1251 khinkhinhtoo maeainkan

Page 1

Typed By - LinLinJoker Proof and PDF - wannar


ကဆုန်လဆန်း

၁၄

ရက်၊

ကြာသာပတေးနေ့

(ရက်ရာဇာ)။

မအိမ်ကံတို့

ရွာတွေမှာ

နဘန်ပွဲ

(နားပန်ပွဲ)

တွေ

ပြုလုပ်လေ့ရှိကြပါသည်။ နားပန်မည့် မိန်းကလေးများအတွက် အပျိုဖော် စာရင်းဝင်ပါပြီဟု ရွာကို အသိပေးသည့် ပွဲလည်း ဖြစ်သည်။ သားယောက်ျားကလေးကို ရှင်သာမဏေပြုပေးကြသကဲ့သို့ သမီးမိန်းကလေးများကိုလည်း နားထွင်းမင်္ဂလာပြုလုပ်ပေးတတ်ကြသည်မှာ မြန်မာတို့၏ ရိုးရာအစဉ်အလာဖြစ်သည့်အတိုင်း ဇောင်ချမ်းကုန်းရွာတွင်လည်း သမီးမိန်းကလေးအရွယ်ရောက်ကြောင်း အသိအမှတ်ပြုသည့် နဘန်ပွဲကို မဖြစ်မနေကျင်းပလေ့ ရှိကြပါသည်။ မအိမ်ကံ နားပန်မည့်နေ့က ထူးထူးခြားခြား တိမ်တံခွန်တွေ ထွက်နေခဲ့သည်။ ကောင်းကင်ထက်မှာ တလိပ်လိပ်တက်နေသော တိမ်ဖြူတံခွန်ကြီးကို တအံ့တသြ ရှိကြရသည်။ လူတွေက တစ်ယောက်တစ်ပေါက် စကားကြိုးထုံးကြရာက တစ်ရွာလုံး ပြန့်သွားခဲ့၏။

အတိတ်နိမိတ်

ကောက်တတ်သော

အဘိုးပြိုင်းကတော့

အရှေ့တောင်က

တိမ်တံခွန်ထွက်လို့

စစ်မက်ရောက်တတ်သည်ဟု နိမိတ်ဖတ်လေသည်။ သည်ကနေ့ ကြာသာပတေးနေ့ ဖြစ်သည့်အတွက် နားပန်မည့် မအိမ်ကံ ကလေးအဖို့မူ ကတော်ဆယ်ပါး တစ်ပါးအပါအ၀င် ဖြစ်လိမ့်မည်ဟု ဆိုလေသည်။ မအိမ်ကံ နားထွင်းမည့်နေ့ဆိုတော့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိနေကြသည်။ ပွဲကြီးလမ်းကြီး မဟုတ်သော ပြုလုပ်မြဲ ရိုးရာဓလေ့ဆိုသော်လည်း တတ်နိုင်သူက တတ်နိုင် သလို ဘုရားအမှူးပြု၍ သံဃာတော်များအား ဆွမ်းလုပ်ကျွေး ကြသည်။ လူပရိသတ်ကို ဖိတ်ကြားကျွေးမွေးကြသည်။ အဝေးရွာက ဆွေမျိုးသားချင်းတွေလည်း ရောက်နေကြရပါ၏။ “အုံ၊ ဟဲ၊ နာ၊ ကျင်၊ စွာ နားထွင်းမပြုရာတဲ့။ တနင်္ဂနွေ၊ သောကြာ၊ စနေ၊ တနင်္လာ၊ အင်္ဂါနေ့များမှာ နားမထွင်းရဘူး။ ရွှေ၊ ပန်း ခေါ်ထ နေ့နှစ်ဝ ထွင်းကြနားကိုသာတဲ့။ ဗုဒ္ဓဟူး နဲ့ ကြာသပတေး နေ့နှစ်နေ့ပဲ ထွင်းကြရသယ်” နားဖောက်ဆရာ ပေးသည့် နှစ်ရက်ထဲက အခါပေး တတ်သူ အဘိုးပြိုင်းကိုယ်တိုင် ရွေးပေးသည့်ရက်မှာ ကြာသပ တေးနေ့ ဖြစ်၏။ ကဆုန်လမှာ ကြာသပတေး ရက်ရာဇာကျ သည်။ လဆန်းဆယ့်လေးရက် ဆိုတော့ မနက်ဖြန် ကဆုန် လပြည့်။ လဆုတ်ရက်ဆိုလျှင် ဆုတ်ယုတ်တတ်သည်ဟုလည်း အယူ ရှိကြပါ၏။ ရွာက နားထွင်းဆရာလည်း ခေါ်ကြ၊ နားဖောက် ဆရာလည်း ခေါ်ကြသည့် ဆရာသောင်းက သတ္ထုဘူး ကလေးကို ဖွင့်ပြသည်။ အထဲ မှာ ရွှေအပ်၊ ငွေအပ်၊ ဘော်အပ် ကလေးတွေ ပါသည်။ နဖား ပွင့်ဖူးဖူးကလေးတွေ ပါသော အပ်ချောင်း ရှည်ရှည်ကလေး တွေ ဖြစ်၏။ အဘိုးပြိုင်းပေး သည့်အချိန်က မနက်စက်နာရီ ကိုးနာရီခွဲဆိုတော့ မအိမ်ကံ တို့အိမ်က သံစုံ ချိန်သီးနာရီကြီးကို အောက်ထပ် ကျွန်းတိုင် ကြီးမှာ ပြောင်းချိတ်ထားရသည်။ အေးခုတင်နှစ်ချပ် ဆက် ခင်းကာ ကော်ဇောကြီးတွေ ခင်းထားသည်။ ကန်တော့ပွဲ တစ်ပွဲက ခေါင်းရင်းဘက်မှာ။ ဗျပ်တစ်ချပ် ထဲမှာတော့ ထမင်းပွဲ၊ ဟင်းပွဲ၊ မုန့်ဆီကြော် အဖြူအနီ၊ ငါးကြော်၊ ကွမ်း ယာ၊ လက်ဖက် စုံလှပါ၏။ ထိုမနက်က မအိမ်ကံ၏အလှကို ဇောင်ချမ်းကုန်းရွာသူ ရွာသားတို့ နောင်နှစ်ပေါင်း များစွာကြာအောင် ပြောလို့ပင် မဆုံးခဲ့ကြ။ ဆယ့်သုံးနှစ်သမီး ဆိုသော်လည်း မျက်နှာကလေး က ပွင့်လွန်းလှ၏။ နသယ်စပ်က ဆံနုကလေးတွေ ထိုးစ ဆိုတော့ နားရွက်ဝင်းဝင်းကလေးနှင့်

လိုက်ဖက်လှပါသည်။

မျက်လုံးစိမ်းစိမ်း၊

မွေးညင်းရှိန်းရှိန်း၊

မျက်တောင်ရှည်ကြီး

တွေက

ညွှတ်ညွှတ်စင်းစင်း။ မျက်ခုံးနှစ်ဖက်က ဆန်းဦးစ သော်တာလို ရစ်ရစ်ငိုက်ငိုက်ကလေး ကွေးရုံသာ။ အပျိုသွေး ကလေး ဖက်လာတော့ အသားအရေက ၀ါဝင်းနုစိုလာသည်။ လည်တိုင်ကြော့ကြော့ရှင်းရှင်းကလေးမှာ ပြည့်တင်းသော ပခုံး နှစ်ဖက်ကြားက ၀င့်ဝင့်စားစားကလေး လှနေသည်။ နားကပ် ပန်ခြင်း မင်္ဂလာပြီးရင်တော့ သည်လည်တိုင်မှာ ရတနာလည် ဆွဲကလေးတွေ ယီးလေးခိုကြရော့မည်။ နားကို နားကပ် ဦးဦးဖျားဖျား မင်္ဂလာယူဆင်ယင်ပြီးလျှင် မအိမ်ကံကို ရွှေဆင် နိုင်ပြီ။ ပိုးသားနုနု အင်္ကျီလက်ရှည် ပန်းသွေးကလေးနှင့် တောင်မြို့ အချိတ်ထဘီ ပန်းဆီရောင်ကလည်း မအိမ်ကံ၏ အလှကျက်သရေကို မြှင့်ပေးသလို ရှိသည်။ ဆံရစ်ဝိုင်း ဆံထုံး ကလေးမှာတော့ စံပယ်ကုံးကလေး ရစ်ခွေပန်ထားပြန်၏။ ဆရာသောင်းက အခါတော်နီးသည်နှင့် အေးခုတင်ပေါ် တက်ကာ ဘုရားဝတ်ပြုသည်။ သတ္ထုဘူးကို ဖွင့်ကာ ဒေါ်ပန်းရုံ ရွေးပေးထားသည့် ရွှေအပ်ကို ဂွမ်းစပေါ် တင် သည်။ ပြီးမှ ကန်တော့ပွဲကို မြှောက်ကာ နယ်ရှင်ပယ်ရှင် တွေကို ပွဲအပ်သည်။ “သြောင်း ဇယတု ဇယတု...။ အောင်ဆုမင်္ဂလာ၊ ပေး တတ်စွာသား၊ ဆရာသမီးလှ၊ အဘ၀ိဿုကာ၊ က၀ါလမိုင်း၊ အကိုင်းအခက်၊ အရွက်မလွတ်၊ စောင့်နေတတ်သည်...။ ရှင်နတ်များတို့၊ နေ့ကားကောင်းစွာ၊ ရက်မှာသန့်လှ၊ ချိန်အကျ

2


တွင်...။ ဖြူစွထမင်းပွဲ၊ ပြင်ဆင်ခင်း၍၊ များခြင်းစုံစီ၊ မုန့်ဆီ ငါးကြော်၊ စားတော်များစွာ၊ ကွမ်းယာလက်ဖက်၊ ထက်မြက် စွာလှ၊ မွန်ရသကို၊ ကြည်မြရွှင်သာ၊ ကျွေးမွေးပါ၏။ ဧဟိ... ဧဟိ... ဣမံ...သတ္တံ...ဘုဉ္စာဟိ.. ဘုဉ္စာဟိ” မအိမ်ကံက မျက်လုံးကလေးတွေ မှိတ်ထားသည်။ တင်းတိမ်စောင်ကြီးတွေ ကာထား သည့်ဘက်က နေထိုးသဖြင့် မအိမ်ကံ၏ မျက်နှာပေါ်မှာ ပုစွန်ဆီရောင်တွေ ဟပ်နေသည်။ ဆရာသောင်းက မအိမ်ကံ၏ နားရွက်ဖျားကလေးတွေကို လက်နှင့် စမ်းကာ ဖျစ်ကြည့်သည်။ အခါတော် အချိန်မကျ သေး။ ရွာသူရွာသားတွေက မအိမ်ကံကို မျက်လုံးပေါင်း များစွာဖြင့် ငေးကြည့်နေကြ၏။ ဒိုးပတ်ဝိုင်းက ပွဲဆူအောင် တဗိန်းဗိန်း တီးကြလေပြီ။ “နဘန်ပွဲတွေ ကျုပ်တို့ ရောက်ရလှပါပြီတော်။ မအိမ်ကံ လောက် ချောသာဖြင့် ကျုပ်တစ်သက် ကြုံဖူးဘူး။ ဘုရား စူးရစေ့ အဟုတ်ပြောသာ”

ရွာ့တောင်ဖျားမှာနေသည့်

အမေကြီးညွန့်က

တင်းတိမ်စ

နားအထိ

ကပ်လာကာ

မျက်လုံးပေါ်

လက်ဝါးကလေး ကာ ရင်းက ပြောနေခြင်း ဖြစ်သည်။ အားလုံးကလည်း ၀ိုင်းဝန်း ထောက်ခံသည့်သဘောဖြင့် မအိမ်ကံကို မြင်ရအောင် တိုးဝှေ့ ကြည့်ကြသည်။ “အဘိဝါဒနသီလိဿနိစ္စံဝုဎုာပစာယိနော၊ စတ္တာရော ဓမ္မ၀ဎုန္ထိ အာယုဝဏ္ဏောသုခံဝလံ။ ကျမ်းဂန်ပါဠိလာ ရှိသည် နှင့်အညီ သီလစသော ဂုဏ်အားဖြင့် ကြီးသောသူ၊ အသက် အရွယ်အားဖြင့် ကြီးသောသူတို့ကို ရိုသေမြတ်နိုး ရှိခိုးပူဇော် ဆိုတဲ့အတိုင်း ရတနာသုံးပါးနှင့်တကွ အမိ၊ အဘ၊ ဆရာ ဂုဏ၀ယ ဆွေမျိုးမိတ်သင်္ဂတို့ကို ငါ့သမီး ကန်တော့စမ်းကွယ့်” မအိမ်ကံက ဘုရားစင်ဘက်ကို လှည့်၍ ၀တ်ပြုသည်။ အဖေနှင့်အမေကို ကန်တော့သည်။ အိမ်ဦးခန်းမှာ ထိုင်လျက် ရှိနေကြသော ရွာမိရွာဖ သက်ကြီးဝါကြီး ဆွေဆွေမျိုးမျိုး များအားလုံးကို ရည်မှတ်၍ ဦးသုံးကြိမ်ချသည်။ “ဤသို့ပြုရ မြတ်ပုညကြောင့် သဗ္ဗဘေးဒဏ် ရန်မာန် မရှိ ပကတိ ကျန်းမာလန်းလန်းဖြာလျက် ချမ်းသာတိုးပွား၊ ကျွဲနွားဆင်မြင်း၊ ကျွန်သင်းေ>ခရွေ... အထွေထွေနှင့် ရွှေငွေ စိန်ကျောက် ထိန်ထိန်တောက်၍ သိမ်မောက်ဖြိုးခါ... မိုးသို့ ရွာသည် လိုရာ ကြံတိုင်းပြီးစေသော်...” လူတွေက ညွှတ်ညွှတ်ကြီး ပြိုကျနေကြပြီ။ ချိန်သီးနာရီကြီးလည်း ဒင်ခနဲ ထိုးပြီ။ နားဖောက် ဆရာက ရွှေအပ်ဖြင့် ညာဘက်နားကို ဆတ်ခနဲ ထိုးဖောက်လိုက်လေပြီ။ မအိမ်ကံ က တစ်ချက်ကလေး မလှုပ်။ သိပင်မသိလိုက်သည့် ဟန်ဖြင့် ကျောက်ဆစ်ရုပ်ကလေးလို မလှုပ်မယှက် ရှိလေ၏။ မအိမ်ကံ ရုန်းလျှင် ဖေးမကြမည့် မိန်းမကြီးများပင် လှုပ်ချိန်မရလိုက် ကြ။ ဒိုးသံ၊ လူသံတွေက ပိုဆူညံလာခဲ့သည်။ အာဂဟဲ့၊ သတ္တိခဲဟဲ့၊ တစ်ချက်မတွန့်ဘူးဟဲ့ ဆိုကာ ကလေးမအေတွေက ရှေ့ကို တိုးသည်ထက် တိုးလာကြ၏။ ရွယ်တူမိန်းကလေး များကလည်း မအိမ်ကံကို အားကျစိတ်ဖြင့် ငေးနေကြသည်။ ဆရာသောင်းက နားပေါက်ထဲဝင်သွားသော ရွှေအပ်ကို ခေါက်ထားလိုက်သည်။ နောက် ဘယ်ဘက်...။ “ကိုင်း... အောင်ပါပြီ၊ အောင်ပါပြီ၊ အောင်ပါပြီ။ ဟော သည်ဆေးကို နေ့စဉ်ထည့်ပေး၊ ရွှေနားတောင်း ဗုံခေါင်း လောက် ပန်နိုင်ပဟဲ့။ နားတော့ ချဲ့ပေးရဦးမှာဗျား။ ရွှေကို လိပ်ပြီး ထိုးသွင်းထားရုံပ။ ကိုင်းပင်ရိုး၊ သက်ကယ်ရိုးများ လည်း ကောင်းပါရဲ့။ တမာနဲ့မြေဇာ

ရောထိုးတော့လည်း

တမာက

ဟိုဘက်နည်းနည်းတိုးပါဦး၊

မြေဇာက

ဟိုဘက်

နည်းနည်းတိုးပါဦးနဲ့

ကျယ်ရပါသဗျား” ဆရာသောင်းစကားကို အားလုံးက သဘောကျစွာ ရယ်ကြသည်။ ဇောင်ချမ်းကုန်းရွာမှာ တမာနှင့် မြေဇာ ဥပမာရှိ သမှုတ်လား။ တမာကလည်း “မြေဇာ မြေဇာ ယားလှသယ် ဟိုဘက်တိုးပါကွယ်”၊ မြေဇာကလည်း “တမာ တမာ ခါးလှ သယ် ဟိုဘက်တိုးပါကွယ်” ဟိုတိုးသည်တွန်း လုပ်ကြရင်း နားပေါက်ကျယ်သွားတတ်သည်ဟု အယူရှိကြသည်။ နားဖောက်သည့် ကိစ္စပြီးတော့ မအိမ်ကံ အေးခုတင်ကြီး ပေါ်က ဆင်းသည်။ မလှအုံ လာပေးသော ငွေဖလားကြီးကို ပိုက်လျက် အိမ်ကြီးဝင်ပေါက်က ခုံမြင့်မှာ ရပ်လိုက်သည်။ ငွေဖလားကြီးထဲက ဆန်ပန်းပေါက်ပေါက်များနှင့် ရောထား သော ငွေအကြွေစေ့တွေကို ကြဲချလိုက်သည်။ မအိမ်ကံ လက်ဆုပ်တွင်းက ဖွေးခနဲ၊ ဖွေးခနဲ ခုန်ထွက်လာသော ငွေ

3


အကြွေစေ့တွေကို လူတွေက အယုတယက် ကောက်ကြသည်။ အမေပန်းရုံက သမီးချော မအိမ်ကံကိုပဲ ငေးနေမိလေ သည်။ အရွယ်ရောက်လာသော သမီးကလေးအတွက် ၀မ်းသာ ၀မ်းနည်း မျက်ရည်တွေ စီးကျလာသည်။ တံခါးဝမှာ နတ်သမီးကလေးတစ်ပါး ရပ်နေသာများလား။ သမီးကလေး မအိမ်ကံ ဟုတ်ကဲ့လား။ သူကြီးဦးသာထန်ကတော့ သူ့ဧည့် သည်များကို ဧည့်ခံဖို့ နေရာက ထသွားခဲ့ပြီ။ သည်အချိန်မှာတော့ အိမ်ဘေးက ထန်းလက်ကာ ထမင်း ရုံကို ဖွင့်လိုက်လေပြီ။ လူတွေကို ထမင်းစကျွေးပြီ။ မအိမ်ကံ နားပေါက်မှာ သွေးမစို့ပါ။ တချို့ဆိုလျှင် သွေးစိမ်းရှင်ရှင် ကျတတ်ကြသည်။ အော်ဟစ်ငိုယိုရှိကြသည်။ မျက်ရည်၊ နှာရည်တွေ ထွက်ကာ ထွန့်ထွန့်လူးတတ်ကြသည်။ မအိမ်ကံ မှာတော့ ဒါတွေမရှိပါ။ ထမင်းရုံထဲပင် ၀င်ကြည့်လိုက်သေး သည်။ ဒိုးပတ်ဝိုင်းက လူဝင်ကသည့် ခြင်းကြားရုပ်ကြီးကို ပင် ငေးနေခဲ့သေးသည်။ ထမင်းရုံ

အပြင်ထွက်လာတော့

အပျိုကြီး၊

အပျိုလေး

တွေ

စုနေသည့်

စားပွဲဝိုင်းကြီးရှေ့ကို

ရောက်လာခဲ့သည်။

စားပွဲခုံကြီးပေါ်မှာ ရေနွေးပွဲ၊ လက်ဖက်ပွဲ၊ မုန့်ပွဲများ ပြင် ဆင်ပေးနေကြသော အပျိုတွေကြား မအိမ်ကံ ၀င်ရောလိုက် သည်။ သူလည်း ရွာမှာ သာရေး၊ နာရေးရှိတိုင်း ပါရတော့ မည်။ ရွာဓလေ့အရ ချမ်းသာဆင်းရဲမရွေး သာရေးနာရေး ကိစ္စကြီးငယ်မှန်သမျှ ၀ိုင်းဝန်းလုပ်ဆောင်ပေးတတ်ကြသည်။ ကာလသားခေါင်း၊ ကာလသမီးခေါင်းတွေ တာဝန်ချရာမှာ စိတ်ကြည်ကြည်၊ သဒ္ဓါဖြူဖြူ ဆောင်ရွက်ပေးကြမြဲ ဖြစ်၏။ တချို့က ပန်းကန်ဆေး၊ တချို့က ရေခပ်၊ တချို့က လက်ဖက် ချ၊ ကွမ်းချ၊ တချို့က ဧည့်ခံ၊ တချို့က ထမင်းရုံ စသည်ဖြင့် ယောက်ျားကလေးများနှင့် တွဲကာ ကုသိုလ်ယူကြရသည်။ “ချောလိုက်သာ မအိမ်ကံရယ်... ညည်းနှယ် တကယ်ပဲတော်” ရွှေမှုံက လက်သုတ် ပ၀ါကလေးတွေ ခေါက်ရင်းက မအိမ်ကံကို နှုတ်ဆက်တော့ မအိမ်ကံက ရှက်ပြုံးကလေးနှင့်။ ကြည့်စမ်း... ရွှေမှုံတောင် ရွှေနားဆွဲကလေး ၀တ်နေပြီ။ ဆံတောက်ကလေး မသိမ်းတသိမ်း ဆံစမတိုမရှည်တွေကို ပင့်တင်ကာ အုပ်လုံးသိမ်းနေပြီ။ ရွှေမှုံတို့က ရွာ့တောင်ဖျားမှာ ဆိုတော့ မအိမ်ကံနှင့် အတွေ့အဆုံ နည်းသော်လည်း တစ်ရွာ တည်းသူချင်းတွေ မှုတ်လား။ အတွေ့အထိ အဆက်အဆံ ရှိကြရတော့မည်။ ရွှေမှုံက တောင်သူကြီးသမီးမို့ ပစ္စည်းဥစ္စာ အတန်အသင့် ရှိသော်လည်း မအိမ်ကံလို နဘန်ပွဲတော့ မလုပ် ခဲ့ပါ။ ဘုန်းကြီးကျောင်းကို ဆွမ်းတစ်အုပ်ပို့ကာ နားဖောက် ခဲ့ခြင်းသာ ဖြစ်၏။ ဒါလည်း နားထွင်းမင်္ဂလာ အထမြောက် တာပဲ မဟုတ်လား။ အဓိကကတော့ အပျိုကလေး ဖြစ်လာ ခြင်းနှင့်အတူ နားဖောက်ထားနှင့်ပြီးသား ဖြစ်ရမည်။ ထိုနေ့က မအိမ်ကံ၏ နဘန်ပွဲ အောင်မြင်စွာ ပြီးမြောက် ခဲ့လေသည်။ အမေပန်းရုံက နားဖောက်ဆရာ ဆရာသောင်း ကို ငွေတစ်ရာ ကန်တော့လိုက်သည်။ သည်တုန်းက ဆရာ သောင်းရသည့် နားဖောက်ကြေးမှာ တစ်ဆယ် အများဆုံး ဖြစ်လေသည်။ ဆရာသောင်းက မအိမ်ကံကို ဆုတောင်းစာ တွေ ထပ်ရွတ်ပေးလိုက်သေး၏။ ဆရာသောင်း ပြန်သွားတော့ အမေပန်းရုံက မအိမ်ကံနားကို လိုလိုမယ်မယ် ဆေးလိမ်းပေး သည်။ ရွှေအပ်ကလေးနေရာမှာ ရွှေဖက်လိပ်ကလေး ထိုးပေး လိုက်သည်။ ဆေးက အဆီဆို တော့ ရွှေဖက်လိပ်ကလေးက လျှောခနဲ ၀င်သွားသည်။ “ကဲ... သမီး သည် ကနေ့ကစပြီး သမီး အိမ် အောက်ထပ်က အခန်းမှာ မနေ ရတော့ဘူး။ အပေါ်ထပ်မှာ ပြင် ထားသဲ့ အပျိုခန်းကို ပြောင်း ရမယ်။ သမီးအတွက် အဖော် ရအောင် ညညကျရင် ကျေးဥ လာအိပ်ပေးလိမ့်မယ်နော်” မအိမ်ကံက ခေါင်း ကလေးကို ဆတ်ခနဲ ညိတ်ကာ အိမ်အပေါ်ထပ်ဆီ ပြေးတက်ခဲ့ သည်။ မအိမ်ကံ နင်းနေကျ လှေကားဆံမှာ ရိုက်ထားသည့် ဒင်္ဂါးစေ့တွေကို တစ်ထစ်ချင်း နင်းတက်လာခဲ့တာပေမယ့် သည်တစ်ခါ မအိမ်ကံ ခြေသံ ကလေးက ညင်သာလို့နေပါပ ကော။ အပျိုဖြစ်ပြီဆိုသည့် အသိကြောင့်များလား။ မအိမ်ကံ နူးညံ့သွားတာတော့ အမှန် ပင်။ x ထိုညက

မအိမ်ကံ

တော်တော်နှင့်

အိပ်မပျော်ပါ။

အိမ်

ကြီးအပေါ်ထပ်က

အပျိုခန်းကို

ပြောင်းရွှေ့လာရတာကိုပဲ

မအိမ်ကံ ဘ၀တစ်ခု ခြားသွားသလို ခံစားရသည်။ စင်စစ် အိမ်တွေမှာ အပျိုခန်းရယ်လို့တော့ သီးသန့်ဖွဲ့ထားတာမျိုး

4


မရှိပါ။ အရွယ်ဝင်လာပြီဖြစ်သည့် မိန်းကလေးတစ်ယောက် အတွက် အနေအထိုင် လုံခြုံမှုရှိစေရန် ကောက်ကာငင်ကာ သတ်မှတ်ပေးလိုက်ရသော အခန်းတစ်ခန်းသာ ဖြစ်ပါ၏။ အခုလည်း အပျိုခန်းဆိုပေမယ့် အိမ်အောက်ထပ်မှ အိမ်အပေါ် ထပ် အခန်းပိုတစ်ခန်းရှိရာကို ရွှေ့လာရခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ခါတိုင်း ရှိချင်သလို ရှိခဲ့သည့် အခန်း တစ်ခန်းက သူမ ရွှေ့လာသည်နှင့် အပျိုခန်း ဖြစ်ရပြီ။ မအိမ်ကံမှာ ကလေးဘ၀တစ်လျှောက်လုံး နေခဲ့ရသော အောက်ထပ်က အခန်းကလေးကို လွမ်းမိတာ ပါသလို အမေ ပန်းရုံနှင့်လည်း တစ်စုံတစ်ရာ စည်းခြား သွားသလိုလို ခံစား ရပါ၏။ ခါတိုင်းတော့ အိပ်ချင်ပြီဆိုလျှင် မအေ့ရင်ခွင် ခေါင်းထိုးဝင်ပြီး အိပ်နေကျ။ မအိမ်ကံ တစ်ယောက်တည်း အိပ်သည့်ညတွေမှာလည်း တစ်ဖက်အခန်းမှာ အမေပန်းရုံအသံ က ကြားနေရတာ မဟုတ်လား။ စောစောစောပိုင်းတုန်းကတော့ အမေပန်းရုံနှင့် မလှအုံ တို့ အိမ်ကြီးအပေါ်ထပ်ကို ဘုရားတက်ကန်တော့ကြရင်း မအိမ်ကံ ခေါင်းက ဆံပင်ကလေးကို အမေက ဖြီးသင်ပေးခဲ့ သေးသည်။ ဓသည်တစ်ခါ ဆံရစ် ဆံတောက်ကလေး ရှည်လာရင် အမေ ညှပ်မပေးတော့ဘူး။ ဆံတောက်ဖားကလေးနဲ့ပဲ နေတော့ နော် သမီး။ ဒါမှ အုပ်လုံးသွင်းလို့ရမှာ။ သမီးက ဆံပင် ကောင်းသယ်။ နောက်နှစ်လောက်များဆိုရင် နောက်တွဲဆံတုံး တောင် ထုံးလို့ရလောက်သယ်” မအိမ်ကံက အမေ့ရင်ခွင်မှာ လှဲချလိုက်သည်။ အမေ ပန်းရုံကို မော့ကြည့်ရင်းက စကားတစ်ခွန်း မေးခဲ့သည်။ အမေပန်းရုံ ဘယ်လိုမှ ထင်မထားသည့်စကား။ ဖြေနိုင် သလောက်တော့ ဖြေခဲ့ပါ၏။ “အမေ အပျိုဆိုသာ ဘာလဲဟင်” “သြော်... အပျိုဆိုသာ မိန်းကလေးသဘာဝ အရွယ် ရောက်ပြီလို့ ပြောသာပေါ့ သမီးရဲ့။ အရွယ်ရောက်ပြီ ဆိုတော့ အိမ်မှုကိစ္စ ဗာဟီရကအစ ရွာရေး ရပ်ရေးကိစ္စတွေမှာ ၀င်လို့ တင့်တယ်ပြီပေါ့။ မီးဖိုချောင်မှာလည်း သမီးလက် သမီးခြေ ၀င်လုပ်လို့ရပြီ။ စိုက်ခင်း ကိုင်းခင်းထဲလည်း လုပ်ချင်သပ ဆိုရင် ၀င်လုပ်လို့ရပြီ။ နောက်ဆို အမေတို့လို ဖြစ်လာမှာပေါ့ သမီးရဲ့” မအိမ်ကံက အမေ့စကားကို နားထောင်ရင်း အတွေး ကလေး ၀င်လာသော်လည်း အမေ့ကိုတော့ မပြောဖြစ်ပါ။ မအိမ်ကံ အတွေးထဲတွင် အပျိုဖြစ်လာရင် ကွမ်းတောင်ကိုင် ဖြစ်ဖို့အရေးသာ ရှိနေသည်။ သို့သော် သည်ကိစ္စကို အမေ ဘာဖြစ်လို့ ထည့်မပြောတာပါလိမ့် ဆိုတာလည်း သတိထား လိုက်မိသည်။ မနက်တုန်းက နဘန်ပွဲမှာ မအိမ်ကံကို ချောကြောင်း လှကြောင်း တစ်ရွာလုံးက ၀ိုင်းချီးကျူးသံတွေ မအိမ်ကံ ငုတ်တုတ်ထိုင်ရင်း ကြားခဲ့ရသည်။ ရွာမှာ အချောဆုံးဆိုလျှင် သူသာလျှင် ကွမ်းတောင်ကိုင်ဖြစ်ရုံ ရှိတာပေါ့။ ဖြစ်ကို ဖြစ်ရ မှာပေါ့။ မအိမ်ကံ သည်လိုပဲ တွေးထားခဲ့သည်။ “ကဲ...ကဲ... အိပ်ချင် အိပ်ကြတော့။ ကျေးဥ တံခါး တွေ ဂလန့်သေချာအောင်ချ။ ဖိုးကူးက အပြင်ခန်းမှာ အိပ်လိမ့် မယ်။ လှအုံ သမီးအတွက် ရေတကောင်းဘူး ရေဖြည့်ထားရဲ့ လား။ မအိမ်ကံက တစ်ရေးနိုး ရေဆာတတ်သယ်” “ရေဖြည့်ပြီးပါပြီတော့်။ ဖိုးကူး... ညဘက် မမကံ ခိုင်းရင် ထလုပ်ပေးလိုက်နော်” ထိုညမှစ၍ မအိမ်ကံနှင့် အနီးဆုံးနေရာမှာ ကျေးဥနှင့် ဖိုးကူးတို့ ရောက်လာခဲ့ကြသည်။ ကျေးဥကို အမေပန်းရုံက မအိမ်ကံ အဖော်ရရုံမက အိမ်အတွက် ကူဖော်လောင်ဖက် အဖြစ် တစ်ခါတည်း ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ ဖိုးကူး ကတော့ မအိမ်ကံနှင့် သွေးသားဆိုလည်း ဟုတ်သည်။ ကိုဖိုး ငွေနှင့် မလှအုံသားဆိုတော့ တစ်အိမ်တည်း တစ်ဝိုင်းတည်း အတူကြီးပြင်းခဲ့ရသူလည်း ဖြစ်သည်။ ဖိုးကူးနှင့် ကျေးဥတို့ နှစ်ဦးစလုံး၏ မိဘများကလည်း မအိမ်ကံတို့ တံစက်ရိပ်ကို ခိုလှုံနေကြရသူတွေ မဟုတ်လား။ အမေပန်းရုံတို့ ဆင်းသွားတော့ ကျေးဥက လှေကား အတက် တံခါးမကြီးကို ချက်ထိုးပိတ်လိုက်သည်။ တအောင့် နေတော့ လှေကားအဖုံး လျှောတံခါးကြီးကို အောက်မှ ဆွဲပိတ် သံ ကြားလိုက်ရတော့၏။ အောက်ထပ်က အဖေ့အသံသြသြ ကြီးကို တစ်ချက် တစ်ချက် ကြားနေရသော်လည်း ခါတိုင်း လို ဧည့်သည်တွေရော လူဝင်လူထွက်တွေပါ တရုန်းရုန်းနှင့် ဆူညံနေတာ

5


မမြင်ရသည့်အတွက် မအိမ်ကံ တစ်မျိုးတော့ စိတ်ချမ်းသာရပါ၏။ အဖေ့သာ ပြောရတာ။ သူမကိုယ်တိုင် ပင်လျှင် လူနှစ်ယောက် ရံထားရသူ ဖြစ်နေပြီမဟုတ်လား။ ဖိုးကူးနှင့် ကျေးဥ။ “မမကံ... ကျုပ် ဘာလုပ်ပေးရဦးမတုန်း” “မလုပ်ပေးပါရဘူးဟယ်။ နင် အိပ်ချင် အိပ်တော့လေ ဖိုးကူး” မအိမ်ကံ စကားဆုံးသည်နှင့် ဖိုးကူးက အခန်းအလယ် မှာ ခင်းထားသော အိပ်ရာထဲ တိုးဝင်သွားတော့သည်။ မအိမ်ကံနှင့် ကျေးဥလည်း အပျိုခန်းထဲ ၀င်ခဲ့ကြ၏။ ကျေးဥ က လသာမှန်အိမ်ကလေးကို ခေါင်းရင်းတိုင်မှာ ချိတ်လိုက် ပြီး အခန်းတံခါးကို ချက်ချပိတ်လိုက်သည်။ “မှန်အိမ်ငြှိမ်းလိုက်တော့မယ်နော်” “ငြှိမ်းလိုက်တော့လေ။ အပြင်မှာ လသာနေသားပဲ” မှန်အိမ်မီးကလေး ငြှိမ်းလိုက်တော့ အခန်းထဲမှာ မှောင် သွားလို့လား မသိ။ အပြင်လရောင်က ပိုလင်းနေသည် ထင် ရ၏။ ကြမ်းကပ်ပြတင်းမှ လှမ်းမြင်ရသော လ၀န်းကြီးက ပြည့်ပြည့်တင်းတင်းကြီး။ မနက်ဖြန် ကဆုန်လပြည့်။ ခါတိုင်း လသာရက်တွေမှာ မအိမ်ကံ မြင်ရသော မြင်ကွင်းက ကလေး တစ်ယောက် မြင်ရသော မြင်ကွင်းမျိုးသာ ဖြစ်၏။ သည် တစ်ခါ အပျိုတစ်ယောက်က မြင်ရသည့် လသာညမျိုးပါ လား။ ကောင်းကင်တစ်ဆန့် လရောင်ပြင်ကျယ်ကြီးကို လှမ်း မြင်နေရသည်။ မအိမ်ကံကိုယ်တိုင်သည်ပင် လရောင်လွင်ပြင် ကျယ်ကြီးထဲ တစ်ယောက်တည်း လျှောက်သွားနေရသလို ခံစားနေရ၏။ မနေ့ တစ်နေ့ကပဲ သူမကို ကလေးတစ်ယောက်လို သဘောထားခဲ့ကြသည်။ အခုတော့ အပျိုလိုနေရပြန်ပြီ။ သေချာတာကတော့ သည်တစ်ခါ လရောင်က အပျိုတစ် ယောက်၏ လရောင်ဆိုသည်ပင်။ * အညာရွာတွေဆိုတော့ ရာသီချိန်မိုးကလေး အုံ့ပြက် အုံ့ပြက်ရှိလာလျှင်ပင် ကောင်းကင်ကို မော့ကြည့်ကြရပြီ။ ရွာသော်ရှိ မရွာသော်ရှိ မိုးရိပ်မိုးဆင်ကလေး မြင်တော့ တအား ဖြစ်ရသည်။ တစ်ခါတလေတော့ တိမ်ပုပ်မိုးကလေး ဖျောခနဲ ကျပြီးသည်နှင့် မိုးမင်မိုးခဲတွေ ဘယ်ရောက်ကုန်ကြမှန်း မသိ။ စိုက်ချိန် ပျိုးချိန်ဆိုတော့လည်း တောင်သူတွေ မိုးမျှော်ကြရပြီ။ မိုးစနေ၊ လေရာဟု ဆိုသည့်အတိုင်း အနောက်တောင် အရပ် စနေထောင့်မှ မိုးတိမ်ညိုမည်းမည်းကြီးတွေ အုပ်ကြီး သင်းကြီး ဖွဲ့တက်လာလျှင် တောင်သူတွေ လက်ခမောင်း ခတ်ချင်ကြလေပြီ။ သည်တိမ်ညိုတွေသာ မိုးအဖြစ် ရွာချလိုက် လျှင် သစ်စေ့ မြေချလို့ရပြီမဟုတ်လား။ မိုးတစ်စက် ရေတစ် ရွက် ဆိုသကဲ့သို့ မိုးရေက နှူးလိုက်သည့် မြေနူးနူး၏ တန်ဖိုး က ကြီးပါဘိသနှင့်။ ရေတစ်အိုး မိုးတစ်ပေါက်လို့လည်း ဆိုကြပါ၏။ မိုးသားမိုးရိပ်တွေ ဆင်နေသည့် အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်ဝယ် ဇောင်ချမ်းကုန်း တစ်ရွာလုံး ကသုတ် ကရက် ရှိနေကြသည်။ သည်မိုးကလေးသာ အောင်လျှင် မြေအစိုဓာတ်ကလေး ရနိုင်ကြပြီ။ အခင်းမြေထွန်မည့်သူက ထွန်သွား၊ ထယ်သွားပြင်ကြ ရသလို နောက်ချေးချမည့်သူက နောက်ချေးပုံကြ၊ ပျိုးကြဲမည့် မျိုးပဲ ရွေးသူက ရွေးကြနှင့် သစ်စေ့ကလေး မြေကျဖို့အရေး ခေါင်းမအေး နိုင်ကြပြီ။ သီတင်းကျွတ်အခါ မိုးကလေး ရွာပြီးလျှင်တော့ တစ်နှစ်တာအတွက် စိုက်ခင်းဝင်ဖို့ ပြင်ကြရ သည်။ အိမ်ကြီးဘေးမှာ အဖီကလေး ဆွယ်ထားသော ဇောင်း တဲကလေးထဲမှာ အမေပန်းရုံတို့နှင့်အတူ မအိမ်ကံပါ မျိုးပဲ ကူရွေးပေးနေခဲ့သည်။ မြေပဲစေ့ အဖျင်းအမှော်၊ ပိုးထိုးလောက် ကိုက်တွေ ရွေးပစ်ရခြင်း ဖြစ်၏။ အောင်ပေ့၊ ကြီးပေ့၊ လုံးဆံကြီးပေ့ ဆိုသည့် မြေပဲစေ့တွေကို တစ်စေ့ချင်း ရွေးထုတ် ရသည်။ မျိုးစေ့မှန်မှ ပင်သန်မည် ဆိုသမှုတ်လား။

6


“မအိမ်ကံရေ... မအိမ်ကံ” ခြံပေါက်ဝဆီက

မအိမ်ကံနာမည်ကို

တကြော်ကြော်

ခေါ်သံကြားလိုက်ရတော့

မအိမ်ကံပင်

အံ့သြသွားမိရသည်။

ခါတိုင်းဆိုလျှင် အိမ်ကို လာကြသူတွေက သူကြီးမင်း၊ သူကြီးကတော်လို့ပဲ အသံပြုတတ်ကြသည်။ ကိုဖိုးငွေနှင့် မလှအုံကို ခေါ်ချင်ခေါ်ကြမည်။ သည်တစ်ခါ မအိမ်ကံကို အမည်တပ်ကာ ခေါ်နေပါပကော။ မအိမ်ကံ လည်ကလေး ဆန့်ကာ ခြံဝကို မျှော်ကြည့်လိုက်တော့ ရွာ့အပျိုခေါင်း မခင်တုတ်က ၀ါးခြင်းကလေး လက်ဆွဲကာ အသံပြုရင်း ၀င်လာတာ တွေ့လိုက်ရသည်။ “အေ... ခင်တုတ် သည်ကိုလာခဲ့၊ တို့ သည်ဘက်မှာ ဟေ့” မလှအုံက ဇောင်းတဲထဲက ထွက်ကာ မခင်တုတ်ကို လှမ်း ခေါ်လိုက်သည်။ မခင်တုတ်က ရွာ့အပျိုခေါင်း၊ အပျိုကြီး ဆို သော်လည်း အသက်လေးဆယ် လောက်တော့ ရှိပြီ။ အပျိုကြီး ကလည်း ဖြစ်ပြန်၊ ကျယ်ကြီး ကျယ်လောင်ကလည်း ရှိပြန်ဆို တော့ အလိုလို ရွာ့အပျိုခေါင်း ဖြစ်ရဟန်တူပါ၏။ ရွာ့အပျို ခေါင်းက ရွာမှာ သာရေးနာရေး အကြောင်းကိစ္စရှိလျှင် အပျို စာရင်းပေါက်သူတွေကို ဦး ဆောင်ကာ တာဝန်ခွဲဝေပေးရ သည်။ အပျိုတွေကို ဆော်သြ ရသည်။ ဦးစီးပဲ့ကိုင် ပိုင်နိုင် ကျွမ်းကျင်ရသည်။ မှဲ့တစ် ပေါက် မစွန်းရလေအောင် အပျို ထိန်းတတ်ရသည်။ သြဇာရှိရ သည်။ ထ<က၀ီရိယ ရှိရသည်။ အပျိုတွေကလည်း သူ့စကား ကို ပယ်ရှားဝံ့ကြတာ မဟုတ်။ “ရွာပတ်လာရသာ သူကြီး ကတော်ရေ... မောချက်တော်” “အင်း... ရွာရေးရပ်ရေး ဆောင်ရသာ ကုသိုလ်လည်း ရပါရဲ့။ ခင်တုတ်ကယ်... လက်ဖက်ကလေးတစ်ရိုး ၀ါးစမ်း ပါဦး။ ဒါနဲ့ အလှူက ဘယ့်နှယ်ကြောင့် တန်ဆောင်မုန်း ရွှေ့ လိုက်ရသာသဲ့တုန်း” သူကြီးကတော် ဒေါ်ပန်းရုံက လက်ဖက်အစ်ကလေး ထိုးပေးရင်းက မေးသည်။ ရွာမှာ အလှူရှိမှန်းတော့ မအိမ်ကံ လည်း သိပါ၏။ ရွာ့အရှေ့ပိုင်းမှာနေသည့် ကြီးတော်ဆံကြော် ၏မြေး ဖိုးပေါက်ကို သင်္ကန်းဆီးပေးဖို့ ရွာကို တိုင်ပင်တုန်း ကတော့ တပေါင်းလထဲလုပ်ဖို့ ရက်သတ်ခဲ့ကြသည်။ ရွာတွေ မှာက စိုက်ခင်း သစ်ခင်း သိမ်းပြီးချိန် တပေါင်း၊ တန်ခူးလ တွေမှာ အလှူပွဲ ကျင်းပတတ်ကြမြဲ ဖြစ်သည်။ အလှူ့ရှင် လည်း အား၊ အလှူကူကြသူတွေလည်း အားမည့်အချိန်ကို ရွေးကြခြင်း ဖြစ်သည်။ သို့သော် ရွာကို တိုင်ပင်ပြီးကာမှ တန်ဆောင်မုန်းလထဲ ရက်ရွှေ့လိုက်ပြီ ဆိုတော့ ရက်လိုပါသေး တယ် ဆိုသူတွလည်း ခါးတောင်းထကျိုက်ကြရတော့သည်။ “သည်လို သည်လို သူကြီးကတော်ရေ... ကိုမဲတူတို့ မိသန်းတို့ သဘောကတော့ သူ့သား ငပေါက်ကို သည်တစ်မိုး ရုန်းလိုက်စေချင်သေးသာပေါ့။ ဒါပေသိလို့ ကြီးတော်ဆံကြော် ခမျာ နဲ့တဲ့တဲ့ မဟုတ်လား။ တော်ကြာ မြေးဦးကလေး သင်္ကန်း ၀တ်နဲ့ မြင်မသွားရရင် ခမျာ ဘ၀ကူးကောင်းရှာမှာ မဟုတ် ဘူး။ သွားလေသူ ဘကြီးမှတ်မလဲ တစ်သက်လုံး ရှာဖွေသွား သမျှ သမီးမိန်းကလေးချည်း မွေးခဲ့သာဆိုတော့ သားရဟန်း မဖူးဖူးလိုက်ရှာဘူးလေ။ သူတို့ ရှာဖွေထားသမျှ ဥစ္စာ သည်အလှူမှ မဦးလိုက်ရင် မဖြစ်ချေဘူးဆိုပြီး မိသန်းက ဆရာတော် သွားလျှောက်ရသာကော။ သဟာနဲ့ ဆရာတော်က ရက်ပြင်ရွေးပေးလိုက်ရသာပဲ တော်ရေ့။ ပေးစမ်းဟဲ့ လှအုံ ရေတစ်ခွက်” မခင်တုတ်က စကားတွေ တရစပ်ပြောပြီး မောပန်းသွား ပုံ ရ၏။ မလှအုံ ကမ်းပေးသော ရေမှုတ်ကို ယူကာ အထက် တစ်ဝက် အောက်တစ်ဝက် သောက်ချလိုက်သည်။ လက်ဖက် ကလေးတစ်ရိုး လျှာပေါ်တင်ရင်းက ဒေါ်ပန်းရုံ ဖွာလက်စ ပြောင်းဖူးဖက်လိပ်ကို ကောက်ဖွာပြန်လေ၏။ “အေးလေ... သည်လို ကြည့်ပြန်တော့လည်း ဟုတ်ရှာ သာပေါ့။ ဘာပဲဖြစ်ဖြစ်အေ ရွာမှာ အလှူရှိသာ ၀မ်းသာရသေး သဟဲ့။ ခေတ်ကာလကြီးကလည်း ကျပ်တီးနေတော့ အလှူဖြစ် ဖို့တောင် မလွယ်ပါဘူးအေ”

7


အမေပန်းရုံပြောမှ မအိမ်ကံ သတိထားမိသည်။ ရွာမှာ အလှူပွဲမရှိတာ ကြာပါပကော။ ဒေါ်ပန်းရုံနှင့် မခင်တုတ် တို့ကတော့ ရွာ့အကြောင်း ရပ်အကြောင်းတွေ စကားဖောင်ကြ သည်။ ပဲအကြောင်း၊ နှမ်းအကြောင်း၊ ထန်းအကြောင်းမှသည် တိုင်းသတင်း၊ ပြည်သတင်းတွေအထိ စကားရောက်သွားကြ သည်။ အပျိုခေါင်းပီပီ အိမ်ပေါက်စေ့ ရောက်နေတတ်သော မခင်တုတ်ထံမှ သတင်းကလည်း စုံလှပါ၏။ “ပြောရဦးမယ် သူကြီးကတော်ရေ။ တလောက ဆူးလေ ကုန်းရွာမှာ ဓားပြတိုက်သွားသာ ကြားလိုက်ကဲ့လား။ အဲသာ အလှူအိမ်ကို ၀င်တိုက်သာတဲ့တော်။ သည်လိုပဲ သူတို့က တပေါင်းလ လှူမယ်ဆိုတော့ ရှိသမျှပိုက်ဆံ အထုပ်လိုက် တိုက်သွားသာတဲ့။ မပေးလို့ကလည်း မဖြစ်ဘူးသဲ့တော်။ ဓားပြ က အလှူ့ရှင်ကို လည်ပင်း ဓားနဲ့လှီးသွားသဲ့အပြင် မိန်းမကို လည်း ဆန်ကောအပေါက်ဖောက်ပြီး ခေါင်းစွပ်လှည့် သာ လည်ပင်း သွေးစိမ်းရှင်ရှင် ထွက်သတဲ့တော်။ ကြားရတာနဲ့ တင် ကြောက်စရာ။ ပြောသာပြောရသာ၊ ကျုပ်တို့ ရွာသူကြီး မင်း ကျေးဇူးတင်ရပါသော်ကော။ သူကြီးမင်း နှစ်လုံး ပြူး အရှိန်က ကြီးသကိုး။ ၀ရဇိန်လက်နက်လောက် အားကိုး ရသာ” မခင်တုတ်စကားကို ကြားတော့ ဒေါ်ပန်းရုံ သက်ပြင်း ကလေး အသာချရသည်။ အိမ်က ကိုရွှေသူကြီးမင်း ကြားလျှင် သွေးကြွရှာရော့မည်။ ခေတ်အခါ မကောင်းရသည့်အထဲ သည်နှစ်လုံးပြူးကြီး တပြပြနှင့် ရွာစဉ်လှည့်နေတာကို ဒေါ်ပန်းရုံ မကြိုက်လှပါ။ တကယ်အရေးရယ် အကြောင်းရယ် ဖန်လာလို့ ပစ်ရခတ်ရတာ ကိစ္စမရှိ။ တော်ရုံကိစ္စကို သေနတ် ကြီးတကားကား လုပ်နေလျှင် ကျော်မကောင်း ကြားမကောင်း တွေ ဖြစ်ဖို့သာ ရှိသည်။ သည်ကြားထဲ မြို့က ကောက်ခံခိုင်း သော အခွန်အတုတ်တွေ ဆက်ရတာကလည်း တစ်ဒုက္ခ။ တော သူတောင်သားများ ၀တ်ဖို့ထင်ထား၊ စားဖို့တောင် ကျပ်လာ ကြပြီ မဟုတ်လား။ အခွန်အတုတ်တွေ မပြည့်လို့ အိမ်က ငွေစိုက်ရတာကလည်း နှစ်စဉ် မလွတ်ချင်။ လင်တော် မောင် သူကြီးက အပူရေစာ မစားတာလည်း သိပါ၏။ အထက်ကို မျက်နှာလိုအားရ တာဝန်ကျေချင်တာလည်း မှန်ပါ၏။ သို့ သော် လူဆိုတာ မပြောနိုင်။ ချစ်သူရှိသလို မုန်းသူကလည်း ရှိနိုင်သည်။ “သာနဲ့ နေစမ်းပါဦး ခင်တုတ်ကယ်... ကွမ်းတောင်ကိုင် မိဂွမ်းဖြူက လင်ယူတော့မှာဆို” “ဒန်သေပေါ့အေ။ မြောက်ရပ်က ဦးကြီးသာဒွန်းရဲ့သား သာမောင်နဲ့ဟာကော။ လူကြီးချင်းတောင် နားဖောက်ပြီးကြ ပေါ့။ လှအုံ ညည်း ဘယ်အိပ်ပျော်နေသာတုန်း” “ကျုပ်မေးချင်သာ အဲသာမဟုတ်ပါဘူးတော်။ မိဂွမ်းဖြူ လင်ယူတော့မယ်ဆိုတော့ ရွာက ကွမ်းတောင်ကိုင် အသစ် ရွေးရတော့မှာ မှုတ်လားအေ့။ ညည်းတို့ ဘယ်သူများ လျာထား ကြသတုန်းလို့” မလှအုံက ခေါင်းထဲပေါ်လာတာ လွှတ်ခနဲ မေးလိုက် ခြင်း ဆိုသော်လည်း ဒေါ်ပန်းရုံပင် ဆတ်ခနဲ တုန်သွားခဲ့သည်။ မအိမ်ကံကတော့ ကြက်သီးကလေးများပင် ဖြန်းသွားခဲ့ရသည်။မျက်လုံးကလေးတွေ ကျယ်သွားရသည်။ ကွမ်းတောင်ကိုင် အသစ်ရွေးတော့မယ် ဆိုပါလား။ ဒါကလည်း ရွာရပ်ထုံးစံ ဖြစ်သည်။ ကွမ်းတောင်ကိုင်မည့် အပျိုချောတစ်ယောက်ဟာ ယောက်ျားတစ်ယောက်နှင့် စပ်ဟပ်ထားပြီဆိုတာ မပြောနှင့်၊ ရည်းစားသနာတောင် ကင်းရမည် ဆိုသည်မဟုတ်လား။ “အခု သည်အလှူ စကြည့်ရမှာပဲအေ။ ရွာကတော့ စိမ်းမြနဲ့ ခင်အိကို လူပြောများနေကြသာပဲ။ သည်နှစ်ယောက် ဘယ်သူ့သဘောရသတုန်း သူကြီးကတော်ရဲ့” “ကျုပ်တော့ မမှန်းတတ်ပါဘူးတော်။ အများကြိုက် သလိုပေါ့” အပျိုခေါင်း မခင်တုတ်က ရွာလည်ရင်း ရပ်ရွာသဘော တီးခေါက်ကြည့်ခြင်း ဖြစ်သည်။ ကွမ်းတောင်ကိုင် ဖြစ်ထိုက် သူ မိန်းကလေးနှစ်ဦး (သို့မဟုတ်) သုံးဦးလောက် ဖြစ်နေ လျှင် အများသဘောကြိုက်ရာ မိန်းကလေးကို ကွမ်းတောင် ကိုင် တင်မြှောက်ရမြဲ ဖြစ်သည်။ အလှူပွဲ ရောက်ကာမှ သည်မိန်းကလေးလက်ထဲ ]ရော့ အင့်} နှင့် ဖက်စိမ်းကွမ်း

8


တောင် ထည့်ပေးလိုက်ရတာမျိုး မဟုတ်။ ရပ်ရွာအသံဗလံ ကို တစိမ့်စိမ့် နားထောင်ရင်း ဖြစ်ထိုက်ဖြစ်သင့်သူကို အများ သဘောညီနိုင်သမျှ ညီအောင် ရွေးကြရသည်။ ရွာ့ဓလေ့၊ ရွာ့ထုံးစံ၊ ရွာ့အယူနှင့် စင်းလုံးချော ကိုက်ညီပါမှ ကွမ်းတောင် ကိုင်ဖြစ်ကြရသည်။ “ကျုပ်အမြင် ပြောရရင်တော့ ရုပ်ရည်သနရုပ္ပ ရှိသာချင်း အတူတူ စိမ်းမြက အနေအထိုင် သိုသိပ်သယ်တော့။ ခင်အိ က နည်းနည်းလှုပ်ချင်သယ်” “ကွမ်းတောင်ကိုင်မည့် မိန်းကလေးတွေကို သည်လို စကားခင်းကြရင်း ရွေးကြရတာပါလား။ တစ်ယောက်က သိုသိပ်သတဲ့။ တစ်ယောက်က လှုပ်ချင်သတဲ့။ လူတွေက သည်အထိ လိုက်ကြည့်နေကြတာပါလား။ ရုပ်ရည်ရော အနေအထိုင်ပါ ပြည့်စုံမှ ဖြစ်ရတာမျိုး ထင်ပါရဲ့” မအိမ်ကံက သည်စကားတွေကို စိတ်မ၀င်စားသလိုလို ပဲစေ့ကလေးတွေ တစ်စေ့စီ ရွေးနေရင်းက တွေးနေခြင်း ဖြစ် သည်။ အရွယ်ကလေး လားလားမြောက်လျှင် သူ့ကိုလည်း ရွာရပ်က သည်လိုအကဲခတ်တာမျိုး၊ ဝေဖန်တာမျိုးတွေ ရှိလာ လိမ့်မည်။ သည်အချိန်မှာ မအိမ်ကံသည်လည်း အများစံထား လောက်သည့် ကျောက်ကောင်းတစ်ပွင့်လို တန်ဖိုးရှိအောင် နေထိုင်ရတော့မည်။ မိန်းကလေးတစ်ယောက်အဖို့ အချော အလှထက် ဣနြေ္ဒသိက္ခာနှင့် ကိုယ်ကျင့်တရား ကောင်းဖို့ လိုသည်ဆိုတာလောက်တော့ မအိမ်ကံ အကဲဖမ်းလိုက်နိုင်ခဲ့ပြီ။ “ကိုင်း... ကိုင်း ကျုပ်လည်း တစ်အိမ် ဖင်တစ်ထိုင် တစ်ထိုင်နဲ့ အပျိုအိမ် မနှံ့သေးဘူး တော်ရေ။ သည်မှာ လာရင်း ကိစ္စက မအိမ်ကံကို အပျိုဖိတ် ဖိတ်သာ။ အတော်ပဲ လက်စနဲ့ ကျေးဥလည်း အပျိုဖိတ်ယူထားလိုက်တော့။ သွားရော မနှော” မအိမ်ကံက လက်ထဲကို ရောက်လာသော ပ၀ါကလေး ကို တအံ့တသြ ကြည့်နေခဲ့မိသေးသည်။ အပျိုဘ၀ဖြင့် ပထမ ဆုံး အဖိတ်ခံရသည့် ပ၀ါကလေးပါလား။ ရင်များပင် ခုန် လာခဲ့သည်။ အမေ့ကိုလည်း ရှက်စနိုး လှမ်းကြည့်မိသည်။ ဇောင်ချမ်းကုန်းရွာမှာ သည်ဓလေ့ ရှိသည်။ အပျိုတွေကို ပ၀ါ၊ ပန်းခိုင်၊ ရင်ထိုး၊ သနပ်ခါးအစ် စသည်ဖြင့် ကမ်းပြီး ဖိတ်ကြရသည်။ ကာလသားတွေကိုတော့ မြင်းခြံမြို့မှ သနပ် ဖက်ဆေးလိပ်၊ ပိုလို၊ ခေါင်းလိမ်းဆီဘူး၊ ပ၀ါ စသည်ဖြင့် တတ်နိုင်သူက တတ်နိုင်သလို တစ်စုံတစ်ရာ ကမ်းရင်း ဖိတ် ကြားရသည်။ လူကြီးသူမတွေကိုတော့ ဖက်ရွက်ကို ကတော့ ထိုး လက်ဖက်သားထည့်၍ တည်းစပ်ဖြင့် တည်းကာ လက် ဖက်ထုပ်ကမ်း၍ ဧည့်ခံဖိတ်ကြရသည်။ ကာလသားနှင့် အပျို တွေကိုတော့ ရွာရှိလူကုန် ဖိတ်ကြားကြသော်လည်း လူကြီး ဖိတ်ကိုတော့ သတ်သတ်မှတ်မှတ် ရွေးဖိတ်ကြပါသည်။ အလှူက တန်ဆောင်မုန်းလထဲ ဆိုသော်လည်း အပျိုဖိတ် ဖိတ်ခြင်းခံရပြီ ဆိုသည်နှင့် အလှူအိမ်ကို မရောက်မဖြစ် ရောက်ကြရတော့သည်။ ကူစရာရှိတာ ကူလုပ်ပေးကြရသည်။ နေ့ခင်းနေ့လယ် အားလပ်ချိန်ကလေးတွင် အလှူအိမ်ပြေး၍ ကြက်သွန်လှီးရ၊ ဆန်ရွေးရ၊ ရေခပ်ရနှင့် မအိမ်ကံရော ကျေး ဥပါ မအားကြရတော့ပြီ။ ဒေါ် ပန်းရုံကတော့ သမီးကလေး အိမ်မှာ တငုတ်တုတ်တုတ် ထိုင်နေရတာနှင့်စာလျှင် အခုလို ရပ်ထဲရွာထဲ သွားဖော်လာဖော် ရတာကိုပဲ ၀မ်းသာရသည်။ နီးရာစပ်ရာ စုကြရင်း အပျိုတွေ တစ်သိုက်ကြီး သွားကြ လာကြ ရသည်ဖြစ်၍ ဒေါ်ပန်းရုံ လိုက် ထိန်းစရာ မလိုတော့။ ကိုယ့် ရပ်ကိုယ့်ရွာ စိတ်မချစရာလည်း မရှိ။ ဘယ်တုန်းကမှလည်း မကြားဝံ့မနာသာ မရှိခဲ့။ မအိမ်ကံကလည်း အပျို ကလေး ဖြန်းလာသကောရယ် လို့ ပပလွှားလွှားနိုင်သူကလေး မဟုတ်။ ကလေးဘ၀ကတည်း က အနေတည်ခဲ့သူကလေး ဖြစ် သည်။ သူကြီးသမီးရယ်လို့ ရွာ ပေါ်ရပ်ပေါ် ထောင်လွှားတာမျိုး လည်း မရှိ။ မအိမ်ကံမှာ စာနာ တတ်သော နှလုံးသား ရှိသည်။ ဆင်းတောင့်ဆင်းရဲ တောသူ တောင်သားများဘ၀ကို ကိုယ်ချင်းစာတတ်သည်။ မိဂုဏ် ဖဂုဏ်၊ ဆွေဂုဏ်မျိုးဂုဏ်ကြီးသူဆိုသော်လည်း အခုလို ရပ် ရေးရွာရေးထဲ ပါခွင့်ရပြန်တော့ သူတကာ စားပြီး ပစ်ထား ခဲ့သည့် အလှူအိမ်က ထမင်းပန်းကန်ကိုပင် ဆေးနိုင်ခဲ့သူ ဖြစ်ပါ၏။ x

9


“ဖက်စိမ်းကွမ်းတောင် ချိုးတဲ့အခါ ငှက်ပျောဖက် ရွေး တတ်ဖို့၊ အကိုင်နူးညံ့ဖို့ အရေးကြီးသယ်အေ့။ ငှက်ပျောလက် ကို အပင်က ခုတ်ပြီး ဆုတ်ယူကတည်းက အနာအကွဲမရှိ ရအောင် သပ်သပ်ရပ်ရပ် ဆုတ်ယူတတ်ရသယ်။ ပြီးတော့ တည်းစပ်ချောင်းကလေးတွေကိုလည်း တစ်ဖက်စွေပြီး ချွန် ထားရသယ်။ ဒါမှ ကွမ်းတောင်ချိုးတဲ့အခါ ကိုယ့်စိတ်ကြိုက် ကိုင်နိုင်မှာပေါ့အေ” အလှူမဏ္ဍပ်ထဲကို မအိမ်ကံ ဖိနပ်ကလေးချွတ်ပြီး ၀င် လာတော့ ရှိသမျှ လူတွေက လုပ်လက်စ ရပ်ထားကြကာ ငေး ကြည့်နေကြသည်။ သည်ပွဲက မအိမ်ကံအဖို့ ပထမဆုံး အပျို ဖိတ်ဝင်ရသည့် ပွဲကလည်း ဖြစ်ပြန်၊ ချက်ချင်းကြီး အပျိုဖျန်းကလေး ဖြစ်လာခြင်းနှင့်အတူ

ဝင်းဝင်းစက်စက်

လှသူကလေးကလည်း

ဖြစ်ပြန်ဆိုတော့

မအိမ်ကံသည်ပင်

အထူးအဆန်းလို

ဖြစ်နေတော့သည်။ ကျောက်ဖြူနားကပ် ကလေး တဖျတ်ဖျတ်နှင့် လှလွန်းနေသည် မဟုတ်လား။ အလှူမဏ္ဍပ်ထဲကို ညနေစောင်းကတည်းက အပျိုတွေ ရောက်နှင့်နေကြရသည်။ မနက်ဖြန် အလှူရှင်လောင်း လှည့် မှာဆိုတော့ သည်ကနေ့ညမှာ မဏ္ဍပ်ထဲတွင် မိန်းမကြီးပိုင်းမှ ဦးဆောင်ကာ ဖက်စိမ်းကွမ်းတောင် ချိုးကြရပြီ။ ဇောင်ချမ်း ကုန်းရွာမှာ ဖက်စိမ်းကွမ်းတောင် ချိုးတတ်သည့်သူ တစ်ခေတ် တစ်ယောက်တော့ ရှိစမြဲ။ ရှေးအစဉ်အဆက် မိကြီးဒွေးကြီး များက လက်ဆင့်ကမ်းခဲ့သော လက်မှုပညာဆိုတော့ တိမ် ကောသည် မရှိခဲ့။ ကွမ်းတောင်ချိုး ဖိတ်ပြီဆိုကတည်းက အလှူ့ရှင်က ကန်တော့ပွဲရှက်ကာ ပွဲအပ်ဖိတ်ရခြင်း ဖြစ်သည်။ အလှူ့ရှင်က ကျွန်တော် ကျွန်မတို့က မင်္ဂလာဖက်စိမ်းကွမ်း တောင်ချိုးပေးဖို့ ပွဲလာအပ်ကြပါတယ်။ ဘယ်နေ့ဘယ်ရက် ကြွပါလို့ နှုတ်ကလည်း ဖိတ်ရသည်။ မဏ္ဍပ်အလယ်မှာ

ခင်းထားသော

ဖျာကြမ်းတွေပေါ်မှာ

တစ်ရွာလုံးက

အပျိုတွေ

စုထိုင်ကာ

ကွမ်းတောင်ချိုးတာကို

ငေးကြည့်နေကြသည်။ ထမင်းစား စားပွဲဝိုင်းကြီး ရေစင်စင် ဆေးပြီး ချခင်းထားသည်။ အပေါ်က ပိတ်ဖြူသန့်သန့် ခင်းရ သည်။ ဆန်ပန်းပေါက်ပေါက် ကြဲထားရသည်။ သစ်သား ကလပ်ပြောင်ကြီးပေါ်မှာ ဖက်စိမ်းကွမ်းတောင်အုပ်ကလေး ဖြစ်အောင် ဘယ်လိုလုပ်မှာပါလိမ့် ဆိုတာကို မအိမ်ကံ စိတ် ၀င်စားနေမိပါ၏။ ကွမ်းတောင်ချိုးမည့် မမကြည်သန်းက ငှက်ပျောဖက် အစိမ်းလက်နှင့် အ၀ါလက်များကို ခုံပေါ်ချကာ စိတ်ရှည်လက်ရှည် ပြသနေခြင်း ဖြစ်သည်။ မမကြည်သန်း ကို ကူညီမည့် အမျိုးသမီးတွေကလည်း လေးငါးယောက် လောက် ရှိနေသည်။ “ကလပ်ရဲ့အလယ်က ပန်းလည်တိုင်ကို မြဲမြဲကြီး ခိုင် အောင် စိုက်ရသယ်။ ပြီးမှ ဖက်စိမ်းကို ဖူးနေအောင် ချိုးရသာ” မမကြည်သန်းက ဖက်စိမ်းကတော့ဖူး ထိုးနေချိန်မှာ ကျန်မိန်းမသူတွေက ကလပ်ကြာ၊ ကွေးထောက်ကုံး၊ စိန် တောင်၊ ကြာဖူး၊ ကြာဖတ်၊ ကြက်တူရွေးရုပ်ကလေးတွေ ထိုးနှင့်ကြရသည်။ အစိမ်းတစ်လှည့်၊ အ၀ါတစ်လှည့် တည်း စပ်ဖြင့် တည်းကာ ကွက်ပြောက်ထိုးယူသွားတာ လွယ် မယောင်နှင့် လက်ဝင်လှပါ၏။ ကလပ်အောက်ခြေမှာ ကလပ် ကြာကို ၀ိုင်းပတ်ကာ စိန်တောင်၊ ကြာဖူးများကို တစ်ဆင့်စီ တင်သည်။ ဖက်စိမ်းကတော့ဖူးကလေး ပတ်လည်မှာ ကြာဖူး၊ ကြာဖတ်ကလေးတွေ ကပ်လိုက်တော့

ဖက်စိမ်း

ကွမ်းတောင်

ရုပ်လုံးပေါ်လာပြီ။

ပန်းလည်တိုင်ထိပ်မှာ

ကြက်

တူရွေးရုပ်ကလေးက

အမြီးကလေးကော့ကော့။ အောက်မှာ ထီးနှင့်ကြာဖတ်။ ကွမ်းရွက်များကို လိပ်၍ ကတော့တွင် ထောင်ထည့်သည်။ “ဟောသည် ရောင်စုံချည်မျှင်ကလေးတွေကို ပန်း လည် တိုင်ကနေ ကလပ်အခြေထိ ဆိုင်းချည်တာက ကွမ်းတောင် လည်း ခိုင်သယ်၊ အမြင်လည်း လှသယ်။ ကွမ်းတောင်ချိုးတဲ့ သူဆိုတာ မျက်စိရေးတတ်ရသယ်” ပုံပေါ်သွားပြီ

ဖြစ်သော

ဖက်စိမ်းကွမ်းတောင်ကလေး

က

စိမ်းစိုဖူးညွန့်လို့

နေသည်။

စောစောတုန်းက

သစ်သား

ပြောင်ကလပ်ကြီးသည်ပင် မထိရက် မတို့ရက်စရာ ဖက်စိမ်း ကွမ်းတောင် ဖြစ်သွားရတာကို မအိမ်ကံ မလှုပ်မယှက် စိုက် ကြည့်နေသည်။ “ပြီးရင် ပန်းကုံးကလေးတွေ ဆွဲချင်လည်း ဆွဲပေါ့။ ခါတိုင်း အလှူတွေက တပေါင်း၊ တန်ခူးဆိုတော့ စံပယ်ကုံး ကလေးတွေ

10


တွဲလွဲဆွဲရသာကိုးအေ့။ အခုဟာက တန်ဆောင် မုန်းလကြီးဆိုတော့ စံပယ် မပေါ်သေးတော့ စိန်သဇင်ပန်း ကလေးတွေ တစ်ခက်စီ ထိုးရုံရှိမှာပေါ့” ဖက်စိမ်းကွမ်းတောင်ကလေးကို မမကြည်သန်းက မ ကာ ဟိုဘက်သည်ဘက်လှည့်၍ ခေါင်းငဲ့ကြည့်ပြီး အပြန်ပြန် အလှန် လှန် စစ်ဆေးသည်။ သဘောမကျတာ တွေ့တော့ ပြင်ပြန်လေ ၏။ စိတ်တိုင်းကျပြီဆိုတော့မှ လက်လွှတ်သည်။ ချိုးပြီးသွား သော ဖက်စိမ်းကွမ်းတောင်ကလေးကို မ ယူကာ အလှူ မဏ္ဍပ်ထိပ် သံဃာစင်ရှေ့က ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ပန်းတောင်တွေထားရာ ခုံရှည်ကြီးပေါ် သွားတင်လိုက်သည်။ အလှူတိုင်းမှာ မြင်နေကျ ဆိုသော်လည်း ကြည့်၍ မ၀ချင်ကြ။ “ကွမ်းတောင် ချိုးပြီးသွားပဟဲ့။ လှလိုက်သဲ့ ကွမ်းတောင် ကလေးတော်၊ ကျက်သရေ ရှိချက်တော်” လူတွေက ၀ိုင်းအုံကြည့်ကာ ချီးမွမ်းကြတော့ မမကြည် သန်းက သူ့ကွမ်းတောင်ကလေးကို ပြုံးကြည့်နေလိုက်သေး၏။ တိုးဝှေ့ကြည့်နေကြသော လူတွေကြားထဲမှာ မအိမ်ကံက ရှေ့ ဆုံးကို ရောက်အောင် တိုးကြည့်သည်။ သဘာဝ ငှက်ပျော ဖက်စိမ်းကွမ်းတောင် ရောက်လာတော့ ရွှေကွမ်းတောင်၊ ငွေ ကွမ်းတောင်များပင် အရောင်မှေးမှိန်သွားသည် ထင်ရ၏။ အပျိုတိုင်းက ကိုင်ချင်ကြလွန်း၍ အိပ်မက် မက်ရသည့် ဖက် စိမ်းကွမ်းတောင်ပါလား။ ဖက်စိမ်းကွမ်းတောင် ကိုင်ရပြီ ဆိုမှ ရွာ့ကွမ်းတောင်ကိုင်အစစ်။ ရွာ့ကျက်သရေဆောင်၊ ရွာ့ဂုဏ် ဆောင် မိန်းမချောစာရင်းပေါက်သူအတွက် မင်္ဂလာနိမိတ်ပုံ။ မအိမ်ကံကတော့ အရွယ်တိုင်လို့မှ ဖက်စိမ်းကွမ်းတောင် မကိုင်ရလျှင် ဘယ်ကွမ်းတောင်မှ မကိုင်ဟု စိတ်ထဲ တေးထား လိုက်မိသည်။ “ဟဲ့...စိမ်းမြ

သည်မယ်ကြည့်၊

ကွမ်းတောင်ဆိုသာ

ပွေ့တတ်မှ

လှသာရယ်။

ဖက်စိမ်းကွမ်းတောင်ကို

ပွေ့ရင်

ဟောသည်ကလပ်ခုံကို သိမ်းပြီး ပွေ့ရသယ်။ ညောင်းရင် ခါးဆစ်ပေါ် မှေးတင်ပြီး ပွေ့။ ရွက်ချင်လည်း ရွက်၊ ဖက်ဖူး ညွန့်ကို မယိုင်မညွှတ်စေနဲ့။ လွတ်မကျစေနဲ့။ ဟိုတင်သည်တင် မတင်နဲ့။ ဘယ်သူ့မှ ခဏကိုင်ထားပါ မလွှဲနဲ့” ရွာက ရွေးချယ်လိုက်သော ကွမ်းတောင်ကိုင်အသစ် စိမ်းမြက ရှေ့သို့ တိုးလာသည်။ ရွာလက်ရက်ထည် ချည်ချော လုံချည်ကလေးနှင့်ပင် ၀ါချည်အင်္ကျီလက်စကကလေး ၀တ် ထားတာပေမယ့် စိမ်းမြက ဥဒေါင်းငှက်ကလေးတစ်ကောင် လို လှပကြော့ရှင်းလို့ နေသည်။ သနပ်ခါးပါးကွက်ကလေး ရေးရေးခြယ်ကာ ဇီဇ၀ါပွင့်ကလေးကို ဆံထုံးအခြေမှာ ကပ် ပန်ထားသည်။ နားရွက်နောက်က ဆံတောက်ကွေးကလေး က နားသယ်အထိ ကော့ပျံနေလေ၏။ မျက်လုံးမျက်ဖန် နက် နက်ကြည်ကြည်ကလေးနှင့် နှုတ်ခမ်းပါးကလေးကို စေ့စေ့ လေး ပြုံးထားရင်းက ဖက်စိမ်းကွမ်းတောင် ကလပ်ကို မ ယူလိုက်သည်။ ကွမ်းတောင်လည်ရစ်ကလေးလို သွယ်ပျောင်း သော လက်အစုံဖြင့် သိမ်းပွေ့ကာ ခြေတစ်လှမ်း နှစ်လှမ်း လျှောက်ကြည့်သည်။ မဏ္ဍပ်ထဲက လူအုပ်က စိမ်းမြကို ငေးကြလို့။ မအိမ်ကံတို့အရွယ် အပျိုဖျန်းကလေးတွေကတော့ အားကျစိတ်ဖြင့် မျက်ရည်များပင် ၀ဲနေကြလေသည်။ စိမ်းမြ က ကွမ်းတောင်ကလပ်ကလေးကို ခုံပေါ် ပြန်တင်လိုက်တော့ မအိမ်ကံ ရှေ့ကို ယောင်ယောင်ရမ်းရမ်း တိုးသွားလိုက်မိပါ၏။ “သြော်... မအိမ်ကံ ကိုင်ကြည့်ချင်လို့လား။ အခုက ကိုင်လို့ရပါသယ်။ လာလေ ရှေ့တိုးခဲ့” မမကြည်သန်းက ကွမ်းတောင်ကို နေသားတကျ ပြင် တင်ရင်းက မျက်လုံးကလေးတွေ လည်နေသည့် မအိမ်ကံကို တွေ့သွားသည်။ မအိမ်ကံ ဟန်ပင်မဆောင်နိုင်ပါ။ ကွမ်း တောင်တင်သည့် စင်အနား တိုးကပ်လိုက်သည်။ လက်နှစ်ဖက် ကို ဆန့်ထုတ်ပြီး ပွေ့တော့မည့်ဟန် အပြင်လိုက်မှာပင်... “မအိမ်ကံ... လာ လာ ညည်းအဖေ မေးနေသယ်” မအိမ်ကံ၏ လက်ကောက်ဝတ်ကလေးကို တစ်ယောက် ယောက်က လှမ်းဆုပ်လိုက်ခြင်း ခံလိုက်ရသည်။ မအိမ်ကံ

11


လှည့်ကြည့်လိုက်သည်။ “အို... အမေ၊ အမေ လိုက်လာသာလား” “အေး... ညည်းအဖေက ခေါ်ခိုင်းလိုက်လို့။ လာ သမီး” မအိမ်ကံက ဖက်စိမ်းကွမ်းတောင်ကို တစ်ချက် လှမ်း ကြည့်လိုက်သည်။ သက်ပြင်းကလေး မျှင်းမျှင်းချကာ အမေ ပန်းရုံနောက် လိုက်ခဲ့ရတော့သည်။ ၁၄။ မအိမ်ကံ၏အလှက ကြည်တော်ကုန်းသူ ကြည်တော်ကုန်းသားများမှတစ်ဆင့် ဝေးနီးရွာတွေအထိ တောမီးလောင်သလို ပြန့်နှံ့သွားခဲ့လေသည်။ ကြည်တော်ကုန်း နို့ဆွမ်းလောင်းလှူပွဲကို မောင်နှမနှစ်ယောက်ရောက်လာကြသည့် အကြောင်းမှစ၍ မအိမ်ကံက နှဲဆရာကြီးနှင့် မင်းသမီးကလေး အပါအ၀င် မောင်းဆိုင်းအဖွဲ့ကို ဆုငွေချခဲ့သည်ကအစ ရွာမှဆင်းရဲသူ ဆင်းရဲသားအချို့ကို တတ်စွမ်းသလောက် သဒ္ဒါကြည်ဖြူပေးကမ်းစွန့်ကြဲသွားခဲ့သည်အဆုံး မအိမ်ကံ၏ ရုပ်အဆင်းလှခြင်းနှင့် စိတ်အချင်းလှခြင်းတွေကို စကားရောက်တိုင်း ပြောဖြစ်နေကြသည်ဆို၏။ မအိမ်ကံတို့

မောင်နှမ

ကြည်တော်ကုန်းက

ပြန်ရောက်လာပြီး

သိပ်မကြာခင်မှာ

မကြီးမငယ်

ညီအစ်မနှစ်ယောက်

ဇောင်ချမ်းကုန်းကို ရောက်လာခဲ့ကြရာ သူတို့ရွာတစ်ကြောမှာ မအိမ်ကံ သတင်းမွှေးလှကြောင်း ပြောသွားခဲ့ကြခြင်း ဖြစ်၏။ “

ငါတို့ရွာတွေမယ်

ညည်းအကြောင်းပြောလို့

ပြောလိုက်ရသယ်ဟဲ့။

ငါတို့အမျိုးက

မဆုံးကြပေါင်အေ။

ဒေါင်းမျိုးဟဲ့လို့။

လှလိုက်သာ

ကြီးလေချောလေဟဲ့လို့။

ချောလိုက်သာနဲ့ ငါတို့မလဲ

နေသာပဲ။

ငါက

မအိမ်ကံအမျိုးဆိုတော့

ဂုဏ်ရှိပအေ” ဒွေးလေးခင်ငြိမ်းကလည်း အိမ်ရောက်သခိုက် သည်လိုစကားတွေ ပြောခဲ့သည်။ အမေပန်းရုံကတော့ မအေပီပီ သမီးချောကောင်းသတင်းကြောင့် ၀မ်းသာသော်လည်း စိတ်ဖြောင့်လက်ဖြောင့် ၀မ်းမသာနိုင်သလိုရှိခဲ့သည်။ မလှအုံက စကားဝင်ဖာရှာပါ၏။ “ချောမှာပေါ့အေ့ မအေချော၊ ဖအေချောကိုး” “သူကြီးမင်းတူလို့ကတော့ မချောလောက်ပါဘူး လှအုံရယ် မောင်မြတ်သာကြည့်ပါလား ဖအေ့ရုပ်တစ်ရုပ်တည်း” “ မောင်မြတ်သာလည်းချောသာပါပဲတော် ကျုပ်မောင်က သက်ကတို ကျောင်းသားဂုဏ်တောင်ပိုသေး။ မိန်းကလေးလိုတော့ မှုန်မနေဘူးပေါ့တော်” ကြည်တော်ကုန်းက ဆွေမျိုးတွေ ပြန်သွားကြသော်လည်း မအိမ်ကံတို့အိမ်မှာ ဆွေမျိုးပြတ်သည်မရှိ။ များသောအားဖြင့် အချေးအငှား အတောင်းအရမ်းလာကြသူတွေ များလှသည်။ ရွာတွေမှာ အနေဆင်းရဲ၊ အစားဆင်းရဲ ဖြစ်နေကြတာ မအိမ်ကံ နေ့တိုင်းကြားနေရသည်။ တချို့မိသားစုတွေဆိုလျှင် သုံးလွန်းတင်စားနေကြရသည်ဟုဆို၏။ နှံစားပြောင်း၊ ဆန်နှင့်ပဲ သုံးမျိုးရောကာ ချက်ထားသည့် ထမင်း ဖြစ်သည်။ ပြောင်းဆန်ချည်း ချက်စားကြသူတွေလည်း ရှိကြသည်။ ပြောင်းဆန် ထမင်းနီကျင်ကျင်က မာလွန်းလှသဖြင့် ပီလောဟင်းချိုနှင့် မျှောချရသည်။ တချို့ကတော့ ရွာခရိုးပေါက် အဝေရာညွန့်များကို ပြုတ်ကာတို့ကာ စားနေကြရသည်။ သည်နှစ် မအိမ် ကံတို့

ရွာတွေမှာ

ဝါလည်းမကောင်း၊

နှမ်းလည်းမသာ၊

စိုက်ပျိုးသမျှ

အဖတ်မတင်ကြတာတွေလည်း

ကြားနေရ၏။

မနှစ်တုန်းကထက် သည်နှစ်မိုးပို၍ ခေါင်သည် မဟုတ်လား။ တောသူ တောင်သား သားသမီးဆိုတော့ သည်ဝေဒနာတွေကို မအိမ်ကံ ခံစားစာနာတတ်ပါ၏။ “သူကြီးကတော်

နှယ်...

ဝါလုပ်သာလည်း

သူတို့အတွက်

ရေနွေးပွဲလာချသည်။

ဆရာလေးကိုတောက်ထိန်က

အမေပန်းရုံကို တိုက်ပုံထဲက စာတစ်စောင် ထုတ်ပေးသည်။ စာက တွန့်ကြေနေပြီ။ မနေ့ တနေ့ကပဲ စာရောက်လာကြောင်း၊ မိခင်နှင့်နှမလက်ထဲ ထည့်ဖို့ မှာလိုက်ကြောင်းတွေ ပြောပြသည်။ အမေပန်းရုံက စာကို မအိမ်ကံကို ကမ်းပေးပြီး ဖတ်စမ်းသမီး

12


ဟု ဆိုသည်။ မအိမ်ကံက စာခေါက်ကလေးကိုဖြေကာ ဖတ်ပြလိုက်သည်။ “ကျေးဇူးရှင် အဖေ၊ အမေနှင့်တကွ နှမကံကလေးတို့ ကျန်းမာချမ်းသာကြပါစေလို့ အဝေးက ကျွန်တော် မေတ္တာ ပို့သပါသည်။ အကြောင်းမှာ ပြီးခဲ့သည့် တန်ခူး၊ ကဆုန်ရက်များက ရွာကိုပြန်မလာနိုင်သည့်အတွက် အထူးစိတ်မကောင်း ဖြစ်ရပါသည်။ ကျွန်တော်လည်း လာမယ့် တစ်နှစ်ကျောင်းပြီးလျှင်တော့ ရွာကိုအပြီး ပြန်လာနိုင်တော့မည်။ ကျွန်တော်များ၏

မိတ်ဆွေကြီး

ကျောင်းဆရာ

သခင်တောက်ထိန်ကိုလည်း

အစွမ်းရှိသမျှ

ကူညီကြပါရန်နှင့်

အရေးအကြောင်းရှိပါက သူ့ကိုပင် ပြောဆိုတိုင်ပင်နိုင်ပါကြောင်း ရေးသားလိုက်ရပါသည်။ ကျွန်တော်လည်း မြင်းခြံမြို့ကို တစ်ခေါက်လာရောက်ရန် အကြောင်းပေါ်လျက် ရှိပါသည်။ မြင်းခြံမြို့တွင် တို့ဗမာအစည်းအရုံးညီလာခံကို ၀ါဆိုလဆန်း ၁၀ ရက်တွင် ကျင်းပရန်ရှိသည်အတွက် ဖြစ်ပါသည်။ မြင်းခြံ ကိစ္စပြီးလျှင် ရွာကိုလာကောင်းလာပါမည်။ အဖေ့ကိုတော့ နှုတ်မှအသိပေးပါရန် မေတ္တာရပ်ခံပါသည်။ သခင်မျိုးဟေ့ တို့ဗမာ သားမောင်မြတ်သာ” မအိမ်ကံက

စာရွက်ကလေးကိုခေါက်ရင်းက

ခါတိုင်းစာတွေလိုမဟုတ်ဘဲ

သခင်မျိုးဟေ့

သခင်တောက်ထိန်ပြောနေသည့် ရောက်လာခြင်းဖြစ်သည်။

စကားတွေကို

စာထဲမှာ

အစ်ကို

မောင်မြတ်သာကို

တို့ဗမာသံတွေ

သတိရနေမိသည်။

အစ်ကို့စာက

ထင်မိသည်။

ကျောင်းဆရာ

ညံနေသည်

ကြိုးစားပြီးနားထောင်နေရသည်။

မြင်းခြံတို့ဗမာအစည်းအရုံးညီလာခံက

စာက

ရက်အတော်ညောင်းမှ

လဆန်းဆယ်ရက်နေ့

ဆိုတော့

ကနေ့ပဲ

လဆန်းဆယ့်လေးရက်ရှိနေပြီ။ အစ်ကိုရွာ လာမည်ဆိုလျှင် ရောက်ဖို့တောင် ကောင်းနေပြီ မဟုတ်လား။ “ကျုပ်တို့လည်း ကိုယ့်သား ဘာတွေလုပ်လို့ လုပ်နေမှန်း မသိပါဘူး။ ဒါပေသိ သူလည်း အရွယ်ရောက်နေသဲ့ ပညာတတ် တစ်ယောက်ပေပဲလို့ ဖြေရပါသယ်။ သူ့ဖအေကတော့ ဒါတွေမကြိုက်ချင်ဘူး ဆရာလေးရဲ့။ နို့... နေပါဦး၊ တို့ဗမာ အစည်းအရုံးညီလာခံဆိုတာ ဘာလုပ်ကြသာတုန်း” “တို့ဗမာအစည်းအရုံးညီလာခံက မနှစ်က တပေါင်းလထဲ ရေနံချောင်းမှာ ကျင်းပခဲ့ပါသေးတယ်။ အခု ဒုတိယအကြိမ်က မြင်းခြံမှာ ကျင်းပတာပါ။ တို့ဗမာသခင်လူကြီးတွေလည်း ပါကြပါတယ်။ ရည်ရွယ်ချက်ကတော့ အင်္ဂလိပ်ဆန့်ကျင်ရေး နဲ့ လုံးဝလွတ်လပ်ရေး ရည်မှန်းချက်ပါပဲ။ ကိုယ့်တိုင်းပြည်မှာ ကျွန်တော်တို့လူမျိုးတွေသာ အရှင်သခင်ဖြစ်တယ်ဆိုတဲ့ ခံယူချက်နဲ့ အချင်းချင်း သခင်တပ်ခေါ်ကြတယ်။ တို့ဗမာအစည်းအရုံးဝင်သခင်တွေ အစည်းအဝေးလုပ်ကြတာပေါ့ သူကြီး ကတော်ရယ်” “တို့ဗမာအစည်းအရုံးမှာ မိန်းမတွေကော ပါသလား ဆရာလေး” မအိမ်ကံက စိတ်ဝင်တစားမေးလိုက်တော့ ဆရာလေး ကိုတောက်ထိန်က ပြုံးသည်။ မအိမ်ကံကိုလည်း တလေးတစား ကြည့်သည်။ “မိန်းမတွေလည်း ပါတာပေါ့ မအိမ်ကံ။ အမျိုးသမီးတွေ ကျတော့ သခင်မခေါ်တယ်။ သခင်မ မပန်းရုံ၊ သခင်မ မအိမ်ကံ အဲသလိုပေါ့” အမေပန်းရုံကော၊

မအိမ်ကံပါ

ပြုံးလိုက်ကြသည်။

သခင်မ

မအိမ်ကံ...။

သခင်မ

မအိမ်ကံ...။

ကိုယ့်တိုင်းပြည်မှာ

ကိုယ်သာအရှင်သခင်။ ဆရာလေး ကိုတောက်ထိန်၏ စကားသံက မအိမ်ကံနားထဲမှာ ပဲ့တင်ကြီးရိုက်လျက်ရှိသည်။

13


“မြင်းခြံညီလာခံမှာ သခင်လေးမောင်တို့၊ သခင်ညီတို့၊ သခင်ထွန်းအုပ်တို့၊ သခင်ဗဗတို့၊ သခင်အောင်ဆန်းတို့ အပါအ၀င် ကိုယ်စားလှယ်နှစ်ရာကျော်လောက် တက်ကြတာပါ။ အမှုဆောင်အဖွဲ့ ဆယ့်တစ်ယောက် ရွေးကြတယ်။ ကျွန်တော် တော့ မရောက်ပါဘူး။ သခင်ကြည် သွားတက်လို့ သိရတာပါ” “သည်လိုလုပ်တော့ အင်္ဂလိပ်အစိုးရမင်းက ကြိုက်ကဲ့လား” “ဘယ်ကြိုက်ပါ့မလဲ

သူကြီးကတော်ရယ်။

အင်္ဂလိပ်

စစ်ပုလိပ်တွေ

မြင်းခြံမှာ

ခြေရှုပ်နေကြရောပေါ့။

သို့သော်

တို့ဗမာအစည်းအရုံးကတော့ ဆက်လုပ်ကြမှာပါပဲ” စကားပြောနေရာက ဆရာလေးကိုတောက်ထိန်သည် တိုက်ပုံထဲက ပရုတ်ဆီဘူးကို နှိုက်ယူပြီး တစ်ကော်ကော် ယူကာ ဇက်ကြောတွေကို ပွတ်သည်။ နှာခေါင်းဝကို တရှုပ်ရှုပ် ပွတ်သည်။ ဆရာလေး ကိုတောက်ထိန် ငြင်းနေသည့်ကြားက မလှအုံက ထမင်းခူးခပ်ကျွေးသည်။ အဖေ ဦးသာထန် မရှိတာ လည်း ခပ်ကောင်းကောင်းပင်။ အဖေရှိလျှင် ဆရာလေး ကိုတောက်ထိန် အပြောရခက်နေလိမ့်မည်။ ဆရာလေးနှင့် ပါလာသူက စကားတစ်ခွန်းမှ မပြောသော်လည်း ဆရာလေးတပည့်ရင်းဖြစ်ပုံရ၏။ ထမင်းစားသောက်ပြီးကြတော့ ဆရာလေးနှင့် ဧည့်သည်တို့နှစ်ယောက်တည်း လှည်းစောင့်ရင်း စကားတွေပြောနေခဲ့ကြသည်။ အမေပန်းရုံက ဆရာလေးအတွက် ရက်ကန်းကျပုဆိုး တစ်ထည်၊ ပင်နီတိုက်ပုံတစ်ဝတ်စာနှင့် စားဖွယ်သောက်ဖွယ်များေ တာင်းနှင့်တစ်လုံးလက်ဆောင်ပေးသည်။ လှည်းရောက်လာတော့ ဆရာလေးကို မအိမ်ကံတို့ အိမ်ဝင်းအ၀အထိ လိုက်ပို့ရင်း နှုတ်ဆက်ကြသည်။ ဆရာလေးက မအိမ်ကံဘက် ကိုလှည့်ပြီး ပြုံးပြုံးကြီး နှုတ်ဆက်သည်။ “သခင်မ မအိမ်ကံ ဆရာလေးတို့သွားမယ်နော်” “တော်... ဟင် ဟုတ်ကဲ့ ဟုတ်ကဲ့” ဆရာလေး နှုတ်ဆက်စကားကြောင့် မအိမ်ကံကြောင်သွားပြီးမှ ပြုံးချင်လာမိ၏။ ထိုစဉ်မှာပင် ၀ိုင်းတံခါးဝကို မြင်းတစ်စီးနှင့် လူတစ်ယောက်ပေါ်လာခဲ့သည်။ မအိမ်ကံတို့ ၀ိုင်းဝမှာ လူတွေတစ်ပြုံကြီး ဆုံမိကြသလို ဖြစ်သွားသည်။ ရုတ်တရက် ဦးသာထန်များ ပြန်ရောက်လာလေသလား ထင် လိကုြ် ကသေး၏။ ကြည်တော်ကနုးရွာက ဆေးဆရာ ဆရာ ကြည်။ သခင်ကြည်။ သခင်ကြည်က မြင်းပေါ်က ဆင်းပြီး မြင်းဇက်ကြိုးကို ကိုင်ထားရင်းက ချီတုံချတုံ ဖြစ်နေသည်။ ခြံအတွင်းဘက်ကိုလည်း လှမ်းကြည့်သည်။ ဆရာလေး ကိုတောက်ထိန်တို့ လှည်းကလည်း ထွက်မဖြစ်သေးဘဲ တောင့်ထားရတော့သည်။ “သခင်ကြည်... ဘာများပါလိမ့်” “သူကြီးမင်းရှိသလား” မရှိဘူးခင်ဗျ” “တော်ပါသေးရဲ့။ မပြောမပြီး၊ မတီးမမြည်ပဲဗျို့။ အခုပဲ ရွာကို လူကြုံရောက်လာသယ်။ မြင်းခြံတို့ဗမာအစည်းအရုံး ပြီးသဲ့ရက်မှာ သခင်တွေ တော်တော် အဖမ်းခံရသယ်။ ကျုပ် ကြားရသလောက် သခင်သန်းပါသယ်။ သခင်ဗစိန်ပါ သယ်။ သခင်ညီပါသယ်။ သခင်အောင်ဆန်းပါသယ်။ သခင်ထွန်းမြင့် ပါသယ်” အားလုံးငြိမ်သွားကြသည်။ နွားရုန်းလိုက်သဖြင့် လှည်းသမား၏ စုတ်သတ်သံ တကျွတ်ကျွတ်ကလွဲလျှင် အားလုံး တောင့်ေ တာင့်ကြီးတွေဖြစ်သွားကြသည်။ သခင်ကြည်က တအောင့်ကြာမှ စကားဆက်သည်။

14


“သူကြီးကတော် စိတ်ထိန်းပါဗျာ။ သခင်မြတ်သာလည်း အဖမ်းခံရသယ်” တပို့တွဲလဆုတ်ရက်များ၏ ရွာညသည် ပိန်းပိန်းကြီးမှောင်မည်းနေသည်။ မအိမ်ကံက ကောင်းကင်ရောင်မြင့်မြင့်ရသော သစ်ပင်ရိပ်မည်းမည်းကြီးတွေကို ဘာရယ်မဟုတ်ဘဲ ငေးနေမိ၏။ သည်ကနေ့ လပြည့်ကျော် ၁၁ ရက်။ မနက်ဖြန်ဆို ၁၂ ရက်။ အတိအကျပြောရလျှင် မနက်ဖြန် ၁၃၀၀ ပြည့်နှစ် တပို့တွဲလဆုတ် ၁၂ ရက်။ မအိမ်ကံ ၁၈ နှစ်ပြည့် မွေးနေ့။ မအိမ်ကံ ၁၈ နှစ်ပြည့်သွားတာ မြန်လွန်းလှသည်ဟု ထင်နေမိ၏။ လွန်ခဲ့သော ၁၈ နှစ်က သည်လို မှောင်ကြီးမည်းမည်း ညတစ်ညမှာ သူ့ကိုမွေးခဲ့သည်။ တပို့တွဲလဆိုတော့ လက်တွေ၊ ခြေတွေ ထုံခဲအောင် အေးစက်သော သည်လိုညမျိုးပဲ ဖြစ်လိမ့်မည်။ မအိမ်ကံ မီးထွန်းလိုက်မယ်လေ။ ပြတင်းပေါက်က လေတွေစွတ်နေသာ မအေးသဲ့အတိုင်းဘဲ။ ဖျားနေပါဦးမယ် မအိမ်ကံရယ်။ မနက်ဖြန်ဆွမ်းကပ်မှာ နှာစေးနေလိမ့်မယ် ကျေးဥဆီက အသံကြားရခြင်းဖြစ်သည်။ ဟုတ်တော့ဟုတ်ပါ၏။ တပို့တွဲလ ဆောင်းလေက အေးစက်လွန်းလှပါသည်။ သည်အအေးဓာတ်လေထဲမှာ ဆပ်သွားဖူးနံ့တွေ သင်းသင်းကလေးပါနေတာကိုပါ ခံစားရသည်။ မအိမ်ကံကို မွေးသည့်ညက နှစ်ပေါင်းများစွာ အပွင့်မပြဘဲ မြုံနေခဲ့သည့် ဆပ်သွားဖူးရုံကြီး အနံ့တသင်းသင်း အပွင့်တွေ ပြလာခဲ့သည်။ တစ်ဆောင်းတွင်းလုံးရေမရှိခဲ့သော ရွာဦးကျောင်းရိပ်က သောက်ရေကန်ကြီးသည်လည်း အခါမဲ့ မိုးရေကြောင့် ပြည့်လျှံသွားခဲ့သည်။ သည်အဖြစ်တွေက မလှအုံပြောသလို အတိတ်နမိတ်တွေများလား။ မလှအုံက မအိမ်ကံ မွေးဖွားသည့်ညက အကြောင်းတွေ ပြန်ပြောပြတိုင်း ရင်ကလေးဖိုခဲ့ရသည်ချည်း ဖြစ်ပါ၏။ အခုလည်း ဆပ်သွားဖူးပန်းနံ့တွေ ညဦးကတည်းက မွှေးနေခဲ့သည်။ အတိတ်နမိတ်ဆိုသာ မအိမ်ကံ သိသလိုလိုတော့ ရှိပါရဲ့။ ဘာကိုပြောသာလဲ မလှအုံ တစ်ခါက သည်စကားတွေ ပြောဖြစ်ကြတုန်း မအိမ်ကံက မလှအုံကို မေးခဲ့ခြင်းဖြစ်သည်။ မလှအုံက မအိမ်ကံအမေးကို ခပ်ဝါးဝါးပဲ ဖြေသည်။ လွန်ခဲ့သည့်သုံးလေးနှစ်က ထင်ပါရဲ့။ “မအိမ်ကံရယ် အတိတ်နိမိတ်ဆိုသာ အတိတ်နိမိတ်ပေါ့ အေ။ ညည်း နှယ်ရှင်းပြီးသားဟာကို ရှုပ်အောင်လုပ် မေးရော့မယ်” “မသိလို့ပါ မလှအုံရဲ့။ ပြောပြစမ်းပါ” “သေချာတော့ ပြောတတ်ပေါင်အေ။ အဖေတို့ ရွတ်ခဲ့ သာများတော့ မှတ်ယူကြောင်းဟိတ်ပြည့်နိမိတ်နှင့် အတိတ်ဘဝေါ၊ နတ်ပြောပြဆောင်၊

တဘောင်စနည်း

ဆိုသာတွေ

ရှိသယ်သဲ့။

တစ်ခုခုဖြစ်လာတော့မယ်ဆိုသာကို

ကြိုတင်ပြသဲ့

သဘောနေမှာပေါ့အေ” “မလှအုံကလည်း မရှင်းလိုက်သာတော်” “မရှင်းလည်း ဆရာတော်ဦးပဏ္ဍိလာမှမေးအေ။ ညည်းနှယ် မသိပါဘူးဆိုကာမှ” အခုတော့ မနက်ဖြန်ဆိုလျှင်ပင် မအိမ်ကံ အသက် ၁၈ နှစ်ပြည့်တော့မည်။ သူမဘ၀မှာ ဘာမှတော့ ထူးထူးခြားခြား ဖြစ်ခဲ့တာမရှိ။ သူမဘ၀မှာ ဂုဏ်သတင်းကောင်းဖြင့် တင့်တောင့်တင်တယ် နေခဲ့ရသည်။ မိဂုဏ်ဘဂုဏ် ကြီးခဲ့သည်။ ဆွေဂုဏ်မျိုးဂုဏ် မြင့်ခဲ့သည်။ ဒါကိုထူးခြားသည်ဟုဆိုလျှင် လည်း ဖြစ်နိုင်ပါ၏။ မအိမ်ကံငယ်ငယ်က အိပ်မက်တွေ မကြာခဏမက်ခဲ့တာကိုလည်း မှတ်မိနေခဲ့ပါ၏။ အိပ်မက်တွေထဲမှာ သူမမမြင်ဖူး မရောက်ဖူးခဲ့သော တောင်ကုန်းကြီးတွေ၊ ရင်ကွဲဇရပ်တွေ၊ တောင်ပေါ်စေတီကလေးနှင့် သီးပင်တော၊ သနပ်ခါးပင်တော တွေလည်း ပါသည်။ ဒါတွေကကော အတိတ်နိမိတ်တွေ ပဲလား။ အိပ်မက်တွေဟာ တကယ်ဖြစ်လာတတ်သလား။ ဒါလည်း မအိမ်ကံမသိပါ။ သည်ဘက်နှစ်တွေမှာတော့ အိပ်မက်မမက်တာ ကြာပြန်ပြီ။ ကျောက်ကလပ်ပေါ်မှာ တင်ထားသည့် ဖက်စိမ်းကွမ်းတောင်ကြီးကို အိပ်မက်မက်ခဲ့ဖူးတာ မအိမ်ကံ မမေ့နိုင်သေး။

15


“မအိမ်ကံ မီးထွန်းပေးရမလားလို့” “နေပစေ ကျေးဥရယ် မှောင်မည်းနေသာကို ငါ တမင် ကြည့်နေသာ။ မအိမ်ကံမွေးသဲ့ညက သည်လိုပဲ မှောင်ပိန်းနေ မှာပဲနော် ကျေးဥ။ ငါ အဲသာကို စဉ်းစားကြည့်နေသာ” “မကြားကောင်း မကြားသာ မအိမ်ကံရယ်။ မှောင်မည်း နေသာကိုများ ထိုင်ကြည့်နေရသယ်လို့” “မှောင်တာကလည်း

တစ်မျိုးကြည့်လို့

ကောင်းသာပါပဲ

ကျေးဥရယ်။

သစ်ပင်မည်းမည်းကြီးတွေ

အမှောင်ထဲမှာ

မတ်တတ်အိပ်နေကြသလိုပဲ။ ပဲမှော်တိုက်ကြီးကလည်း မှောင်ကြီးထဲမှာ ပုဆစ်တုပ်ပြီး ထိုင်နေသလိုပဲ။ ကျေးဥလာ ကြည့်စမ်း။ ပဲမှော်တိုက်ခေါင်ပေါ်မှာ ငှက်ကြီးတစ်ကောင်။ ဘာငှက်လဲမသိဘူးနော်” ကျေးဥက

အ၀တ်တွေခေါက်နေရာက

ထလာခဲ့ကာ

ပြတင်းဝမှတစ်ဆင့်

လှမ်းမြင်နေရသော

ပဲမှော်တိုက်ကို

မျှော်

ကြည့်လိုက်သည်။ ဟုတ်ပါရဲ့။ ငှက်ကြီးတစ်ကောင် ခေါင်ပေါ်မှာ နားနေတာ ကောင်းကင်အလင်းရိပ် နောက်ခံဖြင့် မြင်နေရသည်။ ငှက်ကြီးက မလှုပ်မယှက်။ ညကြီးဆိုတော့ ဇီးကွက်လား၊ လင်းဝက်လား၊ လင်ကောင်ပိုးလား၊ တစ်တီတူး ကတော့ သည်လောက်မကြီးနိုင်။ မအိမ်ကံရော၊ ကျေးဥပါ ငှက်ကြီးကို လှမ်းကြည့်နေသလို ငှက်ကြီးကလည်း သူတို့ နှစ်ယောက်ကို စိုက်ကြည့်နေသလို ထင်ရ၏။ “မအိမ်ကံ ပြတင်းပေါက်ပိတ်လိုက်တော့။ တော်ကြာ ငှက်ဆိုးဖြစ်နေပါ့မယ်အေ။ ငှက်ဆိုးဆိုသာ ထိုးလိုက်ရင် နိမိတ် မကောင်းဘူးသဲ့” “နိမိတ်ဆိုသာ ဘာလဲ ကျေးဥ” “နိမိတ်ပါဆိုမှ မအိမ်ကံရယ် နိမိတ်ပေါ့အေ့” ကျေးဥအဖြေကြောင့် မအိမ်ကံ ပြုံးမိသည်။ ဆောင်းလေကလေးစွတ်လာတော့ ပြတင်းပေါက်ကို မအိမ်ကံပိတ် လိုက်သည်။ ပြတင်းပေါက် မပိတ်ခင်ကလေးမှာ မအိမ်ကံ မျက်လုံးတွေက ပဲမှော်တိုက် ခေါင်လျောက်ကို လှမ်းကြည့် ဖြစ်အောင် ကြည့်လိုက်မိသေးသည်။

တစ်ချိန်လုံး

နားနေသည့်

ငှက်ကြီးက

အတောင်ကိုဖြန့်လိုက်ပြီး

မအိမ်ကံရှိရာဘက်ကို

ထပျံရန် အားယူလိုက်တာကို မြင်လိုက်ရသည်။ မအိမ်ကံက ပြတင်းပေါက်ကို ကမန်းကတန်း ချက်ထိုးလိုက်သည်။ ရေတကောင်းထဲကရေကို ခွက်ပြည့်ငှဲ့ကာ အားရပါးရ သောက်ချလိုက်သည်။ ဆောင်းတွင်းရေဆိုတော့ အသည်းတွေပင် ကျင်သွားသလားမှတ်ရ၏။ ကျေးဥက မှန်အိမ်ကလေး ထွန်းလိုက်တော့ အခန်းထဲမှာ အလင်းပြန့်သွားလေသည်။ မအိမ်ကံ မအိပ်ချင်သေးပါ။ လက်ကလေးတွေကို ဆုပ်နယ်ရင်း အတွေးတွေ ၀င်နေမိသည်။ “အအေးထဲ ရပ်သာများသွားသလား မသိပါဘူး ကျေးဥ ရယ်။ လူကို ထုံခဲသွားသာပဲ။ မနက်ဖြန်ဆို မအိမ်ကံ ၁၈ နှစ်ပြည့်ပြီ။ ၁၈ နှစ်လုံးလုံး သည်အိမ်သည်ဝိုင်းတိုက်ထဲ သည်အဖေ၊ သည်အမေ၊ သည်ဆွေမျိုးတွေနဲ့ နေခဲ့ရလို့လားတော့ မသိပေါင်အေရယ် ငါတော့ ဘာမှမကြာလိုက်သလိုဘဲ” ကျေးဥက

အ၀တ်တွေခေါက်ပြီးတော့

နေ့လယ်က

ဖွပ်လျှော်ထားသည့်

ခေါင်းအုံးစွပ်တွေကိုယူကာ

တစ်လုံးချင်း

စွပ်ရာက မအိမ်ကံကို ကြည့်လိုက်သည်။ မအိမ်ကံ ပြောတော့ လည်း ပြောစရာပင်။ မအိမ်ကံနှင့် မတိမ်းမယိမ်း ကျေးဥ ကိုယ်တိုင်သည်ပင် အုပ်လုံးဖားဖား လူပုံထွားထွားဖြစ်နေပြီ။ အလုပ်ကြမ်း လုပ်ရရှာသော တောသူမိန်းကလေးပီပီ အစား သန်သန် အသွားသန်သန်ထဲကဆိုတော့ မျက်နှာအဆီပြန်မှာ သနပ်ခါးမကပ်ချင်။ မအိမ်ကံကတော့ ဘ၀ပေးကုသိုလ် ကောင်းလှပါ၏။ မြင်သူတိုင်းကငေးရသော အလှပဂေးဖြစ်၏။ သည့်အတွက်တော့ မအိမ်ကံကို ကျေးဥအနေနှင့် အလှချင်း

16


ရော၊ ဘ၀ချင်းပါ ဘယ်တုန်းကမှ ယှဉ်ခဲ့တာမရှိ။ မအိမ်ကံ ၏အလှကို တစ်ရွာလုံးကအသိအမှတ်ပြုကြသလို ကျေးဥကလည်း အသိအမှတ်ပြုခဲ့ရှာသူသာ ဖြစ်သည်။ မအိမ်ကံနှင့် ကြမ်းတစ်ပြေးတည်း အိပ်ခွင့်ရနေတာကိုပင် ၀မ်းသာရသူဖြစ်၏။ သို့သော် မအိမ်ကံ၏ဘ၀မှာ တစ်စုံတစ်ရာသော အာသာ ဆန္ဒသည် ဘယ်တော့မှ ပြည့်ဝနိုင်စရာမရှိဆိုသည့် အချက်ကို သိထားသူပီပီ တစ်ခါတစ်ခါ မအိမ်ကံ၏ အလှကိုမြင်ရတိုင်း ကျေးဥရင်နာမိရသည်။ သည်စကားကို အမေကိုယ်တိုင် ကျေးဥကို ပြောခဲ့ခြင်းဖြစ်သည်။ ငယ်ငယ်တုန်းက ပြောခဲ့တာမဟုတ်။ မနေ့တစ်နေ့ကမှ လူသူလေးပါးကင်းသော တောထဲမှာ ခရမ်းချဉ်ဆွတ်ရင်း ပြောပြခြင်းဖြစ်၏။ သည် စကားကြားတော့ ကျေးဥ မျက်ရည်ကျခဲ့ရသည်။ “ညည်းသည်စကားကို

ယောင်လို့တောင်

မထွက်လိုက်နဲ့နော်

ကျေးဥ။

ညည်းအရွယ်ရောက်လာလို့

အမေပြောသာ။

မအိမ်ကံခမျာ ကျောက်ကောင်းများ အမျက်ကလေး တစ်ချက် ပါတတ်သလိုပေါ့အေ။ အရာရာပြည့်စုံလေခြင်းလို့တော့ ဘယ်ရှိနိုင်ပါ့မလဲ” အမေကိုယ်တိုင်က ကျေးဥကို ပိတ်ထားသော စကားဆိုသော်လည်း မအိမ်ကံကို ပြန်ပြောပြချင်လိုက်တာ အူတွေများယားလို့။ သို့သော် အရာရာကို ကျေးဥ နားလည်ပါသည်။ ဘ၀ကပဲ သူမကို ဘယ်လိုနေရထိုင်ရမည်ဆိုတာ သတ်မှတ် ပေးထားပြီးသား မဟုတ်လား။ သူ့နှုတ်ကသာ သည်စကား ထွက်လိုက်လို့ကတော့ မိုးကောင်းကင် မီးဟပ်ဖို့သာ ရှိတော့ မည်။ “မနက်ဖြန်ဆိုရင်

မအိမ်ကံ

ဆယ့်ရှစ်နှစ်ပြည့်ပြီ။

ကွမ်းတောင်ကိုင်စာရင်းဝင်ပြီ။

သည်အရွယ်ရောက်အောင်

ငါ့ဖြင်

စောင့်လိုက်ရသာ ကျေးဥရယ်။ ဆယ်ရှစ်နှစ်ဆိုသာ မနေ့တစ် နေ့ကလိုပဲလို့ ငါပြောခဲ့သယ်နော်။ ဒါပေသိ ကွမ်းတောင်ကိုင်စာ ရင်းဝင်ဖို့တော့ ကြာလိုက်တာအေရယ်။ ငါဖြင့်လေ မနက်မိုးလင်းမှာကို အမှောင်ထဲက စောင့်ရသလိုပဲ” ကျေးဥကတော့ မအိမ်ကံကို ဘာမှပြန်မပြောပါ။ ခေါင်းအုံးစွပ် စွပ်ပြီးသားခေါင်းအုံးတွေကို လက်ဖြင့်ဖိကာ ပြန့်အောင် ဖြန့်ရင်း ကြားသလိုလို မကြားသလိုလို လုပ်နေခဲ့သည်။ ထိုစဉ်မှာပင် လေအသင့်မှာ ဆပ်သွားဖူးပန်းနံ့တွေ သင်းလာခဲ့ပြန်ပါ၏။ ထိုညက

ကျေးဥအစောကြီး

အိပ်ပျော်သွားခဲ့သော်လည်း

မအိမ်ကံ

အိပ်မပျော်နိုင်သေးပါ။

စိတ်တွေက

ဟိုရောက်

သည်ရောက်။ အစ်ကိုမြတ်သာကိုလည်း သတိရသည်။ အစ်ကို မြတ်သာ ထောင်ကျပြီးနောက်ပိုင်း မောင်နှမနှစ်ယောက် အတွေ့ရ ကျဲလွန်းလှသည်။ မြင်းခြံ ဒို့ဗမာအစည်းအရုံး ညီလာခံမှာ အဖမ်းခံရသည်ဆိုသော်လည်း အကြာကြီးတော့ မဟုတ်။ ငါးလလား၊ ခြောက်လလား အစ်ကိုအဖမ်းခံခဲ့ရခြင်း ဖြစ်၏။ ထောင်ကထွက်ပြီးသည့်နောက် အစ်ကိုမောင်မြတ်သာ ကျောင်းဆက်မတက်တော့သလို

ရွာကိုလည်း

ပြန်မလာဖြစ်တော့ဘဲ

မြို့မှာပဲ

အနေများသည်။

အင်္ဂလိပ်အစိုးရကို

အကြည်ညိုပျက်စေရန် တရားဟောမှုကြောင့် အစ်ကို ကျောင်းထုတ်ခံရခြင်းဟု ကြားရသည်။ အဖေ့ကိုလည်း အစ်ကိုနှင့် ပတ်သက်ပြီး အထက်က ခေါ်ယူသတိပေးခြင်း ခံခဲ့ရသည်။ အဖေကတော့ ရာထူးနှင့် သားကြားမှာ အနေရကျပ်နေပုံရပါ၏။ အစ်ကို ရွာပြန်မလာခြင်းအပေါ် အဖေက ဖြူသည် မည်းသည် တစ်ခွန်းမဟသော်လည်း တစ်ခါတစ်ရံတော့ သားကို လွမ်းပုံရသည်။ အဖေမျှော်မှန်းသော မြင်းခြံမြို့အုပ် ရာထူးကား အစ်ကိုနှင့် အဝေးကြီး ဝေးသွားပြီဖြစ်ကြောင်း သဘောပေါက်ပုံရပါ၏။ အစ်ကိုနှင့်ပတ်သက်ပြီး ဂုဏ်တယူ ယူရှိခဲ့ရှာသော အဖေ စိတ်ဓာတ်ကျသွားပြီ ထင်သည်။ အမေ ပန်းရုံသည်ပင် သည်ဘက်နှစ် တွေမှာ အရွယ်ကျစပြုရုံမက နှုတ်လည်း နည်းသွားခဲ့တာ မအိမ်ကံ သတိထားမိသည်။ တစ်အိမ်လုံး သူ့ခြေ၊ သူ့လက်၊ သူ့ဆုံးဖြတ်ချက်တွေအတိုင်း ရှိစေရော့ဟု အမေပန်းရုံကိုယ်တိုင်က မအိမ်ကံကို လွှဲအပ် ထားခဲ့တာပဲ ကြည့်လေ။ အိမ်မှာ ချက်ရေး၊ ပြုတ်ရေးကအစ ပဲရောင်းနှမ်းရောင်းအထိ မအိမ် ကံသဘောအတိုင်း ရှိစေခဲ့သည်။ အမေပန်းရုံ ဖယ်ပေးသော နေရာမှန်သမျှ အလိုလို မအိမ်ကံ ၀င်နေရပြီ။ စိုက်ရေး၊ ပျိုးရေး၊ လူမှုရေးမကျန် “မအိမ်ကံကိုမေး”လို့သာ အမေပန်းရုံ က သမီးကို ဦးစားပေးနေတော့သည်။ ရွာအကြောင်း၊ ရပ်အကြောင်းတွေဆီ စိတ်ရောက်ချိန်မှာတော့ ငှက်တစ်ကောင်၏ စူးစူးဝါးဝါး အော်လိုက်သံကို မအိမ်ကံ ကြားလိုက်ရသည်။ အာခေါင်ခြစ် အော်လိုက်သံမျိုး။

17


“ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ” ငှက်အော်သံကြီးက တစ်ကောင်တည်းမို့သာ တော်တော့သည်။ မအိမ်ကံ ကြောက်တော့ မကြောက်ပါ။ အပြင်ခန်းမှာ ဖိုးထူးရှိသည်။ ဘေးမှာ ကျေးဥရှိသည်။ သို့သော် မအိမ်ကံ ရင်တွေတုန်ခါသွားတာကတော့ ချက်ချင်းငြိမ်ကျမသွားသေး။ ပဲမှော်တိုက်ခေါင်ပေါ်မှာ

နားနေသည့်

ငှက်ကြီးများလား။

တစ်ရွာလုံး

အိပ်မောကျနေကြပြီ

ထင်၏။

အဝေးဆီကို

အောရင်းပျံသွားသည့် ငှက်အော်သံကလွဲလျှင် ညသည် တိတ်ဆိတ်လျက်။ မအိမ်ကံ၏

ဆယ့်ရှစ်နှစ်အ၀င်

အကြိုညသည်

တဖြည်းဖြည်း

အမှောင်ရင့်လာရာက

အမှောင်ဆုံးဆိုသည့်အချိန်ကို

တဖြည်းဖြည်း တိုးဝင်လာခဲ့သည်။ အောက်ထပ်ရှိ သံစုံနာရီ ကြီးဆီက နာရီသံ ဆယ့်နှစ်ချက်ကို စိတ်ဖြင့် ရေတွက်နေရင်း ကပင် မအိမ်ကံ မှေးခနဲ ပျော်သွားခဲ့လေသည်။ * သည်တစ်မနက်ခင်းလုံး မအိမ်ကံတို့အိမ်မှာ ဆွမ်းကျွေး ကိစ္စဖြင့် ပြီးရတော့သည်။ မအိမ်ကံ ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့ ရက်

ကျရောက်သဖြင့်

ဘုန်းကြီးငါးပါး

ဆွမ်းကျွေးခြင်း

ဖြစ်၏။

ဧည့်သည်စောင်သည်တွေ

ဖိတ်ကြားခြင်းမရှိဘဲ

သဒ္ဓါဆွမ်းကပ်ရုံဆိုတော့ ကရိကထများတာမျိုးတော့ မရှိ။ သက်တော် ရှစ်ဆယ်ကျော် ရွာဦးကျောင်းထိုင်ဆရာတော်ကြီးပါ ကြွရောက်တော်မူသဖြင့် သူကြီးမင်း ဦးသာထန်ကိုယ်တိုင် ဆရာတော်ရှေ့က မထ၀ံ့ဘဲ လက်အုပ်တချီချီ ရှိနေခဲ့၏။ ဆရာတော်ကြီးဘွဲ့တော်မှာ ဦးကုမာရဖြစ်သော်လည်း ရွာရပ်က ဘိုးကုလို့သာ ခေါ်ဝေါ်သုံးနှုန်းကြပါသည်။ သက်တော် ရှစ်ဆယ်ကျော်ဆိုသော်လည်း တစ်ပါးကျွန် ဖြစ်နေရသည့် ဘ၀မို့ တိုင်းရေးပြည်ရေးက ခွာသည်မရှိ။ မြို့က ဒကာတွေနှင့် ဆက်ကာ

သတင်းစာဟောင်းတွေ

အလှူခံထားသဖြင့်

တိုင်းအကြောင်း၊

ပြည်အကြောင်းကို

မျက်ခြည်မပြတ်

ဖတ်ရှုနေသူဖြစ်သည်။ ဆွမ်းစားပြီးနောက် အချိုပွဲ ခဲဖွယ်ဘောဇဉ် တည်းရင်း ဦးသာထန်နှင့် စကားတွေ ကောင်းနေခဲ့သည်။ “ဘယ်နှာတုန်း မောင်သာထန်ရဲ့။ မနှစ်က တစ်နှစ်လုံး လိုလို အင်္ဂလိပ်တွေ အကျပ်ရိုက်ခဲ့ကြပါသကော။ မင်းသား မောင်မြတ်သာကော နိုင်ငံရေးနယ်ထဲရောက်နေဆို” ဆရာတော်မိန့်သည့်

မနှစ်က

တစ်နှစ်လုံးလိုလိုဆိုတာက

ပြီးခဲ့သည့်နှစ်

၁၂၉၉

ခု၊

တပို့တွဲ

တပေါင်းလလောက်

ကတည်းက လှုပ်လာသည့် တိုင်းပြည်အခြေအနေကို ဆိုလို ခြင်းဖြစ်သည်။ ၁၂၉၉နှင့် ၁၃၀၀ ပြည့်နှစ်များသည် အင်္ဂလိပ် ခရစ်နှစ်နှင့်ဆိုလျှင် ၁၉၃၈ ခုနှစ်ကျရောက်ပေရာ နှစ်ဆန်းပြီ ဆိုကတည်းက ပဲခူး၊ ဝေါနယ် လယ်သမားများ ပဲခူးအရေးပိုင် ရုံးကို ၀ိုင်းခဲ့ကြသည်။ ချောက်ဘီအိုစီ အလုပ်သမားများ၊ ရေနံချောင်း ရေနံမြေအလုပ်သမားများ၏ တောင်းဆိုချက်တွေ ထွက်လာခဲ့သည်။ မြင်းခြံဒို့ဗမာအစည်းအရုံးက ဦးဆောင်ကာ စတီးဘရားသား ချည်စက်လှုပ်ရှားမှုရှိခဲ့သည်။ ရေနံချောင်း လည်ပေါ်တန်ဆောင်းအတွင်း အစည်းအဝေးကြီးမှ ဗမာနိုင်ငံ လုံးဆိုင်ရာ ရေနံမြေအလုပ်သမား အစည်းအရုံးကို စတင်ဖွဲ့ စည်း ထူထောင်ခဲ့ကြသည်။ တတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ဒို့ဗမာအစည်းအရုံးညီလာခံကို ပြည်မြို့မှာ ကျင်းပရာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း သဘာပတိပြုခဲ့သည်။ “ပြည်မြို့ဒို့ဗမာညီလာခံကြီးပြီးတော့ ဆရာကြီး သခင် ကိုယ်တော်မှိုင်းအဖွဲ့နဲ့ သခင်ဗစိန်၊ သခင်ထွန်းအုပ်အဖွဲ့ ကွဲကြဆို မောင်သာထန်။ ကွဲသာတော့ မကြိုက်ဘူးကွာ။ တို့လူမျိုးအချင်းချင်း ကွဲသာ တို့လူမျိုးပဲ နစ်နာသာပဲကွ” “တင်ပါ့ဘုရား။ ကွဲသာတော့ မကောင်းပါဘူးဘုရား။ တပည့်တော်လည်း အဲသလောက်တော့ ကြားမိပါသယ် ဘုရား” “မင်းနှယ်ကွာ ကြားမိရုံပဲလား။ တို့မြင်းခြံချည်စက် အလုပ်သမားတစ်ထောင်ကျော်က သူတို့လိုလားချက်တွေ တောင်းသာကို ဒေါက်တာဘမော် ညွန့်ပေါင်းအစိုးရက ဒေါက်တာသိန်းမောင်ကို စုံစမ်းဖို့ လွှတ်သကွာ။ မြင်းခြံအလုပ် သမားတွေရဲ့

18


လိုလားချက်ကို အစိုးရက လိုက်လျောရသကွာ။ ဒါတွေ မင်းမကြားဘူးလား။ ဟေ မနှစ်က သည်အသံတွေ များ ညံနေသယ့်ဟာ” “တင်ပါ့ဘုရား။ ကြားမိပါသဘုရား။ ဟုတ်လောက်ပါသ ဘုရား” “ဟ မောင်သာထန်ရဲ့ ငါတောင်ဝှေးနဲ့ ထရိုက်လိုက်ချင် စမ်းလှကွာ။ ဘယ့်နှယ့် ဟုတ်လောက်ပါသ ဘုရားလဲ။ မင်း ကျွေးသဲ့ ဆွမ်းစားပြီး ထရိုက်ရမကောင်းလို့သာ။ တိုင်းရေး ပြည်ရေးများလည်း သိပါမှပေါ့ကွာ” “တင်ပါ့ ရိုက်ရင်လည်း ခံရုံပါဘုရား” မအိမ်ကံကတော့ အဖေနှင့် ဆရာတော်ဘုရားတို့ စကား အချီအချကို နားထောင်ရင်း မရယ်မိအောင် နေရတော့သည်။ ဆရာတော်ကြီးကို အဖေက ချစ်ကြောက်ရိုသေရှိတာကို မအိမ် ကံသိပါသည်။ ငယ်ဆရာလည်းဖြစ်ပြန်။ ထေရ်ကြီးဝါကြီး ပုဂ္ဂိုလ်လည်းဖြစ်ပြန်ဆိုတော့

စိတ်မထင်လျှင်

တကယ်ရိုက်

နှက်ဆုံးမတတ်တာ

ဝသီတော်ပင်ဖြစ်နေပြီ။

အဖေက

ဆရာတော့်အမေးကို ကပ်ဖိုးကပ်ဖဲ့တိုက်နေခြင်းလည်း မဟုတ်။ တကယ့်ကို ဖြေတတ်သလိုဖြေခြင်းသာဖြစ်၏။ အင်္ဂလိပ် အုပ်ချုပ်ရေးဘက်မှာ ပါနေသူဆိုတော့ အူပုံအူပါး လုပ်နေတာလည်း ဖြစ်နိုင်ပါ၏။ ဆရာတော်ကြီးနှင့်အတူ ကြွလာကြသော ဆရာတော်များကလည်း တိုင်းရေးပြည်ရေးကိစ္စတွေ ပါလာ သဖြင့် ဆရာတော်များကို ဦးချကာ မအိမ်ကံ အသာလျှို ထွက်လာခဲ့သည်။ ခြံထောင့်က

ရေတွင်းကုန်းဘက်ဆီ

မအိမ်ကံလျှောက်

လာခဲ့သည်။

သည်နေရာမှာ

သစ်ပင်ပန်းပင်ကလေးတွေ

ရှိသည်။ ငှက်ပျောတောကြီးရှိသည်။ အမေပန်းရုံနှင့် မလှအုံ စိုက်ထားသည့် အပင်တွေဖြစ်သည်။ မအိမ်ကံစိုက်ခဲ့သည့် ခတ္တာပင်ကလေးတွေ၊ တတိုင်းမွှေးပင်ကလေးတွေပင် ဖူးကြ ပွင့်ကြဝေဆာလှပြီ။ မအိမ်ကံတို့ရွာက ပူပြင်းသည့် အညာရွာ ဆိုသော်လည်း မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ ရေပေါသဖြင့် အပင်ကလေးတွေ ဖြစ်လှပါသည်။ အရပ်ကြီးတွေ မိုးထိုးနေသည့် သရက်ပင်ကြီးတွေက အမျိုးစုံအောင် ရှိသည်။ သုံးလုံး တစ်တောင်၊ မနော်နွယ်၊ ဘဲကောက်၊ ဓားမောက်၊ မင်းကြီး လက်ရုံး၊ တစ်ငုံသရက် စသည်ဖြင့်။ မာလကာပင်တွေကတော့ အူဖြူရော အူနီပါ လေးငါးပင်ရှိကြသည်။ ခြံထောင့် အပွင့်တွေရဲနေသည့် ပေါက်ပန်းပင်ကြီးပင် ကြီးလှပြီ။ နှစ်စဉ် တပို့တွဲ တပေါင်းဆိုလျှင် ရဲရဲတောက်အောင် ပွင့်သည်အပင် ဖြစ်၏။ တပေါင်း မဆန်းသေးသော်လည်း မြိုင်တောဆီက ဥသြသံသဲ့သဲ့ကိုပင် ကြားနေရပြီ။ “မအိမ်ကံ” ဖြိုးဖြိုးဖျောက်ဖျောက် ထိတ်လန့်သလိုလို

သစ်ရွက်ခြောက်နင်းသံနှင့်အတူ

ဖြစ်နေတာကို

မအိမ်ကံ

ကျေးဥရောက်လာသည်။

သတိထားလိုက်

မိ၏။

ကျေးဥမျက်နှာက

ကျေးဥဘာများ

ရှက်ရွံ့သလိုလို၊

ဖြစ်လာလို့ပါလိမ့်။

ကျေးဥက

အိမ်ကြီးဘက်ဆီကို တစ်ချက်လှမ်းကြည့်လိုက်ပြီး မအိမ်ကံ အနားတိုးလာခဲ့သည်။ ၀ိုင်းတိုက်ခြံဝဆီမှာ ဆရာတော်ဘုရား များပြန်ကြွသွားတာကို မအိမ်ကံအဝေးကပဲ လက်အုပ်ကလေး ချီလိုက်ရသည်။ အဖေနှင့်အမေပန်းရုံတို့က လက်အုပ်ချီကြရင်း ဆရာတော်များကို အိမ်ဝအထိ လိုက်ပို့ကြတာကိုလည်း မြင်ရပါ၏။ “မအိမ်ကံ” “ပြောလေ ကျေးဥရဲ့။ ညည်း ဘာဖြစ်လာတာလဲ။ မျက်နှာမသာမယာနဲ့” ကျေးဥက

မျက်နှာပျက်ရာကပင်

တစ်ချက်ရယ်လိုက်ပြီး

ခါးကြားထဲညှပ်ထားသည့်

စာတစ်စောင်ကို

မအိမ်ကံလက်

ထဲထည့်ပေးလိုက်သည်။ မအိမ်ကံက လက်ထဲရောက်လာသည့် စာကိုဖတ်ရန်ပြင်လိုက်တော့ ကျေးဥက မအိမ်ကံကို ဆီးဖြူပင်ကြီးဘက် ဆွဲခေါ်လာခဲ့ပြန်၏။ မအိမ်ကံမှာ ကျေးဥ ဆွဲခေါ်ရာပါလာရင်း နားမလည်နိုင်အောင် ဖြစ်နေရသည်။

19


“ဘာလဲဟဲ့။ ညည်းဟာက ဘာစာလဲ။ ဘယ်သူစာလဲ” “သာအောင် ပေးလိုက်သာ။ မအိမ်ကံကို စာပေးချင်လို့ ပြောနေသာတော့ နှစ်ရက်သုံးရက်ရှိပြီ။ ငါက ယူမလာဝံ့လို့။ မနေ့တုန်းကတော့ ဇွတ်ပေးလိုက်သာပဲအေ” “အို” မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကားတွေပါလား။ သာအောင်က စာပေးခိုင်းလို့ဆိုတော့ သာအောင်ဆိုတာ။ မအိမ်ကံအမှတ်ရပြီ။ ကျေးဥတို့ အိမ်မှာ ဖျတ်ခနဲ ဆုံခဲ့ရသော လူပုံချောချောကာလသားကို ပြောနေတာပဲဖြစ်မည်။ သာအောင်က စာပေးခိုင်းလို့ဆိုတော့ ဘာစာဖြစ်နိုင်မလဲ။ မအိမ်ကံနှင့်သာအောင် ဘယ်လိုမှ ပတ်သက်စရာမရှိ။ စာပါး စရာလည်း အကြောင်းမရှိ။ ကျေးဥကတစ်ဆင့် ပါးရအောင် ကလည်း မအိမ်ကံနှင့် ကျေးဥဆက်ဆံရေးတွင် ကိုယ်ရေး ကိုယ်တာကိစ္စတွေအထိပါ ပါဝံ့စရာမရှိ။ “ဘာစာလဲဟဲ့ ကျေးဥ။ ညည်းဝင်မရှုပ်နဲ့နော်” မအိမ်ကံက မျက်နှာကလေးကို တည်လိုက်ရင်း ကျေးဥ ကို စိုက်ကြည့်လိုက်သည်။ ကျေးဥခင်မျာ မျက်လုံးကလေး ပြူးသွားရင်း မျက်နှာမှာ သွေးမရှိတော့။ “ငါက ပြောသေးသာပါအေ။ ယူမသွားဝံ့ပါဘူးလို့။ ငါ မအိမ်ကံကို ကြောက်သယ်လို့ဆိုတော့ သာအောင်က စာက အရေးကြီးလို့ပါသဲ့။ မအိမ်ကံလက်ထဲ ထည့်လိုက်ရုံပါပဲသဲ့။ ပြီးတော့ ဘယ်သူ့မှ မပြောရဘူးလို့လဲ မှာတော့” “ဒါနဲ့ပဲ ညည်းကယူလာရသယ်ပေါ့လေ” “အရေးကြီးသယ်ဆိုသာကော မအိမ်ကံရဲ့။ ယူမလာရင်လည်း ငါ့မှာ တစ်ပြစ်ဖြစ်တော့မယ်” မအိမ်ကံက ဆုပ်ထားလက်စစာကို ဖြန့်လိုက်သည်။ စာအိတ်က တွန့်ကြေနေတာဆိုတော့ စာအိတ်ထိပ်ကို အသာ အယာဆုတ်လိုက်သည်။ အိမ်ကြီးဘက်ကို တစ်ချက်လှမ်း ကြည့်ရင်း စာအိတ်ထဲက ထွက် လာသည့်စာကို ဖြည်းဖြည်းချင်း ဖြေဖြန့်ပြီးမှ စိတ်ထဲက ဖတ်နေမိသည်။ ကျေးဥက တော့ မအိမ်ကံမျက်နှာကို မျက် တောင်မခတ်စတမ်း ကြည့်နေခဲ့သည်။ သည်စာဖတ်ပြီး မအိမ်ကံက ကုတ်များဆွဲလိုက် လေမလားဆိုသည့်စိတ်ဖြင့် အသာအယာပင် နောက်ကို ဆုတ်နေမိ၏။ မအိမ်ကံက စာကိုဖတ်ရင်း မျက်မှောင်ကြုတ်လိုက်၊ အိမ်ကြီးဘက် လှမ်းကြည့်လိုက်၊ စာကိုဆက် ဖတ်လိုက် လုပ်နေသည်။ မျက်နှာကလေးတင်းနေရာက ပြေလျော့သွားတာကိုတော့ ကျေးဥ သတိထားလိုက်မိ သည်။ မအိမ်ကံက စာကိုဖတ် ပြီးသွားသည့်အခါ စာရွက် ခေါက်ရိုးအတိုင်း စာကို ပြန် ခေါက်သည်။ စာအိတ်ကလေး ထဲကို အသာပြန်ထည့်သည်။ မျက်နှာကလေးက ပြုံးပျော့ ပျော့ကလေး။ “ညည်း သည်စာကို သာအောင်က ပေးသယ်လို့ ဘယ်သူ့မှ မပြောနဲ့နော် ကျေးဥ။ စာအရဆိုရင် သာအောင်က ငါ့ကို တွေ့ချင်သာတဲ့။ သူခေါ်သဲ့နေရာကို ငါသွားရမှာပေါ့။ အမေ ပန်းရုံတို့ မသိအောင် သွားရမှာဆိုတော့” သည်တစ်ခါ ထိတ်လန့်သွားသူက ကျေးဥပင်။ လူပျို ကာလသားတစ်ယောက်က နှစ်ကိုယ်တွေ့ချင်ပါသည်ဆိုသည့် နေရာကို မအိမ်ကံက လူကြီးမိဘတွေမသိအောင် သွားမယ် ဆိုနေပြီ မဟုတ်လား။ ဒါဘာစာပါလိမ့်။ ဘာသဘောတွေပါလိမ့်။ မအိမ်ကံကလည်း သဘောလွယ်လှချည့်လား။ သည်ကိစ္စက ပန်းနံ့လိုလေထဲမှာ ဝေ့ရင်း ပျောက်သွားနိုင်တာမျိုး မဟုတ်။ တစ်ယောက်မှ တစ်ယောက်စကား လက်ဆင့်ကမ်းသွားနိုင်သည်။ ထိုအခါစာကို စယူလာသူက ဘယ်သူလဲမေးလျှင်

20


“ကျေးဥ”ဆိုသည့် နာမည်ပါရတော့မည်။ ဒါဆိုရင် ကျေးဥတို့ သားအမိ ဇောင်ချမ်းကုန်းက ပြေးရဖို့သာ ရှိတော့သည်။ “မဟုတ်သာ မအိမ်ကံရယ်။ ကာလသားတစ်ယောက်က တွေ့ချင်သာနဲ့ သွားတွေ့ရရော့လား။ မလုပ်နဲ့။ မလုပ်နဲ့။ မီးတွေ လောင်ကုန်လိမ့်မယ်။ သာအောင့်အမေက ပိုးစိုးပက်စက် နိုင်ပါဘိသနဲ့အေ” “စာထဲမှာ သာအောင်က တွေ့ပါရစီဆိုမှတော့ တွေ့ရမှာ ပေါ့ကျေးဥရဲ့။ မတွေ့ရင် ငါသတ္တိနည်းရာ ကျမှာပေါ့။ ပြီးတော့ စာကညည်းပဲ ယူလာသာလေအေ။ ငါကတော့ အမှန်အတိုင်း ပြောမှာပဲ” “မလုပ်ပါနဲ့ မအိမ်ကံရယ်။ စာကိုပြန်ပိတ်ပြီး ပြန်ပေးလိုက်စမ်းပါ။ ငါသာအောင့်ကို ပြန်ပေးလိုက်မယ်။ ငါ ကြောက်လွန်းလို့ပါအေ ရှိကြီးခိုးပါရဲ့” “အလိုတော်

သည်စာကို

ယူလာတော့လည်း

ညည်း။

ပြန်ယူသွားပါရစေဆိုတော့လည်း

ညည်း။

ညည်းက

ငါ့ကို

ကလေးမှတ်လို့လား။ ဘွာခတ်လို့ရရောတဲ့လား” “ကိုင်းပါ ဒါတော့ ယူလာမိသာ မိကျေးဥအပြစ်ပဲ ထားလိုက်ပါတော့။ သာအောင့်ကိုတော့ မအိမ်ကံ သွားမတွေ့ ရဘူး” “ဘာဖြစ်လို့လဲ အေ့” “အို ငါမပြောတတ်ပါဘူး။ မိန်းကလေးဆိုသာ ဆူးနဲ့ ဖက်လို မဟုတ်လား” “သာအောင်က ဆူး ဟုတ်ချင်ဟုတ်မှာပေါ့အေ။ မအိမ်ကံ ကတော့ ဖက်ရွက်တစ်ရွက် မဟုတ်ဘူး ကျေးဥရေ့။ ဆူးကြောင့် ပေါက်တဲ့ဖက်ရွက် ဘယ်တော့မှ အဖြစ်မခံပေါင်” မအိမ်ကံက စာကိုခါးကြားထဲ ထိုးသွင်းပြီး အပေါ်အင်္ကျီ ကို ဆွဲချလိုက်သည်။ ပြီးတော့ အိမ်ကြီးဘက်ကို လှည့်ထွက်သွားပါ၏။ သည်တော့လည်း ကျေးဥခင်မျာ ဇောချွေးတွေ စို့ပြန်နေသည့်နဖူးကို အင်္ကျီလက်မောင်းဖြင့်သုတ်ရင်း ဒရောသောပါး အပြေးလိုက်ရတော့သည်။ အိမ်မကြီးအရောက် အမေပန်းရုံအထွက်နှင့် ကြုံသည်နှင့် ကျေးဥကုပ်ကိုလှမ်းဆွဲ သည်။ “မအိမ်ကံရော၊ ကျေးဥရော အော်မကြား ခေါ်မကြားနဲ့ ဘယ်များသွားနေကြတာတုံး။ ကျေးဥ ပြေးစမ်း၊ ညည်းအမေ ပြေးခေါ်စမ်း။ ငါခိုင်းစရာလေးရှိလို့” ကျေးဥခင်မျာ အမေပန်းရုံခိုင်းတော့လည်း မငြင်းသာပါ။ အမေရှိမည်ထင်သည့် နေရာကို ပြေးရတော့သည်။ မအိမ်ကံကတော့ အပေါ်ထပ်ကို တက်လာခဲ့ကာ အခန်းတံခါး ကို ပိတ်လိုက်ပြီး အိပ်ရာပေါ်လှဲလိုက်သည်။ ခါးကြားညှပ် ထားသည့်စာကိုထုတ်ပြီး တစ်ခါ ထပ်ဖတ်သည်။ စာက အစ်ကိုမောင်မြတ်သာ ရေးပေးလိုက်သည့် စာရယ်ပါ။ ကျေးဥကို စချင်လို့ သာအောင်ကပဲ ရည်းစားစာ၊ မေတ္တာစာ ပေးလေဟန် ပြောခဲ့ခြင်းဖြစ်သည်။ အစ်ကိုမောင်မြတ်သာနှင့် သာအောင်တို့ သည်ရက်ထဲမှာ တွေ့ခဲ့ကြပုံပေါ်သည်။ သာအောင်က သူ့အိမ်အတွက် မြင်းခြံကို မကြာခဏ အသွား အလာရှိသူ ဖြစ်သည်။ ဒါဆို အစ်ကို မြင်းခြံမှာ ရှိနေသည် ပေါ့။ စာက အစ်ကိုမောင်မြတ်သာ လက်ရေးမှ လက်ရေး အစစ်။ “နှမလေး မအိမ်ကံ” အစ်ကိုစာရေးလိုက်ပါ၏။ အစ်ကိုလည်း မြင်းခြံနှင့် ရန်ကုန်မြို့ကို အိမ်ဦးကြမ်းပြင် ကူးလူးနေရပါသည်။ တလောက အင်္ဂလိပ်အစိုးရ အကြည်ညိုပျက်အောင် တရားဟောမှုနှင့် ထောင်ထဲဝင်ရပါသေးသည်။ နှမလေးတို့လည်း သည်သတင်း ကြားပြီးရောပေါ့။ စိတ်မချမ်းမသာ ဖြစ်မှာကိုလည်း အစ်ကို သိပါ၏။ သို့သော် အစ်ကိုတို့လို မျိုးချစ်စိတ်ဓာတ်ရှိသူများ

21


အဖို့တော့ သိပ်တော့လည်း ဆန်းလှသည် မဆိုနိုင်ပါ။ ရွာကို အစ်ကိုပြန်မလာနိုင်တာကို ခွင့်လွတ်ကြစေချင်ပါသည်။ အဖေ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်တာလည်း ပါပါ၏။ အခုစာကတော့ ကံလေးတစ်ဦးတည်းကို ရေးလိုက်သည့် စာပါပဲ။ အကြောင်းမှာ အစ်ကိုတို့ လုပ်နေသည့် အလုပ်အတွက် ငွေကြေးလိုအပ်နေတာကြောင့် ကံကလေးအနေနဲ့ တိုင်းချစ်ပြည် ချစ်စိတ်ကို အရင်းခံလျက် တတ်အားသလောက် အလှူငွေ ထည့်ဝင်လိုက်စေလိုပါသည်။ အိမ်ကပစ္စည်းကို မရိုးမဖြောင့် ခိုးယူသည်လည်း မဖြစ်စေချင်ပါ။ ကံကလေးပိုင် ငွေကြေးကိုသာ တတ်စွမ်းသမျှ သန့်ရှင်းစွာ လှူဒါန်းစေချင်ပါသည်။ နောင်အခါ အစ်ကိုနှင့်တွေ့မှ အကြောင်းစုံကို ပြောပြပါမည်။ သည်စာကို ယူဆောင်လာသူ မောင်သာအောင်မှာ အစ်ကိုတို့၏ အလွန်ယုံကြည်ရသော ရွာခံလူကောင်းတစ်ယောက် ဖြစ်သည့်အတွက် ကံကလေးကလည်း ယုံကြည်စွာ လက်ရောက်ပေးအပ်လိုက်နိုင်ပါသည်။ အဖေနှင့်တကွ အမေပန်းရုံ၊ ကံကလေးတို့ ကျန်းမာကြပါစေ။

သခင်မျိုးဟေ့ ဒို့ဗမာ

အစ်ကို့စာကို

တစ်ခေါက်ထပ်ဖတ်ပြီး

မအိမ်ကံ

ငိုင်သွားခဲ့သည်။

ကိုယ့်အိမ်က

သခင်မြတ်သာ မရိုးမဖြောင့်ရယူသည့်ငွေကြေးဥစ္စာ

မဖြစ်ပါစေနှင့် ဆိုသည့် အစ်ကိုဖြစ်သူစာပါ သဘောထားမျိုး မအိမ်ကံမှာလည်း ရှိသည်။ သည်ဘက်နှစ်ကာလတွေအတွင်း အမေပန်းရုံက အိမ့်စီးပွား၊ အိမ့်ဗာဟီရတွေအားလုံး မအိမ်ကံ ကို တဖြည်းဖြည်း လွှဲအပ်လာခဲ့သည်။ သစ်ခင်း၊ စိုက်ခင်းက ၀င်ငွေ၊ ထန်းပင်တစ်အုပ်တစ်မက၀င်ငွေ၊ မြေးငှားချထားခြင်းက ၀င်ငွေ စသည်ဖြင့် ၀င်နေသည့်ငွေတွေကို မအိမ်ကံပဲ ကိုင်နေရတာကြာပြီ။ အမေပန်းရုံက တစ်ရက်မှာ မအိမ်ကံကို စဥ့်အိုးတစ်လုံး ထုတ်ပြသည်။ စဥ့်အိုးထဲမှာ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်လာခဲ့ကြသော ရွှေထည်၊ ဖြစ်၏။

ကျောက်ထည်၊

လက်ဝတ်လက်စားတွေ

သည်လက်ဝတ်လက်စားတွေထဲမှာ

များလှပါ၏။

အများဆုံးက

မအိမ်ကံပင်

လက်ကောက်နှင့်

ယခင်က

မမြင်ဖူးတာတွေချည်း

လက်စွပ်တွေဖြစ်သည်။

မြန်မာလူမျိုး

ဓနဥစ္စာကြွယ်ဝသူတို့၏ အယူအစွဲဖြစ်သည့် န၀ရတ်ကိုးပါး စလုံး ရှိသည်။ “ပတ္တမြား ဘုန်းတောက်၊ မြကျောက်၊ အေးချမ်း၊ စိန်စွမ်းဂုဏ်ရောင်၊ ကြောင်ကားသိဒ္ဓိ၊ မဏိနီလာ၊ မေတ္တာကံချုပ်၊ ဂေါ်မုတ်ခွန်အား၊ ဥဿဖရားကျန်းမာ၊ သန္တာကြီးကဲ၊ ပုလဲကျက်သရေ၊ ကိုးဂုဏ်ဝေ”ဆိုသည့်အတိုင်း အတိတ်ဆောင် နိမိတ်ဆောင်ကာ စုဆောင်းထားကြခြင်း ဖြစ်သည်။ “ကိုသာထန့်အမေ၊

ညည်းတို့ဘွားအေကြီးက

ဥစ္စာရတ

နာစုရာမှာ

အင်မတန်တော်သယ်။

သီပေါရှင်ဘုရင်

လက်ထက် တော်တုန်းက နန်းတွင်းသူတွေဆီကတောင် ရအောင်ဝယ် သာတဲ့။ အမေတော့ သည်ပစ္စည်းတွေ တစ်ခုမှ ထုတ်မ၀တ်ခဲ့ဖူးပေါင်အေ။

မက်ရေစက်ရေလည်း

မရှိလှပါဘူး။

ငါ့သမီး

အရွယ်ရောက်တော့

ဝတ်ချင်ဝတ်ပေါ့။

ဒါ

ညည်းတို့မောင်နှမပိုင်တဲ့ ပစ္စည်းတွေပဲ” အမေပန်းရုံ သွန်ပြထားသော စဥ့်အိုးထဲက ရတနာတွေ ထဲမှာ စိုက်ဘီး၊ ပန်းခိုင်၊ ပန်းခက်၊ ရင်ထိုး၊ လည်တုံ၊ ဆံထိုး၊ နားကပ်၊ နားထောင်၊ ဘယက်၊ လည်ကပ်၊ လည်ဆွဲ၊ ရွှေဒင်္ဂါးပြား စသည်ဖြင့် များလှပါ၏။ နယားလက်ကောက်၊ စတိလက်ကောက်၊ ကြံဆစ်လက်ကောက်၊ ရွှေဆတ်ခိုင်လက် ကောက်၊ ပန်းလက်ကောက်တွေကလည်း အစုံလိုက်။ သည် ရတနာစဥ့်အိုးထဲက လက်ဝတ်လက်စားတွေကို မအိမ်ကံပိုင် ဆိုင်သည်ဟု မဆိုသာ။ မိဘနှစ်ပါး ရှိကြသေးသည်။ အမေ ပန်းရုံက ညည်းတို့မောင်နှမပိုင် ပစ္စည်းတွေဆိုသော်လည်း ဒါတွေကိုတော့ မအိမ်ကံမထိချင်။ သူတစ်ပါး မသိဘဲယူခြင်း သည် ခိုးခြင်းမြောက်သည်ဟု မအိမ်ကံထင်ပါ၏။ အစ်ကိုဖြစ်သူ၏ တိုင်းရေးပြည်ရေး ဆောင်ရွက်ချက် များကို မအိမ်ကံ လှိုက်လှဲဝမ်းသာ ကူညီချင်စိတ်တွေ ယိုဖိတ် နေမိသော်လည်း ငွေရယ်၊ ကြေးရယ်လို့ ထုပ်ထုပ်ထည်ထည် ပေးစရာမရှိ။ မအိမ်ကံ ဘာပေးရမလဲ။ နဘန်ပွဲ(နားပန်ပွဲ)

22


အပြီးမှာ အမေပန်းရုံက မအိမ်ကံကို မင်္ဂလာကျက်သရေနှင့် ပြည့်စုံစေခြင်းငှာ ရွှေနားကွင်းကလေးနှင့်အတူ စတိလက် ကောက်နှစ်ရန်၊ သံကွင်းဆက်ဆွဲကြိုးတစ်ကုံး လုပ်ပေးခဲ့သည်။ “ကိုင်း သည်ကနေ့ကစပြီး ငါ့သမီး မအိမ်ကံ ရွှေတွေ ငွေတွေ ပိုင်ပါပြီတော်။ ဆထက်တိုးလို့ တိုးပါစီ ပွားပါစီ”လို့ အမေ့ နှုတ်က ရွတ်ခဲ့တာလည်း မအိမ်ကံ မှတ်မိသည်။ ဟုတ်ပေ သား။ သည်ပစ္စည်းတွေကတော့ မအိမ်ကံကိုယ်ပိုင် ဖြစ်သည်။ သည်အထဲက လက်ကောက်နှစ်ရန်ပေးမယ်ဆိုရင် စိတ်သန့် ကိုယ်သန့် ပေးနိုင်သားပဲ။ မနက်ဖြန်ခါလောက် သာအောင်နှင့် အမြန်တွေ့ပြီး အစ်ကို့အတွက် လက်ကောက်နှစ်ရန်နှင့် စာတစ်စောင်ပေးဖို့ မအိမ်ကံ စိတ်ပိုင်းဖြတ်လိုက်သည်။ အစ်ကို့စာကို ၀ှက်ထားလိုက်ပြီး မအိမ်ကံအောက်ထပ်ကို ဆင်းလာခဲ့သည်။ အောက် မှာ ထမင်းပွဲကြီးခင်းကာ ထမင်းစာနေကြပြီ။ “သမီး ထမင်းမစားသေးဘူးလား။ လာ တစ်ခါတည်း ၀င်” “မအိမ်ကံ မစားချင်သေး ပါဘူး အမေ။ ကျေးဥကို စောင့်ဦးမလားလို့” “ညည်းသဘောပါအေ။ ဆာတော့လည်း ခူးခပ်စားကြတော့” အမေတို့၊ မလှအုံတို့ အောက်ထပ်မှာ ထမင်းစားကြတုန်း အစ်ကိုမောင်မြတ်သာကို လူကြုံပေးလိုက်ရန် စာရေးမည် စိတ်ကူးမိတော့ အိမ်ပေါ်ပြန်

တက်လာခဲ့သည်။ အိမ်ပေါ်မှာ

အစ်ကို

ရွာလာစဉ်အခါက မအိမ်ကံကို

စာသင်ပေးဖို့

ယူလာတတ်သော ဗလာစာအုပ် များနှင့် ခဲတံတွေ ရှိသည်။ မအိမ်ကံ စာမသင်ရတာ တောင်ကြာပြီ။ တစ်ခါတစ်ရံ အိမ်မှာရှိသည့် အစ်ကို့စာအုပ်တွေကို မအိမ်ကံ ယူဖတ်တာ ကလွဲလို့ စာပင်မရေးဖြစ်ခဲ့။ သို့သော် ရွာတွင် မအိမ်ကံလို ရွယ်တူတန်းတူ မိန်းကလေး တွေထဲမှာတော့ မအိမ်ကံ စာဖတ်တတ်ခြင်းသည်ပင် တစ်ဂုဏ် ဖြစ်ရသည်။ အခန်းတံခါးကိုပိတ်လိုက်ပြီး ၀မ်းလျားမှောက်ရင်း မအိမ်ကံ စာရေးသည်။ ဘယ်ကစရေးရမှန်းမသိ။ ဘာတွေ ရေးရမှန်းလည်း မသိ။ သူ့ရင်ထဲရှိသမျှ ဖွင့်အံကာ စီကာပတ် ကုံး ရေးချင်သော်လည်း အားလုံးငုံမိအောင် ရေးနိုင်ဖို့တော့ မလွယ်ပါ။ မအိမ်ကံလက်ကလေးတွေပင် ဆတ်ဆတ်တုန် လျက်ရှိပါ၏။ “အစ်ကို မောင်မြတ်သာ” စာပေးလိုက်တာရပါ၏။ အစ်ကို နေကောင်းထိုင်သာ ရှိစေရန် မအိမ်ကံ နေ့စဉ်ဘုရားမှာ ဆုတောင်းနေပါ၏။ မေတ္တာ လည်း ပို့နေပါ၏။ အဖေတို့၊ အမေတို့လည်း ကျန်းမာချမ်းသာ ကြပါသည်။ တိုင်းရေးပြည်ရေးအတွက် မအိမ်ကံ ပိုင်ဆိုင်သည့် လက်ကောက်နှစ်ရန်ကိုသာအောင်နှင့်

လှူလိုက်ပါ

သည်။

အစ်ကိုတို့

လိုရာသုံးကြပါ။

အစ်ကို့လက်ထဲရောက်လျှင်

ရောက်သည့်အကြောင်း စာရေးပါဦး။

ကျန်းမာပါစေ

ကျန်းမာပါ၏

ကံကလေး”

မအိမ်ကံက သူ့စာကို သူ ဖတ်ရင်း ၀မ်းသာနေသည်။ ရေးထားသည့် စာနှစ်ကြောင်း သုံးကြောင်းကို အကြိမ်ကြိမ် ပြန်ဖတ်သည်။ သေချာပြီဆိုတော့

ခေါင်းအုံးအောက်ကို

စာအခေါက်လိုက်

ထိုးထားလိုက်သည်။

မအိမ်ကံတို့ရွာမှာ

စာအိတ်ရယ်လို့

မရှိတော့ အဖေ့ထံရောက်လာတတ်သည့် ရုံးစာအိတ်အဟောင်းတစ်လုံး မနက်ကျမှ ရှာထည့်တော့မည် စိတ်ကူးထားသည်။ ခေါင်းအုံးပေါ် ခေါင်းတင်ရင်း အစ်ကို့ကို စိတ်ရောက်ရပြန်၏။ အစ်ကိုဘာတွေများ လုပ်နေတာပါလိမ့်။ တိုင်းရေးပြည်ရေးကို

မအိမ်ကံ

ပဲသိမ်းပဲကောက်

နားလည်လွန်းလှသည်တော့

မဟုတ်။

အကြားရနာလွန်းလို့

ရေးတေးတေး သိထားတာတော့ရှိသည်။ တိုင်းပြည် ကျွန်ဘ၀ ရောက်နေရသည်ဆိုသည့် အချက်ဖြစ်၏။ ထိုကျွန်ဘ၀က လွတ်မြောက်ရေးအတွက် အစ်ကိုတို့လို လူငယ်တွေ လုံးပမ်း နေကြတာကိုလည်း သဘောပေါက်ပါ၏။ ရပ်ရွာဆင်းရဲနေတာကို

23


သိနေတော့လည်း တိုင်းပြည်ပါ ဆင်းရဲနေရသည်ကို သိပါ၏။ မအိမ်ကံတို့ ရွာတွေမှာ စပါးစိုက်သော လယ်မရှိဘဲ ပဲခင်း၊ နှမ်းခင်းတွေသာရှိသည်။ စိုက်သာစိုက်ရသော်လည်း ပဲဈေး၊ နှမ်းဈေးတွေက မကောင်းလှပါ။ တစ်နှစ်နေနေ တစ်နှစ်ဆန်းဆန်း ဆင်းရဲပန်းတောင်း လုပ်ကိုင်စားသောက်နေ ကြရသူတွေက မအိမ်ကံ မျက်စိရှေ့မှာ ရှိနေကြသည်။ သည်ဘက်နှစ်တွေမှာ အမေပန်းရုံက မအိမ်ကံကို သူ့ခြေ၊ သူ့လက် စီမံခွင့်ကလေးပေးလာသည့်အတွက် ရွာမှာ အတိဒုက္ခ ရောက်နေကြသူတွေကိုတွေ့တိုင်း

မအိမ်ကံထောက်ပံ့

ကူညီနိုင်ခဲ့သည်။

ကိုဖိုးငွေတစ်ယောက်တည်း

ကျုံးနေရသော

အလုပ်တွေကို သူရင်းငှားထပ်ငှားကာ လုပ်စေသည်။ ဖိုးတုတ်နှင့် သူရင်းငှား ကိုစံအေးကို တွဲလုပ်စေကာ ကိုဖိုးငွေ ကို အိမ်မှာပဲ အုပ်စီးစေခဲ့သည်။ ဖိုးထူးကလည်း တောအလုပ် ကူနိုင်ခဲ့ပြီ။ ပဲဆွတ်၊ ပဲသိမ်းအလုပ်တွေကိုတော့ ကျေးဥနှင့်လွှဲရသည်။ ရွာထဲမှာ အဆင်းရဲဆုံးသူတွေကို ခေါ်ကာအလုပ် စေခိုင်းသည်။ ရက်ကန်းစင် ငါးစင်ဆင်ပြီး ရက်ကန်းရုံ ထောင်ကာ ရွာက ကာလသမီးတွေကို အရီးကြာညွန့်အား ဦးစီးစေသည်။ မအိမ်ကံ၏ ရက်ကန်းရုံထွက် ပိတ်ညက် ပိတ်ကြမ်းတွေကို မြင်းခြံဈေးကို သွင်းနိုင်ဖို့ မအိမ်ကံကိုယ်တိုင် မြင်းခြံကိုသွားဖို့လည်း ရှိသည်။ အခုတော့ ရက်ကန်းရုံက အစပဲရှိသေးသမို့ အထည်သိပ်မကျသေး။ လုပ်ခရယ်လို့ များများစားစား မရနိုင်သော်လည်း ထမင်းစားရဖို့တော့ အဆင်ပြေကြသည်။ မြေရှိပြီး သစ်စေ့သစ်ဆံ မရှိကြသည့် တောင်သူတွေကိုမျိုးပဲ တစ်တင်းတစ်ခွဲဆိုသလို ဝေငှပေးကမ်း ခြင်းလည်း ပြုသည်။ မအိမ်ကံ သည်လိုလုပ်နေတာတွေကို အဖေရော အမေကပါ အပြစ်မဆိုသည့်အပြင် နှစ်ထောင်း အားရပင် ရှိကြလေသည်။ “ငါ့မှာ သားက အားမကိုးရပဲ သမီးက လက်ရုံးဖြစ်နေပါပကောဟဲ့ ပန်းရုံရဲ့” အဖေ့နှုတ်ကပင် မြည်တမ်းလာခဲ့သည်။ မအိမ်ကံကတော့ အစ်ကို့ကို အပြစ်မမြင်ပါ။ အစ်ကိုမြတ်သာသည် မအိမ်ကံတို့ အိမ်အတွက်ထက် ပြည့်လက်ရုံး ဖြစ်နေတာကိုပဲ မအိမ်ကံ ကျေနပ်သည်။ တိုင်းပြည်အတွက် အစ်ကိုလိုလူတွေ ရှိနေဖို့ လိုအပ်တာကို မအိမ်ကံသဘောပေါက်သည်။ အစ်ကို့လုပ်ငန်း ကို မအိမ်ကံ တတ်စွမ်းသမျှ ကူညီနိုင်ဖို့သာ စိတ်ထဲရှိပါ၏။ “မအိမ်ကံ မအိမ်ကံ” ကျေးဥရောက်လာမှ ပြောထားတော့

မအိမ်ကံ

အတွေးရပ်တော့သည်။

ကျေးဥစိတ်ဆင်းရဲနေတာ

မအိမ်ကံ

သာအောင်ကပဲ သိပါသည်။

မအိမ်ကံကို

မေတ္တာစာကမ်းလိုက်သလိုလို

အကျိုးအကြောင်းမှန်ကို

ချက်ချင်းမပြောသေးဘဲ

အောင်းထားလိုက်သည်။ ကျေးဥက မအိမ်ကံကို အကဲခတ်နေ သလို မအိမ်ကံကလည်း ကျေးဥအရိပ်အခြေကိုကြည့်ကာ ရယ်ချင်နေမိ၏။ ကြာတော့လည်း ကျေးဥကို သနားလာသည်။ မအိမ်ကံတစ်ခုတော့ စဉ်းစားသည်။ သာအောင်ကတစ်ဆင့် ရောက်လာသည့်စာက

မရိုးမသားမဟုတ်ဘဲ

အစ်ကိုမောင်မြတ်သာ

လူကြုံပါးလိုက်သည့်

စာသာဖြစ်ကြောင်း

ဖွင့်ပြောသည့်တိုင် အစ်ကိုဖြစ်သူက အလှူခံသည့်ကိစ္စ၊ မအိမ်ကံ လက်ကောက်တွေလှူသည့်ကိစ္စတွေကိုတော့ ဖွင့်မပြောဘဲ ထားရန်ဖြစ်၏။ ဘာပဲဖြစ်ဖြစ် စာပါအတွင်းရေးတွေပါ ဖွင့်ပြောလိုက်လျှင် သည်စကား သည်သတင်းက ရွာထဲ ရပ်ထဲ ရောက်သွားနိုင်သည်။ ကျေးဥကို လူရင်းထား ချစ်ခင်နေရသော်လည်း ကိစ္စတိုင်းသိရန်မလိုဟု မအိမ်ကံတွက်သည်။ သည်ကိစ္စကိုလည်း ပေါ့ပေါ့ပါးပါးလောက်သာ ပြောရမည်။ “ကျေးဥရယ်

ညည်းစိတ်ဆင်းရဲနေသာ

ငါသိသားပဲ။

သာအောင်က

မအိမ်ကံကို

မရိုးမသားပေးလိုက်သယ့်

စာ

မဟုတ်ပေါင်အေရယ်။ အစ်ကိုမြင်းခြံက လူကြုံပါးလိုက်တဲ့ စာပါ။ အဖေတို့၊ အမေတို့ မသိအောင် ပေးလိုက်သာရယ်ပါ” သည်စကားကြားတော့မှ

ကျေးဥမျက်လုံးကလေးတွေ

လက်လာတော့သည်။

ပြုံးနိုင်ရယ်နိုင်လာသည်။

မအိမ်ကံ

လက်ကလေးတွေကို ဆုပ်ကိုင်ကာ ၀မ်းသာကြောင်း အမူအရာပြသည်။ “၀မ်းသာပါ့တော်။ ငါက သာအောင် မလိမ့်တပတ်နဲ့ ရည်းစားစာအပေးခိုင်းသယ် မှတ်နေသာ။ သည်လိုသာ ဆိုရင်တော့ ငါတို့သားအမိ နေစရာတောင် ရှိမှာမဟုတ်ဘူး။ နောက်တစ်ခုက” “ဘာလဲ ကျေးဥ”

24


“မအိမ်ကံကို ငါနှမြောတယ်အေ။ ရည်းစားသနား မရှိစေချင်သေးဘူး။ သာအောင်နဲ့ဆို ပိုတောင်မဖြစ်စေချင်သေးတယ်။ သာအောင့်အမေက သူ့သားတွေကို ရွာ့ကွမ်းတောင်ကိုင်တွေနဲ့ချည်း ပေးစားချင်နေသာ မဟုတ်လား” “ကျေးဥရယ် သာအောင်ကို ငါ မကြိုက်ပါဘူး။ စကားပမာ ကြိုက်မိသယ်ပဲထားဦးတော့ ငါလည်း ကွမ်းတောင်ကိုင် ရတော့မှပဲဟဲ့။ သူ့အမေက သဘောမတူဘဲ ရှိပါ့မလား” မအိမ်ကံစကားကြောင့်

ကျေးဥရင်တွေ

“ဒိန်း”ခနဲ

လှုပ်သွားခဲ့သည်။

ကျေးဥကိုယ်တိုင်က

မေ့မေ့လျော့လျော့

ပြောလိုက်သည့်စကားကို မအိမ်ကံ ထောက်လိုက်တော့မှ သတိထားမိတော့သည်။ “ငါလည်း ကွမ်းတောင်ကိုင်ရတော့ မှာပဲဟဲ့”တဲ့လား

မအိမ်ကံရယ်။

အမေပြောထားသည့်

စကားကို

ဖျတ်ခနဲ

သတိရမိရာက

ကျေးဥမျက်နှာကလေး

အိုကျသွားခဲ့သည်။ မအိမ်ကံကို ကျေးဥဘယ်လိုပြောရပါ့မလဲတော်။ ကျေးဥ မျက်ရည်တွေဝိုင်းသွားတာမြင်လိုက်တော့ မအိမ်ကံ စိတ်ထဲမကောင်း ဖြစ်သွားသည်။ ကျေးဥကလည်း ကျလုလု မျက်ရည်ကို ထိန်းလိုက်နိုင်ပါ၏။ “ကျေးဥရယ် ညည်းစိတ်ပူအောင် ငါ တမင်စသာပါအေ။ စိတ်မကောင်း မဖြစ်ပါနဲ့။ တစ်ခုတော့ ငါ့ကို ကူညီဦးဟယ်” “ဘာများပါလိမ့်တော်” “မအိမ်က သာအောင်နဲ့တော့ တွေ့ရမှကို ဖြစ်မှာ။ ဘယ်လို တွေ့ရမလဲတော့ ငါလည်းမသိဘူး။ ကူစဉ်းစားပေးပါဦး” “ဘာကိစ္စများ တွေ့နေမှာလဲ မအိမ်ကံရယ်။ အစ်ကို မောင်မြတ်သာကို စာပြန်ဖို့ဆိုရင် ငါပဲသာအောင်ကို ပေးလိုက်ရင်ဖြစ်သာပဲ” အဲသလိုတော့ မအိမ်ကံသိသာပေါ့။ မဖြစ်ဘူး။ ကိုယ်တိုင်တွေ့ပြီး မေးချင်သာလေးတွေလည်း ရှိသေးသာကိုး။ အစ်ကို့အတွက် အရေးကြီးသယ်” “အို ဟုတ်လား နေပါဦး။ ငါစဉ်းစားပါဦးမယ်” ကျေးဥက သာအောင်နှင့် မအိမ်ကံ နှစ်ယောက်သား တွေ့ ရမည့်နေရာကို စဉ်းစားသည်။ ဟိုတစ်ခါလို ကျေးဥတို့အိမ်မှာပဲ ဖျတ်ခနဲ တွေ့လိုက်လို့ဖြစ်သားပဲ။ ခဏတစ်ဖြုတ်တွေ့တာပဲ။ သည်လိုဆိုတော့လည်း တစ်ခါက နှစ်ခါတွေ့တာမျိုး ဖြစ်လာတော့ ရိုးရိုးသားသား ဆိုပေသိ တစ်ယောက်ယောက်မြင်နိုင်သည်။ ကျေးဥတို့ ၀ိုင်းတိုက်တွေက တဲတွေ၊ အဖီတွေ ဗလုံစီ ထိုးနေတာ မဟုတ်လား။ ပြီးတော့ လမ်းမတန်းကိုထွက်ဖို့က အိမ်ကြိုအိမ်ကြား လမ်းကလေးတွေကိုပဲ သုံးကြရတော့ အသွား အလာများလှသည်။ နို့ဖြင့် ဘယ်မှာတွေ့ရင် ဖြစ်မလဲ။ ရွာအနောက်ဘက် စိုက်ခင်းတွေဘက်ကော၊ စိုက်ခင်းအနောက်ဖျား ညံပင်တောတွင်းမှာ ကျေးဥတို့ ငရုတ်ခင်း၊ ခရမ်းခင်း ငုတ်စိ ကလေးတွေရှိသည်။ အခင်းစောင့် တဲပျက်ကလေး တစ်လုံးရှိသည်။ ဘူးနွယ်ကြီးတွေ

ခေါင်ပေါ်တက်နေသဖြင့်

အမိုးတစ်

ခြမ်းပြိုနေသည့်

တဲပျက်ဖြစ်သည်။

သာအောင်ကို

စောစော

ကြီးကတည်းက တဲပျက်ထဲရောက်အောင် သွားစောင့်ခိုင်းရမည်။ ကျေးဥနှင့် မအိမ်ကံက ထမင်းဇပြီးအချိန်(ထမင်းစား ပြီးချိန်)လောက် လိုက်သွားကြရုံ။ ကျေးဥက သူတွေးရသလောက် ပြောပြတော့ မအိမ်ကံ စဉ်းစားသည်။ သာအောင့် လက်ထဲ ရွှေထုပ်ထည့်ပေးလိုက်တာကို လူမမြင်ဖို့ကလည်း အရေးကြီးသည်။ ရော့ အင့် ပေးလိုက်လို့ကလည်း ဖြစ်တာ မဟုတ်။ အကျိုးသင့် အကြောင်းသင့်တော့ ရှိရဦးမည် မဟုတ်လား။ “ကျေးဥရယ် အဲသည့်တဲ ကတော့ ဟုတ်ပါပြီ။ တစ်ယောက်ယောက် တွေ့သွားမှ ပိုပြီး ကျော်မကောင်း၊ ကြားမကောင်းဖြစ်မှာ စိုးရသယ်။ ရွာထဲရပ်ထဲ အမှတ်မထင် တွေ့သာကမှ အပြောလွတ်ဦးမယ်” “ဟုတ်သယ်လေ။

မအိမ်ကံက

သာအောင်နဲ့

စကားမေးချင်သေးတယ်။

စာလည်း

ပေးချင်သေးသယ်ဆိုသာကိုး။

ငါတို့အိမ်စုဘက်ကျတော့ မအိမ်ကံရောက်လာသာနဲ့ ကျီးကန်းအုပ်ထဲ ဟင်္သာရောက် သလို ထင်းခနဲ၊ ကွင်းခနဲ မြင်သာသာပေါ့။

25


ရွာက မအိမ်ကံကို ချစ်ကြတော့ အမြဲ ကြည့်နေကြသာရယ်” မအိမ်ကံပင် ကျေးဥ စကားကို သဘောကျနေမိသည်။ ကျေးဥပြောသည့် စကားက အမှန်ပင်။ မအိမ်ကံကို တစ်ရွာလုံးက ချစ်ခင်ကြသည်။ စိတ်ကောင်းနှလုံးကောင်း ရှိသူအဖြစ် လေးစား ကြည်ညိုကြတာလည်း ပါသည်။ စက်စက်ယိုအောင် လှလွန်းသူကလေးဆိုတော့

ဇောင်ချမ်းကုန်းလိုရွာမှာ

မအိမ်ကံ

ပုန်းလျှိုးကွယ်လျှိုး

သွားချင်လာချင်လို့

မဖြစ်နိုင်ပါ။

ဒါဆိုလျှင်တော့ သူတို့မှာ ရွေးချယ်စရာ ညံပင်တောကွင်းစပ်ကို သွားကြရုံသာ ရှိတော့သည်။ “ကျေးဥရယ် ညည်း ရောက်မလာခင်ကလေးကတင် မအိမ်ကံတွေးနေမိသား။ ငါ ဆယ့်ရှစ်နှစ်ပြည့်တဲ့နေ့မှာပဲ အိမ်က လူကြီးမိဘမသိအောင် အလုပ်နှစ်ခု လုပ်ရတော့မှာပါ လားလို့လေ။ တစ်ခုက အိမ်ကမသိအောင် အစ်ကို့ဆီ စာပေးရမှာ တစ်ခုက” “တစ်ခုက ဘာလဲ” “ရွယ်တူကာလသားတစ်ယောက်နဲ့ အိမ်ကမသိအောင် အင်းလေ ရွာကမသိအောင် နှစ်ကိုယ်ကြားတွေ့ရမှာလေ” “ဟုတ်သားအေ” ကျေးဥအောက်ထပ်ကို

ဆင်းတော့

မအိမ်ကံပါ

ဆင်းလိုက်သွားပြီး

အဖေ့စားပွဲအံဆွဲထဲက

စာအိတ်ညိုကြီးတစ်လုံး

ယူလာခဲ့သည်။ ထမင်းစေ့ ကွမ်းသီးလုံးလောက် နှိုက်လာခဲ့သည်။ အိမ်ပေါ်ပြန်တက်လာကာ ရေးပြီးသားစာကို စာအိတ် ကြီးထဲထည့်။ စာအိတ်ကို ထမင်းလုံးနဲ့ စေးနေအောင် ကပ်လိုက်သည်။ လက်ကောက်လေးကွင်းကို လက်ကိုင်ပ၀ါအဖြူ ကလေးနှင့်ထုပ်ရင်းက လက်ကိုင်ပ၀ါထောင့်စွန်းမှာ ပိုးချည် ဖြင့်ထိုးထားသော မအိမ်ကံဆိုသည့် စာလုံးကလေးဆီ မျက်စိ ရောက်မိသည်။ သည်လက်ကိုင်ပ၀ါပေါ်က မအိမ်ကံအမည်ကို အစ်ကိုတွေ့မှာ သေချာသည်။ လက်ကောက်ထုပ်နှင့်စာကို ပိတ်အိတ်ရှုံှု့ကလေးထဲထည့်ပြီး

အိတ်ရှုံ့ကြိုးကို

တင်းတင်း

ရစ်လိုက်သည်။

ဒါဆိုစာလည်း

အဆင်ပြေပြီ။

ရွှေလက်ကောက်တွေလည်း အဆင်ပြေပြီ။ ကျေးဥအိမ်ခဏ အပြန်မှာ သာအောင့်ကို ချိန်းခဲ့လိမ့်မည်။ နောက်တစ်နေ့ တစ်မနက်ခင်းလုံး မအိမ်ကံ ရင်တွေခုန် နေခဲ့ပါ၏။ သူလုပ်ရမည့် အလုပ်တွေဟာ စင်ကြယ်ရဲ့လား လို့လည်း တွေးရပါ၏။ အစ်ကိုမောင်မြတ်သာကို ဆက်သွယ်ရန် သည်နည်းမှတစ်ပါး အခြားနည်း မရှိလေတော့ ရင်ဖိုဖိုနှင့်ပင် ရွေးချယ်လိုက်ရခြင်းဖြစ်သည်။ သက်ပြင်းကလေးတွေ သာ အခါခါချမိတော့သည်။ “အမေ မအိမ်ကံ အနောက်တောက အကွက်တွေ မြေပဲ အုရဲ့လားလို့ ကျေးဥနဲ့ သွားကြည့်ချေဦးမယ်” “အေး အေး နေသိပ်မမြင့်ကြစေနဲ့။ အပြန်ကျ ချဉ်ပေါင် နွားစငုတ်ကလေးတွေ တစ်အိုးချက်လောက် ခူးခဲ့ကြစမ်းအေ” နွားစငုတ်ကလေးတွေကို မအိမ်ကံလည်း ကြိုက်သည်။ ဟင်းသီးဟင်းရွက်ခင်းတွေ နွေပေါက်လို့ အသီးအညွန့် တုံးသည့်အခါ နွားတွေက ၀င်စားကြသည်။ ထိုသို့ နွားစားရာ မှတက်လာသော အငုတ်အညွန့်ကလေးတွေကို ရွာက တစ်အိုး စာ၊ တစ်နပ်ချက်၊ ပုဆိုးတစ်စလွယ် ခူးတတ်ကြသည်။ ကျေးဥနှင့် မအိမ်ကံ ရွာအနောက်ဘက် ကွင်းတွေဆီ ထွက်လာ ခဲ့ကြသည်။ ညံပင်တောက ရွာ့စိုက်ခင်းတွေနှင့် တော်တော် လှမ်းသည်။ အခင်းစောင့်တဲကလေး ငုတ်တုတ်ကို အဝေးက မြင်လိုက်ရတော့ မအိမ်ကံ ရင်ခုန်ရပြန်ပါ၏။ “ကျေးဥ ညည်းက ခရမ်းပင်တွေနားနေခဲ့။ ငါက လူခြေ ကြည့်ပြီးမှ ၀င်မယ်။ သာအောင့်ကို သေချာပြောခဲ့ရဲ့လား” “ရောက်လောက်ပြီထင်သယ်။ အစောကြီးသွားစောင့်မယ် ပြောသာပဲအေ့”

26


မအိမ်ကံနှင့်ကျေးဥတို့ ကွင်းတွေထဲ ဖြတ်လျှောက်နေကြ တာကို အခင်းထဲရောက်နေကြသည့် လူတွေက အော်ဟစ်နှုတ် ဆက်ကြသည်။ မအိမ်ကံနှင့် ကျေးဥကလည်း ၀ူးထိုးနှုတ်ဆက် ကြရင်း ဟိုဘက်လိုလို သည်ဘက်လိုလို ဝေ့နေကြရသေး၏။ ညံပင်တောကွင်းစပ်ကိုရောက်ပြီး။ မအိမ်ကံ ရင်တွေ တလှပ်လှပ် ခုန်ရပြန်ပါပြီ။ ရင်ပုံထဲ ထည့်လာသည့် ရွှေထုပ် နှင့် စာအိတ်ကို လက်နှင့်ဖိစမ်းရင်း တစ်ကွင်းလုံးကို အကဲ ခတ်ရသေးသည်။ “မအိမ်ကံ သွားတော့။ လူသူအရိပ်အခြေတွေ့ရင် ငါ သီချင်းဆိုလိုက်မယ်။ သီချင်းမဆုံးမချင်း အသာအောင်း နေချေ” ကျေးဥက သည်လိုဆိုတော့ အဟုတ်သားပါလား။ မအိမ်ကံက တဲပျက်ကို အကဲခတ်သည်။ တဲက ငြိမ်ချက်သား ကောင်းလှပါ၏။ လူရိပ် လူခြေ ရှိပုံမရ။ မြွေပါးကင်း ပါးရော ကင်းရဲ့လား။ နှစ်ယောက်သား ချဉ်ပေါင်နွားစ ငုတ်ကလေးတွေ ခူးကြရာမှ တဲနောက်ဖေးဘက်ကို မအိမ်ကံ တိုးကပ်လိုက်သည်။ ကျေးဥကိုပင် မမြင်ရတော့။ မအိမ်ကံ အသံပြုလိုက်သည်။ “သာအောင်” ဘာသံမှမရှိ။

ပြန်ထူးသံ

လည်း

မကြား။

မအိမ်ကံတစ်

ချက်ထိတ်သွားခဲ့သည်။

ကွင်းဘက်ခပ်ဝေးဝေးဆီက

ဇာတ်ထုပ် ငိုချင်းချဆိုနေသံ ကို ကြားနေရတာကလွဲလျှင် တခြားဘာသံမှမရှိ။ ပြိုကျနေသည့် တစ်ဖက်စောင်းစောင်း အမိုးဟောင်းအောက်ကို

မအိမ်ကံ

ငုံ့ဝင်လိုက်သည်။

မြေစိုင်ခဲတစ်လုံးကို

မအိမ်ကံ

ခလုတ်တိုက်မိစဉ်မှာတော့

အထိအတွေ့အာရုံကို

သိလိုက်ခြင်းဖြစ်ပါသည်။

လက်ကြီးတစ်ဖက်က သူ့ခါးကို လှမ်းပွေ့ယူခြင်း ခံလိုက်ရသည်။ “အို... အမေ့” သည်တစ်ဒင်္ဂအတွင်း

မအိမ်ကံ၏ခံစားမှုမှာ

သူမတစ်ကိုယ်လုံးလေထုထဲ

နွေးအိသော

မြောက်တတ်သွားရာက

လေဟာနယ်ထဲမှာ

အသည်းတအေးအေး

ပြုတ်ကျသွားသလို

ခံစားနေရပြီး ရင်တွေကလည်း တလှပ်လှပ် ခုန်လာခဲ့ခြင်းဖြစ်၏။ မိန်းကလေး ဗီဇသဘာဝ ရင်ကို လက်နှစ်ဖက်ယှက်လိုက်ရင်း ကာထားလိုက်မိတာကိုလည်း

မျက်တစ်ခတ်အတွင်းမှာ

သိလိုက်ပါ၏။

မအိမ်ကံ

သတိမထားမိ

လိုက်သည့်အရာမှာ

တဲပျက်တံခါးဝမှာ ရှိနေသော ဒဂကျော် (တံခါးကျော်)မြေတစ်ဝက်မြုပ် ၀ါးလုံး ဖြစ်သည်။ မြေစိုင်ခဲမဟုတ်။ အရင်က သည်တဲကလေးကို သေသေသပ်သပ် ဆောက်ထားခဲ့ပုံ ပေါ်ပါသည်။ အဆင်းစောင့်တဲတွေလို အမိုးမိုး အကာလေး ဖက်ချထားတာမျိုးမဟုတ်။ ကဲလားထောက် ပြတင်းတွေပါ ပါအောင်ဆောက်ထားသည့် လူနေတဲကြီးတစ်တဲ ဖြစ်ခဲ့ဟန် တူပါ၏။ မအိမ်ကံ

ဟန်ချက်အပျက်မှာ

သာအောင်က

လက်တစ်ဖက်ဖြင့်

ထိန်းလိုက်သဖြင့်

ကျေးဇူးတင်လိုက်မိသော်လည်း

မခံချင်စိတ်ကလေးကလည်း ဖျင်းခနဲ ပါလာခဲ့သေးသည်။ သို့သော် မအိမ်ကံက စိတ်ကိုချက်ချင်းလိုလို ထိန်းလိုက်နိုင်၏။ သာအောင်သာ လှမ်းမဖက်လိုက်လျှင် ရှေ့ကိုဟပ်ထိုးလဲဖို့သာ ရှိတော့သည်။ မအိမ်ကံ ရင်ခုန်တာ မပျောက်ချင်သေး။ ရင်ထဲမှာ မောတောဆို့တို့ ကတုန်ကယင်ကြီး ဖြစ်နေသည်။ “မအိမ်ကံက ဒဂကျော်တန်းကို မမြင်လိုက်ဘူး ထင်တယ်။ လဲမှာစိုးလို့ပါ မအိမ်ကံ။ အားနာပါသယ်ဗျာ” သာအောင်ကလည်း

အကြေကြေအမွမွ

ဖြစ်သွားသော

သူ့စိတ်ကို

ပုံမှန်ရောက်အောင်

ပြန်စုစည်းနေရပုံပေါ်သည်။

ဖက်ထားသည့်လက်တွေကို ချက်ချင်းဖြေလျှော့ပေးလိုက်ပါ၏။ တောင်းပန်နေသော အသံကလည်း ပကတိရိုးသားမှု ဆိုတာ မအိမ်ကံ သိပါ၏။ သာအောင်က သူမသာ ကြားနိုင်သောအသံဖြင့် ပြောနေခြင်း ဖြစ်သည်။ မအိမ်ကံ အော်လိုက်သော “အို... အမေ့”ဆိုသည့်အသံကကော ကွင်းထဲကို ရောက်သွားလေသလား။ ဘယ်သူတွေများ ကြားသွားပါလိမ့်။ မအိမ်ကံမှာ သူ့နှလုံးခုန်သံကို ပြန်ငြိမ်အောင် ကြိုးစားနေရခြင်းနှင့်အတူ အထိတ်တလန့် ဖြစ်နေခဲ့သည်။ ရွာပြင်ကွင်းကျယ်ထဲက တဲအိုတဲပျက်ကြီးတစ်လုံးထဲမှာ

ဆွေမတော်

မျိုးမစပ်

ရွယ်တူ

သူစိမ်းယောက်ျားကလေးတစ်ယောက်နှင့်

သည်လို

27


လာတွေ့မိခြင်းသည်ပင် အမှားဖြစ်ကြောင်း မအိမ်ကံ သတိထားမိလိုက်သည်။ တဲအပြင်ဘက်ဆီက

ကျေးဥ၏သီချင်းညည်းသံ

ခပ်ထွေးထွေးကလေး

ကြားနေရဆဲ။

လူရိပ်လူယောင်ရှိသည်

ဆိုသည့်သဘောဖြင့် ကျေးဥသီချင်းညည်းနေခြင်း မဟုတ်လား။ သာအောင်နှင့် မအိမ်ကံက ပ၀ါတစ်ကမ်းစာ အဝေးမှာ ငြိမ်နေကြသော်လည်း တစ်ယောက်ကိုတစ်ယောက် မလုံမလဲ ကြည့်နေကြသလိုရှိပါ၏။ ပဲရိတ်နေကြသူတွေဆီက ၀ူးထိုးသံ၊ အော်ဟစ်မှာကြားသံ၊ သီချင်းဆိုသံ၊ တဟားဟားရယ်သံတွေ ကြားရလေ မအိမ်ကံ မျက်နှာကလေးမှာ သွေးမရှိလေ။ ကိုယ့်ကိုယ်ကိုလည်း ဘာကိစ္စ သည်လောက်တောင် အတင့် ရဲမိပါလိမ့်လို့ အပြစ်တင်မိသေးသည်။ သီချင်းဆိုသံတစ်သံ ဆိုလျှင်သည်တဲနှင့် မဝေးလှရော့သလား။ အသံကြားနေရတာကပင် ဝေးလှပုံမပေါ်ပါ။ “နေခြည့် နေခြည်ငယ်လေ နေခြည်ကထိုးသနဲ့... ရွှေပြည့်ရွှေပြည် ရွှေပြည်စိုးတွေက... တောင်ဗွေတရိုးမှာခင် ရယ် ခေါင်ရွှေဖိုးတွေသာလှပါ... ဂန္တာ့ ဂန္တာ ဂန္တာလမ်းမှာလ မြန်စွာ့ မြန်စွာ မြန်စွာ မြန်စွာ လှမ်းပါရ... ပေါက်စကလေး တွေက ယောက်ခွေးခေါ် ပန်းထိမ်ငှက်ကယ် တူနှယ်သံသာ လှပါ...” သာအောင်က ပြောစရာ စကားမရှိသလို တွေတွေကြီး ရပ်နေပါ၏။ မအိမ်ကံက တွေ့လိုပါသည်ဆိုလို့သာ လာခဲ့ရသော်လည်း သာအောင်ကိုယ်တိုင်က

ဇဝေဇ၀ါ။

အခုလည်း

မအိမ်ကံ

စကားကျကို

စောင့်နေခြင်းသာဖြစ်၏။

တွေ့ချင်လှသူက

နှုတ်ဆိတ်နေသည် မဟုတ်လား။ မအိမ်ကံက နှလုံးကလေး ငြိမ်ပြီဆိုတော့မှ ခါးထဲထိုးထည့်လာသည့် အိတ်ရှုံ့ထုပ်ကို နုတ်ယူလိုက်သည်။ သာအောင်ကို လှမ်းပေးသည်။ သာအောင်က အိတ်ကိုတစ်လှည့် မအိမ်ကံကို တစ်လှည့်ကြည့်ရင်း နားမလည်ဖြစ်နေပုံရ၏။ မအိမ်ကံက မျက်နှာကလေး တည်လိုက်ပြီး တိုးတိုးကလေး ပြောလိုက်သည်။ “အစ်ကိုနဲ့ ဘယ်မှာတွေ့သာလဲ” သာအောင်က အခုမှအကြောင်းရင်းကို သဘောပေါက် သွားဟန်ဖြင့် စိတ်ကလေးနူးသွားပုံ ရသည်။ သူကလည်း လေသံဖြင့် ပြောသည်။ သည်တဲထဲမှာ သိပ်ကြာကြာနေလို့ မကောင်းနိုင်မှန်း သူလည်းသိပုံရ၏။ “မြင်းခြံပဲ

ရောင်းရင်းရောက်ခဲ့သာ။

ဆရာကြီးဦးဘခင်

အိမ်ဝင်မေးတော့

ရှိသယ်ဆိုသာနဲ့

ကျုပ်ရောက်သွားသာပါ။

ရန်ကုန်မှာလိုလို၊ မြင်းခြံမှာလိုလိုဆိုတော့ ကျုပ်လည်း ကံစွပ် ကံညား သွားမေးရသာပဲ။ သခင်မြတ်သာရှိသယ်ဆိုတော့ ၀မ်းသာရပုံများ။ စာနှစ်စောင် ရေးပေးလိုက်သာ စောင့်ယူခဲ့သယ်။ ဆရာလေး ကိုတောက်ထိန်အတွက် စာတစ်စောင်နဲ့ မအိမ်ကံအတွက် စာတစ်စောင်။ မှာချင်သာရှိရှိ၊ လူကြုံပါစရာ ရှိရှိ ကျုပ်ကိုပဲ ပါးလိုက်ဖို့လည်း မှာလိုက်သယ်” “မြင်းခြံကို ဘယ်တော့သွားမှာလဲ” “မအိမ်ကံပါးရမယ့် ကိစ္စက အရေးကြီးရင် ကျုပ်က သွားရုံပေါ့။ သခင်မြတ်သာက ကနေ့ရှိပေမယ့် နောက်တစ်နေ့ ရှိချင်မှရှိသာဆိုတော့ မြန်မြန်တော့သွားမလားလို့” သာအောင်က မအိမ်ကံကို မကြည့်ဘဲ မအိမ်ကံခလုတ် တိုက်လိုက်သည့် တံခါးကျော်ဝါး မမြုပ်တစ်မြုပ်ကို ကြည့်ရင်း ပြောနေခြင်းဖြစ်သည်။

မအိမ်ကံကတော့

သာအောင့်ကိုပဲ

ကြည့်နေခဲ့သည်။

အသားမညိုမရော်၊

မျက်လုံးမျက်ဖန်

ကောင်းကောင်းနှင့် လူပုံရိုးရိုးဖြစ်၏။ အစ်ကိုမြတ်သာက ယုံကြည်လို့သာ နှမအပျိုဆီ လွှတ်လိုက်သာပဲ ထင်ပါရဲ့။ “အဲသာလေး အစ်ကို့လက်ထဲရောက်အောင် ဆောင်ကျဉ်း ပေးဖို့ပါပဲ။ ဒါထက် အစ်ကို ဘာတွေလုပ်နေသာလဲ ကိုသာအောင် သိသလား” “သူကတော့ တိုင်းရေးပြည်ရေးလောက် ခေါင်းထဲရှိသာပါပဲ။ ဘာလုပ်နေသလဲတော့ ပြောဖို့ခက်သားပဲ”

28


ဒါလည်းဟုတ်ပေသား။ အစ်ကို့မိရင်းဖရင်း မိသားစုကတောင် မသိနိုင်တဲ့ကိစ္စ သူစိမ်းတစ်ယောက်က သိဖို့ဆိုတာ ခက်ရော့မည်။ သာအောင်က အိတ်ရှုံ့ကလေးကို ကြည့်ရင်း ဘာတွေလဲလို့ မေးချင်ပုံရသော်လည်း နှုတ်ကတော့ ဖွင့်မမေးပါ။ မအိမ်ကံကပဲ စလှုပ်လိုက်သည်။ တော်လောက်ပြီ။ သည့်ထက်ပိုနေလို့လည်း မကောင်းနိုင်တော့ပြီ။ သို့သော် မအိမ်ကံတစ်ခုတော့ စဉ်းစားသည်။ အထဲမှာ ရွှေစတွေပါသည်။ ယူသွားသူကလည်း စိတ်ရနံ့ကင်းဖို့လိုသည်လို့ စဉ်းစားမိသည်။ “တဆိတ် အိတ်ရှုံ့ကလေးကို ဖွင့်ကြည့်လိုက်ပါဦး။ ကျုပ်ပေးလိုက်သဲ့ ပစ္စည်းကလေးတွေ သိစေချင်လို့ပါ” အိတ်ရှုံ့ကိုဖွင့်သည်။ အထဲက

လက်ကိုင်ပ၀ါနှင့်

ထုပ်ထားသော

အထုပ်တစ်ထုပ်

ထွက်လာသည်။

အထုပ်ကို

အသာဖြေလိုက်တော့

လက်ကောက်နှစ်ရန်နှင့် စာတစ်စောင်။ သည် တော့မှ မအိမ်ကံကို မော့ကြည့်သည်။ အံ့သြသွားပုံလည်းရသည်။ “တို့ဗမာအစည်းအရုံးကို လှူဖို့ထင်ပါရဲ့။ ကျုပ်လည်း ပဲရောင်းရသဲ့ငွေကလေးထဲက ဖဲ့လှူခဲ့သေးတယ်။ မများပါဘူး။ တော်တော်ကလေး လှူကြသယ်လို့ကြားသယ်” အစ်ကိုလုပ်နေသမျှ သာအောင် သိပုံတော့ပေါ်၏။ မအိမ်ကံ စိတ်ချလက်ချရှိရပြီ။ သာအောင်ပင် အစ်ကို့အလုပ် တွေကို သိနေသည်မဟုတ်လား။ မှာလိုက်ရင်ကောင်းမလား။

မအိမ်ကံကတော့

အစ်ကိုက

ဖြစ်နိုင်မည်မထင်ပါ။

လှူပါဆိုလို့သာ

လာလို့ရရင်

လှူလိုက်ခြင်းဖြစ်၏။

လာမှာပေါ့။

အဖေတို့

အစ်ကို့ကို

အမေတို့ကို

ရွာလာခဲ့ဖို့

အစ်ကိုလည်း

တွေ့ချင်ရှာမှာပေါ့။ အခွင့်မသာလို့သာ မလာတာနေမှာပါလေ။ “အစ်ကို ကျန်းကျန်းမာမာ ရှိရဲ့မဟုတ်လား” “ကျန်းမာပါရဲ့” “သည်စာသွားပေးလို့တွေ့ရင် ရွာဘက်များလှည့်ခဲ့ပါဦး လို့ ကံကလေးကမှာလိုက်သယ်ပြောပါ။ တွေ့လည်းတွေ့ချင်ပါရဲ့။ မျှော်လည်းမျှော်မိပါရဲ့” “တွေ့ရင်တာ့ ပြောလိုက်ပါ့မယ်။ ကျုပ်အထင် သူလည်း မြင်းခြံမှာ ကြာရှည်ကြာမိုးနေမယ့်ပုံတော့ မရဘူး။ အင်္ဂလိပ် ပုလိပ်တွေက သခင်တွေကို အကဲခတ် စောင့်ကြည့်နေကြသာတဲ့။ ဆရာကြီး ဦဘခင်တော့ ရှိမှာပါ” မအိမ်ကံက ထရံပျက်ကျိုးတိုးကျဲတဲကြားက ဘေးဘီကို အကဲခတ်ရင်း ချောင်းကြည့်သည်။ လူသူလေးပါးရယ်လို့ တော့မတွေ့။ သီချင်းသံတွေ၊ အော်ဟစ်သံတွေတော့ ငြိမ်နေပြန်ပါ၏။ ချဉ်ပေါင်ခင်းစပ်က ကျေးဥသီချင်းသံ ပေါ်လာ ပြန်လေသည်။ “သစ်ပုလွေ တောင်သလဲရယ်နှင့် နရွဲပင်ကြောင်လျှာ... ပျဉ်နှင့်ထောက်ရှာ ရှုတိုင်းရယ်သာ မာလကာနဲ့ကနစိုး... တော သရက်ကယ်နှင့်... အလိုတော်... တောသရက်ကယ်နဲ့ ရောယှက်ကာ ရှောက်ချိုနှောက်ပြန်ရတယ်... သီးမောက်လို့ ဖြိုး ... အိုး... ဟို...” ကျေးဥဆိုလိုက်သည့် သီချင်းသံက ပိုသည်ထက် ပိုကျယ်နေပါရော့လား။ မအိမ်ကံပင် ချွေးကလေးစို့သွားခဲ့သည်။ အပြင်ကို မထွက်နဲ့ဦးလို့ ပြောနေမှန်း မအိမ်ကံ သိနေတော့ ကိုယ်ကလေးကိုပင် ကျုံ့ထားမိ၏။ တစ်ယောက် ယောက်တွေ့လို့ကတော့ မီးလောင်နိုင်သည်။ “ဘာတဲ့ဟဲ့... ဘယ်လိုတဲ့ဟဲ့”ဆိုသည့် စကားတွေ ပြန့်ကားသွားလျှင် စာရိတ္တ ကိုပင် ထိခိုက်နိုင်တာ မဟုတ်လား။

ရွာရပ်က

မအိမ်ကံကို

ခပ်ရှုပ်ရှုပ်ထဲကပါအေလို့

အထင်ခံလိုက်ရရင်တော့လား

ကွမ်းထောင်ကိုင်ဖြစ်ဖို့

ရည်မှန်းထားသမျှ သဲထဲရေသွန် ဖြစ်ရတော့မည်။ သာအောင်ကတော့ အထုပ်ကို ပြန်ထုပ်ပြီး နှင့်ပြီ။ သူကတော့ သိပ်များများစားစား စဉ်းစားနေပုံမျိုး မရှိ။ သူ့ခမျာ မအိမ်ကံ မရောက်ခင်ကလည်း စောင့်နေခဲ့ရသည်။ အခုလည်း တဲထဲအောင်းနေရတာကြာပြီ။ ပြန်ချင်ရှာရော့မည်။ ပြန်လို့ မဖြစ်ပါ။

29


“မထွက်လိုက်နဲ့နော်။ ကျေးဥ သီချင်းဆိုနေသာက လူရှိသယ်လို့ ပြောနေသာရယ်။ ကျုပ်တော့ ကျေးဥ သီချင်းသံ တိတ်မှထွက်ဝံ့မှာပဲ။ ကိုသာအောင် နေခဲ့ဦးနော်” သာအောင် မအိမ်ကံကို ငေးကြည့်နေခဲ့သည်။ သနပ်ခါး ရေကျဲကလေး လူးထားတော့ မျက်နှာကလေးက ၀င်းဝင်းစက်စက်။ ရွာရက်ကန်းကျအထည်ကို ၀တ်ထားသော်လည်း အချိုးအဆက်ကျသူ ကလေးဆိုတော့ ကြည့်လို့ကောင်းလှပါ၏။ ကျေးဥက သီချင်းကို ပြန်ပြန်ကျော့နေပြန်တော့ နှစ်ယောက်စလုံး မထွက်သာ။ ဘူးပင်ကြီးနွယ်တက်နေသော တဲစောင်းစောင်းကြီးက အတန်အသင့်တော့ လုံခြုံပါ၏။ မြွေပါးကင်းပါးကြောင့် သည်အထဲ ၀င်ကြသူရှိပုံမရ။ ကျေးဥ အသံတိတ်သွားခဲ့ပြီ။ အပြင်မှာ အခြေအနေကောင်းပုံရပြီ။ မအိမ်ကံက ထရံကြားက မြင်သလောက် ချောင်းကြည့်ပြန်၏။ “ကျေးဥ သီချင်းသံ မကြားတော့ဘူး။ ကျုပ်အရင်ထွက် လိုက်မယ်နော်။ မအိမ်ကံတို့ ရွာခြေလောက်ရောက်မှထွက်ပါ။ နေလို့ဖြစ်ကဲ့ မဟုတ်လား” “ဖြစ်ပါတယ်” “ပစ္စည်းတွေသာ ရောက်အောင်ပို့လိုက်ပါတော့။ ကျုပ် သွားမယ်နော်” မအိမ်ကံက မြွေတစ်ကောင်လို လျှောခနဲ ထွက်လာခဲ့သည်။ ကျေးဥက ချဉ်ပေါင်ခင်းဘေးရပ်ရင်း မအိမ်ကံကို မြင်တော့ လက်ရိပ်ပြ၏။ မအိမ်ကံ ဣနြေ္ဒကလေးနှင့်ပင် ကျေးဥဆီ မလှုပ်တလှုပ် လျှောက်လာခဲ့သည်။ သည်လို လျှောက်တာကလည်း အမောတကော အပြေးအလွှား အမူ အယာ မပြချင်လို့ ဖြစ်၏။ ကျေးဥကလည်း စိုးရိမ်နေပုံရသည်။ နှစ်ယောက်သား ခြေဖျား လက်ဖျားကလေးတွေများအေးလို့။ “ကြာလိုက်တာ မအိမ်ကံရယ်။ ငါဖြင့် လူကြည့်ရသာနဲ့ ဇက်လည်လှပြီ။ နောက်များတော့ တန်ပါ့။ ဒါမျိုးများတော့ တော်ပါပြီအေ” “ညည်းသယ်လာသဲ့ ဇာတ်ထုပ်ပဲ ကျေးဥရယ်။ ကိုင်း သွားကြစို့။ နေစမ်းပါဦး သီချင်းကလည်း ဆိုလိုက်ရသာ။ လူတွေ့သာကော ဟုတ်ရဲ့လားအေ” “ငါက

အလကားနေရင်း

ဆိုပါ့မလားအေ။

တဲအနားဆီတော့

လူမလာပါဘူး။

မသန်းခင်တို့

အကွက်ဘက်မှာ

နွားစာရိတ်သူတွေရှိသယ်ဟဲ့။ ဘယ်သူမှတော့ ရိပ်မိကြပုံမရပါဘူး။ စိတ်ပူလိုက်သာအေ ညည်းနှယ်” နှစ်ယောက်သား ထွက်လာခဲ့ကြသည်။ လမ်းမှာသည် ကနေ့ ကြုံရပုံတွေ ပြောကြရင်း ခိုးခိုးခစ်ခစ် ကျိတ်ရယ်ကြရပါ၏။ မအိမ်ကံကတော့

ရင်ခုန်မပျောက်သေး။

ခြံဝိုင်းတိုက်ထဲကထွက်ရမှာမဟုတ်။

အဖေတို့

အစ်ကို့အတွက်

အမေတို့

သာ

သိလိုက်လို့ကတော့

စွန့်စားရသော်လည်း

သည်အလုပ်မျိုး

နောက်များ

ဘယ်တော့မှ

နောက်ဘယ်သောအခါမျှ

မလုပ်တော့လို့လည်း မအိမ်ကံတွေးခဲ့ပါ၏။ ကျေးဥက မထင်သောစကားကို ဆိုပြန်လို့ နွေးခနဲဖြစ်ရပြန်သည်။ “ငါက ရီးပန်းရုံကို မပူဘူးတော့်။ သာအောင့်အမေ ကြီးတော်စံရွှေကိုပူသာ။ သည်မိန်းမကြီးက သူ့သားတွေနဲ့ ပတ်သက်ရင် ဘယ်သူ့မှ မျက်နှာထောက်သာမှုတ်ဘူး။ မအိမ်ကံကို အပြောခံရမှာပဲစိုးသာ” မအိမ်ကံတို့ ၀ိုင်းတိုက်ထဲရောက်တော့ အမေပန်းရုံတို့ပင် မျှော်နေကြပြီ။ မအိမ်ကံကို ယုံကြည်တော့ အမေပန်းရုံက ဘာမှတော့ မပြောရှာပါ။ ကြာတာတော့ ကြာခဲ့သည် မဟုတ်လား။ မလှအုံကတော့ ကျေးဥကို ဗျစ်တောက်ဗျစ်တောက် လုပ်သည်။ “ညည်းတို့ နွားချေးကျင်းထဲများ ကျရော့လားလို့အေ။ နွားဇငုတ်ခူးထွက်သွားလိုက်ကြသာ ဆဒ္ဒန်ဆင်မင်းရှိသဲ့ တောကို သောနုတ္ထိုရ် သွားသလို ဖြစ်နေပြီ”

30


“တစ်ညွန့်ချင်း စစ်စစ်ပေါက်ပေါက် ဆိတ်ရသာ ဒွေးလှအုံရဲ့။ ကွင်းထဲရောက်တုံး အခင်းတွေဘက်လည်း ကြည့်ရ သေးသာ” “စိတ်ပူလို့ ပြောရသာအေ့။ ကိုင်းပေးစမ်း။ စပ်ချဉ် ကလေးချက်ပြီး ပဲရေပွကလေးနဲ့ ဖက်ရအောင် ညည်းအဖေ သူကြီးတော့ အကြိုက်ပေါ့အေ” အမေပန်းရုံကို

မြင်တော့

မအိမ်ကံပို၍ပင်

ဝမ်းနည်းမိရပါ၏။

အမေပန်းရုံက

မအိမ်ကံကို

ယုံကြည်သလောက်

အားလည်းကိုးသည်။ အိမ့်လုပ်ငန်းဆောင်တာတွေကို လွှဲပေးနေပြီ။ အသက်ကလေးလည်း ရရှာပြီ။ သူကြီးကတော် ဆိုသော်လည်း စီးစီးပိုးပိုးမရှိ။ ဘယ်သူ့ကိုမှ မောက်မောက် မာမာ မရှိ။ သူတကာ အိမ်ထောင့်ရှင် ရွာသူတွေလိုသာ နေထိုင်ကျင့်ကြံ ပြောဆိုသူဖြစ်ပါ၏။ မအိမ်ကံမှာ အမေမသိအောင် လုပ်ခဲ့မိသည့်အတွက် အပြစ်ရှိသလို ခံစားလာရသည်။ သာအောင်နှင့်တွေ့ခဲ့ပုံကို ပြောမဖြစ်သော်လည်း အစ်ကိုမောင် မြတ်သာပေးလာသော စာအကြောင်းကိုတော့ အခါသင့်လျှင် ပြောဖို့ စိတ်ကူးလိုက်သည်။ “ကိုင်း ကိုင်း ရေမိုးချိုးကြ။ ကျေးဥ ညည်းအိမ်ခဏ ပြန်ချင်ပြန်ဦးလေ။ မှောင်မှလာခဲ့။ သည်ကျမှထမင်းစား” “မပြန်တော့ဘူး အရီး” “အေးအေး ညည်းသဘောပါ” မအိမ်ကံနှင့် ကျေးဥ ရေတွင်းကုန်းဘက်ဆီ ထွက်လာ ခဲ့ကြသည်။ ရေတွင်းကုန်းစပ်မှာ ပေါက်နေသော ကံ့ကော်ပင်ကြီး အဖူးတွေစီနေပြီ။

မအိမ်ကံကတော့

အရွက်သေးသေး

ချွန်ချွန်ကလေးတွေကြားက

ပွင့်လာတတ်သည့်

ကံ့ကော်ပွင့်

ကလေးတွေကိုပဲ မျှော်နေမိတော့သည်။ ဇောင်ချမ်းကုန်း ဘုန်းကြီကျောင်းဘေးက သစ်ပင်ရိပ်မှာ ဆရာတော်က ကုလားထိုင် တစ်လုံးဖြင့်ထိုင်ကာ တော်သလင်းလ အပူဒဏ်ကို ရှောင်လျက်ရှိ၏။ ကျောင်းပေါ်မှာ မနေနိုင်သဖြင့် အောက်သို့ ဆင်းကာ သီတင်းသုံးနေခြင်း ဖြစ်သည်။ ထိုစဉ်မှာလည်း ကြည်တော်ကုန်းရွာက ဆရာလေး ကိုတောက်ထိန် ကျောင်းဝင်းအတွင်း ၀င်လာကာ ဆရာတော်ခြေရင်းမှာ ပျဝပ်ရင်း ၀တ်ဖြည့်သည်။ “မြို့က သတင်းစာဟောင်းတွေ လူကြုံနဲ့ပါးလိုက်လို့ လာလှူတာပါ ဘုရား” ဖျင်တဘက်တစ်ထည်ဖြင့် ပတ်ယူလာသော သတင်းစာ အဟောင်းထုပ်ကြီးကို ဆရာတော်လက်ရောက် ကပ်လိုက်သည်။ “ဘယ့်နှယ့်တုံး ဒကာတောက်ထိန်ရဲ့။ ကျောင်းဖွင့်ရသာ အဆင်ချောရဲ့လား။ ကလေးတွေ ကျောင်းတက်ကြရဲ့လားကွယ့်” “တိုင်းရေးပြည်ရေးကြောင့် ထင်ပါတယ်ဘုရား။ ကျောင်းသားဦးရေက ထင်သလောက် မရှိပါဘုရား။ တပည့်တော်တို့လည်း မြင်းခြံက လူကြီးတွေကို သည်လိုဖြစ်နေတာတော့ ပြောထားပြီးပါပြီ။ ရှိသလောက်နဲ့ ဖွင့်ပါဆိုလေတော့ တပည့်တော်တို့လည်း ဖွင့်ရတာပါပဲဘုရား” “သတင်းစာဟောင်းကလေးတွေ

လာပို့သာတော့

ဝမ်းသာသကွယ်။

ဒါ့ထက်

အခြေအနေ

အကျိုးဘယ့်နှယ်

အကြောင်းဘယ်နှယ့် ရှိသတုံးဒကာရဲ့” သခင်တောက်ထိန်က

သည်နှစ်ထဲမှာ

ဖြစ်ပျက်သမျှ

အကြောင်းအရာတွေ

လျှောက်ထားသည်။

ဥရောပနိုင်ငံတွေ

ဘက်ဆီမှာ ကမ္ဘာစစ်ဖြစ်နေကြောင်း၊ ဂျာမန်တွေက ပိုလန် ပြည်ကို ၀င်ရောက်တိုက်ခိုက်ရာက ဒုတိယကမ္ဘာစစ်မီးထ တောက်နေပြီဖြစ်ကြောင်း၊ မြန်မာပြည်မှာလည်း အလုပ်သမား တွေ၊ လယ်သမားတွေ တစ်စခန်းထကြကာ နိုင်ငံရေးအရ

31


အင်္ဂလိပ်ကို အခြေပျက်အောင် နှဲ့နေကြကြောင်း၊ မန္တလေး မြို့သူမြို့သား တစ်သိန်းကျော် စုရုံးချီတက်သည်ကို အင်္ဂလိပ် စစ်ပုလိပ်က ပစ်ခတ်ကြောင်းတွေပါ၏။ “နို့ ဥရောပမှာ စစ်မီးထတောက်နေပြီဆိုတော့ ဥရောပ ဆိုသာ ဘယ်ဆီမှာတုံးကွယ့်” “တင်ပါ့ ဥရောပဆိုသာ ဝေးပါသဘုရား။ တပည့်တော်တို့ရဲ့ အနောက်ဘက်ဆီ ပင်လယ်ခြားနေတဲ့ အရပ်ပါပဲဘုရား။ အခုအင်္ဂလိပ်တွေဟာလည်း ဥရောပထဲက တစ်နိုင်ငံပါပဲ။ ဥရောပဆိုတာထဲမှာ ပြင်သစ်တို့၊ ဂျာမနီတို့လည်း ပါပါသ ဘုရား” “တို့ ရွာတွေဘက်ဆီကို ရောက်လာနိုင်သလား” “အကြောင်းဆက်စပ်ရင်တော့ စစ်ဆိုတာ ဝေးတယ် နီးတယ် မဟုတ်တော့ပါဘုရား။ ရောက်လာနိုင်ဖို့တော့ များနေပါပြီ” “အင်း မကောင်းသူထိပ် ကောင်းသူထိပ်ပေါ့လေ” ဆရာတော်က သက်တော်ရလှပြီဆိုသော်လည်း တိုင်းရေး ပြည်ရေးမှာ စိတ်အားထက်သန်တော်မူရှာသည်။ သိတန် သလောက်လည်း သိတော်မူပါ၏။ သို့သော် တရားဓမ္မနှင့် ပျော်မွေ့ရသူတွေအဖို့ တရားဓမ္မကိုသာ လက်ကိုင်ထားရသည်။ မတရားမှုအဓမ္မကို မကြိုက်တာ သဘာဝကျပါ၏။ “တပည့်တော်ကို ပြန်ခွင့်ပြုပါဦးဘုရား” “အို ဒကာကလည်း မြန်လှချည့်။ ထမင်းကလေး ဘာလေးစားသွားဦးမှပေါ့” “မစားတော့ပါဘူးဘုရား။ တပည့်တော် မအိမ်ကံဆီလည်း ၀င်စရာရှိသေးလို့ပါဘုရား” “မအိမ်ကံ” “တင်ပါ့ သခင်မြတ်သာက စကားကြုံပါးလိုက်လို့ပါ ဘုရား” “အော် အင်း ဟုတ်ပါပြီလေ” ဆရာတော်ကို ၀တ်ဖြည့်ကာ ဆရာလေးကိုတောက်ထိန် ရွာလည်က သူကြီးအိမ်ဘက်ကို လျှောက်ခဲ့သည်။ လမ်းမှာ နွားစာရိတ်ပြန်လာသော ကိုဖိုးငွေနှင့် ပက်ပင်းကြီးဆုံကြသည်။ “ရော် ဆရာလေး ဘယ်ကြွမလို့တုံး” “သြော် ကိုဖိုးငွေ မအိမ်ကံရှိလား” “မအိမ်ကံတို့ တောထဲမှာ ၀ါကောက်နေကြသယ်။ သူကြီးကတော်တော့ ရှိရဲ့” “သြော် ဟုတ်ပါပြီဗျာ။ ဒါထက် မအိမ်ကံတို့ ဘယ်အခင်းဘက်ဆီ ၀ါကောက်ကြ တာတုံးဗျ” “အဲသည် ကြည်တော် ကုန်းဘက်ထွက်တဲ့ လမ်းဘေးက ခူကန်ကွက်တွေဘက်မှာပဲ ရှိလိမ့်မယ်”

32


“ကောင်းပါပြီ။ ကဲ... ကျွန်တော် ရွာပြန်ရင်း နှုတ်ဆက်လိုက်ပါဦးမယ်လေ” “အိုဗျာ ဆရာလေး ကလည်း ဇောင်ချမ်းကုန်း ရောက်ကာမှ ဗြုန်းဆို လှည့်ပြန်လို့ဖြစ်ပါ့မလား။ အိမ်လိုက်ခဲ့ပါဦး” မြက်ထုံးကြီးထမ်းကာ တံစဉ်ခါးထိုးလျက် ဒေါင်းတည်မောင်းတည်ကြီး ပြောနေသော ကိုဖိုးငွေကို တောင်းတောင်းပန်ပန်နှင့်ပင် ဆရာလေး ကိုတောက်ထိန် ထွက်လာခဲ့ရ၏။ မအိမ်ကံတို့ ရွာတွေမှာ တော့ ၁၃၀၁ ခုနှစ်၊ တော်သလင်းလထဲ ရောက်သည့် တိုင် မိုးကောင်းကောင်း မရ ကြ။ ၀ါတွေတော့ရကြပါ၏။

တပေါင်းလ

ပဲတွေသိမ်းပြီး

ကတည်းက

မိုးကိုမျှော်ကြသော်လည်း

ဟုတ်တိပတ်တိ

မရွာခဲ့။

နေကလည်း ၀က်ဝက်ကွဲအောင် ပူလှသည်။ ပဲခင်းကို မြေလှန် ကာ နယုန်လထဲတုံးက တစ်စွက်စွက်လိုက်သော မိုးနှင့်အတူ ၀ါကြဲခဲ့ကြခြင်းဖြစ်၏။ ၀ါဆိုဝါခေါင်ကျော်ခဲ့သော်လည်း မိုးက ပုဆိုးတစ်စွတ်စာ ရွာတယ်ဆိုရုံလေးသာရွာသည်။ မိုးအကောင်း ကြီး မဟုတ်သော်လည်း ၀ါတော့ ရတန်သလောက် ရခဲ့ကြသည်။ ဇောင်ချမ်းကုန်းရွာဝါကောက်ပွဲကတော့ ခါတိုင်းနှစ်တွေလို စည်မြဲစည်ပါ၏။ ၀ါပင်မှ ၀ါသီးရသည်။ ၀ါသီးထဲက အမျှင်ထွေးကို ၀ါပေါက်ခေါ်ကြကာ အစေ့ထုတ်ပြီးသားကိုတော့ ဂွမ်း၊ ၀ါဂွမ်း၊ ဂွမ်းပေါက် ခေါ်ကြပါသည်။ ၀ါကို တစ်ချိန်တည်း ကောက်လို့မရ။ တစ်ပင်တည်းမှာပင် အောက်ကိုင်းများ အသီး သီးနေကြသော်လည်း အပေါ်ကိုင်းတွေမှာ ဖူးကြပွင့်ကြတုန်း လည်း ရှိတတ်ပါ၏။ အသီးရင့်လာလျှင် အညိုရောင်သို့ ပြောင်းသွာကာ အက်ကွဲလာသည်။ အက်ကွဲကြောင်းထဲက ၀ါပေါက်တွေ ကန်ထွက်ဖို့ပြင်ကြလေပြီ။ မိုးများတာကို မကြိုက်သည့် အပင်တွေဆိုသော်လည်း မိုးတော့ လိုသင့်သလောက်လိုသည်။ မအိမ်ကံတို့ အရပ်ကတော့ ၀ါကလေးမျိုး အစိုက်များကြသည်။ တော်သလင်းလ

ပူပူလောင်လောင်ဆိုသော်လည်း

ရွာသူတွေ

ဝါကောက်ကြရတာကိုပင်

ပျော်ကြရသည်။

ခေါင်းပေါင်းသူတွေက ပေါင်း၊ ခမောက်ဆောင်းသူက ဆောင်း၊ ဖျင်ကြမ်းလက်ရှည်အင်္ကျီတွေဝတ်ကာ သနပ်ခါးကို ပျစ်ထူကြီး လိမ်းထားကြရသည်။ ခုံဖိနပ်မြီးတိုစီး၊ ထဘီတိုတိုပါအောင် ၀တ်ပြီး ၀ါခင်းထဲတိုးကြရတာဆိုတော့ နေပူ၊ ၀ါပူ ခံကြရသည်။ ရွာသူ ၀ါကောက်သမများနည်းတူ မအိမ်ကံပင် ၀ါခင်း ထဲရောက်နေခဲ့သည်။ ကိုယ့်အခင်းက ၀ါကို ၀ါကောက်လိုက်သူ တွေရှိသော်လည်း မအိမ်ကံကိုယ်တိုင်က ကောက်ချင်လို့ လိုက်ခြင်းဖြစ်ပါ၏။ မအိမ်ကံလိုပင် အခင်းရှင်ဖြစ်သော ရွှေမှုံလည်း တစ်ဖက်အခင်းမှာ ကိုယ်တိုင်ဝါကောက်နေသည်။ “မအိမ်ကံရေ ဟောသည်မှာ မုန့်ဝက်သခေါက်ရှိသတော်။ လာစားလှည့်ဦးဟေ့” ရွှေမှုံက

တစ်ဖက်အခင်းကနေ

လှမ်းဟစ်သည်။

မုန့်ဝက်သခေါက်မှာ

ဝက်သားသုံးထပ်နှင့်

တူအောင်

ထန်းလျက်

ဖောက်ထားသည့် မုနန့် စှ ညို နှစထ် ပ်ကြားမှာ ထန်းလျက် မဖောက်သည့် မုနန့် စှြ် ဖူညှပထ်ားသည့် မုနက့်ျွဲသည်းတစ်မျိုး ဖြစ်သည်။ မုန့်ဝက်သားခေါက်ကို မုန့်ဝက်သခေါက် ခေါ်ခြင်း ဖြစ်၏။ ၀ါကောက်သမများ အဆာပြေစားရန် တောမုန့်တွေ ၀ါခင်းဘေးမှာ လင်ပန်းတွေ ထဲခင်းကာ ဧည့်ခံကြတာ ဓလေ့ ဖြစ်သည်။ မြေရေနွေးကရား မည်းမည်းကြီး တစ်လုံးနှင့် စဥ့်ခွက် ရေနွေးသောက် ပန်းကန်လုံးကလေးတွေလည်း ချပေး ထားတတ်သည်။ ဘေးမှာ သောက်ရေအိုးကြီး ကိုလည်း အုန်းမှုတ်တပ်ပေးထားရပါ၏။ သူ့အခင်းကိုယ့်အခင်းက မုန့်၊ သည်လိုပဲ စားကြသည်။ မနက်စောစောကြီး ၀ါခင်းနှင်းရိုက်ပြန်တော့ ကောက်လို့မကောင်း။ နေမြင့်မှ ကောက်ကြရသည်။ သည်တော့ ကိုယ့်အိမ်က ထမင်းကြမ်းတစ်ဆုပ်တစ်ခဲစားကာ အလုပ်ခွင် မသိမ်းမချင်း အခင်းရှင်တည်သည့် သရေစာနှင့် အဆာဖြေရသည်။ ရေနွေးကြမ်းကတော့ ပြတ်ရသည်မရှိပါ။ “စားတော့

ရွှေမှုံရေ။

ငန်းပြတ်အောင်

လိုက်လိုက်ဦးမယ်။

ကျုပ်တို့အိမ်က

မုန့်လည်း

လာစားကြဦးနော်။

မလှအုံ

တော့မလာသေးဘူး။ ဖိတ်သာဖိတ်ရသာ မုန့်မရှိသေးဘူး အေရဲ့”

33


မအိမ်ကံက ၀ါခင်းတစ်ကွင်းလုံးကြားအောင် ပြန်အော် ရင်း သူ့စကား သူလည်းရ ယ်သည်။ အပင်တန်းလေးငါးတန်း ပဲကျန်သည်။ ကျေးဥက ဆွတ်ပြီးသား ကောက်ပြီးသား ၀ါပေါက်တွေကို ခြင်းကြားတောင်းဖြင့် ထည့်ရွက်ကာ ရိုင်းပတ် ပတ်ထားသော လှည်းဆီကို သွားသွားပို့ရသည်။ ချွေးကလေးတွေများအုလို့။ ကျေးဥ သယ်လာသမျှကို ဖိုးတုတ်က လှည်းပေါ်မှဆီးယူကာ

လှည်းအိမ်ထဲလောင်းရသည်။

ဖိုးကူးကတော့

မအိမ်ကံဘေးမှာ။

ယောက်ျားလေးဆိုတော့

ဝါကောက်မလိကု ခ်ျင်။ မအိမက် ကိုံ ကြောက်လသ့ိုာ လုကိ ခ်ဲရ့  သည်။ စိတက် ညောင်ပင်အောက်မှာ ရွယတ်ူတွေ ဒီးတိက်ုနေသော ကျည်းသားရိုက်သည့်ပွဲကို ရောက်နေသည်။ အဖျား နှစ်ဘက် တစောင်း စွေဖြတ်ထားသည့် တစ်ထွာလောက်ရှိသည့် တုတ်ချောင်းကလေးကို တစ်တောင်လောက် တုတ်ချောင်းဖြင့် ရိုက်နှက်ကစားသော သည်ကစားနည်းကို မလှအုံက မကြိုက်။ မျက်လုံးမျက်ဆံမှန်မှာစိုးတော့ ဖိုးကူးကျည်းသား ရိုက်ကစားလျှင် မလှအုံက ကျောကော့အောင် ထုတော့သည်။ ဖိုးကူးမှာ ၀ါကောက်တာကို စိတ်မရောက်တော့ မုန့်ပို့နောက်ကျသော မအေမလှအုံကို မဲတော့သည်။ “အမေ့ ကောက်ညှင်းပေါင်းကလည်း ၀ါကောက်သိမ်းမှ လာမယ်တူပါရဲ့ဗျာ။ အမေတို့ သိပ်နှေးတာ” ဖိုးကူးစကားကြောင့်

မအိမ်ကံ

ရယ်မိသည်။

ဖိုးကူးက

အကစားမက်တော့

ပါလာကတည်းက

မသွက်ချင်။

ဝါကောက်ချိန်ကလေးမှာ လူအားကောင်းကောင်းနှင့် သွက်သွက် ကောက်ကြရတာ ဆိုတော့ ဖိုးကူး လုပ်အားကလေးကလည်း လက်တိုလက်တောင်း အဆင်ပြေတာပါလို့ မအိမ်ကံက

ခေါ်

လာခြင်းဖြစ်၏။ ရွာဘက်ဆီက ကောက်ညှင်းပေါင်းေ

တာင်းကြီးရွက်လာသော မလှအုံကိုမြင်တော့ ဖိုးကူးမှ မဟုတ် မအိမ်ကံလည်း ၀မ်းသာသွားသည်။ မလှအုံပေါင်းသည့် ကောက်ညှင်းပေါင်းကာ

အနပ်အပျောင်းကောင်းသည်။

ပဲလွန်းစေ့

ပြောက်ထိုးထားသည့်

ကောက်ညှင်းဖွေးဖွေးက

ဆီငွေ့ကလေး ပြန်ကာ မွှေးနေတတ်သည်။ ဖိုးကူးက မအေကို ပြေးကြိုရင်း ဆွဲလားလုံးလားလုပ်တော့ မလှအုံပင် အတည်မကျချင်။ “အောင်မယ်လေးဟဲ့နော်။ တောင်းရော လူရော မှောက်ကျတော့မှာပဲ။ တစ်မနက်လုံးပေါင်းလာသဲ့ ကောက်ညှင်းပေါင်း ၀ါခင်း ထဲသွန်ချသလိုဖြစ်တော့မှာပဲ။ ဟဲ့ ကောင်လေး” ဖိုးကူးက

မအေ့ခေါင်းပေါ်က

ကောက်ညှင်းပေါင်းတောင်းကို

ကောက်ညှင်းပေါင်း လှပ်လိုက်တော့

တောင်းကို

ပိတ်ဖြူသန့်

ဇွတ်ဆွဲချကာ

သန့်ခံကာ

ပုခုံးစွန်းတင်ရင်း

ထည့်လာသည့်

ထမ်းလာခဲ့သည်။

ကောက်ညှင်းပေါင်းတွေက

အငွေ့ တစ်ထောင်းထောင်း။ ဖိုးကူးက တစ်ဆုပ်စာ ဖွဖွကလေး ကောက်ယူကာ လက်ထဲမှာ တဇိဇိဆုပ်သည်။ ပါးစပ်ထဲ သွတ်လိုက်ချိန်နှင့် မလှအုံက ခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်ချိန်မှာ တစ်ပြိုင်နက်ဖြစ်သွားလို့ မအိမ်ကံမှာ ရယ်လိုက်ရသည့် ဖြစ်ချင်း။ “စားပါစေ မလှအုံရယ်။ ဖိုးကူးက မနက်လင်းကတည်းက ဆာနေတာ။ မအိမ်ကံတောင် ပြန်လွှတ်တော့မလို့ပါ” “ဘာကိစ္စ။ ညောင်ပင်အောက် ကျည်းသားရိုက်ဖို့လား။ မလွှတ်ရပေါင်တော်။ တစ်လက်ဆွမ်းတစ်လက်ဆုပ်ခိုင်းရမယ့် ဟာ။ ငတ်လွန်းလို့ခေါက်သာ။ မမကံ စားဦးစားဖျား မစား ရဘူးဆိုသာကို လက်ပေနဲ့ နှိုက်လိုက်သာများ ဆိုးဆိုးဆတ် ဆတ်နဲ့” ကောက်ညှင်းပေါင်း ရောက်လာပြီဆိုတော့ မအိမ်ကံက ခင်းလုံးကြား အော်တော့သည်။ မလှအုံက တည်ကရားကြီးနှင့် ရေနွေးအိုးကြီးတစ်အိုးဆွဲလာခဲ့ရာ ကောက်ညှင်းပေါင်းတွေ

ဖြန့်သည်။

ရေနွေးဖန်ဖန်ကလေး နှမ်းထောင်းနှင့်

ဆီပန်းကန်

သောက်နိုင်ကြပါ၏။ သပ်သပ်ပါ

လင်ပန်းသန့်သန့်လေးကို

ပါသေးသည်။

ကိုယ့်အခင်းအတွက်

ကိုယ့်အစီအစဉ်နှင့်ကိုယ် စီမံကြသော်လည်း သရေစာတွေက စုံလှသည်။ မအိမ်ကံက ရွှေမှုံကို လှမ်းခေါ်လိုက်သဖြင့် ရွှေမှုံတို့ အသိုက်က ကလေး ငါးယောက် ကူးလာကြသည်။ မအိမ်ကံဘေးမှာပဲ ၀ိုင်းထိုင်ကြ၏။ “မအိမ်ကံရယ်။ အသားတွေများ မည်းကုန်ပါ့မယ်။ ၀ါခင်းထဲ လိုက်လာရသလားအေ”

34


ရွယ်တူ သူငယ်ချင်းမတစ်ယောက်က မအိမ်ကံကိုကြည့်ရင်း ပြောလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ပြုံးရုံသာ။ တစ်ရွာလုံးက မိန်းမသားတွေချည်း စုရာဝါခင်းထဲကို မအိမ်ကံ တမင်လိုက်လာခြင်း ဖြစ်သည်။ ကျောပူခေါင်းပူ ပင်ပန်းတကြီး ရှိကြသော်လည်း တဟေးဟေး တဟားဟားဖြင့် အော်ကြ၊ ဟစ်ကြ၊ စကြ၊ ပြောင်ကြတာကို မအိမ်ကံ ပျော်သည်။ “၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်ကောက်နဲ့ငင် မြနဘန်ဒီ ရှင်ဘန်ဒီ... ဇော်ဂျီဝင်တဲ့ နတ်ကယ်လေး (တိမ်းပေတော့ ယိမ်းပေတော့) တောင်ခြေရင်း ၀ါခင်းစောင့်တဲ့ ဖိုးအောင်ကျော် မိုးခေါ်လို့ပေး ခေါ်လို့ပေး (မိုးထိုး...မိုးထိုး)” တစ်ယောက်တစ်ပေါက် ဆိုကြကကြရင်း ကောက်ညှင်းပေါင်းကို ဆီကလေးတို့ကာနှစ်ကာ စားနေကြတာကိုကြည့်ရင်း မအိမ်ကံပင် ဆာလောင်လာခဲ့သည်။ မနက်က အခင်းထဲထွက်မလာခင် ထမင်းပူ နှမ်းဆီဆမ်းကို ကြက်သွန်ပေါင်း ကြော်ကလေးနှင့် စားခဲ့သော်လည်း သူတကာစားတော့ စား ချင်ချင်။ ၀ါဂွမ်း ပင်ငုံ ဖူးပွင့်စုံ၊ ဆွတ်တုံမေရို့ ဗိုင်းငင်ဖို့၊ ဗိုင်းငင် ၀ါချည် လက်ရက်ထည်ဆိုသကဲ့သို့ တောသူတောင်သားတွေ အဖို့

သည်ဝါက

ထွက်သောဂွမ်းကို

အခြေခံကာ

ဝတ်ဆင်ကြရသဖြင့်

ဝါကိုတော့

စိုက်ဖြစ်အောင်

စိုက်ကြသည်။

ဝါခင်းတွေဆက်နေတော့ ဂွမ်းပေါက်ရောင် တဖွေးဖွေးက တမျှော်ကြီးရှိနေပါ၏။ အခင်းတွေများသလောက် ရွာသူဝါကောက် သမတွေများသည်။ ရွာသူတွေများသလောက် စကားတွေကလည်း စတုတ်တိုက်ချနေရသည်။ လှူရေး၊ တန်းရေး၊ သားရေး၊ သမီးရေး၊ ချစ်ရေး၊ ကြိုက်ရေးတွေကအစ ၀ါခင်းထဲမှာ အကုန်ကြားရသည်။ “လှခင်က

ဘယ်ကလှခင်ရမတုံး။

အနောက်ချောင်ထဲက

ကလေးနှစ်ယောက်မအေ

လှခင်ဟာအေ။

လင်သေတာ

ဘာကြာသေးလို့တုံး၊ ငိုလိုက်သာ ငိုလိုက်သာ တက်တက်နေလို့ ယောက်ျားသန်သန်တွေ မနည်းဖြေချကြရသာကော။ အခုလင်ယူတော့မှာသဲ့တော်။ မတက်တော့ဘူးလား မသိဘူး” “ဘယ်သူနဲ့တုံး။ ဟုတ်လို့လားအေ” “ရော် ဟုတ်လိုက်သာမှ နေ့ခင်းကြောင်တောင် ငါ့ယောင် ဘယ်သူဆွဲဆိုသာလို ဆွဲတောင်ပြလိုက်ချင်သေး။ ကြက်တငိုသား မုဆိုးဖို ကိုကြာသီးလေ။ ရွာလာလာနေတဲ့ လှည့်ကောက် လိုက်သဲ့လူဟာကောအေ့” “သိပေါင်” “ညည်းတို့ မသိလောက်ဘူး။ ငါ့အိမ်နားမှာ ကြက်တငို ဆက်တွေရှိလို့ ငါသိသာ။ ခု သီတင်းကျွတ်ယူကြမယ် ပြောသာပဲ” “တစ်ပင်လဲမူ တစ်ပင်ထူပေါ့အေ။ ယူချင်လည်း ယူမှာပေါ့။ ညည်းတို့ကလည်း ကလေးနှစ်ယောက်နဲ့ ကောင်းကောင်း မွန်မွန် လုပ်ကျွေးရင်ပဲ ၀မ်းသာစရာပေါ့” စကားတွေက သဘောထားအမျိုးမျိုး။ သတင်းတွေက ပဲတောင်းမှောက်ကျသလို ဝေါခနဲ ရှိလာကြပါ၏။ မအိမ်ကံကတော့ သည်လိုစကားတွေကြားရတာ

ထူးဆန်းနေသလို

ခံစားရသည်။

သူမဘ၀မှာ

များသောအားဖြင့်

တစ်ယောက်တည်း

35


နေခဲ့ရတာ

များခဲ့သည်။

ခွဲခြားထားသလို အခြေအနေ ပါပါလိမ့်မည်။

ငွေရည်ကြေးရည်

ရှိခဲ့သည်။

ချမ်းသာ

ခြံခတ်ဝိုင်းတိုက်ထဲမှာ

မခြားချင်သော်လည်း

သော

ပွင့်ရသော

အနေခြားခဲ့ရသည်။

အရွယ်ကလေးနည်းနည်းရောက်လာတော့မှ

သူကြီးသမီးဆိုတော့ ပန်းတစ်ပွင့်လို

ကိုယ်တိုင်က

အခြေအနေတွေကပဲ

နေခဲ့ရသည်။

မအိမ်ကံကိုယ်တိုင်က

အေးအေးဆေးဆေး

ကျေးဥရောက်လာခြင်း

ဖြစ်၏။

လူတွေနဲ့

နေချင်တာလည်း ကျေးဥဆီကလည်း

သည်လိုစကားတွေ ကြားရခဲသည်။ မလွှဲသာမှ ပွင့်ထွက်လာတာလောက်သာ ကြားရသည်။ အာပြဲချက်လန် သောသောကြီး ရယ်ကြမောကြတာတွေက သည်လိုနေရာမှာမှ ကြားနိုင်တာမဟုတ်လား။ မအိမ်ကံဘေးမှာ အပျို မဖြစ်တဖြစ်ကလေးတွေ၊ အပျိုရည် အပျိုဘ၀လှလှကြီး ရောက်ကြသူတွေ၊ အရွယ်ကလေး လွန်စ အပျိုကြီးတွေ စုံလှသည်။ နေကြီးပူလောင်ထဲမှာ လုပ် ကိုင်စားသောက်ကြရသော်လည်း မလုပ်သည့်နေ့ ထမင်း ရေစာဝနိုင်စရာ မရှိ။ မနက်ထမင်း ညထမင်း မှန်မှန်စားရဖို့ နေမကြောက်၊ မိုးမကြောက် လုပ်ကိုင်စားကြရသူတွေ ဆိုသော်လည်း ပင်ပန်းသည်မထင်ကြ။ ကျရာဘ၀မှာ နေပျော်အောင် နေနေကြရရှာတာပါလား။ မအိမ်ကံစိတ်တွေက သည်လို တွေးမိတော့လည်း ထိုင်းမှိုင်းသွားရပြန်ပါ၏။ “တို့ရွာက ကွမ်းတောင်ကိုင် မမခင်အိ သတင်းကော ကြားပြီးကြပြီလား” “ကြားပါ့တော်” “ငါတို့ကြားသေးပေါင်အေ၊ ပြောပါဦး” “ဟော်တော် ညည်းတို့ဘယ်သွားသေနေကြသာတုံး။ ကြီးတော်စံရွှေသား ကိုသာဆောင်နဲ့ မမခင်အိ ယူကြတော့မှာ” ကြီးတော်စံရွှေဆိုတော့

မအိမ်ကံ

စိတ်ကလေး

လှုပ်ရပြန်သည်။

ကြီးတော်စံရွှေသား

သာအောင်နှင့်တွေ့ခဲ့ရသော

တဲပျက်ထဲက ပုံရိပ်တွေကို ပြန်မြင်နေခဲ့သည်။ ကြီးတော်စံရွှေနှင့် ပတ်သက်လို့ ကျေးဥပြောစကားတွေကိုလည်း မအိမ်ကံ အမှတ်ရနေခဲ့သည်။ အခု မမခင်အိက ကိုသာဆောင်နဲ့ ဆိုနေပါ ပကောလား။ သည်သတင်းတော့ မအိမ်ကံ မကြားပါ။ ကျေးဥကလည်း မပြောခဲ့။ “ကြီးတော်စံရွှေက သူ့သားတွေကို ရွာ့ကွမ်းတောင်ကိုင်တွေနဲ့ချည်း ပေးစားမှာဟေ့လို့ မောင်းခတ်ထားသာလေ။ သား အငယ်ကောင်လည်း ကွမ်းတောင်ကိုင်နဲ့ပဲ ပေးစားမှာသဲ့တော်။ လာပုံက” “သာအောင့်ကိုလား” “သူကပေးစားချင်ဦးတော့

ကွမ်းတောင်ကိုင်တွေက

သူ့သားတွေကို

ယူဦးမှကိုးအေ့။

သူ့သားတွေက

ရွှေဇွန်းကိုက်

မွေးထားလို့လား။ ငါသာ ကွမ်းတောင်ကိုင်ဖြစ်ကြည့်စမ်း။ ပက်ခနဲ ပြောပစ်လိုက်စမ်းမယ်” “အေးပါအေ။ ညည်း ပက်ခနဲပြောမယ့်ကိစ္စ နောက်မှပြော။ ကွမ်းတောင်ကိုင်အရင်ဖြစ်အောင် လုပ်ပါဦးဟဲ့။ တစ်နေ့ လုံးထိုင်ကြည့်လို့ နှစ်ပြားမတန်သဲ့မိန်းမကများ” “သည်ဘ၀မဖြစ် နောက်ဘ၀ပေါ့အေ။ စောင့်ရလှ တစ်ဘ၀ပေါ့” သည်စကားကြားတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်သွားမိသည်။ ကွမ်းတောင်ကိုင်သည်ဘ၀ မဖြစ်တော့ နောက်ဘ၀ တဲ့လား။

36


ကွမ်းတောင်ကိုင်ဖြစ်ဖို့ မရှိရှာသော်လည်း

နောက်တစ်ဘ၀စောင့်လိုက်ဦး

ညိုညိုညက်ညက်

မဟဲ့ဆိုသူကို

မိန်းကလေးတစ်ယောက်

မအိမ်ကံ

ဖြစ်သည်။

လှမ်းကြည့်လိုက်မိသည်။

ကြီးတော်စံရွှေက

ရုပ်ရည်

ပေးစားချင်ဦးတော့

ကွမ်းတောင်ကိုင်က ယူဦးမှကိုး ဆိုသူကလေးကိုလည်း မအိမ်ကံပြုံးကြည့်လိုက်သည်။ ဟုတ်သားပဲ။ ကွမ်းတောင်ကိုင်ကပဲ သူ့သားတွေ ကို ရချင်လှချည့်ရဲ့၊ ယူချင်လှချည်ရဲ့ ဖြစ်နေရသလိုလိုကိုး။ ငါကွမ်းတောင်ကိုင် ဖြစ်ပါပြီတဲ့။ သာအောင့်ကို ယူရမှာလား။ သည်လိုတွေးမိတော့လည်း သာအောင့်ရင်ငွေ့ နွေးနွေးကို ဖျတ်ခနဲ သတိရလိုက်မိသည်။ မအိမ်ကံနှင့် သာအောင်သတင်းကော ကြားပြီးပြီလားဆိုတာမျိုးများ ကွယ်ရာမှ ပြောနေကြရော့လား။ “ပိုက်ဆံရှိတော့

ခေါင်းခေါက်ရွေးနိုင်သာပေါ့အေ။

မိန်းကလေးရှင်တွေကလည်း

ငြင်းဖို့ခက်ကြရှာမှာပဲ။

ကိုယ့်သမီး

သောင်သာသဲ့ အရိပ်ထဲထားချင်ကြမှာပေါ့” အပျိုကြီးတစ်ယောက်က မှတ်ချက်ပြုခြင်းဖြစ်၏။ “မမခင်အိ အိမ်ထောင်ပြုတော့မယ်ဆိုတော့ ရွာကလည်း ကွမ်းတောင်ကိုင် ရွေးရတော့မှာပေါ့” “အင်းပေါ့ ရွာအတွက် ကွမ်းတောင်ကိုင်ကတော့ ပဲတို့ နှမ်းတို့ မျိုးထားရသလိုကိုးအေရဲ့။ နောက်ဖြစ်မယ့် ကွမ်းတောင်ကိုင်က သာအောင်နဲ့ ညားဖို့ရှိမှာပေါ့” “သာအောင်တို့များ ကွမ်းတောင်ကိုင် ထိုင်စောင့်နေရသလိုပါလားအေ။ ဟန်ကျချက်တော့” “အဲသည်ကောင်က

လက်ကြောမတင်းပေါင်အေ။

ကနွဲ့ကလျပါ။

အဖေတို့ပြောသာတော့

မြို့နဲ့ဆက်ပြီး

နိုင်ငံရေး

လုပ်နေသာတဲ့” “နိုင်ငံရေးလုပ်သယ်ဆိုသာ ဘာကိုပြောသာလဲ” “သိပေါင်အေ။ မအိမ်ကံ မေးကြည့်ပါလား” သူကြီးသမီးဆိုတော့ နိုင်ငံရေးလုပ်သည်ဆိုတာလောက်ကို သိနိုင်သည်ဆိုသည့် အဓိပ္ပာယ်ဖြင့် ရိုးရိုးသားသား ပြောမှန်း သိသော်လည်း မအိမ်ကံမဖြေပါ။ ပြုံးရုံသာ ပြုံးပြလိုက်သည်။ မရပါ။ အားလုံးက မအိမ်ကံကို ၀ိုင်းကြည့်နေကြကာ သိသလောက်ပြောပြပါရန် တောင်းပန်နေကြ သယောင်ဆိုတော့ မအိမ်ကံ မယုတ်မလွန် ဖြေရတော့သည်။ “နိုင်ငံရေးဆိုသာ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံအရေး ကိစ္စလို့ ပြောသာပါ။ မအိမ်ကံတို့ တိုင်းပြည်ကို အင်္ဂလိပ်တွေက အုပ်ချုပ်နေသာ မဟုတ်လား။ အဲသာကို မခံချင်လို့ အင်္ဂလိပ်ကို ဆန့်ကျင်ရေးလုပ်သာကို ပြောသာ” “အေးပေါ့ဟယ်။ ကိုယ့်ရှင်ဘုရင်မှ မဟုတ်သာ” မလှအုံလည်း ပြန်ပြီ။ အပျိုတွေ အခင်းဆင်းကြတော့ မအိမ်ကံ ၀ါခင်းထဲ မ၀င်တော့ဘဲ ၀ါခင်းစပ်က သနပ်ပင်ကြီး အောက်သွားထိုင်နေခဲ့သည်။ အိမ်ကိုလည်း မပြန်ချင်သေး။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ ခေါင်းထဲ အတွေးတွေဝင်ခဲ့ရပြီ။ မမခင်အိ ကွမ်းတောင်မကိုင်ရတော့ဘူးဆိုရင် ရွာ့ကွမ်းတောင် ကိုင်က ဘယ်သူဖြစ်မှာလဲ။ သူမဘ၀မှာ ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမည်။

ရုပ်ရည်ရှိသည်။

ငွေဂုဏ်၊

ကြေးဂုဏ်၊

မျိုးဂုဏ်၊

ရိုးဂုဏ်ရှိသည်။

အကျင့်စာရိတ္တအရာမှာလည်း

ယင်ချေးတစ်ပြောက်စာ ရှိခဲ့သူမဟုတ်။ အဖေ့အရှိန်အ၀ါနှင့် ပင်ဖြစ်မည်ဆိုလျှင် ဖြစ်လောက်သည်။ သို့သော် ကွမ်းတောင် ကိုင်ဆိုတာက ရွာကရွေးချယ်ရခြင်းဖြစ်ပါ၏။ ရွာ့နှလုံးသား တွေထဲက အများကြိုက်ပွင့်လန်းလာရသည့် အလှပန်းတစ်ပွင့် ဖြစ်ပါ၏။ သည်တစ်ခါတော့ သူ့အလှည့်ကျပြီ။ သူ့ရှေ့က ကွမ်းတောင်ကိုင်တွေကို မျှော်ငေးရင်းအဝေးက လှမ်းကြည့် ခဲ့ရသည့် ဘ၀က အခုတော့ သူ့အရွယ်သူ့အလှည့် ရောက်လာ ရပြီ မဟုတ်လား။

37


လူမှန်းသိပြီဆိုကတည်းက အချိန်ကာလကို

ရွာ့ကွမ်းတောင်ကိုင်

ရောက်လာခဲ့ပြီ။

ဖြစ်ချင်ခဲ့ရှာသူ

သည်လိုတွေးမိပြန်တော့

ရွာ့မိန်းမပျိုတစ်ယောက်အတွက်တော့

မအိမ်ကံ

သူ့ကိုယ်သူ

ရင်ခုန်ချင်စရာ

ကွမ်းတောင်ကိုင်တစ်ယောက်လို

မြင်နေရပါ၏။ ဖက်စိမ်းကွမ်းတောင်ကြီးကို ပွေ့ရင်း တစ်လှမ်းချင်း လှမ်းလာတာကို ရွာစုံက လူတွေငေးနေကြတာကို လည်း မြင်ယောင်နေမိသည်။ “လှခေါင်ချုပ်သည့် ရွှေရုပ်သွင် ခြောက်ပြစ်ကင်းရှောင် ပျိုနတ်ယောင် ကွမ်းတောင်လက်မှာဆောင်၍...” (သျှိုး) “မယ့်သခင် လူယဉ်လှ ရတုသံချို ရကန်ဆို လူပျိုဝန်းရံ ခလို့လေး...” (သျှိုး) “ငွေလိုပြောင် သဲရောင်ခင်း... ဇောင်ချမ်းရွာလယ် လမ်း ကျယ်ကျယ်မှာ လူဖွယ်အစုံကျင်း၍...” (သျှိုး) “ပျိုခင်စု ရွယ်နုလှသဇင်... ၀တ္ထုလှူဖွယ်အသွယ်သွယ် ကြီးငယ်ရှေ့နောက်ပြင်၍...” (သျှိုး) မအိမ်ကံနားထဲမှာ

သျှိုးလိုက်သံတွေကိုပင်

တစီစီ

ကြားယောင်နေမိ၏။

ဇောင်ချမ်းကုန်းရွာလယ်လမ်းမှာ

မအိမ်ကံ

ကွမ်းတောင်ကိုင်သည့်နေ့က လူတွေများလှသည်။ ရွာပေါင်း စုံက လှည်းတွေနှင့်လာကြတာကပဲ ဇာတ်ပွဲလာကြသလို ရှိတော့သည်။ မအိမ်ကံ ကွမ်းတောင်ကိုင်လို့တဲ့။ လှလိုက်တာ စက်စက်ယိုလို့တဲ့။ ကလေးလက်တို့ အိမ်ဆူးဆို့ခွေး အို့အို့ မကျန်အောင် ရောက်လာကြသူတွေကြောင့် ဇောင်ချမ်းကုန်းလည်း မြေညွှတ်အောင်ရှိလေပြီ။ “ဆုတ်ကြပါဦး။ ဖယ်ကြပါဦး။ မအိမ်ကံကလေးကို ကြည့်စမ်းပါရစီ” လူတွေကြားတိုးရင်း

ဝှေ့ရင်း

အော်ကြသည့်အသံတွေကလည်း

ပွက်ကြီးထလျက်ရှိပါ၏။

လူတွေ

လူတွေ။

အို

မအိမ်ကံမွန်းလိုက်တာ။ ဖယ်ကြရှားကြစမ်းပါဦး။ ကွမ်းတောင်များ တိုက်မိကြပါဦးမယ်။ “မအိမ်ကံရေ ဝေး မအိမ်ကံ အမောပြေရင် မုန့်လာစား ပါဦး” အဝေး၀ါခင်းဆီက လှမ်းဟစ်လိုက်သော အသံကြောင့် စိတ်ကူးတွေယဉ်နေမိသော မအိမ်ကံ ဖျတ်ခနဲ နိုးသလို ဖြစ်သွားခဲ့သည်။ ဘယ်သူပါလိမ့်။ နောက်တစ်ခါအော်တော့မှ ရွှေမှုံအသံမှန်း ကျက်မိလိုက်သည်။ “စားတော့ ရွှေမှုံရေ။ ကောက်ညှင်းပေါင်း စားသာများ သွားလို့ပါအေ” ရွှေမှုံ...။ ရွှေမှုံကလည်း မြေပိုင်ယာပိုင်သမီးဖြစ်၏။ မအိမ်ကံအလှကို မမီသော်လည်း အယဉ်မှာတော့ တစ်ဘာသာချောရှာပါ၏။ မျက်နှာမှာ

မွေးရာပါ

အပြုံးရိပ်ကလေးပါသည့်အပြင်

အပြောအဆို

နူးညံ့သည်။

တောင်သူကြီးသမီးဆိုသော်လည်း

ကြော့ရေမော့ရေ နေတတ်သူမဟုတ်။ အလုပ်များဗြန်းဗြန်းကွဲ လုပ်နိုင်သူကလေးဟု ရွာမှာ နာမည်ရသူဖြစ်သည်။ အနေ အထိုင် ကျစ်လျစ်သည်။ ဗိုင်းကောင်းကျောက်ဖိရှိသည်။ ရွှေမှုံ သည်လည်း ကွမ်းတောင်ကိုင်ခွင့်ရနိုင်သည့် မိန်းကလေးမျိုး ဖြစ်သည်။ “ရွှေမှုံလို မိန်းမချောတွေ ရွာထဲမှာ ဘယ်နှစ်ယောက်တောင် ရှိသေးသလဲ” မအိမ်ကံ စိတ်ထဲမှာ စာရင်းကောက်ကြည့်မိသည်။ မအိမ်ကံက အချောအလှအရာမှာ “ခေါင်”က ရှိတာကိုတော့ သူမကိုယ်တိုင်

38


သိထားခဲ့သည်။ အနားရွာတွေကပင် မအိမ်ကံ ၏ အလှကို စကားကြုံတိုင်း ပြောကြရသည် မဟုတ်လား။ မအိမ်ကံ သစ်ပင်ရိပ်က ထလာခဲ့ကာ ၀ါပင်တွေကြား တိုးဝင်လာခဲ့သည်။ တော်သလင်းနေက ပုစွန်လုံး ပက်လက် လန်အောင် ပူပြင်းလှပါ၏။ ပူကာမှပူရော့ မအိမ်ကံ အိမ်မပြန်ချင်သေးပါ။ ၀ါခင်းတွေထဲမှာ ဟေးဟေးဝါးဝါး ပျော်ကြသူတွေဆီက အပျော်တွေ ကူးရသည်။ ရပ်စကား၊ ရွာစကား ကြားရသည်။ မမခင်အိ အိမ်ထောင်ပြုတော့မည်ဆိုသည့် သတင်းကိုပဲ ကြည့်လေ။ ငုံ့လျှိုးနေခဲ့သော ကွမ်းတောင်ကိုင် ဖြစ်ချင်စိတ်များပင် ပြန်လည်ဖူးပွင့်လာခဲ့ရပြီ မဟုတ်လား။ ၀ါပေါက် ကလေးကို ဆွတ်ရင်း မအိမ်ကံ သီချင်းကလေးပင် ညည်းနေခဲ့မိသည်။ “ကွမ်းတောင်ကိုင်တစ်ယောက်တော့ ရွေးရပြန်သာပေါ့ အေ။ အလှူအတန်းကျဲသဲ့ခေတ် ဆိုပေသိ လာမယ့်ဦးတန်ခူးမှာ လှူမယ့်အလှူ နှစ်လှူလောက်ရှိမှာတော့်” မအိမ်ကံဘေးအခင်းဆီမှာ

အော်ကြီးအော်ကျယ်

ပြောနေကြသည့်

စကားသံကြောင့်

သီချင်းအညည်းရပ်လိုက်ကာ

ဘယ်သူတွေပါလိမ့်လို့ မျှော်ကြည့်လိုက်သည်။ ရွာမှာ အလှူ ရှိတော့မှာတဲ့။ ဒါဆိုရင် ။ မအိမ်ကံသိချင်သည့် မေးခွန်းကို တစ်ယောက်က မေးနေပြီ။ “ဒါဆိုရင် ကွမ်းတောင်ကိုင်က ဘယ်သူဖြစ်မယ် ထင်သတုံး” မအိမ်ကံ ကိုယ်ကလေးပင် တောင့်သွားခဲ့သည်။ ဘယ်သူဖြစ်မယ်ထင်သတုံးလို့ မေးသူက မေးနေပြီ မဟုတ်လား။ ရွာ့အသံကို ကြားရတော့မည်။ အသက်ကလေးကိုပင် အောင့်ထားလိုက်မိပါ၏။ “ပြောနေကြသာတော့အေ ...” ရုတ်တရက်

ကောက်ကာငင်ကာ

ထဆိုလိုက်သော

သီချင်းသံကြောင့်

မအိမ်ကံခမျာ

ကြားချင်သည့်စကား

မကြားလိုက်ရတော့ပါ။ မအိမ်ကံနှင့် မနီးမဝေးမှာ ရွာ့ကွမ်းတောင်ကိုင် လျာထားသည့်အကြောင်း ပြောဆိုနေကြတာကို အသက်အောင့်

နားထောင်နေမိသည်။

ရွာသူတစ်ယောက်က

သူ့သဘောထားကို

ပြောရန်

စကားဟလိုက်စဉ်မှာ

သီချင်းသံ ထွက်လာခြင်း ဖြစ်၏။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ အပျိုကြီး မသောင်းလှ ဖြစ်နေသည်။ မသောင်းလှက သီချင်းတွေ ပြောက်တိပြောက်ထိုး ဆိုတတ်သော်လည်း ဘယ်သီချင်းမှ အစအဆုံးမရ။ သို့သော် ဇာတ်ထုပ်ဇာတ်လမ်းတော့ အခင်းကောင်း။ သည်လို အုပ်နှင့် သင်းနှင့် လုပ်ရသော အလုပ်တွေမှာ မသောင်းလှကို တကူးတကပင် ခေါ်ရသည်။ ကြားချင်တာ မကြားလိုက်ရတော့ မအိမ်ကံ သက်ပြင်းကလေးသာ ရှိုက်လိုက်ရတော့သည်။

“သောင်းလှရယ် အမေက ရစ်ရိုးနဲ့ ရိုက်တာ ကျောသိသိ ကြေသယ်ဆိုတော့ အပြစ်က ကြီးလှပါကောဟဲ့...” “ကြီးဆို ရည်းစားထားသယ့်အမှုကိုး ၀ိုင်းစိန်မရဲ့။ ရည်းစားထားသာ အမေသိသွားတော့ လာစမ်းဟဲ့ဆိုပြီး ရစ်ရိုးနဲ့ ရိုက်သာ ကျောလုံးပုပ်ကရော...”

မသောင်းလှနှင့် မသောင်းစိန်တို့ ရိုးရိုးသားသားပြောနေကြတာမှ ဟုတ်ရဲ့လား။ မအိမ်ကံ ထိတ်ခနဲပင်ဖြစ်သွားရပါ၏။ မအိမ်ကံနှင့် သာအောင်တို့ တဲပျက်ထဲ တွေ့ခဲ့ကြတာကိုများ သိကြရော့လား။ သူတို့နှစ်ယောက်ကိုများ သမီးရည်းစားထင် ကြရော့လား။

ရည်းစားထားလို့

အမေက

ကျောစိစိကြေအောင်

ရိုက်သတဲ့။

သီချင်းကထူးတော့ထူးဆန်းသား။

ပျိုတို့မောင်လာကာမှ ဒဏ်ရာကိုလှန်ကာပြလို့ရယ် ငိုပါ့မယ်လေး...ဆိုတာက ကော။ အမေရိုက်သည့်ကျောဒဏ်ရာကို ချစ်သူကိုလှန်ပြရရင် ရှက်စရာကြီး။

39


“တစ်ချို့ကချောသနှင့်...

တို့တောနယ်ရွာစဉ်မတော့

မြို့ကျောဘွယ်တန်ဆာဆင်ကြပုံက...

