ပမာ ဖြစ်နေလေသည်။ တကယ်တော့လည်း ညေးအဖို့ တရွတ်ဆွဲလိုက်နေသည့် စမစ်ကို သူ ဘယ်လိုထင်၊ ဘယ်လိုမြင်သည် ဟု ထုတ်ဖော်မပြောမိအောင် ထိန်းပြီး သင့်သင့်မြတ်မြတ် တွဲလုပ်နေရသည်မှာ အချိန်ဖင့်လှ သည်။ အမှန်အားဖြင့်လည်း စမစ်၏နောက်ကြောင်းက သူဖွင့်အံသည်ထက်ပို ၍ အစွန်းအထင်းရှိခဲ့သည်။ အပြစ်ကို ဖုံးဖုံးဖိဖိ လုပ်သည့် စမစ်၏ အပြုအမူသည် ညေးကဲ့သ့ေို သာ ချက်ဆိုနားခွက်က မီးတောက်သူကို ချွေးမသိပ်နိုင်။ ညေး အောင်မြင်သော

ကတော့

စမစ်ကို

လူစားမျိုး

အဖြစ်

နလပိန်းတုံးကြီး၊

စိတ်ကုန်စရာလူနုံကြီး၊

ဘ၀င်ကိုင်နေသူကြီး၊

ထာဝစဉ်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သူ့ကိုယ်သူ

ရင်တမမ

တည်ငြိမ်သော၊

ဇောချွေးပြန်နေသူကြီး၊


ဦးဝင်းတင်

ဥတ္တရအလင်း

ကြီးပွားကောင်းစားရေး

အတွက်

ရဲဆေးတင်နေသူကြီး၊

လူပေါ်

လူဇော်လုပ်ရန်

အာသာငန်းငန်း

ဖြစ်နေသူကြီးအဖြစ်သာ ထင်မြင်ထားလေ သည်။ “ခင်ဗျား ကတော့ ပူဖော် ပင်ဖော်တောင် မရဘူး“ ညေးက ဒေါသ ပေါက်ကွဲတော့သည်။ “ဘုရားစူးရပါစေရဲ့ဗျာ။ ဗျစ်တီးဗျစ်တောက်

ကျုပ်လည်း

လုပ်မနေစမ်း

ပါနဲ့ဗျ။

ဇွဲကောင်းကောင်းနဲ့

ကျုပ်လည်း ပေ့ကို

လုပ်နေတာ

ခင်ဗျားလည်း

အသိပဲ။

အပြတ်ရှင်းဖို့ လုပ်နေတာပါပဲဗျာ။

အဲဒီ

စာရိတ္တမဏ္ဍိုင် ခိုင်မြဲရေး ကိုယ်တော်မြတ်ကြီး ကို စမြင်လိုက်ကတည်းက သူ့သတင်းစာကို ဖြုတ်ကိုဖြုတ်မယ်လို့ သန္နိဋ္ဌာန်ချထားခဲ့တာပါ။ ဒါကို ဘုံခုနှစ်ဆင့် တက်ပြီး လူသိရှင်ကြားတော့ အော်မနေနိုင်ဘူးဗျ။ အဲဒါမျိုး ကျုပ် မလုပ်ဘူး“ ခဏငြိမ်သွားသည်။ စမစ်ကတော့ စိတ်မချမ်းသာစရာတွေကို တွေးတုန်း တွေးဆဲပင်။ ဂရီလီ ကိစ္စက စိတ်ထဲမှာ တနုံနုံ။ “ဒီတခါ ညအိပ်ဦးမလား မသိဘူး။ ညရထားနဲ့ပဲ ပြန်မှာလားလည်း မသိဘူး“

‹‹‹http://www.shwezinu.blogspot.com/

“နေမှာ မဟုတ်ပါဘူး“ “ဧည့်ခံရင် ဧည်ခံနေရဦးမှာပေါ့ဗျာ။ ခင်ဗျားက ဘာကြောင့် အတပ်သိ နေရတာလဲ“ “သိလို့ သိတာပေါ့ဗျ“ ညေးက ပေါ့တော့တော့ပြောသည်။ “ချွတ်ဖော်ကပွဲ ပို့ပေးဖို့လည်း စီစဉ်မနေနဲ့ဦး“ စမစ်က

ညေးကို

သံသယအကြည့်ဖြင့်

ကြည့်နေသည်။

စကားတော့

မဟ။

ချက်ချင်းပင်

လေးလေးကန်ကန်ထရပ်ပြီး အခန်းထဲမှ ထွက်သွားတော့သည်။

ညေးက စာရွက်များကို ဘေးဖယ်လိုက်သည်။ တစိမ့်စိမ့် ဆက်တွေးနေ၏။ ပေါ့ပေါ့တန်တန်နေသည့် အကျင့်ပါ

လာခဲ့သော်လည်း

လွှတ်ဟေ့ဆိုကတည်းကပင်

စမစ်ထံ

အရေးကြုံလာလျှင် မှ

ဘာအကူအညီမှ

အလေးအနက် မရနိုင်။

အာရုံစူးစိုက်နိုင်သည်။ သူသာ

မီးကုန်းယမ်းကုန်

အစွမ်းကုန်ကြဲရလိမ့်မည် မှန်း ကောင်းကောင်း သိခဲ့ရသည်။ ညေး

အစွမ်းကုန်

ကြဲခဲ့သည့်

လူသိများအောင်လုပ်ဆောင်ချက်များ၊

စောင်ရေတိုးအောင်

လုပ်ဆောင်ချက် များသည် ပြန်တွေးကြည့်တော့ “ထိပ်“ ချည်းဖြစ်သည်။ မော်ကွန်းကို အုန်းအုန်ကြွက်ကြွက် ပွဲဦးထွက် ကောင်းကောင်း သူ လုပ်နိုင်ခဲ့သည်။ သူ့ ဝေါဟာရဖြင့် ပြောရလျှင် တစ်ပိုင်းသေမြို့ကလေး မရိုးမရွ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဖြစ်လာအောင်

သတင်းဆောင်းပါးကဏ္ဍဘက်ကရော၊

ပင်တိုင်ဆောင်းပါးရှင်အဖြစ်

သူ့ဘက်ကပါ

ဖုတ်ပူ

မီးတိုက် လုပ်နိုင်ခဲ့သည်။ သို့သော် မော်ကွန်း အသာစီးရဖို့အရေး တစ်ခုခုတော့ လိုနေသေးကြောင်း ထင်ရှား လာသည်။ ပေ့ ခြေကုန်လက်ပန်း ကျလိမ့်မည်အထင်ဖြင့် စမစ်က တပေပေဆက် ရုန်းနေစေကာမူ ညေးကတော့ အဆုံးအစ မရှိ ရေရှည်စစ်ပွဲ ဆက်နွှဲနေ၍ မရနိုင်မှန်း သိနေသည်။ ရုံးချုပ်အရိပ်အကဲ ကို ကြည့်ရသည်မှာ ဆမ်မာဗီးလ်

ကိုယ်တိုင်

က

ရေရှည်

ဆွဲမနေချင်တော့မှန်း

သိလာသည်။

ယခု

ဂရီလီ

ဗြုန်းစားကြီး

ပေါက်ချလာခြင်းက သက်သေခံနေ သည်။ ဆမ်မာဗီးလ် ငွေကျပ်တည်းနေကြောင်း ညေး အတွင်းစကား ကြားထားပြီး ဖြစ်သည်။ တစ်စုံတစ်ခု တော့ ချက်ချင်း လက်ငင်းနှင့် ထိထိရောက်ရောက် လုပ်ရန် အရေးတကြီး လိုလာပြီ။ လုပ်ရိုး လုပ်စဉ်နှင့် သိသိ သာသာ ခြားနားသော အစီအမံ တစ်ခုတော့ ချမှတ်မှ ဖြစ်တော့မည်။ ဟင်နရီပေ့ ကို နာလန်မထူနိုင်အောင် အလဲထိုးနိုင် မည့် ချက်ကောင်းတစ်ကွက် ကို ရှာမှ ဖြစ်တော့မည်။ ဆမ်မာဗီးလ် ကိုယ်တိုင် လာကြည့်သွားခဲ့သည့် မတ်လလောက်ကပင် ညေး ဥာဏ်နီဥာဏ်နက်မျိုး

‹‹‹http://www.shwezinu.blogspot.com/

ထုတ်နေခဲ့ သည်။ လွယ်တော့ မလွယ်။ သိ့ေု သာ် ဤကိစ္စမျိုးတွင် သူ "လျင်" သည်။ ပြီးခဲ့သည့်

လကုန်ပိုင်းက

ကြက်ကန်းဆန်အိုးတိုးပြီး

အကွက်ကောင်း

ကလေးတစ်ခု

မိခဲ့သည်။

ပါးပါးနပ်နပ် ချက်ချက် ချာချာ ကိုင်တွယ်ခဲ့၍ လက်ထဲရောက်သလောက် နီးနီးသေချာလာခဲ့သည်။ တစ်ချက်ချင်း စဉ်းစား

လိုက်ရာ

ထိုအကွက်ကောင်းကလေးမှာ

လက်လွတ်စရာ

လမ်းမမြင်တော့။

ထိုအကွက်ကောင်းကလေးကို အလော သုံးဆယ် အသုံးချရန် ညေး စိတ်မကူးခဲ့။ စမစ်ကို ဘုမသိ ဘမသိ ဖြစ်နေအောင်

လုပ်ထားရသည်

မှာလည်း

ပျော်စရာ

ကောင်းသည်။

ယခုတော့

ဂရီလီ

ရောက်လာတော့မည်ဖြစ်၍ ထိုအကွက်ကောင်းကလေးကို ပွဲထုတ် ရတော့မည်။ တစ်နာရီခန့်အကြာတွင်

တိုင်းကာဆယ်မြို့သို့

စမစ်ကားဖြင့်

ထွက်သွားသည်။

စမစ်

ကျောခိုင်း

သည်နှင့် ညေး နေ့လယ်စာစား ထွက်တော့သည်။ တောမြို့ကလေးဖြစ်၍ ညေးအဖို့ ပျော်စရာ ပါးစရာ မရှိ။ ပုံကျ ပန်းကျ ဆံပင်ညှပ်၍ပင် မရ။ ခြင်္သေ့ဟိုတယ်တစ်ခုသာ ရှိသည်။ ဟိုတယ်က အစားအသောက်တော့ မညံ့လှ။ အရက်မျိုးစုံ လည်း ရသည်။ ပုံပျက်ပန်းပျက် မ၀စေရန် ညေး အစားအသောက် ဆင်ခြင်သည်။ သို့သော် ယနေ့အဖို့တော့ အ၀အပြဲ စားလိုက် ချင် သောက်လိုက်ချင် ဖြစ်နေသည်။ ဟင်းမျိုးစုံစား၊ အရက်မျိုးစုံသောက်လိုက် သည်။ သူ့လက်ချက်ဖြင့် ဟင်နရီပေ့ ဒုက္ခလှလှတွေ့တော့မည့် အရေးကို တွေးမိလိုက်၍ စားရသောက်ရ သည်မှာ မြိန် လှသည်။ ညေးသည် လူပုံလူပန်း သားသားနားနားရှိသလောက် ၀န်တိုမိစ္ဆရိယ ကြီးမားသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

လီယိုနဒ်ညေး သည် လူ့လောကထဲသို့ မဖိတ်မခေါ် ရောက်လာသူ ဖြစ်၏။ သူ့ဖခင် သြဂတ်စတပ် နယူးအောက

၁၉၂၀ခုနှစ်

များအတွင်း

မဟူရာမြင်းသိုး

အမည်ရှိ

ခေတ်ရှေ့ပြေး

ကဗျာစာအုပ်ဖြင့်

ကျော်ကြားခဲ့သူ။ သူ့မိခင် ရှားလော့ ညေးက ပညာတတ်မာန် လျှမ်းလျှမ်းတောက်သူ။ အစဉ်အလာ ကို စက်ဆုပ် ရွံ့ရှာသူ။ သူတို့ တစ်အိမ်တည်း အတူနေကြသည်။ ရှားလော့က စိတ်ထန်သည်။ သိ့ေု သာ် သြဂတ်စတပ်လို လူပွေကို

သဝေ

မထိုးအောင်

နဖားကြိုး

ထိုးနိုင်သလောက်သော

ရုပ်ရေ

ရူပကာမရှိ။

လီယိုနဒ်ညေး

ဝိညာဉ်တယ်ွချိန်တွင် သူတို့ နှစ်ဦး ခွာပြဲကြသည်။ လီယိုနဒ်ညေးကို

မွေးဖွားပြီးသည့်နောက်ပိုင်းတွင်ကာ

မာနခဲနှစ်ဦး၏

သုခုမရသဖြင့်

နိဒါန်းသွယ်

ခဲ့သည့်နဖူးစာ သည် အာဃာတနဒေါသဖြင့် နိဂုံး ချုပ်ခဲ့လေတော့သည်။ ပထမတော့

လီယိုနဒ်ညေးက

တစ်ကောက်ကောက်ပါနေခဲ့၏။ ကဗျာစမ်းရေခမ်းလေပြီဖြစ်၍

သူ့မိခင်နှင့်အတူ

အရွယ်ရလာချိန်တွင် သူ့ခေတ်ပြိုင်များ၏

လိုက်နေသည်။

သူ့ဖခင်နှင့်အတူ

ကဗျာများအပေါ်

သူ့မိခင်

ပြဇာတ်ကရာ

ပြန်နေသည်။

အမဲဖျက်သလို

သူ့ဖခင်မှာ

ထိုးနှက်

သည့်

ဝေဖန်စာများကိုသာ ရေးနေလေတော့သည်။ နောက်ပိုင်း တွင် ညေးသည် အဖေဆီတစ်လှည့် အမေဆီတစ်လှည့် ဆိုသလို ကူးချည် သန်းချည်

‹‹‹http://www.shwezinu.blogspot.com/

လုပ်နေခဲ့ သည်။ သူ့မိဘများက သူ ရောက်လာတိုင်း မကြည်မသာ လက်ခံပြီး သူ ပြန်တိုင်း စိတ်ချမ်းသာ ကိုယ် ချမ်းသာ ဖြစ်ကျန်ရစ်ခဲ့ကြသည်ချည်း ဖြစ်သည်။ နောက်ဆုံးတွင် သူ့ဖခင်က နိုင်ငံရပ်ခြား၌ အခြေစိုက်ရန် ဆုံးဖြတ် လိုက်သည်။ သူ့ကို ဆေးလိပ်ဆိုင်ပိုင်ရှင် အဒေါ်တစ်ဦးထံ အပ်နှံထားခဲ့လေသည်။ သူ့ဖခင်ထံမှ ထောက်ပံ့ကြေး မှန်မှန်မရ၍ သူ့အား ကျွေးမွေးထားရန် မလောက်မင ဖြစ်လာသည်။ သို့သော် သူ့အဒေါ်က သူ့ကို ပေါက်လွှတ်ပဲစား ပစ်မထား။ ညေး စိတ်နာကျည်းလာသည်။ သူ့ကိုယ်သူ ဘယ်သူ့ ကျေးဇူးခံ ကျေးဇူးစားမှ မဟုတ်ဟူသော အတွေးအမြင် ပေါက်လာသည်။ ဘယ်သ့ကိုမှ မယုံစား တတ်သော အကျင့်စွဲလာသည်။ ဘယ်သူသေသ ငတေမာပြီးရော စိတ်ထားမွေးလာသည်။ အသက် ၂၁နှစ် သတင်းစာ လောက၌ ခြေချခွင့် ရလိုက်သောအခါ မျိုးရိုးဗီဇဥာဏ်နှင့် ဒိုးဒိုးပေါက်ပေါက် ရေးတတ်သား တတ်သော ပါရမီ က သူ့အဖို့ အောင်မြင်မှု အခြေခံအုတ်မြစ်များ ဖြစ်လာခဲ့လေ၏။ စားသောက်ပြီးချိန်

တွင်

လီယိုနဒ်ညေး

စိတ်သွက်ကိုယ်သွက်

ဖြစ်လာသည်။

ညနေပိုင်းတွင်

ဖြစ်ချင်ရာဖြစ် သူ ရင်ဆိုင်ရန် အသင့်။ ညနေ ၄ နာရီထက်စောပြီး စမစ် ပြန်မရောက်နိုင်။ ယခု ၂ နာရီပင် မထိုးတတ်သေး။

ထို့ကြောင့်

ဘိလိယက်ခန်းသို့

ဝင်ပြီး

ခဲရာခဲဆစ်

ထိုးကွက်က

လေးများကို

ကျင့်နေလိုက်သည်။ ၂ နာရီခွဲတွင် တယ်လီဖုန်း ရုံကလေးထဲ ဝင်သည်။ တံခါးကို အသေပိတ်သည်။ နံပါတ် ၇၀၃၄ နှင့် တယ်လီဖုန်း ဆက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟဲလို

ဟဲလိုနှင့်

မိနစ်အတန်ကြာ

အော်ရစောင့်ရသည်။

တယ်လီဖုန်း

ဆက်သွယ်မိချိန်တွင်

အချိုသာဆုံး အသံဖြင့် ပြောသည်။ “မစ္စစ် ဟားဘော်တယ် ပါလား ခင်ဗျာ။ နေထိုင်ကောင်းပါရဲ့နော်။ ဝမ်းသာလိုက်လေခင်ဗျာ။ ဒီ အဆစ်အမြစ် ကိုက်ခဲနာ ဆိုတာ အတော်ခံရတဲ့ ရောဂါမျိုးပေါ့ ခင်ဗျာ။ ဒီနေ့ ညနေပိုင်းမှာ ကျွန်တော်တို့ ကိစ္စလေးကို လက်စသတ်ဖို့ ကျွန်တော်ရယ်။ လူကြီးနှစ်ယောက်ရယ် လာခဲ့ပါ့ မယ်ခင်ဗျာ။ ဘာဖြစ်တယ် ခင်ဗျား၊

ဒါကတော့

မစ္စစ်

ဟားဘော်တယ်ဘက်

က

အလွန်ရယ်လို့

ဆိုနိုင်စရာ

မရှိပါဘူးလေ။

လုပ်ထိုက်လွန်းအားတောင် ကြီးနေပါသေးတယ်။ မစ္စစ်ဟားဘော် တယ် စာချုပ်လက်မှတ်ထိုးကတည်းက အသေအချာ ပြောပြီးသား ကိစ္စပဲဟာ။ မစ္စစ်ဟား ဘော်တယ် သတိရသေးတယ် မဟုတ်လား၊ အခုမှတော့ မလုပ်လို့ မဖြစ်နိုင်တော့ပါဘူး။ အရေးကြီးတဲ့

ကိစ္စဖြစ်နေတော့

ကြုံတောင့်ကြုံခဲ ဆွေဟောင်းဆိုတာ

တရားစွဲရတဲ့

အခွင့်ကောင်း ကောင်းကြရမြဲ

ပါခင်ဗျာ။ ဓမ္မတာပေါ့

အဖြစ်မျိုး

ရောက်သွားနိုင်ပါတယ်။

ဘာပါလိမ့်ခင်ဗျာ။ ခင်ဗျာ။

ဒါပေမဲ့

မှန်ပါတယ် ကိုယ့်အပေါ်

ပြီးတော့

ခင်ဗျာ။

ခုကိစ္စက

မိတ်ဟောင်း

မကောင်းတော့လည်း

တစ်မျိုးတစ်မည် စဉ်းစားရတော့မှာပေါ့။ မစ္စစ်ဟားဘော်တယ် ကို နှစ်ပေါင်းများစွာ တစ်ပတ်ရိုက် လာခဲ့တာကြီးပဲ

‹‹‹http://www.shwezinu.blogspot.com/

ခင်ဗျာ။ ခုလည်း တစ်ပြားတစ်ချပ် မှ နောက်ထပ်ရနိုင်တော့မှာ မဟုတ်တာ ခင်ဗျာ။ ကဲ ဒါဖြင့် သေချာပြီပေါ့နော်။ ကျွန်တော်တို့ လာခဲ့ပါ့မယ် ခင်ဗျာ။ ကောင်းပါလေ့ ခင်ဗျာ။ လက်ဖက်ရည်တွေ ဘာတွေ လုပ်မနေပါနဲ့တော့ ခင်ဗျာ။ နောက်များမှ ကျွန်တော့် ဘာသာလာပြီး လက်ဖက်ရည် သောက်ပါဦးမယ်။ မစ္စစ်ဟားဘော်တယ် ကိုယ်တိုင်လုပ်တဲ့ မုန့်ကလေးတွေလည်း စားပါဥိးမယ်။ အရသာရှိပါပေ့ ခင်ဗျာ။ ကောင်းလှပါပြီ ခင်ဗျာ။ ကလေးတွေလည်း စားပါဦးမယ်။ အရသာရှိပါပေ့ ခင်ဗျာ။ အတိုင်းထက် အလွန်ပါပဲ ခင်ဗျာ။ ဒီနေ့ ညနေပိုင်း နော် မစ္စစ် ဟားဘော်တယ်" "ငါးသလောက်အိုမကြီး" ဟု သူ ကင်ပွန်းတပ်ထားသည့် မစ္စစ်ဟား ဘော်တယ်နှင့် စကားပြောရသည်မှာ မဲ့ရရွဲ့ရလွန်းလှ၍ မျက်နှာ အကြောဖြေရန် ဘရန်ဒီတစ်ခွက် ပင် ထပ်သောက်လိုက်ရသေးသည်။ မိန်းမကြီးက ကပ်သီး ကပ်သပ်။ နားလေး

ပါးလေးကြီး။

အပြောရဆိုရ

လက်ဝင်လှသည်။

ဘရန်ဒီသောက်ပြီးမှ

သတင်းစာ

တိုက်ခွဲသို့

ပြန်လာခဲ့ပါသည်။ လက်မတင် ကလေးပင်။ စားပွဲတွင် သူ ထိုင်ချလိုက်ရုံရှိသေး။ ဂရီလီနှင့် စမစ်တို့ ၀င်လာကြသည်။ အုပ်ချုပ်မှု အယ်ဒီတာက အသက် ၅၀ကျော် အရွယ်။ အရပ်ရှည်လွန်းသလောက် ပိန်လွန်းသည်။ မျက်နှာသွယ်သွယ်။ ပါးခွက်ခွက်။ မျက်နှာပေါက် ဆိုးဆိုး။ သူ့ကို ကြည့်ရသည်မှာ သင်္ချိုင်းမှာ ဖော်လာစ အလောင်းကောင်နှင့် ဆင်ဆင်တူသည်။ သိ့ေု သာ် မျက်နှာထားက ယဉ်ကျေးဖွယ်ရာ ရှိပါပေ၏။ သုဘရာဇာက Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အလောင်းကောင် ကို ခြယ်သထားသည့်အလား။ သူ့ဝါသနာကလည်း သုဘရာဇာ ဆန်သည်။ အားလပ်ရက် များတွင် ရှေးဟောင်းအပြိုအပျက်များ၊ ဂူသင်္ချိုင်းများကို တူးဟယ် ဆွဟယ်နှင့် အချိန်ကုန်သည်။ ဂရီလီသည်

အိုက်စပ်စပ်အချိန်

ဖြစ်ပါလျက်

အေပၚအက်ႌထူႀကီး

ဝတ်လာသည်။

ယခုမှပင်

ချွတ်တော့သည်။ ရုပ်ရည် က ဆန်းဆန်း၊ ဟန်ပန်က ကြောင်ကြောင်။ သိ့ေု သာ် ဥပဒေ ကျွမ်းသည်။ ဆမ်မာဗီးလ် အဆွယ်ကောင်း ၍ သတင်းစာလောကသို့ ၀င်မလာမီ ထင်ရှားသော ၀တ်လုံတော် ရ ရှေ့နေကြီး တစ်ဦး ဖြစ်ခဲ့ သည်။ "ခင်ဗျားကလည်း မစ္စတာစမစ်နဲ့တောင် လိုက်မလာနိုင်တော့ဘူးလား" "တစ်ယောက်ယောက်တော့ တိုက်ခွဲမှာ ကျီးစောင့်ကြက်နှင် ကျန်ခဲ့ရဦးမှာပေါ့ဗျာ" ညေးက ဖြေရှင်း၏။ စာရင်းအင်းများကို စစ်ဆေးကြသည်။

စတင်

ရှင်းကြသည်။

ကျွမ်းကျင်သူနှစ်ဦး

လွန်ခဲ့သည့်လ

ရှင်းကြလင်းကြပုံကို

ညေး

သတင်းစာ

အရောင်းစာရင်းများကို

ထိုင်ကြည့်နေသည်။

ဂရီလီသည်

စာရွက်ပုံကြီးထဲတွင် အရိုးခြောက် လက်ချောင်းများကို ထိုးကာ လှန်လှောရင်း အမူအရာ ပြောင်းလာသည်။ တဖြည်းဖြည်းနှင့်

"ဆွဲချ"

ဟန်ပေါက်

လာသည်။

ခဏကြာမှ

မျက်မှန်ကို

ဖြုတ်

သည်။ နောက်မှီပြီး

‹‹‹http://www.shwezinu.blogspot.com/

ထိုင်လိုက်သည်။ "စိတ်ပျက်စရာကြီးပါလား။ ကျုပ် ထင်ထားတာထက်တောင် ဆိုးနေသေးတယ်" စမစ်က ပလုံးပထွေး ပြောသည်။ "ကျွန်တော် တို့လည်း ထုတ်လုပ်ရေးဌာနကို အတင်းညှစ်နေတာပါပဲ။ ၀န်ဆောင်စရိတ်တွေ ကို လည်း ဖြတ်တယ် တောက်ဟယ် လုပ်နေတာပါပဲ။ အက်တလေ စီမံကိန်းကြီး အကောင်အထည်ပေါ်ရင် ကိစ္စက ပြီးနေပါပြီ။ စာဖတ်ပရိသတ် အများကြီး တိုးလာဖို့က အဲဒီစီမံကိန်းအပေါ်မှာပဲ တည်တော့ တာပါ။ ဒါပေမဲ့ တရွှေ့တည်း ရွှေ့နေတော့လည်း မတတ်နိုင်ဘူးပေါ့ခင်ဗျာ" "အတ်တလေကို ဘေးချိတ်ထားလိုက်စမ်းပါ။ တကယ်က လက်ထဲရောက်ပြီး သား စောင်ရေတွေ ပြုတ်နေ တာဗျ။ ပေ့ ပြန်ထောင်လာ တဲ့ သဘောကို ပြနေတာဗျ" စမစ်က ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရှည်ရှည်ဝေးဝေး ရှင်းပြနေ၏။ လုပ်ထားသမျှ အစီအမံ၊ ကြုံတွေ့ရသမျှ အခက်အခဲ၊ မကြာမီ ပေါ်ထွက်လာမည့် အကျိုးရလဒ်များ ကို ဇောက်ချပြီး

ရှင်းပြနေ၏။ ဂရီလီက

ဆုံးအောင်

နားထောင်နေသည်။ ပြီးမှ

ဝါးချေပစ်သည့် အလား မေးရိုးများကို တလှုပ်လှုပ်လုပ်ရင်း မေးသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

စကားလုံးများကို မပြောမီ


ဦးဝင်းတင်

ဥတ္တရအလင်း

"ဒီစီမံချက် အတွက် သတ်မှတ်ထားတဲ့ငွေနဲ့ လက်ကျန်က ပေါင် ၁၀၀၀၀ တောင် မရှိတော့ဘူး။ ဒီအတိုင်း ဆက်သုံးသွား ရင် ခင်ဗျားတို့ အရှုံးက ဒီလက်ကျန်ငွေကို တစ်လခွဲလောက်နဲ့ မျိုသွားမှာပဲ။ ကျုပ် မေးချင်တာက ဒီတော့ ခင်ဗျား တို့ ဘာလုပ်ကြမှာလဲ" "ကျွန်တော် တို့ မျှော်လင့်တာကတော့ ... ရည်မှန်းချက်လည်း ပြည့်ခါနီးနေတော့ ... ကျွန်တော်တို့ ကတော့ နောက်ထပ် ငွေ လိုချင် တာပဲ" ဂရီလီ က ခေါင်းရမ်းလိုက်၏။ "မလွယ်ဘူး စမစ်ရေ ... ခင်ဗျား အလုပ်ကြိုးစားတာ၊ တာဝန်ကျေတာ ကျုပ် သိပါတယ်။ ဒါပေမဲ့ နောက်ထပ် ငွေဖြည့်ပေး ဖို့ ဆမ်မာဗီးလ်ကို ကျုပ် အကြံ မပေးနိုင်တော့ဘူး။ ကျုပ် အမြင်တော့ ဒီစီမံချက် တစ်ခုလုံး ပတ်စာခွာ ဖျာသိမ်းရုံ ရှိတော့တာပဲ။ လုံးဝ မမျှော်လင့်တာတွေ ဖြစ်လာရင် တော့ တစ်မျိုးပေါ့လေ" ဂရီလီ က ညေးကို လှမ်းကြည်သ့  ည်။ "မစ္စတာ ညေး ကရော ဘာအကြံ ဥာဏ်များ ပေးချင်သေးလဲ"

‹‹‹http://www.shwezinu.blogspot.com/

ဟု မလိုတမာ လေသံဖြင့် မေးသည်။ "အကြံပေးချင် တာ တစ်ခုတော့ ရှိတယ်" ညေးက ဆက်မပြောမီ စီးကရက် မီးညှိနေလိုက်သေးသည်။ သူက ဂရီလီ နှိမ်တိုင်းမခံ။ ဂရီလီ ၀တ်လုံတော်ရကြီးပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ဘုရင့်ကော်မရှင်အဖွဲ့ဝင်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ သူ့အဖို့ ကပ်စေးနှဲ ကော်တရာကြီး သာ ဖြစ်သည်။ သူ အမေရိကန်တွင် တာဝန်ထမ်းစဉ်က အသုံးစရိတ်များ ကို လျှော့ချပစ်ခဲ့သူမှာ ဂရီလီပင် ဖြစ်သည်။ လောလောဆယ်တွင်တော့ နင်ပဲငဆ ဖြစ် မနေချင်။ ပျော့ပျော့ပျောင်းပျောင်း အကျိုးသင့် အကြောင်းသင့် ပင် ပြောသည်။ "ကျွန်တော့် သဘောပြောရရင် ခင်ဗျားတို့ ပြောနေတာက အခြေအနေကို တစ်ဖက်သတ်မြင်နေတာ ပဲ။ ခင်ဗျားက

ကိန်းဂဏန်းတွေ၊

ကုန်ကျစရိတ်တွေ၊

ရာခိုင်နှုန်းတွေကိုပဲ

စကားထဲ

ထည့်ပြောနေ

တယ်။

ရှေ့ကိုတော့ ကျော်မကြည့်ဘူး။ မော်ကွန်းဖွင့်ရတာဟာ တကယ် ခက်ခဲတဲ့ ကိစ္စဗျ။ ပေ့ဆိုတဲ့ ငနဲကြီးကလည်း ကျွန်တော်တို့ ထင်တာထက် တောင့်တဲ့ငနဲကြီးဗျ။ ကျွန်တော်တို့လည်း ထိပ်တန်း ကျကျ လူသိများအောင် လုပ်တာပဲ။ ဒါပေမဲ့ အပြတ်အသတ် မဆော်နိုင်ဘူး။ ဒီမှာ မစ္စတာ ဂရီလီ၊ ခင်ဗျားက ကျွန်တော် တို့ကို မျက်လုံးဒေါက်ထောက်ကြည့်နေတယ်။

ကျွန်တော်ကလည်း

တခြား

ဘက်ကို

ကြည့်နေတာပဲ ဗျ။ ပေ့လည်းပဲ ကျွန်တော်တို့လိုပဲ တတိတိ အရှုံးပေါ်နေတာပဲ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

မျက်လုံးဒေါက်ထောက်


ဦးဝင်းတင်

ဥတ္တရအလင်း

ပြီးခဲ့တဲ့ နှစ်လက စပြီး သူလည်း အရူးမီးဝိုင်း ငွေရှာနေရတာပဲ။ လွန်ခဲ့တဲ့ ငါးပတ်က ဘဏ်မှာ သူ ငွေသွားချေးတယ်။

မရဘူး။

ဘဏ်

ဥက္ကဋ္ဌဆီအထိ

တက်တွေ့တယ်။

ဒါလည်း

မရဘူး။

ကြွေးလည်ပင်းခိုက်လာတော့ အိမ်ကို ပေါင်ရတယ်။ အသ်က အာမခံငွေ ပြန်ထုတ်ရတယ်။ စုဆောင်း ထားတဲ့ ရှေးဟောင်းကြွေထည်တွေကို ထုတ်ရောင်းရတယ်။ ဒုတိယ အယ်ဒီတာချုပ်ဆီက ငွေချေးရတယ်။ အလုပ်သမား တချို့ကို လစာ ၂၀ရာခိုင်နှုန်း လျော့ယူခိုင်း ရတယ်။ သူ သက်ဆိုးရှည်မနေဘူးလို့တော့ မပြောနိုင်သေးဘူးပေါ့ ဗျာ။ ဒါပေမဲ့ အခြေသိပ်ယိုင်လာ နေပြီ ဆိုတာကတော့ ရှင်းနေပြီပဲ။ နောက်ဆုံး ချက်ကောင်း တစ်ချက်မိရင် လဲဖို့သေချာနေပြီ" ဂရီလီ က ဂရုတစိုက် နားထောင်နေသည်။ ပြီးမှ စူးစမ်းသံ ပါသော်လည်း စိတ်မရှည်သော လေသံ ဖြင့် ၀င်ပြောသည်။ "ခင်ဗျားပြောတာတွေ ဟုတ်ရင်တောင်မှ ဒီလိုနဲ့ပဲ အကြာကြီး တန်းလန်း ဖြစ်နေဦးမှာပါဗျ။ ပြီးတော့ ခင်ဗျားပြောတဲ့ နောက်ဆုံး ချက်ကောင်းတစ်ချက်က ဘယ်က လာမှာလဲ" ညေးက ကိုယ်ကို ရှေ့ကို ကိုင်းပြီး စကားကို တစ်လုံးချင်း ပြောသည်။ ယုတ္တိ ခိုင်ခိုင်ပြောသည်။ ဂရီလီကို

စိတ်ထဲက

မနှစ်မြို့သော်လည်း

သူ

နားဝင်အောင်

ပြောချင်သည်။

သူ့ကို

အပါဆွယ်ဖို့

‹‹‹http://www.shwezinu.blogspot.com/

အရေးကြီးသည်။ "ဥတ္တရအလင်းတိုက်က

ပေ့

ပိုင်တယ်ဆိုပေမယ့်

ပုံနှိပ်စက်ခန်းတိုက်ကို

မပိုင်ဘူးဗျ။

မစ္စစ်

ဟားဘော်တယ်ဆိုတဲ့ သူ့အဖေရဲ့ သူငယ်ချင်းရဲ့ မုဆိုးမကြီးပိုင်တာ။ စာချုပ်နဲ့ ငှားလာတာ ကြာလှ ပြီ။ ငှားခကတော့ မည်ကာမတ္တပဲပေါ့။ ကျွန်တော် လက်ထဲမှာ အဲဒီအငှားစာချုပ်ရဲ့ ဓာတ်ပုံမိတ္တူ ရှိတယ်" ဂရီလီ နားရွက်ထောင်လာသည်။ သို့သော် ညေးကို မယုံ။ စမစ်ကတော့ အိပ်မွေ့ချခံထားရသည့် ပမာ ပါးစပ်ကြီး အဟောင်းသားနှင့်။ "ဒီကိစ္စကို ကျွန်တော် သိတာ တစ်လကျော်နေပြီ။ အတော်မွှေရှာရတာ။ တွေ့တော့ ကျွန်တော် ဘာလုပ်တယ်ထင်သလဲ။ ဘာမှမလုပ်ဘူး။ အဘွားကြီးနဲ့ ချက်ချင်း မတွေ့သေးဘူး။ ဇွန်လဆန်းမှာ ကျွန်တော် တို့ဆီ ခြံခုန်လာတဲ့ ဘာလ်မာက တစ်ဆင့် အဘွားကြီးနဲ့ ကျွန်တော် အသိ ဖြစ်လာတယ်။ အဘွားကြီး အကြိုက် လိုက်လုပ်တယ်။ အဘွားကြီးနဲ့အတူ လက်ဖက်ရည်သောက်တယ်။ တိုက်ငှား စာချုပ်ကိစ္စကို အမှုမဲ့ အမှတ်မဲ့ စကားတောက်ကြည့်တယ်။

ငှားခ

နည်းနည်းလေးပေးပြီး

အမြတ်

ထုတ်နေတာကို

ထောက်ပြတယ်။

တစ်စတစ်စနဲ့ ကျွန်တော်တို့ကို အဲဒီ အခန်းရောင်းဖို့ နားသွင်းလို့ ရလာတယ်။ ကဲ ... ပေ့ ဘာဖြစ်သွားနိုင်တယ် ထင်သလဲ။ သူ့မှာက တစ်ပူပေါ် တစ်ပူဆင့်နေတာ။ ဗြန်းစားကြီး သတင်းစာရိုက်စရာ နေရာ မရှိတော့ဘူးဆိုရင် သူ ဘာလုပ်မလဲ"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ခင်ဗျားပြောနေတာ မဟုတ်သေးပါဘူး။ အဲဒီစာချုပ် ပြစမ်းပါဦး" ညေးက

စာချုပ်မိတ္တူ

ကို

ထုတ်ပေးလိုက်သည်။

အရိပ်အကဲ

စောင့်ကြည့်နေသည်။

ဂရီလီက

မျက်မှန်ချွတ် လိုက်သည်။ နှာခေါင်းရှုံ့ လိုက်သည်။ "ဒီဟာက တရားဝင် စာချုပ်ပဲဗျ။ သက်တမ်းပြည့်ဖို့ ၄လ လိုသေးတယ်။ ပြီးတော့ ၃လ နို့တစ်ပေး ရမှာကလည်း ရှိသေးတယ်။ အားလုံး ၇လ ကြာမယ်။ ခင်ဗျား အစီအစဉ်က မစွံနိုင်ပါဘူး" "နေပါဦးလေ" ညေးက ပြောသည်။ "စက်ရုံ၊ အလုပ်ရုံ ဥပဒေ နဲ့ ကိုင်နိုင်ပါသေးတယ်ဗျ" ဂရီလီ က အငိုက်မိသွားသလို ညေးကို ပြန်ကြည့်နေသည်။ "ကဲ ... ဆိုပါဦးလေ" ဟု ပြောလိုက်၏။ "ကျွန်တော်

ပြောထားတယ်

မဟုတ်လား။

တိုက်ကြီးက

အိုလှပြီ။

ဒီကိစ္စကို

ကျွန်တော်

အူသေးချေးမကျန် စုံစမ်းပြီးသား ဗျ။ ဘုရားဟော လိုသာ ယုံပေတော့။ စက်ရုံ အလုပ်ရုံ ဥပဒေနဲ့ မကိုက်ညီတာ

‹‹‹http://www.shwezinu.blogspot.com/

အချက်သုံးချက် ရှိတယ်။ (၁) ပြတင်းပေါက်တွေက ကြမ်းပြင်အကျယ်ရဲ့ ဆယ်ပုံတစ်ပုံ မရှိဘူး။ (၂) မီးဘေးကိစ္စ ပေါ်ရင် ထွက်နိုင် ဖို့ တံခါးနှစ်ပေါက် ဖောက်မထားဘူး။ (၃) အတွင်းခန်းတွေရော စင်္ကြံတွေပါ ထုံးမသုတ်တာ တစ်နှစ်ကျော် လာပြီ" ဂရီလီ ကြားဖောက်မပြောနိုင်အောင် ညေးက သွက်သွက်ကြီး ဆက်ပြောနေသည်။ "အဲဒီ အခန်း ကို ၀ယ်လိုက်ရင် ကျွန်တော်တို့ ပိုင်ရှင် ဖြစ်ပြီ။ ပိုင်ရှင်အနေနဲ့ စက်ရုံ အလုပ်ရုံ အက်ဥပဒေအတိုင်း အသုံးစာရင်းက

လိုက်နာ ချက်ချင်း

ဖို့

တာဝန်ရှိလာပြီ။

ပယ်ဖျက်ခိုင်းမယ်။

မြို့နယ်အင်ဂျင်နီယာနဲ့ အရင်က

သွားတွေ့ပြီး

အဲဒီအခန်းကို

လက်ပိုက်ကြည့်နေခဲ့တာကို

ဖွင့်ချမယ်လို့

အင်ဂျင်နီယာကို ကျွန်တော် လှန့်ထား ပြီးပြီ။ ဒီတော့ သူ စာရင်း ဖျက်ပေးရမှာပဲ။ ဖျက်ကို ဖျက်ပေးရ မှာပဲ။ ဒါက ဥပဒေနဲ့ အညီပဲ။ ပြင်ဆင်မွမ်းမံမှုတွေ ကို စိမ်ပြေနပြေဆွဲပြီး လုပ်မယ်။ အဲဒီ အတောအတွင်းမှာ အခန်းကို ပိတ်ထားရမှာပေါ့။ ဥတ္တရအလင်း မထွက်နိုင်တော့ ဘူး။ အခန်းသစ် ရှာရမယ်။ ပုံနှိပ်စက်တွေ ရွှေ့ရမယ်။ အဲဒီအလုပ်က မဖြစ်နိုင်တဲ့ အလုပ်ပဲ။ ချုပ်ပြော ရရင် ပေ့ ပြုတ်ပြီ" ငြိမ်ကျသွားသည်။ စမစ်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ "ဒီတစ်ခါတော့ ပိုင်ပြိ။ တရားလည်း ၀င်တာပဲ" ဟု ပြောသည်။ ဂရီလီက

ညေး

ကို

စေ့စေ့ကြည့်သည်။

အထင်ကြီးသွားသည်။

အမြွက်မျှပင် မပြချင်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သိ့ေု သာ်

သူ့သဘောထားကို


ဦးဝင်းတင်

ဥတ္တရအလင်း

"တခြားနေရာ မှာ အခန်းရှာလို့ ဖြစ်နိုင်ပါသေးတယ်လေ။ စက်တွေရွှေ့လို့လည်း ဖြစ်နိုင်သေးတာပဲဗျာ" "အားလေး အင်လေးလည်း ရှိဦးမှကိုးဗျ။ ကြွေးပတ်ချာဝိုင်းနေတာကို ဘယ်သွားထားမလဲ" "နာလန်မထူနိုင်တော့ပါဘူးဗျာ" စမစ် က အားတက်သရော ၀င်ပြောသည်။ "ကျင့်ဝတ်သိက္ခာတော့ မဲ့မဲ့ပဲဗျ" ဂရီလီက ပြောသည်။ "တရားဝင်တာတော့ သေချာ ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အက်ဥပဒေအတိုင်း လိုက်နာတာပဲ" ညေး က ဖြည့်ပြောသည်။ ဂရီလီ က သဘောမတူသလို ခေါင်းခါသည်။ မေးစေ့ကို ပွတ်ပြီး အနုလုံ ပဋိလုံ စဉ်းစားသည်။ "ပြုပြင်စရိတ် က ဘယ်လောက်ကုန်မယ်မှန်းသလဲ" "ပေါင် ၁,၅၀၀ လောက်တော့ ကုန်မှာပေါ့။ လျော့ရင်သာ လျော့မယ်။ ပြင်ပြီးသွားရင် အသစ်လောက် နီးနီး ကောင်းလာ မှာ။ အဲဒီအချိန်ကျတော့ ကျွန်တော်တို့ ရွှေ့ဝင်လိုက်ရုံပေါ့ဗျာ"

‹‹‹http://www.shwezinu.blogspot.com/

ငြိမ်သွားပြန်၏။ ဂရီလီက ညေးကို ခြေဆုံး ကြည့်နေလေသည်။ "တိုက်ခန်း အတွက်ကရော ဘယ်လောက်တောင်းနေသလဲ" ညေးက ဂရီလီနှင့် မျက်လုံးချင်းဆိုင်လိုက်သည်။ "ကြားလူ ဈေးဖြတ်တာတော့ ပေါင် ၄,၀၀၀ ပဲ။မစ္စစ် ဟားဘော်တယ်က ၃,၅၀၀ ရရင် ကျေနပ်ပြီတဲ့။ အရောင်းအ၀ယ် စာချုပ်ကို ဒီနေ့ညနေပဲ လက်မှတထိုးပေးမယ် တဲ့" ဂရီလီက သူ့လည်ပင်းရှည်ကြီးကို အစင်းသားဆန့်ပြီး စဉ်းစားချိန်ဆနေပြန်သည်။ ဥတ္တရအလင်းကို ၀ယ်ရန်

လက်မွန်မဆွ

စီမံချက်ချသူများအနက်

သူလည်း

တစ်ဦးအပါအ၀င်

ဖြစ်ခဲ့၏။

ထိုစီမံချက်

ပျက်ပြားခြင်းသည် သူ့အကျိုးစီးပွားနှင့် လည်း ဆန့်ကျင်၏။ ဂရီလီက ချောင်းတစ်ချက်ဟန့်လိုက်သည်။ "ကျုပ်

လုံးဝဥဿုံ

သဘောတူတယ်လို့တော့

မပြောနိုင်ဘူး။

ခင်ဗျား

ပြောတဲ့

အခြေအနေ

အတိုင်းဆိုရင် ဥပဒေကြောင်း အရ ကန့်ကွက်စရာ မရှိတာ မှန်တယ်။ ဒါပေမဲ့ စည်းကမ်းနည်းလမ်း ကျတဲ့ အဆိုပြုချက်တော့ လည်း မဟုတ်ဘူး" ဟု ပြောလိုက်၏။ သူ့မျက်နှာက ရုတ်ချည်းပင် အလောင်းကောင်အပြုံးမျိုး တွန့်ရှုံ့သွားသည်။ ထရပ်လိုက်၏။ "ခင်ဗျားတို့ ဆက်လုပ် မယ့် ကိစ္စတွေပဲ၊ ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးနော်။ အခြေအနေ အရတော့ အဲဒီကို သွားကြည့်သင့်တယ် ထင်တာပဲ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဂရီလီက ဖြည်းဖြည်းချင်း အပေါ်အကျီ င်္ကိုဝတ် ၊ လက်စွပ်အိတ်ကို စွပ်ကာ အပြင်သို့ထွက်သွား၏။ စမစ်က သူ့နောက်မှ ကပ်လိုက်ရင်း ညေး၏ လက်ကို ဆွဲကိုင်ဖျစ်ညှစ် လိုက်၏။ "ခင်ဗျား ကယ်တာပဲ။ ဘုရားစူးရစေရဲ့ ခင်ဗျား တကယ်ဥာဏ်သွားတဲ့ လူပါပဲဗျာ"

‹‹‹http://www.shwezinu.blogspot.com/

ညေးက မျက်စောင်းခဲပြီး သူ့လက်ကို ဆက်ခနဲ ပြန်ရုပ်လိုက်လေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၂)

ဇူလိုင်လ၊၁ ရက်၊နံနက်ပိုင်းတွင် ခါတိုင်းထက်စော၍ ဟင်နရီပေ့ သတင်းစာတိုက်သို့ ရောက်လာသည်။ နံနက်ခင်း က သာယာနေ၏။ ပူပြင်းမည့် အရိပ်အယောင်ပင် ပြနေ၏။ ယခု ရက်ပိုင်း အတွင်း ရာသီဥတုက ပူစပ်ပူလောင်။ နေခြစ်ခြစ်ပူလိုက်။ မိုးဖွဲဖွဲရွာလိုက်။ ပေ့သည်

သတင်းစာစောင်ရေ

စာရင်းကို

ပထမဆုံးကြည့်သည်။

စိတ်ထဲတွင်

ရောင့်ရဲကျေနပ်

သွားသလို ပင့်သက်ကြီး ရှိုက်လိုက်၏။ သတင်းစာစောင်ရေ ပြန်တက်လာသည်။ တိုးလာသည့်စောင်ရေမှာ ၉၀၀ မျှသာ ဖြစ်သည်။ သို့သော် အတက်ရှိန်ဆက်၍ မြင့်လာသည်ကား အမှန်။ ဒွိဟ ဖြစ်စရာ မရှိတော့ ။ ဦးတည်ကြော က မှားစရာမရှိနိုင်တော့ ။ နည်းနည်းကြာကြာ ဆက်တောင့်ထားလိုက် လျှင် ဘေးကင်း ရန်ကင်း

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်တော့မည်။ သို့သော် ဟန်မပျက် ဆက်ထိန်းသွားရန် မည်မျှခက်ခဲကြောင်း သူ့ထက် ဘယ်သူမှ ပိုမသိနိုင်။ လွန်ခဲ့သည့် တစ်လလုံးလုံး ခြောက်အိပ်မက်ဆိုးကြီးပမာ ဖြစ်ခဲ့ရ၏။ ကြွေးပတ်လည် အ၀ိုင်းခံခဲ့ ရ၏။ ကြွေးတောင်းခံ

မှုမှန်သမျှကို

နည်းမျိုးစုံဖြင့်

ကန်တော့

ဆွမ်းလုပ်ခဲ့ရသည်။

ကတိစကား

များ၊

နေ့ရွှေ့ညရွှေ့မှုများ၊ အလုပ်သမားများ၏ စာနာထောက်ထားမှုများဖြင့် အလျှင်မီရုံ အသက်ဆက်ခဲ့ရ၏။ ဒုတိယ အယ်ဒီတာချုပ် မိတ်တလန်၏ စွဲစွဲမြဲမြဲ ထောက်ခံအားပေးမှု အပေါ်တွင် အားကိုး အားထားပြုခဲ့ ရ၏။သို့သော် အစွမ်းကုန်

ခြစ်ကုတ်ခြိုးခြံမှုများ၊

ကူညီရိုင်းပင်းမှုများကြားမှ

သူ့အဖြစ်က

လမ်းဆုံး

ကမ်းဆုံး

ရောက်သလောက်နီးနီး ဖြစ်လာခဲ့ရသည်။ မျှော်လင့်ချက်နှင့် မရေမရာမှုအကြား ကြိုးတန်းလျှောက်နေ ရသည့် အဖြစ်က မခံနိုင် မရပ်နိုင် အနေအထားနီးနီး ဖြစ်ခဲ့ရသည်။ အခြေအနေနှယ် ဆိုးလိုက်လေစွ ဟု ရင်နာနာနှင့် တွေးမိခဲ့သေး၏။ မစ်မော့ဖတ်

ပေါ်မလာသေး။

စောင့်မနေတော့။စားပွဲပေါ်မှ

မဖောက်ရသေးသည့်

ပေးစာများကို

ကြုံးယူလိုက် သည်။ ငွေတောင်းခံလွှာမှန်း သိသာ နေသော စာများကို ဘေးဖယ်လိုက်သည်။ မန်ချက်စတာမြို့

စာတိုက်တံဆိပ်ဖြင့်

ရောက်လာသည့်

စာအိတ်ထူကြီးတစ်ခုကို

ပေ့

ဖောက်ဖတ်လိုက်သည်။ ငယ်ထိပ်မြွေပေါက် ခံရသလို မွှန်ထူတုန်လှုပ် သွားလေသည်။ မြောက်ပိုင်း ပျော့ဖတ်နှင့် စက္ကူစက်များ ကုမ္ပဏီ က ရေးလိုက်သည့် ပေးစာ။ လွန်ခဲ့သည့်နှစ်ပေါင်း၂၀လုံးလုံး ဥတ္တရ အလင်းအတွက် စက္ကူပေးသွင်းနေခဲ့သည့်

ကုမ္ပဏီ။

ဇွန်၊

၂၅

ရက်စွဲဖြင့်

လက်မခံနိုင်၍ ၀မ်နည်းကြောင်း အပြန်စာ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ပို့လိုက်သည့်

စက္ကူအမှာစာကို


ဦးဝင်းတင်

ဥတ္တရအလင်း

ဟင်နရီပေ့က

စာကို

ဝါးစားတော့မလို

စိမ်းစိမ်းကြည့်နေစဉ်

မစ်မော့ဖတ်

ဝင်လာသည်။

လစဉ်သတင်းစာ စက္ကူမှာ ယူရေး ကိစ္စကို မစ်မော့ဖတ်က တာဝန်ယူဆောင်ရွက်ရသည်။ ပေ့က မော့မကြည့်။ "မြောက်ပိုင်းစက်ရုံက မစ္စတာ စပင်စာ နဲ့ စကားပြောရအောင်" "စက္ကူတွေ ရောက်မလာ လို့ မနေ့ညကတည်းက ကျွန်မ တယ်လီဖုန်းခေါ်ပြီးပြီ။ မရှိဘူးတဲ့။" "မရှိဘူး ဆိုတာ ခရီးသွားနေလို့လား" "ကျွန်မတော့ မထင်ပါဘူး" မစ်မော့ဖတ်၏ လေသံကြောင့် ပေ့ ဆက်ခနဲ ခေါင်းထောင်လာသည်။ "သူ့တယ်လီဖုန်းနံပါတ် ပေးစမ်းဗျာ" ခဏတွင်းမှာပင်

မန်ချက်စတာနှင့်

အဆက်အသွယ်ရသည်။

မစ္စတာစပင်စာကိုတော့

ရှာမရ။

စာရေးကြီးနှင့် စကားပြောရသည်။ စာရေးကြီးက သတင်းစာစက္ကူ မရောင်းနိုင်ဟု ဇွတ်ပေ၍ ငြင်းနေသည်။ ပေ့ တယ်လီဖုန်းချ လိုက်သည်။ ထိတ်ထိတ်ပျာပျာ ဖြစ်နေသည်။ စက္ကူ....စက္ကူ....စက္ကူ... ရမှဖြစ်မည်။ စက္ကူမရှိ

လျှင်

စာတစ်လုံးမှ

ပုံနှိပ်

နိုင်တော့မည်

မဟုတ်။

မစ်မော့ဖတ်

က

ထိုင်မြဲထိုင်နေ၏။

‹‹‹http://www.shwezinu.blogspot.com/

လက်ရေးတိုစာအုပ်ကို ခဲတံဖြင့် ခေါက်နေ၏။ ပေ့ကို စောင်းကြည့်နေ၏။ မစ်မော့ဖတ်သည် ပိန်ခြောက်လာပြီး ခါတိုင်းထက်ပို၍ အမြင်ကတ်စရာ ကောင်းလာသည်။ လူကသာ ဇွဲသန်သန်

တာဝန်ကျေကျေ

ကုန်းရုန်းလုပ်နေသည်။

စိတ်ကတော့

လက်တစ်ဆစ်သာ။

ပေ့

အပေါ်

သူ့သဘောထားက အပြစ် အနာအဆာ ရှာလွန်းသည်။ ရံဖန်ရံခါ ရန်စွယ်ငေါငေါပင် ဖြစ်နေတော့သည်။ "သူတို့လည်း ငွေလိုချင်မှာပေါ့" မစ်မော့ဖတ်က ပေ့ကို သတိပေးသလိုလိုနှင့် ဘာသာလ၀ါ ပြောသည်။ "ဘယ်နေ့ အထိ ငွေပေးပြီးပလဲ" "ဧပြီကုန် ကတည်းက မပေးရသေးဘူး။ ငွေတောင်းစာတွေ ပို့တာလည်း ထပ်နေပြီ။ ငွေကလည်း များတာကိုး။" "ဘယ်လောက်တောင်မှလဲ" "ပြီးခဲ့တဲ့အပတ်တုန်းက ရှင့် ကို စာရင်းအတိအကျ ပေးထားသားပဲ" "သိပါတယ်။ ဒါပေမဲ့ အားလုံးတော့ ဘယ်မှတ်မိနိုင်ပါ့ မလဲဗျ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"၁,၉၆၅ ပေါင်နဲ့ ၁၀ရှီလင်။ ကုန်ဖိုးလွှာ ကြည့်ဦးမလား" "နေပါစေတော့" ဥတ္တရအလင်း၏ ဘဏ်ငွေစာရင်းတွင် ၇၀၉ ပေါင်နှင့် ၅ ပဲနီသာ ကျန်တော့သည်။ လက်ကျန်စာရင်းကို လှန်ကြည့်စရာ မလိုတော့။ ပုံနှိပ်ဌာန အလုပ်သမားမျာ၏ လုပ်ခကလည်း တစ် ပတ်စာပေးရန် ကျန်နေသေး သည်။ ဖြန့်ချိရေး လုပ်သားများအား လုပ်ခ မပေးနိုင်သည်မှာလည်း နှစ်ပတ်ရှိခဲ့သည်။ ပူးလ်နှင့် လူးဝစ်တို့က လခ မယူပဲ လုပ်နေကြ၏။ မိတ်တလန်ကလည်း ပေါင် ၂၀၀ ထုတ်ချေး ထားသည်။ လွန်ခဲ့သည့် ၄ လစာ သူ့လခ ကိုပင် ဘဏ်မှ ထုတ်မယူသေး။ "ဖန်းဝစ်ကို လှမ်းမေးးစမ်း ။ စက္ကူ ဘယ်နှစ်ရက်စာ ရှိသေးသလဲလို့" မော့ဖတ် ချက်ချင်း ပြန်ရောက်လာသည်။ "၈ ရက်စာ ပဲ ရှိတော့တယ်တဲ့" "မဖြစ်နိုင်တာဘဲ။ ကျွန်တော်ကို ဘာဖြစ်လို့ မပြောရတာလဲ"

‹‹‹http://www.shwezinu.blogspot.com/

"ရှင်ပဲ ပြောတာ ပဲ။ စရိတ်တွေ လျှော့ပါဆို။ သုံးပတ်စာနဲ့ပဲ လှည့်ပတ်လုပ်မယ်ဆို။ ဒါကြောင့် ဒီလောက်ပဲ ကျန်ရတော့ တာပေါ့" "ဆိုင်းထားလိုက်ပေါ့ဗျာ။ ရှေ့အပတ်လောက်အထိ ဖြစ်ဖြစ်ပေါ့" "သူက အလုပ်သမားတွေ ကို ခေါ်ထုတ်သွားနေမှာရှင့်" "တနင်္လာနေ့ကျမှ တွေ့မယ်လို့ ပြောရင် ရနိုင်ပါတယ်ဗျာ" "တနင်္လာနေ့ကျတော့ ဘာလုပ်ကြမလဲ" မစ်မော့ဖတ်က မေးခွန်းထုတ်နေပြန်၏။ ပေ့က အော်ငေါက်မပစ်လိုက်မိစရေန် မနည်းပင် ချုပ်တည်းထားရသည်။ "ရထားချိန်စာရင်းသာ ပေးစမ်းပါဗျာ" မနက်အမြန်ရထား က ထွက်သွားပြီ။ မြန်မြန်ဆန်ဆန် တစ်စင်းမှ မရှိတော့။ ထို့ကြောင့် လော်ကယ် ရထားကိုပင် စီးရတော့၏။ မွန်းလွှဲ၁နာရီခွဲ မှ မန်ချက်စတာမြို့သို့ ရောက်သည်။ စက္ကူစက်များ ရှိရာ ရော့စ်လမ်းသို့ သွားသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စက်ရုံ တွင် သူ့ကို မသိသူ မရှိသလောက် ဖြစ်သည်။ စီမံခန့်ခွဲရေးမှူးရုံးခန်းသို့ တံခါးမရှိ ဓားမရှိ ၀င်နိုင်ခွင့် ရှိခဲ့သည်။ ယနေ့မူ သူ့ကို နမူနာပစ္စည်း ပြခန်းထဲတွင် စောင့်ခိုင်းထားသည်။ ၁၅မိနစ် လုံးလုံး ငုတ်တုတ် ထိုင်နေရသည်။ ပြီးမှ စပင်စာ ၀င်လာသည်။ "ခင်ဗျား ကိုယ်တိုင်တော့ မလာတန်ဘူး ထင်နေတာ ... ဟင်နရီ" "ဘယ်လို ဖြစ်နေတာလဲဗျာ" "အေးအေးဆေးဆေး ပြောတာပေါ့ဗျာ။ ထိုင်ပါဦး" စပင်စာက ပေ့ အနီးကုလားထိုင်တွင် ၀င်ထိုင်လိုက်၏။ အသက်အရွယ်ကလည်း အငြိမ်းစား ယူချိန် နီးနေပြီ။ ကိုယ်လုံးကိုယ်ဖန်က ကြီးကြီး။ လုပ်ကိုင် လှုပ်ရှားမှုက လေးလေးဆေးဆေး။ စကားပြော က နှေးနှေး။ အရေးထဲ တွင် စကားဟ၍ မရသလို ဖြစ်နေသေး။ သူ့မျက်နှာထားက အားနာပါးနာ ဖြစ်နေသလိုလို၊ စိတ်အိုက် အကြံအိုက် ဖြစ်နေသလိုလို။ "ကျွန်တော် က ခင်ဗျားကို တမင်ရှောင်နေတာ။ ဒါကြောင့် ခင်ဗျားကို ကျွန်တော့်ဆီ မလွှတ်လိုက်နဲ့ လို့

‹‹‹http://www.shwezinu.blogspot.com/

ပြောထား မိတာဗျ" "ဘာဖြစ်လို့" စပင်စာ က ပြောင်နေသောစားပွဲကို ဖုံခါသလို လုပ်နေသည်။ "ကျွန်တော့်လို လူက ခင်ဗျားလို လူကို ပြောလို့ မထွက်နိုင်တဲ့ စကားမျိုး ပြောရမလို ဖြစ်နေတာကိုး ဗျ။ အခု ကျွန်တော် ပြောရမလား" ဟု မေးသည်။ ပေ့ မျက်နှာ သွေးဖြာသွားသည်။ "ကျွန်တော် ငွေ မကျေတာ သိပါတယ်ဗျာ။ ဒါပေမဲ့ ကျွန်တော်က နာမည်တစ်လုံးနဲ့ နေတဲ့သူပါဗျာ။ အရင်က ခင်ဗျားတို့ ၆လ အထိတောင် ကြွေးပေးခဲ့ဖူးတာပဲဟာ" "အခြေအနေတွေ က တစ်မျိုး ဖြစ်နေပြီဗျာ" "ဘာဖြစ်လို့ တစ်မျိုးဖြစ်ရမှာလဲဗျာ။ ဒီကြွေးတွေ မဆုံးနိုင်မှန်း ခင်ဗျားတို့ သိပါတယ်" "တကယ် မဆုံးနိုင်ဘူးလား" ပေ့သည် မာနချိုး ခံလိုက်ရသလို နားထင်နားရင်း ပူထူသွားသည်။ "လောလောဆယ် ကျွန်တော် ဘေးကျပ်နံကျပ် ဖြစ်နေတာ မှန်ပါတယ်။ ဒါပေမဲ့ အခု တက်ရိပ်ပြန်ပြ လာပါပြီ ဗျာ၊ ဖောက်သည်ဟောင်းတွေပဲဗျာ။ လူသာ လွန့်သာလေးရှိအောင်တော့ လုပ်ပေးဦးမှပေါ့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော် တို့ သိပါတယ်ဗျာ။ ဒီအဖြစ်မျိုး ခင်ဗျား မကြုံချင်တာထက် ကျွန်တော်တို့က ပိုမကြုံချင် သေးတာပေါ့။ အခုလို ကျပ်တည်းချိန်မှာတော့ အလုပ်သဘောအတိုင်း လုပ်ရတော့တာပဲဗျာ။ ဝေပုံကျစနစ်က ကြွေးတောင်း မရတဲ့ လုပ်ငန်းတွေနဲ့ ဆက်လုပ်လို့ မရဘူး။ ဘုတ်အဖွဲ့က ညွှန်ကြား ထားတာတွေဆိုတော့ ကျွန်တော်တို့လည်း မလွန်ဆန်နိုင်ဘူးဗျာ။ ဒါ စကားကုန် ပြောတာပဲ ဟင်နရီ။ စောဒက တက်နေလို့လည်း မထူးတော့ဘူး" ပေ့က စပင်စာကို ငေးကြည့်နေသည်။ စကားတစ်လုံး မဟ။ စိတ်လှုပ်ရှားမှု ကို ပြန်ထိန်းချုပ်နေ၏။ ပြန့်ကျဲအတွေးများကို ပြန်စုစည်းနေ၏။ ခဏကြာမှ ... "စက္ကူ ကတော့ ရမှကို ဖြစ်မယ်။ ခင်ဗျားတို့ ကြွေးတွေကို ပြန်ဆပ်နိုင်တဲ့အထိ ရုန်းနိုင်လောက်ရုံ တော့ ရမှ ဖြစ်မယ် ဗျာ။ ဘယ်မှာ ၀ယ်လို့ ရနိုင်မလဲ" စပင်စာ အတော်ကြာ စဉ်းစားနေသည်။ "တစ်နေရာ နှစ်နေရာတော့ စမ်းကြည့်ပေါ့။ ခေါင်းပုံဖြတ်သမားတွေတော့ ခေါင်းပုံဖြတ်သမားတွေပဲ။ လိပ်စာတော့ ရေးပေးလိုက်မယ်လေ"

‹‹‹http://www.shwezinu.blogspot.com/

အင်္ကျီအိတ်ထဲ မှ ခဲတံတိုကလေးတစ်ချောင်းထုတ်သည်။ နာမည်နှစ်ခုနှင့် လိပ်စာနှစ်နေရာ ရေးပေး လိုက်သည်။ "ဒီလိုတွေ ဖြစ်လာ ရတာ စိတ်မကေင်းဘူးဗျာ။ ဘယ်လိုမှ သဘောမထားပါနဲ့နော်" စပင်စာ ရပ်လိုက်သည်။ လက်ဆွဲနှုတ်ဆက်သည်။ ပေ့ လမ်းပေါ် ထွက်လာခဲ့၏။

ဘယ်တုန်းကမှ မမျှော်မှန်းခဲ့ဘူးသည့် တစ်နေ့တာအချိန်ကို ပေ့ ကြုံရပေပြီ။ စပင်စာနှင့် တွေ့ဆုံ ပြောဆိုရခြင်းကြောင့် စိတ်တွေ ကတုန်ကယင် ဖြစ်လာသည်။ ကြာလေ ဆိုးလေ ဖြစ်လာ သည်။ ၁၀ရက် အတွင်း ဥတ္တရအလင်း ပိတ်ရတော့မည်အခြေ စိုက်နေသည့် အဖြစ်သနစ်ကို ရင်ဆိုင်နေ၍ အခြားသောက ဗျာပါဒများမှာ မပြောပလောက်အောင် ဖြစ်သွားသည်။ သူ့စိတ်ထဲတွင် တမြိုက်မြိုက် လောင်နေ သည့် သောက မှာ ချက်ချင်းလက်ငင်း သတင်းစာစက္ကူ အလုံအလောက် ၀ယ်ယူရရှိရေး သာ ဖြစ်တော့သည်။ အခြားအရေး

ကိစ္စများကိုတော့

နောင်ခါလာ

နောင်ခါဈေးပင်။

ထိုအရေးကိစ္စ

များသည်

ကဏှာမငြိမ်ဖြစ်နေသော သူ့စိတ်ထဲ ၌ ဝေးလံဝိုးဝါး ဖြစ်နေသည်။ အရေးကြီးဆုံးကိစ္စဟု သူ ထင်ထားသည် မှာ ရော့ပတ္တမြား ရော့နဂါးလုပ်နိုင်မည့် ချက်ချင်းလက်ငင်း ကိစ္စသာ ဖြစ်တော့ သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စပင်စာ စာရေးပေး လိုက်သည့် ပထမလိပ်စာအတိုင်း မြို့အရှေ့ပိုင်းသို့ သွားသည်။ လူသိများသော ကုမ္ပဏီ တစ်ခု သို့ ရောက်သွားသည်။ ထိုကုမ္ပဏီတွင် စက္ကူလက်ကျန် မရှိတော့။ ရောင်းနိုင်လိမ့်မည် မထင်။ ကတိမပေးနိုင်။ ဒုတိယလိပ်စာ ရှိရာသို့ သွားပြန်သည်။ တလည်လည် ရှာရသည်။ ပြီးတော့မှ ဟက်ဆော့လမ်းထဲ တွင် ဂိုဒေါင်ပျက်ကြီး တစ်ခုလုံးကို တွေ့သည်။ နေရာကို ကြည့်ကြည့်၊ ပိုင်ရှင်ကို ကြည့်ကြည့် မှောင်ခိုစော်နံနေသည်။ သို့သော် ရောင်းစရာတော့ စက္ကူရှိသည်။ မပြီးနိုင် မဆုံးနိုင် ဈေးဆို ဈေးဆစ်လုပ်ရ၏။ ပြီးမှ ဈေးတည့် သည်။ ငွေချေ ဖို့ လုပ်သည်။ ပေ့သည် ဖရန့်ဟိုလ်ဒင်ထံ ဖုန်းဆက်သည်။ ပေါင် ၆၅၀တန် ချက်လက်မှတ် ပို့ပေးခိုင်း လိုက်သည်။ နှစ်ရက် အတွင်း အရောက်ပို့ပေးမည်ဆိုသော အာမခံချက်ဖြင့် စက္ကူ ၁၂ တန်ရသည်။ အ၀ယ်အခြမ်း ကိစ္စပြီးတော့ ညနေ ၃နာရီ ထိုးနေပြီ။ အငှားကား ရှာမရ။ ဘူတာသို့ အပြေးအလွှား သွားရသည်။ ၃နာရီ ၁၀မိနစ် အမြန်ရထားကို မီရုံကလေး မီလိုက်သည်။ သူ တွဲပေါ်တက်တော့ ရထားက ဘီးလိမ့်စပင် ပြုနေပြီ။ အမောဆို့နေ ၍ တွဲထောင့်တစ်နေရာတွင် ထိုင်ချလိုက်ရသည်။

‹‹‹http://www.shwezinu.blogspot.com/

အလုပ်ကတော့

ပြီးစီးခဲ့ပါ၏။

လူကတော့

စိတ်ထောင်းကိုယ်ကျေ

ဖြစ်နေတော့သည်။

ပေ့သည်

ဦးထုပ်ချွတ်၊ နဖူးချွေးသုတ်ပြီး သက်သောင့်သက်သာ နေလိုက်၏။ ခဏတော့ ကောင်းသလိုလို ရှိသား။ သို့သော်

လူမှန်း

မသိချင်

သလိုလို

ဖြစ်လာသည်။

အသက်ရှူမှန်နေသော်လည်း

ဗြုန်းခနဲ

ရီဝေေ၀

ဖြစ်လာသည်။ လက်သန်းနှင့် လက်သန်းကြွယ် အထိ လက်ဝဲလက်တစ်လျှောက်လုံး နာကျင်လာသည်။ ဓားဖြင့် ဆွနေသလို။ သွားကိုက်နေ သလိုလို အခံရခက်ခက် နာကျင်ပုံမျိုး။ ပထမတော့ ပုခုံးမျက်၍ လက်နာသည်ဟု သူထင်မိ၏။ သိ့ေု သာ် ပို၍ ရီဝေေ၀ မူးနောက်နောက် ဖြစ်လာ၏။ ရင်တထိတ်ထိတ် ခုန်လာ၏။ သည်တော့မှ တစ်နေ့ခင်းလုံး ပင်ပန်းလွန်း ၍ နှလုံးက ဒုက္ခ ပေးလာခြင်းဖြစ်ကြောင်း သတိထားမိတော့၏။ နိုင်ထရိုဂလစ်စရင်းဆေးပြား စားရန် အိတ်ထဲတွင် စမ်းသည်။ မတွေ့။ သုတ်သီးသုတ်ပြာထွက်လာ ခဲ့၍ ဆေးပြားတွေ ပါမလာ။ မျက်စိစုံမှိတ်ကာ မှေးအိပ်နေလိုက်ရုံသာ ရှိတော့သည်။ ခရီးသည်များ က သူ့ကို ၀ိုင်းကြည့်နေမှန်း သိသည်။ လူရယ်စရာမဖြစ်အောင်သာ ထိန်းနေလိုက်ရတော့သည်။ ဟယ်ဒယ်လ်စတန်

သို့

ပြန်ရောက်သည်။

ဘူတာပြင်သို့ရောက်မှ

လေစိမ်း

ရှူရှိုက်လိုက်ရ၍

လန်းလန်းဆန်းဆန်း ဖြစ်လာသည်။ အငှားကားစီးသည်။ သတင်းစာတိုက်သို့ ပြန်လာခဲ့သည်။ တိုက်သားတွေ အားရှိအောင် စက္ကူဝယ် ၍ ရလာကြောင်း ပြောလိုက်ဦးမည်။ ပြီးလျှင် ဆေးပြား နည်းနည်း သောက်လိုက် မည်။ နေကောင်းသွားလိမ့်မည်ဟု တွေးထင်ထားသည်။ ပေ့သည် သတင်းစာတိုက် လှေကားပေါ်သို့ သတိထား ၍ တက်သွားသည်။ သူ့အခန်းတံခါးကို ဖွင့်ဝင်လိုက် သည်။ မစ်မော့ဖတ်က စာရွက်များကို ဖိုင်တွဲနေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မစ္စတာ မိတ်တလန်ကို ခေါ်လိုက်စမ်းပါ" မစ်မော့ဖတ် က မထုံတတ်တေး လုပ်နေ၍ "စက္ကူကိစ္စကိုတော့ ကျွန်တော် ရှင်းခဲ့ပါပြီ" ဟု ဆက်ပြော လိုက်သည်။ မစ်မော့ဖတ် က သူ့ကို မလှုပ်တလှုပ် လှည့်ကြည့်သည်။ မျက်နှာထားက ထူးခြားလွန်းနေသည်။ "ရှင် ဒီလောက် ဒုက္ခခံနေစရာတောင် မလိုပါဘူး" "ဘာဖြစ်လို့လဲဗျ" "မနက်က စာတွေအားလုံးကိုသာ ဖတ်သွားရင် ရှင် ဒီစာကို တွေ့မှာ" မစ်မော့ဖတ်က သူ့စားပွဲသို့လာပြီး စာတစ်စောင် ထိုးပေးလိုက်၏။ ဖတ်မကြည့်ရမီမှာပင် မစ်မော့ဖတ်က စကား ဆက်ပြောသည်။ "ပုံနှိပ်စက်ခန်းတိုက် သို့ သူတို့ ၀ယ်လိုက်ကြပြီ။ သုံးရန်မသင့်ဟု သတ်မှတ်လိုက်သည်။ အနည်းဆုံး

‹‹‹http://www.shwezinu.blogspot.com/

သုံးလတော့ မသုံးနိုင်တော့ ဘူး။ ရဲအစောင့် လည်း ချထားတယ်။ လမ်းဆုံးပါပြီ" ထိုစကားလုံးများ ထိုးဖောက်နိုင်စွမ်း

မရှိ။

သည်

ပေ့၏

ခြေကုန်လက်ပန်းကျမှု

ထိုးဖောက်နိုင်လိုက်သည်နှင့်

မြူဝတ်လွှာရုံကို

တစ်ပြိုင်နက်

အတန်ကြာအောင်ပင်

မူးနောက်ရီဝေမှု

ပြန်ပေါ်လာ၏။

အခန်းထဲတွင် ရှိရှိ သမျှ ရွေ့လျားခြင်းမရှိ။ သူတစ်ယောက်တည်းသာ ထူးထူးဆန်းဆန်း ချာချာလည်ပြီး ခွေယိုင်သွားသည်။ ဂျင်လုံးလေး အရှိန်သေပြီး လဲကျသွားသည့်အလား။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၃)

ပေ့ သတိပြန်လည်လာသောအခါ ကြမ်းပေါ်တွင် အဆန့်သား ဖြစ်နေသည်။ လည်ပင်းမှာက အင်္ကျီ ကြယ်သီး ပြုတ် လျက်သား။ နဖူးပေါ်က အ၀တ်ရေစို အုပ်လျက်သား။ ပြတင်းပေါက် နှစ်ပေါက်စလုံး က ပွင့်လျက် သား။ မိတ်တလန် ရောက်နေသည်။ ကြမ်းပေါ်တွင် ဒူးထောက်ထိုင်ပြီး ဥတ္တရအလင်း တစ်စောင်ဖြင့် သူ့ကို ယပ်ခပ်ပေးနေ ၏။ "ကောင်းသွားပါပြီ။ ခေါင်းအေးအေးထားပေါ့ဗျာ" "ငါ့နှယ်ကွာ ဒီလောက်တောင် ဖြစ်ရတယ်လို့" ဟင်နရီပေ့

က

ရေရွတ်လိုက်၏။

ပေ့က

သူ့ကိုယ်သူ

ဒေါသ

ဖြစ်နေသည်။

မစ်မော့ဖတ်က

‹‹‹http://www.shwezinu.blogspot.com/

ဒေါက်တာဘတ်ထံ တယ်လီဖုန်းဆက်နေ သည်ကို တွေ့ရ၍ ဒေါသ ပိုထွက်လာသည်။ "ဆရာဝန်ခေါ်နေဖို့ မလိုပါဘူးဗျ" ဟု ပြောပြီး ထထိုင်သည်။ လည်စည်းကို ပြင်စည်းသည်။ ပုံပျက်ပန်းပျက် မဖြစ်အောင် ကိုယ်ဟန်ပြင်လိုက်သည်။ မစ်မော့ဖတ် က ပြန် "ပက်" လိုက်ဦးမည် လုပ်ပြီးမှ နှုတ်ပိတ်နေလိုက် သည်။ ဒေါက်တာဘတ် ရောက် လာသည်။ ပေ့ လက်ကို ကိုင်ပြီး သွေးစမ်းသည်။ "နေပူ မိသွားလို့ပါ" ပေ့ က ပြောသည်။ "ဟုတ်တယ်။ ဒီနေ့ နည်းနည်း ပူတယ်" "ကျွန်တော် ဒီနေ့တစ်နေ့လုံး မန်ချက်စတာ ရောက်နေတာ။ အပင်ပန်းခံလိုက်လို့ပါဗျာ" သူ ဆို့တက်သွားရသည့်အကြောင်းကိစ္စကိုတော့ ထုတ်မပြော။ "ဒါပေါ့

..."

