ရွှေပြုတေဆောင်းပါးများ စုစည်းမှု

Page 1

နေဇင်လတ်

ရွှေအမြုတေဆောင်းပါးများ စုစည်းမှု မာတိကာ (၁) စာရေးသူ၏ ကိုယ်ရေးအကျဉ်း (၂) စူးတဲ့ဆူး ဆူးမဲ့ဆူး (၃) အမှတ်ရရ (၄) ရွက်ခြွေလေ (၅) ယုံကြည်မှုအပေါ် နားလည်ခြင်း (၆) ဝမ်းသာဖြစ်ရတယ် (၇) တချိန်က စွယ်တော်ရိပ် (၈) ဆန်သောရေ မြတ်သောစိတ် (၉) ရိုင်းတဲ့လှိုင်း (၁၀) ရွာတခါ သာတလှည့် (၁၁) လောကအကျိုး (၁၂) အချိန်တခုကို နားလည်ခံစားခြင်း (၁၃) စေတနာမှန် ကံ ဖြစ်စေသည် (၁၄) တချို့ကား “ရှင်” ဖို့ စားကြသည် (၁၅) အမေ ကျွန်တော် သစ္စာပြုပါသည် (၁၆) သေတတ်ဖို့လည်း လိုသေးတယ် (၁၇) တရွက်ကြွေ နှစ်ရွက်ဝေ (၁၈) စဉ်းစားစရာတွေ ဖြစ်လာ (၁၉) အကြွေးတွေ ကျေပါစေ (၂၀) ပိတောက်မဲ့ နှစ်ကူး (၂၁) အတိတ်ကြွေး (၂၂) အချို့ကား ဤသို့ …

1


စာရေးသူ၏ ကိုယ်ရေးအကျဉ်း

ဒေါက်တာနေဇင်လတ်

ဒေါက်တာနေဇင်လတ် (၁၉၅၂) ၁။ အမည်ရင်း - နေဇင်လတ်

၂။မိဘအမည် - ဦးယုထော်+ဒေါ်ကြင်နု ၃။မွေးသက္ကရာဇ် - ၁၉-၁၂-၁၉၅၂ ၄။မွေးဖွားရာဒေသ - ရန်ကုန် နေဇင်လတ်ကို ၁၉၅၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် အဖ ဦးယုထော် အမိ ဒေါ်ကြင်နုတို့က ရန်

ကုန်မြို့၌ မွေးဖွားခဲ့သည်။ အမည်ရင်းမှာ နေဇင်လတ်ဖြစ်သည်။

၁၉၅၈ ခုနှစ်တွင် St John Diocesan Boy's School (လမ်းမတော် အထက -၁) မှ မူလတန်း အောင်

မြင်ပြီး ၁၉၆၆ ခုနှစ်တွင် အလယ်တန်းကို အထက(၁)တောင်ဥက္ကလာပတွင်သင်ယူခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့ အထက (၆) ဗိုလ်တထောင်မှ အထက်တန်းအောင်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်စက်မှုတက္က

သိုလ်မှ ဗိသုကာဘွဲ့(B.Arch) ရရှိခဲ့သည်။ MBA (ADAM University, US), Doctor of Business Administration ကို (Brookes University, UK) မှ ရရှိခ့သဲ ည်။ H।G।P।, D।A., Dip in English, DL 101, Cert: Advance Diplomatic Skill သင်တန်းများအောင်မြင်ခဲ့သည်။

၁၉၈၀ ပြည့်နှစ်တွင် ဗိုလ်လောင်းသင်တန်းအပတ်စဉ် (၆၁) သို့ တက်ရောက်ခဲ့သည်။ ၁၉၈၁ ခုနှစ်တွင်

အမှတ်(၉၀၁) စစ်မြေပြင်အင်ဂျင်နီယာတပ်ခွဲ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၈၃ ခုနှစ်တွင် ကာကွယ်ရေး ၀န် ကြီးဌာန၊စစ်အင်ဂျင်နီယာပြန်ကြားရေးရုံး၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် အမှတ်(၉၅၅) စစ်

မြေပြင်အင်ဂျင်နီယာတပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် ဗိုလ်ကြီးအဆင့်ဖြင့်တပ်မတော် မှ အငြိမ်းစားယူခဲ့သည်။

နေဇင်လတ်သည် ၁၉၇၃ ခုနှစ်မှစ၍ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ တံခွန်မဂ္ဂဇင်း၊ သပြေမဂ္ဂဇင်းများ

တွင် စာပေများကို စတင်ရေးသားခဲ့သည်။ ၁၉၉၈ ခုနှစ်တွင် ပုလဲမြို့ပြမဂ္ဂဇင်းတွင် စာပေများကို ပြန်လည်ရေး သားခဲ့ပြီး စက်မှုတက္ကသိုလ်မဂ္ဂဇင်း၊ တံခွန်၊ သပြေ၊ ရွှေအမြုတေ၊ ပန်၊ သဇင်၊ ၊ Executive၊ CEO၊ Life Style၊ Ecovision၊ Fashion Image၊ Perfect စသည့် မဂ္ဂဇင်း၊ ဂျာနယ်များတွင် ရေးသားခဲ့သည်။

၁၉၇၃ ခုနှစ်မှစ၍ ခေတ်သစ်လူသားတို့ ကျင်လည်လှုပ်ရှားရသည့် စီးပွားလူမှုဆိုင်ရာ၊ ဗဟုသုတဆိုင်

ရာဆောင်းပါးများကို ရွှေအမြုတေမဂ္ဂဇင်း၊ CEO မဂ္ဂဇင်းတို့တွင် အဆက်မပြတ်ရေးသားခဲ့သည်။ ယခုအခါ

AMBO Co। Ltd। နှင့် AMBO Hotel Group ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ADAM University တွင် Principal အဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးအဖြစ် လည်း ကောင်း ဆောင်ရွက်လျက်ရှိပါသည်။

နေဇင်လတ်ရေးသားပြုစုခ့ေဲ သာ စာအုပ်များ ၁။ ပညာခေတ်နှင့် မြန်မာ့စံနှုန်း၂၀၀၄)

၂။ လူ သို့မဟုတ် အနာဂတ်ဖြင့် ရှင်သန်သူ(၂၀၀၄) ၃။ 10 Days, MBA (၂၀၀၅)

2


၎။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ်( ၂၀၀၅) ၅။ ခေါင်းဆောင် - ခေါ်င်းဆောင်မှုနှင့် ကမ္ဘာ့အမြင်( ၂၀၀၇) ၆။ စိန်ခေါ်မှုများနှင့် မဟာဗျူဟာစီမံခန့်ခွဲမှု (၂၀၀၇) ၇။ လုပ်ပိုင်ခွင့်ရှိသူ လုပ်ပိုင်သူ( ၂၀၀၈)

၈။ လူတော်လား လူကောင်းလား (၂၀၀၈)

၉။ ဦးဆောင်သူ ဘယ်လောက် အရေးကြီးသလဲ (၂၀၀၈) ၁၀။ အမွေပေးသူဆိုရာမှာ(၂၀၀၈)

၁၁။ ဦးဆောင်ခြင်းသည် ခေါင်းဆောင်မဟုတ် (၂၀၀၈) ၁၂။ စီးပွားဖျက်သူလျှို၏ ဖြောင့်ချက် (၂၀၀၈) ၁၃။ New 10 Days, MBA (၂၀၀၉) ၁၄။ ပီတာဒရပ်ကာ (၂၀၀၉)

၁၅။ ယုံကြည်မှုအပေါ် နားလည်ခြင်းနှင့် လက်တွေ့လုပ်ငန်းခွင်အင်တာဗျူး(၂၀၀၉)

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

စူးတဲ့ဆူး ဆူးမဲ့ဆူး

နေဇင်လတ် (October 2003) ငယ်ငယ်က မဆင်မခြင်ကိုင်မိလို့ နှင်းဆီဆူး စူးဖူးတယ်။ အရွယ်လေး မရှိတရှိဖြစ်လာတော့ နှင်းဆီဆူး

ထက်ပိုနက်တဲ့ ဆူးတွေက ဘမောင်ရင်မှာ အပြည့်။ မဆင်ခြင်မိလို့ စူးတဲ့ ဆူးရော၊ ဆင်ခြင်သတိထားလျက်နဲ့ စူး တဲ့ဆူးရောပဲ … ။ လူတိုင်း စူးဖူးတဲ့ ဆူးတွေပါ။

လူပျိုပေါက်ဝင်ကာစမှာ ဘမောင် ကောင်မလေးတယောက်ကို သဘောကျမိဖူးတယ်။ ကျောင်းကို ထ

မင်းဘူးထည့်လာရင်း မျှဝေစားကြတာပေါ့။ သစ်ရွက်ကြွေရင်တောင် မြေပေါ်မကျခင် လေအ၀ဲကို သံစဉ်တပုဒ် လို စိတ်ကူးမိတဲ့အရွယ်က နွေရာသီ ကျောင်းမပိတ်ခင် ကုက္ကိုပင်ကြီးတွေပေါ်က ဥသြသံကြားရင် မျက်ရည်ဝဲ

တတ်တဲ့အချိန်။ အချစ်ဆိုတာ သံယောဇဉ်က စတာလား၊ အချစ်ကြောင့် သံယောဇဉ်တွေ တွယ်ရစ်တာလား၊ ဘ မောင်မခွဲခြားတတ်ခဲ့ပါ။ ရင်ခုန်တာတခုတော့ သတိထားမိရဲ့။ ကမ္ဘာဦးထဲက ခုန်လာခဲ့တဲ့ ရင်ခုန်သံတွေထက် ပို ပြီးစည်းချက်တော့မကျခဲ့ပါဘူး။ ဖွင့်ပြောဖို့ အကြိမ်ကြိမ် စဉ်းစားတုန်းမှာပဲ အဲဒီကလေးမက အတန်းကြီးကျောင်း သားတယောက်နဲ့ လိုက်ပြေးသွားတယ်။ ဘမောင်ရဲ့ အချစ်ရေး အစွမ်းအစတခုပေါ့။ ရင်ထဲ စူးသွားတယ်။ စူး တတ်တဲ့ ဆူးပါ။

မှတ်မိသေးတယ်။ ဆရာ့နာမည်က ဦးကျော်ရင်၊ အင်္ဂလိပ်စာသင်တာ။ ပြည်သူပိုင်သိမ်းတော့ ဘမောင်

St.John ကနေ မြန်မာကျောင်း ပြောင်းရတယ်။ တရက် Active နဲ့ Passive ဆိုတဲ့ သဒ္ဒါကိုပြောင်းခိုင်းတော့ ဘ

မောင်အတွက် ‘သွားကြား’ လောက်ပဲပေါ့။ ဆရာက အတန်းရှေ့ထွက်ပြီး ကျောက်သင်ပုန်းမှာ ရေးခိုင်းတာ။ Pr-

esent Perfect Continuous ကို အသုံးဆန်းဆန်းလေးနဲ့ တန်ဆာဆင်ပြီး ပြောင်းခိုင်းတော့ ဘမောင် ‘ကွဲ’ ပါ

လေရော။ တ၀က်တပျက်နဲ့ ဆက်မရေးနိုင်တော့ဘူး။ ၀ါး ခနဲ အတန်းသားတွေက ၀ါးလုံးထိုးရယ်ပြီး သြဘာပေး

လိုက်ကြတာလေ။ နားတွေ ပူထူ၊ မျက်နှာရဲပြီး ရင်ထဲခပ်စူးစူးလေးဖြစ်သွားတယ်။ ခင်ဗျားတို့ စူးဖူးသလား။ ကျုပ် ဆိုတဲ့ ဘမောင်ကတော့ ခပ်ကျဉ်ကျဉ်လေး ခံလိုက်ရတယ်။ အဲဒါက လူအများရှေ့မှ စူးတဲ့ ဆူး။

ဘမောင်မိဘတွေက တခါ စီးပွားပျက်ဖူးတယ်။ ဘမောင် (၇) တန်းကျောင်းသားဘ၀လောက်ကပေါ့။

ဖြစ်ချင်တာ ဂုဏ်သရေရှိတဲ့ အစိုးရအရာရှိ၊ တောင်းတဲ့မုန့်ဖိုး အမေက မှန်မှန်မပေးနိုင်တော့ စီးပွားရေးအတတ်ပ ညာကို သိချင်လာတယ်။ ဟုတ်တယ်လေ အနာဂတ်ဆိုတာ ဘာဖြစ်မှန်း သိရတာမှ မဟုတ်တာ၊ ဖြစ်ချင်တိုင်း မ ဖြစ်တာတွေ အများကြီးပဲ။ ရွယ်တူသူငယ်ချင်းတယောက်ရဲ့ မိဘတွေက မြန်မာ့ပရဆေးဆိုင် ဖွင့်တယ်။ သူက

ဘမောင်ထက် စီးပွားရေးအမြင် ပိုရှိတယ်ပေါ့။ သူ့အားကိုးနဲ့ ဂုံဂမံဆိုတဲ့ဆေးကို လှောင်လိုက်တာ အရင်း သုံးရာ 3


မှာ အမြတ်နှစ်ရာ့ငါးဆယ် ရလိုက်တယ်။ ဟိုတုန်းက ငွေနော်၊ မရယ်နဲ့။ ခင်ဗျားတို့ရင်ထဲ စူးသွားဦးမယ်။ တခါ

တည်း ဘမောင်ရင်ထဲ စီးပွားရေးလမိုင်းကပ်သွားတယ်။ နောက် ပြဒါးလှောင်တယ်၊ မြတ်တယ်။ နောက် ဆေး

ဒန်းဝယ်သိမ်းတယ်၊ မြတ်ပြန်ရော။ ပီတိတွေက ရင်ထဲစူးသွားတာပဲ။ အဲဒီစူးတဲ့ဆူးလေးကို ဘမောင် ခုထိ ရင်ခုန် တုန်းပဲ။ များများစူးပါစေလေ။ မနှုတ်ရက်တဲ့ ဆူးလေးတွေ။

အရွယ်ငယ်ငယ်နဲ့ အဲသလို အဆင်ပြေတော့ နွားခြေရာခွက်ကို ဘမောင် ပင်လယ်ထင်လိုက်တယ်။

တော်တော်ဟုတ်တဲ့ ငါ လို့လဲ အိပ်မက်တွေ စီတန်းပြီး မက်ပစ်လိုက်တယ်။ မကြာပါဘူး Report Card ဆိုတဲ့ အ

ရည်အချင်းစစ်မှတ်တမ်းထွက်တော့ ဘမောင် အဆင့်(၁)အမြဲရနေရာက အဆင့်(၁၇) ထိကျသွားတယ်။ စူး

လိုက်တဲ့ ဆူး၊ မိုးကြိုးပစ်သလား အောက်မေ့ရတယ်။ ဘာရမလဲ ဘမောင်ပဲ သိတယ်မို့လား။ (၇) ဂဏန်းကို ခဲ

ဖျက်နဲ့ ဖွဖွလေးဖျက်ပြီး အိမ်ကိုပြတော့ အမေကလဲ ပုံမှန်ရနေကျ အဆင့်(၁) အထင်နဲ့ လက်မှတ်ထိုးပေးလိုက် တယ်။ အတန်းပိုင်ဆရာကို ပြန်ပေးတော့ ဖျက်ထားတဲ့ (၇) ဂဏန်းကို ပြန်ရေးပေးလိုက်တယ်။ မကြာပါဘူး အ

တန်းပိုင်ဆရာက အိမ်လိုက်လာပြီး အဲဒီဖျက်ရာနဲ့ ပတ်သက်ပြီး အမေ့ကို မေးပါလေရော။ အဲဒီမှာ အဆင့်(၁) နဲ့ (၁၇) ဇာတ်လမ်း ခိုးထုပ်ခိုးထည်နဲ့ပေါ်တော့တာပဲ။ ပူလိုက်တဲ့ မျက်နှာ၊ ရှက်လိုက်တဲ့ အရှက်၊ မိုးကြိုးဆယ်စင်း

ပစ်တာကမှ နေသာထိုင်သာရှိဦးမယ်။ ကျူပ်ကို စူးတဲ့ဆူးတွေထဲမှာ ဒီဆူးက တော်တော်စူးတာ၊ တော်တော့်ကို နက်နက်လေး စူးပစ်တာ။

တက္ကသိုလ်ရောက်တော့ ဘမောင်က ဗိသုကာဘာသာယူဖြစ်သွားတယ်။ အနုပညာကို ချစ်တတ်တဲ့ ဘ

မောင်ဆိုတော့ ဒီဘာသာရပ်က ဘမောင်ကို စိတ်ချမ်းသာစေပါတယ်။ ခဏခဏ ဆူးစူးတတ်လို့ မစူးရအောင် ကျောင်းစာထဲ၊ အလုပ်ထဲ စိတ်ကိုနှစ်ထားရင်းနဲ့ ‘အေး’ ကိုဘမောင် သတိပြုခဲ့မိတယ်။ အသက်တူကြပေမယ့်

‘အေး’က ကျောင်းရောက်တာ တနှစ်စောတော့ စီနီယာပေါ့။ စတူဒီယိုမှာ ဘမောင်တယောက်တည်း ပုံဆရွဲ င်း

‘အေး’ ရောက်လာတတ်တယ်။ တခါတခါ ကော်ရစ်ဒါမှာ မသိစိတ်နဲ့ စောစောလာရင်း ‘အေး’ စောင့်နေတတ်တာ

နဲ့ကြုံလို့ ဟိုဟိုဒီဒီစကား ပြောဖြစ်ပြန်တယ်။ ဘမောင်အတွက် ‘အေး’ ယူလာတတ်တဲ့ ချောကလက်လေးတွေက

တချိန်မှာ ဘမောင်ရင်ထဲဝင်ဦးမယ့် ဆူးတချောင်းလို့သိရင် ဘမောင်မစားဖြစ်ခဲ့ပါဘူး။ ‘အေး’ အလှက ငြိမ်တယ်။ ဘယ်တော့မှ နှုတ်ခမ်းနီ မဆိုးတတ်ဘူး။ မိတ်ကပ်မလိမ်းတတ်တဲ့ ‘အေး’ ရဲ့ပါးပြင်ဥဥလေးမှာ သဘာဝရှမ်းသွေး

က ရဲရနဲီနေတတ်တယ်၊ အေး ကိုသဘောကျတဲ့သူတွေတော်တော်များတာကို ဘမောင်သတိပြုမိပါတယ်။ စူးမှာ စိုးလို့ သိစိတ်ကကြိုးစားပြီးရှောင်ရင်းနဲ့ မသိစိတ်တွေရဲ့တွန်းအားကို မလွန်ဆန်နိုင်ဘဲ အတိုင်းအတာတခုထက် ပိုဖြစ်ခဲ့ကြတယ်။ စူးမှာစိုးတာနဲ့ ကျောင်းကိုစောစောမလာတော့ဘဲ အတန်းနီးမှ ဘမောင် အတန်းဝင်ဖြစ်တယ်။ စောစောမလာတော့ အေးက ‘ဒီမနက် မိနစ်နှစ်ဆယ်စောရောက်လို့ စောင့်နေမိသေးတယ်’ ဆိုပြီး ဘမောင်အ တွက်ယူလာတဲ့ ချိုချဉ်လေးကို ခုံပေါ် ဘေးလူကြည့်ရင်း တင်သွားတတ်သေးတယ်။ သံယောဇဉ်ကို ဘမောင်

ကြောက်တယ်။ အချစ်အတွက် ရင်ခုန်ရတာကိုလဲ ဘမောင်မသာယာရဲဘူး။ ဘမောင်ပြောရင် ယုံမလားဘဲ။ တ

ရက် ဘမောင်အခန်းမှာ ပုံဆွဲရင်း နည်းနည်းနောက်ကျတော့ ‘အေး’ ကျောင်းအပြန်ဝင်လာတုန်း ဘာမပြော ညာ မပြော ပါးမို့မို့လေးကို အနမ်းချွေမိတယ်။ အချစ်ကို မတောင်းခံသေးဘဲ နှလုံးသားစေစားရာကို အလိုလိုက်မိ

လိုက်တာ။ နှလုံးသားထဲက တွန်းကန်အားတခုကို မလွန်ဆန်နိုင်တော့လို့ ပေါက်ကွဲသားတာ၊ ‘အေး’ ကို ကျုပ်

ခပ်တင်းတင်းလေးဖက်ထားမိတယ်။ ‘အေး’ ကမရုန်းရှာပါဘူး။ နှလုံးသားချင်း နားလည်ထားကြပြီပဲဟာ။ သဘာ ၀နှုတ်ခမ်းပါးလေးကို ဘမောင်ရွရွလေးပဲ မွှေးလိုက်ပါတယ်။ သူပေးခဲ့ဖူးတဲ့ ချိုချဉ်လေးထက်ပိုပြီး ချိုမြိန်ပါတယ်။

‘အေး’ ရဲ့မို့မို့ပါးပြင်လေးမှာ ပန်းနီရောင်သန်းသွားတယ်။ ဘမောင်ကို ဘယ်လိုထင်သွားမလဲ မသိဘူး။ ဘမောင်

မှားသွားသလား။ ဒီဇာတ်လမ်းမျိုး ရှိခ့ဖဲူးကြပါတယ်။ ရင်ထဲလဲ တော်တော်စူးသွားတယ်။ ကိုယ်စူးတော့ ကိုယ့်လို

စူးတဲ့သူတွေကို ဘမောင် ကိုယ်ချင်းစာလာမိတယ်။ နှုတ်ရခက်တဲ့ စူးတွေပါလား။ အဲဒါက စွယ်တော်ရိပ်မှာ စူးတဲ့ ဆူးပေါ့။

ကျောင်းတွေ ပြီးကြတော့ ဘမောင်တို့က အရာရှိပေါက်စ၊ စူးခဲ့တဲ့ ဆူးတွေကိုနှုတ်ပြီး ဘ၀သစ်၊ အမြင်

သစ်တွေနဲ့ လောကကြီးကို ဖြတ်သန်းဖို့ကြိုးစားရင်း အမှတ်မထင် ‘နော့်’ ကိုတွေ့ဖြစ်သွားတယ်။ ဘရုရှီးလ်နဲ့ တူ တယ်လို့ အများက ပြောကြတာပဲလေ။ ‘နော့်’ အလှက တမျိုး၊ ပြစ်မျိုးမှဲ့မထင်၊ နှစ်ဦးသဘောတူ ကြည်ဖြူလို့မှ ဘာမှမကြာသေးဘူး၊ ‘နော့်’ မှာ စေ့စပ်ထားတဲ့သူရှိပြီးသားလို့ ဘမောင် သိလိုက်ရတယ်။ ကြားကြားချင်း ဘ

မောင်တကိုယ်လုံး မြေမျိုသွားပြီလား အောက်မေ့ရတယ်။ အကိုင်အတွယ်ညက်ညောတဲ့ ‘နော်’ က ဘမောင်စိတ် ကို တဒင်္ဂပြေစေနိုင်ခဲ့တယ်။ အဲဒီစေ့စပ်ကြောင်းလမ်းမှုကို ဖျက်ပေးပါ့မယ်။ သူ့အလိုမတူဘဲနဲ့ လူကြီးတွေ စီစဉ်ခဲ့ တာပါ။ လူချင်းတောင် မတွေ့ဖူးသေးပါဘူးတဲ့။ ချစ်တဲ့စိတ်နဲ့ ဘမောင် ကြိုးစားပြီး ယုံလိုက်ပါတယ်။ ဟုတ်တော့ လည်း ဟုတ်တယ်။ အမျိုးသားက အမေရိကားမှာ …။ ဦးပေါ်ဦးရဲ့ မြေးလို့ပြောရင် ဘမောင်ရယ်မိအုံးမှာ။

တခါတရံမှာ ဘ၀ဟာ မျှော်လင့်တာထက် ပိုဆန်းကြယ်တယ်ဆိုတာကို ဘမောင် သတိမထားမိဘူး။

ကားဝယ်ဖို့ သွားရင်းနဲ့ ‘မြတ်’ ဆိုတဲ့ တယောက်နဲ့ ဆုံဖြစ်ပြန်ရော၊ ကားမ၀ယ်ဖြစ်ဘဲ လူချင်းရင်းနှီးသွားတာပဲ အ ဖတ်တင်လိုက်တယ်။ ရင်းနှီးသွားရုံဆို တော်သေးတာပေါ့။ ဒီထက်မကဖို့က ဖြစ်လာခဲ့တယ်။ ‘နော်’ နဲ့ပတ်သက်

ပြီး ဘေ​မောင်စိတ်တွေ ထွေနေတုန်း ‘မြတ်’ ဆီက ဖုန်းမကြာခဏလာတတ်တယ်။ တရက်မှာ ရုံးအလုပ်က မပြီး 4


လို့ အထက်က အကြိမ်းခံရပြီး စိတ်ညစ်နေတုန်း ‘မြတ်’ ဆီက ဖုန်းလာတာနဲ့ အစီအစဉ်မရှိဘဲ ပရိုပို့စ်လုပ်ဖြစ် လိုက်တယ်ပေါ့။ ဘမောင် မှားသွားသလား … မှားတယ်။ သိပ်ကို မှားသွားပါတယ်။

ဘယ်လောက်အထိ မှားသလဲသိလား၊ အံ့သြဖို့ ကောင်းလိုက်တာများ၊ ‘နော်’ က သတ္တဗေဒက Queen

‘မြတ်’ ကလည်း သတ္တဗေဒက Queen တဲ့ဗျာ။ ရှေ့နှစ်နဲ့ နောက်နှစ်ပဲ ကွာတယ်။ ဘမောင်တို့ မဆင်မခြင်လုပ်မိ

တဲ့အကျိုး၊ နော့်ကို အရွဲ့တိုက်ရင်း ရှေ့မကြည့် နောက်မမြင် လုပ်လိုက်တဲ့ရလဒ်။ အဖြေတခု ထွက်လာတယ်။

ပတ်ဝန်းကျင်ရှိ ရိုက်ခတ်သံ၊ အဲဒါက ‘ဘမောင် ငပွေ’ တဲ့၊ ဒီတခါ စူးလိုက်တဲ့ ဆူးကတော့ ဘမောင်အတွက် အ ရိပ်မည်းကြီးပဲ။ မှတ်မိသေးတယ်၊ သတ္တဗေဒကောင်းသူတွေ Field ဆင်းတော့ ငပလီမှာ ညွှန်ကြားရေးမှူးက

ဧည့်ခံပေးပါဆိုတာနဲ့ သွားပြီးဧည့်အခံမှာ ညွှန်မှူးသမီးက ‘ကိုဘမောင်၊ ဒါတော့ မကောင်းပါဘူး’ ဆိုတဲ့ စကားကို ဘမောင် ဘာပြန်ပြောနိုင်မှာလဲ၊ ဘမောင်က ယောက်ျားလေးဆိုတော့ ကိုယ့်အကြောင်း ကိုယ်ပဲသိတာ။ ပြောပြ ချင်တဲ့ စကားတွေ ရင်ထဲပြန်မျိုပစ်လိုက်ရတယ်။ ဒီ စူးက ပိုနစ်တဲ့ ဆူးပါ။

ငယ်ငယ်က အဆန်းတကျယ်ကို သိပ်စိတ်ဝင်စားတဲ့ ဘမောင်ကို လောကကြီးက တ၀ကြီး လက်ဆောင်

ပေးခဲ့ပါတယ်။ သူများတွေက သူဌေးသမီးနဲ့ ရကြတာ။ ဘမောင်က သူဌေးမကြီးနဲ့ကို အိမ်ထောင်ကျဖြစ်လိုက် တာ။ စိတ်ဝင်စားစရာပဲ။

ဘမောင်က ၀န်ထမ်းဘ၀အမှုထမ်းရင်း ကန်ထရိုက်တာလုပ်ခဲ့တယ်။ စီးပွားလေးဖြစ်လို့ မြေလေးဘာ

လေးဝယ်မလားဆိုပြီး ပွဲစားလိုက်ပို့ပေးတာနဲ့ ‘မ’ နဲ့ ဆုံဖြစ်ခဲ့တယ်။ တွေ့စက မျက်နှာထားတင်းတင်းနဲ့ဆိုတော့

သိပ်ကြည့်မရမိခဲ့ဘူး။ ခေါ်လိုက်တဲ့ဈေးက မပေါက်သေးတဲ့ ဈေး။ နောက်မှ ဖုန်းဆက်ပြီးပြန်ပြောမယ်ဆိုပြီး အ လိမ္မာနဲ့ ဘမောင်လှည့်ထွက်ခဲ့တယ်။ ပြန်လည်း မပြောမိခဲ့တော့ပါဘူးလေ။ ဖူးစာဆိုတာ ခက်တယ်၊ ဆုံချင်ရင်

ကြံဖန်ဆုံလာတတ်တာမျိုး၊ တရက် ကားရေဆေးဖို့ထွက်လာရင်း မီးပွိုင့်မှာ တည့်တည့်ပဲ ‘မ’ နဲ့ ကားချင်းယှဉ်မိ

ရော၊ ပြန်ပြောမယ်ဆိုပြီး ဖြီးခဲ့တဲ့ ဘမောင် ပြုံးပြပြီး ဖုန်းဆက်ဖို့ သတိရမိလိုက်ရတယ်။ ဖုန်းဆက်ရင်းနဲ့ပဲ ရင်းနှီး သွားတယ်ဆိုပါတော့။ ရင်းနှီးတဲ့အခါမှာ တယောက်အကြောင်း တယောက် ပိုသိလာကြတယ်လေ။ ‘မ’ နာမည်

က ‘ခင်မ’ တဲ့။ အကြောင်းစုံ သိရတော့မှ တော်တော်သနားဖို့ကောင်းတဲ့သူ ဖြစ်နေတယ်။ ခင်မက မုဆိုးမ။ အိမ် ထောင်ကျပြီး မကြာခင်မှာပဲ ခင်ပွန်းသည်က မတော်တဆ ယာဉ်တိုက်မှုနဲ့ ကွယ်လွန်သွားပြီး ငယ်ငယ်ရွယ်ရွယ် နဲ့ မုဆိုးမ ဖြစ်သွားရရှာတာ။ ကျန်ခဲ့တဲ့ ကိုယ်ဝန်ကို ပြုစုမွေးဖွားရင်း လောကကြီးကို စိတ်ကုန်နေတဲ့အချိန်၊ တ

ယောက်အကြောင်း တယောက် ပိုသိလာတော့ ခင်မရဲ့ ရိုးသားဖြူစင်မှုကို သတိထားမိလာတယ်။ အရိုးခံမှ တ

ကယ့် အရိုးခံ၊ ဒီတခုတည်းနဲ့ ကျုပ်နဲ့အကြောင်းပါခဲ့တာ၊ ရယ်နေသလား။ သူဌေးမကြီးဆိုတာကရော အကြောင်း တခုမဟုတ်ဘူးလားလို့ မေးဦးမလား။ မေးချင်တဲ့သူတွေကို အပြစ်မမြင်ပါဘူး။ မေးငေါ့တဲ့သူတွေကိုလဲ အပြစ်မ ပြောချင်ဘူး။ သူတို့ဘက်က ကြည့်တော့လည်း လက်ဖမိုးကို မြင်နိုင်တာပဲလေ။

ဘမောင်တို့လူမျိုးရဲ့ ပတ်ဝန်းကျင်ဆိုတာ တော်တော်တော့ကြောက်စရာ ကောင်းတယ်၊ မေးငေါ့ရုံဆို

တော်သေးတယ်။ ပက်ပက်စက်စက်ကို ပြောခဲ့တဲ့သူတွေပါ မနည်းဘူး။ တနှစ်လောက်ယူပြီး သုံးလို့ကုန်ရင် ကွဲ သွားမှာပါဆိုတဲ့သူတွေကလဲ ရှိတယ်။ လူပျို လူလွတ်အရာရှိတယောက်က ကလေးတယောက်အမေကို ယူ

တယ်ဆိုတာ ဖြစ်နိုင်ပါ့မလားဆိုတဲ့သူလဲရှိတယ်။ အရာရှိအတုများ ဖြစ်နေမလား၊ သူ့ ရုံးသွားပြီး စုံစမ်းကြည့်ပါဦး ဆိုတဲ့ အခါတော်ပေးကလဲ ထုနဲ့ဒေး။ တခါဖူးမှ ဂျင်ဝိုင်းဆိုတာတောင် မရောက်ဖူးတဲ့သူကို ဂျင်ဝိုင်း ထောင်စား တာ ဆရာကြီးလို့ အပုတ်ချသူတွေကလဲ ချ။ ဒီလောက်လေပြင်းထန်မယ်လို့ ဘမောင် မထင်ခဲ့မိဘူး။ အမှန်အ

တိုင်းပြောရရင်လား။ အသက်ထွက်မတတ် လေပြင်းကိုသာ အရင်သိရင် ဘမောင် မကို ယူဖြစ်ခဲ့မှာ မဟုတ်ဘူး။

ဘမောင် ဘာလို့ မနဲ့ လက်ထပ်ဖြစ်သွားသလဲ သိလား၊ ပြောပြမယ်။ ဆင်ခြေပေးတာတော့ မဟုတ်ဘူး။

ဘမောင်နဲ့ နော် ရည်ငံနေတုန်းက စေ့စပ်ထားသူရှိမှန်း မသိဘူး။ စေ့စပ်ကြောင်းလမ်းခြင်း ဖျက်ပေးပါ့မယ်ဆိုတဲ့

နော့် ကို ဘမောင်နည်းနည်းကြောက်လာတယ်။ ဘာလို့လဲ သိလား၊ ဘမောင်အပြင် နော်က နောက်တယောက် နဲ့ ထပ်ညိနေလို့။ နော် ကလှရုံနဲ့တင် မဟုတ်ဘူး။ အပြောအဆိုက အင်မတန်မှ ညက်တာ၊ ဘမောင်ကို ဆေး

လိပ်မသောက်စေချင်တော့ ဘာပြောတယ်မှတ်လဲ၊ ဆယ်နှစ်ကျော်သောက်လာတဲ့ ဆေးလိပ်ကို ဖြတ်ပါလို့ နော်

မပြောရက်ပါဘူး။ ဒါပေမယ့် မိန်းကလေးတိုင်း ဆေးလိပ်သောက်တာကို ကြိုက်တဲ့သူရှိမှာ မဟုတ်ဘူးထင်တယ်။ ‘ကိုကို သောက်ဖို့ နော် ဆေးလိပ်ယူလာပါတယ်’ တဲ့။ ကဲ … သံတမန်တောင် လုပ်စားဖို့ကောင်းလိုက်တဲ့ နော်ပ။ဲ နောက်တယောက်နဲ့ သတင်းခပ်သဲ့သဲ့ကြားလို့ မေးကြည့်တော့ နော်က ‘ကိုကိုရယ် စိုးရိမ်တတ်ရန်ကော။ နော့် အကို တ၀မ်းကဲပွါ’ တဲ့။ တ၀မ်းကွဲေ မာင်နှမတွေ ချိန်းတွေ့တတ်ကြတယ်နော်။

ဒါကြောင့်မို့ ဘမောင် စိတ်ညစ်ညစ်နဲ့ ‘နော့်’ ကို အရွဲ့တိုက်ရင်း ‘မြတ်’ နဲ့ဖြစ်သွားခဲ့ရတယ်။ မြတ်က ရည်

မှန်းချက်ကြီးတယ်။ တက္ကသိုလ်က ဆရာမ၊ စူးစမ်းတဲ့ မျက်လုံးပိုင်ရှင်၊ ဘမောင်ကို ယူဖို့ပြောတယ်။ ဘမောင်က

လဲ ကြာကြာလေးတြွဲ ကည့်ဦးမယ်ပေါ့။ လောကကြီးများ ဘယ်လောက်အံ့သြဖို့ ကောင်းသလဲ သိလား၊ တခါတရံ လောကမှာ တကယ်ဖြစ်နေတာတွေက စာရေးဆရာတွေ ဇာတ်လမ်းဖွဲ့နေတာထက် ပိုပြီးဆန်းကြယ်နေတယ်။ တရက်ပေါ့ ဘမောင်ရဲ့သူငယ်ချင်း ကိုတင်မောင်ရဲ့အမျိုးသမီးက ဘမောင်ကို ထူးဆန်းတဲ့ မေးခွန်းတခု မေး တယ်။ တော်တော်အလေးအနက်ထားပြီး မေးမှန်း ဘမောင် သိလိုက်ပါတယ်။ ‘ကိုဘမောင် … ရှင် မြတ်ကို တကယ်ယူဖို့ စိတ်ကူးသလားတဲ့’ 5


ဘမောင် ကြောင်သွားတာပေါ့။ တော်တော်လည်း အံ့သြသွားတယ်၊ ဆူးများ ထပ်စူးဦးမလားပေါ့။ သူ့ဆီ

က ကြားရတာက မိုးကြိုးပစ်သလားပဲ။

‘စဉ်းစားပြီးမှ ကြည်ဖြူရင်တော့ ဆက်လုပ်ပေါ့။ ကျွန်မ တနှစ်တခါ မြတ် ၀ယ်သမျှ ရှင်းရှင်းပေးနေတာ မ

န္တလေးက ဦးကျော်ဒင်မှာထားလို့’ … ကဲ ကြည့်ပါဦး၊ ထင်မလား။ ကျုပ်ဆိုတဲ့ ဘမောင် စကားတောင် ပြန်မပြော

နိုင်ဘူး။ ဖြစ်နိုင်မလားလို့ သံသယစိတ်နဲ့ တရက် ‘မြတ်’ တို့အိမ် သွားလည်ပြီး အပြန်မှာ အ၀င်အထွက်ကားတစီး တွေ့လိုက်တယ်။ ဘမောင်လမ်းထိပ်က ကားရပ်ပြီး စောင့်ကြည့်တယ်ပေါ့။ မကြာပါဘူး စောစောက၀င်သွားတဲ့ ကားအ၀ါလေးထဲက မြတ်ကို ငနဲတကောင်နဲ့ တွေ့လိုက်ရပြန်ရော။ ရယ်လို့ မောလို့။ ခပ်ငယ်ငယ်ဆိုတော့ ဦး ကျော်ဒင်တော့ မဟုတ်တန်ဘူး။ ချာတိတ်တယောက်၊ မုဆိုးထက်လည်တဲ့ သားကောင်ပါလား။

ဘမောင်ရဲ့ ဒဏ်ရာဒဏ်ချက်တွေက အဲသလို။ အိမ်ထောင်ဘက်အပေါ်မှာတော့ ဘမောင် စိတ်ချစေ

ချင်တယ်။ လူမှုရေးသိက္ခာကတော့ အထူးသဖြင့်ပေါ့။ ဘ၀မှာ အဲသလို အဖုအထစ်တွေ တွေ့ရတာများတော့ ဘ မောင် နည်းနည်းကြောက်လာတယ်။ ဒီလိုနဲ့ ‘မ’ ကိုတွေ့တော့ ကံဆိုးလို့ မုဆိုးမဖြစ်တာကလွဲရင် ဖြူစင်မှုတွေကို တွေ့ရတယ်။ ရိုးသားမှု၊ ပွင့်လင်းမှု၊ ခွင့်လွှတ်မှုတွေကို မြင်ရတယ်။ ‘မ’ ရဲ့ထင်ရှားတဲ့ ၀ိသေသလေးက နားလည် မှုပဲ။ ဒါနဲ့ပဲ ဘမောင်နဲ့ ‘မ’ လက်တြွဲ ဖစ်ကြတယ်ပေါ့။

စူးခဲ့တဲ့ဆူးတွေ ဖန်တရာတေတော့ ဘမောင် ဆူး အစူးမခံချင်တော့ဘူး။ တကယ် ပတ်ဝန်းကျင်လှိုင်းဂ

ယက်ရှိမယ်လို့ မျှော်လင့်ထားပေမယ့် အဲသလောက်ပြင်းထန်မယ်လို့တော့ မြော်တွေးမထားခဲ့ရိုး အမှန်။ ခေါင်းမ

ဖော်နိုင်အောင်ပြင်းတဲ့ မုန်တိုင်းပါ။ အကြည့်တွေကို ဘမောင် ကောင်းကောင်းနားလည်တယ်။ ဘမောင်ကယော က်ျားနော်၊ ယောက်ျားမာနာတော့ ရှိတယ်။

ဘမောင် ၀န်ထမ်းဘ၀က အငြိမ်းစားယူလိုက်တယ်။ ဆေးလိပ်မဖြတ်နိုင်သေးလို့ စီးကရက်အစား ဂျိုး

သိန်းတမတ်ဖိုး နှစ်လိပ်ကို စသောက်တယ်။ ဟိုတုန်းကဈေးနော်၊ မရယ်နဲ့ဦး။ ဘာမှမလုပ်နိုင်သေးတော့ ကိုယ်

က ဘာမှအပိုမသုံးချင်ဘူး။ ယောက်ျားမာနအတွက် ကာလဘယ်လောက်ကြာကြာ ဘမောင် တော်လှန်ရေးလုပ် ရဦးမယ်မှ မသိသေးတာ။ ဘမောင်သူငယ်ချင်း ကိုခင်ဇော်က ဘာပြောထူးတယ်မှတ်လဲ -

‘မအေပေး … သူဌေးမ ရတော့မှ လက်ဖက်ရည်တောင် မတိုက်တော့ဘူး’ တဲ့ … ပြောပါစေ။ ကိုယ့်အ

ကြောင်း ကိုယ်ပဲ သိတာ။

ဈေးကွက်စီးပွားရေးကို ဘမောင်တော့ ကျေးဇူးတင်တယ်။ ဈေးကွက်စီးပွားရေးသာမရှိခဲ့ရင် ဘမောင်ရဲ့

တော်လှန်ရေးအောင်မြင်ဖို့ အိပ်မက်မက်ရဲမှာ မဟုတ်ဘူး။ တိုက်တယ်ဆိုတာ အခွင့်သာမှလဲ တိုက်လို့ရတာ။

တိုက်နည်းကတော့ ကြံရဖန်ရမှာပေါ့။ ကံကောင်းပါတယ်လေ။ ဘမောင် အလုပ်ဖြစ်ခဲ့တယ်။ နည်းနည်းဖြစ်တာ မဟုတ်ဘူး။ ငွေအ၀င်များလို့ ‘ထုံ’ သွားအောင်ကို ဖြစ်ခဲ့တာ။ နိုင်ငံတကာဆက်ဆံရေးလမ်းကြောင်းပေါ်လည်း

တက်နိုင်ခဲ့တယ်။ ခြေလက်တွေလည်း တော်တော်ရှည်နိုင်ခဲ့တယ်။ ဘမောင် အသက်လေးဆယ်မပြည့်ခင်မှာ စ င်္ကာပူ၊ မလေးရှား စတဲ့ တတိယနိုင်ငံက မီလျံနာတွေကို ဥစ္စာဓနအရရော၊ အတတ်ပညာဆိုင်ရာ အရရော အ

ထက်စီးနဲ့ကို ဆက်ဆံနိုင်တဲ့အထိ၊ ဂျပန်နဲ့အနောက်နိုင်ငံက ကုမ္ပဏီကြီးတွေကို တန်းတူဆက်ဆံနိုင်တဲ့အထိ။ သူတို့နိုင်ငံက ရှယ်ယာတွေ ၀ယ်ပစ်တယ်၊ စီမံခန့်ခွမှဲုကို ၀င်စွက်တယ်။ အစဉ်အလာတွေကို သူတို့ ဆန်းသစ်

တယ် ဆိုတာထက် ပိုပြီးဆန်းသစ်ပစ်ပြလိုက်တယ်။ အောင်လည်း အောင်မြင်တယ်၊ အခြေလည်း တော်တော် တည်သွားတယ်။

အိပ်မက်က လှတယ်။ တော်လှန်ရေးကလဲ အကျအဆုံးနည်းနည်းနဲ့ ရည်မှန်းချက်ရောက်တယ်။ ကိုယ့်

အလှည့် နွဲ့နေကြပြီလားလို့ ပတ်ဝန်းကျင်ကို ဘမောင် ငဲ့စောင်းကြည့်မိလိုက်တယ်။ အံ့သြစရာတော်တော်

ကောင်းတယ်နော်။ တချိန်တုန်းက ဘမောင်ကို ခေါင်းမဖော်နိုင်အောင် ထုခဲ့ထောင်းခဲ့ကြတဲ့သူတွေ ဒီနေ့သူတို့ မဟုတ်သလိုပဲ။ ဒီလို နွဲ့လို့ ရကြစတမ်းတိုရင်။

ဘမောင်က အာသဝေါကုန်ခမ်းတဲ့ ရဟန္တာမဟုတ်ဘူး၊ ဒေါသရှိတယ်၊ နာကြည်းတတ်တယ်၊ မှတ်သား

တတ်တယ်၊ လက်စားချေတတ်တယ်၊ ကိုယ်စူးခဲ့ဖူးတဲ့ ဆူးမျိုးလေးပေးပြီး၊ ပြန်စူးကြည့်စေချင်တယ်။ ငယ်ငယ်က မဆင်မခြင်ကိုင်မိလို့ နှင်းဆီဆူး စူးတဲ့ အရသာမျိုးလေး မျှဝေခံစားကြည့်စေချင်တယ်။ ۞۞۞

တရက်မှာ တချိန်က ဘမောင်ကိုမေးငေါ့ပြီး ‘ခင်မတော့ သိုက်သမားနဲ့ တွေ့ပြီ’ လို့ ရက်ရက်စက်စက် မ

ကြားတကြားပြောခဲ့တဲ့ လူကြီး ဘမောင်ဆီရောက်လာတယ်။ ဘမောင် ကောင်းကောင်းမွန်မွန်ဧည့်ခံပါတယ်။

ဘမောင်နဲ့ အကျိုးတူနိုင်ငံခြားကုမ္ပဏီတခုမှာ ဒေါ်လာစားနဲ့ သူ့သားကို အလုပ်သွင်းပေးဖို့၊ ဘမောင်ရဲ့ရင်ထဲမှာ

အဲဒီလူနဲ့ပတ်သက်လို့ အခုအခံရှိနေတာ ခင်မကသိတယ်။ ထိန်းပေးရအောင်ဆိုပြီး စကားဝိုင်းထဲ ၀င်ထိုင်ပေးရှာ တယ်။ ချာတိတ်ကို သူ့အဖေရှေ့မှာ ဘမောင် မေးခွန်းနည်းနည်း မေးလိုက်ပါတယ်လေ။ ‘အလုပ်မရခင် မင်းရဲ့အသုံးစရိတ် ဘယ်လိုရှာလဲ’ ‘အဖေဆီက တောင်းတယ်’

ဘယ်လိုဖြေမယ်ဆိုတာ ဘမောင်သိပြီးသားပါ။ ပစ်ကွင်းထဲတော့ ၀င်လာပြီ။ 6


‘ကိုယ် သူဌေးမနဲ့အိမ်ထောင်ကျတာတောင်မှ ဒီနေ့အထိ ငွေတသောင်းယူမသုံးဖူးသေးဘူး။ ယောက်ျား

ဆိုတာ ကိုယ့်ဘာသာကိုယ် ရှာသင့်တာပေါ့။ ဟုတ်လား ခင်မ’

အဲဒီလူကြီး မျက်နှာ မဲခနဲ ဖြစ်သွားတာ ဘမောင် သတိထားမိတယ်။ ဆီဒိုးနားမှာ ညစာစားတာထက်

တောင် ပိုပြီး ချိုမြိန်လိုက်တာ။ ကျုပ်စောင့်လာတာ ဆယ့်ငါးနှစ်ရှိပြီ။ ဒီစကားမျိုး ပြောနိုင်အောင်လို့ ပစ်ကွင်းထဲ ရောက်လာတဲ့ သားကောင်ကို အမြီးပစ်မလား၊ ခေါင်းပစ်မလားပဲ လိုတော့တယ်။ ‘တူ’ မှာ အရသာမရှိပေမယ့်၊ ‘ပေ’ မှာ အရသာရှိတယ်။ ခါးသီးတဲ့ အရသာနော်။

‘မဟာဗျူဟာနဲ့ နည်းဗျူဟာကို ဘယ်လို နားလည်သလဲ’ ‘မပြောတတ်ဘူး အန်ကယ်’

ချာတိတ် သနားပါတယ်။ မျက်နှာသေလေးနဲ့ မတတ်နိုင်ဘူးလေ။ လုပ်စရာရှိတာတော့ ဆက်လုပ်ရဦးမှာပဲ။ မင်း ကို ချိန်ရုံတင် ချိန်တာ၊ ငါ ပစ်နေတာက မင့်အဖေ။

‘မဟာဗျူဟာဆိုတာ ရည်မှန်းချက်၊ ဆယ့်လေးငါးနှစ် ကြာရင်ကြာတတ်တာမျိုး၊ နည်းဗျူဟာဆိုတာက

လုပ်နည်း နားလည်အောင်ကြိုးစားပြီး ပြန်လာခဲ့’

သားအဖနှစ်ယောက်လုံး တုန်တုန်ချိချိနဲ့ ဧည့်ခန်းထဲက ယို့ယို့လေးထွက်သွားကြလေရဲ့။ ခင်မကိုတော့

ကျုပ်အားနာပါတယ်။ အရာရာဟာ ကြွေတလှည့် ကြက်တခုန်ပါပဲ။ ကိုယ်ခုန်တဲ့အခါ မြင့်မြင့်ရောက်ဖို့ပဲလိုတယ်။ ۞۞۞

နောက်တယောက် …

နောက်တယောက်က ပိုအသဲနာဖို့ ကောင်းတဲ့သူ။ ကျုပ်မိတ်ဆွေရဲ့ မိန်းမ၊ နာမည်က ‘မိမိုး’ တဲ့၊ အ

ပြည့်အစုံက မိုးမြတ်မိုး။ ကွယ်ရာမှာ ကျုပ်ကို နှစ်ပြားမတန်အောင် အပုတ်ချတဲ့သူ၊ အဲဒီတုန်းက သူ့ခေတ်ကိုး။

ကျုပ်ခေါင်း မဖော်နိုင်ခ့ဘဲူး။ ပျံလွှားဆိုတာ တချိန်မှာ နားတတ်ပါတယ်။ အဲဒီမိန်းမ ဘယ်လောက်အထိ ယုတ်သ လဲ သိလား။ ကျုပ် ဟိုတယ်တလုံးဆောက်တော့ အရိုးနဲ့အင်းချပ်ကို ကတ္တီပါနဲ့ထုတ်ပြီး မြှုပ်ထားတယ်။ ဒီခေတ် မှာ ဒီစကားတွေပြောရင် ယုံမှာ မဟုတ်ဘူး။ ကျုပ်ကိုယ်တိုင် မယုံခဲ့ဘူး။ မျက်လုံးနဲ့တွေ့မှ ကြက်သီးဖြန်းဖြန်းထ သွားတာ။ ဘမောင် မသိဘူး မထင်နဲ့၊ မင်းအလှည့်လာတော့မှာ မကြာတော့ဘူး။

ခေတ်ပညာတတ်တဲ့ ဘမောင်တောင် ဘယ်လိုနားလည်ရမလဲ မသိဘူး။ မနက်ပိုင်း ခေါင်းကိုက်တယ်၊

နေ့ခင်းကျရင် ကျောနာတယ်၊ ညနေကျရင် ခြေတဖက် မလှုပ်နိုင်ဘူး။ နောက်တရက်မှာ တမျိုး၊ ခင်မကိုတောင် ဘမောင် ပြောဖြစ်သေးတယ်။ ကိုးဆယ့်ခြောက်ပါး အကုန်ဖြစ်မလား မသိဘူးလို့။ ဘမောင်ကို သားလိုချစ်တဲ့

ဘဘမိုးက ကြားလို့ မသင်္ကာဘူးဆိုပြီး ဆရာခေါ်လာမှ အဲဒီအရိုးတွေတွေ့တာ။ ကြက်သီး ထသွားကြသလား။

ဘမောင်ခံခဲ့ရတာ အမှန်။ ဆရာဝန်မဖော်နိုင်တဲ့ရောဂါတွေ တန်းစီဝင်လာတာ။ ကြိတ်ကြိတ်တိုးပဲ၊ တနေ့ တမျိုး မရိုးစွဲ။

သူအကျ ကိုယ်အတက်မှာ စီးပွားရေးအရ ဘမောင်က မိမိုးယောက်ျားကို ကူပေးပါတယ်။ နည်းနည်းမ

ဟုတ်ဘူးနော်၊ ပြောရင် မယုံနိုင်မယ့် ကိန်းဂဏန်းတွေနဲ့ကို ကူတာ၊ ကျပ်ငွေက တမျိုး၊ ဒေါ်လာက တဖုံ။ တနှစ်

တခါ အိမ်ငှားရင် တနှစ်စာတင်ပေးတာ ဘယ်သူလဲ သိလား၊ ကျုပ်ဆိုတဲ့ ဘမောင်ပဲ။ အဲဒီကြားထဲက ကျုပ်ကို ချ တာ၊ ဘယ်လောက်ရက်စက်သလဲ။ ဘမောင်က ငယ်ငယ်လေးထဲက စစ်တုရင်ထိုးလာတာ သိတယ်နော်။ တ ကွက်ချင်း မသိသာပေမယ့် ပွဲဆုံးရင် Check and Mate ပဲ။ အိပ်မက်ဆိုးတွေ မက်နေပြီလား မိမိုး။ ကောက်

ကြောင်းဆွဲ ပုံဖော်တုန်းပဲ ရှိပါသေးတယ်။ ကျုပ်လေးခွကို မိုးပေါ်ပဲ ထောင်ပစ်လိုက်ရုံလေးပါ။ ۞۞۞

အချိန်ကာလဟာ တချို့သူတွေကို မထင်မှတ်ဘဲ ရင့်ကျက်စေခဲ့တာ ဘမောင် သတိမပြုမိလိုက်ဘူး။ ဘ

မောင်တော်လှန်ရေးကာလ မိုးထဲလေထဲဖြတ်သန်းနေတုန်းမှာ ခင်မက ဦးဇောတိတရဲ့ ဘ၀ငြိမ်းချမ်းရေးဒဿန တွေကြောင့် ပိုပြီးတည်ငြိမ်ရင့်ကျက်လာခဲ့တာ ခင်မရဲ့ခွင့်လွှတ်ပြုံးတွေကြားမှာ ဘမောင်တွေ့လိုက်ရတော့ အံ့ သြသွားခဲ့ရပါတယ်။ ခင်မရဲ့ ဖြူစင်တဲ့နှလုံးသားတွေက ပိုပြီးဆွတ်ဆွတ်ဖြူလာတာ မြင်သာထင်သာရှိလာပါ

တယ်။ လွန်ခ့တဲ့ဆယ့်ငါးနှစ်က ခင်မဟာ ရုပ်ပိုင်းဆိုင်ရာ သိပ်ပြီးမပြောင်းလဲခ့ေဲ ပမယ့် လောကကို ပိုပြီးနားလည် လာတယ်၊ ပိုပြီးခွင့်လွှတ်တတ်လာတယ်၊ လောကရဲ့ အဓိပ္ပာကိုလဲ ပိုပြီးခံစားတတ်လာသလိုပဲ။

ဘမောင်ကတော့ နှင်းဆီဆို ဆူးပါမှ။ စူးတတ်တဲ့ ဆူးပဲ လိုချင်တယ်။ စူးမယ့် ဆူးပဲ ကြိုက်တယ်၊ ကိုယ်

စူးစူး သူ စူးစူး။

‘ကိုဘမောင် ကိုယ့်ကိုယ်ကိုယ် ဘာလို့အရောင်ဆိုးချင်ရမှာလဲ သူ့သဘော သူ သွားပါစေလား’

ခင်မရဲ့ သိမ်မွေ့စကားတွေမှာ ခွင့်လွှတ်ခြင်းအပြည့်နဲ့၊ ရင့်ကျက်ခြင်းအပြည့်နဲ့၊ နားလည်ခြင်းအပြည့်နဲ့၊

ဘမောင် နားမလည်တတ်တော့ဘူး။ သိလိုက်တာ တခုတော့ ရှိတယ်၊ ခံစားသိနဲ့ကို သိလိုက်ရတာ။ အရင်က ဘမောင် ဆူးဆိုရင် စူးတာပဲ သိတယ်။ အားလုံးမှာလဲ ဆူးရှိရမယ်။ အခုတော့ ခင်မက ဆူးမဲ့ဆူး ။…..။

7


အမှတ်ရရ

နေဇင်လတ် (February 2004) သူငယ်ချင်း …

သတိတရ စာရေးဖော်ရတာကို ကျေးဇူးတင်ပါတယ်။

ကိုယ် ခရီးထွက်နေတာနဲ့ ချက်ချင်းစာမပြန်ဖြစ်တာ ခွင့်လွှတ်စေချင်တယ်။ မင်းတို့မိသားစုတတွေ ကျန်း

မာချမ်းသာကြမယ်လို့ မျှော်လင့်ပါတယ်။ မိသားစုလိုက် ထမင်းအတူစား၊ ရှေးဟောင်းနှောင်းဖြစ်လေးတွေ ပြော ခဲ့ကြတာတွေကို ပြန်ပြီး အမှတ်တရ အောက်မေ့မိပါရဲ့။ အဲသလို ပြန်ဆုံစည်းရမယ့် အချိန်ကိုလဲ ရင်ထဲကအမြဲ တမ်း တမ်းတမိတယ်။ တကယ်ပါ သူငယ်ချင်း။

တယောက်ထဲ အမြဲတမ်းခရီးယာယီများတတ်တဲ့ကိုယ်ဟာ ဒီတခေါက်လူတွေအများကြီးနဲ့ ဘန်ကောက်

ကို သွားဖြစ်တယ်။ TTM ဆိုတဲ့ Thai Travel Mart ပွဲကိုလေ၊ ပြည်တွင်းက ခရီးသွားလာရေးကုမ္ပဏီတော်တော်

များများက Tour Operator တွေရယ်၊ ဟိုတယ်လုပ်ငန်းရှင်တွေရယ်၊ ပြီးတော့ မြန်မာ-ထိုင်း ချစ်ကြည်ရေးနဲ့ စီး

ပွားရေးပူးပေါင်းဆောင်ရွက်မှုအတွက် လိုက်ကြတဲ့လုပ်ငန်းရှင်တွေရယ်၊ ဘန်ကောက်က အမြင့်ဆုံး Baiyoke

Sky Hotel မှာ မြန်မာတွေ ဖွေးခံသွားတာပဲ။

၂၀၀၃ ခုနှစ် စက်တင်ဘာ ၁၅ ရက်နေ့ Morning Flight နဲ့ ရန်ကုန်လေဆိပ်က စထွက်ကြတယ်ပေါ့။

ထုံးစံအတိုင်းသွားနေကြဆိုတော့ သားတော်မောင်က လေဆိပ်မှာချပေးပြီးတာနဲ့ ‘တာ့ တာ’ လုပ်သွားတယ်။ ဒီ

တခေါက် Special Arrangement ဆိုတော့ Round Trip မှ FEC 85 ပဲကျတယ်။ ထွက်သမျှခရီးထဲမှာ ဒီတခါအ

သက်သာဆုံးပဲ သူငယ်ချင်း။

Baiyoke Hotel ရောက်တော့ Check in လုပ်နေတုန်း အကိုကြီး Robert သိန်းဖေကို ကိုယ်တိုင်ကြီး

ကြပ်နေတာ တွေ့လိုက်ရတယ်။ ပြောရဦးမယ် သူငယ်ချင်း၊ ဦးရောဘတ်သိန်းဖေဆိုတာက Baiyoke Hotel ရဲ့

Share Holder တဦး၊ ကိုယ်တိုင်ကိုကြီးကြပ်နေတာ၊ အသက်ရလာပေမယ့် ‘အားထည့်’ တုန်းပဲ။ ကိုယ်တို့လိုမ

ဟုတ်ဘူး။ နေ့စဉ်န့အဲ မျှ လုပ်နေတာနော်။ အပြောလဲ ချိုတယ်။ အသက်ခြောက်ဆယ်ကျော်ကြီးက ကိုယ်တို့ ငါး ဆယ်ကို ‘အစ်ကိုကြီး’ လို့ကို ပြန်ခေါ်တာ။ Business Ethic ကို လိုက်နာတာလေ။

ရောက်ရောက်ချင်းရက်ကတော့ ပေါ့ပေါ့ပါးပါးလောက်ပါပဲ။ ထုံးစံအတိုင်း ဟိုသွား ဒီသွားနဲ့ ကိုယ်ရေး

ကိုယ်တာကိစ္စလေးတွေ လုပ်ကြတယ်ပေါ့။ ဒုတိယနေ့မှာတော့ ဟိုတယ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ DR ခင်

ရွှေ ရောက်လာတယ်။ နောက်တရက် ထိုင်း-မြန်မာ ချစ်ကြည်ရေးနဲ့စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆွေးနွေးပွဲမှာ ပြောကြဆိုကြဖို့လေး ညှိနှိုင်းကြတယ်ပေါ့။ အခက်အခဲမရှိလှပါဘူး။ ပုံမှန်ဆွေးနွေးပွဲတွေအတွက် ကြိုတင်ပြင် ဆင်ကြရတဲ့ အစဉ်အလာအတိုင်းလေးတခုထက် မပိုပါဘူး။ ကိုယ်တို့က ဧည့်သည်ဆိုတော့ တာဝန်ပိုင်းနည်း နည်းပေါ့ပြီး ထိုင်းဘက်ကတော့ အိမ်ရှင်အနေနဲ့ တာဝန်နည်းနည်းပိုမယ် ထင်တယ်။

ဆွေးနွေးပွဲကို ထိုင်းဘက်က ဗိုလ်ချုပ်ကြီးပတ် (Gen.Pat)နဲ့ ဗိုလ်ချုပ်ကြီး ဆနန် (Gen.Sanan) တို့က

ဦးဆောင်ကြပြီး ကိုယ်တို့မြန်မာဘက်ကတော့ ဗိုလ်မှူးကြီးဘဟိန်း(ငြိမ်း)၊ DG ဦးခင်မောင်လတ်နဲ့ DRခင်ရွှေတို့ က ဦးဆောင်ကြပါတယ်။ တဖက်စီ အယောက်(၃၀)လောက်နဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ရှိကြပါရဲ့။ ခရီးသွားလာရေးအ တွက် Promotion လုပ်ဖို့၊ ဟိုတယ်လုပ်ငန်းမြှင့်တင်ဖို့နဲ့ နယ်စပ်ကုန်သွယ်ရေးတိုးချဲ့ကြဖို့ အဓိကဆွေးနွေးကြ

တယ်ဆိုပါတော့၊ ဆွေးနွေးပြီး အချက်အလက်တွေကို စုစည်းပြီး ချစ်ကြည်ရေးသဘောတူညီစာချုပ် ပဋိညာဉ်ကို နောက်ရက်မှာ လက်မှတ်ထိုးကြဖို့ စီစဉ်ထားတယ်။

ရယ်စရာ ဒီမှာစတာပဲ သူငယ်ချင်း။ တခါတလေ ဖြစ်တတ်တာလေးတွေရဲ့ သဘာဝတခုပေါ့ကွာ။ ဆွေး

နွေးပွဲကြီးပြီးတော့ Gen.Sanan, Gen.Pat, DR ခင်ရွှေနဲ့ ကိုယ်တို့ အလွတ်သဘော ထိုင်စကားပြောနေတုန်း

ကိုယ်က စာချုပ်မူကြမ်းအကြောင်း မေးမိလိုက်တယ်။ သူတို့ဘက်က Mr Chainroug Lueamsri က စကားပြန်

လဲလုပ်၊ အဖွ့ကဲိုလဲ အဓိကအထောက်အကူပေးတဲ့ အတွင်းရေးမှူးလဲဖြစ်တဲ့သူက မူကြမ်းမပြင်ဆင်ရသေးတဲ့ အ ကြောင်းပြောတော့ ကိုယ် ခေါင်းကြီးသွားတယ်။ လက်မှတ်ထိုးမှာက နောက်တနေ့။ ညဘက်မှာတော့ မြန်မာ့ည

(Myanmar Night)ဧည့်ခံပွဲ။ အလုပ်လုပ်ချိန် သိပ်မရှိတော့ဘူး။ ဒါနဲ့ပဲ ညနေ ၆ နာရီမှာပြန်ဆုံပြီး အဲဒီကိုယ်တော် နဲ့ ကိုယ် နှစ်ယောက်ထိုင်ရေးဖို့ သဘောတူလိုက်ကြရတယ်။

ငိုအားထက် ရယ်အားသန်တာ မဟုတ်ဘူး သူငယ်ချင်း။ နောက်တရက် မနက်ခုနှစ်နာရီ ကိုယ်တို့ ဟို

တယ်လုပ်ငန်းရှင်(၉)ဦးက Phuket ဘက်ဆက်ထွက်ဖို့ လေယာဉ်လက်မှတ် လုပ်ထားပြီးပြီ။ ချက်ချင်း ပြန်ရွှေ့

လိုက်ရတယ်။ စာချုပ်မူကြမ်းအချိန်မီမပြီးရင် ဟိုမရောက်ဒီမရောက်ဖြစ်မှာစိုးလို့ မိတ်ဆွေတွေက ကိုယ့်ကို သြ

ဘာပေးကြတာပေါ့။ Phuket ဘက်က ကိုယ်ပိုင်အလုပ်အတွက်၊ ဒီမှာက အဖွဲ့အစည်းအတွက်ဆိုတော့ ဒီဘက်

ဦးစားပေးလိုက်ရတယ်။ ရယ်စရာထပ်ပြောရဦးမယ် သူငယ်ချင်း။ လူဆိုတာ အခက်အခဲတွေ့ရင် ဆုံးဖြတ်ချက်အ လျင်အမြန်ချတတ်ပြီး လက်တွေ့မဆန်ဖြစ်တတ်ကြတာ ကိုယ်တို့လဲဖြစ်ဖူးပါတယ်။ ညနေ ၆နာရီမှာ ပြန်ဆုံတော့ 8


ထိုင်းဘက်က ကိုယ်တော်က မူကြမ်းအတူမရေးဘဲ တဖက်ချင်းတခုစီရေးကြမယ်လေတဲ့။ ကိုယ်တောင် ဘာပြန်

ပြောရမှန်းမသိဘူး ဖြစ်သွားတယ်။ တဖက်ချင်းရဲ့လိုအပ်ချက်တွေရေးပြီး နှစ်ဘက်သဘောတူတဲ့စာချုပ် ဘယ်အ ချိန်မှာ ပြန်ရေးမှာတဲ့လဲ။ ကိုယ်က အဲဒီအချက်ကို ထောက်ပြတယ်။ စာချုပ်က တစောင်ပဲ ဖြစ်သင့်တယ်။ အချိန် အကန့်အသတ်ဖြစ်သွားလို့ နှစ်ယောက်အတူထိုင်ရေးမှ နှစ်ဖက်လက်မှတ်ထိုးနိုင်တဲ့ အဆင့်ဖြစ်မှာ။ ဒါတောင်မှ အတော်လုပ်ယူရဦးမှာ။ ကိုယ့်ဆံပင်မွေးတွေ ထောင်ကုန်ရောပဲ။

ကိုယ်တော်က Myanmar Night ပြီးရင် အတူရေးမယ်လို့ ပြောပြန်ရော၊ ည ၁၀ နာရီကျတော့ လူအုပ်

ထဲမှာပဲ ကိုယ်တော်ကိုရှာပြီး အတူရေးကြဖို့ ကိုယ်က စပြောလိုက်တယ်။ အရက်ခွက်လေးကိုင်ပြီး ‘မင်းပဲ ရေး

လိုက်တော့တဲ့’ ကောင်းရော သူငယ်ချင်း။ ကိုယ်ဘာလုပ်ရမလဲ၊ ဒီလူ့လက်ကိုဆွဲပြီး DRခင်ရွှေဆီ ကိုယ်ခေါ်သွား တာပေါ့။ အခြေအနေကို ရှင်းပြလိုက်ရတယ်။ ဦးခင်ရွှေက သဘောကောင်းရှာပါတယ်။ ကိုယ့်ကိုယ်ပဲ တတ်နိုင် ရင် လုပ်ပေးပါတဲ့။ နိုင်ငံကိုယ်စားအတွက်ပဲလေဆိုပြီး ကိုယ်ခေါင်းညိတ်လိုက်ရတယ် သူငယ်ချင်း။ Computer

Service ကိုယ်တောင်းတော့ ကိုယ်တော်က ကြယ်ငါးပွင့်ဟိုတယ်မှာ ဘာမဆိုရပါတယ်ဆိုတာနဲ့ တစ် ‘ဂိုး’ ရှူး

သွားလိုက်သေးတယ်။ ဘုမသိဘမသိနဲ့ ဗြဟ္မာဦးခေါင်း ကိုယ့်ဆီရောက်လာတယ်။ တကယ်ဆို ကိုယ်နဲ့ဘာမှမ

ဆိုင်ဘူးနော်။ ချစ်ကြည်ရေးအသင်းမှာလဲ ကိုယ်ကပါတာမဟုတ်ဘူး။ ကိုယ့်ကိုယ်ကိုယ်ပဲ ‘နရင်း’ ပြန်အုပ်ပစ်ချင် မိတယ်။

နောက်တခါ ရယ်စရာထပ်ပြောဦးမယ် သူငယ်ချင်း။ ဟိုတယ်က Laptop Computer Service ပေးဖို့

ကိုယ်တောင်းကြည့်တယ်။ ‘မရပါဘူးရှင်’ တဲ့။ ယုံမလား သူငယ်ချင်း၊ မယုံချင်စရာဘဲ။ Robert သိန်းဖေကိုတွေ့

ရင် ပြောရဦးမယ်။ တချို့သေးသေးမွှားမွှားကိုသတိမမူမိရင် လွတ်တတ်တယ်ဆိုတာ။ ကိုယ့်ဟိုတယ်မှာလဲ ဒါမျိုး ကြုံဖူးတယ်။ ကိုယ့်ဟိုတယ်တွေကတော့ တလုံးမှ ကြယ်ငါးပွင့်အဆင့်မရှိပါဘူး။ Lobby မှာ Internet အတွက်

Desk Top Computer (၂)လုံးကို ကိုယ်သတိထားမိတာနဲ့ အဲဒါနဲ့ပဲစာရိုက်မယ်ဆိုပြီး Disket ထွက်ဝယ်ရတယ်

သူငယ်ချင်း။ Hotel က Disket တောင်မပေးနိုင်ခဲ့ဘူး။ ကိုယ်နဲ့အခန်း Partner ဦးရန်ဝင်း(Panorama Hotel)ကို DRခင်ရွှေဆီက တချို့အချက်အလက်တွေ တောင်းခိုင်းထားပြီး Disket ထွက်ဝယ်တော့ အချိန်လွန်တာနဲ့ မရခဲ့

ပြန်ဘူး။ ထွက်သမျှခရီးတွေထဲမှာ ဒီတခေါက် အဆင်မပြေဆုံးဘဲ သူငယ်ချင်း။

ဟိုတယ်ပြန်ရောက်တော့ စာရေးစားပွဲမှာ လက်ရေးမူန့ပဲ ထိုင်ရေးမယ်ဆိုပြီး မီးဖွင့်လိုက်တော့ မီးကမ

လာပြန်ဘူး။ အခက်အခဲများ တခုတည်းမလာတတ်ဘူး။ အဖော်အပေါင်းနဲ့ဆိုတာ ဟုတ်တယ် သူငယ်ချင်းရေ။

ညက ၁၁ နာရီထိုးနေပြီ။ မတတ်နိုင်ဘူး။ တာဝန်ခံခဲ့ပြီးပြိဆိုတော့ ပြီးအောင်တော့ လုပ်ရတော့မှာပဲဆိုပြီး ကိုရန်

ဝင်း ခုတင်ဘေးက Stand Lamp နဲ့ပဲ ဖိုင်ကို ပေါင်ပေါ်တင်ပြီး စာရေးရတော့တယ်။ လုပ်ငန်းသုံးစာတွေအားလုံး

Computer နဲ့ပဲ တန်းရိုက်တာဆယ်နှစ်ကျော်ပြီ သူငယ်ချင်း။ ကိုယ်ကလဲ အင်္ဂလိပ်လို သိပ်အကျွမ်းအကျင်ကြီးမ

ဟုတ်တော့ Computer ပေါ်မှာ ပြင်လိုက်ရင် လွယ်တယ်။ လက်ရေးနဲ့ကတော့ ခက်ရော။ Air Con ခန်းထဲမှာ ချွေးပြန်တာ မင်းလာကြည့်ရင် တွေ့လိမ့်မယ်။ တကယ်ပြောတာ သူငယ်ချင်း။

နောက် ရယ်စရာထပ်ဖြစ်သေးတယ်။ တမျက်နှာလောက်ရေးအပြီးမှာ ဘာမပြော ညာမပြော ကိုရန်ဝင်း

ကြီး ‘တဟီးဟီး’ဖြစ်လို့လေ။ လှမ်းကြည့်လိုက်တော့ အဖျားတွေတက်ပြီး တုန်နေလိုက်တာ။ ကိုယ်က ဆရာဝန်

လဲမဟုတ်တော့ ဘာလုပ်ရမှန်းမသိ ဖြစ်ရတာပေါ့ကွာ။ တက်ပဲ ‘ဖိ’ ပေးရမလား၊ ဆရာဝန်ပဲ ပြေးခေါ်ရမလားဘဲ၊

တော်သေးတယ်၊ ဆယ့်ငါးမိနစ်လောက်မှာ ကိုယ်တော်ကြီး အဖျားကျသွားလို့။ ဒါနဲ့ပဲ စိတ်အေးလက်အေး ဆက် ရေးဖြစ်နိုင်ခဲ့တယ်။ မနက်ငါးနာရီလဲထိုးရော မြန်မြန်နိဂုံးချုပ်ပြီး အိပ်ယာထဲ ကိုယ်လဲ ဒိုင်ဗင်ပစ်ခံလိုက်ရတယ်။

မနက် ၇ နာရီပြန်ထရဦးမှာဆိုတော့ အိပ်ချိန်က မကျန်တော့ဘူးလေ။ ကိုယ်လဲ ဘယ်လိုအိပ်ပျော်သွားသလဲမသိ ဘူး။ ကို့ရို့ကားယား ကိုယ့်ပုံကို မနက်လင်းတော့ ကိုရန်ဝင်းက ဓါတ်ပုံရိုက်ထားလိုက်သေးတယ်။ သူငယ်ချင်း လာမှ ပြတာပေါ့။ ကြည့်ချင်ရင် ပြောတာပါ။

တာဝန်တခုတော့ ပြီးသွားပါတယ်။ ၀ရုန်းသုန်းကားနဲ့ သန်ခန်းစာရလိုက်တယ်။ တခါတလေ အမှုပတ်

တတ်တယ်ဆိုတာ ကိုယ်တော့ ကိုယ်တွေ့ပဲ။ ငယ်ငယ်တုန်းက မှတ်မိသေးလား၊ လက်ဖက်ရည်ဆိုင်အထိုင်

ကောင်းတာလေ၊ သူငယ်ချင်းတွေ့လို့ ၀င်ထိုင်မိပါတယ်။ ပိုက်ဆံမပါလို့ ကိုယ်က ရှင်းပေးလိုက်ရတာမျိုး၊ ရယ် နေသလား သူငယ်ချင်း။ မရယ်နဲ့ တကယ်ဖြစ်ခဲ့တာ။ ဓါတ်ပုံတောင် အဆစ်ပါလိုက်သေးတယ်။

ဒီထက် ရယ်စရာကောင်းတာရှိသေးတယ် သူငယ်ချင်း။ Shopping Mall တခုမှာ ကိုယ်တို့တတွေ ဟို

ဟာနည်းနည်း၊ ဒီဟာနည်းနည်း ၀ယ်ဖြစ်ကြတယ်။ ကိုမောင်မောင်(Asia Express)ရယ်၊ ကိုခင်မောင်ရင်(ကော့

သောင်ဟိုတယ်)၊ ဦးသန်းရွှေ(Power မန္တလေး၊ ပုဂံဟိုတယ်)ရယ်၊ ဦးတင်ထွန်းရယ်ပေါ့။ ၀ယ်ကြခြမ်းကြတာ ငါး သောင်းလောက်ကျသွားတယ်။ ဘာပြောကောင်းမလဲ ဦးတင်ထွန်းက အားလုံးအတွက်စုပြိး Credit Card နဲ့ရှင်း

ပေးလိုက်ရော၊ Credit Card အရောင်နဲ့ပုံစံကို လှစ်ခနဲ ကိုယ်မြင်လိုက်တော့ ဟုတ်ပါ့မလားလို့ စိတ်ထဲတော့ထင် လိုက်မိသား၊ ဒါပေမယ့် ကိုယ်မသိတဲ့အပြောင်းအလဲတွေက အများကြီးရှိနိုင်တာပဲဆိုပြီး ငြိမ်နေလိုက်တယ်။ မ

ကြာပါဘူး။ Card Return ပြန်လာတယ်။ ATM တဲ့၊ အရေးပေါ်ငွေလိုရင် လမ်းလေးတွေမှာ ထုတ်လို့ရတဲ့ကဒ်ပေါ့

Credit Card မဟုတ်လို့ လက်မခံဘူး။ တချို့က ကုတ်အကျီ င်္တွေ ၀တ်တောင်ထားပြီးပြီ၊ စုလိုက်ရင် ဘတ်ငွေငါး

သောင်း အားလုံးပေါင်းရင် မပြည့်ဘူး။

9


ရော … ခက်ပြီ၊ အမှုက ထပ်ပတ်ပြန်ပြီ သူငယ်ချင်း။ နောက်ဆုံး ကိုယ့်အိတ်ထဲက Visa ကဒ်ခုန်ထွက်

သွားတယ်ပေါ့။ မြန်မာပဲ သူငယ်ချင်းရယ်၊ ဒီအတိုင်းတော့ ဘယ်ပြန်လာမလဲ၊ အမှတ်မရှိတဲ့ဘမောင်လို့ မင်းရင် ထဲမှာ အပြစ်တင်နေမယ်ဆိုတာ ကိုယ်သိနေပါတယ် သူငယ်ချင်း။ ကိုယ့်ကံကိုကပါနေတာလို့ပဲ သဘောပေါက် ပေးပါသူငယ်ချင်းရာ။ ဒီတခါခရီး ဘာဖြစ်နေတယ်ကို မသိဘူးကွာ၊ ဘုရားမရှိခိုးလာလို့ပဲဖြစ်မယ်။ ဟိုတယ်

ရောက်ရောက်ချင်း သူတို့ပြန်ပေးကြပါတယ်။ ဟိုတယ်သူဌေးတွေပဲဟာ၊ ဒီလောက်တောင် အဆီအငေါ်မတည့်

လှတာ၊ ငယ်မူပြန်ဦးမယ်ဆိုပြီး ဦးလှစိန်(စည်းစိမ်၊ချောင်းသာ)ကို နောက်ဖို့ ကိုယ်နဲ့ကိုခင်မောင်ရင် တိုင်ပင်လိုက် ကြတယ်။ ပိုရယ်ရတယ် သူငယ်ချင်း။ မျက်ရည်ထွက်ရင်သုတ်ဖို့ လက်ကိုင်ပါဝါလေး အရင်ရှာထားနှင့်လိုက်ဦး။

Phuket ရောက်ကြတယ်ဆိုပါတော့ သူငယ်ချင်း။ တနှစ်ကို လူ ၄ သန်းရောက်တယ်တဲ့။ ဟိုတယ် ရာနဲ့

ချီပြီးရှိတာ။ ကြယ်ငါးပွင့်အဆင့်တွေလဲ ဆယ်ဂဏန်းပဲ။ အဲဒီကတဆင့် Pee Pee Island ကို သွားဖြစ်တယ်။ နှစ် ထပ်သင်္ဘောနဲ့ပေါ့။ အသွား တနာရီခွဲ၊ အပြန် တနာရီခွဲကြာတယ်။ ရေထဲကထိုးထွက်ပြီး ခပ်တိတိပြတ်နေတဲ့

တောင်တွေကတော့ ဆွဲဆောင်မှုရှိတယ် သူငယ်ချင်း။ မြန်မာပြည်က ကြော်ညာလာရိုက်ဖူးတယ်။ James Bond

ကားရိုက်ဖူးတယ်တဲ့။ ကိုယ်က ငပလီကိုပိုကြိုက်တယ်။ Maldive ကို ပိုကြိုက်တယ်။ နာမည်ကြီး Pee Pee Isla-

nd က ဘာမှမက်လောက်စရာမရှိဘူး။ ကြော်ညာကောင်းတာ၊ လမ်းမှာတွေ့တဲ့ ရေထဲကငွားငွားစွင့်စွင့် တိုးထွက်

လာတဲ့ကျောက်တောင်ကြီးတွေက ဖမ်းစားတာ ကိုယ့်အတွက်မက်စရာမဟုတ်ပေမယ့် မွန်းကျပ်တဲ့အနောက်နိုင်

ငံက ခရီးသွားတွေ ခြေချင်းလိမ်နေတာပဲ။ ကမ်းလေးက သေးသေးလေးပဲ။ ကိုယ်တို့ ချောင်းသာလောက်တောင်

မကြီးရှာဘူး။ အခုအချိန်က Off Season နော်၊ ချောင်းသာက ကိုယ့်ဟိုတယ်ကတော့ မိုးတွင်းပိတ်ထားရလေရဲ့။

Phuket မှာကိုယ်တို့နဲ့လုပ်ငန်းအတူလုပ်မယ့် Australia ဗျတ်ဝိနဲ့ဗျတ္တက ညစားကျွေးတယ်ဆိုပါတော့။

ဟင်းချိုက တော်တော်စပ်တာ။ ငပိထောင်းကလဲ စပ်သလားမမေးနဲ့။ သူငယ်ချင်း လက်ကိုင်ပ၀ါလေး အနား

ရောက်ပြီလား၊ ဇာတ်လမ်းကစတော့မှာ၊ ဦးလှစိန်က ကိုခင်မောင်ရင်နဲ့ ကိုယ့်ရဲ့ကြားမှာထိုင်တာ။ ဘောင်းဘီ

အိတ်ထဲကနေ ကိုယ့်ဘက်က ကိုခင်မောင်ရင်ဖုန်းကို နှိပ်လိုက်တယ်။ ကိုခင်မောင်ရင်ကလဲ မှင်သေတယ်။ မင်း သားကြီးခင်မောင်ရင်ကျနေတာပဲ။ ဦးလှစိန်ကြားအောင် တလုံးချင်းပြောတာ၊ ဘာပြောလဲသိလား သူငယ်ချင်း၊

အပြန်သူ့လေယာဉ်လက်မှန်မရဘူးလို့လေ၊ အဘိုးကြီး ထိတ်ထိတ်ပြာပြာဖြစ်သွားတယ်။ နာမည်စာလုံးပေါင်းမှား

လို့ Computer ကထုတ်မပေးဘူးလို့ လှိမ့်နေကြတာ၊ ကိုခင်မောင်ရင် ဖုန်းမပြီးခင် အဘိုးကြီးပြာနှမ်းနှမ်းဖြစ်သွား

ပြီး ဘာမှန်းမသိ ငါးပိထောင်းတစွန်း စွတ်အုပ်လိုက်ရော၊ တော်တော်စပ်သွားတယ်နဲ့တူတယ်သူငယ်ချင်း။ တရှူး ရှူးနဲ့ သက်သာရာရမလားဆိုပြီး ဟင်းချိုထပ်သောက်လိုက်ပြန်ရော၊ ဟင်းချိုကလဲ ကုလားအော်အောင်စပ်တာ ဆိုတော့ သူ့ခမျာ မခံနိုင်ရှာလွန်းလို့ ဘေးကို ‘ဝေါ့’ ခနဲကို ပြန်ထွေးယူလိုက်ရတယ်။

‘ရေ … ရေ … ရေ … ပေးကွ’ ဆိုပြီး မြန်မာလိုကို အော်ပြောယူရတယ်။ ယိုးဒယားစားပွဲထိုးက ဘယ်နား

လည်လိမ့်မလဲ၊ ကြောင်းပြီး ကြည့်နေကြတာပေါ့။ ‘ဘာကြည့်နေတာလဲ ရေပေးလေကွာ’ ဆိုပြီး ထပ်ဟောက်ပြန် ရော။ ကိုယ်တို့ အနောက်လွန်သွားတယ် သူငယ်ချင်း၊ အဘိုးကြီးထူပူပြီး သူ့ဟိုတယ်ထဲမှာဖြစ်နေတယ်လို့များ ထင်သွားသလားမသိဘူး။

ငရဲတော့ တော်တော်ကြီးမယ်ထင်တယ်။ မထူပါဘူး၊ ပို့မယ့်ပို့လဲ ကူးတို့အထိပဲပို့တော့မယ်ဆိုပြီး ကိုခင်

မောင်ရင်က ဆက်ပြီးတွန်းရော၊ အပြန်လက်မှတ်ဒေါ်လာ(၁၅၅)ကျမယ် ဘာမယ်နဲ့၊ ဒါတောင်မှ နောက်ရက်ကျမှ ရမှာဆိုတော့ ဟိုတယ်ခက ကုန်ဦးမယ်ဆိုပဲ၊ အဘိုးကြီးနည်းနည်းတော့ တက်သွားလိမ့်မယ်။ ကုန်ကျငွေထက်

အဖော်မရှိမှာစိုးတာက များမယ်ထင်တယ်။ ဒါနဲ့ပဲ လက်မှတ်အတူရအောင် လုပ်ပေးမယ်၊ ညစာကျွေးရမယ်ဆိုတဲ့ ကန့်သတ်ချက်နဲ့ Pathong မှာ ဦးလှစိန်ကြီး ကိုယ်တို့အုပ်စုကို ညစားကျွေးရလေရဲ့။ ဘဏ်ငွေသုံးထောင်ကျော်

လောက် ချောသွားတယ်။

ဝဋ်များလည်တယ်ဆိုတာ ဟုတ်တယ် သူငယ်ချင်းရေ၊ ဦးလှစိန်က ဘယ် Restaurant ကိုခေါ်သွား

တယ်ထင်လဲ၊ ချစ်တီးဆိုင်ကွ၊ နာမည်က ‘အလီဘာဘာ’ တဲ့။ အော်ဒါမှာမှ စချက်တဲ့ဆိုင်၊ တနာရီကျော်လောက် စောင့်လိုက်ရတော့ အူတွေထအော်ကုန်ရော၊ စားရတော့ ချာပါတီ။ ဒီတခါ သူ့အလှည့်လေ။

နောက်တယောက် ရှိသေးတယ် ဦးတင်ထွန်း၊ ပြင်သစ်တင်ထွန်းလို့ ခေါ်တယ်။ Credit Card နဲ့ ATM

မှားတဲ့သူလေ၊ အသက်က ၆၀ လောက်ရှိနေပြီ ‘ရှာဖွေလေ တွေ့ရှိလေ’ သိပ်လုပ်ချင်တဲ့ လူ၊ သူများတွေ မောလို့ ဟိုတယ်ပြန်ရောက်ရင် သူက ပြန်မရောက်နိုင်သေးဘူး။ ဟိုတယ်က ရေမချိုးဘဲအပြင်မှာ ရေထွက် ထွက်ချိုးတဲ့ သူ။ သူ့ကြည့်လိုက်ရင် ဖရိုဖရဲနဲ့ အိပ်ယာထရင်သွားတိုက်ဖို့ မေ့ချင်မေ့တာ၊ ဦးလှစိန်ရဲ့ အခန်းပါတနာ။ သူ့အ လှည့်ဆိုပြီး ကိုယ်တို့က ဦးလှစိန်ကို ၀ိုင်းထောင်ပေးကြတယ်။ ဦးလှစိန်က ဦးတင်ထွန်းကို စတယ်။

‘ခင်ဗျား မနက်လင်းရင် ရေဘယ်တော့မှမချိုးဘူး။ ညစ်ပတ်တယ်’ ဘာပြန်ပြောတယ်မှတ်လဲ၊ သိလား။

‘ကျုပ်အပြင်မှာ ရေချိုးတာ ခင်ဗျားသိလို့လား ကိုလှစိန်၊ ခြောက်ခါတောင်ရှိသွားပြီး၊ ညက အအေးမိလို့တောင် ဆေးသောက် ယူရသေးတယ်’ တဲ့။

ရယ်ချင်သေးလား သူငယ်ချင်း။ ထပ်ပြောပြပေးဦးမယ်၊ အပြန်ခရီးလေဆိပ်မှာ Boarding Pass လုပ်

