Maining pamphlet 2013 burmese

Page 1

ပဋိ ပ က္ခ န ယ်ေ မြအတွ င်း သတ္တု တူး ဖေါ်ခြင်း -စစ် ဆ င်ေ ရးပုံ စံ သ စ်

By MWMWN

မြန်မာအစိုးရသည် ကရင်နီခုခံတော်လှန်ရေးတပ်ဖွဲ့များနှင့် ထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုပင် မရှိကြ သေးသော်လည်း ကရင်နီပြည်နယ်အနှံ့ သတ္တုတူးဖေါ်ရန် သဘောတူခွင့်ပြုချက်များ ပြုလုပ်ပေးနေသည်။ ဤသည်မှာ တဖက်မှ ကရင်နီ ပြည်သူလူထုကို ထိန်းချုပ်နိုင်ရန် မြန်မာအစိုးရ စစ်တပ်အင်အား ဖြည့်ဆည်းတည်ဆောက်နေသလို တဖက်မှာလည်း နယ်မြေဒေသအတွင်းရှိ သဘာဝသယံဇာတများအား စီးပွားရေးအရ အကျိုးအမြတ်ရရှိရန် ထုတ်ယူသွားသည့် နည်းပရိယာယ် တခုပင်ဖြစ်သည်။ မကြာသေးခင်က ကမ္ဘာ့သဘာဝသယံ ဇာတစီ မံ ခ န့် ခွဲ မှု အ ဆင့် တိုင်းထွာသတ်မှတ်ရာ (၅၈) နိုင်ငံထဲမှ နော်ဝေနိုင်ငံသည် သဘာဝသယံဇာတ စီ မံ ခ န့် ခွဲမှု ထိပ်ပြေးအကောင်းဆုံးနို င် ငံြ ဖစ်ြ ပီး အမေရိ ကန် သည် ဒုတိယ အကောင်းဆုံး ဖြစ်သည်။ မြန်မာနိုင်ငံမှာမူ သဘာဝသယံဇာတစီမံခန့်ခွဲမှု အညံ့  ဖျင်းဆုံးနိုင်ငံထဲမှ အောက် ဆုံး တွ င် ရှိေ ကြာင်း စစ် တမ်း ကောက် ချက်များအရ ဖေါ်ပြခြင်း ခံရသည်။ လက်ေ တွ့သာဓကအနေဖြင့်  မြန် မာအစိုးရပို င် ဦးပို င် ကု မ္ပ ဏီနှင့် တရုတ်ဝမ်ပေါင်ကုမ္ပဏီတို့ပူးပေါင်းပြီး မြန်မာနိုင်ငံ ပြည်မဖက်ရှိ စစ်ကိုင်း တို င်းထဲတွင် ဒေသခံလူထု ဆန္ဒ မ ပါဘဲ လက် ပံေ တာင်း တောင် ကြေးနီသတ္တုတူးဖေါ်ရေးစီမံကိန်း လုပ်ကိုင်ဆောင်ရွက်ခဲ့ကြသည်။ ထိုစီမံကိန်းမှ ဖြစ်ေ ပ်ါလာသည့် သဘာဝပတ် ၀ န်းကျင် ထိ ခို က် ပျက် စီး မှု နှ င့် လူမှုရေးထိခိုက်ပျက်စီးမှုများကြောင့် သံသယာရှည်သော လူထုဆန့်ကျင်ကန့် ကွ က် မှု များ ယနေ့ထိတိုင် ဖြစ်ေ ပ်ါနေပါသည် ။ အစိုးရ၏ ညံ့ ဖျင်းသော သယံဇာတစီမံခန့်ခွဲမှုနှင့် ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒဖေါ်ထုတ်သူ သံဃာ တော် များနှင့် ဒေသခံလူထု များအပေါ် အကြမ်းဖက် နှိ မ် နှ င်းမှု ကြောင့် အများအပြား ထိခိုက်ဒါဏ်ရာရစေခဲ့သည့်ဖြစ်ရပ်သည် သမ္မတ ဦးသိန်းစိန် အစိုး ရအဖို့ အရှက်ရစေခဲ့  ပါသည် ။

