စာမူခွင့်ပြုချက် အမှတ် ၅၀၁၁၁၃၁၀၁၀ မျက်နှာဖုံးခွင့်ပြုချက်အမှတ် ၅၀၁၂၈၀၁၁၁၀ ပထမအကြိမ် ၂၀၁၁ ခု၊မတ်လ အုပ်ရေ ၅၀၀ တန်ဖိုး ၁၅၀၀ ကျပ် မျက်နှာဖုံး ဒီဇိုင်း ပန်းချီဇော်မောင် အတွင်းဖလင် Colour King ထုတ်ဝေသူ ဒေါ်ခင်မျိုးမြတ်၊ နန်းဒေဝီစာပေ၊ အမှတ် ၂၁၅၊ ရှမ်းလမ်း၊
စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့။
မျက်နှာဖုံးနှင့် အတွင်းပုံနှိပ်သူ ဒေါ်ခင်လ(ှ စာပေလောက) ၁၇၃၊ ၃၃ လမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
မာတိကာ ကိုယ်ရေးအကျဉ်း...................................................................................... 4 မုဒိတာ စကားဦး ....................................................................................... 6 လူမည်းကြီး ဝှိုက် The Black Man ‘White’ ..................................................... 9 ကြွေမွ၊ လွင့်စဉ်၊ နဂိုအတိုင်း၊ ပုံမပျက် ........................................................... 14 ချောင်းဆိုးလျှင် လက်မကို ဝှက်ထားပါ ......................................................... 15 နှစ်လုံးတည်းပဲ ဒါပေမယ့် မျက်စိ ................................................................. 17 ခိုတွေ မပျံကြတော့ဘူး ............................................................................. 19 PHOTOGRAPHIC MEMORY ................................................................... 22 GG သည် ပြေးသည် အဝေးကို ................................................................... 25 တစ်ခန်းရပ် ပြဇာတ် ................................................................................. 29 ၎င်းတို့ကို မြင်၊ ကြား၊ ဖတ်၊ တွေ့ပြီးနောက် ..................................................... 34 Valentine’s Day ဆိုလို့ ........................................................................... 36 လူနာအမှတ် သုည .................................................................................. 39 ISOTOPE များ....................................................................................... 43 ကမ္ဘာ့ဖလား လှိုင်းအလျားများ .................................................................... 45 ယူပါ ဒုက္ခ ............................................................................................. 48 ကြက်ဥနဲ့ ခလောက်ဖို့ ဦးနှောက် ................................................................. 49 အခြေအနေမဲ့ ဝတ္ထု.................................................................................. 51
စာပေ ကလောင်အမည်
- ကျားပေါက်
အမည်အရင်း
- ဟန်ထူးလွင်
အလုပ်အကိုင်
- သွားဘက်ဆိုင်ရာ ဆရာဝန်၊ တေးရေး ၊ တေးဆို
မွေးသက္ကရာဇ်
- မေ ၂၀၊ ၁၉၈၃ ခုနှစ်၊ သောကြာနေ့
မိဘအမည်
- ဦးမောင်မောင်လွင်၊ ဒေါ်မွန်မွန်ကျော်
အနုပညာလောကသို့ စတင်ဝင်ရောက်ခဲ့သည့်ခုနှစ်
- ၁၉၉၇ တွင် Drum အတီးသမား ဘဝမှ စခဲ့၊ လက်ရှိ Big Bag Band တွင် ရေး၊ ဆို၊ တီး
စာပေလောကသို့ စတင်ဝင်ရောက်ခဲ့သည့်ခုနှစ်
- ၂၀၀၈ ခုနှစ်( နာဂစ်အပြီး)
ပထမဦးဆုံး ထုတ်ဝေခဲ့သည့် စာစုအမည်
- ပစ်မှတ် အပြင်ဘက်မှ စကားလုံးများ
ထုတ်ဝေသူ
- ဆုပြည့်စုံထွန်း စာပေ လက်ရှိတွင် (Wellness / သရဖူ / Idea) စသည့် မဂ္ဂဇင်းများတွင် ရံဖန်ရံခါရေးသား။ ဇနီး ဇုံဇုံ၊ သမီး အမရာထူးလွင် (ခ) Emerald တိ့နှုင့် အတူ ပါရမီ၊ ရန်ကင်းမြို့နယ်တွင်
နေထိုင်လျက်ရှိ။
••••••••••••••••
ကြောင်စာ သရဖူနဲ့ Wellness က စာတွေ စုပြီး ပြန်ဖတ်ကြည့်တော့ သံစုံထွက်နေတယ်။ အသံတွေက နိမ့်လိုက် မြင့်လိုက်၊ တချို့က ကြောင်တောင် ဖြစ်လိုက်ပေါ့။ ကြောင် တစ်ကောင် စန္ဒရားခလုတ်တွေပေါ်က ဖြတ်လျှောက်သွားလို စိတ်ထဲမှာ ဖြစ်မိတယ်။ ဒိုရေမီဖာ နားမလည်တာ ကြောင်အပြစ် မဟုတ်ပါဘူး။ အဲဒီကြောင်ကို သင်တို့ဆီ လွှတ်လကိုပါတယ်။ ••••••••••••••••
[၁] ကျွန်တော်တို့ ရိုးရိုးသားသားပဲ တွေးကြည့်ပါမည်။ လူတွေ ဘာကြောင့် စာရေးကြသနည်း။ ရှင်းရှင်းလင်းလင်း ပြောရလျှင် ပြောစရာရှိတာတွေ ပြောဖို့ဟု အဖြေထွက်လာမည် ထင်ပါသည်။ (စာနဲ့ရေး ပြောရ တာက ပိုထိရောက် တွင်ကျယ်သဖြင့် ထိုနည်းလမ်းကို
အသုံးပြုခဲ့ကြခြင်း
ဖြစ်ပါသည်။)
သို့သော်
ထမင်းစား
ရေသောက်
ကိစ္စလောက်
ပြောဖို့နှင့်တော့ စာရေးရန် အားထုတ် ကြလိမ့်မည် မထင်။ သာမန်ထက် ပိုကဲသော အကြောင်းကိစ္စမျိုး ပြောဖို့ရန်
ရှိကြသည့်အတွက် သာ စာရေးကြခြင်း
ဖြစ်သည်။ အချို့လူတ့တွိုင် လူ့လောက လူ့ဘဝနှင့် ပတ်သက်၍ ဖြစ်ပေါ်လာသော ဒေါမနဿ၊ သောမနသ၊ စေတနာ ဝေဒနာတိ့ကို အများလည်း မျှဝေ ခံစားလိစိုတ် ရှိကြသည်။ သူတ့၏ို သုံးသပ်ရှုမြင်ချက် အချို့သည် အများနှင့် သဟဇာတ ဖြစ်ချင်မှ ဖြစ်မည်။ အစဉ်အလာ အယူအဆများနှင့် အံဝင်ခွင်ကျ ဖြစ်ချင်မှ ဖြစ်မည်။ သု့ေိ သာ် ကဲ့ရဲ့ ခံရခြင်း၊ ချီးမွမ်းခံရခြင်းများကို အမှုထားဟန်မတူဘဲ နှလုံးသွေးအစစ်ကို ဖောက်ထုတ်ပြရန် ဝန်မလေးတတ်ပေ။ ကျားပေါက်သည် ထိုအထဲမှ တစ်ယောက်ပင် ဖြစ်လေသည်။ [၂] လူငယ်တွေ တခြားနယ်ပယ်မှ
စာရေးကြသည်။
လူငယ်များလည်း
စာပေလောက
စာရေးကြသည်။
နယ်ပယ်ထဲမှ
ပန်းချီလောကမှ
လူငယ်များ ငြိမ်းချမ်းဆု၊
မဟုတ်ဘဲ သည်မော်နိုင်၊
ဂီတလောကမှ အရိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဂစ်တာ နိုင်ဇော်၊ ယခု ကျားပေါက်။ ရုပ်ရှင်လောကမှ ညိုမင်းလွင်၊ မောင်မျိုးမင်း၊ နေတိုး။ ဘာဖြစ်သလဲ။ ကျွန်တော်ကတော့ စာရေးချင်သူ မှန်သမျှကို လက်ခံကြိုဆိုသည်။ ဤအနုပညာ ရပ်များမှာ တစ်ခုနှင့်တစ်ခု ဆက်နွှယ် ထိစပ်နေသည်။ သီခြား ကင်းလွတ်နေသည့် အရာများ မဟုတ်။ ကျွန်တော်တို့ ကဗျာဆရာတွေလည်း တချို့ ရုပ်ရှင်ရိုက်ကြသည်။ ချိုတူးဇော်၊ မင်းထင်ကိုကိုကြီး။ တချို့ ပန်းချီရေးကြသည်။ တချို့ သီချင်းရေးကြသည်။ နာမည်ကြီးချင်လို့၊ ရည်ရွယ်ချက်နှင့်
ဖက်ရှင်ထွင်ချင်လို့၊
ရေးသူတွေနှင့်
တစ်မိုးလုံး
အသွေးအသားထဲက
ပါလို့
ဖျောက်ဆိပ် ရေးသူတွေ
ဖြစ်ချင်လို့ မတူ။
ဟူသော
အလွယ်တကူနငှ့်
ခွဲခြားရနိုင်သည်။ သူ့စာကို အကဲခတ်ရုံနှင့် စာပေ၌ ဘယ်လောက် အထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်နေသူ၊ ဘယ်လောက် ဇရှိသူ၊ ဘယ်လောက်အထိ တာသွားမည့်သူဟု အဆုံးအဖြတ် ပေးနိုင်သည်။ စုဝေး ပေးပို့ ထားသော သူ့စာ(ဝတ္တုတို) တွေဖတ်ပြီး ကျားပေါက်ကား ငတ်၍ ရေးသောသူ၊ မြတ်၍ ရေးသောသူ မဟုတ်ဘဲ တတ်၍ ရေးသောသူ ဖြစ်ကြောင်း သိနိုင် သည်။ သမ္ဘာနုသော်လည်း ပညာမနု။ အပျော်တမ်းလက်
မဟုတ်ဘဲ
တန်းမီကမ်းမီ
လက်
ဖြစ်နေပါသည်။
ကျွန်တော့်အဆို မလွန်ကြောင်း သဘောပေါက် ကြပါလိမ့်မည်။
သူ့ဝတ္တုများကို
ဖတ်ပြီးပါက
‘Isotope များ’ ဝတ္တုကို ဖတ်၍ သူသည် မော်ဒန်ကို ကျော်ကာ၊ ပိုစ့်မော်ဒန်ထဲ ခြေချနေကြောင်း အကဲခတ်နိုင်သည်။ (တခြားဂြိုဟ်မှ ဟု ဆိုသော် လူမဟုတ်၊ တိရစ္ဆာန် မဟုတ် အစိုင်အခဲ အရည်အငွေ့လည်း မဟုတ်သော ဖြစ်တည်မှု တစ်ခုနှင့် ဆွေးနွေး ခန်းဖြစ်သည်) ထိုဝတ္ထုတွင် ထင်ထင်ရှားရှားပင်။ ဘာသာစကား Medium သည် ပြည့်စုံခြင်းမရှိ ဟူသော အယူအဆကို တွေ့ရ သည်။ ယင်းမှာ ပိုစ့်မော်ဒန်
အယူအဆဖြစ်သည်။
ပို့စ်မော်ဒန်တွင်
ဆရာတစ်ဆူ
ဖြစ်သော
Jean
Baudril
lard
သဘောထားဖြစ်သည့် အမှန်တရားဟူ၍ မရှိ။ လောက တွင် ဟုတ်သယောင် ထင်နေရသည့် အရာများသာ လွှမ်းမိုးနေသည် ဆိုသော (Regime of simulacrum) အမြင်ကိုလည်း တွေ့ရလေသည်။ စကားလုံးများက အသိဥာဏ်ကို ကန့်သတ်ထားသည် ဆိုသော ဒဿနကိုလည်း ရှုမြင်နိုင်သည်။ သူ့ဝတ္ထုများသည် မျက်မှောက်ခေတ် လူမှုဘဝ ပြဿနာများကို အဖြေ ထုတ်ရန် ကြိုးစားသော လူငယ်တစ်ဦး၏ အတွေးအမြင် ထင်ဟပ်ချက်များသာ ဖြစ်သည်။ ‘GG သည် ပြေးသည် အဝေးကု’ိ နှင့် ‘လူနာအမှတ်
သုည’
ဝတ္ထုတို့တွင်
ထိုသဘောကို
ဖော်ညွှန်းထားသည်။
GG
သည်
ကလေးဘဝမှ
ကွယ်လွန်ခဲ့သည် အထိ ခေတ်လူ၏ ဘဝမှတ်တမ်း ဖြစ်ပျက်မှု စဉ်းစားဖွယ် ရှုထောင့်များမှ တင်ပြထားသည့် အတွက် ဝတ္ထုမှာ အသက်ဝင်နေသည်။ သူသည် မော်ဒန် ဝတ္ထုများသာမက စတိုင်ယာခေါ် သရော်ဟန်ဘက် နွှယ်သော ဝတ္ထုများ ရေးသည်၌လည်း လက်စောင်းထက်သူ ဖြစ်သည်။ (ကျွန်တော် လည်း ဝတ္ထုရေးရန် များစွာ စိတ်အား ထက်သန်သူ ဖြစ်သည်။) သူ၏ စတိုင်ယာပုံစံ ဝတ္ထုများကို (၁) တစ်ခန်းရပ် ငရဲပြဇာတ် (၂) ၎င်းတို့ကို မြင်ကြား ဖတ်တွေ့ပြီးနောက် (၃) ခိုတွေ မပျံကြတော့ဘူး စသည်တ့တွိုင် ထိထိမိမိ ဖတ်ရှု ကြည့်နိုင် လေသည်။ သူသည် ဘာမှမဟုတသ် ည့် အကြောင်းအရာ ကလေးများ ကိုပင် စာဖတ်သူ စိတ်ဝင်စားဖွယ် ရှိလာအောင် ရေးဖွဲ့တတ်သူ ဖြစ်သည်။ ဥပမာ Photographic Memory တွင် ရှုပါ။ ယျေဘုယျအားဖြင့် ကိုယ် ပြောချင်တာကို ထိထိရောက်ရောက် ဖတ်သူ သိအောင် ပြော (ရေး) နိုင်သူကိုပင် စာရေး ကောင်းသူဟု ဆိုရမည် ဖြစ်ပါသည်။ သူသည် တစ်ဖက်ကလည်း သီချင်း ရေးဖွဲ့သူ ဖြစ်သဖြင့် ဤအချက်က စာရေးရာတွင် အထောက်အပံ့ပြုပုံ ရပါသည်။ [၃] ၁၉၉၀ တစ်ဝိုက် မြန်မာစာပေ လောက၌ မော်ဒန်ဝတ္ထုများသည် စာပေ အမျိုးအစားသစ် တစ်ရပ်အနေဖြင့် တွင်တွင်ကျယ်ကျယ် စတင် နေရာရလာ ခဲ့သည်ဟု ဆိုနိုင်သည်။ ၁၉၈၀ တစ်ဝိုက်က ကျွန်တော်တ့(ို ဇော်ဇော်အောင်၊ မြင့်သန်း၊ နေမျိုး စသည်ဖြင့်) စတင် လမ်းဖောက်ခဲ့သည့် လမ်းကြောင်းတစ်ခု။ ထိုလမ်းကြောင်း ပေါ်တွင် ဆက်ကာ လျှောက်လှမ်းသူများ အဖြစ် မင်းခိုက် စိုးစန်၊ တာရာမင်းဝေ စသူတို့ ထင်ရှားအောင်မြင် လာကြသည်။ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းတွင်မှု မြန်မာမော်ဒန် ကဗျာဆရာ အများအပြား
ထွက်ပေါ်
လာသော်လည်း
မရှိသလောက် ရှားပါးလှသည်။
မော်ဒန်ဝတ္ထုတိုရေးသူ
လူသစ်ဟူ၍
ထွက်ပေါ်လာခြင်းမှာ
ဘာကြောင့်လဲ။ သုံးသပ် အဖြေရှာ ကြည့်သင့်သည်။ မြန်မာမော်ဒန် ဝတ္ထု များကို လက်ခံဖတ်ရှုသူ မရှိ၍လား၊ မဟုတ်၊ ကျွန်တ်ာတော်တို့၏ ဝတ္ထုတို ပေါင်းချုပ်များ ရောင်းနေရခြင်းဟာ ပရိတ်သတ် အတိုင်း အတာ တစ်ခုအထိ ရှိကြောင်း ဖော်ပြ နေသည်။ လူငယ်တွေက ဖန်တီးရ ခက်ခဲသည့်အတွက် နောက်ဆုတ် သွားကြ သလား။ မဖြစ်နိုင်။ အနုပညာသမား အစစ်အတွက် ဖန်တီးမှု အခက်အခဲ ဆိုသည်မှာ ပျော်စရာ ကောင်းသည့် စိန်ခေါ်မှုတစ်ရပ်သာ ဖြစ်သည်။ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အဆင့်ရှိသော၊ လက်ရာကောင်း မော်ဒန် ဝတ္ထုတိုများ ဖန်တီးနိုင်စွမ်း ရှိသည့် လူငယ် မီးခဲပြာဖုံးလေးတွေ ရှိနေသည်။ ဒီလောက်တော့ ဇွဲရှိရှိနှင့် အားထုတ်ဖို့ လိုသေး သည်။ မြင်သာသော
အချက်မှာ
မော်ဒန်
ဝတ္ထုတိုများကို
အသားပေး
ဖော်ပြလျက်
ရှိသော
(ယခင်ခေတ်များက ကဲ့သို့ ဟန်သစ်၊ သရဖူ) မဂ္ဂဇင်းများ မရှိတော့ခြင်းပင် ဖြစ်သည်။ လက်ရှိ ထုတ်ဝေ နေသော မဂ္ဂဇင်းများတွင် မော်ဒန် ဝတ္ထုတိုများမှာ နေရာကောင်း မရနိုင်ကြ။ နာမည်ရပြီးသား ကလောင် ဟောင်းများ ဖြစ်သော (ဇော်ဇော်အောင်၊ သစ္စာနီ၊ နေမျိုး၊ မင်းခိုက်စိုးစန်) တို့၏ ဝတ္ထုတိုများ လောက်ကိုသာ ဖော်ပြပေးလေ့ ရှိကြသည်။ ဤလို
အချိန်မျိုး၌
မော်ဒန်အမျိုးအစား
ဝတ္ထုတိုများကို
အစဉ်တစိုက်
ရေးဖွဲ့လာသည့်
ကျားပေါက်ကို တွေ့ရသည်မှာ ကြိုဆိုဖွယ်ရာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စပင် ဖြစ်သည်။ သူ့ဝတ္ထုတိုများကို ကျွန်တော်က ကြိုက်နှစ်သက်သဖြင့် ဤမုဒိတာ ပွားသောစာကို ရေးလိုက်ရသော်လည်း စာဖတ်သူတိုင်း ကြိုက်နှစ်သက်ရမည်ဟု အာမခံချက် မပေးနိုင်ပါ။ အဘယ်ကြောင့် ဆိုသော် မော်ဒန်ဝတ္ထု ဆိုသည်မှာ အကန့် အသတ် ရှိသောကြောင့် ဖြစ်သည်။ မည်သ့ဆိုစေ၊ မော်ဒန် စာဖတ်ပရိတ်သတ် ( သု့မိ ဟုတ)် အရေးအသား အသစ်၊ တင်ပြပုံ အသစ်နှင့် လေးနက်သော ဘဝအမြင်ကို စိတ်ဝင်စားသော ပရိတ်သတ်များ အတွက်မူ နှစ်ခြိုက်စဖွယ် ဝတ္ထုများ ဖြစ်ကြောင်း စကားဦး သန်းလိုက်ရပါကြောင်း။ အားလုံးကို လေးစားလျက် သစ္စာနီ ၇၊၇၊၂၀၁၀။
••••••••••••••••
‘မစ္စတာ ဂယ်ဗင်၊ တိုကင်နံပါတ် ၁၈၊ ဒေါက်တာအိုင်းဇက်ခ်နဲ့ တွေ့နိုင်ပါပြီ’ မျက်နှာကြက်ထောင့်ရှိ စပီကာ သေးသေးမှ နာ့စ်မ၏ လူနာခေါ်သံ ခပ်စူးစူး ထွက်လာလေသည်။ သို့သော် သူ တုပ်တုပ်မျှ မလှုပ်။ အဘယ်ကြောင့် ဆိုသော် သူက ဂယ်ဗင် မဟုတ်၍ ဖြစ်သည်။ သူ့ဘေးမှ အဘိုးအို တစ်ဦးသာ တုတ်ကောက် အားကိုးဖြင့် တုန်တုန်ယင်ယင် ထထွက် သွားလေသည်။ ဂယ်ဗင်ဆိုတာ ၄င်းပုဂ္ဂိုလ်ပဲ ဖြစ်မှာပေါ့။ သူ့မှာတော့ တုံကင် နံပါတ်မရှိ။ သူ ဆေးခန်း လာပြခြင်းလည်း မဟုတ်။ သူ၏ ဆေးစစ်ချက်များနှင့် ပက်သက်၍ ဆွေးနွေးစရာ ရှိသည်ဟု ဆိုကာ ဒေါက်တာ နေသန်က သူ့အား ချိန်းထား၍ ဤနေရာသို့ သူ ရောက်နေရခြင်း ဖြစ်သည်။ သူ နံနက် ၈ နာရီ ခွဲကတည်းက စောင့်နေခဲ့ခြင်း ဖြစ်၍ ယခု ၁၁ နာရီပင် ထိုးတော့မည်။ ဒေါက်တာနေသန်နဲ့ ၉ နာရီတွင် တွေ့ရမည်ဟု မျှော်လင့် ထားသော်လည်း ယခုထိ နေသန်၏
အရိပ်ကို
ဝိုးတိုးဝါးတားမျှပင်
မတွေ့ရ။
ကိစ္စမရှိ။
အချိန်စောင့်ရတာ
ဤသို့သော
အခမဲ့
သက်ကြီးပင်စင် ဆေးရုံများအတွက် စာဖွ့စဲ ရာ ကိစ္စမဟုတ်။ အချိန် ဆိုတာဟာလည်း သူ့လို အသက်အရွယ်တွေ အတွက်တော့ မီးညှိ ထားသော စီးကရက် လိုပါပဲ။ သောက်သည် ဖြစ်စေ၊ မသောက်သည် ဖြစ်စေ သူ့ဟာသူ လောင်ကျွမ်းသွား ကြတာချည်းပင်။ သေရေးရှင်ရေး အားကိုးလိ့ရု သော ယခုလို ပရိဟိတ ဆေးရုံတွေ ရှိတာကပင် သူ့လို လူတန်းစားများ အတွက် ကံကောင်းခြင်း တစ်ပါးပင် ဖြစ်လေသည်။ စားပွဲပေါ်ရှိ
နှစ်ရက်
နောက်ကျနေသော
သတင်းစာကို
အလွတ်ရမတတ်
ရှေ့မှနောက်မှ
ပြန်ဖတ်ရင်း သူ အိပ်ငိုက်စ ပြုလာသည်။ ထိုစဉ်တွက်ပင် ယူနီဖောင်း အစိမ်းရောင်ဝမ်းဆက် ဝတ်ထားသော နာ့စ်မလေး တစ်ယောက် သူ့ရှေ့ရောက်လာပြီး ‘မစ္စတာ ဝှိုက် ထင်ပါရဲ့ရှင်၊ ဒေါက်တာနေသန်က ဦးလေးကို စောင့်နေပါပြီ၊ အခန်း နံပါတ် A3 ကို သွားလိုက်ပါနော်’ ဟု ဆိုလေသည်။ ‘ကျေးဇူးပဲ သမီးရေ’ ဟု ပြောကာ သူ A3 ရှိရာ ဆေးရုံတွင်း စကြံ င်္လမ်းကြား လေးထဲ လျှောက်လာလိုက်သည်။ ယခုမှပင် ဒေါက်တာနေသန်က သူ့ကို ဘာကြောင့် တွေ့ချင်မှန်း တွေးလာမိသည်။ ဆေးစစ်ချက် အဖြေတွေကို ပုဂ္ဂိုလ်တစ်ဦးချင်း တွေ့ပြီး ပေးလေ့မရှိ။ ပြင်ပ လူနာဌာနတွင်သာ စောင့်ထုတ်၍ ဆရာဝန် လွှဲစာပါလျှင် ယင်း လွှဲစာထဲမှ အထူးကုနှင့် သွားရောက် ပြသရန်သာ ဖြစ်သည်။ ယခုတော့ ထိုသို့မဟုတ်။ သူ အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ထိန်းထား သည့်ကြားမှ ချောင်းအလွန် ဆိုးချင်လာ၍ ပါးစပ်ကို လက်ကိုင်ပုဝါနှင့် အုပ်ကာ သူ အနည်းငယ် ကျယ်လောင်စွာ ချောင်းဆိုးပစ်လိုက်သည်။ သွေးစလေးများ
ထို့နောက်
လက်ကိုင်ပုဝါ
သူ့လက်ကိုင်ပုဝါကို
အဖြူရောင်
သူ
ညစ်ညစ်ပေါ်မှာ
ပြန်ကြည့်လိုက်သည်။ ထင်းလျက်။
ဤ
ထုံးစံအတိုင်း
သွေးထွက်အောင်
ချောင်းဆိုးသော ရောဂါကြောင့်ပင် သူ့ကို ဆေးစစ်ချက်များ ပြုလုပ်ကြခြင်း ဖြစ်သည်။ လွန်ခဲ့သော ၃ နှစ်ခန့်က စ၍ သူချောင်းဆိုးလျှင် သွေးစလေးများ ပါပါ လာတတ်သည်။ ဆေးမြီးတိုဖြင့် ကုလိုက် သက်သာသွားလိုက်နှင့် သူ ပေါ့လျော့ နေခဲ့သည်။ ပြီးခဲ့သည့် ၄ လမှ စ၍ သူ့အခြေအနေ ဆိုးလာသည်။ ရင်ဘတ်ထဲတွင် အချိန်ပြည့် မွန်းကျပ်နေသည်။ ကိုယ် အလေးချိန်ကျ၍ အအိပ်၊ အစား မမှန်တော့။ မကြာခဏ အမောဖောက် ဖောက်လာတတ်သည်။ ရင်ဘတ်ထဲမှာ အမြဲမွန်းကျပ် နေသည်။
ညဘက်
အသံ
ကျယ်လောင်စွာ
ချောင်းဆိုးလွန်း၍
သူနေသည့်
လူအိုရုံတွင်
သူ့မူလ