အပြာတွင်ဖဲရောင်

ခရမ်း

ရယ်နှင့်...ပ၀ါယဉ်ဖဲစောင်မှဆန်းတယ်လို့... ထာဝစဉ်ပွဲ ဆောင်ကိုမြန်းကြတယ်... ကဲ ပြောင်ခန်းဖော်တယ်နော်ကွယ်... အလိုရှင်... လှည်းဆောင်ပန်းပေါ်...” နေပူပူ

ဝက်ဝက်ကွဲမှာ

အမောပြေရသား။

လွမ်းလောက်အောင်ဆိုလိုက်သော

တောသူတောင်သားတွေဆိုတော့

ပါးစပ်မလှုပ်ရတာတွေများလှသည်။ မုန်ပဲသရေစာနှင့်ပြီးကြရတာကို

လက်လှုပ်မှ

ဝါခင်းထဲကသီချင်းတွေကိုကြားရတော့

ပါးစပ်လှုပ်ရတာ

တချို့မှာ

ထမင်းပင်စားခဲ့ကြရရဲ့လားမသိ။

မအိမ်ကံမြင်နေရပြီ။

အစ်ကိုပြောခဲ့ဖူးသည့်

ထား။

လက်လှုပ်တာတောင်

အခင်း

ရှင်ဧည့်ခံသော

နိုင်ငံကချမ်းသာပြီး

လူတွေက

ဆင်းရဲနေကြတာဆိတုာ ဒါကိုပြောတာပဲဖြစ်ရမည်။ သည်လူ တွေအတွက် တတ်နငို သ် မျှ ကွမ်းတစ်ရာ ရေတစ်မတှု က် မ်းဆိသု လို မအိမ်ကံမှာ စိတ်ကူးတွေရှိပါ၏။ ရွာနှင့်ရွာဝန်းကျင်က ထွက်သမျှဝါတွေကို ပေါက်ဈေးနှင့်ဝယ်မည်။ ရက်ကန်းစင် လေး,ငါးစင် အိမ်မှာထပ်ဆင်မည်။ ရွာထဲက ရက်ကန်းစင်ရှိသမျှအိမ်တွေကို ချည်ပေး အထည်ယူ၊ လက်ခပေးပြီး ရသမျှ ခတ်ခိုင်းမည်။ ရွာထည်၊

တောထည်ကလေးတွေဆိုသော်လည်း

အဆင်အကွက်လှလှကလေးရက်လျှင်

သည်လိုခေတ်

ကာလမှာ

အသုံးများနိုင်သည်။ ရုပ်သေးစင်မှာဆိုသွားသည့် လင်္ကာတစ်ပုဒ်ကို မအိမ်ကံ မှတ်မိနေသည်။ “မိန်းမတွေ

အငြိမ်မနေစမ်းပါနဲ့...

ရက်ကန်းခေါ်

ဗိုင်းဝါ

အလုပ်ကိုလ...

အများတကာ

အားမနာလို့မဟုတ်ပါဘူး...

အများအလာမှာ ခါးဗရချာ မစုတ်ရအောင်ကွယ်... အား ထုတ်ဖို့ကောင်း...” မအိမ်ကံတို့ရွာမှာ ရက်ကန်းစင်တွေများသော်လည်း ရက်ကန်းအလုပ်ထက် ရိုးရာတောင်သူအလုပ်ကို ခါးချိုးချင်ကြသူ တွေများသည်။ ရက်ကန်းအလုပ်က ကရိကထများသလို ရက် ကန်းထွက်ထည်ကလေးတွေက ငွေပေါ်ခက်သည်ဟု ယူဆကြသည်။

တစ်ကိုယ်စာ

ဝင်ငွေရအောင်မရှာ အရင်းအနှီးစိုက်မည်။

ဝတ်သာရုံကလွဲလို့

တတ်ကြတာလည်း

အရင်းအနှီးရယ်လို့လည်း

ဖြစ်ဟန်တူပါ၏။

ရက်ကန်းခတ်သားတွေကို

ဒါကိုပဲ

မတတ်နိုင်ကြတော့

သည်ဘက်နှစ်တွေမှာ

လုပ်ခပေးမည်။

ရသမျှအထည်တွေ

ငွေရင်းစိုက်ပြီး

မအိမ်ကံမြင်လာခဲ့သည်။

မြို့ကိုပို့မည်။

သည်စိတ်ကူး

အမေပန်းရုံကိုပြောပြတော့ အမေကလည်း သဘောတူသည်။ “အမေတို့ငယ်ငယ်ကများ ရက်ကန်းမတတ်ရင် အကန်း လောက်ခေါ်ချင်ကြသာ။ မိန်းကလေးများတွေ့ရင် ကာလသား ရဲ့မအေက ရက်ကန်းရှင် မတတ်ပါစလို့ မေးကြသာ။ မတတ်ဘူးဆိုရင် လူ့ဘ၀ ဘာလာလုပ်သာတုံးဆိုတဲ့ မျက်နှာနဲ့ကြည့်သာ။ အမေတို့ခေတ်အထိ တင်လိုက်ရသဲ့ ၀ါပခြင်းနတ်။ တင်လိုက်ရသဲ့ ရက်ကန်းရှင်မ။ တစ်ချိန်းချိန်းပေါ့အေ...” အမေပန်းရုံပြောတာကို မအိမ်ကံ စိတ်ဝင်တစားနား ထောင်နေခဲ့ဖူးသည်။ လောလောဆယ် မအိမ်ကံတို့ခေတ်မှာ တောင် ၀ါပခြင်းနတ်ကိုတင်ကြတုံး။ ၀ါစိုက်သည့်ရွာတွေ မဟုတ်လား။ မိုးမရွာတော့လည်း တင်ကြရသည်။ ခြင်းကြား တောင်းကို ဆံစုတပ်၊ ပန်းပန်၊ ထဘီအင်္ကျီဝတ်ပေးပြီး မိန်းမ ကြီးတွေက ခြင်းနှုတ်ခမ်းက မကာ ယိမ်းပေးကြသည့်နတ် တင်ပွဲဖြစ်သည်။ “ရွှေမိုးတဲ့ရွာစေချင်...

ငှက်ပျောပင်ဆင်အံဖီးနဲ့

နတ်ကြီး

ကိုတင်...

ရပ်ရွာသူနယ်အရှင်...

ရေတင်အောင်ရွာပါလား

မိုးနတ်သိကြား” “တောင်ဘက်လယ်ခင်း တောင်ခြေရင်း... ၀ါခင်းစောင့် တဲ့ ဖိုးအောင်ကျော် မိုးခေါ်လို့ပေး ခေါ်လို့ပေး” “ဖိုးအောင်ကျော်လာမည့်ရေးနှင့်

မိုးသံကိုပေး...

ပြောင်းပင်ညိုမြ

မိုးလိုက

ရေရမြက်ပင်

ယသမင်...

ဇော်ဂျီရှင်မ

နတ်ကယ်လေး... တိမ်းပေတော့ ယိမ်းပေတော့...”

40


“၀ါဖတ်လေး ဖြူဖြူစင်စင် ရွှေလက်တောင့်နှင့်ငင်...” မိန်းမကြီးတွေက ခြင်းကြားနတ်စီးလျှင် လေး,ငါးယောက် ထိန်းမရဟုပြောတာကြားဖူးသည်။ ယသမင်ဂျီရွာသူ မနှင်းဆီနှင့် ယာခင်းရှင့်သား

ဖိုးအောင်ကျော်တို့၏

အချစ်ဇာတ်

လမ်းတွင်

မနာလိုသူ

ကုန်းကောင်သူကြီးသားက

တိုက်သဖြင့်

ဘုရင်က အဟုတ်ထင်ကာ ဖိုးအောင်ကျော်ကို ဖမ်းစေသည်။ ဖိုးအောင်ကျော်ကမ်းပါးချောက်ထဲပြုတ်ကျပြီး သေရာကနတ် ဖြစ်သည့်အခါ မနှင်းဆီလည်း ရက်ကန်းခတ်ရာက ရင်ကွဲ နာကျသေသည်ဟု စကားရှိသည်။ ဟုတ်သော်ရှိ၊ မဟုတ်သော် ရှိ မအိမ်ကံတို့ရွာတွေမှာ ရက်ကန်းရှင်မနတ်ကို တင်ကြမြှောက် ကြရပါ၏။ “မမကံ ဟိုမှာ ကြည်တော်ကုန်းက ကျောင်းဆရာကြီး” ဖိုးကူးက

လှမ်းပြတော့

ဝါကောက်ရင်းက

မအိမ်ကံ

လှမ်းကြည့်လိုက်သည်။

ကြည်တော်ကုန်းကျောင်းဆရာဆိုတော့

ဆရာလေး ကိုတောက်ထိန်ပေါ့။ ကန်သင်းဆုံထောင့်မှာပေါက် နေသော သနပ်ပင်ရိပ်ကနေ မအိမ်ကံကိုစောင့်နေတာ လှမ်းမြင်လိုက်ရသည်။

မအိမ်ကံလည်း

ဝါတွေကို

ကျေးဥလှမ်းပေး

ပြီး

သစ်ပင်ရိပ်ကိုပြေးလာခဲ့သည်။

ဆရာလေး

ဝါခင်းထဲအထိ လိုက်လာတာ အကြောင်းထူး ရှိလိမ့်မည်။ “ဗျို့ ဆရာလေး ရေနွေးသောက်ဦးလေ။ ဘယ်လာသာ တုံးတော့်” ဆရာလေး

ကိုတောက်ထိန်ကို

ရွာတွေက

ကျောင်းသွားတက်ကြတာရှိပေမယ့် ဘုန်းတော်ကြီးကျောင်းကိုသာ

သိနေကြပါသည်။

ရွာကကျောင်းသားအချို့

တစ်ယောက်စနှစ်ယောက်စထက်

အားကိုးကြသည့်အလေ့ရှိသည်။

မပို။

ခေတ်ပညာတတ်စေလိုသူ

ကြည်တော်ကုန်းကို မအိမ်ကံတို့ရွာတွေမှာ

တွေကတော့

ဆရာလေး

ကိုတောက်ထိန်၏ လောကဓာတ် ကျောင်းကိုပို့ကြသည်။ သို့သော် သည်လိုအသိစိတ်ရှိသူကာလည်း အရှားသား။ မအိမ်ကံ အနားကိုရောက်လာတော့ ဆရာလေးကို တောက်ထိန်က မျက်လုံးကြီးပြူးကြည့်နေခဲ့သည်။ သူကြီးသမီးက ကို ယ်တိုင်ဝါကောက်နေသလားဆိုသည့်မျက်နှာ။ ဟနေသည့်နေရာတွေမှာ

ပူရလောင်ရသည့်အထဲ

ကြေး(ဂျီး)ကြောင်းတွေမြင်နေရသည်။

ဖျင်ထူတိုက်ပုံကြီးကိုမချွတ်။ ထောင်းခနဲထလာသည့်

အတွင်းအင်္ကျီက ပရုတ်ဆီနံ့ကလည်း

တော်သလင်းနေနဲ့ မအပ်စပ်သလိုဖြစ်နေပါ၏။ ဆရာလေးကို တောက်ထိန်၏ဘ၀ကို မအိမ်ကံ သေသေချာချာမသိသော်လည်း တိုင်းပြည်အတွက် ဘ၀တစ်ခုလုံးမြှုပ်နှံကာ ပေပေတေတေနေရင်း ပေးအပ်ထားသည့်တာဝန်ကို ကျေပွန်ရှာသူဆိုတာ လောက်တော့

သဘောပေါက်ပါ၏။

ဆရာလေးရောက်လာကာ

မှ

မအိမ်ကံတို့နယ်တစ်ရိုး

တိုင်းရေးပြည်ရေး

အသိအမြင်ကျယ်လာကြသလို မျိုးချစ်လူငယ် သခင်ပေါက်စကလေးတွေ မှိုလိုပွင့်လာကြတာလည်း မအိမ်ကံသိပါ၏။ အထူးသဖြင့် ဆရာကြည်ရှိနေသော ကြည်တော်ကုန်းရွာကိုမှရွေးပြီး စာသင် ကျောင်းတစ်ကျောင်းဖွင့်လှစ်လိုက်ခြင်းသည်ပင် တို့ဗမာ အစည်းအရုံး၏လက်တက်တစ်ခုအဖြစ် တည်ဆောက်နေတာ မဟုတ်လား။ အနီးအနားရွာတွေကလည်း ဆရာလေး ကိုတောက်ထိန်ကို ပင့်ကြဖိတ်ကြကာ ဧည့်ခံကြ၊ စကားလက်ဆုံကျကြ၊ လက်ဆောင်ပေးကြတာတွေရှိပါသည်။ ၀ါခင်းထဲ ကနှုတ်ဆက်ကြသူတွေကို ဆရာလေးက တုံ့ပြန်နှုတ်ဆက်ရင်း အရိပ်ပိုကျသောနေရာအထိ ဆုတ်သွားသဖြင့် မအိမ်ကံလည်း လိုက်သွားရ၏။ “မအိမ်ကံ ၀ါခင်းထဲမယ်ဆိုလို့ ကျုပ်လိုက်လာတာပါ။ ဘာရယ်မဟုတ်ပါဘူးဗျာ။ ဆရာတော်ကို သတင်းစာတွေလာပို့ရင်း ၀င်လာတာ။ သခင်မြတ်သာက လူကြုံမှာလိုက်တယ် မအိမ်ကံ” အစ်ကိုကမှာလိုက်တယ်ဆိုတော့ မအိမ်ကံ ရင်ကလေး လှပ်ခနဲဖြစ်သွားရ၏။ အစ်ကိုမြတ်သာ မြင်းခြံကိုရောက်နေ တာလား။ “သခင်မြတ်သာ ရေနံချောင်းဘက်မှာရှိတယ်။ မအိမ်ကံ လှူလိုက်တဲ့ပစ္စည်းတွေရတယ်လို့လည်း မှာလိုက်တယ်။ ပြီး တော့...”

41


ဆရာလေးက တိုက်ပုံအင်္ကျီထဲ ထိုးထည့်ယူလာသော လက်ကိုင်ပ၀ါကိုထုတ်ကာ မျက်နှာကိုသုတ်သည်။ စကားတစ်ခွန်းပြောဖို့ ခက်နေပုံလည်းရပါ၏။ “ပြောပါဆရာလေး အစ်ကိုဘာမှာလိုက်သေးလဲ”

“မအိမ်ကံအဖေ သူကြီးမင်းကို လာမယ့်ရွေးကောက်ပွဲမှာ ၀င်မပြိုင်ဖို့ မအိမ်ကံတို့သားအမိက အတတ်နိုင်ဆုံးနားချပေးကြပါလို့ လေးလေးနက်နက်မှာလိုက်ပါတယ်။ မအိမ်ကံဝမ်းထဲပဲ ထားနော်။ အခုဟာက အင်္ဂလိပ်တွေကို ကျုပ်တို့ပြန်ချကြတော့မယ်” ဆရာလေးစကားကိုကြားတော့ မအိမ်ကံ ရင်ဘတ်ကို လက်ဖြင့်ဖိထားလိုက်မိပါ၏။ ဘုရား...ဘုရား အင်္ဂလိပ်တွေကို အစ်ကိုတို့က ပြန်အာခံကြတော့မယ်ဆိုတော့ အင်္ဂလိပ်ဘက် တော်သားဖြစ်နေသည့် အဖေ့အတွက် မအိမ်ကံ စိုးရိမ်ရပြီ။ “ဒါ...ဒါဆိုရင် အဖေ...အဖေ့အတွက်...” “အဲဒါကြောင့် သခင်မြတ်သာက မအိမ်ကံကို တိုးတိုး တိတ်တိတ်မှာလိုက်တာပဲ။ လာမယ့် သူကြီးရွေးကောက်ပွဲမှာ သူကြီးမင်းဝင်မပြိုင်ရင် ဘာမှပြဿနာမရှိပါဘူး။ သူကြီးမင်း ၀င်အရွေးခံလို့ သူကြီးရာထူးပြန်ရရင် နောက်ထပ်လေးနှစ်အုပ် ချုပ်ရဦးမယ်။ အဲသည်လေးနှစ်အတွင်း တိုင်းပြည်မှာ အရေး ကိစ္စပေါ်လာနိုင်တယ် မအိမ်ကံ။ သည်တစ်ခါအရေးကတော့ အေးမယ်မဟုတ်ဘူး” ဆရာလေးစကားဆုံးတော့ မအိမ်ကံ ငိုင်သွားခဲ့ရသည်။ အဖေ့သူကြီးမင်းရာထူးကို မမက်သော်လည်း အပြောရခက်လှ သော အဖေ့ကို နားချဖို့ဆိုတာ လွယ်မှလွယ်ပါ့မလား။ သားအပေါ် စိတ်လျှော့လိုက်ပြီဆိုသော်လည်း အဖေ့မာန်တွေက မကျသေး။ အမေပန်းရုံကိုတော့ မအိမ်ကံ သေသေချာချာပြော ပြရတော့မည်။ “ကျုပ်ကတော့ ရွာတွေဘက်ပြန်လာချင်မှလာရတော့မှာပါ။ တစ်ခြားတာဝန်တွေပေးကြမလိုလို ကြားနေတာပါပဲ” ဆရာလေး

ကိုတောက်ထိန်က

ရွာကိုထားခဲ့ရမှာလည်း စိတ်မချမ်းမသာရှိပုံမရ။

သည်ရွာမှာ

တစ်သက်လုံးထားလျှင်

တစ်သက်လုံးနေမည်။ ပြန်လာခဲ့ဆိုလျှင် ငေါက်ခနဲထပြန် မည်ဆိုသည့် ခံစားမှုသာ ရှိပုံရပါ၏။ တို့ဗမာအစည်းအရုံးက စေသ မျှသွားရုံသာဆိုသည့်သဘောပေလား။ “ဒါဖြင့် ကြည်တော်ကုန်းကျောင်းကို ပိတ်ရတော့မှာပေါ့၊ ဟုတ်လား ဆရာလေး” မအိမ်ကံက ခေါင်းထဲပေါ်လာတာကို မေးလိုက်ခြင်းဖြစ် သည်။ အဖွင့်ကြီးဖွင့်ပြီးကာမှ ကျောင်းဆရာကို ပြန်ခေါ်မည်ဆို တော့ ကျောင်းကလေးဖွင့်စဉ်က အစ်ကိုကိုယ်တိုင်လာရောက်ခဲ့ တာကို သတိရကာ နှမြောမိပါ၏။ ဆရာလေးကတော့ ပိန်ချိုင့် နေသောမျက်နှာကို လက်ကိုင်ပ၀ါဖြင့်ဖိသုတ်ရင်းက မအိမ်ကံ ကို ပြုံးကြည့်နေသည်။ “မပိတ်ပါဘူး မအိမ်ကံ။ ကျုပ်မရှိလည်း ကျောင်းဆရာ တစ်ယောက်တော့ လွှတ်ကြပါလိမ့်မယ်။ ကျုပ်တို့ကျောင်းတွေ ဘယ်တော့မှမပိတ်ဘူးဗျ။ စိတ်သာချ” ဆရာလေးက အသံမြှင့်ပြောရင်းက မအိမ်ကံကို နှုတ် ဆက်သည်။ ကန်သင်းဆုံကို ဖဲ့နင်းကာ စိုက်စိုက်စိုက်စိုက်နှင့် ထွက်သွားသည်။ ဆရာလေးကို လှမ်းကြည့်ရင်းက မအိမ်ကံ ရင်ထဲ အစ်ကိုလည်း တစ်ရပ်တစ်ပါးမှာ သည်လိုနေရှာလေ မလားတွေးမိကာ ဆရာလေးနောက်ကို ပြေးလိုက်မိ၏။ “ဆရာလေး၊ ဆရာလေး... အစ်ကိုနဲ့တွေ့ဦးမလားလို့”

42


“မပြောနိုင်ဘူး မအိမ်ကံ။ အင်း... တွေ့ရင်လည်းတွေ့ နိုင်ပါရဲ့။ ဘာမှာချင်လို့လဲ” “အခွင့်သာရင် ရွာကိုလာခဲ့ပါဦးလို့ မှာလိုက်သဲ့အကြောင်း ပြောပေးပါ ဆရာလေး” “ကောင်းပါပြီ။ ကိုင်း သွားမနှော” ဆရာလေးကိုတောက်ထိန် ပြန်သွားပြီ။ မအိမ်ကံက လှည်းတွေပေါ်မှာ မောက်မောက်ကြီးဖွေးနေသည့်ဝါတွေကို ငေးရင်း အစ်ကို့ကို လွမ်းလိုက်မိသည်။ အဖေရယ်၊ အမေရယ်၊ အစ်ကိုရယ်၊ ကံကလေးရယ် အတူပြန်နေဖို့ အခွင့်အလမ်းမှရှိပါဦးမလား။ အစ်ကိုတို့တစ်တွေ အင်္ဂလိပ်မျက်နှာဖြူတွေကို ခံချကြ တော့မတဲ့။ သည်လိုဆိုလျှင် အစ်ကိုကကော ဘယ်နေရာကနေ ဘယ်လိုတာဝန်တွေနဲ့ရှိနေမလဲ။ စိတ်ထားမြင့်မြတ်ပြီး

တိုင်းပြည်နှင့်လူမျိုးကိုချစ်သော

အစ်ကို။

ဇောင်ချမ်းကုန်းရွာ

ဆယ့်နှစ်ရွာအုပ်

သူကြီးမင်း

ဦးသာထန်၏သား၊ မြေတွေ၊ ယာတွေ၊ ထန်းတွေ လက်ညှိုးထိုးမလွဲ ပိုင်ဆိုင်သော၊ ဘိုးမွေဘွားမွေတစ်သက်စားမကုန်အောင် ကြွယ်ဝသော မအိမ်ကံတို့တစ်တွေကို ကျောခိုင်းလို့ သူယုံကြည်ရာ သူလုပ်နေသော သခင်မြတ်သာ...။ တစ်နေ့တော့ အစ်ကို ရွာကိုပြန်လာမှာပါလေ။ မအိမ်ကံ မျှော်လင့်ရုံသာ။ သီတင်းကျွတ်၊

တန်ဆောင်မုန်း

မိုးလေကလေးကင်းတုန်း

တောင်သူတွေအသက်ရှူချိန်ကလေးရသည်။

မအိမ်ကံတို့

တစ်ရွာလုံး ရှိသမျှမိန်းမမှန်သမျှ ၀ါတွေရောက်လာကတည်းက မနားကြရတော့ပြီ။ မအိမ်ကံပင် အိမ်နောက်ဘက် သြဇာပင် တော၊ သလဲပင်တောကို ရှင်းကာ တဲပြန့်ကြီးထိုးပြီး ရက်ကန်း နှစ်စင်ထပ်ဖြည့်သည်။ တစ်စင်ကို ရွာရက်ကန်းလက်သမား ဘကြီးဆုံနှင့် သီးသန့်ဆင်ယူသည်။ ကျေးဥအမေ အရီးကြာညွှန့်ကို ရက်ကန်းခေါင်းထားကာ လိုသည့်နေရာတွေမှာ သင် ကြားပြသစေသည်။ ၀ါပွင့်ဖွေးဖွေးတွေကိုကြည့်ရင်း

မအိမ်ကံမျက်စိထဲမှာ

ရက်ကန်းစင်တွေက

ထွက်လာမည့်ရွာထည်တွေကို

မျက်စိထဲ

မြင်နေသည်။ ရွာထွက်ဖျင်ထည်ဆိုတော့ မာလကျင်၊ ဂျွန်းငါး ကောင်း၊ ပေါ်ပလင်၊ တာဖက်တာ၊ ဘူးသီးပိတ်လို မြို့ပိတ်တွေ ကိုမှ တိုးနိုင်ပါ့မလားဆိုသည့်စိတ်ကလေးတော့ ခုနေခဲ့ပါ၏။ တစ်ဖက်ကလည်း တောထည်ကလေးတွေ၊ လက်ရက်ကန်း ထည်ကလေးတွေကလည်း မျက်နှာငယ်စရာတော့မရှိဟု တွေး မိသည်။ အစစအရာရာ ရှားပါးနေသောခေတ်မှာ ရက်ကန်းဖျင် ထည်တွေသာ အများစုနှင့်လက်လှမ်းမီနိုင်တာကိုတော့ မအိမ် ကံယုံပါ၏။ “ဗိုင်းတောင့်တွေကို အုပ်အုပ်ဆိုင်းဆိုင်းထားမှ ဗိုင်းလိပ် တွေ လေမလွင့်တော့ မပေါ့...။ တောင်းတွေထဲထည့်ကြစမ်း။ ဗိုင်းကောင်း ကျောက်ဖိရသဟဲ့” အရီးကြာညွန့်ကိုယ်တိုင်က

ရက်ကန်းတစ်စင်မှာထိုင်ကာ

စံနမူနာရက်ပြသည်။

ရွာမှာရက်ကန်းခတ်ချင်သူကလေးတွေ

ရှာရမခက်ပါ။ လုပ်ချင်လွန်းလို့ မအိမ်ကံပင် ထောင့်စေ့အောင် စီစဉ်ပေးနေရသည်။ ခတ်နိုင်လေ ပိုက်ဆံမြင်ရလေဆိုတော့ တစ်ဝမ်းတစ်ခါးတော့ အဆင်ပြေရပါ၏။ မအိမ်ကံကို အဖေ ရောအမေရောက လုပ်ချင်တာလုပ်ကရော့လို့ လွှတ်ထားကြ တာတော့ မဟုတ်ပါ။ ထိန်းကြ ကွပ်ကြတာတော့ရှိပါသည်။ အထည်တွေထွက်လာပါပြီတဲ့။ မြင်းခြံကိုသွားပြီး ရောင်းဝယ် ဖောက်ကားလုပ်ရမည်။ ငွေကြေးအပေးအယူတွေရှိလာမည်။ မိန်းမပျိုကလေးတစ်ယောက်အနေနှင့် ဦးစီးဦးဆောင်လုပ်ရမှာ ကို မိဘများပီပီ စိုးရိမ်ကြသည်။ စိုးရိမ်သည့်အထဲမှာ မလှအုံ လည်းပါပါ၏။ “မအိမ်ကံရယ်...

ညည်းရုပ်ညည်းရည်နဲ့

မိဘအိုးထဲက

ထမင်းတစ်လုပ်

ငုတ်တုတ်ထိုင်စားစမ်းပါအေ...။

လမ်းခရီး

တွေကလည်း မကောင်းဘူးနော်။ ညည်းတော့ အတင့်ရဲသယ် ထင်သာပဲ”

43


“မလှအုံရယ်... ကျုပ်ချမ်းသာဖို့မှမဟုတ်သာ။ ရွာက ဆင်းရဲလွန်းလို့ကျုပ်ထလုပ်ရသာပါ။ ရွာကလူတွေ ၀မ်းစေ့အောင် ကျုပ်မကျွေးနိုင်တောင်မှ

လက်ချည်းစုံပစ်ထိုင်နေရတာ

နဲ့စာရင်

မိန်းကလေးတွေ

တစ်ဝမ်းတစ်ခါးလှကြပါစီဆိုတဲ့စိတ်

နဲ့ပါတော်...” “အေးပါ...အေးပါ...။ သခင်မြတ်သာနှမရယ်” မလှအုံက သည်လိုပြောတော့ မအိမ်ကံပြုံးမိသည်။ အထည်တွေကို မြင်းခြံမြို့ သွားသွင်းချိန်မှာ အစ်ကိုနဲ့တွေ့လျှင် ကောင်းမည်။ အဖေကတော့ ပွဲစားကြီး ဦးကျော်ဂေါင်နှင့် ပွဲကတော် ဒေါ်မြမေတို့နှင့် ဆက်ပေးတာကလွဲလျှင် ဘာမျှမပြောပါ။ သမီးပျိုက သည်လိုအလုပ်တွေလုပ်နေတာကိုပဲ အားရ ကျေနပ်ရှိပုံရပါ၏။ အမေပန်းရုံကတော့ ပွဲစားကြီးဇနီးမောင်နှံကို ယုံကြည်စိတ်ချရကြောင်း၊ မအိမ်ကံမမွေးခင်ကတည်းက ရွာသီးနှံသွင်းနေကျ မိတ်ဆွေရင်းတွေဆိုတော့ လူမတတ်သော်မှ လက်ဖက်ထုပ်တတ်မှာဖြစ်ကြောင်း၊

ဘာပဲလုပ်လုပ်

ရတနာ

သုံးပါးဂုဏ်ကျေးဇူးကိုသာ

အောက်မေ့ရန်လိုကြောင်း

ပြောပြရှာပါ၏။ မအိမ်ကံကတော့ အထည်တွေ မြင်းခြံဈေးသွင်းဖို့ထက် အစ်ကိုနှင့်တွေ့လိုသည့်အချက်လည်း ပါပါသည်။ “ရက်ကန်းရှင်မ မချက်တော့ သည်နှစ်ဝါပေါက်တွေရ လိုက်သာ မနည်းပါဘူး” ၀ါဖတ်လေးဖြင့် ခြင်းကြားတောင်းကြီးထဲ ငုံ့ကာ ၀ါဖတ်ရင်း နှင်းခင်က ပြောသည်။ “ရက်ကန်းရှင်မ မနှင်းဆီ ၀ါခင်းစောင့်သဲ့ ဖိုးအောင်ကျော် နဲ့ အဆင်ပြေလို့နေမှာပေါ့အေ။ ဒါထက် ကျေးဥ နင်ကြားသလား။ မမခင်အိနဲ့ ကိုသာဆောင်တို့ မြန်းကြတော့မှာသဲ့တော်။ သည်ရက်ထဲပဲတဲ့...” မအိမ်ကံက ဗိုင်းတောင့်ကလေးတွေစည်းရင်းက နှင်းခင် စကားကို နားစွင့်လိုက်သည်။ မမခင်အိတောင် အိမ်ထောင်ပြု တော့မှာပါလား။ ဒါဆိုရင် ရွာက ကွမ်းတောင်ကိုင်အသစ် ရွေးကိုရွေးရတော့မည်။ မအိမ်ကံက သူသိလိုက်သောအချက်ကို မေးလိုက်ချင်သော်လည်း မေးလို့မကောင်းနိုင်။ လုပ်ချင်လှ စက်စက်ယို ထင်ကြရော့မည်။ “လာမယ့်အလှူမှာ တို့ရွာက ကွမ်းတောင်ကိုင်အသစ် မြင်ရဦးတော့မှာပေါ့အေ နှော... ကျေးဥ” နှင်းခင်က စကားလှမ်းစလိုက်တော့ ကျေးဥ ကိုယ်က လေး ဆတ်နဲပင် တွန့်သွားလေ၏။ နှင်းခင်က အရိုးခံအတိုင်း မေးလိုက်ခြင်းဖြစ်သော်လည်း ကျေးဥက စကားစမရှည်ချင် တော့ လေပျော့ကလေးနှင့် စိတ်မ၀င်စားသည့်ပုံပြုသည်။ “ပြောတတ်ပေါင်ဟာ။ ရွာရပ်က ရွေးကြမှာပေါ့။ သေချာ ပါသယ်အေ ညည်းရောငါရော ကွမ်းတောင်ကိုင်မဖြစ်သာ တော့...” “အလှူကလည်း ဝေးပါသေးအေ...။ တန်ခူးမှဆိုတော့ ဒါတွေ ဘယ်သူမှ ခေါင်းထဲ ထည့်အားပေါင်။ ကိုင်း ကောင်မတွေ စကားတွေနင်းများမနေကြနဲ့။ လုပ်စရာရှိသာ တွင်အောင် လုပ်ကြစမ်း..” မလှအုံက ၀င်ငေါက်လိုက်တော့ နှင်းခင် ဇက်ကလေးပု သွားရသည်။ မလှအုံ လောလည်းလောစရာ။ ညဘက်မှာ ဗိုင်းငင်ကြဦးမည်။ အရီးကြာညွှန့်က တောင်ရွာ၊ မြေက်ရွာက လက်ရာကောင်း ဖျင်ထည်ကလေးတွေယူလာပြီး မအိမ်ကံကို နမူနာပြသည်။ မအိမ်ကံက တစ်ထည်ချင်းယူကြည့်ရင်း အဆင်ကောင်း၊ အထည်ကောင်းကလေးတွေကို ရွေးသည်။ အတိုင်ချည်ပင်တွေ မပူးရန် တစ်ပင်ချင်းဖော်၍ ချည်လမ်းရှင်း ခြင်း၊ ခွဲခြင်းကို စည်းဖော်သည်ခေါ်ကြ၏။ ကမ်းကတော့ ရက်ကန်းထည်အနားသားတွေခေါ်သည်။ အနားသား ပိပိထပ်ထပ် သပ်သပ်ရပ်ရပ်ရှိမှ အထည်ခိုင်သည်။ လှသည်။ စည်း ရောကမ်းရော သေသပ်မှုရှိမရှိ အထည်ကိုင်ကြည့်ရုံနှင့် မအိမ် ကံသိပါ၏။ မအိမ်ကံ ငယ်စဉ်တောင်ကျေးကတည်းက အမေ ပန်းရုံနှင့် အရီးကြာညွှန့်တို့ ရက်ကန်းခတ်သည့်အနား နေခဲ့ရသူ မဟုတ်လား။ အရီးကြာညွှန့်က စည်းဖော်နည်း၊ ကမ်းခတ်နည်း တွေမှာ ကျွမ်းကျင်သည်။

44


“စည်းကမ်းကောင်းသယ်ဆိုတာ

သဟာကိုခေါ်သာပေါ့

အေ့...။

စည်းအဖော်တတ်တော့အထည်မှာ

ရေစီးကြောင်းတို့

ချည်ကျော်ချည်ကျတို့မပါဘူး။ ကမ်းကလေးသပ်ရပ်တော့ အနားသားက ပိပိထပ်ထပ်ရှိသယ်။ လူမလည်း သည်လိုပဲအေ ရဲ့...။ စည်းကမ်းကောင်းမှ လူ့အဖိုးတန်ဖြစ်ရသယ်...” အရီးကြာညွှန့်ပြောမှ စည်းကမ်းဆိုသည့်စကားအဓိပ္ပာယ် ကို မအိမ်ကံနားလည်ရသည်။ သည်ရက်တွေထဲမှာ မအိမ်ကံ မအားရပါ။ ရက်ကန်းစင် ချည်တန်းဆင်နိုင်ရေး လုံးပမ်းရတာမလွယ်လှ။ ဗိုင်းငင်ရ၊ ချားရစ်ရ၊ ချည်စာနင်းရ၊ ဆေးဆိုးရနှင့် အိမ်ရှိလူကုန် အနားမနေ ရ။ မြင်းခြံကို အထည်သွင်းဖို့က လောက်လောက်လားလား ထည်ထည်ဝါ၀ါကလေးတော့ ရှိဖို့လိုသည်။ အဓိကကတော့ လူကြိုက်များသည့်ပင်နီကြမ်း၊ ပင်နီချောထည်တွေ တွင်တွင် ရက်ရပါ၏။ “ငါ့သမီး မြင်းစီးသင်ချင်လှဆိုအေ့... အဖေ သည်ရက်ထဲ အားပါပြီ။ ငါ့သမီးသင်ချင်ရင် အဖေသင်ပေးမယ်...” ညစာထမင်းဝိုင်းမှာ အဖေက ပြောလာတော့ မအိမ်ကံပင် အံ့အားသင့်သွားခဲ့ရသည်။ သင်ချင်တုံးကတော့ တကယ့်ကို စိတ်ကလေးရှိလို့ ပြောလိုက်တာပေမယ့် အဖေက တကယ် သင်ပေးမည်ဆိုသောအခါ မ၀ံ့ဘဲဖြစ်နေရပါ၏။ ကွမ်းတောင် ကိုင်ဖို့ ရင်ခုန်နေရသူ မအိမ်ကံအဖို့ မြင်းကြီးနှင့် တလွှားလွှားဆိုလျှင် ရွာကအမြင်ကောင်းနိုင်ပါ့မလား။ ရွာမှာ မိန်းကလေး မြင်းစီးတာ မရှိသလောက် ရှားသည်။ “လေးဘက်သွား၊

မတ်သွား၊

လမ်းတိုးသွားကလေး အရင်သင်ရမယ်။

ပြီးမှ

လေးဘက်ခွာစုံပြေးကလေးစီးကြည့်ပေါ့။

ငါ့သမီးစီးတတ်ရင် အဖေက မြစ်ခြေဘက်ကမြင်း မှာ ပေးမဗျာ...” “တော့်သမီး အပျိုကလေးမဟုတ်တော့ဘူး သူကြီးမင်း ရဲ့။ အပျိုကြီးဖားဖားဝေလှပေါ့။ မြင်းကြီးနဲ့ မတော်တော့ပါဘူး” အမေပန်းရုံက ၀င်ဖြတ်လိုက်သည်။ အမေပန်းရုံကတော့ တစ်လျှောက်လုံး အေးတိအေးစက်နေလာခဲ့သောသမီးမအိမ်ကံကို အခုလို ရွာနှင့်ရပ်နှင့် ထဲထဲဝင်ဝင်ရှိလာတာကိုပဲ ၀မ်းသာနေ ပုံရသည်။ ၀ိုင်းတိုက်ထဲမှာ လူတွေ တရုန်ရုန်းလုပ်ကြကိုင်ကြ၊ ဆိုကြအော်ကြ၊ စားကြသောက်ကြတာကိုကြည့်ပြီး ရွာ “ဆူ” ပကောရယ်လို့ ကျေနပ်နေပုံရလည်းရသည်။ တောဆူမှ မြို့ဝ သတဲ့။ ရွာတွေဆူဖြိုးပါမှ မြို့ပါချမ်းသာမည်မဟုတ်လား။ “အောင်မာဗျာ...။ မြင်းစီးသယ်ဆိုသာ တတ်ထားရုံပေါ့ ကျောင်းအစ်မရဲ့။ မြင်းပေါ် တစေနေမှာမှမဟုတ်သာ။ တတ် အပ်သဲ့ပညာဗျ ဘာမှတ်လို့တုံး” အဖေက မလျှော့ပါ။ မအိမ်ကံကပါ အကြောင်းရှာပြီး ငြင်းရတော့သည်။ “မအိမ်ကံ ရက်ထည်တွေ မြင်းခြံသွားသွင်းရမှာရှိသေးတယ် အဖေရဲ့။ မအားသေးပါဘူး” “ရော်ဗျာ၊ ဘာဆိုင်လို့တုံး။ ညည်းအထည်တွေက ဂွမ်းထဲက ခုန်မထွက်သေးပါဘူး” “ကိုင်းပါတော်၊ ဘယ့်နှယ်များဖြစ်နေပါလိမ့်။ သူ့အစ်ကို မောင်မြတ်သာလာမှ သင်ပေးပါလိမ့်မယ်” အမေပန်းရုံက အစ်ကို့ကိုထည့်ပြောလိုက်တော့မှ သူကြီး လည်း ငြိမ်သွားတော့သည်။ သားကိုပဲသတိရလို့လား။ အဖေ့ မျက်နှာ အိုစာသွားလိုက်တာ။ အသက်အရွယ်ကလည်း ထောက်လာတော့ အဖေ ဟိုတုန်းကလောက် မသွက်တော့တာ လည်းပါသလို သားမောင်အတွက် ရတက်မအေးဖြစ်နေရှာတာ လည်းပါလိမ့်မည်။ သည်ဘက်နှစ်ပိုင်းတွေမှာ အဖေ လူရော

45


စိတ်ပါကျသွားခဲ့ပြီ။ မြင်းတစ်စီး၊ သေနတ်တစ်လက်နှင့် ရွာရိုး ကိုးပေါက် သိပ်မထွက်ချင်တော့တာ မအိမ်ကံသိပါ၏။ သမီး ကလေးမအိမ်ကံ အပျိုဖြစ်လာပြီးနောက်ပိုင်း ၀ိုင်းတိုက်ထဲကို လူသူအရောက်အပေါက် တော်တော်လျော့သွားခဲ့သည်။ “အေးဟာ၊ တိုင်းရေးပြည်ရေးက မသာယာတဲ့အထဲ မောင်မြတ်သာလည်း ဘယ်ဆီများရောက်နေမှန်းတောင်မသိရဘူး။ မြို့ကျောင်းသွားထားမိသာတောင် မှားနေပြီလားဟာ။ ဖအေ့ အမွေ မခံယူချင်တဲ့လူမိုက်၊ ဘယ်နှယ့် အင်္ဂလိပ်မင်းကို သွားပြီး အန်တုချင်လို့ရပါ့မလား။ လှေသင်းဝန်မင်း မြင်းခြံက စောင့်တိုက်သာတောင် မရခဲ့သဲ့ဟာ...” “အခုက လှေသင်းဝန်မင်းခေတ်မဟုတ်ဘူး အဖေရဲ့။ တစ်တိုင်းပြည်လုံးက လှုပ်နေသဲ့ခေတ်ရောက်ပြီ” မအိမ်ကံစကားကြောင့် ဦးသာထန်ပင် သမီးဖြစ်သူကို လှမ်းကြည့်မိသည်။ ပြီးတော့ ပြုံးသည်။ အားရပါးရ အော် တော့သည်။ “ဟေ...ငါ့အိမ်မှာ

သခင်၊

သခင်မတွေချည်းပါလားဟ၊

ဟေ...။

ငါ့ကိုလည်း

လာမယ့်သူကြီးရွေးပွဲ

မ၀င်တော့နဲ့တဲ့

သားအမိနှစ်ယောက်စလုံး နားချနေလိုက်ကြပုံများ။ ဒါ ညည်း တို့ကို သခင်မြတ်သာက သင်သာမဟုတ်လား။ ငါမသိဘူး မှတ်လို့...” အဖေ့ကို မအိမ်ကံ တအံ့တသြ မော့ကြည့်လိုက်မိပါ၏။ ဒါတွေကို အဖေသိနေပုံထောက်တော့ တို့ဗမာအစည်းအရုံး အတွက် မအိမ်ကံ အလှူငွေထည့်တာတွေရော၊ သာအောင်နှင့် တွေ့ကြတာတွေပါ သိများနေပြီလား...။ “လူကလေးနဲ့မဆိုင်ပေါင်တော်။ လူအိုခါးကုန်း တချုံးချုံး ဖြစ်နေလို့ ကျုပ်တို့က ပြောရသာ။ လူက နားထင်နားရင်း လက်တွင်းတစ်နှိုက်နဲ့

ကိုယ့်ကိုယ်ကို

အိုသယ်မသင်သေးသာများ

အံ့ပါရဲ့။

သည်အရွယ်က

ဆရာတော့်သင်္ကန်းရိပ်

ခိုရတော့မယ့်အရွယ်။ တော့် စိတ်မချတော့ ကျုပ်မလည်း ဥပုသ်သီတင်းနဲ့ ဝေးနေရသယ်။ တပေါင်းလ ရှင်ကြီးတင်တို့အလှူမှာ တော် ဒုလ္လဘ၀တ်ဖို့စဉ်းစား။ သူကြီးကပြုတ်ရင် ကျုပ်က ဗိုက်ဗျောတီးပြီးကလိုက်စမ်းမယ်” အမေပန်းရုံက ထမင်းပန်းကန်းတွေသိမ်းရင်း အဖေ့ကို ဒုလ္လဘ၀တ်ခိုင်းနေတာကို မအိမ်ကံကြားလိုက်ရတော့ စိတ်က တစ်ခြားရောက်ရပြန်၏။ အရီးကြီးတင်တို့လှူမှာ တန်ခူးလ ဆိုတော့ ကြားသုံးလေးလလောက်လိုတော့သည်။ ရွာက ကွမ်းေ တာင်ကိုင်အသစ်ရွေးမည့်အသံလည်း မကြားရသေး။ သြော် ကွမ်းတောင်ကိုင်ရဖို့များ ခဲယဉ်းလိုက်တာ။ ၀ါသီးက၀ါ၊ ၀ါကဂွမ်း၊ ဂွမ်းကချည်ခင်၊ ချည်ခင်ကအထည်ဖြစ်ရတာကမှ လွယ်သေး။ ၀ိုင်းတိုက်ထဲမှာ

ဂွမ်းစကလေးတွေ

ဝေ့နေကြသည်။

မအိမ်ကံက

ဂွမ်းစကလေးတွေကိုငေးရင်း

သူ့စိတ်တွေလည်း

လွင့်မျောနေကြသည်။ ချည်ခင်တွေဆေးဆိုးနေကြသည့မ် လှအုံ တိဘ့ု က်ဆကီ တဟားဟားရယ်သံတွေကြားနေရသည်။ အဖေ ကလည်းထမင်းစားပြီးကတည်းက ကွပ်ပျစ်ပေါ်မှာ ကျောဆန့် ရင်း ဘာတွေတွေးနေသည်မသိ။ မိန်းကလေးတစ်သိုက်ဆီက သီချင်းသံလွင့်တက်လာသည်။ “နှမလေး မောင်မချစ် ပစ်ပါတော့ သည်မြိုင်လယ်... မောင့်ကိုပင်လေလံရောင်း ကောင်းလိမ့်ထင်တယ်... ပျိုတို့လင် ရှင်မချစ်ရင် ပစ်ခဲ့တော့ကွယ်...” သီချင်းသံကြားတော့ ကွပ်ပျစ်ပေါ်လှဲနေသည့်သူကြီးက ငေါက်ခနဲထသည်။ မိန်းကလေးတွေဘက်ကို မမြင်ရသော် လည်း အသံကိုလှမ်းငန့်သည်။ “အောင်မာဗျာ၊ ဘာသီချင်းများတုံးဟ။ မိန်းကလေးတွေ ဗျနော။ မဦးမချွတ်၊ ကာလကလေးတွေများဗျာ...” အဖေ့စကားကြောင့် မအိမ်ကံပင် ပြုံးမိလေ၏။

46


တပေါင်းတစ်လီရောက်ခဲ့ပြန်ပြီ။ ဥသြငှက်သံတွေက တစ်ရွာလုံး ဟိုကသည်က အော်မြည်လျက်ရှိကြ၏။ ရွက်ဟောင်းရွက်ကျ င်တ၀ဲဝဲကြွေလွင့်လို့ ပုရစ်နုကလေးတွေထိုးစပြု နေသော သစ်ပင်ပန်းပင်ကလေးတွေက နွေကိုရင်ဆိုင်ဖို့ အသင့်ပြင်နေကြပြီ။ ရွာထိပ်က သရဖီပန်းပင်ကြီး ပင်လုံးကျွတ် ၀ါဝင်းလျက် အနံ့တွေ သင်းကြိုင်လျက်ရှိ၏။ မအိမ်ကံတို့အိမ်ရှေ့မှာ

လှည်းသုံးစီးအဆင့်သင့်ဖြစ်ပြီ။

မအိမ်ကံ၊

ကျေးဥ၊

ဖိုးတုတ်နှင့်

ဖိုးကူးတို့က

လှည်းတစ်စီး၊

အထည်ထုပ်များနှင့် တောလက်ဆောင်တွေက လှည်းတစ်စီး၊ စားအိုးစားခွက်များနှင့် သူကြီးမင်းတပည့်ကျော်များက လှည်း တစ်စီး။ “ဖိုးတုတ် မင်းလှည်းရှေ့ကထွက်။ နောက်လှည်းမှာ သန်းကျော်တို့သုံးယောက်ပါလိမ့်မယ်။ ထမင်းစားတော့ ရာကျော်ဇ ရပ်မှာစားကြ။ နွားတွေညှာကြကွာ။ မြင်းခြံကို နေနဲ့ရောက်ရင် ပြီးသာပဲ...” သူကြီးက

ထန်းပလပ်ကုလားထိုင်ပေါ်ထိုင်ရင်း

စီမံနေ

ခြင်းဖြစ်၏။

အမေပန်းရုံကတော့

မအိမ်ကံကို

မှာစရာရှိတာ

တွေမှာသည်။ မှာစရာတွေကလည်း များသား။ “ပွဲကတော် မမြမေကိုတိုင်ပင်ပေါ့သမီးရယ်။ သူတော်ကောင်းတွေပါ။ ဈေးနာကိုက်ရင်လည်း အကြွေးချန်တန်သလောက် ချန်ရောင်းခဲ့ပေါ့။ မမြမေကို အစပ်ခိုင်း...” “ဆရာတော်ဘုရားကြီးကျောင်းကို

လှူဖွယ်တွေ

အရင်ဝင်

ကပ်ခဲ့။

ဦးဇင်း

ဦးခေမိန္ဒကို

တွေ့အောင်ရှာပြီး

အကျိုး

အကြောင်းပြောလှူခဲ့...” “ရက်တွေလည်းညောင်းမနေနဲ့ဦးနော်သမီး။ အမေတို့က သွားကတည်းက ပူရသာ။ ပြန်လာမှ ဟင်းချရမှာနော်... “မောင်မြတ်သာတွေ့ရင်လည်း အိမ်အခြေအနေပြောပြပေါ့ အေ။ ရွာလည်း တစ်လှည့်မျက်နှာလာပြဦးလို့ပြော။ ဖအေက တွေ့ချင်ရှာသာလည်းပြော။ သူကြီးရွေးပွဲ ၀င်မပြိုင်တော့ဘူးဆို သာလည်း သေချာရှင်းပြ။ ကြားလားသမီး” ကိုဖိုးငွေနှင့် မလှအုံတို့ကလည်း သားတွေကို မအိမ်ကံ စကား နားထောင်ကြဖို့ မှာသည်။ ကျေးဥက မြင်းခြံလိုက်ရမှာ ဆိုတော့ မျက်နှာကိုမှုန်နေအောင်ခြယ်ထားပါ၏။ မတ်တတ်စင်း ရင်ဖုံးလက်ရှည်ကလေးနှင့် သရဖီပန်းကုံးကြီးကို ဆံထုံး ရစ်ပန်ထားလိုက်သေးသည်။ အရီးကြာညွှန့်ကလည်း သမီးပျို ကို သေသေချာချာအပ်သည်။ “မြို့မှာပျောက်ကျန်ခဲ့မှာစိုးသာ မအူမလည်နဲ့။ လူတော့ ပူပေါင်အေ...” လှည်းတွေထွက်ကြပြီ။

သွားနေကျလမ်းဆိုသော်လည်း

အိမ်မှာချည်းအောင်းနေရသူဆိုတော့

မအိမ်ကံပျော်ပါသည်။

ကျေးဥကတော့ မြို့ဆိုတာကြီးကိုတွေးပြီး စိတ်မောနေပုံရပါ၏။ “ငါတော့ ညည်းခေါ်လို့သာလိုက်ရသယ်။ မောတော ကျပ်တပ်ကြီး။ ကိုယ့်ရွာကိုပဲ အသက်ရှူချောင်သယ်။” ဆိုလို့ မအိမ်ကံမှာ ရယ်ရသေးသည်။ “ဒါဆိုရင် ညည်း မြို့သားနဲ့ရရင် ဘယ့်နှယ်လုပ်ပါ့” “မြို့သားယူပြီး ရင်မမောချင်ပေါင် မအိမ်ကံရယ်။ နွားတောင် နဖားမထိုးတတ်မှတော့ ဘာလုပ်မှာသဲ့တုံး” ကျေးဥစကားကို မအိမ်ကံ သဘောကျမိပါ၏။ ကိုင်း မအိမ်ကံကရော မြို့သားကိုစိတ်ကူးမှာလား...။ ကိုယ့်ကိုယ်ကို ပြန်မေးခွန်းထုတ်ကြည့်ရင်း ပြုံးမိသည်။ ရာကျော်ဇရပ်ကို ရောက်တော့ လှည်းချွတ်ပြီး ထမင်းစားနားကြသည်။ ရာကျော် ဇရပ်ထဲမှာ ခရီးသွားလှည်းနှစ်စီးနှင့် မိသားစုတွေ နားနေကြ သည်။ မြို့ကပြန်လာကြတာထင်ပါရဲ့။ လှည်းပေါ်မှာ မြို့ပြန်

47


ပစ္စည်းတွေတင်လို့။ “ကျုပ်တို့က ကြက်သွန်ရောင်း ပြန်လာကြသူတွေပါ။ ဈေးမကောင်းဘူးကလေးမရဲ့။ ငွေကလေးပေါ်ချင်တော့ ရရာရ ဈေးရောင်းခဲ့ရသာပဲ။ အပြန် မြို့ပစ္စည်းကလေး ရွာထဲပြန် ရောင်းဖို့တင်လာသာ...” တောင်သူလယ်လုပ်ဘ၀တွေမှာတော့ မြေနှင့်လုပ်အား ရင်းထားရသော်လည်း လက်ထဲ ငွေရွှင်ဖို့မသေချာသောကာလ ပါကလား။ မအိမ်ကံတို့ မြင်းခြံကို အချိန်ကောင်းရောက်ကြသည်။ မြို့အ၀င်ကတည်းက ကျေးဥရော ဖိုးတုတ်၊ ဖိုးကူး ညီအစ်ကိုပါ မျက်လုံးတွေပြူးနေအောင် လုကိြ် ကညြ့် ကသည်။ စည်ကားလှ သောလူတွေ၊ ကျယ်ပြန်လ့ှသောလမ်းတွေ၊ တိကု တ်ာအဆောက် အဦတွေ၊ မြင်းလှည်း၊ နွားလှည်း၊ စက်ဘီး၊ တွန်းလှည်း၊ ယာဉ် ရထားတွေကို ငေးမောကြရင်း တောနှင့်ကွာခြားပုံကို တအံ့ တသြရှိနေကြပုံပေါ်သည်။ လက်တတို့တို့ ခြေတတို့တို့နဲ့။ ပွဲ ကတော်ကြီးတို့ခြံဝရောက်တော့ မအိမ်ကံတို့ကိုဆီးကြိုကြပါ၏။ “မျှော်နေတာပါသမီးရယ်။ ဖအေသူကြီးက လူကြုံနဲ့ လှမ်းမှာထားလို့ ရောက်မယ်ဆိုတာ သိပါရဲ့။ ကိုင်း ၀င်ဝင် ၀င်ကြ၊ လှည်းတွေချွတ်ကြ...” ပွဲကတော်ကြီးက

မအိမ်ကံနှင့်ကျေးဥကို

အိမ်မကြီးမှာ

နေရာချပေးသည်။

ဖိုးကူးညီအစ်ကိုကိုတော့

အဝေးဧည့်တွေ

တည်းခိုရာ တဲပြန့်ကြီးမှာ နေရာချသည်။ မအိမ်ကံက ကုန်တွေ၊ လက်ဆောင်တွေကို ခွဲခြားနေရာချထားပြီး ဧည့်ခန်းမှာ ထိုင် ကြသည်။ မိန်းကလေးတစ်ယောက်က ဘိလပ်ရည်ပု လင်းနှစ် လုံးနှင့် ဖန်ခွက်တွေယူလာကာ ဧည့်ခံသည်။ ဖန်ခွက်ထဲ ဘိ လပ်ရည်တွေဖောက်ထည့်တော့ အမြှုပ်တွေ တစီစီထ သွားတာ ကို ကျေးဥ ငေးကြည့်နေသည်။ မအိမ်ကံကိုလက်တို့ရင်း ဘယ့်နှယ်တုံးဆိုသည့်သဘောဖြင့် လက်တို့သည်။ “သောက်လေ ကျေးဥ။ ဘိလပ်ရည်ခေါ်သာလေ။ သောက်ကြည့်...” ကျေးဥက

မအိမ်ကံကိုကြည့်ပြီး

မအိမ်ကံလုပ်သမျှကို

လိုက်လုပ်နေရုံသာ။

မအိမ်ကံက

ဘိလပ်ရည်သောက်တော့

လိုက်သောက်သည်။ မအိမ်ကံက သောက်ဖူးလက်စရှိလို့ ဣနြေ္ဒမမဲ့သော်လည်း ကျေးဥကတော့ ၀မ်းထဲအကျမှာ လန့် သွားပုံပေါ်သည်။ ဟားခနဲတစ်ချက်အော်လိုက်ရင်း ရှုံ့မဲ့သွား တော့၏။ “စပ်ရှားရှားကြီးပါလားအေ။ မူးများနေသလားမသိပါ ဘူး။ အော်ဂလီဆန်ချက်တော့” မအိမ်ကံတို့ ရေမိုးချိုးပြီးတော့ ပွဲရုံကထမင်းကျွေးသည်။ ထမင်းစားသောက်ပြီးတော့ မအိမ်ကံက ရွာအခြေအနေ၊ အထည်ရက်လုပ်ရသည့်အခြေအနေ၊ ရွာကမိန်းကလေးတွေ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင်လုပ်ပေးရသည့် အကြောင်းတွေကို ပြောပြသည်။ ပွဲကတော်ကြီးက မအိမ်ကံကို ကြည့်ရင်း ၀မ်းသာနေပုံရပါ၏။ မအိမ်ကံပြောသမျှ လိပ်ပတ် လည်ပြီဆိုမှ စကားဝင်ပြောသည်။ “ကိုင်းပါ

မအိမ်ကံရယ်။

ဈေးထဲကအထည်သည်တွေနဲ့

ဆက်ပေးပါဆိုတော့လည်း

ဆက်ပေးပါ့မယ်။

စိတ်ချရတဲ့လူ

ရင်းတွေရှိပါ့ကွယ်။ ဒေါ်ဒေါ်ကိုင်တဲ့ပစ္စည်းတွေမဟုတ်ပေသိ ဒေါ်ဒေါ်ယူပါဆိုရင်လည်း ကုန်သစ်သဘောကိုင်နိုင်ပါတယ်။ တစ်ဝက်ချေ တစ်ဝက်ဆိုင်းမဟုတ်ပါဘူးကွယ်။ ငွေကျေချေ လိုက်ပါ့မယ်။ မအိမ်ကံစေတနာမေတ္တာကိုကြားရတော့ ဒေါ်ဒေါ် ကလည်း ကုသိုလ်ဝင်ယူတယ် အောက်မေ့ပါ” “ဒေါ်ဒေါ်ယူလိုက်ရင်တော့ တံခွန်နဲ့ကုက္ကားပေါ့ ဒေါ်ဒေါ် ရယ်။ ဒေါ်ဒေါ်တို့ကို ၀န်မပိုစေချင်လို့ပါ။ အထည်တွေက ချည်ဖိုး၊ ဆေးဖိုး၊

ရက်ခဖိုးအပေါ်

မူးတင်မတ်တင်လောက်ပဲ

ယူထားပါတယ်။

ချည်အုပ်တွေနဲ့

စောင်တွေဆိုပေသိ

နောက်

48


အခေါက်တွေမှာ ပုဆိုးထဘီကအစ စားပွဲခင်းလက်သုတ်ပုဝါ ကလေးတွေအထိ မအိမ်ကံစိတ်ကူးထားပါသယ်။ ဒေါ်ဒေါ် လည်း ဈေးနဲ့ပစ္စည်း အကဲခတ်ပါဦးလေ...” ပြောရေးဆိုရေး ချက်ချာလှသော မအိမ်ကံကို ဒေါ်မြမေ က သဘောကျနေသည်။ “မြို့တက်ပြီး ပွဲစားလုပ်ရင်တော့ ကြီးပွားလိုက်မယ့်ဖြစ်ခြင်း မအိမ်ကံရယ်။ ပြောတတ်ဆိုတတ် ရှိလိုက်တာများ ရုပ်က လေးလည်းချော၊ သဘောမနောကလည်းကောင်း၊ နှုတ်ရေးက လည်းကြွယ်၊ လာဘ်ကလည်းမြင်ပါ့။ မအိမ်ကံကိုရတဲ့သူ တော့ ကံကောင်းတာပဲ...” မအိမ်ကံကတော့ ပြုံးနေလိုက်သည်။ ဘာပဲဖြစ်ဖြစ် အဆင် ပြေသွားတာကိုပဲ မအိမ်ကံ ၀မ်းသာပါ၏။ မအိမ်ကံကိုယ်တိုင် ဦးစီးပြီးရင်းနှီးလုပ်ကိုင်ထားရသည့်လုပ်ငန်းကလေး

နေရာ

မထ

အကြောင်းလှရပြီမဟုတ်လား။

လာရင်းကိစ္စကတော့

အကြမ်းဖျင်းသဘောတူမိကြလို့ ငွေသိမ်းပြီးပြန်ရုံသာရှိတော့ သည်။ အစ်ကို့သတင်း စနည်းနာဖို့ မအိမ်ကံ လုံးပမ်းရဦးမည်။ လုပ်ငန်း အဆင်ပြေ ပြီးမြောက်တော့မှ ကနေ့တစ်ညအိပ်ပြီး မနက်စောစောပြန်ရင်ကော။ ဒါဆို ဆရာကြီး ဦးဘခင်အိမ်ကို ကနေ့ညနေပဲသွားရမည်။ တပေါင်းကျ နေရှိန်က အလင်းတွေ ပြန့်ကျဲနေဆဲ။ “ပွဲစားကြီးမတွေ့ရသေးပါလား ဒေါ်ဒေါ်” “ကိုသာဂေါင် ရန်ကုန်သွားတယ်။ ဟုတ်ပါ့ မပြောမိသေးဘူး။ တိုင်းရေးပြည်ရေးက မဟန်လေတော့ အောက်ပြည်ဈေး ကွက် စနည်းနာရင်းရစရာရှိတာကလေးတွေလည်း သိမ်းရင်း သွားလေရဲ့။ အောက်ပိုင်းတော့ စပါးဈေးမကောင်းဘူးကြား တယ်။ မအိမ်ကံတို့ဘက်ကော သီးနှံထွက်ကဲ့လား” “သည်နှစ် ၀ါတော့ကောင်းသယ်ဒေါ်ဒေါ်။ အသီးအနှံကတော့ မိုးမရဘူး” “အသီးနှံမကောင်းတော့ တောင်သူတွေ မလှူရမတန်း ရဘူးပေါ့လေ။ ခါတိုင်းနှစ်တွေဆို ဒေါ်ဒေါ်တို့ပဲ ရွာတွေဘက် ကို အလှူတစ်ဆင်စာ ၀ယ်ခြမ်းပေးနေရသာ။ သည်နှစ်တော့ တပေါင်းသာရောက်ကရော တစ်လှူမှကိုမလာကြတာ...” ရွာတွေမှာ လှူမည်တန်းမည်ဆိုလျှင် မြင်းခြံမြို့က ပွဲရုံ ဆက်ကို အာမခံစေကာ အလှူအတွက် လိုအပ်သမျှပစ္စည်းတွေ အကြွေးယူနိုင်သည်။ အလှူတစ်လှူစာ လိုချင်သလောက်ယူရုံ သာ။ အလှူပြီးလျှင်ဆပ်။ မကျေတော့လည်း စာရင်းမှတ်ပြီး သီးနှံပေါ်တော့ တိုက်ဈေးနှင့်ဆပ်ကြရသည်။ “ကဲကဲ မအိမ်ကံတို့ ခရီးပန်းလာတော့ နားကြပါဦး။ အိမ်အပေါ်ထပ်မှာ အသင့်ပါပဲ” “အချိန်ကလေးရှိသေးတယ်ဆိုတော့ မအိမ်ကံ ဆရာကြီး ဦးဘခင်တို့ဆီသွားချင်သယ် ဒေါ်ဒေါ်။ အစ်ကို့သတင်း စုံစမ်းရင်း” “အစ်ကို့သတင်းဆိုလို့ အခု ဆရာကြီး ဦးဘခင်အိမ် အ၀င်အထွက်လုပ်တဲ့သူတွေကို ပုလိပ်ကစောင့်ကြည့်နေတာ မအိမ်ကံရဲ့။ သတိ၊ ၀ီရိယနဲ့တော့ သွားပါလေ။ သိပ် မိုးမချုပ် စေနဲ့။ အိမ်က မောင်တင်မောင်ထည့်လိုက်ပါဦးမယ်။ ကိုင်း သွားမှာဖြင့်လည်း သွားကြ” ဒေါ်မြမေက သမီးအကြီးဆုံးကမွေးသော မြေး မောင် တင်မောင်ကို စက်ဘီးတစ်စီးဖြင့် ရှေ့ကလမ်းပြထည့်လိုက်သည်။ ဖိုးကူးကတော့ သူနှင့်ရွယ်တူ ကောင်လေးတစ်ယောက် ဘိုင်စကယ်စီးတာကို သဘောကျနေသည်။ ရွာပြန်ရောက်လျှင် အဖေ့ကို ဘိုင်စကယ် အ၀ယ်ခိုင်းမည်ဆို၏။

49


မအိမ်ကံက တစ်လက်စတည်း ကိုးဆောင်တိုက် ဆရာတော်ကို လှူဖွယ်ပစ္စည်းတွေ ၀င်လှူသည်။ ဦးပဉ္ဇင်း ဦးခေမိန္ဒ က အဖေ့အတွက် စတုမဓူပုလင်းတွေ လက်ဆောင်ပြန်လိုက်သည်။ ညနေခင်း ပူပူလောင်လောင်ထဲမှာ မြင်းခြံမြို့သည်ပင် အငွေ့ပျံနေလေသည်။ လမ်းတိုင်းမှာ လူတွေ၊ လှည်းတွေ၊ လမ်းသွားလမ်းပြန်တွေ များလှ၏။ ဆရာကြီး ဦးဘခင်အိမ်ရှေ့ မှာ လှည်းကိုတောင့်လိုက်တော့ မအိမ်ကံက အရင်ဆင်းသည်။ ဖိုးတုတ်၊ ဖိုးကူးနှင့် ကျေးဥတို့က လှည်းပေါ်မှမဆင်းကြဘဲ မအိမ်ကံကိုကြည့်နေကြသည်။ မအိမ်ကံပင် ထိတ်ခနဲဖြစ်သွားခဲ့ သည်။ ခြံတံခါးကြီးပိတ်ထားပါလား။ လူမှရှိရဲ့လား။ လူရိပ်လူ ခြေလည်းမမြင်။ ဆရာကြီးကတော်ကိုသော်မှ မတွေ့ရ။ ခါတိုင်း ကျောင်းသားတွေ တရုန်းရုန်းနှင့်ရှိနေတတ်သောဆရာ ကြီးအိမ်က တိတ်ဆိတ်နေတော့ မအိမ်ကံ အံ့သြရပါ၏။ ခြံ စည်းရိုးတိုင်တွေနားအထိ မအိမ်ကံ တိုးကပ်ကာ ငဲ့ကြည့်သည်။ ၀င်းတံခါးပေါက်ဆီလျှောက်သွားကာ အထဲကိုမြင်ရသ လောက် ခြေဖျားကလေးပင် ထောက်ကြည့်လိုက်ပါ၏။ “ဘယ်သူ့တွေ့ချင်လို့ပါလိမ့်ဗျာ...” အသံကြောင့် မအိမ်ကံ ကိုယ်ကလေး ဆတ်ခနဲတုန်သွား ရသည်။ ခြံစည်းရိုးတိုင်ကြားမှာ လူတစ်ယောက်ရှိနေမှန်း မအိမ်ကံမသိ။ ဖျတ်ခနဲလှမ်းမေးလိုက်တော့မှ လန့်ဖျပ်သွားခြင်းနှင့် အတူ အသံရှင်ကိုရှာဖွေကြည့်မိပါ၏။ လူရွယ်တစ်ယောက်။ လူပုံကိုတော့ သဲသဲကွဲကွဲမမြင်ရသေး။ ခြံစည်းရိုးတန်းတွေ ကြား လှမ်းမြင်နေရခြင်းဖြစ်သည်။ “ကျွန်မ ဇောင်ချမ်းကုန်းရွာက မအိမ်ကံပါ။ ဆရာကြီးတို့ ကို တွေ့ချင်လို့ပါ။ မရှိကြဘူးလား” “မအိမ်ကံ” ထိုသူက

မအိမ်ကံအမည်ကို

တစ်လုံးချင်းရေရွတ်နေ

လိုက်သေး၏။

နောက်တော့

ဘာမှဆက်မမေးတော့ဘဲ

ခြံတံခါးကိုဖွင့်ပေးသည်။ နေ၀င်ရိုးရီအချိန် ဆည်းဆာရောင်က ခြံတံခါးပေါ် ဖြာဆင်းကျကာ အရိပ်အကွက်လည်နေသည်။ တံခါးကိုဖွင့်ပြီးမှ ဧည့်သည်ကိုမော့ကြည့်လိုက်သည်။ ကံ့ကော်ပန်း ကုံးကလေးကို ဆံထုံးပုံ့ပုံ့ကလေးမှာ ရစ်ခွေပန်ထားသည့် မိန်းမချောတစ်ယောက်ကို

သူ့မျက်စိရှေ့မှာတွေ့ရမည်မထင်သဖြင့်လည်း

အံ့သြသွားပုံရသည်။

သရက်ထည်စ

ထဘီလိမ္မော်ရောင်နှင့် ပင်နီချောညိုညိုကလေးကြောင့် အသားကလေး ပို၍ပင် ၀င်းဝါစိုပြည်နေသည်ထင်ရ၏။ တံခါးကိုပင် ဟဟ မဖွင့်ဘဲ မျက်နှာကိုစိုက်ကြည့်နေသည့် လူရွယ်ကိုကြည့်ရင်း မအိမ်ကံကလည်း တွေငေးနေမိခဲ့သည်။ ဆံပင်ကို သပ်သပ်ရပ်ရပ် လှန်ဖီးထားသော လူရွယ်က မအိမ်ကံထက် သုံးလေးနှစ်လောက်ကြီးလိမ့်မည် ထင်ပါ၏။ အသားဖြူဖြူ၊ နဖူးရှင်းရှင်းမှာ ဆံပင်မျှင်ကလေး ၀ဲကျနေသည်ကပင် မြို့သားမှန်း သိသာလှသည်။ လည်ခေါင်းတုံးအင်္ကျီဖြူ ဖြူ၊ ကျေးတစ်ရာပုဆိုးညိုညိုကြောင့် မင်းသားဟန်ပေါက်နေ သည်ဟုပင် ထင်ရပါ၏။ တစ်ယောက်ကိုတစ်ယောက် အကဲ ခတ်ရင်းကြည့်နေကြသည်။ အကြည့်ချင်းဆုံနေကြသည့်မျက် လုံးတွေကို နှစ်ယောက်စလုံးက မခွာနိုင်ဘဲရှိကြလေသည်။ သည်တစ်ဒင်္ဂသည်ပင် မအိမ်ကံ၏ဘ၀တွင် များစွာအရိပ်ထိုးခဲ့ပါ၏။ ဘ၀ဘ၀ကပြုခဲ့ဖူးကြသော မေတ္တာပါရမီသည် ထိုခ ဏအတွင်း၌ပင် ၀င်းခနဲပြက်လိုက်သော လျှပ်စီးကဲ့သို့ရှိခဲ့လေ ပြီ။ နှစ်ဦးစလုံးအဖို့ ရှေ့ကမဖြစ်ဖူးသော၊ မပေါ်ပေါက်ခဲ့ဖူး သောမေတ္တာဓာတ်သည် နှလုံးအိမ်တွင်းမှ လူးလွန့်လာကြသည့် ပမာ နွေးနွေးရှိန်းရှိန်း ရှိခဲ့ကြပါ၏။ ရုပ်အချောအလှ အဆင်းကောင်းသူရယ်၊ ဥတ္တမောဘဂ၀ ငါမင်းအလောင်းပါ ပပ၀တီရဲ့... တွင်းတွင်အောင်းပြီးတော့ ဘ၀တစ်ရာနှစ်ရာ ပုန်းသော်လည်း လုံးလုံးကြီးပေါ်ခဲ့ပြီ...” ဆိုသော ဇာတ်ထုပ်ဓာတ်စက်သီချင်းလိုပင် ဘ၀တစ်ရာနှစ်ရာ ပုန်းသူကို ခုတခဏ တွေ့လိုက်ရသကဲ့သို့ မျက်လွှာမချစတမ်း ရှိခဲ့ကြပါ၏။ ညနေကောင်းကင်မှာတော့ ကျီးတွေပင် နေကိုပြန်ပို့ကြပြီ။ တိမ်တွေကို အလင်းပက်ထားသောဆည်းဆာနေရောင်ကြောင့်

50


အကျည်းမတန်သူတွေ ပိုလှနေကြတာများလား။ မအိမ်ကံက လူရွယ်ကိုကြည့်ရင်း သူလည်းသခင်ပဲထင်ပါရဲ့လို့တွေးသည်။ “ကျွန်မ ဇောင်ချမ်းကုန်းရွာက သခင်မြတ်သာရဲ့နှမ မအိမ်ကံပါရှင်။ ကျွန်မ အစ်ကိုနဲ့တွေ့စမ်းချင်လို့ လာခဲ့ပါသယ်” လူရွယ်က အသိပြန်ဝင်လာသကဲ့သို့ ဆတ်ခနဲဖြစ်သွားပြီး မှ မျက်နှာတစ်ချက် ကွက်ခနဲပျက်သွားလေ၏။ လူရွယ်က မျက်နှာတစ်ချက်ပျက်သွားရာမှ သတိပြန်ဝင်လာသုလို လှုပ်သွားလေသည်။ မျက်နှာက အားနာဟန်ရှိပါ၏။ “သြော်

ကိုမြတ်သာရဲ့

နှမပေကိုး

စိတ်မကောင်းလိုက်တာဗျာ။

ကိုမြတ်သာ

သည်မနက်ပဲ

ခရီးထွက်သွားပါတယ်။

မောင်နှမချင်း လွဲရပြီကောဗျာ။ ဆရာကြီးတို့ ရှိကြပါတယ်” လူရွယ်က တံခါးနှစ်ချပ်ကို လှပ်ကာ ဖွင့်ပေးလိုက်ပြီး ကိုယ်ကို ယို့ပေးတော့ မအိမ်ကံလည်း ခြံထဲဝင်လာခဲ့သည်။ လူရွယ်က မအိမ်ကံနောက်က ပါလာမှန်း မအိမ်ကံ သိနေခဲ့သည်။ ဖိုးကူးနှင့် ကျေးဥတို့ကတော့ လှည်းပေါ်ကပဲ အကဲခတ်နေကြပုံဖြင့် မဆင်းပဲရှိနေကြ၏။ မအိမ်ကံကို ဆရာကြီး ဦးဘခင်က ဆီးကြိုသည်။ ဆရာကြီးပင် နည်းနည်းပိန်သွားသည် ထင်ရ၏။ “အလို မောင်မြတ်သာ နှမလေးပါလား။ လာ ထိုင်ပါဦးကွယ့်။ ညည်းအစ်ကိုတော့ ခရီးထွက်သွားပြန်တယ်။ လူငယ်တွေဆိုတော့ တိုင်းရေးပြည်ရေး လုပ်ရမယ်ဆိုရင် စိတ်ကနောက် လူကရှေ့ကကိုး သမီးရဲ့။ မိဘနှစ်ပါးကော ကျန်းခံ့သာကြရဲ့လား” မအိမ်ကံက ဧည့်ခန်းကွပ်ပျစ်စားပွဲဝိုင်းမှာကျုံ့ကျုံ့ကလေး ၀င်ထိုင်သည်။ မအိမ်ကံ ၀င်ထိုင်တာကို တွေ့မှ ဖိုးကူးနှင့် ကျေးဥက ဆရာကြီးကို ကန်တော့ဖို့ ရွာလက်ဆောင်တွေကို ထမ်းချကြသည်။ ကျေးဥက မအိမ်ကံ ဘေးမှာ ၀င်ထိုင်သော်လည်း ဖိုးကူးက လှည်းရှိရာပြန်သွားကာ ဖိုးတုတ်နှင့်အတူ လှည်းကူချွတ်ရင်း အိမ်ရှေ့သစ်ပင်ရိပ်မှ စောင့်နေလေသည်။ မအိမ်ကံတို့ စားပွဲဝိုင်းမှာ ဆရာကြီးနှင့်အတူ စောစောက တံခါးဖွင့်ပေးသူ လူချောကလည်း ၀င်ထိုင် သည်။ “ကျန်းမာကြပါတယ် ဆရာကြီး။ အဖေကတော့ ခါတိုင်းလောက် မသွက်တော့ဘူး။ အမေကတော့ အဖေအိမ်မှာ နားနေတော့ ၀မ်းသာရှာပါ သယ်” “အေးပေါ့ကွယ်။ သူကြီးမင်းကလည်း အရွယ်ရပြီ စိတ်ဆောင်နေလို့သာကိုး။ သားစိတ်လည်း ပါပေမပေါ့။ ဆရာကြီးတို့ကလည်း မိရယ် ဘရယ် သွားတွေ့ချေပါဦးကွယ်လို့ မောင်မြတ်သာကို ပြောပါသကွယ်။ နို့ပေမယ့် မောင်မြတ်သာခမျာလည်း စိတ်ရှိတိုင်း လွတ်လွတ်လပ်လပ် သွားခွင့်မသာလေ တော့...” “နားလည်ပါသယ် ဆရာကြီးရယ်။ မအိမ်ကံတို့ကလည်း မျှော်ကြရတာပဲ ရှိသာပါ။ အစ်ကို့အလုပ်ကို သဘောပေါက်ပါသယ်။ တိုင်းရေးပြည်ရေးမှာ ရေတွင်းခဲ ကျမြုပ်နေသာကိုပဲ ၀မ်းသာရပါသယ်။ တိုင်းပြည်အရေးထက် အရေးကြီးသာ မရှိပါလားရှင်” ဆရာကြီးက မအိမ်ကံ စကားကို နှစ်ထောင်းအားရ ရှိနေရှာသည်။ နိုင်ငံရေးစိတ် ရှိပါသကောဆိုသည့် မျက်နှာဖြင့် ဘေးမှာထိုင်နေသည့် ကိုလူချော၏ မျက်နှာကို လှမ်းကြည့်ရင်း စိတ်ဓာတ်ကတော့ မာပေ့ကွယ်ဆိုသည့် မျက်နှာဖြင့် ပြုံးပြသည်။ “မောင်ပြေသိမ်းရေ။ မင်းတို့ဒေါ်ဒေါ်ကို ခေါ်ပါဦးကွယ့်။ ဧည်သည်ဖို့ ကာဖီရည်ကလေး ဘာလေး ဧည့်ခံရအောင်လို့” “သည်က နှမများအတွက် ကျွန်တော်ကိုယ်တိုင်ပဲ ကာဖီ သွားဝယ်လိုက်ပါဦးမယ် ဆရာကြီး။ ကိုမြတ်သာရဲ့ နှမတွေ ဆိုတော့ ကျွန်တော့်မှာ ၀တ္တရားလည်း ရှိပါတယ်။ ရွာကလာကြပြီး အစ်ကိုနဲ့တွေ့ချင်လို့ဆိုတော့ မောင်နှမနှစ်ယောက်ဖြင့် လွဲရပြီဆိုပြီး ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်မိပါတယ်” မအိမ်ကံက ကာဖီမသောက်ချင်ပါကြောင်း တွင်တွင် ငြင်းနေသည့်အတွက် ကိုပြေသိမ်းလည်း ကာဖီအ၀ယ် မထွက်တော့ဘဲ ဆရာကြီးကတော်နှင့်အတူ မအိမ်ကံတို့ကို ရေနွေးပွဲ ပြင်ကာ ဧည့်ခံလိုက်ရ၏။

51


“သမီးကတော့

ပိုတောင်

ချောလာလိုက်တာကွယ်။

မောင်မြတ်သာကတော့

နှမအကြောင်း

တဖွဖွပြောရှာပါရဲ့။

ဒေါ်ဒေါ်တို့ကလည်း အောက်မေ့ကြပါရဲ့ကွယ်” ကိုပြေသိမ်းရှေ့မှာ ဆရာကြီးကတော်က မအိမ်ကံကို ချောကြောင်း၊ လှကြောင်း ချီးမွမ်းလိုက်တာကြောင့် ရှက်သွေးကလေးများ ဖျန်းမိရပါ၏။ ကိုပြေသိမ်းကတော့ ဆရာကြီးကတော်၏ စကားကို ထောက်ခံနေသည့်အလား မအိမ်ကံကို ငေးလို့သာ ကြည့်နေတော့သည်။ ဆရာကြီးက

မောင်မြတ်သာကို

မြင်းခြံစစ်ပုလိပ်တွေက

စောင့်ကြည့်နေကြကြောင်း၊

အမျိုးသားအချင်းချင်း

သစ္စာဖောက်ချင်သူတွေ ရှိနေသဖြင့် သတိဝီရိယဖြင့် ကူးလူးနေရကြောင်း၊ ညဘက်ရုပ်ဖျက် ရောက်လာရာက သည်မနက် စောစောကပဲ မြင်းခြံသင်္ဘောဆိပ်ကို ဆင်းသွားကြောင်း၊ ပခုက္ကူဘက်ကိုသွားခြင်းဖြစ်ကြောင်း၊ သီသီလွဲကြရသည့် အတွက် စိတ်မကောင်းဖြစ်ရပါကြောင်းတွေ ပြောပြသည်။ “မအိမ်ကံ လှူလိုက်တဲ့ ပစ္စည်းတွေရလို့ မောင်မြတ်သာက ၀မ်းသာနေရှာတယ်။ စစ်ကြီးကလည်း ဖြစ်နေပြီဆိုတော့ အင်္ဂလိပ်တွေ အရူးမီးဝိုင်းဖြစ်နေတုန်း ကျုပ်တို့ကလည်း နိုင်ငံရေးနည်းနဲ့ သခွတ်ပင်က မီးတကျည်ကျည် လုပ်နေရတာပဲ။ အင်္ဂလိပ်အခက် ဗမာ့အချက်ပေါ့ကွယ်။ ခက်တာကလည်း တို့လူမျိုးမယ် လက်ရှိရာထူးဌာနန္တရကို လက်မလွှတ်နိုင်တဲ့ လူတွေနဲ့ အလိုတော်ရိတွေကတစ်ဖက်၊ တိုင်းရေးပြည်ရေးကို ဇောက်ချလုပ်နေကြသူတွေက တစ်ဖက်ဖြစ်နေတယ်” ဆရာကြီးက မအိမ်ကံကိုပင် တကယ့်နိုင်ငံရေးသမ တစ်ဦးသဖွယ် ပြောနေခြင်းဖြစ်၏။ တစ်ချို့စကားလုံးများနှင့် အဓိပ္ပာယ်ကို မအိမ်ကံ ရေလည်နားကျ မသိသော်လည်း သဘောတော့ပေါက်ပါ၏။ ကိုပြေသိမ်းကတော့ ဆရာကြီးရှေ့က စကားဦး မသန်းဝံ့ဟန်ဖြင့် ငြိမ်လျက်က နားထောင်နေသည်။ အစ်ကိုမောင်မြတ်သာ သူငယ်ချင်းဆိုတော့ သူလည်း နိုင်ငံရေးသမား သခင်တစ်ယောက်ဆိုတာ သေချာသွားပြီ။ နိုင်ငံရေးသမားနှင့်မတူဘဲ ဘီအေကျောင်းသား ခပ်ချောချော တစ်ယောက်နှင့် တူတော့သည်။ မအိမ်ကံက ကိုပြေသိမ်းကို တစ်ချက်တစ်ချက် ခိုးကြည့်ရင်းက တွေးနေမိခြင်းဖြစ်၏။ အသားဖြူဖြူ၊ မျက်နှာကျသွယ်သွယ်၊ မင်းသားလောက်ပင်

ကြည်လင်တောက်ပသော ချောမောခန့်ညားနေသည်

မျက်ဝန်းများဖြင့် မဟုတ်လား။

ဥပဓိရုပ်ကောင်းလှသော

မြို့သားဆိုတော့

ဝတ်ပုံ၊

ကိုပြေသိမ်း၏ဟန်က

စားပုံ၊

နေပုံ၊

ထိုင်ပုံ၊

စကားပြောပုံတွေကလည်း ယဉ်ယဉ်ကျေးကျေးရှိသည်။ ဆရာကြီး၏ စကားတွေကို စူးစိုက်နားထောင်နေသည့် ကိုပြေသိမ်း ၏ မျက်နှာက လေးနက်တည်ကြည်လွန်းလှသည်။ ဆရာကြီး

စကားစပြတ်သွားတော့

မအိမ်ကံက

ရွာလက်ဆောင်ပစ္စည်းများကို

စားပွဲပေါ်တင်ကာ

ဆရာကြီးကို

ကန်တော့သည်။ ဆရာကြီးက သခင်တောက်ထိန်အတွက် ဆိုကာ စာတစ်စောင်ရေးပေးသည်။ ပြီးတော့ မအိမ်ကံ လက်ဝယ် စာထည့်ပေးလိုက်သည်။ “ကိုင်း ငါ့သမီးများလည်း မိုးချုပ်ပါပကော။ ဆရာကြီးတို့ကတော့ လူတွေ့ရင် တရားဟောချင်နေတော့တာပဲ။ ကိုင်း ကိုင်း မေတ္တာနဲ့ ကမ်းလိုက်တဲ့ လက်ဆောင်များရလို့ ၀မ်းသာတဲ့အကြောင်း မိဘများကို စကားပါးလိုက်စမ်းပါရစီ။ မောင်ပြေသိမ်း” “ခင်ဗျာ ဆရာကြီး” “မအိမ်ကံတို့ လှည်းကို ပြောင်းပြာရပ်ထဲက ပွဲစားကြီး ကိုသာဂေါင်တို့အိမ် လိုက်ပို့လိုက်ပါကွယ်။ မိုးချုပ်နေပါပြီ” “ရပါတယ် ဆရာကြီးရယ်။ သည်က မောင်ကြီးအလုပ် ပိုပါရော့မယ်။ ကျွန်မ လမ်းမှတ်မိပါသယ်” “မိုးချုပ်ပါပြီ သမီးရယ်။ မောင်ပြေသိမ်း လှည်းပေါ် လိုက်သွား။ နေရာရောက်မှ ပြန်ခဲ့”

52


“ဟုတ်ကဲ့ပါခင်ဗျာ” မအိမ်ကံက ဆရာကြီးလက်ရောက် ငွေအချို့ လှူခဲ့သည်။ ဆရာကြီးက ရန်ပုံငွေပုံးထဲသွားထည့်သည်။ မအိမ်ကံက ဆရာကြီးနှင့် ဆရာကတော်ကို နှုတ်ဆက်ကာ လှည်းဘက် ထွက်ခဲ့သည်။ ဆရာကြီးတို့က လှည်းနားအထိ လိုက်ပို့ကြသည်။ ဆရာကြီးကတော်က လက်ဖက်ခြောက်ထုပ်များ လက် ဆောင်ပေးသဖြင့် မအိမ်ကံမှာ အားနာရသည်။ မအိမ်ကံနှင့် ကျေးဥလှည်းပေါ်တက်ပြီးတော့ ကိုပြေသိမ်းက လှည်းနောက်မှာပင် ချိတ်ထိုင်ရင်း မအိမ်ကံတို့ကို ကျောပေးထိုင်သည်။ “မအိမ်ကံတို့ မနက်ဖြန် ပြန်ကြမှာပေါ့ဟုတ်လား။ နေနဲ့ ရောက်အောင် ပြန်ကြကွယ့်။ ခေတ်အခါ မကောင်းဘူး။ မောင်ပြေသိမ်း ထည့်လိုက်ရမလား ရွာကို” “လှည်းဖော်နှစ်စီးပါပါသေးတယ်

ဆရာကြီးရယ်။

ဒုက္ခ

မပိုစေချင်ပါဘူး။

အစ်ကိုမောင်မြတ်သာကိုသာ

ကျွန်မ

ရောက်လာသဲ့အကြောင်း ပြောပြပေးပါရှင်” “စိတ်သာချရော့။ ငွေထပ်လှူသွားကြောင်းပါ ပြောပြပါ့မယ်။ ကိုင်း ပြန်ကြချေဦး။ မောင်တောက်ထိန်ကိုသာ စာလေး ပါးလိုက်ပါရော့” လှည်းက ဆောင့်ခနဲ ထွက်လာခဲ့၏။ လမ်းမတန်းရောက်သည်အထိ ကိုပြေသိမ်းက စကားတစ်ခွန်းမဟ။ မအိမ်ကံကလည်း စကားစမပြောဝံ့။ မြို့ကြီးသားဆိုတော့ စကားပြောရမှာ ရွံ့တာလည်း ပါပါ၏။ ကျေးဥက လှည်းရံတိုင်ကို ဖိနပ်စွပ်ထားပြီး ရှေ့ကို လှည့်ထိုင်သည်။ မအိမ်ကံက ဘေးတိုက်။ ကျောက်လမ်းပေါ် နွားလှည်းဘီးသံခွေကြိတ်သံမှ တစ်ပါး အခြားအသံမရှိ။ မြင်းခြံမြို့၏

ညနေခင်းသည်

လိမ္မော်ရောင်တောက်လျက်ရှိသည်။

နွေညနေဆိုတော့

မိုးချုပ်ပြီဆို

သော်လည်း

ကောင်းကင်ရောင် လင်းလျက်ရှိပါ၏။ “မအိမ်ကံက သတ္တိကောင်းပဲ။ ကျွန်တော်ဖြင့် သခင် မြတ်သာကို ကြည်ညိုရင်းစွဲရှိလို့လား မပြောတတ်ဘူး။ မအိမ်ကံရဲ့ စိတ်ထားကိုပါ လေးစားမိပါရဲ့” ကိုမြို့သားက ကောက်ကာငင်ကာ ပြောလိုက်တော့ မအိမ်ကံ နားလျှံသွားခဲ့ကာ ဘာပြောလိုက်မှန်း မသိဘဲ ရှိခဲ့သည်။ လှည်းသံက တအီအီမြည်နေရုံမက အာရုံကလည်း တခြားမှာ ရှိနေသခိုက် ပြောလိုက်တာဆိုတော့ ကောင်းကောင်း မကြားလိုက်။ “ရှင် ...” “သြော် ... မအိမ်ကံ လှူတာတန်းတာကို ပြောတာပါ။ တိုင်းပြည်အတွက် သွေးရဲလိုက်တာလို့ တွေးမိတော့ လေးစားမိတယ်လို့ ပြောတာပါခင်ဗျာ” “ဟုတ်ကဲ့” မြို့သားက

ချီးကျူးနေတော့

မအိမ်ကံ

ဘာပြန်ပြောရ

မှန်းမသိ။

ကိုမြို့သားကတော့

ခြေနှစ်ဖက်တွဲလောင်းချရင်း

ကျောပေးရာက ပြောနေလို့ တော်ပါသေးရဲ့ အောက်မေ့ရ သည်။ အပြန်လှည်းပေါ်မှာ မြို့သားလူချောတစ်ယောက် မအိမ်ကံနှင့် နီးနီးကပ်ကပ်ပါလာတာကို ဘာရယ်မသိ ရှက်တနွေးနွေး ဖြစ်နေမိတာလည်း ပါပါသည်။ ကျေးဥကတော့ လှည်းပေါ်ကို မြို့သားကာလသား ပါလာကတည်းက တစ်ချက်ကလေး လှည့်မကြည့်။ သူတို့ တစ်ခုခုပြောလိုက် လေမလား ကြောက်လန့်နေပုံမျိုးဖြစ်၏။ မအိမ်ကံလည်း ထူးတော့ မထူးပါ။ တကယ်ဆို ကိုယ့်ကိုလိုက်ပို့သူပဲ၊ အစ်ကို ဖြစ်သူ၏ မိတ်ဆွေပဲ၊

53


လူကောင်းသူကောင်းရယ်လို့ ဆရာကြီး ကိုယ်တိုင်ထည့်ပေးလိုက်သူပဲ စကားပြောရမှန်း၊ ကျေးဇူးတင် ရမှန်းတော့ အသိသား။ သို့သော် သိတာသတ်သတ်၊ စကားမပြောဝံ့တာ သတ်သတ်မဟုတ်လား။ “ကိုမြတ်သာနဲ့ မတွေ့ကြရတာ ကြာပြီပေါ့ဟုတ်လား။ ကိုမြတ်သာက အင်မတန် လေးစားအတုယူထိုက်တဲ့ လူမျိုးဗျ။ ကျွန်တော်တို့ထက် သတ္တိကောင်းတယ်။ အပင်ပန်း အဆင်း ရဲခံနိုင်တယ်။ သူ့သွေးသားထဲမှာ အမျိုးကို ချစ်တဲ့စိတ်ပဲ ရှိတယ်” “ဟုတ်ကဲ့” မအိမ်ကံက “ဟုတ်ကဲ့” တစ်လုံးနှင့် ပြီးရတော့သည်။ ဒါကို ကိုပြေသိမ်းကလည်း သိပုံရသည်။ ခြေတွဲလွဲချထားရာက ခြေကိုရုပ်လိုက်ပြီး

လှည်းရံတိုင်တွေမှီကာ

ပြင်ထိုင်

လိုက်သည်။

မအိမ်ကံနှင့်

ဒူးချင်းပင်ထိသွားကာ

ပူးပူးကပ်ကပ်

ဖြစ်သွားခဲ့၏။ မအိမ်ကံက နောက်ကို ယို့သော်လည်း ကျေးဥခံ နေတော့ မလှုပ်သာ။ မျက်နှာကို များများမလှည့်နိုင်ဘဲ ကိုပြေသိမ်း၏ အကြည့်ပိုက်ကွန်ထဲမှာ မိနေရတော့သည်။ ညနေခင်း ကောင်းကင်ရောင်အောက်မှာ ပကတိလှပ လွန်းလှ သော မအိမ်ကံကို ကိုပြေသိမ်း ဣနြေ္ဒပျက်လောက်အောင်တော့ အကြည့်မရဲရှာပါ။ သို့သော် မြို့သားဆိုတော့ မိန်းကလေး တစ်ယောက်နှင့် သည်လိုနေရတာ သိပ်မဆန်းသလို ကျဉ်းကျပ် နေပုံမျိုးတော့ မရှိ။ ရှက်သွေးကလေးစို့နေသော မအိမ်ကံကို ပြုံးကြည့်ရင်းက စသည်။ “ဟုတ်ကဲ့နဲ့ပဲ ပြီးနေပါလား မအိမ်ကံရဲ့။ ကျွန်တော့်ကိုလည်း စကားတစ်ခွန်း တလေတော့ ပြောပါဦးမှပေါ့။ နားထောင်ချင်လို့ပါ” “ရှင် “ မအိမ်ကံက မော့ကြည့်လိုက်သည်။ ကြည်လဲ့ပြီး အားကောင်းသော ကိုပြေသိမ်း၏ မျက်လုံးအစုံနှင့် ရင်ဆိုင်လိုက်ရချိန်မှာတော့ မအိမ်ကံရင်တွေ ခုန်ရတော့သည်။ “မဟုတ်ပါဘူး ကိုပြေသိမ်းရယ်။ ကျွန်မတို့က တောသူ တောင်သားတွေပါ။ ရင်ထဲရှိသာ ပြောတတ်ကြသူ တွေပါ။ ကျွန်မတို့က ရိုးရိုး ပြောပေမယ့် စကားမှားမှာ စိုးပါသယ်” “မမှားပါဘူး မအိမ်ကံ ရယ်။ ကျွန်တော်လည်း တောသားပါပဲ။ မအိမ်ကံကို ကျွန်တော်က ရင်းနှီးခင်မင်ချင်လို့ စလိုက်တာပါ။ ကျွန်တော့် နာမည်အရင်းက သက်နှင်း တဲ့။ သခင် အမည်ခံတော့ တိုင်းပြည်ကို သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြေသိမ်းလို့ ခံယူ လိုက်တယ်” “ဟုတ်ကဲ့” “သည်တစ်ခါလည်း ဟုတ်ကဲ့ပဲလား မအိမ်ကံရဲ့” ကိုပြေသိမ်းက ဆိုလိုက်တော့ မအိမ်ကံပင်မကပါ လှည်းရှေ့က ဖိုးတုတ်၊ ဖိုးကူးညီအစ်ကိုနှင့် ကျေးဥတို့ကပါ ရယ်ကြသည်။ သက်နှင်းတဲ့။ တိုင်းပြည်ကို သိမ်းရမယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ပြေသိမ်းလို့ခေါ်တာတဲ့။ ဒါဖြင့် အစ်ကို့မှာလည်း သည်လိုနာမည်ရှိမှာပဲ။ အစ်ကိုကတော့ စာလာသမျှ သခင်မြတ်သာပဲ ရေးနေတာမဟုတ်လား။ အဓိပ္ပာယ်တစ်ခုနဲ့ မှည့် ထားတဲ့ နာမည်မရှိရော့လား။ “အစ်ကိုမောင်မြတ်သာကျတော့ကော” “ရှိတာပေါ့။ အုပ်စိုးတဲ့၊ သခင်အုပ်စိုးတဲ့။ ဒါက လျှို့ဝှက် ကိစ္စတွေကျမှသုံးတာပါ မအိမ်ကံ။ ခေါ်ရိုးခေါ်စဉ်တော့ သခင် မြတ်သာခေါ်တာပါပဲ”

54


သခင်အုပ်စိုး။ တစ်နေ့ကိုယ့်တိုင်းပြည်ကို အုပ်စိုးရမယ် ဆိုတဲ့ သဘောနေမှာပေါ့။ မအိမ်ကံ အံ့သြနေရတော့သည်။ လျှို့ဝှက်ကိစ္စတွေမှာ ခေါ်ကြတဲ့ နာမည်သက်သက်ရှိတာ မအိမ်ကံ မသိ။ အစ်ကိုနှင့်တွေ့မှ ခေါ်လိုက်ရဦးမည်။ တစ်နေရာရောက်တော့

ကိုပြေသိမ်းက

လှည်းကို

ခဏ

တောင့်ခိုင်းလိုက်သည်။

လှည်းပေါ်ကနေ

ပတ်ဝန်းကျင်ကို

အကဲခတ်သလိုမျိုးကြည့်သည်။ ပြီးတော့မှ လှည်းကို ဆက် မောင်းခိုင်းသည်။ မအိမ်ကံက တစ်ခုခုမေးမည် ပြင်လိုက် ပြီးမှ အသာငြိမ်နေလိုက်ပါ၏။ ပွဲစားကြီး အိမ်ရောက်တော့ အားလုံးဆင်းကြသည်။ လှည်းကိုတော့ ဖိုးတုတ်က ပွဲရုံဝင်းထဲ မောင်းချသွားသည်။ “မောင်ပြေသိမ်း လိုက်ပို့သလား။ လာထိုင်ကြဦးကွယ့်။ ဆရာကြီးကော နေကောင်းရဲလား။ တစ်မြို့တည်းနေပေမယ့် မရောက်ရပါဘူးကွယ်” ပွဲကတော်ကြီးက ကိုပြေသိမ်းကို ရင်းရင်းနှီးနှီးပင် နှုတ်ဆက်သည်။ ကိုပြေသိမ်းက အိမ်ထဲဝင်မထိုင်တော့ဘဲ ခဏတအောင့် နှုတ်ဆက်စကားဆိုပြီး ပြန်ဖို့ပြင်လေ၏။ ပွဲကတော် ဒေါ်မြမေက ကိုပြေသိမ်းပြန်ရန် စက်ဘီးတစ်စီး ငှားလိုက်သည်။ မအိမ်ကံနှင့် ကျေးဥလည်း အိမ်ထဲမ၀င်သေးပဲ ဒေါ်မြမေအနားရပ်နေခိုက် ကိုပြေသိမ်းက စက်ဘီးကို တွန်းလာခဲ့သည်။ “ကိုင်း သွားပါရော့ ကိုပြေသိမ်း၊ ကျေးဇူးတင်ပါရဲ့ရှင်။ ကျွန်မတို့ရွာဘက်လည်း ကြုံသယ့်အခါ အလည်လာခဲ့ပါ ဦးနှော” မအိမ်ကံ၏ နှုတ်ဆက်သံကလေးက ကိုပြေသိမ်း အသည်းကို နင့်ခနဲ ဖြစ်သွားသည်ထင်ပါ၏။ မအိမ်ကံ ရှေ့မှာရပ်ရင်း ကိုပြေသိမ်းက ကြိုးစားပြုံးရင်း စကားဆိုလိုက်မိသည်။ မအိမ်ကံတို့ရွာကို

ကျွန်တော်ရောက်အောင်

လာဦးမှာပါ။

အဲသည်အခါကျမှသာ

မသိဟန်ဆောင်

မနေပါနဲ့ဗျာ။

မနက်ကျရင်လည်း ကျွန်တော်လာနှုတ်ဆက်ပါဦးမယ်။ ကိုင်း အားလုံးပဲ ပြန်ပါဦးမယ်ခင်ဗျာ” ကိုပြေသိမ်း

စက်ဘီးနဲ့ထွက်သွားတော့မှ

မအိမ်ကံတို့လည်း

အိမ်ထဲဝင်လာခဲ့ကြသည်။

ပွဲကတော်က

အစ်ကိုနှင့်

တွေ့ခဲ့ရရဲ့လား မေးသည်။ မအိမ်ကံက မနက်စောစောကပဲ ခရီးထွက်သွားကြောင်း ပြောပြလိုက်သည်။ ပွဲကတော်ကြီးက စိတ်မကောင်းဟန်ဖြင့် ငေးကြည့်နေ၏။ “မအိမ်ကံကလည်း အထည်ကိစ္စနဲ့ မြင်းခြံလာနေဦးမှာပါလေ။ တစ်ခါမတွေ့ တစ်ခါတွေ့ရမှာပေါ့။ အခုန မအိမ်ကံတို့ကို လိုက်ပို့တဲ့ မောင်ပြေသိမ်းက ကျောင်းဆရာလေ မအိမ်ကံ ရဲ့။ သည်ဘက်နယ်တွေမှာ အသင်အပြကောင်းတဲ့ သူငယ်ပဲ။ အခုက

ကျောင်းပိတ်ရက်မို့

လာလေသလား

မပြောတတ်ဘူး။

မိဘများကတော့

ထနောင်းတိုင်ဘက်

နေကြတယ်

ကြားဖူးတယ်” အို ကိုပြေသိမ်းက ကျောင်းဆရာဆိုပါလား။ ကျောင်းဆရာတစ်ယောက်ကို ဆရာလေးလို့ မခေါ်မိဘဲ ကိုပြေသိမ်းလိုချည်း ခေါ်ခဲ့ရတာကို

မအိမ်ကံ

စိတ်မသန့်သလို

ခံစားမိရသည်။

ထနောင်းတိုင်ရွာဆိုတာကို

မအိမ်ကံ

ကြားဖူးပါသည်။

ဘယ်ဆီမှာ ဆိုတာတော့မသိ။ ထိုညက မအိမ်ကံတို့စား သောက်ပြီးကြသည်နှင့် ခပ်စောစော အိပ်ရာဝင်ကြသည်။ အိပ်ရာဝင်ကြသည်ဆိုသော်လည်း မအိမ်ကံကတော့ တွက်ရ ချက်ရ၊ တေးရမှတ်ရတာနှင့်ပင် အချိန်လင့်ရသည်။ အားလုံး ပြီးပြီဆိုပါမှ ဘုရားရှိခိုးကာ အိပ်ရာပေါ် အသာလှဲသည်။ “မအိမ်ကံရယ်

မြင်းခြံမြို့၊

မြင်းခြံမြို့နဲ့

တော်တော်

ပြောကြသာလဲမပြောနဲ့။

စည်ကားလိုက်သာနော်။

အိမ်တွေ၊

လမ်းတွေကလည်း တကတဲ ရွာတန်းရှည်ကြီးကျလို့။ ရောက်ခါစ ခေါင်းထဲနောက်တောက်တောက်တောင် ဖြစ်မိသယ်။ အခု တော့လည်း ပျော်တောင်ပျော်သေး”

55


ကျေးဥလည်း အိပ်ပျော်ပုံမရ။ ကိုယ့်ရွာမဟုတ်လို့ မျက်စိကြောင်နေထင်ပ။ “ဒါဖြင့် ညည်း မြို့သားကို ယူဝံ့ပြီပေါ့၊ ဟုတ်လား ကျေးဥ” “မြို့သားယူရင်တော့ တစ်သက်လုံး နောက်တောက် တောက်နေမှာပါ မအိမ်ကံရယ်” “မြို့သားယူမိရင် ထုံးနဲ့လျက်ဆားတောင် ပွတ်ရှူဖို့ ဆောင်ထားရမလို ဖြစ်နေပါလားအေ။ ညည်းဟာက” “မကလောက်ဘူး မအိမ်ကံရဲ့။ နှလုံးသည်းခြေငြိမ်အောင် ဆီးယိုပါဆောင်မှဖြစ်မှာ” မအိမ်ကံနှင့် ကျေးဥတို့ မိန်းကလေးသဘာဝ ပြောကြရင်း ကျိတ်ရယ်ကြရသည်။ သူများမြို့ရွာမှာဆိုတော့ ရယ်တာတောင် စိတ်ရှိတိုင်းရယ်လို့မကောင်းပါ။ ဣနြေ္ဒမဲ့လှချည့် အထင်မခံနိုင်။ မိန်းကလေးတစ်ယောက်၏ တန်ဖိုးထဲမှာ အသံဟစ်ကာ ကျယ်ကြီးကျယ်လောင် မရယ်ရဆိုတာလည်းပါကြောင်း အမေပန်းရုံက သွန်သင်ထားသည် မဟုတ်လား။ အထူးသဖြင့် သူစိမ်းယောက်ျားကလေးတွေရှေ့မှာ အသံထွက်၊ မျက်ရည်စို့၊ ကိုယ်ကို ယိမ်းခါကာ မရယ်ရဟုလည်း ဆိုပါ၏။ ညနေက မြို့သားကတော့ ရိုးချင်သား။ ကျောင်းဆရာဆိုတော့ ပြီတီတီမရှိ။ သခင်ဆိုတော့ အစ်ကိုမောင်မြတ်သာတို့၊ ဆရာလေးကိုတောက်ထိန်တို့လိုပဲ နိုင်ငံရေးထဲမှာ ခေါင်းထိုးနေ တဲ့ လူတစ်ယောက်ပဲဖြစ်မယ် ထင်ပါရဲ့။ အစ်ကို့လိုတော့ ပုန်းလျှိုးကွယ်လျှိုးနေရ

နေရသည့်

သခင်ခေါင်းဆောင်တော့

ဟုတ်ပုံမရ။

လူပုံဖြူသန့်သန့်ပေမယ့်

စိတ်ကတော့

ထက်မြက်ပုံရ၏။ ကျေးဥ အိပ်ပျော်သွားသော်လည်း မအိမ်ကံကတော့ လူတွေထဲ တိုးဝင်လာရပြီဖြစ်သော သူမဘ၀ကို တွေးနေမိသည်။ သူကြီးသမီးဆိုသော်လည်း တကယ်တော့ သူမပင်လျှင် တကယ့်တောသူကလေးတစ်ယောက်သာဖြစ်၏။ သူတို့ ရွာတွေမှာ ဝေးလှသည်မဟုတ်ပါပဲနှင့် မြင်းခြံမြို့ကို မရောက် ဖူးကြသူတွေအပုံ။ သူမဘ၀မှာတော့ အစစအရာရာ ပြည့်စုံပါ၏။ ဘာမျှမပူမပင် မကြောင့်ကြရပါပဲလျက်နှင့် မြင်းခြံလို မြို့ကြီးကို စတုတ်တိုက်ကာ ရက်ကန်းထည် စီးပွားရေးလုပ်နေရပြီ။ ဒါကလည်း သူမမှာ ရည်ရွယ်ချက်ရှိပါသည်။ ရွာက မိန်းမပျိုကလေးတွေ ဆင်းတောင့်ဆင်းရဲဘ၀မှ အဖတ်ဆယ် ချင်တာလည်း ပါသလို သူမ လုပ်အားခဖြင့် အစ်ကိုလုပ်နေ သော အလုပ်အတွက် တတ်စွမ်းသမျှ ပါဝင်လှူဒါန်းချင်တာ လည်း ပါပါ၏။ မအိမ်ကံမှာ ဘ၀အတွက် မပြည့်စုံသေးတာဆိုလို့ တစ်ချက်သာရှိသည်။ သူမ၏ ငယ်ဘ၀တစ်လျှောက်လုံး မက်ခဲ့ရတဲ့ အိပ်မက်။ သည်အိပ်မက်တော့ အပျက်မခံနိုင်ပါ။ ဖက်စိမ်း ကွမ်းတောင်ကို လက်ဖြင့် မပွေ့ရသရွေ့ ဘ၀ ၀န်မချတော့ပြီ လို့တောင် ရင်ထဲစွဲထားခဲ့သည်။ တစ်ဘ၀မှ တစ်လှူ၊ တစ်လှူ မှာ တစ်မနက် ကွမ်းတောင်ကိုင်ရသည်ဆိုလျှင် တော်ပြီ။ မအိမ်ကံတို့ အိပ်နေသည့်အခန်းထဲသို့ ပြတင်းဝမှတစ်ဆင့် လေပူကြီးတစ်ချက် ဝှေ့ရမ်းတိုးဝင်လာသည်။ ကျေးဥဆီက ဟောက်သံကိုပင်

ကြားနေရပြီ။

မအိမ်ကံကတော့

တစ်မြို့

တစ်ရွာမှာ

အိပ်မပျော်နိုင်သေး။

တောင်စဉ်ရေမရ

အတွေးတွေကို လွှတ်လိုက်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ အိပ်မပျော်လေတိုင်း မအိမ်ကံအသိမှတ်နေကျ နှာသီးဖျားကလေးဆီ ထွက်လေ၀င်လေကိုပဲ အာရုံညွှတ်ထားလိုက်၏။ ခဏနေတော့ မအိမ်ကံ အိပ်ပျော်သွားခဲ့ပါသည်။ သည်မနက်တော့ ကပျာကသီ ပွဲကတော်ကြီး

မအိမ်ကံရော

ကျေးဥပါ

စားကြကာ မြင်းခြံဈေးကို

မနက်စောစော

ပြေးကြရပါ၏။ ဈေး

ဖြတ်သည့်ဈေးလောက်မရသဖြင့်

နိုးကြသည်။ ထဲက

ပွဲကတော်ကြီးတို့၏

ပွဲကတော်ကြီး

ဧည့်ခံသော

မနက်စာကို

အထည်ဆိုင်တစ်ချို့ကို စုံစမ်းကြည့်သည့်အခါ သမာဓိနှင့်

ရိုးသားမှုကို

လေးစားမိရသည်။

မအိမ်ကံက ရက်ကန်းသုံးပစ္စည်း တော်တော်များများ ၀ယ်လိုက်သည်။ မဲခေါက်၊ မုန်သီး၊ ရုံးခေါက်၊ ဖလန်ခေါက်၊ နီပဆေး၊

ကျောက်

ချဉ်မှုန့်ကအစ

နိုင်ငံခြားက

ဝင်သည်ဆိုသော

ဆေးအနည်းငယ်စီကိုပါ

ထည့်ဝယ်လာခဲ့သည်။

56


နိုင်ငံခြားဆေးဆိုးပုံ

ဆိုးနည်းကိုပါ

မေးမြန်းတီးခေါက်ပြီး

စမ်းသပ်ကြည့်ရန်ဝယ်ခဲ့ခြင်းဖြစ်သည်။

ကျန်တာကတော့

ရွာမှာ အလွယ်တကူ မရနိုင်သည့် မီးဖိုချောင်သုံး ပစ္စည်းများ၊ စားဖွယ်သောက် ဖွယ်၊ ငါးခြောက်ရယ်၊ ငါးပိရယ် ဆိုသလို စုံစေ့အောင် ၀ယ်ရသည်။ မြင်းခြံ တစ်ခေါက်ရောက်ဖို့ရာက လွယ်တာမဟုတ်။ ပြီးတော့ ပရဆေး၊ ဆေးဝါး အနည်းအပါး ၀ယ်ရသည်။ ရွာဦးဆရာတော်ကျောင်းအတွက် လှူဖွယ်တန်းဖွယ်ကိုလည်း ဦးထိပ်ထားဝယ်ရသည်။ ပြီးတော့မှ မြင်းခြံကို တစ်ခေါက်တစ်ကျင်း ရောက်ရရှာသော ဖိုးတုတ် ညီအစ်ကိုနှင့် ကျေးဥတို့ အတွက် တစ်ခုခုကို ၀ယ်ပေးဖို့ သတိရမိ၏။ “ကိုင်း ကျေးဥတို့၊ ဖိုးကူးတို့ ဘာလိုချင်သတုံး။ မြင်းခြံ ဈေးရောက်တုန်း ရွေး ကြစမ်းဟဲ့” မအိမ်ကံက မေးသော်လည်း သူတို့တစ်တွေ ဘာပူဆာတတ်မှာတဲ့လဲ။ တောမှာမွေး၊ တောမှာကြီးကြသူတွေပီပီ ရွာထွက် အထည်ဝတ်ပြီး ရွာထွက် အစားအသောက်နှင့်သာ ပြီးကြရရှာသူတွေ မဟုတ်လား။ မအိမ်ကံဝယ်သမျှ ပစ္စည်းတွေကို ခေါင်းရွက်နှင့် တစ်မျိုး၊ ပခုံးထမ်းနှင့်တစ်ဖုံ ကူကယ် ခေါက်ကယ်သယ်ပိုး နေကြရှာသော သူတို့ကို ကြည့်ကာ မအိမ်ကံ ကရုဏာသက်မိရပါ၏။ သည်တော့လည်း သင့်နိုးရာရာပစ္စည်းကို မအိမ်ကံကပဲ ရွေးချယ်ဝယ်ပေး လိုက်သည်။ “ကဲ ရော့ ဟောသာ ကျေးဥအတွက် ပရိုကိတ် လုံချည်။ ဖိုးတုတ်နဲ့ ဖိုးကူး ကတော့ ဘန်ကောက်ပုဆိုး တစ်ထည်စီ။ သည်တစ်ခါ ရွာအလှူကျရင် ငါ့မောင်တွေ ရှိုးထုတ်ရအောင်လို့တော်” မအိမ်ကံက

ဖိနပ်ကောင်းတစ်ရန်စီလည်း

ဝယ်ပေးလိုက်သေးသည်။

ရက်ကန်းရုံက

အပျိုမတွေအတွက်

မျက်နှာချေ

တစ်ဖာဝယ်ခဲ့သည်။ မအိမ်ကံ ကိုယ်တိုင်ကတော့ ဘာမှမ၀ယ်ဖြစ်ခဲ့ပါ။ ဖိုးကူးကတော့ မအိမ်ကံဝယ်ကျွေးသော ကုလားမုန့် တွေကို စားရတာ ကျေနပ်နေတော့၏။ မအိမ်ကံတို့လှည်းတွေ ဈေးကပြန်လာတော့ နေကြီးတောင် အတော်မြင့်နေပြီ။ ပွဲ ကတော်ကြီးနှင့် ငွေပေးငွေယူ စာရင်းအပ်၊ စာရင်းယူလုပ်ကြ ပြီးသည့်နောက်မှာတော့ ဆွမ်းစားချိန်ပင် ကျော်လုပြီ။ ပွဲကတော်ကြီးက ထမင်းတောင်း၊ ဟင်းတောင်း ခရီးစာ ထည့် ပေးနေသည့်အပြင် အိမ်မှာပါ ကျွေးလိုက်ဖို့ ပြင်နေလို့ မအိမ်ကံ က ဇွတ်တားရသည်။ “တော်ပါပြီ

ဒေါ်ဒေါ်ရယ်။

ဈေးကလည်း

ဈေးမုန့်တွေ

စားခဲ့ကြပါသယ်။

ဆာလည်းမဆာကြသေးပါဘူးရှင်။

ထမင်း

ထည့်ပေးလိုက်သာ ကျေးဇူးများလှပါပြီ။ မြို့မှာ စောင့်ရှောက် သဲ့အကြောင်းလည်း မိဘနှစ်ပါးကို မအိမ်ကံ ပြောပြမှာပါ။ ငွေကျေချေပေးလိုက်လို့လည်း ကျေးဇူးကြီးလှပါရဲ့” ဘာပဲဖြစ်ဖြစ်

နွားတွေ

နေပူမှာကို

သိသော်လည်း

ညနေ

ရွာဝင်

မိုးမချုပ်ချင်။

ခရီးဆိုတာ

မထင်မှတ်ဘဲ

ထောက်တတ်တာမျိုးကလည်း ရှိသေးတာ မဟုတ်လား။ မအိမ်ကံတို့ လှည်းသုံးစီး ပွဲရုံရှေ့မှာ တန်းမိပြီ။ လူအုပ်ကတော့ တောင့်ပါ၏။ မအိမ်ကံကတော့ တစ်ယောက်ယောက်ကို မျှော်နေမိသေးသည်။ မနေ့ညက ကျွန်တော်လာခဲ့ပါဦးမည်ဆိုသည့် ကိုပြေသိမ်းကို ရိုးရိုးရိပ်ရိပ်သော်မှမမြင်။ လှည်းတွေ ထွက်လာကြပြီ။ “ဒေါ်ဒေါ် သွားပြီနော်” “သွားကြရော့ ဘေးကင်းပါစီ။ လာလမ်းသာလို့ ပြန်လမ်း ချောကြပါစီရှင်” မအိမ်ကံက နောက်ကို တကြည့်ကြည့်။ ထိုစဉ်မှာပင် မအိမ်ကံတို့ လှည်းနားကို စက်ဘီးတစ်စီး ရောက်လာခဲ့သည်။ လှည်းရံတိုင်ကို လှမ်းကိုင်လိုက်သည့် ကိုပြေသိမ်းကို မအိမ်ကံ တွေ့လိုက်ရသည်။ ၀မ်းသာလိုက်သည့်ဖြစ်ချင်း။ မြို့သားက သည်တစ်ခါတော့ ယောပုဆိုးနှင့် ပင်နီချောထည်ကို သန့်သန့် ကလေးဝတ်ထားပါ၏။ မအိမ်ကံက လှည်းတွေကို အရပ်ခိုင်း လိုက်သည်။ “မနက်က

စောစောကလေး

ထွက်လာခဲ့ဖို့ပါပဲ

မအိမ်ကံ။

အကြောင်းကလေးပေါ်လို့

သွားရပါတယ်။

စိတ်ကတော့

57


တစ်မနက်လုံး အင်း တစ်ညလုံးဆိုပါတော့လေ ရောက်နေမိပါရဲ့။ မအိမ်ကံအတွက် ရှင်မတောင်သနပ်ခါးတုံးကလေးတွေ လက်ဆောင်ပေးချင်လို့ပါ” စက်ဘီးကယ်ရီယာပေါ်မှာ

ညှပ်တင်လာသော

သနပ်ခါး

တောင်းကလေးကို

ကိုပြေသိမ်းက

ဖြုတ်ယူလိုက်သည်။

စက်ဘီးထောက်ကို ထောက်လိုက်ပြီး မအိမ်ကံရှိရာ လှည်းနောက်မြီးဆီ ရောက်လာခဲ့၏။ “ရှင်မတောင်သနပ်ခါးတော့ စစ်ပါရဲ့။ ကျွန်တော် သနပ်ခါးတုံး မရွေးတတ်ပါဘူး။ ကောင်းမကောင်းတော့ ကျွန်တော့် နှမများကံပဲ။ ဟိုနှမလေးအတွက်က နှစ်တုံးပါ။ ရော့ ရော့ ဟောသည် တောင်းကလေးကတော့ မအိမ်ကံအတွက်ပါဗျာ” မြင်းခြံဝါးခြင်းတောင်းကလေးထဲမှာ သနပ်ခါးတုံးတွေ အပြည့်။ မိန်းကလေးပီပီ မအိမ်ကံ သနပ်ခါးတုံးကလေးတွေကို အမက်သား။ ကိုပြေသိမ်း ကမ်းပေးလိုက်သော ခြင်းတောင်းကလေးကို လှမ်းယူလိုက်ပြီး သနပ်ခါးတစ်တုံး ယူနမ်းလိုက်သည်။ မွှေးလိုက်တဲ့ သနပ်ခါး။ လူပျိုတစ်ယောက်က ပေးသော သနပ်ခါးတုံးကို သူ့ရှေ့မှာပဲ နမ်းကြည့်မိပါပကော။ အပွေးကောင်း၊ အသွေးရင့်၊ အတုံးကျစ်သော သဘာဝ သနပ်ခါးတုံးကလေးတွေ။ “အားနာစရာကြီး ကိုပြေသိမ်းရယ်။ တန်ဖိုးသေးမှာ မဟုတ်ဘူး။ ကျေးဇူးများတင်ပါရဲ့” “ကျွန်တော့်နှမများအတွက် ဘာလက်ဆောင်ပေးရမလဲ စဉ်းစားနေတာဗျ။ မိတ်ဆွေဆိုင်က သနပ်ခါးပင်ရင်းဆိုင်ဆိုတော့ သည်အတိုင်းဆွဲလာရတာပဲ။ ပိုက်ဆံတောင် မပေးခဲ့ရ သေးပါဘူး” ကိုပြေသိမ်း အရွှန်းဖောက်လိုက်သော စကားကြောင့် မအိမ်ကံမှာ ရယ်လည်းရယ်ချင်၊ စိတ်မကောင်းလည်း ဖြစ်ရပါ၏။ ကိုပြေသိမ်းကတော့

သနပ်ခါးခြင်းတောင်းကလေး

ပေးပြီးကတည်းက

လှည်းနောက်မှာရပ်ရင်း

မအိမ်ကံကိုပဲ

ကြည့်နေတော့သည်။ “မအိမ်ကံ” “ရှင်” “အပြန်လမ်းမှာ

သတိဝီရိယတော့

ထားသွားပါဗျာ။

ဆရာကြီးအိမ်

အ၀င်အထွက်ကို

ပုလိပ်တွေက

စောင့်ကြည့်နေကြလို့ပြောတာပါ။ ကြောက်လည်း ကြောက်မသွားပါနဲ့။ ဆရာကြီးရေးပေးလိုက်တဲ့ စာကို သတိထားဖို့လိုတယ်” မနေ့ညနေက လမ်းမှာ ကိုပြေသိမ်း လှည်းခဏအရပ်ခိုင်း ကတည်းက မအိမ်ကံ ရိပ်စားမိပါ၏။ “လူကိုများ ဖမ်းကြဦးမှာလားရှင်။ ဖမ်းရင်လည်း လိုက်ဝံ့ ပါရဲ့” “မအိမ်ကံ မကြောက်တတ်မှန်း ကျွန်တော်သိပါတယ်ဗျာ။ လူကိုလည်း စိုးရိမ်တာအမှန်ပါ။ ကျွန်တော်က ကိစ္စ ကလေးတွေသာ ပြတ်ရင် ဇောင်ချမ်းကုန်းအထိ လိုက်ပို့ချင် ပါရဲ့” “ဇောင်ချမ်းကုန်းမှာ အသိရှိလို့လားရှင့်။ ဆရာ ဘယ်မှာ တည်မှာတုံး” “အလို ဆရာဆိုပါရောလား။ ပွဲကတော်ကြီးတို့ ပြောလိုက်တယ် မှတ်ပါတယ်။ ကိုပြေသိမ်းပဲ ခေါ်ပါဗျာ။ ဇောင်ချမ်းကုန်းမှာတော့ သူကြီးအိမ်တည်းမှာပေါ့။ သူကြီးသမီးကို သနပ်ခါးတုံး လက်ဆောင်ပေးထားတာကောခင်ဗျ”

58


မအိမ်ကံက မျက်နှာကလေးကို ချစ်စဖွယ်ပြုံးလိုက်ရင်း က ကိုပြေသိမ်းကို နှုတ်ဆက်လိုက်သည်။ “ကိုင်း မအိမ်ကံတို့ သွားပြီနော် ဆရာကိုပြေသိမ်း။ ရွာကို စောစောရောက်ချင်လို့ပါ။ စာအတွက်တော့ စိတ်ချလို့သာ နေပါတော့နော်” ကိုပြေသိမ်းက တစ်ခါဖြင့် ခွဲရပြီဆိုသည့် မျက်နှာဖြင့် မအိမ်ကံကို တစ်ချက်စိုက်ကြည့်လိုက်သည်။ မအိမ်ကံ ရင်ထဲကို ထွင်းဖောက်သွားသော အကြည့်ဆိုတာကို မအိမ်ကံပဲ သိပါသည်။ စက်ဘီးကို လှည်းက ခွာလိုက်ကာ နှုတ်ဆက်ရှာပါ၏။ “ဆရာလေး သွားပြီးနှော” ကျေးဥကပင် နှုတ်ဆက်လို့ နေပါပကော။ မအိမ်ကံ တို့လှည်းတွေ ထွက်လာတော့ ကိုပြေသိမ်းတစ်ယောက် နေရာ က မရွေ့သေးတာကို မအိမ်ကံမြင်နေရသည်။ မြင်းခြံမြို့အထွက်ကို

လှည်းတွေရောက်သည်အထိ

မောင်းလာခဲ့ကြသည်။

မြင်းခြံမြို့အထွက်မှာ

ထနောင်းပင်တန်း

ကြီးရှိသဖြင့် အရိပ်တော့ကောင်းလှသည်။ ထနောင်းပင်တန်း ကိုကျော်ပြီး မြင်းခြံမြို့ရိပ်က လွတ်သည်နှင့် နေကို မျက်နှာ ပြုရတော့၏။ နွားတွေကို သနားလှသော်လည်း အရိပ်ကောင်း ရောက်အောင် ဖိုးတုတ်ကို ခပ်သွက်သွက်ပင် မောင်းခိုင်း လိုက်သည်။ လှည်းပေါင်းမိုးထဲသို့ လုံးဝင်လာသော ဖုန်လုံး များကြောင့် ဖျင်တဘက်ကလေးကိုထုတ်ကာ မအိမ်ကံ ခေါင်းပေါင်းလိုက်သည်။ နွားတွေပင် ချွေးစို့လာကြပြီ။ ရှေ့မှာတော့ ကုက္ကိုပင်ရိပ် ကောင်းကောင်းကို လှမ်းမြင်နေရသည်။ ခရီးတစ်ထောက်နားဖို့ မအိမ်ကံ စိတ်ကူးလိုက်ပါ၏။ ထိုစဉ် မှာပင် မအိမ်ကံတို့ လှည်းသုံးစီးနောက်သို့ စက်ဘီးလေးစီး ဖြင့် ပုလိပ်သားများ လိုက်လာကြောင်း မအိမ်ကံ လှမ်းမြင် လိုက်ရသည်။ ရင်ထဲမှာ တစ်ချက်ထိတ်သွားခဲ့၏။ စက်ဘီးလေးစီးက မအိမ်ကံတို့လှည်းများကို ပန်းတက်သွားကာ ခပ်ဝေးဝေး ကုက္ကိုရိပ်မှာ ရပ်လိုက်ကြသည်။ စက်ဘီးတွေပေါ်မှ ဆင်းကာ မအိမ်ကံတို့ လှည်းတွေအလာကို စောင့်နေကြတာ မြင်ရတော့ မအိမ်ကံ သဘောပေါက်သွားသည်။ “ဖိုးတုတ်တို့၊ ကျေးဥတို့ ဘာမေးမေး စကားဦးမသန်း ကြနဲ့။ ပုလိပ်မေးရင် ငါဖြေမယ်” “ဆရာကြီးပေးလိုက်သဲ့စာကော” “ရင်ပုံထဲမှာ” ပုလိပ်သားတွေက မအိမ်ကံတို့ လှည်းသုံးစီးကို လမ်းဘေးချရပ်ခိုင်းသည်။ လူနှစ်ယောက်မှ စက်ဘီးပေါ်က ဆင်းကာ လှည်းသုံးစီးကို တစ်ပတ်ပတ်ကြည့်သည်။ ခါးကြားမှာ ခြောက်လုံးပြူးတွေချိတ်ထားတာ မြင်တော့ ဖိုးကူးမှာ နေစရာ မရှိ။ အစ်ကိုဖြစ်သူကိုကွယ်ကာ ပုလိပ်တွေကို ချောင်းကြည့်သည်။ မအိမ်ကံက ဖျင်တဘက်ကို ဖုန်တွေ မွှန်ဟန်ဖြင့် မျက်နှာကို အုပ်ပေါင်းထားသည်။ ကြောက်ရွံ့ဟန် တစိုး တစ်စိ မပါဘဲ ရဲရဲကြီး ပြန်ကြည့်နေခဲ့သည်။ မျက်နှာပေါက် ဆိုးဆိုးနှင့်လူက တုတ်တိုတစ်ချောင်းကို ခပ်တင်းတင်းကိုင် ထားကာ သူ့လက်ဝါးကို သူ တဖျပ်ဖျပ် ရိုက်နေသည်။ တစ်ယောက်ကတော့ မျက်နှာခပ်ပြုံးပြုံး။ သို့သော် သွေးအေး အေးနှင့် ရက်စက်မည့်ပုံမျိုး။ “ဘယ်ကများ ပြန်လာကြတာပါလိမ့်” “မြင်းခြံက ပြန်လာတာပေါ့ရှင်။ ရွာလှည်းတွေ မြင်းခြံ လာဈေးဝယ်တာ ထူးဆန်းနေလို့လား” မအိမ်ကံ မျက်နှာတည်တည်ဖြင့် ပြန်ပြောလိုက်တော့ မေးသူပင် ကြောင်သွားသည်။

59


“ကျုပ်တို့က တာဝန်ရှိလို့မေးနေတာ။ ဘယ်ရွာက လှည်းတွေလဲ” “ဇောင်ချမ်းကုန်းက ဇောင်ချမ်းကုန်းသူကြီး ဦးသာထန်ရဲ့သမီး မအိမ်ကံ” သူကြီးသမီးဆိုသည့် စကားကို မအိမ်ကံ တမင် ထည့်ပြောလိုက်ခြင်း ဖြစ်သည်။ တကယ်လည်း ထိရောက်သွားခဲ့ပါ၏။ မျက်နှာထားတွေ ပြောင်းသွားကြ သည်။ မအိမ်ကံ လှည်းပေါ်က လျှောဆင်းလိုက်သည်။ မျက်နှာကို အုပ်ပေါင်းထားသည့် ဖျင်တဘက်ကို ဖယ်လိုက်သည်။ ချောမောလှပသည့် မိန်းမပျိုကလေးတစ်ယောက်ကို မထင်မှတ်ဘဲ တွေ့လိုက်ရတော့ အံ့သြသွားကြသည်။ မျက်နှာထားဆိုးဆိုးနှင့် ပုလိပ်က လှည်းပေါ်က အထုပ်တွေကို ကိုင်ထားသည့် နံပါတ် တုတ်နှင့် လှမ်းထိုးသည်။ မအိမ်ကံ၏ မျက်နှာကလေး ရဲခနဲ ဖြစ်သွားလေသည်။ “တုတ်နဲ့မထိုးပါနဲ့။

ရှင်တို့ရှာချင်ရင်

တစ်လှည်းလုံးဖွင့်ရှာ။

ရှင်တို့ဗမာတွေ

မဟုတ်ဘူးလား။

ကိုယ့်လူမျိုးချင်း

မသင်္ကာဖြစ်နေကြသလား။ ဘုန်းကြီးရဟန်းလှူမယ့် ပစ္စည်းတွေရှင့်” အထုပ်တွေကို တုတ်နှင့် ထိုးနေသော ပုလိပ်ပင်လန့်သွား၏။ မအိမ်ကံ အသံက မာလွန်းလှသည်။ နှုတ်စလျှာစ ကောင်းလှသဖြင့် ကုက္ကိုပင်အောက်မှာ စက်ဘီးထောက်ထောက်ရပ်နေသော ကုလားပုလိပ်နှစ် ယောက်ပင် ပြူးခနဲ လှမ်းကြည့်ကြသည်။ ပုလိပ်တွေက အကဲမလှကြောင်း သိကြဟန်ဖြင့် လိုရင်းကို မေးကြသည်။ “သခင်မြတ်သာနှမပေါ့။ သခင်မြတ်သာ ရွာမှာလား” “အစ်ကိုနဲ့ ကျွန်မတို့မိသားစု မတွေ့ကြတာ တစ်နှစ် လောက်တောင်ရှိပြီ။ ဘယ်မှာရှိသလဲဆိုတာ ကျွန်မ မသိဘူး။ ကျွန်မ မြင်းခြံကို အထည်လာရောင်းသာ” “ကျုပ်တို့သိပါတယ်။ ဆရာကြီးဦးဘခင်အိမ်ကို ၀င်ကြသေးတယ် မဟုတ်လား” “၀င်ပါ့ရှင်။ ကျေးဇူးရှင်အိမ်ပဲဟာ ၀င်ရာသာပေါ့။ ကန်တော့ရသာပေါ့။ ဘာများဖြစ်လို့ပါလိမ့်ရှင်” ပုလိပ်နှစ်ယောက်က ဘာမျှ မပြောကြတော့ဘဲ နောက်လှည်းတွေဘက် လျှောက်သွားကြသည်။ လှည်းပေါ် ပါလာသမျှ လူတွေကို လှည်းအောက်ဆင်းခိုင်းကာ ပုလိပ်သား လေးယောက် ၀ိုင်းထားကြ၏။ သစ်ခေါက်တွေ၊ ၀န်စည် စလယ်တွေကို ဖွင့်ခိုင်းကြသည်။ လှည်းပေါ်ခင်းလာသည့် ဖျာစမကျန် လှန်လှောရှာကြတာတော့ တဆိတ်လွန်လွန်း လှသည်။ မအိမ်ကံက မျက်နှာကလေးတင်းကာ ပုလိပ်တွေ လှုပ်ရှားသမျှ မျက်တောင်မခတ် ကြည့်နေမိ၏။ ဘာမှ မတွေ့ တော့မှ မအိမ်ကံတို့ကို သွားဖို့ခွင့်ပြုသည်။ မျက်နှာထား ဆိုးဆိုးပုလိပ်က ကျေနပ်ဟန်မတူ။ မအိမ်ကံကို မဲနေခဲ့သည်။ “ကျုပ်တို့က တာဝန်အရ ဆောင်ရွက်နေတာ ကလေးမ။ စကားကို ကောင်းကောင်းပြောပါ။ သွားတော့ ရပြီ” “ကျွန်မပြောတဲ့ စကားထဲ ဘာများအမှားပါသွားလို့လဲ ပုလိပ်မင်းရဲ့။ ဖိုးတုတ် မောင်း ရွာအ၀င် နောက်ကျရော့မယ်။ အရေးထဲ အရာပေါ်” မအိမ်ကံက လှည်းပေါ် တင်ပါးလွှဲတက်လိုက်ရင်း ဗျစ်တောက်ဗျစ်တောက်လုပ်သည်။ လှည်းတွေကို မောင်းခိုင်းလိုက်တော့ ဖိုးတုတ်က နွားအမြီးကိုဆွဲကာ ကြိမ်တို့လိုက်သည်။ နောက်လှည်းတွေပါ အိခနဲ မောင်းလိုက်လာကြ၏။ ပုလိပ်တွေက ချက်ချင်းမပြန်ကြသေးဘဲ ကုက္ကိုပင်အောက်မှာ ရပ်ကြရင်း မအိမ်ကံတို့ လှည်းတွေကို ကြည့်နေကြသည်။ ပုလိပ်တွေနှင့် ဝေးသွားတော့ ဖိုးကူးက လက်ဝါးတစ်ချက် ဖြောင်းခနဲ ရိုက်ချလိုက်ရင်းက ဆိုသည်။

60


“ကျုပ်ဖြင့် ကြောက်လိုက်သာ၊ ကျောကိုချမ်းနေသာပဲ။ မမ ကံကတော့ ပုလိပ်ကိုတောင်ငေါက်ပစ်သာ၊ အားရချက်တော့” “ဟုတ်ပါ့ ဖိုးကူးရယ်။ ငါဖြင့် မရိုသေ့စကား လှည်းပေါ်တင် ဖျန်းဖျန်းပါရော့ အောက်မေ့သာ။ မအိမ်ကံက မကြောက်ဘူးတော် အာဂမိန်းမ” မအိမ်ကံကို

နောက်လှည်းက

လှည်းသမားတွေကလည်း

ချီးကျူးကြသည်။

သူကြီးတပည့်

သုံးယောက်ကလည်း

မအိမ်ကံကို ဖြုံသွားကြပါ၏။ မအိမ်ကံတော့ ကြောက်စိတ် မရှိဘဲ တစ်ခွန်းမခံ ပြန်အော်နိုင်ခဲ့တာကိုပဲ သူ့ကိုယ်သူလည်း အံ့သြမိရပါ၏။ အပြစ်ကဘာလဲ။ ဆရာကြီးအိမ်ဝင်လို့လား။ သခင်မြတ်သာနှမမို့လား။ အင်္ဂလိပ်မင်း မကြိုက်လောက်သည့် ပစ္စည်းတွေ တင်လာသည်ထင်လို့လား။ တောသူတောင်သား တွေဆိုတော့ နည်းနည်းပါးပါး ခြောက်လန့်တာလည်း ဖြစ်နိုင် သည်။ သူ့ကိုတောင် သည်လောက်ဖြစ်နေလျှင် အစ်ကို မောင်မြတ်သာ၊ ကိုပြေသိမ်းတို့၊ ဆရာကြည်တို့လို လူတွေကို ဘယ်လောက်တောင် လိုက်နေကြမည်မသိ။ တိုင်းရေးပြည်ရေးကို

ခရေစေ့တွင်းကျ

နားလည်လှ

သည်တော့မဟုတ်ပါ။

သို့သော်

ပုလိပ်တွေက

မြန်မာတွေ

ဖြစ်နေကြပြီး ကိုယ့်လူမျိုးအချင်းချင်း ဒုက္ခပေးချင်နေကြတာ ကိုတော့ စိတ်မချမ်းသာ။ သည်ကိစ္စ အဖေများသိလျှင် ဘာ ပြောမည်မသိ။ အမေပန်းရုံကတော့ မိန်းမသားပီပီ အစိုးရိမ် ကြီးရှာလိမ့်မည်။ မြင်းခြံကိုမှ လွှတ်ပါတော့မလား။ ရက်ကန်း ရုံကလေးထူထောင်ပြီးကာမှ ရပ်ပစ်ရတာမျိုးတော့ အဖြစ်မခံနိုင်။ ရက်ကန်းထည်ကလေးတွေ ရက်နိုင်သမျှ ပေါ်လာသည့် ငွေကို မအိမ်ကံ အစ်ကို့အလုပ်အတွက် အားလုံးလှူဖို့ ရည်စူး ပြီးသားဖြစ်သည်။ ညနေလုံးကြီး ရွာတန်းတွေပေါ် မေးတင်သွားပြီဖြစ်သော်လည်း သဲပူ၊ ဖုန်ပူကို ရုန်းရသဖြင့် နွားတွေပန်းလှသည်။ ခရီးမတွင်ဘဲ ရှိနေသည်။ သည်တော့ နွားတွေကို မှန်မှန်ပဲ မောင်းဖို့ ဖိုးတုတ်ကို ပြောလိုက်သည်။ ဖိုးကူးကတော့ ကြောက်စိတ်ကလေး ခုနေလို့ ထင်ပါရဲ့။ ရာကျော်ဇရပ်မှာ မနားတော့ဘဲ ရွာဝင်တောက်လျှောက် မောင်းစေချင်နေသည်။ မအိမ်ကံ က လူရော၊ နွားပါ ခဏတအောင့် နားဖို့ ဆုံးဖြတ်ထားပါသည်။ နွားတွေအစာကျွေး၊ ရေတိုက်လုပ်ရင်း ချွေးသိပ်စေ ချင်သေးသည်။ “ရာကျော်ဇရပ်မှာတော့ နားမှပေါ့ ငါ့မောင်ရယ်။ နွားတွေ ပန်းနေပါ့မယ်။ သည်ဘက်ရောက်မှတော့ ကိုယ့်နယ်ထဲရောက်ပြီပဲ ဘာမှကြောက်စရာမလိုပေါင်ဟယ်။ ပွဲကတော်ကြီး ထည့်ပေးလိုက်တဲ့ထမင်းတွေ စားကြဦးစို့။ဆာသလိုလိုတောင်ရှိပါရဲ့” နေကလေးစောင်းသည်နှင့်

ရာကျော်ဇရပ်ကို

လှမ်းမြင်ရပြီ။

မြင်ရသလောက်

ဇရပ်တစ်ဝိုက်

လှည်းတစ်စီးမှ

မရှိပါ။

မအိမ်ကံတို့လှည်းတွေ ဇရပ်ဦးတိုက် ရပ်လိုက်ကြကာ နွားတွေချွတ်ကြသည်။ ရာကျော်ဇရပ်ပေါ်တက်ပြီး ညနေခင်းစာ စားဖို့ပြင်ကြ၏။

ပွဲကတော်ကြီးက

ခရီးစာဆိုတော့

ငါးရံ့ခြောက်ဖုတ်ကို

ဆီရွှဲရွှဲဆမ်းပေးလိုက်သည်။

အချဉ်သနပ်

တစ်ချိုင့်နှင့် ငရုတ်သီးငါးပိချက်၊ လက်ဖက်ချိုင့်၊ ငါးကျောက်ဖိကို ထန့်ထန့်ကလေးချက်ကာ ထည့်ပေးလိုက်သေးသည်။ ထမင်းတစ်အိုးကလည်း အမောက်။ ထမင်းတောင်း လှပ်လိုက်ကတည်းက ဆာလို့ထင်ပါ၏၊ စားလိုက်ကြစမ်းဆိုတာများ။ “တို့မလည်း ပုလိပ်လိုက်လို့ ထင်ပါရဲ့ဟယ် စားကောင်း လိုက်သာ။ ပတ်ထုတ်လို့ မရဘူး” မအိမ်ကံစကားကြောင့်

အားလုံးကရယ်ကြသည်။

ဖိုးတုတ်ရော

ဖိုးကူးပါ

လူပျိုပေါက်သန်သန်ကြီးတွေဆိုတော့

သီးသီးလုံးလောက် ထမင်းလုပ်ကြီးတွေ နင့်နင့်ကြီး စားနိုင် ကြပါ၏။ သူကြီးတပည့်တွေကတော့ ညနေထန်းရည်သောက်ဖို့ ရှိလို့လား မပြောတတ်ပါ။ စကောစကကြီးပါ မအိမ်ကံ ရယ်။ မစားတော့ပါဘူး ဆိုကြ၏။ ဘာပဲဖြစ်ဖြစ် ရာကျော်ဇရပ် ရောက်မှတော့ ရွာခြေနီးပြီ။ လှည်းလမ်းလေးခွစုံ ဇရပ်ဆိုတော့ ဟိုရွာသည်ရွာကလှည်းတွေ တစ်ကြောင်း မဟုတ် တစ်ကြောင်း ဆိုက်နေကျ မဟုတ်လား။ ညနေပိုင်းဆိုတော့ ခရီးသွားတွေလည်း ပါးကုန်ကြပြီ။ ထမင်းစားပြီး လှည်းပြန် ကောက်ကြကာ ရွာခရီးဆက် ဖို့ ပြင်ကြရပြီ။ လှည်းတွေလမ်း ပေါ်အတက်မှာတော့ အရှေ့ဆီက မြင်းတစ်စီး အပြင်းစိုင်းလာတာကို မြင်လိုက်ကြရသည်။ မြင်းစီးသူက ဖျင်ကြမ်းအင်္ကျီ ၀တ်ထားပြီး ပခုက္ကူခေါင်းပတ် စောင်ကို

61


မင်းသားပေါင်း ပေါင်းကာ အမြိတ်စလေးထုတ် ထားပါ၏။ မျက်နှာမှာတော့ ဖုန်ခိုးတွေကို ကာသည့်အနေ ဖြင့် ပ၀ါတစ်စဖြင့် မျက်နှာ တစ်ခြမ်း အုပ်ထားသည်။ မြင်း စီးလူက လှည်းတွေရှေ့ ကျော် တက်သွားပြီးမှ မြင်းကို ပြန် လှည့်သည်။ လှည်းပေါ်က

လူအားလုံးလိုလို

ရင်တွေဖိုသွားကြပါ၏။

လာပြန်ပြီကော။

မအိမ်ကံက

လှည်းကတ်ကြမ်းနှင့်

လှည်းကတ်အိမ်အခြေမှာ ကပ်ထားသော ဓားရှည်လက်ကိုင်ရိုးကို လက်နှင့် စမ်းထားလိုက်သည်။ ခရီးဝေးသွားကြပြီဆိုလျှင် လှည်းတွေပေါ်မှာ

ဓားရှည်တစ်လက်စီတော့

ပါနေကျ။

လမ်းခရီးမှာ

လုချင်ယက်ချင်သူတွေ

ကလည်း

မရှားဘူးမဟုတ်လား။မအိမ်ကံက မြင်းစီးသမား တစ်ယောက်တည်း ဟုတ်ရဲ့လား။ ဘေးဘီဝဲယာကို လည်ကလေးဆန့်ကာ လှမ်းအကဲ ခတ်လိုက်သည်။ မြင်းသမားက မြင်းကို တဒေါက်ဒေါက် နင်းလာကာ မအိမ်ကံတို့ လှည်းအနီးမှာရပ်လိုက်သည်။ ခေါင်းပေါင်းကို ဖြေချလိုက်သည်။ ပြီးမှ မျက်နှာပေါ်က ပ၀ါစကို ရစ်ဖြုတ်လိုက်လေ၏။ မအိမ်ကံပင် အံ့သြလွန်း၍ ယောင်ယမ်း မိတော့သည်။ “အို...” မအိမ်ကံက

ဘယ်လိုမှ

ထင်မှတ်မထားသူက

မျှော်လင့်ထားသူမဟုတ်။

မြင်းကြီးတစ်စီးနှင့်

မအိမ်ကံမှ

ရေးကြီးသုတ်ပြာ

မဟုတ်ပါ။

လှည်းသုံးစီးစလုံးက

လူတွေအားလုံး

လိုက်လာတာကို

အံ့သြနေခဲ့ကြသည်။

မအိမ်ကံဆိုလျှင်

ပါးစပ်ကို လက်ကလေးဖြင့်ပိတ်ကာ “အို” လို့ပင် အော်မိရသည်အထိ ထိတ်ပျာခဲ့ရသည်။ နောက်လှည်းက လူတွေကတော့ စစ်ပုလိပ်တွေပြန်တော့ တစ်ကိုယ်တော် ဓားပြများလား တွေးကြရာက လှည်းတွေကို တောင့်ထားရင်း သတိကြီးစွာ ထားလိုက်ကြရသည်။ တစ်ယောက်တည်းဆိုတော့ ကြောက်ကြပုံတော့မပေါ်။ အံ့သြသွားသလား မအိမ်ကံရဲ့။ ပုလိပ်တွေ အကဲမလှတာနဲ့ မြင်းတစ်စီးငှားပြီး အတွင်းလမ်းက ပုန်းလိုက်လာတာ။ ကူညီစရာရှိတာ ကူညီရအောင်ပါ မအိမ်ကံက ကိုပြေသိမ်းကို

ငေးကြည့်နေရှာသည်။

လက်တစ်ဖက်က

ဖုန်တွေပေနေသည့်

ပ၀ါစကိုခါလျက်၊

လက်တစ်ဖက်က

မြင်းဇက်ကြိုးကို ပူးကိုင်ထားရင်း မအိမ်ကံတို့ စီးလာသည့် လှည်းဘေးမှာ မြင်းပေါ်က မဆင်းဘဲ ပြောနေခြင်း ဖြစ်ပါသည်။ မြင်းကမငြိမ်တော့ မြင်းလှည့်ရာလူပါ လှည့်နေရသည်။ မျက်နှာချင်းဆိုင်မိလိုက်၊ ဘေးတိုက်ဖြစ်လိုက်။ ခမျာ စိတ်မချလွန်းလို့ လိုက်လာရှာပါပကော။ မအိမ်ကံ ကျေးဇူးတင်မိပါ၏။ ရင်တွေလည်း ရှိန်းရှိန်းထအောင် ခုန်ရပါ၏။ မအိမ်ကံက လှည်းရံတိုင်ကို ကိုင်ထားရင်း စကား ဘယ်လိုစရမှန်း မသိအောင် ဖြစ်နေခဲ့သည်။ တော်ပါသေးရဲ့ ကျေးဥက စကားဝင်ပြောလို့သာပေါ့။ “ဆရာလေး ကိုပြေသိမ်းမြင်ရမှပဲ အလုံးကျတော့ သယ်တော်။ လိပ်ပြာတောင် လွင့်သွားရောလား အောက်မေ့သာ။ မြို့တစ်ခေါက် လိုက်လာရသာ ရင်တွေတုန် လိုက်ရသာ ဆရာလေးရယ်” ကျေးဥစကားကြောင့် ကိုပြေသိမ်းက ရယ်သည်။ မအိမ်ကံက အလိုက်သင့် ပြုံးပြရင်း နှုတ်ဆွံ့နေမိ၏။ စစ်ပုလိပ်တွေကို ငေါက်ငေါက်ငမ်းငမ်း

တစ်ခွန်းမခံ

ဆိုးဆိုး

ဆတ်ဆတ်ပြန်ပက်ခဲ့သော

မအိမ်ကံက

မြင်းတစ်စီးနှင့်

ကိုလူချောကျမှ

ရင်တွေဖိုနေမိပါလား။ “ကျေးဇူးတင်လိုက်သာ ဆရာလေးရယ်။ မအိမ်ကံဖြင့် ထင်ကိုမထင်သာ။ အဝေးကြီး လိုက်လာသာ အားများနာပါရဲ့” “အားမနာရပါဘူး။ ဘယ့်နှယ့်လဲ၊ ပုလိပ်တွေ တားသေးသလား” “တားပြီကော ဆရာလေးရဲ့” “နေဦး နေဦး။ ဆရာလေး မခေါ်နဲ့ မအိမ်ကံ။ ကိုပြေသိမ်း ပဲ ခေါ်ပါ။ ရင်းရင်းနှီးနှီးပေါ့။ ဒါထက်ပြောပါဦး စောစောကစကား” မအိမ်ကံက အသေးစိတ် ပြောပြလိုက်သည်။ မအိမ်ကံက ပုလိပ်တွေကို ပြန်အော်ခဲ့တာလည်း ပါ၏။ ကိုပြေသိမ်းတို့ သတိဝီရိယနှင့် နေကြဖို့လည်းပါ၏။ သည်လိုလိုက်လာပြီး စောင့်ရှောက်တာကို ကျေးဇူးတင်သော်လည်း မြင်းခြံအပြန်ခရီး

62


မိုးချုပ်မှာစိုး၍ ပြန်စေချင် ကြောင်းလည်း ပါ၏။ “ဆရာလေးရယ်... အဲ ကိုပြေသိမ်းရယ်။ မိုးကြီးတောင် စုတ်စုတ်ချုပ်လှပြီကောရှင်။ ပြန်ပါရော့နှော။ ရွာဘက်ခရီး လှမ်းပေမယ့် စိတ်ချရပါပြီ။ နောက် နှစ်တိုင်လောက် လိုတော့သာပါ။ ပုလိပ်ရန်ကလည်း လွတ်ပေါ့ဟာ” ကိုပြေသိမ်းက မြင်းပေါ်ကမဆင်းဘဲ ရွာဘက်ကို လှမ်းမျှော်ကြည့်သည်။ ဖုန်နှင့်ရောထွေးနေသော ရွာအုပ်အုပ်ကလေး တွေကို မြင်ရ၏။ ဆိတ်အုပ်၊ သိုးအုပ်တွေ ရွာပြန်ဝင်ကြပြီ ဆိုသော်လည်း ဖုန်ခိုးတွေက လမ်းတစ်လျှောက်လုံး မှုန်မှိုင်းနေသည်။ မြို့သားဖြူချောချောကို ဖုန်ခိုးတွေ မွှန်မှာစိုးတော့ မအိမ်ကံက ပြန်ဖို့ချည်း တိုက်တွန်း နေတော့သည်။ “ပြန်ပါရော့ ကိုပြေသိမ်းရယ်။ ဖုန်တွေနဲ့မို့ပါ။ ကိုပြေ သိမ်းတို့ မြို့သားတွေနဲ့ မဖြစ်ပါဘူးရှင်” မအိမ်ကံက ရိုးရိုးပြောလိုက်သော်လည်း ကိုပြေသိမ်းက ရယ်သည်။ “ဘယ့်နှယ် ပြန်ဖို့ချည်း ပြောနေတာတုံး မအိမ်ကံရဲ့။ ပို့မယ့်ပို့ ကျောင်းရောက်အောင်ပို့ဆိုတာလို ရွာခြေအထိတော့ လိုက်ခဲ့စမ်းပါရစေဗျာ။ နောက်လာတော့လည်း လမ်းမမှားအောင်ပေါ့” “လမ်းမမှားပါဘူးရှင်။ သည်တစ်လမ်းရှိသာပါ။ ဇောင်ချမ်းကုန်းက လှည်းဦးတိုက်ပါရှင်” “မဟုတ်ဘူး။ နောက်ပိုင်း ကျွန်တော်က လှေနဲ့လာရမှာဗျ” “အလို လှေနဲ့ ဘယ်လိုလုပ် လာလို့ရမှာတုံး” ကျေးဥတို့ တစ်တွေကပါ ကိုပြေသိမ်းကို တအံ့တသြ လှမ်းကြည့်ကြသည်။ မြစ်မနီး၊ ချောင်းမနီး ဇောင်ချမ်းကုန်း ရွာကလေးကို လှေနဲ့လာမယ်ဆိုပါရော့လား။ မအိမ်ကံလည်း ဇဝေဇ၀ါ။ မျက်လုံးကလေး ၀ိုင်းလည် သွားသည်အထိ အံ့သြသွားပုံရသော မအိမ်ကံ၏ ချစ်စရာမျက်နှာ ကလေးကို ငေးကြည့်ရင်း ကိုပြေသိမ်းက ပြုံးသည်။ “သည်လိုပါ ဇောင်ချမ်းကုန်းကို လာပါများတော့ ချောင်းပေါက်တော့မှာလေ မအိမ်ကံရဲ့။ ချောင်းပေါက်တော့ လှေနဲ့ လာရမှာပေါ့” ဇောင်ချမ်းကုန်းကို

လှေဝင်ချောင်းပေါက်အောင်

လာမလို့တဲ့လား

ကိုမြို့သားရယ်။

စကားတွေတတ်လှချည့်လား။

မအိမ်ကံတို့ကတော့ အရိုးခံပါတော်။ စကားဆန်းတွေ နားမလည်ရိုးအမှန်ပါ။ ဒါပေမယ့် ကိုပြေသိမ်းရယ် ရှင်ပြောတာ ကျွန်မသိပါ့။ မအိမ်ကံမျက်နှာကလေး မှည့်သွားရာက ခေါင်းကလေး ငုံလိုက်သော်လည်း စိတ်ထဲကတော့ စကားတွေပြော နေမိပါ၏။ “ကိုင်းပါလေ ရွာခြေအထိ ကျွန်တော် လိုက်ပါ့မယ်။ မအိမ်ကံတို့ လိုက်လာခဲ့ကြပါ။ ခေတ်အခါက မကောင်းလို့ပါ။ ယောက်ျားသားများပါပေမယ့် ကျွန်တော်လည်း အခါ သင့်တုန်း စောင့်ရှောက်လိုက်စမ်းပါရစေ” ကိုပြေသိမ်းက စကားမစောင့်တော့ဘဲ မြင်းကိုလမ်းဘက် လှည့်လိုက်သည်။ ပြီးတော့ မပြောမဆို ထွက်သွားလေသည်။ သည်တော့မှ မအိမ်ကံတို့လှည်းတွေ ကျည်ကနဲ လိုက်ထွက် လာခဲ့ရပါ၏။ အနောက်ဘက် အဝေးရွာတွေအထိ လှမ်းမြင်ရသော မြင်ကွင်းထဲမှာ နေလုံးတော့ ရှိပါသေးသည်။ ကျီးအာသီး မှည့်တစ်လုံးလို ရဲရဲတောက်နေသည့် နေလုံးက မအိမ်ကံ မျက်နှာကလေးကို အရောင်တွေ ဆမ်းပေးထားသလို ဖြစ်နေလို့ လားတော့ မသိပါ။ မျက်နှာကလေးက ခါတိုင်းထက်ပိုပြီး ရဲနေလေတော့ စွန်လည်ပျံ မျက်နှာချေ လိမ်းထားတာနှင့်ပင် တူသည်။ ရှက်သွေးတွေ ဖျန်းနေတာလည်း ဖြစ်နိုင်ပါ၏။

63


တကယ်တော့ မနေ့ကမှတွေ့၊ သည်ကနေ့မှ ကောင်းကောင်းစကားပြောခဲ့ရသော မြို့သားတစ်ယောက်က ရွာအခြေအထိ လိုက်ပို့ရလောက်အောင် ဘာသဘောများပါလိမ့်လို့လည်း တွေးရပါ၏။ ကျေးဥတို့က ဘယ်လိုများ ထင်ကြလေမလဲ။ ပြီးတော့ အဖေ့လူတွေပါသေးသည်။ အဖေ့ဆီစကား တွေရောက်ဖို့လည်း သေချာသည်။ နောက်တော့လည်း ကိုယ့်စိတ်ကိုယ်ဖြေရပါ၏။ အစ်ကိုမောင်မြတ်သာ၏

မိတ်ဆွေ

ဆိုတော့

အစ်ကိုမရှိသခိုက်

မိတ်ဆွေကောင်းပီပီ

စောင့်ရှောက်လိုသည့်

သဘောလည်းဖြစ်နိုင်တာပဲ မဟုတ်လား။ မအိမ်ကံတို့ရွာအရှေ့ရှိ

ပါးပျဉ်းကြီးတွေ

ခွက်ခွက်ထနေသော

ရွာဝင်

လက်ပံပင်ကြီးနားရောက်တော့

ကိုပြေသိမ်းက

သစ်ပင်အောက်မှာ ရပ်နေသည်။ မြင်းကိုတော့ ခပ်ဝေးဝေးမှာ လှန်ထား၏။ မအိမ်ကံတို့ လှည်းတွေရောက်လာတော့ ခဏ စောင့်ပေးလိုက်ကြရသည်။ မအိမ်ကံက ဧည့်သည်ကို လေးစားသည့်အနေဖြင့် လှည်းပေါ်က ဆင်းလိုက်သည်။ ဖိနပ် ပင်မစီးတော့ဘဲ ကိုပြေသိမ်းရပ်နေသည့် သစ်ပင်အောက်ကို သွားလိုက်သည်။ ဆံပင်ကလေးတွေ ခွေကျနေသော နဖူး ရှင်းရှင်းမှာ ဖုန်တွေပေကျံနေတာ တွေ့ရတော့ အားနာ စိတ်ကလေး ၀င်ရပါ၏။ ကိုပြေသိမ်းကတော့ ပြုံးလျက်။ “ကိုင်း မအိမ်ကံ။ ကျွန်တော် သွားတော့မယ်။ ရွာမ၀င်တော့ပါဘူးဗျာ။ သခင်မြတ်သာ သည်ကြားထဲရောက်လာတော့လည်း ပြောပြလိုက်ပါ့မယ်” “ကျေးဇူးကြီးပါလေ့ ဆရာလေး အဲ ကိုပြေသိမ်းရယ်။ အဖေတို့၊ အမေတို့ကိုလည်း ပြောပြလိုက်ပါ့မယ်။ သွားရော့နှော” “ကျွန်တော်က လူတွေလိုက်ပို့တာ မဟုတ်ပါဘူးဗျာ။ သနပ်ခါးတောင်းကလေး လိုက်ပို့တာပါ။ တော်နေ မသူတော် လက်ပါမှာစိုးလို့ပါ” “မပါစေ့ရပါဘူးရှင်။ လိမ်းတိုင်းလည်း မေတ္တာပို့သယ် မှတ်ပါ” ကိုပြေသိမ်းက လှန်ထားသော မြင်းကိုသွားဆွဲလာကာ လှစ်ခနဲ တက်လိုက်သည်။ မအိမ်ကံက လှည်းပေါ်မတက်သေးဘဲ မြင်းကြီးစီးလျက် ထွက်သွားသော ကိုပြေသိမ်းကိုသာ လိုက်ကြည့်နေခဲ့သည်။ ကိုပြေသိမ်းက တစ်ချက်လှည့် မကြည့်ဘဲ အလင်းရောင်နည်းနေပြီဖြစ်သည့် ရွာလမ်းကြမ်းအတိုင်း ဒုန်းစိုင်းထွက်သွားတော့သည်။ ခမျာ ဘယ်အချိန်ကျမှ မြင်းခြံကို ရောက်ရှာပါ့မလဲနော်။ မအိမ်ကံ စိတ်တွေ ပူလိုက်ရသာတော်။ “တောက်

ချောလိုက်သဲ့လူနှယ်။

တို့ငယ်ငယ်က

ဘုန်းကြီးပျံပွဲလာကတဲ့

မင်းသားတက်ခေတ်တင်

ဘာသည်

လောက်ချောလိမ့်မတုံး” နောက်လှည်းဆီက အသံကိုကြားမိတော့ မအိမ်ကံပြုံးရ သည်။ မအိမ်ကံ လှည်းပေါ်ရောက်တော့ နေလုံးလည်း ၀င်ခဲ့ လေပြီ။ တက်ခေတ်တင်ထက် ချောလှသူရယ်။ “၀ိမုတ္တိတရား

အလုပ်များကြသဖြင့်

အမှားပြုတ်၍

အမှန်ကိုမြင်၊

သဏ္ဌာန်အသွင်ဆိုတာ

ရာဇဂြိုဟ်မြို့အလားကဲ့သို့၊

စာအဆို ရွာနဂိုလှပေသော၊ စေတနာ့ စေတနာ သဒ္ဓါဖြိုးဝေလျက်၊ ရွာရိုးအခြေ ယာမြေကောင်းတို့နှင့် စေတီ အပေါင်း ပတ်လည်ရံလျက်၊ နတ်ပြည်ဟန်တမျှကဲ့သို့၊ အဆောင်ဆောင် အခန်းမဆုံးပေသော၊ ဇောင်ချမ်းကုန်းမင်္ဂလာ ဂါမ၌ ထာဝရ ပုည ကုသလဓမ္မာဖြင့်၊ ယခုဘ၀အခါ အတုလဘဂ၀ါ စိတ်တူ မှန်းပြီး၊ နိဗ္ဗူလမ်း အတူတကွ မြန်းရအောင်၊ အလှူစခန်း ဖွင့်တော်မူကြသော အလှူ့ဒါယကာ ဦးသောင်းကြည်၊ အလှူ့ ဒါယိကာမ ဒေါ်ထီတို့က...” ဦးတန်ခူးလမို့

လေရူးကလေးတွေ

တောင်ကမြောက်က

ဝှေ့နေကြသည်။

သည်နှစ်အလှူတွေ

လှူနိုင်ဖို့

အားခဲထားကြသော်လည်း စီးပွားရေးမကောင်းကြသဖြင့် ဘာသံမှမကြားရ။ ဦးသောင်းကြည်တို့၊ ဒေါ်ထီတို့ လှူကြမည်ဆိုသည့်

64


စကားလည်း ကြားခဲ့ရတာမရှိ။ အခုကောက်ကာငင်ကာ ဖိတ်စာ ရောက်လာတော့ မအိမ်ကံ အံ့သြရသည်။ မအိမ်ကံ သိသလောက် ဦးသောင်းကြည်နှင့် ဒေါ်ထီတို့က ရွာတောင်ဖျားမှာ နေကြသူတွေဖြစ်၏။ ဦးသောင်းကြည်က လှည်းတိုက်လိုက် ရရှာသူဖြစ်၏။ တချို့ လှည်းမအား၊ လူမအားရှိလျှင် ဦးသောင်းကြည်ကိုငှားရသည်။ ထန်းလက်တိုက်၊ ပဲမှော်တိုက်၊ ပဲလုံးတိုက်စသည်ဖြင့် ဘောက်အငှားလိုက်သူ ဖြစ်သည်။ သို့သော် သားကြီးကို ရှင်ပြုဖို့တော့ တမြန်နှစ်ဆီကတည်းက အားခဲထားခဲ့ကြပါ၏။ သားလူပျိုက ရှင်မပြုရသေးသော် လည်း ရည်းစားသနာ သတင်းသဲ့သဲ့ကြားနေရပြီ။ တစ်နှစ် သောင်သာနိုး စောင့်ခဲ့ရတာနှင့်ပင် မောင်ရင်လောင်းကအသက် ဆယ့်ငါးနှစ် ကျော်ခဲ့ပြီဆိုတော့ မဖြစ်မနေ လှူရတော့သည်။ အလှူတစ်လှူစာဖြစ်အောင် လှူဖို့ဆိုတာမလွယ်။ အားခဲထားကြ သည့်ကြားက မဖြစ်မည်စိုး၍ ရွာကိုအသံမပစ်ဘဲ ငြိမ်နေခဲ့ ကြသည်။ မအိမ်ကံက အလှူဖိတ်စာကို တအံ့တသြ ကောက်ဖတ် နေမိသည်။ ပြီးတော့ ကျေးဥကို လိုက်ရှာသည်။ “ကျေးဥ” ကျေးဥက မနက် ပဲဆွမ်းလောင်းရန် ပဲကြီးစေ့တွေ ညှစ်ရင်းခေါင်းကြီးငုံ့ထားသည်။ မအိမ်ကံကတော့ ရွာမှာ အလှူ ရှိလာတာကိုပဲ ၀မ်းသာသည်။ အလှူရှိတော့ ကွမ်းတောင်ကိုင်လိုပြီ။ ဘ၀အဆက်ဆက် ဆုတောင်းခဲ့ရသည်ဟုပင် ပြောရလောက်အောင် ဖက်စိမ်းကွမ်းတောင်ကိုင်ချင်လှသူဆိုတော့ ကနေ့လား၊ မနက်ဖြန်လား ကွမ်းတောင်ကိုင် အမည်စာရင်း ထွက်ရတော့မည်။ မအိမ်ကံစိတ်ထဲ မသိုးမသန့်ဖြစ်နေတာ တော့ ရှိသည်။ အလှူဖိတ်စာပင် အိမ်ရောက်လာပြီ ဆိုတော့ အလှူရက်မဝေးတော့ပြီ။ ဒါနဲ့တောင် ကွမ်းတောင်ကိုင် မည်သူ မည်ဝါ စာရင်းမချတာကတော့ လွန်လွန်းလှသည် ထင်၏။ “ကျေးဥရယ် အလှူဖိတ်စာတောင် ကမ်းပြီပဲဟာ။ ကွမ်းတောင်ကိုင် ဘယ်သူဘယ်ဝါ မသိရသေးဘူးတဲ့လား။ သည် အချိန်မှမရွေး ဘယ်အချိန်ရွေးလိမ့်မတုံး။ နေပါဦး ညည်း ဘာကြားထားသလဲ” မအိမ်ကံက ကွမ်းတောင်ကိုင် ငါပဲမဟုတ်လားလို့ မမေးချင်တော့ ဝေ့ပြီးမေးသည်။ ကျေးဥကတော့ ခေါင်းကိုမဖော်ဘဲ ပဲစေ့တွေသာ တပြွတ်ပြွတ် ညှစ်နေခဲ့သည်။ ကျေးဥ ဘယ်လိုပြောရမှာလဲ မအိမ်ကံရယ်။ မအိမ်ကံတွေးတာ အမှန်ပါပဲ။ ကွမ်းတောင်ကိုင်ဆိုတာ သည်အချိန်မှာ ဘယ်သူဘယ်ဝါဆိုတာ ရှိနှင့်သိနှင့်ရမှာပေါ့။ ရှိလည်းရှိ၊ သိလည်းသိနေကြပါပြီလေ။ အလှူက ကတိုက်ကရိုက် အလှူဆိုပေသိ အလှူတစ်လှူဖြစ်ဖို့ လုပ်သင့်လုပ်ထိုက်တာတွေ လုပ်ကြရသည်။ ရွာဘုန်းကြီးကို လျှောက်ထားရသည်။ ဆွေဆွေမျိုးမျိုးတွေနှင့် ညှိနှိုင်းရသည်။ ရွာကို တိုင်ပင်ကြရသည်။ အကြမ်းအလုပ်၊ အနုအလုပ် ခွဲဝေပိုင်းခြားကြရသည်။ သင်္ကန်းပရိက္ခရာ၊ ရှင်လောင်းဝတ် ရှင်လောင်းစားမြို့တက်ဝယ်ကြ၊ ခြမ်းကြ၊ ငှားကြ၊ ရမ်းကြရသည်။ ဒိုးပတ်ဝိုင်း၊ အိုးစည်ဝိုင်း ဖိတ်ကြား ကြရသည်။ ပရိတ်အိုးရွက်၊ ကန်တော့ပွဲရွက်ကအစ ပရိက္ခရာကိုင်၊ ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်ကိုင်တွေ ဖိတ်နှင့်ရသည်။ ရွာကာလသားတွေကို ထင်းခွဲ၊ ရေခပ်၊ ထမင်းတောင်း ထမ်း ဟင်းတောင်းထမ်း အလုပ်ခွဲဝေရသည်။ ရွာနီး၊ ရွာဝေး ဖိတ်ကြားရသည်။ ချက်ရေး၊ ပြုတ်ရေး အိုးသူကြီးတွေကလည်း ကျင်းတူး၊ ရုံကာ ချက်ဖို့၊ ပြုတ်ဖို့စီမံကြရသည်။ ဒါတောင် ကျေးဥကိုယ်တိုင် မသိတာတွေ ရှိသေးသည်။ အခုတော့ မအိမ်ကံက ညည်း ဘာကြားထားသလဲ မေးနေပါ ပကော။ မအိမ်ကံရယ် ငါဘယ်လိုဖြေရပါ့မလဲဟယ်။ ကျေးဥမှာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျမလာအောင်သာ ကြိုးစားနေရပါ၏။ ပဲကြီးစေ့စိုစိုတွေကိုသာ ငုံ့ကြည့်နေမိခဲ့၏။ မအိမ်ကံကို ဘယ်လိုဖြေရပါ့မလဲ။ ကျေးဥ စကားလုံးတွေ ရွေးချယ်နေမိပါ၏။ “ကျေးဥ”

65


မအိမ်ကံက စိတ်မရှည်သလို ခေါ်လိုက်တော့ ကျေးဥ ပင် တုန်သွားခဲ့သည်။ “မအိမ်ကံရယ်

အလှူက

ကြိုဖိတ်သာပါအေ။

ဆယ့်လေး

ငါးရက်တော့

လိုပါသေးသယ်။

ရွာက

သည်နှစ်အလှူ

မဖြစ်ဘူးပစ်ထားရာက မဖြစ်မနေ ထလုပ်ရသဲ့အလှူပါ။ ဒါကြောင့် ရွာသံမကြားရသာပေါ့။ ဗြုန်းခနဲ ထလုပ်လိုက်သာကိုး မအိမ်ကံရဲ့” မအိမ်ကံက ဖိတ်စာကို ကောက်ကြည့်လိုက်သည်။ ရက်အရဆိုလျှင်တော့ ဆယ့်တစ်ရက်လောက်တော့ လိုသေးသည်။ ဒါကလည်း

ရွာသဘာဝပင်။

အဝေးကဆွေမျိုး

ဆွေခန်းမျိုးခန်းပြတ်ကြသည်အထိ

မိတ်သင်္ဂဟတွေဆီကို

စိတ်နာတတ်ကြတာ

ဖိတ်စာတွေရောက်ပါမှ။

မရောက်လို့ကတော့

ဆင်းရဲချမ်းသာမရွေး

ဖိတ်စာလက်ရောက်

မဟုတ်လား။

ကမ်းရသည်။ ဖိတ်စာလောက်ငအောင် မတတ်နိုင်ကြသည့် အလှူတွေကတော့ ရွာလုံးကြား “ဗျိုး”ဟစ်ရသည်။ လက်ဖက် ထုပ်ကမ်းဖိတ်ကြတာမျိုးလည်းရှိပါ၏။

ညောင်ရွက်သန့်သန့်တွင်

လက်သန်းတစ်ဆစ်လောက်

လက်ဖက်သားထည့်ပြီး

သုံးမြှောင့်ချိုး၊ တည်းစပ်ချောင်းဖြင့်ထိုးကာ အထုပ်ကလေးတွေ ရာချီထုပ်ကြရသည်။ ရပ်မိရပ်ဘ၊ သက်ကြီးဝါကြီးတွေကိုတော့ ရှေးမြန်မာဘုရင်များလက်ထက်ကလို လက်ဖက် ချောင်းကမ်း သည်ပင်ရှိပါ၏။ လက်ဖက်ညွန့်၊ လက်ဖက်ဖူး တွေချည်း ရွေးချယ်ကာ ရှည်လုံးလုံးဝါးခြင်းရက်၊ အတွင်းက ငှက်ပျောရွက်ခံပြီး လက်ဖက်များများ ထည့်ထားသည့် ခြင်းတောင်းကလေး ဖြစ်သည်။ အလှူရက် ရှင်လောင်းလှည့် အပြန် လက်ဖက်နှင့် ချင်းရောနယ်ထားသော ချင်းလက်ဖက်ကို ကန်တော့ပွဲပြင် ကြွေရည်သုတ်ဇလုံကြီးထဲ အမောက်ထည့်ကာ မဏ္ဍပ်တွင်း ၀င်လာသူတို့ကို တစ်နှိုက်စာစီ ဆီးကမ်းကြတာမျိုးလည်း မအိမ်ကံတို့ရွာမှာ လေ့ကြပါသည်။ “ဆယ့်တစ်ရက်လို လိုပါဦးတော့ ကျေးဥရယ်။ သည် ရက်တွေထဲတော့ အပျိုခေါင်း မမခင်တုတ်လာရမှာပေါ့။ ဖိတ်ဟယ်၊ ကြားဟယ်၊ သတင်းရယ်၊ စကားရယ် ပြောရမှာပေါ့။ ငါဖြင့် မတွေ့ပေါင်” မအိမ်ကံ ပြောလည်းပြောစရာပင်။ သူကြီးအိမ်ဆိုတော့ အကြောင်းကိစ္စရှိတာကလွဲလျှင် ကူသယ်ခေါက်သယ် စွတ်ခနဲ ၀င် စွတ်ခနဲထွက်ကြတာမျိုး မရှိတော့ တချို့သော သတင်းတွေက သူကြီးဝိုင်းတိုက်ထဲ မရောက်နိုင်။ ရောက်နိုင်တာကျ တော့လည်း သူကြီးကတော်နှင့် ပြီးရတာများသည်။ ကျေးဥ အထင်တော့ သည်သတင်းတွေ ငြိမ်ချက်သားကောင်းနေတာ အကြောင်းရှိလိမ့်မည်။ အလှူရက် မရောက်မချင်း မအိမ်ကံ ကို အလှူကိစ္စ မပြောရဆိုသည့် စကားရှိလောက်သည်။ ဒါကို မအိမ်ကံကလည်း ရိပ်မိပုံရသည်။ တကယ်ဆိုလျှင် ကွမ်း တောင်ကိုင်ကိစ္စအသာထား၊ အလှူရှိတာ ကိုယ်က အုတ်အော် သောင်းတင်း ဖြစ်ရမည့်ကိစ္စ မဟုတ်လား။ အခုဟာက ဖိတ်စာကြီး ဒုတ်ဒုတ်ထိရောက်ကာမှ မအိမ်ကံ သိရတာမျိုး ဖြစ်နေခဲ့သည်။ မမခင်တုတ်ကိုလည်း ကြီးပန်းရုံတို့ ပိတ်ထားတာပဲ ဖြစ်ရမည်။ သည်ရက်တွေထဲမှာလည်း ချည်ခင်တွေ ဆေးဆိုး အလုပ် လုပ်နေရသောကြောင့် ရက်ကန်းစင်မှာ အပျို တွေ မ၀င်နိုင်ကြသေး။ ထိုစဉ်မှာပင် ဒွေးလှအုံက လှမ်းအော် သည်။ “ကျေးဥရေ ပဲစေ့ညှစ်သာ မပြီးသေးဘူးလားဟေ့။ လင်များ ရနေသလားတော်” “ပြီးပါပြီ ဒွေးလှအုံရေ လာပြီ” ကျေးဥ

စိတ်သက်သာရာရသွားသလို

ပဲစေ့အင်တုံကို

ကောက်မကာ

ထပြေးလေ၏။

မအိမ်ကံက

လိုက်မသွားဘဲ

ဖိတ်စာကလေးကို ကောက်ကိုင်ကြည့်မိပြန်၏။ ဖိတ်စာအောက် နားမှာ နေသူရိန် စာပုံနှိပ်စက်၊ မြင်းခြံမြို့လို့ ရိုက်ထားတာ တွေ့တော့ မြင်းခြံကို စိတ်ရောက်သွားခဲ့သည်။ မြင်းခြံကို စိတ်ရောက်တော့လည်း အစ်ကိုဖြစ်သူ ပါရတာပဲပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းပါရတာပဲပေါ့။ မြင်းကြီးစီးလိုက်လာသည့် ကိုလူချော ကျောင်းဆရာကို စဉ်းစားမိတော့ ရင်ကလေး နွေးရပါ၏။ ကျွန်တော့် သနပ်ခါးတောင်းလေး မသူတော့် လက်ထဲ ရောက်မှာစိုးလို့ပါလို့ ပြောခဲ့သည့် စကားက ဘာစကားပါလိမ့်။ တွေ့တွေ့ချင်း ဆောက်နဲ့တော့ မထွင်းလောက်ပါဘူးလေလို့သာ ခပ်ပေါ့ပေါ့တွေးရသည်။ ပြီးခဲ့သည့်ရက်တွေထဲတုန်းက ဖိုးကူးပြောခဲ့သည့် စကားကိုလည်း မအိမ်ကံသတိရမိပါ၏။ ဖိုးတုတ်နှင့် ဖိုးကူးတို့ ညီအစ်ကို အိမ်ကနွားတွေ နွားစာကျွေးနေတုန်း

66


မအိမ်ကံ အနားရောက်သွားခဲ့သည်။ “မမကံရာ

မြင်းခြံက

ပြန်လာတုန်းက

မြင်းကြီးစီးလိုက်လာသဲ့

ကျောင်းဆရာ

ချောလိုက်သာဗျာ။

မြင်းစီးသာများ

ဟန်ပါချက်တော့ ရက်စက်သယ်။ ကျုပ်ကြီးရင် ဘကြီးထန် မြင်းကြီး စိန်ပွင့်ယူစီးမှာပဲ” ဖိုးကူးစကားကို ဖိုးတုတ်က လက်မခံပါ။ ညီဖြစ်သူကို ထငေါက်တော့သည်။ “မင်းကြီးတော့ ဘကြီးထန်ရော စိန်ပွင့်ရော သေလောက်ရောပေါ့ကွ” မအိမ်ကံမှာ ဖိုးတုတ်စကားကြောင့် ရယ်ရခက် ငိုရခက်။ ဟုတ်တာတော့ ဟုတ်လောက်တယ် ထားပါဦး။ အဖေ့ကို သေစကားမပြောစေချင်။ ဖိုးတုတ်က ရိုးရိုးပြောလိုက်သော်လည်း မာန်ရသေးသည်။ “အလိုတော်

တော်တို့မြင်းစီးဖို့

ကျုပ်အဖေဂိုဏ်းမလွတ်

မပြောပါနဲ့။

မဦးမချွတ်

ဖွဟဲ့။

ဖိုးကူးမြင်းစီးချင်ရင်

မမကံ

တစ်ကောင်ဝယ်ပေးပါ့မယ်။ မင်းသာ မြင်းစီးသင်ထား” “ကျုပ်က ကျောင်းဆရာကိုပဲ သင်ခိုင်းမှာ။ အတော် မြင်းစီးကျွမ်းသဲ့လူ” ဘာပဲဖြစ်ဖြစ် မအိမ်ကံတို့အိမ်မှာ ကျောင်းဆရာ ကိုပြေသိမ်းအကြောင်း ပြောကြရပြီကော။ မအိမ်ကံ မြင်းခြံကအပြန် ပုလိပ်အစစ်ခံရပုံ၊

ကိုပြေသိမ်းလိုက်ပို့ပုံတွေ

အမေပန်းရုံကို

ပြောပြခဲ့ပါ၏။

အမေပန်းရုံကတော့

ရင်ကလေးမကာ

စိုးရိမ်ရှာသော်လည်း တခြားဘာမှတော့ မပြောပါ။ မလှအုံကတော့ ခပ်တိုင်းငန် ၀သီအတိုင်း ပါဖြစ်အောင် ပါလိုက်ပါသေးသည်။ “ဖိုးတုတ်တို့က ပြောပါ့တော်။ မအိမ်ကံက ပုလိပ်တွေကို ငေါက်သာများ မာချက်ဆိုပဲ။ ငေါက်သာငေါက် ငါ့မောင် မောင်မြတ် သာလိုက်ဖမ်းနေသဲ့ကောင်တွေ။ အင်္ဂလိပ်က တော်တော် တို့ပုလိပ်တွေက ကဲကြသာများ၊ ကိုယ့်လူမျိုးချင်း မညှာသဲ့ဟာတွေ။ ငါမပါလို့ပေါ့အေ” “မလှအုံပါရင် ဘာလုပ်မှာတုံး” မအိမ်ကံကမေးတော့ မလှအုံက ဟီးခနဲ တစ်ချက်ရယ်သည်။ “ကိုပုလိပ်တို့ နေကောင်းကြလား မေးမှာပေါ့အေ့” မလှအုံစကားကြောင့် အမေပန်းရုံရော၊ မအိမ်ကံတို့ပါ ရယ်ကြရသည်။ အမေပန်းရုံက အထည်တွေကို ပွဲကတော်က သိမ်းယူလိုက်လို့ ၀မ်းသာနေရှာသည်။ ရွာကလည်း မအိမ်ကံ ရက်ကန်းရုံကလေး ထူထောင်တာကို ၀မ်းသာနေကြပါ၏။ ရွာက မိန်းကလေးတွေ အလုပ်ကိုယ်စီရကြတော့ လုပ်အားအပေါ်မူတည်ပြီး လုပ်ခရကြသည်။ တောရွာဆိုတော့ ပိုက်ဆံ မြင်ရဖို့ ခက်သား။ အခုတော့ မအိမ်ကံကြောင့် ပိုက်ဆံမြင်ရ ပြီ။ စားရေးသောက်ရေး ကျပ်သည်ဆိုသော်လည်း အရင်က လောက်မခဲယဉ်းတော့။ မနက်ထမင်း ညထမင်း ဆက်နိုင်ကြတာကိုပဲ ၀မ်းသာကြရှာသူတွေ ဖြစ်သည်။ ထိုနေ့က မလှအုံလှမ်းခေါ်ရာက ပျောက်သွားခဲ့သော ကျေးဥပေါ်မလာတော့ မအိမ်ကံပင် မေးယူရသည်။ အမေ ပန်းရုံက သည်တော့မှ ကျေးဥပေါ်မလာသည့် အကြောင်းကို ပြောပြသည်။ “ကျေးဥအမေ မကြာညွန့် ခေါင်းမူးပြီးလဲလို့ လာခေါ်သွားကြသယ် သမီးရဲ့။ သက်သာရင်ပြန်လာမှာပါ။ မသက်သာတော့လည်း တစ်ညလောက် သူ့အိမ်မှာ အိပ်ပါရစေ ပြောသွားသယ်။ အကယ်တန္တု ပြန်မလာခဲ့ရင် လှအုံကို ခေါ်အိပ် လေ သမီးရဲ့”

67


“မအိမ်ကံ အိပ်ရဲပါသယ်။ နေပါစေ။ အပြင်ခန်းမှာ ဖိုးကူး တို့လည်းရှိသားပဲ။ မအိမ်ကံ အရီးကြာညွန့်ဆီ လိုက်သွားဦးမှ ကောင်းမှာပါ။ သမီး သွားဦးမယ်နော် အမေ” ဒေါ်ပန်းရုံခမျာ ထိတ်ခနဲ ဖြစ်သွားရာက စကားဖာသည်။ တကယ်တော့ ကျေးဥကို မအိမ်ကံအပါးက ခဏကလေး ခွာခိုင်းထားခြင်း

မဟုတ်လား။

မအိမ်ကံ

မေးနေသမျှ

ကျေးဥက

ကြောက်ကြောက်ရွံ့ရွံ့

ဖြေနေမှာစိုးတာလည်း

ပါပါ၏။ မအိမ်ကံက ကွမ်းတောင်ကိုင် ဘယ်သူဖြစ်မယ် ကြားသလဲ မေးနေကြောင်း ကျေးဥက ဒေါ်ပန်းရုံနှင့် မလှအုံကို ပြောပြခဲ့သည်။ ကျေးဥက ကြာလျှင် မအိမ်ကံကို သနားတာ နှင်ပင် ပြောမိတော့မှာ ဖြစ်ကြောင်း ပြောလာသည့်အခါ မအိမ်ကံနှင့် ခဏခွဲထားလိုက်ရခြင်း ဖြစ်ပါ၏။ မလှအုံက မအိမ်ကံကို ပြောင်ဖွင့်ပြောသင့်ပြီဖြစ်ကြောင်း၊ နောက်မှသိလျှင် လူကြီးမိဘတွေကိုပါ အထင်လွဲစရာတွေဖြစ်ဖို့သာရှိကြောင်း၊ အရီးပန်းရုံ မပြောလျှင် သူပြောပြလိုက်မည့် အကြောင်း ပြောပါသေးသည်။ “အလှူက

ကပ်နေပြီ။

ကွမ်းတောင်ကိုင်

ဘယ်သူတုံး

မသိရသေးဘူးဆိုတာ

အဓိပ္ပာယ်မရှိတော့ဘူး။

မအိမ်ကံက

ပါးကပါးပါဘိသနဲ့တော်။ သူများပြောမှ သူမဟုတ်မှန်း သိရင် မိုးမီးလောင်လိမ့်မနှော” ဒေါ်ပန်းရုံမှာ မျက်ရည်တွေ မဆည်နိုင်အောင် ကျခဲ့ရသည်။ သည်မျက်ရည်က အခုမှ ကျရသည့် မျက်ရည်မဟုတ်။ သည် သမီးကလေး သိတတ်သည့အ် ရွယ် ရောက်ပါပြီဆကို တည်း က ကျခဲရ့  သည့မ်ျက်ရည်။ လူတကာ့အလှူ၊ ရွာတကာ့ အလှူတွေကို သူကြီးသမီးရယ်လို့ ကိန်းကြီးခန်းကြီး အိမ်ဦးခန်း ထိုင်ရသည့် အတန်းအစား ဆိုသော်လည်း အိမ်ဦးခန်းမှာ မထိုင်ချင်ဘဲ ဖက်စိမ်းကွမ်းတောင်ကိုင်နောက် တကောက်ကောက် လိုက်နေတတ်သည့် သမီး။ ရှက်တတ်သည့်အရွယ် ရောက်လို့ အသွားအလာနည်းသွားခဲ့သော်လည်း ကွမ်းတောင်ကလေး ကိုင်လိုက်ချင်သည့် စိတ်ကတော့ အခေါင်အဖျားတက် ချိတ် ထားသူကလေး မဟုတ်လား။ တစ်ကမ္ဘာမှာ တစ်သက်၊ တစ်သက်မှာ တစ်ခဏ၊ သည်ဖက်စိမ်းကွမ်းတောင်ကိုမှ မကိုင်ရလျှင် လူ့ဘ၀ လူဖြစ်ရကျိုး မနပ်တော့ပြီလို့ ခံယူခဲ့ရှာသူ သမီးကို မဖျောင်းဖျရက်ဘဲ ကျိတ်ငိုခဲ့ရသည့် ရက်တွေနှစ်တွေလည်း များခဲ့လှပြီ။ “လှအုံရယ် ဖအေသူကြီးကတော့ သမီးကလေးစိတ်ကို မသိရှာတော့ ဘာသာခပ်အေးအေးပေါ့။ ငါ့မှာသာ ခေါင်းမီး တွေတောက်ပြီး သည်ကိစ္စကို ဘယ်လိုရင်ဆိုင်ရပါ့မလဲ ဆိုတာနဲ့ ပဲ မီးစာခန်းရတော့မယ့် ဘ၀ပါအေ။ သည်အသက်အရွယ် ရောက်တဲ့အထိ ငါ့မှာ သည်အကြောင်းရောက်လာရင် ရှောင်ဟယ်လွှဲဟယ် လုပ်ခဲ့ရသာ ညည်းအသိပဲ။ အခုတော့ ငါဘယ် နှယ့်လုပ် ရှောင်ရပါတော့မလဲ လှအုံ။ ငါသေမှ မမြင်ရမှာပဲ။ ငါသေမှသည်ကိစ္စ လွတ်တော့မှာပဲလို့တောင် တစ်ခါတစ်ခါ တွေးမိတယ်။ မအိမ်ကံ ကွမ်းတောင်ကိုင်ခွင့်ကို ငါ့ အသက်နဲ့ လဲရမယ်ဆိုရင်တောင် ငါလဲဝံ့ပါရဲ့အေ။ အခုတော့ သည်ကိစ္စ တို့မိသားအပေါ် လုံးလုံးကြီး ကျလာပါပကောလားအေရယ်” မအိမ်ကံကို

အသက်နှစ်ဆယ်ပြည့်

သည့်အထိ

သည်ကိစ္စ

မသိအောင်

ဖုံးထားလို့ရသလားလို့

မေးစရာရှိပါ၏။

ရွာကတော့ အခြေအနေတွေ၊ အကြောင်းအချက်တွေကို သိကြပြီးသား။ ဖက်စိမ်းကွမ်းတောင်ကိုင်ဆိုသည့် ရာထူးကို ရုပ်ရည် ချောမောလှပသလောက် သဘောမနော ဖြူလှသူ မအိမ်ကံအတွက် ရွာကလည်းကမ်းချင်လျက်နှင့် မကမ်းနိုင်၊ ပေးချင်ပါလျက်နှင့်

ပေးခွင့်မသာ

ဖြစ်ခဲ့ရသည်။

ကွမ်းတောင်ကိုင်

ဖြစ်သင့်

သည့်အကြောင်းအချက်တွေထဲက

တစ်ချက်ကလေးငြိနေ သည့်အတွက် စာရင်းမပေါက် ရရှာသူကလေးမို့ အသနားပိုကာ ရွာကလည်း ကျိတ်မှိတ်မျိုသိပ် ထားခဲ့ကြသည်ပင် နှစ်ပေါင်း နှစ်ဆယ်ရှိခဲ့ပြီ။ နောက်ပြီး မအိမ်ကံတို့ ၀ိုင်းတိုက်ထဲကို တော်ရုံ လူ ၀င်ဝံ့ကြသည် မဟုတ်သလို မအိမ်ကံ ကိုယ်တိုင်ကလည်း လူသူလေးပါးနှင့် ဒွေးရောယှက်တင် နေတတ်ခဲ့သူ မဟုတ်။ သူကြီးသမီးဆိုသည့် ဂုဏ်ဒြပ်ကြောင့် ဘယ်သူကမှလည်း အကျိုးရယ်၊ အကြောင်းရယ် ရှင်းပြရဲကြတာမဟုတ်။ အတူ

တကွ

နေထိုင်စားသောက်ကြရင်း

မအိမ်ကံကိုသာ အရိပ် တကြည့်ကြည့် အနေနီးရှာသူ ကျေးဥသည်ပင်လျှင် စကား မဟ၀ံ့။ သည်ကိစ္စတွေ မအိမ်ကံကို ဘယ်သူပြောသလဲ ဆိုသည့် လက်သည် တရားခံဖြစ်မှာကို စိုးကြသူတွေချည်း ဖြစ်ပါ၏။ သည်သမီးကလေး စိတ်မချမ်းမသာ ဖြစ်ရှာမှာကို တစ်ရွာလုံးက စိုးရိမ်ကြသည့်အတွက်လည်း ဒေါ်ပန်းရုံကျေးဇူး တင်ရပါသည်။ သည့်အတွက်လည်း ရွာကို

68


တစ်လှည့် စောင့် ရှောက်ခဲ့သည်ဟု ဆိုနိုင်ကောင်းပါ၏။ “အရီးရယ် သည်ကိစ္စတစ်နေ့တော့ ပေါ်လာမှာပဲဆိုတာ မလွှဲမရှောင်နိုင်ဘူးပေါ့လေ။ သို့ပေသိ မအိမ်ကံသဘောတစ်ခုပါ။ မအိမ်ကံကသာ

တရားနဲ့ဖြေရင်

ပြီးရမယ့်ကိစ္စပါ။

ကျုပ်ကတော့

သည်အတိုင်း

စိတ်ဆင်းရဲနေရာတာထက်စာရင်

ဖွင့်သာပြောလိုက်ချင်သတော်” မလှအုံကတော့

ဆိုမြဲတိုင်း

စကားကိုသာဆိုပါ၏။

ဒေါ်ပန်းရုံကတော့

ကိုယ့်ဝမ်းနာ

ကိုယ်သာသိဆိုသလို

သမီး

မအိမ်ကံ၏ အစွဲအလမ်းကို သူမလောက် မည်သူမှ ပိုမသိနိုင်။ မအိမ်ကံက တရားနှင့် ဖြေလောက်စရာလည်း မမြင်။ ကွမ်းတောင်ကိုင်ဖြစ်တော့လည်း ဖြစ်ပေါ့။ မဖြစ်တော့လည်း နေပေါ့လို့ သဘောထားနိုင်လို့

ကတော့ အကြောင်းလား။

မအိမ်ကံက အဲသလို မိန်းကလေးမဟုတ်။ အမျှော်ကြီးမျှော်၊ အစောင့်ကြီး စောင့်ရင်း ကံအလှည့်ကျချိန်ကို သည်းခံနေရှာသူသာ ဖြစ်သည်။ သည်ဘ၀ ကံအလှည့်ကျစရာ အကြောင်းမရှိတော့သည်ကို သိခဲ့ပြီဆိုလျှင်တော့ အသည်းကြီးလှသော သမီး အတွက် ဒေါ်ပန်းရုံ မတွေးတတ်တော့ပြီ။ ရွာအလှူရှိပြီဆိုကတည်းက ဆို့တန်တာဆို့၊ ပိတ်တန်တာ ပိတ်လုပ်ခဲ့ရသည်။ အချိန်တန်တော့မှ သိပါစေတော့ရယ်လို့ သဘောထားခဲ့ရသည်။ အခုတော့ အချိန်တန်ခဲ့ပြီ။ အခုပဲ ကျေးဥကို မေးနေပြီမဟုတ်လား။ ကျေးဥကကော ဘယ်နှရက် များ ရှောင်နိုင်မှာလဲ။ ကျေးဥက ရှောင်နေပါပြီတဲ့ ဒေါ်ပန်းရုံကို မေးတော့မည်။ မလှအုံကို မေးတော့မည်။ ဖိုးတုတ်နှင့် ဖိုးကူး ကို မေးတော့မည်။ အနှစ်နှစ်ဆယ်လုံးလုံး အေးချမ်းသာယာ လှသော သည်အိမ်ကြီးမှာ သိပ်မကြာခင် အပူတိုက်ရတော့ မှာပါလား။ မအိမ်ကံ...။ သည်ရက်ထဲမှာ

ရွာထဲရပ်ထဲ

မရောက်နိုင်ဘဲ

ရှိခဲ့ရသည်။

မြင်းခြံကပြန်ကတည်းက

စမ်းဝယ်လာသည့်

နိုင်ငံခြား

ဆိုးဆေးတွေကို မေးမြန်လာခဲ့သည့်အတိုင်း ချည်ရောင်ဆိုးကြည့်၊ လှမ်းကြည့်၊ ပြန်လျှော်ကြည့်လုပ်ရင်း အလုပ်တွေများ နေခဲ့သည်။ ရက်ကန်းတန်း မဆင်နိုင်သေးသောကြောင့် အပျိုတွေ မစုံနိုင်သေးသော်မှ ချည်ခင်ဆေးဆိုး ကူကြသူတွေတော့ ရှိသည်။ ခါတိုင်း သီချင်းတအေးအေး၊ ဟေးဟေးဟားဟား ရှိကြသော ရက်ကန်းသမများပင် တိတ်ဆိတ်နေကြတာကလည်း ထူးတော့ထူးဆန်းသား။ မအိမ်ကံမေးမှ ပြောကြသည်။ မအိမ်ကံရယ်မှ ရယ်ကြသည်။ သည်လိုနှင့် တစ်ရက်က နှစ်ရက် ကူးလာခဲ့သည်။

နှစ်ရက်က

သုံးရက်ကူးလာခဲ့သည်။

မအိမ်ကံပင်

လူတွေနှင့်

အဟပ်ကွာသလို

ဖြစ်လာခဲ့သည်။

ကျေးဥကလည်း အနားရောက်မလာ။ မလှအုံကလည်း မရှိ တာများသည်။ အမေပန်းရုံကတော့ အခင်းထဲ အကြောင်းပြကာ အိမ်ကို မအိမ်ကံနှင့်လွှဲထားပြီး မကြာခဏ ပျောက်နေတတ်ပါ၏။ “ကျေးဥက ဘာတဲ့လဲ အမေ။ မလာတော့ဘူးတဲ့လား” “မကြာညွန့် သည်းနေလို့ သမီးရေ။ တောင်ရွာက ဆရာနဲ့ ကုနေရသာ။ မနက်ဖြန်တော့ လာကောင်းပါရဲ့။ လူမမာက ထူထူထောင်ထောင် ရှိလာပါပြီတဲ့” “ဟုတ်ပါရဲ့ အမေရယ်။ သမီးလည်း ၀တ္တရားပျက်လိုက် သာ။ အရီးကြာညွန့်ကိုတောင် သွားမမေးရဘူး။ သမီး သွားဦးမှပါ” “ကျေးဥ လာမှာပဲ သမီးရယ်။ သမီး မရောက်ပေမယ့် အမေ ရောက်ပါသယ်။ ဓာတ်စာဖိုးလေး၊ ဆေးဖိုးလေးတောင် ပေးခဲ့သေးသာကော။ ငါ့သမီးနားပါအေ၊ သမီးကြည့်ရသာ ပင်ပန်းလိုက်သာ။ လက်မလဲ ဆေးတွေစွန်းလို့” “ဆေးတွေစမ်းကြည့်နေသာ အမေရဲ့။ သမီးသဘောတော့ ပေါက်တောက်တောက် ဖြစ်နေပါပြီ” အမေပန်းရုံကိုလည်း ကွမ်းတောင်ကိုင်အကြောင်း မမေးချင်တော့။ မအေနှင့် စကားဆုံခိုက် သည်လောက်နှင့်ပြီးရသည်။

69


မအိမ်ကံ တစ်ယောက်တည်း အိပ်ရသည်ပင် သုံးညရှိခဲ့ပြီ။ ထိုညကတော့ လေပူကြီးတိုက်နေသဖြင့် ပူစပ်ပူလောင် ရှိလှ၏။ ဦးတန်ခူးဆိုသော်လည်း တပေါင်းအရှိန်မကုန်ချင်သေး။ နေ့လယ်နေ့ခင်းများ အပူတွေ လျှပ်လျှပ် ထနေခဲ့သည်။ မိုးခေါင်တော့ တွင်းရေ၊ ကန်ရေတွေပင် ခန်းချင်ချင်။ မအိမ်ကံ အိပ်မရသဖြင့် ပြတင်းပေါက်တွေဖွင့်ကာ နှီးယပ်တောင် ကလေး တဖျပ်ဖျပ်နှင့် နေရသည်။ အိမ်အောက်ထပ် နာရီကြီးဆီက ဆယ့်တစ်နာရီထိုးသံကြားနေရသည်။ တိတ်ဆိတ်သော ညမို့ စူးစူးကြီး ကျယ်လောင်လှသည်။ တောရွာတွေဆိုတော့ လုလင်ပြန်ချိန်ပေါ့။ လုလင်ပြန်ချိန် ကြက်ကြီးပင်တွန်ပြီ။ လုလင်ပြန်ချိန်ဆိုတာ ခေါင်းထဲဝင်လာတော့ မလှအုံ ဆိုဆို ပြသည့် သီချင်းလိုလို၊ ကဗျာလိုလို စာတွေကို မအိမ်ကံ သတိရမိသေး၏။ “စံပယ်သုံးကုံး၊ ညကကုံး၊ သုံးကုံးပြီးတောင် မောင် မလာ၊ ပြန်တော့ မင်းရှင် မင်းညိုစင်။ စပါးသုံးတင်း၊ ညကနင်း၊ သုံးတင်းပြီးတောင် မောင် မလာ၊ ပြန်တော့မင်းရှင်၊ မင်းညိုစင် ပြန်တော့မင်းရှင် မချမ်းခင်၊ လုလင်ပြန်တော့၊ ပြန် ပါတော့” ချစ်သူရည်းစားရှိသူ ကာလသားတွေကတော့ အပျိုတွေ စံပယ်ကုံးရာ၊ မောင်းထောင်းရာတွေမှာ ရစ်သီရစ်သီ ရှိကြလိမ့်မည်။ သူ့မှာတော့ ရည်းစားဆိုလို့ မူး၍ပင် ရှူစရာမရှိသေး။ မချမ်းမစီးခင် ပြန်ပါတော့မောင်လို့ ပြောရမည့်ကာလသားလည်း မရှိ။ ဟိုရက်တွေကတော့ မြင်းတစ်စီးနှင့် ကျောင်းဆရာကိုလူချောကို ပြန်ပါတော့ နှင်ခဲ့ဖူးပါ၏။ စဉ်းစားကြည့်တော့ သူကလည်း ချစ်သူမဟုတ်ရပါ။ သို့သော် မအိမ်ကံ သူ့ကို သတိတရ ရှိနေခဲ့တာ မအိမ်ကံပဲ သိပါသည်။ ဇာတ်မင်းသားထက်တောင် ချောသေးရဲ့ဆိုသူ မြို့သားကျောင်းဆရာကတော့ စံပယ်ဆယ်ကုံး၊ ညကကုံး၊ ဆယ်ကုံးပြီးတောင် ရောက်လာနိုင်စရာမရှိ။ မအိမ်ကံတစ်ယောက်တည်း တွေးရင်း ပြုံးမိရပါ၏။ ထိုစဉ်မှာပင် ငှက်ကြီးတစ်ကောင်၏ အတောင်ရုပ်သံကို မအိမ်ကံ ကြားလိုက်ရသည်။ အသံကြီးက ကြီးလှသဖြင့် မြင်နေကျ ငှက်တွေထဲကတော့ မဟုတ်နိုင်။ အိမ်ခေါင်ဆီက ထိုးစိုက်ဆင်းလာပြီး အတောင်ခတ်လျက် ပြန်သွားတာကို မအိမ်ကံ မြင်လိုက်ရသည်။ ခတ်လက်စ ယပ်တောင်ပင် ပြတင်းဝက ပြုတ်ကျသွားခဲ့ပါ၏။ မအိမ်ကံကိုယ်တိုင် ကြက်သီးတွေ နွေးခနဲ ထသွားသဖြင့် ဂုဏ်တော်ကို စိတ်မှမှတ်ရင်း ရွတ်နေမိ၏။ ငှက်ကြီးက ပဲမှော် တိုက်ဘက်ကို ပျံသွားတာတော့ သေချာသည်။ မမှားဘူးသာဆိုလျှင် ပဲမှော်တိုက် ပေါ်မှာ နားရာက မအိမ်ကံကို လှမ်းကြည့်နေလိမ့်မည်။ သည်ငှက်ကြီးကို မအိမ်ကံ မတွေ့ရတာ ကြာပြီ။ အပြင်ခန်းမှာ ဖိုးကူးတို့ ညီအစ်ကို ရှိမှန်းသိ၍ မကြောက်လှသော်လည်း မအိမ်ကံ ပြတင်းတံခါးတွေကို ပိတ်လိုက်လေသည်။ “ဂီး” တံခါးပိတ်လိုက်လို့လား၊

တိုက်ဆိုင်တာလားတော့

မသိ။

ငှက်အော်သံကြီးက

ရင်ဘတ်ကို

ဆောင့်တွန်းလိုက်သလို

ကျယ်လောင်လှသည်။ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံသရဏံ ဂစ္ဆာမိ” မအိမ်ကံမှာတော့

ချွေးအလူးလူး။

ညသည်ပိုမိုပူလောင်

လာသည်ဟုပင်

ထင်ရ၏။

ကမ္ဘာလောကထဲမှာ

မအိမ်ကံ

သူတစ်ယောက်တည်း ရှိနေသလို အားငယ်လွန်းလှသည်။ ကျေးဥရယ်လာပါတော့။ မအိမ်ကံ အိပ်ပျော်တော့ မိုးလင်းလုလေပြီ။ တစ်မနက်ခင်းလုံး

မအိမ်ကံ

အလုပ်တွေ

များနေခဲ့သည်။

အလှူအတွက်

ကူဖို့ပြုဖို့ဆိုကာ

ချည်စာရှင်းကြသူတွေ

ရက်ကန်းစင်ကို မလာနိုင်ကြတာကို မအိမ်ကံ နားလည်ပါ၏။ ရွာမှာ အလှူရှိလျှင် သည်လိုပဲ ၀ိုင်းကြ၀န်းကြရတာ မဟုတ်လား။ တကယ်ဆိုလျှင် အရီးထီတို့ အလှူအိမ်ကို မအိမ်ကံ ရောက်သင့်ပါ၏။ တစ်ခုထူးဆန်း နေတာက မအိမ်ကံကို ခါတိုင်းလို

70


အပျိုဖိတ် လာမကမ်းခြင်းပဲ ဖြစ်သည်။ အပျိုဖိတ် လက်ခံပြီးလျှင်တော့ အလှူအိမ်ကိုသွားကာ ကူရညီရတာ ရွာ့ထုံးစံ။ အခုတော့ မအိမ်ကံအတွက် အပျိုဖိတ်မလာ။ အလှူက အလှူကြီးမဟုတ်ဘဲ သားကြီးရှင်ဖြစ်ပဲ လှူရလို့လား။ ဒါမှ မဟုတ် မအိမ်ကံကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် ကိုင်ရမည့်သူမို့ တမင်နောက်ချန်ဖိတ်မည့် သဘောပေလား။ ညနေဘက်တော့ အလှူအိမ်သွားလိုက်ဦးမည်လို့ တေးထားလိုက်သည်။ မအိမ်ကံက ခြောက်သွေ့ပြီသား ချည်ခင်တွေကို ချည်စာရှင်းလျှင် အရန်သင့်စေဖို့ ဖိုးတုတ်နှင့် ဖိုးကူးတို့အား အားသန်သန်ဖြင့် ချည်ခင်တွေ ၀ါးလုံးလျှိုကာ ခပ်မြင့်မြင့်တန်းဆင် စေသည်။ ချည်အရောင်တွေကို ရက်ရမည့် ရက်ကန်းအဆင် အသွေး လိုက်ဖက်မှု ရှိမရှိ စိတ်ကူးဖြင့် တွဲဖက်ကြည့်သည်။ နဖူးမှ ချွေးကလေးများပင် တုတ်တုတ်ကျလေ၏။ “ရပြီ ဖိုးတုတ်ရော၊ ဖိုးကူးရော ထမင်းစားကြတော့။ မမကံ မစားသေးဘူး။ မောလွန်းလို့။ ရေချိုးပြီးမှ စားတော့မယ်” မအိမ်ကံမှာ

အလုပ်တွေသာ

ကျုံးလုပ်နေရသော်လည်း

စိတ်က

အလှူအိမ်

ရောက်နေခဲ့ပါ၏။

အလှူဝင်ရက်ပင်

လေးငါးရက်လောက် လိုတော့သည်။ မအိမ်ကံ စိတ်ထဲတစ်စုံ တစ်ရာ လွဲချော်နေပြီဆိုတာတော့ သိနေခဲ့ပြီ။ သို့သော် ဘာရယ် လို့တော့ မပြောတတ်နိုင်ပါ။ ကျေးဥပြန်ရောက်မလာ သေးတာလည်း သွေးရိုးသားရိုးမှ ဟုတ်ရဲ့လား။ ကျေးဥသာရှိလျှင် သည်သတင်းရအောင် စုံစမ်းခဲ့။ သတင်းမကြားမချင်း ပြန်မလာခဲ့နဲ့လို့ တွန်းလွှတ်လိုက်ရုံ။ အခုတော့ ကနေ့ညမှ ကျေးဥ လာအိပ်မည်ဆို၏။ လာချင်လာ မလာချင်နေ။ သည်ကနေ့တော့ မအိမ်ကံ သင်္ဘောစေ့လား၊ ငရုတ်ကောင်းလား ကွဲချင်ပြီ။ အလှူအိမ်ကို မသွားခင် မမစိမ်းမြဆီ ခဏ၀င်ရမည်။ မမစိမ်းမြရက်ကန်းစင်က အထည်ကလေးတွေ အဆင်ကောင်း လှကြောင်း မအိမ်ကံ ကြားထားတာကြာပြီ။ မမစိမ်းမြက တစ်ပိုင်တစ်နိုင်၊ ကိုယ်ပိုင်ရက်ကန်းစင်ကလေးရှိသည်။ စင်က ထွက်သမျှ သူ့ဖောက်သည်ကလေးနှင့်သူ သွင်းရသူဆိုတော့ မအိမ်ကံတို့လိုတော့ အင်အားမကြီးလှပါ။ မမစိမ်းမြဆီ ၀င် မည်ဆိုတော့ ခမျာ ကွမ်းတောင်ကိုင် လာဘ်ဦးလွဲခဲ့ရဖူးတာကိုလည်း သတိရမိပါ၏။ မနက် ဖက်စိမ်းကွမ်းတောင်ကိုင်တော့မည့် ဒင်္ဂမော် မိန်းမချော။ ညဘက် ဓားပြတိုက်ရာမှ လူသေရသဖြင့် အလှူရက် ရွှေ့ရာက မမစိမ်းမြပါ လာဘ်ဦး လွဲရသူအဖြစ် ဖက်စိမ်းကွမ်းတောင်ကိုင် ဘ၀က လျောကျခဲ့ ရတာကိုလည်း မအိမ်ကံ မမေ့ပါ။ မမစိမ်းမြခမျာ ဘယ်လို ခံစားရမည် မသိသော်လည်း

မအိမ်ကံပင်

ကြေကွဲခဲ့ရသည်။

သည်လိုစည်းကမ်းတွေ

ဘယ်သူကများ

လုပ်သွားတာပါလိမ့်။

ကွမ်းတောင်ကိုင်တစ်ယောက်ဖြစ်ဖို့ မလွယ်ကူနိုင်တာလည်း သိထားပါ၏။ သို့သော် သည်လောက်အထိ ရက်စက်သည့် စည်းကမ်းတွေကတော့ လွန်လွန်းသည်ထင်သည်။ ရေမိုးချိုးပြီး ထမင်းတောင် ကောင်းကောင်းမစားနိုင်ခဲ့ဘဲ မမစိမ်းမြတို့ အိမ်ဘက် ထွက်လာခဲ့သည်။ အိမ်မှာ အမေပန်းရုံနှင့် မလှအုံကို မတွေ့သဖြင့် အဖေ့ကို ပြောကာ ထွက်လာခဲ့ခြင်းဖြစ်၏ မအိမ်ကံ ရွာထဲမရောက်တာကြာပြီ။ ထွက်လက်စနှင့် မမစိမ်းမြအိမ်

ဝင်မည်။

အရီးကြာညွန့်အိမ်

ဝင်မည်။

ကျေးဥကိုဝင်ခေါ်ကာ

အလှူအိမ်သွား

မျက်နှာပြမည်။

သည်လောက်ဆိုလျှင် အလှူမဏ္ဍပ်ထိုးပြီးရော့မည်။ မဏ္ဍပ်ထဲ မှာ ကွမ်းတောင်ကိုင် အမည်စာရင်းတော့ ပေါက်နေလောက်ပြီ။ “မအိမ်ကံကတော့ ကွမ်းတောင်ကိုင်ဖို့ အ၀တ်အစားကအစ အထူး ရှာဖွေနေရမယ့် မိန်းကလေးမဟုတ်ပါဘူးဟယ်။ နီးမှ လက်ဖက်ချောင်းကမ်းရင်း ပြောလည်း ဖြစ်ပါသယ်”လို့များ ခပ်အေးအေး တွေးထားကြရော့လား။ မအိမ်ကံကလည်း ကွမ်းတောင်ကိုင် ဖိတ်ပါပြီဆိုသည်နှင့် ကျောက်စိမ်းရောင်ချိတ်နှင့် မြစိမ်းရောင်ပိုးလက်ရှည်ကလေးဝတ်ဖို့ စဉ်းစားထားပါ၏။ အမေပန်းရုံကြိုက်သည်ဆိုသော ကျောက်ရောင်စုံပါ ဘယက်ခွက်ကြီးကို ဆွဲမည်။ ကျောက်လက်ကောက်ကို တစ်ဖက် နှစ်ရန်စီဆို များများနေလေမလား။ “မအိမ်ကံ ဘယ်တုံးဟဲ့” လမ်းမှာ

ဖျင်တဘက်ကလေး

ခေါင်းပေါ်တင်ရင်း

လျှောက်လာသည့်

အရီးလုံးတင်က

မေးလိုက်သဖြင့်

မအိမ်ကံ

အတွေးပြတ်သွားရသည်။ အရီးလုံးတင်နှင့်အတူ မိန်းမကြီး သုံးလေးယောက်လည်း ပါသေးသည်။ လက်ထဲမှာ ကြက်သွန် နွှာဓားကိုယ်စီနှင့်။ အလှူအိမ်ကို ကြက်သွန်လှီးသွားကြမည့် သူတွေထင်ပါရဲ့။

71


“အလှူအိမ်ဘက်သွားမလို့ ရီးလုံးတင်။ မမစိမ်းမြတို့ အိမ်မတ်တတ်ခဏတော့ ၀င်စရာလေးရှိသေးလို့ ၀င်ဦးမှာပါ” “သြော် အေးအေး။ ရှင်ပန်းရုံကော နေကောင်းရဲ့လားဟဲ့” “ကောင်းသယ် ရီးလုံးတင်” “အေးအေး” မမစိမ်းမြတို့ အိမ်ဝိုင်းကြီးက ဆူးစည်းရိုးများ ကာရံလျက် သပ်သပ်ရပ်ရပ် ရှိလှသည်။ မ၀င်ခင်ကပင် ရက်ကန်းစင်က ခြူသံကလေးတွေ

ကြားနေရသည်။

မမစိမ်းမြက

ရက်ကန်းစင်နှင့်ဝေးဝေး

သရက်ပင်ကြီးအောက်က

ကွပ်ပျစ်မှာ

အထည်ပုံတွေကြား ညပ်နေသည်။ မအိမ်ကံကို လှမ်းမြင်လိုက် တော့ “မအိမ်ကံရေ သည်ကိုလာဟေ့”လို့ လှမ်းခေါ်သည်။ မလာစဖူး အလာထူးလို့ အံ့သြနေပုံရပါ၏။ မျက်နှာကလေး ပြုံးထားတာကလည်း ချစ်စရာကောင်းလှသည်။ မမစိမ်းမြ လှတုံးပါလား။ မအိမ်ကံက ကွပ်ပျစ်စွန်းမှာ ၀င်ထိုင်ရင်း ပုဆိုးဆင်ကလေးတွေ လိုက်ကြည့်သည်။ “မမစိမ်းမြရေ... မမစိမ်းမြအထည်ကလေးတွေ လှလို့ တဲ့၊ မအိမ်ကံကို ပြောကြလွန်းလို့ လိုက်လာသာ။ ပြောလည်း ပြောလောက်ပါရဲ့။ လှလည်းလှပါရဲ့။ မြင်သာနဲ့ ခတ်ချက် နာမှန်း သိသာလိုက်သာတော်” မမစိမ်းမြက စည်းနှောင်ထားသည့် အစည်းတွေကို ဖြေ ဖြန့်ပြသည်။ တစ်ထည်ချင်း စေ့စေ့ပေါက်ပေါက် ကြည့်နိုင်ရန် ဖြစ်ပါ၏။ မအိမ်ကံ အထည်တွေကို ကြည့်နေသလို မမစိမ်းမြ ကလည်း မအိမ်ကံကို ငေးနေခဲ့သည်။ လှလိုက်တဲ့ မိန်းမချော ရယ်။ ညည်းနှယ် ဖြစ်ရလေလို့လည်း တွေးနေပုံရသည်။ အထည်တွေကို ငုံ့ကြည့်နေတော့ မအိမ်ကံ မျက်တောင်ရှည် ကြီးတွေက ကော့ညွှတ်လွန်းလှသည်။ သနပ်ခါးရေကျဲ ကလေးလူးထားတာပေမယ့် အသားအရေက သနပ်ခါးဝါ၀ါ ကို ဖောက်ထွက်နေသလို ၀င်းစက်ကြည်လင်လွန်းလှသည်။ အလှဆုံးကတော့ နှုတ်ခမ်းကလေးများပင်။ လက်မောင်းဆင်း လှသလောက် ရင်ကလေးချီချီကလည်း မိုးစင်သည့်ပန်းလို့ ပွင့်လန်းလှလေခြင်း။ မအိမ်ကံ မော့လိုက်တော့ မမစိမ်းမြက ပြုံးပြုံးကလေး ငေးကြည့်နေသည်။ “သည်အဆင်ကလေးတွေက မမစိမ်းမြ ထွင်သာလား ဟင်။ အဆင်ကူးရင် မမစိမ်းမြ ကြိုက်ပါ့မလားမသိဘူး။ မအိမ်ကံ ရက်ကြည့်ချင်လိုက်သာ” “ကူးပါအေ။ မမထွင်သာရယ်လို့တော့ မဟုတ်ပါဘူး။ စမ်းရက်ကြည့်ရာက အဆင်ပြေသွားသာပါ။ ဟိုဘက်ရွာတွေကလည်း သည်လိုအဆင်ကူးရက်ကြသာပါပဲ။ မမကလည်း ယူရသာပဲ။ မအိမ်ကံ စင်က အဆင်ကလေးတွေတောင် ယူရက်ချင်သေးသာ။ မအိမ်ကံက မျက်စိရေးပိုတတ်ပါသယ်” “ယူပါ မမစိမ်းမြရဲ့။ အိမ်ကိုလာခဲ့ပါဦး” ထိုစဉ်မှာပင် မစိမ်းမြတို့ အိမ်ဝိုင်းဝမှာ အမျိုးသမီးကြီး တစ်ယောက်ရပ်နေတာကို လှမ်းမြင်လိုက်ကြရသည်။ မစိမ်း မြက လှမ်းခေါ်လိုက်တော့ သရက်ပင်ရိပ်ကို တောက်လျှောက် ၀င်လာခဲ့၏။ မျက်နှာက မကြည်မသာ။ မအိမ်ကံက အထည် တွေကို တစ်ထည်ချင်း ကောက်ကိုင်ကာ နေရောင်မှာ ထောင်အကြည့်၊ သူ့ကို စိမ်းစိမ်းကားကား ကြည့်နေသည့် မျက်လုံး တွေကို သတိထားလိုက်မိသည်။ အို ဘယ်နှယ့်ပါလိမ့်။ “ကြီးတော်စံရွှေ ဘယ်ကလှည့်လာသာတုံး။ နေပူလိုက်သာ ထိုင်ပါဦး” မစိမ်းမြက ထိုင်ခိုင်းသော်လည်း ကွပ်ပျစ်မှာ ၀င်မထိုင်ဘဲ မအိမ်ကံကိုသာ စိုက်ကြည့်နေတာကို သတိထားလိုက်မိတော့

72


မစိမ်းမြသည်ပင် အားနာသွားခဲ့သည်။ ကြီးတော်စံရွှေက သည်လိုပဲ မျက်နှာထားဆိုးနေကျဆိုတော့လည်း ဘာရယ်လို့ မခန့်မှန်းနိုင်။ “သာအောင့်အတွက် ပုဆိုးဆင်ကလေး လာကြည့်သာပါ အေ။ ညည်းစင်က အဆင်တွေကောင်းလှဆိုလို့ လေး၊ ငါး ကွင်း ယူမလားလို့။ သည်ကောင်က မအေ့နို့နံ့တောင် မစင်ချင်သေးဘူး လူပျိုလုပ်ချင်ပြီကော စိမ်းမြရဲ့” မအိမ်ကံပင် တောင့်ခနဲ ဖြစ်သွားခဲ့သည်။ မအေ့နို့နံ့ မစင်သေးဘဲ လူပျိုလုပ်ချင်တယ်ဆိုတာ သာအောင်နှင့် နှစ်ကိုယ် တွေ့ခဲ့ကြတာကိုများ ပြောချင်ရော့လား။ မအိမ်ကံက ဣနြေ္ဒ မပျက်အောင် အထည်တစ်ထည် ကောက်ယူပြန်ကာ လက်နှင့် ပွတ်ကြည့်နေလိုက်သည်။ မစိမ်းမြကတော့ ပြောရိုးပြောစဉ် ပြောနေတာပဲလို့ ထင်ပုံရသည်။ “သာအောင်က နှစ်ဆယ်ကျော်ပြီ မှုတ်လားကြီးတော်ရဲ့။ သည်ခေတ် အသက်နှစ်ဆယ် မငယ်တော့ပါဘူး။ ကြားရ သလောက်လည်း လိမ္မာရှာသားပဲ။ ထိုင်ပါဦး ကြီးတော်ရဲ့ မတ်တတ်ကြီး”

ကြီးတော်စံရွှေက မလှုပ်။ မျက်လုံးတွေက မအိမ်ကံ ကိုသာ ကြည့်နေခဲ့သည်။ မအိမ်ကံက မော့မကြည့်သော်လည်း သူ့ကို ကြည့်နေတာကို စိတ်ထဲက သိနေပါ၏။ ရင်ထဲမှာလည်း ဖျင်းခနဲ စူးခနဲ ခံစားနေရသည်။ မအိမ်ကံကို ထိပါးသည့် စကားတစ်ခွန်းမှ မပါသေးသော်လည်း ထိပါးနေသလို ခံစား နေမိရပါ၏။ “နှစ်ဆယ်တော့ နှစ်ဆယ်ပေါ့အေ။ မိဘများမတော့ ကိုယ့် သားသမီးငယ်သေးသယ် အောက်မေ့သာချည်းပဲ။ အကြီး ကောင်သာမောင်ကို ဂွမ်းဖြူနဲ့ပေးစားသအေ၊ အလတ်ကောင် သာဆောင်ကို ခင်အိနဲ့ ပေးစားသအေ၊ ငါကိုယ်တိုင်ရွေးဆယ် ပေးစားထားသာ စိမ်းမြရဲ့။ ကွမ်းတောင်ကိုင် ခေါင်ဆိုသာတွေ နဲ့ ပေးစားသာ ရွာလုံးသိ၊ နယ်လုံးသိ” “သိပါသယ်ကြီးတော်ရဲ့။ အခုက ဘာဖြစ်လို့လဲ” “ဘာဖြစ်ရမှာတုံး စိမ်းမြရဲ့။ အခုဟာက သည်ကောင်က မိဘလက်နဲ့ရေးသာ ခြေနဲ့ဖျက်ချင်သာကောအေ့။ မိန်းမတွေ ကလည်း သာအောင့်လိုချင်တော့ မျက်နှာကလေးဗန်းပြ၊ ဟိုကောင်ကလည်း ဖျာလိပ်ထဲ ခွေးဝင်ရုန်းမရဘူးနဲ့တူပါရဲ့။ ဖွဲထောင်းလို့ ဆန်ကောင်းရပါ့မလားအေ့” မစိမ်းမြက အသံကြီးအောအောနှင့် ရန်တွေ့သလို ပြောနေ သည့် ကြီးတော်စံရွှေကို နားမလည်နိုင်သလိုသာ ကြည့်နေမိ သည်။ ၀ိုင်းတိုက်ထဲ မလာစဖူးရောက်လာသည့် မအိမ်ကံ။ မအိမ်ကံနှင့် မရှေးမနှောင်း ရောက်လာသည့် ကြီးတော်စံရွှေ။ ကြီးတော်စံရွှေ ပြောနေသည့် စကားတွေကလည်း တစ်စထက် တစ်စရင့်သီးလာသည်။ မအိမ်ကံကိုများ ပြောနေတာလား။ မအိမ်ကံကို စောင်းမြောင်းပြောရအောင် မအိမ်ကံက စာရိတ္တ ကောင်းသူဖြစ်ရုံမက သူကြီးသမီးဆိုသည့် ဂုဏ်ဒြပ်ကြီးသူ ကလေး ဖြစ်သည်။ ကိုယ့်ရွာသူအချင်းချင်း ဆိုပေသိ အနေချင်း မနီးတာသာရှိချင်ရှိမည်။ ရွာကလေးငယ်ငယ်မှာ ဘယ်အရာ ဘယ်ကိစ္စမှ ထိန်းဝှက်ထားချင်လို့ မရနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူ့ဝိုင်းတိုက်ထဲမှာ စာရင်းလာရှင်းကြတာမျိုး အဖြစ်မခံနိုင်။ တစ်ဦးက ငွေကြေးချမ်းသာသူ၊ တစ်ဦးက သူကြီးသမီး။ စကားနည်းရာ နည်းကြောင်း ပြောလိုက်သည်။ “ကြီးတော်ရယ် တော်ပါတော့။ ကြိုက်တဲ့အဆင်သာရွေး ပါ။ ယူသွားပါ။ ကြုံတော့မှ ပေးသာပေါ့” ထိုအခါ ကြီးတော်စံရွှေက မတ်တတ်ရပ်နေတာ ညောင်းသွားဟန်ဖြင့် မြေပေါ်ငုတ်တုတ်ထိုင်ချလိုက်သည်။ သည်တော့ ကွပ်ပျစ်ပေါ် ထိုင်နေကြသည့် ငယ်ရွယ်သူ မစိမ်းမြရော၊ မအိမ်ကံပါ အနေကျုံ့ကြရတော့သည်။ မအိမ်ကံက ချက်ချင်း မြေပေါ်ဆင်းထိုင်လိုက်သည်။

73


“ကြီးတော်စံရွှေရယ် မဟုတ်သာ။ အပေါ်ထိုင်ပါ။ ကျွန်မ တို့ ငရဲငအုံကြီးနေပါ့မယ်” မအိမ်ကံက

အသံကိုထိန်းပြီး

ခပ်အေးအေးပဲ

ပြောလိုက်သည်။

ကြီးတော်စံရွှေက

စကားဝိုင်းထဲ

မအိမ်ကံအ၀င်ကို

စောင့်နေသူဆိုတော့ ချက်ချင်းတုံ့ပြန်လေတော့သည်။ မျက်နှာ ကြီးက ကြောက်စရာကောင်းလောက်အောင် မည်းပုပ်နေ သည်။ ပါးစပ်က ပြောချင်ဇောဖြင့် တဆတ်ဆတ် လှုပ်နေသည်။ မျက်လုံးတွေက မီးလျှံတွေ ထွက်နေသလို တောက် လောင်လျက်ရှိပါ၏။ “ညည်းကို ကန်တော့ချင်လို့ပါအေ။ လုံးတင်တို့က ညည်း သည်ဘက်သွားသယ်ဆိုလို့ လိုက်လာသာ။ ညည်းငါ့သားနဲ့ ကင်းကင်းရှင်းရှင်းနေပါ။ ကန်တော့ဆိုရင် ကန်တော့ပါရဲ့အေ။ ငါ့သားက ဖက်စိမ်းကွမ်းတောင် ကိုင်မယ့်သူနဲ့ တန်းထားသာ အေ့။ ညည်းက ဆင်ပေါက်ဆိုပြီး ကောက်ရိုးခိုးစားလို့အေ” မစိမ်းမြရော၊ မအိမ်ကံပါ အံ့သြခြင်းကြီးစွာဖြင့် ကျဉ်ခနဲ ထုံသွားခဲ့ကြပါ၏။ အထူးသဖြင့် မအိမ်ကံက သူ့ကိုရည်ရွယ်ပြီး ပြောနေမှန်း မသိခဲ့ရိုး အမှန်။ အခုတော့ စော်ကားလွန်းပြီ။ မအိမ်ကံတစ်ကိုယ်လုံး သွေးတွေဆူလာခဲ့ကာ တပွက်ပွက် မြည်သံပင် ကြားရမတတ် ရှိလာခဲ့သည်။ မအိမ်ကံ ဘ၀တစ် လျှောက်လုံး ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ ရွေးကြီး တစ်ရွေးသား အတင်မခံခဲ့သူ။ ကိုယ်တိုင်က မတရားမရှိခဲ့သလို မတရားတာကိုလည်း နှမ်းတစ်စေ့မခံခဲ့သူ။ သို့ပေသိ အခုကိစ္စက အကျယ်အကျယ်ဖြစ်လို့ မကောင်းတာကို သတိရ လိုက်သည်။ ရက်ကန်းသံတွေ ရှိသည်။ သည်နေရာက အိမ်မကြီးနှင့် ဝေးသည်။ သည်ကိစ္စ သူမဟုတ်ကြောင်း ရှင်း ပြလိုက်လျှင် သည်မှာတင်ပြီးနိုင်သည်။ မအိမ်ကံက ဒေါသကို ထိန်းရင်း ခပ်တိုးတိုး ပြောလိုက်သည်။ “ကြီးတော်ရယ် မဟုတ်သဲ့ စကားမပြောပါနဲ့။ သာအောင်နဲ့ ကျွန်မ ဘာမှလည်း မဖြစ်ရပါလား။ ကြီးတော်ပေးစားချင်သူပေးစားပါ။ သည်စကား သည်မှာတင် ပြီးပါရစေတော့” ကြီးတော်စံရွှေက ဆတ်ခနဲ ပြန်ရပ်ပြန်သည်။ မစိမ်းမြ ကလည်း မတ်တတ်ရပ်လိုက်ပြီး ကြီးတော်စံရွှေကို တောင်းပန်သည်။ အေးအေးဆေးဆေးပြောဖို့ နားချသည်။ “ညည်းစကားလားအေ ဖွဲထောင်းလို့ ဆန်မထွက်။ ရွာက မိန်းကလေးတွေ စင်ထောင်ပေးပြီး ငါ့စီးပွားလည်း ပြိုင်သေး၊ ငါ့သားလည်း ချိုင်သေး။ ညည်းမှတ်ထားလိုက် ငါ့သားက” မအိမ်ကံက

သည့်ထက်ဆိုးလာလျှင်

ဘာလုပ်ရမလဲ

စဉ်းစားထားသည်။

မနီးမဝေးမှာ

တောခုတ်သည့်

ပိဿာစီး

ဓားတစ်လက်ရှိနေတာ မြင်လိုက်သည်။ သည်ကနေ့တော့ သွေးမြင်ရမှပြီးရမှာ ထင်ပါရဲ့။ “ကိုင်းပါ ကြီးတော်ရယ် တိုးတိုးလုပ်ပါ။ မအိမ်ကံတို့ ကလည်း ဂုဏ်နဲ့ဒြပ်နဲ့ပါ” မစိမ်းမြက စကားဝင်ဖြတ်ပြီး တောင်းပန်သော်လည်း ကြီးတော်စံရွှေက မရပါ။ ပြောစရာရှိတာပြောပြီးမှ ပြန်မည့်ပုံ။ မအိမ်ကံက သည်မှာဆက်နေလို့ မကောင်းတော့မှန်း သဘောပေါက်လိုက်ကာ မတ်တတ်ထရပ်လိုက်သည်။ ထိုအခါ မတ်တတ်ရပ်နေသည့် ကြီးတော်စံရွှေနှင့် ယှဉ်ရပ် လိုက်သလို ဖြစ်သွားတော့သည်။ “ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူရမှာအေ့။ ညည်းရုပ်က ပပ၀တီလောက် ချောတယ်ပဲပြောပြော၊ နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ၊ ညည်း သည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး။ ညည်းမိဘက ငယ်လင်ငယ်မယား မဟုတ်လို့ ညည်း ဖြစ်စရာလည်း အကြောင်းမရှိဘူး။ ငါ့သားနဲ့များ ဝေးပါသေး ရဲ့အေ” မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။ မအိမ်ကံမှ မဟုတ်ပါ။ မစိမ်းမြပင် အားနာခြင်းကြီးစွာဖြင့် ကြီးတော်စံရွှေကို

74


ဒေါသဖြင့်ရင်ဆိုင်ရန်

မျက်နှာချင်း

ဆိုင်လိုက်သည်။

မိန်းမသားသုံးယောက်စလုံး၏

ဒေါသတွေက

အနိမ့်အမြင့်

မညီကြသော်လည်း မအိမ်ကံ၏ဒေါသကို မည်သူမျှ မီလောက်စရာ မရှိတော့။ မအိမ်ကံက ပိဿာစီးဓားကြီးကို ပြေးဆွဲဖို့ ဆုံးဖြတ်လိုက်လေပြီ။ ချက်ချင်းလိုလို လှစ်ခနဲပြေးကာ ပိုင်ပိုင်ကြီး ဆုပ်ကိုင်ရင်း ပြေးလာခဲ့သည်။ မစိမ်းမြက “မအိမ်ကံ မလုပ်နဲ့”

လို့အော်ရင်း

မအိမ်ကံရှေ့က

ဆီးတားသည်။

မအိမ်ကံကိုလည်း

လုံးဖက်လိုက်သည်။

ကြီးတော်စံရွှေက

အခြေအနေမလှကြောင်း သိသည်နှင့် ချွေးခံအင်္ကျီအိတ်ထဲက ပစ္စည်းတစ်ခု ကပျာကယာ ထုတ်ယူလိုက်ပြီး ကွပ်ပျစ်ပေါ် ပစ်ချလိုက်သည်။ မအိမ်ကံက ရုန်းသော်လည်း မစိမ်းမြက မလွှတ်။ ဓားကိုင်ထားသော်လည်း မခုတ်သာ ဖြစ်နေရတော့သည်။ “ရော့ ညည်းပစ္စည်း ညည်းယူ။ သာအောင့် သေတ္တာထဲ ကတွေ့သာ။ ညည်း မငြင်းပါနဲ့တော့အေ” ကြီးတော်စံရွှေက ပြောပြောပြေးပြေး ထွက်သွားသည့် အခါမှာတော့ မအိမ်ကံ ကျောက်ရုပ်တစ်ရုပ်လို တောင့်နေခဲ့သည်။ စကားတစ်ခွန်း

မဟနိုင်ခဲ့ဘဲ

ဓားမတိုကိုင်လျက်က

ငုတ်တုတ်အရှုံးပေးလိုက်ရပါပကော။

ကွပ်ပျစ်ပေါ်က

အရာကို

မအိမ်ကံရော မစိမ်းမြပါ ကြည့်နေကြဆဲ။ မအိမ်ကံက ပစ္စည်းကလေးကို တုန်ရီနေသော လက်များဖြင့် ကောက်ယူလိုက်သည်။ မျက်ရည်တွေက တပေါက်ပေါက်။ အံ့သြခြင်းကြီးစွာ နှုတ်ကပင် အသံထွက်သွားခဲ့ရပါ၏။ “ဘုရား ဘုရား” ၁၈။ ဘုရား ... ဘုရား ဘုရားကို အကြိမ်ကြိမ် တနေမိတာကိုပဲ မအိမ်ကံ နောက်ဆုံး သတိ ရလိုက်တော့သည်။ အသည်းအဆုတ် တစ်မြုံလုံးကို ဘီလူးသဘက် တစ်ကောင် သွားစွယ်ဖြင့် ကိုက်ခဲ လိုက်သလို လှပ်ခနဲ ကျင်တက် သွားသည့် ဝေဒနာက ပြင်းထန်လွန်းလှ၏။ ကိုယ်ကျင့်တရားနှင့် ပတ်သက်၍ သည်အရွယ်အထိ မုန်ညင်းတစ်စေ့စာမျှ ထိပါးစော်ကားခြင်း မခံရဘူးသည့် အပျိုစင် မိန်းကလေးတစ်ယောက်အဖို့ရာ စွပ်စွဲချက်တွေက အဆိပ်လူးမြားဒဏ်ကြောင့် တရှိန်ရှိန်ပြန့်လာသော အဆိပ်ဓာတ်များပမာ တစ်ကိုယ်လုံး စီးဆင်းလျက် ရှိလေသည်။ ရှက်ခြင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း များနှင့်အတူ နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ဒေါသဖြစ်ခြင်းတို့ ပူးပေါင်းသွားကြရာက အမျိုး အမည် မပြောနိုင်သော ခံစားမှု တစ်မျိုး ဦးနှောက်ကို ဆောင့်တိုး လိုက်သည့်ခဏ မအိမ်ကံလည်း ဖြေချလိုက်သော ခေါင်းခုစုတ်ကဲ့သို့ ခွေခနဲ ပုံကျသွား လေတော့သည်။

မအိမ်ကံ

လက်ထဲကမွမွကြေနေသော

လက်ကိုင်ပ၀ါကလေးသည်လည်း

မအိမ်ကံနှင့်

အတူပင်

မြေပေါ်ကျသွားခဲ့သည်။ မအိမ်ကံကိုတော့ မစိမ်းမြက အလိုက်သင့် ဖက်လိုက် သဖြင့်သာ ပြိုကျမသွားခဲ့ခြင်း ဖြစ်ပါ၏။ “ဟဲ့ ဟဲ့ လုပ်ကြပါဦး။ မအိမ်ကံ ငါ့ညီမ သတိ ထားပါဦး။ အထဲက အေးလှတို့၊ ထွေးတင်တို့ လာကြပါဦးဟေ့” မစိမ်းမြ အော်သံက ရက်ကန်းခတ်သံ တဂျောင်းဂျောင်း၊ ခြူသံ တချွင်ချွင်ကြား ပေါက်သွားပုံရပါ၏။ ရက်ကန်းခတ် နေသူ မိန်းကလေး သုံး၊ လေးယောက် ပြေးလာကြသည်။ မအိမ်ကံကို ကွပ်ပျစ်ပေါ် အလိုက်သင့် ပွေ့ချကြကာ ယပ်ခတ် ပေးကြသည်။ တစ်ယောက်က ထုံးနှင့် လျက်ဆားကို လက်ဖ၀ါးပြင်ချင်း ပူနေအောင်ပွတ်ကာ မအိမ်ကံကို ရှူစေသည်။ မအိမ်ကံခမျာ သတိလက်လွတ်ဖြစ်နေသော်လည်း ဒေါသတွေ အရှိန်ပြေသေးဟန်မတူ။ ရင်ကလေး မောက်ချည်နိမ့်ချည်ဖြင့် အသက်ရှူ မမှန်သလို ဖြစ်နေသည်။ ချွေးကလေးတွေ ပြန်တက်လာကာ မျက်နှာတစ်ပြင်လုံး ပုစွန်ဆီရောင် ပြေးလျက် ရှိ၏။ ရှည်သွယ်သွယ်လက်ချောင်းကလေးတွေက ဖြေမရ လောက်အောင် ကုပ်ကုပ်ကွေးကွေး ဆုပ်ထားသည့်အတွက် မစိမ်းမြက အားနှင့်ညှစ်ကာ ဖြန့်ပေးနေရသည်။ “မအိမ်ကံ မအိမ်ကံ။ ငါ့ညီမ ဟဲ့ တစ်ယောက်ပြေးစမ်း။ ရီးပန်းရုံတို့၊ မလှအုံတို့ကို သွားပြောချေ။ ဖြစ်ရလေအေ။ ကြီးတော်စံရွှေဟာလေ အသက်လည်းကြီးပါပြီ။ ပြောရင်လည်း ငရဲကြီးရော့မယ်။ မအိမ်ကံ ညီမလေး” မစိမ်းမြက မအိမ်ကံကို လည်းခေါ်၊ မအိမ်ကံတို့ အိမ်ကိုလည်း အကြောင်းကြားခိုင်း၊ ဒေါ်စံရွှေကိုလည်း အပြစ်တင်လျက် စိတ်တွေပူနေရှာပါသည်။ မအိမ်ကံကတော့ ကြိုးတွေ လျှော့လိုက်သော ရုပ်သေးမင်းသမီး ရုပ်ကလေးပမာ ပုံ့ပုံ့ ကလေး ငြိမ်သက်လျက်ရှိလေသည်။ မအိမ်ကံတို့ အိမ်ကို မိန်းကလေးနှစ်ယောက် ပြေးကြသည်။

75


“မအိမ်ကံ... မအိမ်ကံ... သတိရပြီလား မအိမ်ကံ” “မအိမ်ကံ...

မအိမ်ကံ...

သမီး...

မအိမ်ကံ...

သတိထားလေ

သမီး။

ဖိုးကူး

အိမ်ပေါ်ဘုရားစင်မှာ

ပရိတ်တော်

ရေပုလင်းတက်ယူစမ်း။ လှအုံ ခါးကထဘီကို လျှော့ပေး။ ဖိုးတုတ် အပြင်ထွက်စမ်း။ ဆရာဆောင် သွားပင့်ချေ။ ကျေးဥ အင်္ကျီအပေါ်ကြယ်သီးတွေ ဖြုတ်ပေးစမ်းဟဲ့။ မြနှစ်က ခေါင်းကို ယပ်ခတ်စမ်း။ အေးနေအောင်ခပ်၊ ငါကသွေးဆေးနံ့ ပေးထားမယ်” အမေပန်းရုံက သမီး သည်လိုဖြစ်လာလျှင် သည်လို ကုရမည်ဆိုတာ ကြိုသိထားသလို အနားရှိသည့် လူတွေကို အော်ဟစ် နေခဲ့ရှာသည်။ မအိမ်ကံကို မစိမ်းမြတို့ ၀ိုင်းတိုက်ဆီက လှည်းနှင့် ပွေ့တင် ယူခဲ့ကြခြင်းဖြစ်၏။ မအိမ်ကံအခန်းပေါ် အရောက် မတင်ဘဲ အိမ်အောက်ထပ် အေးကုတင်ကျယ်ကျယ် ကြီးပေါ် အသာလှဲစေကာ သတိလည်အောင် ပြုစုနေကြ ခြင်းဖြစ်၏။ ဖခင်ဖြစ်သူ သူကြီးမင်း မရှိ၍သာတော်တော့သည်။ ဒါတောင် ပြန်လာလျှင် ဘာပြောဦးမည်မသိ။ ဒေါ်စံရွှေတို့ ၀ိုင်းတိုက်ဘက် နှစ်လုံးပြူးနှင့် လိုက်သွားမှာကိုလည်း ကြောက်ရသေးသည်။ သမီးဇောနှင့် ထင်မိထင်ရာ လုပ်လိုက် ပြန်လျှင် စိတ်မချမ်းသာ စရာတွေ ဆက်တိုက်ကြုံရမှာကို အမေ ပန်းရုံစိုးပါ၏။ ဖအေပြန်မလာခင် သမီး သတိပြန်လည်ပါစေ လို့သာ ပူပူပန်ပန် ဆုတောင်းနေမိရှာသည်။ ကျေးဥက အိမ်ရှေ့ဝင်းတံခါးကြီးကို ပြေးပိတ်သည်။ ယောက်ျားသားတွေ ၀င်လာမှာစိုး၍ ဖြစ်သည်။ မအိမ်ကံဝတ်စားထားသမျှ ဖြေလျော့ထားသည် မဟုတ်လား။ ဆရာ ဆောင် ၀င်လာကာနီးမှ လုံလုံခြုံခြုံ ပြန်ဝတ်ကြသည်။ “သမီး မအိမ်ကံ သတိရပြီလားသမီး။ မအိမ်ကံ ကလေးမ” ဇောင်ချမ်းကုန်းတစ်ရွာလုံး မအိမ်ကံ တစ်ယောက် သတိမေ့သွားလို့တဲ့ဆိုသည့် စကားကစကာ မစိမ်းမြတို့ ၀ိုင်းတိုက်ထဲမှာ ဒေါ်စံရွှေနှင့် ခွန်းကြီး ခွန်းငယ်ပင် ဖြစ်ကြသည့် အကြောင်း၊ ဖြစ်ရသည့် အကြောင်းကလည်း မအိမ်ကံ၏ လက်ကိုင်ပ၀ါကို ဒေါ်စံရွှေသား မောင်သာအောင့် သေတ္တာ ထဲက တွေ့၍ဖြစ်ကြောင်း၊ ဖက်စိမ်း ကွမ်းတောင်ကိုင်ခွင့် ရသူကိုမှ သားများနှင့် လက်ဆက်စေခဲ့သူ ဆိုတော့ မအိမ်ကံ နှင့် သဘောမတူသည့် စကားကို ရက်ရက်စက်စက် ပြောခဲ့သည့်အကြောင်း၊ မအိမ်ကံခမျာ ခိုးထုပ်ခိုးထည်ဖြင့် အမိခံ လိုက်ရသကဲ့သို့ ခွန်းတုံ့မပြန်နိုင်ရှာဘဲ ခေါင်းငုံ့ခံခဲ့ရသည့် အကြောင်း စသည်ဖြင့် အကြောင်းပေါင်းများစွာတို့သည် လေပွေမွှေ့ရာပါလာသည့် ရွက်ခြောက်များကဲ့သို့ ဆောက်တည် ရာမရ ရှိနေခဲ့သည်။ တချို့ကလည်း သည်စကားတွေကို နားမ၀င်ကြပါ။ မအိမ်ကံ၏ ကာဣနြေ္ဒနှင့် ကိုယ်ကျင့်တရားကို ယုံကြည်ကြ၍ ဖြစ်၏။ မအိမ်ကံနှင့် မောင်သာအောင် ဘယ်လိုမှ အကြောင်း ဆက်စပ်၍ မရကြဘဲ၊ ဒေါ်စံရွှေကိုသာ အပြစ်တင်ကြသည်။ သို့သော်လည်း ထောင့်စွန်းမှာ ပိုးချည်ဖြင့် မအိမ်ကံလို့ ထိုးထားသော လက်ကိုင်ပ၀ါ တစ်ထည်က ဘာကြောင့်သာအောင့် သေတ္တာထဲ ရောက်ရသလဲ ဆိုတာကိုတော့ မည်သူမှကျန ရေလည်အောင် ရှင်းမပြနိုင်ကြ။ အပျို့လက်ကိုင်ပ၀ါ တစ်ထည် လူပျို့သံသေတ္တာထဲ ရောက်နေရသည် ဆိုတာကပင် ပဟေဠိ ဆန်သော ပုစ္ဆာတစ်ပုဒ်ပင်။ သည်ကိစ္စက ကာယကံရှင်များ ဖြစ်သော မအိမ်ကံမှပဲ သိလိမ့်မည်။ မောင်သာအောင်မှပဲ သိလိမ့်မည်။ ဆရာဆောင် ကြွလာတော့ မအိမ်ကံကို ကြည့်သည်။ လက်သွေးကြော စမ်းသည်။ ဆံပင်ကို ဖြန့်စေကာ စောင်ပါးပါး တစ်ထည်လွှားစေသည်။ မိန်းမပျိုဆိုတော့ အမြင်တင့်တယ် အောင်အရင်ဆောင်ရွက်ခြင်းဖြစ်၏။ ဆရာဆောင်က မလှအုံကို ဆေးမှုန့် တစ်မျိုးကို စက္ကူလိပ်သေးသေး ကတော့ထိုးစေကာ နှာမှုတ်စေသည်။ “အလွန်ပြင်းသဲ့ နှာမှုတ်ဆေး ပေါ့ကွယ်။ မိန်၊ ဆေးဒန်း၊ ကန့်နဲ့ ဟင်းရိုင်းများနဲ့ ဖော်ထားသာ။ အာကာသမရသူ၊ မူးမေ့ သူ၊ သတိလစ်သူ၊ အကြောတက်သူ၊ ၀က်ရူး ကြက်ရူးပြန်သူ၊ မီးယပ် သွေးတက်သူတွေ ဒါသုံးသာပဲ။ ယုတ်စွပြောရစေတော့ စုန်း၊ တစ္ဆေပူးရင်တောင် လွင့်စင်သာများ အာဂမှတ်လို့...”