လက်ပံတောင်းတောင်တွင် ကြေးနီတူးဖေါ်နေကြပုံ

ထိခိုက်နစ်နာသူများမှ ကုမ္မဏီများအား ဆန္ဒပြနေကြသည့်ပုံ

တိုင်းရင်းသားနယ်ေ မြဖက် တွ င် သမ္မ တ ဦး သိ န်းစိ န် ဦးဆောင်သည့် မြန်မာနိုင်ငံအစိုးရသည် တဖက်တွင် တိုင်းရင်းသားလက်နက်ကိုင်

အဖွဲ့ အစည်းများနှင့် ဟန်ြ ပအပစ် အ ခတ် ရ ပ် စဲေ ရးလက် မှ တ် ရေးထိုးရယူသော်လည်း တချိန်တည်းတွင် စစ်ရေးပြင်ဆင်မှုများဖြစ်သည့် တပ်စခန်း သစ် တိုးချဲ့တည်ဆောက်ခြင်း၊ ယခင် စ ခန်းဟောင်း များကို ကွန်ကရင့်ဖြင့် ခိုင်မာသည့်စစ်စခန်းများအဖြစ် ပြန် လည်တည်ဆောက်ခြင်းနှင့် ရှေ့ တန်းစခန်းများတွင် စစ် လက် န က် ပ စ္စ ည်းများနှ င့်  ရိ က္ခာများ ဖြည့်ဆည်းခြင်းများ တောက်လျှောက် ပြုလုပ် နေကြသည်။

ထို့အပြင် တိုက် ရို က် စ စ် ဆင်ေ ရးများမပြုလု ပ်ေ သ်ာလည်း “စီးပွားရေးစစ်ဆင်ရေးများ”ကို ကရင်နီပြည်နယ်အပါအ၀င် တိုင်းရင်းသား

နယ်ေ မြအသီးသီးတွင် ဆင် နွဲ လာပြီး တို င်း ရင်း သားလက် န က်ကိုင်အဖွဲ့အစည်းအတွင်း အကွဲအပြဲများ ဖြစ်အောင် ဖန်တီးစေပါသည်။

၁

rd k v d k t rsKd ; orD ; owW K wG i f ; apmif h = unf h a &;uG e f , uf


ကရင်နီအမျိုးသားတိုး တက်ေ ရးပါတီ နှ င့်  အစိုးရတို့  အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်၊ မတ်လတွင် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးပြီး

သည့်ေ နာက် သတ္တုတူးဖေါ်ရေးလု ပ် င န်းလု ပ် ကို င်ြ ခင်းကို ကရင်နီလက်နက်ကိုင်အဖွဲ့အစည်းအမျိုးမျိုးသို့ နေပြည်တော်မှ ခွင့်ပြုချက်များ ထုတ်ပေး ပြီး ဤလက်နက်ကိုင်အဖွဲ့ အစည်း အချင်း ချင်းအကြားသော် ၄င်း အဖွဲ့အစည်းနှင့်လူထု အကြားသော်၎င်း ပြဿနာပဋိပက္ခဖြစ်လာအောင် ဖန်တီး လာနေသည်။

ဒေသခံလူထုများသည် ယခု အ ခါ သတ္တု လု ပ် င န်းအသစ်တူးဖေါ်ရန်နှင့် တိုးချဲ့ရန်ခွင့်ပြုချက်များပေးခြင်း၊ နောက်ဆက်တွဲဆိုးကျိုးများ

ကြောင့်  ဘိုးဘွားပိုင်မြေများ၊ တောတောင် များနှ င့်  မြစ်ေ ချာင်းများ ပိုမိုပျက်စီးပျောက်ကွယ်ခြင်းနှင့် ရင်ဆိုင်ကြုံတွေ့လာနေ ကြရပါသည်။

ငြိမ်းချမ်းရေးတည်ေ ဆာက် သည် ကို အကြောင်းပြပြောဆိုသော်လည်း အမှန်တကယ်အားဖြင့် ပြည်သူလူထု၏ ရေမြေ တောတောင်

များကို လက်ဝါးကြီးအုပ် စိုးမိုးချုပ် ကို င်ေ နသည် ။

မြန် မာနို င်ငံ၏ ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ အခန်း(၁)၊ ပုဒ်မ (၃၇)-က အရ