အခန်းဖော်အစား နားထိုင်းကြီး ‘ဘင်’ နှင့် အစားထိုး လိုက်ရသည်အထိ ဖြစ်လာပြီ။ ထိုအခါမှပင် သူလည်း ဤပရဟိတ ဆေးရုံသို့ ရောက်လာ ရတော့သည်။ သူ့ကို အထူးဆေးစစ်ချက်များ လုပ်ဖို့လိုကြောင်း ဒေါက်တာနေသန် ပြောစဉ် က ဒေါက်တာ၏ မျက်လုံးထဲတွင် တစ်စုံတစ်ခုအတွက် ပူပန်နေသော အရိပ် အယောင်များ သူ ဖျတ်ခနဲ တွေ့လိုက်သော်လည်း သူ အနည်းငယ်မျှပင် တွေးကြောက် ခြင်း မရှိခဲ့။ ယခုတော့ သူအတော်လေး စိတ်လှုပ်ရှား နေသည်။ A3 အခန်းတံခါးကို သူ ညင်သာစွာ ခေါက်လိုက်၏။ ‘ဝင်ခဲ့ပါ’ အထဲမှ ဒေါက်တာနေသန် ရဲ့ အသံ။ တံခါး လက်ကိုင်ဘုသည် ရေခဲနှင့် ထုဆစ်ထားသလို ထူးထူးခြားခြား အေးစက်လို့ နေလေသည်။ ‘မောနင်း ဒေါက်တာ’ သူ အသံကို ဖော့၍ နှုတ်ဆက်လကိုသည်။ အားထည့်ပြီး ပြောလျှင် ချောင်းဆိုးမှာလည်း စိုးရသေးသည်။ ဆရာဝန်ရှေ့တွင် ရောဂါ သက်သာ ချင်ယောင် ဆောင်ခြင်းဖြင့် ဆရာဝန်အား အနည်းငယ် စိတ်ချမ်းသာရာ ရသွားစေ ချင်သည်မှာ သူ့ပင်ကို အကျင့်ပင် ဖြစ်၏။ နေသန်က သူ့ကို ဘာမှ ပြန်မပြောသေးဘဲ အတန်ငယ်ကြာအောင် အားရပါးရ ပြုံးပြနေသေးသည်။ ထိုအပြုံးသည် အသက် ၃၂ နှစ်အရွယ် လူငယ် တစ်ယောက်အတွက် အတန်ပင် ရင့်ကျက်ပုံ ပေါက်၏။ ‘မောနင်း မစ္စတာဝှိုက်ရယ်၊ စိတ်မရှိပါနဲ့၊ ကျွန်တော် တော်တော်လေး နောက်ကျသွားတယ်၊ ကဲ ထိုင်လိုက်ပါဦးဗျာ’ ဟု ချိုသာစွာ
ဆိုလေသည်။
ပြီးမှ
‘မစ္စတာဝှိုက်
ဘာစားပြီးပြီလဲ၊
အကြာကြီး
စောင့်လိုက်ရလို့
ဆာနေလောက်ပြီပေါ့၊ ရော့ ကျွန်တော့် နေ့လည်စာဘူး၊ ကြက်သား ဆင်းဒဝှစ်ခ်ျလေး စားလိုက်ပါဦး၊ ဒီမှာ ကော်ဖီလည်း ရှိတယ်၊ ရော့ ရော့ စားလိုက်ပါ’။ သူ ဟန်မဆောင် နိုင်တော့ပေ။ မနက်တည်းက သူစားခဲ့သော ဆင့် ၅၀ တန် ဂေါ်ဖီထုပ် စွပ်ပြုတ်သည် သူ့အစာအိမ်ထဲတွင် အငွေ့မျှပင် မကျန်တော့။ ‘ကျေးဇူး တင်လိုက်တာ ဒေါက်တာရယ်၊ ကျုပ် တကယ့်ကို ဆာလှပြီ’ ဟု ပြောပြောဆိုဆို ဆင်းဒဝှစ်ခ်ျကို သူ လှမ်းယူ ကိုက်ချလိုက်သည်။ ထိုအချိန်တွင် ဒေါက်တာလေးသည် ရီဝေသော အနည်းငယ် ချောင်ပိတ်မိနေသော မျက်လုံးဖြင့် သူ့ကို စိုက်ကြည့်နေသည်။ မစ္စတာဝှိုက် အားနာသွားသည်။ ဝါးလက်စ ပေါင်မုန့်ကို မျိုချလိုက်ပြီး ‘ကျုပ် ဆေးစစ်ချက်နဲ့ ပတ်သက်ပြီး ဒေါက်တာ ပြောစရာရှိတယ် ဆိုတာလေး ’ သူ စကား မဆုံးခင် နေသန်က လက်ကာပြလိုက်သည်။ ‘ကျွန်တော် ဒီကို အလာနောက်ကျနေတာ မစ္စတာ ဝှိုက်ရဲ့ ဆေးစစ်ချက် အဖြေတွေကို သုံးလေးခါ ပြန် check လုပ်နေလို့ပ၊ဲ အသားစ အဖြေရော၊ တခြား result တွေရောပေါ့၊ အဲဒါ … ’ နေသန် စကား ခဏ ပြတ်သွားသည်။ သက်ပြင်းကို တစ်ချက် မှုတ်ထုတ်၊ မျက်လွှာ စုံချလိုက်ပြီးမှ ‘မစ္စတာ ဝှိုက်၊ ခင်ဗျားမှာ အဆုတ်ကင်ဆာ ဖြစ်နေပြီဗျာ’ ဟု ခပ်မြန်မြန်ကြီး ပြောချ လိုက်လေတော့သည်။ ‘ရောဂါရဲ့ နောက်ဆုံးအဆင့်ကိုတောင် ရောက်နေပြီ၊ ပြီးတော့ အစာအိမ် တစ်ခြမ်းကိုပါ … ’ စကားတွေ ဆက်တိုက် ပြောနေသော ဒေါက်တာ နေသန်သည် သူနှင့် အဝေးကြီးကို ရွေ့သွားသလို သူ ခံစားလိုက်ရသည်။
စကားလုံးတွေလည်း
မသဲကွဲတော့။
သေခြင်းတရားသည်
ပထမဆုံး
ခြေလှမ်းကို
ခပ်ကြမ်းကြမ်းပင် ခြေစုံ ဆောင့်နင်း၍ သူ့ဆီ လာနေပြီကော။ မြင်မြင်သမျှ တစ်ခါမှ ဒီလောက် ယိမ်းထိုး မနေဖူးခဲ့။ သူ အားကို ဇွတ်တင်း၍ လိုရင်းကိုပင် မေးလိုက်သည်။ ‘ဘယ်နှလ ကျုပ် အသက်ရှင်ဦးမလဲ သိရမလား ဒေါက်တာ’
‘အနည်းဆုံး လေးလကနေ အများဆုံး ရှစ်လဗျ၊ ဒါပေမယ့် ကျွန်တော်တို့ ခင်ဗျားအသက်ကို ရသလောက်
ဆွဲဆန့်ဦးမှာပါ၊
ဓါတ်ကင်တဲ့နည်းတို့၊
ဆေးသွင်းတဲ့နည်းတို့
စသည်ဖြင့်ပေါ့၊
ခင်ဗျား
ကံကောင်းမှာပါဗျာ၊ စိတ်ဓါတ်မကျနဲ့၊ ဟုတ်ပြီလား’ ကံကောင်းမှာပါ ဟူသော စကားကြောင့် သူ အနည်းငယ် ပြုံးလိုက်သည်။ ဒီတစ်ပတ်အတွက် ပထဆုံး သူ့ကိုယ်သူ ကံကောင်းသည်ဟု ထင်ရစရာ အချက်မှာ ဒေါက်တာတိုက်သော ကော်ဖီသည် အတော်ပင် ချိုနေခြင်း ဖြစ်သည်။ သူက အချို အရသာကို အင်မတန်မှ ကြိုက်။ ‘ကျုပ်တစ်ခါမှ ဆေးလိပ် ဆေးတံ မသောက်မိဘူးဗျ၊ ဘယ့်နှယ့်ဖြစ်တယ် မသိဘူး’ ဟု မချင့်မရဲ စကားတစ်ခွန်း
ဝမ်းနည်းသံ
စွက်လျက်
ဝှိုက်ဆီမှ
ထွက်ကျလာသည်။
‘ကျောက်မီးသွေးတွင်းမှာ
နှစ်ရှည်လုပ်လာတဲ့ ဒဏ်တွေပေါ့ဗျာ’ ဟုသာ ဒေါက်တာနေသန်၏ ဝိုးတဝါးအဖြေကို ကြားလိုက်ရသည်။ အကယ်စင်စစ်
ကင်ဆာဆိုသည့်
စာအုပ်ထဲမှ
အချို့သော
စာရွက်လွတ်များကို
ဘာသာမပြန်နိုင်
သေးခြင်းသည် ဆေးပညာ၏ ဘယ်လိုထိုးထိုး ရှောင်မလွတ်သော အရှိုက်တစ်ခု ဖြစ်သည်။ သဘာဝတရားနှင့် ဆေးသိပ္ပံပညာတို့၏ ဖဲကစားပွဲတွင် သဘာဝသည် ကင်ဆာဟု ခေါ်သော ဝှက်ဖဲများကို ဖြန်းခနဲ ဖြန်းခနဲ မြည်အောင် ပစ်ပစ်ချ၍ မကြာခဏ ရန်စ နေသည်မှာ နှစ်ပေါင်း မနည်းကြာခဲ့ ပြီးပြီပဲ။ မစ္စတာဝှိုက်သည် ဒေါက်တာနေသန်၏
လက်ကို
ဆုပ်ကိုင်ရင်း
အလွန်ကျေးဇူးတင်ကြောင်း
အထပ်ထပ်ပြောကာ
နှုတ်ဆက်အပြုံးပင် ပြုံးလိုက်၍ အခန်းထဲမှ လေးကန်စွာ ထွက်သွားလေသည်။ နေသန်သည် ရှေ့၌ရှိသော ပြောင်တလင်းခါနေသည့် ကော်ဖီခွက်ကို လက်ဖြင့် အဓိပ္ပာယ်မဲ့ လှည့်ကာ နေတော့သည်။ ဆေးရုံအပြင်ရောက်တော့ ဒူးလည်း
တုန်နေသည်။
တံခါးဝအရောက်တွင်
မိနစ်ပိုင်းလောက်တော့
မစ္စတာဝှိုက်
သူစိတ်ငြိမ်အောင်
ခြေလှမ်းများ လုပ်ရမည်။
နှေးနေသည်။ မြက်ခင်းရှေ့က
အုတ်ဘောင်တွင် သူထိုင်ချလိုက်သည်။ ရုပ်ရှင်ကား ပြီးခါနီးမှ နောက်ကြောင်း ပြန်ပြနေသလို သူ့ဘဝ ဖလင်ကွက်များသည် ရိပ်ခနဲ ရိပ်ခနဲ သူ့အမြင်လွှာပေါ်မှ ဖြတ်ပြေးနေကြသည်။ သူ့ဘဝတွင် ဒက်ဒရွိုက်မြို့၏ ကျိုက်ကျိုက်ဆူနေသော မွန်းတည့်နေသည် သူ့အတွက် တစ်ခါမှ ဒီနေ့လောက် မအေးချမ်းခဲ့ဖူးချေ။ သူ့အမည်ရင်းမှ ဝှိုက်မဟုတ်။ ထိုမျှမက သူ့အသားအရောင်သည် သူ့နာမည်နှင့်လည်း လုံးဝ မအပ်စပ်သော
အမည်းရောင်
အမည်ပေးခဲ့သည်။ အတိုကောက်
သို့သော်
‘W’
ကို
ဖြစ်ချေသည်။ သူ
မူလတန်း
ကျောင်းဆရာများက
သူ့ကို
သူ့အဖေက
တက်ကတည်းက ‘White’
လားဟု
သူ၏ ရွဲ့၍
ဂျင်းန်ဝီလီယမ်
မားကပ်စ်ဟု
အလယ်နာမည်
ဝီလီယမ်၏
လှောင်ပြောင်
ခေါ်ဝေါ်ရာမှ
သူ့နာမည်ပြောင်မှာ ဝှိုက် ဖြစ်လာရသည်။ သူ အလယ်တန်း အပြီးတွင် သူ့မိဘများဆုံး၍ အလုပ်လုပ်ရန် ကျောင်းမှ ထွက်လိုက်သည်။ ငွေကြေး မပြည့်စုံသော၊ ပညာတစ်ပိုင်းတစ်စနှင့် လူမည်း တစ်ယောက်အတွက် အမေရိကတိုက်တွင် အလုပ်ကြမ်း လုပ်ရန်မှ အပ အခြားရွေးစရာ မရှိ။ သူ ကျောက်မီးသွေးတွင်း တစ်ခုတွင် အလုပ် စဝင်သည်။ အိမ်ခြေမဲ့ ဂျစ်ပစီမ တစ်ယောက်နှင့် လက်မထပ်ပဲ အတန်ကြာ အတူနေဖြစ်သည်။ ခြောက်နှစ်တာ နေခဲ့ပြီးမှ သူမတွင် ဝှိုက်၏ ကိုယ်ဝန် လွယ်ထားရကြောင်း ဖွင့်ပြောပြီး ဝှိုက်ပျော်မဆုံး ဖြစ်နေချိန်မှာပင် ထိုဂျစ်ပစီမသည် အကြောင်းပြချက်မရှိဘဲ ဝှိုက်ထံမှ ထွက်ပြေးသွားသည်။ သူ အတန်ကြာ ပူဆွေးသောက
ရောက်ပြီး
အတော်ပင်
ပေပေတေတေ
နေပစ်လိုက်သည်။
ထို့နောက်
ကျောက်မီးသွေးတွင်း၌ နှစ်အနည်းငယ် ထပ်အလုပ်လုပ်ကာ သူ အလုပ်မှ ထွက်ခဲ့ သည်။ ဒက်ထရွိုက်ရှိ မူလတန်းကျောင်း တစ်ကျောင်းတွင် ကျောင်းစောင့်အလုပ် ဝင်လုပ်ရင်း ထိုကျောင်းမှာပင် သူနေသည်။ သူ
အသက်ကြီးလာတော့ သက်ပြည့်ပင်စင် လျှောက်ပြီး အစိုးရ သက်ကြီးဂေဟာတစ်ခုကို ရောက်သွားခဲ့သည်။ သူနဲ့
သက်တူရွယ်တူ
ဘဝတူများဖြင့်
မိတ်ဆွေဖြစ်သည်။
သူက
သဘောကောင်းခြင်းကြောင့်
အပေါင်းအသင်းလည်း ဆန့်သည်။ ပင်စင်လခ ထုတ်ရက်ဆို အခြားသူများကဲ့သို့ သူ မသောက်စား။ သူ့အတွက် တစ်ခုတည်းသော လခထုတ်ရက် အပန်းဖြေနည်းမှာ ခွေးတံဆိပ် ချောကလက်ပြား နှစ်ပြား ဝယ်စားခြင်းပင် ဖြစ်သည်။ သူ ချောင်းစဆိုးတော့ ချောကလက်စားလိ့ဟု ထင်လိုက်သေးသည်။ အခုတော့ နည်းနည်း သက်သာရာ ရသည်က ချောကလက်တွင် ဘာအပြစ်မှ မရှိ။ အတန်ငယ် တည်တည်ငြိမ်ငြိမ် ဖြစ်ပြီဟု သဘောပိုက်၍ သူ မတ်တပ် ထရပ်လိုက်သည်။ ဘဝဆိုတာ ဒါပဲလားဆိုလျှင် ဒါပါပဲဟုသာ ပြန်ဖြေစရာရှိ၏။ သူ့ဘဝ သည် အတန်ငယ် ဆိုးရွားခဲ့သည်ဟု သူ ခံယူထားသော်လည်း
ဤသို့လျှင်
မိမိ
သေရမည့်ရက်
အပိုင်းအခြားကိုပင်
ခပ်ရေးရေး
လှမ်းမြင်လိုက်ရသည်အထိ ဆိုးရွားလိမ့်မည် ဟုတော့ သူ မထင်ထား။ ‘ယေရှုက သင့်ကို ချစ်သည်’ ဟူသော စာတန်းပါ တီရှပ်နှင့် ချာတိတ်တစ်ယောက် သူ့ရှေ့က ဖြတ်လျှောက်သွားသည်။ သူ ခေါင်းတစ်ချက် ညှိတ်လိုက်ပြီး ဂေဟာသို့ ပြန်ရန် လမ်းစလျှောက်လိုက်သည်။ ဂေဟာ အနီးရှိ လမ်းထောင့် စတိုးဆိုင်နား အရောက်တွင် လမ်းတစ်ဝက်မှ ရေပုံးကို တုတ်ဖြင့် ခေါက်သံလေးများက
သူ၏
လမ်းလျှောက်နေသော
ခြေနှစ်ချောင်းကို
နှေးသွားစေပြန်သည်။
စတိုးဆိုင်ရှေ့တွင် လူမည်းချာတိတ်လေး တစ်ယောက်က မှောက်ထားသော ရေပုံးအလွတ်ကို ဒရမ်စတစ် နှစ်ချောင်းဖြင့်
စည်းချက်ကျကျ
တီးနေပြီး
သူ့ဘေးတွင်
နောက်ကပ္ပလီလေး
တစ်ယောက်က
စည်းချက်အတိုင်း သီချင်းကို လက်တန်း ရွတ်ဆိုနေသည်။ သူတ့ထိုံသို့ ဝှိုက် လမ်းကူး၍ သွားလိုက်သည်။ သီချင်းနားထောင်ချင်စိတ်က နည်းနည်း၊ ဂေဟာ မပြန်ချင်စိတ်က များများ ဖြစ်၏။ သူ့ကို သတင်း ဝိုင်းမေးကြမည့် သူ့သူငယ်ချင်းများကို သူရင်မဆိုင်ချင်သေး။ လမ်းဘေး စတေခ်ျ့ရှိုးလေးကိုသာ အာရုံစိုက်ဖို့ သူကြိုးစားသည်။ ကြည့်ရင်းမှပင် သူ စတိုးဆိုင်ထဲမှ ဘားတန်းပေါ်ရှိ ခွေးတံဆိပ် ချောကလက်များကို လှမ်းမြင်လိုက်သည်။
ဒီနေ့
လခထုတ်ရက်
မဟုတ်။
ဒါပေမယ့်
သူ့တွင်
ယခင်ကတည်းက
ခြစ်ခြုတ်စုဆောင်းထားသော ငွေအနည်းငယ် ရှိ၍ ၎င်းငွေများသည် နောက် နှစ်နှစ်လောက်အထိ သူ ချွေတာသုံး၍ ရနိုင်သည်။ သူက တစ်နှစ်ပင် ပြည့်အောင် အသက်မရှင်နိုင်တော့သည်ဖြစ်၍ ငွေပို၍ပင် နေသေးသည်။ စိတ်ချမ်းသာဖို့ အရေးကြီးတယ်ဟု သူ့ကိုယ်သူ အားပေး၍ ချောကလက်ဝယ်ရန် ဆိုင်ထဲသို့ ဝင်လိုက်သည်။ ချောကလက်
ကောင်တာနား
သတိပြုမိလိုက်သည်။
ဒေါင်လိုက်
ရေခဲသေတ္တကြီးထင်၍
အမှတ်တမဲ့ပင်
မရောက်ခင်
အပြာရောင် သူ
ဘေးရှိတစ်ခုခုကို
သေတ္တာအရှည်ကြီး နေခဲ့မိသည်။
လက်လွတ်စပယ်
တစ်လုံး။
အမှန်တော့
ယခင်ကမူ
၎င်းအရာကြီးသည်
စီးကရက်ရောင်းသည့် စက်ကြီးပင် ဖြစ်သည်။ သူ သေချာ စိုက်ကြည့်လိုက်သည်။ မှန်ပုံးထဲတွင် အမျိုးစုံ ရောင်စုံ စီးကရက်ဘူးများ။ ကိုယ်ဝယ်လိုသည့် တံဆိပ်၏ အောက်ရှိ ခလုတ်နှိပ်ပြီး ပိုက်ဆံကို စက်ထဲ ထည့်ပေးလိုက်ရုံသာ။ လူ၏ စိတ်သည် စက္ကန့်ပိုင်းလေး အတွင်းတွင် ပိုင်းခြားဆုံးဖြတ် ဆင်ခြင်နိုင်စွမ်း ရှိပါသလား။ ရန်သူနှင့် ထိပ်တိုက် မတွေ့ဖူးပဲနှင့် သူ တိုက်ပွဲ မကျချင်။ ဈေးအပေါဆုံး
စီးကရက်ဘူး
တံဆိပ်အောက်ရှိ
ခလုတ်ကိုနှိပ်လိုက်ပြီး
ငွေ
အကြွေ
ဆယ့်ခြောက်စေ့ကို စက်ထဲ ပစ်သွင်းလိုက်သည်။ တဂျီဂျီအသံများ စက်ထဲမှ ခေတ္တဆူညံသွားပြီး အနှီ
ဆေးလိပ်ဘူးသည် သူ့ရှေ့မှ အံကလေးထဲသို့ ညင်သာစွာ ကျလာလေသည်။ ဒါကိုပင် သူ အထူးအဆန်း ကြည့်၍
ကလေးငယ်
တစ်ယောက်လို
ကလေးမလေးက
သူ့အား
အပြေးတစ်ပိုင်း
ထွကလ်ာလိုက်သည်။
မြူးထူး
ယမ်းမီးခြစ်တစ်လုံး
လာတော့သည်။
ဒါ့အပြေင်
လက်ဆောင်ပေးလိုက်သေးသည်။
စီးကရက်ကို
မာန်ပါပါ
ငွေရှင်းကောင်တာမှ သူ
ခဲလိုက်သည်။
ဆိုင်အပြင်သို့ ယမ်းမီးခြစ်က
ချက်ချင်းမတောက်။ သုံး လေးခါမှ မီးစွဲသွားပြီး သူ မီးညှိလိုက်သည်။ ပါးစပ်ထဲ လှိမ့်ဝင်လာသော သူ့ဘဝ၏ ပထမဆုံး စီးကရက် မီးခိုးလုံးများကို အားရပါးရ လည်ချောင်းထဲ ရှိုက်သွင်းပစ်လိုက်၏။ ‘ဘုရား ဘုရား’ ဗလုံးဗထွေး သတိ တရားတစ်ခု ဆောင့်တက်လာ၏။ ရုတ်တရက် ရင်ဘတ်ထဲ၌ ဆွဲညှစ်ထားသလို စူးကနဲ ထိုးအောင့်လာပြီး သူ့မျက်လုံးတစ်ချက် ပြာသွားကာ အလွန်ပင် ကျယ်လောင်သော ချောင်းဆိုးသံကြီး ထွက်လာသည်။ သူ လက်ကိုင်ပဝါ ထုတ်ဖို့ မမီလိုက်၊ သွေးစများ ပလက်ဖောင်းပေါ်သို့ ဖိတ်စဉ်ကုန်ပြီ။ မီးခိုး သီးသွား၍ သူ၏ မျက်ရည်တွေရော နှပ်တွေပါ
မျက်နှာပေါ်တွင်
လမ်းဘေးတီးဝိုင်းလေးသည် အသက်ကို
အလုအယက်
နေရာယူပြီးကြပြီ။
ခေတ္တမျှရပ်သွားပြီး
မှန်မှန်ရှုသွင်းရင်းမှ
ဘာမှ
တစ်စုံတစ်ရာကို
သူ
ဒူးထောက်
မဖြစ်သလိုပင်
နက်နက်နဲနဲတွေး၍
ဆက်လက်
ထိုင်ချလိုက်ရသည်။ အသံထွက်နေ၏။
မစ္စတာဝှုကိ၏
မျက်နှာတွင်
အပြုံးအသစ် တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာပါသည်။ ကလဲ့စား ချေတတ်သူများ ပြုံးလေ့ရှိသော အပြုံးနှင့် ခပ်ဆင်ဆင်တူသော အပြုံးကို မစ္စတာဝှိုက် ဘာကြောင့် ပြုံးရပါသနည်းဟု အမေး ရှိလာပါမူ ‘သူကိုယ်တိုင်’၊ ‘သူ၏အဆုတ’် နှင့် ‘ဘုရားသခင်’ ထံ၌သာ အဖြေရှိနိုင်မည်ဖြစ်ကြောင်း ခန့်မှန်းရပေတော့သည်။ ••••••••••••••••
ကမ္ဘာပေါ်ရှိ တိုက်ကြီးများ အားလုံး၏ အမည်များသည် အစနှင့်အဆုံး အင်္ဂလိပ်စာလုံးများ တူညီနေသည်ကို သင်သတိထားမိ ပါသလား။ ( ဥပမာ - Europe, Asia, America)။ ဘတ်စ်ကားများ တစ်စီး ပြီး တစ်စီး ဆိုက်ရောက်/ ထွက်သွား သော်ငြား ခင်ခင်ပြုံး ဘာကြောင့် လိုက်မသွား ရတာလဲ။ မေးခွန်း တိုင်း အတွက် အဖြေ ရှိရန် လိုအပ်ပါသလား။ မလိုအပ်ဘူးဟု ထင်သူများ ဤမေးခွန်းကို ဖြေစရာ မလို။ ဒါပေမယ့် စကားမစပ် ငါးရှဥ့်တွင် နှလုံး နှစ်လုံး ရှိပါသည်။ နှလုံး (Heart) နှစ်ခု (Two) ဟုပြောလျှင်လည်း ရပါသည်။ ‘Two Hearts’။ ဖဲဝိုင်းမှ ခင်ခင်ပြုံးအမေ ထထွက်သွားသည်။ မနေ့က မိုးရွာသလား မသေချာပါ။ ဘတ်စ်ကားပေါ်မှ ငါးရှဥ့်များ အထွေးလိုက် ဆင်းလာကြသည်။ ခင်ခင်ပြုံးသည် ဘတ်စ်ကားဂိတ်တွင် ရပ်နေဆဲ။ သူမ ဘာကို စောင့်နေတာလဲ။ အိမ်ပြန်မလို့လား၊ ဒါ သူမရဲ့ အိမ်ပြန်ချိန်လား ဒါမှမဟုတ် ဘယ်သူရဲ့ အိမ်ပြန်ချိန်လဲ။ အိမ်ပြန်သူများတွင် အနည်းဆုံး ပြန်စရာ အိမ်တော့ ရှိရပါမည်။ ‘တစ်အိမ် လိုနေတယ်’ ခင်ခင်ပြုံးအမေ ပြန်ဝင်ထိုင်လိုက်သည်။ ‘ဆွဲ ဆရာရေ’ ငါးရှဥ့်များ ဘတ်စ်ကားပေါ် အထွေးလိုက် ပြန်တက် သွားကြပြန်သည်။ ပန်းကန်ပြားပေါ်မှ ဖဲတစ်ချပ်ကို ခင်ခင်ပြုံးအမေ ဆွဲထုတ်လိုက်သည်။ အရင်တစ်ခေါက်က သူမ ဤသို့ပင် ဖဲချပ်များဆွဲထုတ်ပြီး အိမ်ဂရန်ကို ပေးလိုက်ရသည်။ သူမ၏ တိုက်ကြီးသည် ကမ္ဘာ့မြေပုံပေါ်တွင် မရှိသော်လည်း ယခု ဖဲချပ်ဝေနေသူထံတွင် ရှိ၏။ ‘Two Hearts’။ ဖဲဝေနေသူ၏ ပါးစောင်ထဲတွင် ဝါးလက်စ ငါးရှဥ့်ကျပ်တိုက်ကြော်များ ရှိသည်။ လည်ချောင်းထဲ နင်လာ၍ ဘီယာတစ်ခွက် ကောက်မော့လိုက်သေး၏။ အချို့တစ်ဝက်သော ဘီယာများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာ သည်။ သူ့အင်္ကျီ ကော်လံများ စိုရွှဲသွား၏။ ဗွက်အိုင်ထဲ အရှိန်ဖြင့် ထိုးရပ်သော ဘတ်စ်ကားကြောင့် ခင်ခင်ပြုံး၏ တစ်ကိုယ်လုံး ဗွက်ရေများ စိုရွှဲနေလေသည်။ မနေ့က မိုးရွာသောကြောင့်ဟု ဘေးမှ လူတချို့က ပြောပါသည်။ ခင်ခင်ပြုံး၏ အင်္ကျီတွင် ကော်လံမရှိ။ အနီရောင် အသည်းပုံ နံပါတ် ၂ ဖဲချပ် ဒီဇိုင်းများသာ ရှိသည်။ ‘သမီးနဲ့ ဒီအင်္ကျီ သိပ်လိုက်တာပဲ’ အင်္ကျီဝယ်ပေးစဉ်က သူ့အမေ ဒီအတိုင်း ပြောခဲ့သည်။ ယခု ရေစိုသွားသဖြင့် အသည်းပုံမှ အနီရောင်ဆေးများ ကျွတ်ကာ စီးကျလာကြ၏။ ခင်ခင်ပြုံး၏ အမေ နဖူးပေါ်မှ ဇောချွေးများ စီးကျလာသည်။ နဖူးမှတစ်ဆင့် မျက်ခုံးပေါ်ရှိ အိုင်းရှဲဒိုး အနီရောင်များအား ပျော်ဝင်တိုက်စားသွားကာ ပါးပေါ်တွင် အနီရောင် စီးကြောင်းများ အလျှိုအလျှို နေရာယူသွားသည်။ သူမ၏ ရှေ့၌ ဒိုင်လူဝကြီး ရှိသည်။ ဒိုင် လူဝကြီး၏ နောက်တွင် အရောင် ကျွတ်နေသော ကမ္ဘာ့မြေပုံတစ်ချပ် ရှိသည်။ ကမ္ဘာ့မြေပုံ၏ နောက်တွင် တံခါးတစ်ချပ် ရှိသည်။ ထို တံခါးချပ်၏ နောက်တွင် အုတ်ခြံစည်းရိုး ခပ်မြင့်မြင့် တစ်ခုရှိ၍ ခြံစည်းရိုးနှင့် ကပ်လျက် ဘတ်စ်ကားဂိတ်ထဲတွင် ခင်ခင်ပြုံး ရပ်လျက်ရှိကာ ခင်ခင်ပြုံးထံတွင် အံကြိတ်၍ တင်းတင်းစေ့ထားသော နှုတ်ခမ်းတစ်စုံ ရှိလေသည်။ ကမ္ဘာပေါ်ရှိ တိုက်ကြီးများ အားလုံး၏ အမည်များသည် အစနှင့် အဆုံး အင်္ဂလိပ်စာလုံးများ တူညီနေသည်ကို လက်တြို့ ပီး ပြောပြလိုက်ပါသည်။ အချို့က မယုံ၍ စာလုံးပေါင်း ရွတ်ဆိုကြည့်၊ ချရေး ကြည့်နှင့် အာရုံဝင်စား သွားလိုက်ကြတာ ခင်ခင်ပြုံးတစ်ယောက် ဘတ်စ်ကား ဂိတ်ကနေ ဘယ်အချိန်က ပျောက်သွားမှန်း သတိ မထားမိလိုက်ကြဘူး မဟုတ်လား။ ••••••••••••••••
ရူးသွပ်ခြင်းဆိုတာ ရာသီ ကုန်သွားတယ် မရှိဘူး ဒါမှမဟုတ် ရာသီကုန် သွားတယ်။ မရှိဘူး။ အအေးမိ သူများ ပရိုကိုးလ် သောက်ပါက အဝါရောင် ပြောင်းသွားခြင်းကို သတင်းစာထဲတွင် သင် မဖတ်လိုက်ရကြောင်း ကျွန်ုပ်က အာမခံနိုင်ရန် လေ့ကျင့်လျက် ရှိရာ အဝါရောင် မျက်စိ နောက်စရာဟု ယုံကြည်သူ အများစုမှာ ရုပ်ရှင် ကြည့်သူများ ဖြစ်နေတာ ကြာပါပြီ။ ‘ကျွန်ုပ်တွင် နေကြာပန်းနှင့်တူသော ကောင်မလေး ရှိပါသည်’ ဤ စာကြောင်းကို ဖတ်၍ အင်မတန် ရိုးစင်း မှိုတက်နေသည်ဟု ထင်ကာ တစ်မျိုးပြောင်း၍ ရေးကြည့်ပါမည်။ ‘စကား တိုးတိုးပြောပါ’၊ စာကြည့်တိုက်ထဲတွင် နေကြာပန်းများ ပွင့်နေသည်။ ‘တိုတိုနှင့် လိုရင်းပြောပါ’ တယ်လီဖုန်းဆိုင်မှ မိန်းမကြီး နေကြာစေ့