တော့ ကိုခင်မောင်ရင်က ဦးလှစိန်ကို ‘နောက်’ ချင်တဲ့ဇောနဲ့လက်မှတ်ကို သူ့အတာချီကေ့စ်ထဲ ထည့်ထားလိုက် ပြီး မေ့နေတယ်။ အဖွဲ့ကို တယောက်တစောင်စီထုတ်ပေးပြီး သူ့လက်မှတ်နဲ့ ဦးလှစိန်လက်မှတ်ပျောက်နေရော။ 10


ဒီတခါ ကိုယ့်ပယောဂ လုံးဝမပါတော့ဘူးနော်။ ဦးလှစိန်ဆိုတာလေ သနားပါတယ်။ ထမင်းကလဲ ကျွေးပြီးပြီ၊ ကို ခင်မောင်ရင်ကိုယ်တိုင် ပူထူနေတာ။ သူ့ဘာသူကို ဘာဖြစ်မှန်းမသိဘူး။ လေယာဉ်ချိန်ကလဲ နီးပြီ၊ နောက်တော့

မှ ပါဝါကြီးဦးသန်းရွှေ ဖော်ကောင်လုပ်မှ အိတ်ထဲက လက်မှတ်ပြန်တွေ့တာ၊ အမှန်က ကိုခင်မောင်ရင် ကမန်းက တန်း ဦးလှစိန်လေယာဉ်လက်မှတ်ကို နောက်ချင်တဲ့ဇောနဲ့ အတာချီထဲ သီးခြားဆွထဲုတ်ထည့်လိုက်တာမှာ သူ့ လက်မှတ်က ကပ်ပြီးပါသွားတာ။

ပြင်သစ်တင်ထွန်းက အနားမှာ ရစ်သီရစ်သီလုပ်ပြီး ‘တွန်းပို့’ လုပ်ဖို့အတွက် ချောင်းနေသေးတယ်။ ဦး

လှစိန်က ‘သွား … ခင်များအနားမလာနဲ့ လေးရက်မှာ ရေခြောက်ခါချိုးတဲ့သူ’ ဆိုပြီး အကျယ်ကြီးအော်ပြောလိုက် တာ။ တခြားခရီးသည်တွေကတောင် ကြည့်ယူလိုက်ရသေးတယ် သူငယ်ချင်း။

သူငယ်ချင်း ကိုယ့်စာဖတ်ရတာ ပျင်းသွားပြီလား၊ စာတော့ရှည်သွားပြီ။ ငယ်မူပြန်ကြည့်ကြတာပါ။ ပျော်

ချင်ရင်တော့ တခေါက်လောက် ကိုယ်တို့အဖွဲ့နဲ့ လိုက်ခဲ့လို့ရတယ်။

မင်းရဲ့သူငယ်ချင်း ဘမောင်

…………………………………………… ။ ~ ။ ………………………………………………

ရွက်ခြွေလေ

နေဇင်လတ် (May 2007) ‘ဆီဇာတဲ့လား၊ အတော်ချောတဲ့ ကောင်ပဲ’

‘Imported အဖေရဲ့၊ ဂျာမနီက သွင်းလာတာ၊ သိန်းသုံးဆယ်ကျော် ကျတယ်။’

ဦးဘောဂတို့သားအဖနှစ်ယောက် ပြောသံသဲ့သဲ့ကို ကြားလိုက်ရတာ။ အမွေးရှည်ကြီး၊ အလုံးအထည်၊ အရပ်အ မောင်းကလဲ ပြောစရာမလိုဘူး။ ရုပ်ရည်ကလဲ ခံ့လိုက်တာ။ ခပ်တည်တည်နဲ့၊ တချက်တချက်ဟောင်လိုက်ရင် ကြက်သီးထလောက်အောင် အသံကလဲ အောင်တယ်။ ငွေရှိသူတွေ လုပ်ကြတဲ့ကိစ္စပါ။ ဘမောင်က ယုယအ တွက် စိတ်နည်းနည်းပူသွားတယ်။ ယုယဆိုတာက ဘုန်းကြီးကျောင်းက တောင်းလာတဲ့ လမ်းဘေးက ခွေးမ

လေး။ အမွေးတိုတယ်။ အကောင်သေးတယ်။ ကျွေးတာနဲ့လဲ စားတယ်။ စကားမပြောတတ်ပေမယ့် သခင့်အလို

ကို သိပ်သိတတ်တယ်။ ထားရာနေပြီး စေရာသွားတဲ့ကလေးမ။ ညရေးညတာ အဖော်ရအောင်ဆိုပြီး ဆရာတော် ကိုလျှောက်တော့ မွေးချင်းတွေထဲက ကြိုက်ရာတကောင်ယူဆိုလို့ အလကားပဲတင်း ယူလာတဲ့ ခွေးမလေး။ ရွေး တုန်းကတော့ အ၀ဆုံးကောင်ကို ဘမောင် ယူမလို့ဘဲ။ နောက်တော့ အညှက်ဆုံးကောင်လေးကို သနားတာနဲ့ပဲ

ယူဖြစ်လိုက်တယ်။ ဦးဘောဂစီးတော်ယာဉ် လင့်ခရူဇာကြီးကို ဆေးကြောပြီးတာနဲ့ တန်းလျားဆီပြန်တော့ ယုယ

က အမြီးကလေးနန့်ပြီး ကြိုရှာတယ်။ မျက်နှာသိပ်တော့မကောင်းဘူး။ ကွပ်ပျစ်ပေါ်ထိုင်တော့ ချထားတဲ့ဘမောင် ရဲ့ခြေသလုံးကို ယုယက ခေါင်းနဲ့ပွတ်ပြီး အမောဖြေပေးရှာတယ်။ ယုယမျက်လုံးတွေက သည်နေ့ ရီဝေေ၀နဲ့။ ဗိုလ်ကျမယ့်သူ တိုးလာလို့နဲ့တူရဲ့။ ۞۞۞

ဦးဘောဂဆိုတာက အောင်မြင်နေတဲ့စီးပွားရေးသမားတယောက်။ အိန္ဒိယကို ပဲတွေတော်တော်ပို့တယ်။

စင်ကာပူက တရုတ်တွေနဲ့ဖက်စပ် အထည်ချုပ်ဆက်ရုံထောင်ထားတယ်။ နာမည်ရ စားသောက်ဆိုင်ကြီးနှစ်ဆိုင်

လဲ ပိုင်တယ်။ ဆောက်လုပ်ရေးလုပ်ငန်းကြီးတွေလဲ လုပ်တယ်။ ဘမောင်က ဦးဘောဂရဲ့ ဒရိုင်ဘာ၊ ဒရိုင်ဘာ ဘ မောင်ပေါ့။

တကယ်တော့ ဘမောင်က အလုပ်ကြပ်တဖြစ်လဲ ဒရိုင်ဘာပါ။ ဦးဘောဂတို့ရဲ့ အထည်ချုပ်စက်ရုံမှာ ဘ

မောင်က အလုပ်ကြပ်နဲ့ စခဲ့တာ။ ကျိုးနွံတတ်လို့ဆိုပြီး ဒရိုင်ဘာခန့်ခဲ့လို့ရခဲ့တဲ့အလုပ်။ ဦးဘောဂရဲ့ သုံးထပ်တိုက် ကြီး နောက်ဘက်ကခပ်နွမ်းနွမ်းတန်းလျားမှာ ဘမောင်ကို အခန်းလေးတခန်းပေးထားတယ်။ ထမင်းနှစ်နပ်ကျွေး တယ်။ အလုပ်ကြပ်ထက်အများကြီးပိုတဲ့လစာ ပေးထားတယ်။ ဘမောင်လေ .. ဦးဘောဂကြီးကို တအားပဲကျေး ဇူးတင်ပစ်လိုက်တယ်။

ဟုတ်တယ်လေ။ လိုင်းကား စီးရတဲ့ဒုက္ခ ကင်းသွားတယ်။ ကားခသက်သာ သွားတယ်။ လစာပိုရတယ်။

ထမင်းဖိုး မကုန်တော့ဘူး။ နည်းနည်းအသက်ရှူချောင်သွားတယ်ပေါ့။ ကယ်တင်ရှင်ကြီး ဦးဘောဂ ကျန်းမာချမ်း သာပါစေ။ ဆထက်ထမ်းပိုးတိုးပြီး လုပ်ငန်းတွေ ဖြစ်ပါစေ။ သက်တော်ရာကျော်လဲ ရှည်ပါစေ။ ۞۞۞

11


ယုယကို ဘာနဲ့ကျွေးကျွေး စားရှာတယ်။ ကံကောင်းတဲ့နေ့ဆို လက်ကျန်အသားဖတ်လေးနဲ့ နယ်ဖတ်

ကျွေးနိုင်တယ်။ ပုံမှန်ကတော့ ထမင်းကြမ်းလက်ကျန်နဲ့ ငါးပိရည်အနံ့ပေးလေးပေါ့။ အကောင်လေးက ကြီးလာ

တော့ ထမင်းမ၀ချင်ရှာဘူး။ ဘမောင်ရယ်၊ ခြံစောင့် နှစ်ယောက်ရယ်ကလဲ ထမင်းနဲ့ဟင်းနဲ့ စကေးနဲ့ပဲ ရတာဆို တော့ ဘာမှ သိပ်တတ်နိုင်လှတာတော့ မဟုတ်ဘူး။ ‘ကိန် … ကိန်’

ငယ်သံပါအောင်အော်လိုက်တဲ့ ယုယအသံကြောင့် တန်းလျားထဲက ဘမောင်အပြေးထွက်ကြည့်လိုက်တယ်။ ယု ယတကောင် ချောင်မှာဝပ်လို့။ ဆီဇာကြီးက ယုယစားခွက်နားမှာ တချက်နမ်းကြည့်ပြီး ယုယဘက် မာန်လှည့်ဖီ

လိုက်သေးတယ်။ ယုယ အမြီးလေးကုပ်ပြီး တဖက်ကိုမျက်နှာလှည့်ထားလေးရဲ့။ လုပ်ချင်ရာလုပ်နိုင်ပါတယ်ပေါ့။

အင်အားပြ၊ အနိုင်ကျင့်ရုံကလွဲလို့ ယုယစားခွက်ထဲက အစားကို ဆီဇာဘယ်စားနိုင်မှာလဲ။ ငါးပိရည်နံ့ကို

နှစ်ခါတောင် ပြန်မနမ်းကြည့်ဘူး။ အမဲသားနံ့၊ ကြက်သားနံ့နဲ့ ဗီတာမင်မျိုးစုံထည့်ထားတဲ့ CP ထုတ် Dog Food

တအိတ် ကျပ်ငွေနှစ်သောင်းကျော်၊ ခွေးမပြောနဲ့ ဘမောင်တို့လူတောင် အနံ့ရရင် သွားရည်ကျချင်ချင်။ အဲဒါတွေ စားနေကျ ဆီဇာက ဘယ်မှာ ငါးပိရည်နဲ့ ထမင်းကြမ်းကို လျှာပေါ်တင်မှာတဲ့လဲ။ ‘ဆီဇာ သွား … သွား … သွားတော့နော်’

ဘမောင် အချိုသပ်ပြီး ချော့ရတယ်။ ရဲရဲလဲ မဟောက်ရဲဘူး။ အရေးမစိုက်ချင်သလိုနဲ့ ဆီဇာက ဘမောင်ဘက် တချက်၊ ယုယဘက် တချက် မျက်စောင်းခဲပြီး ခပ်တည်တည် ထွက်သွားလေရဲ့။ ‘သမီး ယုယ လာ လာ၊ ဘာနာသွားသေးလဲ’

သြော် … ယုယခမျာ အိမ်ကြီးရှင် ကြောက်ရ၊ သခင့်ခွေး ကြောက်ရနဲ့။

۞۞۞

စိတ်မထင်ရင်မထင်သလို မကြာမခဏ ယုယကို လာ လာ ရန်ရှာတတ်တာ ဆီဇာ့ အကျင့်တခုလိုဖြစ်

လာတယ်။ အရွယ်ချင်းကလဲ ကွာ၊ အင်အားချင်းကလဲ မမျှတော့ တချီချီ အသက်များထွက်သွားမလားလို့ ဘ မောင်စိတ်ပူမိရတာ အမောပဲ။

ဘ၀ပေး ကံအကျိုးမကောင်းလို့ ခွေးဖြစ်ကြရတာတောင် သူဌေးမွေးတဲ့ခွေးနဲ့ ဒရိုင်ဘာကမွေးတဲ့ခွေး အ

ဆင့်အတန်းချင်းအတော်ကွာကြတယ်။ သူတို့မှာလဲ ပတ်ဝန်းကျင်ကို နားလည်နိုင်တဲ့အသိတွေရှိနေလေရဲ့။ အိမ် ကြီးရှင်ရဲ့လက်မွေးဆိုတော့ ဘမောင်အပါအ၀င် ခြံစောင့်တွေက မျက်နှာချိုသွေးရတယ်။ ဆီဇာကလဲ ဂျာမနီက

လာလို့လား မသိဘူး။ ဘယ်သူ့ကို ကြောက်ရမယ်။ ဘယ်သူ့ဆို ဂရုစိုက်စရာမလိုဘူးဆိုပြီး ခွဲခြားသိနေပုံရတယ်။ ဘုန်းကြီးကျောင်းသူ ယုယကတော့ ဒရိုင်ဘာ မွေးတဲ့ခွေး မို့လား။ အိမ် နောက်တန်းလျားက အိမ်ရှေ့

တောင် မထွက်ရဲရှာဘူး။ ဘယ်သူ့တွေ့တွေ့ မျက်နှာသာလေးရမလားလို့ အမြီးကလေးနန့်နန့်ပြရှာရတာ အမော။

ခေါင်းထိုး၊ အမြီးနန့်ပြီး အနားလာပွတ်ချွဲပြနေတဲ့ယုယကြောင့် ဘမောင်အတွေးစတွေပြတ်တောက်သွား

တယ်။ တခါတခါကျတော့လဲ ဒီလိုပဲလေ။ ကိုယ့်အကြောင်း တွေးလိုက်၊ သူတို့အကြောင်း တွေးလိုက်။ ۞۞۞

အခုတလော ဆီဇာကြီးတကောင် တန်းလျားဘက် မကြာမကြာရောက်လာတတ်လေရဲ့။ ယုယကို တခါ

တခါမာန်ဖီလိုက်၊ စိတ်လိုလက်ရရှိရင် အမြီးနန့်ပြလိုက်နဲ့ ယုယကတော့ ဆီဇာ့မျက်နှာကြည့်ပြီး နေရရှာတယ်။

သူ အမြီးကြီးနန့်ပြရင် ယုယက အမြီးတိုလေးကို နန့်ပြရှာတယ်။ ဆီဇာကြီး စိတ်အလိုမကျလို့ မာန်ဖီရင်ဖြစ်ဖြစ်၊ ကိုက်ရင်ဖြစ်ဖြစ် အမြီးကလေးကုပ်ပြီး ကိုယ်ကို လှဲပေးရှာတယ်။ ပြုသမျှ နုရတဲ့သဘောပေါ့။ ‘ဦးလေး … ယုယ အပျိုဖြစ်နေပြီနဲ့ တူတယ်’ ‘ဟေ … ဟုတ်လား’

ခြံစောင့်ကောင်လေး မောင်တွတ်က သူ့ထင်မြင်ချက်ကို ပြောတာ။ ‘ငါ့သမီး ငယ်ပါသေးတယ်။ ဟုတ်ပါ့မလား မောင်တွတ်ရဲ့’ ‘မငယ်ဘူး ဦးလေး။ ကိုးလသမီး ရှိနေပြီ’

‘ဆီဇာတို့များ နောက်ပိုး ပိုးတာတောင် မာန်ဖီပြီး ပိုးသတဲ့’ ۞۞۞

‘ဦးလေးဘမောင် .. သမီး ရွာပြန်တော့မလို့ လာနှုတ်ဆက်တာ’ ‘ဟဲ့ … ဆိုင်းမဆင့် ဗုံမဆင့်နဲ့ နင့်ဟာက’

ကြာညိုက ဘမောင်တို့နဲ့ တရွာတည်းသူ။ ရွာမှာလက်လုပ်လက်စားဆိုတော့ လူဖြစ်လာမှာ မဟုတ်ဘူးဆိုပြီး ရန် ကုန်တက်အလုပ်ရှာရင်း ဦးဘောဂတို့အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ဖြစ်သွားတဲ့ စက်ချုပ်သမလေး။ တောသူ 12


ဆိုတော့ ရိုးတယ်။ လောကရဲ့ပရိယာယ်တွေကိုလဲ အသက်ငယ်သေးတော့ မသိနိုင်ရှာသေးဘူး။ ငွေစုပြီး အမေ့

ဆီပို့နိုင်ဖို့လောက်ပဲ အာရုံထားတဲ့ ကလေးမ။ ဘိုးစဉ်ဘောင်ဆက် လယ်လုပ်၊ ကိုင်းထောင်လောက်ပဲ လုပ်တတ် ကြတဲ့ ကြာညိုတို့မိဘများက ကြာညို့ကို မူလတန်းထက် ပိုပြီး ပညာလဲ မသင်ပေးနိုင်ရှာခဲ့ဘူး။ ‘ခွင့်နဲ့ခဏပြန်မှာလား မိကြာညို’ ‘ဟင့်အင်း … အပြီးပြန်မှာ’ ‘ဟေ … ’

ပြောရင်း ကြာညို့အသံ တစ်ဆို့ဆို့ရှိသွားတာကို ဘမောင် သတိပြုမိလိုက်ပါရဲ့။ ‘စုမိဆောင်းမိလေးရော ရှိလို့လား ကြာညိုရယ်’

‘ဦးဘောဂအပိုဆောင်းပေးလိုက်တဲ့ ငွေလေးတော့ ပါတယ်’

ကြာညို့အဖေက ဘမောင်အတွက် နားလည်ရခက်ခဲပါတယ်။ ‘တခြားက အလုပ်လေး ဘာလေး ရှာကြည့်ရင်ရော’

‘တော်ပါပြီး ဦးလေးရယ်။ ရွာပြန်ပြီး လယ်ပဲလုပ်စားတော့မယ်။ ကြာညို မြို့ကြီးပြကြီးတွေကို နားမလည်

နိုင်တော့ဘူး။ နားလည်အောင်လဲ မကြိုးစားချင်တော့ဘူး’

ကြာညို အသံနည်းနည်းတိမ်ဝင်သွားတယ်။ ကြာညိုလဲ ဘမောင်ကို သည့်ထက်ဘာမှပြောမသွားဘူး။ မပြောချင် တာက ပိုမှန်လိမ့်မယ်။ ဘမောင်အသိကလ ရိုးတိုးရိပ်တိတ်။ အံ့သြတာလား၊ ယူကျုံးမရတာလား၊ မယုံကြည်နိုင် တာလား၊ မယုံရဲတာလား၊ တုန်လှုပ်တာလား။ ဘာမှ ဆက်မေးလို့ မရတဲ့ ဘမောင်တယောက် ကြာညိုပြန်သွား တော့ အတွေးတစနဲ့ ကျန်ရစ်ခဲ့ရပါတယ်။ ဟိုတွေးဒီတွေး ရောက်တတ်ရာရာတွေးပေါ့။ ‘ကိန် … ကိန် … ကိန်’

ငယ်သံပါအောင် အော်လိုက်တဲ့ ယုယရဲ့အသံ။ စိုးရိမ်စိတ်နဲ့ ဘမောင် အသံလာရာကို မျှော်ကြည့်လိုက်တော့ သ

ရက်ပင်ကြီးအောက်မှာ ဆီဇာကို ယုယနဲ့အတူ တွေ့လိုက်ရတယ်။ တုန်နေရှာတဲ့ ယုယ၊ မျက်လုံးကြီးတွေ ၀င်းနေ တဲ့ ဆီဇာ။

‘သြော် … ငါ့သမီး တကယ် အပျိုဖြစ်သွားပြီပဲ’

…………………………………………… ။ ~ ။ ………………………………………………

ယုံကြည်မှုအပေါ် နားလည်ခြင်း နေဇင်လတ် (August 2008)

ခေတ်အဆက်ဆက် ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ၂၁ ရာစု၏ ခေတ်သစ်အသွင်အပြင် ပို၍ပီသလာလေ၊

‘ယုံကြည်မှု’ ပိုမိုလိုအပ်လာလေ ဆိုသည်ကို တွေ့ရပါသည်။ ယုံကြည်မှု၏ အဓိပ္ပာယ်နှင့် ယုံကြည်မှုအပေါ် နား

လည်ခြင်း (Understanding Trust) တို့၏ တန်ဖိုးသည် ရှေ့တန်းသို့ မည်သူမျှ တွန်းမတင်ရဘဲ ရောက်လာရ

သည်။ Trust ဆိုသော ယုံကြည်မှုမှာ တဦးနှင့်တဦး၊ တဖက်နှင့်တဖက် နားလည်ခြင်း၊ စိတ်ချရခြင်း (Understa-

nding Assurance & Confidence) တို့ကို အခြေခံထားပါသည်။ သံသယရှိနေသမျှကာလပတ်လုံး ယုံကြည်မှု

ဟူသော Trust ပေါ်ပေါက်လာမည် မဟုတ်ချေ။ ယုံကြည်မှုနည်းခြင်း (Low Trust) တွင် သံသယပမာဏများ၍ ယုံကြည်မှုမြင့်မားခြင်း (High Trust) တွင် သံသယတို့ အတော်ပါးလျားသွားသည်ကို တွေ့ရမည်။ ယုံကြည်မှု

သည် တဦးချင်း မှာသော်လည်းကောင်း၊ မိသားစု အတွင်းမှာသော်လည်းကောင်း အရေးကြီးသောကဏ္ဍမှာ ရှိ

သည်။ ကိုယ့်ကိုယ်ကို မယုံကြည်သောသူတဦးအတွက် ယုံကြည်ကိုးစားမှု (Confidence) ရှိမည်မဟုတ်ချေ။ ငွေ ကို မထိန်းနိုင်သော၊ အပျော်အပါးကို မထိန်းနိုင်သော သူတဦးသည် ငွေများများ၊ အပျော်အပါးများများ ရှိသော လုပ်ငန်းကို လုပ်ရန် ယုံကြည်စိတ်ချရမှု (Confidence) အပြည့်အ၀ရမည် မဟုတ်ချေ။

ယုံကြည်မှုအခြေခံ နောင်ရိုး

ကိုယ့်ထက်အင်အား ၈ ဆသာသော ရန်သူကို အောင်ပရွဲ သည်အထိ တိုက်နိုင်ခဲ့သော ဘုရင့်နောင်၏

နောင်ရိုးတိုက်ပွဲမှာ ခေါင်းဆောင်နှင့်နောက်လိုက် အပြန်ပြန်အလှန်လှန်ယုံကြည်ကြသောကြောင့် ဖြစ်သည်။

ခေါင်းဆောင်နှင့် နောက်လိုက်တို့၏ အပြန်ပြန်အလှန်လှန်နားလည်မှု (Mutual Understanding) မှ အခြေခံ

သော ရလဒ်က အပေါ်အောက် Trust ကို ရရှိစေပါသည်။ ယုံကြည်မှုမှတဆင့် အသီးအပွင့်က ယုံကြည်စိတ်ချမှု ဟုခေါ်သော Confidence ကိုပေးသဖြင့် ၄င်းက အင်အားများဖြစ်စေကာ တိုက်ပွဲကို အောင်နိုင်ခြင်းဖြစ်သည်။

တိုက်စစ်-ခံစစ်သဘောတရားဖြင့် တွက်ပါက အမှန်အင်အား(၂၄)ဆကွာသော တိုက်ပွဲသည် ဘုရင့်နောင်၏ ဦး 13


ဆောင်မှုကောင်း၊ ခေါင်းဆောင်ကောင်း အရည်အချင်းပေါ် များစွာမူတည်ပြီး ခေါင်းဆောင်၏အရည်အချင်း ကြောင့် Trust ရရှိလာကြခြင်းဖြစ်သည်။

တောင်ငူဘုရင်တပင်ရွှေထီး နန်းတက်စ ဥဿာပဲခူးရွှေမော်ဓောတွင် နားထွင်းမင်္ဂလာဆောင်ရွက်နိုင်ကြ

ခြင်းမှာ တပင်ရွှေထီး၊ ဘုရင့်နောင် လူစွမ်းကောင်းစစ်သည်အတွင်း Multi-Trust ရသောကြောင့် ဖြစ်သည်။ ထို

ယုံကြည်မှုမှ တိုက်စွမ်းရည်အပေါ် ကိုးစားမှု Confidence ရပြီး ရန်သူ့နယ်တွင် လူနည်းနည်းနှင့် လာရောက်နား

ထွင်းနိုင်ခြဲ့ ခင်း ဖြစ်သည်။ ယုံကြည်မှုကို သာမာန်ဟုမမြင်သင့်ဘဲ ထိုမှပေးသော အကျိုးဆက် သက်ရောက်မှုများ ကို မြင်နိုင်လျှင် မည်မျှတန်ဖိုးကြီးသည်ကို တွေ့နိုင်မည်ဖြစ်သည်။

ယုံကြည်မှုနည်းပါး

Low Trust တွင် ယုံကြည်မှုနည်းပါးသဖြင့် သံသယတို့ များပြားသည်။ အပြန်အလှန် ပြည့်ဝသောယုံ

ကြည်မှု (Absolute Mutual Trust) မရ၊ ယင်းအတွက် အဖိုးစားနားသည် အနုတ်လက္ခဏာဆောင်သည်။ ဤ

သက်ရောက်မှုသည် အရေးအရာအားလုံးနှင့် သက်ဆိုင်သည်၊ လူမှုရေး (Social)၊ စီးပွားရေး (Economy)၊ နိုင်ငံ

ျဲ့ား မပီမ ရေး (Politics) စသည်တို့အားလုံးတွင် အကျုံးဝင်ပါသည်။ ယုံကြည်မှုနည်းပါး၍ လူမှုရေးအသင်းအဖွမ ပြင်ဖြစ်ကြရသည်ကို တွေ့နိုင်သည်။ Social သို့မဟုတ် ကောင်းသောရလဒ်များကို မစွမ်းဆောင်နိုင်သော လူမှု

ရေးအသင်းအဖွ့မျဲားအဖြစ်သာ တွေ့ရပါမည်။ စီးပွားရေးတွင် ပူးပေါင်းဆောင်ရွက်ခြင်းဟူသော (Collaboration,

Co-operation) အတိုင်းအတာမျိုးအထိ မလုပ်နိုင်ရခြင်းမှာ ယုံကြည်မှုနည်းပါးခြင်း (Low Trust) ကြောင့်ဖြစ်

သည်။ အနောက်နိုင်ငံများတွင် ပူးပေါင်းမှု (Merger & Acquisition) များပြားခြင်းမှာ High Trust Community ဟူသော ယုံကြည်မှု မြင့်မားသည့် လူမှုအဖွဲ့အစည်းကြောင့် ဖြစ်သည်။

အရှေ့တိုင်းနိုင်ငံများသည် များသောအားဖြင့် Low Trust Countries ဖြစ်နေကြရခြင်းမှာ တဦးနှင့်တဦး

တဖွဲ့နှင့်တဖွဲ့ ယုံကြည်မှုနည်းပါးခြင်းကြောင့် ဖြစ်သည်။ ထို့ကြောင့် MNC (Multinational Corporation) များ အ

ထွက်နည်းခြင်း ဖြစ်သည်။ စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ကိုင်ပါက နိုင်ငံတကာဘဏ်များနှင့် ခပ်ခွာ ခွာနေ၍ မရ

ပါ။ ထိုအခါ Trust သည်မည်မျှတန်ဖိုးကြီးသည်ကို တွေ့နိုင်လာပါသည်။ နိုင်ငံတကာဘဏ်များတွင် High Risk/ Low Risk Countries ဟူသော စာရင်းရှိပါသည်။ ယုံကြည်မှုနည်းပါးသော Low Trust နိုင်ငံများမှာ High Risk

စာရင်းထဲပါဝင်ပြီး High Trust နိုင်ငံများကို Low Risk စာရင်းထဲမှာ ဂုဏ်သရေရှိစွာ တွေ့ရပါမည်။ ဘဏ်များက

High Trust-Low Risk နိုင်ငံများကိုသာ အလွယ်တကူ ငွေချေးငှားလိုကြပါသည်။ Low Trust-High Risk နိုင်ငံ

များကိုမူ ဘဏ်တိုင်းက မချေးငှားလိုကြ။ အဆက်အဆံရှိခဲ့ဖူးလျှင်တောင်မှ လုပ်ထုံးလုပ်နည်း ပို၍ ရှည်လျား သည်၊ ဘဏ်အတိုးနှုန်းပိုသည်။

မာစီဒီး၊ တိုယိုတာကားတို့ အရောင်းကောင်းရခြင်း အကြောင်းတခုမှာ Highly Trusted ဖြစ်သော

ကြောင့်ဖြစ်သည်။ အရည်အသွေးနှင့်ပတ်သက်လျှင် သုံးစွဲသူတို့ ယုံကြည်စိတ်ချရသောကြောင့် ဖြစ်သည်။ Ritz

Calton ဟိုတယ် ဈေးကြီးသော်လည်း တည်းခိုသူများရခြင်းမှာ နှစ်ပေါင်းများစွာ စောင့်ထိန်းလာသော သူ၏၀န်

ဆောင်မှုအပေါ် စိတ်ချရခြင်းကြောင့် ဖြစ်သည်။ အခန်းတွင်းအသုံးအဆောင် ရုပ်ဝတ္ထုအားဖြင့် အခြားကြယ်ငါး ပွင့် ဟိုတယ်များနှင့် သိပ်ထူးခြားသည် မဟုတ်။

ယုံကြည်မှု မြင့်မား

ယုံကြည်မှု မြင့်မားလျှင် ပူးပေါင်း၍ရသည်။ သို့မဟုတ် လွယ်ကူသည်။ အကျိုးဆက်အားဖြင့် အပေါင်းလ

က္ခဏာဘက် ဦးတည်ပါသည်။ Bill Gates, Warren Buffelt တို့၏ အတိတ်ကာလ လုပ်ဆောင်ချက်များ

ကောင်းမွန်သဖြင့် သူတို့ ပမာဏများပြားစွာ ချေးယူခြင်းအတွက် ဘဏ်တွေက အလုအယက် ထုတ်ချေးလို ကြသည်။

၁၉၉၇ အာရှစီးပွားရေးကပ် ဖြစ်စဉ် Low Trust Countries များ နာလံထမှုနှေးကွေးသည်ကို လေ့လာ

ခြင်းအားဖြင့် ယုံကြည်မှု၏တန်ဖိုးကို အတော်အတန်နားလည်နိုင်ပါလိမ့်မည်။ ထို စီးပွားရေးတွင် IMF, World

Bank တို့မှ ဆင်း၍ အကူအညီ ပေးရသည်။ အလကားတော့ မကူညီ၊ သူတို့ Guide Line ဖြင့် ဆေးခါးကြီး သောက်သလို လိုက်နာကြရသည်။

ထိုစဉ် အရှေ့တောင်အာရှနိုင်ငံ အားလုံးလိုလို ထောက်ပံ့မှုများ အနည်းအများ လိုအပ်ချိန်ဖြစ်သည်။

Malaysia က တဘာသာ၊ IMF, World Bank တို့မှ လိုက်နာရန် စည်းကမ်းချက်များ သူ့နိုင်ငံအတွက် မသင့်

လျော်ဟု ယူဆသဖြင့် ၀န်ကြီးချုပ်မဟာသီယာက လက်မခံ၊ တိုင်းပြည်ကို မည်သို့သော အစီအမံများဖြင့် ပြန် လည်ကယ်တင်မည်ဟု ကြေငြာလိုက်သည်။

မဟာသီယာဆိုသူ၏စရိုက်သည် ခပ်ကြမ်းကြမ်းပြောတတ်သော်လည်း ပြောသလိုလုပ်တတ်သူအဖြစ်

ခေါင်းဆောင်များအလယ်တွင် နာမည်ရထားသူဖြစ်သည်၊ သူ့အပေါ် သူ့ပြည်သူများ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ

14


က High Trust ဖြစ်သဖြင့် အစောဆုံး Recovery ပြန်ရခဲ့ခြင်းကို ပြန်ပြောင်းသတိရလျှင် Trust တန်ဖိုး အတိုင်း

အတာကို ခန့်မှန်းနိုင်ပါလိမ့်မည်။

တုံ့ပြန်မှုမြန်

ခေတ်သစ်သို့ ပို၍ချဉ်းနင်းဝင်ရောက်လာလေ ‘ယုံကြည်မှု’ အပေါ် ပို၍အလေးထားလာလေ သက်

ရောက်မှု ပို၍ကြီးမားလာပြီး တုန့်ပြန်မှုမြန်လေ ဖြစ်လာပါသည်။

တုန့်ပြန်မှုသည် ဤမျှ မြန်ဆန်ပါသည်။ Apple ၏ အရှင်သခင် Steve Jobs က iPod ကိုထုတ်ပြီး

iPhone များ ဈေးကွက်တင်မည်ဟု ကြေငြာသည့်ခဏ Apple ၏ရှယ်ယာဈေးကွက်များ တမုဟုတ်ချင်း တက်

သွားခြင်းကို ကြည့်လျှင် အများက Steve ၏အရည်အသွေးပေါ် မည်မျှယုံကြည်ကိုးစားသည်ကို တွေ့နိုင်သည်။ ဤတုံ့ပြန်မှုသည် မည်မျှမြန်ဆန်သနည်းဟုဆိုသော် Steve သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် အတွင်းမှာပင်

ရှယ်ယာဈေးများ ခုန်တက်သွားသည်။

Building Trust

ယုံကြည်မှုတည်ဆောက်သည်ဟု နားလည်ထားသည်။ Trust သည် ယခုအခါ လူမှုအရင်းအမြစ် (Soc-

ial Capital)၊ လူသားအရင်းအမြစ် (Human Capital)၊ နိုင်ငံရေးအရင်းအမြစ် (Political Capital) များတွင်မှာပါ

အတိုင်းအတာကြီးများစွာ နေရာယူလာပြီ ဖြစ်သည်။ ယုံကြည်မှု၏ တန်ဖိုးနှင့် သက်ရောက်အားကို ပို၍နားလည် လာကြသည်ဟု ယူဆရ၏။

ယုံကြည်မှုတည်ဆောက်ရန် အကြောင်းအရာများစွာရှိသော်လည်း အခြေခံသည် နားလည်မှု (Unders-

tanding) ဖြစ်သည်။ နားလည်မှုသည် တဖက်သတ်နားလည်မှုဖြင့် တည်ဆောက်၍မရ၊ အပြန်အလှန်နားလည်မှု

(Mutual Understanding) ဖြင့်သာ တည်ဆောက်ရယူနိုင်သည်။ အကွာအဟ (Differences) များ၊ အယူအဆ (Conceptual) များကို တတ်နိုင်သလောက် ညှိနှိုင်း၊ အလျှော့အတင်း လုပ်ယူရသည်။

ရည်မှန်းချက် (Mission)၊ အနာဂတ်အမြင် (Vision) များတူလျှင် အခြားအရာများကို သာမာန်အချင်းအ

ရာ (Minor Issues) များအဖြစ် သဘောထားနိုင်ဖို့ လိုသည်။ Assertive ဖြစ်လွန်းလျှင် အခက်အခဲရှိနိုင်သည်။

Position ဟူသော ဌာနန္တရများကို ခေတ္တမေ့ထားပြီး ရလဒ်ကောင်း (Good Result) ကို ဦးတည်ထားရန် လို

သည်။ Co-operativeness ဟူသော ပူပေါင်းလိုမှုကို ပြသရန်လိုသည်။ Self Interest ဟူသော ကိုယ်ကျိုးစီးပွား ကို ဖယ်ရှားနိုင်လျှင် ယုံကြည်မှုတည်ဆောက်ခြင်း တ၀က်မက ပြီးသည်။

မည်သည့်အရာမျှ ခြောက်ပစ်ကင်းသည်ဟူ၍ မရှိ၊ အကောင်းဆုံးလုပ်ဆောင်ကြခြင်းသာ ဖြစ်သည်။ မိ

သားစုအတွင်းဖြစ်လျှင် Family Interest ကို အန္တိမထားက မိသားစုတွင်းပြေလည်၍ ကုမ္ပဏီအဆင့်ဖြစ်လျှင်

Company Interest ကို ပန်းတိုင်အဖြစ် ထားရန်လိုသည်။ အမျိုးသားအဆင့်ထိဖြစ်လျှင် National Interest အ

ဖြစ် ရည်မှန်းချက်ထားရန် ဖြစ်သည်။ ဒေသအဆင့်ညှိုနှိုင်းမှုတွင် National Interest ကို ရှေ့တန်းတင်လွန်းပါက မအောင်မြင်နိုင်သလို National Level တွင်လည်း Family, Personal Interest ကို ရှေ့တန်းထားလွန်းပါက

အောင်မြင်နိုင်မည်မဟုတ်၊ Understanding ဟူသော နားလည်မှု မရသမျှ ကာလပတ်လုံး ယုံကြည်မှုဟူသော

Trust ကိုလည်း ရနိုင်မည် မဟုတ်ပါ။

ဘယ်သူတွေ တာဝန်ရှိသလဲ

မိသားစုအဆင့်တွင် အိမ်ထောင်ဦးစီးက တာဝန်ခံရပါသည်။ ကုမ္ပဏီအဆင့်တွင် ဦးဆောင်သူက တာ

ဝန်ခံရပါသည်။ အဖဲ့အွ စည်းများတွင် အဖွဲ့အစည်းတို့ကို ဦးဆောင်သူများက တာဝန်ခံရပါသည်။ ခေါင်းဆောင်

များတွင် ခေါင်းဆောင်မှုအရည်အသွေးတို့ အရေးကြီးလာပါသည်။ အမြင်ကျယ်မှု၊ သဘောထားကြီးမှု၊ အဆင် အခြင်ကောင်းမှု၊ အနာဂတ်ကို မြင်နိုင်မှုများက အဆုံးအဖြတ်ပေးပါသည်။ -

နှစ်ဦးလုံးညံ့လျှင် ယုံကြည်မှု တည်ဆောက်၍မရပါ။

-

နှစ်ဦး တော် မှသာ ယုံကြည်မှု တည်ဆောက်ရယူနိုင်ပါသည်။

-

တဦး တော်၊ တဦး ညံ့လျှင်လည်း ပန်းတိုင်မရောက်ပါ။

ခေါင်းဆောင်တိုင်း လူတော်များ မဟုတ်နိုင်ကြပါ၊ တဦးနှင့်တဦး ကိုယ်ရည်ကိုယ်သွေး (Personality) ကွာခြား

နိုင်ပါသည်။ တခါတရံ တန်းညှိရနိုင်ပြီး တခါတရံ တန်းညှိမရနိုင်ပါ။

စနစ်ကောင်း တည်ထောင်

စနစ်ကောင်းသည် တဦးချင်းမှာရော၊ အဖဲ့အွ စည်းမှာရော၊ နိုင်ငံအဆင့်ထိမှာရော လိုအပ်သော အရေး

ကြီး အရည်အချင်းတပါး ဖြစ်သည်။ စနစ်သည် သက်မဲ့အရာဖြစ်သော်လည်း စနစ်ကိုမနိုင်လျှင် လူများပျက်စီးရ သည်။ ကြိုးစားသမျှ အရာမထင်နိုင်။ သက်မဲ့ကို ဖန်တီးသောလူက System ကို နိုင်သင့်သည်။ 15


အတွေ့အကြုံအရ လူမျိုးများစွာတွင် ဂျာမဏီ၊ အစ္စရေး၊ ဆွစ်လူမျိုးများကို ကိုယ်ရည်ကိုယ်သွေးအားဖြင့်

အလေးစားဆုံး ဖြစ်ပါသည်။ အမေရိကန်လူမျိုးများကို ထိပ်တန်းကိုယ်ရည်ကိုယ်သွေးကောင်းသူများအဖြစ်ထည့် မထား။ သို့သော် အမေရိကန်ကို ယနေ့အထိ အခြားလူမျိုးများ မမှီကြရခြင်းမှာ ‘စနစ်’ ကြောင့် ဖြစ်သည်။ စနစ်

၏ ချီမ၊ ပံ့ပိုးမှုကြောင့် လုပ်အားထက်သာလွန်သော အကျိုးတို့ကို ရရှိနေကြခြင်းဖြစ်သည်။ စနစ်ကောင်းဖြင့် ရှင် သန်ကြရသော မိသားစုဝင်များသည် စနစ်ပျက်ဖြင့် စခန်းသွားရသော မိသားစုတို့ထက်ပို၍ သက်သောင့်သက် သာ ခရီးရောက်သကဲ့သို့ ဖြစ်ပါသည်။

၁၉၉၀ ပြည့်နှစ်များက ဗီယက်နမ်သည် ထိုင်းတို့၏စီးပွားရေးကို မမှီခဲ့။ ဦးဆောင်သူ လူမပြောင်းသော်

လည်း ဗီယက်နမ်မှ စနစ်ပြောင်းသည့်အခါ တဟုန်ထိုး တိုးတက်လာသည်ကို ကြည့်ခြင်းဖြင့် စနစ်တခု၏ အကျိုး သက်ရောက်မှုကို တွေ့နိုင်မည်ဖြစ်သည်။ စနစ်ကောင်းတခုသည် အချီအမကို ဖြစ်စေသည်၊ အပံ့အပိုးကို ဖြစ်စေ သည်။ လူတော်များကိုလည်း မွေးထုတ်နိုင်သည်။

စနစ်ကောင်းဆိုတာ

စနစ်ကောင်းတခုသည် ဆွေးနွေးသည့်အဆင့်ပေါ်မူတည်၍ အတိမ်အနက်ကြီးသည်။ အခြေခံအားဖြင့်

Openess ဟူသော ပွင့်လင်းမှု၊ Transparancy ဟူသော ထင်သာမြင်သာရှိမှု၊ Apperciation ဟူသော လက်

ကမ်းမှုတို့ပေါ် အခြေခံအားဖြင့် မူတည်သည်။ အဖွဲ့အစည်းများနှင့် ဥပဒေ (Institutions) များ အားမသာလျှင် လူမှုအဖွဲ့အစည်းများ (Civil Societies) များ မထက်မြင်လျှင် တဦးချင်း Capital Building ဟူသည် သဲထဲရေ

သွန်ဖြစ်ပါမည်။ ကောင်းသော Institutions များရှိခြင်းသည် စနစ်ကောင်းဖြစ်ပြီး ထိုစနစ်ကောင်းရှိပါမှ Capaci-

ty Building လုပ်ယူ၍ အကျိုးဖြစ်ထွန်းနိုင်ပါသည်။ သို့မဟုတ်ပါက ရေများ ရေနိုင်၊ မီးများ မီးနိုင်ဖြင့် ပလိုင်း

ပေါက်နှင့် ဖားကောက်သည်ထက် ပိုမည်မဟုတ်။

အကြံပေး

လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေး စသည်တို့အားလုံးတွင် တိုးတက်ကြီးပွားလာသောအခါ ဦး

ဆောင်သူသည် အရေးအရာအားလုံးကို မစေ့ငုမိနိုင်တော့။ များသောအားဖြင့် အကြံပေးအဖွဲ့များ၊ ဥာဏ်ကြီးရှင်

(Think Tank) များ ထားရှိကြရသည်။ ခေါင်းဆောင်က ဖြစ်သင့် - မသင့်၊ တော် - မတော် ကိုနောက်ဆုံး အဆုံး

အဖြတ်ပေးရန်သာ ဖြစ်သည်။ ဤအတွက် Perspective View မှ ကြည့်တတ်ရန်လိုသည်။ အကျိုးဆက် Cons-

equences များကို တွက်ချက်တတ်ရန်လိုသည်။ စနစ်ကောင်းတခုတွင် ရှိကြသောနိုင်ငံများတွင် သာမာန်အမတ်

လောက်နှင့် ၀န်ကြီးတာဝန် မထမ်းဆောင်ဘူးဘဲ သမ္မတအဖြစ် လုပ်ကိုင်နိုင်ကြခြင်းမှာ အရည်အသွေးရှိသော

Aide များရှိ၍ဖြစ်သည်။ အမြော်အမြင်ရှိသော၊ အရည်အသွေးမြင့်သော၊ ကိုယ်ကျိုးစီးပွား ရှေ့တန်းမတင်သော Aides များကို ထားရှိလျှင် ညှိုနှိုင်းမှုများကို ကောင်းစွာဆောင်ရက်ွနိုင်မည် ဖြစ်သည်။

ယုံကြည်မှုမှ တိုးတက်မှုသို့

ကိုယ့်ကိုယ်ကို ယုံကြည်ရန် ဦးစွာလိုပါသည်။ မိသားစုအတွင်း ယုံကြည်မှုရှိသင့်သည်။ အဖွဲ့အစည်းများ

တွင် ဦးဆောင်သူနှင့်နောက်လိုက်များ အပြန်ပြန်အလှန်လှန် ယုံကြည်မှုရှိရပါသည်။ မတူညီသော အဖဲ့အွ စည်း

များတွင်လည်း Mutual Trust ရှိရပါမည်။ သို့မှသာ ပူးပေါင်းမှုကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အမေရိကန်တွင်

လောလောဆယ် စီးပွားရေးအကျပ်အတည်းကြောင့် ကမ္ဘာ့ဧရာမလေကြောင်းလိုင်းကြီး နှစ်လိုင်းဖြစ်သော Nor-

thwest နှင့် Delta Airline နှစ်ခုပူးပေါင်းသွားကြသည်။ ထိုကုမ္ပဏီနှစ်ခုပူးပေါင်းပြီး ခေါင်းဆောင်နှစ်ဦးအနက်

တဦးက CEO အဖြစ် ဦးဆောင်ခွင့်ရခြင်းမှာ Trust Building ကိုတည်ဆောက်နိုင်၍ ဖြစ်သည်။ နိုင်ငံကြီးသား စိတ်ဓါတ်ဖော်ပြရာကျပြီး ရင့်ကျက်မှု၏ အတုံ့အပြန်ကြောင့်လည်း ဖြစ်သည်။

ယုံကြည်မှုအဆင့်

မည်မျှယုံကြည်ရမည်၊ ယုံကြည်ကြသည်ကို ပြောရန်လိုပါသေးသည်။ Level of Trust ဟုပြောသည်။

လင်မယားအိမ်ထောင်စုတွင် တဦးနှင့်တဦးမယုံကြည်ကြပါက အိမ်ပြန်နောက်ကျသောခင်ပွန်းအတွက် ဇနီး

သည်က သောကရောက်ရပါသည်။ တချို့ဇနီးမယားများက ‘အချိန်တန်ရင် ချည်တိုင်တော့ ပြန်လာမှာပါ’ ဟူ သောအတွေးသည် သူ့ယောက်ျားကို တ၀က်ယုံပေးခြင်းဖြစ်သည်။

အပျော်အပါးတပ်မက်ဦးတော့ အိမ်ထောင်ရေးပျက်စီးရန်အထိလုပ်မယ့်သူမဟုတ်ဟု တ၀က်ယုံပေးခြင်း

ဖြစ်သည်။ လုံးဝမယုံသည်ထက်စာလျှင် တော်သေးသည်ဟု ကောက်ချက်ချ၍ ရပါသည်။

တချို့က ယောက်ျားသွားလေရာ မိန်းမက လိုက်သည်၊ မိတ်ဆွေထဲတွင် စီးပွားရေး အတော်အတန်

တောင့်တင်းပြီး သားသမီးများပင် အိမ်ထောင်ကျကာ ကိုယ်လည်း ငါးဆယ်ကျော်၊ ခြောက်ဆယ်နီးသည့် အိမ်

ထောင်တခုတွင် ခင်ပွန်းသွားလေရာ ဇနီးက လိုက်နေသည့် CEO တဦးကို တွေ့ဖူးသည်။ အချစ်လွန်သည်ထက် 16


ယုံကြည်မှုလုံးဝမရသူဟု မြင်ပါသည်။ အကြောင်းချင်းသိ၍ လိုက်သူကိုလဲ အဆိုးပြော၍ မရ၊ ထိုမိတ်ဆွေ CEO

လုပ်သူမှာလဲ လစ်လျှင်လစ်သလောက် လှစ်ခနဲ၊ လှစ်ခနဲ နေသည်။ ယုံကြည်ရန်မရှိ၍ ယုံကြည်၍မရသည်မှာ မဆန်း။

အထက်ပါ သာဓကတွင် ယုံကြည်မှုမည်မျှရရှိသည်ဟူသော ပမာဏပေါ်မူတည်၍ Level of Trust ဟူ၍

ဖြစ်လာသည်။ လုပ်ငန်းကြီးလာလျှင်၊ ရည်ရွယ်ချက်ကြီးလာလျှင် တဦးနှင့်တဦး Highest Level of Trust ဖြင့်

ဆောင်ရွက်မှသာ ရရှိပါသည်။

အရှေ့အလယ်ပိုင်း အစ္စရေး - ပါလက်စတိုင်း မတည်ငြိမ်မှုမှာ နှစ်ပေါင်း သုံး လေးဆယ်မက ရှိနေပါ

သည်။ တဖက်နှင့်တဖက် ယုံကြည်မှုပျက်ပြား၍ စေ့စပ်ညှိုနှိုင်းမရနိုင်ကြသေးခြင်းဖြစ်သည်။ ‘အစ္စရေးမြေ မရှိစေ ရ’ ဟူသော ပါလက်စတိုင်းခေါင်းဆောင်တဦး၏ အတိတ်ကကြွေးကြော်မှုသည် ယုံကြည်မှုတည်ဆောက်၍ မရ

လောက်တဲ့အထိ ရိုက်ခတ်လျက်ရှိနေပါသေးသည်။ ခေါင်းဆောင်များအကြား အမြင်ရှိရန် လိုပါသည်။ ခပ်လွယ် လွယ်ပြုမူမှုသည် လမ်းဘေးကလူတဦးအတွက် မထောင်းသာသော်လည်း ခေါင်းဆောင်မှုအဆင့်အတန်းပေါ် မူ တည်၍ ကာလများစွာအထိ အကျိုးသက်ရောက်မှု ရှိတတ်ပါသည်။ ယုံကြည်မှုရကြရန် ယုံကြည်စွာ ပြုမူဖို့ လိုပါသည်။

ရည်ရွယ်ချက် ရည်မှန်းချက်တို့ကို ညှိုနှိုင်းရပါသည်။

ကိုယ်ကျိုးစွန့်လွှတ်မှု၊ အနစ်နာခံမှုတို့ဖြင့် တည်ဆောက်ရပါသည်။

အများအကျိုးတည်းဟူသော စိတ်ဆန္ဒမျိုးထားတတ်ရန် ဖြစ်ပါသည်။…..။

…………………………………………… ။ ~ ။ ………………………………………………

ဝမ်းသာဖြစ်ရတယ်

နေဇင်လတ် (January 2009) လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးကို တစိုက်မတ်မတ်တောင်ရွက်တဲ့ MHR(Myanmar Human Resource)

က ဆရာဦးအေးကျော်နဲ့ ဘမောင်တို့ တွေ့ဖြစ်ကြတယ်။ ယုဇနဟိုတယ်မှာ ကျင်းပလိုက်တဲ့ Hospitality Mana-

gement ဆိုတဲ့ ၀န်ဆောင်မှုစီမံခန့်ခွဲရေးသင်တန်း ဆင်းပွဲမှာ။ နာဂစ်မုန်တိုင်းဒဏ်ရဲ့အရှိန်က မသေသေးတော့

ဒုက္ခရောက်နေတဲ့ သူတွေကို တတ်နိုင်တဲ့ ဘက်ကနေ ဆက်ကူကြဖို့ ပြောဖြစ်ကြတယ်။ သူ့ရည်ရွယ်ချက်က

ကောင်းတယ်။ အပျက်ပျက်အယွင်းယွင်း ဖြစ်သွားတဲ့ ဧရာဝတီတိုင်းက လူငယ်ကျောင်းသားလေးတွေကို သူ

ကျွမ်းကျင်တဲ့ ပညာရေးလိုင်းဘက်က ဖြည့်ဆည်းဖို့၊ သူ တော်တော်ဒုက္ခခံပြီး အကြိမ်များစွာနဲ့ ရောက်ခဲ့တယ်နဲ့ တူတယ်။ ဘမောင်တောင်မှ ၂ ခေါက်ပဲ ရောက်ဖြစ်တယ်။

ဟိုကလာလဲ ထည့်၊ ဒီကလာလဲ ထည့်နဲ့ တဘိုင်းဘိုင်းထည့်လိုက်ရလို့ ဘမောင်တို့ ဆရာဦးအေးကျော်

နဲ့တွေ့တဲ့အချိန်ကျ တော်တော်ပင်ပန်းသွားပြီ။ ငွေအနေနဲ့ ငါးသိန်းလောက်ပဲ ထည့်နိုင်တော့တယ်။ ဒါပေမယ့် ပ ညာဒါနအနေနဲ့ကတော့ လိုတဲ့နေရာမှာ သုံးဖို့လက်ခံလိုက်တယ်။ ခရီးတော့ သိပ်မထွက်နိုင်ဘူးပေါ့။ ۞۞۞

‘ဆရာရေ ဆရာဒေါက်တာ အောင်ထွန်းသက်နဲ့ Leadership Skills ခေါင်းစဉ်မှာ တွဲေ ပြာဖို့စီစဉ်လိုက်ပြီ။

IBC မှာ၊ နာဂစ်ရန်ပုံငွေပေါ့’

ဘမောင် လက်ခံလိုက်ပါတယ်။ ဆရာဒေါက်တာ အောင်ထွန်းသက်ဆိုတာ ပါမောက္ခတဦး၊ စီးပွားရေး

တက္ကသိုလ်က။ UN ၀န်ထမ်းတွေတော်တော်များများကို နှစ်ပေါင်းဆယ်နဲ့ချီပြီး လေ့ကျင့်ပေးနေတဲ့သူ၊ မြန်မာ

ပြည်မှာလဲ အဲဒီအလုပ်ရုံဆွေးနွေးပွဲတွေကို အကြိမ်ရေအများဆုံး ပြောနေတဲ့သူ၊ ပညာရော၊ သမ္ဘာရောကြီးသူ

တဦးပါ။ စကားဝိုင်း ဆွေးနွေးပွဲ၊ အလုပ်ရုံ ဆွေးနွေးပွဲတွေမှာ Speaker အဖြစ် ‘ပေါက်’ သူတဦးလဲ ဖြစ်ပါတယ်။

Leadership Skills ဆိုတော့ ခေါင်းဆောင်ကျွင်းကျင်မှုအရည်အသွေးပေါ့။ ပြောရတဲ့အပိုင်းက ဘမောင်

အတွက် ပြသနာသိပ်မရှိဘူး။ သီအိုရီနဲ့ စီးပွားရေနယ်ထဲမှာ နှစ်၂၀လောက် လုပ်လာတဲ့ အတွေ့အကြုံတွေကို ထည့်ပြောသွားရင် ကိစ္စပြီးတယ်။ စိတ်ပူလိုက်တာက လူတဦးလက်မှတ်ခ လေးသောင်း ဆိုတာပဲ။

ဘမောင်တို့ အဲဒီလောက်အထိအဆင့်သင့်ဖြစ်ပြီလား၊ လေးသောင်းလောက်ပေးပြီး နားထောင်ဖို့ အ

ဆင်သင့် ဖြစ်ပြီလားလို့ စိတ်တော့နည်းနည်းပူမိတယ်။ အမှတ်မမှားရင် အမြင့်ဆုံးကြေးလို့ ပြောလို့ရတယ်။ ဦး အေးကျော်ကိုတော့ ဖွင့်မပြောဖြစ်ပါဘူးလေ။

ဘမောင် စိုးရိမ်တာ လွဲသွားတယ်။ ‘တွတ်ပီ’ ဖြစ်သွားတယ်ပေါ့။ 17


ဦးအေးကျော် သတ်မှတ်တဲ့ ကန့်သတ်အရေအတွက်ထက် တောင်းဆိုမှုက နှစ်ဆလောက်ဖြစ်နေတာ

အနားနီးတော့ သိလိုက်ရတယ်။

ဘာပဲပြောပြော စီးပွားရေးတွေတွန့်ဆုန်နေတဲ့ကာလမှာ အဲဒီတောင်းဆိုမှုဟာ အလားအလာကောင်းတ

ခုပါလားဆိုပြီး ဘမောင် ၀မ်းသာမိတယ်။ ၀မ်းသာဖြစ်ရတယ်ပေါ့။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်က Le-

adership Intelligence ဆိုတဲ့ခေါင်းစဉ်ပေါ်မှာ ပထမနေ့နံနက်ပိုင်းပြောသွားတယ်။ ဘမောင်က 24th မနက်ပိုင်း

မှာ Leadership in Action ဆိုပြီး လက်တွေ့ခေါင်းဆောင်မှုအပိုင်းကို ပြောဖြစ်တယ်။ ဦးအေးကျော်က ခေါင်း

ဆောင်မှုအပေါ် သူ့အမြင်ဘက်က တင်ပြပြီး Group Activity တွေနဲ့ အနားသိမ်းပေးရှာတယ်။ အစီအစဉ်

ကောင်းတယ်။

ဆွေးနွေးပွဲအပြီး မေးကြတဲ့မေးခွန်းတွေကလဲ စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဆင့်အတန်း အမြင့်ကြီး

တွေ မဟုတ်တာတောင်မှ အဆင့်မနိမ့်တော့ဘူး။ အဲဒီအတွက်လဲ ၀မ်းသာရပါတယ်။ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ ချုပ်က ဦးလှမောင်ရွှေတို့ရဲ့ နှစ်ပတ်တကြိမ် ပုံမှန်စီစဉ်နေတဲ့ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲတွေရဲ့ အထောက်အ

ကူက လူငယ်၊ လူလတ်၊ လူကြီးတချို့ကို အမြင်ဖွင့်ပေးဖြစ်ခဲ့တဲ့အကျိုးကျေးဇူးတွေလဲ ပါတယ်။ သူတို့ ကိုယ်တိုင် က လိုလိုချင်ချင် လေ့လာမှတ်သားထားတတ်ကြတဲ့ အခြေခံအရည်အချင်းကြောင့်လဲ ပါ ပါတယ်။ ۞۞۞

ခေါင်းဆောင် (Leader) လို့ပြောရင် တချို့က အမြင့်ကြီးလှမ်းတွေးလေ့ရှိကြတယ်။ တကယ်တော့ နှစ်

ယောက်တပိုင်းရှိတဲ့မိသားစုမှာလဲ ခေါင်းဆောင်ရှိတယ်။ ဆယ့်လေးငါးယေက်လောက်နဲ့ ကုမ္ပဏီမှာလဲ ခေါင်း

ဆောင်ရှိတယ်။ စီးပွားရေး၊ ပညာရေး၊ လူမှုရေး၊ ဘာသာရေး ကဏ္ဍစုံမှာလဲ ခေါင်းဆောင်တွေ ရှိကြပါတယ်။ ဘ မောင်တို့ အလေးအနက်ထားပြောတာက စီးပွားရေးဘက်က ခေါင်းဆောင်တွေအကြောင်း၊ သူတို့ရဲ့ အရည်အ သွေး၊ ကျွမ်းကျင်မှု ဘယ်လောက်ရှိရမယ်ဆိုတဲ့အကြောင်း။

Globalization အကြောင်း ဘမောင်ရှင်းပြတယ်။ ကမ္ဘာဆန်မှုက အနောက်နဲ့အရှေ့၊ ကမ္ဘာ့အပေါ်ခြမ်း

အောက်ခြမ်း ယဉ်ကျေးမှုကအစ အမြင်အသိတွေ အကူးအလူးကြောင့် မဖွံ့ဖြိုးသေးတဲ့နိုင်ငံတွေက စီးပွားရေး

ခေါင်းဆောင်တွေ ကိုယ့်ပေတဲ့နဲ့ကိုယ်တိုင်းလို့ မရတော့ဘူး။ အဲဒီကမ္ဘာဆန်မှုက အရည်အသွေးနည်းတဲ့ ခေါင်း ဆောင်တွေကို ဆွဲတင်သွားတယ်။

၁၉၂၀ လောက်မှာ Globalization သိသာလာတယ်။ ၁၉၅၀ လောက်ကျတော့ နိုင်ငံ ၂၀ လောက် ပါ

လာပြီး ၁၉၇၀ မှာ နိုင်ငံပေါင်း ၄၀နဲ့ အခုဆိုရင် နိုင်ငံပေါင်း ၁၈၀ နီးပါး ကမ္ဘာဆန်ခြင်းရဲ့ရေစီးထဲ မျောပါသွားကြ ပြီ။ ကမ္ဘာမှာ စုစုပေါင်းနိုင်ငံ ၂၀၀ လောက်ပဲရှိတယ်။ နိုင်ငံပေါင်း ၁၈၀ လောက် ကမ္ဘာဆန်တယ်ဆိုတဲ့နေရာမှာ နိုင်ငံတိုင်းအပြည့်အ၀တော့ မဟုတ်ဘူးပေါ့။ တချို့နည်းနည်း၊ တချို့များများ သက်ရောက်မှုတွေကို ငြင်းမရဘဲ လက်ခံလိုက်ရတယ်။

ကမ္ဘာဆန်တဲ့ရေစီးကြောင်းမှာ Change ဆိုတဲ့အပြောင်းအလဲတွေ အများကြီးပါလာပါတယ်၊ Hambur-

ger ကအစ နည်းပညာ၊ အတွေးအခေါ်၊ အသုံးအဆောင် အများကြီးပဲပေါ့။ အားလုံးကိုတော့ ငြင်းဆန်လို့မရဘူး။

လူအမျိုးမျိုး၊ စိတ်အထွေထွေမှာ ယူသင့်တာယူ၊ ပယ်သင့်တာပယ်လို့ရမယ်။ ခြုံငုံပြီးတော့ ကမ္ဘာဆန်မှုရဲ့ သက် ရောက်ခြင်း (Impact) အပေါ် ဘယ်လိုမှတ်ချက်ပေးကြသလဲဆိုရင် …

‘You learn to change rather than becoming a victim of change’ ဆိုတဲ့ အပြောင်းအလဲပေါ်မှာ

သင်ခန်းစာယူပြီး လိုက်ပါမလား။ ဒါမှမဟုတ်ရင် အပြောင်းအလဲရဲ့သားကောင်အဖြစ် ခံမလားလို့ ဆိုလိုတာပါ။ တိုးတက်ဖို့ ရှာကြံကြတဲ့သူတွေကတော့ သားကောင်အဖြစ် ဘယ်ခံပါ့မလဲလေ။ ۞۞۞

အရင်ခေါင်းဆောင်တွေက တာဝန်လွှဲပြောင်းယူလို့ရှိရင် Commitment ဆိုတဲ့ ကတိစကား သိပ်မပေးရဲ

ကြဘူး။ အခုခေတ်ခေါင်းဆောင်တွေက ‘ဘာဖြစ်စေရပါ့မယ်’ ဆိုတဲ့ ကတိစကားကို ရဲရဲကြီးပေးလေ့ရှိကြတာ

ယဉ်ကျေးမှုတခုလို့တောင် ပြောလို့ရပြီ။ CEO ထဲမှာ ဘမောင်သဘောကျတဲ့ Carlos Ghson ဆိုရင် နစ်ဆန်း

မော်တော်ကားကုမ္ပဏီကြီးကို လွှဲယူတော့ အကြွေးပါလာတဲ့ (US$ 2.4bil) ကို ၂ နှစ်အတွင်း ပြန်ဆပ်မယ်ဆိုတဲ့

ကတိစကားနဲ့တာဝန်ကို လက်ခံခဲ့တယ်။ သူပြောခဲ့တဲ့အတိုင်း လုပ်ပြခဲ့တယ်။ မြန်မာ့စီးပွားရေးလောကမှာ အဲသ လိုလူမျိုးအများကြီး ရှိစေချင်တယ်။

နောက်ရှိသေးတယ်။ ခေါင်းဆောင်တွေ ရှိသင့်တဲ့ နေရာနဲ့တာဝန်၊ Position ပေါ့။ အရင်ပုံစံဟောင်းမှာ

ခေါင်းဆောင်ဆိုတာ ဦးဆောင်သူဖြစ်လို့ မြားရဲ့ထိပ်မှာ ရှိသင့်တယ်ဆိုတဲ့ အယူအဆနဲ့ ဘာလုပ်လုပ် ခေါင်း

ဆောင်က ရှေ့ကသွားတယ်။ မြားအလယ်နေရာမှာ မန်နေဂျာတွေပေါ့။ မြားအမြီးမှာ သာမန်ဝန်ထမ်းတွေ၊ အခု ခေတ်ခေါင်းဆောင်တွေကျတော့ အယူအဆပြောင်းသွားကြပြီ။

လေးက ထွက်သွားတဲ့မြားက ခရီးတော့ရောက်ပါရဲ့။ လိုချင်တဲ့နေရာရောက်ဖို့လိုတယ်ဆိုတဲ့ အယူအဆ

ပေါ်မှာ အခြေခံတာ၊ အဲဒီမြား လိုရာခရီးလည်းရောက်၊ သွားချင်တဲ့ ‘လားရာ’ လည်းမှန်အောင်လို့ ထိန်းညှိတည့် 18


မတ်ပေးတာက မြားအမြီးပိုင်းဆိုတာ တွေ့လာရတယ်။ အဲဒီအယူအဆနဲ့ အခုခေတ်ဖွဲ့စည်းပုံတွေမှာ မန်နေဂျာ တွေ မြားထိပ်မှာနေ၊ အလယ်က ၀န်ထမ်းတွေ၊ နောက်ဆုံး မြားအမြီးက ပဲ့ထိန်းအနေနဲ့ ခေါင်းဆောင်တွေ နေ

ကြတော့တယ်။ အဲဒီ အယူအဆနဲ့အလုပ်လုပ်တာ ပိုမှန်တယ်။ ပိုလည်း ထိရောက်တယ်။ ခေါင်းဆောင်ဆိုတာ

Guidance ဆိုတဲ့ ထိန်းသိမ်းမှုပေးဖို့ပဲ။ နေရတကာ သူပါလို့မှ မဖြစ်တာ။

ဘမောင်တို့ဆီက အဖွဲ့အစည်းယဉ်ကျေးမှုမှာ ခေါင်းဆောင်တွေ နေရာတကာ ရှေ့ကနေတာ ရှိနေတုန်း

ပဲ။ Old Model ကို စိတ်မကုန်သေးလို့နဲ့ တူတာပဲ။

۞۞۞

ခေါင်းဆောင်နဲ့ပတ်သက်လာရင် စိတ်ဝင်စားစရာကောင်းတဲ့ အယူအဆတရပ် ရှိသေးတယ်။

Leaders are born

(မွေးရာပါ)

Leaders are made

(လေ့ကျင့်ယူခြင်း)

1940s ခေတ်တွေဆီက ဟစ်တလာတို့၊ ရုစဗဲ့လ်တို့၊ စတာလင်တို့ရဲ့ အမူအကျင့်တွေနဲ့ချဉ်းကပ်ကြတဲ့သူတွေက ခေါင်းဆောင်ဆိုတာ မိုးပေါ်ကကျလာသလိုပဲ မွေးရာပါဇာတာပါလာသူတွေလို့ ဆုံးဖြတ်ကြတယ်။ 1960s ခေတ် တွေရောက်လာတော့ ကမ္ဘာ့နိုင်ငံအသီးသီး စီမံခန့်ခွဲမှုကျောင်းကြီးတွေက မွေးထုတ်လိုက်တဲ့ခေါင်းဆောင်တွေ မနည်းမနော ကြီးပွားလာကြတာတွေ့ရတော့ ‘Leaders are made’ ဆိုတဲ့ ခေါင်းဆောင်ကို လေ့ကျင့်ယူလို့ ရ

တယ်ဆိုတဲ့ အယူအဆက ချေဖျက်လိုက်တယ်။ ခရစ်နှစ်(၂၀၀၀)ကျော်မှာတော့ ပြောစရာမလိုတော့ဘူး။ ပညာ

ကောင်းကောင်းသင်ပြီး အတွေ့အကြုံကောင်းကောင်းပေးနိုင်ရင် ဘယ်သူမဆို ခေါင်းဆောင်ဖြစ်ခွင့် ရှိသွားကြပြီ။ စိတ်ဝင်စားဖို့ ကောင်းတယ်။

ခေါင်းဆောင်ရဲ့စရိုက်၊ အမူအကျင့်၊ အလေ့အထနဲ့ပတ်သက်ပြီး ခွဲခြမ်းစိတ်ဖြာလိုက်ရင် အမျိုးပေါင်း ၅၀

ကျော်လောက်ရှိတယ်။ သန်ရာသန်ရာ အခြေခံခေါင်းဆောင်တွေပေါ့။ အဲဒီထဲက Autocratic (အာဏာရှင်)နဲ့

Democratic (ဒီမိုကရက်တစ်) ဆိုတဲ့ ခေါင်းဆောင်နှစ်မျိုးရဲ့ လုပ်ပုံကိုင်ပုံ၊ အကျိုးရလဒ်တွေက နှိုင်းယှဉ်ပြဖို့

ကောင်းလာတယ်။ Decision Making ဆိုတဲ့ အဆုံးအဖြတ်ပေးမှုအပေါ် အခြေခံပြီး လေ့လာရရင် Autocratic

Leader အဆုံးအဖြတ်ကို သူတဦးတည်းလုပ်တယ်။ Democratic Leader က တိုင်ပင်၊ညှိုနှိုင်း၊ ဆွေးနွေးပြီးမှ

အသင့်လျော်ဆုံးလို့ထင်တဲ့ အဆုံးအဖြတ်ကိုပေးတယ်။ Autocratic/Democratic ဆိုလို့ နိုင်ငံရေးမှာတင်ချည်း

ရှိတာမဟုတ်ဘူး။ စီးပွားရေးမှာလဲ ရှိတယ်။ လူမှုရေးမှာလဲ ရှိတယ်နော်။ မိသားစုလေးတခုအတွင်းမှာလဲရှိတယ်။

နောက်ဒုတိယအချက်က Control of Operation ဆိုတဲ့ စီမံခန့်ခွဲမှုကိုထိန်းသိမ်းတဲ့အချက်၊ Autocratic

က အရာရာကို သူကိုယ်တိုင်ညွှန်ကြားတယ်။ သူမပါရင် မပြီးဘူး။ Democratic က စနစ်(System) တခုကို ထူ

ထောင်ပြီး အဲဒီစနစ်ရဲ့အပံ့အပိုးနဲ့ လုပ်တယ်။

နောက်တတိယအချက်က Communication ဆိုတဲ့ အပေါ်အောက် အပြန်ပြန်အလှန်လှန် ဆက်သွယ်

ရေးလမ်းကြောင်း၊ Autocratic ကတော့ လားရာမဲ့ သူအမိန့်ပေးလိုတဲ့သူကို တိုက်ရိုက်အမိန့်ပေးတဲ့စနစ်ကို သုံး

တယ်။ Democratic ကတော့ ပြန်လည်ဆွေးနွေးခွင့်၊ တင်ပြခွင့်၊ အကြံဉာဏ်ဖလှယ်ခွင့် စတာတွေကိုပေးတယ်။ စနစ်တခုရဲ့အောက်မှာပဲ အလုပ်လုပ်တယ်ပေါ့။ အဲဒီအခြေခံမူလပင်မ သုံးချက်အပေါ် အကွာအဟကို နှိုင်းယှဉ်

လိုက်တော့ နောက်ဆုံးအဖြေရလာဒ်မှာ Autocratic က စွန့်စားရမှုများပြီး ရလာဒ်ကောင်းထက် ဆန့်ကျင်ဘက်

ကို ရတာများတာ တွေ့ရပါတယ်။ ဒီမိုကရက်တွေကတော့ သင့်တင့်တဲ့ စွန့်စားမှု (Moderate Risk) လောက်သာ ရှိပြီး ရလာဒ်ကောင်းတွေရတတ်တာ သာဓကအများကြီးပဲ ဖြစ်ပါတယ်။ ဒီမိုကရက်၊ အော်တိုကရက်လို့ ပြောရင် နိုင်ငံရေးရှုထောင့်တခုတည်းကသာ ကြည့်လို့ရတာမျိုးမဟုတ်ဘဲ စီးပွားရေးမှာပါ လုံးဝအကျုံးဝင်တယ်လို့ ပြော ချင်ပါတယ်။

۞۞۞

ခေါင်းဆောင်ဖြစ်ဖို့ တက်လှမ်းလာကြရာမှာ ချဉ်းကပ်လမ်းကြောင်း ၄ မျိုးရှိတာ တွေ့ရပါတယ်။ -

The incident approach

(အမှားမှ သင်ခန်းစာယူ)

The restrospective approach

(ပြန်လည် သုံးသပ်မှု)

The prospective approach

(ဦးနှောက် အလုပ်ပေး)

The intuitive approach

(အာရုံ အခြေခံ)

19


တချို့သူတွေက အမှားထဲက သင်ခန်းစာထုတ်တာကို အားသန်ကြတယ်။ ကောင်းပေမယ့် အမှားများဖို့တော့ မ လိုအပ်ဘူးလို့ ယူဆရပါတယ်။ ကိုယ့်လုပ်ရပ်၊ သူများလုပ်ရပ်တွေကို သုံးသပ်ပြီး ရယူတဲ့အရည်အချင်းကတော့

ထောက်ခံတယ်။ တချို့နည်းနည်း ပိုတော်တဲ့သူတွေကျတော့လဲ ဦးနှောက်အလုပ်ပေး (Brain Stroming) လုပ် ပြီး ကြိုးစားကြတယ်။

‘ဒီလို ပြဿနာမျိုးပေါ်လာရင်’ ‘ငါသာဆို ဒီလိုလုပ်လိုက်မှာ’

စသဖြင့်ပေါ့၊ စိတ်ထဲက ပြသနာတရပ်ကို ဖန်တီး၊ ပြီးတော့ အဖြေရှာတဲ့နည်း၊ ဦးနှောက်ရဲ့ အစဉ်းအစား၊

အတွေးအခေါ်ကို ဖွံ့ဖြိုးစေရာကျသလို အဆင်သင့် ဖြစ်ရာလည်းကျလို့ ဘမောင်တို့ သဘောကျတဲ့ နည်းပေါ့။

နောက်ဆုံးတခုကတော့ Intuition ဆိုတဲ့ ‘အာရုံ’ပေါ် အခြေခံတာ၊ အဲဒါက ပညာအခြေခံရင့်သန်ပြီး အတွေ့အ

ကြုံများမှရတာ၊ အခက်ခဲဆုံးဖြစ်ပေမယ့် လေ့ကျင့်ယူရင် ရနိုင်တယ်။ အလွန်ကြီးတဲ့ ကုမ္ပဏီကြီးတွေ၊ Multinat-

ional Corporation တွေရဲ့ CEO တွေဆိုရင် အတွေ့အကြုံနဲ့ပညာပေါ်အခြေခံပြီး တချို့ကိစ္စရပ်တွေကို အဲဒီအာ

ရုံပေါ်ကနေ အဆုံးအဖြတ်ပေးသွားရတာတွေ ရှိတယ်။ နိုင်ငံရေးဘက်မှာ ပိုထင်ရှားတယ်။ အဲဒီအဆင့်ကို ချဉ်း ကပ်တဲ့ခေါင်းဆောင်ဆိုရင်လဲ သူများလိုက်လို့ မမီတော့ဘူး။ ۞۞۞

အလုပ်ရုံဆွေးနွေးပွဲက အတော်ကလေးကောင်းပါတယ်။ မြန်မာပြည်အင်အားအကြီးဆုံးထဲကတခုလို့

ပြောလို့ရတဲ့ ကုမ္ပဏီက၀န်ထမ်းတော်တော်များများကို တွေ့ရတယ်။ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ စီပွားရေး လုပ်ငန်းရှင်ကြီးတွေ၊ တပ်မတော်အရာရှိတွေကိုလဲ သတိထားမိတယ်။ ပညာကိုချစ်တတ်တဲ့ အကယ်ဒမီ(ဒေါ်)

ဆွေဇင်ထိုက်ကိုလဲ တွေ့လိုက်ရတယ်။ အမေးအဖြေမှာ သူကတောင် ၀င်ပြီးဆွေးနွေးပေးသွားသေးတယ်။ ချက် မိမိ ဆွေးနွေးနိုင်လို့ သူ့ကို ပရိသတ်က လျှံထွက်မတတ်လက်ခုပ်သြဘာပေးလိုက်ကြပါတယ်။

မန္တလေးကတဦးဆို သည်ပွဲကိုတက်ချင်လို့ လေယာဉ်လက်မှတ်အကုန်ခံပြီး လာခဲ့ရှာတယ်လို့ သိရ

တော့ ဘမောင် အတော်ဝမ်းသာတယ်။ ပြီးတော့မန္တလေးမှာလဲ အဲသလိုပွဲမျိုးလုပ်ပေးဖို့ ဖိတ်ရှာခဲ့သေးတယ်။

ဘာပဲပြောပြော အသိဖလှယ်ခွင့်၊ အပြန်ပြန်အလှန်လှန် ဆွေးနွေးခွင့်တွေရကြလို့ ဘမောင်တို့ ၀မ်းသာရပါတယ်။ ပညာတန်ဖိုးသိသူတွေများလာတာ တွေ့ရလို့လဲ ပီတိဖြစ်ရပါတယ်။ တချိန်အနာဂတ်ခေါင်းဆောင်ဆိုတာ သူတို့

လို လူငယ်တွေဆီကပဲ ဖြစ်ကြရတာမဟုတ်လား။ မစွမ်းမသန် ပညာမပြည့်ဘဲဖြစ်လာကြရင် မည်ကာမတ္တခေါင်း

ဆောင်တွေပဲဖြစ်ကြမှာမို့ ရင်ပူမိတယ်။ အလားအလာကောင်းတွေ တွေ့ရတော့ ဘမောင်ပြောရတာ အားတော့ပို ရှိသွားတာအမှန်ပဲ။ တတ်လို့ပြောတာတော့ မဟုတ်ပါဘူး။ နိဒါန်းမှာကိုက ‘ဆွေးနွေးတာ၊ အမြင်ဖလှယ်တာ’ လို့ ဘမောင်က ပြောထားပြီးသား။ ۞۞۞

ဒုတိယပိုင်းကို ဘမောင်က ‘Power and Leader’ ဆိုပြီး ခေါင်းစဉ်တင်လိုက်တယ်။ ပါဝါဆိုလို့ အမြင်မ

ကျဉ်းကြဖို့ စကားဦးခံလိုက်ရသေးတယ်။ ဆိုက်ကားသမားခေါင်းမှာလဲ သူ့ပါဝါသူရှိတယ်။ မိသားစုတွင်း အကို

ကြီး၊ အစ်မကြီးတွေမှာလဲ သူ့ပါဝါသူရှိကြတယ်။ CEO တွေမှာလဲ သူ့အဖွဲ့အစည်းအတွင်း ပါဝါတွေရှိကြတယ်။ အဲ

ဒီတော့ ‘ပါဝါဆိုတာ ဘာလဲ’ ဆိုတာ ဖြစ်လာရော။

Power is not power over others.