76


မှန်လည်း မှန်ပါ၏။ မလှအုံက နှာမှုတ်သွင်းပေးလိုက်သည့် တခဏ မအိမ်ကံ အင်းခနဲ ညည်းကာ လှုပ်လာသည်။ မျက်လုံးတွေတော့

မပွင့်ကြသေး။

ချွေးတိတ်သွားရာက

အေးစက်စက်နေသော

မအိမ်ကံမှာ

ဆေးအာနိသင်ကြောင့်

ချွေးကလေးများပင် စို့လာခဲ့သည်။ ဆရာဆောင်က လိမ်းဆေး၊ ရှူဆေး၊ မှိုင်းဆေးဟူ၍သုံးမျိုးပေးသည်။ မှိုင်းဆေးကတော့ မှိုင်းခံ၍ ရှူစေရန်ဖြစ်သည်။ လျှာပွတ်ဆေးခွံ့သည့်အခါ မအိမ်ကံမျက်လုံးတွေ ပွင့်လာခဲ့လေပြီ။ သတိလည်လာတာ တော့ ဟုတ်ပုံမရ။ “သမီး မအိမ်ကံ သတိရပြီလား။ အမေလေ အမေပန်းရုံ သိသလား” ဆရာဆောင်က နံ့သာဖြူရည်ကျဲဖြင့် လိမ်းရမည့်ဆေးတွေ ပေးခဲ့သည်။ ရင်အုပ်ဆေး၊ ရင်လူးဆေး ပေးခဲ့သည်။ ခြေဖ၀ါး တွေကို လက်မသန်သန်ဖြင့် ထောက်ရင်း မအိမ်ကံကို အကဲ ခတ်နေခဲ့သည်။ တစ်ချက်အထောက်မှာတော့ “အမေရေ”လို့ ညည်းရင်း မအိမ်ကံ သတိလည်လာခဲ့ပါ၏။ “အမေ အမေပန်းရုံ” အသံက ဖျော့တော့ လွန်းလှပါ၏။ ဆရာဆောင်က လက်ကောက်ဝတ်ကို စမ်းပြန်ကာ ပြုံးလေသည်။ သွေး၊ လေ၊ သလိပ်၊ သည်းခြေ ပုံမှန်ဖြစ်ပါပြီဟု ကတိပေးသည်။ ပါးစပ် ကလည်း တတွတ်တွတ် ရွတ်နေခဲ့ပါ၏။ “မလိုမုန်းထား၊ ရန်သူငါးနှင့်ရှစ်ပါးဒေါသ၊ ဒဏ္ဍ တစ်ဆယ်၊ နှိပ်နယ်သက်ခတ်၊ ဥပါဒ်ဆယ့်ခြောက်၊ လန့် ကြောက်တုန်အေး၊ ဘေးတစ်ဆယ့်ငါး၊

အများဆက်ဆံ၊

အိပ်မက်တပေါင်၊

နားထောင်စနည်း၊

ကံ

သုံးဆယ်နှင့်၊

ကမ္ပည်း

အတိတ်၊

စီစစ်ထွေလာ၊ နိမိတ်နိမက်၊

နာကိုးဆယ့်ခြောက်၊

ကယောက်

အချက်မကင်းတာမှန်သမျှ

ရှင်းပါ

ကယက်၊ စေဗျား။

အသွားချွတ်ယွင်း၊ ပူပြင်းသောက၊ ဗျာပါရနှင့်၊ ဒုက္ခစွန်းငြိ၊ ရောက်ရှိစစ်လည်း၊ ဆံခြည်မြူခြမ်း၊ မျှမသမ်း အောင်၊ တနင်္ဂနွေ ဂြိုဟ်မင်း မ စေဗျား” ဆရာဆောင်က သည်နယ်တကြောမှာ ဓာတ်ဆရာအဖြစ် ကျော်စောသည်။ ကြည်တော်ကုန်းရွာက ဆရာကြည်ကတော့ ဆေးဖော်၍ကုသော ဆေးဆရာဖြစ်၏။ ဆရာဆောင် ပြန်ကြွ သွားချိန်မှာတော့ မအိမ်ကံ သတိကောင်းစွာ ရနေပြီ။ အမေပန်းရုံက ဆရာဆောင်ကို ကွင်းပုဆိုးတစ်ထည် ကန်တော့သည်။ ငွေအစိတ် ကန်တော့လိုက်သည်။ မအိမ်ကံကတော့ ပက်လက် ကလေးလှဲနေရာက မျက်ရည်တွေ ခေါင်းအုံးပေါ် စီးကျအောင် ငိုလျက်ရှိ၏။ အသံတော့ မထွက်ရှာပါ။ မအိမ်ကံ စိတ်ချ လက်ချကြီး ရှိပါပြီဆိုမှ အမေပန်းရုံနှင့် မလှအုံတို့ အသာ ထွက်လာခဲ့ကြသည်။ မအိမ်ကံ ခံစားမှုရှိသလောက် ခံစား လိုက်ရလျှင်တော့ စိတ်ကလေး ပေါ့တန်ကောင်းရဲ့ထင်ကာ မနီး မဝေးမှာ သွားနေကြခြင်းဖြစ်ပါ၏။ ကျေးဥကိုတော့ မအိမ်ကံ အနားမှာပဲ နေစေသည်။ မအိမ်ကံငိုတော့ ကျေးဥလည်း ငိုချင်သည်။ သည်ပြဿနာတွေက သူ သယ်လာတာ မဟုတ်လား။ သာအောင်က တွေ့ချင်သည်ဆိုသည့် စကားကို ကျေးဥပဲသယ်လာခဲ့သည်။ မအိမ်ကံက တွေ့ဖြစ်အောင် တွေ့မည်ဆိုတော့လည်း ကျေးဥ တားခဲ့ပါသေးသည်။ ဒါပေသိ မအိမ်ကံကို ကျေးဥလွန်ဆန် ၀ံ့တာမဟုတ်။ သူရင်းတိုင်နှင့် သူရင်းငှားလို ဘ၀မှာ မအိမ်ကံ ဖြစ်ချင်တာကို ဖြစ်အောင် လုပ်ပေးဖို့က လွဲလျှင် အခြားမရှိ။ သည်လိုနှင့် စိုက်ခင်းတွေထဲက တဲဟောင်း တစ်လုံးမှာတွေ့ဖြစ်ခဲ့ ကြတာကိုလည်း ကျေးဥသတိရမိပါ၏။ မအိမ်ကံနှင့် သာအောင် ဘာတွေပြောကြလို့၊ ဘာတွေပေးကြတာတော့ ကျေးဥအကုန် အစဉ် မသိရိုးအမှန်။ အခု ရွာထဲမှာ သတင်းတွေ ပြေးနေသလို မအိမ်ကံနှင့် သာအောင်တို့ တကယ်ကော ချစ်သူ တွေဖြစ်နေကြ ရော့လား။ ဒါတော့လည်း ကျေးဥလက်မခံချင်။ မအိမ်ကံ၏ စိတ်နေစိတ်ထားနှင့် အနေအထိုင်ကို သူသိနေတာ ပဲမဟုတ်လား။ ဒါဖြင့်ရင် မအိမ်ကံ လက်ကိုင်ပ၀ါကလေး တစ်ထည် သာအောင့်သေတ္တာထဲ ဘယ်လိုလုပ်ေ ရာက်နေရတာပါလိမ့်။ ဒါတော့ ကျေးဥ ဥာဏ်မမီ။ မအိမ်ကံမှာ မြို့က၀ယ်ထားသော ပိုးချည်လုံးကလေး တွေ ရောင်စုံရှိသည်။ တစ်ကွင်းကျဉ်း၊ တစ်ကွင်းကျယ် ခွင်ကျစွပ်နိုင်သော

77


ကြိမ်ကွင်းလို ကွင်းကလေးလည်း ရှိသည်။ ကွင်းကျဉ်းပေါ်မှာ ပိတ်စကလေးအုပ်၊ ကွင်းကျယ်ဖြင့် စွပ်လိုက်သည့်အခါ ပိတ်စက အ၀ိုင်းလိုက် တင်းသွားသည်။ သည်အပေါ်မှ ခဲနီပြာဖြင့် နာမည်ကလေးတွေ၊ ပန်းပွင့်ကလေး တွေ၊ လိပ်ပြာကလေးတွေ အရာပေးသည်။

သည်အရာပေါ်မှာ

စိတ်ကြိုက်ပိုးချည်

ရောင်စုံကလေးများဖြင့်

ကင်းခြေလိုက်သလို

စာဖော်သည်။

အရုပ်ဖော်သည်။ မအိမ်ကံ၏ ခေါင်းအုံးစွပ် ဖွေးဖွေးမှာ ပိုးချည်ဖြင့် ထိုးထားသော မအိမ်ကံဆိုသည့် စာလုံး ကလေးတွေ ထိုးထားတတ်သည်။ အောက်တစ်တန်းမှာတော့ သစ်ခက်သစ်နွယ်ကလေးတွေ၊ နှင်းဆီပွင့်လို ပန်းပွင့်ကလေး တွေပင် ပါသေးသည်။ မအိမ်ကံသုံးသော လက်ကိုင်ပ၀ါ ဖြူဖြူကလေး တွေမှာလည်း သည်လိုပင် စာလုံးကလေးတွေ ပါနေကျပင်။ အထူးသဖြင့် လက်ကိုင်ပ၀ါထောင့်စွန်းကလေး တွေမှာ ထိုးတတ်ပါ၏။ အခုတော့ မအိမ်ကံတစ်ဦးတည်းသာ ကိုင်တတ်သော နာမည်ထိုး လက်ကိုင်ပ၀ါတစ်ထည် သာအောင့်ဆီမှာရှိနေခြင်း သည် လူအများဝေခွဲမရသည့် ပြဿနာ ဖြစ်နေသည်။ “ကျေးဥရယ်ငါတစ်ခါတည်း သေသွားရင်ကောင်းသား” ကျေးဥတွေးနေတုန်းမှာ မအိမ်ကံဆီက ထွက်လာသော အသံဖြစ်ပါ၏။ ကျေးဥ ၀မ်းသာသွားသည်။ မအိမ်ကံ စကား တွေပြောပြီ။ ခပ်လှမ်းလှမ်းက အကဲခတ်နေကြသော အမေ ပန်းရုံနှင့် မလှအုံတို့ကလည်း မအိမ်ကံကို လှမ်းကြည့်ကြကာ ၀မ်းသာနေကြသည်။ “သမီးမအိမ်ကံ နေကောင်းရဲ့လား။ စကားတွေ မပြောပါ နဲ့ဦးသမီးရယ်။ နေကောင်းထိုင်သာရှိတော့ ပြောတာပေါ့” အမေပန်းရုံနှင့် မလှအုံတို့ အနား ရောက်လာကြသည်။ မအိမ်ကံ နဖူးလေးကို စမ်းကြည့်ကြသည်။ ဆေးငွေ့ကြောင့် နွေးတေးတေး ခံစားရသည်။ မအိမ်ကံဆီက စကားသံတိတ် သွားပြန်၏။ ကျေးဥကို စကားပြောပြီး မအေကို စကားမပြော တော့လည်း အမေပန်းရုံ စိတ်မောရပြန်ပါ၏။ သမီးဖြစ်သူကများ နာကြည်းသွားလေပြီလား။ သမီးဖြစ်သူခမျာ ဟုတ်သော် ရှိ၊ မဟုတ်သော်ရှိ ရွာကာလသားတစ်ယောက်နှင့် အစွပ်စွဲခံ ခဲ့ရသည်။ ဖက်စိမ်း ကွမ်းတောင်ကိုင်ဖြစ်စရာ အကြောင်းမရှိ တော့တာကို သိသားခဲ့ပြီ။ နှစ်ခုစလုံးပင်

မအိမ်ကံအတွက်

ကြီးမားသော

ထိခိုက်မှု

ဖြစ်ခဲ့ရသည်။

သာအောင်နှင့်

ကိစ္စကိုတော့

အမေပန်းရုံ

အပ်ကျမပ်ကျ မပြောနိုင်။ ပီလောပင် ပက်ကျိတက်၊ ချော်ချင် လည်းချော်မည်။ ရောက်ချင်လည်း ရောက်မည်။ ခေတ်အခါ က

မိန်းမချင်းပေါင်တင်၊

လုလင်ချင်း

ယောက်မမြင်းစီးထွက်နေတာ

ပန်းတောင်းသည့်

မသိလိုက်ရတာတွေလည်း

ခေတ်မဟုတ်လား။ ရှိတတ်လေတော့

ကိုယ့်သမီးလေး

မိုးလင့်၍

တော်လှ

ပျိုးရင့်ရတာမျိုး

တော်လှ

ရှိတတ်ပါ၏။

ဖနောင့်ချော်လေသမျှ တင်ပါးဒဏ်ခံဆိုသလို မိဘဆိုတာက လည်း သားသမီးမကောင်း သမျှ ရင်စည်းခံကြရစမြဲပင်။ သို့သော် သမီးဖြစ်သူကို အမေပန်းရုံ ယုံကြည်ပါ၏။ သည်သမီးကလေးနှင့် သည် မိဘ တစ်ရေအိုးတည်း တစ် မှုတ်တည်း သောက်ခဲ့ကြသူ တွေ။ ပြီးတော့ အချို့မိန်းကလေးတွေလို ဆန်ကော မမည် ဆန်ခါမမည်မဟုတ်။ တင်းပြည့်၊ တောင်းပြည့်၊ ပဲပြည့်၊ ဆီပြည့် နေနိုင်သည့် မိန်းကလေး။ ၀ိုင်းတိုက်ထဲက ထွက်လေ့သူ မဟုတ်တာလည်း မိခင်တစ်ယောက် အနေဖြင့် သိထားပါ၏။ သည်လိုဆိုတော့ မောင်သာအောင့် ကိစ္စက တစ်စုံတစ်ရာ လွဲချော်မှုသာ ဖြစ်လိမ့်မည်။ ဖက်စိမ်းကွမ်းတောင်ကိုင်ဘ၀ မရနိုင်သည့် အခြေအနေ ကတော့ သမီးကလေးမွေးပါပြီ ဆိုကတည်းက မဖြစ်နိုင်မှန်း သိခဲ့သူ တစ်ယောက်အနေဖြင့် သည်ကိစ္စ သည်လိုပဲ ပြီးသွား လိမ့်မည်ထင်ခဲ့သည်။ သူကြီးသမီးမို့ တင့်တောင့်တင့်တယ် ဘ၀မှာ နေရမှတော့ ဖက်စိမ်း ကွမ်းတောင်ကိုင် ဘ၀ကို တပ်မက် စရာအကြောင်းမမြင်။ ဒါပေသိ သမီးကထင်သလို ဖြစ်မလာ။ စာဥမို့ ဒေါင်းအုပ်ရတာ ကိစ္စမရှိသော်လည်း ဒေါင်းဥကို စာအုပ်ရတာမျိုး ဖြစ်လာတော့ မိခင်ပီပီ ပူရပြီ။ မနိုင်ရင် ကန်တွေ ဖြစ်လာမှာစိုးခဲ့သည်။ စိုးသော်လည်း ဖြစ်လာခဲ့ပါ ပကော။ သမီးကိုကြည့်ပြီး အမေပန်းရုံ ရင်နာမိပါ၏။ မျက်လုံးတွေ စုံမှိတ်ထားသော်လည်း ခံစားရသည့် ဝေဒနာက ကြီးလွန်းလှပုံရသည်။

78


မလှအုံခမျာလည်း

မအိမ်ကံဘေးမှာ

ကျောပေးထိုင်ရင်း

မျက်ရည်တွေတွေကျနေရှာပါ၏။

ကျေးဥ

ကတော့ကော။

ကျေးဥကလည်း ငိုပါသည်။ မအိမ်ကံအပါးက အမေပန်းရုံထလာခဲ့သည်။ မလှအုံ ကလည်း တော်ရာထသွားခဲ့သည်။ ကျေးဥကတော့ မအိမ်ကံ ကို ဆေးလူးပေးရဦးမည်။ မအိမ်ကံကို တစ်ညလုံးစောင့်ပေး ရဦးမည်။ “ကျေးဥ အမေပန်းရုံ စိတ်ဆင်းရဲနေသလားအေ။ အကုသိုလ်က မအိမ်ကံမှလာပြီး ထမ်းပိုးတိုးနေသာကို စိတ်မကောင်း သာပါ။ သာအောင့် ကိစ္စမှာလည်း ငါ့အပြစ် မပါပါဘူး။ ဖက်စိမ်း ကွမ်းတောင်ကိုင်ခွင့် မရှိဘူး ဆိုတာလည်း ငါ့အပြစ် မပါပါဘူးအေ။ သည်ကနေ့အထိ မအိမ်ကံစိတ်နဲ့တောင် အကုသိုလ် မမွေးမိပါဘူး” ကျေးဥက မအိမ်ကံ မျက်နှာကလေးကို ငေးကြည့်နေခဲ့ မိသည်။ မအိမ်ကံပြောတာ အမှန်ပင်။ မအိမ်ကံ စိတ်ကောင်း နှလုံးကောင်း ရှိသည်။ သွက်လက် ဖျတ်လတ်သည်။ တောသူ ချင်းဆိုဦးတော့ မအိမ်ကံက ဒင်ကမော် ခေါင်က ချိုးပေလိမ့် ဆိုသူဖြစ်သည်။ သာအောင့်ကိစ္စမှာ သူ့အပြစ်မရှိပါ ဆိုတာကို ဖွင့်ပြောလာတော့လည်း ကျေးဥယုံပါ၏။ မအိမ်ကံက ဆိုခဲစေ မြဲစေမဟုတ်လား။ ထိုညက ဦးသာထန် အိမ်အပြန် နောက်ကျသည်။ ဦးသာထန်အိမ်ကို ရောက်လာတော့ မအိမ်ကံ သူ့အခန်းရှိရာ အပေါ်ထပ်ကို ရောက်နေခဲ့ပြီ။ ကျေးဥက တံခါးကို ချက်ကျ အောင် ပိတ်သည်။ ဖိုးကူးနှင့် ဖိုးတုတ်ပါ အပေါ်မတက်စေ ရဘဲ မအိမ်ကံကို ဆေးလိမ်းဖို့ ပြင်သည်။ မအိမ်ကံက ကျေးဥ ကိုပင်ရှက်နေသဖြင့် တောင်းတောင်းပန်ပန် လိမ်းပေးရပါ၏။ သည်တစ်ခါတော့ ကျေးဥက သူ့ရင်ထဲရှိသည့် စကားကို ပြောရှာသည်။ “မအိမ်ကံရယ် ငါစိတ်မကောင်းသာက သာအောင့်ကိစ္စ ပါအေ။ သာအောင့်ကိစ္စက ငါသယ်လာသဲ့ ဇာတ်ထုပ် မဟုတ် လား။ ပြုမိလေခြင်းရယ်လို့ ငါ့မှာ စိတ်ရောက်တိုင်း စိတ်မချမ်း သာဘူး။ ရွာကသာသိရင် ငါ့ကို အပြစ်တင်ကြမှာ။ မအိမ်ကံ ခမျာ စုန်းကို သားကင်ခိုင်းသယ်ရယ်လို့လေ” “ကျေးဥရယ် ညည်းနဲ့ မဆိုင်ပါဘူးအေ။ မအိမ်ကံက အစ်ကိုမောင်မြတ်သာကို ရွှေလှူချင်သယ်။ အစ်ကိုမောင်မြတ် သာကလည်း စာနဲ့မှာတော့ စာနဲ့လက်ကောက်တွေကို မအိမ်ကံ ရဲ့ လက်ကိုင်ပ၀ါနဲ့ထုပ်ပြီး အိတ်ရှုံ့ထဲ ထည့်ပေးလိုက်ရုံပါ။ သာအောင်က အစ်ကို့ကို ရွှေတွေတော့ ပေးလိုက်ပါရဲ့၊ လက်ကိုင်ပ၀ါကို ယူထားလိုက်သာနေမှာ။ သည်တစ်ချက်ပဲရှိသယ်။ ဒါပေမယ့် ငါ့မှာညည်းကိုပဲ ရှင်းပြနိုင်သာမျိုး မဟုတ်လား။ ညည်းဝမ်းထဲသာ ထားပါတော့အေ” သည်တစ်ခါ သွေးဆူသွားသူက ကျေးဥ ဖြစ်သည်။ သည်လောက်တောင် ယုတ်မာရသလား သာအောင်ရယ်လို့လည်း တွေးမိသည်။ မအိမ်ကံကို သူ့သားနှင့် စွပ်စွဲသူ ကလည်း ကြီးတော်စံရွှေ။ ဖက်စိမ်းကွမ်းတောင် မကိုင်ရသည့် မိန်းကလေးအဖြစ် ပထမဆုံး ဖွင့်ပြောခဲ့သူကလည်း ကြီးတော် စံရွှေ။ မအိမ်ကံဆီက စကားသံ ထွက်လာပြန်၏။ “ကျေးဥ အလှူရက်က ဖိန်းနွှဲခါနော်” “ဟုတ်သယ်။ သန်ဘက်ခါအလှူဝင်၊ ဖိန်းနွှဲခါ အလှူ ကြီးလှည့်” “ဖက်စိမ်းကွမ်းတောင်ကိုင် ဘယ်သူတဲ့တုံး၊ ကျေးဥ” ကျေးဥ ငြိမ်သွားခဲ့သည်။ ခုမှတော့လည်း ကျေးဥ မပြော လို့မဖြစ်တော့။ သို့သော် မပြောရက်သလို နှုတ်တွေ ဆွံ့နေ ခဲ့ပြန်သည်။ မအိမ်ကံရယ် မအိမ်ကံသာ ဖက်စိမ်းကွမ်း တောင်ကိုင် ဖြစ်လိုက်ပါတော့လား။ လှလိုက်မယ့်ဖြစ်ခြင်း။ ကျက် သရေ ရှိလိုက်မယ့်ဖြစ်ခြင်း။ မအိမ်ကံနှင့် လိုက်ဖက်တဲ့ ဒေါင်းစိမ်းထဘီ၊ ဒေါင်းစိမ်း လက်ရှည်ရင်ဖုံးကလေးနဲ့ ဆိုရင်

79


ဘယ်လောက်များ လှလိုက်မလဲမအိမ်ကံရယ်...။ “ကျေးဥ မေးနေတယ်လေ။ ဖက်စိမ်းကွမ်းတောင် ဘယ်သူကိုင်ရသာတုံးလို့” “ရွှေမှုံ” “ဘယ်သူရယ် ကျေးဥ” “ရွှေမှုံ” “ရွှေမှုံက မိစုံဖစုံ ငယ်လင်ငယ်မယားက မွေးသာပေါ့ လေ။ သည်တော့ဖြစ်ကရောပေါ့ ဟုတ်လားကျေးဥ။ ငယ်လင် ငယ်မယား မဟုတ်တော့ကော ဇနီးခင်ပွန်း မဟုတ်ရတော့ဘူး တဲ့လား။ ဥုံမပါတဲ့ ဂါထာက မစွမ်းရတော့ဘူးတဲ့လား။ ချိုကုပ်သာနဲ့ပဲ နပျင်း(နွားပျင်း)ဖြစ်ရရောလား။ မမစိမ်းမြ တုန်းကလည်း သည်လိုပဲ။ အလှူရက် လူသေလို့ ရက်ရွှေ့ ရသာနဲ့ လာဘ်ဦးလွဲရသတဲ့ ကျေးဥရယ်။ ဒါတွေ ဘယ်သူ ကများ လုပ်ခဲ့သာလဲအေရယ်” မအိမ်ကံ၏အသံက တုန်လှိုက်နေသော အသံဖြစ်သည်။ “မသိပေါင်တော်။ ငါလည်း အဲသဟာ တွေးနေသာပါ” ကျေးဥက မအိမ်ကံကို အ၀တ်အစားတွေ ကူဝတ်ပေးသည်။ နွေးနွေးထွေးထွေး ဖြစ်အောင် ပင်နီထည်ချည်ပွ လက်စကနှင့် ရက်ကန်းကျ ထဘီကလေးဝတ်စေသည်။ ဆေးအရှိန်ကြောင့် ထင်ပါ၏။ မအိမ်ကံ ငြိမ်ကျသွားသည်။ အိပ်ပျော်တာတော့ ဟုတ်ချင်မှ ဟုတ်မည်။ မှိန်းနေတာလည်း ဖြစ်နိုင်သည်။ ၀မ်းနည်းနေတာလည်း ဖြစ်နိုင်သည်။ တဘက်စောင် ပါးပါးကလေး လွှားပေးခဲ့ကာ ကျေးဥအသာ ဆင်းလာခဲ့သည်။ သည်အချိန်မှာပင် ငှက်ကြီးတစ်ကောင်က ဖွင့်ထားသော ပြတင်းပေါင်ပေါ်မှာ လာနားခဲ့သည်။ ငှက်ကြီးက မျက်လုံး တွေမှိတ်ထားသော မအိမ်ကံကို စိုက်ကြည့်နေခဲ့ပါ၏။ ပြီးမှ အသံမပြုဘဲ ထပျံသွားခဲ့သည်။ ငှက်ကြီးထပျံပြီး တစ်ဒင်္ဂ မှာပဲ မအိမ်ကံ မျက်လုံးတွေ ပြန်ပွင့်လာခဲ့ပါ၏။ ကျေးဥက သူအိပ်ပျော်သွားသည် အထင်ဖြင့် ထသွားခြင်းဖြစ်မည်။ တကယ်တော့ မအိမ်ကံ အိပ်မပျော်ပါ။ ထိုညကစ၍ မအိမ်ကံ တစ်သက်လုံး အိပ်ပျော်နိုင်စရာ မရှိတော့ဟုပင် ထင်သည်။ နေ၀င်ရီတရော တစ္ဆေခြောက်သကဲ့သို့ ခြောက်လှန်နေသည့် အဖြစ်ကို မေ့မပစ်နိုင်ပါ။ မအိမ်ကံမြင်နေရသော ပြတင်းကွက်ကွက်ကလေးမှာ တော့ အမှောင်သည် ကျိုင်းအုပ်ကြီးကျသလို ကျလာခဲ့လေ သည်။ “ငါ့တို့မိဘများ မတိုင်ခင်ဘိုးကြီးဘွားကြီးများ၊ ဘေးကြီး ဘေးမကြီးများ မတိုင်ခင်ကတည်းကရှိခဲ့သယ့် စည်းကမ်း ပြောပါတော့ မအိမ်ကံရယ်။ တစ်နယ်နဲ့ တစ်နယ် တူချင်မှ လည်းတူမယ်။ တူချင်လည်း တူမှာပေါ့။ ဖက်စိမ်းကွမ်း တောင်ဆိုသာက သည်အလှူပွဲကြီးအတွက် မင်္ဂလာယူပြီး ထိုးရ သယ့်ကွမ်းတောင်။ သစ်သားကို ခုတ်ပြီးလုပ်ထားသယ့် ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်များကတော့

အပျိုမှန်ရင်

သင့်တင့်သလို

ခေါင်းခေါက်ရွေးနိုင်ပေသိ

ဖက်စိမ်းကွမ်း

တောင်ကတော့

ငါတို့ရွာများမယ် အပျိုဖြစ်ရုံနဲ့ ချောလို့လှလို့ ဆိုသာနဲ့ မဖြစ်ဘူး။ ဒါဖြင့် ဘယ်လိုအပျိုမှ ကိုင်ရမယ်ရယ်လို့ စည်းကမ်းချက် ချထားသာလည်း မရှိဘူး။ သို့ပေသိ အဓိက ကျသဲ့ အချက်ကလေးတွေတော့ ရှိသယ်။ အရေးကြီးသယ်ပေါ့ အေ” မအိမ်ကံ နေကောင်းလာသည့် မနက်က အိမ်လုပ် ဆန်ပြားသုပ်ကလေး တက်ကျွေးရင်း မလှအုံကပြောပြနေခြင်း ဖြစ်သည်။ မအိမ်ကံက မနက်စောစောကြီး နိုးနေခဲ့သည်။ ကျေးဥကတော့ သူ့ထက်ပင် စေစောနိုးကာ အောက်ထပ်ထမင်း အိုးချောင်၊ ဟင်းအိုးချောင် ၀င်နှင့်ရပြီ။ မအိမ်ကံက အိမ်ပေါ်မှာပဲ ၀ရန်တာဘက်ထွက်ပြီး မျက်နှာသစ်သည်။ ဆန်ပြား ကတ်ကြေးကိုက် အငွေ့တစ်ထောင်းထောင်းက မြေပဲမှုန့်၊ ဆီချက်နှင့် ကြက်သားဖတ်ကလေးတွေ ရောနယ်ထားသော မနက်ခင်းစာဖြစ်ပါ၏။ မအိမ်ကံစားနေတာကို ကြည့်ရင်း မအိမ်ကံအမေးကို ဖြေနေရခြင်းဖြစ်ပါ၏။

80


“သည်လိုအေ သည်အပျိုမှာ မိစုံဖစုံ သက်ရှိထင်ရှားရှိရဲ့ လား။ ရှိရင် ငယ်လင်ငယ်မယား ဟုတ်ရဲ့လားဆိုသာ ကြည့်သယ်။ နောက်တစ်ချက်က ရုပ်ရည်။ သနရုပ္ပရှိရင်ဖြစ်သယ်။ စက်နေအောင်လှမှ ရွာမှာ အချောဆုံး၊ အလှဆုံးဆို ကွမ်းတောင်ကိုင် ဖြစ်သယ်လို့ လူတွေထင်နေကြသာ။ မလိုပါဘူး။ ရုပ်ရည်ပြေပြစ်သယ်၊ ကြည့်ပျော်ရှုပျော်လောက် ချောသယ် ဆိုရင်လည်း ဖြစ်သာပဲ။ နောက် ဖက်စိမ်းကွမ်းတောင် ကိုင်ရ မယ့် မိန်းကလေးရဲ့ မိဘများက ရေမျောကမ်းတင်၊ တုံးမှီတိုင်ကပ်ဆိုလည်း မဖြစ်ဘူး။ ဥစ္စာပစ္စည်း အသင့်အတင့် ရှိရသယ်။ စားနိုင်သောက်နိုင် ရှိရသယ်။ ကုန်းကောက်စရာမရှိသဲ့ သူရင်းငှားသမီးက ထမဖြစ်ဘူး။ အချမ်းသာကြီး မဟုတ် သော်မှ ကျီနဲ့ပုတ်နဲ့၊ လှည်းနဲ့နွားနဲ့တော့ ရှိရမှာပေါ့” “ပြောပါဦး မလှအုံ” “တစ်ချက်က ဆွေဂုဏ်မျိုးဂုဏ်ရှိရသယ်။ ဆွေဂုဏ် မျိုးဂုဏ်ဆိုသာ ဆွေမျိုးပေါများသာ ဆိုတာထက် ဆင်းရဲဆင်းရဲ၊ ချမ်းသာချမ်းသာ ရိုးရိုးသားသား လုပ်ကိုင် စားသောက်ကြသဲ့၊ လူရိုသေ၊ ရှင်ရိုသေ ဆွေမျိုးကလည်း ရှိပါဦးမှ။ ဦးလေးက ဖဲသမား၊ အဒေါ်က ပခြုပ်သယ် ဆိုသလိုမျိုးတော့ ဝေလာ ဝေးပေါ့” “ပခြုပ်သည်ဆိုတာ ဘာလဲ မလှအုံရဲ့” “သြော် ပခြုပ်ဆိုသာ ဟိုဒင်းအေ။ ပခြုပ်တို့၊ ဖာတို့၊ ပလုံးတို့လေ” “သြော် သြော် သိပြီ ဆက်ပြော” “အဲသာပေါ့။ အမျိုးထဲ ပဆစ်ကိုင်၊ ဖဲကိုင်၊ ကက်ကိုင် တွေနဲ့ချည်းဆိုတော့လည်း မကောင်းဘူးပေါ့အေ။ အမျိုးထဲ ပခြုပ်သည်လည်းပါရဲ့။ မိန်းမရွှင်လည်းပါရဲ့။ မိန်းမပေါ့ လည်းပါရဲ့ဆိုလို့လည်းမဖြစ်ဘူး။ သဘောကအေ မိန်းကလေးက ဘယ်မျိုး ဘယ်ဆွေထဲကတုံး၊ ဘယ်ပင်စည်က ထွက်သဲ့ အကိုင်းအခက်တုံးဆိုသာများ အင်မတန် ကြည့်ကြသာ။ ဒါကြောင့် တောသူတောင်သားများ မဟုတ်သာ မလုပ်ဝံ့ကြ ဘူး။ ယောက်ျားသားများက ဆိုးဝံ့ဦးတော့ မိန်းမသားတွေက အမြှောင်ကပ်ပါး မလုပ်ဝံ့ကြဘူး။ ချိန်စဉ်းလဲ၊ တင်းစဉ်းလဲ မရှိဝံ့ကြဘူး။ အမျိုးထဲမှာ ဈေးသည်မ ခံတောင်းလို စုံစီနဖာ ရှိကြသာပေမယ့် မသန့်မရှင်းမရှိရဘူးပေါ့အေ” မအိမ်ကံက ရွာထဲ ရပ်ထဲ၊ ဆွေထဲ၊ မျိုးထဲ သည်လို ကြီးခဲ့ရသာပေမယ့် မလှအုံရှင်းပြတော့မှ သူတို့ကြီးပြင်းရသည့် ဘ၀တွေမှာ အဓိပ္ပာယ်တွေရှိကြောင်း သိခဲ့ရသည်။ အထူးသဖြင့် ကိုယ်ကျင့်တရားကို အသက်လိုစောင့်ထိန်းကြသည်။ ကွမ်းတောင်ကိုင်ရမည့်

မိန်းကလေးမှ

မဟုတ်၊

ဘယ်မိန်းကလေးမဆို

ကိုယ်ကျင့်တရား

ကောင်းကြရသည်။

ကောင်းလည်းကောင်းကြသည်။ လူဆင်းရဲသော်လည်း အကျင့် စာဂမဆင်းရဲကြတာ မအိမ်ကံနားလည်ပါ၏။ “အကျင့်စာရိတ္တကောင်းရသယ် ဆိုသဲ့အချက်ကတော့ အရေးအကြီးဆုံး ပေါ့အေ။ အိမ်ထောင်ရက်သား ပြုမယ်ဆိုရင် တောင် ယောက်ျားကလေး မိဘများက ရိုသေသယ်။ အဆင်း ရုပ်ရည်မရှိဦးတော့ အချင်းစာဂ ကောင်းရင် တန်ဖိုးထားကြ သာပေါ့။ ဖက်စိမ်း ကွမ်းတောင်ကိုင်မယ့် မိန်းကလေးက ရည်းစားမရှိရဘူး။ ရည်းစားတော့ မရှိပါဘူး၊ လူကနန့်တန့်တန့် ဆိုလို့လည်း မဖြစ်ဘူး” မလှအုံ စကားကြောင့် မအိမ်ကံ ခပ်သဲ့သဲ့ ပြုံးမိပါ၏။ တကယ်တော့ မလှအုံပြောပြသည့် ဖက်စိမ်းကွမ်းတောင်ကိုင် ရမည့် မိန်းကလေးတစ်ယောက် အတွက် သည်စည်းကမ်းချက် တွေက ထူးပြီးဆန်းလှတာတွေတော့ မဟုတ်။ တောသူတောင် သားဘ၀မှာ သည်လိုကိစ္စတွေကို တမင်စောင့်ထိန်း နေစရာလည်း မလိုပါ။ သို့သော် မိစုံဖစုံ ရှိပါလျက် ငယ်လင်ငယ် မယား မဟုတ်တာနဲ့ပဲ မိန်းကလေးတစ်ယောက် အဖို့ရာ တစ်ရေလျော့ရတာမျိုးကိုတော့ မအိမ်ကံ လက်မခံချင်။

81


“မလှအုံရယ်

မိဘများမလည်း

မိဘများအကြောင်းကံနဲ့

ဖြစ်ကြရသာပါ။

မွေးလာသဲ့

သမီးကလေးခမျာလည်း

သူ့

အကြောင်းကံနဲ့ သူလာသာပါ။ ဘယ်နှယ့်ကြောင့် သမီးခမျာ မိဘလောင်းရိပ်ကျရသာလဲ။ မတရားလိုက်သာ။ မအိမ်ကံလို မိန်းကလေးတွေ ဘယ်နှယောက်တောင် ရှိကြသလဲ။ ဘယ်နှ ယောက်များ ရင်ကျိုးခဲ့ကြရသလဲ။ မိဘများ ငယ်လင်ငယ် မယား မဟုတ်ကြသာနဲ့ ဘယ့်နှယ့်ကြောင့် သမီးများခမျာ လူ့စည်း မကျော်နိုင်ကြရသာလဲ။ မအိမ်ကံ ဖက်စိမ်းကွမ်း တောင်ကိုင်ရဖို့ နောက်တစ်ဘ၀ စောင့်ရတော့မှာပေါ့။ အဲသလိုလား” မအိမ်ကံ စကားကြောင့် မလှအုံပင် စိတ်ထိခိုက်သွားခဲ့ရသည်။ ရွာ့ကျင့်ဝတ်၊ ရပ်ကျင့်ဝတ် အစဉ်အဆက်ရှိခဲ့တာကို မအိမ်ကံရင်မှာ ပေါ့စေတော့ သဘောဖြင့် ပြောပြခဲ့ခြင်းသာ ဖြစ်သည်။ သည်လိုစည်းကမ်းကို ဘာဖြစ်လို့ ချထားခဲ့ကြတာလည်း မဆိုနိုင်။ ဖြစ်တန်သည် ကတော့ ကွမ်းတောင်ကိုင် မိန်းကလေး၏ တန်ဖိုးကို စံအဖြစ် ထားချင်ခဲ့ကြတာလည်း ဖြစ်နိုင်သည်။ မအိမ်ကံ ပြောတာလည်း မှန်ပြန်ပါ၏။ မိဘ နှစ်ပါး၏ ကံအခြေမလှတာနှင့်ပဲ သမီးခမျာ တင်းတိမ် နောက်မှာ နေရတာကလည်း သဘာဝတော့မကျ။ သို့ပေသိ ရွာရပ်က ချမှတ်သည့် စည်းမျဉ်းဆိုတော့လည်း မပြင်သာ။ သည်စည်းမျဉ်းကို ဘယ်သူကမှ စာရွက်ပေါ်ရေးခဲ့တာ မဟုတ်။ ကျောက်ပြားပေါ် ဆစ်ခဲ့တာမဟုတ်။ ပေရွက်ပေါ် ကညစ်နှင့်ခြစ်ခဲ့တာမဟုတ်။ သို့သော် သည်စည်းမျဉ်းကို အစဉ် အဆက်လိုက်နာခဲ့ကြသည်။ ကွမ်းတောင်ကိုင် မယ်နီ ဖြစ်သတဲ့။ မယ်ဝါဖြစ်သတဲ့ဆိုတော့လည်း အများသဘောညီ ကြမြဲဖြစ်ပါ၏၊ စောဒက မရှိ ခွန်းတုံ့ခွန်းပြန်မရှိ။ မဖြစ် သင့်ပဲ ဖြစ်ရတာပါဆိုသူမရှိ။ ဒါကလည်း ထူးဆန်းသား။ “မအိမ်ကံရယ် အရီးပန်းရုံခမျာ ညည်းလူမှန်းသိပါပြီ ဆိုကတည်းက သည်စကား ရောက်တိုင်း မျက်ရည်ကျခဲ့ရသာ ငါအသိဆုံးပဲ။ ညည်းအဖေ သူကြီးက သည်ကိစ္စခေါင်းထဲမရှိ ပေမယ့် ခမျာ မအေကိုးအေ့။ တစ်နေ့ သည်ပြဿနာဆိုက် လာမယ်ဆိုသာ သိနှင့်လေတော့ တစ်နေ့တစ်ရက်မှ စိတ်မချမ်း သာခဲ့ဘူး။ ဖြစ်သာလည်းဖြစ်ပါပြီ မအိမ်ကံရယ်။ ကိုယ်ချင်း မစာလို့ ပြောသာလည်း မဟုတ်ရပါဘူး။ စိတ်ကိုသာဖြေပါ အေ။ ညည်းပြုသဲ့ကုသိုလ်တွေ နည်းမှမနည်းဘဲဟာ။ အမြစ် ပိုးစားတော့ အဖျားခြောက်သတဲ့။ ကိုယ့်စိတ်ကို ပိုးမစားပါ စေနဲ့တော့နှော ငါ့ညီမ” မအိမ်ကံကတော့ ဘာမှမဖြေပါ။ အမေ့ကိုသာ မအိမ်ကံ သနားလှတော့သည်။ ဖက်စိမ်း ကွမ်းတောင်ကိုင်ချင်သည် ဆိုတိုင်း အမေမျက်နှာမကောင်းသာ မအိမ်ကံပြန်မြင်ယောင် မိသည်။ တစ်ခါကလည်း ဖက်စိမ်းကွမ်းတောင်ကြီး ပွေ့ဖူးတယ်ရှိအောင် ပွေ့မည်အလုပ် အမေလိုက်လာပြီး ဆွဲခေါ် သွားတာ မအိမ်ကံ မှတ်မိနေသည်။ သည်တုန်းက အမေ့ကို နားမလည်နိုင်ခဲ့။ တစ်ခါတလေတော့လည်း “ငါ့သမီးရယ် ကိုင်ခွင့်ရမယ့်နေ့ ကိုင်ရမပေါ့။ မဥပါဒ်ပါနဲ့အေ”လို့ စကားဝေ့ တာကိုလည်း ခုမှ သဘောပေါက်ရတော့သည်။ မအိမ်ကံအဖို့ အနှစ်နှစ်ဆယ် လုံးလုံး ဖက်စိမ်းကွမ်းတောင်ကိုင်ရနိုးနိုး အပျော်ကြီး ပျော်ခဲ့ရသော်လည်း အမေ့ခမျာ အနှစ်နှစ်ဆယ် လုံးလုံး ငိုခဲ့ရတာကို ၀မ်းနည်းလွန်းလှသည်။ မလှအုံ ပြန်ဆင်းသွားတော့လည်း မအိမ်ကံ အတွေးတွေ ပြေးလွှားနေခဲ့ပါ၏။ ဆန်ပြားသုပ်ကလေး တစ်ဇွန်းစားလိုက် မိတာကလွဲ၍ ဘာမှလည်း မစားချင်။ ဆရာဆောင်က ဆေးသုံးရက်စာပေးထားသဖြင့် သုံးရက်လောက်တော့ အိမ်ပေါ်မှာ ခွေနေရပါဦးမည်။ နေ့လယ်ဆေးလိမ်းဖို့ စောသေး တော့ ကျေးဥပင် တက်မလာသေး။ ကနေ့ အလှူနေ့။ ညနေဘက် အလှူဝင်နတ်ပြလှည့် ကြလိမ့်မည်။ အလှူအိမ်ဘက်ဆီက လူစုသော ကြေးစည်ရိုက် သံတွေ တဒူဝေေ၀ ကြားနေရပါ၏။ ချာချာလည်နေသော ကြေးစည်ကြီးကို မြင်ယောင်ရင်း မအိမ်ကံ ခေါင်းတွေပါ မွှတ်မွှတ်ကြီး လည်နေသလို ခံစားနေရသည်။ ကြေးစည် နားရွက်နှစ်ဖက်ကို အသားတင်းပုတ်ဖြင့် ထုလိုက်လေတိုင်း မအိမ်ကံ ဆောက်တည်ရာမရ ရှိနေရပါ၏။ အလှူလှည့်တော့ မည့် နှိုးဆော်သံဆိုတာ မအိမ်ကံသိပါသည်။ ကြေးစည်သံ ကြားလျှင် ကြားရာအရပ်က အလှူမဏ္ဍပ်ကို အယုတ်အလတ် အမြတ်မရွေး၊ ကလေးလူကြီးမရွေး အပြေးလာစုကြလိမ့်မည်။ ရှင်လောင်း လှည့်တော့မည်ဆိုလျှင် ရှေ့ဆုံးက သာသနာ့အလံကိုင် ဘကြီးညိုရှိလိမ့်မည်။ ဘကြီးညိုနောက်က သာသနာပွဲ ရွက်မည့် “အမေကြီးဆိုင်”ပါလိမ့်မည်။ သည်နောက်မှာတော့ အစဉ်အတိုင်း အလှူ့ထုံးစံ၊ အလှူ့သဘာဝ လူတန်းကြီး စည်လေရော့မည်။ တစ်ရွာလုံးရှိသမျှလူတွေ

ထန်းခေါက်ဖာ၊

သံသေတ္တာ

တွေထဲက

အနှစ်နှစ်အလလ

သိမ်းဆည်းထားကြသည့်

82


ဝတ်ကောင်း စားလှတစ်စုံကို သည်ပွဲမှာ ထုတ်ကြလိမ့်မည်။ ခေါက်ရိုးကြီးတွေ နာလှပြီဖြစ်သော အ၀တ်အထည်တွေဆီက ပရုတ်လုံးနံ့တွေ ထောင်းထောင်း ထနေကြလိမ့်မည်။ အလှူမတိုင်ခင် တစ်ရက် ကတည်းက နေပူပြင်းပြင်းမှာပြရင်း မှိုနံ့၊ အောက်နံ့တွေစင်အောင် လှန်းကြလိမ့်မည်။ တချို့အင်္ကျီတွေက အ၀တ်မနာလို့ အရောင်တွေကျန်သော်လည်း နှစ်များစွာက တရိုတသေ သိမ်းထားတာကြာသဖြင့် ရိကြ၊ ဆွေးကြပြီ။ ပွဲသွားပွဲလာ ၀တ်စရာတစ်စုံကောင်းကောင်း ထားနိုင်ဖို့ပင် မတတ်နိုင်ကြရှာ သူတွေကတော့ ရှိတာနှင့်ပင် လာကြပါလိမ့်မည်။ အင်္ကျီ ကြယ် သီး ပါချင်မှပါလိမ့်မည်။ အရောင်အဆင်း ရှိချင်မှရှိပါလိမ့် မည်။ သူတို့ထက် ဆိုးသူတွေကတော့ အင်္ကျီပင် ပါနိုင်ကြ သူတွေမဟုတ်။ လုံးတီးပြောင်ပြောင် ကျောပြောင် ပြောင် လည်းပါမည်။ ကျားပါးစပ် အင်္ကျီစုတ်နှင့်လည်း ဖြစ်ချင်ဖြစ် မည်။ ပခုံးပြဲ၊ ကျောပြဲလည်း ဖြစ်ချင်ဖြစ်မည်။ ရွာမိန်းကလေးများမတော့ မရှိလျှင်လည်း

အပျိုအချင်း

ချင်း

လုံးတူရပ်တူရှာကာ ငှားရမ်းဝတ်ကြရပါ၏။ ငှားလည်း

ငှားကြပါသည်။ ငှားသူက သူတစ်ပါး အင်္ကျီငှားဝတ်ရ သကောရယ်လို့ စိတ်မချမ်းမသာ မရှိသလို ငှားရသူကလည်း အပေါ်စီးကမရှိ။ အလှူမဏ္ဍပ်အတွင်းမှာ ဘုရားရှင်ကျောင်း ဆောင်နှင့် ကိန်းဝပ်ပြီဖြစ်သည့်အတွက် ဖိနပ်ချွတ်ဝင်ကြရသည်။ သည်လိုဆိုတော့ ဖိနပ်တကိုင်ကိုင် မလုပ်ချင်သူတွေ က ဖိနပ်မပါဘဲ လာကြတာများသည်။ မအိမ်ကံ မျက်စိထဲမှာ အလှူလှည့် လူတန်းကြီးကို မြင်နေရသည်။ တောက်တောက် ပပကြီး မြင်နေရခြင်း ဖြစ်ပါ၏။ ရွှေထီးကြီးတွေက

ရှင်လောင်းတစ်ပါး

နှစ်လက်ကျမိုးကြသည်။

မြင်းကိုင်နှင့်

ထီးမိုးတို့

ပိုလို

တဖွားဖွား

ဖွာနေကြ

လိမ့်မည်။ ကွမ်းတဖွမ်းဖွမ်း ရှိကြလိမ့်မည်။ ဒိုးပတ်ဝိုင်းက၊ အိုးစည်ဝိုင်းက၊ မောင်ဆိုင်းဝိုင်းက သူ့အသံကိုယ်အုပ်၊ ကိုယ့် အသံသူအုပ်သွားအောင် ဗြောင်းဗြောင်းဆူ တီးကြလိမ့်မည်။ အသံကြီးအောင်လှသော ကိုလူငွေက လည်ပင်းကြောကြီးတွေ ထောင်ထအောင် ရွာလုံးကြား ဆိုလိမ့်မည်။ “လှိုင်းကိုက်ပြန် တိမ်လိပ်နှင့်၊ ဘွဲ့ချိတ်ကယ်မ၀တ်မဆင်။ ရပ်ကြီးသူ ဖြူဖြူလတ်ကယ်၊ ကုံးစပ်နဲ့ယှဉ်၊ ကုံးစပ်ဆင်လို့ ယဉ်သလား၊ နဂိုယဉ်မို့ ယဉ်သလား၊ ရွှေခါးတော် ညိုဆိုင် နှင့်၊ ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင် အနေခြားတယ်ကွယ် မိုးကျနတ်သား... အား... ဟား” ရွာသူတွေဆိုတော့ ကုံးစပ်ထဘီကြောင့်လည်း လှကြပါ၏။ နဂိုယဉ်မို့လည်း လှကြပါ၏။ “မလာတစ်ည လာတစ်ညနှင့် စကားနှစ်ခွပုံမသေ၊ ပျိုတို့မောင် အလေလိုက်တယ်၊ ဖဲရိုက်လို့နေ၊ ရှိပစေ သူ့လှေနှင့် သူထား၊ အချိန်ကုန် ငွေပါခမ်းရင် လှမ်းခဲ့လိမ့်လား...” မအိမ်ကံက မျက်လုံးတွေ မှိတ်ထားသော်လည်း အပျိုတန်းရှည်ကြီးကို မြင်နေမိပြန်ပါ၏။ သင်ဖြူးရွက်၊ ခေါင်းအုံးပိုက်၊ ပရိတ်အိုးရွက်၊ သင်္ကန်းမောင်းထောင်ချိုင့်ပိုက်၊ ပရိက္ခရာ ရွက်၊ ရွှေကွမ်းကလပ်ကိုင်၊ ငွေကွမ်းကလပ်ကိုင် စသည်ဖြင့် ဆိုင်ရာပစ္စည်းတစ်မျိုးမျိုးကို ကိုင်ကာ၊ ရွက်ကာ အပျိုတွေ တရွေ့ရွေ့ လျှောက်နေတာကိုပါ မြင်နေရသည်။ ယဉ်ပလေစေ ယဉ်လိုချည်းနေအောင်၊ ရစ်ခွေပင့်ရုံး၊ ပန်းတွေဆင့်ကာကုံး၊ ဆံထုံးမောက်မောက်များနှင့် လှနေကြမည်။ ဆယ့်သုံးနှစ် ရွယ်၊ ဆယ့်ငါးနှစ်ရွယ်၊ နှစ်ဆယ် မ၀င့်တ၀င်နှင့် ပျံသင် ပျိုလွတ်၊ နှုတ်ခမ်းကွမ်းထိန်၊ နှင်းရည်စိမ်သူကလေးတွေ ရွာမှာ များလှသည်မဟုတ် လား။ “မောင်ရင့်ဖ၊ ဒါနအလှူ့ ရှင်၊ ပရိက္ခရာ၊ လွယ်ဖို့ပါ သည်။ ပီတာ မောင့်ဖခင် တည့်...” (ရှိုး) “မယ့်သခင်၊ လူယဉ်လှ၊ ရတုသံချို၊ ရကန်ဆိုသည်၊ လူပျိုဝန်းရံခလျက်လေး...”(ရှိုး) “ထမ်းစင်စီး၍ ထီးရိပ်ခို၊ မြင်းမိုရ်မြင့်မား၊ ၀တိံဖျားက၊ နတ်သားကျသလိုနှင့်...” (ရှိုး) ရှိုးသံတွေ တစ်မြိုင်မြိုင် ဒိုးသံတွေ တကြိုင်ကြိုင်ဖြင့် အလှူပွဲကြီးလှည့်တော့မှာပါလား။ မအိမ်ကံ ချွေးသီးကလေးများ စို့လာအောင် မွန်းကျပ်နေခဲ့သည်။ နေရောင်ပူပူ ရွာဆူဆူ တာလမ်းမှာ တစ်ရွာလုံး ရှိနေကြသော်လည်း မအိမ်ကံသာ အိမ်တွင်းအောင်းနေခဲ့ရသည်။ ခါတိုင်းရွာမှာ အလှူလှည့်ပြီး ဟေ့ ဆိုသည်နှင့် ရွာ့ကွမ်းတောင်ကိုင်ကို အပြေးအလွှားငေး

83


တတ်သူ မအိမ်ကံ။ သည်တစ်ခါမှာတော့ ဓမ္မသတ် မသင်မိ လို့ တရားရှုံးရသလို ဖြစ်နေရလေပြီ။ ဖြစ်ချင်တော့ ဓာတ်ကလည်းအခိုက်၊ နတ်ကလည်း အတိုက်ဆိုဘိသကဲ့သို့ ကြီးတော် စံရွှေနှင့် ဖြစ်ရသည့်ပြဿနာကလည်း ရွာထဲမှာ စကားမပြယ် နိုင်တာ ရှိသေးသည်။ “ရွှေမှုံက ကွမ်းတောင်ကိုင် ဖြစ်ရပြီတဲ့လား။ ရွှေမှုံက ရွာ့ဖက်စိမ်းကွမ်းတောင်ကြီးပိုက်ရပြီတဲ့လား။ ရွှေမှုံ မအိမ်ကံ ကိုနင်းပြီး လက်ကမ်းယူနိုင်လိုက်ပြီလား...” မအိမ်ကံ ကယောင်ချောက်ချားတွေ တွေးနေမိပါ၏။ ထိုစဉ်မှာပင် အလှူအိမ်ဘက်ဆီက ရှင်လောင်းလှည့်လာကြသည့် အသံတွေကြားလိုက်ရသည်။ အိုးစည်သံတထုံထုံ၊ ဒိုးပတ်သံ တဗိန်ဗိန်၊ သီချင်းတဆိုဆို၊ ရှိုးလိုက်သံ တဟိုဟို ပင် အိမ်ကြီးပေါ်ကို ဝေ့တက်လာခဲ့ပါပကော။ ရွာမှာ အတီး လေ့သည့်ဗျောသံကို မအိမ်ကံ သတိရသည်။ “ပယောဝါ၊ ဆာပါ လည်မှာယောက်ပါလို့၊ တို့နောက် လိုက်ပြန်ရင်း၊ တို့က ကြိုက်ပြန်ရင်း၊ မိုးပေါ်မှာ ပ၀ါပျောက် ပါလို့၊ ကောက်ရလျှင်ပေးကြပါ၊ အိမ်ပြန်လျှင် ကျုပ်လင်က တောင်းပြန်ရင်း၊ ကျုပ်က တောင်းပန်ရင်း...” ဆာပါပ၀ါလည်မှာ

“ယောက်”တုန်းရှိသေး

မိုးပေါ်မှာ

ပျောက်ခဲ့ရသည့်

ဗြောမင်းသားနှင့်

ဘာများထူးသေးလို့တုန်း။

ဖက်စိမ်းကွမ်းတောင်စိမ်းရောင် ၀ါရောင်ကို ကိုင်ရမလိုလို စိတ်ရှိတုန်း၊ မျက်စိရှေ့က ပျောက်ချင်းမလှ ပျောက်ရသည့် ပမာ ဖြစ်ရပြီ။ မအိမ်ကံမျက်ရည်တွေ သွန်သွန်ကြီး ကျလာခဲ့ပြန်လေ၏။ ရှက်ရွံ့ခြင်းနှင့် သိမ်ငယ်ခြင်းလို ဝေဒနာမျိုးကို ခံစားနေရသည်။ မျှော်လင့်ချက် ကုန်ခန်းရသလို ဝေဒနာ ကလည်း ကပ်လျက်ချပ်လျက် ပါလာပါ၏။ “သမီးရယ် စကားရှိသယ်မှုတ်လား။ ဘယ်လိုပင် ကျိန်ဆဲ ကျိန်ဆဲ အကြောင်းကုန်မှ လွဲရသတဲ့။ ဘယ်လိုပင် ဆုတောင်း ဆုတောင်းအကြောင်းပါမှ ပေါင်းရသတဲ့။ အကြောင်းမပါလို့ မထိုက်၊ မထိုက်လို့ မပန်ရသယ် သဘော ထားပါကွယ်။ ဖအေကြီးခမျာလည်း စိတ်ဆင်းရဲနေရှာပါ သယ်။ မောင်သာအောင့်အမေနဲ့ ဖြစ်ရသာလည်း ကြားပုံ ရပါရဲ့။ မမေးရှာဘူး။ စိတ်များထိခိုက်ထင်ပါရဲ့အေ။ ဒါကြောင့် စိတ်လက်ချမ်းသာ နေပြစေချင်တယ်” အမေပန်းရုံက သည်ရက်ထဲမှာ ပြောခဲ့သည်စကား ဖြစ် ပါ၏။ မိဘနှစ်ပါး စိတ်ဆင်းရဲအောင် မအိမ်ကံ မလုပ်ခဲ့ဖူးပါ။ အခုတော့ မိဘနှစ်ပါး အရှက်ရကြရပြီ။ သည့်အတွက်လည်း ဖြစ်ခဲ့သမျှအပေါ် ခံပြင်းလွန်းလှသည်။ တစ်ခါဖူးမျှ မပေါ် ခဲ့ဖူးသော ဒေါသများပင် အုံဖွဲ့အိုင်ဖွဲ့ ရှိခဲ့ရပါ၏။ မအိမ်ကံက ဆတ်ခနဲ ထလိုက်ပြီး အခန်းအပြင် ထွက်လာခဲ့သည်။ အိမ်ကြီးတစ်အိမ်လုံးလည်း ငြိမ်ချက်သား ကောင်းလှပါ၏။ အမေပန်းရုံရော မလှအုံပါ အလှူကိုများ ရောက်နေကြလေသလား။ အဖေတော့ရှိချင်ရှိမည်။ အဖေ့ထုံးစံ ပဲမှော်တိုက်ရိပ်မှာ ပက်လက် ကုလားထိုင်တစ်လုံးချကာ ဇိနတ္ထပကာသနီကျမ်းကို ဖတ်နေပုံရ၏။ အောက်ကိုဆင်းဖို့ စိတ်ကူး လိုက်သော်လည်း မဆင်းတော့ဘဲ ၀ရန်တာဘက်ကို ထွက်လာခဲ့ပါ၏။ သည်နေရာက ရွာတာလမ်းကို မြင်ရသည်။ အလှူလှည့်လာတာကို ၀ိုးဝိုးဝါးဝါးတော့

မြင်နိုင်သည်။

အလှူ

လှည့်လာပြီဖြစ်သော်လည်း

ရွာ့မြောက်ဖျား

ညောင်ပင်နတ်ကွန်း

ဘက်ကို

ရောက်နေကြသည်ထင်၏။ အသံတွေကို ဝေးဝေးက ကြားရခြင်းကြောင့် ဖြစ်၏။ ရွာနတ်ကွန်းက တသီးတခြား သွားရသည်။ ရှင်လောင်း နတ်ပြဓလေ့အတိုင်း ပြရခြင်းဖြစ်သည်။ နတ်ပြပြီးသည်နှင့် ရွာ့အရှေ့ဆီက လှည့်ကာ ရွာလမ်း အတိုင်း ပြန်ချိုးလာမည်။ ရွာအနောက်အထိ ထိုထိုပေါက် လှည့်ကာ မဏ္ဍပ်ကို ပြန်ဝင်လေ့ရှိကြပါ၏။ သိပ်မစောင့်ရပါ။

သာသနာ့အလံကို

မြင်ရပြီ။

သာသနာ့

ကန်တော့ပွဲကို

မြင်ရပြီ။

အလှူလှည့်

လူအုပ်ကြီးဆီက

ထွက်လာသော ဖုန်ခိုးတွေကြောင့် မြင်ကွင်းသည် မရှင်းလှ။ သို့သော် ဘယ်သူဘယ်ဝါ သိလောက်အောင်တော့ မအိမ်ကံ မြင်ရပါသည်။ ရွှေထီးတွေက ညနေခင်း နေရောင်ကြောင့် လက်လက်ထနေသည်။ မအိမ်ကံဆီကိုပင် အလင်းပြန်တွေ လာဟပ်နေသေးသည်။ မအိမ်ကံမှာ သည်အသက်၊ သည် အရွယ်အထိ အလှူကို ခိုးကြောင်ခိုးဝှက် ကြည့်ရတာ သည် တစ်ခါ ဗွေဆော်ဦးပါလားလို့ပင် တွေးနေမိပါ၏။ လူတွေ ရိပ်ခနဲ၊ ရိပ်ခနဲ ဖြတ်သွားတာကို စိတ်ရှည်ရှည် စောင့်နေ လိုက်သည်။

84


ဝိုင်းစပ်က ကုက္ကိုပင်ကြီးတွေကြောင့် မအိမ်ကံ မြင်ရသည့်မြင်ကွင်းက သိပ်မကျယ်တော့ သည်မြင်ကွင်းထဲ ၀င်လာသမျှ စစ်စစ်ပေါက်ပေါက် ကြည့်နေခြင်းဖြစ်၏။ “ရွှေမှုံ” မအိမ်ကံ

နှုတ်က

အသံပင်ထွက်သွားခဲ့ပါ၏။

ပဲ့ပြားပင်ကလေးနှင့်ပင်

တူတော့သည်။

ရွှေမှုံက

ရွာထဲ

မြင်ကွင်းဘောင်အတွင်းမှာ

ရပ်ထဲ

သည်အတိုင်း

သွဲ့သွဲ့ကလေး

တွေ့ရိုးတွေ့စဉ်

ယိမ်းနေသော

တွေ့နေရတုန်းက

ရွှေမှုံမဟုတ်တော့ပါလား။ မတော်တဆပဲလား၊ တမင်ပဲလားတော့မသိရ။ ဖက်စိမ်းကွမ်း တောင်ကို မအိမ်ကံတို့အိမ်ဘက် လှည့်ထားကာ ပွေ့ထားခြင်း ဖြစ်သည်။ နောက်ထပ်တိုက်ဆိုင်မှုကတော့ ရွှေမှုံဝတ်ထား သည့်အ၀တ်အစားက ဒေါင်းစိမ်းရောင် ဖြစ်နေခြင်းပင်။ မအိမ်ကံမြင်ရသလောက် မြင်ကွင်းဘောင်ထဲမှာ နောက်ထပ် လူတန်းရှည်ကြီး ဖြတ်နေသော်လည်း မအိမ်ကံ မမြင်နိုင်တော့။ မျက်ရည်များဖြင့် ဘာကိုမှမမြင်နိုင်တော့ပါ။ တစ်ဒင်္ဂ သာ မြင်လိုက်ရသော ဖက်စိမ်းကွမ်းတောင်ကို မအိမ်ကံ တစ်ဘ၀မျှော်လင့်ခွင့် မရှိတော့ပြီ။ မျက်ရည်တွေတွေ ကျနေရင်းက နာကြည်းခြင်း၊ စက်ဆုပ်ခြင်း၊ ခံပြင်းခြင်း၊ တွေဝေခြင်း၊ ထိုင်းမှိုင်းခြင်းစသော ခံစားမှုအထွေထွေက မီးကျီးနှင့် လှော်သော ပေါက်ပေါက်ပွင့်များကဲ့သို့ တဖောက်ဖောက် ရုန်းကြွ နေခဲ့ပါ၏။ အကယ်ဆိုပါမူ မအိမ်ကံအတွက် မည်သူတစ်ဦးတစ် ယောက်ကမှ အငြိုးတကြီး ရက်စက်ခဲ့ကြခြင်းမရှိ။ ဇောင်ချမ်းကုန်းရွာမှာ ဖက်စိမ်းကွမ်းတောင် ကိုင်ခဲ့ဖူးကြသော မဂွမ်းဖြူ၊ ကိုင်ခွင့်ရခဲ့သော်လည်း လာဘ်ဦးလွဲခဲ့ရရှာသည့် မစိမ်းမြ၊ ပြီးတော့ မခင်အိ။

ယခုလက်ရှိ

ရွေးချယ်ထိုက်လို့

ကွမ်းတောင်ကိုင်

ရွေးချယ်ခဲ့ကြခြင်းသာ

ရွှေမှုံ။

သည်မိန်းကလေးတွေ

ဖြစ်သည်။

အားလုံးရွာရပ်က

သည်မိန်းကလေးတွေ

ကိုယ်တိုင်က

တညီတညွတ် မိန်းမသား

တည်း သဘာဝ

ဖြစ်ချင်စိတ်ရှိကြလင့်ကစား ဖြစ်ရကောင်းစေ သဘောထားခဲ့ ကြသူများမဟုတ်။ ကိုင်ခွင့်ရတော့လည်း ကိုင်လိုက်ကြခြင်း သာရှိသည်။ ကိုင်ခွင့်မရခဲ့လျှင်လည်း ခံစားနေကြမည့် သူများ မဟုတ်။သေချာသည့်အချက်ကတော့ ဖြစ်သင့်ဖြစ်ထိုက်၍ ဖြစ်ခဲ့ကြခြင်းပင်။ ဖက်စိမ်းကွမ်းတောင်ကိုင် တစ်ယောက် ဖြစ်ထိုက်သည့် စံသတ်မှတ်ချက်များနှင့် ကိုက်ညီရိုးသာ မှန်လျှင် မည်သည့်မိန်းကလေးမဆို ဖြစ်ခွင့်ရှိကြသည်သာ။မအိမ်ကံသာ ဖြစ်ခွင့်ရှိခဲ့လျှင်လည်း မအိမ်ကံထက် သေချာသူအခြားမရှိနိုင်။ သည်အဖြစ်တွင် မည်သည့် ပယောဂမှမရှိ။ မည်သည့်မရိုးသားမှုမှမရှိ။ မည်သူတစ်ဦးတစ်ယောက်၏ ကန့်ကွက်ချက်မှလည်း မပါ။ မဖြစ်ထိုက်၍ မဖြစ်ခဲ့ခြင်းဟုသာ ဆိုစရာရှိပါ၏။ သို့သော်လည်း

ဖက်စိမ်းကွမ်းတောင်ကိုင်ခွင့်

မရခဲ့သော

မအိမ်ကံ၏

အဖို့ကား

ကြောက်မက်ဖွယ်ကောင်းလှသော

အဖြစ်သည် ဘ၀လမ်းခရီးတစ်နေရာက စောင့်ဆိုင်းလျက် ရှိလေသည်။ အမုန်းအာဃာတသည် မအိမ်ကံ၏ကိုယ်တွင်း၌ မကောင်းဆိုးဝါးသဖွယ် ကပ်ငြိရာက စခဲ့ခြင်းဖြစ်ပါ၏။ မအိမ်ကံ အိမ်ကြီးပေါ်က ဆင်းလာခဲ့သည်။ ရက်ကန်း စင်တွေဘက်မှာ အရီးကြာညွန့်နှင့် အခြားတစ်ယောက်သာ ရှိ၍ အလုပ်တွေ များနေကြသည်။ ရက်ကန်းသမကလေးတွေ က အလှူရက်ဆိုတော့ အလုပ်မ၀င်ကြ။ ထူးဆန်းတာက အမေ ပန်းရုံရော၊ မလှအုံပါ မရှိကြခြင်းဖြစ်၏။ ကျေးဥလည်း အလှူ လှည့်ရာ လိုက်သွားပုံရသည်။ ပဲမှော်တိုက်ရိပ်မှာ တရားစာအုပ် ဖတ်နေမည် ထင်ခဲ့သော အဖေ့ကိုလည်း မမြင်။ မအိမ်ကံ ၀ိုင်းတံခါးအထိ လျှောက်လာခဲ့ရုံနှင့်ပင် ရင်တွေတုန်နေခဲ့ပါ၏။ မအိမ်ကံ ခဏလေးရပ်ပြီး စဉ်းစားသည်။ ဆက်သွားရင် ကောင်းလေမလား။ သွားရင်ကော သွားနိုင်ပါ့မလား။ အခုပင် နှလုံးတွေ ခုန်လှပြီ။ အို ... သည်မြင်ကွင်းကို သူကြည့် ဖြစ်အောင်ကို ကြည့်ရမည်။ မအိမ်ကံစိတ်ကူးက ၀ိုးဝိုးဝါးဝါး မြင်လိုက်ရသော ရွှေမှုံကို ခပ်နီးနီးက ကြည့်ချင်၍ ဖြစ်သည်။ ရွာ့အနောက်ဘက် လမ်း အ၀ိုက်အတိုင်း ရှင်လောင်းလှည့်မှာကိုသိတော့ အိမ်ကြို အိမ်ကြားကဖြတ်ပြီး ဒွေးပိန်တို့ ၀ိုင်းတိုက်အထိ သွားမည်။ ဒွေးပိန်တို့ဝိုင်း ခြံစည်းရိုးက တာလမ်းနှင့် ကပ်နေတာဆိုတော့ ရွှေမှုံကို ထင်းထင်းကြီး မြင်နိုင်သည်။ ခြံစည်းရိုးဘေးက ကပ်ပြီးကြည့်နေသည့် မအိမ်ကံကို အလှူလှည့်တွေက မမြင် နိုင်။ ခြံစည်းရိုးတစ်လျှောက် ကင်ပွန်းချုံတွေ ရှိနေသည့် အတွက် သစ်ပင်တွေထဲ မတ်တတ်ရပ်နေရုံပင်။ ဒွေးပိန်က လည်း စပ်စုစရာမရှိ။ ဒွေးပိန်က မျက်မမြင်။

85


မအိမ်ကံ ခြံတံခါးဝက အသာလျှိုထွက်လာခဲ့သည်။ အလှူလှည့်တွေက တရွေ့ရွေ့ဆိုတော့ ရွာလမ်းအ၀ိုက်ကို အချိန်ယူပြီး ပတ်နေတာမှကြာဦးမည်။ မအိမ်ကံ အိမ်ကြို အိမ်ကြားတွေက ဖြတ်ထွက်လာခဲ့သော်လည်း လူသူလေးပါး မရှိ။ တစ်ရွာလုံး ရွာလမ်းမပေါ်မှာ။ ကြည့်သူတွေကလည်း တာလမ်းပေါ်မှာ။ ဒွေးပိန်တို့ ၀ိုင်းထဲရောက်တော့ မအိမ်ကံ အသံမပေးဘဲ ခြံစည်းရိုး ကင်ပွန်းချုံတွေနား ကပ်လာခဲ့သည်။ သို့သော်မရပါ။ ဒွေးပိန်က ပါးလိုက်တာ လှစ်လို့။ “ဟဲ့ ဘယ်သူတုံး” “ကျွန်မပါ ဒွေးပိန်။ မအိမ်ကံပါ” “ရှင်အိမ်ကံလား။ ညည်းအလှူလှည့် မလိုက်ဘူးလား” “နေမကောင်းလို့ ဒွေးပိန်ရဲ့။ လမ်းဘက်ထွက်မလို့ ဖြတ်လာသာရယ်။ သွားတော့မနော်” “အေး အေး သူတော်ကောင်းမ သွားရော့” မအိမ်ကံ မလွှဲသာ မရှောင်သာ လိမ်ပြောလိုက်ရပါ၏။ မအိမ်ကံ ကင်ပွန်းပင်တွေကြား ၀င်လိုက်ချိန်မှာပင် အလှူ လှည့်တွေ ရောက်လာခဲ့လေပြီ။ ဒွေးပိန်ကို လှမ်းကြည့်တော့ ပြောင်းဖူးဖက်ဖွာလျက်။ သူ့ကင်ပွန်းပင်တွေကြား မအိမ်ကံ ရှိနေမှန်းမသိ။ သည်လိုနှင့် ရွှေမှုံကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရခဲ့သည်။ ဒေါင်းစိမ်းထဘီ၊ ဒေါင်းစိမ်းအင်္ကျီ၊ ရွှေတွေ က ညွှတ်လို့။ လိမ်းထားသည့် မျက်နှာချေကြောင့် မျက်နှာ ကလေး ရဲရဲမှည့်နေလေ၏။ ကြံဆစ်လက်ကောက်တွေက များလွန်းလှသည်။ ဒေါင်းစိမ်းရောင် အင်္ကျီလက်နှင့် ဖက်စိမ်း ကွမ်းတောင်စိမ်းက အစိမ်းတစ်မျိုးစီဖြင့် လှနေကြလေသည်။ ကင်ပွန်းပင်တွေကြားမှာ မအိမ်ကံရှိနေတာ မည်သူမျှ မမြင် ကြ။ လမ်းပေါ်က မျက်လုံးပေါင်း အရာအထောင်ကလည်း မမြင်။ အနားက ဒွေးပိန်ရဲ့ မျက်လုံးနှစ်လုံးကလည်း မမြင်။ မအိမ်ကံကသာ အရာအားလုံးကို မြင်နေရပါ၏။ ရင်ထဲမှာ တော့ စကားလုံးတွေ...။ “ရွှေမှုံရယ် ညည်းဂုဏ်ရှိလှ ကွမ်းတောင်ကိုင်ရတုန်းပေါ့ အေ။ ငါက တစ်ဘ၀စာ ဂုဏ်ရှိအောင် နေပြမယ်။ ညည်း စောင့်ကြည့်လိုက်” မအိမ်ကံ အသာပြန်ထွက်လာခဲ့သည်။ ၀ိုင်းတိုက်တွေ၊ အိမ်တွေကြားကပဲ ပြန်လာခဲ့ခြင်းဖြစ်သည်။ အိမ်ရှေ့ခြံဝင်း တံခါးကြီးနား အရောက်မှာတော့ လှည်းတစ်စီး ကျွီခနဲ တုန့်လိုက်တာ သတိထားလိုက်မိသည်။ တောသားကြီး နှစ်ယောက်။ မျက်နှာစိမ်းတွေ။ တစ်ယောက်က လှည်းမောင်းသူ၊ တစ်ယောက်က လှည်းစီးလာသူ။ ပေရေ စုတ်ချာလှသော ခေါင်းပေါင်း ပေါင်းထားသည့် ကျောဘုကြီးနှင့် တောသား ကြီးက လှည်းပေါ်က ခုန်ဆင်းလိုက်ပြီး မအိမ်ကံရှိရာ ခြံတံခါး ဆီ လှစ်ခနဲ ကပ်လာခဲ့သည်။ မအိမ်ကံက ခြံတံခါးကို ကျောမှီ ပိတ်လိုက်ချိန်မှာတော့ လှည်းက တအီအီ ဆက်မောင်းသွား တာ ကြားနေရသည်။ မအိမ်ကံက

ခြံတံခါးမောင်းကို

ထိုးရန်

ပြင်လိုက်စဉ်မှာပင်

ကျောဘုကြီးနှင့်

တောသားကြီးက

ခြံတံခါးနှစ်ချပ်ကြား

လက်ထိုးခံလိုက်လေသည်။ ၀င်းတံခါး နှစ်ချပ်ကြားသို့ လူတစ်ယောက် ရုတ်တစ်ရက် လက်ထိုး ခံလိုက်သဖြင့် မအိမ်ကံ တံခါး မောင်းထိုးရန် မဖြစ်တော့။ မအိမ်ကံမှာ တံခါး နှစ်ချပ် ပွင့်မသွားဖို့သာ အရင် ကြိုးစားနေရသည်။ တံခါးကြီး နှစ်ချပ်ကြား ညှပ်နေသော တိုက်ပုံအင်္ကျီဝတ် လက်ကြီးတစ်ဖက်က မအိမ်ကံဘက်မှာ ရှိနေခြင်း သည်ပင်လျှင် ကြောက်စရာ ကောင်းလှသည်။ မအိမ်ကံ မြင်ရ သလောက် တိုက်ပုံအကျီင်္လက်က အနားတွေ ဖွာထွက်နေကာ အဖာအထေး ကလည်း များလှသည်။ တိုက်ပုံအကျီင်္ လက်ထဲက ထိုးထွက်နေသော လက်ဖျံနှင့် လက်ဖ၀ါး တစ်ခုလုံးသည်လည်း အိုးမဲလိုလို၊ ရှားစေးလိုလို ညစ်မွဲမွဲ ကြေးညှော်တွေ ပေကျံလျက်ရှိပါ၏။

86


မအိမ်ကံ အတွက်လုပ်စရာ အလုပ်တစ်ချက်သာ ရှိသည်။ တံခါးကြီးနှစ်ချပ်ကို ကိုယ်လုံးဖြင့် ဖိခြင်းအားဖြင့် လက်ညပ် သွားစေနိုင်သည်။ သည့်ထက် အားစိုက်လိုက်ရင် ကျိုးပင် ကျိုးသွားနိုင်သည်။ သည်လူက လှည်းပေါ်က ဖျတ်ခနဲ ဆင်းလာပြီး တံခါးအနီး ရောက်အောင် ကပ်လိုက်တာကို မအိမ်ကံ ၀င်းထဲအ၀င်မှာ သတိထား လိုက်မိသော်လည်း သည်လို အတင့်ရဲလိမ့်မည် မထင်ခဲ့။ သူကြီးအိမ်ကို သည်လို နွမ်းပါးလှသော လှည်းသမား တစ်ယောက်က ပိုင်စိုးပိုင်နင်း လုပ်စရာ အကြောင်းမရှိ။ အဖေ့လူတွေလား။ ဒါမှမဟုတ် အဖေ့ကို ရန်ပြုချင်သူတွေလား။ ခောတ်ကာလ မကောင်းတော့ တချို့ ရွာတွေမှာ သူကြီးကိုပင် ဒုက္ခပေးနေကြတာတွေ ကြားရသည်။ အခုလည်း အဖေ့ကို ရန်လုပ်ချင်လို့ပဲဖြစ်ရမည်။ အဖေ့လူ ဆိုလျှင် သူကြီးမင်း ရှိသလား လောက်တော့ မေးရမည် မဟုတ်လား။ အခုတော့ ပိတ်လိုက်သည့် တံခါးကိုပင် လက်ထိုးခံလိုက်သည်ဆိုတော့ လူကောင်း ဖြစ်စရာမရှိ။ မအိမ်ကံက တံခါးနှစ်ချပ်ကို ကျောကပ်ကာ ဖိပစ်လိုက်သည်။ “ဟဲ့ ဟဲ့ ကံကလေး ငါ့နှမ လက်များ ကျိုးပါရော့မယ် ဟာ၊ ဖွင့်စမ်းပါ မြန်မြန်” အသံက ခပ်အုပ်အုပ်။ ကံကလေးတဲ့ ငါ့နှမတဲ့။ ဟယ်တော် အစ်ကို မောင်မြတ်သာပေါ့။ မအိမ်ကံ တံခါးကို ကျောဖြင့် ဖိကပ်ရာက လှည့်ကာ လူတစ်ကိုယ်စာလောက် ဖွင့်ပေးလိုက်သည်။ အစ်ကိုမောင်မြတ်သာ ဆိုလို့သာကော။ ၀င်လာသည့် လူကြီးက စုတ်စုတ်ပြတ်ပြတ် နိုင်လှချည်လား။ ကြီးမား ချောင်ပွလှသော ပင်နီထူတိုက်ပုံကြီးမှာ မူလအသားထက် ဖာကွက်က များလှပါ၏။ အရောင်အဆင်း ဆိုတာတော့ ရေသနုတ် ပုဆိုးကမှ ပြောင်သေးသည်။ နှုတ်ခမ်းမွှေး ဖားလျား တွေက စပါးလုံးတစ်ထောက်စာ မကအောင်ပင် ရှည်လျားလှသည်။ ဆံပင် ဘုတ်သိုက်က ကြီးမားလှသော ဖျင်ခေါင်းပေါင်း ကြီးပေါင်းထားသည့်ကြားက လျှံထွက်နေကြ၏။ မျက်တွင်း တွေက ချိုင့်နေလိုက်တာ။ ရင်ညွန့်ရိုး၊ လည်ပင်းရိုး တွေက လည်း ငေါလွန်းလှသည်။ အသားအရေကတော့ ယောဂီရောင် ကျေးတစ်ရာ ပုဆိုးဟောင်းလို ညိုမွဲမွဲ။ မအိမ်ကံက အစ်ကို ဖြစ်သူကို ခြေဆုံး ခေါင်းဆုံးကြည့်ရင်း အံ့သြနေခဲ့သည်။ အစ်ကိုရယ် ဘယ်လိုများ ဖြစ်လာတာလဲ။ တောခြေရွာတွေဘက် မီးသွေး ဖုတ်ဖိုတွင် လှည်းတိုက်ကြသူ လှည်းသမားတွေလို မျက်လုံးကလေးတွေသာ အရောင်ရှိတော့သည်။ မောင်နှမ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတာ အကြာကြီး။ မအိမ်ကံက တံခါးမောင်းကို ထိုးလိုက်ပြီး အစ်ကို ဖြစ်သူကို လက်မောင်းက ဆွဲခေါ်လာခဲ့သည်။ “ကံကောင်းလို့ပါလား အစ်ကိုရယ်။ ကံကလေးက မကောင်းသူ မကောင်းသားမှတ်လို့ လက်ကို တံခါးနဲ့ညှပ်ချိုး ပစ်မလို့” “အလို အင်မတန်နူးညံ့တဲ့ ငါ့နှမကလေးတောင် ဒေါသတွေ ဖြစ်တတ် နေပါပကော” အစ်ကို့ စကားကြောင့် မအိမ်ကံ ၀မ်းနည်းသွားမိသည်။ မအိမ်ကံကို ညှာတာတတ်သူ၊ စာနာတတ်သူ၊ ကိုယ်ချင်းစာ တတ်သူ၊ သနားတတ်သူ၊ ဖေးမတတ်သူ၊ ကူညီတတ်သူ၊ ပေးကမ်းတတ်သူရယ်လို့ အားလုံးက လက်ခံထားကြတာ မဟုတ်လား။ အခုတော့ ဒေါသအလျောက် စကားတွေ ပြောနေခဲ့မိပြီ။ သည်ဒေါသတွေက မအိမ်ကံရင်ထဲ ဘယ်ကဘယ်လို ရောက်လာတာ ပါလိမ့်။ စောစောက ဒွေးပိန်တို့ ၀ိုင်းထဲရောက် တော့ မျက်မမြင် အမယ်အို ဒွေးပိန်ကပင် “ရှင်အိမ်ကံ သူတော် ကောင်းမ”လို့ ခေါ်ခဲ့သေးသည်။ ကွမ်းတောင်ကိုင် ရွှေမှုံကို တွေ့ခဲ့ပြီးမှ မအိမ်ကံပင် မသိလိုက်ဘဲ ၀င်လာသည့် အကုသိုလ် စိတ်တွေများလား။ အိမ်မှာ ဘယ်သူမှမရှိ။ ရက်ကန်းရုံထဲမှာတော့ အရီး ကြာညွန့်တို့ ရှိကြပုံပေါ်သည်။ တချောက်ချောက် တလှုပ်လှုပ် ကြားနေ မြင်နေရပါ၏။ မောင်မြတ်သာက လက်ထဲက လွယ်အိတ်ကို ဘေးချကာ ခုံတန်းရှည်ကြီးပေါ် ခြေပစ် လက်ပစ် ထိုင်ချ လိုက်သည်။ “အဖေတို့ မရှိကြဘူးလား။ အမေပန်းရုံတို့ကော မတွေ့ ပါလား” “အဲသာပေါ့ အစ်ကို့နှယ်၊ ကံကလေး အလှူလှည့်သွား ကြည့်ကတည်းက မရှိကြသာ။ အလှူအိမ်တော့ မဟုတ် လောက်ဘူး။ ဘယ်များသွားကြသယ် မပြောတတ်ဘူး။ အမောဖြေဦး၊ ပြီးမှ ရေးချိုး”

87


အစ်ကိုမောင်မြတ်သာ သည်လိုပုံနှင့် ရုတ်တရက်ကြီး ကိုယ်ထင်ပြသလို ရောက်လာလိမ့်မည် မထင်ခဲ့။ ရောက်လာ ပြန်တော့လည်း ညစ်နွမ်းလိုက်တာ အစ်ကိုရယ်။ အစ်ကို့ကို ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ိုင်းဥလာခဲ့၏။ မိဘက မြေနှင့်၊ ယာနှင့်၊ ထန်းဥယျာဉ်နှင့် တောလူချမ်းသာ စာရင်းဝင်။ သားကလေး မြင့်စေချင်လွန်းလို့ တက္ကသိုလ်ကျောင်း ကြီးပို့ကာမှ အစ်ကိုက ပညာရေးကို စိတ်မ၀င်စား။ တိုင်းပြည် လွတ်လပ်ရေးတွင် စိတ်ဝင်စားသည်။ မအိမ်ကံကတော့ မိန်းကလေးပီပီ မိသားစု သိုက်သိုက်ဝန်းဝန်း နေစေချင်သည်။ မအိမ်ကံမှ မဟုတ်ပါ။ မိဘနှစ်ပါးကလည်း သည်စိတ်သာရှိ ကြပါ၏။ သို့သော် အစ်ကိုက တိုင်းပြည်နှင့် လူမျိုးအရေးထက် ဘယ်ဟာကမှ အရေးမကြီးဟု သဘောထားခဲ့သူဆိုတာ မအိမ်ကံ ဥာဏ်မီသလောက် သဘောပေါက်ရပါ၏။ ထောင် မကြောက်၊ တန်းမကြောက်၊ ပြေးဟယ်၊ လွှားဟယ်၊ ပုန်း ဟယ်၊ အောင်းဟယ် ရှိရသော အစ်ကို့ဘ၀ကို မအိမ်ကံ တစ်ခါ တစ်ခါ သနားလွန်းလှသည်။ ဘယ်လို စားလို့ ဘယ်လို နေရှာ ပါလိမ့်။ ဘယ်လိုပုန်းလို့ ဘယ်လိုရှောင်နေရပါလိမ့်။ နိုင်ငံရေးကို မအိမ်ကံ မသိသော်လည်း ကိုယ့်တိုင်းပြည် သူတစ်ပါးလက်အောက် ကျနေရတာကိုတော့ သိပါ၏။ အဖေ ကိုယ်တိုင် အင်္ဂလိပ်အလိုတော်ရိ သူကြီးဘ၀ကို တစ်စတစ်စ စိတ်ကုန်လာမှန်း မအိမ်ကံ ရိပ်စားမိသည်။ ကျွန်ဘ၀လွတ် မြောက်အောင် အစ်ကို လုပ်နေတာကိုလည်း မအိမ်ကံ မကန့်ကွက်ချင်။ သည်တစ်ခေါက် အစ်ကိုရောက်လာတာပဲ ကြည့် လေ။ နှစ်နှင့်ချီကြာပြီးမှ မမျှော်လင့်ဘဲ ရောက်လာခဲ့သည်။ ရောက်လာတော့လည်း လွတ်လွတ်လပ်လပ် မဟုတ်။ ပုန်းလျှိုး ကွယ်လျှိုး နိုင်လှပါ၏။ လူကလည်း ညှဉ်းသိုးသိုး ချဉ်စော် ဖတ်စော်များပင် နံလို့။ မုတ်ဆိတ်တွေက မအိမ်ကံတို့ ရွာကို ဆိတ်ကျောင်း ရောက်လာတတ်သော ဦးအီစမန်နှင့်ပင် တူလှပါ သကော။ “အစ်ကိုရယ် ရောက်တုန်း မျက်နှာပေါ်က အမွေးတွေ ရိတ်ပါဦးတော့။ တကတဲ ဦးအီစမန်ကြီး ကျလို့။ ညစ်ပတ် နံစော် နေလိုက်တာများ အစ်ကိုရယ်” “မလုပ်နဲ့ ကံကလေးရေ။ အစ်ကိုတို့က ရုပ်အမျိုးမျိုးနဲ့ သွားလာနေရတာပါ။ ရေမိုးချိုးရင်း ခေါင်းတော့ လျှော်လိုက် ပါဦးမယ်။ တရော် ကင်ပွန်းရည်တော့ ရှိသမှုတ်လား” “ရှိပါ့တော်။ ဖျဉ်အိုးကြီး တစ်လုံးလောက်နဲ့ လျှော်မှရမှာ။ မအိမ်ကံ လျှော်ပေးပါ့မယ်တော်” မအိမ်ကံစကားကြောင့် မောင်မြတ်သာက ရယ်သည်။ မောင်မြတ်သာက သူ့တိုက်ပုံ အင်္ကျီကြီးကို ချွတ်သည်။ အတွင်းမှာ ကြိုးတစ် ချောင်းနှင့် ပခုံးကို လွယ်သိုင်းထားသော အ၀တ်ခုကြီးကိုဖြုတ်နေသည်။ မအိမ်ကံက တော့ ထူးဆန်းလှသဖြင့် ထိုင်ကြည့် နေခဲ့သည်။ အ၀တ်ခုကြီးက ပုဆိုးသုံးလေးကွင်း စုခေါက်ကာ ကျောနှင့် ပခုံးစပ်မှာ သိုင်းချည်ထားခြင်း ဖြစ်၏။ “ဒါက ကျောဘုကြီးနဲ့ တူအောင် ခုထားသာ နှမလေးရဲ့။ ပုဆိုးလည်းပါပြီး ဖြစ်ကရော။ ကျောဘုကြီးနဲ့ ဆိုတော့ တော်ရုံပုလိပ် မျက်စိ လည်ကရော” “ဖြစ်ရလေ အစ်ကိုရယ်” မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ သည်ကနေ့ မအိမ်ကံတွင် စိတ်နှစ်မျိုး ရှိနေခဲ့သည်။ စောစောကရွှေမှုံ ဖက်စိမ်း ကွမ်းတောင်ကြီး ပိုက်လျက် ရှင်လောင်းလှည့်တာ တွေ့စဉ် ကတော့ မခံချင်စိတ်ကလေး ခုမိခဲ့သည်။ အခု အစ်ကိုမြတ်သာ ရောက်လာတော့ စိတ်မချမ်း မသာ ဖြစ်ရသည်။ “အစ်ကို ရေချိုးပြီးရင် တစ်ရေး မှေးချင်သေးသယ်။ အစ်ကို မအိပ်ရတာ နှစ်ညလားရှိပြီ။ အိပ်ရေးဝမှ ထမင်းစားမယ်။ ဘာချက်ကြတုံးဟ” “မလှအုံနဲ့ ကျေးဥ ချက်နေကြသာပဲ အစ်ကိုရဲ့။ တောစာပေါ့”

88


“တောစာပဲ ကြိုက်သာပါဟာ။ မောင်ပြေသိမ်း ကတောင် ပြောနေသေးသာ။ သခင်မြတ်သာတို့အိမ် လိုက်ချင်လိုက်သာ တဲ့။ ကံကလေးနဲ့ ဆုံကြသေးဆို” “အဲသာပေါ့။ မြင်းခြံရောက်သဲ့နေ့ပဲ အစ်ကိုက မြစ်ဆိပ် ဆင်းသွားသာတဲ့။ ကိုပြေသိမ်းက ကူညီပါသယ်။ မြင်းခြံ သွားတုန်းက ရွာခြေအထိ လိုက်ပို့သယ်လေ” “ပြောပါသဗျာ။

ငါ့နှမကို

ချောလွန်းလို့သဲ့။

မောင်ပြေသိမ်းက

ကံကလေးကို

သဘောကျတတနဲ့

တူပါရဲ့ကွယ်။

မောင်ပြေသိမ်းက လူပုံနွဲ့သလောက် စိတ်ဓာတ်ကောင်းသယ်။ အစ်ကိုတို့လို ပုန်းလျှိုးနေရသာမျိုး မရှိပေမယ့် ပုလိပ်က သူ့လည်း စောင့်ကြည့်နေသာပဲ” မအိမ်ကံကို ကိုပြေသိမ်းက ချောသတဲ့ဆိုတာ မရှက်သော်လည်း ငါ့နှမကို သဘောကျတတ ထင်ပါရဲ့ကွယ် ဆိုတာကိုတော့ အစ်ကိုမောင်ဖား တစ်ယောက်ရှေ့မှာ ရှက်မိပါ၏။ သည်တော့လည်း မအိမ်ကံမှာ စကားလမ်းကြောင်း လွှဲရတော့သည်။ “အဖေတို့၊ အမေပန်းရုံတို့လည်း အစ်ကို ရောက်လာသာကို ၀မ်းသာကြရှာမှာ။ သည်တစ်ခါတော့ ကြာကြာနေပါဦး သခင်အုပ်စိုးရယ်” မအိမ်ကံ စကားကြောင့် မောင်မြတ်သာ မျက်လုံး ပြူးသွားသည်။ ပြီးမှ ရယ်လေတော့သည်။ မအိမ်ကံကလည်း ရယ်ချင် လှပါ၏။ သခင်အုပ်စိုးလို့ ခေါ်လိုက်ရတာ မဟုတ်လား။ “အလိုဗျာ ညည်း ဘယ်သူကများ ပြောလိုက်ပါလိမ့်။ ဟုတ်ဟုတ် သေးတော့ဗျာ။ မောင်ပြေသိမ်းက သနပ်ခါးတောင်း လက်ဆောင် ပေးရင်း ပြောလိုက်ထင်ပါ့” “ဟုတ်သယ် အစ်ကိုရဲ့။ သူ့နာမည်ရင်းက သက်နှင်းတဲ့။ သခင်နာမည်က ပြေသိမ်းတဲ့။ အစ်ကိုက သခင်အုပ်စိုးတဲ့။ ကိုင်း ကိုင်း မအိမ်ကံ အစ်ကို့အတွက် အိပ်ရာ ပြင်ချေဦးမယ်။ ရေကို နားပြီးမှချိုး။ ပေး အစ်ကို့ လွယ်အိတ်” “အေးအေး ရော့ ကံကလေး” အစ်ကို့ လွယ်အိတ်ကိုယူပြီး မအိမ်ကံ နောက်ဖေးချောင်ဘက် ထွက်လာခဲ့သည်။ ဟင်းအိုးတွေ လှန်ကြည့်ချင်လို့ ဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် သည်ကနေ့မှ အစ်ကို့ အကြိုက် ပဲကြီးနှပ်နှင့် မန်ကျည်းရွက်နုသုပ် ကလေးသုပ်ထားကြသည်။ ငါးစင်ရိုင်း အရည်ချိုချက်ကလေး နှင့် ငါးရံ့လုံးငါးပိကောင်ကြော် ငရုတ်သီးစပ်စပ်ကလေး ဆိုတော့ အစ်ကို ထမင်းမြိန်မှာ သေချာသည်။ အစ်ကို့ကို မအိမ်ကံ ကိုယ်တိုင် ထမင်းခူးခပ်ကျွေးမည်။ ထမင်းအိုးကြီးကို ချွေးလှပ်လိုက်ရင်း မအိမ်ကံ ရေနွေးအိုးကြီး ထင်းမီး ထပ်ထိုးခဲ့သည်။ ပြီးလျှင် အပေါ်ကိုတက်ခဲ့ပြီး ၀ရန်တာမှာ အစ်ကို့ အတွက် သင်ဖြူးဖျာ တစ်ချပ်ခင်းရင်း အိပ်ရာ ပြင်ပေးလိုက်သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြောလိုက်သည့် ချောလွန်းလို့တဲ့ ဆိုသည့် စကားတွေသာ ကြားယောင်နေသည်။ လူပုံနွဲ့သလောက် စိတ်ဓာတ် ကောင်းသတဲ့။ အစ်ကိုပြောသလို မအိမ်ကံကို သဘောကျတာ ဆိုတာလည်း ဖြစ်နိုင်ပါ၏။ ဒါကို မအိမ်ကံ၏ ဗီဇစိတ်အရ သိနေသလိုခံစားရသည်။ ရေတွင်းကုန်းဘက်ဆီက ရေတွေတဗွမ်းဗွမ်း လောင်းချိုး နေသံကြားရပြီ။ အစ်ကို ရေချိုးပြီးလျှင် ထမင်းစားနိုင်ဖို့ အဆင်သင့် ခူးခပ်ထားရမည်။ ထမင်းစားပြီးမှ အအိပ်ခိုင်းရမည်။ မအိမ်ကံ အောက်ထပ်ကို ဆင်းလာစဉ် ၀င်းတံခါးဘက်ဆီက အသံတွေကြားရလို့ လှမ်းကြည့်လိုက်ပါ၏။ အဖေနှင့် အမေ၊ ပြီးတော့ မလှအုံ။ ဆေးလိပ်ကြီးတွေ ကိုင်ကြလို့။ ၀င်းတံခါးဆီ မအိမ်ကံ ပြေးလာခဲ့သည်။ အစ်ကို ရောက်နေတာကို ပြောချင်လှပြီ။

89


“သမီး နေကောင်းရဲ့လား။ ထမင်းကော စားပြီးပြီလား။ အမေတို့ အလှူအိမ်ကို လူကြီးဖိတ် ဖိတ်လို့ သွားထိုင်ကြသာ။ အမေတို့ သွားတော့ သမီးမနိုးသေးလို့ မကြာညွန့်တော့ မှာခဲ့ပါရဲ့” “အမေ အစ်ကိုရောက်နေသယ်” “အို ဟုတ်လား။ သူကြီးရေ လူကလေး ရောက်နေသယ် တဲ့တော်ရေ” “အဖေနော် အစ်ကို့ကို ဘာမှ ပြောမနေနဲ့ဦး” “အေးပါ သမီးရယ် အခု ဘယ်မှာတုံးဟဲ့” “အိမ်ထဲမှာ” အဖေရော အမေပါ မျက်နှာတွင် အပျော်ရိပ်များဖြင့် ၀င်းစက်သွားကြသည်။ မျှော်နေကြတာ မဟုတ်လား။ နှစ်ပေါက်အောင် မျက်စိအောက်က ပျောက်နေသော သားမောင်ကို တွေ့ချင် မြင်ချင် လွန်းလှပြီ။ မလှအုံက တံခါးကို မောင်းပြန်ထိုးသည်။ အိမ်ထဲ ရောက်တော့ အစ်ကိုချွတ်ထားခဲ့သော ပုဆိုးဟောင်း၊ တိုက်ပုံဟောင်းတွေက တန်းလျားပေါ်အပုံလိုက်။ ဦးသာထန်က ကောက်ကိုင်ကာ မြှောက်ကြည့်သည်။ “တို့ရွာက အရူးဘမောင်ဝတ်တာကမှ ပြောင်သေး ကျောင်းအမရေ၊ နင့်သားအ၀တ်တွေ ကြည့်ပါဦးတော့” အဖေ့ စကားကြောင့် အမေပန်းရုံကော မအိမ်ကံပါ ရယ်ကြရသည်။ အရူးဘမောင်က ရွာရိုးကိုးပေါက် လျှောက်သွား နေသူ မှုတ်လား။ မလှအုံက သည်စကားကို ကြိုက်ပုံမရ။ “ဖအေနဲ့ သား တူပါ့တော်။ အင်မတန် ကစုတ်ကညစ် နိုင်ကြသာ” “ဟာ သည်ဟာမ ဘယ်စကား ဘယ်ရောက်” သည်လို ဆိုတော့လည်း မအိမ်ကံတို့အိမ်မှာ အပျော်သံ ကလေးတွေ ညံလျက်ရှိရပါ၏။ ညစာ ထမင်းဝိုင်းကတော့ နှစ်များစွာအတွင်း မိသားစု ဆုံကြသည့် ထမင်းဝိုင်းဖြစ်သည်။ မလှအုံက မနက်က ချက် ထားသည့် ဟင်းများအပြင် ညနေဘက်မှာ ကြက်သားဆီပြန် တစ်ခွက်၊ ဘူးရွက်ဟင်းချို တစ်ခွက် ထပ်ဖြည့်ထားသဖြင့် ဟင်းတွေ အမယ်စုံလှပါ၏။ မောင်မြတ်သာက ခေါင်းပင် မဖော်နိုင်။ မအိမ်ကံ အစ်ကိုဖြစ်သူ ထမင်းပန်းကန် ထဲတွင် ဟင်းတွေ မကြာခဏ ထည့်ပေးသည်။ ဦးသာထန်ကတော့ သားကိုကြည့်ကာ စိတ်မကောင်း ဖြစ်နေပုံရသည်။ သားဖြစ်သူ နှင့် တွေ့တွေ့ချင်း သားကိုဖက်ကာ ငိုရှာပါသေးသည်။ အသက်ကြီးကာမှ မျက်ရည်ကျရသော ဖအေနှင့် တိုင်းပြည် အရေးထက် ဘာကိုမှ သံယောဇဉ် မထားသော သားကိုကြည့်ရင်း အမေပန်းရုံလည်း မျက်ရည် တစမ်းစမ်း ရှိခဲ့ရသည်။ အဖေနှင့်အမေ ငိုတော့ မအိမ်ကံလည်း ငိုမိသည်။ “ငါ့သားက မောင်တောက်ထိန်နဲ့ မှာသယ်ဆိုလို့ အဖေ သူကြီးအလုပ်က နားလိုက်သယ်။ သူကြီး အလုပ်ကလည်း နာမည်ခံ ရှိတော့သာပါကွာ။ ရပ်ရွာ အသင်းအဖွဲ့တွေ အမျိုးမျိုး ပေါ်လာပေမယ့် တို့က တောရွာဆိုတော့ အဖေ့ကို ဦးထိပ် ထားကြတုန်း ပါပဲ။ ငါ့သားကို အဖေက ရပ်မကွာ ရွာမကွာ၊ အိုးမကွာ အိမ်မကွာ ဂုဏ်ရှိရှိ နေစေချင်သာရှိသာပါ။ မင်းလုပ်သာ အဖေ ဘာမှမပြောချင်ဘူး။ ဒါပေသိ မင်း ဆင်းရဲလွန်းလှ သကွာ”

90


ထမင်းစားပြီး ပဲလှော်တိုက်ဘေးမှာ ထန်းကုလားထိုင် တွေခင်းကာ ထိုင်ကြသည်။ မနီးမဝေး မီးဖိုကျင်းမှာ မလှအုံက နွားနို့ ကျိုနေသည်။ မောင်မြတ်သာကို နွားနို့တိုက်ရန် ဖြစ်သည်။ သားအဖတစ်တွေ ဆုံကြစဉ် ဦးသာထန်က မောင်မြတ်သာကို ပြောလိုက်ခြင်း ဖြစ်၏။ “ဆင်းရဲသယ်အဖေ။ ကျွန်တော်တို့ သည်အချိန်မှာ ပုလိပ် အဖမ်းခံလို့ မဖြစ်ဘူး။ ကျွန်တော်တို့ အလုပ်က တစ်ယောက် ကိုတစ်ယောက် ချိတ်ဆက် နေကြသာဆိုတော့ ခုလတ်မှာ အဖမ်းခံရရင် ကွင်းဆက် ပြတ်သွားတတ်သယ်။ အခုတောင် မီးသွေးတိုက်ပြန်တဲ့ လှည်းတွေနဲ့ လိုက်ခဲ့ရသာ” “အခုက တိုင်းရေး ပြည်ရေးကကော ဘယ့်နှယ့်တုံး။ အဖေတို့ တောဘက်မှာတော့ စကားတွေကအမျိုးမျိုးပဲ။ တော ကြောင်တွေကလည်း ထဖို့ ခတ်ကွင်းပြင်နေကြလေရဲ့” “အဖေ သူကြီး အရွေးမခံသာကောင်းသယ် အဖေ။ အခု ဟာက ကိုယ့်အစုနဲ့ကိုယ် ဖြစ်ကုန်ကြပြီ။ မြို့တွေမှာ နိုင်ငံရေး အဖွဲ့တွေက ဗော်လံတီယာတွေ ဖွဲ့ကြသယ်။ ဗော်လံတီယာ ဆိုသာက ကိုယ်ကြိုက်တဲ့ အဖွဲ့ဘက်က အခမယူဘဲ ပါကြသာ ပေါ့လေ။ ဒေါက်တာဘမော်က ဓားမတပ် ဖွဲ့သယ်၊ ဦးစောက ဂဠုန်တပ်ဖွဲ့သယ်၊ လက်ရုံးတပ်တို့၊ သံမဏိတပ်တို့လည်း ရှိသယ်။ မြို့မှာတော့ ဆူပွက်နေကြသာပါပဲ” “ဘာလုပ်ကြဖို့တုံး” “အင်္ဂလိပ်ကို

ချဖို့ပါပဲ။

ဒါပေမယ့်

အချင်းချင်းကလည်း

စောင်နေကြတော့

ခက်သားပဲအဖေ။

ဒေါက်တာဘမော်က

ဗမာ့ထွက်ရပ်ဂိုဏ်း ဆိုသာ မနှစ်ကဖွဲ့လိုက်ပြီ။ သဘောကတော့ အဖေရာ စစ်ကြီးစတော့မယ်။ အင်္ဂလိပ်က စစ်မီးလောင်တဲ့ဘက် စိတ်ရောက်နေတုန်း ကျွန်တော်တို့က အခွင့်ကောင်းယူရမယ့် သဘောပဲ” “မင်းတို့ တို့ဗမာအစည်းအရုံးကကော” “နှစ်ခြမ်း ကွဲကြပေမယ့် ရည်ရွယ်ချက်တော့ တူကြသယ် အဖေ။ အခုဟာက သခင်ခေါင်းဆောင်တွေ ထောင်ကျ တန်းကျ ဖြစ်နေကြရသယ်။ သာယာဝတီ ညီလာခံပြီးတော့ သခင် အောင်ဆန်းတို့၊ သခင်သန်းထွန်းတို့၊ သခင်စိုးတို့၊ သခင် ၀တင်တို့ ထောင်ထဲ ၀င်ကြရသယ်။ သခင်ဗစိန်၊ သခင်ထွန်းအုပ် အဖွဲ့ကလည်း သခင်ညီတို့၊ သခင်ခင်မောင်တို့ ထောင်ထဲ ရောက်နေ ကြပြီ။ အဲတော့ အထဲမရောက်သေးတဲ့ သခင်တွေက ရှောင်နေကြရတဲ့ သဘောပဲ။ အကုန်လုံး ထောင်ထဲ ရောက်ကုန်ရင် အင်္ဂလိပ်က တစ်ပန်းသာမှာပေါ့” အဖေနှင့် အစ်ကို ပြောနေသမျှ မအိမ်ကံ လုံးစေ့ပတ်စေ့ တော့ နားမလည်။ သဘောသွားလောက်ကိုသာ အကင်းပါး သူပီပီ နားလည်သလိုလိုတော့ ရှိပါ၏။ အမေ ပန်းရုံက မြေပဲတွေ ပူပူလောလောကြော်ကာ ချပေးသည်။ မလှအုံက နွားနို့ပူပူ အငွေ့ ထောင်းထောင်း လာချပေးပါ၏။ ဆားကလေး တစ်ပွင့်၊ နှစ်ပွင့် ဖြူးထားသော မြေပဲဆံကြော် ပူပူက စားချင့်စဖွယ်။ အစ်ကိုက အဖေ နားလည်လောက်သော စကားဖြင့် ခေတ်အခြေ အနေတွေ ပြောပြနေရှာပါ၏။ သည်လို ဆိုတော့လည်း သားအဖတစ်တွေ ကြည်ကြည်သာသာ ရှိကြပါသကော။ မအိမ်ကံ ၀မ်းသာရပါ၏။ အိမ်မှာ အောက်လင်း ဓာတ်မီးကြီး ရှိသော်လည်း အစ်ကိုက အထွန်းမခံ။ အလင်းရောင်တွေ များနေမှာ စိုးပုံရသည်။ တောရွာ ဆိုတော့ ရေနံတိုင် မီးခွက်ရှည်ကိုသာ ထွန်းထားရသည်။ မလှအုံ မီးဖိုကျင်းဆီက ထင်းမီး အလင်းရောင် အနည်းအပါးတော့ ရောက်လာတတ်ပါ၏။ ထိုညက အဖေနှင့် အစ်ကိုတို့ ညဥ့်နက်သန်းခေါင် စကားကောင်း နေကြသည်။ ကျေးဥ ရောက်လာတော့ မအိမ်ကံ အဖော်ရပြီ။

91


“မင်းအခု လာသာကကော စိတ်ချရရဲ့ လား ငါ့သားရာ” “ကိုယ့်ရွာကိုဆိုတော့ ဘယ်သူကမှ တကူးတက သွားမတိုင် လောက်ဘူးလို့တော့ အောက်မေ့ရသာပဲ အဖေ။ ကျွန်တော် ဆရာကြည်တို့နဲ့လည်း တွေ့စရာရှိသေးသယ်။ အခြေအနေ ကောင်းရင် လေး၊ ငါးရက်တော့ နေပါဦးမယ်” မအိမ်ကံကလေး၊ ငါးရက်ဆိုသည့် စကားကိုကြားတော့ အစ်ကိုဖြစ်သူကို လှမ်းငေါက်သည်။ “ရွာမရောက်သေးဘူး

ပြန်ရက်တွက်နေတာ

သုံးခါရှိပြီ။

နေပါဦးတော့လား။

ဆယ်ရက်တန်သည်၊

လ၀က်တန်သည်။

အစ်ကိုတို့များ အဲသလိုချည်းပဲ။ ၀အောင် နေလိုက်ရသယ် မရှိဘူး” “မဟုတ်ပါဘူး နှမရာ။ အစ်ကိုတို့မှာ အဲသည်လောက် အချိန်မရဘူး။ တစ်သက်လုံးစာ လွတ်လပ်ရေးရရင် အစ်ကို နားမှာပါ။ ရွာမှာအခြေချပြီး ငါ့နှမနဲ့ တစ်သက်လုံး အတူနေ မဗျား ကိုင်း” “အစ်ကိုသာ တစ်သက်လုံး ရွာမှာနေရင် ကံကလေးကလည်း တစ်သက်လုံး လုပ်ကျွေးပါ့မသဲ့တော်” မောင်နှမ

နှစ်ယောက်ကိုကြည့်ပြီး

မိဘနှစ်ပါးမှာ

ပီတိ

ဖြစ်ကြရသည်။

လူကြီးတွေ

စကားဝိုင်း

မပြီးနိုင်ကြသေး။

ညဥ့်နက်လာတော့ မအိမ်ကံ အိပ်ချင်ပြီ။ ကျေးဥကို လက်တို့ကာ အိမ်ပေါ်တက်လာခဲ့၏။ ဖိုးတုတ်နှင့် ဖိုးကူးကတော့ ကျားကန်အိပ်နေလိုက်ကြသာ အတုံးအရုံး၊ စားကောင်း သောက်ကောင်း လူပျိုပေါက်တွေဆိုတော့ ဘာအပူအပင်မှ မရှိ။ မအိမ်ကံတို့ အခန်းထဲ ရောက်တော့ ကျေးဥက သစ်သားမီးခြစ်ပုံးဖြင့် ရေနံတိုင်ထွန်းသည်။ အလင်း ပျော့ပျော့ကလေးက အခန်းထဲမှာ မှိန်မှိန်ကလေး လင်းလာခဲ့သည်။ ကျေးဥက မအိမ်ကံ၏ အိပ်ရာတွေကို ခါပေးပြင်ပေးရင်း မအိမ်ကံကို အကဲခတ်သည်။ “မအိမ်ကံ” “ကျေးဥ” “မအိမ်ကံကို ပြောစရာရှိလို့” “ပြောလေ ကျေးဥ” ကျေးဥက ဒုတိယ အကြိမ် ပြဿနာတစ်ခု ဆောင်ယူလာခြင်းများ ဖြစ်လေမလား ဆိုသည့် စိတ်ဖြင့် စပြီးသား စကားကို မဆက်ဘဲ ရှိပြန်၏။ မအိမ်ကံ ဘုရားဝတ်ပြုနေတုန်း ကျေးဥ ကကောင်း၏၊ မကောင်း၏၊ တော်၏၊ မတော်၏ စဉ်းစားသည်။ မပြောတော့လည်း အပြစ်ဖြစ် ရပြန်ဦးမည်။ ပြောပြန်တော့ကော။ မအိမ်ကံက ဘုရားရှိခိုးပြီးသည်နှင့် ကျေးဥကိုကြည့်သည်။ ပြောစရာရှိတာ ပြောလေဆိုသည့်သဘော။ ကျေးဥက ချီတုံချတုံ။ “ငါ့မလဲ အခက်ကြုံနေရသယ် မအိမ်ကံရယ်။ တစ်ခါ ဖြစ်လိုက်သဲ့ ပြဿနာက မအိမ်ကံကို ထိခိုက်လွန်းလှသာ မဟုတ်လား။ ငါ့မှာ လှေငယ်ရောက်ရက် အပြေးခက်ဆိုသာလိုပဲ ဖြစ်ရလေခြင်းရယ်လို့ ယူကျုံးမရ ဖြစ်ခဲ့ရသယ်” “အေးပါ ငါသိပါတယ် ကျေးဥရဲ့။ ဒါက ငါ့ဘ၀ ငါ့ အကြောင်းပါအေ။ ဖြစ်ချင်ရင် ဖြစ်ကြရသာပါပဲ။ ရှောင်လွှဲ နိုင်သာမှတ်လို့။ ဘယ်သူ့ကိုမှ မဥပါဒ်ပါဘူးအေ။ ပြောစရာ ရှိရင်သာ ပြောပါ။ ညည်းနဲ့ ငါမှမပြောရင် ဘယ်သူ့ပြော ဖြစ်မှာတုံး” “သည်လိုအေ့ မနေ့က အိမ်ခဏပြန်တော့ သာအောင် အိမ်ရောက်နေသယ်။ ငါကလည်း ပိုးစိုးပက်စက်ကို ပြောပစ်

92


လိုက်သယ်။ နင်ယုတ်မာလို့ မအိမ်ကံခမျာ တစ်သက်လုံး စောင့်ထိန်းလာသဲ့ သိက္ခာ၊ မုန့်လေပွေ ဆင်နင်းသလို ကျိုးကြေ သွားရရှာသယ်ဆိုသဲ့အကြောင်း၊ ငါလည်း တော်တော့်ကို ပြောပစ်လိုက်သယ်” “သာအောင်က ဘာပြောသလဲ” “ဘာမှမပြောဘူး။ ခေါင်းကြီးငုံ့ပြီး စိတ်မချမ်းမသာဖြစ် နေပုံတော့ပေါ်သယ်။ ပြောသာတော့ သူ့အမေ သည်လိုလုပ် လိမ့်မယ် မထင်ဘူးတဲ့။ ဖြစ်ရသဲ့နေ့က သူလည်း မရှိဘူးတဲ့။ မြင်းခြံရောက်နေသာတဲ့။ နှစ်ရက်နေလို့ ပြန်ရောက်တော့မှ သည်စကားတွေ ကြားရသတဲ့။ တောင်းပန်သာပေါ့လေ။ မအိမ်ကံကို မေတ္တာရှိမိလို့ပါတဲ့” “သူ မသိဘူးဆိုသာနဲ့ ပြီးရရောလား ကျေးဥရယ်။ မလုပ်ကောင်းသာ လုပ်ရက် လေခြင်းရယ်လို့ ငါ့စိတ်ထဲချေလို့ပဲ မကျေနိုင်ဘူး။ သည်ကိစ္စ တစ်ရက်ရှင်းရမှာပါအေ။ သူ့ကို ယုံကြည်လို့ ငါနှစ်ကိုယ်ချင်းတောင် တွေ့ခဲ့သာပါ။ သူ့သိက္ခာ၊ ငါ့သိက္ခာ ငါလုံလို့လုပ်ခဲ့သာ၊ ငါ့လိပ်ပြာ စင်ကြယ်လိုက်သာမှ ပေးသူကမေတ္တာ ယူသူကသစ္စာ ဆိုတဲ့ စကားရှိသားပဲ ကျေးဥ ရယ်။ လူဆိုသာ မေတ္တာနဲ့ကမ်းလှမ်းရင် သစ္စာနဲ့တုံ့ပြန်ရ သာမျိုးအေ့” မအိမ်ကံခမျာ အိပ်ချင်စိတ်များပင် လွင့်ပြယ် သွားခဲ့ရပါ၏။ သည်ကိစ္စက မအိမ်ကံရင်ထဲမှာ အောင်းနေသည့် ဖ၀ါး နုနုထဲ မြုပ်နေသော

ကြောင်လက်သည်း

ချွန်ချွန်ကြီးတွေလို

အခါမသင့်

အခွင့်မရသေးလို့သာ

လက်သည်းမထုတ်ရသေး

ခြင်းဖြစ်သည်။ တစ်ရက်တော့ မျိုချမိသည့် ဆေးခါးကို လက်ထိုး အန်ရဦးမည်လို့တော့ တေးထားပြီးသား။ “အခုလည်း တောင်းပန်စာ တစ်စောင် ရေးပေးလိုက်သယ် မအိမ်ကံ။ မအိမ်ကံ ယူချင်မှ ယူပါ။ ဖတ်ချင်မှလည်း ဖတ်ပါ။ သည်တစ်ခါလည်း ငါ့ပယောဂ ပါမှာစိုးပါရဲ့။ နို့ပေမယ့် တောင်းပန်တယ် ဆိုတာ အရှုံးပေးသာပါလေလို့ အောက်မေ့သာနဲ့ ယူလာခဲ့သယ်” “ကျေးဥရယ် ငါက တုံးတင်မိတော့ ကြောင်တက်သာ ပေါ့အေ။ ပြစမ်းပါ့အေ ဖတ်ကြည့်စမ်းရအောင်” ကျေးဥက ချွေးခံ အင်္ကျီအိတ်ကို လှန်သည်။ တိုက်ချိတ်ကိုဖြုတ်သည်။ အထဲက စာခေါက်ကလေးကို ထုတ်သည်။ မအိမ်ကံကို ကမ်းရင်း မအိမ်ကံ၏ မျက်နှာကိုလည်း အကဲခတ် ရသေးသည်။ မအိမ်ကံက မျက်နှာကလေးကို ခပ်တင်းတင်း ချီလျက် သရော်ပြုံးကလေးပင် ပြုံးနေလိုက်ပါသေး၏။ မအိမ်ကံ၏ သည်အပြုံးမျိုးကို ကျေးဥ တစ်ခါမှမမြင်ဖူးခဲ့။ မအိမ်ကံက စာရွက်ခေါက်ကို တည်တည်ငြိမ်ငြိမ် ဖြန့်သည်။ “မအိမ်ကံ...ဖြစ်ခဲ့ရသော အကြောင်းများအတွက် ကျွန်တော် တောင်းပန် ရပါတော့မည်။ သခင်မြတ်သာထံ မအိမ်ကံ လူကြုံပါးသည့် ပစ္စည်းများကို ထုတ်ကြည့်ရာမှ မအိမ်ကံဟု နာမည်ထိုးထားသော လက်ကိုင်ပ၀ါကလေးကို ကျွန်တော် တွေ့လိုက်ရခြင်း ဖြစ်ပါသည်။ မအိမ်ကံ၏ ယုံကြည်မှုကို ကျွန်တော် မရိုးမဖြောင့် လုပ်ဖြစ်ပါတယ်။ မအိမ်ကံ မသိအောင် လက်ကိုင်ပ၀ါကို ယူထားလိုက်ခြင်း အတွက် ဖြစ်ခဲ့ရသော အကြောင်းများကြောင့် ကျွန်တော့်မှာ စိတ်မကောင်း ဖြစ်ရပါ သည်။ သည့်အတွက် ကျွန်တော့်မှာ အပြစ်ရှိပါကြောင်း ၀န်ခံပါ၏။ တစ်ရက်တွင် ကျွန်တော့် သံသေတ္တာကို အမေဖွင့်ရာမှ လက်ကိုင်ပ၀ါ တွေ့သွားခြင်း ဖြစ်ပါသည်။ အမေ့ကြောင့် မအိမ်ကံ ဂုဏ်သိက္ခာ ပွန်းပဲ့ရပုံ၊ မမာမကျန်း ဖြစ်ရပုံ၊ ဆေး ဆရာ ခေါ်ကုရပုံ၊ မအိမ်ကံ၏ လူကြီးမိဘများမှာ သမီးအရှက်အတွက် သည်းခံလိုက်ကြရပုံ တွေကို သိရတော့ ကျွန်တော့်မှာ မျက်နှာမထား တတ်အောင် ဖြစ်ရပါ၏။ အရာအားလုံးအတွက် ကျွန်တော် တောင်းပန်လိုက်ပါသည် မအိမ်ကံ ခင်ဗျား။ ကျန်းမာ ချမ်းသာပါစေ။ မောင်သာအောင်” မအိမ်ကံက မျက်မှောင်ကလေး ကြုတ်ရင်း စာကို တစ်ခေါက် ထပ်ဖတ်ပြန်၏။ စာရွက်ကလေးကို ပြန်ခေါက် လိုက်ကာ လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ထားလိုက်သည်။ ရေနံမီးတိုင် အလင်းက မီးစာသီးများ သီးလာခြင်းကြောင့် အလင်းအား နည်းသွားခဲ့သည်။ ကျေးဥက တုတ်ကလေးနှင့် မီးစာသီးကို ခြေချလိုက်သည်။ နည်းနည်းလေးတော့ ပြန်လင်း လာပါ၏။

93


မအိမ်ကံက အိပ်ရာပေါ် လှဲလိုက်သည်အထိ စကားမပြောတော့ ကျေးဥပင် အနေရခက်နေသည်။ “ကျေးဥရယ် သည်လို လူမသိသူမသိ စာရေး တောင်းပန်ရုံနဲ့ ဘယ်ရပါ့မလဲ။ သူ့မအေ ငါ့ကိုစော်ကားပြီး လက်ကိုင်ပ၀ါ ပစ်ချခဲ့တုန်းက ငါက ဓားတစ်လက် ကိုင်ထားသာအေ့။ ငါ့စိတ်ထဲမှာ တစ်ခုပဲရှိသယ်။ သည်ဓားနဲ့ ငါပိုင်းပစ်လိုက် မယ်ဆိုသဲ့စိတ်ပဲ။ မမစိမ်းမြသာ ဆွဲမထားရင် အင်မတန် အရုပ်ဆိုး အကျည်းတန်တာတွေ ဖြစ်ပြီးပြီပေါ့။ ဒါပေမယ့် ငါ မခုတ်ဖြစ်ခဲ့ဘူး။ အဲသာလည်း ကောင်းသွားသာပါပဲ။ ငါ ရက်ရက်စက်စက် သွေးထွက်သံယို မဖြစ်ချင်ပါဘူး။ အခု ငါ မင်္ဂလာရှိရှိ နိုင်ရတော့မှာအေ့” “မအိမ်ကံ ဘာကိုပြောသာလဲ” “သာအောင့်အမေ ကြီးတော်စံရွှေ ငါ့ကိုရော ငါ့မိဘ နှစ်ပါးကိုပါ လာတောင်းပန် ရတော့မှာပေါ့။ သူ့သားစာကို သူ့မအေ ဖတ်ရရင် ရှင်းသွားပြီပဲ။ ကန်တော့ပွဲရွက်ပြီး လာတောင်းပန်ချေလို့ ငါပြောလို့ရပြီ” “မအိမ်ကံရယ် အကျယ်ကျယ် ထပ်ဖြစ်ပါဦးမယ်ဟယ်” “အကျယ်ကျယ် ရွာလုံးကြား စော်ကားခံရပြီးပြီပဲ ကျေးဥရယ်။ အကျယ်ကျယ် ရွာလုံးကြား တောင်းပန်မှ ငါကျေနပ်နိုင်ရမှာပေါ့။ တည်သီးဘယ်လောက် ချိုချို ကွမ်းသီး နဲ့ မလဲနိုင်ဘူးအေ့။ သာအောင့်ကို ပြောလိုက် သန်ဘက်ခါ မနက် ကြီးတော်စံရွှေ ကိုယ်တိုင် ကန်တော့ပွဲသာ ရွက်ခဲ့တော့လို့” သန်ဘက်ခါရယ်လို့ တိတိကျကျ ပြောလိုက်တာကလည်း အဓိပ္ပာယ်ရှိပါ၏။ သန်ဘက်ခါမှာ အစ်ကိုဖြစ်သူ မောင်မြတ်သာ ကြည်တော်ကုန်းရွာကို သွားမှာဖြစ်ကြောင်း မအိမ်ကံ ကြားထားခြင်းကြောင့် ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သည်ကိစ္စတွေ အစ်ကို မသိစေချင်။ အစ်ကို ကိုယ်တိုင် ယုံကြည်စွာ မှာလိုက်သူက သည်လို လုပ်ရကောင်းလား ရှိလာနိုင်သည်။ ပြောကြကြေး ဆိုလျှင် လူငယ်သဘာဝ သာအောင် သူ့လက်ကိုင်ပ၀ါ ယူထားလိုက်ခြင်းကို မအိမ်ကံ ခွင့်လွှတ်နိုင်သည်။ နားလည် နိုင်သည်။ အပျို့ ပ၀ါ လူပျိုက မြတ်နိုးလို့ ယူထားပါသည်ဆိုရုံ ကလွဲလို့ အပုံကြီး စိတ်ဆိုးစရာမရှိ။ သို့သော် သည်ပ၀ါကို အကြောင်းပြု၍ ကြီးတော်စံရွှေ၏ စော်ကားမှုကိုတော့ မအိမ်ကံ တစ်သက် မကျေ။ မကျေလို့ ဖြေရှင်းရအောင်ကလည်း ရှင်းလေရှုပ်လေ ဖြစ်ဖို့သာရှိသည်။ သက်သေ မရှိ။ မအိမ်ကံလို့ နာမည်ထိုးထားသော ပ၀ါက နေရာမှား ရောက်နေခဲ့ပြီ မဟုတ်လား။ အခုတော့ သက်သေရပြီ။ သားဖြစ်သူကိုယ်တိုင်က မတရား ရယူမိပါသည်ဟု ၀န်ခံထားသော စာတစ်စောင် မအိမ်ကံ လက်မှာ ရှိပြီ။ သည့်ထက် သေချာသည့် သက်သေမရှိ။ “ကျေးဥရယ် ၀င်တော့ စည်တီးဝင်ပြီး ထွက်တော့မှ ခေါင်းမြီးခြုံထွက်ချင်လို့ မရနိုင်ဘူးအေ။ ငါ့တစ်သက်လုံး လိပ်ပြာလိုနေခဲ့ သူပါ။ ညည်းသိပါတယ်။ အခုတော့ ငါ ပိတုန်းလို နေတော့မယ်လို့ ပိုင်းဖြတ်ထားတယ်။ ငါ့ကို စော်ကားသူက ငါ့ကို ကန်တော့ပွဲရှေ့ ရောက် တောင်းပန်မှ ကျေနပ်နိုင်မယ်” ကျေးဥကတော့ မအိမ်ကံ၏ စကားတွေကိုသာ အံ့သြ နေရတော့သည်။ ပျောက်သူက မနှမြော၊ ကောက်ရသူက နှမြောဆိုသလို မအိမ်ကံအဖြစ်ကို ကျေးဥပင် ရင်နာခဲ့ရပါ၏။ ဒါကြောင့်လည်း သာအောင့်ကို တွေ့တော့ နစ်နစ်နာနာတွေ ပြောခဲ့သည်။ ရွာမှာ ကျိကျိတက် ချမ်းသာသူ၏ သားတစ်ယောက်ကို တစ်နေ့လုပ်မှ တစ်နေ့စားရသူက ချိုးချိုးဖဲ့ဖဲ့ ပြော ပစ်ခဲ့သည်။ သာအောင် ရေးထားသည့် တောင်းပန်စာကိုလည်း ပါအောင်ယူခဲ့သည်။ ကျေးဥ သဘောကတော့ သည်ကိစ္စ သည်မှာတင် ပြီးသင့်ပြီ။ ဖြစ်ခဲ့တာတွေလည်း ဖြစ်ခဲ့ပြီ။ အခုတော့ သူ ယူလာသည့် စာကိုဖတ်ပြီးမှ မအိမ်ကံက ကန်တော့ ပွဲနှင့် လာတောင်းပန်ရမည် ဆိုနေပါပကော။ သည်ဘက်နယ်တွေမှာ မှားသူနှင့်မှန်သူ၊ တရားသူနှင့် မတရားသူ အမှုအခင်း ဖြစ်ကြလျှင် လွန်သူက ကန်တော့ပွဲ ရှေ့ရောက် တောင်းပန်ရသည့် ကျင့်ဝတ်ကလေး ရှိသည်။ ငွေဒဏ်၊ ကြိမ်ဒဏ် ရိုက်ခြင်းထက် ပိုပြီးထိရောက်သော ဒဏ်တစ်မျိုး

94


ဆိုလျှင်လည်း မှားမည်မဟုတ်။ လူတစ်ယောက်က တစ်ယောက်ကို ကန်တော့ပွဲရွက်ကာ လာတောင်းပန်ရမည် ဆိုလျှင်ပင် အတောင်းပန် ခံရသူက ဂုဏ်လည်းရှိသည်။ ကျေလည်း ကျေနပ်ကြပါ၏။ တောင်းပန် ရသူကတော့ သိက္ခာ လည်းကျ အရှက်လည်း ရရသည့်အဖြစ် မဟုတ်လား။ မအိမ်ကံကို အညှိုးတကြီး ရှိလာမှာ ကျေးဥစိုးရိမ်သည်။ “ကျေးဥရယ် ညည်း စဉ်းစားနေသာ ငါသိပါတယ်။ သည်ကိစ္စ သည်မှာတင် ရပ်စေချင်နေသာ မဟုတ်လား။ ငါ့ရင်ထဲမှာ စူးနေသဲ့ ဆူးနှစ်ချောင်း ရှိသယ် ကျေးဥ။ ဒါ ပထမ တစ်ချောင်း ပဲ။ ကန်တော့ပွဲနဲ့ လာတောင်းပန်သာကို လက်ခံ သယ်ဆိုသာ လောက်နဲ့ ဆူးတစ်ချောင်း ငါနုတ်ပစ်လိုက် နိုင်သယ်ဆိုရင်ပဲ ညည်းဝမ်းသာတော့” “အဲသလို လာမတောင်းပန်ဘူး ဆိုရင်ကော မအိမ်ကံရယ်။ သူတို့ကလည်း အစွယ်တွေ ချွန်လွန်းလို့ ပြောသာပါ။ ငါက မအိမ်ကံ ဘက်ကပါအေ။ တလွဲ မထင်ပါနဲ့” မအိမ်ကံက ကျေးဥ မျက်နှာကို စိုက်ကြည့် လိုက်သည်။ ကျေးဥကို မအိမ်ကံ ယုံပါ၏။ မအိမ်ကံ၏ အချစ်ခင်ဆုံး ငယ်ပေါင်းကြီးဖော် ဆိုလည်း ဟုတ်သည်။ သူ့ခမျာ အမှိုက်ပွေ့မိလို့ မြွေတွေ့ရသူ ဆိုရင်လည်း ဟုတ်သည်။ အခု ကျေးဥ ပြောနေတာ တွေကလည်း သူ့ဘက်က ပြောနေမှန်း မအိမ်ကံ သိပါ၏။ သို့သော်လည်း တကယ်တမ်း ခံစားနေရသူက ကျေးဥ မဟုတ်။ ကျေးဥ ခွင့်လွှတ်နိုင်သည် ထားဦး၊ မအိမ်ကံ ခွင့်မလွတ်နိုင်ပါ။ မအိမ်ကံ ကိုယ်တိုင်က ဘာသာ တရား ကိုင်းရှိုင်းသည်။ မိကောင်း ဖခင်သား သမီးပီပီ ဗိုင်းကောင်း ကျောက်ဖိ နေထိုင်ခဲ့သည်။ စာနာ သနားသော စိတ်အရင်းခံဖြင့် သူတကာကို နည်းများ တောင်းပြည့် ဖေးမကူညီခဲ့သည်။ မိန်းကလေး တစ်ယောက်တွင် ရှိအပ်သော သီလမြဲခဲ့သည်။ ဘ၀ပေး ဆုတောင်းကောင်း၍ ရုပ်ရည်အဆင်း လှပတင့်တယ်သလောက် စိတ်အချင်းတွင်လည်း သူမတူ ဆိုရလောက်အောင် နှလုံးကောင်းလှသူ ကလေး ဖြစ်သည်။ “မိန်းကလေး တစ်ယောက်မှာ ခါးကြိုးရှိမှ တင့်တယ် ရသယ်အေ့။ ကိုယ်ကျင့်တရား ခါးကြိုး၊ ဒါမြဲရသယ်။ ငါမြဲ လည်းမြဲခဲ့သယ်။ အခုတော့ ဆင်ဝယ်ချင်လို့ ငွေချေးကာမှ ခွေးနဲ့ခုနှိမ်ခံရသာ ငါနာသယ် ကျေးဥ။ သူ မတောင်းပန်ရင် ငါဘာလုပ်မယ် ဆိုသာ ကြီးတော်စံရွှေ သိပါသယ်။ ညည်း ပြောလိုက်။ ညည်း မပြောချင်ရင်လည်း အရီးကြာညွန့်ကို ပြောခိုင်းလိုက်” ပြတင်းပေါက်ဆီမှ ၀င်နေသောလေကြောင့် မီးတိုင်ပင်ငြိမ်း လုငြိမ်းခင်။ လေငြိမ်တော့လည်း မီးတောက်ကလေး ငြိမ်သွား ပြန်သည်။ ညဥ့်ကြီးနက်လှရော့မည်။ အိမ်အောက်ထပ် ပဲမှော်တိုက်ဆီက စကားသံတွေ ရှိသေးသည်။ သားအဖတွေ စကား ကောင်းကြတုန်း။ ကျေးဥမှာ စကားကျန် သေးသည်။ မအိမ်ကံ ခိုင်းတာကို သူဘယ်လို ပြောရပါ့။ ကြီးပန်းရုံနဲ့ တိုင်ပင်ပြီး အမေ့ကိုပဲ ပြောခိုင်းရတော့မည်။ တစ်ခုပဲ စိုးသည်။ သာအောင်က ယုံကြည်လို့ တစ်ဆင့်ခံ စာပေး ခိုင်းလိုက်တာကို ယူဆောင် လာရသူ တစ်ယောက်အနေဖြင့် သည်စာနှင့်

အနိုင်ပြန်ကျင့်သလို

ဖြစ်မှာကို

စိုးနေခဲ့မိသည်။

မအိမ်ကံကို

ပြောလျှင်

စိတ်များ

ခုနေလေမလား။

စကားလှအောင်တော့ ပြောရမည်။ “ဖြစ်ပါသယ် မအိမ်ကံရယ်။ ပြောလိုက်ပါ့မယ်။ ငါလည်း မခံချင်ပါဘူး။ မအိမ်ကံတို့ ကျေးဇူးတွေဆိုတာ ဘေးဖယ်ထား။ မိန်းမချင်းမို့ ပိုလို့တောင် ကိုယ်ချင်းစာပါသယ်အေ။ တစ်ခုပဲ ငါစဉ်းစားသာပါ...” “ဘာလဲကျေးဥ။ သာအောင်က တစ်မျိုးထင်မှာ စိုးလို့လား။ ယုံစားလို့ ပေးလိုက်သာ သည်စာနဲ့ အကျပ်ကိုင်ကြလေခြင်းလို့ ထင်မှာစိုးသာ မဟုတ်လား” ကျေးဥပင် လန့်သွားသည်။ သူတွေးမိနေသမျှ မအိမ်ကံက ကြိုသိနေတာကို အံ့သြရသည်။ မအိမ်ကံခမျာ သည်ကိစ္စကို တော်တော်နာကြည်း ခံပြင်းနေပုံရပါ၏။ ထူးဆန်းတာက မအိမ်ကံပြောသမျှ စကားသံထဲမှာ ဒေါသသံမပါ။ အေးအေး ဆေးဆေး ပြောနေခြင်းသာ ဖြစ်သည်။ သည်စာကို ရရချင်း ခဏမှာပင် မအိမ်ကံ ဆုံးဖြတ်လိုက်တာလည်း ဖြစ်မည်။

95


မအိမ်ကံက ဆုံးဖြတ်ပြီးလျှင် ပြင်တာမျိုး မရှိတာလည်း ကျေးဥ သိပါ၏။ “ဟုတ်သယ် မအိမ်ကံ ...ငါ...” “ကျေးဥရယ် ငါစိတ်ဆိုးလို့ ပြောသာ မဟုတ်ဘူးနော်။ သာအောင့်ဆီက စာတွေယူလာတာ ညည်းပဲ မဟုတ်လား။ နှစ်စောင်စလုံးလည်း ငါလက်ခံခဲ့သာ ချည်းပဲ။ ညည်းက ဆောင်ကြဉ်း လာရသူပါအေ။ သည်စာတွေ လက်ခံရသူက ငါပါ။ ရင်စည်းခံခဲ့ရသာလည်း ငါပါ။ သည်စာတွေ အပေါ်မှာ ဆုံးဖြတ်သာလည်း ငါပါ။ ညည်း အနေသာကြီးပါအေ” “အင်းလေ ဟုတ်ပါရဲ့။ ဘာပဲဖြစ်ဖြစ် ငါစဉ်းစားသာ မအိမ်ကံ အတွက်ပါအေ။ ဒါတော့ ယုံပါ” “ယုံလိုက်သာမှအေ။ ငါပြောခဲ့ပါပကော ဆူးနှစ်ချောင်း ဆူးနေသာမှာ ပထမဆူးတစ်ချောင်း နုတ်လိုက်စမ်း ပါရစေ၊ ကလဲ့စား ချေလိုက်စမ်းပါရစေ” ထိုညက အိမ်ကြီး တစ်အိမ်လုံး မအိပ်ကြသလို ဖြစ်နေခဲ့သည်။ ညဥ့်နက်သန်းခေါင်ကျော်တော့ မအိမ်ကံရော ကျေးဥပါ အိမ်အောက်ထပ် ဆင်းခဲ့ကြသည်။ ထင်သည့်အတိုင်းပင် အဖေရော၊ အမေရော မအိပ်ကြသေး။ အစ်ကိုမောင်မြတ်သာ က မအိမ်ကံတို့ ဆင်းလာတာတွေ့တော့ အံ့သြနေသည်။ “ကံကလေးတို့ မအိပ်ကြသေးဘူးလား” “ဆာလို့ ဆင်းလာကြသာ အစ်ကို၊ မလှအုံဘာရှိတုံး” “ရှိပါ့တော်။ လာကြ မီးဖိုနားကို” “ကောင်းကင်မှာ

ကြယ်တွေသာရှိသည်။

ဝိုင်းတိုက်ထဲမှာ

မီးရောင်သဲ့သဲ့

ကလေးသာ

ရှိသည်။

တောရွာညသည်

ချောက်ချားစရာ ကောင်းအောင် တိတ်ဆိတ်လျက်ရှိပါ၏။ မအိမ်ကံ မအိပ်ချင်တော့။ စိတ်ရော ကိုယ်ပါ ပေါ့ပါးနေခဲ့ လေသည်။ သည်ကနေ့

မနက်ဝေလီဝေလင်း

ကျီးမနိုးခင်ကတည်းက

သခင်မြတ်သာ

ကြည်တော်ကုန်းရွာက

ဆရာကြည်တို့ဆီ

ထသွားခဲ့သည်။ ဖိုးကူးက လှည်းနှင့် လိုက်ပို့ခြင်းဖြစ်သည်။ မအိမ်ကံနိုးတော့ မိုးပင် စင်စင်လင်းလေပြီ။ နိုးနိုးချင်း ထမင်း ပူ ပဲပြုတ်ဆီဆမ်းနှင့် ငါးပိထောင်းကို ၀မ်းကလေးတောင့် အောင်စားလိုက်သည်။ အစ်ကိုမှ ကြည်တော်ကုန်း သွားဖြစ်ရဲ့ လား သေချာအောင် မေးရသေးသည်။ ကနေ့ ကြီးတော်စံရွှေ လာမည်နေ့ ဖြစ်သည်။ ရွာလူကြီး၊ ရပ်လူကြီးတချို့လည်း ပါလာလိမ့်မည်။ မအိမ်ကံကလည်း မမစိမ်းမြကို ဖိတ်ကြား ထားပါ၏။ “ညည်းအစ်ကို မောင်မြတ်သာ ကုလားတက်ခေါက် ကတည်းက ထသွားသာပါအေ။ ဖိုးကူး လိုက်ပို့သယ်။ ညည်း အစ်ကိုတို့ အလုပ်ကလည်း မလွယ်လိုက်သာအေ။ အပျိုလူ မြင်မခံ ၀ံ့သာကျလို့” မလှအုံ

စကားကြောင့်

မအိမ်ကံ

ပြုံးရသည်။

ဟုတ်ပါရဲ့။

ပြောလည်းပြောချင်စရာ။

မအိမ်ကံ

အရွယ်ရောက်ပါပြီ

ဆိုကတည်းက အစ်ကိုနှင့် ပျော်ပျော်ပါးပါးကြီး နေခဲ့ရသည် ရယ်လို့မရှိသလောက်ပင်။ ဘယ်တွေမှာ ဘာတွေလုပ်နေမှန်း လည်းမသိ။ လူကလည်း ကျစ်ခြောက်ခြောက် နိုင်လှပါ၏။ အခုလည်း လူသူလေးပါးမမြင်အောင် ရွာချင်းကူးတာ ဖြစ်နိုင် သည်။ အဖေကတော့ သားမောင်ရောက်လာတာကို ၀မ်းသာ နေရှာပါ၏။ သူကြီးအလုပ်က အနားယူတာလားလည်း မသိ။ အနားမယူသေးတာပဲလားလည်း မသိရ။ တရားဝင် လွှဲပြောင်းတာမျိုးလည်း မရှိ။ ရပ်ရွာ အုပ်ချုပ်ရေးအသင်းတွေ ရှိလာ သော်လည်း ဦးသာထန်ကိုသာ လူကြီး အရာထားကြသည်။ သူကြီးမျိုးရိုးဆင်းဆိုတော့ ရပ်ကိစ္စ၊ ရွာကိစ္စ နားလည်တာ လည်း ပါပါလိမ့်မည်။

96


မအိမ်ကံက

ရက်ကန်းရုံဘက်

ခဏသွားကြည့်ပြီး

အပြန်

ရေကို

စိမ်ချိုးသည်။

သည်ကနေ့

အလှဆုံးပြင်ရမည်။

ကွမ်းတောင်ကိုင် ဖြစ်ခွင့် မရတော့သော်လည်း ကွမ်းတောင် ကိုင်တစ်ယောက်ထက် လှအောင်ပြင်ရမည်။ ရှင်းရှင်းဆိုရလျှင် သာအောင်နှင့်ညားရန် သေချာ သလောက်ရှိသော လက်ရှိ ရွာ့ကွမ်းတောင်ကိုင် ရွှေမှုံထက်သာအောင် ၀တ်ရစားရမည်။ သည်ကိစ္စက လှည်းစီးရင်း မုန့်စားရသည့် ကိစ္စလို့ မအိမ်ကံ သဘောထားပါ၏။ ခရီးလည်းပေါက် ၀မ်းလည်းဝ။ မအိမ်ကံ ရေမိုးချိုးပြီးတော့ မြင်းခြံဈေးက ၀ယ်လာသည့် မျက်နှာချေ အ၀ါမှုန့်ကလေးကို သနပ်ခါးရည်ကျဲ ညက်ညက်ကလေးပေါ် က ပိန်းပိန်းကလေး ပုတ်သည်။ နှုတ်ခမ်းဆိုးဆေးကို ဖိဖိကလေး ဆိုးသည်။ ဒေါင်းစိမ်းရောင် အင်္ကျီနှင့် ထဘီကို ချပ်ချပ်ရပ်ရပ် ပိနေအောင်ဝတ်သည်။ လည်ပင်းမှာတော့ ငါးကျပ်သားစီး ဒေါင်းဘယက်ကို တစ်ကုံးတည်း ခန့်နေအောင် ဆွဲထားပါ၏။ ဒေါင်းရုပ်က အကြေးခွံကလေးတွေ တလှုပ်လှုပ်။ ကဒေါင်းဆိုတော့ အမြီးဝိုက်ထားတာကလည်း ပြန့်ပြန့်ကြီး လှနေသည်။ ပန်းခက် ပန်းနွယ်တွေက မဟာဆန်လှသည်။ နွယ်ကွေး အလွန့်အလွန့် တွေထဲမှာ ပန်းဖူးတွေ ဖောက်ထားသဖြင့် ပန်းတောထဲမှာ

ဒေါင်းကနေသည်နှင့်ပင်

တူလေသည်။

လက်ကောက်တွေကတော့

ဘယ်နှကွင်းစွပ်မိ

မှန်းပင်မသိ။

လက်စွပ်ကတော့ ဒေါင်းစိမ်းရောင်နှင့် လိုက်ဖက် အောင် တစ်ပွင့်တည်း မြလက်စွပ်ကြီးကို ဖူးနေအောင် စွပ်လိုက်သည်။ အားလုံး ပြင်ဆင်ပြီးပြီ ဆိုတော့မှ အိမ်အပေါ်မှာပင် ကုလားထိုင် တစ်လုံးနှင့် ရွရွကလေး ထိုင်နေခဲ့သည်။ ခါတိုင်းရွာတာ လမ်းကိုမြင်ရသည့် နေရာဖြစ်၏။ မနေ့တစ်နေ့ကပဲ သည်နေရာက ရွှေမှုံကို ထိုင်ကြည့်ခဲ့သေးသည်။ အခု ကြီးတော် စံရွှေကို ကြည့်နေရပြန်ပြီ။ ကြီးတော်စံရွှေနှင့် ရွှေမှုံ။ မအိမ်ကံ၏ နှလုံးအိမ် အတွင်းထဲအထိ ရောက်လာရသူ နှစ်ဦးပင်။ မအိမ်ကံ ပြုံးလိုက်ပါ၏။ သည်အပြုံးကို တစ်စုံတစ်ယောက်ကသာ မြင်ခွင့်ရလျှင် ရက်စက်သောအပြုံးဟု ဆိုမိမည်သာ။ မအိမ်ကံ က ကျောက်ရုပ် တစ်ရုပ်လို မလှုပ်မယှက်ထိုင်နေရင်းက မျက်လုံးတွေကိုလည်း မရွှေ့ဘဲ လမ်းကိုသာ စူးစိုက်ထားလေသည်။ ကြီးတော်စံရွှေ လာမှာကတော့ သေချာသည်။ အရီး ကြာညွန့်က အကျိုးအကြောင်းစုံ သွားပြောတော့ လာ တောင်းပန်မည့် အကြောင်း စကားပြန်ခဲ့သည်။ သည်သတင်းက ရွာလုံးကြား ပေါက်နေလောက်ပြီ။ “ဟော လာပြီ” မြင်ကွင်းထဲမှာ မိန်းမကြီးတစ်ယောက် ကန်တော့ပွဲကြီး ရွက်လာတာ မြင်လိုက်ရသည်။ နောက်က မိန်းမနှစ်ယောက်လည်း ပါသေးသည်။ မမဂွမ်းဖြူနှင့် မမခင်အိတို့ ထင်ပါရဲ့။ သဲသဲကွဲကွဲတော့ မမြင်ရ။ အို... ဟုတ်ပါ့။ ကြီးတော်စံရွှေ က လာတောင်းပန်ရာမှာပင် မအိမ်ကံကို အညှာကိုင်လိုက် ပြန်ပကော။ “ဟောဒါ ငါ့ချွေးမ ကွမ်းတောင်ကိုင်တွေပဲ မအိမ်ကံ။ ငါ့သားတွေကို ငါက ခေါင်းကောက် ပေးစားထားသာ ညည်း တွေ့ရဲ့လား” လို့များ ပြောချင်ရော့လား။ မအိမ်ကံ ရင်ထဲတွင် စူးနေသည့် ဆူးက တစ်ဆစ်ထပ်တိုး ၀င်သွားခဲ့ ပြန်သည်။ မအိမ်ကံရင်တွေ ခုန်နေရပါပကော။ လာကြပြီ လာကြပြီ။ နှစ်ဝိုင်းကျော်ကို ရောက်ကြပြီ။ သည်လိုနှင့် မအိမ်ကံတို့ ၀ိုင်းဝကို ရောက်လာခဲ့ကြပြီ။ “သူကြီးကတော် မပန်းရုံ။ ကျုပ်တို့ပါ။ မစံရွှေရယ်” ကြီးတော်စံရွှေ၏

အသံကွဲကွဲကို

မအိမ်ကံ

ကြားနေရသည်။

သည်လိုဆိုတော့လည်း

လာကြသားပဲ။

မအိမ်ကံက

သာအောင့်စာကို ပေးလိုက်သည် မဟုတ်။ စာလက်ဝယ် ရှိကြောင်းသာ မှာလိုက်ခြင်း ဖြစ်သည်။ မလှအုံ ၀ိုင်းတံခါး သွားဖွင့် ပေးတာကိုပါ မြင်ရသည်။ ကြီးတော် စံရွှေက ရှေ့က၊ ချွေးမ နှစ်ယောက်က နောက်က။ ရွာလူကြီးတွေလည်း ပါလာကြသည်။ ပြီးတော့ မအိမ်ကံကို ကြီးတော်စံရွှေ လာတောင်းပန်တာကို ပွဲကြည့်သလို လာကြည့်ကြသည့် လူအုပ်ကြီးကလည်း ၀ိုင်းတိုက်ရှေ့မှာ အတောင့်။ မလှအုံက နေရာထိုင်ခင်း ပေးသည်။ ကန်တော့ပွဲကို ကူချ ပေးကာ ခေါင်းရင်းမှာ နေရာချသည်။ အချင်းချင်း စကားပရိကံ တွေ ခံနေကြတာ မအိမ်ကံ ကြားနေရသည်။ သည်တော့မှ မအိမ်ကံက ယို့ခနဲ ထလိုက်ကာ လှေကားပေါ်က တစ်ထစ်ချင်း ဆင်းလာခဲ့၏။ အားလုံး၏ မျက်လုံးတွေက စက်စက်ယိုအောင် လှလွန်းသော မအိမ်ကံကိုသာ ငေးကြည့် နေကြလေသည်။

97


မအိမ်ကံက မထီတရီ အပြုံးဖြင့် အားလုံးကို ဝေ့ကြည့်လိုက်သည်။ အဖေနှင့် အမေပန်းရုံတို့က ခေါင်းရင်းမှာ ထိုင်နေကြ၏။ ကြီးတော်စံရွှေက ကန်တော့ပွဲ ရွက်လာသော ခေါင်းခုဖြင့် မျက်နှာကို ပွတ်သပ်နေရာက မအိမ်ကံကို မြင်လိုက်သည့် ခဏ “တောင့်”ခနဲ ဖြစ်သွားခဲ့သည်။ “သြော်... မမဂွမ်းဖြူတို့၊ မမခင်အိတို့လည်း ပါလာကြသကိုး။ မတွေ့ရသာ ကြာပြီနော်။ မမတို့ ပဲပိုးထိုးတွေ ရွေးနေကြရသယ် ဆိုသာ မအိမ်ကံ ကြားပါရဲ့လေ” မအိမ်ကံ စကားကြောင့် အဖေရော အမေပါ မအိမ်ကံကို မျက်လုံးတွေ ပြူးကြည့်နေကြသည်။ ငါ့သမီး ဘယ်လိုပြော လိုက်တာပါလိမ့် ဆိုသည့် မျက်နှာတွေမှန်း မအိမ်ကံသိပါ၏။ မမဂွမ်းဖြူနှင့် မမခင်အိတို့ကို ပြောချင်လို့ရယ် မဟုတ်။ တစ်ခါက ကွမ်းတောင်ကိုင် ခဲ့ကြသူ ချွေးမတွေကို ဗန်းတင်လာခဲ့သဖြင့် တမင် ဖိလိုက်ခြင်းပင် ဖြစ်ပါ၏။ ကြီးတော်စံရွှေက မျက်နှာ ကွက်ခနဲ ပျက်သွားသော်လည်း စကားခွန်းတုံ့ မပြန်သာခဲ့။ မအိမ်ကံက ကြီးတော်စံရွှေနှင့် အနီးဆုံးနေရာမှာ ကျုံ့ကျုံ့ကလေး ၀င်ထိုင်လိုက်သည်။ “သည်လိုပါ သူကြီးရော၊ သူကြီးကတော်ရော၊ မအိမ်ကံရော တောင်းပန်ချင်လို့ လာခဲ့သာပါ။ ကျုပ်က သားဇောနဲ့ ဟိုရက်က မအိမ်ကံကို ထိထိခိုက်ခိုက် ပြောမိပါသယ်။ ကျုပ်ပြောသာ ရွာကရပ်က ကြားလို့ စိတ်မကောင်း ဖြစ်ကြရသာလည်း ကြားရပါသယ်။ အခုက ကျုပ်စကား ကျုပ် ပြန်နုတ်ရအောင် လာခဲ့သာပါ။ ဗွေများလည်း မယူကြပါနဲ့လို့ တောင်းပန်ပါ သယ်တော်” ကြီးတော် စံရွှေ၏ ကျုပ်စကားကျုပ် ပြန်နုတ်ပါသယ် ဆိုတာကို မအိမ်ကံက သူ့ရင်ထဲက ဆူးတစ်ချောင်းကို နုတ်လိုက်သလို ခံစားရသည်။ အမေပန်းရုံကပဲ စကားပြန်သည်။ “မစံရွှေရယ် ဖြစ်စကြားစကတော့ ကျုပ်က မအေဆိုတော့ မှန်သာပြောရရင် ထောင်းခနဲ ဖြစ်မိသယ်။ မြင်းခြံက မြို့ပိုင် မင်းတောင် တက်တိုင်ဖို့ စိတ်ကူးမိသယ်။ တရားတပေါင် ဖြစ်ကြရင်လည်း ရှိတဲ့စည်းစိမ် ကုန်ပစေစမ်းဟဆိုသဲ့ စိတ်မွေး မိရိုးအမှန်ပါ။ ကျုပ်က သမီးရှင်ကိုး မစံရွှေရဲ့။ ဟုတ်သာ မဟုတ်သာ သူများနားလျှံမှ ကြားရသာ ဆိုတော့ ရင်ဘတ် ဖိထားရပါသယ်။ ဟုတ်ခဲ့သော် နှစ်ခါရှက်ရမှာ မဟုတ်လား။ ဒါပေသိ ကျုပ်သမီး မအိမ်ကံရဲ့ အကျင့်စာဂရွာလုံးရပ်လုံး သိပါသတော်” “ဟုတ်ပါရဲ့

မပန်းရုံရယ်။

တော်တို့

ကျုပ်တို့ချင်းက

ငယ်သူငယ်ချင်းတွေလည်း

ဟုတ်၊

တစ်ရွာသူ

တစ်ရွာတည်း

သားချင်းတွေလည်း ဖြစ်လေတော့ မိရိုးဖလာ ကိုယ့်အမှား ကိုယ်ဝန်ချရင် ကျေကြပါလိမ့်မယ် ဆိုပြီး လာခဲ့သာပါ။ ကျုပ် က မေတ္တာရွက်ပြီး လာသယ် မှတ်ပါတော်” မအိမ်ကံက ကြီးတော်စံရွှေ စကားအပြီးမှာ စကားတစ်ခွန်း ၀င်ပြောလိုက်သည်။ ရွာက ဆင်းရဲသူ ဆင်းရဲသားတွေကို လောဘနှင့် ဒုက္ခပေးနေသူ မဟုတ်လား။ “ကိုယ်မှားမှန်းသိလို့ ကိုယ့်အမှားကိုယ် ၀န်ချသာကို ကျေနပ်ပါသယ် ကြီးတော်ရယ်။ ခေတ်အခါကလည်း ချိန်စဉ်းလဲ တင်းစဉ်းလဲ ငရဲသပေါက် ဆိုင်လုံးမှောက်ဆိုသာလို အပြောလောဘ၊ အဆိုလောဘ၊ အလိုလောဘကြောင့် မှားကြသာများတဲ့ ခေတ်ကိုး။ အမှားကိုဝန်ချရင် မအိမ်ကံ ကတော့ ကျေနပ်ပါသယ်။ မအိမ်ကံနဲ့ သာအောင်က ခြင်း ကြားရေမတင် ရေတစ်စက်တောင် မစင်ဘူးဆိုသာတော့ ကြီးတော် သိလောက်ရောပေါ့။ ကြီးတော် မတွက်လို့ပါ။ မအိမ်ကံက သာအောင့်ကို မှန်းပါ့မလား။ သာအောင်က ကြိုက်လောက်စရာမှ မရှိဘဲနဲ့ဟာ” ကြီးတော်စံရွှေက မအိမ်ကံ စကားကြောင့် အောင့်သွားပုံရသော်လည်း မျက်နှာကို ပြုံးထားသည်။ သည်တစ်ခါ ညည်း အလှည့်ပေါ့အေ ဆိုသည့် မျက်နှာမျိုး။ မကြာညွန့် လာပြောတုန်းက အမေပန်းရုံ သင်ပေးလိုက်သည့် အတိုင်း မြင်းခြံ မြို့ပိုင်

98


ကို စာသက်သေတင်ပြီး အသရေဖျက်မှုနှင့် တရားစွဲတော့ မည်ဆိုသည့် စကားပါခဲ့သည်။ တရားတပေါင် ဖြစ်လာလျှင် ငွေကုန်မည်။ ပြီးတော့ မှားတာက ကိုယ့်ဘက်ကအမှား။ တရားရင်ဆိုင် ရတာထက်စာလျှင် တောင်းပန်တာက ကန်တော့ ပွဲတစ်ပွဲသာ ကုန်မည်မဟုတ်လား။ ဒါကြောင့်လည်း ကြီးတော် စံရွှေက ကန်တော့ပွဲ ရွက်လာတောင်းပန်ခြင်းသာ ဖြစ်၏။ မအိမ်ကံက လက်ကောက်တွေ ချွင်ချွင်မြည်အောင် လှုပ်ရင်း ရေနွေးငှဲ့သည်။ သူကြီး ဦးသာထန်ကတော့ အကြောင်းအရင်း ဇာစ်မြစ်ကို အလုံးစုံသိသူမဟုတ်။ ဒေါ်စံရွှေ နှင့် သူ့သမီး စကားများကြရာက သာအောင်နှင့် စွပ်စွဲခံရတာ လောက်သာသိ၏။ သည်တော့ ဘာစကားတစ်ခွန်းမျှ ၀င်မပြောဘဲ ကွမ်းယာကို မြုံ့နေလေသည်။ သမီးဖြစ်သူက စိတ်နာနာနှင့် ပြောနေမှန်းတော့ သိပါ၏။ စကား မလွန်တော့လည်း ၀င်မထိန်းသာ။ ရွာရပ်က လူကြီး သူမတွေရှေ့မှာ ဟန်လုပ် နေရလေသည်။ အမေပန်းရုံကတော့ သမီး၏ ခံစားမှုကို သိသူမဟုတ်လား။ ပြောသင့်သလောက် ပြောခွင့် ပြုထားခဲ့သည်။ မစိမ်းမြ ကတော့ စကားတစ်ခွန်းမှ ၀င်မပါသော်လည်း မအိမ်ကံကို ပြုံးပြီးကြည့်နေသည်။ ယောက္ခမဖြစ်သူခေါ်လို့သာ လိုက်လာ ရသော ချွေးမနှစ်ယောက်ကလည်း မအိမ်ကံက ချက်ကျ လက်ကျ ပြန်ပက်နေတာကို ၀မ်းထဲက ကျိတ်ကျေနပ်နေကြ ပုံပေါ်သည်။ ရောက်လာကြကတည်းက ငြိမ်ကုပ်နေခဲ့ကြ သည်။ မလှအုံက ကန်တော့ပွဲကို သူကြီးရှေ့ ရွှေ့ပေးသည်။ ကြီးတော်စံရွှေက ကန်တော့မည်ပြုသောအခါ ဒေါ်ပန်းရုံက ကန့်ကွက်သည်။ ကြီးတော်စံရွှေ တဘက်ပခုံးတင်တာကိုပင် အတင်မခံ။ “ကန်တော့ပွဲရောက်

တောင်းပန်ရင်ရပါပြီ

မစံရွှေရယ်။

ကျုပ်နဲ့တော်...

တော်ကတောင်

ကြီးလောက်ပါသယ်။

မကန်တော့ရပါဘူး၊ မဟုတ်သာ။ ကျုပ်တို့ဘက်ကလည်း ကျေပါသယ် အေးပါသယ်။ ခွင့်များလည်း လွှတ်ပါရဲ့။ မိတ်ဝတ် မပျက်ခင်ပါ မင်ပါ၊ ၀င်ပါ ထွက်ပါ။ ဘယ့်နှယ့်မှလည်း မအောက်မေ့ပါဘူး” မအိမ်ကံက မအေပြောအပြီး ၀င်ပြောလိုက်သည်။ “ကန်တော့ချင်လှ ဆိုရင်လည်း ဘုရားသာ ရည်မှတ်ပြီး ကန်တော့သွားပါ ကြီးတော်ရယ်။ ပြုဖူးတဲ့ အမှားများရှိတော့လည်း ဘုရားရှင်ကို ၀န်ချပြီးသားဖြစ်သာပေါ့။ ဟောသာ မအိမ်ကံ ရက်ကန်းစင်က ထွက်သဲ့ အဆင်တွေပါ။ လက်ဆောင် ပါးလိုက်စမ်း ပါရစီ။ မမဂွမ်းဖြူရော၊ မမခင်အိရော ၀တ်ကြပါရှင်။ မမတို့ အလိုရှိသဲ့ အခါတိုင်းလည်း လာယူကြပါ၊ ၀တ် ကြပါ” မအိမ်ကံက ထဘီတစ်ကွင်းစီ လက်ဆောင်ပေးသည်။ ကြီးတော်စံရွှေက ဘုရားရှေ့က ကန်တော့ပွဲ ပြန်ရွှေ့ကာ ၀တ် ဖြည့်ပြီးသည်နှင့် သုတ်ခနဲထလေ၏။ ကြီးတော်စံရွှေ ထရပ်တော့ ချွေးမတွေကလည်း ထရပ်ကြလေသည်။ “ကိုင်း... ပြန်ပါရစီဦး။ မအိမ်ကံ ငါ့တူမ ကြီးတော်ကို စိတ်မရှိပါနဲ့အေ” “မရှိပါဘူး ကြီးတော်ရယ်။ မအိမ်ကံကလည်း ကံမကောင်းလို့ တန်ဆောင်းအမိုးလန်ရသယ် မှတ်ပါသယ်” မအိမ်ကံက အိမ်ဝင်းအထိ လိုက်ပို့သည်။ ခြံဝရောက်တော့ ကြည်တော်ကုန်းက ပြန်မောင်းလာသည့် ဖိုးကူးလှည်း နှင့် ၀ိုင်းဝမှာဆုံသည်။ ဖိုးကူးကလှည်းပေါ်မှ လှမ်းပြောလေ၏။ “မမကံ... ကိုကြီးမြတ်သာ မနက်ဖြန် ညနေမှ ပြန်လာမတဲ့။ မကြိုနဲ့လို့ မှာလိုက်သယ်” “အေး အေး” ကြီးတော် စံရွှေက ဖိုးကူးစကားကြောင့် မအိမ်ကံကို မေးလိုက်သည်။

99


“မောင်မြတ်သာ ရောက်နေလို့လား” “ဟုတ်ကဲ့ ကြီးတော်” မအိမ်ကံ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားသော် ညည်း အစ်ကိုမောင်မြတ်သာ ရွာရောက်နေတာ ရက်ကန်းသမတွေက တစ်ဆင့် ရွာကလည်း သိသင့်သလောက် သိနေကြတာပါလေလို့ စိတ်ကို ဖြေလိုက်သည်။ ကြီးတော်စံရွှေ ပြန်သွားတာ ကိုကြည့်ရင်း မအိမ်ကံက ပြုံးလိုက်သည်။ ရင်ထဲက ဆူးတစ်ချောင်း နုတ်ယူလိုက်နိုင်သော်လည်း စူးအောင့်အောင့် ဝေဒနာလေးတော့ ကျန်နေသေးသည်။ ဒေါင်းစိမ်းရောင် မင်းသမီးနှင့် ဒေါင်းဘယက်ခွက်က နေရောင်ထဲမှာ တဖျပ်ဖျပ် တောက်ပနေလေသည်။ ဖိုးကူးပြောသည့် အတိုင်းပင် နောက်တစ်နေ့ ညနေမှ အစ်ကိုမောင်မြတ်သာ ပြန်ရောက်လာခဲ့သည်။ ကြည်တော်ကုန်း လှည်းကြုံနှင့် ရောက်လာခြင်းဖြစ်၏။ ရေမိုးချိုး၊ ထမင်းစားပြီးတော့ အစ်ကိုက ၀ရန်တာမှာ ခဏလှဲချင်သည် ဆိုသဖြင့် မအိမ်ကံ သင်ဖြူး ခင်းပေးလိုက်သည်။ မအိမ်ကံက အစ်ကို့အတွက် ပြင်ဆင်ပေးပြီးသည်နှင့် အောက်ထပ်ကို ဆင်းရန် လှေကားပေါ် ခြေ အချ၊ ပြင်းထန်သော အသံတစ်သံကြောင့် တွန့်သွားခဲ့သည်။ အိမ်ကြီး၏ ခေါင်မိုးသွပ်ပြားပေါ် ခဲကျသံ။ အိမ်အောက်ထပ်ရှိ အစ်ကို မောင်မြတ်သာ တန်းလျားပေါ်မှ ငေါက်ခနဲ ထလိုက်တာ မအိမ်ကံ သတိထားမိ၏။ အစ်ကို့ အသံက တုန်ရီနေသည်။ “ကံကလေး အိမ်ရှေ့တာလမ်းကို လှမ်း ကြည့်စမ်း။ ဘာတွေ့သလဲလို့” မအိမ်ကံက ရွာတာလမ်းကို လှမ်းမြင်ရသော နေရာက လှမ်းကြည့်လိုက်သည်။ မြင်ကွင်းကြောင့် မအိမ်ကံပင် တစ်ကိုယ်လုံး ပြာဝေသွားကာ တရှိန်ရှိန် တောက်လောင်သွား လေသလား ထင်မိပါ၏။ “အစ်ကို...အစ်ကို” အစ်ကိုရှိရာ အိမ်အောက်ထပ်ဆီကို လှေကားထစ်တွေ တဒုန်းဒုန်းနင်းရင်း အပြေး ဆင်းလာခဲ့သည်။ ၂၀။ ကမ္ဘာစစ်ကြီး၏ စစ်ရိပ် စစ်ငွေ့များက ဇောင်ချမ်းကုန်း ရွာကလေးကိုပင် အရိပ်မည်းကြီး သဏ္ဍာန်ဖြင့် ထင်ဟပ်လျက် ရှိလေပြီ။ ရွာက အမှုပွဲစား ကျောင်ဒင်က မြို့နှင့် အကူးအကန်း ရှိသဖြင့် သတင်းစာဟောင်း တကိုင်ကိုင် အာပေါင်အာရင်း သန်သန် ပြောပြချက်တွေကို အများက စိတ်ဝင်စား နေကြပြီ။ ဥရောပဘက်တွင် စစ်ကြီး စလောင်မြိုက် နေပြီတဲ့။ ကောင်းကင်မှာ ဌက်တွေလို ပျံသန်းနိုင်သော လေယာဉ်ပျံ ဆိုတာတွေနှင့် ဗုံးတွေကြဲချနေတာ လူတွေ သေလိုက်ကြတာများ အတုံးအရုံးတဲ့။ ဥရောပ ဆိုတာ ဘယ်မှာလဲ မအိမ်ကံ မသိ။ အစ်ကို့ အတွက်သာ စိုးရိမ်မိခဲ့သည်။ အစ်ကို့မှာ မိရိပ် ဖိရိပ် လာလို့မှ အေးအေး သက်သာ မရှိခဲ့ရ။ ကြည့်တော်ကုန်းက အပြန် ခဏနားရုံရှိသေး။ စစ်ပုလိပ်တွေ ရောက်လာသဖြင့် နောက်ဖေးက ထွက်ပြေး ခဲ့ရှာသည်။ အစ်ကိုက ပါးနပ်ပါ၏။ သူရောက်ကတည်းက ဖိုးကူးကို တခြားအလုပ် မခိုင်းတော့ဘဲ အိမ်ရှေ့ တာလမ်း တစ်လျှောက် အရှေ့အနောက် ကူးစေပြီး လူရိပ်လူခြေ ထူးခြားမှု ရှိမရှိ လူစောင့် ချထားခဲ့သည်။ လူစိမ်း သို့မဟုတ် မသင်္ကာဖွယ် တွေ့လျှင် အိမ်ခေါင်ပေါ် ခဲပစ်လိုက်ဖို့ မှာထားခဲ့သည်။ ရွာတွေ ဆိုတော့ စာပစ်၊ ငှက်ပစ် လောက်စာလုံးတွေက အခန့်မသင့်လျှင် အိမ်ခေါင်မိုးပေါ် ကျတတ်သဖြင့် ပထမတော့ ငှက်စာ ခဲကျတာ ထင်ပါရဲ့လို့ မအိမ်ကံ တွေးလိုက် မိသေးသည်။ သို့သော် အသံက လောက်စာလုံး ကျသံမဟုတ်။ ကျယ်လောင် နေသည်။ အစ်ကို မောင်မြတ်သာက ကံကလေး လမ်းဘက် ကြည့်စမ်းဆိုရာက ကြည့်လိုက်တော့ စစ်ပုလိပ် သုံးယောက်။ တစ်ယောက်က သေနတ်ကို ထောင်ကိုင်လျက် နှစ်ယောက်က နောက်က သုတ်သုတ်ပါအောင် လိုက်လာကြခြင်းဖြစ်၏။ မအိမ်ကံ အစ်ကို့ကို မြင်ရသမျှ လှမ်းအော်လိုက်သည်။ အစ်ကိုက သူ့လွယ်အိတ် အဟောင်းကို ကောက်ယူကာ နောက်ဖေး ပြတင်းပေါက်က ခုန်ချကာ အိမ့်အနောက် ခြံစည်းရိုးကို ပြေးသည်။ “မမစိမ်းမြတို့ အိမ်ဘက်ကိုပြေး”လို့ မအိမ်ကံ လှမ်းအော် လိုက်ရင်းက စားပွဲပေါ် တင်ထားသော အစ်ကို့ အသုံးအဆောင် ကလေးတွေကို သိမ်းကျုံးပြီး ဆေးတောင်းထဲ ထိုးသိပ်

100


ထည့်လိုက်ရပါ၏။ အစ်ကိုက သူ့ပစ္စည်း ပစ္စယ စာရွက် စာတမ်းတွေကို လွယ်အိတ်ကြီးထဲ ထည့်ကာ ကိုယ်နှင့် မကွာ ထားသူဖြစ်သည်။ ဗြုန်းခနဲဆိုတော့ စားပွဲပေါ်မှာ အစ်ကို ဖတ်လက်စ စာအုပ်ထူကြီးနှင့် ဖောင်တိန် ကျန်ခဲ့သဖြင့် မအိမ်ကံ ဖျတ်ခနဲ သိမ်းဆည်း လိုက်ရခြင်းပင်။ မအိမ်ကံတို့ အိမ်နောက်ဖေးဘက်မှာ သစ်သား ဇလီတန်းရိုက် ခြံစည်းရိုး ရှိသည်။ ခြံစည်းရိုးထောင့် တစ်နေရာမှာ လူ တစ်ဝင်စာ ကျင်းပေါက် တစ်ပေါက် နှိုက်တူးထားပြီး အမှိုက်တွေ ဆို့ထားတာကိုလည်း ဖိုးကူး ပြောပြမှ မအိမ်ကံတို့ သိရပါ၏။ “ကိုကြီးမြတ်သာက သူ့ လူတစ်ကိုယ် ၀င်သာထွက်သာ ကျင်းကလေး နှိုက်တူးခိုင်းထားသာ မမကံရ။ ပြီးတော့ အမှိုက်တွေ ဆို့ထားသဲ့။ ပုလိပ်တွေ လာတော့ အဲသည့် အပေါက်က ထွက်သွားသာ။ မြန်လိုက်တာဗျာ။ မြွေထွက်သွားသဲ့ အတိုင်းပဲ” “အိမ်ခေါင်ပေါ် ခဲကျသာလည်း နင်ပဲ မဟုတ်လား ငါ့သား” မလှအုံက မေးခြင်း ဖြစ်သည်။ “အစစ်ပေါ့ အမေရာ။ ကိုကြီး မြတ်သာက လူစိမ်းတွေ မသင်္ကာသာတွေ တွေ့ရင် အိမ်ပေါ် ခဲပစ်လိုက်လို့ ကြည်တော်ကုန်း သွားသဲ့နေ့က လှည်းပေါ်မှာ မှာထားသာ။ ကိုကြီးမြတ်သာ ကြည်တော်ကုန်းက ပြန်ကတည်းက သူမှာသာ ကျုပ် အကုန် လုပ်ထားသာ။ အဲသည့်နေ့က ပုလိပ်တွေ တာလမ်းထိပ်က မားမား မားမားနဲ့ လာသာမြင်တော့ ကျုပ်လည်း အိမ်ခေါင်ပေါ် ခဲနဲ့ ကောက်ပစ်လိုက်သာပဲ” ဖိုးကူးက တကယ့် စွန့်စားခန်းကြီး တစ်ရပ်ကို လုပ်လိုက် ရသလို ဂုဏ်ယူပြီး ပြောနေခြင်း ဖြစ်၏။ မအိမ်ကံ အပါအ၀င် အားလုံးက ဖိုးကူးကို ကျေးဇူး တင်ခဲ့ကြသည်။ အစ်ကို မောင်မြတ်သာလည်း ထိုနေ့ကတည်းက ပျောက်သွားလိုက်တာ ဘေးကင်းချမ်းသာ ရှိကောင်းပါရဲ့လို့သာ ဆုတောင်း နေရတော့သည်။ တိုင်းပြည် လွတ်လပ်ရေးအတွက် ဂယ်ပေါက်ထဲက ယို့ထွက်ရတာမျိုးလည်း ပါရသကိုးလို့ မအိမ်ကံ တွေးမိတော့ ရယ် လည်းရယ်ချင်သည်။ စိတ်မကောင်းလည်း ဖြစ်ရပါသည်။ နောက်ပိုင်း ကြားရသည့် သတင်းအရတော့ အစ်ကိုက မမစိမ်းမြတို့ ရက်ကန်းရုံကြီးထဲ ခဏခိုနေခဲ့သည် ဆို၏။ မမစိမ်းမြတို့ အိမ်ဘေးမှာ ရက်ကန်းချည်စာ တန်းပစ်ရန် ထိုးထားသော တဲပြန့်ကြီးရှိသည်။ တဲပြန့်ကြီးက အကာ မရှိသော်လည်း အပေါ်မှာ အထပ်ခိုးလေး ရှိသည်။ အစ်ကိုက အထပ်ခိုးလေးပေါ်မှာ နှစ်ညခိုကာ နောက်တစ်နေ့ မနက် စောစော ရွာက ထွက်သွားခဲ့သည် ဆို၏။ မမစိမ်းမြ ကိုယ်တိုင် အနောက်အောက် တောရွာဘက်ဆီ လှည်းမောင်း ပို့ခဲ့ရသည် ဆိုသည့် အတွက် မမစိမ်းမြတို့ မိသားစုကို ကျေးဇူး တင်ရတော့သည်။ ရွာထဲက ချက်ချင်း မထွက်တာကလည်း ရွာပြင်မှာ စစ်ပုလိပ် တွေက အစောင့်တွေ ချထားနိုင်မှန်း အစ်ကို သိထားပုံရ၍လည်း မမစိမ်းမြတို့ အိမ်မှာ နှစ်ည ခိုလိုက်ပုံရပါ၏။ ထိုနေ့က စစ်ပုလိပ်တွေ ရောက်လာကြသော်လည်း ရုန်းရုန်း ရင်းရင်း ရှာကြတာမျိုးတော့ မရှိ။ ရွာက သတင်းပေးသဖြင့် လာမေးကြခြင်း ဖြစ်ကြောင်း တစ်ဆင့်စကား သိရသဖြင့် ဘယ်သူကများ မြင်းခြံမြို့ရောက် သတင်းပေးခဲ့သူ ဆိုတာ စဉ်းစား စရာ ဖြစ်ရသည်။ ဘယ်သူ ဖြစ်နိုင်မလဲ။ ကိုယ့်ရွာသူ ရွာသား တစ်ယောက် ဒုက္ခရောက်အောင် ကိုယ်ထိလက်ရောက် သတင်း ပေးခဲ့သူဆိုတာ ဘယ်သူဖြစ်နိုင်သလဲ။ မအိမ်ကံ ဒါကိုပဲ စဉ်းစား နေခဲ့သည်။ အစ်ကို မောင်မြတ်သာကပင် ကိုယ့်ရွာသူ ရွာသားချင်း ဒုက္ခမပေးတန် ကောင်းပါဘူး တွက်ထားခဲ့သော်လည်း သတိဖြင့် အကာအရံ လုပ်ထားလို့သာ တော်တော့သည်။ မအိမ်ကံ စဉ်းစားလို့ ရသလောက်တော့ ကြီးတော် စံရွှေ သို့မဟုတ် ကြီးတော်စံရွှေက ခိုင်းလိုက်သော ရွာက တစ်ယောက်ယောက် ဖြစ်ရမည်။ ကန်တော့ပွဲနှင့် လာတောင်းပန် ရသည့်နေ့က မောင်မြတ်သာ ရောက်နေသလားလို့ မေးခဲ့တာကို မအိမ်ကံ မှတ်မိနေပါ၏။ မအိမ်ကံပင် စိတ်ကလေး ထင့်သွားခဲ့သော်လည်း သည်လောက်တော့ လုပ်ရက် လိမ့်မည် မထင်ခဲ့။ သာအောင် မွှေလိုက်သည့် စနက်က သိန်းခိုပြည်ကို ဟနုမာန် မီးရှို့သကဲ့သို့ ဖြစ်ရလေပြီ။ သည်ရက်တွေထဲမှာ စွာလာသူ အမှုပွဲစား ကျော်ဒင် ကလည်း တစ်မှောင့်။ စစ်ကြီး ဖြစ်တော့မည့် အကြောင်း၊ အင်္ဂလိပ်တွေ ပြေးကြရတော့မည် ဆိုသည့်အကြောင်း သတင်းတွေ လှိုင်လှိုင်ကြီး ဖြန့်နေတော့သည်။ ညောင်ငါးခွဆီက ဇောင်ချမ်းကုန်းကို ဖြတ်လာကြသမျှ လှည်းသမားတွေပင် မနေရ။ ကျော်ဒင့်တရား နာကြရသည်။ ရွာဦးဆရာတော် ကျောင်းမှာလည်း လူ စုစု

101


စုစု။ အိမ်ကြီး၊ ၀ိုင်းကြီး၊ သစ်ရိပ် ကြီးတွေမှာလည်း လူ စုစု စုစု။ တစ်ရက် အမေပန်းရုံ မအားသဖြင့် ရွာဦးဆရာတော် ကျောင်းကို မအိမ်ကံ ဆွမ်းအုပ် ပို့ရသည်။ မနက်ဆွမ်းခံပြန်ချိန်လောက် ကျေးဥနှင့် နှစ်ယောက်သား ဆွမ်းစားအမီကျောင်းကို လာခဲ့ခြင်းဖြစ်သည်။ ကျောင်းဝ မကန်းလှေကားက တက်သည် ဆိုသည်နှင့် ကျော်ဒင့် အသံကို ကြားနေရသည်။ ကျောင်းပေါ် မှာ ရွာသား လေး၊ ငါးယောက်လည်း ရှိသည်။ မအိမ်ကံနှင့် ကျေးဥက ဘုရားဝတ်ဖြည့်၊ ဆရာတော်ဝတ်ဖြည့်၊ ဆွမ်းအုပ်ကို လက်ထိကပ် လိုက်ပြီး ဆွမ်းစားဆောင်ဘက် ကိုယ်တိုင် ဆွမ်းလှယ်ကြသည်။ အသံတွေတော့ ကြားနေရပါ၏။ “ဟင်္သာတနဲ့ ဇလွန်မှာ မနှစ်က သခင်အောင်ဆန်းတို့ တရားဟောလို့ အင်္ဂလိပ် ရာဇ၀တ်အုပ်က ဖမ်းသာကောဘုရား။ ဗမာ့ ထွက်ရပ်ဂိုဏ်းက မြို့လုံးကျွတ် အစည်းအဝေးကြီး ရန်ကုန်မှာ လုပ်လိုက်သာလည်း လူ ၀က်ဝက်ကွဲ တက်ကြသတဲ့ ဘုရား။ အမျိုးသား ကာကွယ်ရေးတပ်၊ တပ်ဖွဲ့ချုပ်ကြီးဖွဲ့တော့ ဗမာ့လက်ရုံးတပ်ကရော၊ ကာကွယ်ရေး သံမဏိတပ်ကရော၊ ရဲတပ် အပျော်တမ်း တပ်တွေကပါ ပါသယ်လို့ တပည့်တော်တော့ ကြားခဲ့သာပဲ။ တပည့်တော်တို့ မြင်းခြံက သံမဏိတပ် ဗိုလ်မောင်မောင် လည်း ပါသတဲ့ဘုရား” “နို့ သခင်အောင်ဆန်းတို့က အခု တရုတ်ပြည်ကြီးမှာ ဆိုကွယ့်” “တင်ပါ့ အခုဟာက သခင်တွေကို တွန်းဖမ်းနေလို့ ရန်ကုန်မယ် လူထုကန့်ကွက်ပွဲများ လုပ်နေကြပါ့ဘုရား” “အမျိုးသစ္စာ ဖောက်တွေကလည်း ရှိသကိုး မောင်ကျော်ဒင်ရဲ့။ တစ်လောက သူကြီးသား မောင်မြတ်သာကို မြင်းခြံ ပုလိပ်က တို့လိုရွာကလေးအထိ လာဖမ်းသာများ တွက်ကြည့်ပါလား။ မြင်းခြံအထိ ကိုယ့်စရိတ် ကိုယ်ခံပြီး မျက်နှာလို အားရ လုပ်ကြသာကောကွယ်။ အမျိုးသားချင်း မညီညွတ်မှတော့ ၀ဇီးပြေ(၀ါးစည်းပြေ)ကြရုံပေါ့” “သည်ကြားထဲ ဦးပု အစိုးရကပြုတ်။ ဦးစောညွန့်ပေါင်း အစိုးရတက်လာ” “နို့ နေပါဦး။ မန္တလေးဘုရားကြီး မြောက်စောင်းတန်းမယ် အာဏာရှင်ဘွဲ့ ခံဆိုသလိုလို ကြားရပါသေးကော” “တင်ပါ့ဘုရား။ ဆင်းရဲသား ၀ံသာနုခေါ်ကြပါသ ဘုရား။ သည်နှစ်တော့ ဂျပန်ပြည်ကို စစ်ပညာသင်ဖို့ အသုတ်လိုက် သွားနေကြပါပြီဘုရား” မအိမ်ကံက ဆွမ်းအုပ်ထဲက ဆွမ်းဟင်း လှယ်ရင်း စကားဝိုင်းကို နားထောင် နေခဲ့ပါ၏။ ဆွမ်းလှယ်ပြီးတော့ ဆရာတော်ကို ၀တ်ဖြည့်တော့မှ ဆရာတော်က တိုင်ကပ်နာရီကို ကြည့်တော်မူ၏။ သည်တော့မှ ဆွမ်းစားရန် သတိရဟန်ဖြင့် သင်္ကန်း ထရုံသည်။ “မအိမ်ကံ မောင်မြတ်သာ သတင်း ဘာကြားသေး သတုံးဟဲ့” “ဘာမှတော့ မကြားရပါဘုရား။ အဖမ်းပဲ ခံရလေ သလား၊ လွတ်ပဲ လွတ်လေသလား တပည့်တော်မတို့လည်း စုံစမ်း နေရပါ့ဘုရား” “အိမ်း ဟင်္သာကိုးသောင်းပျက်သဲ့ ဇာတ်မျိုးပေါ့ဟယ်။ အချင်းချင်း ခေါင်းနင်း နေကြမှတော့ တော်တော်တော့ ရုန်းရ လိမ့်မဟေ့။ ကိုင်း ဒကာတို့ မပြန်ကြနဲ့ဦး။ ကျုပ်ဆွမ်းစားပြီးရင် ကျောင်းမှာပဲစားကြ” မအိမ်ကံနှင့် ကျေးဥ အိမ်ပြန်ရောက်တော့ မွန်းတည့် နေပြီ။ ကျေးဥက သည်စကားတွေကို ဘာပြောကြလို့ ပြောမှန်း

102


မရေလည်သော်လည်း

မအိမ်ကံကတော့

စကား

အဆက်အစပ်ကို

ရေလည်လိုက်သည်။

အမှုပွဲစား

ကျော်ဒင်က

သည်ရက်တွေထဲ ရွာမှာ အကပ်အပြုများနေလို့ပဲလားတော့မသိ။ စကားတွေကို နှမ်းကြဲသလိုပဲ ဆုပ်ဆုပ်ကြဲ နေခဲ့သည်။ အသံတွေ ကျယ်လွန်း လှသည်။ ဘာသဘောများ ပါလိမ့်။ မအိမ်ကံ အိမ်ရောက်သည် အထိ အတွေးစတွေ မငင်နိုင်ခဲ့ပါ။ တစ်ရွာ့တစ်ရွာ အသွားအလာတွေ၊ အရောင်းအ၀ယ်တွေ၊ အပေးအကမ်း၊ အလှမ်းအပြုတွေ ကျဲပါးသွားတာတော့ အမှန်ပင်။ မအိမ်ကံ ရက်ကန်းထည် ကလေးတွေတောင် ဖိုးကူးတို့ ညီအစ်ကို မြင်းခြံကို သွားသွင်းကြတော့ အကြွေးမကျစဖူး ကျလာခဲ့သည်။ ပွဲကတော်ကြီးက စီးစီးပိုးပိုး နိုင်တာမဟုတ်ဘဲ၊ အထည်တွေ အရောင်းအ၀ယ် မလိုက်သဖြင့် လက်ငင်း ငွေမချေ လိုက်နိုင်။ အထည်ကြွေးတွေကျတော့ မအိမ်ကံ ရက်ကန်းရုံကို ခဏ နားလိုသော်လည်း မအိမ်ကံ အဆင်ရယ်လို့ပင် မြင်းခြံနယ် လုံးပေါက် နာမည်ရနေကာမှ ရပ်မထားချင်။ ခေတ်အခါ မကောင်းတုန်း ခဏပေါ့။ ပြီးတော့ သည်လို အလုပ် ရပ်ဆိုင်း လိုက်လျှင် ရွာကမိန်းကလေးတွေ ၀င်ငွေမရှိကြတော့မှာကိုလည်း ထည့်တွက်ရပါ၏။ သတင်းတွေကလည်း မျိုးစုံနေတော့ လူတွေမှာ ထိတ်ကြ၊ လန့်ကြ ရှိရသည့် ကြားထဲ ဟိုရွာ သည်ရွာ သူခိုး ဓားပြ ပူတာတွေကိုလည်း စိတ်မချမ်း သာစရာ ကြားနေရပါ၏။ သူကြီးအလုပ်က နားပြီးကတည်းက အဖေလည်း ရွာမှာမြဲ နေခဲ့သည်။ အလွန် လမ်းများခဲ့သော အဖေ့ခမျာ အိမ်မှာချည်း နေရတော့ ခြေချုပ်မိနေပုံလည်း ရပါ၏။ ဇိနတ္ထပကာသနီ တစ်အုပ်လုံး အလွတ်ပင် ရလောက်ပေပြီ။ ကိုယ်တိုင်ကလည်း အိုကြီး အိုမအရွယ် ရောက်လာတော့ ကျန်းမာရေးကလည်း မကောင်းချင်တော့ သူကြီးဆိုသည့် အရှိန်အ၀ါကတော့ ရှိနေဆဲ။ ပြီးခဲ့သော သူကြီးရွေးကောက်ပွဲတုန်းက ညောင်တောရွာက ဦးဘဖေ ဆယ့်နှစ်ရွာအုပ် သူကြီး ဖြစ်သွားခဲ့သော်လည်း ရွာတိုင်းက သူကြီးတွေကတော့ အဖေ့ကို လာတိုင်ပင်ကြမြဲ။ သို့သော် အဖေကိုယ်တိုင်က အင်္ဂလိပ်မင်း အုပ်ချုပ်ရေးကို မပါဝင်လိုတော့ကြောင်း မအိမ်ကံ ရိပ်စားမိပါ၏။ ရွာ့ရပ် အခြေအနေ တွေကလည်း မကောင်းလှ။ ဇောင်ချမ်းကုန်းသည်ပင် ခြောက်ခန်းလှသည်။ မီးသွေးလှည်း၊ ထင်းလှည်း၊ အိုးလှည်းတွေက လွဲ၍ ရွာလမ်းမှာ ဘာမှမရှိ။ ဆိတ်တွေ၊ သိုးတွေ မွေးထားသော ဦးအီစမန်ကြီးပင် ဆိတ်တွေ၊ သိုးတွေ ထုတ်ရောင်းလိုက်သဖြင့် ရွာလမ်းတစ်လျှောက် ဖုန်မထတာ ကြာပြီ။ ထိုနေ့က မအိမ်ကံ ရက်ကန်းထည် ကလေးတွေ တစ်ထည်ချင်း လိုက်ကြည့်နေလေသည်။ ခုတလော ပုဆိုးအကွက် တုံးကြီးတွေ အမှာအကြား များသဖြင့် ကွက်တုံးကြီးတွေ ရက်နေကြရသည်။ လေးလက်မပတ်လည် နှစ်ရောင်ကွက်ကြီးတွေ ခတ်ရုံသာ။ အဖြူအနက်ကွက်၊ အဖြူအနီကွက်၊ အဖြူအညို ကွက်စသည်ဖြင့် အရောင်ကစားရတာတော့ ရှိပါ၏။ မအိမ်ကံ ကိုယ်တိုင်ကတော့ မြင်းခြံကို သိပ်မသွားဖြစ်တော့ ဖိုးတုတ်နှင့် ဖိုးကူးညီအစ်ကိုကို အထည်ရေအပ်၊ ငွေပေးငွေယူ စာရေးပြီး လှည်းနှင့် ထည့်ပေးလိုက်ရုံသာ။ လူငယ်တွေ ဆိုတော့ အဖေ့ တပည့်တွေထဲက ချက်ချက် ချာချာ ရှိသူတစ်ယောက်၊ နှစ်ယောက် ကိုတော့ ထည့်ပေးလိုက်ရသည်။ ခေတ်ကာလက မကောင်းတော့ လမ်းခရီး ဂရုစိုက်ဖို့နှင့် အချိန်နှင့် သွားကြ၊ ပြန်ကြဖို့ မှာကြားရ၏။ အရောင်းအ၀ယ် မလိုက်သော်လည်း ပွဲကတော်ကြီးက မအိမ်ကံ ဆီကတော့ အထည်တွေ မှာမြဲမှာ၏။ ဖိုးတုတ်က အထည်တွေကို ဆယ်ထည်စီ စုထပ်ပြီး ချည်စာကျစ်ကြိုးဖြင့် စည်းနှောင်ထားတာကို အထည်ရေ မမှားအောင် မအိမ်ကံကိုယ်တိုင် စစ်ဆေးနေခဲ့သည်။ ထိုစဉ်မှာပင် အိမ်ရှေ့ဆီက လူရိပ် မြင်လိုက်သဖြင့် အသာ လှမ်းကြည့် နေမိသည်။ ၀င်းတံခါးကြီး ပိတ်ထားသဖြင့် ဘယ်သူ ဘယ်ဝါတော့ မကွဲ။ မြင်းလိုလို တလှုပ်လှုပ် ရွေ့လျား နေတာကိုလည်း ရိုးရိုးရိပ်ရိပ် မြင်နေရသည်။ “ဖိုးကူး သွားစမ်း။ ၀ိုင်းဝမှာ လူလားလို့၊ ရမ်းမဖွင့်နဲ့။ ဘယ်သူလဲ ကြည့်ဦး” “ဟုတ်ကဲ့ မမကံ” ဖိုးကူးက ပုဆိုးတွေ စည်းနှောင်နေရာက ၀ိုင်းဝဘက် ထပြေးသည်။ အပေါက်က ချောင်းကြည့်သည်။ မအိမ်ကံ ဘက်ကို အားရ၀မ်းသာ လှမ်းအော်သည်။ “မမကံရေ တက်ခေတ်တင်ရယ်”

103


“ဟဲ့ ဘယ်သူ” “မင်းသားလေး တက်ခေတ်တင်” ဖိုးကူး ဘာတွေ ပြောနေမှန်း မအိမ်ကံ မသဲကွဲတော့ ရက်ကန်းရုံဝက ထွက်လာခဲ့သည်။ ၀ိုင်းလယ်လောက် ရောက်တော့ ဖိုးကူးက ၀င်းတံခါးပင် ဖွင့်ပြီးနေလေပြီ။ လူတစ်ယောက် မြင်းကြီး စီးလိုက်လို့။ ခြံထဲကိုတော့ မြင်းကြီးစီးလျက် မ၀င်ပါ။ မြင်းပေါ်က သုတ်ခနဲ ဆင်းကာ မြင်းအာကြိုးကို ဆွဲလျက် ရပ်နေသည်။ “မအိမ်ကံ ကျွန်တော်ပါ။ ပြေသိမ်းရယ်” “အို ကို ပြေသိမ်း။ လာပါရှင်၊ ကြွပါရှင်။ ဖိုးကူး မြင်းကိုယူလိုက်ပါ။ သရက်ပင်မှာ ချည်ထားလိုက်။ မြင်းကို ရေတိုက်၊ အစာလည်း ကျွေးထားနော် ငါ့တူ။ ကြွပါရှင်။ ၀မ်းသာလိုက်သာ” ဖိုးကူးက ကိုပြေသိမ်း လက်ထဲက မြင်းကို ဆွဲယူသွားသည်။ ကိုပြေသိမ်းက လည်မှာ ရောက်လာသည့် မာဖလာကို ဖြုတ်ပြီး သူ့ကိုယ်သူ တဖန်းဖန်း ရိုက်နေသည်။ မျက်တောင်တွေ၊ ဆံပင်တွေ၊ ပခုံးတွေမှာ ဖုန်တွေ။ အခွေလိုက်ကျနေသော နဖူးပေါ်က ဆံစတွေမှာကကော။ မအိမ်ကံက ကိုပြေသိမ်း အနားကို သွားကာ တစ်ကိုယ်လုံး ဖုန်တွေခါပေးရင် ကောင်းမလား တွေးနေမိ၏။ ဒါကလည်း မရိုးမသား မဟုတ်ပါ။ တစ်မြို့သား လူပုံချောကို အားနာလွန်း လှသဖြင့် ရွာကို စိတ်ပျက် မသွားစေချင်သည့် စိတ်အရင်းခံ ဖြစ်သည်။ သို့သော် သည်လောက် အထိ လုပ်ပေးဖို့ မသင့်မှန်း စဉ်းစားမိတော့လည်း ကိုပြေသိမ်း ကိုသာ မော့ကြည့်နေမိလေ၏။ “အားနာလိုက်သာ ကိုပြေသိမ်းရယ်။ ဖုန်တွေ မနည်း မနောပါလား။ တအောင့်နားပြီးရင် ရေကလေး ချိုးသာပေါ့။ ကြွပါရှင် အိမ်ထဲကို” မအိမ်ကံကပဲ အိမ်ထဲကို ဦးဆောင် ခေါ်လာခဲ့သည်။ အမေပန်းက လက်ကို ဖျင်စဖြင့် သုတ်ရင်း ထွက်လာသည်။ မအိမ်ကံ နောက်က ဧည့်သည် လူစိမ်းကို လှမ်းအကဲ ခတ်သည်။ ဖိုးကူး လှမ်းအော်လိုက်သော မင်းသား တက်ခေတ်တင် ဆိုတာ နားစွန်နားဖျား ကြားထားမိသည့် အတွက် တကယ့် မင်းသား တက်ခေတ်တင် မှတ်သွားခဲ့သည်။ ပြောလည်း ပြောလောက် စရာ။ အသားဖြူဖြူ၊ လူပုံနွဲ့နွဲ့ ချောလိုက်သည့် ရုပ်ရည်နှယ်။ မင်းသား ဖြစ်လောက်ကရောပေါ့။ “ဧည့်သည်ကို နေရာပေးပါဟဲ့ သမီး။ လှအုံရေ အေးခုတင်ပေါ် ကော်ဇောခင်းစမ်း လာ လာ မောင်တက်ခေတ်တင်” သမီး ဧည့်သည်တော့ မဟုတ်တန်ရာ။ ဇာတ်မင်းသားနှင့် သမီးဖြစ်သူ ဆက်စပ်စရာ မရှိတော့ ရွာ့ အကူ အညီ လိုချင်လို့ ရောက်လာသူ ဖြစ်ရမည်။ အမေပန်းရုံက မောင်တက်ခေတ်တင် လို့ ခေါ်လိုက်တော့ မအိမ်ကံ အားနာ သွားခဲ့ရပါ၏။ ဘယ့်နှယ့် တက်ခေတ်တင် ပါလိမ့်။ ကိုပြေသိမ်းကလည်း သူ့ကို တက်ခေတ်တင်လို့ ခေါ်လိုက်တာကို ဘာမှန်းမသိ။ အေး ခုတင် ပေါ်မထိုင်ဘဲ အနားက တန်းလျားရှည်ကြီးမှာ ၀င်ထိုင်လိုက်သည်။ မျက်နှာက မအိမ်ကံကို တစ်လှည့်၊ အမေပန်းရုံကို တစ်လှည့် အကဲခတ်နေလေ၏။ “သခင်မြတ်သာ ပြောတဲ့ စကားထဲတော့ အမေပန်းရုံ အကြောင်း အမြဲပါလို့ အမေပန်းရုံပဲ ထင်ပါရဲ့” ကိုပြေသိမ်းက အမေပန်းရုံကို ကြည့်ကာ ဟုတ်မဟုတ် မေးနေခြင်း ဖြစ်သည်။ မအိမ်ကံက မင်သားတက်ခေတ်တင် မဟုတ်ကြောင်း ရှင်းပြနေဆဲမှာပင် အမေပန်းရုံက လုပ်ပြန် လေ၏။

104


“ဟုတ်ပါ့ မောင်တက်ခေတ်တင်ရေ။ သားကိုသိသယ် ဆိုတော့ မိတ်ဆွေများထင်ပါရဲ့” “ခင်ဗျာ ဟုတ်ပါသယ်ခင်ဗျာ။ အခုလည်း သခင်မြတ်သာက သတင်း ပါးခိုင်းလို့ လာရပါသယ်” မအိမ်ကံ သည်တော့မှ ကပျာကယာ ၀င်ရှင်းရတော့သည်။ “အမေကလည်း ဘယ်က တက်ခေတ်တင် ရမှာတုံး။ အမေ့နှယ် ဒါ မအိမ်ကံ ပြောတဲ့ မြင်းခြံက ကျောင်းဆရာ ကိုပြေသိမ်း ဆိုတာလေ အမေရဲ့။ အစ်ကို့ သူငယ်ချင်းဟာကော။ မအိမ်ကံတို့ ဟိုတစ်ခါ မြင်းခြံ သွားတုန်းက လိုက်စောင့်ရှောက် ပေးတာလေ” “ဟော်တော်၊ သိပေါင် သမီးရယ်။ ဖိုးကူးက မင်းသား တက်ခေတ်တင်လေ မမကံရဲ့လို့ ပြောလိုက်သံကြားလို့” မအိမ်ကံ အူတွေနာအောင် ရယ်ချင် လှသော်လည်း ပြုံးရုံသာ ပြုံးရတော့သည်။ ကိုပြေသိမ်းကတော့ မြို့သားမို့ ဟန်လုပ် လေသလား မသိ။ အူတိအူကြောင် မျက်နှာဖြင့် သားအမိ နှစ်ယောက်ကို ကြည့်နေလေ၏။ အကျိုးအကြောင်းတွေ ရေလည်တော့မှ အမေ ပန်းရုံကလည်း ရယ်သည်။ မောင်မြတ်သာက လွှတ်လိုက်သာဆိုတော့ မောင်မြတ်သာ ဘေးကင်း ရန်ရှင်းရှိလို့ပေါ့လို့ တွေးမိကြသဖြင့် တစ်ပူ စိတ်အေးကြရပါ၏။ ကိုပြေသိမ်းက သူဝတ်လာသော ဖျင်အင်္ကျီ ကြယ်သီးတင် ချုပ်ရိုးနဘတ်ထဲက စာရွက်ရှည်ကလေး ထုတ်ယူလိုက်သည်။ စာရွက်ကို ဖြန့်လိုက်တော့ လက်တစ်ဝါးသာသာ စာရွက်ပိုင်း ကလေးဖြစ်သွားလေ၏။ မလှအုံက နောက်ဖေး ပဲမှော်တိုက်ဘေး အရိပ်မှာ ငိုက်နေသည့် သူကြီးကို သွားနှိုးသည်။ သားအဖ တစ်တွေ ဆုံတော့မှ ကိုပြေသိမ်းက စာကို ဖတ်ပြပါသည်။ “ကျေးဇူးရှင် မိဘနှစ်ပါးနှင့် နှမကလေး ကံ... ကျွန်တော် ကျန်းမာလျက် ဘေးကင်းရန်ကွာ ရှိပါသည်။ ရွာက ထွက်ပြေးခဲ့ရသည့်နေ့ မစိမ်းမြတို့ ရက်ကန်းတဲပေါ်မှာ နှစ်ည ခိုခဲ့ရသည့် အတွက် မစိမ်းမြတို့ မိသားစုကို ကျေးဇူးတင်ကြောင်း ပြောပြစေလိုပါသည်။ နောက်တစ်ရက် မနက်စောစောကြီး မစိမ်းမြတို့ အိမ်ကလှည်းနှင့် အောက်တောဘက်ကို လိုက်ပို့ပေးပါသည်။ ထိုမှတစ်ဆင့် ရန္တပိုရွာ ရောက်ပါသည်။ မြင်းခြံမှာ စစ်ပုလိပ်များ ရှိနေသည့်အတွက် ကျွန်တော့်မိတ်ဆွေ ရှိရာ ရန္တပိုရွာမှာ ခိုနေပြီး အခုတော့ လုံခြုံသော တစ်နေရာကို ရောက်နေပါပြီ။ မြင်းခြံမှာ နေသော ကျွန်တော့်မိတ်ဆွေ သခင်ပြေသိမ်းနှင့် အချိန်းအချက်ပြုကာ သည်စာကို ရေးပို့လိုက်ပါသည်။ သခင် ပြေသိမ်းကိုလည်း အစစအရာရာ ကူညီကြစေချင်ပါသည်။ တိုင်းရေး ပြည်ရေးများလည်း မေးနိုင်ပါသည်။ ကျန်းမာ ချမ်းသာ တော်မူကြပါစေ။ စာကြွင်း။ နှမလေးကံ... သနပ်ခါး ကုန်နေပြီ ဆိုလျှင် မောင်ပြေသိမ်းကို တောင်းပါလေ။ စပါးလောင်းတောင်းနှင့် အပြည့် သနပ်ခါးတုံးများ စုထားသည် ဆိုပါ၏။ သခင်မျိုးဟေ့ တို့ဗမာ မောင်မြတ်သာ ကိုပြေသိမ်းက စာဖတ်ပြနေရာက “စာကြွင်း”ကို ဖတ်မိတော့ သူ့ဟာသူလည်း အားနာပုံ ရသွားသည်။ မျက်နှာကြီး နီလာခဲ့ကာ အသံကလေး တိမ်သွားလေ၏။ မအိမ်ကံကတော့ ဆိုစရာမရှိပြီ။ အစ်ကို မောင်မြတ်သာက စလိုက်ခြင်းဖြစ် သော်လည်း ကာယကံရှင် နှစ်ယောက်ဖြစ်သည့် အပျို၊ လူပျို တို့ခမျာ ရှက်ရွံ့စရာ ဖြစ်ရပါ၏။ ဦးသာထန်က သနပ်ခါးတုံးတွေ လောင်းတောင်းနဲ့ အပြည့်ဆိုလို့ အံ့သြနေသည်။

105


“ငါ့သားနှယ် နှမကိုချစ်တော့ သနပ်ခါးကို လောင်းတောင်း နဲ့ အပြည့် တောင်းခိုင်းသာများ အားနာစရာကွယ်။ တန်ဖိုးသေး မှတ်လို့” အဖေ့ စကားကြားတော့ မအိမ်ကံ ပို၍ပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ကိုပြေသိမ်းက စာကို ကိုယ်တိုင် ဖတ်ပြဖို့ မှာလိုက်သဖြင့် ဖတ်ပြရခြင်း ဖြစ်ကြောင်း၊ အိမ်မှာ လိုအပ်သမျှ မေးမြန်း ကူညီခဲ့ပါရန် မှာလိုက်ကြောင်း၊ သခင်မြတ်သာ နေကောင်း

ထိုင်သာ

ရှိကြောင်းများ

ပြောပြသည်။

မလှအုံ

ကတော့

လူပုံချောလှသော

သခင်ပြေသိမ်းကိုသာ

ကြည့်နေတော့သည်။ “မင်းတို့ လူငယ်သခင်တွေကော အခြေအနေ ဘယ်လိုလဲကွယ့်” “အင်္ဂလိပ်က တို့ဗမာ အစည်းအရုံးကို မတရားအသင်း ကြေညာပေမယ့် လျှို့ဝှက် လုပ်ကိုင် နေကြရပါတယ်။ မနှစ်က လယ်သမား အစည်းအရုံး၊ အလုပ်သမား အစည်းအရုံးတွေလည်း ဖွင့်ပြီးကြပြီ။ တူရာ တူရာစုပြီး အင်္ဂလိပ်ကို ဖဲ့တိုက်တဲ့ သဘောပါပဲ ဦးမင်းရယ်” “အခုက တိုင်းပြည်ကို ဘယ်သူ အုပ်ချုပ်နေသာလဲ။ တို့ကတော့ ကိုယ့်မြေက ထွက်သဲ့ပဲ ကိုယ်ပြုတ်စား နေရသာဆိုတော့ မြို့မှာ ခဏခဏ ပြောင်းနေသာ ဗြုန်းခနဲ သိရသာ မဟုတ်ဘူး။ စိတ်လည်း မ၀င်စားကြဘူး။ တိုင်းပြည်ပျက်မှာကိုပဲ စိုးရိမ်နေကြရသာ” “အခုက ဥပဒေပြု လွှတ်တော်မှာ ဦးစောက နန်းရင်းဝန် ဖြစ်နေပါပြီ။ မနှစ်က ကမ္ဘာစစ် မိန့်ခွန်းပြောလို့ ဒေါက်တာ ဘမော်ကို အင်္ဂလိပ်အစိုးရက ထောင်တစ်နှစ် ချပြန်တယ်။ အုပ်ချုပ်တာကတော့ အင်္ဂလိပ်တွေပါပဲ။ ထူးတော့ မထူးပါ ဘူးခင်ဗျာ” “အင်း ကိုယ့်ပြည် ကိုယ့်မင်း မဟုတ်မှတော့ ဘာဖြစ်ဖြစ် မဟန်ပါဘူးကွယ်။ ကမ္ဘာစစ်ဆိုသဟာကြီးများ ကြားရရုံနဲ့ နားကြောစိမ့်မိရဲ့။ ဒါနဲ့ မေးပါရစေဦး။ တို့ဆီမှာ အဲသလို စစ်ကြီးများ ဖြစ်နေဦးမလား” “အခုတော့ ဂျပန်နဲ့ ပူးပေါင်းပြီး အင်္ဂလိပ်ကို မောင်းထုတ် ဖို့ လုပ်နေကြပြီခင်ဗျ” စကားတွေ ကောင်းနေလိုက်ကြတာ တဖြည်းဖြည်း နေလည်း ညိုလာပြီ။ ကိုပြေသိမ်းလည်း ဆာလောက်ရောပေါ့။ ကိုပြေသိမ်းကို

ရေမိုးချိုးစေပြီး

ထမင်းခူးခပ်ကျွေးဖို့

ပြင်ကြသည်။

ကိုပြေသိမ်း

ရေမိုးချိုးပြီး

အ၀တ်ဟောင်းတွေ

ပြန်ဝတ်မည်ပြင်တော့ အမေပန်းရုံက မောင်မြတ်သာ၏ အင်္ကျီ၊ လုံချည် ကောင်းကလေးတွေကို ထုတ်ပေးပြီး ၀တ်စေပါ၏။ မောင်မြတ်သာ အင်္ကျီတွေက ကိုပြေသိမ်းနှင့် အံကျ။ ကိုပြေသိမ်း ၏ အ၀တ်ဟောင်းတွေကို မလှအုံက လျှော်ဖွပ်ပေးခဲ့ပါ၏။ ဧည့်ခန်းထဲမှာပဲ ထမင်းပွဲကို ပြင်ဆင်ပြီး ကျွေးတော့ မအိမ်ကံက ယပ်တောင်ကလေးနှင့် ယပ်ခတ်ရင်း ဟင်းတွေခူးခပ် ထည့်ပေးသည်။ အမေပန်းရုံတို့ ရှေ့မှာဆိုတော့ ကိုပြေသိမ်းက ရှက်နေလေ၏။ “မနှစ်က မူလတန်း ပညာသင်ကြားရေး ဥပဒေဆိုတာ အစိုးရက ပြဌာန်းလိုက်တော့ ဆရာကြီး ဦးဘခင်တို့က သည်ဘက်နယ်မှာ ကျွန်တော့်ကို တာဝန်ပေးဖို့ စီစဉ်နေကြပါတယ်။ အခုကတော့ ဥပဒေအရ တရားဝင် ဖွင့်ရမှာ ဆိုတော့ သည်ဘက်ရွာက ကလေးတွေ အဆင်ပြေနိုင်တာပေါ့” “မောင်တောက်ထိန်က ကောကွယ်” “သခင်တောက်ထိန်က မြင်းခြံကို ပြန်ပါလိမ့်မယ်”

106


သည်စကားကိုတော့ မအိမ်ကံ စိတ်ဝင်စားသွားသည်။ မူလတန်း ပညာသင်ကြားရေး ဥပဒေဆိုပြီး ကျောင်းဖွင့်ခွင့်ရပြီတဲ့။ ကိုပြေသိမ်းကို သည်ဘက်ရွာတွေမှာ တာဝန်ချပေးတော့မတဲ့။ ဘယ်တော့ များလဲ ကိုပြေသိမ်းရယ်။ ကိုပြေသိမ်းက စာအသင်အပြ ကောင်းတယ်လို့ ပွဲကတော်ကြီးက ပြောဖူးသည်။ ရွာက ကလေးတွေ လောက ဓာတ်စာ တတ်ကြတော့မှာ ဆိုတော့ မအိမ်ကံ ၀မ်းသာသည်။ ထမင်းစားပြီး လက်ဖက်၊ ထန်းလျက်ပွဲမှာ စကားတွေ ပြောဖြစ်ကြပြန်သည်။ အဖေတို့၊ အမေတို့ စကားကောင်းနေတုန်း မအိမ်ကံလည်း ရေမိုးချိုးကာ အလှ တွေမှုန်နေအောင် ပြင်လေသည်။ သရက်ထည် ဆင်စွယ်နှစ် ရောင်ကလေးမှာ ရှားရောင်ပန်းခက်တွေပါသော ထဘီနှင့် ပင်နီဖျော့ရောင် ရင်ဖုံးကလေးကြောင့် မအိမ်ကံမှာ လေးညှင်း အုန်းခွံရောင်ပြေးလျက် ကျက်သရေရှိနေခဲ့၏။ နှစ်ကျပ်သား လက်ကောက် တုတ်တုတ်ကြီး တစ်ကွင်းတည်းသာ ၀တ်ထားသည်။ ကိုပြေသိမ်းက သနပ်ခါးနံ့ကလေး ကြိုင်သွားသော လှေကားဘက်ကို ခေါင်းလှည့်လိုက်တော့ အင်္ကျီကို ခါးအထိ ဆွဲချရင်း ဆင်းလာသော မအိမ်ကံကို တွေ့သွားခဲ့သည်။ ပြောလက်စ စကားပင် တုံ့သွားပါ၏။ ဦးသာထန် ကတော့ သူ့သား မောင်မြတ်သာ၏ အင်္ကျီ၊ ပုဆိုးတွေဝတ် ထားသော ကိုပြေသိမ်းကိုကြည့်ရင်း သားကိုသတိရပုံပေါ်၏။ “ကျုပ်သားကကို ယုံကြည် စိတ်ချသူဆိုတော့ ကျုပ်တို့ကလည်း အတွင်းလူလို့ သဘောထားပါသယ်။ ကျုပ်သားလည်း သတိရမိပါရဲ့။ မောင့်ကိုလည်း ကျုပ်သား စာရင်းသွင်းပါသယ်။ သည်ဘက်ရွာတွေမှာ ကျောင်းဖွင့် ဖြစ်ရင် ကျုပ်အိမ်ကို အမာခံထား တည်းပါ” ဦးသာထန်က ကိုပြေသိမ်းကို ကျုပ်သားစာရင်း သွင်းတယ် ဆိုတော့ မအိမ်ကံကပင် မနေတတ် မထိုင်တတ် ဖြစ်ရပါ၏။ ဦးသာထန်က

ရိုးရိုး

ပြောလိုက်ခြင်းပေမယ့်

စကားက

အဓိပ္ပာယ်

တစ်မျိုးရောက်တာ

မဟုတ်လား။

ဒေါ်ပန်းရုံက

ဦးသာထန်ကို မျက်စောင်း လှမ်းထိုးလေသည်။ ဘယ်စကား ဘယ်ရောက်မှန်းမသိ။ သို့သော် ဘယ်သူ့အပေါ်မှ ဘယ်တုန်း ကမှ စိတ်ဝင်စားမှု မရှိခဲ့သော ဦးသာထန်က ကိုပြေသိမ်းကို ဓာတ်ကျခဲ့လေသည်။ ဦးသာထန်၏ ပင်ကိုစိတ်ကလည်း ခေတ်ပညာတတ် လူငယ်တွေကို အထင်ကြီး လေးစားစိတ် ရှိသည်။ ကိုပြေသိမ်းလို ဥပဓိရုပ် ကြည်စင်သလောက် စကား ပြောမွန်ရည်သူ တစ်ယောက်ကို ဦးသာထန် ဓာတ်ကျမည် ဆိုလည်းကျစရာ။ ကိုပြေသိမ်းက ဦးသာထန် နားလည်လောက် သော စကားလုံးတွေကို ရွေးချယ် သုံးပြီး စကားကို အေးအေး ဆေးဆေး ပြောသည်။ စကားပြော နူးညံ့သလောက် ခြုံငုံမိ အောင် စီကာပတ်ကုံး ပြောတတ်သည်။ ဦးသာထန်က ခေါင်း တညိတ်ညိတ်။ အခုမှ ရေလည်တော့သယ် ဆိုသည့် စကားဖြင့် ထောက်ခံ၏။ “ကိုင်း နေပါဦး။ မောင်က ကနေ့ပြန်မှာလား။ ဘာ အကြောင်းများ နောက်ဆံ ငင်စရာရှိသေးလို့လဲ။ အိမ်က သားမယား” “မရှိပါဘူးခင်ဗျာ။ ကျွန်တော် လူလွတ်ပါ။ မိဘများကို လုပ်ကျွေးနေပါသယ်” သည်တစ်ခါတော့ ဒေါ်ပန်းရုံက ဦးသာထန်ကို ၀င်ငေါက် ရတော့သည်။ “ကဲပါ ကိုရွှေသူကြီးမင်းရဲ့။ သဂျိုးပဂျိုးနဲ့ ဘယ် စကား ဘယ်ရောက်။ သည်လိုပါ မောင်ရင်ရယ်။ မောင့်ဦးလေးက မောင်ပြေသိမ်းနဲ့ စကားပြောချင်လှ ထင်ပါရဲ့ကွယ်။ နောက်ဆံ ငင်စရာ မရှိရင် သည်တစ်ညတော့ နေစေချင်သယ်။ မိုးတောင် ချုပ်လုကမင့်ပဲဟာ” အဖေတို့၊ အမေတို့က မထင်မှတ်ဘဲ တားနေတော့ မအိမ်ကံ စိတ်ချမ်းသာသွားခဲ့သည်။ ဧည့်သည် ကိုလူချောကို ချက်ချင်း မပြန်စေချင်ခဲ့။ အစ်ကိုဖြစ်သူ ပါးလိုက်သော စာယူလာသူကို တစ်ညတော့ နားစေ့ချင်သည်။ ဘာပဲ ပြောပြော မြင်းခြံနှင့် ဇောင်ချမ်းကုန်းက မဝေးသော်လည်း မနီးလှပါ။ မိန်းမပျိုဆိုတော့လည်း နေလှည့်ပါဦး အတားရခက်ပါ၏။ အခုတော့ မိဘနှစ်ပါးက တားနေပြီ ဆိုတော့ စကားခိုင်အောင် ၀င်ချည်ရပြန်သည်။ “ဟုတ်သားပဲ ကိုပြေသိမ်းရယ်။ လာပြီး တန်းပြန်ရသယ်လို့။ တစ်ညတော့ တည်းခိုပါဦးရှင်။ ကျွန်မတို့မှာ အစ်ကို ပြန်ရောက် လာသလို မှတ်ပါသယ်”

107


“ကျွန်တော့်မှာ အလုပ်ရယ် လို့တော့ အရေးတကြီး မရှိပါဘူး။ သို့သော်လည်း အားနာလှပါတယ်။ နောင်များတော့ သည်ရွာတွေ တာဝန် ကျရင်ဖြင့် နေပါလေ့ခင်ဗျာ” သည်တစ်ခါတော့ အနားမှာ ထိုင်နေသော မလှအုံက ဆိုးဆိုး ဆတ်ဆတ် ၀င်ပြောသည်။ “ကိုင်းပါ ကိုမင်းသားရဲ့။ တစ်ညများတော့ ဘယ့်နှယ့်မှ မနေပါဘူး။ ကျုပ်က ချက်ကျွေးရမယ့် ဟင်းကောင်းစပ်ပြီး ပေါ့ဟာ။ ညနေကျ ကျုပ်တို့ရွာက ရန်ပြေမာန်ပြေ ဆုတောင်းပြည့် ဘုရားလည်း ဖူးသွားဦး။ ဆုတောင်းများ တကယ်ပြည့်သာ။ ဖြစ်ချင်သာ ဆုတောင်းရုံပဲ” “ဟုတ်ကဲ့ပါ ခင်ဗျာ။ ဘုရားဖူး ဖိတ်တော့လည်း မငြင်းသာ တော့ပါဘူး။ ဇောင်ချမ်းကုန်းက ဆုတောင်ပြည့် ဘုရားမှာ တိုင်းပြည် လွတ်လပ်ရေး ရအောင် ဆုတောင်းရမှာပဲ” ထိုညနေက

ကိုပြေသိမ်းနှင့်

မအိမ်ကံတို့

နှစ်ဦးသား

မလှအုံနှင့်အတူ

ရွာ့အရှေ့ဘက်

ကွင်းထဲက

ရန်ပြေမာန်ပြေ

ဆုတောင်းပြည့် ဘုရားဘက် လျှောက်ခဲ့ကြပါ၏။ မအိမ်ကံက ခါတိုင်းလို ရွာက ဘာထင်ကြမှာပါလိမ့် ဆိုသည့် စိတ်ကလေး မရှိတော့တာလား။ တစ်စုံတစ်ရာကို အရွဲ့တိုက်ချင်တာလားတော့ မသိ။ ရွာ့အရှေ့ဘက် ဘုရားကွင်းကို လမ်းတည့်တည့် ကြီးက မသွားဘဲ ရွာလယ်လမ်းထဲက သွားခဲ့ကြသည်။ မအိမ်ကံကို ကိုပြေသိမ်းနှင့် တွဲမြင်ကြခြင်းတွင် ရွာက နှစ်မျိုး အံ့သြနေခဲ့ကြသည်။ တစ်မျိုးက လူရေးလှသလောက် ကြည်ကြည် သန့်သန့် ရှိသော ကျောင်းဆရာလေး ကိုပြေသိမ်းကို မြင်ကြသဖြင့် အံ့သြကြခြင်း ဖြစ်သည်။ ချောလိုက်သဲ့မြို့သား နှယ်။ အိမ်တိုင်းက ထွက်ကြည့်ခဲ့ကြသည်။ အချင်းချင်း လက်တို့ကြသည်။ မကြည့်လိုက်ရသူ၊ မမြင်လိုက်ရသူ မရှိရ လေအောင် ခေါ်ကာငင်ကာ ကြည့်စေခဲ့ကြသည်။ အချင်းချင်း တိုးတိုး ပြောကြတာလည်း ရှိသည်။ “သူက ဘယ်သူတုံး။ မအိမ်ကံ ရည်းစားလား” “သိဘူးလေ။ အချောတော့ ရက်စက်သယ်။ မအိမ်ကံနဲ့တော့ လိုက်ပါ့အေ” နောက် အံ့သြခြင်းကတော့ ယောက်ျားသား တစ်ယောက် နှင့်အတူ သွားလာဖို့ ဆိုတာဝေးရော။ တစ်ယောက်တည်းပင် မြင်ရခဲသော မအိမ်ကံကို မြို့သူတွေ ညနေခင်း လမ်းလျှောက်သလို လမ်းထွက်လာတာကို ဖြစ်ပါ၏။ သည်မြင်ကွင်းကြောင့် မအိမ်ကံနှင့် လူကြီးမိဘချင်း သဘောတူညီ ထားကြသူလားလို့လည်း တီးတိုး ဆိုချင်ကြပုံပေါ်သည်။ မအိမ်ကံကလည်း သည်လိုပဲ တွေးစေချင်သည်။ မြို့သားပညာတတ် ကျောင်းဆရာ၊ ရုပ်ရည် တင့်တယ်သူ တစ်ယောက်နှင့် အထင်ခံချင်၍ မဟုတ်။ သူ့မှာ သူ့ကိုယ်သူသာ သိသော စိတ်ကူး တစ်ချက်ရှိသည်။ ဒါဖြင့် ကိုပြေသိမ်းကို မအိမ်ကံ စိတ်မညွှတ်ဖူးတဲ့လား။ မအိမ်ကံ ကိုယ့်ရင်ထဲ ကိုယ်မေးတော့လည်း ပျို့ခေါင်းက ဇွန်ပန်းခွေ လေသင့်ရာအေး၊ ညနေဆီလေပြည်လှိမ့် ခေါင်းညိတ်တိုင်း မွှေးစေချင်သည် အမှန်ပင်။ ဒါပေသိ မိန်းကလေး မဟုတ်လား။ “ကျုပ်တို့ ရွာကလေးက ကျုပ်တို့ အဖေတို့ ပြောသမျှတော့ ဘုရင့်ခေတ်ကတည်းက ရှိခဲ့သာတဲ့။ သည်စေတီ ကလေးကလည်း မိဖုရားတစ်ပါး တည်ခဲ့သာလို့ ပြောကြသယ်။ အဓိဋ္ဌာန်နဲ့ တည်သဲ့ ဘုရား ဆိုတော့ ဆုတောင်းလည်း ပြည့်သယ်” မလှအုံက စေတီဆီ သွားရာလမ်းကို ချိုးရာက စေတီကို လှမ်းပြရင်း ပြောခြင်းဖြစ်သည်။ မလှအုံက ရှေ့က သုတ်သုတ် သွားနှင့်သည်။ မအိမ်ကံက ယောက်ျားကလေး တစ်ယောက် ရှေ့က မသွားချင်သဖြင့် ကိုပြေသိမ်းကို ရှေ့ကသွားစေသည်။ ကိုပြေသိမ်းက မအိမ်ကံကို စကားစသည်။ “နေပါဦးတော့ စေတီက ဆုတောင်းပြည့်တယ် ဆိုတော့ မအိမ်ကံ ဆုတောင်းဖူးလို့လား။ မေးသာ မေးရတာပါလေ၊ ပျိုလေးတို့

108


အိမ်ဦး၊ ဆပ်သွားဖူး တစ်ရုံနှစ်ရုံ ကျေးတွေကအုံ ဆိုတာလို ဆုတောင်းစရာလည်း လိုမယ်မထင်ပါဘူး” ဆပ်သွားဖူးတစ်ရုံ၊ နှစ်ရုံကျေးတွေက အုံတဲ့လား ကိုမြို့သားရယ်။ မအုံရပေါင်ရှင်။ အခုအချိန်အထိ မအိမ်ကံက ဘယ်သူ့စကားတင်မှ မခံခဲ့တဲ့ အပျိုစင်ပါတဲ့တော်။ အာဂ မှတ်လို့။ မအိမ်ကံ ပြုံးနေလိုက်သည်။ “မအိမ်ကံကတော့ ဘာဆုမှ မတောင်းရ သေးပါဘူး ကိုပြေသိမ်းရယ်။ ဆုတောင်းလောက်စရာ အကြောင်းမရှိသေး လို့များလား ပြောတတ်ပေါင်ရှင်။ ဒါပေသိ ပျိုတို့မောင် ရှင်လိင်ပြန်ရင် နားပန်ဖို့တော့ ခူးထားရဦးမလားဘဲ” ကိုပြေသိမ်းက မအိမ်ကံကို ငေးကြည့်နေသည်။ ညနေခင်း တိမ်နီရောင်ကလေး ပက်ထားသဖြင့် မျက်နှာလေး တစ်မျိုး လှနေပါ၏။ နေ၀င်ချိန် တိမ်တောက်တောက်မှာ အရုပ်ဆိုးသူများပင် လှကြတာဆိုတော့ မအိမ်ကံအဖို့တော့ ပြောစရာမရှိပြီ။ လေညင်းက သွေးလျက်ရှိ၏။ ပဲခင်းတွေ သိမ်းပြီးစဆိုတော့ ဘယ်ကြည့်ကြည့် မျက်စိတဆုံး မြင်နေရသည်။ ကောင်းကင် ပြာပြာနှင့် ထုံးစေတီဖွေးဖွေးက ပနံရလှသည်။ ကုက္ကိုပင်ကြီးက စေတီတော် ပရ၀ဏ်ဘေးမှာ နှစ်ပေါင်းများစွာကတည်းက ရှိခဲ့ပုံပေါ်သည်။ ကောင်းလိုက်တဲ့ အရိပ်၊ အရွက်သိပ်သိပ် အခက်စိပ်စိပ် ရှိလေသည်။ ဘုရားကန်တော့ကြတော့ မအိမ်ကံက ကိုပြေသိမ်း နောက်ဆွယ်မှာ မလှအုံနှင့် ယှဉ်ထိုင်ကာ ကန်တော့သည်။ “ဆုတောင်းပြည့်ပါစေ ဆုတောင်းရတော့မှာပဲ။ ကျွန်တော်တော့ ဆုတောင်းခဲ့ပြီ” “ဘာများပါလိမ့် ဆရာလေး” မလှအုံက ချက်ချင်း ကောက်မေးလိုက်တော့ ကိုပြေသိမ်းက ပြုံးရုံပြုံးလေ၏။ အတူ ပြန်လျှောက်လာသည်အထိ မဖြေ။ မလှအုံနှင့် နည်းနည်းလှမ်းတော့မှ မအိမ်ကံကိုပြောသည်။ “ရှင်လိင်ပြန်ရမယ့် အရွယ် မဟုတ်တော့ပေမယ့် နားတော့ ပန်ပါရစေ ဘုရားလို့ ဆုတောင်းခဲ့တယ်” မအိမ်ကံ၏ မျက်နှာက အနောက်တောတန်းထဲ ၀င်တော့မည့် နေလုံးလို ရဲမှည့်သွားသည်။ မြို့သားကတော့ ရင်နူး စဖွယ် စကားထည့်လာပါပကောလား။ မြို့သားများကတော့ မယုံဝံ့ပေါင်ရှင်လို့လည်း ရင်ထဲက တွေးနေမိပါ၏။ ပျိုလေးတို့ ၀ိုင်းရစ်ခုံ ပန်းပုံလို့ပေး၊ ဘယ်အပျိုပန်ပြီလဲ မောင်ကြီးကိုမေး ဆိုတာလို မြို့ကြီးသားကို ၀ိုင်းရစ်ခုံပေါ် ပန်းတွေပုံလို့ ပေးခဲ့သူတွေ မရှိဘူး မပြောနိုင်။ မအိမ်ကံကတော့ နှုတ်ဆိတ်နေခဲ့ပါ၏။ ဘုရားက အပြန်မှာ မအိမ်ကံတို့ ရွာဝန်းကျင်ကိုလည်း ပြခဲ့ကြသေးသည်။ မလှအုံက ရွာဝင်ခါနီးတော့ မအိမ်ကံနှင့် ယှဉ်လျက် လျှောက်ခဲ့သည်။ ထိုညနေက အိမ်ပြန်ရောက်တော့ မိုးလည်း ချုပ်လေပြီ။ ညပိုင်းရောက်တော့ ဆရာလေး ကိုပြေသိမ်းနှင့် အိမ်သားတွေ စကားပြောလိုက်ကြတာ ညဥ့်နက်မှ စခန်းသိမ်းခဲ့ကြသည်။ မနက်စောစောထ ရေမိုးချိုးပြီးသည်နှင့် မနက်ခင်းစာ ကလေးဧည့်ခံဖို့ ပြင်ရသည်။ မလှအုံက ပဲလွမ်းစေ့နိုင်းချင်းနှင့် ကောက်ညှင်းဖြူကလေး

သန့်သန့်ပေါင်းထားသည်။

ငါးရံ့ခြောက်ကို

မီးကျီး

ရဲရဲအုံးကာ

ထုထောင်းပြီး

ဆီကလေး

လက်တစ်ဆစ် မြုပ်အောင် စိမ်သည်။ ရေစိမ်မတ်ပဲကို ညက် ညက်ထောင်း၍ အကွင်းခတ်ကြော်ထားတာကလည်း ကြွပ်ကြွပ်ရွရွ ရှိလှပါ၏။ ဧည့်သည်တော့ ဘယ်လိုနေမည် မသိ။ မအိမ်ကံပင် ၀မ်းနင့်အောင် စားမိပါ၏။ ကိုပြေသိမ်းကို ဧည့်ခံ ကျွေးမွေးပြီးတော့ ဖိုးကူးက မြင်းကို ဆွဲထုတ်လာခဲ့သည်။ “ကိုပြေသိမ်းရယ် ကျွန်မတူက ကိုပြေသိမ်း မြင်းစီးသာ သဘောကျလို့သဲ့။ ကိုပြေသိမ်းကို အသင်ခိုင်းရမယ်ချည်း ပြောနေသာ။ အခါအခွင့်ရရင် သင်ပေးပါဦး” ကိုပြေသိမ်းက ဖိုးကူးခေါင်းကို ပွတ်သည်။

109


“သင်ပေးရသေးပေါ့ကွယ်။ သည်ဘက်မယ် ကျောင်းဖွင့်ရင် အချိန်ရပြီပေါ့။ မြင်းတော့ရှိရဲ့ မဟုတ်လား မအိမ်ကံ” “အဖေ့မြင်း စိန်ပွင့်တော့ ရှိပါရဲ့။ အိုရှာပါပြီ။ မအိမ်ကံ မြင်းတစ်ကောင်ဝယ်ဖို့ စိတ်ကူးထားသယ်။ ဖိုးကူးတင် မဟုတ်ဘူးရှင့် မအိမ်ကံပါ မြင်းစီးတော့မှာ၊ မအိမ်ကံကိုလည်း သင်ပေးပါဦး” “အပျိုချောချောရယ်လို့ တစ်ခါမှ မသင်ဘူးလေတော့ အချိုးမှ ကျပါ့မလား မသိဘူး။ မအိမ်ကံက မြင်းစီးသင်ဦး မလို့လား” “စီးရသေးပေါ့ရှင်” ကိုပြေသိမ်းအတွက် အမေပန်းရုံက အမဲခြောက်စည်းနှင့် စားစရာတွေ ထည့်ပေးသည်။ မအိမ်ကံကလည်း ရက်ကန်းရုံထွက် လက်ရက်ထည် ကလေးတွေထဲက ကိုပြေသိမ်းနှင့် လိုက်မည် ထင်သည့် အဆင်ကလေးတွေ ရွေးကာပေးလိုက်သည်။ ပုဆိုးသုံးကွင်း၊ ပင်ညိုတစ်အုပ်၊ ဖျင်တဘက်တစ်ထည်။ “မအိမ်ကံတို့မှာ ပေးသာ ပေးရပါသယ်။ မြို့သားဆိုတော့ ၀တ်မှ ၀တ်ပါ့မလားမသိ” “မအိမ်ကံက ကျေးဥကို ပြောသလိုလိုနှင့် အထည်ထုပ်ကလေး ကမ်းပေးလိုက်တော့ ကိုပြေသိမ်းက “တစ်သက်လုံး ၀တ်မှာပါဗျာ”ဆိုကာ လှမ်းယူလိုက်သည်။ မအိမ်ကံက အစ်ကို မောင်မြတ်သာနှင့် တွေ့လျှင် အစ်ကိုသုံးချင်ရာ သုံးနိုင်ဖို့ ငွေစကလေးလည်း ထည့်ပေးလိုက်ပါ၏။ ကိုပြေသိမ်း ပြန်ခါနီးတော့ သူကြီး ဦးသာထန်နှင့် အမေ ပန်းရုံကို ထိုင်ကန်တော့သည်။ အဖေရော၊ အမေရော မအိမ်ကံ တို့ပါ ၀ိုင်းဝအထိ လိုက်ပို့ကြသည်။ ကိုပြေသိမ်းက မြင်းပေါ် လွှားခနဲ တက်လိုက်ရင်း နှုတ်ဆက်သည်။ “ကျေးဇူးရှင်များ ခွင့်ပြုပါဦးခင်ဗျာ” “သွားလမ်းသာလို့ ပြန်လမ်းချောပါစေ” အားလုံးအိမ်ကြီးထဲ ပြန်ဝင်သွားကြသော်လည်း မအိမ်ကံ ကတော့ ငေးလျက်ကျန်ခဲ့သည်။ မြင်းကိုတော့ မမြင်ရတော့ပါ။ အူအူထ ကျန်ရစ်ခဲ့သော ဖုန်ငွေ့တွေကို ငေးနေမိခြင်း ဖြစ်ပါ၏။ သည့်နောက်ပိုင်း ရက်တွေမှာတော့ ခြောက်သွေ့ခြင်းနှင့် ဘယ်ဆီ ဘယ်ဝယ်မှန်း မသိရသော တမ်းရော် စိတ်ကလေး မအိမ်ကံမှာ ရှိနေခဲ့သည်။ အသက်နှစ်ဆယ် သီသီကျော်ရုံရှိ သေးသော်လည်း ရင်ထဲမှာ အမျိုးအမည် ဖော်ပြရန် ခက်လှ သော ခံစားမှု တစ်မျိုးက ရင်မှာခုနေခဲ့တာ မကြာလှသေးပါ။ မှန်တာပြောရလျှင် ကိုပြေသိမ်းကိုတော့ လွမ်းမိသား။ ချစ်သူ မဟုတ်။ ရည်းစားမဟုတ်။ ခလုတ်တိုက်အောင် လာချင်လို့ လည်း မရနိုင်မှန်းသိပါရဲ့။ ဒါပေသိ ရွာလမ်းမှာ ဖုန်ထလျှင် မြင်းကောင်းစီး ကိုလူချောကို မအိမ်ကံ မျှော်မိရပါ၏။ တစ်ခါ တစ်ခါ ရက်ကန်းရုံဆီက ထွက်လာသော တောဓလေ့ သီချင်း အီသံကလေးတွေကလည်း မအိမ်ကံ ရင်ကို ခုန်စေခဲ့သည်။ သီချင်းသံက ခပ်ညည်းညည်းသံ ဆိုတော့ လွမ်းစရာလည်း ကောင်းပါ၏။ “လသာကြမ်းပြင်ဗိုင်းရစ်ခွင် ... သခင်လိုလို လင် လိုလို... စောင်ညိုကာပါ့ ရွှေခေါင်ရမ်း။ လသာ ကြမ်းပြင် ဗိုင်းရစ်ခွင် ... သခင်တစ်ပိုင်း လင်တစ်ပိုင်း... စောင်ဖြူ ကာပါ့ ရွှေဖီပန်း။ လသာကြမ်းပြင်ဗိုင်းရစ်ခွင် ... သခင်တစ်ခု လင်တစ်ခု... စောင်ဝါကာပါ့ စကားဝါပန်း။ မျှော်ရှုပါရ ပျို့ချစ်ဝေး ... ဝေ့ဝေေ၀း... ဝေ့ဝေေ၀း...” “အနောက်ဆို တောခြေစ... နေကျပေါ့ အေတို့ရယ်... ရွှေကြိုးရွှေကမြင်းလှလှ...လာပါ့မလား အေတို့ရယ်...

