Sagaing Region Tamu township, Namphalong, Ward No - 12 (A) Temporary address: Ward No -2 Moreh, Manipur, India Email: ksdfburma@gmail.com
စစ်အာဏာသိမ်းပြီး အိန္ဒိယမြန်မာနယ်စပ်ဒေသ တမူးခရိုင်အတွင်းအခြေအနေများ (ဖေဖော်ဝါရီ ၁ ရက် မှ ဇူလိုင်လအထိ)
အကျဉ်းချူပ် ဤအစီရင်ခံစာ စာတမ်းသည် အာဏာသိမ်းနောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်အတွင်း မြင့်တက်နေသည့် ပဋ္ဋိပက္ခအခြေအနေများကို အကျဉ်းချုပ်ဖော်ပြခြင်းဖြစ်သည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် စစ်တပ်မှတိုင်းပြည်အာဏာကိုမတရားသိမ်းယူပြီး စစ်အုပ်ချူပ်ရေး ကောင်စီကိုဖွဲ့စည်းကာ နိုင်ငံတော်အကြီးအကဲများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးလူငယ်များနှင့် လူထုအခြေပြုအဖွဲ့အစည်းများကို လက်နက်အားကိုးမတရားအနိုင်ကျင့် ဖမ်းဆီးလျှက်ရှိသည်။ သပိတ်စစ်ကြောင်းများအား ဟန့်တားမှုများမှတဆင့် လုံးဝတားဆီးပိတ်ပင်လာပါတော့သည်။ ထိုမှတဆင့် တမူးဒေသ အတွင်းအာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ တိုက်ပွဲသွင်ကူးပြောင်းလာကာ ထိခိုက်သေဆုံးသူရှိသလို ဒဏ် ရာပြင်းထန်ရရှိသူများလည်းရှိလာသည်။ ထိုသို့မြို့တွင်းလူနေအိမ်များအားနေ့စဉ်ဆိုသလိုပစ်ခတ်မှုကြောင့် ပြည်သူများနီးစပ်ရာ တဖက်နိုင်ငံ မိုးရေးမြို့တွင် ထွက်ပြေးတိမ်းရှောင်လာကြသူများရှိသလို အချို့မှာလည်း လယ်တောများသို့ လွတ်မြောက်ရာလွတ်မြောက် ကြောင်းထွက်ပြေးကြရသည်။ ပြည်သူလူထုမှလည်း ရရာလက်နက်ကိုင်ဆောင်ကာ မြို့တွင်း၌ပင်အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ကြသည်။ သို့သော် လက်နက်အင်အားမမျှသမှုကြောင့် ပြည်သူ့ဖက်က ရဲဘော်များမှာလည်း တဖက်နိုင်ငံ မိုးရေးမြို့ရှိ Hill Trible Council နှင့် ကူကီး Community ၏အစစအရာရာကူညီစောင့်ရှောက်မှုဖြင့် ထွက်ပြေးနေထိုင်ကြရသည်။ ဇွန်လ(၁) ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီးဌာန၏ တောင်းဆိုမှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ကိုဖွဲ့စည်းကာ ကူကီးအမျိုးသားတပ်မတော် (KNA-Burma)အဖွဲ့မှ စစ်သင်တန်းပေးခဲ့ပြီး ဇွန်လ(၂၀)ရက်မှ စတင်ကာ ပြောက်ကျားစနစ်ဖြင့် ယနေ့ထိလှုပ်ရှားလျှက်ရှိကြသည်။ ထိုသို့ စစ်တပ်၏ မတရားလုပ်ရပ်များကြောင့် လက်ရှိတွင် မတရားဖမ်းဆီးခံထားရသူ၊ ရိုက်နှက် စစ်ဆေးကာ ငွေဒဏ်(၅သိန်း)ဖြင့် ပြန်လည်လွတ်မြောက်လာသူနှင့် ပစ်သတ်ခံရသူဟူ၍ တနေ့တခြားမြင့်တက် လာသည်။
ကူကီးလူငယ်ကွန်ရက်
1