Power is ability to get things done တဲ့။

ပါဝါဆိုတာ တခြားလူတွေကို အတင်းအကျပ်စေခိုင်းမှု၊ လွှမ်းမိုးမှုမဟုတ်ဘူး။ ‘အလုပ်တွေဖြစ်အောင်’

လုပ်နိုင်တဲ့စွမ်းရည်တခုပဲလို့ ဆိုလိုချင်တာ။

ပါဝါအခြေခံ ၃ မျိုးကို ဆွေးနွေးဖြစ်တယ်း။

Power base:

-

Personal power

(ပုဂ္ဂလိက အခြေခံ)

Positional power

(ရာထူးအရ)

Institutional power

(ဥပဒေ၊ လုပ်ထုံးလုပ်နည်း အခြေခံ)

အလုပ်သိပ်ကြီးလာရင် Leader က နေရာတကာလိုက်လုပ်လို့ မရတော့ဘူး။ Power to empowerment ဆိုတဲ့ ‘လုပ်ပိုင်ခွင့်’ ကို ပေးရလေ့ရှိတယ်။ သဘောက အဖေက ငွေရှာ၊ မူဝါဒချပေး၊ အမေက သားသမီးတွေကို အုပ် ထိန်း၊ သား သမီးတွေက သန့်ရှင်းလေးလုပ်၊ ထမင်းချက်သူချက်ပေါ့။ လူတိုင်းမှာ ၂၄ နာရီထက် ပိုမရှိကြဘူး။

ကိုယ်ထမ်းဆောင်တဲ့ တာဝန်ပေါ်မှာ တာဝန်ကျေအောင် ကိုယ့်အလုပ်ပဲကိုယ်လုပ်သင့်ကြတယ်။ သူများအလုပ် 20


လိုက်လုပ်ရင် ကိုယ့်အလုပ်မှာ အချိန်မရလို့ ပီပြင်မှာမဟုတ်ပါဘူး။ တဖက်ကို လုပ်ပိုင်ခွင့်ပေးတာဟာ Empow-

er လုပ်တာပဲ။

Personal Power ဆိုတဲ့ ပုဂ္ဂလိကအရည်အချင်းကို တချို့ပညာရှင်တွေက နည်းနည်းအနုတ်လက္ခဏာ

နဲ့ရေးကြတာ ဘမောင် သတိထားမိတယ်။ အဲဒီပွဲမှာတော့ ဘမောင်က ရဲရြဲ ကီး ကိုယ့်အယူအဆကို တင်ပြလိုက် တယ်။ တကယ်တော့ ပါဝါကို ဘယ်လိုသုံးသလဲ။ ‘အသုံးချမှု မှားယွင်းခြင်း၊ မှန်ကန်ခြင်း’ ပေါ်မှာပဲ မူတည်သွား တယ်လို့။

Apple က Steve Jobs ဆို လူတိုင်း သိတယ်။ သူ့ iPod, iPhone ကို သတင်းစာရှင်းလင်းပဲလွုပ်တော့

မိနစ်ပိုင်းအတါင်း ရှယ်ယာဈေးကွက်မှာ တဟုန်ထိုးတက်သွားတယ်။ ပစ္စည်းက ဈေးကွက်ထဲ မရောက်သေးဘူး နော်။ သူ့ကိုယုံလို့၊ သူ့အစွမ်းအစကို စိတ်ချလို့၊ အဲဒါ သူ့ရဲ့ Personal Power ကြောင့်ပဲ။ ဘမောင်တို့ သူ့နေရာ မှာ သူ့လိုပဲ ရှင်းကြည့်၊ ဘယ်သူကမှ အရေးစိုက်မှာ မဟုတ်ဘူး။ သူ့လိုမှ Personal Power မရှိတာ။ Iaccoca

ဆိုရင်လဲ Ford ကားကုမ္ပဏီက အထုတ်ခံရတော့ Chrysler ကားကုမ္ပဏီက ချက်ချင်း Chairman ခန့်ခဲ့တယ်။

သူ့ရဲ့ Personal Power ကြောင့် သူ့ကို လုံးဝယုံကြည်လို့၊ တကယ်လဲ တော်ခဲ့တဲ့သူတွေပါ။

တချို့ အလုပ်ပြုတ်မှာ သိပ်ကြောက်ကြတယ်။ အဲဒါ ပါဝါမရှိတော့ တခြား အလားတူ၊ ဒါမှမဟုတ် ပို

ကောင်းတဲ့အလုပ်ကို မရှာနိုင်ဘူးလေ။ လူတွေမှာထိုက်သင့်တဲ့ Personal Power ရှိသင့်ကြတယ်။ တချို့အိမ်

ထောင်ဦးစီးဖခင်ကြီးတွေ ဇနီးရဲ့လွှမ်းမိုးမှုအောက်မှာ တုတ်တုတ်မလှုပ်ရဲကြဘူး။ အဲဒါလဲ ပါဝါပျောက်နေလို့။

Positional Power ကို ရှင်းတော့ ကိုရီးယားက Kin Jung-tae ကို ဥပမာပေးဖြစ်တယ်။ မြန်မာပြည်မှာ

တော့ သူ့ကိုသိသူ အင်မတန် နည်းတယ်။ တိုးတက်ပြီးနိုင်ငံတွေရဲ့ စီးပွားရေးနယ်ပယ်မှာတော့ သူက လူစွမ်း

ကောင်းပဲ။ ခေတ်မမီတော့တဲ့ ကိုရီးယားရဲ့ဘဏ္ဍာရေးနဲ့ဘဏ်စနစ်ကို ပုံစံပြန်သွင်းပေးခဲ့တဲ့သူ၊ သူ့ရာထူး CEO

ဖြစ်တုန်း အဲဒီရာထူးပေါ် အမှီပြုပြီး သူ့နိုင်ငံကောင်းအောင် သူလုပ်ပေးလိုက်တာ။ တောင်ကိုရီးယား တိုးတက်

သွားတယ်ဆိုတဲ့အထဲမှာ သူ့ကျေးဇူးလဲမကင်းဘူး။ ဘဏ္ဍာရေးထောက်တိုင်ကြီးကို သူအသစ်တည်ဆောက်ပေး သွားတာ။ နောက်ဆုံး Korea Kookman Bank နဲ့ H&CB တို့က ပေါင်းပြီး မဟာအင်အားကြီးဘဏ်လုပ်ငန်းကြီး

ဖြစ်အောင် လုပ်ပေးခဲ့တာလဲ Kim ပဲ။

Institutional Power ကတော့ အမြင့်ဆုံးပဲ။ အမေရိကန်သမ္မတသမိုင်းမှာ လေ့လာသူတချို့က Hary

Truman နဲ့ Ronal Reagan ကို အကောင်းဆုံးသမ္မတလို့အမှတ်ပေးထားတာ ဘမောင်မှတ်သားမိတယ်။ Nixon

နုတ်ထွက်ရပြီး Gerald Ford နဲ့ Jimmy Carter သမ္မတနှစ်ဦးထက်ထက် ၈ နှစ်တာကာလမှာ အမေရိကန်ကို

ဆိုဗီယက်က နှာတဖျားသာသွားဖူးတယ်။ ရေဂင်လဲ တက်လာရော Star War အပါအ၀င် စီးပွားရေး၊ စစ်ရေး၊ ပ

ညာရေးတွေကို မဟာဗျူဟာမြောက်စီမံကိန်းချပြီး လုပ်နိုင်ခဲ့လို့ အမေရိကန်တွေ ပြန်ကျော်တက်သွားတယ်။ ဆို ဗီယက် ၁၉၉၀ ပြည့်နှစ်တွေမှာ ပြိုလဲသွားတာ ရေဂင်စနက်အများကြီးပါတယ်လို့လဲ လေ့လာမိဖူးတယ်။

တကယ်တော့ ရေဂင်ဆိုတာ ရုပ်ရှင်မင်းသားပါ။ ၀န်ကြီး၊ ၀န်လေးတောင် မလုပ်ဖူးပါဘူး။ စနစ်ကောင်းရှိ

ထားတော့ စနစ်ရဲ့ချီပိုးမှုခံပြီး ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းလုပ်ကိုင်နိုင်ခဲ့ခြင်းရဲ့ ရလာဒ်ပါပဲ။ အဲဒါ Institutional

Power ပါပဲ။ စနစ်ကောင်းရှိဖို့တော့ လိုတာပေါ့လေ။

နားထောင်သူတွေ သဘောကျနိုင်ကြရဲ့လားတော့ မသိဘူး။ ဘမောင်တော့ ပြောဖြစ်သွားတယ်။

۞۞۞

အဖွဲ့အစည်းဘယ်လောက်ပဲငယ်ငယ် ခေါင်းဆောင်ရယ်လို့ဖြစ်လာရင် Conflict ဆိုတဲ့ ၀ိဝါဒကွဲပြားမှု၊ ပ

ဋိပက္ခတွေကတော့ ရှိနေမှာပဲ။ အဲဒါတွေကို အကောင်းဆုံးဖြေရှင်းနိုင်တဲ့ အရည်အချင်းရှိသင့်တယ်။ တဖဲ့နွဲ့တဖွဲ့ ဒါမှမဟုတ် တဦးနဲ့တဦး အခြေခံပုံချင်းတော့ မတူဘူးပေါ့။ ဘယ်လောက်အထိ တဖက်က ပွင့်လင်းတယ်။ ပူး

ပေါင်းလိုမှုရှိတယ်ဆိုတဲ့ အချက်နှစ်ချက်ပေါ်မှာ မူတည်ပြီး ညှိနှိုင်းရပါတယ်။ အများအကျိုးအတွက် ရှေးရှုရင် ပြေ လည်တတ်ပေမယ့် ကိုယ်ကျိုးဘက် အကြည့်များရင်တော့ အကောင်းဆုံးအဖြေကို ရလေ့မရှိဘူး။ -

ကိုယ်ကျိုးနည်းပြီး ပွင့်လင်းမယ်။ အများအကျိုးရှေးရှုပြီး ပူးပေါင်းလိုရင် အကောင်းဆုံးအဖြေကို ရ

-

အဲဒါကို လုံးဝဆန့်ကျင်ဘက် နှစ်ဖက်လုံးကဖြစ်ရင် တဦးနဲ့တဦးရှောင်လွဲနေတတ်ပြီး(Lose – Lose)

-

တယ်။ Collaboration ဖြစ်တယ်။ နှစ်ဖက်လုံး အကျိုးရှိ (Win – Win) ပေါ့။

ဖြစ်သွားတယ်။ နှစ်ဖက်အကျိုးမရှိပေါ့။

တဖက်က အများအကျိုးရှေးရှုပေမယ့် တဖက်က မပူးပေါင်းလိုရင်လဲ တဖက်ရှုံး တဖက်နိုင် (Lose -

- Win)။

သူနဲ့ဆန့်ကျင်ရင်လဲ တဖက်နိုင် တဖက်ရှုံး (Win – Lose)။

အဲဒီမှာ နှစ်ဖက်တိုးလျှော့ပြီး ညှိနှိုင်းရတဲ့အဖြေက Compromise ပဲ။ အကောင်းဆုံးလားလို့ပြောရင် မဟုတ်ဘူး။ တကျပ်နဲ့ရောင်းလို့မရတဲ့ကုန်ကို ပြားငါးဆယ်နဲ့ရောင်းတဲ့ သဘော။ ဒါဖြင့် ဘာလို့ Compromise လုပ်ကြသလဲ လို့မေးရင် နှစ်ဖက်တင်းမာမှုကရတဲ့ ဆုံးရှုံးမှုထက်စာရင် နည်းလို့ပဲလို့ ဖြေရလိမ့်မယ်။ Win – Win မဟုတ်တာ

ကတော့ အသေအချာပဲ။ တချို့က အဲဒီ Compromise ကို အကောင်းဆုံးလို့ ရေးကြ၊ပြောကြတာတွေ ရှိတယ်။ 21


ဘမောင်က လက်မခံဘူး။ အကောင်းဆုံးက Collaboration ဆိုတဲ့ ပူးပေါင်းမှုပဲ။ ပေတံအတိုနဲ့ယှဉ်ရင်တော့

‘မြတ်’ သလိုရှိပေမယ့် ကျပ်ပြည့်ပေတံရှည်နဲ့ တိုင်းရင် ‘တို’ နေတာကို ငြင်းလို့မရဘူး။ Lose – Lose ပဲ။ နှစ်ဖက် ရှုံး အခြေအနေ၊ အရှုံးကြီးတော့ မဟုတ်ဘူးပေါ့လေ။

အဲဒီကဏ္ဍက ခေါင်းဆောင်ဖြစ်လာရင် ညှိနှိုင်းမှု (Negotiation Skill) မှာ သိပ်အရေးကြီးတယ်။ ခေါင်း

ဆောင်တွေ မကြာခဏကြုံရတဲ့ ပြဿနာထဲက တခု။ ۞۞۞

ယုံကြည်မှုပေါ်ကရလာတဲ့ ပါဝါအကြောင်းလဲပြောဖြစ်သွားတယ်။ ဘုရင့်နောင်ရဲ့နောင်ရိုးတိုက်ပွဲက သာ

ဓကကောင်းပဲ။ ခေါင်းဆောင်အပေါ် ငယ်သားများရဲ့ယုံကြည်မှုက တ၀က်ပဲ။ ငယ်သားအပေါ် ခေါင်းဆောင်ရဲ့ယုံ ကြည်မှုလည်းပါမှ တကျပ်ပြည့်တာ။ အပြန်ပြန်အလှန်လှန် ယုံကြည်မှုမရှိဘဲ အဲဒါ ပါဝါမရဘူး။ နောင်ရိုးတိုက်ပွဲ ဆိုတာ ဖြစ်မလာနိုင်ဘူး။

ဘမောင်တို့ အာရှသားတွေက ကိုယ့်ကိုယ်ကို လိုတာထက်ပိုပြီး အထင်ကြီးကြတာ (Over Estimate)

ဘမောင်သတိထားမိတယ်။ တကယ့်ဈေးကွက်စီးပွားရေး ပီပီပြင်ပြင်ဖြစ်လာလို့ သူ့နိုင်ငံ၊ ကိုယ့်နိုင်ငံ အပြန်ပြန်

အလှန်လှန် ရင်းနှီးမြှုပ်နှံမှုတွေလုပ်လာပြီး ယှဉ်ပြိုင်ကြရတဲ့အချိန်ရောက်ရင် ကုမ္ပဏီခေါင်းဆောင်တွေ ဘယ်လို

အရည်အသွေးတွေ ရှိကြရမလဲဆိုတာ ဆင်ခြင်မိတဲ့သူ အတော်နည်းတယ်။ Globalization ပိုပီပြင်လေ အရည်

အသွေးပိုရှိရလေပဲ။ အဲဒီတော့ တူတူတန်တန်ဖြစ်အောင် ဘမောင်တို့ရဲ့ အရိုးစွဲနေတဲ့စိတ် (Asia Mindset) ကို ပြင်ရလိမ့်မယ်။ Global Mindset ကို လေ့ကျင့်ယူကြရလိမ့်မယ်။ ဒါမှ တန်းတူရည်တူ ယှဉ်ပြိုင်နိုင်မှာ။

Asia Mindset က ဘယ်လို အခြေခံသလဲဆိုရင် -

-

ထုတ်လုပ်မှုစွမ်းရည်ထက် အရွယ်အစားပေါ်မှာ အလေးထားတယ်။

-

ကုမ္ပဏီတွေ မူဝါဒချတဲ့အခါ ဗဟိုဦးစီးချုပ်ကိုင်မှု များနေတယ်။

-

-

ကိုယ်ပိုင်စွမ်းရည်ထက် အခွင့်အလမ်းပေါ်မှာ ပိုပြီးအာရုံထားတယ်။ မိသားစုအကျိုးစီးပွား ရှေ့တန်းတင်လွန်းနေတယ်။

Global Mindset ဆိုတဲ့ နိုင်ငံတကာစိတ်ဓါတ်က တမျိုး -

-

ရည်မှန်းချက်။

-

ဗဟိုဦးစီးချုပ်ကိုင်မှုထက် လုပ်ပိုင်ခွင့်ကို အောက်ခြေကို ပိုပေးထား။

-

-

အခွင့်အရေးထက် စွမ်းရည်ပေါ် အမှီသဟဲပြုတယ်။

မိသားစုထက် ကုမ္ပဏီအကျိုး၊ ရှယ်ယာရှင်တွေအကျိုးကို ပိုကြည့်တယ်။ ဝေးကွာတဲ့အနာဂတ်ကို ပိုပြီးလှမ်းကြည့်လေ့ရှိတယ်။

Mindset ဆိုတဲ့ စိတ်အခြေခံချင်းက အတော်ကွာတယ်။ စင်ကာပူလိုနိုင်ငံကတော့ အာရှစိတ်ဓါတ် သိပ်

မရှိတော့ဘူး။ ကမ္ဘာ့စိတ်ဓါတ် ကောင်းကောင်း ၀င်သွားပြီ။ ယဉ်ကျေးမှုကတော့ အာရှယဉ်ကျေးမှု ကျန်သေး

တယ်။ ဘမောင်တို့ဆီမှာ တော်တော်ပြင်ယူကြရဦးမယ်။ ဒါလဲ ပြဿနာတော့ မဟုတ်ဘူး။ စနစ်ကောင်းတခု ထူ ထောင်ပြီးရင် အားလုံးဟာ လုပ်ယူလို့ ရတာချည်းပါပဲ။ တိုးတက်သွားတယ်ဆိုတဲ့ သူတွေလဲ သည်ပုံစံကပဲ တိုး တက်သွားကြတာ။ ۞۞۞

ခေတ္တနားချိန်နာရီဝက်မှာ လက်ဖက်ရည်သောက်ကြတုန်း အလွတ်သဘောဆွေးနွေးမှုတွေက အားရစ

ရာကောင်းတယ်။ တချို့တော်တော်အမြင်ရှိကြသူတွေ ပါတယ်။ နောက်တပွဲလုပ်ပေးဖို့၊ လူအရေအတွက် မကန့် သတ်ဖို့ကအစ ပြောကြတယ်။ ဘယ်ကုမ္ပဏီကို လာပြောပေးဖို့၊ လေ့ကျင့်ပေးဖို့တွေလဲ ပါတယ်။ ကုမ္ပဏီတွေကို ဦးဆောင်ကြသူတွေ အမြင်တော်တော်ကျယ်ပြန့်လာပြီဆိုတာ သတိထားမိရလိုက်လို့ ဘမောင် ၀မ်းသာဖြစ်ရ တယ်။ ဘာပဲပြောပြော မြန်မာလူမျိုးတွေ ဒိထက်မက တိုးတက်စေချင်တာ အမှန်ပဲ။

ဒုတိယအချိန်မှာတော့ သည်နေ့အပြောများနေတဲ့ ပညာဆိုတဲ့ Knowledge ကို အဆင့်(၅)ဆင့်နဲ့ ခွဲခြမ်း

စိတ်ဖြာ ဆွေးနွေးပေးလိုက် နိုင်ပါတယ်။ သည်မှာ အဲဒါနဲ့ပတ်သက်ပြီး ရေးတာ သိပ်မတွေ့မိသေးဘူး။ ဘယ်အ

ဆင့်ကျမှ ပညာဖြစ်လာသလဲ။ Information အဆင့်ကို ပညာထင်နေကြတာများတယ်။ ဘယ်အဆင့်မှာ ဘယ်

လို အကျိုးကျေးဇူးတွေ ရတယ်ပေါ့။ မြန်မာလို (သုတသိ)၊ (ထိုးထွင်းသိ)၊ (တတ်အပ်သိ) ဆိုပြီး အဆင့်တွေခွဲပြီး

ပြောလိုက်တော့ အတွေ့အကြုံနည်းသေးတဲ့လူတွေ အဖြေတခုအနီးစပ်ဆုံး ရသွားနိုင်မယ်ပေါ့။ အဆင့်ဆင့်ပညာ တိုးတက်၊ ဖွံ့ဖြိုးလာမှုကိုလဲ အတိုလောက် အကျဉ်းချုံးပြီး ပြောနိုင်ခဲ့ပါတယ်။

ဘမောင်ပြောရတဲ့အပိုင်းက Leadership in Action ဆိုတဲ့ လက်တွေ့ပိုင်း၊ သီအိုရီတွေချည်းပဲ စာအုပ်

ထဲကအတိုင်းပြောလို့ မပီပြင်ဘူး။ ကိုယ့်အယူအဆကိုလဲ တင်ပြရတယ်။ သဘောမတူလို့ ငြင်းပယ်တာက တက ဏ္ဍ၊ အယူအဆတရပ်ကို ကိုယ့်အတွေ့အကြုံနဲ့ တင်ပြရတာ တကဏ္ဍ။ 22


ဘမောင်သဘောကျတဲ့ Super Heros တွေဖြစ်တဲ့ Peter Drucker, Lee Iacocca, Carlos Ghson,

Steve Jobs, Iger တို့အကြောင့် ဥပမာပေးဖြစ်တယ်။ သူတို့အကြောင်းတွေက စီးပွားရေးခေါင်းဆောင်၊ စီးပွား

ရေးသူရဲကောင်းတွေ ကဏ္ဍမှာ ထိပ်ဆုံးကပါ။ တကယ်တော်ပြီး ပါရမီရှင်တွေပါ။ Michael Porter ဆိုရင် GE က

Jack Welch တို့၊ စင်ကာပူက လီကွမ်ယူတို့က ခေါ်ပြီး တိုင်ပင်ရတဲ့ ပညာရှင်ကြီးတွေ။ သီအိုရီအတိုင်း ရာနှုန်း

ပြည့်မလိုက်တော့ဘဲ လက်တွေ့ဘ၀နဲ့ပေါင်းစပ်နိုင်သူတွေပါ။ အရေးကြီးတာ ဒါပဲ။ သီအိုရီတွေဆိုတာလဲ အမြဲ

တမ်း ပြောင်းနေတတ်တာ။ ကိုယ်သုံးတဲ့သီအိုရီက အဟောင်းဖြစ်နေရင် ‘ပြောတတ်’ရုံထက် ပိုပြီးအကျိုးမရှိနိုင် ဘူး။ သီအိုရီနဲ့လက်တွေ့ပေါင်းစပ်နိုင်တာကမှ တကယ့်အနှစ်သာရ။ တကယ့်ခေါင်းဆောင်ကောင်း။ ۞۞۞

ဆွေးနွေးပွဲ၏နောက်ဆုံးအပိုင်းကို မဟာဗျူဟာမိတ်ဆက်နဲ့ အဆုံးသတ်လိုက်တယ်။ ၂၁ ရာစု အဖွဲ့အ

စည်းတွေကို ဘယ်လိုဦးဆောင်မလဲဆိုတဲ့မွေးခွန်းနဲ့ ယူဆချက်အဖြေ ဆွေးနွေးဖြစ်တယ်။ စီမံခန့်ခွဲရေးဂုရုကြီး

Peter Drucker ရဲ့ အမေရိကန်သမ္မတ ရော်နယ်ရေဂင်အပေါ်မှတ်ချက်ကိုလဲ မျှဝေပေးတယ်။ နားထောင်သူ

တွေ လှုပ်လှုပ်ရွရွဖြစ်အောင် ဦးနှောက်အလုပ်ပေး (Brain Stroming) ကိုလဲ ဘမောင် အရစ်ရှည်ဖြစ်လိုက်သေး

ရဲ့။ ပရိသတ်ကိုမေးတဲ့ မေးခွန်းက -

Who dare to attack Singapore?

စင်ကာပူကို ဘယ်သူစစ်တိုက်ရဲသလဲလို့။

ရန်ကုန်လောက်မရှိတဲ့ နိုင်ငံသေးသေးလေးကို ဘယ်သူမှ စစ်မတိုက်ရဲအောင် စင်ကာပူက လုပ်ထားပါတယ်။

စစ်ရေးတည်ဆောက်ခြင်းနဲ့ကာကွယ်ထားတာ မဟုတ်ပါဘူး။ ဘဏ္ဍာရေးထီးနဲ့ မိုးထားတာပါ။ အဲဒါ မဟာဗျူဟာ မြောက်အတွေးပဲ ဖြစ်ပါတယ်။ မဟာဗျူဟာ ဟာ ၂၁ ရာစုမှာ ခေါင်းဆောင်တွေရဲ့ဖွားဖက်တော်ပါ။ မဟာဗျူဟာ ကောင်းကောင်းမရှိတဲ့ ခေါင်းဆောင်ဟာ လက်မရှိတဲ့ ကိုယ်၊ ဦးနှောက်မရှိတဲ့ ခေါင်း၊ မျက်လုံးမရှိတဲ့ မျက်နှာနဲ့ တူပါတယ်။ ۞۞۞

IBC (International Business Center) ကို ညဘက်တခေါက် ပြန်ထွက်ရသေးတယ်။ အလုပ်ရုံဆွေး

နွေးပွဲပြီးမြောက်ခြင်း လက်မှတ်ပေးဖို့၊ အားလုံးကို ညစာနဲ့ဧည့်ခံပါတယ်။ ဧည့်ခံတီးလုံးထဲက တယောသံငြိမ့်ငြိမ့် ကို ဘမောင် အရသာခံဖြစ်ပါတယ်။ ရေပက်မ၀င်စီစဉ်တတ်တဲ့ MHR ဦးအေးကျော်က စင်ကာပူသံရုံးက First

Secretary နဲ့တဦးကိုလဲ ဖိတ်ဖြစ်လိုက်ပါသေးတယ်။ ဘေးနားလာထိုင်လို့ စကားနည်းနည်းပြောဖြစ်ကြည့်တော့

သူတို့ နည်းနည်းအံ့သြသွားကြတယ်။ အလားအလာကောင်းတရပ်လို့ ယူဆသွားတယ်နဲ့တူတယ်။ မြင်ရခဲတဲ့ မြင်ကွင်း၊ လူငယ်ထုရဲ့ စိတ်ဝင်စားမှု၊ ပညာရပ်ကို တန်ဖိုးထားတတ်မှု။

ဘမောင်တို့လူမျိုးလဲ လုပ်ရင်ဖြစ်ပါတယ်။ ဘာပဲပြောပြော တုံ့ပြန်မှုအားကောင်းတဲ့အပေါ်မှာ ဘမောင် ၀မ်းသာမှုဖြစ်မိခဲ့ပါတယ်။ ပြီးတော့ ကြည်နူးမှု၊ ပြီးတော့ ….. ။…..။

…………………………………………… ။ ~ ။ ………………………………………………

တချိန်က စွယ်တော်ရိပ်

နေဇင်လတ် (May 2009)

မိုးက စိုသည်လည်း မဟုတ်၊ ယိုသည်လည်း မဟုတ်၊ ခပ်ဖွဲဖွဲမှ တကယ် ခပ်ဖွဲဖကွဲ လေး။ မာဇဒါ (B -

360) ဗင် ကားလေးများကိုပင် တန်းဝင်ကားအဖြစ် သတ်မှတ်ကြသည့်ခေတ် ဆိုတော့ အတော်ကလေးတော့

ကြာသွား ခဲ့ပြီဖြစ်သည်။ အမှတ်တရဆိုရလျှင် ၁၉၆၉ ခုနှစ်၏ မိုးဦးကျခါစကာလကလေးမှာ။ နှစ်ပေါင်း ၄၀ ခန့် လောက် တော့ရှိသွားပြီဟု ဆိုနိုင်သည်။ သို့ပေမယ့် ဘမောင် ရင်ထဲ၊ အသဲထဲမှာ စွဲဆဲ၊ မြဲဆဲ၊ ပုံရိပ်တွေ တွလဲ ခိုဆဲဖြစ်နေတုန်း။

ဘမောင်က စက်မှုတက္ကသိုလ် ဗိသုကာဌာနက လက်ထောက်ကထိက၊ အိမ်ထောင်မကျသေးသူဆို

တော့ စက်မှုတက္ကသိုလ်ရဲ့ အဆောင်တဆောင်မှာ အဆောင်မှူး လုပ်နေရသည်။ စက်မှု တက္ကသိုလ်ကြီးတွင်

နယ်က ကျောင်းသားတွေအတွက် အဆောင် ၇ ဆောင်ရှိ၏။ A,B,C,D,E,F ဆိုသည့် ယောက်ျားလေးအဆောင် 23


က ၆ ဆောင်၊ G အဆောင် ဆိုသည့် မိန်းကလေး အဆောင်က တဆောင်၊ စာရေးဆရာမ မစန္ဒာ၏ "ဂျီဟော

သူ"ဆိုသည့် G အဆောင်က မိန်းကလေးတွေအကြောင်း ရေးထားသည့်ဝတ္ထု၊ ၁၉၇၁ ကျော်ကာလတွေမှာ အ တော်ကလေး သြဇာကြီးခဲ့သော ၀တ္ထုတပုဒ် ဖြစ်သည်။

ဘမောင်က D အဆောင်၏ အဆောင်မှူး၊ အဆောင် တဆောင်မှာ အထပ် ၄ ထပ်ရှိသည်။ ၀င်းနှင့်

ခြံနှင့် စနစ်တကျခတ်ထားသည်။ "ဦးလူပေါ" ဂိတ်က၀င်လျှင် ညာဘက်တွင် ထိုယောက်ျားလေး အဆောင် ၆ ဆောင်ကို တန်းစီပြီးတွေ့နိုင်သည်။ ပြောရဦးမည်။ ဦးလူပေါဆိုသည့် အကြောင်း။ ဘမောင်တို့ အတော်ငယ်

ငယ်တုန်းက ကာတွန်း ဆရာကြီး (ဦး)အောင်ရှိန်မှာ ကျော်ကြားတဲ့ ဇာတ်ကောင်တွေ အများကြီးရှိ၏။ မောင်က မ္ဘာ၊ ဒီလုံး၊ ဗိုလ်ပုချို၊ ဦးစိတ်တိုနဲ့ မျောက်ညို၊ ဦးလူပေါနဲ့ ဥာဏ်ကျယ်လေး၊ ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖြူ

စသဖြင့်။ အဲဒီဇာတ်ကောင်တွေထဲက ဦးလူပေါ ဆိုသည့်ဇာတ်ကောင်၏ ဦးခေါင်းက ဘဲဥပုံခပ်ချွန်ချွန်၊ ဆံပင်မရှိ တဲ့ခေါင်းတုံး။

ရန်ကုန် စက်မှုတက္ကသိုလ်ကြီး၏ ပင်မ၀င်ပေါက်ဂိတ်ကြီး၏ပုံစံက အဲဒီ ဦးလူပေါခေါင်းနှင့် အတော်က

လေးတူသည်။ တယောက်ယောက်က နောက်ပြောင်ရင်း နာမည်ပေးသွားရာမှ နောက်ပိုင်း ဦးလူပေါဂိတ်လို့ အ

မည်တွင်သွားခဲ့ခြင်း ဖြစ်သည်။ အဲဒီတုန်းကတော့ ရန်ကုန်စက်မှုတက္ကသိုလ်၊ အခုတော့ နာမည်တွေ ပြောင်းကုန် ကြပြီ။ နောက်ဆုံး ဘယ်လိုခေါ်သလဲတောင် ဘမောင်တို့မသိတော့။

ဟိုမရောက် သည်မရောက် မိုးကလေးဖွဲဖဲမွှာ ခပ်ဖြည်းဖြည်းပဲ ဘမောင် မာဇဒါဘီ သုံးရာ့ခြောက်ဆယ်

ကားကလေးကို မောင်းနေခဲ့ရသည်။ ကြို့ကုန်းစက်မှုတက္ကသိုလ်က အဆောင်ကိုပြန်ဖို့ မြို့ထဲက ထွက်လာခဲ့တာ ဆိုပါတော့။

ကန်တော်မင်ပန်းခြံရှေ့မှာ ကားပြတ်၊ လူပြတ်ပါ။ သည်ခေတ်လို ကားက မပေါသေး။ တခါတလေမှ

ကားတစီးစ၊ နှစ်စီးစ ဖြတ်သွားတာမျိုးလောက်ပဲ ရှိသည်။ ဘမောင် ကန်တော်မင်ကိုပတ်တော့ ည ၉ နာရီ ခွဲ

သာသာလောက်ပဲ ရှိဦးမည်ထင်သည်။ မိုးဦးစဆိုတော့ အချိန်ထက် မှောင်တာက ပိုကဲနေ၏။ ကားမောင်းရင်း ဘမောင် အတွေးထဲမှာတော့ ရောက်တတ်ရာရာ ဟိုတစ သည်တစ။

အဲဒီအချိန်မှာ အမျိုးသမီးတယောက် လမ်းဘေး တနေရာမှ ရုတ်တရက် ကားလမ်းမပေါ် "ဘွား"ခနဲပြေး

ထွက်လာပြီး ဘမောင် မောင်းနေတဲ့ကားကို တားလိုက်၏။ မိုးဖွဲ၊ လူပြတ် ဆိုတော့ ခရီးကြုံအတွက် အကူအညီ တောင်းမလို့နှင့်တူသည်။

"ကဲ ဆို၊ ကားကြုံလား"

"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ရှင်"

"ဒါဖြင့် မြန်မြန်တက် မိုးကရွာနေတယ်"

မာဇဒါဗင်ဆိုတာက တံခါးနှစ်ပေါက်သာရှိသည့် ကား၊ မြန်မာလူမျိုးတွေဆိုတော့ ရှေ့ခုံကိုလှန်ပြီး မိန်းက

လေးကို နောက်ဘက်မှာပဲ ထိုင်စေလိုက်သည်။ "ဘယ်မှာ ဆင်းမှာလဲ"

"အစ်ကိုက ဘယ်ကို သွားမလို့ လဲဟင်" "ကြို့ကုန်းပါ"

"အတော်ပဲ နန်း ဘာတာမှာ ဆင်းမယ်လေ"

ဘမောင် နောက်ကြည့်မှန်က‘နန်း’ ဆိုတဲ့ကောင်မလေးကို တချက်ကြည့်မိသည်။ ဆံစတွေကြားက နှဖူး

ပေါ်ကျလာတဲ့ မိုးစက်လေးတွေကို လက်ကိုင်ပ၀ါလေးနှင့် သုတ်နေတာတွေ့လိုက်ရ၏။ ခပ်ဖြူဖြူ၊ ခပ်သွယ်

သွယ်၊ ခပ်တည်တည်ငြိမ်ငြိမ် ကလေးမလေးပါ။ အသက်က ၂၀ ပိုပိုလောက်လေးပဲ ရှိဦးမည်ဟုထင်သည်။ ဘ မောင်ထက် ငါးနှစ်၊ ခြောက်နှစ်လောက်တော့ ငယ်မလားပဲ။

"ညကြီးမင်းကြီး တယောက်တည်း မကြောက်ဘူးလား" "ဟင့်အင်း နန်းက သွားနေကျရှင့်"

သတ္တိခဲမလေးပဲလို့သာ ဘမောင် မှတ်ချက်ပြုနုငိပါတယ်။ တကယ်တော့ မိန်းကလေး တယောက်တည်း

အချိန်လင့်အခါလင့်မှာ အပြင်မထွက်သင့်။ လောကကြီးဟာ ဘာမှပြောလို့ရတာ မဟုတ်ပါ။ ဘမောင် ကလေးမ ကို နောက်ကြည့်မှန်က နောက်တကြိမ် တချက် ကြည့်မိလိုက်ပြန်ပါတယ်။ သည်တခါတော့ ဘမောင်ကြည့်

သည့်မှန်ကတဆင့် ဘမောင်ကို နောက်ထိုင်ခုံကနေ ခပ်စူးစူးလေး ပြန်ကြည့်နေတာတွေ့လိုက်ရတော့ ရင်ထဲ

ထိတခနဲ ဖြစ်သွားပြီး အကြည့်ကို ချက်ချင်းပဲ လွှဲပစ်လိုက်မိသည်။ လိပ်သွား သွားတဲ့ ကားလေးက ကမာရွတ်ကို ဖြတ်သည်။ မိုးက ခပ်နည်းနည်း ပိုသည်းချင်သလို ရှိလာ၏။ "ရှေ့မှာ ဘာတာကို ရောက်တော့မယ်" "ဟုတ်ကဲ့ရှင့်၊ ကျေးဇူးတင်ပါတယ်"

"မင်း ထီးလည်း မပါဘူး။ မိုးက ပိုသည်းလာနေပြီ" "ရပါတယ်၊ ကိစ္စ မရှိပါဘူး"

24


"ကိုယ့်ထီး ယူသွားလို့ ရပါတယ်"

မိန်းကလေးတွေအပေါ် စေတနာပိုတတ်သည်မှာ ဘမောင်တို့ ယောက်ျားလေးများ၏သဘာဝလားမသိ။

ဘာတာမရောက်ခင် တဦးနှင့် တဦး စကားမပြောဖြစ်ကြတော့။ မိုးက ပို၍သည်းလာသည်။ တချက်တချက် လေ ပါ ပါလာတတ်သည်။

"ကဲ အမိ ဘာတာရောက်ပြီ၊ ကိုယ့် ထီးယူသွားတော့"

တုံ့ပြန်သံ မကြားရ။ ဘမောင် ပလက်ဖောင်းနားသို့ ကားကို ကပ်၍ ရပ်လိုက်သည်။ "ကိုယ့်ထီးကိုတော့ ကြုံမှပဲ"

ကားနောက်ခန်းမှာ ဘယ်သူမှ မရှိတော့ပါ။ ဘမောင် ကြက်သီး ဖျန်းခနဲ ထသွားပါသည်။ သူသုံးခဲ့သော

လက်ကိုင်ပ၀ါ အဖြူရောင်ကလေး ကတော့ ထိုင်ခုံပေါ်မှာ ကျန်ရစ်နေပါသည်။ ဘမောင်၏ ထီးလည်း မရှိတော့။ ကားက လမ်းတလျှောက်လုံး တခါမှ မရပ်ခဲ့။ တံခါးလေးပေါက် ကား မဟုတ်၍ ခုန်ဆင်း သွားရန်လည်း မဖြစ် နိုင်။ အဆောင်ရောက်တော့ ဘမောင် တညလုံး အိပ်မပျော်။

နန်းဆိုသော ကောင်မလေး။ ကန်တော်မင် ပန်းခြံရှေ့ ကား တားခဲ့သည်မှ နောက်ဆုံး ကမာရွတ်ကျော်

ထိ စကားပြောခဲ့သည်များကိုသာ ထပ်ကာ ထပ်ကာ စဉ်းစားဖြစ်သည်။ ဒိုင်ယာရီ ရေးတတ်သော ဘမောင်အ တွက် ထိုနေ့က အမှတ်တရ ၁၉၆၉ ခုနှစ် ဇွန်လ ၂ ရက်နေ့။ "အဖေ ကျွန်တော် ဘုရားတက်လိုက်ဦးမယ်" "အေး အေး"

ဘမောင် စားပွဲပေါ်က ကင်မရာကို ဆွဲယူရင်း အဖေ့ကိုနှုတ်ဆက်ပြီး ရွှေတိဂုံဘုရားသို့ ထွက်ခဲ့၏။ ရာသီ

ဥတုက ခပ်မှိုင်းမှိုင်း ရှိနေသည်မှ လွဲ၍ မိုးရွာ မည့်ဟန် မတွေ့ရတတ်။

ရွှေတိဂုံဘုရားကြီးသည် ဘယ်အချိန်ကြည့်ကြည့် သပ္ပာယ်တော်မူနေ၏။ မနက် ၇ နာရီလောက်မို့ နေ

ရောင် ကောင်းစွာမရတတ်သေး။ မိုးခပ်အုံ့အုံ့တွင်လည်း ဘုရားကြီးကသပ္ပာယ်တော် မူလျက် ရှိနေပါသေးသည်။ လက်ယာရစ် တပတ်ပတ်ပြီး "နေ-လ"ဘုရားတွင် ခဏ၀တ်ပြု၊ ပြီးလျှင် ပြန်ဆင်းမည်။ မဆင်းမီ ဘုရားကြီးအား ပို၍ ကြည်ညိုဖွယ်ရာကောင်းသော ထောင့်တခုခုက ဓာတ်ပုံလေး နှစ်ပုံ၊ သုံးပုံ လောက် ရိုက်လိုက်ဦးမည် ဟူ သောအတွေးဖြင့် ဘမောင် ရောက်လာခဲ့ခြင်းဖြစ်သည်။

လည်ပင်းတွင် လွယ်ထားသောကင်မရာကို ဘမောင် ဖွင့်ပြီးရှေ့မှမြင်ကွင်းကို ချိန်လိုက်သည်။ ထိုစဉ်က

ဖလင်ကင်မရာ ခေတ်မျှသာ ဖြစ်၏။ ယခုလို ဒီဂျစ်တယ်မဟုတ်၊ ဖလင်တကွက်ကို တကွက်မျှ တန်ဖိုးထားရိုက်ရ

သောအခါ ဖြစ်သည်။ ကင်မရာမြင်ကွင်းထဲတွင် ဘမောင်တွေ့လိုက်ရသောမြင်ကွင်းမှာ အသက် ၂၀ကျော်ကျော် အမျိုးသမီးတဦး အဖြူရောင်လက်ရှည်နှင့် ခါးနီးပါးမျှ ရှည်လျားဖြောင့်စင်းသောဆံပင်ကို ဖားလျားချထား၏။ ထ ဘီက အပြာရောင်ကန့်လန့်ဖြတ် ချိတ်အဆင်၊ ဘေးမှာက ငါးနှစ်အရွယ်ကလေးမလေးကို လက်တွဲလျက်၊ ခပ်

ယဉ်ယဉ်၊ ခင်စင်းစင်း၊ ခပ်ဖြူဖြူ အမျိုးသမီးဖြစ်၏။ ငေးယူရလောက်သော အလှပိုင်ရှင်တဦး မဟုတ်သော်လည်း ကျက်သရေ ရှိနေ၏။ ဘမောင်စိတ်ထဲက တွေ့ဖူးသလို၊ ကြုံဖူးသလို ထင်လာသည်။

ဓာတ်ပုံသမားတဦးဆိုတော့ ဘမောင်၏လက်ညှိုးက ကင်မရာ၏ခလုတ်ကို နှိပ်မိလျက်သား ဖြစ်သွား

သည်။ မျက်နှာချင်းဆိုင် လမ်းလျှောက်လာကြရာမှ နှစ်ဦးသားဖြတ်ခါနီးတွင် နောက်တပုံရိုက်လိုက်ဖြစ်ပြန်သည်။ ကလေးငယ်ကိုလက်ဆလွဲာသော အမျိုးသမီးငယ်နှင့် ဘမောင်တို့မျက်နှာချင်းဆိုင် အဖြတ်တွင် ဒုတိယတပုံကို

ရိုက်လိုက်နိုင်ခြင်း ဖြစ်သည်။ တပြိုင်နက် ဘမောင်၏အတွေး၌ ဆုံခဲ့ဖူးခြင်းကို ချက်ချင်းမှတ်မိလာသည်။ မနှစ်က ဆုံခဲ့ဖူးသော အမျိုးသမီး ဖြစ်သည်။

မှတ်မှတ်ရရ ကန်တော်မင်ပန်းခြံမှ ကားလိုက်စီးပြီး ဘာတာမရောက်ခင် ကားပေါ်မှ ပျောက်သွားသော

အမျိုးသမီးငယ်မှန်း ဘမောင် ကောင်းစွာပြန်သတိ ရမိ၏။ ဘမောင် တခုခု ပြောချင်လာသည်။ မေးချင်သည်ဟု ဆိုလျှင် ပိုမှန်နိုင်ပါလိမ့်မည်။ တခုခု မေးရန် ဆုံးဖြတ်ပြီး ဘမောင် နောက်လှည့်လိုက်၏။ မတွေ့ရသော စက္ကန့် ပိုင်းအတွင်း ထူးဆန်းစွာ ပျောက်သွားခြင်းပါ။

အမျိုးသမီးနှင့် ကလေးငယ်ကိုပါ လုံးဝမတွေ့ရတော့ခြင်း ဖြစ်၏။ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းစာမျှသာ

ကျော်သွားနိုင်ပါသေးသည်။ လူကလည်း အရှုပ်ကြီးမဟုတ်၊ ကြားရက်ဖြစ်သဖြင့် ခပ်ရှင်းရှင်း ဖြစ်နေချိန်မှာ ထို

အမျိုးသမီး ဘယ်သို့ ပျောက်သွားသည်မသိ။ စဉ်းလည်း မစဉ်းစားတတ်တော့။ ခပ်လှမ်းလှမ်းတွင် လက်ကိုင်ပ၀ါ အဖြူကလေး တထည်ကိုသာ တွေ့လိုက်ရသည်။ ဘမောင်လက်တွင် ပ၀ါလေးကို ကောက်ဖြစ်လိုက်သည်။

မတ်တတ်ရပ်လျက် ဟိုဟိုသည်သည် ရှာမိရင်း အတွေးယောက်ယက် ခတ်နေချိန်တွင် ဘမောင် အသိ

ထဲ တစုံတခုတိုးဝင်လာ၏။ နာရီမှ ရက်စကွဲို ကမန်းကတန်းကြည့်မိသည်။ ၂ ရက်နေ့ တိုက်တိုက်ဆိုင်ဆိုင် ယနေ့ သည် ဇွန်လ ၂ ရက်နေ့ ဖြစ်နေပါသည်။ အံ့သြစွာဖြင့် ဘမောင်၏ မျက်လုံးများက နာရီမှ ၂ ရက်နေ့ အမှတ်အ သားကို ခဏမျှ မခွာနိုင်ဖြစ်ရသည်။ ၁၉၇၀ ခုနှစ်၊ ဇွန်လ ၂ ရက်။

ဘာတွေ ဖြစ်နေတာလဲ။ ဘယ်လိုရော နားလည်ရမှာလဲ။ ဘမောင် မစဉ်းစားတတ်။ သာမန် တိုက်ဆိုင်မှု

မျိုးတော့ မဟုတ်နိုင်။ တိုက်ဆိုင်သည် ဆိုလျှင်ပင် လွန်လွန်ကဲကဲ တိုက်ဆိုင်မှုမျိုးသာ ဖြစ်ပါသည်။ 25


နန်းဆိုသောအမျိုးသမီး တနှစ်တိတိ အကြာတွင်ပြန်တွေ့ရ၏။ မနက်နှင့်ညဟူသော အချိန်သာ ကွာပါ

သည်။ ယခု ခြေလှမ်းနှစ်လမ်း၊ သုံးလှမ်းစာအကွာ ဘမောင်နောက်ကျောဘက်တွင် ပျောက်သွားသည်။

ရင်ထဲ တင်းကျပ်လာသည်။ အတွေးတွေကလည်း ကယောက်ကယက် ဖြစ်လာသည်။ ဘမောင် "နေ -

လ" ဘုရားကို မဖူးဖြစ်တော့။ ခပ်သုတ်သုတ် အိမ်ဘက်ကိုသာ ပြန်လာခဲ့သည်။ အိမ်ရောက်ရောက်ချင်း အဖေ

ရော၊ အမေရောကို စကားမပြောဖြစ်။ ဓာတ်ပုံကူးခန်းဘက် ၀င်ပြီး ဘုရားပေါ်က ရိုက်လာသော ပုံနှစ်ပုံကို ‘ကူး’ ဖြစ်သည်။

အံ့သြစရာ ပိုကောင်းပါသည်။

မိမိနှင့် ခြေလှမ်း လေး၊ ငါး လှမ်းလောက်အကွာမှ ရိုက်ဖြစ်လိုက်သော ပထမပုံတွင် အမျိုးသမီးကိုငါး

နှစ်အရွယ်ကလေးမနှင့်အတူ ထင်ရှားစွာဓာတ်ပုံတွင် ပေါ်လာသည်။ နောက် ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းအ

ကွာမှ ရိုက်လိုက်နိုင်သောဓာတ်ပုံတွင်ကား ငါးနှစ်အရွယ်ကလေးမလေး မပါတော့။ ဓာတ်ပုံစက္ကူပေါ်တွင် က လေးမလေး၏ပုံရိပ် မထင်တော့။ နန်း၏မျက်နှာမှာ အနီးကပ်ဖြစ်၍၊ ပိုပြီး ပေါ်လွင်နေပါသည်။ ပြုံး၍ ခပ်စူးစူး ပြန်ကြည့်နေသော ပုံဖြစ်၏။

ကလေးမလေးပုံ အဘယ်ကြောင့် ပျောက်သွားပါသနည်း။ လက်ကိုင်ပ၀ါကရော ဘာကြောင့် ကျကျန်

နေခဲ့ပါသနည်း။ တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့ကရော ဘာကြောင့် ဇွန်လ ၂ ရက်နေ့ ဖြစ်နေရပါသနည်း။ တိုက် ဆိုင်မှုတရပ်ဖြစ်ပါက အလွန်ဆန်းကြယ်သော တိုက်ဆိုင်မှုတရပ်သာ ဖြစ်ပါလိမ့်မည်။

"ဆရာ ဘမောင်၊ ဗိသုကာဌာန အတွက် ပီအပ်ခ်ျဒီ တစ်ဦး ကိုတာရတယ်။ ဂျပန်ကို သွားရမှာ။ အဲဒါ

ခင်ဗျားကို ရွေးထားတယ်"

"ဟုတ် ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် ဆရာကြီး"

ဌာနမှူးကို ကျေးဇူးတင်စကားပြောပြီး သူ့အခန်းကထွက်လာတော့ ဘမောင်တို့ဝမ်းသာလုံးဆို့ ဖြစ်ရပါ

သည်။ နည်းတဲ့အခွင့်အရေးကြီးလား။ ဂျပန်ကို ငါးနှစ်တာလောက် သွားနေရဦးမှာ။ ပြီးတော့ ပြန်လာရင် ဆရာ ဘမောင်ကနေ ဒေါက်တာဘမောင်တို့ ဖြစ်ရဦးမှာ။ အဖေတို့၊ အမေတို့ ၀မ်းသာရအောင်လို့ အိမ်ကို ဖုန်းဆက် သတင်း ပေးလိုက်သည်။ ဆိုရှယ်လစ်ခေတ်မှာ ကျောင်းဆရာလေးတဦးအတွက် မဟာ ကံထူးရှင်ကြီး ဖြစ်ပါ

သည်။ လုပ်ဖော်ကိုင်ဖက် ဆရာ၊ ဆရာမများ၊ စီနီယာဆရာကြီးများ၏ တောင်းဆိုမအှု ရ ကျောင်းက ကင်တင်းမှာ ညစာကျွေး ဖြစ်ပါသည်။

ညစာ စားရင်း ဟိုဟိုသည်သည် စကားပြောကြရာမှာ ည ၉ နာရီကျော်လာတော့ ၀ိုင်းသိမ်း လိုက်ကြပါ

သည်။ အဆောင်ပြန်ရောက် ရေမိုးချိုးပြီးတော့ ၁၀ နာရီ ပိုပိုလောက်ဖြစ်လာပါသည်။

ဂျပန်ရောက်လျှင် ဓာတ်ပုံဝါသနာရှင်မို့ ပုံတွေအများကြီး ရိုက်ရမည်။ မြန်မာပြည်က ရိုက်ခဲ့သော ပုံများ

ထဲမှ အကောင်းဆုံးပုံ သုံး၊ လေးဆယ်လောက်ကိုလည်းယူသွားပြီး ဓာတ်ပုံပြိုင်ပွဲလေးတွေဝင်ရန် ဘမောင်အကြံ ရလာပါသည်။

အကြမ်းဖျင်းရွေးထားသော ဓာတ်ပုံများက ဘမောင်ခုတင်ပေါ်မှာ ပြန့်ကျဲနေ၏။ ကောင်းနိုးရာရာ တပုံ

ချင်းကို ရွေးဖြစ်သည်။ ရွှေတိဂုံဘုရားပေါ်မှာရိုက်ခဲ့သော ဆံပင်ဖားလျားချ၊ လက်ရှည်အဖြူရောင်နှင့် အမျိုးသ မီးပုံကိုရွေးဖို့ လက်လှမ်းလိုက်ချိန်တွင် "ဒေါက် ဒေါက်"

တံခါးခေါက်သံ ဖြစ်၏။ တပည့်တဦးဦး အချိန်မတော် ဘာကြောင့် တံခါးခေါက်သည် မသိ။ "၀င္ခ့ေ ဲ လ"

တံခါးဖြင့္သံ မၾကား။ ရွှေတိဂုံပေါ်က ရိုက်ခဲ့သော ဓာတ်ပုံကို ဂျပန်ယူသွားရန် ဓာတ်ပုံထပ်ထဲတွင်ထည့်ပြီးနောက် တပုံကိုရွေးရန် ဘမောင် ပြန့်ကျဲနေသောဓာတ်ပုံတွေကို ကြည့်ဖြစ်၏။ "ဒေါက် ဒေါက်" "၀င်ခ့ေဲ လကွာ"

တံခါးပေါက်သို့ ဘမောင် မကြည့်ဖြစ်။ တံခါးဖွင့်သံလည်း မကြား။ စိတ်မရှည်၍ ဘမောင် တံခါးပေါက်သို့

မျက်လုံးအလှည့်။ "ဟိုက်"

ရင်ထဲမှ အာမေဍိတ်သံသာ ဖြစ်၏။ နှုတ်မှတော့ မထွက်နိုင်ခဲ့။ ဘမောင်ဘေးတွင် အင်္ကျီဖြူလက်ရှည်၊

ထဘီအပြာရောင် ကြိုးကြီးချိတ်နှင့် ဆံပင်ဖားလျားချ အမျိုးသမီးတဦးကို ရပ်လျက်သား အံ့သြဖွယ်ရာတွေ့

လိုက်ရ၏။ အံ့သြလွန်း၍ ဘမောင် လှုပ်ရှားမှုတို့မှ ရပ်တန့်သွားသည်။ ကြက်သေ သေလျက် ထိုအမျိုးသမီးကို သာ ငေးကြည့်မိ၏။ လှုပ်ရှားမှုတခုခုကိုမျှ မလုပ်မိ။

ယောက်ျားလေးအဆောင်ကို ထို အမျိုးသမီး ဘယ်သို့ ရောက်လာသနည်း။ ဘမောင်အခန်းက လေး

ထပ်မှာလည်း ဖြစ်သည်။ တွေ့တွေ့ချင်း ဘမောင် မှတ်မိပါသည်။ ဘုရားမှာ ဆုံခဲ့သော အမျိုးသမီး၊ ကန်တော် မင်မှ ကားကြုံစီးသော အမျိုးသမီး၊ နာမည် အပြည့်အစုံ မသိသော်လည်း သူ့ကိုသူ နန်းဟု သုံးနှုန်းခဲ့သော 26


အမျိုးသမီး၊ တံခါးသာခေါက်ပြီး တံခါးမဖွင့်ဘဲ ၀င်လာနိုင်ခဲ့သော အမျိုးသမီး။

ဘမောင် ရင်တွေ ခုန်နေ၏။ သို့သော်လည်း တကိုယ်လုံး အေးစက်နေသည်။ တကိုယ်လုံး လှုပ်မရ

သည်လား၊ မလှုပ်ဖြစ်ခဲ့သည်လား မသိ၊ အံ့သြမှု ကြီးစိုးသည်ကတော့ အမှန်ပင်။

နန်းက ဘမောင်ကို နှုတ်ခမ်းလှုပ်ရုံ ပြုံးပြသည်။ သူ့အကြည့်က စူး၏။ ရင်ထဲ၊ အသည်းထဲ ဖောက်ထွက်

သွားမတတ်စူးသည်ဟု ဆိုနိုင်သည်။ ဘမောင်အနားသို့ ထပ်တိုးလာ၏။ ပြီးလျှင် လက်ထဲကိုင်ထားသော ဓာတ်

ပုံထပ်ထဲမှ ဓာတ်ပုံတပုံကို ရွေး၍ယူလိုက်သည်။ ထိုပုံကား ရွှေတိဂုံဘုရားတွင် ရိုက်ခဲ့သောပုံဖြစ်သည်။ ထိုနေ့က တွေ့ခဲ့သော အ၀တ်အစားနှင့် ယနေ့တွေ့သော အ၀တ်အစားသည် တထပ်တည်း ဖြစ်၏။ ဘာမှမပြောင်း၊ ဆံ ပင် အနေအထား၊ ပြုံးပုံ အစစအရာရာ တထပ်တည်းဖြစ်၏။

ဓာတ်ပုံထဲက သူ့ပုံကိုကြည့်ပြီး ဘမောင်ကို နန်းက နှုတ်ခမ်းလှုပ်ရုံသာ ထပ်ပြုံးပြ၏။ နောက်လှည့်၍

တံခါးဆီသို့ ခပ်လေးလေး ထွက်သွား၏။ တံခါးသည် ပိတ်လျက်သား၊ တံခါးကို အရိပ်လိုလို၊ အငွေ့လိုလိုဖြင့်

ဖောက်ထွက်သွားသည်။ တခဏအကြာမှ ဘမောင်၏ အံ့သြလွန်မှုကြားမျောပါသွားသော အသိတို့ ပြန်လည် လာသည်။

နံရံတွင် ချိတ်ဆွဲထားသော ပြက္ခဒိန်ဆီသို့ မျက်လုံးတို့ ရောက်သွား၏။ ဇွန်လ ၂ ရက်၊ ၁၉၇၁ ခုနှစ်

ဇွန်လ ၂ ရက်ဖြစ်သည်။

"ဆရာ အဲဒီဖြစ်ရပ်က တကယ်လား"

"မင်းတို့ အဲသလို မေးမယ်ဆိုတာ ငါ ထင်သားပဲ"

"ဟုတ်တယ်လေ ဆရာရယ်၊ ထူးထူးဆန်းဆန်းပဲ။ ပြီးတော့ တိုက်ဆိုင်လွန်းနေတယ်" "ကိုယ်တောင် ကိုယ့်ကိုယ်ကိုယ် မယုံနိုင်ဘူး"

ဒေါက်တာဘမောင် ရန်ကုန်ပြန်ရောက်သည်မှာ တနှစ်နီးပါးရှိပြီ ဖြစ်သည်။ ရန်ကုန်စက်မှုတက္ကသိုလ်

နောက်ဆုံးနှစ် ကျောင်းသားများ၏ကျမ်းပြုစုရေးတွင် ကျောင်းသား၊ ကျောင်းသူ တချို့ကို တာဝန်ယူထားရ

ပါသည်။ ကျောင်းသားများ၏ ဆွဲပုံများအတွက် အကြံဥာဏ်ပေးနိုင်ရန်၊ အယူအဆများအတွက် ဆွေးနွေးပေး နိုင်ရန် စတူဒီယိုသို့ ပုံမှန်ဝင်ပေးရပါသည်။

ဗိသုကာ ကျောင်းသူ၊ ကျောင်းသားများသည် နောက်ဆုံးနှစ်တွင် သနားစရာ အတော်ကောင်းသည်။

အခြားအင်ဂျင်နီယာ ဘာသာရပ်များတွင် မေးခွန်းတခုအတွက် ဖြေဆိုရန် အဖြေအတိအကျ ရှိသော်လည်း ဗိသု ကာ ကျောင်းသားများ အတွက် တခုတည်းသော အဖြေသည် မရှိတတ်။ Concept ဟု ခေါ်သော အယူအဆ

ပေါ်တွင် အခြေခံရသဖြင့် တိုက်ဆိုင်သော ဆရာများရှိတတ်သလို မတိုက်ဆိုင်သောဆရာများက အမှတ်မပေး တတ်ချင်။ ဆရာကြီးများအားပြိုင်မှု တိုက်ပွဲအောက်တွင် ကျောင်းသားတချို့ မြေစာပင် ဖြစ်ခဲ့ကြရသည်။ သား ကောင် ဖြစ်ခဲ့ကြရသည်။ ကျမ်းပြုစုသောကာလတွင် ကျောင်းသား၊ ကျောင်းသူများ မယ်ပဋာ မြေလူးခဲ့ကြရပါ သည်။ ၁၉၇၀ ကာလတ၀ိုက် ကျောင်းသား၊ ကျောင်းသူများ အဆိုးဆုံးဖြစ်သည်။ နိုင်ငံစုံမှ Ph.D ယူခဲ့သော

ဆရာကြီးများ အားပြိုင်မှု၊ လုပ်သက်အနုအရင့်နှင့် လုပ်ငန်းအတွေ့အကြုံ အားပြိုင်မှုတို့ ပြင်းထန်သော အချိန် လည်း ဖြစ်သည်။

"ဆရာ့မှာ ပရုပ်ဇ် Proof တခုလောက် မကျန်ခဲ့ဘူးလား ဆရာ"

တချိန်က မြန်မာ့အသံ ဦးခင်ဇော်၏ သား ဗိသုကာ နောက်ဆုံးနှစ် ကျောင်းသား ၀င့်ခင်ဇော်က မေး

သည်။ ဘမောင် ပြုံးလိုက်သည်။

"ဒါ မေးသင့်တဲ့ မေးခွန်းပဲ"

ဇာတ်လမ်းရှည် တခုကို အဆုံးထိ ပြောပြီးပြီမို့ ဘမောင် အာခြောက်လာသည်။ "မင်းတို့ ကြောက်မသွားကြနဲ့နော်။ ရုပ်က အဆိုးကြီး မဟုတ်ဘူး"

ကျောင်းသား၊ ကျောင်းသူ ၁၃ ဦးတို့ စိတ်လှုပ်ရှားစွာ ဘမောင်ကို စူးစိုက်ကြသည်။ ဘမောင်က လက်

ဝါးသာသာ ပိုက်ဆံအိတ်ထဲမှ ဓာတ်ပုံတပုံကို ထုတ်လိုက်၏။ ပြီးတော့ စားပွဲပေါ်သို့ တင်ပေးလိုက်၏။ ရွှေတိဂုံ ဘုရားမှာ ရိုက်ထားသော နန်း ဆိုသည့် မိန်းကလေးနှင့် ငါးနှစ်သားအရွယ် ကလေး၏ ပုံ။ "ဟာ"

အားလုံး အံ့အား သင့်ကြသည်။ တိုးဝှေ့ပြီးလည်း ကြည့်ကြသည်။ "ရုပ်ကလေး မဆိုးပါဘူး။ ဆရာရဲ့ Sweet ဖြစ်ပါတယ်" "အေး အချောကြီး မဟုတ်ပေမယ့် မဆိုးပါဘူး"

ဓာတ်ပုံလေးက ချိုချိုမြင့်လက်ထဲ ရောက်သွား၏။ သေသေချာချာ စူးစိုက်ကြည့်ပြီး သလဲ"

"ဆရာ့ဆီက သူက အဲဒီဓာတ်ပုံကို ပြန်ယူသွားတယ်နော်။ နို့ ဆရာ သည်ဓာတ်ပုံကို ဘယ်လိုပြန်ရ "အေး ဟုတ်တယ်။ အဲဒီတုန်းက ဆရာ့ဆီက ယူသွားတာတော့ အမှန်ပဲ။ ဒါပေမယ့် သူမသိလိုက်တာ

တခုရှိတယ်။ နက်ဂတစ်က ဆရာ့ဆီမှာ ကျန်နေသေးတယ်လေ" 27


"အယ်"

…………………………………………… ။ ~ ။ ………………………………………………

ဆန်သောရေ မြတ်သောစိတ်

နေဇင်လတ် (June 2009)

ဘမောင်ရဲ့ဇနီးက သည်နေ့ ၅၉ နှစ်ပြည့်သွားတယ်။ ၆၀ နှစ်ထဲ ရောက်သွားပြီဆိုပါတော့။ တက္ကသိုလ်

ကျောင်းပြီးခါစ အသက် ၂၀ ကျော်ကျော်တုန်းကဆိုရင် အခုလိုအသက်မျိုးကို အဘိုးကြီးတွေ၊ အဘွား ကြီးတွေ လို့ ထင်ခဲ့မြင်ခဲ့ကြတဲ့ ဘမောင်တို့တောင်မှ အခုအဲဒီအသက်တွေဆီ တရွေ့ရွေ့နဲ့ ရောက်လာကြပြီ။ ဘာသာ ရေးရှုထောင့်ကကြည့်ရင် လူတွေမွေးလာကြတာ သေဖို့တဲ့။

သည်ဘ၀ဆိုတာ ဘ၀ပေါင်းများစွာထဲက တခုတဲ့။ တရက် တရက်ကုန်ဆုံးသွားတာဟာ သေဖို့ တလှမ်း

ချင်းလျှောက်နေကြတာတဲ့။ ဒါဆိုရင် ဘမောင်တို့တောင် အတော်လေးခရီး ရောက်နှင့်နေပြီပဲ။ အတိတ်ဘဝ

ပေါင်းများစွာမှာ ပုံစံအမျိုးမျိုးနဲ့ ဘယ်လိုကျင်လည်ခဲ့ရပြီး သည်ဘ၀မှ တွေ့ကြ၊ ပြန်ကွဲကြ၊ နောက်ဘ၀သစ်တခု

စီ ဘယ်ပုံစံမျိုးနဲ့သွားကြရမှန်း မသိတာကိုက ‘သံသရာ’တဲ့၊ သည်ဘ၀ဆိုတာ အဲဒီသံသရာကြီးထဲက တော်တော် သေးတဲ့ အပိုင်းအစလေးတစ်ခုသာပါ။

သေကြ၊ ကြေကြ၊ ကွဲကြ၊ ခွာကြရတာဟာ ထူးဆန်းတဲ့ အရာတခုတော့ မဟုတ်ပါဘူး။ မလွမဲ သွေ ကြုံရ

မယ့်အတွေ့အကြုံတခုပါလားလို့ စိတ်ထဲခံယူထားရင်း သိပ်ပြီးတုန်လှုပ်စရာ ကောင်းတဲ့အရာတော့မဟုတ်ပါ။ မ သေခင် အသိကလေး ရှိတဲ့အခါ ဘာလုပ်သွားမလဲ၊ ဘာလုပ်သွား ကြသလဲဆိုတာသာ အရေးကြီးပါတယ်။ ဘ

မောင် အသက် ၂၀ လောက်မှာ အဖေဆုံးသွားတယ်။ အဲသည်တုန်းက တော်တော် တုန်လှုပ်ခဲ့တယ်။ ငါးတန်း၊

ခြောက်တန်း ကျောင်းသားအရွယ်ထဲက ‘မိဘနှစ်ပါး၊ တပါးပါး ဆုံးသွားရင်’ ဆိုတဲ့အတွေးက ဘမောင်ဆီ မကြာ

ခဏ လာလည်တတ်တယ်။ တွေးမိရုံ၊ စဉ်းစားမိရုံနဲ့တင် ခံစားလို့မရဘူး။ တခြားသူတွေလည်း သည်လိုပဲ ဖြစ်ကြ တာပါ။ ဘမောင်ကျမှ ထူးထူးခြား ခြားဖြစ်တာ မဟုတ်ဘူး။

ဘမောင် အသက် ၂၀၊ ဖေဖေ့ အသက် ၅၂ မှာ ကင်ဆာနဲ့ ဖေဖေဆုံးသွားတယ်။ အဲဒီတုန်းက ဘမောင်

က ဗိသုကာကျောင်းသားတစ်ဦး၊ အတော်အတန် ရင့်ကျက်ချင်လည်းရတဲ့အရွယ်၊ မရင့်ကျက်ချင်လည်း ရတဲ့အ ရွယ်၊ ပူလိုက်တဲ့ ရင်၊ လောင်လိုက်တဲ့ မီး၊ ခံစားချက်ပြင်းတတ်တဲ့ ဘမောင်။ တလလောက်အိပ်မပျော်ဘူး။ မိ

သားစုထဲမှာ ဘမောင်က အကြီးဆုံးဆိုတော့ ပခုံးပြောင်းတာဝန်က ဘမောင်ဆီ ရုတ်တရက်ရောက်လာတယ်။ တာဝန်ကိုတော့ ဘမောင်က ဘယ်လိုမှမပူပါဘူး။

မိသားစုနှင့်ခွဲခွာသွားတဲ့ အဖေအတွက် တခါတခါ လှိုက်လှိုက်ပြီးခံစားရတယ်။ လောကဓံဆိုတာ ဒါပဲ။

ဖြစ်ချင်တိုင်း မဖြစ်တာ၊ မဖြစ်ချင်တာတွေ ဖြစ်လာတာဟာ လောကဓံပဲ။ အမေတော့ရှိသေးတယ်။ ရှစ်ဆယ်

ကျော်ပြီ။ ကိုယ့်ကို ကျွေးမွေးသွန်သင်လာတဲ့အဖေကို ကိုယ့်အလှည့်ကျပြန်ပြီး ကျေးဇူးမဆပ်လိုက်ရဘူး။ အတိုး ချပြီး ကျန်တဲ့အမေကိုပဲ လိုလေသေးမရှိ စိတ်ချမ်းသာအောင် ကြိုးစားထားပေးနေရတယ်။

“ဖေဖေ ခုနေချိန်ရှိသေးရင် ကား တစီး၊ ပိုက်ဆံတထုပ်နဲ့ ကာရာအိုကေဆိုင် ပို့ပေးတယ်။ အချိန်တန်

အိမ်ပြန်ရင် တော်ပြီမို့လား”

အသက်ရှစ်ဆယ်ကျော်အမေကို စိတ်အပြောင်းအလဲလေးဖြစ်အောင် တခါတလေ ဘမောင် ကျီစယ်

တတ်တယ်။ အမေက ဘမောင်ကို မျက်စောင်းခဲရော။ ပြီးတော့... “မင်းတို့ အဖေက သွားမှာ မဟုတ်ပါဘူး”

ဟိုတုန်းက လူကြီးတွေက အဲသလို ချစ်ကြတာ၊ ကြင်နာကြတာ၊ ဘမောင်တို့ခေတ်မှာ တော်တော်ရှားသွားပြီ။ တော်တော်များများ လူ့မလိုင်တွေ ကာရာအိုကေ၊ Massage Parlour တွေမှာ အသက်ရှည်ဆေးဖော်ကြတာ အများကြီးပဲ။ ဘမောင်တို့တောင် တခါတလေ ပါသေးတယ်။ ဘမောင် အသက် ၅၀ လောက် ရောက်တော့ မေမေက ဘမောင်ကို ဘုရားတရားပိုလုပ်ဖို့ မကြာခဏတိုက်တွန်းတယ်။ “မင်းအဖေက အသက်တိုရှာတယ် သား”

အသက် ၅၂ နှစ်မှာ အဖေဆုံးသွားတဲ့အတွက် မေမေက ဘမောင်အတွက်လဲ စိုးရိမ်နေရှာတယ်။ မျိုးရိုးဗီဇလိုက် တတ်တယ်လို့ အမေ့သုတထဲမှာ မှတ်သားဟန်တူတယ်။ ဘမောင်တောင် အခု အဖေ့အသက်ထက် အများကြီး

ကျော်သွားပြီ။ ကိုယ်ကိုယ်တိုင် အရွယ်ရောက်လာမှ အရွယ်ကောင်းဆိုတာ ပိုပြီးသိလိုက်ရတယ်။ ဖေဖေက လုပ်

ငန်းရှင်တဦး၊ ဘမောင်လဲ လုပ်ငန်းရှင်တဦး၊ အရွယ်ရင့်၊ အတွေးအခေါ်လေးလဲ သန်လာ၊ အတွေ့အကြုံလေးလဲ အတော်စုံလာတဲ့အရွယ် အလုပ် လုပ်ဖို့ တော်တော်ကောင်းတဲ့အရွယ်ပါ။ အဖေက အလုပ်ကြိုးစားတယ်။ အ 28


တွေးအခေါ်နဲ့ ဒဿန အားကောင်းတယ်။

အထူးသဖြင့် သားသမီးထဲမှာ သားဦးမို့ ဘမောင်ကိုအတော်ချစ်ရှာတယ်။ စာသိပ်ဖတ်ပြီး လူမှုရေးအ

လွန်အားကောင်းတယ်။ စာဖတ်တဲ့ အကျင့်၊ တပည့်တွေကို ကြည့်တတ်တဲ့အလေ့တွေကို ဘမောင်က အမွေ

ဆက်ခံနိုင်ခဲ့ပေမယ့် လူမှုရေးဘက်မှာ အဖေ့ကို ဘမောင်မမီဘူး။ အဖေက သိပ်ငြိမ်တယ်။ ဘမောင်က ရှူးရှူးရှဲ

ရှဲ ရှိချင်တယ်။ အမေ့ဘက်ကအမွေရလာတာလို့တော့ မပြောချင်ဘူး။ ပြီးတော့ အဖေကခေတ်မီတယ်။ ဘမောင် တို့ ငယ်ငယ်တုန်းက တိပ်ရီကော်ဒါခေတ်၊ ဘီးဂျီးတို့ခေတ်ပေါ့။ ရော့ခ်တွေ၊ သီချင်းတွေ ခပ်ကျယ်ကျယ်၊ ကြာ

ကြာဖွင့်လို့လဲ အဖေက ဘာမှမပြောဘူး။ အချိန်တန် စာဖတ်ပြီး အဆင့်ကောင်းရင် ပြီးတာပဲတဲ့။ အမေကတော့ ပူညံပူညံပေါ့။

“အမေကြီး မင့်သားကို သိပ်မကြမ်းနဲ့။ သူက ခပ်ကြမ်းကြမ်းကိုင်ရင် ကြိုက်တာမဟုတ်ဘူး”

ဆုံးသွားတဲ့အထိ သားသမီး ၄ ယောက်အပေါ် လက်ဖျားနဲ့တောင် ဖေဖေ တို့မသွားရှာဘူး။ အချက် အလက်နဲ့

အေးအေးလူလူ ဆုံးမတယ်။ အမေကတော့ တွေ့ရာနဲ့ ကောက်ပေါက် တတ်တယ်။ အဖေနဲ့အမေ ရန်မဖြစ်သ လောက်ပဲ။ ဒါပေမယ့် အဖေနယ်က ပြန်လာလို့ရှိရင် သားသမီးတွေကို အင်္ကျီချွတ်ကြည့်တတ်တယ်။ ကျော ကုန်းမှာ အရှိုးရာတွေ တွေ့ရင်တော့ အမေနဲ့ ဗျစ်တောက် ဗျစ်တောက်။

“မင်းကလည်းကွာ ငါကပါတဲ့ သားသမီးတွေမဟုတ်ပါဘူး။ ဒီလောက် မရိုက်သင့်ဘူး”

အဲဒီလိုနေ့မျိုးတွေမှာ ဖေဖေ ထမင်းမစားတော့၊ ဧည့်ခန်းက ကုလားထိုင်တလုံးလုံးမှာ တခုခုဖတ်ရင်း စီးကရက် တလိပ်ပြီးတလိပ် သောက်နေတတ်တယ်။ ဘယ်သူ့မှလည်း စကားမပြောတော့ဘူး။ ဘမောင်တို့ ကံကောင်းပါ တယ်။ မောင်နှမ လေးယောက်လုံး ခပ်ဆိုးဆိုး တယောက်မှ ပါမလာခဲ့ကြဘူး။ အဖေ့ရဲ့ ဒဿနတွေ၊ အမေ့ရဲ့

တုတ်ချက်တွေက ဘမောင်တို့ မောင်နှမလေးယောက်လုံးကို ဘ၀အသီးသီး ရင်ဆိုင်နိုင်အောင် ပုံစံကောင်းကို

သွင်းပေးနိုင်ခဲ့တယ်။ ဘမောင်တို့ အာဝါသကောင်းမှာ ကြီးပြင်းခွင့်ရခဲ့ကြတယ်။ အခုတော့ အာဝါသကောင်းကို

ဖန်တီးပေးခဲ့တဲ့ ဖေဖေမရှိတော့ပါဘူး။ အမေ့ကိုပဲ အဖေ့အတွက် တိုးချပြီး ဘမောင်တို့ရတတ်သလောက် ကျေး ဇူးဆပ်နေရတယ်။

ဘမောင်ရဲ့ဇနီးက အသက် ၆၀ ထဲမှာဆိုလို့ ဘမောင်က သူ့ထက်ကြီးတယ်လို့တော့ မထင်လိုက်နဲ့။ သူ့

ထက် နည်းနည်းလေးငယ်တယ်။ တာဝန်သိတတ်တဲ့ အဖေ့ဒဿနတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ဘမောင်အတွက် အစ က အိမ်ထောင်ပြုရမှာ သိပ်ကြောက်ခဲ့တယ်။ ကရင်ပြည်နယ်က ‘ဒါးကွင်း’ လိုနေရာမျိုးမှာ လက်နက်ကြီးတွေ ကြား၊ မိုင်းတွေကြား၊ တိုက်ပွဲတွေကြားမှာတောင် အဲဒီလောက် မစိုးရိမ် မကြောင့်ကြခဲ့ဖူးဘူး။

ဘမောင် ကံကောင်းပါတယ်။ ဘမောင်တို့ အိမ်ထောင်သက်တမ်းတောင် အတော်ကြာသွားခဲ့ပြီ။ ကြီး

ကြီးမားမား တခါမှရန်မဖြစ်ဖူးဘူး။ နှစ်ဖက်နားလည်မှုကြီးစွာနဲ့ တည်ဆောက်ခဲ့တဲ့ အိမ်ထောင်ရေးဆိုတော့ အ

တော်သာယာခဲ့ပါတယ်။ ပတ်ဝန်းကျင်ထင်တဲ့ အိမ်ထောင်ရေးမျိုးနဲ့ ဆန့်ကျင်ဘက်ဖြစ်ခဲ့တယ်။ ဘမောင်ရဲ့ဇနီး

က ခွင့်လွှတ်ခြင်း၊ နားလည်ခြင်း အပြည့်ပေးတယ်။ သူ့အကျိုးသူ ပြန်ရတယ်။ အိမ်ထောင်စမှာ ဘမောင် ရှူးရှူးရှဲ ရှဲ ရှိချင်သေးတယ်။ နောက်တော့ ကိုယ်လည်း သူ့လိုပဲကျင့်ကြံရင်း အပေးအယူက အတော်ပဲ အဆင်တပြေ ဖြစ် သွားပါတယ်။ အခုဆို အိမ်မှာလာနေတဲ့ မြေးမတောင် ၆ နှစ်သမီး ရှိသွားပြီ။

ဗိုလ်ကြီးဘ၀ လစာ ခုနစ်ရာကျပ်န့တဲုန်းကလည်း ဇနီးသည်က ဘာမှမပြောခဲ့ဘူး။ သည်ဘက်ခေတ် စီး

ပွားရေးထုတ်လုပ်ဖို့ အငြိမ်းစားယူတော့လဲ ကောင်းတယ်၊ ဆိုးတယ်မပြောရှာ၊ စီးပွားမဖြစ်သေးခင် ဘာဝင်ငွေတ ပြားမှမရှိတုန်းကလည်း ဘာမှမပြောရှာဘူး။ မငြိုငြင်ရှာဘူး။ သူ့အကျိုးပေး သူတချိန်မှာ ပြန်ခံစားရပါတယ်။

တူသောအကျိုးပေးဆိုတာကို ဘမောင်ခြွင်းးချက်မရှိ ယုံတယ်။ ဘမောင်ဇနီးက အရာရာကို တရားသ

ဘောနဲ့ ရှုမြင်တယ်။ ခွင့်လွှတ်တယ်၊ နားလည်မှုပေးတယ်၊ သင်္ခါရနဲ့ အနိစ္စသဘောကိုလည်း အတော်ကလေး နှ

လုံးပိုက်မိနေတယ်။ လူမှုရေးအားကောင်းတယ်၊ မိုးမလုံတဲ့တဲကုပ်လေးဘ၀က မယ်သီလရှင်ကျောင်းကို နှစ်ထပ် ကျောင်းကြီးဖြစ်အောင် သူဦးစီးပြီး လုပ်ပေးခဲ့တယ်။ အလှူအတန်းကို ဘယ်တော့မှလက်မတွန့်ဘူး။ သူ့ စေတ

နာက သူ့အကျိုး ပြန်ပေးတယ်။ ဘမောင် စီးပွားဖြစ်လာတော့ ဟိုတယ်တလုံးရဲ့ဝင်ငွေကို သူကြိုက်တာ သုံးစေ လိုက်တယ်။ သည်ခေတ်မှာ ဘယ်နည်းမလဲ၊ အိမ်သုံးစရိတ်၊ အလှူအတန်း၊ လူမှုရေး၊ သားသမီးလေးယောက် ထောက်ပံ့တာတွေအပါ သူ သုံးချင်ရာသုံး။ အဲသလို ပေးထားတာတောင် ဆယ့်ငါးနှစ်လောက်ရှိသွားပြီ။

သားသမီးတွေက အရွယ်တော်တော်ရ၊ ကလေးတွေ ပြန်မွေးတဲ့အထိ ဘာမှဖြစ်မလာကြသေးဘူး။ သ

မီးတွေရဲ့ ခင်ပွန်းတွေကလဲ လောကကို ဘယ်လို ရှုမြင်သလဲ မသိ၊ ရေစုန်စီးချင်သူတွေ၊ အစုန်စိတ်တွေ၊ ဘာမှ လက်ကြောမတင်းဘဲ စည်းစိမ်ကို ပိုခံစားချင်ကြသူတွေ၊ သူတို့အကြောင်း တွေးရရင် အကုသိုလ်များတယ်။

မိဘဆိုတာက ပြုစုပျိုးထောင်ပေးဖို့ပဲ တာဝန်ရှိတယ်။ အာဝါသကောင်းပေးဖို့ပဲ တာဝန်ရှိတယ်။ အရွယ်

ရောက်ရင် ကိုယ့်ဘာသာကိုယ်ပဲ ကြိုးစားပြီး ဘ၀ကိုတည်ဆောက်ကြရပါတယ်။ ဘမောင်တို့ အိမ်ထောင်ပြုရမှာ ကြောက်ခဲ့တယ်။ တာဝန်မကျေမှာ စိုးလို့၊ သူတို့ခေတ်ကျတော့ အိမ်ထောင်ပြုရာမှာ နည်းနည်းမှ မကြောက်ကြ ဘူး။ တာဝန်ယူလိုတဲ့စိတ်လဲ မရှိကြဘူး။ ဘမောင် ငယ်သူငယ်ချင်း ဒေါက်တာမြင့်သောင်းဆိုတာ ရှိတယ်။ သူ အိမ်ထောင်ကျတော့ ယောက္ခမက ဘာပြောတယ်မှတ်လဲ၊ သူပြန်ပြောလို့ သိရတာ။ 29


“မင်း အသက်လေးဆယ်မတိုင်ခင် တခုခုဖြစ်အောင်လုပ်၊ ဘာမှမဖြစ်ရင်တော့ ဘ၀ ‘လည်’ ထွက်သွား

ပြီသာ မှတ်လိုက်တော့”

ဘာပဲပြောပြော သူငယ်ချင်းတွေပြန်ဆုံကြတော့ မတူစွာဖြတ်သန်းခဲ့ရတဲ့ ဘ၀တွေအကြောင်း စားမြုံ့

ပြန်ဖြစ်ကြတယ်။ သူကတော့ ၀င်ငွေကောင်းတဲ့ ဆေးခန်းနဲ့ အိမ်တဆောင် မီးတပြောင်လောက်ဖြစ်သွားပြီ။ သား တွေလဲ ဆရာဝန် ဖြစ်သွားပြီ။ ဘမောင်တို့ကျ စီးပွားလေးတော့ဖြစ်ပါရဲ့။ သားသမီးအကြောင်းတွေးရင် ရင်မောရ တယ်၊ မတတ်နိုင်ဘူးလေ၊ အတိတ်ကံ ပေါ့။

လောကမှာ လူတွေဟာ အကြမ်းအားဖြင့် စိတ်နှစ်မျိုးနဲ့ ရှင်သန်လာကြပါတယ်။ တစိတ်က အစုန်စိတ်နဲ့

သူ၊ နောက်တမျိုးက အဆန်စိတ်နဲ့ သူ၊ အတ္တများတဲ့သူတွေက အစုန်စိတ်သမားတွေ၊ တချို့က မိသားစုထဲမှာ

တောင် ဘယ်သူဘာဖြစ်ဖြစ် ကိုယ်တယောက်တည်း ကောင်းစားရရင် ပြီးရော။ ဘမောင် အလယ်တန်းကျောင်း သားဘ၀က မှတ်မှတ်သားသားတခု ရှိခဲ့ဖူးတယ်။ ရပ်ကွက်ထဲက ဦးကိုကြီး ဆိုတဲ့သူပဲ။

ဟိုတုန်းက ကုန်းလမ်းသယ်ယူပို့ဆောင်ရေးမှာ အမှတ် ၁၇ ဆိုတဲ့ ယာဉ်လိုင်းတလိုင်း ရှိဖူးတယ်။ ဦးကို

ကြီးက အဲဒီမှာ အလုပ်လုပ်တယ်။ လစာက သိပ်များတာ မဟုတ်ဘူး။ ဒါပေမယ့် နေ့စဉ် အရက်မှန်မှန် သောက်

တယ်။ တရက်ကျတော့ အထက်အရာရှိက အရက်ဖြတ်မလား၊ ရာထူးတိုးယူမလား နှစ်ခုကို ရွေးခိုင်းတာမှာ ရာ

ထူးတိုးကို စွန့်လိုက်တဲ့သူပဲ။ သူ့ဇနီးက ဈေးရောင်းပြီး မိသားစု စားဝတ်နေရေးကို ပြေလည်အောင် ကြိုးစားရရှာ တယ်။ ကလေးက ငါးယောက်လား မမှတ်မိတော့ဘူး။ အခုတော့ မရှိကြတော့ပါဘူး။

အစုန်စိတ်ကြီးသူတွေရဲ့သဘာဝကို ပြောချင်တာပါ။ လောကအကျိုးဆိုရင်တော့ သိပ်ဝေးသွားပြီပေါ့။

မိသားစုအကျိုးလေးတောင်မှ လက်ကြောတင်းအောင် မလုပ်ချင်ကြသူတွေ အများကြီးပဲ။ ကိုယ်ကျိုးမစွန့်ချင်ကြ သူတွေ။ ဘုရားဘ၀နောက်မှာလဲ နိဗ္ဗာန်မျက်မှောက်ပြုရတာပဲ။ သုမေဓာရှင်ရသေ့ဘ၀မှာလဲ နိဗ္ဗာန်မျက်မှောက်

ပြုလို့ရတာပဲ။ နိဗ္ဗာန်မျက်မှောက်ပြုပြီး ဘာမှမထူးခြားတော့ဘူး။ နိဗ္ဗာန်က နိဗ္ဗာန်ပဲ။ ဒါပေမယ့် အဆန်စိတ်ကြီးတဲ့ သုမေဓာက လောကအကျိုးသယ်ပိုးဖို့ လေးသင်္ချေ ကမ္ဘာတသိန်းအတွင်း ဘ၀ပေါင်းများစွာ ကျင်လည်ခဲ့ပြီး ဗုဒ္ဓ အဖြစ်နဲ့ သုံးလောကသားတွေရဲ့ အကျိုးကို မနားတမ်းဆောင်ကြဉ်းခဲ့တာ နည်းတဲ့အဆန်စိတ်၊ မဟာကရုဏာ၊ မေတ္တာမဟုတ်ဘူး၊ ဘုရားဖြစ်ချင်လို့ အဓိက မဟုတ်ဘူး။ လောကအကျိုး သယ်ပိုးချင်တာက အဓိက။

ဘမောင်တို့က သာမန်လူသားပါ။ ဒါပေမယ့် တခါတခါ လောကအကျိုး ဘယ်လောက်လုပ်ခဲ့ပြီးပြီလဲလို့

ဆန်းစစ် ကြည့်မိတယ်။ ကိုယ့်ကိုယ်ကိုယ် အားမရဘူး။ သည့်ထက် ပိုလုပ်နိုင်ခွင့် ရှိသင့်တယ်။ တခုတော့ ၀မ်း

သာမိပါ တယ်။ အစုန်စိတ်ဆိုတဲ့ အယုတ်စိတ်ကိုတော့ ငယ်ငယ်က မောင်းထုတ်ပစ်နိုင်ခဲ့တယ်။ အဆန်စိတ်ဆို တဲ့ မြတ်သောစိတ်ကိုသာ များများမထားနိုင်သေးတာ။ အကောင်အထည် မဖော်နိုင်သေးတာ။ ဒါပေမယ့် စိတ် သွားတိုင်း ကိုယ်မပါဘူးဆိုပေမယ့် အများအကျိုးအတွက် လုပ်ခဲ့တာတွေကတော့ မနည်းဘူး။ ကွန်ပျူတာထဲ ဖော်ကြည့်လိုက်ရင် တခါတခါတော့ အတော်စိတ်ချမ်းသာစရာပဲ။

အစုန်စိတ်ကို ညံ့တဲ့စိတ်၊ ယုတ်တဲ့စိတ်လို့ ပြောလို့ရပြီး အဆန်စိတ်ကို အင်အားကောင်းတဲ့စိတ်၊ မြတ်

တဲ့စိတ်လို့ ပြောလို့ရတယ်။ အိန္ဒိယက မဟတ္တမဂန္ဒီကြီးအကြောင်း ဖတ်ရတာ တော်တော်ပီတိဖြာ၊ ဂုဏ်ယူစရာ ပဲ၊ ငွေကြေးပြည့်စုံပြီး ခေတ်ပညာတတ်လူကြီး၊ ဒါပေမယ့် ဒိုတီဝတ်ပြီး သူ့နိုင်ငံ၊ သူ့လူမျိုးအတွက် အနစ်နာ ခံခဲ့

တယ်။ လောကအကျိုးကို ဒုက္ခခံပြီး အဆင်းရဲခံ၊ အနစ်နာခံခဲ့တယ်။ အိန္ဒိယသမိုင်းမှာ နာမည်ကောင်းနဲ့ သမိုင်း

တွင်ကျန်ရစ်သူ၊ နာမည်ကောင်းတောင်မှ ရိုးရိုးနာမည်ကောင်းမဟုတ်ဘူး။ ‘စံပြ’ အဖြစ်နဲ့ကို နာမည်ကောင်း က မ္ပည်းထိုးနိုင်ခဲ့သူပါ။

အိန္ဒိယလွတ်လပ်ရေးအတွက် အနေသာကြီးဆိုတဲ့ဘ၀ထဲက ခုန်ဆင်းခဲ့သူပါ။ သာမန် အဆန်စိတ်ရှိသူ

မျိုး မဟုတ်ဘူး။ တော်ရုံစိတ်နဲ့ လုပ်လို့ရတာ မဟုတ်ဘူး။ လူအများစု သာမန်ဖြစ်စဉ်မှာ ငွေကြေးပြည့်စုံလာရင်

လောကစည်းစိမ်ကို ခံစားဖို့လောက်ပဲ အာရုံကျကြတာများတယ်။ လောကအကျိုးအတွက်လုပ်ရင် ကိုယ် ခံစား နေရတဲ့ လောကစည်းစိမ်နဲ့ အပေးအယူလုပ်ကြရတယ်။ ကံဆိုးရင် ထောင်ကျ၊ အသက်ဆုံးတဲ့အထိ ဖြစ်နိုင်

တယ်။ ဂန္ဒီကြီးက ဒါတွေအားလုံးကို သိသိကြီးနဲ့ သူ့အကျိုး၊ သူ့စည်းစိမ်ကို လောကအကျိုးအတွက် အလဲအ လှယ် လုပ်ရဲခဲ့၊ လုပ်ခဲ့သူပါ။

ဘမောင်တို့ သာသနာသမိုင်းမှာ ဒေ၀ဒတ္ထဆိုတဲ့ ဒေ၀ဒတ်လို့ လူသိများတဲ့ မထေရ်တဦးရှိခဲ့တယ်။ အ

ဘိညာဉ်တွေ အဆုံးစွန်ထိရတော့ ဗုဒ္ဓနဲ့ သူ့ကိုယ်သူ ယှဉ်လာမိတယ်။ သူလဲ ဆုကြီးပန်ဆိုတော့ နည်းတဲ့အတိတ် က ကုသိုလ်တော့ မဟုတ်ဘူး။ တချိန်မှာ ပစ္စေကဗုဒ္ဓဖြစ်မယ့် အလောင်းအလျာ၊ ဒါပေမယ့် အတ္တစိတ်၊ မစ္ဆိရိယ စိတ်များတော့ ဘုရားကိုလုပ်ကြံပြီး ဘုရားနေရာဆက်ခံဖို့ ကြိုးစားခဲ့တယ်။ အဆန်စိတ်ထက် အစုန်စိတ်များသူ လို့ ပြောလို့ရတယ်။ အများအကျိုးအထက် ကိုယ်ကျိုး အဓိကထားသူလို့ ပြောရမယ်။

သည်နေရာမှာက ‘ကံ’ ကို စေတနာဖြင့်ပြီးသောအလုပ်လို့ အဓိပ္ပာယ်ဖွင့်ထားတော့ ဒေ၀ဒတ်ရဲ့ ဘုရား

အပေါ် လုပ်ကြုံမှုတွေက ဂုရုကံကြီးတွေ ဖြစ်လာတယ်။ သူလုပ်ကြံဖို့ ကြိုးစားသူက နှယ်နှယ်ရရမှ မဟုတ်တာ။ အဲဒီပေါ်မှာ ‘ကံ’ ရဲ့အတိုင်းအဆကလည်း ပြန်ဖြစ်လာတာပါ။ နောက်ဆုံး ဒေ၀ဒတ် ၀မ်းတော်လားချိန်မှာတော့

အမြန်မှန်ရသွားရှာပါတယ်။ ဒါပေမယ့် ကံအကျိုးပေးက ခွင့်မလွှတ်ခဲ့ဘူး။ သူ့အလုပ်သူ လုပ်သွားတာ၊ မြေမျိုတဲ့ 30


အဆင့်ဖြစ်သွားတယ်ပေါ့။ ပြောချင်တာက အစုန်စိတ် သိပ်ကြီးလာရင်၊ စိတ်ယုတ်တွေ သိပ်မွေးလာရင် လောက အကျိုးနဲ့ဆန့်ကျင်ဘက် အလိုလိုဖြစ်လာတယ်။

မကောင်းတဲ့ကံ၊ အကုသိုလ်တွေလဲ ရလာတယ်ဆိုတာပဲ။ အတိတ်ကံ မကုန်သေးခင် ဘာမှမဖြစ်သေး

ပေမယ့် အကုသိုလ်အကျိုးပေးတန်ရင် ပြန်ခံစားရတယ်ဆိုတာပဲ။ ဘမောင်တို့ သိပ်သတိထားဖို့ ကောင်း တယ်။

အလေးအနက် ထားဖို့ကောင်းတယ်။ ဖြစ်ပြီးမှ နောင်တရကြလို့ကတော့ ‘ကံ’က ခွင့်လွှတ်မှာ မဟုတ်ဘူး။ သူ့ အ လုပ်သူ လုပ်သွားမှာ။ နောင်တဆိုတာ ရှေ့မှာရတတ်တဲ့အရာ မဟုတ်ဘူး။ မဖြစ်ခင်က ဆင်ခြင်နိုင်ကြဖို့သာ အ ရေးကြီးတာ။

ဘာလုပ်လုပ် အသေအချာလုပ်တတ်တဲ့ အကျင့်ကတော့ အဖေ့ဆီက ဘမောင် အမွေရခဲ့တယ်။ အရင်

က ‘စေတနာ’ ဆိုတာ သိပ်ရင်ထဲ မ၀င်ဖြစ်ခဲ့ဘူး။ အလုပ်ကို အသေအချာ လုပ်သင့်တယ်ဆိုတာကပဲ ကြီးစိုးနေ

တယ်။ အခု အသင်းအဖွဲ့ တွေမှာဖြစ်ဖြစ်၊ လူမှုရေးလုပ်ငန်းမှာဖြစ်ဖြစ်၊ ကိုယ့်ကုမ္ပဏီမှာဖြစ်ဖြစ် သတိထားပြီး စေ

တနာထည့်ကြည့်တယ်။ အဲဒါက ဇနီးသည်ရဲ့ သတိပေးတိုက်တွန်းချက်ကြောင့်လို့ ဘမောင် ၀န်ခံရဲတယ်။ အရင် က အလုပ်ဇောက ပထမ၊ အခုဘာလုပ်လုပ် စေတနာကိုအရင်သတိရပစ်လိုက်တဲ့ အလေ့အကျင့်က တည်သင့်

သလောက် တည်တတ်သွားပြီ။ ဆယ့်လေးငါးနှစ်လောက်အဲဒီအလေ့အကျင့်ရလာတော့ နေလို့ထိုင်လို့ပိုကောင်း လာတယ်။

အရင်က လူတွေ ဘယ်အရွယ်မှာ ဘယ်အသိရှိသင့်တယ်ဆိုတဲ့ လုပ်ငန်းရှင်ရဲ့စိတ်မျိုး ကြီးစိုးနေတော့

ကိုယ့်စကေးနဲ့ အံဝင်ခွင်ကျမရှိတတ်ခဲ့ဘူး။ အခုတော့ အရွယ်ရကြပေမယ့် အစုန်စိတ်၊ အဆန်စိတ်တွေနဲ့ လူတွေ အသိမတူနိုင်ကြပါလား၊ ပညာတွေ ကွာကြပါလားဆိုပြီး တစိတ်တပိုင်း ငြိမ်းချမ်းမှုကို ရှာလာနိုင်တယ်။ ဥပေက္ခာ ကို တော်တော်လေးထားလာနိုင်တယ်။

တကယ်ဆို ဘမောင်တို့ဇနီးမောင်နှံက ဆွေမျိုးတွေ၊ သားသမီးတွေ ကံအကျိုးပေး သိပ်ကောင်းကြတာ

မဟုတ်ဘူး။ ဒါလည်း လောကရဲ့ဓမ္မတာတခုပဲ ဆိုတာနဲ့ ဖြေသိမ့်လိုက်တယ်။ ကံကတော့ မနေပါဘူး။ တပည့်

ကောင်းကောင်းတွေ ဘမောင်တို့ဆီပို့လိုက်တယ်။ တပည့်တိုင်းတော့ မကောင်းဘူးပေါ့။ တပည့်ကောင်းကောင်း လက်တဆုပ်စာလောက်ဆိုရင်ပဲ ဘယ်ဆိုးတာမှတ်လို့။

ယောက္ခမနှစ်ဦးကတော့ ဆုံးသွားရှာပြီ။ သူတို့ရှိတုန်းကလဲ မိဘလိုပဲ လိုလေသေးမရှိ ပြုစုခွင့်ရလိုက်ပါ