110


သူ့ရွာတကျေးဟိုရပ်ဝေး...သေချာဖူးပေါ့ အေတို့ရယ်... လ ဦးကွေးကွေး ကြယ်ဖွေးဖွေး ... ငေးရတာလည်း မောပေါ့အေ... သန်းခေါင်လ ချဉ်း ကြယ်တွေဝင်း... ပျင်းရတာလည်း ညောင်းပေါ့အေ... အရုဏ်လမင်း ကြယ်တွေရှင်း ... ဒင်း မလာလဲ နေတော့အေ...” ငါ့များ စောင်းဆိုနေရော့လား။ သီချင်းကြောင့် မအိမ်ကံ ပြုံးလည်း ပြုံးမိရပါ၏။ သခင်လိုလို လင်လိုလို၊ သခင်တစ်ပိုင်း လင်တစ်ပိုင်း၊ သခင်တစ်ခု လင်တစ်ခု ဆိုတာတော့ မဟုတ် သေးပါ။ ဒါဖြင့် ကိုပြေသိမ်းရယ် လာပါတော့ ကျီးကန်း တမော့မော့လို့ မျှော်ရမယ့် ရည်းစားလား။ အဲသလိုလည်း မဟုတ်ပြန်။ ဘာမှန်းမသိရသော ဝေဒနာပင်။ သည်ရက်တွေထဲမှာ

မအိမ်ကံအတွက်

မဆန်းသော်လည်း

ထူးသည့်သတင်းတွေ

ကြားရပြန်သည်။

တစ်ရက်မှာ

အမေပန်းရုံက မအိမ်ကံကို အသာလက်တို့ ခေါ်ကာ အခင်းတွေဘက် ထွက်ခဲ့ကြသည်။ မအိမ်ကံလည်း အသာလိုက်သွားရုံ သာ။ အခင်းစပ်မှာ ဖရုံညွန့်၊ ဟင်းနုနွယ်ညွန့်ကလေးတွေ ဆိတ်ကြရင်း အမေပန်းရုံက ပြောပြသည်။ “သမီးရေ အမေ စကားပြောချင်လို့ ခေါ်လာသာ။ အိမ်မှာ ပြောမဖြစ်လို့။ သည်လို တို့အိမ်က ဖိုးတုတ်ရှိပါရောလား။ ဖိုးတုတ်နဲ့ ကျေးဥနဲ့က လူငယ်ချင်း ရည်ငံနေကြပုံပေါ်သယ်။ မောင်တွေ နှမတွေလို နေကြလို့သာကိုးသမီးရဲ့။ သွေးမတော် သားမစပ်ဆိုတော့လည်း မလွန်ဆန်သာဘူးဆိုသာ အမေ နားလည်ပါရဲ့။ ဒါပေသိလို့ နှစ်ယောက်စလုံးက အမေတို့အိမ်မှာ နေကြသာ မှုတ်လား။ မတော် ကြေးနှဲခရာ သာယာချင်လျက် လင်းကွင်းဖျက်ဆိုသာလိုပဲ စောင့်ရှောက် လာခဲ့သမျှ အရုပ်ဆိုး အကျည်းတန်သွားနိုင်သာလည်း ထည့်တွက်ရသေးသယ်လေ” “ဟောတော့် ဟုတ်ရဲ့လား အမေရယ်။ ကျေးဥဖြင့် မအိမ်ကံနဲ့ အတူရှိနေသာပဲ။ မအိမ်ကံဖြင့် ထူးခြားသယ် ထင်မိပေါင်” “အမေတို့က ငယ်ရာက ကြီးလာသာပါအေ။ မိန်းကလေး ဆိုသာက မျှော်ကြိုက်ကြရသာပါ။ ကျေးဥကို အပြစ်မတင်ပါဘူး။ ဖိုးတုတ်ကလည်း သည်နှစ်မှ လူကောင်ကြီး ထွက်လာပေမယ့် အသက်မငယ်တော့ဘူး။ လှအုံလည်း ရိပ်မိ လောက်သယ်။ မကြာညွန့်တော့ အမေ မပြောသေးဘူး။ အမေတို့က ထိန်းရမှာပေါ့။ အရွယ်တိုင်လို့ ယူကြတော့လည်း မတားသာပါဘူး။ သဘောပေါ့” “အဲသည်တော့” “ဖိုးတုတ်ကို အောက်ဆင်းအိပ်ဖို့ အမေ ပြောလိုက်ပြီ။ ဟိုဘက်ရွာတွေဘက်မှာ နွားသူခိုးပူသာတွေ ကြားကြားနေရသာကို အကြောင်းပြရသာပေါ့။ ဖိုးကူးတော့ သမီးတို့အဖော် ရအောင်ထားပါဦးမယ်။ အဲသာ သမီးကို ပြောချင်လို့” “ဟုတ်ကဲ့ပါ အမေ” နောက်ထပ် သတင်းတစ်ခု ကတော့ ရွှေမှုံ သတင်း။ ထုံးစံ အတိုင်းပင်။ ရွှေမှုံကို သာအောင်နှင့် ပေးစားဖို့ ကြီးတော်စံရွှေတို့ ဘက်က ပြင်ဆင်နေကြသတဲ့။ သည်စကားကိုတော့ ကျေးဥကပဲ သယ်လာ ခဲ့ပါ၏။ ညဘက် အိပ်ရာဝင်တော့ ကျေးဥက ကြားလာသည့် သတင်းကို ပြောပြခဲ့သည်။ ရွာမှာ အလှူကျဲ သွားတာကြာပြီ။ ရွှေမှုံက ဖက်စိမ်းကွမ်းတောင် တစ်ခါပွေ့ ပိုက်ကာမျှဖြင့် ကွမ်းတောင်ကိုင်စာရင်း ၀င်သွားခဲ့သည် မဟုတ်လား။ ရွှေမှုံတို့ဘက်ကလည်း သောင်သောင်သာသာ ရှိပေသိ ကြီးတော်စံရွှေတို့ အသိုက်အ၀န်းကို မလွန်ဆန်သာ။ သားသုံးယောက်ကို ဖက်စိမ်း ကွမ်းတောင်ကိုင် သုံးယောက် နှင့် ပေးစားခြင်းသည်ပင် ကြီးတော်စံရွှေ၏ အိပ်မက်တွေ မဟုတ်လား။ ခုတော့လည်း ရွာက တွက်ကြသည့် အတိုင်း တကယ်ဖြစ်ခဲ့ပါပကော။ “ရွှေမှုံကကော ဘာတဲ့လဲ”

111


“ဘာပြောလို့ ရမှာလဲ မအိမ်ကံရဲ့။ လူကြီးချင်း ပြောဆိုကြောင်း မြန်းကြဖို့တောင် နားဖောက် ပြီးသွားကြပြီ။ ကြီးတော် စံရွှေက တောမျောက် တောသစ်ပင် မထီသလိုပဲပေါ့အေ။ ရွှေမှုံကို ၀ယ်ယူသဲ့ သဘောပါပဲ။ ငါကြားသလောက်တော့ ရွှေမှုံကလည်း လိုချင်ချင်ပါ” “ဟုတ်လား ကျေးဥ” “လိုချင်ချင်ပေါ့။ သာအောင့်ကို ကြိုက်သာတွေ အပုံဟာ။ ကွမ်းတောင် မကိုင်ကြရလို့ မမျှော်ဝံ့ကြသာ မအိမ်ကံရေ။ ရွှေမှုံ က ကွမ်းတောင်လည်း ကိုင်ရ၊ သာအောင့်လည်းရဆိုတော့ ဘ၀လှပြီလို့ တွတ်နေမှာပေါ့” “ဥပန်းယောင်ယောင် ဖောင်းယောင်ယောင်ပါ ကျေးဥ ရယ်။ ဖြစ်ရပုံများ သာအောင်တို့ ဈေးကောင်းလှချည့်လား” ထိုညက မအိမ်ကံရင်ထဲက အနာဟောင်း ပြန်ကြွလာခဲ့သည်။ ကြီးတော်စံရွှေက သူ့ကို လူပုံအလယ်မှာ အရှက်ခွဲခဲ့သည်။ သူ့သားနှင့် စွပ်စွဲခဲ့သည်။ “ကြီးတော့်သားက မက်လောက်စရာမှ မရှိသာ။ မအိမ်ကံက သာအောင့်ကို မှန်းပါ့မလား”လို့ ချေပခဲ့သည်။ အခုတော့ “ဘာပဲပြောပြောပါအေ။ ငါ့သားက ရွာ့ကွမ်းတောင်ကိုင်နဲ့ညားသာအေ့။ ညည်းသာ တင်ကျီးလိုလို ကျီးလိုလို”ပါလို့များ ဆိုချင်ရော့လား။ ရွှေမှုံ ကတော့ကော။ ကွမ်းတောင်လည်းကိုင်ရ၊ သာအောင့်လည်းရ၊ ဘ၀လှပြီတဲ့လား။ သာအောင်ကလည်း မထူးပါ။ ယောက်ျား တန်မယ့် အကျင့်တန်သူပင်။ အခုတော့ သည်သုံးဦးသား ဆုံတော့ ဖိုခုံလောက်ဖြစ်ရပြီ။ သည်ဖိုခုံလောက်တွင်းက မီးတောက်တွေ တညီးညီး တောက်လောင်ကြတော့မည်။ “ဒါပေသိ မအိမ်ကံ ရယ်။ တို့ရွာက မိန်းကလေး တွေခမျာ ကိုယ့်ရွာက ကိုယ့် လူပျို လှည့်ယူကြရသာနဲ့ ဆီ ဆုံပွတ်သလို လည်နေကြရ သာချည်းပါအေ။ နွားများ ခလောက်မြည်သံ ဆန်းရုံနဲ့တော့ နှမ်းပိုမထွက်ဘူး မအိမ်ကံရဲ့။ ညည်းအိမ်ထောင် ရက်သား ပြုရင် ပညာတတ် လူရည်သန့် မြို့သားကို မှန်းပါအေ။ ညည်း ရုပ်က တောသားနဲ့ ညားရမယ့် ရုပ်မဟုတ်ဘူး။ ကတော်ရုပ်တဲ့” ကျေးဥ စကားကြားရတော့ မအိမ်ကံမှာ သူ့စိတ်ဓာတ်နှင့် တစ်ထပ်တည်း ကျနေသည့် အတွက် ရင်ထဲနွေးသွားရသည်။ နွားများ ခလောက်မြည်သံဆန်းရုံနဲ့ နှမ်းပိုမထွက်ဘူးတဲ့။ ကျေးဥပြောချင်တာ မအိမ်ကံသိပါ၏။ ကွမ်းတောင်ကိုင် သူဌေး သားပဲရရ၊ သူဌေးသားက ကွမ်းတောင်ကိုင်ကိုပဲ ယူယူ။ ကိုယ့်လိုသူ့လို လူချင်း ဒုံရင်း ဒုံရင်းပါပဲဟာ ဆိုလိုခြင်း မဟုတ်လား။ ကျေးဥ မျက်နှာကလေးကို မအိမ်ကံ ငေးကြည့်နေခဲ့သည်။ အင်း ကျေးဥရယ် ညည်းလည်း ရည်းစားနဲ့ မဟုတ်လား။ အချစ်ဆိုတာ ဆန်းတော့ အဆန်းသား။ ကျေးဥကို ထုတ်မေး ချင်သော်လည်း မမေးရက်။ ခမျာရှက်ရှာလိမ့်မည်။ ကျေးဥနှင့် ဖိုးတုတ်တို့တောင် အချစ်ဆိုတာကို ရှာတွေ့ခဲ့ကြပြီပဲ။ “မြို့သားတော့ မယူပါရစေနဲ့ ကျေးဥရယ်။ ခေါင်းနောက် သာနဲ့ ထုံးနဲ့လျက်ဆား ပွတ်ရှူနေရဦးမယ်” ကျေးဥ ပြောခဲ့ဖူးသည့် စကားကို ဆိုလိုက်တော့ ကျေးဥ ကရယ်သည်။ နှစ်ယောက်သား ငြိမ်သွားတော့လည်း ကိုယ့် အတွေးများနှင့် ကိုယ်။ ၁၉၄၂ ခုနှစ်၊ နှစ်ဆန်းပိုင်း။ ၁၃၀၃ ခု၊ ပြာသို တပို့တွဲလ။ ဆောင်းရာသီက ခါတိုင်းနှစ်တွေထက် ပိုပြီး အေးလွန်းလှပါ၏။ မအိမ်ကံတို့ ခြံဝင်းပေါက်မှာ တောကြီးထနေသော ဂေါ်သဇင်ရုံကြီးက ဖွေးဖွေးလှုပ်အောင် ပွင့်နေသည်။ မအိမ်ကံ တစ်ယောက် မနက်စောစော ကတည်းက ဂေါ်သဇင်ခက်တွေ ချိုးကာ ဘုရားတင်သည်။ သနပ်ခါး ရေကျဲကလေးလူးပြီး ဆံထုံးတစ်ဝိုက် ဂေါ်သဇင်ပန်းတွေ ဝေနေအောင် ပန်ထား လိုက်၏။ ဖျင်ထည် ရင်ဖုံးအင်္ကျီ လက်ရှည်ကလေးကို အပေါ် ထပ်ဝတ်ပြီး ရက်ကန်းရုံဘက် ကူးခဲ့သည်။ ဆောင်းသီးနှံပေါ်ချိန်

112


ဆိုတော့ အိမ်ရှိလူကုန် အားရ နားရသည် မရှိကြ။ တောထဲ သီးနှံသိမ်း သွားသူက သွား။ ထမင်းဟင်း ချက်သူက ချက်။ ရက်ကန်းခတ်သူက ခတ်။ မအိမ်ကံ ကိုယ်တိုင် ရက်ကန်းတန်း ဆင်ပြီး အထည်တွေ အကွက်ဆန်းထွင်ကာ ရက်ကြည့်နေမိပါ၏။ ထိုစဉ်မှာပဲ အိမ်ရှေ့ကို လှည်းတစ်စီး ထိုးရပ်ကာ လှမ်းအသံပြုသံကို ကြားလိုက်ရသည်။ အိမ်ဝကို လှည်းဆိုက်သည်နှင့် ဖိုးကူးက ၀င်းတံခါး ကြီးကို ပြေးဖွင့်ပေးသည်။ မြင်းခြံမြို့မှ ဆရာကြီး ဦးဘခင်၊ ဆရာလေး ကိုပြေသိမ်းနှင့်အတူ ဧည့်သည် နှစ်ယောက်၊ သုံးယောက်ကို လှမ်းမြင်လိုက်တော့ မအိမ်ကံ အံ့သြ၀မ်းသာဖြစ် သွားရပါ၏။ “ကြွကြပါရှင်။ ဆရာလေးတို့ကို မျှော်နေကြသာပါ။ ဖိုးကူး လှည်းဝိုင်း ဖြုတ်စမ်း။ နွားတွေကို သစ်ပင်ရိပ်မှာ ချည်။ အစာ ကျွေးလိုက်နော်” အမေပန်းရုံက ဧည့်သည်တွေကို ဆီးကြိုသည်။ ဧည့်သည်တွေ ရောက်လာသဖြင့် မအိမ်ကံတို့ အိမ်ကြီးမှာ လှုပ်လှုပ်ရွရွ ရှိလာခဲ့သည်။ ဦးသာထန်က ကိုဖိုးငွေကို ဟင်းရံ အရှာခိုင်းလိုက်သည်။ မလှအုံနှင့် ကျေးဥတို့က အိမ်အောက်ထပ် ခုတင်ကြီးနှစ်ချပ်မှာ ကော်ဇောခင်း၊ ခေါင်းအုံးနှင့် အညာ စောင်များချပေးကြ၏။ ခရီးဝေးက လာကြသော ဧည့်သည်များ ခြေဆင်းလဲလူ အနားယူနိုင်ရန်ဖြစ်ပါ၏။ ရေနွေးပွဲ၊ ကွမ်း၊ ဆေး၊ လက်ဖက်စုံ တည်ခင်းကြသည်။ ဆရာကြီးတို့က ဇောင်ချမ်းကုန်းမှာ တစ်ထောက် နားပြီးသည်နှင့် ကြည်တော်ကုန်းကို ဆက်ကူးကြမည်ဟု ဆို၏။ ကြည်တော်ကုန်းက ကျောင်းမှာ ဆရာ မရှိတော့သဖြင့် ကိုပြေသိမ်းကို အ၀င်ပြရမည်ဟု ဆိုပါသည်။ “အ၀င်ပြ ပြပါဦး ဆရာကြီးရယ်။ ဇောင်ချမ်းကုန်းရောက် သခိုက် တစ်ညတော့ တည်းစေချင်ပါသယ်။ ကျုပ်တို့ကလည်း ဧည့်ဝတ်ကျေ လိုက်ချင်ပါသေးသယ် ဆရာကြီးရဲ့” “အခြေအနေက တစ်နေ့ရွှေ တစ်နေ့ငွေ ဖြစ်နေပါသယ် သူကြီးမင်းရယ်။ အခုဟာက တကယ့် အကျပ်အတည်းကြီး ဆိုက်နေ ပါပြီ။ ကျွန်တော်တို့ လုပ်နေသဲ့ နိုင်ငံရေးက တစ်ဘာသာ ဆိုသလို ခွင့်ကလေးပြုတုန်း ပညာရေးကို အခြေချ ထားလိုက်ဖို့ပါပဲ” “ခေတ်ကာလ အခြေအနေကတော့ ရွာက အမှုပွဲစား ပြောသလောက်တော့ ရန်ကုန်မြို့ကို ဂျပန်တွေ ဗုံးကြဲဆိုသလိုလို ဟုတ်ကဲ့လား ဆရာကြီး” “ဟုတ်ပါတယ်ခင်ဗျာ။ နှစ်ကုန်ခါနီးမှာပဲ ဗုံးနှစ်ခါကြဲ လိုက်တာ လူတွေ ထောင်ချီသေကြသာပဲ။ ဂျပန်လေယာဉ်က အစင်းရေ တစ်ရာကျော်ပါတယ်” “မြတ်စွာဘုရား။ ဒါနဲ့ မောင်မြတ်သာ တစ်ယောက်ကော ဘာသတင်းများ ကြားပါသလဲ ဆရာကြီး” သည်မေးခွန်းကိုတော့ ဆရာလေး ကိုပြေသိမ်းက ၀င်ဖြေသည်။ “သခင်မြတ်သာ နေကောင်းပါတယ်။ လောလောဆယ်တော့ ရန်ကုန်မှာ ရောက်နေပါတယ် ဦးမင်းခင်ဗျား” မအိမ်ကံ ကတော့ ကိုပြေသိမ်းတို့ ကျောင်းလာဖွင့်တာကို ၀မ်းသာသလို သည်ရွာတွေမှာ ကိုပြေသိမ်း ရှိနေတော့မှာကို တွေးရင်း ပျော်နေခဲ့သည်။ ဧည့်သည်တွေ ထမင်းခူးခပ် ကျွေးရတာကို မမောနိုင်ဘဲ ရှိနေခဲ့ပါ၏။ ကိုပြေသိမ်း လက်ထွက်ဆေးတော့ မအိမ်ကံ ကိုယ်တိုင် ရေလောင်းပေးသည်။ အတွင်းမှာ စကားသံတွေ ညံနေသဖြင့် မအိမ်ကံက ပြောချင်သည့် စကားကို ခပ်တိုးတိုး ပြောလိုက်သည်။ “သည်တစ်ခေါက် ကြာလိုက်သာ ကိုပြေသိမ်းရယ်။ မအိမ်ကံဖြင့် သတိတွေရနေသာ”

113


ကိုပြေသိမ်းက မအိမ်ကံကို တစ်ချက် စိုက်ကြည့်ကာ ပြုံးပြသည်။ လက်သုတ်ပ၀ါဖြင့် လက်ကိုသုတ်ပြီး မအိမ်ကံ ကိုပြန်ပေးသည်။ မအိမ်ကံက လက်သုတ်ပ၀ါ လှမ်းအယူမှာ ကိုပြေသိမ်းက တိုက်ပုံထဲက စာအိတ်တစ်အိတ် ရောထည့် ပေးလိုက်သည်။ စာက စာအိတ်ပါသော်လည်း ခေါက်ချိုး ခေါက်ထားလိုက်တာ ကြေမွနေလေပြီ။ “သခင်မြတ်သာ ပေးလိုက်တာပါ မအိမ်ကံ။ မအိမ်ကံ လက်ထဲပဲ ထည့်ပါတဲ့။ လူကြုံနဲ့ ရောက်လာတဲ့ စာပါ။ ကျွန်တော့် လက်ထဲ နည်းနည်းကြာသွားတယ်” မအိမ်ကံက အစ်ကို့ဆီက စာဆိုတော့ ၀မ်းသာ သွားသည်။ ပြီးတော့ မအိမ်ကံလက်ထဲပဲ ထည့်ပါ ဆိုတာက ဘာသဘော ပါလိမ့်။ အစ်ကိုတို့ အဖွဲ့အတွက် အလှူခံတာများလား။ ကိုပြေသိမ်းတို့ ဧည့်သည်တွေ ကြည်တော်ကုန်းရွာဘက်ဆီ ကူးဖို့ ထွက်သွားကြတော့ မအိမ်ကံ အပေါ်ထပ်ကို ပြေးတက်ခဲ့သည်။ စာအိတ်ကို ဖွင့်လိုက်တော့ စာက ဗလာစာရွက်နှင့် ရေးထားသည့်စာ။ များများလည်း ရေးမထား။ သို့သော် သည်နည်းနည်းကလေးသော စာတိုကလေးသည်ပင် မအိမ်ကံ ရင်ကို တဒိတ်ဒိတ် ခုန်တိုးနေလေသည်။ စာဖတ်ပြီးသောအခါ မအိမ်ကံ မျက်နှာတွင် ရှက်ခြင်း၊ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ၀မ်းသာခြင်း၊ ၀မ်းနည်းခြင်းစသော ခံစားမှုပေါင်း များစွာက ချည်ရောင်စုံ ထည့်ခတ်ထားသော ဖျင်ပ၀ါကဲ့သို့ အရောင်အသွေးစုံတို့ လှိုက်၍ လှိုက်၍ တက်လာခဲ့လေသည်။ ၁၃၀၄ ခု၊ ပထမ၀ါဆိုလဆုတ် ၄ ရက်။ နှမကလေး မအိမ်ကံ .. အစ်ကို မောင်မြတ်သာ စာရေး လိုက်ပါသည်။ သည်စာကိုတော့ နှမကလေးသာ ဖတ်ရန် မှာလိုက်ပါသည်။ အစ်ကို့မှာ စာများများ ရေးဖို့ရာလည်း အခွင့်မသာသည့် အတွက် လိုရင်းကိုသာ ရေးလိုက်ပါသည်။ နှမကလေး ကောင်းစားတာကို မြင်လို၍ အစ်ကို မရေးမဖြစ် ရေးလိုက်သည်လို့ပင် မှတ်ပါတော့။ နှမကလေး အရွယ် ရောက်ပြီ။ နှစ်ဆယ်ကျော် အရွယ်ဟာ မိန်းကလေး တစ်ယောက် အတွက် အခါလင့်ပြီဟု ဆိုနိုင်ပြီ။ ခေတ်အခါ ကာလ အလျောက်ရော၊ အသက်အရွယ် ရကြပြီ ဖြစ်သော မိဘများအတွက်ပါ အစ်ကို အမျိုးမျိုး စဉ်းစားပြီးမှ ရေးလိုက်သည်ဟု သာမှတ်ပါလေ။နှမကလေး အိမ်ထောင်ပြုပါ။ အထူး ပြောလို သည်မှာ မောင်ပြေသိမ်းက နှမကလေးကို မေတ္တာရှိနေကြောင်း သူ့ပြော စကားများအရ အစ်ကို ရိပ်မိနေ၍ ဖြစ်ပါသည်။ မောင်ပြေသိမ်းမှာ မျိုးရိုးဇာတိ၊ စာရိတ္တနှင့် မိဂုဏ် ဘဂုဏ် ရှိသော အမျိုးကောင်းသား ပညာတတ်ဖြစ်၍ အစ်ကို့ အနေဖြင့်လည်း သဘောတူမိပါသည်။ နိုင်ငံရေးအရ အစ်ကိုနှင့် မတူတာရှိ၊ တူတာရှိဆိုသော်လည်း ဖြောင့်မတ်သူ တစ်ဦးအဖြစ် အစ်ကို ယုံကြည်လျက် ရှိပါသည်။ သည်စာက နှမကလေးကံ အတွက် ဆန်းကောင်း ဆန်းနေ ပါလိမ့်မည်။ သို့သော် လောကနိယာမသာဖြစ်၍ အထူး ရှက်ရွံ့စရာ မရှိပါ။ ကံကလေး၏ နောင်ရေး အတွက် ပြောရခြင်း ဖြစ်ပါ၏။ ကျန်းမာချမ်းသာပါစေ အစ်ကို မောင်မြတ်သာ P/S အစ်ကို လောလောဆယ် ပျဉ်းမနားမြို့တွင် ရှိနေပါသည်။ မကြာမီ တွေ့နိုင်မည် ထင်ပါ၏။ မအိမ်ကံက စာရွက်ကလေးကိုရော နွမ်းရိ ပါးလျားလှပြီ ဖြစ်သော စာအိတ်ဟောင်း ကလေးကိုပါ ငေးကြည့် နေခဲ့သည်။ စာဖတ်ခါစတုန်းကတော့ မအိမ်ကံ မျက်နှာ မထားတတ်ခဲ့ပါ။ အစ်ကို မောင်မြတ်သာကို မမြင်ရပါဘဲလျက် ရှက်နေ မိခဲ့သည်။ ရှက်ခြင်းနှင့် အတူ ကြောက်ခြင်း၊ ထူပူခြင်း၊ အံ့သြခြင်း၊ ၀မ်းသာသလိုလို ၀မ်းနည်းသလိုလို ခံစားရခြင်းများ တစ်ပြိုင်နက် ခံစားနေခဲ့ရသည်။ အစ်ကိုနှင့် မအိမ်ကံတို့ မောင်နှမ နှစ်ယောက်အဖို့ ကံကောင်းသည် ဆိုရပါမည်။ အဖေ ကလည်း သူ့သားမို့၊ အမေကလည်း သူ့သမီးမို့ ဆိုတာမျိုး မရှိ။ အဖေတူ အမေကွဲ မောင်နှမ ဆိုသော်လည်း မောင်ရင်း နှမပမာ ငယ်စဉ်ကပင် မအိမ်ကံကို အလို လိုက်ခဲ့သည်။ ချစ်ရှာခဲ့သည်။ မအိမ်ကံနှင့် အသက်ချင်း ကွာတော့ ဒိုးတူ ပေါင်ဖက် ကစားခဲ့ရတာမျိုး

114


မရှိသော်လည်း နှမ ကလေး လိုချင်တာ မှန်သမျှ မျက်နှာ အညိုမခံခဲ့။ တစ်ခါက ၀ိုင်းတိုက် စည်းရိုးစပ်မှာ ပေါက်နေသည့် ပုန်းညက် ပင်ပျိုကလေးမှာ ပုန်းညက်ပန်းတွေ အဆုပ်လိုက် အခဲလိုက် ဖွေးဖွေးလှုပ်လျက် ရှိရာ မအိမ်ကံမှာ ပန်းတွေကို မော့ကြည့်ရင်း ခုန်ဆွခုန်ဆွ ဖြစ်နေခဲ့သည်။ သည်အပင်ကလေးက သည်နှစ်မှ ပန်းစပြခြင်း ဖြစ်သည်။ မအိမ်ကံက ပုန်းညက်ပန်းတွေ လိုချင်သဖြင့် အစ်ကို့ကို ခူးပေးရန် ပူဆာခဲ့သည်။ အစ်ကိုက သူ့ အရပ်အမောင်း၊ သူ့အရွယ်နှင့် တက်ခူးလျှင် ခူး၊ ၀ါးတံချူနှင့် ချူလျှင်ချူ ပုန်းညက်ပန်းတွေ အခိုင်လိုက် ရနိုင်သော်လည်း မအိမ်ကံ အတွက်ကတော့ မြင့်လွန်းနေသည်။ အပင်က သိပ်ကြီး လှတာတော့ မဟုတ်ပါ။ ပင်စည်လုံးသည်ပင် လက်တွင်း တစ်ဆုပ်(တူရွင်းရိုး)လောက်သာ ရှိသည့်အပင်။ “ကံကလေးက ဘယ်နှခိုင် လိုချင်သာတုံး” “တစ်ပင်လုံး လိုချင်သာ” “ရစေ့မဗျာ” သိပ်မကြာပါ။ ကံကလေးရေ ပန်းတွေ လာခူးလှည့်တော့လို့ အော်သဖြင့် မအိမ်ကံ ပြေးလာခဲ့သည်။ အစ်ကို လုပ်သူက ပုန်းညက်ပင်ကြီးကို ပြရင်း တစ်ပင်လုံး ခူးပေတော့ဗျာတဲ့။ ဟုတ်ပါ့။ ပုန်းညက် တစ်ပင်လုံး ခူးစမ်းပါလေ့။ သို့သော် သို့သော် အပင်က ပင်စည်က ခုတ်လှဲ ထားသဖြင့် ကျွမ်းထိုး မှောက်ခုံ။ မအိမ်ကံခမျာ ပန်းတွေခူးရင်း ကျူကျူပါအောင် ငိုရပါ၏။ “အစ်ကို့ကို အပင် လှဲခိုင်းသာမှ မဟုတ်သာကြီးကို၊ နောက်နှစ် ဘယ်လိုလုပ် ပွင့်တော့မှာလဲ” “ကံကလေးပဲ တစ်ပင်လုံး လိုချင်ဆို သည်နည်းရှိသာဗျား” သည်တုန်းက အစ်ကို့ကို အဖေဆူတာလည်း မှတ်မိသည်။ နှမကို သည်လောက် အလိုလိုက်ရပါ့ မလားလို့ ဆူခြင်း ဖြစ်သည်။ အစ်ကိုကတော့ ခပ်အေးအေးပင်။ သူလုပ်စရာ ရှိတာ လုပ်ပေးရလို့ ၀မ်းသာသည့် ပုံပင် ဖမ်းနေခဲ့သည်။ နောက်တစ်ခေါက်တော့ မအိမ်ကံက ခြံထောင့်က ဆပ်သွားဖူးရုံကြီးကို ပြရင်း အူအူလည်အောင် ပွင့်နေကြသည့် ဆပ်သွားဖူးပန်းတွေ တစ်ပင်လုံး လိုချင်သည် ပူဆာလိုက်သည်။ ဆပ်သွား ဖူးရုံကြီးက ရုံကြီးကြီးလှသည် ဖြစ်၍ မရနိုင် မှန်းသိ၍ ပူဆာခြင်း ဖြစ်သည်။ သည်တစ်ခါတော့ အစ်ကိုက စမှန်းသိ၍ ပဲလား၊ တကယ်ပြောတာပဲလား မသိ။ လေးနက်သော စကား တစ်ခွန်း ဆိုခဲ့သည်။ သည်စကားကို မအိမ်ကံ သည်အရွယ် အထိ မမေ့။ “သည်ဆပ်သွား ဖူးရုံကြီးတော့ မခုတ်ပါရစေနဲ့ ကံကလေးရာ၊ အမေပန်းရုံ ပြောဖူးသယ် သည်အပင်က မပွင့်တာ နှစ်ထမ်း ကြာပြီတဲ့၊ ကံကလေး မွေးတဲ့ ညကမှ ထူးထူးဆန်းဆန်း ပွင့်သာတဲ့၊ သည်ဆပ်သွားဖူးရုံနဲ့ ကံကလေးတို့ချင်း လိပ်ပြာဆက် သယ်နေသာလို့ ပြောဖူးသယ်” “လိပ်ပြာဆက်သယ် ဆိုသာ ဘာလဲ အစ်ကိုရဲ့”သည်မေးခွန်း ကိုမေးတော့ အစ်ကိုမောင်မြတ်သာ တွေသွားခဲ့သည်။ ရှင်းပြရမည့် စကားလုံး ရွေးနေတာလည်း ဖြစ်နိုင်သည်။ မအိမ်ကံက ဇွတ်မေးတော့မှ တစ်လုံးချင်း ဖြေတော့သည်။ “လိပ်ပြာချင်း ဆက်နေသယ် ဆိုတာ အသက်ချင်း ဆက်နေသယ်လို့ ပြောသာပေါ့” အစ်ကို့ စကားကြောင့် မအိမ်ကံပင် ထိတ်လန့် သွားခဲ့ရသည်။ အစ်ကိုက သူနားလည် သလောက်ပြောလိုက်တာ ဆိုပေသိ ကြောက်များပင် ကြောက်စရာ မဟုတ်လား။ မအိမ်ကံကလည်း ခုနစ်နှစ်၊ ရှစ်နှစ်သမီး ဆိုတော့ သည်စကားကို မလှအုံအား မေးရသည်။ မလှအုံက “ဟယ် ကြံကြီးစည်ရာ မောင်မြတ်သာကတော့ လုပ်ကရော့မယ်” ဆိုတာလောက်နှင့် ပြီးသွားခဲ့သည်။

115


အခုတော့လည်း ဒါတွေ စဉ်းစားတာကပင် ရယ်စရာလိုလို၊ လွမ်းစရာလိုလို ဖြစ်ရပါ၏။ အစ်ကိုငယ်က မအိမ်ကံမ အတွက် ဖက်စိမ်း ကွမ်းတောင်ကလေး ချိုးပေးဖူးတာလည်း သတိပါ၏။ အမေက ချက်ချင်း ဖယ်ရှား ပစ်လိုက်တာကကော။ အတွေးတွေက ဖက်စိမ်း ကွမ်းတောင်ဆီ ရောက်ရပြန်တော့ ရွှေမှုံတို့၊ သာအောင်တို့ဘက် ကူးရ ပြန်သည်။ သည်လိုဆိုပြန်တော့ ကိုပြေသိမ်းက ခေါင်းထဲ ၀င်လာပြန်သည်။ ဆပ်သွားဖူးပန်း ကလေး နားပန်ပါရစေ ဆုတောင်းခဲ့သူ မဟုတ်လား။ “အစ်ကို မောင်မြတ်သာ ငယ်ငယ်က ပြောခဲ့ဖူးသလို သည်ဆပ်သွားဖူးပင်က မအိမ်ကံနဲ့ လိပ်ပြာချင်း ဆက်နေသာ သေချာရင် မအိမ်ကံ ပေးတဲ့ ဆပ်သွားဖူး ပန်းနားနှစ်ဖက်ဝေအောင်သာ ပန်ပါ့တော့ ကိုပြေသိမ်းရယ်” အတွေးတွေက ကယောက် ကယက်။ ပြတင်းဝမှ တိုးနေသည့် လေကြောင့် အစ်ကိုရေးပေးလိုက်သည့် စာရွက်နှင့် စာအိတ်ကလေးက တဆတ်ဆတ်တုန် နေလေသည်။ မအိမ်ကံ ရင်တွေကကော...။ မထူးပါ။ တလှပ်လှပ် ခုန်လျက်ရှိပါ၏။ အစ်ကို့ စာထဲမှာ ခေတ်အခါကလည်း မကောင်းဘူးတဲ့။ အဖေတို့ အမေတို့ကလည်း အရွယ်ရကြပြီတဲ့။ အစ်ကိုရေးတာ မှန်ပါ၏။ အဖေက ခုနစ်ဆယ်ကျော်ပြီ။ အမေပန်းရုံလည်း ခြောက်ဆယ်ကျော်ရှာပြီ။ ကျန်းကျန်းမာမာ ရှိကြလို့သာ ရပ်ရေး ရွာရေး ဆောင်ရွက်နိုင်ကြတာ မဟုတ်လား။ လယ်အလုပ်၊ ကိုင်းအလုပ်ထဲ အဖေတို့အမေတို့ မပါနိုင်ကြရှာတော့။ တစ်အိမ်လုံး ရှိသမျှ လုပ်ငန်းအ၀၀ မအိမ်ကံကပဲ တက်ကစီး ၀င်လုပ် နေခဲ့ရတာ ကြာပြီ။ မအိမ်ကံက အစ်ကိုရေးပေးလိုက်သည့် စာရက်စွဲကို ပြန်ကြည့်သည်။ ၁၃၀၄ ခု၊ ပထမ၀ါဆိုလဆုတ် ၄ ရက်။ ကနေ့ ဘာနေ့ပါလိမ့်။ မအိမ်ကံက မြင်းခြံက ၀ယ်လာ သည့်ပြက္ခဒိန်ကို ထကြည့်သည်။ ဒုတိယ ၀ါဆိုလဆန်း ၁၀။ နှစ်ပတ်ကျော်ကျော်ပင် ရှိခဲ့ပြီ။ အစ်ကိုကတော့ ပျဉ်းမနားမှာဟု ဆိုပါ၏။ ပျဉ်းမနား ဆိုတာကတော့ ဘယ်မှာပါလိမ့်။ အဝေးကြီးလား။ မအိမ်ကံက စာရွက်ကို ပြန်ခေါက်၊ စာအိတ်နွမ်း ကလေးထဲ ပြန်ထည့်ဖို့ စိတ်ကူးပြီးမှ တစ်ခေါက်ပြန်ဖတ်သည်။ သည်တစ်ခေါက်နှင့် ဆိုရင် ဆယ်ခေါက်ထက် မနည်းတော့ပြီ။ “အစ်ကို သည်စာကို ဘာဖြစ်လို့ ရေးတာပါလိမ့်” ထိုနေ့က မအိမ်ကံ အိမ်ပေါ်က မဆင်းဖြစ်ခဲ့။ သည်စာကို ရေးရခြင်း အကြောင်းကိုသာ စဉ်းစား နေမိခဲ့သည်။ အစ်ကို တိမ်းရှောင်ရသည့်နေ့က မမစိမ်းမြတို့ အိမ်မှာ နှစ်ရက်လောက် ခိုခဲ့သည်။ မမစိမ်းမြတို့ အိမ်မှာ နှစ်ရက်ခိုနေရသော အစ်ကို့ထံကို မအိမ်ကံတို့ မသွားရဲခဲ့ကြ။ ရွာထဲမှာ ပုလိပ် လက်ထောက်တွေ ရှိနေနိုင်တာမို့ အဖေက ပိပိရိရိ နေကြဖို့ ပြောထားခြင်းကြောင့် ဖြစ်ပါ၏။ အစ်ကို သုံးဖို့စွဲဖို့ ငွေစကလေးတောင် မပေးလိုက်ရတာကို မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါသည်။ အစ်ကိုက လူလုံးပြ လိုက်လျှင် မမစိမ်းမြတို့ပါ ဒုက္ခရောက်ရမှာ မဟုတ်လား။ မမ စိမ်းမြတို့ အိမ်မှာ ခိုနေရစဉ်က ကြီးတော်စံရွှေတို့နှင့် ဖြစ်ရသည့် ပြဿနာ၊ သာအောင်နှင့် ဖြစ်ရသည့် ပြဿနာတွေ အစ်ကို ကြားသွားပုံရသည် ထင်၏။ မိန်းကလေး ဆိုတာ ဆန်းလွန်းတော့လည်း တကြွကြွထင်ကြ၊ ရိုးလွန်းတော့လည်း တအအ အထင်ခံကြရတာ မဟုတ်လား။ ချည်ခင်စွပ်လို၊ ငှက်ဝံပိုလို ရေလှိုင်းကြီးတိုင်း စီးချင်၍လည်း မဖြစ်နိုင်။ မိန်းကလေး ဆိုတာ အနီးမွှေးရသလို အဝေးလည်း ကြိုင်ရပါ၏။ ပြန်စဉ်းစား ကြည့်တော့ မအိမ်ကံမှာ ရည်းစား မရှိ။ အချစ်ဦး အချစ်ဖျားရယ်လို့ စိတ်ကူးကလေး ယဉ်ရအောင်လည်း မရှိခဲ့။ စည်းသောင် ပိတ်လျက်၊ လှေသွား ခက်သတဲ့။ မြစ်ဝဲကြီးလျက် ဖောင်သတ် ခက်သတဲ့။ အမေတို့ ပြောနေကျ စကားတွေက အဓိပ္ပာယ်ရှိသည်။ မိန်းကလေးဆိုတာ ယူမိတဲ့လင်နဲ့ ညားရတယ် ဆိုကတည်းက အခါလင့်လို့ပေါ့တဲ့။ ထားပါတော့လေ။ အစ်ကိုက ဖြစ်စေချင်သည် ဆိုဦးတော့ ကိုပြေသိမ်းကကော။ ရုပ်ရည်ချောမောသူ၊ ပညာတတ်သူ၊ မြို့စွန်မြို့နား ကြီးပြင်းရသူ ဆိုတော့ သူကကော မအိမ်ကံသာ အချစ်ဦးလို့ ပြောဝံ့ပါ့မလား။ တည်အိုးဖြစ်မှတော့ ရေနှင့် လည်း မကင်းနိုင်၊ မီးနှင့်လည်း မကင်းနိုင်။ သို့သော် မအိမ်ကံမှာ စိတ်ကူးတွေ ရှိသည်။ ရုပ်ချောတာ၊ မချော တာထက် အရေးကြီးတာက ပညာတတ် ကျောင်းဆရာ ဖြစ်နေခြင်းပင်။ ကိုပြေသိမ်းကိုသာ လက်ခံလိုက်လျှင် ဆရာကတော်

116


ဖြစ်ရဖို့သာ ရှိသည်။ တစ်နယ်လုံး၊ တစ်ရွာလုံးက လေးစား ကြည်ညိုရသော ကျောင်းဆရာ။ ထိုကျောင်းဆရာ၏ ဇနီးက ဆရာကတော်ပေါ့။ ဖက် စိမ်းကွမ်းတောင် ကိုင်ရသည်နှင့် ရွာသားကို ယူလိုက်ရသည့် ရွှေမှုံဘ၀ထက် အသာကြီး သာဖို့ သာ ရှိပါ၏။ စိုပင်စိုသော်လည်း မလန်းရမှတော့ အဓိပ္ပာယ်မရှိ။ မအိမ်ကံက စာကို ခေါင်းအုံးအောက် ထိုးထား လိုက်သည်။ အောက်ထပ်ကို ဆင်းလာတော့ လူသံသူသံတွေ ကြားနေရသည်။ ဘယ်သူတွေများပါလိမ့်။ ဆရာကြည်နှင့် ရွာသား အချို့။ သည်တစ်ခါတော့ ဆရာကြည်ခမျာ မြင်းမပါတော့။ သူ့မြင်းကြီးကလည်း အဖေ့မြင်းကြီး စိန်ပွင့်လို အိုလှရော့မည်။ အဖေနှင့် စကားလက်ဆုံ ကျနေတာ မြင်လိုက်ရတော့ နည်းနည်းတော့ အံ့သြရပါ၏။ အဖေနှင့် ဆရာကြည်က ပြဒါး တစ်လမ်း သံတစ်လမ်း မဟုတ်လား။ အခုတော့ လက်ဖက်တစ်အစ် အလယ်ချကာ ခေါင်းချင်း ဆိုင်နေကြပြီ။ အရေးကြီး ပုံလည်း ရပါ၏။ အမေနှင့် မလှအုံတော့မရှိ။ မအိမ်ကံ ဆင်းလာတော့ အဖေက လှမ်းကြည့်သည်။ ဧည့်သည်တွေ အတွက် ကွမ်း၊ ဆေး၊ ရေနွေးကလေး ချပါဦး ခိုင်းလိုက်ခြင်း ဖြစ်သည်။မအိမ်ကံက ပြည့်စုံအောင် ဧည့်ခံပြီးတော့မှ လူကြီးဝိုင်းနား ၀င်ထိုင်ရပါ၏။ “အဲသာပဲ သူကြီး၊ အခုဟာက တော်တော် ကလေးကို ရှုပ်ထွေးစရာတွေ ဖြစ်နေပြီ။ ကျုပ်က အင်္ဂလိပ်ကိုလည်း ကြိုက်ခဲ့တာ မဟုတ်ဘူး၊ အခု ဂျပန်ဆိုသာကိုလည်း ကြိုက်စရာ မရှိဘူး၊ အခုဟာက ငကန်းသေလို့ ငစွေ ရောက်လာ သာမျိုးပဲ၊ သတိ ၀ီရိယ မလျော့ကြနဲ့ဗျို့၊ ဒါပြောချင်လို့ လာခဲ့သာပဲ” ဆရာကြည်က ကွမ်းတစ်ယာ ယာစားရင်း စကားအနား သတ်သည်။ မအိမ်ကံက ရှားလား၊ မန်ကျည်းလား မကွဲ လိုက်တော့ ဆရာကြည့်ကို စကားအနှစ်လောက် ပြန်မေးရသည်။ ဆရာကြည်က ခေတ်ကာလ အခြေအနေတွေ မကောင်းတော့ကြောင်း၊ ရွာတွေမှာ ရွာကင်းတွေ ဖွဲ့ကြဖို့ လိုအပ်လာပြီ ဖြစ်ကြောင်း၊ ဆူးစည်းရိုးတွေ ကာရံပြီး အရေးအကြောင်း ဖြစ်လာလျှင် သံချောင်းခေါက် အချက်ပေးရန် ကိစ္စတွေပါ ပြောပြနေခဲ့သည်။ သည်နှစ် နှစ်ဆန်း ကတည်းက ဒုတိယ ကမ္ဘာစစ် အခြေအနေ ပိုဆိုးလာတာလည်း ပါပါ၏။ ဘီအိုင်အေ တပ်များ တိုင်းပြည် တောင်ဘက် ဆီက ၀င်နေပြီ ဆိုတာလည်းပါ၏။ ဂျပန်တပ် တွေဝင်လာချိန်မှာ အင်္ဂလိပ်တပ်တွေ ရန်ကုန်မြို့က ဆုတ်ခွာ နေကြတာ လည်း ပါ၏။ “အင်္ဂလိပ်က စစ်ဆုတ်သာ ရိုးရိုးဆုတ်သာ မဟုတ်ဘူး ငါ့မြေး၊ မြို့တွေကို ဖျက်ဆီးပြီးမှ ဆုတ်ကြသာတဲ့၊ ဂျပန်ကလည်း အထက်ပိုင်းကို တက်လာပြီတဲ့၊ အင်္ဂလိပ်နဲ့ ဂျပန်တွေ ကြုံသဲ့နေရာ တိုက်နေကြသာပဲ” “ဂျပန်တွေ ရောက်လာပြီပေါ့ အဲသလိုလား ဆရာကြည်” “အေးကွယ့်၊ သည်နှစ် တပေါင်းလ ထဲမှာပဲ ရန်ကုန်မှာ စစ်ရုံး ဖွင့်လိုက်ကြပြီ။ မြန်မာဗိုလ်တွေပါသဲ့ ဘီအိုင်အေ တပ်တွေ ကလည်း ဂျပန်နဲ့ ပူးပေါင်းပြီး စစ်ထွက် နေကြသယ်။ သည်နှစ် သင်္ကြန်အပြီးမှာ ဘီအိုင်အေနဲ့ အင်္ဂလိပ်စစ်တပ် မိတ္ထီလာမှာ တိုက်ကြသယ်” “အဲသာက ဟုတ်ပါပြီ၊ မအိမ်ကံတို့ ရွာတွေကို ရောက်လာ နိုင်လို့လား” “အခု နောက်ဆုံးရသဲ့ သတင်းအရတော့ ဂျပန်တွေက ဘီအိုင်အေတပ်ကို ဖျက်ပြီး ဘီဒီအေ ဆိုသာကို ပျဉ်းမနားမှာ ဖွင့်ဖို့ လုပ်နေကြသယ်” ပျဉ်းမနား ဆိုသည့် နာမည် ပါလာတော့ မအိမ်ကံ အစ်ကို့ကို သတိရလိုက်သည်။ အဲသည် ဘီဒီအေ ဆိုတာမှာ အစ်ကို အလုပ် လုပ်နေတာလား။ ဘီအိုင်အေတို့၊ ဘီဒီအေတို့ ဆိုတာကကော ဘာလဲ။ အင်္ဂလိပ် အခေါ်အဝေါ်တွေကို မအိမ်ကံ နားမလည်။ ဦးသာထန်ကတော့ မျက်မှောင်ကြီး ကြုတ်ကာ ရေနွေးကြမ်း ခွက်ထဲမှာ ထောင်နေသော လက်ဖက်ခြောက်ရိုးကို ငေးနေသည်က လွဲ၍ အခြား ဘာတစ်ခွန်းမှလည်း မပြောဘဲ ရှိနေပါ၏။ “အခုက ဂျပန် စစ်အုပ်ချုပ်ရေး အောက်မှာ ပုလိပ်တပ်ဖွဲ့ ဖွဲ့ထားပြီး ပုလိပ်ထဲ ၀င်ချင်ကြသူတွေကိုလည်း ခေါ်နေကြသယ်။

117


ကျုပ်ထင်သာကတော့ ဂျပန်က တောရှင်းလိမ့်မယ် ထင်သာပဲ။ ကိုင်းကိုင်း ကျုပ်ပြန်မယ် သူကြီး၊ ကျုပ်တို့ ရွာတွေတော့ အချင်းချင်း ကျောကပ်ဖို့ပဲ။ ကျုပ်ကြားသလောက်တော့ ဂျပန်တွေက အင်မတန် ရက်စက်သတဲ့ဗျ” ဆရာကြည့် လှည်းက ရွာလမ်း ကုက္ကိုရိပ်မှာ ရပ်ထားခြင်း ဖြစ်၍ ဆရာကြည် ၀င်လာတုန်းက မအိမ်ကံ လှည်းသံ မကြားလိုက်ရခြင်း ဖြစ်၏။ ဆရာကြည်တို့ ပြန်သွားတော့ ၀င်းဝအထိ မအိမ်ကံ လိုက်ပို့ပြီး ပြန်ဝင်လာခဲ့သည်။ အဖေ ကတော့ စောစောက အတိုင်း ငြိမ်လျက်ရှိ၏။ မအိမ်ကံက အဖေ့ဘေး ပြန်ထိုင် လိုက်သည်။ အဖေ့ ကြည့်ရတာ စိတ်ချမ်း သာပုံ မပေါ်။ ဆရာကြည် ဘာတွေများ ပြောသွားပါလိမ့်။ မအိမ်ကံကို ပြောပြသလောက်တော့ တိုင်းရေး ပြည်ရေး တွေသာ ဖြစ်၍ ဇောင်ချမ်းကုန်းနှင့်တော့ သိပ်ကြီးဆိုင်လှသည် မဆိုသာ။ အခုလည်း အင်္ဂလိပ်တွေ ဆုတ်သွားကြပြီတဲ့။ ဂျပန်တွေ ၀င်လာပြန်ပြီတဲ့။ အင်္ဂလိပ်ကို မုန်းတီးခဲ့သော အစ်ကို မောင်မြတ်သာတို့ကတော့ ဂျပန်တွေကို ကြိုက်ကြ ရဲ့လား။ မအိမ်ကံ ဘာမှတော့သိလှသည် မဟုတ်။ သို့သော် တိုင်းရေး ပြည်ရေးသည် ခါတိုင်းလို မဟုတ်တော့တာကိုတော့ မအိမ်ကံ ရိပ်စားမိပါ၏။ “ဂျပန်တွေဆိုသာ မအိမ်ကံတို့ ရွာကို ရောက်လာနိုင်သယ်ပေါ့ ဟုတ်လား အဖေ” “ရောက်ချင်လည်း ရောက်နိုင်သာပေါ့ သမီးရယ်။ သူများ တိုင်းပြည် လာခြေချမှတော့ ပေါ့ပေါ့တွက်လို့ မရတော့ဘူး ပေါ့အေ။ အဖေ စိုးရိမ်သာက ဆရာကြည် ပြောသဲ့ စကားတစ်ခွန်းပဲ။ သူကြီး သေနတ်ကို ဂျပန်တွေက အမှု လုပ်လာ နိုင်သယ်တဲ့။ ဒါ မှန်သယ်ကွယ့်၊ ခက်သာက တခြားမှာ သွားထားပြန်တော့လည်း မလုံရင် မီးခိုး ကြွက်လျှောက်ဖြစ်မှာ စိုးရ သေးသာကိုး” “သေနတ်က ဘာဖြစ်လို့လဲ အဖေရဲ့” “အင်္ဂလိပ်က ပေးတဲ့ သေနတ်ကိုး သမီးရဲ့။ သည်သေနတ်က ထပေါက်မှာ စိုးမှာပေါ့။ ရွာက အမှုပွဲစား ကျော်ဒင်က မြို့က သူ့ဆရာရှေ့နေအားကိုးနဲ့ ရပ်ရွာအုပ်ချုပ်ရေး ၀င်ဖို့ လုပ်နေသတဲ့။ ပြီးခဲ့တဲ့ လကစပြီး ဂျပန်စစ် အုပ်ချုပ်ရေး ၀င်ပြီ” သားအဖ နှစ်ယောက် စကားပြော နေကြတုန်းမှာပင် အမေ ပန်းရုံနှင့် မလှအုံတို့ ပြန်လာကြသည်။ အမေပန်းရုံက ကြီးတော် စံရွှေတို့ ယောက်ျားလေးရှင်ဘက်က မောင်သာအောင်နှင့် မရွှေမှုံ တို့ နားဖောက်ပြီး ကြကြောင်း၊ ရပ်ရွာ လူကြီး သူမတွေကို ခေါ်ယူ အသိပေးပွဲကို သွားခြင်းဖြစ်ကြောင်း ဦးသာထန်ကို ပြောပြနေသည်။ ဒါကလည်း ဇောင်ချမ်း ကုန်းမှာ ဓလေ့ရှိသည်။ စေ့စပ် ကြောင်းမြန်းခြင်း ကတော့ ခေါင်ကောက် ဖိတ်ထားသော လူကြီး စုံရာပါ တတ်ကြသော် လည်း မင်္ဂလာပွဲ မကျင်းပမီ တစ်လလောက် အလိုမှာ ပြုလုပ်သည့် လူကြီးသူမ အသိပေးပွဲမှာတော့ ရွာက အထင်ကရ ရှိကြသူတွေကို ဖိတ်ကြားလေ့ ရှိကြသည်။ သည် လိုပွဲမှာ မင်္ဂလာရက်ကိုပါ ချပြ အသိပေးကြသည့် အပြင် တတ်နိုင်သူ များက ကာဖီချို တိုက်ကျွေး ဧည့်ခံတတ်ကြပါသည်။ “မအိမ်ကံနှယ် ငါတော့ ကာဖီချို နှစ်ခွက် ဆင့်သောက်လာခဲ့သယ်။ မြင်းခြံက နို့ဆီနဲ့ အင်္ဂလိပ်ကာဖီမှုန့်တွေ ရေနွေးနဲ့ရော မွှေထားသာပါအေ” “မင်္ဂလာဆောင်ရက်က ဘယ်ရက်သဲ့တုန်း မလှအုံ” မအိမ်ကံက မင်္ဂလာဆောင်ပွဲရက်ကို မေးလိုက်ခြင်း ဖြစ်သည်။ “သီတင်းကျွတ် ပြီးမှပါအေ။ အပုံကြီး လိုပါသေးသယ်။ ပိုက်ဆံရှိတော့ ထမြည်သာပေါ့ ဘာလိမ့်မတုံး” “မြည်သယ်လည်း မဟုတ်ပါဘူး လှအုံရယ်၊ ကြောင်းမြန်း ပြီးသာ ၀ါမ၀င်ခင်ကဆိုတော့ ခမျာများ ရွာကို အသိပေး နောက်ကျသယ် ထင်မှာ စိုးရိမ်ရှာကြသာပါ။ အသိပေးရသယ်ဟဲ့။ သည် ကာလသားနဲ့ သည်ကာလ သမီး မြန်းပြီး ကြပါပြီရယ်လို့ ရွာရပ်က စောင့်ရှောက်ကြပါ အပ်သာပေါ့၊ ရွာ့ထုံးစံများ အဓိပ္ပာယ်မရှိဘဲ ရှိပါ့မလား”

118


မအိမ်ကံကတော့ အမေ ပြောနေတာတွေပင် မကြားမိတော့။ စိတ်တွေ တဗွမ်းဗွမ်း ဆူနေခဲ့သည်။ တစ်ကိုယ်လုံးက အငွေ့တွေက တခြောင်းခြောင်း ထွက်လာသလိုလည်း တရှိန်ရှိန်ကြိုင် လျက်ရှိ၏။ အဖေကတော့ သူ့အခန်း ကလေးထဲ ၀င်သွားခဲ့ပြီ။ မအိမ်ကံလည်း အိမ်ပေါ် ပြန်တက်လာခဲ့ပါ၏။ ရင်ကတော့ လှိုင်းထန်နေဆဲ။ ခေါင်းအုံးအောက်က စာကို ပြန်ထုတ်ပြီး ဖတ်မိ ပြန်သည်။ ကိုပြေသိမ်း... သူကကော ဘယ်ရောက်သွား ပြန်ပါလိမ့်။ မအိမ်ကံကို မေတ္တာရှိတာ အစ်ကို မောင်မြတ်သာကတောင် ရိပ်မိသတဲ့။ မအိမ်ကံကလည်း ရိပ်မိပါရဲ့။ နှုတ်က ဖွင့်မပြောသေးသော်လည်း မျက်လုံးတွေထဲက ချစ်ရိပ် ချစ်ငွေ့တွေကို မအိမ်ကံ တွေ့နေရပါ၏။ ကြမ်းကြားလေကြား ယောက်ျား ဆိုတာ အပေါ်ယံ ပျားရည်ချွဲ ၀မ်းထဲ သံကောက်စွဲတဲ့။ ကိုပြေသိမ်းကတော့ အဲသလို မဟုတ်တန်ရာပါ။ “ကိုပြေသိမ်းရယ် လွမ်းလိုက်သာတော်၊ ကျုပ်က စံပယ်ကောင်း တစ်ပွင့် ဆိုသာမျိုးပါ” မအိမ်ကံ မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ မျက်စိထဲမှာတော့ မြင်းတစ်ကောင်ကို ကဆုန်စိုင်း စီးလာသည့် ကိုပြေသိမ်း။ မြင်းခွာသံတွေ။ မြင်းခွာသံတွေ။ ဖုန်တထောင်းထောင်း ထကျန်ခဲ့သော ဖုန်လုံးကြီးတွေ...။ ဖုန်တထောင်းထောင်းထ ကျန်ခဲ့သော ဖုန်လုံးကြီးတွေ။ ဇောင်ချမ်းကုန်း ရွာတာလမ်းတွင် ဖုန်ထောင်းထောင်း ထအောင် မောင်းသွားသော ကားတစ်စီး အကြောင်းကို တစ်ရွာလုံးက ရက်အတန်ကြာချိန် အထိ ပြောလို့ပဲမပြီးနိုင်ကြ။ မအိမ်ကံပင် အိမ်ပေါ်က ပြေးဆင်း ကြည့်ခဲ့ရသည်။ ရွာလမ်း တစ်လမ်းလုံး ရှင်ပြုပွဲကြည့်သလို ကြည့်ခဲ့ကြသည်။ ဇောင်ချမ်းကုန်း ရွာမှာတင် မကပါ။ အနောက်တန်း ရွာတွေကပါ သည်ကား အကြောင်း လှိုင်လှိုင်ထအောင် ပြောနေကြသည်။ ကားက မကြီးလှဘဲ ဒရောသောပါး မောင်းသွားခြင်း ဖြစ်၍ ရွာသူ ရွာသားတွေ ထွက်ကြည့် ကြချိန်မှာ အတော် ဝေးဝေးကိုပင် ရောက်နေပြီဆို၏။ မြင်းခြံ ဇောင်ချမ်းကုန်းလမ်းသည် လှည်းလမ်း ဆိုသော်လည်း ကားမောင်းလို့ ရသည့် မြေမာလမ်း ဖြစ်သည်။ ထိုနေ့က တန်ဆောင်မုန်း လပြည့်ကျော် နှစ်ရက်နေ့ဖြစ်သည်။ “ကားက မှုန်ကုပ်ကုပ်နဲ့ ပါတော်၊ ဘီလူးမျက်နှာကြီးသာ ကြည့်တော့။ အလံကလေး ထိုးထားလိုက်သေးသာ၊ ကားပေါ်မှာ စစ်ပုလိပ်တွေလား မသိဘူး။ နှစ်ယောက်ပါ သွားသာ။အနောက်ထဲ ထိုးမောင်းသွားသာများ ဘုန်းကြီးပျံပွဲ ဒုံးလွှတ် လိုက်သယ့် အတိုင်းပဲ” “ရော် ကျုပ်တွေ့သာ သုံးယောက်ဗျ။ မောင်းသွားသာက တစ်ယောက် သတ်သတ်ရယ်၊ နားရွက် နှစ်ဖက်က ဖတ်လတ် ဖတ်လတ်နဲ့၊ တစ်ယောက်က မျက်မှန်နဲ့” “နှုတ်ခမ်းမွေး ပါသာက တစ်ယောက်ရယ်၊ ကျုပ်က နွားစာရိတ်က အပြန် မြက်ထုံးကြီးနဲ့ ကားပေါ်က လူတွေက ကျုပ်တောင် ပြုံးပြသွားသေးသာ” ဝေါခနဲ ဖြတ်မောင်းသွားသော ကားကို ဘယ်သူကမှ ကတွတ်ဝ ဗျိုင်းစောင့်သလို ကြိုကြို တင်တင်က ကြည့်နေခဲ့ကြတာ မဟုတ်။ ထွက်ကြည့်ကြပြီ ဆိုကတည်းက တရကြမ်း မောင်းသွားသည့် ကားကို နောက်မြီးက မှုန်မှုန်လောက်မြင် လိုက်ရခြင်းသာ ဖြစ်ပါ၏။ နှစ်ပေါင်းများစွာ နေထိုင်လာခဲ့ကြသည့် ကာလ တစ်လျှောက်လုံး ကားရယ်လို့ တစ်ခါဖူး မျှမလာ ဖူးခဲ့သော သည်ဘက်ရွာတွေကို ကားတစ်စီး ရောက်လာတာကလည်း ထူးဆန်းနေသည်။ မြို့ကို အရောက် အပေါက် မရှိသူတွေ ကတော့ ကားဆိုတာ မမြင်ဖူးတော့ ၀ိုးတိုးဝါးတား နိုင်လှသည်။ သည်တစ်ခါတော့ အလံထိုးထားသော ကားမှုန်ကုပ်ကုပ် ဆိုတာကြီးက ဘာသဘောနဲ့များ ဒရောသောပါး အပြေးအလွှား ရှိရပါလိမ့်။ ကားပေါ်က လူတွေကကော ဘယ်သူတွေပါလိမ့်။ သည်ဘက်ရွာတွေမှာ ဘာကိစ္စတွေများ ရှိလို့ပါလိမ့်။ မအိမ်ကံပင် အိမ်ပေါ်က ဆင်းကြည့်ခဲ့သည် ဆိုသည်ဆိုသော်လည်း အရိပ်အယောင်ပင် မတွေ့လိုက်ရ။ သတင်းတွေကတော့

119


အမျိုးမျိုးပင်။ ဖြတ်သွားသည့် ကားအကြောင်းကို ပြောကြသည်ပင် စကားအပိုတွေ၊ စကားအကားတွေ ပါကြသည်။ သို့သော် သေချာလှသော သတင်းစကားသည် သည်ကား ရွာလမ်းကိုဖြတ်မောင်း သွားပြီး သုံးရက်လောက်ရှိမှ ရောက်ရှိလာခဲ့၏။ သတင်း ကိုသယ်ဆောင်လာသူက အမှုပွဲစား ကျော်ဒင်ပင် ဖြစ်လေ၏။ “ဂျပန် မာစတာတွေက မြင်းခြံမှာ ရုံးစိုက်ကြသာကိုးဗျ။ မြေတော်မှာလည်း ဂျပန်ရုံးရှိသယ်။ ဆမိတ်ခုံမှာလည်း ရှိသယ်။ သူတို့ကို နိပွန်မာစတာ ခေါ်ရသတဲ့ဗျ။ ဂျပန်လို့ ခေါ်သာ လားလားမှကို မကြိုက်သာတဲ့။ ပါးများကျိုးအောင် ရိုက်သာတဲ့ ဗျား” “ကျုပ်တို့ ရွာတွေဘက်ကို ဘာလာ လုပ်သာတုံး၊ ပါးရိုက်ဖို့လား ကိုကျော်ဒင်ရဲ့” “ထွက်ပေါက်၊ ၀င်ပေါက်တွေ၊ လမ်းတွေ၊ တံတားတွေ၊ လမ်းဆုံလမ်းခွတွေ အကုန် လိုက်ကြည့်သာဗျ။ နိပွန်မာစတာတွေ အာဂမှတ်လို့” ဂျပန် ဆိုသူတွေကို မမြင်လိုက် ကြရသော်လည်း ဂျပန်တို့၏ သတင်းကတော့ မကောင်းလှပါ။ ဆရာကြည် ပြောမယ် ဆိုလည်း ပြောစရာ။ ဇောင်ချမ်းကုန်း တာလမ်းကို ဖြတ်သွားခဲ့သော ဂျပန်ကား ခေါ်ကြသည့် ထို မှုန်ကုပ်ကုပ် ကားတစ်စီး၏ နောက်တွင် ဖုန်တွေ တလုံးလုံးထ ကျန်ရစ်ခဲ့သလိုပင် မအိမ်ကံ၏ ဘ၀ နောက်ပိုင်းတွင်လည်း ထိုကားနှင့် အတူ ပါလာခဲ့သော ဆိုးရွားလှသော ကံကြမ္မာဖုန်လုံးက မစဲနိုင်အောင် ရှိခဲ့ပါ၏။ ရွာလမ်းကို ကားတစ်စီး ဖြတ်သွား ခဲ့သည့်နောက် တစ်ပတ်လောက် အကြာတွင် ဇောင်ချမ်းကုန်း ရွာလမ်းတွင် ဒုတိယအကြိမ် ထူးဆန်းသော အဖြစ် အပျက် တစ်ရပ် ကြုံရပြန်ပါ၏။ ထိုညက တပို့တွဲလဆန်း ဆယ့်သုံးရက်လသည် ဇောင်ချမ်းကုန်း ကောင်းကင်၌ ထိန်ထိန်သာလျက် ရှိ၏။ လသာ ရက်ကိုသာ ည၏ အလင်းရောင်အဖြစ် မျှော်ကြရသော ကလေးတွေ ကတော့ ထုံးစံအတိုင်း ရွာလမ်းတွင် ကျွက်ကျွက်ညံအောင် ဆော့ကစား နေကြလေသည်။ ကိုယ့်အိမ်ရှေ့လမ်းပေါ်မှာ ဒါမှ မဟုတ် ကိုယ့်ဝိုင်းတိုက် ကျယ်ကျယ်ထဲမှာ အော်ဟစ်ပြေးလွှား ကစားနေကြသည် ဖြစ်ရာ ဇောင်ချမ်းကုန်းညသည် အော်သံ ဟစ်သံ၊ ငြင်းသံခုသံ၊ ဆူသံညံသံ တို့ဖြင့် လှုပ်ခတ်လျက် ရှိရာမှ တဖြည်းဖြည်း လကလေးပင် ရင့်လာခဲ့ပါ၏။ မအိမ်ကံတို့ အိမ်က တိုင်ကပ်နာရီပင် ကိုးချက် ဒင်ဒင်မြည်ပြီးခဲ့ပြီ။ ရွာဦး ဆရာတော်ကျောင်းဆီမှ ဘုရားဝတ်ပြုပြီးချိန် စည်မောင်းထိုးသံ ကြားလိုက်ရပြီ။ လရောင်အောင်မှာ ဇောင်ချမ်းကုန်း ရွာကလေး၏အလှက အေးမြသော ရာသီ နှင့် လိုက်ဖက်အောင် ၀င်းပနေ လေသည်။ ထိုစဉ်မှာပင် ကျယ်လောင်လှသော သေနတ်သံ တစ်ချက်သည် ရွာအရှေ့ဆီက အုန်းခနဲ ကြားလိုက်ရလေသည်။ ထိုအခါ ပွက်ပွက်ညံနေသော လရောင်အောက်က ရွာကလေးသည်လည်း ချက်ချင်းပင် တိခနဲ ငြိမ်သက် သွားလေသည်။ သေနတ်သံက အေးစက်သော ညကို ကျယ်လောင်စွာ လှုပ်လိုက်သည့် အတွက် ရွာသူ ရွာသားများ အားလုံး သို့လော သို့လော ဖြစ်ကုန်ကြသည်။ မအိမ်ကံနှင့် ကျေးဥတို့ပင် လရောင်ကျနေသည့် အိမ်ရှေ့ ကွက်လပ်မှာ ထိုင်ကြရင်း ရွာသတင်း ရပ်သတင်းတွေ ပြောနေကြခိုက်ဖြစ်၏။ “မအိမ်ကံ ဘာတုံးဟဲ့” မလှအုံသည်ပင် အိမ်ထဲက ပြေးထွက်လာကာ အမော တကော မေးလိုက်သည်။ “သေနတ်သံ ထင်သယ် ဒွေးလှအုံ၊ ရွာရှေ့ဆူး တံခါးက နေမှာ” “မဟုတ်လောက်ပါဘူးနော် ကျေးဥ၊ ငါ့စိတ်ထင်သာ ပြောရရင် ကိုဘကွန်းတို့ ၀ိုင်းတိုက်လောက်က နေမှာ” ဘယ်သူကမှလည်း သေသေချာချာ မသိတော့ ခံမငြင်းသာ။ ကိုယ့်စိတ် အထင်နှင့် ကိုယ်သာ မှန်းဆနေကြရသည်။ မအိမ်ကံကတော့ ရွာကို ဓားပြ၀င်ပြီလို့ တွက်လိုက်သည်။ ဖိုးတုတ်နှင့် ဖိုးကူးတို့ ညီအစ်ကို နှစ်ယောက်က ဓားရှည် တစ်လက်စီ ကိုင်ကြရင်း ခြံတံခါးဘက် ပြေးကာ အပြင်ကိုမြင်ရသလောက် ကြည့်နေကြ၏။ မအိမ်ကံနှင့်ကျေးဥက အိမ်အပေါ်ထပ်ကို တက်လာခဲ့ကြကာ တာလမ်း အရှေ့ဘက် မျှော်ကြည့်ကြသည်။ လရောင်က လွဲ၍ ဘာမှမရှိ။ ဆော့ကစားနေကြသည့်

120


ကလေး သံတွေကတော့ တစိုးတစိမျှ မရှိကြတော့။ အမေပန်းရုံပါ အပေါ် ထပ်တက်လာခဲ့ကာ ရွာလမ်းကို ကြည့်နေခဲ့သည်။ သိပ်မကြာ ပါ။ ကွမ်းတစ်ယာ ညက်လောက်တွင် ဗြောဗြောမြည်သံကြီးကို ကြားရလေပြီ။ အသံက ညီလှသည်။ လမ်းမပေါ်ကို ပြင်းထန်သော ခြေဆောင့်သံမျိုးဖြစ်၏။ “ဟဲ့ ကျေးဥ လှမ်းကြည့်လိုက်စမ်း ကလေးမျက်စိနဲ့၊ ငါ့မျက်စိထဲတော့ မည်းမည်းအုပ်ကြီး မြင်သလားလို့” “ဟုတ်ပါ့ အရီးရေ၊ လူတွေတော် မနည်းမနောပါလား၊ ဘာများ လုပ်ကြဖို့ပါလိမ့်တော်” “ဘယ်က လူတွေလဲ တို့ရွာကလား” “ပြောတတ်ပါဘူး အရီးရဲ့၊ လူတွေ မည်းမည်းလှုပ်နေ သာမြင်ရသာပဲ” မအိမ်ကံလည်း မြင်နေရပါ၏။ ခြေဆောင့် နင်းသံတွေက မအိမ်ကံ ရင်ကို နင်းနေကြသလား ထင်ရသည်။ ဗြုတ်... ဗြုတ်.. ဗြုတ်...ဗြုတ်။ မအိမ်ကံတို့ ဘက်ကိုပင် နီးလာခဲ့ပြီ။ ရှေ့ဆုံးမှာ မြင်းစီးသူ တစ်ယောက်ပါသည်။ ထိုမြင်း နောက်မှာတော့ ငါးယောက်တစ်တွဲ လျှောက်လာကြသည့် လူတန်း။ လူတန်းက သိပ်မရှည်လှသော်လည်း များမှန်း သိသာသည်။ “အမေ ဂျပန်တွေဆိုသာနဲ့ တူသယ်၊ ဘာလုပ်ကြသာပါလိမ့်” “အနောက်ရွာတွေဘက် သွားကြဖို့နဲ့တူသယ်” “ဟုတ်ပါ့တော် ညကြီးမင်းကြီး” “ဟုတ်သယ် ဂျပန်စစ်သား ဆိုသာတွေနေမှာ” မအိမ်ကံတို့က လေသံဖြင့် ပြောနေကြသော်လည်း စစ်ဖိနပ်သံတွေကြောင့် ရွာပင် ခုန်နေသလား မှတ်ရပါ၏။ သိပ်တော့ မကြာပါ။ ရွာကလေးသည် ပြန်လည် တိတ်ဆိတ်သွားခဲ့သည်။ လရောင်က ရွာကလေးကို မြှူဆွယ် နေသေးသော်လည်း အသံဟူ၍ ကလေးငိုသံပင် မရှိ။ ငြိမ်သက်ခြင်းက ကြီးစိုးလွန်းပြန်တော့ ချောက်ချားဖို့ပင် ကောင်းနေသည်။ ထွန်းထား ကြသည့် မီးခွက်များပင် ငြိမ်းကုန်ကြပြီ။ ရွာတုန်အောင် ဖြတ်သွားကြသော ဂျပန်စစ်တပ် ဆိုတာကို လရောင်ထဲမှာ တွေ့ခဲ့ကြရပြီ ဆိုတော့ ဘာမှန်းမသိကြဘဲ ကြောက်လန့် နေခဲ့ကြပါ၏။ မအိမ်ကံမှာ အဖေ့ နှစ်လုံးပြူးသေနတ်ကို စိတ်ရောက် သွားခဲ့ရသည်။ ရင်တွေ တဒိတ်ဒိတ် ခုန်ရပါ၏။ ထိုညက အဖြစ်အပျက်သည် ဇောင်ချမ်းကုန်းရွာကို ဒုတိယ အကြိမ် ဆောင့်ခါလိုက်သည့် ညဟုပင် ဆိုရတော့မည်။ ပြင်းထန်သော စစ်ဖိနပ်သံများဖြင့် ဖြတ်သွားခဲ့သော် ဂျပန် တပ်စိတ် တစ်စိတ်သည် လောလောဆယ် ဘယ်သူ့ကိုမှ ရန်ပြုခဲ့သည်မရှိ။ ရွာကလေးကိုပင် ရှိသည်မထင်။ သူတို့ လမ်းကြောင်းကျရာ အတိုင်း သွားကြရုံသာ။ သို့သော် ထို ကားသည် မြင်းခြံကို ဗဟိုပြု၍ မြင်းခြံ အရှေ့လက်၊ အနောက် လက်၊ တောင်လက်၊ မြောက်လက် ကျေးရွာများဆီ အရောက် အပေါက် များလာခဲ့သည်။ ကားက ပုပျပ်ပျပ်၊ ပါးစပ်ပြဲပြဲ။ မီးခွက်တွေက မျက်လုံး ပြူးပြူးဖြစ်ရာ ရွာတွေက သည်ကားကို “တောဘီလူး” ကားဟုခေါ်ကြပါသည်။ ကြာတော့လည်း တောဘီလူး ကားကို စိတ်မ၀င် စားနိုင်ကြတော့။ တောဘီလူး ကားပေါ်မှာ ဂျပန် စစ်ဗိုလ်တွေပါလာ တတ်သလို မြန်မာ တစ်ယောက်စ နှစ်ယောက်စလည်း ကား နောက်မှာ ပါလာတတ်သည်။ တစ်ခါမှာတော့ ရွာက အမှုပွဲစား ကျော်ဒင် အခန့်သား ပါလာခဲ့သည်။ ကျော်ဒင်က ဂျပန် စစ်ဗိုလ်ထက်ပင် မျက်နှာကြီး တင်းလှပါ၏။ ရွာကတော့ မဲဇလီက လက်ဖက်ထက် ဈေးတန်လှချည့်လို့ ပြောကြသည်။ ကျော်ဒင့် လက်မောင်းမှာ ဂျပန်စာ ရေးထားသော လက်ပတ် အနီပတ် ထားတာကိုလည်း မြင်ကြရ၏။ တောဘီလူးကားက ရွာကို အသေးစိတ် လိုက်ကြည့် တော့လည်း ကျော်ဒင်ကပဲ လိုက်ပြသည်။ ရွာစည်းရိုးတွေကို ပြသည်။ လင့်စင်တွေကိုပြသည်။ ရွာဘုန်းကြီးကျောင်း ကိုပြသည်။ ဘုန်းကြီးကျောင်းကို ၀င်သည့် နေ့က

121


ဂျပန်စစ်ဗိုလ်က ဖိနပ် မချွတ်ဘဲ ကျောင်းပေါ် တက်လာခဲ့တာကို ရွာက မကျေနပ်ကြ။ စကားကြုံလျှင် တီးတိုး ပြောကြသည်။ “နေပါဦးကွာ အမှုပွဲစား ကျော်ဒင်က ဂျပန်တွေနဲ့ ဘယ်လိုလုပ် ပူးသွားသာလဲ၊ ဒီကောင်က အင်္ဂလိပ်လူ မဟုတ်လား၊ တို့ကို အင်္ဂလိပ် ယပ်လှဲတရားတွေ သူပဲ ဟောခဲ့သာပဲဟာ” “မသိဘူးဗျ၊ မြင်းခြံ ဂျပန်ရုံးကိုရော မြေတော်ရုံးကိုပါ အရောက်အပေါက်များရာက လက်မောင်း တံဆိပ် တစ်ခု ရလာ သာပဲ၊ ဒီကောင်က ပဲကြီး ရေစိမ်ဗျ၊ အချိန်တန်ရင် ပွလာသာ” ရွာသားတွေက ကျယ်ကျယ် ပြောရဲကြတာ မဟုတ်။ ဂျပန်နှင့် ပေါင်းရပါ့မလားဆိုသည့် စိတ်ဖြင့် မကျေမချမ်း ဖြစ်ကြတာ မဟုတ်။ ကျောင်းပေါ် ဖိနပ်စီးတာကို မတားရ ကောင်းလား ဆိုတာကို မခံချင် ဖြစ်ကြခြင်း ဖြစ်သည်။ အခုလည်း ဂျပန် စစ်ဗိုလ်များကို သူကပဲ ဦးဆောင်ကာ ရွာ့ပတ်ဝန်းကျင် လိုက်ပြနေပြီ။ ဘာသဘောများပါလိမ့်။ ဇောင်ချမ်းကုန်း ရွာတင်ပဲလား။ တစ်ခြားရွာတွေကော သည်လိုပဲလား။ သည်သတင်းတွေ မအိမ်ကံ ကြားတော့ ရွာက ဘယ်သူ့များ မကောင်းကြံဦးမှာလဲ တွေးပူရ ပါ၏။ မနေ့တစ်နေ့ကပဲ အင်္ဂလိပ် အစိုးရ ကောင်းကြောင်းပြောခဲ့သည်။ အင်္ဂလိပ် လက်နက်တွေ ကောင်းကြောင်း ပြောခဲ့သည်။ အခုတော့ ဂျပန် စစ်တပ်နောက်က တကောက်ကောက်။ ကျော်ဒင် ဆင်ကြံကြံလေပြီ။ ထိုနေ့က အလွန် အကျည်းတန်လှသော အကုသိုလ်ကို အမှု ပွဲစား ကျော်ဒင်ကပဲ ဆောင်ကြဉ်း လာခဲ့ပါ၏။ ထို မနက်ခင်းက မနက်စာ စားပြီးကြသည်နှင့် ဆိုင်ရာ လုပ်ငန်း ၀င်ခဲ့ကြသည်။ အမေပန်းရုံနှင့် မလှအုံက ချက်ရေး ပြုတ်ရေး ထင်းမီးကိစ္စ လုံးပမ်း နေကြခိုက် ဖြစ်သည်။ မအိမ်ကံကတော့ ရက်ကန်းရုံထဲမှာ။ သည်ရက်ထဲမှာ အလုပ်တွေ များရာကနေ ရှားရှားပါးပါး အထည်အမှာတွေ ရထားခဲ့သည်။ မြင်းခြံပွဲစားကြီး ကတော်က ရွာလူကြုံဖြင့် မန်ကျည်းစေ့ ကွက်ဆင် ပုဆိုးအထည် တစ်ရာမှာ ကြားလာသဖြင့် မအိမ်ကံတို့ ရက်ကန်းရုံမှာ အလုပ်တွေ များနေကြရာက ပြီးပြတ်အောင် ပို့နိုင်လိုက်ပြီ ဖြစ်ရာ ရက်ကန်းသမတွေကို အနားပေးထားရချိန် ဖြစ်၏။ ရက်ကန်းသမတွေ အနားပေး ခိုက် မအိမ်ကံနှင့် ကျေးဥက ရက်ကန်းရုံ သန့်ရှင်းရေး ၀င်ကြရသည်။ တိုလီမုတ်စ ဗြုတ်စ ဗျင်းတောင်းတွေ၊ ချည်စာ ဟောင်းတွေက အစ ပိုးမျှင်တွေအဆုံး ပြောင်စင်အောင် ရှင်းလင်း နေခဲ့ကြသည်။ နှစ်ယောက်သား ခေါင်းပေါင်းကြီးတွေ ပေါင်းထားကြကာ လက်ရှည်အင်္ကျီ ထူကြီးတွေ ၀တ်ထားကြသော်လည်း ပိုးမျှင်တွေ တစ်ကိုယ်လုံး ပေပွနေကြသည်။ ဦးသာထန်ကတော့ သူ့မြင်းအိုကြီး စိန်ပွင့်ကို မြင်းစာ ကျွေးနေသော ဖိုးကူးနှင့်အတူ ရှိနေကြ၏။ “သူကြီး... သူကြီး ဦးသာထန်” ကျယ်လောင် မာကျောလှသော အသံက ၀င်းဝကိုကျော်ကာ ရက်ကန်းရုံထဲ အထိ ရောက်လာခဲ့သည်။ မအိမ်ကံက လုပ်လက်စ အလုပ်ကို ခဏရပ်ရင်း ၀င်းဝကို လှမ်းကြည့်လိုက်သည်။ လူသုံးလေးယောက်။ ဖိုးကူး တံခါး သွားဖွင့် တာလည်း မြင်နေရသည်။ ရှေ့ဆုံးက ၀င်လာသူမှာ အမှုပွဲစား ကိုကျော်ဒင်။ လက်မောင်းမှာ ပိတ်နီ ပတ်ထား သဖြင့် လျှောက်ဝင်လာသည်ပင် ခပ်တင်းတင်း ဖြစ်နေလေ၏။ သူ့နောက်မှာ ဂျပန်စစ်ဗိုလ်နှင့် တူသူဖြစ်၍ သေနတ်ရှည်ကိုင် ဂျပန်စစ်သား နှစ်ယောက်က ဂျပန် စစ်ဗိုလ်ကို ရံလျက် ၀င်လိုက်လာကြသည်။ မအိမ်ကံက ကျေးဥကို အသာအယာ လက်ကာ ပြကာ ရက်ကန်းစင် နောက်ဖေး ပေါက်ဆီမှ ပဲမှော်တိုက်ဘက်ကို ပြေးရန် မျက်ရိပ် ပြလိုက်သည်။ ကျေးဥက လည်း အပါး။ မအိမ်ကံ မျက်ရိပ် ပြလိုက်သည်နှင့် လှစ်ခနဲ ပျောက်သွားခဲ့ပြီ။ မအိမ်ကံကလည်း ပဲမှော်တိုက်ဘက် ကူးရန် ပြင်ဆင် လိုက်ချိန်မှာပင် အမှုပွဲစား ကျော်ဒင် အသံကို ကြားလိုက်ရသည်။ “သူကြီးကော ဒေါ်ပန်းရုံ၊ ဟောသည် မာစတာတွေက သူကြီးနဲ့တွေ့ချင်သယ်လို့ ပြောနေသယ်” “တွေ့သာပေါ့ကွယ်။ ရှိပါသယ် ထိုင်ကြပါဦး။ ဘာများပါလိမ့် မောင်ကျော်ဒင် မလန့်သာ မထိတ်သာကွယ်” အမေပန်းရုံက အသံကို ထိန်းထားရင်းက ပြန်ပြောလိုက် ခြင်းဖြစ်၏။

122


သည်အချိန်မှာပဲ မအိမ်ကံက ပဲမှော်တိုက်ဘက်ကို အသာ ထွက်လာခဲ့သည်။ ဂျပန်စစ်သား နှစ်ယောက်က မျက်စိ အငြိမ် နေကြသည် မဟုတ်။ သေနတ် မောင်းကွင်းထဲ လက်ထည့်ထားကြရင်း မသင်္ကာဖွယ်ရာ လှုပ်ရှားမှုကို လိုက်ရှာ နေကြသည့် ပမာပင်။ ကျော်ဒင်က ဂျပန်စစ်ဗိုလ်ကို ဒေါ်ပန်းရုံ ချပေးထားသော ထိုင်ခုံမှာ ထိုင်စေသည်။ ဂျပန်စစ်ဗိုလ်က အရုပ်ကြီး တစ်ရုပ်လို ခံစားမှုမရှိသော မျက်နှာဖြင့် တောင့်တောင့်ကြီး ထိုင်သည်က လွဲ၍ အသံမထွက်။ ထိုစဉ်မှာပင် ဦးသာထန် အိမ်ထဲက ထွက်လာခဲ့သည်။ “ဘာများလဲ မောင်ကျော်ဒင်ရဲ့၊ ကျုပ်ကို မေးဆိုသလား လို့” “ဟုတ်သယ် ကျုပ်ကလည်း နိပွန်မာစတာတွေက တွေ့ချင်သယ်ဆိုလို့ အကျိုးဆောင် ပေးရသာပါဗျာ။ ကျုပ်တို့ရွာ အပေါ် အစစအရာရာ သတ္တုမကျအောင် လုပ်နေရသာပါပဲ။သည်လို သူကြီးမှာ အင်္ဂလိပ်က ပေးထားတဲ့ သေနတ်ရှိသာကို သည်က နိပွန် မာစတာတွေက ပြန်သိမ်းဖို့ ပြောနေသယ်” ဦးသာထန်က

မျက်စိမျက်နှာ

ပျက်သွားခဲ့သည်။

ဆရာကြည်

လာသတိပေးတဲ့

အတိုင်းပါပဲလား။

အင်္ဂလိပ်ပေးတဲ့

သေနတ်ကို အကြောင်းရှာလာကြပါပကော။ ဂျပန်က သေနတ် သိမ်းရအောင် ဦးသာထန်ဘက်က သေနတ်တကားကား လုပ်နေတာလည်း မရှိ။ အခုဟာက ကျော်ဒင် လက်ထောက်ချလို့သာ ဂျပန်ဗိုလ် သိသွားတာပဲ ဖြစ်ရမည်။ အသားထဲက လောက်ထွက်တာကိုတော့ အဆက်ဆက် ရွာသူကြီး လုပ်လာခဲ့သူ တစ်ယောက်အဖို့ သည်းမခံချင်။ ပြီးတော့ သေနတ်က သည်အိမ်ပေါ်မှာ လည်းမရှိ။ သေနတ်ကို ဆီသုတ်ထုပ်ပိုးပြီး ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ ၀ှက်ထား ခဲ့သည်။ အခု ရှာချင်သပ ဆိုတော့လည်း ရှာကြရုံ။ သည်ကြားထဲ ကျော်ဒင်က “ကျုပ်” ဆိုတာကို နိုင်းချင်းသုံး နေတာကို နားကြားပြင်း ကပ်လှသည်။ “ပြောလေ သူကြီး၊ ကျုပ်တို့ အချိန် မရဘူး၊ ထိန်ကုန်းသူကြီး ကိုဘဆယ်မှာလည်း တစ်လက်ရှိသာ သွားသိမ်းရဦးမှာ” “သေနတ် မရှိဘူးကွ၊ အင်္ဂလိပ်တပ်တွေ ဆုတ်မယ်ဆိုတော့ ပြန်အပ်ပါဆိုလို့ အပ်လိုက်ရသယ်၊ မင်းကွာ ကိုယ့်ရွာသူ ရွာ သားချင်း ဂျပန် ခေါ်လာ ရသယ်လို့ကွာ” ဂျပန်ဆိုသည့်

စကားပါသွားတော့

ဂျပန်စစ်ဗိုလ်က

ငေါက်ခနဲ

မတ်တတ်ထရပ်သည်။

ကျော်ဒင့်ကို

ဂျပန်စကားနဲ့

ပြန်မေးနေသည်။ ကျော်ဒင်က သွက်သွက်လက်လက် မရှိသော်လည်း မီးကျိုးမောင်းပျက် ဂျပန်စကားဖြင့် ပြန်ပြောနေပါ၏။ ဂျပန်စစ်ဗိုလ်က ပြန်ထိုင်သည်။ “ကိုင်း... သူကြီး ကျုပ် အပြောကောင်းလို့ သက်သာ သွားသယ် မှတ်ပါ၊ အသာတကြည် ထုတ်ပေး လိုက်ပါ၊ ဒါ ကျုပ် နောက်ဆုံးပြောသာပဲ” ဒေါ်ပန်းရုံက မတ်တတ် ထရပ်ရင်း အခြေအနေကို အကဲခတ်နေခဲ့သည်။ မအိမ်ကံနှင့် ကျေးဥက ပဲမှော်တိုက် အပေါ်ထပ် နွားစာတွေ ဖိတ်မကျအောင် ထိမ်းထားသည့် ၀ါးလုံးတန်းတွေကြားက ချောင်းကြည့် နေခဲ့ကြသည်။ ကောင်းကောင်းတော့ မမြင်ရ။

အသံတွေ

အားလုံးကို

ကြားနေရသည်။

ဂျပန်စစ်သား

နှစ်ယောက်က

သေနတ်ကိုင်ရင်း

ဝိုင်းတိုက်ကို

လှည့်ပတ်ကြည့်နေကြသည်။ မအိမ်ကံတို့ရှိရာ ပဲမှော်တိုက်ရှေ့မှာ ရပ်ကြရင်း ပတ်ဝန်းကျင်ကို အကဲခတ် နေကြသည်။ မအိမ်ကံတို့ပင် မလှုပ်ရဲ။ ဒါတောင် ပဲမှော်မှုန်ကလေးတွေက တလွင့်လွင့်ကျနေပါ၏။ “မင်းကို ငါ မှန်သာ ပြောနေ သာပဲကွ၊ ငါ့မှာမှမရှိသာ ဘယ့်နှယ် လုပ်ပေးရမှာလဲ၊ မင်းတို့ ရှာနိုင်သားပဲ ရှာကြလေကွာ” “ရှာလို့တွေ့ရင် ခင်ဗျား မသက်သာဘူးနော်၊ ဒေါ်ပန်းရုံ ခင်ဗျားတို့ကို ကျုပ် စေတနာနဲ့ ပြောနေသာဗျနော၊ နောက်မှ

123


ကျုပ်အပြစ် မတင်နဲ့” “မောင်ကျော်ဒင် သူ့သေနတ် ကိစ္စ အရီးလည်း မသိဘူး၊ တစ်ခါ ရွာဓားပြတိုက်တုန်းက လွဲရင် သည့်နောက်ပိုင်း တစ်ချက်မှ ပစ်လိုက်ရသယ်လည်း မရှိပါဘူး။ မင်းသခင်တွေကိုမင်း ကြည့်ပြောပါကွယ်” အမှုပွဲစားကျော်ဒင်က မင်းသခင်တွေ ဆိုတာကို အောင့်သွားပုံရပါ၏။ မျက်နှာပျက်သွားရာက ဂျပန်စစ်ဗိုလ်ကို ဂျပန်လို ပြန်ပြောလေသည်။ ဂျပန်စစ်ဗိုလ်က ဆတ်ခနဲ မတ်တတ်ရပ်ကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ ၀ိုင်းတိုက်ထဲမှာ လှည့်နေကြသည့် ဂျပန်စစ်သား နှစ်ယောက်ပင် အပြေးရောက်လာကြ၏။ ဂျပန်စစ်ဗိုလ်က ကျော်ဒင့်ကို မောင်းမဲ နေတာ တော့ သေချာသည်။ ကျော်ဒင်ကလည်း ပြန်ပြောသည်။ ကျော်ဒင်က တစ်ခါမှာတော့ ဘာပြောလိုက်သည် မသိ ဂျပန် စစ်ဗိုလ်က ဦးသာထန်ဘက်လှည့်ကာ ဂျပန်လို အော်လိုက်ရင်း ပါးကို တအားလွှဲ ရိုက်လိုက်သည်။ ဦးသာထန်ခမျာ မမျှော်လင့်သော ရိုက်ချက်ကြောင့် လည်သွားရာက ပုံခနဲ လဲကျသွားရှာတော့သည်။ ဒေါ်ပန်းရုံက ချက်ချင်း ပွေ့ပိုက်ပြီး ထူမတ်ပေးသော်လည်း ဦးသာထန်မှာ ရပ်တည်နိုင်စွမ်း မရှိသလို ဒေါ်ပန်းရုံ အပေါ် လုံးလုံးကြီး မှီလျက် ရှိလေသည်။ ဒေါ်ပန်းရုံက နိုင်သရွေ့ ပွေ့ထူထားရာက မလှအုံကို လှမ်းခေါ်လိုက်သည်။ မလှအုံက ချက်ချင်း ပြေးထွက်လာပြီး တစ်ဖက်က ၀င်ထူ လိုက်ရသည်။ “ဖိုးကူး လာစမ်း ဘကြီးကို လာတွဲစမ်း။ ကျော်ဒင် နင် ဘယ်လိုလုပ်လိုက်သာလဲ၊ နင့်အဖေ အရွယ်ဟဲ့ နင်တို့ ရက်စက် လှချည့်လား” “ကျုပ်က ရိုက်ခိုင်းသာ မဟုတ်ပါဘူးဗျာ။ အကျိုး အကြောင်း ပြောပြသာပါ။ ခင်ဗျားတို့ကလည်း ရှိရင် ထုတ်ပေး လိုက်ဗျာ။ သူတို့က ဘယ်သူ့မှညှာမှာ မဟုတ်ဘူး၊ ခင်ဗျားတို့နဲ့ တော့ခက်ပါ့ဗျာ” ဦးသာထန်က ဖိုးကူး လာတွဲသဖြင့် မတ်မတ်ကြီးပြန်ရပ် နိုင်သော်လည်း ပါးစောင်ကို လက်နှင့် အုပ်ထားလျက်ရှိ၏။ လူတွဲဖိုးကူးကလည်း တဆတ်ဆတ် တုန်လျက်ရှိ၏။ မအိမ်ကံက ဘာကိုမှ မမြင်ရသော်လည်း ရိုက်လိုက်သံကိုရော၊ အမေပန်းရုံ အသံကိုရော၊ မလှအုံ၏ ရန်တွေ့သံတွေကိုပါ ကြားလိုက်ရသည့်

အတွက်

အသားတွေ

တဆတ်ဆတ်

တုန်နေခဲ့သည်။

ဆူခနဲ

တက်လာခဲ့သော

သွေးတွေက

မြွေဟောက် တစ်ကောင်၏ ပါးပျဉ်းလို ငေါက်ခနဲ ထလာသကဲ့သို့ ရှိလေသည်။ချက်ချင်းပင် ပဲမှော်တိုက်ပေါ်က ခုန်ဆင်းရန် လှည့်လိုက်သည်။ ကျေးဥက လှစ်ခနဲ ရိပ်မိလိုက်သဖြင့် မအိမ်ကံကို ခါးကဖက်ရင်း လှဲချလိုက်သည်။ ပဲရိုး၊ ပဲမှော်တွေ၊ ပြောင်းရိုးခြောက်စဉ်းစာတွေအပေါ် နှစ်ယောက်သား လဲကျသွားကြသည် အထိ ကျေးဥက မလွှတ်။ “ဖယ်စမ်း ကျေးဥ ကျော်ဒင့်ကို ငါ ရင်ဆိုင်လိုက်စမ်းမယ်၊ သင်းက လူပါးဝလို့” “မအိမ်ကံရယ် သူတို့က သေနတ်တွေနဲ့ပါအေ၊ စိတ်လျှော့ လိုက်ပါ၊ အရုပ်ဆိုး ကုန်ပါ့မယ်အေ၊ ရှိကြီးခိုးပါရဲ့” ကျေးဥက ဇွတ်ဖက် လှဲထားသလို မအိမ်ကံကလည်း ဇွတ်ရုန်းနေသည်။ အမေပန်းရုံ ခမျာမှာ သမီးနှင့်ကျေးဥကိုလည်း လှမ်းပြီး စိတ်ပူနေရသည်။ စိတ်ပူတာက နှစ်မျိုး။ မအိမ်ကံ၏ စိတ်ကိုသိတာလည်း ပါသည်။ မအိမ်ကံကို ဂျပန်စစ်သားတွေ တွေ့သွားမှာကိုလည်း ပူရသည်။ အကယ်၍ သေနတ်မရလို့ သမီးကို ဓားစာခံ ခေါ်သွားမှာကို စိုးရိမ်မိခြင်း ဖြစ်သည်။ ဘုရား... ဘုရား ထွက်မလာ ကြပါစေနဲ့။ “မောင်ကျော်ဒင် မင်းဦးလေး ပြောသာ ယုံပါကွယ်။ အရီးတော်တို့လည်း မသိရရိုး အမှန်ပါ။ အိမ်မှာ သေနတ် မတွေ့သာ လည်း ကြာပါပြီ။ ငါဖြင့် ခေါင်းထဲတောင် မရှိပါဘူး။ မင်း ပြောပြလိုက်ပါ”

124


ကျော်ဒင်က ခေါင်းကို ခါလိုက်သည်။ သည်ခေါင်းခါမှုက ဒေါ်ပန်းရုံပြောတာကို မယုံတာလည်း ဖြစ်နိုင်သည်။ ဂျပန် စစ်ဗိုလ်ကို မပြောချင်ဆိုသည့် သဘောလည်းဖြစ်နိုင်သည်။ သို့သော် သူတို့ အမူအရာတွေက သေနတ် မရလို့တော့ မပြန်လေ ဆိုသည့် မျက်နှာတွေ။ ဂျပန်စစ်ဗိုလ်က ထအော်လိုက်ပြန်တော့ ဦးသာထန်ကို တွဲထားကြသည့် မလှအုံနှင့် ဖိုးကူးတို့ပင် တုန်သွားကြလေ၏။ ကျော်ဒင်ကို ဂျပန်စကားဖြင့် မေးပြန်သည်။ ကျော်ဒင်က ဘာပြန်ပြောသည် မသိ။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူးကို ဆွဲထုတ်ပြီး ဦးသာထန့် နဖူးကို တည့်တည့်ကြီး ချိန်လေတော့သည်။ နဖူးကို ချိန်ထားရင်း အော်နေသည့် အသံက ဘီလူး သဘက် တစ်ကောင် ပြည်ဝင်ပြည်ထွက် ဆေးစည်း ဖောက်သွားသည့်ပမာ သွက်သွက်ကြီး ခါလျက်ရှိ၏။ ခြောက်လုံးပြူး ကျည်ဆန်က အချိန်မရွေး ထွက်သွားနိုင်သည် ဖြစ်လေရာ အားလုံး ငြိမ်သက်သွားခဲ့ကြသည်။ အမှုပွဲစား ဂျပန် အလိုတော်ရိ ကျော်ဒင်ပင် ထိတ်ခနဲ ဖြစ်သွားခဲ့လေသည်။ ဒေါ်ပန်းရုံက ချက်ချင်းပင် ဂျပန်စစ်ဗိုလ်၏ သေနတ်ကိုင် လက်ကိုဆွဲကာ ဘေးကို ဖယ်ပစ်လိုက်သည်။ သို့သော် ဂျပန် စစ်ဗိုလ်က သန်မာလှသည် ဖြစ်ရာ ဒေါ်ပန်းရုံကို သေနတ်ကိုင် လက်ဖြင့် ရိုက်ချလိုက်လေသည်။ ဒေါ်ပန်းရုံ ပုံကျ သွားသည့် အခါ မလှအုံ၏ ကြောက်လန့် တကြားအော်သံက ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တော့သည်။ ဒေါ်ပန်းရုံမှာ မြေပေါ် ခွေခွေ ကလေးလဲကျနေကာ နားထင်က သွေးတွေ တတွေတွေ စီးကျ နေလေပြီ။ ဂျပန်စစ်ဗိုလ်၏ ခံစားမှု မပါသည့် အေးစက်စက် မျက်နှာက သွေးအေးအေးဖြင့် ရက်စက်မည့်ပုံ ရှိနေခဲ့သည်။ ထူဝိုင်းဝိုင်း မျက်မှန်ထဲက မျက်လုံး မှေးမှေးသည် ဘာကိုမှမမြင် ရသော ကြောင်တောင်ကန်း လင်းနို့တစ်ကောင် ပမာ ဦးသာထန်ကိုသာ စိုက်စိုက်ကြီး ကြည့်လျက်ရှိ၏။ ဂျပန်စစ်ဗိုလ်က လဲကျသွားသော ဒေါ်ပန်းရုံကို တစ်ချက်ကလေး လှည့်မကြည့်ဘဲ သူ့ခြောက်လုံးပြူးကို အပေါ် မြှောက်တင်လိုက်၏။ သည်တစ်ခါမှာတော့ ဦးသာထန် ၀တ်ထားသော ပင်ဖြူတိုက်ပုံ အဟကြားက ရင်ဘတ်တည့်တည့်ကို ထောက်လိုက်ခြင်း ဖြစ်၏။ ဂျပန်စစ်ဗိုလ်၏ နှုတ်ခမ်းတွေက တဆတ်ဆတ် လှုပ်လျက် ရှိရာ ထူထဲသော နှုတ်ခမ်းမွေး နှစ်ဘက်ကလည်း တဆတ်ဆတ် ခုန်လျက် ရှိနေလေ၏။ တောင့်တင်း လှသော လက်ကို ဆန့်ထားရင်းက အမှတ်စဉ် ရေတွက်နေသကဲ့သို့ တစ်စက္ကန့်ပြီး တစ်စက္ကန့် ကျော်ဖြတ်လျက် ရှိပါ၏။ ထိုစဉ်မှာပင် အိမ်တွင်း တိုင်ကပ်နာရီ ကြီးဆီက မနက်ခင်း ဆယ်နာရီထိုးသံ ဆယ်ချက်သည် ဒင်ခနဲ ဒင်ခနဲမြည်လာ ခဲ့သည်။ “ဒင်... ဒင်... ဒင်... ဒင်... ဒင်...” ဖိုးကူး၏ ငိုသံက အီခနဲထွက်လာခဲ့သည်။ ကြောက်ရွံ့ ထိတ်လန့်ခြင်း၊ ကြေကွဲဝမ်းနည်းခြင်း၊ ခိုးကိုးရာမဲ့ခြင်း စသည့် ခံစားမှုများ ဖိစီးလာခဲ့ရာက ငိုလိုက်ခြင်း ဖြစ်သည်။ ရက်စက်လှသော အနိဋ္ဌာရုံကို စက္ကန့်ပိုင်းအတွင်း မြင်လိုက်ရမှာကို မမြင်ဝံ့ မကြားဝံ့ ရှိနေခဲ့သည်။ မလှအုံက မြေပေါ်မှာ ထိုင်ချလိုက်ရင်း ဒေါ်ပန်းရုံကို ပေါင်ပေါ် ပွေ့တင်လိုက်သည်။ ကွဲသွားသော နဖူးစပ်က သွေးတွေ မြင်မကောင်းအောင် ထွက်နေတာကို လက်ဖ၀ါးဖြင့် သုတ်ပေး နေခဲ့သည်။ သွေးတွေ ပေကျံ နေသော လက်ဖ၀ါးကို အင်္ကျီရင်ဘတ်မှာ သုတ်နေ ခဲ့သဖြင့် မလှအုံ ရင်ဘတ် တစ်ခုလုံး ချင်းချင်း ရဲလျက် ရှိပါ၏။ သည်နေ့မှ ကိုဖိုးငွေနှင့် ဖိုးတုတ်တို့ သားအဖနှစ်ယောက် စလုံး ပဲလုံးတိုက်ရန် မနက်စောစောကပင် တောထဲ လှည်းဖြင့် ထွက်သွားကြပေရာ သည်အချိန်ဆိုလျှင် တစ်ခေါက်ပြန်လာခါနီးကြပြီ။ မလှအုံမှာ လင်နှင့် သားအတွက် ပူမိရသည့် ကြားက သတိ မရသေးသော ဒေါ်ပန်းရုံအတွက် အပူကြီး ပူနေရ ရှာသည်။ မြင်ကွင်းက မကောင်းလှပါ။ သူကြီး ဦးသာထန်ကတော့ ကျရောက်လာသော ဘေးဆိုးကို ရင်ဆိုင်တော့မည့် အသွင်ဖြင့် မျက်စိကို စုံမှိတ်ထားလိုက် ရှာသည်။ ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ သေနတ်ရှိသော်လည်း အိမ်မှာ မရှိကြောင်း အကျောက်အကန် ပြောခ့ဲမိပြီ။ အခုမှ ရှိပါသည်၊ ယူပေးပါမည် ပြောလိုက်ရင်ကော။ တကယ်တော့ အင်္ဂလိပ်မင်းက သူ့ကို အသိအမှတ်ပြု ဆုချထားတာမို့ နှမြောသဖြင့် ၀ှက်ထားမိခြင်းသာ ဖြစ်၏။ သေနတ်ကို ခင်တွယ်တာထက်

ဂုဏ်ယူလိုခြင်း

သက်သက်

သာရှိပါ၏။

ဂျပန်စစ်သား

နှစ်ယောက်ကပါ

သေနတ်

ကိုယ်စီဖြင့်

125


ချိန်လျက်ရှိရာ စကားတစ်ခွန်း ထွက်ရန်ပင် လည်ချောင်းတွေ အက်ကွဲနေ သလို ခံစားနေရသည်။ အမှုပွဲစား ကျော်ဒင်ကတော့ သူမွှေခဲ့သည့်မီး သူမ ငြှိမ်းနိုင်တော့ သလို တွေတွေကြီး ရပ်နေလေသည်။ ထိုတစ်ဒင်္ဂကလေးမှာပင် ရိပ်ခနဲ လှုပ်ရှားသွားသော အရိပ်တစ်ရိပ်သည် အလွန် လျင်မြန်စွာ ကိုယ်ထင်ပြလိုက်သည့် ပမာ အားလုံး၏ ရှေ့မှောက်ကို ရောက်ရှိလာလေ၏။ လက်ထဲမှာ ပြောင်းရှည် နှစ်လုံးပြူး သေနတ်ကို ကိုင်ရင်း ပေါ်လာခဲ့ခြင်း ဖြစ်သည်။ မအိမ်ကံ...။ မအိမ်ကံက အမှုပွဲစား ကျော်ဒင်၏ လည်ချောင်းကို သေနတ်ပြောင်း ထောက်လိုက်ရင်း မောင်းကွင်းထဲကို လက်ညှိုး ထည့်ကာ ကွေးထားလိုက်သည်။ နည်းနည်းလောက် ညှစ်လိုက် ရုံဖြင့် ကျည်ဆံ ထွက်သွားရန်သာ ရှိတော့သည်။ ဦးသာထန်၏ ရင်ဘတ်ကို ချိန်ထားသော ဂျပန်စစ်ဗိုလ်၏ ခြောက်လုံးပြူး သေနတ်က မအိမ်ကံဘက်ကို လှည့်လိုက် သည်နှင့် တစ်ချိန်တည်း ဂျပန်စစ်သား နှစ်ယောက်၏ သေနတ်ရှည်ကြီး နှစ်လက်ကလည်း မအိမ်ကံဘက် ဆတ်ခနဲ ထိုးလှည့်လိုက်ကြသည်။ “မအိမ်ကံရေ...” ငယ်သံပါအောင် အော်လိုက်သော မလှအုံ၏ အသံက ကျယ်ကျယ် လောင်လောင်၊ စူးစူးဝါးဝါးကြီး ထွက်ပေါ် လာခဲ့ လေသည်။ ၂၂။ မအိမ်ကံကတော့ ဘာကိုမျှ ဂရုမစိုက်တော့ပြီ။ တစ်ဒင်္ဂအတွင်း မြင်လိုက်ရသော မြင်ကွင်းက ချောက်ချား စက်ဆုတ်ဖွယ် ကောင်းလှပေရာ ဖြစ်ချင်ရာ ဖြစ်တော့ သဘောဖြင့် ကြွက်လျှောက်တန်းပေါ်က နှစ်လူးပြူးကို ကောက်ယူလိုက်ပြီး ပဲမှော် တိုက်ပေါ်က ခုန်ချခဲ့ခြင်း ဖြစ်သည်။ ကျေးဥက လှမ်းတား လိုက်သေးသော်လည်း မရတော့ပါ။ ဆူပွက်နေသော သွေးတွေက မအိမ်ကံ တစ်ကိုယ်လုံး ဒရောသောပါး ပြေးလွှားနေပါ၏။ မအိမ်ကံ မျက်စိထဲမှာ ဘာကိုမှလည်း မမြင်တော့။ ဖအေကို သေနတ်ဖြင့် ချိန်ထားသော ဂျပန် စစ်ဗိုလ်ထက် အမျိုး သစ္စာဖောက် အမှုပွဲစား ကျော်ဒင်ကို မုန်းတီးလှစွာ နှစ်လုံးပြူးပြောင်းဝဖြင့် လည်မျိုကို ထောက်ထားလိုက်ခြင်း ဖြစ်သည်။ ပစ်လိုက်ချင်လှသော်လည်း မိဘ နှစ်ပါးနှင့် အသက်ချင်း လဲလိုက်ရာမှာကိုတော့ မဖြစ်ချင်။ သည်တော့ သေနတ်ဖြင့် ထောက်ထားရင်းက ခပ်မာမာ အော်လိုက်သည်။

“ကျော်ဒင် အမျိုး သစ္စာဖောက်။ ဒါ နင့်အကြံတွေ မဟုတ်လား။ သည်လောက် လိုချင်တဲ့ သေနတ် ယူသွားစမ်း။ ငါ့အဖေ အသက်နဲ့ လဲရလောက်အောင် တန်ဖိုး မရှိသဲ့ သေနတ်။ ခု ယူသွားစမ်း။ နင်တို့လည်း ခု ထွက်သွားစမ်း။ တစ်သက် တစ်သက်ချင်း နင်နဲ့ငါ တစ်ကွေ့ တွေ့ကြသေးသာပေါ့ဟယ်” အမှုပွဲစား ကျော်ဒင်က မအိမ်ကံထက် အသက်အရွယ် ကြီးပါ၏။ မအိမ်ကံက နာကြည်းစိတ်ဖြင့် တမင် မလေးမစား ခေါ်ဝေါ် သုံးနှုန်းလိုက်ခြင်း ဖြစ်သည်။ ကျော်ဒင်က နှစ်လုံးပြူး သေနတ်ကို လှမ်းမြင်လိုက်ရသည့် အခါမှတော့ ဂျပန် စစ်ဗိုလ်ကို ကမန်းကတန်း လှမ်းအော်လိုက်သည်။ ဂျပန် စစ်ဗိုလ်က မအိမ်ကံကို တစ်ချက် ပြူးကြည့်လိုက်ရင်း ချိန်ထားသည့် ခြောက်လုံးပြူးကို ချလိုက်သည့်အခါ ဂျပန် စစ်သား နှစ်ယောက်၏ သေနတ်တွေပါ ပုံမှန် ဖြစ်သွားကြလေသည်။ ဂျပန်စစ်ဗိုလ်က

မေးခွန်း

တွေမေးနေတာကို

ကျော်ဒင်က

ထစ်ထစ်ငေါ့ငေါ့

စကားလုံးရှာကာ

ပြန်ပြောနေသည်။

ဂျပန်စစ်ဗိုလ်က ဘာတွေ အော်လိုက်သည် မသိ။ ဂျပန်စစ်သား တစ်ယောက်က မအိမ်ကံ လက်ထဲက နှစ်လုံးပြူး သေနတ်ကို ဆွဲယူလိုက်သည်။ ဂျပန်စစ်ဗိုလ်က ခြောက်လုံးပြူး သေနတ်ကို ခါးကြားထိုးပြီး ချာခနဲ လှည့်ထွက် သွားတော့ ဂျပန်စစ်သား နှစ်ယောက်ကလည်း တန်းခနဲ ထက်ကြပ်မကွာ လိုက်သွားကြသည်။ ကျော်ဒင်က မအိမ်ကံကို တစ်ချက် လှမ်းကြည့်ရင်း လက်နှစ်ဖက်ကို ခါးမှာ စုံထောက် လိုက်၏။ မအိမ်ကံမှာ တစ်ကိုယ်လုံး ပေပွနေသည်။ ရက်ကန်းရုံ ရှင်းလင်း လက်စဆိုတော့ မျက်နှာပေါ်မှာ ပိုးမျှင်မည်းမည်း တွေခဲခဲလှုပ်ကာ မည်းသည်းနေပြီး ခေါင်းပေါင်းကြီး ဖြုတ်လာသဖြင့် ဆံပင်တွေက ဖရိုဖရဲနိုင်လှသည်။ ပဲမှော်တွေကလည်း တစ်ကိုယ်လုံး ဆံပင်တွေပါ မကျန် စူးဝင်နေသည်။ ဒေါသကြောင့် မျက်နှာကလည်း ခက်ထန် မာကြောလွန်းလှပါ၏။

126


“ကျုပ် ခင်ဗျားတို့ အားလုံးရဲ့အသက်ကို ကယ်လိုက်သယ် မှတ်ပါ။ မအိမ်ကံကို စိတ်မနှံ့သဲ့ မိန်းကလေးပါလို့ ကျုပ် ရှင်းပြ လိုက်ရသယ်။ မအိမ်ကံရေ နင်ပြောသလို တစ်ကွေ့တော့ တွေ့ကြရမယ်နဲ့တူပါရဲ့” “ဟုတ်သယ်။ ထင်းခွေရော ရေခပ်ရော ကြုံလိုက်ချင်လှသယ်။ အပွေးနဲ့အခေါက်၊ အသားနဲ့အနှစ် ခွဲကြသေးတာပေါ့” ကျော်ဒင်က မအိမ်ကံကို မဲ့ပြုံး တစ်ချက် ပြုံးကြည့်ပြီး သုတ်သုတ်ပါအောင် ထွက်သွားတော့သည်။ ဂျပန်စစ်ဗိုလ်နှင့် ကျော်ဒင်တို့ပြန်သွားတော့မှ သတိပြန်ရလာသော အမေပန်းရုံကို အိမ်ထဲ ပွေ့ယူခဲ့ကြရသည်။ ဦးသာထန်ကိုပါ အိပ်ရာပေါ် လှဲစေကာ ပြုစုကြရသည်။ အမေပန်းရုံ နဖူးအကွဲက သွေးမထွက်တော့ သော်လည်း သွေးစေးတွေ စေးကပ်နေသည်။ မလှအုံက ရေနွေးဖြင့် သန့်စင်ပေးရင်း ဆေးမှုန့်သိပ်သည်။ ဒေါ်ပန်းရုံက တစ်ချက်ကလေးပင် မညည်းရှာပါ။ ရက်ကန်းထည်ရက်စ သန့်သန့်ဖြင့် ခေါင်းကိုပတ်ပေးကာ အသာမှိန်းနေစေသည်။ ဦးသာထန်ကိုတော့ ပဲလုံးတိုက်ရာက ပြန်လာသော ကိုဖိုးငွေတို့ သားအဖက ပြုစုပေးနေပါ၏။ “ကျုပ်တို့က ပြန်လာသာကြာပြီ။ ရွာအနောက်ထိပ် ရောက်တော့ အိမ်မ၀င်ကြနဲ့ဦး။ ဂျပန်တွေ ရောက်နေသယ် ပြောလို့ လှည်းရပ်ပြီး စောင့်နေကြရသာ။ ကျော်ဒင် တော်တော် ရက်စက် ပါလား လှအုံရာ။ ကိုယ့်ရွာသူ ရွာသားချင်းကိုဟာ...” “သြော်... ကျုပ်တော့ လိပ်ပြာကို စင်ရော ကိုရင်ရေ။ ခုထိ ရင်ထဲ ဆိုးဆိုးဆတ်ဆတ်ကြီး။ မအိမ်ကံ ထွက်လာတော့ ဂျပန် စစ်ဗိုလ်က ထိုးပစ်လိုက်ပြီ မှတ်သာ။ တော်ပါသေးရဲ့ ငါ့ညီမလေး သေကံ မရောက်တော်” ကျေးဥကတော့ ပဲမှော်တိုက်ပေါ်မှာတင် ကြောက်သေးတွေ ပါနေလို့ မနည်း ဆွဲချယူရပါ၏။ ရွာထဲက လူတော်များများ ရောက်လာကြကာ လူနာမေး သတင်းမေး မစဲတော့ပါ။ ဒါကလည်း ရွာ့ဓလေ့ပင်။ လူမမာမေး၊ အကျိုးအကြောင်း မေးလိုက်ကြရမှ ၀တ္တရား ကျေတယ် အောက်မေ့ တတ်ကြပါ၏။ အေးအေးသက်သာ နားနေကြပါစေ မရှိ။ အကြောင်းကိစ္စ ပေါ်လာသည်နှင့် ရပ်ရွာက ရောက်လာ ကြမြဲဖြစ်သည်။ မေးကြ၊ မြန်းကြ၊ မှတ်ချက်တွေ ပေးကြ။ ကျိန်တဲ့ သူက ကျိန်ဆဲကြတာလည်း ရှိပါ၏။ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာလည်း ပါပါ၏။ အများကတော့ ကြီးတော်စံရွှေနှင့် အမှုပွဲစား ကျော်ဒင်တို့ကို မဲကြသည်။ ဂျပန်တက် ကတည်းက ဒင်းတို့ နှစ်ယောက် ခြေချင်း လိမ်နေကြကြောင်း၊ ကျော်ဒင်က ရွာအုပ်ချုပ်ရေးမှူး လိုလို ဘာလိုလို လုပ်နေပြီး ကြီးတော် စံရွှေကတော့ လာသမျှ ဂျပန်ကို ဒိုင်ခံ ဧည့်ခံ နေကြောင်းတွေလည်း ပါသည်။ ဒေါ်ပန်းရုံကတော့ အမှု ပွဲစား ကျော်ဒင်ကို ကြံဖန်ပြီး ကျေးဇူး တင်နေခဲ့ပါ၏။ သူက မအိမ်ကံကို စိတ်မနှံ့သူပါ ပြောလိုက်သဖြင့် အသက် ချမ်းသာရာ ရသွားခဲ့တာ မဟုတ်လား။ မအိမ်ကံကတော့ ကျော်ဒင်ကို အခဲ မကျေနိုင်ဘဲ ရှိပါ၏။ သူမ တစ်သက်လုံး မိခင်နှင့် ဖခင်ကို ရွာက တရိုတသေ ရှိခဲ့ကြတာကိုပဲ မြင်ခဲ့၊ ကြားခဲ့၊ တွေ့ခဲ့ရသည်။ အခုတော့ မိဘနှစ်ပါးကို ကိုယ်ထိ လက်ရောက် လာစော်ကားတာကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရတာမို့ အသည်းကို အပ်နှင့် ဆွလိုက်သကဲ့သို့ပင် နာကြည်း ခံပြင်းနေမိသည်။ သူကြီး ဦးသာထန်ကတော့ အိုကြီးအိုမ အရွယ်ရောက်ကာမှ ကိုယ်ထိလက်ရောက် စော်ကားခံရလေခြင်း ဆိုသည့် စိတ်နှင့် အိပ်ရာထဲ လဲလေတော့သည်။ အတော်ကလေး ခံစားလိုက်ရပုံ ရပါ၏။ ဘယ်သူ့ကိုမှ စကားဟဟ မပြောတော့ဘဲ အိပ်ရာထဲမှာပဲ အနေများခဲ့သည်။ နောက်နှစ်ရက်လောက် အကြာမှာတော့ ကိုဖိုးငွေက သတင်းတစ်ခု သယ်ဆောင်လာခဲ့သည်။ ထိန်ကုန်း သူကြီး ဦးဘဆယ်ကို သူ့ရွာမှာ ဂျပန် အသတ်ခံလိုက်ရသည် ဆိုသည့် သတင်း ဖြစ်ပါသည်။ ထိန်ကုန်း သူကြီးဦးဘဆယ်က သေနတ်ကို မအပ်နိုင်ကြောင်း ငြင်းဆန်ရာမှ ဂျပန်စစ်ဗိုလ်က လက်ပြန် ကြိုးတုပ်စေပြီး သူကြီး ၀ိုင်းတိုက်ထဲမှာပဲ အမျိုးမျိုး နှိပ်စက်ခဲ့ကြောင်း၊ နောက်ဆုံးမှာ ပစ်သတ် လိုက်ကြောင်းတွေပါ ကြားခဲ့ရသည် ဆို၏။ ရက်စက်လှသော သတင်းစကားကို ဦးသာထန် မကြား စေချင်။ ထိန်ကုန်းသူကြီး ဦးဘဆယ်က သူကြီးဦးသာထန်နှင့် ခင်မင် ရင်းနှီးရုံမက သူ့ရွာ၊ ကိုယ့်ရွာ အကျိုးအကြောင်း အဆက် အသွယ် ပြုနေကျ။ အင်္ဂလိပ်ပေးခဲ့သည် ဆိုသော သေနတ်တွေကို လိုက်သိမ်းနေတာကို မပြောသာသော်လည်း သည်လောက် အထိ ပြုရက်ကြလိမ့်မည် မထင်ခဲ့ကြ။ ရွာတွေမှာ ဂျပန်တွေက

127


နွားဆွဲ၊ ကြက်ဆွဲ လုပ်နေကြသည်။ လိုချင်စရာ ရှိလျှင် အတောင်းအရမ်း မရှိဘဲ ယူငင် တတ်ကြသည်။ ရွာ့မိန်းကလေးတွေကို ဆွဲချင်၊ လွဲချင်ကြတာကိုလည်း ကြားနေရပါ၏။ မအိမ်ကံနှင့် ကျေးဥလည်း ရွာထဲက ရွာပြင် မထွက်ကြတော့ဘဲ ရက်ကန်းရုံထဲမှာ အနေများ ကြတော့သည်။ အထည်တွေကိုတော့ ကိုဖိုးငွေတို့ သားအဖနှင့် သူကြီးတပည့်များက သွားပို့ပေးကြသည်။ တစ်ရက်မှာတော့ အဖေ ဖြစ်သူကို ဆန်ပြုတ်ခွံ့ရင်း မအိမ်ကံ စကားတွေ ပြောနေခဲ့ပါ၏။ ဦးသာထန်က ရောဂါကြီးကြီး မားမား မရှိဘဲ စိတ်ဓာတ်တွေ ပြိုဆင်း နေပေရာ မအိမ်ကံက မကြာခဏ ဆိုသလို ဖခင်ကြီး စိတ်သက်သာရာ ရကြောင်း စကားတွေ လာလာ ပြောတတ်သည်။ အခုလည်း မအိမ်ကံ အဖေ့အနား ရောက်လာခဲ့ခြင်း ဖြစ်ပါ၏။ “အဖေ နေကောင်းရဲ့လား” “ကောင်းပါ့ သမီးရယ်။ အဖေ့ကို မပူပါနဲ့အေ။ ခေတ်အခါက...” “ခေတ်အခါတွေ ဘာတွေ တွေးမနေပါနဲ့ အဖေရယ်။ အဖေ နေကောင်းအောင်သာ နေပါ။ အဖေတို့ အမေတို့ နေကောင်းထိုင်သာ ရှိဖို့ထက် တခြား ဘယ်ဟာမှ အရေးမကြီးဘူးနော် အဖေ” ဦးသာထန်က သမီးဖြစ်သူကို လှဲနေရင်းက ပြုံးကြည့် နေသည်။ အဖေပြုံးတာ မြင်ရတော့ မအိမ်ကံ ၀မ်းသာရပါ၏။ အဖေ စကား မပြောတာ ကြာပြီ။ ကျော်ဒင်လည်း ရွာက ပျောက်သွားတာ ကြာပြီ ဆိုတော့ ရွာမှာ ဆိုးဆိုးဝါးဝါး ဘာမှမကြားရတော့။ အဖေကတော့ ကျော်ဒင့်ကို အံ့သြ နေသည်။ ဂျပန်ဝင် လာပြီး မကြာခင်မှာပင် ဂျပန်စကားကို ပါးရည်နပ်ရည် မဟုတ်သော်မှ ပြောနိုင်သလောက် လိပ်ပတ်လည်အောင် ပြောတတ်တာကို အံ့သြနေခြင်း ဖြစ်သည်။ ဂျပန်စစ်ဗိုလ် ရိုက်လိုက်သည့် ဒဏ်ကြောင့် ဦးသာထန်မှာ ရှိသမျှ သွားကလေး ငုတ်စိတွေ ပြုတ်ထွက်ကုန်သည် အထိ ပြင်းထန်ခဲ့သည် ဖြစ်ရာ မအိမ်ကံ ကလည်း တွေးမိတိုင်း တဆစ်ဆစ် နာကျင်လျက်ရှိရပါ၏။ “ကျော်ဒင်ကတော့ ဇောင်ချမ်းကုန်းက ခွာပြီး တခြားရွာတွေများ ဒုက္ခ သွားပေးနေရော့ လားကွာ” အဖေကတော့ တစ်ခါတစ်ရံ သူ့လို ဒုက္ခရောက်ကြမှာကို စိုးရိမ်သလို ပြောနေ တတ်တာကိုလည်း မအိမ်ကံ ကြားနေရသည်။ အမေပန်းရုံကတော့ စိတ်ကူး တစ်မျိုး ရှိပုံရသည်။ မအိမ်ကံကိုပဲ အရိပ် တကြည့်ကြည့် ပိုမို ရှိလာခဲ့ပါ၏။ တစ်ရက် အဖေ အိုကြီးကို မအိမ်ကံ နှိပ်နယ်ပေးသခိုက် အမေပန်းရုံ အနားကို ရောက်လာခဲ့သည်။ ထိုနေ့က မလှအုံတို့တစ်တွေ တောထဲက စိုက်ခင်းတွေဘက် သီးနှံ သိမ်းသွားကြသည်။ အရီးကြာညွန့်နှင့် ကျေးဥတို့ သားအမိကတော့ ရက်ကန်းရုံထဲမှာ။ “ငါ့သမီးကို အမေ စကား ပြောချင်လို့ ကြည့်နေတာ။ ညည်းအဖေ နေကောင်းပြီ ဆိုတော့ ပြောရမယ့်စကား ပြောရတော့မှာပဲ။ ညည်းအဖေကိုလည်း တိုင်ပင် ပြီးပါပြီလေ” “ပြောပါ အမေ။ မအိမ်ကံ အကြောင်း ပြောစရာ ရှိလို့လား” “အေးပေါ့

သမီးရယ်။

ဆံထုံးတစ်ထောင်

သျှောင်တစ်လုံး

ဆိုသာလိုပဲ။

မိန်းမသားဆိုတာ

ဂရုမစိုက်ရင်

အမှိုက်

အဖတ်တင်သာမျိုး မဟုတ်လား” အမေ စကားတွေ ခံနေတာကို မအိမ်ကံ နားမလည်လှ သော်လည်း အရေးတကြီး စကားရှိလို့သာ သည်လို ပြောနေမှန်း ရင်နှင့်ခံစား လိုက်မိပါ၏။ အဖေ့ကို ကြည့်တော့လည်း အဖေက မျက်စိတွေ မှိတ်ထားသည်။ အမေပန်းရုံက စကားတွေ ဆက်ပြန်လေသည်။ “လိုရင်း ပြောရရင် သမီးကို အမေတို့ အိမ်ထောင်ချ ပေးချင်သယ်။ တစ်လောဆီက ဖြစ်ပျက်ခဲ့သာတွေဟာ ရတနာသုံးပါး

128


ဂုဏ်တော်ကြောင့်သာ သေကံ မရောက် ခဲ့ကြရသာ မဟုတ်လား။ အခုက ကာလဆိုးကြီးရယ်။ ဆင်ဝန်မင်း အရိပ်နဲ့ ဖောင်ဆိပ် ဓားပြတိုက်ကြသာတွေ ကြားနေရတော့ အဖေနဲ့ အမေက သမီးအတွက် ပူသယ်” “သြော် အမေရယ်။ မအိမ်ကံ...” “အေးပါ။ အမေတို့ ဖြစ်ချင်သာကို ပြောထားသာပါ။ ဘယ်သူ ဘယ်ဝါရယ်လို့လည်း မရည်မှန်း ရသေးပါဘူး။ သို့ပေတဲ့ ငါ့သမီး သည်ကိစ္စ ရှိနေသယ်လို့တော့ သိစေချင်သယ်။ လူကလေးများ ပြန်လာရင် သည်ကိစ္စ သူ့လည်း ပြောရမှာပေါ့အေ့” အစ်ကို မောင်မြတ်သာ ပြန်လာရင် မအိမ်ကံကို အိမ်ထောင်ချဖို့ ကိစ္စ ပြောကြမှာတဲ့လား။ အစ်ကိုကဖြင့် ပြောပြီးပါပြီ အမေရယ်လို့ မအိမ်ကံ ပြန်ပြောချင် လှသည်။ ပြောသာ ပြောရတာပါလေ။ အဖေတို့ အမေတို့ စိုးရိမ်မယ် ဆိုရင်လည်း စိုးရိမ်စရာ ကောင်းလှပါရဲ့။ ဂျပန်စစ်ဗိုလ် ၀င်လာသည့် နေ့က အကြောင်း တွေ ပြန်တွေးမိတိုင်း မအိမ်ကံ ရင်တွေ တဒိန်းဒိန်း ခုန်ခဲ့ရသည်။ အဖေနှင့်အမေ လဲနေသည့် ရက်တွေတုန်းက မမစိမ်းမြ လာရောက် ကူညီခဲ့သည်။ မမစိမ်းမြက သူ့ရက်ကန်းရုံကိုပင် ပစ်ထားခဲ့လာကာ စောင့်ရှောက် ခဲ့ရှာပါ၏။ အစ်ကို့ကိုလည်း အန္တရာယ်ကြားက ကဲ့ပေး၊ ၀ှက်ပေးခဲ့သည်။ တစ်ညမှာ ကျေးဥက မ၀ံ့မရဲ စကားတစ်ခွန်း ပြောခဲ့တာ မအိမ်ကံ မှတ်မိ နေသည်။ မမစိမ်းမြကို ရွာက အစ်ကိုမောင်မြတ်သာနှင့် တစ်မျိုး ထင်နေကြသတဲ့။ ကြားစကတော့ မဟုတ်နိုင်ပေါင် ကျေးဥ ရယ်။ အစ်ကိုနဲ့ မမစိမ်းမြ အဝေးကြီးပါအေလို့ပင် ငြင်းခဲ့သေးသည်။ မိဘ မောင်နှမချင်းပင် အတွေ့အထိ နည်းပါးရသူ အစ်ကိုနှင့် မမစိမ်းမြ ဘယ်လိုမှ မေတ္တာရည်စရာ အကြောင်း မရှိ။ မမစိမ်းမြ တစ်ယောက် မအိမ်ကံတို့ အိမ် အ၀င် အထွက်များတာနှင့်ပဲ ရွာက ထင်ကြရော့လား။ ဟုတ်တယ်ပဲ ဆိုပါဦးတော့။ မအိမ်ကံ အဖို့ ၀မ်းသာရမည်သာ။ မမစိမ်းမြက မိန်းမပီသသည်။ ရုပ်ရည် ချောမောသည်။ အကျင့်စာဂကလည်း ပြောစရာမရှိ။ သို့သော်လည်း သည်ဘက်ရက်တွေမှာ အဖေနှင့် အမေကို မမစိမ်းမြ လာလာပြီး ပြုစုပေးတာတွေ ရှိလာတော့ မအိမ်ကံ ကိုယ်တိုင်ပင် ဟုတ်များ နေရော့လား တွေးမိရပြီ။ “မြေညှိတော့ တုံးမညီ၊ တုံးညှိတော့ မြေမညီ မဖြစ်ရအောင်ပေါ့ သမီးရယ်။ သမီးကို အမေတို့ စိတ်ချ လက်ချ ရှိချင်သာပါပဲ။ ကျေးဥကိုလည်း ဖိုးတုတ်နဲ့ နေရာ ချထားပေးဖို့ မကြာညွန့်ကို နားဖောက်ပြီး ကြပြီ။ သမီးလည်း စဉ်းစားပါဦး။ အမေ ပြောချင်သာ သည်လောက်ပါအေ” အမေပန်းရုံကတော့ သည်လောက်ပဲ ပြောရှာပါ၏။ အမေ ပန်းရုံ ထသွားတော့ မအိမ်ကံလည်း ထလာခဲ့သည်။ အဖေ့ကို ရှက်လွန်းလှ၍ ဖြစ်သည်။ အဖေကတော့ အိပ်၍ပင် ပျော်နေလေပြီ။ သည့်နောက်ပိုင်း ရက်တွေမှာတော့ မအိမ်ကံ အတွေးတွေ များခဲ့ရသည်။ သည်အမိ သည်အဖနှင့် တစ်သက်လုံး နေရဖို့ဆိုတာကို မအိမ်ကံ မမျှော်လင့် စကောင်းမှန်းလည်း သိပါ၏။ ငယ်ရွယ်သူ မိန်းမသားပီပီ မေတ္တာဓာတ်ကလေး ပွင့်ချင်ချင် ဖြစ်မိတာလည်း မှန်ပါ၏။ သို့သော် မအိမ်ကံ၏ အတွင်းစိတ် တစ်စိတ်က ကလေး တစ်ယောက်လို နေချင်တာလည်း ရှိနေသည်။ အခုပဲကြည့်လေ။ အစ်ကိုမောင်မြတ်သာက မမစိမ်းမြနှင့် ဘာလိုလိုတဲ့။ ကျေးဥနဲ့ ဖိုးတုတ်လည်း စုံဖက်ကြတော့မည်တဲ့။ သာအောင်နှင့် ရွှေမှုံကတော့ကော။ မင်္ဂလာပွဲကြီးတောင် ကျင်းပပြီးခဲ့ကြပြီ။ သီတင်းကျွတ် လပြည့်ကျော်တုန်းက သူတို့ နှစ်ယောက် မင်္ဂလာပွဲကို မအိမ်ကံ ရောက်ဖြစ်အောင် ရောက်ခဲ့သည်။ မာနစိတ် ကလေးဖြင့် မအိမ်ကံကိုယ်တိုင် မျက်နှာသွား ပြခဲ့ခြင်း ဖြစ်သည်။ ရွာ့မျက်နှာကြီး မင်္ဂလာပွဲ ဆိုတော့ စည်လှသည်။ အဝေးရွာတွေက လှည်းတွေပင် လာကြတာ မနည်းလှ။ အသားဝါချော မအိမ်ကံက မြို့ထည် ပိုးချိတ်အ၀ါရောင်နှင့် ရှံဝါကလေး ၀တ်ထားသဖြင့်လည်း စိုပြည်ပြည်နဂို အသားအရေပင် ၀င်းအိ နေခဲ့သည်။ သတို့သမီး ရွှေမှုံပင် မအိမ်ကံကြောင့် မှိန်သွား ခဲ့ရသည်။ ကြီးတော်စံရွှေကပင် မအိမ်ကံ ရောက်လာခြင်းကို တစ်ဂုဏ် လုပ်နေခဲ့သေးသည်။ အညှိုးတွေ အတေးတွေ မရှိတော့ လေဟန် ဆက်ဆံနေသော်လည်း မအိမ်ကံက လုံးလုံးကြီး ယုံရဲခဲ့တာ မဟုတ်။ ဘာပဲဖြစ်ဖြစ် ခုတော့လည်း မအိမ်ကံမှာ ခူးတော့ သခွား၊ စားတော့ ဖရုံဖြစ်နေရတာ မဟုတ်လား။ ထိုရက်တွေက မအိမ်ကံ မပျော်လှပါ။ ထိုနေ့က အိမ်ရှေ့မှာ ကျီးတွေ သာနေသည်။ ကျီးတွေက တစ်ပြိုင်တည်း လိုလို အော်နေကြခြင်း ဖြစ်သဖြင့် အသံသာလျက်

129


ရှိပါသည်။ “အာ့... အာ့... အာ့...” မအိမ်ကံတို့ အိမ်က သစ်ကြီးဝါးကြီးတွေ ရှိသဖြင့် ငှက်တွေ အနေ များပါသည်။ မလှအုံက ဆွမ်းတော် စွန့်ရန် ခုံကလေးရိုက် ထားတော့ ရှဥ့်တွေ

တရုန်းရုန်း

လာစားကြတာလည်း ရှိပါ၏။

မအိမ်ကံနှင့်

ကျေးဥက ဒုတိယ

ဝါဆိုလကွယ်နေ့

ဥပုသ်ဆိုတော့ ဘုန်းကြီးကျောင်းကို ဆွမ်းပို့ရန် ပြင်ဆင်ထားကြရင်း ကျီးသာ သံကြားလိုက်ရတော့ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ရင်း

ပြုံးဖြစ်ကြသည်။

ကျီးတွေက

အသံသာလွန်း

လှတာမို့

ရွှေဧည့်သည်များ

လာလေမလား၊

ငွေဧည့်သည်များ လာလေ မလား။ “ကိုကြီး မြတ်သာရော၊ ဆရာလေး ကိုပြေသိမ်းရောပေါ် မလာသာ ကြာပြီနော် မအိမ်ကံ” “အစ်ကိုကတော့ ပျဉ်းမနားမှာတဲ့။ ကိုပြေသိမ်းကတော့ မိန်းမများ ရနေသလားမှ မသိသာအေ” မအိမ်ကံက အငေါ်တူးတာကို ကျေးဥက ရယ်သည်။ “ဟုတ်ထင်ပေါင်အေ။ ကိုပြေသိမ်းက တောသူ ယူမှာပါ” “ညည်း ဘယ်လင်က ပြောလို့တုံး” “သိပါ့အေ...” ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်း မလာတာ နှစ်ဝက် ကျိုးတော့မည်။ ဘာတွေလုပ်လို့ ဘယ်တွေရောက်နေ မှန်းလည်းမသိ။ ပက်ကျိ လမ်းသွားသလို အစေးအမျှင် ကလေးတွေ ထားခဲ့တာက လွဲလျှင် နောက်ထပ် လူမလာ၊ စာမပါး အနေများ ကြာခဲ့လေပြီ။ နေနိုင်သူက နေနိုင်မှတော့ မအိမ်ကံက မိန်းကလေး ပါရှင်ရေ့။ ခင်ပုပ်က ပျံမှတော့ ဘုတ်ကလည်း ပျံရတော့မပေါ့။ ပြောသာ ပြောရတာပါလေ။ မိန်းကလေး ဆိုတာ စိတ်ကလေးရှိတော့ ကိုယ်ကြွ၊ စိတ်ကလေးလေတော့ ကိုယ်ပါ နောက်ရသည့် အဖြစ်။ လွမ်းတာတောင် ရဲရဲမလွမ်းဝံ့။ နဖူးပေါ်က လိပ်ခွေ ဆံပင်၊ ပြုံးရိပ်ရိပ် မျက်နှာ၊ ကြည်ကြည် သန့်သန့် ကိုယ်မူကလေး ရှိသော ကိုလူပျိုကို လွမ်းသော်လည်း မဆိုင် သေးတော့လည်း မပိုင်သာ။ မလှအုံက ဆွမ်းရပြီဟေ့ ဆိုတော့မှ အိမ်ပေါ်က ဆင်းလာ ခဲ့ကြသည်။ ရင်ဖုံးလက်ရှည်

ကလေးနှင့်

ရက်ကန်းထည်

ပတ်လည်စင်းကလေး

ဝတ်ထားတော့လည်း

မအိမ်ကံက

ယဉ်ပါ၏။

ဘုန်းကြီးကျောင်း သွားတာ ဆိုတော့ ဖျင်တဘက် ကလေးတစ်ထည် လည်မှာ သိုင်းကာ သနပ်ခါး ရေကျဲကလေးဖြင့်သာ ထွက်လာခဲ့သည်။ ကျေးဥက ဆွမ်းအုပ်ကို ရွက်သည်။ မအိမ်ကံက နှီးယွန်း လက်ဆွဲ ဟင်းချိုင့်ကို ဆွဲကာ ကျောင်းဘက် လျှောက်ခဲ့ကြသည်။ ဆရာတော်ကြီးပင် သက်တော် ရလှပြီ။ မာတုန်းချာတုန်း။ အဖေ့ထက် ကြီးသော်လည်း အဖေ့ထက် ဖျတ်လတ်တော်မူသည်။ စကားပြောတော့လည်း လေမာသည်။ မအိမ်ကံက ဆွမ်း လက်ရောက်ကပ်တော့ ဆရာတော်ကြီးက မိန့်သည်။ “မအိမ်ကံ နင့်မိဘများ နေကောင်း ကြရဲ့လား။ ဘယ်သူ့ကိုမှ စိတ်မစွဲနဲ့လို့ ပြောလိုက်။ အကြောင်းပါရင် ဖယ်လို့ မရဘူး။ တို့ဘုရားရှင် ကိုယ်တော် မြတ်ကြီးတောင် ၀ဋ်ကြွေး မကင်းခဲ့ဘူးကွယ့်။ အကုသိုလ် မဆက်စေနဲ့တော့။ သံသရာ အပါမခံနဲ့တော့ ကြားလားဟဲ့” “ကြားပါ့ ဘုရား။ တပည့်တော်မ ပြောလိုက်ပါ့မယ် ဘုရား”

130


“မောင်ဥာဏ် ဆွမ်းလှယ်လှည့်” “တပည့်တော်မတို့ လှယ်ခဲ့ပါ့မယ် ဘုရား” “အေးအေး လှယ်ချေ” မအိမ်ကံတို့ ကျောင်းနောက်ဘက်ဆောင်မှာ ဆွမ်းတွေ လှယ်ကြသည်။ ကျောင်းသားကြီး မောင်ဥာဏ်က ပန်းကန်တွေ ချပေးတာကို မအိမ်ကံက ဆွမ်းဟင်းတွေ အလိုက်သင့် လှယ်ပါသည်။ ဆွမ်းချိုင့်နှင့် ဆွမ်းအုပ်ကို မလာခဲ့ကြတော့ ဆရာတော့် ရှေ့မှာ လူတစ်ယောက် ၀တ်ဖြည့်နေသည်။ မအိမ်ကံတို့ ကလည်း အမှတ်တမဲ့။ ဆရာတော်ကို ၀တ်ဖြည့်ဖို့ ထိုင်လိုက် တော့မှ... “ဟယ်... ကိုပြေသိမ်း” ကိုပြေသိမ်း။ မအိမ်ကံ ဘယ်လိုမှ မထင်မှတ်ထားပါ။ အထူးသဖြင့် ဘုန်းကြီးကျောင်းကို တကန်တက လိုက်လာလိမ့် မည်လို့လည်း မထင်။ မအိမ်ကံက ဘုရား ရုပ်ပွားတော်နှင့် ဆရာတော်ကို ကပျာကယာ ၀တ်ပြု လိုက်ရတော့သည်။ ရင်ထဲမှာ ဖော်မပြ နိုင်လောက်အောင် ၀မ်းသာမိရပါ၏။ အမျှော်ကြီး မျှော်ရသူရယ်။ လာမယ့် လာတော့လည်း ဆိုက်ဆိုက်ကြီးပါလား။ ပျံလေတဲ့ ငှက်ခါး တစ်ခါလာ နားပြန်ပါပကော။ “အခုပဲ ရောက်တာ မအိမ်ကံရဲ့။ အမေပန်းရုံတို့က ဘုန်းကြီးကျောင်း ဆွမ်းပို့ သွားကြတယ် ပြောတာနဲ့ ဆရာတော်ဘုရား ကန်တော့်ရင်း လိုက်လာတာ” မအိမ်ကံက ဆရာတော်ကို ကိုပြေသိမ်း အကြောင်း ပြောပြသည်။ ဆရာတော်က နိုင်ငံရေး၊ တိုင်းရေးပြည်ရေး အကြား အနာ ရုံရှိရုံမက မြို့က သတင်းစာဟောင်းတွေ အမြဲ ဖတ်တော်မူသူ မဟုတ်လား။ ကိုပြေသိမ်း အကြောင်း သိလိုက်ရတော့ ၀မ်းသာတော်မူသည်။ “တစ်လောက ကြည်တော်ကုန်းဘက်မယ် ကျောင်း ပြန်ဖွင့်တော့မလိုလို ကြားသာ မင်းတို့ပဲလား” “တင်ပါ့။ တပည့်တော်တို့ပါ ဘုရား။ အင်္ဂလိပ် မူလတန်း ပညာရေး ဥပဒေကခွင့်ပြုလို့ တပည့်တော်တို့ အကောင်အထည် ဖော်ဖို့ လုံးပန်းကြတုန်း အင်္ဂလိပ်က ဆုတ်သွားတော့ ကျောင်းကိစ္စလည်း ရပ်သွားရတာပါ ဘုရား။ အခုက ဂျပန်က အရှေ့အာရှတိုက် လူငယ်များ အစည်းအရုံးဆိုတာကို သည်ဘက်ရက်တွေ ထဲမှာပဲ ဖွဲ့ခွင့်ပြုလို့ တစ်ခါ ပြန်ဖွင့်ခွင့် ရပါပြီဘုရား” “အရှေ့ အာရှတိုက် လူငယ်များ အစည်းအရုံး ဆိုသာက ဘာတုံး။ ဘယ်သူ့လူတုံး” “ဂျပန်ကတော့ ပါတာပါပဲ ဘုရား။ မြန်မာလူငယ်တွေက ရည်ရွယ်ချက် တစ်ခုနဲ့ ဗလငါးတန် ဖွံ့ဖြိုးရေး အကြောင်းပြုပြီး ဖွဲ့လိုက်ကြတာပါ ဘုရား။ ဥက္ကဋ္ဌက ပုဂံဦးဘဂျမ်း ပါတဲ့ဘုရား” “ရန်ကုန်မြို့မှာ ဖွဲ့ကြသာလား” “တင်ပါ့ဘုရား။ ရည်ရွယ်ချက် ကတော့ စာသင်ကျောင်းတွေ စာဖတ်ခန်းတွေ ဖွင့်ဖို့၊ ဟောပြောပွဲတွေ၊ စကားရည်လုပွဲတွေ၊ ကျဘမ်းစကား ပြောပွဲတွေ လုပ်ကြဖို့၊ သိုင်းပညာ သင်ကြဖို့၊ အားကစား လိုက်စားကြဖို့က အစ ရပ်ကျိုး ရွာကျိုး၊ ရေတွင်း ရေကန်ဆယ်တာ အထိ ပါပါသဘုရား”

131


“ကောင်းလှသကွယ်။ ဒေါက်တာဘမော်က ခွင့်ပြုသာပေါ့ ဟုတ်ကဲ့လား” “ခွင့်ပြုပါသ ဘုရား။ ဂျပန်ကလည်း စစ်အောင်နိုင်ရေး အင်အားလို့ သဘောထားလို့ ဖွဲ့ခွင့်ရတာပါ ဘုရား။ သို့သော်လည်း လူငယ်တွေက ရည်ရွယ်ချက် ရှိကြပါသဘုရား” “မင်းက ဘာတာဝန်လဲ” “စည်းရုံးရေးမှူးပါ ဘုရား” ဆရာတော့် ကျောင်းက ဆင်းတော့ ကျောင်းလှေကားမှာ မအိမ်ကံက ကိုပြေသိမ်း ချွတ်ထားခဲ့သော ဖိနပ်ကို အလိုက်သင့် နေရာချပေးသည်။ ကျေးဥက ဆွမ်းအုပ်ကို ရွက်ရင်း ရှေ့က သွားနှင့်ပြီ။ ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောရင်း နောက်က လိုက်ခဲ့ကြသည်။ မအိမ်ကံ ရင်တွေ ခုန်နေရပြီ။ လာတော့လည်း ၀မ်းသာရတာပဲ မဟုတ်လား။ ကိုပြေသိမ်းက မအိမ်ကံတို့ အိမ်ကိုဝင်တော့ ဘုန်းကြီးကျောင်း သွားကြတယ် ပြောကတည်းက ဟန်ပင် မဆောင် နိုင်တော့ဘဲ မအိမ်ကံကို တွေ့ချင်လွန်းလို့ ထင်ချင်သလို ထင်ကြရော့ သဘောပိုက်ကာ လိုက်လာရကြောင်းတွေ ပြောလာခဲ့သည်။ မအိမ်ကံကတော့ ရှက်ပြုံးကလေး ပြုံးထား လိုက်ရပါ၏။ မအိမ်ကံကို တွေ့ချင်လွန်းလို့တဲ့လား။ နတ်လမ်း ရှည်ကြီးထဲ ရောက်လာခဲ့ကြပြီ။ “မအိမ်ကံကိုတော့ ခေါင်းထဲ ရှိသားပါလား ကိုပြေသိမ်းရယ်။ မေ့များ သွားပြီလား လို့ပါရှင်” “မမေ့ရပေါင်ဗျာ။ ရန်ကုန်ဘက် သွားနေရတာလေ။ မအိမ်ကံတို့ ရွာတွေဘက် ကျအောင် ဆရာကြီး ဦးဘခင်တို့ကပဲ ရန်ကုန် လွှတ်ပြီး စီစဉ်ခိုင်းလို့ သွားရတာပါ။ အခုတော့ ကျောင်းဖွင့်ခွင့် ပါရလို့ ၀မ်းသာမိတယ်။ မအိမ်ကံကကော သတိရလို့လား” မအိမ်ကံက ချက်ချင်း မဖြေ။ မျက်နှာကလေး ပြုံးထားသော်လည်း မျက်ရည်တွေ ၀ဲခဲ့ပြီ။ ရင်ထဲမှာ စကားတွေ ရှိသော်လည်း မိန်းကလေး ဆိုတော့ စကားလုံးတွေ ရွေးရပါ၏။ မအိမ်ကံကကော သတိရလို့လားတဲ့။ မယူလိုက်ရင် လမိုက်တယ်လို့ ဆိုရော့မည်။ ယူလိုက်ပြန်ရင် လကြိုက်တယ်လို့ ဆိုရော့မည်။ ဆေးတံတို တစ်ညှိုလောက် ရော့သောက်တော့ ပေးနေပြီ မဟုတ်လား။ “ချုပ်နေကျ အပ်များမတော့ သံချေး မတက်အားဘူးပေါ့ ကိုပြေသိမ်းရယ်။ မအိမ်ကံတို့မှာက မချုပ်ရတဲ့ အပ်ပါ။ သံချေးတွေနဲ့ပါ” ရည်းစားများတဲ့ လူကျတော့ အလွမ်း မနာတတ်ပေမယ့် တစ်ယောက် တစ်ရည်းစားမှာတော့ အလွမ်း နာရပါ၏ ဆိုသည့် သဘော

ပြောလိုက်ခြင်း

ဖြစ်ပါ၏။

ကိုပြေသိမ်းကလည်း

နားလည်ပုံရသည်။

မအိမ်ကံကို

တစ်ချက်ငဲ့ကြည့်သည်။

ကျောင်းနှင့် ရွာအ၀င်က လှမ်းသော်လည်း ရွာရိပ် ၀င်တော့မည်။ ကလေး တွေက ကျောင်းနတ်လမ်း အခန်းအဖျားဆီက သစ်ရိပ်မှာ ဆော့ကစား နေကြပါ၏။ နတ်လမ်းရှည်ကြီးက ရှေးဟောင်း နတ်လမ်းကြီး ဖြစ်သည်။ နတ်လမ်း တစ်ခန်းချင်းမှာ ကုသိုလ် ကောင်းမှု ရှင်တွေနာမည် ရေးထိုးထားသည်။ ရှေးကနာမည်တွေ။ အချို့ ပြင်ဆင်ထားသည့် နေရာတွေမှာတော့ ရွာက နာမည်တွေ လည်း တွေ့ရသည်။ ကိုပြေသိမ်းက နတ်လမ်းပေါ်က နာမည်တွေကို လိုက်ဖတ်ရင်း စကားမပြန်ဘဲ ရှိနေခဲ့သည်။ နတ်လမ်း တစ်လျှောက် လူသူမရှိ။ ကစားနေကြသည့် ကလေး တွေနှင့်လည်း ဝေးသေးသည်။ ကိုပြေသိမ်းက အတူလျှောက်ကြရင်း မအိမ်ကံ လက်ကလေးကို လှမ်းကိုင် လိုက်သည်။ အို...။ ရွာကတွေ့မှဖြင့်။ မအိမ်ကံက မသိမသာ ရုန်းသည်။ “ကျွန်တော်တော့ နတ်လမ်းထဲမှာပဲ ပြောချင်တဲ့ စကား ပြောတော့မယ်။ ကျွန်တော် မအိမ်ကံကို မေတ္တာ ရှိနေပါပြီ။ ကျွန်တော့်ကို ယုံပါတော့။ မြင်ရတဲ့နေ့က စပြီး ကျွန်တော် စွဲလန်း နေမိပါတယ် မအိမ်ကံ။ မအိမ်ကံကသာ ခွင့်ပြုရင် မိဘများကို ခေါ်ပြီး တောင်းရမ်း ပါရစေတော့”

132


မအိမ်ကံက ကိုင်ထားသည့် လက်ကို အသာအယာ ရုန်းလိုက်သည်။ ရောက်လာမည့် လာတော့လည်း လေလိုရောက် လာခဲ့သည်။ ပြောမယ့် ပြောတော့လည်း ဆိုင်းကလေး ဗုံကလေးတောင် မတို့တော့ပါလား ကိုမြို့သားရယ်။ ဟုတ်ပါပြီ တဲ့။ မိန်းကလေး တန်မဲ့ အမျှော်ကြီး မျှော်ခဲ့ရသော မေတ္တာစကားကို ပြောနေပြီကော မအိမ်ကံ။ ညည်း ဖြေကလှည့်။ မအိမ်ကံ စိတ်ကပဲ မအိမ်ကံကို မေးနေလေပြီ။ “ကိုပြေသိမ်းရယ် စံပယ်ကြူတုန်း ပန်သူပြုံးတာမျိုးလား ရှင်။ ကျွန်မတို့မှာ တောသူတွေပါ။ စံပယ်တုံးရင် မောင်ဖုန်း ပျောက်မှာ စိုးရပါသယ်။ တစ်ဘ၀စာ ကိစ္စ နတ်လမ်းထဲမှာပဲ ဖြေဖို့များ ခက်ပါသေးကောရှင်” “ကျွန်တော့် ရင်ထဲမှာရှိတဲ့ စကားပြောနှင့် ရတာပါ မအိမ်ကံရယ်။ အခါရာသီက မကောင်းရတဲ့ အထဲ ကျုပ်တို့ဘ၀တွေကလည်း နေ့လားညလား ဆိုတာမျိုးပါ။ တစ်ခေါက်ဆီ ကတည်းက ပြောချင်ခဲ့တဲ့ စကားပါ။ မအိမ်ကံပြောတာလည်း မှန်ပါရဲ့။ မအိမ်ကံ စကားပြန်တဲ့ အခါမှာတော့ ကျွန်တော် စိတ်ချမ်းသာပါရစီ မအိမ်ကံရယ်” မအိမ်ကံက ပြုံးပြလိုက်သည်။ နတ်လမ်းရိပ်က ကျော်ခဲ့ကြပြီ။ ရွာထဲဝင်သည့် လမ်းတွေထဲက တစ်လမ်းကို ချိုးခဲ့ကြသည်။ ဆွမ်းချိုင့် ဆွဲလာသည့် မအိမ်ကံကို ရွာက ၀ိုင်းကြည့်ကြပါ၏။ ကိုပြေသိမ်းကိုလည်း ကြည့်ကြသည်။ မအိမ်ကံ ရင်တွေ ခုန်လျက်က မျက်နှာများပင် ရှိန်းနွေးနွေး ဖြစ်နေရသည်။ သည် အရွယ် သည်အခြေ ရောက်ခဲ့ပြီ ဆိုသော်လည်း တစ်ပါး ယောက်ျားသားက ချစ်လှပါသည် ဆိုသည့် စကား မအိမ်ကံ မကြားဖူးခဲ့။ တောမြိုင် ကန္တာထဲမှာ ပွင့်ရသည့် ပန်း ဆိုတော့လည်း ခူးချင်၊ ဆွတ်ချင်သူတွေ ၀ိုင်းဝိုင်းလည်လှချည့် မဆိုသာပါ။ မအိမ်ကံကို မေတ္တာရှိသည်ပဲ ထားပါဦး။ မအိမ်ကံလို မိန်းမသား အဖို့ ဓာတ်အခိုက်နှင့် နတ်အကြိုက် ဆုံကျဖို့ မလွယ်။ ခုတော့ ကိုပြေသိမ်းက မေတ္တာရှိပါပြီတဲ့။ နှုတ်က မပြောသော်လည်း ရင်က လက်ခံမိခဲ့ပြီ။ အမေပန်းရုံက မအိမ်ကံတို့ နှစ်ယောက်သား ၀ိုင်းထဲဝင် လာတာကို ပြုံးကြည့်နေပါ၏။ အိမ်ထဲရောက်မှ ကိုပြေသိမ်းက အ၀တ်အစား အိတ်ကြီး ပါလာမှန်း သိရသည်။ ဒါဆို ကိုပြေသိမ်းက ရွာမှာ ကြာဦးမယ့် သဘောလား။ တခြားရွာကို သွားဦးမှာလား။ ဘာမှန်းတော့ မသိရသေး။ မအိမ်ကံမှာတော့ ရင်ခုန် မပျောက်ချင်။ လောလော လတ်လတ် ရည်းစားစကား အပြောခံရသူ မဟုတ်လား။ မပြောခင်တုန်းက မပြောလို့။ ပြောပြန်တော့လည်း ဖိန်းဖိန်းနွေးနွေး ရင်နှင့် အမျှပါလား။ မအိမ်ကံက တစ်ကိုယ်လုံး လေထဲကို မြောက်နေသလို ပေါ့ပါးနေခဲ့ရသည်။ ကိုပြေသိမ်း မေတ္တာစကား ပြောတာကို ဘယ်သူကမှ မသိသော်လည်း အဖေတို့ အမေတို့ကိုပင် ရဲရဲ မကြည့်ဝံ့ ဖြစ်ရသည်။ “မောင်ပြေသိမ်းက ကျောင်းလိုက်သွား စမ်းပါရစီ ဆိုလို့ သမီးရေ၊ ရောက်ရောက်ချင်း ထလိုက်သွားသာပဲ။ နေပါဦး တားတာတောင် မရပါဘူးအေ” ကိုပြေသိမ်း အထုပ်တွေ နေရာချပေးရင်း အမေပန်းရုံက စကားရိုးရိုး ပြောနေသော်လည်း မအိမ်ကံက မျက်နှာ ပူနေမိသည်။ ကိုပြေသိမ်းက အဖြစ်ပဲ သည်းသလိုလို အဓိပ္ပာယ်အငွေ့ ကလေးပါသည် မဟုတ်လား။ မအိမ်ကံကလည်း အလိုက်သင့် ဖြေရပါ၏။ “လိုက်လာသာ ခပ်ကောင်းကောင်းပါ အမေရယ်။ ဆရာတော်ကြီးက တိုင်းရေးပြည်ရေးတွေ မေးနေသာ အကြာကြီး။ ကိုပြေသိမ်းကလည်း မေးသမျှ ရှင်းပြလို့ ၀မ်းသာတော် မူရှာတယ်” ကိုပြေသိမ်းက ရေမိုးချိုး ထမင်းစားပြီးတော့ အိမ့်အောက်ထပ်မှာ အဖေတို့ အမေတို့နှင့် ၀ိုင်းဖွဲ့ စကားပြောကြသည်။ နှစ်ရက်သုံးရက်

အတွင်း

အစ်ကိုမောင်မြတ်သာလည်း

ရောက်လာတော့မည်

ဆိုလေရာ

မအိမ်ကံတို့

မိသားစု

ဝမ်းသာကြရသည်။ ကိုပြေသိမ်း ပြောသလောက် ဆိုလျှင် အစ်ကို မောင်မြတ်သာက ဘီဒီအေ ဗိုလ်ကလေး ဖြစ်နေပြီ ဆို၏။ ဘီဒီအေဗိုလ် ကလေး ဆိုတာ ဘာမှန်းမသိသော်လည်း မအိမ်ကံကတော့ ၀မ်းသာသည်။ ဟိုတုန်းကလို ပုန်းလျှိုးကွယ်လျှိုး

133


ဘ၀က အစ်ကို လွတ်မြောက် သွားရပြီပေါ့။ ဒါဆို အစ်ကို ရွာကို ပေါ်ပေါ်ထင်ထင်ကြီး ပြန်လာနိုင်တော့မည်။ မအိမ်ကံက ဘီဒီ အေဗိုလ်ကလေးရဲ့နှမပေါ့။ ကိုပြေသိမ်းကတော့ ဆရာတော်ကို လျှောက်တုန်းက ကြားခဲ့ရသလောက် အာရှလူငယ် စည်းရုံးရေးမှူးဆိုလား။ အဖေ့ကိုတော့ ကိုပြေသိမ်းက သေသေချာချာ ရှင်းပြသည်။ “အင်္ဂလိပ်ကို တိုက်ကြတုန်းကတော့ မြန်မာမျိုးချစ် လူငယ်တွေက ဂျပန်နဲ့ ပေါင်းတိုက်ကြရတာကိုး ခင်ဗျ။ အဲသည်တုန်း ကတော့ ဘီအိုင်အေ ခေါ်ပါတယ်။ ဗမာ့ လွတ်လပ်ရေး တပ်မတော်ပေါ့။ အခုတော့ ဂျပန်က လွတ်လပ်ရေး ပေးတော့မလို လိုဆိုနေတော့ ဗမာ့ကာကွယ်ရေး တပ်မတော်ရယ်လို့ ပြောင်းဖွဲ့ ကြရတယ်။ အင်္ဂလိပ်ရန်က တစ်ကျော့ကာကွယ်ရမယ့် သဘော ပေါ့။ ဒါကို ဘီဒီအေ ခေါ်ပါတယ်” “ကျုပ်သားက ဂျပန်စစ်ဗိုလ်လား မောင်ရာ။ လူတကာ ပါးရိုက်တဲ့ အလုပ်မျိုး လုပ်နေရသလား။ ဒါဆိုရင်တော့ ကျုပ် လက်မခံဘူး။ ရွာပြန် လယ်ထွန်ခိုင်းမယ်” “သူများ မျက်ရည်ပေါက် ကြီးငယ်ကျရတဲ့ အလုပ်မျိုး မလုပ်ရပေါင်ဗျာ” ကိုပြေသိမ်းက

မဟုတ်သည့်

အကြောင်း၊

ဘီဒီအေသည်

မြန်မာလူမျိုး

လူငယ်များနှင့်ဖွဲ့ထားသော

တိုင်းပြည်

ကာကွယ်ရေးတပ်ဖြစ်ကြောင်း၊ အချိန်တန်လျှင် ဂျပန်ကိုပါ မောင်းထုတ်ရန် အသွင်တစ်မျိုးဖြင့် ဖွဲ့စားစည်းထားခြင်းသာ ဖြစ်ကြောင်း၊ ဂျပန်တွေ ရက်စက်နေကြတာကို ဘီဒီအေကလည်း သိရှိနေကြောင်း၊ အချိန်မတိုင်သေးသရွေ့ ငြိမ်နေရခြင်းသာ ဖြစ်ကြောင်း ရှင်းပြရှာပါ၏။ သည်တော့မှ ဦးသာထန်နှင့် ဒေါ်ပန်းရုံလည်း ရင်အေး ကြရသည်။ “နို့... မောင်က ဘီဒီအေ မ၀င်ဘူးလား။ အခုက ဘယ်လို အလုပ်လဲ” “ဆရာကြီးတို့က အာရှလူငယ် အစည်းအရုံးမှာပဲ လုပ်ဖို့ တာဝန်ပေးပါတယ်။ အာရှလူငယ် ဆိုတာကလည်း ဘီဒီအေကို ကူညီမယ့် အမာခံ အဖွဲ့ပါပဲခင်ဗျာ။ ဗလငါးတန် ဖွံ့ဖြိုးရေး ရှေ့တန်းတင်ထားပေမယ့် ကိုမြတ်သာတို့နဲ့ တစ်သွေးတည်းပါပဲ” ထိုနေ့က

ပျော်စရာ

ကောင်းလှသည်။

ကျေးဥနှင့်မအိမ်ကံကပဲ

ကိုပြေသိမ်းကို

တောသရေစာ

အမြည်းတွေ

ကြော်လှော်ပေးပြီး ရေနွေးပွဲပြင်ပေးကာ အောက်ထပ်မှာ အနားယူစေသည်။ သည်အိမ်ကြီးမှာ ဖြစ်ပျက်ခဲ့သည့် ဂျပန်စစ်ဗိုလ် သေနတ်လာသိမ်းသည့် အကြောင်းတွေ ပြောပြတော့ ကိုပြေသိမ်းက စိတ်မကောင်း ဖြစ်နေခဲ့သည်။ မအိမ်ကံ နှစ်လုံးပြူး သေနတ်ကြီး ကိုင်ပြီး ထွက်လာတာကို ပြောပြတော့ ကိုပြေသိမ်းပင် မျက်လုံး ပြူးခဲ့ရသည်။ အာဂသတ္တိပါလား ဆိုသည့် မျက်နှာဖြင့် ကြည့်သည်။ မသေကောင်း မပျောက်ကောင်းပါလား မအိမ်ကံရယ် ဆိုသည့် ခံစားမှုက သူ့မျက်နှာပေါ်မှာ မြင်နေရပါ၏။ “သေနတ်ကို အဖေက ပဲမှော်တိုက် ကြွက်လျှောက်တန်းမှာ သိမ်းထားသာ မအိမ်ကံ သိသယ်။ အဖေ့ကို သေနတ်မပေးလို့ ရိုက်နှက် နေသံကြားတော့ မအိမ်ကံလည်း ဖြစ်ချင်ရာ ဖြစ်ဟယ် ဆိုပြီး သေနတ် ဆွဲဆင်းခဲ့သာပဲ။ ဂျပန်ဗိုလ်က သေနတ် လာအပ်သာလို့ ထင်ပုံရသယ်။ ဂျပန်လက်ကိုင် တုတ်ကျော်ဒင်က မအိမ်ကံကို ဦးနှောက် မကောင်းဘူး ပြောလိုက်သတဲ့” ဘာပဲဖြစ်ဖြစ် ကိုပြေသိမ်းက သည်မှာ နှစ်ရက် သုံးရက် နေပြီး အစ်ကိုမောင်မြတ်သာကို စောင့်မည် ဆိုတော့လည်း အစ်ကို တစ်ယောက် ရောက်လာသလို အားရှိရပါ၏။ ကိုပြေသိမ်း ပြောသလောက် ဆိုလျှင် ဇောင်ချမ်းကုန်းမှာပဲ ကျောင်းဖွင့်မည် ဆို၏။

အနားရွာတွေမှာ

အာရှလူငယ်

အဖွဲ့ကလေးတွေ

ဖွဲ့ကြရမည်လို့လည်း

ပြောနေသည်။

မအိမ်ကံကတော့

နိုင်ငံရေးကို သိလှသူ မဟုတ်သော်လည်း ရပ်ရေးရွာရေး ကိစ္စတွေမှာ ပါရတော့မှာကို ၀မ်းသာနေ သည်။ ဇောင်ချမ်းကုန်းမှာ လောကဓာတ်စာသင်ကျောင်းတစ် ကျောင်း ရှိစေချင်ခဲ့တာ ကြာပြီ။ အခုလည်း ရက်ကန်းသမ တွေကို အလုပ် ပေးထားနိုင်ပြီ။ တချို့ဈေးရောင်း ၀ါသနာ ပါသူတွေကို ငွေရင်း ထုတ်ပေးကာ ဈေးဆိုင်တည်စေခဲ့သည်။ နှစ်ပြည့်တော့ ငွေရင်းပြန်ဆပ်။ အတိုးမရှိ။ မဆပ်နိုင်လျှင်လည်း မအိမ်ကံကတော့ မတောင်း။ သည်လိုနှင့်ရွာမှာ ကုန်စုံဆိုင် ကလေးတွေ ရှိလာသည်။

134


သကြားတစ်ပွင့်၊ ဆားတစ်ပွင့် ရနေပြီ။ လယ်ရှိလျက် မျိုးမကြဲ နိုင်သူတွေကို မျိုးထုတ် ပေးသည်။ လယ်ပေါင်၊ ယာပေါင်၊ အိမ်ပေါင်၊ ရွှေပေါင်တွေ မအိမ်ကံ လုံးဝလက်မခံပါ။ တတ်နိုင်သမျှ ဖြည့်စွမ်း ပေးလိုက်သည်သာ။ ဂျပန်ခေတ် တစ်လျှောက် ဂျပန်စက္ကူတွေ သုံးလာကြရပြီ ဆိုသော် မအိမ်ကံတို့ ရွာတွေမှာ ထန်းလျက်နဲ့ပဲ လဲစားလို့ ရသေးသည်။ မအိမ်ကံ ကိုယ်တိုင်က နိုင်ငံရေး နားလည်လှ၍ မဟုတ်ဘဲ ရွာသူရွာသား၊ ဆင်းရဲသူ ဆင်းရဲသားတွေကို စာနာစိတ်ဖြင့် ဖေးမကူညီခြင်းသာ ဖြစ်ပါ၏။ ဒါကြောင့်လည်း မအိမ်ကံကို တစ်ရွာလုံးက ချစ်ခင် လေးစားကြသည်။ ရက်ကန်းရုံမှရသည့် အမြတ်အစွန်းကို မအိမ်ကံက ကိုယ်ကျိုးအတွက်မသုံးဘဲ ရပ် ရေးရွာရေးတွင်သုံးခဲ့သည်။ ရွာဦးဆရာတော်ကျောင်းရိပ်က သောက်ရေကန်ကြီးကိုဆယ်ကာ တာဘောင်ခတ်ပေးခဲ့သည်။ တစ်ရွာလုံးသုံးကြသည့် အများသုံးရေတွင်းမှာ စက်သီးတပ် လှူခဲ့သည်။ ရွာဦးဘုရားစေတီကို နှစ်စဉ် ထုံးသင်္ကန်းကပ်လှူရုံ မက ဘုရားရင်ပြင်တော်နှင့် အုတ်တံတိုင်းလှူဒါန်းခဲ့သည်။ ရွာအ၀င်အထွက် မတ်တတ်ရပ်တံခါးကြီးနှစ်ချပ်နှင့် ကင်းတဲ နှစ်လုံး ဆောက်လှူခဲ့သည်။ နွမ်းပါးသူတွေကို ထောက်ပံ့သည်။ တစ်ခါတလေ အိမ်ကပင် အဆစ်ပါ ရသေးသည်။ ဦးသာထန် နှင့် ဒေါ်ပန်းရုံတို့ကလည်း သမီးခြေ၊ သမီးလက် ခွင့်ပြုထား သဖြင့် မအိမ်ကံမှာ အခက်အခဲ မရှိခဲ့။ ကိုပြေသိမ်းတို့၊ အစ်ကို မောင်မြတ်သာတို့ လုပ်ကြမည့် လုပ်ငန်းတွေမှာ လိုသမျှ လှူဒါန်းဖို့ပင် စိတ်ကူးထားနှင့်လေပြီ။ “ဇောင်ချမ်းကုန်းမှာ ကျောင်းဆောက်မယ် ဆိုရင် မအိမ်ကံ ရွာ့ရှေ့က မဲပင်ကွင်း မြေတစ်ကွက် လှူမယ် ကိုပြေသိမ်း။ ကျောင်း အဆောက်အအုံတော့ အနီးအနား ရွာတွေပါ ၀ိုင်းရင် ဖြစ်ရမှာပေါ့” မအိမ်ကံက မိဘနှစ်ပါးရှေ့မှာပင် ကတိ ပေးဖြစ်ခဲ့သည်။ “ဒါဆိုရင် စာသင်ကျောင်းဆောင် အတွက်တော့ အဖေလှူ မယ် သမီး” ဦးသာထန်က လှိုက်လှိုက်လှဲလှဲ ဆိုလိုက်တော့ အမေပန်းရုံက သားအဖကိုကြည့်ကာ ပြုံးနေရှာပါ၏။ ညဘက်မှာတော့ ကိုပြေသိမ်း အနား တလျားလျားနေဖို့ မကောင်းတော့တာက တစ်ကြောင်း၊ အဖေတို့ အမေတို့ရှေ့မှာ အမူအရာတွေ ထူးခြားနေမှာ စိုးတာက တစ်ကြောင်းကြောင့် ကျေးဥနှင့် အိမ်ပေါ် တက်လာခဲ့ရသည်။ ကျေးဥက အိပ်ရာခင်းတော့ မအိမ်ကံ ၀ါးဘီးကလေးဖြင့် ခေါင်းရှင်းသည်။ ဆံပင် ကလေး တစ်ပတ်လျှို လိုက်ပြီးမှ ကျောဆန့် လိုက်သည်။ အပြင် ဘက်ခန်းမှ ဖိုးကူးပင် ရှိပုံမပေါ်။ ကိုပြေသိမ်း အနား မော့နေတုန်းပဲ ဖြစ်မည်။ မအိမ်ကံ စိတ်တွေက နတ်လမ်းကလေးထဲမှာ။ ကိုပြေသိမ်းက လက်ကလေး ကိုင်လိုက်တော့ မအိမ်ကံ သိမ့်ခနဲ တုန်သွားခဲ့တာကိုလည်း သတိရနေမိသည်။ “မအိမ်ကံ” “အင်...” ကျေးဥက စကား စသော်လည်း အသံထွက်မလာခဲ့။ ပြောမည်ပြုပြီးမှ ရပ်သွားခြင်းဖြစ်သည်။ “မအိမ်ကံကို ပြောစရာ ရှိလို့အေ့” “ပြောလေ ကျေးဥ။ ဘာပြဿနာများ သယ်လာပြန်ပြီ တုံးအေ” “မဟုတ်ရပါဘူး မအိမ်ကံရယ်။ ဟိုလေ... ငါ ဖိုးတုတ်နဲ့ မေတ္တာရှိနေပြီ။ အဲသာ ညည်းကို မပြောရဲသာနဲ့ မပြောသာ။ အမေလည်း သိသွားပြီ။ ကြီးပန်းရုံတို့က ပြောလိုက်သာတဲ့။ မအိမ်ကံကော သဘောတူရဲ့လား”

135


“ငါသိသာဖြင့် ကြာလှပေါ့ ကျေးဥရယ်” “ဟုတ်လား...။ အယ်တော်” “မထူးဆန်းပါဘူး ကျေးဥရယ်။ တစ်အိမ်တည်း နေကြရသဲ့ သူစိမ်းတွေပဲလေ။ သဘော မတူစရာလည်း မရှိပါဘူးဟယ်။ ၀မ်းတောင် သာပါသေးသယ် ကျေးဥရယ်။ မအိမ်ကံလည်း ကနေ့ပဲ မေတ္တာစကား အပြောခံရပြီ” “ဟယ်တော်... ဘယ်သူတုံး။ သည်ကနေ့ မအိမ်ကံနဲ့ငါ ဘုန်းကြီးကျောင်းနဲ့ အိမ်မှာပဲရှိကြတာပါ။ ဘယ်သူက ဘယ်အချိန် လာပြောသွားသာတုံးအေ” “ဘုန်းကြီးကျောင်းကအပြန် နတ်လမ်းရိပ်မှာ ကိုပြေသိမ်း က ပြောသာလေ” “အဲတော့... မအိမ်ကံက” “သူကတော့ အဝေးကြီးက သူစိမ်းပေါ့ ကျေးဥရယ်။ မအိမ်ကံ ၀မ်းထဲကတော့ လက်ခံပြီးသားပါ။ သူ့ကိုတော့ စကား မပြန်ရသေးပါဘူး။ ဒါပေမယ့် သူသိပုံပါအေရယ်” “ငါတော့ ၀မ်းသာပါ့အေ” တစ်အိပ်ရာထဲ အတူ အိပ်ကြရသော သူငယ်ချင်း နှစ်ယောက်။ ချစ်သူ ရှိနေကြပြီ ပြောဖြစ်ကြတာကလည်း တိုက်တိုက်ဆိုင်ဆိုင် တစ်ညတည်းပါလား။ တကယ်တော့ ပြောစရာလည်း တခြားလူ မရှိပါ။ ကျေးဥကတော့ ရေငုံ ထားခဲ့ရတာ ကြာပြီ။ မအိမ်ကံကို မပြောရဲတာလည်း အမှန်ပင်။ မအိမ်ကံ ကတော့ ရင်ခုန်တာပင် မပျောက်ချင်သေး။ နှစ်ယောက်သား ပြောစရာ ရှိတာပြောပြီး သွားကြသလို ငြိမ်သွားခဲ့ကြသည်။ အိပ်ပျော်သွားကြတာတော့လည်း မဟုတ်ပါ။ အတွေးကိုယ်စီ ရှိနေကြပုံဖြင့် စကား မပြောဖြစ်ကြတော့။ ကိုပြေသိမ်း၏ ချောမော သိမ်မွေ့သော မျက်နှာက မျက်လုံး မှိတ်ထားသည့်ကြားက တ၀ဲဝဲ ပေါ်လျက်ရှိပါ၏။ အောက်ထပ်ဆီက စကားပြောသံတွေ ကြားနေရသည်။ မအိမ်က အောက်ထပ်ကို ဆင်းချင်လှသော်လည်း မဆင်းဖြစ်ခဲ့။ ညက ရင့်သည်ထက် ရင့်လာခဲ့ပြီ။ လပေါင်းများစွာ မျှော်မော စောင့်စားခဲ့ရသော ချစ်ရသူ ကိုပြေသိမ်း တစ်ယောက် အခုတော့လည်း တစ်မိုးအောက်မှာ မအိမ်ကံနှင့် အတူ ရှိနေပါပြီကော။ “မအိမ်ကံ၊ ကျေးဥ... အပျိုမတွေသဲ့တော် အိပ်လိုက်ကြ သာ။ ဟဲ့... ကလေးမတွေ” မနက်ခင်း ဝေလီဝေလင်း။ မလှအုံက မအိမ်ကံကိုရော ကျေးဥကိုပါ အိမ်ပေါ်တက် နှိုးနေခြင်း ဖြစ်သည်။ မအိမ်ကံနှင့် ကျေးဥ နှစ်ယောက်စလုံး ငုတ်တုတ် ထထိုင်ကြသည်။ မအိမ်ကံမှာ ညက ညဥ့်နက်မှ အိပ်ပျော်သွားသဖြင့် အိပ်ရေးတော့ မ၀။ ကျေးဥပင် ကနေ့မှ အိပ်ရာထ နောက်ကျနေခဲ့သည်။ ခါတိုင်း မအိမ်ကံ နိုးချိန်ဆိုလျှင် ကျေးဥ မရှိတော့တာများသည်။ အခုလည်း ကျေးဥ ဆင်းမလာသဖြင့် မလှအုံ တက်နှိုးတာပဲဖြစ်မည်။ မအိမ်ကံက မလှအုံကို မျက်နှာကလေး အိုကာ ရန်တွေ့ လိုက်သည်။ “မလှအုံကလည်း ကျေးဥကို အသာနှိုးလို့ ရရဲ့သားနဲ့။ မအိမ်ကံပါ အိပ်ရေး ပျက်ပြီ” မလှအုံက မအိမ်ကံကို လက်တို့ကာ အနားကပ်သည်။ တိုးတိုးကလေး ပြောနေလေ၏။

136


“နှိုးသာက နှစ်ယောက် စလုံးကို နှိုးသာ။ သည်လို၊ မောင်ပြေသိမ်းတော့ မနိုးသေးဘူး။ မနက် ၆ နာရီ၊ ၇ နာရီ လောက် ဆရာကြည်တို့ ရွာတွေဘက် သွားချင်လို့သဲ့။ ညက စကားတွေ ပြောကြရင်းပြောလို့ ရီးပန်းရုံက ညည်းတို့ နှစ်ယောက်ကို ထည့်မလို့သဲ့။ အနောက်တန်းရွာတွေဘက် ရောက်ရအောင်လို့ ဖိုးတုတ် လှည်းမောင်း ပို့လိမ့်မယ်” “ဟုတ်လား မလှအုံ။ အမေက ထည့်မယ်သဲ့လား” “ညည်းအဖေရော အမေရော ထည့်သာပါအေ။ မောင့်နှမတွေ ခေါ်သွားပေါ့သဲ့” မအိမ်ကံ လှိုက်ခနဲ ၀မ်းသာ သွားရသည်။ အဖြေမပေးရသေးသော ချစ်သူနှင့် အနောက်တန်းရွာတွေဘက် လှည်းနှင့် သွားကြရမှာတဲ့။ ဖိုးတုတ်က လှည်းမောင်းပြီး ကျေးဥလည်း အဖော် အဖြစ်ပါမည်တဲ့။ မလှအုံ ဆင်းသွားတော့ မအိမ်ကံနှင့် ကျေးဥ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ပြုံးလိုက်ကြ သည်။ ကိုပြေသိမ်း မနိုးသေးဘူး ဆိုတော့ ရေချိုးလို့ ရသေးသည်။ မအိမ်ကံ အောက်ထပ်ကို အရင်ဆင်းသွားတော့ အမေ ပန်းရုံက နောက်ဖေးချောင်မှာ ထမင်းပင် ကြော်ပြီးနေပြီ။ မအိမ်ကံက ရင်ကလေး ရှားပြီး ခြုံတဘက် တစ်ထည်ခြုံကာ ရေချိုး ခုံဘက် ထွက်လာခဲ့သည်။ ဖိုးတုတ်ကို တွေ့တော့ ခိုင်းစရာလေး တစ်ခုရှိတာ ခိုင်းလိုက်ပြီး ရေးချိုးသည်။ ကျေးဥကတော့ ရေတွင်းမှာ ပြေးချိုးခြင်း ဖြစ်၏။ မအိမ်ကံဝင်လာတော့ အမေ ပန်းရုံက ရေနွေးဗန်း ချနေပြီ။ “သမီး လှအုံ ပြောသလား။ အနောက်တန်းရွာတွေဘက် မောင်ပြေသိမ်းက သွားချင်သတဲ့။ သူ့ခမျာ မောင်မြတ်သာမလာခင် ငုတ်တုတ် ထိုင်မနေချင်ဘူးနဲ့ တူပါရဲ့ကွယ်။ အဲသာ သမီးနဲ့ ကျေးဥလိုက်သွား။ ညတော့ မအိပ်နဲ့ကွယ်။ စောစော ပြန်ခဲ့ကြပေါ့” “ဟုတ်ကဲ့ အမေ” မအိမ်ကံနှင့် ကျေးဥတို့ ဖြီးလိမ်း ၀တ်စားနေကြခိုက်မှာပင် ကိုပြေသိမ်း နိုးလာသည်။ ရေမိုးချိုးပြီးတော့ အိမ်ရှင်ကျွေးသည့် ထမင်းကြော်စားကာ မအိမ်ကံတို့ ဆင်းအလာကို စောင့်နေလေသည်။ ဖိုးတုတ်က ထမင်းကြော် ကပျာကသီ စားပြီးသည်နှင့် လှည်းကောက်လေ၏။ မအိမ်ကံတို့ ဆင်းလာတော့ သွားဖို့ အသင့်ဖြစ်ကြပြီ။ မအိမ်ကံနှင့် ကျေးဥက ထမင်းကြော် မစားကြတော့။ နေမြင့်မှာ စိုး၍ ဖြစ်သည်။ ရွာ့အနောက် တာလမ်းက အကြော်တဲမှာ မုန့်ပေါင်းနှင့် အကြော်တွေ ၀ယ်စားကြဖို့ စီစဉ်ပြီးသား။ မအိမ်ကံက မနက် အလင်းရောင်ထဲမှာ ၀င်းမှည့်နေပါ၏။ ပုစွန်ဆီရောင် ဂျော်ဂျက်အင်္ကျီ လည်ထောင်ကလေးနှင့် ရှားညိုခံမှာ လိမ္မော်အသွေး သရက် ထည်ပွင့် ရိုက်ဆင်ကလေးက ပန်းပု ရုပ်ကလေး အသွင် ကြွလွန်း လှလွန်းလှပါ၏။ ဆွဲကြိုးကလေး တစ်ကုံး၊ လက်ကောက် တုတ်တုတ်ကလေး တစ်ကွင်းသာ ၀တ်ထားခဲ့သည်။ ပန်းအလွန်ကြိုက်သော မအိမ်ကံက ဆံထုံး ကလေး မြင့်မြင့်ထုံးကာ ဆံတောက် ကောက်ကလေးနှင့် ပန်းမပန်ဘဲ ရိုးရိုးရှင်းရှင်းသာ ထုံးဖွဲ့ထားပါ၏။ နားသယ်နှင့် ကုပ်မှ မွေးညင်းနုနုကလေးတွေကတော့ မျှင်မျှင် ကလေးကျ နေသည်။ လှည်းပေါ်တက်ကြတော့ အမေပန်းရုံနှင့် မလှအုံ တို့က စောစော ပြန်ခဲ့ကြနော်လို့ ထပ်မှာသည်။ ၀ိုင်းတိုက်ထဲက လှည်းထွက်လာတော့ နေပင် ကောင်းကောင်း မထွက်ချင်သေးပါ။ ခရုခွေ နောက်ထုံးကလေးနှင့် မျက်နှာကလေး ရှင်းသန့်နေသော မအိမ်ကံကို ကိုပြေသိမ်းက ငေးနေလေသည်။ သနပ်ခါးနံ့က သင်းသည်။ နွားနှစ်ကောင်က ခလောက်ကယ် ဒေါင်ဒင်၊ ထိပ်အုပ်၊ လည်ခွံပတ်၊ ၀မ်းပတ်၊ ဒူးတိုက်၊ ဘို့သိုင်း ကကြိုး စုံက ချူကုံးသံလွင်လွင်...။ “ဟဲ့ ဆိုကာ ကြိမ်တံမြှောက်ရုံနှင့်၊ လှည့်လိုရာတိမ်ယံ ရောက်နိုင်ရဲ့၊ အိမ်ခြံပေါက် နွားညီနောင်၊ အားစည်အောင် ပ၀စေကြောင်း၊ စားအီတောင်မှ ညနေစောင်း။ ဆောင်ခွင့်ကိုရွယ်၊ မောင်နှင့်မယ် တူယှဉ်တွဲပါလို့၊ နောင်တင့်တယ် လူမြင်ရဲကာမှ၊ ယူငင်ကာ ချူဆင်ပါ့မယ်၊ ပွဲဝင်မယ့် ချောင်းသူရဲ့ လှည်းယဉ် နှင့်မောင်း...”

137


သည်လှည်းကလေးတော့ လည်းယဉ် မဟုတ်ပါ။ လှည်းကြမ်း ဆိုသော်လည်း ပျော်စရာ ကောင်းလှပါ၏။ ကိုပြေသိမ်းက မအိမ်ကံကိုပဲ အရိပ်တကြည့်ကြည့် ရှိနေခဲ့သည်။ မအိမ်ကံက လှည်းဆောင် ပန်းခြေမှာ ဖိုးတုတ် ဖက်နှင့် ထုပ်လာသည့် အထုပ်ကို လှမ်းယူလိုက်သည်။ မနက်စောစော အိပ်ရာက နိုးတော့ ဖိုးတုတ်ကို ခူးခိုင်းလိုက်သော ပန်းထုပ်ကလေး။ ဖက်ကို အသာလှပ်လိုက်တော့ ဆပ်သွားဖူးပန်းတွေ။ ဆပ်သွားဖူး ပန်းနံ့ကလေးပင် ကြိုင်သွားခဲ့ပါ၏။ မအိမ်ကံက ပန်းထုပ် ကလေးကို ကိုပြေသိမ်း လက်ထဲ ထည့်လိုက်သည်။ “ကိုပြေသိမ်းနား ပန်ဖို့ပါရှင်” ကိုပြေသိမ်းက ပထမတော့ သိပ်နားမလည်လိုက်။ တဒင်္ဂ အတွင်းမှာပင် သတိရလိုက်သလို အားရ ၀မ်းသာ နမ်းကြူ လိုက်သည်။ တကယ်လည်း နားနှစ်ဖက်ကြား ထိုးပြ နေသဖြင့် မအိမ်ကံပင် ရယ်မိရသည်။ မအိမ်ကံက လက်ကလေးကို ဖြန့်ပေးလိုက်တော့ ကိုပြေသိမ်းက အုပ်ကိုင်လိုက်တာ မလွှတ် တော့။ မအိမ်ကံ၏ ဆံထုံးကလေးထဲကို ဆပ်သွားဖူးပန်းကလေး တစ်ငုံ ထိုးပန် ပေးလိုက်ပြန်သည်။ ကိုပြေသိမ်းက ပြုံးပြတော့ မအိမ်ကံကလည်း ပြန်ပြုံးပြပါ၏။ ကျေးဥက လှည်းရံတိုင် နှစ်ချောင်းကို ဆုပ်ကိုင်ရင်း တစ်ဖက်ကို လှည့်နေပါသည်။ လမ်းပေါ်မှာ လှည်းတစ်စီး တလေပင်မရှိ။ ကိုပြေသိမ်းက မအိမ်ကံ၏ လက်ချောင်း သွယ်သွယ်ကလေးတွေကို တစ်ချောင်းချင်း ကိုင်ကြည့်နေခဲ့သည်။ သည်တစ်ခါတော့ မအိမ်ကံ မရုန်းတော့ပါ။ မနက် နေရောင်ကလေး ကျလာလေပြီ။ တောလမ်း တစ်လျှောက် ချစ်သူတို့၏ ရင်ခုန်သံနှင့် လှည်းဘီး ကြိတ်သံကလွဲလျှင် ဘာမှမရှိ။ ရွာနှင့် ဝေးဝေး အစွန်က ညောင်ကြတ်ပင်ကြီးကို လှမ်းမြင်ရပြီ။ ညောင်ကြတ်ပင်ကြီးအောက်မှာ ခရီးလှည်းတွေကို မျှော်ရောင်းသည့် မုန့်ပေါင်းနှင့် အကြော်ဆိုင် ကလေးတွေ ရှိသည်။ ဖိုးတုတ်ကို လှမ်းသတိပေးရပါ၏။ “ဖိုးတုတ် အကြော်ဆိုင်တွေရှေ့ရောက်ရင် ခဏရပ်စမ်း ငါ့တူ” အနောက်တန်း ရွာတွေဘက်ကလှည်းတွေ အများဆုံး ဖြတ်ရသည့် နေရာဆိုတော့ သည်နေရာကလေးက လှည်းဆိပ်လိုဖြစ် နေသည်။ ကျပ်ခိုးတွေ မှောင်မှောင်ထိုးနေကြသည့်တဲတ စောင်းကလေးတွေ တဲချင်းယှက်လျက်ရှိ၏။ ရွာမုန့်တွေရနိုင် သည်။ မုန့်ချိုသွင်း၊ ကတိုးဝါ၊ မုန့်လုံးကြီး၊ မတ်ပဲကြော်၊ ပဲ ကပ်ကြော်၊ ပဲစာဥကြော်၊ ရေမုန့်၊ မုန့်ပေါင်း စသည်ဖြင့် ပူပူ နွေးနွေးရနိုင်သည်။ ဖိုးတုတ်က လှည်းရံတိုင်မှာ ကြိုးရစ်ခဲ့ပြီး ဖျိုးဖျိုးဖျတ်ဖျတ် ခုန်ဆင်းကာ မအိမ်ကံမှာသည့် မတ်ပဲကြော်နှင့် မုန့်ပေါင်းတွေဝယ်သည်။ “ဖိုးတုတ် ဆီပါ ဆမ်းခဲ့” မအိမ်ကံတို့လှည်း ရပ်လိုက်ပြီ ဆိုကတည်းက လူပေါင်းစုံ၊ လှည်းပေါင်းစုံက အာရုံ ရောက်နေကြသည်။ မအိမ်ကံကို သိကြသည့်ဈေးသည်တွေက ဆင်းပါဦး၊ နားပါဦး၊ ရေနွေးသောက် ပါဦးခေါ်ကြသည်။ မအိမ်ကံက ခရီးဆက်ရဦးမှာမို့ မဆင်းတော့ပါဘူး။ မမသောင်းရယ်၊ ကြီးတော်ညွန့်ရယ်၊ ဒေါ်ကြီး ပေရယ် စသည်ဖြင့် ခေါ်သမျှထူးရ နှုတ်ဆက် နေရပါ၏။ ကိုပြေသိမ်းကိုလည်း ကြည့်ကွက် ကြည့်ကွက် လုပ်ကြသည်။

“မအိမ်ကံရယ် ချောလိုက်သဲ့ မိန်းမနှယ်။ တောက်...” မအိမ်ကံတို့ လှည်းဆက်ထွက်လာတော့ ကြားလိုက်ရသော အသံ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ ချစ်သူ၏ အလှကို ကြည့်မ၀နိုင် ရှိရပါ၏။ ကျေးဥနှင့် ဖိုးတုတ်တို့ကို မုန့်တွေ ခွဲပေးလိုက်ပြီး ကိုပြေသိမ်း လက်ထဲကို မအိမ်ကံက မုန့်တွေ ထည့်ပေး လိုက်သည်။

138


“မုန့်ပေါင်းဆိုသာ နိမိတ်ကောင်းသယ် ကိုပြေသိမ်းရဲ့။ ပေါင်းရတဲ့မုန့်လို့ ပြောသာလေ။ မတ်ပဲကလည်း ထူထူမတ် မတ်ရှိသဲ့ နိမိတ်ကိုယူသာ” ကိုပြေသိမ်းကို ရွှန်းရွှန်းစားစား ကြည့်ရင်း ပြောလိုက်တော့ ကိုပြေသိမ်းပင် အံ့သြခဲ့ရသည်။ တောသူကလေး တစ်ယောက်၏ မေတ္တာသံယောဇဉ်က ရိုးစင်း လှပါလားလို့ တွေးမိပုံလည်း ရသည်။ မအိမ်ကံကို ပို၍ပင် လေးစားသွားခဲ့သည်။ အတိတ် နိမိတ် ယုံကြည်မှုသည်ပင် နက်ရှိုင်းလှသော စိတ်ခွန်အား မဟုတ် လား။ ကိုပြေသိမ်းက မုန့်ပေါင်းနှင့် မတ်ပဲကြော် ပူပူနွေးနွေးကို မအိမ်ကံနှင့်အတူ စားနေရတာကိုပဲ အဓိပ္ပာယ် တစ်ခု ရှိနေသလို ခံစားရပါ၏။ မအိမ်ကံ၏ ဆီတွေ ပေနေသော လက်ကလေးတွေကို ကိုပြေသိမ်းက သူ့လက်ကိုင်ပ၀ါဖြင့် သုတ်ပေးသည်။ ကျေးဥနှင့် ဖိုးတုတ်ကတော့ လှည်းဆောင် ပန်းခွက်ထဲမှာ အတူ တူထိုင်ကြရင်း တိတ်တိတ်ကလေး စားနေကြသည်။ လှည်းက ရွာတွေ ဘေးက ပန်းသွားရတာများတော့ ရွာရိပ် သစ်ရိပ်ကြီးတွေက အေးမြလှပါ၏။ ကြီးမားလွန်းသော ကုက္ကိုပင်ကြီးတွေ

အောက်ကဖြတ်ရသည်။

ပါးပျဉ်းတွေစူထွက်နေ

သောလက်ပံပင်အိုကြီးတွေအောက်ကဖြတ်ရသည်။

မုတ်ဆိတ် တွေ တန်းလန်းလန်းကျနေသောညောင်မုတ်ဆိတ်ပင်ကြီးတွေ အောက်ကဖြတ်ရသည်။ တစ်နေရာမှာတော့ သစ်ပင်တန်းကြီး ရှည်လှသည်။ ပြီးတော့ ရေချမ်းစင်ကလေး။ လှည်းရပ်ကာ ရေဆင်း သောက်ကြသည်။ မအိမ်ကံက ရေတစ်မှုတ် ဦးဦးဖျား ဖျားခပ်ပြီး ကိုပြေသိမ်းကို ကမ်းသည်။ ရေက အေးမြလှပါ၏။ “ရေချမ်းစင်ကလေးတွေ တည်ချင်သေးတယ် ကိုပြေသိမ်းရယ်။ ကိုပြေသိမ်းနဲ့ မအိမ်ကံ ကောင်းမှုပေါ့။ ရေချမ်းစင် ကုသိုလ်က ကြီးလှပကောရှင်” ဘယ်နေရာကို ကြည့်ကြည့် တောရိပ် တောသွေးတွေချည်း မြင်နေရသည်။ မအိမ်ကံက ရွာနာမည်ကလေးတွေကို ရွတ်ပြသည်။ လမ်းပေါ်မှာ လှည်းတွေ အကူးအလူး များလာခဲ့ပြီ။ ညောင်ငါးခွက ကျော်ပြီး ကြည်တော်ကုန်းကို ၀င်တော့ နေသာလှပြီ။ ဆရာကြည့်အိမ်ကို ၀င်ပြီး ကိုပြေသိမ်းနှင့် တွေ့ပေးရသည်။ ဖိုးတုတ်ကို လှည်းနှင့် အတူ ကိုပြေသိမ်းနှင့် ထားခဲ့ကာ မအိမ်ကံနှင့် ကျေးဥတို့ ဒွေးလေးခင်ငြိမ်းတို့ အိမ်ဘက် လျှောက်ခဲ့ ကြသည်။ မကြီးနှင့် မငယ်တို့ကို နေ့ခင်းစာစားဖို့ စီစဉ်ခိုင်းရပါ၏။ မအိမ်ကံ လာသည်ဆိုတော့ ကြည်တော်ကုန်းမှာ ပွဲခင်းထဲ မြွေဝင်သလို လှုပ်သွားရတော့သည်။ မအိမ်ကံက ဆွေဆွေ မျိုးမျိုးတွေကို ပေးတန်တဲ့ သူပေး၊ ကမ်းတန်တဲ့သူကမ်း ဆိုတော့လည်း ရွာကလေး လှုပ်သွားရတာ မဆန်းလှပါ။ ကိုပြေသိမ်းကိုမြင်တော့ ဆရာလေး ကိုတောက်ထိန်ကို လွမ်းသူတွေက လွမ်းကြရှာသည်။ ကျောင်းဆရာလေး ကိုပြေသိမ်းကို မအိမ်ကံနှင့် ဆက်စပ်ပြီး မြင်ကြသူတွေ ရှိသလို မမြင်ဝံ့ကြရှာသူတွေ လည်းရှိပါ၏။ ကြည်တော်ကုန်းမှာ တစ်နေခိုပြီး ညနေစောင်းတော့ မအိမ်ကံတို့ ပြန်ဖို့ပြင်ကြရပြီ။ “ကိုင်း... ဆရာလေး ကြုံတိုင်းသာ လာခဲ့တော့။ သည်ရွာကလည်း မအိမ်ကံတို့ အမျိုးတွေချည်းပဲဗျာ။ ဆရာလေးတို့ ရှင်းပြတော့လည်း လင်းရပါသဗျာ။ သည်ဘက်ရွာတွေတော့ ကျုပ် တာဝန်ထား။ ကိုင်း ပြန်ကြရော့...” တစ်နေကုန် ကိုပြေသိမ်းနှင့် စကားပြောရတာကိုပင် အားမရလေဟန်ဖြင့် ဆရာကြည်က ရွာရိပ်အထိ လိုက်လာရှာသေးသည်။ ဆရာကြည် အိုရှာပါပကော။ မအိမ်ကံက လှည်းပေါ်ကနေ ဆရာကြည့်ကို လက်အုပ်ချီရင်း နှုတ်ဆက်လိုက်ပါသည်။ ညနေရိုးရီမှာ

လှည်းကလေး

စီးပြီးပြန်လာခဲ့ရသည့်

လမ်းတစ်လျှောက်လုံး

မအိမ်ကံ

ပျော်ပါသည်။

ရွာကိုဝင်တော့

နေကလေးတောင် တိမ်းချင်ချင်။ မအိမ်ကံတို့ အိမ်ဝ ရောက်တော့ ၀ိုင်းတံခါးကြီးက ဟလျက်။ ဖိုးတုတ်က လှည်းကို တန်းပြီး မောင်းဝင်လိုက်သည်။ မအိမ်ကံ လှည်းယူသွားတော့ ရွာက လှည်းတိုက်ငှားကာ ပဲလုံးတွေ သယ်နေကြဟန်တူသည်။ တစ်လှည်းဝင် တစ်လှည်းထွက်ဆိုတော့ ၀ိုင်းတံခါးကြီး တောက်လျှောက် ဖွင့်ထားခြင်းဖြစ်မည်။ အမေပန်းရုံနှင့် မလှအုံက အိမ်ဝက ကြိုကြသည်။

139


“ဘယ့်နှယ်လဲ မောင်ပြေသိမ်း အဆင်ပြေခဲ့ရဲ့လား” “ပြေပါတယ်ခင်ဗျာ။ စိတ်လည်း ချမ်းသာခဲ့ပါတယ်။ အမျိုးတွေလည်း တွေ့ခဲ့ရပါတယ်” အားလုံး အထဲ ၀င်သွားကြတော့ ဖိုးတုတ်က လှည်းချွတ်ရန် အိမ်ဘေး နွားစာကျင်းဘက် မောင်းသွားခဲ့သည်။ မအိမ်ကံက အိမ်ထဲ မ၀င်သေးဘဲ ၀ိုင်းတံခါး ပိတ်ရန် ထွက်လာခဲ့သည်။ ပဲလှည်းတွေ လာလျှင် ဖွင့်ခိုင်းလိမ့်မည်။ လောလောဆယ်တော့ ပိတ်ထားတာ စိတ်အချရဆုံး မဟုတ်လား။ မအိမ်ကံက ၀ိုင်းတံခါး တစ်ချပ်ကို အရင်ဆွဲကပ်သည်။ နောက်တစ်ချပ်ဆီ အသွား။ ခြေသံကြောင့် မအိမ်ကံ လှည့်ကြည့် လိုက်သည်။ ဂျပန် စစ်ဝတ် စစ်စားနှင့် ဂျပန်စစ်ဗိုလ်။ တောင့်တောင့်ကြီး ရပ်လျက်။ ပြီးတော့ တစ်ယောက်တည်း။ မအိမ်ကံကို ပြုံးကြည့်နေသည်။ မအိမ်ကံ အသည်းတွေ အူတွေ ပြောင်းပြန် လန်သွားသလို တုန်ခိုက် သွားရလေသည်။ ၂၃။”ကံကလေး ...” အူအသည်းတွေ ပြောင်းပြန် လန်သွားလေသလား ထင်ရအောင် တုန်လှုပ်သွားခဲ့ရာက သူမ အမည်ကို ပီပီသသ ခေါ်လိုက်သံကြောင့် မအိမ်ကံမှာ သည်းကြီး အူပြတ် အထိတ်တလန့် ခံစားမှုမှ တအံ့တသြ ခံစားမှုကို ပြောင်းသွား ခဲ့ရသည်။ ရုတ်တရက် မြင်လိုက်ရစဉ်က ဂျပန် စစ်ဗိုလ် ၀တ်စုံကြောင့် ပြာဝေ သွားခဲ့သော မျက်စိကို သေသေချာချာ ပွတ်ကြည့်တော့မှ မျက်နှာကြီး ပြုံးထားသော အစ်ကို မောင်မြတ်သာမှန်း သိလိုက်ရတော့သည်။ “အစ်ကို ..” မအိမ်ကံက အစ်ကိုဖြစ်သူထံ ပြေးဝင်သွားပြီး မျက်နှာ အပ်ထားလိုက်သည်။ မောင်မြတ်သာကလည်း ပြေးဝင်လာသော နှမဖြစ်သူကို ဆီးထွေးပွေ့ရင်း သိုင်းဖက် ထားရှာပါ၏။ မအိမ်ကံမှာ အစ်ကိုဖြစ်သူ ပခုံးကို မျက်နှာအပ်ရင်းက မျက်ရည်များပင် တွေတွေ ကျလာခဲ့သည်။ ၀မ်းသာ ရှာလွန်းတာကြောင့် တစ်ကြောင်း၊ လူမြင်သူမြင် ပေါ်ပေါ်ထင်ထင် ရွာဝင်လာရှာတာက တစ်ကြောင်း ဆိုတော့ ၀မ်းသာရာက ကျသည့်မျက်ရည် များပင်။ “အစ်ကိုက စစ်ဗိုလ်ကြီးပေါ့။ ခုမှ ကြည့်ကောင်း သွားတော့သယ် အစ်ကိုရယ်။ မအိမ်ကံက ဂျပန် စစ်ဗိုလ် မှတ်သွားသာ လိပ်ပြာများတောင် စင်ရော့ အောက်မေ့မိသယ်။ အဖေနဲ့ အမေကတော့ ၀မ်းသာကြမယ့် အမျိုး။ ကိုပြေသိမ်းလည်း ရောက်နေလေရဲ့၊ အစ်ကို ဘာနဲ့ လာသာလဲဟင်။ အစ်ကို ရောက်လာသာ အားရှိလိုက်တာတော် “ မအိမ်ကံက ရင်ထဲ ရှိသမျှ စကားတွေကို ကတွတ်ရေပွင့် တရစပ်ကြီး ပြောနေခြင်း ဖြစ်ပါ၏။ မောင်မြတ်သာ ကတော့ နှမဖြစ်သူကို အလိုက်သင့် ဖက်ထားရင်း ခေါင်းကလေးကို ပွတ်နေမိသည်။ နှမကလေး အရွယ်ရောက်ပါပြီ ဆိုကတည်းက မောင်ကြီး တစ်ယောက် အနေဖြင့် ရင်အုပ်မကွာ စောင့်ရှောက်ခဲ့ရ။ မိန်းကလေး တန်မဲ့ မိအို၊ ဖအိုတို့ကို ကျွေးမွေး ပြုစု စောင့်ရှောက်ရုံမက သူ လိုသမျှ၊ သူ တောင်းခံသမျှ အကူအညီကို ရက်ရက် ရောရော ရှိရှာသော မိန်းကလေး။ တစ်သက်လုံး နိုင်ငံ့ အရေးဖြင့် ရုန်းထွေးရင်း နှလုံးသားတွေ ကြမ်းနေခဲ့သော ဗိုလ်ကလေး မြတ်သာ တစ်ယောက် နှမကလေးကို ပိုက်ထွေးရင်း မျက်ရည်များပင် လည်လာ မိတော့၏။ ပြီးတော့မှ အိမ်မကြီးဘက် နှမကို ဖက်ရင်း လျှောက်လာခဲ့သည်။ မောင်မြတ်သာနှင့် မအိမ်ကံ ၀ိုင်းမှာ တစ်ယောက် တစ်ယောက် ဖက်နေကြတာကို ဖျတ်ခနဲ မြင်လိုက်ရသော မလှအုံက ကျုံးအော်တော့သည်။

140


“ဟဲ့... လာကြပါဦး။ ဂျပန်စစ်ဗိုလ် မအိမ်ကံကို ဆွဲလွဲနေ ပါကောလား။ လုပ်ကြပါဦး မောင်ပြေသိမ်း။ မောင့်နှမ ဂျပန်စစ်ဗိုလ်က အတင်းဆွဲ နေလေရဲ့...” မလှအုံ အော်သံကြောင့် အမေပန်းရုံကော ကိုပြေသိမ်းပါ စိုးရိမ်တကြီး ပြေးထွက်လာကြသည်။ ဂျပန်စစ်ဗိုလ်က မအိမ်ကံ ပခုံးကို ဖက်လျက်။ အမေပန်းရုံခမျာ ဟပ်ထိုး လဲလုမတတ် ကြောက်လန့် သွားရှာသည်။ ကိုပြေသိမ်းက ၀ိုင်းဝကို ပြေးထွက် လာခဲ့၏။ မောင်မြတ်သာမှန်း သိတော့ ၀မ်းသာ သွားရှာသည်။ “သခင်မြတ်သာ...” “သခင်ပြေသိမ်း...” မောင်မြတ်သာက ပြေးလာသည့် ကိုပြေသိမ်းကိုပါ လက်တစ်ဖက်က သိုင်းဖက်ရင်း လျှောက်လာခဲ့သည်။ ဂျပန်စစ်ဗိုလ်က အလယ်က။ တစ်ဖက်မှာ မအိမ်ကံ၊ တစ်ဖက်မှာ ကိုပြေသိမ်း။ ဘယ့်နှာပါလိမ့်။ မလှအုံက အံ့သြခြင်းကြီးစွာ ငေးနေသကဲ့သို့ အမေပန်းရုံကလည်း မျက်လုံးကလေးတွေ မှေးကာ အကဲဖမ်း နေရှာပါ၏။ မောင်မြတ်သာက နှမနှင့် ကိုပြေသိမ်းကို လွှတ်လိုက်ပြီး ဒေါ်ပန်းရုံဘက် လျှောက်လာခဲ့သည်။ “အမေပန်းရုံ ကျွန်တော်ပါ။ မောင်မြတ်သာရယ်” “အလိုတော် မထိတ်သာ မလန့်သာ ငါ့သားရယ်။ ဟဲ့ လှအုံ ဖအေကြီး နောက်ဖေးမှာ သွားပြောစမ်း” “အံမယ်လေး မောင်မြတ်သာရယ်၊ ငါ့ဖြင့် ရင်ကို တုန်သွားသာပဲ။ မင်းလာလိုက်ရင် အမြဲတမ်း အထိတ်တလန့် ရှိရသာ ချည်းပါပဲလား ငါ့မောင်ရယ်” အမေပန်းရုံက ဂျပန်စစ်ဗိုလ် အ၀တ်အစား ၀တ်ထားသည့် သားကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။ ဖအေဦးသာထန် ပြောသလို လူတကာ မျက်မုန်း ကျိုးနေသည့် ဂျပန်စစ်ဗိုလ်များ ဖြစ်နေရော့လားလို့ တွေးနေမိသည်။ အိမ်ထဲမှာ ထိုင်မိကြတော့ သူကြီး ဦးသာထန်လည်း ရောက်လာခဲ့ပါ၏။ ဂျပန်ခေတ် ဘီဒီ အေ အ၀တ်အစားကလည်း ဂျပန် စစ်ဝတ်စစ်စားနှင့် မကွာလှပါ။ ဦးထုပ်တွင် အ၀ါရစ် ပတ်ထားပြီး ရှေ့တွင် အ၀ါရောင် ငါးမြှောင့်ပြားပေါ်တွင် ထောင့်ငါးထောင့် အစိမ်းရောင် ကြယ်တစ်ပွင့် ပါသည်။ အင်္ကျီကော်လာမှာတော့ ဒေါင်းရုပ် တံဆိပ်။ ဘယ်ဘက် ရင်အုံပေါ်မှာတော့ ငွေရောင်ရာထူး အဆင့် အတန်းပြ ဘားတန်းနှင့် ရာထူးပြ ကြယ်ပွင့်များ။ “ဘီဒီအေတပ်က သည်လို ၀တ်စုံဝတ်ရသာ အဖေ။ ရာထူးတွေတောင်းကြ၊ လုကြ။ မရလို့ ဆူကြ၊ ပူကြနဲ့ပါဗျာ။ တို့ဗမာ သခင်တွေကို သခင်မြတို့၊ သခင်ဗစိန်တို့၊ သခင်ထွန်း အုပ်တို့က ရာထူးခေါ်ပေး ကြလို့သာကိုး။ လွတ်လပ်ရေး အတွက် ထောင်ကျခံ၊ အဆင်းရဲ ခံရသူတွေခမျာ နောက်တန်း ရောက်နေ ကြရသယ်။ ရာထူး မရလို့ သတ်မယ် ပုတ်မယ်တွေ ကလည်းတစ်မျိုး။ အခွင့်အရေး သမားတွေကလည်း တစ်မျိုး” “နို့...ငါ့သားက ဘီဒီအေ စစ်ဗိုလ်ဆို စစ်များတိုက်နေရ ဦးမှာလားကွာ” “မတိုက်ရပါဘူး အဖေရာ။ အင်္ဂလိပ် ပြန်ဝင်လာရင် ကာကွယ်ရမယ့် တပ်အဖြစ် ဂျပန်က ဖွဲ့ခွင့် ပေးထားသာပါ။ ကျွန်တော်တို့မှာလည်း ရည်ရွယ်ချက် ရှိသေးသာကိုး အဖေရဲ့။ သဘောကတော့ ကျွန်တော်တို့ရော မောင်ပြေသိမ်းတို့ အာရှလူငယ် အစည်း အရုံးကပါ တစ်ချိန်မှာ ပေါင်းစည်းပြီး အားယူထားတဲ့ သဘောပဲ” အဖေနှင့် စကားတအောင့် ခဏပြောပြီး မောင်မြတ်သာက အ၀တ်အစား လဲလှယ်ကာ ထမင်းစားသည်။ ကိုပြေသိမ်းရော

141


အစ်ကိုဖြစ်သူတို့ပါ ရှိနေကြသဖြင့် တစ်အိမ်လုံး ၀မ်းသာ နေကြသလို မအိမ်ကံလည်း ပျော်သည်ပင်။ ဖိုးကူးကတော့ ကိုကြီး မြတ်သာ အနားက မခွာတော့။ ကိုကြီးမြတ်သာကို အင်္ဂလိပ် မျက်နှာဖြူတွေကို မောင်းထုတ် လိုက်နိုင်သော ဧရာမသူရဲကောင်းကြီး အဖြစ် အထင်ကြီး၍ မဆုံးတော့။ ကိုဖိုးငွေကတော့ မောင်မြတ်သာ ခါးကြားက ပြောင်းတိုကိုကြည့်ကာ မောင်မြတ်သာလည်း ဖအေလို သေနတ်ဆု ရလာသည် ထင်နေပါ၏။ “ငါ့ညီသေနတ်တော့ မသိဘူး။ ဦးလေး သေနတ်ကဖြင့် ရွာ ဓားပြတွေ ၀င်တုန်းက တစ်ခါလားပဲ ဖောက်လိုက်ရရဲ့” ဆိုလို့ ဦးသာထန်က တူဖြစ်သူကို ဇက်ပိုး လှမ်းအုပ်လိုက်သည်။ “အဖေ့ သေနတ် ဂျပန်တွေ သိမ်းသွားတဲ့ သတင်း ကျွန်တော် ကြားပါသယ်။ အန္တရာယ်ကင်းတာပေါ့ အဖေရာ။ အင်း... ကံကလေးလည်း ကံကောင်းလို့ ပါလားကွယ်” မတွေ့ရသည့် နှစ်တွေ အတွင်း အစ်ကို အတော်ကြီး ရင့်ကျက်သွားခဲ့ပြီ။ ခါတိုင်းလို ပုန်းလျှိုးကွယ်လျှိုး ဘ၀ဖြင့် ရွာကို ရောက်လာရခြင်းမျိုး မဟုတ်သဖြင့် သည်တစ်ချီတော့ သားအဖ တစ်တွေ လွတ်လွတ် လပ်လပ် ပျော်ပျော်ကြီး နေခွင့်ရတာကိုပဲ မအိမ်ကံ ၀မ်းသာလို့မဆုံး။ အစ်ကိုမောင်မြတ်သာက သည် တစ်ခေါက် ရွာမှာ ရက်နည်းနည်းတော့ နေခွင့်ရသည် ဆိုပါ၏။ ကိုပြေသိမ်းကလည်း အ၀တ်အစားတွေ တစ်အိတ်ကြီး ပါလာခဲ့သည်။ ရက်ကြာကြာ နေမည့် သဘော ထင်ပါရဲ့။ သည်ရက်တွေ ထဲမှာတော့ မအိမ်ကံတို့အိမ်မှာ လူတွေ တရုန်းရုန်းနှင့် ပျော်စရာ ကောင်းနေခဲ့သည်။ ညဘက်တွေမှာ အိမ်အောက်ထပ်တွင် စုကြပြီး စကားတွေ ပြောဖြစ်ကြသည်။ မအိမ်ကံကတော့ နားထောင်လို့ပင် မငြီးနိုင် ရှိရပါ၏။ ကိုပြေသိမ်း ပြောပြသည့် အတွေ့အကြုံတွေကလည်း ဆန်းကြယ်လှပါ သည်။ အစ်ကို ပြောပြသည့် နိုင်ငံရေး အတွေ့အကြုံ၊ တိုက်ပွဲ အတွေ့အကြုံတွေကလည်း ရင်တုန်စရာ ကောင်းလှပါ၏။ စကားလက်ဆုံ ပြော၍ပဲ မကုန်နိုင်ကြ။ ဦးသာထန်သည်ပင်လျှင် သည်ရက်ထဲမှာ အတော်ကလေး ထူထူထောင်ထောင် ရှိလာခဲ့သည်။ တစ်လျှောက်လုံး သားဖြစ်သူကို အလိုမကျ ဖြစ်ခဲ့ရသမျှ သည်တစ်ခေါက်မှာတော့ သားကို အရိပ် တကြည့်ကြည့်နှင့်။ “လူကလေး” ဆိုတာကလည်း ပါးစပ်ဖျား ကမချ။ မအိမ်ကံ စိတ်များ ချမ်းသာချက်တော့။ တစ်ရက်မှာတော့ ကိုပြေသိမ်း တစ်ယောက်တည်း အနောက်ရွာတွေဘက် ခရီးထွက်သွားခဲ့သည်။ အိမ်ကလှည်းနှင့် ဖိုးကူးက မောင်းပို့ခြင်း ဖြစ်သည်။ အစ်ကို မောင်မြတ်သာကလည်း မမစိမ်းမြတို့ အိမ်ဘက် ရောက်နေခဲ့သည်။ အမေပန်းရုံက မအိမ်ကံကို အနားထိုင်စေကာ မိသားစု ကိစ္စတွေ ပြောပြခဲ့ လေသည်။

“ငါ့သမီးလည်း အရွယ်ရောက်နေပြီ ဆိုတော့ အမေ့မှာ ပြောစရာ၊ တိုင်ပင်စရာဆိုလို့ သမီးပဲရှိသယ်။ သည်လို သမီးရဲ့။ သည်တစ်ခေါက် ညည်းအစ်ကို ပြန်လာသာ အကြောင်းရှိ သယ်အေ့။ စိမ်းမြကို မိသားဖသား ပီပီ တောင်းရမ်းပေးပါလို့ ပြောလှာသယ်။ သူတို့သူငယ်ချင်း မေတ္တာရှိကြဆိုလား။ အမေတို့ကလည်း မတားသာပါဘူးအေ။ ခမျာ အရွယ်လည်း ရရှာပါပြီ။ ကိုယ့်ရွာ သူပြန်လာသာပဲ တော်လှပြီ အောက်မေ့ရသာ။ လူကလေးခမျာလည်း အိမ်ပစ် ရာပစ် နေရသာ များလှပြီ ဆိုတော့ သားမယား သံယောဇဉ်လေးနဲ့ ခြေပြန်ချုပ်လိမ့်မယ် ထင်ရသာပဲ” မအိမ်ကံ ကြားထားတာတွေ အမှန်ပါပဲလား။ အစ်ကို မောင်မြတ်သာနဲ့ မမစိမ်းမြ ဘယ်တုန်း ဘယ်အခါကများ မေတ္တာရှိနေ ကြတာပါလိမ့်။ ရွာမကပ်ရသော အစ်ကိုက ရွာ့အပျိုကို ဘယ် အချိန်ကများ လှစ်ခနဲ ပိုးလိုက်တာပါလိမ့်။ မအိမ်ကံတွေးရ သလောက်တော့ ကိုယ့်ရွာ သူရွာသားချင်း ခင်မင် ရင်းစွဲရှိတာက လွဲလို့ ထင်းခွေရင်းလည်း မကြုံ၊ ရေခပ်ရင်းလည်း မကြုံနိုင်ပါဘဲလျက် အစ်ကိုထွက်ပြေးရစဉ်က မမစိမ်းမြတို့ ရက်ကန်းရုံပေါ် နှစ်ညတာ ခိုအောင်းခဲ့စဉ်က တွယ်ငြိခဲ့သော သံယောဇဉ်ပဲ ဖြစ်လိမ့် မည်ထင်၏။ ရွာက တီးတိုးတီးတိုး သဖန်းပိုးပြောတာ ကြားတယ်လို့ ကျေးဥကတော့ ပြောသား။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ ၀မ်းသာပါသည်။ မမစိမ်းမြလို မိန်းကလေးနှင့် သဘော မတူစရာ မရှိ။ အိမ်တွင်းရေး နိုင်နင်းသည်။ တောအလုပ် တောအကိုင်များတော့ ကျားစီးဖားစီး လုပ်နိုင်သည်။ မမစိမ်းမြကို ယောက်မတော်ရမှာ ဆိုတော့ သမီးယောက်မ တုပစရာ မရှိ။

142


“သည်တစ်ခေါက်ပဲ အပြီး ယူကြတော့မှာလား အမေပန်းရုံ” “တောင်းရမ်းပေးပါ ဆိုတော့ ယူကြရုံပေါ့။ တောင်းရမ်းသာက သတ်သတ်၊ မင်္ဂလာဆောင်မှာက သတ်သတ် လုပ်နေဖို့လည်း လူကလေးမှာ အချိန်မရှိဘူး ထင်ပါရဲ့အေ။ အဲသာ ငါ့သမီးကို အသိပေးသာ” သြော်... အစ်ကို အိမ်ထောင်ပြုတော့မှာပါလား ဆိုသည့် စိတ်ကလေး ၀င်လာတော့လည်း မအိမ်ကံ ၀မ်းနည်းရပါ၏။ သည်အစ်ကိုနှင့် သည်နှမ တစ်ဘ၀ ၀အောင်ပင် မနေလိုက်ရသလို ရှိခဲ့ရတာ မဟုတ်လား။ မအိမ်ကံ လူမှန်း သိရပြီဆိုကတည်းက အစ်ကိုက မြင်းခြံကို ရောက်နေခဲ့သည်။ မြင်းခြံမှာ ကျောင်းတက်ရင်းကပဲ နိုင်ငံရေးနယ်ထဲ ရောက်သွားခဲ့သည့် အတွက် ပိုလို့ပင် ဝေးခဲ့ရပါ၏။ တစ်ခါတစ်ရံ အဆက်အသွယ် လေးရသည့်အခါ ရတာက လွဲလျှင် ကိုယ့်အိမ် ကိုယ့်ရွာရယ်လို့ မကပ်နိုင်ခဲ့တာက ခပ်များများ။ အဖေ အသက်ရလာတော့ အစ်ကို့ကို မအိမ်ကံ မျှော်မိခဲ့သည်။ သည်အိုး၊ သည်အိမ်၊ သည်စည်းစိမ်တွေကို စောင့်ရှောက်ဖို့ ယောက်ျားသားရယ်လို့ အစ်ကို့ကို မျှော်မိခြင်းဖြစ်သည်။ အဖေနှင့်အမေကတော့ ရွာမှာ သြဇာရှိကြသေးသည့် အတွက် အများက အရိုအသေ ရှိကြသည် မှန်ပါ၏။ သို့သော် သည်အဖေ၊ သည်အမေ မျက်စိမှိတ်ကြပြီဆိုလျှင်တော့ မအိမ်ကံ တစ်ယောက်တည်း ရှိရတော့မည်။ အခု တော့ မအိမ်ကံမှာလည်း ချစ်သူရှိခဲ့ပြီ။ မအိမ်ကံ့ ဘ၀မှာ သူစိမ်း ၀င်လာသလို အစ်ကို့ဘ၀မှာလည်း သူစိမ်း ၀င်ခဲ့ပြီ။ သည်လိုဆိုတော့လည်း အစ်ကို့ကို ရွာမှာပဲ ရှိစေချင်ပါ၏။ အစ်ကိုကြီးတော့ အဖအရာ ဆိုသလို မအိမ်ကံ တစ်သက်လုံး အစ်ကို့ကို ရှိခိုးဦးတင် ထားချင်သည်။ အစ်ကိုကကော ရွာမှာ နေပါဦးမလား။ “အစ်ကို မင်္ဂလာဆောင်သာတော့ ဟုတ်ပါပြီ။ မမစိမ်းမြနဲ့ ယူပြီးရင် ရွာမှာ နေမှာသဲ့လား အမေ” သမီး မေးလိုက်သည့် မေးခွန်းကို ဒေါ်ပန်းရုံ သိပါ၏။ ဇောင်ချမ်းကုန်းမှာ မအိမ်ကံ တစ်ယောက်တည်း နေရမည့်ရက်တွေကို မျှော်မှန်းကာ

မေးလိုက်သာ

မဟုတ်လား။

သမီး

မေးလိုက်တော့လည်း

ဒေါ်ပန်းရုံ

မျက်ရည်ဝေ့ရသည်။

သမီးပျို

အားငယ်နေရော့လား။ “လောလောဆယ်တော့ မင်္ဂလာဆောင်ပြီးရင် စိမ်းမြကို ခေါ်သွားနိုင်ဦးမယ် မဟုတ်ပါဘူး။ သူတောင် ဘယ်လိုနေလို့ ဘယ်လို စားနေသလဲ မသိရသဲ့ဟာ။ စိမ်းမြတော့ အမေတို့ပဲ ခေါ်ထားမလို့။ သမီး သဘောကကော” “မမစိမ်းမြ သည်လာနေတော့ သမီးလည်း အဖော်ရသာပေါ့ အမေရယ်။ မမစိမ်းမြက သူ့ရက်ကန်းရုံနဲ့၊ သူ့မိ သူ့ဖနဲ့ သိုက်သိုက် ၀န်းဝန်းကြီး နေနေတဲ့ဟာ မအိမ်ကံတို့အိမ် လိုက်နေ ပါ့မလား အမေ။ အစ်ကို့ကို သူ့အိမ် ခေါ်သွားရင်ကော” “ညည်းအစ်ကို သဘောပေါ့အေ” အမေပန်းရုံ ထသွားတော့ မအိမ်ကံ တစ်ယောက်တည်း ကျန်ရစ်ခဲ့သည်။ ဘ၀တွေကလည်း ဆန်းကြယ် လှပါလားလို့လည်း တွေးမိပါ၏။ တကယ်တမ်း ကျတော့ ကိုယ့်ကိစ္စတွေနဲ့ ကိုယ်၊ ကိုယ့်ဘ၀နဲ့ကိုယ်၊ ကိုယ့်ခရီးနဲ့ ကိုယ်။ ကံအလှည့်သင့်ရာ သွားနေကြသူတွေချည်းပင်။ မအိမ်ကံ ကိုယ်တိုင်ပင် တစ်ရွာသား၊ တစ်မြို့သားကို မေတ္တာကမ်း ခဲ့ပြီးလေပြီ။ ကိုပြေသိမ်းကကော မအိမ်ကံနှင့် အိမ်ထောင်ပြုပြီးလျှင် ဘယ်မှာနေမှာတဲ့တုံး။ သူ့ရွာ ထနောင်းတိုင်ကို ခေါ်သွား မှာလား၊ မြို့ကိုခေါ်သွားမှာလား။ ဇောင်ချမ်းကုန်းလို ရွာမှာကော ဘ၀ပုံပြီး နေနိုင်မှာတဲ့လား။ ဇောင်ချမ်းကုန်းရွာမှာ ကျောင်းဆရာ လုပ်ရတုန်းတော့ နေချင်နေမှာပေါ့။ မနေချင်တော့ပါဘူး ဆိုသည့် အချိန် သျှောင်နောက် ဆံထုံးပါရတော့မည်။ သည်မြေ၊ သည်ရေ၊ သည်လေ၊ သည်ဘိုးဘွား ဇာတိရပ်ရွာကို မအိမ်ကံကော ထားရစ်ခဲ့နိုင်ပါ့မလား။ သည်တော၊ သည်ယာ၊ သည်စိုက်ခင်းများ၊ သည်သစ်၊ သည်ဝါး၊ သည်ထန်းတောများကို လင့်တစ်မျက်နှာနှင့် ချိန်ခွင်တင် ချိန်ရတော့မှာပါလား။ သည်လိုဆိုလျှင်တော့ မအိမ်ကံ မလိုက်ချင်ပါ။ အဖေနှင့် အမေတို့ အသက် အရွယ်ရလို့ ဖွ မတိုင်းကောင်း တိုင်းကောင်း မျက်စိမှိတ်ကြပြီ ဆိုဦးတော့ အဖေ့ရွာ၊ အမေ့ရွာ၊ ကိုယ့်ဇာတိရွာကို မအိမ်ကံ မထားရစ်ခဲ့နိုင်ပါ။ သည်ရွာကခွာလို့ တခြားတစ်ပါးမှာ ချမ်းသာကြွယ်ဝ ဘ၀ လှစေဦးတော့ ထိုသို့သော ဘ၀ကို မအိမ်ကံ တစ်ဆံခြည်စာမျှ မမက်ပြီ။

143


“ကိုပြေသိမ်းကို သည်ကိစ္စလေး ပြောထားရဦးမှာပါလား။ ခုရှုပ်မှ နောင်ရှင်း။ မသကာ သူ့ဆွေမျိုး၊ သူ့မိ၊ သူ့ဖ၊ သူ့ရွာ၊ သူ့ပြည် လိုက်ရစေဦးတော့ ခဏတစ်ဖြုတ်ပဲ ဖြစ်ရမှာပေါ့။ အရှည်သဖြင့်တော့ အဖြစ်မခံနိုင်ပါဘူး” မအိမ်ကံ တွေးနေမိခြင်း ဖြစ်သည်။ ယောက်ျားသား ဆိုတာ ချစ်တုန်းတော့ လုံးလုံး၊ မုန်းပြန်တော့ လားလားမဟုတ်လား။ သည်ကတိစကားကိုမှ ကိုပြေသိမ်း မပေးနိုင်လျှင် ရှိစေတော့လို့သာ ပိုင်းဖြတ်မိရပါ၏။ ကိုပြေသိမ်းကကော လိုက်လျောပါ့ မလား။ မအိမ်ကံ တောင်းဆိုတာကကော တရားရဲ့လား။ ကိုယ်ကမှ သူ့ရွာ သူ့ပြည် မလိုက်နိုင်ဘူး ဆိုမှတော့ သူကကော ကိုယ့်ရွာ ကိုယ့်ပြည်မှာ ရိုးမြေကျ နေနိုင်ပါ့မလား။ အခုပဲကြည့် လေ။ မိသားစုထဲမှာ သည်အိမ်ကြီးထဲမှာ ဖြစ်လာသည့် အကြောင်းတွေက မအိမ်ကံ တစ်သက် မစဉ်းစားခဲ့တာတွေ ချည်းပင်။ သည်အချိန်အထိတော့ မိသားစု အသိုက်မပျက်နေနိုင် ကြသေးသည်။ သည်အဖေ၊ သည်အမေ၊ သည်အစ်ကို၊ သည်နှမ ဘယ် လောက်များ အတူနေခွင့် ရကြ မှာပါလိမ့်။ အစ်ကိုနှင့်မမစိမ်းမြ တို့ အိမ်ထောင်ကျကြပြီ ဆိုပါတော့။ သူ့အိုး၊ သူ့အိမ်၊ သူ့ဘ၀ သူ့မိသားစု အရေးတွေထက် ဘယ်ဟာကများ အရေးကြီး တော့မှာလဲ။ မအိမ်ကံက ကော။ သားသမီးတွေ ပွားစီး လာကြဦးမည်။ သားရေး သမီးရေးတွေ ရှိလာလိမ့်မည်။ မအိမ်ကံသည်လည်း အမေပန်းရုံလို မိခင်နေရာက ရှိလာရတော့မည်။ မအိမ်ကံ ကလေးလို နေချင်လို့ ရတော့မည် မဟုတ်။ မအိမ်ကံကို အမေ ပန်းရုံက အုပ်ထိန်းခဲ့သလို မအိမ်ကံမှာလည်း သားသမီး တာဝန်တွေ တသီကြီး ထမ်းရတော့မည်။ သားသမီးလို့ စဉ်းစားမိတော့ မအိမ်ကံရင်ထဲက အနာဟောင်းသည် အိုင်းအနာလို ဖူးဖူးကြီး ရောင်လာရပြန်ပါ၏။ သည်ဘ၀မှာ သူအဖြစ်ချင်ဆုံးသော ရွာ့ကွမ်းတောင်ကိုင် ဘ၀နှင့် ဖက်စိမ်း ကွမ်းတောင်ကြီးကို မကိုင်ခဲ့ရတာကို သူ ကြေကွဲမဆုံး ရှိခဲ့ရသည်။ သည်နစ်နာမှုကို မအိမ်ကံ ကိုယ်တိုင်က ရှုံးနိမ့်မှု အဖြစ် ခံယူထားသည်။ ဘယ်သူ့ကို ရှုံးခဲ့တာလဲ ဆိုတော့လည်း တရားခံ ဆွဲပြစရာ မရှိ။ ကံကြမ္မာကို ရှုံးနိမ့်ခဲ့ရတာလို့ ပြောချင်လည်း ပြောနိုင်ပါ၏။ သို့သော် အနားမှာရှိသည့်လူ ဆွဲပြသည်ပဲ ဆိုဆို ရွှေမှုံ့ကို သူ ရှုံးနိမ့်ခဲ့ရသည်လို့ပဲ စိတ်ထဲ တေးထားခဲ့သည်။ “ရွှေမှုံ့ထက်သာတဲ့ ဘ၀ကို ငါ ရရမယ်။ ငါ ကွမ်းတောင်ကိုင် မဖြစ်ခဲ့တာထား။ ငါက မွေးတဲ့ ငါ့သမီးက ဇောင်ချမ်းကုန်းရွာ ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမယ်။ ဆရာကတော် မအိမ်ကံရဲ့ သမီးက ဖက်စိမ်းကွမ်းတောင် ကိုင်ရမှကို ဖြစ်မယ်” မအိမ်ကံရင်ထဲမှာ အပူငွေ့များဖြင့် ဗလောင်ဆူလျက် ရှိသည်။ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသည့် ကိစ္စ ခေါင်းထဲဝင်လာတော့ ဒေါသစိတ်တွေ တငွေ့ငွေ့ အူရပြန်ပါ၏။ အဖေနှင့်အမေတို့ အကြောင်းတွေးမိတော့ စိတ်မချမ်းသာ။ အစ်ကို့အကြောင်း တွေးမိတော့လည်း နှမြောမိသလိုလို၊ တွန့်တိုမိသလိုလို။ ကိုယ့် ဘ၀ ကိုယ့်အကြောင်း အတွေး ရောက်ပြန်တော့ နာကြည်းခံပြင်း မိရသည်။ သည်တစ်ထိုင်တည်းမှာပဲ မအိမ်ကံ စိတ်တွေ ခုနစ် ထွေအကလို ဘီလူးဖြစ်လိုက်၊ မျောက်ဖြစ်လိုက်။ မအိမ်ကံ ရက်ကန်းရုံဘက် ထွက်လာခဲ့သည်။ ရက်ကန်းသမကလေးတွေ ဆီက သီချင်းညည်းသံတွေ ကြားနေရသည်။ သူတို့များတော့ လည်း အပူအပင် မရှိကြသလိုပါပဲလား။ တစ်မနက်။ မအိမ်ကံ အိမ်ပေါ်မှာ ဘုရားပန်း လဲနေခဲ့သည်။ ရေကြည် သန့်သန့်တစ်ပုံး ဘုရားစင်ရှေ့တည်ကာ ဘုရားပန်းတွေ စိုက်ထားရင်း ပန်းဟောင်းတွေကို စွန့်သည်။ အနောက်တောဘက် မျိုးမြေပဲ သွားတင်ရင်း ဖိုးတုတ် ချိုးလာခဲ့သော အင်ကြင်းနီ ရိုးတံရှည်တွေကို တစ်တက်ချင်းရွေးကာ ရွက်ရင့်တွေ ခြွေသည်။ ပြီးတော့မှ ညောင်ရေအိုး သုံးလုံးကို ရေသန့်လဲကာ အမျှစီထိုးရပါ၏။ ပန်း၊ ရေချမ်းပါ ကပ်ပြီး အထမှာတော့ အစ်ကိုမောင်မြတ်သာကို မြင်လိုက်ရသည်။ “အစ်ကို ဘာလိုချင်လို့လဲ” “ဘာမှ မလိုပါဘူး ကံကလေးရယ်။ အစ်ကို ငါ့နှမနဲ့ စကားပြောချင်လို့ပါ” မအိမ်ကံ အစ်ကို့ အပါးမှာ ထိုင်ရပါ၏။ သည်တစ်ခေါက် အစ်ကို ရောက်လာခဲ့သော်လည်း မောင်နှမချင်း တစ်ခါမျှ

144


စကားလက်ဆုံ မကျသေးပါ။ အစ်ကိုနှင့် ကိုပြေသိမ်းတို့ နှစ်ယောက်စလုံး ရွာစဉ်လှည့်ကာ အလုပ်တွေ များနေကြတာ လည်းပါသလို ညဘက်ရောက်တော့လည်း စကားဝိုင်းဖွဲ့နေ တတ်ကြသည် မဟုတ်လား။ ဘယ်အချိန် အိပ်ရာဝင်လို့ ၀င်ကြမှန်းပင် မသိပါ။ ညဥ့်ကလေး နက်လာလျှင် မအိမ်ကံနှင့် ကျေးဥတို့က အိမ်ပေါ်တက်ကြမြဲ။ သမီးရည်းစား ရယ်လို့လည်း ကိုပြေသိမ်းအနား မအိမ်ကံ မကပ်ရဲပါ။ မိဘမောင်ဖားများရှေ့မှာ အနေအထိုင် သိုသိပ်ရတာကလည်း မအိမ်ကံတို့ မိန်းကလေးများ စောင့်ထိန်းရမည့် ဣနြေ္ဒပဲ မဟုတ်လား။ အစ်ကိုက မအိမ်ကံနှင့် ဘေးတိုက်အနေအထားမှာ ထိုင် ရင်း ဘာတစ်လုံးမျှ မပြောသေးပါ။ မအိမ်ကံကလည်း အစ်ကို ဘာတွေ ပြောမှာပါလိမ့်လို့ တွေးမနေတော့ပါ။ မအိမ်ကံစိတ်ထဲ သိနေသလိုလိုပင်။ ကိုပြေသိမ်းအကြောင်း ပြောကြရုံကလွဲလျှင် အခြား ဘာမျှမရှိနိုင်။ အစ်ကို့မျက်နှာကို မအိမ်ကံ စိုက်ကြည့်နေ လိုက်သည်။ အစ်ကို့မျက်နှာက နိုင်ငံရေးဆွေးနွေးတော့မည့် မျက်နှာမျိုး။ မျက်နှာက တည်ကြည်လွန်းလှသည်။ နှမဖြစ်သူ ကို ဘယ်စကားက စပြောရမှန်းမသိသလို တအောင့်တော့ အားယူနေပုံရပါ၏။ “ကံကလေး အစ်ကို ရေးလိုက်သဲ့စာ ဖတ်ပြီးပြီလို့ အစ်ကို ထင်သယ်။ ငါ့နှမသဘော မသိရပေမယ့် အစ်ကိုကတော့ ငါ့နှမ လက်ခံလိမ့်မယ်လို့ တွက်ပါရဲ့။ ကံကလေးလည်း အရွယ်ရပြီ။ အဖေကလည်း အသက်ကြီးရှာပြီ။ အမေပန်းရုံ ခမျာလည်း နဲ့ရှာပြီ။ အစ်ကိုဆိုသာတော့ တာဝန်တွေ မဲ့သလို ဖြစ်နေရသာလည်း သိပါရဲ့။ အစ်ကို့ ခံယူချက်ကတော့ တိုင်းပြည် လွတ်လပ်ရေးရမှပဲ နားမယ် စိတ်ကူးသယ်။ နှမအတွက် တော့ဖြင့် ရောက်လေရာမှာ ပူပန်မိသာ အမှန်ပါ။ နှမကို အိမ်ထောင်ရက်သား ချထားပေးချင်တယ်” “အစ်ကို့စာ ဖတ်ပြီးပါပြီ အစ်ကို။ မအိမ်ကံ မှန်သာပြော ပါရစေတော့။ ကိုပြေသိမ်းကလည်း မအိမ်ကံကို မေတ္တာစကား ပြောပါသယ်။ မအိမ်ကံကလည်း...” သည်စကားရောက်တော့ မအိမ်ကံ ရှေ့မဆက်ရဲ။ အစ်ကိုက ခေါင်းကြီး တစ်ဖက်စောင်းကာ နားထောင်နေပါ၏။ “မအိမ်ကံကလည်း လက်ခံလိုက်သယ် အစ်ကို။ အမေတို့တော့ မပြောရသေးပါဘူး။ ဒါပေသိ...” “ပြောပါ ငါ့နှမ ရင်ထဲရှိသာပြော” “မအိမ်ကံ ရွာက ခွာရမှာ စိုးသယ်။ အဖေတို့ အမေတို့ကို ခွဲရမှာစိုးသယ်။ ကိုပြေသိမ်းကိုတော့ ဒါတွေ မပြောရသေးပါဘူး” “နွားကောင်းမကောင်း ချောင်းတက်မှသိ၊ လူကောင်း မကောင်း ပေါင်းဖက်မှသိ ဆိုသလိုပဲ။ မောင်ပြေသိမ်း အကြောင်းတော့ အစ်ကို သိသင့်သလောက် သိပါသယ်။ နှမလေး စိတ်ထဲရှိသာ ပြောပြပေါ့။ တစ်ခုတော့စဉ်းစားပေါ့ ကံကလေးရယ်။ ပညာတတ်၊ ကျောင်းဆရာ၊ နိုင်ငံရေးသမား တစ်ယောက် ရွာမှာပဲ အရိုးထုတ်ဖို့တော့ ခက်ရှာမှာပေါ့။ လူက ဗွေတစ်ရာ ကြာတစ်လုံး ဆိုသူမျိုးဟ။ ရှားသယ်” မအိမ်ကံ အစ်ကို့ကို မရှက်နိုင်တော့ပါ။ အစ်ကိုကလည်း သဘောတူသည်။ မအိမ်ကံကလည်း မေတ္တာရှိပြီ ဆိုမှတော့ အဖေနှင့်အမေတို့ခမျာ သဘောမမျှစရာ မရှိနိုင်။ အစ်ကိုကတော့ ဗွေတစ်ရာ ကြာတစ်လုံး ဆိုနေပါပကော။ မအိမ်ကံက ခေါင်းကလေး ငုံ့ထားလိုက်သည်။ အစ်ကို့ဆီကလည်း အသံ မထွက်။ တစ်အောင့်နေတော့မှ အစ်ကို့အသံကြားရသည်။ “အဖေနဲ့အမေကို အစ်ကို ပြောလိုက်ပြီ” “အစ်ကိုရယ်...”

145


အစ်ကို့ကို မအိမ်ကံ အလန့်တကြား မော့ကြည့်လိုက်သည်။ အမေပန်းရုံ ကိုယ်တိုင်က မအိမ်ကံကို အိမ်ထောင်ချထားဖို့ တစ်လောတုန်းကပဲ ပြောခဲ့သည်။ သမီးခေါင်းထဲ ရောက်နေ စေချင်လို့ပါ ဆိုသည့် စကားကလွဲလို့ ဘယ်သူဘယ်ဝါ မပြောခဲ့။ အဲသလိုလည်း လူကောင် မတ်တတ်ရှိကြပုံမပေါ်။ အခုတော့ အစ်ကိုက အဖေတို့ အမေတို့ကို ပြောလိုက်ပြီ ဆိုပါပကော။ အမေ့မျက်နှာကို ဘယ်လိုကြည့်ရပါ့။ အဖေ့အနား ဘယ်လို သွားရပါ့။ အဖေတို့ အမေတို့ကို တစ်ရက်ရက်မှာ ပြောရမည်ကို သိထားပေသိ သည်လောက်ကြီး မြန်မြန် မသိစေချင်။ အစ်ကို ကကော ဘယ်လို ပြောလိုက်တာပါလိမ့်။ မအိမ်ကံ အစ်ကို့ကို မော့ကြည့်လိုက်သည်။ “မောင်ပြေသိမ်းက ကံကလေးကို မေတ္တာရှိနေသဲ့ အကြောင်း ပြောထားသာပါ။ အဖေကတော့ ငါ့သားပဲ သင့်တော်သလို စီမံပါတဲ့။ အဖေတို့ အမေတို့မှာ ရုန်းနိုင်မှ ချောင်းကျော်ရမယ့် အရွယ်တွေ ဆိုတော့ ငါ့သားသဘောမျှရင် ပြီးသာပါပဲသဲ့” မိဘနှစ်ပါး၏ သဘောကိုကြားရတော့ မအိမ်ကံ မျက်ရည်များ စို့တက် လာခဲ့ရသည်။ ရုန်းနိုင်မှ ချောင်းကျော်ရမယ့် အရွယ် တွေတဲ့လား။ မအိမ်ကံ တစ်ချက် ရှိုက်လိုက်တော့ အစ်ကိုဖြစ် သူက မေးကိုကိုင်ကာ မော့စေသည်။ “မငိုပါနဲ့ကွယ်။ ရေများဟာ နိမ့်ရာကို စီးကြသယ်။ မီးများဟာ မြင့်ရာကိုလောင်ကြသယ်။ ပြုပြင်စီရင်ခြင်းက ကင်းရသာ မရှိပါဘူး။ ငါ့နှမ ဘ၀လှဖို့ ဖြစ်လာ ရသယ် မှတ်ပါကွယ်” အစ်ကိုမောင်မြတ်သာ ထသွားတော့လည်း မအိမ်ကံ မထ သာခဲ့ပါ။ ဘုရားစင်ရှေ့မှာပဲ ထိုင်နေမိခဲ့သည်။ အစ်ကိုရော ကိုပြေသိမ်းရော အိမ်ရောက်လာကြခါမှ မအိမ်ကံ မျက်ရည်တွေ အခါခါကျခဲ့ရပြီ။ အိမ်ထောင်ရက်သား ချကြတော့မှာပါလား။ အနှစ်နှစ်ဆယ် လုံးလုံး ငုပ်လျှိုးနေခဲ့သော အချစ်ဆိုသော အရာက တစ်မြို့သားနှင့်တွေ့မှ ပဲပင်ကလေးတွေ အစို့ပြူသလို မင်္ဂလာညွန့်ကလေး စိုခဲ့ရသည်။ တစ်မြို့သားကို ချစ်ခဲ့မိသော်လည်း ဘ၀နှစ်ခု ပေါင်းစပ်ဖို့ရာတော့ ချက်ချင်း ဖြစ်မလာနိုင် သေးလို့ ထင်ခဲ့ပါ၏။ အခုတော့ အမေကလည်း ပြောပြီ၊ အစ်ကို ကလည်းပြောပြီ။ ပြန်စဉ်းစားကြည့်တော့လည်း မအိမ်ကံအဖို့ရာ ၀မ်းနည်းစရာ မရှိပြန်။ မအိမ်ကံမှာ ချစ်ရသူရှိပြီ။ ထိုချစ်ရ သူနှင့်လည်း မိဘများက သဘောတူ လက်ထပ်ခွင့်ပြုပြီ။ ဒါဖြင့် မအိမ်ကံကို ဘာက ၀မ်းနည်း စေမိတာလဲ။ မအိမ်ကံ ၀မ်းနည်းတာက မိရိပ်ဖရိပ်မှာ အကြောင့်ကြမဲ့စွာ နေထိုင်ခဲ့ရသူ အဖြစ်မှ တစ်ဘ၀ တစ်အိမ်ထောင် ထူရမှာကို ၀မ်းနည်းနေမိခြင်း ဖြစ်သည်။ သည်ကြားထဲ သည်ရပ်၊ သည်မြေက ခွာဖို့ဖြစ်လာလျှင် စလယ်ဝင် ဖင်မမြဲခင်က ကွဲရမည့် အဖြစ်တွေကို ကြိုမြင်မိတာလည်း ပါပါ၏။ ထိုညက အိပ်ရာ ၀င်ကြသည့်အခါ ကျေးဥကို ဖွင့်ပြောမိခဲ့သည်။ မျက်ရည်တွေလည်း ကျခဲ့ရပြန်ပါ၏။ “ကျေးဥရယ် ညည်းအဖြစ်ကမှ စိတ်ချမ်းသာ စရာပါအေ။ ဖိုးတုတ်နဲ့ညည်းက ကိုယ့်ရွာသူရွာသား ချင်းဆိုတော့ ဆင်းရဲ အတူ၊ ချမ်းသာအမျှ ဘ၀၀န်ကို ရုန်းနိုင်ကြပါရဲ့။ ငါ့မှာတော့ တစ်မြို့သားကို ကြိုက်ရသာ မှုတ်လား။ ကိုပြေသိမ်းနဲ့ ယူကာမှ မိရွာ ဖရွာက ခွာရမှာ တွေးပူနေမိသယ်” “ကိုပြေသိမ်းက မင်္ဂလာဆောင်ပြီး ခေါ်သွားမယ်ပြောလို့လား” “အဲသည်အထိတော့ မပြောကြ သေးပါဘူး။ တွေးပူရသာ ပေါ့အေ။ သူက ပညာတတ်။ ငါက ပညာမဲ့။ ကျီးနဲ့ခင်ပုပ်လို ဖြစ်မှာစိုးသာပါ” “မအိမ်ကံ သဘောတစ်ခု နေမှာပါအေရယ်။ ကိုပြေသိမ်းက လူ့သဘောကောင်းပါ။ မအိမ်ကံ စိတ်ဆင်းရဲအောင်တော့ မလုပ်တန်ကောင်းပါဘူး” ကျေးဥကပြောတော့ မအိမ်ကံ စိတ်ပြေ ရပြန်သည်။ မအိမ်ကံ တော်တော်နှင့် အိပ်မပျော်နိုင်ခဲ့။ ပြတင်းဝဆီက လရောင်တွေ ဖြာကျနေသဖြင့် အခန်း တစ်ခန်းလုံး လင်းနေသည်။ ညလေပြည်ထဲမှာ ပန်းရနံ့တွေ ဝေ့လာပြန်ပါ၏။ မအိမ်ကံ အသာကျုံးထ လာခဲ့သည်။ အဖေတို့ အမေတို့ကို ရင်မဆိုင်ရဲသဖြင့် တစ်နေကုန် အိမ်ကြီးပေါ်မှာပဲ အောင်းနေ ခဲ့မိသည်။ ခြေညောင်းလက်ဆန့်

146


အိမ်အောက်သို့ တအောင့် ဆင်းချင်လာသည်။ ကျေးဥကတော့ အိပ်နေလေပြီ။ ကိုပြေသိမ်းနှင့် ဝေးနေရသည့် ရက်တွေတုန်းကတော့ သည်လို လရောင်ကို မြင်ရတိုင်း လွမ်းစိတ်ကလေးတွေ ၀င်နေကျ။ သူ ဘယ်ဆီမှာလဲ တွေးကာ ရော်ရမ်းမိတာလည်း အခါခါပင်။ ထိုစဉ်ကများ လရောင်ထဲမှာ မျက်ရည်များပင် ကျမိခဲ့တာတွေ ရှိပါ၏။ အလွမ်းတကာထဲမှာ ချစ်သူကို လွမ်းရတာ အထိ ခိုက်ဆုံးလို့ပင် တွေးမိရသည် အထိပင်။ အခုတော့ ကိုပြေသိမ်းက အိမ်ကြီး အောက်ထပ်မှာ ရောက်နေပြီ။ စောစောပိုင်းက စကားသံတွေ ကြားသော်လည်း အသံတွေ တိတ်သွားတာကြာပြီ။ ဘယ်နှနာရီများ ထိုးပါလိမ့်။ သက်ကြီးခေါင်းချချိန်ကျော် လောက်ပြီ။ အောက်ထပ် သံစုံနာရီကြီးကလည်း နာရီသံထိုးဖို့ မေ့များနေရော့လား။ မအိမ်ကံ တံခါးကို အသာလှပ်ပြီး ဆင်းလာခဲ့သည်။ လှေကားအဆင်းက တံခါးကို ထပ်ဖွင့်ရပြန်သည်။ လှေကား အတိုင်းဆင်းလာတော့ အမှောင်ထဲမှာ မတ်စေ့ကလေးတွေကို နင်းမိသည်။ အိပ်နေသူတွေ အသံမကြားရအောင် ခြေဖျား ကလေးနှင့် ဆင်းရပါ၏။ တစ်ထစ်၊ နှစ်ထစ်၊ သုံးထစ်။ မတ် စေ့ကလေးတွေက ခြေဖ၀ါးအောက်မှာ တစ်စေ့၊ နှစ်စေ့၊ သုံးစေ့။ သည်လိုနှင့် အောက်ကိုရောက်လာခဲ့ပြီ။ လရောင်က မြေပြင်ပေါ်မှာ တရှိန်ရှိန် အရောင် ပြန်လျက်ရှိ၏။ သစ်ပင်တွေပေါ်မှာ၊ ရက်ကန်းရုံပေါ်မှာ၊ ပဲမှော်တိုက်ပေါ်မှာ၊ နွားတင်းကုပ်ပေါ်မှာ၊ ဇွန်ပန်းရုံတွေပေါ်မှာ၊ ဆပ်သွားဖူးရုံကြီးပေါ်မှာ လရောင်တွေ။ ကနေ့ည

သာသည့်လက

ခါတိုင်းထက်များ

လင်းနေတော့သယောင်ပင်။

မအိမ်ကံသည်

လရောင်ကွင်းပြင်ထဲ

ဆင်းလာခဲ့သည်။ အပြင်မှာတော့ အေးစိမ့်စိမ့် ရှိပါ၏။ တစ်အိမ်လုံး အိပ်မောကျကြပြီ။ အဝေးဆီက အိမ်လည်လွန်ကြသူတွေ ဆိုလိုက်သော သီချင်းသံ သဲ့သဲ့က လွဲ၍ အခြား ဘာသံမှမရှိ။ အပေါ့အပါး သွားပြီးနောက် တလင်းပြင် လရောင်ထဲမှာ မအိမ်ကံ တစ်ယောက်တည်း ရပ်နေမိသည်။ ထိုစဉ်မှာပင် ချွတ်ခနဲ အသံတစ်သံ ကြားလိုက်ရသည်။ နောက်ဖေး တံခါးကို ဖွင့်ထွက်လာပုံရသူ လူတစ်ယောက်၏ အရိပ်ကို မအိမ်ကံ မြင်လိုက်ရခြင်း ဖြစ်၏။ အစ်ကိုမောင်မြတ်သာလား၊ ကိုပြေသိမ်းလား။ မျှော်လင့်မထားဘဲ ရိပ်ခနဲမြင်လိုက်ရတာ ဆိုတော့ မအိမ်ကံ ထိတ်ခနဲပင် ဖြစ်သွားခဲ့သည်။ လူရိပ်က နောက်ဖေးဆောင်အကွယ် အမှောင်ရိပ်ဆီက ထွက်မလာဘဲ ရပ်နေသဖြင့် လရောင်ထဲ ထွက်လာဖို့ မ၀ံ့မရဲ ဖြစ်နေပုံရပါ၏။ မအိမ်ကံ သိလိုက်ပြီ။ လူရိပ်ဆီ တည့်တည့်ကြီး လျှောက်လာခဲ့သည်။ အမှောင်ရိပ်ဆီကို အ၀င်မှာတော့ မအိမ်ကံကို သိမ်းဖက်ခြင်း ခံလိုက်ရသည်။ မွှေးပျံ့ရီဝေသော ရနံ့တစ်မျိုးနှင့် အတူ မအိမ်ကံ တစ်ကိုယ်လုံး နွေးထွေးသွားခဲ့ပါ၏။ “ကိုပြေသိမ်းရယ်...” အလွန်တိုးလှသော အသံဖြင့် ခေါ်လိုက်သော်လည်း ကိုပြေသိမ်းက မအိမ်ကံ နှုတ်ခမ်းတွေကို အသံမထွက်စေရန် လက်နှင့် ဖိလိုက်သည်။ မအိမ်ကံ ကိုယ်လုံး တင်းတင်းကလေးကို သိမ်းဖက်ထားရင်း မအိမ်ကံကို ပါးချင်းအပ်ကာ နမ်းလေသည်။ ချစ်သူ၏ အနမ်းဆိုသော်လည်း မအိမ်ကံ အနမ်းတွေ မထိစင်အောင် ရှောင်ရှား နေခဲ့သည်။ မအိမ်ကံ၏ လက်တွေက ချစ်သူမျက်နှာကို လိုက်စမ်း နေမိသော်လည်း မအိမ်ကံ တစ်ကိုယ်လုံး နတ်ဝင်သည်လို တဆတ်ဆတ် တုန်ခါနေပါ၏။ သည်ကြားထဲကပင် အနမ်းတွေ ပန်းပွင့်တွေ ကြွေသလို ကြွေကျနေလေသည်။ ဘယ်နှပွင့်မှန်းပင် မသိ။ “မအိမ်ကံကို ကျုပ် ချစ်တယ်။ တစ်သက်လုံး စိတ်ချမ်းသာအောင် ထားပါ့မယ်ဗျာ” ချစ်သူ ရင်ခွင်ထဲမှာ နေချင်သေးသော်လည်း အတင့်ရဲရာကျမှာ စိုးပါသည်။ မအိမ်ကံက လေသံကလေးနှင့် တောင်းပန်ကာ ကိုပြေသိမ်း လက်ထဲက ရုန်းထွက် လိုက်သည်။ “သွားတော့မယ် ကိုပြေသိမ်းရယ်။ နိုးကုန်ကြလိမ့်မယ်နော်” လှေကားဆံတွေပေါ်ကို မအိမ်ကံ ဘယ်လိုက ဘယ်လို ရောက်လာခဲ့သည်ပင် မသိ။ ရင်တွေ တလှပ်လှပ်ခုန်နေဆဲ။ အိပ်ရာထဲ

147


ရောက်သည့်နောက် ရင်မငြိမ်သေး။ လရောင်က ပြတင်းဝမှ တစ်ဆင့် မအိမ်ကံ မျက်နှာကလေးပေါ် ဖြာကျလျက် ရှိပါ၏။ တစ်ခါက ချစ်သူမဟုတ်သော သာအောင့် ရင်ခွင်ထဲ ရောက်ခဲ့ဖူးတာကိုလည်း အမှတ်ရ လိုက်သေးသည်။ သည်တစ်ခါတော့ ချစ်ရသူ၏ ရင်ခွင်။ နွေးထွေး နူးညံ့လှသော ချစ်သူ၏ ရင်ခွင်။ အိမ်အောက်ထပ် သံစုံနာရီဆီက နှစ်ချက်ထိုးသံ တဒင်ဒင် ကြားရလေသည်။ မအိမ်ကံ အိပ်မပျော်သေး။ လင်းကြက်တွန် သံတွေ ဆူဆူဝေတော့မှ မှေးခနဲ အိပ်ပျော်သွားခဲ့သည်။ ဇောင်ချမ်းကုန်းတွင် စာသင်ကျောင်း ဆောက်မည့်နေ့ မတိုင်မီကပင် မအိမ်ကံတို့အိမ်မှာ အစည်းအဝေးတွေ လုပ်ကြရသည်။ ဇောင်ချမ်းကုန်းနှင့် အနီးတစ်ဝိုက် ရွာများဖြစ်သော ရှားတော၊ အိုးပေါက်၊ ကြက်တငို၊ ညောင်ကန်၊ ယာကြီးပြင်၊ ထိန်ကုန်း၊ အနောက်တန်း ရွာများဖြစ်သော အနောက်ကုန်း၊ တည်တော၊ လေးပင်အိမ်၊ ကြည်တော်ကုန်း၊ ချယားကုန်း၊ လင်းနေကုန်း စသော ရွာတွေက လူကြီးများ ပါလာကြသဖြင့် စည်ကားလှသည်။ မအိမ်ကံတို့ အိမ်ဘေးမှာ မီးဖိုကျင်းကြီးများ တူး၍ အိုးကြီးချက် ချက်ကြရပါ၏။ တချို့ရွာတွေက ဝေးသော်လည်း အရှေ့ရွာ၊ အနောက်ရွာ၊ အလယ်ဗဟို ကျသော ဇောင်ချမ်းကုန်းရွာကို စာသင်ကျောင်း ဖွင့်ဖို့အတွက် ဆရာကြီး ဦးဘခင်ကိုယ်တိုင်ကပဲ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။ ဘုန်းကြီးကျောင်းဘေး အဆွယ်မှာ ၀ါးတဲလေးထိုးကာ ကျောင်းဖွင့် ထားရသော ကြည်တော်ကုန်း ရွာကလေးကလည်း ဆရာကြည် သဘောဆိုတော့ ကျောင်းမြေနှင့် ကျောင်းဆောင် လှူဒါန်းမည့် နေရာကို လက်ခံကြပါသည်။ ကျေးရွာစုံ လူကြီးတွေလာကြ သည့်နေ့က ဆရာကြီးဦးဘခင်ပါ ရောက်လာခဲ့သည်။ “သူကြီးမင်းတို့ မိသားစုက ကျောင်းဆောက်မယ့် မြေနေရာရော ကျောင်းဆောင်ပါ ဆောက်ပေးကြမှာ ဆိုတော့ ကျွန်တော်တို့ မြင်းခြံ အာရှတိုက် လူငယ်များ အစည်းအရုံးအနေနဲ့ ကျေးဇူးတင်ကြောင်း ပြောလိုပါတယ် ခင်ဗျား။ သည်နားရွာတွေမှာလည်း ရပ်ရွာဖွံ့ဖြိုးရေး ကိစ္စတွေလုပ်နိုင်ဖို့ အဖွဲ့တွေဖွဲ့ဖို့လည်း ရှိပါ တယ်။ သည်က စည်းရုံးရေးမှူး ဆရာကိုပြေသိမ်းက ကျောင်းတာဝန်အပြင် ရွာစဉ်လှည့် စည်းရုံးဖို့ပါရှိလေတော့ ကျေးရွာများက ကူညီကြစေချင်ပါတယ်” ကျေးရွာလူကြီးတွေက မေးသမျှ ဆရာကြီးဦးဘခင်နှင့် မြင်းခြံ အာရှတိုက်လူငယ်များ အစည်းအရုံးက တာဝန်ရှိသူ တွေက ရှင်းပြကြသည်။ ကာယဗလ၊ ဥာဏဗလ၊ မိတ္တဗလ စသော လူမှုဝန်ထမ်း၊ စေတနာ့ဝန်ထမ်း လုပ်ငန်းများကိုလည်း ရှင်းပြကြပါ၏။ “ရွာတွေမှာ လူငယ်များ ကြံ့ခိုင်ကျန်းမာအောင် ကစားခုန် စားလုပ်ကြဖို့နဲ့ စာကြည့်တိုက်တွေ၊ ကျောင်းတွေဖွင့်ဖို့ကတော့ အရေးတကြီး လုပ်ကြရမှာပါပဲ။ ရပ်ရွာ ကာကွယ်ရေး ကိစ္စ၊ မီးဘေး ကာကွယ်ရေး ကိစ္စ၊ သူနာပြုအတတ်၊ ဗုံးဘေး၊ ရောဂါဘယဘေး၊ ရပ်ရွာသန့်ရှင်းရေး စတာတွေလည်း လုပ်ကြရမှာပဲ။ အာရှလူငယ် သီချင်းတွေကိုတော့ ရွာတွေမှာ မောင်ပြေသိမ်းက သင်ပေးပါလိမ့်မယ်။ အာရှလူငယ်လုံမေများ ဖွဲ့ဖို့တော့ မအိမ်ကံကို တာဝန်ပေးထားပါတယ်” မအိမ်ကံတို့ အိမ်မှာ မနိုင်မနင်းတွေ ဖြစ်နေကြတော့ မမစိမ်းမြပါ လာရောက် ကူညီနေရပါ၏။ မောင်မြတ်သာက ဘီဒီအေ စစ်ဝတ်စစ်စား အပြည့်အစုံ ၀တ်ထားသဖြင့် ကျေးရွာ လူတွေက အထူးအဆန်း ဖြစ်နေကြသည်။ ရပ်ရွာလူကြီးတွေက ဘီဒီအေနှင့် ပတ်သက်၍လည်း မေးကြသည်။ မောင်မြတ်သာကို ဗိုလ်လေးခေါ်ကြ၏။ “ဘီဒီအေမှာ ခြေလျင်တပ်တို့၊ မြင်းတပ်တို့၊ စက်အမြောက်တပ်တို့၊ စိန်ပြောင်းကြီးတပ်တို့ကအစ လေယာဉ်ပစ် အမြောက်တပ်၊ အင်ဂျင်နီယာတပ်၊ ဆေးဝန်ထမ်းတပ်၊ စစ်မြင်းတပ် စသဖြင့် စနစ်တကျဖွဲ့ထားပါတယ်။ ဂျပန့်လက်အောက် မှာဖွဲ့ရတဲ့ တပ်ဆိုတော့ ဂျပန်မျက်စိ မနောက်အောင်လည်း သိုသို သိပ်သိပ်ရှိကြရပါတယ်” လူတွေ များလွန်းသဖြင့် အသုတ်လိုက် ထမင်းကျွေးကြရသည်။ မအိမ်ကံကတော့ ပျော်လွန်းလှပါ၏။ အစ်ကိုလည်း ရှိနေသည်။ ကိုပြေသိမ်းလည်းရှိနေသည်။ ရွာစုံက ကျောင်းကြီး ထူမတ်ကြတော့လည်း မအိမ်ကံ ရင်တွေခုန်ခဲ့ရသည်။ ဘ၀ အကျိုးပေးကြောင့် အစ်ကိုသင်ပေးခဲ့သမျှ သေစာရှင်စာလောက် တတ်ခဲ့ရသော်လည်း နောင်ဘ၀တွေအတွက် ပညာ မျိုးစေ့

148


ချပေးနိုင်လေပြီ ဆိုသည့် စိတ်ကြောင့် ၀မ်းမြောက် ၀မ်းသာ ရှိခဲ့ရပါ၏။ မိဘနှစ်ပါးက လှူသည့် ကျောင်းဆိုသော်လည်း ရွာတွေက ကျောင်းဆောက်စဉ်ကပင် “မအိမ်ကံ့ ကျောင်း” လို့ ခေါ်ကြတော့သည်။ မအိမ်ကံ့ကျောင်းနှင့် ကျောင်းဆရာကိုပြေသိမ်း။ သည်လို ပူးတွဲ ခေါ်ဝေါ်ကြတော့လည်း မအိမ်ကံ ရင်တွေ တလှပ်လှပ် ခုန်ရပြန်လေသည်။ ကျောင်းဆောက်ပြီးသည့် နေ့က ကျောင်းရိပ်မှာပဲ ဆရာတော်များ ပင့်ဖိတ်ကာ ဆွမ်းကျွေးဖြစ်ခဲ့ပါ၏။ ဆိုင်ရာ ကျောင်းပရိဘောဂများနှင့် ကျောင်းသင်စာအုပ်များ ရရှိရေးအတွက် ဆရာကြီးဦးဘခင်တို့ကပဲ တာဝန်ယူကြသည်။ ကိုပြေသိမ်းခမျာ မြင်းခြံနှင့် ဇောင်ချမ်းကုန်း ကူးနေရတာပင် အခေါက်ပေါင်းမရေနိုင်။ “ဒါကြောင့် ပြောခဲ့တာပေါ့ မအိမ်ကံ။ ဇောင်ချမ်းကုန်းကို လှေနဲ့ လာရမှာပါလို့” တစ်ခါက မြင်းကြီးတစ်စီးနှင့် လိုက်ပို့စဉ်က စကားကို ကိုပြေသိမ်းက ပြန်ကောက်ခြင်းဖြစ်ပါ၏။ “မအိမ်ကံကလည်း ပြောခဲ့ပါသယ်ရှင်။ ဇောင်ချမ်းကုန်းက လှည်းဦးတိုက်ပါလို့” သည်နောက်ပိုင်းရက်တွေမှာတော့

ဇောင်ချမ်းကုန်းရွာ

ကျောင်းကလေးဆီက

ကျောင်းခေါင်းလောင်းသံ

ကြားရပါပြီ။

စာအံသံတွေ ကြားရပါပြီ။ ရွာကျောင်း လွှတခ်ျိန်တွေမှာ ဆိငု ရ်ာ ရွာတွေဆီ ပြန်ပြေးကြသော ကလေးများအသံကြောင့် ရွာလုံးစည် လေသည်။ လူပျိုမပေါက်တစ်ပေါက် ဖိုးကူးပင်လျှင် ကိုပြေသိမ်း၏ ကျောင်းသားကြီး ဖြစ်နေပြီ။ ကိုပြေသိမ်းက မူလတန်း ကျောင်းသားအရွယ်ရယ် မဟုတ်ဘဲ ဖိုးကူးတို့လို စာသင်ကျောင်းကို လာနိုင်သမျှသော ကျောင်းသားကြီးတွေကိုလည်း လောကဓာတ်စာတွေ

သင်ကြားပေးခဲ့သည်။

တော်တော်လေး

အပင်ပန်းခံနိုင်သည့်

ကိုပြေသိမ်းပါပေ။

ရွာကလည်း

ဆရာလေး ကိုပြေသိမ်းကို ချစ်ခင် လေးစားကြသည်။ အထူးသဖြင့် လူငယ်လူရွယ် ကာလသားတွေက အချိန်အားရတိုင်း ကိုပြေသိမ်းထံလာ၍ ပညာဆည်းပူးကြသည်။ ဒါတွေကို မြင်ရ၊ ကြားရတော့ မအိမ်ကံမှာ ဂုဏ်ယူလို့မဆုံး။ အဖေဦးသာထန်ပင် ခါတိုင်းလို မဟုတ်။ စာသင်ကျောင်း ဘက်ကို ကွမ်းအစ်တစ်လုံး အိတ်ထဲ ထည့်လွယ်ကာ သွားသွား ထိုင်ရတာ အမော။ ကိုပြေသိမ်းက ကျောင်းလွှတ်ချိန် အိမ်ပြန် ထမင်းစားလေ့ ရှိသည်။ ညစာထမင်းဝိုင်းကတော့ တစ်ရွာလုံးက ဆရာလေးကို ပို့သမျှဟင်းတွေက စားပွဲနှင့်မဆံ့အောင် မြိုင်လှပါ၏။ ကိုပြေသိမ်းကို မအိမ်ကံ ကိုယ်တိုင် ထမင်းခူးခပ် ကျွေးသည်။ မိဘများက သဘောတူထားကြပြီ ဆိုတော့ မအိမ်ကံ လူမြင်သူမြင် ခံဝံ့ရဲပြီ။ တစ်ခါတလေ ကိုပြေသိမ်းနှင့် အတူ ကျောင်းဘက် လိုက်သွားတတ်သည်။ တစ်ခါတစ်ရံ အာရှလူငယ်အစည်းအရုံး ကိစ္စဖြင့် ရွာတွေဆင်းရတော့လည်း မအိမ်ကံနှင့်ကျေးဥ လိုက်ကြရပါ၏။ လှည်းပေါ်မှာ အာရှလူငယ်သီချင်းတွေ သံပြိုင်ဆိုကြရတာ ပျော်စရာ ကောင်းလှပါ၏။ “ရာဇ၀င်ကြွေးကိုဆပ်ကြရအောင် +++ သူရသတ္တိရှိတဲ့ ဗမာတွေရယ် +++ ဘယ်လိုဆပ်ရမယ် +++ ချွေးနဲ့ဆပ်ရမယ် +++ သွေးနဲ့ဆပ်ရမယ်တဲ့ +++ ခါခါပင် စိတ်အားတက်ဖွယ် +++ အာဏာရှင်မိန့်ကြားမြွက်တယ် +++ ခါးတောင်းကျိုက်ကာ +++ ဟောဒီစစ်ကို နိုင်အောင်သာတိုက်မယ် +++ အောင် မြေနင်းပြီး သစ္စာအဓိဋ္ဌာန်ပြုခဲ့ပါပြီ ဗမာတွေရယ် +++” အာရှစစ် ဆိုသည့် သီချင်းကို မအိမ်ကံ ရနေပြီ။ တစ်ခါ တစ်ရံ ဗမာ့ သူရဲကောင်း သီချင်းကို ဆိုကြ၏။ ကျေးဥနှင့် ဖိုးကူး တို့ပင် လိုက်ဆိုကြသည်။ အာရှလုံမေ မအိမ်ကံနှင့် ကျောင်းဆရာ ကိုပြေသိမ်းတို့ ရွာစဉ်လှည့်ကာ သီချင်းတွေ သင်ပေးကြသည်။ “ရာဇ၀င်ထုပ္ပတ္တိလည်းရှိရမယ် +++ မော်ကွန်းလည်း ထိုးလောက်တယ် +++ မြင့်မြတ်တဲ့ဗိုလ်အောင်ဆန်းရယ် +++ တိုင်းပြည်ကျိုးစွန့်ခဲ့တဲ့ မျိုးဇာနည်နွယ် +++ လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ် +++ တို့ဗမာစိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ် +++” ရွာတွေမှာတော့ နဂိုက ခြောက်တိ ခြောက်ခန်း ဆိုသော်လည်း မအိမ်ကံနှင့် ကိုပြေသိမ်းတို့ကြောင့် သီချင်း တဆူဆူရှိခဲ့

149


ကြပြီ။ ရွာသောက်ရေကန် ဆည်ကြ၊ ဖို့ကြသည်။ ရေတွင်း ရေကန် ဆည်ကြသည်။ ရွာစည်းရိုးတွေ လုံအောင်ခတ်ကြသည်။ ကျေးရွာကာကွယ်ရေး အဖွဲ့တွေဖွဲ့ကြသည်။ တစ်ရွာ့ တစ်ရွာ အကူးအလူး ရှိကြသည်။ မအိမ်ကံ၏ ရက်ကန်းစင်က “အာရှလုံမေ” ဟု အမည် ပေးထားသည့် ထဘီဆင်က မိန်းကလေးများ ဆင်တူ ၀တ်ဆင်ကြရန် ရွေးချယ်ကြသည် အထိ နာမည်ကြီးသွား ခဲ့သည်။ မြင်းခြံမြို့က အထိ တကန်တက အမှာတွေ ရောက်လာခဲ့သည်။ ရက်လို့ပင်မလောက်နိုင်။ သည်ကြားထဲ ပျဉ်းမနားကို ပြန်သွားခဲ့သော အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ပြန်ရောက်လာကာ မမစိမ်းမြနှင့် ကြောင်းမြန်းကြသည်။ တောင်းမြန်းကြခြင်း

အဖေနှင့်အမေ၊ ဖြစ်သည်။

မအိမ်ကံနှင့်

မမစိမ်းမြ

ကိုပြေသိမ်းတို့အပြင်

တို့ဘက်ကလည်း

ရွာလူကြီးတချို့ပါ

အကျယ်မချဲ့လိုကြသဖြင့်

လိုက်ပါကြကာ ကြောင်းမြန်းပွဲပြီး

နောက်တစ်နေ့မှာပင် မင်္ဂလာဆွမ်းကျွေးသည်။ အိမ်တင်ပစ္စည်း အဖြစ် ရွှေ၊ ငွေ၊ လက်ဝတ်လက်စားနှင့် မြေငါးသွယ်ကို တစ်ပါတည်း လက်ဖွဲ့လိုက်ကြပါသည်။ လောလောဆယ် အစ်ကိုမောင်မြတ်သာ တပ်ကိုပြန်ရမည်။ မမစိမ်းမြကတော့ ရွာမှာပဲ နေခဲ့ရပါ၏။ လောလောဆယ်မှာတော့ မမစိမ်းမြက သူ့အိမ်မှာပဲ နေဦးမည်။ အစ်ကို တပ်က ထွက်လာလျှင်တော့ မအိမ်ကံတို့ အိမ်ကြီးပေါ်မှာပဲ မိသားစု သိုက်သိုက်ဝန်းဝန်း နေကြမည်။ နောက်တစ်ရက်မှာ မောင်မြတ်သာတို့ ဇနီးမောင်နှံက အဖေနှင့်အမေကို လာကန်တော့ကြပါ၏။ “အေး ငါ့သားကြီး ဘေးမသီ ရန်မခ တိုင်းပြည်အကျိုး၊ လူမျိုးအကျိုး၊ ဘာသာသာသနာ အကျိုး သယ်ပိုးနိုင်ပါစေ။ စိတ်ချလက်ချသာသွား။ စိမ်းမြကလည်း အဖေတို့အိမ်ကို တစ်ရက်တစ်ခေါက် ရောက်ပစေ ကြားလား ငါ့သမီး” “ဟုတ်ကဲ့ အဖေ” မမစိမ်းမြက အဖေ့ကို အဖေလို့ ခေါ်လိုက်တော့ မအိမ်ကံပင် ပြုံးမိခဲ့သည်။ ကိုပြေသိမ်း မိဘတွေကိုလည်း မအိမ်ကံက အဖေတို့ အမေတို့ ခေါ်ရတော့မှာပေါ့။ အစ်ကိုက ကိုပြေသိမ်းကို မှာစရာရှိတာတွေ မှာသည်။ “ကိုင်း သခင်ပြေသိမ်း။ ကျွန်တော် မရှိသခိုက်မှာ ကျွန်တော့် မိသားစုကို ခင်ဗျားလက်ထဲ အပ်ခဲ့ပါရစေ။ အစစအရာရာ အားကိုးပါရစေ ခင်ဗျာ။ တိုင်းပြည် လွတ်လပ်ရေးကြီး ရတဲ့အခါ ခင်ဗျားနဲ့ကျွန်တော် လက်တွဲပြီး ရွာကျိုးရပ်ကျိုးတွေ လုပ်ကြ သေးတာပေါ့။ သခင်မျိုးဟေ့ တို့ဗမာ” “စိတ်သာချပါရော့ သခင်မြတ်သာခင်ဗျာ။ အရေးတော်ပုံ အောင်ရမည်” အစ်ကိုနှင့်ကိုပြေသိမ်း တစ်ယောက်ကို တစ်ယောက် နှုတ်ဆက်ကြပုံကို အဖေဦးသာထန်က ပြုံးပြုံးကြီး ကြည့်လျက်ရှိပါ၏။ အမေပန်းရုံက

အစ်ကို့အတွက်

ပေးစရာရှိတာတွေ

ထည့်သို

ပေးလိုက်သည်။

အစ်ကိုမောင်မြတ်သာ

မမစိမ်းမြတို့

အိမ်ဘက်ကို လိုက်သွားတော့ မအိမ်ကံ ရင်ထဲမှာ ဟာကျန်ရစ်ခဲ့သည်။ အစ်ကို့ကို သူစိမ်းမိန်းမသား တစ်ယောက်က ယူသွားတာလား၊ မအိမ်ကံတို့ကပဲ သူစိမ်း မိန်းကလေးလက်ထဲ လက်ရောက်အပ် လိုက်ရတာလား။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ အစ်ကို့ကို နှမြောမိရပါ၏။ သည်ကြားထဲ ကိုပြေသိမ်းက ကျောင်းကိစ္စဖြင့် မြင်းခြံ သွားရပြန်တော့ အိမ်ကြီးတစ်အိမ်လုံး “ချောင်”သွားသလိုပင်။ ကိုပြေသိမ်း မြင်းခြံကို အရင်အခေါက်တွေ သွားတုန်းက စက်ဘီးတစ်စီး ပါလာသဖြင့် ဖိုးကူးလှည်းကို ခေါ်သွားစရာမလိုတော့။ မအိမ်ကံနှင့်ကျေးဥက အိမ်သန့်ရှင်းရေး ၀င်ရပါ၏။ သည်တစ်လလုံးလုံး တစ်ရွာလုံး မအားကြရသလို မအိမ်ကံတို့ပါ မအားကြရ။ “မသက်သာလိုက်သာ မအိမ်ကံရယ်။ တို့လည်း ထမင်း ချက်လိုက်ရ၊ သီချင်းဆိုလိုက်ရနဲ့” ကျေးဥ စကားကြောင့် မအိမ်ကံ ရယ်မိသေးသည်။ မအိမ်ကံပါတော့ ကျေးဥပါ ပါရသည်။ သည်ရက်တွေထဲ အိုးကြီး အိုးငယ် ထင်းမီး မငြိမ်းနိုင်အောင် ချက်ကြ ပြုတ်ကြရတာ ကလည်း နေ့စဉ် ရက်ဆက်ပင်။ မမစိမ်းမြကတော့ တစ်နေ့ တစ်ခေါက်ရယ်လို့ မဟုတ်ပါ။ တစ်နေ့ နှစ်ခေါက် သုံးခေါက် လောက်ကူးလာသည်။ အဖေတို့ အမေတို့ အ၀တ်အစားတွေ

150


လျှော်ဖွပ် ပေးသွားတတ်သည်။ သူတို့အိမ်မှာ ချက်သည့် ဟင်းကောင်းတစ်မယ်တော့ ဦးဦးဖျားဖျား နေ့စဉ်ရောက်ပါ၏။ အာရှလုံမေဆင်တွေကို

သမီးယောက်မ

နှစ်ယောက်စလုံး

သူ့ရက်ကန်း

ကိုယ့်ရက်ကန်း

မခွဲတော့ဘဲ

မှာသမျှ

ရက်ပေးနေကြရသည်။ ရွာတွေက မှာတာတွေ များလွန်းနေတော့ မျှပေးနေရသည်။ “ဗမာပြည်ကြီး ခေတ်သစ်ကောင်းလို့ အခါကောင်းပေါ်လာပြီ +++ ကမ္ဘာ့အရှေ့ပိုင်း တိုင်းရင်းသားမို့ ငါတို့ကူဝိုင်းမည် +++ (နိပွန်ဗမာချစ်ကြသည် +++ သွေးနဲ့ချွေးနဲ့အရင်း စိုက်တည်) +++ ဗမာ့ခေတ်သစ်ကိုတည်ထောင်ဖန်တီး ကြီးပွားရပေမည် +++” ကျေးဥက ကိုပြေသိမ်း အ၀တ်တွေကို ကြေးမီးပူကြီး တစ်လုံးနှင့်တိုက်ရင်း သီချင်းညည်းနေသည်။ မအိမ်ကံက ကျေးဥ ဆိုနေသည့် သီချင်းကြောင့် ပြုံးကြည့် နေမိလေသည်။ ကျေးဥ သီချင်းဆိုရင်းက ရပ်လိုက်ပြီး မအိမ်ကံကို မေးသည်။ “မအိမ်ကံ ကမ္ဘာ့အရှေ့ပိုင်းဆိုသာ ဘာတုံး။ နိပွန်ဆိုသာ ကကော” “ကမ္ဘာ့အရှေ့ပိုင်းဆိုသာ တို့ရွာလိုတော့ ရွာ့အရှေ့ပိုင်းပေါ့၊ ဟယ်။ နိပွန်ဆိုသာ ဂျပန်လို့ပြောသာပဲ” မလှအုံက ၀င်ဟန့်လေ၏။ “တော်ကြစမ်းပါအေ၊ ကျက်သရေ မရှိသဲ့ကောင်တွေ။ ရွာ ရေတွင်း ကိုယ်တုံးလုံး ရေချိုးကြလို့ အပျိုတွေ ပြေးကြရပါပကော” မလှအုံက လှမ်းငံ့တော့မှ ကျေးဥလည်း သီချင်းအဆို ရပ်တော့သည်။ မအိမ်ကံနှင့် ကျေးဥတို့ ညဘက် စကားတွေ ပြောဖြစ်ကြရာမှာတော့ ရွာ့အသံတွေ ကြားရပါ၏။ မအိမ်ကံထင်သည့် အတိုင်းပင်။ ရွာက ကိုပြေသိမ်းနှင့် မအိမ်ကံ လက်ထပ်တော့မှာ ဖြစ်ကြောင်း၊ နေနှင့်လ၊ ရွှေနှင့်မြလို လိုက်ဖက်ကြောင်း၊ တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ရလောက်အောင် အရိပ်တကြည့် ကြည့်ရှိရသူ မအိမ်ကံအဖို့ ဆရာကတော်ဆိုသည့် ဂုဏ်ကြောင့် ဆတက်ထမ်းပိုး ပွင့်လန်းဖို့သာ ရှိကြောင်းတွေပါကြောင်း ကျေးဥက ပြောပြသည်။ “ပြောနေကြသာ စုံလို့ပါ မအိမ်ကံရယ်။ ဆရာလေးကို ပြေသိမ်း ချောသဲ့ လှသဲ့အကြောင်းလည်း ပါပါရဲ့။ မအိမ်ကံ ရုပ်ရည်နဲ့ ဒါမျိုးမှ လိုက်တော့မပေါ့ ဆိုသာလည်း ပါရဲ့။ ကတော်ဝင်လောက်သဲ့ မိန်းမ။ ဆရာကတော်ဖြစ်ရမယ့်ဂုဏ်က နည်းရော့လားသဲ့” “မအိမ်ကံကလည်း သည်အခါကို စောင့်နေသာပါ ကျေးဥရယ်။ မစားရအလျင်း စားမှတော့လည်း ဆီထမင်းဆိုသလိုပေါ့။ မင်္ဂလာပွဲကြီးကို ဟည်းနေအောင် လုပ်ပစ်လိုက်မယ် ကြည့်နေ။ ရွှေမှုံမင်္ဂလာဆောင်ထက် သာရမယ်။ ငါ့မင်္ဂလာဆောင်မှာ မန္တလေးက အငြိမ့် ခံလိုက်ရဦးမယ်” “ရွှေမှုံကလည်း အသားထလိုက်သာ မပြောပါနဲ့တော့အေ။ ကြီးတော်စံရွှေက သည်ချွေးမရောက်လာမှ စီးပွားတွေ တက်သယ် ဆိုပြီး ဆင်ထားလိုက်သာ ညွတ်လို့။ သာအောင်က ရွာတွေမှာ နွားအလဲ အထပ်လုပ်သာကလည်း ပိုက်ဆံရသတဲ့။ သည်ကြားထဲ အရင်ချွေးမ နှစ်ယောက်က သားသမီးမရကြဘဲ ရွှေမှုံကျမှ ကိုယ်ဝန်ရတော့ မြေးတောင် မမွေးရသေးဘူး ရွှေပုခက် ဆင်ချင်နေကြသာ မအိမ်ကံရဲ့” “သြော် ရွှေမှုံက ၀မ်းတောင် လွယ်နေပြီတဲ့လား။ အင်းပေါ့လေ။ ဒါနဲ့ ကြီးတော်စံရွှေက ဘာတွေလုပ်နေသာတုံး ကျေးဥ ရဲ့။ ရွာမှာ အသံမကြားရတော့လို့” “အမှုပွဲစားကျော်ဒင်နဲ့

ပေါင်းပြီး

ဂျပန်တပ်တွေကို

ပဲတို့၊

ထန်းလျက်တို့လိုဟာတွေ

သွင်းနေသယ်ပြောကြသာပဲ။

151


ကြီးတော်စံရွှေက ပစ္စည်းစိုက်၊ ကျော်ဒင်က ငွေပေး ငွေယူသဲ့။ အမြတ်ကို သုံးချိုးတစ်ချိုး ပေးရသာသဲ့” “ဇယားတွေ ရှုပ်လာကြဦးမှာပေါ့အေ” မအိမ်ကံတို့ အိပ်ရာထဲ စကားတွေ ပြောနေကြတုန်း မလှအုံ အပေါ်ထက်ကို တက်လာသည်။ အောက်ထပ်မှာ ကိုပြေသိမ်း ရောက်နေပြီဆိုလို့ နှစ်ယောက်သား ဆင်းလာခဲ့ကြရပါ၏။ ဘယ့်နှယ်ပါလိမ့်။ ညကြီးမိုးချုပ်မှ ပြန်ရောက်ရ သတဲ့လား။ မအိမ်ကံတို့ အောက်ထပ်ကို ရောက်တော့ ကိုပြေသိမ်းက ထမင်းစားရန် လက်ပင်ဆေးနေပြီ။ “ကျောင်းအတွက် ပစ္စည်းတွေ မနက်ဖြန်ပို့ဖို့ လှည်းဆင့်နေရသာ ကြာသွားသာ အမေပန်းရုံရဲ့။ အားလုံးပြီးလို့ မြင်းခြံက ထွက်တော့ နေစောင်းလှပြီ။ ထွက်လာလို့မှ မကြာဘူး စက်ဘီးက ဘီးပေါက်သာနဲ့ တွန်းရင်း လျှောက်လာရသာပဲ။ လကလည်းမိုက်၊ လမ်းကလည်းမှောင်။ လူသွားလူလာများ ပြတ်ချက်တော့...” “နောက်ဆိုရင်

နေရောင်နဲ့

ရွာဝင်ပါကွယ်။

ခေတ်အခါကာ

လကြီးက

မကောင်းလှဘူး။

မောင်ပြေသိမ်းနှယ်ကွယ်

မြင်းတစ်ကောင်ဝယ်ပါရော့။ စက်ဘီးက မသေချာပါဘူး” အမေပန်းရုံက ကရုဏာနှင့် ပြောနေခြင်း ဖြစ်သည်။ မအိမ်ကံကတော့ ရင်တွေပူနေရသည်။ ဂျပန်တွေဘာတွေနဲ့ မတွေ့လို့ တော်ပါသေးရဲ့။ မြင်းခြံနှင့် ဇောင်ချမ်းကုန်း စက်ဘီး တွန်းရင်း လျှောက်လာရသတဲ့လား။ အမေတို့ရှေ့မှာပေမယ့် မအိမ်ကံ တစ်ခွန်းတော့ ပြောဖြစ်လိုက်ပါ၏။ “နောက် ကိုပြေသိမ်း မြင်းခြံသွားရင် ဖိုးတုတ်နဲ့ဖိုးကူး တစ်ယောက်ယောက်ကို ခေါ်သွား။ လှည်းနဲ့သွားသာ ကြာမယ် ထင်ရင် အမေပန်းရုံ ပြောသလို မြင်းကောင်းကောင်း တစ်ကောင် ၀ယ်ရအောင်” ကိုပြေသိမ်းက မအိမ်ကံကို လှမ်းကြည့်သည်။ ပြီးမှ စကားတစ်ခွန်း ပြန်ပြောလေသည်။ “အေးပါ အိမ်ကလေးရယ်။ အိမ်ကလေး စိတ်ပူမယ် ဆိုတာလည်း သိပါရဲ့ကွယ်” ကိုပြေသိမ်းက ထူးထူးခြားခြား “အိမ်ကလေး”လို့ခေါ် နေပါကောလား။ အမေပန်းရုံနှင့် မလှအုံတို့က လှမ်းကြည့်တော့လည်း မအိမ်ကံ ရှက်မိသား။ တစ်ရက်။ မနက်စောစော မအိမ်ကံတို့ အိမ်ကို ဆေးဆရာ ဆရာကြည် ရောက်လာခဲ့သည်။ လှည်းကြုံနှင့် ရောက်လာခြင်း ဖြစ်၍ ဖျင်ကြမ်း အင်္ကျီထူထူ၊ တဘက် ခေါင်းပေါင်းကြီး ပေါင်းကာ ပြောင်းဖူးဖက် ဆေးလိပ်ကြီးငေါ့ရင်း အမှတ်တမဲ့ ရောက်လာခြင်း ဖြစ်သည်။ ဆရာကြည်ရောက်လာချိန်မှာ စောလွန်း လှသဖြင့် ကိုပြေသိမ်းပင် မနိုးသေးပါ။ မလှအုံက ဆရာကြည်ကို နေရာပေးသည်။ ဦးသာထန် နိုးနေပြီဖြစ်၍ ဆရာကြည့်ရှေ့ လာထိုင်သည်။ “ဘယ့်နှယ်တုံး ဆရာကြည်ရဲ့။ ဘာများထူးလို့တုံး စောစောစီးစီး” “မောင်ပြေသိမ်းဆီ

လာသာပဲသူကြီး။

ကျုပ်တို့ရွာတွေမှာသာ

မသိကြသေးသာ။

ဂျပန်တွေက

တော်တော့်ကို

သောင်းကျန်းနေကြပြီ။ ကျုပ်တို့ဘက်က တို့ဗမာ ဆင်းရဲသား အစည်း အရုံးဆိုသာ မြို့တွေမှာဖွဲ့သယ်ကြားလို့ လာမေးသာ။ မောင်ပြေသိမ်း သိတန်ကောင်းရဲ့ထင်လို့” ကိုပြေသိမ်းကို မလှအုံက နှိုးပေးသဖြင့် မျက်နှာကလေး တဖန်းဖန်း သစ်ပြီး ဆရာကြည့်ဘေး ၀င်ထိုင်သည်။ ဆရာကြည်က အကျိုးအကြောင်း ပြောပြတော့ ကိုပြေသိမ်းက သိသမျှရှင်းပြသည်။