“နိုင်ငံတော်သည် နိုင်ငံတော်ရှိမြေများအားလုံး၊ မြေပေါ်မြေအောက်၊ ရေပေါ် ရေအောက်နှင့် လေထုအတွင်းရှိ သယံဇာတပစ္စည်းအားလုံး၏ ပင်ရင်း ပိုင်ရှင်ဖြစ်သည်” ဟု ပြဌါန်းထားသည်။ ဤသည်မှာ ပြည်သူလူထု၏ရေမြေတောတောင်နှင့်သယံဇာတကို စိတ်တိုင်းကျ အမြောက်အများ လု ယူ သိမ်းပိုက်ရန် အစိုးရကို လု ပ် ပို င် ခွ င့်  လို င် စ င် အ ထူးပေးထားခြင်းသာဖြစ်သည်။ ပြောင်ပြောင်တင်းတင်း အလွဲသုံးစားခြင်းသာ ဖြစ်သည်။

ကရင်နီပြည်အတွင်း သတ္တုတူးဖေါ်မှုပြမြေပုံများ

ကရင်နီပြည်နယ် အတွ င်း ကရင် နီ အ မျိုးသားတိုးတက်ရေးပါတီ(ကေအဲန်ပီပီ)နှင့် မြန်မာအစိုးရတို့အကြား မတ်လ၊ ၂၀၁၂ ခုနှစ် အပစ်

အခတ် ရပ်စဲရေး လက်မှတ်ေ ရးထိုးခြင်းမတို င် မှီ သတ္တု တူး ဖေါ်ရေးစီမံကိန်းလုပ်ငန်း (၃)ခုသာ ရှိခဲ့သည်မှ အပစ်အခတ်ရပ်စဲပြီးသည့်နောက် နေပြည်တော်အစိုးရ ခွင့်ပြုချက်ြ ဖင့်  လက် ရှိ သတ္တု တူး ဖေါ်ရေး စီမံကိန်းလုပ်ငန်းပေါင်း (၁၆)ခုအထိ မြို့နယ်(၇)မြို့နယ်ထဲမှ(၆)မြို့နယ်အတွင်း တွ င် တူးဖေါ်လုပ်ကိုင်လာကြသည် ကို တွေ့ ရှိ ရ ပါသည် ။

ထိုသို့ တူးဖေါ်လာသည့် မြို့နယ်(၆)မြို့နယ်အနက် ဖါးဆောင်းမြို့နယ်သည် သတ္တု

တွ င်း ကြောင့် ထိခိုက်မှုအ များဆုံးနှ င့်  တိုးပွားလာသော သတ္တုလုပ်ငန်းများကြောင့် ပြဿနာ မြောက်များစွာ ဖြစ်ပေါ်လာလျက်ရှိသည်။ ဖါးဆောင်းမြို့နယ်အတွင်း လက်ရှိမော်ချီးသတ္တုတွင်းကို ဦးပိုင်ကုမ္ပဏီ လီမီတက်မှ လုပ်ကွက် ဧကပေါင်း (၇၂၀၀) ပိုင်ဆိုင်ပြီး ယခင်စစ်တပ် အရာရှိဟောင်းလည်းဖြစ်ခဲ့သူ ယခုအခါ ဖါးဆာင်းမြို့နယ် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးဖွံ့ဖြိုးရေးပါတီ လွတ်တော်အမတ် ဦးရဲထွန်း တင် ပိုင် ရဲထွန်းကျော်ကုမ္ပဏီ မှ လက်ရှိ အဓိက ထိန်းချုပ် လုပ်ကိုင် နေသည်။ ယခုကြားသိရသည့် သတင်းအရအဆိုပါ ဦးပိုင်လုပ်ကွက် ကို ဒေသခံတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အခြား ဒေသခံကုမ္ပဏီများ လုပ်ကွက်ခွဲဝေ ပေးသွားမည်။ သို့သော် ဦးပိုင် ကုမ္ပဏီကို လျောက်ထားရပါမည်။ လက်ရှိ သတ္တုတွင်းလုပ်ငန်းများ ကြောင့် ဒေသခံများ၏ မြေယာ၊ ဥယျာဉ်ခြံများ ပျက်စီးခြင်း၊ သစ် By MWMWN