တယ်။ အဖေကိုတော့ ဘမောင်ပြုစုခွင့် မရလိုက်နိုင်ရှာဘူး။ အခု အမေတယောက်ပဲ ကျန်တော့တယ်။ အသက်

၈၀ ကျော်ပြီဆိုတော့ လူ့လောကမှာနေရဖို့ သိပ်များများစားစား ကျန်ရှာမှာမဟုတ်ဘူး။ အမေ့ကို ဘမောင် တတ်

နိုင်သလောက် တာဝန်ကျေဖို့ ကြိုးစားတယ်။ ဇနီးသည်ကလဲ တော်ရှာပါတယ်။ တချို့ ယောက္ခမနဲ့ ချွေးမဆိုတာ မတည့်ကြတာများတယ်။

မိဘဆိုတာ ချမ်းသာ၊ ဆင်းရဲ သားသမီးက လက်ဖက်ရည်တခွက် တိုက်ဖော်ရရင် သူ့တို့ရင်ထဲမှာ အင်

အားတွေဖြစ်စေပါတယ်။ အလိုက်သိတတ်တယ်ဆိုတဲ့ ဂုဏ်ကိုယူတတ်ကြပါတယ်။ ကိုယ့်ဘာကိုယ် ရုန်းကန်နေ ရတယ်ဆိုတဲ့ ဆင်ခြေနဲ့ သည်ခေတ်သားသမီးတွေ သိတတ်မှု၊ တာဝန်ရှိမှုတွေကို စွန့်ခွာ နေကြတယ်။ စိတ်မ

ကောင်းစရာပဲ။ မိဘတွေဆိုတာ သားသမီးတွေဆီက ပြန်လိုချင်တာ ရွှေမဟုတ်ပါဘူး။ ငွေ မဟုတ်ပါဘူး။ ဗုဒ္ဓ

ဘာသာဝင်တွေဖြစ် လို့ သူတို့အရွယ်နဲ့သူတို့ တရားသဘောတွေ့ရှိနေကြပါပြီ။ ဒါပေမယ့် ‘သိတတ်မှု’ ‘ဂရုစိုက် မှု’ ကို ပြန်လိုချင်ကြတာတော့ အမှန်ပါပဲ။

ဘယ်လောက် ဆင်းရဲ ဆင်းရဲ၊ ဘယ်လောက် ချို့တဲ့ ချို့တဲ့ လက်ဖက်ရည်တခွက်လောက်နဲ့တော့ ဘဝ

တခုပိုပြီး နစ်မွန်းမသွားပါဘူး။ အဲဒီ လက်ဖက်ရည်တခွက်လောက်တောင်မှ မသိတတ်ကြတဲ့သားသမီးတွေ အ

တွက် မိဘတွေ ‘မွေးဝမ်းစပ်’ ကြရပါတယ်။ ကိုယ့်သိတတ်မှုက သူတို့အတွက် အင်အားကိုဖြစ်စေပါတယ်။ ပီတိ ကို ဖြစ်စေပါတယ်။ ကိုယ့်ကိုမွေးခဲ့တဲ့၊ ကျွေးခဲ့တဲ့၊ ထိန်းသိမ်းခဲ့တဲ့သူလောက် ကျေးဇူးရှိတယ်ဆိုတာ ဘယ်မှာမှ

မရှိပါဘူး။ သူတို့ရလိုက်တဲ့ အင်အား၊ ပီတိတွေက သိတတ်တဲ့ သားသမီးတွေအပေါ် ‘မဟာကံ’ တခု ပြန်ဖြစ်စေ

တယ်ဆိုတာ အစုန်စိတ်ကြီးသူတွေ မမြင်နိုင်ကြပါဘူး။ ကိုယ်က သားသမီးကောင်းမဖြစ်ခဲ့ရင် ကိုယ့် အလှည့်ကျ လဲ သားသမီးကောင်းပြန်ရဖို့ အာမခံချက်တွေ ဆုံးရှုံးတတ်တယ်ဆိုတာ သိဖို့ကောင်းပါတယ်။

အစုန်စိတ်ဆိုတာ အများအကျိုး သယ်ပိုးတတ်ရင် လောကအကျိုးကို ရှေးရှုပါတယ်။ မေတ္တာ၊ စေတနာ၊

မုဒိတာတွေပါလာပါတယ်။ ကိုယ်ကျိုးစွန့်သင့်သလောက် စွန့်ရလေ့ရှိပါတယ်။ မြတ်သောစိတ်လို့လဲ ခေါ်ပါတယ်။ အဆန်စိတ်ဆိုတာ ကိုယ်ကျိုးရှေးရှု၊ အတ္တစိတ်များရာဖြစ်ပါတယ်။ စိတ်ယုတ်၊ စိတ်ညံ့၊ အောက်တန်းစားစိတ်လဲ

ဖြစ်ပါတယ်။ အများနဲ့လောကကို ကောင်းကျိုးမပြုတဲ့စိတ်လဲ ဖြစ်ပါတယ်။ အဆန်စိတ်ကြီးသူတွေကြောင့် လော ကလဲ ပျက်စီးတတ်ပါတယ်။

ဆုတောင်းတိုင်းသာဖြစ်ကြရင် ဘမောင်တို့ ဘာမှလုပ်စရာမလိုကြပါဘူး။ ဆုတောင်းတယ်ဆိုတာ လက်

တွေ့မကျတဲ့ ယုံကြည်မှုတခုပါ။ ကောင်းတာလုပ်ပြီးမှ အပံ့အပိုးအနေနဲ့ ဆုတောင်းသင့်ပါတယ်။ အစုန်စိတ်ကြီး

ကြီးနဲ့ ဆုတောင်းရင် ဘီလူးက မင်းသားဝတ်လိုဖြစ်နေတတ်ပါတယ်။ လက်တွေ့ကျကျ လုပ်ဆောင်တတ်ခြင်းက သာ ဘ၀ကိုအပြုပြင် အပြောင်းအလဲဖြစ်စေနိုင်ပါတယ်။ ဗုဒ္ဓဘာသာဆိုတာ အတ္တနဲ့ပရကို မျှတစွာထားဖို့၊ လော 31


ကကို ကောင်းကျိုးပြုဖို့၊ စိတ်ထားတွေ သန့်ရှင်းဖို့၊ စင်ကြယ်ဖို့ ဖြစ်ပါတယ်။ အစုန်စိတ်ဆိုတာ မွေးကတည်းကပါ လာတဲ့စိတ်ပါ။ သီးခြားထည့်စရာလိုတဲ့အရာ မဟုတ်ပါဘူး။ အဆန်စိတ်ဆိုတာကသာ ကောင်းမှန်းသိရပြီး သီး

ခြား မွေးမြူရတဲ့ စိတ်မျိုးပါ။ လူတွေ တချိန်ကျရင် သေကြရမှာပါ။ မသေခင် ကိုယ့်ဘ၀၊ ကိုယ့်အခြေအနေအရ ဘာလုပ်ခဲ့ပြီးပြီ ဘာလုပ်နိုင်တယ်ဆိုတာပဲ ကွဲပြားကြပါတယ်။ ကိုယ်လုပ်ခငွ့်ရသလောက်၊ လုပ်နိုင်သလောက် လုပ်ခဲ့ကြပါရဲ့လားဆိုတဲ့ မေးခွန်းကသာ အဓိက ဖြစ်ပါတယ်။

“မိဘတွေ အသက်ကြီးလာတဲ့အချိန် လုပ်ကျွေးမွေးမြူနိုင်စွမ်းရှိလျက်နဲ့ မလုပ်မကျွေး မမွေးမြူတဲ့ သား

သမီးဟာ လူယုတ်မာ ဖြစ်ပါသည်”

စာရေးဆရာကြီးတဦး ရေးသွားခဲ့တာပါ။

…………………………………………… ။ ~ ။ ………………………………………………

ရိုင်းတဲ့လှိုင်း

နေဇင်လတ် (July 2009)

ဝမ်းသာရမှာလား၊ ၀မ်းနည်းရမှာလား မိသိန်းကြည်ဆိုတဲ့ခေါင်းစီးကို သတိရမိသည်။ မေလ ၂၈ ရက်

ရွှေအမြုတေစာပေဆုပေးပွဲနေ့က နေ့တ၀က်ကျော်လောက်မိုးရွာ၍ သွားရန်မသေချာခဲ့။

တဦးတယောက်က Congratulation ကို ဖုန်းဖြင့်လှမ်းလုပ်မှ ကိုယ်ပါမှန်းသိပြီး အပြေးအလွှား သွား

ဖြစ်ခဲ့ရသည်။ ဦးဝင်းငြိမ်းကတော့ သူ ကမကထလုပ်သော ပွဲဖြစ်၍လားမသိ။ ဘာဆိုဘာမှတလုံး တပါဒမျှ အ ရိပ်အခြည် မပြခဲ့။

ကုန်သည်ကြီးများဟိုတယ်သို့ ရောက်သောအခါ မိုးဖွဲလေးများကမစဲတတ်သေး။ ကျွန်တော်က ကားရပ်

နေရာတွင်ရပ်ပြီး ဇနီးသည်နှင့်အတူ ဘေးပေါက်မှ ၀င်သည်။ ခပ်လှမ်းလှမ်း ရှေ့ပေါက်မှ ၀င်လာသော ဆရာ မောင်ဆုရှင်ကို တွေ့လိုက်ရ၏။ နှစ်ယောက်သား လက်ပြနှုတ်ဆက်ကြပြီး လှေကားအတူတက်ခဲ့ကြသည်။

Ballroom ထဲရောက်တော့ ကိုလင်းနိုင်ဦးနှင့်တွေ့သည်။ နောက်ဆရာဦးဝင်းငြိမ်းက ရှေ့ကို ခေါ်သွားပြီး

နေရာထိုင်ခင်းပေးသည်။ ကျွန်တော်နှင့် ဆရာမောင်ဆုရှင်တခုံတည်း ဘေးချင်းကပ်ထိုင်ဖြစ်ကြ၏။ ဟိုဟို သည် သည် ပြောဖြစ်ကြသည်။ ဆရာသည် ခန့်၏၊ တည်ကြည်၏၊ စာပေသိက္ခာ အပြည့်ရှိ၏။ စာကောင်း ပေကောင်း တွေကိုမွေးထုတ်သလို စာပေအပေါ် သစ္စာကြီးသူဖြစ်သည်။ စာပေသြဇာလည်း ကြီးသူဖြစ်သည်။ စာပေဗိမာန်

စာမူဆု၊ ထွန်းဖောင်ဒေးရှင်း၊ သုတစွယ်စုံ၊ ပခုက္ကူဦးအုံးဖေ စာပေဆုစသည်တို့အတွက် စာပေသစ္စာဖြင့် ဆုရွေး ချယ်ရေးအဖွဲ့တွင် မမောတမ်း၊ မပန်းတမ်း ဆောင်ရွက်နေသူဖြစ်သည်။

စာပေနယ်ထဲသို့ ကျွန်တော်သည် ၁၉၉၈လောက်မှ တကျော့ပြန်ဝင်လာသူ ဖြစ်သည်။ နှစ်ပေါင်း ၂၄ နှစ်

တာကာလ ၀န်ထမ်းဘ၀၊ စီးပွားရေးလုပ်ငန်းရှင်၏ ဘ၀အစများတွင် ကင်းကွာခဲ့ရသည်။ ပုလဲမြို့ပြ မဂ္ဂဇင်းတွင် တနှစ်ကျော်လောက် မှန်မှန်ရေးဖြစ်ပြီး ရွှေအမြုတေတွင်ဆက်ရေးဖြစ်သည်။ ဒုတိယအကြိမ် စာပေခရီးတွင် စာ တွေသာ မှန်မှန်ရေးဖြစ်နေသော်လည်း ရိုးသားစွာဝန်ခံရပါလျှင် ကျွန်တော့်၌ စာပေမိတ်ဆွေ ရင်းရင်းနှီးနှီးဟူ၍

များများစားစားမရှိခဲ့။ ကုမ္ပဏီအုပ်စုတစု၏ ဦးဆောင်သူ၊ လူမှုရေးအသင်းအဖွဲ့ များ၏ အလုပ်များသော တာဝန်

တို့ကိုယူထားရသော ကျွန်တော့်အတွက် ခြစ်ခြုတ်စုဆောင်းရခဲလှသော အချိန်တို့သည် စာပေမိတ်ဆွေများနှင့် တွေ့ထိရန် မလုံလောက်ခဲ့ပါ။ ဆန္ဒနှင့်ဘ၀ တထပ်တည်းမကျသော အရာများထဲမှ ကျွန်တော့်အတွက် တခု

ဖြစ်သည်။ နည်းပါးလှသော စာပေမိတ်ဆွေများထဲမှ လက်ချိုး ရေတွက်၍ရသော ဦးဝင်းငြိမ်းတို့ကိုပင် အရင်က

၂ နှစ်၊ ၃ နှစ်တခါမတွေ့ဖြစ်၊ ရွှေအမြုတေစာပေဆုပေးပွဲ လုပ်သည့်အခါမှသာ တနှစ်တခါပြန်တွေ့ဖြစ်ကြသည်။ ၂၀၀၇ ခုနှစ် ပခုက္ကူဦးအုံးဖေ စာကြည့်တိုက်ဆုရသည်ဟု သိရသောအခါမှ ဆရာမောင်ဆုရှင်ကို ဖုန်း

ဖြင့် စတင်စကားပြောဖူးခဲ့သည်။ လူချင်း မတွေ့ဖြစ်ကြသေး။ ဆရာမောင်ဆုရှင်နှင့် အခြားဆရာကြီးများ၏စာ

များကိုဖတ်ပြီး ကြီးပြင်းလာခဲ့သောကျွန်တော်က ဆရာကြီးများကို အပြင်မှာမဆုံဖူးသော်လည်း သူတို့၏ ဓာတ်ပုံ များဖြင့်သိနှင့်နေပါသည်။ ကျွန်တော့်လို စာပေချာတိတ်တယောက်ကိုတော့ ဆရာကြီးများက သတိထားမိကြ လိမ့်မည် မဟုတ်ပါချေ။

ပခုက္ကူရောက်မှ ဆရာနှင့် စကားပြောဖြစ်ကြသည်။ သိပ်မကြာပါ။ မိနစ် အနည်းငယ်မျှလောက်သာဖြစ်

သည်။ ဂုဏ်၊ သမ္ဘာ၊ မာနကင်းသော ဆရာ့ရုပ်လွှာသည် တဖက်လူကို အေးချမ်းစေသည်။ အင်အား ရှိစေသည်။ ရှစ်ဆယ်နားကပ်သော သူ့အသက်အရွယ်၊ သူ့စာပေဂုဏ်ကို ဘေးချထားပြီး အသက်ငါးဆယ်ကျော်မျှ သူ့သား၊

သူ့ တူအရွယ်ရှိသူကို လေးလေးစားစား ဆက်ဆံသည်။ မာနတို့ပလွှားမှုတို့ အလျင်းမတွေ့ရ၊ ဆရာက စာတည်း နှင့် စာပေရွေးချယ်ရေးအဖွဲ့တို့တွင် တာဝန်ကြီးကြီးယူရာ သူတာဝန်ယူဖတ်ရသောစာပေတို့ကို စာအဖြစ်သာမြင် သူဖြစ်သည်။ ရေးသူ၏လွှမ်းမိုးမှုဖြင့် သူဖတ်သော စာတို့အပေါ် သက်ရောက်ခွင့်မပေး၊ သူ့သိက္ခာ၊ သမာဓိ၊ စာ 32


ပေကျင့ဝ် တ်တို့ကို ကောင်းစွာထိန်းသိမ်းနိုင်သူ ဖြစ်သည်။

ပခုက္ကူမှာ တည်းခိုသည့်နေရာများမတူကြ၍ တဦးနှင့်တဦးအခြေကျကျစကားမပြောဖြစ်ကြ၊ နောက်ဆုံး

ပြန်ခါနီး ‘ဟိုပင်’ မြန်မာထမင်းဆိုင်တွင် ရန်ကုန်မှလာသူများရော၊ ပခုက္ကူမှအိမ်ခံများ ထမင်းစုစားစဉ်တဦးနှင့်တ

ဦး မိတ်ဆက်ရင်း ၂၀၀၇ ခုနှစ်အတွက် ဆရာနှင့်နောက်ဆုံးတွေ့ဖြစ်ခဲ့ရသည်။ ထိုတနှစ်လုံးတွင် ဆရာနှင့်မတွေ့ ဖြစ်ကြတော့။ ဖုန်းလည်း မပြောဖြစ်ကြပါ။

၂၀၀၈ နှစ်ဦးသို့ ရောက်လာသောအခါ ဆရာနှင့် ထပ်မံဆုံဖြစ်ကြပြန်ပါသည်။ ဒေါက်တာ တင်ထွန်းဦးမှ

ဖွားသန့်စင်လိုက်သော သုတစွယ်စုံစာပေဆုတွင်ဖြစ်သည်။ ဆရာက ကြေညာသူအဖြစ် ကျွန်တော့် ကိုယ်ရေးအ ကျဉ်းကို ဖတ်ပြသည်။ နောက်ဆုရွေးချယ်ရေးအဖွဲ့က ရွေးချယ်လိုက်သော စာအုပ်ခေါင်းစဉ်ကို ကြေညာသည်။ ပညာမတတ်သော ပညာရှိ၊ ပညာမရှိသော ပညာတတ် ဟူသော ခေါင်းစဉ်ကို ခပ်ဆန်းဆန်းဟု ရယ်သွမ်းသွေး ပြီး ကြေညာသော ဆရာ့ပုံရိပ်ကို ကျွန်တော်မြင်ယောင်ဆဲ ဖြစ်သည်။ တဆက်တည်း စာပေဗိမာန်တွင် ခေါင်း

ဆောင်မှုနှင့် ကမ္ဘာ့စီးပွားရေးအကြောင်း ဆွေးနွေးပွဲတခုတွင် ဦးဆောင်ဆွေးနွေးပေးဖို့လည်း ပြောသွားပါသေး သည်။ ထိုပွဲအပြီးတွင် ဆရာနှင့်ကျွန်တော် ရင်းနှီးမှုအတိုင်းအတာခရီးတိုတခုအထိ ရောက်လာခဲ့၏။ သို့သော် လူချင်း သေသေချာချာ စကားမပြောဖြစ်ကြသေး။

ကျွန်တော်ကိုယ်တိုင် ညံ့တာတွေလည်းပါသည်။ အလုပ်သဘောအရ အချိန်ကိုရှာဖွေရခက်ခဲခြင်းလဲ

ပါသည်။ ၁၉၇၀ အစဦးပိုင်းကာလတွေတည်းက စာပေနယ်ထဲရောက်ရှိနေခဲ့သော ကျွန်တော့် စာပေလမ်း

ကြောင်းသည် ၁၉၇၉ နောက်ပိုင်း အချိုးအကွေ့တခု ဖြစ်သွားခဲ့သည်။ စစ်မှုထမ်းဘ၀ဖြင့် နယ်တကာ့နယ် တာ ၀န် ထမ်းဆောင်ခဲ့ရသောကာလများတွင် စာကိုကြုံလျှင် ဖတ်သည်ထက် ဘာမှပိုမလုပ်နိုင်ချေ။ စာကြမ်းလေး တမျက်နှာမျှ ရေးနိုင်သောအချိန်တို့ပင် ကောင်းစွာမရခဲ့။ အလုပ်တာဝန်များဖိစီးမှုကလဲ ရေးရန်စိတ်တို့ကို နေ

ရာ လုံးဝမပေးခဲ့ပါ။ သည်တသက် စာပေလောကနှင့်ဝေးရပြီ ဟူသော အတွေးမျိုးပင် တခါတရံ ၀င်ရောက်ခဲ့ဖူး ပါသည်။

၁၉၉၁ တွင် တပ်မှ အငြိမ်းစားယူဖြစ်၏။ ပြောင်းလဲလာသော ဈေးကွက်စီးပွားရေးတွင် တခုခုဖြစ်အောင်

လုပ်ကြည့်မည်ဟူသောအတွေးဖြင့် ကုမ္ပဏီတခုကိုစတင်တည်ထောင်ခဲ့ပါသည်။ ဆိုရှယ်လစ်ခေတ်တွင် ကြီးပြင်း ခဲ့ပြီး တပ်မတော်သားဘ၀ဖြင့် ဆယ်စုနှစ်တခုကျော် တာဝန်ထမ်းဆောင်ခဲ့ရာမှ ရုတ်တရက် အငြိမ်းစားယူပြီး အ

သက်မွေးဝမ်းကျောင်း အသစ်တခုသို့ပြောင်းလဲလိုက်ရခြင်းသည် ဘုန်းကြီးလူထွက်ကဲ့သို့ ခပ်စိမ်းစိမ်းဖြစ်ခဲ့သည်

သုတများကို အပြင်းအထန်ဖြည့်ဆည်းရသည်။ ဥပဒေကို လေ့လာရသည်။ နိုင်ငံတကာစီးပွားရေးဆိုသည်က ဆို ရှယ်လစ်ခေတ်၌ အိပ်မက်ကဲ့သို့ပင်တခါတလေ ယောင်ယမ်း၍အလည်လာဖူးသည့် အရာမဟုတ်ခဲ့။ ဘာသာစ

ကားကို ပြန်လည်လေ့ကျင့်ရသည်ကလဲ ခပ်သေးသေး အလုပ်တခုမဟုတ်။ ဘာလုပ်လုပ် “အဖြစ်မလုပ်တတ်” ၍ သူများတကာထက် ပိုပင်ပန်းသည်။ ပေမီ ဒေါက်မှီ စီးပွားရေးလုပ်ငန်းရှင်တဦးဖြစ်ဖို့အတွက် လေးနှစ်ကျော် ကာလအတွင်း တရက်မျှအနားမယူဖြစ်ခဲ့။ သားငယ်ကို ကျောင်းပို့ပြီး ၇ နာရီတွင် ရုံးခန်းရောက်တတ်လေ့ ရှိ သော ကျွန်တော်သည် လမ်းမီးတိုင်များမီးလာမှ အလုပ်သိမ်းဖြစ်လေ့ ရှိတတ်သည်။

ကံ၊ ဥာဏ်၊ ၀ီရိယ သုံးပါးတိုက်ဆိုင်၍ စီးပွားရေးလောကတွင် တာထွက် ကောင်းခဲ့ပါ၏။ အချိန်တိုအ

တွင်း အရှိန်တော်တော်လေးလဲ ရလာပါသည်။ စီးပွားရေးနယ်ထဲသို့လည်း မည်ကာမတ္တမဟုတ်ဘဲ ထဲထဲဝင်ဝင် ရောက်သွားဖြစ်သည်။ စီးပွားရေးအခြေကျလာသည့်အခါ နှစ်ပေါင်း ၂၀ ကျော် ငုပ်နေသောစာပေသွေးတို့က ခ န္ဓာကိုယ်ထဲ တကျော့ပြန်စီးဆင်းလာသည်။ သည်မှာ ဦးဝင်းငြိမ်းနှင့် ဆုံဖြစ်ခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီမှ ထုတ်ကုန်တခုကို ကံစမ်းမဲဖောက်ခြင်း၊ ရောင်းအား အကောင်းဆုံးကိုယ်စားလှယ်များကို ဆု

ချီးမြှင့်ခြင်းပွဲတွင် ဦးဝင်းငြိမ်းက အခမ်းအနားမှူးလုပ်ပေးရှာသည်။ သည့်နောက် မိခင်ကုမ္ပဏီ အောက်တွင် Art & Publishing ဌာနတခုကို တိုးချဲ့ပြီး ဈေးကွက်စီးပွားရေးဂျာနယ်ကို ထုတ်ဖြစ်သည်။ ဆရာ သန်းဝင်းလှိုင်က

အယ်ဒီတာချုပ် လုပ်သည်။ တနှစ်နီးပါးခန့်မျှ ထိုစာစောင်ကို ဆက်တိုက်ထုတ်ဝေဖြစ်၏။ ကျွန်တော် စာတလုံးမှ ၀င်မရေးဖြစ်ခဲ့။ ကိုယ့်စာစောင်မှာ ကိုယ်မရေးချင်၊ အယ်ဒီတာချုပ်က မြရိပ်ညိုမဂ္ဂဇင်းဆီသို့ ရုတ်တရက်ရောက် သွားသည်။ ဂျာနယ်လည်း ရပ်သွားခဲ့၏။ ၁၉၉၃ ခုနှစ်လောက်က ဖြစ်သည်။

၁၉၉၄ လောက်ရောက်တော့ စာပေအပေါ် သံယောဇဉ်မပြတ်နိုင်သေး၍ ရွှေစည်းစိမ်မဂ္ဂဇင်းကို ထပ်

ထုတ်ဖြစ်ပြန်သည်။ သည်တခါက အယ်ဒီတာချုပ်က ဆရာဦးဝင်းငြိမ်း၊ ရင်ထဲက အရင်းခံပြင်းပြနေ၍သာ မဂ္ဂ ဇင်းထုတ်ဖြစ်သည်။ ကျွန်တော် အချိန်ကောင်းစွာမပေးနိုင်ခဲ့။ ဆရာ ဦးဝင်းငြိမ်းလဲကြိုးစားရှာသည်။ ထင်သ

လောက် ခရီးမပေါက်ခဲ့ကြ။ ၂ နှစ်ကျော်ကျော် ထုတ်ဖြစ်ခဲ့သော ရွှေစည်းစိမ်လည်း တစခန်းရပ်သွားပြန်သည်။

စာပေနှင့်အကျိုးမပေးသေးဟုသာ ဖြေသိမ့်လိုက်ရပါသည်။ ရွှေစည်းစိမ် ရပ်တန့်သွားသော်လည်း ကျွန်တော်နှင့်

ဆရာဦးဝင်းငြိမ်းတို့ကြား ဘာအဖုအထစ်စိုးစဉ်းမျှ မရှိခဲ့ချေ။ နှစ်ဦးသား နားလည်မှု အပြည့်အ၀ဖြင့် ခဏဝေးကွာ ခဲ့ကြသည်ဟုသာ သဘောထားလိုက်ပြီး တချိန်မှာပြန်ဆုံနိုင်ဖို့မျှော်လင့်ဖြစ်သည်။ ဆရာဦးဝင်းငြိမ်းနှင့် ထဲထဲ ၀င် ၀င် ခင်မင်သွားသည်က မှတ်မှတ်ရရ ဖြစ်သွားသည်။ သည်မှာလည်း ကျွန်တော် စာတလုံးမှ ၀င်မရေးဖြစ်ခဲ့ ပြန် ပေ။ ကလောင်နာမည် မရသေးဘဲ ကိုယ့်မဂ္ဂဇင်းကိုယ် မရေးချင်၊ ရေးရန်လည်း စိတ်မသန့်။ 33


ဦးဝင်းငြိမ်းပျိုးထောင်ခဲ့သော ရွှေအမြုတေသည် တစတစ ပင်ပျိုမှတဆင့် ရင့်ကျက်လာပြီး အသီးအပွင့်

တို့ဖြင့် ဖြာဝေလာသည်။ ကျွန်တော် စာမရေးဖြစ်သေး။ ကျွန်တော် ဒုတိယတကျော့ စာပေနယ်ထဲ ရောက်လာ

သည်က ပုလဲမြို့ပြမဂ္ဂဇင်းဖြင့်ဖြစ်သည်။ တနှစ်ကျော်ကြာပင်တိုင်အဖြစ်ရေးဖြစ်ပြီး ပုလဲမြို့ပြလည်းရပ်တန့် သွား ရှာသည်။ ထိုအချိန်ရောက်တော့ ရေးလက်စအရှိန်ရလာသော ကျွန်တော့် လက်ချောင်းတို့ကို တားမရတော့၊ စီး

ပွားရေးကလည်း ကောင်းစွာအထိုင်ကျသွားပြီမို့ အထစ်ထစ်အငေါ့ငေါ့ အကြိမ်များစွာရှိခဖဲူ့းသော စာပေနယ်တွင် ထပ်ကြိုးစား ကြည့်ချင်လာသည်။ ဤသို့ဖြင့် ရွှေအမြုတေတွင် ရေးဖြစ်တော့သည်။ ယခုဆိုလျှင် မှန်မှန် မပျက်မ ကွက် ရေးခဲ့သည်မှာ ဆယ်စုနှစ်တခုစာမျှ ရှိသွားပြီဟု ထင်သည်။ ပုလဲမြို့ပြနှင့် ရွှေအမြုတေမဂ္ဂဇင်းများသည်

ကျွန်တော့်အတွက် အာဝါသကောင်းများဖြစ်ခဲ့၍ ကျေးဇူးမကင်း။ ဆရာဦးဝင်းငြိမ်းသည်လဲ ဆရာမောင်ဆုရှင် ကဲ့ သို့ ဖြောင့်မတ်သူ၊ တည်ကြည်သူ၊ လေးနက်သူ၊ စာပေသိက္ခာရှိသူဖြစ်သည်။ စာပေသြဇာအပြင် လူမှုရေးသြဇာ လဲရှိသူ ဖြစ်သည်။ တဖက်သားကို ကူညီတတ်သော၊ ကိုယ်ချင်းစာတတ်သော စာပေသမားကောင်း တဦးဖြစ် သည်။

၂၀၀၉ ခုနှစ်၊ မေလ ၂၈ ရက်သည် ကျွန်တော့် အမှတ်တရနေ့တနေ့ ဖြစ်လာသည်။ အမှတ်တရဖြစ်စေ

သည့် အချက်သုံးချက်ဖြစ်၏။ တချက်က ‘ရွှေ’ ကပေးသည့် ဆောင်းပါးဆု၊ ၀မ်းသာရမလိုဖြစ်ခဲ့၏။ ရွှေအမြုတေ

မှာ ၁၀ နှစ်မျှ ဆက်တိုက်ရေးဖြစ်ခဲ့သည့်ကာလတလျှောက် အသိအမှတ်ပြုခံရ၍ ၀မ်းသာခြင်းဖြစ်၏။ ထိုဝမ်းသာ မှုသည် မကြာခင် တိမ်ထဲ၌လွင့်ပျောက်ကုန်သည်။ ဦးဝင်းငြိမ်း၏အဖွင့် ကျေးဇူးတင်စကားတို့ကြောင့် ဖြစ်သည်။

ဦးဝင်းငြိမ်းမှ အားလုံးကိုကျေးဇူးတင်စကားပြောခြင်းသည် ၀မ်းသာဖွယ်၊ ပီတိဖြစ်ဖွယ်ရှိသော်လည်း ရွှေအမြုတေ စာပေဆုကို နောင်နှစ်များတွက် ဆက်လက်ဆောင်ရွက်ရန် မသေချာတော့ကြောင်း ထည့်သွင်းပြောသွားသော ကြောင့် အားလုံးရုတ်တရက် အံ့အားသင့်သွားကြရသည်။

ဆရာဝင်းငြိမ်းက သူ့အခြေအနေကို ဆရာဇော်ဂျီ၏ ‘ဗေဒါ’ ဖြင့်တင်စားခဲ့သည်။ တရာ၊ နှစ်ရာမကသော

ဘဲအုပ်တို့ဖြင့် ရင်ဆိုင်နေရကြောင်း၊ လှိုင်းလုံးတွေကလည်း အတောမသတ် ရိုက်ခတ်နေကြောင်း၊ ဗေဒါအတွက် အားမတန်မာန်လျှော့ရမည့် အခြေအနေကို ရင်ဆိုင်နေရ၍ သူမရှိသည့် နောက်ပိုင်း ဆရာ့ညီများက ဆက်လက် ဆောင်ရွက်လိုလျှင် ဆောင်ရွက်နိုင်ကြောင်း ဆို့ဆို့နင့်နင့်ဖွင့်ချရှာသည်။ ကျွန်တော်ရော၊ ကျွန်တော့်ဘေးတွင် ထိုင်နေသော ဆရာကြီး မောင်ဆုရှင် (ဦးမျိုးသန့်)တို့ ခပ်မဆိတ်ဖြစ်သွားကြသည်။ အတွေးကိုယ်စီနှင့် ဦးဝင်း

ငြိမ်း ကျန်းမာရေးကြောင့်လား၊ အခြား အခက်အခဲတခုခုကြောင့်လား၊ အားလုံးက လွတ်လပ်စွာ တွေးတောနေ

ကြလိမ့်မည်ဟု ထင်သည်။ ကျွန်တော့်အလှည့် ကျေးဇူးတင်စကားပြောခွငရ့် သောအခါ စင်မြင့်နှင့် မစိမ်းလှသော ကျွန်တော့် စိတ်နှင့်ကိုယ်သည် အတူတကွ မရှိခဲ့။ ကျွန်တော့်စာကို အသိအမှတ်ပြုပေး၍ ကျေးဇူးတင်ကြောင်း သို့သော် အင်အားတ၀က်တို့ လွင့်ပျက်ခဲ့ရကြောင်းနှင့် နောင်နှစ်များတွင်လည်း ရွှေအမြုတေ စာပေဆုတို့တွင်

ဦးဝင်းငြိမ်းကို ဤစင်မြင့်ထက်၌ ထပ်မံတွေ့မြင်လိုကြောင်း ခပ်တိုတိုပြောပြီး စင်မြင့်မှ ပြန်ဆင်းခဲ့သည်။ ကိုယ့် နေရာ ကိုယ်ပြန်ရောက်သည်အထိ ကျွန်တော့် အတွေးတို့ကို ပြန်လည်စုစည်း၍ မရခဲ့သေး။

ဆရာကြီး မောင်ဆုရှင်ကိုလဲ ခပ်တွေတွေဖြင့် စိတ်မကောင်းဖြစ်နေသည်ကို တွေ့ရသည်။ ကျွန်တော်

တို့နှစ်ဦး မိနစ်အတော်ကြာမျှ စကားမပြောဖြစ်ကြ။ သည်ပွဲမှာ ကျွန်တော့်ကို ဆုချီးမြှင့်သည်က ဆရာကြီး မောင် ဆုရှင် ဖြစ်သည်။ သူနှင့်နှစ်ဦးတွဲ ဓာတ်ပုံရိုက်ဖြစ်၏။ မကြာမီ လေးနက်သော အမှတ်တရဖြစ်လာမည်ဟု ကျွန် တော် တို့ နှစ်ဦးစလုံး သတိမမူမိကြ။

“ဆရာ၊ ကျွန်တော် နည်းနည်းအေးလာလို့ ပြန်တော့မယ်နော်။ နောက် တွေ့ကြသေးတာပေါ့” “ဟုတ်ကဲ့ ဆရာကြီး။ ကျေးဇူးပဲနော်”

ဆရာကြီးကို နောက်ဆုံးစကား ပြောခွင့်ရလိုက်ခြင်းဟု ကျွန်တော်မသိခဲ့တတ်သေး။ “နောက် တွေ့ကြသေးတာပေါ့”

ဟုဆိုခဲ့သော ဆရာ့ကို ကျွန်တော်တို့ မတွေ့နိုင်ကြတော့ပါ။ မှတ်မှတ်ရရ ဇွန်လ ၂ ရက်နေ့၊ မနက်ပိုင်း ကိစ္စတခု ဖြင့် မိတ်ဆွေတဦးထံ ကျွန်တော် ဖုန်းဆက်ဖြစ်သည်။ “အစ်ကိုရေ Bad News တခု သိပြီးပြီလား”

ဆရာကြီးမောင်ဆုရှင်နှင့် ဆက်စပ်လိမ့်မည်ဟု ကျွန်တော်လုံးဝမျှော်လင့်မထားခဲ့။ကျွန်တော့်ဆန္ဒတို့မပြည့်ဝခဲ့ပါ။ “ဆရာ ဦးမျိုးသန့် မနက်က ဆုံးတယ်”

“ဗျာ ဟုတ်ရဲ့လားဗျာ။ ဟိုနေ့က ရွှေအမြုတေပွဲမှာတောင် အတူထိုင်ခဲ့ကြသေးတာ”

ဖုန်းချပြီး ကျွန်တော် ထိုင်ခုံမှာမလှုပ်မယှက်ဖြစ်နေမိသည်။ ဦးဝင်းငြိမ်းကို ကျန်းမာရေး ဂရုစိုက်ဖို့ လှမ်းပြောဦး မည်ဟု တွေးထားသော ကျွန်တော်သည် လွန်ခ့ေဲ သာ လေးငါးရက်လောက်က အတူတွဲထိုင်ခဲ့သော ဆရာ့သ

တင်းကို ကြားရသောအခါ မယုံကြည်နိုင်လောက်အောင် အံ့သြခဲ့ရသည်။ ယူကျုံးမရ ဖြစ်ရသည်။ ၀မ်းနည်းတသ ဖြစ်ရသည်။ စာပေလောကအတွက် တောက်ပသောကြယ်တပွင့် ရုတ်တရက်မြေခသွားသည်ဟု ခံစားရပါသည်။ အစားထိုးမရသော အဖိုးတန်ပတ္တမြားတလုံး ဖြစ်သည်။

34


ဆရာ၏ ပြုံးရွှင်သော၊ မေတ္တာဓာတ်ပြည့ဝ် သောမျက်နှာသည် ကျွန်တော့်အာရုံမှ တော်တော်နှင့် ထုတ်

မရခဲ့။ အဘိဓာန်ကြီး သုံး၊ လေးအုပ်ကို သယ် သယ်နေရပါသည်ဟူသော ဆရာသည် ကျွန်တော်လက်ဆောင်

ပေးခဲ့သော အီလက်ထရောနစ် အိပ်ဆောင်အဘိဓာန်လေးကို တလမျှသာ သုံးသွားနိုင်ခဲ့ပါသည်။ အဖြစ်အပျက် တို့ကား ပြင်းထန်လွန်းလှစွာသည်။ သေမင်းသည်လဲ ရက်စက်လနွ်းလှစွာသည်။

ဇွန်လ ၄ ရက်နေ့၊ နေ့လယ် တနာရီခွဲခန့်တွင် ကျွန်တော်တို့ဇနီးမောင်နှံ ဆရာ့ကို ဂါရ၀ပြုကြရန် ရေဝေး

သို့ ရောက်ခဲ့ကြသည်။ ဆရာ့ဈာပနကို ပြင်ဆင်ထားသောခန်းမသည် ပြည့်ညပ်နေ၏။ ဆရာ့ကို ချစ်ကြသော စာ ပေမောင်နှမတို့သည် ခန်းမကို ပွင့်ထွက်သွားမတတ် ဖြစ်စေသည်။ ချစ်သူ၊ ခင်သူ၊ လေးစားသူ၊ ကိုးစားသူ ဤမျှ လျှံနေခြင်းသည် ဆရာ့ စာပေသြဇာ၊ ဆရာ့ မေတ္တာသြဇာ၊ ဆရာ့ စေတနာသြဇာတို့၏ ရောင်ပြန်ဖြစ်သည်။

အသက်ရှိစဉ်က ပြုံးခဲ့သော ဆရာသည် ဈာပနစင်ထက်တွင်ပင် ပြုံးလျက်ရှိနေပါသေးသည်။ တိုက်ပုံအ

ဖြူရောင်ကို လွှမ်းခြုံထားသည်။ ဆရာ့စိတ်ထားဖြူစင်မှုကိုကိုယ်စားပြုနေသည့်အလား တည်ကြည်သော၊ ဖြောင့် မတ်သော၊ စာပေအပေါ်သစ္စာကြီးမားသော၊ အားလုံးသော သူတို့အပေါ် စေတနာပြည့်ဝသော ဆရာသည် ငြိမ်း ချမ်းစွာ လဲလျောင်းနေပါ၏။

အစားထိုးမရသောဆရာ ဖြစ်ပါသည်။ ဒုတိယမြောက် မောင်ဆုရှင်လဲ မွေးဖွားနိုင်တော့မည် မဟုတ်ပါ။

စာပေအပေါ် သစ္စာရှိစွာသံယောဇဉ်ကြီးခဲ့သော ဆရာ့ဝိညာဉ်သည် မြန်မာ့စာပေလောကတွင် စိမ့်ဝင်ပျံ့နှံ့နေဦး

မှာ ဖြစ်သည်။ ဆရာ့လိုလူမျိုးအတွက် “ကောင်းရာသုဂတိလားပါစေ” ဟူသော ဆုတောင်းသည် လိုအပ်မည်ဟု

မထင်။ မြန်မာစာပေ၊ မြန်မာလူမျိုးအတွက် မျိုးချစ်စိတ်ဖြင့် မှတ်တိုင်များစွာ စိုက်ထူခဲ့ပြီးသော ဆရာသည် တပါး

သောဘ၀၌ ကောင်းရာသုဂတိဖြင့် ပြည့်စုံစွာ ခံစားနေမည်ဟု ယုံကြည်သည်။ ဆရာ့အနေဖြင့် တပါးသောဘ၀မှ မြန်မာစာပေ၊ မြန်မာလူမျိုးအတွက် စောင့်ရှောက် ချီးမြှောက်နေပါလိမ့်ဦးမည်။

…………………………………………… ။ ~ ။ ………………………………………………

ရွာတခါ သာတလှည့် နေဇင်လတ် (September 2009)

ခုတလော စာရေးရန် ကုန်ကြမ်းများ တော်တော်လေးစုမိနေသည်။ ကုန်

ကြမ်းတို့ကိုလိုက်၍မမီနိုင်၊ လူမှုရေး၊ စီးပွားရေး၊ အယူအဆရေးရာ၊ ပညာ

ရပ်ဆိုင်ရာအပြင် နိုင်ငံရေးဆိုင်ရာကုန်ကြမ်းတွေ ပါဝင်သည်။ ချက်ချင်းချ

ရေးချင်လာသော ကုန်ကြမ်းတခု မထင်မှတ်ဘဲရလိုက်ပြန်သည်။ ရွှေအမြု တေစာပေတိုက်မှ စာအိတ်တအိတ် လက်ခံရရှိလိုက်သည်။ စာအိတ်ပေါ်

တွင် ‘ကဗျာဆရာ မောင်ပြည့်မင်း’ မှပေးသည်ဟူသော မှတ်ချက်လေး ရေး ထားသည်။ ကျွန်တော့်အတွက် အထူးအဆန်း၊ ဖွင့်ကြည့်လိုက်တော့ကဗျာ

စာအုပ်လေးတအုပ်နှင့် စာတစောင်ကို တွေ့ရသည်။ ကဗျာစာအုပ်၏ မျက် နှာဖုံးကိုမြင်လိုက်သည်နှင့် ချက်ချင်းမှတ်မိလိုက်၏။ လွန်ခဲ့သော အနှစ်

လေးဆယ်နီးပါးက ကိုယ်တိုင်ရေးခဲ့သောကဗျာစာအုပ်လေး၏ မျက်နှာဖုံးဖြစ်ပါသည်။ စာကို ဖြန့်လိုက်သော အခါ...။

မိတ်ဆွေများခင်ဗျာ...

ကျွန်တော် စုဆောင်းခဲ့တဲ့ကဗျာစာအုပ်များထဲမှာ ကျောက်ပုံနှိပ်ကဗျာစာအုပ်များလဲ တခေတ် အနေအထား အရ ပါဝင်ခ့ပဲါတယ်။ အခုအခါ ဒီကဗျာစာအုပ်များသက်တမ်းဟာ နှစ်သုံးဆယ်လောက်ရှိခဲ့ပြီဖြစ်လို့ ကျွန်တော့်ဆီမှာ

ရှိနေမယ့်အစား မူရင်းကဗျာရေးသူများလက်ဝယ်ရှိခဲ့ရင် ပိုပြီးအမှတ်တရ ဖြစ်စေမယ်လို့ယူဆမိပါတယ်။ ဒီကဗျာ စာအုပ်များ မူရင်းရေးသူ ကဗျာဆရာများလက်သို့ ကောင်းမွန်စွာ ပန်လည်ရောက်ရှိဖို့ဆိုတာ ကျွန်တော့် ရည်စူး ချက်ပါပဲ။

ခင်မင်စွာဖြင့်

မောင်ပြည့်မင်း

ဖုန်း-၀၉၅၁______ 35


ဦးဆုံး ဆရာမောင်ပြည့်မင်းကို အထူးကျေးဇူးတင်လိုက်ရပါသည်။ ပြီးတော့ တော်တော်လဲလေးစားသွား၏။ ရေး

ခဲ့သူကိုယ်တိုင်က မသိမ်းဆည်းနိုင်ခဲ့သော လွန်ခဲ့သည့်နှစ်လေးဆယ်နီးနီးခန့်က ကဗျာစာအုပ်လေးကို အသေအ ချာသိမ်းဆည်း ပေးခဲ့ပြီး သဒ္ဓါပြည့်ဝစွာဖြင့် တကူးတက၊ လက်ရောက် ရောက်အောင် ပေးနိုင်ခဲ့သော သူ့စာပေ စိတ်ဓာတ်ကို တော်တော် ချီးကျူးမိသည်။

ဆရာ မောင်ပြည့်မင်းထံ ချက်ချင်းဖုန်းဆက်ဖြစ်လိုက်၏။ ကျေးဇူးတင်စကားလဲ လေးလေးစားစား ဆိုခဲ့

သည်။ သူထိန်းသိမ်းခဲ့သော ကဗျာစာအုပ်များကို ရေးသားခဲ့သူများထံ ကျွန်တော့်လိုပဲပို့ပေးနေပါသည်ဟု သိရ

သောအခါပို၍ ဦးညွတ်မိ၏။ ကျွန်တော်တို့ လူချင်းမမြင်ဖူးကြသေးပါ။ တနေ့တွေ့ဖြစ်အောင် ကြိုးစားရပါဦးမည်။ ပြောရင်း ဖုန်းပြတ်သွား၍ ဆရာမောင်ပြည့်မင်းက ကျွန်တော့်ထံ ပြန်ဆက်ရှာပါသည်။ လေးစားဖွယ်ရာ ကောင်း

သော စာပေမိတ်ဆွေတဦးပါ။ ငယ်စဉ်က ‘ရသ’ စာပေတို့ဖတ်၍ကြီးပြင်းခဲ့ရသော ကျွန်တော်သည် ၁၉၇၀နှောင်း ပိုင်းကာလများတွင် စာပေနှင့် နှစ်ပေါင်း ၂၀ ကျော် ဝေးကွာသွားပြီး ၁၉၉၈ ရောက်မှ တကျော့ပြန်ခဲ့ရသည်။ အ ရွယ်ရလာသည်မို့ တကြောင်း၊ ကျင်လည်ရာ ပတ်ဝန်းကျင်ကြောင့် တကြောင်း၊ ‘သုတ’ စာပေများသာ ရေးဖြစ် တော့သည်။ ۞۞۞

ခေါင်းစဉ်က ‘အချစ်စာမျက်နှာ’

ကျွန်တော်ပြုံးမိသည်။ သည်ဘက် ဆယ်နှစ်ကျော် ကျွန်တော်ရေးဖြစ်သော စာတို့နှင့် ဘာမှမဆိုင်တော့။ မြန်မာ ကဗျာ ၃၄ ပုဒ်နှင့် အင်္ဂလိပ်ကဗျာ ၄ ပုဒ်၊ စုစုပေါင်း ၃၈ ပုဒ် ဖြစ်သည်။ ငါ့အသည်း

အဆိပ်ထက်ကဲ

မျိုရဲရင်သောက် အူပေါက်သွားမယ် မှတ်ထားလိုက်၊ ငါ့အသည်း

မီးစိုင်ထက်ကဲ သေရဲရင်ဆုပ် အရေစုတ်သွားမယ် မှတ်ထားလိုက်၊ ငါ့နှလုံးသား

ခွဲနိုင်တယ်လား အားစမ်းချင်ရင်လာခဲ့၊ အသွေးအကြော မနှမြောရင်

မင့်နှလုံးသား မသနားရင်

အူအသည်း ဟက်တက်ကွဲခံနိုင်ရင် စိန်ခေါ်ချင်သပ။ _____ _____ ဟိုစဉ်အရေး၊ ဟိုစဉ်အတွေးကို ကျွန်တော်ပြုံးမိ၏။ မလုံမလဲဟုလဲ ခံစားရသည်။ အရွယ်သည် အတွေး

တို့ကိုလဲ ပြောင်းလဲစေသည်။ အယူအဆတို့ကို တော်လှန်ပစ်သလို၊ ခံယူချက်တို့ကိုလဲ တခါတရံ ပြောင်း ပြန်

လှန်ပစ်တတ်သည်။ ဘ၀နှင့် ဒဿနတို့သည် တခါတရံ ပြေပြေလေးလဲကွေ့၏။ တဆစ်ချိုးလဲကွေ့၏။ အသက်၊ အတွေ့အကြုံ၊ အလုပ်၊ ပတ်ဝန်းကျင်တို့၏လွှမ်းမိုးမှုကိုလည်း ခံရပါသည်။

ကိုးတန်း၊ ဆယ်တန်း ကျောင်းသားဘ၀ကစ၍ ကဗျာစစ၊ စာစစ ဖြစ်ခဲ့သည်။ ရူးမူးသည့်အထဲ မပါဝင်ခဲ့

သော်လဲ အသွေးအသားထဲကပိုးတို့ကို ကောင်းစွာမသတ်နိုင်ခဲ့၊ တက္ကသိုလ်ရောက်တော့ နံရံကပ်စာစောင်တွေ

မှာ ၀င်ရေးဖြစ်သည်။ စက်မှုတက္ကသိုလ် နှစ်ပတ်လည်မဂ္ဂဇင်းတွေမှာလရေးဖြစ်သည်။ တံခွန်နှင့်ထိုစဉ်က သြဇာ ကြီးသည့် သပြေမဂ္ဂဇင်းမှာလဲ ရေးဖြစ်သွားသည်။ အတွေးနုသောအချိန်မို့ ‘ရှဲဒိုး’ ခြောက်အုပ်ခန့်လည်း ရေးဖြစ် ပြန်သည်။ ရုပ်ပြဇာတ်လမ်း တချို့လဲ မလွတ်။

36


အရေးလေး နည်းနည်းရလာသောအခါ သီးသီးသန့်သန့် လုံးချင်းလေး ထုတ်လိုသော ချဉ်ခြင်းတက်လာ

သည်။ မှတ်မိသေးသည်။ ‘သီလ၀’ စာပေက ဦးကျော်သန်းနှင့်တွေ့ပြီး စာမူထားခဲ့ပါဆို၍ထားခဲ့သည်။ နောက်

တခေါက်တွေ့သောအခါ ထုတ်ဖြစ်သည်ဆို၍ ၀မ်းသာခဲ့ဖူးသည်။ ထုတ်ဝေခွင့်တွေ ရှားပါးသောအချိန်နှင့် တိုက်

ဆိုင်၍ မထုတ်ဖြစ်ခဲ့၊ နောက် ပတ်ဘလစ်ရှာကိုစိုးမြင့်နှင့် တွေ့သည်။ စာမူဖတ်ကြည့်ပြီး ထုတ်မည်ဆိုတော့ ရုတ် တရက် ၀မ်းမသာရဲသေး။ သူထုတ်သော စိန်မမ၏စာအုပ်တွင် ကြော်ငြာလေးထည့်ပေးသောအခါမှ စိတ်ထဲက ‘ဟင်း’ ချလိုက်နိုင်သည်။

ပီတိတို့ ငယ်ထိပ်တိုင်ရောက်၏။ အသက်ငယ်ငယ်နှင့် စာရေးဖြစ်ပြီဟူသော ကြည်နူးမှုတို့နှင့်အတူ လွှင့်

မျောနေဖြစ်သည်။ ထိုဝမ်းသာမှု၊ ကြည်နူးမှုတို့ကို ကံတရားကကြာကြာမျက်နှာသာပေးလိုခြင်း ရှိဟန်မတူ၊ ထုတ် ဝေသူ ကိုစိုးမြင့်ထံတွင် ပင်တိုင်ရေးနေသော စာရေးဆရာနှင့် တွေ့ပါဆို၍ တောင်ဥက္ကလာ ၁၃ ရပ်ကွက်သို့ ရောက်ခဲ့သည်။

‘ကိုယ်တို့လည်း မောင်ရင်တို့လို ဘ၀ကပဲ စခဲ့ရတာပါ၊ ဘာမှအားမငယ်နဲ့၊ လိုတာပြော’

သူ့စကားတွေက ကျွန်တော့်အတွက် မဟာအားဆေးများဖြစ်ခဲ့သည်။ သို့သော်လဲ အရက်များသွား၍လား၊ အ မြည်းများသွား၍လားမသိ၊ သူ့စကားတို့ကို သူပြန်မမှတ်မိခဲ့၊ ထုတ်ဝေသူက တရက်စိတ်မကောင်းစွာဖြင့် ‘ဆရာလေး ၀မ်းနည်းပါတယ်။ တနှစ်လောက် စောင့်ပေးပါလား’

စာပေနယ်ထဲ မလည်မ၀ယ်ဖြင့် ရောက်လာသူအတွက် ဘယ်လိုနားလည်ရမည် မသိတော့။ သို့ဖြင့် ကိုယ့်စာမူ

ကိုယ်ပြန်ယူခဲ့လိုက်သည်။ နောက်မှသိရသည်မှာ ‘ဘာမှ အားမငယ်နဲ့။ လိုတာပြော’ဟူသော စာရေးဆရာကြီးက ငွေကြေးချို့တဲ့သောထုတ်ဝေသူကို အကျပ်ကိုင်ခံရ၍ နောက်ဆုတ်သွားမှန်း ၀မ်းနည်းစွာ သင်ခန်းစာရလိုက်ပါ သည်။

‘ဒီလောက်တောင် ဖြစ်ရတာ’ ဟူသော ကြုံးဝါးသံဖြင့် ကိုယ်တိုင်ထုတ်ဝေသူ ဖြစ်လာခဲ့၏။ ၁၉၇၀ နှောင်း

ပိုင်းကာလမှာဖြစ်သည်။ နောင် ဒါရိုက်တာမီးပွားဖြစ်လာမည့် ကိုခင်ဇော်က အကူအညီများစွာပေးခဲ့သည်။ ဆရာ

ချစ်ဦးညိုဆီက စာမူတောင်းပေးခြင်းဖြင့်ကူညီခဲ့သလို ဖြူးမြို့က နှစ်နှင့်ချီ၍ တမေ့တမြော ရေးဆွတဲ တ်သောပန်း

ချီကျော်ဆီကစာမူတို့ကိုလဲရအောင် ကိုခင်ဇော်ကပင် မရရအောင်ယူပေးရှာသည်။ ဆူးလေဘုရားလမ်း မီးရထား ခုံးတံတားအနီးတွင် ဧရာမဆိုင်းဘုတ်ကြီး ထောင်ပစ်လိုက်ပြီး စာပေနယ်ထဲ ခပ်ကြမ်းကြမ်း ၀င်ပစ်လိုက်သည်။ ကံတရားက မဖေးမခဲ့ပြန်။

ဗိုလ်သင်တန်းတက်လိုက်ရ၍ စာပေကိုကျောခိုင်းလိုက်ရပြန်သည်။ စာလဲ မရေးဖြစ်တော့။ စာအုပ်တွေ

လဲ မထုတ်ဖြစ်တော့။ သင်တန်းဆင်းပြီး စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှုးရုံးကို သတင်းပို့သည့် နောက် နယ်

လှည့် တာဝန်ထမ်းဆောင်ရသော ကာလရှည်တခုအတွင်း လေး၊ ငါးပုဒ်မျှသာရေးဖြစ်ခဲ့သည်။ ရေးသည်ဟုမဆို သာ။

ဖြန့်ချိရေးပေးထားသော သူဆီမှဘာမှပြန်မရ။ စာအုပ်လက်ကျန်လည်းမရသလို ငွေကလဲ အရည်ပျော်

သွားသည်။ တချို့သော စာရေးဆရာ၊ ပန်းချီဆရာများကလဲ တက်ညီလက်ညီ ဇာတိတွေ ပြလာ၏။ ထိုသို့သော စုန်းပြူးများကြောင့် မြန်မာ့စာပေအတွက် စိတ်မကောင်းခဲ့။

သို့သော် ထုတ်ဝေသူပေါက်စ ကျွန်တော် ဘာမှမတတ်နိုင်။

ဒဏ်ရာဒဏ်ချက်ရခဲ့ဖူးသောကျွန်တော်သည် ဒုတိယအကြိမ်စာပေနယ်ကို သတိကြီးစွာဖြင့်ထပ်ရောက်

ခဲ့ပြန်သည်။ ဈေးကွက်စီးပွားရေးဂျာနယ်ကို ထုတ်ခဲ့၏။ အယ်ဒီတာချုပ်လုပ်သူက တနှစ်လောက်လုပ်ပြီး ဘာမ ပြော ညာမပြော တခြားမဂ္ဂဇင်းသို့ ကူးပြောင်းသွားသည်။ မြန်မာ့စာပေယဉ်ကျေးမှုတို့ မပြောင်းလဲသေးပါလား ဟူသော အတွေးတို့ မ၀င်ရန် အတော်ဆီးတားခဲ့ရသည်။

နောက်တော့ ပုလဲမြို့ပြမှာ ရေးဖြစ်သွားသည်။ ထုတ်ဝေသူ ဦးတင်ဝင်းနှင့် သိကျွမ်းရသောအခါ လူ

ကောင်းတွေရှိပါသေးတယ်ဟူသော အားဆေးကိုပြန်သောက်လိုက်ရသလို ခံစားလိုက်ရသည်။ နောက် ဆရာ

ဦးဝင်းငြိမ်း၏ရွှေအမြုတေမှာ ပုံမှန်ရေးဖြစ်ပြန်သည်။ ကျီးကန်းတွေရှိသလို ဗျိုင်းတွေလဲ ရှိသေးတာပဲဟု စာပေ လောကအတွက် အားတက်မိသည်။

တကျော့ပြန်ခရီးတွင် ခါးသီးသောအတွေ့အကြုံချည်း မဟုတ်တော့ပါ။ ချိုမြိန်မှုများလည်း တွေ့ရခဲ့ရပါ

သည်။ ကံတရားက မျက်နှာသာ ပေးလာသည်ဟု ထင်မှတ်ရပါ၏။ စာပေလောကတွင် ကျယ်ပြန့်ခြင်း မရှိသေး သော ကိုယ့်ဝန်းကျင်၌ အဖြူရောင်တွေကို ခပ်များများပင် ကံကောင်းစွာထိတွေ့ခဲ့ရသည်။ ပခုက္ကူဦးအုံးဖေစာ

ပေဆုတွင် ဆရာကြီးမောင်ဆုရှင် အပါအ၀င် စာရေးဆရာကြီးတချို့နှင့် သိကျွမ်းခွင့်ရသည်။ စာပေသိက္ခာရှိပြီး စေတနာမှန်သောသူများဖြစ်၍ ဒုတိယအကြိမ် စာပေခရီးတွင် အားတက်ခဲ့ရသည်။

‘ပါးစပ်ဘုရား၊လက်ကားယား’ မဟုတ်။ စိတ်ရင်းမှန်ဖြင့် ကူညီကြသူများဖြစ်သည်။

۞۞۞

စာပေတကျော့ပြန်ခရီးလမ်းတွင် အဖုအထစ်တို့ အတော်နည်းပါးပါသည်။ လူကောင်းများစွာကို တွေ့ခဲ့

ရ၍ စုန်းပြူးအနည်းငယ်မျှကို မေ့ထားလိုက်နိုင်ပါသည်။ ကိုယ့်စာပေ၊ ကိုယ့်လူမျိုးအတွက်လဲ အားမပျက်မိတော့။ 37


ဆရာမောင်ပြည့်မင်းကို ကျွန်တော် သိရှိခဲ့ဖူးခြင်းမရှိခ့ပဲါ။ နှစ်လေးဆယ်နီးပါးက ထုတ်ဝေခဲ့သော ကဗျာစာအုပ် လေးသည်လဲ ကျော်ကြားသူတဦးလက်ရာမဟုတ်၍ တသဖွယ်ရာမဟုတ်။ လူမှုရေးအဆက်အစပ်၊ စီးပွားရေးအ ဆက်အစပ်စသည်တို့လဲ အလျဉ်းမရှိ၊ စာပေရောင်းရင်း၊ စာပေမိတ်ဆွေဟူသော စိတ်ရင်းခံမရှိဘဲနှင့် ကျွန်တော့် ထံ ဤကဗျာစာအုပ်လေး ရောက်မလာနိုင်။ ဤသို့ စိတ်ရင်းအခံကောင်းသူ၊ စေတနာမှန်ကြီးသူများ ရှိသေးသည် ကိုတွေ့ရသောအခါ ကျွန်တော့်စာဟောင်းကိုပြန်ရ၍ လှုပ်ရှားရသောစိတ်ထက် ထိုသို့လူများ ရှိနေသည့်အတွက် ဂုဏ်ယူမိသော စိတ်အလှုပ်အရှားကပိုသည်ဟု ခံစားရသည်။ ဆရာမောင်ပြည့်မင်းသည် ကျွန်တော့် တဦးတည်းထံသို့သာ ပေးပို့သည် မဟုတ်။ သူစုဆောင်းခဲ့သော စာအုပ်များစွာကို မူရင်းရေးခဲ့သူများထံသို့ နှစ်များစွာကြာပြီးနောက် စိတ်ရင်းကောင်းဖြင့် ရောက်အောင် ပို့ပေး နေခြင်းဖြစ်သည်။ စေတနာအရင်းခံမကောင်းဘဲ ဤအလုပ်ကို လုပ်နိုင်သည်မဟုတ်ချေ။ ဤစေတနာအတွက် လှုံ့ဆော်မှုကလည်း စာပေအပေါ် သစ္စာကြီး၊ သံယောဇဉ်ကြီး၊ စာပေစိတ်ဓာတ်များကို တန်ဖိုးထားတတ်သူများမှ လုပ်နိုင်သောအလုပ်ဖြစ်သည်။ သူ့အကျိုး ဘာမှမရှိ၊ ဘာမှလဲ မမြင်၊ ရေးသူများ ပီတိတခုစားရပါစေဆိုသော သူ့ စေတနာကိုသာ မြင်ရပါသည်။ ရက်ပိုင်းက ဆုံးသွားသော ဆရာမောင်ဆုရှင်၏ပုံရိပ်သည် ကျွန်တော့်အာရုံမှ မထွက်တတ်သေး။ စာပေ လောကအတွက် တန်ဖိုးကြီးသောရတနာတပါး ကွယ်ပျောက်သွားသည်ဟု ခံစားချက်ပြင်းနေဆဲဖြစ်သည်။ သုံး လေးရက်ကမှ ရွှေအမြုတေစာပေဆုတွင် အတူတွဲထိုင်ခဲ့သူဖြစ်၍ ဆရာ့ပုံရိပ်ကို ကျွန်တော့်အာရုံမှ တော်တော် နှင့် ထွက်ခွာဖြစ်မည်မဟုတ်။ ဆရာ မောင်ဆုရှင်သည်လဲ တခဏတာ ပြောခွင့်ကြုံသောအခိုက်မှာပင် သူ့စိတ် ရင်း၊ စေတနာနှင့် သဒ္ဓါတို့ကိုသိခွင့်ရခဲ့၏။ တဖက်သူကို စာပေသစ္စာ၊ သိက္ခာတို့ဖြင့် မာန်မာနကင်းကင်း၊ များစွာ သော စေတနာတို့ဖြင့် ကူညီသူ၊ ဖေးမသူ၊ စောင့်ရှောက်သူဖြစ်သည်။ ဆရာ့စကားတွေသည် ကျွန်တော့်အတွက် အမှန်တကယ် ခွန်အားများ ဖြစ်ခဲ့သည်။ ‘ပါးစပ်ကလဲ ဘုရား၊ လက်ကလဲ တရား’ နှင့်သူ ဖြစ်သည်။ ယခုအခါလည်း နှစ်များစွာကရေးခဲ့ပြီး ကျွန်တော့်ထံတွင်ပင် မသိမ်းဆည်းနိုင်ခဲ့သော စာမူဟောင်းတို့ကို စေတနာကောင်းသူတို့ကြောင့် ရုတ်တရက်ပြန်ရခဲ့သည်။ တိုက်ဆိုင်မှုတွေသည် ကြီးမား၏။ စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်၏။ ထို့ထက်ပိုသည်က စာပေကို တကယ်မြတ်နိုးကြသူများ၊ စေတနာကောင်းကြသူများ၊ စာပေသိက္ခာကြီးသူ များကို တွေ့မြင်သိကျွမ်းရခြင်းဖြစ်သည်။ စာပေလောကတွင် အသွေးအရောင်စုံကြားက အဖြူရောင်ခပ် တင်း တင်းတို့နှင့် ဆုံဖြစ်၊ ကြုံဖြစ်ရာ မည်သို့ဆိုစေကာမူ ၀မ်းသာအယ်လဲ ဂုဏ်ပြုကျေးဇူးတင်၊ အားတက်မိ ဖြစ်ရပါ သည်။

…………………………………………… ။ ~ ။ ………………………………………………

လောကအကျိုး

နေဇင်လတ် (October 2009)

ဗုဒ္ဓ၏ အဆုံးအမ တရားတို့ကို အနှစ်ချုပ်လျှင် နှစ်ချက်ကို တွေ့ရ၏။

လောက အကျိုး၊ အများ အကျိုး သယ်ပိုးရန်နှင့် မိမိကိုယ်တိုင် လောကမှ လွတ်မြောက်၍ နိဗ္ဗာန် မျက်မှောက်ပြုနိုင်ရန် ဖြစ်သည်။

သုမေဓာ ရှင်ရသေ့ဘ၀ကတည်းက နိဗ္ဗာန်သို့ကူးလျှင် ရနိုင်သော်

ငြားလည်း လောကအကျိုး သယ်ပိုးရန် လေးသင်္ချေ ကမ္ဘာတသိန်း ဖြည့်

ဆည်းခဲ့ပြီး ဘုရားဖြစ်သည့်အခါတွင်လဲ နောက်ဆုံးအချိန်အထိ မရပ်မနား လောကအကျိုး၊ အများအကျိုး သယ်ပိုးခဲ့သည့် မဟာကရုဏာ၊ မဟာစေ တနာများကား အံ့ဖွယ်ချီးကျူးဖွယ်ရှိရသည်။

ဗုဒ္ဓပရိနိဗ္ဗာန်ပြုခဲ့သည်မှာ နှစ်ပေါင်း ၂၆၀၀ နီးလာခဲ့ပြီး ကြားကာလတွင် 38


ဤကမ္ဘာကြီးသည် ပူသည်လဲရှိ၏။ အေးသည်လဲ ရှိခ့၏ဲ ။ ချမ်းသာသောနိုင်ငံများ ရှိခဲ့သလို မွဲတေနေရသော နိုင် ငံများလဲ အများအပြား၊ အင်အားကြီးသောနိုင်ငံများရှိသလို ကိုယ့်နိုင်ငံကိုယ်မကာကွယ်နိုင်သော နိုင်ငံများလဲရှိ ၏။ စစ်သူရဲကောင်း၊ ကြမ်းကြမ်းတိုက်၊ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့ရာမှ အသိရခဲ့သော အသောက မင်းလို မဟာပုရိသများရှိခဲ့သလို မုန်းတီးစိတ်၊ နာကြည်းစိတ်ဖြင့် နောက်ဆုံးထွက်သက်အထိ လူတွေကို သတ်ပြီး ရင်းသတ်၊ ကိုယ့်ကိုယ်ကိုယ်လဲ ပြန်သတ်ခဲ့သော ဟစ်တလာလိုလူမျိုးလဲ မွေးဖွားခဲ့ဖူးသည်။

နှစ်ပေါင်း ၂၆၀၀အတွင်း ကမ္ဘာကြီးသည် အပြောင်းအလဲများစွာ ဖြစ်ခဲ့သည်။ နိုင်ငံများစွာတို့သည်လဲအ

ပြောင်းအလဲများစွာ ဖြစ်ခဲ့သည်။ ကမ္ဘာကြီးက ပြောင်းသည်မဟုတ်၊ သူ့ဝင်ရိုးပေါ်သူလည်၍ နေကိုသာ တနှစ်တ

ကြိမ် ပုံမှန်ပတ်နေပါသည်။ နိုင်ငံအသီးသီးမှာရှိကြသော လူတွေက ပြောင်းလဲနေကြခြင်းဖြစ်သည်။ အထူးသဖြင့် လုပ်ပိုင်ခွင့် ရှိကြသော ဦးဆောင်သူတွေကသာ ပြောင်းလဲနေကြခြင်း ဖြစ်သည်။ အသိနှင့် ပြည့်စုံသောခေါင်း

ခေါင်းဆောင်တို့က အများအကျိုးအတွက် လောကီဖြစ်စေ၊ လောကုတ္တရာအရဖြစ်စေ တခုခုကို ကောင်းသော

လားရာသို့ ပြောင်းလဲခြဲ့ ကသလို အသိအားနည်းသော ဟစ်တလာလို အမြင်ကျဉ်းသည့် ခေါင်းဆောင်တို့ကလ

လောကီ၊ လောကုတ္တရာ ရှုထောင့်နှစ်မျိုးလုံးမှ လက်ခံနိုင်ဖွယ်ရာမရှိသော ဆုတ်ယုတ်ခြင်းမျိုးကို ဆောင်ကြဉ်းခဲ့

ကြသည်။ လောကသည် အပြောင်းအလဲ အစဉ်တစိုက် ဖြစ်နေသည်။ မည်သို့ပြောင်းလဲသည်ကို ဦးဆောင်သူတို့ က ရုပ်လုံးဖော်ကြသည်။ လောကကောင်းကျိုး

ခေတ်သစ်စီမံ ခန့်ခမွှဲုဂုရုကြီး ပီတာဒရက်ကာ (Peter Drucker) ကလဲ သူရေးခဲ့သော စာအုပ်ပေါင်း ၂၆

အုပ်လုံးတွင် လူ့လောက၊ လူ့အဖွဲ့အစည်း ကောင်းကျိုးကိုသာ အနှစ်သာရအားဖြင့် ရေးခဲ့သည်။ ဒရက်ကာက

လောကီရှုထောင့် တခုတည်းမှ လောကီချမ်းသာမှုကိုသာဦးတည်၍ ရေးခဲ့သည်။ ဗုဒ္ဓက လောကုတ္တရာ ချမ်းသာ မှုကိုပါ ဗုဒ္ဓအမွေအဖြစ် ပေးခဲ့သည်။ လူတွေ အသိတူ၊ အမြင်တူ၊ ရည်ရွယ်ချက်တူလျှင် ဘာဖြစ်မည်နည်း။

ပြောင်းလဲမှုဖြစ်စဉ်သည် တဖက်စွန်းသို့ ရောက်မည်ဖြစ်၏။ ကောင်းလျှင် အလွန်ကောင်း၍ ဆိုးလျှင် အ

လွန်ဆိုးသော ပြောင်းလဲမှု ဖြစ်စဉ်ကို ပေးပါလိမ့်မည်။ အမှန်သိ သိလျှင် ကောင်းသော ပြောင်းလဲခြင်းများကို

ဆောင်ကြဉ်းမည်ဖြစ်သော်လဲ အမှားကို အမှန်ဟုသိလျှင်ကား ဆိုးသောပြောင်းလဲခြင်းများကို ကမ္ဘာလုံးအမျှပြင်း ထန်စွာပေးမည်ဖြစ်သည်။ လူတွေ အသိတူ၊ အမြင်တူ၊ ရည်ရွယ်ချက်တူ မဟုတ်ကြပါ။

ထို့ကြောင့် ကမ္ဘာ့အတိုင်းအတာနှင့် မဟုတ်သော်လဲ ကမ္ဘာပေါ်ရှိ နိုင်ငံများစွာ၌ ဦးဆောင်သူတို့၏ အ

သွေးအရောင်ပေါ်လိုက်၍ အပြောင်းအလဲများ ဖြစ်ကြပါ၏။ ကမ္ဘာ့အတိုင်းအတာဖြင့်မဟုတ်ဟု ဆိုသော်လဲကမ္ဘာ ဆန်မှုဖြစ်စဉ်အရ သက်ရောက်မှုများကတော့ ဘယ်နိုင်ငံမှလွတ်ကင်းသည် မရှိ၊ များများ “စံ”၊ များများ “ခံ” ရ သောနိုင်ငံနှင့် နည်းနည်း“စံ”၊ နည်း နည်း “ခံ” ရသောနိုင်ငံအဖြစ်သာ ကွာနိုင်ကြသည်။ အချိန်အခါတခု၏ ဦး

ဆောင်သူတို့အပေါ် မူတည်၍ အကောင်းအဆိုးတို့ ဖြစ်သွားကြသည်။ ဦးဆောင်သူ အားလုံးမှာ‘လူ’ ထဲက‘လူ’ သာဖြစ်၏။ ဗုဒ္ဓအလိုအရ ပုထုဇဉ် ၄ မျိုးကို ခွဲခြား ပေးခဲ့သည်။

အန္ဓဗာလပုထုဇဉ်သည် ဥာဏ်အမြင်လဲ ကန်း၊ မိုက်လဲ မိုက်သူ ဖြစ်သည်။ အန္ဓပုထုဇဉ်မှာ ဥာဏ်အမြင်

ကန်းပြီး ကလျာဏပုထုဇဉ်မှာ သာမန်အတွေးနှင့်ဥာဏ်အမြင်ရှိသူဖြစ်သည်။ ပတ်ဝန်းကျင်၏ ရေခံမြေခံကောင်း မှု၊ ငယ်စဉ်သင်ကြားခဲ့ရသော ပညာ၊ အတွေးအခေါ်မှန်တို့ကို ဆရာကောင်း၊ သမားကောင်းများထံမှ ရရှိနိုင်ခြင်း အပေါ်မူတည်၍ ကလျာဏပုထုဇဉ်တို့မှာ ကောင်းခြင်းဘက်ရောက်နိုင်ခွင့် ရှိသည်။ မိသားစုကို ဦးဆောင်ခြင်းမှ ဧရာမကုမ္ပဏီကြီးများ အလယ်၊ နိုင်ငံများကို ဦးဆောင်ကြသူတို့အဆုံး အရေးကြီး၏။ မည်မျှ မှန်ကန်သောအ

တွေးအခေါ်၊ အသိအမြင်၊ ပညာများရရှိလာသနည်း ဟူသည့်ပေါ်မှာ ကြီးစွာအခြေခံ၍ကောင်းခြင်း၊ ဆိုးခြင်းတို့ကို ရလဒ်အဖြစ် မျှော်လင့်နိုင်သည်။

တချို့သောသူများ (ယေဘုယျ အသုံးအားဖြင့်) ပညာများစွာ တတ်ကြ၏။ ပညာတတ်ခြင်းနှင့် စာတတ်

ခြင်းကို ကိုယ်တိုင်ပိုင်းခြားနိုင်ကြသောသူများ ရှိနိုင်သော်လဲ အမှန်သိ၊ မသိကိုမူ သူတို့လုပ်ရပ်များဖြင့် တိုင်းတာ နိုင်သည်။ အများအကျိုး၊ လောကအကျိုး မည်မျှဆောင်ရွက်နိုင်ခြင်းသည် အခြေခံ ‘စံ’ တခု ဖြစ်သည်။ တချို့

စိတ်ဓာတ်အထက်တန်းကျသော ပုထုဇဉ်များသည် ကိုယ်ကိုယ်တိုင်လဲ သံသရာမှလွတ်မြောက်ရန်၊ အများအ

ကျိုးလဲပါရန် ‘နိဿရဏ’နည်းဖြင့် လေ့လာဆည်းပူးကြသည်။ တချို့ စိတ်ဓာတ်အောက်တန်းကျသော သူများမှာ အများက ကိုယ့်ကိုအထင်ကြီးစေရန်၊ သူတပါးပေါ် ပညာပြရန် ‘အထဂန္ဒူပမာ’ လေ့လာကြသည်။ စာတတ်ခြင်း တူသော်လဲ ပညာတကယ်တတ်ခြင်း မတူနိုင်ပါ။ ပထမအမျိုးအစား ခေါင်းဆောင်တို့ကို ရရှိခြင်းသည် ကောင်း သော ဆုလာဘ်ကြီးတခုဖြစ်သော်လဲ ဒုတိယအမျိုးအစား ခေါင်းဆောင်တို့ကို ဆရာ အတင်မှားမိလျှင် သံဃာ စင်မှောက်မည် ဖြစ်သည်။ ကိုယ်မှတပါး

ဗုဒ္ဓ၏အဆုံးအမတို့သည် လောကမှလွတ်မြောက်ရန် တခုတည်းအတွက်သာ အကျိုးရှိသည်မဟုတ်ဘဲ 39


လောကကြီးထဲ ကျင်လည်နေစဉ်တွင်လဲ အကျိုးကြီး၏။ လောကီ၊ လောကုတ္တရာ အကျိုးနှစ်ဖြာကို ကြီးစွာရ၏။ တချို့သော ပညာရှိ၊ ခေါင်းဆောင်ကောင်းတို့သည် မိမိက ပေးကမ်းစွန့်ကြဲ ခြင်း၊ အများ ကောင်းရာမွန်ရာ

ရောက်ရှိခြင်းအပေါ်မှာ ရသ(ပျော်ရွှင်ခြင်း)ကို ရယူသည်။ အထက်မှ အောက်သို့၊ မြင့်ရာမှ နိမ့်ရာ ရေစီးသကဲ့သို့ ဖြစ်၏။ မိမိက ရယူခြင်း၊ အများဒုက္ခဆင်းရဲတွင်းရောက်ခြင်းတို့ကို မပြုလုပ်ကြချေ။ ပညာမဲ့လူမိုက်များကား မိမိ

ရယူခြင်းတွင် ဥစ္စာပစ္စည်းအရဖြစ်စေ၊ ဂုဏ်ပကာသနအရဖြစ်စေ၊ ရာထူးအရှိန်အ၀ါအရဖြစ်စေ ကြိုးစားလေ့ရှိကြ ပြီး ၎င်းအပေါ် ရသယူကြသည်။ ဆန့်ကျင်ဘက်ဖြစ်သည်။ ပညာရှိတို့က လောကအကျိုးဆောင်ကြပြီး ပညာမဲ့

တို့က လောကအကျိုးယုတ်လျော့စေသည်။ စာရိတ္တ ချို့တဲ့သူ၊ သမာသမတ် မရှိသူ၊ တကိုယ်ကောင်း ဆန်သူ၊ အများအကျိုး ဖျက်ဆီးသူတို့ကို မသေခင်က ‘ပုပ်’နေသူများဟု သတ်မှတ်နိုင်သည်။

အဖွဲ့အစည်းတခုတွင် တာဝန်အရှိဆုံးသူမှာ ခေါင်းဆောင်ဖြစ်သည်။ နောက်လိုက်များအပေါ် တာဝန်ပုံ

ချ၍မရ၊ တာဝန်ယူခြင်းကို Responsibility ဟုသုံးပြီး တာဝန်ခံခြင်းကို Accountability ဟုပြောပါသည်။ ၂၀၀၈

နောက်ပိုင်းလေးလပတ်တွင် ကမ္ဘာ့စီးပွားရေးအခြေအနေ၊ အထူးသဖြင့် ဘဏ္ဍာရေးကဏ္ဍသည် အမှောင်တိုက်

ထဲရောက်နေ၏။ ခေါင်းဆောင်လုပ်သူတို့ တာဝန်ခံကြရသည်။ အောက်ခြေကို အပြစ်ပုံချ၍ မရ၊ အမေရိကန်၏ ဘဏ်ကြီးနှစ်ခုဖြစ်သော Freedie Mac နှင့် Fannie Mae တို့ စတင်ပြိုလဲရာမှ ဂယက်က အားလုံးကို ကူးစက်

ရိုက်ခတ်သွားခြင်းဖြစ်သည်။ သမ္မတက ထိုဘဏ်ကြီးနှစ်ခုအပေါ် အပြစ်ပုံချ၍ မရ၊ အမေရိကန်နိုင်ငံ အနေဖြင့်

သမ္မတမှာ တာဝန်ရှိကြောင်း၊ တာဝန်ယူရသည်။ ကမ္ဘာ့အဆင့်တွင်လဲ အမေရိကန် တနိုင်ငံတည်းကို အပြစ်ပုံ၍

အကျိုးမထူးတော့။ ပြင်သစ်၊ အင်္ဂလန်၊ ဂျာမနီ၊ ဂျပန်၊ အမေရိကန်၊ တရုတ်စသော အင်အားကြီးနိုင်ငံများစုပေါင်း ၍ ဖြေရှင်းရန်သာကြိုးစားကြပြီး အကောင်းဆုံးနည်းလမ်းကိုသာ ရှာဖွေကြရတော့သည်။

သဘောထားပြည့်ဝသူများကား အပြစ်ကို မိမိကိုယ်၌သာ မြင်လေ့ရှိသည်။ သဘောထား မပြည့်ဝသူ၊

သေးသိမ်သူများသည် အပြစ် ဟူသမျှကို မိမိမှအပ သူများကိုယ်၌သာ တွေ့မြင်လေ့ရှိကြပါသည်။ သူတပါးအ ပြစ်ကိုမြင်လေ့ရှိသူများသည် အာသဝေါတရားများ၍ အကုသိုလ်စိတ်ကြီးသူများဖြစ်သဖြင့် ဘယ်သောအခါမျှ အရဟတ္တမဂ်ကို ရနိုင်သူများ မဟုတ်ကြပါ။

Concept ဟူသော အယူအဆ၊ သဘောထား၊ ခံယူချက်တရပ်သည် တဦး တယောက်အတွက် အလွန်

အရေးကြီးသည်။ ငယ်စဉ်က တဦးနှင့်တဦး အကွာအဟသိပ်မရှိခြဲ့ ကသော်လဲ ကြီးလာသောအခါတွင်အကွာအ

ဟ လွန်စွာကြီးမားသွားကြရခြင်းမှာ ငယ်စဉ်မှန်သည်ဟု လက်ခံခဲ့သော Concept အရဖြစ်သည်။ ‘ပညာမတတ် လဲ ရပါတယ်ကွာ”ဟု ခပ်တိုတိုတွေးကြသူများ ကြီးလာသောအခါ ပင်ပန်းဆင်းရဲကြသည်။ အရာရာကို ‘ရပါ

တယ်ကွာ’ဟု သဘောထားကြသူများ၏ ဘ၀သည် တကယ့်လက်တွေ့တွင် ဆန့်ကျင်ဘက်ဖြင့် ရင်ဆိုင်တိုးကြရ သည်။ ဘာမှအလကား ‘ရပါတယ်ကွာ’ ဖြစ်မလာကြပါ။ ပေါ့ပေါ့တွေးသူများ၏ ဘ၀သည် ‘ခပ်ပေါ့ပေါ့’ ဘ၀ရှင်

များသာဖြစ်သွားကြသည်ကို တွေ့ရပါသည်။ အောင်မြင်ကြသူများ၊ ဦးဆောင်ကောင်းကြသူများအားလုံး ဘယ်သူ

မှ ခပ်ပေါ့ပေါ့လုပ်ခဲ့ကြသူများမရှိဟု ယုံကြည်သည်။ တချို့က ‘ပါရမီ’ ပါလာလို့၊ ‘အတိတ်ကံ’ ကောင်းလို့ဟု ဆင်

ခြေပေးကြ၏။ သဘောထားပြည့်ဝသူ၊ လူတော်များသည် သူများကို အပြစ်မမြင်ဟုဆိုခဲ့သည့် စကားတွင် ‘သက် မဲ့’ နှင့် ‘အကြောင်းအရာ’ တို့လဲ ပါဝင်၏။

‘ပါရမီ’ဆိုသည်က အလိုအလျောက် ရောက်လာသည့် ကိစ္စမဟုတ်၊ ကျင့်ကြံရခြင်းမှရလာသော ရလဒ်

တခုဖြစ်သည်။ ဘာမှမလုပ်ဘဲ ဘယ်ကမှ ‘ပါရမီ’ ရမည် မဟုတ်ပါ။ ‘အတိတ်ကံ’ဟု ပြောလျှင်လဲ ‘အတိတ်ကံ’

တခုတည်းပုံချ၍ ဘာမှမလုပ်လျှင် ဘာမှဖြစ်မလာနိုင်ပါ။ ဗုဒ္ဓက ‘ကံ၊ ဥာဏ်၊ ၀ီရိယ’ သုံးပါးကိုဟောခဲ့သည်။‘ကံ’ တွင် အတိတ်နှင့်ပစ္စုပ္ပန်ကံများ ထပ်ခွဲနိုင်သေး၍ ပစ္စုပ္ပန်ကံအရာပိုင်းကို နားလည်စွာ ၊ လိမ္မာစွာ ဖြည့်ဆည်းသင့်

သည်။ ကိုယ်လုပ်၍ရသော အလုပ်ဖြစ်၏။ အခြားဝီရိယနှင့် ဥာဏ်အရာကိုလဲ သည်ဘ၀မှာ ဖြည့်ဆည်း ခွင့်ရပါ သေးသည့်။ လုပ်ဖို့နှင့် အမှန်ကို မြင်ဖို့၊ လက်ခံနိုင်ဖို့သာ အရေးကြီးပါသည်။ အကောင်းမြင်

တချို့က လောကကြီးနှင့်လူတွေကို အကောင်းမြင်သည်။ ‘ယောနိသော မနသိကာရ’ ဖြစ်ပြီး ကုသိုလ်

တရားဖြစ်ခြင်း၏ အနီးဆုံးအကြောင်းလဲ ဖြစ်သည်။ တချို့က ဘေးထိုင်၊ ဘုပြော၊ ဘယ်တော့မှ အကောင်းမမြင်၊ ဘယ်သူ့မှလဲ အကောင်းမမြင်၊ ကိုယ်က ဘာမှမဟုတ်သော်လည်း ဘယ်သူဘာလုပ်လုပ် အကောင်းမြင် စိတ်အ ခံ ဆုံးရှုံးနေကြသူများ ဖြစ်သည်။ မည်သို့ဆိုစေ လောကကြီးကို အကောင်းမြင်ရန် သင့်၏။ အကောင်းမြင်နိုင်မှ

ကောင်းခြင်းတို့ကိုလုပ်ဖြစ်ဖို့ အခွင့်ရှိလာသည်။ အဆိုးမြင်နေသမျှကာလပတ်လုံး အကောင်းလုပ်ဖြစ်မှု ရောက်

လာမည် မဟုတ်ပါ။ အဆိုးမြင်လေ့ရှိသူများသည် တစုံတဦး၏ မကောင်းမှုမြူမှုန်လောက်ကို အမြင်အားသန်လေ့ ရှိကြသော်လည်း မိမိတို့၏ ကြီးမားသောအပြစ်ကိုကား ပြန်မြင်လေ့မရှိကြ၊ ကိုယ့်ကိုယ်ကိုယ် ဝေဖန် သုံးသပ်နိုင် ရန် အချိန်မပေးနိုင်၊ မပေးလိုကြသူများ ဖြစ်သည်။

ခေါင်းဆောင်ကောင်းတို့သည် အောင်မြင်စွာဆောင်ရွက်နိုင်ကြရန် အရည်အချင်းအချို့ကို ဖြည့်ဆည်း

ကြရသည်။ ခေတ်သစ်အရည်အချင်းများကို စီမံခန့်ခွဲမှုဘာသာရပ်၌ ထည့်သွင်းပေးထားကြပြီး ရှေးက ဗုဒ္ဓမိန့် 40


ကြားခဲ့သော အခြေခံအရည် အချင်းများမှာ...။ - ကြာမြင့်စွာ ပြုလုပ်ခြင်း စိရကာလ ဘာဝနာ

- မရပ်မနား အလုပ်လုပ်ခြင်း နိရန္တရ ဘာဝနာ

- အကြွင်းအကျန် မရှိလုပ်ခြင်း နိရ၀သေသ ဘာဝနာ

- ရိုသေလေးစားစွာလုပ်ခြင်း သက္ကစ္စ ဘာဝနာ

- ပျော်ရွှင်စွာ လုပ်ခြင်း အဘိရတိ ဘာဝနာ

အကောင်းမြင်ဝါဒရှိခြင်းသည် မင်္ဂလာတပါးဖြစ်သည်နှင့်အတူ ပကတိတရားကို မြင်ခြင်းသည်လဲအရေး

ပါ၏။ တရုတ်ပြည် ယဉ်ကျေးမှုတော်လှန်ရေးကြီးသည် ဥက္ကဋ္ဌကြီး မော်စီတုံးအား သြဇာအာဏာ ပေးလိုက်နိုင်

သည်ကလွဲ၍ ဘာမှဖြစ်မလာခဲ့။ တိန့်ရှောက်ဖိန် (Deng Xiaoping) လက်ထက် နိုင်ငံ၏အခြေအနေနှင့် ကမ္ဘာ