ဘတ်က

နားထောင်မြဲ

နားထောင်နေသည်။

နောက်ဘက်တွင်

ရပ်ကြည့်နေသည့် မိတ်တလန် ကိုသာ တစ်ချက်တစ်ချက် မော့ကြည့်သည်။ "ကဲ ... ကျွန်တော် အိမ်လိုက်ပို့ပေးမယ်။ လမ်းမှာ ကျွန်တော် ဆေးခန်း ခဏ၀င်တာပေါ့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

စိုးရိမ်မကင်း


ဦးဝင်းတင်

ဥတ္တရအလင်း

ကားပေါ်တွင် ပေ့ စကားမပြော။ သူ့အတွေးနှင့် သူ။ ပေ့ လဲကျသွားတာ ပင် ကောင်းကောင်း ဖြစ်နေ သည်။

မော်ကွန်း၏

အငိုက်ထိုးချက်

ကို

ခံသာသွားသည်။

သူ့ဦးနှောက်က

ကြည်ကြည်

လင်လင်

ကြောင်းကျိုးကောင်းဆိုး ဆက်ဆက်စပ်စပ် စဉ်းစားနိုင်လာသည်။ သူ လုပ်ရမည့် အစီအစဉ်ကို ဆုံးဖြတ် လိုက် သည်။ နှိပ်စက်ကလူပြုလာသည့် ခြိမ်းခြောက်မှုအောက်တွင် တည်ငြိမ်အေးချမ်းသော သူ့စိတ်က ကျစ်လစ် သိပ်သည်း လာသည်။ အတိုင်းအဆ မရှိ ခုခံတွန်းလှန်နိုင်စွမ်းပေါ်လာသည်။ မပျော့မခွေ မညွတ်မပျောင်း ခိုင်မာလာသည်။

သူ့စိတ်

ဒုံးဒုံးချ

လိုက်ချိန်

တွင်

သန္နိဌာန်အရှိန်ဖြင့်

နားထင်၌

သွေးတဒိန်းဒိန်း

ဆောင့်တိုးနေလေ၏။ ဆေးခန်းသို့ ရောက်လာသောအခါ ဒေါက်တာဘတ်က သူ့ကို ကွပ်ပျစ်ပေါ်တွင် အိပ်ခိုင်း သည်။ သွေးတိုးနှုန်း တိုင်းကြည့်သည်။ ပေ့က နာရီနှင့် မျက်လုံးမခွာ။ စိတ်မရှည် လက်မရှည် စောင့်ကြည့် နေ သည်။ ဒေါက်တာဘတ် က နှလုံးတိုင်း လျှပ်စစ်ကိရိယာ ကို တွန်းယူလာသည်။ "အဲဒါကြီး လုပ်မနေပါနဲ့တော့ဗျာ။ နားကြပ်နဲ့ တိုင်းလည်း ပြီးရောပေါ့" ပေ့က ပြောသည်။

‹‹‹http://www.shwezinu.blogspot.com/

"ဒါလေးတော့ လုပ်လိုက်တာပေါ့ဗျာ" ပေ့

ငြိမ်ခံနေလိုက်သည်။

လျှပ်စစ်ကိရိယာများဖြင့်

တိုင်းပြီးနောက်

ဒေါက်တာဘတ်က

မင်ခြစ်

စာရွက်ရှည် ကို ပြတင်းပေါက်အနီးသို့ ယူသွားသည်။ အတော်ကြာကြာ ကြည့်နေသည်။ "ဟင်နရီ

...

ခင်ဗျား

လေကြောင်းကာကွယ်ရေးမှူး

လုပ်နေတုန်းက

ကျွန်တော်

ပြောခဲ့တာ

မှတ်မိသေးရဲ့လား" ဒေါက်တာဘတ် က ကွပ်ပျစ်စွန်းတွင် လာထိုင်ပြီး ပေ့ကိုမေးသည်။ “မှတ်မိသားပဲ” “အဲဒီတုန်းက

ခင်ဗျား

နားမထောင်ခဲ့ဘူး။

အခုတော့

နားထောင်မှ

ဖြစ်တော့မယ်။

အလုပ်တွေရပ်ထားပြီး အနည်းဆုံး တစ်လခွဲလောက်တော့ အနားယူပေတော့” “နောက်မှပေါ့လေ” “ကျွန်တော် မရမက တိုက်တွန်းနေတာနော်” “ကျေးဇူး ပါပဲဗျာ။ ဒါပေမဲ့ လောလောဆယ်တော့ ကျွန်တော် ဘာမှ ကတိမပေးနိုင်ဘူးဗျာ” ခဏငြိမ် သွားသည်။ ဒေါက်တာဘတ်က… Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

“နားထောင်စမ်းပါ၊ ဟင်နရီ။ ခင်ဗျား နှလုံးက ဂရုစိုက်နိုင်မှ တန်ကာကျလိမ့်မယ်။ ဂရုစိုက်ရင် ကျွန်တော့်ထက် အသက်ရှည် မယ်။ ပစ်ထားရင်တော့…”ဟု လေးလေးနက်နက် ပြောသည်။ “ကျွန်တော် ဂရုစိုက်ပါတယ်ဗျ” “ခင်ဗျား ကသာ ထင်နေတာကိုး။ ဒါပေမဲ့ မှားတယ်။ အပြင်ပန်းမှာတော့ ခင်ဗျား စိတ်ငြိမ်တယ်။ အတွင်းမှာတော့

ခင်ဗျား

သိပ်စိတ်ပင်ပန်းနေတယ်။

စိတ်သောကတွေ

ဖိစီးနေတာ

အတော်ကြာနေပြီ။

ကိုယ့်ကိုယ်ကိုယ် သတ်နေတာ နဲ့ အတူတူပဲ” ဒေါက်တာဘတ် က အသံကို နှိမ်လိုက်ပြီး နှစ်သိမ့်ဖျောင်းဖျသလို ဆက်ပြောသည်။ “အသိတရားရှိတဲ့လူဆိုတာ တန်ဆေး လွန်ဘေးကို နားလည်တယ်။ ခင်ဗျားရဲ့ ဆရာဝန်၊ ခင်ဗျားရဲ့ မိတ်ဆွေအနေနဲ့ ကျွန်တော်ပြောမယ်။ ခင်ဗျားမှာ ဒီတိုက်ပွဲကို ဆက်တကိုဖို့ ရုပ်အင်အား မရှိတော့ဘူး။ ဒီအနေအထားမှာ အလျှော့ပေးတာဟာ အရှုံးပေးတာ မဟုတ်ပါဘူးဗျာ။ ဆော့ခရာတီး ပြောတာ မှတ်မိတယ် မဟုတ်လား။ မလွှဲမရှောင်သာ လို့ အညံ့ခံရတာဟာ ရှုံးနိမ့်မှု မဟုတ်ဘူးတဲ့။ ဘယ်အချိန်မှာ အလျှော့ပေးရမယ် ဆိုတာကို သိတာဟာ အောင်နိုင်မှု တစ်မျိုးပဲတဲ့”

‹‹‹http://www.shwezinu.blogspot.com/

“ခင်ဗျား က ကျွန်တော့်ကို အလွယ်လမ်းလိုက်ခိုင်းနေတာလား” “ခင်ဗျား အကျိုးအတွက် . . . ဟုတ်တယ်” “မလုပ်နိုင်ဘူးဗျာ။ ကျွန်တော်ကတော့ ဆက်ပြီး စခန်းသွားရမှာပဲ” ငြိမ်သွားပြန်သည်။ အပြင်မှ ယာဉ်အသွားအလာ အသံဗလံများကို ကြားနေရ၏။ “ကောင်းပါပြီလေ။ ခင်ဗျားကိုယ်ခင်ဗျား သတ်ချင်တယ်ဆိုလည်း သတ်တော့ပေါ့” ဒေါက်တာဘတ် ကွပ်ပျစ်ပေါ် မှထပြီး ဆေးထိုးအပ်ပြင်သည်။ “လောလောဆယ်တော့ အိပ်ဆေး ထိုးပေးလိုက်မယ်။ အိမ်တန်းပြန်ပြီး အိပ်လိုက်ပေတော့ပေါ့” ဆေးထိုးပြီးနောက် အနှောင့်အယှက်

မဖြစ်။

ပေ့

အင်္ကျီဝတ်သည်။

သူ့စိတ်ထဲတွင်

ဒေါက်တာဘတ်၏

ပြဿနာပေါင်းစုံ

စကားကြောင့်

ခိုအောင်းနေသည်။

ထူးထူးခြားခြား

ဒေါက်တာဘတ်ကို

အစိုးရိမ်လွန်သူအဖြစ်သာ အမြဲ သဘောထား ခဲ့သည်။ သို့သော် သူ့စကားကို ပစ်ပစ်ပယ်ပယ် လုပ်လိမ့်မည်ဟု အထင်မရောက်စေလို။ “တစ်ပတ်လောက် အတွင်း အလုပ်လျှော့လုပ်တော့မှာပါဗျာ။ ဒါထက် စောချင်လည်း စောမှာပေါ့လေ” Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေါက်တာဘတ် က မျက်ခုံးချီလိုက်သည်။

“ခင်ဗျား

ကောင်းသွားပါလိမ့်မယ်။

ခင်ဗျား

ဝင်ခဲ့ဦးလေ”

ပြောသည်။

နက်ဖြန်ကျတော့

ဟု

လူနာကောင်း

မဟုတ်ပေမယ့်

ဆေးတောင့်ကလေးများ

လူကောင်းပဲဗျာ။ ထည့်ထားသည့်

ဘူးတစ်ဘူးပေးသည်။ “မူးနောက်နောက် ဖြစ်လာရင် ဒါလေးတစ်လုံး ချိုးပြီးရှူလိုက်” ဒေါက်တာဘတ် က အငှားကားခေါ်သည်။ ပေ့ကို ကားပေါ်အထိ လိုက်ပို့သည်။ ဟန်လေလမ်းသို့ ပို့ပေးရန်ပင်

မှာလိုက်သေး၏။

ပန်းခြံလမ်းထောင့်

မီးပြတိုင်သို့ရောက်တော့

ပေ့က

ကားသမားကို

ညာဘက်ချိုးခိုင်းသည်။ ဥတ္တရအလင်း သတင်းစာတိုက်သို့ မောင်းခိုင်းသည်။ ပေ့သည် လုံးဝ သက်သာလာသလို ခံစားရသည်။ ယခင်ထက်ပင် ပို၍ နေကောင်းထိုင်သာ ရှိလာ သလိုလို။ ခေါင်းထဲတွင် ရှင်းကြည်လာ၏။ နာတာကျပ်တာ မရှိတော့။ အသက်ရှူ မကျပ်တော့။ ဆရာဝန် က ဆေးထိုးပေးလိုက်၍လားတော့ မဆိုနိုင်။ ထူးထူးခြားခြား စိတ်တည်ငြိမ်မှု ရလာသည်။ ရှုမြင် မြှော်ခေါ်မှုပင်

‹‹‹http://www.shwezinu.blogspot.com/

ကြည်လင် ခိုင်ခန့်လာသည်။ ဥတ္တရအလင်း

အခြေအနေက

သန်းခေါင်ထက်

ညဥ့်မနက်နိုင်တော့။

ယိမ်းယိုင်ပြိုကွဲဖို့

တည်းတည်းသာ ကျန်တော့ သည်။ ကြွေးရှင်တွေက ပတ်ချာဝိုင်း။ လစာတွေက မပေးနိုင်။ သတင်းစာ စက္ကူက အကြွေးဝယ်မရ ။ အလုပ်သမားခေါင်းဆောင်တွေ က “မပေးနိုင် ရောင်းပစ်” လေသံဟစ်။ ယခုတစ်ဖန် ပုံနှိပ်စက်ခန်းတိုက်ကို အပိတ်ခံ လိုက်ရပြန်လေပြီ။ ဟင်နရီပေ့ နားအေးပါးအေး အိမ်ပြန်မပြေးနိုင်။ ဘယ်နည်းနှင့်မှ မပြန်နိုင်။ လက်မှ နာရီကို ကြည့် လိုက်သည်။ ၅ နာရီ မထိုးတတ်သေး။ အချိန်တွေ က အများကြီးရှိသေး။ အငှားကားခပေးပြီး လှေကားမှ မမောမပန်း တက်လာခဲ့သည်။ မိတ်တလန်ကို သူ့စားပွဲတွင် ထိုင် လျက်သား တွေ့ရသည်။ မင်နှိပ်စက္ကူပေါ်တွင် အမေ့မေ့ အလျော့လျော့ ရုပ်ပုံတွေ ရေးဆွဲနေသည်။ စိတ်ပျက် လက်ပျက် အတွေးကျွံနေသည်။ ပေ့ကို မြင်လိုက်မှ ငေါက်ခနဲ ထရပ်လိုက်သည်။ "ဘာလုပ်ဦး မလို့လဲ။ ဘာလုပ်ဖို့ပြန်လာရပြန်တာလဲဗျာ" သူ့မျက်လုံးများ တွင် အံ့အားသင့်ခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ထင်ဟပ်ပေါ်လွင်နေသည်။ "သတင်းစာ ထုတ်ရအောင်ပေါ့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မယ်လ်ကမ် မိတ်တလန်၏ မျက်နှာ နီတွတ်တွတ်ကြီးသည် ဖြူဖတ်ဖြူယော် ဖြစ်သွားသည်။ ပေ့ တစ်ယောက် စိတ်ဖောက် သွားပြီဟု ထင်လိုက်မိ၏။ "ကိုင်း… ဟင်နရီ… ခင်ဗျားလည်း တစ်နေ့လုံး ပန်းနေတာ အိပ်လိုက်ဖို့ ကောင်းပြီဗျာ" "ပြီးတော့ မှ အိပ်တာပေါ့" မိတ်တလန် ပို၍ စိတ်ပူလာသည်။ အလန့်တကြားပင် ဖြစ်ပါသည်။ "ကိုယ့်လူ လည်း သိသားပဲ။ စက်တွေက ရိုက်လို့မရတော့ဘူးလေဗျာ။ စာတစ်ကြောင်းတောင် ရိုက်လို့ မရနိုင်တော့ ဘူး" "ကိစ္စမရှိပါဘူးလေ။ ကျွန်တော့ကို ဒီလိုကြီး ကြည့်မနေစမ်းပါနဲ့ဗျာ။ ဥတ္တရအလင်းက ဘယ်တုန်းက မှ တစ်ရက် မပျက်ခဲ့ဖူးဘူး။ နှစ်ပေါင်း ၁၈၀ နှစ်လုံးလုံး တစ်စောင်မထွက်တဲ့နေ့ တစ်နေ့မရှိခဲ့ဖူးဘူး။ ခင်ဗျားလည်း သိသားပဲ မဟုတ်လား။ နပိုလီယန်စစ်ပွဲတွေ ဖြစ်နေတုန်း ဂျိမ်းစ်ပေ့ ကိုယ်တိုင် လက် ရေးနဲ့ ရေးပြီး သတင်းစာ ထုတ်ခဲ့ရတာတောင် တစ်ရက်မပျက်ခဲ့ဘူး။ ကျွန်တော် အသက်ရှင်နေ သရွေ့

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်တဲ့နည်းနဲ့ သတင်းစာ ထုတ်မယ်" "ဖြစ်တဲ့နည်း နဲ့ ဟုတ်လား" မိတ်တလန်က သံယောင်လိုက်ပြောသည်။ "ကျွန်တော်တော့ နားမလည်ဘူးဗျာ" "အထိမ်းအမှတ်

သဘောလောက်ပေါ့။

စာကူးစက်နဲ့

လှည့်ထုတ်မယ်ဗျာ။

စာသားကို

ဒီမှာပဲ

လက်နှိပ်စက်နဲ့ ရိုက်မယ်။ ဒီမှာပဲ စာကူးစက်လှည့်မယ်" မိတ်တလန် သိသိသာသာ မျက်နှာဝင်းထိန်လာသည်။ ဟင်နရီပေ့ကို ရူးနေပြီဟု မထင်တော့။ သို့ သော် သံသယ ကတော့ မစင်သေး။ "ဖယောင်းစက္ကူက အရွက် ၈၀၀ လောက်ပဲ ကောင်းတာ။ ဒါတောင်နောက်ဆုံး စောင်ရေ တစ်ရာ လောက်ဆိုရင် ဝါးသွားတော့ တာဗျ" "ဖယောင်းစက္ကူ ပိုရိုက်မှာပေါ့ဗျာ။ စာမျက်နှာ အရွယ် ကိုလည်း အငယ်ဆုံးပဲ ထားမယ်။ လက်နှိပ် စက်စာရေး ၆ယောက် ကို တစ်ညလုံး ရိုက်ခိုင်းရင် ရွက်ချင်းသတင်းစာ အစောင် ၅၀၀၀တော့ ထုတ် နိုင်မှာပေါ့။ ကဲ.. ပြောနေကြာ တယ်။ စလုပ်ရအောင်။ မစ်ရန်းရှော တို့ ဆိုင်ကို လှမ်းပြော။ လက်နှိပ် စက်တွေရော။ လက်နှိပ်စက် စာရေးတွေရော ရှိသမျှပို့ပေးပါလို့။ အချိန်ပို တစ်ဆခွဲ ပေးပါ့မယ်လို့ လည်း ပြော ဗျာ။ အေပီတယ်လီပရင်တာ က လာတဲ့သတင်းတွေ ကျွန်တော့်ကို အားလုံးပေး။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဖန်းဝစ် တို့၊ ပူးလ်တ့၊ို လူးဝစ်တို့ကို ကျွန်တော့် အခန်းထဲ ချက်ချင်းလာခိုင်းလိုက်ဗျာ" ၁၅ မိနစ်ခန့်အကြာ တွင် ပေ့ အပေါ်အကျီချွတ်သည်။ တည်ငြိမ်သော ယစ်မူးမှု၊ ရှင်းကြည်သော မာန်ကြွမှုတို့ဖြင့် စိတ်ဝမ်းပြည့်လျှမ်းကာ ကုလားထိုင် တွင် ထိုင်ချလိုက်သည်။ ဖန်းဝစ်၊ ပူးလ်နှင့် လူးဝစ်တို့က သူ့စားပွဲတွင်

ဝိုင်းထိုင်ကြ

ကုလားထိုင်ပျောက်နေ၍

သည်။ လက်နှိပ်စက်

စာမူများကို

ပြင်ဆင်ကြသည်။

ခုံကလေးကို

ယူလာသည်။

မစ်မော့ဖတ်ကမူ မိတ်တလန်က

ပေ့

ထိုင် ဘေး

နေကျ တွင်

ထိုင်နေသည်။ နှုတ်ခမ်းကို တကြိတ်ကြိတ် ကိုက်နေ ၏။ မျက်လုံးထဲတွင် မျှော်မှန်းချက် အရောင်လက်နေ၏။ "ဒီခွေးသူခိုးတွေ တို့ကို ဘယ်လိုနှိပ်စက်တာ တစ်မြို့လုံး သိစေ့မပေါ့ကွာ" "တစ်ခွန်း မှ ပြောမနေနဲ့ေ​တော့ မယ်လ်ကမ်၊ ဒီသတင်းစာ အလိုလို ပြောသွားလိမ့်မယ်။ တစ်ပြည် လုံး သိသွား လိမ့်မယ်" ဟင်နရီပေ့ သည် ရွှင်လန်းအားရမှုဖြင့် ဆူဝေနေသည်။ ရူးတူးတူးပင် ဖြစ်ကောင်း ဖြစ်နေသလား မသိ။ "ဒီသတင်းစာလေး အသံဟိန်းလွန်းတာ နဲ့ မော်ကွန်းလည်း တစ်ခါတည်း ကြွတော့မှာပဲ။ သူတ့ကို သူတ့ကိုယ် သူတို့ လျင်တယ် ထင်မှာပဲ။ ဒါပေမဲ့ ကျွန်တော်ပြောတာ မှတ်ထား။ နောက်ဆုံးတော့ သူတို့

‹‹‹http://www.shwezinu.blogspot.com/

ကိုယ့်ရှူးကိုယ်ပတ် မှာပဲ" ပေ့က မစ်မော့ဖတ် ကို လှည့်ကြည့်သည်။ မစ်မော့ဖတ်က အစိမ်းသရဲ မြင်လိုက်ရသလို သူ့ကို အထိတ် တလန့် ပြန်ကြည့်နေ၏။ "ဥတ္တရအလင်းဆိုတဲ့ နာမည်ကို စာလုံးကြီးနဲ့ ရိုက်။ အောက်ကမှ ရိုက်နိုင်သမျှ သတင်းစုံဆိုတဲ့ စာတန်းကလေး ထည်"့ ဟု ပေ့က ပြောလိုက်လေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

နောက်တစ်နေ့နံနက်တွင် မစ္စစ်အဲလစ်ပေ့ မြို့ထဲထွက်လာသည်။ အဲလစ်ခမျာ စိတ်အားအငယ် ကြီး ငယ်နေရှာ၏။ နွမ်းနွမ်းပါးပါး အဖြစ်မျိုးသို့ ရောက်ရလေခြင်းဟူသော အသိကြောင့်ထက် လူမှုရေး ဝိုင်းပယ်စ များ ပြုနေလေပြီလားဟူသော စိုးရွံ့ စိတ်ကြောင့် စိတ်အားပို၍ ငယ်နေရလေသည်။ လွန်ခဲ့သည့် ဖိတ်ကြားခြင်း

အပတ်အတွင်းက

မခံရ။

အသည်းနာစရာ

လေဒီဝဲလ်စ်ဘီ

ဧည့်ခံပွဲကြီး

ကောင်းလိုက်လေသည်။

ခင်းသည်။

သူနှင့်

ဟင်နရီပေ့ရော

အယ်လီနာဝဲလ်စ်ဘီ

သူပါ အလွန်

ရင်းသည်ဟု အဲလစ် အမြဲ ဂုဏ်ယူ သည်။ ကက်သရင်းဘတ် အပါအဝင် အခြားအပေါင်းအသင်းများ နှင့်လည်း စိမ်းတိမ်းတိမ်း ဖြစ် လာတော့ မည့် ရှေ့ပြေးနိမိတ်ပင်။ ဈေးသည်များ

ကပင်

အရိုအသေတန်လာသည်ဟု

ယနမကင်းဖြစ်လာသည်။

အသားဆိုင်ရှင်

မစ္စတာစကိတ် ဆိုလျှင် စနေနေ့ က ကြိုကြိုတင်တင် ပြောမထားပဲ အသားမှာရကောင်းလားဟု ဆိုကာ မကြည်မသာ လုပ်ခဲ့သေး သည်။ ထိ့ေု ကြာင့် လူစည်ကားရာ လမ်းများပေါ်တွင် အဲလစ် မလျှောက်ချင်။ သိ့ေု သာ် ရွှင်ရွှင်ပြပြ

နေချင်စိတ်

ကလေးပေါက်လာ၍

သူ့အကျီများကို

ချုပ်ပေးနေသူ

မစ်ဂျင်နီရော်ဘင်ဆန်ထံ

‹‹‹http://www.shwezinu.blogspot.com/

ထွက်လာခဲ့သည်။ ပန်းခြံ အတိုင်း လျှောက်လာခဲ့သည်။ ဘာမှ ထူးထူးခြားခြား မတွေ့ရ။ အဲလစ် ကျေနပ်နေမိသည်။ မြို့လယ်ပိုင်း

သို့

ရောက်လုနီးပါးချိန်တွင်

ထူးထူးခြားခြား

မြင်ကွင်းတစ်ခုကို

မြင်လိုက်ရသည်။

ဝိတိုရိယကွက်လပ် သတင်းစာ ဆိုင်တွင် လူတွေစုနေကြ၏။ ဆူညံဆူညံ ပြောဆိုနေကြ၏။ လက်ကမ်း သတင်းလွှာကို စာရွက်များကို အလုအယက် တိုးဝှေ့ ဝယ် ယူနေကြ၏။ အဲလစ် စပ်စုချင်စိတ် ပေါက်လာသည်။ ဝင်ပြီး တန်းစီသည်။ လက်နှိပ်စက် ရိုက်ထားသည့် တစ်လွှာ ချင်း စာရွက်ကလေး ကို ခက်ခက်ခဲခဲ ဝယ်ရသည်။ ခေါင်းစဉ်ကို မြင်လိုက်ရသည်။ ဥတ္တရအလင်း… ပထမတော့ အဲလစ် နားမလည်နိုင်။ ကြော်ငြာစာရွက်ဟုပင် ထင်မိလိုက်၏။ ပြီးမှ သဘောပေါက် လာတော့သည်။ တကယ့် သတင်းစာ ပါတကား။ အဲလစ် တုန်လှုပ်ချောက်ချားလာသည်။ ရှေ့ဆက်သွားသေးသည်။ ပြီးမှ ရပ်လိုက်သည်။ မကြည့် ရက်ဘူး ဟု ရေရွတ်မိသည်။ အပ်ချုပ်ဆိုင် သို့ သွားရန် အစီအစဉ်ကို ဖျက်လိုက်သည်။ အိမ်ပြန်လာခဲ့သည်။ လမ်းမကြီးများ ကို ရှောင်ကွင်းလာခဲ့သည်။ ပါးစပ်ကလည်း ဆုံးပြီ… ဆုံးပြီဟု တတွတ်တွတ် ရေရွတ်လာခဲ့လေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သတင်းစာ အရောင်းဆိုင် ပတ်ပတ်လည်၌ကား ဝရုန်းသုန်းကား ဖြစ်ဆဲရှိသေးသည်။ အရှိန်သေ မည့်ပုံ မပေါ်သေး။ အာချီဘောဝဲဘ်စ်ဘီသည် သူ့ရုံးခန်းပြတင်းပေါက်မှ စူးစူးစိုက်စိုက် ကြည့်နေ သည်။သူ့ကိုယ်သူ မြို့လူထု

အကြော

ကို

နောကြေအောင်

သိသူဟု

ထင်ထားခဲ့သည်။

သိ့ေု သာ်

လက်နှိပ်စက်ဖြင့်

ရိုက်ထားသည့် ဥတ္တရအလင်း ၏ ဂယက်ကမူ သူ့ကို အံ့သြခြင်းမလှ အံ့သြစေ တော့သည်။ ယခုပင် သူ စက်ရုံ လှည့်၍ စစ်ခဲ့သည်။ စက်ရုံငှာနခွဲတိုင်းတွင် ထိုကိစ္စကို မကျေမချမ်း ပြောဆိုနေ ကြသည်။ သူနှင့်အတူ မိုက်ကန်းရမ်းကား အဖွဲ့အစည်းတစ်ခုကို

လိုက်နေခဲ့သည့် မတရား

စက်ရုံစီမံခန့်ခွဲရေးမှူး

ကျလွန်း

အပြင်လူတွေ

က

လှသည်။

ဟောလီဒေးကပင်

မော်ကွန်းလုပ်ပုံ

ဟက်ဒယ်လ်စတန်မြို့၏

ချောင်ပိတ်နှိပ်စက်နေသည်

မှာ

ကို

ကျက်သရေဆောင်

ရှက်ဖွယ်လိလိ

ဖြစ်သည်ဟု

ပြစ်တင်ရှုတ်ချခဲ့သည်။ စက်ရုံဖိုမင်ချုပ်လည်း ဖြစ်၊ လက်ရွေးစင် ရပ်ဘီဘောလုံးသမား လည်း ဖြစ်၊ လူချစ်လူခင် ပေါသူလည်းဖြစ်၊ ဝဲဘ်စ်ဘီ ကိုယ်တိုင် လေးစား ခန့်ငြားရသူလည်း ဖြစ်သော ဂျင်းဒေး ဗီးစ်ကဆိုလျှင်…. "ဒါကတော့ သက်သက် ကလိန်ကျတာပဲ ဆာအာချီဘောရဲ့။ ပေ့က အသာစီး ရလာနေတာကိုး။

‹‹‹http://www.shwezinu.blogspot.com/

တစ်ခုခုတော့ လုပ်သင့် တာပဲဗျာ။ ဒါပေမဲ့ လုပ်ဖြစ်တော့မယ်လို့တော့ မထင်တော့ပါဘူးလေ" ဟု ပြောသည်။ ထိုစကား၊ အထူးသဖြင့် "ပေ့က အသာစီးရလာနေတာကိုး" ဆိုသော စကားလုံးသည် ဝဲလ်စ်ဘီ၏ စိတ်အာရုံ နဂါးပတ် ထဲတွင် ဖြတ်သန်းလှည့်လည်နေလေသည်။ တစ်ဦးချင်းအရဆိုလျှင် ဤကိစ္စ အတွက် ပြောပလောက်အောင် သူ စိတ်လှုပ်ရှားမှု မဖြစ်။ သို့တစေ ချက်ဆိုနားခွက်က မီးတောက် သော သူ့ကို အပြင်း အထန် ဆွဲဆောင်နေ သည့် အချင်းအရာတစ်ခုတော့ ရှိသည်။ ဝဲဘ်ဘီသည် ဝင့်ဝါပလွှားသူပီပီ သူ့ကိုယ်သူ မြို့နယ် ၏ ရှေ့ဆောင်ပုဂ္ဂိုလ်ကြီး အဖြစ် သွေးနားထင် ရောက်နေ သူ ဖြစ်သည်။ အားကစားပွဲများ၊ ကျောင်းဆုပေးပွဲများတွင် ကြားရသည့်သ့အူ တွက် သြဘာသံသည် သူ့အဖို့ နားဝင်ပီယံ ဖြစ်လှသည့်။ မြင့်မြတ်သော တောင်ကြားချိုင့်ဝှမ်း သားများ အသင်းတွင် ကျော်ကြားသော သူ့မိန့်ခွန်းများ ကို ပြောကြားပြီး သည့်အခါတိုင်း ကြားရလေ့ ရှိသည့် ရယ်သံမောသံ လက်ခုပ်သံများကလည်း အလားတူ ပင်။ ထိုသ့ေို သာ ပွဲလမ်းသဘင်များမှ အပြန် တွင် သူ့ဇနီးကို… "မင်းယူခဲ့တဲ့ လူက ဟက်ဒယ်လ်စတန် ရွှေမြို့တော်ရဲ့ ပွဲတိုင်းကျော်ကြီးကွ" ဟု ရယ်ရွှမ်းပတ်ရွှမ်း ပြောလေ့ရှိသည်။ ယခု ကိစ္စသည် စားရကံကြုံ၍ မုတ်ဆိတ်ပျားစွဲသော တကယ့်အခွင့်ကောင်းကြီးမှန်း သူ ရိပ်စားမိ သည်။ သူ့

အတွက်

အကွက်ကောင်းကလေးကို

ဘေးပန်းမှ

ရှာရန်ဟူသော

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သူ့အဓိက

ကြံရွယ်ချက်

ကို


ဦးဝင်းတင်

ဥတ္တရအလင်း

ဖြည့်စွမ်းနိုင်မည့် အခွင့်ကောင်း မှန်း ရိပ်စားမိလာသည်။ လူပို၍ အထင်ကြီးလာအောင် လုပ်နိုင် မည့် အခွင့်ကောင်းမှန်း ရိပ်မိ လာသည်။ ပေါင်တစ်သောင်း၊ တစ်သောင်းခွဲ၊ နှစ်သောင်းအတိ ဖြစ်ဖြစ် ထုတ်ချေးလိုက်လျှင် ဟင်နရီပေ့နှင့် ဥတ္တရအလင်းကို ဧကန်မုချ ကယ်တင်နိုင်ပေလိမ့်မည်။ ထိုသတင်းစကားသည် မြို့တွင်း၌ တောမီး လောင်သလို ပျံ့သွားပေ

လိမ့်မည်။

ဓားခုတ်ရာ

လက်လျှိုရဲသူ၊

တရားမျှတမှုနှင့်

နည်းမှန်လမ်းမှန်

လုပ်မှုဘက်မှ

မားမားမတ်မတ် ရပ်သူ၊ ဟက်ဒယ်လ်စတန်မြို့ ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကို အဖတ်ဆည်သူအဖြစ် သူ့ကို မြို့လူထုက သူဆိုမှ သူ ဖြစ်လာကြပေလိမ့်မည်။ ထို့ပြင် ပါလီမန်အမတ် ရွေးကောက်ပွဲဝင်ချိန်တွင် အတိုးအညွှန့်ခံစားရစေနိုင်မည့် ရင်နှီးမြုပ်နှံမှု တစ်ခု လည်းဖြစ်လာနိုင်သည်။ ပေ့က စည်းဝါးရိုက်၍ ရသော လူစားမျိုးမဟုတ်။ သိ့ေု သာ် ရွေးကောက်ပွဲတွင် သူ့ကို အစွမ်းကုန် ထောက်ခံမည်မှာ သေချာသည်။ ဟင်နရီပေ့က ကိုးစားအား ထား လောက်သည်။ ညေးကတော့ လည်လွန်း သည်။ ဝဲလ်ဘီ သည် အဆုံးအဖြတ် မြန်သူပီပီ အတွင်းရေးမှူးကို ခေါ်သည်။ "ဥတ္တရာအလင်းနဲ့ ဆက်ပေး စမ်း"ဟု

ခိုင်းသည်။

စောင့်နေ

ရင်း

စိတ်ကူးတစ်မျိုး

ရလာသည်။

"နေပလေ့စေ။

လေဒီဝဲလ်ဘီနဲ့ပဲ

‹‹‹http://www.shwezinu.blogspot.com/

ပြောတော့မယ်" ဟု ပြော လိုက်သည်။

အိမ်ပြန်ရောက်ချန်တွင်

မစ္စစ်ပေ့

စိတ်ညစ်ပြေသွားသည်။

စာကြည့်ခန်းထဲသို့

ဝင်ထိုင်သည်။

စိတ်ငြိမ်ငြိမ် ခေါင်းအေးအေး ထားရန် ဆုံးဖြတ်လိုက်လေသည်။ ကနဦး ကပင် ဟင်နရီပေ့ကို သူ သတိပေးခဲ့သည်။ ပေ့က သူ့စကားကို အရေးမထားခဲ့သဖြင့် ဤ အဖြစ်မျိုး ကြုံရသည်။ အဲလစ် သည် မချိပြုံးကလေးပြုံးပြီး တစ်ယောက်တည်း စကားပြောလိုက်မိ၏။ "ကဲ… မရွှေချောရေ... ဟာဝိုင်ယီ ကျွန်းနဲ့တော့ ဘယ်တော့မှ ရေစက်ဆုံတော့မှာ မဟုတ်တော့ဘူး။ ဂီတဝိုင်း ဧည့်ခံပွဲကြီး လည်း ရေစုံမြောပြီ" ပြီးမှ အနာဂတ် ကို ကြံ့ကြံ့ခိုင်ခိုင်၊ ကြံနိုင်ဖန်နိုင်၊ ရင်ဆိုင်နိုင်ရန် အားတင်းလိုက်သည်။ ဟင်နရီပေ့ နှင့် ဆိုးတူကောင်းဖက် လက်တွဲသွားရပေတော့မည်။ ဘာတွေပဲ ဖြစ်နေနေ သူ ဇနီးကောင်းတစ်ဦး ဖြစ်ခဲ့၏။ မအောင့်နိုင် ၍

အပြစ်တင်လျှင်သော်မှ

ညှာညှာတာတာ

ပြောမည်။ မိသားစု ပံ့ပိုးရေး အတွက် သူ

အနစ်နာခံရန် အစီအစဉ်တွေ က သူ့ခေါင်းထဲတွင် ရှိနေပြီးသား။ ရှိစုမဲ့စု သူ့လက်ဝတ် လက်စားကလေးတွေကို အလျင်ရောင်းပစ် မည်။ မိသားစု စားဖို့သောက်ဖို့ ပြည့်စုံအောင်တော့ လုပ်ရပေတော့မည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အဲလစ် လုပ်နိုင်တာတွေ ရှိသေးသည်။ အများကြီး ရှိသေးသည်။ တွေးကြည့်လေ ဖြစ်နိုင်တာတွေ မျက်စိ ထဲ ပေါ်လာလေပင်။ ဇာထိုး ပန်းထိုးဆိုင်ကလေး ထောင်နိုင်သားပဲ။ ဒါမှမဟုတ် လက်ဖက် ရည်ဆိုင် ဖွင့်နိုင်

သားပဲ။

အမျိုးကောင်းသမီးပီပီ

လုပ်ကိုင်သွားခြင်းဖြင့်

နေ့လယ်နေ့ခင်းတိုင်

အထက်တန်းစား

ဖောက်သည်တွေ ရနိုင် သားပဲ။ အနုလုံ ပဋိလုံ စဉ်းစားပြီးနောက် လက်ဖက်ရည် ဆိုင်ကို "သင်းမမမွှေးစားမြိန် ကွန်းသာယာ"ဟု

အမည်မှည့်ရန်

ဆုံးဖြတ်

လိုက်လေသည်။

သူနှင့်

ဒေါ်ရော်သီတို့

ဝတ်ဆင်ဖို့

တူညီဝတ်စုံပုံစံကိုပင်လျှင် စိတ်ကူးနှင့် မှန်းကြည့် သည်။ သူ့အသားရောင် နှင့် လိုက်ဖက်သော ခရမ်းနုရောင်ကို ရွေးချယ်လိုက်သည်။ ဘင့်ခ်စ်ဟုမ်းရွာ တွင် သူတို့ နေခဲ့စဉ်က သူ့အစ်မ ရို့စ်ဖုတ်လေ့ရှိသည့် ကိတ်မုန့်ကလေးများကို စဉ်း စားမိသည်။

လက်ဖက်ရည်ဆိုင်

တွင်

တင်ရောင်းလျှင်

လူတိုင်း

စွဲလိမ့်မည်မုချဟု

တွေးမိသည်။

ကိတ်မုန့်ကလေးများကို စဉ်းစား မိရာမှ စိတ်ကူးကောင်းကလေးတစ်ခု ပေါ်လာပြန်၏။ ရို့စ်ထံသို့ စာရေးမည်။ ကိတ်မုန့်ဖုတ်နည်း

ကလေး

တောင်းမည်။

ယနေ့ပင်

စာရေးမည်။

အစ်မဖြစ်သူနှင့်

အိမ်ဟောင်းကို

သတိရမိနေရင်း အနာဂတ်မှ အတိတ်ကာလ ဆီသို့ လွင့်မြောသွားပြန်သည်။ ကလေးဘဝသို့ ရောက်သွားသည်။ ကိတ်မုန့်နံ့ကလေး သင်းနေသော မီးဖိုချောင်ထဲ

သို့ ဝင်သွားပြီး

ကိတ်မုန့် ပူပူနွေးနွေးကလေးတစ်ခုကို

‹‹‹http://www.shwezinu.blogspot.com/

ယူပြေးသည့် သူ့ကိုယ် သူ ပြန်၍ မြင်ယောင်မိနေမိလေသည်။ တခါးခေါက်သံ ကြားရသည်။ အိမ်ဖော် ဟန်နာဝင်လာသည်။ "နေ့လယ်စာ မစားသေးဘူးလား မစ္စစ်ပေ့" အဲလစ် တစ်ယောက် ဗြုန်းခနဲ ဟက်ဒယ်လ်စတန်သို့ ပြန်ရောက်လာသည်။ မျက်တောင် တဖျတ် ဖျတ်ခတ်နေ၏။ ပြီးမှ ညင်ညင်သာသာပင် ပြောလိုက်၏။ "ပေါင်မုန့်မီးကင် နဲ့ ဒိန်ခဲကလေး။ နို့ကလေးလောက်ပဲ ယူခဲ့ပါကွယ်" "တခြား ဘာမှ မစားတော့ဘူးလား" "တော်ပါပြီကွယ်။ ကျေးဇူးပါပဲ ဟန်နာရေ" စားစရာတွေ ယူလာသောအခါ မြိန်ရေရှက်ရေ စားသည်။ ပြီးတော့ အပေါ်ထပ် တက်သည်။ နားသည်။ အဲလစ် အိပ်ပျော် သွားသည်။ သူ့ကိုယ်သူပင် အံ့သြနေမိသေးသည်။ တယ်လီဖုန်း ခေါင်းလောင်း သံကြား

နိုးလာတော့

နာရီထိုးနေပြီ။

တယ်လီဖုန်းကို

လေဒီဝဲလ်စ်ဘီ၏ အသံမှန်း ချက်ချင်း သိလိုက်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ကောက်ကိုင်ပြီး

နားထောင်လိုက်သည်။


ဦးဝင်းတင်

ဥတ္တရအလင်း

"အဲလစ် အချစ်ရေ… ခုပြောနေတာ အဲလစ်လား။ အယ်လီနာဝဲလ်စ်ဘီ ပြောနေတာပါ။ အဲလစ်ရေ ရှင်နဲ့ ဟင်နရီ ကို ညစာဖိတ်ချင်လို့ပါ။ လာမယ့်ကြာသပတေးနေ့လေ။ ပါတီ မဟုတ်ပါဘူး။ ကျွန်မတို့ လင်မယားရယ်၊ ရှင်တို့

လင်မယားရယ်

အားလုံး

လေးယောက်တည်းပါ။

နားအေးပါးအေး

ဆုံရ

အောင်ပေါ့ရှင်။

အဆင်ပြေပါ့မလား" အဲလစ် မနိုးတစ်ဝက် နိုးတစ်ဝက်ဖြစ်နေ၏။ "ဟုတ်က…ဲ့ . ဟုတ်ကဲ့။ ကျွန်မတို့ အားပါတယ်" ဟု သာ အနိုင်နိုင် ဖြေလိုက်ရ၏။ "ဟန်ကျတာပေါ့ ရှင်။ မျှော်နေမယ်နော် ဒီနေ့မနက်ပဲ အာချီက ပြောသေးတယ်။ ရှင်တို့နဲ့ မဆုံတာ လည်း ကြာလှပြီကွာ တဲ့လေ" "ဒါပေါ့… မှန်တာ ပြောရရင် ပြီးခဲ့တဲ့ အပတ်က ဧည့်ခံပွဲမှာ ကျွန်မတို့ကို မဖိတ်တော့ စိတ်တောင် မကောင်းဘူး" အဲလစ် က မအောင့်နိုင် မအည်းနိုင် ပြောမိရက်သား ဖြစ်သွားလေသည်။ "အချစ်ရယ်… ပျင်းခြောက်ခြောက်ပွဲကြီးပါ။ ပြီးတော့ ဟင်နရီ ခေါင်းပူနေမယ်ဆိုတာလည်း ကျွန်မတို့ သိနေတာ

ကိုး။

ရှင်လည်း

စိတ်အေးရမှာ

မဟုတ်ဘူးဆိုတာလည်း

ကျွန်မ

သိတယ်။

ဒီတော့

လာချင်ကြမှာမဟုတ်ဘူးလို့ ထင်နေ တာပေါ့။ ဒါကြောင့် ခုမှ ရှင်တို့ နှစ်ယောက်တည်းကို ဖိတ်တာပေါ့။

‹‹‹http://www.shwezinu.blogspot.com/

ရှင့်ယောက်ျား ကတော့ အာဂလူပါပဲရှင်။ တစ်မြို့လုံး သွက်သွက်ခါအောင်ကို ကိုင်လှုပ် ပစ်လိုက်နိုင်တာပဲ။ ကဲ … ကြာသပတေးနေ့ မှ တွေ့ကြစို့ရဲ့။ စောစောစီးစီးသာ လာခဲ့နော…" တယ်လီဖုန်းခွက်ကို ပြန်ချရင်း အဲလစ် တစ်ကိုယ်လုံး နွေးထွေးသွားသည်။ ကံဆိုးမိုးမှောင်ကျနေ ချိန်မှာပင် သူ့ကို အရေးထားဖော် ရကြပါသေးကလား။ သူ့အပေါင်းအသင်းများအနက် အယ်လီနာ ဝဲလ်စ်ဘီလို မိတ်ဆွေက ယခုလို သေရေးရှင်ရေး အခိုက်အတန့်၌ အားပေးဖော်ရခြင်းမှာ သူ့အဖို့ မကြုံစဖူး ဧရာမ ချီးပင့်မြောက်စားမှုကြီးပင် ဖြစ်ချေတော့သည်တကား။ ဆံပင် ကို သပ်သပ်ရပ်ရပ် ပြင်လိုက်သည်။ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဟန်နာက လက်ဖက် ရည်ကျကျ တစ်ခွက်နှင့် ဘီစကွတ်မုန့် ယူလာသည်။ "ဒီညစာအတွက် သိုးသားချက်ရမလား မစ္စစ်ပေ့" ခါတိုင်းလိုပင် အရိုးအသားတွဲကိုသာ ချက်ရန်ပြောလိုက်သည်။ တကယ်တော့ ကိုယ့်အိမ်မှာ ကိုယ် တော်သလို စား၍ ဖြစ်သည်။ နေ့ဖို့ညစာ တွေးရသေးသည် မဟုတ်လား။ တရွေ့ရွေ့ အချိန်ကုန်လာသည်။ တရေးတမောအိပ်ပြီး လက်ဖက်ရည်ခါးခါးလေး သောက်လိုက်ရ ၍ လန်းဆန်း လာသည်။ ထိ့ေု ကြာင့် လုပ်စရာရှိတာတွေ လုပ်ရန် အဲလစ် ဆုံးဖြတ်လကို၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဟင်နရီပေ့ ပြန်မလာသေး။ တစ်နေ့လုံးလည်း သူ့ထံမှ ဘာမျှမကြားရ။ ပေ့ကို စောင့်ရင်း အစ်မ ဖြစ်သူထံ စာရေး သည်။ ကိတ်မုန့်ဖုတ်နည်းကလေး တောင်းရုံသာမက စီးပွားပျက်ရသည့် အကြောင်းများကိုပါ ထည့်ရေးမည်။

အဲလစ်စားပွဲ

တွင်

ထိုင်သည်။

စာရွက်တစ်ရွက်ယူသည်။

ခဏ

စဉ်းစားသည်။

စာ

ကုန်းရေးသည်။

ချစ်တဲ့မမရိုစ့် ရေ…. စိတ်မချမ်းသာစရာ အကောင်းဆုံး ကိစ္စကြီး တစ်ခုတော့ ပေါ်နေပြီ။

အပြင်ဘက် တွင် ကားရပ်သံကြားရ၏။ ခေါင်းမော်ကြည့်လိုက်စဉ် သော့ဖွင့်သံ ကြားရ၏။ ခဏ အကြာတွင် ဟင်နရီပေ့ ပေါ်လာသည်။ ပေ့ကို သူ ပြောစရာတစ်ပုံကြီးရှိသည်။ ဒေါသစကား မဟုတ်။ ဝမ်းနည်းစကား၊ သိ့ေု သာ် သူမပြောရသေးမီ မှာပင် သူ့ထံ ပေ့ လျှောက်လာ၏။ သူ့လက် ကို ဆုပ်ကိုင်လိုက်၏။

‹‹‹http://www.shwezinu.blogspot.com/

ပေ့ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ ပါးတစ်ဖက်တစ်ချက်ပေါ်တွင် သွေးရောင်ရှိတော့သည်။ ဟင်နရီပေ့ အောင့်အည်းမထားနိုင်တော့သလို မဆိုင်းမတွ ပြောလိုက်၏။ "အဲလစ်..ရေ လူတွေမှာ သိက္ခာတရား ရှိတယ်။ စာနာချင့်ချိန်မှု ရှိတယ် စိတ်ရင်းကောင်းရှိတယ် ဆိုတဲ့ ငါယုံကြည်မှုတွေ ပြန်ခိုင်သွားပြီ" အဲလစ် မျက်လုံးကျယ်သွားသည်။ ထိုစကားသည် ပေ့ စိတ်အားတက်ကြွတိုင်း ပြောနေကြစကား ဖြစ်သည်။

သို့ သော်

မမျှော်လင့်

ဘဲ

ကြားလိုက်ရ၍

အံ့အားသင့်သွားသည်။

ပေ့စကားကို

ဆက်၍

ကြားလိုက်ရသည်မှာ အသက်ရှူ ပင် မှားလောက်သည်။ “ဒီနေ့မနက်

ဘဏ်က

ငါ့ကို

ငွေထုတ်ချေးတယ်။

ဝဲလ်စ်ဘီ

ဆိုပါတော့လေ။

တကယ်တော့

သူ့အိတ်ထဲက ထုတ်ချေးတာ ကိုး။ ငါမှန်းထားတာထက်တောင် များနေသေးတယ်။ ဘာအာမခံပေး ရတယ် ထင်သလဲ။ ဥတ္တရအလင်း နာမည် ပဲ ပေးရတယ်” “ကျွန်မတော့

နား

ကို

မလည်ဘူး။

ဒီနေ့

ကျွန်မ

တွေ့တာတော့

စိတ်မချမ်းသာစရာ

စာရွက်စုတ်ကလေး ပါပဲ လား” အဲလစ်က ဟင်နရီပေ့ အားတက်သရော ဖြစ်နေခြင်းကို ကျွဲမြီးတိုပြီး အထစ်ထစ် အငေါ့ငေါ့ပင် ဖြစ်နေလေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

“အဲဒါပဲပေါ့ …အချစ်ရဲ့” ဟင်နရီပေ့ စိတ်ငြိမ်လာသည်။ သူ့ကိုယ်သူ ထိန်းပြောသည်။ တကယ်တော့ ပေ့ ဤမျှ စိတ်ထိခိုက် ပုံကို အဲလစ် တစ်ခါမှ မမြင်စဖူး။ “သတင်းစာကို တစ်မနက်လုံး

မဖြစ်ဖြစ်တဲ့နည်းနဲ့

သံကြိုးစာတွေလာ၊

ထုတ်လိုက်တာ

တယ်လီဖုန်းတွေခေါ်နဲ့

လူထုအသည်း

ကျွဝဲ င်ခတ်တော့တာပေါ့။

ပြောင်းဆန်နေတာပဲ။

ဒီနေ့ညနေထုတ်

တိုင်းကာဆယ်ပဲ့တင်သံက ဒီကိစ္စ ကို ခေါင်းကြီးပိုင်းက လက်သံပြောင်ပြောင် တွယ်ထားတယ်။ နက်ဖြန်ထုတ် မန်ချက်စတာ စေတမန် က လည်း ရေးလိမ့်ဦးမယ်တဲ့" ပေ့ ပြုံးလိုက်သည်။ ရက်ပတ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်အပြုံး။ "ဘုန်းကြီးတွေ ကတောင် ငါတို့ကို ထောက်ခံလာကြတယ်။ တနင်္ဂနွေနေ့ကျရင် ငါတို့အကြောင်း တရားထည့်ဟောမယ် လို့ ဘုန်းကြီးဂီလ်မိုးက ဖုန်းဆက်သေးတယ်။ အကြောင်းအရာက "အလင်းတည်စေ သတည်း….. တဲ့"

‹‹‹http://www.shwezinu.blogspot.com/

"ရှင် ဘယ်လိုဆက်ပြီး စခန်းသွားနိုင်ဦးမှာမို့လို့လဲ" အဲလစ် က စောဒကတက်သည်။ပေ့ စကားကိုနားရှင်းဟန်မတူ။ "တနင်္လာနေ့အထိ

ဒီအတိုင်း

ဆက်ထုတ်သွားမယ်။

တို့ လည်း

ပိုအကျိုးရှိတာပေါ့"

ပေ့က

ပြုံးလိုက်ပြန်သည်။ "လက်ပွေ့ရောင်းသမား ကွလေး အပြောဆိုရင် စုချင်ဆောင်းချင်တဲ့လူတွေက တစ်စောင်ကို ၂ ရှီလင် ခွဲတောင် ပေးသတဲ့။ အဘိုးကြီးတော့ ပွတာပဲ။ တနင်္လာနေ့ကျရင် စက်နဲ့ စရိုက်မယ်။ ဗိုလ်မှူးဆီတန်က လက်နက် တိုက် ဂိုထောင်ကြီးကို ခဏငှားထားတယ်။ နက်ဖြန်ခါ စက်တွေရွှေ့မယ်။ ပူးလ်တို့ရော။ လူးဝစ် တို့ရော အားလုံးပဲ။ ဟက်ဒလေတောင် ပါတယ်။ အင်္ကျီချွတ်ပြီး ဝိုင်းကူနေကြချည်လေရဲ့" "အဲဒီနေရာ မှာ အကြာကြီး ပုံနှိပ်နေလို့ ဘယ်ရမလဲ ဟင်နရီရယ်" "ဟုတ်တာပေါ့။

ဘယ်ရနိုင်မလဲ။

သစ်မရခင်

ဝါးပေါင်းကူတာပေါ့။

ယာယီသဘောပေါ့ကွယ်။

ဒီနှစ်မကုန်ခင် တို့နေရာ တို့ပြန်ရမှာ ပါ။ စောင့်သာကြည်နေ။ သူတို့ ကိုယ့်အတတ်နဲ့ ကိုယ်စူးတာ။ ပုံနှိပ်စက်ခန်းတိုက်ကို သူတို့ ဝယ်လိုက်ပေမယ့် အငှားစာချုပ်က ငါ့လက်ထဲမှာ။ ဥပဒေအရဆိုရင် သူတို့

အတွင်း

ပြီးတဲ့အချိန်လည်းကျရော ယူပါတောင်ဖြစ်လာဦးမှာပေါ့။

ပြင်တာဆင်တာ

ပြောင်းတာလဲတာတွေ

သူတို့လည်း

ပြုတ်ရော

အဲလစ်ရေ…

ဖြစ်နေတော့မှာ။

ငါဘယ်တုန်း

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အပြီးလုပ်ပေးရမယ်။ ကမှ

ဒီတော့

အဲဒါတွေ ဝယ်ပါ

ဒီလောက်မပျော်ဖူးဘူး။


ဦးဝင်းတင်

ဥတ္တရအလင်း

မြောက်ပိုင်းစက္ကူစက်ကိုလည်း ကြွေးတွေ ဆပ်ပြီးပြီ။ လခတွေလည်း ပေးပြီးပြီ။ ဘာကြွေး မှ မရှိတော့ဘူး။ ဘုရားမတာပဲကွာ။

တြို့ ဂိုဟ်စီးဂြိုဟ်နင်း

လွတ်ပြီ။

မင်းအိမ်မင်း

လက်ထဲ

ပြန်ရောက်ဖို့လည်း

သိပ်မကြာတော့ပါဘူးကွယ်။ "ရှင်တကယ် ထင်နေတာလား" အဲလစ် မယုံနိုင်အောင်ဖြစ်နေ၏။ ယုံတောင်မယုံချင်အောင်ဖြစ်နေ၏။ "ငါ သိပ်မျှော်လင့်ထားတယ်လို့ပဲ ဆိုကြပါစို့ကွယ။် ကဲ….. ငါလည်း လက်နက်တိုက် ဂိုထောင် ကို ပြန်သွားလိုက် ဦးမယ်။ ဗိုလ်မှူးဆီတန်နဲ့ ညနေ ၆ နာရီမှာ တွေ့စရာရှိသေးတယ်။ မင်းကို သတင်းကောင်း ကလေး ပြောပြချင်လို့ ဝင်လာတာ" "အဲဒီလို ဆိုရင် ဒီနှစ် ဂီတပွဲကြီးကရော လုပ်နိုင်ဦးမလား" "လုပ်မှာပေါ့ကွယ်။ ငါ ဆက်လုပ်သွားမှာပါ။ အဲဒီပွဲက သတင်းစာကို လူသိများအောင် လုပ်တဲ့နေရာမှာ အကောင်းဆုံး ကိစ္စပဲဟာ။ တို့လည်း လုပ်ရတာပျော်တယ်လေကွာ"

‹‹‹http://www.shwezinu.blogspot.com/

"ဒါဖြင့် ကျွန်မ ခါတိုင်းလိုပဲ ဧည့်ခံပွဲလုပ်နိုင်ဦးမှာပေါ့ ဟုတ်လား" ပေ့က မြူးမြူးကလေး ရယ်သည်။ အဲလစ်ပါးကို ပွတ်သပ်လိုက်သည်။ "ဒါပေါ့

အချစ်ရယ်။

မဖြစ်ဖြစ်အောင်သာလုပ်ပေတော့ပေါ့။

ငါ့ကို

ဂုဏ်ပြုထောက်ခံတဲ့

ညစာစားပွဲကြီးကိုလုပ်ဖို့ စီစဉ်နေတယ်လို့လည်း ကြာတယ်။ အဲဒီပွဲကျရင် မင်းလည်းပျော်မှာပါ" ပေ့ ထွက်သွားသည်။ အဲလစ်အကြာကြီးထိုင်နေသည်။ ပြီးမှ သူ နားမလည်နိုင်စရာတွေ ရှိသေးပါလား ဟူသော အချက် ကို အသိအမှတ်ပြုသည့် အလား ခေါင်းကို တစ်ရမ်းရမ်း ခါလိုက်သည်။ ရေးလက်စစာကို တဖြည်းဖြည်း ဆုတ်ဖြဲ သည်။ စာရွက်သစ်တစ်ရွက်ယူပြီးနောက် အသစ်ရေးနေပြန်လေ၏။

ချစ်တဲ့ မမရိုစ်ရေ…. အထူးခြားဆုံး ကိစ္စကြီးတစ်ခုတော့ ပေါ်နေပြန်ပြီ…..

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အပိုင်း - ၂

အခန်း(၁)

မိုးရွာနေ၏။ လီယိုနဒ်ညေးသည် လူသူကင်းဆိတ်နေသော

ဘိလိယက်ထိုးတံကို လမ်းပေါ်

သို့

စင်ပေါ်တွင်

ငေးကြည့်နေသည်။

ပြန်တင်ထားလိုက်သည်။

အမှတ်ဒိုင်ဂျိုးက

ဘိလိယက်ခုံသုံး

မြေဖြူတုံးကလေးကိုကိုင်ရင်း သူနှင့်အတူ ရပ်နေသည်။ "စိုတိုစိုစွတ်နဲ့ ဗျာ။ နောက်ထပ် တစ်ရာလောက် ဆက်ထိုးနေလိုက်ပါဦးလား မစ္စတာညေးရဲ့" ဟု ဂျိုး

‹‹‹http://www.shwezinu.blogspot.com/

က ပြောသည်။ ညေး စိတ်မပါတော့။ ခုံကလည်းမကောင်း။ ထိုးရတာလည်း မကောင်း။ အပြင်တွင် အလုပ်သမားတစ်စု ဝိုင်းဖွဲ့ကာ လက်ဖက်ရည်သောက်နေကြ၏။ သူတို့ ကိုကြည့်ရသည်မှာ တစ်နေ့လုံးတစ်ညလုံး လက်ဖက် ရည် သောက်နေကြရော့ သလား ထင် ရသည်။ သူတို့ တူးဖော်ထားသည့် လမ်းမပေါ်မှာတော့ တွင်းကြီး က အရာမယွင်းသေး။ ဤရှုခင်း သည် သာမန်အားဖြင့် ညေးအဖို့ ပြုံးစရာဖြစ်သည်။ သို့ သော် ယခုတော့ စိတ်ပေါက်စရာ ဖြစ်နေသည်။ စမစ်နှင့် သူတို့ အဖြစ်ကလည်း တိုးလိုးတန်းလန်း။ တစ်ထေရာတည်း ဖြစ်နေသည်။ သို့ သော် သူတို့ လို

စိမ်ပြေနပြေ

လက်ဖက်ရည်ထိုင်သောက်

မနေနိုင်တော့။

ငွေကြေးအခြေအနေက

ခန်းခြောက်လာနေပြီ။ ညေး

သည်

မိုးကာအင်္ကျီနှင့်

ထီးကိုယူပြီးဟိုတယ်မှာ

ထွက်ခဲ့၏။

သတင်းစာတိုက်ခွဲသို့

ခြေဦးလှည့်မည့်သာ လှည်ခဲ့ ရသည်။ အလုပ်က မယ်မယ်ရရမရှိ။ လွန်ခဲ့သည့် လပိုင်းမှစ၍ မော်ကွန်းသတင်းစာ ထုတ်ရသည်

မှာ

စိုက်ဆင်းသွားသည်။

ပြက်ကယ်ပြက်ကယ် ဥတ္တရအလင်း

သဘောဖြစ်နေခဲ့သည်။

ကတော့

စောင်ရေ

၇၀,၀၀၀

စောင်ရေက သို့

၂၆,၀၀၀

ပြန်တက်သွားသည်။

အထိ မူလ

စောင်ရေအတိုင်းနီးပါး။ ပေ့ကို လိကု၍ မမီနိုင်တော့မှန်း သူသိသည်။ အယ်ဒီတာအဖွဲ့ ဝင်အားလုံးလိုလိုလည်း လန်ဒန်သို့ ပြန်ကုန်ကြပြီ။ စမစ် တစ်ယောက် သာ သူနှင့်အတူ ကျန်ရစ်သည်။ သူတို့ သတင်းစာတိုက်သို့ ဝယ်သူပေါ် Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

လိုပေါ်ငြား စောင့်စားနေရခြင်းသာဖြစ်သည်။ ပိုင်ရှင်ဟောင်း ရစ်ကဘီကို ပြန်ရောင်းရန် တီးခေါက်ကြည့်သည်။ အဘိုးကြီး က ဝယ်ချင်စိတ်မရှိ။ ရုံးချုပ်

ကမူ

ရှိလိမ့်မည်လည်း

အရှုံးထဲမှ

မထင်တော့။

ရနိုင်သမျှ စမစ်

အဖတ်ဆည်ချင်သည်။

ကတော့

ဟန်မပျက်

သို့သော်

လုပ်နေတုန်းပင်။

စကားခေါ်သူပင်မရှိ။ သို့သော်

ကြာလေ၊

အဓိပ္ပါယ်မရှိလေ၊ အငမ်းမရ လုပ်လေဖြစ်နေလေ သည်။ လမ်းဆုံးနေပြီ။ ဒါကိုသသိ ည်။ ဤနှုန်းအတိုင်းသာ စောင်ရေကျနေလျှင်

ဆမ်မာဗီးလ်

က

ကြာရှည်တောင့်ခံနေတော့မည်မဟုတ်။

သူတို့

နှစ်ယောက်စလုံး

အလဲထိုးခံကြရတော့မည်။ ထိုအချိန် ကိုသာ နေ့တိုင်း မျှော်နေမိလေသည်။ သူ့အဖို့တော့ ထူးခြားစရာအကြောင်းမရှိဟု ညေးက သူ့ကိုယ်သူ အယုံသွင်းထားသည်။ သူ့ဘဝက သာမန် သတင်းစာဆရာ တစ်ဦးနှင့် မခြားလှ။ ပိုင်ရှင်ခိုင်းသမျှ လုပ်ပေး။ လခကြေးငွေကျတော့ မဖြစ်စလောက်။ ကိုယ့်ကိုယ်

ကိုယ်

လူကြီးလူကျယ်ဖြစ်အောင်

လုပ်ခွင့်ကျတော့

မရသလောက်။

သူ

အစွမ်းအစရှိမှန်း

လန်ဒန်မြို့ သတင်းစာ ရပ်ကွက်ဖြစ်သော ဖလိလမ်းတွင် အများကပင် သိသည်။ သူ့သဘော က ဖြတ်လမ်း လိုက်သင့်လိုက်မည်။ သူများတကာထက် အလျင်ရောက်လျှင် ပြီးစတမ်း။ သူ့ကိုယ်သူ ဥာဏ်သွားမှန်း၊ 'ဇ' ရှိမှန်း၊ ဥပဓိရုပ်ကောင်းမှန်း သူသိသည်။ လူလုပ်သမျှ အဖြစ် ရှိသည်။

‹‹‹http://www.shwezinu.blogspot.com/

လျှောလျှောလျှူလျှူ ဖြစ်ဖြစ်မြောက်မြောက် ပြီးသည်။ ပြင်သစ်နှင့်

ဂျာမန်စကားကို ကောက်ကာငင်ကာ

သင်လိုက်သည်။ လည်လည်ပတ်ပတ် ပြောနိုင်ဆိုနိုင်သည်။ ခေတ်ပေါ် ပန်းချီကို ပတ်ပတ်နပ်နပ် နားလည် သည်။ခေတ်ပေါ်ပန်းချီဆရာကြီးများဖြစ်သော ပီကာဆို၊ ဘူဖေး၊ မွန်ဒရိယန် တို့အကြောင်း ဆောင်းပါးများကို လက်ပူကြပ်တိုက် စန္ဒရားတီးကွက်

ရေးချနိုင်စွမ်းရှိသည်။ ကို

နားကြားနှင့်

ဂီတ

'နား'

လိုက်တီးနိုင်သည်။

လည်း

ရှိသည်။

တင်းနစ်နှင့်

စနစ်တကျ

ဘိလိယက်

မသင်ဖူးစေကာမူ ကစားရာတွင်လည်း

ကျွမ်းကျင်သည်။ လူတော

သူတောဝင်လျှင်လည်း

သူနှင့်

အလွမ်းမသင့်သူ

ယောက်ျား

မိန်းမဟူ၍

မရှိသလောက်ရှားသည်။ ဥရောပ ၌ နိုင်ငံခြားသတင်းထောက် လုပ်နေခဲ့စဉ်က နိုင်ငံတကာ အထက်တန်းလွှာ အသိုင်းအဝိုင်းကြားတွင် ဝင်ဝင်ဆံ့ဆံ့ ဆက်ဆံလှုပ်ရှားကာ သတင်းများကို ရေးသားနိုင်ခဲ့သည်။ တော်ရုံတန်ရုံ သတင်းထောက်မျိုး ကို ဆိုလျှင် ဆေးဖော်ကြောဖက်မလုပ်သည့် အသိုင်းအဝိုင်းမျိုး။ ထိုအချိန်

ကပင်

တွေ့ဆုံမေးမြန်းချက်

များတွင်

လိုရာဆွဲရေးသည့်

အတတ်ကို

သူတစ်ဖက်ကမ်းခတ်ခဲ့သည်။ ကာယကံရှင် ၏ စကားလုံးများကို အတိအကျထည့်သုံး စေကာမူ စာဖတ်သူတို့ အကြည်ဆိုက်အောင် ထိထိ ခိုက်ခိုက် ရေးလေ့ရှိသည်။ ကာယကံရှင်က ကန့်ကွက်စာပို့လျှင် စာမျက်နှာ ချောင်ကြိုချောင်ကြား၌ မထင်မရှား ထည့်လိုက်ရသည် မှာ သူ့အဖို့ အူမြူးစရာလို ဖြစ်ခဲ့သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

တစ်ခါတစ်ရံ လူကြိုက်များသော စာအုပ်တစ်အုပ်ကို ပစ်စလက်ခတ် ဆော်ထည့် ရသည်မှာ သူ့အဖို့ သောလုံး တစ်ခု လိုဖြစ်သည်။ စာအုပ်ထဲမှ စာပိုဒ် အချို့ကို အဆက်အစပ်မရှိ ထုတ်နုတ်ကိုးကားခြင်းဖြင့် စာရေးဆရာခမျာ

ခါးတောင်းကျိုက်

တခြား

တင်တခြားဖြစ်ကာ

နလပိန်းတုံးလိုလို၊

ပေါချာချာလိုလို

အဖြစ်မျိုးရောက်ရရှာသည်။ ထိုအစွမ်းအစတို့သည် အပတ်စဉ်ဆောင်းပါး

များ

ဆမ်မာဗီးလ်အုပ်စု ရေးသားပေးပို့ချိန်တွင်

သတင်းစာများအတွက်

သူ

အမေရိကန်မှ

အတိုင်းမသိပွင့်လန်းလာကြသည်။

အမေရိကန်တို့

ခြိုးခြံချွေတာနေချိန်တွင် အမေရိကန် ချမ်းသာကြွယ်ဝမှုကို တစ်ဖက်စောင်းနင်း ဖိရေးခြင်းဖြင့် ဗြိတိသျှလူထုက အမေရိကန်အပေါ် အထင်အမြင် လွဲအောင် ဆွပေးခဲ့သည်။ အမေရိကန်

သို့

တစ်ကျော့သွားရောက်

တာဝန်ထမ်းဆောင်ခွင့်ရနိုင်သေးသည်။

သို့မဟုတ်

ကိန်းရုပ်ရှင်ပွဲတော်သို့ သတင်း သွားယူခွင့် ရနိုင်သေးသည်။ ရုပ်ရှင်ပွဲတော်ကျင်းပရာ ပြင်သစ်ပင်လယ်ကမ်းခြေ ရီဗီယေးရားမြို့တွင် သူ့မှာ အဆက်အသွယ် မျိုးစုံရှိသည်။ သူ့ကိုယ်သူ အရူးဘုံမြှောက် လုပ်နေရသော်လည်း ဤအရေးတွင် ရှုံးနိမ့်ရခြင်းမှာ သူ့အဖို့ မာနဦးချိုး ခံရခြင်း ပင်ဖြစ်တော့သည်။ ဟင်နရီပေ့လို လူမျိုး၏ နာမ်နှိမ်ခံရခြင်းမှာ ပို၍ အသည်းနာစရာ ကောင်းနေသည်။

‹‹‹http://www.shwezinu.blogspot.com/

ဥတ္တရ အလင်းပိုင်ရှင်ကို ပထမအကြိမ် တွေ့လိုက်ကတည်းက ထားခဲ့သည့် သူ့အာဃာတသည် တစ်နေ့တခြား တိုး၍သာ လာ ခဲ့သည်။ ယခုတော့ ဥပါဒါန်လိုပင်ဖြစ်နေပြီ။ စမစ် သာ ကြောက်ဆုတ်ကြောက်ဆိတ် လုပ်မနေလျှင်သူတို့ လွယ်လွယ်အေးအေး အနိုင်ရနိုင်သည်။ ပုံနှိပ်စက်ခန်း တိုက် ကို အဝယ်မှားလိုက်သည့် ကိစ္စတွင် ကိုယ့်ရှူးကိုယ်ပတ်ခဲ့သည် မှန်၏။ သို့သော် သူသေ ကိုယ်သေ တိုက်ကြရာတွင် ကညာစစ်နေ၍ မရ။ သေမြေကြိး ရှင်ရွှေထီးလုပ်မှ တန်ကာကျသည်။ စမစ် ကမူ ရေဆုံးရေဖျား လိုက်ချင်သူ မဟုတ်။

ဘာပဲဖြစ်ဖြစ် မရှုမလှခံရမည့်သူမှာ စမစ်သာဖြစ်သည်။ စမစ်က အလွယ်ကလေးဟု ထင်ထားခဲ့ သည်။ အောင်ပန်း

ပန်ဆင်နိုင်လိမ့်မည်ဟု

လုံးလုံးလျားလျား

ယြုံ ကည်ကိုးစားထားခဲ့သည်။

သူ့ဇနီးနှင့်

ပြန်ပေါင်းထုပ်နိုင်တော့မည်ဟု ထင်ထားသည်အထိပင် အောင်စိတ်မွေးနေခဲ့သည်။ ယခု ရက်ပိုင်း အတွင်း စမစ်မျက်နှာပေါ်တွင်

လူတွင်ကျယ်ပုံပန်းများ

ပျောက်ကွယ်နေလေပြီ။

ထွက်ပေါက်တွေ့လိုတွေ့ငြား

တကုပ်ကုပ် လုပ်နေသေးသည်။ သို့သော် သူ့ခမျာ ခြေကုန်လက်ပန်းကျနေရှာလေပြီ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပြောင်းဖူးဈေးတန်းသို့ ပိုစတာများကပ်ထားသည်။

ညေးရောက်သွားသည်။ စိန့်မတ်ခ်

မြို့တော်ခန်းမဟောင်း

ဘုရားရှိခိုးကျောင်းပြဿဒ်

ရှေ့တွင်

မျှော်စင်ရန်ပုံငွေအတွက်

ဟင်နရီပေ့

ကြီးမှူးကျင်းပသည့် ဂီတပွဲကြော်ငြာ များ၊ ဂီတပွဲကို စက်တင်ဘာ၊ ၁၅ ရက်၊ တနင်္ဂနွေနေ့တွင် ကျင်းပမည်။ ပိုစတာများကို

ညေး

ကျောခိုင်းလာခဲ့သည်။

ကွက်လပ်ကို

ဖြတ်လျှောက်နေစဉ်

ဥတ္တရအလင်း

သတင်းစာ တိုက်ပေါ် မှ ဆင်းလာသည့် ဟင်နရီပေ့ကို ညေး လှမ်းမြင်သည်။ ပေ့ကို မကြည့်ချင်လောက်အောင် ဖြစ်နေ၍ မကြာမီ က စ၍ ပေ့နှင့် ရင်ဆိုင်မတိုးအောင် ညေးရှောင်နေခဲ့သည်။ ဟင်နရီပေ့နှင့်

အတူ

မိန်းမပျိုတစ်ဦးကပ်ပါလာသည်။

ကြည်ပျော်ရှုပျော်

အရပ်အေမာင်း

ကောင်းကောင်း။ ရှိုက်ဖိုကြီးငယ် တင့်တင့်တယ်တယ်။ အဝေးကမြင်ရုံနှင့် ထူးခြားမှန်းသိသာသူ။ တစ်ခဏတော့ ဘယ်သူများ ပါလိမ့်ဟု ညေး တွေးနေမိသေး၏။ ပေ့၏

အရပ်ရှည်ရှည်။

ဆံပင်ရှည်ရှည်၊

ကဗျာဆန်ဆန်

သားတော်မောင်က

နောက်မှ

ဆင်းလိုက်လာသည်။ အမျိုးသမီး က သူ့ကို ပြုံးပြသည်။ သူလက်မောင်းကိုကိုင်သည်။ သူတ့အိုားလုံး ညေးကို မမြင်ကြ။ ညေးကလည်း အမြင်မခံချင်။ ညေးသည် မော်ကွန်းသတင်းစာတိုက်ခွဲသို့ ဆက်လျှောက်လာခဲ့သည်။ ထင်သည့် အတိုင်းပင် စမစ်ကို တွေ့ရသည်။ စားပွဲတွင် အလုပ်များနေသယောင် လုပ်နေသည်။ တကယ်တော့

‹‹‹http://www.shwezinu.blogspot.com/

သူ့ဇနီးစောင်း မီနီထံသို့ စာရေးနေခြင်းသာ။ စမစ် ပိန်ချုံးကျသွားသည်။ အမှုမဲ့ အမှတ်မဲ့ မနေနိုင်အောင် သိသာ သည်။ "ဘာထူးသေးလဲ" ညေးက ကုလားထိုင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်သည်။ "ဘာတစ်ခု မှ မထူးပါဘူးဗျာ" သနားစရာ ပင်ကောင်းကောင်းသေးတော့။ စမစ် အသံက မျှော်လင့်ချက် တစ်ခွဲသားပေါက်နေသေး သည်။ ညေးက စိတ်ပေါက်ပေါက်နှင့်…. "ဂုဏ်ပြုအပ်သော

ဗာနန်ဆမ်မာဗီးလ်ကကော

ဘာအမိန့်တော်မြတ်ကျလာသေးလဲဗျ"

ဟု

ထပ်မေးလိုက်၏။ "ဘာမှ မလာပါဘူးဗျာ။ ဘာသတင်းမှ မရှိတာဘဲ သတင်းကောင်းလို့ ဆိုရတော့မှာပေါ့။ ကိစ္စတစ်ခုခု… ." "ကိစ္စတစ်ခုခု ပေါ်လာရင်တော့လည်း မဆိုနိုင်ဘူးပေါ့လေ" ညေး က စမစ် အသံကိုတုပြီး သူ့ကယိုစား စကားအဆုံးသတ်ပေးလိုက်၏။ စမစ် မျက်နှာနီသွားသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ခင်ဗျား ရွှေဥာဏ်တော် စူးရောက်တာနဲ့ ပျက်စီးခြင်းငါးပါး တိုင်တော့တာပဲ" "ဟိုငနဲကြီး ဘယ်လိုလုပ်

က

သောက်စာကူးစက်နဲ့

ကြိုသိမှာ

မလဲဗျ။

အဲဒီလို

သတင်းစာထုတ်လိမ့်မယ်ဆိုတာတော့ ဘဝင်ငနဲတွေနဲ့

လုပ်ရတာ

ကျွန်တော်လည်း

ခက်ကိုခက်တယ်"

ညေး

ဒေါသူပုန်ထလာသည်။ "သတင်းစာ လုပ်ငန်းကိုများ မြင့်မြတ်တော်မူပေသော ကိစ္စလိုလုပ်ပြီး တရားဟောနေသေးတာ။ အဲဒီ ပထမဆုံး အကြိမ် တွေ့ခဲ့တာကို ကျွန်တော် ဘယ်တော့မှ မမေ့ဘူး။ အဲဒီလို ပတ်ချွဲနပ်ချွဲ သုစရိုက်သမားတွေ၊ တလွဲဆံပင်ကောင်းတဲ့ သတင်းစာစုတ် နဲ့ လောကနိဗ္ဗာန် ဖန်ဆင်းချင်

တဲ့

မြှင့်တင်ရေးသမားတွေ

ကို

ကျွန်တော်

နည်းနည်းမှ

ကြည့်လ့မို ရဘူး။

လူ့စရိုက်ကို

ကျွန်တော်သိတယ်။ သတင်းစာ လုပ်ငန်းအကြောင်းဆိုရင် အူသေးချေးခါးမကျန် သိတယ်။ ဒီလုပ်ငန်းကလည်း တခြားလုပ်ငန်းတွေ လိုပဲပေါ့။ ငွေရဖို့နဲ့ သြဇာကြီးဖို့ဆိုတဲ့ ပန်းတိုင်နှစ်ခုပဲ ရှိတာပါဗျ။ အဲဒီ ပန်းတိုင်ရောက်ဖို့ စောင်ရေတိုးရမယ်။ စောင်ရေတိုးဖို့ လူဖတ်ချင်တာတွေကို ရေးရမယ်။ လူအများစုကြီး ဖတ်ချင်တဲ့ ဓာတ်စာသတင်းက

‹‹‹http://www.shwezinu.blogspot.com/

ဘာလဲ။ သူတို့ ဖတ်ချင်တာက အရေရွှမ်းတဲ့ မတော်တရော် သတင်းတွေဗျ။ အညှီအဟောက်သတင်းတွေ၊ အမနာပ သတင်းတွေ။ အမြှူအဆွ သတင်းတွေဗျ။ ရာဇဝတ်ရုံးသတင်းတွေ။ ထရံပေါက် သတင်းတွေနဲ့ စောင်ရေ ခုနစ်သန်း အထိ ရောက်နေတဲ့ တနင်္ဂနွေအထောက်တော်က သက်သေခံနေတာပဲ မဟုတ်လား။ ဘာဇီဇာကြောင်နေ

ရမှာလဲ။

လူထုဆိုတာလည်း

လူတွေပါပဲဗျာ။

ကျွန်တော်က

အပျော်အပါး

ကိစ္စမှာ

ဘေးမရှိဘူး လို့ ယုံတဲ့ကောင်။ မသေခင်လေး ပျော်ရတာပဲ။ ပျော်ကြစမ်းပါစေဗျာ။ ကမ္ဘာကြီး ကတော့ ချေးတွင်းထဲ ကျနေတာ ပါပဲ။ ပေ့လို မြှင့်တင်ရေးသမားတွေက ပြန်ဆွဲတင်လို့လည်း မရပါဘူးဗျာ" ပိုးစိုး ပက်စက် ပြောနေသည့် ညေး၏ စကားများကို စမစ်က ငြိမ်ပြီး နားထောင်နေသည်။ "ခင်ဗျားကြိုက်တာ

ခင်ဗျားပြောပေါ့။

ကျွန်တော်ကတော့

ပေ့ကို

အာဃာတ

ကျွန်တော်မြင်လိုက်ပါသေးတယ်"

စီးကရက်တိုကို

မထားဘူး။ လူကောင်းကြီးပါဗျာ" "ဟုတ်ပဗျာ" ညေးက တောက်တောက်ခါးခါး ပြောသည်။ "ကမ္ဘာ့ထိပ်သီး

လူသူတော်ကြီးပါပဲ။

အခုပဲ

ဖိချေလိုက်သည်။ "သူ့သား လည်း ပါတယ်။ မြာတစ်ပွေလည်းပါတယ်"ဟု ပြောလိုက်၏။ "မိန်းမငယ်ငယ်မဟုတ်လား ခပ်ချောချောလေ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"တကယ်ကြည့်လ့ေို ကာင်းတယ်ဗျို့။

ဒေါင်ကောင်းကောင်းနဲ့

ဖောင်းဖောင်းမို့မို့ပဲ။

အဝေးကကြည့်တာနဲ့ နိတ်မှန်း သိတယ်" "ဒေးဗစ် မိန်းမပါဗျာ" ညေးက သရော်သံဖြင့် "ဒေးဗစ် ဟုတ်လား။ ခင်ဗျားပြောပုံကတော့ သူတို့ အိမ်သားကျနေတာပဲ" ဟု ငေါ့သည်။ စမစ်

က

မျက်ကြောတင်းတင်းနှင့်

စားပွဲပေါ်က

စာရွက်တွေကို

ရှင်းနေလိုက်သည်။

ညေးက

တစ်အောင့်လောက် ငြိမ်နေသည်။ "အရင်က သူ့ကိုမတွေ့မိပါဘူး" "ဘယ်သ့ကိုလဲ" "အဲဒီ မချောကိုပေါ့ဗျ"

‹‹‹http://www.shwezinu.blogspot.com/

"သူတို့က စလီဒန်ရွာမှာပဲ အောင်းနေတာကိုး" "သူတို့ဘာသာသူတို့ နေပါစေဗျာ။ လူကောင်းတွေပါ" စမစ်က မာရေကြောရေ ပြောသည်။ "ပုဂ္ဂိုလ်စွဲပြောနေတာမဟုတ်ဘူး။ သူတို့ သဘောထားတွေကို မုန်းတယ်။ အားလုံးကို မုန်းတာပဲ" "ခင်ဗျား ကတော့ အတော် အမုန်းကြီးတဲ့လူပဲ" "ကျွန်တော်

က

မုန်းတတ်တယ်။

ဘာဖြစ်လဲ။

မငြင်းပါဘူး။

တော်ပြီ။

ကဲ..