မြန် မာ ဦးပိုင်ကုမ္ပဏီနှင့် က လ လ တ-ဥက္က ဌ ဦးထွ န်းကျော် တို့  ပူးပေါင်း၍ ၀မ် ပလမှ ဖါးဆောင်း အထိ သံ လွ င်ြ မစ် ထဲ ရွှေ များ တူး ဖေါ်နေသည့်  ပုံ

တောပြုန်းတီးခြင်း၊

မြစ်ချောင်းများ

ညစ်ညမ်းခြင်းနှင့်

မြေပြိုခြင်း

စသည့် ပြသာနာများ ကြုံတွေ့ရသည့်အပြင် အလုပ်ရှင်မှ ကျင်းလုပ် သားများအား လုပ်အားခအနည်းငယ် ပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုမပေးခြင်း၊ လုံခြုံမှုများမရှိခြင်းများကြောင့် အလုပ် သမားများ ၏ မကျေနပ်မှုများဖြစ်ပေါ်လျက် ရှိပါသည်။

rd k v d k t rsKd ; orD ; owW K wG i f ; apmif h = unf h a &;uG e f , uf

၂


အမျိုးသမီးများသည် အခက်အခဲ အထူးကြုံတွေ့နေကြရ

သည်မှာ ၄င်းတို့၏ ယခင် ဘိုးဘွားရိုးရာဓလေ့ အသက်မွေးဝမ်း

ဖါးဆောင်းမြို့နယ်အတွင်း ခဲမဖြူနှင့်အဖြိုက်နက်သတ္တု လက်ရှိတူးဖေါ်နေသည့် သတ္တုတွင်းများနှင့် အသစ်ထပ်မံရှာဖွေတူးဖေါ်မည့်နေရာများ ဖေါ်ပြသည့် မြေပုံ

ကျောင်း လုပ်ငန်းဖြစ်သည့် ကိုယ်ထူကိုယ်ထ စိုက်ပျိုးရေး၊ မွေးမြူ ရေး လုပ်ငန်းများ ပျောက်ဆုံး လာကြသည်။ ကျန်းမာရေးနှင့် လုံခြုံ ရေးအတွက် အန္တရာယ် ကြီးမားမှန်းသိသော်လည်း မိသားစု စားဝတ် နေရေး ပြေလည်ရေးအတွက် သတ္တုတွင်းလုပ်ငန်းတွင် တာဝန်တရပ် အနေဖြင့် ၀င်ရောက်လုပ်ကိုင်နေကြရသည်။

By MWMWN အမျိုးသမီးများ အသက်ရှင်ရပ်တည်ရေးအတွက် ယခုအခါသတ္တုကုမ္ပဏီ လုပ်ငန်းတွင် ပိုမိုဝင်ရောက်လုပ်ကိုင်ကြရသည်။

သာဓကအားဖြင့် ကယားငွေကြယ်ကုမ္ပဏီ (ဒေသခံပြည်သူ့စစ်အဖွဲ့ တဖွဲ့(သို့မဟုတ်) ကေအဲန်အက်စ်အို) အား သတ္တုလုပ်ကွက်သစ် တူး ဖေါ်ရန် ခွင့်ပြုခြင်းနှင့် အခြားသတ္တုကုမ္ပဏီများအား မော်ချီးသတ္တု တွင်း ဧရိယာ အပြင်ဘက်နေရာများကို လုပ်ကွက်သစ်တူးဖေါ်လုပ်ကိုင်ရန် အစိုးရမှ ခွင့်ပြုချက်ပေးထားခြင်းသည် ကရင်နီပြည်သူလူထု၏ တော တောင်၊ ရေမြေများ ထပ်မံပျက်စီး ဆုံးရှုံးစေပါသည်။

နန်းရည်မွန်အောင်သတ္တုကုမ္ပဏီမှ လုပ်ကွက်သစ်(၅)ကွက်

ကို မော်ချီး-တောင်ငူ ကားလမ်းတောင်ဘက်ခြမ်းရှိ သလောလို၊ ပွာဒို၊ ပယ်ခီးနှင့် ထီးလေးခီးဂွင်များတွင် တူးဖော်သွားရန် ခွင့်ပြုချက်ရရှိပြီး ရတနာ စိုင်းကောင်းမြတ်ကျော် သတ္တုကုမ္ပဏီမှ လုပ်ကွက်သစ်(၁၁) ကွက်ကို မော်ချီး-တောင်ငူ ကားလမ်းမြောက် ဘက်ခြမ်းရှိ