ကိုက်နေသည်။
လာပါပြီ
တိုတိုနှင့်
လိုရင်း
‘ကျွန်ုပ်တွင်
နေကြာစေ့ရှိသည်’
ပြီးတော့
‘ကောင်မလေးလည်း ရှိသည်’။ ‘လက်ထဲမှာ ဘာရှိလဲ’ ညာဘက်လက်ကို ဆုပ်၍ ကောင်မလေးက ကျွန်ုပ်ကို မေးသည်။ ‘နေကြာစေ့ပေါ့’ ဟု ကျွန်ုပ် စိတ်မပါစွာ ဖြေလိုက်သည်။ ကောင်မလေး၏ သွားများတွင် နေကြာစေ့ ဖတ်များ ကပ်နေသည်။
အဖြေမှန်သွားသဖြင့်
စိတ်ကောက်ပါသည်။
နောက်တစ်ခါ
ထပ်ဝှက်မယ်ဟု
ပြောကာ
ကျွန်ုပ်အား မျက်စိ မှိတ်ခိုင်းပါသည်။ ‘ကဲ ဒီတစ်ခါ ဘာရှိလ’ဲ ‘ရောင်စုံခဲတံ’ ဟု ကျွန်ုပ် ဖြေလိုက်သော အခါ ‘မှားသွားပြီ’ ဟူ၍ သူမ ပျော်ရွှင်ပါသည်။ ပျော်ရွှင်မှု ရရန် ဦးနှောက် ရှိဖို့ မလိုပါ။ အနည်းဆုံး နေကြာစေ့ တစ်စေ့ ရှိရန်သာ လိုပါသည်။ ထိုနေကြာစေ့ကို ကိုက်လိုက်သော် အထဲမှာ ဘာမှမရှိ။ ကျွန်ုပ် အအေးမိ သွားသည်။ ကျွန်ုပ်သည် နေကြာပန်း အကြောင်း အိပ်မက် မက်ပါသည်။ အိပ်မက်ထဲတွင် ကျွန်ုပ်အိမ်ရှေ့၌ နေကြာပင် တစ်ပင် ပေါက်နေပါသည်။ ဘာကြောင့်မှန်း မသိဘဲ ထိုအဝါရောင် နေကြာပင်ကို ကျွန်ုပ် မုန်းလာပါ၏။ ထို့ကြောင့် ဆွဲနုတ်ရန် စတင် ကြိုးပမ်းပါသည်။ ‘အမြစ်က ပြုတ်မှ အေးမယ်’ ကျွန်ုပ်အားကုန် ဆွဲနုတ်သော်လည်း နေကြာပင်သည် ကြွသာ ကြွလာ၍ အမြစ်ကျွတ် မထွက်လာပေ။ အိမ်မက်ထဲတွင်ပင် အချိန်တော်တော်ကုန်းသွားမှ နေကြာပင်လည်း အမြစ်မှ ကျွတ်၍ ကျွန်ုပ်လည်း ပက်လက်လန်လေသည်။ တစ်တောက်၊
တစ်တောက်၊
တစ်တောက်၊
တောက်တောက်။
အလို
နေကြာပင်ရဲ့
အမြစ်မှာ
နာရီတွေန့ပဲါလား။ နာရီတွေ၊ နာရီတွေ၊ စားပွဲတင်နာရီ၊ တိုင်ကပ်နာရီ၊ နာရီ၊ နာရီ။ ‘နေကြာပင်ကို နာရီနဲ့ စိုက်တယ်’ ‘နေကြာပင်ကို နာရီနဲ့ စိုက်တယ်’ ထိုသို့ ရေရွတ်ရင်း ကျွန်ုပ် နိုးလာပါသည်။ လန့်နိုးခြင်းမဟုတ်။ ရိုးရိုးတန်းတန်း ပုံမှန်နိုးလာခြင်းသာ ဖြစ်ပါသည်။ ကျွန်ုပ်၏ အိပ်ယာခင်းမှာ အဝါရောင် ဖြစ်သည်။ ‘လက်ထဲမှာ ဘာရှိလ’ဲ ညာလက်ကို ဆုပ်ထားသော ကောင်မလေးက မေးပါသည်။ ကျွန်ုပ်၏ ကောင်မလေးတော့ဖြင့် မဟုတ်တော့။ ဒါပေမယ့် သူနဲ့လည်း သူငယ်ချင်းတွေပါပဲ။ ‘လက်ထဲမှာ ဘာရှိလဲလို့’
သူမ စိတ်မရှည်တော့။ ကျွန်ုပ် ဘာဖြေရမှန်း မသိပါ။ ကောင်မလေး၏ သွားတွင် ရောင်စုံ ခဲတံဖတ်များ ကပ်နေသောကြောင့် ဖြစ်သည်။ ပျော်ရွှင်မှုသည် အဝါရောင် ဖြစ်ကြောင်း ကျွန်ုပ် အာမခံနိုင်ပါသည်။
••••••••••••••••
(၁) ဘိလပ်လိုတော့ Eye ဆိုရင် ပြီးပြီ။ ဒီမှာတော့ မပြီး။ မျက်စိ၊ မျက်လုံး၊ မျက်ဝန်း၊ ဒီလောက်မှ ပြီးသည်။ (ဒါတောင် ကျန်ရင် ကျန်ဦးမည်) (၂) ‘ခွေးတွေ ကြောင်တွေဟာ one dimendion ပဲ မြင်ကြတယ်။ တစ်ဖက်မြင်ပေါ့ကွာ၊ ဒီတော့ သူတို့ မြင်မြင်သမျှဟာ ပြားပြားကြီးပေါ့’ ဟု တိမွေး/ကု တက်နေသော သူငယ်ချင်းက ပြောဖူးပါသည်။ ‘ဒါဖြင့် လူတွေကရော’ ကျွန်တော် အတွန့တ် က်ကြည့်ရာ ‘လူတွေလည်း အပြားကြီးပဲ မြင်တာပဲကွာ၊ ဒါပေမယ့် မမြင်ရတဲ့ dimension ကို 3D ဖြစ်အောင် ပုံဖော်နိုင်တဲ့ သတ္တိ လူမျက်လုံးမှာ ရှိတယ်’ ဟု လူမွေးကု (တစ်နည်းအားဖြင့)် ဆေးတက္ကသိုလ်မှ နောက်ထပ် သူငယ်ချင်းတစ်ယောက်က ရှင်းပြပါသည်။ ( သူ့တွင် မျက်မှန်ထူထူ တစ်လက် ရှိသည်) သူတို့ စကားများ မှန်၊ မမှန် ကျွန်တော်မသိပါ။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်လုံး စာမေးပွဲ တစ်ဗုံးဗုံးကျ၍
အခုထိ ကျောင်းမပြီး
ကြသေးချေ။ ဒါပေမယ့် သူတို့ပြောသွားသော အကြောင်းအရာလေးများ မှား သွားမည် စိုးသောကြောင့် ကျွန်တော် ဘယ်သ့ကူိုမှ ထပ် မမေးဖြစ်။ ကိုယ့်ဘာသာ အတည်ပြု ထားလိုက်သည်။ ခွေးတွေဟာ မြင်သမျှ အပြားကြီးတဲ့။
ဘယ်လောက်
တစ်ယောက်ယောက်က
ချစ်ဖို့ကောင်းသလဲ။
ကျွန်တော့်ရှေ့၌
‘သိပ်မြင်လွန်း၊
ညည်းတွားပြပါလျှင်
သိလွန်းရင်
မကောင်းဘူး’
ဟု
‘လျှော့မြင်ပေါ့ဗျာ၊
ခွေးများလိုပေါ့’
ဟု
ကျွန်တော် စိတ်ထဲမှ ကျိတ်ပြောမိမည် ဖြစ်ကြောင်း ကြိုတင် အစီရင်ခံ အပ်ပါသည်။ (၃) လမ်းပေါ် မောင်းနေသော ကားတစ်စီး၏ လည်နေသော ဘီးအောက် ချိုင့်ခွက်မှ လွင့်စဉ်လာသော ကျောက်ခဲကြောင့် လမ်းဘေး၌ ထိုင်နေသော လူတစ်ဦး မျက်လုံး တစ်လုံး အလုံးလိုက် ထွက်ကျသွားခြင်း။ သတင်း အစုံအလင်မှာ . . . ။ (၄) ‘မျက်လုံး ပြူးသည်’ ဟု ပြောလျှင် မကြိုက်ကြ။ ‘မျက်လုံးလေးက ဝိုင်းဝိုင်းနက်နက်ကလေး’ ဟု ပြောလျှင် သဘောခွေ့ကြ၏။ ကျွန်တော့်မိန်းမတွင် ‘မျက်လုံး ဝိုင်းဝိုင်းနက်နက်’ နှစ်လုံး ရှိပါသည်။ (၅) မျက်လုံးများ အောက်ကြည့်
ဖွင့်လို့
ကြည့်ပါ။
မျက်လုံးများ
ဖွင့်ကြည့်လိုက်
ရှေ့ကြည့်
နောက်ကြည့်
(မျိုးကျော့မြိုင်၊ ဆဌကမ္ဘာ ၉၆) (၆) ကျွန်တော်သည် ငယ်စဉ်မှစ၍ ယခုတိုင် ပေတံပါသည်ဖြစ်စေ မပါသည်ဖြစ်စေ မျဉ်းသားလျှင် အမြဲ စောင်းလေ့ ရှိပါသည်။ ဆရာမက ဆူလျှင် မျဉ်းတစ်ကြောင်း တည့်တယ် မတည့်ဘူးဆိုတာ စာအုပ်ရဲ့ ဘောင်နဲ့ ယှဉ်မှပြောလို့ရတာပဲ။ စာအုပ်မရှိရင် ဒါ အတည့်ပဲ ဟု ပြန်ပြောလိုသော်လည်း မပြောရဲခဲ့ပါ။ အများစုက အဲဒါ မှန်ဘီလူး စောင်းတာဟု ပြောပါသည်။ ဖြစ်နိုင်ပါသည်။ သူတ့ကို ဘယ်လောက် စောင်းတယ်ပြောပြော ကျွန်တ်ာက ဒါအတည့်ပဲ မြင်တာကိုး။ မိဘများကမူ ကျွန်တော့်ကို အင်ဂျင်နီယာ ဖြစ်မည်
မဟုတ်ဟု
ပြောဖူးပါသည်။
ဒါလည်း
ဖြစ်နိုင်ပါသည်။
ကျွန်တော်သည်
မျဉ်းကြောင်း
အတည့်မဆွဲတတ်ရုံ မျှမက သချာင်္လည်း အင်မတန် ချာပါသည်။ ( ငယ်စဉ်က ပန်းသီးနှင့် မေးသော ပုစ္ဆာကို စာကလေးနှင့် ပြောင်းမေးလျှင် ဂဏန်းတူသော်ငြား ကျွန်တော် မတွက်တတ်တော့ချေ)။ တစ်ခါတစ်ရံ ငါကပဲ အမှန်မြင်ပြီး သူတို့ မှားနေတာများလား၊ ကမ္ဘာကြီးကလည်း ၂၃ ဒီဂရီ စောင်းနေတာပဲ။ ကမ္ဘာသာ မျက်လုံးကြီးဆိုရင် ဒီကောင်ကြီး ဆွဲသမျှလည်း တစောင်းကြီး ဖြစ်နေမှာပဲ။ သြော် ငါဟာ ကမ္ဘာကြီးနဲ့ ယှဉ်ပြီး မြင်နိုင်တဲ့ သူပါလား ဟု ရူးကြောင်ကြောင် အတွေးများ အုံနဲ့ ကျင်းနဲ့ ဝင်လာခဲ့ဖူးပါသည်။ ( ဘုရား ဘုရား ဘဝင်များ မြင့်ပြီဆိုမှဖြင့် အင်မတန် ကြောက်စရာ ပါကလား) အထက်ပါ အတွေးမျိုး ရပြီးနောက် ဂျူးလူမျိုးများကို သိန်းနဲ့ချီပြီး သတ်ပစ်သော ဟစ်တလာကို ကျွန်တော် အပြစ် မမြင်ရက်တော့ပါ။ (၇) အချစ်ရည်ရွှမ်းတဲ့ မျက်ဝန်းလဲ့ပြာပြာ( အဆိုတော်ပေါင်းစုံ) မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ (၈) ‘မျက်ဝန်း’ သည် ကဗျာဆန်၏။ မျက်လုံးနဲ့ မျက်စိသည် တစ်ခါတစ်ရံ ကဗျာမဆန်။ ( အလဲ့ ကာရန် ကိုက်သားပဲ) မယုံလျှင် ကာရာအိုကေဆိုင်သို့ သွား။ ထိ့ေု နာက် Lလွန်းဝါ၏ အချစ်မျက်ဝန်း သီချင်းမှ စာသား ‘မင်းရဲ့ မင်းရဲ့ အချစ်မျက်ဝန်း’ နေရာတွင် ‘အချစ် မျက်စိ’ ( သို့မဟုတ)် ‘အချစ် မျက်လုံး’ ဟု ပီပီသသ အော်ဟစ် သီဆိုလိုက်ပါ။ မရယ်ဘဲ တင်းထားနိုင်သူ လုံမပျိုအား ဆုလာဘ်များစွာ ပေးသနားလိုက်ပါ။ အသင် မိတ်ဆွေ။ (၉) မျက်စိ အလုံးလိုက် ထွက်ကျသွားခြင်း၊ သတင်း အစုံအလင်မှာ . . . ။ ••••••••••••••••
ဘယ့်နှယ် အပြားလိုက်၊
ဖြစ်တာပါလိမ့်။
အပြားလိုက်
ရန်ကုန်မြို့ထဲမှာ
သေနေကြပါပကော။
အင်း
အထူးသဖြင့်
လမ်းမတော်မှာပေါ့။
ကားနဲ့တက်ကြိတ်သွားတော့မှလည်း
ခိုတွေ သူ့ခမျာ
ပြားပြီပေါ့။ အူတွေ ဘာတွေလည်း ထွက်လ့၊ို သွေးတရဲရဲနဲ့ လမ်းမပေါ်မှာ။ ခိုဖြစ်ပြီးမှ ကားကြိတ်ခံရတဲ့ အဖြစ်။ တော်တော် ဆိုးဗျာ။ ပြီးတော့ တစ်ကောင်လည်း မဟုတ်၊ နှစ်ကောင်လည်း မဟုတ်၊ ကျုပ် ခုလေးတင် တွေ့ခဲ့တာကို လေးငါး ခြောက်ကောင် မကဘူးဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျုပ် အချက်ကျကျ ကောက်နုတ်လိုက်တော့ ဖြစ်နိုင်ခြေ ၅ ချက် ရတယ်ဗျ။ အမှတ်စဉ်(၁) ခိုများ မိမိ၏
ဗီဇမျိုးရိုး သဘာဝ(ဝါ)
မိမိ၏
ပျံသန်းနိုင်စွမ်းအားကို သတိ
မချပ်ကြခြင်း (သို့မဟုတ)် အမှတ်စဉ်(၂) ခိုများ Generation အလိုက် ဥာဏ်ရည် နိမ့်လာခြင်း၊ ဥာဏ် နည်းလာခြင်း၊ အပျင်းကြီးလာခြင်း ( သို့မဟုတ)် အမှတ်စဉ်(၃) တစ်စုံတစ်ရာကို စိတ်အပျက်ကြီး ပျက်၍ အစုလိုက် အပြုံလိုက် ဦးရာခိုစနစ်ဖြင့် (Mass Suicide) ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖြင်း ( သို့တည်းမဟုတ)် အမှတ်စဉ်(၄)
မည်သည့်
အကြောင်းတရားကြောင့်မှ
မိမိကိုယ်ခန္ဓာ
မပျက်စီးနိုင်ဟု
စိတ်ကြီးဝင်ခြင်း (သို့မဟုတ)် အမှတ်စဉ်(၅) ခိုများ သေလျှင် နိဗ္ဗာန်သို့ မုချ ရောက်မည်ဟု information မှားယွင်းစွာ ရရှိ၊ လက်ခံထားခြင်း တို့ဖြစ်သည်။ အမှတ်စဉ်- အမှတ်စဉ် ၃ နှင့် ၅ ဆက်စပ်မှု ရှိ/မရှိ ( အထူး လေ့လာချက် လိုအပ်) ကျုပ်က ခိုတွေကို ချစ်လှတယ်တော့ မဟုတ်ဘူးဗျ။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့ တိရစ္ဆာန်လေးတွေ သေကြ ကြေကြဆိုတော့လည်း မကြည့်ရက်ဘူး ဆိုပါတော့။ ဒါနဲ့ပဲ ကျုပ်နဲ့ နီးစပ်ရာ သူငယ်ချင်းတွေ ခေါ်ပြီး တိုင်ပင်ကြည့်တော့
အားလုံးကလည်း
စိတ်ဝင်စားကြသဗျား။
ပထမ
အဆင့်အနေနဲ့
ကျုပ်တို့
အသင်းလေးတစ်ခု ဖွဲ့စည်းလိုက်ကြတယ်။ အဓိကက ခိုတေါကို ကယ်ဆယ်မှာ ဆိုပေမယ့် နောက်ပိုင်း လုပ်စရာလေးတွေ
ကျယ်လာရင်
အားလုံး
အကျုံးဝင်အောင်
တိရစ္ဆာန်
ကယ်ဆယ်ရေးနဲ့
လုံခြုံရေး
အသင်း(Animal Salvation and Security) ပေါ့ဗျာ။ အမှုဆောင်က တိရစ္ဆာန် ဆရာဝန် ကိုသိန်းဖေ ပြီးတော့ အသင်းဝင်
ငါးယောက်လောက်
ငယ်သာငယ်တာ၊
ဒီလို
ရတယ်ဗျ။
ပတ်ဝန်းကျင်
ရပ်ကွက်ထဲက
အရေးကျတော့
ချာတိတ်လေးတွေလေဗျာ။
စိတ်ပါဝင်စား
ရှိကြသား၊
သူတို့လည်း
ကျုပ်တော့
အခု
လူငယ်တွေကို အားရတယ်ဗျာ။ ကျုပ်တို့ အသင်းလေးရဲ့ ပထမဆုံး အစည်းအဝေးလေးကိုတော့ ကျုပ်အိမ်ဘေး အဖီလေးထဲမှာပဲ လုပ်ကြတယ်။ ကျုပ်က ခုနက ကျုပ်ရဲ့ ဖြစ်နိုင်ခြေ ကောက်နုတ်ချက် ၅ ချက်ကို White Board ပေါ်မှာ
ရေးထားတော့ အားလုံးက ဖတ်ပြီး ခေါင်းတညိတ်ညိတ်န့ဗျဲ။ ဒီလိုပဲ ဖြစ်ရမယ်လေဗျာ။ အခြေခံကျတဲ့ ဖြစ်နိုင်ခြေကို သိမှ ကိုယ်တွေ ဘာဆက်လုပ်မလဲ သိကြတော့မပေါ့ဗျ။ ဒီလိုနဲ့။ ကျုပ်။
။ ကဲ အသင်းဝင်အားလုံးလည်း ပြဿနာကို အကြမ်းဖျင်းတော့ သိပြီးရောပေါ့၊ ဒီတော့
ဒီနေ့ ကျုပ်တို့က ဘာဆက်လုပ်မယ် ဆိုတာကိုရယ်၊ ဘယ်သူ ဘာလုပ်မယ် ဆိုတာကိုရယ် တာဝန်ခွဲကြဖို့ပဲ၊ ဆိုတော့ကာ . . .ကဲ ဆရာဝန်ကြီး ခင်ဗျား ဘယ်လို သဘောရတုံး ကိုသိန်းဖေရဲ့။ ဖေ။
။ ပထမဆုံး ကျုပ်စဉ်းစား ရသလောက်တော့ ဒီလိုရှိတယ်ဗျ၊ အဖြေ ရေရေရာရာ
မတွေ့ခင်မှာ၊ ဟုတ်လား ခိုတွေသေဆုံးနေတာကို လောလောဆယ် ခေတ္တရပ်တန့်သွားအောင်၊ ဟုတ်လား၊ ကျုပ်တို့က တတ်နိုင်သလောက် တားဆီးသင့်တယ် ထင်တယ်။ ကျုပ် တော်တော် ဝမ်းသာမိတယ်ဗျ။ သူပြောတာ သိပ် ပါစပက်တစ် ဖြစ်တာပဲဗျ။ သိပ်မှန်တာပေါ့။ အသိဥာဏ်နည်းတဲ့ ခိုတွေကို စပြီး ကယ်တင်ဖို့က ကျုပ်တို့ လူတွေကပဲ လောလောဆယ် ဆင်ခြင်ရမှာပဲ။ ခိုအုပ်ထဲကို အလျင်စလို ကားကို ဝေါခနဲ မောင်းသွားတာကို စပြီး သတိထားခိုင်းရမယ်။ ကျုပ်။
။ ဟုတ်ပါ့ဗျာ၊ ကိုသိန်းဖေရယ်၊ ဒီတော့ လတ်တလော ကယ်ဆယ်ရေး အဖွဲ့လေး
ဖွဲ့ထားလိုက်မယ်ဗျာ။ လူငယ်များ။
။ ကျွန်တော်တို့ တာဝန် ထားပါဗျာ။
လူငယ် ၁။
။
ကျွန်တော်က
ခိုစည်ကားရာ
အရပ်တွေမှာ
‘ခိုရှိသည်
ဖြေးဖြေး’
ဆိုင်းဘုတ်တွေ လိုက်ထောင်မယ်။ ကျုပ်။
။ ကောင်းတယ်၊ ကောင်းတယ်၊ ဒါပေမယ့် မောင်ရင် စည်ပင်ကိုတော့ ခွင့်တောင်းဖို့
လိုမယ်။ လူငယ် ၂။
။ ကျွန်တော်ကတော့ တချို့ ခိုဦးရေ လိုတာထက် ပိုနေတဲ့ နေရာတွေကို
သွားမယ်၊ ခိုတွေ သိပ်ထူထပ်တော့ ပျံရသန်းရ ခက်ပြီး ကားလာရင် ရှောင်ဖို့ခက်တာလည်း ဖြစ်နိုင်တာပဲလေ၊ ဒီတော့ ရှိသင့်တဲ့ အရေအတွက်ထက် ပိုနေတဲ့ ခိုတွေကို လိုက်ဖမ်းပြီး ခိုဦးရေ ကျဲပါးတဲ့ နေရာတွေမှာ ပြန် နေရာချပေး ရမယ်ဗျာ။ ကျုပ်။
။ မောင်ရင့်အလုပ်က
တော်တော် မလွယ်တဲ့ ကိစ္စပဲ၊
ခိုတွေ လိုက်ဖမ်းရမယ်
ဆိုတော့ကာ။ လူငယ် ၂။
။ ကိစ္စ မရှိပါဘူး။ ကျွန်တော် အရင်ကလည်း စာကလေးတွေ လိုက်ဖမ်းပြီး
ဘုရားစောင်းတန်းက ဆိုင်တွေမှာ လိုက်သွင်းတဲ့အလုပ် လုပ်ဖူးပါတယ်။ စာကလေးနဲ့ ခို သိပ်အကွာကြီးမှ မဟုတ်တာ၊ လုပ်နိုင်ပါတယ်။
ဖေ။
။ လိုအပ်တဲ့ စမ်းသပ်ချက်တွေ လုပ်ဖို့ ခို အရှင် နှစ်ကောင်၊ အသေ နှစ်ကောင်စီ
လောက် ရှာခဲ့စမ်းကွယ်၊ ဟုတ်လား၊ ပြီးတော့ သူတ့စိုားတဲ့ အစာကိုလည်း အိတ်စ်ပီးရီးမန့် လုပ်ရအောင် ခိုစာရောင်းတဲ့ ဆိုင်က ဆင်ပယ် နည်းနည်းတောင်းခဲ့။ ကျုပ်။
။ ခိုစာကို ခင်ဗျားက ဘာ ဆိုင်လို့ စမ်းသပ်မှာတုန်း၊ လင်းစမ်းပါဦး ဆရာဝန်ကြီးရဲ့။
ဖေ။
။ ဆိုင်ပြီလားဗျာ၊ ခိုတွေ IQ နိမ့်လာတာ သူတို့စားတဲ့ အစာနဲ့လည်း အများကြီး
ဆိုင်တယ်ဗျ၊ ဟုတ်လား၊ ပြီးတော့ ကိုယ့်အမျိုး ကိုယ်ပြန် လက်ထပ်ပြီး မွေးလာတဲ့ Generation ကလည်း IQ နိမ့်တတ်တယ် ဟုတ်လား။ ကျုပ်။
။ (အင်း ခိုသားဆက်ခြားရေးပါ စဉ်းစားရမယ့် ပုံပ)ဲ ဒီတော့ ကိုသိန်းဖေက ဘယ်မှာ
လက်တွေ့စမ်းသပ် မှာတုန်း။ ဖေ။
။ ဓါတ်ခွဲခန်းမှုး မောင်မြင့်နဲ့ တိုင်ပင်ရမှာပဲဗျ၊ လိုအပ်ရင် နိုင်ငံခြားက တိရစ္ဆာန်
ကျွမ်းကျင်သူတွေကိုပါ ဖိတ်ခေါ် ဆွေးနွေးသင့် ဆွေးနွေးရမယ်၊ ဟုတ်လား(ထိုသို့ ဆိုကာ ကျုပ်၏ အိမ်တံခါး အောက်ခြေကို ကွမ်းတံတွေး ပစ်ခနဲ ထွေးလိုက်၏) ကျုပ်။
။ ကောင်းပါလေ့ဗျာ၊ ဒါတွေ ကျုပ်တို့ ဆက်လက်လှုပ်ရှားနိုင်မှာပါ၊ အင်း ကမ္ဘာနဲ့ချီတဲ့
ပြဿနာမျိုးကိုဗျ နော်။ လူငယ် ၃။ ။ ကျွန်တော်ကတော့ လူထု ကွင်းဆင်း ပညာပေးလုပ်သင့်တယ် ထင်တယ်၊ ခိုတွေကို စာနာဖိ့၊ု ခိုတွေ စုဝေးတဲ့ အရပ်တွေမှာ ခိုတောထဲ ကားကို အမြန်ကြီး မမောင်းဖိ့၊ု လမ်းမပေါ်ကို ခိုစာတွေ မကြဲဖို့ ဟောပြော ပညာပေးရမယ်။ တစ်ဖက်ကလည်း ကားကြိတ်ခံရတော့မယ် ခိုတွေကို အသက်စွန့် ကာကွယ်ရေး လုပ်ရလိမ့်မယ်။ ခိုစာ မကျွေးရ ဇုန်တွေလည်း သတ်မှတ်သင့် သတ်မှတ်ရမယ်။ ကျုပ်။
။ အမြော်အမြင် ရှိတဲ့ အတွေးအခေါ်ပဲ။
ဖေ။
။ ဒီအတိုင်း ဆိုမှဖြင့် ခိုသေဆုံး ပျက်စီးမှု နည်းသထက် နည်းပြီပေါ့ဗျာ၊ ဟုတ်လား။
လူငယ်များ။ ဒီလိုနဲ့ပဲ
။ ကဲ အခုပဲ လူစုခွဲ လှုပ်ရှားကြစို့။ ချာတိတ်တွေ
စိတ်အားထက်သန်တဲ့
မျက်နှာလေးတွေနဲ့
အလျှို
အလျှို
ထွက်သွားကြရောဗျ။ ကျုပ်နဲ့ ကိုသိန်းဖေပဲ ကျန်ခဲ့ရော။ ဖေ။
။
ခင်ဗျားကို
အရေးကြီးတာ
ပြောရဦးမယ်။
ကျုပ်တို့အသင်း
မတည်
ရန်ပုံငွေအတွက်တော့ စဉ်းစားဖို့ လိုလိမ့်မယ်ဗျ၊ ဟုတ်လား။ ကျုပ်။
။
ဒါများ
ကိုသိန်းဖေရယ်၊
ခိုစာရောင်းတဲ့
ဆိုင်တွေကနေ
အလှုခံလိုက်ရုံပေါ့ဗျ၊
ကျုပ်တို့က ခိုတွေကို ကာကွယ်နေတာလေဗျာ၊ ခိုတွေဟာ သူတို့ စီးပွားရေးပဲ မဟုတ်ဘူးလားဗျ၊ ခိုတွေ ရှိမှ ခိုစာ ရောင်းကောင်းတော့မပေါ့ဗျ။ ဖေ။
။ (ပြုံးလိုက်ပြီး) အဟား ဟား ဟုတ်ပေ့ဗျာ။
ကျုပ်။
။ ကဲ လာဗျာ၊ ပြောနေလို့ မပြီးဘူး၊ အခုပဲ ရန်ပုံငွေ လိုက်ကောက် ကြစို့ရဲ့။
ပြောပြောဆိုဆို ကျုပ်နဲ့ ကိုသိန်းဖေလည်း ထီးကိုယ်စီဆွဲပြီး အိမ်က ထွက်ခဲ့ကြတယ်။ ပရဟိတ လုပ်ငန်းဆိုတော့လည်း အချိန်ဆွဲလို့ အကျိုးမရှိဘူး မဟုတ်လားဗျာ။ ••••••••••••••••
Photograpic Memory ဆိုတာ တကယ်တော့ ဓာတ်ပုံရိုက်လိုက်သလို စွဲမြဲသွားတဲ့ မှတ်ဥာဏ်ကို ခေါ်တာပါ။ ဥပမာ - စာတစ်ပုဒ်ကို ဖတ်ပြီးရင် ( အဓိပ္ပာယ် နားလည်ခြင်း မလည်ခြင်းနဲ့ မဆိုင်ပါ) ချက်ချင်း ပြန်ချ ရေးနိုင်တာမျိုးပေါ့။ အင်မတန် မှတ်မိလွယ်တဲ့ ဦးနှောက်ပေါ့ဗျာ။ ဒါပေမယ့် ကျွန်တော်ပြောချင်တာက ဒီအကြောင်း
မဟုတ်ပါဘူး။
ဓါတ်ပုံလေးတွေကို
ပြန်ကြည့်ရင်း
သတိရစရာ
အကြောင်းလေးတွေ၊
မှတ်မိတာလေးတွေကို ပြန်ဖောက်သည် ချချင်တာပါ။ လူရှိန်အောင် ဒီလို ခေါင်းစဉ် ကြီးကြီးကျယ်ကျယ် တပ်ထားတာတော့ မလိမ့်တပတ် လုပ်တယ်ပဲ သဘောထားလိုက်ပေါ့ဗျာ နော့်။ စကားမစပ် ကျွန်တော်ဟာ ဓါတ်ပုံရိုက်ခံရမှာကို အင်မတန် ပျင်းသူပါ။ ရင်းနှီးတဲ့ စာနယ်ဇင်း ဆရာသမားတွေတောင် အဲ့ဒီကိစ္စအတွက် ကျွန်တော့်ကို တော်တော် စိတ်ပျက်ကြတယ်လို့ ကြားတာပဲ။ ဓာတ်ပုံရိုက်ရမယ်ဆို ပတ်ပြေးတတ်တဲ့ အကျင့် ကျွန်တော့်မှာ ရှိပါတယ်။ ကင်မရာရှေ့မှာ ပဲ ပေးပြီး လျှောက်ပတ်ပြေးတာကို ပြောတာမဟုတ်ဘူးနော်။ ရှောင်တတ်တာကို ပြောတာပါ။ ကိုယ်တိုင်ရိုက်တာကို မပြောနဲ့ သူများကို ဓာတ်ပရိုက်ရမှာလည်း ပျင်းပါတယ်။ ဒါပေမယ့် အခုတလော ကျွန်တော် ကင်မရာ တကားကားနဲ့ ဓာတ်ပုံတွေ လျှောကရိုက်နေပါတယ်။ ခရီးသွားရင် ဖြစ်ဖြစ်၊ Recording ရှိရင်ဖြစ်ဖြစ်၊ ယုတ်စွအဆုံး သီချင်းတိုက်ရင်တောင် တဖျတ်ဖျတ်နဲ့ဗျ။ ကဲ မထူးဆန်းဘူးလား။ အကြောင်းရင်းက ဒီလိုပါ။ ပြီးခဲ့တဲ့