ဘီယာ

သွားသောက်လိုက်ဦးမယ်။" ဝိတိုရိယအရက်ဆိုင်ရှိရာသို့

ညေး

ဘီယာနှင့်မျှောသောက်

သည်။

မိန်းမပျက်အချို့

တွေ့ရသည်မှတစ်ပါး

ကို

လျှောက်လာခဲ့သည်။

ညမှောင်မှောင်

အချိန်ရောက်မှ အခြားကြည့်စရာ

ဆိုင်ရောက်တော့

ဝီစကီမှာသည်။

ဘူတာရုံတဝိုက်၌

တစ်ရစ်ဝဲဝဲလုပ်သည့်

ရှုစရာမရှိသော

ဟက်ဒယ်လ်စတန်လို

မြို့ကလေးမျိုး ၌ အရက်သောက်နေလိုက်သည်ကသာ စရိုက်မှန်သည်ဟု ညေး ယူဆသည်။ အရက်သောက်ရင်း မတွေ့ခဲ့ရပါလိမ့်ဟုသာ

မှာပင်

ပေ့၏ချွေးမကို

တွေးနေမိ၏။

စိတ်ထဲမှ

သူ့ယောက်ျားက

ဒေးဗစ်ပေ့ကတော့ သဝန်ကြောင် လူစားမျိုး။ မြင်ရုံနှင့် သိသာသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဖောက်မရ။

ယခင်က

ဘာကြောင့်

သံကန်ွချာအုပ်ထားလေရော့သလား။


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးက မိန်းမမြင်တိုင်း တန်းတန်းစွဲသူ မဟုတ်။ မိန်းမတွေကိုလည်း မယုံ။ သူ့အပြောအတိုင်းဆိုလျှင် မိန်းမတွေကို ငြီးချင်သလိုဖြစ်နေသည်။ ဤမိန်းမကိုတော့ သူစိတ်ဝင်စားသည်။ ဒေးဗစ်ပေ့လို လူစားမျိုးနှင့် လားလား မျှ မထိုက်။ သူ့လိုကာလသားကြိုက်သာ ဖြစ်ပုံရသည်။ သူနှင့် ထိုမိန်းမတို့ နှစ်ယောက်ကြားတွင် အဆက်အစပ် တစ်စုံတစ်ရာ တည်ရှိနေသလို ခံစားရသည်။ ထိုမရေရာ ထူးဆန်းထွေလာ ခံစားရချက်ကို ညေးဘယ်လို ရှင်းပြရမှန်းမသိ။ သူ့ကိုယ်သူ တစ်မေး တည်း မေးနေမိသည်။ အဖြေက မပေါ်။ စိတ်ပညာဆရာကြီး

ဆစ်ဂမန်ဖရိုက်အကြောင်း

နှစ်ကော်လံဆောင်းပါး

တစ်စောင်လောက်တော့

အဆီတစ်ထပ် အသားတစ်ထပ် သူ ရေးတတ်သည်။ သို့သော် စိတ်ပညာက သူ့နယ်မဟုတ်၍ အနက်မဖွင့်။ ပြီးတော့ ဒေးဗစ်ပေ့၏ မိန်းမနှင့် သူက မေးထူးခေါ်ပြောပင် မလုပ်စဖူး။ တိ့ဖုးဖို့ ကိုင်ဖူးဖို့ဆိုတာ ဝေလာဝေး။ သို့သော်

ထိုမိန်းမကို

မြင်ရ၍

ခံစားရသည့်

တုံ့ပြန်မှုမှာ

ယခင်က

သူနှင့်

အဆက်အစပ်ရှိခဲ့ဖူးသလိုလို

တုံ့ပြန်မှုမျိုး။ စိတ်လှည့်စားတာ ထိုမိန်းမဈေးဝယ်လာစဉ်

ဖြစ်မှာပါဟု သူမြင်ခဲ့ဖူး

သူ့ကိုယ်သူ ၍

ဖြေသိမ့်သည်။

ခေါင်းထဲစွဲထင်နေပြီး

ဟက်ဒယ်လ်စတန်မြို့ထဲသို့

ဤအတွေးပေးခြင်းဖြစ်တန်ရာ၏။

‹‹‹http://www.shwezinu.blogspot.com/

ထိုအဖြေကိုလည်း သူ နှစ်နှစ်ကာကာ မယုံကြည်နိုင်။ နဝေတိမ်တောင်စိတ် က သူ့ကို ဖိစီးစပြုစဉ် စမစ်ဝင်လာသည်။စားပွဲတွင်ဝင်ထိုင်သည်။ ဦးထုတ်ချွတ်၊ မိုးရေစက်ခါ လုပ်နေသည်။ ညေးက သူ့ကို စေ့စေ့စပ်စပ်ကြည့်နေသည်။ "ဘာသတင်းမှ မလာတာနဲ့ ခင်ဗျားဆီ လိုက်လာတာ။ ပီတာကို တယ်လီဖုန်းစောင့်ခိုင်းထားခဲ့တယ်။ ရုံးခန်းထဲ ကလည်း စိမ့်နေတာပဲဗျာ" "တစ်ခုခုသောက်မလား" "ကောင်းသားပဲ" စမစ်က ကဏှာမငြိမ်ဖြေသည်။ စမစ်က

ညေးကို

အောက်သိုးသိုး

ကြည့်လိုက်သည်။

ဂျင်းရည်ကို

တစ်ကျိုက်တည်း

သောက်ချလိုက်သည်။ "ပြီးခဲ့တဲ့ ခင်ဗျားစိတ်ကူးကတော့ နိပ်ပါ့ဗျာ" ညေးက ထိုကိစ္စကို အကျယ်အကျယ်မငြိမ်းဖွယ် လုပ်မနေချင်တော့။ သူ့စိတ်ကူးကို စမစ်မမေးဘဲ မနေနိုင်မှန်းသူသိနေသည်။ စောင့်ကြည့်နေလိုက်သည်။ "ဘာစိတ်ကူးပါလိမ့်ဗျာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးက သရော်ပြယ်ချော် လေသံဖြင့် "သြော် အဲဒီ လူကောင်းသူကောင်းတွေနဲ့ ပေါင်းသင်းဆက်ဆံရရင် ကျွန်တော်တို့ နေသာထိုင်သာများ ရှိလိမ့်မယ်လို့ ထင်တာနဲ့ပါဗျာ။ ခင်ဗျားက လူကုံထံ အသိုင်းအဝိုင်းနဲ့ ပေါင်းရသင်းရတာကို ပီတိဖြစ်တဲ့လူ မဟုတ်လား။ ပြီးတော့ ကျွန်တော်တို့ ဒီမြို့က အမြီးကုပ်ပြီး ထွက်သွားမယ့်အစား လူတော သူတောထဲ ဟန်ကျပန်ကျ

တိုး၊

အောင်စည်ယွန်းပြီးမှ

ထွက်ချင်လို့ပေါ့ဗျာ။

ခင်ဗျားလက်မှတ်ဝယ်လို့ရပါ့မလား"

ပြောသည်။ စမစ်က ညေးကို ဇဝေဇဝါ ငေးကြည့်နေ၏။ "ရမယ်ထင်တာပဲ" “ကောင်းတာပေါ့ဗျာ။ ရှေ့နားကျကျရအောင် လုပ်နိုင်ရင် လုပ်ခဲ့ပေတော့ဗျို့"

‹‹‹http://www.shwezinu.blogspot.com/

စမစ် အမေးအမြန်းမထူမီ ညေးက အရက်ဖိုး ထုတ်ပေးပြီး ဆိုင်ထဲမှ ထွက်သွားလေ၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဟု


ဦးဝင်းတင်

ဥတ္တရအလင်း

(၂)

နှစ်ရက်ကြာပြီးနောက်ညနေပိုင်းအချိန်။

ဒေါ်ရော်သီ

တိုင်းကာဆယ်မြို့မှ

ပြန်လာသည်။

နို့နှင့်

ဘီစကစ်မုန့်ယူရန် စားဖိုဆောင်အသွား အမေလုပ်သူနှင့် ခန်းမထဲတွင် ရင်ဆိုင်တိုးသည်။ "ဒေါ်ရော်သီရေ… ဒေးဗစ်နဲ့ ကော်ရာတို့ဆီ စာကလေးတစ်စောင်ပို့ပေးစမ်းပါကွယ်" “စလီဒန်တောင် မှ သွားရမှာလား" ဒေါ်ရော်သီ က မြောက်ဝင်ရိုးစွန်း သွားရတော့မည့်အလား ကန့်ကွက်စကားဆိုသည်။ "သွားလိုက်ပါ အချစ်ရယ်။ ဖေဖေက တိုက်က လှမ်းပြောတာ။ သူတို့ကို ဂီတပွဲမသွားခင် နေ့လယ်စာ

‹‹‹http://www.shwezinu.blogspot.com/

လာစားစေချင် လို့" "မေမေ

ကလည်း

သမီးပင်ပန်းလာတာ။

ဘတ်စ်ကားနဲ့

သွားရမှာ။

စလီဒန်လမ်းချိုင့်တွေနဲ့ဆို

တစ်ကိုယ်လုံး ပြုတ်ထွက် ကုန်တော့မှာပဲ" "စက်ဘီးလေး

ထုတ်စီးသွားပေါ့ကွယ်။

ဝယ်ပြီးကတည်းက

စီးရတယ်ကို

မရှိသေးဘူး။

ညနေခင်းကလေးကလည်း သာသာယာယာ ရှိသားပဲကွယ်" "ရှေ့ဘီးပြားနေတယ် မေမေရဲ့" "ဒါဖြင့်

လေထိုးသွားပေါ့ကွယ်။

သမီးအတွက်

ကောင်းပါတယ်။

ဒီရက်ပိုင်းမှာ

သမီး

ကိုယ်လက်လှုပ်ရှားမှု မလုပ် သလောက် ဖြစ်နေတဲ့ဟာပဲကွယ်" ဒေါက်တာအီဗန်ထံမှ ပေ့ထံသို့ အကြောင်းကြားစာ ရောက်လာ၍ ဒေးဗစ်နှင့် ကော်ရာကို ယခုကဲ့သို့ အခေါ်လွှတ်ခြင်းဖြစ်၏။ ထိုစာကြောင့်ပင် ပေ့နှင့် ဒေးဗစ်တို့ လင်မယားကို ဟက်ဒယ်လ်စတန်မြို့ ထဲတွင် ပေ့နှင့်အတူ ညေး တွေ့ခဲ့ရခြင်းဖြစ်၏။ ဆရာဝန် က စာထဲတွင် ဒေးဗစ်ကို မကြာခဏ မြို့ထဲခေါ်ပြီး လူတွေနဲ့ ရောရောနှောနှောနေရန် အကြံပေးထား ၏။ ထိုအကြံပေးချက်မှာ ပေ့ကို သူပြောထားသည့် စကားနှင့်တသွားတည်းဖြစ်နေသည်။ ထို့ကြောင့် အဲလစ် ကျေကျေနပ်နပ်လိုလိုလားလားရှိနေခြင်းဖြစ်၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ရော့ … အချစ်ရေ" မစ္စစ်ပေ့က ပြုံးပြသည်။ ဒေါ်ရော်သီ၏ အင်္ကျီအိတ်ထဲသို့ စာကို ထိုးထည့်လကို၏။ "အို…… အေးလေ လမ်းမှာ တစ်ခုခုဖြစ်ရင် မေမေ့တာဝန်ပဲ" တကယ်တော့ ဒေါ်ရော်သီပျော်သည်။ သူ ဘာလုပ်စရာမှ မရှိ။ သတင်းထောက်ကလေး လူဝစ်က ညဥ့်နက်အောင်

အလုပ်လုပ်ရမည်ဖြစ်၍

ပျင်းစရာကြီးဖြစ်နေမည့်

အစား

သမီးယောက်မတွေ့ခဲသည်။

ရုပ်ရှင်လိုက်မပြနိုင်ဟု

ညနေပိုင်းတွင်

သို့သော်

ကော်ရာ

သူ့ကို

တယ်လီဖုန်းဆက်ထားသည်။

ကော်ရာနှင့်

သွားတွေ့ရသည်မှာ

ကို

သဘောကျသည်။

သူက

ပျော်စရာ။

သူတို့

ကော်ရာနှင့်တွေ့လျှင်

လက်ဖက်ရည် ကောင်းကောင်းသောက်ရ ဖိ့လု ည်း သေချာသည်။ စက်ဘီးကို ကားရုံထဲမှ ထုတ်ယူလာသည်။ ဟန်နာကို ချော့ပြီး လေထိုးခိုင်းသည်။ စလီဒန်ရွာသို့ ထွက်လာ ခဲ့သည်။ ဝေးဝေး

မရောက်သေး။

စင်္ကြံပေါ်၌

သူ့ကိုလက်ပြပြီးတားနေသူတစ်ဦးကို

ဒေါ်ရော်သီ

‹‹‹http://www.shwezinu.blogspot.com/

မြင်လိုက်လေသည်။ ပြီးမှ လီယိုနဒ်ညေး မှန်း သိရသည်။ "ကျွန်တော် တားတာကို ဒေါ်ရီမြင်တာ ဝမ်းသာလိုက်တာဗျာ" “ဟုတ်လား" ဒေါ်ရော်သီက မကြည်မသာ ပြောသည်။ သူ့အဖေကို ဖီလာကန့်လန့်လုပ်နေသူ ဖြစ်စေကာမူ ညေးအပေါ် ဒေါ်ရော်သီက ထူးထူးခြားခြား ရန်ညှိုးမထား။

ကိုယ့်အလုပ်နဲ့ကိုယ်

ဒုက္ခပင်လယ်ဝေနေသည့်

ကြားမှ

ရှုပ်နေသည်။

သူ့အဖေက

လူကြီးတွေကိစ္စတွင်

သူ့ပုံစံအတိုင်း

ဘာသာလဝါပင်

စိတ်ကူးယဉ်ယဉ်

နေခဲ့သည်။

လုပ်နည်းလုပ်ဟန်ဖြင့်

ယက်ကန်ယက်ကန် ရုန်းထွက်နေခဲ့ ပုံ စောင့်ကြည့်နေခဲ့စဉ်က သူ့ရင်တဖိုဖို ဖြစ်ခဲ့ရသည်။ မိသားစုအားလုံး အိမ်ပေါ်က ဆင်းပြေးရ မလို ဖြစ်နေစဉ်ကလည်း သူ့စိတ်ထဲတွင် ပျော်သလိုလိုပင်ဖြစ်ခဲ့ရသည်။ ဒါတွေနှင့် မဆိုင်။ သူ့အာဃာတက သူ့ကိုယ်ရေးကိုယ်တာနှင့်ဆိုင်သည်။ ညေးက တပြုံးပြုံး လုပ်နေ သည်။ ဒေါ်ရော်သီက ရတနာပုံမောင်နှင့် တွေ့ခဲ့စဉ်က မော်ကွန်းတွင် သူ့အကြောင်းရေးခဲ့ပုံကို မမေ့နိုင်သေး။ အနုပညာကျောင်းတွင် သေချင်ပက်ကျိဖြစ်အောင်ပင် သူ လှောင်ဖတ်ပြောင်ဖတ်ဖြစ်ခဲ့ရသည်။ ထိုအချိန်မှစ၍

လမ်းတွင်ဆုံတိုင်း

ညေးက

နှုတ်ဆက်လေ့ရှိသည်။သို့သော် ယခုအချိန်အထိ ပြောဖူးဆိုဖူး မရှိသေး။ "ရှင်တို့ သွားကုန်ကြပြီ ထင်နေတာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သူ့ကို

ဦးထုပ်ချွတ်ခေါင်းညွှတ်၍


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေါ်ရော်သီ က သူတို့ကို မရှိစေချင်တော့သည့်လေသံဖြင့် ပြောသည်။ "မကြာတော့ပါဘူ့းဗျာ။ သွားတော့မှာပါ" ညေးက အပြောခံရတာကို မနာသလို ပြန်ပြောသည်။ "မသွားခင် နှုတ်ဆက်ချင်နေတာနဲ့ အတော်ပဲ။ ဘာအာဃာတမှ မထားဘူးဆိုတာလည်း ပြရုံပါဗျာ" "တကယ် မရှိတာလားရှင်" ညေးက မျက်နှာထားချိုချိုကို မျက်နှာမှာ အသေကပ်ထားသလို အပြုံးမပျက်။ "မရှိပါဘူးဗျာ။ ခင်ဗျား အဖေကတော့ ကျွန်တော်တို့ကို တီးလိုက်ပေါ့။ အို... ဒါပေမဲ့ ကျွန်တ်ာတို့ အလုပ် က ဖြစ်သမျှအကြောင်းအကောင်းချည်းထင်ရတဲ့ အလုပ်မျိုးပဲဟာဗျာ" ညေးက စီးကရက်ဗူး ထုတ်သည်။ ဒေါ်ရော်သီကို စီးကရက်တည်သည်။ ဒေါ်ရော်သီက သူငယ်နပ်စား အထင် မခံလို။ တစ်လိပ်ယူသောက်လိုက်၏။

‹‹‹http://www.shwezinu.blogspot.com/

"အပျင်းပြေ လျှောက်စီးတာလား" "ဟုတ်ပါတယ်" "စက်ဘီးကတော့ အပျံစားပဲ။ ဟမ်းဘားမျိုး မဟုတ်လား။ ဝယ်ထားတာ ကြာပြီလား။" ဒေါ်ရော်သီက ကွက်ခနဲ မျက်နှာပျက်သွားသည်ကို မြင်လိုက်ရ၍ ညေးက မြန်မြန်ဆက်ပြောသည်။ "တောင်းပန်ပါတယ်ဗျာ။ စပ်စုတာ မဟုတ်ဘူးနော်" "ရှင်တို့ ဆီက ရတဲ့ ဆုငွေနဲ့ ဝယ်ထားတာပါ။ ကျန်တာကတော့ အဖေလှူပစ်ခိုင်းလို့ လှူလိုက်တယ်" "အင်းလေ... အဲဒီဆုနဲ့ ဒါနကလေးတစ်ခုတော့ လုပ်လိုက်ရသေးတာပေါ့" ဒေါ်ရော်သီ နေမထိထိုင်မသာဖြစ်နေသည်။ လူမြင်ကွင်းတွင်ရပ်ပြီး မသောက်တတ်သောက်တတ်နှင့် စီးကရက်သောက်နေသည်။

ညေးက

မသိလိုက်မသိဘာသာ

လုပ်နေသည်။

ကျောင်းတွင်

အခြားကျောင်းသူများနှင့်အတူ ကော်ဖီသောက်ရင်း တစ်ခါတစ်လေ ဒေါ်ရော်သီဆေးလိပ်သောက်ခဲ့ဖူးသည်။ သို့သော် ယခုသောက်ပုံနှင့်မတူ။ အထက်တန်းစားအလွှာ လုပ်ပုံလုပ်နည်း မဟုတ်။ သူ့အဖေသာသိလျှင် မိုးမီးလောင်လိမ့်မည် မုချ။ သူ့အဖေ ဒေါသူပုန်ထလည်း ထလောက်သည်။ ဒေါ်ရော်သီ ခွာထွက်ဖို့ စဉ်းစားတုန်းရှိသေး။ ညေးက Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော်လည်း ဟိုတယ်သွားပြီး လက်ဖက်ရည်သောက်မလို့ ထွက်လာတာ။ လက်ဖက်ရည်လေး လိုက်သောက်ပါဦးလား ခင်ဗျာ" ဟု ပြောသည်။ "ခွင့်လွတ်ပါရှင်။ ကျွန်မလည်း စလီဒန်သွားပြီး ကျွန်မယောက်မနဲ့ လက်ဖက်ရည်သောက်ရမှာမို့ပါ" "သြော်...

ဟုတ်သားပဲ။

သူ့ကို

တစ်လောက

မြို့ထဲမှာ

ကျွန်တော်တွေ့လိုက်သေးတယ်။

သဘောကောင်း ပုံပဲနော်။" "သိပ်ကောင်းတာပေါ့" "ကျွန်တော် ဟက်ဒယ်လ်စတန်ရောက်နေတာ ၂ နှစ်ရှိပြီဗျာ။ တစ်ခါမှ မျက်နှာချင်းဆိုင် မဆုံဖူးဘူး။ အံ့ရော။ ခင်ဗျားယောက်မတော် ကလည်း သိပ်ဆိတ်ဆိတ်ငြိမ်ငြိမ် နေတတ်တယ်နဲ့ တူပါရဲ့ဗျာ" "ဟုတ်တယ်။ သူကလည်း အေးအေးပဲနေတယ်။ ကျွန်မ အစ်ကိုကလည်း သိပ်ကျန်းမာလှတယ် မဟုတ်ပါဘူး။ ဒီတော့ တော မှာနေတာ ကောင်းတယ်ဆိုတာ သူလည်းသိတာပေါ့" ညေး က စာစာနာနာ ခေါင်းတဆတ်ဆတ် ညိတ်သည်။

‹‹‹http://www.shwezinu.blogspot.com/

"ခင်ဗျား အစ်ကိုတော် အကြောင်းတော့ ကြားဖူးပါတယ်။ မိန်းမအရတော်တာ ကံကောင်းတာပေါ့ဗျာ။ သူ စစ်ထဲ မှာ ရှိတုန်းက တွေ့ကြတာလား။ သူ့ဇနီးက သူနာပြုဆရာမလား" "ဘုရားရေ... မဟုတ်ပါဘူးရှင်" ဒေါ်ရော်သီ

က

ညေးအထင်ကို

ပြင်ပေးလိုက်ဦးမည်

စိတ်ကူးသေးသည်။

သို့သော်

ညေးက

စကားအစ်နေ မှန်း ခေါင်းထဲတွင် ချက်ချင်း အသိပေါ်လာသည်။ ယခင်ကလည်း ဤလေချိုသွေးနည်းမျိုး ဤအပျော့ဆွဲ

နည်းမျိုး။

ယခုကိစ္စမှာတော့

တုံး

ဤရေကူးညာတင် လွန်းသည်။

စကားပြောနည်းမျိုးဖြင့်

ညေးကို

လက်စာချေးဖို့

သူ့ထံမှ

စကားအစ်ထုတ်ခဲ့သည်။

အခွင့်ကောင်းရပြီ။

ဒေါ်ရော်သီ

ရယ်ကျဲကျဲလုပ်နေလိုက်သည်။ "ဘာပြက်လုံးများတွေ့နေလို့ပါလိမ့်ဗျာ" "သြော်....

ဘာမှ

မတွေ့ပါဘူး။

ရှင်အတွေးနှယ်

ခေါင်မှခေါင်နိုင်လွန်းပလေတယ်ရှင်။

အဲဒီလို

အထင်အမြင်တွေ ရှင်ခေါင်း ထဲ ဘယ်လိုများရောက်လာပါလိမ့်" "ကျွန်တော် လူမှားနေပြီပေါ့။ ဒါဖြင့် သူက ဘယ်သူပါလိမ့်" ဒေါ်ရော်သီ လက်တန်းထိုးဇာတ်ခင်းတော့သည်။ တလွဲတချော်ဖြစ်နိုင်သမျှဖြစ်အောင် ပြောတော့သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မေမေ့ သူငယ်ချင်း တစ်ယောက်ရဲ့သမီးပါ။ ဒေးဗစ်နဲ့လည်း ငယ်ငယ်ကတည်းက ခင်လာကြတာပါ" "သြော်... "ညေး မျက်စိလည်သွားသည်။ "သူ့မိဘတွေနဲ့ အတူလည်ကြတာ။

ကျွန်မတို့ သူတို့

မိဘတွေက

အိမ်ကလည်း

သိပ်ရင်းတာရှင့်။

ကျွန်မတို့အိမ်နဲ့

အားလပ်ရက်တွေမှာလည်း

ကပ်ရက်ပဲ။

ငယ်ငယ်ကတည်းက

အတူနေလာခဲ့ကြတာ။ ကြီးတော့မှ သူက ကျောင်းဆရာမ သွားလုပ်တာ" "ဘယ်မှာ သွားလုပ်ရတာလဲ" "စကော့တလန်မြောက်ပိုင်းက မိန်းကလေးကျောင်းတစ်ကျောင်းမှာပါ။ အဘာဒင်းမြို့ မှာလေ" "ဟုတ်လား" ညေးလေသံက ပို၍ စိတ်ပျက်လက်ပျက်ဖြစ်နေသည်။ "အိမ်ထောင်မကျခင် သူ့နာမည်က ဘယ်သူတဲ့တုန်း" "အယ်လိဇဘက် ကာဆယ်တန် တဲ့"

‹‹‹http://www.shwezinu.blogspot.com/

ဒေါ်ရော်သီက

အတည်ပေါက်ပြောလိုက်သည်။

မျက်စိမျက်နှာတစ်ချက်မပျက်။

မျက်တောင်တစ်ချက်မခတ်။ ဘယ်က ဘယ်လို ရောက်လာမှန်းတော့မသိ။ သူ ကြည့်ဖူးသည့် ရုပ်ရှင်ထဲက နာမည်ဖြစ်ကောင်းဖြစ်လိမ့်မည်။ "သူတို့က

မျိုးကြီးဆွေကြီးတွေပါ။

ပစ္စည်းတော့မရှိလှပါဘူး။

သူ့ဦးလေးတစ်ယောက်က

အောက်ရုံးရှေ့နေ လုပ် တယ်လေ" ညေးက

ကာဆယ်တန်နာမည်

ကို

တဖွဖွရွတ်နေသည်။

ဒေါ်ရောသီက

ညေးကို

ချည်ခင်အူပေါက်ဖြစ်အောင် လုပ်လိုက်ရ ၍ ကျေနပ်သွားသည်။ စက်ဘီးခြေနင်းကို တစ်ပတ်လှည့်လိုက်သည်။ ထိုင်ခုံပေါ်တင်ပလွဲ ထိုင် လိုက်သည်။ "ကျွန်မလည်း သွားလိုက်ဦးမှပဲ။ အယ်လိဇဘက်က မျှော်နေရှာရော့မယ်" "သြော်.. ဟုတ်ကဲ့ ခင်ဗျာ။ ခုလို ပြန်တွေ့ရတာ သိပ်ဟန်ကျတာပဲ နောက်လည်း တွေ့ကြဦးစို့ရဲ့။" ညေးက

စီးကရက်ကို

ပစ်ချပြီး

သတိပြန်လည်လာသလို

ပြောလိုက်၏။

သို့သော်

မျက်နှာချိုသွေးဖို့ကိုတော့ သတိပင် မရတော့။ "သွားတော့မယ်နော်" ဒေါ်ရော်သီက ယဉ်ကျေးဖွယ်ရာ နှုတ်ဆက်လိုက်သည်။ လမ်းချိုးအရောက်တွင်

ဒေါ်ရော်သီ

သမင်လည်ပြန်လှည့်ကြည့်သည်။

ညေးတစ်ယောက်

ရပ်နေတုန်းပင်။ မျက်နှာထား သုန်သုန်မှုန်မှုန်နှင့်။ ခါတိုင်းထက် ပို၍ စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မကြာမီ ကိုယ်သူ

ဒေါ်ရော်သီ

မြို့ပြင်သို့ရောက်သွားသည်။

စက်ဘီးကို

သုတ်ခြေတင်နင်းရင်း

သူ့

ကျေနပ်နေလေသည်။ သူမသာ ကိုယ်မသာ။ ကျေရော။ လက်လုပ်လက်စား အသိုင်းအဝိုင်းမှ

တက်လာ

သည့်

ကော်ရာ့ဘဝကို

လူအထုပ်ဖြေပြမိအောင်

ညေးက

အကောက်ဥာဏ်ဖြင့်

စကားခေါ်ခြင်းဖြစ်သည်။ ညေးကို အကြံ ပျက်အောင် လုပ်လိုက်ရ၍ သူ သိပ်ပျော်သွားသည်။ သီချင်းကလေး တအေးအေး ဆိုလိုက်။ စက်ဘီးကို တက်လွှတ်စီးလိက်ုနှင့် မကြာမီမှာပင် စလီဒန်ရွာသို့ ရောက်ခါနီးလာသည်။ ရွာထဲသို့ ဆင်ခြေလျှောအတိုင်း အရှိန်နျင့် ဆင်းလာစဉ် ဆိပ်ခံတံတားပေါ်တွင် လမ်းလျှောက်နေ သည့် ကော်ရာ့

ကို

မြင်လိုက်သည်။

လှိုင်းကာတံတိုင်းအဆုံးသို့သူရောက်လာချိန်တွင်

ကော်ရာက

သူ့ကို

လှည့်ကြည့်သည်။ "ဟယ်... ဒေါ်ရော်သီပါလား။ ဘာမပြောညာမပြော။ ဘယ်ကရောက်လာတာလဲဟင်။ အို... အို.. သတိထားနော်။ စက်ဘီးကြီး နဲ့လဲမှဖြင့်.... " "ကိစ္စမရှိပါဘူး မမရဲ့" ဒေါ်ရော်သီက

‹‹‹http://www.shwezinu.blogspot.com/

ဆိပ်ခံတံတားအစွန်းနားသို့

ပြောပြောဆိုဆို

ကော်ရာကို

ဘီးရောက်သွား၍

ကော်ရာ

ကွေ့ပတ်ကာ

စက်ဘီးပေါ်မှ

မျက်ကလဲဆန်ပြာဖြစ်သွားသည်။

ဆင်းသည်။ ဒေါ်ရော်သီ

သတိထားမိလိုက်သည်။ "မေမေ့ဆီက စာတစ်စောင် လာပိ့တုာပါ" "ဒေးဗစ် အတွက်လား" "မဟုတ်ပါဘူး။ မမအတွက်ပါ။ ဘာကြောင်ကြည့်နေတာလဲ မမရဲ့" ဒေါ်ရော်သီက စာကို ဆွဲထုတ်သည်။ ကော်ရာ့ လက်ထဲထည့်သည်။ ကော်ရာက စာကို မယုံသင်္ကာ ကြည့်နေ သည်။ ယခင်က သူ့အပေါ် မစ္စစ်ပေ့ ဆက်ဆံပုံကို တွေးမိပြီး စိတ်စနိုးစနောင့် ဖြစ်နေ၏။ စာကို ဖွင့်ဖောက် ဖတ်လိုက်သည်။ မျက်နှာပေါ်တွင် ပီတိရောင် လွှမ်းလာသည်။ "အဲဒါ ဘာဖြစ်လဲ။ နေ့လယ်စာ ကျွေးတာနဲ့များ ၀မ်းသာအယ်လဲ ဖြစ်ရောတဲ့လား။ နေ့လယ်စာက ဒါလောက် လည်း မကောင်းသေးပါဘူးရှင့်" "သြော် ... အဲဒါကို ပြောတာ မဟုတ်ပါဘူးကွယ်။ အမှတ်ရတာကို ကျေးဇူးတင်တာပါ" ကော်ရာ က စာကို ဂရုတစိုက်ခေါက်သည်။ အမြတ်တနိုး ပစ္စည်းပမာ စာအိတ်ထဲ ပြန်ထည့် သည်။ "ကဲ အိမ်ဘက်သွားလိုက်ကြဦးစို့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မမ ဆက်မနေတော့ဘူးလား။ ပင်လယ်ကြီးကို ထိုင်ကြည့်ရအောင်လေ။ အဲဒီလို ကြည့်နေ ရတာ မမ ကြိုက် တယ် မဟုတ်လား။ မမ ဒီနေရာကို အမြဲလာထိုင်နေတာ ကျွန်မ သိသားပဲ" "ဒေးဗစ် အလုပ်လုပ်နေတဲ့အချိန်ပဲ လာတာပါကွယ်။ ကဲ ... ညီမကို လက်ဖက်ရည် တိုက်ရ ဦးမယ်" ကော်ရာက ပြုံးပြုံး ရယ်ရယ် ပြောသည်။ စက်ဘီး

ကို

အလယ်တငွ်

ထားပြီး

တွန်းလာခဲ့ကြသည်။

ဒေါ်ရော်သီက

သူ့ယောက်မကို

သဘောကျသည်။ သူ့စကား အတိုင်းဆိုလျှင် ကော်ရာ လျှပ်ပေါ်လော်လီမှု ကင်းရှင်းခြင်း ကြောင့် ဖြစ်လေ သည်။ ဒေါ်ရော်သီ တွေးကြည့် မိသည်။ ကော်ရာ လောကွတ် မလုပ်တတ်။ တွေ့ရတာ ၀မ်းမသာဘဲ ၀မ်းသာ သည် မပြော။ ၀မ်းသာလျှင်လည်း နှစ်နှစ်ကာကာ ၀မ်းသာသည်။ မူရာမာယာ မရှိ။ သူ တစ်ပါးအတွက် ဒုက္ခခံတတ်သည်။ ချက်ဟယ်ပြုတ်ဟယ်၊ ဥယျာဉ်ကလေးကို

လျှော်ဟယ်ဖွတ်ဟယ်၊

ပျိုးထောင်ပုံ၊

ဒေးဗစ်

ချုပ်ဟယ်ဖာဟယ်နှင့်

ဘ၀င်မြင့်မြင့်

အပြောအဆို

ဒေးဗစ်ကို

ပြုစုယုယပုံ၊

အမူအရာအားလုံးကို

ဆိုးမျိုးခံပုံ၊

ဒေးဗစ်အား စာဆိုတော်ကြီး ရှိတ်စပီးယားနှင့် မီလ်တန် ပေါင်းစပ်ထားသူပမာ အလေးထားပုံ စသည်တ့သို ည် ဒေါ်ရော်သီအဖို့

ကော်ရာ၏

လျှပ်ပေါ်လော်လီ

ကင်းမှု၊

ဣနြေ္ဒသိက္ခာ

ရှိမှု၏

ပြယုဂ်များပင်

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်နေလေတော့သည်။ ရှင်းပြရန် မဖြစ်နိုင်သော အရာများသည် ကော်ရာမှာ ရှိသေးသည်။ လှိုက်လှဲ နွေးထွေး သော နူးညံ့သိမ်မွေ့မှု။

အေးချမ်းတည်ငြိမ်သော

သူ့အမူအကျင့်တွင်

အထင်းသားပေါ်

လွင်

နေသည့်

ပန်းလျလျသောက ဖိစီးမှု။ ထိုသောကစိတ် သည် ကော်ရာကို ဆွေးဆွေးမြေ့မြေ့ ဖြစ်အောင် လုပ်နေလေသည်။ ဤတစ်ခဏ မှာတော့ ကော်ရာ ရွှင်ရွှင်ပျပျ ဖြစ်နေသည်။ မီးဖိုချောင်ထဲတွင် ဒေါ်ရော်သီက စားပွဲပြင်သည်။ ကော်ရာက လက်ဖက်ရည်နှပ်၊ ပေါင်မုန့် မီးကင်၊ ထောပတ်သုတ်၊ ပြောထားစေကာမူ

ငါးသေတ္တာဗူးဖောက်နှင့် ငုံလိုက်ရုံနှင့်

အလုပ်ရှုပ်နေ

သည်။

လျှာပေါ်ပျော်ကျသွားသော

ဒေါ်ရော်သီ

ဆီကြော်မုန့်

က

နေပါစေတော့ဟု

ကလေးတွေ

ကိုလည်း

လုပ်နေလိုက်သေး၊ ယောက်မ

လုပ်သူ

စားပွဲ

တွင်

လာထိုင်ပြီး

သူနှင့်အတူ

လက်ဖက်ရည်သောက်ဖော်ရတော့မှ

ဒေါ်ရော်သီက ... "မမကဖြင့်

ဟောဒီဆီကြော်မုန့်ကလေးတွေ

လုပ်တဲ့နေရာမှာတော့

ပြောလေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ရှားပါတယ်ရှင့်ပဲ"

ဟု


ဦးဝင်းတင်

ဥတ္တရအလင်း

"ဒေါ်ရီ နှုတ်လုံမယ်ဆိုရင် လုပ်နည်းပြောပြမယ်" မစ္စစ်ပေ့၏ ဖိတ်စာကြောင့် စိတ်ရွှင်နေဆဲဖြစ်၍ ကော်ရာက မြူးမြူးကလေး ပြောသည်။ မီးဖို မီးကြောင့် သူ့မျက်နှာ မှာ ပန်းနုရောင် သန်းနေသည်။ ဖွင့်ထားသော ပြတင်းပေါက်မှ လေကြောင့် သူ့ဆံပင် ထူထူက ဖွာဖွာလွှင့်နေသည်။ သူ ထိုင်နေပုံမှာ ထူးထူးခြားခြား လှနေသည်။ "ဘာကြောင့် လုပ်တတ်သလဲဆိုတော့ နွေတစ်နွေမှာ မမ ဘာမှ မလုပ်ဘူး။ ခရီးသွား ခရီးလာတွေ စားဖို့ ဆီကြော်မုန့်တွေ ကို ရာထောင်ချီပြီး ကြော်ရောင်းခဲ့တယ်။ တကယ်ကို ရာထောင်ချီပြီး ကြော်ခဲ့ရတာကွဲ့" "ဘုရားရေ ... မမရော မစားဘူးလား" "ဟင့်အင်း ... သိပ်မစားဘူး။ တစ်နေ့လုံးကြော်နေရတော့ ညှော်တာနဲ့ စားချင်စိတ်ကို ကုန်နေတာပဲ" ကော်ရာ ပြောပုံက ရယ်စရာလို ဖြစ်နေ၍ ဒေါ်ရော်သီက တဟားဟား ရယ်သည်။ "ညနေတုန်း က ကိုစပ်စုကြီး ညေးနဲ့ တွေးခဲ့တယ်။ အဲဒီအချိန်ကသာ ဒီအကြောင်း သိထားရ ကောင်းသား။

ကာဆယ်လ်တန်

ဆီကြော်မုန့်

ရောင်းစားခဲ့ရတယ်လို့သာ

ပြောလိုက်ရရင်

လန့်ဖြန်

့ပြီး

‹‹‹http://www.shwezinu.blogspot.com/

ခေါင်းမွှေး တွေတောင် ထောင်ထ လာလိမ့်မယ် ထင်တာပဲ" ကော်ရာ မပွင့်တစ်ပွင့် ပြုံးနေသည်။ ဒေါ်ရော်သီ ဘာပြောနေမှန်းမသိ။ ဒေါ်ရော်သီက သူ့ပြက်လုံးကို ရှင်းပြ

သည်။

ညေးနှင့်

တွေ့ခဲ့ပုံတို့ကို

ဆီကြော်မုန့်

ပလုပ်ပလောင်းစားရင်း

ဇာတ်ကြောင်းပြန်သည်။

ကော်ရာလည်း အူမြူး သွားလိမ့်မည်ဟု သူ ထင်ထားသည်။ ကော်ရာက ရယ်စရာကောင်းသည်ဟု ထင်ပုံမရ။ ပြုံးပျော်နေတာကလေးတွေပင် ကော်ရာ့ မျက်နှာမှ လွင့်စင်သွားသည်။ စိတ်ကသိကအောက် ဖြစ်သွားပုံလည်း ရသည်။ အပူရုပ်က ပေါ်လာပြန်တော့သည်။ "သူက ဘာသိချင်တာတဲ့လဲ။ လမ်းလယ်ကောင်ကြီးမှာ ရပ်ခိုင်းပြီးတော့ ... သူ့မှာ ဒီလို လုပ်ခွင့် မရှိဘူး" "အို ... ဒါကတော့ ... သတင်းထောက်ဆိုတာ ဒီလိုမျိုးချည်းပါပဲ မမရယ်။ လူတွေကို ဒီလိုပဲ လုပ်ပြီး အရှက်ခွဲနေကြတာပဲဟာ။ ကျွန်မအကြောင်း ရေးခဲ့တာကို မမ ဖတ်ရသားပဲ မဟုတ်လား ..." ကော်ရာက အတွေးထဲ နစ်နေသလိုတစ်လုံးချင်း ပြောသည်။ "သိပါတယ်။ ဒါပေမဲ့ အဲဒါက တခြားပဲ။ မမကလည်း သူ့ကို မသိ။ သူကလည်း မမကို မသိပဲနဲ့" "အခုလည်း မမကို သူ မသိပါဘူး" ဒေါ်ရော်သီက အရယ်အပြက် ပြောသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"စိတ်ချပါ ... မစ်ကာဆယ်လ်တန်ရယ် ခြေရာလည်းပျောက် ရေလည်းနောက် လုပ်ခဲ့ပြီး သားပါ" "ဟုတ်လား။ တကယ်လျင်တဲ့ ကလေးမပါလား ဒေါ်ရီ" ကော်ရာက ခေါင်းကိုရမ်းရင်း ပြောသည်။ ခဏငြိမ်နေသည်။ "မမက ဒီမော်ကွန်းက လူတွေ တစ်ပြုံလုံး လွင့်ကုန်ကြပြီလို့ ထင်နေတာ" "လွင့်တော့မှာပါ။ မကြာတော့ပါဘူး။ သူကိုယ်တိုင်လည်း ကျွန်မကို ဒီအတိုင်း ပြောတာပဲ။ ကျွန်မ ကိုတောင် နှုတ်ဆက်နေသေးတာပဲ" ကော်ရာက စိတ်ချလက်ချ ဖြစ်သွားသလို မျက်နှာကြည်လင်လာသည်။ အားလုံးပေါ့။ ချီကတည်းက ယဉ်ကို ဆိုတဲ့လူတွေပဲ။ ကောင်းကွက်ဆိုလို့ တစ်ကွက်ကလေးတောင်ရှိတာ မှ မဟုတ်တာ။ “ကဲ ... ဒေးဗစ် လက်ဖက်ရည် သောက်ချိန်ရောက်ပြီ" ကော်ရာ မီးလင်းဖိုဘောင်ပေါ်မှ နာရီကို လှမ်းကြည့်သည်။ စားပွဲဘေးရှိ ခေါင်းလောင်း ကလေးကို

‹‹‹http://www.shwezinu.blogspot.com/

တီးလိုက် သည်။ ဒေါ်ရော်သီကိုလည်း ပြုံးပြလိုက်သည်။ "အချက်ပေးတာလေ။ သူ သိပ်ခေါင်းရှုပ်နေပါတယ် ညီမရယ်။ မမတို့ ပြောနေကြတာတွေ ကို သူ့ကို သွားမပြောပါနဲ့တော့နော်" ခဏအကြာ

တွင်

ဒေးဗစ်

ဆင်းလာသည်။

သူ့ကို

ဒေါ်ရော်သီ

မတွေ့ရတာ

အတော်ကြာပြီ။

အလွန်အမင်း ပိန်ချုံးနေ ၍ ဒေါ်ရော်သီပင် အံ့အားသင့်နေမိသည်။ အမူအရာကပို၍ ကင်းကင်း ကွာကွာ ဖြစ်နေ၏။ ဒေါ်ရော်သီကို တွေ့ရတော့ သူ ၀မ်းသာပုံပေါ်၏။ ဒေးဗစ်က လက်ဖက်ရည်ခွက်ကို ယူသည်။ မီးလင်းဖို

သတ္တုဘောင်

ကို

ဖြေတစ်ဖက်နင်းကာ

မတ်တတ်ရပ်ရင်း

လက်ဖက်ရည်ကို

တစ်ကျိုက်ချင်း

သောက်သည်။ "ဆီကြော်မုန့်ကလေး တစ်ခုလောက်စားပါလား ဆွေမျိုးမေ့လောက်အောင် ကောင်းတယ် ကိုကိုရေ့" ဒေးဗစ် က ပြုံးလိုက်သည်။ "ဂရိတွေဟာ ကောင်းတာမွန်တာဆိုရင် သူတ့ကိုယ်တိုင် ဝေစု မရဘဲ ထရိုဂျင်တွေကို ဘယ်တော့ မှ မပေးဘူး။ အဲဒီကလေးမကို တစ်ခုလောက် ပေးလိုက် ပါဦးကွယ်" "ကျွန်မ တော်ပါပြီ။ တကယ်ပြောတာပါ။ ကိုကို စားစေချင်လို့ ပြောတ" ဒေါ်ရော်သီက ငြင်းသည်။ "ဟုတ်သားပဲ။

တစ်ခုလောက်တော့

စားလိုက်ပါ

သိပ်နည်းတာပဲ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဒေးဗစ်ရယ်။

နေ့လယ်စာ

စားတာလည်း


ဦးဝင်းတင်

ဥတ္တရအလင်း

ကော်ရာက ဆီကြော်မုန့်တစ်ခုကို ပန်းကန်ထဲ ထည့်ပြီး လှမ်းပေးသည်။ "လုပ်ပါ ... ကိုကိုရဲ့" ဒေါ်ရော်သီက ဇွတ်ကျွေးသည်။ "ဆီကြော်မုန့် ဇာတ်မြူးကလေးကိုး။ မစားဘူးလား။ စားမလား။ ဤကား ပြဿနာလို့ ဆိုရမလို ဖြစ်နေပြီ။ ဘာပဲဖြစ်ဖြစ် မစားချင်ပါဘူး။ ကျေးဇူးပါပဲကွယ်" ဒေးဗစ်က

ဆီကြော်မုန့်ပန်းကန်ကို

ယဉ်ကျေးမှုရာဖြင့်

လှမ်းယူလိုက်၏။

ပြီးမှ

သူ့ကျောဘက်ရှိ

မီးလင်းဖိုဘောင်ပေါ် တွင် တင်ထားလိုက်၏။ လက်ဖက်ရည်ကို တမြုံ့မြုံ့သောက်ရင်း ဂီတပွဲ အစီအစဉ် ကို ဆွေးနွေးနေ၏။ ဂီတဆရာကြီး မာလာနှင့် ဟင်ဒါမစ်တို့၏ လက်ရာများ မပါဝင်၍ ဝေဖန်ပြစ်တင်နေသည်။ ဒေါ်ရော်သီ က သူ့အစ်ကိုကို မကျေမချမ်း ကြည့်နေသည်။ သူ အမြဲ ဒီလိုချည်းပဲဟု စိတ်ထဲက ငြူစူ နေမိ၏။ ဘာဖြစ်လို့ များ ဒေးဗစ် ဒီလောက် သွေးနားထင် ရောက်နေရပါလိမ့်။ ဘ၀င်မြင့်လိုက်သည် မှာ လှိမ့်ကန်ပစ်ချင် စရာပင် ကောင်းနေတော့၏။ အခန်းသို့ ပြန်သွားချိန်အထိ ဆီကြော်မုန့်ကို လက်ဖျားနှင့်ပင် တို့မသွား။ ကော်ရာက တစ်ခွန်းမှ မပြော။ ဒေးဗစ် ပန်းကန်ထဲမှ မုန့်ကို ကျန်နေ သေးသော မုန့်များနှင့် ရောထုပ်သည်။ ကြောင်အိမ်ထဲတွင် ထည့်ထားလိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာသည် တစ်ခုခုကို တနု့နုံ့ တွေးနေပြန်သည်။ အိမ်မှာဆိုလျှင် လုပ်ဖို့ နေနေသာသာ အိပ်မက်ပင် မမက်သည့် ပန်းကန်ဆေးအလုပ်ကို ဒေါ်ရော်သီ ၀ိုင်းကူလုပ်ချိန်တွင်မှ ကော်ရာ အတွေး ပြယ်သွားပုံပေါ်သည်။ "ကဲညီမ ရယ် မေမေ ဖို့ ပန်းနည်းနည်းခူးကြဦးစို့လား" ကော်ရာက ရွှင်ရွှင်လန်းလန်း ပြောသည်။ ပန်းခြံထဲသို့ နှစ်ယောက်သား ဆင်းသွားကြသည်။ ကော်ရာက ပန်းတွေ တစ်ပွေ့တစ်ပိုက် ကြီး ခူးသည်။ စက္ကူဖြင့် ထုပ် သည်။ စက်ဘီးနောက်ခုံတွင် ကြိုးဖြင့် ချည်ပေးသည်။ "သိပ်ပျော်တာ ပဲ ကော်ရာရေ ... ကျေးဇူးတင်လိုက်တာ။ ဂီတပွဲကျမှ တွေ့ကြသေးတာ ပေါ့နော်" ဒေါ်ရော်သီ က ဘာအကြောင်းကြောင့်ဖြစ်ဖြစ် အလွမ်းသယ်တတ်သူ မဟုတ်။ ထို့ကြောင့် သာမန်ကာ လျှံကာ နှုတ်ဆက်ရုံ နှုတ်ဆက်သည်။ ထု့ေိ နာက် အိမ်သို့ စက်ဘီးနင်းပြီး ပြန်လာခဲ့လေ၏။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၃)

တနင်္ဂနွေနေ့

ညနေ

၃နာရီ

ထိုးရန်

၅မိနစ်အလိုတွင်

မော်ကွန်းသတင်းစာ

စီမံခန့်ခွဲရေးမှူး

ဟာရိုးစမစ်နှင့် အယ်ဒီတာချုပ် လီယိုနတ်ညေး တို့ ခြင်္သေ့နီ ဟိုတယ်မှအတူ ထွက်လာခဲ့ကြ ၏။ စမစ်က ဟိုတယ်လှေကားမှ ဆင်းလာရင်း ... "ဘာအကြံနဲ့များ ဒီလိုသွားဖို့ စိတ်ကူးရသလဲဆိုတာ စဉ်းစားလို့ကို မရဘူးဗျာ။ ကျွန်တော် တော့ အခုထိ မသွားသင့်ဘူးလို့ ထင်တာပဲ" ဟု ပူပူပန်ပန် ပြောသည်။ "ဘာဖြစ်ရပြန်တာလဲဗျာ။ အ၀တ်အစားတွေ လဲပြီးမှ မသွားလို့ ဖြစ်မလားဗျ"

‹‹‹http://www.shwezinu.blogspot.com/

ညေးမှာ

ခါတိုင်းထက်ပို၍

ခေါင်းရှုပ်စရာတွေချည်း

ကြုံနေခဲ့ရ၏။

စိတ်မကြည်မသာ

ဖြစ်နေ၏။

သူကိုယ်တိုင်ကလည်း

ဇဝေဇ၀ါ

လွန်ခဲ့သည့်

လေးရက်အတွင်း

ဖြစ်နေသည်။

စမစ်

ကလည်း

သွားခါနီးလာခါနီး ဆုတ်ကန် ဆုတ်ကန် လုပ်နေသည်။ သိ့ေု သာ် သူတို့ ဂီတပွဲသို့ ထွက်လာဖြစ်ကြသည်။ သူတ့မှိုာ

ကိုယ်ပိုင်ကား

မရှိတော့။

ထို့ကြောင့်

ခြေကျင်လျှောက်သွားခဲ့ကြ၏။

ပန်းခြံ

လမ်းထောင့်အရောက်တွင် မြို့တော်ခန်းမ သို့ ဦးတည်ရွေ့လျားနေသော လူတန်းရှည်ကြီး နှင့် တွေ့သည်။ လူအုပ်ထဲ ရောလိုက်သွားသည်။ ခဏအကြာတွင် သူတြို့ မို့တော် ခန်းမထဲသို့ ရောက်သွားကြတော့၏။ ဂီတ၀ိုင်းတော်သား များက အသံပင် ညှိနေကြလေပြီ။ ခန်းမကြီးတစ်ခုလုံး လူပြည့်နေလေ ပြီ။ သီးသန့်နေရာများတွင်

မြို့ပေါ်မှ

ထင်ရှားသူများကို

မောင်နှံယှဉ်တွဲကာ

ပွဲသွား

ကြော့ကြော့

ဝတ်ကောင်းစားလှဖြင့် တွေ့ရ၏။ အချို့က ဂီတပွဲရငွေကို အကျိုးရှိသော ကိစ္စအတွက် သုံးမည်ဖြစ်၍ ရောက်နေခြင်း ဖြစ်၏။ အချို့က မတတ်သာ၍ ၀ယ်ထားရသော လက်မှတ်ဖိုးကို နားငြီးခံပြီး ကျေအောင်လုပ်ရန် ရောက်နေခြင်း ဖြစ်၏။ အချို့ကမူ

ဂီတပွဲများမှာ

အများစုမှာမူ

ဟက်ဒယ်လ်စတန်မြို့၏

ဟင်နရီပေ့၏

တစ်နှစ်ပြီး

တစ်နှစ်

မြို့ရေးရွာရေး ကိစ္စဖြစ်နေ၍ ဇွဲကောင်းကောင်း

ရောက်နေခြင်း ဖြစ်၏။

ကျင်းပပေးမှုကြောင့်

သောတရုံ

အဆင့်အတန်း မြင့်မားလာပြီး ပြောင်မြောက်သော ဂီတကို အရသာခံရန် ရောက်လာကြခြင်း ဖြစ်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အာဂစဖြီးတွေ

ပဲဗျာ။

သီချင်းကြီး

သီချင်းခန့်တွေနဲ့

မွေးလာတာ

ကျနေတာပဲ။

ဟန်လုပ်နေ

လိုက်ကြတာ။ ရှိုပန် ဆိုတာ ဂျိုနဲ့လားမေးမယ့် လူတွေဗျ" ဟု ပြောသည်။ ညေးက ရုတ်တရက် စကားဖြတ်လိုက်၏။ ပေ့ မိသားစု ၀င်လာသည်။ ဒေးဗစ်နှင့် ကော်ရာ နောက်က ကပ်ပါ လာသည်။ ရှေ့ဆုံးတန်းအလယ်တွင် သူတို့ နေရာယူကြသည်။ စမစ် နေရာ ရွေးကောင်းသည်ဟု ညေးက ချီးမွမ်း လိုက်မိသေး၏။ ဒေါ်ရော်သီနှင့် စကားစမြည် ပြောပြီးသည့်နောက် လွန်ခဲ့သည့် နှစ်ရက်လုံးလုံး မြို့ထဲတွင် ညေး သတင်း

နံ့ခံနေခဲ့သည်။

သိ့ေု သာ်

သူ့စကားအတိုင်းဆိုလျှင်

ဘဲဥ

အစ

ရှာမရသလို

ဖြစ်နေခဲ့သည်။

ဂီတပွဲသို့လာရသည်မှာ အူကြောင်ကြောင် နိုင်လှ၏။ သူတို့ အရေးနိမ့်နေ မှန်း လူတိုင်းသိသည်။ စမစ်ကလည်း အလားတူ အတွေးပေါက်နေ ဟန် တူ၏။ အစီအစဉ် စာရွက်ကိုသာ မဲကြည့်နေသည်။ နေမထိထိုင်မသာ ဖြစ်နေသည်။

သို့သော်

ကော်ရာကို

လှမ်းကြည့်လိုက်တိုင်း

သူတ့အို လာမှန်သည်ဟု

ညေး

သိနေ၏။

တစ်ခုခုတော့ တစ်ခုခု ပင်။ ကော်ရာ့မှာ တစ်ခုခုတော့ ရှိသည်။ ထိုအတွေးက သူတ့ကို မရိုးမရွ ဖြစ်နေစေသည်။ ပထမတော့ ကော်ရာက ပြုံးပြုံးရွှင်ရွှင်။ ရှိုးတိုးရှန်းတန်း။ ဒေးဗစ်နှင့် နှစ်ကိုယ်ကြား ပြော နေသည်။ ပွဲကိုလည်း တမျှော်မျှော် လုပ်နေသည်။ အနီရင့်ရောင် ၀တ်စကိုံ ၀တ်ထားသည်။ နှုတ်ထမ်းနီတော့ မဆိုး။

‹‹‹http://www.shwezinu.blogspot.com/

ဖြူယော်ယော် သူ့ မျက်နှာ၊ နက်မှောင်မှောင် သူ့ဆံပင်နှင့် သူ့မျက်လုံးတို့က သူ့ကို တစ်မူထူးစေသည်။ မက်စရာကောင်းစေသည်။ တစ်စုံတစ်ယောက်

ကို

လှမ်းစကားပြောရန်

ကော်ရာ

နောက်သို့

အလှည့်လိုက်တွင်

ညေးကို

မြင်သွားသည်။ ချက်ချင်း ပင် မျက်နှာပြောင်းသွားသည်။ ကိုယ်ဟန် တောင့်သွားသည်။ အပြုံးပြယ်သွားသည်။ မျက်စိချက်ချင်း လွှဲလိုက်သည်။ ညေးက

စိမ်းစိမ်းကြည့်နေ၍

မျက်နှာလွှဲသွားခြင်း

ဖြစ်သည်။

သို့သော်

သူ့ကို

မြင်လိုက်၍

ကော်ရာတစ်ယောက် ကယောက်ကယက် ဖြစ်သွားမှန်းတော့ ညေး သိလိုက်၏။ ဂီတပွဲ စသည်။ ခြေဆင်းတီးလုံးအပြီးတွင် အမျိုးသမီးအဆိုတော်တစ်ဦးက ရှူးမန်း၏ တေးတစ်ပုဒ်ကို သီဆိုသည်။ အမျိုးသား ဂီတပညာရှင်တစ်ဦးက တစ်ကိုယ်တော် တယော လက်စွမ်း ပြသည်။ ကရိစလာ၏ ရှုန်းရို့စ်မာရင်း တီးကွက်မှန်း ညေး မှတ်မိသည်။ သို့သော် နားမထောင်။ တွေးနေ၏။ ကော်ရာကို အကဲခတ်နေ ၏။ ပုလိပ်သတင်းပေးမလေး ဒေါ်ရော်သီ သူ့ကို သက်သက် အကြောင်ရိုက်သွားမှန်း သိလာသည်။ ညေး ကြည့်နေမှန်း ကော်ရာ အလိုလို သိနေသည်။ ကြာလေ ဂဏှာမငြိမ်လေ ဖြစ်လာသည်။ ညေး မအံ့သြ။ သူ့ကို ပေ့နှင့် အပြိုင်ကျဲနေသည့်သတင်း စာကမှန်း ကော်ရာ သိလိမ့်မည်။ ထို့ကြောင့် သူ့ကို ကော်ရာ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ရှုစိမ့်နိုင် လိမ့်မည် မဟုတ်။ သို့သော် ဒါလောက်သာ မဟုတ်သေး။ တစ်ခုခုတော့ ရှိရဦး မည်။ ကော်ရာ နောက်လှည့်ကြည့်မည် တကဲကဲလုပ်နေသည်။ သိ့ေု သာ် စိတ်ထိန်းထားပုံရ သည်ဟု သူ ထင် မိသည်။ ဂီတတွင် ကော်ရာ အာရုံမ၀င်စားမှန်း ဒေးဗစ် သတိထားမိစပြုလာသည်။ ဒေးဗစ်က ကော်ရာဘက် သို့ ကိုယ်ကို ယိမ်း သည်။ "ဘာဖြစ်နေတာလဲ အချစ်" ဟု လေသံဖြင့် မေးသည်။ ကော်ရာ ဘယ်လို ပြန်ဖြေလိုက်မှန်း ညေး မသိ။ ဒေးဗစ်ကို စိတ်အေးအောင် ပြောနေမှန်း တော့သည်။ ဒေးဗစ်က သူ့ကို တစ်ချက်နှစ်ချက် ကြည့်လိုက်သည်။ ဇာတ်ခုံဘက်သို့ အာရုံ ပြန်ရောက်သွား၏။ တီးဝိုင်းအဖွဲက ချိုက် ကော့စက် ဆဋ္ဌမမြောက် ဆင်ဖိုနီ တီးကွက်ကို တီးရန် အသံစမ်းနေသည်။ ကော်ရာသည်

အတန်ကြာ

ဘာသာလ၀ါနေလိုက်သည်။

ပြီးမှ

ဘေးလူတွေ

မသိအောင်

ခေါင်းကိုတဖြည်းဖြည်းချင်းလှည့်ကာ ညေးဘက်သို့ လှမ်းကြည့်လိုက်၏။ သူတို့ မျက်လုံး ချင်း ဆုံသည်။ ကော်ရာ လန့်သွားသည်။ ညေး သိလိုက်သည်။ လန့်တာမှ လိပ်ပြာစင် မတတ်။ တစ်မျက်နှာ လုံး သွေးတစ်စက် မရှိအောင် ဖြူသွားသည်။ သိသာလောက်အောင် ဆတ်ခနဲ တုန်သွားသည်။ ဒေးဗစ် သတိထားမိလိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

နောက်ဘက်သို့ ချာခနဲ လှည့်ကြည့်လိုက်သည်။ ညေးကို မြင်သည်။ ဒေါသဖြင့် ကြည့်သည်။ ကော်ရာဘက်သို့ ကိုယ်ယိမ်းကာ လက်ကို ဆွဲကိုင်လိုက်၏။ "ဘာဖြစ်တာလဲ" ဒေးဗစ် မေးသံကို ညေး ကြားရ၏။ "မဖြစ်ပါဘူး။ ဘာမှမဖြစ်ပါဘူး" "ဘယ်ကောင် နှောင့်ယှက်နေလို့လ"ဲ "မဟုတ်ပါဘူး။ ... အခန်းက လှောင်လိုက်တာ မောင်ရယ်။ မူးနောက်နောက်တောင် ဖြစ်လာတာပဲ" "အပြင် ခဏထွက်လိုက်ပါလားဟင်" ကော်ရာ အပြင်ထွက်ချင်သည်။ မပြောဝံ့။ ခေါင်းကို ငိုက်စိုက်ချထားသည်။ လက်ကိုင်အိတ်ထဲမှ လက်ကိုင်ပ၀ါကို ထုတ်ပြီး နှာခေါင်း တွင် တေ့ထားလိုက်သည်။ အော်ဒီကလုံးရေမွေးနံ့က ညေးဆီ အထိ ရောက်လာသည်။ သက်သာပုံမပေါ်။ "ရေကလေးတစ်ခွက်လောက်ရရင် ကောင်းသား" ဟု ကော်ရာက သဲ့သဲ့ ပြောသည်။ "ရတာပေါ့ကွယ်"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ် ပြာပြာသလဲ ဖြစ်နေ၏။ ကုန်းကုန်းကွကွ ထရပ်သေး၏။ လူတွေ ရှေ့မှ ဖြတ်သွားရမလို ဖြစ်နေ၍ ခုံတန်းအစွန်းဆုံးရှိ ဒေါ်ရော်သီကို လှမ်းပြောသည်။ "ကော်ရာ ဖို့ ရေတစ်ခွက် မြန်မြန်သွားယူခဲ့စမ်း" ဆိုသော ဒေးဗစ်အသံကို ညေး ပီပီသသကြီး ကြားလိုက်ရလေသည်။ ကော်ရာ ဆိုသော နာမည်က ညေးကို ကျည်ဆန်မှန်သလို ဒိုင်းခနဲ လာထိသည်။ မြတ်စွာဘုရား။ ဟုတ်ပြီပေါ့။ ထိုနာမည် သည် တစ်ညနေခင်းလုံး သူ့ခေါင်းထဲတွင် ပေါ်လုတဲကာ ဖြစ်နေ၏။ ယခုမှ ပင် ပေါ်တော့ ၏။ ကော်ရာဘိတ် ... ဘလက်ပူးလ် ... လွန်ခဲ့သည့် ၃နှစ် ... နွေရာသီအတွင်း ...။ ကော်ရာ ရေသောက်ချိန်အထိ မစောင့်တော့။ ထိုင်ခုံအောက်မှ ဦးထုပ်ကို ကောက်ကိုင်လိုက် သည်။ "သွားကြစို့" စမစ် ကို ပြောလိုက်၏။ "ဘာဖြစ်တယ်။ တော်ပြီလား ..." စမစ်က မျက်စိမှေးပြီး မှိန်းနေရာမှ "တီးမှုတ်နေတုန်း ထွက်လို့ ဘယ်ဖြစ်ပါ့မလဲဗျ" ဟု ပြောသည်။