ယယ်တ

ကား၊ ရှိုးဒေါခို၊ ဖဟောခို၊ ဖိုးဘူးခို၊ စလောခီးနှင့် သလောလို ဂွင်များတွင် တူးဖော် လုပ်ကိုင်ခွင့် ရရှိသည်။ သို့သော် ၄င်းကုမ္ပဏီသစ် ၀င်ရောက် လုပ် ကိုင် မည်ကို ဒေသခံလူထုများသဘောတူညီမှုမရှိကြပါ။

(မှတ်ချက်။ ။ ဒေသခံ ခန့်မှန်းချက်အရ စုစုပေါင်းလုပ်ကွက် (၁၆)ကွက်ဖြင့် မြေဧက (၇၉၂)တူးဖေါ်ရန် ခွင့်ပြုချက်ရယူသော်လည်း အမှန်တကယ် လာရောက် တူးဖေါ်ချိန်တွင် ဧက ပေါင်း (၃၀၀၀) ၀န်း ကျင်ရှိ ရေမြေတောတောင်များ ပျက်စီးနိုင်သည်။)

မော်ချီးအနောက်ဖက်ခြမ်း မိုးဆာခီးဧရိယာအပါအ၀င် ကရင်

ပြည်နယ်နှင့်ကရင်နီပြည်နယ် နယ်စပ်အထိ ဧကပေါင်း(၁)သိန်း (စတု ရန်းကီလိုမီတာ ၄၂၆) နယ်မြေ ဧရိယာအကျယ်အ၀န်းဖြင့် ခဲမဖြူနှင့် အဖြိုက်နက် သတ္တုများ တိုင်းထွာတူးဖော်သွားရန် မိုးဆာခီးကုမ္ပဏီ၏

By MWMWN မော်ချီးသတ္တုဧရိယာပြင်ပဖက်ရှိ ကော်တူဒိုးကျေးရွာအနီးရှိ သစ်တောများကို ကယားငွေကြယ်ကုမ္မဏီမှ ဘိုဒိုဇာများဖြင့် တူးဖေါ်ရှင်းထုတ်သည့်ပုံ

ရတနာစိုင်းကောင်းမြတ်ကျော် သတ္တုတူးဖေါ်ရေးကုမ္ပဏီ (Yadanar Sai Kaung Myat Kyaw Mining CO.LTD)နှင့် နန်းရည်မွန်အောင် သတ္တုတူးဖေါ်ရေးကုမ္ပဏီ (Nan Yin Mon Aung Mining CO.LTD) တို့သည် ဖေဖေါ်ဝါရီလ၊ ၂၀၁၃ ခုနှစ်၊ လက်ရှိ မော်ချီး သတ္တု ဧရိယာ အပြင်ဘက်တွင် ခဲမဖြူနှင့်အဖြိုက်နက် သတ္တုလုပ်ကွက်သစ် (၁၆) ကွက်၊ ဧကပေါင်း ၇၉၂ ဧက တူးဖေါ်သွားရန် လျှောက်ထားချက်ကို ကယားပြည်နယ်အစိုးရမှ ကန့်ကွက်စရာမရှိကြောင်း ထောက်ခံပေး

လျှောက်ထားချက်ကို ကရင်ပြည်နယ်အစိုးရနှင့် ကယားပြည်နယ်အစိုး ရတို့မှ ကန့်ကွက်စရာမရှိ ခွင့်ပြုရန်ထောက်ခံပေးလိုက်ပြီး ဖြစ်သည်။ မိုးဆာခီးသတ္တုကုမ္ပဏီ(Mawsaki Mining CO.LTD)ကို ဦးထွန်းကျော် (ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွပ်မြောက်ရေးတပ်ဦး ဥက္ကဌ - ယခု အခါ အစိုးရ ထိန်းချုပ်မှုလက်အောက်ခံနယ်ခြားစောင့်တပ်)မှ ပိုင်ဆိုင် ပြီး နာမည်ကြီး မြန်မာရုပ်ရှင်မင်းသားလွင်မိုးပါဝင်သည့် ၾသစေတ်းလ် နိုင်ငံ ဖက်စပ်ကုမ္ပဏီတခုနှင့် ပူးပေါင်းလုပ်ကိုင်သွားမည်။