သို့ဖြစ်ပါ၍ ကူကီးလူငယ်ကွန်ရက်အနေဖြင့် ဒီမိုကရေစီနိုင်ငံအကြီးဆုံးနိုင်ငံဖြစ်သည့် အန္ဒိယအစိုးရသော် လည်းကောင်း မဏိပူရပြည်နယ်အစိုးရအနေဖြင့် အာဏာသိမ်းစစ်ကောင်စီ၏ မတရားသတ်ဖြတ်မှုရန်မှ ထွက်ပြေးခိုလုံလာသည့် ပြည်သူလူထုအား လူသားချင်းစာနာထောက်ထားသော အားဖြင့် ကူညီ ဆောင်ရွက်မှု ပေးနိုင်ရန်နှင့် မိမိတို့အပေါ် အခွင့်အရေးဆိုင်ရာ အပေးအယူမရှိစေရေးနှင့် မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်း ပေါ်ပြန်လည်ရောက်ရှိလာရေး မားမားမတ်မတ်ရပ်တည်ပေးရန် တိုက်တွန်း လိုပါသည်။ (ဒေသအတွင်း တိုက်ပွဲဖြစ်ပွားရာနေရနှင့် ဒုက္ခသည်များနေထိုင်ရာနေရာပြမြေပုံ)
ကူကီးလူငယ်ကွန်ရက်
2
မိတ်ဆက်ခြင်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁)ရက်နေ့တွင် စစ်ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ တရားမဝင် နိုင်ငံတော်အာဏာသိမ်းယူခဲ့ပြီး နောက်နေ့တွင် နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီဖွဲ့စည်းကြောင်းကြေညာကာ စစ်အုပ်ချုပ်ရေးစနစ်ကို အပြည့်အဝအသက်သွင်းခဲ့သည်။ ထိုအချိန်မှစ၍ မိမိတို့ ကူကီးကျောင်းသားလူငယ်အဖွဲ့အစည်းများအနေဖြင့် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် ဒေသအတွင်းရှိပြည်သူလူထုနှင့် ပူးပေါင်းကာ ဖေဖော်ဝါရီ(၆)ရက်နေ့မှစတင်ကာ ကျောင်းသားသပိတ်စစ်ကြောင်း အမည်ဖြင့် မြို့ပေါ်နှင့် ကျေးရွာများတွင် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့အပြင် စစ်ကောင်စီ၏ အုပ်ချူပ်မှု ယန္တာရား လည်ပတ်စေသည့် အထွေထွေအုပ်ချုပ်ရေးဌာနများ၊ မြန်မာစီးပွားရေးဘဏ် နေရာများရှေ့တွင် လူငယ်များဦးဆောင်ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့မှစတင်ကာ ထိုင်သပိတ်စတင်ဆင်နွဲခဲ့ကြသည်။ သို့သော် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၅ခုနှစ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ရွှေ (ခ) ဦးပေါ်ကာမှ ၎င်းတို့ပါတီတွင်းထိပ်သီးခေါင်းဆောင်များမှတဆင့် တိုင်းစစ်ဌာနချူပ်ထံ လက်ရှိတမူးဒေသတွင် တပ်စွဲထားသူများမှာ ဒေသအတွင်းတည်ငြိမ်ရေး လုပ်ဆောင်မှုမရှိသည့်အတွက် အစားထိုးစေလွှတ်ပေးရန် တင်ပြတောင်းဆိုထားခြင်းကြောင့် ဖေဖော်ဝါရီလ (၁၇)ရက်နေ့ကစပြီး စစ်တပ်နှင့် ရဲဝန်ထမ်းများ၏ လှုပ်ရှားမှုအခြေ အနေပြောင်းလဲလာသည်ကို တွေ့မြင်လာရပါသည်။ ဖေဖော်ဝါရီ(၂၅)ရက်ညတွင် စစ်ကောင်စီတပ်များမှ တမူးမြို့ မြို့မဈေးအနီးတွင်ရှိသော နီလာဝင်းရွှေဆိုင်အား ည၈နာရီအချိန်တွင် ဝင်ရောက်လုယက်မှုကြောင့် အနီးနားရှိပြည်သူများ ဝင်ရောက်လာသည်ကို ပစ်ခတ်ခြင်းကြောင့် ၁ ဦးသေဆုံးကာ ၇ ဦးထိခိုက်ဒဏ်ရာရှိခဲ့ရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်မိသားစုများအား ဈေးမရောင်းပေးဟုဆိုကာ မြို့လည်ခေါင်ရှိ ကုန်စုံဆိုင်ကြီး တစ်ခုကိုလည်း မီးရှုံ့ဖျက်စီးခဲ့သည်။ သပိတ်စစ်ကြောင်းများဖြိုခွဲခြင်းမပြုရန် မြို့တွင်းလမ်းကြောင်းများကို သဲအိတ်များဖြင့် ဘန်ကာများ တည်ဆောက်လာကြသည်ကို မတ်လ(၁၁) မှစပြီးသပိတ်စစ်ကြောင်းများ၊ မြို့တွင်းလုံခြုံရေးအဖွဲ့များကိုဖြိုခွဲ လာကြသည်။ လက်နက်အင်အားမမျှသည့်အတွက် ဧပြီ (၅)ရက်နေ့တွင် တမူးလုံခြုံရေးအဖွဲ့ဖြစ်သည့် TSG နှင့် သပိတ်ခေါင်းဆောင် ကျောင်းသားအဖွဲ့များသည် တဖက်နိုင်ငံသို့ထွက်ပြေးကြရသည်။ ဇွန်လ(၁)ရက်နေ့တွင် NUG ကာကွယ်ရေးဝန်ကြီး ဌာန၏ တောင်းဆိုမှုကြောင့် ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)ကို လွှတ်တော်ကိုယ်စားလှယ် များဦးဆောင်ပြီး ကော်မတီ (၆)ဦးဖြင့် Tamu Security Group TSG နှင့် Students များအပါအဝင် CDM ဝန်ထမ်းများနှင့် ဒေသတွင်းလူငယ်များအား စုစည်းကာ ကူကီးအမျိုးသားတပ်မတော် (KNA-Burma)အဖွဲ့မှ စစ်သင်တန်းပေးခဲ့သည်။ တမူး၊ ကွန်းတောင်း၊ပန်းသာ နယ်စပ်တလျှောက်တွင် ပြောက်ကျားစနစ်ဖြင့် စစ်ကောင်စီအား စတင်တိုက် ခိုက်ခဲ့ကြပြီး ဒေသအတွင်း စစ်ကောင်စီတပ်များအား သတင်းပေးဖြစ်သည့် (ဒလံ)များကိုလည်းရှင်းလင်း (ဈေးမရောင်းပေး၍ စစ်ကောင်စီတပ်ဖွဲ့မှ မီးရှု့ဖျက်စီးလိုက်သည့် ဖယ်ရှားလာခဲ့ကြသည်။ တမူးမြို့ကုန်စုံဆိုင်နှင့် နေအိမ်) ကူကီးလူငယ်ကွန်ရက်
3
ဒေသအတွင်းနေ့စဉ် အဖြစ်အပျက်များနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ကျူးလွန်မှုများ အာဏာသိမ်းမှုအားဆန့်ကျင်သော လူထုဆန္ဒပြပွဲများစတင်ချိန်မှစ၍ ၆လအတွင်း ၂၀၂၁ ခုနှစ် ဇူလိုင်လ အထိ စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့မျာ၏ မတရား သတ်ဖြတ်ညှင်းပန်းနှိပ်စက်မှုကြောင့် လူ (၁၃)ဦး ထက်မနည်း သေဆုံးခဲ့ပြီး (၁၉ )ဦးကျော်ကိုဖမ်းဆီးခဲ့ပြီး (၉)ဦးကျော် ထိခိုက်ဒဏ်ရာရှိကြသည်။ •
•
• • • • • • •
• • • • •
မတ်လ(၂၅)ရက်ည ၈နာရီအချိန်ခန့်တွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များမှ တမူးဈေးအနီး နီလာဝင်း ရွှေဆိုင်အားဝင်ရောက်လုယက်၊ ပစ်ခတ်မှုကြောင့် အသက်(၃၃)နှစ် အရွယ် ကိုမျိုးမင်းအောင်(ခ) ကိုဖိုးကုလား သေဆုံးခဲ့ရသည်။ မတ်လ(၂၅)ရက် ည ပစ်ခတ်မှုကြောင့် (၇)ဦးထိခိုက်ဒစ်ရာရရှိကာ ၎င်းတို့အနက် ကိုနိုင်နိုင်ထွန်း အသက် ၃၁နှစ် ဆီးခုန်ကျည်ထိမှန်၊ ကိုနန်းဦး