‹‹‹http://www.shwezinu.blogspot.com/

"ကိစ္စမရှိပါဘူး။ သွားကြစို့" "နေပါဦးလေ" "အရေးကြီးတယ်ဆိုတာ ခင်ဗျား နားမလည်ဘူးလား" ညေး မတ်တတ်ရပ်လိုက်သည်။ လူကြားထဲမှ ထွက်လာခဲ့သည်။ စမစ်က နောက်မှ ကပ်ပါလာသည်။ သူတို့ ထွက်သွားကြမှန်း ကော်ရာ သိလိုက်သည်။ ဟင်နရီပေ့ကပင် မကျေမချမ်း ငဲ့ကြည့်လိုက်သေး၏။ ညေးက အရေးမစိုက်။ ယခုလိုအချိန်တွင် ဘာကိုမှ အရေးစိုက်မနေနိုင်။

ဟိုတယ်သ့အို ပြန် တစ်လမ်းလုံး ညေး အတွေးကျွံနေသည်။ ရေငုံနှုတ်ပိတ် လုပ်လာခဲ့သည်။ စမစ်က တတွတ်တွတ်မေးနေသည်။

ညေး

တစ်ခွန်း

တစ်ပါဒမှ

ပြန်မဖြေ။

ဟိုတယ်ရောက်တော့

ညေးက

အရက်ခန်းထဲသို့ အလျင်ဝင်သည်။ အရက်မှာပြီးမှ စကားစပြောသည်။ အစတွင်တော့ စမစ် က အရိပ်ပြသော်လည်း အကောင်မထင်သူ၊ ချက်ဆို နားခွက်က မီးတောက်သူ မဟုတ်၍ တအံ့တသြကြီး ဖြစ်နေ ၏။ ယုံရခက်ကြီး ဖြစ်နေ၏။ ညေး၏ ဟန်အမူအရာကို ကြည့်ပြီး အရေးကြီး မှန်းတော့သိသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော်တော့ မယုံနိုင်ဘူးဗျာ" ခဏကြာမှ စမစ်က အလန့်တကြား ပြောသည်။ "မယုံဘူး။ ဟုတ်လား" ညေးက ငြင်းမနေချင်တော့။ သူ့ဘက်က ကျိန်းသေနေသည်။ ငြင်းနေလျှင် လေကုန်သည်။ စားပွဲ ထိုးက ဘီယာပုလင်း ယူလာသည်။ ညေး တစ်ဝကြီး သောက်လိုက်သည်။ မကြုံစဖူး ဘီယာ အရသာထူးနေ၏။ "သေချာရဲ့လားဗျာ" စမစ်က မေးပြန်သည်။ "မြေကြီးလက်ခတ်မလွဲ သေချာတယ်။ ကျွန်တော်က တစ်ခါမြင်ဖူးရင် မေ့တတ်တဲ့ လူစား မဟုတ်ဘူးဗျ" "ဒါဖြင့် သူ့ကိုတော့ ဘာဖြစ်လို့ မြင်မြင်ချင်း မမှတ်မိရတာလဲ" "ကျွန်တော် မြင်ခဲ့တာက ဘလက်ပူးလ်မှာ မိနစ်ပိုင်းလောက်ပဲ ကြာတာကိုးဗျ။ ၃နှစ်လည်း ကြာသွားပြီ။ အဲဒီတုန်း ကတော့ အာရုံလည်း ထားလှတာမှ မဟုတ်တာ" "မိနစ်ပိုင်းလောက် မြင်ဖူးတာဆိုတော့ လူမှားနိုင်တာပေါ့ဗျ"

‹‹‹http://www.shwezinu.blogspot.com/

"ဒီမှာ ကျွန်တော် သတင်းထောက်ဗျ။ အမှတ်သညာ ရှိတာဟာ ကျွန်တော့်အလုပ်။ အဲဒီတုန်းက ကျွန်တော် ပဲရစ် က ပြန်လာခါစ ရှိသေးတယ်။ ဆယ်မာဗီးလ်က ၀ိတ်ခ်အမှုကို သတင်းဆောင်းပါး ရေးခိုင်းတာနဲ့ အဲဒီကို သွားရတာ။ သြဂုတ်လကြီးမှာ ဘလက်ပူးလ်ကို ဘယ်သွားချင်ပါ့မလဲ။ ဒါပေမဲ့ အနားရတာပေါ့လေဆိုပြီး သွားတာ။

မဆိုးပါဘူး။

ဟိုင်းစ်ဆိုတဲ့

ငနဲနဲ့

လျှောက်လို့ချည်း

လည်ပစ်တာ

ပဲ။

သူက

မစ်ဂ်ဟီးလ်

သတင်းစာအုပ်စုက သတင်းထောက်ဗျ။ တစ်နေ့ခင်း သူ့ကို သွားခေါ်ရင်း ကော်ရာကို လှစ်ခနဲ မြင်လိုက်ရတာ။ ဒါနဲ့ မှတ်မိနေတာပဲ" "သူ့ကြည့်ရတာကတော့ ဖြစ်နိုင်မယ့်ရုပ် လုံးလုံးမပေါက်ပါဘူးဗျာ" စမစ်က ဘ၀င်မကျနိုင်အောင်ဖြစ်၍ ညေး စိတ်ဆိုးမာန်ဆိုး ဖြစ်လာတော့သည်။ "ပွဲထဲမှာ သူ ကျီးကန်းတောင်းမှောက် ဖြစ်နေတာကို ခင်ဗျား မမြင်ဘူးလားဗျ။ လိပ်ပြာမလုံလို့ ဒီလို ဖြစ်နေတာပေါ့ ဗျ" "မမြင်ပေါင်ဗျာ" "ခင်ဗျား ကန်းနေလို့ ဖြစ်မှာပေါ့" "ဒီလူတွေက အကျင့်သိက္ခာနဲ့ နေတဲ့ လူတွေပါဗျာ" "လူတိုင်း မှာ ဖုံးဖိထားတဲ့ ကိစ္စကလေး တစ်ခုတလေတော့ ရှိတတ်တာမျိုးပဲ စမစ်ရဲ့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ပေ့ မိသားစုကတော့ သိပြီးရောပေါ့" "သိမှာ မဟုတ်ဘူး။ သေချာတယ်။ အဲဒါ ကျွန်တော်တို့အတွက် အကွက်ပဲ" ညေးအကြံ ကို စမစ် ရိပ်စားမိလာသည်။ အူးယားဖားယား ကန့်ကွက်သည်။ "မဖြစ်ဘူး ... မဖြစ်ဘူး။ ကျွန်တော်တော့ ဒီလို သဘောမထားနိုင်ဘူး။ ခင်ဗျားပြောတာ မှန်နေ တောင် ကျွန်တော် တို့ မလုပ်နိုင်ဘူး" စမစ်ကား မဆက်နိုင်။ အရေးဆိုလျှင် ချွေးပြန်တတ်သည့် သူ့အကျင့်အတိုင်း တစ်ကိုယ်လုံး ချွေးတွေ ရွှဲလာသည်။ ခဏငြိမ်နေ သည်။ ညေးက သူ့ကို ပြောင်ချော်ချော် ကြည့်နေသည်။ စမစ်က ဆုတ်ဆိုင်းဆိုင်း ပြောသည်။ "မှားရင်တော့ ငါးပါးမှောက်တော့မှာပဲ။ အသရေပျက်မှုနဲ့တော့ တန်းနေတာပဲ"

‹‹‹http://www.shwezinu.blogspot.com/

"အသာနေစမ်းပါ စမစ်ရယ်။ ဘီယာလေး ဘာလေး သောက်လိုက်ပါဦး။ ခုတစ်လော ခေါင်းရှုပ် နေတာ ကျွန်တော် သိပါတယ်။ ဖြေဆေးလေး ဘာလေး လုပ်လိုက်ပါလားဗျာ" "မဖြစ်ဘူး ညေးရေ ... လက်ဖျားနဲ့တောင် မတို့ဝံ့ဘူး။ ခေါင်းရှင်းရှင်း ရှိနေမှ ဖြစ်မှာ။ ခင်ဗျား ပြောတာမှန်ရင် ကျွန်တော် တို့ အခြေအနေတော့ တစ်မျိုးပြောင်းလာတော့မှာပဲဗျို့" "ဘုရားရေ ..." ညေးက ၀ါးခနဲ အော်ရယ်လိုက်သည်။ ရယ်သံကြောင့် ဘေးလူများကပင် ၀ိုင်းကြည့်ကြသေးသည်။ "ကျွန်တော်တို့က စုန်းစုန်းမြှုပ်နေတာဗျ" "မဟုတ်သေးဘူး။ ဒီလောက်လည်း မလောနဲ့ဦးလေ။ ကျွန်တော်တော့ တရှူးထိုး မလုပ်ချင်ဘူး ဗျာ။ စလီဒန် သွားပြီး ကောင်မလေးကို တွေ့လိုက်ပါဦးလား။ ၀န်ခံတော့မှ ကျွန်တော်တို့ ... ဘယ်လို ... ဘယ်လို ... ကျွန်တော် တို့ ကိုယ့်အနေအာထား ကိုယ်သိမှာပေါ့" "ပူမနေစမ်းပါနဲ့ဗျာ။ ဆက်သွယ်မယ်။

ကျွန်တော်

ဒီအကြောင်း

ဘာမှ

သွားတွေ့လိုက်မှာပါ။ မပြောဘူး။

သူတို့

ကျွန်တော် သိဖို့လည်း

ဦးဆုံးလုပ်မှာက မလိုဘူး။

ရုံးချုပ်နဲ့

နောက်ထပ်အချိန်

သုံးပတ်သာပေးပါ။ ဥတ္တရအလင်း ကို ကြာကလပ်န့တဲ င်ပြီး ဆက်သပါမယ် ခင်ဗျားလို့ ကတိသစ္စာ ပြုရုံ ပြုလိုက်မှာပါ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးက ရွှင်ရွှင်ကလေး ပြောသည်။ ဘီယာကို အကုန်မော့ပြီး စားပွဲမှ ထသည်။ ထု့ေိ နာက် တိုက်ခွဲ သို့

‹‹‹http://www.shwezinu.blogspot.com/

ထွက်လာခဲ့လေ သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၄)

ထိုနေ့ညမှာပင် ဒေးဗစ်နှင့် ကော်ရာတို့ အိမ်ပြန်လာခဲ့ကြသည်။ ဒေးဗစ်သည် ဂီတပွဲတွင် ကော်ရာ အမူအရာပျက်ပုံ ကို တနံ့နုံ့ တွေးနေမိသည်။ ကော်ရာမူးဝေေ၀ ဖြစ်ပုံက ဆန်းနေသည်။ ယခင်က ဖြစ်လေ့ဖြစ်ထ မရှိခဲ့စဖူး။ ရိုးမယ်ဖွဲ့တာဟု ဆိုရမလို ဖြစ်နေသည်။ သူတ့ေို နာက် ထည့်တည့်တွင် မော်ကွန်း သတင်းစာ အယ်ဒီတာချုပ် ရောက်နေခြင်းကြောင့် ကော်ရာ ရတက်မအေး ဖြစ်ရသည်ဟု ဒေးဗစ် ထင်နေသည်။ ကော်ရာ ထူးထူးခြားခြား လေးလံထိုင်းမှိုင်းနေသည်။ ဒေးဗစ်က ကော်ရာညစာ ချက်နေစဉ် ညနေက ကိစ္စကို စကားမစပ်။ ကော်ရာကိုယ်တိုင်က ဖွင့်ပြောလာစေချင်သည်။ ကော်ရာ ကတော့ တုံဏှိဘောသာ လုပ်နေသည်။ သူ့စိတ်ကူးတွေ တခြားရောက်နေသည်။ ဒေးဗစ် သံသယကို ဟုတ်နိုးနိုး ထင်အောင် ဆွပေးသလို

‹‹‹http://www.shwezinu.blogspot.com/

ဖြစ်နေသည်။ ခဏအကြာ တွင် ကော်ရာက ခေါင်းကိုက်သည်ဟု ဆိုကာ အပေါ်ထပ်တက်သွားသည်။ ဒေးဗစ် တစ်နာရီခန့်

အလုပ်

လုပ်နေသေးသည်။

အလုပ်လုပ်ရန်ထက်

ကော်ရာ

ခေါင်းကိုက်

သက်သာမသက်သာစောင့်ကြည့်ရန်သာ ထိုင်နေခြင်းဖြစ် သည်။ သူအိပ်ရာထဲ ၀င်ချိန်အထိ ကော်ရာ အိပ်မပျော်သေး။ တလူးလူး တလှိမ့်လှိမ့် ဖြစ်နေသေး သည်။ ကော်ရာက သူ့ကို ဖက်သည်။''မောင် ကျွန်မကို ချစ်တယ်နော်'' ဟုတီးတိုးေ​မေးသည်။ ညနေ က ကိစ္စကြောင့် ဒေးဗစ်အဖို့ ကြားရချက်မသက်သာ။ ''ချစ်တာပေါ့ကွယ်'' ကော်ရာ က တိုးဖက်လိုက်၏။ ''ချစ်တယ်သာ ပြောနေတာပဲ'' ကော်ရာ အချစ်စိတ်မွန်နေ၏။ သူ့ရင်အုံက ငါးဖယ်ပျံသလို တဖျတ်ဖျတ်ခုန်နေ ၏။ ဒေးဗစ်ကလည်း မီးကုန်ယမ်းကုန် ချစ်ပစ်လိုက်ချင် ပါ၏။ သိ့ေု သာ် စိတ်မလွယ်ချင်။ ကော်ရာကို စိတ်ရှည်လက်ရှည် ရှင်းပြသည်။ ''မောင်

အမြဲရှင်းပြနေတာ

ကော်ရာလည်း

သိသားနဲ့ကွယ်။

ခိုင်အောင်လုပ်ရမယ်။ အစွမ်းကုန် မချစ်လေ ပိုချစ်လေပေါ့ ကော်ရာရယ်''

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အဖက်ဖက်မှာ

မောင်စိတ်ကြံ့


ဦးဝင်းတင်

ဥတ္တရအလင်း

''အဲဒါက

မှန်တာမှ

မဟုတ်တာ

မောင်ရယ်။

ကျွန်မတို့နှစ်ယောက်စလုံး

အတွက်လည်း

မကောင်းပါဘူးကွယ်'' ''မဟုတ်ဘူး

ကော်ရာ…မဟုတ်ဘူး။

မောင်တို့ရဲ့အချစ်ကို

သန့်စင်စေတာပါကွယ်။

ခိုင်မြဲစေတာပါကွယ်'' ''မောင် ကျွန်မ ကို တကယ်မချစ်ပါဘူး။ ချစ်လည်း မချစ်တော့ဘူး မဟုတ်လားဟင်'' ကော်ရာ အကြာကြီး ငြိမ်နေသည်။ တဖြည်းဖြည်းနှင့် ဒေးဗစ်အနီးမှ ခွာသွားသည်။ ပြီးမှ သံမှန်ဖြင့် ပြောသည်။ ''စာအုပ်ရေး တာ လက်မတွေ့ဘူးဆိုတဲ့ မောင့်စကားကို ကျွန်မ စဉ်းစားနေတယ်။ ခရီးထွက်ဖို့ မောင့်မှာ စိတ်ကူး များ ရှိမလားလို့လည်း တွေးမိတယ်။ အပြောင်းအလဲကလေး ရရင် ကောင်းမှာပဲနော်'' ဒေးဗစ် အံ့အားကြီး သင့်ကာ ငြိမ်နေ၏။ ''စလီဒန်ကို မင်းသိပ်သဘောကျနေပြီလို့ မောင်ထင်နေတာ''

‹‹‹http://www.shwezinu.blogspot.com/

''သြော်… သဘောတော့ သိပ်ကျတာပေါ့ မောင်ရယ်။ ဒါပေမဲ့ ခဏတဖြုတ် အဝေး သွားရရင် တော့ လည်း ကောင်းတာပေါ့'' ''ဘယ်များ သွားချင်တာပါလိမ့်ဗျာ'' ''ဘယ်ဖြစ်ဖြစ်ပေါ့။

ကျွန်မကို

ပြင်သစ်ပြည်ခေါ်မယ်လို့

မောင်ပဲ

အမြဲပြောနေတာမဟုတ်

လား။

ပြင်သစ်ရွာ ကလေးတစ်ရွာ သွားပြီး မောင် နဲ့ အေးအေးလူလူနေရရင် ကောင်းမှာပဲကွယ်'' ဒေးဗစ်စိတ် တွင် တထင့်ထင့် ဖြစ်သည်ထက် ဖြစ်လာ၏။ သူ့စိတ်ထားကို အတိုင်းသားပေါ် အောင်ေ၀၀ုစ် ကင်းကင်း ရိုးရိုးရှင်းရှင်း ပြောတတ်သည့် ကော်ရာ့အသံက ဒေးဗစ်ကို ရင်နင့် စေ သည်။ ညေးနှင့် ဆုံစည်းလိုက်ခြင်းသည် ကော်ရာလွတ်ရာကျွတ်ရာ လွှင့်ချင်စိတ် ပေါ်လောက်အောင် ထိ ရေးကြီး ခွင်ကျယ် ဖြစ်နေမှန်း ဒေးဗစ် သိလာသည်။ ဒေးဗစ်ဘယ်လို

အဖြေပေးရမည်မသိ။

အတင်မကျ

လုပ်ထားရမည်ဆိုသည်ကိုသာ

သိသည်။

ကော်ရာကလည်း နားပူ နားဆာ မလုပ်တော့။ ခဏအကြာတွင် ကော်ရာ အိပ်ပျော်သွားသည်။ ဒေးဗစ် သည် ကော်ရာ့အသက်ရှူသံကို မှောင်ထဲတွင် နားစိုက်နေမိ၏။ ကော်ရာ သောကဗျာပါဒ၏ အရင်းခံ

အကြောင်းတရားကို

ရှာဖွေနေမိ၏။

ထိုအကြောင်းတရားသည်

အဆိုးဝါးဆုံးကိစ္စသာ

ဖြစ်ပေလိမ့်မည်ဟူသော မှတ်ချက်ဖြင့် သူ့ကိုယ်သူ ညှင်းဆဲနေမိ၏။ သူနှင့်မတွေ့မိက ကော်ရာနှင့် ညေးတို့ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သိကျွမ်းခဲ့ကြသည်မှာ မပြေးသော် ကန်ရာရှိ ဖြစ်နေ လေပြီ။ ရိုးရိုးတန်းတန်းမှ ဟုတ်ပါလေစ။ ညေးသည် ကော်ရာ့အလုပ်ရှင်လား။ လုပ်ဖော် ကိုင်ဖက် လား။ ရည်းစားသနာလား။ သူ့ရင်ထဲမှာ နင့်သွားသည်။ ဒေးဗစ်အဖို့ ထိပ်ခေါင်တင်

တစ်လောကလုံးတွင်

ပင်ဖြစ်သည်။

ဥတ္တရအလင်းကို

ဖျက်လို

ကော်ရာ

မြင်မြင်ချင်း

ဖျက်ဆီး

ပင်

လုံးလုံးမသိစေချင်သူ ညေးကို

ရှိသည်ဆိုလျှင်

ဒေးဗစ်အလိုလို

လုပ်ခြင်းကြောင့်သာမဟုတ်။

ညေးသည်

မျက်မုန်းကျိုးနေခဲ့သည်။

လူကိုယ်တိုင်ကိုက

အတွင်းသဘော

ပုပ်ခြင်းကြောင့်လည်း ဖြစ်သည်။ ဤအကြောင်း ကို စဉ်းစားရင်း ဒေးဗစ် ခေါင်းထဲတွင် ကျပ်ခဲလာသည်။ အတွေးမျှင် ခုနှစ်စဉ်တန်း တိုင်း ဖြစ်ပေါ်လာတတ်သည့် အန္တရာယ်ကို သူသိသည်။ ထို့ကြောင့် ဆေးရုံက သင်ပြထားသည့်အတိုင်း အာရုံဖြတ် ရန် ကြိုးစားသည်။ သမာဓိမရ။ ဒွိဟသံသယ မစ္ဆေယတို့ဖြင့် လက်ပြန်ကြိုးတည်းခံရသလို မလှုပ်မယှက် လဲလျောင်းနေမိလေ ၏။ အဆိုးဆုံးကား

မိမိအတွက်

ငုပ်ချည်ပေါ်ချည်ဖြစ်နေ

ခဲ့သော

ပူပန်စိုးထိတ်မှုဖြင့်

ထိုပူပန်စိုးထိတ်မှုကြောင့်ပင်

အနှောင့်အတည်းခံနေရခြင်းဖြစ်သည်။ စိတ်ဓာတ်

ခိုင်ကျည်မြဲမြံစေ

ရန်အလို့ငှာ

အဗြဟ္မစရိယ ကျင့်စဉ်ကို ကျင့်သုံး သည် အထိ သူအစွန်းရောက်ခဲ့၏။ ထိုသ့ကျိုင့်ခြင်းဖြင့် တိုတောင်းသော

‹‹‹http://www.shwezinu.blogspot.com/

မနော

အကြည်ဓာတ်

ရရှိချိန်ကလေးများ

အတိုင်အဖောက်ပေါ်

တတ်သည်။

ယင်းသို့လျှင်

သူ့စိတ္တဇချားရဟက်ကား မနားမရပ် လည်ပတ်နေခဲ့လေ သည်သာ။ လွန်ခဲ့သည့် ထူးထူးဆန်းဆန်း

နှစ်နှစ်က စိတ်အာရုံ

ဒေးဗစ်စိတ်ရောဂါစွဲခဲ့သည်။ ထုံထိုင်းလေးကန်ခြင်းတို့ဖြင့်

အလွန်မတန်

နွမ်းနယ်ပန်းလျခြင်း၊

ရောဂါအစပျိုးခဲ့သည်။

ကြောက်ပါးလိလိ

စိတ်အားငယ်ခြင်း က နောက်ပါးမှ ကပ်ပါလာသည်။ စိတ္တဇအမှောင်တိုက် ထဲတွင် စိုးထိတ်ချောက်ချားမှု၏ သားကောင်ဖြစ် လာသည်။ သူ့ကိုယ်သူ ရူးသွားလိမ့်မည်ဟု အထင်ရောက်သော စိုးထိတ်ချောက် ချားခြင်း။ ကြောက်မက်ဖွယ်

ဘေးဆိုးကြီး

တစ်ခု

သူ့အပေါ်ကျ

ရောက်လာလိမ့်မည်ဟူ၍

အထင်ရောက်သော

စိုးထိတ်ချောက် ချားခြင်း။ အကြောင်းတရား ကြီးထွားလာသည်နှင့်အမျှ အညှင်းဆဲခံ စိတ္တဇဝေဒနာ ပေါက်ဖွား လာသည်။ ခေါင်းအုံးအောက် တွင် သေနတ်ထားကာ မသိရန်သူကို စောင့်နေမိသည့်အဖြစ်မျိုးအထိ ဆိုက်လာ ခဲ့လေ သည်။ အစောပိုင်း

တွင်

စကာဘာရာမြို့ရှိသီးသန့် အသိတရားလုံးလုံး

ဒေါက်တာဘက်က

စိတ္တဇဆေးရုံ

ကင်းပျောက်ခဲ့

တစ်ခုတွင်

သည်။

ဒေးဗစ်ကို

ကုသပေးခဲ့၏။

တက်ရောက်ကုသရသည်။

ထိုကာလအပိုင်းအခြားကို

တစ်လခွဲကြာမှ အသိတရား ပြန်ဝင်လာသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဒေးဗစ်

နောက်ပိုင်းတွင်

ဆေးရုံတွင်

ဒေးဗစ်

အလျဉ်းမမှတ်မိတော့။


ဦးဝင်းတင်

ဥတ္တရအလင်း

ထိုဆေးရုံမှ ဆရာဝန် ဒေါက်တာအီဗန်က….. ''ကဲ မောင်ရင် ကျားလက်က လွန်ပြီး ရှင်ကြီးလက်ရောက်ပြီ'' ဟုပျော်ပျော်ပြုံးပြုံးပြော၏။ ဤအခြေအနေ

ထိ

ရောက်ပြီးမှတော့

ပို၍

ဆိုးစရာရှိတော့ဟန်

မတူ။

ထိုအချိန်တိုင်အောင်

ကားသူအိပ်ကောင်းခြင်း မအိပ် ရသေး။ သွေးလေချောက်ချားဆဲ ရှိသေးသည်။ စိတ်အားငယ်ဆဲရှိသေးသည်။ လူ့လောကနှင့် ကင်းကင်း ရှင်းရှင်း ရှောင်ဖယ် ရှိခွာဆဲရှိ သေးသည်။ ဤအခြေအနေ တွင် ဒေါက်တာအီဗန်က ဒေးဗစ်အား သူ့ကိုယ်သူ ယုံကြည်စိတ်ချမှု ပြန်လည်ရရှိစေရန် ညနေတိုင်း

တစ်နာရီ

အပြင်ထွက်ခွင့်

ပေးသည်။

ပင်လယ်ကမ်းခြေတွင်

အညောင်းပြေ

အညာပြေ

လမ်းလျှောက် ရန်၊ လူသူလေးပါးနှင့် ရောနှောဆက်ဆံရန် အကြံပေးသည်။ ဒေးဗစ်က အပြင်မထွက်ချင်။ ဆရာဝန်ကိုလည်း ခင်နေ၊ ထားရာနေစေရာသွား အကျင့်ကလည်း စွဲနေ၍ အပြင်ထွက်သည်။ သို့သော် လူရှုပ်ရှုပ် နေရာသို့မသွား။ တံငါဆိပ် ဟောင်းသို့သွားပြီး ဒီတက်ဒီကျကိုသာ ထိုင်ကြည့်နေ ခဲ့သည်။ တစ်ညနေတွင် သူ့ကို စကားလာပြောသံ ကြားရသည်။ လွန်ခဲ့သည့်သုံးလအတွင်း ရောဂါကုသမှုနှင့်

‹‹‹http://www.shwezinu.blogspot.com/

မဆိုင်သော

အပြင်လူ

မိန်းမပျိုတစ်ဦး။

ထံမှ

အရပ်မြင့်မြင့်။

ပထမဆုံး

ကြားရသည့်

အ၀တ်အစား

စကားသံ။ ဒေးဗစ်

နွမ်းနွမ်း။

ခေါင်းမော့ကြည့်လိုက်သည်။

မျက်နှာဖြူယော်ယော်။

ပိန်ပိန်ပါးပါး။

သူ့ကို

မျက်လုံးဝိုင်းကြီး များဖြင့် ငေးစိုက်ကြည့် နေသည်။ မိန်းမပျို၏ မျက်နှာပေါ်တွင် ကြေကွဲရိပ် ဟပ်နေသည်။ ထိုမျက်နှာရိပ် မျက်နှာကဲ က သူ့အဖြစ် ဆိုးထက် မပိုတောင်မှ သူ့အဖြစ်နှင့် တစ်ချိုးတည်းပါကလား ဟူသော ခံစားမှုကို ဒေးဗစ် စိတ်ထဲ တွင် အလိုလိုပေါ်လာစေသည်။ ဒေးဗစ်က ဘာသိဘာသာ စကားပြန်ပြောသည်။ မိန်းမပျိုက သူ့ဘေးတွင် လာထိုင်သည်။ မိန်းမပျို ရှိနေပါကလား ဟူသော အသိနှင့် မိန်းမပျို၏ ပိန်ချပ်ချပ်လက်မောင်းကလေး၏ အထိအတွေ့ကြောင့် ဒေးဗစ် ကြက်သီး စိမ့်မိသည်။ ဒေးဗစ်က မိန်းမပျိုအကြောင်းကို မမေး။ မိန်းမပျိုကလည်း ခရီးသွားဟန်လွဲ တွေ့ဆုံသူတို့ လုပ်လေ့ လုပ်ထရှိသည့် အတိုင်း အလိုက်ကန်းဆိုးမသိ စပ်စပ်စုစု မလုပ်။ တစ်ယောက် အကြောင်း တစ်ယောက် မေးလားစမ်းလား လုပ်မနေ။ ငရဲဘုံ၏ စင်္ကြံလမ်း၌ ပျောက်ဆုံး နေသော ၀ိညာဉ်နှစ်ခု ကြုံဆုံမိသည့် အလား တစ်ဦးကို တစ်ဦးလက်သင့်ခံလိုက်ကြလေ၏။ သာမန်ကာ ပြောသလောက်လည်း

လျှံကာ

စကားမျိုးမှအပ

စိတ်ချမ်းသာရာ

ရသည်။

သူတု့နှိစ်ယောက် ဆေးရုံသို့

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

စကားမပြောသလောက်ပင်။ ပြန်ချိန်ရောက်တော့

ဒေးဗစ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။

အာစေး

ထည့်ထားသလို

နှုတ်ဆွံ့နေသည်။

ပြီးမှ

တစ်ခွန်းစ

နှစ်ခွန်းစ

ပြောလိုက်မိသည်။ နက်ဖြန်ဤအချိန် ဤနေရာ မှာ တွေ့ကြဦးစို့ရဲ့။ သူတ့ေို တွ့ဖြစ်ကြပြန်၏။ နောက်ထပ်လည်း ထပ်၍ တွေ့ကြပြန်သေး၏။ မကြာမီ ညနေတိုင်း တွေ့ကြ၏။ မိန်းမပျို နေ့ တစ်ဝက် အလုပ် နားရသည့် ဗုဒ္ဓဟူးနေ့တွင်မူ နေ့လယ်ပိုင်းတွင်ပါ ဆုံကြ၏။ ဒေးဗစ် အမှောင်ခွင်း၍ အလင်းမြင်လာသည်။ လောကကို အသွင်သစ်ဖြင့် မြင်လာသည်။ ဒေးဗစ်၏ အာရုံ ခံစားမှုများ သည် မိန်းမပျို၏ တိုးတိတ် ညင်သာစွာ ထွေးဆုပ်လာသော လက်ကလေးများ၏ ယုယမှုဖြင့် ပြန်လည် ရှင်သန်နိုးထလာသည်။ ကာလအတန်ကြာ ဝေးဝေးလံလံ ကွာကွာ လှမ်းလှမ်း ဖြစ်နေခဲ့သည့် အရာဝတ္ထုများ

နီးနီးကပ်ကပ်

ပြန်ဖြစ်လာ

သည်။

အရောင်အသွေး

များ

ပြန်ပေါ်လာသည်။

နေရောင်ခြည်ပြောက်၊ မြက်ခင်းပေါ်က နှင်းပေါက်နှင့် နွေလယ်မိုး ဖျောက်ဖျောက်တို့ကို ခံစား လာရသည်။ ဘ၀တစ်ဖန် ပြန်လည် ၀င်စားရသည့် အလား။ ဒေါက်တာအီဗန်က ဒေးဗစ်ကို သေကြောင်းကြံစည်မည်စိုး၍ အစောင့်တစ်ဦးကို ဒေးဗစ် နောက်မှ တစ်ကောက်ကောက် လိုက်ကာ အမြဲနောက်ယောင်ခံခိုင်းထားခဲ့သည်။

‹‹‹http://www.shwezinu.blogspot.com/

ဒေးဗစ် က သူကြောင်စီစီနည်းနှင့် သူကော်ရာအပေါ် မေတ္တာကိုင်းညွတ်လာခဲ့သည်။ ကော်ရာနှင့် ပတ်သက်၍ သူစိတ်ကူး မယဉ်။ ချို့ချို့တဲ့တဲ့ လူလားမြောက်လာခဲ့ရရှာသော ကော်ရာ။ သဒ္ဒါမပိုင် စာမနိုင်သော ကော်ရာ။ အိုးတိုး အတ။ ရိုးရိုးနနကော်ရာ။ အသိဥာဏ် နုံနဲ့သော ကော်ရာ။ ထိုကော်ရာကို ပင်ကိုအတိုင်း သူမြင်ထား သည်။ ထိုချို့ငဲ့မှု များတွင် ကောင်းမြတ်သော အရည်အသွေးများ ရှိကြောင်းကိုလည်း သိမြင်ခဲ့ ၍

ကော်ရာ့လောက တွင် ၀င်ဆံ့လှုပ်ရှားနိုင်ခဲ့သည်။ ပူပန်ကြောင့်ကြမှုများကို ဖယ်ရှားနိုင်ခဲ့သည်။ မိန်းမ

ပြဿနာ ကိစ္စ စဉ်းစားလိုက်တိုင်း သူ့ရင်ထဲတွင် လှိုင်းထံခဲ့ရသည့် ၀ီစိကိစ္စများကို ဖျောက်ဖျက်နိုင်ခဲ့သည်။ ကော်ရာသည် ကြင်နာယုယမှုဖြင့် ဒေးဗစ်၏ ကိုယ်စွမ်းကိုယ်စကို ပြန်လည် ပျိုးထောင်ပေး နိုင်ခဲ့သည်။ အနွံအတာ ခံမှုဖြင့် ဒေးဗစ်စိတ်ထဲတွင် ''ငါ့ကို ကူကယ်မယ့်သူ တစ်ယောက် တော့ ရှိသေးပါကလား'' ဟု အသိပေါ်အောင် ဖန်တီးပေးနိုင်ခဲ့သည်။ ဟက်ဒယ်လ်စတန် သို့ ပြန်ရန် နှစ်ပတ်အလိုတွင် စကာဘာရာမြို့ မှတ်ပုံတင် အရာရှိရုံးတွင် သူတို့ လက်ထပ် လိုက်ကြလေသည်။ မျက်လုံး

အကြောင်သားနှင့်

အိပ်မပျော်နိုင်သဖြင့်

ကော်ရာ၏

လောလောလတ်လတ်

ပြဿနာ

အဖြေကို ဇာတ်ကြောင်း လှန် ရှာနေမိသည်။ ဖြစ်ကြောင်း ကုန်စင်တို့သည် သူ့အာရုံထဲတွင် တဖျတ်ဖျတ် ပြန်ပေါ် လာနေကြလေ ၏။ မိုးစင်စင်လင်းလုနီးချိန်အထိ တစ်နာရီထင် ပို၍ မအိပ်လိုက်ရ။ သူနိုးတော့ ကော်ရာ အောက်ထပ်ရောက်နေလေပြီ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ် အောက်ထပ်ဆင်းသွားသည်။ သူတို့အတူ ကော်ဖီသောက်ကြသည်။ ကော်ရာက အပြင်ပန်းက ဟန် မပျက်။ သို့သော် ခါတိုင်းလို နေရိုးနေစဉ် ပုံစံမဟုတ်။ စကားကို ဖျစ်ညှစ်ပြောနေသည်။ မနေ့ညချမ်း က ကော်ရာပြောခဲ့သည့်ကိစ္စ ကို နှစ်ယောက်စလုံး စကားမစပ်ကြတော့။ နံနက်စာ စားပြီးချိန်တွင် ဒေးဗစ် စာရေး၍မရ။ လှိုင်းကာတံတိုင်းဘက်သို့ လမ်းလျှောက် ထွက်ဦးမည် ဟု ပြော သည်။ ကော်ရာ စိတ်ပေါ့ပါးသလို ဖြစ်သွားသည်။ ဒေးဗစ် အတပ်သိ လိုက်သည်။ ကမ်းပါးစောက် လမ်းမြှောင် အတိုင်း လျှောက်လာသည်။ ထိုကိစ္စကို စဉ်းစားလိုက်လေ ကော်ရာက သူ့ကိုအိမ်မှာ မရှိစေချင် တာ သေချာသည် ဟူသောအသိ ကသူ့ကို ဖိစီးလေ ဖြစ်နေလေတော့သည်။ အိမ်ပြန်ပြီး

ပြဿနာရှင်းမည်

တကဲကဲ

လုပ်မိသေးသည်။

မရှင်းနိုင်။

ကော်ရာ

စပြောရမည်။

ဖွင့်အံရမည်။ ဘာကြောင့်… ဘာဖြစ်လို့များ ကော်ရာရေငုံနှုတ်ပိတ်လုပ်နေရတာပါလိမ့်။ ဒေးဗစ် လှိုင်းကာတံတိုင်းအတိုင်း တစ်ပတ်ကြီးလျှောက်သည်။ မပြီးနိုင်၊ မဆုံးနိုင် ဒဏ်ထမ်းနေရသည့် အလား ဖြစ်နေ၏။ အိမ်မှာ ဘာတွေဖြစ်နေပါလိမ့် ဟူသောသိချင်ဇော ဖြင့်ရင်မောနေမိ၏။ ဒရောသောပါး ပြန်ပြေးသည့် အလုပ်မျိုးကို သူမလုပ်ချင်။ ဆိပ်ခံတံတားအဆုံးတွင် ခဏနားသည်။ သတင်းစာ ဆိုင်ရှင်

‹‹‹http://www.shwezinu.blogspot.com/

အဘွားကြီး မာသာဒေးနှင့် ထုံစံအတိုင်း စကားစမြည်ပြောသည်။ ခဏကြာမှ ပြန်လာခဲ့သည်။ ကုန်းကလေး ကို တက်လာခဲ့သည်။ အိမ်ရောက်ခါနီးလမ်းချိုးအရောက်တွင် ရှောင်တခင် ပေါ်လာသော ရင်နာမှုဖြင့် ဒေဗစ် တုန့်ခနဲ ရပ်လိုက်သည်။ သူ့သံသယတွေ သွေးထွက်အောင် မှန်နေပါပေါ့လား။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၅)

ထိုတနလာင်္နေ့နံနက်မှာပင်

ညေးသည်

နံနက်စာစား၊

ပေးစာများကို

ဖတ်ပြီးနောက်

ကားတစ်စီးငှားသည်။ နံနက် ၉ နာရီသာသာ တွင် စလီဒန်သို့ ကိုယ်တိုင်ကားမောင်းလာခဲ့ သည်။ ကော်ရာ စဉ်းစားချိန်ရပြီး ပြောရဆိုရ လွယ်စေရန် တမင် တစ်ညစောင့်နေခဲ့ခြင်း ဖြစ်သည်။ တကယ်တော့

အလောဆုံးဆယ်လုပ်ရန်လည်း

မလို။

အလွန်အရေးကြီးသော

ကိစ္စ

တစ်ရပ်

ပေါ်လာတော့ မည်ဖြစ်ကြောင်း ရုံးချုပ်ကိုလည်း ဆက်သွယ်အသိပေးပြီးဖြစ်၏။ စမစ်ကိုလည်း သပိတ်ဝင် အိတ်ဝင်သေချာနေပြီ ဖြစ်ကြောင်း ကံသေကံမ ပြောပြီးဆိုပြီးဖြစ်သည်။ သာယာသော

ဆောင်းဦးနေ့တစ်နေ့ပါပေ။

နေရောင်လာပြီ။

နံနက်စောစော

မြူနှင်း

တို့လည်း

‹‹‹http://www.shwezinu.blogspot.com/

ပြယ်လွင့်ကုန်လေပြီ။ နေလုံးကြီးသည် အယ်လန်ဒန် ကုန်းတန်းတစ်လျှောက် သစ်ပင်အုပ် ကလေး များပေါ်တွင် တငြိမ့်ငြိမ့်လွင့် မျောလျောစီးနေ၏။ သောင်ခုံများပေါ်၌ ကျေးငှက်သာရကာတို့ ၀ဲချည် ပျံချည်နှင့် တကျီကျီ တကျာကျာ အော်မြည်နေကြ၏။ ညေးသည်

စလီဒန်ရွာပြင်တွင်

ကားရပ်ထားခဲ့သည်။

ရွာထဲသို့

ခြေကျင်လျှောက်လာခဲ့

သည်။

သူ့အမြင်မှာတော့ ရွာသာယာမဟုတ်။ အိမ်စုတ်စုတ် ငါးပုပ်ပုပ် တံငါရွာ ဇနပုဒ်မျှ သာ။ သတင်းစာများ၊ ကိုဒတ်ဓာတ်ပုံဖလင်များနှင့် မုန့်များရောင်း သည့် ဆိုင်ကလေး တစ်ခုသာရှိသည်။ ပင်လယ်ပြင်ကျယ် မှတစ်ပါး အခြားကြည့်စရာ ရှုစရာမရှိ။ ဘလက်ပူးလ် လိုပင် ကြည့်စရာ ရှုစရာ များများစားစားမရှိ။ သူမသာကိုယ်မသာ။ ဟုတ်တိ ပတ်တိ မကွာလှ။ အလွယ်နှင့် ပီပီသားတော်မောင် တွေးလိုက်မိသေး၏။

အိမ်ရှာတွေ့သည်။ ကို

အိမ်ကလည်း

ယခုထက်တော့ ညေးသည်

များများမရှိ။

ပေ့သည်

ကောင်းကောင်းကန်းကန်း အိမ်ကို

လှစ်ခနဲ

ဝေဿန္တရာ

ထားသင့တ်ာပေါ့

လက်သစ် ဟုပင်

တစ်ချက်ကြည့်လိုက်သည်။

ပန်းခြံလမ်းကလေးအတိုင်းလျှောက်ဝင်ကာ လူခေါ်ခေါင်းလောင်းကို ဆွဲလိုက်သည်။ သူ့ကိုယ်သူ ဇမ္ဗူတလူ ထင်နေသူပီပီ။ လက်ရဲဇက်ရဲ မိုက်ရူးရဲသမားပီပီညေးသည် ဘယ်သ့မှူ လူမထင်။ လွန်ခဲ့ သည့် ၁၀ နှစ်အတွင်း လိုက်ခဲ့ရသမျှ သတင်းများအနက် သွေးတစ်ချက်တွန့်ခဲ့ရသည့် သတင်းဟူ၍ တစ်ပုဒ် မရှိခဲ့။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

လူသံမကြား ၍ ခေါင်းလောင်းထပ်ဆွဲသည်။ ခြေသံကြားရသည်။ တံခါးပွင့်သွားသည်။ သူ့ရှေ့မှောက် မှာ ကော်ရာ။ ညေးက ကော်ရာကို ပြုံးဖြဲဖြဲနှင့် နှုတ်ခွန်းဆက်သည်။ ''မစ္စစ်ပေ့လား

ခင်ဗျာ။

ကျွန်တော်လီယိုနတ်ညေးပါ။

မော်ကွန်း

သတင်းစာကပါ။

အချိန်နည်းနည်းပေးနိုင်မယ်လို့ ထင်ပါတယ် ခင်ဗျာ'' ဟုပြောသည်။ ကော်ရာက ညေးနှင့်တွေ့လိုက်ရသော်လည်း အမူအရာ သိသိသာသာ မပျက်။ သိ့ေု သာ် ကော်ရာ ထိတ်ထိတ် လန့်လန့် ဖြစ်နေမှန်း ညေးသိသည်။ ညေးပေါ်လာလိမ့်မည်ဟု ကော်ရာမျှော်လင့်ထားပြီးသား။ ရင်ဆိုင်ရန် ရဲဆေး တင်ပြီးသား ဖြစ်မှန်းလည်း ညေးသိသည်။ ''ရှင် ဘာသိချင်တာလဲ'' ညေး က စကားပျိုးရန်အသင့်။ အပြုံးမပျက်။ ''မစ္စတာဒေးဗစ်ပေ့ စာအုပ်တစ်အုပ်ရေးနေတယ်လို့ သိရပါတယ်။ လူအများ စိတ်ဝင်စားတဲ့ ကိစ္စမို့

‹‹‹http://www.shwezinu.blogspot.com/

လာမေးတာပါ။ သိကောင်း စရာလေးတွေ နည်းနည်းပါးမေးချင်လို့ပါ ခင်ဗျာ'' ''ကျွန်မ ယောက်ျား အပြင်သွားနေတယ်'' ''ဒါဖြင့်လည်း မစ္စပေ့ကပဲ ပြောပြစေချင်ပါတယ် ခင်ဗျာ'' ညေးက မှတ်စုစာအုပ် ကို ဇတ်ခနဲ ဆွဲထုတ်သည်။ ''ရေးမယ့်စာအုပ် ရဲ့ နာမည်က ဘာပါလိမ့် ခင်ဗျာ'' ဟုမေးသည်။ ''ကျွန်မ ယောကျာ်း ကို မေးပေါ့ရှင်။ ရှင်တို့လို အစားတွေကို ကျွန်မဧည့်ထောက်ခံ ပြောမနေနိုင်ဘူး'' ကောရာ က တံခါးကို ဆောင့်ပိတ်လိုက်သည်။ ညေးက ဒါမျိုး အံတိုနေပြီ။ အငိုက်မိမခံ။ တံခါးကို ခြေကန်ထားပြီး ဖြစ်သည်။ ဘာမှ မဖြစ်သလိုပင် ရွှန်းရွှန်းဝေေ၀ ဆက်ပြောသည်။ ရိသံကလိသံကလေးပင် ပါလိုက်သေး။ ''ဒါဖြင့်လည်း

မစ္စပေ့အကြောင်းပဲ

ပြောပြပါလားခင်ဗျာ။

ထင်ပါရဲ့နော်'' ကော်ရာက မဖြေ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အိမ်ထောင်ကျတာ

မကြာလှသေးဘူး


ဦးဝင်းတင်

ဥတ္တရအလင်း

''ခင်ဗျား ရဲ့ အပျိုဘ၀ နာမည်က မစ်ကော်ရာဘိတ်ပါနော်'' ကော်ရာ မျက်နှာဖွေးသွားသည်။ ''ရှင် တယ်သပိါလား'' ''ဟိုစပ်စပ် ဒီစပ်စပ် သိထားရတာ ကျွန်တော်တို့ အလုပ်ပဲခင်ဗျာ။ လွန်ခဲ့တဲ့ ၃ နှစ်လောက် က သြဂုတ်လထဲမှာ ခင်ဗျားဘလက်ပူးလ်မြို့မှာ ရှိနေတယ်နော်'' ''ရှိတော့ ဘာဖြစ်လဲ။ ရှင်ကျွန်မကို ဒါနဲ့ အကျပ်ကိုင်လို့ ဘာရမှာလဲ'' ''ခင်ဗျား ၀န်ခံတယ်ပေါ့'' ''ဘာဝန်ခံ

ရမှာလဲ။

ဒါကလိန်ကျတာပဲ။

ကျွန်မ

ဘယ်တုန်းကမှ

ဘလက်ပူးလ်

အနားထောင်

မသီဖူးဘူး'' ''ဆန်း လိုက်တာ''

‹‹‹http://www.shwezinu.blogspot.com/

ညေးက ခေါင်းရှုပ်သွားဟန်ဖြင့် ခေါင်းယမ်းလိုက်၏။ စိတ်ထဲမှာတော့ ဖိုးကျိုင်းတုတ် ဖြစ်နေ၏။ ''ကျွန်တော် ကတော့ ခင်ဗျား အယ်လ်ဟမ်ဘရာ ကပွဲနန်းတော်မှာ လုပ်ဖူးတယ် ထင်တယ်ဆိုတာ ကျမ်းကိုင်ပြော ဆိုရင်တောင် ပြောမိမှာပဲ'' ''တစ်ခါ ကရင် ခြောက်ပဲနိနဲ့ ရှင်တို့လူမျိုးတွေ အနိုင်ကျင့်ချင်တိုင်းကျင့်လို့ရတဲ့ ဒုက္ခသည် မကလေးတွေ လိုဟာမျိုး လို့ ကျွန်မကို ရိုးစွပ်ချင်တာလား'' ''ဟုတ်တယ်လေ။ ခင်ဗျား အပြောပိုင်သားပဲ'' ''ဘလပ်ပူးလ် နန်းတော်ကို ရှင်ဘယ်တုန်းကမှ မရောက်ဖူးဘူး။ တစ်သက်လုံး မရောက်ဖူးဘူး'' ''ကျွန်တော် က ကတာခုန်တာ ၀ါသနာမှ မပါတာ။ ခင်ဗျား အဲဒီမှာလုပ်တယ်ဆိုတာ ကြားရုံပဲ ကြားဖူးတာပေါ့'' ''ဘယ်သူက ပြောလို့လဲ'' ''မိတ်ဆွေ တစ်ယောက်က'' ''ရှင့်လို ပုလိပ်သတင်းပေးမှာ မိတ်ဆွေဆိုတာ ရှိခဲ့လား'' ညေးက သိဒ္ဓိတင် တင်ခံရသည့်အလား တဟဲဟဲ ရယ်လိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ခင်ဗျား

ပြောမယ်ဆိုလည်း

ပြောစရာပဲ။

ကျွန်တော်က

အတော်အောက်တန်းကျတဲ့

ကောင်။

ကျွန်တော့်ကို ဘယ်သူကမှ ချစ်ချင်ခင်ခင် မရှိဘူး။ ကျွန်တော့် မိတ်ဆွေ သတင်း ထောက်ဆို ပိုဆိုးတာပေါ့။ သူ့နာမည်က ဟိုင်းစ် တဲ့။ အဲဒီ နာမည်ကရော ခင်ဗျားအဖို့ ဘာထူးသေးသလဲ'' ''ဘာမှ မထူးဘူး။ ကျွန်မနဲ့လည်း ဘာမှမဆိုင်ဘူး'' ''ကဲ … ထားလိုက်ပါတော့လေ'' ညေးက အရေးမထားသလို ပြောသည်။ ''တရားခွင်မှာ ခင်ဗျားကို စီရင်ချက်ချတဲ့နေ့က ကျွန်တော် သူနဲ့အတူရှိနေတာတစ်ခုပဲ ပြောစရာရှိတယ်'' ညေးက နောက်ဆုံးကျမှ အရှိုက်ထိုးလိုက်၏။ ကော်ရာ ငိုင်ကျသွားသည်။ တစ်စွန်းတစ်စသာ သိမည်၊ ဖြစ်ကြောင်း ကုန်စင်မသိနိုင်ဟု ကော်ရာ တစ်ချိန်လုံး ထင်ထားခဲ့သည်။ ယခုတော့ လက်မြှောက် အရှုံးပေးရုံသာ ရှိတော့သည်။

တံခါးတိုင်ကို

မှီထားလိုက်ရသည်။

သူ့မျက်နှာက

ဆီးရွက်လောက်သာ

ရှိတော့သည်။

သူ့မျက်လုံးနက်ကြီး တွေက ဖြူရော်မျက်နှာပေါ်တွင် ပို၍ နက်မှောင်နေသယောင်ယောင်။ ခဏကြာ မှ

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာက လေသံသဲ့သဲ့ဖြင့်… ''ကျွန်မတို့ကို ဘာဖြစ်လို့ လိုက်နှောင့်ယှက်နေရတာလဲရှင်။ ကျွန်မမှာလည်း ကျွန်မသံယော ဇဉ်နဲ့ကျွန်မ ရှိတာပဲ။ ကျွန်မလည်း တခြားလူတွေလိုပဲ သွေးနဲ့ကိုယ် သားနဲ့ကိုယ်ပဲ။ ဘာကြောင့်များ တခြားလူတွေရဲ့ဘ၀ကို ၀င်နှောက်ချင်နေရတာလဲ'' ''ငါက သတင်းထောက်ကွဲ့ ကလေးမရဲ့'' ''သတင်းထောက်ဆိုတာနဲ့ သူများတွေရဲ့ အပြစ်အနာအဆာတွေ၊ ဒုက္ခ သုက္ခတွေ၊ ဝေဒနာတွေကို အထုပ်ဖြည်ပြနိုင်ခွင့်

ရှိရောလား။

လူတွေ

ကိုယ်ကျင့်တရား

ကောင်းဖို့ဆို

တာမျိုးကျရင်

ရှင်တို့

မိုးလုံးလေလုံးပြောပြီ။ ရှင်တို့ သတင်းစာဆရာတွေ အကျင့်တန်နေတာ ကျတော့မပြောတော့ဘူးလား'' ''ကိုင်း……

ကော်ရာ

မင်းကို

ဒုက္ခရောက်အောင်

ငါဘာမှမလုပ်ရသေးဘူး။

အခုထိတော့

မလုပ်ရသေးဘူးပေါ့လေ'' ''တစ်သက်နဲ့ တစ်ကိုယ် ကျွန်မ ပထမဆုံး ပျော်ပျော်နေဖူးတာပါရှင်။ ဒီမှာ …လင်န့သဲားနဲ့'' ''အဲဒီလင်တော်မောင် ကံကောင်းတာပေါ့။ ငါတောင်မနာလို ဖြစ်နေပြီ'' ညေးက ကြာကြည့်ကြည့်သည်။ ကော်ရာက အရေးမလုပ်။ အတော်ကြာကြာ စကားမပြော။ ညေးကို စူးစူး စိုက်စိုက်ကြည့်ပြီး ပလုံးပထွေးလေသံဖြင့် မေးလိုက်၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ရှင် ဘာလိုချင်တာလဲ'' ညေးက မတော်တရော် ချော်တွေးလိုက်သေး၏။ ကော်ရာက မက်စရာ။ အိမ်မှာက လူမရှိ။ သို့သော် ခြေချော် လက်ချော် အဖြစ် မခံနိုင်။ သူလာသည့် ကိစ္စက အပျော်ကိစ္စမဟုတ်။ အလုပ် ကိစ္စ။ သေရေးရှင်ရေး ကိစ္စ။ ''မင်းယောက္ခမကြီး

နဲ့ တို့ကိစ္စမှာ

ဝင်ကူစေချင်တာ

တစ်ခုပါပဲ။

အချိန်ကျလာရင်

အဖြစ်မှန်ကို

ဝန်ခံလိုက်ရုံပါပဲ။ ဒါလောက် ဆိုရင် တော်ပါပြီ'' ညေးက ချော့ချော့မော့မော့ ပြောလေသည်။ ''ရှင်မို့လို့ ကိုယ်ပေါင်ကိုယ်လှန်ထောင်းခိုင်းရက်တယ်'' ကော်ရာက ဖြည်းဖြည်းလေးလေးကြီး ပြောလိုက်၏။ ''ဒီမှာ

ကော်ရာ

ရေးကြီးခွင်ကျယ်

ကိစ္စမဟုတ်ပါဘူး။

တု့နှိစ်ယောက်ခေါင်းအေးအေး

ထားပြီးလုပ်သွားရင် ဘယ်သူ မှ နစ်နစ်နာနာ မဖြစ်နိုင်ပါဘူးကွယ်''

‹‹‹http://www.shwezinu.blogspot.com/

''အင်း….ရှင် တယ်လျင်တယ်နော်။ တော်တော်ကို လျင်တယ်'' ကော်ရာ က နားလည်ရခက်သော လေသံဖြင့် ပြောသည်။

အတန်ကြာ ငြိမ်နေသည်။ ကော်ရာက မျက်လွှာချကာ ကျောခိုင်းလိုက်သည်။ တံခါးကို ဖြည်းညင်းစွာ ပိတ်လိုက်သည်။

ညေးက

ဟန့်လားတားလား

မလုပ်တော့။

တံခါးကို

ဖြည်းညင်းစွာ

ပိတ်လိုက်သည်။

ခဏစောင့်နေသေးသည်။ ကော်ရာ တံခါးပြန်မဖွင့်တော့။ ညေးသည် မှတ်စုစာအုပ်ကို အိတ်ထဲ ထည့်သည်။ ခြံဝင်းအပြင်သို့ ထွက်လာခဲ့သည်။ ခြံပြင် ထွက်လာရုံ ရှိသေး။ ဒေးဗစ်ပေ့နှင့် ရင်ဆိုင်တိုးသည်။ ဒေးဗစ်က နောက်သို့ တစ်လှမ်း ဆုတ်၊ မေးကိုပင့်ပြီး ညေးကို စိုက်ကြည့်နေသေည်။ ''ခင်ဗျား ဒီမှာ ဘာလာလုပ်နေတာလဲ'' ခဏကြာမှ ဒေးဗစ်စကား ပြော၍ ထွက်တော့သည်။ ညေးက အေးအေးဆေးဆေးပင်။ ''လမ်းလျှောက်တာပေါ့ဗျာ'' ဟုဖြေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ကျုပ်အိမ်ထဲ ဘာဖြစ်လို့ ၀င်တာလဲ'' ''၀င်လို့ရရင် ၀င်တောင် ၀င်လိုက်ချင်သေးရဲ့ဗျာ။ အပြင်မှာပဲ လျှောက်နေတာပါဗျာ။ ထားပါတော့လေ။ ဆရာဝန် က ပင်လယ်လေရှူရမယ်ဆိုလို့ လာခဲ့တာပါဗျာ'' ဒေးဗစ်က ပါးတဆတ်ဆတ်ရွဲ့ကာ ''ခင်ဗျား ဘာလာလုပ်လုပ် ကျုပ်နဲ့ မ ဆိုင်ဘူး။ ဒါပေမဲ့ ဒီနားမှာ တရစ်သီသီ လုပ်နေ တာတော့ ကျုပ် မမြင်ချင်ဘူး'' ဟု ပြောသည်။ '''လွတ်လပ်တဲ့ နိုင်ငံပါဗျ” ''ကျုပ် မိန်းမကိုတော့ လွတ်လွတ်လပ်လပ် လာရှုပ်လို့ မရဘူးဗျ'' ''ဘယ်သူက ဘာလာရှုပ်နေလို့လဲ'' ''မနေ့က ဂီတပွဲမှာ ခင်ဗျားပဲ ရှုပ်နေတာ မဟုတ်ဘူးလား'' ''သေဟဲ့ နန္ဒိယ စကားတောင် မပြောဖူးပေါင်ဗျာ''

‹‹‹http://www.shwezinu.blogspot.com/

''ခင်ဗျား နဲ့ စကားနိုင်လုနေတာ မဟုတ်ပါဘူး ခင်ဗျာ'' ဒေးဗစ် အသံက အော်ကြီးဟစ်ကျယ် ဖြစ်လာသည်။ တစ်ကိုယ်လုံး တဆတ်ဆတ် တုန် လာ သည်။ ''ကျုပ်မိန်းမကို လာရှုပ်ရင် ကျုပ်.... ကျုပ် ခင်ဗျားကို သတ်မယ်'' ''ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိထားပါဦးလေ'' ညေးက ပြောပြောဆိုဆို ရှောင်ထွက်သွားသည်။ ဆက်ပြောနေ၍လည်း မဖြစ်။ ကိုယ် ကလည်း ကိုယ်ခံပညာ ဟုတ်တိပတ်တိ တတ်ထားသူမဟုတ်။ အရူးကလေးကလည်း စိတ် ထလာလျှင် အန္တရာယ်ဖြစ်နိုင် သည်ဟု တွေးလိုက်မိလေသည်။ ဖုံတထောင်းထောင်းနှင့် ကမ်းပါးစောင်းလမ်းအတိုင်း ညေး ဆင်းသွားသည်။ ဒေးဗစ်က မလှုပ် မယှက် စောင့်ကြည့်ရင်း

ရင်တဒိန်းဒိန်း

ခုန်နေလေသည်။

ဒေးဗစ်သည်

ညေးနှင့်

ဆိုင်းမဆင့်

ဗုံမဆင့်တွေ့

လိုက်ရခြင်းကြောင့် မင်သက်မိသလို ဖြစ်နေသည်။ သူ့အိမ်ထဲသို့ ညေး ရောက်မည် မုချ။ ကော်ရာကလည်း ညေး လာလိမ့်မည် ဟု မျှော်နေခဲ့သည်အမှန်။ ဒါ ထက်ပို၍ ပိုမတွေးနိုင်။ သူ့ရင်ထဲမျာ ဗလောင်ဆူနေ၏။ သူတစ်ပါး၏

စိတ်လိုက်မာန်ပါ

စော်ကားမော်ကားလုပ်ခြင်းကို

ခံရပါလျက်

မကိုးမကား

ပျက်

ပျက်ချော်ချော် ပြောဆိုခြင်းကို ခံရပါလျက် ကျောင်းမှန်းကန်မှန်း သိအောင် မလုပ်နိုင်ခဲ့ သည့် သူ့အဖြစ် ကို တွေးမိပြီး နာကျည်းချက်ကြီးလာသည်။ ဒေါသချောင်းချောင်း ထွက် လာသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သို့သော် အုံ့ပုန်းကိစ္စ တစ်စွန်းတစ်စကတော့ ဘွားဘွားပေါ်လာပြီဟု နားလည်လိုက်၏။ ကော်ရာနှင့် ညေး ယခင် က သိခဲ့ကြဖူးသည်။ လက်ပွန်းတတီး သိခဲ့ခြင်းမျိုး ဖြစ်မည်။

သူတ့ချိုင်း မသိဘူးကြလျှင်

ကော်ရာက ဘာကြောင့် ဂနာမငြိမ် ဖြစ်ရမှာလဲ။ ညေးက ဘာကြောင့် သူ့ကို ပိုင်စိုးပိုင်နင်း ပြောရမှာလဲ။ ဒိန်းတလိန်းနတ်ဖမ်းပြီး ဒေးဗစ် တစ်ကိုယ်လုံး တောင့်တောင့်ကြီးဖြစ်နေသည်။ ဘာကြောင့် ကော်ရာ သူ့ကို တိုင်ပင်ဖော် မရ ဖြစ်နေရတာလဲ။ ကော်ရာ ရေငုံနှုတ်ပိတ်လုပ်နေခြင်းမှာ သူ့ ကို အခြောက်ခြားစေ ဆုံး။ တော်ရုံတန်ရုံ ယောက်ျားဆိုလျှင် မေးလားစမ်းလား လုပ်မိ လိမ့်မည်အမှန်။ သူကတော့ သာမန်လူစား မျိုး မဟုတ်။ ကော်ရာက ဖွင့်ပြောချင်ပုံမရ။ သူက ဖွင့်ပြောအောင် အတင်းအကျပ်မခိုင်းချင်။ ညေးနှင့် သူတွေ့ခဲ့ပုံကို အရိပ်အယောင်

မပြ။

ကော်ရာ

စိတ်လိုလက်ရ

ဖွင့်ဟ

မပြောမချင်း

သူလည်း

ကော်ရာကို

တုပြီး

ဟန်လုပ်နေလိုက် မည်။ ဤစိတ်ကူးဖြင့် ဒေးဗစ် အိမ်ထဲသို့ တစ်လှမ်းချင်း ဝင်လာခဲ့လေ၏။ ကော်ရာ သည် ပြတင်းပေါက်အနီးတွင် ထိုင်ကာ ပန်းခြံကိုကျော်ပြီး အဝေးသို့ ငေးနေသည်။ ဒေးဗစ် ဝင်လာ လာချင်း ကော်ရာမမြင်သေး။ ပြီးမှ အသက်ရှူဖို့ သတိရသလို လှုပ်လှုပ် ရှား ရှား ဖြစ်လာ၏။ နေရာမှ

‹‹‹http://www.shwezinu.blogspot.com/

ထလိုက်၏။ ''လမ်းလျှောက်လို့ ကောင်းရဲ့လား။ အလုပ်လုပ်တော့မှာလားဟင်'' ကော်ရာ

အလင်းရောင်ကို

ကျောခိုင်းထားသည်။

သို့သော်

ကော်ရာမျက်လုံးတွေ

သတိပြုမိလိုက်သည်။ ''လုပ်တော့မယ် စိတ်ကူးတာပဲ'' ငြိမ် သွားသည်။ ကော်ရာက မထုံတက်ထေး ဖြစ်နေခြင်းကို အာပတ်ဖြေသည့်အလား.... ''ကျွန်မလည်း တစ်မနက်ခင်းလုံး ဘာမှမလုပ်သေးဘူး''ဟု ပြောသည်။ ''ပန်းခြံထဲတောင်မှ မဆင်းဖြစ်ဘူးလားကွယ်'' ''မဆင်းဖြစ်ပါဘူး။ ခဏတဖြုတ်ပါပဲ'' ငြိမ်နေပြန်သည်။ ကော်ရာက ဒေးဗစ်ကို မျက်နှာချင်းမဆိုင်။ ''နေ့လယ်စာ အတွက်တောင် ဘာမှ မလုပ်ရသေးဘူး။ဆိုင်ဘက်ခဏ ပြေးလိုက်ဦးမှပဲ'' ''ဝယ်စရာ ရှိနေလို့လား'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

မို့နေမှန်း


ဦးဝင်းတင်

ဥတ္တရအလင်း

''အင်း...'' ''မောင် သွားဝယ်ပေးမယ်လေ'' ''နေပါစေ ... ကျွန်မလည်း လေစိမ်းကလေး ရှူလိုက်ချင်သေးတယ်။ တအောင့်လောက် ကြာမှပါ'' ကော်ရာ နေကျဖြစ်သည်။

ပိုက်ဆံအိတ်ယူသွားသည်။ တယ်လီဖုန်း

ဆက်ရန်

ဒေးဗစ်

ပိုက်ဆံအိတ်

သတိထားမိလိုက်သည်။ ယူသွားမှန်း

ဒေးဗစ်

ဆိုင်တွင်

သိလိုက်သည်။

လပေးယူ ကော်ရာ

မျက်နှာပြောင် တိုက်လွန်း ပုံ၊ ပြောင်လိမ်ရဲပုံကို ဒေးဗစ် စိတ်မချမ်းမသာ ဖြစ်နေမိ ၏။

ဒေးဗစ်သည် အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေသည်။ ကော်ရာကို သူ ဘယ် လောက် အားကိုးအားထားပြုနေရကြောင်း လပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် အဖြစ် သဘောပေါက်လာသည်။ သမားဂုဏ် ပြလိုက်၊ ပေယျာလကန်လုပ်လိုက်နှင့် ကော်ရာကို အပိုင်ထွက်ထားခဲ့သည်။ ယခု ကော်ရာကို လက်လွှတ် ရမလိုဖြစ်လာတော့မှ တမ်းတမ်းစွဲ ဖြစ်လာသည်။

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာကို

သူသာ...