ခွင့်ပြုချက်ရထားသည့် နေရာများတွင် သတ္တုလုပ်ကွက်သစ်

များတူးဖေါ်လာပါက သတ္တုတွင်းလုံခြုံရေးအတွက်နှင့် နယ်မြေတခုလုံး ထိန်းချုပ်စိုးမိုးနိုင်ရန် အစိုးရကျောထောက်နောက်ခံပြုသည့် နယ်မြေ ခံပြည်သူ့စစ်များနှင့် စစ်တပ်များ တိုးချဲ့ချထားလာမည်။ အစိုးရ အ

လိုက်ပြီး နေပြည်တော် ဦးသိန်းစိန်အစိုးရမှလည်း ခွင့်ပြုချက်ပေးထား

တွက် မဟာဗျူဟာအရအရေးကြီးသည့် တောင်ငူ-မော်ချီး လမ်းကို

ပြီး ဖြစ်သည်။

သေချာပေါက် ပြန်လည်ပြုပြင် ဖေါက်လုပ်သွားမည်။ လက်ရှိဖါးဆောင်း

၃

rd k v d k t rsKd ; orD ; owW K wG i f ; apmif h = unf h a &;uG e f , uf


တွင် တည်ဆောက်နေသည့် သံလွင်တံတားပြီးစီးပါက ဤကားလမ်း ဖေါက်လုပ်ရန် ဖြစ်နိုင်ချေအလားအလာရှိပါသည်။ ဒေသခံလူထုများ စိုးရိမ် ကြသည်မှာ အကယ်၍ အစိုးရမှ မော်ချီး-တောင်ငူ ကားလမ်းကို ပြန်လည်ဖေါက်လုပ်ရန် ကြိုးပမ်းလာပါက အစိုးရနှင့် ကရင်နီခုခံတော်လှန်ရေးတပ်များ အကြား တိုက်ခိုက်မှုများ အသစ်တဖန် ပြန်လည်ပေါ်ပေါက်လာမည်။

ဘာ့ ကြောင့် ဤသတ္တုတိုးချဲ့ တူးဖေါ်ခြင်း လု ပ် င န်း ကို ကန့် ကွ က် ရ သလဲ ၁) ဘိုးပွားပိုင် စိုက်ပျိးမြေများကို ကု မ္ပ ဏီ များမှ လာရောက် ဖျက် ဆီးသွားပါက ဒေသခံ ရ ပ် ရွာလူ ထု အသက်ေ မွးဝမ်းကျောင်း ပျောက် ဆုံးသွားမည် ဖြစ်သည် ။ ၂) စစ်မှန်သော ငြိမ်းချမ်း ရေးမရှိ ဘဲ ကု မ္ပ ဏီ များနှ င့်  အစိုး ရတို့  သတ္တု တိုးချဲ့ တူး ဖေါ်လာခြင်းသည် နောက် ထ ပ် လက် န က် ကိုင်ပဋိပက္ခ ဖြစ်ပွားရန် မီးမွေးအားပေးသလိုြ ဖစ်ြ ပီး ဒေသခံ လူ ထု အပေါ် ရှေ့ ဆက် ဒု က္ခ ကျရောက်ေ စမည် ဖြစ် သည် ။ ၃) ဒေသခံလက်နက်ကို င် အ ဖွဲ့ အစည်း များအား သတ္တု တူးဖေါ်လု ပ် ကို င် ခွ င့်ေ ပးထားခြင်းသည် ဒေသခံ လက် န က် ကို င် အ ဖွဲ့အစည်း အ ချင်းချင်းအကြားနှင့် လူ ထု အ ချင်းချင်း အကြား ပဋိ ပ က္ခြ ပဿနာများ ဖြစ်ေ ပ်ါလာစေပါသည် ။ ဤသည် မှာ သွေးခွဲ အု ပ် ချုပ်ရေးစနစ်ကို ရည်ရွက်ချက်ရှိရှိ ဆက် လက် ကျင့်  သုံးနေသေးသည့်  အ တွ က် အမျိုးသားပြန် လည် သင့်ြ မတ်ေ ရးနှ င့်  စစ် မှ န်ေ သာ ငြိ မ်းချမ်းရေးဆီ ဦးတည်သည့် လုပ်ငန်းကို အားပျော့ေ စပါသည် ။ ၄) အစိုးရအကွက်ဆင်သည့်  အတို င်း သယံ ဇာတလု ယူ မှုေ ကြာင့်  ဒေသခံ လူ ထု နှ င့်  ဒေသခံ အ ဖွဲ့  အစည်းများ အချင်း ချင်း ပြဿနာများ ဖြစ်ပေါ်လာပါက စစ်တ ပ် အ နေဖြင့်  အင် အားသုံးပြီး နယ်ေ မြကို ၀င်ေ ရာက် ထိ န်းသိ မ်း ချုပ် ကို င် ရ န် အမြတ် ထု တ် သွားကာ စစ်တပ် အုပ်ချုပ်ရေးကို ဆက်လက် ချမှ တ် သွားမည် ဖြစ် သည် ။