အသက် ၂၃နှစ် ကျောက်ကပ်နှင့်ခြေ၊လက်၊ပေါင် ၇ချက်ထိမှန်နှင့် ကိုဖိုးဇော် ၃၂နှစ် အစာအိမ်ထိမှန်တို့သည် ပြင်းထန်ဒဏ်ရာရရှိခဲ့ကြသည်။ မတ်လ(၂၆)ည တမူးမြို့ နန်းဖာလုံရပ်ကွက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များရပ်ကွက်အတွင်း ပစ်ခတ်မှုကြောင့် မိမိအိမ်ခန်းအတွင်းအိပ်စက်နေသော အသက် ၅၀အရွယ်အမျိုးသမီး ဒေါ်လင်းလမ်းအား ပေါင်ထိမှန်ခဲ့ရသည်။ ဧပြီလ(၂)ရက်နေ့ နန်းဖာလုံမီးသတ်စခန်းတွင်တပ်ဆွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KNA-Burma နှင့် CDM များပူးပေါင်း၍တက်ခိုက်ရာတွင် CDM ရဲ မောင်ထောင်ဟောင်ဂင် သေဆုံးခဲ့ရသည်။ ဧပြီလ (၁၀)ရက်နေ့ ဝက်ရှုကျေးရွာလူငယ် မောင်ထန်ဂိုဟောင်နှင့် သူငယ်ချင်းသည်လည်း တမူးမြို့တွင် ဈေးဝယ်ရန် ဆိုင်ကယ်စီးနေချိန်တွင် စစ်ကောင်စီတပ်ဖွဲ့များမှ ပစ်ခတ်ပြီး ၂ ဦးလုံးသေဆုံးခဲ့ရသည်။ ဧပြီလ (၁၃)ရက် နံနက်တငွ် ဝမ်းရှာရေးအတွက် နွားနိ့ေု ရာင်းသည့် လင်မယား ၂ ဦးအား စစ်ကောင်စတီ ပ်ဖဝ့ွဲ င်များ၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကျည်ထိမှန်သေဆုံးခဲ့ကြသည်။ ဧပြီလ (၁၄)ရက် နန်းဖာလုံရက်ကွက် အတွင်းရှိပြည်သူ ၅ ဦးအား စစ်ကောင်စီတပ်ဖွဲ့မှ ဖမ်းဆီးကာ မတရား ညှင်းပန်နှိပ်စက်ခံခဲ့ကြသည်။ ဧပြီလ (၁၆)ရက်နေ့ ချောက်နက်ကြီးရပ်ကွက်တွင်နေထိုင်သော မောင် လက်မင်ဟောင်နှင့် သူငယ်ချင်း ၂ ဦးသည် တမူးမှ ငွေထုတ်အပြန်တွင် စစ်ကောင်စီများမှ မတရားဖမ်းဆီးပြီး ငွေကျပ် ၅သိန်းနှင့် ပြန်လည်ရွေးယူရပါသည်။ ဧပြီလ (၁၉) နန်းဖာလုံရပ်ကွက်နေ အသက် (၃၅)နှစ်အရွယ် မောင်ထောင်းခိုဟောက် သည် မိမိအိမ်မှ ဆေးဝယ်ရန်ထွက်လာစဉ် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်တွေ့ဆုံရာမှ အကြောင်းမရှိပဲ ဖမ်းဆီးခဲ့ကြသည်။ - ဧပြီလ(၂၂)ရက် တမူးမြို့ ကမ္ဘောဇဘဏ် ဝန်ထမ်း ဦးဇော်လင်းထူးအား စစ်ကောင်စီတပ်ဖွဲ့မှ မတရားရိုက်နှက်ဖမ်းဆီးခဲ့ကြသည်။ ဧပြီလ (၂၆)ရက်နေ့ ဝိတုတ်ကျေးရွာနှင့် ပန်းသာကျေးရွာနေ အရပ်သား၂ ဦးနှင့် CDM ဝန်ထမ်း ၂ဦးပုန်းရှောင်နေစဉ် စစ်တပ်မှ ရှာဖွေတွေ့ရှိပြီး မတရားစွတ်စွဲ ဖမ်းဆီးခဲ့ကြသည်။ ဧပြီလ (၂၇)ရက်နေ့ ကွန်းတောင်းကျေးရွာတွင် စစ်ကောင်စီတပ်ဖွဲ့များမှ ရွာတွင်းသေနတ် ပစ်ဖောက်ပြီး နေအိမ်အတွင်းရှိ အသက် ၆၀အရွယ် ဦးထန်ဟောင်းအား မတရား ညည်းပန်းနှိပ်စက် ရိုက်နှက်ကြသည်။ မေလ(၃)ရက်နေ့ ဝိတုတ်ကျေးရွာအုပ်ချူပ်ရေးမှုးအိမ်ကို သေနတ်နဲ့ပစ်ခတ်မှုကြောင့် သမီးနဲ့ မြေးဖြစ်သူ အမျိုးသမီးငယ် ၂ ဦးသေဆုံးခဲ့သည်။ ဇူလိုင်လ(၉)ရက် မင်းသာအခြေစိုက် တပ်စခန်းမှ ည(၉)နာရီခန့်တွင်လမ်းဘေးစကားထိုင်ပြော နေသည့် Teijang village (ကျွန်းပင်သာကျေးရွာ)လူငယ်(၄)ဦးအား မျက်နှာအဝတ်စည်းပြီး စစ်ဆေးမေးမြန်၍ India Simcard လက်ဝယ်သုံးစွဲမှုဟု ဖမ်းဆီးခေါ်ဆောင်သွားသည်။တမှုးမြို့ တပ်စခန်းသို့ရောက်ချိန်တွင် ဖောက်ဖွဲရေး ပစ္စည်းများလက်ဝယ်ထားရှိမှုဟု မတရားစွပ်စွဲဖမ်းဆီး ထားသည်။