သူသာပိုင်သည်။

ကြားလူ

အရှုပ်မခံနိုင်။

သု့ေိ သ်ာကော်ရာ့အတွက်ရော

သူ့အတွက်ပါငဲ့ပြီး သူ့စိတ်ငြိမ်ငြိမ်ထားရမည်။ ဒေါက်တာ အီဗန်ကလည်း စိတ်ကယောက်ကယက် မဖြစ်အောင်၊ စိတ်မဆင်းရဲအောင် အမြဲသတိထားခိုင်းသည်။ ညေးအပေါ်တော့ အမျက်မထွက်ဘဲ မနေနိုင်။ ခေါင်းထဲ သွေးတဒိန်းဒိန်း တိုးလာသည်။ မူးဝေေ၀ဖြစ်လာသည်။ မျက်စိမှိတ်ထားရသည်။ မလဲအောင် စားပွဲကို ကိုင်ထား လိုက်ရ၏။ စိတ်ငြိမ်စေရန် အိမ်ပေါ်ထပ်တက်ပြီး ဓါတ်စက်ဖွင့်နေလိုက်သည်။ ချက်ချင်းပင် ဓါတ်စက် ပိတ်ပစ်လိုက်ပြန်သည်။ သူ့အကြိုက်တေးဂီတနှင့်လည်း ဖြေသိမ့်ရာမရှိ။ ပို၍သာ ဆောက်တည်ရာမရ ဖြစ်လာရသည်။

စားပွဲပေါ်က

စာမူ

ကိုလည်း

မတို့မထိနိုင်။

သူအမျှော်လင့်ကြီး

မျှော်လင့်ထားသည့်

စာအုပ်မှာလည်း ရေးကြီးခွင်ကျယ် မဟုတ်တော့။ ကော်ရာ ပြန်အလာကို သူထိုင်စောင့်နေသည်။ အတော်ကြီးမှ အိမ်ရှေ့တံခါးမကြီး ပွင့်လာသည်။ ခြေသံကို

ကြားရသည်။

ကော်ရာ

မီးဖိုချောင်ထဲဝင်သွားသည်။

နေ့လယ်စာအတွက်

ပြင်ဆင်နေသံကို

ကြားရသည်။ ခါတိုင်းဆိုလျှင် နေ့လယ် ၁၂နာရီ ခွဲတိတိတွင် နေ့လယ်စာစားရန် ခေါင်းလောင်းထိုးခေါ်မြဲ။ ယနေ့တော့ မွန်းလွှဲ ၁ နာရီကျော်သည်အထိ ခေါင်းလောင်းထိုးသံ မကြားရသေး။ အောက်ထပ်ဆင်းလာသောအခါ

ကော်ရာ

လန်းလန်းဆန်းဆန်းဖြစ်နေသည်။

ကော်ရာ့

မျက်လုံးမို့မနေတော့။ မျက်နှာကတော့ ပိုပြီးဖြူရော်ရော် ဖြစ်လာသည်။ ကော်ရာ နေကောင်းပုံမရ။ သို့သော် ရွှင်ရွှင်ပျပျလေသံ၊ ဖျောင်းဖျောင်းဖျဖျလေသံပေါက်အောင် တမင်ဇွတ်လုပ်နေသည်။ ကော်ရာပင်ကို စရိုက်နှင့် Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

တခြားစီ ဖြစ်နေသည်။ ပထမတော့ ကော်ရာ ရောက်တတ်ရာရာ ပြောနေသေးသည်။ ပြီးမှ ညက စကား ကို ပြန်ကောက်သည်။ ''

ကျွန်မတို့

တစ်နေရာရာ

သွားရအောင်

ပြောတာကို

မောင်ကတော့

နားပူနားဆာ

လုပ်တယ်ထင်မှာပဲ။'' ဒေးဗစ်ကလည်း ဟန်မပျက်ပင် '' မထင်ပါဘူးကွယ် ။ အပြောင်းအလဲဆိုတာက လိုချင်တတ်တာမျိုး ပဲဟာ''ဟုဖြေသည်။ ''စာအုပ်က ဘာအရေးလဲကွယ်။ မင်းတကယ် ပြောင်းချင်ရင် ရွှေ့ဟယ်သွားကြတာပေါ့။” “တကယ်ပြောတာလားဟင်'' ဒေးဗစ် အဖြေ မပေးနိုင်မီမှာပင် ကော်ရာ အူယားဖားရား ဆက်ပြောသည်။ ''ကယ်လီဖိုးနီးယားသွားပြီး

လိမ္မော်ခြံလုပ်တဲ့

လူတစ်ယောက်အကြောင်းတောင်

တစ်နေ့က

မဂ္ဂဇင်းထဲမှာ ဖတ်လိုက် မိသေးတယ်။ ရာသီဥတုကတော့ တကယ်ကောင်းတာပဲတဲ့။ နွေးနွေးထွေးထွေးနဲ့

‹‹‹http://www.shwezinu.blogspot.com/

နေလည်း

သိပ်သာယာတာ

ပဲတဲ့။

ငွေလည်း

သဲ့ယူသလိုရတာပဲတဲ့။

ကျွန်မတို့လည်း

အဲဒီလိုနေရရင်

မကောင်းဘူးလား ဟင်.... ဒေးဗစ်'' ''မောင်က လိမ္မော်သီးမှ မစိုက်တတ်တာ'' ''လေ့လာ ရမှာပေါ့ မောင်ရဲ့။ ကျွန်မလည်း အလုပ်ကြုံးလုပ်မှာပါ။ မောင့်ရောဂါ အတွက်လည်း စလီဒန်မှာ နေတာထက် ပိုကောင်းမှာပါ'' အဖြစ် ကတော့ သနားစရာ မကောင်းလျှင် ရယ်စရာလိုပင် ဖြစ်နေတော့၏။ ဒေးဗစ်သည် စိတ်ပင်ပန်း ကိုယ်နွမ်းဖြစ်လာသည်။ သု့ေိ သာ် အခြေအနေကို ထိန်းရန်ကြိုးစားသည်။ ''မောင်ထင်တာက မင်းပြင်သစ်ပြည်ကို သွားချင်တယ်ဆိုလားလု့'ိ ' “အဲဒါကတော့ လည်ရုံပတ်ရုံလောက် ပြောတာပါ မောင်ရဲ့။” ''အခုပြောတာကတော့ အပြီးအပိုင် ပြောင်းမှာပြောနေတာလား'' ကော်ရာ ခေါင်းညိတ်၏။ စကားပြောမည်လုပ်ပြီးမှ နှုတ်ဆွံ့သွား၏။ တစ်ချိန်လုံး ဟန်မပျက် ထိန်းပြီး နေ့လယ်စာကို

ဇွတ်မှိတ်စားနေခဲ့သည်။

ယခုတော့

အော်ဂလီဆန်

ရေတစ်ခွက် ယူသောက်ပြီး ချုံးပွဲချငိုလိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

လာသည်။

ချောင်းဆိုး

လာသည်။


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ်

စိတ်မတင်းနိုင်တော့။

မေးလားစမ်းလား

လုပ်မနေသင့်မှန်း

သိသည်။

သု့ေိ သာ်

စိတ်မထိန်းနိုင်တော့။ ''ဘုရားရေ.... ဘာများဖြစ်လို့လဲ ကော်ရာရယ်။'' သူထင်ထား သည့် အတိုင်းပင် ကော်ရာက ရင်မဖွင့်။ ''ဟင့်အင်း....ဘာမှ မဖြစ်ပါဘူး။” ''အကြောင်းရှိမှာပေါ့ကွယ်။မင်းဒီလောက်တောင်မှ ကယောက်ကယက်ဖြစ်နေတဲ့ဟာကို '' ''ဟင့်အင်း...ဟင့်အင်း.... မရှိပါဘူး။ ဘာလုပ်လုပ် အပေါက်အလမ်း မတည့်တာ ချည်း ဖြစ်နေ လို့ပါမောင်ရယ်။” ကော်ရာ အငိုတိတ်သွားသည်။ ဒေးဗစ် က ကော်ရာ့ကို မျက်နှာထားတင်းတင်းကြည့်သည်။ '' မဟုတ်သေးပါဘူး။ မင်းကို တစ်ယောက်ယောက် နှောင့်ယှက်နေတယ် မဟုတ်လား။ ဟို... ညေး ဆို

‹‹‹http://www.shwezinu.blogspot.com/

တဲ့ကောင်'' ''မဟုတ်ပါဘူး။ ဘာမှ မလုပ်ပါဘူး။ သူ့ကိုလည်း ကျွန်မ မသိပါဘူး။ ဘယ်တုန်းကမှလည်း မသိဘူး။ ဘာမှလည်း မဆိုင်ဘူး'' ''ဒါဖြင့် သူက ဒီမနက် ဒီကို ဘာလာလုပ်ရတာလဲ'' ''မောင်ရေးနေတဲ့စာအုပ်အကြောင်း လာမေးတာပါ'' ကော်ရာက သွေးရူးသွေးတန်း ဖြစ်လုမတတ် အသံဖြင့် ပြောသည်။ ''ကျွန်မ ကျိန်ပြောဝံ့ပါတယ် ဒေးဗစ်ရယ်။ မှန်တဲ့အတိုင်းပြောတာပါ။ ဒီနေ့မနက်အထိ ကျွန်မ သူ့ကို တစ်သက်နဲ့ တစ်ကိုယ် စကား တစ်ခွန်း မပြောခဲ့ပါဘူးရှင်'' ဒေးဗစ်ကိုယ်တိုင် လည်း သွေးရူးသွေးတန်း ဖြစ်လာသည်။ စကားပြော၍ မထွက်သလောက် နီးနီး ဖြစ်လာသည်။ ''မင်းကိုသာ

ဒုက္ခပေး

ရင်တော့လားကွာ။

အကြောင်းသိစေ့မယ်။

တစ်နည်းနည်းနဲ့တော့

သွားရှင်းရမှာပဲ'' ''မလုပ်ပါနဲ့ ... မလုပ်ပါနဲ့။ သွားရှင်းနေစရာ မလိုပါဘူး။ သူနဲ့လည်း ကျွန်မတို့ ထပ်တွေ့တော့ မှာမှ မဟုတ်တော့တာ မောင်ရယ်'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''တစ်ခုခုတော့ လုပ်ရဦးမှာပေါ့ကွာ'' ကော်ရာက ဒေးဗစ် လက်ကိုဆွဲပြီး ဆုပ်ညှစ်ထားလိုက်သည်။ ကော်ရာ့ တစ်ကိုယ်လုံး တဆတ် ဆတ်တုန်နေ သည်။ ဒေးဗစ်ကိုယ်တိုင်လည်း သတိလက်လတ်ွဖြစ်လုမတတ် ရှိနေသည်။ ''ဒေးဗစ်ရယ် ကျွန်မ အနားမှာသာ နေပါနော်။ ကျွန်မတို့နှစ်ယောက်ကို ဘယ်သူမှခွဲလို့ မရပါ ဘူး။ ဒီကိစ္စကလည်း မခွဲနိုင်ပါဘူး။ မောင် သိလာမှာပါ .... မောင်သိလာမှာပါ.... ''

ထိုအချိန်

တွင်

ညေးတစ်ယောက်

ဟက်ဒယ်လ်စတန်မြို့

ဘက်သြို့ ပန်သွားနေသည်။

သူ့အကြံ

အစည်ကို လိုတိုး ပိုလျှော့လုပ်ရန် အပြန်ပြန် အလှန်လှန် စဉ်းစားရသေးသည်။ လေကလေးက တဖြူးဖြူးနှင့် ဥာဏ်နီဥာဏ်နက် ထုတ်လ့ေို ကာင်း လှသည်။ ထို့ကြောင့် ကားကို ဖြည်းဖြည်း မောင်းလာခဲ့သည်။ ကော်ရာ ကို သူသွားတွေ့လိုက်ရ၍ ကော်ရာတစ်ယောက် ကံဆိုးမိုးမှောင်ကျရရှာစေကာမူ သူ့အဖို့ ကတော့ နေသာသပ လေညာကပင်။ သတင်းစာလုပ်ငန်း၏ နဖူးတွေ့ ဒူးတွေ့သဘော ကို သူနောကျေနေ သည်မှာ ကြာတောင်းကြာလှပြီ။ နေ့တိုင်းပဲ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်ရ သုတရ် တစ်စက်ကလေးမျှ

‹‹‹http://www.shwezinu.blogspot.com/

စိတ်မသိုး မသန့် မဖြစ်တော့။ အပြန်ခရီးသည် တစ်နာရီနီးပါးကြာသည်။ နံနက် ၁၁ နာရီခွဲ တွင် ညေးကားကို ပြန်အပ် ခဲ့ပြီး ခြင်္သေ့နီ ဟိုတယ် သို့ ပြန်လာသည်။ လူရှင်းနေသော ဧည့်ခန်းထဲတွင် စမစ် ကို တွေ့ရသည်။ ခါတိုင်း ထိုင်နေကျ ပြတင်းပေါက် အနီးတွင် ထိုင်မနေ။ လူးလားခေါက်ပြန် လျှောက်နေသည်။ ညေး သည် သူ့ကိုယ်သူလည်း အကျေနပ်ကြီး ကျေနပ်နေသည်။ အစီအမံများကိုလည်း အားအရ ကြီး အားရနေ သည်။ သို့သော် ညေး က သူ့စိတ်ခံစားမှုကို ထုတ်ပြသည့် အကျင့်ရှိသူ မဟုတ်။ ထို့ကြောင့် .... ''ဟုတ်နေ သဗျို့။ ကျွန်တော် ပြောထားတဲ့ အတိုင်းပဲ။ ဒီငနဲမပဲ'' ဟုသာမန်မျှသာ ပြောသည်။ ''ဟုတ်လား ... ဟုတ်လား'' စမစ် က ပြောသည်။ ညေး၏ မျက်လုံးများ ကိုစိုက်ကြည့်နေသည်။ ''ဘာစိတ်ညစ်စရာ

ပေါ်နေရပြန်တာလဲဗျာ။

ကော်ရာက

ကျွန်တော်တို့ရှာနေတဲ့

ငနဲမ

ပါလို့

ပြောနေမှပဲဟာ'' ''ကျွန်တော် သိပါတယ်။ ကော်ရာ ကျွန်တော့်ကို တယ်လီဖုန်းဆက်တာ ၅ မိနစ်လောက်ပဲ ရှိသေးတယ်''

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေး

ထိုင်ချလိုက်သည်။

စမစ်ကို

ကြည့်နေသည်။

ကော်ရာ

ဘာကြောင့်များ

တယ်လီဖုန်း

ဆက်ရတာပါလိမ့်။ စမစ် အငြိမ် ရပ်မနေနိုင်။ ဂနာမငြိမ် ဖြစ်နေသည်။ အင်္ကျီဘေးအိတ်ထဲ လက်နှိုက်ပြီး လမ်းသာ အတွင်လျှောက်နေ သည်။ ''သူ့ယောကျာ်း

ကို

ဈေးဝယ်ဦးမယ်

ပြောလာပြီး

တယ်လီဖုန်းထွက်ဆက်တာတဲ့။

ဘာတွေပြော

နေမှန်းတောင် မသိ ပါဘူး။ သိပ်ချောက်ချားနေပုံပါပဲ။ ခင်ဗျားသိပ်လှန့်လိုက်တယ်နဲ့ တူတယ်'' ''သိုးငယ် ကလေးတမျှကို သိမ်မွေ့ပါတယ် စမစ်ရယ်'' စမစ်က ခေါင်းကို တယမ်းယမ်းခါလိုက်သည်။ ''တကယ် ညစ်ပတ်စုတ်ပဲ့တဲ့ အလုပ်ပဲဗျာ။ ကျွန်တော် ရှင်းရှင်းပြောမယ်။ ဒီကိစ္စမှာ ကျွန်တော် ၀င်မပါချင်ဘူး'' ဟုပြောသည်။ ''ခင်ဗျားက ဘာကြောင်ရပြန်တာလဲဗျာ။ ကျွန်တော် ဖြစ်ချင်တဲ့အတိုင်းဖြစ်လာပြီပဲဟာ'' ''ဟင့်အင်းဗျာ။

ကျွန်တော်တော့

မလုပ်နိုင်ဘူး။

ကျွန်တော်က

လိပ်ပြာသန့်ချင်တဲ့ကောင်။

‹‹‹http://www.shwezinu.blogspot.com/

ကိုယ်ကျင့်တရားရှိရှိ အမြဲနေခဲ့တဲ့ ကောင်ဗျ'' ''ဇာတ်ထဲ က အပြောမျိုးတွေ လုပ်မနေစမ်းပါနဲ့ဗျ။ ကျွန်တော်တို့က ဆန်ပေးဆေးယူလုပ်မှာပါ ဗျ။ ပေ့ကို အကျပ်ကိုင်မှာမှ မဟုတ်တာ။ သူကြိုက်တဲ့လမ်းရွေးပေါ့။ ဘာပဲဖြစ်ဖြစ် ဘယ်သူ သိတာလိုက်လ့'ို ' ''ကျွန်တော် မလုပ်ဘူးလို့ပဲ ပြောပြီးမှပဲဗျာ'' စမစ် ဤမျှလောက် သွေးပျက်နေသည်ကို ညေး တစ်ခါမှ မမြင်ခဲ့စဖူး။ အတန်ကြာကပင် စမစ် ကြောင်စပြု လာမှန်း ညေးသိနေခဲ့၏။ ယခုတော့ သတ္တိတစ်စက်မှ မရှိတော့။ စမစ်လို လူကြောင် မျိုး ကြောက်ဒူးတုန်ပြီဆိုတော့လည်း ကမ်းကုန်အောင်ပါပဲလားဟု ညေးတွေးလိုက် မိ၏။ သို့သော် သူ့ကို ဘယ်လို ကိုင်ရမှန်း ညေးသိသည်။ ''ကောင်းပေ့ဗျာ။ ကော်ရာက ဘေးမဲ့ ပေးဖို့ ခင်ဗျားကို ပြောတယ်။ ကိုင်း ဒီလိုဆို ကျွန်တော်တို့ လည်း ကရုဏာတော်ရှင် ယေရှုသခင်တွေလုပ်ပြီး သူ့ကိုဘေးမဲ့ပေးလိုက်ကြစို့ရဲ့။ ထာဝရ ဘုရား တပည့်တော်အား သနားစောင့်ရှောက်တော် မူပါ။ အာမင်'' စမစ်က မအော်ရုံတမည် အသံဖြင့် ပြောသည်။ ''ဘုရားကို ဆွဲမထည့်ပါနဲ့ဗျ။ ကျုပ်မကြိုက်ဘူး။ ခင်ဗျားဟာ ဘုရားမှန်း တရားမှန်း မသိတဲ့ ဒိဠိကောင်ပဲ ညေးရဲ့'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးသည် အမှတ်မထားသလို ချိုချိုသာသာပင် ဆက်ပြောနေ၏။ ''ဒီလိုဆို ကျွန်တော်တို့ အိပ်ရာလိပ်ပြီး ပြန်ကြရုံ ရှိတော့တာပေါ့။ ကျွန်တော်ထွက်မယ်။ ခင်ဗျား ပြုတ်မယ်။ ခင်ဗျား က ကန်ထုတ်ခံရမှာ။ တစ်သက်လုံး သွားရော။ ဒီလောက် ၀က်ဝက် ကွဲရှုံးမှတော့ ခင်ဗျားလည်း တခြား ဘာအလုပ်မှ ရနိုင်တော့မှာ မဟုတ်တော့ဘူး။ ဘယ်တော့ မှလည်း ရမှာ မဟုတ်တော့ဘူး။ သတင်းစာ လောကမှာ ခင်ဗျားနာမည် အဖတ်ဆည်လို့ ရတော့မှာ မဟုတ်တော့ဘူး။ ကိစ္စတုံး စုန်းစုန်းမြူပ်ပဲ'' စမစ် လမ်းလျှောက်ရပ်လိုက်သည်။ ကုလားထိုင်စွန်းတွင် ထိုင်ချလိုက်သည်။ ကိုယ်ကိုရှေ့သို့ ငိုက်ပြီး လက်သည်း ကိုက်နေသည်။ ညေးကို မကြည့်။ အင်္ကျီကော်လံက ပြုတ်ထွက်နေသည်။ ခဏကြာမှ.... ''ဂရီလီ

ကလည်း

ဒီလိုကိစ္စမျိုးကို

ဘယ်တော့မှ

လက်သင့်ခံမှာမဟုတ်ဘူး။

ဥပဒေကို

အသေ

ဖက်တဲ့လူစားဗျ'' ဟုပြောသည်။ ''ကျွန်တော် တို့လည်း အဲဒီအတိုင်းပေါ့။ ဘယ်ခြေလှမ်း အမှားခံမလဲဗျ။ ဘာပဲဖြစ်ဖြစ်လေ။ ဂရီလီလည်း မရှိပါဘူး ဗျာ။ ခွင့်ပြန်လာတဲ့အချိန်ကျတော့ ဒီကိစ္စလည်း ချည်ပြီးတုပ်ပြီး ဖြစ်နေ တော့မှာပေါ့ဗျာ။ ဒီတော့ သူလည်း ကျေနပ်ရော''

‹‹‹http://www.shwezinu.blogspot.com/

''ဒီမှာညေး

ရဲ့

...

ခင်ဗျား

ပြောသလိုပဲ။

ကျွန်တော်တို့

လုပ်ပြီဆိုပါတော့။

ပေ့ကို

သတင်းစာထိုးအပ်အောင် လုပ်နိုင်ပြီ ထား။ ဘယ်ကငွေနဲ့ ပေးမလဲ။ ဆပ်မာဗီးလ်က တကယ် ငွေပြတ်နေတာဗျ။ ဒီအတောအတွင်း မစ်ဂ်ဟီးလ် အုပ်စုက တွယ်ထားလိ့လုးနေတာ။ ကျွန်တော်... အဲလေ ကျွန်တော်တို့ သုံးပစ်လို့ ငွေတွေ ဒီလောက် ကုန်ပြီးမှတော့ နောက်ထပ် ဘယ်လိုလုပ်ပြီး ငွေထုတ်နိုင်ပါ့မလဲ။ ထုတ်ကို ထုတ်တော့မှာ မဟုတ်တော့ပါဘူးဗျာ'' စမစ်က စောဒက တက်သည်။ ညေးက ပြုံးလိုက်သည်။ “ခင်ဗျား နို့သက် မစင်သေးဘူးကိုးဗျ။ လက်ငင်းငွေချေစနစ်ကို စကား ထဲထည့်ပြောလို့ မဖြစ်တော့ဘူး ဗျ။ ခင်ဗျား ပြောနေတဲ့ ငွေကိစ္စ သက်သက်ကြောင့်သာ မဟုတ်သေးဘူး။ ဥတ္တရအလင်းကို အပြတ် ၀ယ်လိုက်ရင် ကျွန်တော်တို့ကို တစ်မြို့လုံးက နောက်ထပ်ဝိုင်းတွယ်ကြဦးမှာပေါ့။ မဖြစ်ဘူး။

ဒီတော့

ဘာလုပ်ရမလဲဆိုရင်

တစ်ယောက်

တစ်ဝက်စနစ်နဲ့

နှစ်စောင့်တစ်စောင်ပူးပေါင်းရေး

အဆိုပြုရမယ်။ သတင်းစာ နှစ်စောင် စလုံး နှစ်ဖက်ရင်ကြားစေ့ကြပြီး နာမည်ရော စက်တွေရောအပ်။ ပေ့ အငြိမ်းစားယူ။

သူ့ငွေကို

တစ်နှစ်တစ်ခါဝင်ငွေထဲက

ခိုင်ကြေးနဲ့တွက်ပေး။

ဘယ်မှာ

ငွေရင်း

များများ

ထပ်စိုက်စရာ လို တော့မှာလဲဗျ'' ညေးသည် သူ့ဆင်ကွက်ကို သူပီတိဖြစ်နေသည်။ စမစ်ကို စိုက်ကြည့်နေသည်။ စမစ်၏ စာရေးစာချီ မျက်စိများ သည် ပြောင်လက်လာသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ဒီိလိုလား ... ဒီလိုဆိုရင်တော့လည်း တရားမျှတသားပဲ။အရစ်ကျငွေပေးပြီး လုပ်ငန်းဖျက်တာ ဆိုတော့ ပေ့ကို ပေးရမယ့် ခိုင်ကြေးကို ဒီနေ့ဝင်ငွေနှုန်းနဲ့ တွက်ရမယ်။ အဏုမြူစက်ရုံဖွင့်ရင် စောင်ရေက တိုးလာဦး မှာ ဆိုတော့ ... '' ငြိမ်သွား၏။ ညေး စီးကရက် မီးညှိလိုက်၏။ တိတ်ဆိတ်မှုကို မဖျက်။ ခဏကြာမှ ချင့်ချင့်ချိန်ချိန် ပြောသည်။ ''စမစ်ရေ ခင်ဗျားက နည်းနည်းတော့ လောဘဇော တိုက်လွန်းသဗျာ။ ကိုယ့်ဘက်ချည်း ကိုယ် ယက်နေတာကိုး ဗျ'' စမစ် ငြိမ်နေ၏။ တံတွေးကို တစ်မျိုးတည်း မျိုချနေ၏။ ညေးက ချော့ချော့မော့မော့ ပြောသည်။ ''ခင်ဗျား မှာလည်း အိမ်ထောင်ရေးကိစ္စက ရှိသေးတော့ ဒီအလုပ်အဆင်ပြေချင်တယ် မဟုတ်လား။ ခင်ဗျား မိန်း .... '' ''ဟုတ်တယ်။

မင်နီကလည်း

ရှိသေးတယ်။

ခင်ဗျားကို

ဖုံးမထားချင်ပါဘူး။

ပြန်ပေါင်းထုပ်ဖို့

‹‹‹http://www.shwezinu.blogspot.com/

အများကြီးလုပ်ရဦးမှာ'' စမစ်သည် လက်သည်းကိုက်နေရင်းက ..... ''ဒါပေမဲ့ ဒီကစ္စိကို သိပ်တော့ ဘ၀င်မကျလှဘူးဗျာ'' ဟုပြောပြန်သည်။ စမစ် ညွှတ်ချင်ချင်ဖြစ်လာမှန်း ညေးသိသည်။ထု့ေိ ကြာင့် လေသံနည်းနည်းမြှင့်ပြီး ပြောလိုက် သည်။ ''အို စိတ်ကူးမယဉ်စမ်းပါနဲ့ဗျာ။ ဒီကိစ္စက လည်လှီးတယ်။ ဆမ်မာဗီးလ်က အဲဒီနှစ်ယောက် စလုံးကို လှီးတယ်။ ဂျော့က မစ်ဂ်ဟီးလ်ကို လှီးတယ်။ ဆမ်မာဗီးလ်က အဲဒီနှစ်ယောက်စလုံး ကိုလှီး လို့ရမယ်ဆိုရင် ရွှေပုံပေးရပေးရ လှီးမှာပဲ။ သတ်မလား သေမလားဆိုတဲ့ သေရေး ရှင်ရေး ကိစ္စပဲဗျ။ ခင်ဗျားကိုယ် ခင်ဗျား အပြစ်တင်မနေနဲ့။ ခင်ဗျားက ပေ့ကို တန်ကြေးထက် ပိုပေးတယ်။ သူ လက်ခံသင့်တာပေါ့။ ဒါပေမဲ့ သူက ကျွန်တော်တို့ကို တိုက်တယ်။ ကျွန်တော်တို့ အလုပ်ကို ဖျက်လိုဖျက်ဆီး လုပ်တယ်။ အခု သူ့ကိုပြန်တွယ်ဖို့ အကွက်လည်း ရရော ခင်ဗျားက

လင်းတ

မှိုင်မှိုင်နေတယ်။

သတ္တိရှိစမ်းပါ

ကိုယ့်လူရဲ့။

ကျွန်တော်

အပြတ်ပြော

ထားမယ်။

ဒီအခွင့်အရေးကို လက်လွှတ် ရင် ခင်ဗျား တစ်သက်လုံး ယူကျုံးမရ ဖြစ်ရတော့မှာ'' စမစ် သည် ညေး ကို ကြည့်လိုက်၊ မျက်စိလွှဲလိုက် လုပ်နေသည်။ ''စိတ်မောတယ်ဗျာ။ အရင်တစ်ခွက်လောက်တော့ သောက်လိုက်မှပဲ။ ဒုက္ခများ ဖြစ်နေမလား မသိဘူး'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''မဖြစ်ပါဘူးလေ။ သွေးလေး ဘာလေးတောင် ပူလာမှာပေါ့ ကိုယ့်လူရဲ့'' ညေးက စားပွဲထိုး ကိုခေါ်သည်။ အရက်မှာသည်။ စားပွဲထိုးက ၀ီစကီခွက်ကြီးနှစ်ခွက်ယူုလာ သည်။ စမစ်က

အစ

တွင်

မြုံ့သောက်နေသေးသည်။

နောက်တော့

မော့မျိုတော့သည်။

သဲကန္တာရထဲက

ပြန်လာရော့သလားပင် ထင်ရသည် ဟု ညေးတွေးလိုက်မိ၏။ ''သောက်မှ ဖြစ်တော့မှာပဲ။ ခုတစ်လော လူလည်း ဘယ်လိုဖြစ်နေမှန်းမသိပါဘူးဗျာ။ ဒီကိစ္စ ကလည်း .... ဆုံးဖြတ်ရတာ ခက်လိုက်တာ'' ''ထပ်ယူဦးမလား'' ''ပြီးတော့မှ ... အင်းလေ သောက်တာပေါ့ဗျာ'' ညေးက အရက်ထပ်မှာပြန်သည်။ "ကျွန်တော့်ရင်ထဲမှာက ဘာသာရေးအစွဲ ရှိတုန်းဗျ။ သြစတြေးလျနေတုန်းကလည်း သမ္မာကျန်းစာ သင်ကျောင်းမှာ

တနင်္ဂနွေနေ့တိုင်းစာပြခဲ့တာ၊

ကျွန်တော့်အမေက

စည်းကမ်းသိပ်ကြီးတာ။

ကလေး

‹‹‹http://www.shwezinu.blogspot.com/

တုန်းကတည်းက အပိုးကျိုးနေအောင် သွန်သင်ထားတာ။ ၁၁ နှစ်သား မပြည့်ခင်ကတည်းက ကောရိန္တု သြဝါဒစာ ပထမစောင် အခန်း ၁၃ စဉ်းစားကြည့်လိုက်တော့ မလိုပါဘူးလေ။

တစ်ခုလုံး ကျွန်တော် အလွတ်ရတယ်။ ဒီကိစ္စ ကို နောက်ထပ်

ကောင်းတဲ့ဘက်ကလည်း

သိမ်သိမ်မွေ့မွေ့

လုပ်ကြတာပေါ့။

မြင်လာတယ်။ ပေ့လည်း

သိပ်လည်းကြမ်း

ကြမ်းကိုင်ဖို့

အငြိမ်းစားယူသင့်ပါပြီ။

သူကလည်း

ကျန်းမာလှတာမှ မဟုတ်ဘူး" "သူ့အဖို့ သာတောင် ကောင်းသွားဦးမှာပါဗျာ" "ကော်ရာနဲ့ ပတ်သက်လ့.ို .." စမစ် စကား တန်းလန်းဖြစ်နေစဉ် ညေး က မြန်မြန်ဝင်ပြောသည်။ "ဘာမှမဖြစ်ပါဘူး။ အပြင်လူ သိမယ့်ကိစ္စမှ မဟုတ်တာပဲ။ ဟိုငတုံးကလည်း သူ့ကို ချစ်ပါတယ်။ ခွင့် လွှတ်မေ့ပျောက်ပစ် လိုက်မှာပါဗျာ" "တစ်ခွက်ထပ်မှာဦးဗျာ။

ခင်ဗျားပြောတဲ့အတိုင်းဆိုရင်

တခြားလမ်းမရှိတော့ဘူး။

ဘာက စလုပ်ကြမလဲ။ ပေ့ကို တယ်လီဖုန်း ဆက်မလား" "ဟင့်အင်း... လူကိုယ်တိုင် စာသွားပေး။ တွေ့ခွင့်တောင်း" စမစ်သည် မေးစေ့ကို လက်ခုံဖြင့်ပွတ်ရင်း ခဏ စဉ်းစားနေသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

လုပ်ထိုက်တာပဲ။


ဦးဝင်းတင်

ဥတ္တရအလင်း

"တစ်ခုရှိတယ်... အရေးကြီးတယ်။ ခင်ဗျား မိတ်ဆွေကိုလည်း ပိုင်မှဖြစ်မယ်။ သူ့ဆီကို ချက်ချင်း ဖုန်းဆက်ဗျာ" ဘာသာရေး စိတ်ဓာတ်အခံ ရှိသူတစ်ဦးအဖို့ ဤစကားသည် အတော်ပတ်ပတ်နပ်နပ် ရှိသည် ဟု ညေး တွေး လိုက်မိသည်။ "ကျွန်တော်လည်း စိတ်ကူးပြီးသားပါ။ ဟိုင်းစ်က မစ်ဂ်ဟီးလ်အုပ်စု သတင်းစာမှာ လုပ်နေတုန်း ပါ။ ပေ့ကို ပေးဖို့ စာသာ အရင်ရေးပါဦးလေဗျာ" စမစ် အရက်ခွက်ကျန်ရှင်းပြီးအောင် ညေး စောင့်နေသည်။ ပြီးမှ စာရေးခန်းထဲသို့ ဝင်သွားကြလေ

‹‹‹http://www.shwezinu.blogspot.com/

သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၈)

ထိုနေ့ မွန်းလွဲပိုင်း ၂ နာရီခွဲတွင် ဟင်နရီပေ့သည် မြောက်ပိုင်းခရိုင်များကလပ်မှ ထွက်လာခဲ့သည်။ သတင်းစာတိုက် သို့ မှန်မှန်လျှောက်လာခဲ့သည်။ စက်တင်ဘာ၊ ၂၅ ရက်နေ့တွင် ကျင်းပရန် သတ်မှတ်ထားသည့် ဂုဏ်ပြုညစာစားပွဲကိစ္စကို ဝဲလ်စ်ဘီ နှင့် နေ့လယ်စာ စားရင်း ဆွေးနွေးခဲ့သည်။ စကားပြောလို့ ဆိုလို့ကောင်းသော မိတ်ဆုံပွဲ၊ ဝဲလ်စ်ဘီ သူ့ကို ဝိုင်အရက်ကောင်း ကလေး ဇွတ်တိုက်၍ ပေ့ စိတ်သွက်လူသွက်ဖြစ်နေ၏။ လာမည့်ရွေး ကောက်ပွဲတွင် ဝင်ပြိုင်မည့်အကြောင်း ဝဲလ်စ်ဘီ ပါးပါးနပ်နပ် ထုတ်ဖော်ပြောပြပုံကို ပေ့ ပြန်စဉ်းစား မိသည်။ ပြိုးမိသေး၏။ တကယ်တော့လည်း အမတ်လောင်းတစ်ဦးအဖြစ် ဝဲလ်စ်ဘီ မညံ့လှ။ အယုတ်အားဖြင့် နော့သမ်ဘာ နယ်သား

‹‹‹http://www.shwezinu.blogspot.com/

တစ်ဦး အဖြစ် မြောက်ပိုင်းဒေသအကျိုးကို ဆောင်နိုင်လိမ့် မည် မုချ။ ပေ့သည် ပန်းခြံလမ်းအရောက်တွင် ဖြတ်လမ်းအတိုင်း လိုက်လာခဲ့သည်။ ဆိုင်တစ်ဆိုင် တွင် ရှေး ဟောင်းရှားပါးကြွေထည်ပစ္စည်းတစ်ခုကို တွေ့သည်။ ရှေးလည်း ကျသည်။ ဈေးလည်း ချိုသည်။ ၅ ပေါင် ၁၀ ရှီလင်သာ ဈေးနှုန်းသတ်မှတ်ထားသည်။ တွေ့ရချက် အခန့်သင့်လိုက်လေစွ။ ရောင်းပစ်ခဲ့ရသည့် သူ့ကြွေထည်ပစ္စည်းများကို အစားပြန်ထိုး ရန်အတွက် ပွဲဦးထွက် ပစ္စည်းပါပေ။ ပေ့ လက်ယားလာသည်။ ဆိုင်ထဲဝင်သွားသည်။ ဈေးဆစ် သည်။ ၅ ပေါင် ၅ ရှီလင်နှင့် ဈေးတည့်သည်။ သတင်းစာတိုက် သို့ ပြန်ရောက်တော့ ကြွေထည်လေးကို စားပွဲပေါ်တွင်တင်ကာ အရိပ်တကြည့် ကြည့်လုပ်နေ သည်။ မစ်မော့ဖတ် ဝင်လာသည်။ လူလွှတ်ပြီး လာပေးသွားသည်ဆိုသော စာတစ် စောင်ကို ယူလာ သည်။ ပေ့က မစ်မော့ဖတ် ကို ကြွေထည်ချီးမွမ်းခန်း ဖွင့်ပြနေသေးသည်။ မစ်မော့ဖတ်က သူ စိတ်ချမ်းသာပါစေတော့

သဘောဖြင့်

အလိုက်သင့်

နားထောင်နေသည်။

ပြီးမှ

ကိုယ့်အခန်း

ကိုယ်

ပြန်သွားလေသည်။ ဟင်နဂီပေ့သည် ကြွေထည်ကလေးကို ပွတ်ရင်း သပ်ရင်း ကြည်နူးမိန်းမောနေ၏။ ရက်သတ္တပတ် ပေါင်းများစွာ ပင်ပန်းနွမ်းလျ သောကရောက် ခဲ့ရပြီးနောက် အခြားလူက ဖန်တီးလာသည့် ပဋိပက္ခမှု တွင် သူ အောင်ပွဲ

ခံနိုင်လိုက်ခြင်းကြောင့်

မထင်မှန်းနိုင်လောက်အောင်

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

စိတ်ချမ်းသာရာရခဲ့သည်။


ဦးဝင်းတင်

ဥတ္တရအလင်း

ကျင့်ဝတ်သိက္ခာကြီးတစ်ရပ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင် ခဲ့သည်။ သတင်းစာကိုလည်း ခလုတ် မထိ ဆူးမငြိ ဆက်ထုတ်နိုင်ခဲ့သည်။ သတင်းစာ သြဇာ လည်း ပိုမိုကြီးမားလာခဲ့သည်။ ခါတိုင်းထက် အခြေခိုင်လာခဲ့သည်။ အိမ်တွင်းရေးတွင် လည်း ရေမြင့်ကြာတင့် ဖြစ်လာသည်။ သမီးလုပ်သူက သူ့ကို အရေးထားရ ကောင်းမှန်း သိလာ သည်။ မသိမသာ ပင် အရိုအသေ ပေးလေသည်။ လင်မယား ဆက်ဆံရေးတွင်လည်း ပိုမိုချမ်းမြေ့လာလိမ့်မည်ဟု မျှော်လင့်သည်။ ကြာသပတေးနေ့ တွင် ဂုဏ်ပြုဧည့်ခံပွဲ ကိစ္စ၊ ညစာစားပွဲကြီးကိစ္စ၊ ပေ့ ဂုဏ်ပြုခံရမည့်ကိစ္စအတွက် အဲလစ်လည်တဆန့် ဆန့် ဖြစ်နေပုံ ကို တွေ့ရတော့မှ အဲလစ်ဘဝ ၏ ထိုကဏ္ဍကို ယခင်က ဘာသာလဝါ နေမိခဲ့ခြင်း အတွက် သူ့ကိုယ်သူပင် အပြစ် တင်မိလေသေးသည်။ ထိုကိစ္စမျိုးတွင် အရိုးခံစိတ်ဖြင့် ပါလေရာ လုပ်ချင်သည်မှာ အဲလစ် ဉာဉ်ပင်ဖြစ်သည်။ သူကိုယ်တိုင်လည်း ဝသီဆန်းဆန်းများရှိသည်ပင်ဖြစ်ရာ အဲလစ်၏ဉာဉ်ဆန်းကို ဘာကြောင့် အလို မလိုက်နိုင် ရမှာလဲဟု ပေ့ တွေးမိ၏။ ထိုသို့ အလိုလိုက်ခြင်းဖြင့် ကော်ရာ့အပေါ် အဲလစ် ကြည်ကြည် ဖြူဖြူ ဖြစ်လာနိုင်သည်။ မိသားစုတစ်ခုလုံး သင့်သင့်မြတ်မြတ် သဟဇာတ ဖြစ်အောင် လုပ်နိုင်လျှင် သူ ကျေနပ်ပြီ။

‹‹‹http://www.shwezinu.blogspot.com/

မစ်မော့ဖတ် လာပေးသွားသည့်စာကို သတိရ၍ ဖတ်လိုက်သည်။ မကြည်မသာ ရေရွတ်လိုက်မိ သည်။ စာရွက် ကို ဆုတ်ဖြဲပစ်ကာ အမှိုက်ခြင်းထဲသို့ ပစ်ချလိုက်သည်။ ရံဖန်ရံခါ ဆိုသလို ဥတ္တရအလင်းသို့ မကြားဝံ့မနာသာ ဆဲစာများ၊ ကြိမ်းမောင်းခြိမ်းခြောက်စာ များ ရောက် တတ်သည်။ စာတိုင်းလိုလိုမှာ ရေးသူ၏အမည်နေရာ အပြည့်အစုံမပါ။ ဤစာကတော့ အမည်နေရပ် လိပ်စာ မပါသော လျှို့ဝှက်ပစ်စာမဟုတ်။ ဟာရိုးစမစ် ကိုယ်တိုင် လက်မှတ်ရေးထိုး ထားသည့်စာ။ ခွဲခွာခါနီး စမစ် ဤမျှလောက် မိုက်မိုက်ကန်းကန်း အာဃာတကြီးကြီးလုပ်လိမ့်မည် ဟု မယုံနိုင်။ ပေ့ အလုပ် ဆက်လုပ်သည်။ စီးပွားရေးဆိုင်ရာ ဝေဖန်ချက်ဆောင်းပါးတစ်ပုဒ်ကို ရေးသည်။ သို့ သော် သူ့ခေါင်းထဲမှ အတွေးမပေါ်။ စမစ်ထံမှစာကိုသူ စိတ်ရောက်နေသည်။ တွေးလေတွေးလေ စိတ်မရှင်းလေ။ ရုံးခန်းထဲတွင် သူတစ်ယောက်တည်းသာ ရှိသည်။ အမှိုက်ခြင်းထဲသို့ စက္ကူစုတ်များကို ပြန်ကောက် သည်။ ခက်ခက်ခဲခဲ ပြန်ဖတ်ကြည့်မိသည်။

ခင်မင်ပါသော မစ္စတာပေ့ ခင်ဗျား... လူကြီးမင်းအား အကြီးအကျယ် ထိခိုက်နစ်နာစေနိုင်မည့် လတ်တလော အရေးတကြီးကိစ္စ တစ်ရပ်ကို ကျွန်တော် များ ကြားသိထားပါသည်။ လူကြီးမင်း၏အကျိုးငှာ ကျွန်တော် အကြံပေးလို သည်မှာ ထိုကိစ္စ ကို Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဆွေးနွေးရန်အတွက် ကျွန်တော်တို့အား အမြန်ဆုံးတွေ့ဆုံခွင့်ပြုရန် မေတ္တာရပ် ခံပါသည်။ ကိစ္စမှာ အလော သုံးဆယ် ဖြေရှင်းရမည့်ကိစ္စဖြစ်ပြီး အရေးလည်း ကြီးပါသည် ခင်ဗျား။ လေးစားစွာဖြင့် ဟာရိုးစမစ်

ဟင်နရီပေ့သည် လိမ့်ဟု

စဉ်းစားနေမိ၏။

ရေးထားကြောင်း

ထင်ရှား

သက်ပြင်းတစ်ချက် စကားလုံးကောက် သည်။

ရှိုက်လိုက်ပြန်သည်။ အဓိပ္ပာယ်ဖမ်း၍

ဤအချက်သည်ပင်

သူ့ကို

သူတို့ဘာအကွက်ဆင်ကြပြန်ဦးမလို့ပါ

မရပုံထောက်သော် ခြေမကိုင်မိ

စာကို

ဂရုတစိုက်

လက်မကိုင်မိ

ဖြစ်အောင်

ဖန်တီးထားခြင်းဖြစ်သည်။ မထေမဲ့မြင် ပြုခံရလေခြင်းဟူသော နာကျည်းစိတ်သည် သူ့ရင်ထဲတွင် တဟုန်းဟုန်းတောက်လောင် နေသည်။

‹‹‹http://www.shwezinu.blogspot.com/

လတ်တလော အရေးတကြီးကိစ္စဆိုသော စကားကို ဘာ့ကြောင့်သုံးရသလဲ။ နောက်ပိုင်းတွင် ဖွင့်ချ မည်ဆိုသော အချက်သည် နိမိတ်ပြခြင်းပင် မဟုတ်လား။ "ကျွန်တော် အကြံပေးလိုသည်မှာ" ဆို သော စကားလုံးများ ကလည်း ခြိမ်းခြောက်မှုသဘော ကို သကာဖုံးထားသော စကားလုံးများပင် မဟုတ်လား။ မျက်ရမ်းမှန်းဆ အတွေးရေယာဉ်ကြော မျောနေ၍မဖြစ်။ စမစ်နှင့် သူ့အဖော်တို့မှာ ဟက်ဒယ်လ် စတန် မှ ပြန်ပြေးလုတည်းခါဖြစ်နေပြီ။ ဤစာသည် နောက်ဆုံးထိုးကွက်ဖြစ်သည်။ ပေယျာလကန် လုပ်ထားလိုက် ရန် ပေ့ ယတိပြတ် ဆုံးဖြတ်လိုက်၏။ စက္ကူစုတ်များကို ဆုပ်ခြေပြီး အမှိုက်ခြင်း ထဲ ပြန်ပစ်ထည့် လိုက်၏။ နောက်ထပ်တစ်နာရီခန့် ပေ့ စိတ်ငြိမ်ငြိမ် အလုပ်လုပ်နိုင်သည်။ မိတ်တလန် ဝင်လာသည်။ ရက် အနည်းငယ် ခွင့်ယူမည်။ နော့တင်ဟမ်မြို့တွင် ကျင်းပမည့် ဆောင်းဦးမြင်းပြပွဲ သို့ သွားမည်။ မြင်းပေါက်ကလေး တစ်ကောင် ဝယ်မည်ဟု မိတ်တလန် စိတ်ကူးထားသည်။ "မြင်းကလေးတစ်ကောင် တွေ့ထားတာကြာပြီဗျာ။ တကယ့် မြင်းချောကလေးပဲ" ဥတ္တရအလင်း အခြေပြန်ခိုင်လာချိန်မှစ၍ မိတ်တလန် တစ်မူးထူးပြီး တောင့်တင်းဖျတ်လတ်လာ သည်။ မိတ်တလန် က ရယ်သံကလေး စွက်ကာ ဆက်ပြောသည်။ "အခု ကျွန်တော်တို့ ငွေနဲ့ကြေးနဲ့ ပြန်ဖြစ်လာပြီပဲဗျာ။ ဒီတော့ ကျွန်တော်လည်း မြင်းရောဂါတက်လာ ပြန်တာပေါ့။ ဒီငွေလောက်တော့ သုံးနိုင် ပါတယ်လေလို့ ထင်လာတာနဲ့"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပေ့သည် မိတ်တလန် အပေါ် ခါတိုင်းထက် ပို၍ ပို၍ သံယောဇဉ်တွယ်လာသည်။ လွန်ခဲ့သည့် နှစ်များအတွင်း

မိတ်တလန်

ဗဟုသုတ၊

အတွေ့အကြုံ၊

အကြားအမြင်နှင့်

ရိုးသားတက်ကြွသော

ကိုယ်ကျင့်တရားအပေါ်တွင် ကြီးမားစွာ မှီခိုအားထားပြုခဲ့ရသည်။ ကိုယ်ရေးကိုယ်တာကိစ္စများတွင် လည်း မိတ်တလန်၏အကြံဉာဏ်ကို မကြာခဏ တောင်းယူခဲ့ရသည်။ ယခုလည်း ခြိမ်းခြောက်စာကိစ္စက ခေါင်းထဲတွင် ရှိနေ၍ မိတ်တလန်ကို ဖွင့်ဟတိုင်ပင်ရန် ဗြုန်းခနဲ စိတ်ကူးပေါ်လိုက်မိသေး၏။ သို့သော် မိတ်တလန်မှာလည်း သူ့ကိစ္စနှင့်သူ၊ သွားခါနီး လာခါနီးလည်း ဖြစ်နေပြီ။ ဒုက္ခ မပေးချင်တော့။ သွားပါစေတော့လေ။ "ကိုင်း မယ်လ်ကမ်ရေ ပျော်ပျော်သာ နားပေတော့။ အဖွဲ့ ကတော့ လွမ်းနေကြမှာပဲ" ပေ့က လှိုက်လှိုက်လှဲလှဲ ပြောသည်။ လက်ဆွဲနှုတ်ဆက်သည်။ ပေ့၏ဆွေးဆွေးမြေ့မြေ့စကားကြောင့်

မိတ်တလန်

စိတ်ထင့်သွားသည်။

ဤသည်ပင်

သူတို့ နှစ်

ယောက်၏မတူကွဲပြားသော စရိုက်။ မိတ်တလန်က ဟင်နရီပေ့အပေါ် ထားရှိသည့် သူ့ကြည်ညို လေးစားမှု ကို မြင်သာ ထင်သာ ထုတ်ဖော်ပြသဖို့ အိပ်မက်ပင် မက်သူမဟုတ်။

‹‹‹http://www.shwezinu.blogspot.com/

''ကျွန်တော်ပြန်လာမှာပါ'' မိတ်တလန်က ပုံဆိုးဆိုးသူ့မျက်နှာကြီးကို အပြုံးရောင်လွှမ်းလိုက်သည်။ ''ကျွန်တော်မရှိတုန်း စက်တွေလည်နိုင်အောင်တော့ လုပ်ကြပေါ့ဗျာ'' ဟုပြော၏။ ညနေ ၄ နာရီတွင်ပေ့ ဆောင်းပါးရေးပြီးသည်။ ဆောင်းပါးနှင့်အတူဖော်ပြရမည့် ဥရောပအိုးအိမ်စ ခန်းများ၊

လေဆိပ်များ၊

တံတားများ၊

ဟက်ဒလေက

ယူလာသည်။

တံခါးခေါက်သံ

သဲ့သဲ့ကြား

စက်ရုံသစ်များစသည့်

ဟက်ဒလေထွက်သွားပြီးနောက် လိုက်ရသည်။

''၀င်ခဲ့လေ''

သတင်းဓါတ်ပုံများကို မစ်မော့ဆတ်ကို

မော့ကြည့်လိုက်ရာ

သတင်းထောက် ခေါ်ရန်လုပ်နေစဉ်

ကော်ရာရပ်နေသည်ကို

တွေ့ရလေသည်။

''အနှောက်အယှက်များ ဖြစ်နေသလားဟင်'' ယခင်က သူမမြင်ခဲ့ဖူးသေးသည့် အညိုရောင်ဝတ်စုံသစ်ကို ၀တ်ထားသည်။ လွန်ခဲ့သည့် ၂ နှစ်က ခရစ်စမတ်လက်ဆောင်အဖြစ် သူပေးထားခဲ့သည့် ပုလဲကုံးကို လည်မှာဆွဲထားသည်။ ကော် ရာဘယ်တုန်းကမှ ဤမျှကြည့်ပျော်ရှုပျော် မရှိခဲ့စဖူး။ ကော်ရာမျက်လုံးတွေက ထူးထူးလည်လည် ကြည်လဲ့နေ၏။ ကော်ရာက သွက်သွက် ကလေး စကားဆက်ပြောသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''မြို့ထဲလာစရာကိစ္စကလေးရှိတာနဲ့။ ဒေးဗစ် ကိစ္စပါ။ အိမ်မပြန်ခင်ဝင်ကြည့်လိုက်ဦးမယ်လေ ဆိုပြီး လာခဲ့တာပါ။ ဦး အလုပ်များနေရင် ကျွန်မပြန်တော့မယ်နော်'' ''ပြန်ဝံ့ ပြန်ကြည့်ပါလား။ လာစမ်းပါဦးကွယ်။ မင်းတို့သတင်းလေး ဘာလေးပြောစမ်း'' ကော်ရာက သတင်းစာတိုက်သို့ အလည်အပတ်ဝင် ခဲ သည်။ ကော်ရာရောက်တိုင်း ပေ့ စိတ် အပန်း ပြေသည်။ ပေါ့ပါးလန်းဆန်းသည်။ ယခုလည်းကော်ရာကို တောက်တောက်ပြောင်ပြောင်၊ ဖျတ်ဖျတ် လတ်လတ် တွေ့ရသည်မှာ အထူးရွှင်လန်းအားရ ဖြစ်ရသည်။ ''နေလို့ထိုင်လို့ ကောင်းကြရဲ့လားဟေ့'' ''အိုး....ကျွန်မလား.....နေမကောင်းတာရယ်လို့ မရှိပါဘူးရှင်'' ''ဂီတပွဲတုန်းက မူးတာရော ပျောက်သွားပလား'' ''ဘာမှမဟုတ်ပါဘူး။ ကျွန်မက လူထူထူထဲ မနေတတ်ဘူး။ အခန်းကလည်း လှောင်နေတာနဲ့''

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာက ခဏငြိမ်နေသည်။ ပြီးမှ..... ''မေးရမှာက ဦးကော နေကောင်းရဲ့လား'' ဟုပြောလိုက်၏။ ''ဒေါင်ဒေါင်မည်ပါပဲဗျာ'' ''ဆရာဝန်နဲ့ ဘယ်တုန်းက တွေ့ခဲ့သေးလဲ'' ''တစ်ပတ်သာသာလောက်ပဲ

ရှိဦးမှာပါ။

မေ့တော့နေပြီ။

တစ်လတစ်ခါတော့

ပုံမှန်သွားတွေ့ပါ

တယ်ကွယ'် ' ''ဆေးပြား ကလေးတွေကရော သောက်နေရတုန်းပဲလား'' ''သောက်ရတုန်းပေါ့ကွယ်။ အတော်ကောင်းပါတယ်'' ပေ့တစ်ယောက် နိုင်ထရိုဂလစ်စရင်း ဆေးပြားကလေးများကို စွဲမြဲသောက်နေရခြင်းအတွက် စိတ် မ ကောင်းဖြစ်နေရသည့် အလား ကော်ရာခေါင်းယမ်းလိုက်၏။ သူ့နဂိုရ်ဟန်မဟုတ်၍ မင်းသမီး ဖျင်း ဖျင်း အမူအယာ လုပ်သည်နှင့် တူနေတော့၏။ ပေ့၏ကုလားထိုင်

လက်တန်းပေါ်တွင်

ကော်ရာထိုင်လိုက်၏။

အသနားခံနေ သယောင်ယောင်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သူ့မျက်လုံးကြီးများက

ပေ့ကို


ဦးဝင်းတင်

ဥတ္တရအလင်း

''ကျွန်မနဲ့ ဒေးဗစ်တောင် မနေ့ညကပဲ ဦးအကြောင်းကို အကြာကြီးပြောနေမိကြသေးတယ်'' ''ဟုတ်လား'' ပေ့က

ကော်ရာကိုငေးကြည့်ရင်း

မျက်နှာသာပေး

လေသံဖြင့်

ပြန်မေးလိုက်၏။

ကော်ရာ့အညိုရောင်ဝတ်စုံက သူ့ မျက်လုံးရောင်နှင့် ပနံ ရသည်။ သွေးရောင်လွှမ်းနေသော သူ့ပါးပြင် ကို ထင်းထင်းပေါ် လွင်စေသည်။ ကော်ရာက လောလောကလေးပြောနေစဉ် သူ့ အသံတွင်နုံးခွေဟန်ပေါ်နေ သည်။ ပေ့ သတိထားမိ၏။

''ကျွန်မတို့ ဦးကို ဘယ်လောက်ချစ်တယ်ဆိုတာ ဦးလည်းသိသားပဲ။ ကျွန်မတို့နှစ်ယောက်စလုံး ဦး အတွက် အမြဲပူပန်နေရတာပဲ။ ဦးကအလုပ်သိပ်လုပ်တာပဲ။ လုပ်သင့်တာထက်အများကြီးပိုလုပ်နေ တယ်လို့ ကျွန်မတို့ ထင်တယ်။ ဦးအတော်ကြာကြာ အနားယူသင့်တယ်လို့လည်း ကျွန်မတို့တွေး မိ တယ်။ ဦး အတွက် ပြောတာပါလေ'' ပေ့က ပြုံးလိုက်သည်။

‹‹‹http://www.shwezinu.blogspot.com/

''ဘယ်လောက် ကြာကြာလဲကွယ'် ' ဟုပြန်မေးသည်။ ''အင်း... '' ကော်ရာက မပြောရက်ရက်အပြောခက်၍ ပြောမထွက်သလို ငြိမ်နေပြီးမှ ''အငြိမ်းစား ယူသင့်တယ်ကိုထင်တာပဲ'' ဟု ပြောလိုက်လေသည်။ ပေ့ မင်သက်မိ သလို နှုတ်ဆိတ်နေသည်။ ''ကော်ရာရယ်...ဒီလိုအချိန်ရောက်မှများ....သတင်းစာကို

လက်လွှတ်လိုက်ဖို့

အကြံပေးနေပြန်တာလားကွယ်'' ဟု ပြန်မေးသည်။ ''အဲဒီသဘောပဲ ရောက်တာပေါ့လေ'' ''ဒီသတင်းစာကို လက်မလွှတ်ရအောင်တိုက်ပွဲဝင်ခဲ့တာ။ ခုမှပြီးရုံပဲ ရှိပါသေးတယ်ကွယ်'' ''ဟုတ်ပါတယ်။ ဦးနိုင်တယ်လေ။ ဦးအကြောင်းပြပြီးပြီ။ ဦးအညံ့မခံဘူး။ သိပ်ကောင်းတာပေါ့။ အခု ဦး အသာစီးရနေပြီ။ သူတ့ကို လည်း ငွေတွေ ပုံပေးနေပြီမဟုတ်လား'' ကော်ရာ က ပြုံးထေ့ထေ့နှင့် ပေ့လက်ကိုလှမ်းကိုင်လိုက်သည်။ နှုတ်ခမ်းနှင့်တေ့လိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''လွှဲပေးလိုက်တော့ပေါ့

ဦးရဲ့...အဲဒါအကောင်းဆုံးပဲပေါ့။ ဦးကျန်းမာရေးအတွက်ရော၊ ကိစ္စအားလုံး

အတွက်ရောပေါ့လေ'' သိုသိုသိပ်သိပ်ဖုံးဖိထားသော အလောသုံးဆယ်လေသံနှင့် လုံးဝမျှော်လင့် မထားသော ဖျောင်းဖျောင်း ဖျဖျ လေသံကြောင့် ပေ့ရုတ်တရက် စနိုးစနောင့်ဖြစ် လာသည်။ ကော်ရာ့စကားနှင့်စမစ်စာအကြား အချိတ်အ ဆက်များ ရှိနေရော့ သလား။ ပေ့ ငေးနေသည်။ သောကရောက်နေသည်။ စာအကြောင်း ကို လည်း ပြောမပြရက်။ ကော်ရာ ကိုလည်း မကောင်းမထင်ရက်။ သို့သော် မေးခွန်း တစ်ခုတော့ မေးလိုက် ရတော့၏။ ''မင်းမှာ ဒုက္ခတွေရောက်တာ တစ်ခုခုများ ရှိနေရော့သလားကွယ်'' ကော်ရာ တုန်သွားသည်။ အံ့အားအသင့်ကြီးသင့်သွားခြင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ''မဟုတ်ပါဘူး။ ကျွန်မမှာ ဘာဒုက္ခ သုက္ခမှမရှိပါဘူး'' ''ရှိရင်လည်း ဦးကို ပြောပြပေါ့ကွယ်'' ''ပြောမှာပေါ့ ဦးရဲ့။ မရှိပါဘူး။ ဘယ်လိုကြောင့်ရှိရမှာတုန်း''

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာ က ချောက်ချားသော အပြုံးကလေးဖြင့် ပြန်မေးသည်။ ဟင်နရီပေ့က

''ဒါဖြင့်လည်း

ဆယ်အနားလေးဘာလေး

ပြီးရော့ပေါ့။

ယူဖို့လောက်ပဲ

သတင်းစာကို

လက်လွှတ်ဖ့ဆိုတာတော့....လောလော

စိတ်ကူးထားသေးတယ်။

တစ်နေ့နေ့တော့

အငြိမ်းစား

ယူရမှာပေါ့ကွယ်။ အဲဒီအခါကျတော့ ဒေးဗစ်တာဝန်လွှဲယူရမှာပေါ့။ တော်တော်နဲ့တော့ မဖြစ်သေး ပါဘူးလေ'' အနေရ ခက် အထိုင်ရခက် ငြိမ်သက်တိတ်ဆိတ်နေသည်။ မစ်မော့ဖတ်က ညနေပိုင်းဝင်လာသော စာများကို ယူလာသည်။ သူတ့နှိုစ်ယောက် နေသာထိုင်သာ ရှိသွားသည်။ မစ်မော့ဖတ်သည် မိန်းမချင်းအပေါ် အကောင်းထင်လေ့ မရှိ။ သို့သော် ကော်ရာကိုတွေ့တော့ တွေ့စကတည်းက စေတနာထားခဲ့သည်။ မစ်မော့ဖတ် က ကော်ရာ့ကို နှုတ်ဆက်သည်။ သူတ့နှိုစ်ဦး စကားစမြည်ပြောကြ ပြီးနောက် ကော်ရာပြန် ရန်ပြင်သည်။ ကော်ရာက သူပြောသည့်ကိစ္စကို ထပ်မံ စဉ်းစားရန် တိုက်တွန်းသွားသေးသည်။ ပေ့က ကော်ရာကို တံခါးမကြီး အထိ လိုက်ပို့သည်။ သူ့စားပွဲ သို့ပြန်လာချိန် တွင် ပေ့စိတ် မကြည်မသာ ဖြစ်နေဆဲ ပင်ရှိသေးသည်။ ကော်ရာ ၏နောက်ဆုံး အကြည့်က သနားစရာကောင်းလှ၏။ လုပ်စရာရှိတာကိုပင် သူ ဆက်မလုပ်နိုင်တော့။ အပြင်တွင်

စင်္ကြံအသစ်ခင်းနေ၍

ဆူညံနေသည်။

စဉ်းစားခန်းဝင်၍

မရ။

အိမ်ပြန်လာခဲ့သည်။ အိမ်တွင်စိတ်အေးလက်အေး စဉ်းစားခန်းဝင်နိုင်လိမ့်မည်ဟူသော အထင်နှင့်။ အိမ်ထဲသို့ ၀င်လိုက်ရုံရှိသေး။ အဲလစ်က သူ့ကို ခန်းမထဲမှ စောင့်တွေ့သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

နာရီခွဲတွင်


ဦးဝင်းတင်

ဥတ္တရအလင်း

''ရှင်ပြန်လာတာစောသားပဲ ဟင်နရီ။ ရှင့်ကို တွေ့ချင်နေတာ။ မမှောင်ခင် အတော်ပဲ'' ဟု ပြောသည်။ အဲလစ်သည် အိပ်ခန်းနံရံတွင်သုတ်ရန် ဆေးအရောင်ရွေးနေ၏။ ကိုယ်တိုင် အရောင်စပ်နေ၏။ ပေ့က မငြင်းသာ ၍ အိမ်ပေါ်ထပ်သို့ လိုက်သွားရသည်။ ဆေးရောင် ရွေးပေးနေရသည်။ ၄၅ မိနစ်ကြာမျှ ပြောဆိုပြီးမှ အဲလစ်မှာ မူလက သူရွေးထားသည့် အရောင်ကိုပင် ရွေးဖြစ်သွားတော့သည်။ ထိုကြားဖြတ်အချိန်ကလေးသည် သူ့စိတ်

ကိုပြေလျှော့စေသည်။

နေ့လည်ပိုင်းက

စိတ်ချမ်းမသာ

ဖြစ်ခဲ့ရခြင်းသည်

စိတ်ရူးထတာလိုပင်

ဖြစ်နေတော့သည်။ ဘာကြောင့်များ အမြဲလိုလို ကိုယ့်အပူကိုယ်ရှာနေမိပါလိမ့်။ စမစ်က ဇယားရှုပ်အောင် တစ်မှောင့်

လုပ်နေတာ။

ကော်ရာ

သူ့ကျန်းမာရေးကို

စိုးရိမ်၍

ရောက်လာတာ။

တစ်ကိစ္စစီ။

ဘာအဆက်အစပ်မှမရှိ။ နောက်တစ်နေ့

နံနက်တွင်

ထူးထူးခြားခြား

ကိစ္စမပေါ်။

စမစ်ထံမှ

ဘာစာမှထပ်မလာ။

ဘာအဆက်အသွယ်မှ ထပ်မရ။ ခြိမ်းချောက်စာ ကို ပေယျာလကန်လုပ်လိုက်မိတာ ဟန်ကျကျသေးတော့။ သူ့ဘာသာသူ သဘောခွေ့နေ မိသည်။ သို့သော် နံနက်ဆယ့်တစ်နာရီတွင် ပို၍အာဏာသံ ပါသော စာ တစ်စောင် ရောက်လာသည်။ ''ကျွန်တော် တို့လက်တွင် လူကြီးမင်း၏ ချွေးမနှင့်စပ်လျဉ်း၍ အလွန်အမင်း ထိခိုက် နစ်နာ စေနိုင်သော

‹‹‹http://www.shwezinu.blogspot.com/

ကြောင်းအချက် များရှိနေပါသည်။ လူကြီးမင်းထံမှ ၂၄ နာရီအတွင်း အဖြေမရပါက လူ သိရှင်ကြား ဖွင့်ချ ရ ပါလိမ့်မည်'' ဟင်နရီပေ့သည် စာကို စိုက်ကြည့်နေ၏။

''လူကြီးမင်း၏ချွေးမနှင့်စပ်လျဉ်း၍ ဆိုသောစကားလုံးကို အထပ်ထပ်ရွက်နေမိ၏။ ခြိမ်းခြောက် သံ ကြောင့် ဒေါသဖြင့် သာ ဆူဝေ မနေ လျှင် ပေ့ ချောက်ချောက်ချားချား ပင် ဖြစ်မိကောင်း ဖြစ် မိပေ လိမ့် မည်။ သေသေချာချာ ဖတ်လေ ပိုဆိုးလေလေ။ စာက လက်မှတ်ထိုးမထား ။ တကယ်မဟုတ်သ လိုလို။ ကိုယ့်မြို့၊ ကိုယ့်အလုပ်၊ ကိုယ့်သတင်းစာတွင် ယခုလိုခြိမ်းခြောက်ခံရသည်မှာ အရပ်ရပ်နေ ပြည်တော်ကြား၍ မှမလျော်။ ဆုတ်ဆိုင်းနေ၍ မဖြစ်တော့ ။ ချိန်ဆတန်သ၍ ချိန်ဆပြီးနောက် မစ်မော့ဖတ် အား စမစ်ထံ ဖုန်းဆက်၍ ညနေ ၃ နာရီတွင် လာတွေ့ရန် ပြောခိုင်းလိုက်သည်။ ထု့ေိ နာက် ကော်ရာကို သတိရ သည်။ ကော်ရာရှေ့ တွင် ပြောမှဆိုမှ တရားမျှတမည်ဟု စဉ်းစား မိသည်။ ကော်ရာတို့အိမ်တွင် တယ်လီဖုန်းမရှိ။ ထို့ကြောင့် ညနေ သုံးနာရီ တွင် လာခဲ့ရန် သံကြိုးရိုက်လိုက်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၉)

ဟင်နရီပေ့သည် စမစ်နှင့်တွေ့ရန် ကိစ္စတွင်သာ စိတ်ရောက်နေ၍ တစ်နေ့လုံး စိတ်မောနေ သည်။ နိုင်လိုမင်းထက်လုပ်တာ ခံရလေချင်းဟူသော ခံပြင်းမှုဖြင့် စိတ်တိုနေသည်။ လာမယ့်ဘေး ပြေးတွေ့ ရန်သာ စိတ်စောနေသည်။

နေ့လယ်စာကိုပင်

အပြင်ထွက်မစား။

သူ့စားပွဲထဲတွင်

လိုရမည်ရ

ဆောင်ထားသည့်

ဘီစကွတ်မုန့် ချပ်နှစ်ချပ်နှင့်သာ ကိစ္စငြိမ်းလိုက်သည်။ တအိအိ ရွေ့နေသည့် နာရီလက်တံကိုသာ ဂနာမငြိမ် ကြည့်နေ မိသည်။ စောစောပေါ်လာသူမှာ မျှော်လင့်ချက်လွှမ်းသော

ကော်ရာ။

ကော်ရာ့မျက်နှာရိပ်

နာရီထိုးရန်

၁၅

မျက်နှာကဲကို

မိနစ်အလို ကြည့်ရသည်

တွင် မှာ

ရောက်

လာသည်။

ခေါ်သည့်ကိစ္စကို

အဓိပ္ပယ်ကောက်လွဲနေမှန်း သိသာသည်။ မနေ့က သူ တိုက်တွန်းခဲ့သည့် ကိစ္စကို ပေ့ လိုက်လျောပြီ ဟု

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာ ထင်နေလေရော့သလား။ ပေ့က ထိုကိစ္စကို စကားစမဖော်။ ကော်ရာ ထိတ်ထိတ်ပျာပျာ မဖြစ်စေလို။ ဘာကိစ္စအတွက် ခေါ်သည်ဟုလည်း မပြော။ အလုပ်များနေသည်ဟု အကြောင်းပြကာ မစ်မော့ဖတ် အခန်းထဲ တွင် စောင့်ခိုင်းထားလိုက်သည်။ အချိန်က အလွန်မတန် ကုန်ခဲနေတော့၏။ သည်းမခံနိုင်လောက်အောင်ပင် နှေးကွေးလှတော့၏။ တည်တည် ငြိမ်ငြိမ် နေနိုင်ရန် ပေ့ အားတင်းထားသည်။ သို့သော် နှလုံးသွေးက တဒိန်းဒိန်း ခုန်လာသည်။ ပို၍ ပို၍သာ ပြင်းပြင်းထန်ထန် ခုန်နေတော့သည်။ ဒေါက်တာဘတ် ပေးထားသည့် ဆေးကို မရှူချင်ဘဲနှင့် ရှူလိုက် ရလေတော့ ၏။ ဆေးရှူလိုက်၍ ပေ့ တစ်မျက်နှာလုံး နီမြန်းနေသည့်အခိုက်မှာပင် သူ့အခန်းထဲသို့ စမစ် ၀င်လာ သည်။ ညေးသာမက

ပေ့တစ်ခါမှ

မမြင်ဖူးသူ

လူငယ်တစ်ဦးပါ

သူနှင့်အတူ

ပါလာသည်။

လူစိမ်း

တစ်ဦးပါလာခြင်းကြောင့် ပေ့ တုန်လှုပ်သွားသည်။ ဇာတ်မရှုပ် ရှုပ်နိုင်အောင် လုပ်သလို ဖြစ်နေလေသည်။ သူတို့ သုံးယောက် စလုံး ပေ့ကို ရပ်ကြည့်နေကြသည်။ နောက်ဘက်တွင် သူတ့ကို လိုက်ပို့သည့် ဖန်းဝစ် ရပ်နေသည်။ “ကျွန်တော့်စာတွေ ရပါတယ်နော်” စမစ် စကားစပြောသည်။ သူ့အသံက ကြောင်စီစီ။ ပျာတာတာ။ မပီမသ ဖြစ်နေသည်ဟု ဆိုရမတတ်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

“နှစ်စောင် စလုံး ရပါတယ်။ ထိုင်ကြလေဗျာ” ပေ့က စိတ်ဆုံးဖြတ်ထားသည့်အတိုင်း တည်တည် ငြိမ်ငြိမ် ပြောသည်။ စမစ်နှင့် အဖော် များသည် စက်ရုပ်များပမာ ထိုင်လိုက်ကြသည်။ လူစိမ်းက ရှိုးတိုးရှန့်တန့်။ ညေးက မထီလေးစား။ ကုလားထိုင်တစ်လုံးတွင် ၀င်ထိုင်ရန် ဟန်ပြင်နေသည့် ဖန်းဝစ်ကို ကွက်ခနဲ ကြည့်လိုက်သည်။ “သူကော လိုရဲ့လား” ဟု ညေး က မေးသည်။ ပေ့က ဖန်းဝစ် ကို ပြန်လွှတ်လိုက်သည်။ ညေးက စီးကရက်တစ်လိပ် မီးညှိသည်။ “စိတ်မရှိပါနဲ့နော်” ဟု ပြောသည်။ ခဏငြိမ်နေကြသည်။ စမစ်က ချောင်းတစ်ချက်ဟန့်လိုက်သည်။ သူ့မျက်နှာမှာ အဆီပြန်နေ သည်။ ဖြူရော်ရော် ဖြစ်နေသည်။ မုတ်ဆိတ်မရိပ်။ မျက်ကွင်းကျကျ ဖြစ်နေ၍ ဖြူရော်ရော် ပုံပန်းမှာ ပို၍ ပေါ်လွင်နေ သည်။ အလွန်အမင်း အနေရခက်နေပုံလည်း ပေါ်လွင်နေသည်။ အင်္ကျီက ညစ်နွမ်းနွမ်း။ လည်စီး က

‹‹‹http://www.shwezinu.blogspot.com/

လျော့ရဲရဲနှင့်။ သူ့ကိုကြည့်ရသည်မှာ ဖိုသီဖတ်သီ ဖြစ်နေသည်။ ဤပုံပန်း မျိုးဖြင့် စမစ်ကို ပေ့တစ်ခါမျှ မမြင်စဖူး။ “မစ္စတာပေ့ ခင်ဗျာ” စမစ်က ဇာတ်တိုက်ထားသည့် ဟန်ပန်ဖြင့် ပြောသည်။ သို့သော် လေသံက ထစ်ထစ်ငေါ့ငေါ့။ “ကျွန်တော့် မှာ ပုဂ္ဂိုလ်ရေး အညှိုးအာဃာတ မရှိပါဘူး ခင်ဗျာ။ မစ္စတာပေ့ကို ကျွန်တော် လေး လည်း လေးစားပါတယ်။

ပူပင်သောကလည်း

မရောက်စေချင်ရိုး

အမှန်ပါ။

ကျွန်တော့်အပေါ်လည်း

ဒီလိုပဲ

သဘောထားစေ ချင်ပါတယ်။ ဒါပေမဲ့ တာဝန်အရ လုပ်ရကိုင်ရမယ့် ကိစ္စတွေက ရှိလာပါတယ်။ ကျွန်တော် မပြောရက် ပါဘူး။ ဒါပေမဲ့လည်း ပြောကို ပြောရမယ့်သတင်းတစ်ခုက ကျွန်တော်တို့ လက်ထဲရောက်လာလို့ပါ” “ခင်ဗျား တို့ စာတွေအတိုင်းဆိုရင် ကျုပ် ချွေးမနဲ့ ပတ်သက်တဲ့ကိစ္စ ဆိုပါတော။့” “ခင်ဗျား ထင်တဲ့အတိုင်းပဲ။” ညေးက စီးကရက်ပြာ ချွေရင်း ၀င်ထောက်သည်။ “ဒီလိုဆိုရင် သူ့မကောင်းကြောင်း သူ့ရှေ့မှာပဲ ပြောစေချင်ပါတယ်ဗျာ။” “နေပါဦးလေ။ မစ္စတာပေ့ အရင်နားထောင်တာ ကောင်းပါတယ်။ မိန်းမသားတစ်ယောက် စိတ်မချမ်း မသာဖြစ်အောင် မလုပ်စေ ချင်ပါဘူး။” Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အိုဗျာ . . . တိုတိုလုပ်စမ်းပါ စမစ် ရာ။ လိုရင်း ပြောချလိုက်စမ်းပါ။" ညေး က ၀င်ဟောက်သည်။ “ကောင်းပြီလေ။

ကျုပ်ပဲ

နားထောင်သေးတာပေါ့။

အသရေဖျက်မှု

ဥပဒေကိုတော့

ရေရေလည်လည်သိရဲ့နော်'' “မစ္စတာပေ့။ ဒီကိစ္စ က ပြောရတာတော့ ခက်ခက်ပဲ” "ဒီမှာ ကျွန်တော်ပဲ ပြောပြလိုက်မယ်" ညေးက

ဝင်ပြောသည်။

စီးကရက်တိုကို

ပြာခွက်ထဲတွင်

ထိုးခြေလိုက်သည်။

ပေ့ကို

စိမ်းစိမ်း

စိုက်ကြည့်လိုက်သည်။ ''ခင်ဗျား က စံတော်ဝင်သတင်းစာ ထုတ်တဲ့လူ။ သန့်စင်သော လူ့အဖွ့အဲ စည်းအတွက် သန့်စင်သော သတင်းစာ ဆိုတာကို လိုလားတဲ့သူ။ ခင်ဗျားက စင်းလုံးချော သူတော်စင်ဆိုတော့ ကလေးဖျက်ချတယ်ဆိုတဲ့ စကားလုံးမျိုး ကြား မှ ကြားဖူးပါ့မလားတော့ မသိဘူး''

‹‹‹http://www.shwezinu.blogspot.com/

''သိ . . .သိပါဗျာ'' ပေ့က အငိုက်မိသွားသလို ဖြေလိုက်သည်။ ''ကျွန်တော်ကလည်း သိပါစေ ဆုတောင်းနေတာပါ'' ညေးက ငေါ့တော့တော့ ပြောသည်။ ''ဒါမှ ရှင်းရ လင်းရ လွယ်မှာကိုး။ ဒါဖြင့် ကောင်မလေးတစ်ယောက် လင်ကောင်မပေါ်ဘဲ မဖုံးနိုင် မဖိနိုင် ဖြစ်လာရင်

ချောင်ကြို

ချောင်ကြားက

လက်သည်ဆီ

ပြေးပြီး

ပြဿနာရှင်းရတတ်တာမျိုးကို

ခင်ဗျား

သိတယ်ပေါ့။ ဒါပေမဲ့ ကံခေချင်တော့ ဥပဒေက ရှိနေတယ်။ ကလေးဖျက်ချရင် ထောင်ဒဏ်တဲ့'' ''တော်လောက်ပါပြီ'' စမစ်က ၀င်ဟန့်သည်။ ''ဒါတွေကိုပြောတာ

စိတ်မချမ်းသာပါဘူးခင်ဗျာ။

လွန်ခဲ့တဲ့

နှစ်က

မစ္စတာပေ့ရဲ့

ချွေးမ

ကော်ရာဘိတ်ဟာ အဲဒီဥပဒေ နဲ့ အပြစ်ပေးခံရဖူးပါတယ်'' ပေ့သည်

စမစ်

ကို

ကြက်သေသေကာ

ကြောင်ကြည့်နေ၏။

သူ့တစ်ကိုယ်လုံးတောင့်နေ၏။

အေးစက်နေ၏။ ပတ်ဝန်းကျင် ကိုပင် သတိမရတော့။ ၀ိုးတိုးဝါးတားမြင်နေရသော စမစ်၏ မျက်နှာမှတစ်ပါး အားလုံးလွင့်ပြယ် ကွယ်ပျောက်နေ၏။ ''ကျုပ်. . . မယုံဘူး'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ဒါအမှန်ပါပဲ။ အထောက်အထားတွေ ပြနိုင်ပါတယ်ခင်ဗျာ'' ''မဟုတ်ဘူး . . . ဒါ အမှန်မဟုတ်ဘူး'' ပေ့က ဇွတ်မှိတ်ငြင်းနေသည်။ ''အို . . . တော်စမ်းပါဗျာ'' ညေးက သူတ့နှိုင့် အတူပါလာသူကို လက်ညှိုးထိုးပြသည်။ ''ဒီဟိုင်းစ်ဆိုတဲ့လူက

အဲဒီသတင်းကို

ရေးလာခဲ့တဲ့လူ။

အစအဆုံး

သတင်းလိုက်လာခဲ့တဲ့လူဗျ။

ဟုတ်တယ်မှတ်လား'' ''ဟုတ်ပါတယ် ခင်ဗျာ'' ဟိုင်းစ်က ပေ့ကို ၀မ်းနည်းသံဖြင့် ပြောသည်။ ''ကျွန်တော်က အမှုတစ်လျှောက်လုံး ရုံးမှာရှိနေခဲ့တာပါ။ တရားသူကြီးက သိပ်သက်ညှာရှာပါတယ်။ ဒါကြောင့်လည်း သက်သက်သာသာ ပြစ်ဒဏ်ချလိုက်တာပေါ့'' ''ပြစ်ဒဏ် ဟုတ်လား'' ဟင်နရီပေ့သည် ကုလားထိုင်လက်ရန်းကို ဆုပ်ကိုင်ကာ ထိုစကားလုံးကို မနည်း

‹‹‹http://www.shwezinu.blogspot.com/

ဖျစ်ညှစ် ပြောလိုက်သည်။ ''၆ လ တည်းပါ''

ဟင်နရီပေ့ အမှားအယွင်း

နှလုံးခုန်ရပ်သွားသည်။

ကလေးများကို

ဖြဲရှာပြီး

အတော်ကြာသည်။

ပုံကြီးချဲ့လိမ့်မည်ဟု

ကော်ရာ

ထင်ထားခဲ့၏။

လုပ်ခဲ့သည့် ဟိုင်းစ်နှင့်

အမိုက်အမဲ ညှိစွန်းခဲ့ပုံမျိုး၊

ကလေကလွင့် ဘ၀ဖြင့် ရုန်းကန် လှုပ်ရှားခဲ့ရပုံမျိုးစသည်။သို့သော် ယခုလို ဆိုးဆိုးဝါးဝါး ကိစ္စမျိုးဖြစ်လိမ့်မည်ဟု မထင်ခဲ့။

အဆုံးစွန်

မျှော်မှန်း

ထားသည်ထက်

ပိုမိုဆိုးဝါးနေသဖြင့်

ရုတ်တရက်

ရင်ထဲတွင်

ဆို့နစ်လာတော့သည်။ သူ လက်သင့် မခံနိုင်။ လက်သင့်မခံချင်။ ''မဖြစ်နိုင်ဘူး . . . ဒါ လိမ်တာပဲ။ ကော်ရာ ဒီမှာ ရှိတယ်။ သူကလည်း ငြင်းမှာပဲ'' ''ဒါဖြင့်လည်း ခေါ်လိုက်ဗျာ။ ဘယ်သူ လိမ်တာလဲ ဆိုတာ သိရောပေါ့'' ညေး၏ လက်လွတ်စပယ်ပြောဟန်သည် ပေ့ကို ကြက်သီးမွေးညှင်း ထစေသည်။ ကော်ရာကိုခေါ်ရန် ပေ့ ထိုင်ရာမှ ထလိုက်သေးသည်။ သို့သော် ပြန်ထိုင်ချလိုက် ၏။ ကော်ရာ အစွပ်အစွဲခံရမည့် အဖြစ်ကို သူ မမြင်ရက်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''လုပ်ပါဗျ။