152


“ကျွန်တော်တို့ ဗမာတွေဘက်ကလည်း ဂျပန်လေးစား လောက်တဲ့ အဖွဲ့တစ်ဖွဲ့ ဖွဲ့လိုက်တာပါပဲ ဆရာကြည်။ ဗမာ့ခေတ်သစ် ထူထောင်တဲ့ သဘောပါ။ တို့ဗမာ ဆင်းရဲသား အစည်းအရုံး၊ သံဃာ့အစည်းအရုံး၊ အမျိုးသမီးအစည်းအရုံး၊ တက်လူအစည်း အရုံးဆိုပြီး လေးဌာန ခွဲထားပါတယ်။ ကျေးရွာတွေက အသင်းတွေ ခေါ်တော့မယ်လို့လည်းကြားတယ်” “ကျုပ်က အဲသာ သိချင်သာ။ ကျုပ်တို့ရွာက ၀င်ချင်ကြသူ တွေများသယ်။ ခက်သာက ကျုပ်ကို ဂျပန်ကင်ပေတိုင် လုပ်နေတဲ့ ဘဆောင်က စောင့်ကြည့်နေသယ်။ ကျုပ်ကို ခြေရှုပ်သယ် ပေါ့ဗျာ” “သတိတော့ထားပေါ့ ဆရာကြည်။ ဂျပန်တွေက ခွင့်ပြုလို့ ဖွဲ့ကြရတာပေမယ့် ယုံတာတော့ မယုံကြဘူး။ ကျွန်တော့် သဘောတော့ စောင့်ကြည့်စေချင် သေးတယ်။ ကျွန်တော်လည်း ကြားရသလောက် ပြောရတာရှိပါသေးတယ်” ဆရာကြည်ပြန်သွားတော့ မအိမ်ကံလည်း နိုးလာခဲ့သည်။ မလှအုံက ထမင်းကြော်ပန်းကန်တွေ လာချသည်။ ညကဟင်း ကျန်တွေနွှေးထားသည့် အထဲက ငါးပိချက်ကလေး တစ်ကော်ပုံကာ စားနေခဲ့သည်။ ဦးသာထန်က ဆရာကြည်ပြန်သွားတော့မှ ကိုပြေသိမ်းကို မေးသည်။ “ဘာတွေများ ဖြစ်ကြဦးမှာလဲ မောင်ပြေသိမ်း” “ဆရာကြီး ဦးဘခင်တို့ ပြောတာတော့ ဂျပန်ကို တစ်ချိန်ချိန်မှာ ပြန်ချကြဖို့ပဲ ခင်ဗျ။ အခု မြေအောက်အဖွဲ့ကလေးတွေ တောင်ဖွဲ့နေကြပြီ။ နိုင်ငံရေး ဆွေးနွေးကြတာပေါ့ ခင်ဗျာ” မအိမ်ကံကတော့ မြေအောက်အဖွဲ့ဆိုတာတွေ နားမလည်သော်လည်း ကိုပြေသိမ်းအတွက် စိုးရိမ်သွားခဲ့သည်။ ဂျပန်တွေကို အာခံပြီး တိုက်ကြခိုက်ကြလို့ ဖြစ်ပါ့မလား။ ဘာပဲဖြစ်ဖြစ် သည်အထဲမှာ ကိုပြေသိမ်း မပါစေချင်။ နိုင်ငံရေးစကားတွေ သူတို့ရွာကလေးကို ခုတစ်လော ရောက်ရောက်လာတာ မအိမ်ကံ သတိထားမိသည်။ အာရှလူငယ်၊ အာရှလုံမေ...။ ဒါက လည်း ကိုပြေသိမ်းလှုပ်လို့ သူပါ ထလှုပ်ရခြင်း ဖြစ်၏။ ခုတစ်လော သတင်းတွေကလည်း အမျိုးမျိုးပင်။ ဂျပန်တွေက မသင်္ကာသူတွေကို ရက်ရက်စက်စက် သတ်ဖြတ်နေကြတာတွေ ကြားနေရသည်။ တစ်လောက ထင်းလှည်း တစ်စီးပေါ်က အင်္ဂလိပ် လက်နက်တွေ တွေ့သည်ဆိုကာ လှည်းသမားလေးယောက်ကို ဈေးဝမှာ သတ်ပစ်သည် ဆိုသည့်သတင်းတွေ ရောက်လာခဲ့သည်။ အင်္ဂလိပ်အပြေး ကျန်ရစ်ခဲ့သည့် လက်နက်တွေကို ဓားပြတွေက လိုက်ဝယ်ရာက မိသွားခြင်းဖြစ်သည်။ ဟုတ်မဟုတ် မသေချာသော်လည်း ဂျပန်ကို သတင်းပေးသူက အမှုပွဲစား ကျော်ဒင်လိုလို ပြောကြတာလည်း ရှိသည်။ ထမင်းကြော်စားပြီး မအိမ်ကံ အိမ်အပြင် ထွက်လာခဲ့သည်။ အရီးကြာညွန့်နှင့်အတူ ရက်ကန်းသမတွေပင် ရက်ကန်းစင်ဝင်ဖို့ ရောက်လာကြပြီ။ အရီးကြာညွန့်က မအိမ်ကံရှိရာ လျှောက်လာခဲ့သည်။ “မအိမ်ကံ၊ ကနေ့ အရီး မစံရွှေတို့ အိမ်က ခေါ်လို့ သွားချေဦးမယ်။ အဲသာ လာပြောသာ။ အရီး မနက်ဖြန်မှ လာတော့မယ်” “သွားပါ အရီးရယ်။ ဘာလုပ်ဖို့သဲ့တုံး” “ညက မစံရွှေချွေးမ ရွှေမှုံ မွေးသလေ” “ဘယ်သူရယ် အရီး” “ရွှေမှုံ ညက မွေးသာလေ မအိမ်ကံရဲ့။ ခိုင်းစရာရှိသယ် ထင်ပါရဲ့အေ”

153


“သြော် ဟုတ်လား အရီး။ ဘာလေးတဲ့လဲ” မအိမ်ကံ၏ အမေးကို အရီးကြာညွန့်က ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သော်လည်း ထိုအဖြေစကားသည်ပင် မအိမ်ကံအဖို့ လောင်မီးမိုးကြိုး ကျလိုက်သည့်ပမာ တစ်ကိုယ်လုံး ရှစ်စိတ်ကွဲ ကွဲသွားခဲ့ရပါ၏။ ထိုမိုးကြိုး၏ အရှိန်ကြောင့် မအိမ်ကံပင် ပြာကျ သွားခဲ့လေသလား ထင်ရအောင် လောင်မြိုက် သွားခဲ့ရလေသည်။ ၂၄။ “ရွှေမှုံ မိန်းကလေး မွေးသတဲ့လား”

ဘယ်ဆီ ဘယ်ဝယ်ကမှန်း မသိရသော အသံကြီးတွေက မအိမ်ကံကို တစာစာ မေးနေသကဲ့သို့ ရှိလေသည်။ အရီးကြာညွန့်က ရွှေမှုံ မိန်းကလေး မွေးပြီး ဖြစ်ကြောင်း ရိုးရိုးကလေး ပြောသွားခြင်း ဖြစ်သော်လည်း မအိမ်ကံ အဖို့ မိုးကြိုးလောင်မီးကြီး ကျသကဲ့သို့ ဖြစ်ခဲ့ရသည်။ မိုးကြိုး ပုဆိန်ကြီး ခေါင်းပေါ် ဟက်တက်ကြီး ခွဲချလိုက်သဖြင့် ရှစ်စိတ်ရှစ်မြှောင်း ကွဲကျသွားသလို အဖတ်လိုက် ပြိုကျသွားခဲ့သည်။ နေရာမှာ ဘယ်လောက်များ ကြာကြာ ရပ်နေမိသည် မသိ။ သည်သတင်းက မအိမ်ကံကို ကျောက်ရုပ် တစ်ရုပ်လို ဖြစ်သွားစေခဲ့သည် မဟုတ်လား။ ရွှေမှုံတွင် ကိုယ်ဝန်ရှိနေပြီ ဆိုကတည်းက မအိမ်ကံ နားစွင့် နေခဲ့သည်။ ကျေးဥက ရွှေမှုံ နေ့စေ့လစေ့ကြီးနဲ့ ဆိုကတည်းက မအိမ်ကံရင်တွေ တုန်လှုပ် ခဲ့ရသည်လည်း အမှန်ပင်။ သို့သော် ကိုယ်ဝန် ဆိုတာက သားယောက်ျား ကလေးလည်း ဖြစ်နိုင်သည်။ သမီးမိန်းကလေးလည်း ဖြစ်နိုင်တာ မဟုတ်လား။ သည်တုန်းက မအိမ်ကံပင် တောင်တောင် အီအီတွေ လျှောက်တွေး နေဖြစ်ခဲ့ပါ၏။ တစ်ချိန်လုံး ရွှေမှုံ ယောက်ျားကလေး မွေးပါစေလို့ ဆုတောင်း ခဲ့ရတာလည်း အမော။ မိန်းကလေး မွေးလာ ခဲ့ရင်ကော။ တချို့ညတွေမှာ မအိမ်ကံ ချောက်ချောက် ချားချား တွေးမိသည့် အတွေးတစ်စ ဖြစ်ပါ၏။ “ငါကိုယ်တိုင် ဖက်စိမ်းကွမ်းတောင် မကိုင်ရတဲ့ ဘ၀မှာ ငါက မွေးတဲ့ သမီးကလေးကတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ခွင့် ရစေရမှာပေါ့။ မအိမ်ကံ သမီးက ဖက်စိမ်း ကွမ်းတောင် ကိုင်ရသဟဲ့ ဆိုတာပဲ ဖြစ်ရမှာပေါ့။ တခြား ဘယ်သူ့သားသမီး ဖက်စိမ်းကွမ်းတောင် ကိုင်ရကိုင်ရ ကိုင်ကြစမ်းပစေ။ ရွှေမှုံ့သမီး မကိုင်ရစေဘူး။ ရွှေမှုံ့သမီးက ကွမ်းတောင် ကိုင်ရတယ် ဆိုရင် တစ်သက်မှာ ငါ နှစ်ခါရှုံး ရတော့မယ်။ နှစ်ခါ မရှုံးစေရဘူး။ ရွှေမှုံလည်း မိန်းကလေး မမွေး စေရဘူး” မအိမ်ကံ သည်လိုပဲ တွေးနေခဲ့သည်။ သည်လိုပဲ သဘောရှိခဲ့သည်။ ရွှေမှုံ သားယောက်ျားလေး မွေးလျှင် ပြဿနာမရှိ။ သည်ကတည်းက ရွှေမှုံမွေးလျှင် သားယောက်ျားကလေး ဖြစ်ပါစေလို့ ဆုတောင်းခဲ့သည်။ နေ့စဉ်နှင့်အမျှ မမေ့မလျော့ဆု တောင်းသည်။ တစ်ခါတလေများ မကောင်းသည့် ဆုတောင်းများပင် တောင်းမိသည် အထိ ခံပြင်းစိတ်ကြီးခဲ့ရပါ၏။ အခုတော့ မအိမ်ကံ ဆုတောင်းတွေ လွဲခဲ့ရပါပကော။ မျှော်လင့်ချက်တွေ ပြိုကျခဲ့ရပါပကော။ “မအိမ်ကံ အိမ်ထဲဝင်လေ။ ဘယ်နှယ့် မတ်တတ်ကြီး ဘာတွေများ တွေးနေသာတုံး” မလှအုံက ဆတ်ခနဲ လာကိုင်တော့မှ မအိမ်ကံ အသိပြန်ဝင် လာခဲ့ပါ၏။ မလှအုံကို ဘာမှပြန်မဖြေတော့ဘဲ မအိမ်ကံ အိမ်ပေါ် တက်ခဲ့သည်။ ဘယ်သူ့ကိုမှလည်း စကားမပြောချင်။ ရင်ထဲမှာ အပူလုံးကြီး မျိုချထားရသလို တင်းကျပ် လောင်မြိုက် နေတာကလည်း နေမထိ ထိုင်မသာ ဖြစ်နေရသည်။ မလှအုံက ဘယ်လို ပြောလိုက်သည် မသိ။ အမေပန်းရုံ အိမ်ပေါ်အထိ လိုက်လာသည်။ အမေ့ရှေ့မှာ ဘာမှမဖြစ်သလို နေပြသော်လည်း အမေပန်းရုံ ရိပ်မိပုံ ရသည်။

154


“ငါ့သမီး နေမကောင်းဘူးလား။ အစ်ကို့ကို နှမြောနေ သလား။ ပြောစမ်း ငါ့သမီး ဘာဖြစ်လို့လဲ” အမေပန်းရုံကို မအိမ်ကံ မော့ကြည့် လိုက်သည်။ အမေ...။ အနှစ်နှစ်ဆယ် လုံးလုံး မအိမ်ကံ ကွမ်းတောင်ကိုင်ခွင့် မရှိမှန်း သိလျက်နှင့် ဖွင့်မပြောဘဲ ကျိတ်ခံစား ခဲ့ရှာသော အမေ။ တစ်ရွာလုံးကို ဖုံးခဲ့ဖိခဲ့သည့် အမေ။ သည်ရောဂါ၊ သည်ဝေဒနာ အသည်းပေါက်အောင် ခံစားနေရဆဲ ဖြစ်ကြောင်း မအိမ်ကံ မိခင်ကို နောက်တစ်ကြိမ် မသိစေချင် တော့ပြီ။ ကွမ်းတောင် မကိုင်ရတော့လည်း ပြီးတာပါပဲ အမေရယ် ဆိုသည့် ခံစားမှုမျိုးသာ ရှိသလို အလိုက်သင့် အလျားသင့် နေပြခဲ့သည်။ အမေပန်းရုံကလည်း သည်ကိစ္စ ပြီးပြီး ပျောက်ပျောက်လို့သာ သဘောထားခဲ့သည်။ “မသိပါဘူး အမေရယ် မအိမ်ကံ သည်မနက် စိတ်တွေ လေးသယ်။ ရင်ထဲမှာ မလင်းလှဘူး အမေ။ ဘာရယ်လို့လည်း မပြောတတ်ပါဘူး” မအိမ်ကံက ခပ်ထွေးထွေး ကလေး ဖြေလိုက်သည်။ အမေပန်းရုံက မအိမ်ကံနဖူးကို စမ်းသည်။ လည်ပင်းကို လက်ခုံနှင့် စမ်းသည်။ အပူငွေ့မရှိ။ အမေပန်းရုံကတော့ တစ်သက်လုံးက ချစ်ခဲ့ရသော အစ်ကိုဖြစ်သူ အိမ်ထောင်ပြုခြင်းကို စိတ်မချမ်းသာ ဖြစ်နေတာပဲလို့ ထင်ရှာပုံရသည်။ တခြား ဘာမှတော့ မပြော။ သမီးဖြစ်သူကို သွေးဆေးကလေး လျက်ပြီး အသာမှေး နေဖို့သာ ပြောသည်။ မအိမ်ကံက အမေ့ရှေ့မှာ လူမမာ လုပ်မနေ ချင်သော်လည်း အမေ ကျေနပ်အောင် အသာလှဲ နေလိုက်သည်။ “အမေ မစံရွှေတို့ အိမ်ဘက် ကူးချေဦးမယ်။ ရွှေမှုံ မွေးသယ်ကြားလို့။ ကလေးမလေး မွေးရ ဖွားရ ခက်သယ်ကြားသယ်။ အခုတော့ မီးဖွားပြီးပြီ ကြားလို့ တော်ပါသေးရဲ့ အောက်မေ့မိသယ်။ ရတနာသုံးပါး ဂုဏ်ကျေးဇူးကြောင့် ထင်ပါရဲ့၊ ကလေးရော မအေပါ နေကောင်းကြသတဲ့” “ဘာလေး မွေးသတဲ့လဲ အမေ” မအိမ်ကံက ကြားပြီးသားပေမယ့် သေချာအောင် ထပ်မေးသည်။ အရီးကြာညွန့် ပြောခဲ့တာ မှားချင်လည်း မှားနိုင်တာပဲ မဟုတ်လား။ မအိမ်ကံ အမေ့ မျက်နှာကို ငံ့လင့်တကြီး မော့ကြည့် နေမိသည်။ အမေပန်းရုံကလည်း ဇဝေဇ၀ါ။ မအိမ်ကံမေးမှ သူလည်း သတိထားမိပုံရပါ၏။ “ယောက်ျားလေးဆို မှတ်သာပဲ။ သိပေါင်အေ ခဲရာခဲဆစ် မွေးရသယ် ဆိုသာက လှအုံကြားလာခဲ့သာ။ ညက တစ်ညလုံး အင်္ဂုလိမာလ သုတ်တွေ ရွတ်ကြရသတဲ့။ ခေါင်းကို သစ်ကျွတ်စ ထိုးပေးသာတောင် မနည်းမွေးရသာတဲ့” သစ်ကျွတ်စ...။ သစ်ကျွတ်စ ဆိုတာ သစ်ပင်ကြီးကို ချိုင်ရာက အစထောင် ကျန်ရစ်ခဲ့သော ကိုင်းပြတ်စဖြစ်သည်။ ရွာတွေမှာ မီးနေသည် မီးမဖွားနိုင်လျှင် သစ်ကျွတ်စ ခေါင်းကဆံပင် ဆံထုံးတွင် ထိုးပေးလေ့ရှိကြတာ ထုံးစံပင်။ သစ်ကျွတ်စ ထိုးပေးလျှင် မွေးဖွားရ လွယ်သည်ဟု ယုံကြည်ကြသည်။ တချို့က တမာခက်ကို သွေး၍ တိုက်တတ်ကြသည်။ မဖြစ်မနေ တိုက်ရသည့် ရေမန်းကတော့ အင်္ဂုလိမာလသုတ်တော်ကို ခုနစ်ကြိမ်ရွတ်၍ ရေမန်းပြုခြင်း ဖြစ်သည်။ သရက်ပင်ငုတ်စိကို လက်ဖြင့် နောက်ပြန်နုတ်၍ သွေးတိုက်ကြတာလည်း ရှိပါ၏။ ရွာမှာ မီးနေစောင့်ဓလေ့ ရှိသည်။ မွေးဖွားမည့် ရက်ဝန်းကျင်မှာ မီးနေသည် အိမ်ကို သွားရောက် အိပ်ကြရခြင်း ဖြစ်သည်။ မီးနေစောင့်ရင်း နနွင်းတက် ထောင်းကြရသည်။ ဒိုင်းဆင့်၍ နနွင်းမှုန့် ချကြရသည်။ မီးနေဆောင်ထုပ်တွင် ကြိုးတစ်ချောင်း ချ၍ မီးနေသည်ကို ကိုင်ခိုင်းရသည်။ မီးနေသည်က ထိုကြိုးကို ကိုင်၍ အားယူရခြင်း ဖြစ်သည်။ “မီးနေသည် ဆိုသာ မီးအနားမှာ နေရသာကို ပြောသာပါအေ။ ညလားနေ့လား မွေးတော့မယ် ဆိုရင် မီးအိုးကင်းကြီးမှာ ထင်းထည့်ပြီး ဟူးဟူးလောင် ခိုင်းထားရသာ။ မျက်နှာ မြင်ပြီဆိုသာနဲ့ မီးနဲ့နေရပြီ။ နနွင်းကို ရေဖျော်ပြီးလိမ်း၊ ပြီးသာနဲ့ မီးဟပ်ခံ ရတော့သာပါအေ။ မသက်သာပါဘူး”

155


တစ်ခါက မလှအုံ ပြောပြဖူးသည့် မီးနေအလေ့ဖြစ်ပါ၏။ ထိုစဉ်က အမေပန်းရုံကပင် မလှအုံကို လှမ်းငေါက်သည်။ သမီး နုနုထွတ်ထွတ်ကို မဟုတ်က ဟုတ်က ပြောရပါ့မလား ဆိုကာ ငေါက်ခြင်း ဖြစ်သည်။ မလှအုံကတော့ အငေါက်ခံ နေရသည့်ကြားက ပြောစရာရှိတာ ကုန်အောင် ပြောသည်။ “မိန်းကလေး ဆိုသာ လောကနိယာမ ကင်းမှတ်လို့။ အပျိုတော့ကော သိထားတော့ မကောင်းဘူးလား။ မိဘကျေးဇူး ပေါ့ပေါ့မှတ်မှာ စိုးလို့ ပြောရသာ။ ကိုယ်ဝန်သည်များ သင်္ချိုင်းကို တစ်နေ့ မျက်စောင်းသုံးခါ ထိုးရသဲ့ဟာ၊ ဘာမှတ်လို့တုံး။ နေပါဦး ဘယ်နားတောင် ရောက်သွားပါလိမ့်။ အဲသာနဲ့ မွေးကရော” “ပြောပါ မလှအုံရဲ့” “အေးပါ၊ မီးနေသည် ဆိုသာ သွေးဟောင်းသွန်ပြီး သွေးသစ်လောင်းသဲ့ အချိန် ဆိုတော့ သွေးနုသားနုကိုး၊ အင်မတန် အသည်းငယ်သာ။ အိမ်မြှောင်စုတ် ထိုးသံတောင် လန့်ချင်လန့်သာ။ မျက်ရည်များ ကျလို့ကတော့ မီးယပ်ခေါင်းကိုက်နာ စွဲကရော” မလှအုံ စကားတွေထဲမှာ မိန်းမသား တစ်ယောက်၏ သားဖွားခြင်းကိစ္စတွေ များလှသည်။ ကြားရတာပင် ကြောက်စရာ ကောင်းလှပါ၏။ မလှအုံ ပြောသလို မိဘ ကျေးဇူးကား ကြီးမား လွန်းလှပါကလား။ အသက်တစ်ချောင်းနှင့် ရင်းရသော လွန်ဆွဲပွဲပါကလား။ အခုလည်း ရွှေမှုံ မီးဖွားရခက်သည် ပြောနေပြီ။ အပျိုမွေးမို့ ခက်တာလား။ မအိမ်ကံ နေ့စဉ်နှင့် အမျှ ဆုတောင်းနေလို့များ မွေးရခက်တာလား။ မွေးချိန်ဖွားချိန် ခက်ပါစေ၊ သားလျှောပါစေ၊ အတိဒုက္ခ ရောက်ပါစေ ဆိုသည့် မနောဆိုးဖြင့်တော့ မအိမ်ကံ ဆုမတောင်းခဲ့တာ အမှန်ပင်။ အဲသလောက် ရက်စက်ကြမ်းကြုတ်သော ရုန်းရုန်းရင်းရင်း စိတ်ဓာတ်မျိုး မရှိပါ။ သို့သော် ယောက်ျားကလေး မွေးပါစေလို့တော့ အကြိမ်ကြိမ် အလီလီ ဆုတောင်းခဲ့တာတော့ ရှိပါ၏။ အခုတော့ ယောက်ျားကလေး လိုလို၊ မိန်းမကလေး လိုလိုဖြစ်နေပြန် ပါပကောလား။ “မိန်းမသား ဆိုသာ မွေးတော့ဖွားတော့မယ် ဆိုရင် သူ့အိမ် သူ့ရာကို မျက်မုန်း မကျိုးအပ်ဘူး။ သူ့စည်းစိမ်ချမ်းသာကို မျက်မုန်း မကျိုးအပ်ဘူး။ သူကောင်းစားသာကို မျက်မုန်း မကျိုးအပ်ဘူး။ မျက်မုန်း ကျိုးမိရင် ဘယ်လမဆို ၀ါရမိတ္တုကြီးရက်နဲ့ ကြုံရတတ်သယ်။ မနေ့က လဆန်း ၈ ရက်၊ အင်္ဂါနေ့ကျတော့ ၀ါရမိတ္တုကြီးကျသာလည်း ပါမှာပေါ့။ ရက်တံကြင်၊ တာနောရက်များ ကျရင် ဘေးတွေ့တတ်သယ်” အမေပန်းရုံ စကားတွေက ကြောက်စရာ ကောင်းလိုက်တာ။ “ယောက်ျားကလေး မွေးရင်တော့ ရှင်ပြုရသာပေါ့အေ။ မိဘများက သားဦးကို ယောက်ျားကလေး မျှော်ကြသာ သမီးရဲ့။ သားကို ဦးဦးဖျားဖျား ရှင်ဖြစ်စေချင်ကြသာကိုး” “မအိမ်ကံ မွေးခါနီးတုန်းကကော ယောက်ျားကလေး ဖြစ်စေချင်တာပဲလား အမေ” အမေပန်းရုံက သမီးကို ပြုံးပြသည်။ မအိမ်ကံ ပါးကို လက်ချောင်း ရှုံ့ရှုံ့ကလေးများနှင့် ထိကာ အသာပွတ်သည်။ စကားအကျ ကောက်တတ် ပါသကော ဆိုသည့်ပုံ။ “သမီး မွေးခါနီးတုန်းက အမေ အိပ်မက် မက်သယ်။ အိပ်မက်က ထူးဆန်းပါသယ် သမီးရယ်။ အမေတို့ အိမ်ခေါင်းရင်းက ဆပ်သွားဖူးရုံကြီးဘက်က

လူသူတော်

တစ်ယောက်

ထွက်လာပြီး

အမေ့ကို

သမီးမိန်းကလေး

မွေးလိမ့်မတဲ့။

ဆပ်သွားဖူးပင်ကြီးလည်း ပွင့်လိမ့်မတဲ့။ သည်ကလေးက နင်တို့ အိမ်ရဲ့ကံပဲတဲ့” “မွေးရ ဖွားရသာကော ခက်သလား အမေ”

156


“အများ မိန်းမသားများ မွေးရသလိုပဲပေါ့ သမီးရယ်။ ညည်းအဖေက အသက်ကြီးပြီ ဆိုတော့ သားသမီး ၀င်စားမယ်တောင် မထင်တော့တဲ့ အချိန် ရလိုက်သာ ဆိုတော့ အမေဖြင့် ၀မ်းသာလိုက်ပုံများ။ မွေးတော့လည်း ကျက်သရေ ရှိပါ့တော်” “မိန်းမသားဖြစ်ရသာ ဇယ်ခတ်တဲ့ အခါ ဗွေတစ်လက်ရှုံး ရသလိုပါပဲ အမေ” “သည်လိုလည်း မဟုတ်ပါဘူး သမီးရယ်။ လောက မိန်းမသား မရှိလို့ ဘယ်ဖြစ်ပါ့မလဲ။ တို့ဘုရားတော် မယ်တော်က မွေးရသာပဲ မဟုတ်လား။ ကိုင်း အမေ သွားချေဦးမယ်။ အသာလှဲနေ ကြားလား။ သွေးဆေး လျက်လိုက်ဦးနော် မမေ့နဲ့” အမေပန်းရုံ ထွက်သွားတော့ မအိမ်ကံ မှေးခနဲ အိပ်ပျော် သွားခဲ့သည်။ ခါတိုင်း သည်လို အိပ်လေ့မရှိ။ တစ်ခုမဟုတ် တစ်ခု လုပ်နေတာ များသည်။ သည်နေ့တော့ စိတ်တွေပူလောင် နေခဲ့လို့လား တစ်ကိုယ်လုံး နွမ်းပါး ဖြစ်နေခဲ့ပါ၏။ ကိုပြေသိမ်း ထမင်းစား ပြန်လေသလား၊ မပြန်လေသလားပင် မသိလိုက်။ အမေပန်းရုံပြန်လာလို့ နဖူးကိုလက်နှင့် လာစမ်းတော့မှ မအိမ်ကံ နိုးသည်။ “ဖျားပါ့မယ် သမီးရယ် ထတော့။ ထမင်းစားချေ။ မစံရွှေ ချွေးမကလေးက မိန်းကလေးမွေးသာ သမီးရဲ့။ သူတို့အားလုံးက ယောက်ျားကလေး လိုချင်ကြသာ။ မစံရွှေတို့က မြေးဦး ရှင်ပြုချင်ကြ ထင်ပါရဲ့” “ရွှေမှုံကကော အမေ” “ရွှေမှုံကတော့ မအေဆိုတော့ မွေးလာတဲ့ ကလေး ချစ်ရှာ မှာပေါ့။ ငါ့သမီးတုန်းက အမေတို့ ချစ်ရသလိုနေမှာပဲ။ မိဘ ဖြစ်လာပြီကိုး” အမေပန်းရုံနှင့် အတူ မအိမ်ကံ အောက်ထပ်ကို ဆင်းလာခဲ့သည်။ ကိုပြေသိမ်းမရှိ။ ကျောင်းဆင်းချိန်တော့ မကျသေး။ မအိမ်ကံ ရေချိုး ပစ်လိုက်သည်။ ရေချိုး လိုက်တော့လည်း အပူတွေ လျော့သွားသလိုဖြစ်ရပါ၏။ ဘာပဲဖြစ်ဖြစ် အဖေနှင့်အမေ ပန်းရုံတို့ရှေ့မှာ ညှိုးညှိုးနွမ်းနွမ်း မနေချင်။ ကျေးတစ်ရာဆင် နက်ပြာရောင် ချည်လုံချည် ကလေးနှင့် မိုးပြာရောင် ဂျော်ဂျက်ထည် ပဒုမ္မာလက်အင်္ကျီ တွဲဖက်ဝတ်လိုက်တော့ စိတ်ကလေးပင် ကြည်လင် သွားသလိုလို ထင်မိပါ၏။ သနပ်ခါး ပါးကွက် ပါးပါးကလေးကျားကာ ဆံပင်ကုပ်သားကလေး ပေါ်အောင် ဗယာကြော် ဆံထုံးကလေး ထုံးလိုက်တော့ မျက်နှာကလေးပွင့် သွားသည်။ ဇီဇ၀ါပန်း အပွင့်ကားကားကြီးကို ဆံထုံးဘေးမှာ ကပ်ပန် လိုက်သည်။ အိမ်ပေါ်က ဆင်းလာတော့ ကိုပြေသိမ်းပင် ကျောင်းကပြန်လာတာ တွေ့လိုက်ရသည်။ လှေကားခြေမှာ ကိုပြေသိမ်း ရပ်နေခဲ့သည်။ “အိမ်ကလေးက ချောလိုက်တာကွယ်” ကိုပြေသိမ်းက မကြားနိုးနား ဆိုလိုက်တော့ မအိမ်ကံမှာ ရှက်သွေးကလေးပင် ဖြန်းသွားမိရပါ၏။ အိမ်အောက်ထပ်မှာ ဘယ်သူမှ မရှိ။ အဖေကတော့ စောစော ကတည်းက ဘုန်းကြီးကျောင်းဘက် ထွက်သွားတာ မအိမ်ကံ သိပါသည်။ အမေပန်းရုံတို့ မလှအုံတို့ကကော။ ကျေးဥကတော့ ရက်ကန်းရုံ ထဲမှာ ရှိမည် ထင်သည်။ “နေ့လယ်က ပြန်လာတော့ အိမ်ကလေး အိပ်နေတယ်လို့ မလှအုံက ပြောလို့ နေမကောင်းဘူးလား” “ကောင်းပါသယ် အစ်ကို စိတ်တော့ မကောင်းဘူးပေါ့လေ” မအိမ်ကံက ပြောရင်းဖြင့် တစ်ချက် တွေသွားပြီး မျက်ရည်တွေ စိုလက်လာခဲ့သည်။ ဒါကို ကိုပြေသိမ်းက မြင်သွားခဲ့ရာ မအိမ်ကံ တစ်ခုခု ခံစားနေရပြီ ဆိုတာ အတပ် သိလိုက်ပါ၏။ မအိမ်ကံကို မြင်မြင်ချင်း ကတည်းက သူ ချစ်ခဲ့မိသည်။ သည်

157


အချစ်စိတ်ကြောင့်ပင် မြင်းခြံလိုမြို့ကြီးမှာ ကျောင်းဆရာ လုပ်နေရာက မြင်းခြံမြောက်လက်က ဇောင်ချမ်းကုန်း ရွာကလေးမှာ စာသင်ကျောင်း ဖွင့်ဖြစ်အောင် သူ ကြိုးစားခဲ့သည်။ အနေနီး လာတော့လည်း မအိမ်ကံ၏ အကျင့်စာဂနှင့် စိတ်ဓာတ်ကို သူ လေးစားမြတ်နိုး လာရပါ၏။ အထူးသဖြင့် သူလေးစား စံထားရသော သခင်မြတ်သာ၏ နှမကလေးမှန်း သိလိုက်ရတော့ ပိုတန်ဖိုး ထားမိသည်။ တစ်မိုးအောက် အတူနေကြရတော့ သမုဒယ သံယောဇဉ် နှောင်ကြိုးလည်း ရစ်ပတ် နှောင်တည်းမိကြပြီ မဟုတ်လား။ “အိမ်ကလေး ပြောချင်တာ ရှိလို့လား” ရှိပြီကောရှင်။ မအိမ်ကံက ကိုပြေသိမ်းကို မော့ကြည့် လိုက်ရင်းက မျက်နှာကလေး သုန်မှုန်သွားခဲ့သည်။ “ရှိတာပေါ့ အစ်ကို။ မအိမ်ကံ မမေးချင်တဲ့ စကားပါပဲ။ ဒါပေမယ့် မိန်းမကလေး ဆိုသာ ခေါင်ဇယ်လည်း မှန်ချင် စည်းကလည်း ကဲချင် မဟုတ်လား” “ပြောပါ အိမ်ကလေးရယ်” “မအိမ်ကံအဖို့

သည်လိုနေလို့

မကောင်းနိုင်တော့ဘူး

ထင်သယ်

အစ်ကို။

ရွာနဲ့ရပ်နဲ့

မိနဲ့ဖနဲ့

ဆိုတော့

မြေညီလို့

တလင်းဖြစ်ရသယ် အပြောမခံချင်ဘူး။ အစ်ကို နားလည် ပါသယ်နော်။ ကျေးဥ ပြောပြသလောက် ဆိုရင် ရွာက ယုန်မရဘဲ တောကြေမှာ စိုးကြသတဲ့။ ပြီးတော့...” “ပြောပါ အိမ်ကလေးရယ် အစ်ကို နားထောင်နေပါတယ်” “အစ်ကိုနဲ့ မအိမ်ကံ မေတ္တာမျှနေကြသယ် ဆိုသာ အဖေလည်း သိသယ်။ တစ်ရွာလုံး၊ တစ်နယ်လုံးကလည်း စောင့်ကြည့် နေကြသာ ဆိုတော့ မအိမ်ကံက မိန်းကလေးပါ။ ခုံညင်း လည်းရှုံး၊ ဒိုးလည်းရှုံး ဆိုသာလို” ကိုပြေသိမ်းက မအိမ်ကံ လက်တစ်ဖက်ကို လှမ်းကိုင်လိုက်သည်။ မအိမ်ကံကို ပြုံးကြည့်နေခဲ့သည်။ မအိမ်ကံ စကားဆက် မပြောဖြစ်။ ကျလာသော မျက်ရည်တွေကိုလည်း မသိမ်း။ မျက်ရည်တွေက ဂျော်ဂျက် အင်္ကျီကလေးပေါ် တစ်ပေါက်ချင်း ကျနေခဲ့ပါ၏။ ပါးနှစ်ဖက်မှာ တင်ထားသော ပါးကွက်ကျား ကလေး အလယ်မှာ မျက်ရည်စီးကြောင်း ကလေးတွေ ချောင်းစီး နေကြလေသည်။ မအိမ်ကံဆီက စကားသံ မကြားရတော့ ကိုပြေသိမ်းက သူ့အိတ်ထဲက လက်ကိုင်ပ၀ါကို နှိုက်ပြီး မအိမ်ကံ လက်ထဲ ထည့်ပေးသည်။ အိမ်ထဲ လူဝင်လာလျှင် တွေ့သွားမည် စိုးသောကြောင့် သုတ်ခိုင်းခြင်းပင်။ မအိမ်ကံက ကိုပြေသိမ်း လက်ကိုင်ပ၀ါ ကလေးနှင့် မျက်ရည်တွေ သုတ်သည်။ လက်ကိုင်ပ၀ါဆီက ရနံ့တစ်မျိုးကို ရလိုက်တော့လည်း ချစ်သူ၏ ကြင်နာယုယမှုကို စိတ်ရောက် ရပြန်ပါ၏။ ကိုပြေသိမ်းသည် အလစ်ကို ချောင်းတတ်သော ကြောင်ဖား မဟုတ်တာ မအိမ်ကံ သိပါသည်။ ရုပ်ရည်ချောမော သလောက် စိတ်သဘော နူးညံ့သန့်ရှင်းသော ယောက်ျားကောင်း ယောက်ျားမြတ် တစ်ယောက် ဆိုတာလည်း မအိမ်ကံ ယုံကြည်ပါ၏။ တစ်ခါတစ်ခါ ကြက်ကမတိုး ကျော့ကွင်းက တိုးမိရတာများလည်း ရှိခဲ့ပါသည်။ ကျောင်းနှင့်အိမ်၊ ရွာနှင့်မြို့ ကူးကာ လူးကာ စာသင်ကျောင်း အတွက် လုံးပန်းလွန်းတော့လည်း မအိမ်ကံကိုပင် ချစ်တာ ဟုတ်ရဲ့လား တွေးခဲ့မိရသည် အထိ။ ကိုပြေသိမ်း ရှိရာကျောင်းသို့ပင် တစ်ခါတစ်ရံ မအိမ်ကံ လိုက်သွားမိတတ်သည် မဟုတ်ပါလား။ “အစ်ကိုတော့ဖြင့် လာမယ့် ကဆုန်ဦးမှာ မင်္ဂလာကိစ္စ စီစဉ်မယ်လို့ မိဘများဆီ စာရေး ထားပြီးပါပြီ။ အစ်ကိုကလည်း မအိမ်ကံနဲ့ နီးချင်လှပါပြီ။ ကျောင်းကိစ္စ အောင်မြင်ဖို့ကလည်း အစ်ကို့တာဝန် မဟုတ်လား။ ရပ်ရွာက မြည်လာကြပြီ ဆိုတော့ အိမ်ကလေး အတွက် အစ်ကို ဦးစားပေးရမှာပေါ့ဗျာ။ ကိုင်းပါကွယ်။ ကဆုန် ထိအောင် အစ်ကို မစောင့်တော့ပါဘူး။ လာမယ့် တပို့တွဲ လောက်မှာ စီစဉ်ကြတာပေါ့။ အစ်ကို့မိဘတွေက သခင် မြတ်သာ နှမကလေးနဲ့ သဘောတူပြီးသားပါ အိမ်ကလေးရယ်”

158


“သြော်... အစ်ကိုရယ် မအိမ်ကံ အစ်ကို့ကို ယုံပါသယ်ရှင်။ အစ်ကို့ကို ချစ်လွန်းတော့လည်း နေ့ကိုဝါဆို ညပြာသို ဆိုသာလို နေ့တစ်စိတ်၊ ညတစ်စိတ် ဖြစ်မိသာလည်း အမှန်ပါ” “ကဲပါလေ အိမ်ကလေးသာ စိတ်ချမ်းချမ်းသာသာ နေပါတော့။ အစ်ကို့မိန်းမ အလှများ ပျက်နေပါရော့မယ်” “ဘာမိန်းမလဲ အစ်ကိုနော်” ချစ်သူ၏ သိက္ခာရှိသော မင်္ဂလာစကားကို ကြားရတော့လည်း မအိမ်ကံ ရင်နွေးရပါ၏။ ကိုပြေသိမ်းက ဆိုခဲစေ မြဲစေ ဆိုတာလည်း သိပါသည်။ ရွှေမှုံ သမီးလေး မွေးပြီ ဆိုသည့် သတင်းက မအိမ်ကံကို တစ်နေ့လုံးလုံး မွှေနေခဲ့တာ ဆိုတော့ သည်စိတ်ကပဲ ကိုပြေသိမ်းကို သည်စကားတွေ ပြောဖြစ်ဖို့ လောဆော် နေခဲ့ပုံရပါ၏။ ကိုပြေသိမ်းနဲ့ လက်ထပ်တာတော့ ဟုတ်ပါရဲ့။ သားသမီး မပွားစီးရင်ကော။ ပွားစီးပါပြီတဲ့။ သမီးမိန်းကလေး မဟုတ်ခဲ့ရင်ကော။ ဒါဆိုလျှင်တော့ မအိမ်ကံ ငုတ်တုတ် ရှုံးရတော့မည်။ ကဲပါလေ ထားကြပါစို့။ မအိမ်ကံကလည်း သမီးဦးကလေး မွေးပြီ ဆိုပါတော့။ သည်သမီးဦးကလေးက ရွာ့ကွမ်းတောင် ကိုင်ဖြစ်ရမယ်လို့ ဘယ်သူက အာမခံနိုင်လို့လဲ။ ရွှေမှုံ့သမီးက သာတယ် ဆိုရင်ကော။ ဘယ်အရာ ဘယ်ဟာကမှ မသေချာ။ ရောင်တော်ပြန်ပွဲက ဘယ်ဆီ နေမှန်းမသိ၊ ပ၀ါဝယ်နှင့် ရသလို ဖြစ်နေလေပြီ။ ဘာပဲဖြစ်ဖြစ် မအိမ်ကံ သမီးကပဲ ကွမ်းတောင် ကိုင်စေရမည်။ ကွမ်းတောင်ကိုင် ကိစ္စကို မအိမ်ကံ ဘာကြောင့် သည်လောက် အယူအစွဲကြီးနေ မိတာပါလိမ့်။ မအိမ်ကံ ကိုယ်တိုင်ကလည်း နားမလည်။ သို့သော် သည်စိတ်ကတော့ မွေးကတည်းက သန္ဓေ တည်လာခဲ့သော စိတ်လို့တောင် ပြောရမည် ထင်ပါ၏။ မအိမ်ကံ အဖို့ရာ တပို့တွဲလမှာ လက်ထပ်မည်လို့ ချစ်သူက ကတိပေး လာခဲ့ပြီ။ မင်္ဂလာပွဲကိုတော့ တစ်နယ်ရိုးလုံး သိမ့်သိမ့်ကြီး ခါအောင် နွှဲလိုက်ချင်ပါ၏။ မအိမ်ကံတို့ ၀ိုင်းတိုက်ကြီးထဲမှာ မဏ္ဍပ်ကြီး ထိုးကာ နရန်းရွာစဉ် တစ်လျှောက် ဂုဏ်သတင်းကြီး မောက်အောင် မဏ္ဍပ်တိုင်တိုက် လိုက်ရဦးမည်။ မန္တလေးက ဇာတ်ပွဲ၊ အငြိမ့်ပွဲ ငှားထည့်မည်။ ဂေါစရဂါမ် သံဃာတော် အကုန် ပင့်ဖိတ်၍ သင်္ကန်းလှူဖွယ်နဲ့ ဆွမ်းကပ်မည်။ မင်္ဂလာပွဲမှာ ထမင်းရုံကွဲ ဧည့်ခံကျွေးမွေးမည်။ သပြေပန်း တစ်ခက်နှစ်ခက်၊ မသွေတမ်း တစ်သက်နှစ်သက် ဘ၀ချင်းဖက် ကြရပြီဆိုမှတော့ မအိမ်ကံဘ၀ နိမ့်ကျစရာ မရှိတော့။ လှေမျော လှေနှင့် လိုက်ရသလို ဂုဏ်သတင်းကို ဂုဏ်သတင်းနှင့် လိုက်ရလိမ့်မည်။ ကိုပြေသိမ်းက မအိမ်ကံ၏ လက်ကလေး နှစ်ဖက်ကို စုကျုံးယူကာ ရင်ဘတ်မှာ ကပ်ထား လိုက်သည်။ ပြီးတော့ ခါးကလေးကို သိုင်းဖက်ကာ မအိမ်ကံ ပါးကလေး နှစ်ဖက်ကို နမ်းလေသည်။ ပူနွေးလှသော ချစ်သူ၏ အနမ်းများ။ “ဥုံ... ဟရီ... ဟရီ ဘုန်းတော် အလွန်တစ်ရာ ကြီးမြတ်တော်မူသော ရှင်တော်မြတ်ဘုရားသည် လည်းကောင်း၊ မုခပင်္ကဇံ ခံတွင်းတော်တည်း ဟူသော ရွှေကြာတိုက်၌ ဖြစ်တော်မူထသော ပိဋကတ္တယ ဟရီ ဟရီ ပိဋကတ် သုံးပုံ စောင့်သော နတ်သမီးသည် လည်းကောင်း၊ မဟိန္ဒရို မြေကို အစိုးရသော နတ်မင်း သည်လည်းကောင်း၊ ဗာဟိန္ဒရို ကောင်းကင်ကို အစိုးရသော နတ်မင်းသည်လည်းကောင်း၊ ဗြစန္ဒရို လဗိမာန်ကို အစိုးရသော လနတ်သားသည်လည်းကောင်း၊ နရစဇ္ဇရို နေဗိမာန်ကိုအစိုးရသော နေနတ်သားသည်လည်းကောင်း၊ ဗေဒဂြဟာ ဗေဒင် လေးပုံကို စောင့်သော ရှစ်လုံးသော ဂြိုဟ်နတ်တို့သည် လည်းကောင်း၊ သျှူရာဂဇာ သိကြားမင်းစီးတော်မူသော ဧရာဝဏ် ဆင်မင်းသည်လည်းကောင်း...” ဘိသိက်ဆရာ၏ အသံက ၀ိုင်းပြည့်ထိုးထားသော မဏ္ဍပ်တွင်းမှ လွင်လွင် စာစာ ထွက်ပေါ်လျက်ရှိ၏။ များလှသော ရွာစုံ ဧည့်ပရိသတ်၏ တဝေါဝေါ စကား ပြောသံများကြောင့် ဘိသိက်ဆရာခမျာ အားစိုက်အော်ရင်း ရွတ်နေရပါ၏။ မန္တလေးမှ ငှားထားသော အငြိမ့်ဆိုင်းနှင့် တွဲဖက်၍ ရွတ်ဖတ်နေခြင်း ဖြစ်ရာ လူသံ၊ ဆိုင်းသံ၊ ဘိသိက်သံတို့ ရောလျှက်ပွက်ပွက်ကြီး ညံလျက်ရှိလေသည်။ မဏ္ဍပ်ကြီးက တစ်ဝိုင်းလုံး နေရာလပ် မရှိအောင် ထိုးထားသော်လည်း ထိုင်စရာ နေရာ မရှိအောင်ပင်

159


လူတွေ များလှပါ၏။ ရွာပေါင်းစုံက ပင့်ဖိတ်ထားသော ဆရာတော်များအား မနက်ပိုင်း ဆွမ်းကပ်လှူခဲ့ကြပြီး ဒါန၀တ္ထုအစုစုဖြင့် တစ်ပါးတစ်စုကျ ကုသိုလ်တွေ ပြုခဲ့ကြပြီ။ ကိုပြေသိမ်းရော မအိမ်ကံပါ မနက် စောစောထကြကာ ဆရာတော်ဘုရား သီတင်းသုံးရာကျောင်းကို မင်္ဂလာဆွမ်း ပို့ခဲ့ကြသည်။ ဆရာတော်ကြီးက သက်တော် ရလှပြီဖြစ်သဖြင့် မင်္ဂလာ မဏ္ဍပ်ကို မကြွနိုင်။ ကျောင်းက ပြန်တော့မှ သတို့သမီး မအိမ်ကံ အလှပြင်ရပါ၏။ မအိမ်ကံက မိုးပေါ်ကကျလာသည့် နတ်သမီးကလေးနှယ် ထင်းထင်းကြွကြွ လှလွန်းလှပါသည်။ မန္တလေးတစ်ဖက်ကမ်း ၀ါးချက်ရွာ

အချိတ်ရက်ကန်းရုံမှ

ပွဲကတော်ကြီး

တကန်

တကမှာ

ယူပေးသော

ခုနစ်စင်း

ဂမုန်းပွင့်ကြိုးကြီးချိတ်

ရွှေဖလားရောင်နှင့် ပိုးပျော့ရင်ဖုံးအင်္ကျီ လက်ရှည် အ၀ါသွေး ကလေးကြောင့် ဖိတ်ဖိတ်တောက် နေတော့သည်။ အင်္ကျီလက် ကြာယပ် အနားတွန့် တွေကတော့ ဇောင်ချမ်းကုန်းမှာ ထူးဆန်းလို့ ပင်နေလေ၏။ ဆံထိုး၊ ဆံညှပ်၊ ပန်းခိုင်၊ ရှေ့စိုက်ဘီးတွေက အစ ကျောက်ထည်များချည်း ဖြစ်သည်။ ပီအောနားကပ်ကြောင့် နားရွက်လေး လှသော်လည်း လက်ရာကောင်း ကျောက်ဖြစ်၍ အဖိုးတန်မှန်း သိသာလှပါ၏။ ရှေးက ဥပါကြယ် ခေါ်ကြသည့် မိဖုရားနားပန်တော်နှင့်ပင် တူလေသည်။ အထူးခြားဆုံးကတော့ နယားလက်ကောက် လေးပင်လိမ်များ ဖြစ်၏။ အသားဝါချော မအိမ်ကံနှင့် ရွှေဖလားရောင် လွန်းရာကျချိတ်က လိုက်ဖက် လွန်းလှသည်။ မအိမ်ကံက မျက်နှာကလေးကို ချီထားတာလည်း မဟုတ်၊ ပြုံးထားတာမျိုးလည်း မရှိစေရဘဲ တည်တည်ကြည်ကြည် ကလေးနှင့် ထိုင်နေခဲ့သည်။ ခြေဖမိုးပေါ် အထိ အုပ်ကျနေသော ရွှေခြေချင်းကြီးတွေကို ငေးသူတွေက ငေးကြသည်။ မအိမ်ကံ အလှက မြင်ရသူတို့အဖို့ သမင်လည်ပြန် ကြည့်ရသည့် အလှ မဟုတ်လား။ မြင်းခြံမြို့က ရောက်လာကြသော ဆရာကြီး ဦးဘခင်၊ ပွဲစားကြီး မိသားစုနှင့် မြို့က ဧည့်သည်များကလည်း မဏ္ဍပ်ကြီး ရှေ့ပိုင်းမှာ ခင်းထားသော မှိုင်းလုံးကော် ဇောကြီးများပေါ် ထိုင်ကြလျက် မင်္ဂလာပွဲကို ချီးမြှောက် ကြသည်။ ရွာပေါင်းစုံက သူကြီးဟောင်းများနှင့် ချမ်းသာ ကြွယ်ဝသော တောသူဌေးကြီးများကလည်း အစုဖွဲ့ကြလျက် စကားတွေ ပြောနေခဲ့ကြသည်။ “နှစ်တစ်ရာ သစ္စာချုပ်နှင့် ပစ်ခွာဆုတ်မရှောင် မေတ္တာသုတ် ရွှေစာစောင်ကို မေနှင့်မောင်ယှဉ်လို့ မသွေတမ်း မန်းစိန္တေမှာ ကျမ်းကျိန်ရေ သုံးကြချေစို့ ဆိုသာလို မင်္ဂလာအခါစေ့ ရောက်ပြီဖြစ်လို့ သတို့သား မောင်ပြေသိမ်း၊ သတို့သမီး မအိမ်ကံတို့ မင်္ဂလာပွဲ ထုတ်ချိန်ကျပါပြီ။ မင်္ဂလာပွဲ ထိုင်ကြပါပြီ။ မန္တလေး မြို့အငြိမ့်တော်ဆိုင်းက စည်တော်ဗုံမောင်း စောင်းမိကျောင်းနှင့် ဗျပ်စောင်း၊ မယ်ဒလင်၊ ဘင်ဂျို၊ ဘာဂျာ တူရိယာ၊ ပတ်သာ ဒုံမင်း၊ ခရုသင်းနှင့်တကွ ယဉ်ကျေးသာယာ အတိတ်နိမိတ် ကောင်းစွာ မင်္ဂလာသီချင်းတီးပါရော့ခင်ဗျား။ သီချင်းအသွား စကားအဓိပ္ပာယ်များနှင့် သြဘာမိမိ ဂုဏ်သရေရှိအောင် တီး တော်မူကြရန်ပါ ခင်ဗျား...” ကိုပြေသိမ်းနှင့် ယောက်ျားကလေး အဖော်များက လက်ျာဘက်၊ မအိမ်ကံနှင့် အဖော် မိန်းကလေးများက လက်ဝဲဘက် နေရာယူကြပြီးလျှင် လူကြီး မိဘများဘက် မျက်နှာမူကြရပါသည်။ သတို့သားနှင့် သတို့သမီးတို့မှာ မငုံ့မမော့ ကြော့ကြော့ ကလေးထိုင်ကြရင်း တစ်ဦးမျက်နှာ တစ်ဦး ကြည့်နေကြသည်။ မင်္ဂလာသီချင်း တစ်ပိုဒ်ပြီးတော့ ဘိသိက်ဆရာ၏ အသံက ကျယ်စူး ကျယ်လောင် ပေါ်လာပြန်သည်။ “ရွာတကာ အစုံစုံ ပါဝါဂုဏ်ဟိတ်ဒြပ်ကောင်းသည့် ပရိသတ် အပေါင်းတို့အား ထမင်းဟင်းမြတ်မောစွာနှင့် နတ်သြဇာ ပမာကဲ့သို့ ရသာစုံ အပိုပြင်ပြီးတဲ့လျှင် အချိုအချဉ် မငြိုမငြင် အပြည့်ရံ၍ ဧည့်ခံ ကျွေးမွေးသော စေတနာ၊ သတို့သား၊ သတို့ သမီးတို့မှာ ရှေးထုံးနည်း စာတမ်းအသွားအလာနှင့် ခမ်းနားစွာ အဆက်မပြတ်အောင် လက်ထပ်သောနေ့ကို အစပြုလျက် ကောင်းခြင်းဆန္ဒ ကြံသမျှ အသင့်ဖြစ်ပြီးလျှင် ပွင့်သစ်သောပန်း ဆန်းသစ်သော လပမာကဲ့သို့ ရတနာ့ ရတနာ စိန်အခိုင်အတွဲ အိမ်တိုင်မှာဆွဲကြပြီး သကာလ ပုလဲအလှတဖြာ ဥဿဖယား ငဲ့အပြင်...” ဘိသိတ်ဆရာ

ဆုတောင်းစာကလည်း

ရှည်လွန်းလှသည်။

မင်္ဂလာစကား

ပြောတာကလည်း

နာရီတစ်မတ်တော့

ကျော်လိမ့်မည်။ စိန္တာမဏိ ဂါထာတော်ကြီးကို ရွတ်ပြန်သည်။ မင်္ဂလာသြဘာ ရတုပိုဒ်စုံကလည်း ပါသေးသည်။ မအိမ်ကံပင် ညောင်းလှပြီ မပြီးသေးပါ။ ဘိသိက်ဆရာ နတ်ပြန်ပြန်ပို့ တာကလည်း ရှည်လျား လွန်းလှပါ၏။ မင်္ဂလာမောင်မယ် ဆုံးမ

160


သြ၀ါဒကတော့ ပြောစရာပင် မရှိပြီ။ ပရိသတ်လည်း သတို့သား၊ သတို့သမီးကို မမြင်လိုက်ရ မရှိလေအောင် သူ့ ထက်ငါ တိုးဝှေ့ကြည့်ကြလေ၏။ မှတ်ချက်စကားတွေ ကလည်း အမျိုးမျိုး။ “ကျက်သရေ ရှိလိုက်သဲ့ စုံတွဲနှယ်တော်။ ကတည်း ဇာတ်မင်းသား၊ မင်းသမီးထက် သာသေးသတော်” “မင်္ဂလာပွဲကလည်း ခမ်းနားကြီးကျယ် ချက်တော့ကွာ တစ်သက် ကြုံဖူးဘူး” “ဂုဏ်ချင်းထပ်တော့ မြတ်သတဲ့။ ရွှေရွှေချင်း ဂဟေ ဆက်ကြမှတော့ မကြီးကျယ် ခံနိုင်ပါ့မလားကွာ” အသံတွေက မအိမ်ကံနားထဲမှာ ပဲ့တင် ညံလျက်ရှိ၏။ ထိုင်နေရာ အချိန်ကြာလာသည်နှင့် အမျှ ခြေများပင် ကျဉ်လာခဲ့ပြီ။ သို့သော် မအိမ်ကံ ကျေနပ် လွန်းလှပါ၏။ တစ်သက်မှာ တစ်ခါ၊ တစ်ခါမှာ တစ်ရက် ရှိပါစေလေ။ ကိုပြေသိမ်းကလည်း မအိမ်ကံကို ရွှန်းရွှန်းစားစားကြီး ကြည့်နေခဲ့သည်။ မင်္ဂလာ ဘိသိက်မြှောက်ပြီးတော့ ထမင်းရုံတွေမှာ လူတွေ ကြိတ်ကြိတ် တိုးလေသည်။ သည်လိုခေတ်ကာလကြီးမှာ ထမင်းကျွေး မင်္ဂလာဆောင် ဆိုတာကပင် အရှိန်ကြီး လှပါ၏။ လူချမ်းသာ မင်္ဂလာဆောင်ကလည်းဖြစ်ပြန်၊ မအိမ်ကံကလည်း ဟိတ်ထုတ်ချင်ပြန် ဆိုတော့ ပုတ်ကက်ကျီကြ စပါးဝ၊ တောရွာသူတွေ ကတဲ့လ ဆိုရမည့် ပွဲကြီးဖြစ်ခဲ့ပါ၏။ ထမင်းတွေ ကလည်း အငွေ့ တထောင်းထောင်း၊ ဟင်းတွေကလည်း ခပ်ကောင်းကောင်း ဆိုတော့ သံပန်းကန် လုကြရတာကပင် ပျော်စရာ ကောင်းလှသည်။ အိုးကြီးချက်သူတွေကလည်း မီးခိုးလုံးလုံး၊ ချွေးလုံးလုံး။ စားကြသူတွေကလည်း တရုန်းရုန်း။ ကိုပြေသိမ်းနှင့် မအိမ်ကံက ထမင်းရုံတွေ ဘက်သွားကာ ဧည့်ခံလိုက် ကြပါသေး၏။ “စားကြပါရှင် သုံးဆောင်ကြပါ။ ၀လင်ပြည့်စုံအောင် စားကြပါ။ ဟင်းများ ထပ်ထည့်ပေးကြပါဦး၊ ဟင်းချို လိုက်ကြပါဦး” မအိမ်ကံ ကိုယ်တိုင် ထမင်းရုံထဲမှာ စီမံနေတာလည်း ရှိပါ၏။ ကိုပြေသိမ်းမိဘများနှင့် အတူ ပါလာကြသော ဆွေမျိုးတွေက အိမ်ကြီးပေါ်မှာ ရှိနေကြသည်။ ရွာခံတွေက မအိမ်ကံ အကြောင်းဖြင့် ဧည့်ခံကြသလို ဧည့်သည်တွေကလည်း ခေါင်းတ ညိတ်ညိတ် ထောက်ခံလျက်ရှိ၏။ ယောက္ခမများကလည်း မအိမ်ကံ ချောပုံ၊ လှပုံ၊ ချမ်းသာပုံ၊ မိန်းမပီသပုံ၊ စိတ်နှလုံးကောင်းပုံ တွေကိုပြောကြရင်း သားအတွက် ဂုဏ်ယူမဆုံး ရှိကြသည်။ ကိုပြေသိမ်း မိဘများက တစ်ပတ်လောက်ကပင် ကြိုရောက် နေခဲ့ကြသည်။ ချွေးမလောင်းက ချမ်းသာသည့် မိန်းကလေး ဆိုသော်လည်း ခရီးရောက်ကြပြီ ဆိုကတည်းကပင် ဆူးပန်းစေ့ ရွှေဘယက် တစ်ကုံး ဆင်ကြသည်။ စတိလက်ကောက် ငါးရံ လက်ဖွဲ့ကြသည်။ ထနောင်းတိုင်က လယ်ယာတွေကိုပါ လက်ဖွဲ့ကြောင်း ကတိ ထားကြသည်။ ကိုပြေသိမ်း မိခင်ကဆိုလျှင် မအိမ်ကံကို တစ်ချိန်လုံး ငေးကြည့်နေခဲ့သည်။ ကိုပြေသိမ်း အဒေါ်တွေထဲက ဒေါ်ကြီးပုံ့ ဆိုလျှင် ထလို့ပင် အော်ပါ၏။ “မောင်ပြေသိမ်းရယ် ငါ့တူနှယ် မိန်းမချော ရပါကောကွယ်။ ဂွမ်းလိပ် မျိုရင်တောင် ချည်ခင်ကျမယ့် မိန်းမမျိုးပါလား ဟဲ့။ တစ်သက် မဆင်းရဲမယ့် ဥပဓိ ပါလားဟဲ့...” ဒေါ်ကြီးပုံ့ စကားကြောင့် မအိမ်ကံပင် မနေတတ် မထိုင်တတ် ဖြစ်ခဲ့ရသည်။ အမေပန်းရုံကတော့ ပွင့်လင်း ရိုးသားကြသော ကိုပြေသိမ်း၏

မိဘဆွေမျိုးများကို

မြင်ကတည်းက

ချစ်ခင်နေသည်။

လိုလေသေးမရှိအောင်

ဧည့်ခံ

ဝတ်ပြုသည်။

ဦးသာထန်ထက် စာလျှင် ကိုပြေသိမ်း ဖခင်က အသက်ငယ် သော်လည်း မကြာမီမှာပင် တရား ဆွေးနွေးဘက်ဖြစ်သွား ကြသည်။ ညဘက် မင်္ဂလာအောင်ပွဲ အငြိမ့်ခံတော့ အငြိမ့်စင်ကို ရွာပြင်ထုတ်ရပါသည်။ များသောအားဖြင့် မြင်းခြံမြို့က အငြိမ့်ကို ငှားလေ့ရှိကြသော ရွာတွေမှာ မန္တလေးအငြိမ့် ဆိုတော့ တစ်ဘာသာ အာရုံကျစရာ ဖြစ်နေခဲ့ပါ၏။ လှည်းတွေလှည်းတွေ အရာ

ထောင်ဝိုင်းပတ်ထားသော

အငြိမ့်ပွဲခင်းကြီးက

မင်္ဂလာဆောင်ပွဲထက်

အဆများစွာ

စည်ကားနေတော့သည်။

161


အရွာရွာက မုန့်ဈေးတန်းကလည်း လက်ခုပ်လက်ယှက် အတန်းလိုက်ကြီး ဆက်နေ ပါ၏။ မိုးကလေး ချုပ်လာသည်နှင့် ကြိတ်ကြိတ်တိုး နေကြသော ပွဲကြည့်သူများဖြင့် တိုးလို့ပင် မပေါက်ရှိခဲ့သည်။ ဆိုင်းသံ ကလေးကြားတော့ မအိမ်ကံက ပွဲခင်းကို ကြည့်ချင်လာသည်။ သူ့မင်္ဂလာပွဲ ဘယ်လောက်တောင် စည်ကားသလဲ ဆိုတာ မြင်ချင်လှသည်။ မနက်တုန်းကများ မအိမ်ကံ မူးလဲ မတတ်ရှိခဲ့ရသည်။ လူတွေများ လွန်းလှ၍ဖြစ်၏။ မအိမ်ကံတို့ ၀ိုင်းကြီးထဲမှာတော့ အဝေး ဧည့်သည်တွေ အုန်းအုန်းထနေကြဆဲ။ ကိုပြေသိမ်းဘက်က အမျိုးတွေ၊ မအိမ်ကံ ဘက်ကအမျိုးတွေ ဇောင်ချမ်းကုန်းနှင့် ထနောင်းတိုင် ရွှေလမ်း ငွေလမ်း ဖောက်သံတွေနှင့် စီစီညံလျက် ရှိလေသည်။ သည်အထဲမှာ အစ်ကိုမောင်မြတ်သာတော့ မပါပါ။ ခရီး လွန်နေသည် ဆိုပါ၏။ မမစိမ်းမြကတော့ သူကိုယ်တိုင် မင်္ဂလာ အခမ်းအနားဖြင့် မဆောင်နှင်း လိုသည့်တိုင် ယောက်မချော၏ မင်္ဂလာပွဲကိုတော့ ဒေါင်းတလူ မောင်းတလူ ရှိရှာပါ၏။ မလှအုံတို့၊ ကျေးဥတို့ ကတော့ ဖင်ချလို့ပင် မထိုင်အားကြပြီ။ “အစ်ကို ပွဲခင်းဘက် သွားကြရအောင် မအိမ်ကံ ကြည့်ချင် လှတယ်” “အိမ်ကလေးကို တွေ့သွားလို့ မကောင်းဘူး ထင်တယ်။ သည်လိုလုပ်လေ၊ စောင်ကြမ်းတစ်ထည်စီ ခြုံသွားကြရအောင်။ အစ်ကိုလည်း လိုက်မယ်” ကိုပြေသိမ်းက မယားချောကလေး အလိုကို လိုက်ရသော်လည်း ပွဲခင်းဘက် သိပ်မသွားလိုလှပါ။ သူတို့ နှစ်ယောက်ကို တွေ့လျှင် နှုတ်ဆက်ချင်ကြသူတွေ များသလို အာရုံပျက်ကြမှာ စိုးတာလည်း ပါသည်။ ကိုပြေသိမ်းက စောင်ပါးနှစ်ထည် ယူလာပြီး ခေါင်းမြီးခြုံကာ တစ်စကို ပခုံးတင် ဖုံးလိုက်ကြပါ၏။ သည်လို ဆိုလျှင်တော့ ဘယ်သူမှ မမှတ်မိနိုင်။ ပွဲခင်းဘက်ကို လျှောက်လာကြတော့ ပွဲသွားတွေက ဖိနပ်ရှပ်တိုက်ကြရင်း ဖုန်တသောသော ထအောင် လာကြတုန်း။ ပွဲခင်းဆီက ခေတ်ဓာတ်စက် သီချင်းသံကြားနေရသည်။ အငြိမ့်စင် အလယ်လောက်မှာ ကြိုးနှင့် ဆိုင်းဆွဲထားသော ဓာတ်ခွက်ကို အငြိမ့်သား တစ်ယောက်က တဖူးဖူး မှုတ်နေသည်။ ဒါကိုပဲ ပွဲကြည့်ပရိသတ်က ထူးဆန်းလှစွာ ကြည့်နေကြခြင်း ဖြစ်ပါ၏။ မအိမ်ကံတို့ နှစ်ယောက် ပွဲခင်း နှုတ်ခမ်းစပ် အကြော်ဆိုင်တွေ ဘေးကလျှောက် လာခဲ့ကြသည်။ သူတို့နောက်မှာ မိန်းမအုပ်ကြီး တစ်အုပ်။ “မအိမ်ကံတို့များ ကံကောင်းချက်တော်၊ စာတတ် ကျောင်းဆရာနဲ့ ညားတော့ ဆရာကတော်ပေါ့အေ။ ဘူးကောင်းတော့ စင်ခံ၊ လင်ကောင်းတော့ စံရ ဆိုသလိုပါပဲ” “ဆရာလေးကလည်း ကံကောင်းပေါ့အေ။ မိန်းမချော ရွှေပေါ် မြတင်ရသာပါ။ နတ်လိုလို့ရသယ့်ဖူးစာ နှယ်နှယ့်မှတ်လို့” ကိုပြေသိမ်းက မအိမ်ကံ လက်ကို ဆုပ်ကာ ကြားရဲ့လား ဆိုသည့် သဘော လက်ကို ညှစ်သည်။ မအိမ်ကံကလည်း ပြုံးပြလိုက်သည်။ မိန်းမချော ရွှေပေါ် မြတင်တဲ့လား။ နတ်လိုလို့ ရတဲ့ ဖူးစာတဲ့လား။ ဟုတ်ပါ့ရှင်ရယ်။ မအိမ်ကံကို ရှင်ချစ်မိတာ ကံကောင်းပါရဲ့။ မအိမ်ကံက သစ္စာကြီးတယ်။ မေတ္တာလည်း ကြီးတယ်။ အစွဲအလမ်းကလည်းကြီးပါဘိသနဲ့။ မအိမ်ကံ အချစ်ဟာ တစ်ဘ၀စာပါတော်။ မအိမ်ကံ ရင်ထဲက စကားတွေဖြစ်ပါ၏။ ဆိုင်းကလည်း ဧည့်ခံ တီးနေသဖြင့် နားစိုက်ကာထောင် နေကြသူတွေလည်း ရှိသည်။ နေရာရှာကြ၊ ဖျာခင်းကြ၊ ဖျာလု ကြ၊ အော်ကြ၊ ဟစ်ကြသူတွေကလည်း ညံပွက်နေသည်။ မြင်းခြံမြို့က ငှားထားသော မီးစက်ကြောင့် ပွဲခင်းကလည်း လင်းလျက်ရှိရာ လူသူဆူညံသံများဖြင့် ဝေါဝေါမြည်လျက် ရှိ၏။ ထိုစဉ်မှာပင် ပွဲခင်း နောက်နားဆီက ရုတ်ရုတ်သဲသဲဖြစ်နေသည့် အသံတွေ စီခနဲ ထွက်လာခဲ့သည်။ “ဓားနဲ့ ထိုးသွားသာ... ဓားနဲ့ထိုးသွားသာ”

162


“မဟုတ်ဘူး၊ ဂျပန်တွေ ၀င်လာကြသာတဲ့” “မဟုတ်ဘူး မဟုတ်ဘူး၊ အနောက်တန်းသားတွေနဲ့ ဇောင်ချမ်းကုန်းသားတွေ ရိုက်ကြသာ” “မိန်းမချင်း သတ်ကြသာ မိန်းမချင်းသတ်ကြသာ။ သွေးခြင်းခြင်း ရဲလို့” တစ်ယောက်တစ်ပေါက် အော်ဟစ်ကြရင်း လူတွေ ပြေးလွှား နေကြသည်။ ပွဲခင်းကြီး တစ်ခွင်လုံးက ပဲခင်းကြီးတမျှ ကျယ်လှပေရာ ရုတ်ရုတ်သဲသဲဖြစ်ရာ ဘက်သို့ မိုးတိုးမတ်တတ် ကြည့်သူကကြည့်၊ အခြေအနေကို အကဲခတ်သူကခတ်၊ အထုပ် အပိုး ဆွဲသူကဆွဲ၊ ဖျာလိပ်သူလိပ် ဖြစ်ကုန်ကြပြီ။ ပွဲခင်းတော့ မပြိုသေး။ ပွဲခင်းအနားစွန် တစ်ပတ်လည်လုံးမှာတော့ လူတွေ ပြေးလွှားကြသံ၊ အော်သံဟစ်သံ၊ တိုးမိတိုက်မိသံများနှင့် ငယ်သံပါအောင် အော်သံတွေ ထိန်းမနိုင်သိမ်းမရ ဖြစ်နေသည်။

မအိမ်ကံသည်ပင်

တအောင့်တော့

လန့်ဖျပ်သွားခဲ့သည်။

လှည်းတွေက

ပတ်လည်ပိတ်ဆီးနေသည့်

ပွဲခင်းကြီး။ ပွဲပြိုလျှင် လှည်းတွေရော နွားတွေရော ပြိုကျတော့မည်။ အကြောင်းရင်းကိုမသိရသော်လည်း တစ်စုံတစ်ရာ ဖြစ်ခဲ့တာတော့ သေချာနေပြီ။ တစ်ခဏအတွင်းမှာပင် ပွဲခင်းကြီးပါ လှုပ်လာခဲ့ပြီ။ လူခေါ်သံတွေက ကြောက်မက်ဖွယ်ရာ ပြုံထွက်လာကြလေ၏။ ကလေးငိုသံတွေက ကမ္ဘာပျက်နေသည့် အတိုင်း။ မကြာလိုက်ပါ။ ပွဲခင်းကြီး တစ်ခုလုံး ငလျင်ကြီး ပြင်းပြင်းလှုပ်သလို တဝေါဝေါမြည်ရင်း ခါထွက်သွားလေပြီ။ ဓားနဲ့ထိုးသွားတာ သေကုန်ပြီ၊ သေကုန်ပြီ ဆိုသည့်အသံများ၊ ရိုက်ကြလို့တဲ့ ပြေးကြ ပြေးကြဆိုသည့် အသံများကလည်း တော်လဲသံကြီးတွေလို လှိုင်းထနေပါ၏။ ကိုပြေသိမ်းက နောက်ကို ဆုတ်ရင်း ဆုတ်ရင်း ဘာလုပ်ရ မလဲ စဉ်းစားနေခဲ့သည်။ သည်လောက်တောင် ကမ္ဘာပျက်နေသည့် အခြေအနေကြီးကိုလည်း ထိန်းချုပ်ဖို့ ဆိုတာ မဖြစ်နိုင်တော့လို့ တွေးနေခဲ့သည်။ မအိမ်ကံကိုကြည့်လိုက်တော့ အနားမှာမရှိ။ ဘယ်ရောက်သွားတာ ပါလိမ့်။ လူတွေက သူတို့ရပ်နေ သည့်နေရာကိုပါ ဖိလာကြပြီဖြစ်ရာ လူအုပ်ကြီးထဲမှာ ညပ်နေ သလား စဉ်းစားရင်း တိုးဝင်လာခဲ့သည်။ အခြေအနေက အဆိုးဆုံး အခြေအနေကို ကျရောက်ခဲ့ပြီ။ ပွဲခင်းထဲမှာ ထိုင်နေသူရယ်လို့ မရှိတော့။ မအော်သည့်လူရယ်လို့ မရှိတော့။ နွားများပင် ကြောက်လန့်တကြား ဘူးဘူးဘဲဘဲ အော်နေကြပြီ။ “ဟိတ်... အားလုံး ငြိမ်လိုက်ကြစမ်း” ပွဲခင်းကြီး တစ်ခုလုံး ထွင်းဖောက်သွားလောက်သည့် အသံ တစ်သံက ဇာတ်စင်ပေါ်မှ ထွက်ပေါ်လာခဲ့သည်။ ဇာတ်ခုံပေါ်မှာ စောင်ကျားကြီး ခြုံထားသည့် လူတစ်ယောက်။ ဓာတ်ခွက်ရှေ့မှာ ရပ်လျက်။ မီးလုံးအရောင်တွေက လင်းလျက်ရှိရာ ခြုံထားသည့် စောင်ကျားက ထင်းထင်းကြီး ရှိနေသည်။ ထိုလူက ခြုံ ထားသည့်စောင်ကြီးကို ခွာချလိုက်သည်။ မအိမ်ကံ...။ “မအိမ်ကံ ပြောနေသယ်။ ရောက်တဲ့နေရာမှာ ထိုင်လိုက်ကြစမ်း။ ထိုင်ဆို ထိုင်ကြနော်။ လှည်းရှင်တွေက ကိုယ့်လှည်း ကိုယ်ထိန်းပါ။ နွားမလန့်စေနဲ့။ ပွဲကြည့်သူတွေ အားလုံး ပွဲခင်းထဲပြန်ဝင်ကြပါ။ သူ့နေရာ ကိုယ့်နေရာ မရွေးကြနဲ့တော့။ ထိုင်ပါ ထိုင်ပါ။ ဘာမှမဖြစ်ဘူး။ မအိမ်ကံ တာဝန်ယူသယ်။ မအိမ်ကံ ရှင်းသွားမယ်” ပွဲခင်းတစ်ခင်းလုံး

ဇာတ်စင်ကို

လှည့်ကြည့်လိုက်ကြသည်။

အာဏာစက်ပြင်းလှသော

တန်ခိုးရှင်

တစ်ယောက်၏

အမိန့်ပေးသံကဲ့သို့ ပွဲခင်းတစ်ခင်းလုံး တဒင်္ဂ တုန့်သွားခဲ့သည်။ မအိမ်ကံ၏ အသံနှင့်ရုပ်ကို မြင်လိုက်ရသည့် အတွက် ယုံကြည် စိတ်ချသွားကြသလို ထိုင်ချလိုက်ကြသည်။ ထိုစဉ်မှာပင် ဇာတ်ခုံပေါ်ကို ဦးဇင်း တစ်ပါးပါကြွလာခဲ့သည်။ ဆရာတော် ဘုရားကြီးကျောင်းမှ ခန်းနေဦးပဉ္ဇင်း ဦးဝိသုဒ္ဓဖြစ်၏။ ဦးဇင်းကြွလာတော့ မအိမ်ကံ ဘေးကို ယို့ပေးလိုက်သည်။ “အားလုံး ရွာပေါင်းစုံမှဒကာ၊ ဒကာမများ ကျုပ် မေတ္တာ ရပ်ခံပါသယ်။ ဘာမှမဟုတ်ပါဘူး။ ဘာမှမဖြစ်ပါဘူး။ ဖြစ်ရင်လည်း တာဝန်ရှိသူများက တာဝန်ယူ ထိန်းသိမ်း သွားကြ ပါလိမ့်မယ်။ ငြိမ်ကြပါ။ ပွဲကို အေးအေးဆေးဆေး ကျောလုံလုံကြည့်ကြဖို့ ကျုပ် မေတ္တာရပ်ခံပါသယ်”

163


လူသံတွေ တဝေါဝေါမြည်ကာ ရောက်ရာနေရာမှာ ထိုင်လိုက်ကြသည်။ မကြခင်အချိန်အတွင်း လှည်းတွေရော လူတွေပါ ပုံမှန်ပြန်ဖြစ်သွားခဲ့သည်။ ပွဲဆီက ဆိုင်းသံ ပြန်ထွက်ပေါ်လာခဲ့သည့် အခါမှာတော့ မအိမ်ကံ စိတ်ချလက်ချ ရှိသွားဟန်ဖြင့် ဇာတ်စင်ထောင့်ကပဲ ခုန်ချလိုက်သည်။ မအိမ်ကံ၏ “ဟိတ်” ဆိုသောအသံက ပွဲခင်းတစ်ခင်းလုံး ငြိမ်ကျသွား စေခဲ့တာကို ပြောမဆုံးကြ။ အသံတွေကတော့ ပေါက်သောက်။ ကိုပြေသိမ်းက အငြိမ့်စင်ထောင့်က ခုန်ချလိုက်သော မအိမ်ကံအနားကို ရောက်သွားခဲ့သည်။ “အိမ်ကလေး...” မအိမ်ကံက တစ်ချက်ပြုံးပြလိုက်ပြီး ပွဲခင်းကို အကဲခတ်သည်။ ပွဲခင်းငြိမ်သွားပြီ။ မအိမ်ကံ ချက်ချင်းမပြန်ချင်သေး။ ပွဲထွက်ပြီးသည် အထိ စောင့်ကြည့် ချင်သေးသည်။ စောင်ကျားကြီးကို ခေါင်းကနေ သိုင်းခြုံလိုက်သည်။ ပွဲခင်းအစပ်က ပွဲကြည့်သူတွေက မအိမ်ကံကို လှမ်းကြည့်နေကြသည်။ မအိမ်ကံက တစ်စုံတစ်ရာ စဉ်းစားနေလိုက်သလို မျက်နှာကလေး တင်းမာနေခဲ့သည်။ “ဒါ သွေးရိုးသားရိုး မဟုတ်ဘူး အစ်ကို။ တစ်ယောက်ယောက်က လှန့်လိုက်သာပါ။ မအိမ်ကံ မင်္ဂလာပွဲကို အကျည်းတန်အောင် ဖျက်လိုက်သာ။ ကနေ့ည မအိမ်ကံ မအိပ်တော့ဘူး။ မအိမ်ကံ ဇာတ်စင်ပေါ်က ပွဲကြည့်မယ်။ အစ်ကို ပြန်ချင်ပြန်တော့” လှပနူးညံ့ လွန်းလှသော ချစ်ဇနီးမအိမ်ကံ ဘာကြောင့် သည်လောက် စိတ်ကြီးနေရတာလဲ။ ကိုပြေသိမ်းက မအိမ်ကံကို မျက်လုံး အပြူးသားဖြင့် တအံ့တသြ ကြည့်နေလေသည်။ မင်္ဂလာဆောင်ပြီး ရက်တွေမှာလည်း မအိမ်ကံ မအားရပါ။ မအိမ်ကံတို့ ရွာတွေဘက်မှာ အယူဓလေ့ရှိကြသည့် အတိုင်း တစ်နှစ်တည်း နှစ်မင်္ဂလာမပြုကောင်း၊ ပြုလျှင်လည်း သုံးမင်္ဂလာ ပြည့်အောင် ပြုလုပ်ကြရသည်။ သည်တော့ ကိုပြေသိမ်း မိဘများ မပြန်ကြခင် ရပ်ထဲရွာထဲက ဆင်းရဲသူဆင်းရဲသား မိသားစုများ ကိုယ်တိုင် လာရောက်အပ်နှံကြသော ရှင်မဖြစ်ရ သေးသည့် ကလေးတွေကို ရှင်ပြုဖို့ စီစဉ်ကြသည်။ ပွဲကြီးလမ်းကြီး အလှူကြီး မဟုတ်ဘဲ ကျောင်းတွင်း သားကြီး ရှင်ဖြစ် သာမဏေ ပြုပေးခြင်း ဖြစ်ပါ၏။ သည်အလှူကိုတော့ ဖခင် ဦးသာထန်နှင့် မိခင် ဒေါ်ပန်းရုံတို့က ရေစက်ချ၊ အမျှအတန်းဝေ အလှူပေးခဲ့ကြပါ သည်။ ကိုပြေသိမ်းနှင့်မအိမ်ကံတို့ ဇနီးမောင်နှံက ရွာဦးဆရာတော်ကျောင်းမှာ ဆွမ်းစားကျောင်း တစ်ဆောင် ဆောက်လုပ် လှူဒါန်းရန် အတွက် မြေနေရာရွေး အုတ်မြစ်ချ မင်္ဂလာပွဲကိုပါ တစ်ရက်တည်း ဆောင်ရွက်ခဲ့ကြပါ၏။ မအိမ်ကံ၏ ကျော်စောသတင်းက ပျံ့ချင်တိုင်း ပျံ့နေတော့သည်။ အာစက်လျှာစက်ကောင်းလှပုံ၊ ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့သော ပွဲခင်းကို မီး ရေနှင့်သတ်သလို ရှဲခနဲငြိမ်အောင် ထိန်းနိုင်ခဲ့ပုံ၊ ဆင်းရဲသည့် ရှင်အပါးသုံးဆယ်ကို ရှင်ပြုပေးပုံ၊ ကိုးပင်ရှစ်ခန်း ဆွမ်းစားသစ်သားကျောင်း တစ်ဆောင် ဇနီးမောင်နှံ လှူဒါန်းခဲ့ ကြပုံတွေကအစ ပြောလို့ပဲ မပြီးနိုင်ကြ။ ရွာက ကောင်းသတင်း ပြောကြသော်လည်း မအိမ်ကံကတော့ အခဲမကျေနိုင်ဘဲ ရှိခဲ့သည်။ မအိမ်ကံ၏ မင်္ဂလာပွဲကို ဘယ်သူက ဘာကိစ္စ ဖျက်ရတာလဲ ဆိုတာကို တွေးမရလေ၊ တနုံ့နုံ့ ခံစားရလေရှိခဲ့သည်။ ကိုပြေသိမ်းကတော့ ပြီးပြီး ပျောက်ပျောက် ရှိရှာပါ၏။ မအိမ်ကံ အစိုးရိမ် လွန်သည်လို့လည်း တွက်ပုံရသည်။ နောက်ထပ် ဘာမျှမပြောတော့ဘဲ ရှိခဲ့ပါ၏။ တစ်မြို့တစ်ရွာသား ဆိုတော့ ဘယ်သူ့ကိုမှလည်း အပြစ် မမြင်တာပါသလို ပွဲဖျက်ရလောက်အောင် မုန်းသူ မရှိလို့သာ တွက်ထားခဲ့သည်။ မအိမ်ကံကတော့ ခံစားမှု နှစ်မျိုးနှင့်ဖြစ်၏။ ကြီးကျယ် ခမ်းနားလှသော ပွဲကြီးကို ဖျက်ချင်သူမှာ ရွှေမှုံတို့ သမီးယောက္ခမက လွဲလို့ အခြားမဖြစ်နိုင်။ ကြွက်မနိုင်လို့ ကျီမီးနဲ့ ရှို့ကြတာပဲဖြစ်ရမည်။ ကြီးတော်စံရွှေနှင့် အမှုပွဲစား ဂျပန်အလိုတော်ရိကျော်ဒင်တို့ ပေါင်းမိနေကြတာ မဟုတ်လား။ ပွဲလန့်တုန်းက ဂျပန် တွေဝင်လာတာ ဆိုသည့် အသံတစ်သံ ထွက်လာခဲ့တာကိုလည်း မအိမ်ကံ သတိထား မိလိုက်ပါ၏။ စောင်ကျားကြီးခြုံကာ ပွဲခင်းကို အငြိမ့်စင်ထောင့်ကနေ တစ်ညလုံး ငုတ်တုတ်ထိုင် စောင့်နေခဲ့သည့် နောက်ပိုင်း ဘာသံမှမကြားရတော့။ တချို့ကိစ္စတွေကိုတော့ ဖိုးကူးနှင့် ကျေးဥတို့ကို စုံစမ်းခိုင်းထားခဲ့သည်။ ဘာမှ တော့ ထူးထူးခြားခြား မရှိ။ ထိုညက သာအောင် ရွာမှာ မရှိဆို တာတော့ ကြားသည်ဆို၏။

164


“သာအောင်က နွားအလဲ အထပ်လုပ်သွားသဲ့ ရွာတွေမှာပဲ ရှိသယ်ကြားသယ်။ ကျန်သာ မကြားဘူး။ ရွာကတော့ ရွာပွဲ တွေမှာ ဖြစ်နေကျဖြစ်သာမျိုးလို့ပဲ ပြောကြသယ်။ ဒါပေသိ ဘယ်ကဘယ်လို စဖြစ်သယ်၊ ဘယ်သူနဲ့ ဘယ်သူ သတ်ကြ ပုတ်ကြသယ်လို့တော့ အစမထွက်ပေါင်တော်” ကျေးဥ စကားက သည်လောက်ပင်။ တစ်ပတ်လောက် နေတော့ ကျော်ဒင်နှင့် ပေါင်းဖက်နေကြသော မြင်းခြံကလူတချို့ ထိုညက ရွာမှာရှိနေကြသည် ဆိုသည့် သတင်း ဖိုးကူးက ယူလာ ခဲ့၏။ ကြီးတော် စံရွှေအိမ်မှာ ထမင်းစားကြ၊ ရေချိုးကြ၊ ညနေဘက် အရက်ဝိုင်းဖွဲ့ကြတာကိုလည်း မြင်သူက မြင်ခဲ့ကြသည်။ အပ်ကျမပ်ကျ စွပ်စွဲဖို့ခက်သော်လည်း သတင်း အရတော့ ဖြစ်ဖို့ များပါ၏။ သည့်နောက်ပိုင်းရက်တွေမှာတော့ မအိမ်ကံတို့ အိမ်ကြီးမှာ အပြောင်းအလဲတွေ ရှိခဲ့သည်။ မအိမ်ကံနှင့်အတူ အိပ်နေကျ ကျေးဥ သူ့အိမ်ပြန်ရပြီ။ မနက်မိုးလင်းမှ ထလာရုံသာ။ အပေါ်ထပ်တစ်ထပ်လုံး မအိမ်ကံနှင့် ကိုပြေသိမ်းတို့ အတွက် မင်္ဂလာခန်းအဖြစ် နေရာပေးခဲ့ကြ၏။ ဖိုးကူးလည်း မအိမ်ကံကို စောင့်အိပ်စရာ မလိုတော့ မအိမ်ကံတို့ဝိုင်းထောင့်က သူတို့ အိမ်ကလေးထဲ ဖိုးတုတ်နှင့် ညီအစ်ကိုနှစ်ယောက် အတူအိပ်ကြ၏။ ကိုဖိုးငွေနှင့် မလှအုံတို့ကို အိမ်ကြီးပေါ်မှာပဲ နေစေသည်။ မအိမ်ကံက တစ်လျှောက်လုံး ကျေးဥနှင့် အိပ်ခဲ့ရသူဆိုတော့ ညတိုင်လျှင် ကျေးဥကို သတိရနေမိသည်။ ရွယ်တူသူငယ်ချင်း နှစ်ယောက် ဆိုးတိုင်ပင်၊ ကောင်းတိုင်ပင် ရှိခဲ့ကြသည်။ မအိမ်ကံ ရင်ထဲကစကားတွေ ဖွင့်ဟနိုင်ခဲ့သည်။ ရွာသတင်းကောင်း၊ သတင်းဆိုး ကျေးဥကပင် သယ်ဆောင်လာနေကျ မဟုတ်လား။ အခုတော့ မအိမ်ကံဘေးမှာ ကျေးဥ မဟုတ်တော့ဘဲ ကိုပြေသိမ်း ရှိနေခဲ့ပြီ။ ချစ်သူမဟုတ်တော့သော လင်သားကို အဖော်အဖက်ပြုရပြီ။ ညစဉ်ညတိုင်း မအိမ်ကံကြား နေရသည့် စကားတွေက ခါတိုင်းလို ရွာအကြောင်း၊ ရပ်အကြောင်းတွေ မဟုတ်တော့။ တိုင်းရေး ပြည်တာတွေဖြစ်ခဲ့ရပြီ။ ခင်ပွန်းသည်၏ အရေးတွေဖြစ်ခဲ့ရပြီ။ “အိမ်ကလေး သန်ဘက်ခါ အဖေတို့ပြန်ကြတော့မယ် ပြောနေပြီ။ အစ်ကိုနဲ့ အိမ်ကလေးတို့ ထနောင်းတိုင်ကို လိုက်ခဲ့ကြဖို့ ခေါ်နေတယ်။ အိမ်ကလေးလည်း အစ်ကို့ရွာ ရောက်ဖူးအောင် ရယ်၊ ဆွေတွေမျိုးတွေကိုလည်း အစ်ကို ကြွားချင်သေးတာရယ်...” “မအိမ်ကံလည်း စဉ်းစားထားပါသယ် အစ်ကို။ လိုက်ပို့ရမှာပေါ့။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေကြရအောင်” “အဲသလောက်အထိ အစ်ကို နေလို့မရဘူး အိမ်ကလေး ရယ်။ ကျောင်းက ရှိသေးတာလေ။ အေးလေ ကြည့်သေးတာပေါ့” ကိုပြေသိမ်း မိဘများ ထနောင်းတိုင် ပြန်မည့်နေ့က လှည်းသုံးစီး ကရသည်။ ကိုပြေသိမ်းမိဘများက တစ်စီး၊ မအိမ်ကံတို့ တစ်စီးနှင့် ၀န်စည်စလယ်တွေ လက်ဆောင်တွေက တစ်စီးဖြစ်သည်။ ယောက္ခမရွာကို လိုက်ရမှာဆိုတော့ မအိမ်ကံမှာ အ၀တ် အထည်က အစ ရွေးရသည်။ လက်တိုလက်တောင်း အနားမှာရှိ ဖို့ ကျေးဥကိုပါ ခေါ်ခဲ့ရပါ၏။ သည်လိုနှင့် မအိမ်ကံ တစ်ယောက် ထနောင်းတိုင်ကို ရောက်ခဲ့ရသည်။ ထနောင်းတိုင်ရွာကြီးမှာ

ဇောင်ချမ်းကုန်းထက်

စည်ပင်သည်။

မြို့နှင့်နီးတာလည်း

ပါပါလိမ့်မည်။

မအိမ်ကံက

ယောက္ခမရွာကြီးမှာ မျက်နှာပန်း ပွင့်လှပါ၏။ တောသူ ဆိုပေသိ မအိမ်ကံ၏ အလှက ထင်ပေါ်လှသဖြင့် လည်းကောင်း၊ ရွှေတွဲလွဲ ငွေတွဲလွဲနှင့် ပြည့်စုံခြင်းကြောင့် လည်းကောင်း၊ ၀တ်စားဆင် ယင်မှုတွင်လည်း ခေတ်ဆန်ခြင်းမျိုးလည်း မဟုတ်၊ ခေတ် နောက်ကျတာမျိုးလည်း မဟုတ်ဘဲ တစ်ဘာသာ ဆင်ယင်ဝတ် စားတတ်ခြင်းကြောင့်လည်းကောင်း ထနောင်းတိုင်ကို ရောက်သည်နှင့် အများ စိတ်ဝင်စားစရာ ဖြစ်ရတော့သည်။ ကိုပြေသိမ်း ဆွေမျိုးများကလည်း ချစ်ခင်ကြပါ၏။ ကိုပြေသိမ်း ဘက်က ဆွေမျိုးတွေထဲမှာ တင့်တောင့်တင့်တယ် ရှိကြသူတွေပါ ကြသကဲ့သို့ နွမ်းပါးသူတွေလည်း ရှိကြပေရာ မအိမ်ကံက နှုတ်မကြီး လက်မကြီး မျှတစွာ ဆက်ဆံခြင်း အားဖြင့် အများ၏ ချစ်ခင်မှုကို ရနိုင်ခဲ့သည်။ ကိုပြေသိမ်း မိဘ နှစ်ပါးဆိုလျှင် သမီး သမီး ဆိုသည့် အခေါ်ကို နှုတ်ကမချကြဘဲ အရိပ်တကြည့် ကြည့်ရှိကြရှာပါ၏။ မအိမ်ကံကလည်း ယောက္ခမများကို ရိုသေသ မှုရှိသည်။

165


“အမေ ထမင်းစားတော့မလား။ မအိမ်ကံ ခူးလိုက်တော့မယ်နော်။ အစ်ကိုပါ ၀င်စားလိုက်တော့” မအိမ်ကံက မအိမ်ကံ

ဆိုးဆိုးဆတ်ဆတ်

လို့သာ

သုံးနှုန်းသည်။

ရှိလှသည်။

မအိမ်ကံက

နှုတ်ကျိုး နေတော့လည်း

ယောက္ခမများကို သမီးလို့

စကားပြောတော့လည်း

နာမ်စားသုံးရမှာ ထွက်ရဖို့

သူ့ကိုယ်သူ

ခက်နေပုံရပါ၏။

ယောက္ခမတွေကလည်း မအိမ်ကံ၏ နှုတ်ဝသီကို သိနေကြတော့ မအိမ်ကံလို့သုံး တာကိုပင် ချစ်စရာတစ်မျိုး ဖြစ်ကြရသည်။ ဇနီးမောင်နှံတို့ ထနောင်းတိုင်နှင့် မဝေးလှသော အနီးအနားရွာတွေကို ဆွေပြမျိုးပြ ရောက်ကြသည်။ မဝေးလှသော တစ်ရပ်တစ်ရွာက ဆွေမျိုး တွေဆီကိုပါ ရောက်အောင်သွားကြသည်။ လင့်ဆွေလင့်မျိုး တွေဆိုပေသိ ဆင်းရဲတာတွေ့လျှင် ပေးတန်သလောက် လက်ရောက်ရပါ၏။ သည်လိုနှင့် ထနောင်းတိုင်ကို ရောက်သည်ပင် ငါးညတိုင်ခဲ့ပြီ။ ကိုပြေသိမ်းက ရက်တစ်ပတ်လောက်သာနေရန် ဖျောင်းဖျထား၍သာ လက်ခံလိုက်ရသော်လည်း မအိမ်ကံ ထနောင်းတိုင်မှာ ပျော်ပါ၏။ “မအိမ်ကံ အမေတို့နဲ့ နေခဲ့မယ်လေ။ အစ်ကို ပြန်နှင့်ပေါ့။ ထနောင်းတိုင်မှာ နေရသာ မ၀သေးဘူး အစ်ကိုရဲ့။ အမေတို့အဖေ တို့ကို ရောက်တုန်း ရောက်သခိုက် ပြုစုချင်သေးသယ်” “မထားခဲ့နိုင်ပေါင်ဗျာ။ ညားခါစ မယား ထားခဲ့ရမယ်လို့ မဟုတ်တာ” မအိမ်ကံက နေရသည့် ရက်တွေအတွင်း ယောက္ခမမိဘ နှစ်ပါးကို ခြေဆုပ်လက်နယ် ပြုသည်။ မီးဖိုချောင် ကိုယ်တိုင် ၀င်သည်။ ကိုပြေသိမ်းတို့မှာ ညီအစ်ကို သုံးယောက်ပဲ ရှိတာမို့ သမီးမိန်းကလေး မပါသော ယောက္ခမမိဘများကို မအိမ်ကံ ဇောင်ချမ်းကုန်းကို ခေါ်ထားလိုက်ချင်ပါ၏။ ကိုပြေသိမ်း၏ အစ်ကိုကြီးက ကျောဇီရွာသူနှင့် အိမ်ထောင်ကျကာ ဆံထုံးနောက် သျှောင်ပါသွားသဖြင့် မိဘများနှင့် အတူမနေ။ ညီငယ်ကလည်း မြင်းခြံကျောင်းမှာ ကျောင်းတက်နေတုန်း ဆိုတော့ တူမကလေး ခင်သီကို အိမ်ခေါ်ထားရရှာသည်။ မအိမ်ကံမှာ ရောက်ကတည်းက တစ်ဝိုင်းလုံးက အမြင်မတော်တာ မှန်သမျှ ကျေးဥနှင့် ခင်သီတို့နှင့် အတူ ရှင်းလင်းလှဲကျင်းသည်။ ကိုပြေသိမ်းက ဘာမှမပြောသော်လည်း ယောက္ခမတွေက အလုပ်မခံ။ မအိမ်ကံ ပင်ပန်းမှာ စိုးရှာကြသည်။ မအိမ်ကံကို လူပြလှရုံ ရွရွ ကလေး နေစေချင်ကြသည်။ မအိမ်ကံက မနေတော့လည်း ခက်သား။ ကိုပြေသိမ်းခမျာလည်း မယားတောသူ အတွက် မျက်နှာ လှရပါ၏။ ထနောင်းတိုင်ရွာကြီး၏ ညတစ်ည။ ထိုညက လသာလျက်ရှိ၏။ လရောင်က တစ်ရွာလုံးမှာ ကြိုင်ကြိုင်ကြီး ၀င်းပနေလေသည်။ ကိုပြေသိမ်းတို့ အိမ်ကြီးမှာ ရှေးအိမ်ကြီးဖြစ်၍ အပေါ်ထပ်မှာ အခန်းတွေ များလှပါ၏။ မအိမ်ကံတို့အတွက် အခန်းကျယ် တစ်ခန်း နေရာချထားသည် ဖြစ်ရာ ရွာကို အပေါ်စီးက မြင်ရသလိုဖြစ်နေသည်။ ထိုညက ကိုပြေသိမ်းမရှိ။ ရွာရောက်ခိုက် ကျောင်းကိစ္စဖြင့် မြင်းခြံကို တစ်ညအိပ် သွားနေခိုက်ဖြစ်သည်။ အိမ်ကြီးပေါ်မှာ မအိမ်ကံနှင့် ခြေရင်းခန်းမှာ ကျေးဥနှင့်ခင်သီတို့သာ ရှိသည်။ ညဦးပိုင်းတုန်း ကတော့ သုံးယောက်သား အလယ်ခန်းက သင်ဖြူးဖျာပေါ်မှာ ထိုင်ရင်း စကားတွေ ပြောနေခဲ့ကြသေးသည်။ အခုတော့ ကျေးဥ တို့နှစ်ယောက် အိပ်ပျော်သွားကြပြီ ထင်၏။ ခပ်စောစောက ချိုးချိုးချောက်ချောက် ကြားရသော်လည်း နောက်တော့ အသံ မကြားရတော့။ မအိမ်ကံက ပြတင်းပေါက်မှာ ရပ်ရင်း လရောင်နှင့် သစ်ပင်တွေကို ငေးနေခဲ့သည်။ လရောင်ထဲမှာ ချစ်သူဘ၀က ချစ်သူ ကိုပြေသိမ်းနှင့် တိတ်တခိုး တွေ့ခဲ့ရတာကိုလည်း သတိရ နေခဲ့သည်။ အခုတော့လည်း ထိုချစ်သူနှင့်ပင် အကြင်လင်မယားဘ၀ ရောက်ကြရပြီ။ ချစ်သူဘ၀က ခံစားမှုကတစ်မျိုး၊ အကြင်လင်မယား ဘ၀မှာ ခံစားမှုက တစ်မျိုး။ သည်အချိန်မှာ တော့ မအိမ်ကံ၏ အချစ်က ၀ါချည်ဖြူတစ်ပင်ရစ်ကယ်နှင့် ဖြစ်ရလေပြီ။ တစ်ဘ၀တွင် တစ်သက်၊ တစ်သက်တွင် တစ်ချစ် ရှိခဲ့ရသူ ဆိုတော့လည်း ချစ်ခြင်းနှင့်အတူ မြတ်နိုးခြင်း၊ ကိုးစားခြင်း၊ ယုံကြည်ခြင်းတွေပါ ပါလာခဲ့ပြီ။ ဘ၀အသစ်၌ ပေါင်းစည်းအားဖြင့် ပိုမိုပြည့်ဝသော အဓိပ္ပာယ် တစ်မျိုးရှိလာခဲ့ရပြီလို့လည်း ခံစားမိခဲ့ရသည်။ ကိုယ့်ကိုယ်ကို လုံခြုံရလေခြင်း လို့လည်း အောက်မေ့မိရပါ၏။

166


လရောင်က ပို၍ပင် မှည့်လာခဲ့သည်။ ထိုခဏ၊ ထိုတဒင်္ဂ၌ပင် အဝေးဆီက ပျံသန်းလာသော ငှက် တစ်ကောင်ကို လရောင်ထဲမှာပင် ကောင်းကင်နောက်ခံဖြင့် မအိမ်ကံ မြင်လိုက်ရသည်။ ငှက်က လရောင်ထဲမှာ အတော်ဖြန့် ၀ဲရင်း ထိုးဆင်းလာခြင်း ဖြစ်၏။ ထူးထူးဆန်းဆန်း မြင်ကွင်းကို မြင်လိုက် ရသလို မအိမ်ကံပင် အတွေးတွေ လွင့်စင်သွားခဲ့ရသည်။ သူမဘ၀တွင် ငှက်တစ်ကောင် အမှတ် ထင်ထင် ရှိခဲ့တာကိုလည်း ဖျတ်ခနဲ သတိရလိုက်မိပါ၏။ သူမဘ၀မှာ တစ်ခုခု ထူးခြားရန် အကြောင်း ဆိုက်လေတိုင်း ငှက်တစ်ကောင်ကို မအိမ်ကံ မြင်ရလေ့ရှိသည်။ ဘာငှက်မှန်းလည်း မသိ။ မအိမ်ကံ ကိုယ်တိုင်က ငှက်တစ်ကောင်နှင့် ဘယ်လို အကြောင်းဆက်နေ မှန်းလည်းမသိခဲ့။ တစ်ခါတစ်ရံ ဂီးခနဲ နက်ပြာပြာ စူးအောအောကြီး အော်လိုက်သည့်အခါ မအိမ်ကံ ရင်တွေပန်းတွေ တုန်ခဲ့ရတာတွေ များခဲ့လှပြီ။ ငှက်တစ်ကောင်ဟာ ဘယ်လောက်တောင် အသက်ရှည်ပါလိမ့်။ မအိမ်ကံ ငယ်ငယ်ကတည်းက ဆိုလျှင် နှစ်ပေါင်း နှစ်ဆယ်ရှိပြီ။ မေ့မေ့ပျောက်ပျောက် ရှိပြန်တော့လည်း တိုက်ဆိုင်တာပါလေလို့ တွေးမိရပါ၏။ သို့သော် ငှက်က စုံးစုံးမြုပ် ပျောက်သွားခဲ့တာမျိုးတော့ မဟုတ်။ ပေါ်ချင်သည့် အခါ မအိမ်ကံ မျက်မှောက် ရောက်လာတတ်သည်။ အခုလည်း ငှက်တစ်ကောင် လရောင်ထဲမှာ ၀ဲနေပြန်ပါပကော။ ဇောင်ချမ်းကုန်းက ငှက်ပဲလား၊ တခြား ငှက်တစ်ကောင်လား...။

မအိမ်ကံ ငှက်ကိုပဲ လိုက်ကြည့်နေမိသည်။ ငှက်က မအိမ်ကံရှိရာ ပြတင်းပေါက်နှင့်

တည့်တည့်က ဒန့်သလွန်ပင်ကိုင်း တစ်ကိုင်းမှာ နားလိုက်သည်။ ဒန့်သလွန်ပင်က အရွက်ကျဲကျဲဆိုတော့ လရောင်ထဲမှာ ငှက်မည်းမည်းကြီးကို ထင်းထင်းကြီး မြင်နေရသည်။ မအိမ်ကံ တစ်ကိုယ်လုံး မွေးညင်းကလေးတွေ ထောင်သွားအောင် ကြက်သီးကလေး သီးထလာခဲ့သည်။ မအိမ်ကံက ငှက်ကို စိုက်ကြည့်နေသကဲ့သို့ ငှက်ကလည်း မအိမ်ကံကို စိုက်ကြည့် နေသကဲ့သို့ပင်။ မအိမ်ကံ လက်တွေက ပြတင်းတံခါးချပ်တွေကို ဆွဲပိတ်လိုက်ရန် အားယူလိုက်သည်။ ငှက်ကလည်း သိပုံရပါ၏။ “ဂီး...” ငှက်အော်သံကြီးက အိမ်ကြီးပင် တုန်သွားလောက်ပါ၏။ ပြတင်းတံခါး နှစ်ဖက်ကို ပိတ်လိုက်မိသော်လည်း တစ်ချပ်က ချက်ချင်း ပြန်ပွင့်သွားလေသည်။ မအိမ်ကံက နောက်ကို ဆုတ်လိုက်ရင်း ခုတင်ပေါ် လှဲချလိုက်ပါ၏။ မျက်လုံးတွေက ပြတင်းပေါက်ဆီမှာ။ ဘုရား... ဘုရား... ငှက်ကြီး ၀င်လာမှဖြင့်။ မအိမ်ကံ တစ်ကိုယ်လုံး တုန်ခိုက်လာခဲ့ပါ၏။ ပွင့်နေသော ပြတင်းချပ်ကို ပိတ်ရန်ပင် အားမရှိသလို တုန်လှုပ်နေခဲ့ပါ၏။ မမြင်ရသော်လည်း ငှက်တစ်ကောင်၏ တဖြန်းဖြန်း အတောင် ရိုက်သံကြားနေရသည်။

သည်ငှက်ကြီး

အခန်းထဲ

ဝင်လာလျှင်

ဘယ်လိုလုပ်မလဲ။

မအိမ်ကံခမျာ

ချွေးစေးများပင်

ပြန်လာခဲ့လေသည်။ “ကျေးဥ... ကျေးဥ... ကျေးဥ...၊ ခင်သီ... ခင်သီ” ခြေရင်းခန်းမှာ ရှိနေကြသည့် ကျေးဥနှင့် ခင်သီကိုနှိုးသော်လည်း ထူးသံမကြားရ။ အောက်ထပ်တစ်ထပ်လုံးကလည်း တိတ်ဆိတ်နေ၏။ မအိမ်ကံ အာများပင် ခြောက်လာခဲ့သည်။ နောက်ထပ်တော့ ဘာသံမှမကြားရပြန်တော့။ လှဲနေရာမှ အသာထကာ ဒန့်သလွန်ပင် ထိပ်ဖျားကို လှမ်းကြည့်သည်။ တဖြည်းဖြည်း ရှေ့တိုးလာကာ အရဲကိုးကြည့်သည်။ ဘာမှ မရှိတော့။ ပွင့်နေသော ပြတင်းတစ်ချပ်ကို ဆွဲပိတ်လိုက်ပြီး ချက်ချလိုက်သည်။ ခုတင်ပေါ် ထိုင်ချလိုက်ပြီး ပြတင်းပေါက်ကို ငေးကြည့်နေခဲ့သည်ပင် နာရီတစ်မတ်လောက်ကြာလိမ့်မည် ထင်၏။ တိတ်ဆိတ်ငြိမ်သက်ခြင်းသာ ရှိတော့သည်။ “ဖွ... ဖွ... မကောင်းသူပယ် ကောင်းသူကယ်...” ထိုညက မိုးလင်းခါနီးမှာမှ မအိမ်ကံ အိပ်ပျော်သွားခဲ့သည်။ အိပ်မက်များပင် မက်ခဲ့သေးသည်။ အိပ်မက်ထဲမှာ ဆပ်သွားဖူးပင်ကြီး လည်း ပါသည်။ လူသူတော် တစ်ယောက်လည်း ပါသည်။ နင် သမီးကလေးမွေးလိမ့်မယ် ဆိုတာလည်းပါသည်။ ထူးဆန်းတာက လူသူတော်၏ ပခုံးပေါ်မှာ ငှက်တစ် ကောင်နားနေခြင်းပင်။ ငှက်က ငှက်မည်းကြီး ဖြစ်၍ လင်းဝက်ကြီးတစ်ကောင်စာလောက်

167


ကြီးသည်။ မအိမ်ကံ လန့်နိုးတော့လည်း အိမ်ကြီးက ငြိမ်သက်ဆဲဖြစ်၏။ ရာသီမသိ ပန်းနှင့်ညှိ၊ အချိန်မသိ ကြယ်နှင့် ညှိရအောင် ကလည်း ပြတင်းတံခါးတွေကို မဖွင့်ချင်။ မကြာခင်မှာတော့ ထနောင်းတိုင် ရွာဘုန်းကြီးကျောင်းဆီက တုံးမောင်း ခေါက်သံကို ကြားရသည်။ တုံးမောင်းသံက နှေးရာက မြန်မြန်လာ၏။ မြန်သည်ထက်မြန်လာ၏။ လင်းကြက်တစ်ကောင်၏ အတောင်ခတ်သံ တဖြန်းဖြန်းနှင့် အတူ တွန်သံကြီး ပေါ်လာခဲ့သည်။ မိုးလင်းခါနီးပြီ။ ၀ိုးတ၀ါး အိပ်မက်ကို မအိမ်ကံ စိတ်ရောက် နေခဲ့သည်။ အမှတ်မိဆုံးကတော့ နင် သမီးကလေး ရလိမ့်မယ် ဆိုသည့် စကားပင်။ ခက်တာက သည်စကားမျိုး အမေပန်းရုံ ပြောခဲ့ဖူးသည် ဆိုတော့ စိတ်များ စွဲလမ်းလို့များလား တွေးရပြန်ပါ၏။ ဘာပဲဖြစ်ဖြစ် သမီးကလေး မွေးလိမ့်မယ် ဆိုသည့် စကားကိုတော့ မအိမ်ကံ ကြည်နူး လက်ခံ နေမိခဲ့သည်။ သမီးကလေး မွေးရမှာပေါ့၊ သမီးကလေးမွေးမှ ဖြစ်မှာပေါ့။ သမီးကလေး မွေးရင် နာမည် ဘယ်လိုပေးမလဲ ဆိုတာကိုပင် မအိမ်ကံ တွေးပြီးသား။ မအိမ်မြိုင်...။ တစ်အိမ်လုံး မြိုင်စေရမည့် သမီးကလေး ဖြစ်ရမည်။ ကိုပြေသိမ်း၏ အချောနှင့် မအိမ်ကံ၏ အလှတို့ ယှဉ်ဖက်သော သမီးကလေး ဖြစ်ရမည်။ မအိမ်မြိုင်...။ သမီးကလေး မအိမ်မြိုင်...။ မအိမ်ကံ တစ်ဖန် အိပ်ပျော် သွားခဲ့ပြန်လေသည်။ မိုးကြီးစင်စင်လင်းမှ အိပ်မက်တွေ ထပ်မက်နေပြန်သည်။ အိပ်မက်ထဲမှာ သမီး မအိမ်မြိုင်က ကြက်တောင် စည်းကလေးနှင့် ဖြစ်၏။ ကြက်တောင် စည်းမှာ ရွှေကတော့ ထောင်ထောင် ကလေးစွပ်ထားတော့ မျက်နှာကလေး ၀င့်လွန်းလှသည်။ အပျို ဖြောက်ဖြောက်၊ ရွှေလက်ကောက်က တစ်ရန်နှစ်ရန်၊ လက်ချိတ် ကယ်လွန်းပျံ၊ ပန်းတဘက်ကထောင်၊ ပြန်လှန်ကာ သီသီ၊ ရင်ဝတ်ခံနီနီ၊ ထဘီကွက်ပြိုင်၊ သံပြင်ကမြိုင်မြိုင်...။ လှလိုက်သည့် သမီးကလေး။ လက်ချိတ်ကယ်လွန်းပျံ၊ ပန်းကွက်ကယ် ကျူထရံ၊ နှင်းခံက နီတျာ၊ ထဘီညိုတဘက်ပြာ၊ စကားဝါသံပရာ၊ နီလာငွေရောင်၊ ပုရွက်ကြောင်းပြောင်ပြောင် တဲ့။ ကြက်မောက်ဆင်၊ ပုရွက်ကြောင်းစင်ထဘီကလေးတွေက အရောင်အမျိုးမျိုး။ စံကားဝါရောင်၊ သံပရာရောင်။ သမီးမအိမ်မြိုင်က မအေ့ပါးကိုနမ်းနေလိုက်တာ။ အမေ့ပါးကလေး နွေးပါရဲ့သမီးရယ်။ “အိမ်ကလေး... အိမ်ကလေး...” ပါးပြင်မှာ ပူနွေးနွေးခံစားမှု တစ်မျိုးရလိုက်သဖြင့် မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့ရပါ၏။ မျက်လုံးတွေ စင်းစင်းကလေး ဖွင့်ကြည့်လိုက်တော့

အစ်ကို။

ကိုပြေသိမ်း။

မအိမ်ကံ

လူးလဲ

ထလိုက်ပြီး

ကိုပြေသိမ်းကို

ကျုံးဖက်လိုက်သည်။

ကိုပြေသိမ်းကလည်း အလိုက်သင့် ဖက်ထားရှာပါ၏။ မြင်းခြံက ခုပဲပြန် ရောက်ပုံရပါ၏။ “အိမ်ကလေး နေမကောင်းဘူးလား” “ကောင်းပါသယ် အစ်ကို။ အိပ်မက်တွေ မက်နေသာ အစ်ကို ရဲ့။ မအိမ်ကံ သမီးကလေး မွေးလို့တဲ့။ သမီးကလေး နာမည်ကို မအိမ်မြိုင်လို့ ပေးမှာလေ။ အစ်ကို ကြိုက်ကဲ့ မှုတ်လား။ အိပ်မက်ထဲမှာ သမီးက ချောလိုက်သာ အစ်ကိုရယ်” ကိုပြေသိမ်းက မအိမ်ကံကို ပြုံးကြည့်နေသည်။ မအိမ်ကံ နဖူးက ဆံပင်တွေကို သပ်တင်ပြီး ဖွဖွကလေး နမ်းလိုက်သည်။ မအိမ်ကံ ဖက်ထားသည့် လက်တွေ လျှော့လိုက်တော့မှ ကိုပြေသိမ်းက အိပ်ရာပေါ် အလိုက်သင့် ပြန်လှဲပေးခဲ့ပါ၏။ ပြီးမှ မအိမ်ကံဘေးမှာ အသာဝင် ထိုင်သည်။ တစ်ခုခု ပြောချင်နေပုံဆိုတော့ မအိမ်ကံက လှဲမနေတော့ဘဲ ကိုပြေသိမ်းနှင့် ယှဉ်ထိုင်ရန် ကျုံးထ လိုက်ရပြန်သည်။ ကိုပြေသိမ်း မျက်နှာ မသာယာပါလား။ မြင်းခြံမှာ ဘာများဖြစ်ခဲ့လို့ပါလိမ့်။ စောစောကအိပ်မက်ထဲမှာ ကြည်နူးခဲ့ရတာများပင် လွင့်စင်သွားခဲ့သည်။ ကိုပြေသိမ်းများ တစ်ခုခုဖြစ်လာခဲ့ လေသလား။ “အိမ်ကလေး ရွာမှာ အခြေအနေတွေ မကောင်းတော့ဘူး။ ဂျပန်တွေ တော်တော် သောင်းကျန်း နေတယ်။ အစ်ကိုတို့ ရွာက ထွက်လိုက်တော့ မြင်းခြံ မရောက်ခင် ရာကျော် ဇရပ်ရှိတယ် မှုတ်လား” “သိသယ်လေ ဘာဖြစ်လို့လဲ အစ်ကို” “ဇရပ်ပေါ်မှာ ရက်ရက် စက်စက် ညှဉ်းပန်းပြီး ဖျောက်ဖျက်ထားတဲ့ အလောင်း တစ်လောင်း တွေ့ကြတဲ့ အကြောင်း မြင်းခြံကို

168


သတင်းရောက်လာတယ်။ စုံစမ်းလိုက်တော့...” “ဘယ်သူတဲ့လဲ အစ်ကို။ မကြားကောင်းမကြားသာ” ကိုပြေသိမ်းက

မအိမ်ကံကိုသိုင်းဖက်လိုက်ရင်း

တစ်ချက်

ငဲ့ကြည့်လိုက်ရှာပါ၏။

ပြီးမှ

တစ်လုံးချင်းပြောပြလေသည်။

မအိမ်ကံမှာတော့ အံ့သြခြင်းကြီးစွာဖြင့် ပါးပြင်ပေါ်မှာ မျက်ရည်တွေ တလိမ့်လိမ့် စီးကျလာလေသည်။ ၂၅။ “ဆရာကြည် ရေတိမ်နစ် ရှာပြီပေါ့။ ရင်ထဲ မကောင်းလိုက်တာ အစ်ကိုရယ် “

မအိမ်ကံ အသံက တိုးလွန်း လှသော်လည်း မျက်ရည်တွေက ချောင်းကြီး ရေကျ စီးနေသည်။ ဆရာကြည့် နိုင်ငံရေး စိတ်ဓာတ်က ပြင်းပြ လွန်းတာကိုလည်း မအိမ်ကံ သိတန် သလောက် သိပါ၏။ ပြောစရာ ရှိလျှင် ဘယ်သူ့မျက်နှာမှ မထောက်။ တိုင်းပြည် ကိစ္စ၊ လူမျိုး ကိစ္စ ဆိုလျှင် ဒိုးဒိုးဒေါက်ဒေါက် ရှိသူလည်း ဖြစ်သည်။ ရွာဆေးဆရာ ဆိုသော်လည်း နိုင်ငံရေး စိတ်ဝင်ပြီ ဆိုကတည်းက ဆေးကုပင့်ခေါ်လျှင်ပင် မလိုက်တော့။ အိမ်မှာ အခိုးပွင့်ဆေး တစ်ဖုံ ကောင်းကောင်းဖော်ထားပြီး ငှက်ပျောဖူး ပုလင်းများဖြင့် ထည့်ထားကာ လူနာ လာပင့်သမျှ ဆေးတစ်ဖုံကိုသာ ပေးသည်ဆို၏။ သားသမီးတွေက ဆေးကုစေချင်ကြသော်လည်း ဆရာကြည်က မကုတော့ပါ။ “တိုင်းပြည်က ငန်းမန်းကြီးလိုက်နေတာ အရင်ကုကြရမှာ ပေါ့ကွယ်။ လူနာက ငါမကုလည်း သူတကာ ဆေးဆရာတွေ ကုကြလိမ့်မယ်။ နောက်များ ငါ့ကို ဆေးကုဖို့ မပြောကြနဲ့” သားသမီးတွေကို အဲသလို ငေါက်တတ်သူ ဖြစ်သည်။ တချို့က မျိုးချစ်ပုဂ္ဂိုလ် အဖြစ် ကြည်ညိုကြသကဲ့သို့ တချို့ ကတော့ လူ့တစ်ယူသန် အဖြစ် စကား ထည့်ချင်ကြသည်။ မအိမ်ကံကတော့ မြင်းတစ်စီးနှင့် ပွဲလာကြည့်ခဲ့သော ညကို သတိရ နေမိသည်။ အစ်ကိုမောင်မြတ်သာက မြင်းကြီးနှင့် ဆရာကြည်လာ လျှင် စာတစ်စောင် ပေးခိုင်း ခဲ့ဖူးတာ မှတ်မိနေသည်။ ဆရာကြည်နှင့် အဖေဦးသာထန်တို့ မတည့်ကြသော်လည်း အစ်ကို မောင်မြတ်သာ ကိုတော့ ချစ်ခင် ရှာသည်။ ဂျပန်တွေ ၀င်လာတော့ ကိုယ်တိုင် အိမ်ကို ရောက်လာကာ “သူကြီးရေ ခေတ်ကာလ မကောင်းတော့ဘူး၊ သတိဝီရိယနဲ့ နေပါရော့” ဟု မှာ သွားခဲ့သေးသည်။ အခုတော့ ဆရာကြည် ကိုယ်တိုင် သတိဝီရိယနှင့် မနေခဲ့ရှာသလား။ ကိုပြေသိမ်းနှင့် မအိမ်ကံတို့ အရှေ့ အာရှလူငယ် အစည်းအရုံး တာဝန်ဖြင့် ရွာတွေကို လှည့်ကြတော့ ဆရာကြည်က လူငယ်တွေထက်ပင် ခြေသွက် နေခဲ့သေးသည်။ အိုကြီးအိုမရယ်လို့ ဖင့်နွှဲလေးကန် မရှိ။ သွက်လက် ချက်ချာ ရှိလှပါ၏။ ကိုပြေသိမ်းက မျက်ရည်တွေ စိုစိုလူးနေသည့် ဇနီးသည်၏ မျက်နှာကလေးကိုကြည့်ရင်း စိတ်မကောင်း ဖြစ်နေပုံရသည်။ သူကိုယ်တိုင်ကလည်း ၀မ်းနည်း နေရှာပါ၏။ သည်သတင်းက ဇောင်ချမ်းကုန်း တစ်ဝိုက် ဘယ်လောက်များ ချောက်ချားနေမှာ ပါလိမ့်။ အဖေတို့အမေတို့ ခမျာ ဘယ်လောက်များ စိတ်ပူနေကြ ရှာလေမလဲ။ သည်လို တွေးမိတော့ မအိမ်ကံ ငေါက်ခနဲ ထပြန်ချင်တော့သည်။ ကိုပြေသိမ်းက မအိမ်ကံ ပခုံးကို ဖက်ရင်း ပြောနေပါ၏။ “ဆရာကြည်က ကိုယ်၊ နှုတ်၊ နှလုံး မစောင့်စည်း နိုင်ရှာဘူး ထင်ပါရဲ့ကွယ်။ ဂျပန်ဆိုတဲ့ ကောင်တွေက ပါးပါးကလေး ရယ်။ ဘယ်လောက်တောင် ပါးကြသလဲ ဆိုရင် အင်္ဂလိပ်တွေ ဘာမှ မလုပ်နိုင်ခင် ဂျပန်တွေက စီးမိနေကြပြီ။ စင်ကာပူ ခံတပ်ကြီး ပေါက်သွားတာသာ ကြည့်တော့ အိမ်ကလေး။ အင်္ဂလိပ်တွေ၊ သြစတြေးလျတွေ၊ ကုလားတွေ စစ်သား တစ်သိန်းလောက်နဲ့ ခံထားတဲ့ကြားက ဂျပန်တွေက ရေတပ် စစ်သင်္ဘောနှစ်စင်းကို နှစ်ပစ်လိုက်တာ ကြည့်တော့။ ပုလဲဆိပ်ကမ်းမှာ အမေရိကန် ရေတပ် ရှုံးတယ်”

169


မအိမ်ကံ နားလည်လေသလား၊ မလည်လေသလားပင် အမှတ် မထားတော့ဘဲ ကိုပြေသိမ်းက ယူကျုံးမရစွာ ပြောနေခြင်း ဖြစ်ပါ၏။ ရန်ကုန်မှာ လူထိ ဗုံးတွေကြဲချခဲ့ကြပြီ။ မီးလောင် ဗုံးတွေ ချခဲ့ကြသည်။ ရန်ကုန်နှင့် မန္တလေးဘက်က လူတွေ ရွာတွေဘက်ကို ဖြစ်သလို ပြေးကြရသည်။ ရရာမီးရထားများ၊ မော်တော်ကားများနှင့် မြို့က ဝေးနိုင်သမျှ ဝေးအောင် ရှောင်ကြ ရသည်။ လူတွေ ပြေးရာနောက် စစ်က လိုက်လာခဲ့လေပြီ။ “သည်လို ကာလကြီးမှာ ကိုယ့်တိုင်းပြည်ဘက်က နာကြ သူတွေချည်းပဲလို့ ထင်ရင်မှားပြီ။ ဂျပန်ဘက်က နာသူတွေလည်း ရှိတာပဲ။ ခေတ်အပျက်မှာ ပိုက်ဆံ ရရ၊ အာဏာရရ၊ အခွင့်အရေး ရရဆိုတဲ့ လူတွေ အများကြီး ရှိတယ်။ အစ်ကို စိုးရိမ်တာက ဆရာကြည်ကို နှိပ်စက်ရင်း ဘာလျှို့ဝှက်ချက်တွေများ ပေါ်ကုန်သလဲ ဆိုတာပဲ” “အစ်ကို့များ ထိခိုက်နေဦးမှာလား အစ်ကိုရယ်” “မပြောနိုင်ဘူးပေါ့

အိမ်ကလေးရယ်။

ဘာသတင်းရထား

ကြသလဲမှ

မသိတာပဲ။

အသားထဲက

ထွက်တဲ့

လောက်ကောင်တွေကြောင့် ဖြစ်ရတာတော့ သေချာတယ်” ကိုပြေသိမ်း စကားကြောင့် မအိမ်ကံခမျာ မျက်နှာကလေး ညိုရပြန်သည်။ လင်နှင့်မယား ဖြစ်လာမှတော့ လင့်နိုင်ငံရေးသည် သူ့နိုင်ငံရေး ဆိုတာလည်း မအိမ်ကံ နားလည်ပါ၏။ ဒါဖြင့်ရင် လင့်နိုင်ငံရေးကို မအိမ်ကံ တကယ် သိသလား ဆိုတော့လည်း သိရှာတာ မဟုတ်။ မအိမ်ကံ မသိတာတွေ အများ ကြီးရှိလိမ့်မည်။ မအိမ်ကံ သိစရာ မလိုတာတွေ များလှရော့မည်။ ထနောင်းတိုင်မှာပဲကြည့်လေ။ စစ်ရှောင်သူတွေ ရောက်နေကြပြီ။ တချို့က အနောက်မြစ် ခေါ်ကြသည့် ချင်းတွင်းမြစ်ကို ဖြတ်ကျော်ကြတာတွေလည်း ကြားရပါ၏။ ထိုနေ့က မအိမ်ကံ ရင်ထဲ မလင်းတော့ပါ။ ဝေဒနာ တစ်မျိုးက ဖိစီးနေတော့သည်။ နောက်တစ်နေ့မှာပဲ ကောက်ကာ ငင်ကာ ပြန်ကြဖို့ စီစဉ်ကြသည်။ ခေတ်အခါ မကောင်းတော့ မိဘများကရော၊ ဆွေမျိုး တွေကပါ မပြန်စေချင်ကြ။ ထနောင်းတိုင်မှာပဲ နေစေချင်ကြသည်။ ခက်သည်က မအိမ်ကံမှာ မိအို၊ ဖအိုတွေ ရှိကြသေးသည်။ မပြန်လို့ မဖြစ်တော့လည်း ခွင့်ပြုကြ ရရှာပါ၏။ ဇောင်ချမ်းကုန်းက ခမည်းခမက်များ အတွက် လှည်းတစ်တင်စာ ၀ယ်ခြမ်း ပေးလိုက်ကြသည်။ မိဘနှစ်ပါးကို ကန်တော့ ကြတော့ ဆုတွေ ပေးကြသည်။ ထနောင်းတိုင်က လှည်း တစ်စီးကို ငှားထည့်ပေးလိုက်ကြသည့် အတွက် ပစ္စည်းတွေရော၊ လူတွေပါ လှည်းကြီး နင့်နေတော့၏။ ကိုပြေသိမ်းရော၊ မအိမ်ကံရော၊ ကျေးဥပါ ကျပ်ကျပ်သပ်သပ် လိုက်ကြရသည်။ လှည်းနှစ်စီး ခေါ်လို့ ရသော်လည်း ကိုပြေသိမ်းက တစ်စီးတည်းသာ စီစဉ်စေခဲ့သည်။ လှည်းတစ်စီးတည်း ဆိုတော့ ချိုးချိုး ချောက်ချောက် ရောက်သွားနိုင်သည် မဟုတ်လား။ နှစ်စီး၊ သုံးစီး ဆိုလျှင် လှည်းတန်းဖြစ်မှာ စိုး၍ ဖြစ်ပါ၏။ လှည်းသမားက ကိုပြေသိမ်းတို့နှင့် ရင်းနှီးသော လူရင်းဖြစ်၍ စိတ်ချရသည်။ “ဆရာလေးနှယ် အခုက လှည်းတွေကိုပါ ရှာနေကြသာ ဗျ။ ဟိုရက်က ကျုပ် တလုတ်မြို့က ပြန်တော့ ဂျပန်ကဖြတ် သမျှလှည်းရှာကြသာများ နွားစအိုထဲတောင် နှိုက်ကြတော့မယ့် အတိုင်းပဲ။ လက်နက်တွေ ကျုပ်တို့ဘက် ၀င်နေသယ်ကြားလို့ သဲ့” လှည်းသမားက သူ့ကိုယ်တွေ့ ပြောပြခြင်း ဖြစ်သည်။ သီချင်းနှင့် တခြားစီပါလား။ “+++ ကမ္ဘာသစ် အခါသစ် ဗမာသစ်ပေါ်ပြီ +++ တစ်သွေးတည်း တစ်သံတည်း တစ်မိန့်တည်း +++ လွတ်လပ်တော့မည် +++ လွတ်လပ်တော့မည် +++ ဗမာပြည် လွတ်လပ်တော့မည် +++ နိပွန်ကတိရပြီ +++” ဒေါက်တာဘမော်က ရာထူး ပေးနိုင်သဖြင့် ဓားမပါတီ ဦးထုပ်နှင့် ဓားမပါတီ ဘောင်းဘီတွေ ခေတ်စားလှပါ၏။ ရာထူး လိုချင်သူတွေ ပဒူအုံ၊ ခါချဉ်အုံ မီးမြှိုက်သလို တရွရွ ပြေးနေကြသည်။ ဂျပန်တွေက မယုံကြသော်လည်း အရိပ်အကဲ

170


ကြည့်နေကြသည်။

ပစ္စည်းတွေ

ရှားပါးသည်။

စားစရာတွေ

ရှားပါးသည်။

ဘုန်းကြီးကျောင်းတွေကို

အုပ်ချုပ်ရေးရုံး

လုပ်လာကြသည်။ ကားရှိသော်လည်း ဆီမရှိ။ အ၀တ် အထည်တွေကတော့ ဗမာချည်ထည် တွေကိုသာ အကောင်း လုပ်နေကြရပါ၏။ မြို့တွေမှာ ပစ္စည်း အရောင်းအ၀ယ်တွေ များနေကြသည်။ ငှက်ဖျားနှင့် ယားနာတွေ ပေါက်ကြသည်။ ၀ဲပေါက်လျှင် ကန့်မှုန့်ကို အုန်းဆီနှင့် ဖျော်ကာလိမ်းကြသည်။ အရက်တွေကတော့ ပေါလွန်းလှပါ၏။ ဒေါက်တာဘမော်က ရွှေဘိုမြို့မှ အလောင်းဘုရား အောင်မြေကို ရန်ကုန်သို့ သယ်ယူကာ အောင်မြေ ပျိုးတာတွေကိုလည်း ကိုပြေသိမ်း ကြားခဲ့ရသည်။ သည်ကြားထဲက မျိုးချစ်တွေ အကွပ်မျက်ခံ နေရတာကို ကိုပြေသိမ်း မခံချင်။ သူ့ရင်ထဲက စကားတွေ ပြောချင်လွန်းသော်လည်း အတူ ပါလာသည့် လှည်းသမားက တောသား၊ မယားက တောသူ ဆိုတော့ ကိုပြေသိမ်းမှာ မပြောသာဘဲ ရှိခဲ့သည်။ သည်တော့လည်း တောက်တစ်ချက် ပြင်းပြင်း ခေါက်မိရုံသာ။ “တောက်...” မအိမ်ကံနှင့် ကျေးဥက အလန့်တကြား ကြည့်ကြသည်။ ကိုပြေသိမ်းက အံကြိတ်ထားကာ မျက်နှာကြီး နီရဲနေလေ၏။ ဆရာကြည့်အတွက် ယူကျုံးမရဖြစ်နေရှာပုံ ပေါ်ပါ၏လို့သာ မအိမ်ကံ တွေးလိုက်သည်။ လှည်းသမားလည်း ကိုပြေသိမ်း တောက်ခေါက်သံကြောင့် ငြိမ်သွားခဲ့ပါ၏။ လှည်းက တအိအိ ဖြင့် ရွေ့နေသည်။ လှည်းငဆီမထိုးနိုင်တော့သောတောလှည်း ဆို တော့ လှည်းအီသံက ပျင်းစရာကောင်းလှသည်။ ကိုပြေသိမ်း က ရာကျော်ဇရပ်ကို မကျော်ချင်။ သို့သော် ဇောင်ချမ်းကုန်းကို ကျော်တော့မည်ဆိုလျှင် ရာကျော်ဇရပ်လမ်းဆုံကို မဖြတ်လို့မရ။ ဆရာကြည်ကို ဂျပန်စစ်ပုလိပ်နှင့် ကင်ပေတိုင်တွေက ရာကျော် ဇရပ်မှာ သုတ်သင် ခဲ့ကြသည် မဟုတ်လား။ ကိုပြေသိမ်းက လှည်းသမားဆီက သတင်းကြားချင်သဖြင့် မေးသည်။ “ရာကျော် ဇရပ်မှာ ဟိုရက်က အဘိုးကြီး တစ်ယောက် အသတ်ခံရဆို ခင်ဗျား ကြားသလား” “အနောက်တန်း ရွာတွေဘက်က ဗိန္ဓောဆရာလို့ ပြောသာပဲ ဆရာလေးရ။ ကျုပ်မတွေ့ပေမယ့် ကိုစံဖူးတို့ လှည်းတွေ တွေ့ကြလို့ ပြောသာတော့ ကြောက်စရာပါဗျာ။ အလောင်းကို ပစ်ထား သာများ သပြေသီး ပုပ်ရောင်ထလို့သဲ့။ ရိုက်ထားသာ နေမှာပေါ့ ဆရာလေးရာ။ သည်ဘက်ရက်တွေတော့ ရာကျော် ဇရပ်နား သရဲခြောက်သယ်လို့ သတင်းတွေ ဖြစ်နေသယ်။ မြင်းကြီးနဲ့ လူတစ်ယောက် ရပ်ရပ်နေသတဲ့” မအိမ်ကံပင် ကျောချမ်း သွားခဲ့သည်။ ကျေးဥက မအိမ်ကံ လက်ကလေးကို ဆုပ်ထားသည်။ ကိုပြေသိမ်းမှာ ကြားချင်သည့် သတင်းက တခြား၊ ကြားရတာက တခြား ဆိုတော့ စိတ်ပျက်သွားပုံရပါ၏။ “တော်စမ်းပါဗျာ” လို့သာ တားလိုက် ရတော့သည်။ ရာကျော်ဇရပ်ကို ဖြတ်တော့ လှည်းသမားက လှည်းကို သုတ်သုတ် မောင်းသည်။ ကိုပြေသိမ်းက ဇရပ် ပတ်ဝန်းကျင်ကို လိုက်ကြည့်နေခဲ့သော်လည်း မအိမ်ကံနှင့် ကျေးဥက ခေါင်းတွေ ငုံ့ထားခဲ့သည်။ မအိမ်ကံတို့ ရွာကို ၀င်တော့ အချိန် လင့်လှပြီ။ မအိမ်ကံတို့ လှည်းပေါ်က ဆင်းကြတော့ မလှအုံက ဖွီဖွီဖတ်ဖတ် လုပ်ကြဦးလို့ သတိပေး၏။ ဖွီဖွီဖတ်ဖတ် ဆိုတာက မကောင်းသူ၊ မကောင်းသား ကပ်မပါအောင် ရေရွတ်ရခြင်း ဖြစ်သည်။ အမေပန်းရုံကတော့ သမီးနှင့်သမက် ပြန်ရောက်လာလို့ ၀မ်းသာနေရှာသည်။ “အမေက မအိမ်ကံတို့ နေကြဦးမယ် ထင်သာ။ ရောက်တော့လည်း ပြီးသာပါပဲကွယ်။ အမေတို့မှာ နေလည်း နေစေချင်ရဲ့၊ မျှော်လည်းမျှော်ရပါရဲ့။ မောင်ပြေသိမ်း ခဏနား ရေချိုးလိုက်ကြဦး။ ကျေးဥ မပြန်နဲ့ ကြီးတို့အိမ်မှာ ထမင်းစား” ကျေးဥက လှည်းသမားနှင့် အတူ လက်ဆောင် ပစ္စည်းတွေ ၀ိုင်းချနေခဲ့သည်။ ဖိုးကူးလည်း ရောက်လာပါ၏။ မလှအုံက ဆရာကြည့် သတင်း ပြောချင်လှပုံဖြင့် မအိမ်ကံ အနားက မခွာ။ မအိမ်ကံကလည်း မသိသေးသည့် ပုံဖြင့် မလှအုံ အနား ကပ်နေလိုက်သည်။ “မအိမ်ကံ ညည်းတို့ ဆရာကြည့်သတင်း ကြားခဲ့ကြ လား”

171


“မကြားပေါင်၊ ဘာဖြစ်လို့လဲ။ မလှအုံဆီလာလည်လို့ လား” “ဖွဟဲ့ တောစကား တောပျောက်။ ဆရာကြည် ဂျပန်သတ်လို့ သေပြီ။ ရာကျော်ဇရပ်မှာ အဲသာ” “မဟုတ်သာ ပြောရော့မယ်။ ခုပဲ ရာကျော် ဇရပ်မှာ မြင်းကြီးတစ်စီးနဲ့ မားမားကြီးတွေ့ခဲ့ပါ့တော်” မအိမ်ကံက ခပ်တည်တည် ပြောခဲ့ပြီး အိမ်ထဲ ၀င်လာခဲ့သည်။ မလှအုံကတော့ ခြေဖနောင့်က မြေမှုန့်ကို နဖူးပေါ် သပ်ရင်း မျက်လုံးပြူးကြီးနှင့် ကျန်ရစ်ခဲ့လေ၏။ ၁၃၀၅ ခုနှစ်၊ ၀ါခေါင်၊ တော်သလင်း။ ၀ါခေါင်၊ တော်သလင်း လတွေကတော့ အညာကျေး တောရွာတွေမှာ နေကြီး ကျောကွဲ ပူလွန်းလှဆဲ ဖြစ်သည်။ ပြီးခဲ့သည့် တန်ခူး၊ ကဆုန်၊ နယုန်လများဆီက ပုရစ်နုတွေ ဝေခဲ့သော သစ်ပင် ပန်းပင်တွေ အားလုံးလိုလို သစ်ရွက်စိမ်းတွေ ဝေခဲ့ပြန် လေပြီ။ ဇောင်ချမ်းကုန်းက အညာရွာ ဆိုသော်လည်း သစ်ရိပ် ၀ါးရိပ် သန်လှသည့်တိုင် မြစ်မနီး၊ ရေမနီးရွာ ဆိုတော့ အပူဒဏ်က ရှိန်ရှိန် ထနေတတ်လေသည်။ အခုတလော မအိမ်ကံ နေမကောင်း ထိုင်မသာ ရှိနေခဲ့ပါ၏။ မနက်အိပ်ရာ အထမှာ ခေါင်းမကြည်ချင်။ ရင်ထဲက ပျို့ချင်ချင်။ ဟိုဟာကလေး စားချင် သလိုလို၊ သည်ဟာကလေး ၀ါးချင်သလိုလို စိတ်ခံစားမှုတစ် မျိုးကလည်း ဖိစီးလျက် ရှိ၏။ အထိုင်အထ အသွားအလာကလည်း လေးလာသလိုလို ထင်မိသည်။ မလှအုံကတော့ မအိမ်ကံကိုကြည့်ပြီး ၀မ်းသာ ၀မ်းနည်း ဖြစ်နေရပါ၏။ တကယ်တမ်း ပြောကြကြေး ဆိုလျှင် မအိမ်ကံ ပလူမွေး ပလူတောင် ဘ၀ကတည်းက ရင်အုပ်မကွာ သိမ်းဆည်း စောင့်ရှောက် ခဲ့ရသူတွေထဲမှာ သူလည်းပါခဲ့သည်။ သူကြီးနှင့် သူကြီးကတော် မိဘနှစ်ပါးက ပေါက်ဖွားလာခဲ့သူ ဆိုပေသိ မလှ အုံသာ အထိန်းအချော့ များခဲ့ရသည်။ ထန်းစကားနှင့် ဆိုရပါလျှင် ကျေးမြီး လက်မြှောက် ဆင်ခြေပေါ် အရွယ်က စကာ ရည်ရ၊ ပင်ထွက် ထန်းပင် မားမားကြီး ဖြစ်ရသည် အထိ မအိမ်ကံ နှင့် ရင်အုပ်မကွာ ရှိခဲ့ရသည်။ မအိမ်ကံ၏ ကွမ်းတောင်ကိုင် ဖြစ်ချင်လွန်းလှသော စိတ်ဝေဒနာကို ပြေရာ ပြေကြောင်း သူပဲဖျောင်း ဖျခဲ့ရသည်။ မိခင်ရင်း ဒေါ်ပန်းရုံက အနှစ် နှစ်ဆယ်လုံးလုံး ကွမ်းတောင်ကိုင် မဖြစ်နိုင်မှန်း သိပါလျက် ဖုံးဖိ စောင့်စည်းထားသကဲ့သို့ မလှအုံကလည်း မထူးလှပါ။ ရင်နှင့်အမျှ ကြေကွဲစရာ ကောင်းလှသော ရက်စွဲတွေကို ရင်တထိတ်ထိတ် ရှိခဲ့ရသူသာ ဖြစ်သည်။ တကယ်တမ်း ကွမ်းတောင်ကိုင် မဖြစ်နိုင် တော့တာကို သိလိုက်သည့် နေ့က မအိမ်ကံ ပုံလဲကျသွားတာကို မလှအုံ မျက်စိထဲက မထွက်။ တစ်လျှောက်လုံး ကွမ်းတောင်ကိုင် ဖြစ်ချေရဲ့ဆိုသည့် မျှော်လင့်ချက်ကြီး ပြိုကျသွားသည့် နေ့က မအိမ်ကံ၏ ဝေဒနာကို မလှအုံပါ ရောယောင် ခံစားခဲ့ရသည်။ အမှတ်မထင် ရှိလှသော အဖြစ်အပျက် တစ်ခုကတော့ ဂျပန်စစ်ဗိုလ်နှင့် တွေ့ခဲ့ရသည့် အဖြစ်အပျက်ပင်။ မသေကောင်း မပျောက်ကောင်း၊ ကံကောင်း လွန်း၍သာ သေကံ မရောက်ခဲ့ရခြင်း မဟုတ်လား။ သည့်နောက်တော့ မအိမ်ကံ အိမ်ထောင် ကျခဲ့သည်။ မြို့သား၊ ကျောင်းဆရာ ပညာတတ်နှင့် ဘ၀ ဖက်ရလို့ ၀မ်းသာရပေသိ နှမြော စိတ်ကလေး မပျောက်ချင်။ မအိမ်ကံ ဘ၀နှင့် မအိမ်ကံ အကြောင်း အကောင်းတွေချည်း စုခဲ့သည်လို့တော့ မပြောသာပါ။ မအိမ်ကံမှာ မထင်သည့် ထောင့်က မထင်မှတ်သော အကြောင်း တစ်ရပ်ရပ် ခေါင်းမြီးခြုံကာ ၀င်လာတတ်တာ မျိုးတွေလည်း ကြုံခဲ့ရလှပြီ။ မအိမ်ကံမှာ ဝေဒနာ တစ်ခုခု ချင်ခြင်း မပြေရှိ နေရှာတာကိုလည်း လူ့အရိပ်အကဲ နောကျေသည့် မလှအုံအဖို့ သိသလိုလို ရှိခဲ့ပါ၏။ အခုလည်း မအိမ်ကံမှာ ကိုယ်ဝန် ရှိနေပြီလို့ မလှအုံ တွက်သည်။ သည်လိုဆိုပြန်တော့လည်း မလှအုံ ၀မ်းနည်းရသည်။ မလှအုံ စိတ်ထဲမှာ မအိမ်ကံက ကလေး သာသာ ဆံတောက်သိမ်းစ မိန်းကလေး အဖြစ်သာ ရှိသေးတာ မဟုတ်လား။ တစ်ရက်မှာတော့ မအေဖြစ်သူ ဒေါ်ပန်းရုံကိုပင် ပြောမိခဲ့သည်။ “အရီးပန်းရုံရယ်၊ ကျုပ်တော့ မအိမ်ကံ ကိုယ်လေး လက်ဝန် ရှိနေထင်သာပဲ။ ခါတိုင်း ငှက်မွေးကလေးလို လွင့်နေသဲ့ မိန်းမ။ ခုတလော လေးတေးတေး ကြီးလားလို့၊ အရီးကို ဘာပြောတုံး”

172


“ဘာမှတော့ မပြောဘူး လှအုံရဲ့။ ငါလည်း အကဲခတ် နေသာပါ။ ငါ့သမီးကလေး အပျိုဖော် ၀င်တုန်းကလည်း တစ်ခါ စိတ်မကောင်း ဖြစ်ရဖူးသယ်၊ ခုလည်း ကိုယ်လေး လက်ဝန် ရှိရှာ ပြန်ပြီရယ်လို့ တွေးမိတော့ ၀မ်းသာသလိုလို၊ ၀မ်းနည်းသလိုလို ပါအေ။ စိမ်းမြက မွေးမယ့်မြေးဦး ချီရမယ် ထင်သာ မအိမ်ကံက မွေးမယ့် မြေးဦး အရင်ချီရ ထင်ပါရဲ့အေ” “အရီးနှယ် ကျုပ်ကော ဘာထူးမှာတုံး။ မအိမ်ကံကို ကျုပ်က ၀မ်းနဲ့သာ မလွယ်ရသာ သမီးကလေး အောက်မေ့ခဲ့ရသူ မဟုတ်လား။ အခု မပေါ့မပါးကြီးနဲ့ များလားလို့ တွေးမိရ ပြန်တော့ စိတ်ထဲ တစ်မျိုးကြီးပဲတော်” “တစ်မျိုးတော့ ကောင်းသာပေါ့ လှအုံရယ်။ မြေးဦး ယောက်ျားကလေး ဆိုရင်တော့ ပရိက္ခရာ ရှစ်ပါး ရွက်ရပိုးရသဲ့ကု သိုလ်ရနိုင်သာပေါ့။

လှူရတန်းရမှာ

တွေးပြီး

ဝမ်းမြောက်ရသာပါ့။

တို့ကသာ

တွေးနေသာပါအေ။

ညည်းညီမက

ဟုတ်ချင်မှလည်း ဟုတ်ဦးမှာပေါ့” “မဟုတ်ရိုးလား အရီးရယ်။ ကျုပ်လည်း ကလေးနှစ်ယောက် မွေးထားသဲ့ မိန်းမပါ။ သရိုးသရီ ဖြစ်နေသာ သေချာပါ့တော်” “မေးစမ်းပါအေ၊ ဟုတ်တော့လည်း ဂရုစိုက်ရမှာပေါ့။ မအိမ်ကံ ရှက်လို့ မပြောသာနေမှာ” မလှအုံ စကား မှန်လေပြီ။ တစ်ရက် မအိမ်ကံ လှေကား ပေါ်က အဆင်း မိုက်ခနဲ မူးဝေသွားခဲ့သည်။ လှေကား လက်ရန်းကို ဆုပ်ဆုပ်ကြီး မြဲအောင် ကိုင်နိုင်လိုက်လို့သာ ပြုတ်မကျခြင်း ဖြစ်သည်။ မအိမ်ကံက လှေကားဆံပေါ် ထိုင်ချလိုက်ရင်း “အမေရေ...” လို့ အော်လိုက်၍သာ သိကြရခြင်း ဖြစ်၏။ မလှအုံနှင့် အတူ အမေပန်းရုံပါ ပြေးတက်လာကြကာ အိပ်ရာ ပေါ်တင်ပေးကြရသည်။ မလှအုံက အမေပန်းရုံကို ပြုံးကြည့်သည်။ ဘယ့်နှယ်ရှိစ။ မလှအုံက နေ့ချင်းပင် စမုံမျိုးငါးပါး လှော်ကာ စွပ်ကျယ်စုတ် သန့်သန့်ဖြင့် ထုပ်သည်။ နေကလေးပြကာ လက်ဖ၀ါးပေါ် အနံ့စူးစူး ထွက်အောင် ပွတ်သည်။ နှမ်းထုပ် မွှေးမွှေးကို ရှူစေသည်။ မအိမ်ကံက သည်အနံ့ကို နှစ်သက်သည်။ ခေါင်းထဲ ကြည်ရှင်းသွားသည် ထင်၏။ မအိမ်ကံ နှမ်းထုပ် ရှူနေရပြီလား။ မအိမ်ကံပင် မေးနေခဲ့သည်။ “နှမ်းထုပ်ထဲမှာ ဘာတွေ ပါသာလဲ မလှအုံရဲ့” “စမုံမျိုး ငါးပါးပါသတော်။ အိုးကင်းပူ ကလေးတိုက်လိုက်တော့ အနံ့ကလေး အူလာကရော။ အနံ့လျော့ရင် လက်ဝပူ ကလေး ပွတ်ပြီးရှူ မွှေးလိုက်သာမှ...” “မလှအုံရယ် မအိမ်ကံ နေရသာ တစ်မျိုးကြီးပဲ” “ငါ့ညီမရယ် တစ်မျိုးကြီးပေါ့အေ။ ညည်း မေးစမ်းပါဦးမယ်။ ဥတုပန်းများကော မှန်ရဲ့လား။ ငါထင်သာတော့ ငါ့ညီမ ကိုယ်လေးလက်ဝန် ရှိနေပြီလားလို့” “ဟုတ်များနေရော့လား ပြောတတ်ပါဘူး မလှအုံရယ်” “ပဋိသန္ဓေများ ရှိရင် ပြေးမလွတ်သာတွေ ကြုံရဦးမှာပါတော်။ အော့မယ် အန်မယ်တော်၊ မူးဝေမယ်တော်၊ မျက်စိတွေ ဝေမယ်တော်၊ မျက်နှာကလေး အန်းမယ်တော်၊ ခြေဆစ်လက် ဆစ်ကလေးတွေ ရောင်မယ်တော်၊ ၀မ်းနာမယ်တော်၊ ဗိုက်ကြောတက်ပြီး ခါးအောက်ပိုင်း နာမယ်တော်၊ စိတ်ကယောက် ကယက်ဖြစ်မယ်တော်၊ ဒေါသ ဖြစ်သလိုလို အလိုမကျ သလိုလို ဖြစ်မယ်တော်၊ နောက်ပြီး...”

173


“တော်ပါတော့ မလှအုံရယ်။ တစ်ချက်မှလည်း မကောင်းဘူး” ပြောသာ ပြောရတာပါအေ။ မလှအုံ အိမ်အောက် ဆင်းသွားတော့လည်း မအိမ်ကံ ရင်ကလေး သိမ့်သိမ့် ခုန်ခဲ့ရသည်သာ။ သူ့ကိုယ်သူလည်း သတိထား မိခဲ့ပါ၏။ အမေ့ကိုသော်မှ မပြောဖြစ်ခဲ့။ တစ်ပတ်နှစ်ပတ် ကိုယ်တိုင် စောင့်ကြည့်ပါဦးမယ်လေ လို့သာ တွေးထားခဲ့သည်။ ကနေ့တော့ အမူးကလေး ကဲလာခဲ့ သည်။ မနက်စောစော ပျို့ခဲ့သေးသည်။ ခံတွင်းတွေက ထူးထူးခြားခြား ချဉ်ခါးခါးကြီး ဖြစ်နေခဲ့သည်။ ဒါဆိုရင် ရင်သွေး ကလေးကို လွယ်မိရပြီပေါ့။ ၀မ်းသာစရာ ကောင်းလိုက်တာ။ မအိမ်ကံ မျက်ရည်တွေပင် ပိုးပိုးပေါက်ပေါက် ကျလာခဲ့ရပါ၏။ ခုတင်ပေါ် မှေးရင်းက ၀မ်းဗိုက်ကို ပွတ်ကြည့်သည်။ သားလေး လား၊ သမီးလေးလား။ သမီးလေးပါလေ။ သမီးကလေး မအိမ်မြိုင်ပဲ ဖြစ်ရမှာပေါ့။ သမီးကလေး မဟုတ်လို့ သားကလေး မွေးတော့လည်း ရှင့်အစ်မ ဖြစ်ရရုံသာ။ အဖေနှင့်အမေ မြေးသာမဏေကို မြင်ခွင့် ကြုံရုံပ။ မဟုတ်ဘူး၊ မဟုတ်ဘူး သမီးဦးပဲ ဖြစ်ရမယ်။ ရွှေမှုံက သမီးကလေး ရသွားပြီ ဥစ္စာ။ ငါလည်း သမီးကလေးပဲ မွေးရမှာ ပေါ့။ “ရွှေမှုံ့ သမီးနဲ့ မအိမ်ကံ့သမီး ကံကြမ္မာ တစ်ပတ်လည်ခွင့် ကြုံရဦးမှာပေါ့လေ။ မုတ်ခါးရည် တစ်အိုးထက် ပျားရည်တစ် စက်က ယင်ကောင် ဖမ်းရသာ လွယ်တော့မပေါ့။ သမီးကလေး မွေးမှ ငါ့စိတ်ကူးတွေ တကယ် ဖြစ်ရတော့မှာ။ ရှင်ကြီးရှင် ကောင်းများ မတော်မူပါ၊ သမီးကလေး မွေးပါရစေတော်” မအိမ်ကံ နှုတ်က တတွတ်တွတ် ရေရွတ်နေခြင်း ဖြစ်သည်။ မလှအုံ ပြန်သွားကတည်းက မအိမ်ကံမှာ သူမကိုယ်သူမ သေချာ သွားသလို ရှိခဲ့သည်။ တင်းကျပ်နေသော စိတ်တံခါးရွက်ကို ဖွင့်နိုင်ခဲ့ပြီ။ စိတ်ကူးနှင့် ဆန္ဒ၊ ရည်မှန်းချက်နှင့် မျှော်လင့်ရာ ဘယ်လောက်များ စရွေးကိုက်နိုင်မလဲ။ သည်လောင်းကစားပွဲ ကတော့ ဆယ်လစောင့်ကြည့် ရပါဦးမည်။ ဘ၀တွင် အရာရာ ပြည့်စုံပါလျက် အဖြစ်ချင်ဆုံး အရာတွေ လွဲခဲ့ရသူအဖို့ များများကြီးတော့ မမျှော်လင့်ဝံ့တာလည်း အမှန်ပင်။ ကိုပြေသိမ်း ကျောင်းက ပြန်လာတော့ မအိမ်ကံ ခုတင် ပေါ်မှာပဲ ရှိသေးသည်။ ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့ ပြုံးပြုံးကလေး ထထိုင်ဖြစ်သည်။ ကိုပြေသိမ်း လက်ထဲ နှမ်းထုပ် ထည့်ကာ ရှူခိုင်းသည်။ ကိုပြေသိမ်းက ဘာမှန်းညာမှန်း မသိဘဲ ရှူကြည့်ပြီး မျက်နှာ ရှုံ့သွားခဲ့ပါ၏။ မအိမ်ကံက နှမ်းထုပ်ကို လက်ဖ၀ါးထဲ ထည့်ကာ နာနာ ပွတ်သည်။ အနံ့တွေ အူတက် လာတော့ တစ်ခါ ရှူခိုင်းလိုက်သည်။ “ကလေး အဖေရေ နှမ်းထုပ် ရှူရတော့မှာနော်၊ နနွင်းရည် သောက်ရတော့မှာနော်၊ ချေးကလူ သေးကလူ နေရတော့မှာနော်၊ ကိုမြို့သား ကိုကျောင်းဆရာ အရင်လို ရှိုးနဲ့ မရတော့ဘူး သိလား” မအိမ်ကံ စကားကြောင့် ကိုပြေသိမ်းက ဇနီးသည် မျက်နှာကို စိုက်ကြည့်သည်။ ပြီးမှ သဘောပေါက် သွားပုံဖြင့် အားရ ပါးရ ပြုံးလေတော့သည်။ မအိမ်ကံ၏ ကိုယ်လုံးကလေးကို သိုင်းဖက်လိုက်သည်။ ရင်ခွင့်ထဲမှာ ပွေ့ထားခဲ့သည်။ “အိမ်ကလေး အိပ်မက်မက်တာ မှန်နေပြီပေါ့။ ဒါဆိုရင် သမီးကလေး မွေးလိမ့်မယ် ဆိုတာလည်း မှန်မှာပဲ” “အစ်ကိုက သမီးကလေး လိုချင်ရဲ့လား။ မအိမ်ကံ ကတော့ မိန်းမသားမို့ ထင်ပါရဲ့ သမီးကလေး လိုချင်မိသယ်” “အိမ်ကလေး သဘောပါဗျာ။ ကျုပ်ကတော့ ချစ်ရုံပေါ့” မအိမ်ကံ မျက်စိတွေ မှိတ်ထားလိုက်သည်။ ဟုတ်ပေသားပဲ။ လူသူတော်ကြီး အိပ်မက်ပေးခဲ့တာ မှန်ပါပကော။ မအိမ်ကံ အာရုံတွေထဲမှာ အလှူတန်းကြီး လှည့်နေသည်။ ကြီးလိုက်တဲ့ အလှူ၊ စည်လိုက်တဲ့ အလှူ၊ များလိုက်တဲ့ လူတွေ။ သမီးမအိမ်မြိုင်က ဖက်စိမ်း ကွမ်းတောင်ကို ပွေ့လို့။ နေခြည်မှာ ရွှေဝင်း ဆယ်စင်းလည်းမက၊ ထီးတန်းကြီးကလည်း

174


လှလိုက်ပါဘိ။ မအိမ်ကံ မျက်လုံးတွေ ပြန်ဖွင့်လိုက်သည်။ ကိုပြေသိမ်းက မအိမ်ကံကို ရွှန်းရွှန်းစားစား ကြည့်နေဆဲပင်။ မြန်မာသက္ကရာဇ် ၁၃၀၅ ခုနှစ်၏ မိုးရက်တစ်ရက်။ ထိုနေ့က ဇောင်ချမ်းကုန်းမှာ မိုးတွေဖြိုင်ဖြိုင် ရွာလျက်ရှိသည်။ မိုးက ကောင်းကင်ကိုခွဲကာ သည်းကြီး မည်းကြီး ရွာအား ကောင်းလွန်းလှပါ၏။ သုံး၊ လေးရက် စွေပြီး ရွာနေသဖြင့် ကိုပြေသိမ်းပင် အိမ်တွင်း အောင်းနေခဲ့ရသည်။ အစစအရာရာ ရှားပါးသည့် ခေတ်ကာလ ဖြစ်သည့် အလျောက် ကျောင်းကလည်း တဖြည်းဖြည်း ခြောက်ခန်း လာခဲ့သည်။ ကျောင်းသား ဦးရေ နည်းနည်း လာသော်လည်း အထက်အမိန့် မရသဖြင့် ကိုပြေသိမ်း ကိုယ်တိုင်က ဆက်ဖွင့် ထားရသည်။ စားရေးဝတ်ရေး၊ နေရေးက ရှားပါးလှသည့် အပြင် အုပ်ချုပ်ရေး စနစ်များကလည်း ကမောက်ကမ ဖြစ်နေသည်ဖြစ်၍ ကျောင်းကို စိတ်မ၀င် စားနိုင်ကြတာကိုလည်း ကိုပြေသိမ်း နားလည်ပါသည်။ ဇောင်ချမ်းကုန်း တာလမ်းမသည်ပင် မိုးရေတွေ စိုအိနေလေသည်။ အသွားအလာ မရှိဘဲ တစ်ချက်တစ်ချက်မှသာ အနောက်ကွင်းများဆီ ပဲပင်ပေါက် ကောက်ထွက်ကြသူ အချို့၏ အသံကို ကြားရတတ်သည်။ မိုးရေနူးနူးမှာ ပေါက်တတ်သည့်ပဲ ကျန်စေ့တွေက မိုးတစ်မနှစ် မရွာသည်နှင့် အစို့အညှောက်တွေ ထွက်ကြပြီ။ ပဲပင်ပေါက်ကိုပြုတ်ကာ စားကြခြင်းဖြင့် ထမင်း တစ်နပ် ခိုနိုင်တာလည်း ပါပါ၏။ မိုးကြီး တရစပ် သည်းနေသည့် ကြားကပင် သူကြီးအိမ်ကြီးဆီကို ဦးတည်လာနေသော လူတစ်ယောက်သည် ၀င်းထရံဘေး မယောင်မလည် ကပ်လာခဲ့ကာ ၀ါးထရံကြားက ချောင်း ကြည့်သည်။ လူက စုတ်စုတ်ပေပေ နိုင်လှသည့် အပြင် ၀ါးဖတ် ခမောက်ကြီးကို ဆောင်းထားလိုက်သေးသည်။ မိုးရေတွေ ရွှဲရွှဲစို နေသည့် ဖျင်ကြမ်း အင်္ကျီက ရေစိုကြောင့် အိကျနေသည်။ အိမ်ကြီးဆီကို အော်သံ ခပ်ကျယ်ကျယ်ဖြင့် လှမ်းခေါ်သည်။ “သူကြီးကတော် ထင်းများ ယူဦးမလားလို့” မလှအုံက ၀င်းဝကို လှမ်းကြည့်သည်။ ကိုဖိုးငွေကလည်း ရေနွေးကြမ်း သောက်နေရာက ငေါက်ခနဲ ထရပ်လိုက်သည်။ ထင်းယူဦးမလား ဆိုသော်လည်း ထင်းလှည်း မပါတာကို သတိထားမိလိုက်သည်။ မလှအုံက ၀င်းတံခါးနား အထိ လျှောက်လာခဲ့ကာ တံခါးချပ်ကြီး နှစ်ချပ်ကြားက အကဲခတ်သည်။ လူတစ် ယောက်။ ခပ်နုပ်နုပ်။ “ဘယ်မှာတုံး မင်းထင်းလှည်း” “ဆရာလေး မှာထားလို့ပါ” “အလိုတော် မောင်ပြေသိမ်းက ထင်းမှာ ရမယ်လို့၊ မင်း မဟုတ်သာ မပြောပါနဲ့။ မင်းက ဘယ့်နှယ်များ အောက်မေ့လို့တုံး” မိုးရေ စိုရွှဲနေသည့် လူက ထရံနား ကပ်သည်ထက် ကပ်လာကာ ဘေးဘီကို တစ်ချက်ငဲ့ကြည့်ပြီးမှ အသံတိုးတိုးဖြင့် ပြောလေသည်။ “ဗိုလ်လေးမြတ်သာ လွှတ်လိုက်လို့ပါ။ တံခါးသာ ဖွင့်ပေးပါ” “အလိုတော်...”

175


မောင်မြတ်သာ ဆိုသည့် နာမည်ကြောင့် မလှအုံ တံခါးကို ဆွဲဖွင့်လိုက်သည်။ ထိုလူက စုတ်ခနဲ တိုးဝင်လိုက်ပြီး အိမ်ကြီးဘက်ကို လျှောက်သွားလေ၏။ အိမ်တွင်း တန်းဝင်ကာ နေရာ ထိုင်ခင်း ပေးသည်ကိုပင် မစောင့်ဘဲ တန်းလျားရှည်မှာဝင်ထိုင် သည်။ ခေါင်းကခမောက်ကြီးကိုချွတ်လိုက်ပြီး ပေါင်ပေါ်တင် ထားပါ၏။ တစ်ကိုယ်လုံး ရေတွေစီးကျနေသည်။ ကိုဖိုးငွေက အပေါ်ထပ် တက်ပြီး ကိုပြေသိမ်းကို ခေါ်လာခဲ့သည်။ ထိုလူက ကိုပြေသိမ်း တွေ့လိုက်ရတော့မှ အမောပြေ သွားသလို မျက်နှာ ၀င်းသွားသည်။ ၀ါးဖတ် ခမောက်ကြီး၏ အတွင်းသားကို ဆွဲခွာလိုက်သည်။ အတွင်းမှာ လေထီးပိုးစဖြင့် ပတ်ထားသည့် ခပ်ပါး ပါးအထုပ် တစ်ထုပ် ထွက်လာခဲ့သည်။ “ဗိုလ်လေးမြတ်သာ ပို့ခိုင်းလိုက်တာ ဆရာလေး။ ကျုပ် ကိစ္စက စာပေးပြီးရင် ပြန်ဖို့ပဲ။ ဆရာလေးက ကိုပြေသိမ်း မဟုတ်လား” “ဟုတ်ပါတယ်။ သခင်မြတ်သာနဲ့ ဘယ်မှာ တွေ့တာလဲ” “လယ်ဝေးဘက်မှာပါ။ ကျုပ် သွားမယ်” “နေဦးလေ၊ ခင်ဗျား ထမင်း စားသွားပါဦး။ ဒါမှမဟုတ် ငွေလေး ကြေးလေးတော့ ယူသွားပါ” “မယူပါရစေနဲ့၊ မြင်းခြံအထိ ရောက်အောင်ပြန်ရဦးမှာပါ” တစ်ညတော့ အိပ်လိုက်ပါဗျာ။ မနက်မှ အနောက်တန်းရွာတွေက ထင်းလှည်း တစ်စီးစီးနဲ့ ကျွန်တော် ထည့်ပေးလိုက်ပါ့မယ်။ ခင်ဗျားအတွက် အန္တရာယ် ရှိနိုင်လို့ ပြောတာ။ ခုပဲ မှောင်တော့မယ်။ ကိုင်းပါ အ၀တ်အစား လဲလိုက်ပါဦး” ထိုလူက သုတ်ခနဲ ထကာ ၀ါးဖတ်ခမောက်ကို ဆောင်းပြီး ထွက်သွားမည် ပြင်ပြီးမှ ကိုပြေသိမ်း စကားကို မလွန်ဆန်ဝံ့သလို ပြန်ထိုင်သည်။ မအိမ်ကံပါ အိမ်ပေါ်က ဆင်းလာခဲ့ပြီ။ မလှအုံက ဧည့်သည် လူစိမ်းကို ဖိုးတုတ်၏ ပုဆိုး၊ အင်္ကျီများ လဲလှယ်ခိုင်းရန် ခေါ်သွားသည်။ ပြီးလျှင် ထမင်းကျွေးဦးမှာ ဆိုတော့ အိမ်ထဲမှာ အိမ်သားတွေချည်းပဲ ကျန်သည်။ ကိုပြေသိမ်းက လေထီးပိုးစကို ဖြေလိုက်ပြီး အတွင်းက စာကိုဖြန့်လိုက်သည်။ ဗိုလ်မြတ်သာ၏ စာမှာ ရက်စွဲ မပါသော်လည်း သည်ရက်များအတွင်း ရေးထားမှန်း သိသာပါ၏။ ကိုပြေသိမ်း အရေးတော် မလှတော့ပြီ။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ယိုးဒယားနှင့်ဗမာ မီးရထားလမ်း ဖောက်လုပ်ရေး စာချုပ်ကို ဂျပန်နှင့် ယိုးဒယားတို့ စာချုပ်ချုပ်ကြသည်။ အင်္ဂလိပ် စစ်လေယာဉ်များ ရခိုင်ဘက်မှာ ဗုံးကြဲနေကြပြီ။ သည်နှစ်ဆန်းပိုင်းမှာတော့ ဂျပန်က ဗမာပြည်ကို လွတ်လပ်ရေးပေးဖို့ရာ အမိန့်တွေ ထုတ်နေသည်။ ဂျပန် ၁၅ တပ်မ အနေဖြင့် ကေဘိုတိုင်ခေါ် မြို့ပြကာ ကွယ်ရေး အဖွဲ့တွေ ဖွဲ့ဖို့ရာလည်း ရှိပါသည်။ သည်နှစ် တပေါင်းလမှာတော့ ယိုးဒယား-ဗမာ မီးရထားလမ်း အတွက် ချွေးတပ် ဆွဲရန် လူစုနေကြပါပြီ။ အင်္ဂလိပ်လေတပ်မှ ကြဲချသော လေနတ်သား စာစောင်ကို ဖတ်ရန် ထည့်ပေး လိုက်ပါသည်။ တစ်ချိန်တည်းမှာပင် အမေရိကန်က မြန်မာပြည် မြောက်ဖျားပိုင်းကို သိမ်းပိုက်ရန်ရှိနေပါပြီ။ (အတွင်းသတင်း ဖြစ်၍ မှန်ဖို့ရာ များပါ၏။) ဂျပန်က ၁၉၄၂ ခုနှစ်၊ စစ်အုပ်ချုပ်ရေး ယာယီအစိုးရ အဖွဲ့၊ BDA အကြံပေး အဖွဲ့တွေကို ဖျက်သိမ်း လိုက်လေပြီ။ ဂျပန်က ပေးသော လွတ်လပ်သော မြန်မာပြည် အစိုးရ အဖွဲ့ဆိုကာ ပေါ်လာခဲ့ပြီး ဒေါက်တာဘမော်ကပင် အဓိပတိ လုပ်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းက စစ်ဝန်ကြီး။ ကျွန်တော် သိရသလောက် BDA ကို BNA အဖြစ် သည်နှစ်ထဲမှာ ပြောင်းပါ လိမ့်မည်။ ဒါတွေအားလုံး ဆက်စပ်လျက် ရှိပါသည်။ ဆရာကြည့်ကိုလည်း ပြောပြ စေချင်ပါသည်။ တစ်ဖက်က

ဂျပန်-ဗမာ

လျှို့ဝှက်

စစ်ပဋိညာဉ်

စာချုပ်ချုပ်၍

ဒေါက်တာဘမော်က

အင်္ဂလိပ်နှင့်

အမေရိကန်ကို

176


စစ်ကြေညာသော်လည်း အခြားတစ်ဖက်တွင် ဂျပန်ကို တိုက်ရန် စီစဉ်နေကြောင်း သိပါလေ။ စာကိုဖတ်ပြီးလျှင် မီးရှို့ပါ။ မှာစရာ ရှိလျှင် လွှတ်လိုက်သောလူကို နှုတ်ဖြင့်မှာပါ။ ချက်ချင်း ပြန်ပါစေ။ ဗိုလ်မြတ်သာ ကိုပြေသိမ်းက စာကို သုံးခေါက် ပြန်ဖတ်သည်။ ပြီးလျှင် မီးဖိုခန်းဘက်ဝင်ကာ မီးကျီးရဲရဲ မီးဖိုတွင်းသို့ စာရွက်ကို ပစ်ချ လိုက်သည်။ ရေစိုထန့်ထန့် စာရွက်က တွန့်လိမ်ကာ လောင်ကျွမ်း သွားတာကို စောင့်ကြည့် နေခဲ့သေးသည်။ မီးဖိုထဲက ပြန်ထွက် လာတော့ စောစောကလူ ပြန်ရောက်နေခဲ့ပြီ။ စာက ဗိုလ်မြတ်သာ ရေးလိုက်တာ သေချာသည်။ ဆရာကြည်ကား မရှိတော့ပြီ။ “ခင်ဗျားက ဘယ်သူလဲ” “သာဆော့ပါ” “ဗိုလ်မြတ်သာနဲ့ အဆက်အသွယ် ရှိလို့လား” “ရှိတယ်” “နေပါဦး၊ ဂျပန်-ဗမာ လျှို့ဝှက် စာချုပ် ဆိုတာ ဘာကို ပြောတာလဲ” “အရှေ့အာရှစစ်ပွဲကြီး အောင်နိုင်ရေးမှာ ဗမာက ဂျပန် ဘက်ကပါဖို့ပဲ” “ချွေးတပ်တွေ ဆွဲနေပြီလား” “ဆွဲနေပြီ။ တော်တော် ဆင်းရဲကြတယ်။ သေကျေ ပျက်စီး ကြတယ်။ ရက်စက်ပါတယ်ဗျာ” “ဒေါက်တာဘမော်ကကော ဘယ့်နှယ်လဲ” “လူမရှိဘူး ဆရာလေးရ။ မဟုတ်လှပေမယ့် သူ့တင်ထားတဲ့ သဘောပဲ။ သူ့ကို ကမ္ဘာက သိတာကိုး” မအိမ်ကံကတော့ အစ်ကိုမောင်မြတ်သာ ဆီက စာဆိုတာက လွဲလို့ အခြား ဘာမှ မသိလိုက်ရဘဲ မီးရှို့လိုက်တာကို နားမလည်နိုင် ဖြစ်နေခဲ့သည်။ ကိုသာဆော့ ဆိုသူက အစ်ကိုနှင့် ရင်းနှီးသည်ဆိုတော့လည်း နည်းနည်းပါးပါး မာကြောင်း သာကြောင်း မေးချင်လှပါ၏။ ချက်ချင်းတော့ မမေးရဲသေးပါ။ ကိုပြေသိမ်း ကြည့်ရတာ အရေးတကြီး ရှိပုံပေါ်နေလို့ ဖြစ်ပါ၏။ ကိုပြေသိမ်းနှင့် ကိုသာဆော့တို့ စကားပြော မကုန်တော့ မအိမ်ကံလည်း အပေါ်ထပ်ကို ပြန်တက်လာခဲ့သည်။ နောက်တော့လည်း မအိမ်ကံ တစ်ယောက် ကိုပြေသိမ်းကို စောင့်ရင်း မှေးခနဲ အိပ်ပျော် သွားခဲ့လေသည်။ အိမ်အောက်ထပ် သံစုံနာရီကြီး နှစ်ချက် တင်းတင်းမြည်သံ အကြားမှာ မအိမ်ကံ ဆတ်ခနဲ လန့်နိုး သွားခဲ့သည်။ ဘေးမှာ ကိုပြေသိမ်း ရောက်နေခဲ့ပြီ။ “အစ်ကိုမောင်မြတ်သာ နေကောင်းရဲ့လား အစ်ကို” “ကောင်းပါတယ်။ စာက အရေးကြီးတော့ တခြား ဘာမှ ထည့်မရေးနိုင်ဘူးပေါ့လေ။ အခြေအနေတွေ ကောင်းစရာ မရှိဘူး အိမ်ကလေး။ ဂျပန်တွေကို မောင်းထုတ်ကြတော့မယ်”

177


ထိုညက မအိမ်ကံ အိပ်ပျော် သွားခဲ့သော်လည်း ကိုပြေသိမ်းခမျာ အိပ်ပျော်ပုံမရ။ တစ်ညလုံး ငုတ်တုတ် မိုးလင်းသွားခဲ့ ပုံရသည်။ မနက် မအိမ်ကံ နိုးတော့ ကိုသာဆော့ ဆိုသူ မရှိတော့ပြီ။ မနက်စောစော ရွာကို ဖြတ်သွား တတ်ကြသော ထင်းလှည်း တစ်စီးပေါ် တင်ပေးလိုက်သည် ဆို၏။ မအိမ်ကံကတော့ တိုင်း ရေးပြည်ရေးတွေ သိပ်မသိသော်လည်း ကိုပြေသိမ်း အမူအရာကို ကြည့်၍ အရေးကြီးမှန်းတော့ အကဲခတ်မိသည်။ ရွာတွေ ဆင်းရဲကြတာတော့ အမှန်ပင်။ မအိမ်ကံပင် ရက်ကန်းရုံတွေ ပိတ်ထားရတာ ကြာပြီ။ ချည်ခင် မရတော့၍ ဖြစ်သည်။ ရက်ကန်းသမများ ခမျာ ၀င်ငွေမရှိကြတော့ ရရာရကြောင်း ရှာဖွေ စားကြရရှာပြီ။ မအိမ်ကံ ချပေးထားသော ငွေရင်းတွေလည်း မဆပ်နိုင်ကြတော့။ အရင်းမဆပ် နိုင်ကြတာထား၊ စားဖို့ပင် အနိုင်နိုင်ဖြစ်နေကြသည်။ ဂျပန်က တစ်မျိုး ဆိုသည့် ကြားက ဓားပြ ရန်က ပူပြန်ပါ၏။ နွားခိုးတွေကလည်း သောင်းကျန်း လွန်းလှသည်။ နွားပျောက်လျှင် အရှင်ရဖို့ မသေချာ။ ဘယ်သူကမှ လည်း ဂျပန်ကို သွားမတိုင်ချင်ကြတော့ ငြိမ်နေကြရသည်။ တကယ့် ခေတ်ပျက်ကြီးထဲမှာ မအိမ်ကံ၏ ကိုယ်ဝန်ကလည်း ရင့်သည်ထက် ရင့်လာခဲ့ပြီ။ သည်ရက်တွေထဲမှာပဲ ကျေးဥနှင့် ဖိုးတုတ်ကို လူကြီး လေးငါးယောက်၊ ကန်တော့ပွဲ တစ်ပွဲဖြင့် လက်ထပ် ပေးခဲ့ကြသည်။ အဖေ ဦးသာထန်နှင့် အမေပန်းရုံ တို့က ဧကမတ်တင်းရှိ မြေတစ်ကွက် လက်ဖွဲ့သလို မအိမ်ကံကလည်း ရွှေနှစ်ကျပ်သား လက်ဖွဲ့ခဲ့ပါ၏။ တစ်အိုး တစ်အိမ်တော့ အခွဲမခံဘဲ ၀ိုင်းတိုက်ထဲမှာပဲ နေစေသည်။ ကိုဖိုးငွေနှင့် မလှအုံတို့ကို မအိမ်ကံတို့ အိမ်ဘက်မှာ လာနေခိုင်းလိုက်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်ကံတို့ အိမ်မှာ လူတွေ တရုန်းရုန်း ရှိလှ၏။ ကျေးဥကတော့ မအိမ်ကံ အနီးမှာ ၀တ်ကြီးဝတ်ငယ် ပြုရုံသာ။ ဖိုးကူးကတော့ ကိုပြေသိမ်း၏ လက်က သုံးတောင်ဝှေး ဖြစ်လာပါ၏။ ကိုပြေသိမ်း မြင်းခြံ သွားရသည့် အခါတိုင်း ဖိုးကူးပါမြဲ။ ခုတလော ကိုပြေသိမ်း တစ်ယောက် မြင်းခြံကို အကူး အလူး များလှတာကို မအိမ်ကံ မကြိုက်သော်လည်း မတားသာ ရှိခဲ့ရသည်။ မအိမ်ကံ စိုးရိမ်သည့် အတိုင်းပင် တစ်ရက်မှာတော့ ကိုပြေသိမ်း စီးလာသည့် လှည်းကို ဂျပန်စစ် ပုလိပ်သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်တို့က ရာကျော် ဇရပ်အနီးတွင် တားကာ လှည်းတစ်စီးလုံး ခါးကျိုးအောင် ရှာခြင်း ခံခဲ့ရပါ၏။ ဖြစ်ချင်တော့ ထိုနေ့က လှည်းပေါ်မှာ ဂျပန်တို့က သည်းကြီးမည်းကြီး ရှာနေကြသော ဗြိတိသျှတို့ ကောင်းကင်က ကြဲချသည့် လေနတ်သား သတင်းလွှာ အချို့နှင့် အသံဖမ်းစက် ရေဒီယို တစ်လုံး ပါလာခဲ့ခြင်းပင်။ အလိုတော်ရိ သုံးယောက်ထဲမှာ တစ်ယောက်က ကျော်ဒင် ဖြစ်နေခြင်းပင်။ ထိုရက်က ကိုပြေသိမ်း ဇောင်ချမ်းကုန်းကို အပြန် နောက်ကျသည်။ မြင်းခြံမှာ အချိန်လင့် သွားခဲ့ခြင်း ဖြစ်၏။ ထိုနေ့က ကိုပြေသိမ်းတွင် မအိမ်ကံ ပေးလိုက်သော တာဝန် တစ်ခုကလည်း ပါလာခဲ့သေးသည်။ မြင်းခြံနေ ပွဲကတော်ကြီးထံ ၀င်ရန်ဖြစ်သည်။ လက်ရက်ထည်များထဲက ချည်လုံချည် လက်ကျန်များ ဈေးမကျသော်လည်း ချည်ထည်တွေက မတန်တဆ ဈေးခေါင်ခိုက် နေသဖြင့် အနား မကပ်နိုင်ဘဲ ရှိခဲ့သည်။ မအိမ်ကံ အလို အရ ရက်ကန်းရုံကို နားထားလို့ ဖြစ်သော်လည်း ရက်ကန်းသားတွေ စားဝတ်နေရေး အတွက် ဖြစ်သည်။ ချည်ထုပ်ဈေး ကျ၊ မကျ၊ အလုပ်စလို့ ဖြစ်၊ မဖြစ် ၀င်မေးခဲ့ရန် မအိမ်ကံ မှာလိုက်ခြင်း ဖြစ်၏။ “ခုနေတော့ မောင်ပြေသိမ်းရယ် ရွှေတောင် ယောက်ျား ပုဆိုးက တစ်ထည် ရှစ်ကျပ် ရှစ်ပဲ၊ မုံရွာပုဆိုးက ခုနစ်ကျပ်၊ ဗမာဖျင်ကြမ်း ပုဆိုးတွေက လေးကျပ် ဆယ့်နှစ်ပဲ၊ ပလေကပ်က တစ်ဆယ်နဲ့ ရှစ်ပဲလောက် ပေါက်နေတယ်။ ပလေကပ်က ကုလားပြည်က မလာတာ ကြာလို့ ထင်သလောက်တော့ မရှိဘူး ပြောလိုက်ပါ။ မအိမ်ကံက ရွှေဈေးလည်း မေးလိုက်လို့ ရေးပေး လိုက်တယ်။ ရွှေဒင်္ဂါးမြင်းလက်သစ်က တစ်ပြား ခြောက်ဆယ့် ရှစ်ကျပ်၊ လက်ဟောင်းက ခုနစ်ဆယ့် တစ်ကျပ်၊ အထည်ပျက်က တစ်ရာ၊ ပုရပိုက်ခေါက် ဇီကယ်က တစ်ရာလေးဆယ့် ငါးကျပ်၊ တိုလာက ကိုးဆယ့်ခြောက်ကျပ်၊ ပုရပိုက်ခေါက် အထည်ပျက်က တစ်ရာ့ဆယ့်ငါးကျပ်၊ ဒေါ်လာ လေးပြားစီးက နှစ်ရာ့ငါးဆယ်၊ နှစ်ပြားစီးက တစ်ရာ့အစိတ် ပေါက်နေတယ်။ ရွှေရောင်းပြီး အထည် ရက်ချင်ဟန် တူပါရဲ့။ ဘာမှမလုပ်နဲ့ဦးလို့ ပြောလိုက်ပါကွယ်။ အရောင်းအ၀ယ်တွေက မကောင်းလှဘူး၊ ဈေးရူးခေါ်တာပေါ့ကွယ်”

178


ပွဲကတော်ကြီးက ပဲ၊ ပိုင် အသုံးများဖြင့် ပြောပြသော်လည်း ဂျပန်က ဆင့် ဟု ခေါ်ဝေါ်ရန် အမိန့် ထုတ်ထားပါ၏။ ပဲ၊ ပိုင် သုံးစွဲ ခေါ်ဝေါ်လျှင် ပြင်းထန်စွာ အရေးယူသည်။ သို့သော် အများက ပဲ၊ ပိုင်ကိုပင် နှုတ်ကျိုးလက်ကျိုး ရှိနေကြဆဲဖြစ်ပါ၏။ ပွဲကတော်ကြီးအိမ်မှာလည်း တစ်အိုးတစ်အောင့် ကြာခဲ့ သေးသည်။ ပွဲကတော်ကြီးနှင့် ဈေးနာစကား အမှာအကြား ကိစ္စပြီးမှ ဆရာကြီး ဦးဘခင်ထံ ကူးလာ ခဲ့ရသည်။ ဆရာကြီးက မြို့ပေါ်မှာ ထင်ထင်ပေါ်ပေါ် မနေတော့။ မောင်ရင်ပေါ် ချောက်ဘက်တွင် ရှောင်နေသည် ဖြစ်၍ မြို့အရှေ့တောင်ဘက် သွားရပြန် ပါ၏။ မောင်ရင်ပေါ် ချောက်တွင် ဆရာကြီးနှင့် အတူ အခြား ပုဂ္ဂိုလ်များ ပါရှိနေကြသည်။ ဆရာကြီးက လေနတ်သား စာစောင်အချို့နှင့် အသံဖမ်းစက် တစ်လုံး လျှို့ဝှက်စွာ ယူသွားရန် ထည့်ပေးလိုက်သည်။ “မောင်ပြေသိမ်း အသံဖမ်းစက် နားထောင်ပါ။ မင်း ကြားသမျှ ဖြန့်ဝေပါ။ ညနေ ငါးနာရီ ဆိုရင် စစ်သတင်းတွေလာတယ်။ ဂရုတော့ စိုက်ကွယ့်။ အသံဖမ်းစက် မိရင် မသက်သာလှဘူး။ ဂျပန်က ၀ါဒ ဖြန့်နေတာတွေလည်း မဟုတ်ဘူး။ အင်္ဂလိပ်က ၀ါဒ ဖြန့်နေတာတွေလည်း မမှန်ဘူး။ သို့ပေသိ စစ်သတင်း၊ စစ်အခြေအနေ ကိုတော့ မပြတ် သိနေဖို့လိုတယ်။ မောင်ပြေသိမ်း ရေ လုံလုံခြုံခြုံတော့ ရှိပစေကွယ်” စစ်ဖက် အရာရှိများ၏ ထောက်ခံချက်ရသည့် အသံဖမ်း စက်များကိုသာလျှင် အသံလွှင့်ခြင်းကို နားထောင် နိုင်ကြသည်။ ထိုခွင့်ပြုချက် စာရွက် မပြနိုင်လျှင် ရက်စက်စွာ ညှဉ်းပန်းခံတာကို ကိုပြေသိမ်း သိပါ၏။ ဂျပန် ဗဟို ကြေးနန်းနှင့် တယ်လီဖုန်း ဌာနက ကြည့်ရှုပြင်ဆင်ပြီးမှ နားထောင်ခွင့် လိုင်စင်ရသည် ဖြစ်၍ ဂျပန်က လိုင်းကြိုးများကို ဖြတ်တောက်ပြီးမှ ခွင့်ပြုကြသည်။ ထိုနေ့က လေနတ်သား စာရွက်သုံး၊ လေးရွက်နှင့် အသံ ဖမ်းစက်ကို ဖိုးကူးကပဲ တာဝန်ယူကာ ၀ှက်ပေးပါ၏။ မြင်းခြံနှင့်ဇောင်ချမ်းကုန်း အကူးအလူး များခဲ့လှပြီ ဖြစ်သော်လည်း တစ်ခါမှ ရှာဖွေခြင်း မရှိတော့လည်း ခပ်ပေါ့ပေါ့ပင် ထွက်လာခဲ့ ကြသည်။ နာမည်ကျော် ရာကျော်ဇရပ် အနီးအရောက်မှာတော့ မမျှော်လင့်သော အဖြစ်နှင့် ကြုံရလေပြီ။ ဂျပန်စစ်ပုလိပ် သုံးယောက်နှင့် အလိုတော်ရိ သုံးယောက်။ ကိုပြေသိမ်းကို စိမ်းစိမ်း ၀ါးဝါး ကြည့်သူမှာ ဇောင်ချမ်းကုန်း ရွာသား အမှုပွဲစားကျော်ဒင်။ မျက်နှာတွေက တင်းမာလွန်း လှကာ သတင်းအရ စောင့်နေကြပုံ ပေါ်ပါ၏။ ဂျပန်စစ်ပုလိပ်က လှည်းရှေ့ ကားရားခွရပ်ပြီး လက်ကာပြသည်။ ကျော်ဒင်ကပဲ စမေးလေသည်။ “ဘယ့်နှယ်တုံး ကျောင်းဆရာရဲ့။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း အလှမ်းစိပ် လှချည့်လား။ ဘာတွေများ သွားသွားလုပ်နေသာတုံး။ နိပွန် မာစတာတွေကတောင် မျက်စိနောက် နေမှတော့ မကောင်းဘူးဗျ” ကိုပြေသိမ်းက ကျောင်းဆရာ ဆိုသည့် အသုံးကို မကြိုက်လှသော်လည်း ဘာမှပြန်မပြောဘဲ လှည်းပေါ်က ဆင်းလိုက်သည်။ ဖိုးကူးကတော့ နကန်ကို ကိုင်ရင်း နွားနဖားကြိုးကို တုံးဆွဲထားရင်း ကျန်ရစ်ခဲ့ပါ၏။ လှည်းပေါ်မှာ ဘာမှတော့ မပါပါ။ မြင်းခြံထွက် ပစ္စည်း အနည်းအပါးနှင့် စားစရာ အချို့သာဖြစ်သည်။ အလိုတော်ရိ တစ်ယောက်က လှည်းအောက်ကို ၀င်ကာ စေ့စေ့စပ်စပ် ကြည့်သည်။ လှည်းပေါ် တက်ပြီး ကတ်ကြမ်းကို ခွာသည်။ လှည်းရံတိုင်မှာ ချိတ်ထားသည့် ဖိနပ်တွေကိုပင် ဖြုတ်ယူပြီး အဟရှိ၊ မရှိ ဖြဲကြည့်သည်။ “နေဦးဗျ အမှုပွဲစားရဲ့၊ ခင်ဗျားတို့က ဘာရှာတာတုံး” “အင်္ဂလိပ် လေယာဉ်ပျံတွေက ကြဲချသဲ့ စာရွက်တွေရှာသာ။ အနောက်တန်း ရွာတွေမှာ အင်္ဂလိပ်ဝါဒဖြန့် စာရွက်တွေ ရောက်နေသာ သတင်း ရထားသယ်။ မြင်းခြံက ၀င်နေသာလည်း နိပွန်မာစတာတွေက သိနေသယ်။ ဒါမျိုးက လူတိုင်း လုပ်ဝံ့သာ မဟုတ်ဘူးလေ” “ဖြစ်ရလေဗျာ၊ ဒါမျိုး လှည်းပေါ် တင်လာပါ့မလား ကိုယ့်လူရဲ့။ အဲသလောက် ဘယ်ညံ့ပါ့မလဲ” အမှုပွဲစား

ကျော်ဒင်က

မထီတရီ

နိုင်လှသည်။

အလိုတော်ရိ

ဘဆောင်ကတော့

လှည်းပေါ်မှာ

သေချာပေါက်

179


တွေ့ရတော့မည့်ပုံဖြင့် လှည်းစရွေးပေါက် ရှိသမျှ လိုက်ကြည့်နေသည်။ ဘာမှမတွေ့။ သို့သော် လှည်းကို မလွှတ်သေးဘဲ သည်းကြီး မည်းကြီး ရှာပြန်ပါ၏။ ဖိုးကူးကို ဆင်းခိုင်းသည်။ ဖိုးကူးက နကန်ကို ဇော်ထမ်း ထမ်းရင်း ခုန်ချသည်။ ဘဆောင်က ဖိုးကူး နားရင်းကို တစ်ချက် ရိုက်လိုက်ရင်း ငေါက်သည်။ “ကောင်လေး ပြောစမ်း ဘာပါသလဲ” ဖိုးကူးက မျက်နှာ တစ်ချက် ပျက်သွားသော်လည်း ဘာမှ မပြောဘဲ ကိုပြေသိမ်းကို လှမ်းကြည့်လိုက်သည်။ ကိုပြေသိမ်းက ဘဆောင်အနား တိုးသွားပြီး အင်္ကျီ လည်ကုပ်ကို ဆွဲလိုက် လေ၏။ “ဟေ့ကောင် မင်းက ဗမာ လုပ်ပြီး သွေးပုပ်လှချည့်လား ကွ။ မင်း ရှာလေ တွေ့ရင် မင်းတို့သဘော၊ လူကို မထိနဲ့” ဂျပန်စစ်ပုလိပ် နှစ်ယောက်က ကိုပြေသိမ်းကို ချုပ်လိုက်ကြကာ တစ်ကိုယ်လုံး အနှံ့ ရှာကြသည်။ ပွဲစားကြီး ကတော် ရေးပေးလိုက်သည့် ဈေးစာရင်း စာရွက်ကို တွေ့တော့ အမှုပွဲစား ကျော်ဒင်ကို ပြသည်။ ကျော်ဒင်က စာကိုဖတ်ပြီး ခေါင်းခါပြရင်း ဂျပန်လို ရှင်းပြသည်။ နာရီဝက်လောက် ကြာတော့မှ လှည်းကို ပြန်လွှတ်လိုက်သည်။ “ကျောင်းဆရာ ကံကောင်းလှသဗျ၊ နော” “အေးဗျ၊ ခင်ဗျားတို့တော့ ကံဆိုးတာပဲ။ ခင်ဗျားတို့ မရှာတတ် သေးဘဲကိုးဗျ” အမှုပွဲစား ကျော်ဒင်က တံတွေးကို ထွီခနဲ ထွေးသည်။ လှည်းထွက်လာတော့ ခါးထောက်ရင်း ကျန်ရစ်ခဲ့ကြလေသည်။ ကိုပြေသိမ်းတို့ လှည်း အိမ်ပြန်ရောက်တော့ ကိုပြေသိမ်းက လှည်းကို ချွတ်စေသည်။ နွားနှစ်ကောင်ကို နွားစာကျင်းမှာ ချည်စေသည်။ လှည်းပေါ်က ပစ္စည်းတွေ မချခိုင်းဘဲ အိမ်ထဲ ၀င်လာခဲ့သည်။ မအိမ်ကံကို အကျိုးအကြောင်း ပြောပြသည်။ မအိမ်ကံကတော့ ကျော်ဒင်ကို အခဲမကျေနိုင်ဘဲ ရှိလေ၏။ ဦးသာထန်နှင့် ဒေါ်ပန်းရုံတို့က ဥပုသ်နေ့မို့ ဘုန်းကြီးကျောင်းမှာ ရှိနေကြသည်။ မှောင်မှ အိမ်ပြန်လာကြလိမ့်မည်။ “ဖိုးကူး လှည်းပေါ်က ပစ္စည်းတွေ မချနဲ့။ သည်ကောင်တွေ ရောက်လာကြ လိမ့်ဦးမယ်။ အိမ်ကို ရှာကြလိမ့်မယ်။ မယုံ ကြည့်နေကြ” ထင်သည့် အတိုင်းပင် ညနေစောင်းမှာ စောစောက စစ်ပုလိပ်များနှင့် ကျော်ဒင်တို့ အလိုတော်ရိ သုံးယောက် ရောက်လာကြ ပြန်သည်။ လှည်းပေါ်မှာ မတွေ့သော်လည်း အိမ်မှာတော့ ရှိရမည် ထင်ကာ အရှာအဖွေ ရောက်လာကြခြင်း ဖြစ်သည်။ ကျော်ဒင်တို့ ရောက်လာသည်နှင့် မအိမ်ကံ ဆင်းလာခဲ့သည်။ မအိမ်ကံက ကျော်ဒင့်ရှေ့ သွားရပ်သည်။ ခါးကို တင်းတင်း ထောက်ရင်း မေးသည်။ “အလို ပွဲညွန့်စားမင်း ဘာကိစ္စပါလိမ့်။ လှည်းကျိုးအောင် ရှာသာတောင် အားမရဘူးလား။ ကျုပ်တို့ ၀ိုင်းတိုက်ထဲကို ဂျပန် ခေါ်လာသာ နှစ်ခါရှိပြီကော။ မလွန်ဘူးလား။ ဘာတွေများ အခဲမကျေ နိုင်ပါလိမ့်တော်” “အခဲမကျေသာ မဟုတ်ဘူး မအိမ်ကံ၊ နိပွန်မာစတာတွေက မသင်္ကာလို့ ရှာချင်သယ် ပြောသာနဲ့ ခေါ်လာသာ။ သည်ဘက် ရွာတွေမှာ ဗြိတိသျှ စာရွက်တွေ ရောက်နေလို့” “ရှာပါ ရှာပါ၊ ဘိန်းပစ် မထားရင် တွေ့စရာ မရှိပါဘူး”

180


“ကျုပ်တို့က ဘိန်းပစ်ဖမ်းသဲ့ ကောင်တွေ မဟုတ်ဘူး မအိမ်ကံ။ စကားကို ဆင်ခြင်ပြောပါ။ တာဝန်အရ လုပ်ရသာ။ ဘဆောင် ရှာကွာ” ဘဆောင်နှင့် အခြား တစ်ယောက်က အိမ်ဝိုင်းအနှံ့ အိမ်အောက်၊ အိမ်ပေါ် ရှာကြသည်။ ဂျပန်စစ် ပုလိပ်တွေကတော့ ခပ်လှမ်းလှမ်းက အကဲခတ် နေကြ၏။ ကိုပြေသိမ်းက စာရွက်စာတမ်း တချို့ကို ကိုင်လာကာ ဂျပန်စစ်ပုလိပ် တစ်ယောက်ကို သွားပြသည်။ အင်္ဂလိပ်လို ပြောပြနေသည်။ ဂျပန်က အင်္ဂလိပ်စကား ကိုနားမလည်။ ကိုပြေသိမ်း ပြသည့် စာရွက်နှစ်ရွက်ကို ဖြန့်ကြည့်သည်။ ကိုပြေသိမ်းကို သည်ဘက်နယ်တွင် အရှေ့အာရှ လူငယ်များ အစည်းအရုံး စည်းရုံးရေးမှူး ခန့်ထားကြောင်း မြန်မာ၊ ဂျပန် နှစ်ဘာသာ စာရွက်နှစ်ရွက် ဖြစ်သည်။ မြန်မာဘာသာ စာရွက်တွင် အစည်းအရုံး ဥက္ကဋ္ဌ ပုဂံဦးဘဂျမ်းနှင့် အထွေထွေ အတွင်းရေးမှူး သခင်ခင်အောင်တို့၏ လက်မှတ်ပါသည်။ ဂျပန်ဘာသာ စာရွက်မှာတော့ ဂျပန်စစ်တပ်မှ နာဂါယူ၊ ကာဝါအုချိနှင့် ကိုးမိုးဒါးတို့ လက်မှတ် ရေးထိုး ထားတာပါသည်။ ဂျပန်စစ်ပုလိပ်က ခေါင်းတဆတ်ဆတ် ညိတ်ရင်း ဂျပန် အချင်းချင်း စကားတွေ ပြောနေကြသည်။ အမှုပွဲစား ကျော်ဒင်ကို တစ်စုံတစ်ရာ လှမ်းပြောပြီး ကိုပြေသိမ်းကို ဦးညွှတ်ကာ ထွက်သွား ကြတော့သည်။ ကျော်ဒင်တို့၊ ဘဆောင်တို့လည်း အသာယို့ကာ လိုက်ဖို့ ပြင်ရလေတော့သည်။ မအိမ်ကံက အခြေ အနေကို အကဲခတ်မိသည်နှင့် ကျော်ဒင့်ကို လက်ညှိုး ငေါက်ငေါက်ထိုးလေ၏။ “၀ိုင်းထဲက အခု ထွက်ကြစမ်း။ အမျိုးသစ္စာဖောက်တွေ။ ဆရာကြည်လို သူတော်ကောင်းကိုတောင် သတ်သဲ့ဟာတွေ။ ကိုယ့်ရွာက မြင်းကျိုးတွေက ပတတ် ထရပ်ချင်ကြသာ တမှောင့်တော်” ကိုပြေသိမ်းက စာရွက်တွေ ပြလိုက်တော့ ဂျပန်စစ်ဗိုလ်တွေက ဘာကို ကျေနပ်သွားမှန်း မသိကြသော်လည်း ထိရောက်သည့် စာရွက်စာတမ်း တွေလို့တော့ ကျော်ဒင်တို့ လူစု သဘော ပေါက်ကြပုံပေါ်သည်။ ဂျပန်တွေနောက် ကောက်ကောက်ပါအောင် လိုက်ကြလေ၏။ ဂျပန်တွေပြန်တော့မှ ကိုပြေသိမ်းက ဖိုးကူးကို လှည်းပေါ်ကနေ နတ်သား စာရွက်များနှင့် အသံဖမ်း စက်ငယ်ကို ယူခိုင်းလိုက်သည်။ သည်ပစ္စည်းတွေ လှည်းပေါ်မှာ ပါလာခဲ့ကြပေသိ ဂျပန်တွေ မတွေ့ခဲ့ကြ။ စာရွက်လိပ်က နွားရိုက်နကန်(တံဖျာ)ဖင်တွင် အခေါင်းပြုကာ လိပ်ထည့်ထားခြင်း ဖြစ်၍၊ အသံဖမ်းစက်က လှည်းရှေ့ စွယ်ရန်းမှာ ချိတ်ထားသော ဘူးသီးခြောက် ရေဘူးကြီးထဲမှာ ထည့်ထားခြင်း ဖြစ်၏။ ရေမပါသော ဘူးခါးသီးခြောက်ကို ခါးရစ်မှ ဆွဲဖွင့်လိုက်တော့ အတွင်းမှာ ပစ္စည်း ထည့်နိုင်သည်။ ရေဘူးတောင်းကို ကြိမ်ကွပ်၍ ကြိုးဖြင့်ဆိုင်းကာ ခရီးဆောင် ရေဘူးအဖြစ် သုံးကြသည်။ လှည်းတိုင်းမှာ ဘူးသီးခြောက် ရေဘူး ပါတတ်သဖြင့် ဂျပန် တွေက ခရီးဆောင် ရေဘူးလို့သာ ထင်ကြခြင်း ဖြစ်၏။ ဖိုးကူးက ဘူးသီးခြောက် အဖုံးကို ရေကလေး ဆွတ်ထားတော့ အံထဲမှာ ရေရှိကြောင်း ပြထားသလို ဖြစ်နေတာလည်း ပါပါလိမ့်မည်။ “အစ်ကိုရယ် ဒုက္ခတော့ ရောက်တော့မှာပဲ။ ကံသီလို့ပါလား။ တွေ့လိုက်ရင် မသက်သာဘူးနော်။ မအိမ်ကံ ရင်တွေ ပူလိုက်သာတော်။ အသွားအလာ ဆင်ခြင်ပါတော့” ကိုပြေသိမ်းကတော့ ခပ်ပြုံးပြုံးပင်။ မအိမ်ကံ၏ ၀မ်းဗိုက် ပုံ့ပုံ့ကို ပွတ်သပ်ရင်း ချော့တော့လည်း မပြောသာတော့ပြီ။ တန်ခူးမည်မှတ်၊ ဖက်စွတ်ရေတိုး သင်္ကြန်မိုး...။ အခါရက်တွေတုန်းက

သင်္ကြန်လက်ဆေး

မိုးကလေး

ရွာချပြီး

နောက်ပိုင်း

လေပြင်းတွေ

မကြာခဏ

ဆိုသလို

ကျနေတတ်သည်။ တစ်ခါတစ်ရံ လေနီကြမ်းပင် ကျတာ ရှိသည်။ လေတွေ မှုန်နေတာကလည်း ညနေခင်းတိုင်း လိုလိုပင်။ သင်္ကြန်ရက်တွေတုန်းက အခါကြီး ရက်ကြီး မုန့်တွေလုပ်ကြ၊ လှူကြတန်းကြ လုပ်ခဲ့ကြသေးသည်။ စည်စည်ကားကားတော့ မဟုတ်။ ထုံးစံ မပျက် ကျင်းပခဲ့ကြခြင်း ဖြစ်၏။ သည့်နောက်တော့ ဇောင်ချမ်းကုန်းသည်လည်း အပူဒဏ်ကို ကျောကော့အောင် ခံရင်း ငိုက်မျဉ်းနေသည့် ပမာ မလှုပ်မယှက် ရှိခဲ့ရသည်။

181


မအိမ်ကံခမျာ ကိုယ်ဝန် ရင့်မာလာသည်နှင့် အမျှ အိမ်ကြီးပေါ်မှာ အချိန်တွေ ကုန်ခဲ့ရသည်။ တစ်ခါတလေ ရက်ကန်းသံ မညံတော့သော ရက်ကန်းရုံတွေ ဘက်ကို လှမ်းမျှော်ကြည့်ရင်း အပျိုဘ၀ကို သတိရ နေမိတတ်ပါ၏။ ကိုယ့်ခြေကိုယ့်လက်၊ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ် လုပ်ချင်သမျှ လုပ်နိုင်ခဲ့သော ကြေးရတတ် သူကြီးသမီး တစ်ယောက်အဖို့ လကလည်းသာ၊ လေကလည်း ဖြူးခဲ့ရသည့် ဘ၀ပင်။ ရွာဆင်းရဲမှန်း သိတော့ တတ်စွမ်းသမျှ ပခုံးနှင့် ခံခဲ့သည်။ ခေတ်ဆိုး ခေတ်ကျပ်ကြီးထဲမှာ လူတွေအားလုံး အတိဒုက္ခ ဆိုက်နေကြရပြီ။ ကလေးတွေ ခမျာလည်း စာကောင်းကောင်း သင်ချင်လို့ မရသည့် အခြေအနေ ရောက်နေကြ ရသည်။ မအိမ်ကံ ကိုယ်ဝန် ရင့်မာလာတော့ အမေပန်းရုံက ပုတီး ကလေး တစ်ကုံး လက်ထဲ ထည့်ပေးသည်။ မေတ္တာသုတ်ကို ရွတ်စေသည်။ သားလေးလား၊ သမီးလေးလား မသိရသေးသည့် ရင်သွေးကို စိတ်မှတ်ရင်း မေတ္တာ ပို့စေခဲ့ပါ၏။ “သည်လို အချိန်ကလေးမှာ မေတ္တာစိတ် ကလေးကိုပဲ အာရုံမှာ ညွှတ်ကွယ့် သမီးရဲ့။ ကိုယ်ဝန်သည် ဆိုသာ စိတ်နှလုံး ငြိမ်းအေးအောင် ထားရသယ်။ ဘ၀တစ်ခုက ဘ၀တစ်ခုကို လာပြီး တွယ်ငြိသယ် ဆိုကတည်းက အကြောင်းတွေရှိသယ်။ ဘဝေ ဘ၀က အကြောင်းကြောင်းကြောင့် ငါ့သမီး ၀မ်းမှာ လာမှီးသာပေါ့။ ဖွားရက်က လဆုတ်ဖွား ရက်ထဲ ကျတော့ ဆယ့်လေးရက် ဖွားရင် ကောင်းမှာ၊ သားသမီး ချောရတတ်သယ်” “ဟုတ်လား အမေ” “ဟုတ်သယ် သမီး၊ ဖွားရက်အလိုက် အကျိုးပေးသာတွေ ရှိသယ်။ လဆုတ် နှစ်ရက်ဖွားတော့ ဥစ္စာ ပေါတတ်သယ်။ လဆုတ်ခြောက်ရက် လဆုတ်ဆယ့်နှစ်ရက်

ဖွားရင်

ချမ်းသာသယ်။

ဖွားရင်

ကြွယ်ပိုးကြွယ်ဝ

လဆုတ် ရှိသယ်။

ခုနစ်ရက်

ဖွားများ

ကျတော့

လဆုတ်ဆယ့်သုံးရက်

သူတော်ကောင်းသဲ့တော်။

ဖွားတော့

ထင်ပေါ်

တတ်သတဲ့။

လဆုတ်ဆယ့်လေးရက် ဖွားရင်တော့ အဆင်း လှသတဲ့တော်” “ကနေ့ ဘယ်နှရက်ပါလိမ့် အမေ” “လပြည့်ကျော် ဆယ်ရက် ထင်သာပဲဟဲ့။ ငါ့သမီးမွေးရက်က လိုသေး ထင်ပ” “မအိမ်ကံတော့ လပြည့်ကျော်ဆယ့်လေးရက်နေ့ ကျအောင် စောင့်မွေးမယ်။ မအိမ်ကံ သမီးက ချောမှကိုဖြစ်မှာ” “ငါ့သမီးရယ် ဘယ်နှယ့် မွေးရက်များ စောင့်မွေးရမယ်လို့၊ စိတ်ထဲ ဘာမှမထားနဲ့။ ပေါ့ပေါ့ပါးပါးနေ” မအိမ်ကံ စိတ်ထဲမှာ သမီး မိန်းကလေးသာ စိတ်စွဲ နေခဲ့သည်။ ကိုယ်ဝန်ဆောင် ထားရသည့် ရက်တွေမှာ သမီး မအိမ်မြိုင် အမည်တပ်ပြီး မေတ္တာ အာရုံပြုခဲ့သည်။ ချောပါစေကြောင်း၊ လှပါစေကြောင်း ဆုတောင်းခဲ့သည်။ သမ္မာဒေ၀ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ခဲ့သည်။ မိဆိုင်ဖဆိုင် ရိုးရာနတ်ကို တောင်းပန်ခဲ့သည်။ “မအိမ်မြိုင်ရယ်၊ အမေ့သမီး ညည်း ချောလွန်း၊ လှလွန်း လိုက်စမ်းပါအေ။ အမေ လက်ခမောင်းခတ် လိုက်စမ်းပါရစီ” လို့ မကြာခဏ ရေရွတ်ခဲ့သည်။ မအိမ်ကံ မီးဖွားဖို့ အတွက် မီးနေဆောင် ပြင်ဆင်ကြပြီ။ မအိမ်ကံကို မွေးဖွားခဲ့သော အိမ်အောက်ထပ် အခန်းမှာပဲ မီးနေကတ်တွေ ခင်းကာ ရှင်းကြလင်းကြ၊ မီးနေသည် အသုံးအဆောင်တွေ စုဆောင်းကြနှင့် တစ်အိမ်လုံး မအိမ်ကံကိုသာ အရိပ် တကြည့်ကြည့် ရှိနေကြသည်။ ရွာအနောက်ပိုင်းက အရပ်လက်သည် အမေညိုကို နေ့ရောညပါ အိမ်မှာပဲေ ကျွးမွေးပြီး ခေါ်ထားလိုက်ကြပြီ။ စိတ်ကပဲ ဆောင်လို့လား မပြောတတ်ပါ။ တန်ခူးလပြည့်ကျော် ဆယ့်လေးရက်နေ့မှာ မအိမ်ကံ ၀မ်းဗိုက် နာလာခဲ့သည်။

182


အမေညိုက မအိမ်ကံကို မီးနေခန်းထဲမှာ လမ်းလျှောက် ခိုင်းသည်။ မအိမ်ကံ အလှမ်းအပြုကို အကဲခတ်သည်။ ကျေးဥက မအိမ်ကံ မလဲမပြိုအောင် ဘေးမှာ ရှိနေရပါ၏။ ကိုပြေသိမ်း ကတော့ ပဲမှော်တိုက်ဘေးက ထန်းကုလားထိုင်မှာ ယောက္ခမ သူကြီးနှင့်အတူ ထိုင်နေရသော်လည်း စိတ်က မဖြောင့်နိုင်။ အရေးရယ် အကြောင်းရယ် ရှိလျှင် မြင်းခြံကို ပို့ရန် လှည်းနှင့် ဖိုးကူးကို အသင့် ရှိနေစေသည်။ မီးနေခန်းဆီက မအိမ်ကံ ညည်းသံကြားရပြန်၏။ ညနေ မွန်းလွဲ နှစ်ချက် တီးပြီးစမှာပင် လေနီကြမ်းကြီး ကျလာခဲ့လေပြီ။ သဲတွေဖုန်တွေက တစ်ရွာလုံး မီးခိုးလုံး ဖုန်လုံးများလို မှုန်မှိုင်းစေခဲ့သည်။ ကောင်းကင်သည် ရဲရဲနီလျက် ရှိလေသည်။ လေက ပြင်းသည်ထက် ပြင်းလာ သကဲ့သို့ မအိမ်ကံ၏ ကာယိကဒုက္ခ ဝေဒနာကလည်း ပြင်းသည်ထက် ပြင်းလာခဲ့ သည်။ “မအိမ်ကံ ညည်းစိတ်က အရေးကြီးသယ်။ လေပြင်းကျသာ ညည်းနဲ့ မဆိုင်ဘူးမှတ်။ မကြောက်နဲ့ အမေညို ရှိသယ်၊ မကြာညွန့်တို့ ရှိသယ်၊ ညည်းအမေ ပန်းရုံ ရှိသယ်၊ လှအုံတို့၊ စိမ်းမြတို့၊ ကျေးဥတို့ ရှိသယ်၊ ကြားလား မိန်းကလေး” ည ခုနစ်နာရီ...။ လေပြင်းသည်ပင် ငြိမ်ကျ သွားပါ၏။ မိုးစက်ကလေးတွေ တဖြောက်ဖြောက် ကျသံ ကြားနေရသည်။ မအိမ်ကံသည် ခဏ ကလေး မိန်းမော သွားသလို ငြိမ်သက်သွားလေသည်။ ၀မ်းဗိုက်က ညှစ်ယူလိုက်သလို နာကျင် သွားသဖြင့် အမေရေလို့ အော်လိုက်သည်။ မအိမ်ကံ အားကို တင်းသည်။ ကနေ့ လပြည့် ကျော်ဆယ့်လေးရက်။ ကနေ့ မွေးမှကို ဖြစ်မည်။ မိန်းကလေး မွေးမှကိုဖြစ်မည်။ သည်နှစ်ချက် တိုက်ကို တိုက်ဆိုင်ရမည်။ ည ကိုးနာရီ...။ သံစုံ နာရီကြီးထိုးသံ ကိုးချက် ထွက်ပေါ်လာလေပြီ။ ည ဆယ်နာရီ...။ ည ဆယ့်တစ်နာရီ...။ နာရီကြီး၏ သံစုံနာရီ ထိုးသံကို ညည်းညူ နေရသည့်ကြားက မအိမ်ကံ ကြားနေရပါ၏။ ည ဆယ့်နှစ်နာရီ ကျော်မှ မွေးရင်ကော။ ဒါဆိုရင်တော့ နေ့ကူး သွားလိမ့်မည်။ အခုကော ဘယ်နှနာရီ ထိုးနေပြီလဲ။ မအိမ်ကံ မခန့်မှန်းတတ်ပါ။ မအိမ်ကံ ရင်ထဲမှာ ဟာခနဲ ဖြစ်သွားသလို ခံစားလိုက်ရပြီး နာကျင်ခြင်း၏ အခေါင်အဖျားကို ရောက်သွားသလို တစ်ချက် ညည်းညူလိုက်သည်။ “အမေ့...” “ပန်းရုံ၊ ဟဲ့ ပန်းရုံ ညည်းမြေးကလေး မွေးပါပြီတော်။ နာရီ မေးစမ်းဟဲ့” အမေပန်းရုံက ပဲမှော်တိုက် အမှောင်ထဲမှာ ထိုင်နေကြသူ နှစ်ယောက်ဆီကို ပြေးလာကာ ကိုပြေသိမ်းကို နာရီ မေးသည်။ ကိုပြေသိမ်းက အနားက ဒန်မီးခတ်ကို ခြစ်ပြီး လက်ကနာရီ ကြည့်သည်။ “ဆယ့်တစ်နာရီ သုံးမတ် အမေ” အမေပန်းရုံ မီးနေခန်းထဲ ပြန်ဝင်လာခဲ့ကာ နာရီ ပြောပြနေသည်။ ဆယ့်တစ်နာရီ သုံးမတ်။ ဒါဆိုရင် နေ့မကူး သေးဘူး၊ လပြည့်ကျော် ဆယ့်လေးရက်နေ့ဖွားပေါ့။ ကလေး လှပြီ၊ ချောပြီပေါ့။ နေပါဦး ဘာလေး မွေးပါလိမ့်။ အမေ ပန်းရုံက မေးနေပြီ။

183


“အမေညို ခြေ၊ လက်၊ အင်္ဂါစုံရဲ့လားတော်” “စုံပါ့အေ၊ ဖအေ့ခြေဆံ လက်ဆံ မျိုးအေရဲ့။ မှန်အိမ် သည်နားရွှေ့စမ်း” အမေပန်းရုံက မှန်အိမ်ကို မီးစာမြှင့်ရင်း ရွှေ့လာခဲ့သည်။ “ဘာလေးလဲ အမေညို” အမေပန်းရုံ အသံက တုန်လှိုက် နေပါ၏။ မအိမ်ကံခမျာ မိန်းမော နေသည့်ကြားက နားစွင့်နေခဲ့သည်။ မအိမ်ကံအဖို့ သည်အချိန် ကလေးက ကံတိုက်မဲ ဖွင့်ချိန် မဟုတ်လား။ ဘာလေးလဲ...၊ ဘာလေးလဲ...။ ဖြေကြပါတော့...။ ၂၆။ မအိမ်ကံ၏ မီးနေရက် မီးတွင်းရက်များ အတွင်း မီးနေခန်း ထဲမှာပဲ အောင်းနေ ရတော့သည်။ နနွင်းတွေ တစ်ကိုယ်လုံး ၀ါထိန်နေအောင်လူး၊ နနွင်းရည်နှင့် ရင်းပြား သွေးကာ သောက်ရင်း မီးကပ်ကြီးဘေးမှာ ထင်းမပြတ်ထည့်ပြီး မီးကင်နေရသည်။ မီးနှင့် မျက်နှာမြင်ရခြင်း၊ မီးနား အဆက်မပြတ် နေရခြင်းကြောင့် မီးနေသည်လို့ ခေါ်ကြောင်း အမေ ပန်းရုံက ရှင်းပြပါ၏။ မအိမ်ကံကတော့ မီးတွင်း အောင်းနေရသည့် ခုနစ်ရက် လုံးလုံး ဘယ်ကိုမှ စိတ်မရောက်မိဘဲ ရင်သွေး ကလေးဆီကိုသာ စိတ်တွေ နှစ်ပုံထားလိုက်မိသည်။ သမီးကလေး မအိမ်မြိုင်။ ဆုတောင်းလိုက်ရသာ သမီးရယ်။ အမေဖြင့် တပေါင်းလ ပူပူလောင်လောင်ကြီးထဲ မွေးရပေမယ့် ပူသယ် ထင်မိပေါင်အေ။ ညည်းကလေး လပြည့်ကျော် ဆယ့်လေးရက် မွေးပါမယ့် အကြောင်း အမေဖြင့် ရှင်ကြီးရှင်ကောင်း နတ်ကောင်းနတ်မြတ် ဆုတောင်းလိုက်ရသာ။ ညည်းမွေးမယ့် ရက်က လေနီကြမ်းကြီး ကျသေးသကောအေရဲ့။ မိန်းမကြီး မိန်းမစွာများ ဖြစ်ချင်ရော့လားအေ။ မာန ရှိစမ်းပါ သမီး။ မိန်းမ ဆိုသာ မာန ရှိရသယ်။ သူတကာကို ရုန်းရုန်းရင်းရင်း ဆက်ဆံရမယ့် မာနမျိုး မဟုတ်ဘူး သမီးရဲ့။ ဣနြေ္ဒနဲ့ သိက္ခာကို ဘ၀မှာ တည်တည်ကြည်ကြည် စောင့်ထိန်း လိုက်စမ်းမဟဲ့ ဆိုတဲ့ မာနကို ပြောသာ။ ကိုယ့်ကိုယ်ကိုယ် မှဲ့တစ်ပေါက် မစွန်းရအောင် စောင့်ထိန်းမယ် ဆိုတဲ့ မာန ရှိရသယ်။ ရွာ့ကွမ်းတောင်ကိုင် မဖြစ်ခဲ့ဘူး ဆိုပေသိ ညည်း ဖြစ်ရမှာပေါ့။ ကျောင်းဆရာ ကိုပြေသိမ်းနဲ့ မအိမ်ကံ ဆိုသဲ့ ငယ်လင် ငယ်မယားက မွေးပြီပဲ သမီးရဲ့။ ညည်းက လဆုတ် ဆယ့်လေးရက်ဖွား၊ မိန်းမချောဖြစ်မယ့် မိန်းမ။ လှလိုက်စမ်းပါအေ။ စက်စက်ယိုအောင် လှလိုက်စမ်းပါ။ အဆင်းရော အချင်းပါ လှလိုက်စမ်းပါ။ အမေ လက်ခမောင်း ခတ်လိုက် စမ်းပါရစီ။ ဗန်းထဲမှာ ထွေးထွေးကလေး အိပ်နေသော သမီးကလေးကို စောင်းကြည့်ရင်း မအိမ်ကံ တစ်ယောက်တည်း စိတ်ထဲက ပြောနေမိခြင်း ဖြစ်သည်။ မွေးပါပြီ ဆိုကတည်းက သမီးကလေးကို စိတ်ညွတ်ရင်း စကားတွေ ပြောနေခဲ့သည်။ သမီးကလေးက အငိုအပြု နည်းသည်။ ရဲရဲ မှည့်နေသည့် အသားအရေကို ကြည့်ပြီး မလှအုံက အသားများ ညိုနေဦး မလားအေလို့ ပြောခဲ့သည်။ မလှအုံက ပေါင်းခူးဆုန်မှာ ဖွားမြင်လာ မြောက်မှာ အချင်းမြှုပ်၊ နယုန်၊ ၀ါ၊ ၀ါ ဖွားမြင်လာ ရှေ့မှာ အချင်းမြှုပ် ဆိုတာတွေလည်း ရသည်။ သမီးကလေးက တပေါင်းမွေးဆိုတော့ မြောက်အရပ်မှာ အချင်း မြှုပ်ရပါ၏။ “ကလေးများ မွေးသယ် မွေးသယ်နဲ့ တို့ဗမာများ အင်မတန် စနစ်ဇယား ရှိသာ။ ရှေးလူကြီးများ ထားခဲ့သဲ့ ထုံးစံများ အလကား မှတ်လို့။ သူငယ် ထမင်းခွံ့သာက အစ သူ့ရက်နဲ့သူ ခွံ့ရသာအေရဲ့။ ဖွားမြင်ပြီးနောက် ခြောက်လ မြောက် ကောက်၍ ထမင်းခွံ့၊ လေး ခြောက် ကိုးနှစ် တစ်ဆယ့်ရှစ် ပစ်လေ ရှောင်ခွာစွန့်၊ လဆုတ်လဆန်း ဤ ရက်ကြမ်း ဘေးကျမ်းများ ကြုံလွန့်တဲ့။ ငါ့တူမလေး ခြောက်လ ပြည့်ရင် ထမင်း ခွံရတော့မှာ။ ထမင်းကလေး နှမ်းဆီဆမ်း၊ ဆားကလေး တစ်ပွင့်နှစ်ပွင့် ဖြူး၊ လက်ကလေးနဲ့ ဆုပ်နယ်၊ မအေက ကစီထွက်အောင် ၀ါးပြီး ခွံ့စမ်းပါအေ။ ကလေး ထွားလိုက်သာမှ။ မြေနင်းရမယ့်

184


ရက်က သုံးလမြောက်ရင် နင်းခိုင်း ရသယ်။ ဖွားမြင်ပြီးနောက် သုံးလမြောက် ကောက်၍မှန်မသွေ၊ မိဘနှစ်ပါးစုံညီထား သားကိုမြေနင်းစေ၊ မြေချသောအခါ နေ့အင်္ဂါ ရှောင်ပါနေ့ စနေတဲ့။ အင်္ဂါနဲ့ စနေ မြေမနင်း ခိုင်းကောင်းဘူးတော်” မလှအုံ အနား လာထိုင်လျှင် သည်လို ရှေးထုံးတွေ ကြားရ တတ်သည်။ ရလည်းရသည်။ ရွတ်လည်း ရွတ်နိုင်သည်။ မလှအုံ၏ ဖခင် (အမေပန်းရုံ၏အစ်ကို)က တစ်ခေတ် တစ်ခါက ဇောင်ချမ်းကုန်းမှာ အခါပေး ရှေ့ဖတ်စာတတ် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကြောင်း မအိမ်ကံ ကြားဖူးပါ၏။ မီတော့မမီလိုက်။ သမီး ကလေး မမွေးခင် နှစ်ရက်လောက်က မအိမ်ကံ မက်ခဲ့သော အိပ်မက်ကိုလည်း မလှအုံကို မေးရပါ၏။ သမီး မမွေးခင်မက်ခဲ့သော အိပ်မက်က ထူးဆန်းသည်။ မအိမ်ကံ မိကျောင်းသား စားရသည်ဟု အိပ်မက်မက်ခဲ့သည်။ အိပ်မက်ထဲမှာ လူကြီး တစ်ယောက်က တောင်းကြီးတစ်တောင်း ထမ်းလာသည်။ သွေးတွေက တပေါက်ပေါက် ကျလျက် ရှိသည်။ မအိမ်ကံက ဘာသည်လဲ ဆိုတော့ မိကျောင်းသားပါ ဆို၏။ မိကျောင်းသား စစ်ရဲ့လားဟု မအိမ်ကံက မေးတော့ တောင်းကြီးချကာ မိကျောင်းခေါင်းကြီးကို တောင်းထဲက ထုတ်ပြ တော့သည်။ မအိမ်ကံက မိကျောင်းသား ပိဿာတွဲကြီး တစ်တွဲ ၀ယ်လိုက်ပြီး ကိုယ်တိုင်ချက်သည်။ ဟင်းအိုးပင် ဖိုခွင်ပေါ်က မကျသေးဘဲ မအိမ်ကံ နှိုက်နှိုက် စားတာနှင့် ပိဿာတွဲ တစ်တွဲချက် ကုန်သွားသည်။ “မအိမ်ကံက မိကျောင်းသား စားရသယ် မက်သာ မလှအုံရဲ့။ မမွေးခင်နှစ်ရက် လောက်ကလေ။ အဲသာ ကောင်း မကောင်းတော့ မသိဘူး” “လိပ်တို့၊ ငါးတို့ စားရသယ် မက်ရင် စပါးဆန်ရေ ပေါများသာပေါ့အေ။ မန်ကျည်းသီး စားမက်တော့ သူကောင်း ဖြစ်သယ်။ မိကျောင်းစားမက်သာများ မကောင်းဘူးလား၊ လာဘ်ကြီးရမယ့် နိမိတ်တော့။ ပါပမှတ်လို့ ထူးရင်ထူး မထူးရင် ရူးဆိုသာ မျိုးပေါ့အေ။ ရေခြောက် ကုန်းခြောက် ရွာနေပြီး မိကျောင်း မက်ရသယ်လို့အေ ညည်းနှယ်” မလှအုံ၏ စကားကြောင့် မအိမ်ကံပင် ရယ်မိရသည်။ ဟုတ်ပါရဲ့။ ဇောင်ချမ်းကုန်းလို ကြည်းတော ခေါင်ခေါင်အညာ ရွာသူက ရေထဲမိုးထဲက မိကျောင်းမက်တာ ထူးတော့ ထူးဆန်းသား။ လာဘ်ကြီးရမယ် ဆိုတော့လည်း နိမိတ် ကောင်းတာပေါ့။ ထူးရင်ထူး မထူးရင် ရူးဆိုတာကကော ဘာကိုပြောတာ ပါလိမ့်။ သမီးကလေး မွေးပါပြီ ဆိုကတည်းက မလှအုံကပဲ အရိပ် တကြည့်ကြည့် ပြုစုယုယ ပေးရှာပါ၏။ ကလေးသူငယ်များ တွင်ဖြစ်တတ်သည့် သူငယ်နာ ရောဂါများလည်း သူက နားလည် လိုက်သေးသည်။ သူငယ်နာဝမ်းပူ၊ သူငယ်နာကျောပူ၊ သူငယ်နာဝမ်းလား၊ သူငယ်နာ ရေငတ်ကျင်မျော၊ သူငယ်နာ အကြောတက်၊ သူငယ်နာခါးကော့ ခြေကုပ်။ စုံလို့။ “ဖိုးကူး ငယ်ငယ်က ဖြစ်သာများ သူငယ်နာလျှာထုတ် တဲ့ ကြုံဖူးပေါင်အေ။ လျှာကြီး အမြဲတမ်း တစ်လစ်ကြီး ထုတ်ထားသာ။ ဒါနဲ့ ဆေးဆရာက လက်ချားကလေး မီးဖုတ်ပြီး လျှာပွတ်ပေးသာနဲ့ ပျောက်ရှာရော။ ကလေးများ တဟပ်ဟပ် ငိုသာတို့၊ နို့မစို့ဘဲ ကစိမ်းကပါး ဖြစ်သာတို့များ မအေ ဘာစားသလဲ ကြည့်ရသာ။ မအေ ဓာတ်ကျိုးရင် ကလေး ဓာတ်ကျိုးကရော” မလှအုံက အရာရာမှာ နားလည်သည်။ တေးတေးမှတ်မှတ် ရှိသည်။ တချို့ အကျိုးအကြောင်း ရှိလျှင် အဖေတို့ကပင် မလှအုံကို မေးရသည်။ မလှအုံက ဒိုးဒိုး ဒေါက်ဒေါက် ပြောနိုင်ရုံ သာမက သူကိုယ်တိုင် ဇိုးဇိုးဇောက်ဇောက် ထလုပ်ပေးတာနှင့် ပြီးရသည်ချည်း။ ဆွေမျိုးလည်းတော်၊ အစစအရာရာ ယုံကြည် စိတ်ချရသည်မို့ အိမ့်လက်ရုံးလို ဖြစ်ခဲ့ပါ၏။ ငယ်ငယ်ကတည်းက နှုတ်ကျိုးခဲ့လို့သာ မလှအုံ ခေါ်ရသော်လည်း အမေ အရွယ်၊ အဘွားအရွယ် ရောက်နေပြီ။ အသက်ကြီးရှာပြီ။ အိမ်မြဲ လှသူဖြစ်၏။ ကျေးဥကလည်း ယောက္ခမခြေရာ နင်းလာခဲ့ပြီ။ ဘာမဆို သိုးသိုးသွက်သွက်။ အခုတော့လည်း မအိမ်ကံတို့ အိမ်ကြီးမှာ ကလေးငိုသံ တစီစီနှင့် တစ်အိမ်လုံး မြိုင်လာခဲ့ပြီ။ သမီးကလေးကလည်း တစ်အိမ်လုံး မြိုင်စေမယ့် မအိမ်မြိုင်လေ။ သမီး မအိမ်မြိုင်ပင် ဗန်းကလေးထဲက စောင်ပုခက် ကလေးထဲ ပြောင်းသိပ်ရပြီ။ တစ်အိမ်လုံးက ၀ိုင်းနှိုက်နေကြ လေတော့ မအိမက် မှာံ လက်သက်သာပါ၏။ ကျေးဥက အားလျှင် အားသလို ကလေး လွှဲပေးနေတတ်သည်။ ကလေးချော့ သီချင်းတွေလည်း

185


ရသည်။ အမေပန်းရုံကလည်း မြေးပု ခက်လွှဲရတာ အမော။ အဖေ ဦးသာထန်ကလည်း အိုကြီးအိုမ အရွယ်ရောက်ကာမှ မြေးမကလေး ကောက်ချီ လိုက်ချင် သေးသည်။ မအိမ်ကံကတော့ သမီးမွေးပြီးပါပြီ ဆိုကတည်းက သားသည် အမေ လုံးလုံးဖြစ်ရချေပြီ။ တစ်လလောက် နနွင်းဝါ၀ါ လိမ်းခဲ့ရသူ၊ အိမ်တွင်းအောင်းခဲ့ရသူ ဆိုတော့ နနွင်းသားကလေး တက်ကာ နဂိုဝင်းဝါသော အသားအရေက ပို၍ပင် ၀င်းဝင်းဝါ၀ါ ရှိလာခဲ့ပါ၏။ တစ်သားမွေး တစ်သွေးလှ ဆိုတာမျိုးပင်။ မအိမ်ကံ သမီးကလေး မွေးပြီ ဆိုတော့ ကလေးမေး လာကြတာတွေလည်း မနည်း။ မြင်းခြံက ပွဲကတော်ကြီးက ပိတ်ဖြူ တစ်အုပ် လှမ်းပို့လိုက်သေးသည်။ ရွာတွေက ဆွေတွေမျိုးတွေ လာကြတော့လည်း တစ်ရက်တန်သည် နှစ်ရက်တန်သည် တည်းကြ။ ပြန်ကြတော့လည်း သင့်ရာ လျော်ရာ ပေးရ၊ ကမ်းရ။ ကိုပြေသိမ်းတို့ ထနောင်းတိုင်ဘက်က လာကြ သူတွေကလည်း လှည်းနှစ်စီးတိုက် အပြည့်။ “မအိမ်ကံ သမီးက မအိမ်ကံထက် သာကောအေ။ ခြေဆံ လက်ဆံကလည်း ကောင်း၊ မျက်နှာကျ မျက်နှာဖန်ကလည်း ကောင်း၊ မြေကြီးတလွဲ ဆေးတစ်လွဲ ဟုတ်ပေါင်တော်။ မအေ့ ထက်တောင်ချောသေးပ” မအေ့ထက် လှသည်၊ ချောသည် ဆိုပြန်တော့ မအိမ်ကံ ၀မ်းသာရပါသည်။ ကိုပြေသိမ်းကတော့ သမီးတချီချီ။ ကလေးကငို၊ သေးက စိုတော့လည်း သီချင်းဆိုကာ ချော့တတ် ပါ၏။ သီချင်းက တို့ဗမာ သီချင်းလည်း ပါသည်။ အာရှ လူငယ် သီချင်းလည်း ပါသည်။ နိုင်ငံရေး သီချင်းတွေနှင့် သမီး ချော့တာ ကြားတော့ ဘာသာနေတတ်သော သူကြီးဟောင်း ဦးသာထန်ကပင် ရယ်သည်။ ကွယ်ရာမှာ ဒေါ်ပန်းရုံကိုပင် တိုးတိုး ပြောလေ၏။ “ပန်းရုံရယ် ငါ့မြေးမလည်း နိုင်ငံရေးသမား ဖြစ်နေပါဦးမကွာ။ သားကလည်း နိုင်ငံရေးသမား၊ သမက်ကလည်း နိုင်ငံရေးသမား၊ ငါ့မြေးတော့ ချမ်းသာ ပေးကြပါဟာ။ ကတဲ သီချင်းများ ဆိုစရာ ရှားလို့ဗျာ” ဒေါ်ပန်းရုံကလည်း ကွယ်ရာမှာ ပြုံးသည်။ ဘိုးသာထန် ပြောလည်း ပြောချင်စရာ။ သူ့သမီးကို သူရသည့် သီချင်းနှင့် ချော့တာဆိုတော့လည်း မပြောသာ။ မလှအုံတို့ ကိုဖိုးငွေတို့ကတော့ ကိုပြေသိမ်း ကလေးချော့လျှင် အချင်းချင်း လက်တို့ တတ်ကြသည်။ တစ်ခါတစ်ရံ မအိမ်ကံကိုပင် တည့်တည့် ပြောတတ် ကြပါ၏။ “မအိမ်ကံ ယောက်ျား ကျောင်းဆရာက ကလေး ချော့သာနဲ့ မတူဘူး။ အသံက မကောင်းတော့ တို့မြင်းခြံ ဆယ့်နှစ်မုခ် ဘုရားကြီးထဲက ပိုက်ဆံထည့်ရင် ထွက်လာသဲ့ မောင်းဆိုင်းရုပ် လိုပဲ မောင်ဂျန် မောင်ဂျန်နဲ့” မအိမ်ကံက ကိုပြေသိမ်းကို တစ်အိမ်လုံးက ပြောကုန်ကြပြီ ဆိုတော့ ကိုပြေသိမ်းကလည်း ရယ်သည်။ သူ့အကြောင်း လည်း သူသိပုံ ပေါ်ပါ၏။ တစ်ခါတစ်ခါ တော့လည်း ကျောင်းဆရာ တစ်ယောက် အနေနှင့် အခြားခေတ် ကာလ သီချင်းတွေလည်း ရလောက်ရက်ကနှင့် ဘာကိစ္စ နိုင်ငံရေး သီချင်းတွေ ဆိုပြနေရ တာပါလိမ့်ဟု မအိမ်ကံ တွေးမိပါ၏။ တမင်တကာများ နိုင်ငံရေးစိတ်

သွင်းပေးနေတာများလား။

ကိုပြေသိမ်းက

နိုင်ငံရေးစိတ်

ကြီးလှသည်။

အစ်ကို

မောင်မြသာ

တို့လို

ရှေ့ထွက်ပြီး လူလုံးပြတာမျိုး မဟုတ်သော်လည်း တိုင်းပြည်နှင့် လူမျိုး အတွက် စိတ်အမြဲတမ်း ရှိတာ မအိမ်ကံ အသိဆုံးပင်။ သည်ရက်တွေထဲ ကျောင်းပိတ်ထား သော်လည်း ဖိုးကူးနှင့် ရွာတွေဘက် လှည့်မြဲ လှည့်နေ တတ်သည်။ တစ်ခါတစ်ရံ ညဥ့်အိပ်ညဥ့်နေပင် တစ်ရက် နှစ်ရက် နေတတ်ပါသည်။ ဘာတွေ လုပ်နေမှန်းတော့ မသိ။ အဖေကပင် “ညည်းယောက်ျား ခရီး အသွားအလာ များလွန်းတယ်” ဟု မကြာခဏ ပြောတတ်ပါ၏။ တို့ဗမာ အစည်းအရုံးတွေ ဖျက်သိမ်းပြီးတော့လည်း မဟာ ဗမာ ဆိုသည့်အသံတွေ ညံနေတာ မအိမ်ကံ သိပါ၏။ နိုင်ငံရေး အခြေအနေက သူတစ်လူ ငါတစ်မင်း ပြောင်းလဲ နေသည်။ ဘယ်သူ့ဘယ်သူမှ စိတ်မချရ။ ဘယ်သူ့ ဘယ်အဖွဲ့အစည်း ကလဲ ပြောဖို့ ခက်သည်။ မအိမ်ကံကတော့ ကိုပြေသိမ်းကို စီးပွားရေး လုပ်စေချင်သည်။ ပွဲစားကြီး ကတော် ပေးပို့လိုက်သည့် စာအရ ပဲဆီ၊ နှမ်းဆီစက် ထောင်ချင်ကြောင်း၊ ငရုတ်၊ ကြက်သွန်ကအစ လဲမှို့ ထန်းလျက် အလယ် ငါးပိငါးခြောက်ပါ မကျန် အထက်ကုန်၊ အောက်ကုန် ကူးနိုင်လျှင် အဆင်ပြေနိုင်ကြောင်း၊ မောင်ပြေသိမ်း လုပ်နိုင်လျှင် မအိမ်ကံတို့နှင့် ဖက်စပ်

186


လုပ်ချင်ကြောင်း စသည်ဖြင့် သိရသည်။ မအိမ်ကံကလည်း လုပ်စေချင်သည်။ စီးပွားရေးကို လောဘတက်တာ မဟုတ်ဘဲ ရိုးရိုးသားသား လုပ်ကိုင် စေချင်တာက တစ်ကြောင်း၊ နိုင်ငံရေးက ကင်းလွတ်စေချင်တာ တစ်ကြောင်း ပါပါ၏။ တစ်ခါတစ်ရံ မအိမ်ကံ ကိုယ်တိုင် ဖျောင်းဖျ ကြည့်မိသည်။ “အစ်ကိုရယ် ဘယ်တွေ သွားပြီး ဘာတွေ လုပ်နေသာလဲ။ အစ်ကို ပြန်မလာမချင်း မအိမ်ကံမှာ ရင်မနေရသယ်။ သမီးကလေးလည်း ရပြီ ဆိုတော့ ဣနြေ္ဒ ရစေချင်ပါပြီ။ အလုပ်မလုပ်လည်း ထိုင်နေပါ။ အဖေတို့ကလည်း စိုးရိမ် နေကြသယ်” ကိုပြေသိမ်းက မအိမ်ကံ စကားကို ငြင်းသည်လည်း မဟုတ်၊ လက်ခံသည်လည်း မဟုတ်။ ပြန်မပြော၊ နားမထောင်။ ကိုပြေသိမ်းက အသိရ ခက်သည်။ တစ်ခါတစ်ရံ တစ်အိမ်လုံး နှင့် စကားမပြောဘဲ ရှိနေတတ်သည်။ အိမ်သားတွေကို စိတ်ခုနေတာမျိုး မဟုတ်သော်လည်း တစ်ခုခု တွေးဆ နေပုံလည်း ရသည်။ ပြောသာ ပြောရတာပါလေ။ ကိုပြေသိမ်း တွင် စိတ်တူကိုယ်တူ ပေါင်းစရာ လူမရှိ။ သူ့ခမျာ ပညာတတ်၊ ကျောင်းဆရာ နိုင်ငံရေးစိတ်ကြီးသူ ဆိုသော်လည်း ဇောင်ချမ်းကုန်းတွင် မယားတစ်မျက်နှာ တစ်အိမ်ရာ လုပ်နေရရှာသူ ဖြစ်သည်။ ပညာချင်းလည်း တန်းမတူ၊ နိုင်ငံရေး ချင်းလည်း တန်းမတူ သူတွေနှင့် နေရရှာတာကိုလည်း မအိမ်ကံ သိထားပါ၏။ တစ်ခါတလေတော့ မမေးဘဲ ပြောချင်လည်း ပြောနေ တတ်ပြန်သည်။ “အိမ်ကလေး တိုင်းပြည် ကိစ္စတွေက ကျန်သေးတယ်ကွယ့်။ အစ်ကို တာဝန်မကျေဘူး။ အစ်ကို့မှာ သိစရာတွေ ရှိသလို ပြောစရာတွေလည်း ရှိလေတော့ စိတ်ချရသူများနဲ့ တွေ့ရသယ်၊ လွှတ်ရသယ်၊ ပြန်နားထောင် ရသယ်။ ဆရာကြည့် လူတွေက အစ်ကိုတို့ ဇောင်ချမ်းကုန်းက လူတွေထက် ပိုခရီး ရောက်တော့ အဲသည်ဘက် သွားနေရတာပဲ” နိုင်ငံရေးသမားနှင့် ညားမိပြီးမှ နိုင်ငံရေးကို စွန့်လွှတ်လိုက်ပါတော့ ပြောရတာလည်း မအိမ်ကံ အဖို့ရာ ခက်သားပင်။ သည်လိုနှင့် သမီးကလေးပင် မတ်တတ် ပြေးလာခဲ့ပြီ။ တီတီ တာတာ မပီကလာ ပီကလာ ရှိလာခဲ့ပြီ။ မအိမ်ကံကတော့ သမီးလေး မအိမ်မြိုင် ပေါ်ပေါ်လာလို့သာ တော်တော့တယ်လို့ အောက်မေ့ရ တော့၏။ ၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း။ မအိမ်မြိုင်သည်ပင် အခါလည် ခဲ့လေပြီ။ မအိမ်မြိုင် မွေးဖွားပြီး အခါမလည်မီ ကာလများအတွင်း တိုင်းပြည် အခြေ အနေတွေ အမျိုးမျိုး ပြောင်းလဲခဲ့သကဲ့သို့ပင် မအိမ်ကံတို့ အိမ်ကြီးတွင်လည်း အပြောင်းအလဲတွေ များခဲ့ပါ၏။ အပြောင်းအလဲ တွေဆိုသော်လည်း စိတ်မချမ်းသာစရာတွေသာ ဖြစ်ခဲ့သည်။ ပထမဆုံး အဖြစ်က သူကြီးဟောင်းဦးသာထန် လူကြီး ရောဂါဖြင့် တရှောင်ရှောင် ဖြစ်ရာက တစ်နေ့တွင် ကွယ်လွန် သွားရှာခြင်း ဖြစ်၏။ မီးစာကုန် ဆီခန်း ဆိုသော်လည်း မအိမ်ကံ အဖို့ ယူကျုံးမရ ဖြစ်ခဲ့ရသည်။ အဖေနှင့် အမေတို့ ငယ်လင် ငယ်မယား မဟုတ်ကြလို့ သူကိုယ်တိုင် ဖက်စိမ်း ကွမ်းတောင် မကိုင်ခဲ့ ရသော်လည်း သည်ဖအေနှင့် သည်မအေက ပေါက်ဖွား ရသော သူ့အဖို့ ဖခင်မဲ့ခဲ့ ရရှာပြီ။ မိသားစု ဆိုသည့် အသိုက်အမြုံတွင်းမှာ အိမ်ဦးတိုင် နတ်နေကိုင်း အဖြစ် အားလုံးက ရိုသေ ခဲ့ကြရသည်။ မမှန်တာ မလုပ်၊ မဟုတ်တာ မကြံ ရိုးသား ဖြူစင်စွာ အသက် မွေးခဲ့သူ ဖြစ်သည်။ သူကြီးဘ၀ တစ်လျှောက်လုံး ဆူတန်တာဆူ၊ ငေါက်တန်တာငေါက် ခြိမ်းခြိမ်းမောင်း မောင်းမောင်း ရှိခဲ့သော်လည်း အဖေ့ကြောင့် အတိဒုက္ခ ရောက်ခဲ့ သူရယ်လို့ မရှိခဲ့။ မိသားစုကို ညှာတာ ထောက်ထားသလို ရပ်ရွာ ကိုလည်း သနားသည်းခံ ရှိခဲ့ပါ၏။ သားဖြစ်သူကို ရာထူးရာခံကလေး ရပါစေတော့ သဘောဖြင့် မြို့ကျောင်းမှာ ထားခဲ့သည်။ အင်္ဂလိပ် အစိုးရ လက်အောက်မှာ ရာထူး တစ်ခုခု ရနိုင်လျှင် တည်တည်ပပ နေနိုင်ဖို့သာ ရှိသည်ဟု ရိုးရိုးသားသား သဘောထားခဲ့သည်။ သားဖြစ်သူက ဖအေ့ အလိုတကျ မရှိပြန်တော့လည်း မပြောသာခဲ့။ မန်ကျည်း တစ်လှည့်ပြီးလျှင် ဆီးတစ်လှည့်ပြီး တစ်လှည့်လာလေလား မျှော်ခဲ့ခြင်းသာ ဖြစ်၍ သားဖြစ်သူက နိုင်ငံရေးဘက် ရောက်သွားတော့လည်း မိုက်လိုက်သဲ့ ကောင်နှယ် ဆိုတာလောက်နှင့် ပြီးခဲ့ရသည်သာ။ “ဘာပဲ ဖြစ်ဖြစ်ပါအေ မြေးဦးကလေး ပွေ့ချီသွားရလို့ တော်ပါရဲ့ အောက်မေ့ပါ။ ခမျာ တရားလည်း ရှိရှာပါရဲ့။ ထုံးမီစံကျ

187


ဘိုးဘအမျိုး အရိုး အရွက်မဖုံးရာတဲ့။ ညည်းအဖေ ကောင်းမွေ ထားခဲ့သာမှာ ဥစ္စာငွေကြေးလည်း ထားခဲ့သယ်၊ အကျင့် စာရိတ္တ ကောင်းလည်း ထားခဲ့သယ်။ ကုသိုလ်တွေလည်း ထားခဲ့သယ်။ လူ့ဘ၀ တော်ပြီပေါ့အေ။ ဘ၀ ငြိမ်းပါစေတော့။ သူ့ ကောင်းမှုတွေ နည်းမှတ်လို့” ရပ်ရွာလူကြီး သူမတွေက အမေပန်းရုံကိုရော မအိမ်ကံကိုပါ ဖျောင်းဖျ ရှာကြပါ၏။ မအိမ်ကံကတော့ မြင်းကြီး စိန်ပွင့်ကို စီးကာ ရွာစဉ် လှည့်တတ်သော အဖေ့ကို မြင်ယောင် နေမိသည်။ မိသားစု အရေးကိစ္စများမှာ ပါသင့်တာ ပါသကဲ့သို့ မပါသင့်တာ ကျတော့လည်း လှည့်၍ မကြည့်။ တချို့ကိစ္စတွေမှာ မသိသလို နေခဲ့သည်။ သာအောင်နှင့် မအိမ်ကံ ကိစ္စ တစ်ရွာလုံး ပွက်ပွက် ရိုက်ခဲ့စဉ်က မယားရယ်လို့လည်း မမေးခဲ့သလို သမီးရယ်လို့လည်း မတီးခေါက်ခဲ့။ သူကြီးရယ်လို့ ကြီးတော်စံရွှေတို့ အပေါ် နိုင်ထက်စီးနင်း မရှိ။ မအိမ်မြိုင်ကလေး အခါလည် မပြည့် တပြည့် ပြာသိုလထဲမှာ တရှောင် ရှောင် ဖြစ်လာရာက တိမ်းပါးခဲ့ခြင်း ဖြစ်ပါ၏။ မြေးမကလေး မအိမ်မြိုင် အခါလည်သမီး ကလေးကို တပွေ့ပွေ့ ရှိခဲ့သေးသည်။ ချီချီပိုးပိုး ရှိခဲ့သေးသည်။ သီချင်းတအေးအေး ရှိခဲ့သေးသည်။ ကိုပြေသိမ်း ကလေးချော့တာ နိုင်ငံရေး သီချင်းတွေချည်း ဆိုသကဲ့သို့ အဘိုးကလည်း မထူးပါ။ ရှေးခေတ်ရုပ်သေး သီချင်းတွေသာ ဖြစ်သည်။ တောဘွဲ့ လွမ်းချင်းတွေလည်း ပါ၏။ ကျေးလက် သီချင်းတွေလည်း ပါ၏။ “+++ ကြည့်စမ်းပါအေ +++ ရွှေပြည်တော်ကထွက်ခဲ့ပ +++ သည်ကန္တာလမ်း ပူပုံဆန်းပါဘိ ဒန်းနှင့်အင်ကြင်းပန်း မင်းစွယ်တော် ကံ့ကော်သရဖီ စကားနီစကားစိမ်း နွဲ့ယိမ်းမီကာ ပန်းခတ္တာနှင့် ဇလတ္တာဂမုန်းပင် တချို့ သော်ကတို့ တစ်သွယ် စံပယ်နှင့် ပိတောက် ပင်စုံပေါက်ကြတယ် လွမ်းလောက်တဲ့ တောကန္တာပါလား ငါ့မြေးရေ...” “ဘယ်တုန်းက သီချင်းများ ပါလိမ့်တော်။ ကျုပ်တို့လည်း ကြီးခဲ့ပါပြီ ကြားကြားဖူးပေါင်” ဘွားအေ ဒေါ်ပန်းရုံက ခနိုးခနဲ့ ပြောလျှင် ဘိုးအေကြီးက ပါးခွက်ကြီးနှင့် ရယ်တတ်သည်။ “သိပေါင်အေ၊ ခေါင်းထဲ ပေါ်သာ ဆိုရသာ။ ကျုပ်တို့ ငယ်ငယ်က ရုပ်သေးစင်များမယ် ဆိုကြသဲ့ သီချင်းဗျ၊ ဘုရား အစ်မရဲ့ ဘာမှတ်လို့တုံး။ ငါ့မြေးရေ ဆိုသာတော့ ကျုပ်ထည့်ရသာ။ မြေးချစ်လို့သာ ချီရသယ် သက်သာပေါင်ဗျာ။ တော်သလင်း လူပျင်းကွမ်းစိုက် ဆိုသာလို လူနဲ့ရာသီလည်း တယ် မညီချင် တော့ဘူး။ လူအိုတော့ ကြွက်ကျတဲ့ ပုန်းရည်အိုးလို သွန်ရခက် စားရခက်” ဟုတ်ရှာပေမပေါ့။

အဘိုးနှင့်မြေး

ကွာလှပါ၏။

မအိမ်ကံက

အဖေ့စကား

ကြားတော့

စိတ်မကောင်း

ဖြစ်ရသည်။

အသက်ကြီးလာတော့လည်း ကြွက်ကျသည့် ပုန်းရည်အိုးလို သွန်ရခက် စားရခက်တဲ့။ အဖေက သူ့ကိုယ်သူ သည်သဘော ထားခဲ့လေသလား။ အဖေနှင့် အမေ ငယ်လင် ငယ်မယား မဟုတ်ကြပေသိ မအိမ်ကံ အဖို့ရာတော့ မိစုံဖစုံ ဘ၀ဖြင့် တစ်သက်လုံး လုံခြုံခဲ့ရသည်။ အဖေရေလို့ ခေါ်ရတာ၊ အမေရေလို့ ခေါ်ရတာကပဲ အရသာ ရှိလှသည် ထင်သည်။ အဖေ ဆုံးသည့်နေ့က မအိမ်ကံ ကျူကျူပါအောင် ငိုခဲ့ရသည်။ ရင်နှစ်မြွှာထဲက တစ်မြွှာ ဆွဲထုတ် လိုက်သလိုပင် ခံစားခဲ့ရပါ၏။ အဖေ မဆုံးခင် တစ်လလောက်က ရောက်လာခဲ့သော အစ်ကို မောင်မြတ်သာ တစ်ယောက် အဖေဆုံးတော့ ရောက်မလာ နိုင်ခဲ့တာကိုလည်း ၀မ်းနည်းခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် အဖေက ဘုန်းလည်း ကြီး အသက်လည်း ရှည်ခဲ့လို့ ဖြေတန် သရွေ့ ဖြေနိုင်ခဲ့ပါ၏။ အဖေ မရှိတော့သည့်နောက် အိမ်ကြီး တစ်အိမ်လုံး ခြောက်သွေ့ သွားသလို ရှိခဲ့ကြသည်။ ထန်းကုလားထိုင် ဖြောက်ဖြောက်၊ စိပ်ပုတီး တချောက်ချောက် ရှိခဲ့ရာက ငုတ်တုတ် ပျောက်သွားသလို ရှိကြရသည်။ အဖေ့ကို ရည်စူးကာ ဆွမ်းကျွေးကြသည်။ ကုသိုလ်ဒါန ပြုကြသည်။ အဖေ့ထက်ပင် သက်တော်ကြီး ရှာသော ရွာဦးဆရာတော်ကြီးပင် ထမ်းစင်နှင့် ကြွတော်မူ ရှာခဲ့သည်။ တရားပြတော် မူခဲ့သည်။ ရပ်ရွာမေတ္တာကြောင့် ဦးသာထန် အသုဘခရီးက စည်ကားလှပါ၏။ မအိမ်ကံတို့ အိမ်ကြီး၏ ဒုတိယ အပြောင်းအလဲကြီးကတော့ သူကြီးဦးသာထန် တိမ်းပါးခြင်းကဲ့သို့ မိသားစုနှင့် သေကွဲ မဟုတ်ဘဲ ရှင်ကွဲကြုံရခြင်း ဖြစ်ပါ၏။ ၁၃၀၆ ခုနှစ်၊ တပို့တွဲ၊ တပေါင်း နေ့ပူညချမ်း ကာလထဲမှာ ကိုပြေသိမ်း တစ်ယောက် ကောက်ကာငင်ကာ ပျောက်သွားခြင်း ဖြစ်သည်။ မအိမ်မြိုင် အခါလည် ပြည့်ခါနီး ရက်ပိုင်း အလိုတွင် ဖြစ်၏။ ထိုနေ့က

188


မအိမ်ကံ သမီးကလေး မအိမ်မြိုင်ကို ထမင်းခွံ့ နေခဲ့သည်။ အမေပန်းရုံက အရီးကြာညွန့်နှင့် စကားပြော နေကြသည်။ ဘိုးသာထန် ဆုံးသည်ပင် တစ်လ တင်းတင်း ပြည့်ခဲ့ပြီ။ ညနေပိုင်း မြူတွေဆိုင်းလာသည့် အတွက် ကလေးအတွက် အနွေးထည် ကလေးတစ်ထည် ယူရန် မအိမ်ကံ ဧခုတင်ကြီးဘက်ကို လျှောက်လာခဲ့သည်။

ထိုစဉ်မှာပဲ ဖိုးကူး မောင်းလာသည့် လှည်းက ၀ိုင်းဝကို ရောက်လာခဲ့ပါ၏။ အရီး ကြာညွန့်က ၀ိုင်းအတွင်း လှည်းဝင် နိုင်ရန် တံခါးကြီး တစ်ချပ် ပြေးလှပ်သည်။ ဖိုးကူးက လှည်းမချွတ်သေးဘဲ အမေပန်းရုံ ထိုင်နေသည့်ဘက် တန်းသွားပြီး စာတစ်စောင် ပေးသည်။ မအိမ်ကံက ကိုပြေသိမ်း ပြန်ပါမလာလို့ မေးတော့မည့် ဆဲဆဲ အမေပန်းရုံက စာတဲ့ဟဲ့ ဆိုသဖြင့် သွားယူလိုက် ရသည်။ ဖိုးကူး ကတော့ လှည်းချွတ်ရန် ပြန်ထွက်သွားလေသည်။ မအိမ်ကံက ထူးဆန်းစွာ ရောက်လာသော စာကို ချက်ချင်း ဖွင့်ဖတ်လိုက်သည်။ “အိမ်ကလေး အစ်ကို စာရေး အကြောင်းကြား ပါသည်။ အစ်ကို့ကို ခွင့်လွှတ်စေချင်ကြောင်း ဦးစွာ ပြောလိုပါသည်။ မြန်မာများ အနေဖြင့် ဂျပန်တို့၏ ဘုရား တန်ဆောင်း၊ ကျောင်းကန်များကို ဖျက်ဆီးရုံမက မီးနှင့် ရှို့ကြ၊ ရဟန်းသံဃာ တို့ကိုပါ စော်ကား ကြတာကို သည်းမခံ နိုင်ကြတော့ပြီ။ ဗမာမှန်သမျှ အနှိပ်စက်ခံ ကြရတာလည်း များလှပြီ။ အပြစ်မရှိဘဲ သေခဲ့ကြသူတွေ များလွန်းမက များနေပါပြီ။ စစ်ဘေးကြီး ကြုံရသည်နှင့်အမျှ စစ်ကြေးပါ ဆောင်နေကြ ရသော်လည်း ဂျပန်နောက်လိုက် ခွေးများကိုပင် ကြောက်နေရသည့် ဘ၀က လွတ်ကင်းအောင် အစ်ကိုတို့လို မျိုးချစ်များက မကြာခင် ပြန်လည်ချေမှုန်း ကြတော့မည် ဖြစ်ပါ၏။ ဗိုလ်မြတ်သာတို့လည်း ပါဝင်ကြပါလိမ့်မည်။ ဂျပန်က ပေးသော လွတ်လပ်ရေးသည် အတုဖြစ်၍ လွတ်လပ်ရေး အစစ်ကို အစ်ကိုတို့ ရယူရန် ဖြစ်ပါတော့သည်။