ကြီး၏ ပကတိအခြေအနေတို့ကို အမှန်မြင်သုံးသပ်နိုင်ခဲ့သည့်နောက်ပိုင်း ပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်မှ

တရုတ်နိုင်ငံကြီး တိုးတက်လာခြင်းဖြစ်သည်။ အလောင်းတော်၏ ဒုက္ကရစရိယာခြောက်နှစ်ကျင့်စဉ်က ဗုဒ္ခ အဖြစ် ရောက်ရှိမသွားခဲ့ပါ။ မည်သို့ဖြစ်စေ ကျင့်ကြံအားထုတ်မှုများက ပါရမီအဖြစ်သို့တော့ ကူးပြောင်းနိုင်ခဲ့ပါသည်။

မဇ္ဈိမ ပဋိပဒါ နည်းလမ်းဖြင့်သာ ဗုဒ္ခအဖြစ်သို့ရောက်ရှိနိုင်မည်ဟူသော အမှန်တရားကိုမြင်ခြင်း၊ လက်ရှိ အခြေအ နေ၏ ပကတိအနေအထားကို သုံးသပ်နိုင်ခြင်းတို့ကြောင့်သာ နောက်ဆုံး ဗုဒ္ဓအဖြစ် ရောက်ရှိခဲ့ခြင်းဖြစ်သည်။

လူ့သဘာဝအရ လိုချင်တာရနေလျှင် အကောင်းဟုယူဆရသော အခြေအနေဖြစ်စဉ်တွင် မည်သူမျှ ပ

ကတိအခြေအနေကို မဆန်းစစ်မိကြပါ။ နည်းပါးခဲ့သော အတွေ့အကြုံသည် ဆိုးသောအခြေအနေ၊ မိမိ မနှစ်

သက်သောအခြေအနေသို့ရောက်သည့်အခါ ပါရမီဖြစ်မလာခဲ့၍ သုံးသပ်ချက်များ အမှန်တရားမှ ယုတ်လျော့နိုင် ပါသည်။ အမေရိကန်၏ဘဏ္ဍာရေး ရုတ်တရက် အဆိုးဘက်တမုဟုတ်ချင်း ရောက်ရှိသွားခြင်းမှာ ဤပေါ်တွင် အခြေခံနေသည်ကို တွေ့ရပါသည်။

လောကသည် ကောင်းခါ၊ ဆိုးတလှည့်ဖြင့် သမိုင်းစာမျက်နှာတို့ကို ဖတ်ချင့စ် ဖွယ် ဖန်တီးပေးသည်။ ကြ

မ္မာရဟတ်တို့သည် လှည်းဘီးအရွေ့ဖြင့် အပေါ်မှအောက်၊ အောက်မှအပေါ်သို့ အပြောင်းအလဲတို့ကို ဖြစ်စေ၏။

အပေါ်ရောက်သည့်အခါ မပြင်ဆင်ထားကြသူများ၊ လောကကို ခပ်ပေါ့ပေါ့တွေးတတ်ကြသူများ၊ အောက်ရောက်

သည့်အခါ ခါးသီးသောအတွေ့အကြုံတို့ကို ခံစားကြရသည်။ ထိုသို့သော ကောင်းခြင်း၊ ဆိုးခြင်းနှစ်ဖြာကြားခံစား နေကြရင်းဖြင့် လောကအကျိုး၊ အများကောင်းကျိုးကို ရတတ်သမျှဆောင်ရွက်နိုင်ကြရန် ကြိုးစားဖို့လိုပါသည်။ ထိုသို့ ဆောင်ရွက်နိုင်မှသာ အနည်းဆုံး လူပီသသောလူ ဖြစ်ချေပါမည်။

…………………………………………… ။ ~ ။ ………………………………………………

အချိန်တခုကို နားလည်ခံစားခြင်း

နေဇင်လတ် (November 2009)

ဘမောင်တို့ ‘အချိန်’ နဲ့ ပတ်သက်လို့ ဖွင့်ဆိုမှုအမျိုးမျိုး မှတ်သား ရဖူး

တယ်။ ‘Time is Precious.’ အချိန်ဟာ တန်ဖိုးရှိတဲ့ အရာလို့ ဆိုတာမျိုး၊ ‘Time waits for no man’ အချိန်ဟာ လူကို စောင့်မနေဘူး ဆိုတာမျိုး၊ ‘No similar thing as time’ ဆိုတဲ့ အစားထိုးမရတဲ့အရာ ဆိုတာမျိုး၊

ပြောရရင် အချိန်ဟာ လူတွေအတွက် ဘယ်လောက်အရေးကြီးတယ် ဆို တာကို ရှုထောင့်အမျိုးမျိုးက ဖော်ကျူးကြတာပါ။

ကာလတခုကို ဖြတ်သန်းပြီးတဲ့အခါမှာ အချိန်နဲ့ပတ်သက်လို့ ‘ငါတို့ဘယ် လောက်’၊ ‘ဘယ်လို’ အသုံးချနိုင်ခဲ့သလဲဆိုပြီး တခါတလေမှာ ဘမောင် 41


တွေးမိတယ်။ ပါလီမန်ခေတ်မှာ မွေး၊ အဲဒီအငွေ့အသက်ကို ခပ်ပါးပါးရှူ၊ ဆုရှိယ်လစ်မှာ ကြီးပြင်း၊ ဈေးကွကစ်ီး

ပွားရေးမှာ ရုန်းကန်ရင်း ဆံပင်တ၀က်ဖြူသွားစေတဲ့ အချိန်ကာလတခုကို ပြန်ပြီးသုံးသပ်မိတယ်။ ခံစားချက်တခု၊ သည်ခေတ်စကားနဲ့ ပြောရရင် ‘ဟတ်’ တော်တော်ထိသွားတယ်။ သေမင်းက သဘောကောင်းလို့ နက်ဖြန်၊ သ

ဘက် ခေါ်မသွားသေးဘဲ သက်တမ်းစေ့လေးနေရရင်တောင်မှ လက်ကျန်ချိန် တော်တော်နည်းနေပါပြီကောလား ကောလား လို့ မကြာ မကြာ သတိထား မိပါရဲ့။

ပြီးဆုံးသွားခဲ့တဲ့ အချိန်တွေမှာ ဘာလုပ်ခဲ့သလဲ၊ ဘာတွေ လုပ်ခွင့်ရခဲ့သလဲ၊ ဘာတွေရော လုပ်နိုင်ခဲ့သ

လဲ။ ကျန်တဲ့အချိန်လေးမှာရော ဘာတွေလုပ်ဖို့ ပြင်ဆင်ထားသလဲ၊ ဘယ်လောက် လုပ်ခွင့်ရမလဲ။ လူအမျိုးမျိုး ရှိ ကြပါတယ်။ တချို့က လုပ်နိုင်တယ်။ လုပ်ခွင့် မရဘူး။ တချို့က လုပ်ခွင့်ရတယ်။ မလုပ်နိုင်ကြဘူး။ ဘမောင်တို့ ဘယ်အမျိုးအစားထဲ ပါသလဲ မသိဘူး။ ကိုယ်က ဘယ်အမျိုးအစားထဲပါသလဲလို့ ဘမောင် ဦးဆုံး ဆန်းစစ်မိ

တယ်။ ခပ်ညံ့ညံ့ထဲမှာ ပါသလား၊ ခပ်သင့်သင့်ထဲမှာ ပါသလား။ သေချာတာတခုကတော့ ခပ်ကောင်းကောင်းထဲ မှာ မပါတာပဲ။

ပြည်သူပိုင်တွေ သိမ်းပြီး ဆိုရှယ်လစ်ရယ်လို့ စနစ်သတ်မှတ်လိုက်တဲ့အချိန်မှာ ဘမောင်က ၁၀ နှစ်သား

လောက်ပဲ ရှိသေးတယ်။ ပါလီမန်ခေတ်ကလူကြီးတွေ လွတ်လွတ်လပ်လပ် ပြောကြ၊ ဆိုကြ၊ ပျော်ကြ၊ ရွှင်ကြ

တာတွေကို ဘမောင် ခပ်ပါးပါးသတိရနိုင်ခဲ့တယ်။ မိဘက ချောင်ချောင်လည်လည်ရှိလို့ အကောင်းစား St.John

ဆိုတဲ့ကျောင်းမှာ မူလတန်းအထိ နေခဲ့ရဖူးသေးတယ်။

အဲဒီကျောင်းမှာ ငါးနှစ်လောက် ကျောင်းတက်ပြီး ဖင်မပူသေးဘူး။ ပြည်သူပိုင်တွေ သိမ်းလို့ မြန်မာ

ကျောင်း ပြန်ပြောင်းလိုက်ရတာလဲ ကောင်းကောင်းမှတ်မိတာပဲ။ ဘုမသိ၊ ဘမသိ မြန်မာကျောင်းပြောင်းရာမှာအ တန်း တတန်း အလျှော့ခံရတယ်။ St.John မှာက K.G မှာ ၃ နှစ်တက်ရတာဆိုတော့ မြန်မာ ကျောင်းတက်ရသူ

တွေထက် ၂ နှစ်လောက်က ပိုသွားတယ်။ တတန်း အလျှော့ခံလိုက်ရပြန်တော့ စုစုပေါင်း ၃ နှစ်၊ ငယ်တုန်းက

တော့ မသိသေးဘူး။ ကြီးလာတော့ ဘမောင်တို့ ‘ထိ’ ရော။ အလုပ်ထဲဝင်တော့ အတန်းတူတွေထက် ဘမောင် က ၃ နှစ်လောက် အသက်ပိုကြီးနေတယ်။

စက်မှုတက္ကသိုလ်မှာ ၆ နှစ်ကျောင်းတက်ပြီး ဗိုလ်သင်တန်းကို အသက် အမြီးဖျားကပ်မီလို့ စစ်မှုထမ်း

ခွင့်ရလိုက်တယ်။ ဆိုရှယ်လစ်ခေတ်ဆိုတော့ အဲဒီတုန်းက ဌာနဆိုင်ရာဝန်ထမ်း လုပ်မလား၊ စစ်ထဲဝင်မလား ဆို

တဲ့ ရွေးချယ်စရာထက် ပိုပြီး ဘမောင်တို့ပိုမရခဲ့ကြဘူး။ စီးပွားရေး ဘာမှမည်မည်ရရ လုပ်ခွင့်ရှိခဲ့တာ မဟုတ်ဘူး။ ဘမောင် ရိုးရိုးသားသား ၀န်ခံရရင် အဲဒီတုန်းက အသက် ၂၀ ကျော် အရွယ်မှာ တိုင်းပြည်ချစ်စိတ်ကို အဓိပ္ပာယ် ကောင်းကောင်းမဖွင့်တတ်သေးဘူး။ အဖေ့သူငယ်ချင်းဗိုလ်မှူးကြီးတဦး အိမ်လာလည်တော့ စမတ်ကျတဲ့ စည်း ကမ်းကြီးတဲ့ သူ့ပုံကိုကြည့်ပြီး သဘောကျလို့ တပ်ထဲရောက်သွားတာ။

ဗိုလ်သင်တန်းကျောင်းဆင်းပြီး စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးကို သတင်းပို့တော့ အသက်ငါး

ဆယ်ကျော်၊ ခြောက်ဆယ်နီးဗိုလ်မှူးတွေကို သတိထားမိလိုက်တယ်။ တချို့ဆို B.Sc Eng. ဘမောင်တို့လို B.Sc ခေတ်က မဟုတ်ဘူး။ တကယ်ပဲ ကမ္ဘာနဲ့ရင်ဘောင်တန်း သင်လာကြတဲ့သူတွေ။ ဟုတ်တယ်။ အဲဒီတုန်းက အင် ဂျင်နီယာတပ်က ခပ်သေးသေးပဲရှိသေးတာ။ တနိုင်ငံလုံးစုပေါင်းထားတဲ့ အင်ဂျင်နီယာတပ်ဖွဲ့ကြီး တခုလုံးမှာမှ ဗိုလ်မှူးကြီး တယောက်၊ ဒုဗိုလ်မှူးကြီး ၄ ယောက်လောက်ပဲရှိတယ်။ ကျန်တာ ဗိုလ်မှူးတွေပဲ။

ဘာများ တတ်နိုင်ဦးမှာမို့လို့လဲ။ ဘမောင်က သဲတပွင့်တည်း ရှိတဲ့ ဥစ္စာ။ ‘ကံ’ ပဲလေဆိုပြီး ဆိုရှယ်လစ်

ခေတ်ကြီးတခုလုံးကို ဖြတ်သန်းပစ်လိုက်တယ်။ ဘမောင်က ကိုယ့်ကိုယ်ကိုလုပ်နိုင်တယ်လို့တော့ သိပ်မထင်ပါ

ဘူး။ ဒါပေမယ့် လုပ်ကြည့်ချင်စိတ်ကလေးတော့ရှိတယ်။ ဒါနဲ့ပဲ ဈေးကွက်စီးပွားရေးမှာ အငြိမ်းစားယူပြီး လုပ်ငန်း ရှင်ဘ၀ကို ပြောင်းလိုက်ဖြစ်တယ်။ သည်နေရာမှာ ဘမောင်က သတိထားမိလိုက်တာတခု ရှိတယ်။

စီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့အခါမှာ အသက်က နည်းနည်းထောက်သွားပြီ။ တကယ်ဆိုရင် ပညာရှာတဲ့

အရွယ်အပြီး အသက် ၂၀ ကျော်လောက်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ထိတွေ့သင့်တယ်။ အဲဒီတော့ သူများ တ

လှမ်းပြေးရင် ကိုယ်က နှစ်လှမ်းပြေး စနစ်ကျင့်သုံးရတယ်ပေါ့။ နောက် ကျော်ဖြတ်ရတဲ့ အခက်အခဲတခုက သုတ ပညာ။ ဆိုရှယ်လစ်ခေတ်တခေတ်လုံးမှာ ယေဘုယျသဘောပြောရရင် မျိုးဆက်တခုလုံး သုတပညာမှာ အား

နည်းခဲ့ကြရတယ်။ အဲဒီတော့ သူများစာတအုပ်ဖတ်ရင်၊ ကိုယ်က နှစ်အုပ်ဖတ် လုပ်ရပြန်တယ်။ နောက် အခက် အခဲတခု ရှိသေးတယ်။ ဗျူရိုကရေစီစိတ်၊ အဲဒါကတော့ သိပ်မပြင်လိုက်ရပါဘူး။ ၀န်ထမ်းဘ၀မှာတည်းက ဘမောင် Flexibility ဆိုတဲ့ ပျော့ပျော့ပျောင်းပျောင်းမျိုးနေတတ်ခဲ့လို့ပဲ။

တကယ်ဆိုရင် လှေကားဆိုတာတထစ်ချင်းတက်ဖို့ ကောင်းတဲ့အရာပါ။ ဆိုးမွေလို့ မပြောလိုပေမယ့် အ

မွေကောင်းမရလိုက်တော့ ဘမောင်တို့လှေကားကို ခုန်ပျံကျော်လွှားပြီး တက်ခဲ့ ကြရတယ်။ နဖူးကချွေး ခြေမ မ ကျခဲ့ပေမယ့် လေ့လာလိုက်ရတာတွေက ခေါင်းပေါ်ကြက်ဥတင်ရင် ကျက်သွားလောက်တယ်။ အရွယ်လွန်မှ စီး

ပွားရေးစလုပ်ရတာဆိုတော့ မအောင်မြင်ပြန်ရင်လည်း တဖက်က ရှက်စိတ်၊ တဖက်က ‘ပန်း’တဲ့စိတ်၊ ဘာပဲပြော ပြော ပျော်စရာတော့ကောင်းပါတယ်။ လုပ်ခွင့်ရသွားကြလို့ပဲ။ ဟုတ်တယ်။ အရေးကြီးတာက လူတိုင်းလုပ်ခွင့် ရ ကြဖို့ပဲ။ မအောင်မြင်ရင် ကိုယ်ညံ့လို့၊ အောင်မြင်တဲ့သူတွေကိုတော့ အနည်းဆုံး မုဒိတာပွားနိုင်တယ်။ ပြီးခဲ့တဲ့ ၃ 42


ပတ်လောက်က Newsweek မှာ Quiet Revolution ဆိုတဲ့ခေါင်းစီးနဲ့ ဆောင်းပါးတပုဒ် ဖတ်လိုက်ရတယ်။ အာ ဏာရ အိန္ဒိယကွန်ဂရက်ပါတီမှာ ရာဟူးရ်ဂန္ဒီက ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အကြောင်း။ သူပြောတာလေး က မှတ်သားစရာအကောင်းပဲ။

‘ဆင်းရဲချမ်းသာ မညီမျှမှုထက် အရေးပိုကြီးတာက လူတိုင်းအခွင့်အရေး ရနိုင်ကြဖို့ပဲ’ လူတိုင်း လုပ်ခွင့်ရနိုင်ကြဖို့ကို သူကဆိုလိုတာပါ။ ဈေးကွက်စီးပွားရေးမှာ တော်တော်များများ လုပ်ခွင့်ရ

လိုက်ကြပါတယ်။ လုပ်နိုင်ကိုင်နိုင်သူတွေ တော်တော်များများ တိုးတက်သွားကြသလို လှေလှော်ရင်း တက်ကျိုး ကြသူတွေလဲရှိကြတယ်။ ဘာပဲပြောပြော လုပ်ခွင့်ဆိုတဲ့ Opportunity ကတော့ ဆိုရှယ်လစ်ခေတ်ကထက် စာ

ရင် အများကြီးပွင့်လင်းလာပါတယ်။ ဆိုရှယ်လစ်ခေတ်မှာ မျိုးဆက်တခုစာဟာ စနစ်တခုရဲ့ သားကောင် ဖြစ်ခဲ့ရ ပေမယ့် ဈေးကွက်စီးပွားရေးမှာ အတော်လေးအခွင့်အလမ်းပွင့်ခဲ့ပါတယ်။

‘Time is Precious’ ဆိုတဲ့ အရာဟာ ဈေးကွက်စီးပွားရေးမှာ အဓိပ္ပာယ်ပိုပြီးဖွင့်လို့ ကောင်းလာခဲ့တယ်။

တကယ်ဆိုရင် ဘမောင်က ကိုယ့်အတွက်ကိုယ်ပူတာ မဟုတ်ဘူး။ သက်သောင့်သက်သာနဲ့ ဘ၀ကို နိဂုံးချုပ်လို့

ရနေပြီပဲ။ ပူစရာမရှိပါဘူး။ ဒါပေမယ့် နိုင်ငံတကာခရီးဆန့်တဲ့အခါကျတော့ အကွာအဟတွေ၊ သူတို့ မျက်လုံးတွေ ကို ကောင်းကောင်းသတိထားမိလာတယ်။ ကိုယ်က တတိယအရွယ်ထဲလဲရောက်ပြီ။ လုပ်နိုင်တာတွေကိုလဲလုပ် ခဲ့ပြီးပြီ။ ကျန်တဲ့ လက်ကျန်အချိန်လေးမှာ ဘာသာရေးနဲ့စာလေးရေးပြီးနေမယ်ဆို နေလို့ရတယ်။ လက်ရှိ အချိန် ကို ဖြတ်သန်းနေကြတဲ့ မျိုးဆက်သစ်တွေအတွက် တစုံတရာသောအခွင့်အလမ်း မရမှာစိုးတာတခုပဲ။

‘သံ’ ဘယ်လောက် ကောင်းကောင်း၊ မသွေးပေးရင် သံချေးတက် တတ်တာ ဓမ္မတာပဲ။ လူငယ်တွေတုံး

သွားမှာ စိုးတယ်။ ကိုယ့်တုန်းက ဈေးကွက်စီးပွားရေးအစမှာ နိုင်ငံတကာစီးပွားရေးသမားတွေနဲ့ မမျှမတ စီးချင်း ထိုးခဲ့ရတာ သွားသတိရမိတယ်။ အချိန်တွေ အကျိုးရှိပါစေလို့ ဆုတောင်းမိတယ်။

ငယ်စဉ်က ‘အချိန်’ တခုကို ကြာတယ်လို့ထင်ရတယ်တဲ့။ ကြီးလာတော့ အချိန်တခုဟာ သိပ်မြန်တာပဲ

လို့ ပြောကြပြန်ရော။ ဘာကြောင့်လဲလို့ ဘမောင် စဉ်းစားကြည့်မိတယ်။ ဆိုက်ကော်လော်ဂျီကို ဘမောင်က အ

ထူးပြုခဲ့သူတယောက်တော့မဟုတ်ပါဘူး။ ကာလတခုကို အမှတ်ထင်ထင်ဖြတ်သန်းခဲ့ပြီးတဲ့ သူတယောက်အနေ နဲ့ အချိန်တခုအပေါ်ခံစားရာမှာ သတိထားမိတာတခုတော့ ရှိတယ်။ ကိုယ့် ရှုထောင့်က ကိုယ်ပြောတာနော်။

ငယ်စဉ်မှာ လုပ်စရာကနည်းပြီး အချိန်ကိုသတိပြုမိတာက များတယ်။ ကြီးလာတော့ လုပ်စရာ ကိုင်စ

ရာတွေကများလာပြီး အချိန်ကို သတိပြုမိတာက နည်းသွားပြန်တယ်။ အဲဒီအပေါ် မတူတဲ့ ခံစားချက်ကြောင့်လို့

ပဲလို့ ထင်တယ်။ အချိန်ကတော့ အချိန်ပဲ။ သူ့ဘာသာသူ မှန်မှန်သွားနေတဲ့အရာပါ။ ဘယ်သူ့ကိုမှ မျက်နှာလိုက် ပြီး ပိုလဲ မပေးဘူး။ လျော့လဲ မပေးဘူး။ သုံးစွသဲူတွေအပေါ်မှာသာ ခံစားချက်က ဖြစ်လာတာ။ ဘမောင်တို့ အ

ရွယ်ရောက်တော့ အချိန်ဆိုတာ ဘယ်လိုကုန်သွားမှန်းကိုမသိတ့အဲ ရာ ဖြစ်မှန်းမသိ ဖြစ်လာတယ်။ တနင်္လာနေ့ ရုံးတက်ရုံရှိသေးတယ်။ ဘယ်လိုလုပ် တနင်္ဂနွေနေ့ ရောက်သွားမှန်း မသိလိုက်တော့ဘူး။

‘Time is running’ ဖြစ်လာတယ်။ တချို့ကလဲ ‘Time is flying’ တဲ့။ အချိန်ကတော့ မှန်မှန်ချီတက်နေ

တဲ့ အရာပါ။ အဲဒီ မှန်မှန်ချီတက်နေတဲ့ အချိန်နဲ့ထပ်တူ အားလုံးသောသူတွေ တစုံတရာသောအတိုင်းအတာ အ

ထိလုပ်ခွင့်ရှိကြဖို့ပဲ လိုပါတယ်။ အာဝါသကောင်းကောင်းတခုမှာ အဲဒီအခွင့်အလမ်းတွေက ရနိုင်သလို၊ ရေခံ မြေ ခံကောင်းမရှိရင်တော့ အဲဒီအခွင့်အလမ်းဟာ မှေးမှိန်တတ်ပါတယ်။

ဘာပဲပြောပြော၊ နောက်တနှစ်တာကာလမှာ အပြောင်းအလဲတစုံတရာရှိလာဖို့ ကြိုးစားနေကြတာ ကြား

နေရပါတယ်။ အာဝါသကောင်းတခု၊ ရေခံမြေခံကောင်းတခု ခိုင်ခိုင်မြဲမြဲ ဖြစ်ပေါ်ပါစေလို့ ဆုတောင်းရပါတယ်။ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ကာလတခု၊ နုဆဲ၊ ပျိုဆဲ၊ စိတ်ခွန်အာကြံ့ခိုင်ဆဲမှာ ဘာမှလုပ်ခွင့်မရှိတဲ့ကာလမျိုးနဲ့ မျိုး

ဆက်သစ်တို့ ဝေးပါစေလို့ ဆန္ဒပြုရပါတယ်။ စင်ကာပူက ၀ါရင့်ဝန်ကြီး ဂိုချုပ်ထောင် မှတ်ချက်ပြုသွားတာလေး ဘမောင် သတိပြုရလိုက်တယ်။

“မြန်မာနိုင်ငံဟာ အခြေအနေကောင်းတခုကိုရလိုက်ရင် ဆယ်နှစ်အတွင်း ဖွံ့ဖြိုးလာပြီး နောက်ဆယ်နှစ် အတွင်း အာရှမှာ အထင်ကရတိုးတက်လာတဲ့ နိုင်ငံတခု ဖြစ်လာလိမ့်မယ်”

သူပြောတဲ့စကား အတိအကျတော့မဟုတ်ဘူး။ အဲဒီသဘောပါတဲ့စကားမျိုး ပြောသွားတာ အားရှိစရာ အတော်

ကောင်းပဲ။ ဘမောင်တို့ အသက်အရွယ်မျိုးဆက်တွေမှာ အဲဒီလိုတိုးတက်နိုင်မှုကို မြင်ရဖို့ အလှမ်းဝေးခဲ့ရပေမယ့် ဂိုချုပ်ထောင်ကြီးပြောသလို နောင်အနှစ် ၂၀ မှာ တိုးတက်တဲ့ နိုင်ငံကြီးဖြစ်ဖို့ ဥယျာဉ်မှူးတွေ ကြိုးစားကြလိမ့် မယ်လို့ ယုံကြည်ပါတယ်။ ‘ကံ’ ကောင်းလို့ နောင်ဘ၀မကူးသေးရင် အဲဒီအချိန်မှာ ပီတိဖြာလိုက်ချင်ပါရဲ့။

…………………………………………… ။ ~ ။ ……………………………………………… 43


စေတနာမှန် ကံ ဖြစ်စေသည် နေဇင်လတ် (December 2009)

အခုတလော ဘာသာရပ်ဆိုင်ရာဟောပြောပွဲတွေနဲ့ အကျိုးပေးသလိုပဲ၊စိတ် ရှိပေမယ့် အလုပ်တဖက်နဲ့မို့ တနှစ် နှစ်ပွေဲ လာက်ပဲကောင်းတယ်ဆိုတဲ့ အ

ယူအဆနဲ့ ချီတက်ခဲ့တာ ခုနှစ်နှစ်၊ ရှစ်နှစ်လောက် ရှိပြီ။ သည်နှစ် မှာတော့ ကန့်သတ်လို့ မရတော့ဘူး ဖြစ်လာတယ်။

တလတည်း လေးငါးပွဲတွေ ဘာတွေဖြစ်သွားတယ်။ ရန်ကုန်ပရိသတ် အ တွက် ပြဿနာသိပ်မရှိဘူး။ မိနစ် ၄၀လောက် ကားမောင်းသွားရင် ပြော

ရမယ့် ဟိုတယ်တလုံးလုံးကိုတော့ ရောက်သွားနိုင်တယ်။ မန္တလေးလို အ တယ်။

ဝေး ပရိသတ်ကျတော့ သုံးလေးရက်လောက် အသွားအပြန် ကြာတတ်

မန္တလေးပွဲ စီစဉ်သူတွေကလဲ သူ့လူထုအတွက် မရမကတောင်းဆိုတတ်တော့ သွားပေးနေရပြန်တယ်။

‘ဆရာရယ်၊ ရန်ကုန်မှာက ပညာရှင်အများစုက ရှိနေတော့ Seminar တွေက မများပေမယ့် ရှိသင့်သလောက် ရှိ

နေတယ်။ မန္တလေးမှာက အလာကျဲကြပါတယ်။ တတ်နိုင်ရင်လာပေးစေချင်ပါတယ်’ ဟုတ်တော့လဲဟုတ်ပါတယ်

မန္တလေးလူထုက ရန်ကုန်ကသူတွေလောက် ပညာရပ်ဆိုင်ရာဟောပြောပွဲတွေမှာ အခွင့်အရေးသိပ်မရကြရှာဘူး၊ အဲဒီတော့ ဘမောင်တို့ ကိုယ့်အလုပ်ကို အချိန်ပိုဆင်းပြီး မန္တလေးသူ၊ မန္တလေးသားတွေအတွက် သွားပေး ရပါ တော့တယ်။

ဇူလိုင်လတုန်းက တခေါက်ဆိုရင် ဘမောင်တို့ လူတော်တော် ပန်းသွားတယ်။ ရောက်ရောက်ချင်း အဲဒီ

ညနေမှာကိုပဲ စီးပွားစီမံခန့်ခွဲရေးသင်တန်းတက်နေတဲ့ သင်တန်းသားတွေကို Entrepreneurship ဆိုတဲ့ စွန့်စား တီထွင်သူတွေနဲ့ပတ်သက်တဲ့ လက်ချာ နှစ်နာရီကြာပေးရတယ်။ ပြန်လှန်မေးခွန်းတွေနဲ့ဆိုတော့ သုံးနာရီ နီးပါး

လောက် ကြာသွားတယ်။ သင်တန်းသားတွေထဲမှာ ဆရာဝန်တွေ၊ အကြံပေးတွေ၊ လုပ်ငန်းအတွေ့အကြုံရှိတသဲူ့

တွေ၊ လုပ်ငန်းတခုကို ဦးဆောင်နေတဲ့သူတွေ ပါတယ်။

ဘမောင် ကိုယ်တိုင်ကလဲ သီအိုရီသက်သက်ပြောရတာ သိပ်ပြီးအာမတွေ့လှဘူး။ တတိယနိုင်ငံတွေ

တော်တော်များများမှာ သီအိုရီကို နည်းနည်းပြင်ပြီး သုံးရတာများတယ်။ ကိုယ်တိုင်က စီးပွားရေးလုပ်ငန်း တော်တော်များများကို ထဲထဲဝင်ဝင်လုပ်နေသူဆိုတော့ အဆင်တပြေတော့ အတော်ဖြစ်သွားပါတယ်။

နောက်ရက်မှာကျတော့ ပွဲစီစဉ်သူက သူ့ရုံးအဖွ့ကဲို သင့်ရာ အကြောင်းအရာတခု အပေါ်မှာ တခုခု

လောက် ဆွေးနွေးပေးပါဦးဆိုတာနဲ့ နှစ်နာရီလောက် ပြန်လှန်ဆွေးနွေးမှုတခု လုပ်ပေးလိုက်ရပြန်ပါတယ်။ မန္တ လေးက လူတွေတော်တယ်လို့ ပြောရမယ်။ အချိန်ကိုအကျိုးအရှိဆုံး အသုံးချသွားနိုင်တယ်။ ဘမောင်တို့က တော့ လျှာထွက်ချင်ချင် ဖြစ်ရတာပေါ့။

Main event ဖြစ်တဲ့ ၂၆.၇.၀၉ က ဘယ်လောက်သုတ်ခြေရိုက်ရသလဲဆိုရင် ဟောပြောချိန် ၁ နာရီ နီး

နေတာတောင် ဘမောင် အ၀တ်မလဲရသေးဘူး။ ရှေ့ပွဲပြီးပြီးချင်း ကမန်းကတန်း ကိုယ့်အခန်းပြန်၊ အ၀တ်လဲ၊

မျက်နှာသစ်ပြီး၊ နေတဲ့ဟိုတယ်အောက်ဆင်းလာတော့ အချိန်က ၁နာရီထိုးဖို့ ၁၀ မိနစ်လောက်ပဲ လိုတော့တယ်။ အဆင်သင့်မှာပေးထားတဲ့ ထမင်းကြော်ကို လေး၊ ငါးလုတ်လောက် ပါးစပ်ထဲ အတင်းထည့်ပြီး ကမန်း

ကတန်း စင်ပေါ်တက်ခ့ရဲ တဲ့အဖြစ်၊ ရေတောင်သောက်ဖို့ သတိမရတော့။ ခန်းမထဲရောက်တော့ ဘမောင်နဲ့ ပတ် သက်တဲ့ ကိုယ်ရေးအချက်အလက်အချို့ကို ကြော်ငြာသူကမိတ်ဆက်ပေးတယ်။ ပွဲစီစဉ်တဲ့ ကိုဇော်မင်းထွန်း

(Tip Top Education) က အမှာစကားနည်းနည်းပြောရင်း ဘမောင်ကို ထပ်ခိုင်းကောင်းအောင် ရန်ကုန်က တ

ကူးတကလာပြောပေးတဲ့အတွက် ကျေးဇူးတင်စကားလေးနဲ့ပွဲကို ဖွင့်လိုက်ပါတယ်။ ဘမောင် အလှည့်အရောက် မန္တလေးသူ၊ မန္တလေးသားတွေကို ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းသာစေဖို့ ဆုတောင်းရင်း စင်ပေါ်က ပရိသတ်ကို ကြည့်လိုက်တော့ ရင်ထဲတခုခု ခံစားလိုက်ရသလို။ မန္တလေးပရိသတ် အားပေးမှုက ကြောက်ခမန်းလိလိ အားရ စရာကြီးပဲ။

ပထမ ပရိသတ် ၂၅၀ လောက်ပဲ လာနိုင်မယ်လို့ထင်ပြီး ထိုင်ခုံစီထားတာ...တိုးရင်း၊ တိုးရင်းနဲ့ ထိုင်ခုံ

၄၀၀ ကျော် ပိုပိုလောက်ဖြစ်သွားတယ်။ ဘေးချင်းကပ်၊ ရှေ့နောက်ပြန်စုပြီး ၀င်သလောက်ထည့်ရတော့ ပရိ

သတ်တွေ တော်တော်လေးကျပ်ကျပ်တည်းတည်း ဖြစ်သွားရှာတယ်။ မတ်တတ်ရပ်ပြီး နားထောင်သူတွေကလဲ 44


မနည်းဘူး။ မတ်တတ်ရပ်စရာမရှိလို့ ပြန်သွားကြတဲ့သူတွေကလဲ မနည်းဘူးလို့ သိရတယ်။ စုစုပေါင်း ပရိသတ် ၅၀၀ ကျော်လောက် ရှိတယ် ပြောတယ်။

ဘမောင်ကလဲ အလိုက်ကမ်းဆိုးမသိစွာနဲ့ အရောက်အပေါက်နည်းတဲ့ မန္တလေးသားတွေအတွက် များ

များကြားရပါစေတော့ဆိုပြီး Power Point မှာ Slide ပေါင်း ၆၀ ကျော် ပြင်ဆင်ခဲ့တာဆိုတော့ ပြောချိန်နဲ့ ပြန်

လှန်ဆွေးနွေးချိန် စုစုပေါင်း ၄ နာရီကျော်လောက် ကြာသွားတယ်။ ပရိသတ်ကြီးကို ကျပ်ကျပ် တည်းတည်းမှာ အချိန်အကြာကြီး ဒုက္ခပေးသလိုများ ဖြစ်သွားသလားမသိဘူး။ တော်ပါသေးရဲ့။ ဟောပြောပွဲပြီးတဲ့အထိ တ ယောက်မှ စောပြီးထပြန်သွားတာ မတွေ့လိုက်ရဘူး။

ဟောပြောတဲ့အပိုင်း ပြီးသွားတော့ ပြန်လှန်ဆွေးနွေးရမယ့်အပိုင်း ရောက်လာတယ်။ မန္တလေးသူ၊ မန္တ

လေးသားတွေက ရန်ကုန်သူ၊ ရန်ကုန်သားတွေထက် ပိုပြီးမေးနိုင်တာ သတိသွားထားမိလိုက်တယ်။ တော်တော် လေး မေးကြတယ်။ ရန်ကုန်ပရိသတ်တွေမှာ မေးလှမှ ခုနစ်ဦး၊ ရှစ်ဦးလောက်ပဲ။ နှစ်ယောက်လောက်က ဟော ပြောပွဲတိုင်းနီးပါး လိုက်နားထောင်ပြီး မေးတတ်ကြတဲ့သူ။ မန္တလေးပရိသတ်ကတော့ ၁၅ ယောက်လောက်ကို မေးတာ။ နောက်ဆုံး ပွဲစီစဉ်သူက အချိန်အတော်လေး ကြာသွားလို့ ပွဲကိုရပ်လိုက်မှ ပြီးသွားတော့တယ်။

ဘာပဲပြောပြော မန္တလေးပရိသတ်တွေ အင်နဲ့အားနဲ့စိတ်ဝင်စားတာကိုတော့ ချီးကျူးရမှာပဲ။ မေးနိုင် မြန်း

နိုင်တာကလဲ အားရစရာကောင်းတယ်။ ကတ်သီးကတ်သပ်မေးတာမျိုးတော့ မတွေ့ရဘူး။ တခုတော့ အကြံပေး သွားတယ်။

“နောက်ဆိုရင် လူများများ ဆံ့တဲ့ နေရာမှာ လုပ်ပေးပါ”တဲ့။ ဇူလိုင်လအခေါက်တုန်းက မန္တလေးမှာ ဘမောင်ပြောဖြစ်တဲ့ခေါင်းစဉ် က 'Knowledge Power & Strategy' မြန် မာလိုဆိုရင် ‘စီးပွားပါဝါနဲ့မဟာဗျူဟာ’လို့ အဓိပ္ပာယ်ပြန်ရင်သင့်မယ်ထင်တယ်။ တကယ်ပြောချင်တာက‘Power’ ဆိုတဲ့ ခေါင်းစဉ်တလုံးတည်း။ ပါဝါရဲ့ အောက်ပါ...သက်ဆိုင်ရာ နယ်ပယ်အသီးသီးက ပါဝါတွေရှိနေတာကို သိ စေချင်တယ်။ ပွဲစီစဉ်ပေးတာ Tip Top ပညာရေးဝန်ဆောင်မှုအဖွဲ့က ကိုဇော်မင်းထွန်း မြန်မာလိုပြန်ပေး လိုက်

တာ ပိုပြီးလှတယ်။

“စီးပွား ပါဝါ၊ စီးပွား ဗျူဟာ” တဲ့။

ခေါင်းစဉ်နဲ့ လိုက်ဖက်အောင် စီးပွားရေးပါဝါနဲ့ ဆိုင်တာတွေကို ဘမောင် အဓိကပြောရတော့တာပေါ့။ ဒါပေမယ့် လူတိုင်းသိသင့်တဲ့ ပုဂ္ဂလိကပါဝါ (Personal Power) ကိုလဲ ထည့်ပြောဖြစ်တယ်။ အဲဒီ ပုဂ္ဂလိကပါဝါကနေ တ

ဆင့်ချင်းတက်လာတဲ့အခါ နိုင်ငံအဆင့်ပါဝါ၊ အမျိုးသားပါဝါတွေ ဘယ်လိုရနိုင်တယ်ဆိုတာအထိ ခပ်ကြမ်းကြမ်း လောက် ပုံဖော်ပြောနိုင်ခဲ့တယ်။ အဓိကမီးမောင်းထိုးပေးဖြစ်တာက ပညာပါဝါ (Knowledge Power)ပဲ။ ပညာ

ပါဝါက အရင်းအမြစ်ကျတယ်။ အဲဒီကပဲ ပါဝါမှန်သမျှကိုထုတ်လုပ်ပေးပြီး လူတိုင်းငြင်းမရတဲ့အရာလဲဖြစ်ပါတယ်။ မဟာဗျူဟာ (Strategy) လို့ပြောရင် လူတွေက ပြုံးစိစိလုပ်တတ်ကြတယ်။ ကိုယ်နဲ့မအပ်စပ်တဲ့ အရာ

လို့ထင်ကြဟန်တူတယ်။ သူများနိုင်ငံတွေမှာ ခပ်တွင်တွင်လေးသုံးနေတဲ့အရာပါ။ ဘမောင်တို့ဆီမှာ နည်းနည်း

စိမ်းနေသလိုပဲ။ အဲဒီ မဟာဗျူဟာဆိုတာ တကယ်တော့ ဘာမှဆန်းတဲ့အရာမဟုတ်ဘူး။ မသုံးတတ်ရင်သာ သူ

များနောက်ကို ရောက်မှန်းမသိရောက်သွားမှာ။ မဟာဗျူဟာသဘောကို မြန်မာတွေနဲ့သိပ်မစိမ်းစေချင်တော့ အဲ ဒီ မဟာဗျူဟာအကြောင်းကိုလဲ ထဲထဲဝင်ဝင်နီးပါးလောက် မိတ်ဆက်ပေးဖြစ်တယ်။ စီးပွားရေးမှာသုံးကြတဲ့ မ ဟာဗျူဟာ၊ နိုင်ငံရေးမှာသုံးကြတဲ့ မဟာဗျူဟာတွေကို ဥပမာပေးဖြစ်ခဲ့ပါတယ်။

မန္တလေး ပရိသတ် စိတ်ဝင်တစား ရှိကြပါတယ်။ ဘမောင်တို့လို လူတွေက နိုင်ငံတကာစံနှုန်းရှိတဲ့ အ

ကြောင်းအရာတွေကို ခပ်များများပြောသင့်၊ ဆွေးနွေးသင့်တယ်လို့ ထင်တယ်။ ပထမတော့ ရင်းနှီး သွားအောင် ပေါ့။ နောက်ပြောပါများရင် သုံးတတ်သွားကြမယ်။ နိုင်ငံတခုအင်အားရှိပြီး ကမ္ဘာ့ဇာတ်ခုံရဲ့ နေရာတနေရာရဖို့

အတွက် အရင်ကလို နိုင်ငံရေးအယူအဆတရပ်တည်း အားကောင်းရုံနဲ့ မရနိုင်တော့ဘူး။ ခေတ်အတော် ပြောင်း သွားပြီ။ လူတွေကလဲ အသိတွေအတော်ကလေး တိုးလာကြပြီ။ အဖြေတခုမထွက်ဘဲနဲ့ အယူအဆတရပ် ရှေ့

တန်းရောက်မလာနိုင်တော့ဘူး။ စီးပွားရေးပါဝါ အားကောင်းမှ၊ မဟာဗျူဟာ မှန်ကန်မှ၊ အဲဒီနိုင်ငံမှာရှိတဲ့ သူတွေ

ပညာ အမြော်အမြင်ရှိမှ၊ အောင်မြင်နိုင်တာ။ တဦးချင်းတော်လာရင် အစုအပေါင်းဖြစ်တဲ့အဲဒီနိုင်ငံ တိုးတက်မှာပဲ။ တစ်ဦးချင်း ‘ရှော်’နေကြရင်တော့ ဒုံရင်းကတက်နိုင်မှာ မဟုတ်ဘူး။ အဲဒီအချက်ကို လေးလေးနက်နက်သိစေချင် ခတာ ဘမောင်ဆန္ဒပဲ။

မနက်ဖြန်လောက် ဘာလုပ်မယ်ဆိုတဲ့ အတွေးက သည်ခေတ်မှာ ‘တန်း’ မ၀င်တော့ဘူး။ တနှစ်စာ

လောက် အတွေးကလဲ စာမဖွဲ့လောက်တော့။ အနည်းဆုံး ၁၀ စုနှစ် တခုစာလောက်ကိုတွေးထားနိုင်၊ စီမံကိန်းချ နိုင်လောက်မှ အသက်ကောင်းကောင်းဝအောင်ရှူလို့ရမယ့်ခေတ် ရောက်နေပြီ။ ဘမောင်တို့ကတော့ အရွယ်မ

ကြီးသေးပေမယ့် ရသင့်သလောက်တော့ရနေပါပြီ။ နောက်မျိုးဆက်တွေအတွက်ပဲ ဖြစ်စေချင်တာပါ။ အနာဂတ် 45


ဟာ မျိုးဆက်သစ်တွေရဲ့လက်ထဲမှာရှိသင့်တယ်။ ဒါလဲ ငြင်းမရတဲ့အရာပဲ။ မျိုးဆက်သစ်တွေ အတွေးအခေါ်၊ အ

ယူအဆကြံ့ခိုင်မှ၊ ပညာရေးတောင့်တင်းမှ ကိုယ့်လူမျိုး ကိုယ့်နိုင်ငံ မျက်နှာပန်းလှမှာ။ ပညာဟာချန်ထားကောင်း တဲ့၊ မေ့ထားကောင်းတဲ့အရာ မဟုတ်ဘူး။ မမေ့ထား၊ မချန်ထားကြပါနဲ့။ လူမျိုးပါ တုံးသွားနိုင်တယ်။ ဗုဒ္ဓက ဟောတယ်လေ ...‘အတ္တ-ပရ’တဲ့။

‘ပရ-ပရ’ဆိုရင် အိမ်ကဆန်အိုးထဲ ကြွက်တက်တာ တွေ့ရလိမ့်မယ်။ ‘အတ္တ-အတ္တ’ဆိုပြန်ရင်လဲ မဟန်ပြန်ဘူး။ ကိုယ့်လူမျိုး လူမှုအဖွဲ့အစည်းကို ဒုက္ခပေးမယ့်သူ။ ‘အတ္တ-ပရ’ဆိုတာကတော့ မဇ္ဈိမမဋိပဒါ အကျဆုံး။ ကိုယ့်

ဆန်အိုးထဲမှာ ဆန်ကိုအပြည့်ဖြည့်၊ ၀မ်းရေး၊ နေရေး၊ အိုစာ မင်းစာ မပူရတော့ဘူးဆိုရင် ‘ပရ’ဆိုတဲ့ အများကိစ္စ လုပ်လို့ရပြီ။ လူနဲ့တိရစ္ဆာန်ကွာတာ အဲဒီအချက်ပဲ။ တိရစ္ဆာန်ဆိုတာ ‘အတ္တ’ သက်သက်ကိုပဲ ကြည့်တတ်တဲ့ သ တ္တ၀ါတွေ၊ အများအကျိုးဆိုတဲ့ကိစ္စ သိပ်မတွက်တတ်ဘူး။ သ ဘာဝက ဖန်တီးပေးထားတော့ အပြစ်ဆိုလို့မရ။

လူတွေမှာကျတော့ ကိုယ့်မိသားစုအပြင် ကိုယ့်လူမှုအဖွဲ့အစည်း၊ ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံအဆင့်ကောင်း

ကျိုးဖြစ်အောင် စဉ်းစားနိုင်တဲ့အသိကို သဘာဝထည့်ပေးထားတယ်။ အဲဒီအသိကို ထည့်ပေးထားပါလျက်နဲ့မစဉ်း စားနိုင်ရင်တော့ လူမပီသတဲ့လူပဲ ဖြစ်သွားလိမ့်မယ်။ ဘမောင် မိသားစုအတွက် ဆန်အိုးထဲ ဆန်ဖြည့်သင့် သ

လောက် ကြိုးစားပြီးဖြည့်ခဲ့ပြီးပြီ။ နေရာကောင်းကောင်းမှာလဲ နေနိုင်တယ်။ လင့်ခရူဇာလဲ စီးနိုင်တယ်။ ၀င်ငွေ

ကောင်းကောင်းလုပ်ငန်းတွေလဲ တန်းစီပြီးရှိနေတယ်။ တော်ပြီပေါ့၊ အဲဒီထက်ပိုပြီးမှ ကိုယ့်အတွက်ပဲ စဉ်းစားနေ ရင် ဘမောင်လဲ လူမဟုတ်တော့တဲ့လူပဲ ဖြစ်သွားမှာပဲ။ ‘အတ္တ’ အတွက် လုံသင့်သလောက် လုံသွားရင်တော့ ‘ပရ’ လုပ်ငန်းအတွက် လုပ်သင့်လုပ်ထိုက်တာတွေလုပ်ရမယ်လို့ ခံယူထားတယ်။

ဒါကြောင့် မအားတဲ့အချိန်တွေကြားကပဲ လူငယ်တွေ တိုးတက်တဲ့ အတွေးအခေါ် တခုရစေဖို့ စာတွေ

ရေးဖြစ်တယ်။ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့အရေးတွေကလဲ တဖက်မို့ နောက်ဆုံးအချိန်ကိုရှာရင်း ရှာရင်းနဲ့ မမျှနိုင်တော့လို့ ဂေါက်သီးရိုက်ချိန်ကို မျက်စောင်းထိုးဖြစ်တာကနေ ဂေါက်သီးမကစားတော့တာ ၁၁ နှစ်တောင် ရှိသွားပြီ။ ကိုယ်ကဂေါက်ကွင်းမှာ ကယ်ရီလေးတွေနဲ့ ထီးအတူဆောင်းရင်း မြက်ခင်းစိမ်းစိမ်းပေါ် လျှောက်နေမဲ့ အစား အများအကျိုးအတွက် တခုခုလုပ်နိုင်ရင် ဒီဘ၀တာဝန်တခုခု မကျေဘူးလားလို့ ကိုယ့်ကိုယ်ကို ပြန်မေး မိတယ်။ ကျေသင့်တာပေါ့၊ သိပ်ကိုကျေသင့်တာပေါ့။

မလုပ်နိုင်တဲ့သူတွေ မလုပ်ဖြစ်ကြတာ အပြစ်ပြောလို့မရဘူး။ လုပ်နိုင်ရဲ့သားနဲ့ မလုပ်ဖြစ်ကြတာသာခက်

တာ၊ ဘမောင်ရော လုပ်နိုင်ပြီလားလို့ ပြန်မေးကြည့်ဖြစ်တယ်။ တစုံတရာ အတိုင်းအတာတခုအထိတော့ လုပ်

နိုင်တယ်လို့ ယုံတယ်။ အတ္တပြီး အတ္တ ဆိုရင်တော့ သူများတွေကိုတော့ အပြစ်မမြင်ပါဘူး။ ကိုယ့်ကိုယ်ကိုတော့ မလုံမလဲပဲ။ အတ္တဆိုတာ အစုန်စိတ်ပဲ။ မွေးကတည်းကပါလာတဲ့ အရည်အချင်းတခု၊ ရေစုန်ဖို့ လွယ်တယ်။ ရေ ဆန်ဖို့သာ ခက်တာ။ အဲဒီခက်တာလေးကို ‘ဆန်’ ကြည့်ချင်တယ်။

'We are social victim'.

ဘမောင်တို့အားလုံး လူမှုရေးသားကောင်တွေပါ။ လူမှုရေးဆိုတာ အတိုင်းအတာတခုအထိ ရှိသင့်တဲ့

အရာပါ။ လုပ်အားရှိတဲ့သူက လူမှုရေး၊ ကိုယ့်လူမှုအဖွဲ့အစည်းအတွက် မျှဝေနိုင်တဲ့လုပ်အားကို မျှဝေသင့်တယ်။ ဥစ္စာကြီးသူကလဲ ဥစ္စာပေါ့။ ပညာကြီးသူကလဲ ပညာပေါ့။ တတ်စွမ်းသလောက် မျှဝေမှ ရခဲတဲ့ လူ့ဘ၀တခု အ

တွက် တာဝန်ကျေမှာ။ အဲသလိုစိတ်နဲ့ ဘမောင်တို့ စာရေးဆရာနေရာကနေ ဟောပြော၊ ဆွေးနွေးတဲ့အထိ အ ချိန်တွေပေးဖြစ်သွားတယ်။ ဘာကိုမှမျှော်မှန်းပြီး လုပ်ခဲ့တာလဲ မဟုတ်ဘူး။ မျှော်မှန်းရကောင်းမှန်းလဲ မသိပါ။

ဘယ်လိုပဲဖြစ်ဖြစ် အကျိုးကယုတ်မသွားပါဘူး။ ဗုဒ္ဓက ‘စေတနာမှန် ကံဖြစ်စေသည်’၊ ‘တူသော အကျိုး

ပေး၏’ တဲ့။ ကိုယ်စေတနာအရင်းခံလိုက်တဲ့အလုပ်မျိုးကို ပြန်ပြီးအကျိုးအဖြစ် ပြန်ရတာ အံ့သြစရာပါပဲ။ တိုက် ဆိုင်တယ်လို့ဆိုရင်တောင်၊ တထစ်ချတော့ ပြောလို့မရဘူး။

စလုပ်တုန်းက ဘာမှမျှော်လင့်ချက်မထားဘဲ တတ်နိုင်သလောက်လုပ်ခဲ့တာ။ တကယ် ဘမောင် အ

လေးအနက် စိတ်ဝင်စားတာက ‘စာဖတ်ခြင်း’။ မျိုးဆက်သစ်တွေကို တခုခုမျှဝေနိုင်မလားဆိုပြီး စာရေးဖြစ်

တယ်။ ဘာစာပေဆုကိုမှ ယောင်လို့တောင် အိပ်မက်မမက်ခဲ့ဖူးဘူး။ ဒါပေမယ့် တူသောအကျိုးအတွက် စာပေ

ဆုလေး၊ ဘာလေးရဖြစ်သွားတယ်။ အခုလဲ အချိန်အများကြီးပေးရတဲ့ မန္တလေးလိုနေရာမျိုးမှာ ဘာတခုမှမရဘဲ အချိန်ပေးပြီးမျှဝေဖြစ်တယ်။ ပညာရေးဝန်ဆောင်မှုတချို့နဲ့ သိခွင့်ရတယ်။ ဒါထက်ဘာမှ မပိုဘူး။ ဘာမှလဲမျှော် လင့်မထားဘူး။

မန္တလေးကအပြန် တလလောက်အကြာမှာ ဘမောင် ပါရဂူတန်းကျမ်းရေးတော့ ကြီးကြပ်သူ နိုင်ငံခြား

သားတဦးက တနေ့ e-mail ပို့လာပြီး စင်ကာပူက တကျောင်း၊ အမေရိကန်က တက္ကသိုလ် နှစ်ခုနဲ့ အင်္ဂလန်က

တက္ကသိုလ် နှစ်ခုကို မြန်မာပြည် ကိုယ်စားလှယ်လုပ်ဖို့ အလုပ် ပေးသွားတယ်။ များများ မညှိနှိုင်းလိုက်ရဘူး။ ကျောင်းဝင်ကြေးတွေ ကြည့်လိုက်တော့ မြန်မာနိုင်ငံသားတွေန့အဲ ကိုက်ပဲ။ အဲသည် အခေါက်က ၂၆.၇.၀၉

ပြောခဲ့တဲ့ ခေါင်းစဉ်က (Economic Power & Strategy) စီးပွားပါဝါ စီးပွားဗျူဟာလို့ မြန်မာမှုပြုထားတယ်။

နောက်တခေါက်က ၁၉.၉.၀၉ နဲ့ ၂၀.၉.၀၉ နှစ်ရက်ဆက်တိုက်၊ ပထမနေ့ကဆို တနေ့လုံးပဲ။ မနက် ၉ 46


နာရီကနေ ညနေ ၅ နာရီခွဲထိ၊ လူတောင် တော်တော်ထိသွားတယ်။ စားလိုက်ရတဲပ့ီတိလေးနဲ့ နောက်နေ့ပွဲ အ တွက် အားပြန်ယူခဲ့ရတယ်။ နောက်နေ့ပွဲကတော့ ပွဲကြီး။ Swan Hotel မှာ ထိုင်ခုံက ၄၅၀ လောက်ပဲစီလို့ ရ

တယ်။ ခုံပြည့်ပရိသတ်နဲ့ တချို့တော်တော်များများ ပြန်သွားကြရတာ တွေ့မိလိုက်တယ်။ တတိယတရက်မှာလဲ လေဆိပ်မဆင်းခင် အင်အားကြီးကုမ္ပဏီတခုမှာ နေ့တ၀က်သာသာ တောင်းဆိုလို့ ပြောပေးလိုက်ရသေးတယ်။ ငွေရတဲ့ ကိုယ့်အလုပ်မှာတောင် အဲသည်လောက် အပင်ပန်းမခံခဲ့ဖူးတာ အမှန်။ အဲဒီ တခေါက်ကလဲ ရန်ကုန်

ရောက်ပြီး e-mail ဖွင့်လိုက်တော့ နောက်ထပ် နာမည်ကြီး American ကျောင်းတကျောင်းနဲ့ UK က ကျောင်း တကျောင်း မြန်မာပြည်အတွက် ကိုယ်စားလှယ် ထပ်ရလိုက်သေးတယ်။ ကဲ ... ဘယ်လို ပြောရတော့မလဲ။ “စေတနာမှန် ကံဖြစ်စေ” တဲ့။ မယုံလို့ မရဘူးနော်။

…………………………………………… ။ ~ ။ ………………………………………………

တချို့ကား “ရှင်” ဖို့ စားကြသည်

နေဇင်လတ် (Jaunary 2010)

အသက်ရှင်သန်မှုဆိုသော ရှုထောင့်မှကြည့်လျှင် လူနှစ်မျိုးကို အခြေခံ

အားဖြင့်တွေ့ရသည်။ တမျိုးက အသက်ရှင်သန်ရန် အာဟာရ ဖြည့်တင်း ကြသူများ ဖြစ်သည်။

‘ရှင်ဖို့ စားကြသူများ’ ဟု သတ်မှတ်နိုင်၏။ နောက်တမျိုးမှာ ‘စားဖို့ ရှင်ကြရ သူများ’ ဖြစ်သည်။ ‘ဘာကွာလို့လဲ’ ဟုမေးလျှင် ‘အတော်ကွာပါသည်’ ဟု ဖြေနိုင်ပါလိမ့်မည်။

ကမ္ဘာ့နိုင်ငံကြီးများကို အုပ်စုခွဲလျှင် ခပ်ကြမ်းကြမ်း သုံးအုပ်စုလောက် ခွဲနိုင်ပါလိမ့်မည်။ ပထမနိုင်ငံများ

အုပ်စုတွင် တိုးတက်ပြီး၊ စက်မှုဖွံ့ဖြိုးပြီးနိုင်ငံများ(Developed Countries) များဖြစ်၍ ဒုတိယနိုင်ငံများမှာ ထွန်း

သစ်စနိုင်ငံများ (Emerging Countries)များဖြစ်သည်။ တတိယအုပ်စုဝင်နိုင်ငံများမှာ ကမ္ဘာ့ဇာတ်ခုံတွင် မျက်နှာ ငယ်ရသည့်နိုင်ငံများဖြစ်၍ အခေါ်ကောင်း၊ အရေးကောင်းအောင်(Developing Countries) တိုးတက်ဆဲ နိုင်ငံ များဟု သတ်မှတ်ထားသည့်နိုင်ငံများ ဖြစ်သည်။

တကယ်ကမူ အတော်ရုန်းကန်လှုပ်ရှားနေရသည့် နိုင်ငံများသာဖြစ်သည်။ ထိုနိုင်ငံများ အုပ်စု(၃)မျိုးလုံး

တွင် ‘ရှင်ဖို့ စားကြသူများ’ နှင့် ‘စားဖို့ ရှင်ကြသူများ’ ကိုယ်စီရှိကြ၏။ အချိုးအစားသာ ကွာသည်။ ပထမအုပ်စုဝင် နိုင်ငံများတွင် ရှင်ဖို့ စားကြသူအရေအတွက် အချိုးအစားများသည်။ ဒုတိယအုပ်စုဝင်နိုင်ငံများတွင် ရှင်ဖို့ စားသူ

နှင့် စားဖို့ ရှင်ကြသူများအရေအတွက် ယေဘုယျအားဖြင့် သိပ်ပြီးအကွာအဟမရှိ။ တတိယ နိုင်ငံများတွင်မူကား ‘စားဖို့ ရှင်ကြသူများ’ အရေအတွက်က ထိုနိုင်ငံလူဦးရေ၏ အများစု ဖြစ်ကြပါသည်။ “ကျွန်စုပ်တဲ့ သရက်စေ့”

အရွယ်အတော်ငယ်စဉ်က မိဘများပြောခဲ့သောစကားများထဲမှမှတ်သားမိသောစကားတခွန်း ဖြစ်သည်။

လုပ်ရင်း၊ ကိုင်ရင်း၊ ကြိုးစားရင်း ဘ၀တခု ပြောင်ပြောင်ရောင်ရောင် မရှိလာခဲ့ကြသောသူများကို တင်စားခဲ့သော စကားစုဖြစ်ဟန်ရှိသည်။ များသောအားဖြင့် ခွန်အား (Muscle Based)အရင်းပြုကြသူများ ဖြစ်သည်။ ငယ်စဉ်က

ပညာကို အကြောင်းအမျိုးမျိုးကြောင့် ဆုံးခန်းတိုင်မသင်နိုင်ခဲ့ကြသူများတွင် အတွေ့များကြရသည်။ တနေ့ ရရှိ

သော လုပ်အားခ နည်းပါးလွန်းသဖြင့် စား၊ ၀တ်၊ နေ၊ ရေး အတွက်သာ လုံးပန်းကြရင်း ဘ၀ တိုးတက်မှု၊ သက် သောင့်သက်သာရှိမှုနှင့် လှမ်းလေ၊ ဝေးလေသူများ ဖြစ်သည်။ နောက်တနေ့ ထမင်းနှစ်နပ်အတွက် အလျဉ်မီ

အောင်ကြိုးစားကြရသောဘ၀ရှင်များမှာ တခါတရံ ကျန်းမာရေးကိစ္စတခုခုဖြစ်လာလျှင် အကြွေးတင်တော့၏။ ထိုအကြွေးကို ဆပ်၍မကုန်နိုင်တော့၊ နောက်တရက်၏ ထမင်းနှစ်နပ်အတွက်သာ ခေါင်းထဲထည့်ထားကြရသူ များ၊ အခြား ဘာမှမလုပ်နိုင်ကြသည်မှာ မဆန်း။

မိသားစု၊ လူမှုအဖွဲ့အစည်း၊ နောက်ဆုံး တိုင်းပြည်နှင့် လူမျိုးအတွက် သူ၏ မျှဝေမှု (Contribution)ကို

မျှော်လင့်၍ မရ၊ သူ့ဘ၀သူပင် အနိုင်နိုင်၊ ထမင်းနပ်မှန်ရေးသည်သာ၊ သူ့ဘ၀ အသက်ဆက်ရေးသည်သာ ဘ၀ 47


၏ပန်းတိုင် ဖြစ်ကြရရှာသည်။ တရက် သင်္ဃန်းကျွန်းရှိ ငယ်စဉ်ကဆရာကြီးတဦး၏အိမ်သို့ ညဘက် ရောက်သွား

၏။ အရွယ်ထောက်လာပြီဖြစ်၍ ဆရာကြီးနေသိပ်မကောင်းရှာ၊ သားသမီးလေးဦးကို အလယ်တန်းပြ ဆရာတဦး အနေဖြင့် လူလူ၊ သူသူဖြစ်အောင်ပျိုးထောင်ပေးခဲ့သော ဆရာကြီးသည် အရွယ်ရ၊ ပင်စင်သွားသောအခါ သား သမီးများ၏ ကောင်းစွာပြန်ကြည့်ခြင်း မခံရရှာ၊ သားသမီး ၃ ဦးက မချမ်းသာကြသော်လဲ အကျပ်အတည်းကြီး တော့မဟုတ်၊ စားဖို့ရှင်ကြသူများထက်တော့ အတန်ငယ်သာသည်ဟု ဆိုနိုင်သည်။ သို့သော် သိတတ်မှု၊ မိဘ ကျေးဇူးပေးဆပ်လိုမှုပိုင်းတွင် အတော်အားနည်းကြသူများဖြစ်သည်။ ဆရာကြီးမှာ ထိုသားသမီး ၃ ဦးထံမှ အ ထောက်အပံ့ ကောင်းစွာမရခဲ့။

ဆရာကြီးက နို့ညှာသမီးနှင့် နေသည်။ သမီးက သိတတ်မှုအတန်ငယ်ရှိသော်လဲ ၀င်ငွေနည်း၊ လခစား

ခင်ပွန်းသည်၏၀င်ငွေသည် ထိုမိသားစုထမင်းနပ်မှန်မှုအတွက် အပြည့်အ၀ကြီး အာမ မခံနိုင်ခ့ေဲ ချ။ သူတို့က

မွေးသောကလေးနှစ်ယောက် ကျောင်းအပ်ချိန်မျိုးတွင် အကြွေးအချို့တင်ရလေ့ရှိသည်ဟု ဆရာကြီးက ပြောပြ ရှာသည်။ တပတ်လျှင် ၆ ရက်ကအနည်းဆုံး ကန်စွန်းရွက်၊ ဘဲဥတို့ဖြင့် ၀မ်းတထွာကိုပြီးကြရရှာသည်။ တရက် တလေဆိုသည်မှာကိုပင် ဈေးပေါသော ငါးဟင်းမျှကိုသာ ဆီကျန်ရေကျန်နှင့် အရသာခံနိုင်ရှာသည်ဟု ဆို၏။ ကြက်သား၊ ၀က်သားသည် တလလျှင် တရက်၊ အောက်ဆိုက်လေးဘာလေးရသော လမျိုးတွင် ၂ ရက်မျှ သာစားနိုင်ကြသည်။ တယောက်တတုံး စကေးနှင့်သာ ဖြစ်သည်။

အသက်ရှစ်ဆယ်ကျော်ပြီဖြစ်သော ဆရာကြီးသည် ဆရာဝန်များထိုင်သော ဆေးခန်းသို့ မသွားနိုင်ရှာ၊

ဈေးချိုသော မြန်မာ့တိုင်းရင်းဆေးကိုသာ မှီဝဲရရှာသည်။ ကိုယ့်အပေါ် ပညာကျေးဇူး ကြီးခဲ့သော ဆရာကြီးတို့၏

မိသားစုမှာ စားဖို့ရှင်သန်ကြရသောအုပ်စုတွင်း ပါနေပါလားဟု စိတ်မကောင်းစွာ မှတ်သားမိရသည်။ တချို့သော သူများကား စားဖို့ ရှင်သန်ကြရသည့်အတွက် အခြားလူသားအကျိုးပြုအတွက် ဘာမှလုပ်မပေးနိုင်ကြရှာ။ သူတို့ ကိုလဲ အပြစ်မဆိုသာ၊ တတိယနိုင်ငံရှိအများစု၏ သင်္ကေတတရပ်၊ ယဉ်ကျေးမှုတရပ်ဖြစ်၍ စိတ်မကောင်းရုံမှတ ပါး ဘာမှမတတ်နိုင်။ ထိုကြောင့်လဲ တတိယနိုင်ငံများ ဖြစ်နေကြရရှာသည်။

ဆရာကြီး၏ ခေါင်းရင်းကအိမ်လေးသည် ယိုင်နဲ့နဲ့ဖြစ်၏။ ဆရာကြီးနှင့် စကားပြောနေစဉ်မှာပင် ကလေး

တချို့ မကြာခဏ၀င်လိုက်ထွက်လိုက် ဖြစ်နေကြသည်ကို သတိထားဖြစ်၏။ ထိုမိသားစုအကြောင်း ဆရာကြီးက ပြောပြသည်။ မိခင်ကြီးက လေဖြတ်၍အိပ်ယာထဲလဲနေကြောင်း၊ ခေတ်ပေါ်ဆေးဝါးများစရိတ် မတတ်နိုင်၍ အ ကြောပြင်ဆရာဖြင့်သာ ကုသနေရကြောင်း၊ သား ၃ ဦးနှင့် သူတို့မှရသော မြေး ၄ ဦးရှိ ကြောင်း၊ သားတဦးက

ဆောက်လုပ်ရေးလုပ်ငန်းတခုတွင် နေ့စားဝန်ထမ်း ဖြစ်ပြီး၊ တဦးက အနော်ရထာလမ်းမပေါ်တွင် ‘လေဘေး’ အ ၀တ်ရောင်းသူဖြစ်ကြောင်း၊ ကျန်သားတဦးက ဆိပ်ကမ်းကုန်တင်ကုန်ချ ကာယလုပ်သားတဦးဖြစ်ကြောင်း သိရ သည်။ ဆိပ်ကမ်းလုပ်သားဖြစ်သော သားက ခြေထောက် ထိခိုက်မှုရခဲ့၍ အလုပ်မဆင်းနိုင်သည်မှာ တပတ်

လောက်ရှိသဖြင့် ၀င်ငွေမရှိကြောင်း၊ ကျန်သားနှစ်ဦး အလုပ်သိမ်းချိန် အိမ်အပြန်မှ ဆန်ဝယ်၊ ဆီဝယ်ဖြင့် အိမ်

ရောက်မှ ချက်ပြုတ်စားကြရကြောင်း၊ ကလေးများဗိုက်ဆာ၍ အလုပ်ဆင်းသူကို ထွက်၍မျှော်နေသောကြောင့် ကလေးများ ၀င်လိုက်ထွက်လိုက်ဖြစ်နေကြောင်း စိတ်မကောင်းစွာသိခွင့်ရလိုက်သည်။

အချိန်က ည ၉ နာရီနီးပါး ရှိနေပြီ။ အလုပ်သွားသူတို့ ပြန်မရောက်ကြသေး၊ ဘယ်အချိန် ထမင်းချက်၍

ဘယ်အချိန် ထမင်းစားကြမည်မှာ မရေမရာ။ စားဖို့ ရှင်ကြရာတွင်တောင်မျှ အတော်ရုန်းကန်နေကြရသူများ ဖြစ် သည်။ လေဖြတ်သောမိခင်ကြီးအတွက် ဆေးဝါးကုသရန် ငွေတချို့ကို ဆရာကြီးနှင့် အတူထားခဲ့ရသည်။

ပြန်တော့ ... ကားပေါ်မှာ အတွေးတချို့ကို လွယ်လွယ်ကူကူထုတ်မရခဲ့။ စားဖို့ ရှင်ကြသူများတွင် အချို့

အနိုင်နိုင်၊ ငယ်စဉ်က ပညာနည်းခဲ့သောကြောင့်ဖြစ်သည်။ ကိုယ့်မိသားစုအတွင်း ခက်ခဲစွာ ဘ၀ကိုဖြတ်သန်းကြ ရသူများဖြစ်ပြီး ကိုယ့်မိသားစုအတွက်ကိုမျှပင် ‘စားဖို့’ အပြင် ဘာမှမည်မည်ရရ လုပ်မပေးနိုင် ကြသူများဖြစ်

သည်။ ကိုယ့်လူမှုအဖွဲ့အစည်း၊ ကိုယ့်အမျိုးသား၊ မျိုးဆက်သစ်များနှင့် ကိုယ့်နိုင်ငံအတွက် တစုံတရာလုပ်ပေး နိုင်ရန် ဆုံးရှုံးကြရသူများဖြစ်သည်။

စားဖို့ ရှင်သန်ကြရသူများကို အပြစ်မဆိုရက်၊ သို့သော်လဲ ဤသို့သောလူတန်းစားမျိုးများသည့် နိုင်ငံများ

ထူထူထောင်ထောင်မဖြစ်နိုင်ကြသည်ကိုတော့ စိတ်ထဲ မသက်မသာခံစားမိသည်။ အလယ်တန်းပြဆရာဘ၀ဖြင့် သားသမီး ၄ ဦးကို လူတလုံး၊ သူတလုံးဖြစ်အောင် ကျွေးမွေးနိုင်ခဲ့သော ဆရာကြီးသည်ပင် သူ့အရွယ်လွန်သည့် အခါ အတုံ့ပြန်ကောင်းတို့ မရနိုင်ရရှာသောဘ၀သည် လူဖြစ်ရကျိုးနပ်နိုင်ပါ ၏လော။

တချို့သာသူတို့က ‘ရှင်ဖို့စား’ ကြသည်။ တိုးတက်မှုတခုကို တစုံတရာသော အတိုင်းအတာထိ ဆောင်

ရွက်နိုင်ကြသူများဖြစ်သည်။ ပထမအုပ်စုဝင် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အတွေ့ရများ၏။ ဤလူတန်းစားမျိုး အချိုး

အစားများ၏။ သူတို့သည် ဖန်တီးခွင့်ရကြသူများဖြစ်ပြီး တီထွင်မှုများလဲရှိကြသည်။ များသောအားဖြင့် ပညာအ ခြေခံကြသူများဖြစ်သည်။ သူတို့၏ အသက်ရှင်သန်မှုသည် အဓိပ္ပာယ်များစွာရှိကြသည်။ တိုးတက်မှု၊ တီထွင်မှု၊ ဆန်းသစ်မှုတို့အတွက် အသက်ရှင်နေကြသူများဖြစ်ပြီး ထိုသို့ အသက်ရှင်သန်ရန်အတွက်သာ စားကြသူများ၊

အာဟာရဖြည့်တင်းကြသူများ ဖြစ်သည်။ ပညာအခြေခံသော စီမံခန့်ခွဲကြသူများ၊ ပညာအခြေခံသော စီးပွားရေး သမားများ၊ လုပ်ငန်းရှင်များ၊ အုပ်ချုပ်သူလူတန်းစားများသည် ရှင်သန်ရန်အတွက် စားကြသူများ ဖြစ်သည်။ 48


စားဖို့ ရှင်ကြသူများနှင့် ရှင်ဖို့ စားကြသူများအကြား အကွာအဟကား ကြီးမား၏။ ဘာကွာသနည်း ဟူ

သောမေးခွန်းသည် မေးရန်ပင်မလို၊ စားဖို့ရှင် ကြသူများတွင် အနာဂတ်သည် မရေရာ၊ ရှင်ဖို့ စားကြသူများတွင် လှပသော အနာဂတ်များ၊ အိပ်မက်ကောင်းများဖြင့် အတိပြီး၏။ (Knowledge Power) ဟူသော ပညာသိစွမ်း

အားရှိကြသူများသည် ရှင်ဖို့ စားကြသူများဖြစ်၍ ၄င်းတို့၏ ပညာသိစွမ်းအားအတိမ်အနက်ပေါ် မူတည်၍ ဖန်တီး နိုင်စွမ်းအား (Creative Power) တို့ကို ပိုင်ဆိုင်ကြသည်။ ကိုယ့်ဘ၀ကိုယ် လုံခြုံကြသူများ ဖြစ်သည်။ ကိုယ့်မိ

သားစု၊ ကိုယ့်လူမှုအဖွဲ့အစည်း၊ ကိုယ့်လူမျိုး၊ ကိုယ့်တိုင်းပြည်နှင့် မျိုးဆက်သစ်တို့အတွက် တစုံတရာသော အ တိုင်းအတာအထိ ကောင်းကျိုးများကိုဆောင်ကြဉ်းနိုင်ကြသူများ ဖြစ်သည်။ ၀ိဝါဒကွဲပြားဖွယ်ရာသော စိတ်ပိုင်း ဆိုင်ရာတိုးတက်မှုကို ခဏထား၊ ရုပ်ပိုင်းဆိုင်ရာတိုးတက်မှုတို့ကို ဖန်တီးနိုင်ကြသည်။

နိုင်ငံတခု လူမျိုးတစုတွင် ရှင်ဖို့ စားကြသူအရေအတွက် အချိုးအစားများပြားရန်လိုသည်။ အသိကြီးရန်၊

ပညာမြင့်ရန်လိုသည်။ တဦးချင်းတိုးတက်မှုမှသည် အစုအပေါင်းဖြစ်လာသောအခါ နိုင်ငံအဆင့် တိုးတက်နိုင်

မည်ဖြစ်သည်။ တတိယနိုင်ငံအများစု၊ အထူးသဖြင့် အာဖရိကနိုင်ငံအားလုံးနီးပါးလောက်တွင် စားဖို့ရှင်ကြသူမှာ

အများစုဖြစ်သည်။ အသိနိမ့်၊ ပညာနိမ့်ပါးခဲ့ကြသောကြောင့် သယံဇာတကြွယ်ဝသော်လည်း စားဖို့ ရှင်ကြသူများ

အဆင့်မှ မတက်နိုင်ကြ။ အသိကြီးသော ပထမအုပ်စုဝင်နိုင်ငံကြီးများ၏ စီးပွားရေးကွန်ရက်မှတဆင့် သယံဇာတ များ ကုန်ဆုံးကြရသည်။ ကိုယ့်အတွက်၊ ကိုယ့်တိုင်းပြည်အတွက် မည်မည်ရရ ဘာမှမကျန်၊ ကြာသော် ‘ကျွန်စုပ် သရက်စေ့’ ဖြစ်မှန်းမသိ ဖြစ်ကြရသည်။ သယံဇာတဆိုသည်မှာ အသိဥာဏ်ကဲ့သို့ တဆင့် ထပ်မံ ထုတ်လုပ်ရ သော အရာမဟုတ်၊ တချိန် ကုန်ခန်းနိုင်သောအရာသာ ဖြစ်သည်။

စားဖို့ ရှင်သန်ကြရသော တတိယနိုင်ငံများသည် အသိတခုရပြီးနောက် ဒုတိယနိုင်ငံအဆင့်သို့ ကြိုးစား

တက်လှမ်းသင့်သည်။ ထိုမှ ပထမနိုင်ငံအဆင့် ကြိုးစားကြရန် ဖြစ်သည်။ အရှေ့အလယ်ပိုင်းဒေသသည် တချိန်

က တတိယနိုင်ငံအဆင့်ဖြစ်သည်။ သဘာဝကပေးအပ်သော ရေနံကိုရှာဖွေတွေ့ရှိခဲ့သည့်နောက် ဒေါ်လာ သန်း

ထောင်ပေါင်းများစွာ ရရှိခြဲ့ ကသည်။ (၁၉၇၃) ရေနံဂယက်တွင် အရှေ့အလယ်ပိုင်းဒေသအတွက် ရွှေခေတ်ဖြစ်ခဲ့ ၏။ သို့သော်လဲ အသိနိမ့်၊ ပညာနည်းခဲ့၍ ထိုကာလ၀င်ခဲ့သော ဧရာမ၀င်ငွေတို့ကို အစီအစဉ်တကျ မသုံးနိုင်ခ့၍ဲ တိုင်းပြည်အတွက် ဘာမျှဖြစ်မလာ၊ သို့သော်လဲ မြေအောက်မှရေနံတို့ကား တစတစ ထုတ်ရောင်းရင်း နည်းပါး လာခဲ့ကြသည်။ နောက်မျိုးဆက်သစ်တို့က ဤအချက်ကို သတိကောင်းစွာပြုခဲ့ကြ၍ အနောက်ဘက်မှ ခေတ်

သစ်ပညာတို့ကိုသင်ယူကာ တိုင်းပြည်ကို စားဖို့ ရှင်ရာမှ ရှင်ဖို့စားသည့် နိုင်ငံအဖြစ်ပြုပြင်ကြသည်။ အဘူဒါဘီ၊

ဒူဘိုင်းစသောနိုင်ငံတို့သည် ပညာအတွက် ရင်းနှီးမြှုပ်နှံမှုကို ကြီးစွာပြုလုပ်ခဲ့ကြပြီး ပညာအခြေခံ စီးပွားရေးနိုင်ငံ အဖြစ် ယခုအခါ အတော်ပီပြင်စွာတည်ဆောက်ယူနိုင်ကြပြီ ဖြစ်သည်။ သယံဇာတကောင်းစွာထွက်သော နိုက် ဂျီးရီးယား၊ ဇင်ဘာဘွေတို့မှာမူ နွံထဲမှရုန်းမထွက်နိုင်ကြသေးချေ။

တချိန်က အသိကြီးသောနိုင်ငံများ ပို၍ချမ်းသာကြွယ်ဝရန် သယံဇာတရှိသောနိုင်ငံတို့ကို ကျူးကျော်ကြ

၏။ နယ်မြေ သိမ်းပိုက်ကြ၏။ ဒုတိယကမ္ဘာစစ်အပြီး စစ်၏အနိဋ္ဌာရုံနှင့် နိုင်ငံတော်ငယ်တို့၏အချုပ်အခြာအတွက် အာမခံနိုင်ရန် ကုလသမဂ္ဂပေါ်ပေါက်ခဲ့သည်။ ဤနောက်ပိုင်း နိုင်ငံကြီးများက နိုင်ငံငယ်များအပေါ် စစ်ပြု၊ နယ်

မြေသိမ်းနိုင်ခြေ အနည်းပါးဆုံးအဆင့်သို့ ရောက်လာခဲ့သည်။ သို့သော်လဲ National Interest ဟူသော အမျိုး

သားအကျိုးစီးပွားအတွက် အသိကြီးနိုင်ငံများက ကုန်သွယ်ရေး၊ ကူးသန်းရောင်းဝယ်ရေးများမှတဆင့် အသိနိမ့် နိုင်ငံများ၏ သယံဇာတများကို နည်းပညာမှတဆင့် လက်တံရှည်ဖြင့် စုပ်ယူ အသာစီးယူကြပြန် သည်။ သမိုင်း ကောင်း၍၊ အမြင် ကောင်းရန် စစ်မတိုက်ကြတော့။

ခေတ်သစ်တွင် အသိမြင့်နိုင်ငံတို့ က တနိုင်ငံချင်းသာမက နိုင်ငံအုပ်စုဖြင့်ပါ အသိနိမ့်နိုင်ငံများ၏ သ

ယံဇာတများကို အသာစီးအမြတ်ထုတ်ကြသည်။ EU သည် နိုင်ငံအုပ်စုများတွင် ထင်ရှား၏။ တတိယ နိုင်ငံများ

ကလဲ ခုခံကြသည်။ ASEAN သည်လဲ ထင်ရှား၏။ ထွန်းသစ်စနိုင်ငံများဖြစ်သော ဒုတိယအုပ်စုဝင် နိုင်ငံများက လဲ စုစည်းကြသည်။ BRIC ဟူသော (Brazil, Russia, India, China) အုပ်စုမှာ နောက်ပိုင်း အတော်ကလေး

အားကောင်းလာသည်။

ယခင်က နိုင်ငံတနိုင်ငံချင်းပြိုင်ဆိုင်ကြသည်။ ဗြိတိသျှအင်ပါယာ၊ ရောမအင်ပါယာ၊ တရုတ် အင်ပါ

ယာတို့ ထင်ရှားခဲ့ဖူးသည်။ နောက်ပိုင်း နိုင်ငံရေးအယူအဆတူသော နိုင်ငံအုပ်စုများ အားပြိုင်ကြပြန်သည်။ အ

ရင်းရှင်စနစ်အုပ်စုဝင်နှင့် ကွန်မြူနစ်အုပ်စုဝင်တို့ကို ဥပမာပေး၍ရသည်။ ထိုစဉ်က စီးပွားရေးစနစ်ထက် နိုင်ငံရေး

အယူအဆအားပြိုင်မှုက ပို၍ရှေ့တန်းရောက်ခဲ့ကြ၏။ စစ်အေးခေတ်လွန်နောက်ပိုင်း၌ စစ်ရိပ်စစ်ငွေ့တို့ အတော် အတန်ပါးလျခဲ့ကြပြီး နိုင်ငံတခု၏ (National Power) ရရန် စီးပွားရေးကို အခြေပြုတည်ဆောက်သော အယူအ

ဆတို့ ရှေ့တန်းတက်လာခဲ့ကြသည်။ မျက်မှောက်ကာလသည် ကမ္ဘာ့ဇာတ်ခုံထက်၌ နိုင်ငံတခုသြဇာကြီးရန် စစ်

ရေးထက် စီးပွားရေးသြဇာကို ပိုမို၍အခြေခံလာကြသည်ကို ပို၍ထင်ရှားစွာတွေ့လာနိုင်သည်။ စစ်ရေးစစ်ရာတွင် တရုတ်တို့ကို အမေရိကန်တို့က လက်ရှိအနေအထားအရ ထည့်တွက်လောက်ရသည့်အဆင့် မရှိသေးသော်လဲ စီးပွားရေးသြဇာတွင်မူ အမေရိကန်တို့က အလေးထားသတိမူရသည့်အဆင့်သို့ တရုတ်တို့ ရောက်လာနိုင်ခဲ့ပြီ ဖြစ်သည်။

49


အသိပညာ၊ နည်းပညာတို့သည် ၂၁ ရာစုတွင် ငြင်းမရ၊ ငြင်းမကောင်းသောအရာများ ဖြစ်လာသည်။

နိုင်ငံတခုသည် ရာစုသစ်တွင် ဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးဟူသောစနစ်တို့နှင့် ဝေးကွာအောင်နေ၍မရ

တော့။ အသိနှင့်နည်းပညာတွင် ရှေ့ကဦးဆောင်နိုင်ငံတို့ကို နောက်မှနိုင်ငံများက အရိပ်လို ထက်ကြပ်ဖြစ်ရန်လို

သည်။ ဒီမိုကရေစီနိုင်ငံရေးစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်သည် အသိပညာနှင့်နည်းပညာတို့ကိုထုတ်လုပ်ပေး ပေးရာဖြစ်သည်။ ဤစနစ်နှင့်နီးကပ်စွာရှိသောနိုင်ငံများ သို့မဟုတ် ကျင့်သုံးနိုင်သောနိုင်ငံများသည် တဖြည်း

ဖြည်း ရှင်သန်ရန် စားသုံးကြသူများအဆင့် ပိုမိုပီပြင်လာကြသူများ ဖြစ်လာကြပြီး၊ ထိုစနစ်နှစ်ခုနှင့် ဝေးကွာသော နိုင်ငံများ သို့မဟုတ် ကျင့်သုံးနိုင်ခြင်းမရှိသောနိုင်ငံများသည် အသိနှင့်အတတ်အရာတွင် နောက်ကျန်ရစ်မည် ဖြစ်ပြီး တဖြည်းဖြည်း စားရန်ရှင်ကြသူများအဖြစ်သို့သာ ရောက်မှန်းမသိရောက်သွားကြမည်ဖြစ်သည်။

မြင်းခေတ်၊ လှံခေတ်၊ လေးမြားခေတ်တွင် ကမ္ဘာတခြမ်းမက သိမ်းပိုက်နိုင်ခဲ့သော မွန်ဂိုတို့ ယနေ့များစွာ

နောက်ကျခဲ့သည်။ အမေရိကားကို နယ်မြေသစ်ရှာခဲ့သော ကိုလံဘတ်(စ်)၏ သင်္ဘောထက် ၄ ဆမျှကြီးသော

ရွက်တိုင် ၇ တိုင်တပ်သင်္ဘောတို့ကို ပိုင်ဆိုင်ခဲ့ဖူးသော တရုတ်အင်ပါယာသည်လဲ ၁၉၇၀ ကာလတွင် အဆိုးဆုံး

နိမ့်ကျခဲ့ဖူး၏။ စားဖို့ ရှင်သန်ခဲ့ရသောဘ၀ကို တရုတ်တို့ဖြတ်သန်းခဲ့ကြရဖူးသည်။ အသိတခုရပြီး စနစ်ကို ပြင်နိုင် ခဲ့၍ ယနေ့ တရုတ်တို့ ရှင်ဖို့ စားကြသူများအဆင့် ရောက်လာနိုင်ကြပြီဖြစ်သည်။ စားဖို့ အနိုင်နိုင် ရှင်သန်ကြသူ များတွင် အနာဂတ်သိပ်မရှိတတ်၊ အားလဲ မကောင်းချေ။ လှပသော အနာဂတ်သည် ရှင်ဖို့စား ကြသူများ၏ လက်ထဲတွင်သာ ရှိပါသည်။ ကျွန်တော်တို့ ရှင်ဖို့ စားကြသူများဖြစ်ရန်သာ လိုပါသည်။

…………………………………………… ။ ~ ။ ………………………………………………

အမေ ကျွန်တော် သစ္စာပြုပါသည်

နေဇင်လတ် (February 2010)

“မေမေကြီး လေဖြတ်ချင်သလား မသိဘူး” အမေ့အခန်းထဲ အပြေးအလွှားဝင်ကြည့်တော့ အမေ့ပါးတခြမ်း ခပ်ရွဲ့ရွဲ့

ဖြစ်နေ၏။ ကမန်းကတန်း ဆေးရုံပို့ရသည်။ ဦးနှောက်နှင့် အာရုံကြောအ ထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဒေါ်ဝင်းမင်းသစ်နှင့် ပါမောက္ခ

ဒေါက်တာဒေါ်မေမြ၀င်းတို့က စေတနာများစွာနှင့် အမေ့ကို ကြည့်ပေးကြ သည်။

နောက်ရက်မှာ CT Scan ဆွဲသည်။ အာရုံကြောကြီး သုံးခု ပိတ်သွားသည်တဲ့။ အမေ စကားမပြောနိုင်

တော့၊ ဘယ်ဘက်တခြမ်းလုံးလဲ လှုပ်ရှား၍မရ၊ ဘမောင်ကိုတွေ့တော့ အမေက ငွေ့ငွေ့လေးကြည့်ရှာသည်၊ တစုံ တရာ ပြောလိုဟန်ရှိသည်၊ သို့သော် အမေ့ပါးစပ်က လုံးဝ လှုပ်လို့မရ။ “အမေ နေကောင်းလား”

မျက်တောင် ခတ်ပြ ရှာသည်။

“အမေ ဘာမှမပူနဲ့နော်၊ အကောင်းဆုံးဆေးတွေ ပေးထားတယ်၊ လေးငါးရက်ဆို ဆေးရုံက ဆင်းရမယ်

ပြောတယ်”

အမေ အားရှိအောင်သာ ပြောရသည်။ ဘမောင်အသံက မသွက်တတ်ချေ။ အမေ မျက်တောင်မခတ် ပြ

ချေ။ ဘမောင်ကိုသာ ရီဝေစွာမျက်တောင်မခတ်တမ်းလိုက်ကြည့်နေ၏။ အမေ့ရီဝေသောအားငယ်သည့်အကြည့်