ကူကီးလူငယ်ကွန်ရက်
4
•
•
•
•
ဇူလိုင်လ (၁၀)ရက် စနေနေ့ညနေပိုင်းအလုပ်နားချိန် လူငယ်သဘာဝအရ မင်းသာကျေးရွာဘက်သို့ ပျော်ပါးအလည်သွားပြီး ည(၁၀)ခန့် အိမ်အပြန်လမ်း မင်းသာနှင့်ကျွန်းပင်သာရွာကြား တံတားနားတွင် စစ်ကောင်စီမှ ပစ်ခတ်မှုကြောင့် နေရာတွင်ပင်(၄)ဦးပွဲချင်းပြီးသေဆုံးခဲ့ပြီး (၁)ဦးမှာဒဏ်ရာရဖမ်းဆီးသွားပြီး ကျန်တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ဇူလိုင်လ (၁၇)ရက် ညနေ (၄) နာရီဝန်းကျင်ခန့် တွင် တမူး မိုးလေး နယ်စပ်တွင် (PDF) နှင့် စစ်တပ် အပြန်အလှန်ပစ်ခတ်ရာ မှ နယ်စပ်ကုန်ကူးသည့် အရပ်သားတစ်ဦးသည် စစ်တပ်မှ ပစ်ခတ်သည့် သေနပ် ကျည်ဆံထိမှန်၍ နေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့သည်။ ဇူလိုင်လ(၂၅)ရက် တမူးမြို့ BOC မြို့ရှောင်းလမ်းအနီးတွင် ညနေ ၄နာရီဝန်းကျင်ခန့်တွင် စစ်ကောင်စီနှင့် TAMU PDFတို့တိုက်ပွဲဖြစ်ပွာရာ စစ်ကောင်စီဘက်မှ (၃)ဦးကျ ပြီး PDF အကျဆုံးမရှိ။ထပ်မံ သတင်းအရ သေဆုံးသူ စစ်ကောင်စီလက်ပါးစေ ပျူစောတီး လက်နက်ကိုင် (၁)ဦး ၊မဏီပူကသဲ (၁)ဦး အပါအဝင် စုစုပေါင်း(၉) သေဆုံးခဲ့သည်။ ဇူလိုင်လ(၂၆)ရက် ညနေ (၇း ၂၀) ခန့်တွင် ဦးဆောင်းမင်း (ခ) မင်းအောင်နှင့်ကလေးသည် ဆိုင်ကယ်ဖြင့် လယ်တောမှ အိမ်သို့ပြန်လာစဉ် အမှတ်(၂)ကျောင်းနား ဟေမာလမ်း (အောက်ကျင်း) ရပ်ကွက် အိမ်နားအရောက်တွင် စစ်တပ်မှ ပစ်ခတ်မှုကြောင့် ဆိုင်ကယ်ကာဗာများထိမှန်ပြီး မင်းအောင်မှာ ပေါင်နှစ်ဖက်လုံးနှင့် ဆီးခုံတွင် သေနတ်ထိမှန်ပြီး ကလေးမြို့စစ်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူရသည်။
ဆက်သွယ်မေးမြန်းရာတွင် ကာယကံရှင်ပြည်သူများမှ လုံခြုံရေးအရ အခက်အခဲများ ရှိနေသည့်အတွက် ဖော်ပြပါ အချက်အလက်နှင့် လူဦးရေမှာ လုံးဝမှန်ကန်သည်ဟုမဆိုလိုပါ။ ဖော်ပြမထားသည့် အချို့အချက်အလက်များရှိနေသေးသည်။ သို့သော် ဒေသအတွင်း ဆုပ်ကိုင်နိုင်သည့် အခြေအနေတစ်ခုဖြစ်စေရန်ရည်ရွယ်ခြင်းဖြစ်သည်။
(မတ်လ ၂၅ည နီလာဝင်းရွှေဆိုင်တွင်ကျည် အစစ်ဖြင့်ပစ်ခတ်ခံရသူများ)
(စကစမှလူနေအိမ်များပစ်ခတ်မှုကြောင့် မိမိအိမ် တွင် အိပ်ပျော်နေသော သက်ကြီး မသန်စွမ်း သူအား ပေါင်ထိမှန်သည့်ပုံ)
ကူကီးလူငယ်ကွန်ရက်
5
