၁၉၉၇ ခုနှစ်မှ စတင်ထုတ်ဝေခဲ့သော Myanmar Airline Timetable စာအုပ်သည် အနှစ် ၂၀ ကျော်သို့ရောက်ရှိလာခဲ့ပါသည်။ ယခု ရက်ပိုင်းအတွင်း ၃၅ အုပ်မြောက်စာအုပ်ကို ထုတ်ဝေဖြန့်ချီနိုင်ခဲ့ပါသည်။
စာအုပ်တွင် ပြည်ပသို့ပြေးဆွဲနေသော လေကြောင်းလိုင်း (၂၅) လိုင်း၊ ပြည်တွင်း လေကြောင်းလိုင်း (၉) လိုင်းတို့၏ လိပ်စာ၊ ၎င်းတို့ပြေးဆွဲနေသော လေယာဉ်အဝင်၊ အထွက် အချိန်ဇယားများကို ဖော်ပြပါရှိပါသည်။
ထို့ပြင် လေယာဉ်လက်မှတ်ရောင်းသူများ၊ ခရီးသွားလုပ်ငန်းများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ၊ ကားအငှားလုပ်ငန်းများ၊ကျောက်မျက်ရတနာဆိုင်များ အစရှိသည့် လုပ်ငန်းများ၏ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ ဖော်ပြထားပါသည်။
ခရီးသွားလုပ်ငန်းများနှင့်ဆက်နွယ်သူများ၊ သံရုံးများ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ကုမ္ပဏီများသို့ အခမဲ့ဝေငှပေးလျက်ရှိပါသည်။