ကို ဘမောင်မမြင်ရက်။ တစုံတရာပြောလိုသော်လဲ ပြောမထွက်၊ လှုပ်လိုသော်လဲ လှုပ်မသွက်သော အမေ့အဖြစ် ကို ဘမောင် နင့်စွာ ခံစားရပါသည်။ စကားမပြောနိုင်သောအမေ မည်သို့ခံစားနေရပါသနည်း။ အမေ့ကို ချစ်သော သားတယောက်၏ ခံစားမှုကိုလဲ ကိုယ်ချင်းစာနိုင်ပါလိမ့်မည်။

ဘမောင်တို့ ဆယ်ကျော်သက်မှာ အဖေတိမ်းပါးခဲ့သည်။ ဘမောင်က အကြီးဆုံး၊ အငယ်ဆုံးက ညီမ

လေး ၀တ်ရည်၊ အလယ်က ညီနှစ်ယောက်၊ စစ်ပြေးဘ၀ဖြင့် ပညာကိုဆုံးခန်းတိုင်အောင် သင်ကြားခွင့် မရခဲ့

လိုက်သော အမေသည် အဖေမရှိသည့်နောက် ဘမောင်တို့မောင်နှမလေးယောက်ကို လူ့လောကကြီးတွင် မျက် 50


နှာမငယ်အောင် ကြိုးစားထားပေးရှာသည်။ ပညာတွေဆုံးခန်းတိုင်အောင် သင်ပေးခဲသ့  ည်။ ကိုယ် မိဘအရွယ်

ပြန်ရောက်သည့်အခါမှ အမေ့ရုန်းကန်လှုပ်ရှား၊ ပင်ပန်းခဲ့ရမှုတို့ကို ပြန်ပြီး စေ့စေ့ငုငု ကိုယ်ချင်းစာဖြစ်ခဲ့သည်။ ပ ညာတွေတတ်ခဲ့သော ယောက်ျားတယောက်၏ကြိုးစားမှုထက်၊ ပညာမပြည့်စုံခဲ့သောမုဆိုးမတဦး၏ ကြိုးပမ်းမှု

ကများစွာ ကြမ်းတမ်း၊ ခက်ထန်ခဲ့ပါလိမ့်မည်။ ပြည့်စုံသောဘ၀ဖြင့် အလိုမကျသည့်အခါ သားသမီးတို့အပေါ် ဘ

မောင်တို့ မျက်နှာထားခပ်တင်းတင်း တခါတရံထားခဲ့ဖူးသည်။ ပြည့်စုံသည်ဟုမဆိုသာသောဘ၀ဖြင့် ဘမောင်တို့ မောင်နှမလေးယောက်၏ ဒုက္ခအဖုံဖုံအတွက် အမေ့မျက်နှာထားပြောင်းဖူးသည်ဟု တခါမျှမမှတ်သားမိခဲ့။ အမေ သည် ဘမောင်တို့သားသမီးများနှင့် ပတ်သက်လာလျှင် အမြဲတမ်းအပြုံးဖြင့် နေပြတတ်သူဖြစ်သည်။

တခါမျှ ရင့်ရင့်မာမာ၊ ဆူဆူငေါက်ငေါက် မရှိခဲ့ရှာ၊ တောင်းတိုင်း ပေးတတ်သောအမေ၊ နွဲ့တိုင်းကျတတ်

သော အမေ၊ လေးယောက်သား တယောက်တပေါက်ကို အမြဲအပြုံးဖြင့် ဖြည့်ဆည်းပေးတတ်ရှာသောအမေ ဖြစ် ပါသည်။ အရွယ်ငယ်ငယ်မုဆိုးမဘ၀တွင် ကမ်းလှမ်းသူများရှိသော်လဲ၊ သားသမီးများမျက်နှာထောက်၍ ခပ်ရဲရဲ

ပယ်ငြင်းခဲ့ပြီး ဘ၀ကိုအားမတန်ဘဲ ရုန်းကန်ဖြတ်ကျော်ခဲ့သော အမေလဲဖြစ်သည်။ ဘမောင်တို့ကို အမေ မွေးရ ကျိုး၊ ကျွေးရကျိုး နပ်သည်၊ မနပ်သည်တော့ မသိ။ ဘမောင်တို့အတွက် အမေသည် တော်ရကျိုးတော့ တိုင်း ထက် လွန်ကျော်အောင် ‘နပ်’ရပါသည်။

ညဥ့်နက်သန်းခေါင်မှ ပြန်လာတတ်သောဘမောင်အတွက် အိပ်မှုန်စုံမွှားဖြင့် အမေအပြုံးမပျက် တံခါး

ဖွင့်ပေးတတ်သလို၊ အပေါင်းအသင်းများ၍ လောင်းကစားခုံမင်သောညီအငယ်အတွက်လဲ အမေသည် တိုးတိုး တိတ်တိတ် ကြိတ်၍ကြိတ်၍ထုတ်ပေးတတ်၏။ ပညာရေးအားနည်းသောသူ့သမီးငယ်အတွက်လဲ အမေသည် ပူပန်မှုများစွာဖြင့် စိုးရိမ်တကြီးရှိတတ်ပြန်သည်။ ဟင်းကောင်းစားတတ်ပြီး အပျော့ဆွဲ ဆွဲတတ်သော သူ့သား အလတ်အတွက်လဲ အမေက မမောတမ်းဖြည့်ဆည်းပေးတတ်ပြန်သည်။

လေးယောက်၊ လေးမျိုးသောသဘာဝရှိသည့် သားသမီးတို့ကို လူလားမြောက်ရန် အမေ မုဆိုးမကြီး

သည် အပြုံးတချက်မပျက်၊ အမျက်တစက်မပြဘဲ ဘ၀၏လေဒဏ် လှိုင်းဒဏ်တို့ကို ကြံ့ကြံ့ခံရင်း ပြုစုပျိုး

ထောင်ပေးခဲ့ပါ၏။ အမေ့ဒုက္ခ နည်းသည်မဟုတ်။ သားသမီးတို့အပေါ် တော်ရုံမေတ္တာဖြင့် ဤ ဒုက္ခမျိုးကို ရင် မဆိုင်နိုင်။

အဖေ စီးပွားပျက်တုန်းက တွန့်ဆုတ်ခြင်းအလျှင်းမဲ့စွာ အမေက သူ့ရွှေတွေထုတ်ပေးခဲ့သည်။ “အမေ မနှမြောဘူးလား”

“ဘာတတ်နိုင်မှာလဲ သားရယ်၊ ဘ၀ဆိုတာ သည်လိုပဲပေါ့”

‘ဘ၀’ ဟူသောစာလုံးနှစ်လုံးကို ဘမောင်တသက်တွင် မှတ်မှတ်ထင်ထင် အမေ့ထံမှစတင်ကြားဖူးခဲ့

ခြင်းဖြစ်သည်။ အဖေဆုံးတော့ အမေ့မျက်ရည်တို့ အတောမသတ်တသွင်သွင်စီးဆင်း၏။ ဘမောင် တို့မောင်နှ

မတွေ အမေ့နားရောက်လာလျှင် ကပျာကယာမျက်ရည်သုတ်တတ်သော အမေ့မျက်ဝန်းတို့တွင် မျက်ရည်စအ နည်းငယ်ကိုမျှသာ တွေ့တတ်သည်။ သားသမီးတွေ ပို၍အားငယ်မည်ကို မလိုလားသောအမေသည် သူကျချင် သောမျက်ရည်တို့ကိုပင် ကျခွင့်မပေးခဲ့။

အမေသည် ဘမောင်တို့အတွက် ဤသို့သောအမေ ဖြစ်ချေသည်။ လူလားမြောက်၍ လုပ်ငန်းခွင်ထဲ

ဝင်ကြသည့်အခါ ဘမောင်တို့ တနယ်တကျေးဖြစ်ကုန်ကြသည်။ အမေသည် သူ၏အငယ်ဆုံးသမီး နှင့်နေဖြစ် ခဲ့ရှာ၏။ တော်ရုံ ဖုန်းမဆက်၊ ပြန်မလာရှာတတ်သော ဘမောင်နှင့်တွေ့သည့်အခါ

“သားကြီးရယ်၊ ဖုန်းလေး ဘာလေးလောက်တော့လဲ ဆက်ဦးမှပေါ့။ ဖျားသလား၊ နာသလား၊ အမေ

စိတ်ပူနေလိုက်ရတာ ပင်ပန်းလွန်းတယ်”

ထိုသို့ အမေက ကရုဏာဖြင့် ပြောတတ်ရှာသည်။ အမေ့မေတ္တာသည် ဘမောင်တို့၏ အသက်အရွယ်

နှင့် သိပ်အချိုးမကျလှချေ။ ရင်ခွင်ထဲ၊ ပုခက်ထဲတုန်းကအရွယ်ကဲ့သို့ပင် အမေ့ကရုဏာက အမြဲလန်းဆန်းလျက် ရှိနေပါသည်။ ဈေးကွက်စီးပွားရေးတွင် ကိုယ်စားလှယ်လုပ်ငန်းများရ၍ ဘမောင်တို့အတော်ကြီး အဆင်တပြေ ဖြစ်ခဲ့သည်။ အမေ့ကို တစုံတရာဖြင့်ကန်တော့ဖြစ်၏။

“သား မင်းပဲပြန်ယူသွားပါ။ အမေက အသက်ကြီးပြီ။ လုပ်ငန်းရှင်တွေ ငွေလိုတတ်တယ်ကြားတယ်၊

လိုရင် ပြောဦး၊ အားမနာနဲ့”

အရွယ်ရောက် အိမ်ထောင်ကွဲ ဟူသည် အမေ့ဒဿနတွင်မရှိ၊ လူပျိုနှင့် အိမ်ထောင်ကွဲကို အမေခွ၍ဲ

လဲမမြင်။ အမေသည် တပ်မက်မှုလဲအလျှင်းမရှိ။ ဘာလိုချင်ပါသည်ကို မပြောဖူးခဲ့။ ပေးဆပ်ခြင်းတခုတည်းဖြင့် ရှင်သန်သူဖြစ်သည်။ အရွယ်ရောက်၊ အတောင်စုံသူကိုပင် အိုကြီးအိုမအမေက ဖြည့်ဆည်းချင်ရှာနေသူ ဖြစ် သည်။

အဆန်စိတ်ကြီးသော အမေ။

ဖြည့်ဆည်းခြင်းဖြင့် ရှင်သန်သော အမေ။

ပေးဆပ်ခြင်းများစွာဖြင့် သူ့ဘ၀ကို ထုဆစ်နေသော အမေ။

ကိုယ်က လင့်ခရုဇာစီးပြီး အမေ့ကို အားဆေးလောက်ဖြင့်ကန်တော့ခဲ့သော ဘမောင်ကို အမေက အ 51


ပြုံးများစွာဖြင့် ဆုတွေတထမ်းကြီး ပေးတတ်သလို၊ နယ်ခြားနိုင်ငံတခုက သူ့သားပို့ပေးသော ငွေစတချို့ကိုလဲ ရွှေဝယ်ပေးပြီး သီးခြားသိမ်းပေးထားတတ်သော အမေ ဖြစ်သည်။

“အမေ့အတွက် ဘာမှမလိုပါဘူး၊ အမေရှိသေးတာကို သိတတ်တာတခုနဲ့ပဲ ကျေနပ်နေပါပြီ”

အမေ့စကားတွင် ဟန်ဆောင်မှု၊ ဖုံးကွယ်မှု၊ ဖြေသိမ့်မှု အလျှင်းမပါ။ သန့်သောစကား၊ ရိုးသောစကား၊

စင်းသောစကားများသာဖြစ်သည်။ ဘမောင်တို့အရွယ်ရ၊ သားသမီးတွေကိုယ်စီဖြစ်လာသောအခါ အမေ့ ရင်ငွေ့

လှုံခဲ့ရစဉ်ကို ပြန်ပြောင်းအမှတ်ရမိသည်။ ကိုယ့်သားသမီးတွေကိုယ့်အပေါ်တုံ့ပြန်မှုနှင့် အမေ့အပေါ် ဘမောင်တို့ လေးယောက်သား တုံ့ပြန်မှုတို့ကို တွေးမိလာသည်။

“ရေသည် မြင့်ရာမှနိမ့်ရာသို့ အမြဲ စီးဆင်း၏”တဲ့။ အချို့က ဤသို့ခံယူကြသည်။

မေတ္တာသည် ရေမဟုတ်၊ သိတတ်မှုသည်လဲ ရေမဟုတ်၊ ကျေးဇူးတရားသည် ကမ္ဘာ့ဆွဲအားနှင့် လား

လားမှမဆိုင်။ မွေးကျေးဇူး၊ ကျွေးကျေးဇူးတို့အပေါ် စာနာမှု၊ တုံ့ပြန်မှုတို့သည် သိတတ်မှု၊ နားလည်နိုင်မှုနှင့်သာ

ဆိုင်ပါသည်။ အမေသည် အရွယ်ရလာပြီဖြစ်၏။ မုဆိုးမဘ၀ဖြင့် သားသမီးလေးယောက်တို့အပေါ် အပြုံးမပျက်၊ တချက်မငြူစူဘဲ လောကဓံတရားကို အပြုံးဖြင့် ရင်ဆိုင်ကျွေးမွေးခဲ့သော အမေ့အတွက် ဘမောင်တို့ တစုံတရာ ကျေးဇူးပေးဆပ်နိုင်ခဲ့ပါပြီလား၊ အမေ့နို့တလုံးဖိုး အသာထား၊ အမေ့နို့တစက်ဖိုးမျှရော သိတတ်မှုတွေရှိခဲ့ပါပြီ လား။

တချို့ကား ဆန္ဒရှိသော်လဲ အခြေအနေမပေး။ တချို့ကား အခြေအနေပေးသော်လဲ ဆန္ဒမရှိ။ တချို့

ကား ဆန္ဒလဲမရှိ၊ အခြေအနေလဲ မပေး။ အခြေအနေပေးသော်လဲ ဆန္ဒမရှိလျှင် ထိုသောသားသည် ‘သား မည်မဟုတ်’ နိုင်၊ ထို့ထက် မိုက်သောသားသည်ပင် ထိုမျှမမိုက်။

ဝမ်းစပ်ရသောသားနှင့် မွေးရကျိုးနပ်သောသားတို့တွင် ဖြစ်နိုင်လျှင် မွေးရကျိုးနပ်သောသားမျိုးသာ

ဖြစ်သင့်ကြသည်။ ဘမောင်တို့အပေါ် ယူခဲ့ရရှာသော အမေ့တာဝန်သည် ကြီးမားလှ၏။ ပညာရေး၊ စာရိတ္တ၊ လူ တလုံး သူတလုံးဖြစ်ပါ့မလားစသဖြင့် ပူပန်မှုတွေဖြင့်ယူခဲ့ရသော တာဝန်မျိုးဖြစ်သည်။ ကိုယ့်အလှည့်ကျ ဤ

တာဝန်များရှိသည် မဟုတ်၊ ပူပန်မှုအလျှင်းမရှိရဘဲ ‘သိတတ်မှု’ လေးတခုမျှဖြင့်သာ နှမ်းဖြူး ကျေးဇူးဆပ်နေရ ခြင်းဖြစ်သည်။ ထိုသော သိတတ်မှုလေးကိုမျှ ကောင်းစွာစိတ်မထားနိုင်ခဲ့လျှင်။

အမေ့အသက် ရှစ်ဆယ်ကျော်ပြီ။ ကြွက်သားတို့မထိန်းနိုင်တော့၍ ဆီး ၀မ်းသွားသည်ကိုလဲ မသိတော့။

ပါးစပ်လှုပ်မရ၍ အစာကို နှာခေါင်းပိုက်တချောင်းဖြင့် ဖြည့်ဆည်းနေရသည်။ ဆီးမထိန်းနိုင်တော့၍ ဆီးပိုက်တ

ချောင်းလဲ တပ်ထားရသည်။ ပေးသင့်သောဆေးတို့ကိုတော့ အပြည့်အ၀ ပေးထားနိုင်၏။ နေ့၊ ည Nurse တို့ဖြင့်

မပြတ်ရှိစေသည်။ မနက် ရုံးမသွားမီ တကြိမ်၊ ညနေရုံးပြန် တကြိမ် အမေ့ထံ ဘမောင် တနေ့နှစ်ကြိမ်ဝင်သည်။

တတ်သလောက်မှတ်သလောက်အာရုံပြု၍ ၀န်းကျင်နှင့်ဆေးရုံတွင်း ၀န်ထမ်းများ၊ လူနာများကို မေတ္တာပို့ဖြစ်၏။ အမေ့အတွက်လည်း ဆုတောင်းပေး၏။ ညီနှင့်ညီမလေးကလဲ တယောက်မဟုတ် တယောက် အမေ့အနားနေ ပေး၏။

“အမေ နေလို့ကောင်းရင် လက်ညှိုးထောင်”

စကားမပြောနိုင်သောအမေ့ကို လှုပ်ရှားမှုရရန် ညီမလေးကဘေးကပြောပေးသည်။ လှုပ်ရသော ညာ

ဘက်လက်ညှိုးလေးကို အားယူ၍ အမေ ထောင်ပြရှာသည်။ သားသမီးတို့ကို စိတ်ချမ်းသာစေလို၍ ကြိုးစား

ထောင်ပြရှာသည်လားမသိပါ။ အမေသည် သူ့ဒုက္ခ၊ သူ့ဝေဒနာတွေထက် သားသမီးတို့ စိတ်ချမ်းသာစေခြင်းကို ဦးစားပေးတတ်သူဖြစ်သည်။

မပြောနိုင်ရှာသောအမေသည် ဘမောင်ကို ရီဝေစွာမျက်တောင်မခတ်ကြည့်နေရှာသည်။ အမေပြော

ချင်သည်တို့ကို ဘမောင် အဓိပ္ပာယ်မဖော်တတ်။ ဘမောင် အာရုံပြုမေတ္တာပို့နေသည်ကို မျက်တောင်မခတ် ကြည့်နေတတ်သလို အမေ့ဘေးတွင်ထိုင်၍အားပေးလျှင်လဲ မျက်လုံးမရွေ့ကြည့်နေတတ်ပြန်၏။

အမေ့အကြည့်သည် အင်အားမရှိ၊ ရီဝေနေ၏။ ခပ်ငွေ့ငွေ့မျှသာနှင့် အားငယ်ရှာသည်ထင်သည်။ ဆေးရုံ

တွင်ပင် ရက် ၄၀ ကျော်ကြာခဲ့သော အမေသည် ထူးခြားစွာတိုးတက်မလာတတ်သေး။ အကောင်းဆုံး ပြုစုနိုင်

သည်မှလွဲ၍ ဘမောင် ပို၍မတတ်နိုင်၊ သတ္တ၀ါတို့သည် ‘ကံ’ စီမံရာဖြစ်သည်။ သို့သော် ‘သစ္စာ’သည် အစွမ်းထက် သည်ဟု မှတ်သားဖူး၏။ ကြိုးစားကြည့်သင့်သည်ဟု ဘမောင် ထင်သည်။

အမေ့ဘေးနားကခုံမှာ ဘမောင်ထိုင်လိုက်သည်။ အမေ့လက်ကိုကိုင်၍ အာရုံပြု၏။ စိတ်ကိုအတတ်နိုင်

ဆုံး သန့်ရှင်းစွာထား၍ အနန္တသတ္တ၀ါအားလုံးကိုမေတ္တာပို့လိုက်သည်။ ရင်ထဲမှ လှိုက်လှဲစွာ၊ လေးနက်စွာ၊ ဖြူစင် စွာဖြင့် “ ‘ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ’ တည်းဟူသော အနန္တဂိုဏ်းဝင်တို့၏ကျေးဇူးတော်ကို အကြွင်းမရှိ ယုံကြည်သူဖြစ်ပါ၏၊ အထူးအားဖြင့် မိခင်ကြီး၏ကျေးဇူးကို အလေးအနက်ခံယူသူလဲဖြစ်ပါသည်။ ထိုကျေးဇူးကို

ဤဘ၀၊ ဤအချိန်တွင် ပြင်းပြစွာပြန်လည်ပေးဆပ်လိုပါ၏။ ဤမှန်ကန်လေးနက်သောသစ္စာစကားကြောင့် မိခင် ကြီး၏ကျန်းမာရေး အမြန်ပြန်ကောင်းမွန်ကာ၊ မိခင်ကြီး ရှည်နိုင်သောအသက်တို့ကို မိမိ၏ ကျန်သောအသက်မှ

နုတ်လျော့စွန့်လွှတ်ပူဇော် ကျေးဇူးဆပ်နိုင်ရပါစေသား” ဆုံးသည်နှင့် ရင်ထဲမှလှိုက်တက်လာ၏။ ၀မ်းသာပီတိတို့ 52


ဖြင့် လှိုက်တက်လာခြင်းဖြစ်သည်။ မတူသောပီတိတို့ကို ခံစားဖြစ်ရသည်။ ပြင်းပြသောဆန္ဒတို့ ဖြည့်တင်းခံရသ လို ကျေနပ်မိသည်။ ကိုယ့်မျက်လုံးကိုယ် ဖြည်းဖြည်းချင်းဖွင့်ဖြစ်လိုက်သည်။ ကိုင်ထားသောအမေ့လက်က ဘ

မောင်ကို ခပ်တင်းတင်းဆုပ်လိုက်သည်ကို ဦးစွာသတိထားမိသည်။ မပီကလာ ပီကလာ အမေ့အသံကို ဗလုံးဗ ထွေး ခပ်သဲ့သဲ့ စတင်ကြားလိုက်ရ၏။

“သား ... ကြီး ... အိမ် ... ပြန် … တော့ ... လေ။ နောက်ကျ ... နေပြီ”

…………………………………………… ။ ~ ။ ………………………………………………

သေတတ်ဖို့လည်း လိုသေးတယ်

နေဇင်လတ် (March 2010)

ငယ်စဉ်က ‘သေတတ်ဖို့ လိုသည်’ ဟုပြောသံကို ကြားရသောအခါ ထေ့

ပြုံးပြုံးမိ၏။ အရွယ်ရလာသော အခါ ‘ငါရော သေတတ်ပါရဲ့လား’ဟု ကိုယ့်

ကိုယ်ကို အကြိမ်ကြိမ်မေးမိသည်။ လောကုတ္တရာစာပေ အချို့ကို လေ့လာ မိသောအခါ နက်နဲခြင်းသဘောတွေကို တွေ့ရ၏။ သေချာသည်က ‘လူ

တိုင်းကောင်းစွာ မသေတတ်ကြ’။ ကိုယ်လဲ မသေချာ။ ဆရာဦးတော် (အမ ရပူရ)၏ ‘သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်’ကို ဖတ်ရသောအခါ

လွယ်လွယ်ရှင်းရှင်း၊ စကားပြေတို့ဖြင့်ရေးထားသည်ဖြစ်၍ တဆင့်ပွား မျှဝေ

လိုလာသည်။ ပိုင်းခြားသိရမည့် တရား၊ ပယ်ရမည့် တရား၊ မျက်မှောက်ပြုရ မည့်တရားနှင့် ပွားများရမည့်တရားတို့ကို ကောင်းစွာသိရှိသဘောပေါက်ပြီး

ဆင်ခြင် နှလုံးသွင်း၊ ကျင့်ကြံ အား ထုတ်ခြင်းဖြင့် ကောင်းစွာသေတတ်၊ တဖန်ပဋိသန္ဓေ ပြန်နေနိုင်ရန် ရေးသား ထားသည်။ သေခြင်းတရားကို အဖန် ဖန် နှလုံးသွင်းနေပါက မရဏနုဿတိကို စြွဲ မဲစွာအားထုတ်နေခြင်းဖြစ်၍

ခန္ဓာငါးပါး၌ငြီးငွေ့ပြီး နိဗ္ဗိန္ဒဥာဏ်ရရှိရာ ခန္ဓာငါးပါးကို မလိုချင်မတပ်မက်သော ၀ိရာဂဥာဏ်ရရှိမည်ဟု ဆိုသည်။ ဤဥာဏ်သည် နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်သည့်ဥာဏ်ဖြစ်၏။ သေခြင်းဆိုင်ရာ အဘိဓမ္မာကို... - သေခြင်းအား နားလည်မှု - ဒုက္ခနှင့်သုခတို့ကို သိရှိမှု - ရှာမှီးခြင်း မလွဲမှု

- ဆုတောင်းမလွေဲ စမှု

- အစမ်းသေကြည့်မှု တို့ဖြင့် အပိုင်းလိုက် ဖော်ပြထားသည်။ ကြိုတင်မသိနိုင်သောတရားငါးမျိုး

ဇီဝတံ ဗျာဓီ ကာလောစ၊ ဒေဟ နိက္ခေပနံ၊ ဂတိ။ « ၀ိသုဒ္ဓိမဂ် » - မည်သူမျှ ဘယ်အရွယ်တွင် သေရမည်ကို မသိနိုင်ခြင်း

- မည်သို့သော ဝေဒနာ၊ အန္တရာယ်ဖြင့် သေဆုံးမည်ကိုမသိနိုင်ခြင်း - ဘယ်အချိန်ကာလတွင် သေရ မည်ကို မသိနိုင်ခြင်း - ဘယ်နေရာမှာ သေရမည်ကို မသိနိုင်ခြင်း

- သေပြီးနောက် အခြားမဲ့၌ ဘာဖြစ်မည်ကို မသိနိုင်ခြင်း လူတိုင်းတနေ့ သေကြရမည် ဖြစ်သည်။ သိက္ခာ ရှိရှိ၊ သတိရှိရှိနှင့်သာ သေခြင်းတရားကို ရင်ဆိုင်နိုင်အောင် အားထုတ်သင့်သည်။ သေခြင်းကိုကား ရှောင်လွှဲ၍ မရနိုင်။

လေးမျိုးနှင့် သေကြ

- အာယုက္ခယဟူသောသက်တမ်း ကုန်၍ သေရခြင်းမျိုး - ကမ္မက္ခယဟူသော ကံအစွမ်း ကုန်၍ သေရခြင်းမျိုး

- ဥဘယက္ခယဟူသော သက်တမ်းလဲ ကုန်၊ ကံအစွမ်းလဲ ကုန်၍ သေရခြင်းမျိုး

- ဥပစ္ဆေဒက ဟူသော သက်တမ်းနှင့် ကံအစွမ်းရှိသေးသော်လဲ ပိုအားကြီးသော အကုသိုလ်ကံတပါးပါးက 53


ဖြတ်တောက်၍ သေရခြင်းမျိုးဖြစ်သည်။

အချိန်မရွေးသေနိုင်သည်ဖြစ်၍ သက်ရှိထင်ရှားရှိနေစဉ်အတွင်း မိမိအတွက်၊ အများအတွက် တစုံတရာ

သော အကျိုးတခုခုဖြစ်ထွန်းအောင် ပြုနိုင်သူဖြစ်ရန် ကြိုးစားသင့်သည်။ တရက် တရက်ဖြင့် ဖြတ်ကျော်နေရခြင်း သည် တရက်၊ တရက်သေရန် ပို၍နီးကပ်လာနေခြင်းဖြစ်သည်ကို နှလုံးမူထားတတ်ရန်ဖြစ်သည်။ တုန်လှုပ် မနေနဲ့

အသေချာဆုံးတခုက တနေ့နေ့တွင် သေကြရခြင်းသာဖြစ်သည်။ သေခြင်းကို မမျှော်လင့်ထားသူများ

ဆောက်တည်ရာမရဖြစ်ခဲ့လျှင် စိတ်အစဉ်တွင် သန့်ရှင်းစင်ကြယ်မှုမရှိနိုင်၊ ထိုသော မသန့်စိတ်ဖြင့်သေခဲ့လျှင် ဒု ဂ္ဂတိဘုံသို့ ရောက်၏။ ကိုယ်တယောက်တည်း ရွေး၍သေရသည်မဟုတ်၊ သေကြသည့်သူများထဲမှာ ကိုယ်လဲပါ သည်ဟု အသိထားတတ်ရန်ဖြစ်သည်။ အစမ်းသေကြည့်ထားလျှင် တုန်လှုပ်မှုလျော့နည်းပါမည်။ မရဏနုဿ တိကို အကြိမ်ကြိမ်ပွားများထားလျှင် သက်လုံပို၍ ကောင်းလာပါလိမ့်မည်။ အသေကြောက် ပုဂ္ဂိုလ်လေးယောက်

- ကာမဂုဏ်တို့၌ တပ်မက်ခြင်း မကင်းသေးသူ

- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း မကင်းသေးသူ

- မကောင်းမှုသာပြုခဲ့ပြီး ကောင်းမှုမပြုရသေးသူ

- သူတော်ကောင်းတရား၌ ယုံမှား၍ အဆုံးအဖြတ်သို့ မရောက်သေးသူ အသေမကြောက် ပုဂ္ဂိုလ်လေးယောက်

- ကာမဂုဏ်တို့၌ တပ်မက်ခြင်း ကင်းသူ

- မိမိခန္ဓာကိုယ်၌ တပ်မက်ခြင်း ကင်းသူ

- ကောင်းမှုသာပြုခဲ့ပြီး မကောင်း မှု မပြုသူ

- သူတော်ကောင်းတရားတို့၌ ယုံမှားခြင်းကင်းသူ၊ အဆုံးအဖြတ်သို့ရောက်ပြီးသူ သေပြီးနောက် ဘယ်ဘုံရောက်

ဗုဒ္ဓက ၃၁ ဘုံရှိသည်ဟု ဟောကြားခဲ့ပြီး ဖြစ်သည်။ ဗြဟ္မာ့ဘုံ ၂၀၊ ကာမဘုံ ၁၁ ဖြစ်၏။ ဈာန်အဘိညာဉ်

ရအောင်ကျင့်ကြံနိုင်သူများ ဗြဟ္မာ့ဘုံ ၂၀သို့ ရောက်နိုင်ကြသည်။ မကျင့်နိုင်လျှင် ကာမဘုံ ၁၁ ဘုံသို့ ပြန်ရောက် သည်။ အပယ်(၄)ဘုံ(ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်)နှင့် ကာမသုဂတိ(၇)ဘုံ(လူ့ဘုံနှင့် နတ်ပြည်ခြောက် ထပ်)အနက် တဘုံဘုံသို့ရောက်ကြရသည်။ အပယ်(၄)ဘုံကား မည်သူမျှ မရောက်လိုသောဘုံဖြစ်၏။

လူ့ပြည်၊ နတ်ပြည်သည် ရောက်ချင်တိုင်း မရောက်နိုင်သော နေရာများဖြစ်သည်။ သေခါနီး စက္ကန့်ပိုင်း

ကာလတွင် စိတ်ထားတတ်ဖို့ အရေးကြီး၏။ မရဏဿတိဇောဟု ခေါ်သည်။ စိတ်ထားတတ်လျှင် လူ့ဘုံ၊ နတ်

ဘုံသို့ရောက်နိုင်ပြီး စိတ်မထားတတ်လျှင် အပယ်လေးဘုံသည် အသေအချာရောက်ရမည့် နေရာများဖြစ်သည်။ ဂတိငါးမျိုး၊ ဘ၀ငါးမျိုး

- ဒေ၀တာဂတိ (နတ်ပြည်ခြောက်ထပ်၊ ဗြဟ္မာနှစ်ဆယ်တွင် နတ်ဗြဟ္မာဖြစ်ခြင်း) - မနုဿဂတိ (လူ့ပြည်၌ လူပြန် ဖြစ်ခြင်း) - တိရစ္ဆာနဂတိ (တိရစ္ဆာန်ဖြစ် ခြင်း)

- နိရယဂတိ (ငရဲဘုံ၌ ငရဲသား ဖြစ်ခြင်း)

- ပေတဂတိ (ပြိတ္တာဘုံ၌ ပြိတ္တာ ဖြစ်ရခြင်း)

အပေါ်ဂတိနှစ်မျိုးသည် အောက်ဂတိသုံးမျိုးနှင့် အကြီးအကျယ် ကွာခြား၏။ ကံမှပဋိသန္ဓေ

မွေးသည်မှသေသည်အထိ ထိုဘ၀မှပိုင်ဆိုင်သောအသိတို့ဖြင့် လူတယောက်သည် ဒုစရိုက်အကုသိုလ်

များကို မရေမတွက်နိုင်အောင် ပြုခဲ့နိုင်သလို၊ အသိမှန်ဖြင့် သုစရိုက် ကုသိုလ်များကိုလဲ များပြားစွာဆောင်ရွက် နိုင်ပါသည်။ ကုသိုလ်၊ အကုသိုလ်တို့ကိုပြုလုပ်ရာတွင် ပြုဖြစ်အောင်စေ့ဆော်တိုက်တွန်းသော ‘စေတနာ’ ကို

‘ကံ’ ဟု ခေါ်သည်။ ကုသိုလ်ကံသည် အကုသိုလ်ကံထက်အင်အားကြီးမားသည်မှန်သော်လဲ သာမန်အားဖြင့် လူ တို့သည် ကုသိုလ်ထက် အကုသိုလ်ပြုမှုအရေအတွက်က ပို၍များသည်။ လူတဦးတွင် တပြိုင်နက်ထဲ ‘ကုသိုလ်

စိတ်’ နှင့် ‘အကုသိုလ်စိတ်’ တို့ ယှဉ်တွဲ၍မဖြစ်ပေါ်။ စိတ်တခုခုရှိနေလျှင် အခြားစိတ်တခုက ဖယ်ပေးရသည်။ တ နေ့တာ တွင် မည်သည့်စိတ် ပိုများသည်ကိုဆန်းစစ်နိုင်၏။ 54


ကံ (၄)မျိုး၏ အကျိုးပေးမှု အစီအစဉ်

ကုသိုလ်၊ အကုသိုလ်တို့ကို ပြုလုပ်ခဲ့သောသူတဦးအတွက် မည်သည်တို့က ဦးစွာအကျိုးပေးမည်ကို

ဗုဒ္ဓကဟောကြားနိုင်ခဲ့ခြင်းသည် အခြားဘာသာများနှင့် တူနှိုင်း၍မရသော ပညာတပါးဖြစ်၏။ - ဂရုကကံ (ပထမအင်အားကြီးဖြင့် အကျိုးပေးသည့်ကံ)

- အာသန္နကံ (ဒုတိယအင်အား ကြီးဖြင့် အကျိုးပေးသည့်ကံ) - အာစိဏ္ဏကံ (တတိယအင်အားဖြင့် အကျိုးပေးသည့်ကံ)

- ကဋတ္တာကံ (စတုတ္ထအင်အားသေးဖြင့် အကျိုးပေးသည့်ကံ)

ဂရုကကံသည် အလွန်အင်အားကြီးသောကံ ဖြစ်၏။ အခြားကံတို့ကို ဖြတ်တောက်နိုင်စွမ်းလဲရှိသည်။

ကြီးလေးသောကံဟုလဲခေါ်ပြီး အမိ၊ အဖ၊ ရဟန္တာသတ်သူ၊ သံဃာသင်းခွဲသူ၊ ဘုရားရှင်အား သွေးစိမ်းတည်

အောင်လုပ်သူတို့၏ အကုသိုလ်မှဖြစ်ပေါ်လာသော ကံ ဖြစ်သည်။ ရှောင်လွှဲ၍မရ၊ ထိုကံ ကျူးလွန်ခဲ့သောသူ

သည် သေချာပေါက် အ၀ီစိငရဲသို့လားရမည်ဖြစ်သည်။ အခြားကုသိုလ်များနှင့် မဆယ်နိုင်၊ မကယ်နိုင်ချေ။ ဒေ ၀ဒတ်၊ အဇာတသတ်တို့သည် ဂရုကကံကို ခံကြရသူများ ဖြစ်သည်။

ဒုတိယအင်အားကြီးအကျိုးပေးသည် အာသန္နကံဖြစ်သည်။ သေခါနီးပြုသော ကုသိုလ်၊ အကုသိုလ် (သို့

မဟုတ်) ရှေးကပြုခဲ့သော ‘ကံ’ တို့ကို ပြန်လည်သတိရ၊ အောက်မေ့ခြင်း၊ ဆင်ခြင်မိခြင်းဖြစ်လျှင် ထိုကံသည် ဒု

တိယအင်အားရှိစွာ အကျိုးပေးသည်။ အကုသိုလ်ဇောစိတ်ဖြင့်သေလျှင် အပါယ်သို့ကျပြီး ကုသိုလ်ဇောစိတ်ဖြင့် သေလျှင် သုဂတိသို့လားမည်ဖြစ်သည်။

တတိယအကျိုးပေးမှာ အာစိဏ္ဏကံ ဖြစ်သည်။ သေခါနီးဇောတွင် အာသန္နကံမရှိပါက ဘ၀တသက်တာ

ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့၏ အင်အားများရာကံက အကျိုးပေးပါမည်။ အင်အားအနည်းဆုံး ကံမှာ ကဋ တ္တာကံဖြစ်သည်။ အမှတ်မထင်ပြုခဲ့သော ကုသိုလ်၊ အကုသိုလ်တို့၏ အကျိုးပေးဖြစ်သည်။ ဗုဒ္ဓပြောတဲ့ပညာ

ဗုဒ္ဓက ပညာကို အလေးထားဟောသည်။ ထိုပညာသိသည် သေခါနီးအထိ အသုံးဝင်အကျိုးပေးသည်။ အာသန္န

ကံ(သေခါနီးပြုသောကံ)သည် အာစိဏ္ဏကံထက်(တသက်တာပြုသောကံ) အင်အားပိုကြီးသည်ဟုဆိုထားသည်။ တသက်တာအကုသိုလ်ပြုထားသူသည် သေခါနီးစိတ်ထားတတ်၊ အာရုံပြုတတ်လျှင် ဇောကောင်း၍ ထိုကံစွမ်း

အားကြောင့် ပဋိသန္ဓေကောင်းတွင်နေရမည်ဖြစ်သည်။ သို့သော်လဲ တသက်တာအကုသိုလ် များလာသူတဦး အ နေဖြင့် အနည်းအများ သတိရ၊ ဆင်ခြင်မိနိုင်သဖြင့် နဂိုကတည်းက အကုသိုလ်မများရန် လိုသည်။ ထို့ကြောင့်

သေခါနီးလူတဦးအတွက် ကုသိုလ်၏အာသန္နကံစွမ်းအားကြီးရန် အခြားအကုသိုလ်ဖြစ်စေသည့် တပ်မက်မှုများ၊ ပူလောင်မှုများ၊ မကြား မမြင်ရန်လိုသည်။ ထိုဇောအားကြီးသဖြင့် သေခါနီးသူတဦး ဇောမှန်ရန် ကြိုတင်စီမံထား သင့်သည်။ ဤသည်မှာပင် လေးနက်သောအသိပညာ၏ အသုံးချရာ ချကြောင်းတခုဖြစ်သည်။ ဆောင်ပါ၊ ရှောင်ပါ

သုဂတိဘ၀ (လူ၊ နတ်)ရောက်ရန် သေအံ့ဆဲဆဲ၌ ကုသိုလ်စိတ်အစဉ်ဖြစ်စေရန် အာသန္နကံကုသိုလ်၊

ကုသိုလ်ဇော စောရန်လိုအပ်သည်။ ထို့ကြောင့် ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ဂုဏ်ကို ဆင်ခြင်ပွား များ အောက်မေ့နေတတ်ရန်ဖြစ်သည်။ ထိုသို့ ဆင်ခြင်နိုင်ရန်လဲ အလေ့အကျင့်ကောင်းများ ရှိထားရန်လို၏။

ဒါန၊ သီလ၊ ဘာဝနာ တို့ကို မသေခင်က စဉ်ဆက်မပြတ်ရင်းနှီးထားသင့်သည်။ ထိုမှရသော အလေ့အကျင့်တို့ ဖြင့် သေခါနီး၌ ကောင်းသောဇောတို့ကို ဖြစ်စေနိုင်သည်။

အာသန္နကံ ကုသိုလ်ဇောစောနိုင်ရန် ရှေးမဆွကပင် ဒါန၊ သီလ၊ သမာဓိ၊ ပညာဖြင့် တရားတော်တို့ကို

ပွားများ အားထုတ်ပြင်ဆင်လေ့ကျင့်ထားသင့်သည်။ မသေခင်က အကုသိုလ်တို့ကို ရှောင်ရှားသင့်၏။ တသက်

လုံး အကုသိုလ်တို့ဖြင့်ရင်းနှီးလာသူတယောက်အနေဖြင့် သေခါနီးကုသိုလ် ကုသိုလ် အာသန္နကံကိုဆင်ခြင်လျှင် သေချာပေါက် လူတိုင်းရမည်ဟု အာမ-မခံနိုင်။ တရားအားထုတ်ပါ

တရားအားထုတ်မှုဟူသည် ၀ိပဿနာအလုပ် တနည်းအားဖြင့် ဥာဏ် အလုပ်၊ ပညာ အလုပ်ဖြစ်သည်။

ထို ပညာဥာဏ်ဖြင့် ဆင်ခြင်နှလုံးသွင်းမှုကောင်းစေသည်။ ဇာတိကိုဖြစ်စေသော တဏှာကိုချုပ်အောင် ပညာဖြင့် သာ ဆင်ခြင်နိုင်သည်။ ၀ိပဿနာသည် ထိုင်ခြင်းသက်သက်မဟုတ်၊ ပညာဖြင့်ရှုခြင်း ဆင်ခြင်ခြင်းသာဖြစ်သည်။ ထိုင်ပြီး ပညာဖြင့်မဆင်ခြင်နိုင်လျှင် အားထုတ်သည်မမည်။

မသိခြင်းသည် အ၀ိဇ္ဇာဖြစ်၍ ထိုအ၀ိဇ္ဇာကြောင့် တဏှာဒိဋ္ဌိ ဖြစ်သည်။ ‘ငါ’ ဟူသော အတ္တအခြေခံတို့ဖြင့်

အရာရာကို မြင်လာလေ့ရှိသည်။ တကယ်တော့ ‘ငါ’ ဟူသည်မရှိ၊ ဤသို့မြင်ခြင်းသည် သမ္မာဒိဋ္ဌိဥာဏ်ဖြင့် ၀ိဇ္ဇာ 55


ဖြစ်ခြင်း ဖြစ်သည်။ သောတာပန်

သောတာပန်ဆိုသည်မှာ နိဗ္ဗာန်သို့သွားရာလမ်းမကြီးပေါ်သို့ ရောက်ရှိသွားပြီးသူဖြစ်သည်။ အပါယ်လေး

ပါးအတွက်တံခါးပိတ်၍ နိဗ္ဗာန်အတွက် စိတ်ချရသူလဲဖြစ်သည်။ နိဗ္ဗာန်မရောက်မီ အများဆုံးနေရမည့် (၇) ဘဝ

တွင်လဲ မြတ်သောအမျိုးချည်း၌ ပဋိသန္ဓေတည်မည့်သူဖြစ်သည်။ ကိလေသာ (၁၅၀၀) တွင် သောတာပန်သည်

‘ဒိဋ္ဌိ’ နှင့် ‘၀ိစိကိစ္ဆာ’ ကိုသာ ပယ်သတ်ရသေးသောသူဖြစ်သည်။ ခန္ဓာငါးပါး၊ ရုပ်နာမ်တရားတို့ကို ငါ့ပိုင်၊ ငါ့ဥစ္စာဟု ခြွင်းချက်မရှိ ယုံကြည်သူသည် အတ္တဒိဋ္ဌိ သို့မဟုတ် သက္ကာယဒိဋ္ဌိ ဖြစ်၏။ ခန္ဓာ၊ ရုပ်နာမ်သည် ငါ ‘ဟုတ်သလော’ ‘မဟုတ်သလော’ ဟု နှစ်ခြွ ဖစ်မှုယုံမှားခြင်းသည် ‘၀ိစိကိစ္ဆာ’ ဖြစ်သည်။ သောတာပန်တွင် ဤတရားနှစ်ပါး ပြတ် သားရှင်းလင်းပြီး ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟ၊ မာနများကား ကျန်သေးသည်။ လောကီကာမဂုဏ်တို့၌ မွေ့လျော်ဆဲဖြစ်သည်။ သို့သော်လဲ လူသာမန်တို့လောက် မပြင်းထန်လှ။

ကိလေသာမှာ အရေအတွက်အားဖြင့် (၁၅၀၀)ရှိသည်။ အလုံးစုံခန်းလျှင် ရဟန္တာဖြစ်၏။ ဒိဋ္ဌိနှင့် ၀ိစိကိ

စ္ဆာ ပယ်နိုင်၍ ကိလေသာ(၁၂၀၀)ကျန်လျှင် သောတာပန်ဖြစ်သည်။ သောတာပန်သည် စာတတ်သူများအတွက် မဟုတ်၊ အသိပေါက်သူ၊ ပညာကြီးသူများမှာသာဖြစ်သည်။ သိမှု၊ ပညာသည်သာ အဓိကဖြစ်သည်။ - ဆရာ သိ - စာ သိ

- နှလုံး သိ

ဟူသော အသိ(၃)မျိုးရှိ၏။

ဆရာက မှတ်ခိုင်း၍သိသော သိမှုသည် (ဆရာ သိ)ဖြစ်ပြီး စာများများဖတ်ကာ စာသိမျှသိခြင်းကို (စာ

သိ)ဟုဆိုသည်။ ပညာဖြင့်ယှဉ်၍ နက်နက်နဲနဲသိပြီး ‘လိုက်နာကျင့်သုံးနိုင်’သော အဆင့်ကိုသာ (နှလုံး သိ) ဟု သတ်မှတ် သည်။ ထို နှလုံးသိ အသိကသာ သောတာပန်ဖြစ်စေသောအသိ ဖြစ်၏။ - ဧကဗီဇ သောတာပန်

- ကောလံကောလ သောတာပန် - အတ္တက္ခတ္တုပရမ သောတာပန်

ဟူ၍ရှိသည်။

ပထမအမျိုးအစားသောတာပန်မှာ ထိုဘ၀မှာသောတာပန်ဖြစ်၍ ထိုဘ၀မှာပင် ပရိနိဗ္ဗာန်ဝင်သည့် သော

တာပန်ဖြစ်သည်။ ဒုတိယသောတာပန်မှာ အများဆုံးခြောက်ဘ၀နေပြီး ပရိနိဗ္ဗာန်ဝင်သောသောတာပန် အမျိုး အစားဖြစ်သည်။ တတိယအမျိုးအစားမှာ (၇)ဘ၀နေပြီး ပရိနိဗ္ဗာန်ဝင်သော သောတာပန်မျိုးဖြစ်သည်။ ထို့ ကြောင့် သောတာပန်ဖြစ်လျှင် အများဆုံး (၇)ဘ၀သာနေရလေ့ရှိပြီး နောက်ဆုံး ပရိနိဗ္ဗာန်ဝင်ကြရသည်။ အခြေခံတရား (၄) ပါး

- ပိုင်းခြားသိရမည့်တရား ဖြစ်သည်။ (ခန္ဓာငါးပါး၊ ရုပ်နာမ်ဖြစ်လျက် တရားသာရှိ၍ အို၊ နာ၊ သေ၊ ဒုက္ခဘေးဆိုးမှ မလွတ်သော ‘ဒုက္ခသစ္စာ’ ဖြစ်သည်။)

- ပယ်ရမည့်တရား ဖြစ်သည်။ (လိုချင်တပ်မက်မှု ၊ တဏှာစွဲလမ်းမှုတို့ကြောင့် ဖြစ်ပေါ်လာသော ‘သမုဒယ သ စ္စာ’ ဖြစ်သည်။)

- မျက်မှောက်ပြုရမည့်တရား ဖြစ်သည်။ (လိုချင်မှု၊ တဏှာသမုဒယကို မဂ်ဥာဏ်ဖြင့်ပယ်ကာ ခန္ဓာ၊ ဇာတိချုပ် သော ဒုက္ခခပ်သိမ်းချုပ်ငြိမ်းသောတရား ‘နိရောဓ သစ္စာ’ ဖြစ်သည်။)

- ပွားများရမည့်တရား ဖြစ်သည်။ (သမုဒယကိုပယ်၍ ဒုက္ခကိုပိုင်းခြားသိလျက် နိရောဓသစ္စာကို မျက်မှောက်ပြု

ရန် အမှန်မြင်သိဆုံးဖြတ်နိုင်ရန် အားထုတ်မှု ‘မဂ္ဂသစ္စာ’ ဖြစ်သည်။ “ဒုက္ခ သစ္စာ” တပါးကို အသေအချာသိလျှင် ကျန်သုံးပါးအလိုလိုသိလာနိုင်သည်။) မဂ္ဂင်ရှစ်ပါး

ပညာဦးစီး (ပညာမဂ္ဂင်)

၁။ သမ္မာဒိဋ္ဌိ (အမြင်မှန်)

၂။ သမ္မာသင်္ကပ္ပ (အကြံမှန်)

သီလဦးစီး (သီလမဂ္ဂင်)

၃။ သမ္မာဝါစာ (အပြောမှန်)

၎။ သမ္မာကမ္မန္တ (အလုပ်မှန်)

၅။ သမ္မာအာဇီဝ (အသက်မွေးမှန်)

သမာဓိဦးစီး

၆။ သမ္မာဝါယာမ (၀ီရိယမှန်) 56


၇။ သမ္မာသတိ (သတိမှန)်

၈။ သမ္မာသမာဓိ (သမာဓိမှန်)

မဂ္ဂင်(၈)ပါးကိုစုလိုက်လျှင် သီလ၊ သမာဓိ၊ ပညာ သုံးခုရ။ သေလျှင်မခက်တော့ပါ

စိတ်မထားတတ်လျှင် သေရမှာကြောက်ကြ၏။ စိတ်ထားတတ်လျှင် သေမှာမကြောက်တော့၊ ကိုယ်တ

ဦးတည်း သေရသည်မဟုတ်၊ ရှေးက သေပြီးကြသူများ၊ ကိုယ့်နောက်မှာ သေကြဦးမည့်သူများနှင့်ဖြစ်သည်။ တ

ကယ်တော့ စက္ကန့်မလပ် ဆဲလ်များသေနေကြသည်။ နေ့စဉ်အမျှ အိပ်ပျော်ခြင်းဖြင့် ခေတ္တသေနေကြခြင်းလဲ ဖြစ်

သည်။ သံသရာတလျှောက် ဘ၀များစွာသေခဲ့ကြဖူးသူများလဲဖြစ်သည်။ တဘ၀စာသေရန် ကြောက်ဖို့မလိုတော့၊ သေခါနီး ဘ၀ကူးကောင်းရန်သာလိုသည်။ ဇောကောင်းရန် ဖြစ်၏။ အားကြီးသောကံတို့၏ အကြောင်းကိုသိခြင်း ဖြင့် အသေကောင်းနိုင်ကြသည်။ တစုံတရာ ကြိုတင်ပြင်ဆင်ထားနိုင်၏။ သေခါနီးမှာ နောင်တတွေရတတ် ကြ

၏။ နောင်တများမရအောင် မသေခင်က နေတတ်ဖို့၊ ရှင်သန်တတ်ဖို့ လိုသည်။ သေခါနီး နောင်တရသည့်သူများ ကုသိုလ် အာသန္နကံ အားမကောင်းနိုင်။ ဤသဘာဝများသိလျှင် မသေခင်ကတည်းက ကုသိုလ်များ၍ အကု သိုလ် ရှောင်နိုင်ရန် ဖြစ်သည်။

(စာကိုး -ဦးတော်(အမရပူရ)၏ သေခြင်းဆိုင်ရာ အဘိဓမ္မာနှင့် သောတာပန်၊ ဤစာဖြင့် ထပ်မံ ပူဇော်အပ်ပါသည်။)

…………………………………………… ။ ~ ။ ………………………………………………

တရွက်ကြွေ နှစ်ရွက်ဝေ

နေဇင်လတ် (April 2010)

သည်တနှစ်၊ နှစ်နှစ်အတွင်း စာရေးဆရာကြီးများ၊ ဆရာမကြီးများ

အတော်ကလေး ဆုံးရှုံး ခဲ့ကြရတာကို ဘမောင် သတိထားမိနေတယ်။ အဖိုးတန်ရတနာတွေ ရုတ်တရက် ပျောက်ဆုံးသွားသလို ခံစားရတယ်။

အကြောင်းကလေးညီညွတ်လို့ စာပေတွေနဲ့ ရင်းနှီးခွင့်ရတဲ့အခါ ဆရာကြီး တွေရဲ့စာအုပ်တွေကရလာတဲ့ အတွေးအခေါ်၊ အယူအဆ၊ ဒဿနတွေ ဟာ ကိုယ့်ဘ၀မှာ ဘယ်လောက်အသုံးဝင်၊ အကျိုးပြုခဲ့သလဲ ဆိုတာ

ဘမောင်တို့ သိနေတယ်။ လူတွေမှာ မြင်စွမ်းနိုင်တဲ့နေရာ နှစ်နေရာရှိ ပညာမျက်စိ။

တယ်တဲ့။ တခုက ‘မံသ’ ဆိုတဲ့ အသားမျက်စိ၊ တခုက ‘ဥာဏ’ ဆိုတဲ့

‘မံသ’ ဆိုတဲ့ အသားမျက်စိက မွေးကတည်းကပါလာတာ။ ‘ဥာဏ’ ဆိုတဲ့ အသိဥာဏ်ကတော့ မွေးက

တည်းကပါလာပေမယ့် အသုံးချမှမြင်မှုအားကောင်းတယ်။ အသားမျက်စိရဲ့အမြင်အားမှာ အကန့်အသတ်တွေ က ရှိနေတယ်။ စာကလေးတကြောင်းကိုပဲ သုံးလေးပေလောက်ခွာလိုက်ရင် မြင်နိုင်စွမ်းမရှိတော့ဘူး။ ဥာဏ်

မျက်စိကျတော့ အလေ့အကျင့်၊ အလေ့အလာပေါ်မူတည်ပြီး တဦးနဲ့ တယောက် အများကြီးကွာသွားနိုင်တယ်။

ဘယ်လောက်ပဲ ဝေးဝေးမြင်နိုင်တယ်။ ဘယ်လောက်နက်နက်လဲ ကြည့်နိုင်တယ်။ သာမန်မျက်လုံး တစုံတည်းနဲ့

ဘ၀ကို မတည်ဆောက်နိုင်ဘူး။ ဥာဏ်အမြင်န့ပဲ အနာဂတ်ကို ကိုယ်လိုသလိုပုံသွင်းထုဆစ်နိုင်တာ။ ဘမောင်တို့ နိုင်ငံမှာ အဲဒီအသိဥာဏ်တွေ တစုံတရာအင်အားကောင်းဖို့လိုတယ်။ အကြီးအကျယ်လဲ ဖြည့်ဆည်းရဦးမယ့် ကွက်လပ်ကြီးတခုလဲဖြစ်တယ်။

မှတ်မိသေးတယ်။ ငယ်ငယ်တုန်းက ဆရာကြီး ကာတွန်းအောင်ရှိန်ရဲ့ ‘ရှံစားနဲ့ ဒိန်းဒေါင်’

‘ဦးလူပေါနဲ့ ဥာဏ်ကျယ်လေး’ ‘ဦးစိတ်တိုနဲ့ မျောက်ညို’

စတဲ့ ကာတွန်းတွေ၊ ဘမောင်တို့ အဲဒါတွေနဲ့ ကြီးပြင်းလာခဲ့ကြတယ်။ နောက်တော့ ရှားရှားပါးပါး ကာလာစုံနဲ့ 57


ရိက်ုတဲ့ ‘ရွှေသွေး’၊ ကာတွန်းတွေဆိုလို့ အပျော်သက်သက် မဟုတ်ဘူး။ မကောင်းမှု၊ ကောင်းမှု၊ မကောင်းသူ၊

ကောင်းသူစတာတွေကို ခွဲခြားတတ်အောင် အသိတွေထည့်ပေးထားတယ်။ ကာတွန်းပျော်ဘ၀က လွန်တော့

မြ၀တီတို့၊ ငွေတာရီတို့ခေတ်ပေါ့။ တဆင့်တက်တော့ ၀တ္ထုတွေ၊ ဆောင်းပါးတွေ။ စာပေရသအမျိုးမျိုးကို ခံစား

လာနိုင်တဲ့အပြင် အသိအမျိုးမျိုးက တခုမဟုတ်တခု တိုးတိုးနေတတ်တယ်။ စာတပုဒ်၊ နှစ်ပုဒ် ဖတ်အပြီးမှာ ဖတ်

သူနဲ့ မဖတ်သူကြား ကွာဟမှုသိပ်မသိသာပေမယ့် လေး၊ ငါး၊ ဆယ်နှစ်လောက်ခရီးတခုမှာ စာဖတ်သူနဲ့ စာမဖတ် သူတွေရဲ့ ဒုတိယအမြင်မှာ အတော်ကလေး ကွာလာတာတွေ့နိုင်တယ်။

စာမဖတ်သူက အမေကပေးလိုက်တဲ့ ‘မံသ’ ဆိုတဲ့ အသားမျက်စိကိုပဲ အားထားရသူဖြစ်လာပြီး စာဖတ်

သူတွေမှာ ဒုတိယအမြင်တွေ ရှိလာတယ်။ ဒုတိယအမြင် တစုံတရာအားကောင်းခြင်းဟာ ဘ၀ရွက်လှေမှာ‘ရွက်’ ရယ်၊ ‘တက်’ ရယ်၊ ‘ပဲ့’ ရယ်ဆိုတဲ့ စွမ်းရည် (၃)မျိုးကို တပ်ပေးခြင်းခံလိုက်ရတာပဲဖြစ်ပါတယ်။

ကျောင်းတွေကသင်ပေးလိုက်တဲ့ ကျောင်းအသိ ကျောင်းစာဟာလဲအရာတပါးပါ။ ပြင်ပက စာရေးဆရာ၊

ဆရာမကြီးတွေက သူတို့ဘ၀တလျှောက် ရှည်လျားတဲ့အချိန်တခုကိုဖြတ်သန်းပြီး ရခဲ့တဲ့အတွေ့အကြုံတွေကို မျှ ဝေလိုက်တဲ့အသိအမြင်ပေးစာတွေကိုဖတ်ပြီး မှတ်သားရတာလဲ အရာတပါးပဲဖြစ်ပါတယ်။ ကျောင်းစာသင်ခန်း

တွေကထွက်ပြီး ဘ၀တခုကို လက်တွေ့တည်ဆောက်ထုဆစ်ကြတဲ့အခါမှာတော့ သင်စာတွေရဲ့ အခန်းကဏ္ဍက အတော်ကလေး အချိုးအစားနည်းသွားပါတယ်။ ၀န်ထမ်းဘ၀၊ ကိုယ်ကျွမ်းကျင်တဲ့ ပညာရှင်ဘ၀တွေကို တည်

ဆောက်ရာမှာလောက်ပဲ အထောက်အကူရပါလိမ့်မယ်။ ပိုပြီးကျယ်ပြောတဲ့ ဘ၀၊ ပိုပြီး အသက်ဝင်လှပတဲ့ ဘ၀၊

ဦးဆောင်အခန်းကနေ ပိုပြီးကြီးကျယ်တဲ့ဘ၀တခုကို တည်ဆောက်ကြတဲ့အခါ မှာ ဆရာ၊ ဆရာမကြီးတွေ ထား

ရစ်ခဲ့တဲ့စာပေက အဓိကလက်နက်တွေ၊ အောင်ပွဲရရာရကြောင်းတွေဖြစ်ဖို့ အထောက်အပံ့တွေ ဖြစ်လာပါတယ်။ ပညာရှိကြီးတဦးပြောတာ မှတ်သားဖူးတယ်။

‘စာဖတ်ပါ၊ များများ ဖတ်ပါ’ တဲ့။ ‘စာဖတ်ရပ်တဲ့နေ့ဟာ အမြင်ကန်းတဲ့နေ့ပ’ဲ တဲ့။ ခပ်ကြမ်းကြမ်း၊ ခပ်ထိ

ထိလေးပြောခဲ့၊ ရေးခဲ့တာပါ။ ဟုတ်လဲ ဟုတ်ပါတယ်။ အထူးသဖြင့် ရည်မှန်းချက် ခပ်ကြီးကြီးတခုနဲ့ ဘ၀ကိုတည် ဆောက်ဖို့ ကြိုးစားနေကြတဲ့သူတွေ စာများများဖတ်သင့်တယ်။

စာပေဟာ လူမျိုးတမျိုးရဲ့ဝိညာဉ်ပဲ။ လူမျိုးတမျိုးရဲ့ယဉ်ကျေးမှုလဲ ဖြစ်ပါတယ်။ လူမျိုးတမျိုးရဲ့ တိုးတက်

မှုလဲ ဖြစ်ပြန်ပါတယ်။ တချိန်က ယဉ်ကျေးမှုသြဇာကြီးခဲ့တဲ့ ‘မာယာ’ လူမျိုးတွေခေတ်မှာ စာပေဟာ ကြီးကြီး

ကျယ်ကျယ်ထွန်းကားခဲ့သလို ကမ္ဘာကိုဖိန့်ဖိန့်တုန်စေခဲ့တဲ့ ရောမတွေရဲ့စာပေယဉ်ကျေးမှုဟာလဲ သြဇာကြီးမား

ခဲ့ပါတယ်။ လူမျိုးတစု၊ တိုင်းပြည်တခုတိုးတက်ဖို့ စာပေဟာမရှိမဖြစ်တဲ့အရာပါ။ အဲဒီစာပေတွေကို စာရေးဆရာ ကြီးများ၊ ဆရာမကြီးများက နိုင်ငံအမွေအဖြစ် ထားရစ်ခဲ့ကြတာပါ။

အင်တာနက်ထဲဝင်လိုက်ရင် အရေအတွက်သန်းပေါင်းများစွာသော စာပေအချက်အလက်ကို တွေ့ရမှာ

ဖြစ်ပါတယ်။ ရာစုနှစ်အလိုက်၊ ထောင်စုနှစ်အလိုက် အတိတ်ကစာတွေကိုလဲ လေ့လာနိုင်တယ်။ အဖိုးတန် စာ တွေကို အဲသလိုထိန်းသိမ်းထားနိုင်ရမှာဖြစ်ပါတယ်။ ဘမောင်တို့ဆီမှာ စာပေထိန်းသိမ်းမှုနဲ့ပတ်သက်လို့ တစုံ တရာအင်အားနည်းနေသေးတာ ၀မ်းနည်းစရာတခုဖြစ်နေတယ်။ ဖတ်ချင်တဲ့စာတွေ မဖတ်ရဘူး၊ သိမ်းချင်တဲ့

စာတွေ မသိမ်းနိုင်ဘူးဖြစ်နေတယ်။ ယဉ်ကျေးမှုတခု ပျောက်ဆုံးနေသလိုပဲ။ အဖိုးတန်ရတနာတွေ ဆုံးရှုံးနေသ လိုပဲ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်တုန်းက ဘမောင်တို့ Publisher ဖြစ်ခဲ့ဖူးသေးတယ်။ အုပ်ရေ

၁၀၀၀ လောက်ကုန်အောင် အတော်ရောင်းရတဲ့ အချိန်၊ အုပ်ရေ နှစ်ထောင်၊ သုံးထောင်ကုန်တဲ့ စာရေးဆရာဆို

ရင် ‘စူပါ’ တန်းဝင်ပ။ဲ တချိန် ပြောင်းလာနိုင်ကောင်းတယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ဖြတ်သန်းလာတာ နှစ် ၃၀ကျော် ပြီ။ သည်နေ့ Publisher တွေမေးကြည့်တော့ ဘမောင်တို့တုန်းကလိုပဲ အုပ်ရေ ၁၀၀၀ လောက်ကို တော်တော် ရောင်းယူနေရတုန်းပဲတဲ့။

တိုးတက်တဲ့ နိုင်ငံတွေမှာ ထွက်လိုက်တဲ့ စာအုပ်၊ ဂျာနယ်တွေ၊ ထောင်နဲ့ သောင်းနဲ့ချီတယ်။ ဘမောင်

တို့ဆီက အရေအတွက်က သူများအစွန်းထွက်လောက်ပဲ ရှိသေးတယ်။ ပြီးတော့ တိုးတက်တယ်ဆိုတဲ့ နိုင်ငံတွေ

ဟာ ၀င်ငွေတခုရဲ့ရာခိုင်နှုန်းဘယ်လောက်ကို စာအုပ်၊စာပေမှာဘယ်လောက်သုံးရတယ်ဆိုတဲ့ ညွှန်းကိန်းနဲတ့ိုင်း ရင်လဲ ဘမောင်တို့အတွက် အားမရဘူး။ လူဦးရေနဲ့တွက်တဲ့ စာအုပ်အချိုးအစား ညွှန်းကိန်းအရလဲ အားရှိစရာ မတွေ့ရပြန်ဘူး။

ထက်မြက်၊ လတ်ဆတ်၊ စူးရှတဲ့စာတွေရဖို့ စာရေးဆရာတွေ ဦးဆုံးရပ်တည်နိုင်ဖို့ လိုတယ်။ သူတို့ဆီမှာ

စာအုပ်တအုပ်လောက် ‘ပေါက်’ သွားရင်၊ ကော်မရှင်ခနဲ့ တသက်တာထိုင်စားလို့ရတယ်။ ဘမောင်တို့ဆီမှာ အင် မတန်ကျော်ကြားတဲ့ဆရာတွေ၊ အထင်ကရဖြစ်ခ့တဲ့ဆရာကြီးတွေ ဘ၀အတွက် လုံလုံခြုံခြုံ စိတ်မချနိုင်ကြသေး ဘူး။ စာပေတခုတည်းနဲ့ ဘ၀ရပ်တည်နိုင်ဖို့ အတော်ခက်ခဲကြတာ သတိထားမိတယ်။ လူဦးရေနဲ့ စာရေးဆရာ

အချိုးအစားတွက်ကြည့်ရင်လဲ အတော်ကလေးနည်းပါးပြီး သက်သောင့်သက်သာနဲ့ စာရေးပြီး ဘ၀ကို ဖြတ်သန်း နိုင်သူအရေအတွက်ကလဲ မရှိသလောက်ပါပဲ။ ကိုယ်လဲ ဘာကောင်မှမဟုတ်တော့ ၀မ်းနည်းပက်လက် ဖြစ်ရုံက လွဲပြီး ဘာမှမတတ်နိုင်ဘူး။ သည်ကွက်လပ်ကလဲ အတော်ကြီးဖြည့်ဆည်းဖို့ကောင်းတဲ့ အရာတခုပါပဲ။ 58


ဘမောင်က လုပ်ငန်းရှင်၊ ၀မ်းရေး လုံလုံခြုံခြုံရှိသူတယောက်ဆိုတော့ စာကိခု ပ်ဖြောင့်ဖြောင့်လေး ရေး

နိုင်တယ်။ ကိုယ့်လုပ်ငန်းက အလုပ်လေးလုပ်လိုက်၊ စာလေးရေးလိုက်နဲ့။ တချို့စာရေးဆရာတွေကို ငဲ့စောင်း

လိုက်ရင် စက်ရုပ်တရုပ်လို ရေးနေကြရတာ။ အဲဒါတောင်မှ လကုန်ရင် မျက်ကလူးဆန်ပျာဖြစ်ကြရတဲ့ ဆရာတွေ မနည်းဘူး။ ကျန်းမာရေးနဲ့များ ဆေးရုံတက်လိုက်ရင် မစဉ်းစားရဲဘူး။ သည်က စာရေးဆရာများ ကရုဏာသက်ဖို့ အတော်ကောင်းရှာပါတယ်။ တော်တော်လေးလဲ ဒူပေနာပေ ခံနိုင်ကြရှာတယ်။ တော်ရုံ စာပေချစ်စိတ်နဲ့ လုပ်နိုင် ကြတာမဟုတ်ဘူး။

အရင်က ဆရာကြီးတွေ၊ ဆရာမကြီးတွေကို နာမည်တဦးချင်းတော့ မရေးတော့ဘူး။ နာမည် ကျန်သွား

ရင် တန်းမ၀င်ဘူးလို့ယူဆကြမှာစိုးလို့။ အရေအတွက် အတော်ကလေးရှိခဲ့တယ်။ တချို့ အသက်တွေ တော်

တော်လေး ရလာကြပြီ။ တချို့ မရေးနိုင်ကြတော့ဘူး။ တချို့ တော်တော်များများလဲ တနှစ်တနှစ် ဖြုတ်ခနဲ၊ ဖြုတ် ခနဲ ကြွေနေကြတယ်။ ကုန်သလောက်နီးနီးတောင် ရှိတော့မယ်နဲ့တူတယ်။ ခေတ်တခေတ်ကို ဘယ်လောက် ဦး

ဆောင်ခဲ့တဲ့ ဆရာကြီးတွေဖြစ်ဖြစ်၊ ဘယ်လောက်ဂန္ထ၀င်မြောက်တဲ့ ဆရာကြီးတွေပဲဖြစ်ဖြစ်၊ နှောင်းဘ၀ အသက် ကြီးပိုင်းတွေမှာ သက်သောင့်သက်သာနဲ့ ကောင်းကောင်းနေထိုင်နိုင်တာ တွေ့ရခဲတယ်။ ချို့ချို့တဲ့တဲ့၊ မထင် မ ရှားဘ၀နဲ့ ဘ၀တခုက တခုကို ကူးလိုက်ရသူတွေလဲ ရှိတယ်။ ဘယ်လောက် ရင်နင့်စရာကောင်းသလဲ။

စာရေးဆရာကြီးတဦး တနေ့ လေဖြတ်သွားတယ်။ တခေတ်က နာမည်ကြီးတဦးပါ။ သူ့စာတွေ ဖတ်ဖူး

ခဲ့ပေမယ့် သူ့ကိုတခါမှ မမြင်ဖူးခဲ့ဖူးဘူး။ ချိုင်းထောက်နဲ့ကို လူတွဲပေးနေရသေးတဲ့အခြေအနေဆိုတော့ အတော့်

ကို ဆိုးရှာတယ်လို့ပြောလို့ရတယ်။ ဘမောင်ရဲ့ရုံးကိုရောက်လာပြီး သူ့သားသူ့တူအရွယ်လောက်ဆီက အသံ မပီ ကလာ၊ ပီကလာနဲ့ အကူအညီတောင်းရှာရတဲ့ဘ၀ကို ဆရာကြီး မပြောနဲ့ ဘမောင်တောင်မခံစားနိုင်ဘူး ဖြစ်ခဲ့ရ ပါတယ်။ ဆရာကြီးကို သုံးနှစ်ကျော်လောက် လစဉ်မပျက်ကူဖြစ်နိုင်ခဲ့တယ်။ သူမလာနိုင်တဲ့ လဆိုရင် ရုံးက ၀န် ထမ်းတဦးဦးကို လွှတ်ပေးတယ်။ လွန်ခဲ့တဲ့ငါးနှစ်ကျော်လောက်က ဆုံးသွားရှာပါပြီ။ စာပေနဲ့ မျိုးဆက်သစ်တွေ

အတွက်တာဝန်ကျေခဲ့တဲ့ ဆရာ့ဘ၀နိဂုံးပိုင်းဟာ အတော်ကြေကွဲစရာပါ။ သည်အဖြစ်မျိုး ဘယ်လောက် များများ ရှိခဲ့ပြီလဲ၊ ရှိနေဦးမလဲဆိုတာ စစ်တိုက်ခဲ့တဲ့ ဘမောင် အတွေးမရဲဖြစ်နေရတယ်။

ဘမောင်တို့နဲ့ ရွယ်တူ ခြောက်ဆယ်နီးပါးတန်းတွေကို ကြည့်လိုက်ရင် ရှေးကလို ဂန္ထ၀င် ဆရာကြီးတွေ

ဖြစ်လာမယ့်အရေအတွက်က အတော်နည်းတယ်။ အားရစရာ မကောင်းလှဘူး။ မြန်မာစာပေ အတက်ခရီးလား၊ အကျခရီးလားဆိုတာ အတော်သံသယရှိစွာ ဆွေးနွေးရမယ့်ကိစ္စဖြစ်လာပြီ။ အရင်တုန်းကလို ရဲရဲတွေး၊ ရဲရဲရေး တာတွေလဲ ပျောက်သလောက် ရှိနေတယ်။

စာပေဟာ ကြီးစွာသော ပညာရပ်တပါးပါ။ စာပေမြင့်မှ လူမျိုးမြင့်တယ်ဆိုတဲ့ယုံကြည်မှုကိုလဲ နိုင်ငံတိုင်း

က ချွင်းချက်မရှိလက်ခံထားကြပါတယ်။ ကျောင်းစာဆိုတာက အသက် အပိုင်းအခြားတခုကျော်ရင် မနီးစပ်နိုင် တော့တဲ့ ပညာဖြစ်သွားရပါတယ်။ ပိုပြီးနက်နဲတဲ့၊ ကျယ်ဝန်းတဲ့ပညာဆိုတာ စာပေတွေကပဲရနိုင်ပါတယ်။ တ

သက်လုံး သုံးလို့လဲ မကုန်၊ လေ့လာလို့လဲ မကုန်၊ ဖြန့်ဖြူးလို့လဲ မကုန်တဲ့ သမုဒ္ဒရာတစင်းလဲ ဖြစ်ပါတယ်။ အဲဒီ သမုဒ္ဒရာရေဟာ အေးမြလတ်ဆတ်တ့ေဲ ရချိုလဲ ဖြစ်ပါတယ်။ အားလုံးခေါင်းမချကြသေးခင်အထိ ထိတွေ့သွားရ မယ့် အရာလဲဖြစ်ပါတယ်။ အကန့်အသတ်ဆိုလို့လဲ အသက်၊ အချိန်၊ နေရာ၊ ဒေသ စတာတွေရဲ့ ကန့်သတ် ချက်နဲ့ ကင်းလွတ်ပါတယ်။

ဘမောင်တို့ လုပ်ငန်းရှင်ဘ၀မှာ စာပေတန်ဖိုးနဲ့ အသုံးဝင်မှုကို ပိုပြီး နားလည်လာတယ်။ ကိုယ့်ဘဝ

ကိုယ်ထုဆစ်ရာမှာ ဦးတည်ချက်မှန်ဖို့ စာပေကအသိတွေရခဲ့ပါတယ်။ မှန်ကန်တဲ့အယူအဆတခု၊ အတွေးအခေါ် တခု မဟာဗျူဟာအခင်းအကျင်းကို စာပေကနေ လူတိုင်းလွတ်လပ်စွာရယူနိုင်ကြတယ်။ ဘ၀ကို ရင်ဆိုင်ကြ

မယ့် မျိုးဆက်သစ်တွေဟာ သာမန်စက္ခုအမြင်ထက် ဥာဏ်အမြင်တစုံတရာသန်စွမ်းဖို့ စာပေတွေကို များများ ဖတ်သင့်ကြတယ်။

စာဖတ်ပါ၊ များများဖတ်ပါ၊ စာမဖတ်သူဟာ ရှင်လျက် သေသူပဲ ဖြစ်ပါတယ်။

ငယ်ငယ်တုန်းကဆိုရင် ဘမောင်တို့ စာကို စုံအောင်ဖတ်တယ်။ ရသစာပေကို အရသာပိုတွေ့တယ်။

ရသပီပြင်တဲ့ စာလေးတပုဒ်ကိုများ ဖတ်လိုက်ရပြီဆိုရင် နှစ်ရက်၊ သုံးရက်လောက် ရင်ထဲကမထွက်ဘူး။ အရွယ်

ကလေးရလာတော့ ဖတ်သင့်တဲ့စာတွေ၊ ကိုယ်တည်ဆောက်မယ့်ဘ၀နဲ့သင့်တဲ့စာတွေ ရွေးဖတ်တဲ့ဘက် ရောက် သွားတယ်။ စာဆိုတာကတော့ အစုံဖတ်သင့်တယ်။ အရွယ်နဲ့အချိန်က သူ့ဘာသာသူ ရွေးချယ်တတ်မှုကို ပေး လာလိမ့်မယ်။

တချို့စာတွေ မျက်နှာနဲ့မခွာအောင်ကို ဖတ်ကြတာတွေလဲ တွေ့ဖူးတယ်။ ပြန်အသုံးချတယ် သိပ်မရှိ

လှဘူး။ ပြန်ပြီး မျှဝေ၊ ရေးသားတာလဲ မတွေ့ရဘူး။ အဲဒါတော့ မကောင်းဘူးပေါ့။ ကိုယ်သိတာကို သိရုံအဆင့် မှာပဲထားရင် ဘာလုပ်မှာလဲ။ ကိုယ့်စိတ်ဆန္ဒတခုတည်း ကျေနပ်ဖို့လား၊ အများအတွက် အကျိုးမပြု တော့ဘူး လား။

အသင့်အတင့်ချောင်လည်တဲ့ သင်္ဘောအရာရှိဟောင်းတယောက်ကို တွေ့ဖူးတယ်။ မနက်ဘက် လက်

ဖက်ရည်ထွက်သောက်၊ ပြီးတော့ တနေ့လုံးအခန်းအောင်းပြီး စာဖတ်၊ လက်တွေ့လုပ်ငန်းမရှိ။ ပတ်ဝန်းကျင်နဲ့လဲ 59


အဆက်အဆံက ပြတ်တောက်မှန်းမသိ ပြတ်တောက်သွားတယ်။ သူဆုံးပါးသွားတော့ သူ့အခန်းထဲမှာ စာအုပ်

တွေက အပြည့်ပဲ။ ဒါပေမယ့် ဘာမှ သူသိတာတွေကို အသုံးချမသွားခဲ့ဘူး။ သားသမီးတွေကိုတောင် စာထဲကရ တဲ့ အသိတွေနဲ့ ကောင်းကောင်းဆုံးမ မသွားခဲ့ဘူးတဲ့။ သည်လို စာဖတ်ခြင်းမျိုးကိုတော့ ဘမောင်တို့ သိပ်ပြီး မထောက်ခံချင်ဘူး။

ပညာသိစွမ်းရည်ဆိုတဲ့ Knowledge Power ဆိုတာ သိတာကိုအသုံးချနိုင်မှ အဲဒီ Publisher ထွက်

လာတာ။ တိုးတက်မှုတခုကို တည်ဆောက်ရှာကြံတဲ့အခါမှာ တကယ့်လက်နက်ပဲ။ အဲဒီ ပါဝါရဖို့ Application

ဆိုတဲ့ ပြန်လည်အသုံးချမှုက လိုကိုလိုအပ်ပါတယ်။ လုပ်လည်း လုပ်သင့်တယ်။ ကိုယ်တယောက်တည်း သိပြီး ဘာမှအသုံးမချရင် အဓိပ္ပာယ်မရှိဘူး။

စာဖတ်တယ်ဆိုတာ အဓိပ္ပာယ်ရှိဖို့လိုတယ်။ ဘ၀တခု၊ ကိုယ့်လုပ်ရပ်တခုကလဲ အဓိပ္ပာယ်ရှိနေဖို့ လို

တယ်။ ပြီးတော့ လူဆိုတာ ပတ်ဝန်းကျင်နဲ့နေရတဲ့ သတ္တ၀ါ။ လူမှုရေး သားကောင်၊ နိုင်ငံရေး သားကောင်၊ ပြီး တော့ နောက်မျိုးဆက်သစ်တွေအတွက်လဲ တိုက်ရိုက်တာဝန်ရှိကြတဲ့ သူတွေ၊ ကိုယ့်တာဝန် ကိုယ်ကျေကြဖို့ ကောင်းတယ်။

အရင့်အရင် ဆရာကြီးတွေ၊ ဆရာမကြီးတွေက တာဝန်ကိုယ်စီ ကျေခဲ့ကြပြီးပြီ။ ထိုက်ထိုက်တန်တန်

လမ်းပြနိုင်ခဲ့ကြတဲ့ အသိပညာအမွေအနှစ်ကို စာပေကတဆင့် ထားပေးနိုင်ခြဲ့ ကတဲ့သူတွေ ဖြစ်ပါတယ်။ အဆင့်

အတန်း ရှိရှိ၊ အသိမြင့်မြင့်ပေးနိုင်ခဲ့ကြတယ်။ မျိုးချစ်စိတ်ကစပြီး တိုးတက်စိတ်တွေအဆုံး သူတို့တဦးချင်း စာပေ သစ္စာနဲ့ လက်ဆင့်ကမ်းခဲ့ကြပြီး ဖြစ်ပါတယ်။ အဲဒီ မျိုးဆက်ဟောင်းဆရာကြီးတွေ၊ စာပေတာဝန်ကျေခဲ့တဲ့ ဆရာ ကြီးတွေဟာ သည်နေ့ တဖြုတ်ဖြုတ် ကြွေနေကြပါပြီ။ ပြောင်းလဲခြင်း၊ မတည်မြဲခြင်းဟာ ပရမတ္ထသစ္စာပါ။ အစားထိုးနိုင်ကြဖို့ပဲ လိုပါတယ်။

တရွက်ကြွေရင် နှစ်ရွက်ဝေကြရပါ့မယ်။

နှစ်ရွက်ကြွေလို့မှ တရွက် မဝေနိုင်ရင် အမျိုးပေါ်စောင့်သိခြင်းမည်မှာ မဟုတ်ပါ။

…………………………………………… ။ ~ ။ ………………………………………………

စဉ်းစားစရာတွေ ဖြစ်လာ

နေဇင်လတ် (May 2010)

စာစောင်နှစ်ခုရဲ့ စာရေးဆရာလဲဖြစ်၊ အယ်ဒီတာလဲဖြစ်တဲ့ နှစ်ဦးက စာမူ

တောင်းလာရင်း စကားပြောဖြစ်ကြတယ်။ ဘမောင်က ပြင်ပလောကနဲ့ အ ဆက်နည်းနည်းပြတ်ချင်တယ်။

ပြတ်ချင်လို့ ပြတ်တာမဟုတ်။ အချိန်မရ၊ အပြင်မထွက်နိုင်လို့ ပြတ်မှန်းမသိ အဆက်ပြတ်နေခြင်း သာပါ။ ရောက်တတ်ရာရာ ပြောကြရင်း တချိန်က

ကိုယ်ရေးခဲ့တဲ့စာအပေါ် ဝေဖန်သံတွေကို သူတို့ ပြောပြလို့ ပြန်ကြားလိုက် ရတယ်။

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က ရေနံဈေးတဟုန်ထိုးတက်ခဲ့ပါတယ်။ ရေနံ တစည် ၁၄၅ ဒေါ်လာ။ စီးပွားရေးနဲ့

စီမံခန့်ခွဲရေးမဂ္ဂဇင်းတခုက မျက်နှာဖုံးဆောင်းပါး ရေးခိုင်းတယ်။ အဲဒီမတိုင်ခင်က စီးပွားရေးလောကမှာ နှစ်ကုန်

ရင် ရေနံတစည် ဒေါ်လာ ၂၀၀ အထိရောက်မယ်လို့ ခန့်မှန်းကြတယ်။ လူကြီးတဦးက အစည်းအဝေးခေါ်ပြီး တိုင် ပင်တယ်။ ဘမောင်ရဲ့အမြင်ကို မေးတော့ ‘ရေနံဈေး အများကြီး ပြန်ကျပါမယ်လို့’ ဖြေမိလို့ အများရဲ့ အံ့သြဖွယ် ရာသတ္တ၀ါအဖြစ် ကြည့်ခြင်းခံလိုက်ရတယ်။

ကံအားလျော်စွာပဲ မဂ္ဂဇင်းတစောင်ရဲ့ မျက်နှာဖုံးဆောင်းပါးရေးပေးဖို့ အတောင်းခံရလို့ 'Oilconomic'

ဆိုတဲ့ခေါင်းစဉ်နဲ့ ခပ်စိပ်စိပ်ရေးဖြစ်လိုက်တယ်။ ရေးနေချိန်မှာပဲ အီရန်ကဒုံးပျံတစင်း အလွှတ်ကောင်းလို့ ရေနံ တစည် ၁၄၇ ဒေါ်လာတက်သွားတာ Bloomberg မှာ တွေ့လိုက်ရတယ်။ ခု စာမူတောင်းလာသူတဦးက အဲဒီ

တုန်းက အဲဒီမဂ္ဂဇင်းမှာတာဝန်ရှိသူတဦး ဖြစ်ပါတယ်။ တကယ်ပဲ မကြာခင်မှာ ရေနံတစည် ဒေါ်လာ ၄၀ အောက် ရောက်သွားခဲ့ပါတယ်။ အခုမှပြန်သိရတာက ဘမောင်စာမူပါပြီး မကြာခင်မှာ E-mail စာတွေနဲ့ ဘမောင်ဆောင်း 60


ပါးကို အကြီးအကျယ်ဝေဖန်ခဲ့ကြတယ် ဆိုတာပါပဲ။ အဲဒီတုန်းက ဘမောင်မသိခဲ့၊ ရေနံဈေးကျတော့မှ တောင်း ပန်စာတွေ အများအပြားပြန်ပို့ကြတယ်လို့ ဆိုပါတယ်။

ခန့်မှန်းတယ်ဆိုတာ အနာဂတ်ကိစ္စရပ်ပါ။ စာဖတ်ပရိတ်သတ်ဆိုတာလဲ စီးပွားရေးသမားတွေမှ မ

ဟုတ်တာ။ ဘမောင် နားလည်ပေးလို့ရတယ်။ နားမလည်တာက စီးပွားရေးသမားလို့ဆိုတဲ့ သူတချို့ရဲ့ အ

လွယ်တကူ ခပ်ထေ့ထေ့အကြည့် ... ဖြစ်ခြင်း၊ ပျက်ခြင်း၊ မှန်ခြင်း၊ မှားခြင်းတွေက နောက်မှ၊ အများအမြင်နဲ့ ဆန့်ကျင်ရင်ဦးဆုံးရလိုက်တဲ့ ဆုလာဘ်က ကောင်းကောင်းဝေဖန်ခံရခြင်းပဲ ဖြစ်ပါတယ်။ အဲဒါက တကြိမ်။

၂၀၀၈ မှာ ကမ္ဘာ့စီးပွားပျက်ကပ်ဖြစ်တယ်။ မြန်မာပြည်ကို ‘ကူး၊ မကူး’ ကိစ္စပေါ်လာပြန်တယ်။ လူကြီး

တယောက်က အလွတ်သဘောဆွေးနွေးပြန်ပါတယ်။ တ၀ိုင်းလုံးက ‘ဘာမှ မဖြစ်နိုင်ပါ’ လို့ ပြောကြတယ်၊ ကိုယ့် ကို မမေးပါစေနဲ့လို့ပဲ ဘမောင်ဆုတောင်းခဲ့ ရတယ်။ ဆုတောင်းမပြည့်ပါ။ တိုက်ရိုက်ကြီးမေးတော့လဲ ကိုယ့်အ မြင်အတိုင်း ပြောဖြစ်လိုက်ရတယ်။

‘ဒီတခါ ကျွန်တော်ကိုယ်တိုင် ပြေးပေါက်ရှာကြည့်တာကိုပဲ မတွေ့နိုင်ဘူးဖြစ်နေရပါတယ် ခင်ဗျ’

တယောက်ရဲ့ ခပ်ပြင်းပြင်းထေ့သံကို အပြုံးနဲ့လက်ခံလိုက်ရပြန်တယ်ပေါ့။ ‘ခင်ဗျား Economist မဟုတ်ဘူးနော်’

ဟုတ်ပါတယ်။ ဘမောင် စီးပွားရေးပညာရှင်တဦး မဟုတ်ပါ။ စီမံခန့်ခွဲေ ရးပညာရှင်တဦးတော့ ဟုတ်ပါ

တယ်။ နိုင်ငံတကာအဆင့်စီးပွားရေးလုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တဦးလဲ ဖြစ်ပါတယ်။ ပါရဂူတန်းမှာ ဘမောင်

ရေးခဲ့တဲ့ကျမ်းခေါင်းစဉ်ကို အဲဒီသူသိရင် အခုလိုပြောခဲ့မှာမဟုတ်ပါ။ စီမံခန့်ခွဲေ ရးမဟာဘွဲ့မှာ စီးပွားရေး၊ ဘဏ္ဍာ

ရေးအကြောင်းတွေ အများကြီးပါပါတယ်။ ကိုယ်ပိုင်လေ့လာမှု၊ လက်တွေ့လုပ်ငန်းခွင်၊ နိုင်ငံတကာက အသိတွေ ကို အဲဒီသူ မေ့နေပါတယ်။ ထားတော့။

‘ _ _ _ ကျွန်တော်တို့ဆီကို အဲဒီ Recession လပိုင်းအတွင်း ကူးလာပါလိမ့်မယ်’