တစ်လလောက်က
ကျွန်တော့်
ဂစ်တာပစ္စည်း
တစ်ခု
လိုလို့
အဖေတိ့အိုမ်က
ကျွန်တော်နေခဲ့တဲ့ အခန်းထဲမှာများ ရှိမလားဆိုပြီး အဖေ့အိမ်ကို ရောက်ပါတယ်။ ဒီအတိုင်းလည်း ရံဖန်ရံခါ ရောက်နေကျပါပဲ။
ဒါပေမယ့်
ကျွန်တော်ရောက်တော့
ကျွန်တော့်အခန်းထဲတော
အဖေတိ့လု ည်း
အပြင်သွားနေတာနဲ့
့တကူးတကကြီး
မရောက်ဖြစ်ပါဘူး။
တစ်ယောက်တည်း
အေးအေးဆေးဆေး
ကိုယ့်လူပျိုဘဝက အခန်းလေးထဲမှာ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်နဲ့ အချိန်ဖြုန်းနေလိုက်ပါတယ်။ အဲဒီမှာ
မထင်မှတ်ဘဲ
ကျွန်တော့်အခန်းနံရံမှာ
ကပ်ထားတဲ့
ဓါတ်ပုံလေးတွေကို
သွားတွေ့ပါတယ်။
တက္ကသိုလ်က သူငယ်ချင်းတွေနဲ့ ကျွန်တော် ခရီးသွားထားတဲ့ ပုံတွေ၊ နိုင်ငံခြားရောက်သွားတဲ့ ကောင်တွေရဲ့ ပုံတွေ၊ ကျွန်တော့် တီးဝိုငးက ဝိုင်းသားဟောင်းတွေရဲ့ ပုံတွေ အစုံပါပဲ။ တချို့ပုံတွေက ကွာကျသွားပြီး နံရံမှာ အဖြူကွက်ကြီး ကျန်လို့။ တချို့ကတော့ ဆေးတွေပျက်လ့၊ို တချို့လည်း
တစ်ခြမ်းပြဲလို့
အခြေအနေ
အမျိုးမျိုးနဲ့ပေါ့။
ဒါပေမယ့်
ရှားရှားပါးပါး
ဓာတ်ပုံသုံးပုံက
အကောင်းအတိုင်း ကျန်နေပါတယ်။ ပထမ
တစ်ပုံက
မိုးထက်ရဲ့
ပထမဆုံးနဲ့
နောက်ဆုံး
အခွေအတွက်
ဓာတ်ပုံရိုက်တုန်းက
အမှတ်တရ group လိုက် ရိုက်ထားတဲ့ ပုံပါ။ ပုံထဲမှာ ကျွန်တော်ရယ်၊ ဆင်ပေါက်ရယ်၊ မိုးထက် ပြီးတော့ ဝဏ္ဏခွာနီးနဲ့ ဒါရိုက်တာ ရဲမြင့်သူတောင် ပါလိုက်သေး။ အဲဒီဓာတ်ပုံ ရိုက်တာ မင်္ဂလာဒုံ လေဆိပ်နားက ဟော်တယ်တစ်ခုရဲ့ ရေကူးကန်ထဲမှာပေါ့။ ဓာတ်ပုံက သိပ်မထူးခြားပေမယ့် ဓာတ်ပုံအောက်က နံရံမှာ ရေးထားတဲ့
လက်ရေးစာလေးက
ထူးခြားပါတယ်။
(ရဲမြင့်သူပဲ
ရေးသွားတာ
ဖြစ်မယ်၊
လက်ရေးက
တော်တော်ဆိုးတယ်) ‘Life style of rich and famous’ တဲ့။ သူဌေးကြီးတွေ၊ နာမည်ကြီးတွေ နေတဲ့ စတိုင်လ် ပေါ့။ ရယ်ရတာက အဲဒီအချိန်မှာ အဲဒီဓာတ်ပုံထဲမှာပါတဲ့ (ဝဏ္ဏကလွဲလ့)ို ကျွန်တော်တို့ကို ဘယ်သူမှ
မသိသေးပါဘူး။ အခုအချိန်မှာ ပြန်တွေးကြည့်တော့ ပြုံးစရာလေးပါ။ ပိုက်ဆံ ၅၀၀ လောက်ကို သုံးယောက် ခွဲသုံးရတာတို့၊ ကြေးအိုး စားချင်လို့ ဓာတ်ဆီ ထုတ်ရောင်းရတာတို့၊ Spy Wine ၂ လုံးသောက်ပြီး ဘေစင်ကြီး ပြည့်သွားအောင် အန်တာတို့ (မိုးထက်ပေါ့) အဲဒီ အချိန်တွေ အားလုံး ဒီဓါတ်ပုံလေးက ကျွန်တော့်ကို စက္ကန့်ပိုင်းအတွင်း ပြန်ပြောသွားပါတယ်။ နောက် ဓာတ်ပုံ တစ်ပုံက ကျွန်တော်နဲ့ ကျောင်းက သူငယ်ချင်းတွေ (၉ယောက်လောက် ရှိမယ် ထင်တယ်)
တိုင်းရင်းသား
ကျေးရွာထဲက
ခါကာဘိုရာဇီ
ပုံစံတူ
တောင်အတုလေးပေါ်မှာ
တက်ပြီး
ရိုက်ထားတဲ့ ပုံပါ။ မိုးထဲ ရေထဲမှာပေါ့။ အမြင်အားဖြင့် ဘာမှ မထူးပေမယ့် ကျွန်တော့်အတွက် အဲဒီနေ့ ကလည်း မှတ်မှတ်ရရပါပဲ။ ကျွန်တော့်စိတ်ထင် ရှိသမျှ Energy အကုန်သုံးတဲ့ နေ့လို့တောင် ထင်ရပါတယ်။ အဲဒီနေ့က ကျွန်တော်တို့အုပ်စု ထုံးစံအတိုင်း အတန်းလစ်ပြီး သံလျင် ရေလယ်ဘုရားကို ကားသုံးစီးအပြည့် တစ်ပြုံကြီး တင်ပြီး သွားကြပါတယ်။ သန်လျင်မြို့ထဲလည်း ရောက်ရော အားလုံး စိတ်တူကိုယ်တူပဲ ထန်းရည် တွေ ရေသန့်ဘူးနဲ့ ဝင်ဝယ်ကြပါတယ်။ ဘုရားရောက်တော့ လှေစီးတဲ့ကောင်က စီး၊ ကားရပ်ပြီး ကားပေါ်မှာ ထန်းရည် သောက်တဲ့ကောင်က သောက်န့ေဲ ပါ့။ ဘုရားက အပြန် လမ်းဘေး ကွင်းပြင်ကြီးမှာ ဆင်းပြီး လက်ကျန် ထန်းရည်တွေ ဆက်သော်ကမိကာမှ ဘုန်းကြီးကျောင်းဝင်းကြီး ဖြစ်နေလို့ ဘုန်းဘုန်းတစ်ပါး ကြိမ်လုံးနဲ့ ထွက်ကြိမ်းမှပဲ ထန်းရည်ကိစ္စ တစ်ခန်းရပ်ပါတယ်။ ဒါနဲ့ မပြီးသေးဘူးဗျ။ သံလျင် တံတား ကျော်လာတော့ ဘယ်ကောင်က ဇာတ်လမ်းစတယ်မသိ၊ တိုင်းရင်းသား ကျေးရွာ ဝင်မယ် ဖြစ်ပြန်ရော။ အဲဒီမှာ ကားပတ်မောင်းရင်း ကျွန်တော်တို့နှစ်ရဲ့ Dental King (ပထမနှစ်တုန်းကတော့
King
ပေါ့ဗျာ၊
နောက်တော့
တစ်ဖြည်းဖြည်း
ဘော်ဒီထွားလာပြီး
ဝက်ကင်း
ဖြစ်ကရော) သူ့ရဲ့ကားကြီး ဗွက်နစ်ပါရော။ အဲဒီမှာ ကားဆင်းတွန်းကြရင်း မိုးလည်းရွာနေတော့ မထူးဇာတ် ခင်းပြီး မိုးရေ ချိုးကြတယ်ဗျ။ တချို့ကောင်တွေဆို ဘောလုံးတောင် ဆင်းကန်လိုက်သေး။ ပြီးမှ ထန်းရည် မူးမူးနဲ့ အင်္ကျီတွေချွတ်ပြီးး ခါကာဘိုရာဇီ ပိစိလေးပေါ်တက်၊ အစွမ်းကုန် ပိုစ့်တွေပေးပြီး ဓာတ်ပုံရိုက်ကြတယ် ဆိုပါတော့ဗျာ။ အဲဒီကအပြန် ပဲခူးကလပ်မှာ ဘီယာ ဝင်သောက်သေးတယ်။ ဝက်ကင်းက တော်တော် မူးနေပြီ။ ပြီးတော့ သူ့ ကျောက်စိမ်း လက်စွပ်ကြီး ချွတ်ပြီး ‘ပိုက်ဆံမလောက်ရင် ဒါထားခဲ့မယ်’ လုပ်နေလို့ မနည်းတောင်းပြန်ပြီး ပြန်ဝတ်ပေးထားရတယ်။ ပဲခူးကလပ်က အပြန် ကျွန်တော့်အဖေ ခြံထဲက ရေကူးကန်မှာ တစ်ပြုံတစ်မကြီး ရေဆင်းကူးကြ၊ ဝါတာပိုလို ဆော့ကြ၊ အော်ကြ ဟစ်ကြနဲ့ ညတော်တော်မိုးချုပ်မှ အားလုံး မောပြီး ပက်လက်လန်နေကြတယ်။ ဒါတောင် ကမြင်းကြော လက်ကျန် တချို့က ကလပ်တက်မယ်ဆိုပြီး လစ်သွားလေရဲ့။ တတ်လည်း တတ်နိုင် ပါ့ဗျာ။ ဒီ ဓာတ်ပုံလေး ကြည့်ပြီး အခုနေ ဒါမျိုး ပြန်ကဲမလား ဆိုရင် တော်တော်စဉ်းစားမယ်။ အသက် ကလေးလည်း ရလာပြီ ဆိုတော့လေ။ ကဲ နောက်ဆုံးတစ်ပုံ။ ဒီဓာတ်ပုံက နည်းနည်း ဟိတ်ကြီး ဟန်ကြီး နဲ့ ပြောရရင် Final Destination ဆန်ဆန်ရယ်ဗျ။ Final Destination လိုတော့ ကြောက်ဖို့ မကောင်းပါဘူး။ ဒါပေမယ့် အရယ်ရသား။ ဒီပုံက ကျွန်တော်တို့ 4th year trip ထွက်စဉ် အခါသမယမှာ ရိုက်ထားတာဗျ။ နေရာကတော့ ချောင်းသာ ကမ်းခြေပါ။ ကျွန်တော်န့အဲ တူ ရန်ကင်း ( ဒီကောင်က ရန်ကင်းမှာ နေလို့)၊ ပြူးစိန်၊ တွတ်တွတ်၊ ကြက်ရိုး၊ သီဟနဲ့ သိန်းခိုင်၊ အားလုံး ကျောင်းက ကောင်ချည်းပဲ။ ရေထဲမှာ ဓာတ်ပုံရိုက်မယ်ဆိုပြီး ဓာတ်ပုံဆရာ ခေါ်ရိုက်တုန်း လှိုင်းပုတ်တာနဲ့ ကြုံလို့ အားလုံး ဖရိုဖရဲ ဖြစ်သွားတဲ့ လျှပ်တစ်ပြက် ပုံလေးပါ။ အဲဒီမှာ ရေထဲ
ခေါင်း တစ်ဝက် မြုပ်သွားတဲ့ ရန်ကင်း၊ ဒူးထောင်သွားတဲ့ ကျွန်တော်၊ ပြီးတော့ သီဟ၊ ပြီး သိန်းခိုင်၊ ပြူးစိန်၊ တွတ်တွတ်၊
မတ်တပ်ကြီး
ကျန်ခဲ့တာက
ကြက်ရိုး၊
အားလုံး
ရေမျက်နှာပြင်ကနေ
ငယ်စဉ်ကြီးလိုက်
စီထားသလိုပေါ့။ ဆန်းတာက အဲဒီ ငယ်စဉ်ကြီးလိုက် အစီအစဉ်အတိုင်း ကျွန်တော်တို့ မိန်းမ တန်းစီ ရကုန်ကြတာပါပဲ။ နှာတစ်ဖျား သာသူ ရန်ကင်းက ကျွန်တော့်ထက် တစ်ရက်စောပြီး မိန်းမယူသွားတယ်။ ပြီးတော့ ကျွန်တော် မိန်းမရတယ်။ ပြီးတော့ သီဟ၊ သိန်းခိုင်၊ ပြူးစိန် အားလုံး အစဉ်လိုက် ‘အို’ ကြ။ တွတ်တွတ်က သူ့ရည်းစားနဲ့ စေ့စပ်။ မားမားမတ်မတ် ကြက်ရိုးကတော့ အခုထိ သိပ်မထူးခြား။ သူ့ကို နောက်ဆုံးမှ အိုမယ့်ကောင်လို့ ကျွန်တော်တို့က စတော့ ဝက်ကင်းက မခံနိုင်ပါဘူး။ ဘာလိ့ဆို သူက ဓာတ်ပုံ ထဲမှာတောင် မပါရှာပဲကိုး။ ဘယ်ပါမလဲ။ သူဟာ ဟာဝါဟီရှပ်ကြီး တကားကားနဲ့ ကျောက်ဆောင် တွေပေါ်မှာ ဓာတ်ပုံ ရိုက်နေတာလေ။ အဲဒါပါပဲဗျာ။
အသက်တွေကြီးလာတာကို
တားမရတော့
ငယ်ငယ်တုန်းက
ဓာတ်ပုံလေး
တွေကြည့်ပြီး အမှတ်ရကြ၊ ပြုံးကြ၊ ရယ်ကြ၊ ဝမ်းနည်းကြနဲ့ပေါ့။ ဓာတ်ပုံဆိုတာ အကောင်းဆုံး အသံတိတ် နောက်ကြောင်းပြန်သမား တစ်ယောက်ပါပဲ။ ဒီလိုနဲ့ပဲ ကျွန်တော်လည်း ဒီထက် အသက်ကြီးလာရင် အမှတ် ရဖိ့။ု ရယ်ဖို့၊ ပြုံးဖို့၊ ဝမ်းနည်းဖို့ ဓာတ်ပုံတွေ လိုက်လိုက်ရိုက်နေရော ဆိုပါတော့ဗျာ။ ဒစ်ဂျစ်တယ် ကင်မရာတွေ ပေါ်လာတာလည်း တစ်မျိုး ကောင်းတာပဲ၊ ဖလင် မကုန်ဘူးပေါ့။ Photo ဆိုတာ နေရောင် (သို့မဟုတ)် အလင်းရောင်နဲ့၊ Graph ကတော့ ပန်းချီ၊ ရုပ်ပုံပေါ့ဗျာ။ ကဗျာဆန်ဆန် အဓိပ္ပာယ်ဖွင့်တော့ ‘အလင်းရောင်နဲ့ ဆွဲတဲ့ ပန်းချီ’ ပေါ့။ ကဲ နာမည်လေးက မလှဘူးလားဗျာ။ (UDM က သူငယ်ချင်းများ အတွက် အမှတ်တရ မင်းတို့ရဲ့ မိကျား) ••••••••••••••••
ဂျီဂျီ့ကိုတွေ့လား။ ဟောဟို စာသင်ခန်းရဲ့ နောက်ဆုံးမှာလေ။ အဲဒါ ဂျီဂျီပေါ့။ ဂျီဂျီဟာ အမြဲတမ်း မှုန်ကုပ်ကုပ် မျက်နှာပေးနဲ့ပါ။ စိတ်ရှုပ် စိတ်အိုက်နေတဲ့ မျက်နှာမျိုးလေ။ အဲဒါ ၇ နှစ်သား ဂျီဂျီ ဖြစ်ပါတယ်။ အမှန်တော့
ဂျီဂျီဟာ
ဖော်ရွေပါတယ်။
သူ့မှာ
သူငယ်ချင်းတွေလည်း
အများကြီးရှိတယ်။
မှုန်ကုပ်ကုပ် ဖြစ်နေတာကတော့ သူ့ထုံးစံပဲ။ မသိရင် တစ်ယောက်ယောက်ကို စိတ်ကောက် အလိုမကျ ဖြစ်နေ သလားတောင် ထင်ရတယ်။ သူ စိတ်ကောက်နေတာ မဟုတ်ပါ။ ဝေခွဲမရ ဖြစ်နေခြင်းသာ ဖြစ်ပါတယ်။ သူ့အတွက် ဝေရခွဲရ လွယ်ကူတာဆိုလို့ သူ့အမေ အိမ်က ထည့်ပေးလိုက်တဲ့ နှစ်ချပ်ပူး ပေါင်မုန့် ထောပတ် သုတ်ပဲ။ ခွဲချင် ဝေချင်ရင် နှစ်ခြမ်းခွာ လိုကရ်ုံပဲလေ။ အလယ်မှာ ထောပတ် နဲ့ သကြားနဲ့ပေါ့။ သိပ်အရသာ ရှိတာပဲ။ ဂျီဂျီဝေခွဲလို့ မရတာက အဲဒီ ပေါင်မုန့်ထောပတ်သုတ်ကို ဘာဖြစ်လို့ နေ့တိုင်း စားနေရတာလဲ ဆိုတာပါပဲ။ ဂျီဂျီ့မှာ မုန့်ဖိုး မရှိပါ။ အပြင် အစားအစာတွေ ဝယ်စားမှာစိုးလို့ သူ့အိမ်က မုန့်ဖိုး မပေးဘူးတဲ့။ မိဘ ဆိုတော့လည်း စိတ်ပူတာ အပြစ်မဟုတ်ပါဘူး။ ဒါပေမယ့် ဂျီဂျီဟာလည်း သူများတွေလို ဆီးထုပ်တွေ၊ နေကြာစေ့တွေ၊ မြေပဲလှော်တွေ သိပ်စားချင်တာပေါ့။ ဒီတော့ ဂျီဂျီ ဘာလုပ်သလဲ။ ပေါင်မုန့် ထောပတ်သုတ် အစုတ်ပလုတ်ကို ဆီးယိုနဲ့ လဲစားတယ်။ အိမ်ကထည့်ပေးတဲ့ နွားနိ့ကို ကျောက်ကျောရည်နဲ့ လဲသောက် တယ်။ ဒါ ဂျီဂျီ့ရဲ့ ဥာဏ်မီသလောက် ဖြေရှင်းနည်းတွေပေါ့။ သူ့ သူငယ်ချင်းတွေကလည်း ဆီးထုပ်နဲ့ ပေါင်မုန့် ကို လဲစားရလို့ သိပ် သဘောကျတယ်လေ။ ဒါပေမယ့် ဂျီဂျီ ဥာဏ်မမီတာတွေက ပြောရရင် အများကြီးပါပဲ။ အတန်းထဲမှာ
ဂျီဂျီဟာ
ခဏခဏ
ရိုက်ခံထိတယ်။
စကားများလိ့တဲု့။
ဟုတ်တော့လည်း
ဟုတ်တယ်။ ဂျီဂျီဟာ သိပ် စကားများတယ်။ သူ့မှာ သိချင်တာတွေလည်း အများကြီးပဲ။ အထူးသဖြင့် ဖတ်စာအုပ်ထဲက စာတွေကို ဘာကြောင့် မှတ်စုစာအုပ်ထဲ ပြန်ကူးရေးနေရတာလဲ၊ ဘာကြောင့် ‘ကျွန်ုပ်၏ အကြောင်း’ စာစီစာကုံး ရေးရင်း အတန်းသားအားလုံးရဲ့ မိဘတွေ နာမည်က ဦးမြ နဲ့ ဒေါ်လှ ဖြစ်နေရတာလဲ။ ပထဝီဝင် လတ္တီတွဒ်၊ လောင်ဂျီတွဒ် မျဉ်းတွေကို ဘာကြောင့် အလွတ်ကျက်နေရတာလဲ စသည်ဖြင့် အများကြီးပေါ့။ ဖတ်စာအုပ်ထဲက စာတွေကို မှတ်စုထဲ ပြန်ရေးခိုင်းတဲ့ အချိန်ကျရင် ဂျီဂျီဟာ သူ့သူငယ်ချင်း တစ်ယောက်ယောက်နဲ့ စကားတွေ ပြောနေတော့တာပဲ။ အဲဒီတော့ အရိုက်ခံရရော။ သူတို့ ဆရာမဟာ ကြိမ်လုံးကို နှစ်လုံး ပူးပြီး သားရေကွင်းနဲ့ ပေါင်းချည်ထားတယ်။ တစ်ခါတလေဆို ကြိမ်လုံးတွေ အများကြီး ဝယ်၊ အတန်းထဲမှာကို ထိုင်ပြီး အကျအန ရွေးတယ်။ စိတ်တိုင်းကျတဲ့ အလုံးရပြီ ဆိုမှ စိတ်ရှည်လက်ရှည်နဲ့ လှလှပပလေး သားရေပင်နဲ့ စည်းနေတော့တာ။ တောလိုက် ထွက်မယ့် မုဆိုး ဓားသွေးတာ ကျနေတာပဲ။ ကြိမ်လုံးစာ မိပြီ ဆိုကာမှဖြင့် ဂျီဂျီ ခြေသလုံးဟာ သွေးတောင် စို့တယ်။ ဂျီဂျီဟာ စာမညံ့ပါဘူး။ စာတွေ မရေးလည်း ဖတ်စာအုပ်ထဲကနေ သူ ကျက်လ့ရို တာပဲ။ စာမေးပွဲမှာလည်း အဆင့် ကောင်းကောင်း ရတယ်။ ကျောင်းသားတစ်ယောက်ဟာ စာမေးပွဲ ကောင်းကောင်းအောင်ဖ့ကို အဓိက မဟုတ်လား။
နောက်ပြီး
အတန်းထဲမှာ စကားပြောမိတာဟာ ခြေသလုံး သွေးထွက်အောင် ရိုက်ရလောက်တဲ့အထိ အပြစ်ကြီးသလား။ ဂျီဂျီ ဆရာမကို သိပ်မေးကြည့်ချင်တယ်။ ဒါပေမယ့် ‘နားမလည်ရင် မေး’ ဆိုလို့ မေးမိရင်တောင် ‘ငါ သင်တုန်းက နားမထောင်ထားဘူးလား’ ဆိုပြီး ခေါင်းခေါက်တဲ့ ဆရာမကြီးကို ‘သားကို ဒီလောက်အထိ ရိုက်စရာ လိုအပ်လို့လား’ လို့ ဂျီဂျီ ဘယ်လို မေးမလဲနော်။ ဒါ ဂျီဂျီ ဥာဏ်မမီတဲ့ ကျောင်းက ကိစ္စပေါ့။ အိမ်မှာလည်း ဂျီဂျီဟာ သိပ် အဆင်ပြေကြီးတော့ မဟုတ်ဘူး။ သူ့ အမေဟာ သူ့ကိုတစ်ချိန်လုံး စာပဲ ထိုင်လုပ်ခိုင်းတယ်။ နွေကျောင်းပိတ်ရင်တောင် ကောင်းကောင်း မနားရဘူး။ အဆိုးဆုံးက ကျက်ထားတဲ့ စာတွေကို သူ့အမေဆီမှာ အလွတ် ပြန်ပြန် ဆိုရတာပဲ။ ဂျီဂျီဟာ စာကျက်ပြီးရင် ဘယ်တော့မှ လွယ်လွယ်
မမေ့တတ်ဘူး။ အဲဒါ သူ့ဘာသာသူ ယုံတယ်။ ချရေးဆို အကုန်ပြန်ချ ရေးနိုင်တယ်။ စာမေးပွဲမှာလည်း ချရေး ရတာပဲ မဟုတ်လား။ ဘာလို့ အချိန်ကုန်ခံပြီး စာပြန်နေမှာလဲ။ စာပြန်ရမယ့် အချိန်မှာ ဆော့ပစ်မှာပေါ့။ ဂျီဂျီ့ အမေကတော့ သူစာကျက်ပြီးသားဆိုတာကို မယုံလို့ ပြန်ဆိုခိုင်းရတာ ဆိုပြီး ဆင်ခြေပေးတာပဲ။ ကဲ တကယ် မကျက်ထားဘူးဆိုလည်း ဘာဖြစ်သေးလဲ။ စာမေးပွဲကျရင် ဂျီဂျီပဲ အရှက်ကွဲမှာ မဟုတ်ဘူးလား။ ဒါ ဂျီဂျီရဲ့ ပြဿနာပဲ
မဟုတ်လား။
ဂျီဂျီ
အတန်းထဲမှာ
အဆင့်နိမ့်တော့ရော
အမေတို့က
ဂျီဂျီ့ကို
မချစ်ကြတော့ဘူးလား။ ထမင်း မခွံ့ကျွေးတော့ဘူးလား။ မမြဲတမ်းကြီးလဲ အဆင့်ကောင်းကောင်း မလိုချင် ပါဘူး။ အဆင့်ကောင်းကောင်း မကောင်းကောင်း စာမေးပွဲအောင်ရင် နောက်တစ်တန်းတက်ရမှာပဲ မဟုတ်ဘူး လား။ အဆင့် တစ် ရတော့ရော ရွှေရောင် သံဆွဲပြားကြီးနဲ့ စာအုပ်တစ်ဒါဇင် အထုပ်ကြီးပဲ ရတာမဟုတ်လား။ အဲဒီ စာအုပ်ထုပ်ကြီးကိုလည်း ဂျီဂျီ အတန်းထဲမှာ စကားများလို့ ဆိုပြီး ဂျီဂျီ့အဖေပဲ နံရံကို ပစ်ပေါက် ဆုတ်ဖြဲခဲ့တာပဲ မဟုတ်ဘူးလား။ ဂျီဂျီအလိုချင်ဆုံး ဆုက အရုပ်တွေပဲ။ ဂျီဂျီဟာ သိပ်အဆော့ မက်သူပါ။ ဒါပေမယ့် ဆောရတဲ့အချိန် ဂျီဂျီမှာ သိပ်ရှားတယ်။ ဘာလို့ ဂျီဂျီကိုယ်တိုင်တောင် မလိုချင်တဲ့ ‘စာအတော်ဆုံး ကျောင်းသား’ ဘဝကို ဂျီဂျီ့မိဘတွေက ငမ်းငမ်းတက် မက်မောနေရတာလဲ။ မိဘချင်း ဂုဏ်ပြိုင် ဂုဏ်ရှိ ချင်တာလား။ စာမှ မတော်ရင် ဂျီဂျီ့ဘဝမှာ အာမခံချက် မရှိတော့ဘူးလား။ အဲဒီ အာမခံချက်ကိုရော ဂျီဂျီ့မိဘတွေက
ဂျီဂျီ့ကို
မပေးနိုင်ဘူးလား။
ဂျီဂျီ့ဘဝကို
ဂျီဂျီဘာသာ
တာဝန်ယူနိုင်
မယူနိုင်
ဂျီဂျီဘယ်သိဦးမလဲ။ ဂျီဂျီ ခေါင်းဟာ တဖြည်းဖြည်း လေးလာတယ်။ အရွယ်နဲ့ သောက မမျှတော့ဘူး။ ကြာတော့လည်း စဉ်းစား စရာတွေနဲ့ အသားကျသွားတာပဲ။ လေးလာတဲ့ ခေါင်းကိုထမ်းပိုးဖို့ ဂျီဂျီ့ အရပ်ကြီး လည်း တဖြည်းဖြည်း ရှည်လာတယ်လေ။ ဂျီဂျီ့ရဲ့ လူပျိုဘဝဟာ စိမ်းစို ရဲရင့်စွာနဲ့ပဲ ကလေးဘဝ ပန်းအိုး ဟောင်းလေးထဲက ထိုးထိုးထောင်ထောင် ထွက်လာခဲ့တာပေါ့။ အခု ဂျီဂျီဟာ အသက် ၁၇ နှစ်ပါ။ လူပျိုပေါက် ဂျီဂျီဟာ အိပ်မက်တွေ အင်နဲ့ အားနဲ့ မက်တော့တာပေါ့။ သူ ခံယူ ထားတာက လူငယ်ဆိုတာ
ခေတ်ရဲ့ အိပ်မက်ပဲ။
လူငယ်တွေရဲ့
အိပ်မက်ဟာလည်း
ခေတ်နဲ့အပြိုင်
မြစ်လို
စီးဆင်းနေရမယ်ပေါ့။ ဂျီဂျီရဲ့ ခေတ်ဟာ ရေစီးကြောင်း မဟုတ်တော့ဘူး။ လှိုင်းကြမ်းတဲ့မြစ် ဖြစ်တယ်။ ဂျီဂျီဟာ အဲဒီမြစ်ထဲ စီးဝင်ဖို့ လှိုင်း တဝုန်းဝုန်း ထခဲ့တာပေါ့။ သို့ပေမယ့် ဂျီဂျီရဲ့ မြစ်ဟာ သဲသောင်တွေ၊ ကျွန်းတွေ အတွေ့များလာတယ်။ ဒီတော့ ရေစီးလည်းပဲ နှေးလာရပြီပေါ့။ အဓိက သောင်ထွန်းနေတာ ကတော့ သူ့အဖေပါပဲ။ ဂျီဂျီ့အဖေဟာ ရှေးရိုးဆန်တယ်။ ဒေါသကြီးတယ်။ ခေတ်ကို သိဖို့ ငြင်းဆန်တယ်။ ဂျီဂျီ့ကိုလည်း သူ့လိုပဲ အစဉ်သင့် ဖောက်ပြီးသား လမ်းတွေပေါ်မှာပဲ အေးအေးလူလူ လျှောက်လှမ်း စေချင်တယ်။ ဂျီဂျီရဲ့ အဖေဟာ ‘အရဲစွန့် ကြိုးစားခြင်း’ နှင့် ‘မိုက်ရူးရဲဆန်ခြင်း’ ကိုအခုထိ စာလုံးပေါင်း မသဲကွဲဘူး။ ဂျီဂျီကတော့ စိတ်လှုပ်ရှားရတာကိုမှ ကြိုက်တယ်။ ဒါပေမယ့် ဂျီဂျီရဲ့ ကောင်းကင်ဟာ အကန့် အသတ် ရှိတယ်။ ဂျီဂျီပျံချင်တိုင်း ပျံလို့ မရဘူး။ ကြာတော့ ဂျီဂျီဟာ ကိုယ့်ကိုယ်ကိုယ် ပင်းဂွင်းငှက်လို့ ထင်လာတယ်လေ။ ငှက်တော့ ငှက်ပဲ။ မပျံတတ်ဘူး။ ဂျီဂျီ တက်ချင်တဲ့ တက္ကသိုလ်ကို ရွေးခွင့် မရလိုက်ဘူး။ ဂျီဂျီ တက်လိုက်ရတဲ့ တက္ကသိုလ်ကလည်း အကောင်းဆုံးထဲက တစ်ခုပါပဲ။ ဒါပေမယ့် ဂျီဂျီ့အတွက်တော့ ငယ်ငယ်က အမေထည့်ပေးတဲ့ ပေါင်မုန့်ထောပတ်သုတ်နဲ့ ဘာမှ မကွာဘူး။ ပို ဆိုးတာက ဒီတစ်ခေါက်မှာ လဲစားလို့ မရတော့တာပဲ။ ငယ်ငယ်တုန်းက ပြဿနာတွေဟာ ဂျီဂျီ့အတွက် အခုအချိန်မှာတော့ တစ်မျက်နှာ ကာတွန်းလေးတွေ ဖြစ်လာတယ်။ တကယ့် ပြဿနာဆိုတာ အခုမှ ချောင်ထဲက သူရဲခြောက်သလို ဘွားခနဲ ထွက်လာတာကိုး။ ဂျီဂျီ လန့်သွားတယ်။ ဂျီဂျီ့အတွက် တက္ကသိုလ်နဲ့ အတူတူ တစ်တွဲတည်း ပါလာတဲ့ သောကကတော့ မိဘချင်း သဘောတူထားပြီးသား သတိ့သု မီးလောင် ဆိုတာကြီးပါပဲ။ သူမက တက္ကသိုလ်ကို ဂျီဂျီ့ထက် နှစ်နှစ်စောပြီး ရောက်နှင့်နေသူပါ။ ဂျီဂျီစိတ်ဓာတ်ဟာ မြေကြီးထဲက တီကောင်တစ်ကောင်နဲ့ သူငယ်ချင်း ဖြစ်သွားတယ်။ အချစ်ဆိုတာ ရယ်ဒီမိတ်အစားအစာလိုများ သဘောထားကုန်ကြပြီလား။ ပေါက်