ဒေသခံများထွက်ပြေးတိမ်းရှောင်မှု ထိုသို့ဖြင့် အိန္ဒိယ မြန်မာနယ်စပ် တမူးမြို့တွင် မတ်လ (၂၅)ရက်မှစတင်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သပိတ်စစ်ကြောင်းများကို ပတ်ခတ်ဖြိုခွဲခြင်း၊ ရပ်ကွက်လူနေအိမ်များကိုလည်း သေနတ်ဖြင့်ချိန်ရွယ် ပစ်ခတ်ခြင်း၊ ကျေးရွာမှသွားလာသည့် ပြည်သူများကိုလည်း မတရားဖမ်းဆီးရိုက်နှက်ခြင်းများကို လုပ်ဆောင်လာသောကြောင့် ပြည်သူလူထုမှာ မိမိအိမ်အတွင်း၌ပင် လုံခြုံမှုမရှိတော့သဖြင့် အချို့ပြည်သူများမှာ လယ်တောများ၊ မိမိစိုက်ခင်းများတွင် ထွက်ပြေးသိမ်းရှောင်ကြရသည်။ များသောအားဖြင့် ပြည်သူအများစုသည် တဖက်နိုင်ငံ မိုးရေးမြို့တွင် ထွက်ပြေးကြရသည်။ မတ်လ(၂၈) ရက်နေ့မှစတင်ကာ တဖက်နိုင်ငံတာဝန်ရှိ စစ်တပ်နှင့် ရဲဌာနများမှ လက်မခံဘဲ ၎င်းတို့အား စာနာမှုကင်းမဲ့စွာပြန်လ ည်နှင်ထုတ်ခဲ့သည်ကို ၀မ်းနည်းစွာတွေ့မြင်နေရပါသည်။ မတ်လ(၁၀)ရက်နေ့တွင် မဏိပူရပြည်နယ်အစိုးရသည် မြန်မာပြည်မှ ထွက်ပြေးလာသည့် ဒုက္ခသည်များကို လက်ခံကြိုဆိုမည်ဟု တရားဝင်စာထွက်ခဲ့သော်လည်း လက်တွေ့အခြေအနေတွင် အကျိုးသက်ရောက်မှု မရှိဘဲ အာဏာပိုင်များမှ ပြေးဝင်လာသည့် ဒေသခံပြည်သူတချို့ကို ဖမ်းဆီးကာ မြန်မာတပ်မတော်ထံ ပြန်လည် အပ်နှံမှုများ ပြုလုပ်လာသည့်အတွက် တမူးမြို့နှင့် နယ်စပ်တလျှောက်ရှိ ဒေသခံကူကီးကျေးရွာ များရှိအမျိုးသမီး၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများသည် မိမိတို့နေအိမ်များအားစွန့်ခွာကာ လယ်တောများ၊ စိုက်ခင်းများနှင့် တောထဲတွင် ထွက်ပြေးပုန်းရှောင်နေကြရပြန်ပါသည်။ ထို့အပြင် အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ကသည်းလက်နက်ကိုင်များသည် မြန်မာပြည် ကဘော်ဒေသတွင် အခြေချတပ်ဆွဲထားကာ မြန်မာစစ်တပ်နှင့် ပူးပေါင်းစစ်ဆင်ရေးများလုပ်ဆောင်နေခြင်း ကြောင့် ပြည်တွင်းပု န်းရှောင်နေသူများအနေဖြင့် လုံခြုံမှုလုံးဝမရှိတော့သည့် အခြေအနေတွင် မိုးရေးမြို့ရှိ ကူကီးအသိုင်းအဝိုင်း လူထုအခြေပြုအဖွဲ့အစည်းများသည် လူသားချင်းစာနာထောက်ထားသောအားဖြင့် အစိုးရဌာနဆိုင်ရာလက်အော က်ငယ်သားများနှင့် နားလည်မှုယူကာ လက်ခံစောင့်ရှောက်လျှက်ရှိသည်။ စစ်ကောင်စီ၏အာဏာသိမ်းမှုကြောင့် လာရောက်ခိုလုံသူများတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ကာကွယ်လုပ်ဆောင်နေသည့် တက်ကြွလှုပ်ရှားသူ အမျိုးသမီးနှင့် လူငယ်အဖွဲ့အစည်းများလည်း ပါဝင်ပါသည်။ အဆိုပါလာရောက်ခိုလုံသူများတွင် နယ်စပ်ဒေသ တက်ကြွလှုပ်ရှားသူများပါဝင်သလို အချို့မှာလည်း မြစ်ကြီးနား၊ ဟုမ္မလင်း၊ ကလေးဝ ဒေသများမှ ခက်ခက်ခဲခဲရောက်လာကြခြင်းဖြစ်သည်။ အမျိုးသမီးအဖွဲ့အစည်းများ၊ လူငယ်အဖွဲ့အစည်းများအပါအဝင် လူ့အခွင့်အရေးကာကွယ်လှုပ်ရှားသူများလည်း အများအပြားရှိပြီး လက်ရှိ မိုးရေးမြို့တွင် မြန်မာပြည်ဒုက္ခသည်စုစုပေါင်း (၂၀၀၀) ကျော်ရှိသည်။