အမေပန်းရုံ၊ အိမ်ကလေးနှင့် သမီးကလေး မြိုင်တို့ကို မပစ်ပယ်ရက် ပါသော်လည်း တိုင်းပြည်အတွက် လိုလားနေသော အချိန်ဖြစ်၍ အစ်ကို စဉ်းစား ဆုံးဖြတ်သည်ကို နားလည် ခွင့်လွှတ်ကြပါလေ။ ဘယ်လမ်း ဘယ်စခန်းကို ရောက်ရဦး မည်မသိ။ ဘယ်ထီးနှင့် ဘယ်ခရီးကို သွားရဦးမည်မသိ။ အရေးတော်ပုံ ပြီးသည်နှင့် အစ်ကို ပြန်လာခဲ့ပါမည်။ အစ်ကို မပြန်လာခဲ့သော် အမျှသာ ဝေပါလေတော့။ ထနောင်းတိုင်က မိဘများကိုပင် အသိမပေးရသေးပါ။ နှုတ်ဖြင့် လူလွှတ် မှာကြားရန် ဖိုးကူးကို လွှတ်ပါ။ ဆရာကြီး ဦးဘခင်တို့လည်း မရှိကြတော့။ ပွဲကတော်ကြီးမှ တစ်ဆင့် ဆက်သွယ်လျှင် ရကောင်းရနိုင်ပါလိမ့်မည်။ သည်စာကို ဖတ်ပြီးလျှင် မီးရှို့ရစ်ပါလေ။ အရေးကြီးပါ၏။ အိမ်ကလေး ခွင့်လွှတ် စေချင်သည်။ ကျန်းမာချမ်းသာ ကြပါစေသောဝ်။ ပြေသိမ်း စာဖတ်ပြီးသည်နှင့် မအိမ်ကံမှာ စာရွက်ကို ကိုင်ရင်း မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျလာခဲ့သည်။ သမီး ကလေး မအိမ်မြိုင်က ထမင်းပန်းကန်ကို မှောက်ပစ်လိုက်သည့် အတွက် ထမင်းလုံးတွေ ဖွေးခနဲ ပြန့်ကျဲကုန်သည်။ အရီး ကြာညွန့်က ကလေးကို ကောက်ချီသွားခဲ့သည်။ သည်အထိတော့ အမေပန်းရုံရော အရီးကြာညွန့်ပါ ဘာမှ မသိကြ ရသေး။ မအိမ်ကံ ငိုနေတာကို လှမ်းကြည့်ကြရင်း ဘာများပါလိမ့် ဆိုသည့် မျက်နှာများဖြင့် ရှိကြဆဲဖြစ်၏။ ဖိုးကူးက လှည်းချွတ်ပြီး မအိမ်ကံရှေ့ မ၀ံ့မရဲ လာရပ်နေရှာသည်။ သူနှင့် အတူသွားခဲ့တာ မဟုတ်လား။ သည်တစ်ခါ သွားကြသည့် ရွာတွေက ညောင်ငါးခွ အနောက်တောင်ဘက်က ရွာတွေဆိုတာလောက်တော့ မအိမ်ကံ သိထားခဲ့သည်။ အနောက်ကုန်း၊ လေးပင်အိမ်၊ တည်တောရွာတွေ။ မအိမ်ကံ တည်ငြိမ်အောင် ကြိုးစားရင်း မေးသည်။ “အစ်ကို ဘာမှာ သွားသေးသလဲ” “ဘာမှ မမှာဘူး။ စာပေးသာပဲ ရှိသယ်။ စာကို နကန်ထဲ ထည့်သွားသဲ့။ မင်းအစ်မ လက်ထဲ တန်းမထည့်နဲ့သဲ့။ ကြီးတော်

189


ပန်းရုံကို ပေးလိုက်သဲ့။ ငါ ပြန်လာမယ် ပြောလိုက်သဲ့။ ထနောင်းတိုင်ကို လွှတ်ရင် သွားလိုက်သဲ့” “သူ ဘယ်ကိုသွားသာတုံး ဖိုးကူး” “မြင်းခြံ ဆိပ်ကမ်းဘက် သွားကြသာ ထင်သယ်။ မြို့ဆိပ်ကို သွားကြသာတော့ ဟုတ်ပုံမရဘူး။ ကြားဆိပ်ကနေ ကူးတို့နဲ့ အောက်ပြည်စုန်ကြမယ့် သဘောတော့ ကြားသယ်။ ကျုပ်ကို ပြောသာတော့ မဟုတ်ဘူး။ တည်တောက လူတွေကို ပြောနေသာ ကြားခဲ့သာ” ဖိုးကူး ပြောပြသော ရွာတွေက အောက်တောရွာတွေ ဖြစ်သည်။

ဧရာဝတီ မြစ်ဆိပ်ကမ်းရွာတွေ ဆိုတော့ ရေလမ်း ခရီးပေါက်သည်။ မအိမ်ကံက မေးရင်းပင် တုန်လှုပ် နေရပါ၏။ အဖေဆုံးခဲ့သည်ပင် မကြာတတ်သေး။ အစ်ကို လုပ်သူကလည်း ရွာပင်ပြန်မကပ်နိုင်တော့သည့် အခြေ။ အခုလည်း လင်သားက စစ်ထွက်ခဲ့ပြီ။ အခါလည် သမီးကလေးနှင့် အမေအိုသာ ရှိတော့သော မအိမ်ကံအဖို့ သည်လို ခေတ်ပျက် ကြီးထဲမှာ နွယ်တစ်ပင်ပင် တင်းတင်းရင်းရင်း လှမ်းကိုင်စရာ မရှိတော့။ ဆုပ်ဆုပ်ကိုင်ကိုင် ဘယ်လိုစကား တစ်ခွန်းမှ မဟခဲ့တာကိုလည်း အံ့သြမိသည်။ သားရယ်၊ မယားရယ်လို့တောင် ထိန်ဝှက်လွန်းတာကို မအိမ်ကံ ခွင့်လွှတ်ရမလား၊ နာကြည်းရမလား မပြောတတ် နိုင်အောင် ဖြစ်ရပါ၏။ ချစ်မိခဲ့ရသော တစ်မြို့သား။ အားကိုးခဲ့ရသော ကျောင်းဆရာ လူပညာတတ်။

တစ်နယ်လုံးက ဂွမ်းပေါက်နှင့် တို့ခဲ့ရသော ကျောင်းဆရာ ကတော်ဆိုသည့် အရှိန်သည် ချက်ချင်းလက်ငင်း ကျီးလည်ပင်း မီးကွင်း စွပ်မိသလို ဖြစ်ခဲ့ရပြီ။ ပြီးခဲ့သည့် တန်ဆောင်မုန်း လထဲက ကိုပြေသိမ်းနှင့် အတူ လူလေး ငါးယောက် ပါလာခဲ့ ဖူးတာကို မအိမ်ကံ မှတ်မိနေသည်။ မအိမ်ကံတို့ အိမ်ကြီးမှာပဲ တစ်ည အိပ်သွားခဲ့ကြပါ၏။ မအိမ်ကံတို့ အိမ်ကြီးမှာ မဟုတ်ဘဲ ရက်ကန်းမရက်တော့သော ရက်ကန်းရုံကြီးထဲမှာ တည်းကြခြင်း ဖြစ်သည်။ ရက်ကန်းရုံကြီးက အိမ်မကြီးနှင့် မလှမ်းမကမ်းတွင် ရှိသည်က တစ်ကြောင်း၊ လူသူလေးပါး ရုတ်တရက် မမြင်နိုင် သည်က တစ်ကြောင်းတို့ကြောင့် ကိုပြေသိမ်းက ကျေးဥနှင့် ဖိုးတုတ်ကို ရှင်းလင်းစေပြီး နေရာချထားခဲ့ခြင်း ဖြစ်သည်။ သူကြီးဦးသာထန် တစ်လပြည့် သပိတ် ဆွမ်းသွပ်ခဲ့ပြီးစ ရက်များဆိုတော့ တစ်ရွာတစ်ရွာက ဆွေမျိုးတွေ၊ မိတ်ဆွေတွေ ၀င်၊ ထွက်နေဆဲ ဖြစ်ဟန်သဘော ရှိသဖြင့် ဂျပန်အလိုတော်ရိတို့ အကဲ မဖမ်းမိဘဲ ရှိကြလေသည်။ ရောက်လာသူ လေးယောက်စလုံးမှာ ညှဉ်းသိုးသိုး ညစ်စုတ်စုတ် ဆိုသော်လည်း ဥပဓိတွေက ခေတ်ပညာ တတ်တွေမှန်း သိသာပါ၏။ မုတ်ဆိတ် ရှည်ရှည်၊ ဆံပင်ကုပ် ထောက်၊ အ၀တ်အစား ညစ်ထပ်ထပ် ဆိုသော်လည်း တစ်ခါ တစ်ရံ မအိမ်ကံ လက်ဖက် ချ၊ ကွမ်းချ ရောက်သွားသည့် အခါမျိုးတွင် အင်္ဂလိပ်ဘာသာ စကားဖြင့် ငြင်းခုံနေကြတာလည်း ကြားရသည်။ မလှအုံက ရေနွေးကြမ်း၊ ငါးခြောက်ဖုတ် ကအစ ကရေကရာလို၊ ဆီးယိုလို အမြည်းဗန်း ချရာက အပြန် ကိုပြေသိမ်းတို့ လူစု အတင်း ပြောတတ်သည်။ “မအိမ်ကံရယ် လူတွေကြည့်တော့ တို့ရွာစေတီ စောင်းတန်းက နိပါတ်တော်တွေထဲ ပါသဲ့ အာဠာဝက နောက်လိုက် တွေများ ကျလို့၊ ပြောလိုက်ကြသဲ့ ဘိုလိုတော်။ တောခြောက်နေကြသလား မှတ်ရသယ်။ တရွှီးရွှီးနဲ့ ဘာတွေ ပြောကြ သာတုံး။ ဗမာလိုပြော ဖြစ်ရက်ကနဲ့” “မသိပါဘူး မလှအုံရယ် သူတို့ကိစ္စ။ ရွှေဘိုတဲ့၊ ဂန့်ဂေါ တဲ့၊ ပခုက္ကူတဲ့၊ မိတ္ထီလာတဲ့ အဲသာကျတော့ ဗမာလို ပြောကြပြန်ရော။ ကြက်တငို အိုးပေါက်လည်းပါရဲ့” “အဲသာတွေကျတော့ အင်္ဂလိပ်နာမည် မရှိလို့ ဖြစ်မှာပေါ့အေ။ ဘိုလိုပြောသာ ဗိုက်ဆာ ကြပုံပေါ်သယ်။ ညည်းနှယ် ချပေးသမျှ ဝေသာလီပြည် ဘီလူးကျသာ ကျလို့ ပန်းကန်ကို ပြောင်နေအောင် စားကြသာအေ့”

190


မလှအုံ စကားကြောင့် မအိမ်ကံမှာ ရယ်ခဲ့မိသည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကိုပြေသိမ်းတို့ စကားဝိုင်းက ကြာလွန်း လှသည်။ နေ့ခင်း ထမင်းစားချိန် ကလေးလောက်သာ အိမ်မကြီးဘက် ကူးကြတာ ရှိ၏။ ပြီးပြန်တော့ ရက်ကန်းရုံကြီးထဲ ပြန်ဝင်ကြကာ တကုပ်ကုပ် ရှိကြပြန်လေသည်။ ညနေဘက် ထမင်း စားကြပြီးသည့်နောက် အိမ်မကြီးထဲမှာ လက်ဖက်စား၊ ဆေးသောက်ကြရင်း အမေပန်းရုံတို့ မိသားစုနှင့် စကားတွေ ပြောကြတာတော့ ရှိပါ၏။ ကိုပြေသိမ်းကပဲ မိတ်ဆက်ပေးခြင်း ဖြစ်သည်။ တစ်ဦးက အသားညိုညို မျက်လုံး မျက်ဖန်ကောင်းကောင်း ဖြစ်၍ မျက်ခုံး ထူကြီးနှင့် ဖြစ်၏။ နာမည်က ကိုဘဆန်း။ လူလုံးလူဖန် ခပ်လှပ်လှပ်ကလေးက ကိုဖူးခေါင်။ ကိုမင်းရာ ဆိုသူက စကားနည်း သလောက် မျက်နှာကြီး တင်းလှပါ၏။ “သူက ကိုဝေဠု၊ မြင်းခြံသား။ အိမ်ကလေးတို့ ဖောက်သည် ပွဲကတော်ကြီးရဲ့ တူဝမ်းကွဲ တော်တယ်” အိမ်ကို ရောက်လာကြသူတွေနှင့် ပတ်သက်လို့ သည်လောက်သာ သိကြရသည်။ မိတ်ဆက်ပေးသည် ဆိုသော်လည်း တောသူတောင်သားတွေ ဆိုတော့ အမေပန်းရုံကလည်း ငုတ်တုတ်။ မလှအုံတို့ကလည်း ငုတ်တုတ်။ မအိမ်ကံ ကိုယ်တိုင် ကတော့ လင့်ဧည့်သည်တွေ ဆိုတော့ ထမင်းခူး ဟင်းလိုက်။ လက်ဖက်ချ ကွမ်းချ။ ဧည့်သည်တွေ အားလုံးက မအိမ်ကံကိုရော အမေပန်းရုံကိုပါ

ဟက်ဟက်

ပက်ပက်

မရှိကြသလိုပင်။

မျက်နှာတွေက

အကြွေးဟောင်း

ရှိသဖြင့်

လာတောင်း

နေကြသူများပမာ တင်းတင်း တောင့်တောင့်ကြီးတွေ။ ပြီးတော့ ညစ်ပေပေ ချွေးစေးများဖြင့် အစေးပေါက် နေကြသော်လည်း ရေမိုးသန့်စင်ပြီး အ၀တ်အစား သန့်သန့်ပြန့်ပြန့် ၀တ်ကြသည်လည်း မရှိ။ ညဘက် ကိုပြေသိမ်း အိမ်ပေါ် တက်လာတော့မှ အကျိုး အကြောင်း မေးရတော့သည်။ မိုးပင် လင်းလုလေပြီ။ “အဲသာ ဘယ်သူတွေလဲ အစ်ကို။ မျက်နှာထား တွေကလည်း ဆိုးလိုက်ကြသာ။ ဘယ်လိုလူတွေ ခေါ်လာသာတုံး။ မအိမ်ကံ တို့ကိုတောင် ခင်ခင် မင်မင် မရှိသလိုပဲ” “မဟုတ်ရပေါင်ကွယ်။ လူတွေက လူရိုး လူကောင်းတွေ ပါ။ ခုဟာက တော်တော် အရေးတကြီး ကိစ္စတွေရှိလို့ပါ အိမ်ကလေးရယ်။ သည်လို အိမ်ကလေးရ၊ အင်္ဂလိပ်က အထက်ပိုင်း မြို့တချို့ကို ပြန်သိမ်းရင်း ၀င်လာနေပြီ။ တို့ရွာတွေ မှာတော့ သိပ်ပြီး မလှုပ်သေးပေမယ့် မြို့တွေမှာ ရုန်းရုန်းရင်းရင်း ဖြစ်နေ ကြတယ်။ သည်ရက်ထဲမှာပဲ မိတ္ထီလာ လေတပ်ကို အင်္ဂလိပ်က ပြန်သိမ်းလိုက်ပြီ။ တိုက်ပွဲတွေလည်း ဖြစ်နေတယ်” “မိတ္ထီလာမှာ တိုက်ပွဲတွေ ဖြစ်နေသာနဲ့ သည်လူတွေက မအိမ်ကံတို့အိမ် ရောက်နေကြသာနဲ့ ဆိုင်လို့လား အစ်ကို။ အစ်ကို့ စကားတွေ မအိမ်ကံ နားမလည် ပါဘူး” ကိုပြေသိမ်းက စကားကို ရပ်လိုက်သည်။ သည့်ထက်လည်း ပိုပြောလို့ မကောင်းနိုင်တော့ဆိုသည့် သဘောလည်း ပါပါ လိမ့်မည်။ ပြောစရာရှိလို့ ပြောပြန်တော့လည်း နားလည်နိုင်စရာ မရှိလို့ ယူဆတာလည်း ဖြစ်နိုင်ပါ၏။ စကားတွေ ကျွံမိသွားခဲ့ပြီ ဆိုတာမျိုးလည်း ဖြစ်နိုင်သည်။ ကိုပြေသိမ်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးကလေးကို ငုံ့နမ်းသည်။ ကလေးက တစ်ချက် လွန့်သွားရာက ပြန်လည် အိပ်ပျော် သွားပြန်ပါ၏။ ကိုပြေသိမ်းက အိပ်ရာထဲ လှဲလိုက်ပြီးမှ စကားတစ်ခွန်းကို လေးလေးကြီး ပြောလေသည်။ “သူတို့က တိုင်းပြည် အတွက် အသက်လှူထားကြပြီ အိမ်ကလေး။ တိုင်းပြည်အရေးထက် ဘာကိုမှ သူတို့ထည့် မတွက်ကြဘူး ဆိုတဲ့ လူတွေပဲ။ မြင်းခြံသား ကိုဝေဠုက အစ်ကို့ ကျောင်းနေဖက် သူငယ်ချင်း။ ကျန်တဲ့ လူတွေက အစ်ကိုတို့ အိမ်ကို အစည်းအဝေး လာတက်ကြတာ။ အစ်ကိုလည်း သူတို့ကို အခုမှ တွေ့ဖူးတာပဲ” “အခု သူတို့ စကားတွေ ပြောကြတုန်းလား” “မဟုတ်ဘူး အိမ်ကလေး ပြန်ကြပြီ။ အစ်ကို ကြက်တငို အိုးပေါက်ဘက်က လှည်းလေးစီး မိုးလင်းခါနီး အရောက် ထင်းတွေတင်ပြီး လာခဲ့ဖို့ ကြိုမှာထားတာ ရောက်လာကြလို့ တစ်စီး တစ်ယောက် စီးပြီး ပြန်ကြလေရဲ့”

191


မအိမ်ကံ မျက်လုံးတွေသာ မှိတ်ထားရတော့သည်။ နားလည်ဖို့ပင် ခက်ခဲလှချည့်လား။ ထိုညက ကိုပြေသိမ်း အိပ်မပျော်သလို မအိမ်ကံလည်း အိပ်မပျော်ခဲ့။ ကိုပြေသိမ်း ဘာတွေ လုပ်နေတာလဲ။ ဘာအစည်းအဝေး များပါလိမ့်။ သေချာတာ တစ်ခုကတော့ နိုင်ငံရေးက လွဲ၍ အခြားမဖြစ်နိုင်။ မအိမ်ကံ ဘ၀ တစ်လျှောက်လုံး အိမ်မှာ နိုင်ငံအရေးတွေသာ ထပ်ကာထပ်ကာ ကြားနေခဲ့ရသည်။ အဖေ့ လက်ထက်မှာရော၊ အစ်ကိုရော၊ ကိုပြေသိမ်းပါ ဘာကြောင့် သည်လောက် စိတ်ဇောတွေ သန်ခဲ့ကြတာပါလိမ့်။ မအိမ်ကံတို့ နိုင်ငံဟာ ဘယ်တော့များမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိလာမှာပါလိမ့်။ သည်လိုပဲ အင်္ဂလိပ်က အုပ်စိုးလိုက်၊ ဂျပန်က တက်လာလိုက်နဲ့ လုံးလိုက်နေမှဖြင့် မအိမ်ကံတို့ မိန်းမသားများ အဖို့ အဖေရယ်၊ အစ်ကိုရယ်၊ လင်သားရယ်လို့ ဒိုးတူပေါင်ဖက် ဘယ်တော့မှ အတူ နေရမှာပါလိမ့်။ မအိမ်ကံ တွေးနေခဲ့မိသည်။ သည်ဘက်လတွေထဲမှာပဲ ကျေးဇူးရှင်ဖခင်ကြီး တိမ်းပါး ခဲ့ရသည်။ အဖေ သေတာတောင် ပြန်မလာနိုင်သည့် သားဖြစ်သူ နိုင်ငံရေး သမားကြီးကို အဖေ့ခမျာ တွေ့ချင်ခဲ့ ရှာလိမ့်မည်။ အခုတော့ အိမ်မှာ ယောက်ျားသားရယ်လို့ ကိုဖိုးငွေတို့ သားအဖ တစ်တွေ ရှိသည် မှန်သော်လည်း ကိုပြေသိမ်းက လူရင်းဖြစ်ရမည့်အစား သူကိုယ်တိုင်က မရှိတာ များနေတာကို မအိမ်ကံ သဘောမတွေ့တာ ကြာပြီ။ မအိမ်ကံ နှုတ်က မပြောသာတော့လည်း မပြောခဲ့။ သို့သော် ဇနီးမယား တစ်ယောက် အနေဖြင့် သိစရာ ရှိတာ သိချင်သည်။ ကြားစရာရှိတာ ကြားချင်သည်။ တစ်ခါတလေ အင်္ဂလိပ် စာအုပ်ကြီးတွေ ပါလာတတ်သည် ဖြစ်၍ နေကုန်နေခန်း ထမင်းမစားတမ်း သည်းကြီးအူပြတ် မက်ရေစက် ရေဖတ် နေတာတွေလည်း ရှိသည်။ လင်နှင့် မယား ဆိုပေသိ အသိတွေကွာသည်။ ပညာရည် ကွာသည်။ တွေးပုံခေါ်ပုံတွေ ကွာသည်။ ကိုပြေသိမ်းလို မြို့သား၊ ပညာတတ်၊ နိုင်ငံရေးသမား တစ်ယောက်နှင့် ညားမိတာ တောသူမ အိမ်ကံအဖို့ သိမ်ငယ်မိတာ လိုလို၊ နာကြည်း မိတာလိုလို ခံစားရတာလည်း အမှန်ပင်။

ကိုပြေသိမ်းခမျာ ကျီးတို့ကြား နားမိသည့် ဟင်္သာပမာ အသွင်ခြား၊ အမြင်ခြား၊ အဆင်ခြားရတာကိုလည်း မအိမ်ကံ နားလည်ပါ၏။ သည်တော့လည်း သမီးကလေး တပွေ့ပွေ့လုပ်ရင်း လယ်ကော ရေမရသလို နေခဲ့တာနှင့် ပြီးရတော့သည်။ သည်အဖြစ်အပျက်ကို သတိရ မိတော့လည်း သြော် သူကတော့ သူ့အလုပ်သူ ကြိုကြိုတင်တင် လုပ်နှင့်တာပါလားလို့သာ ခံစားမိရပါ၏။ ဖိုးကူးကို မေးတော့လည်း သိသလောက်သာ ဖြေနိုင်သည်။ မယားစင်စစ် ဖြစ်ပါလျက် ဘာမှ သိခွင့်မရတော့မှ ဖိုးကူးက သူ့ထက် ဘာမှ ပိုမသိနိုင်တာကိုလည်း စိတ်မဆိုးချင်တော့။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ သမီးအဖြစ်ကို ယူကျုံးမရ ဖြစ်ရသည်က လွဲ၍ အခြား ဘာမှမပြောကြပါ။ “ဟံသာဝတီနဲ့ ဘုရင့်နောင် ယောင်လို့တောင် ခွဲမရသလိုပါအေ။ နိုင်ငံရေးနဲ့ ညည်းလင်က ယောင်လို့တောင် ခွဲမရမှတော့ ပြောရသာ ခက်သားအေရဲ့။ မောင်မြတ်သာ ကြည့်ပါလား။ မယားကလေး အသစ် စက်စက် ထားရစ်ခဲ့သာကြည့်။ စိမ်းမြဘက်က နာလို့ပြောသာ မဟုတ်ပါဘူး။ ဖအေသေသာရော ညည်းအစ်ကို အလောင်းတောင် မပိုက်လိုက်ရဘူး မဟုတ်လား။ မအေသေရင် ဖျာနဲ့ အုပ်ထားဆိုသာ မျိုးတွေဟဲ့။ ညည်း ယောက်ျားလည်း သည်အစားထဲက ဥစ္စာ” မလှအုံကတော့ ကရုဏာဒေါသော ပြောရှာပါ၏။ အမေ ပန်းရုံကတော့ ချိုသည်လည်း မပြော၊ ခါးသည်လည်း မဆို။ ကိုပြေသိမ်းကိုလည်း အပြစ်မမြင်။ ဇနီးမယားကို မညှာလေခြင်း၊ ပလူမွေးပလူတောင် အခါလည် သမီးကလေးမျက်နှာကိုမှ မထောက်လေခြင်းရယ် လို့လည်း မရှိ။ လင်သားဆုံးတာ တစ်လရှိသေး၊ သမက်က တစ်ပူရယ်လို့လည်း ရင်ထုမနာ မဖြစ် ရှာပါ။ သို့သော် စိတ်လက်တော့ ချမ်းသာပုံ မရရှာ။ “မအိမ်ကံကတော့ သူ့စာထဲက အတိုင်း မနက်ဖြန်ပဲ ကိုပြေသိမ်း အတွက် အမျှဝေလိုက် တော့မယ် အမေ။ သူ ပြန်လာတော့လည်းလာပေါ့။ မလာတော့လည်း ဘယ်တတ်နိုင်မှာလဲ။ မအိမ်ကံ မမျှော်ချင်ဘူး။ တိုင်းပြည် အတွက် သွားတယ်ဆိုမှတော့ မအိမ်ကံ သူ့ကို အပြစ်လည်း မတင်ချင်ပါဘူး။ ဒါပေမယ့် မအိမ်ကံကို ဖွင့်တိုင်ပင်ရင်လည်း မအိမ်ကံက

192


လိုက်တောင် ပို့မယ့် မိန်းမပါတော်” မအိမ်ကံကတော့ ဒါပဲ ပြောခဲ့သည်။ ဖိုးကူး ပြောသလောက် ဆိုလျှင် မအိမ်ကံတို့ အိမ်မှာ တစ်ခါက လာစုကြဖူးသော လူလေးယောက်လည်း ပါပုံရသည်။ ကျေးဥကတော့ မအိမ်ကံ စိတ်မချမ်းသာမှန်း သိ၍ ကလေးကို တာဝန်ယူထား ရှာသည်။ သည်လိုနှင့်ပင် တပေါင်းမှသည် တန်ခူး။ တန်ခူးမှသည် ကဆုန်၊ နယုန်၊ ပထမ၀ါဆို၊ ဒုတိယ ၀ါဆို၊ ၀ါခေါင်၊ တော်သလင်း။ သက္ကရာဇ် ၁၃၀၇ ခုနှစ် နှစ်ဆန်းမှသည် မငြိမ်မသက် ဖြစ်လာခဲ့သော တိုင်းပြည်အရေးက မအိမ်ကံတို့ ရွာကလေးကို အတော်ပင် ရိုက်ခတ်ခဲ့သည်။ ကျော်ဒင်နှင့် ဂျပန်များ ရွာတွေကို မကြာခဏ ၀င်သောင်းကျန်း ကြသည်။ ဂျပန်တော်လှန်ရေး လုပ်သည်ဟု စွပ်စွဲကာ ကြည်တော်ကုန်း တစ်ရွာလုံး မီးတိုက်ပစ် လိုက်ကြသည်။ မအိမ်ကံတို့ အိမ်ကို လာ၍ ကျောင်းဆရာ ဘယ်မှာလဲ ဆိုသည့် မေးခွန်းကို အကြိမ်ကြိမ် မေးခဲ့ကြသည်။ သည်လိုဆိုတော့လည်း ကိုပြေသိမ်း ရွာကထွက်သွားတာ အန္တရာယ် ကင်းကြောင်း မအိမ်ကံ ရိပ်စားမိလာခဲ့သည်။ သိပ်မကြာလိုက်ပါ မြို့ပေါ်တွေမှာ စစ်ကြီးဖြစ်နေပြီ ဆိုသည့် သတင်းနှင့်အတူ ပွဲစားကြီးတို့ မိသားစု မအိမ်ကံတို့ဆီ လာရောက် ပုန်းခိုခဲ့ကြသည်။ စစ်ပြေးတွေကို ဓားပြဆီးတိုက် သူတွေက မရှား။ မအိမ်ကံတို့ရွာလည်း မလွတ်။ မအိမ်ကံတို့ အိမ်ဆိုလျှင် သုံးကြိမ် တိတိ ဓားပြ၀င်ခဲ့သည်။ မအိမ်ကံကတော့ အသက်ထက် ဘာမှအရေး မကြီးသည်မို့ ထုတ်ပေးတန် သလောက် ထုတ်ပေးခဲ့ရပါ၏။ လူတွေ ဒုက္ခမရောက်တာပဲ တော်လှပြီ။ ကျော်ဒင် တစ်ယောက် ရွာက ပျောက်ချင်းမလှ ပျောက်သွားခဲ့ပြီး သေပြီ ဆိုသည့် သတင်း ထွက်လာခဲ့သည်။ ဆရာလေး ကိုတောက်ထိန် တစ်ယောက် ရွာတွေဘက်ကို စည်မတီး၊ ဗျောမခေါက် ရောက်လာခဲ့ပြီး ဂျပန်တွေကို ရရာ လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့ ဆော်သြလာသည်။ ပြောက်ကျား တပ်ဖွဲ့တွေ ဖွဲ့ပေးသည်။ မြင်းခြံမြို့ကနေ ပြိုဆင်း ကျလာသော ဂျပန်တွေကို မအိမ်ကံတို့နယ်မှ တစ်ယောက်မှ အရှင်မထား စတမ်း သုတ်သင်ခဲ့ကြသည်။ စစ်သတင်းတွေနှင့် အတူ တစ်နယ်လုံး ပွက်လောကြီး ရိုက်ခဲ့ကြရပါ၏။ “ဆရာကိုပြေသိမ်းကို ရှမ်းပြည်ဘက် တာဝန်ပေးထားတာ မအိမ်ကံ။ သည်ဘက်နယ်မှာ သူ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ ရမှာ မဟုတ်လို့ ဆရာကြီး ဦးဘခင်က တာဝန်ခွဲ ပေးလိုက်တာပဲ။ သူက ကျွန်တော့်လိုပဲ စည်းရုံးရေးမှူး တစ်ယောက်ပါ။ ဗိုလ်ကြီးမြတ်သာကတော့ ရန်ကုန်တိုင်းမှာ ဗိုလ်မှူးကြီးဇေယျရဲ့ စစ်ကြောင်းကနေ တိုက်ပွဲ ၀င်နေပါတယ်။ ကျွန်တော်တို့ တိုင်းပြည်လွတ်လပ်တော့မှာပါ မအိမ်ကံ” ဆရာလေး ကိုတောက်ထိန်၏ သတင်းစကားက လွဲ၍ မအိမ်ကံထံသို့ စာတိုကလေး တစ်စောင်မျှ ရောက်မလာနိုင်ခဲ့ပါ။ မမစိမ်းမြ ခမျာလည်း မအိမ်ကံနည်းတူ ပန်းသပြေ ညောင်ရေလောင်းလို့ ဆုတောင်း နေကြရုံကလွဲလို့ သမီး ယောက်မ ဘာမျှမတတ်နိုင်ခဲ့။ ကမ္ဘာစစ်ကြီးအတွင်းမှာ ဇောင်ချမ်းကုန်းလို ရွာသိမ် ရွာမွှားကလေးထဲက မအိမ်ကံတို့ အရေးက အစက်အပြောက်မျှပင် အရာမထင်ခဲ့ပါ။ အခုတော့လည်း အစစအရာရာ ငြိမ်သက်လို့ သွားခဲ့ပြီ ထင်ပါ၏။ ပွဲစားကြီးတို့ ပွဲကတော်ကြီးတို့ မိသားစုလည်း မြို့ကိုပြန်သွားခဲ့ကြပြီ။ ပွဲကတော်ကြီးက သားနှင့် ချွေးမကို အလုပ်တွေ လွှဲအပ်တော့မည့် အကြောင်းနှင့် မအိမ်ကံကိုပါ အလုပ်တွေ ဆက်ပေးသွားခဲ့ပါ၏။ မအိမ်ကံ၏ ရက်ကန်းရုံကြီးလည်း ပြန်လည် အသက်ဝင် လာခဲ့ရပြီ။ လက်ရက်ကန်းထည်တွေ ပြတ်လပ်သွားခဲ့သဖြင့် အားချင်း ရက်လုပ်ကြရမည်။ တစ်ရွာလုံး အလုပ်တွေ လှိုင်ကြ ရလေပြီ။ အရီးကြာညွန့်သည်လည်း ရက်ကန်းခေါင်း ဖြစ်ရပြန်ကာ မိန်းကလေး သုံးဆယ်လောက်ကို တွင်တွင်ကြီး ခိုင်းနေရပါ၏။ ပွဲကတော်ကြီး၏ သားကိုယ်တိုင် ဇောင်ချမ်းကုန်းကို လာရောက် မှာကြားရသည်မှ စ၍ မအိမ်ကံ ကိုယ်တိုင်ပင် ထဘီကို တိုတိုပါအောင် ၀တ်ကာ အထည်ဆန်းတွေ ရက်ခဲ့ရသည်။ ဂျပန်အပြေး အင်္ဂလိပ်အ၀င် အစစအရာရာ ရှားပါးသမျှ တစ်စ တစ်စ ပြန်မြင်လာခဲ့ရပြီ ဆိုသော်လည်း ကျေးရွာတွေမှာတော့ ထူးပြီး ပြောင်းလဲခြင်း မရှိ။ အစားဆင်းရဲ၊ အနေဆင်းရဲ၊ အ၀တ် ဆင်းရဲဘ၀က ရုန်းထ နေရချိန်ဖြစ်၍ အစစ အရာရာ လူလုံးမလှ နိုင်ကြသေးဘဲ ရှိခဲ့ပါ၏။ တစ်နှစ်ခွဲ သမီးကလေး မအိမ်မြိုင် ကိုတော့ ကျေးဥကိုပဲ ထိန်းခိုင်း ထားရသည်။ ကျေးဥမှာလည်း မပို့မပါးကြီးနှင့် ဆိုတော့ တစ်ဖက်တစ်လမ်းက ၀င်ငွေရအောင် မအိမ်ကံကပဲ စောင့်ရှောက်သည်။ “ကျေးဥ ညည်း မအိမ်မြိုင်ကိုပဲ ထိန်း။ ငါ့သမီးကလေးကို ပိုးမွေးသလို မွေးစမ်းပါအေ။ ညည်းတို့မိသားစု ငါက တာဝန်ယူသယ်။

193


ညည်း ၀မ်းဝအောင်၊ ခါးလှအောင် ငါဆင်မယ်၊ ငါကျွေးမယ်” မအိမ်ကံ စကားကြောင့်ရယ် မဟုတ်ပါ။ ကျေးဥကလည်း မအိမ်ကံကို သံယောဇဉ် ကြီးပါသည်။ ငယ်စဉ် တောင်ကျေးကတည်းက အတူအိပ် အတူနေ မအိမ်ကံတို့ ကျေးဇူးတွေကလည်း သူတို့ မိသားစုအပေါ် ကြီးလှသလို လင့်ဘက်က နွယ်တော့ ဆွေမျိုးပင်တော်ခဲ့ကြပြီ မဟုတ်လား။ မအိမ်ကံက အလုပ်နှင့် သမီးတစ်လှည့်စီ ကြည့်ရင်း နေ့ရက်တွေကို ကုန်လွန်စေခဲ့သည်။ ကိုပြေသိမ်းကို တစ်ခါတစ်ရံ လွမ်းဆွတ် သတိရမိသည် မှန်သော်လည်း နာစရာနှင့် ဖြေခဲ့ သည်။ ထွက်သွားပြီ ဆိုကတည်းက မအိမ်ကံ အမျှဝေခဲ့ပြီးပြီ။ သို့သော် တစ်ဘက်က ကြည့်ပြန်တော့ သမီးကလေး အတွက် အဖမဲ့သည့် အဖြစ်ကို မအိမ်ကံ မခံစားနိုင်။ သမီး အတွက် မအိမ်ကံ မျှော်လင့် နေရပါသော ဖက်စိမ်းကွမ်းတောင်ကိုင် ဖြစ်ဖို့ မိစုံဖစုံရှိဖို့ အရေးကြီးသည် မဟုတ်လား။ သည်အကြောင်း တွေးမိလျှင် မအိမ်ကံ ဆောက်တည်ရာ မရ ဖြစ်ရပါတော့သည်။ တစ်ရက်တော့ မအိမ်ကံ ကိုယ်တိုင်သွားမှ ဖြစ်မှာမို့ မြင်းခြံကို ခရီးတစ်ခေါက် ရောက်ခဲ့ရပါ၏။ ကိုယ်ဝန်ရင့်စ ပြုနေသော ကျေးဥကို မခေါ်တော့ဘဲ ဖိုးတုတ်နှင့် ဖိုးကူး ညီအစ်ကိုနှင့် ထပြေးခဲ့ရခြင်း ဖြစ်၏။ တိုင်းရေးပြည်ရေး ခြေခင်း လက်ခင်းကလေး သာသလိုလို ဆိုတော့ အကူးအသန်း ရှိနေ ကြပြီ။ ပွဲကတော်ကြီးက အလုပ်ကိစ္စတွေပြီးလို့ မအိမ်ကံ လှည်းပြန်ထွက်ခါနီးမှ စကားတစ်ခွန်း ပြောခဲ့ပါ၏။ “တူတော်မောင် မောင်ဝေဠုတော့ တစ်နေ့က ပြန်ရောက်လာပြီ မအိမ်ကံ။ မောင်ပြေသိမ်းလည်း ရောက်လာတော့မှာပါ။ ဒေါ်ဒေါ် မေးကြည့်တော့ သူတို့ချင်းက သွားတုန်းကတော့ အတူတူဆိုလား။ တော်လှန်ရေးမှာ လူချင်း ကွဲသွားကြတယ် တဲ့။ မောင်ပြေသိမ်း အကြောင်း ဘာကြားသေးသလဲ မအိမ်ကံ” “မအိမ်ကံ အမျှဝေပြီးပြီ ဒေါ်ဒေါ်။ ကိုင်း သွားပြီနော်” ဆောင့်ခနဲ ထွက်လာသည့် လှည်းနောက်မှာ မအိမ်ကံ စကားတွေ ကျန်ရစ်ခဲ့သည်။ ပွဲကတော်ကြီးက အလွန်အားနာ သွားဟန်ဖြင့် ပွဲရုံထိပ်မှာပဲ မိုးတိုးမတ်တတ် ကျန်ရစ်ခဲ့ရှာပါ၏။ ဖိုးကူးက နားစွန်နားဖျား ကြားလိုက်သည် ဖြစ်၍ မအိမ်ကံ အရိပ်အကဲကို ကြည့်ကာ တစ်စုံတစ်ရာ မေးဖို့ ပါးစပ်ပြင်ထား ခဲ့သည်။ ကိုဝေဠု ပြန်ရောက်ပြီတဲ့။ ဆရာလေး ကိုပြေသိမ်း ကကော ဘာကိစ္စ ပြန်မရောက် သေးတာပါလိမ့်။ သူ့အပေါ် ကောင်းရှာသော သူ့ဆရာ ကိုပြေသိမ်းကို သတိရသည်။ လွမ်းလည်း လွမ်းသည်။ မအိမ်ကံက လှည်းရံတိုင်ကို ကျောမှီရင်း အဝေးကို ငေးလျက် ပါလာခဲ့သည်။ ဖိုးကူးက အရဲစွန့်ကာ မေးသည်။ “မမကံ...” “ဖိုးကူး ဇောင်ချမ်းကုန်း အထိ နင့်ပါးစပ် ပိတ်ထားစမ်း။ နင် အသံထွက်ရင် နွားကန်စာ မိမယ်မှတ်” “ဟုတ်... ဟုတ်...” တကယ်လည်း ဇောင်ချမ်းကုန်း ရောက်သည် အထိ ဖိုးကူးမှာ နွားကိုပင် ရဲရဲ မငေါက်ဝံ့။ မမကံကို ငယ်ကြောက် မဟုတ်လား။ မအိမ်ကံကလည်း မျက်နှာထား တင်းထားခဲ့ ပါ၏။ တစ်ရက်မှာတော့ မြင်းခြံသား ကိုဝေဠု ဇောင်ချမ်းကုန်းကို ရောက်လာခဲ့သည်။ သူနှင့်အတူ အသားညိုညို မျက်လုံး မျက်ဖန် ကောင်းကောင်း ကိုဘဆန်း ဆိုသူလည်း ပါလာခဲ့ပါ၏။ သည်နှစ်ယောက်က စစ်မထွက်ခင် တစ်ခေါက် ရောက်လာ ကြပြီး စစ်ပြီးတော့ တစ်ခေါက်လာ နှုတ်ဆက်ကြသလိုပင်။ ကိုမင်းရာ ဆိုသူနှင့် ကိုဖူးခေါင် ဆိုသူ နှစ်ယောက်တော့ ပါမလာ။ မအိမ်ကံက ပွဲကတော်ကြီး၏ တူတော်သူ ဆိုတော့ ထွက်တွေ့ ဧည့်ခံရပါသည်။ ကိုပြေသိမ်းနှင့် သူတို့လေးဦးသား ငြင်းကြခုံကြ၊ အော်ကြဟစ်ကြတာကိုပင် သတိရမိ သေးတော့သည်။ အမေပန်းရုံနှင့် မလှအုံတို့က ဧည့်သည်တွေကို နေရာချထား ပေးထားနှင့်ကြပြီ။ မလှအုံက ကိုပြေသိမ်း၏ ဇာတ်သိမ်း မကောင်းပုံကို လာပြောကြသည် ထင်၍ မျက်နှာ မကောင်း။ ထွက်သွားကြတာ ငါးယောက်။ ပြန်ပေါ်လာတာက နှစ်ယောက်တည်း မဟုတ်လား။

194


မအိမ်ကံကတော့ မျက်နှာကို ချီချီပင့်ထားရင်း ကြုံသမျှ ကျသမျှ ရင်စည်းခံမည့်ပုံ။ ဒါကိုပဲ မလှအုံ အံ့သြရပါ၏။ မအိမ်ကံကို အမေပန်းရုံ စိုးရိမ်သလို မလှအုံကလည်း တစ်လျှောက်လုံး စိုးရိမ်ခဲ့ရသည်။ တစ်ဘ၀မှာ တစ်ချစ်၊ တစ်ချစ်မှာ တစ်ကြင်ဖော် ဆိုသူ မဟုတ်လား။ သို့သော် ကိုပြေသိမ်း ထွက်သွားသည့် နေ့က မျက်ရည်ကျခဲ့တာက လွဲလို့ နောက်ပိုင်း ၀မ်းနည်းရိပ် မရှိ။ မေးတာမြန်းတာကိုလည်း ကြိုက်ပုံမပေါ်။ “ငါ့သမီးကလေး မအိမ်ကံခမျာ ခံလိုက်ရရင် အချီကြီး ဆိုသလို ပါပဲလား လှအုံရယ်။ အပျိုဘ၀ အနှစ်နှစ်ဆယ် လုံးလုံး သူဖြစ်ချင်သာ မဖြစ်ခဲ့ရဘူး။ အိမ်ထောင်ပြုတော့လည်း သားနဲ့ မယား ဒုတ်ဒုတ်ထိ ထားသွားရက်သဲ့ သူငယ်နဲ့မှ အကြောင်းပါ ရလေသယ်။ သူ ရင်စီးခံနိုင်ပေမယ့် ငါဖြင့်အေ လင်သူကြီးမင်း သေသာ ဖြေနိုင်ခဲ့ပါရဲ့။ မအိမ်ကံ အတွက် မဖြေနိုင်ဘူး။ ဒါပေသိလို့ တိုက်လှေနဲ့ ရက်ကန်းလွန်း ဘ၀ချင်း မညီသာကိုပဲ ယိုးမယ်ဖွဲ့ရသယ်။ တစ်နေ့ သည်လို ရှိမယ်လို့တော့ ထင်သားပဲဟယ်” ဒေါ်ပန်းရုံက မလှအုံကို ပြောခဲ့ဖူးသည့် စကားများပင်။ မလှအုံက သူတကာ စစ်ထွက်သူတွေ ပြန်လာကြတာတွေ ကြားထားသူ ဆိုတော့ ကိုပြေသိမ်းကိုလည်း မျှော်ခဲ့ပါ၏။ သို့သော် ရောက်မလာတော့လည်း ဘ၀ ကံကုန်ခဲ့ကြပြီ ထင်ပါရဲ့လို့ အဆုံး တွေးထားခဲ့သည်။ အခုပဲကြည့်လေ။ အတူသွားကြသည့် အထဲက နှစ်ယောက်သာ ရောက်လာကြတာ မဟုတ်လား။ ကိုဝေဠုကပဲ စကားစခံသည်။ မအိမ်ကံက ခါးကလေး တောင့်ရင်း သမီးကလေးကိုသာ ငေးနေခဲ့သည်။ တစ်နှစ်ခွဲ သမီး မအိမ်မြိုင်က ကြမ်းပေါ်မှာ တော့တီးတော့တာ ကစားနေသည်။ အနားတွေ့သမျှ ပါးစပ်ထဲ ကောက်ထည့် နေသဖြင့် ကျေးဥက နှိုက်နှိုက် ထုတ်နေတာကို ကြည့်နေခြင်း ဖြစ်၏။ “ကိုပြေသိမ်းနဲ့ ကျွန်တော်တို့ သွားတုန်းကတော့ အတူတူ ပါပဲ။ ကျွန်တော်တို့ အားလုံး ပခုက္ကူဘက်ကို ဖြတ်ထွက် ကြတာပါ။ ပခုက္ကူကမှ တာဝန်ခွဲကြတော့ ကျွန်တော်နဲ့ ကိုဘဆန်းက ပြည်မြို့ဘက် ပါသွားကြတယ်။ ကိုပြေသိမ်းက မန္တလေး၊ ကိုဖူးခေါင်က သရက်ဘက်၊ နောက် ကိုမင်းရာက တောင်တွင်းကြီးဘက်၊ ကိုဖူးခေါင်နဲ့ ကိုမင်းရာတို့ကတော့ တိုက်ပွဲမှာ ကျခဲ့ကြပြီ။ ကိုပြေသိမ်းကတော့ ကျတယ် ဆိုတဲ့ သတင်းမရတာ အမှန်ပါ။ ပြန်မလာ သေးတာကိုလည်း ကျွန်တော်တို့ နားမလည်နိုင်ဘဲ ဖြစ်နေပါတယ် ဒေါ်ဒေါ်” ကိုဝေဠုက အမေပန်းရုံကိုသာ ကြည့်ပြီး ပြောနေသည်။ ကိုဘဆန်းက တစ်ခွန်းမှ မပြောဘဲ ငြိမ်နေသည်။ မျက်ခုံး ထူကြီးတွေကို ကုပ်ထားကာ စားပွဲပေါ်က ဒန်မီးခတ်ကိုသာ စိုက်ကြည့် နေပါ၏။ အမေပန်းရုံက သမီးကလေး ရှိနေတော့ ဘာပြောရမှန်း မသိ။ မအိမ်ကံသာ အနားမှာ မရှိလျှင် ပွင့်ပွင့် လင်းလင်း မေးလိုက်ချင်သည်။ သတင်းဆိုး၊ သတင်းကောင်း အကြောင်း မဟုတ်ဘဲ ပျောက်နေသည့် ဆံစု အထားမှားသလား၊ ကြွက်ချီသလား သိချင်နေခဲ့သည်။ သည်သူငယ်တွေကတော့ မဟုတ်တာ ပြောကြပုံ မရှိ။ သူတို့ သိသလောက် ပြောနေတာ မှန်းလည်း သိပါ၏။ မလှအုံကပဲ စကား စပြောသည်။ “ငါ့တူများကို အရီးတို့က အပြစ်မတင်ပေါင်ကွယ်။ တို့တောနယ်က လူငယ်တွေတောင် ကိုယ့်စိတ်နဲ့ကိုယ် ဂျပန် တိုက်ဖို့ လိုက်သွားကြသာ ကြားနေရသာပါ။ မောင်ပြေသိမ်းလို လူက ဘယ်မှာ ကျန်ရစ်နေပါ့မလဲ။ မိုးမရိပ်ခင်က ဆီခဲချင်နေ သဲ့လူ သိသားပဲ။ ဒါပေသိ ထမနဲလား၊ ယာဂုလား ကွဲချင်ကြ သာပါ” မလှအုံကလည်း သည့်ထက်ပို အရိပ်မပြနိုင်။ ကိုဘဆန်း ဆိုသူက အသာလှုပ်လာပါ၏။ “ကိုပြေသိမ်းက မန္တလေးကနေ ရပ်***ဘက်၊ ရွာငံဘက် ပါသွားသလိုလိုတော့ သတင်းသန့်သန့် ကြားရပါတယ်။ တိုင်းတွေ ခွဲလိုက်တော့ ဆန်စင်ရာ ကျည်ပွေ့ လိုက်ရတာကိုး။ ကျွန်တော်တော့...” မအိမ်ကံက သက်ပြင်းကလေးချကာ ကိုဘဆန်းကို လှမ်းကြည့် လိုက်သည်။ ကိုဘဆန်းက စကားဆက် မပြော ပြန်တော့ မျက်နှာလွှဲရ ပြန်သည်။ ကျေးဥက ကလေးကို ကောက်ချီကာ အပြင်ကို ထွက်သွားသည်။ ရက်ကန်းရုံ ဘက်ဆီက

195


ရက်ကန်းခြူကုံးသံတွေ ချွင်ချွင်ဖျောက်ဖျောက် ကြားနေရ၏။ စကားဝိုင်းက ခြောက်ကပ် လှသည်။ ပြောသူတွေမှာလည်း စကားမရှိ။ မေးချင်သူတွေမှာလည်း စကားမရှိ။ မအိမ်ကံ စကားတစ်ခွန်း ၀င်ပြောခဲ့သည်။ “မအိမ်ကံကတော့ ကိုပြေသိမ်း ထွက်သွားသဲ့နေ့ ကတည်းက မေတ္တာပို့သယ်။ ကိုယ့်လင်သား ဆိုတော့ စိတ်လည်း ရောက်သယ်။ သမီးကလေး အိပ်နေသာ မြင်ရရင် ပိုတောင် သတိရမိပါရဲ့ ရှင်တို့ရယ်။ ညကြီးသန်းခေါင်တောင် ချိုးချိုး ချောက်ချောက် အသံကြားရင် ကိုပြေသိမ်း ပြန်လာ သာများလားလို့ ထကြည့်မိသယ်။ ဒါပေသိ သူထွက်သွား ကတည်းက မအိမ်ကံ နေတတ်အောင် နေခဲ့သယ်။ ဘယ်သူက မေးမေး အမျှ ဝေထားပြီးပြီလို့ပဲ ပြောသယ်။ တိုင်းပြည် အတွက် တစ်နေရာရာမှာ သူကျတယ် ဆိုရင်လည်း မအိမ်ကံ ဖြေနိုင်ပါရဲ့။ ကျွန်မလင်သား အဖြစ်သူ ကျဆုံးသွားတယ် ဆိုရင်လည်း ကျွန်မ ဖြေနိုင်အောင် ဖြေမယ့် သူပါ။ ကျွန်မ သမီးကလေး အတွက်တော့ ဖအေ ဖြစ်သူမဲ့ သွားသဲ့ အဖြစ်ကို ကျွန်မ ရင်မဆိုင်ရဲဘူး။ ကျွန်မလေ ကျွန်မ...” ပြောရင်းက စကားတွေ တစ်ဆို့ သွားပြီး တစ်ချိန်လုံး တင်းဆယ် ထားသမျှ မျက်ရည်တာရိုး ကျိုးပေါက်သွားတော့သည်။ ထိုင်နေကြသူတွေ အားလုံး မအိမ်ကံကို ၀ိုင်းကြည့် နေခဲ့ကြသည်။ မအိမ်ကံ ဘာတွေ ပြောချင်တာလဲ။ မအိမ်ကံက စကားကို ဆက်ပြောသည်။ “စစ်ဆိုသာကြီး ဖြစ်လာမှတော့ လင်သေ သားဆုံး ဒုက္ခတွေ များကြရောပေါ့ရှင်။ သည်အဖြစ်ထဲ မအိမ်ကံ ပါနေရင် တော့လည်း အရင်းလည်း ထမ်း၊ အဖျားလည်းထမ်း ထမ်းရုံ ရှိတော့သာပေါ့။ မအိမ်ကံ ခံဝံ့သဲ့ သတ္တိရှိပါသယ်တော်” ကိုဘဆန်းကတော့ ဒန်မီးခတ်ကိုပဲ စူးစူး စိုက်စိုက် ကြည့်နေလေသည်။ ကိုဝေဠုက မျက်လွှာကို ချထားသည်။ အမေပန်းရုံနှင့် မလှအုံက မအိမ်ကံ မျက်ရည်ကျတာကို ကြည့်ပြီး အင်္ကျီလက်မောင်းဖြင့် ကိုယ့်မျက်ရည် ကိုယ်တို့ ကြသည်။ စကားဝိုင်းက တစ်ဖန်ငြိမ်သက် သွားပြန်ပါ၏။ မအိမ်ကံ စိတ်တွေကတော့ စကားဝိုင်းမှာ မရှိ။ ရှေးဖြစ် နောက်ကြောင်းတွေကိုသာ စိတ်ရောက် နေခဲ့သည်။ တစ်သက်လုံး ရွှေလိုဥကာ နေလာခဲ့ပြီးမှ ကွမ်းတောင်ကိုင် မဖြစ်ခဲ့ရသော သူမဘ၀ ပုံရိပ်ဟောင်းများ...။ သူတကာတွေ ပြန်လာကြပြီ ကိုပြေသိမ်းရေ...၊ တော် ဘယ်မှာလဲ...။ ထိုနေ့က မအိမ်ကံတို့ အိမ်ဝိုင်းထဲမှာ ခတ္တာပန်းတွေ၊ လေးကျွန်းစကြာပန်းတွေ ဖွေးဖွေး လှုပ်လှုပ် ဖူးပွင့်နေကြသည်။ ပုန်းညက်ပင်အိုကြီးကလည်း ပုလဲခိုင်ပန်းတွေ တွဲရရွဲစီနေဆဲ။ အိမ်ထောင့်က ယင်းမာပင်ကြီးကလည်း အဖူးအခိုင်တွေ ထိုးထွက်နေကြသည်။ ပန်းတွေ ပွင့်နေတာမြင်တော့ အပျိုဘ၀ကို မအိမ်ကံ သတိရမိပါ၏။ ငယ်ကတည်းက ပန်းအလွန် ကြိုက်ခဲ့သော မအိမ်ကံသည် မနက်မိုးလင်းသည်နှင့် သနပ်ခါးပန်းမန် တဝေေ၀ဖြင့် လှချင်ရက် စက်စက် ယိုခဲ့သည်။ တစ်နယ်လုံးက မအိမ်ကံ၏ အလှကို ရင်သပ် ရှုမောရှိခဲ့ ကြသည်။ အခုတော့လည်း အပျိုလို မနေမိလို့ ကိုယ်ရိတယ် လေး ဆိုသလိုဖြစ်ခဲ့ရသည်။ အလှအပထက် ဘ၀ကို ဦးစား ပေးခဲ့ရပြီ။ အခါပျက် အတွင်းက ဓားပြသုံးကြိမ် အတိုက် ခံခဲ့ရသည်။ စစ်ဖြစ်နေသည့် အတွင်း လုပ်ငန်းတွေ ရပ်ဆိုင်းခဲ့ရသည်။ ပြန်လည် ထူမတ်နိုင်ဖို့ အတော် အားယူခဲ့ရပါ၏။ ကျောက်ထည် ကလေးတွေကို သမီးကလေး မအိမ်မြိုင် အတွက် နတ်ကိုးကြတ်သလို သိမ်းဆည်း ထားခဲ့ပြီး ရွှေထည်အချို့ ရောင်းချခဲ့သည်။ မအိမ်ကံမှာ မိသားစုအတွက် သာမက ကိုဖိုးငွေ၊ မလှအုံတို့ တစ်ပြုံကြီးနှင့် အရီးကြာညွန့်၊ ကျေးဥတို့တစ်တွေ အတွက်ပါ တာဝန်ယူခဲ့ရသည်။ စစ်အတွင်းက မိဘနှစ်ပါး ဆုံးပါး သွားရှာသော ယောက်မဖြစ်သူ မမစိမ်းမြတို့ ညီအစ်မ၏ စားဝတ်နေရေးကလည်း မအိမ်ကံ ခေါင်းပေါ် ပုံကျလာခဲ့သည်။ တစ်ချိန်က ပေးခဲ့ကမ်းခဲ့ ရှိခဲ့ရသော ဆွေဆွေမျိုးမျိုးတွေကလည်း လက်ဖြန့်ခံ လာတော့လည်း မျှတပေးကမ်း ရပြန်သည်။ ဥစ္စာပစ္စည်း အတွက် အလို လောဘ မရှိလှသော်လည်း တာဝန်တွေက မအိမ်ကံအပေါ် အလိုလို ပိကျ လာခဲ့ပါ၏။ ရှေ့က ဦးဆောင်မည့်သူ မရှိသော်လည်း မအိမ်ကံအတွက် နောက်လိုက် ကောင်းတွေ ရှိနေတာကိုပဲ ၀မ်းသာရသည်။ မအိမ်ကံမှာ

196


ရှေ့ဆုံးက လမ်းဖောက် ရသော ပုရွက်ဆိတ်လိုပင် နောက်က တသီတတန်းကြီး ကပ်ပါနေကြပါ၏။ ပထမဆုံး

ရက်ကန်းရုံ

ကလေးကို

ဖြစ်ဖြစ်မြောက်မြောက်

ထူထောင်

ရသည်။

ကုန်ကြမ်းတွေ

ဝယ်လှောင်ပြီး

ရက်ကန်းသားတွေကို ငွေကြို ပေးထား လိုက်သည်။ အရီးကြာညွန့်နှင့် အတူ မအိမ်ကံ ကိုယ်တိုင် လုံ့လ ၀ီရိယ စိုက်ခဲ့သည်။ သမီးကလေးကိုပင် ကျေးဥလက်ထဲ ထိုးအပ် ထားရတော့သည်။ မလှအုံခမျာလည်း အသက်အရွယ် ကြီးလာသည့်တိုင် အိုး သူကြီးရာထူးက မဆင်းရသေး။ အမေပန်းရုံကတော့ လင့်ဝတ္တရားတွေ ကင်းပြီမို့ အေးအေး သက်သာစွာ စိပ်ပုတီးကလေး တချောက်ချောက် စိတ်လျက်ရှိပါ၏။ “+++ တို့အိမ်တောင်က ချဉ်ပေါင်ခင်း+++ ယုန်ဖို ယုန်မ ဆင်းပါ လို့လေး +++ ဟဲ့ +++ ကရို့ +++ ယုန် +++ ကရို့ +++ ယုန် +++ သည်မယ်မွေးသဲ့ ခွေးကြန်စုံ +++ ဇိအထက်ကဇက်ကိုငုံ +++ ရွှေယုန်ထွန့်ထွန့်လူးပါလို့လေး +++” ကျေးဥ တစ်ယောက် သမီး မအိမ်မြိုင်ကို မြှူနေသော သီချင်းကြောင့် မအိမ်ကံ ပြုံးမိရသည်။ သမီးကလည်း ကျေးဥ လုပ်ပြတာကို ကြည့်ရင်း ခိုးခိုးခစ်ခစ် ရယ်လေသည်။ သမီးကလေးကို လှမ်းကြည့်ရင်း နမ်းချင်စိတ် ပေါ်မိသဖြင့် ရက်ကန်းရုံထဲက မအိမ်ကံ ပြေးထွက်လာခဲ့သည်။ “မအိမ်ကံ...” ၀ိုင်းဝဆီက မအိမ်ကံကို ခေါ်သံ ကြားလိုက်ရသည်။ မအိမ်ကံ လှမ်းကြည့်လိုက်တော့ ရိုးရိုးရိပ်ရိပ်။ အသံက မိန်းမသံ။ ရွာထဲက တစ်ယောက်ယောက် ထင်ပါရဲ့။ မအိမ်ကံ ၀ိုင်းဝကို လျှောက်သွားပြီး တံခါးတစ်ချပ် လှပ်လိုက်သည်။ မအိမ်ကံ မမျှော်လင့်သော၊ ဘယ်သော အခါမှ မတွေ့ချင် မဆုံချင်သော မိန်းမ တစ်ယောက်။ စောစောက ကြည်နူးခဲ့ရသော စိတ်ကလေးပင် နောက်ကျိ သွားခဲ့သည်။ ၀ိုင်းပေါက်ဝမှာ ရပ်နေသူသည် မအိမ်ကံ အိမ်ရှေ့ကို ရောက်လာ လိမ့်မည်ဟု ထင်မထားခဲ့သူပင်။ လက်တစ်ဖက်က ကလေးကို ဆွဲထားရင်း မအိမ်ကံကို ပြုံးပြနေသည်။ မအိမ်ကံကတော့ ပြန်မပြုံး ဖြစ်ခဲ့။ နှုတ်တော့ ဆက်လိုက်သည်။ “အလို... ရွှေမှုံ ဘယ့်နှယ် မလာစဖူး” မအိမ်ကံ၏ အသံက အလိုမကျခြင်းဖြင့် တုန်ရီနေလေသည်။ အရီးလှအုံဆီလာသာ မအိမ်ကံ။ သမီးက နေ့နေ့ညည ခဏခဏ အဖျားတက်လို့ ကြည့်ခိုင်းလို့ လာသာ။ နေကောင်းကြလား။ ငါဖြင့်

စိတ်သာရောက်သယ်

လူမရောက်နိုင်ပါဘူး

သူငယ်ချင်းမရယ်

ရွှေမှုံက

စကားပြောရင်း

ဝိုင်းထဲဝင်လာတော့

မအိမ်ကံလည်း လိုက်လာခဲ့သည်။ ရွှေမှုံ နည်းနည်းလေးတော့ ပိန်သွားသည်။ အပျိုတုန်းက ကိုယ်သားကိုယ်ရေလည်း မရှိတော့။ သားသည် မအေကလည်း ဖြစ်ပြန်၊ စိတ်ထောင်းကိုယ်ကျေလည်း ရှိပုံရသည်။ ရွှေမှုံသမီးကလေးကို ငဲ့ကြည့်ပြန်တော့ မှင်တင်တင်။ ကလေးက မလန်းသလိုလို နွမ်းလှသည်။ မျက်လုံး မျက်ဖန်တော့ ရွှေမှုံနှင့် အတူသား။ “သည်လိုပါပဲ ရွှေမှုံရယ်။ ညည်းတို့ အိမ်မှ မဟုတ်ပါဘူး။ ငါလည်း ဘယ်သူ့ အိမ်မှကို မရောက်သာကြာပြီ။ ခေတ်ကာလကလည်း မကောင်းတော့ အိမ်က မခွာဝံ့ဘူး” ရွှေမှုံက သမီးဖြစ်သူ၏ ရောဂါနှင့်ပတ်သက်၍ မလှအုံကို အကျိုးအကြောင်း ပြောပြသည်။ ကလေးက မနက်အိပ်ရာထ တိုင်းလည်း လန်းသည်မရှိ။ နေ့ခင်းနေ့လယ် ကိုယ်ကလေးပူ ချင်တော့လည်း ပူလာသည်။ တစ်ခါတစ်ရံ ညနေဘက်တွင် အပူအားကြီးတတ်ပြန်သည်ဆို၏။ ကလေးဖျား၊ ကလေးနာ ယတြာမန်းနှင့်ပတ်သက်၍ ရွာမှာ မလှအုံက နာမည်ရသည်။ တော်ရုံတန်ရုံအဖျားတော့ မန်းရုံ၊ ယတြာလုပ်ရုံ၊ ဆေးမြီးတို ကလေးသုံးရုံနှင့် ပျောက်နိုင်လို့ ဆေးဆရာဆီ မသွားလေ့ကြ။ အခုလည်း မလှအုံကို လာမန်းခိုင်းခြင်းဖြစ်ကာ ယတြာတောင်း ခြင်းဖြစ်၏။ မလှအုံက ကလေး၏ မျက်တွင်း မျက်ဆံနှိုက်

197


ကြည့်သည်။ ကိုယ်သားကိုယ်ရေ စမ်းကြည့်သည်။ မေး အောက်၊ ချိုင်းအောက် လက်ခုံနှင့် စမ်းသည်။ “နေတက်ဖျား၊ မွန်းတည့်ဖျား၊ သုံးဗဟိုဖျား၊ နွားရိုင်း သွင်းချိန်ဖျား၊ သူငယ်အိပ်ဆိပ်ဖျား၊ ကြက်ဦးတွန်ဖျားရယ်လို့ ရှိသယ် ရွှေမှုံရဲ့။ ညည်းကလေးက နေ့နေ့ညညဖျားသာဆိုတော့ သူငယ်နာများ မစင်ရော့သလားအေ။ ငါ မန်းသယ်ဆိုသာက အဲသလောက် စုံစီနဖာဖျားသာမျိုးတော့ မစွမ်းဘူး။ အဲသာကျ တော့ဆေးဆရာများမှဖြစ်မှာ။ ကိုင်းပါလေ ရန်ကင်းအောင် တော့ မန်းပေးလိုက်ပါ့မယ်။ ညည်းသမီး နာမည်က ဘယ်သူ” “မှုံနံ့သာပါ အရီး” “ကြာသပတေးသမီးပေါ့။ မအေရုပ်ပါကောအေ။ သည် မယ်၊ ငါပြောမယ်။ ကလေး ခြေသည်းလက်သည်းကို ညှပ် ကရော၊ အ၀တ်သန့်သန့်နဲ့ ထုပ်ထား။ ကြာသပတေးသမီးဆို တော့ ပုန်းမဲဇာသားကို ညည်းသမီးအရပ်နဲ့တိုင်းဖြတ်၊ ညအိပ် တော့ ဘေးမှာမြှောင်သိပ်၊ ကြားလား” “ဟုတ်ကဲ့ အရီး” “ခုနင်က ခြေသည်းလက်သည်းထုပ်ထားသဲ့ အ၀တ်ထုပ် ကို ခြေရင်းမှာထား။ ဆန်ကို သုံးထုပ်ထုပ်အေ။ တစ်ထုပ်က ခေါင်းရင်းထား၊ တစ်ထုပ်က ခါးနားမှာထား၊ တစ်ထုပ်က ခြေရင်းမှာထား။ နောက်နေ့မိုးလင်းတော့ ခေါင်းရင်းကအထုပ် ကို ဆွမ်းချက်ပြီးလောင်း၊ ခါးကအထုပ်ကို ဆင်းရဲတဲ့လူပေး လိုက်၊ ခြေရင်းကဆန်ကိုချက်ပြီး ခွေးတို့ ကြောင်တို့ ကျွေး။ လက်သည်းခြေသည်းထုပ်ကို အိမ်အနောက်ဘက်ပစ်လိုက်။ အညံ့ကျေကရော၊ မှတ်မိလား” “မှတ်မိပါတယ် အရီး” မလှအုံက ကလေးခေါင်းကိုကိုင်ကာ မန်းသည်။ မအိမ် ကံကတော့ ရွှေမှုံ့သမီးကလေး မှုံနံ့သာကိုသာ သေသေချာချာ ကြည့်နေခဲ့သည်။ မလှအုံပြောသလို ရွှေမှုံနှင့်တူသလိုလို ရှိ သော်လည်း ကြီးတော်စံရွှေမျက်နှာကျ ပိန်းပိန်းရိုးရိုးရိပ်ရိပ်ပါ သည်။ မျက်တောင်စင်းစင်း၊ မအိုးမအီဆိုတော့ မျက်နှာက မပွင့်ချင်။ သူ့သမီးကို မအိမ်ကံ ကြည့်နေတာမြင်တော့ ရွှေမှုံက မအိမ်ကံ သမီးကို ဖျတ်ခနဲ သတိရသွားပုံပေါ်၏။ ကလေး ကြည့်ပါရစေ ဆိုလေသည်။ “မအိမ်ကံသမီးကို ငါ ကောင်းကောင်း မမြင်ဖူးသေး ပေါင်အေ၊ ပြစမ်းပါဦး။ ကြည့်စမ်းပါရစီ။ ညည်းသမီး ကလေးက ကံကောင်းပါသယ်အေ၊ လက်ပေါတော့ အထိန်းရ သက်သာမှာပေါ့။ ငါဖြင့် ကလေးတစ်ဖက်နဲ့ ဒေါင်ချာစိုင်း လိုက်ပုံ မပြောပါနဲ့တော့။ သည်ကြားမကျန်းမာတော့တအီအီနဲ့” မအိမ်ကံက ကျေးဥကို လှမ်းခေါ်တော့ သမီးနှင့်အတူ ရောက်လာခဲ့သည်။ ရွှေမှုံက မအိမ်မြိုင်ကလေးကို အကဲခတ် သည်။ ပြုံးပြသည်။ ပါးကလေးကိုဖျစ်သည်။ လက်မောင်း နှစ်ဖက်ကကိုင်ရင်း ကလေးကို မ၀စတမ်းကြည့်နေခဲ့ပါ၏။ မအိမ်မြိုင်က အတင်းရုန်းသဖြင့် ကျေးဥက ကပျာကယာ ကောက်ချီရသည်။ ရွှေမှုံက ကျေးဥ ချီပိုးထားတာကိုပင် လိုက်ကြည့်နေသေးသည်။ မအိမ်ကံက ရွှေမှုံ့မှတ်ချက်ကို ကြားချင်နေသည်။ ရွှေမှုံ့မျက်နှာက တဖြည်းဖြည်း ပြုံးလာ ရာက အားရ၀မ်းသာဆို ရှာပါ၏။ “လှလိုက်သာတော် ဖအေတူ မအေတူကလေးပါလား။ နှုတ်ကောင်းတော့ နယ်စိုး၊ ရုပ်ကောင်းတော့ ပြည်စိုး။ ညည်းသမီး ညည်းလိုလာမှာပါပဲ မအိမ်ကံရယ်။ တကယ်ပြောသာ ရက်စက်ပါ့အေ” ညည်းသမီး ညည်းလိုလာမှာတဲ့လား။ ဒါ ဘာကိုပြော တာလဲ။ ညည်းလို ရုပ်ရည်ချောလွန်းလို့ တစ်နယ်လုံးကြား ထင်ပေါ်မယ့် သမီးကလေးလို့ပြောတာလား။ ရုပ်ချောပေမယ့် ကွမ်းတောင်ကိုင်တော့ ဖြစ်မယ်မထင်ပေါင်လို့ဆိုလိုတာလား။ ကိုပြေသိမ်း သတင်းများ မကြားကောင်းမကြားရာ သိထားလို့ များလား။ ညည်းယောက်ျား စစ်မြေပြင်မှာ ကျသွားပြီဆိုမှ တော့

198


ညည်းသမီး ဘယ့်နှယ်လုပ် ကွမ်းတောင်ဖြစ်တော့မှာတုံး မအိမ်ကံရဲ့လို့များ သဘောရောက်ချင်တာလား။ ထင်လျှင် လည်း ခံရရုံပင်။ ကိုပြေသိမ်းနှင့် ပတ်သက်၍ မအိမ်ကံ ဘာကိုမျှ မကြားရတော့ပြီ။ သေပဲသေရော့လား။ ရှင်ပဲရှင် လေသလား။ မအိမ်ကံ ကိုယ်တိုင်ပင်မသိမှတော့ သူစိမ်း ပြောတာခံရုံပင်။ အမေပန်းရုံရောက်လာတော့ ကြီးတော်စံရွှေတို့ မာကြရဲ့လား မေးသည်။ ရွှေမှုံ့သမီးကလေး တရှောင်ရှောင် ဖျားတာကို မေးသည်။ ရွှေမှုံပြန်သွားတော့ အမေပန်းရုံနှင့် မလှအုံတို့ စကားပြောရင်းကျန်ရစ်ခဲ့ကြသည်။ မအိမ်ကံကတော့ ရက်ကန်းရုံဘက် ပြန်ထွက်လာခဲ့သည်။ ရွှေမှုံ ရောက်လာပြန်တော့ ငြိမ်နေသည့်စိတ်က လှုပ်ရပြန် သည်။ မအိမ်ကံကိုယ်တိုင်ပင် အဖေ အမေငယ်လင်ငယ်မယား မဟုတ်လို့ ကွမ်းတောင်မပိုက်ရသည့်အဖြစ်ကြုံခဲ့ရသည်။ မအိမ် ကံမှာ နှလုံးကွဲမတတ် ခံစားခဲ့ရပါ၏။ မိန်းမသားတစ်ယောက် အဖို့ ကွမ်းတောင်ကိုင်ဖြစ်ခဲ့ရသည်ဆိုသည့်ဂုဏ်က မသေးလှ။ ရွှေမှုံကိုပဲကြည့်။ ဘယ်လိုအခြေ၊ ဘယ်လိုဘ၀ရောက်ရောက် တစ်ချိန်က ရွာကဗန်းတင်ခဲ့ရတဲ့ကွမ်းတောင်ကိုင်ပါတော် ဆို သည့် မာန်ကလေးတ၀င့်ဝင့်။ သည်ရွှေမှုံကပဲ သမီးကလေး မွေးသလို မအိမ်ကံကိုယ်တိုင်လည်း သမီးကလေး မွေးပြန်လို့ သမီးတစ်ခေတ်တစ်ပြန်ကြုံကြပြန်ပြီ။ မအိမ်မြိုင်နှင့် မှုံနံ့သာ။ သူတို့နှစ်ဦးထဲကသာ ရွေးကြကြေးဆိုလျှင် ဘယ်သူ ကွမ်းတောင်ကိုင်ရလေမလဲ။ တွေးမိရာက မအိမ်ကံမှာ ရင်ထဲ ဆို့တက်လာခဲ့သည်။

သမီးကလေးအဖို့ရာ

ကွမ်းတောင်ကိုင်ဖြစ်

ဖို့အရေးမှာ

ဖအေပျောက်ကိန်းကြုံရရှာပါပကော။

စဉ်စားကြည့်လေ ရင်နာစရာကောင်းလေ။ ကိုပြေသိမ်း က ရွာပြင်ထွက်ပြီး ချဉ်ပေါင်တစ်တက်၊ ရုံးပတီတစ်တောင့် သွားခူးတာမဟုတ်။ တစ်မြေတခြား ကုန်ရောင်းကုန်ဝယ် သွားတာမျိုးလည်း မဟုတ်။ စစ်မြေပြင်ကို သွားခြင်းဖြစ်သည်။ သွားပါပြီဆိုကတည်းက အသက်တစ်ဝက် ပေးထားနှင့်ပြီး သား။ ကိုယ်မဦးတော့ သူဦး၊ သူမဦးတော့ ကိုယ်ဦး။ ဘယ်သူ သေလို့ ဘယ်သူကြေမှန်းမသိရသည့်အဖြစ်။ သူတကာတွေ ပြန်ရောက်ကြပါလျက် ကိုပြေသိမ်း ပြန်မလာပုံထောက်တော့ မုဆိုးမစင်စစ် ဧကန်ဖြစ်ရပြီထင်ပါရဲ့လို့သာ အောက်မေ့ရတော့ သည်။ မအိမ်ကံအဖို့ရာ မုဆိုးမဖြစ်ရတာကိုလည်း မဥပါဒ်မိ။ အဖမဲ့သမီးမို့ ကွမ်းတောင်ကိုင် လွဲရရှာတော့မည့်သမီး အတွက်တော့ ဒုတိယအကြိမ် ရင်နှင့်အမျှခံစားရပါ၏။ မအိမ်ကံ ဒါကိုပဲ နာလွန်းလှသည်။ မအိမ်မြိုင်ကလေးကို ရွှေမှုံကပင် ချောလှပါပေ့ဆိုခဲ့သည်။ ရွှေမှုံက သူ့သမီးကလေးကို ကိုယ်တိုင်လက်ဆွဲလာသည့် ကြားက မအိမ်မြိုင်ကို အားရပါးရ ချီးကျူးခဲ့တာကိုတော့ မအိမ်ကံ ကျေနပ်နေမိခဲ့သည်။ သမီး မအိမ်မြိုင်က မှုံနံ့သာထက် ပိုချော၊ ပိုလှတာလည်း အမှန်ပင်။ သို့သော် အရွယ်တွေက ငယ်ကြသေးသည်။ သည်ရုပ်သည်ရည်လေးတွေကို အတည် ယူလို့ မရသေးမှန်းတော့ မအိမ်ကံ သိပါ၏။ နောင်ဆယ်နှစ် ကျော်ကျော်ဆိုလျှင်တော့ ခံဆူးလား၊ ဆီးဆူးလား ကွဲကြရော့ မည်။ ရက်ကန်းရုံထဲမှာ အလုပ်တွေ လုပ်နေခဲ့သည့်တိုင် မအိမ်ကံ ရင်မလင်းခဲ့။ ရေကြောင့် နွံဖြစ်ရပြီ။ နွံကြောင့်ပင် ရေနောက်ရ ပြန်ပါပကော။ ကျေးဥက ကလေးကိုချီလာတော့ သမီးကလေးကို မအိမ်ကံ ပွေ့ယူလိုက်သည်။ မအေ့ထက် တောင် ချောလှသူကလေးရယ်။ ညည်းအဖေနဲ့ငါ ရှင်ကွဲလား၊ သေကွဲလား။ ဘယ်လိုပဲကွဲကွဲ ကွဲကြပြီဆိုရင်တော့ လင်စုံ မယားဖက် မဟုတ်လို့ ညည်း ကွမ်းတောင်ကိုင်ဖြစ်စရာ မရှိ တော့ပါလား အေ။ အမေနဲ့ သမီး သည်နေရာမှာတော့ ဘ၀ချင်း မတူပါရစေနဲ့ သမီးရယ်။ သည်တစ်ခါတော့ ဇောင်ချမ်းကုန်း မှာ ညည်း ကွမ်းတောင်ကိုင်ပြစေချင်စမ်းပါဘိ။ မအိမ်ကံ မျက်ရည်ကျတော့ ကျေးဥက ကလေးကိုပြန်ဆွဲ ယူကာ ရက်ကန်းရုံထဲမှ ထွက်လာခဲ့သည်။ အခုတော့ လျှော့ တော့လည်း မိစ္ဆာ၊ သာတော့လည်း ဒိဋ္ဌိ။ ရှိပါစေတော့။ ဖရုံ တစ်ညှာ၊ ဘူးတစ်ညှာဖြစ်လာသမျှအကြောင်း အကောင်း ချည်းလို့သာ မအိမ်ကံ သဘောထားခဲ့လေသည်။ ဖက်ဆစ်ဂျပန်တော်လှန်ရေးကြီးပြီး၍

အုပ်ချုပ်ရေးသစ်

ပြန်လည်စနေပြီဆိုသော်လည်း

ကိုပြေသိမ်း

ပြန်မလာသည့်

အတွက် တစ်စတစ်စ စိတ်ပူပန်လာရသူမှာ အမေပန်းရုံဖြစ် သည်။ သမီးဖြစ်သူ၏ အိမ်ထောင်ရေးကိစ္စတွင် တောသူ တောင်သား မိဘပီပီ ၀င်ရောက်စွက်ဖက်ခြင်းမပြုဘဲ အခြေ အနေကိုသာ အကဲခတ်နေခဲ့သည်။ တစ်နေ့ပြန်လာနိုး၊ တစ်ရက် ပြန်လာနိုး မျှော်ကိုးနေခဲ့မိသည်။ ပြန်မလာတော့တာသေချာ လျှင်လည်း ကုသိုလ်ကောင်းမှုပြုဖို့ရာ တာဝန်ရှိသည်။

199


ဘ၀ကူး ကောင်းရန် ဆွမ်းသပိတ်သွပ်ရမည့် ကိစ္စတွေရှိသည်။ ဘ၀ကံကပေးသမျှ ပေါင်းဖက်ခဲ့ရသည့်သမီးအတွက် ရိုးမြေ ကျ မပေါင်းဖက်ရလေခြင်းဆိုသည့် စိတ်ဒုက္ခကို လူမသိ သူမသိ ကျိတ်ခံစားရခြင်းတွင် ကာယကံရှင် မအိမ်ကံထက် မလျော့ပေ။ ကျီးသာလေတိုင်း ထွက်ကြည့်ရင်း မျှော်ရတာ အမော။ သားသမက်ဆိုသော်လည်း သမီး၏အိမ်သားဆိုတော့ သားရင်းနှင့်မခြား မေတ္တာမျှရသူပင်။ “လှအုံရယ် ငါ့မလည်း တစ်ဒုက္ခပါအေ။ မအိမ်ကံ သူ့အိမ် သားကိုမျှော်သလို ငါ့မလည်း သားမလာလို့မျှော်ရသဲ့မအေလို ၀မ်းခါးလွန်းလှပြီ။ ဘယ်နှယ့်အေ သေလေသလား၊ ရှင်လေ သလားမသိရသဲ့အဖြစ်ကိုက ဆိုးလွန်းလှသယ်။ ဘယ်သူ့ မေးလို့ မေးရမှန်းမသိသဲ့အဖြစ်ပါကော။ ငါတော့ စိတ်တုံးတုံး ချချင်လှပြီ” “ဟုတ်ပါရဲ့ အရီးရယ်။ မောင်ပြေသိမ်းက လူသူတော် ကောင်းပါ။ သားပစ်၊ မယားပစ် ကစုတ်ကညစ်ထဲကမဟုတ် လေတော့ ပိုလို့တောင်စဉ်းစားရကျပ်သယ်။ ရှင်သေးသရွေ့ တစ်တီတူးများ ကမ္ဘာပြိုသယ်ထင်သလို ဇောက်ထိုးပြေးလာ မယ့်လူပါ။ ကျုပ်တော့ ဆိုင်ရာမေးချင်လှသတော်” “အေး ငါလည်း ဒါပဲတွေးနေသာ။ ခက်သာက နတ်က တော်တော်၊ နတ်ကတော်ကယိမ်းလွန်းဆိုသာလို မမှန်မကန်တွေ ကလည်း များသား။ ညည်း ဘယ့်နှယ်စဉ်းစားတုံး လှအုံ” “မသိုင်းခြုံတော့ စိတ်တွေ့သားပဲ။ မောင်မြတ်သာ အတွက်မေးတုန်းက ကြည့်ပါလား၊ ဒက်ထိတိုးတာတော်။ သိုင်းခြုံက နတ်မျိုးရိုး မဟုတ်ပေသိ နတ်ကြီးကောက်မို့ အဟောအပြောမှန်လို့ကို ကျုပ်က သဘောကျသာ” ဖအေဆုံးတာတောင်

ပေါ်မလာသော

မောင်မြတ်သာ

တုန်းကလည်း

နတ်မေးခဲ့ကြသေးသည်။

ပြန်လာလိမ့်မည်ဟု

နတ်ကတော်မသိုင်းခြုံ ဟောသည့်အတိုင်း မောင်မြတ်သာ ရွာကို ပြန်လာခဲ့ပါ၏။ စစ်သားကြီးလုံးလုံး ဖြစ်သွားသော မောင်မြတ်သာကတော့

ရွာမှာ

တအိုးတအောင့်နေထိုင်ပြီး

ဇနီးသည်

မစိမ်းမြကိုပါ

တစ်ပါတည်း

ခေါ်သွားခဲ့သည်။

မောင်မြတ်သာလည်း ပေါ်မလာ အတော်ကြာပါပကော။ “စစ်ကြီးပြီးပါပြီ အမေပန်းရုံ။ အဖေမရှိတော့ပေမယ့် အမေပန်းရုံတို့ သားအမိကိုစောင့်ရှောက်ဖို့ ကျွန်တော့်မှာ တာဝန် ရှိပါတယ်။ တိုင်းပြည်အေးဆေးသွားရင် တပ်ကထွက်ပြီး ရွာမှာပဲ တောအလုပ်လုပ်ရင်း အမေပန်းရုံတို့နဲ့အတူနေတော့ မယ်။ မောင်ပြေသိမ်းလည်း ပြန်လာမှာပါ” မောင်မြတ်သာ အပူငြိမ်းခဲ့သော်လည်း မောင်ပြေသိမ်း အပူက နှစ်ဆတိုးလာခဲ့ပြန်၏။ အမေပန်းရုံတို့ မိန်းမသားများ အဖို့ သားကိုသခင်၊ လင်ကိုဘုရား ကိုးကွယ်တတ်ကြရုံမက လင်နှင့်သားအတွက်ကို ပူရသည့်အပူကလည်း လောင်မြိုက် လွန်းလှပါတကား။ “အေး လှအုံရယ် မသိုင်းခြုံခေါ်စမ်းပါအေ။ မေးစမ်း ကြည့်ရအောင်လား” နတ်ကတော် မသိုင်းခြုံကို မေးကြမည်ဆိုတော့ မအိမ်ကံ က မမေးစေချင်။ အကျော်ကရမက်မှန်လျှင် ပင်ကိုနံ့ထွက်လာ လိမ့်မည်။ နတ်ကတော်ဟောတော့မှ စိတ်ဒုက္ခမပိုချင်တာလည်း ပါပါ၏။ မအိမ်ကံကိုယ်တိုင်က ဗေဒင်မေး၊ နတ်မေးတွေကို ၀ါသနာ မထုံလှသော်လည်း ဘီလူးစည်း နတ်စည်း ကွဲလိုက် ချင်စမ်းမဟဲ့ ဆိုသည့်စိတ်တွေဝင်မိတာလည်း ခဏခဏ။ သို့သော် မအိမ်ကံခမျာ စိတ်သာရှိ၍ ကိုယ်မပါချင်ခဲ့။ ထွက်သွား သည့်လင် မင်မနေချင်တော့။ ဆန်ချေးတာနှင့် အဆဲခံရတာ မမျှဆိုသလို နတ်ကတော်ဖဲ့သမျှ ပဲ့မကျချင်တော့။ “အမေတို့ စိတ်ချမ်းသာမယ်ထင်ရင်တော့ အမေတို့ သဘောပါလေ။ မအိမ်ကံကတော့ ပါးစပ်တစ်ပေါက်၊ နား နှစ်ဖက် နည်းနည်းပြော၊ များများနားထောင်ချင်သာပဲရှိသယ်။ ဟုတ်ရင် မြည်လာပါလိမ့်မယ် အမေရယ်။ မပြောကောင်းမဆို ကောင်း

200


ဘာသတင်းအစမှ မထွက်မှတော့ သူ မရှိလောက် တော့ဘူး ထင်ပါရဲ့” “အမေတို့ကလည်း ချိုင်တော့တစ်ကိုင်း၊ ပြတ်တော့ တစ်ကိုင်း မဖြစ်ချင်သာပါအေ။ ဖြစ်နေသာကတခြား ထင်နေ သာက တလွဲဖြစ်မှာစိုးလို့ ပြောရသာပါ။ ငါ့သား သူတော် ကောင်း နဘယံ ဘေးမရှိပါစေနဲ့တော်” နတ်ကတော် မသိုင်းခြုံရောက်လာခဲ့ပြီ။ အိမ်ကြီးအပေါ် ထပ်မှာ သင်ဖြူးလေးချပ်ခင်းကာ နတ်မေးခဲ့ကြသည်။ အုန်းငှက်ပျော ဘုရားပွဲတစ်ပွဲ၊

ဆိုင်ရာရိုးရာပွဲတစ်ပွဲပြင်ကာ

ဘအိုကြီးနတ်ခေါ်ကြသည့်

အဘမြင်းဖြူရှင်နတ်ကို

ပင့်ဖို့ပြင်

သည်။

မြင်းဖြူရှင်နတ်က မအိမ်ကံတို့ မိဆိုင်ဖဆိုင်နတ် မဟုတ်ပါ။ ရွာတော်ရှင်နတ်သာ ဖြစ်သည်။ မသိုင်းခြုံက ရွာတော်ရှင့်မေးမှ အဟောကောင်းထွက်မည်ဟု ဆိုပါ၏။ မအိမ်ကံတို့နယ်က ရွာတိုင်းမှာ မြင်းဖြူရှင်နတ်ကွန်းထူ၍ ရွာတော်ရှင်အဖြစ် ကိုးကွယ် ကြသည်။ “ထိုးကွင်းမင်ကြောင် ဆေးနီစနှင့် လူယဉ်လှ ပျိုထိပ်တင်၊ မြင်းဖြူကြီးရှင်၊ ရွှေပေါင်းတော်နီလွင်လွင်နှင့် နေ၀င်လျှင် ပေါက္ကံရောက်အောင် မြင်းငေါက်လို့နှင်...” နတ်ကတော်မသိုင်းခြုံ၏အသံက

ပြာအစ်အစ်။

မျက်လုံး

တွေက

ပြူးအစ်အစ်။

အသားမည်းလိုက်တာကလည်း

ကောက်ညှင်းငချိတ်ပေါင်းကမှ ဖြူသေးသည်ဆိုရမလောက် ပင်။ ရွှေချည်တွေပါသော ငါးပိရောင်အင်္ကျီနှင့် အသားအရောင် တို့ကန်လျက်ရှိကြ၏။ မသိုင်းခြုံကိုယ်တိုင်ပင် မြင်းဖြူကြီးစီး ၀င်လာသလို တရွရွဖြစ်လာသည်။ ခေါင်းကိုငဲ့တာ၊ စောင်းတာ ကလည်း မြင်းဖြူကြီးကနေသလို။ အမေပန်းရုံက လက်အုပ်ချီ ကာ မျက်လုံးတွေ မှိတ်ထားလေ၏။ မလှအုံ၊ မအိမ်ကံ၊ ကျေးဥ နှင့် မအိမ်မြိုင်တို့ကလည်း ရို့ရို့ကလေး ထိုင်နေကြရသည်။ “နေလို ၀င်းတဲ့မြင်းဖြူရှင်၊ ခွာလေးဖက်စိန်စီတယ်၊ ဟန် ချီတဲ့နတ်မြင်း၊ ရန်မလုံရင် ခွာစုံနင်းမယ်၊ ဘိုးတော်ရဲ့မြင်း” မသိုင်းခြုံက အဘမြင်းဖြူရှင်လေးပါးစလုံးပင့်လို့ရ ကြောင်းတွေ မွှမ်းနေခဲ့သေး၏။ “ထမင်းဦးပေါင်းခုနစ်စုံ၊

ထန်းလျက်ခုနစ်ခဲ၊

အုန်းခုနစ်

စိတ်၊

မုန့်ဖြူခုနစ်ယှက်၊

မုန့်နီခုနစ်ယှက်၊

ရင်ပေါင်စာငါးမြီးစုံ

ခေါင်းစုံ ခုနစ်ကောင်၊ စီးတော်မြင်းအတွက် လယ်ကညွတ် ခုနစ်စီး အသီးသီးရောက်ပါပြီ။ ကိုင်း ဘုရားရှင်ကန်တော့ ကိုယ့်ရိုးရာမိဆိုင်ဖဆိုင် ကန်တော့။ ပြီးမှ မြင်းဖြူရှင်ဘအိုကြီး ကန်တော့ကြ” မအိမ်ကံတို့ ဘုရားကန်တော့နေကြစဉ်မှာပင် မသိုင်းခြုံက ကိုယ်ကို ယိမ်းစပြုလေ၏။ “ရွာတော်ရှင်တင်မကဘူး။ မြို့စောင့်ရွာစောင့်နတ်တွေ ဖြစ်တဲ့ ကိုးမြို့ရှင်နတ်၊ ရွှေစစ်သည်နတ်၊ ပြည်ကန်တော် မောင်နှမ၊ အောင်စွာမကြီးနတ်။ သမုဒ္ဒဃောသနဲ့ ဥမ္မာဒန္တီတို့ ကိုပါ ထည့်ပင့်လိုက်ရင် မအိမ်ကံ ညည်းလင် ဘယ်ပြေး လွတ်မှာတုံးဟဲ့။ စိန်ရောင်ငယ်လက်လက်၊ နားတောင်းသိင်္ဂီ၊ ကိုးမျက်ကယ်စုံစီ၊ ကြက်သွေးနီကတ္တီပါနဲ့၊ မွှေးစွာကြိုင်ပျံ့၊ ခေါင်းပေါင်းငယ်ကြယ်စီ၊ ပန်းဆိုးနီနဲ့၊ နှင်းဆီသော်မော်၊ မြင်းကျော်သခင်၊ နတ်သွင်တင့်လွန်း...” နတ်ကတော်မသိုင်းခြုံ၏ မျက်နှာမည်းမည်းက မျက်ဖြူ ကြီးလန်ကာ တဆတ်ဆတ် တုန်လျက်ရှိ၏။ ငါးပိရောင်အင်္ကျီ ဘော်ကြယ်ထိုးကိုဝတ်ထားသည့် နတ်ဝင်သည် ပိန်ပါးပါး သည် နတ်လိပ်ပြာဝင်လာသည့်ပမာ မျက်နှာကြီး မဲ့လာခဲ့ သည်။ အမေပန်းရုံကစကာ အိမ်ကြီးပေါ်ရှိလူတွေအားလုံးကို စားတော့ ၀ါးတော့မည့်မျက်နှာနှင့် လိုက်ကြည့်နေခြင်းကပင် ကြောက်စရာကောင်းလှသည်။ မအိမ်မြိုင်ကလေးက စူးစူး ၀ါးဝါးငိုလိုက်သဖြင့် မလှအုံက အခန်းအပြင် ခေါ်သွားခဲ့ရ သည်။ နတ်ကတော် မသိုင်းခြုံက မအိမ်ကံကို စူးစိုက် ကြည့်သည်။ မအိမ်ကံကလည်း မျက်တောင်မခတ်စတမ်း ပြန်ကြည့်နေလေ၏။ အားပြိုင်နေကြသော မျက်လုံးများတွင် အခိုးတွေများ ထွက်နေကြပြီလားထင်ရလေသည်။ “မအိမ်ကံ နင့်လင် မသေဘူးဟဲ့။ သေကံမရောက် သက် မပျောက်ဘူးဟဲ့။ ကိုယ့်မွေးနံကစရေရင် သုံးခုမြောက်သဲ့နံ အရင်းြေ ခာက်ခုမြောက်သဲ့နံအဖျားမှာရောက်နေလို့ ဆင်းရဲနေ ရှာသယ်။ ညည်းလင်က နာမည်ရင်း သက်နှင်း... သီးနဲ့ ဖက် သန်းသား အနောက်တောင်ထောင့်မှာထားရမယ်။ ဘုရားမှာ ရေချမ်း၊ ပန်း၊ ဆီမီး၊ ထီး၊ တံခွန်လှူရမယ်။ ရိပ် ညောင်ပင်ရင်း၊ ဆဒ္ဒန်မင်း၊

201


ထန်ပြင်းမြားစူးရှ၊ သန်းရွေမြ လယ်၊ လွန်တင့်တယ်၊ မင်းကြွယ်ဘုန်းသစ်ထ၊ ကံကောင်းသ ကွဲ့နော။ နင့် လင်ပြန်လာပြီ။ အိမ်တံခါးဝကသာမျှော်တော့။ လာမယ့်မနက် ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မယ်။ ကြားလားဟဲ့ မအိမ်ကံ” “ကြားပါသယ် အဖေကြီး” “သက္ကရာဇ်ကိုတည်၊ အသက်နဲ့စား။ လဂ်ကို ခုနစ်နဲ့ မြှောက်။ ဆယ့်ခုနစ်နဲ့ထပ်စား။ သုည၊ တစ်၊ နှစ်ကြွင်းတော့ ကမ္မယက္ခ၊ သုံး၊ လေး၊ ငါးကြွင်းတော့ ဥပစ္ဆေဒက၊ ခြောက်၊ ခုနစ်၊ ရှစ်ကြွင်းတော့ ဥပပိဠိက၊ ကိုး၊ တစ်ဆယ်၊ ဆယ့်တစ် ကြွင်းတော့ အာယုယက္ခ။ နင့်လင်က ဥပပိဠိကကျသယ်။ မသေဘူး၊ ကြားလားဟဲ့။ ငါ မြင်နေရပြီ လာနေပြီ လာနေပြီ” အမေပန်းရုံက မျက်စိမှိတ်ထားရာက မအိမ်ကံကို လှည့် ပြုံးပြသည်။ သတင်းကောင်းရပြီ မဟုတ်လား။ မအိမ်ကံ ကတော့ ဗေဒင်ပါတွက်ပြနေသည့် နတ်ကတော်မသိုင်းခြုံကို စိုက်ကြည့်နေခဲ့သည်။ ကျေးဥ ထသွားပြီး မကြာခင် မလှအုံပြန် ၀င်လာခဲ့သည်။ မေးချင်တာ လေးငါးခွန်း မေးနေလိုက်သေး သည်။ မအိမ်ကံကတော့ ကိုပြေသိမ်း ပြန်လာတော့မယ်ဆို သည့် နတ်စကားကြားရသော်လည်း မတုန်လှုပ်သလိုရှိနေပါ ၏။ နတ်အဟော မှန်ပါစေလို့တော့ ဆုတောင်းမိသား။ ပြန် လာနေပြီတဲ့။ ဘယ်တော့လဲ။ ဘယ်ကိုရောက်နေပြီလဲ။ ကျီးညိုကြီးတစ်ကောင် ၀င်းဝကသာလိမ့်မတဲ့။ ရွှေကျီးညိုကို ပါ မျှော်ရတော့မှာပါလား။ နတ်ကတော် မသိုင်းခြုံပြန်တော့ အမေပန်းရုံက ဆန် တစ်စိတ်နှင့် ငွေတစ်ဆယ်ပေးလိုက်သည်။ မအိမ်ကံက ရက် ကန်းထည်ထဘီတစ်ကွင်းကိုပါပေးလိုက်ပါ၏။

နတ်

အဟောမှန်တာ၊

မမှန်တာ

နောက်ထား၊

သားသမက်ပြန်လာ

နေပြီဆိုတာကိုပဲ အမေပန်းရုံ ၀မ်းသာနေရှာသည်။ မလှအုံ ကတော့ နတ်ကတော် မသိုင်းခြုံကို ဓာတ်ကျနေသူဆိုတော့ နတ်ကတော် ပေးသွားသော သဲစည်း၊ ခဲစည်း၊ ရေစည်းတွေ ၀ိုင်းဝသွားကြဲသည်။ တစ်ဝိုင်းလုံး အမှိုက်စင်စင်လှည်းသည်။ နတ်ကျသပြေပန်းတွေ ၀ိုင်းဝတိုင်နှစ်ဖက်မှာ နှီးတစ်ပင်စီနှင့် တုပ်သည်။ “ငါ့မောင်ပြန်လာမယ့်ရက် အိုးကြီးတိုက်ချက်လိုက်စမ်း မယ်။ တရော်ခုနစ်ပါးနဲ့ ခေါင်းဆေးခိုင်းရမယ်။ ရွှေကျီးညိုသာ ပါတော့ လှအုံတမော့မော့ပေါ့အေ” မလှအုံ တတွတ်တွတ်ရွတ်သံကြောင့် မအိမ်ကံ ပြုံးရပါ ၏။ စိတ်ထဲက စကားတွေပြောနေမိပြန်သည်။ “ဟုတ်ပါရဲ့၊ ရွှေကျီးညိုသာပါတော့ မအိမ်ကံလည်း တမော့မော့ပါ အစ်ကို” မအိမ်ကံ မျက်ရည်တွေကျရပြန်သည်။ ထိုနေ့က မအိမ်ကံတို့အိမ်ရှေ့က မနော်နွယ်သရက်ပင်ကြီး ထိပ်ဖျားမှာ ကျီးသာနေခဲ့သည်။ တအာအာသာနေသော ကျီးညိုကိုမော့ကြည့်ရင်း မအိမ်ကံရင်ထဲ လှိုက်ဖိုနေမိပါ၏။ မအိမ်ကံတို့အိမ်မှာ ကျီးသာတာ မဆန်းသလို ဧည့်သည်က လည်း တစ်ယောက်မဟုတ် တစ်ယောက်လာမြဲပင်။ သို့သော် မအိမ်ကံ မျှော်မောရသူကတော့ ပေါ်မလာခဲ့ပါ။ ကျီးညို ကလေးကိုမော့ကြည့်ရင်း မအိမ်ကံ မျက်ရည်တွေ ၀ဲလာမိ သည်။ သမီးကလေးက ဆပ်သွားဖူးရုံကြီးနားမှာ ပြေးလွှား ဆော့ကစားနေပါ၏။ ဖိုးကူးက ပြောင်းရိုးတွေစဉ်းရင်း သီချင်း ကလေးတအေးအေးဖြင့်။ ကျေးဥမှာ ကိုယ်ဝန်အရင့်အမာကြီး နှင့်မို့ ရက်ကန်းရုံမ၀င်နိုင်တော့ မအိမ်ကံမှာ မနက်စောစော ကတည်းက ရက်ထည်တွေနှင့် အလုပ်များနေခဲ့သည်။ ဖိုးကူးက သီချင်းညည်းရာက ၀င်ပေါက်ဆီလှမ်းကြည့် ရင်း ပဲညှစ်နေသောကျေးဥကို ရှူးခနဲအသံပေးသည်။ မေးထိုး ပြသည်။ ကျေးဥက ၀ိုင်းတံခါးဝဆီလှမ်းကြည့်သည်။ လူတစ်ယောက်...။ ပဲဇလုံကိုတွန်းဖယ်လိုက်ပြီး

ဝင်းတံခါးဘက်

ကျေးဥ

တလှုပ်လှုပ်

လျှောက်သွားလိုက်သည်။

တံခါးမင်းတုပ်ထဲလျှို

ထားသောဝါးလုံးကို လက်တစ်ဖက်ဖြင့်ဆွဲပြီး တစ်ချပ်လှပ် လိုက်သည်။ ကျေးဥမှာ ရင်တွေပန်းတွေပင်တုန်သွားမိရပါ၏။

202


“အလိုတော် ဆရာလေး၊ ဆရာလေး မသေဘူးပေါ့” မုတ်ဆိတ်တွေရင့်ထော်နေသည့်ကြားက ကိုပြေသိမ်း၏ အပြုံးက ခါတိုင်းလိုပင်။ အေးမြချိုရှလျက်။ အသားတွေ ကတော့ မည်းညစ်နေလေသည်။ ကုတ်အင်္ကျီကလည်း ဇောင် ချမ်းကုန်းနှင့် ရွာတွေကိုကူးနေတတ်သောအရူးစက်ဖေကြီး၏ အင်္ကျီကမှ ပြောင်ပြောင်စင်စင် ရှိလိမ့်ဦးမည်။ ကျေးဥဆီပြေး လာသော သမီးကလေး မအိမ်မြိုင်ကိုပြူးကြည့်ရင်း အံ့သြနေ လေသည်။ မအိမ်မြိုင်ကို စွေ့ခနဲ ကောက်ချီလိုက်တော့ ကလေးက ကျေးဥကိုလက်လှမ်းရင်း စူးစူးဝါးဝါး ငိုလေတော့ သည်။ ငိုကာမှငိုရော ကိုပြေသိမ်းက သမီးကို နမ်းရင်း အိမ်မ ကြီးဘက် ဆက်လျှောက်လာခဲ့သည်။ ဖိုးကူးက မြက်စဉ်းနေ ရာက လှမ်းကြည့်ရင်း ၀ုန်းခနဲထပြေးလာတော့၏။ “ဆရာလေး၊ ဆရာလေး သေပြီပြောလို့ဗျာ ကျုပ်ဖြင့် ညတိုင်းငိုရသာ။ မမကံရေ မမကံ၊ ဗျိုး မမကံ” ဖိုးကူးက ကျုံးအော်ရင်း ရက်ကန်းရုံဘက်ပြေးလာသည်။ မအိမ်ကံရော ရက်ကန်းရုံသားတွေပါ အထိတ်တလန့်အော်ရင်း ပြေးလာသော ဖိုးကူးကိုမြင်တော့ အထိတ်တလန့်ဖြင့် ရက်ကန်းရုံအပြင်ဘက် ထွက်လာခဲ့ကြသည်။ အမေပန်းရုံရော မလှအုံပါ မနေသာကြတော့ဘဲ ထွက်ကြည့်ကြသည်။ “မမကံ ဆရာလေးရယ်ပြန်လာပြီ။ မမကံတို့ပဲသေပြီဆိုဗျ” “အစ်ကို...” မအိမ်ကံက ကိုပြေသိမ်းကို ပြေးကြိုရင်းက မှင်တက်ကြီး မိနေသည်။ တစ်ရွာလုံးက သေလူအဖြစ်ထားခဲ့သော ကိုပြေသိမ်းကို ၀ိုင်းတိုက်ထဲမှာ အရှင်လတ်လတ် တွေ့ကြရ သည့်အတွက် အံ့သြကြသည်။ ၀မ်းသာကြသည်။ ကိုပြေသိမ်းကို ၀ိုင်းလိုက်ကြပြီး တစ်ယောက်တစ်ပေါက် နှုတ်ဆက်ကြသည်။ အမေပန်းရုံနှင့် မလှအုံတို့ကတော့ အီခနဲ ငိုချလိုက်ကြပြီး ပြေးလာရှာကြပါ၏။ ကိုပြေသိမ်းချီထားသော သမီးကလေး မအိမ်မြိုင်ကလည်း တက်မတတ် ချက်မတတ် ငိုတုန်းရှိသေးသည်။ အရီးကြာညွန့်ပါ ငိုပြန်တော့ ရက်ကန်း သမတွေကလည်း ဒီးတိုက်ကာ ငိုကြလေသည်။ ကျေးဥက လည်းငို၊ ဖိုးကူးကလည်းငို။ တော်ပါသေးရဲ့ ကိုဖိုးငွေနှင့် ဖိုးတုတ်တို့ တောထဲသွားကြလို့။ ကျေးဥက ကိုပြေသိမ်း လက်ထဲက ကလေးကို လှမ်းယူလိုက်သည်။ မိန်းမအုပ်ကြီးက ကိုပြေသိမ်းကိုဝိုင်းကြရင်း အိမ်မကြီးဘက်ခေါ်ခဲ့ကြသည်။ “အစ်ကို့ကို အမျှတောင်ဝေထားပြီးပါပြီတော်။ မောင်မင်း ကြီးသား ပန်းမကိုင်ဘဲကြွလာပါသကော” ကိုပြေသိမ်း ရေးပေးခဲ့သောစာထဲက စကားလုံးကို မအိမ် ကံ တမင်ထည့်ပြောလိုက်ခြင်းဖြစ်သည်။ ကိုပြေသိမ်းက အိမ် ထဲရောက်လျှင်ရောက်ချင်း အမေပန်းရုံကို ထိုင်ကန်တော့သည်။ အမေပန်းရုံက ငိုတုန်း။ မလှအုံကတော့ အသံအကျယ်ဆုံး။ “ထနောင်းတိုင်နဲ့ ဇောင်ချမ်းကုန်း အပြန်အလှန်ကူသယ် ခေါက်သယ်လာမေးကြ၊ သွားမေးကြပါတော်။ ဟိုက မအေ မိဘများကလည်း ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ သည်က မအေမိဘများကလည်း ဆွမ်းချက်ရမလိုလို၊ သပိတ်သွပ်ရမလို လို၊ မင်းနှယ်ကွယ်။ ထမင်းစားရင်း ငရုတ်သီးဆင်းခူးသာ အောက်ပြည်အောက်ရွာ ခုနစ်နှစ်ကြာဆိုသာမျိုးပါကော” “ကျွန်တော် ရှမ်းနယ်ထဲ ရောက်နေလို့ပါ အစ်မရယ်။ နောက်တော့ ပြောပြပါမယ်” ရက်ကန်းသမတွေ ရက်ကန်းရုံဘက် ပြန်သွားကြတော့ အိမ်ထဲမှာ မိသားစုတွေသာ ကျန်ခဲ့သည်။ ၀ိုင်းအပြင်မှာလည်း ရွာသူရွာသားတွေက ကျွက်စီကျွက်စီ။ ကိုပြေသိမ်းတပည့်တွေ ကလည်း သတင်းကြားနှင့် ပြေးလာခဲ့ကြသည်။ ကိုပြေသိမ်း ကို သတင်းပလင်း မေးချင်ကြလို့ တပြူပြူရှိနေကြပါ၏။ ကိုပြေသိမ်းက လူလုံးထွက်ပြရပြန်ပြီး ညဘက်မှလာကြဖို့

203


တောင်းပန်ရသည်။ ဖိုးကူးက ကိုပြေသိမ်း ထိုင်နေသည့် ကုလားထိုင်ခြေရင်းနား ထိုင်ချပြီး သူ့ဆရာကို ခြေသလုံး ကလေးတွေ နှိပ်ပေးနေရှာ၏။ မလှအုံက နို့ပူပူတစ်ခွက်ကို မတ်ခွက်ကြီးနှင့် အပြည့်ထည့်လာကာ ကိုပြေသိမ်းရှေ့လာချ တော့ အငမ်းမရသောက်သည်။ အမေပန်းရုံမှာ သမက်ဖြစ် သူကို အခုထိ စကား မပြောနိုင်သေး။ သမီးမအိမ်ကံ ငယ်ငယ် ရွယ်ရွယ်နှင့် မုဆိုးမ ဖြစ်ရရှာပြီဟု ခံစားနေရသည့်ဝေဒနာက အခုတော့လည်း ၀မ်းသာလုံးဆို့ကာ ဘာစကားမှထွက်မလာ။ မလှအုံကတော့ သူကြိမ်းဝါးထားသည့်အတိုင်း အိုးကြီးတိုက် ချက်ဖို့ ဟင်းစား အရှာထွက်သွားတော့သည်။ မအိမ်ကံကတော့ ဆံပင်တွေကုပ်ထောက်နေသော မုတ်ဆိတ်မွေး ဗရပွေနှင့်လင်သားကို ကြည့်ရင်း သနားနေမိ သည်။ သည်လိုမြင်ရပြန်တော့လည်း အကျိတ်အခဲကလေး တွေ ကျေရပြန်ပါ၏။ ခုနစ်လလောက် စုပ်စုပ်ကန်း ပျောက်နေသည့် လင်သားတစ်ယောက်

မမျှော်လင့်ဘဲပြန်

ရောက်လာတာကို

အိပ်မက်များမက်နေလေသလားလို့

ထင်မိ

သည်။

ရန်ပဲတွေ့ရမလား၊ ရင်ခွင်ထဲ ခေါင်းထိုးပြီး ငိုချ လိုက်ရမလား မသိတတ်နိုင်တော့ပါ။ “သမီး” ကိုပြေသိမ်းက မအိမ်မြိုင်ကို လှမ်းခေါ်တော့ သမီးက မအေကို ပြေးတွယ်သည်။ ရင်ခွင်ထဲ တိုးဝင်လာသောသမီး ကလေးကို ငုံ့ကြည့်ရင်း သည်အခါကျမှ မျက်ရည်ထွေထွေ ကျလေ၏။ “အိမ်ကလေး အစ်ကို့ကို စိတ်ခုနေသလားဟင်” “စိတ်တော့ မခုပါဘူး အစ်ကို။ သေကံမရောက် သက် မပျောက် မအိမ်ကံဆီ ဆိုက်ဆိုက်ကြီး ရောက်လာတာကိုပဲ ၀မ်းသာလှပါပြီ။ စားဝတ်နေရေးမပူပင်ရပေမယ့် ခေတ်ပျက် ကြီးထဲမှာ မအိမ်ကံ အတော်ကလေး တောင့်ထားရသယ်။ သည်ကြားထဲ လင်သားဆိုသူက သေသလား ရှင်သလားမသိရ တဲ့အဖြစ်ကတော့ ဆိုးလွန်းလှသယ်။ ညည်းယောက်ျားက ရေမျောကမ်းတင်မဟုတ်ပေသိ လုပ်သွားတဲ့အလုပ်က ရေစုန် ဒိုက်မျောအလုပ်မျိုးလို့ မပြောကြရုံဘဲရှိသာ မအိမ်ကံ သိသား ပဲ။ အရှိန်အ၀ါကြီးလွန်းလို့သာ မပြောဝံ့ကြသာပါ။ မအိမ်ကံမှာ နေရသာ မလုံခြုံခဲ့ပါဘူး အစ်ကို” မအိမ်ကံ မျက်နှာညှိုးညှိုးငယ်ငယ်နှင့် သည်လိုပြောတော့ လည်း ကိုပြေသိမ်း မလှုပ်သာ။ မအိမ်ကံကလည်း သည့်ထက် တော့ ပိုမပြောပါ။ ပြောလို့လည်း မကောင်းမှန်းသိတာပါသလို ပြန်ရောက်လာမှတော့ မင်္ဂလာရှိသည့်စကားပဲ ပြောချင်တာပါ ပါ၏။

ကိုပြေသိမ်းခမျာလည်း

ပင်ပန်းနွမ်းနယ်လှပုံ

ပေါ်နေ

သည်။

အသားတွေကလည်း

မည်းညစ်သွားလိုက်တာ။

ထင်းလှည်းတိုက်သည့် ကိုဘသာရုပ် ပေါက်နေပြီ။ ကိုဘသာ ကို ကြည့်လိုက်လျှင် အသားတမည်းမည်း၊ ချွေးတစိုစို၊ ကျီးကန်းပါးစပ်နာ တစ်ဖက်တစ်ချက်နှင့် သွားရေတယိုယို ဆိုတော့ ရွာကလူပုံမဟန်လျှင် ဘသာကြီးကျလို့လို့ ပုံခိုင်း တတ်ကြသည်။ ကိုပြေသိမ်းကတော့ နဂိုရုပ်ရည်သန့်သူဆိုတော့ ညစ်တီး ညစ်ပေမဟုတ်ပေသိလို့၊ အသားတွေက နေလောင်တာများ သလို ကြေးပြားမီးဖုတ်ရောင် ပေါက်နေခဲ့သည်။ ဆံပင်တွေက ဘယ်က ဘယ်လို ညှပ်လာတာလဲမသိ။ စက်ကပ်ကြေးနှင့် ဖြစ်ကတတ်ဆန်းထိုးထားပုံမျိုး။ လူကလည်း ပိန်ကျသွားလိုက် တာ ၀ါးခြမ်းပြားသာသာပင်။ မျက်တွင်းချောင်ကြီးနှင့် ခြေ တစ်ဖက်က ဆာချင်ချင်ဖြစ်နေသေးသည်။ ရင်ဘတ်နှင့်ကျောကုန်းမှာ ဘယ်သောင်ဆိုက်လို့

အညိုအမည်းကွက်တွေက

ဘယ်

ကမ်းရောက်ခဲ့သည်

ဆေးရွက်ကြီးတွေ မသိရသော်လည်း

အချပ်

လိုက်ကပ်ထားတာနှင့်တူသည်။

တွင်းဆုံးကျလွန်းတာ

ကိုတော့

မအိမ်ကံ

မချိတင်ကဲရှိခဲ့သည်။ မလှအုံကပင် ကိုပြေသိမ်း ရောက်လာသည့်နေ့က မကောင်းသောအတိတ်၊ မကောင်းသောနိမိတ်တွေ အညံ့ပြေစေရန် ဖက်ကတော့ သက်စေ့ပြုကာ ပန်းသက်စေ့ထည့်၊ ရေချမ်းအိုးနံစေ့လှူပေး သည်။ မလှအုံကလည်း ကိုပြေသိမ်းကိုကြည့်ကာ စိတ်မသက် မသာ ရှိရှာသည်။

204


အမေပန်းရုံကတော့ မပြောနှင့်တော့။ “ဆန်မရှိတဲ့မောင်းဆုံ ကျည်ပွေ့စိုက်ရင် ခိုက်တတ်သယ်။ လူကြီးမိဘ၊ လင်သား၊ မိုး၊ မြေ၊ ရေ၊ နေကို စကားတင်းဆို လျှင် ခိုက်တတ်သယ်။ ရေလဲခေါင်းပေါင်းအင်္ကျီလက်ခွံစုပ် ချုပ်မ၀တ်ကောင်းဘူး၊ ခိုက်တတ်သယ်။ ညည်းယောက်ျားကို အပြစ်ရှိဦးတော့ စကားတင်းမဆိုနဲ့၊ ကြားလား မအိမ်ကံ။ ကောင်းသော စကားကိုပြော။ ညည်းကို မခိုက်စေနဲ့” မလှအုံက

မအိမ်ကံကို

ကျိတ်ဆုံးမသည်။

မအိမ်ကံက

လည်း

စကားကောင်းကိုသာ

ပြောပါ၏။

လင်နှင့်တင်၍

စကားတင်းဆိုဖို့ရာတော့ ဝေးရော။ သို့သော် ကိုပြေသိမ်း ဘာတွေဖြစ်ခဲ့တာလဲဆိုတာတော့ မအိမ်ကံ သိချင်သည်။ ခက်တာက ကိုပြေသိမ်းကလည်း ဘာမှမပြော။ ခမျာ မပြော ချင်ရှာသေးလို့ ထင်ပါရဲ့လေလို့သာ မှတ်ယူရတော့သည်။ ညဘက်မှာတော့ အောက်လင်းဓာတ်မီးပင် ထွန်းရ လေပြီ။ ရွာကျောင်းဆရာလည်းဖြစ်ပြန်၊ ရပ်ရွာကလည်း ချစ်ခင်သူ၊ လေးစားအားကိုးသူဆိုတော့

ဆရာလေးကိုပြေသိမ်း

ကို

သတင်းလာမေးကြသူတွေ

များလှပါ၏။

ဂျပန်တော်လှန်

ရေးတွင်ပါခဲ့ကြသူ ရပ်သူရွာသားအချို့ ပါလာကြသည်။ အချို့သူတွေကတော့ ရွာကိုပြန်မလာနိုင်ကြတော့ပြီ။ တော်လှန် ရေးတွင်

ကျဆုံးခဲ့ကြသူတို့၏

သပိတ်မြေဆွမ်းသွပ်ပွဲတွေ

ဟိုတစ်နေရာ၊

သည်တစ်နေရာရှိခဲ့တာကိုလည်း

မအိမ်ကံ

သတိရမိသည်။ မအိမ်ကံ ကိုယ်တိုင်ရောက်အောင် သွားမေးခဲ့ သေးသည်။ ငိုကြယိုကြတာကိုကြည့်ရင်း သြော် သူတို့ကမှ စိတ်ဖြောင့် ကိုယ်ဖြောင့် လွတ်လွတ်လပ်လပ် ငိုနိုင်ကြသေးရဲ့ လို့ အောက်မေ့ခဲ့သည်။ အခုတော့လည်း ကိုယ့်ရှေ့ ငုတ်တုတ် ရောက်လာသောလင်သားကို ကြည့်ပြီး ၀မ်းသာမျက်ရည်ဝဲ ရပြန်သည်။ ညည့်နက်သည်အထိ ဧည့်သည်တွေ မပြန်တော့ မအိမ်ကံတို့လည်း ရေနွေးပွဲနှင့် ပဲခြမ်းကြော်သုပ်တွေ ဒိုင်ခံပြင်ပေးရင်း စကားဝိုင်းကို ငေးနေခဲ့ကြသည်။ “မအိမ်ကံ ညည်းယောက်ျားလည်းကြည့်ပြောဦး၊ အစပ် လွန်တော့ အချိုနုတ်၊ အချဉ်လွန်တော့ အစပ်နဲ့နုတ်၊ စကားလွန် တော့ ဘာနဲ့နုတ်ရမှန်းတောင် မသိတော့ဘူး။ ပြောလိုက်တဲ့ စကားတွေတော်” မလှအုံကပင် ကိုပြေသိမ်း စကားတွေပြောလွန်း၍ အငေါ် တူးလေ၏။ ကိုပြေသိမ်းကလည်း မေးသမျှဖြေရုံမက လက် သီးလက်မောင်းများပင် တန်းလိုက်ပါသေးသည်။ ဂျပန်နှင့် တိုက်ရသည့် တိုက်ပွဲတွေအကြောင်းလည်းပါသည်။ မန္တလေး မြို့

ဗုံးကြဲခံရတာလည်းပါသည်။

ဂျပန်တွေ

ဆုတ်ရင်းသတ်

ဖြတ်ခဲ့ကြလို့

ကျဆုံးရသူတွေအကြောင်းလည်းပါသည်။

ကိုပြေသိမ်းပြောပြတာတွေ နားထောင်ရတော့ မအိမ်ကံတို့ တစ်တွေ ခံစားခဲ့ရသောစစ်ဒုက္ခက ဘာမှမဟုတ်တော့။ တိုင်း ပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံ ပါဝင်ဆောင်ရွက်ခဲ့သော လင်သားအတွက် ဂုဏ်ယူလေးစားစိတ်တွေပင် ၀င်လာမိခဲ့ သည်။ သို့သော် ကိုပြေသိမ်းက သူပျောက်နေသည့် ရက်တွေ အကြောင်းတော့ ပါတာမကြားရ။ “ဘကြီးကိုးနှယ် မန္တလေးမြို့ကြီးကို ဗြိတိသျှတပ်က သိမ်းတာကပဲ တော်တော်ကြာတယ်။ မန္တလေးတောင်မှာ ဂျပန် စစ်သားတချို့၊ မန္တလေးနန်းတော်တွင်းမှာ ဂျပန်စစ်သားတချို့ အောင်းနေကြတာကိုတိုက်ရတာ ဆယ့်သုံးရက်ကြာတယ်။ မြို့ ရိုးကြီးကလည်း ခိုင်လှသကောခင်ဗျာ။ အမြောက်နဲ့ထုတာ တောင် မပဲ့ဘူး။ အင်္ဂလိပ်လေယာဉ်ပျံတွေက မြို့ရိုးကို တည့် တည့်ထိအောင်ဗုံးကြဲတာလည်း ဘယ့်နှယ်မှမနေဘူး။ ဒါနဲ့ပဲ ပေါင်နှစ်ထောင်ဗုံးဆိုတာကြီးတွေနဲ့ ကျုံးရေထဲဗုံးချ၊ ဗုံးကန် အားနဲ့ မြို့ရိုးကိုထိတော့မှပေါက်တယ်။ ဒါတောင် တော်တော် ကြဲယူရတာကောခင်ဗျ” “ရက်စက်လှချည့်လား မောင်ပြေသိမ်းရဲ့။ ဂျပန်ကလည်း အာဂပါလား။ နေရာကောင်းယူတတ်ကြပါကော” “မန္တလေးတောင်ကို တက်တိုက်တော့လည်း ကျည်အကာ အကွယ်ကောင်းတော့ ဂျပန်ကို ချက်ချင်း မောင်းမချနိုင်ဘူး။ ဂေါ်ရခါးစစ်တပ်က ပစ်လည်းပစ်၊ တက်လည်းတက် တရ ကြမ်းပစ်ခတ်တက်ကြတာများ မိုးကြိုးပစ်နေသလားမှတ်ရပါ တယ်။ မန္တလေးတောင်တိုက်ပွဲမှာ ဂျပန်တွေ တော်တော်သေ ကြတယ်။ မန္တလေးနန်းမြို့ရိုးထဲမှာ ဂျပန်ဖမ်းထားတဲ့အင်္ဂလိပ် တွေလည်းလွတ်ကြတယ်။ ဂျပန်တချို့လည်း ရေထွက်ပြွန်က ထွက်ပြေးကြလို့ လွတ်ပါရဲ့”

205


“သြော်... လွတ်သွားကြသလား” “အပြင်မှာဝိုင်းထားတဲ့တပ်က ဘယ်အလွတ်ပေးမလဲ။ ပစ်ကြတာများ သေကြတာ အတုံးအရုံးပဲ။ အင်္ဂလိပ်နဲ့ဂျပန်ပစ် ကြတာ ကြားကနန်းတော်ကြီးလည်း ကြေမွသွားရရှာတာပါပဲ” “အင်း...၊ သင်္ခါရပေပေါ့ကွယ်။ ဖြစ်စရာရှိတော့ ဖြစ်ရ၊ ပျက်စရာရှိတော့ ပျက်ရ။ စစ်ဆိုတာ တစ်ကွက်မှမကောင်းပါ ဘူးလေ” ကိုပြေသိမ်းက မတ္တရာတိုက်ပွဲ၊ ရန်ကင်းတောင်တိုက်ပွဲ၊ အောင်ပင်လယ်တိုက်ပွဲတွေအကြောင်း ပြောပြသည်။ ရွာသူရွာ သားတွေ

များသည်ထက်များလာသဖြင့်

ကိုပြေသိမ်းမှစကားစ

မသိမ်းဝံ့ဘဲ

ရှိရလေသည်။

ဂျပန်စစ်သားတွေက

မြန်မာဘုန်းကြီး ယောင်ဆောင်ကာ မဟာမိတ်တွေကို အနီးကပ်ပစ်ကြတာလည်း ပါသည်။ မန္တလေးမြို့၊ စစ်ကိုင်းမြို့ ၊ အင်းဝမြို့များ ဂျပန်လက်က လွတ် ရပုံတွေလည်း ပါသည်။ ဂျပန်တွေက ဘုရားတန်ဆောင်းတွေ မှာ ကတုတ်ခံတပ်ပြုကာ ဘာသာသာသနာကိုစော်ကားသဖြင့် လည်းကောင်း၊ အမျိုးမျိုး ညှင်းပန်းနှိပ်စက်သည်ကို မခံနိုင်ကြ သဖြင့်လည်းကောင်း သူသေကိုယ်သေ

တိုက်ကြသော်လည်း

လယ်တောထဲက

အိမ်ကလေးတွေမှာ

ပုန်းနေကြသည့်

ဂျပန်

တွေကို

ထမင်းကျွေးကြသည့် မြန်မာတို့၏ စိတ်နေစိတ်ထား အကြောင်းတွေ လည်းပါသည်။ ဘုန်းကြီးကျောင်းက ကုလား တက်ခေါက်သံကြားမှ လူစုလည်း ကွဲလေသည်။ ရွာပြန်ရောက်လာပြီးမှ ကိုပြေသိမ်း အအိပ်အစားမှန်လာ ပုံရသည်။ စားလိုက်၊ အိပ်လိုက်၊ နားလိုက်၊ သမီးကလေးကို မြှူလိုက်နှင့် လန်းဆန်းလို့လာသည်။ မအိမ်ကံကတော့ အိမ် အလုပ် တချို့ကို ဖိုးကူးနှင့် လက်လွှဲပေးထားသည်။ လယ် အလုပ် ကိုင်းအလုပ်တွေကိုလည်း ဖိုးတုတ်က တက်ကစီး လုပ်နိုင်ပြီ။ မအိမ်ကံမှာ အစ်ကိုပညာတတ်၊ လင်ပညာတတ် ရှိသော်လည်း လက်တွေ့ဘ၀မှာ ကိုဖိုးငွေနှင့် မလှအုံတို့ မိသားစုကိုပဲ အားကိုးအားထားပြုရတာကို ဆင်ခြင်မိသည်။ သို့သော် သည်ပညာတတ်တွေ၏ တန်ဖိုးကိုလည်း နားလည် ခံစားတတ်ပါ၏။ “အိမ်ကလေး သမီးလေး အိပ်သွားပြီ။ ချသိပ်လိုက်တော့ မယ်နော်” ဖအေ့ပခုံးထက်မှာ အိပ်ပျော်သွားသော မအိမ်မြိုင်ကို လက်လွှဲယူလိုက်ပြီး ခုတင်ပေါ်မှာ ချသိပ်လိုက်သည်။ မအိမ်ကံ ကလေးသိပ်နေတုန်း ကိုပြေသိမ်းက ၀ရန်တာဘက် ထွက်ထိုင် နေလေတော့ မအိမ်ကံလည်း ထွက်လိုက်လာခဲ့၏။ လပြည့် ရက်နီးပြီမို့ထင့် လက သာလိုက်တာ။ “အစ်ကို ဘာတွေများ တွေးနေတာတုံး” “မတွေးပါဘူးကွယ်။ လသာတာ လှလွန်းလို့ ထိုင်ကြည့် နေတာပါ” မအိမ်ကံက ကိုပြေသိမ်းရင်ခွင်ထဲ အလိုက်သင့်လှဲမှီလိုက် သည်။ ကိုပြေသိမ်းက မအိမ်ကံကိုယ်လုံးကလေးကို သိုင်းဖက် ရင်း လက်ကလေးကို နမ်းလိုက်သည်။ “နောက်တစ်ခါတော့ မအိမ်ကံဘေးက တစ်ဖ၀ါးမှမခွာ ပါနဲ့တော့ အစ်ကို။ အဖေတို့သုံးတဲ့ စကားရှိသယ်။ လျှော့လျှင် ချစ်ခင်၊ တင်းလျှင် ရန်မုန်းတဲ့။ လျှော့လျှင် မိစ္ဆာ၊ တင်းလျှင် ဒိဋ္ဌိဆိုတဲ့ စကားလည်း ရှိသေးသယ်။ မအိမ်ကံကတော့ လျှော့ ချင်သူပါ။ လျှော့လို့ ချစ်ခင်ချင်သူပါ အစ်ကို။ လျှော့လို့ မိစ္ဆာ မဖြစ်ပါရစေနဲ့တော့” မျက်ရည်တွေက ပါးပြင်နှစ်ဖက်ဆီမှ တသွင်သွင်စီးလာ ကြကာ တပေါက်ပေါက်ကျလျက် ရှိလေသည်။ ကိုပြေသိမ်း က မအိမ်ကံပါးပြင်က မျက်ရည်တွေကို ဖွဖွကလေးသုတ်ရင်း ချော့ရှာသည်။ ရွာထဲက ကြက်တွန်သံတွေ တစ်ချက်တစ်ချက် ကြားနေရသည်။ ကိုပြေသိမ်း စကားဝိုင်းသိမ်းပြီးမှ အိပ်ရာ ၀င်ခဲ့ကြတာဆိုတော့ မိုးသောက်ယံ တွန်သည့်ကြက်သံပင်

206


ဖြစ်လိမ့်မည်။ လရောင်က မိုးလင်းခါနီးမှ တိုးပြီးလင်းလာ ခဲ့သည်။ မအိမ်ကံက ဆတ်ခနဲ ခေါင်းမတ်ကာ ကိုပြေသိမ်း မျက်နှာကို တည့်တည့်ကြည့်ရင်း ဆိုလိုက်သည်။ “အစ်ကို့ကို မအိမ်ကံ စကားတစ်ခွန်းပြောထားချင်သယ်။ တစ်ခါမှ မပြောဖူးခဲ့တဲ့စကားပါပဲ။ အစ်ကို စိတ်မဆိုးစေချင် ဘူး။ မအိမ်ကံ ရင်ထဲကစကားပါ အစ်ကို။ လင်နဲ့မယားဆို သာ ဖရုံတစ်ညှာ ဘူးတစ်ညှာမဟုတ်ဘဲကိုး။ မအိမ်ကံကတော့ ပြဿဒါးဆိုသာနဲ့ ကြောက်လန့်ပြီး ပြားနေအောင်ရုန်းမယ့် မိန်းမမျိုးမဟုတ်ဘူး။ မအိမ်ကံ ဘာကိုမှ မကြောက်ဘူး။ အစ်ကိုပြန်လာသာ မအိမ်ကံ ၀မ်းသာသယ်။ အစ်ကိုဟာ မအိမ်ကံအတွက် အဓိပ္ပာယ်ရှိချင်မှ ရှိပါလိမ့်မယ် အစ်ကို။ ဒါပေမယ့် သမီးလေးအတွက်တော့ဖြင့် အစ်ကိုဟာ အဓိပ္ပာယ် သိပ်ရှိပါသယ်” မအိမ်ကံ၏ မျက်ဝန်းများက အရောင်တွေ တဖျပ်ဖျပ်စို လူးနေခဲ့သည်။ တိုးလွန်းညင်သာပြောနေသော မအိမ်ကံစကား တွေကို ကိုပြေသိမ်း နားထောင်နေရာက မအိမ်ကံကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ လရောင်ဆမ်းညရိပ်ထဲမှာပင် လှပ လွန်းလှသော မအိမ်ကံ၏ စူးရှရှမျက်လုံးများကို ရင်မဆိုင် ရဲသည့်အလား ကြမ်းပြင်ကို စိုက်ကြည့်နေလိုက်သည်။ မအိမ်ကံကတော့ စကားလုံးတွေ ရွေးချယ်နေသလို ခဏ ကလေး တိတ်ဆိတ်သွားပြန်၏။ ရွာတာလမ်းဘက်ဆီက မြို့ကိုသွားကြမည့် ထင်းလှည်းသံတအီအီကို ကြားနေရသည်။ မနက်စောစောနိုးကြသည့် ကျေးသံငှက်သံကလေးတွေ စိုးစိုး စီစီမြည်ကြလေပြီ။ “တိုင်းပြည်အတွက် စစ်ထွက်သွားသာကို မအိမ်ကံ သဘောတူသယ်ဆိုသာလည်း မှတ်ထားပါ။ မအိမ်ကံပြောချင် သာက သမီးအတွက် အစ်ကိုဟာ အရေးကြီးသယ်ဆိုသာ နားစွဲ နေစေချင်သာပါ။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့် မယ်။ ရှိကိုရှိရလိမ့်မယ်။ မအိမ်ကံနဲ့ အစ်ကိုဟာ လက်သမား များ ပျဉ်နှစ်ချပ်စပ်သလို တစ်ဆက်တည်း ရှိကြရလိမ့်မယ်။ မအိမ်ကံမှာ ဘ၀နဲ့ရင်းထားရသဲ့အနာရှိသယ် အစ်ကို။ ဒါတော့ အစ်ကို နားလည်ပါ” မအိမ်ကံ စကားတွေ ပြောလွန်းလှသည်၊ မျက်ရည်တွေ ကျလွန်းလှသည်ဆိုတာကလွဲ၍ ကိုပြေသိမ်း ကိုယ်တိုင်က မအိမ်ကံ စကားတွေကို ရှင်းရှင်းကြီး နားမလည်နိုင်ခဲ့။ သို့သော် သည်အချိန်မှာ ကိုပြေသိမ်း ဘာမှ ၀င်မပြောတာဘဲကောင်း သည်ဟု သဘောထားခဲ့ပါ၏။ မအိမ်မြိုင်အတွက် အစ်ကို ရှိရလိမ့်မယ်တဲ့။ မအိမ်ကံမှာ ဘ၀နှင့် ရင်းထားရတဲ့အနာ ရှိတယ်တဲ့။ မအိမ်ကံနှင့် အစ်ကိုဟာ လက်သမားများ ပျဉ်နှစ် ချပ်စပ်သလို တစ်ဆက်တည်း ရှိရလိမ့်မယ်တဲ့။ မအိမ်ကံ၏ စကားတွေက ထူးခြားလှချည်လား။ သို့သော် ကိုပြေသိမ်း ငြိမ်နေခဲ့သည်။ မအိမ်ကံကလည်း ကိုပြေသိမ်း ငြိမ်နေတာကို အကဲဖမ်း မိသည်။ တကယ်ဆို မအိမ်ကံတို့ သားအမိအနားက အစ်ကို တစ်ဖ၀ါးမှ မခွာပါဘူးကွယ်ဆိုသည့် နှုတ်ကတိတစ်လုံးတော့ ပေးစေချင်သည်။ ကိုပြေသိမ်း ဘာကြောင့်ငြိမ်နေရသလဲ။ မအိမ်ကံကို ဘာကြောင့် မေးခွန်းတွေ ပြန်ပြန်လှန်လှန် မမေး တာလဲ။ လရောင်က

တဖြည်းဖြည်း

ကျလာသည်။

လမင်း

ပျောက်လို့

နေရောင်လာတော့မည်။

ဝရန်တာကလေးကိုပင်

မှောင်ရိပ်ကွယ်သွားခဲ့ပြီ။ ကိုပြေသိမ်းနှင့် မအိမ်ကံ စကားဆက် မပြောတော့ဘဲ ထိုင်နေခဲ့ကြတာ အကြာကြီး။ “သဗ္ဗေသတ္တာ သုခိတာ အဝေယာ ဟောန္တု။ သဗ္ဗေ-ခပ်သိမ်းကုန်သော၊ သတ္တာ- သတ္တ၀ါအပေါင်းတို့၊ သုခိတာ- ကိုယ်စိတ်နှစ်ပါး ကျန်းမာခြင်း ချမ်းသာခြင်းဖြင့်၊ အဝေရာ- ရန်မာန်တို့သည် မရှိကြကုန်သည်၊ ဟောန္တု-ဖြစ်ကြပါစေ သတည်း” ခေါင်းရင်းအိမ်မှ အဘိုးသက်ပန်၏ ဘုရားရှိခိုး အမျှဝေ သံနှင့်အတူ ကြေးစည်ရိုက်သံကို ကြားလိုက်ရသည်။ မိုးပင် လင်းလုပြီ။ သည်မနက်တော့ ကိုပြေသိမ်းနှင့်အတူ ရွာဦးကျောင်း ဆရာတော်ကြီးထံ ဆွမ်းချိုင့် သွားပို့ကြသည်။ ဆရာတော် ကြီးက ဂျပန်တော်လှန်ရေးကြီးအကြောင်းကို ကျောင်းဆရာ ကိုပြေသိမ်းအား မေးတော်မူရှာ၏။ သက်တော်ကိုးဆယ်ဆို သော်လည်း ဆရာတော်ကြီးက နိုင်ငံ့အရေးကို စိတ်အားထက် သန်တော်မူသည်မဟုတ်လား။ ကိုပြေသိမ်းကလည်းသည်အ ကြောင်းတွေ ပြောလေတိုင်း တက်ထောင်မောင်းနင်းရှိလှပါ၏။

207


ကိုပြေသိမ်းပြောပြသော ဂျပန်တော်လှန်ရေးအတွေ့အကြုံ တွေကိုကြားရတော့ မအိမ်ကံ ခွင့်လွှတ်တန်သလောက်ခွင့်လွှတ် ခဲ့ရုံမက ကြားရတာကိုပင် သနားစိတ်ဝင်ခဲ့သည်။ ကိုပြေသိမ်း က မန္တလေး၊ စစ်ကိုင်း၊ မတ္တရာနယ်တွေကို ရောက်ခဲ့ သည်။ မန္တလေးမြောက်ဘက်

မတ္တရာဘက်မှ

ထိုးစစ်ဆင်လာသော

အင်္ဂလိပ်တပ်များနှင့်ပူးပေါင်းကာခုခံခဲ့သည်။ရန်ကင်းတော

င်မှာတိုက်ရတော့လည်းပါသည်။ကျောက်တစ်လုံးတွင်ဖမ်းထားသောမြန်မာတော်လှန်ရေးသမားတွေကို

ဂျပန်တော်

လက်ကလွတ်အောင်တိုက်ခဲ့သည်ဆိုပါ၏။ မြန်မာပြည်အထက် ပိုင်းတပ်ပေါင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းတပ်များနှင့်ပါသွား ရာ မှာတော့ ရွာငန် ရပ်***အထိရောက်ခဲ့သည်။ ဗိုလ်မှူးကြီး ဗထူးနှင့်အတူ ပါသွားခဲ့ခြင်းဖြစ်သည်။ “မန္တလေးကို မီးလောင်တာများ မြင်မကောင်းဘူးဘုရား။ အင်္ဂလိပ်က မန္တလေးမှာဆုတ်ခါနီး မီးတိုက်ပစ်ခဲ့သလိုပဲ ပြန်ဝင် လာတော့လည်း ဂျပန်ခိုမယ့်နေရာတွေကို ဗုံးကြဲတဲ့အခါ မဆင် မခြင်လုပ်ခဲ့တယ် ဘုရား။ ကျောင်းတိုက်ကြီးတွေ မီးလောင် လိုက်တာ မနည်းဘူး။ ဘုရားစေတီတွေရဲ့ ဂန္ဓကုဋီတိုက်တော် တွေလည်း ပါကြတယ်။ စိတ်မချမ်းသာစရာပါဘုရား” ကျောက်တော၊ နတ်စက်ကန်၊ ထင်းရှူးတောင်တိုက်ပွဲ များတွင် မြန်မာမျိုးချစ်များကျဆုံးခဲ့တာတွေပြောပြတော့ မျက် ရည်တွေဝဲလို့။ ၁၉၄၅ ခုနှစ်၊ ဇွန်လထဲရောက်တော့လည်း ကိုပြေသိမ်း မပြန်နိုင်။ ဗိုလ်မှူးကြီးဗထူးနှင့်အတူ တယ်လူး စခန်းမှာနေရသခိုက် ဖြစ်သည်။ “ဗိုလ်မှူးကြီး ဇွန်လ ၂ ရက်နေ့ညဘက်မှာ ငှက်ဖျားရော ဂါနဲ့ကွယ်လွန်သွားတော့ တပည့်တော် မျက်ရည်မဆည်နိုင်ခဲ့ ဘူးဘုရား။ ဇွန်လကုန်၊ ဇူလိုင်လထဲရောက်တော့မှ တပည့်တော် ပြန်လာခဲ့တာ။ တော်လှန်ရေးကြီးပြီးဆုံးပေမယ့် တာဝန်မပြီး ဆုံးသေးတာနဲ့ ခုနစ်လလောက်ကြာသွားတာပါ ဘုရား။ တပည့် တော်တို့လည်း ပင်ပန်းဆင်းရဲကြပါတယ်။ တစ်ခါတစ်ခါ ထမင်းတောင် ဘယ်ဆီမှန်းမသိရပါ ဘုရား” “နို့ မေးစမ်းပါရစီဦး မောင်ပြေသိမ်းရဲ့။ တော်လှန်ရေးက ၀ါဆိုလကတည်းကပြီးသွားသာဆို၊ သာရင်တို့တစ်တွေ ပြန်လာ ခဲ့ကြသာကောကွယ့်” “မှန်ပါ့ဘုရား တော်လှန်ရေးပြီးတော့ ဂျပန်က ပြေးပါပြီ။ တော်လှန်ရေး ရဲဘော်တွေလည်း ပြန်တဲ့လူပြန်၊ စစ်မြေပြင်မှာ ကျတဲ့လူကျပေါ့ဘုရား။ ဂျပန်ပြေးပေသိလို့ တကယ့် ကမ္ဘာသိ တရားဝင်လက်နက်ချတာက စက်တင်ဘာ ၂ ရက်နေ့ကျမှပါ ဘုရား။ ၀ါခေါင်လထဲပေါ့ဘုရား။ အခု တော်သလင်းဆိုတော့ ဘာကြာသေးတုံးဘုရား။ အင်္ဂလိပ်ဘုရင်ခံက ဗိုလ်ချုပ် အောင်ဆန်းနဲ့တွေ့ပြီး စက္ကူဖြူစာတမ်းဆိုတာ မြန်မာတွေလက်ခံ အောင်ပြောနေတာတွေ ကြားခဲ့ရတယ်ဘုရား။ တပည့်တော် လည်း စက္ကူဖြူစာတမ်းဆိုတာ သိချင်တာနဲ့ ဆရာကြီးဦးဘခင် တို့နဲ့အတူလိုက်ရင်းက ကြာသွားခဲ့ပါဘုရား” ကိုပြေသိမ်းက

ဆရာတော်ကြီးအားလျှောက်တင်သံကို

မအိမ်ကံ

ကြားနေရသည်။

ကိုပြေသိမ်း

ဒါကြောင့်

အိမ်ပြန်

နောက်ကျရှာတာကိုး။ စက္ကူဖြူစာတမ်းနဲ့ ကိုပြေသိမ်းကကော ဘယ်လို ဆက်စပ်နေပါလိမ့်။ ကိုပြေသိမ်း ပြောနေ၊ လုပ်နေတာ တွေကို မအိမ်ကံ နားမလည်နိုင်တာ အမှန်ပဲဖြစ်သည်။ “တပည့်တော်တို့ တော်လှန်ရေးစလို့ တစ်လမပြည့်ခင်မှာ ပဲ ဒေါက်တာဘမော်တို့က ဂျပန်နဲ့ရောပြီး ပြေးကြပြီဘုရား။ ဂျပန်စစ်ဌာနချုပ်ကလည်း မော်လမြိုင် ရောက်သွားပါတယ် ဘုရား။ မဟာမိတ်တပ်တွေ ရန်ကုန်ဝင်ကြပြီဆိုတာနဲ့ ကွန်မြူ နစ်ပါတီဖွဲ့တယ်။ ဖတပလအဖွဲ့ချုပ်ကြီးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာအလုပ်သမားအစည်းအရုံးပေါ်လာတယ်။ ဗမာ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂပေါ်လာတယ်။ အများ ကြီးပါပဲဘုရား။ ဆရာကြီးဦးဘခင်တို့ကတော့ ဦးဘဂျမ်းကို သံယောဇဉ်ရှိကြတော့ သူတို့ဖွဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်များအစည်းအရုံးဆိုတာလုပ်ကြပြန်တယ် ဘုရား” “မောင်တို့ဟာက မနည်းပါလားကွ။ ဘာသဘောများ တုံး” “ဘုရင်ခံကလည်း စက္ကူဖြူစာတမ်းကိုချပြနေပြီဆိုတော့ လက်မခံချင်ကြသူတွေက တူရာတူရာဖွဲ့ကြပြီး ဆန့်ကျင်ကြ တာပါပဲ

208


ဘုရား” “ဟေ...၊ အဖွဲ့များတော့ များများကွဲကြရုံပေါ့ကွာ။ နို့ မောင်က ဘယ်အဖွဲ့ကတုံး” “လေ့လာတုန်းပါဘုရား” ကိုပြေသိမ်းက ဘာများလေ့လာရပြန်တာပါလိမ့်။ ရွာမှာ နေပြီး ကျောင်းဆရာလုပ်မှာ မဟုတ်ဘူးလား။ သည်တုန်းက မအိမ်ကံ အတွေးဖြစ်သည်။ ဖိုးကူးကို ထနောင်းတိုင်လွှတ်ပြီး ကိုပြေသိမ်း ပြန်ရောက်လာပြီဖြစ်ကြောင်း မိဘများထံ အပြော လွှတ်ရသည်။ သည်ရက်ထဲ ဧည့်သည်တွေက အမျိုးမျိုး။ လာကြတော့လည်း စက္ကူဖြူ၊ စက္ကူဖြူတွေသာကြားရပြန်၏။ “ညည်းယောက်ျားဆီလာကြသူတွေအကုန်လုံး စက္ကူဖြူ၊ စက္ကူဖြူနဲ့ ဘာပြောသာတုံး မအိမ်ကံရဲ့” “စက္ကူက ဖြူလို့နေမှာပေါ့ မလှအုံရဲ့” “ညည်းပြောမှ ရှင်းတော့သယ်အေ” ဟုတ်ပါရဲ့။ မလှအုံပြောလည်း ပြောစရာ။ ကြားလိုက်ရ လျှင် စက္ကူဖြူချည်း။ မအိမ်ကံပင်မသိမှတော့ မလှအုံခမျာ ပိုလို့သာဆိုးတော့မည်။ သိပ်မကြာခင်ရက်တွေမှာ ကျောင်းတွေ ပြန်ဖွင့်ခွင့်ရကြပြီ။ ကိုပြေသိမ်းပင် ကျောင်းစိတ်တွေပြန်ဝင်ကာ ကျောင်းနှင့်အိမ် အကူးကူးအလူးလူး။ သည်တစ်ခါကျောင်းဖွင့် တော့ ကျောင်းသားတွေများလာသည်။ မအိမ်ကံ ကျောင်း ကလေး စည်ကားလာရပြန်ပါပကော။ မအိမ်ကံဘ၀တွင် ကောင်းတစ်ခါ ဆိုးတစ်လှည့် တစ်ပြန် စီကြုံခဲ့ရတာကို မအိမ်ကံ သတိထားမိသည်။ အဆိုးတွေများ လာလျှင် အကောင်းဝင်တတ်သလို၊ အကောင်းလာခေါင်းဝှေ့ တော့လည်း အဆိုးတွေက ဆက်တိုက်ဆိုသလို ကြုံရတတ်ပြန် သည်။ ကိုပြေသိမ်း ပြန်ရောက်လာပြီး နောက်ပိုင်း မအိမ်ကံ ဘ၀လည်း တစ်ဖန်ပြန်လည်စိုပြည်လန်းဆန်းခဲ့ရပြန်ပါ၏။ ကိုပြေသိမ်း ကျောင်းဆရာပြန်လုပ်တော့

မအိမ်ကံလည်း

ဆရာ

ကတော်ဆိုသည့်ဂုဏ်

တက်ခဲ့ရသည်။

တပည့်တပန်းတွေက

ကန်တော့ကြသော ငှက်ပျောတစ်ခိုင်၊ ပန်းတစ်ခိုင်ကအစ မအိမ် ကံအတွက် တန်ဖိုးဖြစ်ခဲ့ရပါ၏။ မအိမ်ကံတို့အိမ်ကြီးကလည်း မအိမ်ကံ၏ ကံဇာတာအပေါ်မူတည်ကာ စိုလိုက်၊ ခြောက်လိုက် ရှိရတာကလား။ အခုတော့ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ကြီးထဲမှာ လူဦးရေပင် တိုးပွားလာခဲ့ပြီ။ ကျေးဥက သားနှစ်ယောက်၊ မအိမ်ကံက သမီးနှစ်ယောက်။ သမီးငယ်ကလေး၏ အမည်ကိုတော့ မအိမ်ခိုင်လို့အမည် ပေးထားသည်။ မအိမ်ကံတို့မိသားစုကလေး တစ်ဝန်းတစ်ဝိုင်း ထဲမှာ ခိုင်ခိုင်မြဲမြဲရှိပရစီဆိုသည့် အတိတ်နိတ်မိတ်ကို မအိမ်ကံ ရည်ရွယ်ရင်း ဖြစ်သည်။ အမေပန်းရုံနှင့် မလှအုံကတော့ မြေး လေးယောက်ထိန်းရတာနှင့်ပင် နေကုန်လို့ ကုန်မှန်းမသိလိုက် ကြ။ အသက်ကြီးခါမှ စိပ်ပုတီးမဆောင်နိုင်ကြရှာဘဲ ဘုစုခရု ကလေးများနှင့် တူတူရေ၀ါးနေကြရသည်။ အခုတော့လည်း အမေကြီးပန်းရုံနှင့် အမေကြီးလှအုံပေါ့။ ဘကြီးဖိုးငွေကတော့ ရေကန်စပ်က ရွှံ့ကိုသွားခူးကာ ရွှံ့ရုပ်ကလေးတွေ ဒိုင်ခံလုပ်ပေး နေရပြီ။ အငယ်ကောင် ဖိုးကူးပင်လျှင် လူပျိုသိုးကြီးဖြစ်ရှာပြီ မဟုတ်လား။ မအိမ်ကံကတော့ အုံနှင့်ကျင်းနှင့်ဖြစ်လာသော သူတို့ မိသားစုဘ၀ ၀ပ်ကျင်းကလေးကို ကျေနပ်ပါသည်။ ငယ်စဉ်က

မြို့ကျောင်းကို

လက်ရှိမိသားစုဘဝ

ကျောင်းသွားတက်သောအစ်ကိုကို

ကလေးက

မျှော်ရင်း

မြိုင်ဆိုင်လွန်းလှသည်မဟုတ်လား။

အထီးကျန်ခဲ့ရသည့် တစ်ခါတစ်ရံ

သူ့ဘ၀ထက်စာလျှင်

ရွာကိုပြန်လာတတ်ကြသော

အစ်ကိုမောင်မြတ်သာနှင့် မမစိမ်း မြတို့မိသားစုပါ ထည့်ပေါင်းလိုက်လျှင် နည်းတဲ့ဆွေစုမျိုးစု လား။ မအိမ်ကံအဖို့ရာတော့

209


သည်လောက်ပျော်စရာကောင်း သည့်ဘ၀မျိုး ရှိမည်တောင်မထင်။ သည်နေ့လည်း မအိမ်ကံတို့မိသားစု မြင်းခြံမြို့ကိုသွားကြ ဖို့ မနက်စောစောကြီးကတည်းက ရွာကထွက်ခဲ့ကြသည်။ မြင်း ခြံမြို့က မအိမ်ကံတို့ မိတ်ရင်းဆွေရင်းပွဲကတော်ကြီး၏မြေး ရှင်ပြုပွဲကိုလိုက်ခဲ့ကြခြင်းဖြစ်သည်။ ပွဲစားကြီးဦးကျော်ဂေါင် တော့ မရှိရှာတော့။ ပွဲကတော်ကြီးခမျာလည်း အိုရှာခဲ့ပြီ။ မသေခင်ပြုသည့် မြေးရှင်ပြုပွဲကို မအိမ်ကံတို့မိသားစု ဆက် ဆက်လာစေချင်ကြောင်း အမှာပါးခဲ့သည်။ ၁၃၁၂ ခုနှစ်၊ ကဆုန် နယုန်လ။ နယုန်မိုးသေး မြက်သား မွေးဆိုသည့်အတိုင်း မအိမ်ကံတို့တစ်နယ်လုံး ပုရစ်နုကလေး များထိုးနေသည့်သစ်ပင်များဖြင့် စိမ်းစိုလွင်လျက်ရှိသည်။ မအိမ်ကံကတော့ သည်လိုမနက်စောစော လှည်းကလေးနှင့်ခရီး သွားရတာကို သဘောကျပါသည်။ လှည်းပေါ်မှာ သည်တစ် ခါတော့ သားအမိသားအဖလေးယောက်သာပါခဲ့သည်။ ဖိုးကူး ကတော့ ထုံးစံအတိုင်း လှည်းမောင်း။ ကိုပြေသိမ်း၊ မအိမ်ကံ၊ မအိမ်မြိုင်နှင့် မအိမ်ခိုင်။ သမီးကြီး မအိမ်မြိုင်က ၆ နှစ်၊ သမီးငယ် မအိမ်ခိုင်က ၃ နှစ်။ သမီးနှစ်ယောက်စလုံး ဖအေ့အချောနှင့် မအေ့အလှတို့ ပေါင်းစုနေကြသည်။ တစ်သွေးတစ်မွေး၊ တစ်ယောက်တစ်မျိုး ကြည်ကြည်စင်စင်ရှိကြတာကိုက မအိမ်ကံအတွက် ကုသိုလ်ကံ ထူးလှသည်အောက်မေ့မိပါ၏။ သမီးချောနှစ်ယောက်ကြောင့် မအိမ်ကံ ချင်ခြင်းတပ်ခဲ့သော ဖက်စိမ်းကွမ်းတောင်ကိုင် အိပ်မက်ကလည်း အညွန့်ငေါက်လို့လာခဲ့သည်။ ကြည့်စမ်းပါဦး။ ပန်းစည်းကြိုး

ကြက်တောင်စည်းကလေးတွေနှင့်

ပါး

ကွက်ဝိုင်းကလေးတွေကွက်လိုက်လို့။

မြို့ကိုသွားမှာဆိုတော့

ဝတ်ကောင်းစားလှကလေးတွေ ဆင်တူဆင်မြန်းပေးထားခဲ့ သည်။ ရှန်ဟဲညွန့်ခေါ်ကြသည့် မိုးပြာရောင်ပိုးပျော့သားဇာပန်း ထိုးထဘီနှင့် အင်္ကျီကလေးတွေကြောင့် သမီးကလေးတွေက ပိုပြီးကျက်သရေရှိနေကြသလားထင်မိပါ၏။ အငယ်မကဖအေ့ ပေါ်ထိုင်ကာ အကြီးမက ဖိုးကူးကို ကုန်းပိုးထားရင်း လိုက်လာ ခဲ့ကြသည်။ ကိုပြေသိမ်းက ကျူထရံကွက်ပုဆိုး၊ လည်ခေါင်း တုံးအင်္ကျီကို သပ်သပ်ရပ်ရပ်ဝတ်စားထားသကဲ့သို့ မအိမ်ကံက လည်း ခရမ်းသွေးလုလုအချိတ်ထဘီနှင့် ဂျော်ဂျက်နိုင်လွန် လက်မောင်းတင်ကလေးနှင့်ဖြစ်၏။ မအိမ်ကံ၏ ပြည့်ပြည့် ၀န်းဝန်းလက်မောင်းသားပေါ်အောင်ချုပ်ထားသည့် လည်ထောင် အင်္ကျီက ခေတ်ဆန်လှသည်။ မအိမ်ကံတို့ အိမ်ကထွက်လာ တော့ နေလုံးပင် အရှေ့ကောင်းကင်မှာ မေးမတင်သေး။ သို့ပေ သိ ကဆုန် နယုန် ပူပူလောင်လောင်လဆိုတော့ မနက်ခင်းလင်း အားကြောင့် ဘေးဘီကိုကောင်းကောင်းမြင်နေရပြီ။ ရွာလမ်းက အထွက်လမ်းပေါ်မှာ သွားကြ၊ လာကြသူတွေ ဖြိုးဖြိုးဖြောက် ဖြောက်ရှိနှင့်ပြီ။ မအိမ်ကံက လမ်းမတန်းဘက်ကို စောင်း စောင်းကလေးထိုင်ရင်း လှည်းရံတိုင်ကိုကိုင်လိုက်လာခဲ့သည်။ “ဟင် မအိမ်ကံတို့သားအမိသားအဖတွေ ဘယ်တုံး။ စောစောစီးစီး” “မြင်းခြံက အလှူဖိတ်လို့လေ။ သြော် ဘယ်သူများလဲလို့” မအိမ်ကံက နှုတ်ဆက်သံကြောင့် ဖြေလိုက်ရသော်လည်း ကနဦးကတော့ ဘယ်သူမှန်းမသိ။ နောက်မှ အသံရှင်ကို ထင်းထင်းကြီးမြင်လိုက်ရသဖြင့် မျက်နှာတင်းသွားခဲ့သည်။ သာအောင်နှင့် ရွှေမှုံ။ ပြီးတော့ သူတို့သမီးကလေး မှုံနံ့သာ။ ရွှေမှုံခါးထစ်ခွင်မှာ သားကလေးတစ်ယောက်လည်းပါသေး သည်။ မှုံနံ့သာက ကိုပြေသိမ်းကို ဆရာလေးဟု နှုတ်ဆက် သည်။ မှုံနံ့သာပင် ကိုပြေသိမ်း၏ ကျောင်းတပည့်ဖြစ်နေခဲ့ပြီ။ ဟုတ်မှာပေါ့ မှုံနံ့သာက မအိမ်မြိုင်ထက် အခါလည်သာသာ လောက်ကြီးတာပဲလေ။ အရွယ်ကလေး လောက်လောက်လား လားဖြစ်လာတော့ မှုံနံ့သာက ငယ်ငယ်တုန်းကလို ပိန်ပိန်ပါးပါး ချွန်တွန်တွန်ကလေး မဟုတ်တော့။ အသားကလေးညိုတိုတိုနှင့် မျက်နှာပွင့်ပွင့်ကလေး။ ကိုပြေသိမ်းက သာအောင်ကို နှုတ်ဆက်သည်။ သူ့တပည့် မကလေး မှုံနံ့သာကိုနှုတ်ဆက်သည်။ ရွှေမှုံကတော့ လှည်းပေါ်

210


မှာပါလာသော မအိမ်ကံသမီးနှစ်ယောက်ကို ငေးစိုက်ကြည့်နေ လေသည်။ “ညည်း ငါ့သမီးတွေကို ၀အောင်ကြည့်စမ်း ရွှေမှုံ။ ညည်း က သမီးတစ်ယောက် သားတစ်ယောက်၊ ငါက ရွှေဥ ဥထား တဲ့ သမီးနှစ်ယောက်။ အရွယ်များရောက်ကြရင် ငါ့သမီးတွေ က ကွမ်းတောင်ကိုင် ပြေးမလွတ်တော့ဘူးအေရဲ့။ ညည်း ထက် ငါကတောင် ထမ်းပိုးတင်နိုင်သေးပေါ့။ တစ်ပွင့်နဲ့တစ် ခက်ပေါ့အေ။ တစ်နေ့နေ့တော့ ညည်းရှေ့မှာ ငါ လက်ခမောင်း ခတ်လိုက်ရဦး” မအိမ်ကံ ရင်ထဲကစကားတွေ။ ရင်ထဲမှာ စကားတွေ ဗလောင်ဆူလျက်ရှိ၏။ “အလှူဆိုတော့ မြင်းခြံမယ် တစ်ရက်နှစ်ရက်နေကြဦးမှာ ပေါ့။ အပြန်တော့ နေချိုမှပြန်ကြပါအေ။ ကလေးတွေ နေပူမိဦး မယ်။ ဥတုက ပူချက်တော့...” ရွှေမှုံက ကရုဏာစကားဆိုသော်လည်း မအိမ်ကံ မတုံ့ပြန် မိ။ လှည်းဆက်ထွက်လာသည်အထိ မအိမ်ကံ မျက်နှာကလေး တင်းနေခဲ့သေးသည်။ ရွာရိပ်ကမလွတ်သေးသည့်လမ်းတစ် လျှောက် ဆရာလေးကိုရော၊ မအိမ်ကံကိုပါ နှုတ်ဆက်ကြသူ တွေ မနည်းပြီ။ အထူးသဖြင့် မအိမ်ကံကို ဆရာကတော်လို့ ခေါ်ကြတာကို ကျေနပ်နေမိသည်။ ဆရာလေးတို့၊ ဆရာ ကတော်တို့ ဘယ်များကြွကြမလို့တုံး ဆိုသည့်နှုတ်ဆက်သံတွေ နားထဲ ဝေစည်လျက်ရှိပါ၏။ ဖိုးကူးကတော့ မြင်းခြံရောက်လျှင် ဘိုင်စကုပ်ကြည့်ချင် ကြောင်း ကိုပြေသိမ်းကိုပြောနေသည်။ ဖိုးကူး ဘိုင်စကုပ်ကြိုက် တတ်နေပြီ။ မအိမ်ကံကို ဖိုးကူးက ချစ်လည်းချစ်၊ ကြောက် လည်းကြောက်သူဆိုတော့ တော်ရုံစကား၊ သူဖြစ်ချင်သည့် အကြောင်းရှိလျှင် ကိုပြေသိမ်းကိုတိုင်တည်တတ်သည်။ ကိုပြေ သိမ်းကလည်း မင်းသဘောပါကွာလို့ ခွင့်ပြုတတ်သည်။ ရွာကိုလွန်ခဲ့ကြပြီ။

တအီအီမောင်းနှင်ခဲ့ရင်းက

ရာကျော်

ဇရပ်ကိုပင်ရောက်တော့မည်။

ရာကျော်ဇရပ်မရောက်ခင်

ကလေးမှာ တလုတ်မန်ကျည်းတောကြီးရှိသည်။ မအိမ်ကံတို့ရွာ ဘက်တွေက ဆေးမန်ကျည်းတောလို့လည်းခေါ်ကြသည်။ လှည်းလမ်းတစ်ဖက်တစ်ချက်ကိုပင် အကိုင်းချင်းယှက်မိုးထား သဖြင့် ညို့နေသည့်နေရာဖြစ်၏။ တလုတ်မန်ကျည်းတောကို ခဏဖြတ်ရသည်ပင် အေးမြလှသည်။ တလုတ်မန်ကျည်းပင် ကြီးတွေက သည်နေရာမှာ တောထနေရုံမက တစ်ပင်တစ်ပင် ထန်းလုံးလောက်ရှိကြပါ၏။ ထိုခဏ၌ပင် လှည်းနောက်ဖျား ဆီက ညွတ်ခနဲတက်လိုက်သော လူတစ်ယောက်ကြောင့် လှည်း ပင် အိခနဲဖြစ်သွားခဲ့သည်။ လူက ၀၀မည်းမည်း။ ညှီစို့စို့အနံ့ တွေက လှိုက်တက်နေသည်။ အပေါ်ပိုင်းအင်္ကျီမပါဘဲ ဆံပင် တွေ ကုပ်ပေါ်ဝဲကျနေတာကပင် ကြောက်စရာ။ သွားဝါ၀ါကြီး များနှင့်အတူပေါ်နေသောသွားဖုံးထူကြီးတွေမှာ အာစေးတွေ အမျှင်တန်းလျက်။ ထိုလူက တလုတ်မန်ကျည်းပင်ရိပ်က ရုတ် ခနဲထွက်လာပြီး လှည်းပေါ် စွေ့ခနဲတက်လိုက်ခြင်းဖြစ်သည်။ မအိမ်ကံတို့ပင် ရုတ်တရက် မတားသာခဲ့။

ထိုလူက

လှည်း

ပေါ်မှာထိုင်မိသည်နှင့်

ကိုပြေသိမ်းပေါင်ပေါ်က

သမီးငယ်

မအိမ်ခိုင်ကိုလှမ်းဆွဲရင်း

လုတော့သည်။ အသံက အက်ကွဲကွဲ။ “ပေးစမ်း ငါ့ကလေးကို။ ကလေးသူခိုးတွေ ခုမှမိသယ်။ လာခဲ့စမ်း” မအိမ်ခိုင် အော်ငိုလိုက်သံက တလုတ်မန်ကျည်းတော တစ်တောလုံးကို ကိုင်လှုပ်လိုက်လေပြီ။ တုံ့ခနဲ ရပ်လိုက်သော လှည်းကြောင့် ကလေးလုသူ ဟန်ချက် ပျက်သွားခဲ့သည်။ ဖိုးကူးက ရုတ်တရက် ထရပ်လိုက်ပြီး ကလေးလုသူ၏ အင်္ကျီ မပါသည့် ကျောမည်းမည်းကြီးကို နကန်နှင့် ဖြန်းခနဲ ရိုက်ချလိုက်သည်။ ကလေးလုသူက နကန်ချက်ကို နာပုံပင်မရ။ ပါးစပ်ကြီးဖြဲကာ လက်ကြမ်းကြီးများနှင့် လုမြဲလုလျက် ရှိလေသည်။ ကိုပြေသိမ်းက အမှတ်တမဲ့ကြောင် နေရာက မျက်နှာကို လက်သီးပြင်းပြင်း တစ်ချက် ထိုးလိုက်တော့မှ အူးခနဲအော်ကာ မျက်နှာကို လက်ဖ၀ါးဖြင့် အုပ်လိုက်သည်။ ဖိုးကူး၏ နကန်ချက်တွေ ဆက်ကာဆက်ကာ ကျလာသည့် အခါမှာတော့ လှည်းပေါ်က ၀ုန်းခနဲ ခုန်ချ လိုက်လေ၏။ တက်မတက် ချက်မတက် အော်နေကြသော သမီးနှစ်ယောက်ကို ထွေးပွေ့ထားရင်း လှည်းပေါ်က

211


ကျသွားသူကို မအိမ်ကံ ငုံ့ကြည့်လိုက်သည်။ ဘယ်သူလဲ၊ ဘာသဘောလဲ။ မအိမ်ခိုင်ကို ဘာဖြစ်လို့ လုရတာလဲ။ မအိမ်ကံ နားမလည်နိုင်။ လူကလည်း အရူးတစ်ယောက်နှင့်ပင် တူနေတော့သည်။ ပြီးတော့ တလုတ် မန်ကျည်းတောထဲက ဘာကိစ္စ စောင့်နေရတာလဲ။ မအိမ်ကံတို့ လာမယ်ဆိုတာ ဘယ်သူက လက်ထောက်ချ လိုက်လို့ပါလိမ့်။ လှည်းဆက်ထွက်လာခဲ့ သော်လည်း ကလေးလုသူက လှည်းလမ်းပေါ်မှာ ကုန်းကုန်းကြီး။ “အရူးစက်ဖေဆိုသာပေါ့ မမကံ တစ်ရွာတစ်ရွာသည်လို ကူးနေတာ မမကံ မကြုံဖူးလို့ လှည်းပေါ်မှာ ကလေးပါရင် တက်လုနေကျ၊ ပြီးခဲ့တဲ့လကပဲ အနောက်ရွာက ကလေး တစ်ယောက်ကို အိမ်ပေါ်တက်လုလို့ ၀ိုင်းရိုက်လွှတ်လိုက်ကြ သေးသာ” “အို..ကလေးလုသယ် ဟုတ်လား ဖိုးကူး။ ဟုတ်ကဲ့လားဟယ်။ အရူးစက်ဖေရယ်လို့တော့ ကြားဖူးသား။ ကလေး လုသာတော့ မကြားမိဘူး။ တော်ပါသေးရဲ့ အစ်ကိုရယ်၊ အစ်ကို သတိရှိလို့ သာပေါ့။ တော်တော်တော့ နာသွားရှာ ထင်ပါရဲ့ လှည်းပေါ်က ပြုတ်ကို ကျသွားသာ” ဂျပန်ကို တော်လှန်ခဲ့သော တော်လှန်ရေးသမားကို ပြေသိမ်းပင် အမှတ်တမဲ့ ဆိုတော့ လန့်သွားပုံ ပေါ်ပါ၏။ ဖိုးကူးက အရူး တစ်ယောက်ပါ ဆိုတော့ စိတ်မကောင်း ဖြစ်သွားပုံ လည်းရသည်။ သမီးမအိမ်ခိုင်ကို ကြည့်လိုက်တော့ ကြေးညှော် တွေရော၊ လက်ဆုပ်အားကြောင့် အရာများပင် ထင်ကျန်ရစ် ခဲ့လေသည်။ မအိမ်မြိုင်ရော မအိမ်ခိုင်ပါ မအေ့ရင်ခွင်ထဲ တိုးဝင်နေကြသဖြင့် မအိမ်ကံ ချော့မော့နေရသည်။ ဖိုးကူးက “ကလေးလုသာ ဇာတ်ထုပ်ရှိသယ် မမကံရဲ့။ ဦးစက်ဖေ ကြီးတို့က ပိုက်ဆံရှိကြသယ်တဲ့။ သူ့မိန်းမက မြစ်နားတန်းရွာ က စားကြူးသူ။ မိဘတွေ ရွာကိုပြန်ပြီး စစ်ပုန်းကြတုန်း ဗုံးကျင်းထဲ ဗုံးတည့်တည့်ကျလို့ မိန်းမရော၊ ကလေးတွေရော ဆုံးကြရရှာသာတဲ့” “မင်းဟာ ဟုတ်ရဲ့လား ဖိုးကူးရာ” “ရော် ဆရာလေးကလည်း တစ်နယ်လုံး အုန်းအုန်းထလို့ ဟာ။ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာနေမှာ” ကိုပြေသိမ်းက ၀င်ပြောတော့ ဖိုးကူးက သေချာသပ လေညာက လုပ်နေလေ၏။ မအိမ်ကံကတော့ ဆရာလေးရွာမှာ မရှိလို့ မကြားလိုက်သာ နေမှာဆိုသည့် ဖိုးကူးစကားကြောင့် အတွေးတွေ ၀င်နေမိခဲ့သည်။ စားကြူးရွာတွေဘက် ဗုံးကျသည့် သတင်းကို မအိမ်ကံလည်း ကြားခဲ့ပါသည်။ စားကြူးရွာ ပင်မက တခြားရွာတွေလည်း ဗုံးကျတာ ရှိခဲ့ပါ၏။ သို့သော် ဦးစက်ဖေ ဇာတ်ထုပ်ကို မအိမ်ကံ မကြားမိခဲ့။ ဦးစက်ဖေတို့ မှာ ဘ၀က အကြောင်းပါလို့ စုံဖက်ကြပြီးကာမှ ကံမကောင်း အကြောင်းမလှလို့ ဘ၀ခြားကြရတာပါလား။ ဦးစက်ဖေက ပိုက်ဆံရှိလို့ ပြည့်စုံတယ် ထားပါဦး။ ကြင်ဖော်ကြင်ဖက်နှင့် ကွဲရပြီဆိုမှတော့ ဘာများ အဓိပ္ပါယ်ရှိသေးလို့လဲ။ မယားနှင့် ကလေးကို တမလွန်ပို့လိုက်ရသည့် ဘ၀ကို ခံနိုင်ရည်ရှိရှာ ဟန်မတူ။ စိတ်က ဖောက်ပြန်သော်လည်း သားသမီးဆိုသည့် မိဘမေတ္တာကတော့ ရူးသွပ်မသွားရှာပါလား။ မြင်ကရာ ကလေးကို သူ့ကလေး ထင်နေရှာလိမ့်မည်။ ကလေးကို ရန်ရှာချင်တာ မဟုတ်ဘဲ သူ့ရင်သွေးအမှတ်ဖြင့် ၀င်လုခြင်းသာ ဖြစ်လိမ့်မည်။ “အစ်ကိုရယ်၊ လူ့ဘ၀မှာ ကိုယ့်လင်၊ ကိုယ့်သား၊ ကိုယ့် မယားနဲ့ ဆင်းရဲအတူ ချမ်းသာအမျှ ဆိုသလို အတူတကွပေါင်း ဖက်နေထိုင်ရခြင်းဟာ ဘယ်လောက်များ စိတ်ချမ်းသာစရာ ကောင်းသလဲနော်။ သုံးလွန်းတင်စားပြီး ကလေးတစ်ပြုံ တောင်ကြီးနဲ့ ရုန်းရကန်ရသဲ့ အိမ်ထောင်ပဲဖြစ်ဖြစ် အတူတကွ ပေါင်းဖက်ရခြင်းဟာ မင်္ဂလာရှိနေသာပဲလို့ မအိမ်ကံတော့ တွက်သယ်” သုံးလွန်းတင်ဆိုတာ

ပြောင်း၊

ဆန်နှင့်

ပဲတို့ကို

ရောကျို

ချက်ရသော

ဆင်းရဲသားထမင်းဖြစ်ကြောင်း

ကိုပြေသိမ်း

သိပါ၏။ ဇောင်ချမ်းကုန်းမှာ သုံးလွန်းတင် ထမင်းစားပြီးနေကုန် ကြသူတွေ ရှိသည်။ တချို့များ ကြေးဥ၊ သမုန်းဥကိုပင် အားပြုကြရပါ၏။ သို့သော်လည်း ဆင်းရဲရန်ကော မရှိကြ။ သိုက်သိုက်ဝန်းဝန်း ရှိရှာကြသည်။ ကိုပြေသိမ်း စစ်ထွက်စဉ်က

212


မအိမ်ကံ ကိုယ်တိုင် ခံစားရသော ခံစားမှုသည် လှည်းပေါ်မှာပင် အသစ်ပြန်ဖြစ် ရလေပြီ။ သေသည်၊ ရှင်သည် မသိ၊ အတူရှိရာမှ ပဲ့ပါသွားရသည့် ခံစားမှုကား ကြီးလှပါသည်။ မအိမ်ကံကတော့ တင်းခံနိုင်ခဲ့သည်။ သည်စကားတွေ မအိမ်ကံ ထပ်မပြောချင်တော့။ ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီ။ အသစ်ဖြစ် ရတိုင်း ထိုအချိန်ကာလက ခံစားမှုက ခြောက်လှန့်နေခဲ့သည်သာ။ ကိုပြေသိမ်းကတော့

မအိမ်ကံမျက်နှာကလေးကိုသာ

ကြည့်လျက်ရှိပါ၏။

မအိမ်ကံ

ဘာကိုဆိုလိုသလဲဆိုတာလည်း

ပညာတတ်ပီပီ ခံစားနားလည်နေခဲ့သည်။ ရာကျော်ဇရပ်ကို ရောက်တော့ လှည်းမနားပါ။ ဆရာကြည့်ကို သတိရကြသဖြင့် တစ်ထောက်မနားဘဲ ခရီး ဆက်ခဲ့ကြသည်။ မြင်းခြံရောက်တော့

နေရင့်လှပြီ။

ပွဲကတော်ကြီးက

ကုန်းကုန်း

ကုန်းကုန်းနှင့်

ဆီးကြိုရှာပါ၏။

အရွယ်အတော်

အိုလှပြီဖြစ်သော်လည်း မြေးတွေ ရှင်ပြုပွဲမှာ ပျော်နေပုံရသည်။ မအိမ်ကံ ငယ်စဉ် ကလေးဘ၀ကတည်းက သည်အချိန်အထိ အမျှင်မပြတ် နှီးနွယ်ခဲ့ကြသော သံယောဇဉ်ကြောင့် သည်အလှူ ကိုမရောက်ရောက်အောင် လာခဲ့ကြခြင်း ဖြစ်သည်။ “မောင်ပြေသိမ်းတို့၊ မအိမ်ကံတို့ သားအဖ တစ်တွေကို အာရုံရှိလွန်းလို့ကို ဖိတ်ရတာပါ။ ဥတုကလည်း ပြင်းတော့ ကလေးတွေ ပန်းကြရှာမှာပဲ။ အချောကလေးတွေပါလားဟဲ့ ကိုင်း နားကြဦး၊ နားကြဦး။ ခရီးခတင်း ကရိကထကလည်း များသားကွယ့်” “မအိမ်ကံတို့ကလည်း လာချင်နေသာပါ ပွဲကတော်ကြီးရယ်။ ပွဲမင်းကြီးကိုလည်း သတိရမိပါရဲ့။ ကျွန်မလည်း ရွာမှာ နေ့တကုပ်ကုပ်၊ ညတကုပ်ကုပ်ဆိုတော့ ခြေညောင်း လက်ဆန့် ရှိချင်တာလည်း ပါပါသယ်။ အစ်ကိုကလည်း ထနောင်းတိုင် မရောက်ဖြစ်သာ ကြာပြီလေ။ အစ်ကို့မိဘတွေလည်း မြေးတွေ လွမ်းကြရှာသယ်ကြားလို့ အပြန်ဝင်ကြဦးမလို့” “ကောင်းပါလေ့

မအိမ်ကံရယ်။

ကိုင်းကိုင်း

အိမ်အပေါ်

ထပ်သာတန်းတက်ကြပါရော့

တခြားဧည့်မရှိပါဘူး။

ပြီးမှ

ရေမိုးချိုးချင်သပဆိုလည်း ချိုးကြပေါ့ကွယ်။ နေ့လယ်စာ သုံးဆောင်ကြရအောင်။ နက်ဖြန်အလှူဝင်၊ သန်ဘက်ခါ အလှူကြီး၊ ဖိန်းနွှဲခါမှ ပြန်ကြပေါ့” အိမြ် ကီးအပေါ်ထပ် အခန်းတစ်ခန်းမှာ မအိမက် တံ့ို သားအမိ သုံးယောက်ခြေဆင်းလဲလူ အနားယူကြသည်။ ကိုပြေသိမ်းကတော့ ထုံးစံအတိုင်း လူတွေတရုန်းရုန်း မနေတတ်တော့ မြို့ထဲကို စက်ဘီး တစ်စီးနှင့် ထွက်သွားတော့သည်။ ဖိုးကူးကတော့ လှည်းချွတ် နွားစာချ ကျွေးပြီးကတည်းက ပျောက်သွားခဲ့ပြီ။ ဘိုင်စကုပ်ဆိုတာများ ရောက်သွားလေသလားမသိ။ မအိမ်ကံတို့ကို နေရာချပေးသည့် အခန်းက လှမ်းကြည့်လျှင် အလှူမဏ္ဍပ်ကို မြင်ရသည်။ မြို့အလှူဆိုပေသိ ၀ိုင်းသူ ရံသူတွေ များလှပါ၏။ ပွဲကတော်ကြီးက မြင်းခြံမြို့သူဆိုတော့ ရွာနေပြည်ထိုင်ပီပီ အသိအကျွမ်းများလှသည်။ ဈေး ဧည့်၊ ရွာဧည့်စုံလှပါ၏။ ကြက်သွန်လှီး၊ ပဲရွေး၊ ဆန်ရွေးကြသည့် မြင်းခြံသူကလေးတွေကို မြင်ရတော့သည်။ မိန်းကလေး တွေထဲမှာကော ဖက်စိမ်း ကွမ်းတောင်ကိုင် မိန်းကလေး ပါလေသလား လိုက်ကြည့်နေမိသည်။ မြို့သူကလေးတွေဆိုတော့ ယဉ်ယဉ်သန့်သန့် ကလေးတွေချည်း။ ဘယ်သူ့ဘယ်သူ ပိုလှသည် မဆိုသာ။ သည်မိန်းကလေးတွေမှာကော ဖက်စိမ်း ကွမ်းတောင် ခံစားမှုတွေ မရှိကြရော့သလား။ မအိမ်ကံတို့ ရွာမှာတော့ ဖက်စိမ်းကွမ်းတောင် ကိုင်ရခြင်းသည်ပင် တစ်ဂုဏ် မဟုတ်လား။ ကြားဖူးတာတော့ မြို့အလှူတွေမှာ ရွှေကွမ်းတောင်၊ ငွေကွမ်းတောင်၊ ကွမ်းမြှောင့်၊ ကွမ်းကလပ်တွေ တစ်ယောက် တစ်လက်ကိုင်ကြသတဲ့။ ဖက်စိမ်းကွမ်းတောင်ကို သီးသန့်ကိုင်ရသည့် မြို့အပျိုချောဆိုတာကော ရှိရဲ့လား။ အလှူနှင့် ဖက်စိမ်းကွမ်းတောင် ဆိုတာ ထွန်နောက်ရေ ပါရသလို မဟုတ်လား။ ဖက်စိမ်းကွမ်းတောင်ကိုင် ရှိရမှာပေါ့။ ထုံးမီ စံကျ မိန်းမလှတစ်ယောက်တော့ ရှိရမှာပေါ့။ သမီးကြီး မအိမ်မြိုင်ကိုပင် ပြောမိပါ၏။ “သမီး မနက်ဖြန်အလှူလှည့်မှာ ဖက်စိမ်းကွမ်းတောင် ကိုင်ရတဲ့ မိန်းကလေးကို သမီး သေသေချာချာကြည့်နော် လှလည်းလှ၊ ယဉ်လည်းယဉ် လူအများရှေ့မှာကြော့ကြော့ မော့မော့နဲ့ အင်မတန်ကျက်သရေရှိတဲ့ မိန်းမချောကွယ့်။ ငါ့သမီးကြီးရင် အဲသလိုကိုင်ရမှာ၊ မနက်ကျအမေပြမယ်နော်။ သမီးကြီးရင် ဖက်စိမ်းကွမ်းတောင် ကိုင်မယ် မဟုတ်လား သမီး” ခြောက်နှစ်အရွယ် သမီးကလေး နားလည်လေသလား၊ မလည်လေသလား မအိမ်ကံ မစဉ်းစားနိုင်။ မအိမ်ကံဇောတွေ

213


ကရှေ့လောကြီးလျက် ရှိပါ၏။ “ဖက်စိမ်းကွမ်းတောင်က အလေးကြီးလား အမေ” “မလေးပါဘူး သမီးရယ်။ အပျိုဖြစ်မှကိုင်ရမှာပါ။ ငှက်ပျောရွက်ကလေးတွေနဲ့ ကွမ်းတောင်ချိုးထားတာသမီးရဲ့ သိပ်လှသာ။ အမေဆိုရင် သိပ်ကိုင်ချင်ခဲ့ရသာပေါ့ မကိုင်ခဲ့ရဘူး။ ငါ့သမီးအလှည့်ကျရင် ကွမ်းတောင်ကိုင်ရပါပြီတော်။ အဲသည်ကျမှ အမေတ၀ကြီး ထိုင်ကြည့်လိုက်စမ်းမယ်နော် သမီး” မအိမ်မြိုင်က မအေ့မျက်နှာကို ခပ်စူးစူးလှမ်းကြည့် နေသည်။ ဘာပြောနေမှန်းလည်း သိပုံမပေါ်။ အမေ မကိုင်ခဲ့ရဘူး ဆိုတာကိုတော့ နားလည်လိုက်ပုံရပါ၏။ မျက်နှာကလေး စူရာက ပြုံးသွားလေသည်။ “အမေမှ မကိုင်ရင် သမီးလည်း မကိုင်ဘူးနော်အမေ” “ဟယ်” မအိမ်ကံ၏

“ဟယ်”သံက

ကျယ်ကျယ်

လောင်လောင်ကြီး

ထွက်သွားခဲ့သည်။

သမီးကို

မျက်နှာထား

တင်းတင်း

ကြည့်လိုက်မိသည် အထိ ထူပူသွားခဲ့သည်။ ကုဋေတစ်သန်း တန်အောင် ရွရွကလေး လှမ်းခဲ့ကာမှ ခလုတ်တိုက်ရသည့် အဖြစ်။ မဦးမချွတ် ရှိရလေခြင်းလည်း ယူကျုံးမရဖြစ်ရသည်။ မအိမ်မြိုင်ကတော့ ကလေးပီပီ သူ့စကား ဘယ်ရောက်လို့ ဘာမှန်း မသိသော်လည်း မအေဖြစ်သူ အလိုမကျတာကိုတော့ သိပုံရသည်။ မျက်လုံး အ၀ိုင်းသားနှင့် ပြန်ကြည့်နေခဲ့ သည်ပင်။ မအိမ်ကံစိတ်ကို ပြန်လျှော့လိုက်သည်။ သမီးဖြစ် သူမျက်နှာကလေး ညှိုးသွားတာကို မြင်ရတော့လည်း စိတ်ကို ထိန်းရပြန်သည်။ “အမေ မကိုင်တာ အမေက မလှလို့ မကိုင်ရတာပါ သမီးရယ်။ ငါ့သမီးက ချောလိုက် လှလိုက်သာမှ၊ ဒါမျိုးက အင်မ တန်လှတဲ့ မိန်းကလေးမှ ကိုင်ရသာကွယ့်။ နောက်ဆို သည်လို ယောင်ယောင်မှားမှား မပြောရဘူးနော် သမီး” မအိမ်မြိုင်က

ခေါင်းညိတ်တော့လည်း

ပြန်စဉ်းစားကြည့်မိပါ၏။

သမီးခေါင်းက

သူကိုယ်တိုင်တုန်းကတော့

လေးပွတ်ပေးနေမိသည်။

မိဘ

ငယ်ပေါင်းမဟုတ်လို့

တစ်ခါတစ်ခါတော့လည်း ကိုင်ခွင့်မရဘဲရှိခဲ့သည်။

မအိမ်ကံ မပြည့်စုံဘဲ

တောင့်တခဲ့ရသည့်အဖြစ်။ အခုသမီးအလှည့်ကျတော့ကော။ မိစုံဖစုံဖြစ်ပါလျက် ကြောင့်ကြ နေရပြန်ပါပကော။ နောက်တစ်နေ့ ညနေခင်းမှာ အလှူလှည့်ကြပြီ။ မြို့အလှူ ဆိုတော့စည်လည်းစည်၊ ၀တ်ကောင်းစားလှတွေနှင့် လူရည် လူရောင်တွေကလည်း ပြောင်လွန်းလှပါ၏။ သို့သော်မဏ္ဍပ် အတွင်းမှာ ကလေးနှစ်ယောက်မအေ တောသူ မအိမ်ကံကပင် အလှဆုံးဟု ဆိုနိုင်လောက်ပါ၏။ ရင့်ကျက် တည်ငြိမ်သော အလှနှင့် ပင်ကိုအလှတို့ ပေါင်းစပ် ရောနှောထားသည့် အလှက မဏ္ဍပ်တွင်းမှာ တစ်ဘာသာ ထင်ရှား ပေါ်လွင်လျက် ရှိပါ၏။ သမီးမအိမ်မြိုင်နှင့် မအိမ်ခိုင်တို့ ညီအစ်မကလည်း ဖြူစင်ဝင်း မွတ်ချစ်စရာကလေးတွေ။ မအေ့ဘေးမှာ ပုံ့ပုံ့ကလေးတွေ ထိုင်နေကြလေသည်။ မအိမ်ခိုင်က ငယ်သေးသော်လည်း မအိမ်မြိုင် ကသိတတ်သည့် အရွယ်ဆိုတော့ မဏ္ဍပ်တွင်း ၀င်လာသမျှသော ပရိသတ်တွေကို လိုက်ကြည့်နေခဲ့သည်။ ကိုပြေသိမ်းကတော့ မဏ္ဍပ်တွင်း ရှေ့ပိုင်းမှာ မြို့ခံလူကြီးတချို့နှင့် စကားကောင်း နေခဲ့သည်။ “မအိမ်ကံ၊ ထမင်းသုံးဆောင်ပြီးပလား” မအိမ်ကံတို့ သားအမိကို လာရောက် ဧည့်ခံ နှုတ်ဆက်ကြသူတွေ များလွန်းလှသည်။ အလှူထမင်းဟင်းကို ပွဲကတော်ကြီး အိမ်ထဲအထိ အရောက်ပို့ကာ ကျွေးမွေးသဖြင့် သားအမိ သားအဖတစ်တွေ စားပြီးကြပြီ။ မအိမ်ကံက ထမင်းရုံထဲဝင်ပြီး အများနှင့် ရောနှော စားချင်လှသော်လည်း ကလေး နှစ်ယောက်နှင့် တိုးဖို့ မလွယ်တော့ အိမ်ထဲမှာပင် စားလိုက်ရပါ ၏။

214


“ပြီးပါပြီရှင်။ အလှူထမင်း အလှူဟင်းတော့ မအိမ်ကံက ၀မ်းအေးလွန်းလို့ ကြိုက်သယ်ရယ်။ ပွဲကတော်ကြီး အလှူ ထမင်းဟင်းကောင်းလွန်းလို့ မအိမ်ကံတို့ ရွာအပြန် ထည့်တောင် ယူသွားဦးမှာရှင့်” မအိမ်ကံ အပြောကို ကြားရသူတိုင်းက ၀မ်းသာကြသည်။ ကိုပြေသိမ်းက ထနောင်းတိုင်သား ဆိုသော်လည်း မြင်းခြံမြို့ပေါ်ကြီး မြို့ပေါ်နေ ဆိုတော့ လူတိုင်းက သိကြသူပင်။ ထိုကျောင်းဆရာ ကိုပြေသိမ်း၏ ဇနီး တောသူကြီး သမီး မိန်းမချော မအိမ်ကံကို ဆရာကတော် အဖြစ် ချစ်ခင် လေးစားကြပါ၏။ လင်ယောက်ျားကြောင့် တစ်ဂုဏ် တက်ရလေခြင်း အောက်မေ့ကာ မအိမ်ကံမှာ ကိုပြေသိမ်းကို တိုးလို့သာ ကြည်ညိုမိရပါ သည်။ အလှူ လှည့်ခါနီးတော့ မအိမ်ကံ ရင်တွေခုန်ရလေပြီ။ ကိုပြေသိမ်းကလည်း အနားမှာ မရှိတော့ မအိမ်ကံခမျာ များလှ သောလူတွေကြားမှာ ကလေးနှစ်ယောက် လက်ဆွဲကာ တိုးရပါ၏။ အလှဆုံး ပြင်ဆင်လာကြသော မြို့ခံ မိန်းမပျိုကလေးတွေက အရောင်အသွေး အမျိုးမျိုးဖြင့် လှချင်တိုင်း လှနေကြသည်။ ခေတ်ပေါ် အ၀တ်အစား အဆင်အပြင်နှင့် လွန်လွန်ကဲကဲ ၀တ်စားထားကြသူတွေလည်း ပါသည်။ ရိုးရိုးယဉ်ယဉ် ကလေးတွေကတော့ ခပ်များများ။ ဘယ်သူလဲ ကွမ်းတောင်ကိုင်။ ဘယ်မှာလဲ ဖက်စိမ်းကွမ်းတောင်။ “မြို့မှာတော့

ကွမ်းတောင်ကိုင်ဆိုတာ

ဘယ်လို

ရှိလေမလဲ။

ဥစ္စာပေါရုပ်ချောထဲကလား။

ကြုံရာသင့်ရာဆွေမျိုး

တစ်ယောက်ယောက် ကိုင်ကြတာများလား။ ကွမ်းတောင်ကိုင် ဆိုတဲ့ မိန်းမကောင်းတို့ရဲ့ ဂုဏ်ဟာ တော်ရိလျော်ရိနဲ့ပဲ မှေးမှိန် သွားလေမလား။ အဲသလို ဘယ်ဟုတ်ပါ့မလဲ။ ဥပဓိရုပ်ကော ကိုယ်ကျင့်တရားကော လူအများက စံထားလောက်ပါပေရဲ့လို့ သဘောအလျောက် ရွေးချယ်ခံရတဲ့ မိန်းကလေး ဖြစ်ရမှာပေါ့” မအိမ်ကံ

တစ်ယောက်တည်း

တွေးနေမိခြင်းဖြစ်သည်။

လူတွေကကြိတ်ကြိတ်၊

ကြိတ်ကြိတ်

တိုးဝင်လာကြတာများ

မဏ္ဍပ် ကွဲမတတ်ပင်။ မဏ္ဍပ် အပြင်ဆီက ဒိုးပတ်သံ၊ အိုးစည် သံတွေက စကားပြော မဖြစ်လောက်အောင် ပွက်နေရုံမက မဏ္ဍပ်တွင်းမှာလည်း လူသံတဝေါဝေါ။ လူငွေ့ဖြင့် စို့ပြန်လာသောချွေးကို ပ၀ါနုဖြင့်တို့ရင်း မဏ္ဍပ်ရှေ့ ကန်တော့ပွဲ တင်ရာ နေရာကို မအိမ်ကံ လှမ်းကြည့်နေခဲ့သည်။ ထိုစဉ်တွင် နိဗ္ဗာန်ဆော်၏ အသံကြီး စူးထွက်လာသည်။ “အလှူလှည့်ချိန် ရောက်ပါပြီခင်ဗျာ။ သာသနာ့အလံကိုင် ဘကြီးကြွား ကြွပါခင်ဗျာ။ အလှူဦး ကန်တော့ပွဲရွက်မယ့် အမေကြီးသင် ကြွပါခင်ဗျာ။ ကိုင်း ကိုင်းမိန်းကလေးများ ကုမ္မာရီများက မဏ္ဍပ်အပြင်မှာ ရွှေကွမ်းတောင် ငွေကွမ်း တောင်များ၊ ရွှေကလပ် ငွေကလပ်များ၊ ရွှေစိန်တောင် ငွေစိန် တောင်များ၊ ရွှေကွမ်းမြှောင့် ငွေကွမ်းမြှောင့်များ၊ သင်္ကန်းမောင်း ထောင်ချိုင့်၊ ပန်းမောင်းထောင်ချိုင့်များ ဆိုင်ရာဆိုင်ရာယူ ကြပြီး တန်းစီထားကြပါ။ ဖက်စိမ်းကွမ်းတောင် ကိုင်မယ့် မိန်းကလေး မဏ္ဍပ်တွင်းက ဘုရားကျောင်းဆောင်ကိုလာ ကန်တော့ပါ။ အလှူလှည့်လိုက်မယ့်သူများက” မအိမ်ကံက နိဗ္ဗာန်ဆော်၏ အော်သံတွေထဲ စိတ်မရောက်တော့။ ဘုရားဝင်ကန်တော့မည့် ဖက်စိမ်းကွမ်းတောင်ကိုင် မိန်းကလေးကိုပဲ မျှော်နေမိလေ၏။ ဟော ၀င်လာပါပြီ။ ပုစွန် ဆီရောင်ဖျော့ဖျော့ ပိုးချိတ်ထဘီမှာ အုတ်ခဲရောင်ကြိုးလိမ် ထားသော ခုနစ်စင်းဂမုန်းကြိုး အချိတ်နှင့် တစ်ရောင်တည်း အုတ်ခဲရောင် အင်္ကျီလက်ရှည် ၀တ်ထားသူ ကလေး။ ဆံထုံးကြီးက မြင့်မောက် လှပါ၏။ ဆံထုံးအလယ်မှာ စိန်တစ်ပွင့်။ စိန်စီ လက်ကောက် နှစ်ရံ။ စိန်လည် တုန်တစ်ကုံးဖြင့် စိန်ရောင် တဖျပ်ဖျပ် တောက်နေသည့် မိန်းမလှကလေး တစ်ယောက် ဖက်စိမ်း ကွမ်းတောင်ပွေ့ရင်း ၀င်လာခဲ့လေပြီ။ ပွေ့လာသော ဖက်စိမ်း ကွမ်းတောင်ကို ဘုရား ကျောင်းဆောင်ရှေ့က စားပွဲပေါ် အသာတင်ကာ ဘုရားသုံးကြိမ်ဝတ်ဖြည့်နေတာကို အများက ၀ိုင်းကြည့် နေကြလေသည်။ ဘုရားရှိခိုးပြီး အထမှာတော့ ပရိသတ်ကို ပြုံးရုံ ကလေးပြုံးပြပြီး ကွမ်းတောင်ကိုပွေ့ရန် ပြင်လေပြီ။ “တွေ့လားသမီး၊ တွေ့လား။ ဖက်စိမ်း ကွမ်းတောင်ကိုင် ဆိုသာ အဲသာပဲ။ လှလိုက်သာနော် သမီး၊ မိန်းကလေးတွေ အများကြီးထဲက

သူတစ်ယောက်ပဲ

ကိုင်ရသာ၊

လူတွေအများကြီးက

သူ့ကိုရွေးထားကြသာ၊

ကုသိုလ်ထူးလိုက်ပုံ

ကြည့်ကြည့်သမီး။ သမီးကြီးရင် အဲသလိုကိုင်ရမှာ။ ရှေ့ကမတ် တတ်ရပ်နေသူတွေ ထိုင်ကြပါရှင်”

215


မအိမ်မြိုင်ကလည်း မျက်လုံးကလေးတွေ ၀ိုင်းနေအောင် ကြည့်နေလေသည်။ လူတွေက မိုးတိုးမတ်တတ် ရပ်ကုန်ကြတော့ မအိမ်ကံက သမီးကို ပြရင်းရှေ့က ပရိသတ်ကို အော်ရသေးသည်။ မအိမ်ကံက သမီးဖြစ်သူကို ခပ်လှမ်းလှမ်းက ပြတာမျိုး မဟုတ်ပါ။ ဖြစ်နိုင်လျှင် လူတွေကြားက တိုးကာတိုးကာ ဖက်စိမ်း ကွမ်းတောင်ကို သမီးလက်နှင့် ထိခိုင်း ချင်လှသည်။ အခုတော့ မအိမ်မြိုင်ရော၊ မအိမ်ခိုင်ကိုပါ တစ်ဖက်တစ် ချက်စီတွဲကာ လူတွေကို မတိုးသာ။ ကိုပြေသိမ်း အနားရှိလျှင်လည်း အငယ်မကိုထားကာ အကြီးမကို ပွေ့ချီပြီး တိုးလိုက်ချင်စမ်းသည်။ အခုတော့ မအိမ်ကံမှာ မချင့်မရဲနှင့်ပင် ငြိမ်နေလိုက် ရပါ၏။ မဏ္ဍပ်ထဲမှာ လူတွေ အားလုံးလိုလို မတ်တတ်ရပ်ကုန် ကြေလေပြီ။ တချို့က ရုံစမ်း ထမင်းရုံတွေဘက်ကို ကူးကြမည့်သူတွေ။ တချို့က အလှူလှည့်လိုက်ကြမည့်သူတွေ။ မဏ္ဍပ်က ၀င်းကြီး ကျယ်သလောက် ထိုးထားတာ မဟုတ်ပေသိ တော်တော်ကြီးကြီး ထိုးထားခြင်းဖြစ်၏။ အပြင်မှာရွှေထီး တ၀င်းဝင်း မြင်းတွေ။ မြင်းတွေပေါ်မှာ မောင်ရင်လောင်းတွေ။ “လာလာသမီး၊ အမေတို့အပြင်ထွက်ကြည့်ကြရအောင်” မအိမ်ကံက သမီးနှစ်ယောက် လက်ဆွဲပြီး ပရိသတ်နှင့် ရောယောင်ကာ မဏ္ဍပ်အပြင် တိုးထွက်လာခဲ့သည်။ အလှူလှည့် ကြမည့်သူတွေ တန်းပင်စီနေကြပြီ။ အလှူလှည့် မလိုက်သူတွေက ဘေးတစ်ဖက် တစ်ချက် ရံကာ ရပ်ကြရင်း လူတန်းဖြင့် ခြံခတ်ထားသလို ရှိကြလေ၏။ မအိမ်ကံက သမီး နှစ်ယောက်ကို ပခုံးကဖက်ရင်း တိုးသည်။ မအိမ်ကံတို့ သားအမိကို နေရာဖယ်ပေးကြသည်။ တိုက်ဆိုင်ချင်တော့ ဖက်စိမ်း ကွမ်းတောင်ကိုင် သူကလေးနှင့် မျက်နှာချင်းဆိုင် လာကျနေ သည်။ “အို တိုက်ဆိုင်လိုက်သာ။ သမီး ကွမ်းတောင်ကိုင် မမဆီသွားရအောင်။ သမီးကိုင်ကြည့်လို့ရသယ် အသာလေး ကိုင်နော်၊ လာသမီး” မအိမ်ကံက သမီးအကြီးမ ကျောကို တွန်းရင်းရှေ့ကိုထွက် ဖို့ပြင်လိုက်သည်။ ကွမ်းတောင်ကိုင် မိန်းကလေးနှင့် သူတို့သား အမိဝေးလှတာမှ မဟုတ်တာ။ တစ်လံသာသာလောက်သာ ဝေးသည်။ ခြေလှမ်း နှစ်လှမ်း၊ သုံးလှမ်းစာသာ ဝေးသည်။ ထိုစဉ်မှာပင် အမျိုးသမီး တစ်ယောက် ရောက်လာကာ ကွမ်းတောင်ကိုင် မိန်းကလေး၏ လက်မောင်းကို ဆွဲလေသည်။ “မြတလေး၊ လာ လာ ရှေ့ကို။ ညည်းက ဘယ်နှယ့် သည်ကြားထဲ လာရပ်ရတာတုံး။ ရှေ့မှာနေရမှာ လာ လာ မြန်မြန်” ကွမ်းတောင်ကိုင် မိန်းကလေး ယို့ခနဲ ပါသွားတာကို ကြည့်ရင်း မအိမ်ကံ ၀မ်းနည်းသွားခဲ့ပါ၏။ မအိမ်ကံငယ်ငယ် က မဏ္ဍပ်ထဲမှာ ဖက်စိမ်း ကွမ်းတောင်ကို ကိုင်ကြည့်ချင်လို့ ရှေ့ကိုအတိုး၊ ကိုင်ခွင့်ရခါနီးမှ အမေပန်းရုံက လက်ကိုလာ ဆွဲတာကို သတိရလိုက်မိသည်။ အလှူတန်းကြီး ရွေ့သွားသော်လည်း မအိမ်ကံတို့ သားအမိသုံးယောက် မရွေ့မိကြ။ “ကွမ်းတောင်ကိုင် မိန်းကလေးက မြတလေးတဲ့လား။ ကုသိုလ်ကံထူးပါဘိ” အို နေစမ်းပါစေ။ စောင့်ရလှ နောက်ဆယ့်နှစ်နှစ်ပေါ့ သမီးရယ်။ သမီး အလှည့်ကြုံ ရဦးမှာပေါ့။ သည်လောက်တောင် လွဲချင်လှတာ ၀ါးတော ဆင်နင်းသလို နင်းပစ်လိုက်ရ ချေသေးပေါ့။ ၀ါးခြမ်းမနင်းမိ ၀ါးလုံး နင်းမိရမှာပေါ့။ “အိမ်ကလေး၊ အလှူလှည့်သွားပြီလေ။ လာ မဏ္ဍပ်ထဲကို” ကိုပြေသိမ်းက လက်မောင်းကို လာဆွဲမှ မအိမ်ကံအသိ ၀င်လာခဲ့သည်။ သမီးအငယ်ကို ကိုပြေသိမ်းက ပွေ့ချီ သွားနှင့်ပြီ။ မအိမ်ကံက သမီးအကြီးမကို လက်ဆွဲရင်း မဏ္ဍပ်ထဲ ပြန်ဝင်လာခဲ့ရပါ၏။ သည်လိုနှင့် အလှူကြီးရက် နောက်တစ်နေ့ မနက်ဘက် ထနောင်းတိုင်ကို ကူးကြဖို့ ပြင်ကြရပြီ။ မအိမ်ကံက ရင်ထဲ မရှင်းတာတွေ မေးနေခဲ့ပါ၏။ မြို့မှာကော ဖက်စိမ်း ကွမ်းတောင်ကိုင်ကို ဘယ်လို ရွေးကြသလဲ။ ဘယ်လို သဘောထား ကြသလဲ။ ပွဲကတော်ကြီးက သိသမျှ ရှင်းပြသည်။

216


“မြို့ဆိုတော့ မအိမ်ကံရယ်။ ရွာတွေလိုတော့ ထုံးရယ် စံရယ် မဟုတ်တော့ပါဘူး။ မြင်းခြံကတော့ ရိုးရာ အစဉ်အလာ လိုက်ပါသေးတယ်။ ဒါပေမယ့်ကွယ် ကိုယ့်ရပ်ကွက်နဲ့ ကိုယ့် အလှူဆိုတော့ ကိုယ့်ရပ်ကွက်ထဲက မိန်းကလေးပဲသည်လို ရွေးလိုက်ကြရတာပါပဲ။ မြို့ဆိုတာက တခြား အရပ်ကလာ နေကြသူတွေလည်း များတာကိုး။ တစ်ဦးအကြောင်း တစ်ဦး ငယ်ကျိုးငယ်နာ အကောင်းအဆိုး မသိကြလေတော့ အပျို ရုပ်ချောချော ဥစ္စာပေါဆိုရင် ပြီးရတာများတယ်” “ဟုတ်ပါရဲ့နော်။ မိန်းကလေး နာမည်တော့ ကြားလိုက်သယ်” “မြတလေးတဲ့။ တို့နဲ့တူမ ၀မ်းကွဲလောက် တော်တယ်။ သူ့အစ်မက စိန်တလေးတဲ့။ စိန်တလေးက ပိုကြည့်ကောင်းသေး။ အခုက စိန်တလေး ခရီးသွားနေလို့ မြတလေး ကွမ်းတောင် ကိုင်ခိုင်းရတာလေ” အို လွယ်လိုက်ကြတာ။ သည်လို ဘယ်ဟုတ်ပါ့မလဲ။ မြို့ဆိုတာနဲ့ပဲ အရိုးအဆက် ပျက်ရရောတဲ့လား။ ဥစ္စာပေါ ရုပ်ချော ဆွေမျိုးနီးစပ်တော်ရုံနဲ့ပဲ မြို့ကျက်သရေဆောင် ဖက်စိမ်း ကွမ်းတောင်ကိုင် ဖြစ်ရရောတဲ့လား။ မအိမ်ကံတို့ ရွာတွေမှာတော့ သည်လောက်မလွယ်ပါ။ မအိမ်ကံတို့ရွာမှ မဟုတ်ပါ။ ဘယ်ရွာမှာမဆို လိုချင်လောက်မှ လူကောက်ရ ဆိုတာမျိုးမရှိ။ ထုံးမီစံကျ အကြောင်းလှသူမှ ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရသည်။ သည်လိုပဲ ရှိရမှာပေါ့။ “တစ်ခုတော့ ရှိတာပေါ့ မအိမ်ကံရယ်။ ရိုးရာဓလေ့ ထုံးစံ တွေဆိုတာက အဓိပ္ပာယ် မရှိတာ။ အကျိုးအကြောင်း မရှိတာမျိုးမှ မဟုတ်ဘဲ။ ရှေးလူကြီးတွေက အရှည်ကို မျှော်ကိုးပြီး သတ်မှတ်ထားကြတဲ့ ရပ်ဓလေ့ ရွာဓလေ့ လူ့စည်းကမ်းကို မအိမ်ကံတို့ ရွာတွေမှာ သည်လိုဓလေ့တွေကို ထိန်းသိမ်းစောင့် ရှောက်နေကြတာ များဖြင့် အလွန်အားရမိတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အကျင့်သီလကို ရင်စည်း ခါးဝတ်လိုမြဲမြံအောင် ထိန်းကွပ်ပေးတဲ့ သဘောပဲလေ” ပွဲကတော်ကြီးက မအိမ်ကံတို့ မိသားစုကို ကျွေးမွေးပြီးမှ သွားစေသည်။ အလှူက ပိုသော ဟင်းကျွေး ဟင်းရံများနှင့် မုန့်တွေပါ ချိုင့်ကြီး ချိုင့်ငယ်ဖြင့် ထည့်သို ပေးလိုက်သေးသည်။ မြင်းခြံနှင့် ထနောင်းတိုင် မဝေးလှသည့် အတွက် အေးအေးဆေးဆေး နေခိုင်းခြင်းဖြစ်သည်။ အလှူသိမ်းကိစ္စများနှင့် အလုပ်ရှုပ်နေသည့်ကြားက ပွဲကတော်ကြီးမှာ မအိမ်ကံတို့ လှည်းထွက်ခါနီးမှာ လာနှုတ်ဆက်ပြန်ပါ၏။ “ကိုင်း သွားကြရော့ သားအဖတစ်တွေ။ ၀တ္တရားများ မကျေရင်လည်း သည်းခံကြပါ။ မပန်းရုံကိုလည်း ပြောလိုက်ပါနော်။ စစ်ခိုခဲ့ရတဲ့ကျေးဇူး

အထူးတင်လျက်ပါလို့။

အလှူ

တစ်လှူသာ

ပြောတယ်။

အလုပ်တွေကလည်း

ကိုယ်မပါရင်

မပြီးရတာချည်းဖြစ်နေပါတယ်” “မအိမ်ကံတို့ကတောင် အားနာနေသာပါရှင်။ အလုပ် များမှန်းလည်း သိပါရဲ့။ ကိုင်း သွားပြီနော်။ ဒေါ်ဒေါ်” “သွားကြရော့။ အော် ဒါထက် မအိမ်ကံရေ” ပွဲကတော်ကြီးက လှည်းရံတိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ပြီး မအိမ်ကံနားနားကပ်ပြီး စကားပြောဖို့ ပြင်သည်။ မအိမ်ကံ ကအနားကပ်ပေး လိုက်တော့မှ ခပ်တိုးတိုးဆိုပါ၏။ “ဟိုဘက်ရွာတွေမယ် ကျောက်ကြီးရောဂါတွေ ဖြစ်နေကြ တယ်လို့ ပဲလှည်းတွေလာလို့ ကြားရတယ်။ ဥတုကလည်း ပြင်း။ တွင်းရေ၊ ကန်ရေတွေကလည်းခန်းတဲ့ အချိန်ဆိုတော့ ရောဂါဘယတွေ ဂရုစိုက်ကြကွယ့်။ ကျောက်ကြီးရောဂါနဲ့ ပျက်စီးကြသတဲ့။ မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက် ကျန်ရစ်ခဲ့ကြသတဲ့။ သည်ရောဂါဝင်ရင် တစ်ကိုယ်လုံး မီးကျီး များအုံထားသလို ပူတောက်နေတော့တာတဲ့။ ကိုင်း ကိုင်း။ သွားရော့ သွားလမ်းသာ ပြန်လမ်းချော၊ ဘေးရန်မှန်သမျှ ပိန်းကြာရွက် ရေမတင်သလို စင်စင်ကြီးလျှောကျပြီးလျှင် ချမ်းသာသုခအ၀၀ ပြည့်စုံကြပါစီ”

217


“ပေးသဲ့ဆုနဲ့ တလုံးတ၀တည်း ပြည့်ပါရစီ” လှည်းထွက်လာတော့

မွန်းတိမ်းစ

အညာနွေနေကပူ

ပြင်းလွန်းလှပါ၏။

မအိမ်ကံက

ကြက်ဆင်ဖဲထီးကို

ဖွင့်ကာ

သမီးနှစ်ယောက်ကို ကြက်သားအုပ်မ အတောင်နှင့် သိမ်းသလို သိမ်းအုပ်ရင်း ဆောင်းပေးခဲ့သည်။ ထနောင်းပင်တွေကတော့ နေပူကျဲ တောက်တောက်မှာ အ၀ါနှင့် အစိမ်း။ “ဘယ်နှယ့်တုံး မောင်ကံကြီးမောင်ရဲ့။ တိုင်းပြည်လည်း လွတ်လပ်ရေးရပြီးမှပဲ။ ဒါပေသိလို့ ဗမာပြည်မှာ နာရီတွေကများ ဆိုသာလို အသင်းအပင်းတွေက များလှသကော မောင်ရဲ့။ ငါတို့ဖြင့် ဘယ်လမ်းဘယ်ပန်းနဲ့ ဘယ်ခရီး ဘယ်ထီးနဲ့လို့တောင် မတွေးတတ်နိုင်အောင် ဖြစ်နေပြီ” ထနောင်းတိုင်မှာ နေခဲ့ရသည့် ရက်များအတွင်း ကိုပြေသိမ်းတို့ အိမ်မှာ လူသူလေးပါး စည်ကားလှပါသည်။ အထူးသဖြင့် ကိုပြေသိမ်း၏ ဖခင်မှာ နိုင်ငံရေးသမားဟောင်းကြီး ဖြစ်သော်လည်း အသက်အရွယ်ရရှာပြီ။ သို့သော် တစ်နေ့တစ်နေ့ ရေနွေးပွဲကြီးခင်းကာ လက်ဖက်ပဲကြော် အစုံအလင်ဖြင့် လာသမျှ လူတွေကို ဧည့်ခံလေ့ရှိသည်။ ထနောင်းတိုင် ရွာကြီးမှာ ပညာတတ်တွေ ထွက်သည့်အပြင် နိုင်ငံရေး စိတ်ဝင်စား သူတွေလည်း များလှပါ၏။ သည်အထဲမှာ ကိုကံကြီးမောင် ဆိုသူနှင့် ကိုပြေသိမ်းက ပုလဲနံပ သင့်လွန်းလှသည်။ ကိုကံကြီးမောင်က မြန်မာ့နိုင်ငံရေးကို ခြေခြေမြစ်မြစ် ပြောနိုင်တာပါ သကဲ့သို့ အပြောအဟောလည်း ကောင်းလှပေရာ နားထောင်ရ သူများအဖို့ တ၀ါးဝါး ပွဲကျရတာမျိုးရှိသလို “တောက်” ထခေါက်ရလောက်အောင်

သွေးထိုးပေးနိုင်စွမ်းလည်း

ရှိသူဖြစ်၏။

ခေတ်ပညာတတ်လည်း

ဖြစ်ပြန်၊

လူလုံး

လူဖန်ကောင်းကောင်း ရုပ်ရည် သန့်သန့်မွန်မွန်လည်း ဖြစ်ပြန်ဆိုတော့ ယုံကြည် ကိုးစားလောက်သည့် လူလည်းဖြစ်ပုံရသည်။ စကားပြောလျှင် မျက်လုံးကြီး ပြူးကာ ပြောတတ်သည်။ ပင်ဝါနုရောင် လည်ခေါင်းတုံး အင်္ကျီကို အမြဲဝတ်သူဖြစ်ပြီး မြင်းခြံချောင်းဒေါင်းထည် ပုဆိုးနီ နက်စင်းကို မချွတ်တမ်း ၀တ်တတ်သည်။ ပိုလိုစီးကရက် တခဲခဲနှင့် အိတ်ကပ်ထဲမှာလည်း စီးကရက်ဘူးက အမြဲပါတတ်ပါ၏။ ကိုပြေသိမ်းတို့ အိမ်ကို မနက်တိုင်း ရောက်လာတတ်သူ များမှာ ကျောင်းဆရာ ကိုလှအေး၊ ပန်းထိမ်ဆရာ ကိုဘညို၊ ၀တ်လုံတော်ရ ဦးမူ၊ ကုလားကုန်သည် ဦးအီစမိုင်၊ ဆေးလိပ် ခုံပိုင်ရှင် ကိုသန်းမြ စသူတို့ဖြစ်၏။ အခြားပုဂ္ဂိုလ်များလည်း လာရောက်တတ်ကြပြီး တစ်ခါတစ်ရံ အငြင်းအခုန်များဖြင့် ရန်များထ ဖြစ်ကြတော့မလား မှတ်ရသည်။ မအိမ်ကံကတော့ အိမ်အောက်ထပ်မှာသာ အနေများသည်။ ကြီးတော်ကြီးတွေ၊ ယောင်းမ၀မ်းကွဲတွေ၊ ဆွေနီးမျိုးနီးတွေ သာမက ထနောင်းတိုင် ရွာခံတွေကပါ မအိမ်ကံတို့ သားအမိတွေ ရောက်လာကြ ကတည်းက တရုန်းရုန်း ရှိနေကြပါ၏။ ဖိုးကူးပင် ခင်သီနှင့် ရော၍ ထမင်းချောင် ရောယောင် ၀င်နေရသည်။ မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တဗွမ်းဗွမ်း ဆူနေအောင် မီးထိုးရတာကပင် တစ်လုပ်။ ဖိုးကူးကပင် ညည်းယူရတော့သည်။ “သောက်လိုက်ကြသဲ့ ရေနွေးဗျာ။ သူတို့မှ အာခေါင် မပူသယ်။ လက်ဖက်ကလည်း ကန်တော့ပွဲပြင်သဲ့ ဇလုံကြီးနဲ့ သုပ်ရတာဗျို့ ရက်စက်သယ်” “နေစမ်းပစီ

ဖိုးကူးရယ်။

လက်ဖက်တွေ

တွင်တွင်စား

ရေနွေးတွေ

တွင်တွင်သောက်။

ထမင်းမေ့

ဟင်းမေ့တွေ။

အစ်ကိုလေးကိုယ်က ဆင်သွားရာကျားချောင်း။ လူလိုက်ရှာနေ သာလေ။ မမကံ ယောက်ျားလည်း ဖအေ့သွေး ပါသတော့်။ ပေါ့ ပေါ့ မမှတ်နဲ့နော်” ခင်သီပြောလည်း ပြောစရာ။ မအိမ်ကံကတော့ ရယ်နေလိုက်ပါသည်။ ဇောင်ချမ်းကုန်းလို ချောင်ကျကျရွာကလေးမှာ သည်လိုစကားတွေ ပြောမည့်သူ မရှိတော့ ကိုပြေသိမ်းမှာ ထနောင်းတိုင် လာပြီး အတိုးချ ပြောနေသလား ထင်မိပါ၏။ ဘာပဲဖြစ်ဖြစ် သူ့မိသူ့ဘ၊ သူ့ရွာ သူ့မြေ သူ့လူတွေနှင့် ကိုပြေသိမ်း ပျော်နေ ပုံရတာကိုပဲ မအိမ်ကံ ၀မ်းသာရသည်။ ကိုပြေသိမ်း မပြောပါနှင့်။ သမီးနှစ်ယောက်ကပင် ထနောင်းတိုင်မှာ ပျော်နေကြသည်။ ရွာထဲ သွားလည်ကြရတာလည်း အမော။ တစ်အိမ် မဟုတ် တစ်အိမ်က ခေါ်သွားကြတာ ဆိုတော့ လက်သာရာပါ နေကြသည်။ ရာသီကလည်း ပူပြင်းလွန်းသဖြင့် နေ့လယ်

218


နေ့ခင်းတော့ ပြန်ပို့ပါ ပြောရပါ၏။ “ကျုပ်တို့ရွာက သစ်ကြီးဝါးကြီးပါ့ရှင်။ သူတကာ့ ရွာတွေ ပူလှပူလှနဲ့ ကျုပ်တို့ ထနောင်းတိုင် ပူချိန် မရလိုက်ပေါင်။ မြင်းခြံနဲ့ တောင်မတူဘူး။ မြင်းခြံကဟာတွေ ကျုပ်တို့ ရွာရောက်ရင် အေးကြလွန်းလို့တဲ့။ နေကြစမ်းပါစီ မအိမ်ကံရဲ့” ထနောင်းတိုင်ရွာသူတွေ ဂုဏ်လုပ်ချင်တာကိုလည်း ပြောတော့ မပြောသာပါ။ ထနောင်းတိုင်က ဇောင်ချမ်းကုန်းထက် အရိပ်အခက်များသည်။ မြို့နှင့်နီးသည့် ရွာကြီးဆိုတော့ မြို့သွေး မြို့ရည်ရှိသကဲ့သို့ တောရိပ် တောရောင်လည်း မလွတ်ချင်။ မအိမ်ကံက အိမ်အောက်ထပ်မှာ ပျင်းလာသည့်အခါ အပေါ်ထပ် စကားဝိုင်းကို တက်သွားလေ့ရှိ၏။ တက်သွား တိုင်းလည်း ကိုကံကြီးမောင်နှင့် ပန်းထိမ်ဆရာတို့ငြင်းခုန်နေ တာတွေပဲ ကြားရပါ၏။ “ပြည်သူ့ရဲဘော်

ဆိုတာက

တော်လှန်ရေးတုန်းက

စစ်ပညာတွေ

မပျောက်ပျက်အောင်

တပ်ဖွဲ့ခဲ့တာဗျ။

မြို့စောင့်

နယ်စောင့်သူတို့ ရှိတာ။ သည်အထဲမှာ ရဲဘော်ဟောင်းတွေ လည်းပါသဗျာ။ ကွန်မြူနစ်တွေလည်းပါသဗျာ။ ဆိုရှယ်လစ် တွေလည်းပါသဗျာ။ ဘယ့်နှယ် ခင်ဗျားကခုမှထပြီး ဒါတွေ ပြောနေရသာတုံး” ဂျပန် တော်လှန်ရေးပြီးကတည်းက အင်္ဂလိပ်ပြန် အ၀င်မှာ နိုင်ငံရေး အသိတွေ ပိုနားလည်လာကြသည်။ ဖဆပလ၊ ကွန်မြူ နစ်ပါတီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုတာတွေ ကြားခဲ့ကြရသည်။ ကွန်မြူနစ်ပါတီမှာလည်း အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူ နစ်တို့နှင့်ပတ်သက်၍ အချင်းချင်း အော်ကြီးဟစ်ကျယ် ငယ်ကျိုး ငယ်နာဖော်ကြတာများကလည်း ထနောင်းတိုင်အိမ်ကြီးပေါ်မှာ ထွက်ပေါ်လျက်ရှိလေပြီ။ တော်လှန်ရေးအပြီး ပေါ်လာသော ပြည်သူ့လွတ်လပ်ရေး ပါတီဆိုတာကလည်း ရှိခဲ့ပါသေးသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသည်။ အခုလည်း လွတ်လပ်ရေးရတာပင် လေးနှစ်ကျော်ကျော်ရှိနေပြီ။ နိုင်ငံရေး စကားတွေက ပြောနေကြရတုန်းပဲလား။ “ပြောရမှာပေါ့ဗျ။

ခင်ဗျားတို့က

ပါးစပ်ကပြောနေတာ။

တိုင်းပြည်က

ဖြစ်ချင်တိုင်းဖြစ်နေပြီ။

ခင်ဗျားတို့က

အဟော

အပြောကောင်းတိုင်း လျှောက်ပြောနေတာကို ကျုပ်တို့က ယုံဖို့ခက်တယ်။ ဘာထူးသလဲ။ လက်ဝဲ ညီညွတ်ရေးဆိုတာ တွေလည်း ဘာညီညွတ်ကြလို့တုံး” ကိုပြေသိမ်းက ပန်းထိမ်ဆရာစကားကိုထောက်ခံသည်။ “ဒါလည်းဟုတ်တာပါပဲ။

ခင်ဗျားတို့က

မြို့နဲ့မြို့ရိပ်မှာ

နေကြလို့ကိုး။

ကျွန်တော်တို့ရွာတွေမှာ လူစိမ်းလာရင်ကြောက်

နေရတာဗျ။ တောသူတောင်သားတွေမှာ ခင်ဗျားတို့အိပ်သလို မအိပ်ကြရဘူး။ ရွာတွေမှာ အလှူကလေးမှ မလှူဝံ့။ ပွဲကလေးမှ မကြည့်ဝံ့။ မဲကြေးတောင်း၊ ဆက်ကြေးတောင်းနဲ့။ လုပ်သေနတ်နဲ့ ဓားပြကအစ ကြောက်နေကြရတယ်။ တောသူ တောင်သားတွေက နေတတ်အောင် နေနေကြရတာ။ သိပ်သနားစရာ ကောင်းတယ်။ မြို့မှာက ရာထူးယူမယ်။ အခွင့် အရေးယူမယ်။ အာဏာယူမယ်။ ဆင်းရဲတုန်းက အတူတူ အဆင်းရဲခံခဲ့ကြပေမယ့် လွတ်လပ်ရေး ရပြီးကာမှ ပိုလို့တောင် ဆိုးနေကြတယ်။ သံသယတွေ များနေကြတယ်။ ၀ါဒရေး ထက် ပုဂ္ဂိုလ် ဂိုဏ်းဂဏရေးတွေက များနေတယ်။ ကျွန်တော် တို့ရွာတွေမှာ မိုးချုပ်တာနဲ့ မီးခွက်မှုတ် နေကြရတယ်” ကိုပြေသိမ်း ပြောနေတာကို မအိမ်ကံငေးပြီး နားထောင်သည်။ ဟုတ်တော့လည်း ဟုတ်သား။ ဇောင်းချမ်းကုန်းဘက် တစ်ကြောရွာတွေမှာ ညရယ်လို့ ကောင်းကောင်း မအိပ်ကြရ။ သေနတ်သံတွေ ကြားရသည့် ညတွေပင်များခဲ့သည်။ ဘယ်သူတွေက ဘယ်သူ့ကို ပစ်နေတာမှန်းပင် မသိရတော့။ ရွာတွေမှာ လည်း သူတစ်ဖက် ကိုယ်တစ်ဖက်၊ သူ့အုပ်စု ကိုယ့်အုပ်စုတွေ များလာသည်။ ရွာကို တရားလာဟောသူတွေလည်း ရှိသည်။ ကိုပြေသိမ်းလိုလူကပင် ငါတော့အသက်စွန့်ပြီး တော်လှန်ရေး လုပ်ခဲ့တာတောင် မှားနေပြီလားလို့ ညည်းရှာပါ၏။ “ဖဆပလ

အစိုးရကကော

ရေကန်တူးလိုက်ရ၊

ဘာထူးတုံး။

ကန်ဆည်လိုက်ရ၊

အိမ်ကလေးရယ်၊

ကဆိုလို့ကကြရ၊

ယာသမားကိုင်းသမားများခမျာ

တီးဆိုလို့

တီးကြရ။

အေးအေးမနေကြရဘူး။

စိတ်မချမ်းသာဘဲ

လုပ်နေကြရတာနဲ့

219


ပြီးနေရတယ်။ စပါးရောင်းပြီးတော့လည်း သူခိုးဓားပြဘေးက မလွတ်တော့ ကိုယ့်ရွာကိုယ် ကင်းစောင့် နေကြရတာက ပိုသေး” သည်စကားမျိုး ကိုပြေသိမ်း မကြာခဏ ပြောတာကို လည်း မအိမ်ကံ သတိရသည်။ စပါးဈေး၊ ပဲဈေး၊ ၀ါဈေးတွေ ကျလာလို့ လုပ်ငန်းကိုင်ငန်း မကောင်းတာတွေ ကြုံရပါ၏။ သီးနှံပေါ်ချိန်မို့ အလှူကြီး ပေးရာမှာတောင် ဓားပြအတိုက်ခံ ရတာတွေလည်းများပြီ။ မြို့ကရဲသားတွေ အစောင့်ခေါ်ပြီး အလှူလုပ်ရတာမျိုးအထိ ဖြစ်လာခဲ့သည်။ မအိမ်ကံက နိုင်ငံရေး နားမလည်သော်လည်း စီးပွားရေးတော့ တီးမိခေါက် မိရှိပါ၏။ နေမြဲတိုင်းနေ၊ လုပ်မြဲတိုင်း လုပ်နေကြရသော်လည်း မဖူလုံကြသည့် ဘ၀တွေကို မအိမ်ကံ မြင်ခဲ့ရလှပြီ။ ကြုံခဲ့ရလှပြီ။ အိမ်ကြီးပေါ်မှာ တစ်ယောက်တစ်ပေါက်စကားတွေ ပြောကြတာ မောလာတော့မှ လူစုကွဲတော့သည်။ ကိုကံကြီးမောင် ကတော့ သူတကာ ပြန်လို့တောင်မပြန်။ ကိုပြေသိမ်းအဖေက ဆွဲထားတတ်သလို ကိုပြေသိမ်းကလည်း ကိုကံကြီးမောင်နှင့် ဆိုလျှင် လေပေးဖြောင့်သည်။ များသောအားဖြင့် မအိမ်ကံ သဘောပေါက်သလောက်တော့ ကွန်မြူနစ်ဝါဒအကြောင်းတွေ များသည်။ မအိမ်ကံကတော့ ဖဆပလလည်း မသိ။ ကွန်မြူ နစ် အဖြူအနီဆိုတာလည်း မသိ။ ပြည်သူ့ရဲဘော်တို့

ဆိုရှယ်လစ်တို့

ဆိုတာတော့

ဝေးလာဝေးကရော။

မအိမ်ကံ

နားလည်တာ

တစ်ချက်ပဲရှိသည်။

ကိုပြေသိမ်း အချိုးပြောင်းလာတာကိုဖြစ်ပါ၏။ ထနောင်းတိုင်ရောက်နေသည့် လေး၊ ငါးရက် အတွင်း ကိုပြေသိမ်းစကားတွေ ပြောလွန်းသည်။ ပြောသမျှလည်း အေးအေးသက်သာမရှိ။ တစ်ခါတစ်ရံ အခန့်မသင့် သူနှင့်တွေ့ လျှင် ပို၍ပင် ဆိုးတော့သည်။ အော်ကြီးဟစ်ကျယ် ရှိလာတာကို မအိမ်ကံ အံ့သြရသည်။ ကိုယ့်အိမ်ကိုလာသည့် ဧည့်သည်ကို မအော်စေချင်ကြောင်း ပြောရသည်အထိပင်။ ကိုကံကြီးမောင် နှင့်တော့ အဆင်ပြေပါ၏။ တစ်သဘောတည်း ရှိပုံရသည်။ “ကိုယ့်ကိုယ်ကိုလည်း ကျောင်းအုပ်ဆရာကြီး ဆိုတာ သတိရပါဦးမှပေါ့ အစ်ကို။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ကဖိ ပြောနေတာကျတော့ မကောင်းဘူးပေါ့။ အစ်ကိုတို့ဟာက ကနေ့ ငြင်းခုန်အော်ဟစ်။ နောက်မနက်ကျတော့ အကောင်း။ ဒါနဲ့များ အစ်ကိုရယ် ဖြည်းဖြည်းသက်သာရှိပါမှပေါ့” သည်လိုဆိုပြန်တော့ ကိုပြေသိမ်းကခေါင်းတညိတ်ညိတ် ရှိရှာပါ၏။ ညပိုင်း ဧည့်သည်တွေ မရှိတော့လည်း သားအဖ နှစ်ယောက် စကားကောင်းနေတတ်ကြသည်။ ဇောင်ချမ်းကုန်း ကိုပြန်ကြမည့်ရက်က ကိုကံကြီးမောင်နှင့် နှစ်ယောက် အိမ်ကြီး ပေါ်ကမဆင်း တိုးတိုးတိုးတိုး လုပ်နေလို့ မအိမ်ကံကိုယ်တိုင် စကား ၀င်ဖြတ်ရပါ၏။ ဒါတောင် ကိုကံကြီးမောင်က ကိုပြေသိမ်းကို တစ်ရက်၊ နှစ်ရက် နေခဲ့ပါဦးလုပ်နေလို့ တောင်းပန်ရသည်။ မအိမ်ကံတို့ သားအမိချည်း ရွာပြန်လွှတ် ရန်ဖြစ်၏။ ကိုပြေသိမ်းအမေက လက်မခံပါ။ သားဖြစ်သူကို မိသားစုနှင့် ပြန်စေချင်သည်။ “မင်းတို့သားအဖမလည်း

ကံကြီးမောင်ကို

ဓာတ်စာလုပ်

နေကြသာပေါ့လေ။

မောင်နှင်းရေ

ငါရင်လေးသေးသယ်။

မင်းပြန်သွားရင်မင်းအဖေ လူတရုန်းရုန်းနဲ့ ကျန်ရစ်မှာ” မိခင်ဖြစ်သူက ကိုပြေသိမ်းကို မောင်နှင်း(သက်နှင်း)ဟု ခေါ်ခြင်းဖြစ်၍ ကျန်လူစုကတော့ သခင်နာမည် မောင်ပြေသိမ်း လို့ပဲခေါ်တာ မအိမ်ကံ သတိထားမိသည်။ ကိုကံကြီးမောင်က ကိုပြေသိမ်းကို တားမရတော့ ကျုပ်ဇောင်းချမ်းကုန်းကို လာခဲ့မယ် ဆိုလေ၏။ မအိမ်ကံပင် ပြုံးမိရသည်။ အတော်ဇွဲကြီးတဲ့ လူ။ ကိုကံကြီးမောင် ထည့်ပေးလိုက်သော အင်္ဂလိပ်စာအုပ်တွေ ပါလာတာကိုလည်း ကိုပြေသိမ်းကျေနပ်နေပုံရပါ၏။ အပြန် လှည်းပေါ်မှာပင် ဖတ်လိုက်လာခဲ့သည်။ စာအုပ်ထဲ စိတ်ပါနေတော့ ဇနီးကိုလည်းမေ့၊ သမီးတွေကိုလည်း သတိမရတော့။ စက္ကူတွေ ၀ါးစားတော့မည့်အတိုင်း မျက်လုံး စိုက်ထားလိုက်တာ စကားရယ်လို့လည်း မထွက်၊ ဘေးဘီကိုလည်း မကြည့်။ “သားအဖတစ်တွေ ခရီးသွားရတုန်း ပျော်ပျော်ပါးပါး မရှိဘူး။ ဖတ်လိုက်ရသဲ့စာ။ သည်လိုမှန်းသိ ထနောင်းတိုင် မှာထားခဲ့ရ အကောင်းသား” မအိမ်ကံ ခနဲ့တော့မှ စာအုပ်ကို ပိတ်ကာပြုံးပြသည်။

220


မအိမ်ကံ ပါးကလေးကို ဆွဲလိမ်သည်။ “မအိမ်ကံကို

အင်္ဂလိပ်စာသင်ပေးစမ်းပါ

အစ်ကို။

ငယ်ငယ်တုန်းက

အစ်ကိုမောင်မြတ်သာ

သင်ပေးဖူးလို့

အနည်း

အကျဉ်းတော့တတ်ပါရဲ့။ အဲသလို အင်္ဂလိပ်ဘိုးအုပ်ကြီးတွေ ဖတ်ကြည့်ချင်လို့။ ဘာတွေများကောင်းလို့လဲဆိုတာ ဖတ်လိုက် ချင်စမ်းလို့ပါ” “၀တ္ထု မဟုတ်ပါဘူး အိမ်ကလေးရဲ့။ နိုင်ငံရေး စာအုပ်တွေပါ” “နိုင်ငံရေးစာအုပ်တွေ၊ ဟုတ်လားအစ်ကို” ဆင်ပေါက်ကောက် ရိုးခိုးစားပြန်ပါပကောလား။ သည်ဘ၀နိုင်ငံရေးက လွတ်ပါဦးမလား။ မင်းတိုင်း ဆယ့်နှစ်မှုပွေလို့ ရေထမ်းကာမှ ရေအိုးကွဲရသည့် အဖြစ်မျိုးကို မအိမ်ကံ ကြောက်လှပြီ။ ကိုပြေသိမ်းက လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရ အသိအမှတ်ပြု မူလတန်း ကျောင်းအုပ် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကျောင်းကလေးသည်ပင် အစိုးရကျောင်းစာရင်းဝင် ခဲ့ပြီ။ ကျောင်းအုပ်ကြီးကတော်ဆိုသည့်ဂုဏ်၊ စာသင်ကျောင်း အစ်မဆိုသည့် ဂုဏ်ဖြင့် အေးအေးလူလူ ရှိချင်လှပြီ။ သမီးကြီးပင် ခြောက်နှစ်ရှိခဲ့ပြီ။ မအိမ်ကံတို့ ကိုယ်တိုင်ပင် အသက်တွေ မငယ်ကြတော့။ နောက်ဆယ်နှစ်ဆိုလျှင်ပင် သမီးကြီးအရွယ် ရောက်ပြီ။ သည်သမီးနှစ်ယောက်ကို ဂွမ်းလိုနု၊ ဆီလို အုရုံသာရှိတော့တာ မဟုတ်လား။ မအိမ်ကံက

စာအုပ်တွေကို

တစ်အုပ်ချင်းကောက်ကိုင်

ကြည့်သည်။

စာအုပ်တွေက

လေးသားပါလား။

အားလုံး

ခြောက်အုပ်။ အဖုံးမှာ နှုတ်ခမ်းမွေးနှင့် လူပုံတစ်ပုံပါသည်။ ကျန်တာ ဘာမှန်းမသိ။ မအိမ်ကံက စာအုပ်တွေကိုပြန်ချလိုက် ရင်းသက်ပြင်းတစ်မချမိရပါ၏။ “မမကံ အင်္ဂလိပ်စာသင်ရင် ကျုပ်ပါရောသင်လိုက်ချင် စမ်းဗျာ။ ကျုပ်ဆရာလေးလို အင်္ဂလိပ်ဘိုးအုပ်တွေ ဖတ်ချင်သာ မမကံရ” ဖိုးကူးက ဘာမှန်း ညာမှန်းမသိ ၀င်ပြောလိုက်သဖြင့် မအိမ်ကံက ဖိုးကူးခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်လေ၏။ ကိုပြေသိမ်းက တဟားဟား ရယ်လေသည်။ ထနောင်းတိုင်က

ပြန်ရောက်ကတည်းက

မအိမ်ကံ

မနားရတော့ပါ။

ထွန်ချိန်၊

ယက်ချိန်၊

မျိုးရွေးကြချိန်ဆိုတော့

တောအလုပ်ထဲလည်းပါရ၊ ရက်ကန်းရုံလည်း ၀င်ရနှင့် ဖတ်ဖတ် မောရတော့သည်။ ကိုပြေသိမ်းကတော့ ကျောင်းပိတ်ထားချိန်မို့ သမီးနှစ်ယောက်ထိန်းရင်း စာအုပ်ဖတ်ရင်း အချိန်ကုန်နေတော့ ၏။ ၀ါဈေးတွေ ကျသော်လည်း ရက်ကန်းထည်တွေက ရက်မ နိုင်လောက်အောင် အမှာအယူများသည်။ စစ်ကြီးပြီးတာ ငါးနှစ်ခန့် ကြာပြီဆိုသော်လည်း အရောင်းအ၀ယ် ဈေးကွက်တွေ ကတော့ မငြိမ်သေး။ သည်ဘက်တစ်နှစ် နှစ်နှစ်ကျမှ ဈေးစည်လာခဲ့သည်။ စစ်ကြီးအတွင်း အစစအရာရာ ရှားပါးခရာမှ အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းတွေ အရောက်အပေါက် အကူးအလူးများလာခဲ့သည်။ မြင်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ် လာကြသော အနယ်နယ်မှကုန်များ အရောင်းအ၀ယ် လိုက်လာ သကဲ့သို့ မြင်းခြံနယ်ထွက်ကုန်တွေကလည်း အထွက်အပြု ကောင်းလှသည်။ လွတ်လပ်ရေးရပြီး ဖြစ်၍ နိုင်ငံရပ်ခြားမှ အထည်အလိပ်မျိုးစုံတွေ ၀င်ကြပြီဆိုသော်လည်း မြန်မာ ချည်ထည်တွေကတော့ အသုံးတွင်နေတုန်းပင်။ အထူးသဖြင့် ဖျင်ပင်နီချောတွေဆိုလျှင် မအိမ်ကံ ကိုယ်ပိုင် တံဆိပ်ထိုးကာ ရောင်းချရာမှ မအိမ်ကံထည်ဟူ၍ နာမည်ရလာခဲ့သည်။ သည်ရက်တွေထဲမှာ ကိုပြေသိမ်းကလည်း မန္တလေးကို ချည်ခင်တွေ၊ ဆိုးဆေးတွေ အ၀ယ်ထွက်ရတာတွေ ရှိလာပါ၏။ ကျောင်းတစ်ဖက်နှင့်ဆိုတော့ အခါခပ်သိမ်းတော့ လုပ်မပေးနိုင်။ ကျောင်းပိတ်ရက်ကလေးမှာ လှစ်ခနဲ ပြေးရခြင်းမျိုး ဖြစ်သည်။ မန္တလေးအထိ တက်ရမှာဆိုတော့ လည်လည်ဝယ်ဝယ် ရှိသူကို လွှတ်ရခြင်းဖြစ်၏။ ကိုပြေသိမ်းက မန္တလေးစာပုံနှိပ် စက်တစ်ခုတွင် မအိမ်ကံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံ ဆိုသည့် တံဆိပ်ကလေးတွေ ရိုက်လာခဲ့ခြင်းဖြစ်၏။ စာတန်းအောက်က

221


ပင်ဖြူချည်ချောထည်၊ ပင်နီချည်ချောထည်၊ ဆေးခိုင်အာမခံသည် စသည်ဖြင့် ရိုက်ထားသေးသည်။ တံဆိပ်ကလေးပါ တော့ အထည်တွေမှာ အာရုံတစ်မျိုးရသွားသလို ခံစားရသည်။ တစ်ရက်မှာတော့

အစ်ကိုမောင်မြတ်သာနှင့်

မမစိမ်းမြ

တို့

ရွာကိုပြန်လာကြသည်။

အစ်ကိုတို့မှာ

သားသမီးမပေါ်

ပေါက်တာကိုတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ မမစိမ်းမြက ရွာမှာနေတုန်းကလို မဟုတ်။ နဂိုချောချောသူ ဆိုတော့ မြို့သွေး မြို့မွေးကလေးပေါက်လို့ မြို့ထည်ကလေး တွေနှင့် လိုက်ဖက်လှပါ၏။ မမစိမ်းမြက မအိမ်မြိုင်နှင့် မအိမ်ခိုင်ကိုကြည့်ရင်း အံသြနေသည်။ “ငါ့ညီမရယ်

ကံကောင်းလိုက်တာအေ၊

ညီအစ်မနှစ်

ယောက်ဆိုတော့

အဖော်ရတာပေါ့။

ဆိုးတိုင်ပင်

ကောင်းတိုင်

ပင်ပေါ့ဟယ်၊ မအိမ်ကံ အစ်ကိုက ကလေးလိုချင်သာ ရူးလို့။ မမစိမ်းမြလည်း ရုက္ခစိုးမှာ ဆုပန်ရသာနဲ့ ညောင်ပင်အောက်က မထွက်ရပါဘူးအေ” “မြတလေးတဲ့။ တို့နဲ့တူမ ၀မ်းကွဲလောက် တော်တယ်။ သူ့အစ်မက စိန်တလေးတဲ့။ စိန်တလေးက ပိုကြည့်ကောင်းသေး။ အခုက စိန်တလေး ခရီးသွားနေလို့ မြတလေး ကွမ်းတောင် ကိုင်ခိုင်းရတာလေ” အို လွယ်လိုက်ကြတာ။ သည်လို ဘယ်ဟုတ်ပါ့မလဲ။ မြို့ဆိုတာနဲ့ပဲ အရိုးအဆက် ပျက်ရရောတဲ့လား။ ဥစ္စာပေါ ရုပ်ချော ဆွေမျိုးနီးစပ်တော်ရုံနဲ့ပဲ မြို့ကျက်သရေဆောင် ဖက်စိမ်း ကွမ်းတောင်ကိုင် ဖြစ်ရရောတဲ့လား။ မအိမ်ကံတို့ ရွာတွေမှာတော့ သည်လောက်မလွယ်ပါ။ မအိမ်ကံတို့ရွာမှ မဟုတ်ပါ။ ဘယ်ရွာမှာမဆို လိုချင်လောက်မှ လူကောက်ရ ဆိုတာမျိုးမရှိ။ ထုံးမီစံကျ အကြောင်းလှသူမှ ကွမ်းတောင်ကိုင် ဖြစ်ခွင့်ရသည်။ သည်လိုပဲ ရှိရမှာပေါ့။ “တစ်ခုတော့ ရှိတာပေါ့ မအိမ်ကံရယ်။ ရိုးရာဓလေ့ ထုံးစံ တွေဆိုတာက အဓိပ္ပာယ် မရှိတာ။ အကျိုးအကြောင်း မရှိတာမျိုးမှ မဟုတ်ဘဲ။ ရှေးလူကြီးတွေက အရှည်ကို မျှော်ကိုးပြီး သတ်မှတ်ထားကြတဲ့ ရပ်ဓလေ့ ရွာဓလေ့ လူ့စည်းကမ်းကို မအိမ်ကံတို့ ရွာတွေမှာ သည်လိုဓလေ့တွေကို ထိန်းသိမ်းစောင့် ရှောက်နေကြတာ များဖြင့် အလွန်အားရမိတယ်။ အထူးသဖြင့် မိန်းကလေးတွေရဲ့ အကျင့်သီလကို ရင်စည်း ခါးဝတ်လိုမြဲမြံအောင် ထိန်းကွပ်ပေးတဲ့ သဘောပဲလေ” ပွဲကတော်ကြီးက မအိမ်ကံတို့ မိသားစုကို ကျွေးမွေးပြီးမှ သွားစေသည်။ အလှူက ပိုသော ဟင်းကျွေး ဟင်းရံများနှင့် မုန့်တွေပါ ချိုင့်ကြီး ချိုင့်ငယ်ဖြင့် ထည့်သို ပေးလိုက်သေးသည်။ မြင်းခြံနှင့် ထနောင်းတိုင် မဝေးလှသည့် အတွက် အေးအေးဆေးဆေး နေခိုင်းခြင်းဖြစ်သည်။ အလှူသိမ်းကိစ္စများနှင့် အလုပ်ရှုပ်နေသည့်ကြားက ပွဲကတော်ကြီးမှာ မအိမ်ကံတို့ လှည်းထွက်ခါနီးမှာ လာနှုတ်ဆက်ပြန်ပါ၏။ “ကိုင်း သွားကြရော့ သားအဖတစ်တွေ။ ၀တ္တရားများ မကျေရင်လည်း သည်းခံကြပါ။ မပန်းရုံကိုလည်း ပြောလိုက်ပါနော်။ စစ်ခိုခဲ့ရတဲ့ကျေးဇူး

အထူးတင်လျက်ပါလို့။

အလှူ

တစ်လှူသာ

ပြောတယ်။

အလုပ်တွေကလည်း

ကိုယ်မပါရင်

မပြီးရတာချည်းဖြစ်နေပါတယ်” “မအိမ်ကံတို့ကတောင် အားနာနေသာပါရှင်။ အလုပ် များမှန်းလည်း သိပါရဲ့။ ကိုင်း သွားပြီနော်။ ဒေါ်ဒေါ်” “သွားကြရော့။ အော် ဒါထက် မအိမ်ကံရေ” ပွဲကတော်ကြီးက လှည်းရံတိုင်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ပြီး မအိမ်ကံနားနားကပ်ပြီး စကားပြောဖို့ ပြင်သည်။ မအိမ်ကံ ကအနားကပ်ပေး လိုက်တော့မှ ခပ်တိုးတိုးဆိုပါ၏။ “ဟိုဘက်ရွာတွေမယ် ကျောက်ကြီးရောဂါတွေ ဖြစ်နေကြ တယ်လို့ ပဲလှည်းတွေလာလို့ ကြားရတယ်။ ဥတုကလည်း

222


ပြင်း။ တွင်းရေ၊ ကန်ရေတွေကလည်းခန်းတဲ့ အချိန်ဆိုတော့ ရောဂါဘယတွေ ဂရုစိုက်ကြကွယ့်။ ကျောက်ကြီးရောဂါနဲ့ ပျက်စီးကြသတဲ့။ မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက် ကျန်ရစ်ခဲ့ကြသတဲ့။ သည်ရောဂါဝင်ရင် တစ်ကိုယ်လုံး မီးကျီး များအုံထားသလို ပူတောက်နေတော့တာတဲ့။ ကိုင်း ကိုင်း။ သွားရော့ သွားလမ်းသာ ပြန်လမ်းချော၊ ဘေးရန်မှန်သမျှ ပိန်းကြာရွက် ရေမတင်သလို စင်စင်ကြီးလျှောကျပြီးလျှင် ချမ်းသာသုခအ၀၀ ပြည့်စုံကြပါစီ” “ပေးသဲ့ဆုနဲ့ တလုံးတ၀တည်း ပြည့်ပါရစီ” လှည်းထွက်လာတော့

မွန်းတိမ်းစ

အညာနွေနေကပူ

ပြင်းလွန်းလှပါ၏။

မအိမ်ကံက

ကြက်ဆင်ဖဲထီးကို

ဖွင့်ကာ

သမီးနှစ်ယောက်ကို ကြက်သားအုပ်မ အတောင်နှင့် သိမ်းသလို သိမ်းအုပ်ရင်း ဆောင်းပေးခဲ့သည်။ ထနောင်းပင်တွေကတော့ နေပူကျဲ တောက်တောက်မှာ အ၀ါနှင့် အစိမ်း။ “ဘယ်နှယ့်တုံး မောင်ကံကြီးမောင်ရဲ့။ တိုင်းပြည်လည်း လွတ်လပ်ရေးရပြီးမှပဲ။ ဒါပေသိလို့ ဗမာပြည်မှာ နာရီတွေကများ ဆိုသာလို အသင်းအပင်းတွေက များလှသကော မောင်ရဲ့။ ငါတို့ဖြင့် ဘယ်လမ်းဘယ်ပန်းနဲ့ ဘယ်ခရီး ဘယ်ထီးနဲ့လို့တောင် မတွေးတတ်နိုင်အောင် ဖြစ်နေပြီ” ထနောင်းတိုင်မှာ နေခဲ့ရသည့် ရက်များအတွင်း ကိုပြေသိမ်းတို့ အိမ်မှာ လူသူလေးပါး စည်ကားလှပါသည်။ အထူးသဖြင့် ကိုပြေသိမ်း၏ ဖခင်မှာ နိုင်ငံရေးသမားဟောင်းကြီး ဖြစ်သော်လည်း အသက်အရွယ်ရရှာပြီ။ သို့သော် တစ်နေ့တစ်နေ့ ရေနွေးပွဲကြီးခင်းကာ လက်ဖက်ပဲကြော် အစုံအလင်ဖြင့် လာသမျှ လူတွေကို ဧည့်ခံလေ့ရှိသည်။ ထနောင်းတိုင် ရွာကြီးမှာ ပညာတတ်တွေ ထွက်သည့်အပြင် နိုင်ငံရေး စိတ်ဝင်စား သူတွေလည်း များလှပါ၏။ သည်အထဲမှာ ကိုကံကြီးမောင် ဆိုသူနှင့် ကိုပြေသိမ်းက ပုလဲနံပ သင့်လွန်းလှသည်။ ကိုကံကြီးမောင်က မြန်မာ့နိုင်ငံရေးကို ခြေခြေမြစ်မြစ် ပြောနိုင်တာပါ သကဲ့သို့ အပြောအဟောလည်း ကောင်းလှပေရာ နားထောင်ရ သူများအဖို့ တ၀ါးဝါး ပွဲကျရတာမျိုးရှိသလို “တောက်” ထခေါက်ရလောက်အောင်

သွေးထိုးပေးနိုင်စွမ်းလည်း

ရှိသူဖြစ်၏။

ခေတ်ပညာတတ်လည်း

ဖြစ်ပြန်၊

လူလုံး

လူဖန်ကောင်းကောင်း ရုပ်ရည် သန့်သန့်မွန်မွန်လည်း ဖြစ်ပြန်ဆိုတော့ ယုံကြည် ကိုးစားလောက်သည့် လူလည်းဖြစ်ပုံရသည်။ စကားပြောလျှင် မျက်လုံးကြီး ပြူးကာ ပြောတတ်သည်။ ပင်ဝါနုရောင် လည်ခေါင်းတုံး အင်္ကျီကို အမြဲဝတ်သူဖြစ်ပြီး မြင်းခြံချောင်းဒေါင်းထည် ပုဆိုးနီ နက်စင်းကို မချွတ်တမ်း ၀တ်တတ်သည်။ ပိုလိုစီးကရက် တခဲခဲနှင့် အိတ်ကပ်ထဲမှာလည်း စီးကရက်ဘူးက အမြဲပါတတ်ပါ၏။ ကိုပြေသိမ်းတို့ အိမ်ကို မနက်တိုင်း ရောက်လာတတ်သူ များမှာ ကျောင်းဆရာ ကိုလှအေး၊ ပန်းထိမ်ဆရာ ကိုဘညို၊ ၀တ်လုံတော်ရ ဦးမူ၊ ကုလားကုန်သည် ဦးအီစမိုင်၊ ဆေးလိပ် ခုံပိုင်ရှင် ကိုသန်းမြ စသူတို့ဖြစ်၏။ အခြားပုဂ္ဂိုလ်များလည်း လာရောက်တတ်ကြပြီး တစ်ခါတစ်ရံ အငြင်းအခုန်များဖြင့် ရန်များထ ဖြစ်ကြတော့မလား မှတ်ရသည်။ မအိမ်ကံကတော့ အိမ်အောက်ထပ်မှာသာ အနေများသည်။ ကြီးတော်ကြီးတွေ၊ ယောင်းမ၀မ်းကွဲတွေ၊ ဆွေနီးမျိုးနီးတွေ သာမက ထနောင်းတိုင် ရွာခံတွေကပါ မအိမ်ကံတို့ သားအမိတွေ ရောက်လာကြ ကတည်းက တရုန်းရုန်း ရှိနေကြပါ၏။ ဖိုးကူးပင် ခင်သီနှင့် ရော၍ ထမင်းချောင် ရောယောင် ၀င်နေရသည်။ မီးဖိုပေါ်မှာ ရေနွေးအိုးကြီး တဗွမ်းဗွမ်း ဆူနေအောင် မီးထိုးရတာကပင် တစ်လုပ်။ ဖိုးကူးကပင် ညည်းယူရတော့သည်။ “သောက်လိုက်ကြသဲ့ ရေနွေးဗျာ။ သူတို့မှ အာခေါင် မပူသယ်။ လက်ဖက်ကလည်း ကန်တော့ပွဲပြင်သဲ့ ဇလုံကြီးနဲ့ သုပ်ရတာဗျို့ ရက်စက်သယ်” “နေစမ်းပစီ

ဖိုးကူးရယ်။

လက်ဖက်တွေ

တွင်တွင်စား

ရေနွေးတွေ

တွင်တွင်သောက်။

ထမင်းမေ့

ဟင်းမေ့တွေ။

အစ်ကိုလေးကိုယ်က ဆင်သွားရာကျားချောင်း။ လူလိုက်ရှာနေ သာလေ။ မမကံ ယောက်ျားလည်း ဖအေ့သွေး ပါသတော့်။ ပေါ့ ပေါ့ မမှတ်နဲ့နော်”

223


ခင်သီပြောလည်း ပြောစရာ။ မအိမ်ကံကတော့ ရယ်နေလိုက်ပါသည်။ ဇောင်ချမ်းကုန်းလို ချောင်ကျကျရွာကလေးမှာ သည်လိုစကားတွေ ပြောမည့်သူ မရှိတော့ ကိုပြေသိမ်းမှာ ထနောင်းတိုင် လာပြီး အတိုးချ ပြောနေသလား ထင်မိပါ၏။ ဘာပဲဖြစ်ဖြစ် သူ့မိသူ့ဘ၊ သူ့ရွာ သူ့မြေ သူ့လူတွေနှင့် ကိုပြေသိမ်း ပျော်နေ ပုံရတာကိုပဲ မအိမ်ကံ ၀မ်းသာရသည်။ ကိုပြေသိမ်း မပြောပါနှင့်။ သမီးနှစ်ယောက်ကပင် ထနောင်းတိုင်မှာ ပျော်နေကြသည်။ ရွာထဲ သွားလည်ကြရတာလည်း အမော။ တစ်အိမ် မဟုတ် တစ်အိမ်က ခေါ်သွားကြတာ ဆိုတော့ လက်သာရာပါ နေကြသည်။ ရာသီကလည်း ပူပြင်းလွန်းသဖြင့် နေ့လယ် နေ့ခင်းတော့ ပြန်ပို့ပါ ပြောရပါ၏။ “ကျုပ်တို့ရွာက သစ်ကြီးဝါးကြီးပါ့ရှင်။ သူတကာ့ ရွာတွေ ပူလှပူလှနဲ့ ကျုပ်တို့ ထနောင်းတိုင် ပူချိန် မရလိုက်ပေါင်။ မြင်းခြံနဲ့ တောင်မတူဘူး။ မြင်းခြံကဟာတွေ ကျုပ်တို့ ရွာရောက်ရင် အေးကြလွန်းလို့တဲ့။ နေကြစမ်းပါစီ မအိမ်ကံရဲ့” ထနောင်းတိုင်ရွာသူတွေ ဂုဏ်လုပ်ချင်တာကိုလည်း ပြောတော့ မပြောသာပါ။ ထနောင်းတိုင်က ဇောင်ချမ်းကုန်းထက် အရိပ်အခက်များသည်။ မြို့နှင့်နီးသည့် ရွာကြီးဆိုတော့ မြို့သွေး မြို့ရည်ရှိသကဲ့သို့ တောရိပ် တောရောင်လည်း မလွတ်ချင်။ မအိမ်ကံက အိမ်အောက်ထပ်မှာ ပျင်းလာသည့်အခါ အပေါ်ထပ် စကားဝိုင်းကို တက်သွားလေ့ရှိ၏။ တက်သွား တိုင်းလည်း ကိုကံကြီးမောင်နှင့် ပန်းထိမ်ဆရာတို့ငြင်းခုန်နေ တာတွေပဲ ကြားရပါ၏။ “ပြည်သူ့ရဲဘော်

ဆိုတာက

တော်လှန်ရေးတုန်းက

စစ်ပညာတွေ

မပျောက်ပျက်အောင်

တပ်ဖွဲ့ခဲ့တာဗျ။

မြို့စောင့်

နယ်စောင့်သူတို့ ရှိတာ။ သည်အထဲမှာ ရဲဘော်ဟောင်းတွေ လည်းပါသဗျာ။ ကွန်မြူနစ်တွေလည်းပါသဗျာ။ ဆိုရှယ်လစ် တွေလည်းပါသဗျာ။ ဘယ့်နှယ် ခင်ဗျားကခုမှထပြီး ဒါတွေ ပြောနေရသာတုံး” ဂျပန် တော်လှန်ရေးပြီးကတည်းက အင်္ဂလိပ်ပြန် အ၀င်မှာ နိုင်ငံရေး အသိတွေ ပိုနားလည်လာကြသည်။ ဖဆပလ၊ ကွန်မြူ နစ်ပါတီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါဆိုတာတွေ ကြားခဲ့ကြရသည်။ ကွန်မြူနစ်ပါတီမှာလည်း အလံဖြူကွန်မြူနစ်၊ အလံနီကွန်မြူ နစ်တို့နှင့်ပတ်သက်၍ အချင်းချင်း အော်ကြီးဟစ်ကျယ် ငယ်ကျိုး ငယ်နာဖော်ကြတာများကလည်း ထနောင်းတိုင်အိမ်ကြီးပေါ်မှာ ထွက်ပေါ်လျက်ရှိလေပြီ။ တော်လှန်ရေးအပြီး ပေါ်လာသော ပြည်သူ့လွတ်လပ်ရေး ပါတီဆိုတာကလည်း ရှိခဲ့ပါသေးသည်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ကြသည်။ အခုလည်း လွတ်လပ်ရေးရတာပင် လေးနှစ်ကျော်ကျော်ရှိနေပြီ။ နိုင်ငံရေး စကားတွေက ပြောနေကြရတုန်းပဲလား။ “ပြောရမှာပေါ့ဗျ။