ပေါက်ဆန်လို အပူနည်းနည်း ပေးလိုက်ရုံနဲ့ တဖောက်ဖောက် ပွင်လာတာမျိုးများလား။ ဂျီဂျီကတော့ ဒီလို မယုံကြည်ပါ။ ဂျီဂျီ့မှာ ရည်းစား နှစ်ယောက်လောက် ရှိခဲ့ဖူးတယ် ထိုရည်းစား နှစ်ယောက်လုံးကိုလည်း ဂျီဂျီမိဘများက သဘောမတူနငိုဟု ဆိုကာ ဂျီဂျီ့အား အဖြတ်ခိုင်းခဲ့ပါတယ်။ ထိုသောအခါလည်း ဂျီဂျီက အတိုက်အခံမရှိ ဖြတ်ပေးခဲ့ပါတယ်။ သူကိုယ်တိုင်က တကယ် မချစ်ခဲ့ခြင်းလား။ ဒါမှမဟုတ် အမေတို့နှင့် ဘယ်တော့မှ အနိုင်ရအောင် အငြင်းမပွားနိုင်ခဲ့ခြင်းလား။ သိပ် မသေချာခဲ့ပါ။ သိပ်လည်း မခံစားရခဲ့ဟု ထင်ပါတယ်။ သို့သော် မိမိ အိမ်ထောင်ဘက်ကိုတော့ မိမိဘာသာ ရွေးခွင့်ရလိမ့်မည်ဟု တိတ်တဆိတ် စိတ်ကူးဖောင်လေး ထိုးထားခဲ့တယ်။ ယခု ထိုဖောင်လေးဟာ လူကြီးချင်း သဘောတူထားသော ရေတံခွန်ကြီး ထဲသို့ အရှိန်ပြင်းစွာ ကျဆုံးသွားပါပြီ။ အစပင် ရှာမရတော့။ ထို သူမကို သူမချစ်ပါ။ မချစ်ချင်ပါ။ ဘာကြောင့် ချစ်သင့်သည် ဆိုတာလည်း မသိပါ။ ဘယ်လို ချစ်ရမည် ဆိုတာလည်း ဂျီဂျီ မသိပါ။ ဂျီဂျီ့မေးခွန်းတွေကို ဘယ်သူမှ မဖြေခဲ့ကြတာ တော်တော်ကြာပါပြီ။ ဖြေမယ့်သူ မရှိတော့ မေးခွန်းဆိုတာလည်း အူလည်လည် ရှက်ကိုးရှက်ကန်းကြီး
ဖြစ်လို့ပေါ့။
ဂျီဂျီ
သိပါပြီ။
ဂျီဂျီအတွက်အလုပ်သင့်ဆုံးက
ဆုပ်ကိုင်ထားသမျှကို
လွှတ်ချလိုက်ဖို့ပါပဲ။ ဂျီဂျီ ကြိုးစားရမှာက မကြိုးစားဖို့ပါပဲ။ ဂျီဂျီ့ စာမျက်နှာတိုင်းဟာ ကွက်လပ်မရှိ။ သူတို့ ရေးမှတ်ထားနှင့် ပြီးကြပြီ။ ဂျီဂျီဟာ ဘယ်တုန်းကမှ ဗလာစာအုပ် တစ်အုပ် မဖြစ်ခဲ့ပါ။ ထိုအစား ရောင်စုံခြယ် စာအုပ်တစ်အုပ်သာ ဖြစ်ခဲ့ပါတယ်။ သူဘာရောင် ခြယ်ခြယ် ခွေးပုံ၊ ကြောင်ပုံ၊ နေလုံးကြီးပုံ စသည်ဖြင့် ဘောင်ခတ်ထားပြီးသား ရုပ်ပုံများသာ ဖြစ်လာရမည် မဟုတ်ပါလား။ မလှဘူးလား ဆိုရင်တော့ လှတာပေါ့။ ဘောင်ခတ်ပေးထားတော့လည်း
ပိုသပ်ရပ်တာပေါ့။
‘အဆင်သင့်
ပြင်ဆင်
တည်ဆောက်ထားပြီးသော
အကောင်းဆုံး အရာများ’ ကို ဂျီဂျီလက်ခံဖို့ သူ့လက်ကို ဖြန့်လိုက်ပါတယ်။ ပုံစံမပေါ်တော့သော အနာဂတ် ယောင်ယောင်၊ ရည်ရွယ်ချက် ယောင်ယောင် ဖုန်မှုန့်များကို ပြောင်စင်အောင် ခါချလိုက်ပြီးနောက် သူ့လက်ထဲ သို့ ရွှေရောင်ဘောလ်ပန် တစ်ချောင်း ရောက်လာ၏။ လက်ထပ် စာချုပ်တွင် ဂျီဂျီ လက်မှတ်ထိုးပေးလိုက်ပါပြီ။ ‘ပေးစားခြင်း’ ဆိုတဲ့ စကားဟာ မတော်တဆ ပေါ်လာတာမှ ဟုတ်ရဲ့ လား။ အဲဒီနောက်ပိုင်း ဂျီဂျီဟာ အတော် ပေါ့ပါးလာပုံပဲ။ သူ့မျက်နှာဟာ အမြဲ ပြုံးစေ့စေ့န့။ဲ သူ့မှ ဘာမှ ပူစရာ မရှိတော့ဘူးလေ။ စိတ်ပူစရာတွေ မရှိတော့မှာကိုတောင် စိတ်ပူနေရမယ့် ဘဝမျိုးကို ဂျီဂျီ ရပြီပြီလေ။ သူ့မိဘ ပေးတဲ့အိမ်မှာနေတယ်။ သူ့မိဘ ပေးတဲ့အလုပ်မှာ ဝင်လုပ်တယ်။ နေ့တိုင်းဟာ အတူတူပဲ။ ဘာမှ ပြောင်းလဲမှု မရှိ၊ ဘာမှ စိတ်လှုပ်ရှားစရာ မရှိ။ အိမ်ထောင်ရေး ဆိုတာလည်း ဘာမှအခက်အခဲ မရှိတော့ သာယာတာပေါ့။ ဂျီဂျီ အိမ်ထောင်ဖက်နဲ့ ဂျီဂျီဟာ တိုက်ဆိုင် တူညီတာ ဆိုလို့တော့ တစ်စက်လေးမှ ရှိတယ် မထင်နဲ့။ ဂျီဂျီဟာ မှန်တစ်ချပ်ကို လက်ထပ်ထားတာပါပဲ။ တစ်ထပ်တည်း ကျနေသလိုလိုနဲ့ ဘယ်ညာ တစ်သက်လုံး လွဲနေတာလေ။ ဥပမာ သူ မလုပ်တာတွေဟာ သူမ လုပ်တာတွေပေါ့။ သူ မကြိုက်တာဟာ သူမ ကြိုက်တဲ့ အရာတွေပေါ။ သူ မမုန်းတာဟာ သူမ မုန်းတီးတာတွေပဲပေါ့။ ဒါပေမယ့်
သူတို့
လင်မယားဟာ
ဘယ်တုန်းကမှ
ကတောက်ကဆတ်
မဖြစ်ခဲ့ဘူး။
ဘာလိ့လဲုဆိုတော့ ဂျီဂျီဟာ ဘယ်တုန်းကမှ ဘယ်အရာကိုမှ ပြဿနာလို့ မယူဆခဲ့တော့လို့ပဲ။ သူ့ မိန်းမ ဘာလုပ်လုပ်၊ ဘာပြောပြော ဂျီဂျီက ကြည့်နေတာ များပါတယ်။ တချို့က မေးတယ်။ ဦး ဂျီဂျီကြီးက သူ့မိန်းမကို သိပ်ချစ်တာပဲ နော်တဲ့။ အဲဒီအခါမျိုး ကျရင်တော့ ဂျီဂျီဟာ သူ နားမလည်တဲ့ ဘာသာစကား တစ်ခုနဲ့ အမေးခံရသလို ကြောင်အမ်းအမ်းနဲ့ မေးတဲ့သူကို ပြန်ကြည့်နေခဲ့တာ ပါပဲ။ ဂျီဂျီကို မေးတဲ့ လူတွေ ဆိုတာလည်း တခြား မဟုတ်ပါဘူး။ ဂျီဂျီရဲ့ သားနဲ့ သမီးတို့ရဲ့ သူငယ်ချင်းလေးတွေပေါ့။ သူ့ကို ဦးဂျီဂျီတဲ့။ ဟုတ်တာပေါ့ သူ့အသက်ပဲ ၅၀ ကို တော်တော်ကျော်နေပြီ။ သူ့မိဘတွေ ဆုံးသွားတဲ့ အသက်အပိုင်းအခြား ရောက်ဖ့ကို လည်း သိပ်မလိုတော့ဘူး။ ဂျီဂျီ့မိဘတွေ ဆုံးသွားတော့ ဂျီဂျီ အင်မတန် ထူးခြားတဲ့ ခံစားချက်ကို
ဖျတ်ခနဲ ရခဲ့တယ်။ လျှပ်စစ် ကုလားထိုင်မှာ ထိုင်နေရတုန်း မီးပျက်သွားတာနဲ့ ကြုံရတဲ့ လူတစ်ယောက် ခံစားချက်မျိုးပဲ။ အရာအားလုံး အမှောင်ချထားနှင့်ပြီး လျှပ်စီးလက်သလို ဖျက်ခနဲ အလင်း ပွင့်ပြီး ချက်ချင်း ပြန်အမှောင်ကျ။
သူ့
လက်မှာ
မျှော်လင့်ချက်
ဖုန်မှုန့်
တစ်မှုန်
တလေများ
ကျန်ဦးမလားလို့
ဂျီဂျီ
လက်ဖြန့်ကြည့်တယ်။ အရေပြားတွေ တွန့်နေတာတော့ အထင်အရှားပဲ။ ပြီးမှ တာဝန်ကျေ သူငိုလိုက်တယ်။ အရှုံးပေးပြီး လက်မြှောက်ထားရတာ သိပ်ကြာခဲ့ပြီလေ။ အခု သူ့ လက်အံ သေသွားပြီ။ ဂျီဂျီ့သားနဲ့ သမီးကလည်း လိမ္မာကြပါတယ်။ မိဘ စကား နားထောင်တယ်။ အထူးသဖြင့် သူတို့ အမေစကား ပေါ့။ ဂျီဂျီကတော့ ထူးထူးခြားခြား ပြောဆို
ဆုံးမတာ မရှိသလောက် ပါပဲ။ ဂျီဂျီ့ကလေးတွေ ငယ်ငယ်တုန်းက
စာကျက်ပြီးရင်
စာလာလာ
သူတို့
အမေဆီမှာ
ပြန်ကြတယ်။
အဲဒီအခါမျိုး
ကျရင်တော့
ဂျီဂျီဟာ
ညဥ့်ကြီးသန်းခေါင်ပဲ ဖြစ်ဖြစ် ခြံထဲမှာ မြက်ရိတ်စက် တစ်လုံးနဲ့ မြက်တွေ ရိတ်နေတော့တာပါပဲ။ ဒါမှ မဟုတ်ရင်လည်း ရေချိုးခန်းထဲ ဝင်ပြီး မုတ်ဆိတ်ရိတ်ရင် ရိတ်နေတတ်တယ်။ ဒါပေမယ့် ဒီ နောက်ပိုင်း နှစ်တွေမှာ ဂျီဂျီမုတ်ဆိတ် ရိတ်တိုင်း မှန်ထဲက သူ့အရိပ်က ‘သွေးကြောင်တဲ့ ဂျီဂျီ’ လို့ တစ်ချက်တစ်ချက် လှမ်းခေါ်နေတာ ခက်တယ်။ အဲဒါနဲ့ပဲ
ဂျီဂျီဟာ
မုတ်ဆိတ်
ထူလပျစ်နဲ့
ဖြစ်လာတယ်။
ကလေးတွေကတော့
သူ့ကို
ဆံပင်ပြောင်းပြန် ပေါက်နေပြီဆိုပြီး နောက်ကြတယ်။ သူ့မှာ ဆံပင်ရယ်လို့ သိပှ် မရှိတော့တာကိုး။ ပြီးတော့ ဂျီဂျီဟာ နှေးလာတယ်။ ဂျီဂျီဟာ လေးလာတယ်။ ဂျီဂျီ အမှိုက်မျိုးစုံ ပိတ်လှောင်ကျပ်ခဲပြီး မစီးနိုင်တော့တဲ့( ဒါမှမဟုတ်) စီးဆင်းစရာ မလိုတော့တဲ့ မြောင်းအိုကြီး ဖြစ်လာရတော့ တာပါပဲ။ သူ အကြီးအကျယ် နေမကောင်း ဖြစ်ရာက အခြေအနေ ဆိုးလာပြီး တစ်ကိုယ်လုံး ‘အ’ သွားတယ်။ အခု ဂျီဂျီ့ ခန္ဓာကိုယ်ဟာ ဘုန်းကြီး
ငါးပါးရှေ့မှာပေါ့။
သူ့မိန်းမကတော့
မျက်မှန်
အနက်ကြီးတပ်လို့
သူမရဲ့
မျက်လုံးတွေကို
ဖွက်ထားလေရဲ့။ သူတ့အိုားလုံး ဂျီဂျီအတွက် အမျှဝေကြတယ်။ ဒါပေမယ့် ဂျီဂျီရဲ့ ဝိညာဉ်ဟာ သူတ့နိဲု့ အတူ မရှိတာကို သူတို့ မသိကြဘူး။ ဂျီဂျီ ဘယ်မှာလဲ။ ဂျီဂျီ သေဆုံးလိုက်တာနဲ့ တစ်ပြိုင်နက် ဂျီဂျီ့ ဝိညာဉ်ဟာ ခန္ဓာကိုယ်ကနေ ဝရုန်းသုန်းကား တွန်းတိုက်ထွက်လာပြီး တစ်ဟုန်ထိုး ပြေးတော့တာပါပဲ။ ဘယ်တုန်းကတည်းက ကြံစည်ထားသလဲတော့ မသိပါ။ ဂျီဂျီ့ကို တွေ့လား။ သူ ပြေးနေတယ်လေ။ ရိပ်ခနဲ ရိပ်ခနဲ မရပ်မနား စိတ်ပါစွာနဲ့ပေါ့။ သိပ်လွတ်လပ် တာပဲ။ သူ့အတွက်တော့ ဖြတ်သန်းမိသမျှ ဘဝကြီးတစ်ခုလုံးဟာ သံယောဇဉ်မှန်သမျှ မျိုးတုံးရာ နေရာ။ သူ
ပြေးနေတယ်။
သူ
ပြေးနေတယ်။
ပြေးတာ
သိပ်မမြန်တော့
အေးလာတယ်။
အေးချမ်းလိုက်တာ။ ဘယ်သူမှ မပြေးခိုင်းဘဲ ဘာကြောင့် ပြေးနေလဲတော့ ဘယ်သူမှ အတိအကျ မသိပါ။ ‘သူ့မိဘတွေ သူ့ကို မြင်သွားမှာ စိုးလို့များလား’ ဟူသော မေးခွန်းကိုမူကား သူ့ဝိညာဉ် ခေတ္တရပ်နား အမောဖြေနေချိန်တွင် မေးကြည့်ချင်ပါသေးတယ်။ အခုတော့ သူ ပြေးပါစေဦးလေ။ ••••••••••••••••
မြန်လွန်း၍ ဘာမှကို မမြင်ရပါ။ သူ သွားနေစဉ် ဘေးမှ အရာအားလုံး ရိပ်ခနဲ ရိပ်ခနဲ သူ့နောက်တွင် ကျန်ရစ်ခဲ့သည်။ သူ သွားနေသည် ဟုသာ ပြောသည်၊ အမှန်စင်စစ် သူ သွားနေခြင်း မဟုတ်။ သူ လိုက်ပါလာသော ယာဉ်ငယ်ကလေးကသာ သွားနေခြင်း ဖြစ်သည်။ အနှီ ယာဉ်ငယ်ကလေးသည် ကလေးကစားကွင်းမှ တိုက်ကား အရွယ်သာ ရှိသည်။ ဘာဘီးမှ မပါ။ ဘာ စက်ပစ္စည်း၏ ပယောဂမှ မပါဘဲ အတင်းကြီး တဟုန်ထိုး ပြေးနေလေတော့သည်။ မြန်တာတော့ အတော်ပင် မြန်လေသည်။ မြန်လွန်း၍ ဘာမှကို မမြင်ရပါ။ ထို ယာဉ်ငယ်လေးထဲတွင် သူတစ်ယောက်တည်းတော့ မဟုတ်။ အခြား လူတစ်ယောက်လည်း ပါလေသည်။ ထိုလူသည် ငရဲသားဟု ပြောပါသည်။ ပုံစံမှာမူ လည်ခေါင်းတုံးနှင့် ပုဆိုးနှင့် ဖြစ်၏။ သူ ဖတ်ဖူး ကြားဖူးသော
ငရဲသားများနှင့်
လုံးဝမတူသော်ငြား ခဏချင်းမှာပင် ဖြစ်သည်။ ယခုမှပင်
မတူ။
ဤငရဲသားသည်
ညာနေခြင်းတော့မဟုတ်။
Ricky-Martin
အဘယ်ကြောင့်
နှင့်
ဆိုသော်
တူလေ၏။
သူလဲကျ
ငရဲသားနှင့်
သေဆုံးသွားပြီး
၎င်းငရဲသားက လက်ဆွဲနှုတ်ဆက်ပြီး သူ့ကို ယာဉ်ပေါ် တက်ခိုင်းခဲ့ခြင်းကြောင့်ပင် သူ
ဘာကြောင့် သေသွားမှန်း မေးဖို့ သတိရလေသည်။ အသက်ရှင်စဉ် သူ
နောက်ဆုံးသတိရသည်မှာ အမဲကင်ကျပ်တိုက်ရန် ငရုတ်သီးထောင်းနေခြင်း ဖြစ်သည်။ ‘ဒီမှာ ကိုကို ငရဲ’ သူ တွန့ဆ်ုတ် တွန့်ဆုတ်ဖြင့် ခေါ်လိုက်သည်။ ‘ဗျာ ဗျာ့’ ဟု ပြုံးပြုံးပင် ထူးလေ၏။ အလွန် သဘောကောင်းဟန် ပေါ်လေသည်။ သူ အားတက်သွားပြီး ‘ကျုပ် ဘယ်လို ရှောသွားတာတုန်း’ ‘အာ၊ အဲ ဒီလိုလေဗျာ၊ ဟိုဒင်း သေသေချင်း အသက်ထွက်သွားတယ် ဆိုပါတော့ဗျာ အဟီး’ အလွန်ပင် ရှင်းလင်းသည့် အဖြေပင် ဖြစ်လေ၏။ ထပ်မေးလည်း ဘာမှထူးမည် မဟုတ်မည့် အတူတူ အခြား အကြောင်းအရာ ပြောင်း၍ စပ်စုကြည့်ရန် သူဆုံးဖြတ်လိုက်သည်။ ‘ကျုပ်က အခု ယမမင်းနဲ့ တွေ့ရမှာလား’ ‘ဒါပေါ့၊ တွေ့ရမှာပေါ့’ ‘ပြီးတော့ရော’ ‘ပြီးရင် ခင်ဗျားကို စစ်တာ ဆေးတာ ခဏလုပ်မှာပေါ့၊ ပြီးမှ နတ်ပြည်လား၊ ငရဲပြည်လား၊ ပြိတ္တာ၊ သရဲ၊ တိရစ္ဆာန် တစ်နေရာရာ ခင်ဗျားကို ပို့မှာပေါ့’ ‘စစ်တာ
ဆေးတာတွေက
ဟုတ်ပါပြီ၊
ဒီလောက်
လူတွေ
ဘယ်လိုပြီးအောင် စစ်သလဲ၊ အချိန်လောက်သလား’ ‘ငရဲပြည်မှာ တစ်နေ့ တစ်နေ့ဆိုတာ အကြာကြီးဗျ၊ လောက်တာပေါ့’
တစ်နေ့တစ်နေ့
သေနေတာ
‘နိုင်ငံခြားသားတွေကိုရော ဘယ်လို စစ်သလဲ’ ‘နိုင်ငံခြားရေးဆိုင်ရာ ငရဲမင်းတွေက စစ်တာပေါ့ဗျ၊ ကျုပ်တ့ဆီုမှာတော့ မြန်မာတွေပဲ များပါတယ်’ အမယ် ဘယ်ဆိုးလို့တုန်း၊ ဒါပေါ့လေ၊ စကားပြန်တွေနဲ့ ဘာတွေနဲ့ကျတော့လည်း ဘယ်လွယ် ပါ့မလဲ။ စကားပြန် စောင့်ရတာနဲ့ ဘာနဲ့ဆို အချိန်ကြာမှာပေါ့။ သေပြီးသား လူခမျာ၊ အခုပဲ သေလာရတာ ပင်ပန်းမှာပေါ့။ မယုံရင် သေကြည့်ပါလား။ သူ မေးချင်တာတွေ မေးပြီးမှ သူ့ကိုယ်သူ မိတ်ဆက်ဖို့ သတိရ သွားသည်။ ‘စကားမစပ်ဗျာ၊ ကျွန်တော် အရိုးပါ’ ကိုငရဲက ပြန်လည် ပြုံးပြပြီး ‘ကျွန်တော် သိပါတယ်၊ ခင်ဗျားက နာမည်ကြီးပဲ ဟာကု’ိ ဘဝင် မြင့်ရမလို ဘာလိုလို ဖြစ်သွားလေသည်။ ‘ခင်ဗျား စာတွေ ကျွန်တော် ဖတ်ဖူးတယ်။ သီချင်း ရေးတော့လည်း ကောင်းတာပဲဗျ၊ ဘယ့်နှယ် သေပစ်လိုက်ရတာတုန်း’ သူကပင် မေးခွန်း ထုတ်လေ၏။ ‘သေသေချင်း အသက်ထွက်သွားတယ် ဆိုပါတော့ဗျာ’ သူ့ စကားနှင့်ပင် သူ့ပြန်နှပ်ရလေတော့သည်။ မြိန်ပေစွ။ ငရဲပြည်သည် အတော်ပင် ခမ်းနားလေသည်။ မီးလည်း ပြတ်ပုံမရ၊ လင်းထိန်လျက်။ ပို၍ ထူးခြားသည်မှာ ငရဲပြည်သည် အဲယားကွန်းနှင့် ဖြစ်လေသည်။ သူ မေးခွန်းထုတ်ချင်နေသည့် မျက်နှာကို မြင်သော် ငရဲသားက မျက်နှာကိုရှုံ့လျက် ‘Global Warming လေဗျာ၊ ပူတယ် မခံနိုင်ဘူး’ ဟု ပြောသည်။ သူ စပ်စုချင်လာပြန်သည်။ ‘ငရဲကျတဲ့ လူတွေ ဘယ်မှာ ထားလဲဟင်’ ‘သူတ့ကို သပ်သပ်ဗျ၊ အဲလို အဲယားကွန်းတွေ ဘာတွေနဲ့တော့ ဘယ်ဟုတ်မလဲ၊ နောက်တော့ သိရမှာပေါ့ဗျာ၊ တော်တော် အမေးအမြန်း ထူတဲ့လူ ဟင်း’ ကိုငရဲ အသာတကြည်ပင် အတော်ပင်
နည်းနည်း
စိတ်ရှုပ်သွားပုံ
လိုက်သွားလိုက်သည်။
စောင့်ရသည်။
ရသည်။
စစ်ဆေးရေး
သူလည်း စခန်းကို
ဆက်မမေးတော့ဘဲ
ရောက်ပေပြီ။
နောက်မှ
သူ့အလှည့်ရောက်ဖို့
ရှေ့တွင် အစစ်အဆေး ခံနေသူများထဲမှ တစ်ယောက်တလေ အသိများ
တွေ့မလား ကြည့်သော်လည်း သူ့မျက်မှန် မပါလာသောကြောင့် ဘာမှ သဲကွဲစွာ သိပ်မမြင်ရချေ။ ‘အရိုး’ ယမမင်းဆိုသူ၏ ထည်ဝါသော အသံနှင့်အတူ သူလည်း ယမမင်းရှေ့သို့ ရောက်သည်။ ယခုမှပင် ယမမင်းကို သူ အနီးကပ် တွေ့တော့သည်။ ယမမင်းသည် ကုတအ် င်္ကျီနှင့် နက်ကတိုင်နှင့်
စမတ်ကျစွာ ဆုံလည်ကုလားထိုင်ပေါ်၌ ထိုင်နေလေသည်။ သူ့ဘေးတွင် ငရဲသားတစ်ယောက်က ကွန်ပြူတာ ကိုင်လျက် အလုပရှ်ုပ်နေ၏ ‘အရိုးဆိုတာ မင်းနော်’ ‘ဟုတ်ပါတယ်’ ‘ဆေးမျိုးစုံ ရောင်းတယ်နော်၊ အင်းစိန်က မဟုတ်လား’ တစ်ခုခုတော့ မှားနေလေပြီ၏ ‘မဟုတ်ဘူး
ခင်ဗျ၊
ကျွန်တော်က
တေးရေး၊
တေးဆို၊
စာရေးဆရာ၊
ပရိုဂရမ်မာ
အရိုး၊
ကျောက်မြောင်းမှာ နေတယ်’ ယမမင်းက မျက်မှောင်ကြုတ်လိုက်ပြီး ဘေးက ကွန်ပြူတာနှင့် ငရဲသားအား ‘သူပြောတာ ဟုတ်သလား’ ငရဲသားက ပြုံးတုံ့တုံ့နှင့် ကွန်ပြူတာကို ပြလိုက်ပြီး ‘ဟုတ်တယ်ဆရာ၊ ဒီမှာလေ သူ့ file၊ ဒီရုပ်ပဲ ဥစ္စာ၊ မျက်မှန် မပါတာပဲ ကွာတယ်’ ယမမင်း ဆက်ကနဲ ခုန်ထလိုက်ပြီး ‘နင့်ဘိုးအေ ဟုတ်ပါတယ်လား၊ ဒါဆို လူမှားခေါ်မိတာပေါ့၊ ဒါမျိုးတွေ ဖြစ်တတ်လွန်းလို့ နင်တို့ကို ကွန်ပြူတာ ဝယ်ပေးထားပါတယ်ဆိုမှ၊ တယ် . . . ငါလေ လုပ်လိုက်ရ’ ငရဲသားက စပ်ဖြီးဖြီးးပင် ‘ဗိုင်းရပ်စ် ကိုက်တယ်ထင်တယ် ဆရာ၊ ဆရာ ချက်တင်လုပ်တာ များသွားလို့ နေမှာပေါ့’ ဟု အကြောက်အလန့်မရှိ ဖြေလေသည်။ ယမမင်းက ‘ငါက ဂျီမေလ်းပဲ သုံးတာပါကွာ၊ နင်တို့
အကောင်တွေသာ
ဟိုဝက်ဘ်ဆိုက်
ကြည့်လိုက်၊
ဒီဝက်ဘ်ဆိုက်
ကြည့်လိုက်နဲ့၊
အောင်မယ်
ဒီမင်းသမီးလေးက ဗိုက်ကြီးသွားပြီ ဆိုပါလား’ ‘ဟုတ်ပါ ဆရာရေ ဟုတ်ပါ’ ပြောရင်း ဆိုရင်း ယမမင်းတို့ ဆရာတပည့နှ်စ်ယောက်
တိုးတိုး တိုးတိုးနှင့် ကွန်ပျူတာနား ကပ်သွားကြသည်။
ထိုမှသာ သူလည်း
သတိရသွားပြီး ‘ဟေ့ဟေ့ ကျုပ်လည်း သတိရကြပါဦးဗျ၊ ဘာ ဘာတွေ ဖြစ်နေကြတာလဲ’ ယမမင်းက နဖူးမှ ချွေးကို တစ်သျှူးပေပါဖြင့် သုတ်လိုက်ပြီး ‘ဆောရီး ငါ့ညီရာ၊ အစ်ကိုတို့ လူမှားခေါ်မိတာ၊ ဒီလိုပဲ လူပေါင်းစုံနဲ့ ဆက်ဆရတော့လေ’ ‘ဘာဗျ၊ ခင်ဗျားတို့ တော်တော် ပစ်စလက်ခတ် လုပ်တာပဲ၊ ဘယ့်နှယ်ဗျာ လူမှားခေါ်ရတယ်လ့၊ို အခု ဘယ်လို လုပ်မှာတုန်း’ သူ ဒေါသ ထွက်ချေပြီ။ ‘ကိုယ် မင်းကို လူ့ပြည် ပြန်ပို့ပါ့မယ်ကွာ၊ အခု ရောက်တုန်း ရောက်ခိုက် ငရဲပြည် တစ်ပတ်ကြည့် သွား သွား’
‘ဘာမှ မကြည့်ဘူး၊ တစ်စက္ကန့မှ်လည်း မနေတော့ဘူး၊ ခု ချက်ချင်း ပြန်ပို့၊ ကိုယ့်အလုပ်နဲ့ ကိုယ် ရှုပ်နေရတဲ့ ကြားထဲ ခင်ဗျားတို့က တစ်မှောင့’် ယမမင်းက ‘အေးအေး ပို့ဆိုလည်း ပို့ပါ့မယ်ကွာ၊ မင်းဟာလည်း ဒေါကြီးပဲ၊ ကဲ ကဲ မောင်စိုးအေးရေ၊ ဒီညီလေးကို အဆင်ပြေအောင် ကြည့်လုပ်ပေးလိုက်ပါကွာ၊ ပြီးရင် အင်းစိန်က အရိုးကိုလည်း ပါအောင်ခေါ်ခဲ့၊ ထပ်မှား မလာနဲ့ဦး’ ဟု လောကွတ် ပြုလေသည်။ သူ ဒေါသထွက်သော်လည်း စိတ်ထဲ နည်းနည်းတော့ ပေါ့သွားသည်။ ငါ မသေသေးဘူး ဟူသော အသိသည် အလွန်ချိုလေသည်။ ယာဉ်ပေါ်တွင် ပြန်ပါသွားစဉ် သူ ငရဲသားကို တစ်ခုခု ထပ်မေးချင်လာပြန်သည်။ ဒီတစ်ခါတော့ ကိုကိုငရဲဟု ခေါ်စရာမလိုတော့ဘူး၊ သူ့နာမည်ကို သိသွားပြီလေ၊ ‘ကိုစိုးအေး၊ ကျုပ်က အခု လူ့ပြည်ကို ဘယ်လို ပြန်ဝင်ရမှာတုန်း’ ‘လွယ်လွယ်လေးပဲ၊ ခန္ဓာကိုယ်ထဲကို ခင်ဗျား ခုန်ချလိုက်ပေါ့ဗျာ၊ အသည်း တအေးအေးနဲ့ ဟေး ဟေး’ ‘ခန္ဓာကိုယ် ခန္ဓာကိုယ်၊ ဟိုက် သွားပြီ’ ‘ဘာ သွားတာတုံးဗျ’ ‘ခင်ဗျား
ပြောတုန်းက
ငရဲပြည်မှာ
တစ်နေ့
တစ်နေ့
အကြာကြီးဆို
အခု
လူ့ပြည်မှာ
ဘယ်အချိန်လောက် ရှိပြီလဲ’ စိုးအေးက နာရီ တစ်ချက် ကြည့်လိုက်ပြီး ‘အင်း ခင်ဗျား သေပြီးတဲ့ အချိန်ကနေ ဆိုရင် ညဦးပိုင်းလောက်တောင် ရှိပြီပေါ၊ ဘာလိ့လဲု အလောင်းက ၃ ရက် ထားမှာ မဟုတ်လား၊ မီပါတယ်ဗျ’ ‘ကိုယ်ကျိုးတော့ နည်းပြီ၊ ကျုပ်က ကျုပ်သေရင် ချက်ချင်း သင်္ဂြိုဟ်ဖို့ မှာထားတာဗျ၊ အခုလောက်ဆို သွားပါပြီဗျာ’ မောင်စိုးအေးက ‘စောစောစီးစီး ပြောရောပေါ့ဗျာ ’ ဟုသာ လေပြေထိုးသည်။ ‘အခုလို မှားမှန်း မသိလ့ေို ပါ့ဗျ၊ မောင်းပါဗျ၊ မြန်မြန် မီလိုမီငြား’ ‘ကျုပ် မောင်းနေတာ မဟုတ်ဘူး၊ Autopilot System ဗျ၊ တက်ကနိုလော်ဂျီပေါ့ဗျာ’ သူ သေသာ သေလိုက်ချင်ပါတော့သည်။ အချိန်နှင့် အသုဘသည် လူမှားခေါ်ခံရသော ဝိညာဉ်ကို မစောင့်။ သူ လူ့ပြည် ပြန်ရောက်တော့ သူ့အလောင်းမှာ မီးသဂြိုင်္ဟ်ပြီး ပြာပင်ဖြစ်နေလေပြီ။ သူ အကြီးအကျယ် စိတ်ဆိုးလေ၏။