(မြန်မာပြည်မှ ထွက်ပြေး တိမ်းရှောင်လာသူများ အား နယ်စပ်တွင် အိန္ဒိယရဲနှင့် စစ်သား များမှ လက်မခံဘဲ ပြန်လည်စေလွတ်သည့် ပုံ- မတ်လ ၂၈ရက်နေ့)
ကူကီးလူငယ်ကွန်ရက်
6
စစ်ကောင်စီတပ်ဖွဲ့များမှ တပ်အင်အားထပ်မံတိုးချဲ့မှု စစ်ကိုင်းတိုင်းဒေသကြီး အနောက်ဘက် အိန္ဒိယ-မြန်မာနယ်စပ် တမူးခရိုင်ဒေသတွင် စစ်တပ် တပ်ရင်း-၂၆၆ မှအထိငု တ် ည်ရြှိ ပီး ပုမံ နှ အ်ားဖြင့် အင်အား (၅၀)ဝန်းကျင်သာရြှိ ပီး ကလေးမြို့တပ်ရင်းများမှ အခြေအနေပေါ်မူတည်ပြီး ထိန်းချူပ်ကွပ်ကဲလျှက်ရှိသည်။ အခြားတဖက်တွင်လည်း အိန္ဒိယအစိုးရကို ပုန်ကန်နေသည့် ကသည်းလက်နက်ကို င်တပ်ဖွဲ့ဝင်များကို မြန်မာစစ်တပ်အင်အားတခုအနေဖြင့် ထားရှိကာ နေရာအနှံ့လှုပ်ရှားစေခဲ့သည်။ ဖေဖော်ဝါရီလ (၁)ရက်နေ့ စစ်တပ်မှတိုင်းပြည်အာဏာသိမ်းပြီးသည့်နောက် မတ်လတွင် တပ်မ- ၉၉ နှင့် တပ်မ-၁၀၁ တို့ထပ်မံတိုးချဲု့ပြီး စာသင်ကျောင်းများ၊ မီးသတ်စခန်းများတွင်တပ်စွဲထားကြသည်။ လက်ရှိတွင် ခန့်မှန်းခြေအားဖြင့် အင် ၁၀၃၀ ခန့်ရှိသည်ဟု သတင်းပေးပို့ချက်အရသိရပါသည်။
နိဂုံး ဆယ်စုနှစ်များစွာကြာအောင် နအဖစစ်အုပ်စုမှ ပြည်သူလူထုအပေါ် ဂုတ်သွေးစုပ်ကာ နိုင်ငံခြားတိုင်းပြည်မှ ခေတ်မှီစစ်လက်နက်များနှင့် ခဲယမ်းမီးကျောက်များစွာကို ဝယ်ယူပြီး တန်းတူရေးအခွင့်အရေးအတွက် ခုခံတိုက်ပွဲဝင်နေကြသော တိုင်းရင်းသားလက်နက်ကိုင်များအား သူပုန်၊ အကြမ်းဖက်သမားများဟု ခေါ်ဆိုခဲ့ကြသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်းတွင်လည်း နအဖ လမ်းစဉ်အတိုင်း ကူကီးဒေသတွင် လူငယ်များအား “မင်းဘာလူမျိုးလဲ ဟုမေးကာ ကူကီးဟုဖြေကြားသူများအား” အပစ်မရှိအပစ်ရှာကာ ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အစုလိုက်သတ်ဖြတ်ခြင်းများဆက်လက် လုပ်ဆောင်နေသည်။ ဤအခြေအနေကိုကြည့်ခြင်းအားဖြင့် မိမိတို့ ကူကီးလူမျိုးနှင့် ကျေးရွာများအပေါ် ခွဲခြားကာ ပစ်မှတ်ထား တိုက်ခိုက်နေသည်ကိုလည်း တွေ့မြင်နေရပါသည်။ တဖန် ဒေသအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ပြန်လည်ချေမှုန်းနိုင်ခြင်းမရှိသောကြောင့် အရပ်သား များအပေါ်ပစ်မှတ်ထားလာသည့်အတွက် CDM နှင့် အရပ်သား ဒုက္ခသည်အမြောက်အများလည်း ဖြစ်ပေါ်စေခဲ့သည်။ အာဏာသိမ်းမှုကြောင့် ပြည်သူများ မိမိလုံခြုံရေးအတွက် ပြေးလွှာနေကြရသည့်အတွက် ယခုနှစ် ဒေသအတွင်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွင် အခက်အခဲများရင်ဆိုင်နေကြရသည်။ အိန္ဒိယမြန်မာနယ်စပ် ကဘော်ချိုင့်ဝှမ်းဟာ လယ်လုပ်ငန်းကို အများဆုံးလုပ်ကိုင်ကြပြီး ဒီနှစ် လယ်လုပ်ချိန်တွင် လယ်လုပ်မည့်သူ ကောက်စိုက်မည့် အမျိုးသမီးများသည်လည်း တခြားနေရာတွင် ထွက်ပြေးနေရသည့်အတွက် အများအားဖြင့်လယ်မလုပ်နိုင်ကြတော့ ပါ။ လက်ရှိ(NUG)အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ဆက်လုပ်ဆောင်သွားမည့် လုပ်ငန်းစဉ် ချမှတ်မှုများအရ ဒေသအတွင်း ပဋ္ဋိပက္ခများ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်သလို ဒေသခံပြည်သူလူထုများအပေါ် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ခြိန်းခြောက်မှု၊ ပစ်မှတ်ထားမှုများ အလွန်အမင်းဆက်လက်ဖြစ်ပေါ်ကာ ပြင်းထန်သည့်အခြေအနေရောက်ရှိလာဦးမ ည်ကို စိုးရိမ်နေရသည့်အတွက် အောက်ပါအကြံပြုချက်များကို ဖော်ပြလိုက်ရပါသည်။
ကူကီးလူငယ်ကွန်ရက်
7
အကြံပြုချက်များ စစ်ကောင်စီအနေဖြင့် 1. ကူကီးလူမျိုးများနှင့်
ကျေးရွာများအပေါ်
ပစ်မှတ်ထားပြီး
သတ်ဖြတ်ညှဉ်းပန်းနှိပ်စက်မှုများအား
ရပ်စဲရန်။ 2. အာဏာမှနုတ်ထွက်ပြီး
ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်အရ
စစ်မှန်သော
ဖက်ဒရယ်ဒီမိုကရေစီ
နိုင်ငံထူထောင်ရေးကိုလက်ခံရန်။ အိန္ဒိယအစိုးရအနေဖြင့် 1. မြန်မာစစ်တပ်မှတိုက်ခိုက်မှုများနှင့်
ညှဉ်းပန်းနှိပ်စက်မှုများကြောင့်
ထွက်ပြေးလာသော
ဒုက္ခသည်များအတွက် တရားဝင်အသိအမှတ်ပြုလက်ခံမှုနှင့် အကာအကွယ်များပေးရန်။ 2. လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အေဂျင်စီများအား ဒုက္ခသည်များအတွက် ဝင်ရောက်ကူညီခွင့်ပြုရန်။ 3. ပဋ္ဋိပက္ခဒဏ်ခံ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးစုများအား နယ်စပ်ဖြတ်ကျော်ပို့ဆောင်ခွင့် ပြုရန်နှင့် နိုင်ငံရေး အကျိုးအမြတ်မဟုတ်သော ရပ်တည်ကူညီမှုပြုရန်။ နိုင်ငံတကာအလှုရှင်များ 1. စစ်ဒဏ်ကြောင့်ထွက်ပြေးလာသော
ဒုက္ခသည်များအပေါ်
လူသားချင်းစာနာထောက်ထားမှု
အကူအညီများပံ့ပိုးပေးရန်။ 2. စစ်အစိုးရအတွက်အကျိုးရှိစေမည့် မည်သည့်အထောက်အပံ့ကိုမဆိုရပ်ဆိုင်းရန်။ 3. တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူစာချူပ်
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို
ထောက်ခံမှု
အားလုံးရပ်ဆိုင်းရန်။
• • • •
ဆက်သွယ်ရန် ကိုဆေးဂင် - +919362658704 ကိုဆေးပူ - +917085376167 Email: ksdfburma@gmail.com
ကူကီးလူငယ်ကွန်ရက်
8