rogma

Page 1

1

ဓမ္မဟောင်းကျမ်း၏ပုံဆောင်ချက်များ သင်ခန်းစာ (၂၄) နိဒါန်း ဤသင်ခန်းစာကို ကျွန်ုပ်ပြင်ဆင်နေချိန်တွင် Pentateuch ခေါ်မောရှေ (၅)ကျမ်း၍ ပုံဆောင်ချက် အမြောက် အများတွေ့ရှိ ရသောအခါအားတက်မိပါသည်။ တစ်ချိန်တည်းမှာပင် ထိုပုံဆောင်မှုအားလုံးကို ဤသင်ခန်းစာတွင် ထည့် သွင်းဖော်ပြနိုင်မည် မဟုတ်ကြောင်း သတိပြုမိပါသည်။ မည်သို့ပင်ဖြစ်စေယခုဖော်ပြထားသောပုံဆောင်မှုများသည် အား လုံးကိုသိလိုသော ၀ိညာဉ် ဆာလောင်မှုပေါ်ပေါက်စေမည်ဟုမျှော်လင့်ပါသည်။ သခင်ယေရှုခရစ်သည် ဓမ္မသစ်ကျမ်းစာတွင်သာမကဓမ္မဟောင်းကျမ်းစာတွင်ပါ အဓိကအကြောင်းအရာ နှင့် အဓိကဖော်ပြလိုသောပုဂ္ဂိုလ်ဖြစ်ကြောင်းအမြဲသတိပြုရပါမည်။ ယော၊ ၅း၃၉။

ထိုကျမ်းစာ (ဓမ္မဟောင်း) ပင်ငါ၏သက်သေဖြစ်၏။

လုကာ၊ ၂၄း၂၇။

ထိုအခါမောရှေ၏ကျမ်းစာမှစ၍ပရောဖက်တ့၏ို ကျမ်းစာ၊ (ဓမ္မဟောင်း) ၌

ကိုယ်တော်ကိုရည်မှတ၍် ရေးထားသမျှသောကျမ်းစာချက်အနက်ကိုရှင်းလင်းစွာဖော်ပြတော်မူ၏။ လုကာ၊ ၂၄း၄၄။

မောရှေ၏ကျမ်းစာ၌လည်းကောင်း၊ ပရောဖက်တ့၏ို ကျမ်းစာ၌လည်းကောင်း၊ ဆာလံကျမ်းစာ၌ လည်းကောင်း

ငါ့ကိုရည်မှတ်၍ရေးထားသမျှသောအချက်တ့သို ည်ပြည့်စုံရမည်။ တ၊ ၈း၃၅။

ဖိလ္လိပ္ပုသည် မိမိနှုတ်ကိုဖွင့်၍ထိကျုမ်းချက် (ဟေရှာ ၅၃)ကိုအစွဲပြုလျက် ယေရှု၏အကြောင်းတည်း

ဟူသောဧ၀ံဂေလိတရားကိုဟောလေ၏။ တ၊ ၁၇း၂-၃။

ပေါလုသည်---ဥပုသေ် န့သုံးရက်တွငက်ျမ်းစာ (ဓမ္မဟောင်း)ကို အမှီပြု၍ထိုသူတ့နှိုင့် ဆွေးနွေးနှီနှော သဖြင့်၊

ခရစ်တော်သည်အသေခံရမည်။ သေခြင်းမှထမြောက်ရမည်။ ငါပြောသောယေရှုသည် ခရစ်တော်ဖြစ်သည် ဟူသော အကြောင်းအရာတိ့ကိုရှင်းလင်းစွာဖွငြ့် ပလေသည်။ ဓမ္မဟောင်းကျမ်းစာတွင်ခရစ်တော်၏ဧ၀ံဂေလိတရားတော်သည်ပုံဆောင်ချက်များ၊ အရိပ်များ၊ သဏ္ဍာန်များ၊ စကားသရုပ်များ၊ ဖြင့်လျှို့ဝှက်ဖုံးကွယ်ထားလျက်ရှိပါသည်။ ဓမ္မသစ်ကျမ်းစာတွင်လုးံ ၀ပေါ်လွင်နေပြီးဖြစ်ပါသည်။ "ပြောရလျှင်" အသစ်သည် အဟောင်းထဲ၌ပါဝင်လျှက်၊ အဟောင်းကိအု သစ်အားဖြင့်အနက်ဖွင့ရ် ပါသည်။ ဓမ္မဟောင်း ကျမ်းမှကောက်နှုတ်ချက်ပေါင်း (၈၀၀)ကျော်ဓမ္မသစ်ကျမ်းတွင်တွေ့ရှိရပြီး၎င်းတိ့အု နက်မှအများစုသည် ခရစ်တော်ကို ရည်ညွှန်းထားပါသည်။ ဓမ္မဟောင်းကျမ်းမှပုံဆောင်ချက်အကြောင်းလေ့လာခြင်းဖြင့်ဓမ္မဟောင်းကျမ်းစာ၏အရေးပါမှုကိုပိုမိုသတြိ ပုမိစေရန်နှင့်ထိုအရာများကိုလေ့လာခြင်းအားဖြင့်ခရစ်တော်အားချစ်ခင်မှုပိုလာစေမည်ဟုမျှော်လင့်လျက်၊ ဤသင်ခန်းစာကို ပြင်ဆင်ခြင်းဖြစ်ပါသည်။ ဤသင်ခန်ူစာအရေးကြီးပုံ။ ခရစ်တော်သည် ကျမ်းစာရှိသမျှ၏ ဗဟိုချက်၊ အဓိကအချက်အကြောင်းကြီးဖြစ်သည်။ စာအုပ်တိုင်းတွင် ခရစ်တော်ကိုပုံ ဖော်ထားပါသည်။ မောရှေ (၅)ကျမ်းတွင်ခရစ်တော်၏ပုံဆောင်ချက်အမြောက်အမြားတွေ့ရှိရပါသည်။


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.