‘ကဲ အခု ဘာလုပ်ကြမလဲ၊ ခင်ဗျားတို့ ဘာလုပ်ပေးမှာလဲ၊ ပြော ပြော’ မောင်စိုးအေးက ‘ဟိုလေ ဟိုဟာ၊ သြော် သိပြီ၊ ခင်ဗျားက ပရိုဂရမ်မာ ဆိုတော့ ဒီလိုလုပ်ပါလား၊ ကျုပ်တို့ ငရဲပြည်မှာ ကွန်ပျူတာပိုင်းဆိုင်ရာ အလုပ် ပြန်လျှောက်ပါလား၊ ခင်ဗျားကို ဦးစားပေးပါ့မယ်’ ‘အေး ကောင်းတယ်၊ မင်းတို့ ငရဲပြည်ကို လိုက်လာပြီး အားလုံးကို ကြွပ်ကြွပ်မြည်အောင် ဝါးစားပစ်မယ်၊ အို ကြပါတယ်၊ မင်းကို စဝါးမယ်၊ ဟေ့ကောင် မပြေးနဲ့ ရပ်စမ်း၊ ဟေ့ကောင် စိုးအေး’ မောင်စိုးအေးသည် ယာဉ်ပျံထားသော နေရာသို့ ပုဆိုးလေး မကာ မကာ ပြေးတော့လေသည်။ မြန်လွန်း၍ ဘာမှ မမြင်ရတော့ ပါတကား။
••••••••••••••••
အမြင်ကဏ္ဍ ဆေးမင်ကြောင်
ဆိုင်ထဲသို့
လူ့ဘီလူးကြီး
တစ်ကောင်
ဝင်လာသည်။
ပုံစံက
ဆူမိုနပန်းသမားကြီးနှင့် တူလေသည်။ ဆိုင်ထဲဝင်ပြီး ခပ်တည်တည်ပင် ဆေးမင်ထိုးခံသည့် ခုတင်ပေါ် မှောက်လျက် အိပ်လိုက်သည်။ မျက်နှာထားခပ်တင်းတင်းနှင့်ပင် သူ့ကျောကုန်း ပြောင်ကြီးကို လက်မဖြင့် ညွှန်းလိုက်သည်။
‘ဒီမှာ
အပြည့်သာထိုး’
ဆိုသည့်
သဘော။
မင်ကြောင်ဆရာ
မျက်မှောင်တစ်ချက်
ကြုတ်လိုက်သည်။ ဒီ . . ဒီ . . ဒီ. . ဆေးမင်ကြောင် ထိုးသည့် စက်သံ၊ တီ. . တီ. .တွိတွိ . . . မင်ကြောင်ဆရာ၏ လက်ကိုင်ဖုန်း
လာသံ။
‘ဟဲလ’ို
မင်ကြောင်အထိုးမပျက်၊
အားနေသည့်
လက်ဖြင့်
ဖုန်းကောက်
ကိုင်လိုက်သည်။ ‘အိုး ရက်စ်’ မျက်နှာ ဝင်းပသွားပြီး ဖုန်းထဲမှ ညွှန်ကြားသမျှကို လိုက်ရေးသည်။ သွားပြီ။ လူ့ ဘီလူးကြီး ကျောကုန်းမှာ ဖုန်းနံပါတ်ကြီး။ မင်ကြောင်ထိုးသည့် စက်ဖြင့် ရေးထားလိုက်မိသည့် ဖုန်းနံပါတ်ကြီး။ ဘယ်လို လုပ်မတုန်း။ ဘယ်လိုမှ မလုပ်နဲ့။ ဒါ တီဗွီကြော်ငြာပါ။ အာမခံ ကုမ္ပဏီကြော်ငြာ တစ်ခုဖြစ်ပါသည်။ သူ့ ကုမ္ပဏီ ကြော်ငြာတာထက် ဟာသ Art က အများကြီး အရေးပါပါသည်။ အတူ ထိုင်ကြည့်နေသော ကျွန်ုပ်တို့ ဘော်ဘော်တစ်သိုက် ရယ်လိုက်ကြပါသည်။ ‘ငါ့ ကုမ္ပဏီက ထုတ်တဲ့ပစ္စည်း’ ဆိုတဲ့အစွဲ မတွေ့ရပါ။ ‘ငါ ထုတ်တဲ့ကော်ဖီ
မကြိုက်ရင်
ရေသောက်’
ဆိုတာမျိုးနှင့်တော့
အတော်ကွဲလွဲသည်
ကိစ္စဖြစ်ပါသည်။
နောက်ဆိုရင် ဒါမျိုးတွေတောင် တွေ့ရမလား မသိ။ ‘ဒီဆိုင်မှာ မစားရင် ချေစား’ ‘ဒီ အင်္ကျီမဝတ်ဘူးဆို သေလိုက’် ‘ဒီတံဆိပ် မကြိုက်ရင် မင်းညီမ ငါ့ပေး’ တစ်ခါတရံ ကိုယ့်သားလောက် ရှိတဲ့ကောင်လေးက တီဗွီမှ ကိုယ့်ကို ခေါင်းသုံးဖို့ ပြောတာပင် ခံရပေသေးသည်။ ဝဋ်ရှိသရွေ့ပေါ့ ငါ့လူတို့ရယ်။ အဖတ်ကဏ္ဍ မှုခင်းဌာနမှ ခွေးလေး သေဆုံးသွားပါသည် (အနောက်နိုင်ငံ တစ်ခုတွင်သာ)။ သူသည် ဘိန်းဖြူ စစ်ဆင်ရေးအတွက် ကိုကင်းမှုန့်များ မကြာခဏ ရှူရှိုက်ရာမှ နှာခေါင်းတွင်း ကင်ဆာရောဂါ ရရှိခဲ့ပါသည်။ သူ့ကို အရေးတယူ ဆေးကုပေးကြသည်။
သေသွားသော် မှုခင်းဌာန ဝင်းထဲမှာပင် အခမ်းအနားဖြင့်
သဂြိုလ်ကြ၏။ (ဆီးနှင့်ကျောက်ပက်ကိုယ်တော်ကို လွမ်းမိပါသည်) ဆိုမာလီ ဓားပြများနှင့်
ဆက်စပ်၍ ဆိုမာလီ ခေါင်းဆောင်တစ်ဦးကို အင်တာဗျူးရာ ‘ကမ္ဘာ
ထောက်ပံ့တာ မလုံလောက်လို့ ဒါမျိုးတွေ ဖြစ်ရတာ၊ ပိုက်ဆံမရှိရင်၊ ငတ်ရင် လူဆိုတာ ရရာနည်းနဲ့ ရှာရမှာပဲ၊ ဓားပြတွေကို အရေးယူခြင်းဟာ မှန်ကန်တဲ့ ဖြေရှင်းနည်း မဟုတ်ဘူး’ ဟု ရန်တွေ့ရှာပါသည်။
အင်မတန် စုတ်ပဲ့သည့် အတွေးအခေါ်ဟု ထင်နိုင်သော်လည်း သူ့ဘက်က ကြည့်ရင် အင်မတန် မှန်ပါသည်။
ဓားပြတွေလည်း
ပတ်သိမ်းဦးတော့
၎င်းတို့ကို
သူ့နိုင်ငံသား သူက
မဟုတ်လား။
ကာကွယ်ပေးရမှာ
ဓားပြတိုက်ရုံ
မဟုတ်ဘူးလား။
မကလို့
တစ်ကမ္ဘာလုံး
ဓားပြဒဏ်
ခံလိုက်ရသော
သဘောင်္သားများမှာသာ ဝဋ်ရှိသရွေ့ပေါ့။ အတွေ့ကဏ္ဍ ကျွန်ုပ်နှင့် လားလားမျှ မသက်ဆိုင်သော စာပေအခမ်းအနားတစ်ခု၌ ဖြစ်ပါသည်။ ရီကော်ဒါ တစ်လုံးနှင့် အမျိုးသမီးတစ်ယောက် အင်တာဗျူးဖို့
ရောက်လာ၏။ အမှန်အတိုင်း ပြောရလျှင် ဘာမှ
မဖြေချင်ပါ။ သူများတွေ အလုပ်ရှုပ်နေတာကြည့်ရင်းနဲ့ အားနာလို့ ချောင်မှာ ကပ်နေခဲ့ပါသည်။ သို့သော် ဝဋ်ရှိသရွေ့ပေါ့။ မေး - အခွေ မထွက်တာ ကြာပြီနော် ဖြေ - မကြာပါဘူး၊ Telepunk ထွက်ထားတာ တစ်လပဲ ရှိသေးတယ်။ မေး - အနုပညာ လှုပ်ရှားမှု ဘာရှိလဲ။ ဖြေ - ဘာမှ မရှိပါဘူး။ လောလောဆယ်။ မေး - လူမှုရေး လှုပ်ရှားမှုတွေရော။ ဖြေ - ကျွန်တော့်သမီး နေမကောင်းလို့ အလုပ် ရှုပ်နေတာနဲ့ ဘာမှမလုပ်ဖြစ်ပါဘူး။ မေး - ( ချက်ချင်းပင်) ဒါဆို ဖခင်တစ်ယောက်ရဲ့ မေတ္တာအကြောင်း . . . ။ ဖြေ - . . . . . . . . . . . ရန်ကုန်တွင် ကျွန်ုပ် အတွေ့ချင်ဆုံးမှာ ‘စေတနာ’ နှင့် ‘ဟာသ’ ပင် ဖြစ်ပါသည်။ အစစ်ဖြစ်ဖို့တော့ လိုပါသည်။ လူ အစစ်တွေဆီက အတုတွေ ထွက်ထွက် ကျနေတာ သေဖု့သိာ ကောင်းတော့သည်။
••••••••••••••••
Valentine’s
Day
ကန်ဘောင်ပေါ်မှာပေါ့။
ဆိုလို့
အောင်မယ်၊
တစ်ခု
သွားသတိရတယ်။
အထင်ကြီးသွားပလား။
လွန်ခဲ့သော
မကြီးပါနဲ့။
ကိုးနှစ်လောက်က
ဂေါ်မစွံသော
ကျွန်တော့်ရဲ့
ဘော်ဒါအထီးများနဲ့ ကန်ဘောင်ပေါ်ကို စွန်လွှတ်ဖို့ ရောက်နေတာပါ။ Valentine’s Day ကြီး စွန်လွှတ် နေတယ်ဆိုတော့ သေချာတာပေါ့ဗျာ။ တခြား ဘာမှ လုပ်စရာ မရှိလို့ပေါ့။ အဲဒီနေ့က
လူတော့
တော်တော်များသားဗျ။
အတွဲတွေ၊
အတွဲတွေ
ဆိုတာ
ပြွတ်လို့။
ကျွန်တော်တို့လည်း သူတ့ကို ရှောင်ရင်း ရှောင်ရင်း IBC နားကိုတောင် ရောက်လာပါရော။ အဲဒီမှာ ကျွန်တော်တို့ ကန်ဘောင် ရေစပ်က စာအုပ်လေး တစ်အုပ် မျောလာတာကို တွေ့လိုက်တယ်။ စပ်စုတတ်တဲ့ တစ်ကောင်က ခပ်မြန်မြန်ပဲ ရေစပ်ဆင်းပြီး စာအုပ်ကို ဆယ်လိုက်ပါရော။ ပြီးတော့ ရေစိုနေတဲ့ စာအုပ်ကို ဝိုင်းပြီး မီးနဲ့ အပူပေးကြ၊ တစ်ရွက်ချင်း ဆွဲခွာ ကြည့်ကြနဲ့ တော်တော်လုပ်စရာ ရသွားတယ်။ နာရီဝက်လောက် ရှိမှ စာအုပ်ကို ဖတ်လို့ ရတယ်ဗျ။ စာအုပ်က ဘာမှ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကောင်လေးက ဖြတ်လို့ ကောင်မလေးက သူ့ခံစားချက်တွေ ရေးပြီး ပေးတဲ့ သဘောပါပဲ။ တစ်ချက် တစ်ချက် နည်းနည်းပါးပါး ပြုံးရတာက လွဲရင် စိတ်ဝင်စားစရာ သိပ်မကောင်းတော့ ကျွန်တော်တို့လည်း ပျင်းလာပါတယ်။ ဒါပေမယ့် နောက်ဆုံးပိတ် ရေးထားတဲ့ စာပိုဒ်ကြောင့် ကျွန်တော်တ့မှိုာ ဘာစကားမှ မပြောနိုင်အောင် ဖြစ်သွား ရတာပါပဲ။ သူမ ရေးထားတာက ‘ကျွန်မကြောင့် သိပ်စိတ်ဆင်းရဲ ရတယ်ဆိုရင်လည်း ဒီစာအုပ်ကို မောင်နဲ့ ကျွန်မ စတွေ့တဲ့ အင်းလျားကန်ထဲကိုသာ လွှင့်ပစ်လိုက်ပါမောင်’ တဲ့။ တချို့ ယောက်ျားတွေ ရည်းစားရဲ့ ပြောစကားကို မြေဝယ်မကျ နားထောင်ပုံမျိုးမို့ အခုလည်း ကြည့်လေ
‘အင်းလျား
ကန်ထဲသာ
ပစ်ချလိုက်ပါတော့’
လည်းဆိုရော
ကျွန်တော်တို့တောင်
ဆယ်ယူခဲ့ရတာကိုးဗျ။ အမှန်အတိုင်း ပြောရရင် ကျွန်တော်တို့ ငယ်ငယ်တုန်းက Valentine’s Day ဆိုတာ ခေတ်မစားပါဘူး။ ခေတ်မစားဆို ကျွန်တော်ဟာ Valentine’s Day ကို လုံးလုံး မသိခဲ့တာဗျ။ ကိုးတန်းလောက် ရောက်မှ ကျောင်းမှာ ကဗျာစာအုပ် ထုတ်တဲ့ကောင်တွေ စာအုပ် လာရောင်းရင်း ဒီနေ့ကို သိခဲ့တာ။ စစချင်း ဖြောင့်အောင်တောင် မခေါ်တတ်ပါဘူး။ ‘ဘာလတိုင်းဒေး’ ဖြစ်လိုက် ‘ဘော်လတိုင်း’ ဖြစ်လိုက်၊ တချို့ဆို ‘ဘာလင်တံတိုင်း’ နေ့တွေ ဘာတွေ ဖြစ်လိုဖြစ်ပေါ့။ အခုများတော့ ကြီးကျယ်ခမ်းနားစွာ ဆင်နွှဲနေကြပြီ ပေါ့လေ။ အင်္ကျီဆင်တူဝတ်လို့၊ အရုပ်လေးတွေ ပိုက်တဲ့သူက ပိုက်လို့၊ ပန်းစည်းတွေ ပို့တဲ့လူက ပို့လို့။ Valentine’s အမှတ်တရ ပစ္စည်းရောင်းတဲ့ ဆိုင်တွေ၊ ပန်းခြင်း ပို့တဲ့ service တွေဆို တော်တော် အလုပ်ဖြစ်ဆိုပဲ။ ဒီကြားထဲ Stage Show တွေကလည်း များမှများ။ အခု သရဖူက စာမူတောင်းတာတောင် ‘ဖေဖော်ဝါရီလအတွက်၊
ဗယ်လင်တိုင်း
ဒေးအတွက’်
ဆိုပြီး
တောင်းတာဗျား။
ကျွန်တော့်
ကိုယ်ပိုင်ဇာတ်လမ်းလေးများ တစ်ပုဒ်တလေ ထွက်လာမလားလို့ သွေးတိုးစမ်းတာလည်း ဖြစ်နိုင်တယ်ဗျ။ ဒီလိုတော့ လွယ်လွယ် ဘယ်ရမလည်း။ အားလုံးလည်း ပြုံးဖြဲနေမယ့် အချိန်ဆိုတော့ ရောကြိတ်တဲ့အနေနဲ့ ရယ်စရာ အတိုအစလေးတွေပဲ ခင်ဗျားတိ့ကို ဖောက်သည်ချ ရမယ်ဗျ။
ဒီလိုဗျ။ တစ်ခုသော Valentine’s Day မရောက်ခင် တစ်ရက်ပေါ့ဗျာ။ သူငယ်ချင်းတစ်ကောင်က သူ့ရဲ့
မကြာခင်
ချိတ်တော့မယ်
ကောင်မလေးကို
Valentine’s
Day
မနက်
အစောကြီးမှာ
ပန်းစည်းပေးချင်တယ် လုပ်ရောဗျား။ တစ်ခါမှလည်း မလုပ်ဖူးတော့ ကျွန်တော်တို့ကို ကပ်ပြီး ‘လုပ်ပါ သယ်ရင်းရာ’ ဘာညာပေါ့။ ကျွန်တော်တ့ကို လည်း စာစုကျက်မယ် ဆိုရင်သာ ဖင်ရွှေ့၊ ဒါမျိုးကျတော့
ဘေလေဆပ်
ဆိုပြီး
ဖုန်းတစ်ချက်
ဆက်တာနဲ့
တစ်ပြုံကြီး
ခေါင်းရွှေ့ဗျ။
စုမိရက်သားပေါ့။
ဒါနဲ့ပဲ
ကျွန်တော်က အဖေ့ကားကို ခပ်တည်တည်နဲ့ ‘မ’ လာ၊ ကျန်တဲ့ ကောင်တွေကလည်း ကုလသမဂ္ဂ အကြံပေး ပုဂ္ဂိုလ်လိုလို ဂိုက်တွေဖမ်းပြီး ဆရာလုပ်ဖို့ လာကြရော။ ပြီးတော့ မရှိစု ရှိစု ပိုက်ဆံလေးတွေနဲ့ မြေနီကုန်း ဈေးမှာ ပန်းတွေဝယ်ကြပေါ့။ Floral service တွေ ဘာတွေတော့ ဘယ်ကပ်နိုင်မလဲ။ ကိုယ့် ဘာသာပဲ နှင်းဆီပန်းတွေ ပါကင်ပေပါနဲ့
အရွက်ခြွေတဲ ပတ်၊
ထားမယ်ဆိုရင်
ကဲ
့ကောင်ကခြွေ၊
ပြီးရောတဲ့။
ရေစိမ်ထားမှကွ၊
ဒါမှ
ရေဆေးတဲ့
တစ်ကောင်က မနက်
ကောင်ကဆေး၊
ကြွပ်ကြွပ်ကြိုးနဲ့
အကြံပေးလိုက်သေးတယ်။
ရောက်ရင်
လန်းမှာ’၊
ဒါနဲ့ပဲ
စည်း၊
‘ပန်းတွေ
ညအိပ်
ရေချိုးခန်းထဲက
ဒန်အိုး
အဝိုင်းလေးထဲမှာ ရေဖြည့်ပြီး ပန်းစည်းကိုစွပ်ထားလိုက်တယ်။ အဲဒီမှာ စတာပဲ။ အဲဒီ ဒန်အိုးလေးက အိမ်ရှင် သူငယ်ချင်းရဲ့ အမေ ( အန်တီက သိပ် ကျန်းမာရေး မကောင်းဘူး) ညရေး ညတာ သုံးတဲ့ အိုး ( တစ်နည်း) ရှုရှုးအိုးဗျ။ ကျွန်တော်တို့ကတော့ အဲဒါ ဘယ်သိမှာတုန်း။ ရေကျင်းပြီး ခပ်လွယ်လွယ်ပဲ ပန်းစည်းကို ထိုးထားလိုက်တာပေါ့။ ဒါတင် ဘယ်ကမလဲ။ ကျွန်တော်တို့ အုပ်စုက လူစုံပြီဆို ဇာတ်လမ်း စကြပြီလေ။ မနက်ဖြန် ပန်းပေးပါမယ် ဆိုတဲ့ သကောင့်သားကို မသိရင်ပဲ ဘက်ချလာနိုက်လိုလို ဘာလိုလို မြှောက်ပင့်ပြောပြီး တိုက်ခိုင်းရော။ ဒီကောင် ကတည်း သွားကြီး ဖြီးပြီး ‘ငါ့ သယ်ရင်းတွေ ကျေးဇူးရှိတယ်’ တဖွဖွပြော။ သဘောတွေ
ကောင်း၊
ပုလင်းတွေ
ထောင်လို့ပေါ့။
စကားမစပ်
အဲ့ဒီညက
မီးက
ပြတ်သေးတယ်။
သောက်ထားတဲ့ တစ်ကောင်ပြီး တစ်ကောင် အိမ်သာသွား (အိမ်သာက ရေချိုးခန်းထဲမှာပဲ ) မမြင်စမ်းနဲ့ ရေအိမ် ကြွေခွက်ထဲ အပေါ့သွား၊ ခုနက ပန်းစည်း ဒန်အိုးက ကြွေခွက်ဘေးမှာ ကပ်ရက်ဗျ။ ဆိုတော့ကာ သဘောပေါက်ကြမယ်လို့ ထင်ပါတယ်။ ပန်းစည်းရဲ့ ဘဝလေးကို နောက်တစ်နေ့ မနက်စောစော ဒီကောင် ကျွန်တော့်ကို နှိုးပါတယ်။ ‘ထ ထ ပန်းသွားပေးမယ် ပေါ့’ ဝေလီ ဝေလင်းကြီး ကျွန်တော်လည်း မထနိုင်ဘူး။ ဒါနဲ့ပဲ ကားမောင်းတတ်တဲ့ နောက်တစ်ကောင်ကိုပဲ ကားသော့ ပေးလိုက်တယ်။ အခန်းထဲ စုပုံ ကျိုးနေတဲ့ ကောင်တွေကလည်း အားလုံး တစ်ယောက် တစ်ပေါက် ‘ဂွတ်လက်ခ် သယ်ရင်း .
.
.’ ဘာ ညာ နဲ့
နှုတ်ဆက်အားပေး လိုက်ကြတာ ဆူလို့။ ပြီးတော့ အားလုံး ပြန်အိပ်သွား ကြတာပေါ့။ အားလုံး နိုးတော့ နေတောင် အတော်မြင့်နေပြီ။ ဒါနဲ့ ကိုယ့်ကောင် ပြန်ရောက်လောက်ပြီ ဆိုပြီး ရှာတော့ ဘဲက ဝရန်တာမှာ ဆောင့်ဆောင့်ကြီး ထိုင်လို့။ ဆေးပေါ့လိပ်ကြီး ဖွာလိ့။ု မျက်နှာကြီး နီပြီး မျက်ရည်တွေ ဝဲလ့။ို နှပ်တွေလည်း ထွက်လ့။ို ကျွန်တော်က ဒါကို အလိုက်မသိစွာ ‘ဘယ်လိုလဲ ခွေးကောင်၊ ကြည်ကြည်နူးနူး ချစ်ရည်လူး ခဲ့တယ်ပေါ့’ လို့ ပြောမိတော့မှပဲ ဒေါသတွေ အလိပ်လိုက် ထွက်ကျလာပြီး ‘မင်း ဘိုးအေ ချစ်ရည်လူးရမှာလား၊ × + * + ဆိုပြီး သူ့မျက်နှာက ဒဏ်ရာတွေ ပြ လည်းပြ၊ ဆဲ လည်းဆဲ နဲ့’ ကျွန်တော်လည်း
ရုတ်တရက်
အဖြေမတွေ့ဘူး
ဖြစ်နေတယ်လေ။
အားလုံး
အဆင်ပြေတယ်
ထင်ထားတာကိုး။ အဲဒီမှာပဲ ကားလိုက်မောင်းပို့တဲ့ ကောင်က ကျွန်တော်တို့ကို အခန်းထဲခေါ်ပြီး ဒီလို ရှင်းပြတယ်။
‘ခြံ
ရှေ့ရောက်တော့
ကောင်မလေးက
စောင့်နေသေားကွ၊
ဒီကောင်လည်း
မြောက်ကြွ
မြောက်ကြွနဲ့ ဆင်းသွားတာ ရုပ်ရှင်မင်းသား ရှုံးတယ်၊ ပြီးတော့ ပန်းစည်းလည်း ပေးရော ကောင်မလေးက ချက်ချင်းကြီးကို ယူပြီး တဝကြီး နမ်းပစ်လိုက်ရောကွာ’ ‘အဲဒီတော့’ ကျွန်တော်တို့ အားလုံးလည်း သိချင်ဇောနဲ့ မေးတဲ့ အသံပါ။ ‘ဘာပြောကောင်းမလဲကွာ၊ ချဉ် ခနဲ၊ စူးခနဲ့၊ နွေးခနဲ’ ပေါ့။ ပြီးတော့ ဖြန်းခနဲပေါ့။ ဒီကောင့်ကို ပန်းစည်းနဲ့ ရိုက်၊ ပါးကို ကုတ်ဆွဲ၊ တံတောင်ဆစ် နဲ့ ထောင်း၊ ဆဲလိုက်တာလည်း ရစရာကို မရှိတော့ဘူး၊ ငါတို့ ပန်းစည်းကို ဟိုကောင့် မားသား ဘာညာအိုးထဲမှာ စိမ်မိတာကွ’။ ကျွန်တော် မှတ်မိသလောက် ဘဝမှာ အချိန်အကြာဆုံး ရယ်မိတာ အဲဒီ နေ့ပါပဲ။ ကိုယ့်ကောင်ကို သနားရ ကောင်းမှန်းလည်း မသိတော့ပါဘူး။ ခဏ နေတော့ ဒီကောင်လည်း ရှက်ရှက်နဲ့ အခန်းထဲ ဝင်လာပြီး ရောရယ် ပါတော့တယ်။ ဟုတ်တာပေါ့ မျက်နှာမှာ လက်သည်းရာကြီး ထင်းလို့။ အခုတော့ ကိုယ့်ကောင်လည်း အိမ်ထောင်တွေ ဘာတွေနဲ့ပါ။ ( ဟိုကောင်မလေး နဲ့တော့ မဟုတ်ပါဘူး) ဓာတ်သိထဲက ကောင်တွေ ဒီစာကို ဖတ်ပြီး ဘယ်သူလဲလို့ မမေးပါနဲ့။ မိတ်ပျက်မှာ စိုးလို့ပါ။ ကြုံလို့ ဒီကောင့်ကို မေးကြည့်ဖူးပါတယ်။ ကားထဲ ပန်းစည်းယူသွားတော့ မင်း အနံ့ မရဘူးလား လို့။ ဒီကောင်က ‘နည်းနည်းတော့ သံသယ ဖြစ်တယ်ကွ။ ဒါပေမယ့် မင်းကားဘီးကို ခွေးသေးပန်း ထားတယ် ထင်တာကွ၊ လူကလည်း မွှန်နေတာလေ၊ ငါ့ အပြစ်ပါကွာ’ လို့ ရယ်ကျဲကျဲ နဲ့ ဖြေပါတယ်။ ပြီးရင်လည်း တစ်ခုခုကို သတိရသွားပုံနဲ့ အသံကြီး တိတ်လို့ ‘ကျွတ် . . . ကျွတ် . . . ကျွတ်’။ ကဲ Valentine’s Day မှာ ပန်းပေးပါမယ် ဆိုတဲ့ ရောင်းရင်းတို့ ရေ။ ဒါမျိုး မဖြစ်အောင်တော့ ဂရုစိုက်ကြပေါ့ဗျ။ နံနံစော်စော်ကြီး ဆိုတော့ ဘယ်ကောင်းပါ့မလဲ။ သြော်
ဒါနဲ့။
ဖေဖော်ဝါရီ
လမှာ
Valentine’s
Day
တစ်ခုထည်း
ကွက်မြင်နေရင်
ဘယ်တရားပါ့မလဲနော်။ ကျွန်တော်တို့ တခြား သတိရ နေရမယ့် ရက်ကလေးတွေလည်း ရှိဦးမှာပေါ့။ ဘာပဲ ပြောပြော အပျော်ပေါ့ဗျာ။ ပေါ့ပေါ့ပါးပါးပေါ့။
••••••••••••••••
ဒေါက်တာလူးဝစ်၏
စိတ်ရောဂါ
အတိုင်ပင်ခံ
ရုံးခန်းလေးသည်
စားပွဲတင်
အချိန်မှတ်
ကိရိယာလေး၏ ‘ချစ်ချောက် ချစ်ချောက်’ ချော့သိပ်သံနှင့်အတူ အိပ်ငိုက်လျက် ရှိသည်။ ဖိုင်တွဲများ ဘေးရှိ Laptop
ပင်လျှင်
screen
saver
mode
ဖြင့်
တစ်ခန်းလုံးကို
မသိကျိုးကျွန်
ပြုထားလျက်။
ဒေါက်တာလူးဝစ်သည် လူနာ ရာဇဝင် ဖိုင်တစ်ခုကို မျက်မှောင် ကြုတ် စိုက်ကြည့်နေသည်။ ၎င်းဖိုင်သည် ဒေါက်တာ၏ရှေ့
နှစ်ကိုက်လောက်
အကွာရှိ
ဆိုဖာပေါ်တွင်
ကုပ်ကုပ်ကလေး
ထိုင်နေသော
ချာတိတ်တစ်ယောက်အား ကိုယ်စား ပြုလေသည်။ ချာတိတ်သည် ဆံပင် အတော်ပင် ရှည်လေ၏။ မျက်တွင်းကျကျ၊ ပိန်ကပ်ကပ် မုတ်ဆိတ်မွေး ငုတ်စိနှင့် ဘာကိုမျှ စိတ်မဝင်စားသော မျက်နှာပေးမျိုးနှင့်ပင် ဖြစ်သည်။ သူ့ကို ဒီရုံးခန်းထဲသို့ သူ့မိခင်က လာပု့သွိားခြင်း
ဖြစ်သည်။
တစ်ယောက်ပင်ဖြစ်၏။
အမှန်စင်စစ်
ထို့ကြောင့်
ချာတိတ်၏မိခင်သည်လည်း
ဤချာတိတ်အကြောင်း
သူ
လူးဝစ်စ်၏
လူနာများစွာထဲမှ
ကောင်းကောင်း
မဟုတ်တောင်
အတော်အတန် သိပြီး ဖြစ်လေသည်။ နာမည်က မက်သရူး။ အဆင်မပြေသော မိသားစုမှ ပေါက်ဖွားခဲ့သူ၊ ဘွဲ့ရခါနီးမှ ကျောင်းက နုတ်ထွက်ခဲ့သူ၊ လူတွေနှင့် ပေါင်းသင်းဆက်ဆံမှု နည်းသထက် နည်းလာသူ၊ အစားအသောက်ပါ ပျက်လာပြီး တစ်နေ့တစ်နေ့ ငေးမောစဉ်းစားခြင်းဖြင့သ်ာ အချိန်ကုန်နေလေသူ စသည် စသည်ဖြင့် စိတ်ကျရောဂါ ခံစားနေရသူများတွင် တွေ့ရလေ့ရှိသော လက္ခဏာများနှင့်မို့ သိပ် ထူးထူးခြားခြား မဟုတ်လှ။ ဒါပေမယ့် ကျန် တစ်ချက်ဖြင့် ထူးလို့ နေပေသည်။ လူးဝစ်စ်။ သားရဲ့ အခန်းထဲမှာ ဗလာစာအုပ် အလွတ်တွေ၊ ဗွီဒီယို တိပ်အလွတ်တွေနဲ့ ဘာ data မှ မပါတဲ့ hard disk တွေ အပြည့်ပဲလို့ သားရဲ့ အမေက ဆရာ့ကို ပြောပါရောလား။ မက်သ်။ ‘….’ လူးဝစ်စ်။ အဲဒါ ဘာကြောင့်လို့ ဆရာ့ကို မပြောပြချင်ဘူးလား။ မက်သက်။ (ရယ်ကျဲကျဲဖြင့်) ပြောဆိုလည်း ပြောရတာပေါ့ဗျာ၊ ဆရာ တီဗွီ ကြည့်ဖူးမှာပေါ့နော်။ လူးဝစ်စ်။ ဘယ့်နှယ် ပြောလိုက်ပါလိမ့်ကွယ်၊ သိပ်ကြည့်တာပေါ့။ မက်သ်။ ကြည့်တော့ ဆရာ ဘာတွေ့ရလဲ။ လူးဝစ်စ်။ ဗဟုသုတတွေ ရတာပေါ့ကွယ့်၊ မေးများ မေးနေရသေးတယ်ကွယ်။ မက်သ်။ ကောင်းပါရဲ့ဗျာ၊ ဒါဆို ဆရာ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ သတင်းစာတွေလည်း ဖတ်မှာပေါ့၊ ဟုတ်ပြီ ဆရာရတဲ့ ဗဟုသုတတွေဟာ အမှန်တွေချည်းပါလို့ ဆရာ အာမခံနိုင်လား။ ဥပမာ ဆရာရယ် ပြီးခဲ့တဲ့ ငါးရက်လောက်က ပျောက်ကုန်တာ
ပြည်နယ်တောင်ပိုင်းမှာ အစတောင်
မတွေ့ပေါင်
မုန်တိုင်းတစ်ခု ဆရာရယ်။
အဲဒါ
သတင်းမှားပေးလို့
ငါးဖမ်းလှေတွေ
ဘယ်သ့အူ ပြစ်ပြောမလဲ။
ဒါကြောင့်
ကျွန်တော်ဟာ ဘာ channel မှ မလွှင့်တဲ့ တီဗွီအလွတ်ကို ကြည့်တယ်။ ဗလာစာအုပ်တွေကို ဖတ်တယ်။ Tape အလွတ်တွေ ဖွင့်ထားတယ်။ ရှဲ ရှဲ မြည်သံက လွဲလို့ လူကို ဘာဒုက္ခမပေးဘူး ခင်ဗျ။
လူးဝစ်စ်။ အင်း ဖျော်ဖြေရေး အနေနဲ့ လှည့်မြင် ကြည့်ရင်ကောကွယ်။ မက်သ်။
အလကားပါဗျာ၊
အားလုံး
တစ်ခုမဟုတ်
တစ်ခု
ရောင်းဖို့
ကြိုးစားနေကြတာ
ချည်းပါပဲ။
အစားအသောက်၊ လူသုံးကုန်နဲ့ လိင်ကုန်တွေပေါ့။ လူတွေအတွက် တကယ် မလိုအပ်လည်း ဒါမှမရှိရင် သေတော့မယ့်အတိုင်း ကြော်ငြာနေတာပဲဗျ။ ရောင်းစားနေတာပဲ။ လူးဝစ်စ်။ သားရဲ့ အတွေးကိုတော့ ကြိုက်ပြီ။ ဆိုတော့ သားက media ကို အယုံအကြည် မရှိတဲ့ သဘောလား။ နည်းနည်း ရှင်းပါဦး။ မက်သ်။
ဘာယုံစရာ
ရှိလို့လဲဗျ။
တီဗွီတွေ၊
သတင်းစာတွေ၊
ဂျာနယ်တွေမှာ
တစ်ခုခု
ပုံနှိပ်၊
ထုတ်လွှင့်လိုက်တိုင်း အမှန် ဖြစ်ကရောလား။ သတင်း ဆိုတာလည်း တရားဝင် အတင်းပြောတာပဲဗျ။ ပြီးတော့ သူတို့ရဲ့ ပုဂ္ဂလိက ယုံကြည်မှုတွေကို ပြည်သူတွေက ဝယ်ယူနေရတာပဲ။ ဟင်း ဟင်း (ရယ်လျက်) အားတော့ နာတယ် ဆရာ။ ကျွန်တော်က Media မှာတင် မကဘူး။ ဘာဆို ဘာကိုမှ အယုံအကြည် မရှိတော့တာ။ (ပြောရင်းနှင့် ငိုသံပါလာ) လူးဝစ်စ်။ ဘုရားရေ . . မင်းဘာကိုမှ မယုံကြည်ဘူး ဆိုတော့ …။ မက်သ်။ ( စကားဖြတ်ပြောလိုက်ခြင်း) ဟုတ်ပ ဆရာ၊ လူ့ဘောင် အဖွဲ့အစည်းတစ်ခုလုံးကို ကျွန်တော် မယုံကြည်ဘူး လုံးဝပဲ။ ချာတိတ်က လုံးဝပဲဟု ပြောရာတွင် မျက်နှာရှိ ကြွက်သားအားလုံးကို အစွမ်းကုန် ရှုံ့ထား၏။ လူးဝစ်စ်။ သားရဲ့ မိဘကိုရော မယုံဘူးလား။ သားကို သူတို့ ကောင်းကောင်းသိတာပဲ။ မက်သ်။ ဟိုးဆရာ၊ အခုကို ဆရာ ကျွန်တော့်ကို တစ်ခုခု ယုံကြည်ခိုင်း၊ ဝယ်ခိုင်းနေပြီ။ မိဘကို စုံလုံးကန်း ယုံကြည်ရမယ်ဆိုတာ
တစ်စိကလေးမှ
အဓိပ္ပာယ်
မရှိဘူးဗျ။
မိဘတွေဟာ
ကျွန်တော်တို့ကို
မွေးခဲ့၊
ကျွေးခဲ့တယ်။ ကျေးဇူးရှိတယ် ပြီးတော့ ကိုယ့်ထက် အသက်ကြီးလို့ လောကအကြောင်း ပိုသိတယ်။ လေးစားရမယ်။ မှန်တယ်။ ဒါပေမယ့် မိဘက သားသမီးကို လုံးဝ ဒုက္ခမပေး၊ စိတ်မဆင်းရဲ စေပါဘူးလို့ ဆရာ အာမခံတော့မလို့လား။ ဒေါက်တာ နည်းနည်း စိတ် ကျဉ်းကျပ် သွားသည်။ ချာတိတ် စကားလမ်းကြောင်း ဘယ်ကို သွားနေသလဲ သူရိပ်မိသည်။ သို့သော် သူဘာမှ ပြောခွင့် ပြန်မရသေးခင် ချာတိတ်က ဆက်ပြောပြန်သည်။ မက်သ်။ တစ်ကမ္ဘာလုံးမှာ မိဘ ကိုယ်တိုင် သတ်လို့ သေသွားတဲ့ ကလေးတွေ ပုံလို့ ဆရာ။ အဖေ အရင်းက သမီးကို အဓမ္မ
ကျင့်တာတွေ၊
ကျွန်အဖြစ် ရောင်းစားခဲ့တာတွေ၊
မတရား ညှဉ်းပန်းနှိပ်စက်တာတွေ၊
သွေးထွက်သံယိုဖြစ်အောင် ရိုက်နှက် တာတွေ စုံလို့၊ စုံလို့။ ဒါ သားသမီးအတွက် မေတ္တာတွေလား။ ကျွန်တော့် အဖေကိုပဲ ကြည့်။ မိန်းမပေါင်း သောင်းခြောက်ထောင်နဲ့ ဖောက်ပြန်တယ်။ သား သမီးတွေရှေ့မှာ ကိုယ့်မယားကို
ရိုက်တယ်။
ကလေးတွေကိုလည်း
ဆဲတယ်။
အမေလည်း
ဘာထူးလဲ။
အားလုံး
ကိုယ့်အတ္တတွေချည်း ရှေ့တန်းတင်ထားကြတာပဲ။ ဒါပေမယ့် အကောင်းဘက်က တွေးတော့လည်း သြော်
ငါ့မိဘက ငါ့ကို အခုချိန်ထိ မသတ်သေး၊ မုဒိမ်း မကျင့်သေးပါလားလို့ပဲ ကျေးဇူးတင်ရတာပေါ့ ဆရာရယ်၊ ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းပြီး လုံခြုံလိုက်သလဲဗျာ၊ ဟားဟား။ ဒေါက်တာ လူးဝစ်စ်သည် ချာတိတ် အကြောင်းကို နည်းနည်း သဘောပေါက်စ ပြုလာပြီ ဖြစ်သည်။ ချာတိတ်သည် ခိုကိုးရာ မဲ့သော အားကိုးစရာ မရှိသော စိတ်အခံအားနည်း ရောဂါကို ခံစားနေရပုံ ပေါ်သည်။ သူ့လို လူနာမျိုးအတွက် ခိုင်လုံသော အားကိုးစရာ တစ်ခုခု အကြီးအကျယ် လိုအပ်ပေသည်။ လောလောဆယ် စကား လမ်းကြောင်း အနည်းငယ်ပြောင်းလို၍ လူးဝစ်စ်။ သား ကျောင်းက ရုတ်တရက် ထွက်လိုက်တာကရော ဘာကြောင့်ဖြစ်မလဲ။ မက်သ်။ မယုံကြည်မှုတွေထဲက တစ်ခု ဆိုပါတော့ဗျာ။ သင်ရိုးညွှန်းတမ်းတွေရယ်၊ ပြီးတော့ ဆရာတွေရယ်။ အဲ
စာမေးပွဲတွေရယ်ပေါ့။
ကျောင်းသားတွေကို
ကျွန်တော်က
ဘယ်မှာ
ဆရာတွေကို
ယုံကြည်လို့လဲ။
အယုံအကြည်
ကျောင်းသားတွေ
မရှိသလို
ဆရာတွေကလည်း
စာကျက်ထားပါတယ်
ဆိုတာကို
သံသယရှိလို့ စာမေးပွဲတွေ ရှိလာတာပဲ၊ အဲ စာမေးပွဲ ဆိုတာကလည်း ဘယ်မှာ မျှတလို့လဲ။ ဥပမာ ကျောင်းသားတစ်ယောက်ဟာ သင်ရိုးညွှန်းတမ်းရဲ့ အပုဒ် ၁၀၀ မှာ ၉၀ ဖတ်ထားတယ်၊ သိထားတယ် ဆိုပါတော့။ ဒါ သူ ၉၀ ရာခိုင်နှုန်း ပြင်ဆင်ထားတာပဲ။ ဒါပေမဲ့ သင်ရိုးထဲက ကျန်တဲ့ ၁၀ ပုဒ်ကိုပဲ စာမေးပွဲမှာ စစ်ခဲ့ရင် သူ ကျပြီ။ ဒီတော့ စာမေးပွဲဆိုတာ စာကျက်ခြင်း၊ မကျက်ခြင်းထက် ကံကိုပါ စစ်တဲ့သဘော ဖြစ်မနေဘူးလား။ အမှန်တော့ ဘာစာမေးပွဲမှ စစ်နေစရာ မလိုဘူးဗျ။ သင်စရာရှိတာ သင်ပြီး လောကထဲ လွှတ်ပေးလိုက်။ တကယ် မတတ်ထားတဲ့ ကောင်က သူ့စရိတ်နဲ့ သူ သွားမှာပဲ။ ဘွဲ့ရပြီး ဘာမှ မည်မည်ရရ မရှိတဲ့ လူ့အန္ဓတွေမှ ပုံလို့။ ကဲ ဆရာလည်း သိပ္ပံဘွဲ့ တစ်ခုမက ရထားတာပဲ။ ဆရာ့ဘ့နွဲ့ တန်တဲ့ အသိပညာတွေ ဆရာ့မှာ အပြည့်ရှိပါတယ်လို့ ဆရာ ထင်သလား။ ပြောရဲသလား။ လူးဝစ်စ်။
(မျက်မှောင်ကုတ်လိုက်၍)
သား
ဆရာ့ကိုလည်း
အယုံအကြည်
မရှိဘူးဆိုတာ
ဆရာ
ရိပ်စားမိပါတယ်။ ဒါပေမယ့် သိပ္ပံ ပညာရပ်ဆိုတာမျိုးက အင်မတန်. . .။ မက်သ်။ ဟီး ဟီး ဆရာရယ်၊ သိပ္ပံပညာသမိုင်းမှာ အမှားကင်းတယ်ဆိုတာ ဘယ်မှာ ရှိလို့လဲ။ ဒီ သိပ္ပံပညာရှင် တွေပဲ
အက်တမ်ထက်
သေးတာ
မရှိတော့ပါဘူးလို့
အဆိုတင်သွင်းခဲ့တာပဲ။
အခု
ပရိုတွန်ရော၊
နျူထရွန်တွေရော၊ စူပါစထရင်းတွေရော အပုံလိုက် ထွက်လာပြန်ပါရောလား။ အဆိုပြုချက် တစ်ခုဟာ နောက်အဆိုပြုချက် တစ်ခုကို ကြောက်ကြောက်နဲ့ စောင့်နေရတာပါပဲ ဆရာရယ်၊ အဲဒါ ဆရာလည်း သိပါတယ်၊ မငြင်းလိုက်ပါနဲ့။ ဒေါက်တာ့ စားပွဲပေါ်မှ အချိန်မှတ် ကိရိယာလေးသည်(ချစ် ချောက်) မှ ကလင် ကလင် ဟု ပြောင်းမြည်လာလေသည်။ အချိန် စေ့ပြီ။ ဒေါက်တာ လူးဝစ်သည် အားတင်း ပြုံးလိုက်ပြီး ‘သားအတွက် အကျိုးရှိလာမယ့် သောက်ဆေးတွေ ဆရာ ရေးပေးမယ်၊ ပြီးတော့ နောက် အပွိုင့်မန့်တစ်ခုလည်း ဆရာ ပေးလိုက်ပါ့မယ်၊ ဒီ အတော အတွင်းမှာ သား နားထောင်သင့်တဲ့ စီဒီလေးတွေပါ ဆရာ ညွှန်လိုက်မယ်’
မက်သ်။
ကျေးဇူးပါပဲ
ဆရာ။
ဆရာဟာ
ဒေါက်တာကောင်း
တစ်ယောက်ပါပဲ။
ဒါပေမယ့်
ဒါတွေ
မလိုအပ်တော့ပါဘူး။ ကျွန်တော့်အကြောင်း ကျွန်တော် အသိဆုံးပါ။ ပြောပြောဆိုဆို ချာတိတ်က ဒေါ်လာ ၅၀ တန တစ်ရွက် ဒေါက်တာ၏ စားပွဲပေါ်သို့ အသာအယာ ချထားလိုက်လေသည်။ ဒေါက်တာက ‘ဒါက ဘာလုပ်ဖို့တုန်း သားရဲ့ ’ ဟု မေးသည်တွင် မက်သ်။ ကျည်ဆန်ဖိုးပါဆရာ။ လူးဝစ်စ်။ ဘာ . . ကျည်ဆန်၊ ဘာအတွက်လဲ။ ချာတိတ်သည် ရုတ်တရက် သူ့ ဘောင်းဘီ နောက်ထဲမှာ ပစ္စတိုတစ်လက်ကို ထုတ်လိုက်ပြီး အဖေ့ သေနတ်ကို ကျွန်တော် ငှားလာလို့ပါ။ ပြီးတော့ ကျန်ဆန်တွေက သူ ဖြည့်ထားတာလေ။ လူးဝစ်စ်က ဆတ်ကနဲ လက်ကာပြလိုက်ပြီး
‘သား ပြဿနာတိုင်းမှာ အဖြေရှိတယ် သား ဒီလို
မလုပ် ’ သူ ချောက်ချောက်ချားချား ပြောနေစဉ်မှာပင် ချာတိတ်က လက်ကာပြပြီး ‘ဆရာ့ကို ကျွန်တော် မပစ်ရဲပါဘူး
ဆရာရယ်၊
လူတစ်ယောက်ကို
ဇီဝိန်ချွေနိုင်တဲ့
ပါဝါလည်း
ကျွန်တော့်မှာ
မရှိပါဘူး။
ကျွန်တော်ပိုင်ဆိုင်တာဆိုလို့ ကိုယ့်အသက်ကိုယ် ပြန်နုတ်ခွင့်ပဲ ရှိတာပါ။ ဒီအခွင့် အရေးကိုတော့ ကျွန်တော် အပြည့် အသုံးချမယ်ဆရာ’ ချာတိတ်က ရှိုက်ကြီးတငင် အော်ငိုသံကြီးဖြင့် ‘ကျည်ဆန်ဖိုးလေးပဲ အဖေ့ကို ပေးပေးပါ။ ဒါပဲ တတ်နိုင်လို့ပါ’ ဟု ပြောပြောဆိုဆို သေနတ်မောင်းကို ဖြုတ်ချလိုက်တော့သည်။ ‘ဒိုင်း’ ‘ဟေး အခု ရပ်လိုက်’ ဒေါက်တာ လူးဝစ်စ် အော်သံသည် သေနတ်ယမ်း ပေါက်ကွဲသံကို ဖုံးလွှမ်းနိုင်ခြင်း မရှိပေ။ သူ တစ်သက်လုံး သင်ထားသမျှ စာများထဲတွင် ‘သေနတ်သံကို ကျော်လွန် ဖုံးလွှမ်းအောင် အော်နည်း’ မသင်ခဲ့ရချေ။ သို့မဟုတ် ထိုနေ့က သူ ကျောင်းပျက်မိခြင်းလည်း ဖြစ်နိုင်ပါသည်။ နပ်စ်မများ အခန်းထဲ ဝင်လာကြသည်။ ရဲကား ဥသြဆွဲသံ ခပ်အုပ်အုပ် ကြားရသည်။ သွေးများ ပေစွန်းသော ဒေါ်လာ ၅၀ တန်ကို အဘယ် ကုန်သည်သည် လက်ခံပါအံ့နည်း။ Melinda M.Shodgrass ၏ Circuit Breaker ဝတ္ထုမှ Chapte 7 အား မှီငြမ်းပါသည်။ ••••••••••••••••
ဒီလိုနဲ့ ကျွန်တော်တို့ စကားဆက်ကြပါသည်။ ကျွန်တော်တို့ ဟု ဆိုရာတွေင ကျွန်တော်သာ လူသားတစ်ဦးဖြစ်၍ ကျန်တစ်ဦးမှာ ဘာမှ မဟုတ်ချေ။ နည်းနည်း ရှင်းပြပါဦးမည်။ သူသည်
လူမဟုတ်၊
တိရစ္ဆာန်မဟုတ်၊
ပစ္စည်းမဟုတ်၊
အစိုင်အခဲမဟုတ်၊
အရည်မဟုတ်၊
အငွေ့မဟုတ် ဘာဆိုဘာမှ မဟုတ်။ သူသည် အခြားကမ္ဘာကပင် ဖြစ်သည်။ ‘ဒါဖြင့် ဂြိုလ်သားပေါ့’ ဟု မေးလာနိုင်ပါသည်။ မဟုတ်ပါ။ သူသည် အခြားသော ဂြိုလ်တစ်ခုမှ ဖြစ်တည်ခြင်း တစ်ခုသာ ဖြစ်သည် သူနှင့် ကျွန်တော်
ဘယ်ပုံဘယ်နည်းဖြင့်
ထုတ်လွှတ်လိုက်သည့်
ပြောဆို
ဆက်ဆံနေသည်ကို
အဓိပ္ပာယ်တစ်စုံတရာ
ပါရှိသော
အတော်
မီဒီယာ
ပြောရခက်ပါသည်။
တစ်ခုအား
သူ
ကျွန်တော်က
ဖမ်းယူနားလည်လိုက်ခြင်းပင် ဖြစ်သည်။ တော်တော် အဆင်ပြေပါသည်။ အိပ်မက် မက်နေတာလည်း ဖြစ်နိုင်ပါသည်။ သူ။ ‘အဲဒါပဲ လူရေ၊ မင်းအခု ငါ့ကို နာမည် တပ်ဖို့တောင် ခက်နေပြီ မဟုတ်လား၊ မင်းတို့ ကမ္ဘာမှာ မရှိတဲ့ အရာဝတ္ထု
တစ်ခုကို
မင်းတို့
ဘယ်လို
ကင်ပွန်းတပ်မှာတုန်း၊
မင်းတို့
လူတွေဟာ
အသိဥာဏ်တို့၊
ဘာသာစကားတိ့နဲု့ ကိုယ့်ကိုယ့်ကိုယ် ဘောင်ခတ် ထားပြီးသားပါကွာ’ ကျွန်တော်။ ဘယ်လို ဘောင်ခတ်ထားတာတုံးဗျ။ သူ။ ဥပမာကွာ အဓိပ္ပာယ် မရှိဆုံး စကားလုံးတစ်ခု ပြောကြည့်လိုက်၊ ‘ဗျင်္ဂဈ’ တို့ Jhibquigh တို့ပေါ့၊ ဘာပဲပြောပြော အဲဒီ စကားလုံးတွေကို မင်းတို့ သိပြီးသား အသံတွေ၊ သရတွေနဲ့ပဲ လုပ်ယူရတာ မဟုတလား၊ ဘယ်မှာလဲ အသစ်။ သိမှု နယ်ပယ်တွေကို ကျော်ပြီး မင်းတို့ ဘာမှ မလုပ်တတ်ပါဘူး။ ကျွန်တော် စိတ်ဆင်းရဲ သွားပါသည်။ ဟုတ်သည်။ ကျွန်တော်တို့ ပိတ်မိနေကြပြီ။ သူက ဆက်၍ ‘မင်းတို့
လူတွေဟာ
အစကတည်းက
မိမိကိုယ်ကိုယ်
ဗဟိုပြုဝါဒကိုပဲ
လိုက်နာကျင့်သုံးကြတာကိုး။
ဒိုင်နိုဆောတွေ၊ ဆင်ကြီးတွေ သိပ်ကြီးတယ်၊ သိပ်မြင့်တယ် ပြောမယ်၊ ကဲ ဘာနဲ့ နှိုင်းယှဉ်ပြီး ပြောတာလဲ။ လူနဲ့ပဲကွ သူတ့ကို မင်းတို့ထက် ကြီးနေတာကိုး။ ပုရွက်ဆိတ်ကလေးတွ သေးလိုက်တာ ပြောမယ်။ ဘာလု့လိဲ မင်းတို့ထက် သေးတာကိုးကွ’ သူပြောပုံက ‘ယင်မလုံရင် ပြင်ပေါ့ကွာ’ ဟု ပြောသော ရုက္ခစိုးနှင့်ပင် ခပ်ဆင်ဆင်။ သူ ။ ‘ဘာမဆိုင် ညာမဆိုင်၊ ဂြိုလ်သား ရုပ်ရှင်တွေ ရိုက်ရင်လည်း ဂြိုလ်သားခမျာ လူလိုပဲ မျက်စိနဲ့ နားရွက်နဲ့ ရုပ်ကလည်း ဆိုးသေး၊ အံမယ် English လိုတော့ ပြောခိုင်းလိုက်သေး’ ကျွန်တော်။ ‘လူပုံစံ မဟုတ်တာတွေလည်း ရှိပါသေးတယ်ဗျာ၊ မန်းအင် ဘလက်ထဲမှာဆိုရင် အင်းဆက် တွေလို ရိုက်ထားတာပဲ။’ သူ။ ‘အေး၊ အဲ့ဒါ ပြောတာပေါ့၊ ကမ္ဘာပေါ်က သက်ရှိ သက်မဲ့တွေရဲ့ ပုံစံ၊ ပုံသဏ္ဍာန်တွေကလွဲလို့ မင်းတို့ တခြား စဉ်းစားမတတ်ဘူး မဟုတ်လား၊ မင်းတို့ လူမျက်လုံးတွေက အားလုံးကို မမြင်ရပါဘူးကွာ’
မင်းတို့ရဲ့ နားတွေကလည်း အကန့်အသတ်န့ပဲ ကြားရတာပါ၊ မင်းတို့ မမြင်ရတဲ့၊ မကြားနိုင်တဲ့ လှိုင်းအလျားတွေနဲ့
ဖွဲ့စည်းထားတဲ့
ဖြစ်တည်မှုတွေ
ရှိနိုင်တယ်ဆိုတာ
နည်းနည်းပါးပါးတောင်
ထည့်မစဉ်းစားကြတော့ဘူးလား၊ ဥပမာ ငါ့လိုပေါ့ကွာ၊ အခုတော့ မင်းတို့မှာ အပင်ပန်းခံပြီး ဂြိုလ်တုတွေ လွှတ်၊
ဘယ်ဂြိုလ်မှာဖြင့်
သက်ရှိ
မရှိပါဘူးတို့
ရေမရှိပါဘူးတို့
လျှောက်ပြော၊
မင်းတို့
မမြင်ရတိုင်း
မရှိရောလားကွာ။ ပြီးတော့ အသက်မရှိခြင်း ရှိခြင်းဆိုတာ မင်းတို့ လူတွေ အတွက်ပဲ အရေးကြီးနေတာပါကွာ၊ စကြဝဠာကြီး
တစ်ခုလုံးအတွက်
လူတစ်ယောက်
သေတာ၊
ရှင်တာလောက်က
ဘာများ
အရေးပါ
အရာရောက်နေလိ့လဲု။ သူ
စကားပြော
ခဏ
ရပ်သွားသည်။
မောသွားလိ့လုား။
လုပ်ပြန်ပြီ။
‘မောခြင်း’
သည်
လူ့ဘောင်အတွက် စကားလုံး တစ်လုံးမျှသာ။ ဘာမှ အသစ်မဟုတ်။ အသက်ရှူ ကျပ်လိုက်တာနော်။ ကျွန်တော့်ခေါင်းသည် ညစ်ထွေးလာသည်။
အမှိုက်များဖြင့် သူ
ပြည့်ကျပ်နေသော
စကားဆက်သည်။
‘မဟာ
ဖုန်စုပ်စက်
လူသားဝါဒကို
တစ်လုံးကဲ့သို့ ခဏလောက်
လေးလံ ခေါက်ထား
ကြည့်လိုက်ပါကွာ၊ ဥပမာ မင်းဗိုက်ထဲမှာ ရောဂါပိုးမွှားတွေ၊ သွေးဖြူ သွေးနီဥတွေ၊ ကပ်ပါးကောင်တွေ ရှိနေတယ်ကွ၊ ဒါပေမဲ့ သူတို့က မင်းကို မသိဘူးကွ၊ ရှင်းရှင်း ပြောရရင် မင်းဆိုတဲ့ကောင် ရှိနေမှန်း သူတို့ မသိဘူးကွ၊ မင်းရဲ့ ခန္ဓာကိုယ်ကြီးဟာ သူတ့အို တွက် စကြာဝဠာကြီး ဖြစ်ရင် ဖြစ်နေမှာပေါ့ကွာ၊ ဆဲလ်တစ်ခုရဲ့ သက်တမ်းဟာ တိုတယ်၊ မြန်တယ် ဒါပေမဲ့ ကိုယ်တိုင်ကတော့ဖြင့် သူ့ဘဝဟာ တိုလွန်းတယ်လို့ မထင်ပေါင် ကွာ၊ ဒီ အချိန်တိုလေးကပဲ သူ့ဘဝအတွက် အဓိပ္ပာယ်ရှီတာတွေ ဖြစ်ပျက်သွားခဲ့မှာပါပဲ၊ မင်းတို့ စဉ်းစားကြည် သူတ့နိဲု့မင်းတို့လူတွေနဲ့ သိပ်မကွာပါဘူး။ စကားမစပ် တစ်ခါတလေ မင်းတို့ လူတွေက တိရစ္ဆာန်တွေကို သတ်ကြတယ်ကွာ၊
တချို့ကဆို
ဝဋ်ချွတ်ပေးတယ်တောင်
ပြောလိုက်သေး၊
မင်း
ဘိုးအေကြီးမို့လို့
ဝဋ်ချွတ်ပေးတယ် ထင်ရတာလား၊ မင်းတို့က ဘာလို့ အတပ်ပြောနိုင်ရတာလဲ’ သူ ဒေါသ ထွက်နေပါသလား၊ မဖြစ်နိုင်ပါ။ သူ့တွင် ကျွန်တော်တို့မသိသော ခံစားမှု အသစ်သာ ရှိနိုင်ပါသည်။ အို မရှိနိုင်ပါ။ ခံစားမှု ဆိုသည့်အရာမှာ လူတွေ အတွက်သာ။ ကျွန်တော်။
စကြာဝဠာကြီးဟာ
အကောင်ကြီး
တစ်ကောင်များလားဗျ၊
ခင်ဗျားပြောတဲ့
အတိုင်းဆို
ကမ္ဘာကြီးက ဆဲလ်လေးတစ်ခု၊ ဒါမှမဟုတ် အစိတ်အပိုင်းလေး တစ်ခုပေါ့။ သူ။ စကြာဝဠာကြီးဟာ ဘာကြီးလဲဆိုတော့ ငါမင်းကို ပြောချင်တယ်၊ ဒါပေမဲ့ လုံးဝ အသစ်ဖြစ်သော တည်ရှိမှု အတွက် မင်းတို့ လူတွေမှာ အဓိပ္ပာယ် ပြန်စရာ စကားလုံး မရှိပါဘူး။ နွားဆိုတာကို မင်း မမြင်ဖူးသေးသရွေ့ တစ်ယောက်ယောက်က နွားလိ့ေု ပြာရင် မင်း ဘာကို မြင်ယောင်မှာလဲ။ ကျွန်တော်။ ‘ပြောကြည့်ပါ၊ အနည်းဆုံးတော့ ကျုပ် ကြားဖူးတာပေါ့ဗျာ’ သူ့ထံမှ ရှည်လျားသော ( သို့မဟုတ)် တိုလွန်းသော၊ တံြု့ ပန်မှုဟု ထင်ရသော၊ အဓိပ္ပာယ် တစ်ခု ထုတ်လွှင့်လိုက်သည်ဟု အတပ်ပြောနိုင်သော(အရာ) တစ်ခုကို ကျွန်တော် လက်ခံရရှိလိုက်ပါသည်။ (အရာ) ဟု မပြောမချင်း သေချာသည့် တစ်ခုခုကို ကျွန်တော် ညွှန်းဆိုနိုင်တော့မည် မဟုတ်ပါ။ ခွင့်လွှတ်ကြပါ။ သူ့ထံမှ ဘာမှ ထပ်မကြားရတော့။ မသိလွန်း၍ သေသွားသူကို စကြာဝဠာကြီးက သနားလိမ့်မည်လား။ သနားခြင်း ဆိုသည်မှာ ကမ္ဘာတွင် ဘယ်တုန်းကမှ မရှိခဲ့သော အရာသည် ‘အသစ် တီထွင်ခြင်း’ ပင် ဖြစ်သည်။ ••••••••••••••••
ဘောလုံးပွဲ အကြောင်း ခေါင်းစဉ်တပ်လိုကတော့ အကြောင်းသိတွေ ဟားနေမှာပေါ့။ ဘာလိ့ဆို ကျွန်တော်က ဘောလုံးနဲ့ မဟားတရား အလှမ်းဝေးတဲ့ကောင်မို့ ပါပဲ။ အသင်းတွေ မသိ၊ နိုင်ငံတွေ မသိ၊ ကစားသမားတွေ မသိ၊ ဘောလုံးပွဲ စည်းကမ်းတွေတောင် အကုန်လုံးစေ့ မသိ၊ ကျွန်တော် ကြိုကန်ချင်တာက အခုစာဟာ ဘောလုံးနဲ့ပက်သတ်ပြီး Professional Review လုံးဝ မဟုတ်ပါဘူး။ ဘာ ပညာခန်းမှ ပါမှာ မဟုတ်ပါဘူး။ ဘောလုံးဆို နကန်းတစ်လုံးမှ မသိတဲ့ ကျွန်တော့်လိုကောင်ရဲ့ ခေါင်းကို ကန့်လန့်ကြီး ဝင်ဆောင့်သွားတဲ့
World
Cup
အကြောင်း
မျှသာပါပဲ။
ကျေးဇူးတင်ကြောင်းလေး
ကြားဖြတ်
မူကြိုကလေး
ဆွဲတဲ့တံတား
စီမံကိန်းလို
ဖြစ်နေရင်တော့ ဆောရီးပါဗျ။ အရင်ဆုံး
ပြောလိုက်ဦးမယ်။
Dream
Boat
က
ကိုမောင်မောင်အေးနဲ့ ဆန်းထွဋ်ကို ကျေးဇူးတင်ပါတယ်။ World cup final မရောက်ခင် တစ်ရက်အလိုမှာ အဲဒီ နှစ်ယောက်လုံး ကျွန်တော့်ကို ဖုန်းဆက်ပါတယ်။ ကမ္ဘာ့ဖလား ပိတ်ပွဲနဲ့ Final အတူတူ ကြည့်မယ်။ လူစုံမယ်။
Free
Drink
လာညာ။
အဲ့ဒါ
လာခဲ့ဖို့
ကျွန်တော့်ကို
ခေါ်ရောဗျာ။
သူတို့
သိပ်အဆွယ်ကောင်းတာရယ်၊ အပေါင်း အသင်းတွေ အသံရယ်၊ Free drinks ရယ် ပေါင်းလိုက်တော့World Cup ကို ဘယ်ပွဲမှ ကြည့်မထားတဲ့ ကျွန်တော်ဟာ လာမယ် ချက်ချင်း ဖြစ်သွားရော။ ဒါတောင် Final မှာ ဘယ်အသင်းနဲ့
ဘယ်အင်း
တွေ့မှာလဲ
မေးမိလို့
ဆရာဆန်းထွဋ်ရဲ့
အနည်းငယ်
ကြမ်းတမ်းသော