ထို့  ကြောင့်  မိ မိ တို့  ပြည် သူ လူ ထု အ နေဖြင့်  အောက် ပါအတို င်း တောင်း ဆို လို သ ည် မှာ ၁) မတ်လ၊ ၂၀၁၂ ခုနှ စ် တွ င် ကေအဲ န် ပီ ပီ အပစ် အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးချိန်မှစ၍ ခွင့်ပြုချက်ဖြင့်  လု ပ် ကို င် လာသည့် သတ္တုစီမံကိ န်း သစ် များအားလုံးကို ဖက်ဒရယ်စနစ်သစ်အစိုးရလက်အောက်ခံ တိုင်းရင်းသားပြည်န ယ် များ၏ ကိုယ်ပိုင်သဘာဝအရင်းအမြှ စ် များအပါ် ကို ယ် ပို င်စီမံအုပ်ချုပ်ခွင့်ကို ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေပြင် ဆင်ြ ခင်းမှ တဆင့် ပေးထားခြင်းမရှိ လာမချင်း သတ္တု စီ မံ ကိ န်းလုပ်ငန်းများ ရပ်စဲထားရန်နှင့် မည်သည့်စီမံကိန်းကိုမ ဆိုေ ဒသခံ လူထုများအား လွတ်လပ်ေ သာဆန္ဒြ ဖင့်  ထု တ်ေ ဖ်ါပြောကြားသည့်သဘောတူညီချက် FPIC(Free Prior and Informed Consent) စဉ်းမျဉ်းများကို ကျင့်  သုံးခွ င့်  ရှိ ရ န် သေချာစေရမည်။ ၂) တောင်သူလယ်သမားများ၏ မြေယာများအား သတ္တုတွင်းကုမ္ပဏီများ သိမ်းပိုက်ခြင်းနှင့် အလွဲသုံးစားခြင်း မှ ကာ ကွယ်ပေးနိုင်သည့် မြေယာဥပဒေသစ် များပြဌာန်းရမည်။ ၃) ကုမ္ပဏီများနှင့် အာဏာပို င် များသည် ပြည် သူ လူထုထံ သိမ်းဆည်းထားသည့်မြေယာများအားလုံး ပြန်လည် အပ် နှ င်း ပြီး ဆုံးရှုံးသွားသည့် သီး နှံ များနှ င့်  လု ပ် ကို င် စားသောက်မှုလုပ်ငန်းများအတွက် လုံလောက်သော လျော်ကြေးများ ပြန် လည်ပေးဆောင်ရမည် ။ ၄) တိုင်းရင်းသား လက် န က် ကို င် အဖွဲ့  အစည်းများသည် လူထုနှင့်နည်းတူ မျှဝေပိုင်ဆိုင်လာခဲ့ကြသော သဘာဝအမွေ အ နှစ်များဖြစ်သည့် တောတောင် များ၊ မြစ်ေ ချာင်း များ၊စိုက်ပျိုးမြေများနှင့် ပြည်သူလူထု၏ အသက်မွေးဝမ်းကျောင်း ပုံ စံများ မပျောက်ဆုံးရလေအောင် ၀ို င်း ၀န်း ကာကွယ်ထိန်းသိမ်းသွားကြရန်နှင့် ကိုယ်ကျိုးများကိုသာ မကြည့်ြ ကရန် တောင်းဆို သည်။

rd k v d k t rsKd ; orD ; owW K wG i f ; apmif h = unf h a &;uG e f , uf

၎


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.