ဖြူသီခိုင် ရဲ့ ဆူရှီဆိုင် မှောဘ်ီ က မဟော်ဂနီ
ရေး သည် ။
စောကျော် အမေရိကန် မှာ ရောက်နေ သည် .. ။ ငယ်ငယ် က ဆိုရင် အမေရိကန်ေ၇ာက် မယ်လို့ လုံး ဝ
စိတ်ကူးထဲလဲ မရှိ . .အိပ်မက်ပင် မ မက်ဘူးဘူး . .။ စောကျော် သည် ရန်ကုန် ပင် မရောက်ဘူး ဘူး . .။ သူ သည် ထိုင်းမြန်မာ နယ်စပ် ကမို့ ထိုင်း က မြို့တွေ ကိုတော့ေ၇ာက်ဘူး သည် ။ ဘန်ကောက်မြို့ မှာ
အလုပ်သွားလုပ်ဘူး သည် . .။ စောကျော် ရဲ့ နံမည် အစစ် က စောဂျော့ခ်ျ ( Saw George ) ဖြစ် သည် . .။ သည် နံမည် ကို ပေးခဲ့တဲ့ စောကျော်ရဲ့ အဖေ နဲ့ အမေ က စောကျော် ငယ်ငယ်ကထဲက ဆုံးပါးသွားကြ
လို့ စောကျော် သည် မိဘမဲ့ . တကောင်ကြွက် ဘ၀ နဲ့ ဆင်းဆင်းရဲရဲ . .ကြီးပြင်းခဲ့ ရ သည် . .။ လူတွေ က..စောဂျော့ခ်ျ လို့ ဘယ်သူမှ မခေါ် . .။စောကျော် ဘဲ ခေါ်ကြ သည် . .။ စောကျော် သည် နယ်စပ် က စခန်းမှာ နေတုံး က ရီးစား ရှိ ခဲ့ သည် . .။ သူ့ ရီးစား
နံမည်က ဖြိုးပွင့် . .။ ဖြိုးပွင့် နဲ့ စောကျော် နယ်စပ် စခန်းမှာ ရီးစား ဖြစ်ခဲ့ကြပြီး . ယူကြဖို့ဘဲ . .။ မယူဖြစ်ခဲ့ . ။ အမေရိကန် ကို ထွက်လာရလို့ ဖြစ် သည် . .။ထွက်ခွင့် ရသွားလို့ ဖြစ် သည် .. ။ အမေရိကန် ကို ရောက်တော့ ပြည်နယ် မတူကြ . ။ တကွဲ တပြားစီ ဖြစ်နေကြ သည် . .။
စောကျော် နဲ့ ဖြိုးပွင့် သည် အမေရိကန် ရောက်ရောက်ချင်း အလုပ်၇ှုပ်နေကြတာ နဲ့ ခုထိ တယောက်နဲ့ တယောက် မတွေ့ဖြစ်ကြသေး . .။ စောကျော် ကို အရင် ရောက်နှင့်သူတွေ က တရုတ် စားသောက်ဆိုင်တခုမှာ အလုပ်သွင်းပေးကြ သည် . .။ ဒီဆိုင်မှာ
အလုပ်ဝင်လုပ်ရင်း . စောကျော် သည် သူနဲ့ အတူရောက်ကြသူတွေ နဲ့ သူတို့ နေထိုင်ရာ . .မြို့နယ် က ဖွင့်တဲ့စကားပြောကျောင်း မှာ ..အင်္ဂလိပ်စာ အရေး အပြော ကို ကြိုးစားပြီး သင်လေ သည် . .။
တရုတ်ဆိုင်မှာ ၀င်လုပ်တာကြောင့် မနက် နဲ့ ည စားရေးသောက်ရေး မပူရတော့ . ။ အစားအတွက် ပိုက်ဆံ တပြားတချပ်မှ မကုန် . .။ စောကျော် သည် အလုပ် အရမ်းလုပ်လို့ ဆိုင်ပိုင်ရှင် တရုတ် အဖိုးကြီး
က သဘောကျ သည် . .။ ဆိုင်ရှင်တွေ က ဟောင်ကောင် က လာခဲ့တဲ့ တရုတ်လူမျိုးတွေ ပါ . .။
စောကျော် က . .မီးဖိုထဲမှာ ကြော်ချက်တဲ့ ထမင်းချက် ကို ကူတဲ့ ထမင်းချက် အကူပေါ့ .. ။ ညပိုင်းမှာ
ဆိုင်ရှင် အဖိုးကြီး က စောစော ပြန် ပြီး . .အဖိုးကြီး ရဲ့ သမီး..မေလင်း ( May ling ) က ဆက် လုပ်နေပြီး . .ဆိုင် ပိတ် သည် . ။ စောကျော် က ဆိုင်သိမ်း တာတွေ အောက်ခြေသိမ်း အကုန် လုပ် သည် . .။ တခြား အလုပ်သမားတွေ က စောကျော် ထက် အရင် ပြန်ကြ သည် .. ။စောကျော် က
ရှင်းလင်းဆေးကြော..သိမ်းဆည်းတာတွေ .. အားလုံး . .အသေးစိတ် လုပ်ပြီး . .နောက်ဆုံး မှ ပြန် သည် . .။ ညဘက်မှာ .အဖိုးကြီး ရဲ့ သမီး မေလင်း နဲ့ စောကျော် ၂ယောက်ထဲ ကျန်ပြီး . ဆိုင်ပိတ်ကြပြီးရင် . .မေလင်း