ပြီးပြီးပြတ်ပြတ်ပဲ

လုပ်လိုက်ကြရအောင်ပါ။

ထောင်ထဲ

ဘယ်လိုရောက်သလဲဆိုတာ

မချောကလေး ကို မေးကြည့်ဦးပေါ့'' ပေ့သည် ဖြစ်နေချိန်မှာပင်

သံသယစိတ်ဖိစီးမှုကို မစ်မော့ဖတ်

ပေ့အားလပ်ပြီအထင်ဖြင့်

ခံနေရသည်။

အခန်းဘက်မှ

ဝင်ကြည့်ခြင်း

ဖြစ်သည်။

ဘာလုပ်ရမှန်းမသိ

တံခါးဖွင့်လာသည်။ အခန်းထဲမှ

ဖြစ်နေသည်။ ကော်ရာက

ဇဝေဇ၀ါ ပျင်းလာ၍

မြင်ကွင်းကိုကြည့်ပြီး

ကော်ရာ

မျက်နှာပျက်သွားပုံမှာ ပေ့ ဘယ်တော့ မှ မေ့နိုင်လိမ့်မထင်။ တစ်ခန်းလုံး ငြိမ်သွားသည်။ ကော်ရာက ကြောက်အားလန့်အားနှင့် ''ခွင့်လွှတ်ပါရှင် . . . ကျွန်မ မသိလို့. . .'' ဟု အမောတကော ပြောသည်။ အပြင်သို့ ပြန်ထွက်ရန် ဟန်ပြင်သည်။ ''ခဏနေပါဦးလေ။ ခင်ဗျားကိုတွေ့ချင်တဲ့ လူတစ်ယောက် ခရီးဝေးက ရောက်နေတယ်'' ညေးက တားသည်။ ကော်ရာ ငြင်းဆန်နိုင်စွမ်း မရှိသလို ရပ်နေ၏။

‹‹‹http://www.shwezinu.blogspot.com/

''ကျွန်တော့် ကို မှတ်မိပါတယ်နော်'' ဟိုင်းစ်က မေးသည်။ ''ဟင့်အင်း. . . ရှင့်ကို မြင်တောင် မမြင်ဖူးပါဘူး'' ကော်ရာ့ဖြေသံ က အသံတိမ်လွန်းသည်။ ကြားရသည်ဆိုရုံကလေး ကြားရသည်။ ''ခွင့်လွှတ်ပါ မစ်ဘိတ်. . . ကျွန်တော် သတင်းစာဖြတ်ပိုင်းတွေရော၊ ဓာတ်ပုံတွေရော သယ်လာ ပါတယ်။ ဆေးရုံ မှာ ခင်ဗျားလက်မှတ်ထိုးခဲ့တဲ့ ထွက်ဆိုချက်တွေလည်း ပါလာပါတယ်'' ဟိုင်းစ်က

သူ့အိတ်ကို

စမ်းသည်။

ကော်ရာ

မေ့လဲသွားလေမလားဟုပင်

ပေ့

ထင်လိုက်မိ၏။

တစ်ကိုယ်လုံး သိမ့်သိမ့် တုန်အောင် ရှိုက်သည်။ ပေ့ မကြည့်ရက်တော့။ ''တော်လောက်ပါပြီဗျာ။ သွားကြပါတော့'' ပေ့က စမစ်ကို ပြောသည်။ ''ယုံပြီလား'' ညေးက မတ်တတ်ရပ်ရင်း မေးသည်။ စမစ်ပါ ထရပ်လိုက်သည်။ ပေ့ကို မကြည့်။ ချွေးတစ်လုံးလုံး ဖြစ်နေသည်။ ''ကဲ . . . မစ္စတာပေ့။ ဒီကိစ္စကို ဘယ်သူမှ မသိစေရပါဘူး။ ကျွန်တော်တို့ လျှို့ဝှက်ထားပါတယ် ခင်ဗျာ။ ထိခိုက်စရာ ဆိုလို့ ဘာမှမလုပ်ရသေးပါဘူး။ ဘာဆိုဘာမှ မလုပ်ပါဘူး။ အဖြေကတော့ လွယ်လွယ်ကလေးပါ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကျွန်တော် စာချုပ် မူကြမ်းကလေး တစ်ခု ဆွဲထားပါတယ်။ အားလုံး ပွင့်ပွင့်လင်းလင်း မကွယ်မထောင့်ပါ ခင်ဗျာ'' စမစ်က ဟိုစမ်း ဒီစမ်း လုပ်သည်။ လက်ဆအွဲိတ်ကို ဖွင့်သည်။ ''မစ္စတာပေ့ လက်ခံလိမ့်မယ်လို့ ယုံပါတယ်။ ကျွန်တော်တို့လည်း စိတ်မချမ်းသာစရာ သတင်းတွေ ဘာတွေ ရေးမနေရတော့ဘူးပေါ့ ခင်ဗျာ။ ယုံပါ မစ္စတာပေ့၊ ကျွန်တော်တို့ချင်း အာဃာတထားစရာ အလျဉ်း မရှိပါဘူး'' ''သွားပါတော့ဗျာ။ တစ်ဆိတ်သွားကြပါတော့။ နောက်မှပဲ ကျွန်တော်ပြောပါမယ်'' စမစ် သည် စာအိတ်ရှည်ကြီးကို စားပွဲပေါ်တွင် တင်ခဲ့သည်။ အခန်းထဲမှ ထွက်သွားသည်။

ပေ့သည် လည်ချောင်းထဲတွင်

အားလုံးထွက်သွားမှ စကားလုံး

များ

ကော်ရာကို

လှည့်ကြည့်လိုက်သည်။

ပျောက်ကွယ်ကုန်သည်။

ကော်ရာက

ပြောစရာစကား ငိုတုန်းငိုဆဲ၊

ရှာမရ။

မျက်နှာပေါ်

‹‹‹http://www.shwezinu.blogspot.com/

လက်နှစ်ဖက်အုပ်ကာ နံရံကို မှီရပ်နေသည်။ ပေ့ ဖျောင်းဖျစကား စပြောချင်သည်။ စကားရှာမရ။ ကော်ရာက မျက်ရည်တွေတွေစီးလျက် စကား စပြောသည်။ ''မှန်ပါတယ်ရှင်။ သူတ့ေို ပြာတာ မှန်ပါတယ်။ ဒါပေမဲ့ ဖြစ်ကြောင်းကုန်စင်ကိုတော့ သူတို့ပြောလိမ့်မယ် မထင်ပါဘူး။ ကျွန်မ ၁၆ နှစ်သမီး ကတည်းက ကိုယ့်ဝမ်းကိုယ်ကျောင်းခဲ့ရတာ ပါ။ အပေါစားဆိုင်တွေမှာ အရောင်းဈေးသည် လုပ်ခဲ့ရတာပါ။ တစ်နွေမှာ ကျွန်မ ဘလက်ပူးလ်မြို့ကို ခုနှစ်ရက် သွားလည်တယ်။ အဲဒီ ဘလက်ပူးလ်မြို့ကို သွားဖို့ လပေါင်းများစွာ ငွေစုခဲ့ရတယ်။ ကပွဲနန်းတော်ခန်းမမှာ အလုပ်ပေးတယ်။

ကျွန်မလည်း

ကျွန်မ

သွားကတယ်။

လုပ်တာပေါ့။

မန်နေဂျာက

သူက

ကျွန်မကို

သိပ်ကောင်းရှာပါတယ်။

မျက်မှန်းတန်းမိပြီး ကျွန်မကလည်း

တစ်ယောက်တည်း စိတ်ငယ်နေ တယ်။ အမြဲတမ်းလည်း အထီးကျန်ဖြစ်နေတယ်။ ဒီတော့ ကျွန်မကို ချစ်တဲ့သူ ရှာချင်လာတယ်။ သူ့မှာ သားမယားရှိမှန်း မသိပါဘူး။ ပထမတော့ပေါ့လေ။ သူက ကျွန်မကို တကယ်ချစ်တာ မဟုတ်ပါဘူး။ လူယုတ်မာပဲ။ မဖုံးနိုင် မဖိနိုင်လည်းဖြစ်ရော ဒေါသူပုန်ထတော့တာပဲ။ လက်သည်မိန်းမကြီး တစ်ယောက်ဆီ ပို့တယ်။ ဆရာဝန်ခေါ် တယ်။ ဆရာဝန်က ဆေးရုံပို့လိုက်တာနဲ့ ဒီကိစ္စ ပေါ်ကုန်တော့တာပေါ့'' ကော်ရာသည် ချုံးပွဲချ ငိုတော့မတတ် ဖြစ်နေသည်။ ဖျစ်ညှစ်ပြီး ဆက်ပြောသည်။ ''ကျွန်မ ဆေးရုံမှာ နှစ်လနေရတယ်။ ဆေးရုံက ဆင်းတော့ ပုလိပ်ကဖမ်းတယ်။ ဖမ်းရမှာပေါ့လေ။ မိန်းမကြီး အမှုမှာ ကျွန်မ ကို အစိုးရသက်သေ လုပ်ခိုင်းတယ်။ သူလည်း ကျွန်မလိုပဲ နွမ်းနွမ်းပါးပါး ဆွေမရှိ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

မျိုးမရှိ မဟုတ်လား။ ဒီတော့ ကျွန်မ ဘယ်ဆွဲချလုပ်နိုင်ပါ့မလဲ။ ကျွန်မအမှုကျတော့ ငြိတော့ တာပေါ့။ တရားသူကြီး က ထောင် ၆ လပဲ ချပါတယ်။ သူလည်း စိတ်ကောင်းပုံ မရပါဘူး။ ကျွန်မက အရိုးပေါ် အရေတင် ဖြစ်နေတာ ကိုး။ ထောင်ပိုချ လည်း ကျွန်မအဖို့တော့ မထူးပါဘူး။ ထူးစရာလည်း မရှိဘူးလေ။ ဒုံရင်းတောင် ပြန်ရောက်နိုင်တော့ မှာမှ မဟုတ်တာ'' ''တော်ပါတော့ ကော်ရာရယ်။ ဇာတ်ကြောင်းလှန်လို့လည်း စုံပါပြီ'' ''ပြောလို့

သေရင်

လည်း

သေသွားပါစေ

ဦးရယ်။

ဦးကိုတော့

ပြောပြရမှာပဲ။

ကျွန်မ

ထောင်ကထွက်တော့ လူမှုရေး အဖွ့တဲ စ်ခုက ဘလက်ပူးလ်မှာ အလုပ်ရှာပေးတယ်။ ကျွန်မကတော့ အဲဒီမြို့ကို စိတ်နာနေပြီ။ စကာဘာရာမြို့ မှာ ကျွန်မနဲ့ တော်တဲ့ အလုပ်ကြော်ငြာတွေ့တယ်။ အဲဒီကိုသွားတယ်။ အလုပ်က ပေါ့ပါးတယ်။ မုန့်ကြော် ရတာပါ။ ဒါပေမဲ့ကျွန်မ နဂိုစိတ်မျိုး ပြန်မပေါ်တော့ဘူး။ ဘာအတွယ်အတာမှလည်း

မရှိတော့ဘူး။

ဘာစိတ်ဆန္ဒမှလည်း

မရှိတော့ဘူး။

သေချာတာ

တစ်ခုပဲရှိတော့တယ်။ ညနေပိုင်း ၆ နာရီဆိုင်ပိတ်ပြီးရင် ကမ်းနားမှာ လမ်းလျှောက်တော့တာပဲ။ အဲဒီမှာ သူ့ကို တွေ့တာပဲ။ ဒေးဗစ်လေ။ သူ့ကြည့်ရ တာ တစ်မျိုးပဲ။ တစ်ညနေတော့​ မတတ်နိုင်တော့ဘူး။ ကျွန်မ ရပ်ပြီး သူ့ကို

‹‹‹http://www.shwezinu.blogspot.com/

စကားပြောမိတယ်'' ကော်ရာ တုန်တုန်ခိုက်ခိုက် ဖြစ်လာပြန်သည်။ ''အဲဒါ အစပဲ။ ကျွန်မ အကြောင်းကို ပြောမပြ၀ံ့ဘူး။ ကျွန်မတို့နှစ်ယောက်ဟာ ကံတူအကျိုးပေးတွေမှန်း သူ့ကိုကြည့်ရုံ နဲ့ ကျွန်မ သိလိုက်တယ်။ သူ့ကို ကျွန်မ စောင့်ရှောက်ချင်တယ်။ စောင့်ရှောက်နိုင်ခဲ့တယ်လို့လည်း ကျွန်မ ထင်ပါတယ်။ မယားကောင်း ပီသအောင် ကျွန်မ နေခဲ့ပါတယ် ဦးရယ်။ သူ သိသွားရင်တော့ ဒုက္ခဖြစ်တော့ မှာပဲ။ ကျွန်မတို့ နှစ်ယောက်စလုံး ဘာတွေဖြစ်ကုန်မလဲတော့ မသိတော့ဘူး'' ကော်ရာ တစ်ချက်ရှိုက်လိုက်သည်။ ပေ့ဆီသို့ လျှောက်လာသည်။ တစ်လောကလုံး၏ အပယ်ခံမလေး။ စိတ်ချမ်းသာမှု ကို အငမ်းမရ တမ်းတနေသူကလေး။ ပေ့က ကော်ရာကို ဖက်ထားလိုက်သည်။ ''မငိုပါနဲ့တော့

ကွယ်။

ဒေးဗစ်ကိုလည်း

ဘာမှပြောမနေပါနဲ့တော့။

ဦးတို့

လုပ်နိုင်တာတွေ

ရှိဦးမှာပေါ့ကွယ်'' ''ကျွန်မ ဘယ်လိုထင်သလဲ။

လည်း ဦးက

မတတ်နိုင်ဘူး ကျွန်မ

ဦးရယ်။

အပေါ်

ကျွန်မတော့

လိုလေသေးမရှိ

မပြောတတ်တော့ဘူး။ ကောင်းထားပြီးမှ

ဦးကကော

ကျွန်မ

ဦးကို

ဒီလိုအဖြစ်မျိုးရောက်အောင် လုပ်သလိုဖြစ်နေပြီ။ အို. . . ကျွန်မ အဖို့ တစ်လောကလုံးမှာ ဦးတစ်ယောက်ပဲ အရေးကြီးဆုံးပါဦးရယ်''

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကော်ရာက

စကားကိုပြောရင်း

တန်းလန်းဖြတ်လိုက်သည်။

ပေ့ကို

ပြူးတူးကြောင်တောင်

ကြည့်နေသည်။ ပေ့ မတားလိုက်နိုင် မီမှာပင် အခန်းထဲမှ ပြေးထွက်သွားလေတော့သည်။ ပေ့

မတတ်နိုင်တော့။

ခေါင်းမြှုပ်ထားလိုက်သည်။

ကုလားထိုင်ပေါ်တွင်

လာမည့်ဘေးပြေးတွေ့

ထိုင်ချလိုက်သည်။

ရန်

အားသစ်

လက်နှစ်ဖက်ထဲ

မွေးနေမိ၏။

တကယ့်

ကမောက်ကမကြီးပါလား။ တကယ့်ကြောက်စရာ ဗရုတ်သုတ်ခကြီးပါလား ဟု တွေးနေမိ၏။ စောစောက ပေါ်ခဲ့သောဒေါသနှင့် သောကတို့ လွင့်စဉ်ကွယ်ပျောက်သွားသည်။ ကရုဏာတရားက အစား ၀င်လာသည်။ ကော်ရာကို အပြစ်မတင်ချင်။ သို့သော် ဤပြဿနာ၏ အကျိုးဆက်များကား သူ့အဖို့ရော ဥတ္တရအလင်း အဖို့ပါ ကံဆိုး မိုးမှောင်ကျခြင်းပင် ဖြစ်ပေတော့သည်။ ပေ့သည် စမစ်ထားခဲ့သည့် စာချုပ်ကို ကောက်ကိုင်မိလျက်သား ဖြစ်သွားသည်။ ဖတ်ကြည့်လိုက်သည်။ ကလိန်

ကျထားသော

စာချုပ်မဟုတ်။

မျှမျှတတ

ရှိသည်။

စမစ်သည်

အာပတ်ဖြေသည့်သဘောဖြင့်

တရားမျှတအောင် စီမံ ထားသည်။ ငွေရေးကြေးရေးအားဖြင့် ပြောစရာမရှိ။ သူ

ဘယ်အခြေဆိုက်မည်ကိုမူ

‹‹‹http://www.shwezinu.blogspot.com/

ဥတ္တရအလင်းကို

သူ

ပေ့

လက်မလွှတ်လျှင်

ရှင်းရှင်းကြီး

သိနေသည်။

ကော်ရာ့ဖြစ်ကြောင်းကုန်စင်ကို

သူ

လက်မဲ့

ဖြစ်ရတော့မည်။

လက်ရှိဘ၀နှင့်

ဆက်စပ်ပြီး

ဆမ်မာဗီးလ်သတင်းစာများတွင် အဆီ တစ်ထပ် အသားတစ်ထပ် ပြူးတူးပြဲတဲ ခေါင်းစီးတပ်ကာ တစ်တစ်ခွခွ ဖွင့်ချပေတော့မည်။ ကြောက်စရာ လန့်စရာ ကျော်မကောင်း ကြားမကောင်း ဖြစ်ကိန်းကြီးကို ပေ့ စိတ်ထဲက မှန်းကြည့် မိ၏။ ကျောချမ်းမိ၏။ သူ့လို မြှင့်တင်ရေးသမား၊ မြို့တော်ဝန်ဟောင်း၊ သမာဓိကြီးသူ၊ မူဝါဒခိုင်မြဲသူ၊ အဂတိမှု ရဲရဲဆန့်ကျင်သူကို ခြောက်တိုင်းကြောက်မည်များ မှတ်နေရော့သလား။ ဂုဏ်ပကာသန အာလျပြင်းသူ အဲလစ်လည်း ချမ်းသာရာရမည် မဟုတ်။ နွားမရွှံ့ပိတ် လှည့်စား ခံရသူ ဒေးဗစ်လည်း သက်သာရာရမည် မဟုတ်။ ဒေါ်ရော်သီပင်လျှင် အဖျားခတ်ခံရလိမ့်မည် မုချ။ ဘယ်သူမှ မလွတ်နိုင်။

ဝါးလုံး

ချေးသုတ်ရမ်းသည့်

အတတ်တွင်

သူတ့အိုားလုံးတံတွေးခွက်ပက်လက်မျောကြရတော့မည်။

တစ်ဖက်ကမ်းခတ် သူ့အဖို့ကား

သူများ၏

လူမှုရေး၊

လက်ချက်ဖြင့်

နိုင်ငံရေး

လောက၌

ပန်းကောင်းအညွှန့်ချိုး အဖြစ်မျိုး ရောက်ရတော့မည်မှာ ယုံမှားစရာ မရှိတော့။ ဒေးဗစ်

အဖို့ကား

တွေးဝံ့စရာပင်

မရှိလောက်အောင်

ပို၍

အဖြစ်ဆိုးနိုင်သေးသည်။

ဘ၀ပျက်သွားနိုင်သည်။ စိတ္တဇဝေဒနာ ဖိစီးမှု အသူရကယ်ငရဲဘုံသို့ ဆွဲချခံရပေဦးတော့မည်။ ဘယ်သောအခါမှ ပြန်ပေါ်လာနိုင်မည် မဟုတ်တော့ ပါတကား။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကော်ရာအဖို့လည်း မြေနိမ့်ရာ လှံစိုက် ဖြစ်ပေတော့မည်။ သူ ဂြိုလ်မွှေ၍ ဖြစ်ရလေချင်းဟူသော အသိ၊ ဘ၀ဟောင်းမှ နာကျည်းမှု၊ အရှက်တကွဲ အကျိုးနည်းမှုတို့ကို အပြန်တစ်ရာ ထပ်ခါကြုံလာရဦးမည်ဟူသော အသိ၊ အိုးအိမ် အတည်တကျနှင့် စိတ်အေးချမ်းသာနေထိုင်ရသည့် ဘ၀သစ်တစ်ခု အဖတ်ဆည် မရအောင် ပြိုကွဲရလေတော့မည်ဟူသော အသိတို့သည် သူ့ကို ရင်ကွဲ နာကျင်စေလိမ့်မည် မုချပါတကား။ ပေ့သည် ဗြုန်းခနဲ ထရပ်လိုက်သည်။ အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ ကော်ရာရော သူ့မိသားစုပါ ဒုက္ခလှလှ တွေ့ကြရမည့် ကိစ္စကို သူ လက်ပိုက်ကြည့်နေရက်နိုင်ပါ့ မလား။ သူ အညံ့ခံရမည်။ ဥတ္တရအလင်းကို

လက်လွှတ်ရမည်။

ဤကိစ္စ

တွေးကြည့်လိုက်ရုံနှင့်ပင်

အသည်းကို

ဓားဖြင့်မွှန်းသလို

နာကျည်းစေသည်။ ဒီကိစ္စဟာ ဟင်နရီပေ့

ဘိုးဘွားပိုင်ပစ္စည်းကို

ဆိုတဲ့ငါဟာ

အစွဲသန်လွန်းလို့

ဘိုးတော်ဘုရား

မာန်ချိုးခံရတဲ့အထိ

လက်ထက်က

ခုနှစ်ဆွေး

သက်သက်ပါကလား၊

ရှစ်ဆွေး

ရှေးဟောင်းသမား၊

ကိုယ်ထင်ကုတင်ရွှေနန်းသမား သက်သက်ပါကလား၊ လှေကြီးထိုးရိုးရိုးကြီး ဆောင်းပါးလောက်ရေး တတ်တဲ့ သူပါကလား။ တောသတင်းစာကလေး ပိုင်ရတာနဲ့ စကြ၀တေး မန္ဓာတ်မင်း ဂိုက်ဖမ်းနေတဲ့ သူပါကလား စသဖြင့် သူ့ကိုယ်သူ ချိုးနှိမ်ဆုံးမရန် အားထုတ်မိသည်။

‹‹‹http://www.shwezinu.blogspot.com/

ကြာရှည်လေးမြင့် ပန်းအ၀င်

တွင်

ကျားကုတ်ကျားခဲ

တိုက်ပွဲဝင်ကာ

အောင်ပန်းအလုခံရမည့်ကိန်း

ခက်ခက်ခဲခဲ

ဆိုက်ရခြင်းကို

အောင်ပွဲခံခဲ့ပြီးသည့်နောက်မှ

စဉ်းစားလိုက်သောအခါ

ခေါင်းထဲတွင်

သွေးဟုန်းဟုန်း ဆူပွက်လာပြန်တော့သည်။ ဥတ္တရအလင်းသည် သူ့ဘိုးဘွား အမွေပါတကား။ သူ့သမိုင်း အစဉ်အလာပါတကား။ သူ့ အသက် သူ့ဘ၀ပါတကား။ ပေ့သည် စင်္ကြံအတိုင်းလျှောက်သွားသည်။ ဥတ္တရအလင်းသတင်းစာ အဟောင်းများ စုဆောင်းထား သည့် အခန်းကလေးထဲသို့ ၀င်လိုက်သည်။ စင်ပေါ်ရှိ သတင်းစာတွဲများအနက် တစ်ခုကို ဆွဲကြည့်သည်။ ၁၇၈၅ ခုနှစ်

သတင်းစာ

တွဲ။

မီးပုံးပျံသမားတို့

အင်္ဂလိပ်ရေလက်ကြား

ဖြတ်ကျော်ပျံသန်းသည့်

သတင်းကို

ဖော်ပြထားသည်။ ၁၇၉၅ ခုနှစ် သတင်းစာတွဲ။ သောမတ်ပိန်း၏ ယထာဘူတ ခေတ်သမယ စာအုပ်ကို အခန်း ဆက် ဖော်ပြထားသည်။ ဟင်နရီပေ့သည် ၀ါရော်ကြွပ်ရွနေသော သတင်းစာဟောင်းများကို တစ်ရွက်ချင်း လှန်ကြည့်နေ သည်။ သတင်းစာ စာမျက်နှာတိုင်းသည် အင်္ဂလန်နိုင်ငံ၏ သမိုင်းအမှတ်အသားများပါတကား။ ထရာဖော်လ်ဂါ ကရိုင်မီယာဒေသ

ရေကြောင်းတိုက်ပွဲ

ဘာလာကာလာဗာ

ကြံစည်မှုသတင်းများ။

နပိုလီယန်စစ်ပွဲ

သတင်းများ။

မြင်းတပ်တိုက်ပွဲ သတင်းများ။

ကားဘူတောင်ကြား သတင်းများ။

ဝိတိုရိယဘုရင်မကို

စစ်ဘုရင်နပိုလီယန်ကို

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ကျဆုံးခန်းသတင်းများ။ လုပ်ကြံရန်

ဆန့်ကျင်ထိုးနှက်သော


ဦးဝင်းတင်

ဥတ္တရအလင်း

ကာတွန်းများ။ ကဗျာဆရာ စာရေးဆရာကြီး ဘရောင်နင် ၏ ဈာပနသတင်းများ။ တောင်အာဖရိကစစ်ပွဲ သတင်းများ။ ဥတ္တရအလင်း တွင် ရောဘတ်ပေ့ ဦးဆောင်ဖွင့်ခဲ့သည့် စစ်ရန်ပုံငွေ ကောက်ခံမှု သတင်းများ. . . သူ့ရင်ထဲ တွင် မခံရပ်နိုင်တော့။ နားထင်ကို လက်နှစ်ဖက်ဖြင့် ဖိညှပ်ကာ အသံထွက်အောင် ငိုညည်းမိ လိုက်လေ၏။ ဥတ္တရအလင်းသည်ပင် လျှင် နိုင်ငံသမိုင်းပါတကား။ ထိုသတင်းစာ ကို အဖတ်ဆည်မရလောက်အောင် အသရေတုံးစေမည့် ပိုင်ရှင်မျိုး လက်ဝယ်သို့ သူ ဘယ်နည်းနှင့် မှ ထိုးမအပ်နိုင်။ ပေ့သည် ချာခနဲ လှည့်ပြီး စိတ်မာန်သစ်ဖြင့် သူ့အခန်းသို့ ပြန်လာခဲ့သည်။ နာရီကြည့်လိုက်တော့ ၇ နှစ်နာရီ ခွဲနေပြီ။ သူ မေ့မေ့လျော့လျော့ဖြစ်နေခဲ့သည်မှာ ၃ နာရီခန့်ပင် ကြာသွားသည်။ ညနေ ၆ နာရီ ပြန်နေကျ မစ်မော့ဖတ် လည်းပြန်သွားပေရော့မည်။ ရထားအချိန်စာရင်းကို ရှာကြည့်သည်။ လန်ဒန်မြို့သို့ ထွက်မည့်ရထား သည် ၈ နာရီထိုးရန် ၁၅ မိနစ်အလိုတွင် ဆိုက်မည်။ အိမ်ပြန်ပြီး အ၀တ်အစားယူရန် အချိန်မရှိတော့။ ဘူတာသို့ တိုက်ရိုက်သွားမှ အချိန်မီမည်။ လန်ဒန် သို့

‹‹‹http://www.shwezinu.blogspot.com/

အရေးတကြီးသွားစရာကိစ္စပေါ်၍

ထွက်သွားကြောင်း

စာကလေးတစ်စောင်

ရေးသည်။

မစ်မော့ဖတ်၏

လက်နှိပ်စက် အဖုံးပေါ်တွင် တင်ထားလိုက်သည်။ ထို့နောက် အိမ်သို့ တယ်လီဖုန်းဆက်သည်။ အဲလစ် အပြင်သွားနေသည်။ သူ ခရီးသွားမည်။ နှစ်ညအိပ်ထက် ပိုမကြာဟု အိမ်ဖော် ဟန်နာကို မှာခဲ့သည်။ ဦးထုပ်ဆောင်း၊

အပေါ်

အင်္ကျီဝတ်၊

ရုံးခန်းမှထွက်ကာ

ထွက်လာခဲ့လေသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဘူတာရုံသို့

ကမျောသောပါး


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၀)

နောက်တစ်နေ့နံနက်တွင် ဒေးဗစ်သည် တုံဏှိဘာဝေနေရခြင်း၊ စိတ်အိုက်နေရခြင်း။ ကော်ရာနှင့် သူ့အကြား အသည်း နာစရာ ဟန်ဆောင်နေရခြင်းကို သူ ဆက်ပြီး ကြိတ်မှိတ်ခံစားမနေနိုင်တော့ မှန်း သဘောပေါက် လာသည်။ ထွက်ပေါက် တစ်ခုခုတော့ ရှာရတော့မည်။ ခါတိုင်းလမ်းလျှောက်နေကျအတိုင်း နံနက် ၉ နာရီတွင် ဒေးဗစ် အိမ်မှ ထွက်ခဲ့သည်။ နံနက် ၉ နာရီ ခွဲတွင် ဟက်ဒယ်လ်စတန် သို့ ထွက်သည့် ဘတ်စ်ကားကို တက်စီးလာခဲ့သည်။ သူ့အဖေ ကို ပထမဆုံးတွေ့မည်။ အရေးလုပ်ပြီး ထင်သာမြင်သာ ပြမနေစေကာမူ သူ့အဖေကို သူ ကျေးဇူးတင် သည်။ သူ့အဖေကို သူ တွယ်တာသည်။ သူ့အဖေ၏ အယူအဆအများစုကို သူ လက်သင့်မခံ။

‹‹‹http://www.shwezinu.blogspot.com/

သို့သော်

သူ့အဖေ

စိတ်ကောင်းနှလုံးကောင်း၊

သူ့အဖေ၏

အသိဥာဏ်ကို

သူ

လုံးဝဥဿုံစုံမှိတ်

ယုံကြည်သည်။ သူ့အဖို့ ယခု အလိုအပ်ဆုံး ဖြစ်နေသည်မှာ ထိုအရည်အသွေးများ သာဖြစ်သည်။ သူ့အဖေနှင့် တွေ့ရာတွင် ထိုအရည်အသွေး များနှင့် ပြည့်ဝသော အကြံဥာဏ်များကို ရလိမ့်မည်ဟု သူ မျှော်လင့်သည်။ ခရီးက ကြန့်ကြာလွန်းသည်။ မဆုံးနိုင်တော့သည့်အလား ထင်ရသည်။ နောက်ဆုံးတွင်မှ မြို့ကို မြင်ရသည်။ ၀ိတိုရိယကွက်လပ် တွင် ကားရပ်လိုက်သည်။ ဒေးဗစ် ကားပေါ်မှ ဆင်းသည်။ ဥတ္တရ အလင်း သတင်းစာတိုက် သို့ လျှောက်လာသည်။ မိုးစက်မိုးပေါက်တွေက သူ့နဖူးကို ထိုးဆွနေသည်။ သူ့အဖေ၏ မိုးစွန်တမွတ် ကြယ် ကိုဆွတ် စိတ်ဓာတ်ဖြင့် အနေကဇာတင်ထားသည့် သတင်းစာ တိုက်။သူအမွေဆက်ခံရန် သူ့အဖေက

သတ်မှတ်

မှတ်ကျောက်တင်

ထားသည့်

သတင်းစာတိုက်။

ဤသတင်းစာတိုက်

ဖြစ်နေသည်။

အခြားသောကများ

ပွဲဝင်ရသလို

သတင်းစာတိုက်ထဲသ့ဝို င်ပြီး

သူ့အဖေ

အခန်းတံခါးမ

ကို

သို့

လာရသည်မှာ ဖိစီးနေ

ခေါက်ရသည်မှာပင်

ဧရာမ

သည့်ကြားမှ မဆီ

မဆိုင်

ဝင်ရောက်စွက်ဖက်ရသလို လိပ်ပြာမသန့်ဖြစ်ရသည်။ အခန်းထဲ တွင် ဘယ်သူမှ မရှိ။ ခဏ ကြာမှ မစ်မော့ဖတ် ပေါ်လာသည်။ ဒေးဗစ် မလာစဖူး အလာထူး၍ မစ်မော့ဖတ် က အံ့သြဟန်ဖြင့် အရိပ်အကဲ ကြည့်နေသည်။ "မစ်မော့ဖတ် နေထိုင်ကောင်းရဲ့နော်" ဒေးဗစ်က နှုတ်ဆက်သည်။ ဤအဘွားကြီးနှင့်ဆိုလျှင် လိုရင်းပြောမှ ဖြစ်မည်မှန်း သိသည်။ "အဖေ နဲ့ တွေ့ဖို့လာခဲ့တာ" ဟု ပြောသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဒါပဲ ဖြစ်ရမှာပေါ့" မစ်မော့ဖတ်သည် သူ့ကို အူဝဲဆိုကတည်းက သိခဲ့သူပီပီ နောက်တောက်တောက် ပြောတတ်သည်။ "ဒါပေမဲ့ အခုတော့ မရှိဘူးကွဲ့" "ဘယ်တော့မှ ပြန်လာမှာလဲ" "မပြောနိုင်ပါဘူးကွယ်။ လန်ဒန် ထွက်သွားသတဲ"့ "လန်ဒန် ... ဟုတ်လား" "ဟုတ်တယ်။ ဘာကိစ္စလဲတော့ ငါလည်း မသိဘူး။ မနေ့ညက ထွက်သွားတာပဲ။ ကိစ္စရှိလို့ဆိုတဲ့ စာကလေး ပဲ ရေးသွားတယ်။ စီးပွားရေးညီလာခံ ကိစ္စပဲ ထင်ပါရဲ့။ ခဏကြာမှ မစ်မော့ဖတ်က ဆက်ပြောသည်။ "ရက်တော့ မကြာနိုင်ပါဘူး။ မင်းအမေရဲ့ ဧည့်ခံပွဲကလည်း နက်ဖြန် လုပ်မှာ မဟုတ်လား"

‹‹‹http://www.shwezinu.blogspot.com/

ဒေးဗစ်

စိတ်ပျက်လက်ပျက်

ဖြစ်သွားဟန်

တူသည်။

မစ်မော့ဖတ်က

သူ့ကို

စေ့စေ့စပ်စပ်

ကြောင့်ကြောင့်ကြကြ ကြည့်မြဲကြည့်နေ သည်။ "အပေါ်အင်္ကျီ ဘာဖြစ်လို့ ထပ်မ၀တ်ခဲ့ရတာလဲကွဲ့။ မင်းဆိုတဲ့ မင်းကတော့ တကယ့် လူလွန်မသား ပဲ။ ထီး ကလေးတောင် ဆောင်းမလာဘူး။ မိုးတ၀ုန်းဝုန်း ရွာနေတာများ မသိဘူးလားကွယ်။ တစ်ကိုယ်လုံးကို နစ် မတတ်ပဲ။ ဆံပင်ကလည်း ကြည့်ပါဦး။ လာစမ်း ... ငါ ဖြီးပေးစမ်းမယ်" ဒေးဗစ် ဘာလုပ်ရမှန်း မသိ။ ရပ်နေမိသည်။ မစ်မော့ဖတ်က ရှေ့တိုးလာသည်။ သူ့ကို အင်္ကျီရင်ပတ် ကြယ်သီး တပ်ပေး၊ ရေစက်ရေပေါက်များကို ခါပေးနှင့် သပ်သပ်ရပ်ရပ်ဖြစ်အောင် လုပ်ပေးနေသည်။ ''ကိုင်း.......ခုမှပဲ ဟုတ်သွားတော့တယ်။ လက်ဖက်ရည်လေးသောက်သွားဦး။ ကော်ရာတောင် မနေ့က ဒီမှာ လက်ဖက်ရည်သောက် သွားသေးတယ်။ သိပ်တော်တဲ့ကလေးမလေးပဲကွယ်။ ကဲ....လိုက်ခဲ့ ငါ့ အခန်းထဲ သွားကြမယ်'' ဒေးဗစ်က လန့်နိုးလာသလို''ဟင့်အင်း...မသောက်တော့ပါဘူး။ ကျေးဇူးပါပဲ။ သွားစရာရှိနေလို့'' ဟု ငြင်းသည်။ ''ဟဲ့....ဒေးဗစ်.....ခဏနေဦးလေ''

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ်မနေချင်။

မနေနိုင်။

ချာခနဲလှည့်ပြီး

လှေကားမှ

ရေးကြီးသုတ်ပြာဆင်းပြေးသည်။

လမ်းပေါ်အရောက်တွင် ကားတိုက် ခံရတော့မလိုပင် ဖြစ်သွားသေးသည်။ သူကတော့ အမှုအမှတ်မထား။ ဆက်၍ သာ လျှောက်သွားသည်။ သူ့အဖေ လန်ဒန်သို့ ရုတ်တရက်ထွက်သွားခြင်းသည် ဤစက်ဆုပ်စရာ ချည်ခင် အူပေါက် ကိစ္စနှင့် တစ်နည်းနည်းတော့ဆက်စပ်ရမည်ဟု မုချတွေးမိလေသည်။ သူ့ကြမ္မာ သူဖန်တီးရန်သာ အားတင်းလိုက်တော့သည်။ ယခု သူဘာလုပ်မလဲ။ သူ့အမေထံသွားပြီး တိုင်ပင်နေ ၍တော့ အကျိုးမထူးနိုင်။ လက်မြှောက်အရူံးပေးပြီးတော့ဖြင့် စလီဒန်သို့မပြန်နိုင်။ နာရီပေါင်းများ စွာ တစ်ယောက် တည်း တနုံ့နုံ့တွေးရငေးရသည့်အလုပ်ကို သက်ဆိုးရှည်အောင် လုပ်မနေချင်တော့။ တစ်နည်းသာ ကျန်တော့သည်။ သူ စိတ်ကို ထိခိုက်နိုင်မည်မှန်း သိသည်။ သို့သော် တစ်နေ့မဟုတ်တစ်နေ့တော့ ထိုနည်း ကိုသာ မလွဲနိုင်မရှောင်နိုင် ရင်ဆိုင်ရတော့မည်သာ။ မော်ကွန်းသတင်းစာတိုက်ခွဲ ဖွင့်ထားသည့် ပရုဒင်ရှယ်တိုက်ကြီးမှာ မလှမ်းမကမ်းတွင်ပင်ရှိသည်။ ၅ မိနစ်အတွင်း ထိုတိုက်ကြီးရှေ့ သို့ ဒေးဗစ်ရောက်သွားသည်။ မော်ကွန်းသတင်းစာ တိုက်ခွဲက စတုတ္ထထပ် တွင်ရှိသည်။ ဒေးဗစ်တိုက်ထဲသို့ ချက်ချင်းမ၀င်သေး။

ပြောချင်တာကို စဉ်းစားနေသေးသည်။ ကိုယ်အား

ဉာဏ်အား သိမ်းမွေးနေသေးသည်။ အရေးကြုံလျှင် သက်လုံမကောင်းတတ်သော သူ့အကျင့်ကို သူသိသည်။

‹‹‹http://www.shwezinu.blogspot.com/

ဤကိစ္စ တွင် သတိလက်လွက် အဖြစ်မျိုးမရောက်စေရန် ဆုံးဖြတ်လိုက်သည်။ ကတောက်ကဆ ဖြစ်ရမည့်အရေး၊ စော်ကားမော်ကား ခွန်းကြီး ခွန်းငယ် ပြောမည့် အရေးကို တွေးမိ လိုက်သောအခါ ဒေါသဆူဝေလာသည်။ ဒေးဗစ်အောင့်အည်း ကြိတ်မှိတ်

မနေနိုင်တော့။

တိုက်ထဲ သို့

စွတ်ဝင်သွားသည်။ ဓာတ်လှေကားကို မစောင့်။ လေးထပ်အထိ ရိုးရိုးလှေကားမှပင် အမောတကောတက် သွားသည်။ မှန်မှုန်ပေါ်တွင် ရွှေစာလုံးဖြင့်ရေးထားသည့် မော်ကွန်းသတင်းစာတိုက်ခွဲဆိုသော စာတန်းကိုတွေ့ ရသည်။ တံခါးပင် ခေါက်မနေတော့ ။ ၀င်သွားသည်။ တစ်ခန်းလုံး လူသူရှင်းလင်း ကင်းဆိတ်နေခြင်းကြောင့် ဒေးဗစ်အံ့အားကြီးပင် သင့်နေမိသည်။ တယ် လီဖုန်းခုံဘေး တွင် ၁၇ နှစ်ရွယ် လူကလေးတစ်ယောက် လက်နှိပ်စက်ရိုက်နေသည်။ ဒေးဗစ်က ကိုယ့် ဘာသာကိုယ် ပင် မမှတ်မိတော့သည့် အသံဖြင့် ညေးကို တွေ့လိုကြောင်းပြောလိုက်၏။ လူငယ်ကလေးက သူ့ကို သမင်လည်ပြန် ကြည့်သည်။ ''မရှိဘူးဗျ။ တိုင်းကာဆယ်ကို သွားတယ်'' ဒေးဗစ်က မယုံသင်္ကာကြည့်နေ၍ လူငယ်ကလေးက ''ဘယ်သူမှ မရှိတာ ဗျ။ မစ္စတာစမစ်လည်း မော့စဘန်းကတိုက်မှာ ရောက်နေတယ်'' ဟုစကားဖြည့်ပြောသည်။ အပြတ်ရှင်းရန် အစွမ်းကုန်မာန်သွင်းလာသူပီပီ ဒေးဗစ်က သူ့စကားကိုမယုံ။ အခြားအခန်းနှစ်ခုကိုပင် ဇိုးဇိုး ဇတ်ဇတ် ၀င်ကြည့်လိုက်သေးသည်။ နှစ်ခန်းစလုံးတွင် လူမရှိ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''သူဘယ်တော့ ပြန်လာမလဲ'' ''ဘယ်သိနိုင်ပါမလဲဗျ။ ဒီမှာက ဘာအလုပ်မှ သိပ်ရှိတာမဟုတ်ဘူး။ တစ်နေ့လုံး အပြင်ရောက်နေမှာ နဲ့ တူပါတယ်'' ''တစ်နေ့လုံး'' ဒေးဗစ်သည်

လူငယ်ကလေးစကားအတိုင်း

ရွတ်လိုက်မိသည်။

ခဏငြိမ်နေသည်။

ပြီးမှ

ချာခနဲ

လှည့်ထွက် လာခဲ့သည်။ လမ်းပေါ်သို့ ပြန်ရောက်ချိန်တွင် ဒေးဗစ်သည်နာကျဉ်းစိတ်ဖြင့် လက်သီးကျစ်ကျစ် ပါ အောင် ဆုပ်၊ တစ်ကိုယ်လုံးတောင့်တင်းကာ ဆုတ်ဆိုင်းဆိုင်းဖြစ်နေသည်။ ဘာမှ မဖော်ထုတ်နိုင်။ ဘာမှမစွမ်း ဆောင်နိုင်။ ငါ ဘာအဖြစ်မှရှိတဲ့ကောင် မဟုတ်ပါလားဟူသော အားငယ်စိတ်သာ သူ့ တစ်ကိုယ်လုံး ရစ်သိုင်း နေတော့၏။

နေ့လည်စာ

လူတွေအပြေးအလွှားသွားရင်း

စားချိန်ရောက်နေပြီဖြစ်၍ သူ့ကို

လူသွားလူလာ

တိုးတိုက်သွားနေကြသည်။

ရှုပ်လာသည်။ သူကတော့

မိုးရွာထဲ

တွင်

ရပ်လျှက်ပင်။

ချီတုံ

ချတုံဖြစ်လျက်ပင်။ ဒေါသသွေး ဆူဝေလျက်ပင်။ ခဏကြာမှ ၀ိတိုရိယကွက်လပ်ဘက်သို့ ထွက်လာခဲ့သည်။

‹‹‹http://www.shwezinu.blogspot.com/

ဘာမှလုပ်စရာ မရှိတော့။ စလီဒန်သို့ ပြန်ရုံသာရှိတော့သည်။

ဘတ်စ်ကားတစ်စင်း

ထွက်လုထွက်ခင်

ဖြစ်နေသည်။

ကားတစ်စင်းလုံး

လူအပြည့်။

ကားအလည်ခေါင်တွင် တစ်နေရာ ရသည်။ မကြာပါချေ။ လူတွေ သူ့ကို ၀ိုင်းကြည့်နေကြသည်။ တချို့က သရော်တော်တော်၊ တချို့က မလိုတမာ ကြည့်နေကြသည်ဟု သူထင်လာသည်။ ဒေးဗစ် ခေါင်းငုံ့ထားသည်။ ကားကြမ်းပြင်ကိုသာ စိုက်ကြည့်နေသည်။ ဥပေက္ခာစိတ်မွေး၍ မရ။ ရင်ထဲမှာ ဗလောင်ဆူနေ သည်။ တစ်လမ်းလုံး ပို၍သာ ဆိုးလာသည်။ စလီဒန်သို့ ပြန်ရောက်ပြီး အိမ်သို့ သုတ်ခြေတင်ပြန်လာသည့် အချိန်အထိ ရင်ထဲမှာ မအေး။ ဒေးဗစ် အိမ်ထဲဝင်သွားချိန်တွင် တစ်အိမ်လုံး တိတ်နေသည်။ မီးဖိုချောင်ထဲမှ ရေနွေးအိုး ဆူသံကို သာ ကြား

ရသည်။

ပြတင်းပေါက်မှ

လှမ်းကြည့်လိုက်တော့

ကော်ရာကို

မြင်ရသည်။

ပန်းခြံထဲတွင်

လမ်းလျှောက်နေသည်။ သူ့ရင်ထဲ တွင် ကော်ရာ့ထံ ပြေးသွားချင်စိတ် တဖွားဖွား ပေါ်လာသည်။ ယခင်ကလို ကော်ရာ ပြုစု ယုယမှုကို အခန့်သား ရယူကာ တင်တင်းစီးစီး လုပ်ချင်စိတ်များ ပြယ်လွင့်ကုန်သည်။ ကော်ရာ့ အပေါ် တွယ်တာစိတ် ၀င် လာသည်။ ကြင်စဦးကာလ တပ်မက်စိတ်မျိုး ပေါ်လာသည်။ အိပ်ခန်းသို့ သွားပြီး ကော်ရာကို လှမ်းခေါ်ကာ အချစ်ကြီး ချစ်ပစ် လိုက်ချင်စိတ်ပေါ်ပင်မိသည်။ သိ့ေု သာ် စိတ်အလိုမလိုက်နိုင်။ သူ့စိတ် သူ

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ငြိမ်အောင် ထိန်း သည်။ သူ စိတ်ကသောင်းကနင်း ဖြစ်နေပုံ၊ သူ ဟက်ဒယ်လ်စတန်သို့ သွားခဲ့ပုံတို့ကို ကော်ရာ လုံးဝ မသိစေရ။ ဒေးဗစ်သည် အပေါ်ထပ်သို့ တက်သွားသည်။ စားပွဲတွင် ထိုင်လိုက်သည်။ ဒေါက်တာအီဗန်က စိတ် ငြိမ်အောင် ထိန်းနည်းတစ်ခု ပေးထားသည်။ စိတ်ထဲရှိသမျှ စိတ်ကူးစိတ်သန်းများကို စာရွက် တစ်ရွက်ပေါ်တွင် မြန်မြန်

သွက်သွက်

စိတ်လွတ်လက်လွတ်

ရေးချသွားရန်

ဖြစ်သည်။

ဒေးဗစ်သည်

ဖောင်တိန်ကို

ကောက်ကိုင်လိုက်ပြီး စာတွေ ကို စိတ်လွတ်ကိုယ်လွတ် ရေးချနေလေ၏။ ”အသည်းနင့်အောင် ချစ်မိလို့ ခံစားရတဲ့ဝေဒနာဟာ တစ်ခါတလေ ချစ်လို့ခံစားရတဲ့ ပီတိထက်သာ တယ်။ ပီတိ ကို စိတ်လွတ်လက်လွယ် ခံစားမိတတ်သလို ဝေဒနာကိုလည်း ခံစားမိတတ်တယ်။ ဝင်္က ပါထဲမှာ ကျွန်တော် လမ်းလျှောက်နေရ သလိုပါပဲ။ မရေမရာစိတ်က ဖိစီးလာနေတယ်။ ဒါပေမဲ့ အညံ့မခံဘူး။ ဘယ်လို အခက်အခဲမျိုးကို ဖြစ်ဖြစ်

ကျွန်တော် ကျော်လွှားနိုင်မှာပါ။ ဘယ်လို ရန်သူ မျိုးကို ဖြစ်ဖြစ် ကျွန်တော်

အနိုင်ယူနိုင် မှာပါ။ ကျွန်တော် စိတ်ဓာတ်ကြံ့ခိုင်ရင်ပေါ့လေ။ ဒီဒုက္ခသုက္ခ တွေ ရှင်းသွားမှာပါ။ ကော်ရာ့ကို ဘယ်သူမှ ဒုက္ခမပေးစေရဘူး။ သူ့ကို ကျွန်တော် စောင့်ရှောက် မယ်။ အခု ကျွန်တော် ရချင်နေတာကတော့ နားနေလျောင်းစက်တဲ့ အာရုံကလေး။ နက်နဲ

‹‹‹http://www.shwezinu.blogspot.com/

တည်ငြိမ်တဲ့... ” ဤမျှထက် ပို၍ မရေးရသေး။ ဖျတ်ခနဲ ရပ်လိုက်သည်။ ခေါင်းငဲ့လိုက်သည်။ နားစွင့်လိုက်သည်။ ”နားနေ လျောင်းစက်တဲ့ အာရုံကလေး... နက်နဲတည်ငြိမ်တဲ့... ” နားအူ တာပဲလား။ လပေါင်းများစွာ ကြားနေကျအတိုင်း ခေါင်းလောင်းသံ၊ ခရာသံတွေ ကြားနေ တာပဲလား။ သူ့စကားလုံး ကို သံယောင်လိုက်ပြီး သူ့ကို လှောင်ပြောင်နေသည့် အသံကိုပင် တကယ်ကြားနေ တာပဲလား။ နားစိုက်ထောင် လိုက်ပြန်တော့ ဘာသံမှ မကြားရ။ စာရေးချလိုက်ပြန်သည်။ သူ ရေးချသည့် ”အလင်းအပြောကျယ်လာပြီး အမှောင်ပြယ်လွင့်သွားချိန် တွင်... ”ဆိုသော စကားလုံးအတိုင်း သံယောင်လိုက်ကာ ပေါ်လာပြန်သည်။ သူက ရေးလိုက်။ အသံက ပြောလိုက်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အသံပို ၍ ကျယ်လောင်လာသည်။ အသံနှင့် ဖောင်တိန် ချိန်သားကိုက်ထားသလို ဖြစ်နေသည်။ အသံငြိမ်သွားစေရန် စာကို တစ်လုံးချင်းရေးကြည့်သည်။ အသံကလည်း ကျယ်ကျယ်လောင် လောင် ပီပီသသ သွကသ်ွက် လက်လက်ကြီး ပေါ်လာသည်။ ဒေးဗစ် သည် မီးကျီခဲကို ကိုင်ထားရသည့်အလား ဖောင်တိန်ကို လွှတ်ချလိုက်သည်။ စားပွဲအစွန်း ကို ဆုပ်ကိုင် ထားသည်။ သူ့ကိုယ်သူ စိတ်ငြိမ်အောင် ထိန်းသည်။ နားထဲတွင် အသံဗလံတွေ ကြားရသည် ဟု ပြောပြစဉ်က ဒေါက်တာအီဗန်မှာလိုက်သည့် စကားကို ကြားယောင်မိသည်။ ”အဲဒါ စိတ်ကူးသက်သက်ပဲ။ ငါတို့က နားချောက်ချားတာလို့ ခေါ်တယ်။ စိတ်ထဲမှာ အမှတ်မထားနဲ့။ အလျှော့ မပေးနဲ့။ တစ်ချက်ကလေး အလျှော့မပေးနဲ့” ဒေးဗစ်သည် အသာအယာ ခေါင်းမော့လိုက်သည်။ ခဏအကြာတွင် အသံဗလံတွေ ပျောက်သွား သည်။ ပျောက်သွားတာ မှ ဟုတ်ရဲ့လား။ တောင့်တောင့်ကြီး ထိုင်နေမိသည်။ နားစွင့်နေမိသည်။ အသံဗလံတွေ ပျောက်သွားလိမ့်မည်ဟု မျှော်လင့်နေမိသည်။ အသံဗလံတွေ က ဖောင်တိန်ကို စားပွဲပေါ်ချထားပါလျက် စာရေးခြင်းနှင့် အဆက်အစပ်မရှိ ပေါ်

‹‹‹http://www.shwezinu.blogspot.com/

ထွက်လာပြန်

သည်။

တိုးတိုးနှင့်

ပီသသည်။

အောက်ထပ်အိပ်ခန်းထဲမှ

ပေါ်ထွက်လာနေသည်။

ယောက်ျားအသံ။ သူ့ကို ခေါ်နေ သည့် အသံ။ ”ဒေးဗစ်... ဒေးဗစ်..... အပေါ်မှာလား” ”ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိထားပါဦးလေ” ဟူသော အသံကို ကြားလိုက်ရပြန်သည်။ ဒေးဗစ် အလန့်တကြား ဖြစ်သွားသည်။ ညေးအသံမှန်း သူ အမှတ်ရ သည်။ ဒေးဗစ် ထခုန်လိုက်သည်။ အသံဗလံများကို မကြားရအောင် လက်နှစ်ဖက်ဖြင့် နားပိတ်ထားသည်။ စိတ်ကူး မျှသာ ဖြစ်မှန်း၊ အာရုံလှည့်စားမှုမျှသာ ဖြစ်မှန်းသိသည်။ သို့သော် မကြားရအောင် လုပ်လေ ကြားရ လာလေ။ အောက်ထပ်မှ အသံကျယ်လောင်လာလေ။ မောက်မာလေလေ။ ပိုမို ပီသလာ လေ။ ”ကိုယ့်လူ က ကျုပ်ကို သတ်မယ်ပေါ့လေ။ ဟုတ်လား။ ကိုယ့်လူ အသတ်မခံရအောင်ပဲ သတိ ထားပါဦးလေ... ” မှားတာမဖြစ်နိုင်။ မခံနိုင်တော့ ဒေးဗစ် တံခါးဖွင့်လိုက်သည်။ လှေကားကျဉ်းကလေးမှ ပြေးဆင်း သည်။ အောက်ထပ် အိပ်ခန်းထဲ ၀င်ရှာသည်။ ဗီရို နှစ်လုံးရော ကုတင်အောက်ပါ အကုန်ရှာသည်။ ဗီရိုထဲ၌ ချိတ်ထား သည့် ကော်ရာ့အင်္ကျီများကို စမ်းရှာသည်။ အခန်းချောင်ကြိုချောင်ကြား ၀င်ရှာသည်။ ဘယ်သူမမှ ရှိ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဒေးဗစ်သည် ချွေးပေါက်တို့ဖြင့်

ကုတင်စွန်းတွင် စိုထိုင်းနေသည်။

ခွေခွေယိုင်ယိုင် သူ

ထိုင်ချလိုက်သည်။

ရူးတော့မှာလား။

နဖူးတပြင်လုံး

အသံဗလံရော၊

ချွေးသီး

ဒြပ်မဲ့ဖြစ်တည်မှုပါ

ပျောက်ကွယ်သွားသည်။ ပြဲပြဲစင်အောင် ရှာလိုက်ဖွေလိုက်ခြင်းဖြင့် အာရုံလှည့်စားမှုကို ဖယ်ရှား နိုင်လိုက်၏။ အားပျော့လာသော်လည်း စိတ်မှန်လာ၏။ သက်ပြင်းကြီးချလိုက်သည်။ မှန်ရှေ့တွင် ခေါင်းဖြီးနေမိသည်။ သူ့ဘေးတွင် ရပ်နေသော ကော်ရာ ကို မှန်ထဲ တွင် မြင်ရသည်။ ယခုမှပင် အရိပ်များ အကြား၌ ဒြပ်အစစ်ကို တွေ့ရသည်။ ကော်ရာက ''မောင်ပြန်ရောက်နေတာ မသိလိုက်ဘူး။ လမ်းလျှောက်တာကလည်း ကြာလိုက်တာ ကွယ'် ' ဟု ပြောသည်။ သတိမချွတ်သော သူ့စိတ် အခြေအနေသစ်က ပရိယာယ်ေ၀၀ုစ်တွေ မလုပ်ချင်တော့။ ကော်ရာ့အနီးသို့ ကပ်သွား သည်။ ကော်ရာ့လက်ကို ဆွဲကိုင် ဖျစ်ညှစ်လိုက်သည်။ ''မောင် လမ်းလျှောက်တာ မဟုတ်ပါဘူးကွာ။ အဖေ့ကို တွေ့ဖို့ ဟယ်ဒယ်လ်စတန်ကို သွားတာ''

‹‹‹http://www.shwezinu.blogspot.com/

''တွေ့ခဲ့လား'' ကော်ရာ တစ်ကိုယ်လုံးတောင့်သွားသည်။ ဒေးဗစ်က ခေါင်းခါပြလိုက်မှ ပြေလျှော့သွားသည်။ '' လန်ဒန် သွားတယ်တဲ့။ ဗြုန်းစားကြီး ထသွားတာတဲ'့ ' ''လန်ဒန် ကို'' ကော်ရာက ဖြည်းဖြည်းလေးလေး ပြောသည်။ မျက်နှာ လန်းဆန်းလာ သည်။ မျှော်လင့်ကိုးစား ချက် ဖြင့် လှိုက်လှဲလာသည်။ ကော်ရာ့ မျက်နှာပေါ်တွင် ရက်ပေါင်းများစွာ မမြင်ခဲ့ရသည့် မျက်နှာထား။ ''အို. . . ဒေးဗစ်ရယ်။ ကျွန်မ သိပ်ပျော်တာပဲ။ မောင့်အဖေကို ကျွန်မ အားကိုးတယ်။ အခုတော့ မေး လား စမ်းလား လုပ်မနေနဲ့ဦး. . . မောင်ရေ . . .။ ဒါပေမဲ့ ကျွန်မတို့ ကောင်းဖို့ချည်းပဲ''

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၁)

ထိုနေ့နံနက် ရောက်သည်။

သူ

နာရီ

၁၅

စီးလာသည့်

မိနစ်တွင် ရထားက

ဟင်နရီပေ့သည် နောက်ကျသည်။

လန်ဒန်မြို့

ကင်းခရော့စ်

မှောင်ကြီးမည်းမည်းတွင်

ဘူတာရုံသို့ အတော်ကြာ

အောင်စောင့်မှ အငှားကား တစ်စင်း ကို ရှာတွေ့တော့သည်။ လန်ဒန် သို့ သူ ရောက်ခဲသည်။ ရောက်သည့်အခါတိုင်း ဗြိတိသျှတိုက်အနီးရှိ ငြိမ်ငြိမ်ဆိမ်ဆိမ် အက်စမန် ဟိုတယ်ကလေးတွင် တည်းခိုလေ့ရှိသည်။ ဟိုတယ် ညတာဝန်ခံက သူ့ကို မှတ်မိနေသည်။ ''မနက်စာလေး များ စားလို့ရမလား'' ပေ့က ညတာဝန်ခံကို မေးသည်။ ''မရနိုင်သေးပါဘူးခင်ဗျာ။ ၇ နာရီအထိ လူမရှိသေးလို့ပါ။ ကျွန်တော်တာဝန်မလွှဲခင် မှာထားခဲ့မယ်

‹‹‹http://www.shwezinu.blogspot.com/

လေ'' ''နေပါစေတော့လေ။ ကျွန်တော်ပဲ တယ်လီဖုန်းနဲ့ မှာလိုက်ပါတော့မယ်'' ခဏ နားလိုက်ဦးမယ် ဟူသော အတွေးဖြင့် ပေ့က ပြန်ပြောသည်။ တစ်လမ်းလုံး မအိပ်ခဲ့ရသ လောက်ဖြစ်၍ အ၀တ်အစား ပင် ချွတ်မနေတော့ဘဲ အိပ်ရာပေါ် လှဲချလိုက်၏။ မျက်စိမှိတ်ထားလိုက် ၏။ စိတ်ကပြင်းပြဆဲ။

အတွေးက

ယောက်ယက်ခတ်ဆဲ

ရှိသေးသည်။

အိပ်မရ။

ကုတင်ပေါ်

လှဲရုံ

လှဲနေလိုက်ရတော့သည်။ ၇ နာရီထိုးမှ တယ်လီဖုန်းဖြင့် ကော်ဖီကျကျ လှမ်းမှာသည်။ ကော်ဖီမသောက်ရန် ဆရာဝန်က တားထားသည်။ သိ့ေု သာ် ယခုအချိန်မှာတော့ မသောက်ဘဲ မနေနိုင်။ တမေ့တမောကြာမှ ရောက်လာသည်။ ကော်ဖီကတော့ ထုံးစံ အတိုင်း ပေါ့ရွှတ်ရွှတ်။ သိ့ေု သာ် သုံးခွက်ဆင့် သောက် လိုက်သည်။ ပေါင်မုန့်မီးကင် တစ်ချပ်သာ စားလိုက် သည်။ အတော်ပင် လန်းဆန်းလာသည်။ ရေမိုးချိုး၊ မုတ်ဆိတ်ရိပ်ပြီး အကျင့်လိုဖြစ်နေ၍ သတင်းစာတစ်ထပ်ကြီး ၀ယ်လိုက်သည်။ ဟိုတစ်ချက် သည်တစ်ချက် ကျော်လွှားကြည့်သွားရုံထက် ပိုမလုပ်နိုင်။ သူတို့ မိသားစုကို ကံဆိုးမိုး မှောင်ကျစေမည့် သတင်းဆိုး မှာ ပါနေလေပြီလားဟု တထိတ်ထိတ် ဖြစ်နေမိသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဆမ်မာဗီးလ် သည် ၁၀ နာရီ မထိုးမချင်း ရုံးသို့ ရောက်လေ့မရှိ။ ပေ့အဖို့ အလုပ်ကိစ္စပြောရန် စောလွန်းနေသေး သည်။ သိ့ေု သာ် တစောင့်စောင့် မလုပ်ချင်။ ကမ်းနားလမ်းအထိ ခြေကျင်လျှောက်သွား သည်။ ပြန်တမ်းသတင်းစာတိုက်ကြီးကတော့

သူ့သတင်းစာတိုက်နှင့်

ကွာပါပေ့။

အစောင့်တစ်ဦးက

ပေ့အမည်ကို စုံစမ်းရေးဌာန သို့ ပို့ပေးသည်။ အတော်ကြာ စောင့်ရသည်။ ပြီးမှ အမြန်ဓာတ်လှေ ကားရှိရာသို့ လမ်းညွှန်သည်။ အပေါ်ဆုံးထပ်တွင် ဆမ်မာဗီးလ်၏ အတွင်းရေးမှူးက သူ့ကို လမ်းမှ ဖြတ်တွေ့သည်။ ''မစ္စတာပေ့ တွေ့ရမယ့်လူက မစ္စတာ ဂရီလီပါ ခင်ဗျာ။ ဒါပေမဲ့ သူက ခွင့်ယူထားလို့ သူ့လက်ထောက် တာဝန်ခံ မစ္စတာ ချာလုံနာနဲ့ပဲ တွေ့လိုက်ပါခင်ဗျာ'' ပေ့က မာမာပြတ်ပြတ်ပင် ပြောသည်။ ''မဖြစ်ဘူး။ ကျုပ် ကိစ္စက ဆမ်မာဗီးလ်နဲ့ နှစ်ကိုယ်ချင်း ပြောရမယ့် ကိစ္စ'' ''ဟုတ်မှာပေါ့။ ဒါပေမဲ့ မစ္စတာဆမ်မာဗီးလ်က တစ်မနက်ခင်းလုံး မအားပါဘူး၊ ပြီးတော့လည်း ခုထိကို

‹‹‹http://www.shwezinu.blogspot.com/

ရောက်မလာသေးပါဘူး ခင်ဗျာ မစ္စတာပေ့ ဆန္ဒရှိလို့... ” ” ကျုပ်စောင့်မယ်” ”ဒါဖြင့် ဒီဘက်ခန်းကို တစ်ဆိတ်ကြွပါ ခင်ဗျာ” ပေ့သည် ကြိုတင်အချိန်းအချက် လုပ်မနေတော့။ သိ့မှုသာ ရှောင်ဖယ်ဖယ်လုပ်ဖို့လမ်း နည်းသည် ဟု တွက်ဆမိသည်။ ဆမ်မာဗီးလ်က လက်ခံတွေ့မည် ဆိုလျှင်တောင်မှ စောင့်ရဦးမည်သာ ဖြစ်မှန်း သူ သိသည်။ သူ စောင့်သည်။ တစ်နာရီလုံး အခန်းထဲရှိ ပန်းချီကားကြီးကို ငေးရင်း စောင့်နေ သည်။ သိ့ေု သာ် မျက်စိက ပန်းချီကား ကို မမြင်။ သူ သိသမျှ ဆမ်မာဗီးလ် အကြောင်းကိုသာ တနုံ့နုံ့ တွေးနေမိသည်။ ဆမ်မာဗီးလ်သည် သူ့ပြိုင်ဖက် နှစ်ဦးဖြစ်သော ဂျတ်ထန်၊ မစ်ဂ်ဟီးလ်တို့နှင့် မတူ။ ထိုနှစ်ယောက် က ချောင်ကြိုချောင်ကြားမှ ထိပ်ဖျားရောက်သူများ။ ဆမ်မာဗီးလ်ကမူ လမ်းရိုးလမ်းဟောင်းအတိုင်း လိုက်ခဲ့သူ။ ပထမဆုံး သူ့ခြေလှမ်းမှာ ပြုတ်လုတဲတဲ ပြန်တမ်းသတင်းစာ ကို ဝယ်ခဲ့ခြင်းဖြစ်သည်။ လျှမ်းလျှမ်းတောက် အောင်မြင် ခဲ့သည်။ လူပြိန်းကြိုက်ကို ထူးထူးခြားခြား သိသူပီပီ အောင်မြင် ချင်ဇောဖြင့် သတင်းစာ ကို ဇွတ်အတင်း အသွင်ပြောင်းခဲ့သည်။ သတင်းစာရောင်းရ တွင်ကျယ်လာသည်။ ဆမ်မာဗီးလ် လက်ရဲဇက်ရဲ ဖြစ်လာသည်။ မြို့ရေးမြို့ရာ ဂျာနယ် ထုတ်သည်။ ခြေသွက်လက်သွက်ပင် တနင်္ဂနွေမျက်လုံးဂျာနယ်ကို ဆက်တိုက်ထုတ်သည်။ အစတော့ လုပ်ငန်းသစ် များ အောင်မြင်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သြဇာအရှိန်အဝါအရသာကို မြိုးမြိုးမြက်မြက် တွေ့လာသည်။ စောစောစီးစီးပင် သတင်းစာဘုရား ဂိုက်ထန်၏ တူမ ဘလန်ချီဂီလီဖလားဝါးနှင့် လက်ထပ်သည်။ ဤတွင် အခြေယိုင်မှုက စလုံးရေ စသည်။ ဆမ်မာဗီးလ် အိမ်ထောင်ဖက်အရွေးမှားသည်။ လက် ထပ်ပြီး နောက်တစ်နှစ် မှာပင် လင်မယားကွဲသည်။ သူ့ဇနီးက သူ့ပြိုင်ဘက် မစ်ဂ်ဟီးလ် ထုတ်ဝေ သည့် ကမ္ဘာလုံး သတင်းစာတွင် ဖက်ရှင်အယ်ဒီတာ သွားလုပ်သည်။ ပေ့သည် သူ့မိန်းမ ထံမှကြားရသည့် အထက်တန်းလွှာ အတင်းအဖျင်း ကလေးများကို ဝိုးတိုးဝါးတား အမှတ်ရနေလေ သည်။ ထိုအချိန်တွင် ပေ့ ငိုက်မြည်းလာသည်။ ဆမ်မာဗီးလ်၏ အတွင်းရေးမှူး လာခေါ်ချိန်တွင် လူချင်း မ တွေ့မီ ဆေးနှစ်လုံးသောက် ရန် စိတ်ကူးထားသည်ကိုပင် မေ့မေ့လျော့လျော့ ဖြစ်သွားလေသည်။ ပေ့ ဝင်သွားချိန် တွင် ဆမ်မာဗီးလ်သည် စားပွဲတွင် ထိုင်ကာ စာရွက်စာတမ်းများကို လက်မှတ်ထိုး နေသည်။ တစ်မိနစ်လောက်ကြာအောင် မော့ကြည့်ဖော်ပင်မရ။ ပြီးမှ ကုန်းကွကွ

ရပ်သည်။

‹‹‹http://www.shwezinu.blogspot.com/

ဆမ်မာဗီးလ်သည်

လက်ဆွဲနှုတ်ဆက်သည်။

သူ့အသက်

၄၅နှစ်ထက်ပို၍

ဆုံလည်ကုလားထိုင်ကို လှည့်ကာ

ပြန်တမ်းသတင်းစာပိုင်ရှင် ရင့်ရော်သည်ဟု

ကုပ်တိုတို

ထင်ရသည်။

ပခုံးကျယ်ကျယ် ပြူးထွက်နေသော

သူ့မျက်လုံးများကို ကြည့်ပြီး သူ့ရင်ထဲမှာ တွန်းကန်လှုပ်ရှားမှု အရှိန်ကို သိသာ နိုင်သည်။ စိတ်တိုလက်တို ကိုယ်ဟန်

အမူအရာက

အလုပ်ထဲတွင်သာ

အာရုံမြုပ်ထားသူမှန်း

ထင်ရှား

စေသည်။

ညံ့ဖျင်းနုံချာမှု၊

လုပ်ရည်ကိုင်ရည်မရှိမှု၊ မဆီမဆိုင် ဝင်ရှုပ်မှု မှန်သမျှကို လက် ပိုက်ကြည့်နေမည့်လူစားမျိုး မဟုတ်မှန်းလည်း သိသာသည်။ ဆမ်မာဗီးလ်သည် ကုလားထိုင်တွင် ပြန်ထိုင်သည်။ ပေ့ကို ပြောင်ပြောင်ပင် လူကဲခတ်နေသည်။ ဟင်နရီပေ့ လည်း ကုလားထိုင်တွင် ထိုင်လိုက်သည်။ ဘယ်ကစ၍ ဘာစကားပြောရမှန်း မသိဖြစ် နေ၏။ ဆမ်မာဗီးလ် က သူ့စကားအစကို စောင့်နေသည်။ ပေ့ အပြောခက်နေသည်ကို ရိပ်မိသည်။ ထို့ကြောင့် လိုရင်းကို ဒိုးဒိုး ဒေါက်ဒေါက်ပင် ပြောချလိုက်သည်။ ”ခင်ဗျားလာမယ်ဆိုတာ ကြိုတင်ပြောရော့ပေါ့ဗျာ။ နေ့လယ်စာလေးဘာလေး အတူစားသွားနိုင်တာ ပေါ့။

ကျွန်တော်တို့ကို

ပြန်ချခဲ့တဲ့

ခင်ဗျားရဲ့

သတ္တိကို

ချီးကျူးမိပါရဲ့ဗျာ။

ကျွန်တော်တို့ကို

အလဲ

ထိုးတော့မှာပဲလို့တောင် ထင်နေတာ။ အခုတော့ ကျွန်တော်တို့နဲ့ သဘောတူပြီပေါ့ ဟုတ်လား” ”အဲဒီလိုတော့လည်း မဟုတ်သေးပါဘူး” ပေ့

မအီမသာဖြစ်နေသည်။

ဒူးဆတ်ဆတ်တုန်သည်အထိ

လိုက်နိုင်၍ သတ္တိတိုးလာသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဖြစ်နေသည်။

သို့သော်

စကားစပျိုး


ဦးဝင်းတင်

ဥတ္တရအလင်း

”မော်ကွန်းသတင်းစာ ကို ခင်ဗျားဝယ်တော့ ၂နှစ်ရှိပြီ။ အစတုန်းကတော့ ကျွန်တော် မလိုတမာ ဖြစ် ခဲ့မိတာ အမှန်ပဲ။ ဟက်ဒယ်လ်စတတန်မှာ ခင်ဗျားလာပြီး သတင်းစာ ထောင်ခွင့်ရှိတာပေါ့။ ကျွန်တော် သတင်းစာနဲ့ ပြိုင်နိုင်ခွင့် လည်း ရှိတာပေါ့။ ဒါပေမဲ့ မြို့ကသေးတော့သတင်းစာ နှစ်စောင် အတွက် နေရာမရှိဘူး။ ဒီတော့ လူထုက ရွေးရတော့တာပေါ့။ အခုတော့ ရွေးပြီးသွားပြီ။ လူထု ရွေးတဲ့အတိုင်း လက်ခံဖို့ကိစ္စကို ပြောရအောင် လာခဲ့တာပါပဲ” ဆမ်မာဗီးလ်က ချက်ချင်း စကားမပြန်။ ”လူထုလက်ခံတယ်ဆိုတာ တစ်နေ့ရွှေ တစ်နေ့ငွေ ကိစ္စပဲဗျ။ နေ့ချင်းညချင်း ပြောင်းသွားနိုင်တာမျိုး ပဲ။ မော်ကွန်းက ဒီနေ့အထိ ရောင်းနေရတုန်းပဲဟာ။ ကျွန်တော်တို့က ဆက်လုပ်သွားဦးမှာပါဗျ” ဟင်နရီပေ့ ခေါင်းယမ်းလိုက်သည်။ ”မဟုတ်ပါဘူးဗျာ။ ကျွန်တော်တို့ချင်း ပွင့်ပွင့်လင်းလင်း ပြောကြရအောင်ပါ။ ခင်ဗျားတို့ ကျွန်တော့် ကို အပြုတ်ချတယ်။ မရဘူး။ ဒီတော့ ဥတ္တရအလင်းကို လက်ရှောင်လိုက်ပါတော့ဗျာ” ”ခင်ဗျားပြောတာ ကျွန်တော်တော့ နားမလည်ဘူး”

‹‹‹http://www.shwezinu.blogspot.com/

ဆမ်မာဗီးလ်က ပြတ်ပြတ်တောင်းတောင်း ပြောသည်။ ”ကျွန်တော်တို့မှာ ဒီလောက် ပုံအောထားပြီးမှ အမြီးကုပ် ထွက်သွားရမှာလားဗျ” ”ကျွန်တော် ပြောချင်တာက သတင်းကလေးတစ်ပုဒ် သတ်ပေးဖို့ပါ” ”သတင်းမှောင်ချရမှာ... ဟုတ်လား။ အံ့အံ့သေးတော့ မိတ်ဆွေကြီးရယ်၊ ကျွန်တော်တို့ သတင်းစာ ရဲ့ နံပါတ်တစ် ကျင့်ဝတ် တာဝန်က သတင်းလုံးဝ မှောင်မချရေးဆိုတာ မဟုတ်လားခင်ဗျာ” ”အရေးကြီးတဲ့ သတင်းကိုပြောနေတာ မဟုတ်ပါဘူးဗျာ။ ကျွန်တော်မိသားစု၊ ကျွန်တော့် ကိုယ်ရေး ကိုယ်တာနဲ့ ပတ်သက်ရုံပတ်သက်တဲ့ သတင်းပါ” ”ဒီမှာ ဘာမှမသိဘူး။