ခင်ဗျားတို့က

ပါးစပ်ကပြောနေတာ။

တိုင်းပြည်က

ဖြစ်ချင်တိုင်းဖြစ်နေပြီ။

ခင်ဗျားတို့က

အဟော

အပြောကောင်းတိုင်း လျှောက်ပြောနေတာကို ကျုပ်တို့က ယုံဖို့ခက်တယ်။ ဘာထူးသလဲ။ လက်ဝဲ ညီညွတ်ရေးဆိုတာ တွေလည်း ဘာညီညွတ်ကြလို့တုံး” ကိုပြေသိမ်းက ပန်းထိမ်ဆရာစကားကိုထောက်ခံသည်။ “ဒါလည်းဟုတ်တာပါပဲ။

ခင်ဗျားတို့က

မြို့နဲ့မြို့ရိပ်မှာ

နေကြလို့ကိုး။

ကျွန်တော်တို့ရွာတွေမှာ လူစိမ်းလာရင်ကြောက်

နေရတာဗျ။ တောသူတောင်သားတွေမှာ ခင်ဗျားတို့အိပ်သလို မအိပ်ကြရဘူး။ ရွာတွေမှာ အလှူကလေးမှ မလှူဝံ့။ ပွဲကလေးမှ မကြည့်ဝံ့။ မဲကြေးတောင်း၊ ဆက်ကြေးတောင်းနဲ့။ လုပ်သေနတ်နဲ့ ဓားပြကအစ ကြောက်နေကြရတယ်။ တောသူ တောင်သားတွေက နေတတ်အောင် နေနေကြရတာ။ သိပ်သနားစရာ ကောင်းတယ်။ မြို့မှာက ရာထူးယူမယ်။ အခွင့် အရေးယူမယ်။ အာဏာယူမယ်။ ဆင်းရဲတုန်းက အတူတူ အဆင်းရဲခံခဲ့ကြပေမယ့် လွတ်လပ်ရေး ရပြီးကာမှ ပိုလို့တောင် ဆိုးနေကြတယ်။ သံသယတွေ များနေကြတယ်။ ၀ါဒရေး ထက် ပုဂ္ဂိုလ် ဂိုဏ်းဂဏရေးတွေက များနေတယ်။ ကျွန်တော် တို့ရွာတွေမှာ မိုးချုပ်တာနဲ့ မီးခွက်မှုတ် နေကြရတယ်” ကိုပြေသိမ်း ပြောနေတာကို မအိမ်ကံငေးပြီး နားထောင်သည်။ ဟုတ်တော့လည်း ဟုတ်သား။ ဇောင်းချမ်းကုန်းဘက် တစ်ကြောရွာတွေမှာ ညရယ်လို့ ကောင်းကောင်း မအိပ်ကြရ။ သေနတ်သံတွေ ကြားရသည့် ညတွေပင်များခဲ့သည်။ ဘယ်သူတွေက ဘယ်သူ့ကို ပစ်နေတာမှန်းပင် မသိရတော့။ ရွာတွေမှာ လည်း သူတစ်ဖက် ကိုယ်တစ်ဖက်၊ သူ့အုပ်စု

224


ကိုယ့်အုပ်စုတွေ များလာသည်။ ရွာကို တရားလာဟောသူတွေလည်း ရှိသည်။ ကိုပြေသိမ်းလိုလူကပင် ငါတော့အသက်စွန့်ပြီး တော်လှန်ရေး လုပ်ခဲ့တာတောင် မှားနေပြီလားလို့ ညည်းရှာပါ၏။ “ဖဆပလ

အစိုးရကကော

ရေကန်တူးလိုက်ရ၊

ဘာထူးတုံး။

ကန်ဆည်လိုက်ရ၊

အိမ်ကလေးရယ်၊

ကဆိုလို့ကကြရ၊

ယာသမားကိုင်းသမားများခမျာ

တီးဆိုလို့

တီးကြရ။

အေးအေးမနေကြရဘူး။

စိတ်မချမ်းသာဘဲ

လုပ်နေကြရတာနဲ့

ပြီးနေရတယ်။ စပါးရောင်းပြီးတော့လည်း သူခိုးဓားပြဘေးက မလွတ်တော့ ကိုယ့်ရွာကိုယ် ကင်းစောင့် နေကြရတာက ပိုသေး” သည်စကားမျိုး ကိုပြေသိမ်း မကြာခဏ ပြောတာကို လည်း မအိမ်ကံ သတိရသည်။ စပါးဈေး၊ ပဲဈေး၊ ၀ါဈေးတွေ ကျလာလို့ လုပ်ငန်းကိုင်ငန်း မကောင်းတာတွေ ကြုံရပါ၏။ သီးနှံပေါ်ချိန်မို့ အလှူကြီး ပေးရာမှာတောင် ဓားပြအတိုက်ခံ ရတာတွေလည်းများပြီ။ မြို့ကရဲသားတွေ အစောင့်ခေါ်ပြီး အလှူလုပ်ရတာမျိုးအထိ ဖြစ်လာခဲ့သည်။ မအိမ်ကံက နိုင်ငံရေး နားမလည်သော်လည်း စီးပွားရေးတော့ တီးမိခေါက် မိရှိပါ၏။ နေမြဲတိုင်းနေ၊ လုပ်မြဲတိုင်း လုပ်နေကြရသော်လည်း မဖူလုံကြသည့် ဘ၀တွေကို မအိမ်ကံ မြင်ခဲ့ရလှပြီ။ ကြုံခဲ့ရလှပြီ။ အိမ်ကြီးပေါ်မှာ တစ်ယောက်တစ်ပေါက်စကားတွေ ပြောကြတာ မောလာတော့မှ လူစုကွဲတော့သည်။ ကိုကံကြီးမောင် ကတော့ သူတကာ ပြန်လို့တောင်မပြန်။ ကိုပြေသိမ်းအဖေက ဆွဲထားတတ်သလို ကိုပြေသိမ်းကလည်း ကိုကံကြီးမောင်နှင့် ဆိုလျှင် လေပေးဖြောင့်သည်။ များသောအားဖြင့် မအိမ်ကံ သဘောပေါက်သလောက်တော့ ကွန်မြူနစ်ဝါဒအကြောင်းတွေ များသည်။ မအိမ်ကံကတော့ ဖဆပလလည်း မသိ။ ကွန်မြူ နစ် အဖြူအနီဆိုတာလည်း မသိ။ ပြည်သူ့ရဲဘော်တို့

ဆိုရှယ်လစ်တို့

ဆိုတာတော့

ဝေးလာဝေးကရော။

မအိမ်ကံ

နားလည်တာ

တစ်ချက်ပဲရှိသည်။

ကိုပြေသိမ်း အချိုးပြောင်းလာတာကိုဖြစ်ပါ၏။ ထနောင်းတိုင်ရောက်နေသည့် လေး၊ ငါးရက် အတွင်း ကိုပြေသိမ်းစကားတွေ ပြောလွန်းသည်။ ပြောသမျှလည်း အေးအေးသက်သာမရှိ။ တစ်ခါတစ်ရံ အခန့်မသင့် သူနှင့်တွေ့ လျှင် ပို၍ပင် ဆိုးတော့သည်။ အော်ကြီးဟစ်ကျယ် ရှိလာတာကို မအိမ်ကံ အံ့သြရသည်။ ကိုယ့်အိမ်ကိုလာသည့် ဧည့်သည်ကို မအော်စေချင်ကြောင်း ပြောရသည်အထိပင်။ ကိုကံကြီးမောင် နှင့်တော့ အဆင်ပြေပါ၏။ တစ်သဘောတည်း ရှိပုံရသည်။ “ကိုယ့်ကိုယ်ကိုလည်း ကျောင်းအုပ်ဆရာကြီး ဆိုတာ သတိရပါဦးမှပေါ့ အစ်ကို။ ပြီးတော့ ကိုယ့်အိမ်မှာ ကိုယ်ကဖိ ပြောနေတာကျတော့ မကောင်းဘူးပေါ့။ အစ်ကိုတို့ဟာက ကနေ့ ငြင်းခုန်အော်ဟစ်။ နောက်မနက်ကျတော့ အကောင်း။ ဒါနဲ့များ အစ်ကိုရယ် ဖြည်းဖြည်းသက်သာရှိပါမှပေါ့” သည်လိုဆိုပြန်တော့ ကိုပြေသိမ်းကခေါင်းတညိတ်ညိတ် ရှိရှာပါ၏။ ညပိုင်း ဧည့်သည်တွေ မရှိတော့လည်း သားအဖ နှစ်ယောက် စကားကောင်းနေတတ်ကြသည်။ ဇောင်ချမ်းကုန်း ကိုပြန်ကြမည့်ရက်က ကိုကံကြီးမောင်နှင့် နှစ်ယောက် အိမ်ကြီး ပေါ်ကမဆင်း တိုးတိုးတိုးတိုး လုပ်နေလို့ မအိမ်ကံကိုယ်တိုင် စကား ၀င်ဖြတ်ရပါ၏။ ဒါတောင် ကိုကံကြီးမောင်က ကိုပြေသိမ်းကို တစ်ရက်၊ နှစ်ရက် နေခဲ့ပါဦးလုပ်နေလို့ တောင်းပန်ရသည်။ မအိမ်ကံတို့ သားအမိချည်း ရွာပြန်လွှတ် ရန်ဖြစ်၏။ ကိုပြေသိမ်းအမေက လက်မခံပါ။ သားဖြစ်သူကို မိသားစုနှင့် ပြန်စေချင်သည်။ “မင်းတို့သားအဖမလည်း

ကံကြီးမောင်ကို

ဓာတ်စာလုပ်

နေကြသာပေါ့လေ။

မောင်နှင်းရေ

ငါရင်လေးသေးသယ်။

မင်းပြန်သွားရင်မင်းအဖေ လူတရုန်းရုန်းနဲ့ ကျန်ရစ်မှာ” မိခင်ဖြစ်သူက ကိုပြေသိမ်းကို မောင်နှင်း(သက်နှင်း)ဟု ခေါ်ခြင်းဖြစ်၍ ကျန်လူစုကတော့ သခင်နာမည် မောင်ပြေသိမ်း လို့ပဲခေါ်တာ မအိမ်ကံ သတိထားမိသည်။ ကိုကံကြီးမောင်က ကိုပြေသိမ်းကို တားမရတော့ ကျုပ်ဇောင်းချမ်းကုန်းကို လာခဲ့မယ် ဆိုလေ၏။ မအိမ်ကံပင် ပြုံးမိရသည်။ အတော်ဇွဲကြီးတဲ့ လူ။ ကိုကံကြီးမောင် ထည့်ပေးလိုက်သော အင်္ဂလိပ်စာအုပ်တွေ ပါလာတာကိုလည်း ကိုပြေသိမ်းကျေနပ်နေပုံရပါ၏။ အပြန် လှည်းပေါ်မှာပင် ဖတ်လိုက်လာခဲ့သည်။ စာအုပ်ထဲ စိတ်ပါနေတော့ ဇနီးကိုလည်းမေ့၊ သမီးတွေကိုလည်း သတိမရတော့။ စက္ကူတွေ ၀ါးစားတော့မည့်အတိုင်း မျက်လုံး စိုက်ထားလိုက်တာ

225


စကားရယ်လို့လည်း မထွက်၊ ဘေးဘီကိုလည်း မကြည့်။ “သားအဖတစ်တွေ ခရီးသွားရတုန်း ပျော်ပျော်ပါးပါး မရှိဘူး။ ဖတ်လိုက်ရသဲ့စာ။ သည်လိုမှန်းသိ ထနောင်းတိုင် မှာထားခဲ့ရ အကောင်းသား” မအိမ်ကံ ခနဲ့တော့မှ စာအုပ်ကို ပိတ်ကာပြုံးပြသည်။ မအိမ်ကံ ပါးကလေးကို ဆွဲလိမ်သည်။ “မအိမ်ကံကို

အင်္ဂလိပ်စာသင်ပေးစမ်းပါ

အစ်ကို။

ငယ်ငယ်တုန်းက

အစ်ကိုမောင်မြတ်သာ

သင်ပေးဖူးလို့

အနည်း

အကျဉ်းတော့တတ်ပါရဲ့။ အဲသလို အင်္ဂလိပ်ဘိုးအုပ်ကြီးတွေ ဖတ်ကြည့်ချင်လို့။ ဘာတွေများကောင်းလို့လဲဆိုတာ ဖတ်လိုက် ချင်စမ်းလို့ပါ” “၀တ္ထု မဟုတ်ပါဘူး အိမ်ကလေးရဲ့။ နိုင်ငံရေး စာအုပ်တွေပါ” “နိုင်ငံရေးစာအုပ်တွေ၊ ဟုတ်လားအစ်ကို” ဆင်ပေါက်ကောက် ရိုးခိုးစားပြန်ပါပကောလား။ သည်ဘ၀နိုင်ငံရေးက လွတ်ပါဦးမလား။ မင်းတိုင်း ဆယ့်နှစ်မှုပွေလို့ ရေထမ်းကာမှ ရေအိုးကွဲရသည့် အဖြစ်မျိုးကို မအိမ်ကံ ကြောက်လှပြီ။ ကိုပြေသိမ်းက လွတ်လပ်ရေးရပြီး နောက်ပိုင်း အစိုးရ အသိအမှတ်ပြု မူလတန်း ကျောင်းအုပ် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကျောင်းကလေးသည်ပင် အစိုးရကျောင်းစာရင်းဝင် ခဲ့ပြီ။ ကျောင်းအုပ်ကြီးကတော်ဆိုသည့်ဂုဏ်၊ စာသင်ကျောင်း အစ်မဆိုသည့် ဂုဏ်ဖြင့် အေးအေးလူလူ ရှိချင်လှပြီ။ သမီးကြီးပင် ခြောက်နှစ်ရှိခဲ့ပြီ။ မအိမ်ကံတို့ ကိုယ်တိုင်ပင် အသက်တွေ မငယ်ကြတော့။ နောက်ဆယ်နှစ်ဆိုလျှင်ပင် သမီးကြီးအရွယ် ရောက်ပြီ။ သည်သမီးနှစ်ယောက်ကို ဂွမ်းလိုနု၊ ဆီလို အုရုံသာရှိတော့တာ မဟုတ်လား။ မအိမ်ကံက

စာအုပ်တွေကို

တစ်အုပ်ချင်းကောက်ကိုင်

ကြည့်သည်။

စာအုပ်တွေက

လေးသားပါလား။

အားလုံး

ခြောက်အုပ်။ အဖုံးမှာ နှုတ်ခမ်းမွေးနှင့် လူပုံတစ်ပုံပါသည်။ ကျန်တာ ဘာမှန်းမသိ။ မအိမ်ကံက စာအုပ်တွေကိုပြန်ချလိုက် ရင်းသက်ပြင်းတစ်မချမိရပါ၏။ “မမကံ အင်္ဂလိပ်စာသင်ရင် ကျုပ်ပါရောသင်လိုက်ချင် စမ်းဗျာ။ ကျုပ်ဆရာလေးလို အင်္ဂလိပ်ဘိုးအုပ်တွေ ဖတ်ချင်သာ မမကံရ” ဖိုးကူးက ဘာမှန်း ညာမှန်းမသိ ၀င်ပြောလိုက်သဖြင့် မအိမ်ကံက ဖိုးကူးခေါင်းကို ဒေါင်ခနဲ ခေါက်လိုက်လေ၏။ ကိုပြေသိမ်းက တဟားဟား ရယ်လေသည်။ ထနောင်းတိုင်က

ပြန်ရောက်ကတည်းက

မအိမ်ကံ

မနားရတော့ပါ။

ထွန်ချိန်၊

ယက်ချိန်၊

မျိုးရွေးကြချိန်ဆိုတော့

တောအလုပ်ထဲလည်းပါရ၊ ရက်ကန်းရုံလည်း ၀င်ရနှင့် ဖတ်ဖတ် မောရတော့သည်။ ကိုပြေသိမ်းကတော့ ကျောင်းပိတ်ထားချိန်မို့ သမီးနှစ်ယောက်ထိန်းရင်း စာအုပ်ဖတ်ရင်း အချိန်ကုန်နေတော့ ၏။ ၀ါဈေးတွေ ကျသော်လည်း ရက်ကန်းထည်တွေက ရက်မ နိုင်လောက်အောင် အမှာအယူများသည်။ စစ်ကြီးပြီးတာ ငါးနှစ်ခန့် ကြာပြီဆိုသော်လည်း အရောင်းအ၀ယ် ဈေးကွက်တွေ ကတော့ မငြိမ်သေး။ သည်ဘက်တစ်နှစ် နှစ်နှစ်ကျမှ ဈေးစည်လာခဲ့သည်။ စစ်ကြီးအတွင်း အစစအရာရာ ရှားပါးခရာမှ အနယ်နယ် အရပ်ရပ်မှ ကုန်ပစ္စည်းတွေ အရောက်အပေါက် အကူးအလူးများလာခဲ့သည်။ မြင်းခြံဆိပ်ကမ်းတွင် ဆိုက်ကပ် လာကြသော အနယ်နယ်မှကုန်များ အရောင်းအ၀ယ် လိုက်လာ သကဲ့သို့ မြင်းခြံနယ်ထွက်ကုန်တွေကလည်း အထွက်အပြု ကောင်းလှသည်။ လွတ်လပ်ရေးရပြီး ဖြစ်၍ နိုင်ငံရပ်ခြားမှ အထည်အလိပ်မျိုးစုံတွေ ၀င်ကြပြီဆိုသော်လည်း မြန်မာ ချည်ထည်တွေကတော့ အသုံးတွင်နေတုန်းပင်။ အထူးသဖြင့် ဖျင်ပင်နီချောတွေဆိုလျှင် မအိမ်ကံ ကိုယ်ပိုင် တံဆိပ်ထိုးကာ ရောင်းချရာမှ မအိမ်ကံထည်ဟူ၍ နာမည်ရလာခဲ့သည်။

226


သည်ရက်တွေထဲမှာ ကိုပြေသိမ်းကလည်း မန္တလေးကို ချည်ခင်တွေ၊ ဆိုးဆေးတွေ အ၀ယ်ထွက်ရတာတွေ ရှိလာပါ၏။ ကျောင်းတစ်ဖက်နှင့်ဆိုတော့ အခါခပ်သိမ်းတော့ လုပ်မပေးနိုင်။ ကျောင်းပိတ်ရက်ကလေးမှာ လှစ်ခနဲ ပြေးရခြင်းမျိုး ဖြစ်သည်။ မန္တလေးအထိ တက်ရမှာဆိုတော့ လည်လည်ဝယ်ဝယ် ရှိသူကို လွှတ်ရခြင်းဖြစ်၏။ ကိုပြေသိမ်းက မန္တလေးစာပုံနှိပ် စက်တစ်ခုတွင် မအိမ်ကံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံ ဆိုသည့် တံဆိပ်ကလေးတွေ ရိုက်လာခဲ့ခြင်းဖြစ်၏။ စာတန်းအောက်က ပင်ဖြူချည်ချောထည်၊ ပင်နီချည်ချောထည်၊ ဆေးခိုင်အာမခံသည် စသည်ဖြင့် ရိုက်ထားသေးသည်။ တံဆိပ်ကလေးပါ တော့ အထည်တွေမှာ အာရုံတစ်မျိုးရသွားသလို ခံစားရသည်။ တစ်ရက်မှာတော့

အစ်ကိုမောင်မြတ်သာနှင့်

မမစိမ်းမြ

တို့

ရွာကိုပြန်လာကြသည်။

အစ်ကိုတို့မှာ

သားသမီးမပေါ်

ပေါက်တာကိုတော့ မအိမ်ကံ စိတ်မကောင်း ဖြစ်ရပါ၏။ မမစိမ်းမြက ရွာမှာနေတုန်းကလို မဟုတ်။ နဂိုချောချောသူ ဆိုတော့ မြို့သွေး မြို့မွေးကလေးပေါက်လို့ မြို့ထည်ကလေး တွေနှင့် လိုက်ဖက်လှပါ၏။ မမစိမ်းမြက မအိမ်မြိုင်နှင့် မအိမ်ခိုင်ကိုကြည့်ရင်း အံသြနေသည်။ “ငါ့ညီမရယ်

ကံကောင်းလိုက်တာအေ၊

ညီအစ်မနှစ်

ယောက်ဆိုတော့

အဖော်ရတာပေါ့။

ဆိုးတိုင်ပင်

ကောင်းတိုင်

ပင်ပေါ့ဟယ်၊ မအိမ်ကံ အစ်ကိုက ကလေးလိုချင်သာ ရူးလို့။ မမစိမ်းမြလည်း ရုက္ခစိုးမှာ ဆုပန်ရသာနဲ့ ညောင်ပင်အောက်က မထွက်ရပါဘူးအေ” မမစိမ်းမြ စကားကြောင့် မအိမ်ကံစိတ်မကောင်းသည့် ကြားက ရယ်မိသည်။ အစ်ကိုမောင်မြတ်သာက တူမနှစ် ယောက်ကို အတော်ချစ်ရှာပါ၏။

အမေပန်းရုံနှင့်

အစ်မလှအုံ

တို့ကတော့

အစ်ကိုမောင်မြတ်သာ

အသားတွေမည်းကာ

လူပုံ

ကြမ်းသွားတာကို ပြောမဆုံးကြ။ အစ်ကို ရွာပြန်မလာတာ ကြာပြီ။ အစ်ကို့ကိုမြင်တော့ အဖေကို သတိရကာ မျက်ရည် ကျမိ၏။ လွတ်လပ်ရေးရလျှင် တပ်ကထွက်ပြီးရွာမှာ အခြေ ချတော့မည်ဟု ဆိုခဲ့သော အစ်ကိုတစ်ယောက် ဘာကြောင့်များ တပ်က မထွက်သေးတာပါလိမ့်။ မမစိမ်းမြခမျာလည်း ကိုယ့် မျိုး ကိုယ့်ဆွေတွေကြား ရွာခြေပြန်ကပ်ချင်ရှာလိမ့်မည်။ အစ်ကို မောင်မြတ်သာက ကိုပြေသိမ်းကိုမေးလို့ မန္တလေးသွားကြောင်း ပြောပြရသည်။ ထိုညက ထမင်းစားကြပြီးနောက် စကားတွေ ညဥ့်နက်အောင် ထိုင်ပြော ဖြစ်ခဲ့ကြသည်။ စားပွဲပေါ်မှာ ကိုပြေသိမ်းဖတ်သည့် အင်္ဂလိပ်စာအုပ်တွေ တွေ့တော့ မောင်မြတ်သာ မျက်နှာသုန်မှုန် သွားခဲ့လေသည်။ “ကံကလေး ဒါဘယ်သူ့စာအုပ်တွေလဲ” “ကိုပြေသိမ်းစာအုပ်တွေ အစ်ကိုရဲ့။ ထနောင်းတိုင်က ကိုကံကြီးမောင်က ထည့်ပေးလိုက်တာ” “ကံကြီးမောင် ဟုတ်လား၊ အစ်ကို မသိပါလား” “ထနောင်းတိုင်ကပဲ အစ်ကို၊ ဘာဖြစ်လို့လဲ” “မဖြစ်ပါဘူး။ မောင်ပြေသိမ်း ဘယ်နေ့ပြန်ရောက်မှာလဲ” “မနက်ဖြန်တော့ ရောက်ကောင်းပါရဲ့” မအိမ်ကံကတော့

အစ်ကိုမောင်မြတ်သာ

မျက်နှာမှုန်

သွားတာကို

သတိထားလိုက်မိသည်။

ဘာစာအုပ်တွေများမို့ပါ

လိမ့်။ အစ်ကိုမြတ်သာက ဘာမှတော့ ဆက်မပြောပါ။ ပြောစ ရာတော့ ရှိပုံရသည်။ ကိုပြေသိမ်းက နောက်တစ်နေ့ ညနေ ပိုင်းမှာ ရောက်လာခဲ့သည်။ မောင်မြတ်သာကို မြင်တော့ ၀မ်းသာ သွားကြသည်။ သခင်မြတ်သာဆိုတာ ကိုပြေသိမ်း ကြည်ညိုလေးစားခဲ့ရတဲ့သူ မဟုတ်လား။ ညစာအတူစားကြ ရင်း ရှေးဟောင်းနှောင်းဖြစ်တွေ ပြောကြတာ မိုးလင်းလု သည်အထိပင်။

227


“ကျွန်တော် ဘောဂလိ ရေသိုးကြီးဘက်မှာ တာဝန်ကျ နေတာ ကိုပြေသိမ်းရေ၊ ကောင်းကင်က ရိက္ခာချမပေးရင် ငတ်တဲ့ရက်တွေပေါ့ဗျာ။ ဆင်းရဲတာတော့ မပြောနဲ့တော့။ အကျအဆုံးလည်း များကြသယ်ဗျ” ကိုပြေသိမ်းက တော်လှန်ရေးကာလ အတွေ့အကြုံများ နှင့် ရွာအကြောင်း၊ ရပ်အကြောင်း၊ နိုင်ငံအကြောင်း၊ ကမ္ဘာ အကြောင်း သမီးယောက်ဖနှစ်ယောက် စကားတွေကောင်းနေ ကြသလို မအိမ်ကံတို့ကလည်း မမစိမ်းမြနှင့် စကားလက်ဆုံ ပြောမကုန်နိုင်။ အမေပန်းရုံတို့အလစ်မှာ ကိုပြေသိမ်း၏ အင်္ဂလိပ်စာအုပ်တွေကို ကြည့်ပြီး အစ်ကိုမောင်မြတ်သာ မျက်နှာ ပျက်သွားရသည့်အကြောင်း မမစိမ်းမြအား မေးရပါ၏။ မမစိမ်းမြကလည်း ရေရေရာရာမသိ။ ဘာစာအုပ်တွေဖြစ်နေ လို့ဆိုလား ငါ့ညီမရယ်လောက်သာ ပြောနိုင်သည်။ ကိုပြေသိမ်းက လှည်းပေါ်မှာတုန်းက နိုင်ငံရေး စာအုပ်တွေပါလို့ ဆိုခဲ့ တာကိုလည်း မှတ်မိသည်။ ကိုပြေသိမ်းနိုင်ငံရေး စာအုပ် ဖတ်တာ ထူးဆန်းလှသည်မဟုတ်။ သို့သော် သည်စာအုပ်တွေကတော့ ထူးဆန်းသော စာအုပ်တွေ ဖြစ်လိမ့်မည်။ ကိုပြေသိမ်း ကိုယ်တိုင်ကလည်း ထူးခြားနေတာ မဟုတ်လား။ သည် စာအုပ်တွေကိုမှ သဲကြီးမဲကြီးဖတ်သည်။ ဖတ်ပြီးတော့လည်း ပြန်ဖတ်သည်။ နောက်ထပ် စာအုပ်တွေလည်း ပါလာတာတွေ့ ရသည်။ မြို့က ပါလာခြင်း ဖြစ်၍ ဘယ်သူက ပေးမှန်းတော့ မသိ။ ကိုပြေသိမ်းနှင့် ကိုမြတ်သာက ဗမာလို ပြောနေကြရာက အင်္ဂလိပ်ဘာသာဖြင့် ပြောနေကြပြန်သည်။ ခွန်းကြီးခွန်းငယ် ငြင်းခုံတာမျိုးတော့ မဟုတ်။ အေးအေးဆေးဆေး ပြောနေကြခြင်း ဖြစ်သည်။ ပြောကြရင်းက စာအုပ်တွေကို ယူကြည့်ကြသည်။ လှန်လှောဖတ်ကြသည်။ မအိမ်ကံက သည်စာအုပ်တွေ အကြောင်းသိချင်နေသော်လည်း ဘယ်သူ့ကိုပြလို့ ဘယ်သူ့ မေးရမှန်းမသိ။ မမမြစိမ်းက ကိုယ့်အစ်ကိုကိုမေးရမှာပေါ့ ဆိုတော့မှ အစ်ကိုမောင်မြတ်သာကို မေးဖို့ တေးထားလိုက်သည်။ နောက်တစ်နေ့မှာတော့ မိုးလင်းခြင်းနှင့်အတူသတင်းဆိုး တစ်ခုရွာထဲ ရောက်လာခဲ့သည်။ ရွာအထွက်လမ်း တလုတ် မန်ကျည်းတော အုပ်အုပ်ထဲမှာ လူသေအလောင်းတစ်လောင်း တွေ့ထားသည်ဆိုသည့် သတင်းဖြစ်၏။ အလောင်းက တစ်ကိုယ်လုံး ဓားဒဏ်ရာဗရပွဖြင့် သေဆုံးနေခြင်းဟု သိရသည်။ တစ်ရွာလုံးနီးပါး ထွက်ကြည့်ကြသဖြင့် ရွာလမ်းတစ်လမ်းလုံး ဖုန်တသောသော ထနေလေသည်။ မအိမ်ကံတို့က သွားမ ကြည့်သော်လည်း ကြည့်ပြီးပြန်လာသူတွေက ၀ိုင်းတိုက်ထဲ ၀င်လာကြသည်။ “ရက်စက်လွန်းပါ့အေ၊ ဓားနဲ့မွှန်းထားတာများ ငါးခူမွှန်း မွှန်းထားသာ။ ကျုပ်တို့ရွာက မဟုတ်ပါဘူး။ ပြောကြသာတော့ အနောက်တန်း ရွာတွေကတဲ့။ ဘယ်သူက ဘာကြောင့် လုပ်သွားသယ်တော့ မပြောတတ်ဘူး” ညဦးပိုင်း သည်စကားရောက်တော့ အစ်ကိုမောင်မြတ်သာက မျက်နှာမကောင်းရှာ။ မနက်ကသူလည်း သွားကြည့်ခဲ့သည် ဆိုသည်။ အနောက်တန်း ရွာတွေထဲက လင်းနေကုန်း ရွာနေ မောင်စံတင်ဟု ကြားခဲ့ရကြောင်း ပြောပြရာက ကိုပြေသိမ်းကို လှမ်းကြည့်သည်။ “ကိုပြေသိမ်းရေ မောင်စံတင်က လူထူရင် သူ့ရင်ထဲက မကျေနပ်တာတွေ အင်မတန်ပြောတတ်တဲ့လူတဲ့ဗျ။ ပြောကြ တာတော့ အလံနီလိုလိုပါပဲ။ ဟုတ်မဟုတ်တော့ မပြောတတ် ဘူး။ ဖဆပလကိုရော ဆိုရှယ်လစ်တွေကိုရော ညဘက် မူးမူး ပြီး ဆဲတာတွေ ဘာတွေတောင် လုပ်သတဲ့။ ခက်တာက ဘယ်သူ ရက်ရက်စက်စက် လုပ်လိုက်တယ် ဆိုတာထား၊ စကားတွေ ပြောတိုင်းမကောင်းနိုင်တော့ဘူး ဆိုတာကတော့ ရှင်းနေပြီ” အစ်ကိုမောင်မြတ်သာက ဘာမဆို ပြင်းပြင်းထန်ထန် ဝေဖန်တတ်သော ကိုပြေသိမ်းကို ရည်စူးနေကြောင်း သိသာလှသည်။ ကိုပြေသိမ်းကတော့

ဘာမှမပြောပါ။

စားပွဲပေါ်က

စာအုပ်တွေကိုသာ

ငေးကြည့်နေပါ၏။

အစ်ကိုမောင်မြတ်သာက

စကားဖြတ်ထားရင်း ရှေ့ဆက်ရမည့်စကားကို စဉ်းစား နေပုံရသည်။ “အခုက အဖွဲ့အစည်းတွေက များလွန်းတယ်။ တိုင်းပြည်က အခုမှ နွားရိုင်းသွင်းချိန် ပြန်ရောက်နေရတယ်။ မကောင်းသူ

228


မကောင်းသားကပ်လို့ အကောင်းဆုံး အချိန်ကိုးဗျ။ ကျွန်တော်တပ်က မထွက်နိုင်သေးတာ ဒါတွေလည်းပါတယ် ပေါ့ဗျာ။ လာဘ်ပေးကြ၊ လာဘ်ယူကြ၊ လူမိုက်ရွေးကြ၊ တပည့် ခံကြ၊ ဆရာတင်ကြ၊ ဝေငှစားသောက်ကြ၊ လုလိုက်ကြ၊ ယက် လိုက်ကြ ဖြစ်နေသယ်။ ကျည်ဆံကြေး ဖဲရိုက်ကြသတဲ့။ ကောင်းကြရောပေါ့။ တောကြောင်တွေ စုန်းတောက်နေကြ တာပေါ့လေ” အစ်ကိုမောင်မြတ်သာ

ပြောတာ

အမှန်တွေချည်း

ဖြစ်သည်။

နေ့ခင်းကြောင်တောင်

နွားဆွဲတာများပင်

ရှိ၏။

ဗြောင်ဝင်လုတာများလည်း ကြားနေရသည်။ တောနယ်ထွက် လက်လုပ်ပြောင်း သေနတ်များကလည်း ငွေပေးနိုင်လျှင် အစစ် နှင့်မခြား ရနိုင်သည်ဆိုသည့် သတင်းတွေကလည်း ရွာတွေမှာ သတင်းတွေ ကူးစက်နေပါ၏။ ရွာတွေမှာ ကင်းတွေချကြရသည်။ ဆူးစည်းရိုးတွေ ထူထူထဲထဲကာကြရသည်။ ၀ါးချွန် တွေ၊ ဒူးလေးတွေ၊ လင်းလေးတွေ အိမ်တိုင်းထားကြရပြီ။ သည်ကြားထဲက ဓားပြသံ၊ သူခိုးသူဝှက်သံ၊ အနုကြမ်းစီး သံတွေကလည်း မကြာမကြာ ကြားနေရတာမျိုးလည်း ရှိပါ၏။ “ခက်သားပဲ ကိုမြတ်သာ။ လွတ်လပ်ရေးမရခင် လွတ်လပ်ရေးရဖို့ တိုက်ကြခိုက်ကြ၊ သေကြ၊ ကျေကြ။ လွတ်လပ်ရေးကို အသက်တွေနဲ့ရင်းပြီး ရယူပြီးပြန်တော့လည်း မီးမငြိမ်းနိုင်ဘူး။ သူ့နာမည်ကိုယ်ဖျက် ကိုယ့်နာမည်သူဖျက်။ တွက်ကြည့်တော့ တိုင်းပြည်လူထုက ဘယ်သူ့ကို အားကိုး ရမှန်းမသိဘူးဗျာ။ အရေးထဲ ဖဆပလ အစိုးရက ဗောဓိပင် ပင့်နေတော့ မခက်ဘူးလား” ဗိုလ်မြတ်သာက အင်္ဂလိပ်စကားနှင့် တစ်စုံတစ်ရာ ပြောလိုက်လို့လားလို့ မသိပါ။ ကိုပြေသိမ်း စကားဆက်မပြော တော့။ မလှအုံက စကားဝိုင်းကို အကဲခတ်နေရာက စကား ၀င်ဖြတ်သည်။ “ကိုင်းကွယ် မင်းတို့နိုင်ငံရေးကလည်း ပြီးမပြီးနိုင်ဘူး။ သည်စကားတွေ ပြောနေရတာနဲ့ လယ်ကောရေမရ တို့လည်း စကားပြောချင်သေးသဟဲ့။ တကတဲတော်” မလှအုံ ၀င်ငေါက်တော့မှ နိုင်ငံရေးသမားတွေလည်း စကားလမ်းကြောင်း ပြောင်းကြတော့သည်။ မိသားစု စကားဝိုင်းလေး ပြန်ဖြစ်သွားတော့မှ မအိမ်ကံလည်း စိတ်ရှုပ်နေရာက ကြည်လင်သွားရပါ၏။ ရွာက ရယ်စရာမောစရာတွေ ပြောကြရင်း ရယ်ကြမောကြရသည်။ အရူးကိုစက်ဖေ ကလေး လုတာပင် ပါလိုက်သေးသည်။ ထိုညကလည်း စကားပြော ညဥ့်နက်ရပြန်ပါ၏။ အစ်ကိုမောင်မြတ်သာတို့ ပြန်တော့ မအိမ်ကံ အပေါက်ဝ လိုက်ပို့သည်။ ကိုပြေသိမ်းက အိပ်ပျော် နေသည့် သမီးတွေကို အိမ်ပေါ်ပွေ့တင်နေခိုက်ဖြစ်၏။ မအိမ်ကံ က အစ်ကိုဖြစ်သူလက်မောင်းကို ဆွဲထားလိုက်သည်။ “အစ်ကို ကိုပြေသိမ်းဖတ်တဲ့ စာအုပ်တွေက ဘာဖြစ်နေလို့လဲဟင်။ မှန်သာပြောပါ အစ်ကို၊ မအိမ်ကံ စိတ်ပူလို့ပါ။ ကိုပြေသိမ်းကတော့ နိုင်ငံရေးစာအုပ်တွေလို့ပြောသာပဲ” ဗိုလ်မြတ်သာက နှမဖြစ်သူကို ချက်ချင်းမပြောသေးဘဲ တံခါးတစ်ချပ်ကို ကိုင်ကာရပ်နေသည်။ မမစိမ်းမြကလည်း ကြားထဲက သိချင်နေဟန်တူပါ၏။ မောင်နှမနှစ်ယောက်ကြား ပေရပ်နေလေသည်။ “ဟုတ်တယ် ငါ့နှမရဲ့၊ နိုင်ငံရေးစာအုပ်တွေပါပဲ။ ကွန်မြူနစ်ဝါဒသဘောတရား စာအုပ်တွေပေါ့လေ။ သည်လို ကာလမှာ ဆန်းတော့မဆန်းဘူးပေါ့ ကံကလေးရယ်။ ဒါပေသိ မောင်ပြေသိမ်း ဖတ်နေသယ်ဆိုသာတော့ ထူးသယ်” “အဲသာဖတ်တော့ ဘာဖြစ်လို့လဲ အစ်ကို” “ငါ့နှမ ဒါတံခါးဝမှာ ရပ်ဖြေလို့ မပြည့်စုံနိုင်ဘူး။ ဒါပေသိ မစိုးရိမ်ပါနဲ့အေ။ မောင်ပြေသိမ်းကလည်း ပညာတတ်ပဲဟာ” ဗိုလ်မြတ်သာက ဒါပဲပြောပြီး ထွက်သွားခဲ့သည်။ မမစိမ်းမြက နောက်က။ မအိမ်ကံ တံခါးဝမှာရပ်ရင်း ကျန်ရစ်ခဲ့သည်။ အမျိုးအမည် ဖော်ပြရန် မစွမ်းသာသော ခံစားမှုတစ်မျိုးက ရင်ထဲမှာ လှိုက်ခုန်နေခဲ့ပါ၏။ တံခါးဝမှာမေးသည့် မေးခွန်း

229


တံခါးဝမှာ

ရပ်ဖြေလို့မရနိုင်လောက်အောင်

ကျယ်ဝန်းလို့များလား။

ကိုပြေသိမ်း

ဘာတွေလုပ်နေသလဲ။

ကိုပြေသိမ်း

ဘာတွေ ကြံစည်နေသလဲ။ မအိမ်ကံ အိမ်ပေါ်ကို တက်လာခဲ့သည်။ ကိုပြေသိမ်းက သမီးတွေကို ခြင်ထောင်ချပေးနေသည်။ ကိုပြေသိမ်းကို မေးဖို့စဉ်းစားပြီးမှ မမေးတာပဲ ကောင်းပါတယ်လေလို့ တွေးမိပြန်ပါ၏။ “အိမ်ကလေး အစ်ကိုတက်လာတော့ သမီးငယ်က တစ်ဖက်ပွေ့ထားရလို့ လက်ကလည်း မအားဘူး။ ငှက်ကြီးတစ်ကောင် ခြင်ထောင်တန်းပေါ်မှာ နားနေတာတွေ့တယ်။ အစ်ကို့ကို စိုက်ကြည့်နေသလိုပဲ။ ပြီးမှပြန်ထွက်သွားတယ်။ ညဘက်ဆိုတော့ ငှက်က မှားဝင်လာတာနဲ့တူပါရဲ့” အို သည်ငှက်ကြီး ပေါ်လာပြန်ပြီလား။ မအိမ်ကံ မေ့တောင်နေပြီ။ မအိမ်ကံမှာ ကြက်သီးညှင်းညှင်းကလေးပင် ထမိရပါ၏။ ဘာတွေများဖြစ်လာဦးမှာလဲ။ အစ်ကိုမောင်မြတ်သာတို့ ပြန်သွားကြပြီ။ မအိမ်ကံက အစ်ကို့အတွက် လိုလေသေးမရှိ ပြည့်ပြည့်စုံစုံ ထည့်ပေးလိုက်ပါ၏။ အစ်ကိုပြန်သွားလေတိုင်း အားငယ်မိရသည့် စိတ်ကတော့ အခုချိန် ထိလျော့မသွားသေးပါ။ အဖေရှိစဉ် ကတည်းက မိသားစု သိုက်သိုက်ဝန်းဝန်း နေရမယ့် ရက်တွေကို မျှော်လင့်ခဲ့ရ သော်လည်း ဘာမှ ဖြစ်မလာတော့ပါ။ အိမ်အလုပ်တွေထဲ ခေါင်းထိုးနှစ်ရင်းဖြင့်သာ အရာရာကို မေ့မေ့ပျောက်ပျောက် နေရပါ၏။ သည်ကနေ့လည်း မနက်ပိုင်းတစ်ပိုင်းလုံး ရက်ကန်းရုံ ထဲမှာပဲ မအိမ်ကံရှိနေခဲ့သည်။ အရီးကြာညွန့်နှင့် ခေါင်းချင်းဆိုင်ခဲ့ရတာပင် သုံးရက်ရှိပြီ။ မအိမ်ကံက ဂမုန်းကြိုး၊ ခါးစည်း၊ ဘိလပ်ပန်း စသည့် အချိတ်ဆန်ဆန် ရက်ထည်ကလေးတွေ စမ်းသပ်ရက်လုပ် ချင်နေခဲ့တာ ကြာပြီ။ အသွေးအရောင် နှစ်မျိုးကို ကျော်ကာနင်းကာ ရက်သည့် ငုပ်ချည်ပေါ်ချည် အဆင်ကလေးတွေ စမ်းရက်ကြည့်ဖူးသည်။ လူကြိုက်များလှပါ၏။ ဂမုန်း၊ နရားပန်းခက်နှင့် ဘိလပ်ပွင့်တွေကိုလည်း စမ်းရက် ကြည့်ချင်သည်။ ဖီလာချိတ်၊ ကိုက်ချိတ်တွေလည်း အဆင် ကူးလာတာရှိသည်။ မြို့မှာ ဆေးရေးထည်၊ ပန်းထိုးထည် တွေ ခေတ်စားနေတာ မအိမ်ကံ ကြားနေရသည်။ ကိုပြေသိမ်း မန္တလေးသွားခိုက် အဆင်ဆန်းကလေးတွေ မှာလိုက်ရာက စိတ်ကူးရခဲ့ခြင်းဖြစ်သည်။ မအိမ်ကံတို့ လွန်းများများ မသုံးရဘဲ အဆင်ဆန်းတွေကို ရွေးရသည်။ အကပ်၊ အကွက်၊ အကျူး၊ အကျော် မှန်ရသည့်အပြင် ရက်သားမပွအောင် ခတ်ချက်လည်း နာရပါ၏။ “အရီး ခေါင်းခြောက်သွားပြီထင်တယ်။ ကိုင်းနားဦး မအိမ်ကံလည်း စဉ်းစားဦးမယ်။ မဖြစ်ဘူးဆိုသာတော့ မရှိပါ ဘူး အရီးရယ်။ မအိမ်ကံ အိမ်ဘက်ကူးလိုက်ဦးမယ်။ အရီးတို့ လည်း ထမင်းစားကြတော့လေ။ အိမ်ဘက် ဟင်းကြမ်းထည့် သွားယူလိုက်ကြဦး” ဟင်းကြမ်းဆိုတာ အများစာချက်ထားသော လိုက်ဟင်း ကိုပြောခြင်းဖြစ်သည်။ မအိမ်ကံက တစ်နေ့တစ်မျိုး ဟင်းကြမ်း တည်ပေးနေကျ။ ဟင်းကြမ်းဆိုသော်လည်း မလှအုံလက်ရာ မို့ ဆီနှင့် ပျားနှင့် ကောင်းကောင်းချက်ထားခြင်းဖြစ်သည်။ ကျေးဥက မအိမ်ခိုင်နှင့် သူ့သားကို ပေတူလုံးပစ်ပြရင်း ထိန်း နေသည်။ သမီးကြီး မအိမ်မြိုင်ကို မတွေ့။ “ကျေးဥ သမီးကြီးကော ကလေးတွေထမင်းစားပြီး ကြပြီလား” “အငယ်မတော့ ကျွေးပြီးပြီ။ အကြီးမက မစားဘူး။ မနက်ကတည်းက မှင်တင်တင်နဲ့ အပေါ်တက်သွားလေရဲ့” မအိမ်ကံ အိမ်ပေါ်တက်လာခဲ့သည်။ မအိမ်မြိုင်က ခုတင် ပေါ်မှာကွေးကွေးကလေး အိပ်ပျော်နေသည်။ သမီး သည် ဒီအချိန် မအိပ်ဖူးတာ မအိမ်ကံ သိသည်။ သမီးအနား ထိုင်လိုက်တော့ မအိမ်ကံ တစ်စုံတစ်ရာကို သတိထား လိုက်မိပြီ။ ချက်ချင်းပင် နဖူးကို လက်ဖ၀ါးနှင့် စမ်းလိုက်သည်။ မအိမ်ကံပင် တုန်လှုပ်သွားခဲ့ ရပါ၏။ မအိမ်မြိုင် တစ်ကိုယ်လုံး ချစ်ချစ်ကြီး တောက်အောင် ပူနေ ခဲ့ပါပကော။ သံပြားပူနှင့် ကပ်လိုက်သလို အပူမျိုး။ သမီးမျက်နှာက ရဲရဲမှည့် နေပါ၏။ “မအိမ်ကံ

ဟိုဘက်ရွာတွေမယ်

ကျောက်ကြီးရောဂါတွေ

ဖြစ်နေတယ်လို့ကြားတယ်။

အပျက်အစီးလည်းရှိကြသတဲ့

မပျက်စီးတော့လည်း ရုပ်ပျက်ဆင်းပျက်”

230


ပွဲကတော်ကြီးပြောလိုက်သည့် စကားကခေါင်းထဲဝင် လာခဲ့လေပြီ။ မအိမ်ကံ ချောက်ချောက်ချားချား အော်လိုက်လေ၏။ “ကျေးဥရေ..” လရောင်က သာလွန်းလှသည်။ ဇော်ချမ်းကုန်း ရွာကလေးသည် လရောင်အောက်တွင် အေးမြငြိမ်သက် လျက်ရှိ၏။ တစ်နေ့ခင်းလုံး

ပူပြင်းထားခဲ့သည့်

အပူက

ဟပ်ဟပ်ပြေးအောင်

မပူတော့

သော်လည်း

ညဦးတုန်းက

အရှိန်တွေ

ကျန်နေသေးသည်။ ညဥ့်နက်လာတော့မှ တဖြည်းဖြည်း ပြန်အေးလာခဲ့သည်။ သမီးကြီးက ပိတ်ခြင်ထောင်ထဲမှာ အိပ်ပျော်နေပြီ။ အရွယ်နှင့် မလိုက်အောင် ခံစားနေရသော ဝေဒနာကို ကြည့်ရင်း မအိမ်ကံ ရင်ထုမနာ ရှိခဲ့ရသည်။ ပိတ်ခြင်ထောင်ကြီးက လှောင်များနေရော့လား ဆိုသည့် စိတ်ကြောင့် မကြာခဏ လှပ်ကြည့်မိတာလည်း အကြိမ်ကြိမ် ရှိလေပြီ။ မအိပ်ခင်က အထိ သမီးနဖူးကို စမ်းကြည့်လိုက်တိုင်း လှည်းမီးချ ဒေါက်ဖိုက မီးတွေလို တရှိန်ရှိန် တောက်လောင်လျက်ရှိ၏။ ဇောင်ချမ်းကုန်း ဘုန်းကြီးကျောင်းကို သွားလျှင် ဘယ်ဘက်ချောင်မှာ လှည်းမီးဒေါက်ဖို ရှိသည်။ လှည်းဘီးတွေ သံခွေ စွပ်ပေးသည့် ဒေါက်ဖိုဖြစ်၍ ဒေါက်ဆရာ ဦးသာပိုဆိုလျှင် ဘယ်တုန်းကမှ အင်္ကျီ ကပ်ရသည် မရှိ။ ဖားဖိုထဲက ထုတ်ယူလာသော သံကွေးရဲရဲကို တပည့် နှစ်ယောက်က ညှပ်ဖြင့် ညှပ်ပေးထားရသည်။ ဘကြီးသာပိုက မီးမလျော့ခင် ပေါက်တူးကြီးနှင့် တထန်းထန်း ထုသည်။ မီးပွင့် မီးစာတွေ တဖွားဖွား။ မအိမ်ကံတို့ အိမ်က လှည်းကိုလည်း ဘကြီးသာပိုပဲဘီးခွေစွပ်ပေးခဲ့ခြင်း ဖြစ်သည်။ လှည်းက အရေးကြီးလို့ ဘကြီးသာပိုက မပြီးနိုင်လျှင် မအိမ်ကံ လိုက်သွားရတာ ရှိဖူး သည်။ “ဘကြီး တစ်နယ်လုံးက လှည်းတွေနဲ့ အပ်ထည်များလို့ ပါအေ။ နက်ဖြန်ကျတော့မှ ယူတော့ ငါ့တူမရယ်။ ဘကြီး မလည်း ဖိုကျင်ထိုးခံရတဲ့ မောင်တင့်တယ်သာ ကြည့်တော့။ မီးနဲ့ နပန်းလုံးနေရသာနဲ့ ဘ၀ပြီးရတော့မယ်နဲ့ တူပါရဲ့။ ထမင်း တစ်လုတ် အပူခံစားရသာပါအေ။ ဘကြီးလည်း လုပ်နေသာ ပါပဲနှော ငါ့တူမ” သည်တုန်းက ဘကြီးသာပိုကို မအိမ်ကံ သနားခဲ့ရသည်။ ကိုယ့်အိမ်က လှည်းကျမှ ကြာသကောရယ်လို့ လိုက်သွားတော့မှ ဘကြီး သာပို၏ အပူကို မအိမ်ကံ ကိုယ်တွေ့မြင်ခဲ့ရသည်။ သမီးကြီး မအိမ်မြိုင် ခမျာလည်း သည့်ထက် မလျော့သော အပူဖြင့် ဝေဒနာကို ပြင်းစွာ ခံစားနေရတာကို နှိုင်းယှဉ် ကြည့်မိခြင်းဖြစ်သည်။ သမီးခမျာ အပူတရှိန်ရှိန်၊ အငွေ့တချောင်းချောင်း။ မအိမ်ကံမှာလည်း မထူးပါ။ သမီးအတွက် ရတက် မအေးရပြီ။ မီးလှည့်ခံရသော လှည်းဘီးသံခွေနှင့် မခြား အပူကြီးရလေပြီ။ “ရတနာသုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် သမီးကလေး ဘေးမသီ ရန်မခ ပကတိ အေးမြပါစေတော့။ ပွဲကတော်ကြီး ပြောသလိုများ ရောဂါကြီး ဖြစ်နေလေမလား။ ဘယ်လို အကုသိုလ်ကများ ခေါင်းပေါ်တည့်တည့် ကျလာရသာပါ လိမ့်။ ရောဂါကြီးဆိုရင်တော့ ပျက်စီးရင် ပျက်စီး၊ မပျက်စီးရင် ရုပ်ရည် အဆင်းမလှ ဖြစ်တတ်သတဲ့။ ဘယ်ဟာကမှ မကောင်း နိုင်ပါလား။ ဘယ်သူကများ ကျောက်ပေါက်မာ ဗရပွနဲ့ မိန်းကလေးကို ရွာ့ကွမ်းတောင်ကိုင် ရွေးကြမှာတဲ့လဲ။ ညည်း မဖြစ်ဘဲ ငါ့သာဖြစ်လိုက်ပါတော့လားအေ” မအိမ်ကံခမျာ အရူးလို လူးလှိမ့် ပစ်လိုက်ချင်စိတ်သာ ရှိနေတော့သည်။ သည်အနီးအနား ရွာတွေမှာ သည်ရောဂါ ဖြစ်နေသတဲ့ ဆိုတာ ကြားနေရရင်လည်း ထားပါတော့။ ဟိုရွာမှာ ဖြစ်လို့တဲ့၊ သည်ရွာမှာ ဖြစ်လို့တဲ့ဆိုလျှင်လည်း ကလေးရဲ့ ဘ၀ကံလို့ အောက်မေ့ရပါရဲ့။ ခုတော့ ကွင်းကြီး ကျယ်ပါလျက်နှင့် တစ်ပင်တည်း မိုးကြိုးပစ်ခံရသော ထန်းပင်လို ဖြစ်ရပြီ။ ညဥ့်နက်လာတော့ လေညင်းကလေး သုန်လာသည်။ မအိမ်ကံ အိပ်မပျော်နိုင်သေး။ မလှအုံကတော့ ခွေခွေကလေး အိပ်ပျော်နေသည်။ သူ့ခမျာ တစ်နေ့ခင်းလုံး၊ တစ်ညနေလုံး ဆရာ ပြေးပင့်ရ၊ ဆေးလူး ဆေးတိုက်ရ ပင်ပန်းလှပြီ။ အမေပန်းရုံ ခမျာလည်း မြေးဦးဆိုတော့ မအိမ်မြိုင်ကို ဂွမ်းပေါက်နှင့် တို့မတတ် ချစ်ရှာလွန်းသူမို့ မျက်ရည်များပင် ကျခဲ့ရှာပါ၏။ ဖြစ်ချင်တော့ သည်ရက်မှာမှ ကိုပြေသိမ်းကလည်း ကုန်ဝယ် ထွက်သွားခဲ့သည်။ မနက်ဖြန်တောင် ပြန်လာဖို့ မသေချာ။ “သည်ရောဂါက ကူးသယ်တဲ့။ အမေ့ကို ကူးစမ်းပလေ့စေ။ သမီးမှာ ရောဂါ တစ်မှုန် တစ်စ မကျန်ခဲ့ရင် တော်ပြီ။ ရေလိုကဲ့သို့ သွန်လို့ရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ။ ရောဂါကို အမေကဲ့ ယူချင်စမ်းလှအေ။ ညည်းမလှ လို့ မဖြစ်ဘူး။

231


ညည်းအကျည်း တန်လို့ မဖြစ်ဘူး။ သည်တစ်ခါ အမေ ရင်အကျိုးမခံနိုင်ဘူး” မအိမ်ကံခမျာ

အေးမြသော

လရောင်အောက်မှာ

သူပါရော

ပူလောင်

နေရရှာလေသည်။

ဒေါက်ဖိုပေတုံးပေါ်က

မီးလှည့်သံကွေးကို တထန်းထန်းထုလိုက်တိုင်း မီးပွင့်တွေ စင်ထွက်နေကြသလို မအိမ်ကံသည်လည်း တွေးမိလေတိုင်း ရင်နှင့်အမျှ စိုးရိမ် ထိတ်လန့်မှု မီးပွင့်တွေ ကျည်ခနဲ ကျည်ခနဲ ထွက်နေခဲ့၏။ မလှအုံကတော့ မအိမ်မြိုင် အပူကြီးကြီး ဖျားသည်ဆိုတာနှင့်ပင် သူ့ဆေးမြီးတိုတွေ မထုတ်တော့ပါ။ သူတကာကို ယတြာလေး၊ ဂါထာလေးနှင့် သမားမပါ၊ ဆေး မပါ ကုသခဲ့တာမျိုးရှိခဲ့သော်လည်း မြေးတူမ ကလေး အတွက်တော့ ဆရာဆောင်ကို ပြေးပင့်ရှာပါ၏။ ဆရာဆောင်က တောင်ရွာ ကြွသွားသည်ဆိုလို့ ဖိုးကူးကို လှည်းနှင့်အကြို လွှတ်ရပြန်သည်။ ဖိုးကူးလာတော့ ဆရာဆောင် ပါလာခဲ့ပါ၏။ ဆရာဆောင်က ကလေးကို အပူစမ်းသည်။ သွေးစမ်းသည်။ ဆရာဆောင်ကတော့ ရေကျောက်၊ ပဲသီတာ၊ ဂျိုက်သိုး၊ ပေါက်ချင်လို့ ကိုယ်တွင်း အပူတွေ ကန်နေခြင်းဖြစ်ကြောင်းသာ ဆို၏။ ကျောက်ကြီးလို့ မပြောသဖြင့် စိတ်ကလေး အေးရသော်လည်း သုံးရက်လောက် စောင့်ကြည့်ရဦးမည် ဆိုပြန်တော့ တစ်ဖန် ပူရပြန်သည်။ ဆေးတစ်မျိုးကို ပုလင်းတစ်လုံးတွင် ကဲ့ထည့်စေလျက် လေလုံ ပိတ်ထားစေသည်။ ဆေးဘုရင် ဖြစ်၍ အစွမ်းထက်လှကြောင်း ပြောရင်း သူ့ပုလင်းထဲက ဆေးမှုန့်ကို သနပ်ခါးရေကျဲဖြင့် တစ်ကိုယ်လုံး လူးခိုင်းသည်။ အပူဝမ်းသွားခဲ့သော် ဆေးကို ကြက်တက်ရေနှင့် တိုက်၊ အပူမကျသော် ကံ့ကူဆံ သွေးရေနှင့် တိုက်၊ ငန်းဖမ်းလျှင် ဇာတိပ္ဖိုလ်သီးသွေးပြီး တိုက်လေဟု မှာကြားခဲ့သည်။ “အပူရောက်ထ များကြသသူ၊ တွေ့ရှိမူကား၊ ကံ့ကူဆရေ၊ ဆက်တိုက်ပေရှင့်၊ တစ်တွေတစ်ခန်း၊ ငန်းဖမ်းလေပြီး သီးဇာတိပ္ဖိုလ် ထည့်သို သွေးကျိုက် ဆေးနှင့်တိုက်က မုချ ချမ်းသာ လွတ်မည်သာဟု ဆိုတဲ့ အတိုင်း ဆေးကိုချင့်ပြီး တိုက်ရင် ပျောက်ပါသယ်။ ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူး။ သို့ပေသိ သုံးရက်လောက်တော့ စောင့်ကြည့်ရမှာပေါ့။ အခုဟာက အပူကြီးလွန်းတော့ ၀မ်းများ သွားတတ်သယ်။ ငန်းဖမ်း တတ်သယ်။ ဒါကြောင့် အပူငြိမ်းအောင် လိမ်းလည်း လိမ်း၊ ကံ့ကူဆံရေနဲ့လည်း ၀င်အောင်တိုက်” မလှအုံက ကလေးကို ဆေးလူးပေးတိုင်း ရှင်ဗာကုလ မထေရ်ကဲ့သို့ ရောဂါစင် ပျောက်ချမ်းသာရောက်ဟု သုံးခါ ရွတ်ရှာသည်။ မအိမ်ကံကတော့ ဘုရားရှင်ကိုသာ တနေမိ သည်ပင်။ တရှိန်ရှိန် တညီးညီး လောင်မြိုက်နေသလို ပူနေတော့ ကလေးက ကယောင်ကတမ်းတွေ ပြောနေတာတွေ ရှိပါသည်။ ဘယ်သူ့ကိုမှ မမှတ်မိသလို မျက်လုံးရွဲကြီးများဖြင့် တစ်အိမ်လုံးကို လိုက်ကြည့်သည်။ ကလေးကို ကိုင်တော့ လက်တွေကပူ။ ပါးကလေးကို ကိုင်တော့ ပါးတွေကပူ။ အပူကြီးရာက အတွင်းတက် တက်မှာ စိုးတော့ အမေပန်းရုံက ကလေးထိန်းပြီး ကျေးဥကို အစောင့်ခိုင်းသည်။ မအိမ်ကံကလည်း တစ်ဖ၀ါး မခွာဘဲ သမီး အရိပ်အကဲကိုသာ ဖမ်းနေရတော့သည်။ မအိမ်ကံက ကျောက်ကြီး ရောဂါများလားလို့ မေးတော့ ဆရာဆောင်က ၀ဋ်နာကြီး၊ ကံနာကြီး မဟုတ်ပါဘူးလို့တော့ ဆိုပါ၏။ အကယ် တည့်ဟုတ်ခဲ့သော်။ မလှအုံနှင့် အမေပန်းရုံတို့ကို စိတ်ထဲ စွဲထင်နေသည့် စိုးရိမ်မှုကို မပြောမဖြစ်တော့လည်း ပြောပြရ တော့သည်။ ပွဲကတော်ကြီး မှာလိုက်သည့် စကားများနှင့် ဆက်စပ်၍ ကိုယ်ပူပြင်းပုံ ပြင်းနည်းကလည်း ဟုတ်မှန် လောက်သည်ဖြစ်၍ ကျောက်ကြီး ဖြစ်နေလေမလား ပြောလိုက် ခြင်းဖြစ်သည်။ “မဟုတ်သာအေ။ သည်နားတစ်ကြော ဒါမျိုးဖြစ်သယ် မကြားဘူးပေါင်။ ဖွဟဲ့ ဥဿဖယားထိပ်ဖျား တံခွန်။ တို့ငယ် ငယ်က ရွာလုံးကျွတ်ဖြစ်လို့ ပြေးရသာတော် ပြေးလို့လည်း မလွတ်ပေါင်အေ။ အနာလုံးကြီးတွေရဲ့ ယိုသီးမှည့်မှည့်လာ ကြရာက မျက်နှာကြီး ဖူးဖူးထတော့သာ။ မြိုင်ကလေးက ရိုးရိုး ဖျားသာပါအေ။ ငါသိပါတယ်။ ရာသီကလည်း ပူသကောအေ။ ၀မ်းတွင်းနုံ့တဲ့သူ ထဖြစ်သာပေါ့” အရာရာ သိတတ်၊ မြင်တတ်သော မလှအုံ စကားကလည်း မပစ်ပယ်သာပါ။ ဆရာဆောင်ကလည်း အရေးကြီးလျှင် မိန့်မှာပေါ့။ ဆေးတစ်ဖုံ ပေးပြီး ပြန်ကြွ ခဲ့လေပြီ။ သို့သော် မအိမ်ကံခမျာ မအေ ဆိုတော့ ပူရပါသကော။ ကိုယ့်ဝေဒနာနဲ့ ကိုယ်၊

232


ကိုယ့်အကြောင်းနဲ့ ကိုယ်ဆိုတော့ ဆယ်ရေးတစ်ရေး၊ ကိုးရေး တစ်ရာ ဟုတ်နေခဲ့သော် ဘယ်လို လုပ်မလဲ။ သူတစ်ကာက ဖြစ်တော့မှ ဘွာဘွာခတ်ကြရုံက လွဲလို့ အခြား မတတ်နိုင်။ တို့ကလည်း တို့ထင်သာ ပြောရသာ ကိုးအေရဲ့ ဆိုတာနှင့်ပြီး ရတော့မည်။ မအိမ်ကံ သမီး အတွက် လက်ဦးချင်သည်။ ဆေးဦးချင်သည်။ ကိုပြေသိမ်း ပြန်လာလျှင် မြင်းခြံကိုသွားပြီး အင်္ဂလိပ်ဆေး ဆရာဝန်ကို ပြလျှင် ကောင်းလေမလား။ ဆရာဆောင်ကလည်း နယ်လုံးပေါက် သမားကောင်းပါပဲလေ။ ဒါတွေက တစ်နေ့လယ်လုံး၊ တစ်ညနေလုံး ဖြစ်ခဲ့တာ တွေပင်။ အမေပန်းရုံက ခြင်ထောင်လှပ်ကြည့်တာ အကြိမ်ကြိမ်။ မြေးဦးကို နဖူးစမ်းရတာ အခါခါ။ မျက်ရည် စမ်းစမ်းကျရတာ အလီလီ။ မလှအုံက အချိန်ကျသည်နှင့် ဆေးတွေလူး၊ ပါးစပ်က အန္တရာယ်ကင်း ဂါထာတွေရွတ်။ ပြောရလျှင် သူတို့က လည်းသည်အတိုင်း ထိုင်နေကြရုံပင်။ မအိမ်ကံ ပြောတာကို မယုံကြသလို ငြင်းဆန်ကြသော်လည်း ဟုတ်များ နေမလား ဆိုသည့် ဒွိဟစိတ်လည်း ရှိနေကြမှာအမှန်ပင်။ မအိမ်ကံက ကျေးဥကို တိုင်ပင်သည်။ ညဥ့်နက်စတုန်းက ကျေးဥ အိပ်နေသော်လည်း တစ်မှေးသာ မှေးခြင်းဖြစ်၏။ မိုးလင်းလုလု။ လရောင်က ရွာပေါ် ကျရောက်နေတာကို မြင်နေရပါ၏။ “ကျေးဥရယ်၊ ငါတော့ သမီးနဲ့ မခြား ပူလောင် နေရသယ်။ သမီးခမျာ ဝေဒနာနဲ့ မလိုက်အောင် ပူပြင်းရှာပါပကောအေ။ ညည်းတောင် မညည်းနိုင်ရှာတော့ဘူး။ မတော် ဖိတ်စင်” “အို မဟုတ်သာအေ။ မအိမ်ကံကလည်း လူတကာသည် လိုဖျားချင်သဲ့ အခါ ဖျားကြသာပဲဟာ။ သည်လိုပါပဲ။ နောက် တော့လည်း ပျောက်ကြသာပါပဲ။ ဆရာဆောင့်ဆေးက ညည်း ငယ်ငယ်ကတည်းက မအိမ်ကံဖြစ်အောင် ထထူသဲ့ ဆေးတွေ ပါအေ။ သမားများ ကြည့်သာနဲ့ သိကြ သူတွေပါ။ ဆရာက စောင့်ကြည့်ဆိုသာ ကြည့်ရုံပ။ မအိမ်ကံ ညည်းအိပ်ပါတော့ ငါတစ်လဲ ကြည့်မယ်” “မဟုတ်ဘူး ကျေးဥ။ ငါပူသာ တစ်ချက် ရှိသေးတယ်” “ဘာများပါလိမ့်” “သည်ရောဂါက ဟုတ်ခဲ့သော် ရုပ်ပျက် ဆင်းပျက် ဖြစ်ကျန်ခဲ့သာသဲ့။ ငါ့သမီးလေးများ မပြောကောင်း မဆိုကောင်း အဲသလိုများဆိုရင်” “ပြောပါ မအိမ်ကံ။ ငါသိပါသယ်။ ကွမ်းတောင်ကိုင် မဖြစ်မှာ စိုးသာ မဟုတ်လား။ ညည်းစိတ်ကူး မလွဲစမ်းပါနဲ့အေ။ ညည်း ငါ့သူငယ်ချင်းပါ။ ငါ့ကျေးဇူးရှင်ပါ။ ညနေက စားထားသဲ့ ညည်းတို့ ထမင်းဝမ်းထဲ ရှိပါသေးသယ်။ ညည်း အစွဲကြီးလွန်းသယ်။ ညည်း အကုန်ကောင်းတယ်။ သည်တစ်ချက်တော့ ညည်း မဟုတ်ဘူး။ တောင်ယာရှင်ကို မျောက်က နှင်သလို ဖြစ်နေရင်လည်း ငါ့ကို ပါးသာရိုက်လိုက်ပါတော့အေ” “မဟုတ်သာ ကျေးဥရယ်။ ညည်း ငါ့ကို မဟုတ်သာ မပြောဘူးဆိုသာ ယုံပါသယ်။ ငါငင်တိုင်း ညည်းသိမ်းရသာ ငါအသိဆုံးပါအေ။ ငါအစွဲကြီးသာ မဟုတ်ပါဘူး။ သည်ကိစ္စ မှာ ငါ့ကိုယ်ငါ ရှုံးခဲ့သယ်လို့ ထင်နေသယ်။ အဲသည့် စူးက ဆူးဖြူတစ်ချောင်းလို ရင်ထဲ နစ်ဝင်နေသာ ငါမနုတ်နိုင်ဘူး။ ဘယ်သူမှလည်း မနုတ်နိုင်ဘူး။ သည်ကိစ္စမှာတော့ ခုံကျူးတော့ ခုံတာ၊ ၀တ်လုံကျူးတော့ ၀တ်လုံတာ၊ မင်းစေကျူးတော့ မင်းစေတာပဲအေ” ကျေးဥက မထူးတော့ပြီလို့များ တွေးမိလေသလား မသိ။ မအိမ်ကံ ပြောနေသမျှ ငြိမ်နားထောင်နေခဲ့သော်လည်း ပြော စရာရှိတာ ပြောမှဖြစ်တော့မည် ဆိုသည့် မျက်နှာဖြင့် မအိမ်ကံ ကို စိုက်ကြည့်နေခဲ့သည်။ “ညည်းစိတ်ကို ငါမမြင်နိုင်ပါဘူးအေ။ ညည်းက ခံစားရ သူဆိုတော့ ငါ့က ပြောနေရင် ယပ်လှဲ တရား ဟောသလို ဖြစ်ရော့မယ်။ ငါပြောမယ် သည်အချိန်မှာ ကလေး အသက်ရှင်ရေးကသာ အရေးကြီးသယ်။ အကျည်းတန်ကျန်တော့ကော ဘာဖြစ်သလဲ။

233


ကွမ်းတောင်ကိုင် မဖြစ်ရတော့ကော ဘာဖြစ် သလဲ” “ဘာရယ် ကျေးဥ” “ညည်းကို ငါပြောပြီးသား။ ငါ့ကို ပါးသာ ရိုက်လိုက်တော့လို့။ ငါက ညည်းတို့အိမ်မှာ ခရေပွင့်လည်းကောက်၊ စာလည်း ခြောက်ရသူပါ။ ငါတစ်လျှောက်လုံး နားထောင်လာခဲ့သူပါ။ တစ်လျှောက်လုံး ညည်းကို အကဲခတ် လာခဲ့သယ်။ တစ်နေ့နေ့ သည်စိတ်တွေ လျော့တန်ကောင်းရဲ့။ ပျောက်ပျက် တန်ကောင်းရဲ့လို့ အောက်မေ့ခဲ့သယ်။ ဘုရားမှာတောင် ဆုတောင်းပါ့အေ။ ညည်းယုံသာ ယုံလိုက်ပါတော့။ အခု ငါပြောသာက ပြောရမယ့် အချိန်မို့ ပြောသာ ညည်းစိတ်တွေ လျှော့ဖို့ကောင်းပြီ” ကျေးဥက ကျိတ်ငိုရင်း ရှိုက်နေခဲ့သည်။ မအိမ်ကံမှာ အနာပေါ် တုတ်ကျသလို အသားဆတ်ဆတ်များပင် တုန်ရပါ၏။ သူ့ဘ၀မှာ အသက်တမျှ အရေးကြီးသော ရည်မှန်းချက်ကို လျှော့ရမတဲ့လား။ မလျှော့ဘူး။ လျှော့ကို မလျှော့ဘူး။ သမီးနှစ်ယောက်စလုံး ကွမ်းတောင်ကိုင် ဖြစ်ကိုဖြစ်ရမယ်။ မအိမ်ကံ ကိုယ့်နှုတ်ခမ်းကိုသာ ဖိကိုက်ထားမိလေသည်။ သည်စကားတွေက ကျယ်ကျယ်ပြောလို့ မကောင်း။ အနားမှာ မလှအုံ အိပ်နေသည်။ မလှအုံသာ နိုးနေလျှင် ကောင်းကောင်း ကြားနိုင်သည်။

မြိုင်ကလေးကိုလည်း

ကွမ်းတောင်

ကိုင်ဖြစ်ဖို့

မျှော်လင့်နေသတဲ့ဆိုတာ

အမေပန်းရုံ

မသိစေချင်။

ဘယ်သူမှလည်း မသိစေချင်ပါ။ အမေသာ သိလျှင် ရင်ကျိုး ရှာလိမ့်မည်။ ဖြစ်ရလေ သမီးရယ်။ ညည်းမှာ သည်အပင်ကြီး မကျနိုင်သေးပါလားလို့ ပြောရော့မည်။ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်လိမ့်မည်။ အနှစ် နှစ်ဆယ် လုံးလုံး သည်စိတ်၊ သည်ဝေဒနာ ကျေပါစေတော့ရယ်လို့ ဖုံးဝှက်ထားခဲ့ရ သူခမျာ မြေးမကလေးအထိ မခန်းမခြောက် ပါလာနေသေးတာကိုများ သိလျှင် ယူကျုံးမရဖြစ် ရှာလိမ့်မည်။ “အေးလေ။ ငါ့ရင်ထဲ မကောင်းဘူး။ ငါ့လင်စစ်ထွက်တုန်းက ငါသည်လောက် ဗလောင်မဆူခဲ့ဘူး။ အဖေ သေတုန်းကလည်း ငါသည်လောက် ယောက်ယက် မခတ်ခဲ့ဘူး။ အခုဟာက ငါမျှော်မှန်းထားမှန်းသိလို့ အကုသိုလ်က သက်သက်ဝင်ဖိစီးသာ။ ငါ့သမီးကျမှ သည်လိုဖြစ်ရလေခြင်း ရယ်လို့ သူတကာ့ သားသမီးဖြစ်ပါတော့လားလို့ ပြောချင်သာ မှုတ်ပါဘူးအေ။ ငါမယုတ်ညံ့ပါဘူး။ အခုဟာက မုန့်သည် မယားလုပ်ပြီး မုန့်အနားသား စားရတာမျိုး ဖြစ်နေလို့ပါ” ကျေးဥက ဒူးပေါ် မေးတင်ကာ မအိမ်ကံကို ခပ်ငေးငေး ကလေး ကြည့်နေပါ၏။ တကယ်တော့ မအိမ်ကံကို သည်လို ကဏ္ဋကောစ မတိုက်ချင်ပါ။ မတိုက်လည်း မတိုက်ဝံ့ရဲခဲ့ ပါ။ သို့သော် မအိမ်ကံ ထင်သလိုသာ မြိုင်ကလေးတစ်ခုခု ဖြစ်လျှင် မအိမ်ကံ ရူးလောက်သည်။ ငယ်ပေါင်းဆိုတော့ မအိမ်ကံအကြောင်း အူမချေးခါးသိပြီးသား။ မအိမ်ကံ မကြိုက် သည့် စကားကိုပြောမိရပြီ။ ကျေးဥက စကားလွှဲလိုက်သည်။ “ကလေးဖြစ်ရသာ ငါ့အပြစ်လည်း ပါပါသယ်အေ။ အဲသည့် မနက်က ရက်ကန်းရုံထဲ အလုပ်များနေတော့ မြိုင်က လေးက တို့နဲ့ လာဆော့နေသာ။ ခဏနေတော့ ထမင်းစား မလားမေးသာ မစားချင်ဘူးတဲ့။ ဒါနဲ့ အိမ်ပေါ်တက် သွားသာပဲ။ ရိုးရိုးဖျား ထင်ပါရဲ့အေ စောင့်ကြည့်ပါဦး” မအိမ်ကံနှင့် ကျေးဥ စကားတွေပြောနေတာကို မလှအုံ ကြားနေရပါသည်။ မလှအုံ နိုးနေတာကြာပြီ။ မအိမ်ကံ ပြောနေသည့် စကားတွေ ကြားသလို၊ ကျေးဥပြောနေတာတွေ လည်း လုံးစင်လုံးကောက် ကြားပါ၏။ မလှအုံ အသာမှိန်း နေရလေပြီ။ မအိမ်ကံ၏ စိတ်ကို သိလိုက်ရတော့ အံ့သြလွန်း ရပါသည်။ မအိမ်ကံကို စိတ်ပြင်ပါတော့လို့ အနူးအညွတ်ပြော နေသည့် ကျေးဥကိုလည်း ကျေးဇူးသိတတ်လေခြင်းလို့ အောက်မေ့ရပါ၏။ မလှအုံခမျာ ခန္ဓာကိုယ် မလှုပ်သော်လည်း စိတ်တွေ ပြေးလွှားနေရပြီ။

မအိမ်ကံ

ဖက်စိမ်းကွမ်းတောင်

မကိုင်ခဲ့ရတာကို

နားကြည်းမှန်း

သိခဲ့သော်လည်း

သည်လောက်

အထိပါလာလိမ့်မည် မထင်ခဲ့။ ဒါဆိုလျှင် မောင်ပြေသိမ်း စစ်ထွက်တုန်းကလည်း မအိမ်ကံ ခံစားခဲ့ရမှာပဲပေါ့။ အကယ်၍ စစ်မြေပြင်မှာသာ မောင်ပြေသိမ်း

234


ကျခဲ့ပြီဆိုပါတော့

မြိုင်ကလေး

ကွမ်းတောင်ကိုင်

ဖြစ်စရာမရှိ။

ဒါနဲ့တောင်

မအိမ်ကံ

ဣနြေ္ဒကောင်းခဲ့လှချည်လား။

သည်ကိစ္စ အရီးပန်းရုံ သိလို့မဖြစ်။ အကြောင်းဆိုက်လာခဲ့သော် သူလည်း ဖျောင်းဖျရတော့မည်။ ကျေးဥနှင့် မအိမ်ကံ စကားစပြတ်လှတော့မှ မလှအုံ လှုပ်လာပါ၏။ “ဟောတော်၊

ငါ့အိပ်ပျော်သွားချက်တော့

ကလေးလည်း

ကြည့်ကြပါဦးဟယ်။

ငါ့မြေး

အိပ်ပျော်နေတယ်ထင်ပါ့။

နိုး

ရင်ဆေးလူးကြစို့။ ကျေးဥ ဆန်ပြုတ်ကလေး တစ်ဆုပ်ပြေး ကျိုစမ်း။ မအိမ်ကံ အိပ်လိုက်တော့ အစ်မ ကြည့်မယ်။ ကနေ့ မောင်ပြေသိမ်း ရောက်ကောင်းပါရဲ့” “ပြောသွားပုံတော့ သည်ကနေ့ ရောက်ရက်ပဲ။ မပြောတတ်ပေါင် မလှအုံရယ်။ သမီးနဲ့မှ တိုက်တိုက်ဆိုင်ဆိုင်” “သြော် သူလည်း ဖအေပါဟဲ့။ ကျောင်းလည်းပါရ၊ ရက်ကန်းလည်းပါရ ရက်ကန်းရုံလည်းပါရ သွားဆို သွားရှာပါသယ်။ စိတ်မပူပါနဲ့ ငါ့မြေးက ၀က်သက်နေမှာပါ။ ၀က်သက်များ ထွက်ခါနီးပူသယ်” ကျေးဥ ဆင်းသွားသော်လည်း မလှအုံက ဘာမှ မကြားသလို နေခဲ့သည်။ မိုးစင်စင်လင်းပြီဖြစ်၍ အိမ်အောက်ဆီက ဆွမ်းခံ ကိုယ်တော်တွေ အရုဏ်ဆွမ်း အိမ်စဉ်ရပ်တော်မူကြတာ ကြားရပြီ။ မအိမ်ကံက မျက်လုံးတွေကို မှေးရင်းက အိပ်ပျော် သွားရှာပါ၏။ သည်တော့မှ မလှအုံမှာ မျက်ရည်တွေ သွန်ကျ လာခဲ့ရသည်။ သည်အိမ်ကြီးမှာ ပွဲဦး အပျိုတော် ထွက်ပါပြီ ဆိုကတည်းက ကန်တော့ပွဲကြီး ရွက်ခဲ့ရသူ။ အခုတော့ မိုးလင်း ခါနီးပြီ။ နှစ်ပါး သစ္စာထားတွေလည်း ပြီးပြီ။ စခန်းချခဲ့ကြ ပြီ။ မအိမ်ကံခမျာ ဘယ်ဘ၀က ရေစက်၊ ဘယ်ဘ၀က အကြောင်းများလည်း မသိ။ ပုတ်ကျဲတော့ နချေး(နွားချေး) ၀င်သတဲ့။ ဘ၀အကြောင်းကံကျဲသခိုက် အကုသိုလ်တွေ စိမ့်ဝင် တာမျိုးပင်။ အမေပန်းရုံ အိမ်ပေါ်တက်လာသည်။ မလှအုံက မျက်ရည်သုတ်ရင်း အသံမထွက်ဖို့ လက်ရိပ်ပြပါ၏။ မြေးက လေးကို နဖူးစမ်းကြည့်တော့ ငွေ့ငွေ့ကြီး ပူနေသေးသည်။ ချွေးတွေလည်း ရွှဲလို့။ မလှအုံက အင်္ကျီလဲပေးဖို့ပြင်သည်။ အင်္ကျီမလဲခင် ဆေးလူးရပါ၏။ ဆရာဆောင့်ဆေးက ဆေးပတ် မလည်သေးလို့လားတော့ မသိ။ သိသိသာသာ အပူကျသွားတာမျိုး မရှိသေး။ “ညည်း ညီမက ဘာသဲ့လဲ လှအုံ” “ဘာမှ မပြောရှာပါဘူး။ မောင်ပြေသိမ်း လာရင် မြင်းခြံမှာ အင်္ဂလိပ်ဆရာဝန်နဲ့တော့ ပြချင်သတဲ့” “အေးလေ။ သူတို့သဘောပေါ့” အမေပန်းရုံ ဆင်းသွားတော့ မအိမ်ကံ အိပ်နေတာကို မလှအုံ စိုက်ကြည့်နေရှာလေသည်။ နောက်တစ်ရက်တွင် ကိုပြေသိမ်း ပြန်ရောက်လာသည်။ ရက်ကန်း ပစ္စည်းနှင့် ဆိုးဆေးထုပ်တွေ ပါလာခဲ့သည်။ ရောက် ရောက်ချင်းပင် သမီးကြီး နေမကောင်းကြောင်း မအိမ်ကံက ပြောပြသည်။ ကိုပြေသိမ်းခမျာ ထမင်းပင် မစားနိုင်သေးဘဲ သမီး၏ အခြေအနေကို စိုးရိမ်တကြီး တက်ကြည့်ပါ၏။ အဖျား မကျသေး။ သုံးရက်ရှိပြီဖြစ်သော်လည်း ကိုယ်သား ကိုယ်ရေက အပူအားကြီးနေသေးသည်။ ကိုပြေသိမ်းက ပိတ်ထားသည့် တံခါးတွေ ဖွင့်ခိုင်းသည်။ ပိတ်ခြင်ထောင်ကြီးကို ဖြုတ်စေသည်။ လင်းလင်းချင်းချင်းဖြစ်အောင်နှင့် လေကောင်း လေသန့်ရအောင် စီစဉ်ပေးခြင်းဖြစ်သည်။ မအိမ်ကံကတော့ လေတဖြူးဖြူး တိုက်နေတာကို စိုးရိမ်နေပါ၏။ လေမိပြီး ချွေးငုတ် မခံနဲ့လို့ မလှအုံက မှာထားတာ မဟုတ်လား။ “အိမ်ကလေးတို့က တံခါးတွေလည်းပိတ်။ ပိတ်ခြင်ထောင်ကြီးကလည်း ချထားလေတော့ ကလေးက ဘယ်လန်း ပါ့မလဲ။ တကယ့်ကို လူမမာကြီးဖြစ်နေတော့တာပဲ။ ဒါမျိုးက လေနဲ့ အလင်းရောင် လိုတယ်။ ကြည့်စမ်းပါဦး။ ဒါကလေးကို ခြုံပေးတဲ့ စောင်ကြီးတွေလား။ ဖယ် ဖယ် ဖယ်ပစ်လိုက်”

235


ကိုပြေသိမ်း လုပ်နေကိုင်နေတာတွေကို မအိမ်ကံ ဘာမှ မပြောဘဲ ကြည့်နေလိုက်သည်။ သူတို့ပညာတတ်တွေ စဉ်းစားတာ တစ်မျိုးပါလားလို့သာ သဘောထားလိုက်သည်။ ကိုပြေသိမ်းက ဗမာဆေးဆရာကြီး ဆရာဆောင်ပေးသည့် ဆေးတွေ ကိုကြည့်ကာ အသာပြန်ချထားသည်။ ဘာမှတော့ မပြော။ သမီး၏ နဖူးတွေ၊ ချိုင်းတွေ၊ လည်ပင်းအောက်တွေ စမ်းသည်။ မျက်ခမ်းဖြဲကြည့်သည်။ လျှာထုတ်ခိုင်းသည်။ “အိမ်ကလေးတို့ မြင်းခြံကို သွားကြဖို့ ကောင်းတယ်။ ဒေါက်တာ ဆင်းဆေးတိုက်ကို ပြရမှာပေါ့။ ဟိုမှာ နေရမယ် ဆိုရင်လည်း အစ်ကို့ညီ ရှိနေတာပဲ။ ပွဲကတော်ကြီးတို့၊ ကိုဝေဠုတို့လည်း ရှိတာပဲ။ ဗမာဆရာနဲ့ ရွာမှာတင် ကုနေလို့ ဘယ်ပျောက်ပါ့မလဲ။ ဆေးတစ်မျိုးနဲ့ ရေလဲ လုပ်နေလို့ မရဘူး” မအိမ်ကံ ဘာမှပြန်မပြောခဲ့ပါ။ ဖအေဆိုတော့ စိုးရိမ်လို့ ပြောနေတာလို့ပဲ အောက်မေ့လိုက်သည်။ ကလေးက ရိုးရိုး ဖျားတာမဟုတ်၊ ရောဂါကြီးမလာခင် အပူပျိုးနေတာပါလို့ လည်းပြောဖို့ခက်သည်။ ဒါတွေကလည်း မအိမ်ကံ၏ အထင်သာ ဖြစ်၏။ မအိမ်ကံတို့လည်း ဗမာဆေးနှင့် ကြီးခဲ့ရသည် မဟုတ်လား။ မအိမ်ကံမှ မဟုတ်။ ကျေးလက်တောရွာမှာ ဗမာဆေးကိုပဲ အားကိုးရသည်။ ခေတ်အင်္ဂလိပ် ဆေးဝါးတွေကို သုံးလေ့ သုံးထမရှိကြတော့ ဘယ်သူကမှ အာရုံ မရှိ။ အင်္ဂလိပ် ဆေးဝါးတွေလည်း ကောင်းချင် ကောင်းပါလိမ့်မည်။ သို့သော် ကိုယ့်ဆေးကိုယ့်ဝါးကိုလည်း မပစ်ပယ်သာ။ ကိုပြေသိမ်းက များများ မပြောတော့ဘဲ ရေမိုးချိုး၊ ထမင်းစားသည်။ မျက်နှာတော့ မကောင်း။ မအိမ်ကံကလည်း လင်ပြန်လာလျှင် သူစိုးရိမ်နေတာတွေ ပြောပြဖို့ အားခဲထားသော်လည်း လင်ဖြစ် သူက ရောက်ရောက်ချင်း အပြစ်တင်နေတော့ အသာငြိမ် နေရပြန်သည်။ သမီးဖျားတာ

သုံးရက်ရှိပြီ။

မအိမ်ကံ

စိုးရိမ်သလို

အဖုတွေ၊

အပိမ့်တွေ

ထွက်လာတာတော့

မရှိ။

တချို့လူမမာ

လာမေးကြသူတွေကတော့ ကန်ဆေး၊ ပွင့်ဆေးတွေ တိုက်ဖို့ အကြံပေးကြသည်။ အနာထွက်စရာ ရှိတော့ မြန်မြန်ထွက် သည်။ နို့မို့ကလေး ခံရသည်ဆိုတာလည်းပါတော့ ဘာလုပ် လို့လုပ်ကိုင်ရမှန်း မသိ။ ဆရာဆောင်ကတော့ နေ့စဉ်လာ ကြည့်ပါသည်။ လူနာကို လာကြည့်ပြီး ပေးစရာရှိသည့် ဆေးပေးပါ၏။ မလှအုံက ကလေး ခံတွင်းလိုက်အောင် ငါးရံ့လုံး ငါးပိကောင် ထွက်ရှာသည်။ ထမင်းဆီဆမ်းနှင့် ဟင်းချိုကလေး စီစဉ်သည်။ မအိမ်မြိုင်ခမျာ သုံးရက်လုံးလုံး မှိန်းနေရသည့် အပြင် ထမင်းပါ မစားနိုင်တော့ ပါးပါးလျား လျားကလေး ဖြစ်သွားခဲ့သည်။ ကိုပြေသိမ်းက သမီးကိုကြည့်ရင်း စိတ်မချမ်းသာ။ ကိုပြေသိမ်း ထမင်းစားပြီးတော့ ကလေးကို အိမ်ကြီးပေါ်မှ အောက်သို့ ပခုံးပေါ် မှောက်ပြီး ဆင်းလာခဲ့သည်။ မအိမ်မြိုင်က ဖအေချစ်ဖြစ်၏။ ဖအေ ပြန်လာတော့ ပိုလို့တောင် ချွဲနေလိုက်သေးတော့၏။ “အမေတို့ အစ်မအုံတို့ကလည်း သမီးသည်လောက် ဖျားနေတာကို မြင်းခြံက ဒေါက်တာဆင်းဆေးတိုက်ကို လွှတ်မှပေါ့။ သမီးက သုံးရက်လုံးလုံး အဖျားမကျဘူးဆိုတာ မကောင်းဘူး။ ဆေးတစ်ချောင်း၊ နှစ်ချောင်း ထိုးလိုက်ရင် သည်လောက် ဘယ်ခံရပါ့မလဲ” ကိုပြေသိမ်းက အမေပန်းရုံနှင့် မလှအုံတို့ကို အပြစ်တင်သည်။ မြင်းခြံကို ဖြစ်ဖြစ်ချင်း မသွားရကောင်းလား ပြောနေခြင်းဖြစ်၏။ အမေပန်းရုံကတော့ ဘာမှမပြောပါ။ သားမက် ပညာတတ် ကျောင်းဆရာက ပြောနေတာဆိုတော့ ငြိမ်နေခဲ့သည်။ မလှအုံကတော့ ထမင်း ဆီဆမ်းပြင် နေရာက ကိုပြေ သိမ်းကို ဖျန်းခနဲ လှမ်းကြည့်သည်။ ကြည့်ရုံသာရှိ၍ ထွေထွေ ထူးထူးတော့ မပြောပါ။ ကိုပြေသိမ်းက ဗမာဆေးတွေက ရောဂါနှင့် တိုက်ရိုက် မထိဘဲ အာနိသင်ပဲ နည်းသလိုလို ဆက်ပြောနေသည်။ မလှအုံက ကိုပြေသိမ်းရောက်ကတည်းက မအိမ်ကံကို အပြစ်တင်နေတာကို သည်းခံလို့သာ နေနေရပါ၏။ သည်တစ်ခါတော့ ပြန်ပြောဦးမှဆိုသည့်ပုံနှင့် လေပျော့ ကလေးနှင့် ၀င်ပြောလိုက်သည်။ “မောင်ပြေသိမ်းရယ်။ ကောက်ကာ ငင်ကာ ဖြစ်သာကွယ့် ဖြစ်ဖြစ်ချင်းတုန်းကများ သံပြားပူကြီး တစ်ချပ်လို ချစ်ချစ် တောက်လို့။ တို့လည်း ဆရာဆောင်ပင့်ပြီး ကုသာပဲ။ မြင်းခြံတော့ ခေါင်းထဲ မရောက်ပေါင်ကွယ်။ ကလေးကို လေတိုး ကြီးထဲ ဖျားရက်နဲ့ ခေါ်သွားလို့ ဘယ်ဖြစ်ပါ့မလဲ။ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း ခရီးနီးမှတ်လို့”

236


“အဲဒါ ခက်တာပေါ့ဗျာ။ ကလေး လေတိုးမှာတို့၊ ညှော်မိမှာ ကြောက်တာတို့နဲ့ ကလေး အခန်းထဲ လှောင်ပိတ်ထားကြတော့ ပိုဆိုးတော့တာပေါ့” “မခက်ပါဘူးတော်။ မြင်းခြံတောင် မဟုတ်ပါဘူး။ ရန်ကုန်မြို့သွားလည်း ဖြစ်ပါသယ်။ ရှင်အိမ်ကံသမီးဟာ ငါတို့ သွေးပါကွယ့်။ မောင်ပြေသိမ်းက သမီး ငါက တူမပါ။ တို့တောတော့ တောဘာသာ အလျောက်သည်လို ကြီးခဲ့ရသာပါ။ အင်္ဂလိပ်ဆေးက အင်္ဂလိပ်ဝင်လာမှ ပေါ်လာသာပါ။ တို့ဆေးက ဘိုးဘွားမိဘများ လက်ထက်ကတည်းက ရှိခဲ့သာ ပါ။ တို့ မြတ်စွာဘုရားတောင် ဇီဝကကြီးက ကုခဲ့ရသာပါ ကွယ့်။ မင်းနှယ်” မလှအုံကို မအိမ်ကံပင် အံ့သြမိရပါ၏။ ကိုပြေသိမ်းကို ချက်နှင့် လက်နှင့် ပြန်တွယ်နေတော့ မအိမ်ကံပင် မ၀င်သာ။ ကိုပြေသိမ်းကကော ဘာဖြစ်လို့များသည်လို ဘဲ့တိုက်နေရတာ ပါလိမ့်။ တစ်ခုခုတော့ ဖြစ်လာခဲ့ပုံရသည်။ အမေ ပန်းရုံကတော့ မလှအုံနှင့် ကိုပြေသိမ်း တစ်ယောက် တစ်ခွန်း ဖြစ်နေကြတာကို စိတ်မကောင်းဖြစ်ပုံရသည်။ အပြင်ဘက် ထွက်သွားခဲ့ ပါ၏။ “ပျောက်ရင်ပြီးတာပါပဲဗျာ” “ပျောက်ပါ့တော်။ ပြဒါးဝိဇ္ဇာ၊ ဆေးဝိဇ္ဇာ ဆိုသာတွေ အလကား ဖြစ်ရရောလား။ နံ့သာမျိုး ဆယ်ပါး မလွတ်သဲ့ ဆေးဝါးများ အာဂမှတ်လို့” မလှအုံကလည်း တစ်ခွန်း မခံ၊ ကိုပြေသိမ်းကလည်း ကပ်ဖိုး ကပ်ဖဲ့။ ကြားထဲက မအိမ်ကံ စိတ်ညစ်ရပြီ။ မအိမ်ကံ ကတော့ သုံးရက်မြောက်သည် အထိ အဖျား မကျတာကို စိတ်ပူ သော်လည်း ကျောက်ကြီးရောဂါ လက္ခဏာမပေါ်လာလို့ တစ်စိတ်တော့ အေးရပါ၏။ အရှင်း မပျောက်သေးတော့လည်း ပြောဖို့တော့ ခက်သားပင်။ မလှအုံက သမီးကို ထမင်းခူး ကျွေးဖို့ မီးဖိုထဲ ၀င်သွားတော့၏။ သည်တော့မှ ကိုပြေသိမ်းကို ပြောစရာရှိတာ ပြောရသည်။ “အစ်ကိုကလည်း အိမ်ကလူတွေမှာ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘူး။ တစ်အိမ်လုံးကို ပျာလို့။ မအိမ်ကံတို့ တောမှာ နေမကောင်း ထိုင်မသာဖြစ်ရင် ကိုယ့်ဆေးနဲ့ ကိုယ်ပြီးကြရတာပါ။ အင်္ဂလိပ်ဆေး သွားထိုးချေဦးမယ်ဆိုတာ ခေါင်းထဲ မရှိကြပါဘူး။ မအိမ်ကံ ပူသလို သူတို့ခမျာလည်း ပူကြရှာသာပါပဲ။ နေ့မအိပ်၊ ညမအိပ် ပြုစုကြရှာပါသယ်။ အစ်ကိုက အဲသလို ပြောနေတော့ သူတို့ ဘယ်စိတ်ကောင်းပါ့မလဲ” “အေးပါလေ။ အစ်ကိုက ဗမာဆေးတွေ ညံ့သယ် မပြောပါဘူး။ မြန်မြန်ပျောက်စေချင်လို့ပါ။ အစ်ကိုတို့လည်း ဗမာ ဆေးနဲ့ ကြီးခဲ့ရတာပါပဲလေ။ အိမ်ကလေးတို့က ရိုးလွန်းကြလို့ ပြောတာ။ ခေတ်ကာလဆေးဝါးတွေက ခေတ်မီနေပြီ။ ဒါကို ပြောတာပါ။ မသက်သာလည်း အစ်ကိုတို့ မြင်းခြံပြေးကြ တာပေါ့” သည့်ထက် ပြောနေရင်လည်း ရန်ဖြစ်ရုံဆိုတော့ မအိမ်ကံ စကား မဆက်တော့။ ကိုပြေသိမ်းက မအိမ်ကံ လက်ထဲ ကလေး ထည့်ပေးထားခဲ့ပြီး အင်္ဂလိပ် စာအုပ် တစ်အုပ်ကိုင်ကာ သရက် ပင်ရိပ်က ကွပ်ပျစ်ဆီ ထွက်သွားခဲ့ပြီ။ မလှအုံက ထမင်းဆီ ဆမ်းနှင့် ငါးရံ့လုံးငါးပိကောင်နှပ်၊ ပဲရွက်ဟင်းချိုပူပူကလေး ကို လင်ပန်း တစ်ချပ်နှင့် ခူးလာခဲ့ပြီး မအိမ်မြိုင်ကို ထမင်းခွံ့ ဖို့ပြင်သည်။ ဆန်ပြုတ်တွေချည်း သောက်နေရသည့် မြိုင်ကလေး ထမင်းခွံ့တော့ စားရှာပါသည်။ သမီးကို ကျွေးနေသည့် ငါးရံ့လုံး ငါးပိကောင်နံ့က မွှေးနေတော့ မအိမ်ကံပင် ၀မ်းဟာလာခဲ့သည်။ မလှအုံကိုလည်း ချော့ချင်သည်။ “မလှအုံ မအိမ်ကံဖို့ပါ ထမင်းဆီဆမ်း လုပ်ပေးဦး။ မလှအုံ သမီးကိုကျွေးတာ ကြည့်ပြီး မအိမ်ကံပါ ဆာလာပြီ” “ညည်းယောက်ျား မောင်အင်္ဂလိပ်ကို မေးပါဦးအေ။ တော်ကြာ တောစာ ကျွေးသယ် ဖြစ်နေပါဦးမယ်။ ခုနင်က ငါ နားကြားပြင်းကပ်လို့ ပြောသာပါအေ။ မအိမ်ကံရေ ညည်းတို့ ငါတို့က ခေတ်ပညာ ခေတ်စာမတတ်ကြပေသိလို့ ငါတို့

237


ဘ၀နဲ့ ငါတို့ ဘယ်လို နေထိုင်စားသောက်ရမယ်၊ ဘယ်လိုဆိုရင် အကျိုး ယုတ်တယ်၊ ဘယ်လိုဆိုရင် အကျိုးရှိ သယ် သိကြပါသယ်အေ။ ညည်းတို့၊ ငါတို့က ဆွေကြီးမျိုးကြီး ဂိုဏ်းကြီးကျိုင်းကြီးက ဆင်းသက်လာသာပါအေ့။ တစ်သက်လုံး မိကျောင်းမှန်လို့ ရေဆန်ခဲ့ကြသာပါ။ ညည်းယောက်ျားက တစ်ခါတလေ တို့ကို မိကျောင်းမထင် သစ်တုံးထင်မှာ စိုးလို့ ငါပြောရသာ စိတ်ဆိုးလည်း မတတ်နိုင်ဘူးအေ” မလှအုံကသည်လို ပြောခဲသည်။ ကိုပြေသိမ်းကိုလည်း ချစ်ရှာသည်။ အားလည်း ကိုးရှာပါ၏။ ဂုဏ်လည်း ယူရှာပါ ၏။ ကိုပြေသိမ်းကလည်း အဖေတို့၊ အမေတို့ သာမက အားလုံးကို ချစ်ခင်မှန်း မအိမ်ကံ သိပါ၏။ အခုလည်း သမီးဇောနှင့် ပြောတာဆိုတော့ အပြစ်တင်ချင်လို့လည်း မဖြစ်။ မလှအုံ ပြောနေတာကလည်း သဘာဝ ကျသည်။ တောသူ တောင်သား ဆိုပေသိ ကိုယ့်ရိုးရာနှင့်ကိုယ် ကျက်သရေရှိရှိ ဂုဏ်ရှိရှိ နေနိုင်ကြ၊ နေခဲ့ကြသူတွေပင်။ မလှအုံတို့ မိသားစုကလည်း စားစရာမဲ့ နေစရာမဲ့ မဟုတ်။ မအိမ်ကံ မမွေးခင်ကတည်းက သည်အိမ်ကြီးကို မိသားစုလိုက် ရောက်လာခဲ့ကြသူတွေ။ မလှအုံတို့ မိသားစုရှိလို့လည်း သည်အိမ်ကြီးမှာ အစစအရာရာ မျက်နှာလွှဲရသည်။ အိမ့်ဗာဟီရတွေမှာ မလှအုံတို့သားအဖ တစ်တွေလက် မရောက်သည့် နေရာမရှိ။ မအိမ်ကံ အဖို့တော့ မလှအုံသည်ပင် ဒုတိယ မအေဖြစ်ခဲ့သည်။ နောက်ဆုံး မလှအုံ ချွေးမ ကျေးဥအထိ မအိမ်ကံ ခင်တွယ် အားကိုးခဲ့ရသည်။ သားအမိနှစ်ယောက် ထမင်းတွေ မြိန်မြိန်ကြီး စားနေ တာကို မလှအုံကပြုံးပြီး ကြည့်နေခဲ့သည်။ မအိမ်ကံက သမီးကို ကိုယ်ပူ မပူ စမ်းကြည့်သည်။ နည်းနည်းတော့ အဖျားကျသွားသည်။ ချွေးကလေးစို့လို့။ မျက်လုံးကလေးတွေက ၀ိုင်းကြည် လို့။ သမီးကိုကြည့်ရင်း မအိမ်ကံ စိတ်ထဲက စကားတွေ ပြောဖြစ်ပါ၏။ “မြိုင်ကလေးရယ် ငါ့သမီး ကျောက်ကြီးရောဂါ မဖြစ်တော့ဘူးဆိုရင် အမေ ၀မ်းသာပါပြီအေ။ ငါ့သမီး အရုပ်ဆိုး အကျည်းတန်မှာ အမေ ကြောက်လှချည့်။ ကိုယ်ပူကျသွားရင် အမေ စိတ်ချမ်းသာပါပြီ။ ဘုရား သိကြားမလို့ သမီးကလေး ဘေးဘယာ ဝေးကွာပါရစီ” အမေ ပန်းရုံ ရောက်လာပြီး မြေးမ နဖူးကလေးကို စမ်းသည်။ “ငါ့မြေး အဖျားလျော့သလားလို့ လှအုံ။ ဟုတ်ကဲ့လား” “အဖျားကျသွားပါပြီတော်။ နာလန်တောင် ထပေါ့။ မနက်ဖျင် ထမပြေးတော့ပြော။ ဆရာဆောင့် ဆေးစွမ်းပါသယ် ဆိုနေမှ အင်္ဂလိပ်ဆေး မလိုပေါင်တော်” “လှအုံရယ် ညည်းကလည်း စိတ်လျှော့ပါအေ။ ဟိုခမျာ ဖအေဆိုတော့ ပူပန်လို့ ပြောရှာသာပါ” “ကျုပ်တို့က သာပြီး ပူတော့မပေါ့တော်။ ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးတယ်။ ကျုပ်တို့ က သည်ကလေးတွေနဲ့ တစ်သက်လုံး နေရမှာ အရီးရဲ့။ အခုပဲ ရှင်အိမ်ကံကို ပြောနေရသာ။ ညည်းယောက်ျားက ဖျင်မြင်တိုင်း ပင်နီမှတ်နေသာလို့” အမေပန်းရုံကတော့ ပြုံးသည်။ မလှအုံက လူကိုယ် ရိုးပုံရိုးလက်နှင့် နှုတ်ရေးကြွယ်သည်။ မြိုင်ကလေး ထမင်းတွေ စားသည်ဆိုတော့လည်း မလှအုံ အစီအမံ တတ်ရှာလို့ ဆိုတာသိပါ၏။ မအိမ်ကံကတော့ အမေပန်းရုံ စိတ်ချမ်းသာ တာတွေ့တော့ ၀မ်းသာရပါ၏။ သမီးကလေး နေကောင်းစပြု လာတော့ သူပါ ရင်ကလေး ငြိမ်းရသည်။ မလှအုံက ထမင်း ဆီဆမ်းနှင့် ပဲရွက်ဟင်းချို ထပ်ယူလာပြီး အမေ ပန်းရုံကိုပါ စားစေပါ၏။ အမေပန်းရုံလည်း အခုမှ ထမင်းစားဖြောင့် ရှာတော့သည်။ စားရင်းက အမေပန်းရုံ တစ်စုံတစ်ရာ သတိရ သွားပုံပေါ်သည်။ “သမီး မအိမ်ကံ မောင်ပြေသိမ်းစားဖို့ တစ်ခုခုလုပ်ပေးဦးလေ။ ခမျာ စာဖတ်ရင်း စားရအောင်လို့ ရေနွေးကြမ်းကလေး နဲ့

238


လက်ဖက်ကလေး သုပ်လိုက်ပါလား” “ဟုတ်ကဲ့ အမေ” မလှအုံက ထမင်းစားနေသည့် မအိမ်ကံကို ဆက်စား စေသည်။ သူပဲ လက်ဖက်သုပ် သွားပေးမည်ဆို၏။ “နေ နေ မအိမ်ကံ အစ်မ သွားလိုက်မယ်။ ငါ့မောင် ချော့ရချေသေးအေ။ လက်ဖက်ကို အင်္ဂလိပ်လို သုပ်လိုက်ရ ဦး...” မအိမ်ကံမှာ ထမင်းသီးအောင် ရယ်မိသည်။ ဘာပဲ ပြောပြော မအိမ်ကံတို့ မိသားစုနှင့် လာနေရှာမှတော့ လင်သားကို စိတ်မဆင်းရဲစေချင်။ နေရသည့် အိမ်က အပြစ် တင်ကြသည် မထင်စေချင်။ ကာယကံရှင် မလှအုံက သွားချော့မည် ဆိုတော့ လူကြီးတွေများ အမြော်အမြင်ရှိလေ ခြင်းလို့ တွေးမိရပါ၏။ တစ်ခုတော့ မအိမ်ကံ ရင်ထဲမှာ ရှိနေသည်။ မလှအုံ ပြောလိုက်သည့် စကားထဲက “ဖအေက စိတ်မထင်လို့ ဖုတ်ဖက်ခါ ထသွားရင် ဖြစ်သေးသယ်။ ကျုပ်တို့က သည်ကလေးတွေနဲ့ တစ်သက်လုံးနေရမှာ အရီးရဲ့” ဆိုသည့် စကားဖြစ်သည်။ သည်လင်၊ သည်မယား၊ သည် အဖေ၊ သည်သမီး ဖုတ်ဖက်ခါ သွားစရာ မရှိ။ မလှအုံက ကိုပြေသိမ်းကို စိတ်ချသေးပုံ မပေါ်။ ဒါကြောင့်လည်း သည်စကားပြောလိုက်လေသလား။ ရိုးရိုးတန်းတန်း ပြောတာလည်း ဖြစ်နိုင်တာပါပဲလေ။ မအိမ်ကံ ထမင်းစားပြီးတော့ သမီးကို ဆေးလူးပေးသည်။ ဆရာဆောင့် ဆေးတိုက်သည်။ ပြီးတော့ သမီးဘေးမှာပဲ လှဲနေလိုက်သည်။ သမီးက စကားတွေ ပြောနေတာကို နားထောင်နေခြင်း ဖြစ်၏။ ခိုင်ကလေးကတော့ ဖအေရောက် ကတည်းက မအေ့နားမကပ်တော့။ မလှအုံ ရောက်လာပြန် သည်။ “မောင်ပြေသိမ်းက တောင်းပန်ရှာသယ်။ ကျွန်တော်လည်း ခရီးရောက် ရောက်ချင်းဆိုတော့ ပူပန်သွားမိလို့ပါသဲ့။ သမီးတွေကို အစ်မအုံ လက်အပ်ပါသယ် သဲ့တော်။ ပြောရှာပါတယ်အေ” ကိုပြေသိမ်းက တောင်းပန်လိုက်သည် ဆိုတော့လည်း မအိမ်ကံ စိတ်ကြည်နူးမိရပါ၏။ အိမ်ဆိုမှတော့ ၀င်ပေါက် လည်းလွယ်၊ ထွက်ပေါက်လည်း လွယ်ရမှာပေါ့လေ။ ကဆုန်၊ နယုန် ဆွေ့ဆွေ့ခုန်။ ပူပြင်းလှသော နွေခေါင်ခေါင်ရက် တစ်ရက်တွင် ထနောင်းတိုင် ရွာကြီးတွင် ခင်မင်ခဲ့ရသော ကိုကံကြီးမောင် ဆိုသူ ဆိုင်းမဆင့် ဗုံမဆင့် ရောက်လာခဲ့သည်။ ဘယ်က ဘယ်လို ဇောင်ချမ်းကုန်းကို ကူးလာသည် မသိရ။ ထနောင်းတိုင် ရွာတွင် တွေ့ခဲ့ရသလို အင်္ကျီကြွေတိုက်နှင့် ကြော့ကြော့ကလေး မဟုတ်တော့။ လည်ခေါင်းတုံး အင်္ကျီက ကြေးလက်လေးသစ် ထလျက်ရှိကာ ပုဆိုးကတော့ မြောက်ပြင်ထည် ခပ်လတ်လတ် နှင့်ဖြစ်ပါ၏။ ပိုလိုဘူး တစ်ဘူးနှင့် ဒန်မီးခတ်ကိုတော့ လက်တွင်း ဆုပ်ထား မပျက်။ ကိုကံကြီးမောင် ရောက်လာချိန်တွင် ကိုပြေသိမ်းက ကျောင်းကို ရောက်နေခိုက် ဖြစ်၏။ မအိမ်ကံနှင့် မျက်မှန်း တန်းဖူးသည် ဖြစ်၍ အိမ်မှာပဲ ဧည့်ခံထားလိုက်သည်။ မအိမ်ကံက ကိုကံကြီးမောင်ကို ဧည့်ခံရင်းက ကိုပြေသိမ်း ဖတ်သည့် စာအုပ်တွေ အကြောင်း စိတ်ရောက် သွားခဲ့သည်။ အတော်ပဲ။ သည်အချိန်မှာ မသိမသာ မေးလျှင် အစွန်းအစတော့ ရနိုင်သည်။ “ကိုကံကြီးမောင်တို့များ ကျွန်မတို့ အိမ်က ကျောင်းဆရာကို ဘာစာအုပ်တွေများ ငှားလိုက်သာလဲ မပြောတတ်ပေါင်ရှင်။ ဖတ်လိုက်သာမှ သည်းကြီးအူပြတ် ရောက်ကတည်းက ဖတ်သာ ခေါင်းမဖော်ဘူး” “ကျုပ်ကလည်း လူကြုံနဲ့ပါ ပို့ပေးသေးသာဗျ။ ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေပါပဲ။ ကျုပ်က ရန်ကုန်မှာ မိတ်ဆွေတွေရှိတော့ စာအုပ်တွေ ရတတ်ပါသယ်။ ကိုပြေသိမ်းလည်း ဖတ်ခိုင်းရသယ်။ ကိုပြေသိမ်းက ကျုပ်နဲ့တော့ ဓာတ်တည့်သားဗျ”

239


ကွန်မြူနစ်ဝါဒ အတွေးအခေါ် စာအုပ်တွေတဲ့။ မအိမ်ကံ နားမလည်။ ကွန်မြူနစ်ဆိုသည့် ခေတ်ပညာတတ်တွေ ဆိုတော့ အသိတွေ၊ ပညာတွေက အများသား။ သည့်ထက်ပို သိရအောင် မေးချင်သဖြင့် စကားကောက်ရပြန်ပါ၏။ ကိုကံကြီးမောင်က ပါလီမန် ရွေးကောက်ပွဲတွေ လုပ်နေသော်လည်း တိုင်းပြည် မအေးချမ်းတာတွေ ပြောနေသည်။ အာဏာနှင့် အခွင့်အရေးတွေ နောက်လိုက်ကြရင်း အစုတွေ ကွဲပုံတွေလည်း ပါသည်။ ဘောင်းဘီဝတ်က တစ်မျိုး၊ တောင်ရှည်က တစ်မျိုးဆိုတာ လည်းပါသည်။ လွတ်လပ်ရေးရခဲ့သည်ပင် နှစ်နှစ်သား ရှိခဲ့ သော်လည်း တိုင်းပြည်က ဆူကြပူကြတုန်းဆိုတာလည်း ပါသည်။

မအိမ်ကံ

သိချင်သည့်

စာအုပ်

မရောက်တော့ဘဲ

ကိုကံကြီးမောင်

ပြောသမျှ

ပါးစပ်အဟောင်းသားဖြင့်

နားထောင်နေရလေသည်။ ကိုပြေသိမ်း ပြန်လာတော့ သရက်ပင်အောက်မှာ တန်းလျားခုံခင်းပြီး ထိုင်ကြသည်။ စကားတွေ ပြောကြသည်။ ရေနွေးကလည်း တစ်အိုးပြီး တစ်အိုး။ ကိုကံကြီးမောင်က ဇောင်ချမ်းကုန်းမှာ တစ်ည အိပ်သွားတာကလွဲလို့ အခြားထွေ ထွေထူးထူးတော့ မရှိ။ ကိုပြေသိမ်းလည်း အငြီးပြေသွားပုံ ပေါ်ပါ၏။ မအိမ်မြိုင်လည်း နေကောင်းစပြုလေပြီ။ မအိမ်ကံလည်း ရက်ကန်း ပြန်ဝင်ကာ အစပြန်ကောက်ရသည်။ အလုပ်ကိုတော့ စောစော သိမ်းရပါ၏။ ညဘက်တွင် အခြေအနေတွေက ပိုဆိုး လာသည်။ သေနတ်သံတွေ ဟိုကသည်က ကြားရသလို ဓားပြရန်၊ သူခိုးရန်ကလည်း ပူလှသည်။ မအိမ်ကံတို့ရွာတွင် ဆိုးဆိုး ရွားရွား မကြုံတွေ့ရသေးသော်လည်း နရန်း ရွာတွေက သတင်းဆိုးတွေ ကြားနေရသည်။ ဓားပြယောင်ဆောင်ကာ လူဝင်သတ် သွားတာတွေပါ ကြားလာရပါ၏။ ဟိုရွာသည်ရွာမှာ ကင်းတွေ ဖွဲ့သံကြားတော့ ဇောင်ချမ်းကုန်းက လူငယ်လူရွယ်များက ကိုပြေသိမ်းဆီ ရောက်လာကြကာ ရွာစည်းရိုးကာရေး၊ ၀ါးချွန် တပ်ဖွဲ့ရေး၊ ဒူးလေးတပ်ဖွဲ့ရေးတွေမှာ ခေါင်းဆောင်ဖို့ ပြောလာကြသည်။ ကိုပြေသိမ်းက တော်လှန်ရေးပြန် မျိုးချစ်စိတ် ရှိသူတစ်ဦးအနေဖြင့် လွတ်လပ်ရေးရကာမှ ကိုယ့်ရွာကိုယ် ပြန်ကင်းစောင့်ရတာကို မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့သည်။ “အေး ကောင်းတယ်။ ဒါပေမယ့်ကွာ ဆရာကတော့ မင်းတို့ လူငယ်တွေလို များများ ပါနိုင်မှာတော့ မဟုတ်ဘူး။ ခေါင်းဆောင်ဆိုရင်လည်း ခေါင်းဆောင်ရုံပေါ့ကွာ။ လူရွယ် ထဲက တစ်ယောက်တော့ ခေါင်းဆောင်ထားကြရမှာပေါ့” မအိမ်ကံတို့ အိမ်ကြီးထဲမှာ ရွာက ကျောင်းသားကြီးတွေ၊ အရွယ်ကောင်း ယောက်ျားသားတွေ လာစုကြသည့်နေ့က အားရစရာပင်

ကောင်းလှပါသည်။

ရွာကင်းတဲလေးလုံး

ဆောက်ရန်

အရေးပေါ်အချက်ပေးသံချောင်း

ခေါက်ပုံတွေ

တပြေးညီဖြစ်စေရန်၊ တုတ်၊ ဓားလက်နက်၊ ဒူးလေး၊ လင်းလေးတွေ အိမ်တိုင်းထားကြရန်နှင့် အရေးပေါ်လျှင် ချက်ချင်း လူစုကြရန်တွေပါ ဆွေးနွေးကြသည်။ အများက ကိုသာအောင် ကို ရွာခေါင်းဆောင် တင်ကြသည်။ ကိုသာအောင်ကလည်း လိုလိုလားလား လက်ခံပါ၏။ မအိမ်ကံက သာအောင် ကုပ်ကုပ်ကလေး ထိုင်နေတာကို လှမ်းကြည့်ရင်း ငယ်ငယ်က အကြောင်းတွေ စိတ်ရောက် နေခဲ့သည်။ ကွင်းထဲက တဲကလေး တစ်တဲထဲမှာ သာအောင်နှင့် နှစ်ကိုယ်ချင်း တွေ့ခဲ့ဖူးသည်။ အခုတော့ သူလည်း ရွှေမှုံနှင့် အိမ်ထောင်ကျပြီ။ မအိမ်ကံလည်း သမီးနှစ်ယောက် ရခဲ့ပြီ။ သာအောင်နှင့် ရွှေမှုံက မွေးသည့် မှုံနံ့သာ။ ကိုပြေသိမ်းနှင့် မအိမ်ကံက မွေးသည့် မအိမ်မြိုင်။ ဇောင်ချမ်းကုန်း တစ်ရွာ လုံးမှာ သည်မိန်းကလေး နှစ်ယောက်တည်းအား ပြိုင်စရာရှိတာ မဟုတ်။ သည်ကလေးနှစ်ယောက်နှင့် ရွယ်တူ မတိမ်း မယိမ်းတွေ များစွာရှိလိမ့်မည်။ ရှိလည်းရှိကြပါ၏။ သို့သော် မအိမ်ကံ ကိုယ်တိုင်က ရွှေမှုံကို ရှုံးခဲ့ရသည်ဟု ခံယူခဲ့ပြီး ကတည်းက တခြားဘယ်သူပဲ ကွမ်းတောင် ကိုင်ရကိုင်ရ ဘယ်လိုမှ ဥပဒ်စရာမရှိသော်လည်း ရွှေမှုံသမီး မှုံနံ့သာကိုတော့ အဖြစ်မခံနိုင်။ မအိမ်ကံမှာ သည်စိတ္တဇက မရုန်းသာဘဲရှိခဲ့ပါ၏။ သာအောင့်ကို လှမ်းကြည့်ရင်း မအိမ်ကံ တွေးနေမိခြင်း ဖြစ်၏။ ခုတော့ သာအောင်သည်လည်း ကိုသာအောင် ဖြစ်နေလေပြီ။

240


မအိမ်ကံကလည်း တွက်ကြည့်တော့ အသက်မနည်း တော့ပြီ။ ကြီးတော် စံရွှေတို့၊ အမှုပွဲစား ကျော်ဒင်တို့လည်း ဂျပန်ခေတ် နောက်ပိုင်း မတရားရှာခဲ့သည့် စီးပွားပျက်သူက ပျက်၊ ရွာက ပျောက်ချင်းမလှ ပျောက်သူကပျောက်။ ကျော်ဒင်ကတော့ တစ်နေရာမှာ သေသလိုလိုလည်း ကြားရပါ၏။ တချို့ကလည်း ကျော်ဒင်မသေဘဲ အလံနီထဲမှာ လိုလိုပြော ကြသည်။ လတကယ်တမ်း စီးပွားဖြစ်လာသူက သာအောင် ဖြစ်၏။ မအိမ်ကံ ကြားရသလောက် ခေတ်အပျက်မှာ ငွေတော်တော် ရလိုက်သည်ဟု ဆိုပါ၏။ ကြီးတော် စံရွှေတို့နှင့် အတူ မနေတော့ဘဲ ကိုယ့်ဝိုင်းကိုယ့်အိမ်နှင့် ဖြစ်နေကြပြီ။ “ကျွန်တော်တို့ အားလုံး သဘောပိုက်ရမှာက ကိုယ့်ရွာကိုယ် ကာကွယ်ရမယ်ဆိုတဲ့ စိတ်ကလွဲလို့ အခြား သူတစ်ပါးကို စော်ကားဖို့ အနိုင်ကျင့်ဖို့ ရန်စဖို့ မရှိကြစေချင်ဘူး။ ရွာက ညီညွတ်မှ မကောင်းသူမကောင်းသား မကပ်နိုင်မှာကို စိတ်စွဲ ကြဖို့လိုတယ်။ ရွာကင်းတွေမှာ တာဝန်ကျရင် တာဝန်ကို တိတိကျကျ ဆောင်ရွက်ကြဖို့လိုတယ်။ သူသွားလိမ့်မယ်။ ငါမရှိလည်းဖြစ်တယ် ဆိုတာမျိုးကနေ လျော့ရဲသွားတာမျိုး မဖြစ်စေချင်ဘူး။ နောက်အရေးကြီးတာက...” ကိုပြေသိမ်းက အားလုံး ကြားအောင် မတ်တတ်ရပ်ရင်း ပြောနေခြင်း ဖြစ်သည်။ ရွာ့ယောက်ျားသားတွေ အားလုံး ငြိမ်ပြီး နားထောင်နေကြသည်။ ကိုပြေသိမ်းကို ရွာက ချစ်ခင် လေးစားကြသလို ကျောင်းဆရာဆိုသည့် ဂုဏ်ကြောင့် ကြည်ညိုကြတာ ပိုသေးသည်။ သည့်နောက်တော့ ရွာကင်းတဲ တည်ဆောက်ရေး ကိစ္စ၊ ဆူးစည်းရိုး ကာရံရေး ကိစ္စတွေ ဆက်ဆွေးနွေးကြလေသည်။ ရွာက သည်လို စုစုဝေးဝေးရှိကြတာ ကို မအိမ်ကံ ၀မ်းသာသည်။ ညဘက် ညဥ့်နက်နက် လူတွေ ပြန်ကြတော့ သမီးနှစ်ယောက် အိပ်ကြပြီဖြစ်သော်လည်း ကိုပြေသိမ်းနှင့် မအိမ်ကံ စကားတွေ ပြောဖြစ်ကြသည်။ “ရွာက ညီညွှတ်တော့ စိတ်ဖြောင့်ဖြောင့် အိပ်ရသာပေါ့။ အစ်ကို မြို့ကိုသွားသဲ့ ညတွေဆိုရင် မအိမ်ကံ ချောက်ချားနေမိ သယ်။ ရွာတွေမှာ ဗြောင်ကျကျ နွားဆွဲတာတွေ အနုကြမ်း စီးသာတွေ လုပ်နေကြသာကြားရလေ ကြောက်လေပဲ” “အေးကွယ် တိုင်းပြည်က လွတ်လပ်ရေးရမှပဲ ပိုဆိုးတော့တယ်။ ဂိုဏ်းဂဏတွေ ကွဲကြတယ်။ နိုင်ငံရေး ကွဲနေကြတယ်။ အိမ်ကလေး မသိလို့။ အခြေအနေက တော်တော်ဆိုးနေပြီ။ သတင်းစာတွေမှာ လူသတ် ပစ္စည်းလုတာတွေချည်း ဖတ်နေရ တယ်။ ပါလီမန်တွင်းမှာလည်း ပြင်းပြင်းထန်ထန် အကွဲအပြဲ ဖြစ်နေကြတယ်” သည့်နောက်ပိုင်း ကျေးရွာတွေမှာ ကင်းတပ်တွေဖွဲ့ လာကြသည်။ တစ်ရွာ့တစ်ရွာ အသံနားစွင့်နေကြရန် ညှိထားကြ ရပါ၏။ အချို့ရွာတွေက ကိုပြေသိမ်းထံ ရောက်လာကြကာ ရပ်ရွာကာကွယ်ရေး ကိစ္စတွေ တိုင်ပင်ကြသည်။ အချို့ရွာတွေ ဆိုလျှင် ကိုပြေသိမ်းကို လေးစားကြသဖြင့် သူတို့ရွာတွေ အထိ ဖိတ်ပြီး ရပ်ရွာစည်းလုံးရေး ကိစ္စတွေ ဟောပြောခိုင်းတာတွေ ရှိလာသည်။ မအိမ်ကံကတော့ စီးပွားက တစ်ဖက်၊ သမီး နှစ်ယောက်က တစ်ဖက် အပြင် မအေအိုကြီးကိုပါ ထည့်တွက် နေရပါ၏။ အမေပန်းရုံလည်း အသက်အရွယ် ရလှပေပြီ။ ဟိုတုန်းကလို ရွာထဲ ရပ်ထဲတောင် မရောက်တော့။ သည်ကြားထဲ သက်တော် ကိုးဆယ်ကျော်ပြီဖြစ်သည့် ရွာဦးဆရာတော် ဘုရားကြီး ပျံလွန်တော်မူခဲ့သည်။ ဇောင်ချမ်း ကုန်းကို မဏ္ဍိုင်ပြု၍ နရန်းရွာတွေကပါ ဆရာတော်ကြီး ဈာပနကို ၀ိုင်းကြရသည်။ ခေတ်အခါကလည်း မကောင်း၊ ရွာကလည်း ကျပ်တည်းနေချိန်ဖြစ်သော်လည်း သက်တော်ကြီး၊ ၀ါတော်ကြီး ဆရာတော်ကြီး၏ အန္တိမ ဈာပနပွဲကို စည်ကားသိုက်မြိုက်အောင် ပူဇော်ချင်ကြသည် ဖြစ်၍ ကိုပြေသိမ်းကိုပင် တာဝန်ပေးလာကြပါ၏။ ၀ါဆိုဝါခေါင်လ ထဲမှာ ပျံတော်မူရှာတာဆိုတော့ ဘုန်းကြီးပျံပွဲကို ခြေခင်း လက်ခင်းသာသည့် တပေါင်းလအထိ ရွှေ့ဆိုင်းကြရသည်။ သို့သော် သည်လတွေကတည်းက စီမံစရာရှိတာ စီမံကြရသည်။ ဘုန်းကြီးပျံပွဲ အတွက် ဘုန်းကြီးပျံသိုင်းတွေ၊ ယိမ်းတွေ တိုက်သည့်ရွာတွေက တိုက်နေကြပြီ။ ဒိုးမောင်းသံ တညံညံ။ “သမီးရေ ဆရာရော ဒကာပါ ဘ၀တစ်ပါးပြောင်း သွားရှာပြီ။ ညည်းအဖေများ သူကြီး ဆိုပေသိ ဆရာတော်က ခေါ်ငေါက်ရင် နေစရာ မရှိရှာဘူး။ ကိုရင်၊ ကျောင်းသားများ ဆရာ ဘုန်းကြီးကို ကြောက်သလို ချစ်ကြောက်ရှာသယ်။ ဆရာတော် ပျံလွန်တော်မူတော့ ညည်းအဖေလည်း သတိရပါ့အေ”

241


အမေပန်းရုံက

သတိတရ

ညည်းရှာပါ၏။

ကိုပြေသိမ်းလည်း

အမျိုးသားရေးစိတ်

ပြင်းထန်သော

ဆရာတော်ကို

နှမြောလွန်းလှသည် ဆိုပါသည်။ မအိမ်ကံ တချို့ညတွေမှာ သမီးနှစ်ယောက် လက်ဆွဲကာ မောင်းဆိုင်းဝိုင်းဘက်ကို ရောက်သွားတတ်သည်။ ရွာမှာ မောင်းဆိုင်း ကောင်းကောင်း မရှိတော့ ဟိုကဒိုး၊ သည်ကနှဲ၊ ဟိုချောင်က မောင်း စသည်ဖြင့် စုရခြင်းဖြစ်၏။ ဘုန်းကြီး ပျံသိုင်း တိုက်သံတွေက ညီလှသည်။ ဆရာတော့် ဈာပနက လာမည့် တပေါင်းလမှ ဆိုသော်လည်း ရက်လအားဖြင့် ခြောက်လလောက်သာ ကျန်တော့သည်။ ကိုပြေသိမ်းက ရပ်ရွာလူကြီးများနှင့် တိုင်ပင်ကာ ကြည့်ချင်ပွဲကြိုငှားထား ရပြီ။ ဧယဉ်ကျူး မင်းသမီး ငှားထားရပြီ။ စပ်ပန်းချီဆရာကို ခေါ်ပြီး မဏ္ဍပ်၊ စင်ယှဉ်၊ လောင်တိုက်တွေ အပ်ရပြီ။

တည်းကျောင်း

မဏ္ဍပ်တွေ

ထိုးရန်

တာဝန်ခွဲဝေပေးကြရသည်။

ရေကိစ္စ၊

ထင်းကိစ္စ၊

ဧည့်ခံကိစ္စတွေ

တာဝန်ခွဲဝေရသည်။ “အစ်ကိုလည်း ပင်ပန်းရှာပြီ။ ရပ်ရွာ ကိစ္စတွေကလည်း အစ်ကို့ခေါင်းပေါ် ပုံကျနေပြီနော်” “ရပါတယ် အိမ်ကလေးရယ် ကိုယ့်ရွာဆိုတော့ ကိုယ်ပါ ရမှာပေါ့။ ဘာလိုလိုနဲ့ ရက်နီးနေပြီ” “ဟိုရက်က မောင်းဆရာဦးကျန်က မောင်းငှားရသာ ခက်သယ်တဲ့။ တခြားရွာပွဲတွေနဲ့ တိုက်နေရင် ငှားမရဘူးဆို လို့ မအိမ်ကံ ရွာပိုင် မောင်းဆိုင်းတစ်ဆင်စာ လှူလိုက်ချင် သယ်။ နောင်ဘ၀ အသံကောင်းအောင်လို့...” ကိုပြေသိမ်းက ရယ်သည်။ ဇနီးဖြစ်သူကို ကြည့်ရင်း ပြုံးသည်။ မအိမ်ကံက ရွာကို မကြာခဏ လှူနေကျ။ လိုအပ်မှု အပေါ်လှူနေတာ ဆိုတော့ ကိုပြေသိမ်း သိလိုက်တာရှိသလို မလိုက်တာလည်း ရှိသည်။ နောက်တော့လည်း ပြောပြရှာ ပါ၏။ “အိမ်ကလေး သဘောပါဗျာ။ အစ်ကိုကတော့ သည်လို သဒ္ဓါစိတ်ရှိတဲ့ အတွက် အိမ်ကလေးကို ပိုလို့တောင် ချစ်မိပါ သေးသဗျာ” သမီးနှစ်ယောက်ကတော့ ညတိုင်လျှင် မောင်းဆိုင်းဝိုင်း ဘက်သွားချင်နေကြသဖြင့် အားသူက အားသလိုပို့ကြရပါ၏။ ဘယ်သူကမှ မပို့လျှင် အမေပန်းရုံက ဗျစ်တောက် ဗျစ်တောက်။ သည်လိုဆိုတော့ မလှအုံ အလှည့်ကျလေ၏။ တပေါင်းလ။ ဘုန်းကြီးပျံပွဲကြီးက မထင်မှတ်လောက်အောင် စည်ကား လွန်းလှပါသည်။ ဇောင်ချမ်းကုန်း ဆရာတော်ဆိုသော်လည်း သက်တော်ကြီး ၀ါတော်ကြီး ဆရာတော်ဖြစ်၍ ရွာနီးရွာနား တွေကလည်း ဆရာရင်းနှင့် မခြား လေးစားကြည်ညိုခြင်း ခံရသည့် ဆရာတော်ကြီး ဖြစ်သည်။ ဆရာတော်ကြီး၏ သက်တော်ဂုဏ်၊ ၀ါတော်ဂုဏ်၊ သီလသိက္ခာ ပညာဂုဏ်တို့ကို နောက်ဆုံး ပူဇော်ကြသည့် ပွဲဆိုတော့ ရွာပေါင်းစုံက လူပေါင်းစုံ၊ လှည်းပေါင်းစုံ ရောက်လာကြသည်။ ဇောင်ချမ်းကုန်းရွာ အရှေ့ကွင်းကြီးသည်လည်း မျက်စိတစ်ဆုံး ပွဲတော်ကွင်းကြီး ဖြစ်နေတော့သည်။ တစ်ရွာလျှင် တည်းကျောင်း တစ်ကျောင်း ကျ လာရောက်ပူဇော်ကြရာမှာ အရွာရွာက “တည်းကျောင်း” မဏ္ဍပ်တွေ များလှသည်ဖြစ်ရာ ကွင်းပင် မဆန့်ချင်တော့။ “တည်းကျောင်း”တစ်ကျောင်းနှင့် တစ်ကျောင်းကူးရသည်ပင် မလွယ်။ နေပူခေါင်ခေါင်ကြီးမှာ ခေါင်းပေါင်းကြီးတွေပေါင်း ကာ ချွေးပြိုက်ပြိုက် ဆူနေသည့်ကြားက သည်လိုပွဲမျိုး နွှဲလိုက်မဟဲ့။ ဆရာတော်ကြီးကို ပူဇော်ကန်တော့လိုက်စမ်းမဟဲ့ ဆိုသည့် မျက်နှာများဖြင့် ကြိတ်ကြိတ်တိုး စည်းကားလွန်း လှပါ၏။ သည်နေ့ သည်ရက်မှာမှ တစ်ပြိုင်နက်တည်း ပူဇော်ကြ ရတာဆိုတော့ အရွာရွာက သိုင်းပြာသာဒ်ကြီးတွေကလည်း တယိမ်းယိမ်း တနွဲ့နွဲ့သိုင်းနင်းကာ ပူဇော်ကြသလိုတည်း ကျောင်းမဏ္ဍပ်ကြီးတွေဆီက ဆိုင်းသံဗုံသံတွေကလည်း တခြိမ်းခြိမ်း။ “ဒကာ၊

ဒကာမနဲ့

တပည့်တွေဟာ

ဆရာဘုရားရဲ့

က၀ိထေရ်ကိုတော့

မနေနိုင်၊

မထိုင်နိုင်အောင်

လွမ်းကြတာမို့

ပြည်ခရိုင်ကြဋ္ဌန်းမှာ ဒါယကာတွေမှန်သမျှရယ်က သံဃာတွေပါလွမ်း သံဃာတွေပါလွမ်း...” “ယောက်ျားမောင် ဘသားလေးလေး (တောက်)

242


မြေကကောက်လို့ တစ်ထောက်ချီ ခင်ဗျ ဒူးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)” သိုင်းရိုက်သံတွေ တတောက်တောက် တဖြောင်းဖြောင်း ညံနေသည့်ကြားကို မအိမ်ကံတို့ သားအမိတစ်တွေ မတိုးနိုင်ကြ။ ပြာသာဒ်ဖျားက ၀ါးညွန့်ကလေး တယိမ်းယိမ်း တနွဲ့နွဲ့ လှုပ်တာကိုပင် ငေးကြည့်နေရပါတော့၏။ “ယောက်ျားမောင် ဘသားလေးလေး (တောက်) ဒူးကမြှောက်လို့ တစ်ထောက်ချီခင်ဗျ ပခုံးပေါ်ညီညီ မြှောက်လိုက်ကြစို့ (တောက်)...” ဒူးပေါ်ကနေ ပခုံးပေါ်တင် မြှောက်လိုက်ကြပြီဆိုလျှင်တော့ သိုင်းကွက်နင်းကာ သိုင်းကကြတော့မည်။ လူတွေ တိုးသထက်တိုး စည်သထက် စည်လာခဲ့ပြီ။ မအိမ်ကံတို့မှာ ထွက်ပေါက် မရှိအောင် လူအုပ်ကြားထဲ ပိတ်မိနေလေတော့ သည်။ တစ်ဖွဲ့နှင့် တစ်ဖွဲ့ အပြိုင်သိုင်းနင်းကြပြီဆိုလျှင် ပိုလို့ သာ ဆိုးတော့မည်။ မအိမ်ကံက ရွာခံတည်းကျောင်း မဏ္ဍပ် ထဲမှာပဲ ဣနြေ္ဒရရ ထိုင်ကြည့်တော့မည် စိတ်ပိုင်း ဖြတ်လိုက်ပါ၏။ “တည်းကျောင်း”ထဲ ၀င်ထိုင်လိုက်မိလျှင်လည်း ပြန်ထွက် နိုင်ဖို့ မလွယ်။ သည်တော့ အိမ်ပြန်ဖို့ရာသာ စဉ်းစားရတော့သည်။ “လာ လာ သမီးတို့ အိမ်ခဏပြန်ရအောင်။ ဧည့်သည်တွေ ရှိသေးသယ်။ ညနေကျမှ ဒွေးအုံကို တစ်ခေါက်လိုက် ပို့ခိုင်းမယ်နော်” ကလေးနှစ်ယောက်ကို လက်ဆွဲကာ မအိမ်ကံ လူအုပ်ကို တိုးထွက်ခဲ့သည်။ ဘယ်ဘက်တိုးရပါ့။ ရွာပေါင်းစုံက လှည်းတွေက ပွဲတော်ကွင်းနှင့်

ခပ်လှမ်းလှမ်း

နောက်ဘက်မှ

အထပ်လိုက်

ဝိုင်းပတ်ကာရပ်ထားကြသည်။

ပေါင်းမိုးလှည်းကြီးများ

ဖြစ်၍ လှည်းတစ်စီးလျှင် မိသားစုတွေကလည်း အပြည့်။ ပွဲတော် ကွင်းထဲမှာလည်း ဟိုရွာကသိုင်း၊ သည်ရွာသိုင်း ပြေးကြည့်ကြသူတွေ၊ ဟိုမဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုး၊ သည် မဏ္ဍပ်က ဧယဉ်ကျူးကောင်းနိုးနိုးဖြင့် “တည်းကျောင်း” တစ်ဆောင်က တစ်ဆောင် ကူးလူးနေကြသူတွေ။ နှစ်ပေါင်း များစွာ အတွင်း သည်ဘုန်းကြီးပျံပွဲလောက် စည်ကားသိုက် မြိုက်သည့်ပွဲ မရှိခဲ့ကြောင်း ရှေးမီနောက်မီ လူကြီးသူမများ ကပင် ပြောစမှတ်ပြုရပါ၏။ “ဟဲ့ သားအမိတွေ ဧယဉ်ကျူး မကြည့်ခဲ့ကြဘူးလား ဟဲ့” မအိမ်ကံတို့ အိမ်ရောက်တော့ မလှအုံက ဆီးမေးသည်။ မအိမ်ကံက ပွဲတော် ကွင်းထဲတိုးနိုင်ဖို့ မလွယ်ကြောင်းပြောပြ တော့ မလှအုံက “ကတဲမှအေ၊ ညည်းတို့များ အဖြစ်မရှိချက်တော့။ ငါ့မြေးတွေ တစ်သက်တစ်ခါ ကြုံရသဲ့ပွဲ ပြမှပေါ့အေ့။ လာ ဒွေးအုံ လိုက်ပြမယ်” ဆိုကာ ကလေးနှစ်ယောက်လက် ဇောင့်ခနဲ ဆွဲကာ ထွတ်သွားလေတော့၏။ မအိမ်ကံတို့ အိမ်မှာလည်း ရွာလှည်းတွေ အပြည့်။ အိမ်ပေါ် အိမ်အောက် လူမဆံ့လို့ တချို့ကို ရက်ကန်းရုံထဲမှာပဲ နေရာချထားရပါ၏။ ထနောင်းတိုင်က ရောက်လာကြသော ဆွေမျိုးတွေကချည်း လှည်းလေးစီးတိုက်ဆိုတော့ အိုးကြီးချက် ချက်ပြီး ကျွေးမွေး ဧည့်ခံနေကြရသည်။ မလှအုံနှင့် ကျေးဥတို့ မနိုင်ကြတော့ ကြည်တော်ကုန်းက မကြီးနှင့် မငယ်တို့ အဖွဲ့ကို ခေါ်ကာ အိုးအပ်ရသည် အထိ။ မအိမ်ကံတို့ အိမ်မှ မဟုတ်၊ ရွာလုံးကျွတ် အိမ်ပေါက်စေ့ ဧည့်သည် မရှိသည့် အိမ်ရယ်လို့ မရှိ။ ဧည့်များများလာလေ ဂုဏ်ရှိလေ အောက်မေ့ကြသည်မို့ မရှိတာ ရှိတာထား တန်းစေ့လမ်းစေ့ လှူနိုင်တန်းနိုင်၊ ကျွေးနိုင် မွေးနိုင်အောင် ကြိုတင်ရှာဖွေ ချေးငှားကျွေးကြ၊ မွေးကြ သူတွေလည်း ရှိပါ၏။ အဝေးဧည့်တွေအတွက် ဇာတ်ပွဲတွင် ဖျာခင်းနေရာ ဦးထားရတာလည်း ရှိသေးသည်။ ဇာတ်က မြင်းခြံမြို့မှ နာမည်ကြီးဇာတ် ဖြစ်၍ ထိုဇာတ်မှ မင်းသမီးကြီး အောင်သန်းစိန်က ဧယဉ်ကျူး အလောင်းပိုက်ရမှာ ဖြစ်သည်။ ပရိသတ်က ဒါကိုလည်း အားခဲထားကြပါ၏။ “မအိမ်ကံရော ညည်းတို့ ညပွဲကြည့်ကြဦးမှာလား” “မကြည့်တော့ပါဘူး အမေ။ အမေ့မြေးတွေကလည်း အိပ်ကြမှာပါ။ အမေတို့ ကြည့်ကြပါ”

243


ကိုပြေသိမ်း၏ မိခင်က မေးခြင်းဖြစ်၏။ ထနောင်းတိုင်က ဆွေမျိုးဧည့်တွေကတော့ မအိမ်ကံ အထူးဧည့်ခံစရာ မလိုပါ။ ခင်သီ တစ်ယောက် ပါလာတာကိုပဲ အားကိုးရလှပြီ။ ဖိုးတုတ်တို့ ညီအစ်ကိုကလည်း ရေစည်လှည်းတိုက်နေရာက ပြန်မလာကြ။ ဘုန်းကြီးပျံကွင်းမှာ သောက်ရေအိုး အလုံး တစ်ရာကို မအိမ်ကံ ကုသိုလ်ယူခဲ့သည်။ ရေအိုးရော ရေပါ လှူဒါန်းခဲ့ခြင်း ဖြစ်ပါ၏။ ညနေစောင်း နေကျပြီဆိုကတည်းက ဒုံးတွေ လွှတ်ကြ ပြီ။ ဒုံးကြီးတွေက ဆယ်ပေလောက်ရှိသော ဖယောင်းတိုင် ကြီးများနှင့်ပင်တူ၍ ဒုံးလွှတ်သည်နှင့် ပရိသတ်အော်သံကြီးတွေ ဟိန်းထွက်လာတော့၏။ ပွဲကွင်းက ညနေစောင်းလေ မြိုင်လေ။ အဝေးရွာလှည်းတချို့က နေချိုမှရောက်လာကြကာ ရွာလမ်း တစ်လမ်းလုံး ဖုန်တွေ သောသော ထနေကြလေ၏။ မလှအုံတို့ တူဝရီး တစ်တွေ ပြန်မလာတော့ မအိမ်ကံလိုက်ဖို့ ပြင်ရပြီ။ ကိုပြေသိမ်းကတော့ ပွဲတော်ကွင်းထဲမှာ အရွာရွာက လူကြီးတွေနှင့် အတူ ရှိနေလိမ့်မည်။ ခင်သီကို အဖော်ခေါ် ပြီး မအိမ်ကံ ပွဲကွင်းဘက် ထွက်ခဲ့သည်။ ပွဲတော်ကွင်းထဲ ရောက်တော့ ရွာတည်းကျောင်းကို တန်းမသွားသေးဘဲ သိုင်း အဖွဲ့တွေကို တစ်ဖွဲ့လျှင် နှစ်ရာနှုန်းဖြင့် အဖွဲ့ရှိသလောက် ဆုချခဲ့သေးသည်။ ရွာတည်းကျောင်းဝမှာလူတွေ ပိတ်ပိတ် သည်းလျက်ရှိ၏။ မင်းသမီးကြီး အောင်သန်းစိန်ပင် ဧယဉ် ကျူးနေခဲ့ပြီ။ “ကြော့ပါပေ့ဘုရာ့ ကန်တော့ကာလေ ပဏာမရယ်နဲ့ ဈာပနတော်စီမံပုံကောင်းလိုက်တာက ပြည်တန်တဲ့ အလောင်း ဆွေးချက်ကယ်ဖြာ လေးမျက်နှာပန်းတွေမံလို့ နန်းဝေယံရှုချင် ဖို့ တစ်ခန်းသာပ အများအတိဓဇနဲ့သဒ္ဓါဗလ၀ အခြေကောင်း သော်လည်း ဆရာတော်ဘုရာ့ အားမရှိကြပါဘု ဒကာ ဒကာမ ပြေရွာအပေါင်း...” မအိမ်ကံက တည်းကျောင်းထဲ မျက်စိတောင်းမှောက် ရှာရသည်။ တွေ့ပါပြီတော် မလှအုံတို့ တူဝရီးတွေ။ စင်အလယ် တည့်တည့်နေရာမှာ ကျကျနနကြီး ထိုင်ကြလို့။ ဇာတ်စင်ပေါ် က မင်းသမီး ဧယဉ်ကျူးနေတာကို မလှအုံက အောက်ကနေ မျက်ရည်တို့ကာ တို့ကာ ငိုနေလေ၏။ သမီး နှစ်ယောက်ကတော့ မင်းသမီးကို ငေးနေကြသည်။ မအိမ်ကံက တစ်ဆင့် တစ်ဆင့်လက်တို့ပြီး မလှအုံတို့ တူဝရီးတွေကို ပွဲခင်းထဲက ဆွဲထုတ်ရပါ၏။ ကလေးတွေက မပြန်ချင်ကြ။ “ရေချိုးကြဦးလေ သမီးတို့ရဲ့။ ဒွေးအုံလည်း ဧည့်သည်တွေ ထမင်းကျွေးရဦးမှာ။ ညကျတော့ ထနောင်းတိုင်က အမေကြီးတို့နဲ့ ပွဲကြည့်ကြ ဟုတ်လား” မလှအုံကတော့ ဧယဉ်ကျူးထဲ နစ်မျောပြီး မျက်ရည်တွေ ကျရလွန်း၍ထင့်။ ပွဲခင်းထဲက ထွက်လာတော့ မျက်လုံးတွေ နီပြီး လမ်းလျှောက်တာတောင် ဇိုးတိုးဇတ်တပ် ဖြစ်နေလေ၏။ မအိမ်ကံတို့ ပြန်လာတော့ လမ်းမှာ သွားသူပြန်သူတွေ အပြည့်။ တစ်နေကုန် တစ်နေခန်း ပွဲတော်ကွင်းတစ်ကွင်းလုံး ရုန်းရုန်းရင်းရင်း ရှိနေခဲ့သော်လည်း ညပွဲဦးထွက်ချိန်မှာတော့ ကွင်းလည်း ငြိမ်လေပြီ။ ဇာတ်စင်ရှေ့ ပွဲခင်းကတော့ လူများလွန်း လှ၍ ပွဲခင်းလျှံထွက်နေပါ၏။ ပွဲဆိုင်းက ဧည့်ခံတီးပြီး၍ ပွဲထွက်ခရာ သုံးကြိမ်မှုတ်လေပြီ။ အားလုံးက ပြည်ဖုံးကား ကြီးဆီမှာ အာရုံတွေရှိနေကြပါ၏။ ထိုစဉ်မှာပင်...။ ရွာကင်းဆီက သံချောင်း မွှေသံကြီး ကြားလိုက်ရလေသည်။ တစ်ကင်းမှ တစ်ကင်းကူးသွားသော သံချောင်း မွှေသံတွေက ကမ္ဘာပျက်တော့မလား မှတ်ရပါ၏။

၃၀။ မီးတောင်ကြီး ပေါက်သကဲ့သို့ တဟူးဟူး လောင်မြိုက်နေသော မီးလျှံကြီးကပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ လောင်စာ မကုန်မချင်း သစ်တိုသစ်စ သစ်ချောင်း တစ်ချောင်း မကျန်အောင်လောင်နေသော မီးအရှိန်ကြောင့် မည်သူမျှ အနီးကို မကပ်နိုင်။ မီးခိုးများက တစ္ဆေသရဲ၏ ၀တ်ရုံမည်းကြီး ပမာ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းအုပ်ရန် အလိပ်လိပ် တက်လျက်ရှိသည်။ မီးတောက် မီးလျှံတွေကလည်းမကောင်းဆိုးဝါး တစ်ကောင်၏ အစွယ်များသဖွယ်ပင်။ ဇောင်ချမ်းကုန်း

244


တစ်ရွာလုံးရှိ ရွာသူရွာသားများ သာမက အနယ်နယ် အရွာရွာက စုရုံးရောက်ရှိလာကြသော ဆရာတော်ကြီး၏ အန္တိမအဂ္ဂိဈာပန ပွဲကြီးသည်ပင် ငြိမ်သက်သွားခဲ့ပါ၏။ မီးလောင်ရာသို့ အားလုံးလိုလို ရောက်လာကြသဖြင့် ဇောင်ချမ်းကုန်းရွာ လမ်းသည်ပင် ပြည့်သွားခဲ့သည်။ ပွဲကြည့် လှည်းတွေက နွားမလန့် ပွဲမပြိုအောင် ကွင်းထဲမှာ စောင့်နေကြ၍သာ တော်တော့သည်။ မအိမ်ကံ ကတော့ မျက်ရည် တွေတွေကျရင်း ကြောင်တောင်ကြီး ရပ်လျက်ရှိ၏။ ဘယ်သူကမှ ဘယ်သူ့ကို မဖေးမနိုင်ကြဘဲ မြင်ကွင်းကိုသာ ၀မ်းနည်း ကြေကွဲစွာ ကြည့်နေကြရတော့သည်။ လူအားနှင့် ၀ိုင်းဝန်း ငြှိမ်းသတ်ဖို့ပင် အချိန်မရတော့။ သံချောင်း မွှေသံကြီး ဆက်တိုက် ကြားရပြီးသည်နှင့် လူပေါင်းများစွာတို့ ဇောင်ချမ်းကုန်း ရွာဘက်ကို အပြေး လာခဲ့ကြပါ၏။ ဓားပြသူခိုး၊ အနုကြမ်း လူရမ်းကားတို့သာဆိုလျှင် လူအုပ်ကြီးကို မြင်ရုံနှင့် မူးမေ့ သွားကြလိမ့်မည်။ အခုက လက်သည်ကို ကောင်းကောင်း မသိလိုက်ကြရဘဲ ထလောင်လိုက်သော မီးဖြစ်၏။ ဘယ်သူက ဘယ်အငြိုးနှင့် မီးတုတ်တင် ရှို့ခဲ့သည် မပြောနိုင်သေးသော်လည်း ဇောင်ချမ်းကုန်း ရွာကျောင်းသည် နာရီပိုင်း အတွင်း ပြာပုံ ဘ၀ ရောက်ရတော့မည်။ “ရပ်ရွာလူကြီးတွေမှ အပ လူတွေ အားလုံး ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ။ ဇာတ်ပွဲ ဆက်မှာပါ။ ဒါခင်ဗျား တို့အလုပ် မဟုတ်ပါဘူး။ လူကြီးတွေ အလုပ်ပါ။ ပြန်ကြပါ၊ ပြန်ကြပါ။ အေးအေးဆေးဆေး ပွဲဆက်ကြည့်ကြပါ” အသံအောင်လှသော အသံကြီး တစ်သံက လူပေါင်း မြောက်မြားစွာတို့၏ အသံ ပေါင်းများစွာကို ကျော်ကာ စူးစူး ၀ါးဝါး ထွက်ပေါ်လျက်ရှိ၏။ လူတွေက မပြန်ကြပါ။ တ၀ုန်းဝုန်း ပြိုကျနေသော မီးလောင် သစ်ချောင်းတွေကို ယိမ်းပွဲ ကြည့်သလို ကြည့်နေကြဆဲ ဖြစ်၏။ တပေါင်းလ၏ လေက တဟူးဟူး တိုက်လျက်ရှိရာ အိမ်တွေဘက်ကို မီးမကူးရန် အရေးကြီးသည်။ သို့သော် ချက်ချင်းကြီး မကူးနိုင်။ ရွာနှင့်ကျောင်းက လှမ်းတာ တစ်ကြောင်း၊ ကြားမှာ မီးတားကွက်လို ကွင်းကြီး ခြားသဖြင့်လည်းကောင်း စိုးရိမ်စရာတော့ သိပ်မရှိ။ သာအောင်နှင့် ၀ါးချွန်ကိုင်၊ ဒူးလေးကိုင်၊ လူလေးငါးဆယ်က လူတွေ ရှေ့ရောက်လာကြကာ ပွဲခင်းသို့ ပြန်ကြရန် အတင်းတွန်းထုတ် နေကြရသည်။ လက်နက်များ ကိုင်ဆောင်ထားကြသည့် အပြင် လူဖြန့်ကာ အတင်းအဓမ္မ လူစု ခွဲခိုင်းနေသဖြင့် တဖြည်းဖြည်း ဆုတ်သွားကြသော်လည်း လူအုပ်ကြီးက မလျော့နိုင်ဘဲ ရှိသည်။ “သာအောင်၊

ဘယ်သူ့လက်ချက်တုံးကွ။

မိုက်ရင်

ရွာကို

စမ်းလိုက်ပါလားကွာ။

စာသင်ကျောင်းကို

မီးရှို့တာ

သူရဲဘောကြောင်လှသကွာ။ အသက်ချင်း လဲလိုက်စမ်းမယ်” “ကိုမှတ်ကြီး၊ ကျုပ်တို့ ကိစ္စ ကျုပ်တို့ ရှင်းမယ်။ ခင်ဗျား တို့ရွာက လူတွေ ခင်ဗျားတို့သာ နိုင်အောင်ထိန်း။ ပွဲမပျက်ဘူးနော်။ လှည်းတွေ မပြန်စေနဲ့။ ကျုပ်တို့ ဆရာတော်ကြီး ဈပန အပျက်မခံဘူး။ သွားတော့။ ခင်ဗျားပွဲ သွားထိန်း” အော်ဟစ် ဆူညံနေကြသော လူအုပ်ကြီး၏ တစာစာ အော်သံတွေကြားက သာအောင့် အသံ စူးထွက်နေတာကိုလည်း မအိမ်ကံ ကြားနေရသည်။ တခြားရွာတွေက လာတက်ကြရသည့် ကလေးတွေရှိကြတော့ ကျောင်းကြီး မီးလောင်တာကို အကုန်လုံးက တောက်တခေါက်ခေါက် ရှိကြသည်။ ငိုယိုသူတွေက ငိုယိုနေကြသည်။ အော်သူတွေက အော်နေကြသည်။ ဒေါသတွေ ဆူဆူ ကြိုင်ကြိုင် လောင်မြိုက်နေကြတာကပင် ကျောင်းကို လောင်သည့် မီးထက် အဟုန်ပြင်းလှပါ၏။ ကိုပြေသိမ်း ဘယ်ရောက်နေသလဲ။ မအိမ်ကံ ကိုပြေသိမ်းကို စိတ်ရောက်မှ ဆတ်ခနဲ လှုပ်လာခဲ့သည်။ သမီးနှစ်ယောက်ကတော့ အိမ်မှာ။ မီးတဲ့ မီးတဲ့ဆိုမှ မအိမ်ကံ သည်ဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်သည်။ ဖိနပ်ပင် မပါခဲ့။ ဆူးလေဆူးတွေက မအိမ်ကံ ဖ၀ါးမှာ သီးနေသော်လည်း မအိမ်ကံ ဆူးကို မထွင်နိုင်။ လူတွေကြား တိုးရင်း သာအောင်တို့ ဘက်ကို မအိမ်ကံ ရောက်လာခဲ့သည်။ သာအောင်တို့တစ်တွေက ရင်ပေါင်တန်းကြရင်း လူတွေကို ရင်ဘတ်ကတွန်းရင်း ပြန်ကြပါ...ပြန်ကြပါ အော်နေကြ၏။ “သာအောင်၊ ဆရာကော...ကိုပြေသိမ်းတွေ့လား” “မတွေ့ဘူး မအိမ်ကံ။ သည်ကိုတော့ မရောက်သေးဘူး”

245


လူတွေက မအိမ်ကံကိုတွေ့တော့ ပိုပြီး စိတ်ဝင်စားကြ ပြန်သည်။ စာသင်ကျောင်း အလှူရှင်၊ စာသင်ကျောင်း အစ်မ မဟုတ်လား။ မအိမ်ကံကတော့ မျက်ရည်တွေကို လက်ဖမိုးနှင့် သုတ်ရင်း ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ရှိနေပါ၏။ လူကြားထဲက ပြန်တိုးလာခဲ့ကာ အိမ်ဘက်ကို လျှောက်လာတော့မှ ခြေဖ၀ါးတွေ ကျိန်းစပ် နာကျင်နေတာ သတိထားမိတော့သည်။ ဆူးလေ ဆူးတွေကိုမထွင်ဘဲ မအိမ်ကံ ဆက်လျှောက်လာခဲ့ရာက သမင်လည်ပြန် လှည့်ကြည့်လိုက်သည်။ မီးညွန့်ကျိုးပြီ ဖြစ်သော်လည်း မီးတောက်တွေ မသိမ်းသေး။ တစ်ခါက ကျောင်းသားလူငယ်များဖြင့် ဝေစည်ခဲ့သော မအိမ်ကံ၏ ကျောင်း။ ကျောင်းဆရာ ကိုပြေသိမ်း၏ ရွာကျောင်း။ ခေါင်းလောင်းသံ၊ စာအံသံ၊ ပြေးလွှား ပျော်မြူးကြသံများနှင့် ပွင့်လန်းခဲ့သော ဇောင်ချမ်းကုန်း စာသင်ကျောင်း။ ခုတော့ ပြာ၊ မီးခိုးနှင့် မီးလျှံတွေကြားမှာ အော်ဟစ် ညည်းညူနေသလို တဖြောင်းဖြောင်း ကျိုးကြေနေပါပကော။ ဆို့တက်လာသော ခံစားမှုကို မအိမ်ကံ တင်းမခံနိုင်တော့ဘဲ အသံထွက်အောင်ပင် ရှိုက်ငိုမိခဲ့လေသည်။ သိမ့်သိမ့် ခါအောင် ငိုမိခဲ့ရပါ၏။ စာသင်ကျောင်းကလေးမှာ

ဘာအပြစ်

ရှိလို့လဲ။

ဘာအငြိုးနဲ့

လုပ်ကြတာလဲ။

ဇောင်ချမ်းကုန်းရွာကို

မုန်းတာလား။

ကိုပြေသိမ်းကို မုန်းတာလား။ မအိမ်ကံကို မုန်းတာလား။ ကျောင်းပညာ သင်ယူနေကြတဲ့ ရွာကလေးတွေကိုပဲ မနာလို မရှုဆိတ် ဖြစ်ကြတာလား။ မအိမ်ကံမှာ အမေးသာ ရှိ၍ အဖြေမရှိ။ အဖြေ မရနိုင်တော့ လည်း မျက်ရည်တွေသာ တသွင်သွင် ကျခဲ့ရသည်။ ရွာကင်းတွေကတော့ သံချောင်းမွှေ ခဲ့ကြသည်။ ဘုန်းကြီးပျံပွဲမှာ မဲနေကြတော့ ရွာစွန်က ပိုက်ဆံရှိ အိမ်တွေကို သူခိုး၊ ဓားပြ ၀င်တာနေမှာလို့ သံချောင်းမွှေသံကြားကြားချင်း ထင်မိခဲ့သည်။ ဘုန်းကြီးပျံပွဲကြီး ၀က်ဝက်ကွဲစည်သည့် ရက်မှာမှ သင်းတို့လာဝံ့၊ လုပ်ဝံ့ရဲကြသေးသည်။ ရွာပေါင်းစုံက လူပေါင်းများစွာ အုန်းအုန်းကျွက်ကျွက် ရှိနေကြချိန်မှာမှ သင်းတို့ ၀င်ဝံ့ရဲကြ သကောလို့ပင် မအိမ်ကံ တွေးမိခဲ့သည်။ ကျောင်းကို မီးတင် ရှို့မည် လုံးဝ ထင်ခဲ့။ နောက်မှ မီးတောက်ကြီး ရှိန်းခနဲ ဟုန်းခနဲ တောက်လောင်လာတော့မှ “မီးဗျို့ မီးမီး”ဆိုသည့် အော်သံကြီးတွေ ကြားခဲ့ရသည်။ “ဘုန်းကြီးပျံက ကောက်ရိုးဒုံးရုပ်ကြီးတွေ မီးရှို့ကြသာ ထင်ပါရဲ့အေ။ လေက ပြင်းတော့ မီးစိုးရိမ်ရသယ်” မလှအုံက ခပ်အေးအေးပင် ပြောနေခဲ့သေးသည်။ မလှအုံက လူတွေလှည်းတွေ ငြိမ်မှ ပွဲခင်းကို ကူးဖို့ ပြင်ထားသဖြင့် မီးလောင်စဉ်က အိမ်မှာ ရှိနေခဲ့ပါ၏။ ကျောင်းမီးလောင်လို့ ဆိုသည့် အသံကြားတော့မှ မလှအုံက အိမ်အပေါ်ထပ်က ကလေးနှစ်ယောက်ဆီ တက်ပြေးသည်။ မအိမ်ကံက ကျောင်းဘက်ကို ပြေးလာခဲ့ခြင်း ဖြစ်၏။ မအိမ်ကံ အိမ်ဝကိုရောက်တော့ လူအုပ်ကြီးတစ်အုပ် ၀ိုင်းတိုက်ထဲက ထွက်လာသည်။ ရှေ့ဆုံးမှာ ကိုပြေသိမ်း။ လူတွေက ကိုပြေသိမ်းနောက်မှာ ဓားတွေ လှံတွေ ကိုယ်စီကိုင်ရင်း ရပ်နေကြသည်။ မအိမ်ကံက ကိုပြေသိမ်းကို တွေ့လိုက်မှ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်။ ကိုပြေသိမ်းက အလိုက် သင့်ပွေ့လိုက်သဖြင့်သာ လဲကျမသွားခြင်းဖြစ်သည်။ “အိမ်ကလေး သတိထားမှပေါ့။ တစ်ကျောင်းပြိုတော့ နှစ်ကျောင်းဆောက်ရုံပေါ့ကွယ်။ သွား...သွား အိမ်ထဲမှာ နားချေ။ ကျေးဥလာစမ်း။ လာတွဲခေါ်သွားစမ်း” ထိုစဉ်မှာပင် အမေ ပန်းရုံနှင့် ကျေးဥရောက်လာခဲ့ကြပါ၏။ ကျေးဥက မအိမ်ကံကိုတွဲကာ အိမ်မကြီးဘက် ခေါ်သွားခဲ့သည်။ “မောင်ပြေသိမ်း မင်းဘယ်လဲ၊ မင်းမထွက်နဲ့။ ကျောင်းကို မီးရှို့တာ မင်းကို မကျေနပ်လို့ဆိုသာ အမေသိသယ်။ ငါ့သား မထွက်ပါနဲ့တော့” အမေပန်းရုံ အသံက ဆို့ဆို့ကြီး နင့်လှသည်။ ကိုပြေသိမ်း က အမေ ပန်းရုံကို ဖျောင်းဖျသည်။ အိမ်ထဲဝင်ဖို့ ပြောသည်။ “ကျွန်တော် ပွဲခင်းဘက်ကို သွားမှဖြစ်မှာပေါ့။ ပွဲပြိုရင် ပိုဆိုးတော့မယ် အမေ။ လှည်းတွေ၊ နွားတွေက အစီးထောင် ချီရှိနေတာ။ အခုတောင် ဘာတွေဖြစ်ကုန်မယ် မပြောနိုင်သေးဘူး။ ကျွန်တော် အိမ်စိတ်မချလို့ ပြန်လာတာ။ မကြာပါဘူး။ ကျွန်တော် ပြန်လာမှာပါ” ကိုပြေသိမ်းနောက် ရွာကင်းအဖွဲ့က ကိုပြေသိမ်းကို ၀ိုင်းရံလျက် ရှိကြသည်။ ကိုယ့်ရွာကျောင်း မီးရှို့ခံရတာကို ရှက်ခြင်း၊

246


ယူကျုံးမရဖြစ်ခြင်း၊ နှမြောတသခြင်း၊ ခံပြင်းခြင်း မျက်နှာများဖြင့် သုန်မှုန်နေကြလေသည်။ ကင်းသမားထဲက စံကောင်းက လူကောင် လူလုံးသန်လှသူဖြစ်၍ ဒေါ်ပန်းရုံတို့နှင့် အမျိုးမကင်းသူ ဖြစ်သည်။ မျက်နှာကြီး ရဲလျက် တဆတ်ဆတ် တုန်နေသည်။ “စိတ်ချစမ်းပါ ဒွေးလေးရာ။ ကျုပ်တို့ တစ်ချက်သတိ လွတ်သွားလို့သာပါ။ ဇောင်ချမ်းကုန်းသား သွေးနီမှန်း သိလို့ မိန်းမလို မိန်းမရ လုပ်သွားတာပါ။ တစ်နေ့ ပေါ်လာရမှာပေါ့ ဗျာ။ အကုသိုလ် ဘယ်နေလိမ့်မလဲ” “စံကောင်း ရန်ကို ရန်ချင်း မတုံ့နှင်းနဲ့တော့။ ပြီးပြီးသား ပြီးကြပါစေတော့။ ကိုင်း...ကိုင်း...သွား...ညဉ့်မနက်ကြ နဲ့” ကိုပြေသိမ်းတို့ ထွက်သွားချိန်မှာတော့ မအိမ်ကံ အိပ်ရာ ပေါ်လဲလျက်ရှိ၏။ ကျေးဥက ပြုစုပေးနေသည်။ ကိုပြေသိမ်းတို့ ဆွေမျိုးသားချင်းတွေလည်း ပွဲခင်းထဲက ပြန်ရောက်လာကြပြီ ဖြစ်၍ အိမ်အောက်ထပ်မှာ တချို့၊ အိမ်ပေါ်မှာ တချို့ ရှိနေကြသည်။ မအိမ်ကံ နားထဲမှာ ပြေးလွှားနေသလို တဒီးဒီး အသံတွေ ကြားနေရသည်။ စိတ်ထဲမှာ မီးတောက် မီးလျှံတွေ တဟုန်းဟုန်း တောက်လောင်နေကြ၏။ မီးတောက်တွေထဲက အော်သံတွေ ကြားရသလိုလို။ မီးစွဲ သစ်သားချောင်းတွေ၊ ဆင့်တန်း ရက်မတန်းတွေ ပြုတ်ပြုတ်ကျနေကြသည်။ သက်ကယ် မိုးတွေ မီးလောင်နေကြတာကလည်း တရှိန်းရှိန်း မြည်ဟည်း နေသည်။ သံချောင်းမွှေသံတွေ၊ တစ်ကင်းက တစ်ကင်း၊ ကူးကာ...ကူးကာ။ အာရုံထဲမှာ ကမ္ဘာပျက်နေသလိုလို တစီစီ ပွက်လျက်ရှိ၏။ “မအိမ်ကံ” “ဗုဒ္ဓမင်္ဂလံ၊ ဘုရားရှင်၏ မင်္ဂလာကျက်သရေတော်ကို အာဂမ္မ၊ အကြောင်းပြု၍၊ သဗ္ဗအန္တရာယာ၊ မကောင်းသော အန္တရာယ် အလုံးစုံတို့သည်၊ ၀ိနဿန္တု၊ ကင်းစင်လွင့်ပျောက်ပါစေ ဘုရား။ မကောင်းသော အတိတ်၊ မကောင်းသော နိမိတ်၊ မကောင်းသော ဘေးဥပဒ်၊ မကောင်းသော ဂြိုဟ်စီးဒသာ ကြမ္မာတို့ ကင်းလွတ်ပါစေ ဘုရား” “မအိမ်ကံ...မအိမ်ကံ” မီးတွေက တစ်ရွာလုံးကို ကူးစက် လောင်ကျွမ်းနေသည်။ မီးပင်လယ်ကြီးလို တပြင်တပြန့်ကြီး လောင်နေခြင်း ဖြစ်၍ ရွာသူရွာသားတွေက ဆောက်တည်ရာ မရကြဘဲ မီးဘေးလွတ်ရာ ပြေးနေကြလေ၏။ မအိမ်ကံလည်း သမီး နှစ်ယောက်ကို လက်ဆွဲရင်း ပြေးနေရသည်။ ဇောင်ချမ်းကုန်း၊ ဇောင်ချမ်းကုန်း။ အော်သံတွေက ငရဲပွက်နေကြပါ၏။ မအိမ်ကံ အာရုံထဲမှာ ရှုပ်ထွေးနေသည်။ “မအိမ်ကံ...မအိမ်ကံ” လူပေါင်းများစွာက ခေါ်နေတာကို ကြားသော်လည်း မအိမ်ကံ ပြေးနေရဆဲ ဖြစ်ပါ၏။ ထိုစဉ်မှာပင် အေးမြသော ရေတွေ မျက်နှာကို လာစင်သလို ခံစားလိုက်ရသည်။ မီးတောက်မီးလျှံတွေပါ ငြိမ်းကုန်ကြသလို အသံတွေလည်း တိတ်ဆိတ်သွားပါ၏။ ပရိတ်တော်ရေ၊ ပရိတ်တော်ရေ ဆိုသည့် အသံကို အဝေးကြီးက ပြောနေသလို ကြားနေရသည်။ မအိမ်ကံ မျက်လုံးတွေ ပွင့်လာခဲ့သည်။ ရင်ထဲမှာ အသည်းတွေ အူတွေ တလှပ်လှပ် ခုန်နေကြပါ၏။ အမေ ပန်းရုံနှင့် မလှအုံက ပရိတ်တော်ရေဖြင့် ခေါင်းကို သပ်နေကြသည်။ မျက်နှာသစ် ပေးနေကြသည်။ အေးမြလိုက်သည့် ပရိတ်တော်ရေ။ “အမေ” “သမီး”

247


မျက်နှာပေါင်းများစွာ ငုံ့ကြည့်နေကြတာကို မအိမ်ကံ မြင်နေရပါ၏။ အမေ ပန်းရုံ၏ မျက်ရည်ပေါက်တွေ မအိမ်ကံ ပါးပေါ် တပေါက်ပေါက် ကျနေလေသည်။ မအိမ်ကံ၏ စီးကျလာသော မျက်ရည်တွေကတော့ ခေါင်းအုံးပေါ် တသွင်သွင်။ ဘေးမှာ လာရပ်ကြသမျှသော ဆွေမျိုးတွေ အားလုံးမှာလည်း မျက်ရည်တွေ အလူးလူး ရှိကြပါ၏။ ပွဲခင်းဆီက ဆိုင်းသံတွေ ဝေ့ခနဲ ကြားနေရသည်။ ပွဲကို ထိန်းလိုက်နိုင်ပုံရသည်။ ဒါကိုတော့ မအိမ်ကံ ၀မ်းသာသွားသည်။ သတိကောင်းကောင်းရပြီ ဖြစ်သော်လည်း နှလုံး ခုန်တာတွေ ငြိမ်သွားအောင် မျက်လုံး မှေးရင်း ငြိမ်နေလိုက်သည်။ မလှအုံ၏ အန္တရာယ်ကင်း ပရိတ်ရွတ်သံ ဝေး၍ ဝေး၍ သွားပြန် လေသည်။ မအိမ်ကံတို့

ဝိုင်းတိုက်ထဲမှာ

လူလေးငါးခြောက်ဆယ်လောက်

ရှိနေကြသည်။

အိမ်ရှေ့ကွက်လပ်တွင်

ဖျာကြမ်းတွေ

ခင်းထားသော်လည်း လူများသည့် အတွက် တချို့က ဖုန်ထဲမှာပဲ ထိုင်ကြသည်။ စိတ်ဝင်စားကြသော ရွာသူရွာသား တချို့နှင့် ရွာလူကြီးသူမ နှစ်ယောက် သုံးယောက်ပါ ရှိနေကြပါ ၏။ ရွာခေါင်းဆောင် သာအောင်နှင့် ကင်းမှူး စံကောင်းတို့က ကိုပြေသိမ်းနှင့် အတူ ထိုင်လျက်ရှိကြသည်။ ဘုန်းကြီးပျံပွဲကြီး ပြီးသွားတာ တစ်ပတ်ကျော်ခဲ့လေပြီ။ ဆိုင်ရာ ငှားရမ်း ထားရသော ပစ္စည်းတွေ ပြန်တိုက်ပို့ရသည့် အတွက် ရွာလှည်းတိုင်း ကုသိုလ်ပါခဲ့ကြရသည်။ တည်းကျောင်း မဏ္ဍပ်များ အတွက် ငှားရမ်းထားသော တိုင်များ၊ ၀ါးများ၊ ထန်းလက် များက အစ များလှစွာသော ပစ္စည်းတွေ ဆိုင်ရာ ဆိုင်ရာ ရွာတွေကို ရောက်အောင် ပို့ကြရသည်။ ရွာလည်း ပန်းကြလှပြီ။ ငွေကြေး အလှူဒါနပြု သည့်အထဲ ထည့်ဝင်ကြရ သကဲ့သို့ လုပ်အား ဒါနတွေလည်း ပေးခဲ့ကြရပါ၏။ ရွာ့ကိစ္စ

မဆွေးနွေးရသေးတော့

အားလုံးအားလောက်သည့်

ညနေပိုင်းတစ်ပိုင်းမှာ

သာအောင်က

လူစုပေးခဲ့သည်။

ကျောင်းမီးလောင်သည့် ညက ကင်းတာဝန်ကျကြ သူတွေပါ ဆင့်ခေါ်ထားကြသဖြင့် ရွာက အဖြစ်မှန်ကို သိချင်နေကြ သူများပီပီ တဖွဲဖွဲ ရောက်လာကြသည်။ ရွာကင်းက ကင်းမကြီး လေးကင်းရှိသော်လည်း ကြားကင်းတွေလည်း ဖြိုးဖြိုးဖြောက်ဖြောက် ဆောက်ထားတာ ရှိသည်။ တောင်ကင်းက ကင်းမွှေလျှင် မြောက်ကင်းက ကြားနိုင်ဖို့ မလွယ်သဖြင့် ကြားကင်း ထားရခြင်း ဖြစ်၏။ ကြားကင်းသမားတွေလည်း ပါကြရသည်။ ထိုညက ပထမဆုံး သံချောင်း မွှေခဲ့သူမှာ ဖိုးညောင်းဖြစ်သည်။ ဖိုးညောင်း အသံကို ၀ိုင်းတိုက်ထဲမှာ အကျယ်ကြီး ကြားနေရသည်။ မအိမ်ကံတို့ အမျိုးသမီး တစ်သိုက်က အိမ်ပေါ် ၀ရန်တာမှာ ထိုင်နေကြသော်လည်း ကြားနေရပါ၏။ “အဲသည့်ညနေက ကျုပ်နဲ့ အတူကျသာက ငပြောင်းရယ်။ ငပြောင်းက ပွဲတော်ကွင်း အကြော် သွားဝယ်မယ်ဆိုတော့ ကျုပ်က လွှတ်လိုက်သယ်။ ကင်းစင်အောက်မှာ ရေနွေး အိုးကလည်း တည်ထားတော့ ကျုပ်လည်း မီးဆင်းထိုးပါ သေးသယ်။ အကြော်လာရင် ထမင်းစားမယ်ပေါ့ဗျာ။ ကင်းစင်ပေါ် ပြန်တက်တော့ ရွာဘက်ကို ၀င်မယ့် လမ်းမှာ ဖုန်ထ သာတော့ တွေ့သား။ ပွဲရက်ဗျာ။ ရွာပေါင်းစုံက ဥဒဟို ၀င်ထွက်နေကြသာ ကျုပ်ကလည်း သည်လိုဖြစ်လိမ့်မယ် ခေါင်းထဲကို မရှိသာဗျာ။ ရွာတံခါးကြီးကလည်း ပွဲရက် ဆိုတော့ တောက်လျှောက် ဖွင့်ထားရသာ မှုတ်လား။ ကင်းတံခါးကလည်း ဒလဟောပေါ့ဗျာ။ ခဏနေတော့ အဝေးက ဖုန်လုံးထသာတွေ့တော့ တွေ့သား။ ကျုပ်က အဝေး လှည်းတွေပဲ ထင်သာ။ ဒါနဲ့ အကြော်သွားဝယ်သဲ့ ငပြောင်း လှမ်းမျှော်နေတုန်း ၀ါးဆယ်ပြန်လောက်မှာ မြင်းနှစ်ကောင်၊ လူသုံးယောက် လှမ်းတွေ့လိုက်သယ်။ ဒါလည်း ကျုပ်က မကောင်းသူ မကောင်းသား မထင်ပါဘူး။ မြင်းနဲ့လည်း သွားလာနေကြသာကိုးဗျ။ ဒါပေသိ ကျုပ်က ကင်းစင်ပေါ်က လှမ်းတော့ မေးလိုက်သယ်။ ပွဲကြည့်လား ဆိုတော့ မဖြေဘူးဗျ။ အတင်းနှင်ကြတော့သာ။ ကျုပ်စိတ်ထဲ ပွဲကြည့်တွေပဲ မှတ်သေးသာ။ နောက်တော့ ပွဲခင်းဘက် မသွားဘဲ ရွာအရှေ့ ချိုးသွားသာ တွေ့လိုက်တော့ စိတ်ထဲ ယနမကင်းသာနဲ့ ကျုပ်လည်း ကင်းသံချောင်း ထမွှေသာပဲ” ကိုစံကောင်းက ၀င်မေးသည်။ မျက်နှာက ခပ်မှုန်မှုန်။ “လူသုံးယောက် မြင်းနှစ်ကောင်ဟုတ်လား။ တစ်ကောင်က နှစ်ယောက်စီးသာလား” “ဟုတ်သယ်။ နောက်မြင်းမှာ နှစ်ယောက်ပါသာ။ နှစ်ယောက်စီးသာပေါ့ကွာ” “ခင်ဗျား မှတ်မိလား”

248


“ဘယ် မှတ်မိမှာတုံး။ မင်းနှယ်၊ ဗြောဆို ၀င်သွားပါ တယ်ဆိုမှ” ဖိုးညောင်းက ဒါပဲပြောနိုင်သည်။ ဒုတိယသံချောင်း မွှေသည့် ကင်းသမားက လှဦးဖြစ်သည်။ “ကျုပ်က ကိုဖိုးညောင်း သံချောင်းသံ ကြားလို့ တွန်းခေါက်သာ။ ဘာရယ် သိသာ မှုတ်ဘူး။ ကျုပ်စိတ်ထဲ ဖိုးညောင်းမူးနေသယ် ထင်သေးတာ” “မဟုတ်သာကွာ။ ကင်းကျသခိုက်တော့ ငါမသောက် ရပါဘူး။ ဘုရားစူးရပါစေ့” ကင်းတွေက သံချောင်းသံ ဆက်သွားအောင် မွှေနိုင်ခဲ့ ကြပါ၏။ သည်လူတွေ ဘယ်ကင်းတံခါးက ထွက်သွားကြတာလဲ။ ကိုစံမြက သူ့ကင်းက ထွက်သွားသည်ဟု ဆိုသည်။ ရွာ့မြောက်ကင်းက လမ်းတစ်ဆစ် ချိုးကွယ်နေသည့် နေရာ ဖြစ်သည်။ မြင်းနှစ်စီး ရုတ်တရက် ထွက်လာတော့မှ မြင်လိုက် ရသည်ဟု ရိုးရိုးသားသား ဖြေသည်။ “တစ်ခုတော့ ရှိသယ်။ ကျုပ်မြင်လိုက်သာတော့ မြင်းနှစ်ကောင် လူနှစ်ယောက်ပဲ။ ကျုပ်မျက်လုံးကလည်း ၀ါးတားတားရယ်။ နို့ပေသိ သေချာပါသယ်” ကိုစံမြနှင့်အတူ ကင်းကျသူကို ဥသြကလည်း မြင်းတစ်ကောင် လူတစ်ယောက်စီပဲလို့ ဆိုသည်။ ဒါဆိုလျှင် တစ်ယောက် ကျန်ရစ်ခဲ့တာပေါ့။ ဘယ်သူလဲ။ ဒါကလည်း ရှာဖို့ သိဖို့ မလွယ်။ ဈာပနပွဲရက်ကြီးဆိုတော့ မြင်းပေါ်က ကျန်ရစ်သူ ဘယ်သူဆိုတာ သိနိုင်ဖို့မလွယ်။ သည်တစ်ယောက်က ဘာကိစ္စ ကျန်နေခဲ့တာလဲ။ စာသင်ကျောင်း မီးရှို့မည့်သူက ပွဲကြည့်ချင်လို့ ဆင်းနေခဲ့တာတော့ မဖြစ်နိုင်။ မြင်းပြေးရင်း မီးကွင်းပစ်ကြတာလား၊ မီးတုတ်ပစ် တင်တာလား။ ဒါဆိုရင် နောက်က ထိုင်လိုက်ခဲ့ပြီး မြင်းနှင့် ပါမသွားဘဲ ကျန်ရစ်သူသာ မီးနှင့်တိုက်သူ ဖြစ်ရမည်။ ၀ိုင်းတိုက်ထဲမှာ ရှိကြသူတွေက ကျွက်စီကျွက်စီ

မြည်လာကြသည်။

တစ်ယောက်တစ်

ပေါက်

သဘောထားတွေ

ပြောလာကြသည်။

အသံတွေက

ကျယ်သည်ထက် ကျယ်လာခဲ့ပါ၏။ “သည်လိုဗျ” ကိုပြေသိမ်းအသံကြောင့် အသံတွေ ရှဲခနဲ တိတ်သွား ကြသည်။ “ကျွန်တော်တို့ ကျောင်းကလေးကို မီးရှို့ချင်တာတော့ သေချာပြီ။ စဉ်းစားစရာတွေတော့ ရှိတာပေါ့ဗျာ။ သည့်ပြင် ရက်တွေ ညဘက် လာရှို့လည်း ဖြစ်သားပဲ။ ဒါပေမယ့် ရွာတံခါးက ရှိနေတယ်။ ကင်းတွေ ရှိနေတယ်။ သည်တော့ ကင်းတံခါးတွေ ဖွင့်တဲ့ ရက်ကို ရွေးကြတာပဲ” ကိုပြေသိမ်း ပြောတာကို ရွာလူကြီးတွေက ထောက်ခံကြသည်။ သည်ဘက်ရက်တွေမှာ ကင်းတွေကို ကျကျနန စောင့်စေသည်။ ကင်းသား အလဲမှာ ကင်းအပ်ပြီးမှ လဲကြရ သည်ဖြစ်၍ လူလစ်စရာ မရှိ။ သည်ရက်ကို တမင်စောင့်ကြ ခြင်းဖြစ်လောက်ပါ၏။ “အခု ဘာတွေ့သလဲဆိုတော့ လူတစ်ယောက် ရွာမှာ ကျန်ရစ်ခဲ့တယ်။ ကင်းသမားတွေပြောတာ တွက်ကြည့်ရင်ပေါ့ဗျာ။ အနောက်ကင်းမက ၀င်တယ်။ မြောက်ကင်းက ထွက်တယ်။ ဟုတ်ပြီ။ ဘာဖြစ်လို့ မြောက်ကင်းက ထွက်ကြတာလဲ။ မြောက်ကင်းမှာလမ်းက တစ်ဆစ် ချိုးသွားတယ်။ နည်းနည်း ထွက်လိုက်တာနဲ့ လှမ်းမမြင်နိုင်တော့ဘူး။ ဒါကို ကြည့်ရင် ရွာအနေအထားကို သိတဲ့လူတွေ ဖြစ်ရမယ်” ရွာမိရွာဖတစ်ဦးဖြစ်သော ဘကြီးတင်က ကိုပြေသိမ်း စကားအဖြတ်တွင် တစ်ခွန်း ၀င်ပြောလိုက်သည်။ “မောင်ပြေသိမ်းရဲ့၊ ဘကြီးပြောမယ်။ ရွာထဲမှာ တစ်ယောက် ကျန်ကျန်၊ သုံးယောက်စလုံးပဲ ကျန်ကျန်၊ အခု ဟာက မြင်းနဲ့ လာကြလို့သာကိုး။ ရွာကင်းတံခါးတွေ ဖွင့်ထားသဲ့ ရက်မှာ ခြေကျင်လာလည်း ဖြစ်သာပဲကွယ့်။ ၀င်လာနိုင်ရင် မီးရှို့နိုင်သာပဲ

249


မဟုတ်လား” ကိုပြေသိမ်းက ၀င်ဖြေသည်။ “ဟုတ်ပါတယ် ဘကြီးပြောတာ။ မြင်းနဲ့လာတာက အကြောင်းရှိတယ် ဘကြီးရဲ့။ မြင်းနဲ့က ပြေးပြေးပစ်ပစ် လုပ် နိုင်တယ်။ လူချည်းဆိုရင် တစ်ယောက်မဟုတ် တစ်ယောက် တိုးနိုင်တယ်။ ပိတ်ဆို့ ဖမ်းနိုင်မယ်။ မြင်းကျတော့ လိုက်ဖို့ ခက်တယ်” “အေးကွ။ မောင်ပြေသိမ်းပြောသာ မှန်သယ်” “စောစောက ရွာအနေအထား သိတဲ့လူ ဖြစ်ရမယ်ဆိုတာ ကျွန်တော် ပြောခဲ့တယ်။ စဉ်းစားကြည့်တော့ တစ်ရွာ့ တစ်ရွာ လမ်းသိနေကြသူတွေချည်း ဆိုတော့ ပြောရတာ ခက်တယ်။ ထားပါတော့ဗျာ။ ပဲစေ့တစ်တင်း သွန်ပြီး စုန်းပြူးကောက်ရ သလို ဖြစ်ရော့မယ်။ ကျွန်တော် စဉ်းစားတာက ဘာကိစ္စ ကျောင်းကို မီးရှို့ရတာလဲဆိုတဲ့ အချက်ပဲ ခင်ဗျ” ထိုနေ့က စကားဝိုင်းမှာ စိတ်ဝင်စားစရာ ကောင်းလှသည်။ မအိမ်ကံတို့ပင် ၀ရန်တာမှာ ထိုင်ရင်း စကား မဟခဲ့ကြ။ မအိမ်ကံ ကိုယ်တိုင်လည်း ကိုပြေသိမ်း စဉ်းစားသလို စဉ်းစားမိခဲ့သည်။ ရွာထဲက အိမ်တစ်အိမ် အိမ်ကို မီးရှို့သွားတာ မဟုတ်။ မအိမ်ကံတို့ကို ငြိုးသူဆိုရင်လည်း မအိမ်ကံတို့ အိမ်မကြီးကို လမ်းမပေါ်က မီးကွင်းပစ်ဖို့ မလွယ်။ လမ်းနှင့် အိမ်က တလင်းပြင်ကြီး ခြားနေတာ မဟုတ်လား။ သည်တော့ ကျောင်းကို ရန်ရှာသွားခဲ့တာ သေချာသည်။ သို့သော် ကိုပြေသိမ်း ပြောသလို လူမိဖို့ဆိုတာတော့ မဖြစ်နိုင်ပါ။ ပွဲရက် ဆိုတော့ တစ်ညလုံး ရွာတံခါးတွေက ဘယ်သူမဆို ၀င်နိုင် ထွက်နိုင်ကြတာ မဟုတ်လား။ “တစ်ခုတော့ ရှိသယ်ဗျ” ဖိုးညောင်း အသံ။ စကားသံတွေ တိတ်ဆိတ်သွားပြန် သည်။ “မြင်းနောက်က

စီးတဲ့

ကောင်က

ရှေ့ကကောင်ကို

ခါးဖက်ထားသယ်။

သည်တော့

လူလုံးချင်းယှဉ်ထိုင်သလို

ဖြစ်နေသာပေါ့နော။ နောက်ကကောင်က လူပုပုရယ်ဗျ။ ပုပု ညှက်ညှက်ရယ်။ ကျုပ်မှတ်မိပြီ။ ဟုတ်သယ်။ ရှေ့ကကောင် နဲ့ ခေါင်းမညီဘူး။ ပုပုကလေးရယ်” လူပုပုကလေး။ ဘယ်သူဖြစ်နိုင်သလဲ။ ကိုပြေသိမ်းက တရားခံကို မမျှော်လင့်ပါ။ အကြောင်း ရည်ရွယ်ချက်ကိုသာ သိချင်သည်။ အခုတော့ အစတစ်စ ထွက်လာပြီ။ အရပ်ပုပု လူတစ်ယောက်။ မီးကွင်းပစ်လိုက်သူဟာ အရပ်ပုပု။ သည်လောက်နှင့်ပင် ထိုနေ့က စကားသိမ်းလိုက်ရသည်။ မအိမ်ကံကတော့ အိပ်ရာထဲ ၀င်ခဲ့သည့်တိုင် မီးတောက် မီးလျှံများနှင့် လူပုပု တစ်ယောက်ကိုသာ မြင်ယောင်နေမိပါ ၏။ ကိုပြေသိမ်းက ဘာမှတော့ မပြော။ သူလည်း စဉ်းစားနေ ပုံရသည်။ နောက်တော့ ကိုပြေသိမ်း အိပ်ပျော်သွားသည်။ မအိမ်ကံကတော့ ရွာခေါင်းဆောင် သာအောင် တစ်ယောက် ဘာကြောင့် စကားတစ်ခွန်းမှ မပြောခဲ့တာလဲ ဆိုတာကို စဉ်းစား နေမိသည်။ တကယ်ဆိုလျှင် ရွာကင်း ခေါင်းဆောင် တစ်ယောက် အနေဖြင့် မေးရမည်။ မြန်းရမည်။ စကားတွေ ပြောရမည်။ ဆွေးဆွေးနွေးနွေး ရှိရမည်။ ဒါဖြင့် သူဘာကိစ္စ ငြိမ်နေရတာလဲ။ ပြောစရာ မရှိလို့ မပြောတာလည်း ဖြစ်နိုင်ပါ၏။ သို့ပေသိ မအိမ်ကံ စိတ်ထဲမှာ ၀ိုးဝိုးဝါးဝါး ခံစားနေ ရသည်။ တစ်စုံတစ်ရာ လွဲချော် နေသလို ရှိနေခြင်းပင်။ ရွာကျောင်းကို သာအောင် မီးရှို့ခဲ့တာ မဟုတ်။ ရှို့စရာလည်း အကြောင်းမရှိ။ သာအောင်မှာ သည်လို ယုတ်ညံ့သည့် စိတ်မရှိတာ မအိမ်ကံ ယုံကြည်ပါ၏။ တစ်စုံတစ်ယောက်က သည်အကြံအစည်မျိုး ရှိသည်ဆိုလျှင်ပင် တုတ်တပြက် ဓားတပြက် ထလုပ်မည့် လူမျိုး။ အစ်ကို မောင်မြတ်သာနှင့် အတူ တိုင်းပြည် ကိစ္စတွေမှာ ပါခဲ့သူပင်။ ဒါဖြင့်ရင် ကျောင်းမီးရှို့ခဲ့သည့် ကိစ္စမှာ ဘာကြောင့် သာအောင်ကို သံသယ ရှိနေတာလဲ။ မအိမ်ကံ ဒါကိုတော့ တွေးလို့ မရပါ။ ရေရေရာရာ ထင်းထင်းရှင်းရှင်း မရှိ။ မအိမ်ကံ စိတ်ထဲမှာ မှုန်မှိုင်းမှိုင်းအငွေ့ တစ်မျိုး ယှက်သန်းနေတာပဲ ရှိ၏။ မအိမ်ကံ မအိပ်နိုင်သေး။ အိပ်ရာက အသာထ လာခဲ့တာ ပြတင်းပေါက်နား လာရပ်သည်။ ဇောင်ချမ်းကုန်းရွာကလေးပင် ငြိမ်သက်

250


အိပ်မောကျနေခဲ့ပြီ။ တပေါင်းလ၏ ညလေအေးအေးက တရှရှ တိုက်ခတ်နေသည်။ မအိမ်ကံပင် ခေါင်းကြည်သွားခဲ့သည်။ မအိမ်ကံမှာ ထူးခြားသော ဥာဏ်ရည် တစ်မျိုးရှိမှန်း သူ့ကိုယ်သူ သိသည်။ တစ်စုံတစ်ရာ ထင့်ခနဲ ဖြစ်သွားလျှင် သေချာအောင် တွေးသည်။ ရှင်းရှင်းလင်းလင်း ဖြစ်အောင်တွေးသည်။ ရုပ်လုံးသဏ္ဌာန် ပေါ်အောင် တွေးလေ့ ရှိသည်။ အခုလည်း သာအောင်ကို သံသယ မရှိသော်လည်း မအိမ်ကံ စိတ်ထဲမှာ ထင့်ခနဲ ခံစားရတာတစ်ခု ရင်ထဲမှာ စလုံး စခု ခံနေပါ၏။ ထိုညက ကျောင်းကြီး မီးဟုန်းဟုန်း တောက်နေချိန်မှာ မအိမ်ကံ ဖိနပ်မပါဘဲ ကျောင်းဘက်ကို ပြေးခဲ့သည်။ ကျောင်းကြီး မီးတောက် စွဲနေတာကို အရွာရွာက ပွဲတော်လာတွေ ကြည့်နေကြတာ အုံကြီးခဲရ။ မအိမ်ကံ လူကြားထဲ တိုးကာ တိုးကာ လာခဲ့တော့ ရှေ့ဆုံးကို ရောက်လာခဲ့၏။ သာအောင်တို့ ရပ်ရွာကာကွယ်ရေး ကင်းသမားတွေက လူတွေကို ပွဲခင်းထဲ ပြန်ဖို့ အော်နေကြသည်။ ဒါကလည်း ပွဲခင်းထဲမှာ ပွဲပျက်မှာ စိုးလို့ဆိုတာ မအိမ်ကံ နားလည်ပါသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လာသလား မေးတော့ သာအောင်က မလာကြောင်း ဖြေတာကိုလည်း မှတ်မိသည်။ မအိမ်ကံ

အတွေးတွေကို

ပြန်စုစည်းသည်။

လူအတော်

များများက

ရင်ပေါင်တန်းကာ

ရပ်ကြည့်နေသူတွေကို

တွန်းလွှတ်နေကြတာကို စူးစူးစိုက်စိုက် မျက်စိမြင်အောင် ကြည့်သည်။ လူတွေကို ပြန်ကြပါ၊ ပြန်ကြပါ နှင်ကြသူတွေ။ သည်လူတွေကကော ဇောင်ချမ်းကုန်းက ချည်းပဲလား။ သည်အချိန်မှာ သူ့ရွာသား ကိုယ့်ရွာသားရယ် မရှိနိုင်။ တစ်ရွာ့ တစ်ရွာ အကြောင်းကိစ္စ ရှိလျှင် သည်လိုပင် ၀ိုင်းကြမြဲ။ မအိမ်ကံ ၀ိုးဝိုး ၀ါးဝါးဖြစ်နေတာကို သဘောပေါက်လိုက်ပြီ။ သာအောင့် ဘေးမှာ လူတစ်ယောက် ရှိနေခဲ့သည်။ လည်ပင်းပေါ်မှာ မျက်နှာသုတ် ပ၀ါတစ်ထည် ခွတင်ထားသည့်လူ။ အရပ်ပုပု။ သည်လူကလည်း ပွဲခင်းကို ပြန်ကြပါ၊ ပြန်ကြပါ အော်နေတာကို မအိမ်ကံ မှတ်မိပြီ။ သည်လူက သာအောင်နှင့် ဆက်စပ်နေသလား။ မဆက်စပ်ဘူးလား။ ဒါတော့ မအိမ်ကံ မသိ။ သေချာ တာက အရပ်ပုပု လူတစ်ယောက် ထိုနေ့က သာအောင်နှင့် အတူ ရှိနေခဲ့ခြင်းပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်ခဲ့ပါ၏။ သည်ကိစ္စက သေချာတာ မဟုတ်တော့ မအိမ်ကံကိုယ်တိုင် ၀မ်းထဲ မျိုချ ထားလိုက်သည်။ ကိုပြေသိမ်းကတော့ အိပ်ပျော်နေဆဲ။ “ငါ့ကျောင်းကို မီးရှို့တဲ့လူ ဘယ်သူလဲ။ ဘာဖြစ်လို့များ ငါ့ကျောင်းကိုမှ မီးရှို့ရသာလဲ။ သည်ကိစ္စ တစ်နေ့တော့ ပေါ်ကို ပေါ်လာရမှာပဲ။ သင်းမလွတ်နိုင်ပါဘူး” မအိမ်ကံ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်သည်။ သို့သော် ထိုအပြုံးက ရက်စက်ခြင်း၊ နာကြည်းခြင်း၊ ခံပြင်းခြင်း၊ ဆူဝေခြင်းစသော ခံစားမှုများအတွင်းက ယိုစိမ့်ကျလာသော အပြုံးပင် ဖြစ်လေသည်။ “သည်ကိစ္စ သာအောင့်ဆန္ဒတော့ မပါလောက်ဘူး။ ဒါပေမယ့် သာအောင် သိတယ်။ ဒါ ကြီးတော်စံရွှေနဲ့ ပတ်သက်တဲ့ လူဖြစ်ရမယ်။ မအေ လုပ်တဲ့ ကိစ္စဆိုတော့ သားတစ်ယောက် အနေနဲ့ ရေငုံနေတာပဲ ဖြစ်လိမ့်မယ်။ ဘယ်သူပဲ လုပ်လုပ်၊ ရွာက တောကြောင် တစ်ကောင်ပါနေပြီပဲ” တစ်ခုတော့ ရှိပါရဲ့။ ကြီးတော်စံရွှေက ဂျပန်ခေတ် တစ်ခေတ်လုံး ငြိမ်နေခဲ့ပြီး ဘယ်လိုကြောင့် ခုမှ တစ်စခန်းထရ တာလဲ။ မအိမ်ကံ အတွေးတွေ မရပ်ခဲ့။ ထိုညက မိုးသာစင် စင်လင်းတော့သည်။ စာသင်ကျောင်း မီးလောင်ခံရသည့် ကိစ္စနှင့် ပတ်သက်၍ ကိုပြေသိမ်းမှာ မြင်းခြံမြို့ရှိ ပညာရေး ဌာနရုံးသို့ ဖြစ်ပျက် ပုံတင်ပြရန် သွားရသည်။ လွတ်လပ်ရေးရပြီးသည့် နောက်ပိုင်း ကိုပြေသိမ်းကို ကျောင်းအုပ်ဆရာကြီး အဖြစ် တရားဝင် ခန့်အပ် ခဲ့ရုံသာမက ကျောင်းကိုလည်း အစိုးရ အသိအမှတ်ပြု မူလတန်းကျောင်း အဖြစ် သတ်မှတ်ပေးခဲ့သည်။ ဇောင်ချမ်းကုန်းရွာ မူလတန်းကျောင်းဆိုသည့် တရားဝင် အမည်ရခဲ့သည် မှန်သော်လည်း ရွာတွေက မအိမ်ကံကျောင်းလို့ပင် နှုတ်ကျိုး နေကြလေပြီ။ မအိမ်ကံကျောင်း မီးလောင်လို့တဲ့ဆိုသည့် သတင်းက ရွာတိုင်းတွင် ပျံ့နှံ့လျက်ရှိပါ၏။ “မအိမ်ကံကျောင်း မီးလောင်သာ ထင်းတို တစ်ချောင်း မရလိုက်ဘူးသဲ့။ လုပ်ကြတုန်းက မအိမ်ကံတို့ အိမ်ကြီးကို မီးရှို့ချင်သာသဲ့တော်။ အိမ်ကြီးကို မလုပ်ရတော့ ကျောင်းကို မီးရှို့သာပေါ့။ ရက်စက် ယုတ်မာချက်တော့ မလုပ်ကောင်းသာ လုပ်ကြတာများ...”

251


“မအိမ်ကံကျောင်း မီးလောင်သာ ထူးတော့ ထူးဆန်း သားဗျ။ ဘုန်းကြီးပျံပွဲရက်မှ ထလုပ်ကြသာ စဉ်းစားလို့ မရဘူး။ လူတွေ ပွဲလန့်ပြီး ဘာမှ မဖြစ်ကြသာ ကံကောင်း။ ဘယ်လို လူတွေကများ သည်လောက် လက်ရဲ၊ ဇက်ရဲ နိုင်ကြ သာပါလိမ့်” “ဆရာလေးက နိုင်ငံရေး စကားတွေ တွန်းပြောလို့ မကျေနပ်သဲ့ လူက လုပ်သာလို့လည်း ကြားသာပဲ။ တချို့ ကလည်း ဆရာလေးက ရွာကင်းတွေ လိုက်ဖွဲ့လို့ သူခိုး၊ ဓားပြက အငြိုးနဲ့ ရှို့သာလို့လည်း ပြောကြသယ်။ အမှန်တရားတော့ ဘုရားမှ သိမှာပဲ” အထင်တွေ အမျိုးမျိုး၊ အတွေးတွေက အမျိုးမျိုး။ ရွာတွေမှာ သည်စကားက ကြက်ရေသောက်သလို အ၀င်သာရှိ၍ အထွက် မရှိ။ ဝေဖန်ချက်သာ ရှိ၍ အဖြေမရှိ။ ဘယ်လိုပင် ဖြစ်စေ ရွာပေါင်းစုံက ကလေးတွေ ကျောင်းမရောက်ရတာပဲ အဖတ်တင်သည်။ ကျောင်းဆောက်ဖို့ဆိုတာ

လွယ်တာ

မဟုတ်။

ချက်ချင်း

ထဆောက်လိုက်စမ်းမဟဲ့ဆိုသော်လည်း

ပညာရေးဌာနက

စုံစမ်းတာတွေ ရှိလာဦးမည်။ အမိန့်ချမှတ် ပေးမှ ပြန်ဆောက်ခွင့်ရှိသည်။ ကိုပြေသိမ်းမြို့ကို သွားပြီး ကျောင်းပြန်ဖွင့်ရေး လုံးပမ်းနေတာကိုလည်း ရွာတွေက သိကြပါ၏။ သည်တစ်ကြိမ်တော့ ရွာပေါင်းစုံက ငွေထည့် လှူချင်ကြသည်။ တစ်ချိန်က စာသင်ကျောင်းကလေး အပေါ် အာရုံ မရှိခဲ့ကြသော ရွာများကပင် အချိုးကျ ထည့်ဝင်ရန် ပြောလာကြပါ၏။ “သြော်

ရွာတွေမှာလည်း

ဘုန်းကြီးပျံပွဲ

အတွက်

လုံးပမ်း

ထားရတော့

ပင်ပန်းနေကြမှာပါရှင်။

လက်မခံပါရစေနဲ့။

မအိမ်ကံကျောင်းကို မအိမ်ကံပဲ ပြန်ဆောက်လှူစမ်းပါရစီ။ ကျွန်မတို့ မိသားစုအဖို့ သည်လောက်တော့ ရုန်းနိုင်ပါသေးသယ်။ ပညာရေးဌာနက ခွင့်ပြုပြီဆိုတာနဲ့ ကျောင်းပြန်ဆောက်မှာပါ” ရပ်ရွာတွေက လူကြီးတွေ ငွေထည့်ဝင်ဖို့ ပြောလေတိုင်း မအိမ်ကံ ယဉ်ယဉ်ကျေးကျေး ငြင်းသည်ချည်းပင်။ မအိမ်ကံ တို့မှာလည်း စီးပွားရေးအရ အရင်ကလို “မား”လှတာတော့ မဟုတ်။ စစ်ကြီး တစ်ခေတ်လုံး ဝေကာမျှကာ ကျုံးကာ ရုန်းကာ ကုန်ခဲ့ရတာ တစ်မျိုး၊ ဓားပြ သုံးကြိမ်ဝင် အတိုက်ခံခဲ့ရတာ တစ်မျိုး၊ ဆွေတွေမျိုးတွေကို လူလုံးမျှအောင် ဝေရခြမ်း ရတာ တစ်မျိုးဆိုတော့ မအိမ်ကံမှာ စိတ်ရှိတိုင်း ကိုယ်မပါနိုင်။ သို့သော် မအိမ်ကံတို့ အဖို့ ဆင်ပိန်တော့ ကျွဲလောက်ဆိုသလို ကျန်သင့်သလောက် ကျန်ပါ၏။ မအိမ်ကံတို့မှာ လယ်တွေ၊ ချောင်းတွေ ကျန်သင့်သလောက် ကျန်သည်။ အဖေသူကြီး

ရှိစဉ်အခါကတည်းက

ရွာကျောင်းမှာ

ဆွမ်းစားကျောင်း

လှူခဲ့သည်။

စာသင်ကျောင်း

ဆောက်သည်။

ရွာဦးဇရပ် ဆောက်လှူသည်။ ရေတွင်း နှစ်တွင်း၊ ရွာလယ် တံတားတွေ အသစ် တည်ပေးခဲ့သည်။ ကျောင်းသုံး ပရိဘောဂတွေဆိုတော့လည်း မအိမ်ကံပင်။ ဆရာတော်ကြီး ဈာပနမှာလည်း မအိမ်ကံတို့ပင် နင့်နင့်နဲနဲ မတည်ခဲ့ရသည်။ အခုလည်း

အမေပန်းရုံက

စာသင်ကျောင်းကလေး

ပြန်ဆောက်ချင်သည်

ဆိုတော့

မအိမ်ကံ

မဖြစ်ဖြစ်အောင်

ဆောက်လှူရတော့မည်။ အမေ ပန်းရုံခမျာ အသက်ရရှာပြီ။ သူလှူချင် သည်ဆိုတာကို မအိမ်ကံ ဖြစ်အောင်လုပ်ပေးဖို့သာ ရှိပါ၏။ မီးလောင်သည့်ညကပင် သည်ကျောင်းကို ငါပြန်ဆောက်လှူ မယ် ပြောခဲ့တာ မအိမ်ကံအသိ။ မအိမ်ကံကလည်း လှူချင် သည်။ မအိမ်ကံကျောင်းကို မအိမ်ကံ ပြန်လည် တည်ထောင် ရမည်။ သည်လို ကိစ္စတွေမှာ ကိုပြေသိမ်းကို အိမ်သားအဖြစ် အသိပေးခြင်းသာ ရှိ၍ မအိမ်ကံကပဲ ဆုံးဖြတ်လေ့ ရှိ၏။ ကိုပြေသိမ်းကလည်း မအိမ်ကံ လုပ်ချင်တာ မှန်သမျှ ကန့်ကွက် တာမျိုး၊ တားတာမျိုး မရှိခဲ့။ “အိမ်ကလေး သဘောပါ”လို့ ဆိုသည်ချည်းပင်။ အစစအရာရာ ရှားပါးနေချိန်တွင် မအိမ်ကံ တစ်ချီတစ်မောင်း ရုန်းထဖို့ တော်တော် ကြိုးစားရမှာကိုလည်း သိပါ၏။ သို့သော် မအိမ်ကံ ဆုံးဖြတ်ပြီးပြီ။ ကိုပြေသိမ်း မရှိသည့် တစ်ရက်တွင် အစ်ကိုလေး ကိုစံကောင်းကို မအိမ်ကံ အခေါ်ခိုင်းလိုက်သည်။ ကိုစံကောင်းက အမေပန်းရုံ၏ အစ်ကို ၀မ်းကွဲက မွေးသည့်သား ဖြစ်သည်။ ရွာမှာပဲ နေထိုင်သူ ဖြစ်၍ မအိမ်ကံတို့ အိမ်အလုပ်တွေ မနိုင်တိုင်း ကိုဖိုးငွေတို့နှင့် လာဝိုင်းတတ်သူဖြစ်၏။ မဟုတ်မခံ စိတ်ရှိသည့် အပြင် မအိမ်ကံကိုလည်း ချစ်ရှာသည်။ ကိုစံကောင်း ရောက်လာတော့ မအိမ်ကံက သရက်ပင်အောက် ခေါ်လာခဲ့သည်။

252


“ကိုင်း...ငါ့နှမ ပြောစမ်း။ ဘာများပါလိမ့်” “ကိုဖိုးညောင်းနဲ့ ကိုစံမြကို ခေါ်ပေးစေချင်လို့။ မအိမ်ကံ နည်းနည်းပါးပါး မေးစရာရှိလို့ပါ အစ်ကိုလေး” “ဖိုးညောင်းနဲ့ စံမြ ဘာလုပ်ဖို့လဲ။ သည်ကောင်တွေကို ပြောစရာရှိရင် ငါ့မှာလိုက်လေ။ ပိုက်ဆံ ရစရာရှိလို့လား” “မဟုတ်ပါဘူး အစ်ကိုလေးရယ်။ မအိမ်ကံ သိချင်သာ ရှိလို့ပါ” “အေးလေ ခေါ်ဆို ခေါ်ပေးပါ့မယ်။ သည်ကောင်တွေ ဘယ်များ ရှိမှာပါလိမ့်။ တောထဲတော့ မဆင်းလောက်ဘူး။ တွေ့သာနဲ့ ငါခေါ်ခဲ့မယ်ဟာ။ ကိုင်း...” “ကနေ့ပဲ ရှာခေါ်ခဲ့နော်။ ကိုပြေသိမ်း မသိစေချင်လို့” “အေးပါ” နေ့ခင်းနာရီပြန် နှစ်ချက်လောက်မှာ ကိုစံကောင်းနှင့် အတူ ကိုဖိုးညောင်းတို့ ပါလာခဲ့သည်။ မအိမ်ကံက သရက်ပင် အောက်ကိုပဲ ခေါ်လာခဲ့ပါ၏။ မအိမ်ကံ ဘာတွေများ မေးချင်လို့ပါလိမ့် ဆိုတာကို ထူးဆန်း နေကြပုံတော့ ပေါ်သည်။ မအိမ်ကံက စကားခံ မနေတော့ဘဲ လိုရင်းကိုသာ မေးတော့သည်။ “ကိုရင် ဖိုးညောင်း၊ မအိမ်ကံ မေးမယ်။ ဖြည်းဖြည်းဖြေ။ စဉ်းစားပြီး ဖြေနော်။ မီးလောင်တဲ့ ညက ကိုရင်ဖိုးညောင်း မြင်သာ ပြန်ပြောစေချင်သာပါ။ တစ်ချက်ချင်း စဉ်းစားဖြေနော်။ ကဲ...ပြော” “ငါပြောပြီးသားပဲ ငါ့နှမရာ။ ဟိုညက နင်လည်း ကြား ပြီးသားပဲ။ အဲသာပဲရှိသာ။ နောက်ထပ် ငါဘာမှ မသိဘူး။ ဘုရားစူးရပါစေ့ဟာ” မအိမ်ကံ ချက်ချင်း သိလိုက်ပြီ။ ကိုဖိုးညောင်းတို့ကို မအိမ်ကံ ခေါ်မေးတာကိုပဲ သူတို့ကို မသင်္ကာလို့ ခေါ်မေးတယ် ထင်ကြပြီ။ မျက်စိမျက်နှာတွေများ ပျက်လို့။ လူအများ ရှေ့မှာ သိသလောက် ပြောပြီးသားကိစ္စ။ မအိမ်ကံက တစ်ချက်ချင်း ပြန်ပြောပါဆိုတာကို လန့်နေကြပုံလည်း ပေါ်ပါ၏။ မအိမ်ကံက သူ့သဘောထားကို ပြောပြရတော့သည်။ “သည်လိုပါ ကိုရင်ရဲ့။ အခုကိစ္စက ရွာလည်း သိက္ခာ ကျသယ်။ မအိမ်ကံလည်း အစော်ကား ခံရလေခြင်းလို့ ခံစား ရသယ်။ အခု ကိုရင်တို့ကို ခေါ်သာလည်း မယုံတာ၊ မသင်္ကာ တာ မရှိရပါဘူး။ စကားဆိုသာ ကျန်တတ်သယ် မဟုတ်လား။ မအိမ်ကံ သိချင်သာပဲ မေးပါတော့မယ်လေ။ အဲသည် နေ့က မြင်းနောက်က စီးလာသူဟာ အရပ်ပုသယ်။ ဟုတ်သယ်နော်” “အေးဟ။ ရှေ့က စီးသဲ့ကောင်ကို နောက်ကကောင်က ဖက်ထားသာ တွေ့သယ်။ နောက်ကကောင်က တော်တော့်ကို အရပ်ပုသယ်။ ငါမြင်ရသာက အလင်းရောင် ရှိသေးသာကိုး။ ဘုန်းကြီးပျံပွဲက ဒုံးလွှတ်ပြီး မကြာဘူးလေ။ ပွဲက ဧည့်ခံ ဆိုင်းတီးနေပြီဟာ” “ဟုတ်ပြီ။ နောက်ကလူက မျက်နှာသုတ် ပ၀ါတစ်ထည် ကုပ်ကို ခွထားသယ်။ မြင်းစီးရင် လေလွင့်မှာစိုးတော့ အစ နှစ်ဖက်ကို အင်္ကျီထဲ တစ်ဖက်စီထိုးထည့်ထားသယ်။ ဟုတ်ကဲ့လား” ကိုဖိုးညောင်း တွေသွားသည်။ လည်ကြီးစောင်းကာ ထိုညနေက အဖြစ်ကို ပြန်စဉ်းစားနေသည်။ ကိုစံကောင်းကတော့ မအိမ်ကံ

ဘာတွေ

မေးနေမှန်းမသိ။

မျက်နှာသုတ်ပ၀ါ

ကုပ်ခွထားတာကို

ဘယ်လိုများ

သိတာပါလိမ့်။

ဥာဏ်မမီ

253


တော့လည်း အသာငြိမ်နေလိုက်ရ၏။ ကိုဖိုးညောင်းဆီက အသံ မထွက်သေး။ ပြီးမှ မအိမ်ကံကို မျက်လုံးပြူးကြည့် သည်။ စုန်းမနှင့်တွေ့နေရပုံမျိုး။ “ဟုတ်သယ်၊ ငါ့နှမရေ။ ပ၀ါတစ်ထည် ကုပ်မှာပါသယ်။ ဟုတ်သယ်၊ ဟုတ်သယ်၊ သေချာသယ်” “ဟုတ်ပြီ။ ကိုင်း...ကိုစံမြကို တစ်ချက်ပဲ မေးမယ်။ မြောက်တံခါးက ထွက်သွားတော့ မြင်းနှစ်စီး လူနှစ်ယောက်တည်း ဆိုသာ သေချာရဲ့လား” ကိုစံမြက တစ်အောင့်ပဲ စဉ်းစားကာ သေချာကြောင်း ပြောခဲ့ပါ၏။ မအိမ်ကံ ကျေနပ်သွားသည်။ ကိုစံကောင်းတို့ သုံးဦးကို ပုဆိုး တစ်ကွင်းစီ ပေးလိုက်သည်။ မအိမ်ကံ တွက်သည့် ကိန်းတော့ တည့်တည့်ကြီး တိုးနေပါပကော။ ကိုစံကောင်းတို့ကို သည်ကိစ္စ ဘယ်သူ့မှ မပြောစေချင်ကြောင်း အထပ်ထပ်မှာတော့ မပြောဖို့ ကတိပေးကြကာ ပြန်သွားကြသည်။ တစ်ချက်ပဲ မေးစရာကျန်တော့သည်။

မအိမ်ကံ

ရက်ကန်းရုံဘက်ကို

လာခဲ့ကာ

အရီးကြာညွန့်နှင့်

စကားတွေ

ပြောနေခဲ့သည်။

အရီးကြာညွန့်က ခေါင်းတညိတ်ညိတ်။ ထိုညက မနက်မိုးလင်းမှာကို မအိမ်ကံ စောင့်နေခဲ့သည်။ အရီး ကြာညွန့်လာမည့် အချိန်ကို စောင့်နေခဲ့သည်။ မနက်ဆွမ်းခံ ပြန် မောင်းတီးတော့မှ အရီးကြာညွန့် ရောက်လာခဲ့ပါ၏။ အရီးကြာညွန့် ၀င်းတံခါးဝ ရောက်သည်နှင့် မအိမ်ကံ ပြေးတွေ့သည်။ သိချင်လှပြီ မဟုတ်လား။ “မနေ့ညက အရီး သွားခဲ့သယ်။ မရောက်သာ ကြာပါပြီ အေရယ်။ မစံရွှေကြီး အတော်မမာ နေရှာသာကော။ စိတ်ထောင်း ကိုယ်ကြေဖြစ်ထင်ပါရဲ့။ စီးပွားကလည်း ကျ၊ လူကလည်း အိုပြီပဲ။ အရီးရောက်သွားတော့ နှိပ်ခိုင်းလို့ နှိပ်ပေးခဲ့ရသေးသယ်။ “န”နေရှာပါပြီအေ” “ဘာဖြစ်သာတဲ့လဲ” “အသက်ရှူ မ၀သာတဲ့။ ပါးစပ်က ဟစိဟစိနဲ့ အသက် ရှူနေရရှာသယ်။ ဗမာဆရာနဲ့တော့ ကုနေသယ်ပြောသာပဲ။ ရွာထဲလည်း ပြောသံမကြားပါဘူးအေ။ ခက်သာက သူတို့ကလည်း ဘယ်သူမှ လူမထင်ကြဘူးအေ့” “မအိမ်ကံ သိချင်သာကော” မအိမ်ကံက သိချင်တာကို အလျင်စလို မေးလိုက်သည်။ ကြီးတော်စံရွှေတို့ အိမ် ဒါမှမဟုတ် သာအောင်နှင့် ရွှေမှုံတို့ ခွဲနေသည်ဆိုသော အိမ်၊ တစ်အိမ်အိမ်မှာ မအိမ်ကံ မျှော်လင့် ထားသော လူတစ်ယောက် ရှိရမည်ဟု တွက်ထားခဲ့သည်။ အရပ်ပုပုဆိုသူ လူက ဘုန်းကြီးပျံပြီးတာနှင့် ပြန်ချင်လည်း ပြန်သွားနိုင်သည်။ ရှိချင်လည်း ရှိနိုင်သည်။ မအိမ်ကံက မြားတစ်ချောင်း ပစ်ကြည့်လိုက်ခြင်း ဖြစ်၏။ အရီးကြာညွန့်က မဖြေသေးဘဲ အနားက ထင်းပုံပေါ် တက်ထိုင်သည်။ စကား များများ ပြောစရာ ရှိသည့်ပုံ။ မအိမ်ကံကလည်း လိုက်ထိုင် လိုက်သည်။ မလှအုံကပင် “တူအရီးနှစ်ယောက် နေစရာ ထိုင်စရာ ရှားလို့တော်”လို့ လှမ်းအော်နေပါ၏။ “အရီး ရောက်သွားတော့ အကောင်ပု မရှိတော့ဘူး။ သည်လိုအေ။ အရီးပြန်မယ် လုပ်တော့ မစံရွှေက သူ့ချွေးမ အကြီးမကို ဆန်သုံးပြည် ထည့်ပေးလိုက်စမ်းလို့ ခိုင်းတော့ ကွမ်းတောင်ကိုင်မ မိကြည်သန်းက ဆန်လိုက်ခြင်ပေးသယ်။ ဒါနဲ့ အရီးက ညည်းတို့အိမ် ဟိုရက်က အရပ်ပုပုနဲ့လူ တစ်ယောက် တွေ့ပါသယ်။ သူရင်းငှားလားဆိုတော့ မဟုတ်ဘူးတဲ့။ အမေ့တူတဲ့၊ တူဆိုပေသိ

ခပ်ဝေးဝေးထဲကပါတဲ့။

သမုန်းကိုင်းက

ခဏလာနေသာတဲ့။

ကိုယ်မကောင်းဘူးလို့လည်း

ပြောသယ်။

မအိမ်ကံပြောသဲ့ အရပ်ပုပုလူဆိုသာ အဲသည်ကောင် ဖြစ်မှာပဲ” ဟုတ်ပြီ။ အကုန်လုံး ထင်ထားသည့် အတိုင်း ဖြစ်နေခဲ့ပြီ။ မြဲရာ သံပတ် ကျပ်ရာသပ်ပင်း သည့်ထက် ခိုင်စရာ မရှိ။ မအိမ်ကံ ကျောင်းကို မီးရှို့ခိုင်းတာ သင်းပဲဖြစ်ရမည်။ ကိုယ်ရေရောဂါသည်၊ သမုန်းကိုင်းသား၊ လည်ပင်းမှာ တဘက် တစ်ထည်

254


ခွတင်ထားတတ်တဲ့လူ။ အရပ်ပုပု။ သမုန်းကိုင်းကို မအိမ်ကံ ငယ်ငယ်က ရောက်ဖူးသည်။ ဇောင်ချမ်းကုန်းနှင့် ဝေးလှသည်။ ကြီးတော် စံရွှေနှင့် သွေးဝေးသော တူတော်သူ၊ ဇောင်ချမ်းကုန်းကို အရောက်အပေါက် နည်းသူလည်း ဖြစ်ပြန်ဆိုတော့ လက်ထောက်ချခိုင်းလိုက်တာ ဖြစ်မည်။ ထားပါဦးတော့။ ဘာဖြစ်လို့များ စာသင်ကျောင်း ကလေးကို မီးရှို့ရတာလဲ။ အရီးကြာညွန့်က ဆက်ပြောနေပြန်ပါ၏။ “မအိမ်ကံ၊ ညည်းက ငါ့ကျေးဇူးရှင်ပါအေ။ ငါမှန်သဲ့ စကားတစ်ခွန်းတော့ ပြောစမ်းပါရစီ။ မစံရွှေဆိုသာကလည်း ငါ့ကို ကျွေးမွေးနေသာပါပဲ။ သူတကာ့အပေါ် မကောင်းပေမယ့် ငါ့အပေါ်တော့ ကောင်းရှာပါရဲ့။ ပြီးခဲ့သဲ့ နှစ်နှစ်လောက်က အရီးကို စကားတစ်ခွန်း ပြောဖူးသယ်။ ငါ့ဝမ်းထဲ ငါထားခဲ့သဲ့ စကားပါအေ။ တစ်ဖက်နား မရောက်ကောင်းသဲ့ စကားပါ” “ပြောပါ အရီးရဲ့။ မအိမ်ကံ သည်းခံနိုင်ပါသယ်” “အော်...မအိမ်ကံနဲ့ သူနဲ့ ဖြစ်ခဲ့သဲ့ ကိစ္စဟောင်းကို ပြောသာပါ။ ငါ့ဘ၀မှာအေ ဆင်းရဲတုန်းကလည်း ဆင်းရဲ ခဲ့ပါရဲ့။ ချမ်းသာတော့လည်း သူတကာ့ ခေါင်းပေါ် မော်ခဲ့ရပါရဲ့။ ဒါပေမယ့် ကန်တော့ပွဲရွက်ပြီး ဘယ်သူ့ကိုမှ မတောင်းပန်ခဲ့ ရဖူးဘူးတဲ့။ သာအောင် တစ်ချက် မှားသာနဲ့ ငါ့မလဲ ဗန္ဓရ သရက် ပိုးချက်မကင်း ဖြစ်ရသယ်။ ငါ့တစ်သက် မကျေဘူးတဲ့” “တစ်သက်မကျေတော့ နှစ်သက်ပေါ့ အရီးရယ်။ မအိမ်ကံ မမှားဘူး။ သူတို့မှားသာ။ မအိမ်ကံကတော့ ကျေခဲ့ပါပြီ။ အခုတစ်ခါ အိုးကွဲ ရေမလုံ ဖြစ်ရပြန်ပြီကော” အရီးကြာညွန့်က မအိမ်ကံ ဘယ်လိုကြောင့်သည် အကြောင်း စုံစမ်းခိုင်းမှန်းလည်း မသိ။ ရွာကျောင်း မီးရှို့ခံရတာနှင့် ဆက်စပ်သည်လလ့ို ည်း မထင်။ မအိမက် ကံ လည်း အကြောင်းရင်းကို မပြော။ အရီးညွန့် ရက်ကန်းရံဘု က် ထွကသ်ွားတော့လည်း မအိမ်ကံ ထင်းပုံပေါ်မှာပဲ ဆက်ထိုင်နေမိပါ ၏။ သမီးနှစ်ယောက် ပြေးလာကြပြီး ထင်းပုံပေါ်တက်ကြတော့မှ အတွေးလည်း ပျက်ရတော့သည်။ သေချာခဲ့ပြီ။ မအိမ်ကံ ကျောင်းကို ကြီးတော်စံရွှေတို့ လုပ်ကြံခဲ့ကြပြီ။ သာအောင် ပါလေသလား၊ မပါလေသလား မသေချာပေသိ သူလည်း သုံးခွက် တစ်ခွက်တင်။ မအေလုပ်သည့် အမှုတွင် ရွာ့မျက်နှာ မထောက်ဘဲ ရေငုံနေခဲ့ခြင်းကိုက အပြစ်ရှိခဲ့ပြီ။ ရွာ့အစည်း အဝေးညက နှုတ်ဆိတ်နေခဲ့သည်။ ရွှေမှုံကကော ဘာထူးသလဲ။ တစ်နွယ်ငင် တစ်စင်ပါဆိုသလို လင့်စက်ရိပ် ခိုပြီး မတရားမှုမှာ မြင်းညိုကျိုင်း မလန့် ရှိခဲ့သူပင်။ ရွာရပ်အပေါ် ငွေတိုးကြေးတိုးချေး စားရင်း မတရားမှု ဖြင့် ချမ်းသာကြွယ်ဝလာသော ကြီးတော်စံရွှေ။ သားလုပ်သူ သာအောင်ကကော ဘာထူးလဲ။ တောသူတောင်သားများ၏ ကျေးဇူးရှင် နွားတွေကို ကုန်ပစ္စည်းသဖွယ် သဘောထားပြီး နွားအလဲ အထပ်လုပ်ရင်း စီးပွားရှာသူ။ သင်းတို့တစ်တွေမှာ ဘယ်စိတ်ကောင်း နှလုံးကောင်း ရှိနိုင်ကြမှာလဲ။ မအိမ်ကံ အံတစ်ချက် တင်းတင်းကြိတ်ရင်း ထင်းပုံပေါ်က ဆင်းလာခဲ့၏။ သည်ကိစ္စမှာ မအိမ်ကံ တရားခံကို ဖော်နိုင်ခဲ့ပြီ။ တစ်ရွာလုံး မစဉ်းစားခဲ့သည့် ကိစ္စ။ တစ်ရွာလုံး မပြောပါနှင့် ကိုပြေသိမ်းပင် တရားခံ မရှာနိုင်ခဲ့သည့် ကိစ္စ။ လက်သည် ပေါ်တာတော့ ဟုတ်ပါပြီ။ ဘာဆက်လုပ်မလဲ။ ဘယ်သူ့ကို ပြောရမလဲ။ ရွာသူရွာသားတွေ အစည်းအဝေး ခေါ်ပြီး သည်ကိစ္စကို အူမ ချေးခါးဖွင့်ချရင်ကော။ မအိမ်ကံ ပြောပြလျှင်ကော ယုတ္တိယုတ္တာ ရှိပါ့မလား။ ညည်းကိုယ်တိုင် ဒိဋ္ဌမျက်မြင် ဟုတ်လို့လား မေးလျှင် ဘယ်လိုဖြေမလဲ။ ဘာနဲ့ သက်သေ ထူမလဲ။ မအိမ်ကံ အချိန် ယူရဦးမည်။ အကွက်တကျ စဉ်းစားရ ပါဦးမည်။ ကြီးတော်စံရွှေကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့က အရေးကြီးသည်။ ကိုပြေသိမ်းကိုပင် မပြောသေးဘဲ ဥာဏ်မီ သလောက် ဝေဖန် စဉ်းစားချင်ပါသေး၏။ မအိမ်ကံ အဖို့ရာ သွားလည်း သည်စိတ်၊ စားလည်း သည်စိတ်။ ထိုင်တော့လည်း သည်စိတ်၊ ထတော့လည်း သည်စိတ်။ သည်ကိစ္စ သင်္ကာ မရှင်းရမချင်း မအိမ်ကံဘက်က ရှုံးနိမ့်နေသလိုလည်း ခံစားရသည်။ တစ်ရက်ရက်မှာတော့ အစ်ကိုလေး ကိုစံကောင်းကို ဖွင့်ပြောပြပြီး တိုင်ပင်မည်လို့သာ တေးထားခဲ့ပါ၏။ တရားခံ သိလျက် အဖမ်းခက်ရသည့် အဖြစ်ကလည်း မခံချင်စရာတော့ အကောင်းသား။ ဘာပဲဖြစ်ဖြစ် ရင်ထဲငြိနေသော စလုံး စခုတော့ ကျေခဲ့ပြီ။

255


နောက်ရက်တွေမှာလည်း မအိမ်ကံ တနုံ့နုံ့ဖြစ်နေရသည်။ စာမရီ ငှက်လို အမွေးတစ်တောင် အကျွတ်မခံခဲ့ သူက ဘာမှ မလုပ်နိုင်ဘဲ ငုတ်တုတ် လည်စင်းဖြစ်နေရတာကိုပဲ မကျေနိုင်မချမ်းနိုင် ဖြစ်နေခဲ့ရသည်။ သမုန်းကိုင်းကို လိုက်သွားကာ ရင်ဆိုင် ပစ်လိုက်ချင်စမ်းလှသည်။ ဘယ်သူမှ မပါကြေး ဓားရှည် တစ်လက်စီနှင့် ရင်ဆိုင်ပစ်ချင် စိတ်တွေသာ ရှိခဲ့သည်။ ကြီးတော် စံရွှေကတော့ “တို့သည်လို လုပ်လိုက်တော့ သင်း ဘာတတ်နိုင်သတုံး”လို့ ကွယ်ရာကများ ပြုံးနေ လေမလား။ “နှစ်ပေါင်းများစွာက ရှိခဲ့တဲ့ အငြိုးဟာ အိုကြီးအိုမ အရွယ်အထိ ကျေပဲ မကျေနိုင်ခဲ့ပါလား။ ကြောင်တစ်ကောင်ကြောင့် ကြွက်တစ်မြုံလုံး သေကြရပြီ” လိပ်ခဲတည်းလည်း ဖြစ်နေခဲ့ရသော ကျောင်းမီးရှို့ ခံရသည့် ကိစ္စကို ဖြေဖြန့်ချဖို့ အကွက် ချောင်းနေခဲ့သော မအိမ်ကံ အဖို့ရာ ပို၍ပင်ေ၀၀ါးသွားခဲ့ရပါ၏။ ကြီးတော်စံရွှေ ဆုံးပြီ ဆိုသည့် သတင်းရောက်လာခြင်းကြောင့်ပင်။ မအိမ်ကံကို နောက်ဆုံး လက်စားချေသွားခဲ့ပါပကော။ သေခြင်းနှင့် အတူ အနိုင်ပိုင်း သွားခဲ့ပြန်ပါပကော။ သင်္ကာ ရှင်းချင်ရင် တမလွန်ကို လိုက်ခဲ့တော့ မအိမ်ကံရေလို့

မှာသွားခဲ့သည်နှင့်ပင်

တူလေတော့သည်။

သည်ကိစ္စ

ဘယ်သူ့ကိုမှ

မပြောတော့ဘူးလို့ပဲ

မအိမ်ကံ

ဆုံးဖြတ်ခဲ့သည်။ ကျောင်းကို လောင်မြိုက်ခဲ့သော မီးထက် အဆများစွာ ပူပြင်းလှသော မအိမ်ကံ၏ အမုန်းအာဃာတ မီးတောက်မီးလျှံကြီးသည်

သာအောင်နှင့်

ရွှေမှုံတို့

အပေါ်

မိုးကြိုး

လောင်မီးကျသလို

ကျခဲ့ခြင်းသာ

အဖတ်တင်

လေတော့သည်။ မအိမ်ကံ ဘာလုပ်ရမလဲ။ သည်လိုနှင့် နေ့ရက်တွေသာ ကုန်ခဲ့လေပြီ။ “ဘုရားငုတ်တို

ရောင်ခြည်လွှတ်မှ___ပုံတော်ဝတ်ကြပါ

စို့

မယ်ခွေးရယ်___အောက်ပြည်ကလှေတော်ထိုး

ပိုးဝယ်ခဲ့

မယ်___အနားမှာတဲ့ စိမ်းနုခြယ် အလယ်ခေါင်သံရောင်ကွက် နှင့် ပုံတော်ဝင်လို့ ရက်တော့___လက်ခတ်သံကျွန်းဖိုသား___ သောင်းတိုင်ကကြား___” အရီးကြာညွန့် အသံက လွမ်းချင်စဖွယ် ကောင်းလှသည်။ သင်္ကြန် အခါတော်ရက် တစ်ကျော့နီးပြန်ခဲ့ပြီ။ အညာနွေ အပူရှိန်က လျော့ကျမသွားသော်လည်း တစ်ခါတစ်ရံ မိုးရိပ်ကလေး ဆင်သည်မို့ တန်ခူးလေက လေအေးရပါ၏။ သည်ကနေ့က ဥပုသ်နေ့။ ရက်ကန်းသားတွေ နားသည့်ရက်ဖြစ်သည်။ မအိမ်ကံက တစ်ပတ် တစ်ရက် နားခိုင်းထားသည်။ ရက်ထည် အမှာအပြုများတော့လည်း မနားကြပါ။ သည်ရက်တွေထဲမှာတော့ နည်းနည်းလေး အနားရကြပါ၏။ မအိမ်ကံနှင့် အရီး ကြာညွန့်တို့ နှစ်ယောက်ကတော့ ရက်ကန်းစင်တွေ အားသခိုက် အဆင်နှင့် ရက်သားတွေ လိုက်ကြည့်ကြရသည်။ သည်ရက် တွေထဲမှာ မအိမ်ကံ စိတ်ကူးရထားတာ ရှိသည်။ မြို့က အပ်ချုပ်စက်တွေ မှာပြီး ချုပ်ထည်ကလေးတွေပါ ချုပ်နိုင်လျှင် ဈေးပန်းလှမည်ဟု ထင်သည်။ အမရပူရမှာ ရက်ကန်းကျောင်း ဖွင့်နေသည်ကြားတော့ ရက်ကန်း သမတချို့ကို လွှတ်ချင်သည်။ “အပ်ချုပ်စက်တွေက

မြင်းခြံတော့

ရောက်မရောက်

မပြောတတ်သေးဘူး

အရီးရဲ့။

မန်းလေးမှာတော့

တော်တော်

တွင်ကျယ်နေသတဲ့။ ကိုပြေသိမ်း ပြန်လာလို့ ပြောသယ်။ မအိမ်ကံတော့ ချည်ထည်ကလေးတွ ခေတ်မီမီချုပ်ပြီး မြင်းခြံ တင်ရောင်းချင်နေမိသယ်” သည်ခေတ်မှာ လက်တို၊ လက်စက၊ လက်ပြတ် အင်္ကျီတွေ အတော်အ၀တ်များလာကြသည်။ ရင်ဖုံးရင်စေ့ကလေးတွေမှာ ပန်းထိုး၊ ဘော်ကြယ်ပွင့်ထိုးကလေးတွေ ထိုးကြသည်။ စမူဆာ ရင်ဖုံး၊ သုံးထောင့်ချွန်း ရင်ဖုံး၊ ရင်ဖုံး ဇောက်ထိုး၊ ပခုံးဆက်၊ လက်ဖျားကား၊ လည်ခံခွေ အင်္ကျီပုံကလေးတွေကို မအိမ်ကံ သဘောကျသည်။ ရင်ဆက်ကျောဆက် အင်္ကျီတွေ တစ်ခေတ် ကုန်ပြန်တော့ လည်ထောင်ကလေးတွေ အ၀တ်များ လာကြသည်။ အင်္ကျီ လက်ဖျားကားကလေးတွေက ခေတ်မရှိ တော့သော်လည်း လက်ဖျားနှင့် လည်ပင်းမှာ တက်တင်းဇာ ကလေးတွေ ပါးပါးထည့်ကြတာကိုတော့ နှစ်သက်ကြတာ တွေ့ရသည်။ အပ်ချုပ်စက် လေးလုံးလောက် ၀ယ်လျှင် အင်္ကျီ ဆိုက်အမျိုးမျိုး သူ့စက်နှင့်သူ ခွဲပေးလိုက်ရုံပင်။ ပိတ်ညှပ်တာ၊ ချုပ်တာကတော့ မန်းလေးမှာ သွားသင်မှ အဆင်ပြေမည်။ ရွာက မိန်းကလေးတွေ စက်ချုပ် တတ်သွားလျှင် အလုပ်အကိုင် မရှားနိုင်တော့။ မြို့ကြိုက်ထည်တွေ ချုပ်ပြီး မြင်းခြံဈေးမှာ တင်လျှင် လုပ်ငန်း ဖြစ်နိုင်သည်။ မအိမ်ကံကတော့ ကိုယ့်

256


စီးပွားဖြစ်ရေးထက် ရွာမိန်းကလေးတွေ ထမင်းတစ်လုတ် ထင်းခုတ် မစားကြရလျှင်ပင် တော်လှပြီ အောက်မေ့သည်။ “ကောင်းသာပေါ့အေ။ ဟောသည် နားရွာတွေ ရောင်းသာနဲ့သင် ကုန်သယ်။ ဘယ်မှ တင်နေစရာ မလိုပေါင်အေ။ ရွာက မိန်းကလေးတွေက သွားသင်ချင်ပါ့မလား။ တစ်ချက် စဉ်းစားစရာ” “မန္တလေးက စက်ချုပ် ဆရာမ ငှားရင်ကော အဆင်ပြေမလား မသိဘူးနော်။ စရိတ်တောင် ကျဉ်းလောက်သယ်” “အဲသာတော့ ဖြစ်လောက်သယ်။ တို့ရွာက ကလေးတွေက ညည်းသိတဲ့ အတိုင်း သွားဝံ့ကြမယ် မထင်ဘူး” အရီးကြာညွန့်က ခတ်လက်စ ရက်ကန်းကို ဆက်ခတ်သည်။ တစ်ထည်လုံး စင်ပြီးအောင် ခတ်ခြင်း မဟုတ်ပါ။ တစ်တောင်၊ တစ်တောင့် တစ်မိုက် အဆင်ပေါ်ရုံ ခတ်ကြည့်နေခြင်း ဖြစ်၏။ ကိုပြေသိမ်းက မန္တလေးက နောက်ပိုင်း ၀ယ်လာသည့် ချည်ဆိုးဆေးတွေက

အရောင်လွင်သည်။

စွဲလည်း

စွဲသည်။

အရောင်က

လှပြီးသားဆိုတော့

စိတ်ကူးကလေးနှင့်

ဖက်လိုက်လျှင် ရှုချင် စဖွယ်ဖြစ်ရပါ၏။ အရီးကြာညွန့် ရက်နေသည့် စင်နံဘေး မအိမ်ကံ ရပ်ပြီး အဆင်ကို ကြည့်သည်။ ပြေပြေကလေးနှင့် အလှသား။ အစိမ်းနု၊ အဖြူနုကလေးချည်း ဆိုတော့ အရောင် ဖျော့ချင်သည်။ သည်အထဲမှာ လိမ္မော် ဖောက်လိုက်တော့ အနုကလည်း လိုက်ရင့်သည်။ အရင့်ကလည်း ပြေသွားသည်။ အရီးနှင့် မအိမ်ကံ စိတ်ကူးသမျှ လူကြိုက် များကြပါ၏။ အထူးသဖြင့် ဥာဏ်ကောင်းလှသော၊ မျက်စိ ရေးတတ်သော မအိမ်ကံ စိတ်ကူးနှင့် အကွက် ဖော်သမျှ အဆင် အသွေးကျ လှသည်မို့ မြင်းခြံနယ် တစ်ကြော မအိမ်ကံထည်တွေ နာမည်ကြီးလှပါ၏။ အခုလည်း စက်ချုပ် ဆရာမ ခေါ်ကာ အထည်ချုပ် လုပ်ငန်းပါ ပူးတွဲ လုပ်ဖို့ စိတ်ကူးလာပြန်ပြီ။ အရီးကြာညွန့်က ရက်ကန်းတန်းက ဆင်းလာခဲ့ကာ ဆေးပေါ့လိပ်ကို မီးညှိသည်။ မီးခိုးငွေ့တွေက အူအူထနေသည်။ ထရံကြားက ၀င်လာသော ကျနေ အလင်းတန်းတွေက မြားတွေလို ၀င်ရောက်နေကြသဖြင့် မီးခိုးငွေ့တွေ တလိပ်လိပ် လူးလွန့်နေတာကို မအိမ်ကံ မြင်နေရသည်။ အရီးကြာညွန့်က သောက်လက်စ ဆေးပေါ့လိပ်ကို စဥ့်ခွက်ထဲ အသာချသည်။ “ရှင်အိမ်ကံ၊ အရီး စကားတစ်ခွန်းကြားခဲ့သာ ရှိသယ်။ ဟုတ်မဟုတ်တော့ မပြောတတ်ပေါင်အေ။ ကြားသာရှိပါသေးသယ်” “ဘာတဲ့လဲ အရီး။ ဘာကြားလို့လဲ” “သာအောင်နဲ့ ရွှေမှုံတို့က မီးလောင်သွားသဲ့ ကျောင်းကြီး ပြန်ဆောက်လှူချင်ကြသယ်တဲ့။ သာအောင်က မအေကြီး ဆုံးသာ တစ်လပြည့်ဆွမ်းကျွေးတော့ ပြောနေသာ ကြားသာ။ မအေ့ ကုသိုလ်ပါချင်ဟန် တူပါရဲ့။ မအိမ်ကံတို့ကို လာပြောမယ် ပြောသာပဲ” “ရှင်” မအိမ်ကံ ဘယ်လိုမှ ထင်မထားသည့် စကား။ သာအောင် နှင့် ရွှေမှုံတို့က ကျောင်းကြီး ပြန်ဆောက် လှူချင်ကြလို့တဲ့လား။ မီးရှို့တုန်းကလည်း သူတို့၊ ပြန်ဆောက်ချင်တော့လည်း သူတို့လား။ ပြုစားတော့လည်း စုန်းမ၊ ဆေးကုတော့လည်း စုန်းမလား။ ဘယ်ရပါ့မလဲ ရွှေမှုံရယ်။ မအိမ်ကံကျောင်းကို ရွှေမှုံ ကျောင်းလုပ်ချင်လို့ အလကား ရပါ့မလား။ ဘယ်လို စိတ်ကူးများပါလိမ့်။ ကြံကြီး စည်ရာတော်။ မအေ့လက်ချက် ဆိုတာ သာအောင် သိထားလို့သာ ကျောင်းကို အလှူပြပြီး အကုသိုလ်ကို အဖတ်ဆယ်တာ သေချာပြီပေါ့။ မအိမ်ကံ ဘယ်လို ပြောရပါ့။ သည်ကိစ္စက မအိမ်ကံ တစ်ယောက်တည်းသာ သိထားသည့် ကိစ္စ။ သာအောင်နှင့် ရွှေမှုံသည် စကားပြောလာတော့ မအိမ်ကံ ပို၍ပင် နှလုံး နောက်ရသည်။ တခြားရွာတွေက ဖဲ့လှူပါရစေဆိုတာတောင် လက်မခံခဲ့ဘဲနဲ့ သင်းတို့ကျမှ လှူကြရော့ ဖြစ်ကြေးလား။ “အရီး၊ စောစောကဆိုသဲ့ သီချင်းလိုပါပဲ။ ဘုရားငုတ်တို ရောင်ခြည်လွှတ်သာတောင် ပုံတော်မ၀တ်စေရဘူးမှတ်၊ အရီးရယ်။ ကျုပ်ဖြင့် ကြားရသာတောင် နှလုံးနာလိုက်တာ တော်”

257


အရီးကြာညွန့်က မအိမ်ကံကို တွေတွေကြီး ကြည့်နေသည်။ သာအောင်တို့က ကျောင်းကြီး ဆောက်လှူချင်တာနှင့်ပင် နှလုံးနာလိုက်တာဆိုရအောင် ဘာဖြစ်လို့ပါလိမ့်လို့ တွေးနေပုံလည်း ရပါ၏။ ဆေးလိပ်တိုကို ကောက်ကိုင်ပြန်သည်။ မီးညှိသည်။ “မအိမ်ကံရယ်၊ ညည်းလှူခဲ့သဲ့ ကျောင်း မီးလောင်သာ ညည်းပြန်ဆောက်ချင်မှာပေါ့။ နို့ပေသိ ခမျာများလည်း မအေကို ရည်စူးပြီး လှူချင်ရှာ ထင်ပါရဲ့အေ။ ဒါကလည်း ကြားသာ ရှိသေးတာပါအေ” မအိမ်ကံက သူ့ခံစားမှုကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။ ဆူတက်လာသော ဒေါသက မီးခိုးတွေလို မျက်နှာပေါ်က ချက်ချင်း လွင့်သွားပုံတော့ မရ။ မအိမ်ကံ ခေါင်းထဲ ထည့်တွက် မထားသော အရာဆိုတော့ အံ့သြရတာလည်း အမှန်ပင်။ ကျောင်းက အမှုအခင်းဖြစ်ထားတာမျိုး မဟုတ်ပေသိ မီးလောင်ခံရတာဆိုတော့ အစိုးရပိုင်းက စစ်လား၊ ဆေးလားတော့ လုပ်ချင်လုပ်လိမ့်မည်။ ကိုပြေသိမ်း မြင်းခြံသွားသည်ပင် တစ်ပတ်ကျော်ခဲ့ပြီ။ “အရီး ပြောသာလည်း မအိမ်ကံ သဘောပေါက်ပါသယ်။ မအိမ်ကံတို့ကိုတော့ ခွင့်တောင်းရဦးမှာပေါ့။ အကျိုး အကြောင်း ပြောကြပါဦးမှပေါ့။ မအိမ်ကံကျောင်း မအိမ်ကံ မဆောက်နိုင်ရင်လည်း တစ်မျိုးပေါ့။ ခုဟာက” “သူတို့ကလည်း မအိမ်ကံကို တောင်းပန်ကြမယ် ပြောပါသယ်။ ရွှေမှုံက အရုပ်ပါအေ။ အရီးသိသလောက် တော့..” “တော်ပါတော့ အရီးရယ်။ မအိမ်ကံ စိတ်ရှုပ်လွန်းလို့ပါ” နောက်တစ်နေ့ ညနေပိုင်းမှာ ကိုပြေသိမ်း ပြန်ရောက်လာခဲ့သည်။ ကျောင်းကိစ္စ ဘယ်လို ပြီးပြတ်ခဲ့သလဲ မေးချင်လှသော်လည်း ချက်ချင်း မမေးဖြစ်။ ညဘက်ရောက်တော့ မိသားစု ထမင်းဝိုင်းမှာ ကိုပြေသိမ်းက လိုသလောက်တော့ ပြောပြသည်။ ကျောင်းကို ယာယီ ဖွင့်ထားနိုင်မည့် အဆောက် အအုံရှိလျှင် ဖွင့်ထားရန်နှင့် ရွာက ဆောက်နိုင်လျှင် အထက်ကို တင်ပြရမှာဖြစ်ကြောင်း ပြောပြသည်။ ကိုပြေသိမ်းက ဆရာတော်ကြီး မရှိသည့်နောက် ခန်းနေဆရာတော် ဦးခေမိန္ဒက ကျောင်းထိုင်ဖြစ်လာရာ ဦးခေမိန္ဒကို လျှောက်ပြီး ဘုန်းကြီး ကျောင်းမှာ ခေတ္တ ဖွင့်ထားချင်ကြောင်း ပြောနေသည်။ “အမေကတော့ ကျောင်းကို ပြန်ဆောက်လှူချင်သယ်။ ရွာကိုလည်း ကတိပေးခဲ့ပါရဲ့။ ရွာက တောင်းပန်ကြသယ်။ အများ ကုသိုလ်ဖြစ်အောင် တစ်ဖဲ့တစ်မ ပါခွင့်ပြုစေချင်သယ်သဲ့။ ငါ့သားများ၊ သမီးများ သဘောပါပဲ။ အမေကတော့ ဘယ်သူကပဲ ပြုပြု ကုသိုလ် အမှုဆိုသာ ကောင်းလှချည့် မဟုတ်လား” မအိမ်ကံကတော့ စကားတစ်ခွန်းမှ မပြောဘဲ ပြောနေကြသမျှ နားထောင်နေတာပဲရှိ၏။ မနေ့တုန်းက အရီးကြာညွန့် ပြောခဲ့တဲ့ စကားမျိုးကို အမေပန်းရုံ ပြောချင်တာလား။ တကယ်ပဲ ရွာကအများက တစ်မူး တစ်မတ် ခွဲဝေ ပါချင်ကြတာလားတော့ မသေချာ။

မလှအုံက

စကားတစ်ခွန်း

ဝင်ပြောသည်။

သည်တစ်ခါဆောက်လို့

မီးရှို့ကြပြန်ရင်ကောတဲ့။

ဒါလည်း

စဉ်းစားစရာပင်။ မအိမ်ကံက လွဲ၍ လက်သည် အစစ်ကို ရွာက သိကြတာ မဟုတ်။ သူပုန်သူကန်က လုပ်သလိုလို၊ ကိုပြေသိမ်းကို မုန်းလို့ လုပ်ကြသလိုလိုလောက်သာ ထင်ကြေးပေးနိုင်ကြတာပဲ ရှိပါ၏။ ကိုပြေသိမ်းကတော့ ကျောင်းကို ဘယ်သူကပဲ ဆောက်ဆောက်၊ ကျောင်းဖြစ်မြောက် လာဖို့သာ အရေးကြီးသည်ဟု ခံယူထားပုံရသည်။ “ပြောသာ ပြောရတာပါ အမေရယ်။ ရွာထဲ မြင်းနှစ်ကောင် ၀င်တာနဲ့ သည်လူတွေ လုပ်သွားတယ်လို့ အပ်ကျ မပ်ကျ ပြောဖို့ကလည်း ခက်သားပဲ။ ဘယ်သူ့ ဘယ်သူငြိုးလို့ လုပ်ရအောင်ကလည်း ဘယ်သူ့ ဘယ်သူမှာမှ အငြိုးကြီး ငြိုးစရာလည်း မရှိဘဲဟာ။ ကျွန်တော်တော့...” မအိမ်ကံက တစ်စုံတစ်ရာ ၀င်ပြောရန် ပိုင်းဖြတ်လိုက်ပြီ။ မိသားစုကြားမှာတော့ သည်စကားပြောမှ ဖြစ်တော့မည်။

258


သူတစ်ယောက်တည်း သိနေတာကလည်း အဓိပ္ပာယ် မရှိ။ ဒါပေသိ ပြောလို့လည်း ယုံကြပါ့မလား။ ကိုပြေသိမ်းကပင် ခပ်လျော့လျော့ ပြောနေပြီ မဟုတ်လား။ ဘယ်သူက ဘယ်သူ့ကို ဘယ်လောက် ငြိုးစရာရှိလို့လဲတဲ့။ ရှိပါ့တော်။ ရှိလိုက်တာမှ။ မအိမ်ကံ ပါးစပ်ဟခါနီးဆဲဆဲမှာပင် ခြံဝဆီက လူသံတွေ ကြားလိုက်ရသည်။ “ဆရာလေး၊ မအိမ်ကံ ကျုပ်တို့ပါ။ သာအောင်နဲ့ ရွှေမှုံ တို့ပါ။ ဆရာလေး ပြန်ရောက်ပြီဆိုလို့ ၀င်ခဲ့စမ်းပါရစီ” မအိမ်ကံ၏ နှုတ်က ထွက်ကျခါနီး ဆဲဆဲ စကားလုံးတွေကို ချက်ချင်း မျိုချလိုက်ရပါ၏။ ရှားနှစ်မီးကျီးခဲတွေ လည်ချောင်းထဲ အခဲလိုက် စီးဆင်းသွားကြသလို ရှိခဲ့သည်။ သာအောင်နှင့် ရွှေမှုံ ဘာကိစ္စ လာကြတာလဲ။ အရီးကြာညွန့် ပြောခဲ့သည့် စကား မှန်ပါပကော။ မအိမ်ကံ ရင်ကလေးချီကာ မျက်နှာကို တင်းထားလိုက်သည်။ လာကြစမ်း ပလေ့စေ။ တစ်ချီတစ်မောင်း မအိမ်ကံအကြောင်း ကောင်းကောင်း သိ သွားစေရမည်။ မအိမ်ကံ တစ်ကိုယ်လုံးအပူဓာတ်ဖြင့် ရှိန် ရှိန်တောက်နေလေပြီ။ ၁၃၁၇ ခုနှစ်၊ နယုန်လ။ ညောင်ရေသဘင်၊ပွဲစဲလျှင်ကား၊ ထက်ခွင်မိုးလ၊ ကြယ်ဇေဠနှင့် ပြည့်ဝစင်ကြယ်၊ စံပယ်မြတ်လေး၊ ပင်တိုင်း မွှေး၍၊ တွေးတွေးမောင်းနီ၊ ညွန့်ချင်းစီသို့၊ ရာသီမေထုန်။ လ နယုန်မူ၊ မြူးခုန်သာရွှင်၊ မိုးလုလင်လည်း၊ ရွာကျင်ခြိမ့်မျှ၊ ရေးငန်းပြလျှက်...” ကဆုန်လ ညောင်ရေသွန်းပွဲ ပြီးလေပြီ။ ဇောင်ချမ်းကုန်းရွာ ကျောင်းရှိ ဗောဓိ ညောင်ပင်ကြီးမှာ ရေသွန်းလောင်းကြသည်။ ညောင်ရေပွဲကတော့ တိုင်းပြည်အခါ မကောင်းသည့်ကြားက စည်စည်ကားကား ရှိခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ဝိုင်းတိုက်ထဲက စံပယ်ရုံ၊ မြတ်လေးရုံတို့ ပန်းရေးပြကြသည်ပင် ခူးလို့၊ ကုံးလို့ မကုန်နိုင်ခဲ့။ အိမ်တိုင်းဆီက စံပယ်ပန်းနံ့၊ မြတ်လေးပန်းနံ့တွေ ထုံသင်းလှပါ၏။ မိုးကတော့ ဟန်ရေး တပြပြပင်။ ယာတောင်သူတို့ မိုးကို မျှော်ကြသော်လည်း ကဆုန် လပြည့်ကျော်လို့ နယုန်လပြည့် ရောက်သည့်တိုင် မိုးတစ်ပေါက် မရွာဘဲ ရှိခဲ့သည်။ သို့သော် လောက သဘာဝတရား အရ ပွင့်ကြ၊ ဖူးကြ၊ မွှေးကြ၊ ကြိုင်ကြ သည်က တခြား၊ နိုင်ငံရေး ဆူကြပူကြ၊ ပြေးကြ လွှားကြရတာ ကတခြား ဆိုတော့ နေ့တပူပူ ညတဆူဆူ ရှိလေ၏။ လွတ်လပ် ရေးရပြီး ဆယ်နှစ်ပင် ပြည့်လေပြီ။ အင်္ဂလိပ်နှစ်နှင့် ဆိုလျှင် ၁၉၅၈ ခုနှစ်ကိုပင် ရောက်လာခဲ့သော်လည်း လွတ်လပ်ရေး ဆိုတာကိုပင် တောနယ် တစ်ဝိုက်က မေ့နေကြပြီ။ ကိုပြေသိမ်း ပြောနေကျ စကားနှင့် ဆိုလျှင် ရွာနာလွန်းလှပြီ။ အလုပ်ကောင်း ကောင်းမလုပ်ရ၊ စိုက်ပျိုးရေး ကောင်းကောင်းမလုပ်ရ၊

တစ်ဝမ်းတစ်ခါးလက်လှုပ်မှ

ပါးစပ်လှုပ်ရသူတွေဆိုတော့

ဆင်းရဲကျပ်တည်းကြတာကလည်း

ပြောစရာစကားတောင် မရှိသလောက်ပင်။ မအိမ်ကံတို့ ရက်ကန်းရုံက ရက်ကန်း ခြူကုံးသံ လွင်သေးသော်လည်း သွားရေး၊ လာရေးက လမ်းပူ လှပါသည်။ ဘယ်နေရာမှာမှ စိတ်ချရသည် မရှိ။ လုံခြုံရသည် မရှိ။ မြို့တွေမှာ အနီအဝါ ကွဲကြသလို နယ်တွေ၊ တောတွေမှာလည်း သည်ရောဂါကြီး ကူးစက်နေပြီ။