အားလုံးက ဘမောင်ကို စူးစိုက် ကြည့်ကြတယ်။ လုပ်ငန်းရှင်တဦးက လူကြီးဘက်လှည့်ပြီး ‘ဖြစ်နိုင်ခြေ မရှိသလောက်ပါ။ ကျွန်တော်တို့က Isolation ဖြစ်နေတာပဲဟာ’

သည်စကားက ဘမောင်ဘပြောတာကို ‘မမှန်ဘူး’လို့ သွယ်ဝိုက်တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။ ဘ

မောင်တို့ချင်းလဲ ခင်မင်နေကြတဲ့သူတွေပါ။ တကယ်တော့ ဘယ်ကဏ္ဍမှာ Isolation ဖြစ်ပြီး ဘယ်အပိုင်းမှာ

Isolation မဖြစ်ဘူးဆိုတာ အဲဒီသူ ခွဲခြမ်းစိတ်ဖြာမလုပ်ခဲ့ဘူးနဲ့တူပါတယ်။ ပြီးတော့ Isolation နဲ့ Insulation

ရဲ့သဘာဝကို ရောထွေးသိနေဟန်လဲ ရှိနေတယ်။

‘ထိ’တာပေါ့။ ‘ထိ’တာမှ အားလုံးအသိပဲ။ ဘမောင် ဘာမှတောင်ပြောဖို့မလိုတော့ဘူး။ ဘမောင်တို့ ဆုံ

ပြီး နှစ်လတောင်မကြာဘူး။ စာစောင်တွေမှာဖတ်ခဲ့ရတဲ့ အတိုင်းပဲ။ ရောက်တာမှ ဟိုဘက်ဘူတာတောင် လွန် သွားသေးတယ်။ ဒါပေမယ့် မှန်တာကနောက်မှ ‘အရိ’ ခံလိုက်ရတာက အရင်။ အဲဒါက တကြိမ်။

စီးပွားပျက်ကပ်က ဖက်လှဲတကင်းလုပ်တော့လဲ ညင်ညင်သာသာ မဟုတ်ဘူး။ ခပ်ကြမ်းကြမ်းလေးနဲ့။

ဖြစ်လာပြီဆိုတော့လဲ လုပ်ငန်းရှင်တွေ ခေါင်းချင်းဆိုင်ကြရော ‘ဘယ်လောက်တောင် ဆိုးမလဲ မသိဘူး’

‘ဘယ်လောက်တောင် ကြာမလဲ မသိဘူး’

‘ဘယ်လိုပြင်ဆင်ရမလဲ မသိဘူး’ စသဖြင့် ‘မသိဘူး’ များစွာနဲ့။

သည်နိုင်ငံကိုကူးမလာနိုင်ပါဘူးလို့ ရင်ကော့ပြီးပြောခဲ့တဲ့သူတွေက သည်တခါ ‘လေး၊ ငါးနှစ်’လောက်

တောင်ကြာမယ်တဲ့။ အဲဒါ အနည်းဆုံးပဲတဲ့။ စာစောင်တွေမှာလဲ တော်တော်များများပါခဲ့ပြီးပါပြီ။ ဘာမှ မဖြစ်ပါ

ဘူးလို့ပြောခဲ့တဲ့သူတွေက ကြာမယ့်ကြာတော့ ဘာကြောင့်လေး၊ ငါးနှစ် ပြန်ဖြစ်သွားရတာလဲ။ ဘမောင် မစဉ်း စားတတ်တော့ဘူး။

ဘမောင်ပဲ ‘ကံ’ဆိုးချင်လို့လား မသိပြန်ပါဘူး၊ MRTV-4 က အင်တာ လာဗျူးတယ်။ စာစောင် တခု၊ နှစ်

ခု ကရောပဲ။ အဓိကကတော့ အဲဒီ Recession က ဘယ်လောက်ကြာမလဲဆိုတာပဲ။

ဘမောင်က ‘တနှစ်ဝန်းကျင်’ ပဲကြာမယ်လို့ပြောလိုက်တော့ ပြုံးစိစိဖြစ်သွားကြပြန်တယ်။ ‘ဆရာ၊ ဟုတ်ပါ့မလား။ အပြင်မှာ ငါးနှစ်လောက် ကြာမယ်လို့ ပြောနေကြတယ်’

‘တစ်နှစ်ဆိုတာ ခဏလေးပါ။ စောင့်ကြည့်လိုက်ကြတာပေါ့’

ဘမောင် ဒါပဲ ပြောလိုက်ပါတယ်။ သည်ကြားထဲမှာတော့ ‘သြဘာ’ ပေးကြတဲ့သူတွေလဲ ပေါ်လာပါ

တယ်။ ‘ဟုတ်ပါ့မလား။ ပြင်ပြောရင် အချိန်မီသေးတယ်နော်’ လို့ သံယောဇဉ်နဲ့ တကယ်စေတနာထားပြီး အ ကြံပေးကြတဲ့သူတွေလဲ ရှိပါရဲ့။

ခက်တာက တယောက်နဲ့တယောက် ရှုထောင့်မတူကြဘူး။ ရှုမြင်ပုံလဲ မတူကြပြန်ဘူး။ ယူတတ်တာ

တွေ၊ မြင်တတ်တာတွေ၊ ထည့်ပြီးစဉ်းစားကြတာတွေလဲ အများကြီးကွာသွားနိုင်တယ်။ အတွေ့အကြုံတွေ ဆို

တာလဲ တထပ်တည်းကျနိုင်တဲ့အရာ မဟုတ်ပြန်ဘူး။ အဲဒါတွေပေါင်းလိုက်ရင် တဦးနဲ့တဦး ယူဆချက်တွေ၊ သုံး သပ်ချက်တွေ၊ ချဉ်းကပ်ပုံတွေက အကွာအဟ အမြဲတမ်းရှိနေမှာပဲ။ 61


ရေနံဈေးကို ပြန်ကြည့်ရင် ရောင်းလိုအား၊ ၀ယ်လိုအားဘက်ကကြည့်ရင် တမျိုးတွေ့မယ်။ တရုတ်ရဲ့

ဝယ်လိုအားများတာတခုတည်းကို ‘သာသာထိုးထိုး’ တွက်ရင် သေချာပေါက် ရေနံဈေးက ၂၀၀ ကျော်သွားမှာပဲ။ စီးပွားရေးသက်သက်ရှုထောင့်ကနော်။ တပိုင်း၊ တထောင့်တည်းက ကြည့်သေးတာ။ ရေနံဈေး ရုတ်တရက် ၃၀ ဒေါ်လာတက်ပြီး တနေရာတည်းမှာ ၃၊ ၄ လလောက်ရပ်နေရင် နိုင်ငံပေါင်း ၄၀ လောက်က အသံတွေ အများ

ကြီး ထွက်လာလိမ့်မယ်။ အင်အားကြီးနိုင်ငံတွေပါလာမှာ၊ နိုင်ငံရေးရှုထောင့်ကပြန်ကြည့်ရင်တမျိုး ပြောင်းသွား

လိမ့်မယ်။ ဥပမာထဲက တခုပဲရှိသေးတယ်။ အဲဒီ နိုင်ငံရေးရှုထောင့်မှာ စစ်ရေးဆိုင်ရာအငွေ့သက် တွေပါလာနိုင်

တယ်။ ရေနံရောင်းနိုင်ငံတွေရဲ့နိုင်ငံရေး၊ လူမှုရေး မငြိမ်သက်မှုတွေပါလာနိုင်တယ်။ ဘယ်သူက နေရင်းထိုင်ရင်း ခုံအလှုပ်ခံချင်မှာလဲ။ သည်တော့ ရေနံဈေးကျမယ်ပေါ့။

၂၀၀၈ Recession ကိုပြန်ကြည့်ဦး။ ကိုယ်က Export ကောင်းကောင်း ရှိနေတယ်။ နိုင်ငံရေးအရ

Isolated နည်းနည်းဖြစ်ချင်ဖြစ်မယ်။ စီးပွားရေးအရ Indirect တွေ အများကြီးရှိနေတယ်။ စတော့ရှယ်ယာက

တပိုင်း၊ နိုင်ငံခြားဘဏ်တွေက တပိုင်း၊ Export ပိုင်းလေးမှာကိုပဲ ဟိုတိုင်းပြည်တွေဝင်ငွေကျတာနဲ့ ကိုယ့်ကုန် တွေ ဈေးနှုန်းလဲကျမယ်။ အရေအတွက်လဲ ကျမယ်။ ဒါက အသေအချာပဲ။ တခြားလုပ်ငန်းတွေ အများကြီးရှိ သေးတယ်။ အဲဒီတော့ သက်ရောက်မှုတခုကို ဟန့်တားလို့မရဘူး။ ပြီးတော့ ကိုယ့်နိုင်ငံက International

System ဆိုတဲ့ အပြည်ပြည်ဆိုင်ရာစနစ်ထဲ အားလုံးမဟုတ်တာတောင် တပိုင်းတစ၀င်နေပြီ။ များများ ထိတာနဲ့

နည်းနည်းထိတာပဲ ကွာမယ်။ မထိလို့ကတော့ ရကို မရဘူး။ ဘမောင် လုပ်ငန်းတွေတောင် ရာနှုန်း ၃၀ လောက် ပျမ်းမျှခြင်းကျသွားခဲ့သေးတယ်။ သီအိုရီတွေ အရည်ကျိုသောက်ထားပြီး လက်တွေ့လုပ်နေတဲ့သူ၊ နိုင်ငံတကာ

စီးပွားရေးနဲ့ တစက်လေးမှ မပြတ်သေးတဲ့သူ၊ အဲသလိုလူတောင် မခံနိုင်ဘူး။ မထိဘူးဆိုတဲ့သူက လူစွမ်းကောင်း ပဲ။ သူ့ဆီမှာ ကျောင်းပြန်တက်သင့်ကြတယ်။

‘Recession ဘယ်တော့ Recovery ပြန်ဖြစ်မလဲ’ ဆိုတာမှာ ‘တနှစ်ဝန်းကျင်’ ပဲလို့ ရဲရဲပြောရဲတာ အ

ကြောင်းရှိပါတယ်။ အလကားပဲတင်း ‘ကလောင်အကျိုး’ ခံပြီး ဘယ်ပြောမတုံး။ အရင် ၁၉၂၉ က Great Depr

ession ဆိုတာနဲ့ ၂၀၀၈ အခြေအနေနှိုင်းယှဉ်ကြည့်ရင် တော်တော်သိသာတယ်။ လဲပြိုသွားတဲ့ ဘဏ်အရေအ

တွက်၊ အလုပ်လက်မဲ့နှုန်း၊ အစိုးရတွေရဲ့အင်အား၊ တခြား ကျန်သေးတယ်။ အများကြီးပဲ။ ဒါက တချက်၊ နောက် တချက်က အရင်ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အခုကမ္ဘာ့ခေါင်းဆောင်တွေရဲ့ အရည်အသွေး၊ အသိအမြင် အများ

ကြီးကွာသွားပြီ။ သည်နေ့ ကမ္ဘာ့ခေါင်းဆောင်တွေက စီးပွားရေး Specialist ဖြစ်ချင်မှဖြစ် မယ်။ ဘဏ္ဍာရေး၊ စီး ပွားရေးနဲ့ မစိမ်းကြတော့ဘူး။ နောက်တခုက အရှေ့အလယ်ပိုင်း၊ တရုတ်၊ အိန္ဒိယ၊ မက္ကဆီကို၊ ဘရာဇီးလ်စတဲ့

ထွန်းသစ်စနိုင်ငံတွေရဲ့အနေအထား၊ ၁၉၂၉ တုန်းက ဘာမှမဟုတ်တဲ့ နိုင်ငံတွေက ၂၀၀၈ မှာ အရမ်းပြောင်းလဲ သွားပြီ။ အင်အားတစုံတရာ ရှိနေကြပြီ။

နောက်တခုက အရင်တုန်းကနိုင်ငံတွေက စီးပွားရေးအစုအဖွဲ့အနေနဲ့ အားနည်းခဲ့တယ်။ နိုင်ငံရေး အရပဲ

အရင်းရှင် ကွန်မြူနစ်အုပ်စုဆိုပြီး ကြီးကျယ်ခဲ့ကြတာ။ အခု စီးပွားရေးပူးပေါင်းမှု၊ အုပ်စုလိုက် ဆောင်ရွက်မှုတွေ က အားကောင်းလာပြီ။

နောက်ရှိသေးတယ်။ ကမ္ဘာ့စီးပွားရေးနိုးထအောင် ထည့်ရမယ့်ငွေပမာဏ၊ ငါးထရီလီယံလောက် လို

မယ်။ လူနာအတွက်လုံလောက်မဲ့ သွေးရှာတဲ့သဘောပေါ့။ တရုတ်ရဲ့အရန်ငွေ၊ အမေရိကန်၊ အရှေ့အလယ်ပိုင်း စတာတွေရဲ့အရန်ငွေတွေ လိုက်ကြည့်လိုက်တော့ သာသာလေး ၈ ထရီလီယံလောက် သွားတွေ့တယ်။

ပြီးတော့ ခေတ်သစ်ခေါင်းဆောင်တွေ၊ အထူးသဖြင့် သမ္မတဖြစ်ခါစ အိုဘားမားက အမှတ်ယူရဦးမှာ။

ခေါင်းဆောင်တွေကိုယ်တိုင်က Recession ကို ကြာကြာအဖြစ်မခံနိုင်ဘူး၊ သူတို့အမှတ်တွေ အများကြီး ကျသွား ကြမှာပေါ့။ တချို့နိုင်ငံတွေဆို စီးပွားရေးကသောင်းကနင်းက ထိုင်ခုံတွေကိုလှုပ်ပစ်နိုင်တယ်ဆိုတာ သိနေကြပြီ။ ကျန်သေးတယ်။ သည်လောက်ဆိုရင် လုံလောက်ပြီ။ ဒါကြောင့် တနှစ်ဝန်းကျင်ပဲကြာမှာပါလို့ ပြောပစ်၊

ရေးပစ်လိုက်တာ။ ၁၁ လ၀န်းကျင်တ၀ိုက်မှာကိုပဲ နာလန်ထကြပါပြီလို့ပြောတဲ့နိုင်ငံတွေ ခပ်စိပ်စိပ်တွေ့လာရ တယ်။

မှန်တာ၊ မှားတာက နောက်တနှစ်မှ။ မျက်စောင်းထိုးခံလိုက်ရတာက အရင်ပဲ။

ဒါကလဲ တကြိမ် ကျန်တာတွေလဲရှိသေးတယ်။ ဘမောင်ရဲ့သဘာဝက ခပ်အေးအေးပဲ နေချင်တယ်။

အသက်မကြီးသေးပေမဲ့ အရွယ်လေးရလာတော့ တတ်နိုင်ရင် စိတ်ရှုပ်စရာတွေ မတွေ့ချင်တော့ဘူး။ ဒါပေမယ့်

ဖြစ်ချင်တာမဖြစ်တတ်တာက သဘာဝပဲ။ အရင်က ဒါမျိုးတွေ မဖြစ်ဖူးပါဘူး။ အခု တလောတော့လဲ ပြန်ပြီးအေး ချမ်းသလိုလိုပ။ဲ အဲသလိုပဲ နေချင်တယ်။ ကိုယ်မြင်တာလေးတွေ၊ သိတာလေးတွေပြော၊ နောက် မျိုးဆက်သစ် တွေကို တတ်နိုင်သလောက် စိတ်ခွန်အားအရ တစုံတရာတိုးတက်အောင် လုပ်ပေးနိုင်သလောက် လုပ်ပေး။

ကိုယ်လဲ တဖြည်းဖြည်းအသက်ကြီးလာ၊ ဘုရားကျောင်းကန်မွေ့လျော်ရမဲ့ အချိန်ရောက်ရင် နောက်မျိုးဆက်

သစ်တွေ ပျော်ပျော်ပါးပါး နိုင်ငံတည်ဆောက်ရေး လုပ်ကိုင်နေတာတွေ့ရရင် သည်ဘ၀ကျေနပ်ပြီ။ တခြားဘာမှ မလိုဘူး။

‘ဆရာ၊ မနှစ်က ရွှေဈေးမှန်းပေးခဲ့တာလေ မှတ်မိသေးလား။ ကျွန်တော်တောင် ၀ယ်ပြီး စုထားသေး 62


တယ်။ တော်တော်လေး မြတ်လိုက်တယ် ဆရာ။ သည်နှစ်ရော’ လာပြန်ပြီတခါ။

‘တော်ပါပြီ ဆရာရယ်။ အဲဒါကလဲ အကြောင်းမညီညွတ်လို့ မရေးလိုက်ရတာကိုပဲ ကျေးဇူးတင်ရဦးမယ်၊

နောက်လဲ မရေးခိုင်းပါနဲ့တော့နော်’ နောက်တဦးက တမှောင့်

‘ဆရာ၊ ဒေါ်လာ အလားအလာ အလွတ်သဘောပြောပါဦး’

‘ကျွန်တော် ဒေါ်လာဈေး ‘ကျ’ မယ်လို့ မသုံးခဲ့ဘူးနော်။ ဒေါ်လာဈေး ‘ချ’ လိမ့်မယ်လို့သာ ပြောခဲ့တာ’ ‘ဘယ်တော့ ပြန်တက်မလဲ’

‘အမေရိကန်တွေလိုချင်တဲ့ အခြေအနေတရပ်ကိုရရင် တမျိုးပြန်ပြောင်းသွားပါလိမ့်မယ်’

အပြင်သိပ်မထွက်ဖြစ်တော့လဲ ကိုယ့်ဆီလာတဲ့သူနဲ့ စပ်မိစပ်ရာပြောဖြစ်ကြတယ်။ အမြင်တွေ၊ အတွေး

တွေဖလှယ်ဖြစ်ကြတယ်။ အချက်အလက်နဲ့သတင်းရတယ်၊ ပြောတယ်ဆိုတာ သိပ်ခက်လှတာ မဟုတ်ပါဘူး။ သတင်းနဲ့ အချက်အလက်မရရင် ဘာမှလုပ်လို့ရတာမဟုတ်။ တခါတလေတော့လဲ ရေးကြည့်ချင်တယ်၊ ပြော ကြည့်ချင်တယ်။

တခါတလေတော့လဲ မရေးချင်ပြန်ဘူး။ မပြောချင်ပြန်ဘူး။ အဆီအငေါ်တည့်သွားရင် အကြောင်း မ

ဟုတ်ဘူး။ အစပ်အဟပ်မတည့်ရင် ပြဿနာ။ခေါင်းကိုက်၊ ခေါင်းစားရပြန်ရော။ ဒါကြောင့် တခါတခါ စဉ်းစားစရာတွေ ဖြစ်ဖြစ်လာတယ်။ တွေ့တာတွေ ရေးရမလား၊ မြင်တာတွေ ပြောရမလား။ ပြန်ပြီး စဉ်းတော့ စဉ်းစားရဦးမယ်ပေါ့။

…………………………………………… ။ ~ ။ ………………………………………………

အကြွေးတွေ ကျေပါစေ နေဇင်လတ် (June 2010)

တချို့ရေးချင်ပြီး မရေးဖြစ်လိုက်ရတာတွေ အများကြီးပဲ။ ရေးချင်တာနဲ့ ရေး သင့်တာတွေခွဲခြားလိုက်တော့ စာလုံးဖြစ်လာတာတွေရှိသလို ရင်ထဲ သိမ်း ပစ်လိုက်ရတာတွေလဲ ရှိလာပါတယ်။ အခုလဲ ချီတုံချတုံ။ ဒါပေမယ့် ရေး

သင့်တယ်လို့ယူဆတာနဲ့ ရေးဖြစ်လိုက်ရတယ်။ လူငယ်တွေအတွက် ခွန်

အားဖြစ်ဖြစ်၊ အသိအရားဖြစ်ဖြစ်၊ အတွေးအခေါ်ပဲဖြစ်ဖြစ်၊ တက်ကြွ စိတ်

လေးပဲဖြစ်ဖြစ် တစုံတရာရကြရင် ရေးရကျိုးနပ်ပါပြီ။ ကိုယ်လဲ လူငယ်ဘဝ

ဖြတ်သန်းလာခဲ့ရသူတွေထဲကတယောက်ပ၊ဲ လူငယ်တွေရဲ့ ခံစားချက်၊ သူ

တို့ရဲ့အတွေ့အကြုံ၊ သူတို့ရဲ့လုပ်နိုင်ကိုင်နိုင်ခွင့်တွေကိုကိုယ်ချင်းစာမိတယ် ဘမောင်တို့ လူငယ်ဘ၀ဖြတ်သန်းခဲ့ရတဲ့ကာလဟာ လုပ်နိုင်ကိုင်နိုင်ခွင့် မည်မည်ရရမရှိတဲ့ ကာလပါ။

စိတ်ဓာတ်တွေ ဘယ်လောက်ရှိရှိ၊ ခွန်အားတွေ ဘယ်လောက်ရှိရှိ၊ ဘယ်လောက်ပဲ လုပ်ချင်ကိုင်ချင်စိတ်ရှိရှိ အ ခြေအနေက အခါအခွင့်မသာခဲ့ဘူး။ အခုခေတ်ကျတော့ အခြေအနေကအတော်အသင့်ပေးလာပါပြီ။ ပိတ်သွား

တဲ့အမြင်တွေ ပြန်ဖွင့်၊ ဆုတ်ယုတ်သွားတဲ့ခွန်အားတွေ ပြန်ဖြည့်၊ ကွယ်ပျောက်သွားတဲ့သုတတွေ ပြန်ရှာမှီး၊ ငုတ် သွားတဲ့တက်ကြွစိတ်တွေကို ပြန်ဖော်ပေးဖို့ပဲလိုတယ်။ အဲဒီတာဝန်ကို အုတ်တချပ်မဖြစ်ရင်တောင် သဲတပွင့် ဖြစ်ရင်ပြီးရောဆိုတဲ့ခံယူချက်နဲ့ လူငယ်၊ လူလတ်တွေအတွက် ဆောင်းပါးတွေ၊ အက်ဆေးတွေ ရေးဖြစ်နေ ရတာ။

၂၀.၂.၂၀၁၀နေ့က အင်းဝစာအုပ်တိုက်မှာ ဘမောင်ရဲ့ အမေရိကန်အင်ပါယာ၏ လျှို့ဝှက်ချက်များ

စာအုပ်အတွက် လက်မှတ်ထိုးပွေဲ လးလုပ်တယ်။ လက်မှတ်မထိုးခင် စာဖတ်ပွဲလေးလုပ်တယ်။ ပြီးတော့ ပရိ သတ်နဲ့ အမေးအဖြေကဏ္ဍ၊ သတ်မှတ်ချိန်က ၂ နာရီ၊ ၅ နာရီ ဆိုပေမယ့် ညနေ ၆ နာရီ လောက်မှ ပြီးသွား

တယ်။ လက်မှတ်ကို ဆက်တိုက်ထိုးပေးနေရတော့ ပရိသတ်ကိုတဦးချင်း ကောင်းကောင်းစကား မပြောဖြစ် လိုက်ရဘူး။

အဲဒီထဲမှာ အသားဖြူဖြူ အသက် ၃၀ အရွယ်လောက် အမျိုးသမီးက လက်မှတ်ထိုးဖို့ စာအုပ်ပေးရင်း

‘ကျွန်မ ဆရာ့ပရိသတ်ပါ။ ဖတ်ဖြစ်အောင် ဖတ်ကြည့်ပေးပါ ဆရာ’ဆိုပြီး အတော်ထူတဲ့ စာအိတ်တအိတ် ပေး 63


သွားပါတယ်။ သာမန်စာမျိုးတော့မဖြစ်နိုင်ဘူးလို့ ဘမောင် ထင်လိုက်မိပါတယ်။ အိမ်ရောက်လို့ ဖတ်ကြည်လ့ိုက် တော့ နှစ်ကြောင်း၊ သုံးကြောင်းလောက်ဖတ်ကြည့်လိုက်ရုံနဲ့ အတော်အရေးအသားကောင်းတဲ့သူဆိုတာ သတိ ထားမိတယ်။ မကြာခင်မှာပဲ သူ့ဘ၀အကြောင်းမိတ်ဆက်မှာ မဂ္ဂဇင်းတချို့ထဲ သူ့စာတွေပါထားဖူးတဲ့ ‘စာရေး

ဆရာမ’ တဦးဆိုတာ သိလိုက်ရပါတယ်။ စာမျက်နှာ ၁၅ မျက်နှာဆုံးသွားတယ်။ သူ့နာမည်ကို ဖော်ပြမထားဘူး။ နောက်ဆုံးမှာတော့ ပင်စင်စား သူ့အဖေအရာရှိကြီးရဲ့နာမည်ကိုတော့ ရေးထားပေးပါတယ်။

သူ့ရင်ဖွင့်စာကိုကောက်ရရင် ဖခင်တဦးနဲ့ သမီးကြား အတွေးအခေါ်၊ အယူအဆ၊ အကွာအဟတွေ၊ တ

ဦးပေါ်တဦးအမြင် တထပ်တည်းမကျနိုင်တာတွေ။ သူ့မိခင်၊ မောင်နှစ်ယောက်အကြောင်းနဲ့ သာယာနိုင်ခွင့်ရှိတဲ့ အိမ်ထောင်စုလေးဟာ သူ့ဖခင်ကြောင့် ၀မ်းနည်းဖွယ်ရာ ပျက်စီးသွားရတဲ့အကြောင်း ကြေကွဲရင်နင့်စွာ ဖော်ပြ

ထားပါတယ်။ ရနိုင်လျက်နှင့် ဖခင်၏အပံ့အပိုးတို့မပါဘဲ သူအိမ်ထောင်ကျခဲ့ပြီး သူ့အပေါင်းအသင်းကောင်းတွေ

အကြောင်းကို ဇာတ်လမ်းတပုဒ်ပမာ ရေးထားတာတွေ့ရပါတယ်။ သူ့ရဲ့ပါရမီပါတဲ့ အရေးအသား၊ အတင်အပြက ဖတ်ရသူကို ကောင်းကောင်းဖမ်းစားနိုင်ပါတယ်။ ဖတ်ပြီးတော့ ဘမောင်တောင် ရင်ထဲ အတော်မသက်မသာ ခံစားလိုက်ရတယ်။ အရွယ်နုရင် မျက်ရည်ဝဲလောက်တယ်။ ဇာတ်လမ်းကောင်းကို အရေးအသားနိုင်မှုက

ကောင်းကောင်း ပံ့ပိုးပေးထားနိုင်တော့ စဉ်းစားကြည့်နိုင်ပါတယ်။ဘယ်လောက် ‘ရသ’ မြောက်မလဲဆိုတာ … ။

ဇာတ်လမ်းကိုပြောရရင် သူ့အဖေက အစိုးရ၀န်ထမ်း၊ အရာရှိကြီးတဦး၊ အမေက ခင်ပွန်းသည်ကို လုံးဝ

မလွန်ဆန်တဲ့ ရိုးအရှာတဲ့ မိခင်။ မောင်လေးနှစ်ယောက်က ဖခင်ကြီးရဲ့ပုံသွင်းမမှန်မှုကြောင့် လမ်းကြောင်း အမှန် ပေါ်က ဘေးချော်ထွက်နေသူ။ အဲဒီ ကလေးမ (ဘမောင်သမီးထက်ငယ်လို့)က ထက်ထက်မြက်မြက်လဲ ရှိ။ လုပ် ချင်ကိုင်ချင်တဲ့စိတ်လဲ အပြည့်ရှိပြီး ဘ၀ကိုတိုးတက်ချင်တဲ့စိတ်လဲ ရှိသူ ဖြစ်တော့။ ဖခင်ကြီးနဲ့ ပဋိပက္ခ ဖြစ်ရတဲ့ ဇာတ်လမ်း။ နောက်ဆုံး မိခင်ကြီး ကင်ဆာဖြစ်နေတာတောင် မိသားစုကိုကျောခိုင်းထွက်သွားရက်တဲ့ ဖခင် အ ပေါ်နာကြည်းစိတ်ဖြစ်မိတဲ့ သမီးတယောက်ရဲ့ပုံရိပ်။

‘ဆရာ့စာတွေ အားလုံးဖတ်ဖြစ်တော့ ဦးဘမောင်ကြီးနဲ့လဲ ရင်းနှီးရတယ်ပေါ့။ ဦးဘမောင်ကြီးက သား

သမီးတွေကို သိပ်တိုးတက်စေချင်ပေမယ့် သားသမီးတွေထဲက တယောက်မှ လိုက်မပါတဲ့အခါ မချင့်မရဲဖြစ်တာ

ကို ကျွန်မခံစားလို့ရခဲ့ပါတယ် ဆရာ။ ကျွန်မလဲ နားမလည်နိုင်တဲ့ ကျွန်မအဖေနေရာမှာ ဦးဘမောင်လို အဖေမျိုး ကို လိုချင်ခဲ့ပါတယ်။ တခါတလေ ဦးဘမောင်လို အဖေမျိုးရရင် ဘယ်လောက် ကောင်းမလဲလို့ စဉ်းစားမိတယ်။ ကျွန်မတို့ မိသားစုကလေး အရမ်းကိုတိုးတက်သွားမယ်လို့ယုံတယ် ဆရာ”

ထက်၊ အောက်သာကွာပေမယ့် တထပ်တည်းကျတဲ့ ခံစားမှုမျိုးပါ။ သမီးအရွယသ်ူ့ရဲ့ခံစားမှုကို ဘမောင်

ကိုယ်ချင်းစာမိတယ်။ အထူးသဖြင့် မိဘရဲ့အထောက်အပံ့ကို စိတ်ခွန်အားဖြစ်ဖြစ်၊ အသိမျှဝေမှုကပဲဖြစ်ဖြစ် တစုံ တရာရယူဖို့လိုအပ်တဲ့ တိုးတက်လိုစိတ်ပြင်းတဲ့ လူငယ်တယောက်ရဲ့ ခံစားချက်အပေါ် လေးလေးနက်နက်ကိုပဲ ခံစားလို့ရခဲ့ပါတယ်။ ကိုယ်လဲ လူငယ်ဘ၀က ဖြတ်သန်းလာခဲ့ရလို့ ကောင်းကောင်းကြီးကိုပဲ စာနာမိရပါတယ်။

သူ့စာထဲမှာ ‘ဖခင်’ ရဲ့မေတ္တာကို အပြည့်အ၀မရခဲ့တာအပြင် ဖခင်အရင်းတယောက်ရဲ့ ရက်စက်မှုတွေကို ရင်နင့် စွာ ရင်ဆိုင်ခဲ့ရတာတွေလဲ တွေ့ခဲ့ရပါတယ်။

ကွဲပြားခြားနားကြတဲ့ဘ၀တွေဆိုတာ သည်လိုပဲ ဖြစ်တတ်ကြပါတယ်။ ရတာတွေ မလိုဘဲ မလိုတာတွေ

လဲ ရတတ်ကြပါတယ်။ အဲသလို အခက်အခဲတွေကြားထဲက တစုံတရာဖြစ်မြောက်အောင် ကြိုးစားနိုင်တဲ့ သူဟာ တကယ့်လူတော်တွေဖြစ်ပါတယ်လို့ ဘမောင် လေးလေးနက်နက်ပြောချင်ပါတယ်။ လေးလေးနက်နက်ကိုပဲ တ

ခု ပြောချင်တာရှိသေးတယ်။ အဲဒါက သိပ္ပံပညာကြီးနဲ့တိုင်းတာလို့မရတဲ့ အရာ။ ဗုဒ္ဓဘာသာရဲ့ အခြေခံယုံကြည်

မှုလဲ ဖြစ်ပါတယ်။ အဲဒါကတော့ လောကမှာ မိဘတွေရဲ့ကျေးဇူးတရားဟာ အကြီးမားဆုံးဆိုတာပါပဲ။ အတိတ်ရဲ့

‘ကံ’ အကြောင်းတရားကြောင့်လို့ပဲမှတ်ပြီး သည်နေရာမှာ ‘ဖခင်’ကြောင့် တိုးတက်မှုတွေပျက်ပြားရတာ။ မိသားစု ဒုက္ခရောက်ရတာတွေကို မတွေးမိ မနာကြည်းမိဖို့ပါပဲ။ ‘သူ့’ကြောင့်ဖြစ်တာကိုမေ့ထားပြီး ပေးဆပ်ခြင်းတခုအ

တွက် ပေးဆပ်နေတာလို့ပဲ သဘောထားစေချင်ပါတယ်။ ‘ကံ’ ဆိုတာ ‘စေတနာ’ အရင်းခံ၊ ‘စိတ်’ အရင်းခံ ဖြစ် တယ်ဆိုတာ မေ့မပစ်လိုက်စေချင်ပါ။

ဆယ်ကျော်သက်ဘ၀မှာ အဖေ့ကို ဘမောင် စိတ်ကွက်အောင်လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် နောက်တော့

အဖေ စိတ်ပြေခဲ့ပါတယ်။ ဆယ်ကျော်သက်မှာပဲ အဖေကိုပြုစုရင်း ဘမောင်လက်ပေါ်မှာတင် အဖေ ဆုံးပါးခဲ့ပါ

တယ်။ အဖေစိတ်ပြေခဲ့ပေမယ့်လဲ စိတ်ကွက်ခဲ့တဲ့ကာလအတွက် ဘမောင် အများကြီးပေးဆပ်ခဲ့ရဖူးတယ်။ သူ

များထက် ပိုကြိုးစားခဲ့ရတယ်။ သူများထက် အများကြီးပိုတဲ့အခက်အခဲတွေကို ကျော်လွှားခဲ့ရဖူးတယ်။ တခါတ လေ လူ့လောကကြီးကို စိတ်ကုန်သွားရလောက်အောင်ပဲ။ အဖေ့စိတ်ကွက်မှု တခဏတာအတွက် နှစ်များစွာ ဘမောင် ပေးဆပ်ခဲ့ရပါတယ်။ အကျိုးပေးကုန်သွားတော့လဲ ဘ၀က လေပြည်ညင်းတခါပေါ့။ ဒါပေမယ့် အခု

ထက်ထိ ဘမောင်ရဲ့သားသမီးတွေ တိုးတက်သင့်သလောက်မတိုးတက်ကြဘဲ ဆန့်ကျင်ဘက်ဖြစ်နေရတာကို အဖေ့စိတ်ကွက်မှုရဲ့ နောက်ဆက်တွဲများလို့ တခါတခါများတွေးမိနေရသေးတယ်။

အဲဒီတော့ ကျေးဇူးကြီးတဲ့ မိဘအပေါ်တော့ ဘယ်လိုပဲဖြစ်ဖြစ်၊ မြူမှုန်တမှုန်လောက်မျှ စိတ်မကွက်စေ

ချင်ဘူး။ အဲဒါကို အရင်ဆုံးစိတ်ကို ဖွေးအောင်လုပ်စေချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီ ကလေးမဟာ တ 64


ချိန်ကျရင် အောင်မြင်တဲ့စာရေးဆရာမကြီးတဖြစ်လဲ၊ အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်လာမယ်လို့ ဘမောင် မြင်နေလို့ပါပဲ။

အောင်မြင်နေကြတဲ့သူတွေအားလုံးဟာ ဘာမှမဟုတ်တဲ့ဘ၀က စခဲ့ကြရသူတွေချည်းပါ။ မနှစ်က အဲဒီ

ကလေးမ အိမ်ထောင်ကျခဲ့တယ်။ ဖခင်ရဲ့ကူညီဖေးမမှုမပါဘဲ သူ့ကံ၊ သူ့ကြိုးစားမှု၊ သူ့ရဲ့လိမ္မာပါးနပ်မှုကြောင့် စစ်အင်ဂျင်နီယာအရာရှိတဦးနဲ့ သူတောင့်တခဲ့တဲ့ ဟိုတယ်ကြီးတလုံးမှာ မင်္ဂလာဆောင်နိုင်ခဲ့တယ် ဆိုတာလဲ

ရေးထားပါသေးတယ်။ စာလုံးတွေတိုင်း၊ စာကြောင်းတွေတိုင်းမှာ ခံစားချက်ကိုကိုယ်စားပြုနေတဲ့ အငွေ့အသက် တွေကို တွေ့နေရပါတယ်။ ခံစားချက်တွေ၊ အခက်အခဲတွေကို ‘အင်အား’အဖြစ် ပြောင်းလိုက်စေချင်တယ်။ အဲဒီ ခံစားချက်ကို ကျေးဇူးရှိသူတွေအပေါ်မှာတော့ မထားစေချင်ဘူး။ ဘ၀တခုအပေါ် ခံစားချက်၊ အတွေ့အကြုံ တခု အပေါ် ခံစားချက်လို့ပဲ မြင်စေချင်တယ်။

အဖေက အရာရှိကြီးဖြစ်ပေမဲ့ သူ့ကြိုးစားမှုနဲ့သူ အလုပ်ရခဲ့ပုံ၊ လွန်ခ့တဲ့ဆယ့်ငါးနှစ်လောက်က ငွေသုံး

ထောင်ကျပ်မရှိလို့ ကွန်ပျူတာသင်တန်းမတက်နိုင်ခဲ့ရပုံ၊ အသက် ၂၀ ကျော်ဘ၀ တက်ကုန် ရွက်ကုန်ဖွင့်လိုစိတ် ပြင်းပြနေချိန်မှာ သူ့ရဲ့ကြီးပွားတိုးတက်လိုစိတ်တွေကို ဖိနှိပ်ရိုက်ချိုးခံခ့ရဲ ပုံတွေဟာလဲ သူ့ရဲ့ခရီးကြမ်းထဲက အ

စိတ်အပိုင်းတချို့တွေပဲ ဖြစ်ပါတယ်။ သူဖတ်ခဲ့တဲ့စာရေးဆရာတွေက ဒဂုန်တာရာ၊ သိန်းဖေမြင့်၊ ကြည်အေး၊ မ

လေးလုံ၊ သော်တာဆွေ၊ မင်းကျော်၊ ခင်နှင်းယု၊ ဂျူး၊ အဲဒီကမှ အခု ဆရာကျော်ဝင်းတို့ဆိုတော့ အတော်ပဲ စာစုံ ဖတ်နိုင်တဲ့သူဆိုတာ ခန့်မှန်းလို့ရပြန်ပါတယ်။ အဲဒီ စာရေးဆရာကြီးများ၊ ဆရာမကြီးများရေးတဲ့ စာတွေဖတ်ပြီး စာပြန်ရေးတဲ့ဆရာမဆိုတော့၊ သူ့ရဲ့ခါးသီးတဲ့အတွေ့အကြုံ၊ တွန်းတွန်းတိုက်တိုက်ကျော်ဖြတ်ခဲ့ရတဲ့ ခရီးကြမ်း တွေနဲ့ပေါင်းလိုက်ရင် တချိန်မှာ ထွန်းတောက်လာမယ့်ကြယ်တပွင့်ဆိုတာ ပြောလို့ရနေပြန်ပါတယ်။ ဇာတ်လမ်း အထွတ်အထိပ်ကတော့ အတော့်ကို ‘ဟတ်’ ထိစရာပဲ။

‘ကျွန်မမှာ အမေ့ကို ဆေးရုံတင်ထားရတုန်းကဆိုရင် ဘေးအိမ်က ပိုက်ဆံပြေးချေး၊ ကျွန်မ သူငယ်

ချင်းတွေဆီက ငွေချေးပြီး ကုပေးနေတယ်’

‘ကျွန်မက အမေ့အတွက် ဆေးကုသစရိတ်ကို အဖေ့ဆီကတောင်းပါတယ်။ အဖေက ငွေမရှိဘူးလို့

ပြောပြီးမှ အမေ့ဆေးကုသစရိတ်တ၀က်ကို ပေးမယ်။ ဒါပေမယ့် (ကွာရှင်းစာချုပ်)နဲ့ လဲရမတဲ့ ဆရာရယ်’

‘ကျွန်မတို့က ကျေးဇူးရှင်အဖေလို့ မေတ္တာထားချိန်မှာ ယောက်ျားတယောက်၊ ဖခင်တယောက်ရဲ့

ကောက်ကျစ်မှုတွေက အံ့သြစရာကြီးပါပဲ’

‘ယောက်ျားတယောက်ဆီမှာ နောက်ထပ်ဆန္ဒတခုရှိနိုင်တာကို နားလည်ပေးလို့ ကျွန်မက အဖေ့ကို

ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးခဲ့ပါသေးတယ်။ အမေ့ကိုတော့ မထားရစ်ခဲ့ဖို့။ ဟိုးငယ်စဉ် အရာရှိငယ် ဘ၀က တည်းက ဆင်းရဲဒုက္ခအတူခံပြီး ပေါင်းသင်းလာခဲ့တဲ့အမေ့အတွက် ကျန်းမာရေး စိတ်ချရတဲ့အထိ စီစဉ်ပေးဖို့’

“ကျွန်မ အဖေ့ကို ပထမတော့ နားမလည်နိုင်ခဲ့ဘူး။ သားသမီးတွေအပေါ်မှာ တမျိုးစီ ဘာကြောင့် ဆက်

ဆံခဲ့သလဲဆိုတာ။ အခုတော့ သဘောပေါက်သွားတယ် ဆရာ။ ကျွန်မတို့မောင်နှမတွေ စည်းရုံးမှုပျက်ပြားသွား ရင် သူလုပ်ချင်တာလုပ်လို့ရပြီကိုး။ အံ့သြတယ် ဆရာရယ်၊ ကျွန်မတို့က သားရင်း၊ သမီးရင်းတွေပါ။ သည်လို မရက်စက်သင့်ပါဘူး’

‘ဦးဘမောင်ကြီးက သားရင်း၊ သမီးရင်းတွေလို သူ့ဘ၀အနစ်နာခံပြီး ပေးဆပ်ခဲ့သလောက် အဖေက

သူ့ဆန္ဒတခုအတွက် သူ့သားသမီးအရင်းအချာတွေကို နင်းချေပစ်ရက်ခဲ့တယ်’

‘ပြောချင်တာ၊ ရေးချင်တာတွေ အများကြီးကျန်သေးပေမယ့် အမှားပါရင်ခွင့်လွှတ်ပါ ဆရာ။ ကျွန်မ

အဖေ နာမည်က _ _ _’

သူ့အဖေနာမည်ကိုတော့ ရေးထားပါတယ်၊ သူ့နာမည်ကိုတော့ ရေးမထားခဲ့ပါ။ လူငယ်ဘ၀ စိတ်ခွန်အား

အတက်ကြွဆုံးအချိန်မှာ အထောက်အပံ့များနဲ့ ဘ၀ရဲ့တိုးတက်မှုတွေကို တလှမ်းချင်း၊ တထစ်ချင်း တက်နေရမဲ့ အချိန်မှာ ဆန့်ကျင်ဘက်ဖြစ်တဲ့ စိတ်ဒဏ်ရာတွေတခုပြီးတခုရနေရတဲ့ လူငယ်တဦးရဲ့ဘ၀ကို ကောင်းစွာ စာနာ

နိုင်ခဲ့ရပါတယ်။ အကြွေးတခုကို အတိုးတွက်များစွာနဲ့ ပေးဆပ်နေတာလို့ပဲ မှတ်ထားလိုက်စေချင်ပါတယ်။ သည့် ထက်ပိုပြီး ဆန့်ကျင်ဘက်စေတနာ စိတ်တွေကို သတိနဲ့ဖယ်ရှားပေးလိုက်ပါ။ ငယ်စဉ်က အဲဒီအတွေ့အကြုံတွေ ဟာ တချိန်ကျရင် အထောက်အပံ့တွေ ပြန်ဖြစ်လာပါလိမ့်မယ်။

သူ့စာဖတ်ပြီး ဘမောင်တောင် အသက်ရှူမ၀ဖြစ်သွားတယ်။ အရွယ်နဲ့အတွေ့အကြုံမမျှတာ သတိထား

မိတယ်။ တော်ရုံ စိတ်ဓာတ်မခိုင်မာရင် ဘ၀တခုပျက်စီးသွားနိုင်လောက်တယ်။

‘ကျွန်မကို သူငယ်ချင်းတွေက နင် မရူးသေးဘူးလားလို့ မေးတယ်။ ကျွန်မက ဟုတ်တယ်။ အခုထိတော့

မရူးသေးဘူးလို့ ပြန်ဖြေလိုက်တယ်’ ဆရာ’ သည်။

‘ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသမျှ ကြိုးစားရင်း၊ အမေ့ကိုလဲ ကြည့်ရှုရင်း ဘ၀ကို ရဲရဲရင့်ရင့် ရင်ဆိုင်သွားမယ် တော်ပါသေးတယ်။ စိတ်ခွန်အား လက်ကျန်များ ပြင်းပြဆဲ၊ စူးရှဆဲ ရှိနေသေးတာကို တွေ့နေရပါသေး

65


ဘ၀တိုက်ပွဲထဲက တခုသောအတွေ့အကြုံလို့သာ သဘောထားလိုက်ရင် သက်သာသွားနိုင်တယ်။ ဒါ

က မိသားစုတွင်းတိုက်ပွဲတခုပါ။ စီးပွားရေးကို ထဲထဲဝင်ဝင်လုပ်ရင်လဲ အဲဒီလိုမျိုး ခါးသီးတဲ့ အတွေ့အကြုံတွေ တွေ့ရပါဦးမယ်။ လူမှုရေး၊ ပညာရေးဘက်မှာလဲ ရှောင်လွှဲလို့မရပြန်ဘူး။ ပြောရရင်တော့ ဘ၀တခု ရလာက တည်းကိုက ကြမ်းတမ်းတဲ့ ခရီးတခု၊ ခက်ခဲတဲ့ တိုက်ပွဲတွေကို တိုက်ဖို့ ဖြစ်လာတာပါပဲ။ အဲဒီ တိုက်ပွဲတွေကို

ကျော်လွှားနိုင်တဲ့အခါမှာ ရလာမယ့်ရလဒ်က ချိုမြိန်တဲ့ပီတိနဲ့ တိုးတက်ကြီးပွားမှုတခုပါ။ မျိုးဆက်သစ်တွေကို စာတွေ့ထက် လက်တွေ့နဲ့ယှဉ်ပြီး အမွေ ထားခဲ့နိုင်တာပေါ့။

ကိုယ်ချင်းစာမိတာလေးတခုတော့ ရှိတယ်။ ဘမောင်မိဘတွေက ငယ်ငယ်လေးကတည်းက အားပေးခဲ့

သူတွေပါ။ အဖေက ပညာရဲ့တန်ဖိုး၊ အလုပ်ရဲ့တန်ဖိုးတွေကို ဘမောင် အတော်ငယ်ငယ်ရွယ်ရွယ်ကတည်းက ကို ပြောပြခဲ့ဖူးတယ်။ စာအုပ်ဝယ်ရင် မတွန့်တမ်းငွေထုတ်ပေးတယ်။ သူ့အလုပ်ခွင်ကို တခါတလေ ခေါ်သွား

တယ်။ ဘမောင် စီးပွားရေးသမားဖြစ်အောင်၊ ပညာရှင်တဦးဖြစ်အောင်၊ စာရေးဆရာတဦးဖြစ်အောင် မျိုးစေ့ချ

ပေးခဲ့သူက အဖေပဲ။ တက္ကသိုလ်ဒုတိယနှစ်မှာ အဖေဆုံးတော့ သူသဘောကျတဲ့ ဗိသုကာဖြစ်သွားတာကို မမြင် လိုက်ရရှာခဲ့ဘူး။

ကျန်ခဲ့တဲ့ အမေက လောကဓံကို ပြုံးပြုံးကြီးရင်ဆိုင်ပြီး ဘမောင်တို့မောင်နှမလေးယောက်ကို ပြုစု ပျိုး

ထောင်ပေးခဲ့တယ်။ လောကဓံနဲ့အခက်အခဲတွေကို ခပ်ပြုံးပြုံးရင်ဆိုင်တတ်အောင် သန္ဓေထည့်ပေးတာက အမေ ဖြစ်လာတယ်။ ကျောင်းမပြီးခင် အမေ့ကိုကူညီချင်စိတ်နဲ့ ဘမောင်စီးပွားရေးလုပ်ဖြစ်တယ်။ ကားလေလံဆွဲတဲ့ အလုပ်ပေါ့။ အသက်ငယ်ငယ်နဲ့ အမြတ်အစွန်းကြီးကြီးရတော့ ခွန်အားတွေပြည့်လာပြီး လုပ်ချင်ကိုင်ချင်စိတ် တွေ ပိုပြီးထက်သန်လာတယ်။ ကျောင်းပြီးတော့ ၀ါသနာပါတဲ့ စာပေနယ်ထဲဝင်ခဲ့လိုက်သေးတယ်။ စာအုပ်

ထုတ်ဝေသူ ပါပလစ်ရှာပေါ့။ တချို့စုန်းပြူးတွေရဲ့နှိပ်စက်တဲ့ဒဏ်ကို အလူးအလဲခံလိုက်ရပါတယ်။ ငွေပေးတယ်။

စာမူမရဘူး။ စာအုပ်တင်တယ်။ အကြွေး မရဘူး။ တချိန် ဒါရိုက်တာမီးပွားဖြစ်လာမယ့် ကိုခင်ဇော်က ဘမောင်ကို အကူအညီအများကြီးပေးခဲ့တယ်။ သူ့ကျေးဇူး မမေ့သေးဘူး။

ဘမောင်အသက် ၂၈ နှစ်၊ စစ်အင်ဂျင်နီယာညွှန်ကြားရေးမှူးရုံးမှာ ဦးစီးတတိယတန်းနဲ့ တာဝန်ကျတော့

စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်ကို အသုံးချရင်း ကိုယ်ပိုင်ဆောက်လုပ်ရေးလုပ်ဖြစ်သေးတယ်။ ဆက်ဆံရတဲ့ သူတ ၀က်ကျော်က လူလိမ်၊ လူကောက်တွေချည်းပဲ။ ကိုယ်က ကိုယ့်စိတ်နဲ့နှိုင်းပြီး ငွေပေး၊ ငွေယူလုပ်တယ်။ ဒါပေမဲ့

မှန်ကန်မှုမရှိတာတွေနဲ့ ရင်ဆိုင်ရခဲ့တယ်။ ငွေကတော့ ငွေပ၊ဲ သက်မဲ့အရာ။ ဒါပေမယ့် တဖက်လူပေါ်မှာမူတည်

ပြီး ဖောက်ပြန်တတ်တဲ့သူတွေနဲ့ မှန်ကန်တဲ့သူတွေဆိုပြီး ကွဲပြားလာတယ်။ တခါတခါ အလုပ်လုပ်ချင်စိတ်ကုန်

သွားတယ်၊ အမေက အမြဲအားပေးတယ်။ လိုတဲ့ငွေကို မညည်းညူတမ်း၊ အပြုံးမပျက်တမ်း ထုတ်ပေးရှာတယ်။ စိတ်ခွန်အားတွေကိုလဲ ပေးခဲ့တယ်။ စီးပွားလုပ်ငန်းရှင်တဦးဖြစ်သွားအောင် ပုံသွင်းပေးလိုက်တာ အမေပဲ။

ဈေးကွက်စီးပွားရေးခေတ်ရောက်တော့ ကိုယ့်ဘ၀ကို ပိုပြီးခြေဆန့်နိုင်မယ့် စီးပွားရေးလုပ်ဖို့ ဘမောင်

အငြိမ်းစားယူဖြစ်သွားတယ်။ ဘုမသိ ဘမသိ နိုင်ငံတကာစီးပွားရေးနဲ့ ဖက်လဲတကင်းလုပ်ရတယ်ပေါ့။ နိုင်ငံခြား သားတွေနဲ့ စကားပြောရင်၊ ဘာသာစကားရဲ့ အားနည်းချက်ရော၊ စီးပွားသုတရဲ့ အားနည်းချက်ရော၊ အတွေ့

အကြုံနဲ့ ပညာရဲ့အားနည်းချက်ရောနဲ့ ကိုယ်က အောက်စီးကချည်းပဲ။ ကိုယ့်ဘက်မှာ ရိုးသားမှုနဲ့ ကြိုးစားမှု နှစ်ခု ပဲရှိတယ်။ တကယ်တော့ နိုင်ငံတကာစီးပွားရေးမှာ အဲဒီအရည်အချင်းနှစ်ပါးဟာ လုံလောက်မှုကောင်းစွာ မရှိခဲ့

ပါဘူး။ ကုန်သွယ်ရေးဝန်ကြီးဌာနကဖွင့်တဲ့ ‘သွင်းကုန်၊ ထုတ်ကုန်’ သင်တန်းတပတ်တက်၊ RSက ဖွင့်တဲ့ ကွန်ပျူ တာ သင်တန်း ၁၀ ရက်လောက်သာတက်ပြီး ကမ္ဘာ့စီးပွားရေးနဲ့ နပန်းလုံးဖြစ်သွားရတဲ့ဘ၀က စခဲ့တာပါ။

ကိုယ်စားလှယ်လုပ်ငန်းမှာ အတွေ့အကြုံတွေ အများကြီးရခဲ့ပါတယ်။ လစာမပေးဘဲ အလကား ခိုင်း

သွားတဲ့ကုမ္ပဏီတွေရှိသလို စေတနာနဲ့သင်ပြပေးသွားတဲ့သူတွေလဲ ရှိခဲ့တယ်။ အမှုမဲ့ အမှတ်မဲ့ မနေဘဲ ဖြတ်

သန်းခဲ့ရသမျှ အတွေ့အကြုံတွေကို ပြန်သုံးသပ်ခဲ့ရတာ အလုပ်ကြီးတခုပဲ။ ပြည်ပမှာ အရေးကြီးတဲ့ ဆွေးနွေးပွဲ

တွေကျရင် ပညာ၊ အတွေ့အကြုံမစုံသေးတော့ ဘမောင်တို့ ‘ဆွံ့အ’တဲ့ လူကြီးဖြစ်ခဲ့ဖူးသေးတယ်။ အသုံးအနှုန်း

တွေကို သဘောမပေါက်လို့။ နောက်ဆုံးတန်းတူရည်တူလေးဖြစ်အောင် စီမံခန့်ခွဲေ ရးနဲ့ဆိုင်တဲ့ စာအုပ်တွေ ၀ယ်

ပြီး အပြင်းအထန်ဖတ်ဖြစ်သွားတယ်။ အဲဒီတော့ တန်းတူရည်တူ၊ ပွင့်တူရွက်တူ ဖြစ်လာခဲ့တယ်။ လူတွေ တဦးနဲ့ တဦး လုပ်ပုံကိုင်ပုံမတူဘဲ တဦးကိုတဦးကျော်ဖြတ်သွားတာTalent ဆိုတဲ့ ဥာဏ်စွမ်းရည်ပဲ။

အဲဒါက မွေးယူလို့ရတဲ့အရာဆိုတာကိုလဲ ဘမောင်သိလာတယ်။ ရှာဖွေဖတ်လို့မပြီးနိုင်တဲ့ စီမံခန့်ခွဲေ ရး

ကို ဘွဲ့တခုအနေနဲ့ ကျောင်းတက်ဖြစ်လိုက်တော့လား လား အများကြီးပဲ။ ကိုယ့်တသက်ရှာဖတ်လို့ ဘယ်လိုမှ

မရနိုင်တဲ့အရာတွေပါ။ ကံကောင်းချင်တော့ နိုင်ငံခြားသားသင်တန်းဆရာတဦးက သိပ်တော်တယ်။ ဘမောင်နဲ့

လဲ အတော်ရင်းနှီးသွားတယ်။ သူက သီအိုရီနဲ့ယှဉ်ပြီး ဘာကြောင့် အောင်မြင်တယ်၊ ဆုံးရှုံးရတယ်ဆိုတာကို က မ္ဘာ့ကုမ္ပဏီကြီးတွေဆွဲထုတ်ပြပြီး သင်ပေးခဲ့တယ်။ စီးပွားရေးကမ္ဘာ့မဟာဗျူဟာတွေ၊ အဂ္ဂဗျူဟာတွေ အထိကို သင်ပေးသွားတာ။ ကျန်တာ ကိုယ် ဆက်လုပ်ပေါ့။

ပြောချင်တာက ဘ၀ဆိုတာ မျက်လုံးမမှိတ်မချင်း။ ကျန်းမာရေး အခြေအနေပေးနေသရွေ့ ရုန်းကန် လှုပ်

ရှားနေရတာပဲ။ အမြဲတမ်း မရပ်မနားပြေးနေရတဲ့ သူတဦးပါ။ ကြိုးစားခဲ့မှုတွေဟာ ကိုယ့်အတွက်ချည်းဖြစ်ချင်မှ 66


ဖြစ်မယ်။ နောင်လာနောက်သားမျိုးဆက်သစ်တွေအတွက်ဆိုတဲ့ စိတ်မျိုးထားဖြစ်ဖလို့တယ်။

ကောင်းတဲ့ဘက်ကကြည့်ရင် ငယ်စဉ်ကာလမှာ အခက်အခဲများများရင်ဆိုင်ခဲ့ရသူတဦးဟာ ကြီးလာရင်

ပိုပြီး ထက်မြက်လာတတ်ပါတယ်။ ငယ်စဉ်ကကို ထက်မြက်ပြီးသားဆိုရင်တော့ ပြောစရာမလိုတော့ဘူးပေါ့။

အိတ်ပိတ်ပေးစာပေးခဲ့တဲ့ ဆရာမရဲ့ဘ၀ကို ဘမောင် လေးလေးနက်နက်စာနာနိုင်လိုက်ပါတယ်။ အခုအခြေအ နေမှာကို စိတ်ခွန်အားတွေရှိနေသေးတာတွေ့လိုက်ရလို့လဲ ၀မ်းသာပါတယ်။ နောက်ပိုင်း နယ်ပယ်မတူတဲ့နေ

ရာတွေမှာ တွေ့လာရမဲ့အခက်အခဲတွေကို ခပ်ပြုံးပြုံးနဲ့ကျော်လွှားနိုင်မယ်လို့လဲ ယုံကြည်ပါတယ်။ ဘ၀ဆိုတာ

အဆိုး အကောင်းရဲ့ ကြား၊ အချို အခါးရဲ့ကြားက ဖြစ်တည်မှုတခုလို့ပဲ သဘောထားလိုက်စေချင်ပါတယ်။ လက် မြှောက်အရှုံးပေးလိုစိတ်ကိုတော့ အနားတောင်အကပ်မခံလိုက်ပါနဲ့။ အဲဒီပွဲမှာ ဆရာမလဲ ကြားမှာပေါ့။ လူတဦး မေးသွားတဲ့ မေးခွန်း

‘လုပ်ငန်းအမွေဆက်ခံမှုမှာ ဆရာ့သားသမီးတွေ စွမ်းဆောင်ရည်မပြည့်ဝရင်၊ ဒါမှမဟုတ် လုပ်ငန်းအပေါ်

စိတ်ဝင်စားမှုမရှိခဲ့ရင် ဆရာဘာဆက်လုပ်မလဲ’

အဲဒါကိုက ဘမောင် တောက်လျှောက် ရင်ဆိုင်နေရတဲ့ ပြဿနာတခုပါပဲ။ ဘမောင် ဖြေလိုက်တာလဲ အားလုံး ကြားကြပါလိမ့်မယ်။

‘ကံ ပေါ့ဗျာ။ ကျွန်တော် အရွယ်တခုရောက်လို့မှ လုပ်ငန်းအမွေဆက်ခံမဲ့သူမပေါ်ခဲ့ရင် Management

တရပ်ကိုခေါ်ပြီး စီမံခန့်ခဲခွိုင်းဖို့ စီမံထားပါတယ်။ သူတို့ခွဲဝေပေးသလို သုံးကြပေါ့။ အဲဒီအချိန်မှာတော့ ကျွန်တော်

နဲ့ဇနီးသည်က ရိပ်သာတခုခုကို ရောက်နေပြီ’

တခါတလေကျရင် သည်လိုလဲ ဖြစ်တတ်သေးတယ်။ ဖြစ်ချင်သလို ဖြစ်မလာခဲ့တော့ ဖြစ်သင့်တာကို လုပ်လိုက် ရတာမျိုးပေါ့။

လောကမှာ လူအမျိုးမျိုး၊ ဖြစ်ရပ်အထွေထွေ ရှိတတ်ကြပါတယ်။ ‘ကံ’ စီမံရာတွေ ဖြစ်ပါတယ်။ တချို့က

‘ရယူလိုစိတ်’ နဲ့ ရှင်သန်သူ၊ တချို့က ‘ပေးဆပ်လိုစိတ်’ နဲ့ ရှင်သန်ကြသူ၊ တချို့ကဘ၀ကို ‘အရှုံး’ စိတ်နဲ့ ဖြတ် သန်းသူ၊ တချို့က ‘ဒူးမထောက်၊ လက်မမြှောက်စိတ်’ နဲ့ ဖြတ်သန်းကြပါတယ်။

ပြောရရင် ‘အဆန်စိတ်’ သမားတွေနဲ့ ‘အစုန်စိတ်’ သမားတွေလို့ ပြောလို့ရတယ်။ ထပ်ပြောလို့ ရတာက

‘သခင်စိတ်နဲ့ ကျွန်စိတ်’ တွေပဲ။ အများကြီး ကွာခြားပါတယ်။ ‘ကောင်းစိတ်’တွေကိုမွေးပြီး ခါးသီးတဲ့ အတွေ့အ ကြုံတွေကို အင်အားအဖြစ်ပြောင်းနိုင်တဲ့အခါ ရင့်ကျက်တဲ့ ‘သခင်စိတ်’ ကိုပိုင်ဆိုင်သူတွေဖြစ်လာပါတယ်။ သူ

များထက် ထူးကဲတဲ့၊ သာလွန်တဲ့သူတွေ ဖြစ်လာတတ်ကြပါတယ်။ ရှေ့ဆောင်စိတ်၊ ဦးဆောင်စိတ်၊ ရဲရဲတောက် စိတ်တွေဟာ ဘယ်တော့မှ ခါးသီးတဲ့လှိုင်းအောက်မှာ အမြဲမရှိနိုင်ပါ။

အကြွေးတခုကို အတိုးများများနဲ့ပေးဆပ်နေခြင်းလို့ပဲ သဘောထားလိုက်ပါ။ အချိန်တန်ရင် အကြွေး

တွေ ကျေသွားပါလိမ့်မယ်။ အကြွေးဆပ်ရင်း နောက်အကြွေးတခုသာ မတင်မိပါစေနဲ့။ ကျေးဇူးရှိသူတွေ ပေါ် တင်တဲ့အကြွေးရဲ့အတိုးက ပိုများတတ်ပါတယ်။ ကိုယ့်ဘ၀ကို ကောင်းအောင်ပြဲ ကိုးစားစေချင်တယ်။ ကိုယ့်

လမ်းကို ဖြောင့်အောင်ပဲလျှောက်စေချင်တယ်။ ကိုယ့်ရည်မှန်းချက်တွေ ပိုပြီးအထင်အရှားရှိစေချင်တယ်။ ခွန် အားတွေ တိုးပွားစေချင်တယ်။ လူကောင်းရင် နတ်ကောင်း ‘မ’ တတ်ပါတယ်။

နာကြည်းတဲ့စိတ်တွေကို ဖယ်ရှားပစ်လိုက်ပါ။ ဘာတွေ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုသာ သား

ကောင်း၊ သမီးကောင်းပဲဖြစ်အောင် ကြိုးစားလိုက်ပါ။ တူသောအကျိုးဆိုတာ ရှိကို ရှိနေပါတယ်။ ကိုယ့်အ

လှည့်ကျ သားကောင်း၊ သမီးကောင်းတွေ ပြန်ရလာပါလိမ့်မယ်။ မုန်တိုင်းလွန်ရင် လေပြည်ကစောင့်နေပါ လိမ့်မယ်။ အကြွေးတွေသာ ထပ်မတင်မိပါစေနဲ့တော့။

…………………………………………… ။ ~ ။ ………………………………………………

67


ပိတောက်မဲ့ နှစ်ကူး

နေဇင်လတ် (July 2010)

ထုံးစံအတိုင်းပေါ့။ သင်္ကြန်ဆို ဘမောင်တို့ အပြင်မထွက် ဖြစ်တော့ဘူး။ သည်နှစ်ဆို ပိုဆိုးသေးတယ်။

ရာသီဥတုက ပူလိုက်တာမှ အရမ်းပဲ။ တသက်လုံးမှာ

အပူဆုံးပဲလားတောင်မသိဘူး။ ထူးထူးခြားခြား သင်္ကြန်မိုး သည်နှစ်မှာမရွာလိုက်တာ သတိထားမိတယ်။ ခါတိုင်း

နှစ်ဆန်းတရက်နေ့ ငါးသွားလွှတ်ရင် ကမ္ဘာအေး ဘုရား

လမ်းမကြီးက ပိတောက်ပင်တချို့မှာ ပိတောက်တွေ လှိုင်

လှိုင်ပွင့်နေတာ သတိထားမိတယ်။ သည်နှစ် မိုးမရွာတော့ ရွှေအိုရောင်ပိတောက်ကို တပွင့်မှ မတွေ့ လိုက်ရဘူး။

ပိတောက်အစား အင်းလျားကန်ဘေးမှာ ပေါက်နေတဲ့

ငုတွေကိုပဲ တွေ့ရတယ်။ ဆီဒိုးနားရှေ့က စိန်ပန်းပင်ကြီးမှာလဲ ခပ်ရရဲအပွင့် တချို့တော့တွေ့ရပါတယ်။

သည်နှစ် သင်္ကြန်က တမျိုးပဲ။ တက္ကသိုလ်ရိပ်သာလမ်း၊ အင်းလျားလမ်း၊ ဘမောင်တို့ နေတဲ့ အင်းယား

မြိုင်ဆိုတာ ခါတိုင်းဆိုရင် လမ်းထွက်လို့ကိုမရတော့ဘူး။ ကားတွေကျပ်နေလို့၊ လွန်ခဲ့တဲ့ခြောက်နှစ်လောက်တုန်း က သင်္ကြန်မှာကိစ္စရှိလို့ အပြင်ထွက်ပြီးပြန်လာတာမှာ တက္ကသိုလ်ရိပ်သာလမ်းတလျှောက်လုံး ကားတွေကျပ်နေ

လို့။ လမ်းဘေး ကားထား၊ သော့ပိတ်ပြီး အိမ်ကို လမ်းလျှောက်ပြန်ခ့ရဲ ဖူးတယ်။ သည်နှစ်ကျတော့လဲ အဲဒီ နေရာ တွေက သူတို့မဟုတ်ကြတော့တဲ့အတိုင်းပါလားနော်။ မတည်မြဲတဲ့ သင်္ခါရဆိုတာ ဒါပါပဲ။ အဲဒီ မတည်မြဲပါဘူးဆို တဲ့ သင်္ခါရကြီးကိုပဲ လူတွေက ဘာလို့သည်လောက် ဖက်တွယ်နေကြရတာလဲမသိ။

အသံသွင်းပြီး စာမရေးတတ်တဲ့ ဘမောင်တို့ကို ခေတ်မမီဘူးလို့ပြောလို့ရမယ်နဲ့တူတယ်။ အလေ့အကျင့်

မရှိဘူး။ ကွန်ပျူတာနဲ့ကျပြန်တော့လဲ မြန်မာလက်ကွက်ကိုအလွတ်မရတော့ ခရီးကမတွင်ပြန်။ အဲဒီတော့ အစဉ် အလာအတိုင်းပဲ။ စာဆို လက်နဲ့ ချရေးပေါ့။ ခါတိုင်းအချိန်တွေဆိုရင် စာကို ကောင်းကောင်းရေးရတယ် မရှိလှ ဘူး။ စီးပွားရေး၊ လူမှုရေး၊ အသင်းအဖွဲ့လုပ်ငန်းတွေက အနည်းဆုံးတော့ ဖုန်းတဂွမ်ဂွမ်နဲ့ ၀င်လာတတ်လို့။

သင်္ကြန်တွင်းပိတ်ရက်ဆိုတော့ အဲဒီဒုက္ခလေးအေးသွားတယ်။ ကွန်ပျူတာထဲမှာ စာရိုက်ပြီးသား လက်

ကျန်က နှစ်ပုဒ်၊ သုံးပုဒ်လောက်ပဲရှိတော့တာဆိုတော့ သင်္ကြန်ကယ်လိုက်တာနဲ့ အတော်အဆင်ပြေသွားတယ်။

တနေ့ နှစ်ပုဒ်နှုန်းလောက် ရေးဖြစ်သွားတယ်။ ပိတ်ရက် ၁၀ ရက်မှာ အပုဒ် ၂၀ ကျော်လောက် ရေးလိုက်နိုင်မယ် ထင်တာပဲ။ အဲဒီ လက်ရေးစာမူတွေကို ရုံးဖွင့်တော့မှ ကွန်ပျူတာတင်ရမယ်။

စာမရေးဖြစ်တုန်းကလဲ မရေးဖြစ်လို့၊ စာပြန်ရေးဖြစ်ပြန်တော့လဲ အစက ရွှေအမြုတေအတွက် တလ တ

ပုဒ်လောက်ပဲ ရေးဖြစ်ခဲ့တယ်။ ကံ ကလေးကောင်းပြီး ဖတ်တဲ့သူလေးတွေများလာတော့ ဟိုကတောင်း၊ သည်က တောင်းနဲ့ အခုဆို တလကို အပုဒ် ၂၀ ကျော်လောက် ရေးဖြစ်နေရတယ်။ ပေးရတဲ့ မဂ္ဂဇင်း၊ စာစောင်တွေက ၁၆ စောင်၊ မနည်းတော့ဘူး။ မဂ္ဂဇင်းတွေကတော့ တလကို တပုဒ်နှုန်းပါပဲ။ ဂျာနယ်တွေကို တပတ်ခြား တပုဒ်ပေးရ

တော့ တလကိုစာမူ ၂၀ကျော်နဲ့ ၃၀ကြားရေးရတော့တာပဲ။ မတတ်နိုင်ဘူး။ ကိုယ်ဆတ်ဆော့မိတဲ့ အလုပ်ပဲလေ။ နောက်ပိုင်း ကံကလေးလိုက်လို့လား မသိဘူး။ စီးပွားရေးဘက်ကလဲ အတော်ကလေး လူးလူးလွန့်လွန့်

ရှိလာတယ်။ အလုပ်များဦးမယ့် လက္ခဏာပဲ။ ပညာရပ်ဆိုင်ရာ ဟောပြောပွဲနဲ့ စီမံခန့်ခွဲရေးဆိုင်ရာ သင်တန်းသား

တွေအတွက်ပို့ချမှုကလဲ နောက်ပိုင်း ပိုစိပ်လာတယ်။ အချိန်ဆိုတဲ့အရာကို ဘမောင် မကြာမကြာမျက် စောင်းထိုး ထိုးနေရတော့တယ်။ အခုလိုအချိန် မျက်နှာသာပေးထားတုန်းလေးမှာ စာကိုဖိရေးထားပေါ့။ နောက်ပိုင်း များများ

ရေးနိုင်ဖို့ သိပ်အသေချာကြီးလို့ပြောလို့ရမှာ မဟုတ်တော့ဘူး။ ဒါတောင် သည်ဘက် ၁၀ နှစ်ကျော်ကျော် ခရီးမှာ ကိုယ်ကိုယ်တိုင် ပညာရေး လိုက်စားတာရယ်၊ စီးပွားရေးလုပ်ငန်းက တဖက်ရယ်၊ စာတွေရေးနေတာ တဖက်

ရယ်ကြောင့် အချိန်ကိုချေးငှားမရတာနဲ့ နောက်ဆုံးအချိန်များများချေးနိုင်တဲ့ ဂေါက်သီးကိုပဲ မလွှဲသာမရှောင်သာ မျက်စောင်းထိုးရတော့တာပါပဲ။ အခုဆို ဘမောင်တို့ ဂေါက်မရိုက်တာ ဆယ်နှစ်ပိုပိုတောင်ရှိသွားပြီ။ ဂေါက်အိတ် တွေလဲ မှိုတက်နေပြီလားမသိ။

တလ လေးငါးပုဒ်လောက်ရေးရတုန်း ကတည်းက အချိန်က ဘမောင်အတွက်သိပ်ကျပ်နေပြီ။ သည့်

ထက်ပိုလာတော့ ဂေါက်သီးကစားတာကို ဖြတ်လိုက်ရတယ်။ နောက်တလ ဆယ့်လေးငါးပုဒ်လောက်ရေးရတဲ့ အချိန်ကျတော့ လုပ်ငန်းတဖက်နဲ့က သိပ်မနိုင်ချင်တော့ဘူး။ ‘ဆရာရယ်၊ ပရိသတ်တွေကို’

သုံးလေးယောက်လောက်က စာမူတောင်း တကယ်ကောင်းတယ်။ ‘ပရိသတ်’ ဆိုတာ သုံးလိုက်ရင်ကိုပဲ

ဘမောင်တို့ မလွန်ဆန်ရဲတော့ဘူး။ ဒါနဲ့ပဲ အချိန်ခိုးဖို့ ဟိုကြည့်သည်ရှာနဲ့ အိပ်ချိန်ဘက်မျက်စောင်းထပ်ထိုးလိုက် 68


ရပြန်တယ်။ အခုတလော ကတိမပျက်ချင်တာနဲ့ စာတွေပဖဲိရေးနေရလို့ ကိုယ် သဘောပိုကျတဲ့ စာဖတ်တာကို တောင် သိပ်မလုပ်နိုင်ပြန်ဘူး။

ဘမောင်လဲ စာတွေဖတ်တာက စခဲ့တာပဲလေ။ ထုတ်ဝေသူလဲ လုပ်ခဲ့ဖူးသေးတယ်။ ကိုယ့်အလှည့်ကျ

တော့ ကိုယ်ချင်းစာတတ်ရမှာပေါ့။ ဟိုတုန်းက တချို့စာရေးဆရာတွေကို ပြောတာပါ။ စာမူတပုဒ်ရဖို့ လေးငါးခါ လောက်သွားရတယ်။ ဘမောင်တို့ သည်ဘက်အချိန်ကျတော့ e-mail တွေပေါ်လာလို့ စာမူပေးရတာ အတော်

အဆင်ပြေသွားတယ်။ သူတို့ကိုလဲ ကိုယ်ချင်းစာတယ်။ ကိုယ့်စာမူလေးတပုဒ်လောက်နဲ့ ဘယ်မှာ ခဏခဏလာ နိုင်မလဲလေ။ လာလဲ မလာစေချင်ဘူး။ ကိုယ်ကလဲ ဘာကောင်မှ မဟုတ်ဘူး။ စာမူကို အရန်အမြဲထား ထား

တတ်တော့ တောင်းတာနဲ့ ပေးလိုက်နိုင်တယ်။ ကိုယ်မနိုင်တဲ့ဝန်လဲ မထမ်းတော့ဘူး။ အဲဒီတော့ အခုစာပြန်ရေး

တဲ့ ဒုတိယအကျော့ရဲ့ဆယ်နှစ်ကျော်အတွင်းမှာ ဘမောင်ဆီကို စာမူဘယ်သူမှ နှစ်ခါမတောင်းရအောင် ကြိုးစား ထားတာ အခုထိတော့အဆင်ပြေနေသေးတယ်။

ဒါပေမဲ့ သိတယ်မို့လား။ တည်မြဲတဲ့အရာဆိုတာ ဘာမှရှိတာမဟုတ်ဘူး။နောက်ပိုင်း စာရေးလျှော့ရမယ့်

လမ်းတွေ မြင်နေတယ်။ တချိန်ပြန်ရေးနိုင်မှာပေါ့လေဆိုတာနဲ့ပဲ ဖြေသိမ့်ရဦးမှာပေါ့။

သည်နေ့ နှစ်ဆန်းတရက်နေ့ဆိုတော့ တပုဒ်လောက်ပဲ ရေးမယ်လို့စိတ်ကူးထားတယ်။ မနက်စောစော

ထ မဖြစ်စလောက်၊ ဖြစ်စလောက် ၀ိပဿနာရှု၊ တရားလေးထိုင်၊ ပြီးတော့ ရေမိုးချိုး၊ ခေါင်းလျှော်၊ အမေနိုးတဲ့

အချိန်မှာ အမေ့ဆီသွား။ နှစ်ဦးအတွက် ကန်တော့။ မနက် ၈ နာရီလောက်မှာ ခြံရှေ့တန်းဆွမ်းကြွတယ်။ တန်း

ဆွမ်းလေး ပြေးလောင်းပေါ့။ ပြီးတော့ အိမ်မှာက ခွေးကလေးတွေပေါက်နေသေးတယ်။ သုံးပတ်သားလောက်ပဲ

အရွယ်ရသေးတယ်ဆိုတော့ သူတို့ကိုလဲ ကြည့် ကြည့်ပေးနေရသေးတယ်။ ခြံထဲက ကလေးကိုခေါ်၊ ခွေးကလေး တွေကို သုတ်သင်ပေးခိုင်း၊ ပူတဲ့နေရာကနေ အေးတဲ့နေရာကို ရွှေ့ပေး။ နှစ်ဆန်းတရက်ဆိုတော့ အစဉ်အလာ

မပျက် ငါးလေးဘာလေးလွှတ်ရဦးမှာ။ ရွှေဝါ ငါးကြင်း ၂ ထုပ်၊ အကောင်သုံးရာလောက် ရှိမလားပဲ။ ဇနီးသည်က စီစဉ်ပေးထားတာ။ ကန်ရိပ်သာက သားတော်မောင်အိမ်ဝင်ယူပြီး ကန်ရိပ်သာက ရှင်ဥပဂုတ္တကန်မှာပဲ မြေးလေး နဲ့အတူ ငါးလွှတ်ခဲ့ကြတယ်။

ဘမောင်တို့မိသားစုမှာ ချစ်စရာကောင်းတာလေးတခု ရှိတယ်။ စီးပွားရေးတွေ အဆင်ပြေနေပေမယ့်

အပွင့်မကားဘူး။ ရိုးသားတဲ့ဘ၀ကိုပဲ ချစ်တတ်ကြတယ်။ ရိုးသားစွာပဲ နေထိုင်ကြပါတယ်။ ရိုးသားစွာပဲ ကျင့်ကြံ ကြတယ်။ ပေးစရာရှိ ပေးပစ်လိုက်တယ်။ လှူစရာရှိ လှူပစ်လိုက်တယ်။ နှောင်ကြိုးမပါဘူး။ တဖက်ကို ပါရမီ

ဖြည့်ဆည်းပေးတာ ကိုယ့်အတွက် ဘာမှပြန်ရလိုမှုမရှိဘူး။ တချို့ရင်းနှီးသူတွေကတောင် ဘမောင်တို့ကို မချင့် မရဲ ဖြစ်နေကြတယ်။

ဘမောင်က မိသားစုဝင်တွေကို ပြောထားဖူးတယ်။ ‘သေရင် ဘာမှ ပါမသွားဘူး’

‘အကုသိုလ်၊ ကုသိုလ်တွေကို ကျတော့ မယူသွားချင်လို့လည်း မရဘူး’

ကလေးတွေလဲ ရိုးရိုးအေးအေးပါပဲ။ ကြီးကျယ်တတ်တာ တယောက်မှမရှိပါ။ မနှစ်က ဘမောင်ဇနီး

အသက် ၆၀ ပြည့်တယ်။ သူ့မွေးနေ့ကို အမှတ်တရ ဆီဒိုးနားမှာလုပ်ပေးဖို့ ဘမောင်က ပထမ စီစဉ်လိုက်သေး

တယ်။ အပွင့်ကားချင်လို့တော့ မဟုတ်ဘူး။ တသက်တခါကြုံရတဲ့အတွက် အမှတ်တရပါ။ ခင်မင်တဲ့ ကန့်သတ်

လူလေးနဲ့ပဲလုပ်ဖို့ပါ။ ဇနီးသည်က ငြင်းတယ်။ အဲဒီအတွက် ကုန်ကျငွေကို ပေး လှူပစ်မယ်တဲ့။ တကယ်လဲ လှူ

ပစ်ခဲ့ပါတယ်။ လှူတယ်ဆိုတော့ ကိုယ်က ပိုကုန်တော့တာပေါ့။ ဇနီးသည်ရဲ့မွေးနေ့ကျတော့ အိမ်မှာပဲ သားတွေ၊ သမီးတွေ၊ မြေးတွေကို အလာခိုင်းပြီး ထုံးစံအတိုင်း ကိတ်မုန့်ခွဲတာလောက်နဲ့ ပြီးသွားပါတယ်။ ရိုးသားတဲ့ ဘ၀ လေးကို ပိုင်ဆိုင်ခွင့်ရ ရတာ ရုပ်ဝတ္ထုစည်းစိမ်ထက် တကယ်ပိုချမ်းသာစရာကောင်းပါတယ်။

နေ့ပူ ညချမ်း တပေါင်းလသရမ်းတဲ့။ ဘမောင်တို့ အရင်က သိခဲ့တာ။ အခု တပေါင်းလထက် တန်ခူး၊ က

ဆုန်လက ပိုသရမ်းသေးတယ်နဲ့တူတယ်။ နေ့ဘက်ဆို အပြင်မထွက်ရဲဘူး။ ဘမောင်တို့က အဘိုးကြီးအိုတွေ မ

ဟုတ်ကြသေးပေမယ့် အဘိုးအိုလေးတွေတော့ ဖြစ်ကုန်ကြပြီ။ စွယ်မကျိုးသေးပေမယ့် ခေါင်းကအတော်ဖြူသွား ပြီ။ အဲဒီတော့ အသက်ဥာဏ်စောင့်ရတော့တာပေါ့။

အမေတောင် အသက်ဥာဏ်စောင့်ရင်း လေဖြတ်သွားတာ ရှစ်လရှိသွားပြီ။ တော်တော်လေး ကုယူလိုက်

ရတယ်။ ဆေးကောင်းဝါးကောင်းတွေပေး။ မနက်၊ ည နာ့စ်ငှားပေါ့။ ဒါနဲ့ပဲ ရောက်တတ်ရာရာ တွေးရင်း တခြားမ

တတ်နိုင်တဲ့သူတွေဆို ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဆီ အတွေးက ရောက်သွားရသေးတယ်။ ဘ၀ဆိုတာ ဒါပဲလေ။ ကိုယ်တွေက အိမ်ကောင်း၊ ကားကောင်း၊ လုပ်ငန်းကောင်းကြီးတွေနဲ့။ လှိုင်သာယာတို့၊ တောင်ဒဂုံ၊ မြောက်ဒဂုံ တို့ဘက်မှာ တနေ့လုပ်မှ တနေ့စားသမားတွေအတွက် တခါတခါလိုက်တွေးပြီး ပူမိတဲ့အခါတွေ ရှိလိုက်ရသေး

တယ်။ ဘာကောင်မှမဟုတ်တော့ ဘာမှတော့ ဒီလောက်မတတ်နိုင်ပါဘူးလေ။ လက်လှမ်းမီရာတွေကိုပဲ ကူရင်း ပြုရင်းနဲ့ လူ့လောကကြီးကို ဖြေသိမ့်နေရပါတယ်။

အရင်ဘ၀က ဘာဖြစ်ခ့သဲ လဲဆိုတာ သိရကြတာမဟုတ်ဘူး။ နောက်ဘ၀ဘာဖြစ်မလဲဆိုတာလဲ သိနိုင်

သူတွေ မဟုတ်ပြန်ဘူး။ နတ်ပြည်ခြောက်ထပ်ရောက်လို့ တဖက် နတ်သမီးငါးရာနဲ့ ဇိမ်ကျနေလို့က အကြောင်း 69


မဟုတ်ဘူး။ ငရဲပြည်ရောက်လို့ ငရဲခွေးအလိုက်ခံနေရရင် လူ့လောက တော်တော်နဲ့ ပြန်ရောက်နိုင်မှာ မဟုတ်

ဘူး။ အဲဒီတော့ သည်ဘ၀ လူလေးဖြစ်ရတုန်း ရတတ်သမျှလေးတော့ ကိုယ့်ကိုယ်ကိုကလွဲလို့ သူများအတွက် အကျိုးလေးတွေ လုပ်ကြည့်ချင်နေတယ်၊ ဆန္ဒတော့ ပြည့်သလိုလိုပဲ။

အရင်က ကိုယ့်စီးပွားရှာတဲ့အထဲက တချို့တ၀က် လှူဖြစ် တန်းဖြစ်တယ်။ ဇောတိကလို မချမ်းသာပေ

မယ့် တော်တော်များများလှူဖြစ်ပါတယ်။ အခုလဲကြည့်ဦး စာရေးတော့ စာမူခတွေရတယ်။ စာမူတပုဒ်တသောင်း ကျပ်ရတယ်။ စာအုပ်ဖြစ်တော့ အဲဒီစာမူက တပုဒ်နှစ်သောင်းလောက် တန်သွားရော။ စာအုပ်တအုပ်ကို အနည်း ဆုံး သုံးကြိမ်လောက်ပြန်ရိုက်နေရတော့ ထပ်မရေးရတော့ဘဲ ထုတ်ဝေသူဆီက ငွေတွေရရနေတယ်။ အဲဒီအထဲ က ကိုယ်သုံးမိလိုက်တာ အတော်နည်းပါတယ်။ လှူတာများတယ်၊ စာမူခထဲက အနည်းဆုံး ရှစ်ဆယ်ရာနှုန်း ကျော်ကို လှူဖြစ်လိုက်နိုင်ခဲ့တယ်။ မြေးတွေကို မုန့်ဖိုးပေးတာပါတယ်။ မိန်းမကိုတော့ လုံးဝမပေးဘူး။ သူ့အ တွက် စီးပွားရေးကရတဲ့ ငွေတွေကို လွှဲပေးပြီးသားပဲ။

အဲဒီစာမူခထဲက အမေ့ဆေးဖိုးနဲ့ ဗာဟီရအတွက် စတိလောက် နည်းနည်းသုံးပေးသေးတယ်။ စာဖတ်

ပေးတဲ့ပရိသတ်တွေလဲ ကုသိုလ်ရအောင်လို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့။ စာဖတ်မယ့်သူမရှိရင် ဘမောင်တို့ ဘယ်စာ မူခရလိမ့်မတုံး။ အဲဒီတော့ စာဖတ်ပေးသူတွေအတွက် တခုခုပြန်လုပ်ပေးသင့်တယ်လို့ ဘမောင်က ယုံကြည်

ထားတယ်။ ဆရာတော်ကြီးတွေက ပြောဖူးတယ်။ မိဘဆိုတာ သက်ရှိဘုရားပဲတဲ့။ ကျေးဇူးအနန္တကြီးတဲ့ သူတွေ၊ ကိုယ်တွေက အခွင့်လေးရလို့ကျေးဇူးပြုနိုင်တာ။ တပ်တွေမှာ တာဝန်ထမ်းဆောင်ခဲ့ရတုန်းကဆို အမေ့ကို နည်း နည်းမှ လှည့်မကြည့်နိုင်ဖြစ်ခဲ့ဘူး။

အမေက သူ့တာဝန်သူကျေခဲ့တဲ့ လူ။ ဘမောင်တို့ဆယ်ကျော်သက်မှာ အဖေဆုံးသွားတယ်။ မုဆိုးမဘဝ

နဲ့သားသမီးလေးယောက်ရဲ့တာဝန်ကို အပြုံးမပျက်ယူခဲ့တာ။ ကျွေးရတာ ထားဦး။ သားသမီးတွေ လမ်းမှား

ရောက်မှာ၊ ပညာရေး တပိုင်းတစဖြစ်မှာ၊ ကျန်းမာရေးချို့တဲ့သွားမှာတွေကို ပူခဲ့ရတဲ့ ပူပန်မှုတွေက မနည်းဘူး။

အဲဒီစာနာမှုကို ကိုယ်တွေ မိဘဘ၀ရောက်မှ ကိုယ်ချင်းစာဖြစ်တာ။ အခု အမေ့ကိုပြန်ကြည့်ရတဲ့အချိန် ရောက်

တော့ သူ့အတွက်ပူပန်ရတာ ဘာမှမရှိဘူး။ ကရိကထလဲ ရှိတာမဟုတ်ဘူး။ သည်မှာတင် ကိုယ်ပြုရတဲ့ ကျေးဇူးနဲ့ သူပြုခဲ့တဲ့ကျေးဇူးက အကွာအခြား နည်းတာမဟုတ်ဘူးဆိုတာ တွေ့လာနိုင်တယ်။

အမေ လမ်းကောင်းကောင်း မလျှောက်နိုင်ရှာသေးဘူး။ အရင်ထက်စာရင် အများကြီးတော့ တိုးတက်

လာတယ်၊ အရင်က ဘယ်ဘက်တခြမ်းလုံး လုံးဝလှုပ်ရတာမဟုတ်ဘူး။ အစာ မစားနိုင်ဘူး၊ စကားလုံးဝ မပြော နိုင်ဘူး။ အခု စကားစပြောပြီ။ အစာနည်းနည်း စားလာပြီ။ လူနှစ်ယောက်တွဲပြီး လမ်းစလျှောက်လာပြီ။ ခါတိုင်း