မိတ်ဆွေကြီး

ဒီကိစ္စ

ဟက်ဒယ်လ်စတန်မှာ

ကျွန်တော် ခင်ဗျားနဲ့

ဘာမှမသိဘူး။ ပတ်သက်တာ

ခင်ဗျားပြောနေတာတွေကိုလည်း မှန်သမျှကတော့

အရေးကြီးတာ

ချည်းဖြစ်မှာပေါ့ဗျာ။ အဲဒီမှာရှိတဲ့ ကျွန်တော့် အယ်ဒီတာချုပ်ကလည်း ဒီလိုပဲ သဘောထားမှာပဲ ထင်တယ်” ဟင်နရီပေ့ နှုတ်ခမ်းကိုက်လိုက်၏။ ”အဲဒီသတင်း က ချေးခြောက်ရေနူး သတင်းပါဗျာ။ အပြစ်မရှိတဲ့ လူတွေကိုသာ ဒုက္ခလှလှရောက် အောင် လုပ်မယ့် သတင်းသက်သက်ပါ” ဆမ်မာဗီးလ် က ရုတ်တရက် စကားကြမ်းလာသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

”ဘုရားရေ ကျွန်တော့်ကို ခင်ဗျားဘာများ နားသွင်းနေပါလိမ့်ဗျာ။ ၂၀ ရာစုအလယ် ရောက်နေပြီဗျ။ ဒီခေတ်မှာ အထိမခံ ရွှေပန်းကန်လုပ်လို့ မရတော့ဘူးခင်ဗျ။ ကျွန်တော်တို့လို ဆော်တဲ့နှက်တဲ့ အလုပ်မျိုးမှာ ကိုယ်ဆော်တာ လည်း ရှိတယ်။ ကိုယ်အတွယ်ခံရတာလည်း ရှိတယ်။ မော်ကွန်းထဲ ထည့်မယ့် သတင်းတိုင်းကို ကျွန်တော်

ကိုယ်တိုင်လည်း

စိစစ်မနေနိုင်ဘူးဗျာ။

အယ်ဒီတာချုပ်ကို

ယုံတယ်။

သူ့ကိုပဲ

လုံးလုံးလျားလျားလွှဲထားတာ” ဟင်နရီပေ့သည် ခံပြင်းလွန်း၍ ဆတ်ဆတ်မတုန်အောင် အောင့်အည်းမျိုသိပ်မထားနိုင်တော့။ ဆမ်မာဗီးလ်က လက်ပတ်နာရီကို ကြည့်လိုက်၏။ စကားဖြတ်မည့် အရိပ်အရောင်ပြသည်။ ”မိတ်ဆွေကြီးရယ်...ဘာဖြစ်လို့များ ကျွန်တော့်ဆီလာပြီး ကယ်ပါယူပါ လုပ်နေရတာလဲဗျာ။ ကျွန် တော်လည်း တတ်နိုင်တဲ့ကိစ္စ မဟုတ်ပါဘူး။ သူတို့ကို လုပ်ပိုင်ခွင့် အပြည့်ပေးထားတာပါ။ သူတို့ လုပ်တာ လက်ခံရမှာပါပဲ။ ဒီကိစ္စက ဒေသဆိုင်ရာတွေမှာ လုပ်ပိုင်ခွင့် ရှိတာပေါ့။ ဒီကိစ္စကို ကျွန်တော် သိကိုသိရမယ် အရေးလုပ်ပြီး စဉ်းစား ရမယ်ဆိုပြီး ထင်ထားလို့တော့ ဘယ်ဖြစ်ပါ့ မလဲဗျာ” ဆမ်မာဗီးလ်၏ ပြောပေါက်ဆိုပေါက်က ထိုကစ္စိကို ပစ်ပစ်ခါခါ ဖယ်ထုတ်လိုက်လေပြီ။ အနုတ်စုတ်

‹‹‹http://www.shwezinu.blogspot.com/

ဂုတ်စုတ် အလုပ်မျိုးကို သူ ကိုယ်တိုင်မလုပ် သလိုလို ပြောနေလေပြီ။ ရေစုန်မြောဖို့သာရှိမှန်း ပေ့ သိသည်။ ရင်တွင်း ၌ ဒေါသ လောင်မြိုက်လာသည်။ သစ်စိမ်းချိုးတော့ အချိုးမခံ။ ”ဒါထက်နေစမ်းပါဦး။ ဥတ္တရအလင်းကို ဘာဖြစ်လို့ လိုချင်ရတာတုန်း” ဆမ်မာဗီးလ်သည် စားပွဲရှင်းနေရာမှ သူ့ကို ဆတ်ခနဲ မော့ကြည့်လိုက်၏။ မေးခွန်းနောက်ကွယ်မှ ရည်ရွယ်ရင်းအချင်းကို ယနမကင်း ဖြစ်ပုံပေါက်နေသည်။ ဤအညတရ တောသားက သူ ထိပ်တိုက် တိုးနေ သည့် ပြဿနာကို လေဖမ်းတန်းချည် မှန်းဆနေလေပြီလား။

ထောင်တက်နေသော စရိတ်စကများ၊ မြင့်တက်လာသော လုပ်ခကြေးငွေများ၊ သူ့ကို အပြုတ်နှံနေ သည့်

လက်ဝါးကြီးအုပ်

မစ်ဂ်ဟီးလ်တို့

လုပ်ငန်းရှင်ကြီးများ

လုပ်ငန်းချင်း

ကို

ပေါင်းကြတော့မည်။

တိုက်သွားရမည်။

ဒါက

သတင်းစာလုပ်ငန်း

သူ့ပြဿနာ။

ဂျတ်ထန်နှင့်

လောကကို

လက်ဝါးကြီး

အုပ်ကြတော့မည်။ ဥတ္တရအလင်း ကို မဖြိုနိုင်၍ လူရယ်စရာ ဖြစ်ရသည်က တစ်မျိုး၊ တနင်္ဂနွေ မျက်လုံး ရှုံးရသည်က တစ်ဖုံ။ မြို့ရေးမြို့ရာ ပြုတ်လုတဲကာ ဖြစ်ရသည်က တစ်နည်း။ သူ့အဖို့ လုပ်ငန်းချဲ့နိုင်ချဲ့။ မချဲ့နိုင် စုန်းစုန်းမြှုပ်ဖို့သာ ရှိတော့သည်။ ဒါကလည်း သူ့ပြဿနာ။ ဆမ်မာဗီးလ် က ပေ့ကို စေ့စေ့စပ်စပ် ကြည့်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ရှင်းနေတာပဲ။ စောင်ရေ များချင်လို့ပေါ့ဗျာ" "အခုလည်း

ခင်ဗျား

စောင်ရေက

နည်းတာမှ

မဟုတ်တာ။ ပြန်တမ်း

ဆိုရင်

တစ်သန်းကျော်

ရောင်းနေတာပဲဟာ" "ဒီခေတ်လို အပြိုင်အဆိုင်ကြဲတဲ့ ကာလမျိုးမှာ ရှေ့မှာ မရောက်ရင် နောက်ကို ဆုတ်ရတော့တာဗျ" "ခင်ဗျားအဖို့ ရှေ့ကို ရောက်တယ်ဆိုတာ ပြန်တမ်းစောင်ရေ တိုးရေး၊ မော်ကွန်းစောင်ရေ တိုးရေး။ ဒါပဲလား" ပေ့သည် ဖြစ်ချစ်ရာဖြစ်၊ စိတ်ထဲရှိသမျှ ဖွင့်ချရပြီးရော သဘောဖြင့် သက်ပြင်းတစ်ချက် ရှိုက်လိုက် သည်။ "ဆန်းစစ်ဂျာနယ်ထဲမှာ

သတင်းစာလောကအကြောင်း

ဆောင်းပါးတစ်ပုဒ်ပါတယ်။

ဖတ်လိုက်မိ

သေးလား" ဟု မေးလိုက်၏။ "ဆန်းစစ်က တကယ်ကောင်းတဲ့ စာစောင်ပဲ။ ကျွန်တော်တော့ ဖတ်ခဲပါတယ်"

‹‹‹http://www.shwezinu.blogspot.com/

"အဲဒီဂျာနယ်မှာ စေ့စေ့စပ်စပ် သမာသမတ် ကျကျနန ရေးထားတဲ့ အစီရင်ခံစာ တစ်စောင် ပါတယ်။ ကောက်ချက်အချုပ်ကတော့

အသိဥာဏ်ရှိရှိ၊

မူဝါဒမြင့်မြင့်နဲ့

ထုတ်သတဲ့သတင်းစာတွေက

လူပြိန်း

ကြိုက်သတင်းစာတွေ အနက် အောက်တန်းအကျဆုံး သတင်းစာတွေက ၀ိုင်းဖိနေပြီတဲ့။ အဲဒီ သတင်းစာတွေ ဟာ ပြည်သူ့အကျိုးဆောင်ဖို့ ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ မဟုတ်ဘူးတဲ့။ ငွေရ ပြီးရော ရည်ရွယ်ချက်နဲ့ ထုတ်တာတွေ

သက်သက်ပဲတဲ့။

ပြီးတော့

အဲဒီ

သတင်းစာတွေဟာ

ကမ္ဘာမှာ

အနုံဆုံး၊

အချာဆုံး၊

အောက်တန်းအကျဆုံး၊ အော့နှလုံးနာစရာ အကောင်းဆုံး သတင်းစာ တွေပဲတဲ့။ အဲဒီအထဲမှာ ခင်ဗျား ရဲ့ ပြန်တမ်းဟာ ခေါင်စွဲတာပဲတဲ့" ဆမ်မာဗီးလ် က ပြုံးစေ့စေ့နှင့် အရေးမစိုက်သလို လုပ်နေသည်။ "ကျွန်တော်တို့ကို မလိုတဲ့ လူတွေလည်း ရှိတာပေါ့ဗျာ။ သနားစရာပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ က လူထုကြီး ကို အကြိုက်တွေ့အောင် လုပ်တာပဲ။ ဧယဉ်ကျူးပေးတာပေါ့ဗျာ" "သတင်းပုတ် သတင်းသိုး သတင်းဆိုးတွေကို ခွံ့ပြီးတော့ပေါ့လေ ..." "သူတို့လိုချင်တာ ပေးတာပဲဗျ" ပေ့က ခေါင်းကို သွက်သွက်ခါအောင် ရမ်းလိုက်သည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မဟုတ်သေးပါဘူး။ လူသားတွေက ထင်သလောက် မမိုက်မဲကြပါဘူးဗျာ။ ကျွန်တော်တို့လူမျိုးကို ဒီလိုပစ်စလက်ခတ်

သဘောထားလို့

ဘယ်ဖြစ်မလဲ။

သူတို့မှာ

သတ္တိဗျတ္တိလ့၊ို

ရွှန်လန်းတက်ကြွမှုတို့၊

စေတနာတို့၊ စိတ်ကောင်း သဘောကောင်းတို့ဆိုတဲ့ အရည်အသွေးတွေ ရှိပါသေးတယ်ဗျ။ ဒါပေမဲ့ အဲဒီ လူထုကြီးရဲ့ လေးပုံသုံးပုံ ဟာ ပညာမတောက်တစ်ခေါက် ဖြစ်နေတော့ ခင်ဗျားတို့ အရူး ဘုံမြှောက်လုပ်တာကို မပယ်လှန်နိုင်

ဘူးပေါ့ဗျ။

သိပြီးသားတွေ

ပြောမနေတော့ပါဘူးဗျာ။

ခင်ဗျားတို့

သတင်းစာတွေ

မှာ

သွေးသားသောင်းကျန်းမှုတွေ၊ ရာဇ၀တ်မှုခင်းတွေ၊ အာရုံနိုးဆွမှုတွေ၊ အသိမ် အဖျင်း အနုတ်စုတ် ဂုတ်စုတ်တွေ ပြည့်နေတာသက်သက်ကြောင့်သာ

အန္တရာယ်ကြီးနေတာ

မဟုတ်

ဘူးဗျ။

အယုတ်ညံ့ဆုံး

အကြိုက်တွေ ကို

ပညာသားပါပါ မီးလောင်လေပင့်လုပ်ပြီး ခင်ဗျားတို့ကို ဆန့်ကျင်သူတွေ

ပက်ပက်စက်စက်

အပြစ်ဖို့နေတာကြောင့်လည်း

အရက်ပုန်းရောင်း

လိုက်ချင်သေးတယ်။

အန္တရာယ်ကြီးနေတာဗျ။

ဒီလို

အလုပ်မျိုးနဲ့တော့

ကျောမွဲ

အစွဲတွေ၊ အပေါ်ကြီး

နလပိန်းတုံးတွေကို

အဆိပ်အတောက်ဖြစ်အောင်

မလုပ်ချင်ဘူးဆိုတဲ့ ၀န်ကြီးချုပ် ဘဲလ်ဖိုး ရဲ့ စကားကို မှတ်မိတယ် မဟုတ်လား။ ခင်ဗျားတို့ရဲ့ ကဇော်ပေါက်အောင် ပုပ်သိုးနေတဲ့ စာဆိုးပေဆိုး တွေနဲ့ ဒီလိုသာ နှစ် ၅၀လောက် ဆင်ကန်းတောတိုး

လုပ်နေရင်

လူတွေ

ပိတ်ပိတ်သား

နလပိန်းတုံး

ဖြစ်ကုန်ကြတော့မှာပဲ။

ခင်ဗျားတို့

လက်ထဲက လက်နက်ဟာ ဘယ်လောက်အစွမ်းထက်သလဲဆို တာ ခင်ဗျားတို့ အသိဆုံးပါ။ ဘာဖြစ်လို့

‹‹‹http://www.shwezinu.blogspot.com/

အဲဒီလက်နက်ကို အကျိုးရှိရှိ မသုံးနိုင်ရတာလဲဗျ။ ဒီနေ့ တိုင်းပြည်မှာ ဥာဏ်ရှိရှိ၊ မူရှိရှိ သတင်းစာတွေ အလိုကြီး လိုနေတယ်ဆိုတာ

ခင်ဗျားတို့

အသိပဲ။

ကြီးကျယ်ခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ

သေမင်းနဲ့

မိတ်ဖွဲ့နေရတဲ့

စစ်ကာလမှာတောင်

ကျွန်တော်တို့

တော့ နိုင်ငံရေးအရရော၊ စီးပွားရေးအရရော၊ စိတ်ဓာတ်အရရော

ကျွန်တော်တို့ ဖြူခါ ပြာခါ ကျခဲ့ တယ်။ ဒါယာယီပဲလို့တော့ ကျွန်တော် ယုံတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရုန်းထွက်နိုင်မှာဗျ ... မထွက်ရင် ..." ပေ့ အာခြောက်လာသည်။ ဆက်ပြောစရာ စကားလုံးရှာ မတွေ့တော့။ အမြင်ကပ်ကပ်ကြည့်နေ သည့် ဆမ်မာဗီးလ်က ပေ့မျက်နှာပေါ်တွင် အထင်းသား ပေါ်နေသော စိတ်အားငယ်ဟန်ကို အကွက်ကောင်းယူကာ ချော့ချော့မော့မော့ လေသံပျော့ပျော့ဖြင့် ပြောသည်။ "ဒီမှာ မိတ်ဆွေကြီးရယ် ... ခင်ဗျား သဘောထားကိုလည်း သိပါတယ်လေ။ ဒါပေမဲ့ အချိန် ကလည်း သိပ်မရှိလှဘူးဗျာ။ တိုတိုပဲ ပြောကြစို့ရဲ့။ ကျွန်တော်တို့ကလည်း တတ်နိုင်သမျှ ဈေးကောင်းပေးထားတာပဲဗျာ။ အကျပ်မကိုင်ပါဘူး။

လက်ခံနိုင်မလားဆိုတာ

ခင်ဗျားအလုပ်ဆက်လုပ်ချင်စိတ်

ပြောဖို့ပဲ

ရှိချင်ရှိဦးမှာပေါ့။

ခင်ဗျား

ရှိပါတယ် ရေးတဲ့

ဗျာ။

ရောင်းဖို့ဆုံးဖြတ်ရင်တောင်မှ

ခေါင်းကြီးပိုင်းတွေက

ရှိပါတယ်" "မလုပ်ချင်တော့ပါဘူးလေ။ ရောင်းရင်လည်း လုံးလုံး။ မရောင်းရင်လည်း လုံးလုံးပဲ"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဝေေ၀ဆာဆာ


ဦးဝင်းတင်

ဥတ္တရအလင်း

"ဒါဖြင့်လည်း လုံးလုံးရောင်းပေါ့ဗျာ" ဟင်နရီပေ့သည် ဆမ်မာဗီးလ်ကို မကြည့်နိုင်တော့။ ခေါင်းပင်မမော့နိုင်တော့။ သူ ရှုံးပြီ။ "စဉ်းစားလိုက်ဦးမယ်ဗျာ။ ၃၊ ၄၊ နာရီပေါ့။ နေ့လယ်ကျတော့ ဖုန်းဆက်လိုက်ပါ့မယ်" ဆမ်မာဗီးလ်က မတ်တတ်ရပ်လိုက်သည်။ "ကောင်းပါပေ့ဗျာ။ မျှော်နေပါ့မယ်" ပေ့ အခန်းထဲမှ ထွက်လာခဲ့သည်။ မိုးတဖွဲဖွဲ ရွာနေ၏။ ပေ့သည် မနေ့နေ့လယ်ပိုင်းကတည်းက ဘာမှ မစားရသေး၍ ဆာလာသည်။ နှလုံးကလည်း တဒိန်းဒိန်း ခုန် လာသည်။ အက်ရှလေ ပန်းခြံအနီးသို့ အရောက်တွင် ရင်ထဲက နာလာသည်။ လွန်ခဲ့သည့်လပိုင်းမှစ၍ လက်ဝဲဘက် လက်တစ်လျှောက်နာကျင်သော နှလုံးရောဂါ လက္ခဏာများ

‹‹‹http://www.shwezinu.blogspot.com/

ပေါ်နေသည်။ ယခု နာကျင်မှုက ထူးခြားသည်။ ရင်ဘတ်တစ်ပြင်လုံး နာကျင်ခြင်း ဖြစ်သည်။ နံရိုး များကို ပြုတ်တူကြီးဖြင့်

ညှပ်ထားသည့် အလား တအားကုန် နာကျင်ခြင်း ဖြစ်သည်။ အသက်ရှူရုံ လှုပ်ရှားမှု

လောက်ပင် မရ။ ချွေးသီးချွေးပေါက် ထွက်လာသည်။ ဝေဒနာက ပြင်းလှ၏။ ခိုနားစရာ မရလျှင် လူပုံလယ်တွင် ခွေယိုင်လဲကျတော့မည့်အခြေသို့ပင် ရောက်လာသည်။ မနည်း ကြိုးစားပြီး

ဘုရားရှိခိုးကျောင်းထဲသို့

ဝင်သည်။

အတွင်းသို့

ရောက်သည်နှင့်

ခုံတန်းလျားများပေါ်

တွင်

ခွေကျသွားတော့ သည်။ ခဏကြာမှ သက်သာလာ၍ အိတ်ထဲမှ ဆေးတောင့်နှစ်တောင့်ကို ချိုးပြီး ရှူလိုက်သည်။ ဆေးပြား တစ်ပြားကိုလည်း မြိုချလိုက်သည်။ မိနစ် ၂၀ခန့်ကြာမှ ထထိင်ုနိုင်တော့သည်။ ရင်နာပျောက်သွား သည်။ မသေရုံ တစ်မည် ကျန်သည်။ အသက်နှင့်ကိုယ် အိုးစားမကွဲသည်မှာ အံ့တစ်ပါး ဖြစ်နေ တော့သည်။ ဘုရားရှိခိုးကျောင်း ထဲတွင် လူသူလေးပါး ကင်းဆိတ်နေ၏။ သီလရှင် လားတော့ မသိ။ အ၀တ်နက် ၀တ်ထားသော အမျိုးသမီးတစ်ဦးသာ ရှိနေသည်။ ထိုအမျိုးသမီး ၀တ်ပြုနေချိန်တွင် ကော်ရာကို သတိရ လိုက်မိလေ၏။ ကော်ရာ့ ရုပ်သွင်ကိုလည်း မြင်ယောင်နေမိလေ၏။ ကော်ရာတစ်ယောက် သောကပွားစရာ မလိုတော့။ စိတ်ချလက်ချနေနိုင်ပြီ။ ပျော်နိုင်ရွှင်နိုင်ပြီ။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ယုတ်စွအဆုံး

အရှုံးထဲမှ

ဖြေစရာတစ်ကွက်ရလိုက်သည်။

တစ်သက်နှင့်တစ်ကိုယ်

ဤသို့သော

စိတ်လှုပ်ရှားမှုမျိုး ကို တစ်ခါမျှ မခံစားခဲ့စဖူး။ မမီတဲ့ ပန်းကို လက်လှမ်းမမီသော ကြည်နူးနှစ်သက် မှုကို သူတစ်သက်လုံး ရှာခဲ့သည်။ ယခုမှ

ပြည့်ဝပေတော့၏။

သောမနဿတော့

မဟုတ်။

ခါးသီးသလိုလို

ချိုမြိန်သယောင်ယောင်

အရသာ။ ခဏအကြာတွင် ပေ့ ထရပ်နိုင်လောက်အောင် သက်သာလာသည်။ လမ်းပေါ်သို့ တက်ခဲ့သည်။ ဟိုတယ်သို့ အငှားကားဖြင့် ပြန်လာခဲ့သည်။ အခန်းထဲတွင် နေ့လယ်စာ မှာစားသည်။ စားသောက် ပြီးနောက် နာရီဝက်ခန့် နားနေလိုက်၏။ ဆမ်မာဗီးလ်ထံ ပေ့ တယ်လီဖုန်း ဆက်သည်။ ဆမ်မာဗီးလ်မရှိ။ အတွင်းရေးမှူးကို မှာထားခဲ့သည်။ နက်ဖြန် ညရထားဖြင့် ဟက်ဒယ်လ်စတန် ပြန်မည်။ နောက်တစ်နေ့နံနက်တွင် စာချုပ်လက်မှတ် ရေးထိုးမည်ဟု ...။ ကိစ္စပြီးပြတ်သွားပြီဖြစ်၍

ဝေေ၀၀ါးဝါး

ဖြစ်နေသော

သူ့စိတ်အာရုံထဲတွင်

စလီဒန်အတွေးသည်

‹‹‹http://www.shwezinu.blogspot.com/

လင်းလင်း ထိန်ထိန် အရာဝတ္ထုတစ်ခုပမာ ပေါ်လာသည်။ ယခုကိစ္စကို ဘာမျှ မသိသေးသော ဒေးဗစ် ကို တွေ့ချင်စိတ်က

ကော်ရာ

ကို

ပြေးတွေ့ချင်ဇောက

ပိုသည်။

ကော်ရာ

တစ်ယောက်

ပြေပျောက်စေလေအောင်။ ကော်ရာတစ်ယောက် စိတ်ချမ်းသာ မှု ပြန် ရစေလေ အောင်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သောကဗျာပါဒ


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၂)

ထိုဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်း ပေ့ ဟိုတယ်သို့ ပြန်လာသည့်အချိန်လောက်မှာပင် ဟက်ဒယ်လ်စတန် တွင် ညေးလည်း

တိုင်းကာဆယ်မြို့မှ

ရထားဖြင့်

ပြန်လာသည်။

တိုင်းကာဆယ်တွင်

ညေး

ပျော်ပျော်ကြီး

အချိန်ဖြုန်းခဲ့သည်။ ထိုနေ့နံနက်ပိုင်းက ပေ့ လန်ဒန်သို့ ထွက်ခွာသွားခြင်းကို အလျဉ်းမသိသေး။ "ဒီမှာ ... စမစ် ... နေ့လယ်ကျရင် ပေ့ ဖုန်းဆက်မှာ သေချာတယ်။ ခပ်မြှောက်မြှောက်ကလေး ပြောပြီး လက်မှတ် ထိုးအောင်သာ လုပ်ခဲ့ပေတော့" ဟု တစ်ဘီးလှိမ့်လေသံဖြင့် စမစ်ကို အခါပေးခဲ့သေးသည်။

‹‹‹http://www.shwezinu.blogspot.com/

"ခင်ဗျားကကော" စမစ်က မေးသည်။ "ဦးနှောက်ရှိစမ်းပါ ကိုယ့်လူရ။ ကျွန်တော့် မြင်ရ သူ ကျွဲမြီးတိုရုံရှိတော့မှာပေါ့။ သူ ဆက်ဆံချင်တာ ခင်ဗျားတစ်ယောက်ပဲ ရှိတယ်။ တိုင်းကာဆယ်လည်း ကျွန်တော် သွားစရာရှိနေသေးတယ်လေဗျာ" "ဘာကိစ"္စ "ဆံပင်ညှပ်၊ လက်သည်းညှပ် အလည်အပတ်ပေါ့ဗျာ" ညေးသည် ကမ္ဘာပျက်တောင် မျက်တောင်တစ်ချက်မခတ်သော ဂိုက်မျိုး ဖမ်းထားခဲ့သည်။ သိ့ေု သာ် တစ်နေ့လုံး ရင်တမမ တင်တကြွကြွ ဖြစ်နေခဲ့သည်။ တိုက်ခွဲရုံးထဲသို့ အ၀င်တွင် ကတုန်ကယင် ဖြစ် လာသည်။ ရပ်ပြီး စီးကရက် တစ်လိပ် သောက်လိုက်ရသေးသည်။ ပြီးမှ ခြေလှမ်းအရှိန်လျော့ကာ စိမ်ပြေနပြေ လျှောက် ၀င်လာခဲ့သည်။ လေးထပ်သို့ ဓာတ်လှေကားဖြင့် တက်ခဲ့သည်။ သူ့ရုံးခန်းဆီသို့ ခပ်သုတ်သုတ် လျှောက်လာခဲ့ သည်။ "ဘာ သတင်းထူးလဲဟေ့" တိုက်ခွဲသို့ ၀င်လာရင်း မေ့လေ့ရှိသည့်အတိုင်း ပီတာကို မေးလိုက်၏။ "မော့စဘန်းက မစ္စတာစမစ် ဖုန်းခေါ်နေတာ ခဏခဏပဲခင်ဗျာ" "ဆက်ပေးစမ်းကွာ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ညေးသည် သောက်လက်စ စီးကရက် တစ်ပိုင်းတစ်စကို လုံးခြေလိုက်သည်။ နောက်ထပ်တစ်လိပ် မီးညှိပြန်သည်။ သွက်သွက် ဖွာရှိုက်နေသည်။ "ဧည့်သည်တစ်ယောက်လည်း လာသေးတယ် မစ္စတာ ညေး။ မစ္စတာ ပေ့ရဲ့ သားလို့ ထင်တာပဲဗျ" ပီတာက ပြောသည်။ "ဒီကို လာတယ်ဟုတ်လား" "ဟုတ်ကဲ့ ... မစ္စတာညေး။ ကြည့်ရတာတော့ ကြောင်စီစီပဲ" "အမြဲတမ်းပဲ ကြောင်နေတာပါကွာ။ နောက်တစ်ခါလာရင် ပြောစမ်း။ ငါ ကြည့်ရှင်းလိုက်မယ်" "ကောင်းပါပြီခင်ဗျာ။ ဟဲလို ... ဟဲလို ... မစ္စတာစမစ်လား ခင်ဗျာ" ညေးက တယ်လီဖုန်းစကားပြောခွက်ကို ကောက်ကိုင်လိုက်သည်။ "စမစ်လား ... ညေးပါ ... ဘာကြားသေးသလဲ"

‹‹‹http://www.shwezinu.blogspot.com/

စမစ်အသံ က ဒေါသ ချုပ်တည်းထားရသည့် လေသံပေါက်နေသည်။ "တစ်ခုခုတော့ ကြားရတော့မှာပေါ့။ မနေ့ညက ပေ့ လန်ဒန်ကို ထွက်သွားပြီ။ ဒီနေ့မနက် ဆမ်မာဗီးလ်နဲ့ သွားတွေ့ တယ်။ ဘာတွေ ဖြစ်ကုန်လဲတော့ ကျွန်တော်လည်း မသိဘူး။ ဂရီလီလည်း မရှိဘူး။ ဆမ်မာဗီးလ် ကလည်း

အစည်းအဝေး

တက်နေတယ်။

တစ်နေ့ခင်းလုံး

ရုံးချုပ်သို့

ဖုန်းဆက်

နေတာပဲ။

ခင်ဗျား

လျှောက်လည်နေတာတော့ ဘယ်ကောင်းမလဲဗျာ။ အကုန်လုံး အိုးနင်းခွက်နင်း ဖြစ်နေတာပဲ" မမျှော်လင့်သော သတင်းကို ကြားလိုက်ရ၍ ညေး မျက်နှာပျက်သွားသည်။ "ချာလုံနာ တစ်ယောက်ပဲ သိတယ်နဲ့ တူတာပဲ။ ပေ့က ဒီနေ့ စကားပြန်မယ်လို့ ကတိပေးသွားတယ်နဲ့ တူတယ်။ ချာလုံနာကတော့ ဟန်ကျလိမ့်မယ်လို့ ထင်နေတာပဲ။ ဒါပေမဲ့ သူလည်း မသေချာပါဘူး။ ကျွန်တော် သတင်းစောင့်နေတာ တစ်နာရီ ရှိနေပြီ။ အသည်းတောင် ယားလာပြီ" ညေး နှုတ်ခမ်းကို ကိုက်ထားလိုက်သည်။ သူ တွက်ကိန်းလွဲပုံကိုရော စမစ် အပြစ်ပုံချနေပုံကိုပါ ဒေါသ ဖြစ်နေမိသည်။ ဤအချိန်တွင် ကတောက်ကဆ ဖြစ်နေ၍ အကြောင်းမထူး။ နံရံကို စိုက်ကြည့်နေ သည်။ တအောင့်လောက် စဉ်းစားနေသည်။ "ခင်ဗျား လာခဲ့ပါလားဗျ။ နှစ်ယောက်ညှိရတာပေါ့" စမစ် လိုလိုလားလား လက်ခံပုံကိုထောက်လျက် သူ့စိတ်အခြေအနေကို ညေး နားလည်လိုက် သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"တယ်လီဖုန်း လာရင် ခင်ဗျားဘက်ကို လွှဲပေးဖို့ ပြောထားခဲ့မယ်။ တယ်လီဖုန်းနားကတော့ မခွာနဲ့ နော်။ မိနစ် ၂၀ အတွင်း အရောက်လာခဲ့မယ်" ညေးက ပီတာကို လှည့်ကြည့်သည်။ "မင်းလည်း သွားပေတော့။ ဒီနေ့ အဖို့တော့ မလိုတော့ဘူး" ဟု ပြောလိုက်သည်။ ညေးသည် ပီတာထွက်သွားမှ အခန်းသို့ ပြန်သွားသည်။ စားပွဲစွန်းတွင် ထိုင်သည်။ စဉ်းစားသည်။ နာရီဝက်ကျော်ကြာမှ

စမစ်

ရောက်လာသည်။

ညေး

ထင်ထားသည့်အတိုင်းပင်

စမစ်တစ်ယောက်

ကျီးကန်တောင်းမှောက် ဖြစ်နေသည်။ "မထူးသေးဘူးလား။ ကျွန်တော်တော့ မခံနိုင်တော့ဘူးဗျာ" ပြောပြောဆိုဆို

ကုလားထိုင်ပေါ်တွင်

ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

သားရေလက်ဆွဲအိတ်ကို

ဒူးပေါ်မှာ တင်ထားသည်။ "အေးအေးပေါ့" ညေးက အားပေးသည်။ သို့သော် သူကယိုတိုင်လည်း သိပ်တော့ မအေးလှ။ စိတ်ချောက်ချားနေ သည်။

‹‹‹http://www.shwezinu.blogspot.com/

ဤကိစ္စက ချောချောမောမော ဖြစ်မှပြီးတော့မည်။ ဆမ်မာဗီးလ်အတွက်ကြောင့်သာ မဟုတ်။ အရေးမလှလျှင် သူမျက်နှာပြ၀ံ့တော့မည် မဟုတ်တော့၍လည်း ဖြစ်သည်။ ယခုတော့ နောက်ဆုံးအဆင့်ရောက်လာပြီ။ သူပြုတ် ကိုယ်ပြုတ် နှံ ရတော့မည်။ သူတ့နှိုစ်ယောက်စလုံး

တယ်လီဖုန်းခေါ်သံကို

စောင့်နေကြသည်။

ညေးက

စီးကရက်တစ်လိပ်

မီးညှိပြန်သည်။ တစ်နေ့ခင်းလုံး သူ မီးခိုးဆက် စီးကရက်သောက်နေလေသည်။ "ခင်ဗျား ဘယ်လိုထင်သလဲ" စမစ်က မေးသည်။ "တိတ်စမ်းပါဗျာ။ ဒီကိစ္စပြောတာလည်း အပ်ကြောင်းထပ်နေပါပြီ။ တခြားကိစ္စကလေး ဘာလေးလဲ ပြောစမ်းပါဦး။

မိုးကြောင်း၊

လေအကြောင်း၊

မြာအကြောင်း၊

ဂျစ်ပစီတစ်ယောက်သမားအကြောင်း၊

ခင်ဗျားအကြိုက်ဆုံး ၀မ်းနှုတ်ဆေး အကြောင်း ... ပြောချင်တာသာ ပြောဗျာ" ခဏတိတ်သွားသည်။ "တိုင်းကာဆယ်မှာ တော်တော် အလုပ်ဖြစ်ခဲ့ရဲ့လား" စမစ်က လက်လျှော့ဟန်ဖြင့် မေးသည်။ "သိပ်ဖြစ်တာပေါ့။ ကြော်ငြာရှင်တွေ အားလုံးဆီရောက်ခဲ့တယ်။ စက္ကူစက်ရုံခွဲလည်း ရောက်ခဲ့တယ်။ ပဲ့တင်သံသတင်းစာက

လက်ထောက်အယ်ဒီတာ

ဟာရီဆန်နဲ့လည်း

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

အကြာကြီး

စကားစမြည်ပြော


ဦးဝင်းတင်

ဥတ္တရအလင်း

ခဲ့သေးတယ်။ ကိစ္စတွေ အားလုံး စီစဉ်ပြီးပါပြီ။ ပေ့နဲ့ ပြေပြေလည်လည် ပြောခဲ့တယ်။

ပေ့က

နည်းနည်းတော့

အသာစီးရနေပါတယ်။

ဒါပေမဲ့

ဖြစ်လိမ့်မယ်

ထင်ပါတယ်လို့

ကျန်းမာရေးကြောင့်

ထွက်ချင်

နေပါပြီလို့လည်း ပြောခဲ့တယ်။ ဒါပြောရတာ လွယ်တာ မဟုတ်ဘူး။ ချွေးပြန်အောင်ကို လုပ်ရတာ ဗျ။ ဒါက အရေးကြီးတယ်။

ပဋိပက္ခဖြစ်တယ်လို့

ထင်ရင်

လွှဲပြောင်းယူတဲ့အချိန်ကျတော့

ကျွန်တော်

တို့ကို

ဒုက္ခပေးနိုင်တယ်ဗျ" ညေးက စီးကရက်တစ်ဝကြီး ဖွာရှိုက်လိုက်သည်။ "ဒါ ကျွန်တော့် သတင်းပဲ။ ခင်ဗျားသတင်းလည်း ပြောပါဦးလေ" ပြောသည်။ "ပြောပြီးပါပကောလား။

တစ်နေ့လုံး

တယ်လီဖုန်းစောင့်နေပါတယ်ဆို။

စောင့်ရင်း

မင်နီဆီကို

စာအရှည်ကြီး ရေး တယ်။ အတူပြန်လာနေဖို့ ခေါ်တဲ့ စာပါ။ ဒီကိစ္စအဆင်ပြေသွားမှ ထည့်မှာပါ။” စမစ်သည် ညေး မျက်နှာထားကို ရိပ်မိပုံရသည်။ ခေါင်းကို လေးလေး တွဲ့တွဲ့ ရမ်းလိုက်သည်။ "ရယ်စရာ လို့ မထင်နဲ့ဗျို့။ ကျွန်တော်တို့က ခင်ဗျားလို မိန်းမ စန်းပွင့်တဲ့ကောင် မဟုတ်ဘူး"

‹‹‹http://www.shwezinu.blogspot.com/

စမစ် ဆက်မပြောနိုင်မီ ရုတ်တရက် တယ်လီဖုန်းခေါ်သံကြားရသည်။ နှစ်ယောက်သား တစ်ပြိုင်တည်း ထပြေးသည်။ ညေး က တယ်လီဖုန်းခုံသို့ အလျင် ရောက်သည်။ "ဟဲလို ... ဟဲလို ... ဟုတ်ပါတယ် ညေးပါ" ချာလုံနာ ထံမှ သတင်းက တိုတိုနှင့် လိုရင်းသာ။ ညေးက စမစ်ကို မကြည့်။ စကားပြောခွက်ကို ချလိုက်၏။ တစ်မိနစ်ခန့် မျက်နှာသေကြီးဖြင့် ရပ်နေသည်။ တစ်မိနစ်လုံးလုံး စမစ် စိတ်ဒုက္ခရောက် နေသည်။ ပြီးမှ ... "ပေ့ ညရထား နဲ့ ပြန်လာမယ်။ နက်ဖြန်သူ ပြန်ရောက်ရောက်ချင်း စာချုပ်လက်မှတ်ထိုးမယ်တဲ့" ဟု ပြောလိုက်လေ သည်။ "ဘုရားဂုဏ်တော်ပါပဲဗျာ" စမစ်သည် ကုလားထိုင်ပေါ်သို့ ခွေချလိုက်သည်။ လက်ကိုင်ပ၀ါ စမ်းသည်။ မတွေ့။ နှုတ်ခမ်း ကို လက်ဖြင့် သုတ်လိုက်သည်။ "ခင်ဗျားက အတော်တော့ အသည်းထိတ်အောင် လုပ်တတ်တဲ့လူပဲဗျာ" ညေးက ပြုံးလိုက်သည်။ စမစ် ပခုံးကို ကိုင်လိုက်သည်။ "ကဲ ... ခင်ဗျား အရက်တစ်ခွက်လောက်တော့ သောက်လိုက်မှ ဖြစ်လိမ့်မယ်။ လာပါဗျာ။ ကျွန်တော် တိုက်ပါ့မယ်" ဟု ဖိတ်ခေါ်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မဖြစ်ဘူး ... မဖြစ်ဘူး။ ဒီအချိန်ကစပြီး တစ်သက်လုံး မသောက်တော့ဘူး။ ဒါသစ္စာဆိုတာပဲ" "သစ္စာဆိုတာ ဟုတ်လား။ ဘယ်သ့ဆီူမှာ သစ္စာဆိုတာလဲ" စမစ် ဆုတ်ဆိုင်းဆိုင်း ဖြစ်နေသည်။ "ကတိသစ္စာပြုတယ်။ ဒါပဲပေါ့ဗျာ။ ဘုရားမလို့ ဒီကိစ္စ အောင်မြင်ရင်ပေါ့ဗျာ" ညေးက တစ်ချက်ကလေး မလှောင်။ စိတ်ကောင်းဝင်နေသည်။ "အို ... လာပါဗျာ" တကယ်ပင် ညေး စိတ်ကောင်းဝင်နေသည်။ ရင်ထဲတွင် ပုစွန်ဆိတ်ခုန်သလို မြူးကြွနေသည်။ စမစ်ကို ဖက်လှဲ တကင်း လုပ်ဖော်ပင် ရနေသည်။ "ကျွန်တော်တို့

အောင်သေအောင်သားလေး

စားကြရအောင်ပါဗျာ။

ဒီညက

ကျွန်တော်တို့အဖို့

ညထူးညမြတ် ပဲဟာ။ ပျော်လည်း အတူတူပေါ့ဗျာ"

‹‹‹http://www.shwezinu.blogspot.com/

စမစ် ဝေသွားသည်။ မျက်နှာ လန်းလာသည်။ သူက အပြောရက်သည့် လူစားမျိုး မဟုတ်။ "အေးလေ ... နောက်ဆုံးအကြိမ် အဖြစ်ပေါ့" သူတ့နှိုစ်ယောက်သာ

ရုံးခန်းတံခါးပိတ်ပြီး

ပန်းခြံလမ်းပေါ်သို့ ထွက်လာခဲ့ကြ၏။ သာသာယာယာ

ညနေခင်း။ ကျေးငှက်သံက တီတီတာတာ။ လေချိုနုက အေးအေးမြမြ။ ရော်ရွက်ဝါတွေကြားမှ နေမှိန်မှိန်က လမ်းတွေ၊ အိမ်တွေ ကို ရောင်ခြည်ပက်ဖျန်းပေးနေသည်။ သာမန်အားဖြင့် ဒါမျိုးတွေ ကို ညေး အမှုထားလေ့ မရှိ။ ယခုမှ သတိပြုမိသည်။ ဟက်ဒယ်လ်စတန်ကလည်း အလှသားပါကလား။ ညေးသည် စိတ်ကောင်းဝင်သထက် ၀င်လာ သည်။ ဟက်ဒယ်လ်စတန်ကို ကိုယ့်မြို့ကိုယ့်ရွာကလေးလိုပင် သဘောထားလာမိသည်။ တစ်နေ့ နေ့တော့ ကိုယ့်မြို့ ကိုယ့်ရွာ ဖြစ်လာရပေလိမ့်မပေါ့။ ခြေဗွေပေါက်ပြီး ကမ္ဘာအနှံ့ရောက်နေသည့် အဖြစ်ကို သူ စိတ်ကုန်လာပြီ။ အသက် ကလည်း ၃၅နှစ် ရှိနေပြီ။ ငယ်တော့သည် မဟုတ်။ ခြေသလုံးအိမ်တိုင်လုပ်ကာ အလုပ်တစ်ခု ပြီး တစ်ခု ပြောင်းနေရခြင်းကိုလည်း ငြီးငွေ့လာသည်။ အခြေစိုက်ရန် စိတ်ကူးက မဆိုးလှ။ အဒေါ်လုပ်သူကို ဆိုင်ကလေး ရောင်းပစ်ခိုင်းပြီး သူနှင့်အတူ လာနေရန် ခေါ်ရကောင်းမလားဟုပင် စိတ်လိုလက်ရ ဖြစ်နေမိသည်။ အိမ်ထောင်ရက်သား ပြုဖို့တော့ စိတ်မကူးသေး။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ဖြုတ်ချည်းခဏပင် စလွယ်ကြီး

သိုင်းထားဟန်။

သူ့ကိုယ်သူ ဆိုးသွမ်း

ဟက်ဒယ်လ်စတန်မြို့တော်ဝန်အဖြစ် မိန်းကလေးဂေဟာ

မြင်ယောင်လာသည်။

ဖွင့်လှစ်ပေးနေဟန်။

မိန့်ခွန်းပြောနေဟန်။

သူ့စကားသံကိုပင် ကြားလာရသည်။ "ဂုဏ်သရေရှိ အမျိုးကောင်းသမီးများနှင့် လူကြီးလူကောင်းများ၊ မြို့တော်သူမြို့တော်သားများ ခင်ဗျား။ ဆိုးသွမ်းမိန်းကလေးများကို

ထိန်းသိမ်းထားမယ့်

ဒီဂေဟာရဲ့

မြင့်မြတ်တဲ့

ရည်ရွယ်ချက်

ကတော့

မိန်းကလေးတွေကို ထာဝစဉ် ဆိုးသွမ်းနေအောင် ဖန်တီးဖို့ပဲ ဖြစ်ပါတယ် ..." ညေးသည် အော်ကြီးဟစ်ကျယ် ဟားတိုက်ပစ်လိုက်ချင်စိတ်ပင် ပေါက်လာမိလေ၏။ ခြင်္သေ့နီဟိုတယ်သို့ ရောက်ချိန်တွင် စမစ်က သူ့စာကို စာတိုက်ပုံးတွင် သေသေချာချာ ထည့်သည်။ စာသိမ်းသည့် အချိန်ကို မှတ်သည်။ စာအိတ်က ဧရာမအထူကြီး။ လွန်ခဲ့သည့် ရက်များအတွင်း ကျုံးရေးခဲ့သည့် စာများ။ သူသာ ရှိမနေလျှင် စမစ် စာအိတ်ကို နမ်းလားရှုံ့လား လုပ်ကောင်းလုပ် လိမ့်မည်ဟု ညေး ထင်မိသည်။ သူတို့ ဟိုတယ်ခန်းမထဲသို့ ၀င်လာကြသည်။ ပြတင်းပေါက်ဘေးနားတွင် ထိုင်ကြသည်။

‹‹‹http://www.shwezinu.blogspot.com/

"ဘာသောက်မလဲ" "ဒီလောက် တိုက်နေမှတော့ ၀ီစကီခွက်ကြီးပေါ့ဗျာ" စမစ်သည် လက်ဆွဲအိတ်ကြီးကို ယူမိအောင် ယူလာသေးသည်။ ဘေးတွင် အသာချထားသည်။ အိပ်ရာထဲ ယူသွားသည်အထိ အဖြစ်သည်းနေလေမလားဟု ညေး ထင်မိ၏။ "မောင့်စ်ဘန်းကနေပြီး

စာချုပ်သုံးစောင်

ရိုက်ယူလာခဲ့တာ။

တံဆိပ်တုံးတွေလည်း

နှိပ်ထားပြီးပြီ။

ဒါကြောင့် တစ်နေ့လုံး တစ်ပိုက်ပိုက်လုပ်နေတာဗျို့။ ဘာတွေ ဘယ်လိုဖြစ်နေနေ။ ပေ့လက်မှတ် ထိုးပါ့မလားလို့ စိတ်တထင့်ထင့် ဖြစ်နေတာတော့ အမှန်ပဲ" ဟု စမစ်က ပြောသည်။ "ထိုးမှာပါ စမစ်ရဲ့။ ထိုးကို ထိုးမှာပါ" သူတို့ အရက်ကိုယ်စီ သောက်ကြသည်။ ညေးက စားပွဲထိုးကို အရက်ထပ်မှာသည်။ ညစာမှာသည်။ "ကျွန်တော်တို့ အောင်အောင်မြင်မြင် ဖြစ်လိုက်တာတော့ ကောင်းပါရဲ့။ ဒါပေမဲ့ ကျွန်တော်တော့ ပေ့ကို စိတ်ထဲက ကို မဖျောက်နိုင်ဘူး။ သူ့မျက်လုံးထဲကအကြည့်က ... သူ့ကို ကျွန်တော် သဘောကျတယ်ဗျာ" ညေးက ၀မ်းဟာဟာနှင့် ၀ီစကီသောက်ထား၍ အာရွှင်နေသည်။ သားချော့တေး လေးတစ်ပုဒ်ကို လက်တန်းဖျက်၍ ဆိုလိုက်သည်။ ခင်ဗျားကြိုက်တဲ့ ပေ့ကလေး Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သူ့အင်္ကျီက နွေးတေးတေး ကျုပ်တို့တွေက ဒုက္ခမပေး အအေးမိဖို့ သူ ဝေးသေး "အတည်ပြောတာပါ။ ဒါပြောင်စရာ နောက်စရာ ကိစ္စ မဟုတ်ဘူး။ တကယ်လို့ ဒါသာ ပျက်သွားရင် ခင်ဗျားနဲ့ လိုက် လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော် မထင်ဘူး" "ဘာကိစ္စမှာလဲ" "ဟိုညစ်တီညစ်ပတ် သတင်းကိစ္စမှာပေါ့" "ဘုရားရေ ..." ညေးသည် စမစ်ကို ကြည့်လိုက်သည်။ ယခုကဲ့သို့ ကိုယ်လွတ်ရုန်းစကားမျိုးကို ကြားရတာ နားကြားပြင်း ကပ်သည်။ "ကျွန်တော်တို့

သတင်းစာဆရာတွေက

အဲဒီလို

ညစ်တီးညစ်ပတ်သတင်းတွေ၊

အမြှူအဆွတွေနဲ့

စားသာနေ တာဗျ။ ခင်ဗျား မသိဘူးလား။ တိရစ္ဆာန်ရုံမှာ အစာကျွေးတာလိုပဲ။ သားစိမ်းငါးစိမ်းလည်း ဖြစ်ရမယ်။

‹‹‹http://www.shwezinu.blogspot.com/

သွေးရဲရဲ

သံရဲရဲ

ဖြစ်ရမယ်။

အနည်းဆုံးသွေးရောင်ဆိုးထားတဲ့

အသား

ဖြစ်ရမယ်။

မုဒိမ်း

ကျင့်

သတ်သွားခြင်းဆိုတဲ့ လက်ပွေ့ ရောင်း သမားလေးတွေရဲ့ အော်သံကို ခင်ဗျား မကြားဖူးဘူး လား။ အဲဒါ သတင်းပဲ အစ်ကိုရေ့ ..." "ဒါပေမဲ့ ပေ့ ပြောတာလည်း အရေးကြီးတာပဲဗျ။ သတင်းစာကျင့်ဝတ် အဆင့်အတန်းကို မြှင့်တင်ဖို့ ကတော့ လိုတာအမှန်ပဲ" "ဘယ်လို ပြုပြင်မှာလဲ" "ထိန်းသိမ်းကွပ်ကဲရေးအဖွဲ့လိုဟာမျိုး ဖွဲ့ပြီးတော့ပေါ့ဗျာ" "သတင်းစာလွတ်လပ်ခွင့်ကို ဒီမိုကရေစီနိုင်ငံမှာ ချုပ်ချယ်လို့ မရဘူး ဆရာကြီးရဲ့။ သောက်သုံးမကျ တာတွေ

ပြောမနေစမ်းပါနဲ့။

အဲဒါ

လူတွေက

ကျွန်တော်တို့ရေးတာတွေ

မကြိုက်ရင်

သတင်းပိတ်ပင်တာပဲ။ ဘာဖြစ်လို့

ဆင်ဆာလုပ်တာပဲ။

ဝယ်ဖတ်နေကြသေးလဲ။

ကြိုးပေးခံရခါနီး

ရာဇ၀တ်သား မနက်စာ မြိန်မြိန် စားသလား ဆိုတာကို သိချင်တာက ဘယ်သူလဲ။ ကျွန်တော် နယူးယောက်မှာ ရှိနေတုန်းက ဆင်ဆင်ထောင် မှာ လူတစ်ယောက်ကို လျှပ်စစ်ဓာတ်နဲ့ ကွပ်မျက် တယ်။ သတင်းစာတစ်စောင်က ကင်မရာအသေးကလေး

ဘာရေးတယ်ဆိုတာ

ဝှက်ယူသွားတယ်။

ခင်ဗျား

မြင်စေချင်တယ်။

နောက်တစ်နေ့လည်းကျရော

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သတင်းထောက်က

လျှပ်စစ်ကုလားထိုင်

ပေါ်မှာ


ဦးဝင်းတင်

ဥတ္တရအလင်း

ကွပ်မျက်ခံရတဲ့ လူရဲ့ပုံကြီးကို သတင်းစာ အပြည့်ထည့်တယ်။ နောက်တစ်နှစ်ကတော့ အဲဒီ သတင်းထောက်ပဲ လူအုပ်ကြီးက ကိုယ့်တရားကိုယ်စီရင်ပြီး လူတစ်ယောက်ကို ကြိုးပေးတဲ့ သတင်းဓာတ်ပုံနဲ့ ဆုရသွားတယ်" "ကြောက်စရာ ပါလား ညေးရယ်။ ကြောက်စရာကြီးပါလား။ ကျွန်တော် ပြောတာနဲ့ကို ကိုက်နေတာ ပဲ။ ကျွန်တော်တို့ လူထုကို ပညာပေးရမယ်ဗျ" "ပြီးတော့

သတင်းစာလည်း

ပြုတ်ကရော။

ဟုတ်လား။

အရည်မရ

အဖတ်မရ

တွေ့ကရာ

ရှစ်သောင်းတွေ ပြောမနေစမ်းပါနဲ့ဗျ။ ဒီခေတ်မှာ လူထုဆိုတာလည်း နေ့စဉ် ဝေပုံကျ ဘိန်းလေးလို တာပါပဲဗျ။ မဟုတ်ရင် ဒီသောက်ကမ္ဘာကြီးမှာ နေနိုင်ဖို့ မလွယ်ဘူး။ ကျွန်တော်တို့ကမှ တကယ့် ဗြဟ္မစိုရ်ဝါဒီတွေဗျ။ ခင်ဗျားရဲ့ မိတ်ဆွေကြီး ပေ့လို သုစရိုက်သမားယောင်ယောင်တွေ မဟုတ်ဘူး" "ဟုတ်ပါပြီ ညေးရာ ... ဟုတ်ပါပြီ။ ပုတ်ခတ်တာ မဟုတ်ပါဘူး။ ကျွန်တော်တော့ စီမံခန့်ခွဲရေးဘက် မှာ လုပ်နေရတာ ၀မ်းတောင်သာမိပါတယ်။ ခင်ဗျားလည်း

သိပါတယ်။

ကျွန်တော်က

သိပ်သံယောဇဉ်ကြီးတယ်။

မိန်းမကိုလည်း

သိပ်တွယ်တာတယ်။ သားနဲ့မယားနဲ့ နေချင်တဲ့လူစား။ ခင်ဗျား လုပ်သလိုဟာမျိုးတွေ လုပ်ရရင် အသည်းကွဲမှာ

‹‹‹http://www.shwezinu.blogspot.com/

သေချာတယ်" "သြော် ... ဒါဖြင့်လည်း ဘဲဥပဲ သွားကြော်နေချည်တော့ဗျို့။ သတင်းစာအလုပ်မှာ အသည်းနှလုံး ကိစ္စဆိုတာတွေ

မရှိဘူးဗျ။

ဒီအသိကို

ကျွန်တော်

ငယ်ငယ်ကတည်းက

ရလာတာ။

ကျွန်တော်

သတင်းထောက်ပေါက်စ ဘ၀တုန်း က အမေရိကန် သတင်းဌာနက လေထီးသမားတစ်ယောက်ရဲ့ သတင်းကို ယူခိုင်းတယ်။

လူ့လင်းယုန်လို့

နာမည်ကြီးတဲ့

ရုဒီရှားမန်း

ပေါ့ဗျာ။

သူက

ပွဲတွေ

လမ်းတွေမှလိုက်ပြီး

လေထီးခုန်ချပြတယ်။ ကျွန်တော်လည်း သူနဲ့ လျှောက်လိုက်နေတာပေါ့။ ကျွန်တော် သတင်းတွေရေးတာနဲ့ သူလည်း နာမည်ပိုကြီးလာတယ်။ သူ့အလုပ် က သိပ်အန္တရာယ် ကြီးလို့ ကျွန်တော်က အနိုင်နဲ့ပိုင်းပြီး ရပ်တန်းကရပ်ဖို့

အကြံပေးတယ်။

သူ့မိန်းမကလည်း

ပြော

တယ်။

သူက

ပြုံးပြီး

ခေါင်းခါတယ်။

ရွာကလေးတစ်ရွာမှ ခြံကလေးဝယ်ပြီး အငြိမ်းစား ယူနိုင် လောက်အောင် ငွေစုမယ် ဆိုပြီး ဆက်လုပ်တယ်။ တစ်နေ့တော့ ဖြစ်တော့တာပဲ။ လေထီးကြိုးရှုပ် ပြီး မြေကြီးပေါ် ဗုံးခနဲ ကျတာပေါ့။ ကျွန်တော်နဲ့ ပေ ၃၀ လောက်မှကျတာ။ ကျွန်တော် သွားတွေ့ ပြီး စက္ကန့်ပိုင်းလောက်မှာပဲ သေရှာတယ်။ မသေခင်ကြည့်သွားတဲ့ သူ့အကြည့်ကို မျက်စိထဲက

ဖျောက်လို့မရဘူး။

အဲဒီတုန်းကတော့

ကျွန်တော်

လည်း

ခံစားတတ်တဲ့

စိတ်ရှိတာပဲ။

အခုပြောတော့ ရယ်စရာပေါ့။ ကျွန်တော် မျက်ရည်တောက်တောက်ကျခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ် သတင်းက ပို့ရ မယ်။ ဒါကို အယ်ဒီတာ ခွေးမသားကြီး က ဘာပြောတယ်ထင်သလဲ။ နိပ်တယ်ဟေ့။ မျက်နှာဖုံး အပြည့်ပေးမယ်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

သတင်း ရှည်ရှည် လိုချင် တယ်။ ဓာတ်ပုံတွေလည်း များများလိုချင်တယ်။ လူ တစ်ကိုယ်လုံးပေါ်တဲ့ပုံ ပါပေ့စေကွနော်တဲ့" ညေးသည် စမစ် ကို ငေးကြည့်နေသည်။ အရက်ကို စိမ်သောက်နေသည်။ ပြီးမှ ပြောလိုက်သည်။ "ကျွန်တော်

သတင်းစာ

အပျိုရည်ပျက်တာ

အဲဒီကတည်းကပဲ။

‹‹‹http://www.shwezinu.blogspot.com/

ဘယ်ရောက်နေပြန် ပလဲ။ ကဲ ... နောက်တစ်ကျော့ မော့ပြီးရင် ညစာ သွားစားကြစို့"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ဟိုသောက်စားပွဲထိုင်ငနဲက


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၃)

တံခါးခေါက်သံကြားမှ

စမစ်နိုးလာတော့သည်။

အိပ်ချင်မူးတူး

ဖြစ်နေသေးသည်။

ဟိုတယ်

ဖိနပ်တိုက်သမား၏ အသံကို သဲ့သဲ့ကြားရသည်။ ''၇ နာရီခွဲပြီ မစ္စတာစမစ်။ နှိုးပါပြောထားလို့ နှိုးတာပါခင်ဗျာ'' စမစ်မျက်စိ ကို နိုင်နိုင်အားယူ၍ ဖွင့်ကြည့်လိုက်သည်။ ချက်ချင်းပြန်ပိတ်လိုက်ရသည်။ ယင်းလိပ်ကြား မှ ဖောက်ဝင်လာသည့် အလင်းရောင်က စူးလွန်းလှသည်။ နှုတ်ခမ်းတွေ စေးထန်း တွဲကပ်နေ သည်။ ခေါင်းထဲတွင် လည်း တဒိန်းဒိန်းသွေးဆောင့်တိုးနေသည်။ ဖိနပ်တိုက်သမား ထွက်သွားသည်။ စမစ်ခဏ ဆက်လှဲနေသေးသည်။ လက်တစ်ဖက်ကို မျက်နှာပေါ်

‹‹‹http://www.shwezinu.blogspot.com/

တင်ထားသည်။ ညေးနှင့်ပေါင်းပြီး မနေ့ညက အောင်သေအောင်သား စားခဲ့မိခြင်း ကို နောင်တ ရနေမိသည်။ အရက် ဘယ်လောက်သောက်ခဲ့ မိမှန်း မသိ။ ယခုဖြစ်နေပုံ ကိုထောက်လျှင် နည်းလှမည်တော့မထင်။ အပေါင်းအသင်းနောက်ကောက်ကောက်ပါ လိုက်မိ၍ နောက်တစ်နေ့ အိပ်ရာမှ ထချိန်တိုင်း ခေါင်းကိုက်တာ ကတစ်မျိုး၊ ကိုယ့်ကိုကိုယ် အပြစ်တင်ရတာတစ်မျိုးနှင့် အနေဆိုးနေသည်။ ၀ိနည်းရှောင်စရာတွေတော့ ရှိသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း သူ့မှာသောကနှင့် သံသယ ဖိစီး လွန်းသည်။ ဖြေစရာလေး တစ်ခုတစ်လေတော့ ရှိဦးမှသာ သူ ဆက်၍ ရုန်းနိုင်ပေလိမ့်မပေါ့။ သို့သော် ယခုတော့ ပြီးပြတ်သွားပြီ။ အရက်ကို ပါဏုပေတံ ဝေရမဏိ လုပ်တော့မည်။ အိပ်ရာထဲတွင် လူးရင်းလှိမ့်ရင်း နံနက်လက်ဘက်ရည်လာပို့ရန်

တယ်လီဖုန်းဖြင့်

မှာလိုက်သည်။

လက်ဘက်ရည်ယူလာသည့်

ဟိုတယ်

အခန်းစောင့်မ ကလေး၏ ကြည့်ပုံရှုပုံအကဲမရ။ သူ့စိတ်အထင်လည်း ဖြစ်ကောင်းဖြစ်မည်။ သူ့အထင်အမြင်တွေ လည်း ကြည်ကြည်ရှင်းရှင်းမဟုတ်။ ဟိုတယ်အခန်းစောင့်မကလေးကို သူကြည့်၍ မရ။ အခန်းထဲ တွင် ညေးနှင့်တခစ်ခစ်လုပ်တတ်သည်။

လိုက်ကာများကို

ဆွဲဖွင့်ပြီးနောက်

အခန်းစောင့်မကလေးက

တစ်ခုခု

ပြောချင် သလိုလို လုပ်နေသည်။ သူက အမှုမဲ့ အမှတ်မဲ့ နေလိုက်သည်။ စမစ်သည် လက်ဘက်ရည်သောက်လိုက်မှ လန်းသွားသည်။ မတ်တတ်ရပ်ချိန်တွင် တုန်တုန် ယင်ယင် ဖြစ်ချင်နေသေးသည်။

ဗီရိုထဲတွင်

အရေးပေါ်သုံးရန်

သိမ်းထားသည့်

ဝီစကီပုလင်းကို

ထုတ်သည်။

နှလုံးငြိမ်သွားရုံ တစ်ငုံလောက်သောက်လိုက်သည်။ ဒါတကယ်နောက်ဆုံးပဲဟု သူ့ကိုယ်သူ ပြော သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အ၀တ်အစားဝတ်ရသည်မှာ ခါတိုင်းထက်ကြာသည်။ သူ့ပစ္စည်းတွေက ဟိုတစ်ခု ဒီတစ်ခု။ ဖရို ဖရဲဖြစ်နေ သည်။ ၈ နာရီခွဲတွင် အဆင်သင့်ဖြစ်သည်။ နံနက်စာ

စားရန်အသွားတွင်

ညေးကိုဝင်ကြည့်သည်။

ထင်သည့်အတိုင်းဘသားချောက

အိပ်ကောင်းတုန်း။ စမစ်က အကြိမ်ကြိမ် ဆောင့်လှုပ်နိုးသည်။ မနိုး။ ညကတည်းက စိတ်ချဉ်ပေါက်နေ၍ ထားရစ်ပြီး ဆင်းလာခဲ့သည်။ ကော်ဖီခန်းတွင် ဂျုံပြုတ်နှင့် ငါးကင်မှာစား သည်။

ဆာဆာလောင်လောင်

ရှိလှသည်တော့မဟုတ်။ ခံတွင်းတွေ့လိုတွေ့ငြား စားခြင်းဖြစ်သည်။ ဟိုတယ် ချက်ပြုတ်ပုံက အတော်ပင် အစပ် တည့်ပါသည်။ သု့ေိ သာ ကြာလာတော့ နံလာသည်။ စမစ်သည် နေသာ ထိုင်သာ ရှိမည့် အိမ်ကလေးတစ်လုံး ငှါးရမ်းနေထိုင် ရန် ရံဖန်ရံခါ စိတ်ကူးပေါ်သည်။ သို့သော် ဇနီးသည် မင်နီ လည်းမရှိသေး ။ ပေ့နှင့်ပြောဆိုရသည့် အလုပ် ကလည်း မပြီးပြတ်သေး။ သို့ဖြင့် ခြင်္သေ့နီဟိုတယ်မှာပင် သောင်တင်နေခဲ့လေသည်။ ယခုတော့

သူအိမ်

ဝယ်နိုင်တော့မည်။

ပန်းခြံကလေးနှင့်

ခရမ်းချဉ်စိုက်ရန်

မှန်လုံခန်းကလေးတစ်လုံးနှင့်။ မင်နီ သဘောကျ မည် အမှန်။ ဟန်လေ လမ်းဘက်တွင် အိမ်ကောင်းကောင်း ရှိနိုင်သည်။

ရှေ့အပတ်ထဲတွင်

အခြားအိမ်ပြောင်းချင်ပြောင်းမည်။

သွားကြည့်

လိုက်ဦးမည်။

ဟန်လေလမ်း

ပေ့က

တွင်

သူ့အိမ်ကို

ကိုယ့်အိမ်ကိုယ့်ရာနှင့်

ရောင်းချင်ရောင်းမည်။ နေလိုက်မည်ဟူ၍

‹‹‹http://www.shwezinu.blogspot.com/

လေထဲတိုက်ဆောက်စိတ်ကူးသည်။ သူ့ကို လန်းဆန်းစေ သည်။ လေးလံထိုင်းမှိုင်းမှု ပြေစေသည်။ စားပွဲထိုးက ငါးကင်နှင့်အတူ သတင်းစာများကို ယူလာသည်။ စာပွဲပေါ်တွင် ချထားသည်။ ရုံးမသွားမီ သတင်းစာ များကို စမစ်လှန်လှော်ကြည့်မြဲဖြစ်သည်။ ယနေ့မူ တစ်နေ့လုံး ကိစ္စကို အကွက်ချစီစဉ်နေ၍ သတင်းတွေ ဖတ်မနေချင်တော့။ ပေ့ ညရထားစီးလာ၍ ပင်ပန်းမည်မုချ။ စောစောစီးစီး နားပူနားဆာလုပ်ဖို့ မကောင်းသေး။ ၁၁ နာရီ တွင် တွေ့ရန်ချိန်းလိုက်လျှင်တော်ပြီ။ စာချုပ်စာတန်းတွေ အားလုံးကလည်း အသင့်။ လွန်ခဲ့သည့် ၂ နှစ်က စာချုပ်များနှင့်တော့ အလျဉ်းမတူတော့။ ထိုစဉ်တုန်းကသာ ပေ့ လက်သင့်ခံ ခဲ့လျှင် နှစ်ယောက် စလုံးငွေကြေး ဆိုတာအပထား။ ပဋိပက္ခတွေ၊ အာဃာတတွေ။ ပရိဒေ၀တွေ ဘာမှ ကြုံစရာ အကြောင်း မရှိ။ စမစ်သည်

ပေ့အကြောင်းကို

တွေးနေမိပြန်သည်။

မကြာမီတွေ့ကြရမည့်

ကိစ္စကို

အငမ်းမရ

မျှော်နေတာ တော့ မဟုတ်။ သူ့စိတ်စေတနာကို သိုသိပ်ထားရမည်။ စိတ်မာမှ ဖြစ်မည်။ အလုပ်သဘော ဆက်ဆံမှဖြစ်မည်။ စိတ်မချမ်းမြေ့စရာ အခြေအနေကို ရင်ဆိုင်ရန်မှာတစ်နည်းသာ ရှိသည်။ မြန်မြန်ဆန်ဆန် ပြီးပြတ်အောင်လုပ်

သည့်နည်း။

အရက်သားကလေးချည်း

တစ်ခွက်လောက်မော့လိုက်ရ

ကောင်းသား။

အခြေအနေ အရ သောက်မည်ဆိုလည်း သောက်သင့်သောက်ထိုက်သား။ နံနက်စာ စားပြီးသွားသည်။ သွားရန် ဟန်ပြင်သည်။ စားပွဲထိုး ဂျော့ တစ်ပတ်လှည့်လာသည်။ ''အဆင်ပြေရဲ့လား ခင်ဗျာ'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကောင်းပါ့ဗျာ" စမစ် က အလိုက်သင့် ပြောသည်။ ဂျော့က ပြေပြစ်သည်။ ဧည့်ဝတ်ကျေသည်။ စကားတော့ ဖောသည်။ စမစ် စကားလက်ဆုံ ကျချင်စိတ် မရှိ။ "ငါးကလေး ထပ်ယူဦးမလား ခင်ဗျာ" "တော်ပါပြီ" စမစ်ထတော့မည် ဆဲဆဲတွင် ဂျော့က သူ့ကိုတစ်ချက် စွေကြည့်သည်။ သူ့အကြည့်က ဟိုတယ် အစောင့်မ ကလေး၏ အကြည့်ကို အမှတ်ရစေသည်။ စားပွဲထိုးက ကိုယ်ကိုယိမ်းထိုးပြီး လက်နှစ်ဖက် နောက်ပစ် ကာ စကားဆက်နေပြန်သည်။ "ကမ္ဘာလုံးသတင်းစာ ဖတ်ပြီးပြီလား ခင်ဗျား" ကမ္ဘာလုံး မှာ မစ်ဂ်ဟီးလ်အုပ်စုပိုင် သတင်းစာ ဖြစ်၏။ စမစ် ဟုတ်တိပတ်တိ ဖတ်လေ့မရှိ။ သို့သော် အခြား သတင်းစာ သုံးစောင်နှင့် အတူ ပါလေ့ ရှိသည်။ သတင်းစာပုံကို စမစ် ငုံ့ကြည့်လိုက်သည်။ ကမ္ဘာလုံးကို အပေါ်ဆုံး တွင် တွေ့ရသည်။ နောက်ကျောစာမျက်နှာ အလယ်လောက် တွင် နှစ်ကော်လံခေါင်းစီးဖြင့် ဖော်ပြ ထားသည့်သတင်းကို မြင်သာအောင် သတင်းစာကို ချိုးခေါက်ပြီး တင်ထား သည်။ စမစ်သည် သတင်းစာကို ကောက်ကိုင်ကြည့်သည်။ ခေါင်းရှစ်စိတ်ခွဲခံရသလို မျက်စိတွေ ပြာသွား

‹‹‹http://www.shwezinu.blogspot.com/

သည်။ သူ့မျက်စိရှေ့တွင် "ထောင်ထွက်မလေး ၏ စိတ်အေးချမ်းမြေ့ ဘ၀သစ်" ဆိုသော သတင်းခေါင်းစီးကြီးကို မြင်နေရ သည်။ တုန်လှုပ်ချောက်ချား စရာ။ မယုံကြည်နိုင်စရာ။ သတင်းစာ အဖွင့် စာကြောင်းများကို ဖတ်ကြည့်လိုက်သည်။ စာလုံးတွေက ချည်ခင်အူပေါက် ၀င်္ကပါ လမ်းစပျောက် ကဘောက်ချိ ကဘောက်ချာ ကခုန်မြူးတူးနေကြသည်။ "ကော်ရာဘိတ်အဖြစ် ၁၉၅၄ခုနှစ်တွင် ဓမ္မတာဆန့်ကျင်သော ရာဇ၀တ်ကြောင်း ပြစ်မှုဖြင့် မြောက် ပိုင်းဒေသ တရားရုံး ၏ ထောင်ဒဏ် ၆လ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည့် ကော်ရာပေ့ ကို မြောက်ပိုင်း ဒေသစုံညီ တရားရုံး

က

သတင်းများ

ရေးသားခဲ့သည့်

ကမ္ဘာလုံးသတင်းထောက်က

မမျှော်လင့်ဘဲ

ပြန်လည်

တွေ့ဆုံခဲ့သည်။” နှစ်ကော်လံ သတင်းရှည်ကြီးကို ဖတ်ရင်း စမစ် ပျို့ချင်အန်ချင်ပင် ဖြစ်လာသည်။ အချက်အလက် က စုံပါပေ့။ ညေး စိတ်ကူးထားသည့် အတိုင်းပင်။ ဘ၀သစ်ထူထောင်မှု သတင်းသဘောသွား ကို ဇောင်းပေးရေး သားထားသည်။ ဘာမျှ ဖုံးလား။ ဖိလားမလုပ်။ ညေးကိုယ်တိုင် ရေးသလား ထင်မှား ရလောက်အောင်ပင် နစ်နစ်နာနာ အချက်အလက်တိုင်း ကို ထိထိခိုက်ခိုက် အထုပ်စုတ် ဖြေပြထား သည်။ စမစ်

စားပွဲမှ

ထလိုက်သည်။

ဂျော့ပြောတာကို

လှည့်နားထောင်မနေတော့။

တက်ပြေးသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ညေး

အခန်းသို့


ဦးဝင်းတင်

ဥတ္တရအလင်း

ညေး နိုးနေပြီ။ မှန်ရှေ့တွင် မုတ်ဆိတ်ရိတ်နေသည်။ "ဒါ ဖတ်ကြည့်စမ်း ... မြန်မြန်" ညေးက စမစ် ကို မြင်ပြင်းကပ်ကပ် ကြည့်လိုက်သည်။ စမစ် ၏ ပြာပြာသလဲ လေသံကြောင့် ဒေါသ ထိန်း ထားလိုက်သည်။ ကမ္ဘာလုံးသတင်းစာကို ယူပြီး ခုတင်စွန်းတွင် ထိုင်ဖတ် သည်။ စမစ် မမျိုနိုင် မသိပ်နိုင် ဖြစ်နေသည်။ "ဒါ ဟိုင်းစ် လက်ချက်ပဲ။ သူ ရေးလိုက်တာ ဖြစ်မှာပဲ" "တိတ်စမ်း" ညေးတစ်ကိုယ်လုံး ညိုပုပ်သွားသည်။ စွပ်ကျယ်ပျော့ပြဲပြဲ၊ အောက်ခံဘောင်းဘီလျော့ရဲရဲ၊ မုတ်ဆိတ် တစ်ခြမ်း၊

အသားပြောင်ပြောင်

တစ်ခြမ်း၊

အမွေးထောင်ထောင်နှင့်

အကြည့်ရဆိုးနေသည်။

နဖူးကို

လက်ခေါက်ဖြင့် ဖိ ထားသည်။ "စဉ်းစားစမ်းပါရစေဗျာ" ညေးက ပြောသည်။ "ဟိုင်းစ်က ဘာဖြစ်လို့ ..."