စကားလေးများ အဖျားခတ် ခံလိုက်ရ ပါသေးတယ်။ တတ်နိုင်ပါဘူး။ ဒါနဲ့ပဲ ချိန်းထားတဲ့ နေရာကို ညဥ့်သန်းခေါင်ကြီး သွားရရောပေါ့ဗျာ။ အဲဒီမှာ စတွေ့တာပဲ။ အားလုံးက အာပေါင်အာရင်းသန်သန်နဲ့ ‘ဘယ်ကစား သမားက ဘယ်လ’ို အသံတွေ စီလို့ပေါ့။ မိုးဆမ်းပန်းရဲ့ World cup နှုတ်ဆက်ပွဲဟာ အလွန် နွေးထွေးပြီး ပျော်စရာကြီး ဖြစ်လို့၊ ‘ဘယ်အသင်း အားပေးမှာလဲ’ အမေးခံရတော့
တစ်ဖက်ဖက်မှာ
နေမှာ
ဒီပွဲမျိုးက
ပျော်ဖို့ကောင်းမယ်ထင်လို့
ဟော်လန်လို့ပဲ
ပြောလိုက်ပါတယ်။ အမှန်တော့ ဘာမှ သိလ့ရို ယ် မဟုတ်ဘူး။ နယ်သာလန်၊ ဟော်လန်ဆိုတာထက် ကျွန်တော်ချစ်တာ အမ်(မ)စတာဒမ် မြို့ပဲဗျ။ ဆိုတော့ အမ်(မ)စတာဒန် ရှိတဲ့ ဟော်လန်ကို ခပ်တည်တည်နဲ့ ကောက်ရွေးလိုက်တယ်ပေါ့။
ကိုကျော်စိုး(မင်းခိုက်စိုးစန်)
လည်း
ဟော်လန်ပဲ။
ဒါပေမဲ့
စိတ်အထင်
စပိန်ဘက်က ဝိတ်ပိုများ နေသလိုပဲ။ လာသမျှ လူထက်ဝက် ကျော်လောက်ကစပိန်မှ စပိန်။ ပိုဆိုးတာက ကျွန်တော့် မိန်းမကပါ စပိန်တဲ့ဗျာ။ လင်မယား နှစ်ယောက် အကြိုက်ချင်း တူလိုက်ပုံများ။ ဘောပွဲ တိုက်ရိုက်မလွှင့်ခင် ရတဲ့ အချိန်လေးမှာ Dream Boat က လူလေးယောက် ဝင်ထားတဲ့ ရေဘဝဲ တစ်ကောင်( ဟဲဗီးကြီး) စင်ပေါ်ခေါ်တင်ပြီး စပိန်နဲ့ နယ်သာလန် လွန်ဆွဲခိုင်းပြန်တယ်။ ဗဟုသုတအိုး ကျွန်တော်လည်း ရေဘဝဲလေး Paul အကြောင်း အဲဒီတော့မှ ကြားဖူးပါတော့တယ်။ World Cup က ကျွန်တော့်ကို
ပထမဆုံး
ဝင်ဆောင့်တဲ့
လှိုင်းဟာ
အဲ့ဒီ့
ရေဘဝဲပါပဲ။
နောက်တစ်ခါ
ကမ္ဘာ့ဖလား
ရောက်တဲ့အထိ Paul အသက် ရှင်သေးရင် ပြိုင်ပွဲဟာ တစ်မျိုး ဖြစ်ချင် ဖြစ်သွားနိုင်ပါတယ်။ ဒီလိုပါ ဆက်ကပ်ရုံလိုလို ရုံခပ်ကြီးကြီးထဲမှာ ရေကန်တစ်ခုထား၊ နှစ်ဖက်အသင်း နာမည် ထိုးထားတဲ့ အစာခွက် နှစ်ခွက်ထား၊ ဘယ်ခွက်ကို Paul ရွေးသလဲ။ အဲဒီ့ အသင်းနိုင်။ မကျေနပ်ရင် ရေကန် သုံးကန်ထား၊ Best of three
ရွေး။
ဘယ်လောက်
သက်သာလဲဗျာ။
ကစားသမားတွေ
အချိန်ကုန်ခံပြီး
ကန်နေစရာ
မလိုတော့ဘူးပေါ့။
တစ်ခုပဲ
နာမည်ေ၇းထားတဲ့
အစာခွက်
နှစ်ခွက်မှာ
တစ်ခွက်က
ဘာအစာမှ
ထည့်မထားရင်ရော Paul ဘာလုပ်မလဲ။ ဘာပဲ ပြောပြောပါ။ တစ်ကမ္ဘာလုံး ယုံကြတယ်ဆိုတော့လည်း ကောင်းသားပေါ့။ ပွဲမစခင် တချို့တလေကို ဘာကြောင့် ဘာအသင်းကို ကြိုက်လဲလိုက်မေးတော့ ‘စပိန် ချန်ပီယံဖြစ်မှ ရည်းစားက အဖြေပေးမှာ ဒါကြောင့် စပိန်ပဲ’ ဆိုတဲ့ တစ်ယောက်သော ပုဂ္ဂိုလ်ဟာလည်း အမှတ်တရပါပဲ။ ပွဲစတာနဲ့ ကျွန်တော်ဟာ တစ်သက်မှာ တစ်ခါမှ မကြည့်ဖူးတဲ့ ကမ္ဘာ့ဖလားကို ရုပ်ရှင်ကြည့်သလို အငမ်းမရ ကြည့်တော့တာပါပဲ။ တစ်ချက် တစ်ချက် ဟောလန်ကို အော်ဟစ် အားပေးချင်ပေမယ့် ဘေးမှာ ရှိသမျှ(ကိုယ့်မိန်းမက အစပေါ့) စပိန် ပရိတ်သတ်တွေဆိုတော့ ကျွန်တော်နဲ့ ကိုကျော်စိုးမှာ ဒိုင်လျှိုလေး ကြိတ်ပုန်း အားပေးဖော် ရတာပါ့။ ဟော်လန်က တစ်ခုခု လုပ်လိုက်ပြီဆိုရင် မိန့်မိန့်ကြီး ပြုံးနေကြရုံပါ။ ပွဲစဉ် တောက်လျှောက် ဘေးက ကျွန်တော့် သူငယ်ချင်းခမျာ ကျွန်တော့် မေးခွန်းတွေချည်း လှိမ့်ဖြေနေရတာပါပဲ။ ‘အဝါကတ် ဘာလို့ ပြတာလဲ၊ ထောင့်ကန်ဘော ဘာလို့ ကန်ရသလဲ၊ လူကျွံဘော ဘာဖြစ်လို့လ’ဲ ( ဘုရားစူး ကျွန်တော် အဲ့ဒီ့ အသုံးအနှုန်းတွေကို ဘာမှန်း မသိခဲ့ပါ၊ စပီကာကြီးကလည်း ကိုယ့်ဘေးမှာဆိုတော့ ယင်ကောင်ဝီဝီ မြည်သလို Noise သံကြီးကလည်း ဆက်တိုက်ထွက်နေ။ ဘာလဲမေးတော့ ‘ဘူဘူဇီလာ’ ဆိုပဲ။ ကျယ်ပဗျာ။ ကွင်းထဲက လူတွေ ဘယ်လို နေကြတယ် မသိ။ ဒိုင်ကလည်း ပြလိုက်ရတဲ့ အဝါကတ်။ ဘောလုံးသမားတွေကလည်း ဒုတိယပိုင်းလည်း
ပြီးရော
သရုပ်ဆောင် ဟောလန်၊
ကောင်းပဗျာ။
ဟော်လန်
နည်းနည်းထိရင်ကို
အော်ဟစ်နေသူ
တစ်ချို့က
လူးလှိမ့်နေတော့တာ။ သရေကျနေတာကို
ထခုန်နေလိုက်တာဗျာ။ မသိရင် ဟော်လန် နိုင်သွားတဲ့ အတိုင်းပဲ။ ဒီလိုနဲ့ပဲ ဟော်လန် ရှုံးရော ဆိုပါတော့။ တစ်ယောက် ထွက်ရကတည်းက စိတ်လျှော့ပြီးသားပါ။ ဂိုးသွင်းပုံတွေ
တစ်ခုမှ
မမှတ်မိပါဘူး။
ပွဲကြည့်စင်က
ဟာခနဲ
ဟင်ခနဲ
နှစ်ဖက်
ပရိသတ်တွေ၊
လက်သီးလက်မောင်း တန်းနေတဲ့ နည်းပြတွေ၊ ငိုနေတဲ့ ဟော်လန် ကစားသမားတွေ၊ ပျော်နေတဲ့ ချန်ပီယံ စပိန်တွေ၊ ဘူဘူဇီလာတွေ၊ ဒိုင်ကို ဘုကြည့်ကြည့်နေတဲ့ ဂျစ်ကန်ကန် မျက်နှာတွေ၊ မျက်နှာတွေ၊ အသံတွေ၊ အဖြစ်အပျက်တွေ။ ကျွန်တော့်အတွက်
ဘောလုံးပွဲဟာ
သဘာဝ
ပြဇာတ်တစ်ခု။
သရုပ်ဆောင်
များစွာဖြင့်
စည်စည်ကားကား။ ဇာတ်သိမ်းကတော့ အမြဲတမ်း တစ်ခုတည်း။ လူတစ်ခု ယာယီအောင်မြင်၊ လူတစ်ခု ယာယီကျရှုံး၊ မုန်းတဲ့ အသင်းဟာ ဗီလိန်ပေါ့။ ကြိုက်တဲ့ အသင်းဟာ မင်းသား(ဇာတ်လိုက်ပေါ့)။ မကျေနပ်ရင် အကျယ်ကြီး အော်ဆဲလို့ ရသည်။ ‘ရွှေဘရေ ပြေးပြေး၊ ကိုရွှေဘ သတိထား နောက်မှာ နောက်မှာ ချထည့်လိုက်လေကွာ ခွီးတဲ့မှာပဲ’ တစ်ခေတ်တစ်ခါက ရုပ်ရှင်၊ မြင်သမျှ အဖြူနဲ့အမည်း။ ဘောလုံးကွင်းမတော့ အရောင်တွေ စုံပါသည်။ နံနက် လေးနာရီ ထိုးပါတော့မည်။ ကားမောင်းရင်း ဘေးက ကျွန်တော့်မိန်းမ၏ စကားသံကို မကြားတစ်ချက် ကြားတစ်ချက်။ နားထဲမှာ ဘူဘူဇီလာ အသံတွေ ကျန်နေသေးသောကြောင့် ဖြစ်သည်။ ‘င့ါသမီး အော်ငိုရင် သိပ်အသံကျယ်တာပဲ၊ သူ့ကို ဘူဘူဇီလာလို့ ခေါ်ရအောင်’ သူ့စကားကို ကျွန်တော် ဖြတ်ပြောလိုက် ခြင်းဖြစ်ပါသည်။ မိန်းမက သဘောတူသည်။ စပိန်နိုင်မှ ရည်းစား၏ အဖြေကို ရမည့် ပုဂ္ဂိုလ်အကြောင်း အတွေးတစ်ချက် ဝင်လာတော့ ကျွန်တော် ပျော်သွားပါသည်။ သူက စပိန်တွေထက်တောင် ပျော်နေလိမ့်မည်။
အိမ်ရောက်တော့ ကိုက်ခဲနေသည့် မျက်လုံးများက ကျွန်တော့်ကို အိပ်မက်ထဲ ရောက်အောင် တရွတ်တိုက် ဆွဲခေါ်သွားသည်။ ကျွန်တော့် အိပ်မက်ထဲတွင် ဟော်လန် အသင်းသားများ ‘ရေဘဝဲ ဆာရှိမိ’ စားနေကြ၏။ ••••••••••••••••
ကျွန်တော် ပထမဆုံး ပြောချင်တာတော ခင်ဗျားဟာ အင်မတန် စပ်စပ် စုစု နိုင်တဲ့ သူပဲဗျ။ ဇောက်ထိုး ရေးထားတာမုလို့ ဖတ်လိုက်ပြန်တာပဲ
ကိုယ်နမဲ ဆိုင်ဘူး ဆိုပြီး ကျော်ဖတ် မသွားနိုင်ဘူး။ ဇောက်ထိုးဆိုလည်း ဇောက်ထိုး မဟုတ်လား။
ဒါနဲ့
စကားမစပ်
ခင်ဗျား
အခု
ဘယ်မှာလဲဗျ။
အိမ်မှာလား၊
လက်ဖက်ရည် ဆိုင်မှာလား၊ ဒါမှမဟုတ် ဘတ်စ် ကားပေါ်မှာလား။ အိမ်မှာဆို သိပ်အရေးမကြီးဘူး။ လူကြားသူကြားဆို ပြဿနာ တက်ပြီ။ ခင်ဗျား အနီးအနားက ခင်ဗျားလိုပ စပ်စပ်စုစု ရှိတဲ့ လူတချို့ဆို ခင်ဗျားကို စာအုပ် ပြောင်းပြန်ကြီး ဖတ်နေပဟဲ့ ဆိုပြီး ကြိတ်ရယ်နေကြတော့မှာပဲ။ ခင်ဗျား ဘယ်လို လုပ်မှာလည်း။ တလောကလုံး အမှား။ ခင်ဗျားက အမှန်။ ခင်ဗျားက သူတိုကို ထရှင်းပြလိုက်ပါလား။ ‘စာအုပ် တစ်အုပ်ရဲ့ အတွင်းသား ဘာသာဗေဒ ဗဟုသုတကို ဦးနှောက်က တိုက်ရိုက် ဘာသာပြန်ဆိုနိုင်မှုနှုန်း အနိမ့်အမြင့်ဟာ ၎င်းစာအုပ်ရဲ့ အပြင်သား အပေါ်ယံ မျက်နှာဖုံးတည့်ခြင်း၊ မတည့်ခြင်းနဲ့ လုံးဝ တိုက်ရိုက် ဆက်နွှယ်မှု မရှိ’ လို့ ခင်ဗျား ထကောလိုက်လေ။ လုပ်လေ။ ကိုယ် မှန်နေပြီပဲဟာ။ ဟိုးထား၊ ဟိုးထား၊ ကျွန်တော်က ခင်ဗျားကို ကျပ်နေတာပါဗျ။ သွားမလုပ်ပါနဲ့။ သူတ့ကို ခင်ဗျားကို စာအုပ် ပြောင်းပြန်ကြီး ဖတ်နေတယ် ဆိုကလည်းက တစ်မျိုးထင်ရင် ထင်နေကြပြီးသား ဖြစ်ချင် ဖြစ်နေနိုင်တယ်နော်။ ဒါကိုမှ ခင်ဗျားက ထပ်ပြီး ဝူးဝူးဝါးဝါး သွားလုပ်ရင် ဘာဆက်ဖြစ်လာမလဲ ဘယ်သူမှ အာမ မခံနိုင်ဘူး။ ခင်ဗျားကလည်း ခင်ဗျားပဲ။ စာအုပ်ကို အခု အတည့်ဖတ်လိုက်၊ အခု ဇောက်ထိုးဖတ်လိုက်။
သိပ်
အပြောင်းအလဲ
ခေါင်းစားဆိုတာ ခင်ဗျားလို လူမျိုးပဲဗျ။
များတဲ့သူ။
••••••••••••••••
အမြီးကျက်
အမြီးစား၊
ခေါင်းကျက်
စိတ် . . လေ . . တယ် . . . . . တကယ်။ လက်ကာ ပြလိုက်ပြီး ရပြီလား’ ဟု မေးမေးပြောပြော လုပ်လိုက်လေသည်။ ပါမောက္ခကြီးမှာ စိတ်မသက်မသာ ဖြစ်ခြင်း ကြီးစွာဖြင့် စိုက်လျက် ( လက်အကူ အညီ မပါဘဲ) စောက်ထိုးနေပြီး ဂျာနယ်ကိုမူ အတည့် ပြန်ကိုင်လိုက်ကာ ‘ဒီလိုဆို ဘာပြန်ပြောရမည် မသိ ဖြစ်သွားစဉ်တွင်ပင် အဘိုးကြီးက ရုတ်တရက် ထိုင်ခံတန်းလျားပေါ်တွင် ဦးခေါင်းဖြင့် ပြတ်ပြတ်
မေးလေ၏။
ပါမောက္ခကြီးကလည်း
အဘိုးကြီး၏
မထင်မှတ်သော
တုံ့ပြန်မှုကြောင့်
အဘိုးကြီးကတစ်ချက် မော်ကြည့်လိုက်ပြီး ‘ငါက ဂျာနယ်ကို အတည့် ဖတ်ရမယ်ပေါ့’ ဟူ၍ တုံးတိ ပြောင်းပြန်ကြီး ဖတ်နေတယ်ဗျ’ ဟု အနားကပ် ပြောလိုက်လေသည်။ ပြောင်းပြန်ဖတ်နေသည်ကို ပါမောက္ခကြီးတွေ့သွားရာမှာ သတိပေးချင်သွားသဖြင့် ‘ဘကြီး၊ ဘကြီး သတင်းစာ ဖြတ်လျှောက်လာလေသည်။
ပန်းခြံထဲရှိ
ထိုင်ခုံတစ်ခုပေါ်တွင်
အဘိုးကြီးတစ်ဦး
ဂျာနယ်ကို
တစ်ခါက ပါမောက္ခကြီး တစ်ယောက်သည် တက္ကသိုလ်သို့ သွားရန် ပန်းခြံတစ်ခု အတွင်းမှ
တူညီမျှတခြင်း၏
အခြားတစ်ဖက်မှာရှိသော
အရာများကို
ကျွန်ုပ်စိတ်ဝင်စားပါသည်။
ဤစာကြောင်း၏ အဓိပ္ပာယ်ကို နားမလည်ပါက ကျွန်ုပ်အား လာ မမေးစေလိုပါ။ ကျွန်ုပ်စိတ်ဝင်စားသော အရာများအကြောင်းကို နားမလည် သူများနှင့် စကားပြော ဖြေရှင်းရန် ကျွန်ုပ် စိတ်မဝင်စား သောကြောင့် ဖြစ်သည်။ ကျွန်ုပ်သည် စိတ်မဝင်စားပါက မိမိအား မြွေလိုက်ခံရလျှင်ပင် ဆေးကု လိမ့်မည် မဟုတ်။ ဆန့်ကျင်ဘက် လားရာ အရပ် အသီးသီးမှ မျက်နှာချင်းဆိုင် အနေအထားဖြင့် ရွေ့လျားနေသော အရာ ဝတ္တုနှစ်ခု၏ အဟုတ်၊ အီနားရှားနှင့် မိမိ၏ ကိုယ်ပိုင် အရှိန်၊ အရွေ့စွမ်းအား၊ အချိန်၊ နေရာ လစ်လပ်မှုကို တိုင်းတာတွက်ချက်နိုင်ရန် ရူပဗေဒ သဘောတရားများနှင့် သချာင်္ ကိန်းဂဏန်းများလိုအပ်ခြင်း၊ မလိုအပ်ခြင်းကို
တိကျစွာ
စဉ်းစားဆင်ခြင်နိုင်ဖို့
လုံလောက်သည့်
အကြောင်းရင်းများ
အချိန်မီ
ရှာမတွေ့ခြင်းသည် သေလောက်သည့် အထိ အရေးပါသော ကိစ္စ ဖြစ်ပါသလား။ မျက်နှာချင်းဆိုင် ကန့်လန့်ဖြတ် လမ်းမကြီး၏ ဘယ်ဘက် ယာဉ်ကြောဆီ ဖြတ်ထွက်လာစဉ်က သူ၏ အတွက်အချက်ကို သူ စိတ်တိုင်းကျ ခဲ့သော်လည်း လမ်းတစ်ဝက်တွင်မူ သူ့ကားက စက်ရပ်သွားသည်။ ထို့ကြောင့် သူ သေသည်။ ရူပဗေဒဆရာ ကိုရူပ။ သေပြီ။ စာတွေ့ချည်း မရပါ။ ပရက်တီကယ် များများ လုပ်ဟု ထိပ်ပြောင်နေသော အမျိုးသမီးတစ်ဦးက ကျွနုပ်အား ပြောပါသည်။ သူမ၏ နဖူးကို ခြင်ကိုက်နေသည်။ ဥာဏ်ပညာ ကြီးရင့်သူကြီးဟု ကျွန်ုပ်သတ်မှတ်ထားသော လူတစ်ဦးမှ ကျွန်ုပ်အား တစ်သက် မမေ့စရာ စကားတစ်ခွန်းကို ပြောဖူးသည်။ သို့သော် ထိုစကားကို ကျွန်ုပ် မမှတ်မိတော့ ‘သူ တစ်ခုခု ပြောဖူးသည်’
ဆိုရာမှ
အပ
ကျွန်ုပ်
ဘာမှ
စဉ်းစားမရ။
ထိ့ေု ကြာင့်
ဥာဏ်ပညာ
ကြီးရင့်သူကြီးဟု
ကျွန်ုပ်သတ်မှတ်ထားသော လူတစ်ဦးမှ ကျွန်ုပ် မေ့သွားသော တစ်သက် မမေ့စရာ စကားတစ်ခွန်းကို ပြောဖူးသည်’ ဟုသာ ဆိုနိုင်တော့မည် ဖြစ်သည်။ အခါ အားလျော်စွာ နောင်တွင် ပြန်မှတ်မိပါက ရေးသား ထုတ်ဝေပါမည်ဟု ကျိန်ဆိုပါသည်။ ဂြိုလ်ပတ်လမ်းများ ဘဲဥပုံဖြစ်ရခြင်းမှာ Gravity ကြောင့် တစ်ခုတည်း မဟုတ်ဘဲ ခုံးသော စကြာဝဠာကြောင့်ဟု အိုင်းစတိုင်းတို့ အုပ်စုမှ အသံ ထွက်လာသည်။ ကျွန်ုပ်ကမူ ဘော့ဘ်မာလေးကြောင့်ဟု ပြောသည်။ ကျွန်ုပ်ကျောင်းမှ ထွက်လိုက်ရသည်။ ကိုရူပလို အသေထွက်မည်တော့ မဟုတ်ချေ။ ကိုရူပ၏ စကြာဝဠာသည် ခုံးပါသေး၏လော။ သူ့ မျက်မှန်ကတော့ အတော်ပင် ခုံးထွက် နေလေ၏။ ကားမှန်ကွဲစများ ကြားမှ ကိုရူပ၏ မျက်မှန်ကို ဘော့ဘ်မာလေး ကောက်ရ သွားသည်။ ငြိမ်းချမ်းစွာ ရှေ့ဆက်ဖို့ မာလေး တိုက်တွန်းခဲ့သည်။ ဘယ်လို ရှေ့ဆက် မှာလဲ။ ထိုစကားမျိုးကို ယေရှုလည်း ပြောသည်။ ကိုဖီအာနန်လည်း
ပြောသည်။
ငြိမ်းချမ်းရေးသည်
အင်မတန်
လူပြောများပြီး
အင်မတန်
မေ့ပျောက်လွယ်သော ကိစ္စ ဖြစ်သည်။ ကျွန်ုပ် မေ့သွားပြီဖြစ်သော ဟိုလူကြီး ပြောသွားသည့် မမေ့နိုင်စရာ စကားမှာ ငြိမ်းချမ်းရေးလည်း ဖြစ်နိုင်ပါသေးသည်။ ပရက်တီကယ် များများ လုပ်ရမည်။ ဤစာကို
ဘောလိဝုဒ်ရှိ
ရုပ်ရှင်ထုတ်လုပ်သူများမှ
ပြန်လည်ဝယ်ယူခဲ့ပါလျှင်
အထက်က
ကွက်လပ်သည် ကုလားက ‘က’ ရန် ဖြစ်သည်။ သဘာဝ မကျသော်လည်း လူကြိုက် အင်မတန် များ၏။ Originality အကြောင်းကို အိမ်သာထဲမှာ အထင်းသား မြင်နိုင်ပါသည်။ အိမ်သာထဲတွင်တော့ အားလုံး
မိမွေးတိုင်းပဲ မဟုတ်လား။ သို့သော် လူတ့သို ည် Originality ကို အရှက်မရှိဟု ထင်၍ ဖုံးသည်၊ အုပ်သည်၊ ထပ်ဖြင့်သည်။ ထိ့ေု ကြာင့် ရုပ်ရှင်ထဲတွင် ကုလားများ ‘က’ ကြသည်။ ၎င်းတို့အား ကယ်တင်ဖို့ လိုနေသည်။ ‘ကယ်တင်ရှင်များ အသင်း’ ဟူသော အသင်းတစ်ခု ကျွန်ုပ်ထူထောင် ခဲ့ဖူးသည်။ ကယ်တင်မည်။ လောကရဲ့
ကိစ္စ၊
ဝိစ္စ၊
အရှုပ်အရှင်းတွေ
အားလုံးအတွက်၊
ဒုက္ခနဲ့
သောကတွေ
အားလုံးအတွက်
‘ကယ်တင်ရှင်များ အသင်း’ ရှိသည်။ သိ့ေု သာ် အလကားတော့ မရ။ ပိုက်ဆံ နည်းနည်းတော့ ပေးရမည်။ ပိုက်ဆံရှိမှ
ကိုယ့်ကိုယ်ကိုယ်လည်း
နည်းနည်းပါးပါး
ပြန်
ကယ်တင်နိုင်မှာပေါ။
စူပါမင်းတို့၊
စပိုက်ဒါမင်းတို့တောင် ရုပ်ဖျက်ပြီး အလုပ်ထက်ွလုပ် ရသေးတာ။ ကျွန်ုပ်က ဘာမို့လို့လဲ။ သို့သော် လူတွေက ခက်သည်။ အကယ်တင် မခံချင်ကြ။ ကိုယ့်ဘာသာ ဖြစ်သလိုကြီး ကယ်တင်နေကြသည်။ အချိုး မကျလှ။ ကျွန်ုပ်တို့ဆီမှာ ကယ်တင်ခြင်း နည်းလမ်းများ ရှိနေသည်။ ပြီးစလွယ် မဟုတ်။ သေသပ် လှပရမည်။ ဝန်ဆောင်မှု ကောင်းရမည်။ အကောင်းစား ကယ်တင်ခြင်းများကို လူတွေ မခံစားတတ်။ ကျွန်ုပ်တို့ဆီ ဘယ်သူမှ မဆက်သွယ်။ အလုပ် မဖြစ်။ ကျွန်ုပ် ရှက်ရှက်နှင့် အသင်းနာမည် ပြောင်းလိုက်သည်။ ‘ကယ်တင်ချင်သူများ အသင်း’ ဟူ၍။ ••••••••••••••••
‘…’
ဟု
ပြော၍
စိုင်းမင်းအား
ပါးပိတ်ရိုက်လိုက်
လေသည်။
စိုင်းမင်းလည်း
ပူထူကာ
ဒေါသထွက်ထွက်နှင့် တံတား ဘောင်ပေါ်မှ ရေကန်ထဲသို့ စွတ်တရွတ် ခုန်ဆင်းသွားတော့သည်။ သီတာ လှမ်းဆွဲသော်လည်း အချည်းနှီးသာ။ အတ္တ ကိုယ်စီဖြင့် တည်ဆောက်ထားသော ချစ်ခြင်း အတုသည် အဘယ်မှာ ကြာရှည် တည်မြဲပါအံ့နည်း။ ဤတွင် ကျွန်ုပ်၏ ဝတ္တု ပြီးပြီ ဖြစ်သည်။ ကျွန်ုပ်လည်း ခြေဆန့် လက်ဆန့် ပြုရန် မတ်တတ် ထအရပ် ‘ဘယ်လဲဗျ’ ဟူသော အသံဖြင့် စိုင်းမင်းသည် ကျွန်ုပ်၏ စေ့ထားသော အိမ်ရှေ့ တံခါးပေါက်မှ ရေများ စိုရွှဲလျက် ဝင်လာလေသည်။ ‘မင်း မသေဘူးပေါ့’ ဟု ကျွန်ုပ် တည်ငြိမ်စွာ မေးလိုက်၏။ သကောင့်သားက ကျွန်ုပ်၏ ကွန်ပျူတာ ရှေ့ကခုံပေါ်တွင်
ခပ်တည်တည်
ထည့်ရေးလေဗျာ၊
ဘယ့်နှယ’်
ကွန်ပြူတာကလည်း
ဗားရှင်း
ဟု
ဝင်ထိုင်ကာ မချိုမချဉ်
နိမ့်လှချေလား၊
‘သေစေ့ချင်လည်း မျက်နှာဖြင့်
ရေထဲကျ
ပြန်ပက်ချေ၏။
အသစ်ဝယ်တော့’
ဟု
သေပြီလို့
ထိုမှ
ဝတ္ထုထဲ
ဆက်၍
အမိန့်ရှိပြန်သည်။
‘ခင်ဗျား ကျွန်ုပ်က
‘အသစ်ပေါ်တိုင်း ငါက လိုက်ပြောင်း နေရမှာလားဟ၊ ဒါလည်း သုံးလို့ ဖြစ်တာပဲ’ စိုင်းမင်း(ရယ်လျက်)။
။
‘သဘောပါဗျာ၊
ကဲ
ဒဏ်ကြေဆေးလေး
ဘာလေးပေး၊
ပြီးရင်
ကျွန်တော်
အဝတ်လဲဖ့ေို လးလည်း လုပ်ဦး၊ နမိုးနီးယား ဖြစ်တော့မယ်’ ကျွန်ုပ်။ ။ ‘ဟိုဘက် အခန်းထောင့်မှာ မီးပူတိုက်ပြီးသား အဝတ်တွေ ပုံထားတယ်၊ သွားဝတ်ချေ၊ ကြောင် အိမ်ပေါ်မှာက ဒဏ်ကြေဆေးနဲ့ ပါရာစီတမောလ်’ ကျွန်ုပ် ကော်ဖီဖျော်သံ
စကားပင်
ကြားရသည်။
မဆုံးသေးခင် ထိ့ေု နာက်
ငချွတ်သည် မိုးစက်များ
ဟိုဘက်ခန်းသို့
ခေါင်မိုးပေါ်ကျသံ
ပြေးလေ၏။
ထို့နောက်
ကြားရသည်။
ထို့နောက်
ကော်ဖီဖျော်သံ ရပ်သွားသည်။ ကျွန်ုပ်လည်း အိမ်ရှေ့ခြံကွက်လပ်သို့ ပြင်ပလေ ရှူရန် ထွက်လိုက်သည်။ အိမ်ရှေ့တံခါး
ဖွင့်ဖွင့်ချင်း
ရေတံလျှောက်မှ
ရေများ
ဝေါခနဲ
ကျွန်ုပ်ခေါင်းမှ
ပြို၍
ကျဆင်းလာလေရာ ကျွန်ုပ်ပါ တစ်ကိုယ်လုံး ရေရွှဲရခြင်း အဖြစ်သို့ ဆိုက်လေသည်။ ‘မိုးကလည်း မစဲနိုင်ဘူး’ ကျွန်ုပ် တစ်ကိုယ်စာ တွေး၍ အိမ်ထဲ ပြန်ဝင်ရန် အလုပ် တံခါးပေါက်မှ သီတာ လိုက်ထွက်လာပြီး ‘မောင် ရေစိုကြီးနဲ့ အကြာကြီး မနေနဲ့၊ အိမ်ထဲဝင်တော့၊ အထဲမှာ ကော်ဖီလည်း ဖျော်ထားတယ်’ ဟု ချိုသာစွာ ဆို၏။ သို့သော် ဘာကြောင့်မှန်း မသိ၊ ကျွန်ုပ်၏ စိတ်များ အလိပ်လိုက် တိုလာပြီးလျှင် သီတာ၏ ပါးအား ကျွန်ုပ်၏ ညာလက်ဝါးဖြင့် အားရပါးရ လွှဲကာ ရိုက်ပစ်လိုက်တော့သည်။ သိပ်ကို မြန်ဆန်လွန်းသည်။ သီတာလည်း ရုတ်တရက် ကြောင် သွားပြီးမှ ငိုဖို့ သတိရကာ အိမ်ထဲပြန်လှည့်ဝင်လိုက်ပြီး တံခါးကို ဆောင့်ပိတ်လိုက်၏။ တံခါးဘောင်တွင် သံနဲ့ရိုက် ထားသည့် စိုင်းမင်းဟု ထွင်းထားသော စတီးလ်း ပလိတ် ပြားလေး ချွင်ကနဲ ပြုတ်ကျသွား၏။ တံခါးရှေ့တွင် ဘယ်သူမှ မရှိ။