ရုံးသွားရင် အိမ်ရှေ့ထွက်ပြီး သားကို တရက်မပျက် လက်ပြနှုတ်ဆက်ရှာတတ်တဲ့ အမေက အခုအိပ်ယာထဲမှာ။ အခု ဘမောင်အလှည့်ဆိုတော့ မနက်ရုံးမသွားခင် အမေ့အခန်းကိုဝင်ပြီး နှုတ်ဆက်ရတယ်။ နေ့ခင်း ရုံးကနေ ဖုန်းလေးဘာလေးဆက်ပြီး မေးရတယ်။ ညနေရုံးက ရောက်ရောက်ချင်း အမေ့အခန်းဝင်ရတယ်။

အမေက ညဘက် ၈ နာရီကျော်လောက်ဆို အိပ်တတ်တယ်။ ရှစ်နာရီသတင်း ဆယ်မိနစ်လောက်ကြည့်

ပြီးရင် အမေ့အခန်းဝင်ပေးရတယ်။ အသက်ရှစ်ဆယ်ကျော်ပြီဆိုတော့ အမေက ကလေးလို ပြန်ဖြစ်နေရတယ်။

အပြုစုခံဘ၀ပြန်ရောက်သွားတာကိုး။ အမေမအိပ်ခင်အမေ့နဖူးကို ဘမောင်က ခပ်ဖွဖွေ လးတချက်နမ်းပြီး အမေ့

နားမှာ ထိုင် သူဖတ်ချင်တဲ့ တရားစာလေး တပိုဒ် နှစ်ပိုဒ်ကို အသံထွက်ပြီးဖတ်ပြ။ ပြီးရင် အမေ့လက်မောင်းလေး ကိုပုတ်ပြီး အမေအိပ်တဲ့ထိ သိပ်ပေးရတာ ဘမောင် အလုပ်တခုဖြစ်မှန်းမသိဖြစ်လာတယ်။ ဒါပေမဲ့ ဘမောင်

ပျော်ပါတယ်။ ကျေလဲ ကျေနပ်တယ်။ စိတ်လဲ ချမ်းသာတယ်။ ပြည့်စုံတဲ့ဘ၀နဲ့ ပြုစုရတာပါသလို ကိုယ့်အနားမှာ

ထားနိုင်တာလဲပါတယ်။ တချို့ စေတနာရှိပေမယ့် ရုန်းကန်နေရတဲ့သူတွေအတွက် အခွင့်ကမသာပြန်ဘူး။ တတ် နိုင်တဲ့သူတွေကျတော့ စေတနာနည်း၊ ကျေးဇူးတရားသိတတ်မှုနည်းလို့ အခြေအနေကဝေးကွာပြန်ရော။ သည် အခွင့်အရေးမျိုးရတာပဲ လောကကြီးကို ဘမောင်က ကြံဖန်ကျေးဇူးပြန်တင်နေရသေးတယ်။

မိသားစုကို ရင်းနှီးတာ၊ ချစ်ခင်တာကိုက အာရှရဲ့တန်ဖိုး၊ အနောက်ဘက်မှာ ဒါမျိုးသိပ်ရှိလှတာ မဟုတ်

ဘူး။ အဲဒီတန်ဖိုးနဲ့အစဉ်အလာကိုကောင်းတယ်ဆိုရင် ဘမောင်တို့ ဆက်ထိန်းသိမ်းသင့်တာပေါ့။ ဒါပေမဲ့ ၀မ်း

နည်းစရာကောင်းတာက အဲဒီတန်ဖိုးတွေ၊ အစဉ်အလာတွေက အခုခေတ်မှာ အတော်ကလေး ခေါင်းပါးလာတာ တွေ့နေရတယ်။ ၀မ်းနည်းစရာပဲ။ အင်းလေ ကိုယ်လဲ ဘာကောင်မှမဟုတဘဲ ကိုယ်လက်လှမ်း မီတတ်သမျှပဲ လုပ်ရတော့မှာပေါ့။

‘Asia Value’ ဆိုတဲ့ အစဉ်အလာပျောက်တာ တနေရာတည်းမှာမှမဟုတ်ဘူး။ နေရာ တော်တော်များ

များမှာကို ပျောက်ဆုံးနေတာ။ ‘ဆရာနဲ့ကျောင်းသား’ကို ကြည့်မလား။ ဘမောင်တို့ ခေတ်တုန်းကနဲ့ မတူတော့

ဘူး။ အခုအရွယ်အထိ ဘမောင်တို့ ဆရာတယောက်ယောက်ကိုများ တွေ့လိုက်ရင် ရိုရိုကျိုးကျိုး ဂါရ၀ပြုတုန်းရှိ သေးတယ်။ ကုမ္ပဏီလောကကို ကြည့်ဦးမလား။ လွန်ခ့တဲ့နှစ် ၂၀ လောက်နဲ့တောင် မတူပြန်တော့ဘူး။ ဆရာ ၀န်နဲ့ လူနာအပိုင်းကရော ပိုတောင်ဆိုးသေးတယ်။

ကောင်းတဲ့တန်ဖိုးတွေ အပျောက်မြန်တာကတော့ ရင်လေးစရာပဲ။ လူတွေရဲ့စိတ်ဓာတ်တွေကလဲ ပိုပြီး

ခက်ထန် ကြမ်းကြုတ်လာသလိုပဲ။ တခြားမကြည့်န့၊ဲ သင်္ကြန်ကိုပဲ ကြည့်။ ဘမောင်တို့ လူပျိုပေါက်လောက်တုန်း 70


က ရေပက်တာ ညင်ညင်သာသာ။ အခု ရေပက်တာက တဖက်ကို နာစေလိုတဲ့ဆန္ဒတွေပါနေတယ်။ ရိုးရိုး မပက် ကြတော့ဘူး။ ခွက်စောင်း ခုတ်သတဲ့။ ပရက်ရှာများတဲ့ပိုက်နဲ့ မျက်နှာကိုထိုးကြတာ။

အရင်တုန်းက စတုဒိသာမဏ္ဍပ်တွေက ဟောတခု ဟောတခု။ စေတနာဗရပွနဲ့ ကျွေးလိုက်ကြတာလေ

စားတောင် မစားနိုင်ဘူး။ ပြန်မြင်ယောင်သေးတယ်။ အလှပြကားတွေနဲ့ တန်ဆာဆင်လှည့်လည်ကြပြီး ဖျော်ဖြေ ရေးလုပ်ကြတယ်။ ‘ဆို’တာကလဲ ညက်ညက်ညောညော။ ‘က’ တာကလဲ သိမ်သိမ်မွေ့မွေ့။ ရေပက်ခံကားတွေ

ကလဲ စည်းကမ်းတကျနဲ့ မောင်းကြတယ်။ ကားပိတ်တယ်ဆိုတာ မရှိဘူး။ အခု ရေပက်ခံကားတွေက သူ့ကျော်၊ ကိုယ့်ကျော်။ အရေးအကြောင်းဆို ထွက်မရတော့ဘူး။

အင်းလေ ဘမောင်တို့ပဲ ဒိတ် အောက်သွားတာလား။ ဘာပဲပြောပြော သည်နှစ်သင်္ကြန်ကတော့ အထူး

အဆန်းတွေပ။ဲ နှစ် ၄၀ အတွင်း အပူဆုံးတဲ့။ စည်နေကျနေရာတွေမှာ ဘာမှမရှိရှာတော့ဘူး။ အရင်က မရှိတဲ့

နေရာတွေမှာ စည်လာတယ်။ ကဆုန်လမှာကျတဲ့ သင်္ကြန်၊ တန်ခူးမှာကျတဲ့ သင်္ကြန် မဟုတ်ဘူး။ ပြီးတော့ ရွာ

နေကျ သင်္ကြန်မိုးလဲ မရွာတော့ဘူး။ ပွင့်နေကျ ပိတောက်တွေလည်း မပွင့်တော့ဘူး။ ပိတောက် မပွင့်တဲ့ သင်္ကြန် ကို ဘမောင် အတွေးထဲက ခံစားကြည့်မိတော့။

…………………………………………… ။ ~ ။ …………………………………………………

အတိတ်ကြွေး နေဇင်လတ် (August 2010 )

မန္တလေးကို ရန်ကုန်လောက် ပူတယ်လို့ မခံစားရပါ။ နှစ်ဝက် ကျော်

ကျော်လောက် ပြန်မရောက်တဲ့ မန္တလေးကို ဟောပြောပွဲနှစ်ခု အတွက် ပြန်ရောက်ခဲ့ရပါတယ်။

၂၀၀၉ ဇွန်လရဲ့ဟောပြောပွဲမှာ Crown Education က ကိုဝင်းလွင်ဦး

မိတ်ဆက်ပေးလို့ ဒေါက်တာဇော်ဝိတ်ဆိုတဲ့ နက္ခတ်ဆရာတဦးနဲ့ သိကျွမ်း ခဲ့ရပြီး ကိုယ့်ဇာတာကိုယ် စစ်ဆေးဖြစ်ခဲ့တယ်။ အရင်တုန်းက အနာဂတ် ဟောပညာရပ်တွေကို ဘမောင်တို့ လုံးဝယုံကြည်ခဲ့တာမဟုတ်ဘူး။ သူ များဆီကပိုက်ဆံကို အယုံသွင်းပြီးယူနေကြတဲ့ သူတွေလို့ကို ခပ်ကြမ်း

ကြမ်းလေး ပြောပစ်ခဲ့ဖူးတယ်။ လောကကြီးဟာ ရိုးစင်းပြီး ဆန်းကြယ်ပါတယ်။ မယုံကြည်လွန်းတဲ့ သူတွေကို

ယုံကြည်လာအောင် တိုက်ဆိုင်မှုတွေ ဖန်တီးပေးတတ်တယ်။ ဘ၀တခုကျဆုံးပြီး လောကကြီးဟာ မတရားပါဘူး ဆိုတဲ့သူတွေကို အောင်မြင်မှုတွေပေးတတ်ပြီး ‘ငါမှတပါး အခြားမရှိ’ ဆိုတဲ့ လက်မထောင်တတ်ကြသူတွေကိုလဲ ‘ဆုံးရှုံးမှုနဲ့ဒုက္ခ’ ဆိုတာဘာလဲလို့သိအောင် မိတ်ဆက် ပေးတတ်ပြန်ပါတယ်။

နည်းနည်းမှမယုံတတ်ခ့တဲ့ ဘမောင်ကို တိုက်ဆိုင်မှုတွေ အကြိမ်များများပေးလိုက်တော့ ယုံရမလို၊ မယုံ

ရမလိုဖြစ်သွားတယ်။ ဘာကြောင့်မို့ သူတို့တတွေ အနာဂတ်ကို အဟောထုတ်နိုင်ကြတာလဲ။ အတိတ်က အကျိုး ပေးတွေကို လက်ဝါးပြင်မှာ သဘာဝကရေးခြစ်လွှတ်လိုက်တယ်။ တယောက်နဲ့တယောက် လက္ခဏာအရေးအ

ကြောင်း လုံးဝမတူကြဘူး။ သိပ်ထူးဆန်းတယ်။ ပိုပြီးသိမ်မွေ့နက်နဲတဲ့ နက္ခတ်ဗေဒပညာဆိုရင်လဲ ကိုယ့်မွေးဖွား ချိန်၊ မွေးဖွားရာအရပ်၊ မွေးတဲ့နေ့တွေကိုလိုက်ပြီး အတိတ်၊ အနာဂတ်တွေကို ပြောလို့ရပြန်တယ်။ အဲဒီ အကျိုး ပေးတွေကို ပြောလို့ရအောင်ကို အဲဒီလူက အဲဒီနေရာ၊ အဲဒီအချိန်၊ အဲဒီနေ့ရက်မှာကို မွေးလာခဲ့ရတာ။ သည် ပညာကိုစပြီး ဖော်ထုတ်ခဲ့တဲ့သူတွေ အတော်ချီးကျူးဖို့ကောင်းကြတယ်။ သည်နေ့ကတော့ ရှင်းပါတယ်။ တိုး

တက်လှပါတယ်၊ သိပ္ပံပညာအခြေခံတယ်ဆိုတဲ့ အမေရိကန်သမ္မတတွေတောင် သည်ပညာကို မလွန်ဆန်ကြ

တော့ဘူးဆိုတော့ မယုံရင် ကိုယ်ပဲ အရူးဖြစ်သွားလိမ့်မယ်။ Nasa ဆိုတဲ့ အဖွဲ့ ကြီးတောင် အဲဒီနက္ခတ္တပညာကို တပိုင်းတစ အသုံးချနေတာပဲ။

တခုပဲရှိတယ်။ ယုံတော့ယုံ၊ ‘ပုံ’ မပစ်ဖို့ဘဲ လိုတယ်။

ဟင်းကောင်းလေးစားရတော့ သူငယ်ချင်းတွေကိုသတိရသလိုပဲ နီးစပ်ရာလူတွေကို ဒေါက်တာ ဇော်

ဝိတ်ဆီ လွှတ်ပေးတတ်တယ်။ လူတွေဟာ ကိုယ့်ကံကြမ္မာကို ခပ်ကြမ်းကြမ်းလောက်တော့ သိထားသင့်ကြ

တယ်။ နို့မို့ရင် ‘ဆူး’ မှန်းမသိ၊ ‘ဆု’ မှန်းမသိ။ ခုတ်ရာ တခြား၊ ရှရာတလွဲ ဖြစ်တတ်လို့။ အတိတ်မှာ ဘမောင် 71


ကိုယ်တိုင်ကြုံဖူးတာ တော်တော်များများရှိခဲ့တယ်။ အလုပ်လုပ်ရင် တွန်းတွန်းတိုက်တိုက်၊ အပင်ပန်းခံပြီး ကိုယ် စွမ်း၊ ဥာဏ်စွမ်းနဲ့ အင်ပြည့်အားပြည့်လုပ်တတ်တာ ဘမောင်ရဲ့သဘာဝ။ ကံကလေးကောင်းတဲ့အခါ ပိုပြီးတိုး

တက်တတ်ပေမဲ့ အညံ့ထဲရောက်တဲ့အခါ ‘ကွဲ’ရော။ ‘အညံ့ကာလ’ မှန်း၊ ‘အကောင်းကာလ’ မှန်းမသိဘဲ ထပ်ကြိုး စားရင် ထပ်ပြီးဆုံးရှုံးတာနဲ့ပဲ ကြုံရတတ်တာကို နောက်တော့သိလာတယ်။ မလိုအပ်ဘဲ အင်အား မသုံးစေချင်

ဘူး။ အကျိုးမရှိဘဲ မကြိုးစားစေချင်ဘူး။ ဘ၀မှာလက်ကျန်ကာလက နည်းနည်းလာပြီဆိုတော့ ကိုယ်ကိုယ်တိုင် ဟောပြောပွဲတွေမှာ ဆွေးနွေးတတ်တဲ့ ‘စီမံခန့်ခွဲမှု’ ဆိုတာ ကိုယ့်ကိုယ်မှာကောင်းကောင်း ပြန် သုံးတတ်လာ

တယ်။ အရင်က မြင်ရတဲ့ရုပ်ဝတ္ထုတွေအပေါ်မှာ တွက်ချက်တဲ့ စီမံခန့်ခွဲမှု၊ အခုမြင်ရတာတွေရော၊ မမြင်ရတာ

တွေရောကိုပါ ထည့်သွင်းတွက်ချက်တတ်လာတဲ့ စီမံခန့်ခွဲမှု။ အဲဒီအလေ့အကျင့်ကလေးရလာတော့ ပိုပြီးအကျိုး ရှိလာတာ သတိထားမိတယ်။

ဒါနဲ့ပဲ ခေတ်ပညာတွေ အများကြီးတတ်ထားတဲ့သူ။ လက်တွေ့လုပ်ငန်းတွေ အများကြီးလုပ်နေတဲ့သူက

သည် ‘အက်ဆေး’ မျိုးရေးသင့်ပါတယ်လေလို့ ယူဆပြီးရေးပစ်လိုက်ရပါတော့တယ်။ ကျင့်ဝတ်ပိုင်းကို ပြန်စဉ်း

စားရသေးတယ်။ တခါတလေ စေတနာကလွန်ပြီး ကျင့်ဝတ်ကိုဖောက်ဖျက်မှန်းမသိ ဖောက်ဖျက်မိတာတွေက

လဲရှိတတ်သေးတာကိုး။ ဗေဒင်ဆရာတဦးဆီက အကျိုးရလဒ်တခုကိုယူပြီး သူ့အကြောင်းရေးရင်တော့ ကျင့်ဝတ် နဲ့ညီမှာ မဟုတ်ဘူး။ အခုဟာက အဲဒါမျိုးတွေမရှိတဲ့အပြင် ကိုယ်ရေးမှန်းတောင် သူသိဦးမှာ မဟုတ်သေးဘူး။

ပညာရပ်အမှန်ကို မတွေ့သေးဘဲ စမ်းတ၀ါးဝါးဖြစ်နေသူတွေအတွက် ကူညီရာရောက်မယ်လို့ယူဆလို့ ရေးလိုက် တာ။

ဆရာ့နာမည်က ဒေါက်တာဇော်ဝိတ်၊ တိ-မွေးကု ဆရာဝန်၊ နန်းရှေ့၊ အနှိပ်တော်ရပ်ကွက်၊ ရန်ကင်း

လမ်းမှာနေတယ်။ ခပ်ရိုးရိုး၊ ခပ်အေးအေးနဲ့ ပညာမာန၊ အသက်မာန မရှိတဲ့သူ။ ဘမောင်နဲ့ ကိုက်တယ်။ သူ့ဖုန်း က(၀၉-၂၀၀၉၀ ၇၀)၊ (၀၂-၇၁၀၉၀)။ အနေအေးပေမယ့် ဟောချက်ကပြင်းတယ်။ ဝေေ၀၀ါးဝါး မရှိဘူး။ မဖြစ် ဘူးဆို မဖြစ်ဘူး။ ဖြစ်မယ်ဆိုရင် ဖြစ်မယ်ပဲ။ လက်ညှိုးတချောင်းပဲ ထောင်တယ်။ နှစ်ချောင်း မထောင်ဘူး။ သူ့ အားသာချက်က ဆက်ပြီးလေ့လာဆဲ၊ သုတေသနလုပ်ဆဲ၊ ကြိုးစားဆဲပဲ။ ပညာကိုရပ်မထားဘူး၊ အချိန်နဲ့အမျှ လေ့လာနေတယ်။ တောင်းဆိုမှု ဘာမှမရှိရှာတဲ့သူ၊ သူ့ဟောချက်မှန်လွန်းတော့ ဘမောင်ရဲ့မိတ်ဆွေတွေကို

ဖုန်းနံပါတ်ပေး Mail ဖွင့်ပြီး ဘမောင်ကပဲ အကုန်အကျခံ၊ အလကားအကျိုးဆောင်ပေးနေတာ။ သည်တခေါက် သူ့ဟောချက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကွန်ပျူတာတလုံး လက်ဆောင်ပေးဖြစ်ရတဲ့အထိ ဖြစ်သွားတယ်။

မှန်ဆို သူက ပညာအစုံသုံးတာကိုး။ နက္ခတ်ရဲ့အားသာချက်၊ အားနည်းချက်ကို သူက သိတယ်။ အဲသ

လိုပဲ လက္ခဏာ၊ မြန်မာ့ရှေးရိုးတွက်ကိန်းတွေနဲ့ သရောဓရတွေရဲ့အားသာချက်၊ အားနည်းချက်တွေကိုလဲ သူက သိထားပြန်တယ်။ ပညာရပ်တော်တော်များများနဲ့ ချိန်ညှိပြီးမှ နောက်ဆုံးအပိုင်ဟောတာဆိုတော့ သူ့ဟောချက်

တွေက အတော်စူးစူးရှရှ ထိတော့တာပေါ့။ ဘမောင်အမေကို သြဂုတ်လနဲ့ နိုဝင်ဘာလအတွင်း ကျန်းမာရေး သ တိထားပါတဲ့။ သြဂုတ်လ ၁၀ရက်မှာ အမေလေဖြတ်သွားတယ်။ ဘယ်ဘက်တခြမ်းလုံး လှုပ်မရ၊ စကားမပြော၊ အစာမစားတော့ဘူး။ တဖြည်းဖြည်း အဆိုးဘက်ရောက်လာတယ်။ ဆရာက ပြန်ကောင်းလာမယ်တဲ့။ အဆိုး

ကြီးကနေ ပြန်ကောင်းလာပါတယ်။ ပညာရေးမှာ ပါရဂူဘွဲ့ထပ်ရမယ်တဲ့။ ‘မဖြစ်နိုင်ဘူး’ လို့ဘမောင်က ခါးခါး

သီးသီးငြင်းလိုက်တယ်။ ‘စောင့်ကြည့်ပါဦး ဆရာရယ်’ လို့သူကတုံ့ပြန်တယ်။ အကျိုးအကြောင်းတွေ ဆီလျော်

သွားပြီး နောက်တခုထပ်ရဖို့ဖြစ်လာခဲ့တယ်။ လုပ်ငန်းတွေ မမျှော်လင့်တဲ့နေရာက၀င်လာလိမ့်မယ်လို့ ပြောပြန် တယ်။ ဘမောင်စီမံကိန်းဆွထဲားတာက ၂၀၁၁ နောက်ပိုင်းမှ။ သူပြောတဲ့အတိုင်း၂၀၀၉ ကတည်းက၀င်လာ

တယ်။ အခု သူ့အဟောအရထိုင်ပဲနေပါ၊ လုပ်ငန်းက လိုက်လာပါလိမ့်မယ်တဲ့။ ဟုတ်သလိုလိုပဲ။ နှစ်များစွာကွဲ သွားတဲ့ ပြည်ပကလုပ်ငန်းဖော်တွေ ပြန်ရောက်လာတယ်။

နောက်တခု ရှိသေးတယ်။ သိပေမဲ့ မလုပ်ဘူးလို့ ဆုံးဖြတ်ထားတဲ့အလုပ်တခု ဆရာက လုပ်ဖြစ်လိမ့်မယ်

လို့ ပြောပြန်တယ်။ အဲဒါလဲဖြစ်နိုင်ခြေ သိပ်မရှိလှပြန်ဘူး။ အဲဒီအလုပ်ကိုလဲ လုပ်ဖြစ်သွားပြန်တယ်။ သူပြောတဲ့ အတိုင်း ချောချောမွေ့မွေ့အောင်အောင်မြင်မြင်ပဲ။ ဘမောင်လွှတ်ပေးတဲ့ မိတ်ဆွေတွေလဲ ဘမောင်ကို ပြန်ပြီး

ကျေးဇူးတင်ကြောင်း ပြောနေကြပါတယ်။ မှတ်မှတ်ရရ မိတ်ဆွေတဦးဆိုရင် အငြိမ်းစား အရာရှိကြီးတဦး၊ စီးပွား ရေးမှာအတော်ကြီး အကျပ်အတည်းတွေ့နေတယ်။ ‘ထောင်’ ဂဏန်းအကြွေးလို့ အကြမ်းဖျင်း ပြောလို့ရတယ်။

၂၀၁၀ ဇန်န၀ါရီလကုန်ရင် မမျှော်လင့်ဘဲပြေလည်ပါလိမ့်မယ်လို့ ပြောလွှတ်လိုက်တယ်။ ဇန်န၀ါရီလ တလလုံး

အဲဒီမိတ်ဆွေက မပြေလည်သေးလို့ဆိုပြီး ဘမောင်ဆီ ဖုန်းတဂွမ်ဂွမ်နဲ့။ လကုန်ပြီးသုံးလေးရက်မှာ သူကိုယ်တိုင် အံ့အံ့သြသြနဲ့ မမျှော်လင့်ဘဲပြေလည်သွားတယ်။ အဲဒီမိတ်ဆွေကြီးဆိုရင် စုတ်သပ်လို့ မဆုံးဘူး။ ဒါပေမဲ့ ဘ

မောင်ကို လက်ဖက်ရည်လေးတခွက်တောင်တိုက်ဖော်မရတော့ သူ့ကိုကျြွဲ မီးတော့တိုသွားတယ်။ နောက် အံ့သြ စရာကောင်းတာတွေအများကြီးပဲ။ မဖြစ်နိုင်ဘူးလို့ ထင်တာတွေကိုဖြစ်လာတာ။

ဆရာဇော်ဝိတ်နဲ့ စကားပြောဖြစ်တော့ အတိတ်က ကုသိုလ်၊ အကုသိုလ်အကျိုးပေးတွေ အကြောင်းပါ

လာတယ်။ မမြင်ရတဲ့ကိစ္စဆိုတော့လဲ ခပ်ခက်ခက်ပဲ။ ရှိမှန်းတော့သိတယ်။ မျက်မြင်မဟုတ်တော့ ‘အတွန့်’ တက် 72


ချင်သေးတယ်။ အဲဒီအတိတ်က ကိုယ်လုပ်ခဲ့တာတွေက စွမ်းအင်တွေပဲ။ မပျောက်ဘူး။ ပျက်မသွားဘူး။ ကြီးတဲ့ စွမ်းအင်တွေက ဘ၀တွေမှာလိုက်ပြီး တချိန်ချိန်အကျိုးပေးတယ်။ စွမ်းအင်တည်မြဲခြင်းနိယာမ ကို ဘမောင်တို့ ငယ်ငယ်က သိပ္ပံမှာ သင်ခဲ့ရဖူးတယ်။ ယုံလဲ ယုံပါတယ်။ ဒါပေမယ့် လူတွေလုပ်တဲ့ ကုသိုလ်၊ အကုသိုလ်စွမ်း အင်တွေနဲ့ ဘယ်လို ဆက်စပ်သလဲ။ စဉ်းစားစရာပဲ။

ဟိုးတုန်းက အမေရိကန်မှာ စူပါသူဌေးကြီး ဟိုးဝပ်ဟူးခ်ျဆိုတာရှိတယ်။ တနေ့ သူ့ကား လမ်းမှာပျက်

တော့ အနီးဆုံးဟိုတယ်ကို လမ်းလျှောက်လာတယ်။ သူဌေးကြီးဆိုတော့ ချက်လက်မှတ်တွေပေါ်မှာပဲ လက်

မှတ်ထိုးပြီးသုံးကြတာဆိုတော့ အိတ်ကပ်ထဲခြူးတပြားမှပါမလာရှာဘူး။ သူဌေးကြီးဟိုတယ်က ဖုန်းဆက်ချင်

တာ ငွေမရှိလို့မဆက်နိုင်ရှာဘူး။ သူ့ကို သူဌေးကြီးမှန်းမသိတဲ့ ဟိုတယ်ဝန်ထမ်းလေးတဦးက အကူအညီပေး

တယ်။ ငွေအကြွေစလေး ထုတ်ပေးတယ်။ အဲဒီကူညီမှုကို သူဌေးကြီးက မှတ်ထားတယ်။ သူဆုံးသွားတော့ သူ ဌေးကြီးကိုကူညီလိုက်တဲ့ လူငယ်လေးအတွက် ဒေါ်လာသန်းချီပေးကမ်းတဲ့ သေတမ်းစာထားခဲ့တယ်။ အမှတ်

မထင်ကူညီမှုအတွက် ကောင်းကျိုးတခုကို ပြန်ခံစားခဲ့ရတယ် ဆိုတာကို ပြောချင်တာ။ အဲဒီစာကို ဖတ်ရတော့

ဝန်ထမ်းလေးက သူ့ဘ၀မှာမမျှော်မှန်းခဲ့ဖူးတဲ့ငွေပမာဏဖြစ်လေတော့ ကြမ်းပြင်ပေါ်မေ့လဲကျသွားတယ်လို့ ဘ

မောင် ဖတ်ဖူးခဲ့တယ်။ တချို့စာအုပ်တွေမှာတော့တမျိုး ရေးထားတယ်။ ထားတော့ အဓိကရေးချင်တာက မမြင် ရတဲ့အကျိုးပေးတွေ အကြောင်း။

အဲဒီဖြစ်စဉ်ကိုပြန်လေ့လာရင် ဟိုတယ်ဝန်ထမ်းလေး သူဌေးကြီးကိုကူညီခဲ့စဉ်က အတိတ်ကာလ ဖြစ်

သွားပြီး တဘ၀တည်းရဲ့အတိတ်ကာလတခု။ ပြန်မြင်နိုင်၊ သိနိုင်တဲ့ အတိတ်လဲ ဖြစ်ပါတယ်။ အဲဒီ အကျိုးကို အနာဂတ်မှာ သူပြန်ခံစား၊ စံစားလိုက်ရတာ။

လူတွေဟာ အတိတ်ဘ၀တွေအကြောင်း ပြန်မမြင်နိုင်၊ မသိနိုင်ရတာ ပဋိသန္ဓေနေရလိုက်ရတဲ့အတွက်

ကြောင့်လို့ ခေတ်သစ်သိပ္ပံပညာရှင်တွေကဆိုကြတယ်။ သီလအား၊ သမာဓိအားကောင်းတဲ့သူတွေက အဲဒီ ပ ညာတွေနဲ့ ပြန်မြင်နိုင်တယ်တဲ့။ ဘမောင်တို့က အဲဒီအဆင့်မဟုတ်တော့ မြင်နိုင်တဲ့သူတွေအထဲမှာ မပါတော့ ဘူးပေါ့။

အတိတ်ရဲ့အကျိုးပေးမှုရှိ၊ မရှိကို ကိုယ်မြင်နိုင်၊ တွေ့နိုင်တဲ့ ရှုထောင့်ဘက်ကလေ့လာကြည့်ပေးတာပါ။

ဘ၀တခုရဲ့အတိတ်နဲ့ ကာလတိုတခုရဲ့အတိတ်ပဲ ကွာတယ်။ အတိတ်ကာလကတော့ အတိတ်ပါပဲ။ နောက်တခု ဘမောင်စဉ်းစားမိတာတခု ရှိသေးတယ်။ ဘမောင်တို့ငယ်ငယ်တုန်းက သူငယ်ချင်းတွေအများကြီးနဲ့ ကျောင်း တွေတက်ခဲ့ကြတယ်။ တချို့စာကြိုးစားကြတယ်။ ဘ၀တခုကို လေးလေးနက်နက်ကြိုးစားပြီး ထူထောင်ခဲ့ကြ

တယ်။ တချို့က ငယ်ငယ်ကတည်းက စာမကြိုးစားဘူး။ ဘ၀တခုကိုလဲ လေးလေးနက်နက်နဲ့ မထုဆစ်ကြဘူး။ အဲဒါတွေအားလုံးက ဘ၀တခုထကဲ ပြန်မြင်နိုင်၊ ပြန်စဉ်းစားနိုင်တဲ့ အတိတ်တွေပါ။

အရွယ်ရောက်လာကြတော့ ဘ၀တွေအများကြီး ကွာခြားလာခဲ့ကြပါတယ်။ ငယ်ငယ်တုန်းက မကြိုးစား

ခဲ့တဲ့သူငယ်ချင်းတွေရဲ့ဘ၀ဟာ သည်နေ့အတော်လေးကြမ်းတမ်းနေကြရပြီး ငယ်ငယ်တုန်းကတည်းက ကြိုးစား ခဲ့ကြတဲ့သူငယ်ချင်းတွေက အခုအများကြီးတိုးတက်ကောင်းစားနေကြတာ တွေ့ရမှာဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မျိုး ကတော့ လူတိုင်း အလွယ်တကူတွေ့ကြုံ ဖြတ်သန်းခဲ့ရတဲ့ဖြစ်စဉ်မို့ လူတိုင်းလက်ခံနိုင်တဲ့ သက်ရောက်မှု၊ အ

ကျိုးပေးအယူအဆလဲ ဖြစ်ပါတယ်။ အဲဒီကတဆင့် စဉ်းစားကြည့်ရင်ကောင်းကျိုးဟာ တချိန်ကျ ကောင်းကျိုးကို ပဲ ပြန်ပေးတတ်ပြီး ဆိုးကျိုးဟာ တချိန်ကျရင် ဆိုးကျိုးကိုပဲပြန်ပေးတတ်တယ်ဆိုတာ အလွယ်တကူ တွေ့လာရ မှာဖြစ်ပါတယ်။

ယုတ္တိဗေဒနည်းနဲ့ပြောရမယ်ဆိုရင် (က=ခ)နဲ့ (ခ=ဂ) ကို လက်ခံတာနဲ့ မမြင်ရတဲ့ အတိတ်ဘ၀ပေါင်း

များစွာက အကျိုးအပေးအယူအဆဖြစ်တဲ့ (က=ဂ) ကို လက်ခံလိုက်ရတော့မှာဖြစ်တယ်လို့ ဘမောင်တော့

မြင်လိုက်မိတာပဲ။ ခက်တာက ‘အကျိုးပေး’ ကိုတော့ လက်ခံပါပြီတဲ့။ အတိတ်ဘ၀တွေမှာ ကိုယ်က ‘ကောင်း ကျိုး’ တွေလုပ်ခဲ့သလား။ ‘ဆိုးကျိုး’ တွေ လုပ်ခဲ့သလားဆိုတာတော့ မမြင်နိုင်ပြန်ပါဘူး။

အဲဒီမှာ ဆရာဒေါက်တာဇော်ဝိတ်တို့လိုလူမျိုးတွေကို အားကိုးရတော့တာပါပဲ။ ‘မှန်အောင်’ ဟောနိုင်တဲ့

ပညာကတော့ရှိနေပြီလေ။ မှန်အောင်ဟောနိုင်တဲ့သူပဲ ရှာဖို့လိုတော့တာ။ သည်ပညာတွေက နိဗ္ဗာန်ရောက် ကြောင်းတရားတွေမဟုတ်ပေမဲ့ ဘ၀တခုကိုတော့ အတိုင်းအတာတစုံတရာအထိ လောကီအကျိုးတော့ ပြု

ပေးပါတယ်။ သည်ပညာတွေက ဗုဒ္ဓပွင့်တော်မမူခင်ကတည်းက ပေါ်ခဲ့တဲ့ပညာတွေဆိုတာတော့ ဘမောင်တို့

ဖတ်ဖူးတယ်။ ဒါကြောင့်လဲ ဗုဒ္ဓကို ရှင်ကောဏ္ဍိညက လက်ညှိုးတချောင်းတည်းထောင်ပြီး ‘ဘုရားဧကန်စင်စစ်’ ဖြစ်မယ်လို့ ပြောခဲ့တာ။ တခြားသူတွေက လက်ညှိုးနှစ်ချောင်းထောင်ကြတယ်ဆိုတော့ ရှင်ကောဏ္ဍိညက ပ ညာပိုကြီးလို့ဖြစ်မှာပေါ့။ ပညာပိုစုံလို့ ဖြစ်မှာပေါ့။

ဘုရင့်နောင်လက်ထက်က ဖြစ်ရပ်ကလဲ စိတ်ဝင်စားဖို့ အတော်ကောင်းတယ်။ တချိန် ‘ဘုရင့်နောင်’ လို့

အလွန်ကျော်ကြားလာမယ့် ရှင်ရထွဲတ်က တပင်ရွှေထီးရဲ့အစ်မသခင်ကြီးနဲ့ ရည်ငံတယ်။ ဘုရင့်နောင်က တပင် ရွှေထီးနဲ့ နို့စို့ဖက်။ တပင်ရွှေထီးရဲ့ခမည်းတော်မင်းကြီးညိုက သူ့သမီးတော်နဲ့ရည်ငံတာကိုကြားလို့ ဒေါသူပုန်ထ

ပြီး ရှင်ရဲထွတ်ကို ကွပ်မျက်ဖို့အမိန့်ပေးတယ်။ ရှင်ရဲထွတ်လဲ ထွက်ပြေးရတာပေါ့။ ဒါနဲ့ လောကုတ္တရာဆရာတော် 73


မဟိန္ဒက တနေ့ကျတော့ ရှင်ရထွဲတ်ကိုခေါ်ပြီး သူ့ဇာတာကိုကိုင်ပြီး နန်းတွင်းဝင်ဖို့ပြောတယ်။ မင်းကြီးကို ရှင်ရဲ

ထွတ်ရဲ့ဇာတာ အရင်ပြပြီးမှ သတ်လိုကသတ်စေဆိုပြီး ခေါင်းငုံ့ပေးဖို့လဲ မှာလိုက်တယ်။ ဘုရင်ကြီးက နက္ခတ်၊ ဗေဒင်ကောင်းကောင်းကြည့်တတ်တဲ့သူလေ။ ဆရာတော်မိန့်ကြားချက်နဲ့ ရှင်ရဲထွတ်လဲ ဇာတာကိုင်၊ နန်းတွင်း

ဝင်၊ ဆရာတော်ပြောသလိုလျှောက်ထားပြီး ဇာတာကိုဆက်သလိုက်ပါတယ်။ ပြီးတော့ သတ်လိုကသတ်စေ သ ဘောနဲ့ ခေါင်းငုံ့ပေးထားလိုက်တယ်။

ရှင်ရဲထွတ်ရဲ့ဇာတာက အကောင်းစားပဲ။ မင်းကြီးညိုက ဗေဒင်ကောင်းကောင်းကြည့်တတ်သူဖြစ်တော့

သူ့ထက်ဘုန်းတန်ခိုးကြီးတဲ့သူဖြစ်လာမယ်ဆိုတာ သိလိုက်တယ်။ ပြီးတော့ သူ့ခေတ်လွန်ပြီးမှ ဖြစ်မယ့်မင်းဆို

တာလဲ သိလိုက်ပြန်တယ်။ အဲသလို ဘုန်းရှိတဲ့သူမျိုးက သတ်လို့လဲသေမှာမဟုတ်တဲ့အတူတူ မသတ်ဘဲထား

လိုက်ရင် သူ့သားတပင်ရွှေထီးကိုတောင် စောင့်ရှောက်ဖော်ရဦးမယ်လို့တွေးပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက် တယ်။ မင်းကြီးညိုဟာ တော်တော်ပညာကြီးတယ်လို့ ပြောရမယ်။ ရှင်ရဲထွတ်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေး

လိုက်တဲ့အတွက် အဲဒီကျေးဇူးကို ဘုရင့်နောင်ဆိုတဲ့ အိမ်ရှေ့စံဘ၀မှာကတည်းက တပင်ရွှေထီးကို အသက်နဲ့ လဲပြီး စောင့်ရှောက်တော့တာပဲ။ တပင်ရွှေထီးက ထန်းတောထဲမှာမူးပြီး တိုင်းရေးပြည်ရေးကို မကိုင်တွယ်နိုင်

တော့လို့ အာဏာသိမ်းဖို့ မှူးကြီးမတ်ကြီးတွေတိုက်တွန်းတာတောင် ဘုရင့်နောင်ကငြင်းပယ်ခဲ့တယ်။ အဲသလို

ကျေးဇူးကြီးတဲ့သူ၊ ဘုန်းရှိတဲ့သူတဦးကို ရန်သတ္တရုမပြုခြင်းရဲ့အကျိုးကျေးဇူးကို မင်းကြီးညိုရဲ့သား တပင်ရွှေထီး အထိကောင်းကျိုးတွေခံစားလိုက်ရတာ။

ဇာတာဟာ ဇာတာပဲ။ အတိတ်ကံတွေက အတိတ်ကံတွေပဲ။

ဘုရင်ဖြစ်လာမယ့်သူကလဲ တနေ့ဘုရင်ပဲဖြစ်လာမှာ။ သူ့ကို သတ် လို့မရဘူး။ သူ့ကိုသတ်ဖို့ ကြိုးစား

တာထက် သူ့အလုပ်အကျွေးကို ပြန်ရယူနိုင်ခြင်းဟာ ပညာရှိခြင်းပဲ။ သည်နေရာမှာလဲ အတိတ်က ‘ကံ’ ကို ပစ် ပယ်ထားလို့မရဘူး။ သာမန်နို့စို့ဖက်က ဘုရင်ဖြစ်လာနိုင်တာ အတိတ်ရဲ့ကံနဲ့ ပစ္စုပ္ပန်ရဲ့ကြိုးစားမှုကြောင့် ဆို

တာထင်ရှားနေပါတယ်။ တခါတခါမှာ ဘမောင်တို့ ကမ်းမမြင်၊ လမ်းမမြင်ကြပါ။ ကံ ကောင်းချိန်လား၊ ကံ ဆိုး ချိန်လားလဲ မသိကြပါဘူး။ ကြိုးစားပြီး မဖြစ်ကြရင် ကြာတော့ စိတ်ဓာတ်ကိုထိပါးလာနိုင်ကြပါတယ်။ ‘ကံ’ က

စီးပွားရေးကိုမပေးရင် ပညာရေးဘက် ကြိုးစားကြည့်သင့်ကြတယ်။ လူမှုရေးဘက် ကြိုးစားကြည့်သင့်ကြတယ်။

ဘာသာရေးဘက် ဦးလှည့်သင့်တယ်။ အချိန်ကိုအကျိုးရှိစွာ အသုံးချရာလဲကျပြီး စိတ်ဓာတ်ကိုလဲ ပြန်ထိန်းသိမ်း နိုင်တာပေါ့။

ဘယ်အချိန်မှာ ‘ကံ’ အရာရဲ့ အဖေးအမကို ရဖို့၊ သိဖို့ လိုလာပါတယ်။ ကံကောင်းချိန်မှာ နှစ်ဆကြိုးစား

ရင် ပိုပြီးအကျိုးဖြစ်နိုင်ကြတယ်ပေါ့။ ‘ကံ ’ ရဲ့ အထောက်အကူမရတဲ့ကာလမှာ စီးပွားရေးကိုထိန်းထိန်းသိမ်းသိမ်း လုပ်ရင် ဆုံးရှုံးမှုနည်းပါးနိုင်တာပေါ့။ ဗေဒင်တွေမေးကြရင်းရဲ့ အဓိကအကြောင်းရင်းက အဲဒီအချက်အပေါ် အဓိ ကထားပါတယ်။ အိပ်မက်မက်ဖို့မဟုတ်ပါဘူး။ စိတ်ကူးတွေယဉ်ပြီး ကောင်းတာတွေပြောတဲ့အခါ အောက်ခြေ လွတ်ဖို့မဟုတ်ပါဘူး။ အကောင်းအဆိုးတွေမှာ အ၀င်၊ အထွက်မှန်အောင်ဖို့ပဲ ဖြစ်ပါတယ်။

ဘမောင်ရဲ့ဖြတ်သန်းခဲ့ရတဲ့ ၀န်ထမ်းဘ၀၊ လုပ်ငန်းရှင်ဘ၀၊ ပညာရှင်ဘ၀၊ စာရေးဆရာဘ၀တွေမှာ အ

နာဂတ်အဟောတွေကို မပစ်ပယ်တော့ပါဘူး။ မှန်အောင်ပြောနိုင်တဲ့သူကို တွေ့ဖို့ပဲလိုပါတယ်။ ပညာရင့်တဲ့သူ၊ အကြိုက်လိုက် မဟောတဲ့သူ၊ မြှောက်မဟောတဲ့သူကိုပဲ တွေ့ဖို့လိုပါတယ်။ ဘ၀အတွက် အတိုင်းအတာ တခု အထိ အကျိုးရပါလိမ့်မယ်။ မျက်ကန်းတစ္ဆေမကြောက် မဖြစ်တော့ပါဘူး။ အတိတ်၊ အနာဂတ်အဟောဆိုတဲ့ ပညာဟာ တကယ်ရှိနေပါတယ်။

ဘ၀နဲ့ချီပြီး မ ‘ပုံ’ လိုက်ဖို့ပဲ လိုပါတယ်၊ ‘ယုံ’ တော့ ‘ယုံ’။ ကောင်းတဲ့ပညာဆိုတာ သည်နေ့ကောင်း

ကောင်းကြီး လက်ခံလိုက်ပါတယ်။ လက်ဖက်ကောင်းလေးစားရတော့ မစားခဲ့ရတဲ့သူတွေအတွက် ကိုယ်ချင်းစာ

ပါတယ်။ ကိုယ့်တုန်းကလဲ လူမှန်၊ အဟောမှန်မတွေ့ခဲ့ရတုန်းက ရွာလည်ခဲ့ဖူးပါတယ်။ တခုတော့ ရှိပါတယ်။ တ ရာရာခိုင်နှုန်းဆိုတာ ဘယ်အရာမှ မရှိပါဘူး။ အနာဂတ်အရာဆိုတာလဲ ကိုယ့်ရဲ့ပစ္စုပ္ပန်မှာဆက်လက်ပြုကျင့်နေ

တဲ့ စရဏအားတွေ၊ ကျင့်ကြံမှုအားတွေ၊ ကုသိုလ်အားတွေရဲ့အပံ့အပိုးတွေနဲ့လဲ သက်ဆိုင်နေပါတယ်။ ထီပေါက် မယ်လို့ပြောတာကို ထီမထိုးရင် ထီမပေါက်ပါဘူး။ ထီထိုးပေမဲ့ ထီလက်မှတ်ကို ကောင်းကောင်းမသိမ်းထားနိုင် ရင်လဲ ဆုငွေထုတ်လို့ရမှာမဟုတ်ဘူးဆိုတာကိုတော့ သတိထားရမှာ ဖြစ်ပါတယ်။

‘ကံ’ ထမ်းလာတာကို မမြင်ရတတ်ပါဘူး။ ‘လှံ’ ထမ်းတာကိုပဲမြင်နိုင်ပါတယ်။ ‘ကံ’ ထမ်းတာမြင်ချင်ရင်

မြင်နိုင်သူဆီ ချဉ်းကပ်ကြည့်ပါ။ လက်ဖက်ကောင်းကိုမျှဝေကျွေးတဲ့ စေတနာသဘောထက် ဘာမှမရှိပါဘူး။ တိုက်ဆိုင်ကြလို့ ကျေးဇူးတင်ကြရင် လက်ဖက်ရည်လေးတခွက်လောက်တိုက်လဲ စိတ်ဆိုးမှာတော့ မဟုတ် ပါဘူး။

…………………………………………… ။ ~ ။ ………………………………………………

74


အချို့ကားဤသို့ ... နေဇင်လတ် (October 2010)

“သူငယ်ချင်း၊ ဒါ ကိုယ့်မန်နေဂျာ ကိုထွန်းထွန်း” “တွေ့ရတာ ၀မ်းသာပါတယ်”

သူတို့နှစ်ဦး ကားပေါ် တက်ကြသည်။ မန်နေဂျာ ဆိုသူ၏ အသက်က ၄၀ ကျော်လေး၊ အရပ် မနိမ့်မမြင့်၊ အသားလတ်လတ်၊ လူချောလူလတ် တစ်ဦးဟု ပြောသော်ရ၏။ ထုံးစံအတိုင်း ခရီးထွက်လျှင် မနက်စာကို ၉ မိုင်က 'Seven

Star'လက်ဖက်ရည် ဆိုင်တွင် ခေတ္တမျှ ၀င်ထိုင်လေ့ရှိတတ်သည် မှာ ဘမောင်၏ အကျင့်၊ လက်ဖက်ရည်ကောင်းကောင်း ကြိုက်

တတ်ပြီး မနက်ပိုင်း ထမင်းကြော်လေးစားလိုက်ရမှ တင်းတိမ်တတ်သူလဲ ဖြစ်သည်။

“မှတ်ထားပေါ့ ကိုထွန်းထွန်းရာ၊ ဒါ ကိုယ့်သူငယ်ချင်း ဦးဘမောင်၊ သဘောကောင်းတယ်၊ စက်မှု တက္ကသိုလ်မှာ တုန်းက အတန်းတူတယ်၊ မေဂျာပဲ ကွဲတယ်၊ ဗိုလ်သင်တန်း တုန်းကလည်း တစ်ပတ်စဉ်တည်း၊ သူက တပ်က အငြိမ်းစား ယူတာ၊ ကိုယ်တို့ အပတ်စဉ်မှာတော့ အစောဆုံးပဲ”

ကိုခင်မောင်ဇော်က ဘမောင်နှင့်ပတ်သက်၍ သူ့မန်နေဂျာလေးကို ခြေဆင်းပေးနေသည်။ ခရီးအတူ

သွားကြရမှာမို့ ကားပေါ်တွင် ပြောစကားတို့ကို သိပ်မချန်ထားချင်ဟန်ရှိသည်။ မိုးကာလဆိုသော်လဲ ကောင်း ကင်ကြီးသည် ကြည်လင်နေ၏၊ မိုးရိပ်မိုးငွေ့တို့ အလျှင်းမရှိကြချေ။ “ကိုယ့်ဘက်က လုပ်ပေးနိုင်စရာရှိရင်လဲ ပြောပါ။ ကိုယ်တို့ကတော့ ငယ်သူငယ်ချင်းတွေပဲ၊ ပြောမနာ ဆိုမနာ”

ဘမောင်လဲ သံယောင်လိုက်ရသည်။ ထွန်းထွန်းဆိုသူက ခပ်ယို့ယို့ဖြင့်

“ဟုတ်ကဲ့ခင်ဗျာ၊ ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကိုလဲ ခိုင်းစရာရှိ ခိုင်းပါ၊ ပြောစရာရှိလဲ ပြောပါ၊

ဆုံးမစရာရှိလဲ ဆုံးမနိုင်ပါတယ်”

သူ့ဆက်ဆံရေးက လူတိုင်းနှင့် အဆင်ပြေမည့်ပုံစံဖြစ်သည်။ ရိုရိုကျိုးကျိုး ရှိလှသည်။ အသက်ကွာခြင်း

က အကြောင်းတပါးဖြစ်နိုင်ပါသည်။ ထွန်းထွန်းကို ထိုအချိန်အထိ ဘမောင်အနေဖြင့် အံ့သြစရာဟူ၍ ဘာမှ မ

တွေ့ဖြစ်သေး။ သူငယ်ချင်းကိုခင်မောင်ဇော်တယောက် သင့်တင့်လျောက်ပတ်သော မန်နေဂျာလေးတဦးရထား တာပဲဟူ၍သာ မုဒိတာပွားရပါသည်။ ထို့ထက် ဘာမှမပို။

ဘမောင်တို့ ကားက နေပြည်တော်လမ်းသို့ ချိုးဝင်လာသည်နှင့် ဘယ်၊ ညာ ယိမ်းနွဲ့ခြင်း မရှိတော့၊ ကွန်

ကရစ်လမ်းလဲဖြစ်၊ လမ်းလဲ ကျယ်သဖြင့် အရှိန်ကလေးလဲမြှင့်၍ မောင်းလို့ရလာသည်။ တာပဲ”

“သူငယ်ချင်း၊ ထွန်းထွန်းနဲ့ပတ်သက်လို့ ထူးခြားတာလေး ပြောပြရဦးမယ်၊ မင်း အံ့သြသွားမယ်လို့ ထင် ဘမောင်က ကိုခင်မောင်ဇော်ကို မျက်လုံးပင့်၍ ကြည့်ဖြစ်သည်။ စာရေးတဲ့သူဆိုတော့ ဇာတ်လမ်းတ

ပုဒ်ကြီးများတောင် ရလျှင်လဲ မနည်းပေါ့။

“သူ့မိန်းမအသက် ဘယ်လောက် ရှိပြီလို့ မင်းမှန်းသလဲ”

အရင်းမရှိ၊ အဖျားမရှိ၊ သူ့အမေးကို ဘမောင် မည်သို့တုံ့ပြန်ရမှန်း မသိ။ ငယ်သလား၊ ကြီးသလားလဲ

မသိ။ သည်လိုမေးပုံထောက်၍ အတော်အသက်ငယ်ငယ် ဇနီးတယောက်ရထားသည်ဟုတော့ ဘမောင် အ ကြမ်းဖျင်း တွေးမိနိုင်ပါသည်။

“ဘာလဲ၊ ကောင်မလေးက တော် တော် ငယ်လို့လား” “မင်းမှန်းကြည့်လေ”

“မင်းမေးပုံထောက်တော့ ကောင်မလေးက နှစ်ဆယ်ထက်များငယ်နေလို့လား၊ ဒွေးချိုးလေးတိုး ဆိုတာ

ရှိသားပဲ”

“မင်းမှန်းကြည့်စမ်းပါ”

“သူ့အသက်က လေးဆယ်လောက်ကွာ။ ဒွေးချိုးတော့ နှစ်ဆယ်၊ လေးပြန် တိုးတော့ နှစ်ဆယ့်လေး၊

မင်းဒီလောက်မေးနေရင် ကောင်မလေးက ဆယ့်ခြောက်လောက်ပဲ ရှိမယ်ထင်တယ်။ ဘာလဲ မင်းအားကျနေ လို့လား”

ဝင်ငွေတရပ်ရှာနိုင်သူတို့ ဇနီးမယား ခပ်ငယ်ငယ်ရတတ်ကြပါသည်။ တလောက အဘိုးကြီးတယောက် 75


အသက်သုံးဆယ်ကျော်လောက် ဇနီးမယားတယောက် ရလိုက်သည်တဲ့။ ဘယ်ဘ၀က ဆုတောင်းများလဲ မသိ၊ ဘမောင်တို့မှာ ဤသို့သောကံမျိုးမပါလာ။

“မင်း ထပ်ပြီး မှန်းကြည့်လိုက်ဦးမလား။ တို့အထဲမှာ မင်းက ခန့်မှန်းတာတော်ပါတယ်”

“သူငယ်ချင်း ၁၆ နှစ်အောက်တော့ယူလို့ မရဘူးနော်၊ ဥပဒေက ခွင့်ပြုတာမဟုတ်ဘူး”

သိပ်အထူးအဆန်းကြီးမဟုတ်တော့ဟုယူဆ၍ ဘမောင် သိပ်စိတ်မ၀င်စားတော့ပါ။ မုဒိတာပွားနိုင်သည်ကလွဲ၍ သည်ခေတ်မဆန်းတော့သည့်ဖြစ်ရပ်များသာ ဖြစ်ပါသည်။ “သူ့အဘွားကြီးက အခု အသက် ၈၀ ကျော်ပြီ” “ဘာ”

ခန့်မှန်း တော်ပါသည် ဆိုသော ဘမောင်တစ်ယောက် မျက်လုံး ပြူးသွားသည်။ တက်တက်စင်လဲ လွဲ

ပစ်လိုက်ပါသည်။

“ဟုတ်ရဲ့လားကွာ”

“ဟုတ်ပါတယ် ခင်ဗျ၊ ကျွန်တော်က သူ့မြေးတွေန့မှဲ သူငယ်ချင်းပါ” “ဟေ”

ဒုတိယအကြိမ် ဘမောင် အာမေဍိတ် ပြုရတော့၏။

“ဘယ်လိုက ဘယ်လိုဖြစ်ကြတာလဲ။ ပြောစမ်းပါဦး။ အတော်တော့ ထူးဆန်းနေပြီ။ အင်ဒိုနီးရှားမှာလား။

ဘယ်မှာလဲ အမှတ်တော့မရတော့ဘူး။ လူငယ်လေးတဦးက အဘွားကြီးတယောက်ကို ယူလိုက်တယ် ဆိုတာ တော့ သတင်းထဲမှာဖတ်လိုက်ရတယ်။ မြန်မာပြည်မှာမရှိသေးဘူးလို့ ထင်နေတာ”

ထွန်းထွန်းက အေးအေးဆေးဆေး ရှင်းပြသည်။ ကားမောင်းနေသည့် ဘမောင် ဒရိုင်ဘာပင် ရုတ်တရက် ကား ကို အရှိန်လျှော့ပစ်လိုက်ရအောင် အံ့သြသွားပုံရသည်။

“ဟုတ်တယ် ခင်ဗျ၊ ကျွန်တော်က အဘွားကြီးရဲ့မြေးတွေနဲ့ သူငယ်ချင်း၊ အဘွားကြီး အိမ်ကို အ၀င်

အထွက် ရှိတယ်။ အဲဒီတုန်းက အဘွားကြီးရဲ့သမီးအကြီးဆုံးအသက်က လေးဆယ်ကျော်ကျော် ကျွန်တော့် အဖေနဲ့ ရွယ်တူလောက်ပဲရှိတယ်”

ဘမောင်ဇနီးက ဘမောင်ထက် အသက်ငါးနှစ်ကြီးသည်။ သူက ခြောက်ဆယ်ကျော်၊ ဘမောင်က ခြောက်ဆယ် နီးနီး၊ အရွယ်ကလေးတွေ မရတရရှိလာကြတော့ တဦးနှင့်တဦး ပို၍အကြင်နာများပိုလာကြရသည်။ ကံကောင်း

လို့ ၈၀ လောက်နေကြရရင် ရိပ်သာမှာအတူနေကြဖို့လဲ ဆုံးဖြတ်ထားသည်။ သူ့ကို ကိုယ်ကပြုစု၊ ကိုယ့်ကို သူက တလှည့်ပြုစုပေါ့။ သည်လိုနှင့် ဘ၀သံသရာတလျှောက် အလျားလိုက်ကူးကြရာမှာ သည်ဘ၀သည်လိုနှင့် စခန်း သွားကြမည်ဟု ဘမောင် စိတ်ကူးထားခဲ့သည်။

“မင်းတို့ အိမ်ထောင်ရေးကတော့ အတော့်ကို အံ့သြစရာပဲ ထွန်းထွန်း။ ရန်ကုန်ရောက်ရင် အတိုလေး

တပုဒ် ရေးချင်တယ်။ ခွင့်ပြုမလား”

“ရပါတယ် ဦးရယ်။ ဟုတ်ပါတယ်။ ကျွန်တော့်ဘ၀က အတော့်ကိုဆန်းတယ်။ ကျွန်တော် ဆယ်ကျော်

သက်မှာ သူ့မြေးတွေန့ခဲ င်တယ်။ သူတို့ အိမ် အ၀င်အထွက်ရှိတယ်။ နောက် အဘွားကြီးရဲ့အဘိုးကြီးဆုံးသွား တယ်။ အဲဒီအထိ ကျွန်တော်တို့ ဘာမှမထူးခြားသေးဘူး”

ထွန်းထွန်းက စကားဖြတ်ပြီး ခဏနားလိုက်သည်။ ဆက်ပြီး ဘယ်လိုပြောရမည်ဟု စဉ်းစားနေသည်

လား။ ဘမောင်နှင့် ဒရိုင်ဘာကတော့ စွင့်နေသည့်နားက ထောင်ပင်ထောင်နေသည်လား မသိချေ။

“အဘွားကြီးက မြေးတွေကို သိပ်ချစ်တယ်ဗျ။ ဘယ်လိုပြောရမလဲ။ သားသမီးတွေက သိပ်သိတတ်မှု

မရှိကြဘူး။ ကျွန်တော်က ကိုယ့်အဘွားအရွယ်ဆိုတော့ သနားသွားတယ်။ သူ့ကို ဂရုစိုက်တယ်။၊ သူလိုချင်တာ ဖြည့်ဆည်းပေးတယ်။ ဖြည့်ဆည်းပေးနေချင်တယ်ဆိုတဲ့ စိတ်က စတာလို့ ပြောရမလားပဲ”

သူ့စကားခဏဖြတ်တုန်း ဘမောင်အတွေးက ရုတ်တရက် တစုံတရာသို့ ရောက်သွားသည်။ မေတ္တာတ

ရား၏ ဆန်းကြယ်မှု၊ မခံစားဖူးသူတွေသိနိုင်သည့်အရာတော့ မဟုတ်ပါချေ။ တချို့က ရယူလိုမှုဖြင့် မွေးဖွားလာ

ကြသည်။ တချို့က ပေးဆပ်လိုစိတ်ဖြင့် ရှင်သန်ကြရသည်။ ပေးဆပ်လိုသူများမှာ စွန့်လွှတ်တတ်လေ့လဲ ရှိတတ် ကြသည်။ သည်အချက်အပေါ် ဘမောင် ကောင်းစွာနားလည်နိုင်၏။

“အဘွားကြီးကို သနားသွားရင်း သူ့စိတ်ချမ်းသာမှုကို ဖြည့်ဆည်းပေးချင်တာက အခြေခံသွားရင်း ကျွန်

တော်တို့ ယူဖြစ်ခဲ့ကြတယ်လို့ ပြောရင်ရမယ်ထင်တာပဲ”

အဆုံးသတ်မယ့် အဆုံးသတ်လိုက်တော့ ထွန်းထွန်းစကားက လိုတိုရှင်းဖြင့် အဆုံးသတ်လိုက်ပါသည်။

သွယ်ကာ၊ ၀ိုက်ကာ၊ တင်စားကာဖြင့် မရှင်းပြတတ်၍လဲ ဖြစ်ဟန်ရှိသည်။ မည်သို့ဆိုစေ ပေးဆပ်လိုစိတ်တခု

တည်းဖြင့် ဘ၀တခုကို တည်ဆောက်ကြကြောင်း ဘမောင်နားလည်လိုက်ရပါသည်။ ထွန်းထွန်းကိုလဲ လေးစား သွားသည်။

ဘမောင်တို့ ၁၀၅ မိုင် စခန်းရောက်လာကြ၏။ စားသောက်ဆိုင်တန်းများဖြင့် ခေတ္တတထောက် နားရာ

ဖြစ်၍ ခဏနားကြသည်။ စားသောက်ဆိုင်ဖြစ်၍ လူစုံသောကြောင့်ထွန်းထွန်းအကြောင်းကို သိချင်နေသော်လဲ 76


ဘမောင် မမေးဖြစ်ခဲ့၊ အိမ်ထောင်ပြုစတွင် အခက်အခဲများမသေးနိုင်သည်ကို ဘမောင် မျှော်မှန်းကြည့်မိနိုင်ပါ သည်။ ဘမောင်တို့အိမ်ထောင်ပြုစဉ်ကလဲ ချောမွေ့လှသည်မဟုတ်။ ပတ်ဝန်းကျင်ဂယက်များကြားမှ မမှိတ်

မသုန်နှစ်များစွာကို ဖြတ်သန်းခဲ့ရသူဆိုတော့ ကိုယ်ချင်းစာမိရသည်။ ထွန်းထွန်းအဖြစ်က ဘမောင်ထက်ပို၍သာ သာပါလိမ့်မည်၊ လျော့မည်တော့ကား မဟုတ်ပါချေ။ ခရီးဆက်ရန် ကားပေါ်ပြန်တက်ကြသည်။ ၀န်းကျင်သည်

ကြည်လင်ဆဲ၊ မွန်ကျပ်သိပ်သည်းသည့် ရန်ကုန်မြို့ကြီးနှင့် တခဏခွဲခွာရတုန်း လတ်ဆတ်သောလေနုအေးတို့ ကို ဘမောင် တ၀ကြီးရှူသွင်းပစ်လိုက်သည်။ သို့သော် မ၀တတ်လှသေး။

“ဦးမောင် စာရေးလို့ရအောင် ကျွန်တော့်ဘ၀အကြောင်း ဆက်ပေးရဦးမလား” “သိပ်သေချာတာပေါ့။ အခုမှ Climax ရောက်မှာ”

“ကျွန်တော်တို့ အိမ်ထောင်ပြုမယ်ဆိုတာ နှစ်ဖက်ကို ဦးဆုံးဖွင့်ပြောလိုက်ပါတယ်။ နှစ်ဖက်စလုံးက သ

ဘောတူမှာမဟုတ်ဘူးဆိုတာလဲ မျှော်လင့်ထားပြီးသားပါ။ ဒါပေမယ့် ၀တ္တရားအရပေါ့။ ထင်တဲ့အတိုင်း နှစ်ဖက် စလုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ကြတယ်”

ထွန်းထွန်းက စကားသံကို ခေတ္တဖြတ်လိုက်သည်။ အရှိန်ယူသည့် သဘောလဲဖြစ်နိုင်ပါ၏။ “ဒါနဲ့ ကျွန်တော်တို့ ခိုးပြေးကြ ပါတယ်”

မှတပါး အခြားမရှိ ကိစ္စရပ်။ ထွန်းထွန်းမျက်နှာတွင် အပြုံးငွေ့တို့ကို တွေ့ရ၏။ ထိုစဉ်က အဖြစ်အပျက်တို့သည် ထွန်းထွန်းအတွက် အခုထိ နုပျိုဆဲဖြစ်ဟန်ရှိသည်။

“ကျွန်တော့်ဘက်က လူကြီးတွေ၊ သူ့ဘက်ကတော့ သူ့သားသမီးတွေပေါ့ လိုက်ရှာပြီး ခွဲလိုက်ကြသေး

တယ်။ ကျွန်တော်တို့ ရက်ပိုင်းလောက် ကွဲသွားခဲ့လိုက်ကြပါသေးတယ်”

လူကြည့် မကြည့်တော့မသိ။ ဇာတ်လမ်းကောင်းတပုဒ်ဖြစ်သည်ကတော့ သေချာသည်။ ဘမောင်ကလဲ

ဒါရိုက်တာမဟုတ်တော့ ရိုက်ဖြစ်ရင်တောင် ဘယ်လိုရိုက်ရမှန်းမသိပါချေ။ ကျွန်တော့် အဖေက ပြောတယ်

“မင်း ကြည့်လဲ လုပ်ပါကွာတဲ့။ သူ့အသက်က ငါတို့ထက်ကြီးတယ်နော်တဲ့။ မင်းတို့ ရောဂါထတုန်း ခဏ

ပါကွာ။ တော်ကြာပြီးသွားတော့လဲ ပြီးသွားကြမှာပါတဲ့”

သူ အရှိန်ပျက်မည်စိုး၍ ဘမောင် ဘာမှဝင်မထောက်ခဲ့ပါချေ။ သူ့အရှိန်နှင့်သူ၊ သူ့ Tempo နှင့်သူ ရှိပါ

စေဟုသာ ဘမောင်လွှတ်ထားလိုက်သည်။

“သူ့သားသမီးတွေ ဘက်ကလဲ အပြင်းအထန်ကန့်ကွက်တာပေါ့။ အမေရယ် ဘယ်လိုဖြစ်သွားရတာလဲ

ပေါ့။ အဲဒီကောင်လေးက အမေ့မြေးတွေန့မှဲ တရွယ်တည်းဆိုတာကိုရော စဉ်းစားမိရဲ့ လားပေါ့။ ရပ်ကွက်ထဲမှာ မျက်နှာတွေ ဘယ်လိုပြကြမလဲပေါ့”

ဟုတ်လဲ ဟုတ်ပါသည်။ အတော် အနေရ အထိုင်ရ၊ တွေ့ရခက်ကြမည့် အခြေအနေဖြစ်ပါသည်။ သို့

သော်လဲ ပေးဆပ်ခြင်းဆိုသည် သဒ္ဓါတရား၊ စေတနာတရား၊ မေတ္တာတရားတွင် အင်အားတစုံတရာ ရှိနေပြန် သည်ကို မခံစားဖူးသူတို့ သိနိုင်မည်မဟုတ်ပါချေ။

“ခပ်တိုတိုပြောရရင် နောက်ဆုံးကျွန်တော်တို့ ဒုတိယအကြိမ်ခိုးကြတယ်ဆိုပါတော့ ဦးမောင်ရာ။ အဲဒီ

တုန်းက ကျွန်တော့်အသက်က နှစ်ဆယ်မပြည့်တတ်သေးဘူး၊ အဘွားကြီးက ခြောက်ဆယ့်နှစ်နှစ်ကျော်၊ ကျွန် တော့်ထက် ၄၃ နှစ်လောက် ပိုကြီးတယ်”

“မင်း သတ္တိ မနည်းဘူး ထွန်းထွန်း၊ ကိုယ်လေးစားတယ်” “မင်း ဆေးလိပ်သောက်လားရော့”

ကာယကံရှင်တော့ မသိ။ ဘမောင်တောင် အတော်ကလေး တင်းတင်းကျပ်ကျပ်ခံစားလိုက်ရသည်။ အ

တော်ခက်ခက်ခဲခဲ ဘ၀ကိုရင်ဆိုင်ဖြတ်သန်းခဲ့ရမည်ကို မပြောဘဲနှင့် ကိုယ်ချင်းစာမိရပါသည်။ ဘမောင်လဲ ဆေး လိပ်တလိပ်ကို မီးညှိ၍ ခပ်နက်နက်ရှိုက်လိုက်ရပါသည်။

“ကျွန်တော်တို့ရဲ့ ဘ၀အစ အခက်အခဲတွေကိုတော့ သိပ်ပြီး အကျယ်မချဲ့လိုတော့ပါဘူး ဦးမောင်ရယ်။

ဒီလောက်ဆို သဘောပေါက်လောက်မှာပေါ့။ နှစ်ဖက်စွန့်ပစ်ခြင်း ခံလိုက်ရတယ်။ ကျွန်တော့် လက်ထဲမှာ ငွေ

ကြေး ဘာမှပြည့်ပြည့်စုံစုံမရှိသေးဘူး။ မတတ်နိုင်ဘူး။ ကျွန်တော် နေ့စားဝင်လုပ်တယ်။ ငတ်တလှည့် ပြတ်တ လှည့်ပေါ့။ ဘ၀အစက သည်လိုနဲ့ စခဲ့ကြတာ”

သူ့စကားထဲ“ငတ်တလှည့်၊ ပြတ်တလှည့်” ဆိုတာပါလာတော့ ထွန်းထွန်းကို ဘမောင် အမှန်တကယ်

လေးစားသွားခဲ့ပါသည်။ သန့်စင်သောပေးဆပ်မှုဖြင့်သာ ဘ၀ကိုထုဆစ်ခဲ့ကြသူများသာဖြစ်သည်ဟု နားလည် လိုက်ရသည်။

“ကျွန်တော် အလုပ်တဖက်နဲ့ ကျောင်းပြန်တက်တယ်။ တက္ကသိုလ် နောက်ဆုံးနှစ်။ ဒီမှာ ပြောရဦးမယ်။

ကျွန်တော် Field ဆင်းတော့ အဘွားကြီးကလိုက်လာတယ်။ ကျွန်တော်ကခေါ်လို့ လိုက်လာတာပါ။ သူ့ကို တွေ့

တော့ ဆရာက မင်းအမေလား၊ အဘွားလားခေါ်လိုက်ဦးလေတဲ့။ သူငယ်ချင်းတွေက ပြုံးစိစိပေါ့။ ဆရာက ပြော တယ်။ အန်တီ့သားက နောက်ဆုံးနှစ်ရောက်နေပါပြီ။ စိတ်ချပါလို့”

ဘမောင် မပြုံးဘဲ မနေနိုင်။ သူ့ အရသာ၊ သူ့စိတ်ခံစားမှုနဲ့ ရောက်တတ်ရာရာ ပြောခြင်းကို အနှောင့်အယှက် 77


မပြုလို။

“ကျွန်တော်က ဆရာ့ကို ကျွန်တော့်ဇနီးပါလို့လဲ ပြောလိုက်ရော ကျွန်တော့်ဆရာ မျက်လုံးအပြူးသားနဲ့

ပါးစပ်ဟ သွားတယ် ဦးမောင်ရဲ့။ တော်တော်နဲ့ စကားမပြောနိုင်ဘူး၊ သဲသဲကတော့ ရှက်ပြုံးနဲ့ပေါ့” “ဘယ်လို သဲသဲလို့ ခေါ်တယ် ဟုတ်လား”

“ဟုတ်တယ် ဦးမောင်၊ ကျွန်တော်တို့ အိမ်ထောင်စကျကတည်းက အဲသည်လိုခေါ်လာကြတာ။ အခုထိ

ပဲ။ အခု ဦးဘမောင်တို့နဲ့ ခရီးထွက်လာတော့တောင် အလွမ်းသယ်ခဲ့ကြသေးတယ်” ထွန်းထွန်းအသံက အသက်ပိုဝင်လာသည်ကို ဘမောင် သတိထားမိသည်။

“နောက် အမှတ်တရဖြစ်ခဲ့တာလေးတွေကိုရော ပြောနိုင်ရင် ပြောပါဦး”

“ဟာ အရွယ်မတူတော့ အမှတ်တရတွေက အများကြီးပဲ ဦးမောင်ရေ။ အင်း။ နောက် အမှတ်တရဆို

ရင် ဘာကိုပြောပြရင်ကောင်းမလဲ ဆိုတော့။ အင်း သိပြီ သိပြီ။ ကျွန်တော်တို့ အိမ်ထောင်ဦးစ၊ ရပ်ကွက် လူကြီး တွေကို ဖိတ်တုန်းကပေါ့”

ထွန်းထွန်းတို့က ထောက်ကြန့်မှာနေသည်ဟု သိရသည်။ ခြံဝင်းကျယ်ကျယ်လေးနှင့် လေကောင်းလေ

သန့်ရသည်ဟု ဆိုသည်။ မြို့ထဲအခန်းဈေးကြီးမြင့်မှုကို မကပ်နိုင်၊ ပြီးတော့ သူ့သဲသဲအရွယ်ကိုလဲ လေထု ညစ်

ညမ်းမှုများပြီး မွန်းကျပ်သောမြို့ထဲ အခန်းကျဉ်းကျဉ်းမှာမထားလိုပါတဲ့။ ထောက်ကြန့်ခြံလေးကို ဈေးပေါပေါရ၍

အပင်လေး ဘာလေး စိုက်ပေးထားသည်။ အဘွားကြီးဝါသနာပါသော ငန်းလေးတစုံဝယ်ထည့်ပေးထားသည်ဟု သိရသည်။ ဘမောင်က ၆၀ နားကပ်ကပ်၊ အမေက ၈၅၊ ထွန်းထွန်းက အခု ၄၁ နှစ်၊ သူ့သဲသဲက အသက် ၄၃

နှစ်ခန့်ကြီးသူဆိုတော့ ၈၄ ထဲမှာ၊ ဘမောင် အမေအရွယ်မျှဖြစ်သည်။ ဘမောင်အမေက သိပ်မသန်စွမ်းရှာတော့။ လူတွဲ လျှောက်နေရသည်။ သူ့သဲသဲကတော့ တွဲလျှောက်ရန်မလိုသေးဟု ဆိုသည်။ အကြားအာရုံ နည်းနည်း ချို့တဲ့သည်ကလွဲ၍ အကောင်းကြီးရှိပါသေးသည်ဟု ထွန်းထွန်းက နောက်ရှာသည်။ ထင်ပြီး”

“ရပ်ကွက်ကောင်စီဥက္ကဋ္ဌက သဲသဲကိုတွေ့တော့ ကျွန်တော့် ဇနီးရဲ့အမေ၊ ဒါမှမဟုတ် ကြီးတော်လို့ “အဒေါ်ကြီး သတို့သမီး အလှပြင် နေတုန်းနဲ့ တူတယ်နော်”

ဘမောင် ပြုံးမိရပြန်ပါသည်။ အတော်ပင် အနေခက်။ မျက်နှာထားရ ခက်ပေမည်။ “ကျွန်မ ကိုထွန်းထွန်းရဲ့ဇနီးပါပဲ” “ခင်၊ ခင်ဗျာ”

ကောင်စီဥက္ကဋ္ဌ အတော်ရှက်ကိုး ရှက်ကန်းနိုင်သွားပါလိမ့်မည်။ ထွန်းထွန်းတို့စုံတွဲဆိုလျှင် ပြောစရာ မလိုတော့။ “မင်းတို့ဟာ တကယ့်ကို အမှတ်ရ စရာပါပဲကွာ”

ထွန်းထွန်းက Tour Guide လုပ်သည်။ အလုပ်သဘောအရ မကြာခဏခရီးထွက်ရတတ်သည်။ သည်

အလုပ်မျိုးနှင့် သည်အိမ်ထောင်ရေးမြဲလိမ့်မည်ဟု ဘယ်ဗေဒင်ဆရာမှ ဟောရဲမည် မဟုတ်ပါချေ။ ထွန်းထွန်းတို့ အိမ်ထောင်သက် အနှစ် ၂၀ ကျော်လာခဲ့ပါပြီ။ သူ့ပုံကြည့်ရသည်က ရွှင်လန်းဆဲ၊ တက်ကြွဆဲ။ “မင်း သဲသဲကို မင်းတော်တော် ချစ်တယ်နဲ့ တူတယ်”

“ဘယ်လိုပြောရမလဲ ဦးမောင်ရာ။ ချစ်သွားတာလဲ ပါတယ်။ ဒါပေမယ့် ကျွန်တော့်စိတ်ထဲမှာ သူ့ကိုပြု

စုရတာ။ သူလိုချင်တာကို ဖြည့်ဆည်းပေးနေရတာကို ကျွန်တော်ကျေနပ်နေရတာကများတယ်။ အဲဒီ အပေါ်မှာ ကို ကျွန်တော် ကျေနပ်နေတာ၊ ပီတိဖြစ်နေတာ”

လူတွေမှာ ခံစားချက်မတူကြပါ။ တချို့က ရယူလိုကြသည်၊ တချို့က ပေးဆပ်လိုကြသည်။ ထွန်းထွန်းက ပေး ဆပ်လိုသောလူမျိုး ဖြစ်သည်။ ပေးဆပ်ပုံချင်း မတူကြ။

“ကျွန်တော်တို့ အိမ်ထောင်ကျပြီး လေး၊ ငါးနှစ်လောက်မှာ သူက ပြောပါတယ်၊ အိမ်ထောင် ထပ်ပြုချင်

ပြုပါတဲ့။ ကျွန်တော်တို့ ကလေးမရနိုင်တော့တာရယ်၊ အရွယ်ကွာလွန်းတာရယ်ကို သူက ငဲ့ရှာတယ်နဲ့တူတယ်” တလျှောက်လုံး ငြိမ်နေသော ကိုခင်မောင်ဇော်က

“အေး၊ ငါမင်းကို မေးမယ်။ မေးမယ်နဲ့ မမေးဖြစ်တဲ့ မေးခွန်း ရှိတယ်။ အဲဒါက မင်းအဘွားကြီး အခု ၈၀

ကျော်ကွာ။ မင်းက လေးဆယ်စွန်းစွန်းလေးပဲ ရှိသေးတယ်၊ မင်းရဲ့သားစိတ်၊ မယားစိတ် ဘယ်သွားထားသလဲ” အဖြေရ မခက်သော်လည်း မလွယ်သည့် မေးခွန်းဖြစ်ပါသည်။ ဘမောင်ကတော့ မရင်းနှီးသေးသည်မို့

ဤအမေးမျိုးမမေးချင်။ ပွင့်လင်းသော ထွန်းထွန်းက သူ့ဆရာကို

“ဆရာသမားကလဲ ကျွန်တော်က Guide ပဲလေ။ အချစ်သက်သက်အတွက် သိပ်ပူရ၊ ပန်ရတာမျိုးမှ မရှိ

တာ။ စိတ်နှစ်ခုက သပ်သပ်စီဗျ”

ဧည့်လမ်းညွှန်ဟုခေါ်သော Tour Guide များမှာ အားလုံးမဟုတ်သော်လဲ အလုပ်သဘောအရ အတော်

ပွင့်ပွင့်လင်းလင်းရှိကြသူများဖြစ်သည်ကို ဘမောင် ကောင်းကောင်းသိပါသည်။ ဘမောင်ကိုယ်တိုင်က ခရီးသွား လုပ်ငန်းလုပ်ခဲ့သူဖြစ်၍ Tour Guide များ အကြောင်း ကောင်းကောင်းသိနေပါသည်။ 78


“ဆွီဒင်က ကောင်မလေးဆို ကျွန်တော်နဲ့ အတော်လေးသံယောဇဉ်တွေရှိသွားဖြစ်ပါတယ်။ ကျွန်တော့်

ကိုလဲ လိုက်လာခဲ့ဖို့ပြောတယ်။ ဒါပေမဲ့ သိတယ်မို့လား။ ခံစားချက်ချင်းက တမျိုးစီလေ။ ကျွန်တော် သဲသဲ အ တွက် ဖြည့်ဆည်းပေးနိုင်တဲ့ ကျေနပ်မှုမျိုးကို ဘာနဲ့မှမလဲနိုင်ဘူး”

ဒီလိုနှင့် စကားပြောရင်း ဘမောင်တို့ကားက မန္တလေးသို့ ရောက်လာပါသည်။ မန္တလေးတွင် ထွန်းထွန်း

ကျန်ရစ်ခဲ့၏။ ဘမောင်တို့ မုံရွာဘက် ဆက်ကူးကြသည်။ ထိုညက ထွန်းထွန်းအကြောင်း ဘမောင် စဉ်းစားဖြစ် သည်။ သူ့အသက် ၂၀ လောက်ကဆိုလျှင် သူရဲကောင်းဆန်လွန်းသည်ဟု မပြောမိသည့်တိုင် အထင်ရှိနေနိုင်

ပါသည်။ ယနေ့ သူတို့အိမ်ထောင်သက် ၂၀ နှစ်ကျော်ချေပြီ။ ချစ်ချစ်ခင်ခင်ရှိတုန်းဖြစ်၍ သူရဲကောင်းဆန်သည် ဟု ပြော၍မရတော့။

ခုယူ မကြာခင်ကွဲကြသူတို့ကို ထွန်းထွန်းတယောက် ပြုံးပြနေမည်လား။ လူမက ပစ္စည်းပါပါမှ ဆိုသူတို့

အတွက်ရော ထွန်းထွန်းက မဲ့ပြနေမည်လား။ ထိုညသည် ဘမောင်အတွေးထဲ၌ ထွန်းထွန်းကို မောင်းထုတ်၍ မရခဲ့ပါချေ။

အလုပ်ကိစ္စဖြင့် ဘမောင်တို့ မုံရွာ မှာ တညအိပ်ဖြစ်ခဲ့သည်။ နောက်နေ့ ညနေ၌ မန္တလေးသို့ပြန်ဖြစ်ခဲ့၏။

ဘမောင်တို့တည်းမည့်ဟိုတယ်တွင် ထွန်းထွန်း စောင့်ကြိုနေသည်ကို အသင့်တွေ့ရသည်။ ရေမိုးချိုးပြီး ညစာကို ဟိုတယ်မှာပဲ စားဖြစ်ကြသည်။

“အလုပ်တွေ အဆင်ပြေတယ်မို့လား ထွန်းထွန်း” “ဟုတ်ကဲ့ အားလုံးပြေပါတယ်”

“မင်း သဲသဲဆီရော ဖုန်းဆက်ဖြစ် သေးလား” “အသေအချာပေါ့ ဦးမောင်ရာ” “အဘွားကြီး နေကောင်းလား” “ဟုတ်ကဲ့”

စားပွဲထိုးလေးက Soup လာချသည်။ ခပ်ဆာဆာ ရှိလှ၍ နှစ်ဇွန်း၊ သုံးဇွန်းမျှ သောက်လိုက်သည်။ “မနေ့က ဇာတ်လမ်း နည်းနည်းလောက် ဆက်ကြရအောင်” “ဟုတ်ကဲ့၊ ရပါတယ်”

“မင်းသူငယ်ချင်း၊ အဘွားကြီးရဲ့မြေးတွေနဲ့ ဆက်ဆံရေးကရော” အမေ”

“အဲဒါက သိပ်ပြဿနာမရှိဘူး ဦးမောင်ရဲ့။ ပြဿနာက အဘွားကြီးရဲ့ သမီး။ ကျွန်တော့် သူငယ်ချင်းရဲ့ “အေးလေ သူတို့လဲ အနေရခက် မှာပေါ့”

“ကျွန်တော်လဲ ကိုယ်ချင်းတော့စာမိပါတယ်။ ဒါပေမယ့် မတတ်နိုင်ဘူးပေါ့ ဦးမောင်ရာ” “အခုရော အခြေအနေက”

“အခုတော့ အဆင်ပြေသွားပါပြီ။ ကျွန်တော်ကလဲ အနေမှန်အောင် နေပြရတာပေါ့။ အခုတော့ တခါ

တခါ သူ့သမီးတွေက သူတို့မိတ်ဆွေတွေနဲ့တွေ့လို့ ကျွန်တော့်ကို မိတ်ဆက်ပေးရင် ဒါတို့ အဖေလေ ဆိုပြီး မိတ်ဆက် ပေးတတ်တယ်”

ဘမောင် မျက်လုံး ပြူးသွားရသည်။ ဒီတခါ မနေတတ် မထိုင်တတ်၊ မျက်နှာ မထားတတ် ဖြစ်ရသူက

ထွန်းထွန်း ဖြစ်နေပါလိမ့်မည်။ အသက်တ၀က်ခန့်ငယ်သူကို အဖေပါဟု မိတ်ဆက်ပေးစဉ် ထွန်းထွန်း မျက်နှာကို ဘမောင် ခန့်မှန်းမိနိုင်ပါ၏။

“အစတုန်းကတော့ အဲဒီလို ပုံမှန်မဟုတ်တဲ့အခက်အခဲတွေက အတော်ကလေး ဖိစီးခဲ့တယ်။ အခုတော့

ကျွန်တော်တို့လဲ အိမ်ထောင်သက် ၂၀ ကျော်လာပြီဆိုတော့ ကျင့်သားတော့ အတော်ရသွားခဲ့ပါပြီ”

“အေးကွာ၊ မင်းဇာတ်လမ်းစကြားရတုန်းက ကိုယ်လဲ မွန်းကျပ်သွားတယ်။ အခုမှပဲ ဟင်း ချနိုင်တော့

တယ်။ ဘာပဲပြောပြော။ အချိန်က နောက်ဆုံးတော့ အဖြေပေးသွားတာပဲမို့လား”

ထိုနေ့ ညစာက စိုစိုပြည်ပြည်ကြီး ရှိလှသည်မဟုတ်။ အခြောက်သွေ့ကြီးလဲ မဟုတ်။

“ကဲ။ သူငယ်ချင်း ဘမောင်၊ ဘာပဲပြောပြော ဇာတ်လမ်းတပုဒ်တော့ ရတယ် မဟုတ်လား”

ကိုခင်မောင်ဇော်၏ အမေး။

“ဇာတ်တော့ ဇာတ်လမ်းပဲ သူငယ်ချင်း၊ ဒါပေမယ့် တမျိုးကြီးပဲ။ ရင်ထဲ ခပ်ပြည့်ပြည့်နဲ့ ရေးရမယ့်

ဇာတ်လမ်း မျိုးဖြစ်နေတယ်”

ဒီတစ်ခေါက် မုံရွာခရီးစဉ်မှာ ဘမောင်အတွက် လုပ်ငန်းထက် ထွန်းထွန်းတို့အကြောင်းကပို၍ စိတ်ဝင်

စားစရာဖြစ်နေခဲ့၏။ ယောက်ျားများ မိန်းမငယ်ငယ်ယူသည်က မဆန်းသည့်အပြင် ရိုးတောင်ရိုးနေပြီ ဖြစ်သည်။

အထူးသဖြင့် ငွေကြေးတတ်နိုင်သူတို့၏ ဖက်ရှင်တခုပင် ဖြစ်နေပါ၏။ ကိုယ့်ထက်အသက် ဆယ့်လေး၊ ငါးနှစ်ခန့် ကြီးသောဇနီးမျိုးကိုယူခဲ့သည့် ယောက်ျားတချို့ကိုလဲ တွေ့ဖူးပါ၏။ သို့သော် ကြာကြာသိပ်မခံလိုက်ကြ။ ကိုယ့် 79


အသက် သုံးပြန်ကျော်ကြီးသော ဇနီးမယားကိယုခဲ့သည့် ထွန်းထွန်းအဖြစ်ကတော့ ဘမောင်အတွက် အတော်

လေး ဆန်းနေပါသည်။ ပို၍ဆန်းသည်က ယနေ့အသက် ၈၀ ကျော် အဘွားအိုကြီးကို တယုတယ ရှိနေနိုင်သေး သည့် သူ၏ ပေးဆပ်လိုသေးသည့် မေတ္တာတရားပင်။ ထွန်းထွန်းသည် သူရဲကောင်းဆန်ခဲ့သူမဟုတ်။ တကယ့် သူရဲကောင်းတဦးပါပေ။

မန္တလေးမှ နေ့တ၀က်ကျော်ခန့်မောင်းလာသော ဘမောင်တို့ကားလေးက ရန်ကုန် နယ်နိမိတ်ဝင်လာ

သည်။ ထွန်းထွန်းတို့ဇာတ်လမ်းက ဘမောင်၏ခေါင်းထဲမှ မထွက်ချင်တတ်သေး။ သူ့ဇနီး အဘွားကြီးကို ကြင် ကြင်နာနာ ခေါ်သည်က “သဲသဲ”တဲ့။

ဘမောင်၏ လက်ကိုင်ဖုန်းက အသံ မြည်လာသည်။ ဇနီးသည်ထံမှ ဖြစ်၏။ “ဟဲလို သဲသဲလား”

“ဦးမောင်ကြီး လူမှားနေပြီ” “ဟိုက်”

…………………………………………… ။ ~ ။ ………………………………………………

80


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.