‹‹‹http://www.shwezinu.blogspot.com/

"ဒီလောက်မှ မသိဘူးလားဗျ။ ကိုငတုံးကြီးရဲ့။ ဟိုင်းစ်လက်ချက် မဟုတ်ဘူး။ သူက သူ့သတင်းစာ တိုက် ကို လက်တို့ရုံတ့လိုက်တာဖြစ်မှာ။ ဒါ မစ်ဂ်ဟီးလ် ကိုယ်တိုင်လုပ်တာ ဖြစ်မယ်။ ဒီနေရာကို ဆမ်မာဗီးလ် ဘယ်လောက် အငမ်းမရလိုချင်တယ်ဆိုတာ သူ သိတယ်။ ကျွန်တော် တို့ ခြေလှမ်း ကို စောင့်ကြည့်နေပြီး တကူးတကကို ၀င်ဖျက်လိုက်တာ" ညေးသည် နှုတ်ခမ်း ကို တင်းတင်းကိုက်ထားသည်။ "ဘာကြောင့်များ

ငါ ဒါကို မစဉ်းစားမိခဲ့ရတာလဲကွာ။ ကျွန်တော်တို့ အလုပ်ခက်အောင် ကြိုပြီး

ဖျက်လိုက်တာ။ အခု ဘယ်အချိန်ရှိပြီလဲ" "၉နာရီ ထိုးပြီးပြီ" "ကျွန်တော်တို့ လောဦးမှ ဖြစ်မယ်" ညေးသည် အ၀တ်တွေကို ဆွဲလ၀ွဲ တ်ရင်း စကားတွေ ပလုံးပထွေး ပြောနေသည်။ "စာချုပ်လက်မှတ်မထိုးခင် ပေ့ မြင်သွားရင်တော့ ကိစ္စချောပြီ။ မမြင်ဖို့ လမ်းတော့ ရှိသေးတယ်။ ညရထားက မနက် ၅နာရီ ခွဲ ဆိုက်တာ။ သတင်းစာတွေ မရောင်းသေးဘူး။ သူ အိမ်တန်းပြန်မှာ သေချာတယ်။ ဒီလို လုပ်စမ်း။ စာချုပ်တွေ ယူပြီး သူ့အိမ်ကို အငှားကားနဲ့ ပြေးပေတော့။ သူ ရှိနေ မှာပဲ။ ဖျောင်းဖျောင်း ဖျဖျ မြှောက်မြှောက် ပင့်ပင့်ပြော။ သူ သက်သာအောင်လို့ပါ။ တိုးတိုးတိတ်တိတ် ဖြစ်အောင်လို့ပါ ဘာညာပေါ့ဗျာ။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ရအောင် လက်မှတ်ထိုးခိုင်း။ ကြားရဲ့လား။ လက်မှတ်ထိုးအောင် လုပ်မှဖြစ်မယ်။ ကျွန်တော် ဥတ္တရအလင်းဘက် ကို စောင့်ကြည့်နေလိုက်မယ်။ သူ့ကို အိမ်မှာ မတွေ့ ရင် ကျွန်တော့်ဆီ ဖုန်းဆက်လိုက"် စမစ်သည် သူ့အခန်းပြန် ပြေးသည်။ လက်ကိုင်အိတ်ကိုဆွဲကာ အောက်ထပ်သို့ ဆင်းပြေးပြန်သည်။ မနက်စောစောဖြစ်၍ အငှားကားရရန်မလွယ်။ ကံကောင်းထောက်မ၍ ဟိုတယ်အ၀င်ဝမှာပင် အငှားကားတစ်စီး ခရီးသည် ချသည်နှင့် ဆုံသည်။ အထုပ်အပိုးတွေ တစ်ပုံကြီးချနေ၍ စောင့်နေရ သည်။ စမစ် ဆွေ့ဆွေ့ခုန်နေ သည်။ သို့သော် ၄မိနစ်အတွင်း ဟန်လေလမ်းဘက်သို့ ကားမောင်း ထွက်လာနိုင်ခဲ့သည်။ ကားစီးလာရင်း

လမ်းထောင့်သတင်းစာဆိုင်ပေါ်တွင်

အ၀ါရောင်ကမ္ဘာလုံး

သတင်းစာ

ကြော်ငြာ

ပိုစတာကြီး များကို မြင်နေရသည်။ ခါတိုင်းထက် ပိုများလေသည်။ တစ်မြို့လုံးကို ယနေ့ထုတ် ကမ္ဘာ လုံးဖြင့် ဖုံးပစ်တော့မည် ထင့်။ ပေ့ထံ ချက်ချင်းရောက်မှ ဖြစ်မည်။ ယခုမှ ပို၍ အရေးကြီးလာသည်။ ပန်းအ၀င်ရောက်မှ သူတို့ စီမံချက် ပျက်ရကိန်းကြုံနေလေပြီ။ သူ မှန်ထားသမျှ ဆုံးရကိန်းကြုံနေ လေပြီ။ ထိုအတွေးဖြင့် ကိုယ်တိုင် ကားမောင်းနေသလို ကားကြမ်းခင်းကို ခြေထောက်ဖြင့် အတင်း ဖိနင်းနေမိလေ၏။ ပေ့အိမ်အနီးသို့ ရောက်ချိန်တွင် ၉နာရီ မထိုးတတ်သေး။ အိမ်နှင့် ကိုက် ၅၀အကွာတွင် ကားရပ်ခိုင်း သည်။ စောင့်ခိုင်း သည်။ ဦးထုပ်ကို တည့်တည့်ဆောင်း လက်ဆွဲအိတ်ကို လက်ထဲပွေ့ပြီး လမ်းထဲ ၀င်လာ

‹‹‹http://www.shwezinu.blogspot.com/

ခဲ့သည်။ ပျာယီးပျာယာ ပုံပန်းမပေါ်အောင် ဟန်မပျက် လျှောက်လာခဲ့သည်။ အိမ်ရှေ့ဝင်းတံခါး ပွင့်နေ၏။ လူခေါ်ခေါင်းလောင်းတီးရန် ဟန်ပြင်နေစဉ် အမျိုးသမီးတစ်ယောက် အိမ်ဘေးမှ

ပတ်၍

လျှောက်လာသည်။

စမစ်

ချက်ချင်း

မှတ်မိလိုက်သည်။

မစ္စစ်ပေ့

...။

နေကာ

ပြန့်ကျယ်ဦးထုပ်ကြီး ဆောင်း ထား၏။ ပန်းတစ်ခြင်း ဆွဲလာ၏။ မစ္စစ်ပေ့၏ ကြည်ကြည်သာသာ ဆက်ဆံမှုကို ကြည့်ပြီး သူတ့ထိုံ သတင်းဆိုး မရောက်သေးမှန်း စမစ်ချက်ချင်း သိလိုက်သည်။ စမစ် စကားမစမီ မှာပင် မစ္စစ်ပေ့က "မင်္ဂလာ နံနက်ပါရှင်။ စောင့်ရတာ ကြာလှပလား" ဟု မေး၏။ "မကြာသေးပါဘူး ခင်ဗျာ" စမစ် က ထစ်ထစ်ငေါ့ငေါ့ ဖြေသည်။ "ဂန္ဓမာပန်းတွေ ခူးနေလို့ရှင်။ မလှဘူးလား။ ဧည့်ခံမဏ္ဍပ်ထဲမှာ ထိုးဖို့လေ။ ဒီနေ့က ကျွန်မတို့အဖို့ နေ့ထူးကြီးရှင့်။ ရာသီဥတု ကတော့ သာသာယာယာ ရှိလိမ့်မယ် ထင်ပါရဲ့နော်။ ဘယ်နဲ့ထင်လ"ဲ မစ္စစ်ပေ့ က ကောင်းကင်ကို မော့ကြည့်ရင်း ပြောသည်။ "သာယာပါလိမ့်မယ် ထင်ပါ့ ခင်ဗျာ။ ဒါနဲ့ မစ္စစ်ပေ့" စမစ်

ကြောင်စီစီဖြစ်နေပုံကို

အတွေးချော်ပြီး

မစ္စပေ့က

ဆက်ပြောသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

နောက်တောက်တောက်

အပြုံးဖြင့်


ဦးဝင်းတင်

ဥတ္တရအလင်း

"ရှင်တို့ကို ဖိတ်စာပို့ဖို့ စိတ်ကူးမထားဘူးရှင့်။ ဒါပေမဲ့ ရှင်လာချင်တယ်ဆိုရင်လည်း ..." "မစ္စစ်ပေ့ ..." "အာဃာတ မထားဘူးနော်။ ကျွန်မတို့ဘက်ကတော့ မထားရိုးအမှန်ပါရှင်။ ကျွန်မကတော့ ရှင်တို့ သတင်းစာ ကို အကြိုက်သားရှင့်။ ဒေါ်ရော်သီ ဆုရတဲ့ အချိန်ကပေါ့လေ။ ရှင်တို့လည်း ပြောင်းကြ တော့မှာ ဆိုတော့ ရှင်နဲ့မစ္စတာ ... ရှင်တို့ နှစ်ယောက်ပေါ့လေ ... ဒီနေ့ညနေပိုင်းမှာ ကျွန်မတို့ မိတ်ဆွေတွေနဲ့ ဆုံကြရင် လည်း ကောင်းသားပဲ" "ခွင့်လွှတ်ပါ မစ္စစ်ပေ့" စမစ်က စကားဖြတ်ပြီး ၀င်ပြောသည်။ "မစ္စတာပေ့ နဲ့ စကားပြောစရာရှိလို့ပါ ခင်ဗျာ" "ဟင်နရီနဲ့လား။ သူ့ကို ရှင်ဖမ်းမိနိုင်ရင် တကယ်ကံကောင်းတာပေါ့" မစ္စစ်ပေ့ က အထက်တန်းလွှာလောကွတ်သံပျောက်ပြီး ဟောဟောဒိုင်းဒိုင်း ပြောသည်။

‹‹‹http://www.shwezinu.blogspot.com/

"ကျွန်တော် တွေ့မှ ဖြစ်မယ်ဗျ။ သိပ်အရေးကြီးတဲ့ ကိစ္စဖြစ်နေလို့ပါ" "ဟုတ်မှာပေါ့။ တခြား အရေးတကြီးကိစ္စကတွေလည်း တစ်ပုံကြီးပါပဲ ရှင်။ ဒါကြောင့်နဲ့ တူပါတယ်။ သူ လန်ဒန် ကို ရှောင်ပြေးနေတာ နှစ်ရက်ရှိနေပြီ" "ဟုတ်ပါတယ် မစ္စစ်ပေ့။ ဒါပေမဲ့ လန်ဒန်က ကိစ္စက မနေ့ကပဲ ပြီးသွားပါပြီ။ မနေ့က ညရထား နဲ့ ပြန်လာပြီ ဆိုလို့ပါ" "ဟုတ်လား။ ဒီကိုတော့ ရောက်မလာသေးပါဘူးရှင်" "မရောက်သေးဘူးလား" စမစ်က သံယောင်လိုက်၍ ပြောသည်။ ပြာပြာသလဲ ဆက်ပြောသည်။ "ဒီမှာ မစ္စစ်ပေ့။ ရထားက ဒီနေ့မနက် ၅နာရီခွဲမှာ ဆိုက်ပါတယ်။ သူပါလာတာ ကျွန်တော်တို့ သိပါတယ်။ မစ္စစ်ပေ့ ကို အနှောင့်အယှက် မပေးချင်တာနဲ့၊ စောစောစီးစီး တစ်အိမ်လုံး နိုးမကုန်စေ ချင်တာနဲ့ ... အပေါ်ထပ်များ တက်ပြီး ...။ သူ ဘယ်များ သွားမယ်ထင်ပါသလဲ ခင်ဗျာ" မစ္စစ်ပေ့သည်

စမစ်

ဒေါပွလောက်အောင်

ဟန်ပါပါ

စဉ်းစားနေသည်။

ပြီးမှ

ကောက်ရသလို

"သူ့သားအိမ်သွားချင် သွားနေမှာပေါ့။ စလီဒန်မှာလေ။ ဟင်နရီက ပြောလို့ရတာ မဟုတ်ဘူး။ စလီဒန် စိတ္တဇ ကပ်နေတာရှင့်" ဟု ပြောလိုက်လေ၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

စမစ် စိတ်အေးချမ်းသာ ဖြစ်သွားပြန်သည်။ မျှော်တလင့်လင့် ဖြစ်လာပြန်သည်။ စလီဒန် ... ဟုတ်မှာပဲ။ ပေ့ အဓိက အာရုံထားသည် မှာ ကော်ရာကို ဖျောင်းဖျရန် ဖြစ်သည်။ ဘူတာရုံမှ စလီဒန် သို့ တောက်လျှောက် သွားမည်မှာ ဖြစ်နိုင်ရုံမက မြေကြီးလက်ခတ်မလွဲပင် ဖြစ်လိမ့်မည်။ စမစ်သည် ရေးကြီးသုတ်ပျာပင် ခွင့်တောင်းပြီး အငှားကားရှိရာသို့ ပြန်လာခဲ့သည်။ ဤအခြေအနေ အရ ကံကောင်းနေသည်ဟု

သူ့ကိုယ်သူ

အားပေးလိုက်မိ၏။

ပင်လယ်ကမ်းခြေ

ရွာကလေးအထိ

တော့

သတင်းရောက်ပုံမပေါ်။ ကားမောင်းသမားကို အတင်းလောဆော်ပြီး စလီဒန် မောင်းခိုင်း သည်။ ကားကလေးမှာ စစ်ကြိုခေတ် ကားဖြစ်၍ တစ်လမ်းလုံး တကျွိကျွိ မြည်နေသည်။ တဒိုင်းဒိုင်း ဆောင့်နေသည်။ စလီဒန်သို့ရောက်ရန်

၂မိုင်ခန့်အလိုတွင်

လမ်းဘေးတစ်ဖက်သို့

ကားယိုင်ဆွဲသွားသည်။

ကျွိခနဲ

ဘရိတ်အုပ် လိုက်သည်။ ကားရပ်သွားသည်။ ကားဘီးပေါက်မှန်း စမစ် သိလိုက်သည်။ စိတ်တို လက်တို ခေါက်တုံ့ပြန်လျှောက်ရင်း စောင့်ရသည်။ ကားသမားက ဘီးသစ်လဲသည်။ တောလမ်း တွင် မိုင် ၅၀နှုန်းမောင်း၍ ရနိုင်မည့် ကားမျိုးမဟုတ်၍ ဘီးပေါက်သည်မှာ သူ့အပြစ် မဟုတ်ကြောင်း တစ်ချိန်လုံး ဗျစ်စပ် ဗျစ်စပ် ပြောနေသည်။ ကားသမားအိုကြီး၏ တုန်ချည့်တုန်ချည့် လုပ်နေပုံမှာ ဒေါပွစရာ ကောင်းလှသည်။ စမစ်သည် လမ်းကိုသာ လည်တဆန့်ဆန့် လုပ်နေမိသည်။ လမ်းကြုံလိုက်နိုင်မည့် ကား တစ်စီးစီး ပေါ်

‹‹‹http://www.shwezinu.blogspot.com/

လာလို ပေါ်လာငြား မျှော်သည်။ ကားတစ်စီးသာ ပေါ်လာသည်။ ဟက်ဒယ်လ်စတန်ဘက်သို့ သွားမည့်ကား။ အရေးထဲ မိုးသက် မုန်တိုင်းကျတော့မည် အရိပ်အယောင် ပေါ်လာသည်။ အတော် ကြာမှ ဘီးသစ်လဲ၍ ပြီးသွား သည်။ ဘောက်ဆူး ကောင်းကောင်းပေးမည်ဆိုသော ကတိအရ ကားသမားအိုကြီးကား ဆက်မောင်းလာခဲ့ သည်။ အရှိန်ကတော့ ပျော့ပျော့။ စမစ်သည်

နာရီကို

တကြည့်တည်း

ကြည့်နေလေသည်။

ဆယ်ခါထက်မနည်း။

ရွာအ၀င်ဝတွင်

၁၀နာရီခွဲသည်။ တစ်ရွာလုံး အိပ်နေသလို ငြိမ်နေသည်။ ဒေးဗစ်ပေ့ အိမ်ကို ကြာကြာမရှာရ။ ကားပေါ်မှ ဆင်းချိန်တွင် စမစ် သက်ပြင်းကြီး တစ်ချက် ရှူလိုက်သည်။ ခေါင်းကတော့ ကျပ်ခဲနေဆဲ ပင်။ လူကလည်း ကတုန်ကယင် ဖြစ်နေဆဲပင်။ အိမ်တံခါးဝသို့ ရောက်လာသည်။ မိနစ်ပိုင်းအတွင် သေရေးရှင်ရေးကိစ္စ အဖြေပေါ် လာတော့မည်။ လူခေါ်ခေါင်းလောင်း ကို ဣနြေ္ဒရရ ဆွဲလိုက်သည်။ စောင့်နေသည်။ ဘယ်သူမှ ပေါ်မလာ။ အိမ်ထဲ က အသံကြား မှ ကြားပါလေစ။ ခေါင်းလောင်းသံ ကြားသလိုလိုတော့ ရှိသည်။ အသေအချာ မပြော နိုင်။ နောက် တစ်ကြိမ် လူခေါ်ခေါင်းလောင်း ဆွဲပြန်သည်။ ကျယ်ကျယ်လောင်လောင်။ အကြောင်း မထူး။ တတိယမ္ပိ ကြိုးပြတ်

ထွက်မတတ်

ဆွဲသည်။

အိမ်ထဲတွင်

ခေါင်းလောင်းမြည်သံကို

ကြားရသည်။ လူသံ မကြား။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ကျယ်ကျယ်လောင်လောင်


ဦးဝင်းတင်

ဥတ္တရအလင်း

ရှေ့တံခါး ကို ဖွင့်ကြည့်သည်။ တံခါးလက်ကိုင် ဘယ်ရော ညာပါ အတင်းလှည့်ကြည့်၏။ ဖွင့်မရ။ ပြတင်းပေါက်

က

ကြည့်တော့လည်း

လူသူလေးပါး

မမြင်ရ။

ဘာတွေများ

ဖြစ်နေကြပါလိမ့်။

တစ်ယောက်ယောက်တော့ အိမ်ထဲမှာ ရှိမည်မုချ။ ပေ့ တစ်ယောက် အပေါ်ထပ်တွင် အိပ်ပျော် နေလေရော့ သလား ဟု တွေးမိ၏။ ဖြစ်လည်း ဖြစ်နိုင်လောက်၏။ သို့သော် တွေ့ကိုတွေ့ရမှ ဖြစ်မည်။ ကားမောင်းသမားက ၀င်းတံခါးဝမှ သူ့ကိုကြည့်ကာ သင်္ကာမကင်း ဖြစ်နေသည်။ စမစ်က အရေး မလုပ်။ အိမ်ဘေး

ကျောက်စရစ်လမ်းကလေးအတိုင်း

လျှောက်သွားသည်။

ထင်သည့်အတိုင်းပင်

မလွယ်ပေါက်

တံခါးတစ်ခု ကို တွေ့သည်။ တံခါးက ဟလျက်။ ညင်ညင်သာသာပင် တွန်းဖွင့်ပြီး မီးဖိုချောင်ထဲသို့ ၀င်လိုက် သည်။ မီးဖိုချောင်စားပွဲပေါ်တွင် ကော်ရာ ထိုင်နေသည်။ သူ့အနီး သို့ စမစ် ရောက်လာသည်အထိ ကော်ရာ မလှုပ်။ မိန်းမောနေရော့သလားဟုပင် ထင်ရသည်။ အရေးလုပ်ပုံ

မပေါ်။

တွေ့မြင်ခဲ့ရသည်နှင့်

သူ့မျက်လုံးတွေက စာလျှင်

ဘေးသို့သာ

ကြောက်ခမန်း

ရှောင်လွှဲနေ၏။

လန့်ခမန်း

မနေ့တစ်နေ့က

ရုပ်ရည်ပြောင်းလဲနေသည်။

ဂီတပွဲ

တွင်

၁၀နှစ်လောက်

အိုစာသွားသည်။ သို့သော် သနားနေချိန်မရ။ ပေ့ကို တွေ့မှ ဖြစ်မည်။ ကော်ရာကို လည်း ဤ အတိုင်း ပြောပြသည်။

‹‹‹http://www.shwezinu.blogspot.com/

ကော်ရာက အဖြေမပေး။ စမစ်က ကလေးငယ်တစ်ယောက်ကို ပြောနေသည့်အလား ... "ဟင်နရီပေ့ ကို တွေ့ချင်တယ်ဗျာ။ သူနဲ့ ပြောစရာရှိလို့" ဟု ပြောသည်။ ကော်ရာက အကြာကြီး အဖြေမပေး။ ကြားမှ ကြားပါလေစဟု စမစ် သံသယ ဖြစ်မိ၏။ ကော်ရာက သူ့ကို ဖြည်းဖြည်းလှည့်ကြည့်၏။ သူ့မျက်နှာက စကျင်ကျောက်ကို ဖွေးဖွေးဖြူနေ၏။ မျက်နှာသေကြီး။ "သူ ဒီမှာ မရှိဘူး" "ဒီမှာ ရှိလိမ့်မယ်ဆိုလို့" "ဒီမှာ မရှိပါဘူး" ကော်ရာက ထပ်ပြောသည်။ "မနေ့ညက အစီအစဉ် ပြောင်းလိုက်တယ်။ ဒီနေ့မှ လာမယ်လို့ သံကြိုးရိုက်ထားတယ်" "ကျွန်တော် တို့ သိတာတော့" "ကြေးနန်းရှိသားပဲ။ ဟို မီးလင်းဖိုပေါ်မှာ"

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ကြေးနန်းစာ ကို စမစ် ဖတ်ကြည့်သည်။ ကော်ရာ့ထံသို့ လိပ်မူထားသည်။ လန်ဒန်မှာ တစ်ည အိပ်မည်။ နောက်တစ်နေ့ နေ့လယ်မှ ပြန်လာမည်ဟု ရေးထားသည်။ "အို ... မဟုတ်တာ" စမစ် အော်ညည်းလိုက်မိ၏။ "ဘာထူးတော့မှာမို့လဲရှင်" စမစ်သည် ကော်ရာကို ဖျတ်ခနဲ ကျော်ကြည့်လိုက်သည်။ စားပွဲပေါ် တွင် ဖြန့် ထားသော ကမ္ဘာလုံ့း သတင်းစာကို မြင်သည်။ ကော်ရာ့မျက်လုံးများကလည်း

သူ့မျက်လုံးနှင့်

အတူလိုက်ပြီး

သတင်းစာ ကို

စူးစိုက်ကြည့်နေသည်။ "ဟုတ်တယ်လေ။ အဲဒါပဲ။ ရှင်တို့ ကျေနပ်ကြရောပေါ့။ ပထမတစ်ခါတော့ ကျွန်မဘ၀ကို ပျက်စီး အောင် လုပ်ခဲ့ကြ တယ်။ ဒီတစ်ခါတော့ ကျွန်မတို့ အားလုံး ရဲ့ ဘ၀ကို ပျက်စီးအောင် လုပ်လိုက်ကြ တာပဲ" စမစ် ဆင်ခြေ ဆင်လက်တွေ အလိုလို ပေးမိနေသည်။ ဤကိစ္စတွင် သူ့ပယောဂ ကင်းရှင်းကြောင်း၊ ဤကိစ္စမှာ သူလည်း ကြံရာပါ ဖြစ်သည်။ ပိုလျှင်သာ ပိုမည်။ ကော်ရာ ပြောတာ မှန်သည်။ ဖြေရှင်း နေလို့ အကြောင်း မထူးတော့။ ကော်ရာ ပြောသည့်အတိုင်း သူတို့အားလုံး ဘ၀ပျက်စီးကြရလေပြီ။ ဘာပဲပြောပြော၊

‹‹‹http://www.shwezinu.blogspot.com/

ဘာပဲလုပ်လုပ် ဘာမှ အကြောင်း မထူးတော့။ မတုန်မလှုပ် ကျောက်ရုပ်လို စိတ်ထောင်းကိုယ်ကြေ အငူသားထိုင်နေသော ကော်ရာကို ကြည့်ရင်း စမစ် ရင်ထဲ ဗလောင်ဆူ လာသည်။ ရုတ်တရက် စိတ်ကောင်းလည်လာ၍ ကြောက်စရာ့အဖြစ်ဆိုးကို စမစ် နဖူးတွေ့ ဒူးတွေ့ သိမြင် လိုက်သည်။

ဘယ်သူသေသေ

ငတေမာပြီးရော

သတင်းစာလောက။

ပြည်ဖျက်ပြီး

နန်းတက်ဝံ့သော

သတင်းစာလောက။ ထိုလောက ၏ လုပ်ကြံထိုးနှက်မှုဖြင့် ကျရောက်ခံစားခဲ့ရသည့် ဒုက္ခဝေဒနာ အားလုံးသည် ဤဘ၀ပျက် လူသား တစ်ယောက်အပေါ်တွင် စုရုံးပေါင်းဆုံ ကျရောက်နေသည်နှင့် အလားတူနေပေတော့၏။ "ဒီသတင်းစာက ဘယ်လိုရောက်လာတာလဲ" စမစ်က မေးကြည့်သည်။ "ဒေးဗစ် ... ကျွန်မ ယောက်ျား ယူလာတာ" "ဘယ်က ရလာတာလဲ" စမစ် စကားများသည် ကော်ရာ့ထံရောက်ရန် ဝေးလံလှစွာသော ခရီးကို ကျော်ဖြတ် သွားရသည်။ ကော်ရာ့ စကားလုံးများကလည်း အလားတူ ခရီးကို ကျော်ဖြတ်လာရသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"မနက်တိုင်း ဆိပ်ခံတံတားဘက်ကို သူ လမ်းလျှောက်တာပဲ။ သတင်းစာဆိုင်မှာ ပိုစတာကြီးတွေ တွေ့တာနဲ့ ... ပိုစတာတွေ တစ်ရွာလုံး ကပ်ထားတာပဲ ... သူ သတင်းစာ ၀ယ်လာတာပေါ့" ကော်ရာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်လာသည်။ "ဒီကိစ္စကို သူ မသိစေချင်တာ။ သူ သိရင် ဘာဖြစ်သွားနိုင်တယ်ဆိုတာ ကျွန်မ နားလည်တယ်။ သူ့မျက်နှာထား က ကျွန်မတစ်ခါမှ မဖြစ်ဖူးတဲ့ မျက်နှာထားပဲ။ စကားကို လည်း တစ်ခွန်းမှ မပြောတော့ ဘူး။ ထွက်သွားတာပဲ" "ဘယ် ထွက်သွားတာလဲ" "မသိဘူး

...

မပြောတတ်ဘူး

...

ကျွန်မ

တားပါသေးတယ်။

မရဘူး။

ကျွန်မလည်း

ဘာမှ

မလုပ်တတ်တော့ဘူး။ ကျွန်မ ဘ၀ ကတော့ ပျက်ပါပြီ။ ဆုံးခန်းတိုင်တော့တာပါပဲ" စမစ် ဘာများကော ပြောနိုင်ဦးမည်နည်း။ ဘာမှ မတွေးတော့။ ဘာဆို ဘာမှ မတွေးတော့။ မည်ကာ မတ္တ ဖြေသိမ့်စကား ကိုသာ ပြောနိုင်တော့၏။

‹‹‹http://www.shwezinu.blogspot.com/

"ခင်ဗျား စိုးရိမ်သလောက်လည်း မဆိုးနိုင်သေးပါဘူးဗျာ။ သူ ပြန်လာမှာပါ" "မလာတော့ပါဘူး"

ကော်ရာက

စမစ်နှင့်

မျက်လုံးချင်းဆိုင်လိုက်သည်။

သူ့အသံက

စမစ်ကို

ကျောစိမ့်သွားစေ သည်။

"ကျွန်မဆီတော့ မလာတော့ပါဘူး" ကော်ရာ စိတ်ပျက်လက်ပျက် မထုံတက်တေး ဖြစ်လာသည်။ စမစ်အဖို့ ကော်ရာကို မေးနေ၍ ဘာမှ မထူးတော့။ ကော်ရာ ငိုချလိုက်လျှင် ရင်ပေါ့ သွားလိမ့်မည်ဟု တွေးမိသည်။ ထု့ေိ ကြာင့် အိမ်ထဲမှ ထွက်လာခဲ့ သည်။ စမစ် အငှားကား ရှိရာသို့ တစ်လှမ်းချင်း လျှောက်ပြန်လာခဲ့သည်။ ရေးကြီးသုတ်ပြာ လုပ်စရာလည်း မလိုတော့။ အဝေး တွင် မုန်တိုင်းကျနေ၏။ အယ်လ်ဒန် ကုန်းတန်းဆီတွင် မိုးတစ်ဂျိမ်းဂျိမ်း ခြိမ်းနေ၏။ ရွာပေါ်မှာ ပင် မိုးသားကမည်းမည်း မှောင်နေ၏။ လေက ပို၍ ထိုင်းမှိုင်းလာ၏။ ဗုန်းသံ၊ အမြောက်သံပမာ မြည်ဟိန်းကာ အိုက်စပ်စပ်လေနှင့် အတူ လှိုင်းလုံးကြီးများအလား တလိမ့်လိမ့် ရိုက်ခတ်လာသော ပေါက်ကွဲသံများသည် တုန်တုန် ခိုက်ခိုက် ဖြစ်နေသော စမစ်အဖို့ ရင်တုန်စရာ ကောင်းနေတော့၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

အငှားကားပေါ် သို့ စမစ် တက်လိုက်ချိန်တွင် မိုးသီးမိုးပေါက်တို့က စေးထန်း ပူလောင်သော သွေးရည် သွေးစက်များ အလား သူ့လက်ကို ပက်ဖျန်းလိုက်လေသည်။ စမစ်သည် ကားသမားကို ဟက်ဒယ်လ်စတန်သို့ ပြန်ခိုင်းသည်။ အခြား လုပ်စရာလည်း မရှိတော့။ ပေ့ကို

ရှာရန်

လည်း

စိတ်မကူးတော့။

ဟက်ဒယ်လ်စတန်သို့

ပေ့

ပြန်မရောက်သေး။

ရထားပေါ်မှာ

ရှိချင်ရှိနေမည်၏။ လန်ဒန်မှာပင် ရှိချင် ရှိနေဦး မည်။ ဘယ်မှာပင်ရှိနေနေ ကံဆိုးမိုးမှောင်သတင်းကို တော့ မုချ သိပြီး ဖြစ်ပေရော့မည်။ ပေ့ ဘယ်တော့မှ စာချုပ်လက်မှတ်ထိုးတော့မည် မဟုတ်။ ဥတ္တရ အလင်းကို ဘယ်တော့ မှ ထိုးအပ်တော့မည် မဟုတ်။ ညေးနှင့် သူ့အဖို့ ဘာမှ လုပ်စရာ မကျန်တော့။ ဒူးထောက်လက်မြှောက်ပြီး မြို့မှ ထွက်ခွာ သွားကြဖိ့သုာ ရှိတော့သည်။ စမစ်စိတ်ထဲတွင် အညံ့ခံစိတ် ရုတ်တရက် ပေါ်လာသည်မှာ ကြောင်းကျိုးယုတ္တိ ဆက်စပ်ဆင်ခြင်မှု အကြောင်းတစ်ခုတည်းကြောင့် လွှတ်ပေးခဲ့သည့်

အင်အား

မဟုတ်။ များကို

သူ

ညေးနှင့်

ပေါင်းပြီး

သူ

ဖန်တီးခဲ့သည့်

ပြန်ကြောက်လာခြင်းကြောင့်လည်း

အခြေအနေ၊

ဖြစ်၏။

သူ

သူ

စိတ်အား

ပျော့ညံ့လာသည်။ ဘာဖြစ်နေနေ အရက်တစ်ခွက်လောက် သောက်လိုက်ချင်သည်။ ပြေးမှ ဖြစ်တော့မည်။ အလုပ်ပြုတ်တာ မပြုတ်တာ အရေးမကြီးလှတော့။ အရေးကြီးဆုံးကိစ္စမှာ ဟက်ဒယ်လ်စတန်မှ အမြန်ဆုံး

‹‹‹http://www.shwezinu.blogspot.com/

ထွက်ခွာသွားရန် ကိစ္စသာ ဖြစ်တော့သည်။ စိတ်အားငယ်ခိုက် အားကိုးအားထားရှာရင်း ညေးထံ စိတ်ရောက်သွားမိပြန်သည်။ ညေးက တိုက်ခွဲ တွင် သူ ရှိနေမည်ဟု ပြောထား၍ အငှားကား ကို ပရုဒင်ရှယ် တိုက်ကြီးသို့ မောင်းခိုင်းသည်။ မိုးက သဲကြီးမဲကြီး ရွာနေ၏။ လေပြင်းက ဝှေ့ရမ်းဝိုက်ရမ်းတိုက်နေ၏။ မိုးရေလုံးတို့က ကားရှေ့ မှန်ကို တ၀ုန်းဝုန်း ရိုက်ပက်နေ၏။ လမ်းပေါ်တွင် လူ မရှိသလောက် ရှင်းနေသည်။ အခိုအကာရှိရာ သို့ သုတ်ခြေတင် လျှောက်နေသူအချို့၊ ထီးဆောင်းကာ တကုန်းကုန်း လျှောက်နေသူ အချို့သာ ရှိသည်။ ၀ိတိုရိယလမ်း မှ ပြောင်းဖူးဈေးဘက်သို့ ကားချိုးကွေ့လိုက်သည်။ လမ်းပိတ်ဆ့ေို နသည်ကို ရုတ်တရက် တွေ့လိုက် ရသည်။ လမ်းကျဉ်းကလေး တစ်ခုလုံး ပိတ်နေသည်။ ဗဟိုဈေးမှ ကုန်စိမ်းများ တင်လာသည့် ကုန်တင် ကားများမှာ အများစု။ ရေပိုက်ကြီးပေါက်သလား။ လမ်းရေလျှံသလား။ တစ်ခုခုတော့ ဖြစ်မည်ဟု စမစ် ထင်လိုက် မိ၏။ စောင့်မနေနိုင်။ တိုက်ခွဲကလည်း ဝေးလှတော့သည်မဟုတ်။ ကားမောင်း သမား လက်ထဲ သို့ ငွေစက္ကူ ထိုးထည့်လိုက်ပြီး ကားပေါ်မှ ဆင်းလာခဲ့သည်။ စမစ်သည် လမ်းထောင့်ကို ချိုးကွေ့ပြီး ပန်းခြံလမ်းအတိုင်း လျှောက်လာသည်။ လမ်းစင်္ကြံပေါ် တွင် စုနေသည့်

လူအုပ်ကြီးကို

သတိပြုမိသည်။

လူအုပ်ကြီးသည် မိုးထဲလေထဲတွင်

ရပ်နေကြသည်။

လည်

တဆန့်ဆန့် မျှော်နေကြ၏။ ခေါင်းဘယ်ညာယိမ်း၍ ကြည့်နေကြ၏။ လူတွေ ကြည့်နေသည့် တိုက်မျက်နှာစာမှာ သူတို့ တိုက်ခွဲ ၀င်ပေါက် ဖြစ်နေ၏။ စမစ် ရင်ထိတ်သွားသည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

ပြဿနာတော့

ပေါ်နေပြီ။

တိုက်ခွဲကိုတော့

ဝိုင်းဖျက်နေကြပြီဟု

စမစ်

တွေးမိလိုက်

သည်။

ကြောက်ဆုတ်ဆုတ် ဖြစ် လာသည်။ သို့သော် မေးမြန်းတော့ ကြည့်ဦး မှ ဖြစ်မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက်တွင် ဥသြသံကြားရသည်။ ကြည့်ဦးမှ ဖြစ် မည်။ ရှေ့သို့ ပြေးသွား သည်။ ထိုအခိုက် တွင် ဥသြသံကြားရသည်။ လူနာတင်ကားဖြူကြီးကို ရိပ်ခနဲ မြင်လိုက်ရသည်။ စမစ်သည် လူကြားထဲသို့ တိုးဝှေ့ဝင်သည်။ ကြောက်ကြောက်လန့်လန့် ဖြစ်လာသည်။ ဖြတ်သွား ခွင့်ရရန် သူ့နာမည် ကို ထပ်မနားပြောပြနေရသည်။ တံခါးဝရောက်မှ ရဲသားတစ်ဦးက သူ မှန်းသိ သည်။ တိုက်တွင်း ၀င်ခွင့်ပေး သည်။ သူ ခန်းမထဲတွင် ရပ်နေမိသည်။ ရှေ့မတိုးဝံ့။ အမောကြီး မောနေသည်။ ဓာတ်လှေကား လူခေါ်ခေါင်းလောင်းကို အားတင်း၍ နှိပ်လိုက်သည်။ ဓာတ်လှေကား ဆင်း မလာ။ လေးထပ် တွင် ရပ်နေသည်။ တစ်စုံတစ်ယောက် ပြေးဆင်းလာသည်။ လှေခါးမှ ရုတ်တရက် ခြေသံ ကြားသည်။ လှည့်ကြည့်သည်။ ပီတာ ...။ တယ်လီဖုန်း အော်ပရေတာကလေး။ ပီတာက သူ့တစ်ကိုယ်လုံးကို စမစ် အပေါ်တွင် လှဲချလိုက်သည်။ စမစ် လက်မောင်းကို အတင်းဆုပ် ကိုင်ထား သည်။

‹‹‹http://www.shwezinu.blogspot.com/

"မစ္စတာစမစ် ... ခင် ... ခင်ဗျား" "ဘာဖြစ်တာတုန်းကွ" ပီတာက စမစ်ကို သွေးရူးသွေးတမ်း ဖျစ်ညှစ်သည်။ တအီအီညည်းသည်။ "အိမ်ပြန်ချင်တယ်။ ကြောက်စရာကြီး ... ကြောက်စရာ ကောင်းလိုက်တာ။ ကျွန်တော် ကိုယ်တိုင် မြင်တာ ..." "ဘာဖြစ်တာလဲကွ" စမစ်က ပီတာကို တွန်းဆောင့်ပြီး မေးသည်။ ပီတာ မော့ကြည့်၏။ သိ့ေု သာ် ခေါင်းက နောက်လန်သွားပြန်၏။ အသံသာ စူးစူးဝါးဝါး ထွက်လာ၏။ ''မစ္စတာပေ့ရဲ့သား က ညေးကို သေနတ်နဲ့ ပစ်တယ်. . . မစ္စတာညေး လဲကျသွားတယ် . . သူ့ကိုယ်သူ လည်း ပစ်တယ်'' ပီတာ့အသံက ပိုကျယ်လာသည်။ ''ဆရာဝန်က သေပြီတဲ့'' ''ဘယ်သူလ'ဲ ' စမစ်က ထစ်ထစ်ငေါ့ငေါ့ မေးလိုက်၏။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

''ဒေးဗစ် . . မစ္စတာပေ့ရဲ့သား'' စမစ် နံရံကို မှီလိုက်သည်။ တစ်ကိုယ်လုံး အားဆုတ်သွားသည်။ အော့ချင်သလိုလို အန်ချင် သလိုလို ဖြစ်နေသည်။ ဓာတ်လှေကား စက်သံ ကြားရသည်။ ခဏအကြာတွင် ဓာတ်လှေကားထဲမှ ဆရာဝန်တစ်ဦးနှင့်အတူ ညေး ထွက် လာသည်။ ညေး ကတုန်ကယင် ဖြစ်နေသည်။ အပေါ်အင်္ကျီကို ပခုံးပေါ်၌ လွှားခြုံထားသည်။ လက်ဝဲ လက်မောင်း တွင် ပတ်တီးစည်းထားသည်။ နှုတ်ခမ်းထောင့်တွင်တော့ စီးကရက်က တွဲလောင်း။ ''လင်ကောင်မပေါ်မွေးတဲ့

သောက်ရူးကလေးပေါ့ဗျာ''

ညေးက

အနီးမှ

ဖြတ်သွားရင်း

စမစ်ကို

လှမ်းပြောသည်။ ညေးနှင့် ဆရာဝန်တို့နှစ်ဦးသား လူနာတင်ကားပေါ်သို့ တက်သွားကြသည်။ စမစ် အကြောင်သား ကြည့်နေ သည်။

‹‹‹http://www.shwezinu.blogspot.com/

စိတ်တင်းပြီး လှုပ်မည်ကြံကာရှိသေး။ ဓာတ်လှေကားထဲမှ လူနှစ်ယောက် အလောင်းသယ်လာကြ သည်။ စမစ် မျက်စိမှိတ် ထားရန် ကြိုးစားသည်။ မှိတ်မရ။ မကြည့်ချင် မြင်ရက်သား ဖြစ်နေသည်။ အလောင်းကို လူနာတင် ကားထဲ သွင်းလိုက်သည်။ လူတစ်ယောက် ဒူးထောက်ပြီး ဓာတ်ပုံရိုက်နေဟန် ကိုပွင့်နေသော တံခါးမကြီးမှ လှမ်း၍ မြင်လိုက်ရသေးသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

(၁၄)

ကြာသပတေးနေ့က မိုးသက်မုန်တိုင်းကြီး ကျခဲ့သည်။ နောက်ပိုင်းတွင် လွန်ခဲ့သည့် လေးရက်လုံးလုံး ရာသီဥတု ထူးထူးခြားခြား သာယာနေသည်။ နွေခေါင်ခေါင် အလား ဖြစ်နေတော့၏။ မယ်လ်ကမ်မိတ်တလန် ၏ ပြောင်းဖူးဈေးထဲမှဖြတ်ကာ ဥတ္တရအလင်း သတင်းစာတိုက် ဘက် သို့ လျှောက် လာသည်။ ရာသီက ပူနိုင်လွန်းလှသည်ဟု ထင်မိသည်။ သူ ၀တ်ထားသည့် ၀တ်စုံနက် က ကျပ်စပြု လာသဖြင့် ပို၍ ပူသလို ဖြစ်နေသည်။ သေမှုသေခင်း စစ်ဆေးသည့် မြို့တော်ခန်းမ မှာ လှောင်ပိတ်နေသည်။ မြို့တော်ခန်းမတွင် ဤမျှ လူပြည့်သည်ကို သူ တစ်ခါမှ မကြုံစဖူး။ အပြင်ထွက်လာခဲ့မှ သက်သာရာရတော့၏။ တံခါးပေါက်နားတွင်

‹‹‹http://www.shwezinu.blogspot.com/

ထိုင်နေခဲ့ ၍ စောစောထွက် လာနိုင်ခဲ့ခြင်းဖြစ်သည်။ သတင်းစာတိုက်ပေါ်သို့

တက်လာသည်။

သူတစ်ယောက်သာ

အစောဆုံးပြန်ရောက်သည်ဟု

ထင်မိသည်။ သို့သော် မစ်မော့ဖတ် က ရောက်နှင့်နေ၏။ အခန်းတံးခါးဖွင့်ထားသည်။ ပြတင်းပေါက်များ ကို ဖွင့်နေသည့် မစ်မော့ဖတ် ကို သူလှမ်းမြင်သည်။ မိတ်တလန် ရပ်လိုက်သည်။ ''အင်း . . .တစ်စခန်းတော့ သိမ်းသွားပြန်ပြီပေါ့လေ'' မစ်မော့ဖတ် က ချက်ချင်း စကားမပြန်။ ပြီးမှ မှုန်တေတေပြောသည်။ ''အင်းလေ . . . ပြီးသွားပြီပေါ့'' မစ်မော့ဖတ် ခြေကုန်လက်ပန်းကျပုံ ပေါက်နေ၏။ သူ့တစ်ကိုယ်လုံး အနက်ဝတ်ထား၏။ သူ့မျက်နှာက အပူရှိန်ကြောင့်

ညစ်ပုပ်ပုပ်ဖြစ်နေ၏။

သူ့မျက်နှာထားက

ထူးထူးခြားခြား

အမြင်ကတ်စရာ။

စကားစမြည် ပြောစရာ ရှိ၍ မိတ်တလန် အခန်းထဲ ၀င်လာခဲ့သည်။ ''ဟင်နရီ ခံနိုင်ရည် ရှိသားပဲ'' ''ကျွန်မ ထင်ထားတာထက်တောင် ခံနိုင်သေးတယ်။ အမှုလိုက်ကလည်း ကူရှာသားပဲ'' မစ်မော့ဖတ် က ဦးထုပ်ကို ချွတ်သည်။ တံခါးနောက်တွင် ခပ်ကြမ်းကြမ်း ချိတ်လိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

သို့သော်


ဦးဝင်းတင်

ဥတ္တရအလင်း

''အင်း

လူငယ်တွေ

သူကြံတဲ့အတိုင်း

သနားစရာပဲနော်။

လုပ်နိုင်လိုက်

ရင်

တကယ့်

ဒီလောက်

အဟောသိကံပဲ။

အဟောသိကံဖြစ်မှာ

နှမြောစရာပါ။

မဟုတ်ဘူး။

ဒေးဗစ်သာ

ဝက်ခြံထဲမှာ

ညေး

တောင့်တောင့်ကြီး ထိုင်နေတာ ကြည့်ပြီး ကျွန်မတောင် ပစ်သတ်ချင်စိတ် ပေါက်လာတယ်။ ဒါပေမဲ့ ဒေးဗစ်လိုပဲ အလွဲလွဲ အချော်ချော် ဖြစ် မှာပါပဲလေ'' ''ဟင်နရီကိုယ်စား သူ လုပ်လိုက်တာ ကောင်းတာပေါ့'' မိတ်တလန် က ဖြည်းဖြည်းပြော သည်။ ''လူတိုင်း

ထင်မြင်ချက်ကလည်း

ဒီအတိုင်းပဲ။

မြို့လူထုကတော့

ပေ့ဘက်မှာပဲ

ရှိနေတာပါ။

ကိစ္စ၀ိစ္စတွေပြီး သွား ရင် ဥတ္တရအလင်း ကတော့ သိက္ခာပိုတက်လာမှာပေါ့လေ'' မစ်မော့ဖတ် က မျက်မှောင်ကြုတ်လိုက်၏။ ''ဖြစ်နိုင်တာပေါ့လေ။ ဒီကိစ္စကသာ မပေါ်ရင် သတင်းစာကတော့ နာမည်ပျက်ကောင်းတုန်း ရှိဦး မှာပေါ့။ ပေ့ကတော့ လူထုမေတ္တာကြောင့်ပါတို့၊ လူသားကရုဏာကြောင့်ပါတို့ ဆိုတာတွေ ပြောဦးတော့ မှာပေါ့'' မစ်မော့ဖတ် က လျှစ်စစ်ရေနွေးအိုးဖြင့် ရေနွေးကြိုသည်။ ''လက်ဖက်ရည် ဖျော်မလို့။ ဒီလိုနေ့မျိုး ဒါပဲ လုပ်စရာရှိတာပဲ။ တကယ့်နေ့ပါပဲရှင်. . . ရှင်ကော သောက်

‹‹‹http://www.shwezinu.blogspot.com/

ပါဦးလား'' ''ကောင်းသားပဲ'' မိတ်တလန် က မစ်မော့ဖတ်ကို ကြည့်နေသည်။ မစ်မော့ဖတ် သည် ဗီရိုထဲမှ ပန်းကန်များကို ယူသည်။ အံဆွဲထဲမှ သကြားနှင့် လက်ဖက်ခြောက်ကို ထုတ်သည်။ ရေအေးပိုက်ပေါ်မှ နို့ပုလင်းကို ဆွဲသည်။ မစ်မော့ဖတ် က စကားဆက်ပြောနေသည်။ သေမှုသေခင်း စစ်ဆေးမှုက သူ့စိတ်ထဲတွင် စွဲနေဆဲပင်။ ''ကျွန်မ တကယ် မသတီတာတော့ စမစ်ပဲ။ ကော်ရာကို သူ စောင့်ကြည့်ဖို့ ကောင်းကြောင်း၊ ဘာကြောင်း နဲ့ပြောပြီး မျက်ရည်ခံထိုးပုံကတော့ ကလီကမာ လုပ်တာပဲ။ ကုန်စုံဆိုင်ရှင် မစ္စစ်ဒေးက ကော်ရာ ဆိပ်ခံတံတား ဘက်ကို ထွက်ပြေးတော့ အော်ပြီးတားတဲ့အကြောင်း၊ တားမရတဲ့အကြောင်း ပြောကတည်းက သူက မျက်ရည်စမ်းစမ်း လုပ်ချင်နေပြီ။ သူလို လူမျိုးကများ ကော်ရာကို အလွမ်းသယ်နေရတယ်လို့ ရှိသေး။ ပါးရိုက်ပစ်လိုက်ချင်တယ်'' ''သနားစရာ

သတ္တ၀ါပါဗျာ။

လည်စင်းခံနေရှာတာပါ။

မကောင်းဘူး'' Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်

ကျွန်တော်တော့

သူ့အတွက်

စိတ်တောင်


ဦးဝင်းတင်

ဥတ္တရအလင်း

''စိတ်မကောင်း ဖြစ်မနေပါနဲ့ ရှင်။ စမစ် သတင်းများကြားချင်ရင် ပြောစရာရှိပါ့'' ''ဘာပါလိမ့်ဗျာ'' ''ဟင်နရီက သူ့ကို အလုပ်ခန့်လိုက်ပြီလေ'' ''ဘာ'' ''ကြော်ငြာဌာနမှူးတဲ့ ရှင်ရေ့. . .'' ''ဘုရားရေ. . ." မိတ်တလန် တအောင့်လောက် ငိုင်သွားသည်။ ''ခင်ဗျား

ပြောချင်သလို

ပြောပေါ့လေ။

ဒီကလိယုဂ်ခေတ်ကြီးမှာ

သူတော်ကောင်းဆိုတာနဲ့

နီးစပ်တာရယ် လို့တော့ ပေ့ တစ်ယောက် တည်း ကျွန်တော်တွေ့ဖူးသေးတယ်'' မစ်မော့ဖတ်က ခေါင်းရမ်းသည်။ ''နှလုံးကောင်း ၀မ်းကြီးလူစားဆိုတာ အဲဒါမျိုးပဲ။ သူ့အဖေဆို ဒါမျိုး ဘာရလိမ့်မလဲ။ စမစ်လို လူမျိုး ကို

‹‹‹http://www.shwezinu.blogspot.com/

မြင်လိုက်တာ နဲ့ ဆောင့်ကို ကန်ထုတ်ပစ်မှာ'' ''ခင်ဗျား ကလည်း ပေ့အပေါ် ပစ်ပစ်ခါခါ နိုင်လွန်းပါတယ်ဗျာ။ အမြဲတမ်းကိုပဲ'' မိတ်တလန်က လက်ဖက်ရည်ခွက်ကို လှမ်းယူရင်းပြောသည်။ ''ဒီ သုံးလေးနှစ်မှာ သူ ကြုံးရုန်းလုပ်ခဲ့ရတာလည်း ထည့်တွက်ပါဦးလေ။ နှလုံးရောဂါကြီးကလည်း ရှိသေးတယ်။ ပြီးတော့ အခု ကိစ္စ။ ဒေးဗစ်ကို သူ ဘယ်လောက် သံယောဇဉ်တွယ်တယ်ဆိုတာ ခင်ဗျားလည်း သိသားပဲ'' ''ဟုတ်ပါတယ်။ ချစ်စရာကောင်းတဲ့ ဒေးဗစ်ကလေးပါပဲ'' မစ်မော့ဖတ်သည် လက်ဖက်ရည် တမြုံ့မြုံ့သောက်နေသည်။ လက်ဖက်ရည်ခွက်ပေါ်မှ ကျော်ကာ မိတ်တလန် ကို မသာမယာ လှမ်းကြည့်လိုက်၏။ ပြီးမှ . . . ''ဒါပေမဲ့ သူ တတမ်းတတ ဖြစ်နေမှာကတော့ ကော်ရာပါ'' ဟု ပြောလိုက်၏။ မိတ်တလန် ကြားဝင်မပြောနိုင်မီမှာပင် မစ်မော့ဖတ်က ဆက်ပြောသွားသည်။ ''သူကိုယ်တိုင် သိချင်မှလည်း သိမှာပေါ့လေ။ ဒါပေမဲ့ ကော်ရာ့ကို သူ ချစ်နေတာရှင့်။ သူ့ကိုလည်း အပြစ်မတင်ပါဘူးလေ။ တကယ်တမ်းပြောရင် သူ့ကို ကျွန်မ ချီးတောင်ချီးကျူးပါသေးတယ်။ ကော်ရာက Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

တကယ့် မိန်းမပဲ။ ခင်တတ်တယ်။ ချစ်တတ်တယ်။ ချစ်တဲ့ခင်တဲ့လူကိုလည်း လိုချင်တယ်။ ဒေးဗစ်က အဲဒီလို လူစားမဟုတ်ဘူး။ စိတ်ပြန်ကြောင်လာတော့ ပိုဆိုးတော့တာပေါ့။ ကော်ရာကို ပိဋကတ်အိုးကွဲ စာအုပ်ကြီးတွေ ဖတ်ခိုင်း လို ဖတ်ခိုင်း။ ဂုမ္ဘာန်တစ်ထောင် စောင့်တဲ့ အတိုင်း လုပ်လိုလုပ်နဲ့ပေါ့လေ။ ကော်ရာကတော့ ဘာမှ မပြောဖူးပါဘူး။ ကျွန်မ သိတာပေါ့။ ဒေးဗစ် ကို သူခင်တယ်။ မြတ်နိုးတယ်။ သနားတယ်။ ဒါပေမဲ့ ဒါနဲ့ မပြီးသေးဘူး" "ပေါက်ကရတွေ ပြောမနေစမ်းပါနဲ့ဗျာ" မိတ်တလန်က ခပ်ထန်ထန် စကားဖြတ်ပစ်သည်။ "ဒါမျိုးတွေ ပြောနေဖို့ အချိန် မဟုတ်ပါဘူး" "ဒါတော့ ဒါပေါ့။ ဒါပေမဲ့ ကျွန်မ သိနေတာ ကြာလှပြီ။ စလီဒန်မှာ ဟင်နရီ ပျော်တယ်။ ကော်ရာ မရောက်ခင်က ဒီလောက် မပျော်ဘူး။ ဒီလောက်လည်း မသွားဘူး။ ကော်ရာ့အတွက်ဆိုရင် ဘာမဆို သူ လုပ်မှာပဲ။ ဥတ္တရအလင်းကိုတောင် လက်လွှတ်ရ လွှတ်ရ ဆိုတဲ့ အထိပဲ။ ပင်လယ်ကမ်းစပ်မှာ ကော်ရာ့ အလောင်း

ပြန်တွေ့ပြီလို့

ရှင်မြင်စေချင်တယ်။ ရုပ်ပျက်ဆင်းပျက်များ

သူ

လူးဝစ်

လာပြောတော့

ဘာပြောတယ်မှတ်လဲ။

ဖြစ်သေးသလားကွာတဲ့။

အနားမှာ

ဒဏ်ရာတွေ မဖြစ်ပါဘူးလို့

ကျွန်မ

ရှိနေသားပဲ။

ဘာတွေများ လူးဝစ်က

ရသေး ပြောမှ

သူ့မျက်နှာကို သလား

ကွာ။

ဘုရားသခင်

ရဲ့

‹‹‹http://www.shwezinu.blogspot.com/

ဂုဏ်ကျေးဇူးပါပဲ ကွယ်တ"ဲ့ မဲလ်ကမ် က မစ်မော့ဖတ်ကို ငေးကြည့်နေသည်။ နားကြားပြင်းတော့ ကပ်သည်။ သို့သော် ကြားလည်း ကြားချင် သည်။ "မစ်မော့ဖတ်။ ဟင်နရီကို ဘာကြောင့်များ ဒီလောက် ကဏ္ဍကောဇလုပ်နေရတာလဲဗျာ။ ပြီးတော့ လည်း သူ့အဖေ နဲ့ပဲ အမြဲနှိုင်းပြောနေတာပဲ" ဟု သူ့နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။ မစ်မော့ဖတ်က ချက်ချင်းမဖြေ။ ခဏကြာမှ ... "ကဏ္ဍကောဇ မလုပ်ပါဘူး။ သူက ကျွန်မ စိတ်ကြိုက် ဥတ္တရအလင်း အယ်ဒီတာ ချုပ်မျိုး မဟုတ်တာ တစ်ခု ပါပဲ။ ပျော့လွန်းတယ်။ ၀ုန်းဒုန်းကျဲရမယ့် ကိစ္စမျိုးမှာ လည်စင်းခံတယ်။ သူ့အဖေက ဒီလို မဟုတ်ဘူး။ ဟိုလူက တကယ့်ယောကျာ်း" "ခင်ဗျား အထင်ကြီးတာလည်း ပါလို့ ဖြစ်မှာပေါ့" "ဟုတ်တယ်လေ။ အထင်ကြီးတယ်" မစ်မော့ဖတ်၏ လေသံက ဗြုန်းခနဲ ဘာမထီသံ ပေါက်လာသည်။ "အဲဒီလို လူစားမျိုးဖြစ်လို့ချည်း လေးစားတာ မဟုတ်သေးဘူး။ ကျွန်မအတွက် လုပ်ပေးခဲ့တာတွေ လည်း ရှိသေး တယ်။ ကျွန်မအတွက် သူ အိမ်ကလေးတစ်လုံးဝယ်ပေးတဲ့အကြောင်း ရှင်ကြားဖူးပြီး ရောပေါ့" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"နည်းနည်းပါးပါးတော့

ကြားဖူးပါတယ်"

မိတ်တလန်က

မယုတ်မလွန်

ပြောသည်။

မစ်မော့ဖတ်

နှုတ်မတွန့်တော့။ "ဟုတ်တယ်။ ကျွန်မ ကိုယ၀့် င်းကိုယ့်ခြံကလေးနဲ့ မြို့ပြင်မှာ နေချင်တာ သူ သိတယ် ... တစ်နေ့တော့ ... ကျွန်မ တစ်သက် ဘယ်တော့မှ မမေ့နိုင်ဘူး ... ကျွန်မ ကို အိမ်ဂရန် လာပေးတယ်။ ကျွန်မ လစာထဲက အရစ်ကျ ဆပ်မယ် လုပ်တော့ သူက ရယ်ရုံရယ်နေတယ်။ တခါတလေ ပန်းခူးလာခဲ့တဲ့။ ဒါပဲ ပြောတယ်။ ဒါကြောင့် ဒီနေ့အထိ ကျွန်မ ရုံးကို နေ့တိုင်း ပန်းယူလာနေတာပေါ့" မစ်မော့ဖတ် တအောင့် စကားရပ်လိုက်၏။ မိတ်တလန် အနားတွင် ရှိနေသည်ကိုပင် မေ့နေဟန် တူ၏။ "သူ့မိန်းမ

ဆုံးပြီးတဲ့နောက်ပိုင်းမှာ

စနေနေ့ညနေပိုင်းကို

ကျွန်မဆီ

ဝင်လာတတ်တယ်။ ဆေးတံ

တစ်ဆုံဖွာ၊ ဘီယာတစ်ခွက်သောက်ပေါ့လေ။ သူက ဘာတန်တံဆိပဘ်ီယာကို ကြိုက်တယ်။ ကျွန်မ လည်း အဲဒီဘီယာပဲ အိမ်မှာ အမြဲဆောင်ထားတယ်" မစ်မော့ဖတ်က စကားပြတ်သွားသည်။ မိတ်တလန်က သူ့ကို စိုက်ကြည့်နေမှန်း သတိပြုလိုက်မိ သည်။ ရှက်သွေး ရဲခနဲ ဖျန်းသွားသည်။ သူ ရှက်သွေးဖျန်းသည်ကို မိတ်တလန် မြင်ဖူးသည်မှာ ဤတစ်ကြိမ်သာ။

‹‹‹http://www.shwezinu.blogspot.com/

သူတို့ နှစ်ယောက် စလုံး မိနစ်အတန်ကြာ စကားတစ်ခွန်းမှ မဟဖြစ်ကြ။ ငြိမ်လွန်း ၍ နေရထိုင်ရ ကသိ ကအောက် ဖြစ်လာသည်။ မိတ်တလန် ထရပ်လိုက်၏။ "ကဲ ... အလုပ်လုပ်ကြဦးစို့။ ဘိုးတော်မရှိတုန်း အချောင်ခိုသလို ဖြစ်နေရင် မကောင်းဘူး။ အလုပ်ကြုံး လုပ်ကြမှ ဖြစ်မယ့် အချိန်ရောက်လာပြီ။ အများကြီးကို လုပ်ကြရမှာ။ ဒီနေ့ နေ့လယ် ၁၂နာရီမှ ဌာနမှူး အစည်းအဝေး လုပ်မယ်။ တခြားလူတွေလည်း ပြောလိုက်ဦး။ လက်ဖက်ရည် တိုက်တာ ကျေးဇူးပါပဲဗျာ" မိတ်တလန် သူ့အခန်း ဆက်သွားသည်။ လာမည့် သုံးလအတွက် အစီအစဉ်များကို စဉ်းစားသည်။

ဟင်နရီပေ့

ခွင့်ရက်ရှည်ယူထားစဉ်

သတင်းစာလုပ်ငန်း

တာဝန်အများစုမှာ

သူ့တာဝန်ချည်းလိုလို

ဖြစ်တော့မည်။ ထိုအခိုက် မှာပင် တံခါးခေါက်သံ ကြားလိုက်ရသည်။ ဖန်းဝစ် ၀င်လာသည်။ တယ်လီ ပရင်တာ ကြေးနန်း စာရွက်ရှည်တစ်ရွက် ကို ကိုင်ထားသည်။ "အခုပဲ ၀င်လာတဲ့ အေပီသတင်းဆရာရေ့" "ဘာတဲ့တုံးကွ" Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"အဏုမြူစက်ရုံကြီး နေရာကိစ္စ စိတ်ပြောင်းကြပြန်ပြီနဲ့ တူပါရဲ့ ဆရာရယ်" "ဘာ ..." မိတ်တလန် လွှတ်ခနဲ အလန့်တကြားအော်လိုက်မိသည်။ "ဒီကို မလာကြတော့ဘူးလား" "လာပုံ တူပါတယ်။

မပေါက်တော့ဘူးပေါ့။

အဲဒီ

နယ်ကို

ဆူသာလန် ရှိုင်းယားနယ်

စဉ်းစားနေတယ်တဲ့။

မနေ့က

ကုန်းမြင့်ဒေသ

လွတ်တော်ထဲမှာ

ကို

မျက်စိကျပြန်ပြီနဲ့

အတွင်းဝန်က

ကြေညာ

သွားတယ်လေ" မယ်လ်ကမိတ်တလန်က တယ်လီပရင်တာ ကြေးနန်းသတင်းကို ဖတ်ကြည့်သည်။ "မင်းကော နားလည်နိုင်ရဲ့လား။ ဘုရားမ လို့ ဒီငနဲ စကားမြဲပါစေကွာ" "ပြောတဲ့အတိုင်းပဲ ဖြစ်မှာပါ။ ဆူသာလန်က အကွက်အကွင်း ပိုကျတယ်လို့ ပြောထားတာပဲဟာ ဆရာရယ်"

‹‹‹http://www.shwezinu.blogspot.com/

"မြတ်စွာဘုရား" မိတ်တလန်က ရေရွတ်လိုက်၏ "တို့တွေ ဒီမှာ အေး အေးနေကြရဦးမယ့် သဘောပေါ့။ အနည်းဆုံး အတော်ကြာကြာလေး ပိုပြီးတော့ အေးအေးနေကြ ရဦးမှာပေါ့လေ" ဖန်းဝစ် ထွက်သွားသည်။ မိတ်တလန် တစ်ယောက်တည်း ထိုင်ပြီး ၀န်ကြီးဌာနတစ်ခု ဇဝေဇ၀ါ မရေမရာ လုပ်ရုံ သက်သက်ဖြင့် ပေါ်ပေါက်ရသည့် အချင်းဖြစ်ရပ် တစ်သီကြီးကို စဉ်းစားနေမိလေ ၏။ လျှောမွေး ဗာရာဏသီချဲ့ သည့် အတ်တလေစီမံကိန်းသာ ဂြိုဟ်မမွှေလျှင် နှစ်နှစ်လုံးလုံး အရည်မရ အဖတ်မရ သူတစ်ပြန် ကိုယ်တစ်ပြန် ချခဲ့ရ သည့် ပဋိပက္ခကို ရင်ဆိုင်ရဖွယ် မရှိပါတကား။ ထိုပဋိပက္ခကို မရှုမလှ ဇာတ်သိမ်းစေခဲ့သည့် ကြေကွဲစရာ့ အဖြစ်ဆိုး ကိုလည်း ကြုံတွေ့ရဖွယ် မရှိပါ တကား။ မိတ်တလန်သည် စိတ်ကို အနိုင်နိုင် တင်းလိုက်သည်။ အနာဂတ်ကိုသာ ရှေ့ရှုလိုက်သည်။ ဌာနမှူး အစည်းအဝေး အစီအစဉ်များကို တစ်ခုချင်းရေးမှတ်နေသည်။ နာရီဝက်ခန့် အရှိန်မှန်မှန် အလုပ် လုပ်နေသည်။ ထိုအခိုက် တွင် နားယဉ်ပါးသော အသံတစ်ခုကို စင်္ကြံမှ ကြားလိုက်ရသည်။ ခေါင်းထောင်ကြည့်မိ ၏။ မလှုပ်မယှက် ငြိမ်နေမိ၏။ နားဝေတိမ်တောင် ဖြစ်နေမိ၏။ ဟင်နရီပေ့၏ ခြေသံကို သူ ကောင်းကောင်း အမှတ်သညာ မထား မိသေးပါကလားဟု တွေးဖြစ်နေမိ၏။ ထိုစဉ် တံခါးပွင့်လာ သည်။ ဟင်နရီပေ့ ၀င်လာ သည်။ မိတ်တလန် ငေါက်ခနဲ ထရပ်လိုက်သည်။ Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ဘယ့်နဲ့ ဟင်နရီ ... ခင်ဗျား အိမ်တန်းပြန်ပြီး နားနေပြီ ထင်တာ" "ခဏတစ်ဖြုတ် ၀င်လာတာပါဗျာ။ ကားလည်း အောက်မှာ စောင့်နေတာပါတယ်" ပေ့ သည် စားပွဲစွန်းကို မှီရပ်နေသည်။ သူ့မျက်နှာက ခါတိုင်းထက် ပို၍ ဖြူဖတ်ဖြူရော် ဖြစ်နေ၏။ လောကဓံကို ကြံ့ကြံ့ခိုင်နိုင်သည့် ရုပ်လက္ခဏာကား သူ့မျက်နှာတွင် ပေါ်လွင်နေလေသည်။ လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဖြစ်ပျက်ခဲ့သည့် အပြောင်းအလဲ ဒဏ်ရာ ဒဏ်ချက်တို့သည် သူ့မျက်နှာတွင် အထင်းသားပေါ်နေသည်။ သို့သော် မိတ်တလန် ထင်သလောက် အထိနာဟန် မတူ။ ရုပ်ပိုင်း အားဖြင့်လည်း အားပြည့် မာန်ပြည့် မဟုတ်။ စိတ်ပိုင်းအားဖြင့်လည်း ရဲသွေးတစ်စက်ကလေး မပြ။ သြို့ ပလျက် သူ ဘယ်လိုများ ကြံ့ကြံ့ခံနိုင်စွမ်း ရှိပါလိမ့်။ သက်တမ်းတစ်လျှောက်လုံး သစ္စာရှိရှိ၊ သိက္ခာရှိရှိ၊ လူထု အပေါ် စေတနာ ရှိရှိ၊ ကတိစောင့်စည်းမှု ရှိရှိ၊ ကိုယ်ကျင့်တာဝန် များကို စွဲစွဲမြဲမြဲ ကျင့်သုံးခဲ့ခြင်း၊ ရိုးရိုးကျင့်၊ မြင့်မြင့်ကြံ၊ မှန်မှန်ပြော ကိုယ်ကျင့်တရား များကို မလွတ်တမ်း ကျင့်ကြံ ခဲ့ခြင်းတို့ကြောင့်သာ ဤသို့

‹‹‹http://www.shwezinu.blogspot.com/

ကြံ့ကြံ့ ခံနိုင်စွမ်းရှိခြင်း ဖြစ်ပေလိမ့်မည်ဟု မိတ်တလန် တွေးမိသည်။ "ခင်ဗျားနဲ့ ကျွန်တော် တော်တော်နဲ့ တွေ့နိုင်ကြမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ပင်လယ်ခရီးရှည် ထွက်တော့မယ် ဆဲဆဲ သူတို့ နဲ့ ပြဿနာပေါ်လာတာပဲ။ အဲဒီကို သွားလိုက်ဦးမယ်။ ပထမပြောချင် တာကတော့ ဥတ္တရအလင်းမှာ ခင်ဗျား လည်း အစုစပ်ပါရအောင် စီစဉ်ထားတယ်ဆိုတာပဲ။ အဲဒါ ခင်ဗျားကို အသိပေးဖို့။ အစုစပ် စာချုပ်ဆွဲပေးဖို့ လည်း ရှေ့နေကို ပြောပြီးပြီ။ ကျွန်တော် ခရီးမထွက် ခင် လက်မှတ်ထိုးသွားမယ်" မိတ်တလန်

ပိတ်ပိတ်သား

ငြိမ်နေ၏။

ဟန်ဆောင်မှု

ကင်းကင်းရှင်းရှင်း

ရိုးသားပွင့်လင်းသော

သူ့မျက်နှာကြီးတွင် တအောင့်လောက် သွေးရောင်ပျောက်သွားသည်။ ပြီးမှ သွေးရောင်ပြန်လွှမ်း လာသည်။ ပို၍ ရဲရဲ တွတ်တွတ်ကြီး ဖြစ်တော့သည်။ နှစ်ပေါင်းများစွာ တည်တည်ငြိမ်ငြိမ် ကြိုးကြိုးကုတ်ကုတ် လုပ်ခဲ့ရာမှ ယခုကဲ့သ့ေို သာ ကမ်းလှမ်း ချက်မျိုးကို

မမျှော်မကိုး

ရရှိလိုက်သည်မှာ

မျက်စိပြာမတတ်

အံ့အားအသင့်ကြီး

သင့်စေသည်။

မနည်းစိတ်ထိန်းထားရသည်။ စိတ်ခိုင်ခိုင် ချုပ်တည်းထားသည့်ကြားမှ သူ့အသံက သိုးသိုးသိသိ တုန်တုန်ရီရီ ဖြစ်နေသေးသည်။ ထိုအသံဖြင့် စကားပြန် သည်။ "ပြောစရာ မရှိသလောက်ပါပဲ ဟင်နရီ ...။ ကျေးဇူးတင်တယ် ... ဆိုတာ တစ်ခုပါပဲ ..." "ဒါဖြင့် ဒီကိစ္စပြတ်ပြီ" ပေ့ က အလေးအနက် ဆက်ပြောသည်။

Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


ဦးဝင်းတင်

ဥတ္တရအလင်း

"ကျွန်တော့်စိတ်ထဲ မှာ ရှိနေတာတစ်ခု ကျန်သေးတယ်။ ခင်ဗျားများ အံ့အားသင့်သွားမလားတော့ မသိဘူး။ ပြောကောင်းရဲ့လားလည်း ကျွန်တော်တော့ မသိဘူး။ ဒါပေမဲ့ ဒီပြီးခဲ့တဲ့ လေးရက်အတွင်း ကျွန်တော့် အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ကရုဏာတွေ ... ဒါတွေဟာ ဒီမြို့လူထုရဲ့ မေတ္တာပဲ" မစ်မော့ဖတ် ခနိုးခနဲ့ ဟောကိန်း ထုတ်ထားသည့်စကားကို မိတ်တလန် ကြားယောင်လာမိသည်။ "ကိုယ့်စည်းကမ်း ဒီတစ်ကြိမ်

တည်းပါပဲ။

ပရိသတ်ဆီကို

ရေးတဲ့

ကိုယ်ဖောက်ပြီး ကျွန်တော် ကျွန်တော့်

ပုဂ္ဂိုလ်ရေးကိစ္စကလေးတစ်ခု

စိတ်ကူးထားတာကို ရဲ့

သ၀ဏ်လွှာ

ခင်ဗျားလည်း

ရေးရမလားလို့

စဉ်းစားမိတယ်။

သဘောပေါက်မှာပါ။

ဆိုပါတော့လေ။

ကျွန်တော့ရဲ့

စာဖတ် ပုဂ္ဂိုလ်ရေး

ယုံကြည်ခံယူချက်ကို အတည်ပြုတာရယ် ... မြို့လူထု နယ်လူထုရဲ့ ယုံကြည်မှု၊ ထောက်ခံမှုကို ဂါရ၀ ပြုတာရယ် ... ကျွန်တော်တို့ ဘယ်လို ဒုက္ခသုက္ခမျိုးကြုံကြုံ သတင်းစာကို လှေခွက်ကျန် အလံ မလှဲစတမ်း ထုတ်မြဲထုတ်သွားမယ်ဆိုတာ အာမ၀န်တာ ခံတာရယ် ... အဲဒီ သဘောထားအတိုင်း ကျွန်တော် ရေးရင် ကောင်းပါ့မလား။ ခင်ဗျား ဘယ်လို သဘောရသ လဲ။ သိမ်များ သိမ်နေသလား"

‹‹‹http://www.shwezinu.blogspot.com/

"ရေးပါဗျာ။ ခင်ဗျားအဖို့လည်း ကောင်းတယ်။ အားလုံးအဖို့လည်း အကျိုး ရှိတယ်။" မိတ်တလန်က တစ်ချက်ကလေး ဆုတ်ဆိုင်းခြင်း မရှိ။ ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား တိုက်တွန်း သည်။ ပေ့ မျက်နှာ မသိမသာ ၀င်းကြည်သွားသည်။ "ဒါဖြင့် ရေးမယ်ဗျာ။ ကျေးဇူးပါပဲ မယ်လ်ကမ်ရေ" ပေ့

အခန်းထဲမှ

ထွက်သွားသည်။

အတော်ကြာအောင်

မိတ်တလန်

ထိုင်နေသေးသည်။

ပြီးမှ

သတင်းခန်းသို့ ထွက်လာခဲ့သည်။ မိတ်တလန် စင်္ကြံမှ လျှောက်လာသည်။ ဟင်နရီပေ့၏ အခန်းရှေ့မှ ဖြတ်သွားသည်။ စားပွဲတွင်ထိုင်၊ ကိုယ်ကိုခပ်ကိုင်းကိုင်းငုံ့၊ ခေါင်းကို လက်တစ်ဖက်ဖြင့် ထောက်ကာ နက်ဖြန်ထုတ် ဥတ္တရအလင်း တွင် ဖော်ပြရန် လူထုထံ သ၀ဏ်လွှာကို မှန်မှန်ကြီး ရေးနေသည့် ဟင်နရီပေ့အား ပွင့်နေသော အခန်း တံခါးပေါက်မှနေ၍ မိတ်တလန် လှမ်းမြင်လိုက်ရလေ၏။

ဝင်းတင် ပြီးပါပြီ. Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


This e-book is not for sale and use of anyone anywhere at no cost. Commercial use of this book will be at your own risk.


Typing - ရွှေစင်ဦး & Design and PDF - မင်းအရိပ်


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.