259


လွတ်လပ်ရေး မရခင်ကပင် အက်ကြောင်း လိုက်နေခဲ့သော နိုင်ငံရေးသည် ပိုမို ဆိုးလာသည်။ ဖဆပလ အတွင်း ပုဂ္ဂိုလ်ရေး အရ၊ အယူအဆ အရ အကွဲအပြဲတွေ များလေ၊ ဆူပူမှုတွေက အတော မသတ်လေ။ မအိမ်ကံ အဖို့ရာ ဒါတွေပဲကြား နေရတော့ သူတကာ သိတာထက် ပိုသိသည်။ သူတကာ စိုးရိမ်တာထက် ပိုစိုးရိမ်သည်။ သည်ကြားထဲက သမီးကြီး မအိမ်မြိုင် အရေးက ရှေ့တန်းကို ရောက်လာခဲ့ပါ၏။ မအိမ်မြိုင်က ဆယ့်နှစ်နှစ်သမီး အရွယ် ရောက်ခဲ့ပြီ။ ရွာကျောင်းက အတန်း ကုန်ခဲ့ပြီ။ သည်တော့ ကလေး ရှေ့ရေး၊ ပညာရေးကို စဉ်းစားကြရသည်။ ကိုပြေသိမ်းကတော့ ကျောင်းဆရာ ပညာတတ် ပီပီ သမီးကို ရှေ့ဆက်ပညာ သင်ယူစေချင်သည်။ မြင်းခြံကို ပို့ချင်သည်။ သည့်အတွက် ဘယ်သူ့ သဘောထားမှ တောင်းခံနေတာမျိုး မရှိတော့ မအိမ်ကံတို့ အိမ်ကြီးမှာ တစ်ချက်လွှတ် အာဏာသဖွယ် ဖြစ်နေခဲ့သည်။ အထူးသဖြင့် အမေပန်းရုံ။ အသည်း ပေါက်မတတ် ချစ်ရသော မြေးဦးဆိုတော့ မခွဲချင်တာ ပါသလို မခွဲနိုင်တာလည်း ပါသည်။ တစ်ချက်က မြေးမိန်းကလေးမို့ ဆင်သွားရာ ကျားပါမှာကို စိုးရှာတာလည်း ပါပါ၏။ မအိမ်မြိုင်က ဆယ့်နှစ် နှစ်သမီး ဆိုပေသိ မိန်းကလေး သဘာဝ တစ်နှစ် နှစ်နှစ် အတွင်း ကျေးမြီး လက်မျှော် ဘဝကနေ ဆင်ခြေပေါ် သမီးလှ အရွယ် ရောက်ဖို့သာ ရှိတော့သည်။ သူတကာထက် ချောမော လှပသူ ကလေးကလည်း ဖြစ်ပြန် ဆိုတော့ ဘွားအေကြီးတို့ ထုံးစံ အကဲ ပိုတာလည်း ပါသည်။ ပညာရဲရင့်မှ ပွဲလယ် တင့်မှာကိုလည်း နားလည်ပါ၏။ မိန်းကလေးများ ချောလျှင်၊ လှလျှင် ပုဆိုးအပ်တင် ဖျင်အစာချ ဆိုသည့် စကား ရှိသည်။ ပုဆိုးကောင်း ဆိုပေသိ အပ်တင်ချင် သူတွေ၊ ဖျင်ဘဝ ရောက်မှ ချည်စာ ချချင်တာတွေ ဖြစ်သည်။ ဝါးလုံးနင်း ဝါးခြမ်းနင်း ဖြစ်ရှာလေ မလား ဆိုတာကို ပူပင်မှန်း မအိမ်ကံ သိပါ၏။ အမေပန်းရုံက ကြိတ်ခံစား နေသော်လည်း မလှအုံကတော့ သူ့ခံစားချက်ကို မောင်းကွဲကြီး ထုသလို ထုတော့၏။ သူ့လက် သူ့ခြေကြီး ရတာဆိုတော့ မြေးရင်းနှင့် မခြား အချစ်ကြီး ရှာသည်။ တချို့ညတွေမှာ သမီး နှစ်ယောက်စလုံး မလှအုံနှင့် အိပ်ကြတာ ဆိုတော့ ရှေးစကား၊ ရှေးပုံပြင်တွေကို စွဲနေကြပြီ။ “ညည်း ယောကျာ်းက မြိုင်ကလေးကို မြင်းခြံ ပို့မလို့ပေါ့ ဟုတ်ကဲ့လား။ ဘယ့်နှယ့်အေ ငါတို့မှ ချစ်လို့ မဝသေးဘူး။ ညည်းတို့ ဥစ္စာက မဖုတ်အိုးကျိုးလွယ်။ ကလေးမှ နို့အတ်နံ့ မစင်သေးဘူး။ တစ်မြို့တစ်ရွာကြီး သွားထားရမယ်လို့ လွန်လွန်းသယ်။ ညည်းကြည့်ပြောဦး” “မလှအုံရယ်၊ မအိမ်ကံလည်း မှန်သာ ပြောရရင် မပို့ချင်ပါဘူး။ ပညာလည်း တတ်စေချင်ပါရဲ့။ မျက်စိအောက်က ပျောက်ရမယ့် အရေး တွေးမိတိုင်း စိတ်ဆင်းရဲ နေရသယ်။ မပို့လို့ကလည်း မဖြစ်ဘူး မလှအုံ။ လေးတန်းနဲ့ ပညာ တစ်စခန်းရပ်လို့ ကတော့ မအိမ်ကံတို့လိုပဲ တောထဲ၊ အခင်းထဲ ရက်ကန်း ရုံထဲ ဘဝ ပြီးရမှာ။ ဖအေက ပို့မယ်၊ ပို့မယ် လုပ်နေသာ လေးတန်း စာမေးပွဲ ပြီးကတည်းက တကဲကဲ။ မအိမ်ကံ ဆွဲထားလို့ရယ်” နယုန်လ စံပယ်တွေ၊ မြတ်လေးတွေ ကြိုင်လှသည် ဆိုသော်လည်း အိမ်ကြီးပေါ်မှာတော့ အပူ ရေစာကြီး နေကြသလို ဖြစ်နေသည်။ ကျေးဥ။ ကျေးဥကတော့ မအိမ်မြိုင်ကို မြင်းခြံ ပို့တော့မည် ဆိုကတည်းက မျက်နှာကြီး အမ်းနေအောင် ငိုရှာသည်။ ကျေးဥက ပလူမွေး၊ ပလူတောင်ကတည်းက ပွေ့ပွေ့ပိုက်ပိုက် ရှိခဲ့ရှာသည်။ သမီးနှစ်ယောက် ဖျားသည်၊ နာသည်ဆိုလျှင်ပင် မအိမ်ကံကမှ တစ်ရေး တစ်မှေး မှေးချင် မှေးသည်။ ကျေးဥက မအိပ်ပါ။ နေ့တနိုးနိုး၊ ညတနိုးနိုး။ မအေနှင့် မခြား စောင့်ရှောက်သူတွေ ထဲမှာ ကျေးဥကိုလည်း ထည့်တွက် ရပါ၏။ ကျေးဥကတော့ တောသူ၊ တောင်သား ပညာမဲ့ရှာသူ ဆိုတော့ ရင်ထဲ စကားကို မျိုမထားဘဲ ပွင့်ပွင့်လင်းလင်း ပြောရှာလို့ မအိမ်ကံပင် မျက်ရည်ဝဲ ရသည်။ “မအိမ်ကံရယ်၊ မြိုင်ကလေးကို မြင်းခြံပို့ရင် ငါတော့ ဖျပ်ဖျပ် လူးရတော့မယ် ထင်ပါရဲ့အေ။ ရင်ကျိုး ချင်နေပြီ။ လေးတန်းနဲ့ ကျောင်းနုတ် လိုက်ပါအေ။ သူတကာ သည်လို လေးတန်းနဲ့ တင်ပြီးကြသာပါ။ မိန်းကလေးပဲဟာအေ” “သည်လိုလည်း ဘယ်ဟုတ်ပါ့မလဲ ကျေးဥရယ်။ ညည်း မေတ္တာ၊ ညည်းစေတနာ ငါသိပါသယ်။ ငါက မအေပါအေ။ ညည်းထက် ဆယ်ပြန် ရှိတော့မပေါ့။ ဒါပေသိ ခေတ်တွေက ညည်းတို့၊ ငါတို့ ငယ်ငယ်တုန်း ကလို မဟုတ်တော့ဘူး။ ရွာမှာပဲ ရက်ကန်းခတ် သလိုလို၊ ပဲနုတ်သလိုလို ကြီးရမယ့် အဖြစ်ကို သူ့ဖအေ ပညာတတ်က ဘယ်အဖြစ်ခံပါ့မလဲအေ။ ညည်းနဲ့ ငါ

260


တစ်လ တစ်ခေါက် သွားတွေ့ကြသာပေါ့” ကျေးဥက အီခနဲ ငိုတော့ မအိမ်ကံလည်း မျက်ရည် မဆည်နိုင်ခဲ့။ သည်လို ချစ်ခြင်းမေတ္တာတွေကို မြင်ရပြန်တော့ လည်း မအိမ်ကံမှာ

လုံခြုံသလိုခံစားရပြန်ပါ၏။

သည်အသိုက်၊

သည်အဝန်းထက်

အေးမြသောနေရာ

မရှိပါလားလို့လည်း

ခံစားရပြန်ပါ၏။ ဒါတွေကို မအိမ်ကံက ကိုပြေသိမ်းအား ပြောပြတော့ ကိုပြေသိမ်းလည်း စိတ်မကောင်းဖြစ်ရှာပါ၏။ “အစ်ကိုလည်း နားလည်ပါတယ် အိမ်ကလေးရယ်။ သူတို့ တစ်တွေက ချစ်လွန်းလို့ သမီးကြီးကို အလို လိုက်နေတာတွေ အစ်ကို တွေ့နေရသားပဲ။ ကြာတော့ ကလေးတောင် ဘဝ မဆန်မှာ အစ်ကို စိုးနေမိသာ။ အခု ကိစ္စကတော့ကွယ် အစ်ကိုတို့ အလိုလိုက်လို့ မဖြစ်ဘူးလေကွယ်။ အစ်ကို့ သမီးတွေ နှစ်ယောက်စလုံး ပညာတတ်တွေ ဖြစ်ရမယ်။ အစ်ကို့ဘက်က ပေးနိုင်တဲ့ အမွေကလည်း ဒါပဲ။ တစ်ချိန်ကျရင် သမီး နှစ်ယောက်စလုံး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ကြရမှာကွယ့်” ကိုပြေသိမ်း ပြောတာလည်း ဟုတ်သည်။ မအိမ်ကံ သမီးကြီး အရွယ်တုန်းက ရက်ကန်း အလုပ်ကလေးတွေ ခြေနိုင် လက်နိုင်ဝင် လုပ်ခဲ့ဖူးတာကို သတိရမိ၏။ တစ်နေ့တုန်းက မအိမ် မြိုင်ကို ဆပ်သွားတစ်ခုပေးကာ ချည်စာ ဖြီးခိုင်းရာသို့ အမေ ပန်းရုံ အပြေးရောက်လာခဲ့ပါ၏။ “မအိမ်ကံရယ်၊ ငါ့မြေးကို ချည်စာ ရှင်းခိုင်းရသယ်လို့ အေ။ ကလေး လက်ကလေးတွေ ချည်စာ စူးပါဦးမယ်။ နောင်ကြီးရင် ခိုင်းပါလေ့။ ပေးပေး ငါ့မြေး အမေကြီး ရှင်းလိုက်မယ်” သမီး နှစ်ယောက်က တစ်မျိုးစီ။ မအိမ်မြိုင်က အကြီးပေသိ စိတ်က မအိမ်ကံဘက် တူချင်သည်။ စိတ်မာသည်။ အနေတည်သည်။ စကားများများ မပြောဘဲ ငေးငေးငိုင်ငိုင် ရှိတတ်သည်။ ကလေး သဘာဝ ကစားဟယ် ဆော့ဟယ်လည်း မရှိ။ ချောင်တစ်ချောင်မှာ ကုပ်ကုပ်ကလေး နေတတ် သဖြင့် မအိမ်ကံပင် အားမရ။ မိန်းကလေး သဘာဝ၊ တော သဘာဝ ဖန်ခုန်တာ၊ ကြက်ခွပ်တာ မျိုးတော့ ဝေးရော။ ကျောင်းက ပြန်ရောက်သည်နှင့် သလဲသီး မှည့်မှည့်တွေ ရွေးဆွတ်ပြီး အစေ့ရဲရဲ ကလေးတွေ တစ်စေ့ချင်း ခြွေသည်။ စံပယ်ပွင့် ကလေးတွေ၊ ဇွန်ပွင့် ကလေးတွေကို တစ်ပွင့်ချင်း ဆွတ်ကာ သီကုံးတာမျိုးလည်း ဝါသနာ ပါသည်။ တစ်ခါ တစ်ခါ ထူးဆန်းသော မေးခွန်းတွေ မေးတတ်သည်။ “အမေ သလဲစေ့ကလေးတွေကို နီအောင်၊ စံပယ်ပန်းက လေးတွေကို ဖြူအောင် ဘယ်သူက ဆေးဆိုးပေးသာလဲ။ ချည်ခင်တွေကို ဆေးဆိုး သလိုပေါ့နော် အမေ” “အေးပေါ့ သမီးရယ်၊ သဘာဝက ဆေးဆိုး ပေးသာပေါ့။ သလဲစေ့ ဆိုရင် နီရမယ်။ စံပယ်ပွင့် ဆိုရင် ဖြူရမယ်ဆိုသာ ရှိပြီးသား သမီးရဲ့” “သလဲစေ့ အဝါလည်း ရှိသာပဲ မှုတ်လား အမေရဲ့” ဒါလည်း ဟုတ်သား။ သလဲသီးအဝါမျိုးရှိသည်။ မအိမ် ကံတို့အိမ်မှာ မရှိသော်လည်း မမ စိမ်းမြတို့ ဝိုင်းထဲမှာ သလဲပင် တစ်ပင်ရှိသည်။ မအိမ်မြိုင်က ဒါကို ပြောခြင်းဖြစ်သည်။ “သလဲသီး အဝါမျိုးဆိုတော့ သလဲစေ့ကလည်း အဝါ ရောင်ပေါ့ သမီးရဲ့” “ဆန်းတယ်နော် အမေ” မအိမ်မြိုင်က အဲသလို ရှာရှာဖွေဖွေ တွေးတတ်သည်။ ရှာရှာဖွေဖွေ မေးတတ်သည်။ သည်လို အခါမျိုးတွင် သမီးကို မအိမ်ကံ နားသွင်းရပါ၏။ “မဆန်းပါဘူး သမီးရယ်။ ဒါ မျိုးရိုးနဲ့ ဆိုင်သယ်။ သူ့ မျိုးရိုးက သူဆင်းသက်လာသာ ဆိုတော့ အရောင် မပြောင်းဘူး။ အစဉ် မပျက်ဘူးပေါ့ သမီးရယ်။ မျိုးရိုး အတိုင်း ဖြစ်ရသယ်။ ဒါကြောင့် မျိုးရိုး အရေးကြီးသယ် ပြောကြသာပေါ့။ မျိုးရိုးဆိုသာ မတိမ်ကော ကောင်းဘူး”

261


မအိမ်မြိုင်က ဖအေ့ဆီက နူးညံ့ခြင်း သိမ်မွေ့ခြင်း အမွေကို ရထားသကဲ့သို့ မအေ့ဘက်က ရုပ်ရည်နှင့် မာနကို ရရှိသူ ဖြစ်သည်။ မာန်မာန မဟုတ်သော မိန်းမသား တစ်ယောက်၏ စာရိတ္တ မာန ဖြစ်သည်။ ဒါကြောင့်ပင် ထင်ပါ၏။ မအိမ်မြိုင်သည် တစ်ခါတလေ နူးညံ့ နေတတ်ပြီး တစ်ခါ တစ်ရံမှာတော့ ပိုးပိုးပေါက်ပေါက် ရှိတတ်ပါ၏။ ရုပ်ရည်ကို ကြည့်ပြန်တော့ ဖအေနှင့်လည်း တူသည်။ မအေနှင့်လည်း တူသည်။ ဖအေ မအေတို့၏ အလှနှစ်မျိုး ရောထားသော ထူးခြားသည့် အဆင်ကွဲ အလှကလေးနှင့် ဖြစ်သည်။ ဝင်းဝါဝါ အသားအရေ၊ ဖူးစူစူ နှုတ်ခမ်းကလေးနှင့် မေးဝိုင်းကလေးက မအေ။ မျက်နှာကျ ပြေပြေ၊ နှာတံစင်းစင်း၊ မျက်လုံးတောက်တောက်က ဖအေ။ အမေပန်းရုံကဆိုလျှင် သူ့မြေးမကို ပပဝတီလို့ပင် ခေါ်တတ်သည်။ စိတ်လိုလက်ရ ရှိလျှင် မြေးမခေါင်းကို အုန်းဆီကလေး ပွတ်ပေးရင်း မျက်နှာကို မေးစေ့က ပင့်ကာ မော့မော့ကြည့်သည်။ “ချောလိုက်သယ့် မိန်းမနှယ်အေ။ ကြည့်စမ်း လှအုံ။ ငါ့မြေး သည်အရွယ် သည်လောက် ချောမှတော့ ကြီးရင် ပြောစရာကို ရှိမှာ မှုတ်ဘူး။ ပပဝတီတောင် ရှုံးလောက်သယ်။ အငယ်မြေးမကလည်း တစ်မျိုးချောသာအေ့။ ဆုတောင်း ကောင်းချက်တော့” “ရှင်အိမ်ကံ သမီး၊ မောင်ပြေသိမ်း သမီး မချောဘဲလား။ ဖအေချော၊ မအေချော။ တော်ပါသေးရဲ့။ ဘိုးသာထန်ဘက် သွားမတူလို့” မလှအုံ စကားကြောင့် အမေ ပန်းရုံရော မအိမ်ကံပါ ရယ်ကြရသည်။ သမီး နှစ်ယောက်ကို အမွှမ်းတင်တော့လည်း မအိမ်ကံ ရင်ကလေး နွေးရပါ၏။ သမီးချောတော့ ရွာက ပြောလိမ့်မည် ဆိုသလို လူတကာက မအိမ်ကံ သမီးတွေ ချောလှတယ် ဆိုကြသည်။ ထနောင်းတိုင်က အမျိုးတွေက ဆိုလျှင် ရွှေပေါ်မြတင် ရှိကြသည်။ ထနောင်းတိုင် သွားတိုင်း မြေးတွေကို ဂွမ်းပေါက်နှင့် တို့ထားမတတ် ချစ်ကြသည်။ အညစ်အကြေး မရှိလို့ စင်ကြယ်တာတဲ့။ သည်စကားကို မအိမ်ကံ သဘောကျ လှပါ၏။ သမီးတွေကို စိတ်အညစ်အကြေး၊ ကိုယ်အညစ်အကြေး မရှိအောင် မွေးမြူရမည်။ သည်လိုနှင့်ပင် သမီးကြီး မအိမ်မြိုင်ကို မြင်းခြံ ပို့ရမည့် ရက်နီး လာခဲ့လေပြီ။ မြင်းခြံမှာ ထားရမည့် အိမ်တွေ ရှိသော်လည်း ကိုပြေသိမ်းက သူ့ညီအရင်း ကိုသက်မင်းတို့ အိမ်မှာ ထားမည်ဆို၏။ ကိုပြေသိမ်း၏ အစ်ကိုကြီး ကိုသက်ဝင်းကတော့ ရွာစည်သူနှင့် အိမ်ထောင်ကျပြီးကတည်းက ရွာစည်မှာ တစ်အိုးတစ်အိမ် ထူထောင်ခဲ့တာပင် မအိမ်ကံနှင့် အကြောင်း မပါခင်က ဆိုတော့ ရွာစည်သား လုံးလုံး ဖြစ်နေခဲ့တာ ကြာပြီ။ သက်နှင်းနှင့် သက်မင်း ညီအစ်ကို နှစ်ယောက် ကျန်ကြသည့် အထဲက ကိုသက်မင်းမှာ နိုင်ငံရေးကို ဝါသနာ အလျှင်း မရှိ။ မြင်းခြံမြို့စွန်မှာ ရွာထွက်ကုန်တွေ လှောင်သည့် အလုပ်လုပ် ကိုင်ရင်း တောသားကြီ လိုနေသူ ဖြစ်သည်။ မြို့မှာနေသည် ဆိုသော်လည်း မြို့သွေးမြို့ရည် မရှိ။ တကယ့်တောင်သူကြီး နှင့်မခြား ရိုးရိုးကုပ်ကုပ် နေသူသာ ဖြစ်၏။ ကိုသက်မင်း မိန်းမ မလှရှင်ကလည်း တောသူ ဆိုတော့ ကိုသက်မင်းနှင့် မခြား ရိုးရိုးအေးအေးကြီး ဖြစ်၏။ မြို့ထဲကို ကျောင်းတက်ရန် စက်ဘီးတစ်စီး ဝယ်ပို့မည်ဆိုတော့ ကိုသက်မင်းက အပို့မခံ။ စက်ဘီး အသစ်တစ်စီး ဝယ်ထားပြီး ဖြစ်ကြောင်း လူကြုံမှာ သည်။ အိမ်အပေါ်ထပ် အခန်းတစ်ခန်း ပေးထားသည့် အပြင် မလှရှင်က ကျောင်းထမင်းချိုင့်တောင်စီစဉ်ပြီးကြောင်း ဆိုသည်။ “သက်မင်းတို့ လင်မယားက အေးအေး။ ငါ့သမီးက အေးအေးနဲ့တော့ ဟန်ကျပြီပေါ့ကွာ။ ထားကြည့်သေးတာပေါ့ လေ။ သမီး မပျော်တော့လည်း မြို့ထဲ ရွှေ့ကြတာပေါ့။ မြို့ထဲမှာလည်း ထားစရာ အိမ်ရှိပါတယ်” ကိုပြေသိမ်းက သမီး မပျော်မှာ စိုးရှာသည်။ ထူးဆန်းတာက မအိမ်မြိုင်ပင်။ မိဘနှစ်ပါးနှင့် တကွ ဘွားအေတွေ၊ ဒွေးကြီး၊ ဒွေးလေးတွေနှင့် ခွဲရမှာကိုလည်း ပူပန် လွမ်းဆွတ် ပုံမရ။ ညီမငယ် မအိမ်ခိုင်ကိုပင် လွမ်းပုံ မပေါ်။ ဘထွေးမင်းတို့ အိမ်နေရမှာနော် ဆိုတော့လည်း အင်းမလှုပ်။ မြို့ထဲ ရွှေ့သင့် ရွှေ့ကြတာပေါ့ ဆိုတော့လည်း မငြင်းပါ။ သည်ကလေးမက တစ်မျိုးပဲလို့သာ အောက်မေ့ရ တော့သည်။ ဘွားအေကြီးက တစ်ရက်တွင် မအိမ်မြိုင်ကို ခေါ်ကာ ခြောက်မူးသား ရွှေလက်စွပ်ကြီး တစ်ကွင်း လက်ခလယ်မှာ စွပ်ပေးသည်။ မြေးဦးကို အမှတ်တရ ပေးခြင်း ဖြစ်၏။ “လက်စွပ်မြင်တိုင်း အမေကြီး ပန်းရုံကို သတိရနော်” လို့ မျက်ရည်လည်ရွဲ ဆိုရှာပါသည်။ မအိမ်မြိုင်ကတော့ ဘာခံစားမှုမှ မပြ။ မျက်နှာကလေး တည်ထားပြီး ခွဲခွာရခြင်း၊ ကွဲကွာရခြင်း လောကဓံကိုပင် ခံနိုင်ရည် ရှိနေသည့် မျက်နှာဖြင့် ဘွားအေကို

262


ငေးနေတာပဲ ရှိသည်။ မလှအုံက သံသေတ္တာ တစ်လုံး ထဲမှာ မအိမ်မြိုင့် အဝတ်အစားတွေ ထည့်ကာသိုကာ ရှိရှာပါ၏။ “အပြစ်ကို လွဲပစေ၊ အချစ်ကို မြဲပစေ ကြားလား ငါ့မြေး။ မြို့ကျောင်းမှာ သူတကာ ချစ်အောင်နေ။ မျက်နှာကလေး ဖွင့်ထား။ မိန်းကလေးဆိုသာ အပွင့် လှရသယ်၊ ရနံ့ မွှေးရသယ်။ နှုတ်က ချိုပစေ၊ စိတ်က လန်းပစေ ဟဲ့ ကြားရဲ့လား ငါပြောသာ။ မောလိုက်သာအေ” မအိမ်မြိုင်ကတော့ မလှုပ်ချောက်ချောက်၊ လှုပ်ချောက်ချောက်။ ကျေးဥကတော့ မအိမ်မြိုင် အင်မတန် ကြိုက်သော မုန့်ဆီကြော်တွေ ကြော်ပေးထားသည်။ မအိမ်မြိုင်က ကျေးဥကို ငယ်ငယ်ကတည်းက ခေါ်နေကျ အတိုင်း ကျေးကျေးလို့ ပဲ ခေါ်သည်။ “မုန့်ဆီကြော် ကုန်ရင် ကျေးကျေးကို လှမ်းမှာလိုက်နော် မြိုင်ကလေး။ ကျေးကျေးကြော်ပြီး လာပို့ပေးမယ်သိလား။ ညည်းဦးလေး ဖိုးကူးနဲ့ ထည့်ပေးလိုက်မယ်” တကယ်တော့ ဖိုးကူးက မအိမ်ကံ့တူ ဆိုတော့ စပ်လျှင် အစ်ကိုတော်သော်လည်း အရွယ် ကွာသဖြင့် ဦးလေးလို့ ခေါ် ခြင်းဖြစ်၏။ ကျေးဥ ပြောတာကိုတော့ မအိမ်မြိုင်က ခေါင်းညိတ်ပြသည်။ မြင်းခြံကို ကျေးဥ လိုက်ခဲ့ဖို့မှာသည်။ သည်စကား ကြားတော့ မလှအုံက မျက်နှာရွဲ့သည်။ ကျေးဥကျမှ မြင်းခြံလိုက်ခဲ့ ပြောဖော်ရလို့ ဖြစ်၏။ အမှန်တော့ မအိမ်မြိုင်က လက်ပွန်းတတီး နေရသော ကျေးဥနှင့် ကျေးဥသား နှစ်ယောက်ကို ခင်တွယ်တာလည်း ပါပါသည်။ ကျေးဥ၏ သားနှစ်ယောက် ဖြစ်သော ထွန်းပနှင့် ထွန်းရ ဆိုတာကလည်း မအိမ်မြိုင့် အနွံအတာ ခံရှာတာ မဟုတ်လား။ မလှအုံ မျက်နှာ ရွဲ့ပြတာကို မြင်တော့ မအိမ်ကံခမျာ ငိုရသည့် ကြားက ရယ်မိ သေး၏။ သည်လိုနှင့်ပင် မနက်ဖြန် နံနက် မအိမ်မြိုင် မြင်းခြံ ကျောင်းကို သွားရတော့သည်။ နယုန်လပြည့်။ လပြည့်ညသည် ဝင်းဝင်းကြီး ဝါလျက် ရှိလေသည်။ မအိမ်ကံ အိပ်မပျော်နိုင်ပါ။ မနက်လင်းသည်နှင့် သမီးကြီးမြိုင် မြင်းခြံမြို့ သွားနေရတော့မည်။ အခါလည် ကျောင်းပိတ်တော့မှ ပြန်လာမှာ ဆိုတော့ ခွဲရမည့် ရက်တွေ များလှပါ၏။ ဆယ့်နှစ်နှစ် သမီးဆိုတော့ ကလေး မဟုတ်ပေသိ ကြီးကောင်လည်း ဝင်သေးသည် မဟုတ်။ တောနေတောကြီး ဆိုတော့ မြို့နှင့်မှ အဆင်ပြေပါ့မလား။ သည်ကြားထဲသမီးက အေးဆေးလွန်းသည်။ ဆပ်သွားဖူး ဆူးဖျက် ဆိုသလို သည်တစ်ချက်ကိုတော့ မအိမ်ကံ အားမရ။ အငယ်မလို သိုးသိုး သွက်သွက် မရှိ။ ဆိုးဆိုး ဆတ်ဆတ် မရှိ။ ဒေါင်းတည် မောင်းတည် မရှိ။ သို့ပေသိ မြိုင်က ရုပ်ချောသလောက် သဘောကောင်း ရှာပါသည်။ ချိုသည်၊ ခါးသည်၊ ဖန်သည် ဝေဝေဆာဆာ မရှိသော်လည်း ဘယ်သူ့ အပေါ်မှာမှ မထိခိုက်အောင် နေသည်။ ကြီးရင်တော့လည်း သူ့ကိုယ်သူ ပြင်သွားမှာ ပါလေလို့သာ တွေးရပါ၏။ အကျော် ကရမက် မှန်လျှင် ပင်ကိုနံ့ သင်းလာလိမ့်မည်။ သည်အမေ၊ သည်အဖေ၊ သည်ဘွားအေတွေနှင့် အိမ်ကြီးမှာ ဆယ့်နှစ်နှစ် နေခဲ့ရသူကလေး။ တကယ်တမ်း ခွဲရမှာ ဆိုတော့လည်း ဝမ်းကျုံ့ရသား။ သည်သမီးကို ကွမ်းတောင်ကိုင် ဖြစ်ဖို့ မွေးကတည်းက ချောပါစေ၊ လှပါစေကြောင်း ဆုတောင်းခဲ့ရသည်။ တစ်နှစ်နွေက ကျောက်ကြီးပေါက်က ရောရယ်လို့ စိတ်ကို လျှော့ချရင်း တစ်ဘဝတော့ပြီး ပြန်ပါ ပကောလို့ပင် တွေးမိခဲ့သေးသည်။ ရတနာသုံးပါး ဂုဏ်တော်ကြောင့် အဖျားကြီး ဝင်ခြင်းသာ ဖြစ်၍ ဆရာဆောင့် ဆေးတန်ခိုးဖြင့် ပိန်းကြာရွက် ရေမတင် ရောဂါကြီး စင်ခဲ့ရသည်။ သမီးနှင့် မအေ ထွေးထွေးပွေ့ပွေ့ ရှိခဲ့ရသည့် ရက်တွေကိုလည်း မအိမ်ကံ သတိရပါသည်။ မအိမ်ကံက သမီးကြီးမြိုင်ကို အကဲ ပိုသော်လည်း သမီးကြီးက ဖအေကို ပိုသည်းသလိုပင်။ ဖအေက အငယ်မကို ကရုဏာပိုတာကိုလည်း သတိထားမိပါ၏။ လွန်ခဲ့သည့် ခြောက်နှစ်လောက်က မီးကြီးဟုန်းဟုန်း လောင်ခဲ့သော ညတစ်ညကိုလည်း မအိမ်ကံ စိတ်ထဲ ချေဖျက် လို့ မရနိုင်သေးပါ။ သည်အကြောင်း စိတ်ရောက်ပြန်တော့ ကျောင်းဆောက်လှူရန် ခွင့်လာပန်ကြသော သာအောင်တို့ လင်မယားကို သတိရရပြန်သည်။ သာအောင်နှင့် ရွှေမှုံတို့ အိမ်ထဲ ရောက်လာကြတော့ မအိမ်ကံ သွေးပွက်ပွက် ဆူနေခဲ့ပြီ။ အမေနှင့် ကိုပြေသိမ်းတို့ ရှေ့မှာ ဟန်လုပ် ရပ်တည်နေရ သော်လည်း သူတို့ ဘာစကား ပြောဖို့ လာကြသလဲ ဆိုတာ

263


ကြိုသိထားသူ ဆိုတော့ ပိုးစိုးပက်စက် ပြောချင်လှပြီ။ သို့သော် သာအောင်က လေအေးကလေးနှင့် ဝင်သည်။ အမေပန်းရုံနှင့် ကိုပြေသိမ်းကို တိုင်တည်ကာ ကျောင်းကြီးဆောက် အလှူမှာ တစ်တပ်တစ်အား ထည့်ဝင်ပါရစေပြောလာသည်။ “ဆရာလေးရယ် ကျွန်တော့်အဖေလည်း မရှိတော့ပါ ဘူး။ အမေလည်း မရှိတော့ပါဘူး။ ကျွန်တော့်အိမ်ထောင်နဲ့ ကျွန်တော် ဖြစ်လာတော့ ရှာလို့ရသဲ့ စီးပွားကလည်း ကျွန်တော့် ချွေးနှဲစာ ဖြစ်ရပါပြီ။ လှူမယ်ဆိုရင် မိဂုဏ်၊ ဖဂုဏ်ကို ရည်စူးပြီး လှူမယ်ဆိုသဲ့ စိတ်လည်းရှိနေတော့ သည်တစ်ပွဲမှာ တတ်အားသရွေ့ ပါဝင်ခွင့်ပြုဖို့ လာပြောကြသာပါ” ကိုပြေသိမ်းက မြင်းခြံ ပညာရေးဌာနကို သွားခဲ့ရပုံ၊ ပညာရေး ဌာနက သဘောထားပေးလိုက်ပုံ၊ လောလောဆယ် ကျောင်းကို ဘုန်းကြီးကျောင်းမှာ ဖွင့်ရန် စီစဉ်ထားပုံ၊ သည် တစ်ခါတော့ ဝါးကပ်မိုး ထရံကာ မဟုတ်ဘဲ ပျဉ်ကာ၊ သွပ်မိုး ဆောက်ချင်ပုံတွေ စီကာပတ်ကုံး

ပြောပြနေသည်။

အမေပန်းရုံ

ကလည်း

တခြား

ရွာတွေကလည်း

အလှူငွေ

ထည့်ချင်ကြကြောင်း၊

ရွာတွေမှာလည်း ဘုန်းကြီးပျံ ကြားခုလိုက်သဖြင့် လူပင်ပန်း၊ ငွေပင်ပန်း ရှိနေကြကြောင်း၊ မောင်ပြေသိမ်း ပြောသလို ပျဉ်ကျောင်းကြီး ဆောက်လျှင် ငွေကုန်ကြေးကျများ ရန်သာရှိ၍ ရွာပေါင်းစုံ သူကြီးများနှင့် ရွာကိုယ်စားလှယ်များ စုခေါ်ကာ တိုင်ပင်ရန်ကောင်းကြောင်းတွေ ပြောပြပါ၏။ ဇောင်ချမ်းကုန်းမှာ သူကြီးဖြစ်လာသူက ဦးစံမြဖြစ်၍ ဦးသာထန် လိုပင် ရွာရပ်အပေါ် သဘောမနော ကောင်းသူ ဖြစ်သည်။ တခြား ရွာတွေမှာလည်း နောက်တက်သူကြီးတွေ ရှိနေကြပြီ ဖြစ်၍ လူကြီးတွေ ဝိုင်းတိုင်ပင်ကြလျှင် မဖြစ်နိုင်စရာ မရှိကြောင်း၊ သို့သော် သူတို့ တည်ထောင်ခဲ့သော ကျောင်းမို့ တစ်ဦးတည်း လှူပါဆိုလျှင်လည်း လှူချင်ပါကြောင်းတွေ ပြောနေ ခဲ့သည်။ မအိမ်ကံက စောစောက မျိုချ ထားခဲ့သော စကား လုံးတွေကို ပြန်အန်ထုတ်ရတော့မည်ဟု တွေးသည်။ မအေနှင့် လင်သားက အများဆိုင် ကျောင်းဆိုသည့် ဘက်ကို ယိမ်းချင်ချင် ဖြစ်နေကြ ပြီဆိုတော့ မအိမ်ကံ နားဝင်အောင် ပြောရတော့ မည်။ မအိမ်ကံက သာအောင်ဘက်ကို လှည့်လိုက်သည်။ “ကျောင်းကြီး မီးဟုန်းဟုန်း လောင်နေသခိုက်မှာ ပြာကျသဲ့ အထိ ငါရပ်ကြည့်နေခဲ့သယ်။ မီးတောက်တွေ ဟူးဟူး လောင်နေသဲ့ အချိန်မှာ ငါအဓိဋ္ဌာန်ပြုခဲ့သယ်။ မအိမ်ကံ ကျောင်းကို မအိမ်ကံ ပြန်ဆောက်လှူမယ်လို့ ပျဉ်ကျောင်း ဆောက်ချင်ကြရင် ပျဉ်ကျောင်းပေါ့၊ တိုက်ကျောင်း ဆောက် ချင်ကြရင် တိုက်ကျောင်းပေါ့။ ရွှေကျောင်းကြီး ဆောက်ချင် ကြရင် ရွှေကျောင်းပေါ့။ မအိမ်ကံ ဆောက်လှူမယ်။ အဲသာ မအိမ်ကံ အဓိဋ္ဌာန်ပဲ” မအိမ်ကံ စကားကြောင့် အားလုံး ငြိမ်ကျသွားခဲ့ကြ သည်။ မအိမ်ကံက မျက်နှာကို ချီထားကာ ပိုးပိုးပေါက်ပေါက် ပြောလိုက်သော်လည်း ကိုယ်တိုင်ရင်တွေ ခုန်လှုပ်နေတာလည်း အမှန်ပင်။ ရင်မဆိုင်ဝံ့လို့ မဟုတ်။ တုန်လှုပ် ချောက်ချားနေ ခြင်းမဟုတ်။ ဒေါသဖြင့် လှုပ်ခုန် နေခြင်းသာဖြစ်၏။ အထူး သဖြင့် သာအောင်နှင့် ရွှေမှုံက ထန်းလျက်သည်ကြား တည်သီးသည် ကန့်လန့် လုပ်နေသည် ထင်၍ဖြစ်သည်။ အမေပန်းရုံ ပြောသလို ရွာတွေက ကျောင်းကုသိုလ် ပါဝင်ချင်ကြတာကိုလည်း သိပါ၏။ ကိုပြေသိမ်း ပြောသလို ငွေကုန်ကြေးကျများ မှာကိုလည်း နားလည်ပါ၏။ သို့သော်

သာအောင်တို့က

ပါဝင်

ပါရစီ

ဆိုတာကိုတော့

လက်မခံချင်။

ကြီးတော်စံရွှေ၏

ကျောင်းမီးရှို့ရေး

လက်စားချေခြင်းကို တကယ်တမ်းသိသူ မှာ မအိမ်ကံတစ်ယောက်တည်းဖြစ်သည်။ ဟုတ်သည် မဟုတ် သည်ထား၊ လက်ပူးလက်ကြပ်မဖမ်းနိုင်တာထား၊ မပြေးသော် လည်း ကန်ရာ ရှိနေခဲ့လေပြီ။ သည်အကုသိုလ်ကြီးကို ကျူးလွန် ခဲ့ကြသူတွေက အများအမြင် ကောင်းအောင် လှူချင်ပါသည် ဆိုတာကို မအိမ်ကံ မခံချင်။ တောမီးလောင်ခဲ့တာက တစ်ခဏ၊ မုဆိုး သားမချောင်း နိုင်တာ တစ်ဘဝ ဆိုသလို ဖြစ်ခဲ့သည် မဟုတ်လား။ သည်လိုနဲ့ ကျေရောလား။ အသက်နဲ့ ရင်းပြီး ဖြေဖျောက်တာနဲ့ ပြီးရကြေးလား။ “ “မဟုတ်ပါဘူး ငါ့သမီးရယ်။ အမေလည်း ပြောခဲ့ပါ သယ်။ အမေ ပြန်လှူမယ်လို့။ နို့ပေသိ ရွာရပ်က ကုသိုလ်ပါဝင် ချင်ကြမှတော့ ဘယ်ပြောသာမှာတုံး။ ပညာရေးမှာ ရွာတိုင်းက စိတ်ပါလက်ပါ ရှိလာကြသာကိုပဲ ဝမ်းသာကြရမှာပေါ့ သမီးရယ်။ ငါ့သမီး လှူခဲ့သဲ့ကျောင်း ငါ့သမီး ပြန်ဆောက်ချင်သာ အမေ နားလည်ပါသယ်။ အခုဟာက အလှူမှာ ဝိုင်းကြ ပါရစီဆိုသာ ကိစ္စကောင်းပဲ သမီးရဲ့”

264


အမေပန်းရုံက ဖျောင်းဖျပါ၏။ ကိုပြေသိမ်းက မအိမ်ကံ ဝင်ပြောလိုက်တာကို ကြားရတော့ အံ့သြသွားခဲ့သည်။ သူ ကိုယ်တိုင်ပင် မီးလောင်သည့်နေ့က တစ်ကျောင်းပြိုတော့ နှစ် ကျောင်းဆောက်ကြတာပေါ့လို့ ပြောခဲ့သည်။ တကယ်တမ်း ရပ်ရွာက၊ အလှူရှင်က၊ စေတနာရှင်က ကုသိုလ်ပါပါရစေ ဆိုတော့ တစ်ဦးကောင်းမဆန်သာပါ။ သစ်အဖျားဝါးအရင်း လူတိုင်းပါနိုင်လေ ကောင်းလေ။ “ဟုတ်သားပဲ အိမ်ကလေးရယ်။ မောင်သာအောင်တို့က တစ်ကျောင်းလုံး ဆောက်ပါရစေ ပြောနေတာ မဟုတ်ဘူး။ အခုဟာက အများထဲ ပါချင်ကြတာပါ။ အိမ်ကလေးက စေတနာ ရှိသလောက် မတည် လိုက်ပေါ့။ လိုတာအများက ဖြည့်တော့လည်း အများ ကောင်းမှုဖြစ်ရတာပေါ့” မအိမ်ကံက အမေနှင့် လင်သားတို့၏ ဆန္ဒကို ဘဲ့မတိုက် ချင်သော်လည်း ကိုယ့်ဝမ်းနာ ကိုယ်သာသိ ဆိုသလို ရွှေကျောင်းကြီး ဆောက်ဦးတော့ တစ်ဦးတည်းပဲ ဆောက်မည်ဟု ပြောလိုက်ခြင်း ဖြစ်သည်။ ရှိသမျှ စည်းစိမ်တွေ ကုန်ချင်ကုန်စေတော့ အရှင်ထွက် ထွက်ရ ထွက်ရ၊ အသေထွက် ထွက်ရ ထွက်ရ အောလိုက်ဖို့လည်း ဆုံးဖြတ်ပြီးသားပင်။ သည်အချိန်မှာ အကွက်ကောင်း ဝင်နင်း လိုက်သူမှာ သာအောင်ဖြစ်သည်။ “ဟုတ်ပါသယ် မအိမ်ကံ။ တို့တစ်တွေလည်း အသက်တွေ မငယ်တော့ပါဘူး ငါ့နှမရာ။ လူ့မနော အချောချည်း မဟုတ်လေတော့ အရင်က ရှိခဲ့တဲ့ ပြောမှား ဆိုမှားရှိခဲ့တာတွေ ရှိခဲ့ရင်လည်း ကျောင်းအလှူနဲ့ ချေချင်သာလည်း ပါပါသယ်။ မအိမ်ကံက အမေ ခေါ်စရာ ရှိပါသေးသယ်။ ငါ့မှာ မရှိတော့ပါဘူး။ တို့မိဘများရောတို့ပါ စာမတတ်ကြလေတော့ ပညာ ပါရမီ သံသရာ ပါအောင် လှူချင်ကြသာပါ” “ဟုတ်ပါသယ်

သူငယ်ချင်းရယ်။

ငုတ်တုတ်ပြန်ပေါ်သဟဲ့ဆိုသာ

တို့ကနောင်မှ

တခြားရွာတွေကို

ခါးချိုး

ရှာရရှာရ။

ပြချင်သာလည်း

ရွာကျောင်း

ပါပါတယ်။

မီးလောင်သာကို

ကြွားဝါချင်သာ

ကျောင်းကြီး

မဟုတ်ရပါဘူးအေ။

ဇောင်ချမ်းကုန်းက ညီသဟဲ့ ဖြစ်ချင်သာပါ။ ညည်းခွင့်ပြုရင် တစ်ကျောင်းလုံးတောင် တာဝန်ယူ လိုက်ချင်ပါရဲ့” ရွှေမှုံစကားကို မအိမ်ကံ နားမဝင်ပြီ။ ခွင့်ပြုရင် တစ်ကျောင်းလုံးတောင် လှူလိုက်ချင်သတဲ့လား။ ဇောင်ချမ်းကုန်းက ညီသဟဲ့လို့ ပြချင်ကြရော့လား။ ညည်းက ညှိချင်ဦးတော့ မညီနိုင်တော့ပေါင်အေ။ ပြဒါးရှင်လုံး ထန်းလျက်နဲ့ လဲရမယ်လို့။ မဟုတ်သဲ့ စကား မပြောစမ်းပါနဲ့။ “မဟုတ်ဘူး။ ညည်းတို့ ပြောနေသာတွေ မဟုတ်ဘူး။ သည်ကျောင်းကြီးက သူ့ဟာသူ လောင်သဲ့မီး မဟုတ်ဘူး။ လူရှို့သဲ့မီး။ မသမာသူက ရှို့ခိုင်းသဲ့မီး တခြားရွာက လူခေါ်ပြီး ရှို့ခဲ့သဲ့မီး။ ငါတို့မှာ တောစပါး လိုချင်လွန်းလို့ အိမ်စပါးနဲ့ ရင်းရသာအေ့။ တစ်ကျောင်းလုံးလည်း မရဘူး။ တစ်ချိုးတစ်ဖဲ့ လည်း မရဘူး။ စကားကုန်ပြီ” မအိမ်ကံသည်လောက် ရက်ရက်စက်စက် ပြောနေတာမျိုး တစ်ခါမှ မကြုံဖူးကြတော့ အားလုံးက အံ့သြနေခဲ့ကြသည်။ မအိမ်ကံ ဘာကို ဆိုလိုချင်မှန်း မသိကြသော်လည်း တစ်စုံ တစ်ရာ မကျေမချမ်း ဖြစ်နေတာတော့ ရိပ်မိကြပုံပေါ်ပါ၏။ စကားကုန်ပြီဆိုသည့် စကားကြောင့် ကိုပြေသိမ်းက ဟန့်တားသည်။ အမေ ပန်းရုံက ဝင်ဖျောင်းဖျသည်။ မလှအုံက ဝင်ချော့သည်။ ကျေးဥကတော့ မအိမ်ကံ၏ ခံစားချက်ကို အူမချေး ခါးသိထားသူ ဆိုတော့ ဘာမှ ဝင်မပြောဘဲ နားထောင် နေခဲ့ပါ၏။ သာအောင်က မအိမ်ကံ အကြောင်း သိထားသူ ဆိုတော့ စိတ်ဆိုးပုံတော့ မရ။ သို့သော် သည်လောက်ခဲယဉ်းလိမ့်မည် မထင်တော့ ဘယ်စကား ပြောရမှန်း မသိဘဲ ရွှေမှုံ့မျက်နှာကို သာ ကြည့်နေခဲ့သည်။ ရွှေမှုံက အမေ ပန်းရုံဘက်ကို လှည့်ကာ တောင်းပန်သည်။ “အရီးရယ်။ ကျူပ်တို့ကို မအိမ်ကံ ဘယ့်နှယ် ဖြစ်နေသလဲ မပြောတတ်ပါဘူး။ မတွက်ကပ် သင့်သာ တွက်ကပ် နေသလိုပဲ။ ကျုပ်တို့က ရွာစိတ်ရပ်စိတ်နဲ့ လာတောင်းပန်သာပါ။ ကျုပ်တို့ သမီးလေးကလည်း ဆရာလေး ကျောင်းမှာပဲ ခရီး ဆုံးရမှာပါ။ မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး အရီးရယ်။ ကိုယ့်နယ် ကိုယ့်ရွာက ကလေးတွေ အားလုံးအတွက် စဉ်းစားသာပါ။ အခုတော့ ကျုပ်တို့ကို ထဆစ်(ထန်းဆစ်)လည်ကျိုး လှေပိုး ထိုးတွေကျလို့”

265


အမေပန်းရုံက သူ့ကို တိုင်တည်နေသော ရွှေမှုံကို ကြည့် ပီး သနားနေပုံ ပေါ်သည်။ ရွှေမှုံ ပြောတာလည်း မှန်သားပဲ။ သူတို့ ကိုယ်ကျိုး မပါပါ။ အများဆိုင် ကျောင်းမှာ တစ်ဖဲ့တစ် မလှူပါရစေဆိုတာ လက်ခံကောင်းသားပဲ။ သမီးက ဘာဖြစ် လို့ပါလိမ့်။ ခက်တာက တစ်ဖက်ကလည်း မငြင်းသာ။ တစ်ဖက်ကလည်း သမီး။ ဖြစ်နိုင်လျှင် အမေပန်းရုံ သည်ကိစ္စ သည်မှာတင် ပြီးချင်ပါ၏။ ကိုပြေသိမ်းကတော့ မအိမ်ကံ တစ်စခန်း ထလာတာကို ဇွတ်မငြင်းချင် သေးသလို အသာငြိမ် နေသည်။ မအိမ်ကံက ရွှေမှုံသမီး မှုံနံ့သာကို မြို့ကျောင်းလည်း တက်မထားနိုင်ပါဘူး ဆိုတာကြားတော့ မျက်နှာကို မော်ထား လိုက်ပါ၏။ လေတော့ လျှော့ချလိုက်သည်။ “ထဆစ်လည်ကျိုး လှေပိုးထိုးတွေ

မဟုတ်မှန်းသိပါ သယ်အေ။

ညည်းတို့ကို

ငါသည်လောက်ပဲ ပြောပါရစေတော့။

ညောင်မြစ်တူးရင်း ပုတ်သင်ဥတွေပါ ပေါ်ရော့မယ် ငါ” ရွှေမှုံက မအိမ်ကံ စကားမပြီးခင်မှာပင် စကားဝင်ဖြတ်သည်။ ရွှေမှုံက လေသံ မာလာခဲ့ပြီ။ “နေပါဦး မအိမ်ကံ။ ညောင်မြစ် မကလို့ ပိန္နဲမြစ် တူးတူး ရွှေမှုံတို့မှာ ပုတ်သင်ဥ ပေါ်စရာ မရှိပါဘူးအေ့။ ရွှေမှုံဆိုသာ တစ်ချိန်က ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ဆွေနဲ့မျိုးနဲ့ ဂုဏ်နဲ့ဒြပ် နဲ့ပါ။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောရ တာပါ။ ညည်းသဘောပါအေ။ ကိုင်း ကိုသာအောင် သွားကြစို့” ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါတဲ့လား။ ဒါ ညည်း နိုင်လောက်တဲ့ စကားပေါ့။ ငါက ရှုံးခဲ့သာကိုးအေရဲ့။ မအိမ်ကံက ထိုင်နေရာက ဝုန်းခနဲ မတ်တတ် ထရပ်လိုက်သည်။ ခါးကို တင်းတင်း ထောက်ထား လိုက်ရင်းက မဲ့ပြုံးပြုံးလိုက်သည်။ သမုန်းကိုင်းက ကြီးတော် စံရွှေတူဆိုသူ လူပုပု တစ်ယောက် ရွာကျောင်း မီးရှို့ခဲ့တာကို ထုတ်ပြောဖို့ အချိန်ကျပြီလို့လည်း ဆုံးဖြတ်လိုက်သည်။ စကားက တော်တော်နှင့် ထွက်မလာ။ လည်ချောင်းမှာ နာကြည်းမှုတွေ ဆို့ပြီး နင်နေသည်။ သည် အချိန်ကလေးမှာ ကိုပြေသိမ်းက အားလုံးကို ဝင်တားသည်။ စကားတွေ ရုန်းရုန်းရင်းရင်း ရှိကြတော့မှာကို မြင်လိုက်ပုံလည်း ရပါ၏။ “ကိုင်းပါလေ။ ဖြတ်ကြရအောင်။ အိမ်ကလေးကလည်း တော်ပါတော့။ မောင်သာအောင်တို့ကလည်း စိတ်မရှိကြပါနဲ့တော့။ ပြဿနာက ဘာမှ မဟုတ်ပါဘူး။ အိမ်ကလေးကလည်း သူလှူတဲ့ ကျောင်း မီးလောင်ကတည်းက ယူကျုံးမရ ဖြစ်နေရှာသယ်။ လက်သည်ကို မသိပေမယ့်” “မအိမ်ကံ လက်သည်ကို သိသယ် အစ်ကို” ကိုပြေသိမ်းက မအိမ်ကကိုံ တအံ့တသြ ကြည့်လကို သ် ည်။ သို့သော် အရာရာကို ကိုပြေသိမ်း ရိပ်စားမိလကိုြ် ပီ။ ဘယ်သမှူားသည်၊ ဘယ်သူမှန်သည် မပြောနိုင်သော်လည်း မအိမ်ကံ သိထားသည် ဆိုသူက သာအောင်တို့နှင့် ပတ်သက်နေသူ ဖြစ်ရမည်လို့ တွေးမိလိုက်ခြင်း ဖြစ်သည်။ “ထားပါတော့လေ။ အစ်ကို ပြောချင်တာက သည်ကိစ္စ အမေ ပန်းရုံပဲ ဆုံးဖြတ်ပါစေ။ အိမ်ကလေးကလည်း နားထောင် လိုက်ပါ။ အမေပန်းရုံ ဆုံးဖြတ်တာကို အားလုံး နာခံသင့်တယ်။ ကိုသာအောင်တို့ကလည်း နာခံပါ ဟုတ်ပြီလား” “ကျွန်တော်တို့က နာခံဖို့ လာကြသာပါ ဆရာလေးရာ။ အရီး ပန်းရုံတို့ ကျေနပ်အောင် လာခွင့်တောင်း နေကြသာပါဗျာ။ မအိမ်ကံကိုလည်း ဘယ့်နှယ်မှ မအောက်မေ့ပါဘူး” မအိမ်ကံလည်း ငြိမ်လိုက်ရပြီ။ အားလုံးက တစ်ဖက် မအိမ်ကံက တစ်ဖက် ဖြစ်နေတာကိုလည်း ရိပ်စားမိခဲ့ပြီ။ အဖေ ဦးသာထန် သုံးနေကျ စကားကို မအိမ်ကံ သတိရ လိုက်ပါ၏။ အကြောင်းများ မကောင်းရင် မင်းကုသကြီးတောင် အိုးတော် လုပ်မီး ဖုတ်ရသဗျား ဆိုသည့် စကားဖြစ်၏။ အခုလည်း အကြောင်း မကောင်းသခိုက် ငြိမ်နေလိုက်ခြင်းသာ အကောင်း ဆုံးဟု

266


တွေးမိတာလည်း ပါပါ၏။ ဖွဲကို ထောင်းလို့လည်း ဆန်ကောင်း ရစရာ မရှိ။ မအိမ်ကံ ငြိမ်နေလိုက်ရပြီ။ အမေပန်း ရုံကတော့ သည်အမှု သူ့အပေါ် သတ္တု ကျလာပြီ ဆိုကတည်းက သမီး မျက်နှာတစ်ချက် လှမ်းကြည့်ရှာသည်။ “သည်လိုတော့ လုပ်ကြသာပေါ့ကွယ်။ ရွာသူကြီးများ ပါပင့်ဖိတ်ပြီးတော့ ဟိုရွာ၊ သည်ရွာက ထည့်ချင်လှူချင်ကြ သာတွေလည်း ရှိသယ်ဆိုတော့ ငွေခံ အစည်းအဝေးကလေး လုပ်ကြသာပေါ့။ ရသမျှ မောင်ပြေသိမ်းနဲ့ ရပ်ရွာက ရပ်မိရပ်ဖ များက စာရင်းနဲ့ လက်ခံကြပါ။ ပြီးတော့ မောင်သာအောင် တို့၊ ရွှေမှုံတို့လည်း စိတ်ရှိသလောက် ထည့်ဝင်ပါ။ သည်ကြား ထဲက ငွေလိုမှာလည်း အမှန်ပဲ။ ကျန်သာကို ဘယ်လောက်ဖြစ်ဖြစ် အရီးတို့ မိသားစုက ကျသမျှဖြည့်ပါ့မယ်။ မကောင်းဘူး လား” သာအောင်နှင့် ရွှေမှုံတို့ မျက်နှာ ပြုံးရွှင်လာခဲ့သည်။ ရွှေမှုံက မအိမ်ကံ လက်ကို လှမ်းဆုပ်ကာ ဝမ်းသာကြောင်းပြရှာပါ၏။ မအိမ်ကံ တစ်ကိုယ်လုံး သွေးဆူဆူတွေ လှည့်နေသည်။ ရွှေမှုံ့လက်ကို မရုန်းသော်လည်း ငါနိုင်တယ် မအိမ်ကံရေလို့ ပြောနေသလိုလည်း ခံစားနေရပါ၏။ မအိမ်ကံ ရွှေမှုံကို တစ်ချက် ပြုံးပြလိုက်ပါ၏။ အေးစက် နာကြည်းလွန်း လှသော အပြုံး။ သာအောင်နှင့် ရွှေမှုံက အမေပန်းရုံကို ထိုင်ကန်တော့ ကြသည်။ ရွာကျောင်း ဆရာဖြစ်သော ကိုပြေသိမ်းကို ကန်တော့ ကြသည်။ တော်တော်ကြာအောင် စကားစမြည် ပြောပြီးမှ နှုတ်ဆက်ပြန်ကြသည်။ သာအောင်တို့ ပြန်သွားတော့ ကိုပြေသိမ်းလည်း အိမ်အပေါ်ထပ်ကို တက်သွားတော့သည်။ ကိုပြေသိမ်း မရှိတော့မှ မအိမ်ကံက သိထားသမျှ ခရေစေ့တွင်းကျ ပြောပြခဲ့သည်။ သည်စကားကြားရတော့ အမေပန်းရုံရော၊ မလှအုံရော ထူးဆန်းသော စကားကို ကြားလိုက်ရသလို မှင်တက်မိ ကုန်ကြသည်။ “ငါ့သမီးရယ် ရှိသာတွေ ရှိကြပါစေတော့။ ကိုယ်က တပ်အပ် မမြင်မသိသာကို နောက်ထပ် အကုသိုလ် မဖြစ်စေချင် တော့ဘူး။ သမီး ပြောနေသာတွေ အကျိုးအကြောင်း ရှိပါသယ်။ မှန်သယ် ဆိုရင်လည်း သူ့အကုသိုလ်ထုပ် သူရွက်ပါလိမ့်မယ်။ မမှန်ရင် ကိုယ်ရွက် နေရလိမ့်မယ် သမီး” ထိုညက မအိမ်ကံ ရင်ထဲမှာ ဆူးတစ်ချောင်း ထပ်စူးခဲ့ ပြီ။ “ရွှေမှုံဆိုသာ ရွာ့ကွမ်းတောင်ကိုင်ပါဟဲ့။ ထဆစ်လည်ကျိုး လှေပိုးထိုး မဟုတ်ပါဘူး။ ညည်းက ရှဥ့်တစ်ကောင် မြားတစ်စင်း ပစ်နေလို့ ပြောတာပါ” ဆိုသည့် ရွှေမှုံစကားတွေ က အဆိပ်ဆူးဖြူ တစ်ချောင်းလို တွေးမိတိုင်း နစ်ဝင် ခဲ့လေပြီ။ သမီးကြီး မအိမ်မြိုင် ခြောက်နှစ်သမီး အရွယ်က ဆယ့်နှစ်နှစ် သမီး အရွယ်ရောက် လာသည့်ကြား ကာလအတွင်း ဇောင် ချမ်းကုန်း ရွာသည်လည်း ပြောင်းလဲခဲ့သည်။ ဟိုတုန်း ဟိုခါ ကလို စရိုက်ဘာသာ အေးအေးလူလူ နေခဲ့ကြသူတွေချည်း မဟုတ်တော့။ အချိန်တန်တော့ မိုးရိပ် လေဆင်ကြည့်၍ ယာ ကလေးထွန်၊ ကိုင်းကလေးထွန်၊ ပြောင်းကလေးချ၊ နှမ်းက လေးချ ဆိုသည့် ဓားမဦးချတွေ ချည်းပါလို့ ပြောဖို့ပင် ခက် သွားလေပြီ။ လွတ်လပ်ရေး မရမီက အစစအရာရာ အသိအမြင် အောက်ကျခဲ့သည်ပဲဆိုဆို နိုင်ငံရေးသည် ကိုယ်နှင့် မဆိုင်သလို နေခဲ့ကြသည်။ တစ်ခါတစ်ရံ ဘယ်သူတွေ အုပ်ချုပ်နေမှန်းပင် မသိ။ လွှတ်တော်တွင်းမှာ နိုင်ငံရေး သမားတွေ အပြောင်းအလဲ ရှိတိုင်း ဇောင်ချမ်းကုန်းကို ရောက်လာတာ မဟုတ်တော့။ ငရုတ် တစ်ကိုက်၊ ထန်းတစ်ကိုက် စပ်တော့လည်း စပ်လို့ ချိုတော့လည်း ချိုလို့ ဆိုတာလောက်သာ အာရုံ ရှိခဲ့ကြပါ၏။ လွတ်လပ် ရေးရပြီးသည့် နောက်ပိုင်းမှာ တော့ ဇောင်ချမ်းကုန်းလည်း သက်တံကွေး ထွက်သလို စို့ထွက်လာကာ အရောင်စုံ ဖြစ်လာခဲ့သည်။ လွတ်လပ်ရေး ကာလနောက်ပိုင်း သူကြီး လုပ်ပိုင်ခွင့်တွေ များလာသည်။ ရွာသူကြီးကို ကျေးရွာကပဲ ရွေးကောက်ရသည်။ သူကြီး သက် ငါးနှစ်ကုန်လို့ နောက်ငါးနှစ် လုပ်ပိုင်ခွင့် ရှိသော်လည်း ကျေးရွာ အုပ်ချုပ်ရေး ကော်မတီ ရှိလာသဖြင့် ထိုနေရာတွေကို မက်မော လာကြရာက အုပ်စုကွဲ၊ ဆွေမျိုးကွဲတွေ ဖြစ်လာကြ သည်။ ကျေးရွာသူကြီးနှင့် ကျေးရွာ ကော်မတီတို့ တရားစီရင် ရေးတွင် အခွင့်အာဏာ အတန်အသင့် ရကြသည့် အလျောက် ထိုအခွင့်အာဏာ အပေါ် ယိုယွင်းမှုများ၊ မတရားမှုများ၊ ဘက်လိုက်မှုများ ရှိလာခဲ့သည်။ သည်မှစကာ ရှေးအခါက မည်သူမျှ စိတ်မဝင်စားခဲ့သော နိုင်ငံရေးသည် ဇောင်ချမ်းကုန်းတွင် ခေတ်စား လာခဲ့ပါ၏။ အချင်းချင်း စိတ်ဝမ်းကွဲကြရာမှ မညီမညွတ် ဖြစ်လာကြကာ ရပ်ရေးရွာရေးထက် ကိုယ်ကျိုးကိစ္စ ခေါင်းပေါ် ရွက်လာကြသည်။ ကျေးရွာ အုပ်ချုပ်ရေးတွင် သူကြီးနှင့် အပြိုင်ဖြစ်သည့် ကျေးရွာ ကော်မတီတွင် သာအောင့်ကို ဝိုင်းဝန်း မြှောက်တင်ကြ ရာမှ

267


ဇောင်ချမ်းကုန်းတွင် သူကြီးထက်ကျော်ကာ သာအောင် က ထင်ပေါ်လာခဲ့ပါ၏။ “ငါ့ထက် ရိုးသာ သူခိုး ကျန်တော့သယ် ဆိုသလိုပါပဲအေ။ သူကြီးက မလှုပ်ဘူး။ သာအောင်ကချည်း လှုပ်နေလို့ ရွာက ငပိသည်က ခွေးမမောင်းရဘူး၊ ဆားသည်က ခွေး မောင်း နေပြီ ပြောနေကြသယ်။ သာအောင် တစ်ခေတ်ဆန်းပါ ပကောအေ” မလှအုံက ဘယ်က ဘာကြားလာလို့မသိ။ တစ်ရက်မှာ ညည်းရှာသည်။ သာအောင်တို့ ကံဟုန်းဟုန်း ထတော့ ရွှေမှုံ ကလည်း သုံးဆယ့် ခုနစ်မင်း ပန်းမကိုင်ဘဲ ပူးနိုင်သူ ဖြစ်လာခဲ့ သည်။ ရွာရပ်က ကိုပြေသိမ်းကို အုပ်ချုပ်ရေး တစ်နေရာ ယူပါရန် တောင်းပန်သော်လည်း ကိုပြေသိမ်းက ငြင်းသည်။ ကျောင်းအလုပ်ကို အကြောင်းပြကာ ငြင်းလိုက်ခြင်းဖြစ်၏။ “ကျွန်တော် မလုပ်ပါရစေနဲ့။ ရွာရပ်မှာ သူကြီးလည်း ရှိပြီ၊ ကျေးရွာ ကော်မတီလည်း ရှိပြီ၊ ဆယ်အိမ်ခေါင်းလည်း ရှိကြပါပြီ။ ကောင်းဖို့ပဲ ရှိပါတော့တယ်” ကိုပြေသိမ်းက အတန်တန် ငြင်းတော့လည်း ငြိမ်လိုက်ကြ ရသည်။ သာအောင်က အရင်တုန်းက သာအောင် မဟုတ်တော့။ ရပ်မှု ရပ်ခင်းတွေမှာ သူ့ခြေသူ့လက် လုပ်လာခဲ့သည်။ တတ်နိုင်သူ ဆိုတော့ မြင်းခြံ အရောက်အပေါက် များရာက လူရေးလူရာ ဝင်ဆံ့လာသည်။ နှစ်သက် ကလေးရလာတော့ ရွာမှာသူကြီး ထက်ပင် ပါဝါ များလာတော့သည်။ တစ်ခါမှာတော့ မအိမ်ကံနှင့် ထိပ်တိုက် တိုးခဲ့တာကိုလည်း မအိမ်ကံ မှတ်မိနေခဲ့ပါ၏။ အဝေးရွာများမှ ကုန်လှည်းများ ရွာလယ်တာ လမ်းပေါ်မှ မောင်းနှင်သည့် အတွက် လှည်းရော၊ နွားပါ ဖမ်းခိုင်းကာ ဒဏ်ငွေရိုက်သည့် ကိစ္စဖြစ်သည်။ တစ်သက်လုံး ရွာလမ်းမပေါ်က မောင်းခဲ့ကြသော လှည်းဆရာတို့ ခမျာ မရှိရသည့်ကြားက ကြိုးတုပ်ခံ၊ မောင်းမဲခံ ဘဝ ရောက်ကြရသည်။ သည်သတင်း ကြားသည်နှင့် မအိမ်ကံ အသားများပင်ဆတ်ဆတ် တုန်ခဲ့သည်။ ဖိုးကူးကို အခြေအနေ စုံစမ်းခိုင်းသည်။ ဘယ်ရွာက လှည်းတွေလဲ၊ ဘယ်လှည်းသမားတွေလဲ၊ ဒဏ်ငွေ ဘယ်လောက် ရိုက်သ တဲ့လဲ၊ အခုကော လူတွေ၊ နွားတွေကို ဘယ်လိုထားသလဲ စုံစမ်းခိုင်းခြင်း ဖြစ်၏။ သူကြီးကလည်း လူရိုးလို့ပဲလား၊ သာအောင့်ကို မလွန် ဆန်နိုင်လို့ပဲလားတော့ မသိ၊ ဘာမှ ပြောသံမကြား။ ဖြစ်ချင်တော့ ထိုရက်က ကိုပြေသိမ်း မြင်းခြံ ရောက်နေသည့်ရက် ဖြစ်သည်။ ဖိုးကူးက အသေးစိတ်ပြောပြ တော့ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ကျေးရွာရုံးကို လိုက်သွားခဲ့သည်။ ခေါင်းကဆံပင်ကိုပင် လမ်းမှာ တစ်ပတ် လျှိုသွားခဲ့ခြင်းဖြစ်၏။ မအိမ်ကံ ပျာယီးပျာယာ ထွက်လာတာကို ရွာကထွက်ကြည့်ကြသည်။ “ဟဲ့ သမီး မအိမ်ကံ၊ ကိုယ့်အလုပ်လည်း မဟုတ်ဘဲနဲ့ သမီးရယ်။ ခေတ်ကာလက ဖြစ်လာသာပါအေ။ ဒဏ်ရိုက်သယ် ဆိုတော့လည်း နောက်ဆင်ခြင်ကြတော့မပေါ့။ သူတို့ ဥပဒေ ရှိလို့ လုပ်သာနေမှာပေါ့” အမေပန်းရုံက တားသော်လည်း မအိမ်ကံ ဇွတ်ထွက်လာခဲ့သည်။ ကျေးရွာရုံး ရောက်တော့ သာအောင်မရှိ။ နွားတွေ ရော၊ လူတွေရော မလွှတ်သေးဘဲ ဖမ်းထားဆဲ ဖြစ်၏။ နွားတွေကို မမြင်ရသော်လည်း လူတွေက ရုံးရှေ့မှာ ငုတ်တုတ်ထိုင်နေ ကြသည်။ ထမင်းပင် စားကြရသေးပုံ မပေါ်။ အိုဖြစ်ရလေ။ ကိုယ့်ရွာက မဟုတ်တာနဲ့ပဲ ရက်ရက်စက်စက် လုပ်ရသလား ဆိုသည့် စိတ်က ဆူဆူဝေလျက် ရှိ၏။ ရုံးထဲမှာရှိသည့် လူနှစ် ယောက်၊ သုံးယောက်ပင် မအိမ်ကံကို အံ့သြနေကြသည်။ “သာအောင် ဘယ်သွားသလဲ”

“ဦးသာအောင် အိမ်ခဏပြန်သယ်။ ထမင်းစားပြန်သာ” “အခုက လှည်းတွေ၊ နွားတွေကို ဘယ်လို လုပ်ထားသလဲ။ လှည်းသမားတွေ ထမင်းစားပြီးကြပြီလား။ နွားတွေ ကိုရော နွားစာ ကျွေးရဲ့လား၊ ရေတိုက်ရဲ့လား။ ဖမ်းသာကကော ဘာအမှုပါလိမ့်” မြေကြီးပေါ် ငုတ်တုတ်ထိုင်နေကြသည့် လှည်းသမားတွေ က မအိမ်ကံကို မော့ကြည့်ကြသည်။ ဝမ်းလည်းဝမ်းသာ

268


သွားကြပုံပေါ်ပါ၏။ မအိမ်ကံက ရုံးထဲမဝင်။ ရုံးရှေ့ ခါးထောက်ရပ်ရင်း အော်မေးနေခြင်းဖြစ်သည်။ သိပ်မကြာပါ။ ကိုစံကောင်း ရောက်လာသည်။ သစ်ပင်ရိပ်မှာ ရပ်ရင်း နှမဖြစ် သူကို အကဲခတ် နေခြင်းဖြစ်၏။ မလှအုံတို့ လွှတ်လိုက်တာ ဖြစ်မည်။ ခပ်လည်လည် ရွာသား တစ်ယောက်က ရှေ့ထွက်လာကာ မအိမ်ကံနှင့် မျက်နှာချင်း ဆိုင်သည်။ သူ့ကိုတော့ မအိမ်ကံ မသိ။ နောက်ပေါက်ထဲက ဖြစ်မည်။ “မကျွေးရသေးဘူး။ ခင်ဗျားက ဘယ်သူတုံး” “မင်း ငါ့ကို မသိဘူးလား။ တစ်ရွာက ထင်သယ်။ ငါ မအိမ်ကံပဲ။ မင်းတို့က ဖမ်းထားသဲ့ လူတွေ၊ နွားတွေတော့ အစာရေစာ မကျွေးနိုင်ဘူး။ သာအောင်က အပင်းသွားဆို့ သလား။ ငါမကျေနပ်လို့ လိုက်လာသာဟေ့” မအိမ်ကံနှင့် မျက်နှာချင်းဆိုင် ရပ်နေသူက ဘာမှမပြောနိုင်။ မအိမ်ကံကိုသာ ဘယ်လို မိန်းမပါလိမ့်ဆိုသည့် မျက်နှာနှင့် ကြည့်နေသည်။ မအိမ်ကံက သာအောင့် အိမ်ကို လိုက်သွားဖို့ စိတ်ကူးလိုက်သော်လည်း ရုံးကပဲ စောင့်ရန် ပိုင်းဖြတ်လိုက်ပြီး မနီးမဝေးက မြေပေါ်မှာ ချထားသော ထိပ်တုံးပေါ်သွား ထိုင်လိုက်သည်။ စောင့်မည်။ သာအောင်လာချိန် အထိစောင့်မည်။ မအိမ်ကံ ထဘီတိုတို ပါအောင်ဝတ်ပြီး ရွာရုံး လိုက်သွား သတဲ့ဆိုသည့် သတင်းကြောင့် ရွာက လူတွေ တဖွဲဖွဲ ရောက်လာ ကြပါ၏။ ဘယ်သူက သွားခေါ်သည် မသိ။ သာအောင် ရောက်လာသည်။ သာအောင့်နောက်မှာ လူနှစ်ယောက် ပါလာသည်။ ရွာက နွားသတ်သမား အောင်လှနှင့် သာအောင့်အမျိုး ထဲက တစ်ယောက်ဖြစ်၏။ သာအောင်က သတင်းကြားထား ပြီးပုံရသည်။ ရုံးထဲ မဝင်ဘဲ မအိမ်ကံကို လှမ်းကြည့်လိုက်သည်။ မအိမ်ကံက ထိပ်တုံးနှုတ်ခမ်းပေါ် ထိုင်ရာက မတ်တတ် ရပ်လိုက်ပြီး သာအောင်နှင့် မျက်နှာချင်း ဆိုင်လိုက်၏။ သာအောင်က မခိုးမခန့်။ “သာအောင်... နင်တို့ အဝေး ရွာတွေက နွားလှည်းတွေ ရာ၊ လူတွေပါ ဖမ်းထားသယ်ဆိုလို့ ငါလိုက်လာသာ။ နင် ဘယ့်နှယ် လုပ်သာလဲ။ အမှုက တာလမ်းပေါ် နွားလှည်း မောင်းလို့ဆို။ ဆယ့်နှစ်မှု မင်းတိုင်းမကျေသဲ့ အမှုကြီးလိုပါ လားဟဲ့” “ဟုတ်သယ်။ မအိမ်ကံနဲ့ မဆိုင်ပါဘူး။ ဒါက ရပ်ရွာ အုပ်ချုပ်ရေး ကိစ္စပါ။ အခုက မြင်းခြံရုံးကခိုင်းလို့ လုပ်သာ။ တာလမ်းပေါ် နွားလှည်းမောင်းရင် လမ်းဌာနက ဒဏ်ရိုက် ခိုင်းထားသယ်။ ကနေ့ စဖမ်းသာပဲ။ အဲသာ ဘယ့်နှယ်ဖြစ်လို့ တုံး” “အလိုတော်

မြို့ဝန်မင်း

စောင်မမှ

ထောင်ကျရသဲ့

ကိန်းပါ

လား။

ဘယ်မှာလဲ

ရုံးအမိန့်၊

ဘယ်မှာလဲ

ရပ်ရွာ

အသိပေးသာ။ဘယ်လမ်းဘေး စာကပ် ထားသလဲ။ သည်ကနေ့ စဖမ်းရအောင် အဝေးရွာက လှည်းတွေက သိသိနဲ့ ချိုးဖောက်ကြလို့ လား။ တာလမ်းပေါ်က မသွားရင် ဘယ်က သွားရမှာတုံး။ ဘယ်မှာတုံး လှည်းလမ်း။ ဒါမျိုးဆိုသာ ရွာစဉ်ပေါက် ကြေညာချက် ထုတ်ပြီးမှ လုပ်ရသဲ့ ကိစ္စ။ ငါသူကြီး သမီးပါ ဟဲ့။ ထစ်ခနဲရှိ ဒဏ်ငွေ၊ နင်တို့မို့ မရှက်သယ်” သာအောင်က လူအများရှေ့ အပြော ခံရသဖြင့် မျက်နှာကြီး ရဲလာရာက ရှေ့ကို တိုးလာခဲ့သည်။ တပည့်နှစ်ယောက် ကလည်း ကပ်လျက်ချပ်လျက်။ “မအိမ်ကံ ပြန်ပါ။ သည်လောက်ပဲ ပြောပါရစေ။ နင် အငြိုးနဲ့ လာပြောလို့ မဖြစ်ဘူး။ ဒါအထက်က ခိုင်းလို့ လုပ်ရသာ” အငြိုးနဲ့ လာမပြောနဲ့ ဆိုသည့် စကားကြောင့် မအိမ်ကံ ရှေ့ကို တစ်လှမ်းတိုးလိုက်သည်။ “အပြစ်မရှိသဲ့ လှည်းသမားတွေကို နင်ကသာ ငြိုးသာ။ ငါက နင့်ကို ဘယ်တုန်းကမှ ခေါင်းထဲ မရှိဘူး။ ဖမ်းထားပြီး ဒဏ်ငွေ ရိုက်ချင်သာက ရှေ့က။ လူစာ၊ နွားစာတောင် မကျွေးဘူး ဆိုတော့ နင်လည်း တောသူ၊ တောင်သားပဲ မလွန်လွန်းဘူး လား။ တခြားရွာက လှည်းတွေ မပြောနဲ့။ ဇောင်ချမ်းကုန်းက တောင်သည် အမိန့်ကို ဘယ်သူမှ မသိကြဘူး” “ဟုတ်ပါပြီလေ။ အခုက မအိမ်ကံနဲ့ ဘယ်လိုပတ်သက် လို့တုံး။ လှည်းသမားတွေထဲမှာ နင့် အမျိုးပါလို့လား” “ဘယ့်နှယ့်မှ မပတ်သက်ဘူး။ ဘာအမျိုးမှလည်း မပါဘူး။ နင်လုပ်သဲ့ အလုပ် မဟုတ်လို့ လိုက်လာသာ။ မဟုတ်ရင် ဘယ်ဟာမှ

269


မခံဘူး။ ငါရွာကျောင်း ဆရာကတော်လေဟဲ့။ မမှန်သာ မတရားသာ ရှိရင် ငါတို့က ရှေ့ကထွက်ရမှာပဲ။ ဘယ့်နှယ့်တော်၊ နှီးချက်နဲ့ တဲဆောက်ကာမှ သံတောင် နောက်ကောက် ကောက်ကျရသယ့် ကိန်းဆိုက်နေပါပကော” ရုံးရှေ့မှာ လူတွေ အုံခဲနေကြပြီ။ မလှအုံလည်း ချက်ချင်း အပြေး ရောက်လာသည်။ လာတုန်းကတော့ မအိမ်ကံကို “နင်တန်၊ သူတန်” လုပ်ဖို့ လိုက်လာ ဟန်တူပါ၏။ သာအောင် နှင့် ခွန်းကြီးခွန်းငယ် အော်နေကြတာ တွေ့တော့ ကိုစံကောင်း အနား သွားရပ်သည်။ ကိုစံကောင်းကလည်း နှမဖြစ်သူကို တစ်ခွန်းဝင် မဟ။ သာအောင် လူပါး ဝနေတာကို ရွာက မခံချင် ကြသော်လည်း မိုးကောင်း နေချိန်ဆိုတော့ ငြိမ်နေကြရသည်။ ခုတော့ နှမ လုပ်သူက ချက်ကျ လက်ကျ တွယ်နေတော့ အဝေးက အသာကြည့် နေခြင်းဖြစ်၏။ သာအောင့်နောက်မှာ လူမိုက် နှစ်ယောက် ရှိနေကြတော့ နှမကို ကိုယ်ထိလက်ရောက် ရှိကြမှာ စိုး၍ ဖြစ်သည်။ မလှအုံက မအိမ်ကံ အနားသွားကာ လက်မောင်းအိုးကို ဆွဲသည်။ “မအိမ်ကံလာတော့ နေပူသယ်။ တို့ရွာလည်း ဆင်ကြိုးနဲ့ ကြက်ချည်၊ ကြက်ချည်ကြိုးနဲ့ ဆင်ချည် ဖြစ်နေပါပကော” မအိမ်ကံက နေရာမှာပဲ ပေရပ်ကာ သာအောင့် စကားကို စောင့်နေခဲ့သည်။ သာအောင့် နှုတ်က အမိန့်မကျ သေးတာကို ပေစောင့်နေခြင်းဖြစ်၏။ တကယ်တော့ သာအောင်က မြင်းခြံ လမ်းပိုင်း ဌာနက စာအရ ဆောင်ရွက်ခြင်း ဖြစ်၍ သည်ကိစ္စ သည်လောက် ကြီးကျယ်သွားလိမ့်မည် မထင်ခဲ့။ အဝေးရွာက လှည်းတွေကို ဒဏ်ရိုက် လိုက်ရုံနှင့် ပြီးလိမ့်မည် ထင်ခဲ့သည်။ လှည်းသမားတွေနှင့် နွားရှစ်ကောင်ကို အစာရေစာ ကိစ္စ မစီ စဉ်မိခဲ့တာကတော့ ပေါ့ဆမှု ဖြစ်သည်။ မအိမ်ကံ ရောက်လာ ကာ သည်လို ကက်ကက်လန် ရန်တွေ့လိမ့်မည် လို့လည်း မထင်။ ရွာမှာ ကိုပြေသိမ်းတို့၊ မအိမ်ကံတို့က လွဲ၍ ပြောဝံ့ ဆိုဝံ့သူ မရှိတော့လည်း ထင်တိုင်းကြဲ နေကြတာ ကြာပြီ။ သာအောင်က ပါးသည်။ သူလွန်တာကို အများရှေ့မှာ အထုပ် ဖြေပြသလို အဖြစ်မခံဘဲ ချာခနဲ လှည့်သွားကာ ပြဿနာကို ရှောင်လိုက်သည်။ သူ့နောက်ပါ နှစ်ယောက်ကို တစ်စုံတစ်ရာ ပြောခဲ့ပြီး ရုံးထဲ ဝင်သွားသည်။ နွားသတ်သမား အောင်လှက လှည်းသမားတွေဆီ သွားကာ ပြန်ကြရန် ပြောနေလေပြီ။ “မလှအုံ လူတွေ၊ နွားတွေ အိမ်မှာ ထမင်းကျွေးဖို့ လုပ်ပေးပါဦး။ ခမျာများ ဆာကြရှာရော့မယ်။ လှည်းကောက်ပြီး အိမ်မောင်းခဲ့ခိုင်းလိုက်တော့” ရွာသူရွာသားတွေကြားထဲက မအိမ်ကံ တိုးထွက်လာခဲ့ သည်။ ဇောနှင့်သာ လိုက်လာရသည်။ ပူလိုက်သည့်နေ။ ဤသို့ ဖြင့် ဇောင်ချမ်းကုန်းရွာ တာလမ်းပေါ် နွားမောင်းမှုကြီးပြီး သွားခဲ့ပါ၏။ တစ်ရွာလုံးမှာ အုတ်အုတ်ကျက်ကျက် ဖြစ်ကျန် ရစ်ခဲ့သည်။ မအိမ်ကံ အကြောင်းက စကားဖြစ်နေခဲ့ပြီ။ မလှအုံက လှည်းသမားတွေကို လှည်းကောက်ခိုင်းရင်း ခါးကြီး တထောက်ထောက်နှင့် ကျန်ရစ်ခဲ့၏။ ကိုစံကောင်းလည်း နှမ ဖြစ်သူနောက် သုတ်သုတ်ပါအောင် လိုက်လာခဲ့သည်။ “ချက်ကျချက်တော့ဟာ...

သည်ကောင်

လူပါးဝနေသာ

ကြာပြီ။

ငါက

နှမထိရင်

ဝင်ရိုက်မလို့။

ပြန်ပြန်

ငါ့နှမ

သည်ကောင်တွေတော့ သတိထားနော။ မကောင်းကြံချင် ကြံမယ့် ကောင်တွေရယ်” “မကောင်းကြံတော့လည်း တစ်ပွဲ တွေ့ကြရုံပေါ့ အစ်ကို လေးရယ်။ ဘယ့်နှယ် ဇောင်ချမ်းကုန်းမှာ အကုသိုလ်က နိုင်စား ရမယ်လို့။ လူတွေက ခွေးဆိုး ဆိုသာနဲ့ ကြောက်ရတော့မှာ လား။ ခွေးဆိုးများ ပါးစောင်ဟက်တက် ဖြဲပစ်လိုက်ချင်သေး တယ်” မအိမ်ကံ ဒေါသအရှိန်တွေ မပြေသေး။ မအိမ်ကံ စကား ကြောင့် ကိုစံကောင်းပင် စကားမဆက်နိုင်ဘဲ နှမကိုလှမ်းကြည့် လိုက်လေ၏။ “နေနှင့်ဦး။ လှည်းသမားတွေကို ပုဆိုးတစ်ထည်စီပါ ပေးလိုက်ရဦး” မအိမ်ကံက ဒဏ်ရိုက်ခံကြရမည့် လှည်းသမားတွေဘက်က ရပ်တည်ခဲ့ကြောင်း၊ လူစာ၊ နွားစာ အိမ်မှာ ဝ၀လင်လင် ခေါ်ကျွေးခဲ့ရုံမက ပုဆိုး တစ်ကွင်းစီပါ ပေးလိုက်သေးသတဲ့ ဆိုသည့် စကားတွေက ရွာပေါင်းစုံ ထုတ်ချင်းခတ်သွားခဲ့လေ

270


ပြီ။ သာအောင်လည်း နည်းနည်းတော့ ကုပ်သွားလေ၏။ ထင်မထားသည့်ထောင့်က မအိမ်ကံ ပေါ်လာတာကို သာအောင် ကိုယ်တိုင် ဟန်ရေး မပြခဲ့နိုင်ခဲ့။ စဉ်းစားတွေးတောရင်း ပေါ်လာသည့် ရှေးဟောင်း နှောင်းဖြစ်တွေပင်။ မအိမ်ကံ အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ သမီးကြီးက အပူအပင် ကင်းကင်း အိပ်ပျော်လျက်။ အပြင်မှာ လရောင်က သာဆဲပင်။ မအိမ်ကံတို့

ဝိုင်းတိုက်ထဲမှာ

လှည်းနှစ်စီး

ကောက်ထား

ပြီးပြီ။

တစ်စီးက

ဖိုးကူး

မောင်းမည်။

နောက်တစ်စီးက

ကိုကြက်တောလှည်း။ ကိုကြက်တောက လှည်းသာပေးလိုက် ခြင်းဖြစ်ပြီး ကိုဖိုးငွေက မောင်းမည်။ မလှအုံက အိမ်ပေါ်က သံသေတ္တာကြီး ရွက်ချတော့ ကိုဖိုးငွေက လှည်းပေါ်ကဆီးယူ သည်။ စုံစီနဖာတွေကလည်း မနည်းပါ။ ဘထွေးဖြစ်သူ ကိုသက်မင်းတို့ မိသားစုအတွက် အမေပန်းရုံ ထည့်ပေးလိုက် သည့် လက်ဆောင်တွေလည်းပါပါ၏။ အိမ်ကြီးမှာ လူတွေ များလှသည်။ အမျိုးတွေ အဆွေတွေပါမက နားကြားနှင့် လာရောက်ကြသူတွေလည်း များလေ၏။ “မအိမ်ကံ သမီးပို့ မလိုက်ဘူးလား။ မြင်းခြံကို။ ညည်း သမီးကတော့အေ တစ်ရွာ တစ်ယောက်ထွန်းပါပဲ။ မိန်းကလေး မြို့တက်ပညာသင်သာ တို့တစ်သက် မကြားစဖူးဘူး။ သမီး ကလည်းတော်၊ မိဘများကလည်း ကူဖော်ပံ့ဖက်ရ ဟန်ကျ ပါ့အေ” မေးသူတွေက မေးကြတာကို မအိမ်ကံဖြေနေရသည်။ မအိမ်ကံ သမီးပို့မလိုက်တော့ပါ။ ဖအေလည်း ပါသည်။ မလှအုံ လည်း နေရာချရန်လိုက်သွားလိမ့်မည်။ မအေ ပါသွားလျှင် သမီးကြီး စိတ်ပြောင်းသွားမှာကို တွေးပြီး မလိုက်တော့ခြင်း ဖြစ်၏။ သမီးကြီးမြိုင်က စိတ်အပြောင်းအလဲကလည်း မြန်တတ်ပါ ဘိသနဲ့။ ပြီးတော့ အိမ်မှာ သက်ကြီးရွယ်အို မအေကြီး ခမျာ သမီးရော၊ မြေးပါ အိမ်က ခွာသွားလို့ကတော့ ဝမ်းထဲက အူတွေ ဆွဲနုတ် သွားသလို ဟာသွား ရှာမှာကို စိုးတာလည်း ပါပါသည်။ ဘာပဲဖြစ်ဖြစ် အမေပန်းရုံ အနားမှာ မအိမ်ကံရှိမှ ဖြစ်မည်။ မြိုင်ကလေးက သည်မနက် လှနေလိုက်သည့် ဖြစ်ခြင်း။ ဆယ့်နှစ်နှစ် သမီးဆိုတော့ အလှတွေ ရုန်းကန် ပွင့်ရန်အားယူ နေချိန် မဟုတ်လား။ ဝင်းဝါဝါ အသားအရေနှင့် မျက်နှာပွင့်ပွင့် ကလေးကြောင့် ဘွားအေက “ပပဝတီ” ခေါ်တာလည်း မလွန်ပါ။ ကျောက်စိမ်းရောင် ပိုးထည်ကလေးနှင့် သပြေစိမ်းရောင် အင်္ကျီက တောက်ကြွားလွန်း လှပါ၏။ မျက်နှာချေကလေး ပုတ်ထားသဖြင့် မျက်နှာ နုနုကလေးသည်ပင် ပန်းသွေးရောင် ပြေးလျက် မျက်တောင်တစ်ချက် ပုတ်လိုက်တိုင်း စိန်ပွင့်တွေလို တဖျတ်ဖျတ် ရှိလေ၏။ မန္တလေးက ကတ္တီပါ ခြေညှပ်ဖိနပ် ကလေး စီးထားသည်။ ရွှေချည်ထိုး အိတ်ကလေး တစ်အိတ်ကို ကိုင်ထားသေးတော့ ကွမ်းတောင် ကိုင်တော့မည့် ရွာ့မိန်းမ ချောကလေးနှင့်ပင် တူသည်။ မအိမ်ကံက လွမ်းတာ တစ်ခြမ်း၊ ကျေနပ် အားရတာက တစ်ခြမ်းဖြင့် တစ်ကိုယ်တည်း နှစ်စိတ် ဖြစ်နေရတော့သည်။ “ကိုင်း မြိုင်ကလေး၊ ငါ့မြေး ဘွားအေကြီးကို ကန်တော့။ သွားကြရအောင်” အလို။ သွားကြတော့မှာလား။ မအိမ်ကံ ရင်တွေ သည်တော့မှ ကတုန်ကယင် ရှိလာခဲ့သည်။ ကျေးဥက လူတွေရှေ့ မထွက်။ သူ့သားအငယ်နှင့် မအိမ်ခိုင်တို့ကို တစ်ဖက်တစ်ချက် စီဆွဲထားရင်း ခပ်ကွာကွာက လှမ်းကြည့်နေသည်။ ငိုချင်ချင် မျက်နှာက တင်းထားသဖြင့်သာ မျက်ရည်တွေ မကျခြင်း ဖြစ်၏။ မအိမ်မြိုင်က အမေ ပန်းရုံကို ဖျာပေါ်မှာ ထိုင်ကန်တော့တော့ အမေပန်းရုံက ဆုတွေ ပေးနေခဲ့သည်။ သည်မြင်ကွင်းကို ကြည့် ရင်း မအိမ်ကံ မျက်ရည် စို့ရပြီ။ “ပညာရှာသယ့် အခါ တောလိုက် မုဆိုးများသားကောင် ရှိရာ အရပ်မှာ ခြေလုံလုံပျ ဝပ်ကျိုးနွံရှိသလို ကျင့်ရသယ်။ ရတနာ သုံးပါးကို ကြည်ညိုရာမှာ အဖိုးတန် လည်ဆွဲ တန်ဆာကို ပျောက်မှာစိုးလို့ မကြာခဏ စမ်းသလို အခါမလပ်အောက် မေ့ရသယ်။ တောမျောက်များ တစ်ည သုံးခါမြေကြီးကို ဆင်း စမ်းသလို ဝီရိယ ရှိရသယ်။ ကြားလား ငါ့မြေး။ ယနေ့ယခု မှစ၍ မြေးလေး မအိမ်မြိုင် တစ်ယောက် စိတ်သွားတိုင်း ကိုယ် ပါ၍ လိုရာမှန်သမျှ ပြည့်စုံပြီးလျှင်...” အမေပန်းရုံဆုပေးနေသခိုက် မအိမ်ကံ မျက်လုံးတွေ မှိတ်ထားခဲ့သည်။ မျက်ရည်တွေက ပိတ်ထားသော မျက်ခွံထဲက ယိုစီးကျလျက် ပါးပြင်ပေါ်သို့ တစ်လိမ့်ချင်းကျလာ လေ၏။ ရင်ထဲ လှိုက်တက်လာသော ခံစားမှု အဟုန်က အသိ သတိတရားတို့ကိုပါ ရိုက်ချိုး ပစ်လိုက်သည့် အခါ ကြေကွဲစရာ ကောင်းလှသော ရှိုက်သံကြီး ထွက်ပေါ်လာလေသည်။ ကျေးဥ၏

271


ငိုသံကလည်း ထက်ကြပ်မကွာ ပါလာခဲ့ပြီးသည့် နောက်မှာတော့ တရားဆုကို ပေးနေသော ဘွားအေပါ အသံတွေ တုန်လှိုက် လာရာက တဘက်ဟောင်းဖြင့် မျက်နှာကို အုပ်ကာငို ရှာလေသည်။ ဝိုင်းတိုက်ထဲတွင် ရှိနေကြသော ဆွေမျိုးများရော ရွာခံများပါ မျက်ရည်တွေဝေ့ကြရပြီ။ ခံစားမှုနှင့် ပတ်သက်လျှင် အေးအေးလေးလေး ရှိရှာသူဟု ပြောစမှတ်ပြုရသော မအိမ်မြိုင်သည်ပင် မျက်ရည်တွေတွေ ကျရင်းက ဘွားအေကို တစ်လှည့်၊ မိခင်ကို တစ်လှည့်ကြည့်ရင်း ငိုနေခဲ့၏။ မအိမ်ကံနှင့် ဖအေကို လာကန်တော့သည့် အခါ သမီးကြီးကို အကန်တော့ မခံသေးဘဲ ပိုက်ဖက်ထားခဲ့သည်။ နဖူး ဆံစတွေကို နမ်းနေမိသည်။ သည်သမီးကလေး မွေးကတည်း က ရင်အုပ်မကွာ ရှိခဲ့ရာက သည်ကနေ့တော့ဖြင့် အဝေးတစ် နေရာဆီ သွားရရှာတော့မည်။ မိဘနှစ်ပါးကို ကန်တော့အပြီး မှာတော့ လှည်းပေါ် တက်ရပြီ။ ကိုပြေသိမ်းပင် မျက်နှာကို တစ်ဖက် လှည့်ထားရှာ၏။ မလှအုံနှင့် မအိမ်မြိုင် သားအဖက လှည်းတစ်စီး။ ကိုဖိုးငွေနှင့် ဝန်စည်စလယ်တွေက လှည်းတစ်စီး။ မအိမ်ကံ ငယ်ငယ်က အဖေနှင့် မြင်းခြံ အလည် လိုက်သွားခဲ့စဉ်က အမေပန်းရုံနှင့် ခွဲရသည့် ခံစားမှုကိုပင် ပြေးသတိရ လိုက်မိပါ၏။ “အမေ သွားတော့မယ်နော်၊ အမေကြီးပန်းရုံ သွားတော့ မယ်နော်၊ ကျေးကျေး သွားတော့မယ်နော်၊ ညီမလေးခိုင် မမ သွားတော့မယ်နော်” “သွားတော့မြေးကြီးရေ၊ မြေးကြီးလာမှ အမေကြီး တွေ့ ရတော့မှာပါအေ၊ ကျောင်းပိတ်သာနဲ့ ပြန်ခဲ့နော်မြေး၊ အမေကြီး တို့ မျှော်နေမယ်နော်၊ ခလုတ်မထိ ဆူးမငြိ ဘေးရှိသမျှ ဝေးပါ စေတော်၊ ကျုပ်မြေးလေး” လှည်းနှစ်စီး ရွာလယ် လှည်းလမ်းပေါ်ရောက်သွားခဲ့ပြီ။ ဝိုင်းတိုက်ထဲက ရှိရှိသမျှ လူတွေအားလုံး ခြံဝက ထွက်ကြည့် ကြသည်။ မအိမ်ကံက လက်ပြတော့ သမီးကြီး မြိုင်ကလည်း လက်လှမ်းပြရှာပါ၏။ ဘဝဆိုတာ နှုတ်ဆက်ခြင်းများနှင့်ချည်း ပြီးရတာများလား။ သွားတော့ သမီးရေ။ ညသည် လပြည့်ကျော်စရက် ဆိုသော်လည်း ညဥ့်နက်ပိုင်းတွင် လရှိသေးသည်။ လထွက် နောက်ကျသည့် အတွက် ညဦးပိုင်းတုန်းကတော့ ဇောင်ချမ်းကုန်း တစ်ရွာလုံး မှောင်မည်း လျက်ရှိ၏။ ကလေးငိုသံ၊ သီချင်းဆိုသံ၊ ပုလွေသံစသော ကျေးရွာ တစ်ရွာ၏ ဆွတ်ပျံ့ဖွယ် အသံဗလံများ ငြိမ်သက်သွား ချိန်မှာတော့ ရွာကလေးလည်း တစ်စတစ်စ ငြိမ်သက် သွားခဲ့ပါ၏။ မအိမ်ကံတို့ အိမ်ကြီးမှာ ဖိုးတုတ်ကလွဲလျှင် မိန်းမသား တွေချည်း ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းရော၊ ကိုဖိုးငွေရော၊ ဖိုးကူးရော မရှိကြရုံမက မလှအုံပါ ပါသွားလေတော့ အိမ်မှာ အမေပန်းရုံ၊ မအိမ်ကံ၊ ကျေးဥနှင့် ကလေး သုံးယောက်သာ ကျန်ရစ်ခဲ့သည်။ ကိုပြေသိမ်းတို့ လှည်းထွက်သွားကတည်းက သည်အချက်ကို မအိမ်ကံ သတိထားမိလိုက်သည်။ ညဘက်မှာ ဖိုးတုတ် တစ်ယောက်သာ ယောကျာ်းသားရယ်လို့ ရှိပြီး မိန်းမသား တွေချည်း ကျန်ခဲ့ခြင်းသည် သည်လို ကာလကြီးမှာ မကောင်းနိုင်တာကို ရိပ်စားမိခဲ့ခြင်း ဖြစ်သည်။ အမေပန်းရုံက အသက် အရွယ်ကြီး ရင့်ပြီ။ ထွန်းပ၊ ထွန်းရ ညီအစ်ကိုနှင့် မအိမ်ခိုင်က ကလေးငယ်တွေ။ ကျန်တာ မအိမ်ကံနှင့် ကျေးဥပဲ ရှိတာဆိုတော့ ကိုစံကောင်းကို ညဘက်လာစောင့်ရှောက်ဖို့ မအိမ်ကံ စီစဉ်ခဲ့သည်။ ညနေက ကျေးဥကို အခေါ်လွှတ် လိုက်ကတည်းက ကိုစံကောင်းကလည်း ဓားရှည် တစ်လက်ဖြင့် ရောက်လာခဲ့ပါ၏။ “ဟုတ်သယ်၊ အစ်ကိုလေးလည်း စဉ်းစားမိသယ်၊ ခေတ်ကာလက မကောင်းတော့ ငါ့နှမတွေးသာ မှန်သာပေါ့၊ စိတ်ချသာ အိပ်ကြပါအေ၊ အစ်ကိုလေး ရှိပါသယ်” ကိုစံကောင်း အတွက် လက်ဖက်တစ်ပွဲ ရေနွေးတစ်အိုး စီစဉ်ပေးပြီး အိပ်ရာ ဝင်ခဲ့ကြသည်။ သည်ညတော့ ကျေးဥတို့ သားအမိ တစ်တွေကလည်း မအိမ်ကံတို့နှင့် အတူ အိမ်ကြီးပေါ် လာအိပ်ကြသည်။ အိမ်အောက်ထပ် အေးခုတင်ကြီးပေါ်မှာ ဖိုးတုတ်နှင့် ကိုစံကောင်း အိပ်ကြလိမ့်မည်။ အိပ်ရာဝင်တော့လည်း မအိမ်ကံမှာ သမီးကြီးကို လွမ်းလွန်းသဖြင့် ချက်ချင်း အိပ်မပျော်နိုင်။ ကျေးဥကလည်း မအိမ်ကံလိုပင် ရှိခဲ့သည်။ အမေပန်းရုံကတော့ မြေးလွမ်း နေပုံရပါ၏။ ညနေစောင်းက

272


တည်းက အိမ်ဦးခန်းက သင်ဖြူးဖျာ ကလေးပေါ်မှာ ဝင်ခွေ နေလေတော့သည်။ မအိမ်ကံနှင့် ကျေးဥ စကား တပြောပြော ရှိကြရာတွင် ညဥ့်နက်လာတော့ ကျေးဥလည်း အိပ်ရာဝင်ခဲ့ပြီ။ မအိမ်ကံမှာသာ အိပ်မပျော်နိုင်သေးဘဲ အတွေးတွေ စုံနေ ခဲ့ရပါ၏။ အောက်ထပ် နာရီကြီးဆီက တစ်ချက်ထိုးသံ ကြား ရပြီ။ ဒင်ခနဲမြည်လိုက်သော အသံက မအိမ်ကံကို ဖျတ်ခနဲ လှုပ်လိုက်သလိုရှိရာက တစ်စုံတစ်ရာ စိတ်မသိုးမသန့်သလို ခံစားလိုက်ရသည်။ ဘာသံမှတော့ မရှိ။ သို့သော် မအိမ်ကံတွင် အာရုံတစ်ခု ကပ်ငြိနေသလို ကြက်သီး ရိပ်ရိပ်ကလေးထိ သွားခြင်းဖြစ်၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ ဝိုင်းတိုက် လေးဖက် လေးတန်စလုံးကို မြင်ရသော ပြတင်းပေါက်များက တစ်ဆင့် စူးစူးစိုက်စိုက် လိုက်ကြည့်သည်။ လရောင်က ခပ်နောက်နောက်ဆိုတော့ သဲသဲကွဲကွဲတော့ မရှိ။ အစ်ကိုလေး ကိုစံကောင်းကော အိပ် နေလေသလား။ မအိမ်ကံ ကြည့်နေခိုက်မှာပင် ဝိုင်းတိုက်ထဲသို့ အရာဝတ္ထု ဖြူဖြူတွေ တဖျောဖျော ကျလာသည်ဟု ထင်လိုက်မိသည်။ ပြတင်းပေါက်နှင့် ဝင်းထရံက တော်တော်လေး ဝေးသဖြင့် သေတော့ မသေချာ။ မအိမ်ကံက ကိုစံကောင်းကို အော်ခေါ် လိုက်ဖို့ တွေးမိလိုက်ချိန်မှာပင် ကိုစံကောင်းက ဓားရှည်ဝင့်ရင်း ဝင်းထရံဘက်ကို ပြေးသွားတာ မြင်လိုက်ရသည်။ မအိမ်ကံ ကလည်း နံရံပေါ်က ဓားရှည်ကို ဆွဲလိုက်ပြီး လှေကားပေါ်က အပြေးဆင်း လာခဲ့လေသည်။ လက်နှိပ်ဓာတ် မီးကိုတော့ ဆွဲဖြစ်အောင် ဆွဲခဲ့သည်။ ကိုစံကောင်းက ခြေသံတဖျတ်ဖျတ်ကြောင့် လှည့်ကြည့်လိုက်ပြီး မအိမ်ကံမှန်းသိ၍ စောင့်နေလိုက်သည်။ ခြံထောင့်ကိုရောက်ကြတော့ မအိမ်ကံက လက်နှိပ် ဓာတ်မီးဖြင့် ဟိုဟိုသည်သည် ထိုးကြည့်သည်။ တွေ့ပြီ။ ပစ္စည်းက သုံးနေရာ ပြန့်ကြဲနေသည်။ မှုန်ဝါးဝါး

လရောင်ထဲမှာ

မအိမ်ကံပင်

သွေးဆုတ်

သွားမတတ်

ရှိခဲ့ရာမှ

ကိုစံကောင်းကို

မော့ကြည့်လိုက်သည်။

ဓားရှည်တစ်လက် ကိုင်ထားသော ယောကျာ်းသားကြီး ကိုစံကောင်းပင်လျှင် တောင့်တောင့်ကြီး ငြိမ်သက်လျက် ရှိလေ၏။ ၃၂။ “ဗုဒ္ဓေါစ မင်္ဂလာ လောကေ ဗုဒ္ဓေမင်္ဂလ မာဂမ္မသဗ္ဗ အန္တရာယာ ဝိနသန္တု။ ဓမ္မောစ မင်္ဂလောလောကေ ဓမ္မ မင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယာ ဝိနသန္တု။ သံဃောစ မင်္ဂလော လောကေ သံဃမင်္ဂလ မာဂမ္မ သဗ္ဗအန္တရာယော ဝိနသန္တု။ လောကေ လောက၌ ဗုဒ္ဓေါစ မြတ်စွာဘုရားသည် မင်္ဂလော မင်္ဂလာရှိပါ ပေ၏။ လောကေ လောက၌ ဓမ္မော တရားတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။လောကေ လောက၌ သံဃောစ သံဃာတော်မြတ်သည် မင်္ဂလော မင်္ဂလာ ရှိပါပေ၏။ သည် မင်္ဂလာသုံးပါးကို အာဂမ္မအကြောင်း ပြု၍ သဗ္စအန္တရာယာ အလုံးစုံသော အန္တရာယ်တို့သည် (ဝါ) အလုံးစုံသော မကောင်းမှုတို့သည် ဝိနဿန္တု ကင်းစင်ပပျောက်ကြရတယ်။ အဲသလို မှုတ်လား ဒကာမကြီး” “တင်ပါ့ ဘုရား” “တစ်ခါမှ

မြတ်စွာဘုရားက

ဟောတော်မူသယ်။

သတ္တဝါတွေဟာ

အလိုမရှိအပ်၊

မနှစ်သက်အပ်

မမြတ်နိုးအပ်တဲ့

တရားတွေ ဆုတ်ယုတ်ရင် ဘယ်လောက်ကောင်းမလဲ။ အလိုရှိအပ်၊ နှစ်သက်မြတ်နိုးအပ်တဲ့ တရားတွေချည်းရှိနေရင် ဘယ်လောက်ကောင်းမလဲလို့ တွေးကြတယ်တဲ့။ ကောင်းတာတွေချည်း အလိုမရှိဘူးဘား ဒကာမကြီး” “အလိုရှိပါတယ် ဘုရား” မကောင်းတွေချည်း ကျတော့ကောလိုချင်ရဲ့လား” “မလိုချင်ပါ ဘုရား” “တစ်ခါက မလ္လတိုင်း ဥရုဝေလ ကပ္ပရွာကြီးမှာ မြတ်စွာ ဘုရား သီတင်းသုံး နေတော်မူခိုက် ဘဒြက ရွာသူကြီးက ဆင်းရဲခြင်း

273


အကြောင်းနဲ့ ပတ်သက်လို့ ဟောတော်မူပါဘုရား လို့လျှောက်သယ်။ သည်တော့ ဘုရားက အတိတ်ကို ဆောင်ပြီး ဟောရင်လည်း သင်ယုံမှာ မဟုတ်။ အနာဂတ်ကို ဆောင်ပြီးတော့ ဟောရင်လည်း သင်ယုံမှာ မဟုတ်။ လက်ငင်း ပစ္စုပ္ပန်မှာ ဖြစ်နေသာကို မေးမယ်တဲ့။ ဥရုဝေလ ကပ္ပရွာကြီးမှာ လူတွေ ဆင်းရဲ ကြသယ်၊ သေကြသယ်၊ ဆုံးရှုံးကြသယ်၊ အကဲ့ရဲ့ခံကြ ရသယ်၊ စိုးရိမ် ပူဆွေး နေကြရသယ်။ အဲသည့် လူတွေနဲ့ သင်နဲ့ ပတ်သက် သလားတဲ့ မေးသယ်” “တင်ပါ့ဘုရား”

“ဘဒြက သူကြီးက မပတ်သက်ပါ ဘုရားပေါ့။ မပတ်သက်တော့ သင်ပူပန် သောက ရောက်ရသလား၊ ဆင်းရဲဒုက္ခလို့ ထင်သလား။

ကိုယ်စိတ်နှစ်ပါးဆင်းရဲလေခြင်းလို့

ခံစား

ရသလားလို့

မေးပြန်သယ်။

သည်တော့

ဘဒြကသူကြီးက

တပည့်တော်နဲ့ မပတ်သက်လို့ အဲသလိုလည်း မခံစားရပါဘူး ဘုရားတဲ့။ အဲသည်အထဲမှာ ကိုယ့်မိကိုယ့်ဘကိုယ့်ဆွေကိုယ့် မျိုးတွေ ပါနေပြီဆိုပါတော့ ဘယ်လို ခံစားရမလဲတဲ့။ ပူဆွေး သောက ရောက်ရမှာပါဘုရားလို့ ဘဒြကသူကြီးက ပြန် လျှောက်တယ်။ ရှင်းတယ်နော် ဒကာမကြီး” “ရှင်းပါတယ် ဘုရား” “ဒါနဲ့ ဘုရားရှင်က ဘဒြက သူကြီး သင်ပဲဖြေပါ။ အဲဒါ ဘာပြုလို့လဲတဲ့။ သည်တော့ ဘဒြက သူကြီးက ချစ်ခင် တွယ်တာလို့ပါ ဘုရားလို့ လျှောက်သယ်။ သည်တော့မှ ဘုရားရှင်က အဲဒါ အကြောင်းရင်းပဲတဲ့။ ချစ်ခင်ခြင်းတည်း ဟူသော ဆန္ဒသည် ဒုက္ခဆင်းရဲ၏ အကြောင်းရင်းဖြစ်တယ်လို့ ဟောတော်မူသယ်” “တင့်ပါဘုရား” “ဒါကို ဒကာမကြီး မအိမ်ကံ နှလုံးသွင်းပါ။ ပုထုဇဉ်တွေ ဖြစ်လို့ ဘုရား ရဟန္တာများလို မကျင့်ကြံနိုင်သော်လည်းပဲ နှလုံး သွင်းပြီး စိတ်၏ ချမ်းသာခြင်းကို တည်ဆောက်ရမယ်။ သည်ကနေ့ မွေးနေ့၊ မွေးရက်က စပြီး နောင်မွေးနေ့၊ မွေးရက် တွေတိုင်းမှာ တရားနဲ့ ပြည့်စုံသော ဘဝကို ရယူပွားများ နိုင်ဖို့လိုတယ်။ ဟုတ်ကဲ့လား ဒကာမကြီး” “တင်ပါ့ ဘုရား” “ကိုင်း ရေစက် ချရအောင်။ သည်အချိန် ကလေးဟာ အင်မတန် အရေးကြီးသယ်။ တစ်မျှင်ချင်း လွင့်သွားတဲ့ ဆံပင်များကို တစ်စုတည်း ဖြစ်အောင် ကျစ်ထားသော ဆံစုကဲ့သို့ ဟုတ်ပြီလား။ အာရုံ ကလေးမှာ တည်ပြီး အကုသိုလ် အဖို့ဘာဂ ကိုအောက်မေ့၊ မေတ္တာ စိတ်ကလေးပြုပြီး ညွှတ်ထားမယ်။ တတ်စွမ်းသမျှ လှူဒါန်းရသော ဒါန ကုသိုလ်ကို ရည်မှတ်ပြီး ကောင်းမှု ကုသိုလ်ကို ရည်မှတ်ပြီးလျှင် ဘဝတစ်ပါး ခြားကြ ကုန်ပြီဖြစ်သော မိဘဘိုးဘွား များကအစ မိမိ မျက်မှောက်၌ ရှိကြကုန်သော ပုဂ္ဂိုလ်စသည် ဖြင့် အာရုံညွှတ်ထားရမယ်။ ဟုတ်ပြီလား၊ ကိုင်း လိုက်ဆို ဒကာမကြီး” “ဘန္တေ ဘုရား” “ဘန္တေ ဘုရား” “နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍” “နိဗ္ဗာနဿ...နိဗ္ဗာန်ကို ရည်မှတ်၍”

274


“သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ် ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက် ပြုရပါလိုခြင်း အကျိုးငှာ လည်းကောင်း” “သစ္ဆိကရဏတ္ထာယစ မဂ်ဥာဏ်ဖိုလ်ဥာဏ်တို့ဖြင့် မျက်မှောက်ပြုရပါ လိုခြင်း အကျိုးငှာ လည်းကောင်း” “သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း” “သုခတ္တာယစ ကိုယ်စိတ်နှစ်ပါး ကျန်းမာ ချမ်းသာစေ ခြင်းအကျိုးငှာ လည်းကောင်း” “အန္တရာယ ဝိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်းအကျိုးငှာ လည်းကောင်း” “အန္တရာယ ဝိဂမ္မနတ္ထာယစ အန္တရာယ် ကင်းခြင်း၊ ဘေးကင်းခြင်း အကျိုးငှာ လည်းကောင်း” “ဝိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌” “ဝိဇာယနကာလေ မအိမ်ကံ၏ မွေးနေ့၊ မွေးလ၊ မွေးရက် ကျရောက်ရာ အခါသမယ၌” “တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍” “တိသရဏေနုသဟ သရဏဂုံ သုံးပါး၌ တည်ပါကုန်၍” ငုံ့ထားသော မျက်နှာတွင် မျက်ရည်တွေ တာကျိုးအံ့ ဆဲဆဲ ရှိသော်လည်း မအိမ်ကံ စိတ်ကို စိတ်နှင့်ပင် တုပ်နှောင် ထားခဲ့သည်။ ရေစက်ချ ကရားမှ ကနုတ် ပန်းခက်ကလေးတွေကို မြင်နေရသည်။ ကရားထိပ်မှ တစ်ပေါက်ချင်း ချလွှတ်သော ရေစက်ကို သတိနှင့် ထိန်းရင်း စိတ်ကို မပျံ့လွင့်အောင် ကြိုးစား ထားပါ၏။ ထိန်းထားသည့် ကြားက အဖေ့ကို မြင်ယောင်သည်။ အမေ့ကို မြင်ယောင်သည်။ မလှအုံကို မြင်ယောင်သည်။ ဦးပဉ္စင်းက မိမိ မျက်မှောက်၌ ရှိကြကုန်သော မိမိ မျက်မှောက်၌ မရှိကြကုန်သောတဲ့။ ရှိကြကုန် သောက ဘယ်သူတွေလဲ၊ မရှိကြကုန် သောက ဘယ်သူတွေလဲ။ သည်စိတ်က ခေါင်းထဲ ရောက်လာပြန်တော့ ရေစက် ကရားက တသွင်သွင် ကျနေသော ရေစက် တစ်ပေါက်ချင်းကို မမြင်ရပြန်။ မျက်ရည်များဖြင့် ဝေဝေ၀ါးဝါး ဖြစ်ရပြန်ပါ၏။ သတိတရား ဝင်လာ ပြန်တော့ မျက်ရည်ကို ထိန်းသည်။ လိုက်ဆို နေရသည့် ရေစက်ချကို ကတုန်ကယင် မဖြစ်အောင် ထိန်းရသည်။ စိတ်ကို မလွင့် မပျံ့အောင် ထိန်းရသည်။ “သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍” “သမာနစ္ဆန္ဒာ တစ်ဦးနှင့် တစ်ဦး ဆန္ဒ တူညီကြကုန်သည် ဖြစ်၍” “သမ္မောဒမာနာ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန် သည်ဖြစ်၍” “သမ္မောဒမာနာ ကြည်သာရွှင်လန်း ဝမ်းမြောက်ကြကုန် သည်ဖြစ်၍” ဖြစ်၍...ဖြစ်၍...ဖြစ်၍။ မအိမ်ကံ ညည်းစိတ်ကို ငြိမ်နေအောင် တည်ထားစမ်း။ ရေစက် ချတုန်း ချသခိုက် အချိန် ကလေးမှာ မပျံ့လွင့်စေနဲ့။ ပြုခဲ့ဖူးတဲ့ ကုသိုလ်အဖို့ကို ဝမ်းမြောက်ဝမ်းသာ ရကြစမ်းပါစေ။ ငါ့အသက် လေးဆယ် ပြည့်ပြီပဲ။ နှစ်ပေါင်းလေးဆယ် ဆိုတဲ့ လူ့ဘဝ သက်တမ်းမှာ ညည်း ကုသိုလ်တွေ ပြုခဲ့ပြီပဲ။ ပေးခဲ့၊ ကမ်းခဲ့၊ လှူခဲ့၊ တန်းခဲ့ပြီပဲ။ ဖြည့်ဟဲ့၊ ဖို့ဟဲ့၊ ကျွေးဟဲ့၊ မွေးဟဲ့ ရှိခဲ့ပြီပဲ။ သံသရာကြီး ရှည်သရွေ့ ဝဋ်ဆင်းရဲကြီး ရှည်မှာပဲ။ ဇာတိဒုက္ခ၊ ဇရာဒုက္ခ၊ ဗျာဓိဒုက္ခ၊ မရဏ ဒုက္ခတွေ ရှိနေမှာပဲ။ ချစ်လျက်နဲ့ ကွေကွင်း ရခြင်း ဆင်းရဲ၊ မချစ် မနှစ်သက်ဘဲ ပေါင်းသင်း ဆက်ဆံရခြင်း ဆင်းရဲ။ ဘဝတူမျှ

275


အခြေတကျ ရှိချင်သော်လည်း ရှင်ကွဲကွဲ ရတဲ့ ဒုက္ခဆင်းရဲ...ဒါတွေလည်း ရှိမှာပဲ။ အို သတိလွတ်ရ ပြန်ပါပကော။ သတိ၊ သတိ။ “ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို” “ဣစ္ဆိတပတ္တိတ ဗောဓိဥာဏ်ဏံ အလိုရှိအပ် တောင့်တအပ်သော ဗောဓိဥာဏ်ဏ်ကို” “လဘိတွာ ရကြကုန်၍” “လဘိတွာ ရကြကုန်၍” “နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏” “နိဗ္ဗာနံ နိဗ္ဗာန်သို့ ပါပုဏိသာမ ရောက်ရပါလို၏” ရေစက်ချအပြီးမှာတော့ မအိမ်ကံ လှိုက်ခနဲ ခံစားလိုက် ရသည်။ တစ်ချက်ရှိုက်ခြင်းနှင့် အတူ မျက်ရည်တွေ သွန်ကျ လာခဲ့ပါ၏။ ၁၃၂၂ ခု၊ တပို့တွဲလ။ မအိမ်ကံ အသက် လေးဆယ်တင်းတင်း ပြည့်ခဲ့ပြီ။ မနက်ကပင် ရွာဦး ဆရာတော် ဦးခေမိန္ဒထံတွင် လွန်လေပြီးကြသူ တို့အတွက် မွေးနေ့ ကုသိုလ်ပြုခဲ့သည်။ ဘုန်းကြီးကျောင်းကို အဝင်နတ် လမ်းရှည်ပြီး တစ်လျှောက်ဖြတ်တော့ ကိုပြေသိမ်းကို သတိရသည်။ နတ်လမ်းထဲမှာပဲ မအိမ်ကံကို မေတ္တာ ရှိကြောင်း သူပြောခဲ့တာ မဟုတ်လား။ သည်တစ်ခါတော့ ဆွမ်းချိုင့်ကို လက်က ဆွဲရင်း မအိမ်ကံ တစ်ယောက်တည်း ကျောင်းကို လာခဲ့ရပြီ။ ကျေးဥနှင့် သမီးငယ် ခိုင်က အိမ်မှာ နေခဲ့ကြပါ၏။ ဆရာတော် ဆုံးမလိုက်သော ရေစက်ချ တရားကို နာယူရတော့လည်း အပူကလေး ငြိမ်းရသလိုလို ရှိခဲ့သည်။ ရွှံ့နှင့်လုပ်သော နားတောင်းလို၊ ရွှေရည် ပွတ်ထားသော နှစ်ပြားတန် ကြေးနားတောင်းလို အပေါ်ယံလှရုံ ဟန်ဆောင် မထားနဲ့လို့လည်း ဆရာတော်က မှာလိုက်သေးသည်။ ဆရာတော်က မအိမ်ကံ အကြောင်းကို သိနေလို့များလား။ အတွင်းစိတ်က မငြိမ်းနိုင်ဘဲ ဟန်မဆောင်နဲ့လို့ မိန့်ချင်ပုံ ရပါ၏။ အခုတော့လည်း သည်အိမ်ကြီးမှာ မအိမ်ကံပဲ ရှိတော့သည်။ အဖေ မရှိတော့။ အမေ ပန်းရုံ ကွယ်လွန်ရှာခဲ့ပြီ။ မလှအုံလည်း ဆုံးပါးခဲ့ရပြီ။ သမီးကြီးမြိုင်ကို မြင်းခြံ ပို့ခဲ့သည့် ၁၃၁၉ ခုနှစ်က ရေတွက်လျှင် လေးနယုန်ပင် ကျော်ခဲ့ပြီ။ သည်လေး ငါးနှစ် အတွင်းမှာ မအိမ်ကံတို့ အိမ်ကြီးထဲက လူသုံးယောက်ကို ဖဲ့ယူ သွားခဲ့ပြီ။ အသက်လေးဆယ် ဆိုသည့် အရွယ်က ဘဝမှာ အားအရှိဆုံး အချိန်ပင်။ ရင့်ကျက်သော ဘဝဖြင့် ရှေ့ခရီးကို လှမ်းရန် ခြေလှမ်းပြင် ခိုက်မှာပင် တစ်စုံ တစ်ယောက်က တွန်းလှဲပစ် လိုက်သလို ပုံလျက်သား လဲခဲ့ရသည်။ “ကျေးဥရယ်၊ ဖြစ်ရပုံများတော့အေ အမေဆုံးသယ်၊ မလှအုံ ဆုံးသယ်။ သည်ကြားထဲ ညည်းအမေ အရီး ကြာညွန့် ပါဆုံးသွားသာကကော မအိမ်ကံကို အငြှိုးနဲ့ လုပ်နေသလိုပဲ အေ။ ငါ အရိပ်ခိုရသယ့် လူတွေကိုချည်း တမလွန် ခေါ်သွား သာကတော့ တဆိတ်စာ ဖြေနိုင်စရာတောင် အကြောင်း မရှိပါလား အေရယ်။ ဆရာတော်ကတော့ ဟောရှာပါရဲ့။ ငါ ရေစက်တောင် ဖြောင့်အောင် မချနိုင်ခဲ့ပါဘူးအေ။ ငါမျက်ရည်ကျသာ ကို သမီးကလေး မမြင်စေချင်လို့ ညည်းတို့ကို ထားခဲ့သာ ပါ။ ကျောင်းက အပြန် နတ်လမ်းထဲမှာ ငါထိုင်ငိုမိသယ်။ ဘဝ အကြောင်းများ မကောင်းပါဘူးအေ” ကျေးဥကိုပင် ပြောမိခဲ့ရပါ၏။ ကျေးဥကတော့ တရား ရှိသူလိုပင် မလှုပ်မခြောက် ရှိနေလေသည်။ မအိမ်ကံကို သနားစရာ သတ္တဝါ တစ်ကောင်လို ကြည့်နေခဲ့သည်။ သည်လောကဓံလောက်တော့ ကျေးဥတို့က ခါးစောင်းတောင် တင်လိုက်ချင်သေး ဆိုသည့် မျက်နှာဖြင့် ရှိနေခဲ့သည်။ သူကကော ဘာထူး လို့လဲ။ အမေဆုံးသည်။ ယောက္ခမ မိဘ ဆုံးသည်။ မအိမ်ကံ

276


ကြုံသလောက် ကျေးဥက ဖြစ်ရလေခြင်းရယ်လို့ မညည်းခဲ့။ မအေ ဆုံးတုန်းက ငိုခဲ့သည်။ ယောက္ခမ ဆုံးတော့ မျက်ရည် ကလေး သီသီ ဝေ့ခဲ့သည်။ ဒါပါပဲ။ သည့်နောက်တော့ စပ်လို့တောင် ပြောတာမျိုး မရှိ။ မအိမ်ကံမှာ ကျေးဥကို ကြည့်ပြီး တရားကျရ မလိုလို။ ညည်းမခံစားရဘူးလား ဆိုတော့ ခံစားလို့ကော ပြန်ရှင်လာမှာမှ မဟုတ်သာတဲ့။ “မအိမ်ကံရယ်၊ ငါလည်း လူပါဟယ်။ စိတ်မကောင်း မဖြစ်ဘဲနေပါ့မလား။ ငါ့ယောက္ခ မရီးလှအုံ ဆိုရင် ဆူဆူငေါက် ငေါက်နဲ့ ငါ့အပေါ် ကောင်းရှာသယ်။ အမေရင်းနဲ့ မခြားပါဘူးအေ။ အမေနဲ့ ရီးလှအုံ ဆုံးပါးကြသာ ငါ့အတွက် အင်မတန် ထိခိုက်ရသယ်။ ကြီးပန်းရုံဆိုပြောမနေနဲ့တော့၊ ဘယ်သူ့ အပေါ် မဆို စိတ်ကောင်း နှလုံးကောင်း ရှိခဲ့ရှာသယ်။ ကြီးပန်းရုံ ဆုံးတုန်း ငါကျွမ်းပစ် ငိုခဲ့မိသာပါအေ။ ဒါပေသိ ငါဖြေသယ်။ သြော် သူတို့ခမျာ အသက်ကြီး ရှာကြပြီ။ ဘဝ ဝန်ထမ်းခဲ့ကြရသဲ့ နှစ်ထမ်းကြီး ရှည်လှပြီ။ ငါတို့တောင် သူတို့လောက် သီလ ကောင်းပါ့မလား အောက်မေ့မိသယ်။ အမှည့် တဝင်းဝင်း၊ အကင်း တပြိုက်ပြိုက်ကိုးအေ့” “အောင်မယ် ရသေ့မကတောင် ဟုတ် တုတ်တုတ်ပါလားဟဲ့။ အေးပါအေ၊ ညည်းလည်း ခံစား ရမှာပါပဲလေ။ တို့နှစ်ယောက်စလုံး အတူတူပါပဲ။ တို့အားကိုး အားထား ပြုရသဲ့ သူတွေ ချည်းဆိုတော့ အပဲ့ကြီး ပဲ့ရသာပါပဲ။ အင်း၊ ငါကတော့ ရှင်ကွဲ ပိုသာပေါ့ ကျေးဥရယ်” ရှင်ကွဲ ပိုသာပေါ့အေ ဆိုသည့် စကားကြောင့် ကျေးဥ ငိုင်သွားခဲ့ရသည်။ ဘာမှ မပြောသာတော့။ မအိမ်ကံကို တစိမ့်စိမ့် ကြည့်နေတာပဲ ရှိသည်။ မအိမ်ကံ ငယ်ငယ်၊ မအိမ်ကံ အပျိုပေါက်၊ မအိမ်ကံ အပျိုဖားဖား၊ မအိမ်ကံ သားသည်မအေ။ တစ်လျှောက်လုံး ကျေးဥ မျက်စိအောက်မှာပဲ ရှိခဲ့သူ။ ခံစားမှု ကြီးသလို မဟုတ်တာ လုပ်ရမှာကို စက်ဆုပ်သူ။ မမှန်တာ ရှိလျှင်၊ မတရားတာ တွေ့လျှင် ရှေ့က ရပ်ပြီး ရင်ဆိုင် ဝံ့ရဲသူ။ ဓားမကြောက်၊ လှံမကြောက် မိန်းမချောကို တစ်ခါတစ်ရံ ကျေးဥပင် အံ့သြရသည်။ ရုပ်ရည် ချောမောသည်။ ကိုယ်ကျင့် တရားကောင်းသည်။ ရပ်ရွာအပေါ် ညှာတာသည်။ မိဘတွေကို ခြေဆုပ်လက်နယ် ရှိသည်။ လင်သားကို ရိုသေသည်။ သား သမီးတွေကို ငှက်တောင်သိမ်းသိမ်းနိုင်သည်။ သို့သော် တစ်ခု ခုကို ထင့်လိုက်မိပြီ ဆိုလျှင်လည်း ဇွဲကြီး နပဲကြီး ပြန်သည်။ ဆုံးမ မရ၊ ဖျောင်းဖျ မရ။ လက်တွင်းဆုပ်မိလျှင် မဖြေတော့ တာမျိုးရှိသည်။ မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်ရမည့် အရေး ပြောကြဆို ကြတုန်းကများ ကျေးဥပင် အံ့သြခဲ့ရသည်။ ကိုယ်တိုင်မဖြစ် လိုက်ရသည့် ကွမ်းတောင်ကိုင် ဘဝ၊ သမီးကျရင် ဖြစ်စေရမည် ဆိုတာကို ကျေးဥအပြစ် မပြောချင်ပါ။ သို့သော် စိတ်ကကြီး လွန်းလှတာကိုတော့ ကျေးဥ လက်မခံချင်။ မဖြစ်ရတော့ကော ဘာဖြစ်တုံး ဆိုတာမျိုး မရှိ။ ကွမ်းတောင် မကိုင်ရတာနဲ့ပဲ လူဖြစ် ရှုံးရရောလား။ ရွာထဲမှာ ကွမ်းတောင် ကိုင်ရတဲ့ အပျိုချောက တစ်ယောက်တည်း။ မကိုင်ရတာတွေက တစ်အုပ် တစ်မ။ ဘယ်သူမှ ခံစား မနေကြ။ ဘယ်သူမှ ပူဆွေး မနေကြ။ ရွာထဲက သူငယ်ချင်းမ အေးဆုံ ပြောသလို “ကွမ်းတောင် မကိုင်ရလည်း လင်တော့ ရသာပါ ပဲအေ။ ငါဖြင့် ကလေး ခြောက်ယောက်နဲ့ ဖတ်သီကို လိုက်လို့” ဆိုသည့် စကားကိုပင် သတိရမိသေးသည်။ ကျေးဥနှင့် မအိမ်ကံ ကွမ်းတောင်ကိုင် ကိစ္စ အိမ်ကြီးပေါ်မှာ ပြောကြတော့ မလှအုံ အနားတွင် အိပ်နေခဲ့သည်။ မလှအုံက သူတို့နှစ်ယောက် ပြောတာကို အကုန်ကြားသည်။ နောက်တစ်နေ့မှာပဲ ချွေးမ ဖြစ်သူ ကျေးဥကို မေးတော့သည်။ ကျေးဥကလည်း မှန်ရာကို ပြောလိုက်သည်သာ။ ထိုစဉ်က အမေ လှအုံကပင် ပြောခဲ့သေးသည်။ “ငါလည်း နားကြား ဆိုတော့ အံ့လည်း အံ့သြမိသယ်။ ငန်းဖွဲ့တော့မှ လယ်ကျယ်မှန်း သိရသာကိုးအေ့။ တမာလည်းနု ကျေးလည်းဥ၊ တမာလည်းသီး ကျေးလည်းကြီး၊ တမာလည်းရင့် ကျေးလည်း လွင့်ရမယ့်ဟာ သူ့မှာ မလွင့်နိုင်ဘူး။ ပထမတော့ ရီးပန်းရုံကို ပြောဦးမလို့ပဲ။ ခမျာ စိတ်ဆင်းရဲ သွားရှာမှာ စိုးသာနဲ့ပဲ မပြောတော့ပါဘူး။ ကိုယ့်စိတ်ထဲ ကိုယ်ပဲ ထားလိုက် ပါတော့မယ်။ နောင်များ မအိမ်ကံကို ညည်းမပြောနဲ့ သမီး။ အမေ ပြောမယ်။ မအိမ်ကံကို ညည်းမတိုးနိုင်ဘူး” အမေ လှအုံလည်း ဆုံးရှာပြီ။ မအိမ်ကံကို ပြောသွားနိုင်ခဲ့ပုံ မရ။ ပြောလို့လည်း ရမည် မထင်။ မအိမ်ကံကို ညည်းမတိုး နိုင်ဘူး ဆိုပေသိ အမေလှအုံ ကိုယ်တိုင်လည်း မတိုးနိုင်တာ ကျေးဥ သိပါ၏။ သမီး စိတ္တဇက ကြီးသည့်ကြားထဲ သေကွဲတွေ နှင့် ကြုံရသည်။ ရှင်ကွဲတွေနှင့် ကြုံရသည်။ သည်တော့လည်း မအိမ်ကံ ရင်ထုမနာ ဖြစ်ရှာတာ အပြစ် မတင်ချင်။

277


ခင်ပုပ်လည်းပျံ ဘုတ်လည်းပျံ ဘဝတွေ ဆိုတော့ ငယ်က ပေါင်းခဲ့သည့် သူငယ်ချင်းကောင်းယောက်မကို ကပ်ဖဲ့ မတိုက်တာ အကောင်းဆုံးလို့သာ ကျေးဥ ခံယူခဲ့သည်။ အခုတော့ မအိမ်ကံတို့ အိမ်ကြီး ဆူဆူဝေဝေ မရှိတော့။ အိမ်ဦးခန်းမှာ ထိုင်ပြီး အကြောင်း အကျိုးအကောင်း အဆိုးကို ဝေဖန်ပိုင်းခြား ပေးတတ်သည့် အမေ ပန်းရုံလည်း ငုတ်တုတ် မည်းတည်း မရှိရှာတော့ပြီ။ အမေ့ ဆေးတောင်းကလေးကို မြင်တိုင်း ရင်လှိုက်ရ လွန်းသဖြင့် အိမ် အပေါ်ထပ်က အခန်းထဲ သိမ်းထားခဲ့ရသည်။ မလှအုံ မရှိတော့သဖြင့် ခါတိုင်းလို အိမ်မှာ သောသောညံညံ ဗျစ်တောက်ဗျစ်တောက် မရှိတာကပင် ခြောက်ကပ် သွားသလို ခံစားရသည်။ မုဆိုးဖို ကိုဖိုးငွေကတော့ လူအေးသလောက် ရိုးရှာ လွန်းသဖြင့် သနားရပါ၏။ ရက်ကန်း ရုံကလေးဘက်ရောက်တော့လည်း အရီးကြာညွန့်ကို သတိရ မိရပြန်သည်။ တူဝရီးနှစ်ယောက် ခေါင်းချင်းဆိုင်ကာ ရက်ကန်း အဆင် ဆန်းကလေးတွေ အကွက်အသွေး ဖော်ခဲ့ကြပုံ တွေ။ သည်လူသည် လူတွေရဲ့ နေရာမှာ မအိမ်ကံ ကိုယ်တိုင် ထဘီ ခါးစောင်း တင်ခဲ့ရပြီ။ မီးဖိုချောင်ကို ကျေးဥ ဝင်ရပြီ။ တောက်တို

မယ်ရကလေးတွေအတွက်တော့

ရက်ကန်းသမထဲ

က

အေးငြိမ်ကို

ခေါ်ထားလိုက်သည်။

အေးငြိမ်က

ရက်ကန်းရုံလည်း ဝင်နိုင်သည်။ အိမ့်ဗာဟီရမှာလည်း မျက်နှာလွှဲရသူ ကလေးဆိုတော့ အားကိုးရပါ၏။ တောအလုပ်၊ အခင်း အလုပ်တွေကို ဖိုးတုတ်နှင့် ကျေးဥတို့ လင်မယားက တက်ကစီးရှိ ကြသည်။ ဖိုးကူးကတော့ အိမ်မှာ ဂျိုကာရုပ် ဖြစ်ရပါပြီ။ ငယ်စဉ်ကတည်းက မအိမ်ကံ၏ လက်က သုံးတောင်ဝှေး ပီပီ မအိမ်ကံ အထူး အားကိုးရသူလည်း ဖြစ်လာသည်။ လူပျိုသိုးကြီး ပီပီ အပူမရှိ အပင်မရှိ နောက်ဆံ ငင်စရာလည်း မရှိ။ မအိမ်ကံကိုလည်း အင်မတန် ချစ်ရှာသည်။ မအိမ်ကံ ပြန်စဉ်းစားကြည့်တော့ သည်အိမ်ကြီးမှာ သွေးသား ရင်းချာရယ်လို့ မအိမ်ကံနှင့် သမီးငယ်ခိုင်သာ ရှိတော့သည်။ သည်လို အတွေး ရောက်သွားလေတိုင်း မအိမ်ကံ အူချာ ပေါက်အောင် ရူးချင်လာမိခဲ့၏။ သူကြီးမင်း ဦးသာထန်နှင့် အမေ ပန်းရုံတို့ သမီး ခင်ပွန်းက မအိမ်ကံ တစ်ယောက်တည်း မွေးခဲ့သည်။ အသက်ကြီးမှ ပွားစီးရသောသမီးမို့ တုန်နေအောင် ချစ်ခဲ့ကြသည်။ သမီးကလည်း သမီး ဆိုရလောက်အောင် ချောမောလှသူမို့ တစ်ရွာလုံး၊ တစ်နယ်လုံးက သူကြီး သမီး ရုပ်ကလည်း ချောသဟဲ့၊ အသံကလည်း လွင်သဟဲ့၊ လက်ကလည်း ပါသဟဲ့၊ စိတ်ကလည်း နူးညံ့သဟဲ့ ဆိုကြသည် အထိ မျက်နှာ ပန်းပွင့်ခဲ့သည်။ “ကျေးဥရယ် နှစ်ပေါင်းလေးဆယ် ဆိုသာ ခဏကလေး လိုပဲနော်။ ကနေ့ မအိမ်ကံ အသက် လေးဆယ်ပြည့်သယ်။ သည်အနှစ် လေးဆယ်ထဲမှာ အဖြစ်အပျက်တွေက များလိုက်သာ ဝမ်းသာစရာတွေလည်း ပါရဲ့၊ ဝမ်းနည်းစရာတွေလည်း ပါရဲ့၊ ကြောက်စရာတွေလည်း ပါရဲ့၊ ရင်မောစရာတွေလည်း ပါရဲ့ ဘဝတွေများ တွေးကြည့်ရင် အံ့သြစရာ။ သည်မိသည်ဘနဲ့ တစ်သက်လုံး နေခဲ့ရမယ်လို့ ထင်ခဲ့သယ်။ သည်အရွယ် ရောက်မှ တွေးကြည့်တော့လည်း ရေကြည်လည်း သောက်ရ၊ ရေ နောက်လည်း သောက်ခဲ့ရသလိုပါပဲအေ” သည်မနက်ပဲ ကျေးဥကို ပြောမိသေးသည်။ လွန်ခဲ့သော နှစ်ပေါင်း လေးဆယ် သည်လိုရက်မှာ မအိမ်ကံကို အမေ မွေးခဲ့သည်။ တပို့တွဲ လကြီး ချမ်းချမ်းစီးစီး။ မအိမ်ကံ အိမ်ပေါ်တက်ကာ ဇာတာခြင်းထဲက ဇာတာကို သွားယူသည်။ မအိမ်ကံ ငယ်ငယ်ကတည်းက ထိုင်နေကျ ဝရန်တာ ကလေးဘက် ထွက်ပြီး ဇာတာကို ပြန်ဖတ်သည်။ သည်ဇာတာကလည်း မအိမ်ကံ နှင့် အတူ ရှိလာတာဆိုတော့ နှစ်ပေါင်း လေးဆယ်ပေါ့။ ဇာတာ ပေရွက်ကလေးပင် ရေနံချေးရောင် ပေါက်နေခဲ့ပြီ။ “ဇေယျတု ၅၀၂၁ သကရဇ် ဒီဃ ၁၂၈၂ ခုနှစ်ြွကင် ၁၉၄ သူရိယကံ ဝေါဟာရမာသ တပိုတွဲလ္ဆုတ် ၁၂ ရက် ၁ နေ ညစက် ၉ နြီာ၊ မြမ္မာ ၄ ချတ္တီးအချိန်နြီာ ပတ်ပြိ ၉ ဗီဇနာ ရပြံ ၉ ခရာ ကံလဂ်မိန်စမ်း သနွေင်္ ဟောရက် ၅ တြင် ၅ နဝင်လက္စီ နက္ခတ် ၁၂ လုံ ၃ ပတ် ၅၂ လိတ္တာ တက် လက္စီ လျက် ထိုနြီာ၏ တိသမရနက္ခတ်ကား မိကသီ ဒုတိယပတ် တိမတ်သောအခါ ရတနာသုံးပါး ဦးထိတ္တင်၍ သမီးရတနာ ဖွားသည် နာမံ မအိမ်ကံ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော်” ရွာဦး ဆရာတော်ကြီး ဖွဲ့ပေးခဲ့သည်ဆိုသော ဇာတာကို တစ်လုံးချင်း ဖတ်နေမိသည်။ အသက် ၁၂၀ ရှည်စေ၍ ပြိစေသော် (ပြည့်စေသော်)တဲ့။ အသက် တစ်ရာ့ နှစ်ဆယ်သာ နေရမည်ဆိုလျှင် နောက်ထပ် အသက် ရှစ်ဆယ်နေရဦးမှာတဲ့ လား။

278


လူတွေအသက် တစ်ရာ့နှစ်ဆယ် အထိ ရှည်ကြလို့လား။ အသက် လေးဆယ်မှာပင် မအိမ်ကံ အတွက် ဝန်တွေ ပိလှပြီ။ အပူတွေ ရွက်ခဲ့ရပြီ။ ကိုယ့်ကိစ္စ ပါသလို သူတစ်ပါး ကိစ္စမှာလည်း ရောယောင် ပါနေခဲ့ရသည်။ အနှစ်လေးဆယ်စာ ကြုံတွေ့ ခဲ့ရသော အဖြစ်အပျက်များကြောင့် နောက်ထပ်အနှစ် ရှစ်ဆယ်လည်း ထပ်ပြီး အသက်မရှည် လိုတော့ပြီ။ တစ်ဖက်က တွေးပြန်တော့ မအိမ်ကံ အဖို့ရာ ကံကောင်းသည်လို့ ဆိုရမည် ထင်၏။ မျိုးကြီး ရိုးကြီးထဲမှာ ဝင်စားခဲ့သည်။ မိကောင်း ဖကောင်းတို့၏ သမီး ဖြစ်ရသည်။ အိမ့်ဝမ်းစာမ ကြောင့်ကြရသည့် အရိပ်မှာ ခိုခွင့်ရခဲ့သည်။ မိဘကို ချစ်သည့် အချစ်၊ လင်သားကို ချစ်ရသည့် အချစ်၊ သားသမီးကို ချစ်ရသည့် အချစ်။ အချစ် သုံးမျိုးစလုံး မအိမ်ကံ ရယူ ခံစားနိုင်ခွင့် ရှိခဲ့သည်။ မအိမ်ကံကို မွေးဖွား ပေးခဲ့သော လက်သည် အမေ ကြီးရိုးပုံကပင် မအေက ဥပဓိသမ္ပတ္တိဖြစ်မှ မွေးမယ့် ကလေးက ဥပဓိသမ္ပတ္တိ ဖြစ်ရတယ်ဟု ပြောကြောင်း အမေပန်းရုံက ပြောဖူးသည်။ မအိမ်ကံကို ကိုယ်ဝန် ဆောင်စဉ်က အမေ့ခမျာ ငှက်ပျောအူ နုနုကလေးတွေ တဂျွမ်းဂျွမ်း ကိုက်စားချင်ခဲ့သတဲ့။ လပြည့်ကျော် ၁၄ ရက်ဖွားဆိုရင်တော့ အဆင်းရော အချင်းပါ လှမတဲ့။ အစ်ကို မောင်မြတ်သာက နှမကလေး လိုချင်တာ မြန်မြန်မွေးကြတော့ဗျာလို့ ပြောသတဲ့။ တကယ် မွေးတော့ တပို့တွဲလပြည့်ကျော် ၁၂ ရက်နေ့။ “ညည်းတို့ သမီးက တနင်္ဂနွေ သမီးဆိုတော့ ကျက်သရေ ဦးခေါင်းမှာ တည်သယ်။ ခေါင်းကို သန့်အောင်ထား။ မင်း မိဖုရားဂြိုဟ်နဲ့ ယှဉ်မွေးသဲ့ မိန်းမဟဲ့။ လပြည့်ကျော်ဆယ့်နှစ် ရက်ဖွားဆိုတော့ ကြွယ်ပိုးကြွယ်ဝ ရှိလိမ့်မယ်။ ကောင်းလိုက်တဲ့ ဇာတာ ညည်းတို့ စောင့်ကြည့်ပါအေ။ မင်းကတော် မဖြစ်တော့ပြော” အမေကြီး ရိုးပုံ ပြောခဲ့သည့် စကားတွေ မှန်ကြောင်း မလှအုံက မကြာခဏ ပြောတတ်လို့ မအိမ်ကံ အလွတ် ရနေခဲ့သည်။ မအိမ်ကံ မွေးသည့်ညက ထူးထူးခြားခြား အနောက်ရမ်း လေကြီး တိုက်ခဲ့သည်။ ဝင်းခနဲ ပြက်လိုက်သော လျှပ်စစ်မိုးကြိုး တစ်ချက်ကြောင့် ပဲမှော် တိုက်ကြီးတောင် သိမ့်ခနဲ ခါသွားခဲ့သည်။ အိမ်ခေါင်းရင်းမှာ နှစ်နှင့်ချီကာ အပွင့် မြုံနေသော ဆပ်သွားဖူးရုံ ကြီးကလည်း မအိမ်ကံ မွေးသည့် ရက်မှ အဖူးတွေ ထိုးခဲ့သည်။ ဘုန်းကြီး ကျောင်းရိပ်က ရေကန်ကြီးပင် ပြည့်သွားအောင် မိုးကြီး တစ်မရွာခဲ့သည်။ မအိမ်ကံ အာရုံတွေထဲမှာ မအိမ်ကံ မွေးခဲ့သည့် နှစ်ပေါင်း လေးဆယ်က အဖြစ်အပျက်တွေ ဖျန်းခနဲ ဖျန်းခနဲ ပေါ်နေခဲ့လေ၏။ “ရှင်အိမ်ကံ့နှယ် ညည်းငယ်ငယ်က ဖအေ ဆုရလာလို့ ပွဲခင်းသဲ့ ဟာကို အငြိမ့်မင်းသမီး အနားက မခွာဘူး။ အက သင်ချင်လို့သဲ့။ ကတဲ အဲသည် ရက်က အိမ်မှာ ဟင်းတွေ ပွဲထိုး ထားသလို ဗောင်းလန် နေသာကို မစားဘူး။ ပွဲကြည့် လှည်းတွေ ထမင်းအိုးတောင်း ဟင်းအိုးတောင်း သွားမျှော်သာလေ။ ခရမ်းချဉ်သီး ဒလိမ်းထိုး ချက်စားချင် လှဆိုလို့ ကျုပ်ချက်ကျွေးရ ပါကောလား” “ငယ်ငယ်က အင်တန် အနေအေးသာ။ ရွာထဲ သူတကာ့ ကလေးတွေနဲ့ ကစားချေပါဟဲ့ ဆိုလည်း မကစားဘူး။ အားအားရှိ အိမ်အပေါ်ထပ် က်ထိုင်နေတော့သာ။ မှို့စကြာကလေး တွေလွင့်လာသာကို လိုက်ငေးတတ်သယ်။ မလှအုံအဲသာလေး တွေက ဘာတွေလဲ၊ ဘယ်ကလွင့်လာကြသာလဲ၊ ဘယ်ကိုသွား ကြမှာလဲနဲ့ မေးတတ်လို့ ငါဖြင့် မဟုတ်ကရော၊ ဟုတ်ကရော ဖြေရသာပါအေ” “တစ်ခါများ အစ်ကိုလုပ်သဲ့ သူကို ပုန်းညက်ပန်း ခူးပေးပါ ဆိုတော့ အစ်ကိုက အပင်ပေါ် မတက်ဘဲ အပင်ခြေက လှဲချ ပစ်လိုက်သာတော်။ ကိုင်း ငါ့နှမ ကြိုက်သလောက်ခူး စမ်းတဲ့။ တို့ဖြင့် အပင်ကလေး နှမြောလွန်းလို့ ရယ်ရခက်၊ ငိုရခက်” မအိမ်ကံ အရွယ် ရောက်လာတော့ ငယ်ငယ်က အကြောင်းတွေကို မလှအုံက သူမှတ်မိသမျှ စီကာပတ်ကုံး ပြောပြလေ့ ရှိခဲ့သည်။ သည်အသက် သည်အရွယ် အထိ မအိမ်ကံ ကိုယ်တိုင် မမေ့နိုင်သော ပုံရိပ်တွေ ရှိခဲ့သည်။ မအိမ်ကံ ငယ်ငယ်ကပါပဲ။ ဘယ်အရွယ်လောက် ရှိမလဲ မအိမ်ကံ မမှတ်မိတော့ပါ။ ထိုနေရာတွင် ထီးကြက်တော် ခေါ်ကြသည့် ထီးဖြူကြီး ရှိသည်။ ကျောက်ထီးကြီးတွေ ကြားက ထီးဖြူတစ်လက်။ သည်ထီးတွေကြားမှာ မမ ဂွမ်းဖြူ။ စောစောတုန်းက သည်နေရာမှာ လူတွေ

279


အများကြီးပါ။ နောက်တော့ မအိမ်ကံနှင့် မမ ဂွမ်းဖြူသာ ရှိတော့သည်။ “မမဂွမ်းဖြူရယ်၊ မအိမ်ကံဖြင့် တစ်ယောက်တည်းရယ် လို့ စိတ်အားငယ်လိုက်ရသာ မပြောပါနဲ့တော့။ လူတွေလည်း ဘယ်ရောက်ကုန်ကြမှန်း မသိပါဘူးတော်” “လူတွေက ထီးဖြူတော် လာကပ် လှူကြသာကော မအိမ်ကံရဲ့၊ ပြန်ကုန်ကြပြီ” “မမဂွမ်းဖြူက ဘာလာ လုပ်သာလဲဟင်” “ဖက်စိမ်းကွမ်းတောင်လာပို့သာလေ။

သည်စေတီရင်ပြင်ပေါ်မှာ

မိန်းကလေး

တစ်ယောက်ကို

ဖက်စိမ်းကွမ်းတောင်

လွှဲပေးရမှာ မအိမ်ကံရဲ့” “ဖက်စိမ်းကွမ်းတောင်က ဘယ်မှာလဲ” “ဟိုမှာလေ ကျောက်ထီးရိပ်အောက်မှာ” ဟုတ်သားပဲ။ ဖက်စိမ်းကွမ်းတောင်က ဖူးဖူးကြွကြွ၊ ရွရွ စိမ်းစိမ်းကလေး။ မအိမ်ကံက ဖက်စိမ်း ကွမ်းတောင်ကို သွားယူလိုက်ဖို့ ပြင်သည်။ “မထိနဲ့နော် မအိမ်ကံ။ ဖက်စိမ်းကွမ်းတောင်ဆိုသာ လွှဲအပ်ပြီးမှ ကိုင်ခွင့်ရှိသာ။ မမက လွှဲမပေးမချင်း မကိုင်ရဘူး။ မီးထ တောက်တတ်သယ်” “အို မအိမ်ကံ ကိုင်ချင်လို့ပါနော်၊ မအိမ်ကံကို လွှဲပေးပါနော်” “မလောပါနဲ့အေ။ အဲသလောက် ဘယ်လွယ်ပါ့မလဲ” “အို မရလို့ကို မဖြစ်ပါဘူး၊ ဖယ်ပါ” မအိမ်ကံ ကဇွတ်ဝင်လုတော့ လက်ထဲမှာ ဖက်စိမ်းကွမ်းတောင် ထိပ်က ငှက်ပျောဖက် ကြက်တူရွေး ရုပ်ကလေးသာ ပါလာခဲ့သည်။ မအိမ်ကံ ဘဝမှာ မှတ်မှတ်ရရ ရှိခဲ့သည်။ ငယ်ငယ်က မက်ခဲ့သည့် အိပ်မက်။ သည်အိပ်မက်ပြီး နောင်နှစ်ပေါင်းများ စွာအထိ မကြာခဏ မက်ခဲ့ရသည့် အိပ်မက်။ တစ်ခါတော့ အစ်ကို မောင်မြတ်သာက ဝါးကလေးတွေ သုံးပြီး ဖက်စိမ်း ကွမ်းတောင် ရုပ်ချိုးပေးသည်။ အဖျားမှာ ကြက်တူ ရွေးကလေး ပင်ပါသေးသည်။ မအိမ်ကံ ကွမ်းတောင်ရုပ်ကို ပွေ့ရင်း အပျို တစ်ယောက်လို ဟန်ဖြင့် ခြေဖျားကလေးထောက်၊ လည်တိုင် ကလေးမော့ပြီး လျှောက်သည်။ သည်အချိန်မှာပဲ အမေ ပန်းရုံ၏ အော်သံ၊ ချောက်ချား စရာပင်ကောင်းလှပါ၏။ “မအိမ်ကံ ညည်းလက်ထဲက ကွမ်းတောင်ရုပ်ကို အခု ချထားလိုက်စမ်း” အနှစ် လေးဆယ်လောက်က အမေ့ အော်သံကို အခုပဲ ကြားလိုက်ရသလိုပင်။ ကွမ်းတောင်ကိုင် ဖြစ်ဖို့ ရူးသွပ်ခဲ့ ရသော မအိမ်ကံကို ရက်ရက်စက်စက် လက်ညှိုး ငေါက်ငေါက် ထိုးကာ အရှက်တကွဲ အကျိုးနည်း ဖြစ်စေခဲ့ရသော ကြီးတော် စံရွှေ၏ နင့်နင့်သီးသီး စကားလုံးများ။ “ညည်းက ငါ့စီးပွားလည်း ပြိုင်သေး ငါ့သားလည်း ချိုင်သေး။ ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့။ ညည်းရုပ်က ပပဝတီလောက် ချောသယ်ပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲ ညည်းသည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ်ဘူး”

280


အိုး...။ သည်ကနေ့ကျမှ မအိမ်ကံ ဘာဖြစ်တယ် မသိ။ ရှေးဖြစ် နောက်ကြောင်းတွေက အပ်ချည်မျှင် အစ ဆွဲမိလိုက် သလို အတန်းလိုက် အမျှင်လိုက် တောက်လျှောက် ပါလာလေရာ ဆုံးပဲ မဆုံးနိုင်တော့။ အာရုံတွေကို ဇွတ်မှိတ် ဖြတ်သော်လည်း မပြတ်။ ထပ်ကာ ထပ်ကာ ပေါ်လာ နေတော့၏။ မအိမ်ကံ အာရုံတွေက သမီးကြီး မြိုင်ကို မြင်းခြံ သွားပို့စက ရက်တွေဆီ ရောက်သွားခဲ့ပြန်သည်။ ထိုနေ့က ကိုပြေသိမ်း၊ ဖိုးကူး၊ ကိုဖိုးငွေနှင့် မလှအုံတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ အိမ်မှာ ဖိုးတုတ်က လွဲလျှင် မိန်းမသားတွေချည်း ကျန်ရစ်ခဲ့ကြသည်။ အစ်ကိုလေး ကိုစံကောင်းက လာစောင့် အိပ်ပေးခဲ့သည်။ ထိုညက အကြောင်းတွေကိုလည်း မအိမ်ကံ မမေ့နိုင်ပါ။ ဘယ်သူက ဘာရည်ရွယ်ချက်နှင့် လုပ်ခဲ့သည် ဆိုတာတော့ အခုထိလည်း မပြောနိုင်။ သို့သော် တိုက်ဆိုင်တာပဲလားတော့ မသိ။ သည်ကိစ္စဖြစ်ပြီးသည့် နောက်ပိုင်း အမေဆုံးသည်။ မလှအုံ ဆုံးသည်။ ထိုညက လကလေးပြက်ပြက်သာ နေခဲ့၏။ မလင်းမှုန်မှုန် လင်းမှုန်မှုန်။ ထိုညကအဖြစ်ကို မအိမ်ကံ ထင်းထင်းကြီး မြင်ယောင်နေဆဲဖြစ်သည်။ တွေးမိတိုင်းလည်း ကြောစိမ့် နေမိရဆဲ။ အဲသည်ညက မအိမ်ကံ အိပ်မပျော်ဘဲ နိုးနေခဲ့လေသည်။ မအိမ်ကံတို့ ဝိုင်းကြီး ကျယ်ကျယ်ထဲမှာ အနောက် တောင်ထောင့်ကို အိမ်သားတွေ ရောက်ခဲကြသည်။ မြေလပ် မထားချင်သဖြင့် ဖိုးတုတ်က ပဲစင်းငုံကြဲ ထားခဲ့ရာ ရိတ်ဖြတ် ထားသော ပဲစင်းငုံ ငုတ်တွေက ထိုးထိုးထောင်ထောင် ရှိနေကြသည်က တစ်ကြောင်း၊ ထိုနေရာ အထိ ရောက်ရန် အခြား အကြောင်း မရှိသည်က တစ်ကြောင်းတို့ကြောင့် တစ်နှစ်နေလို့ တစ်ခေါက် မရောက်ကြသည့် နေရာ ဖြစ်သည်။ တစ်ဖက်ဝိုင်း တိုက်တွေကလည်း တောပင်၊ တောထင်းတွေ ပုံကြတာမျိုး၊ အိမ့်အတိုအစ ဗြုတ်စဗျင်းတောင်းတွေ ထားကြတာမျိုးဖြင့် ထိုနေရာ ထိုထောင့်မှာ လူသူ အရောက်အပေါက် နည်းသလို ဖြစ်နေသည်။

သည်ကြားထဲက တစ်ဖက်နှစ်ဝိုင်း စပ်ရာထောင့်မှာ ရေမရှိသည့် တွင်းခြောက်ကြီး ရှိသဖြင့် အမှိုက်သရိုက်များ ပစ်ကြရာက မြွေပါး ကင်းပါး ခိုနိုင်သလိုဖြစ်နေတာလည်း ပါပါ၏။ မည်သူမဆို လာရောက် ခိုနေနိုင်လောက်အောင် အဆက် ဝေးသဖြင့်လည်း ဝိုင်းရှင်တွေ မသိဘဲ ဝင်ရောက်လာခဲ့သူ တစ်ယောက်က မအိမ်ကံတို့ ဝိုင်းတိုက်ထဲကို အချိန်မတော် အညစ်အကြေးတွေ ပစ်သွားခဲ့ခြင်း ဖြစ်၏။ တောင်ဘက်ဝိုင်းနှင့် အနောက်ဘက် ဝိုင်းတွေက သည်လို အလုပ်မျိုး လုပ်မှာ မဟုတ်တာကို မအိမ်ကံ ယုံသည်။ အပြင်သူစိမ်း တစ်ယောက်က သည်နေရာကို အကြောင်းတစ်ခုဖြင့် ခိုကာ ကြံစည်ခဲ့ပုံ ရသည်။ ကိုစံကောင်းနှင့် မအိမ်ကံတို့ ဓားတစ်လက်စီဖြင့် ရောက်သွား ကြသည့် အခါ နှစ်ယောက်စလုံး တောင့်သွားခဲ့ကြသည်။ မအိမ်ကံ ထိုးလိုက်သော ဓာတ်မီးရောင် အောက်တွင် အရာသုံးမျိုး တစ်နေရာစီ ပြန့်ကြဲနေပါ၏။ တစ်ခုက နှီးခေါပတောင်း တစ်လုံးဖြစ်၍ အခြားတစ်ခု ကတော့ သွေးတွေ တပွက်ပွက် ပေပွနေသော ပိတ်အနှီးစ တစ်စ ဖြစ်သည်။ အထဲမှာ တစ်စုံတစ်ရာ ပါသလို ရှိသဖြင့် ကိုစံကောင်းက ဓားဦးဖြင့် ထိုးခွဲကြည့်သည်။ အမဲသားတွေ၊ လတ်လတ် ဆတ်ဆတ် ရှိသေးရုံမက အနည်းဆုံး ငါးဆယ်သားလောက် ရှိလိမ့်မည်။ ပိတ်အနှီးစ ဟောင်းမှာတော့ ဆေးမည်းဖြင့် အင်းတွေလို အကွက်တွေ ရေးထားသည်။ ကိုစံကောင်းက မအိမ်ကံ ကို တစ်ချက် အကဲခတ် လိုက်သည်။ မအိမ်ကံကတော့ ဓာတ်မီး တစ်ဖက် ထိုးထားရင်း ဓားရှည်ကိုပင် မ မနိုင်လောက်အောင် ငိုင်ငိုင်ကြီး ရပ်နေလေသည်။ “အမဲသားတွေ ငါ့နှမ။ အင်းထိုးထားတဲ့ အနှီးစနဲ့ ထုပ်ပြီး ခေါပတောင်းနဲ့ ဘာနဲ့ တစ်ခုခုစီရင်ဖို့ လုပ်သာနေမှာ။ ခက်သာက လူကို မမိလိုက်ဘူး။ တို့မောင်နှမ ပြေးလာသာကို တွေ့သွား ပုံရသယ်။ ညနေလောက်ကတည်းက တွင်းခြောက်ကြီးထဲ ခိုနေလေသလား။ ခုမှ အသာဝင် လာသလားတော့ မပြောတတ်ဘူး။ နေဦး ဒါဘာပါလိမ့်”။ ခပ်ဝေးဝေး တစ်နေရာမှ မြေအိုးခြမ်းကွဲ။ နှစ်စိတ် ကွဲသွားပြီ ဆိုသော်လည်း ဆက်ကြည့် လိုက်တော့ နဂိုက တစ်ချပ်တည်း ဖြစ်ပုံရသည်။ ကိုစံကောင်းက နှစ်ချပ် စလုံးကို ဓားဦးနှင့် ထိုးလှန်ကြည့်သည်။ သံချွန်နှင့် ခြစ်ထားသည့် နေရာတွေ မွမွကြဲလျက် ရှိ၏။ ကိုစံကောင်းက ခြံထောင့် ငှက်ပျောပင်က အရွက်ဖားဖား နှစ်လက် ခုတ်ပြီး ခါးက ပိုင်းသည်။ နှီးခေါပတောင်းကို လှန်ကာ ခင်းသည်။ နောက်ထပ် ဖက်ရွက်တွေထဲကို အမဲသားထုပ်သွေးရွှဲရွှဲကို အထုပ်လိုက် မကိုင်ကာ ခေါပတောင်းထဲ ထည့်သည်။ သွေးစွန်း နေသည့် မြေကြီးတွေကိုပါ ဓားနှင့်ခြစ်ကာ မကျန်အောင် နှိုက်သည်။ အိုးခြမ်းပဲ့ နှစ်ချပ်ပါ ထည့်ပြီး အသာပိုက် လာခဲ့သည်။

281


မအိမ်ကံက ရှေ့က။ ကိုစံကောင်းက နောက်က။ ကိုစံကောင်းက ခြံတံခါးကြီးကို ဖွင့်ပြီး တာလမ်းနှင့် ဝေးဝေးက ချောက်ကြီးထဲ သွားပစ်သည်။ ပြန်လာပြီး ခြေလက်ဆေးသည်။ ဆေးလိပ် တစ်လိပ် ထိုင်ဖွာသည် အထိ မအိမ်ကံပါ အတူ ရှိနေခဲ့ပါ၏။ “အစ်ကိုလေး၊ ဘာတွေလဲ။ အဲဒါတွေက ဘာလုပ်ကြတာလဲ။ ဘယ်သူက လုပ်တာလဲ။ မကောင်းသာ လုပ်မှန်းတော့ သိပါရဲ့” မအိမ်ကံက မေးခွန်းတွေ ဆက်တိုက် မေးလိုက်လို့လား တော့မသိ။ ကိုစံကောင်းက ဘာဖြေရမှန်း မသိဘဲ တော်တော နှင့် အသံမထွက်။ သူလည်း စဉ်းစားနေပုံရသည်။ မအိမ်ကံတို့ ရွာတွေမှာ ဒါမျိုးတွေ ကြားဖူးပါ၏။ တစ်ဖက်ကို အတိဒုက္ခ ရောက်အောင်၊ အစွဲအမှောင့်ဖြစ်အောင် လုပ်ကြတာမျိုး ဆိုတာ လောက်တော့ မအိမ်ကံ ခပ်စမ်းစမ်း သိထားသည်။ ကိုစံကောင်းကတော့ ကြားဖူးနားဝ ရှိနိုင်လောက်သည် ထင်လို့ အလောတကြီး မေးလိုက်ခြင်း ဖြစ်သည်။ “အစိမ်း တိုက်သာပေါ့ဟာ ရုပ်မြှုပ်သာတို့၊ နတ်တိုက်၊ ဓာတ်တိုက်၊ အစိမ်းတိုက် စသည်ဖြင့် ရှိသယ်။ အစ်ကိုလည်း ကောင်းကောင်းတော့ နားမလည်ဘူး။ ဒါတွေက ခြံထဲပစ်ချ ရုံလောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူး။ ဝိုင်းထဲခြံထဲ မြေကြီးထဲ မြှုပ်မှဖြစ်သာ။ လုပ်တဲ့ ကောင်က မြှုပ်ချိန် မရလိုက် ဘူးနဲ့တူပါရဲ့။ သည်ကောင် မြောင်းကျင်းကြီးထဲကနေ အထုပ်ကို အရင် ပစ်လိုက်ပြီး နောက်မှ လူဝင်မှာ နေမှာ” “ရက်စက်လှချည်လား အစ်ကိုလေးရယ်။ မအိမ်ကံတို့မှာ သည်ဘက်နှစ်ပိုင်းတွေထဲ အတော် အတိုက်အခိုက် လုပ်ကြသယ်။ သာအောင်တို့ နေမှာပဲ” “ဥပါဒ် မစွဲပါနဲ့ နှမရာ။ သာအောင်တို့ကတော့ လုပ်မထင်ပါဘူး။ သည်ကောင်က သွေးမြောက် နေသာ ရှိသာပါ။ ကိုယ့် ရွာသူ ရွာသားချင်းသည်လောက် မလုပ်ဘူးလို့ ထင်သာပဲလေ” “ရွာသူရွာသားချင်း မလုပ်လို့ တစ်ရွာက ဘယ့်နှယ့်လာ လုပ်ပါ့မလဲ အစ်ကိုလေးရယ်။ အသွား မတော်ရင် ဒုက္ခရောက် ရမယ့် ကိစ္စ။ တစ်ရွာတစ်ရွာ ဝင်ဖြစ် မှတ်လို့” “ဒါလည်း ဟုတ်သယ်။ နေပါဦးဟာ။ ဒါမျိုး နားလည်သဲ့ ကိုဘဆင်ကို အစ်ကို မေးကြည့်ပါဦးမယ်။ အရီးတို့ကို မပြောနဲ့ဟ။ လူကြီးတွေ ဆိုတော့ ကြောက်ကြလိမ့်မယ်။ လက်သည် ပေါ်လို့ကတော့ ငါလုပ်သွားပါ့မယ်ဟာ။ နင်အသာ နေပါ” မအိမ်ကံ အိပ်ရာထဲ ရောက်သည် အထိ အမဲသား နံ့ကြီးစွဲ နေခဲ့သဖြင့် သွေးဆေးတစ်တို့ လျက်ရသေးသည်။ ရေထ သောက်ပြီးမှ အိပ်ရာ ဝင်ခဲ့သည်။ သည်တစ်ခါတော့ တစ်အိမ်လုံး ရူးအောင် ဒါမှမဟုတ် ဒုက္ခရောက်အောင် အောက်လမ်းနည်းကို သုံးကြပြီ။ အမိုက်တွင်းဆုံး လုပ်ကြပါပေါ့လား။ ဒါတွေကို အယုံအကြည် ရှိတာ မရှိတာထက် ရည်ရွယ်ချက် တစ်ခုဖြင့် ခြံထဲဝင်းထဲ အရောက် ကျူးကျော်ကြတာကိုတော့ မအိမ်ကံ သည်းမခံနိုင်။ ဖြစ်နိုင်လျှင် ညတွင်းချင်းပင် ရှင်းလိုက်ချင်သေးသည်။ အိပ်လို့ မပျော်နိုင်အောင် မခံချိမခံသာ ဖြစ်နေခဲ့သည်။ နှစ်ရက်လောက် နေမှ ကိုစံကောင်း မယောင်မလည် ရောက်လာသည်။ မောင်နှမနှစ်ယောက် သရက်ပင်အောက် သွားထိုင်ကြ၏။ “ကိုဘဆင်ကို ငါမေးကြည့်သယ်။ မအိမ်ကံတို့ ဝိုင်းထဲမှာ တွေ့သာလို့ မပြောပါဘူး။ ငါ့မိန်းမ ရွာမယ် အဲသလို ပစ် သွားသယ် ကြားသယ်လို့ ဆိုပြီးမေးသာ” “ဘာတဲ့တုံး” “မြေဘုတ်တွင်းစား ချသာလို့ ပြောသာပဲ။ အင်းပါပါရင် လူကို ဥပဒ်နိုင်သတဲ့။ မကောင်းဘူးပေါ့ဟာ။ မြေထဲ မမြှုပ် သာခံသာသာတဲ့”

282


ကိုစံကောင်းက ဆက်မပြောတော့။ မအိမ်ကံကလည်း မကြားချင်တော့ပါ။ မအိမ်ကံက တောင်ဘက်ဝိုင်း၊ အနောက် ဘက်ဝိုင်းက အိမ်ရှင်တွေကို ညဘက် လူကပ်ကြောင်း ပြောသဖြင့် ခြံကို လုံအောင် ကာကြသည်။ မြောင်းကျင်းကြီးထဲ ဆူးခက်တွေ မောက်နေအောင် ချလိုက်ကြသည်။ သည်ကိစ္စက သည်မှာတင် တစ်စခန်း ရပ်သွားခဲ့ပါ၏။ လက်သည်ကို အလိုလို သိနေမှတော့ သည်ကိစ္စ စုံစမ်းစရာလည်း မလိုတော့။ မအိမ်ကံ သတိနှင့်နေ သတိနှင့် သွားဖို့ရာသာ ရှိတော့၏။ ကိုစံကောင်းကတော့ ကိုပြေသိမ်းတို့ မြင်းခြံက ပြန်မလာမချင်း လာစောင့် ပေးရှာသည်။ တစ်ရက်၊ နှစ်ရက်အထိ မြင်းခြံကို ပို့လိုက်ရသော သမီး အတွက်ပင် မပူပန်မိရလောက်အောင် မအိမ်ကံ စိတ်တွေ ထွေနေခဲ့သည်။ နောက်နှစ်ရက်လောက် ရှိမှ ကိုပြေသိမ်းတို့၊ မလှအုံတို့ ပြန်ရောက်လာကြသည်။ “အဆင်ပြေရဲ့လား အစ်ကို။ မအိမ်ကံတော့ ဝမ်းလည်း သာပါရဲ့၊ စိတ်ထဲလည်း မကောင်းဘူး။ သမီး နေပျော်ရဲ့လား အစ်ကိုရယ်။ အစ်ကို့ သမီးက ရိုးပါအေးပါ ဘိသနဲ့ရှင်။ ထမင်း ဆာလို့လည်း ဆာတယ်ပြောမှာ မဟုတ်ဘူး။ ထမင်း မဝလို့ လည်း မဝသေးဘူး ပြောမှာ မဟုတ်ဘူး။ ညဘက် ညရေး ညတာ နောက်ဖေး နောက်ဖီ” “အားလုံး အဆင်ပြေပါတယ် အိမ်ကလေးရယ်။ မောင်သက်မင်း မိန်းမဘက်က မိန်းကလေး တစ်ယောက်လည်း ရှိတယ်။ အတန်းတူပဲ။ အပေါ်ထပ်မှာ တစ်ခန်းတည်း နေကြတယ်။ စားအတူ၊ အိပ်အတူ၊ ရေချိုး အတူပါဗျာ” “အစ်ကို မုန့်ဖိုး ပေးခဲ့ရဲ့လား” “ပေးခဲ့ပါတယ်။ အစ်ကိုပြန်မယ် လုပ်တော့ ဇောင်ချမ်းကုန်းကို လွမ်းလို့တဲ့ ငိုသေးတာလေ။ ဘွားအေကြီး လွမ်းတာလား၊ မအေ လွမ်းတာလား၊ သူ့ညီမ လွမ်းတာလားတော့ မသိ ဘူး။ ငိုတာတော့ ငိုတယ်” “ငိုသယ် ဟုတ်လား။ ဒါဆို တော်တော် ဟုတ်လာပြီ ကော” မအိမ်ကံက သူ့သမီး ငိုတယ်ဆိုလို့ တစ်ဖက်က ဝမ်းသာ ရသေးသည်။ ခံစားတတ် ရှာပါလားလို့ တွေးမိ၍ ဖြစ်ပါ၏။ ကိုပြေသိမ်းကတော့ သူ့အရွယ်နှင့် သူ့ခံစားမှုက ဗီဇအရ ရှိကြတာချည်း ဖြစ်ကြောင်း၊ ထုတ်ဖော်ပြသခြင်း၊ မပြသခြင်းသာ ကွာကြောင်း၊ သိပ်ကြီး စိုးရိမ်ရန် မလိုကြောင်းတွေ ပြောပြသည်။ ဘာပဲဖြစ်ဖြစ် မိခင်ဆိုတော့ ပူရသား။ အဖော်ရှိတာ တော့ကောင်းပါရဲ့။ အဖော်ကကော။ လှည်းထက် ဘီးကြီးနေ မှာစိုးရသေးသည်။ မိန်းကလေးချင်းပေသိ အတုဆိုး ကူးမှာ စိုးရသည်။ တစ်ရက်တော့ သမီးကြီး မြိုင်ရှိရာ မြင်းခြံကို မအိမ်ကံ လိုက်သွားရမည်။ တစ်ပတ်တန်သည်၊ နှစ်ပတ်တန်သည် နေလိုက်ဦးမည်။ ခွဲရတော့လည်း လွမ်းသား သမီးရယ်။ မလှအုံကတော့ သူ့ဘွားအေကို အသေးစိတ် ပြောပြ နေရပါ၏။ ဘွားအေကြီးကလည်း မေးလိုက်တာ စုံလို့။ “အရီးမြေးမ ဝမ်းပျော့သလား၊ မာသလားတောင် ကျုပ် ကြည့်ခဲ့ပါ့တော် ကိုင်း” မလှအုံက ရွဲ့ပြောတော့မှ အမေ ပန်းရုံ အမေး ရပ်တော့သည်။ အမေပန်းရုံ အလှည့်ပြီးတော့ မအိမ်ကံက မေးရပြန်သည်။ ကိုပြေသိမ်း ပြောတာလည်း ပြောတာပေါ့။ မိန်းမသားချင်း မေးစရာတွေ ရှိသား မဟုတ်လား။ မလှအုံက မြင်းခြံ ကျောင်းပို့သာ ကောင်းသာပေါ့အေ့ဆိုလို့ မအိမ်ကံ ဝမ်းသာရ သည်။ မလှအုံ စိတ်ပြောင်း သွားလောက်အောင် ဘာတွေများ တွေ့ခဲ့လို့ပါလိမ့်။ “သမီးကငိုဆို မလှအုံ” “ငိုပါ့အေ။ ဘယ်သူ့လွမ်းလို့တုံးလို့ မေးတော့ ညည်း သမီးက ဘာပြောမှတ်သလဲ” “ပြောပါဦး”

283


“ကျေးကျေးကိုသဲ့သော်၊ ကျေးကျေးကိုသဲ့”

မအိမ်ကံ ရယ်လိုက်ရတာ။ ဘယ်သူ့ လွမ်းလွမ်းပါအေ။ လွမ်းရ ကောင်းမှန်းသိဖို့ လိုသာပါ သမီးရယ်။ “ဘယ်သူ့ကို သတိရရပါ မလှအုံရယ်။ လွမ်းတတ်စိတ် ကလေး ရှိသာကိုပဲ ဝမ်းသာရသေး။ ပညာတတ်သာနဲ့ အမျှ မအိမ်ကံတို့နဲ့ ဝေးဝေး သွားရတော့မှာ မဟုတ်လား။ ပညာတွေ တတ်လေ၊ အတန်းတွေကြီးလေ မန်းလေးတို့၊ ရန်ကုန်တို့မှာမှ ရှိတဲ့ သက္ကသိုလ် ဆိုတာကို ပို့ရမယ့် ကလေးဆိုတော့ မအိမ်ကံ ကလည်း လွမ်းလက်စ သိမ်းတတ်အောင် နေနေရပါသယ်လေ။ တစ်ခုပဲ ရှိတယ်” “ဘာပါလိမ့်” “သြော် မအိမ်ကံ သမီးကို ရွာစိတ်၊ တောစိတ် ကလေးတော့ မပျောက်စေချင်ဘူး။ တောသူတောင်သား မိဘမျိုးရိုးက မွေးသာဆိုတော့ ပဲကြဲနှမ်းကြဲ၊ တလင်းနယ်တလင်းခေါက်၊ မောင်းထောင်းဆန်ဖွပ်၊ ရက်ကန်း၊ ထင်းခွေတတ်စေချင်သယ်။ လုပ်မစားပေသိလို့ မိဘများ သည်လို ဘဝနဲ့ နေခဲ့ကြသယ်ဆိုသာ ရင်ထဲ ရောက်စေချင်သာပါ။ ပြီးတော့ သူ့ရုပ်သူ့ရည်နဲ့ ကွမ်းတောင် ကိုင်ရသယ် ဆိုဦးတော့ မက်မက်စက်စက် ရှိစေချင်သယ်။ မြို့သူပညာ တတ်ဖြစ်လို့ မကိုင်ချင်ပါဘူး။ ရှက်စရာကြီးပါ အမေရယ် ဖြစ်မှာများ မအိမ်ကံ အင်မတန် စိုးရိမ်သယ်” မလှအုံ ဘာမှ မပြောတော့ပါ။ မအိမ်ကံ ရင်ထဲက အစိုင်အခဲကို ကျေအောင် ချေချင်လှသော်လည်း မချေရက်တော့။ ကမ္မသကာလို့သာ သဘောပိုက်လိုက်ပါ၏။ ကံပါတော့လည်း ဖြစ်တော့မပေါ့။ ကံမပါတော့လည်း လွဲရုံပ။ ဘယ်သူ့ဘယ်သူ ကမှ မန်ကျည်းစေ့ တွင်းချ မပြောနိုင်သည့် ကိစ္စကို မလှအုံကလည်း မပူချင်တော့တာပါသည်။ ခေတ်တွေကလည်း ပြောင်းခဲ့ပြီ။ မလှအုံ ကိုယ်တိုင်မြင်းခြံမှာ တစ်ပတ်ဆယ်ရက် နေခဲ့ဖူးပြီ ဆိုတော့ ခေတ်ကာလ ဝတ်ပုံစားပုံ၊ ပြောပုံဆိုပုံတွေ မျက်စိထဲ မတွေ့ခဲ့။ သို့သော် ခေတ်က ဖြစ်လာတာကို တားဆီးဖို့ခက် သားပင်။ မအိမ်ကံ ဘဝမှာ ကွမ်းတောင် မကိုင်ခဲ့ရတော့ သမီးကို ကိုင်စေချင်တာကိုလည်း အပြစ် မမြင်ချင်တော့ပါ။ သည်စိတ်ရှိလို့လည်း ဘယ်သူ့မှ ထိခိုက်တာ မဟုတ်တော့ ဖြစ်ပါစေ လို့သာ ဆုတောင်းရုံ ရှိတော့သည်။ “ရွာစိတ်ရပ် စိတ်တော့ မပျောက်ပါဘူးအေ။ ပျောက်ခဲ သာပဲ။ တောထမင်း တောဟင်းနဲ့ လူဖြစ်ရသဲ့ ကလေးပါအေ။ ဖြစ်ချိန်တန်တော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်ပေါင်ပါ ရှင်အိမ်ကံရယ်။ ငါ့ညီမ မပူပါနဲ့ ဟိုမှာလည်း စိတ်ချရပါ့ တော်။ ကျောင်းကို ငါကိုယ်တိုင် နှစ်ရက်၊ သုံးရက်လိုက်ပို့ သယ်၊ ကြိုသယ်။ ငါဖြင့် မြင်းခြံ တစ်ကျောင်းလုံး မြိုင်ကလေး အလှဆုံး ထင်မိသယ်။ ဘုရား စူးရစေ့ရဲ့” သည်စကားတွေ ကြားပြန်တော့ မအိမ်ကံ ဝမ်းသာပီတိ ဖြစ်ရပါ၏။ သမီးကြီး မရှိတော့ ဝမ်းထဲဟာ သလိုလို၊ လွမ်း သလိုလိုတော့ ရှိသား။ သမီးငယ်ခိုင်က ကြုံရာကျရာ လူနှင့် နေတတ် ထိုင်တတ်သည်။ ဖအေ့ ကျောင်းမှာလည်း ကျောင်းမှာ မို့၊ အိမ်မှာလည်း အိမ်မှာမို့ သူငယ်ချင်း အဖော်တွေနှင့် တရုန်း ရုန်း၊ ချက်ချက်ချာချာကလည်း ရှိလိုက်ပါဘိသနဲ့။ သည်လိုနှင့် ရက်ကလေး ညောင်းလာတော့ မအိမ်ကံနှင့် ကျေးဥတို့ မြင်းခြံကို လိုက်သွားခဲ့ကြသည်။ ဖိုးကူးက လှည်းမောင်း။ သမီးခိုင်နှင့် ကျေးဥသား နှစ်ယောက်ပါပါတော့ မအေ လိုက်လာတာကို မအိမ်မြိုင် ဝမ်းသာအားရ ရှိခဲ့ရှာပါ၏။မောင်သက်မင်းတို့ ဝိုင်းကမြို့နှင့် လှမ်းတော့ လှမ်းသည်။ ကျောင်းကို စက်ဘီးနှင့် သွားတာတောင် နာရီ တစ်မတ်လောက်တော့ ကြာပါ၏။ အတူနေသည်ဆိုသော ကလေးမကလေးက လိမ်လိမ်မာမာ ယဉ်ယဉ်ကျေးကျးနှင့် ပတ်တီးချားလည် ရှိလို့ တော်သေးရဲ့ အောက်မေ့ရသည်။ မောင်တွေ၊ ညီမတွေ တရုန်းရုန်းနှင့် ဆိုတော့ မအိမ်မြိုင် ကိုယ်တိုင်က ရွာမှာထက် ပိုသွက် လာသလား ထင်ရသည်။ တစ်ရက်နေပါဦး၊ နှစ်ရက် နေပါဦး တားနေလို့ ရက်တွေ ပိုကြာခဲ့ရပါ၏။ သမီး မျက်နှာ တွေ့ရတော့လည်း မအိမ်ကံ ရင်ထဲ ဝသွားခဲ့ရသည်။ သမီး အတွက် ယူသွားသော စားသောက်ဖွယ်ရာတွေ၊ ထဘီ အင်္ကျီတွေ ပေးခဲ့သည်။ အတူနေကလေးမအတွက်ပါ လက်ဆောင်ပေးခဲ့သေးသည်။

284


“အမေတို့ ပြန်တော့မယ်နော် မြိုင်ကလေး။ လှည်းက အခင်းအလုပ်သုံးရဦးမှာဆိုတော့ ပြန်မှဖြစ်မှာ။ အမေတို့ အလုပ် တွေကလည်း တန်းစီနေသာလေ သမီးရဲ့။ ကျောင်းပိတ်ရက် ကျေးဥနဲ့ အခေါ်လွှတ်လိုက်မယ် ပြန်လိုက်ခဲ့နော်။ စာတွေ လည်း ကြိုးစား၊ အတန်းတွေရလာရင် ဖအေနဲ့သမီး အင်္ဂလိပ် လို ပြောကြစမ်းပါအေ။ အမေ နားထောင်ချင်လို့” မအိမ်ကံက တတွတ်တွတ် မှာသည်။ မအိမ်မြိုင်က မြေကြီးပေါ် ပုံ့ပုံ့ကလေးထိုင်ပြီး မအေကို ကန်တော့တော့ မအိမ်ကံ မျက်ရည်တွေကို မျက်တောင်ခတ်ပြီး မနည်းကြီး သိမ်းရသည်။ သမီးကြီးမြိုင်က မြင်းခြံရောက်မှ မျက်နှာ ကလေးပိုလို့တောင် ပွင့်လာသလားပဲ။ မောင်သက်မင်း လင်မယားက သမီးကြီးကို ဂရုတစိုက် ရှိကြတာတွေ့တော့ မအိမ်ကံ စိတ်ချရပါ၏။ ကျေးဥကလည်း မှာစရာ ရှိတာတွေ မှာသည်။ ကျေးကျေးမုန့်တွေ ပို့ပေးမယ်ဆိုတာက လွဲလို့ ဘာမှ လည်းမပြောတတ်။ သည်လိုနှင့် မြိုင့်ဆီက ပြန်ခဲ့ကြသည်။ မြင်းခြံ သမီးဆီ ရောက်တဲ့ရက် ဆိုပြီး မအိမ်ကံ စာအုပ်နှင့် မှတ်ထားသည်။ ၁၃၁၉ ခု ဝါဆိုလဆန်း ၁၃ ရက်။ ရွာရောက်တော့ အမေပန်းရုံက မြေးအကြောင်း မေးလို့ အပိုတွေပါ ထည့်ပြောရပါ၏။ “ဆောင်းဝင်ရင် ရာသီ အေးပါပြီအေ။ အမေပါ လိုက်ခဲ့ ပါဦးမယ်” အမေပန်းရုံက မြေးဆီလိုက်ချင်လို့ ပြောခဲ့သည့်စကား။ သို့သော် အမေခမျာ မြိုင့်ဆီ မရောက်နိုင်ခဲ့ရှာတော့ပါ။ မွေးနေ့ဆိုတော့ မအိမ်ကံ ခေါင်းလျှော် ရေမိုးချိုးပြီး ကတည်းက သန့်သန့်စင်စင် ဝတ်ဆင်ပြီး ဘုန်းကြီးကျောင်းကို ဆွမ်းချိုင့် ပို့လှူသည်။ တရားနာ၊ ရေစက်ချ၊ အမျှအတန်းပေး ဝေခဲ့သည်။ ရက်ကန်း သမတွေကို မနက်ဆွမ်းခံပြန်ချိန်ခေါ် ထားသဖြင့် လူစုံတက်စုံ ရောက်လာကြသည်။ ထမင်းကျွေး သည်။ ထဘီ တစ်ကွင်းစီနှင့် ငွေတစ်ရာစီ ပေးခဲ့သည်။ မွေးနေ့ ကုသိုလ်ပင်။ အရီးကြာညွန့် မရှိသည့် နောက်ပိုင်း ရက်ကန်း ခေါင်းဖြစ်လာသော အရီး ညိုညက်ကို ပိုကန်တော့ခဲ့ပါ၏။ အရီးကြာညွန့်လောက် မဟုတ်လှသော်လည်း တော်သင့်သ လောက်တော့ တော်ရှာပါသည်။ ရက်ကန်း ခေါင်းမထားလို့ မရ။ အနားမှာ ရက်ကန်းခေါင်း ရှိမှ အလုပ်တွင်သည်။ ဆူတန်တာဆူ၊ ငေါက်တန်တာငေါက်၊ ခေါက်တန်တာခေါက်ရသူ ဆိုတော့ ကလေးမတွေကလည်း ကြောက်ကြပါသည်။ “မကြာညွန့်တော့

မပြောတတ်ပေါင်အေ။

ငါဖြင့်သည်

ကောင်မတွေကို

နေဝင်ရိုးရီ

နအုပ်

ပြန်သိမ်းရသာ

ကျလို့။

ကလေးတွေဆိုတော့ တစ်ယောက် တစ်ပေါက်ကိုးအေရဲ့။ ပြောသာ ပြောနေသာ လိမ္မာကြရှာပါသယ်” အရီးညိုညက် စကားကို မအိမ်ကံ ရယ်မိခဲ့ရသေးသည်။ နေ့လယ်ဘက်မှာတော့ မအိမ်ကံ တစ်ယောက်တည်း။ သမီးခိုင်နှင့် ကျေးဥတို့က အောက်ထပ်မှာ။ မနက်က စောစော ဆွမ်းထချက်ရသဖြင့် မျက်တောင်တွေက စင်းချင် လာခဲ့ပြီ။ အိပ်ရာပေါ် အသာ လှဲလိုက်ပေသိ အိပ်လို့မပျော်။ အတွေးတွေသာ အပြေးအလွှား ရောက်လာပြန်ပါ၏။ အလှူနှင့် လက်နှင့် မပြတ်ခဲ့ သော အမေ။ လူတကာကို နင့်နင့်ပိုးပိုး ပေးလိုက်ရမှ အနေ ဖြောင့်ရှာသော အမေ။ အသက် လေးဆယ်ကျော်ကာမှ သမီး မအိမ်ကံကို မွေးပြီး အသက် ခုနစ်ဆယ်ကျော်၊ ရှစ်ဆယ် အထိ သည်သမီးကို ရင်အုပ်မကွာ ထိန်းသိမ်း စောင့်ရှောက်ခဲ့ရှာသော အမေ။ မအိမ်ကံ အမေ့ကို စိတ်ရောက်ရပြန်ပါ၏။ အမေပန်းရုံဆုံးတော့ ၁၃၁၉ ခုနှစ်၊ ဝါခေါင်လဆုတ်ရက် ထဲမှာဖြစ်၏။ ရောဂါကြီးရယ်လို့ မဝင်ခဲ့သော်လည်း ကောက်ကာငင်ကာ အဖျား ဝင်ရာက ဆုံးခဲ့ရခြင်းဖြစ်သည်။ ဆရာ ဆောင်ကိုပင့်ပြီး ဆေးကုသော်လည်း ဆရာဆောင်က စမ်းသပ် လိုက်ကတည်းက ပထဝီ ပျက်ပြီဟု ဆိုခဲ့ပါ၏။ ကိုပြေသိမ်း ကတော့ မြင်းခြံကို ချက်ချင်းပို့ပြီးကုသရန် စီစဉ်ခဲ့ရှာသည်။ မအိမ်ကံ ကိုယ်တိုင်က အမေ သည်လို ဖြစ်လိမ့်မည် မထင်ခဲ့။ အာဂန္တုရောဂါပါလေလောက်သာ ထင်ခဲ့ရာက ဆေးဆရာက အားမရကြောင်း ပြောမှ ထိတ်လန့်ခဲ့ရပါ၏။ ဝါခေါင်လဆုတ် ၆ ရက်နေ့၊ ကြာသပတေးနေ့ မိုးမချုပ် တချုပ်မှာပဲ အမေပန်းရုံ သည်အိမ်ကြီးက ထွက်ခွာ သွားခဲ့ရှာသည်။ မအိမ်ကံ ယူကျုံး မရစွာ ငိုကြွေးခဲ့ရသည်။ သမီးကြီးမြိုင့်ဆီကို သွားချင်လှချည့် တဖွဖွ ပြောရာက ဆုံးရှာခဲ့တာကို မအိမ်ကံ မဖြေနိုင်အောင် ဖြစ်ခဲ့သည်။ ဘွားအေနှင့် မြေးဦးမ ရှင်ကွဲပင်မက သေကွဲကွဲ ခဲ့ကြရရှာပြီ။ တစ်ခုတော့ ဖြေစရာ ရှိပါ၏။ အမေ ပန်းရုံခမျာ ဝေဒနာမရှိ။ အိပ်နေရင်းက ပျက်စီးခဲ့ရခြင်းဖြစ်သည်။

285


“အရီးရေ။ ကျုပ်နဲ့ လွှဲသွားခဲ့သာပေါ့ ဟုတ်လား။ သား သမီးတွေ၊ မြေးတွေကို ကျုပ်နဲ့ စိတ်ချသယ်ပေါ့လေ။ သူတော် ကောင်းမကြီးရေ။ အားကိုးခဲ့သလား။ ဘယ်သူက ဘာပြောပြော ဘယ်သူက ဘယ်လိုဆိုဆို သူကြီး ကတော်ရယ်လို့ အဆိပ် မရှိတဲ့ ဘုရားအစ်မ၊ ကျောင်းအစ်မကြီးရေ” မလှအုံ ဟစ်ဟစ်ငိုတော့မှ အမေ့ ဂုဏ်ကျေးဇူးတွေကို မအိမ်ကံ ထင်းထင်းကြီး မြင်ခွင့်ရပါ၏။ ဟုတ်သားပဲ။ အမေ ဘယ်သူကိုမှ စိတ်မဆင်းရဲစေခဲ့တာ အမှန်ပင်။ အာဏာရှိလို့၊ ငွေရှိလို့၊ တတ်နိုင်လို့ စကားအရာနှင့်ပင် မစီးပိုးခဲ့ရှာ။ ဘယ်သူနဲ့ ဖြစ်ဖြစ် သူက အရှုံးခံလိုက်ဖို့ ဝန်မလေး။ ခွင့်လွှတ်သည်းခံ လိုက်ဖို့ ဝန်မလေး။ လှူခဲ့ တန်းခဲ့တာတွေလည်း မနည်းပါ။ ရှိသမျှ စည်းစိမ်ထက်ဝက်လောက်ကို သူတစ်ပါး အတွက် ဖဲ့ပေး ခဲ့သူဖြစ်သည်။ အမေ ဆုံးတော့မှ အိမ်ကြီးမှာ လူတွေ လျော့သွားခဲ့တာ မအိမ်ကံ သတိထားမိလိုက်သည်။ အဖေနှင့် အမေ ပြီးတော့ အဝေး တစ်နေရာဆီ ရောက်နေကြသော အစ်ကို မောင်မြတ်သာနှင့် သမီးကြီးမြိုင်။ မိသားစုတွေဟာ ဘာကြောင့်များ တစ်မိုးအောက်မှာ ရာသက်ပန် အတူနေခွင့် မရကြရတာပါလိမ့်။ ဘွားအေကြီး နာရေးမှာ မအိမ်မြိုင်ကို ကျောင်းကခွင့်က လေးခံကာ လေး၊ ငါးရက်ပြန်ခေါ်ထားခဲ့ရပြီး ပြန်သွားခဲ့ရ သည်။ မြိုင်ကသတိရတိုင်း ငိုရှာပါ၏။ အစ်ကိုမောင်မြတ် သာကတော့ မြေချကို မမီ။ ရက်လည် ဆွမ်းသွတ် အမီတော့ ရောက်လာခဲ့သည်။ အစ်ကိုက ရာထူးတစ်ဆင့် တက်ပြီး ဗိုလ်မှူးကြီးတောင် ဖြစ်သွားခဲ့ပြီကော။ တာဝန်တွေ ရှိသေးတော့ ရက်ကြာကြာ မနေနိုင်ခဲ့။ နှစ်ညအိပ်နှင့်ပင် ရန်ကုန် ပြန်သွားခဲ့ လေသည်။ မအိမ်ကံကတော့ သမီးနှစ်ယောက်ကို ဖက်ရင်း မျက်ရည်တွေတွေကျရတာ အကြိမ်ကြိမ်ပင်။ “အမေလည်း အသက်ရရှာပါပြီ အိမ်ကလေးရယ်။ အိမ်ကလေးတောင် အရွယ်ရပြီပဲ။ တစ်နေ့လူတိုင်း ကြုံကြရမှာ ပါကွယ်။ စိတ်ကို ဖြေပါ” ကိုပြေသိမ်းက အားပေးခဲ့ပါသည်။ အမေ့အတွက် ရည် စူးကာ မအိမ်ကံစိတ်ရှိသလောက် လှူဒါန်းခဲ့သည်။ သည်အိမ်ကြီးမှာ နောက်ထပ်ကြုံရတာတွေကလည်း

ပြောလို့ပင်

ယုံစရာ

မရှိ။

မတော်တဆ

တိုက်ဆိုင်မှုပဲလား၊

တစ်စုံတစ်ရာသော

ပယောဂပေပဲလား။ မအိမ်ကံမသိ။ အမေပန်းရုံဆုံးပြီး ဆယ့်တစ်လ အကြာမှာ မလှအုံ ဆုံးပြန်သည်။ ၁၃၂၀ ခုနှစ်၊ ဒုတိယ ဝါဆိုလဆုတ် ၃ ရက်။ ထိုနေ့က မလှအုံကပင် “နောက်လ ညည်းအမေ ဆုံးသာ အခါလည်ပြည့်ပြီတော်။ သူတော်ကောင်းမကြီး မနေ့တစ်နေ့ ကလိုပါပဲအေ” လို့ ပြောခဲ့သေးသည်။ မလှအုံက ဖျားခဲ နာခဲသည်။ ဖျားတယ်၊ နာတယ်ရယ်လို့လည်း မရှိ။ သူ့ဆေးနှင့် သူတောင်စမ်းစမ်း၊ မြောက်စမ်းစမ်း ပျောက်သွားရတာ များသည်။ အမေဆုံးတော့ တစ်အိမ်လုံး မလှအုံ ခေါင်းပေါ် အထုပ် ကျလာခဲ့သည်။ သူပဲ အဖေ၊ သူပဲ အမေဆိုသလို အမေ အရာထားကာ နေရာ ပေးခဲ့ကြသည်။ ကိုပြေသိမ်းကပင် မလေးမစား မရှိ။ ညနေဘက် ထမင်း စားသောက်ပြီး အိပ်ရာ အဝင်မှာ မူးသည်ဆိုကာ သွေးဆေးလျက်တာ မြင်လိုက်ရသေးသည်။ ည ရှစ်နာရီလောက်မှာ ချွေးစေးတွေ ပြန်လာကာ ဆုံးပါးခဲ့ရ ခြင်းဖြစ်၏။ မအိမ်ကံတို့မှာ ဆေးဆရာတောင် ပြေးပင့်ချိန် မရလိုက်ကြ။ သေခြင်းတရားကို မအိမ်ကံ ထိတ်လန့်သွားခဲ့သည်။ ဘယ်လို ဖြစ်ရတာလဲ။ မမြင်နိုင်သည့် စွမ်းအား တစ်ခုကများ ရွှေမှုံ ပြောခဲ့ဖူးသလို မြားတစ်စင်းရှဥ့် တစ်ကောင်ပစ်သလို ပစ်ချ နေတာများလား။ မအိမ်ကံတို့ အိမ်ကြီးကိုပဲ ခလုတ်တိုက်နေ ကြရော့သလား။ ကိုဖိုးငွေ၊ ဖိုးတုတ်၊ ဖိုးကူး၊ ကျေးဥ။ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြရှာသည်။ မျက်ရည် မကျကြဘဲ အံ့သြလွန်းစွာ ကြောင်နေကြတာကို မအိမ်ကံ ရင်နာ ရသည်။ တစ်ရွာလုံး လိုလိုကလည်း အံ့သြကြလေ၏။ “မပန်းရုံနဲ့ လှအုံက တူအရီး ဆိုပေသိ အင်မတန် ချစ်ကြ ရှာသာကိုး။ တစ်သက်လုံး မပန်းရုံ အနား နေသွားခဲ့သာ ကြည့်ပါလား။

286


အခုလည်း လွမ်းလို့ လိုက်သွားသာ နေမှာပေါ့။ တို့ မသိကြလို့သာကိုး။ သူ့ခမျာ ရင်ထဲ ဘယ်လောက် မီးတောက်အောင် လွမ်းနေမှန်းမှ မသိသာ” ရွာက သက်ကြီးရွယ်အိုတွေ ပြောကြသည့် စကားများဖြစ် ၏။ မအိမ်ကံကတော...။ လက်ချောင်းတွေ တစ်ချောင်းပြီး တစ်ချောင်း ပြုတ်သွားခဲ့သော ကင်းခြေများ တစ်ကောင်လို ခြေထောက်တွေ ရှိသေးတာပဲလေလို့သာ ဖြေရတော့၏။ “မအိမ်ကံတို့အိမ်ကို

စုန်းတိုက်၊

နတ်တိုက်၊

ဓာတ်တိုက်၊

သိုက်တိုက်တွေများ

လုပ်ထားကြသလား

အစ်ကိုရယ်။

သည်လောက်တောင် ဆိုတော့လည်း မလွန်လွန်းဘူးလား။ မအိမ်ကံ ကတော့ အိမ်ကို ရွတ်ဖတ်ပြီး သန့်ပစ်ချင်သယ်” “မဟုတ်ပါဘူး

အိမ်ကလေးရယ်။

ဖြစ်ချင်တော့လည်း

ဖြစ်တာပါပဲ။

လူတိုင်းမှာ

ဇာတိဒုက္ခ၊

ဗျာဓိဒုက္ခ၊

မရဏဒုက္ခ

တွေရှိကြသာချည်းပါ။ အိမ်ကလေး စိတ်သန့်အောင် လုပ်ချင်လည်း လုပ်ပါလေ။ လုပ်ကောင်းတဲ့ ကိစ္စပဲ” မလှအုံဆုံးပြီး တစ်လလောက်မှာ မအိမ်ကံနှင့် ကိုပြေသိမ်း တို့ ပြောဖြစ်ခဲ့ကြသည့် စကားများ ဖြစ်ပါ၏။ တစ်ခါတစ်ခါတော့လည်း သူတို့ ဘဝတွေထဲက ကျေးဇူး ကြီးလှ သူတွေကို မအိမ်ကံ သတိထားမိသည်။ ဆိုပါတော့ ကိုဖိုးငွေ။ မလှအုံနှင့် ပတ်သက်ရသော်လည်း တစ်သက်လုံး ချိုသည်၊ ခါးသည် မပြောဘဲ မအိမ်ကံတို့ ယာခင်း၊ ကိုင်းခင်း တွေထဲမှာ နှစ်ပေါက် ရှိရရှာသူ ဖြစ်သည်။ အဖေဘက်က အမျိုး ဆိုသော်လည်း အမေ ပန်းရုံကို ချစ်ရှာသူလည်း ဖြစ်သည်။ သည်အိမ်ကြီးမှာ တကယ်တမ်း ပြောကြကြေး ဆိုလျှင် ကိုဖိုးငွေ တို့သားအဖ တစ်တွေ၏ ကျေးဇူးက ပို၍ပင် ကြီးကြရှာပါ၏။ လှည်းနှင့်နွားနှင့် သစ်စူးဝါးစူး နေပူဆောင်းချမ်း တကုပ်ကုပ် ရှိကြသူတွေပင်။ အချိန်တန်လို့ ယာသီး ယာနှံတွေ ထွက်ပြန်တော့ အခေါက်ခေါက် အခါအခါ သူတို့ပဲ ပင်ပန်းတကြီး သယ်ရတိုက်ရ သီးနှံ သိမ်းကြရတာတွေကို မြင်နေရသည်။ ပြေးပါဦးဟဲ့၊ လွှားပါဦးဟဲ့၊ ဝိုင်းပါဦးဟဲ့ ဆိုတော့လည်း သူတို့ပင်။ ဖိုးတုတ်ကကော ကျေးဥနှင့် အိမ်ထောင် ကျတာပဲ ရှိသည်။ ယောက္ခမ အရီးကြာညွန့်တို့ ဆင်းရဲသော်လည်း ကျုပ်သွားလုပ်ကျွေး ချေဦးမည် မရှိ။ ကျေးဥနှင့် အတူ သူတို့ အမိုးအောက်မှာ ဥမကွဲ သိုက်မပျက် နေခဲ့ကြသည်သာ။ သည်လို ဆိုတော့လည်း အရီးကြာညွန့် မပူမပင် ရအောင် မအိမ်ကံက စောင့်ရှောက်ရပြန်ပါ၏။ “အစ်မအုံ ဆုံးရှာတော့ ကိုဖိုးငွေကြီးတို့ သားအဖ တစ်တွေ တစ်မျိုး တွေးနေကြပါဦးမယ် အိမ်ကလေးရယ်။ ပြောချင်တာ က အရီးလှအုံနဲ့စပ်မှ တော်ရသူလို့ မြင်သွားမှာ စိုးလို့ပါ။ သည်အိမ်မှာ ကျွန်မတို့နဲ့ တစ်သက်လုံး နေပြီး စောင့်ရှောက် ပါလို့ အိမ်ကလေး ပြောရမယ်။ သူတို့ကလည်း နေမယ့် သူတွေ ပါပဲ။ သို့သော်လည်း နှုတ်နဲ့ ထုတ်ပြောမှ လိပ်ပြာသန့် ရှာကြမှာပဲ” “မှန်သယ် အစ်ကို။ မအိမ်ကံလည်း စဉ်းစားထားပြီး သားပါ။ ကျေးဥ အပါအဝင် အားလုံးကို မအိမ်ကံ တစ်ည ခေါ်ပြောပါဦးမယ်။ ဝိုင်းထဲက အိမ်ကလေးထဲ မနေခိုင်းတော့ဘူး။ သည်အိမ်ကြီးပေါ်မှာပဲ အကုန် အတူ နေကြသာပေါ့” တစ်ညမှာတော့ မအိမ်ကံ ခေါ်ပြောခဲ့သည်။ ဝမ်းသာကြ ရှာပါ၏။ ကိုဖိုးငွေက မလှအုံကို သတိ ရပုံပေါ်သည်။ ငိုရှာ ၏။ သားတွေ၊ ချွေးမတွေကလည်း ငိုကြသည်။ ကိုဖိုးငွေက မျက်ရည်တွေ ပုဆိုးခါးပုံနှင့် သုတ်ရာက ပြောသည်။ “အေးပါ ငါ့နှမရာ၊ တို့ကလည်း မခွဲပါဘူး။ ညည်းတို့ ကိုင်းတွေ၊ ယာတွေ သူများလည်း အလုပ်မခံပါဘူး။ တို့နေရ သာလည်း မသိမ်ငယ်ပါဘူး။ တစ်သက်လုံး သည်လိုနေလာခဲ့ ကြသာပဲဟာ။ ကြာပင်အောက်ကဖား မော့ရသာမျိုးမှ မဟုတ် သာပဲ” မအိမ်ကံ

ခေါင်းထဲမှာ

အကြောင်းအရာတွေ

ပြေးလွှား

နေသည်။

ခါတိုင်းလည်း

စိတ်မရောက်တာတော့

မဟုတ်။

တစ်ကြောင်း မဟုတ်တစ်ကြောင်းတော့ စိတ်ရောက်ရသည် ချည်း။ အမေ ပန်းရုံတို့၊ မလှအုံတို့ မရှိတော့ သတိလက်လွတ် ငှက်တောင် ကျွတ်နေချင်လို့ မရတော့။ အစစအရာရာ မအိမ်ကံ ခေါင်းပေါ်မှာ အိမ့်ဝန်ထုပ်ကြီးရွက်ထားရပြီ။ စစ်ကြီးပြီးစ ခေတ်ကာလမကောင်းတုန်းက ရွာမှာ အလှူအတန်းတွေ ရပ် ဆိုင်းသွားခဲ့သည်။ လွတ်လပ်ရေး ရပြီးတော့လည်း ဆူဆူပူပူ ဆိုတော့ သားကြီး ရှင်ဖြစ်တွေသာ များခဲ့ပါ၏။ သည်ဘက်နှစ် တွေမှာတော့ ရွာပြန်စည်လာခဲ့သည်။ အလှူသံ၊ ဆိုင်းသံတွေ

287


ကြားရပြန်ပြီ။ ရွာ့ကွမ်းတောင်ကိုင် ကလေးတွေပင် ရှိလာခဲ့ပြီ။ အစ်ကိုလေး ကိုစံကောင်း မိန်းမဘက်က တူမတစ်ယောက် ကွမ်းတောင်ကိုင် အရွေး ခံရတော့ အလှူရှိလျှင် မအိမ်ကံကပဲ ညွှတ်နေအောင် ဆင်တာတွေ အထိပါခဲ့ရသည်။ ရွှေမှုံ့သမီး မှုံနံ့သာတောင် ဆယ့်ခြောက်နှစ်ထဲ ရောက်ပြီ။ မိဘက သောင်သာသည့်တိုင် မှုံနံ့သာက ခါးကျိုးအောင် အလုပ်လုပ်သည့် အသံတွေတော့ ကြားရပါ၏။ မအိမ်ကံ အိပ်ရာက ထလာခဲ့ကာ အောက်ထပ်ကို ဆင်းလာခဲ့သည်။ အိပ်ရာထဲ လှဲနေတော့ စိတ်တွေက ဟိုရောက် သည်ရောက်နှင့် မလန်းချင်။ အသက်လေးဆယ်ပြည့်သည့် နေ့တစ်နေ့တော့ မအိမ်ကံ အေးအေးလူလူနေချင်သည်။ အောက်ထပ်မှာ သမီးငယ်ခိုင်က ကျောင်းစာတွေ လုပ်နေသည်။ ခိုင် တောင်မှ သည်နှစ်ပြီးလျှင် ရွာကျောင်းက အတန်း ကုန်ပြီ။ ခိုင့်ကို မြို့ပို့ပြီး ပညာသင်ရေး၊ မသင်ရေး မအိမ်ကံ မဆုံးဖြတ် နိုင်သေး။ ကျေးဥက မီးဖိုချောင်မှာ။ မအိမ်ကံ ဝင်လာတော့ ကျေးဥက ထမင်းစားတော့မလား မေးသည်။ “ကနေ့ မအိမ်ကံ အလှူ လုပ်လိုက်ရသာ ဝမ်းသာလိုက်သာ ကျေးဥရယ်။ ညည်းတို့ သားအဖတစ်တွေတော့ ညနေကျ လူစုံတက်စုံ ငါပေးစရာရှိသာ ပေးမယ်။ ကိုဖိုးငွေကြီးကို စိတ်ပြေလက်ပျောက် ဒုလ္လဘ ခုနစ်ရက်လောက် ဝတ်ခိုင်းလိုက် ချင်သေးသယ်။ မလှအုံလည်း ကုသိုလ် ရသာပေါ့” “ကောင်းသာပေါ့အေ။ တို့တော့အေ ပေးစရာ မလိုပါဘူး။ တို့မိသားစုက အိမ်သားတွေပဲဟာ။ ညည်းပေးကာမှ စိတ်ထဲ တစ်မျိုး ဖြစ်ရပါဦးမယ်အေ” “မဟုတ်ပေါင်အေ။ သည်သဘော မပါပါဘူး။ ဝယ်ချင် သာဝယ်ကြ လှူချင်သာ လှူကြရသာပေါ့ ငါပိုင်းဖြတ်ပြီး သားပါ” သည်လိုဆိုတော့လည်း ကျေးဥဘာမှ မပြောတော့ပါ။ ကျေးဥက လက်နှီးစကို ကိုင်ရင်း ဟင်းအိုးချသည်။ ရေနွေးအိုး ပူလက်စကို ဆက်တင်သည်။ ကျေးဥလက်ရာက မလှအုံ လက်ရာကိုမီလို့ စားရေးသောက်တာ အဆင်ပြေပါ၏။ ကျေးဥ က မအိမ်ခိုင် ထမင်းစားဖို့ ဟင်းနွှေးခြင်း ဖြစ်သည်။ လက်နှီးစကို အသာချလိုက်တော့ မအိမ်ကံ ကျင်ခနဲ ခံစားလိုက်ရပါ၏။ ကိုပြေသိမ်း၏ ပုဆိုးပိုင်း အဟောင်းကို လက်နှီး လုပ်ထားခြင်း ဖြစ်သည်။ ကိုပြေသိမ်း ဝတ်နေကျ ပခုက္ကူကျေး တစ်ရာ ပုဆိုးဟောင်း။ “ညည်း အဲသည် လက်နှီးစုတ် လွှင့်ပစ်ပါ ကျေးဥရယ်။ ညည်းငါပြောထားသားနဲ့” “မအိမ်ကံရယ် မဟုတ်သာအေ။ အဲသလောက်အထိ ညည်းမပါပါနဲ့အေ။ ငါမပစ်ရက်ပါဘူး။ ဆရာလေး ပုဆိုးဟဲ့” “ညည်းမပစ်ရက်ရင် ငါပစ်သယ်အေ” မအိမ်ကံက ပုဆိုးဟောင်း လက်နှီးစကို မီးဖိုထဲ ပစ်သွင်း လိုက်သည်။ ညှော်နံ့တွေ ထောင်းခနဲထကာ တဖျစ်ဖျစ်တောက် လောင်နေတာကို မအိမ်ကံ စိုက်ကြည့် နေခဲ့ပါ၏။ ကျေးဥက တစ်ဖက် လှည့်ရင်း မျက်ရည်ဝဲ နေခဲ့သည်။ ထိုစဉ်မှာပင် အိမ်ဝိုင်းဝဆီက အော်သံကြားလိုက်ရသည်။ “တောပုန်းရည်လေး အားပေးကြပါဦးဗျာ။ တောသည်ပါ အိမ်ရှင်တို့” မအိမ်ကံ ဆတ်ခနဲ တုန်သွားခဲ့သည်။ တောပုန်းရည်။ မအိမ်ကံ ခြံဝကို ရင်တလှပ်လှပ်ဖြင့် ထွက်လာခဲ့လေသည်။ ကိုပြေသိမ်း ပုဆိုးဟောင်းက တဖျစ်ဖျစ် တောက်လောင် နေဆဲ...။

288


မအိမ်ကံ ၀င်းတံခါးကြီး လှပ်လိုက်သည့် အခါ တောပုန်းရည်သည် ဆိုသူကို ညစ်ထေးထေး ပေစုတ်စုတ် အ၀တ်အစားဖြင့် တွေ့လိုက်ရသည်။ သူက မအိမ်ကံကို တစ်ချက် မော့ကြည့်ပြီး လွယ်ထားသော လွယ်အိတ်ကြီးကို ပုတ်ပြသည်။ ရေနှင့် မိုးနှင့် ဘယ်လောက်တောင် ဝေးနေသည် မသိ။ ချဉ်တူးတူး ချွေးနံ့က ထောင်းထောင်းပင် ထနေခဲ့သည်။ မုတ်ဆိတ် ကျင်စွယ်များ ရိတ်မထားတာကလည်း ကြာပြီဆိုတော့ မုတ်ဆိတ်တွေက ရသေ့ မုတ်ဆိတ်လို အမျှင်လိုက် ကျနေကြ၏။ မအိမ်ကံက ခြေဆုံးခေါင်းဆုံး ကြည့်ပြီးမှ ၀င်ခဲ့ပါဟု တစ်ခွန်းပြောရင်း လူတစ်ကိုယ်စာ ငဲ့ပေးလိုက်သည်။ မအိမ်ကံက ၀င်းတံခါးကို ပြန်ပိတ်လိုက်ပြီး တောပုန်းရည်သည် ရှေ့က ကျော်ကာ ပဲမှောင် တိုက်ဘက်ဆီ လျှောက်လာခဲ့သည်။ တောပုန်းရည်သည်လည်း လိုက်လာခဲ့သည်။ တောပုန်းရည်..။ သည်စကားလုံးက လျှို့ဝှက်စကားလုံး ဖြစ်သည်။ ကိုပြေသိမ်း တောခိုခဲ့ပြီး ဆိုသည့် နောက်ပိုင်း တောပုန်းရည်သည် အဖြစ် ဈေးသည်တစ်ယောက် ရောက်လာသည့် အခါတိုင်း အဆက်အသွယ် လုပ်ရန် ပထမ တစ်ခေါက်ပို့လိုက်သည့် စာမှာ ပါခဲ့ခြင်းကြောင့် ဖြစ်သည်။ ကိုပြေသိမ်း၏ ရက်စက်မှုက မအိမ်ကံ အတွက် သည်းကြီးအူပြတ် ဖြစ်ခဲ့ရသည်။ ဂျပန်ခေတ်တုန်းက မပြောမဆို စစ်ထွက်ခဲ့ဖူးသည်။ အနောက်တန်း ရွာတွေကို သွားရင်းက မြစ်နားတန်းမှ တစ်ဆင့် တော်လှန်ရေးထဲ ပါသွားခဲ့ခြင်းဖြစ်သည်။ သည်တုန်းကလည်း ဘယ်သူ့ကိုမှ ဘာအသိမှ ပေးခဲ့တာ မရှိ။ မယားရယ်၊ သားရယ်လို့ မှာ ခြွေစကား တစ်လုံး တစ်ပါဒ ဖွင့်ဟခဲ့တာ မရှိ။ တစ်ချိန်လုံး နူးညံ့စွာ နေထိုင်ခဲ့ရာက ကောက်ကာငင်ကာ ပစ်ထားရက် ခဲ့သော ကိုပြေသိမ်း၏ စိတ်ကိုလည်း နားလည်ရ ခက်ခဲ့သည်။ လိုအပ်လာလျှင် သူ့မှာ သံယောဇဉ် မရှိ။ လေးစားမှု မရှိသူပါလားလို့ ထိုစဉ်ကတည်းက မအိမ်ကံ သဘော ပိုက်ခဲ့မိပါ၏။ အမေ ပန်းရုံတို့၊ မလှအုံတို့ကပင် အံ့သြခဲ့ကြသည်။ မယား တောသူကို ပစ်ရက်ခဲ့တာထား၊ ရင်သွေး ကလေးကိုပင် ပစ်ပယ်ရက်နိုင်သော နှလုံးသားကို အံ့သြကြခြင်း ဖြစ်သည်။ လိုအပ်လျှင် ဒါမျိုး နောက်တစ်ခါလည်း ရှိဦးမှာပဲလို့ မအိမ်ကံ ကြိုတွေးထားခဲ့တာ မမှားပါလား။ ဂျပန်ခေတ် တော်လှန်ရေးထဲ လိုက်သွားတုန်းကလည်း သူတကာ ပြန်လာလို့ မပြန်ခဲ့။ စစ်ကြီးပြီးလို့ အတော်ကြီးကြာမှ ပြန်လာခဲ့ခြင်း ဖြစ်သည်။ သေလေသလား၊ ရှင်လေသလား မသိ။ အိမ်သူအိမ်သားတွေ စိတ်ပူ နေရော့မလား မရှိ။ စာတစ်စောင် ပေတစ်ဖွဲ့ မပြောနှင့် သတင်း အစအနကလေးသော်မှ မကြားခဲ့ရ။ အိမ်လည် လွန်ရာက ပြန်ရောက် လာသလို မထီတရီ ရောက်လာခြင်းမျိုးပင်။ သည်တုန်းကလည်း မအိမ်ကံ စိတ်ကို ယတိပြတ် ဖြတ်နိုင်ခဲ့ပါ၏။ ဇဝေဇ၀ါ မရှိ။ မပြတ်မသား မရှိ။ သူကမှ မကြင်တာ ကိုယ်က မင်စရာ မရှိလေလို့သာ အောက်မေ့ခဲ့သည်။ ချင်းစိမ်းနှင့် မိဿလင် သဘော ထားခဲ့သည်။ ပြန်လာတော့လည်း အကောင်းပင်။ တန်ခိုးရှင် တစ်ယောက်က ဆေးနှင့်တို့ကာ ညှို့ခေါ် သွားသလိုလိုနှင့် ပြီးခဲ့ရသည်။ အခုတစ်ကြိမ်ကတော့ အရက်စက်ကြီး ရက်စက် လွန်းလှသည်။ ၁၃၁၉ ခုနှစ် ၀ါခေါင် လထဲမှာ အမေပန်းရုံ ဆုံးသည်။ ၁၃၂၀ အမေ ပန်းရုံဆုံးတာ အခါမလည်ခင် တစ်လအလို ၀ါဆိုလထဲမှာ မလှအုံ ဆုံးပါးပြန်သည်။ မအိမ်ကံတို့ အိမ်ကြီး တစ်အိမ်လုံး ခြောက်ခန်းသွားရသည် အထိ၊ အထိ နာခဲ့သည်။ အမေနှင့် အစ်မ နှစ်ပါးစလုံး ဆုံးရှာကြလို့ မအိမ်ကံ တစ်အား လျော့ခဲ့ရသည်။ ဘာပဲဖြစ်ဖြစ် ငါ အမေ နေရာရောက်ပြီ၊ အစ်မ နေရာရောက်ပြီပဲ၊ ငါ့ဘ၀ ငါပဲရုန်းရမှာ၊ ငါဝမ်းနည်း ပူဆွေး နေလို့ မဖြစ်ဘူးဆိုသည့် စိတ်ဖြင့် မိမိကိုယ် မိမိ ထူမတ်ထားခဲ့ရသည်။ အနားမှာ လင်သားရှိသည်။ အရွယ် ရောက်ကြပြီ ဖြစ်သော သားသမီးနှစ်ယောက် ရှိသည်။ ကိုဖိုးငွေတို့ သားအဖ တစ်တွေရှိကြသေးသည်။ ကျေးဥ ရှိသည်။ နောက်ဆုံး ရွာနှင့် ရပ်နှင့်ရှိကြပါသေး၏။ သည်စိတ်ဖြင့် မလဲမပြိုရပ်တည် နေနိုင် ခဲ့ခြင်း ဖြစ်၏။ “ကျေးဥရယ် ညည်းတို့ သားအမိ သားအဖ တစ်တွေ ရှိခဲ့သာ ငါ့ဘ၀မှာ သိပ်ကို အကျိုးရှိခဲ့ပါသယ်။ လူတွေ မအိမ်ကံတို့ အိမ်ကြီးက တစ်ဦးစီ ပဲ့တော့မှ သည်ကျေးဇူးတရား တွေကို မအိမ်ကံ ပိုသိလာသယ်။ အထူးသဖြင့် ညည်းပေါ့အေ။ ညီအစ်မ အရင်းနဲ့ မခြား ငါ့အနွံအတာ ခံခဲ့သာ အပြောအဆို ခံခဲ့ သာ၊ အစီးအပိုး ခံခဲ့သာတွေ ငါ နားလည်ပါသယ်။ ငါ့အမှား ရှိခဲ့ရင်လည်း ခွင့်လွှတ်ပါအေ။ငါနဲ့လည်း တစ်သက်လုံးသာ နေပါ။ မြိုင်တို့၊ ခိုင်တို့ကိုလည်း သမီးတွေလို စောင့်ရှောက်ပါ။

289


အမေတို့၊ မလှအုံတို့ မရှိတော့ သာ၊ အရီးကြာညွှန့် မရှိတော့သာ မအိမ်ကံမှာ လက်နှစ်ဖက် ပြုတ်ရသလိုပါပဲ။ ကိုပြေသိမ်း ဆိုသာကတော့ လင်သားပေါ့အေ။ အိမ်ဦး နတ်ဆိုရင်လည်း ဟုတ်ပါရဲ့။ နို့ပေသိ ဘုရင်နဲ့ မိဖုရားဆိုသာ တစ်ချိန်လုံး ရာဇပလ္လင်ချည်း ထိုင်နေကြရသာ မဟုတ်ဘူး။ ဘုရင်ကလည်း ဘုရင့် အလုပ်၊ မိဖုရားကလည်း မိဖုရား အလုပ် ဆိုသာလိုပဲ။ မအိမ်ကံချည်း လုပ်ရသဲ့ အလုပ် တွေရှိသယ်။ ကိုပြေသိမ်း မပါရမယ့် အလုပ်တွေ ရှိသယ်။ အဲသာမျိုးမှာ အားကိုးရသဲ့ အဖော်ဆိုသာ သိပ်ကို အရေးကြီးသာ မဟုတ်လား။ သည့်အတွက် ညည်းကျေးဇူးတွေ ရှိသယ်လို့ ပြောသာ” ကြီးခေါင်ကြီးမားအရွယ် ရောက်နေပြီဖြစ်သည့် သမီးခိုင့် ကို ထမင်းခွံ့နေသော ကျေးဥကိုကြည့်ရင်း မအိမ်ကံ ၀မ်းပန်း တနည်း ပြောမိခဲ့သည်။ ကျေးဥက သူ့သားနှစ်ယောက်ကိုပင် အဲသည်လောက် ဂရုတစိုက်မရှိ။ တောသူတောင်သား သားသမီးပီပီ လှည်းပေါ်လိုလို၊ သစ်ပင်ရိပ်လိုလို၊ တလင်းပြန့် ပေါ်မှာလိုလို ပစ်ထားခဲ့တာများသည်။ မြိုင်နှင့် ခိုင်တို့ကိုတော့ အရိပ်တကြည့်ကြည့် ရှိခဲ့ရှာသည်။ သည်သမီး နှစ်ယောက်ကလည်း ကျေးကျေးချင်း ထပ်ကာ မအေ့ထက်ပင် သံယောဇဉ်ပို ကြသေးသည်။ မအိမ်ကံထက် ကျေးဥကို ပိုကပ်ကြသည်။ တစ်အိမ်လုံးကိစ္စကို ကျုံးကျုံးရုန်းရုန်းရှိရသူ မအိမ်ကံကိုယ် တိုင်ကတော့ သမီးတွေနှင့် အဟပ်ကွာခဲ့ရတာတွေ ရှိသည်။ လှည့်မကြည့်နိုင်တာတွေ ရှိခဲ့သည်။ သည်တာဝန်ကို ကျေးဥ ယူခဲ့ပါ၏။ ၀တ်ကျေတန်းကျေ မဟုတ်။ မျက်နှာပြလှရုံ မဟုတ်။ ရင်နှင့်အမျှ သွေးမခြား သားမခြား ရှိလွန်းရှာသူ ဖြစ်သည်။ “ငါ့တော့ မပြောပါနဲ့အေ။ ညည်းနဲ့ ငါ အပျိုမပေါက် တစ်ပေါက်ကတည်းက ချစ်ခင်ခဲ့ကြသူတွေပဲဟာ၊ ညည်းအကြောင်း ညည်းအမေတောင်

ငါ့လောက်

မသိပါဘူး။

အတူ

အိပ်၊

အတူစား၊

အတူသွားခဲ့ကြသာ

သည်အရွယ်တွေတောင်

ရောက်ကြပေါ့ဟာ။ သည်အိမ်ကြီးကို ဘယ်တုန်းကမှ ငါ့အိမ်မှ မဟုတ်သာလို့ ငါမတွေးမိခဲ့ပေါင်အေ။ ညည်း ကျေးဇူးသာ ငါတို့ မိသားစုမှာ ပုံအောတကြီး ရှိခဲ့သာပါ။ အမေကဆိုရင် အမြဲဆုံးမတယ်။ စိတ်နဲ့တောင် မငြူစူ မိစေနဲ့တဲ့။ သည်ကြားထဲ ညည်းတူနဲ့ အိမ်ထောင်ကျပြန်တော့ ဆွေမျိုးတောင် တော်ရပါသေးသယ်။ ညည်းသာ စိတ်ချမ်းသာ အောင်နေပါအေ။ ငါ ညည်းမျက်နှာကိုကြည့်သာနဲ့ ညည်း ပျော်နေသလား၊ ၀မ်းနည်းနေသလား သိပါ့။ သည်ရက်ထဲ ညည်းစိတ်ဆင်းရဲနေသာ ငါသိတယ်” ကျေးဥပြောသလိုပင် မအိမ်ကံ စိတ်ဆင်းရဲ နေခဲ့တာ လည်းအမှန်။ မျက်နှာကို ချီထားသော်လည်း စိတ်နှလုံးက ညှိုးငိုက် နေခဲ့ရသည့် ရက်တွေ များလှပြီ။ ကျေးဥက မအိမ်ကံ ခံစားမှုကို သိနေသည့် အတွက် အံ့တော့လည်း မသြမိ။ ကျေးဥက အစင်းသိ အတွင်းသိ မဟုတ်လား။ မအိမ်ကံ့ စိတ်ကို သိသည်။ မအိမ်ကံ့ ခံစားမှုကို သိသည်။ မအိမ်ကံ့ ရင်ထဲက စကားတွေကို နှုတ်က ထုတ်မပြောသည့်တိုင် “ကြား”နိုင်သူ ဖြစ်သည်။ မအိမ်ကံ ကိုယ်တိုင်က စမြင်းဒေါသ မကျေနိုင်သော ဝေဒနာသည်လို ဖြစ်နေရချိန်မှာ ကျေးဥ တစ်ယောက်သာ မိန်းမ ဖော်ရယ်လို့ ရှိတော့တာကို တွေးမိရာက ကျေးဥကိုသာ တွယ်မိ တွယ်ရာ တွယ်ရတော့၏။ ကျေးဥကလည်း မအိမ်ကံ အတွက်ဆို ခေါင်းကဆံပင် ရင်က အသည်းပင် ပေးဝံ့ရဲသူ။ ၁၃၂၁ ခုနှစ်မှာ မြိုင်ဆယ့်ငါးနှစ် ပြည့်ပြီ။ ခုနှစ်တန်း ကျောင်းသူကြီး ဖြစ်နေပြီ။ မလှအုံက မြင်းခြံကျောင်း တစ်ကျောင်းလုံးမှာ မအိမ်မြိုင် အလှဆုံးလို့ ဆိုခဲ့သည်။ ဟုတ်လည်း ဟုတ်ပါရဲ့။ ကျေးဥကို အဖော်ခေါ်ရင်း မြင်းခြံကို လိုက်သွား လေတိုင်း သမီးကြီးမြိုင်နှင့် အတူ ကျောင်းဝကို ရောက်အောင် သွားခဲ့သည်။ ၀ါကဆုန်၊ နှမ်းနယုန်။ သူ့အခါနှင့် သူ့ရာသီ “မျိုးစေ့မြေကျ” ရှိကြရသည်။ စိုက်ပျိုးမိပါပြီ ဆိုကတည်းက အရိပ် တကြည့်ကြည့် ရှိကြရသည်။ အပင်တွေသန် အဖူးတွေစီ တော့လည်း ၀မ်းသာရသည်။ ရိတ်ချိန် သိမ်းချိန် ဆင်ရာတိမ်မိုး လွတ်အောင် ဖိဖိစီးစီး ရှိကြရသည်။ ပုတ်ထဲ ကျီထဲ ရောက်အောင် သွင်းကြရသည်။ သမီး မိန်းကလေးများကကော ဘာထူး လို့လဲ။ မွေးပါပြီ ဆိုကတည်းက အရိပ် တကြည့်ကြည့် ရှိကြရပြီ။ မြင်းကြမ်းစီးရင် ဇက်ကြိုး ကိုင်တတ်ရသယ် သမီးရဲ့လို့ အဖေ ပြောခဲ့ဖူးသည့် စကားလိုပင်။ ကျောင်းရိပ်ထဲ ၀င်သွားသည့် သမီးကို ကျေးဥနှင့် အတူ ငေးရင်း မအိမ်ကံ သမီးချောကို စိတ်မချနိုင်ဘဲ ရှိရပါ၏။ မိန်းကလေးများ ချောပြီလှပြီဆိုလျှင် ကျွဲခေါင်း စေးနှဲလို တွယ်ချင် ကပ်ချင်ကြတာမျိုးကလည်း ရှိသေးတာ

မဟုတ်လား။

မြို့ကျောင်းမှာ

နေရလို့လားတော့

မသိ။

သမီးကြီး

မြိုင်က

နှုတ်သွက်လျှာသွက်

ကလေးတော့ဖြစ်လာပါ၏။ ကြီးကောင်ဝင်လာတော့ ဖအေ့ဘက် ပိုတူသည်။ ယောက်ျား ချောချောသဖြင့် တစ်ဘာသာ

290


အလှကို ပိုင်ဆိုင်ခွင့် ရသူကလေးပင်။ မအိမ်ကံ၏ အသားအရေနှင့် ကိုယ်လုံး ကိုယ်ပေါက်ကိုပါ အမွေ ရထားသည် ဖြစ်၍ ရှုမဆုံး ရှိခဲ့ရသည်။ အလှတွင် အယဉ်ဆင့် မြင်သူတိုင်း တင့်သူကလေးပင်။ “ကျေးဥရယ်၊ ငါ့သမီး မချောဘူးလား။ ဖအေတူပါ ကောအေ့။ ငါဖြင့် အားရချက်တော့ သည်ရုပ် သည်ရည်မှ ကွမ်းတောင်ကိုင် မဖြစ်ရင်ဘာသားမို့တုံး“ “သြော် အေရယ်၊ ညည်းသမီးက မြေမာကို ခေါင်းထိုးပြီး ပွင့်ရသဲ့မှိုမှ မဟုတ်သာ။ မွေးပါပြီဆိုကတည်းက ရွှေပေါ်မြ တင်မွေးခဲ့သဲ့ ကလေး လှပြီ ချောပြီပေါ့အေ့။ ငါ့တူမကလေး ပညာတတ် ဖြစ်ရသာကို ငါဝမ်းသာသာ” ကျေးဥက

ကွမ်းတောင်ကိုင်

မဖြစ်တော့လည်း

အရေး

မကြီးပါဘူးလို့

မပြောဝံ့တော့

ပညာ

တတ်ဖြစ်ရတာကို

ဝမ်းသာကြောင်းလောက်နှင့် ရပ်ထားလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံနှင့် နှစ်ယောက်အတူ မောင်သက်မင်းတို့ အိမ်က ပြန်ခဲ့တော့လည်း လှည်းပေါ်မှာ သမီး အကြောင်းတွေချည်း ပြောလာခဲ့သည်။ မအိမ်မြိုင် ခုနစ်တန်းနှစ်မှာ မအိမ်ခိုင်က ဆယ့်နှစ်နှစ် သမီး ရွာကျောင်းမှာပဲ ကျောင်းတက်နေဆဲ။ မအိမ်ခိုင်လည်း လှတာပါပဲ။ ခိုင်က မအေတူ။ ပါးပါးလျားလျား ရှိတာတော့ ဖအေဘက် တူပြန်သည်။ ဇောင်ချမ်းကုန်းမှာတော့ ပညာတတ် ကျောင်းသူ ညီအစ်မ အဖြစ် နာမည်ရသလို ရုပ်ရည်ကြောင့်လည်း ထင်ပေါ်ခဲ့သည်။ သည်မိသားစု၊ သည်အသိုက်အမြုံ ကလေးအဖို့ ရေချမ်းစင် အိုးအောက်ကသဲလို အမြဲတစိုစို ရှိခဲ့ရာက တစ်ရက်မှာတော့ နွေခေါင်ခေါင် မိုးကြိုး ပစ်လိုက်သလို အဖြစ်ကြီး ကြုံခဲ့ရသည်။ ထိုနေ့ကို မအိမ်ကံ မမေ့ပါ။ ၁၃၂၂ ခုနှစ် နယုန်လ၏ ရက်တစ်ရက်တွင် ဖြစ်၏။ ထို နှစ်က သမီးကြီးမြိုင်က ဆယ့်ခြောက်နှစ် သမီး၊ ရှစ်တန်း ကျောင်းသူ။ သမီးငယ်ခိုင်က ဆယ့်သုံးနှစ် သမီး။ မအိမ်ကံတို့ အိမ်ကြီးမှာ ဒုတိယ အကြိမ် ကြုံရပြန်သည့် “ရှင်ကွဲ” ဖြစ်၏။ ၁၃၂၂ ခုနှစ်၊ နယုန်လ။ အမေ ပန်းရုံ ဆုံးပြီး သုံးနှစ် မပြည့်တပြည့်။ မလှအုံဆုံးပြီး နှစ်နှစ် မပြည့်တပြည့်။ ၁၃၂၂-ခုနှစ်ထဲ ၀င်လာပြီ ဆိုကတည်းက ကိုပြေသိမ်း လမ်းများ လာခဲ့သည်။ လက်ထောက်ဆရာ တစ်ယောက် ခန့်ထားသဖြင့် တော်ရုံ ကျောင်းကိစ္စ လွှဲရပြီဆိုတော့ ကိုပြေသိမ်း ကျောင်းဘက်လှည့်တာ နည်းလာခဲ့သည်။ အိမ်ကို ဧည့်သည်တွေ အရောက် များလာသည်။ ကျေးဥနှင့် အေးငြိမ်တို့ပင် မီးဖိုချောင်က မထွက်ရသလောက် ဖြစ်ခဲ့သည်။ ဘယ်သူတွေ ပဲ လာလာ ကိုကံကြီးမောင်ကတော့ ပါမြဲ။ တစ်ခါတလေ ဧည့်သည်တွေ ပြန်တာတောင် သူက လိုက်ပြန်ချင်မှ ပြန်သည်။ ကိုပြေသိမ်းနှင့် တကျိတ်ကျိတ် ရှိသော်လည်း မအိမ်ကံ ဘာကိုမှ ခေါင်းထဲမှာ မရှိ။ သူတို့ နိုင်ငံရေးနှင့် သူတို့ ရှိကြပစေလို့ သဘောထားခဲ့သည်။ ညဥ့်နက်သန်းခေါင် ရက်တွေ များလာလို့ တစ်ခါတစ်ခါ သတိ ပေးရတာက လွဲလို့ မအိမ်ကံ ၀င်မပါခဲ့။ ကိုယ့်ဝတ္တရား မပျက်အောင် စီမံ ဆောင်ရွက် ပေးတာမျိုးပဲ ရှိသည်။ ကိုကံကြီး မောင်ပြန်လျှင် ကိုပြေသိမ်း လိုက်ပို့တာတွေ ကလည်း အခေါက် စိပ်လာသည်။ မြင်းခြံ ရောက်တော့လည်း သမီးဆီ ရောက်တာပါပဲလေလို့ သဘောထားကာ သမီးအတွက် ထည့်သို ပေးလိုက်ရတာတွေလည်း ရှိပါ၏။ “အစ်ကို သမီးကြီးဆီ ၀င်ပြီး အထည်ကလေးတွေ ပေးခဲ့ဦး။ သိပ်နွမ်းတဲ့ အ၀တ်အဟောင်းတွေ ပြန်ထုပ်ပြီး ယူခဲ့။ မောင်သက်မင်းတို့ဖို့ အမဲခြောက်နဲ့ ဆီးယိုတွေ ထည့်ပေး လိုက်သယ်။ မြင်းခြံလက်ဖက် များများ ၀ယ်ခဲ့ဦး” မအိမ်ကံ မှာသလို ပါလာတာလည်း ရှိသည်။ ပါမလာတာလည်း ရှိသည်။ တစ်ခါတစ်ခါ သမီးကြီးဆီကို မရောက်ခဲ့ရဆိုလို့ အံ့သြရတာများလည်း ရှိရပါ၏။ ဘယ့်နှယ့်ပါလိမ့်။ သမီး ပျိုဖားဖား သူတစ်ပါး အိမ်မှာ ရှိနေတာတောင် ဖအေက မရောက်ခဲ့ ရဆိုတာကတော့ တစ်ဆိတ် လွန်လွန်းသည်ဟု ထင်ပါသည်။ မြင်းခြံက ထနောင်းတိုင်၊ ထနောင်းတိုင်ကမှ မြစ်နားရွာတွေ ဘက်ရောက်သွားလို့ပါ ဆိုပြန်တော့ ဟုတ်ကောင်းပါရဲ့ အောက်မေ့ခဲ့သည်။ နေပါဦး။ မြစ်နားရွာတွေဘက် ဘာကိစ္စများသွား ရတာတဲ့တုံး။ မအိမ်ကံအဖို့ သံသယ ဖြစ်စရာ မရှိသလို သံသယ ဖြစ်စရာ အကြောင်းလည်း မရှိပါ။ ဆယ့်ရှစ်နှစ်ကြာ ပေါင်းသင်း လာခဲ့သော လင်သားအကြောင်း မအိမ်ကံသာ အသိဆုံး။ ကိုပြေသိမ်း၏ အကျင့် စာဂကို မအိမ်ကံ ယုံကြည်သည်။ ပြီးတော့ သမီးတွေ အရွယ်ရောက်ကာမှ စာရိတ္တအားဖြင့် မှားစရာလည်း မလိုတော့။ သည်လို ကိစ္စတွေမှာ ယုံကြည်ပေသိ သူ့မှာ နိုင်ငံရေး

291


ဥာဉ်ကလေးတော့ ရှိသည်။ သို့သော် သူသံယောဇဉ် တွယ်သော စာသင်ကျောင်းကလေးကို ပစ်ထားတာတွေ များလာသည်။ ကျောင်းမှာ ကိုပြေသိမ်း ရှိမှ ပြီးရမည့် အကြောင်းကိစ္စတွေ ရှိသော်လည်း ကိုပြေသိမ်း မရှိသဖြင့် ရှေ့ဆက်ဆောင်ရွက် မရတာတွေ ရှိလာသည်။ လက်ထောက် ဆရာလေး ကိုအေးချမ်း အိမ်ကို လိုက်လိုက် လာတာကို အားနာခဲ့ရပေါင်း များပြီ။ “အားနာစရာ ကောင်းလှအေ။ ကျေးဥ ညည်းအစ်ကို ဘာတွေများ လမ်းများနေသယ် ပြောတတ်ပေါင်အေ။ မအိမ်ကံ ကတော့ ဖြေရသာနဲ့တင် မျက်နှာ ပူလာပြီ။ တာဝန်တွေတောင် မဲ့နေပါပကောအေ့” “အလုပ်ရှိလို့ နေမှာပေါ့ မအိမ်ကံရယ်။ ဆရာလေးလည်း သူ့အလုပ်သူတော့ သိမှာပါ။ ပြန်လာမှာပေါ့အေ့၊ မြင်းခြံနဲ့ ဇောင်ချမ်းကုန်း လာချင်တော့ တစ်အောင့်ဟာကို” တစ်ခါတော့ ကိုပြေသိမ်းနှင့် မအိမ်ကံ စကား များခဲ့ရသည်။ မအိမ်ကံက ကိုပြေသိမ်း ရောက်လျှင်ရောက်ချင်း သမီး ကိစ္စ အရင်မေးသည်။ သမီး အတွက် ပေးလိုက်သော သရေ စာတွေ၊ မုန့်ဆီကြော်တွေ စားရဲ့လား မေးသည်။ ကိုပြေသိမ်းက မလှုပ်တလှုပ် လုပ်နေတော့ မအိမ်ကံ စိတ်မရှည်။ သည်လို က မေးရင်း မေးရင်း တစ်ယောက်တစ်ခွန်း စကား အချေအတင် ဖြစ်လာခဲ့ပါ၏။ မအိမ်ကံ ကလည်း မလျှော့တော့ပြီ။ ဘာမှန်း မသိရဘဲ မြင်းခြံသွား နေတာ ထားပါတော့။ မြင်းခြံ ရောက်လို့မှ သမီးဆီ မရောက် နိုင်တာကို တနုံ့နုံ့ ဖြစ်ရသည်။ သမီးထက် ဘာကများ အရေးကြီး နေလို့ပါလိမ့်။ ထနောင်းတိုင် သွားနေလို့ ဆိုလျှင်လည်း မအိမ်ကံ မပြောသာပါ။ သူ့မိ၊ သူ့ဖ၊ သူ့နှမ၊ သူ့ကြီးတော်တွေ တွေ့ချင်ရှာလိမ့်မည်။ မအိမ်ကံပင် ထနောင်းတိုင် မရောက်တာ ကြာပြီ ဆိုတော့ ထနောင်းတိုင်ကိုလည်း ရောက်စေချင်ပါ၏။ အခုတော့ ထနောင်းတိုင်ကို ရောက်တာလည်း မဟုတ်။ မြင်းခြံက သမီးဆီ ရောက်တာလည်း မဟုတ်။ ဒါဖြင့် ဘယ်သွား နေတာလဲ။ ပေးလိုက်တဲ့ မုန့်သရေစာတွေကကော ဘာလုပ် ပစ်လိုက်တာလဲ။ ဒါကိုတော့ မအိမ်ကံ သည်းမခံချင်။ မေး တော့လည်း ဖြေချင်သလိုလို၊ မဖြေချင်သလိုလို။ ခဏခဏ မေးတော့လည်း အော်လား၊ ငေါက်လား ရှိလာခဲ့သည်။ “တစ်မိုက်သာ၊ ရွာစည်ဘက် ရောက်နေလို့ပါကွာ။ မုန့်တွေတော့ မကောင်းနိုင်တော့တာနဲ့ အစ်ကိုတို့ မိတ်ဆွေတွေ ကျွေးလိုက်တယ်” “ကျွေးသာ ကျွေးရပါသယ် အစ်ကိုရယ်။ သမီးကို မုန့်ပို့ ခိုင်းသာက မုန့်စားရစေတော့ချည်း ဘယ်ဟုတ်ပါ့မလဲ။ ဖအေနဲ့ သမီး တွေ့စေချင်လို့ပေါ့။ ဖအေ့ကို တွေ့တော့ အားရှိသာပေါ့။ အစ်ကို့ဟာက သမီးဆီတောင် မရောက်ရဘူး ဆိုတာတော့ မအိမ်ကံ စိတ်ထဲ မကောင်းဘူး” “သမီးနေတဲ့ အိမ်က ဦးလေးရဲ့အိမ်။ သမီးက အရွယ် ရောက်ပါပြီ။ ခြေနိုင်လက်နိုင် ရှိနေပါပြီ။ အစ်ကိုက သမီးကို ကလေးတုန်းကလို စိတ်ကူးရတိုင်း ပြေးပြေးကြည့်စရာ မလိုတော့ပါဘူး။ မင်းတို့ လုပ်နေတာနဲ့ ကလေးက ဘာမှ မဆုံးဖြတ် တတ်ဘူး။ ဘာမှ မရုန်းကန်ချင်တော့ဘူး။ ဇွန်းခွံ့ ခံချင်တာ မျိုး ဖြစ်ဖို့ပဲ ရှိတော့မယ်” “ဘယ်လို ပြောလိုက်သာလဲ အစ်ကို။ သမီးက ဇွန်းခွံ့ခံ အရွယ်ပဲ ရှိပါသေးသယ်။ ဆုံးဖြတ်စရာတို့ ရုန်းကန်စရာတို့လည်း ရှိရတဲ့ အရွယ် မဟုတ်သေးပါဘူး။ သားသမီး ဆိုတာ ရေမျောသစ်တုံး မဟုတ်ဘူး အစ်ကို။ မိချောင်းမှန် ဆန်လိမ့်မယ်၊ သစ်တုံးမှန် စုန်လိမ့်မယ် သဘောမျိုး စောင့်ကြည့် နေရမှာ မဟုတ်ဘူး” “ဒါဆိုလည်း နောက်တော့ မင်းပဲသွားကွာ” မအိမ်ကံ ရင်ထဲ ကျင်ခနဲ ခံစားလိုက်ရသည်။ ဖအေ ရင့်မာကြီးက သမီးဆီ သွားရမည့် ကိစ္စမှာ မင်းပဲ သွားကွာဆိုတာ စကား ကုန်နေပြီ။ သွားချင်စိတ် မရှိလို့ မသွားတာဆိုသည့် သဘော ရောက်နေပြီ။ နောက်သူ မသွားတော့ဘူးလို့ ဆိုလိုချင်တာမျိုး ဖြစ်နေပြီ။ သည်ရက်တွေထဲမှာ မအိမ်ကံသည်းညည်း ခံခဲ့ရတာတွေ များလှပါ၏။ အကြောင်းကိစ္စ မည်မည်ရရ မရှိ

292


ပေသိ မအိမ်ကံ ရင်ထဲမှာ တစ်ခုခုတော့ မှားနေပြီလို့ ခံစားရသည်။ ခါတိုင်းလို ချောချောပြေပြေ မရှိသလိုလို၊ တစ်ခုခုက တစ်ခံနေသလိုလို ဖြစ်နေမိသည်။ ရေကန်မှာ ကြာမပွင့်သည့်တိုင် ရေမနောက်အောင် သည်းခံ နေခဲ့သည်။ ခံစားမှုတွေ တစ်လွန်းပြီး တစ်လွန်း တင်ရာက ဆင်လွန်ကြိုး ဖြစ်ခဲ့ရပြီ။ “ကျွန်မလည်း မသွားတော့ဘူး ကိုပြေသိမ်း။ ရှင်က ဖအေ၊ ကျွန်မက မအေ မှားဖူးမှမှန် ကြံဖူးမှ ရဲသတဲ့ ရှိပစေတော့။ သည်ကနေ့က စပြီး ရှင့်ကို ဘယ်သွားသွား ဘာလုပ်လုပ် ကျွန်မ မေးရင် လျှာကျွတ်ရစေတော့” ခါးသီးလှသော မအိမ်ကံ စကားကြောင့် ကိုပြေသိမ်းပင် ထိတ်လန့် သွားခဲ့သည်။ သည့်နောက်တော့ အိမ်ကြီးပေါ်မှာ တစ်ကြိမ် တစ်ခါမျှ မရှိခဲ့ဖူးသော စိတ်အခန့်မသင့်မှုသည် အားကောင်း လာခဲ့တော့သည်။ မအိမ်ကံက ၀တ္တရားတော့ မပျက်ရှာပါ။ စိတ်ကတော့ အပျက်ကြီး ပျက်ရသကဲ့သို့ ရှိရပါ၏။ သည်ကြားထဲ ကိုကံကြီးမောင်တို့လို လူတွေ ရောက်လာတော့ ပိုပြီး ၀မ်းနည်းရသည်။ သူ့လူတွေနှင့် သူကျတော့ စကားတွေ ပြောလွန်းလို့ ခြင်ထောင် ပက်လက်လှန် ထည့်ရမလို ရှိခဲ့၍ ဖြစ်သည်။ ကိုကံကြီး မောင်တို့ ပြန်ခါနီးတော့ မြင်းခြံလိုက်ရန် အ၀တ်အစား ထည့်တာကို မအိမ်ကံ မြင်သလို ကျေးဥလည်း မြင်သည်။ ကျေးဥက အမြင်မတော်တော့ အ၀တ်အစားတွေ ထည့်ပေးရှာပါ၏။ ကိုပြေသိမ်းက ကျေးဥကို တိုးတိုးမေး နေတာလည်း မြင်ရသည်။ မအိမ်ကံ အိမ်ပေါ်တက်လာခဲ့ သည်။ ကျေးဥ လိုက်လာပြီး အကျိုးအကြောင်း ပြောရှာပါ၏။ “မအိမ်ကံ၊ ဆရာလေးက သမီးဖို့ ဘာထည့် ပေးစရာ ရှိသလဲလို့ မေးနေသယ်။ ငါတော့ ဘာမှမရှိလို့ မရှိပါဘူးလို့ ပြောလိုက်သယ်။ မအိမ်ကံ ဘာပေးလိုက်ဦးမလဲ။ စိတ်ကောက် မနေပါနဲ့အေ။ ဆရာလေးလည်း စိတ်ညစ်စရာ ရှိလို့ ပြောချင်ရာ ပြောလိုက်သာ နေမှာပါ” “စိတ်မကောက်ပါဘူး ကျေးဥရယ်။ စိတ်မကောင်းသာပါ။ ညည်းဟာညည်းသာ ရှိသာ စဉ်းစား ပေးလိုက်ပါအေ။ ပိုက်ဆံလည်း ထည့်ပေးလိုက်။ ငါတော့ မဆင်းချင်တော့ဘူး” ကျေးဥဆင်းသွားတော့ ကိုပြေသိမ်း တက်လာသည်။ မအိမ်ကံ အိပ်နေသည့် ဘေးမှာ ၀င်လှဲရင်း ကိုယ်လုံးကလေးကို သိမ်းဖက်လိုက်သည်။

သည်တော့လည်း

မအိမ်ကံ

တသိမ့်သိမ့်

ငိုမိပါသည်။

ကိုပြေသိမ်း၏

အနမ်းတွေကိုလည်း

မရှောင်ဖြစ်တော့။ အပျို ဘ၀က ညဘက် လရောင် ရက်တွေမှာ ခိုးတွေ့ရ သော အထိအတွေ့မျိုးကို မအိမ်ကံ ရင်နှင့်အမျှ ခံစားရပါ၏။ ထိုနေ့က ထိုအပွေ့အဖက်နှင့် အနမ်းသည် မအိမ်ကံ အဖို့ နောက်ဆုံး ဖြစ်ခဲ့မှန်း မသိခဲ့ပါလေ။ မြင်းခြံကို အ၀တ်အစား အချို့ နှင့် အတူ ထွက်သွားပြီး တစ်ရက်က နှစ်ရက် ကြာလာတော့ တစ်ညမှာ မအိမ်ကံ အိပ်မက်မက်သည်။ မမက်စဖူး မလှအုံကို မက်ခြင်းဖြစ်သည်။ ဒေါနခက် ကလေးတစ်ခက် ဆံထုံးထဲငိုက် ငိုက်ကလေး ထိုးထားပြီး ၀ိုင်းတိုက်ထဲကို ဖိနပ်ရှပ်တိုက် ၀င်လာခဲ့ခြင်း ဖြစ်၏။ မအိမ်ကံနှင့် ကျေးဥကို တွေ့တော့ ဘာစကားမှ မပြောဘဲ ပဲမှော်တိုက် ဘက်ကို ထွက်သွားသည်။ ပဲမှော်တိုက် ဘက်ကနေ အိမ်ကြီးကို ပတ်ပြီး ၀င်းတံခါးကြီးက ပြန်ထွက်သွား ခဲ့သည်။ မအိမ်ကံ လန့်နိုးတော့ ဒေါန ပန်းနံ့ကလေးပင် ရနေ သလိုလို ထင်မိသေးသည်။ ဘာများပါလိမ့်။ မလှအုံ မကျွတ် မလွတ်လို့ များလား။ ကျေးဥကို ပြောပြတော့ မအိမ်ကံ စိတ်ထဲ စွဲနေလို့ နေမှာပါလို့သာ ဖြေသည်။ “အေးလေ၊ မလှအုံကို ရည်စူးပြီး ဆွမ်းချက်ပါအေ။ ဆရာ တော့်ကိုလျှောက်ပြီး အမျှပေး ဝေရအောင်ပါ။ ထူးဆန်းသယ်အေ့။ မလှအုံက သိပ်အကင်းပါးသာရယ်။ သူတွေးရင်၊ သူ ပြောရင် လွဲခဲသယ်။ အခုလည်း မအိမ်ကံကို တစ်ခုခု ပြောချင် လို့များလား ကျေးဥရယ်” သည်လိုနှင့် ရက်တွေကြာလာခဲ့သည်။ ကိုပြေသိမ်းမြင်း ခြံသွားတာ သည်တစ်ခေါက် ကြာလွန်းသည်။ ခါတိုင်းဆိုလျှင် အာဏာကုန် ငါးရက်။ အခုက တစ်ပတ်ပင် ကျော်ပြီ။ ထနောင်း တိုင်မှာလား၊ မြင်းခြံမှာလား။ သူပြောခဲ့ဖူးတဲ့ ရွာတွေမှာပဲလား။ မအိမ်ကံ မသိ။ ဆယ်ရက်က ဆယ့်တစ်ရက် ကူးတော့ မအိမ်ကံ ဖိုးကူးကိုလွှတ်ဖို့ ပြင်ရပြီ။ ထနောင်းတိုင်မှာ နေမကောင်းလို့

293


နားနေရော့လား။ သည်ဘက်နှစ်တွေမှာ ကိုပြေသိမ်း ပန်းနာရင်ကျပ် ဖြစ်ချင်တာ မအိမ်ကံ သတိထားမိသည်။ ရေချိုးမှားလို့ ဒါမှမဟုတ် ရေချိုးများလို့ကတော့ အအေးပတ်ပြီး ဖျားတော့သည်။ ဒါမျိုး မကြာခဏ ဖြစ်လေ့ရှိ၏။ ကိုပြေသိမ်းကတော့ ခပ်ပေပေ။ ခက်တာက ဖျားလို့ ဆိုပြန်တော့လည်း ထနောင်းတိုင်ကလူ လွှတ်ဖို့သာ ရှိသည်။ မအိမ်ကံတို့ သိရမည်။ အိမ်က လှည်းကလည်း လုံးဝမအား။ ဖိုးကူးက မြင်းနှင့် သွားမည်ဆိုတော့ မြင်း ငှား မရသဖြင့် နှစ်ရက် ထပ်ကြာ သွားရပြန်၏။ ဆယ့်လေးရက် တင်းတင်းပြည့်သည့် နေ့ကျတော့မှ ဖိုးကူးက အဖော်တစ်ယောက် ခေါ်ကာ လိုက်သွားဖို့ ပြင်တော့သည်။ “မြင်းခြံက မောင်သက်မင်းတို့အိမ် အရင်ဝင်၊ မင်းနှမကို အကျိုးအကြောင်း မေးခဲ့ဦး။ မတွေ့ရင် ထနောင်းတိုင်ကို ဆက်လိုက်။ မြန်မြန်ပြန်ခဲ့။ ကျောင်းမှာလည်း ပညာဝန် တစ်ရက် လာလို့ မေးနေသယ်လို့ ပြောပြ။ ချက်ချင်းခေါ်ခဲ့” မအိမ်ကံ မှာတာတွေကို ဖိုးကူးက အသေးစိတ် မှတ်နေရသည်။ ဖိုးကူးတို့ကို ထမင်းခူး ကျွေးတော့ မနက် ကိုးနာရီထိုးပြီ။ အ၀တ်အစား နှစ်စုံလောက် လွယ်အိတ်ဟောင်းထဲ ထည့်ပြီး မြင်းပြင်တုန်း ၀င်းဝကို လှည်းတစ်စီး ရောက်လာခဲ့ပါ၏။ လှည်းပေါ်မှာ လှည်းသမားက လွဲ၍ မိန်းမသားကချည်း သုံးယောက်။ ၀င်းတံခါးကို ဖွင့်ရန် တစ်ယောက်က လှမ်းအော်သည်။ “မအိမ်ကံရေ၊ တံခါးဖွင့်ကြဦးဟဲ့။ ကြီးတော်တို့ပါ ထနောင်းတိုင်က” ထနောင်းတိုင်က။ မအိမ်ကံ ၀မ်းသာသွားပါ၏။ ဖိုးကူး သွားနေတာက ဘာပဲပြောပြော နှစ်ရက်သုံးရက် ကြာနိုင်သေးတာ မဟုတ်လား။ ခုတော့ ထနောင်းတိုင်က လိုက်လာကြပြီ ဆိုတော့ မအိမ်ကံ တွေးသလို ကိုပြေသိမ်းထနောင်းတိုင်မှာ လဲနေ ရှာပြီ ထင်၏။ ဘယ်လိုများ နေရှာပါလိမ့်။ တော်တော်သည်းလို့ သာလိုက်လာကြတာ များလား။ ကျေးဥက ၀ိုင်းတံခါးဖွင့်နေတာကိုပင် မစောင့်နိုင်ဘဲ မအိမ်ကံ ၀ိုင်းဝကို ပြေးထွက်လာခဲ့ သည်။ ဘယ်သူကမှ စကား နှုတ်ဆက်အော်လားဟစ်လား မရှိကြ။ မျက်နှာတွေ မှုန်နေကြသည်။ အမျိုးသမီးသုံးယောက်မှာ ကိုပြေသိမ်း၏ကြီးတော် ဒေါ်ကြီးပုံ့နှင့် ကိုပြေသိမ်း နှမ၀မ်းကွဲ ခင်သီတို့ဖြစ်၏။ ကျန်တစ်ယောက်ကို မအိမ်ကံ မသိ။ ဒေါ်ကြီး ပုံ့က မအိမ်ခိုင်ကို အပေါ်ထပ် ခေါ်သွားရန် ကျေးဥကို ပြောနေတော့ မအိမ်ကံ ရင်တွေ ခုန်ရပြီ။ ဘုရား ဘုရား။ ကိုပြေသိမ်း ရောဂါကြီး ရှာရော့လား။ မဟုတ်ခဲ့လျှင် လူသုံးလေးယောက် လိုက်လာစရာ မရှိ။ “မအိမ်ကံ၊ ငါ့သမီး သူက မစန်းရီတဲ့။ တို့မြင်းခြံမှာတော့ ဆွေကြီးမျိုးကြီးထဲကပဲ။ ညည်းတို့အိမ် အ၀င်အထွက် ရှိတဲ့ မောင်ကံကြီးမောင်ရဲ့ မိန်းမ။ ညည်းတို့ ဘာမှမကြားလောက် ဘူးထင်လို့ လိုက်လာကြတာပဲ။ တို့လည်း သိတာ နှစ်ရက်ရှိ သေးတယ်။ အခြေအနေ စောင့်နားထောင်နေတာနဲ့ တစ်ရက် နောက်ကျသွားတယ်။ မစန်းရီပဲ ပြောပါတော့အေ” ဒေါ်ကြီးပုံ့က စကား ပရိကံလောက်သာ ပြောပြီး မစန်းရီ ဆိုသူကို စကားအပ်သည်။ မစန်းရီက မအိမ်ကံကို တစ်ချိန်လုံး ကြည့်နေရာက ဒေါ်ကြီးပုံ့ စကားကြောင့် ဆတ်ခနဲလှုပ်သွား သည်။ မအိမ်ကံကို အားနာ နေသလိုလို၊ တွန့်ဆုတ်နေသလိုလို ဖြစ်နေ၏။ “မအိမ်ကံရယ်လို့တော့ ကိုကံကြီးမောင် ပြောပြောနေတာ ကြားဖူးပါတယ်ရှင်။ ကိုကံကြီးမောင်နဲ့ ကိုပြေသိမ်းတို့ကလည်း အင်မတန် ခင်ကြတာ မအိမ်ကံလည်း သိမှာပါ။ လိုရင်းကိုပြော ရရင်တော့ရှင် ကျွန်မလည်း စိတ်မကောင်းပါဘူး။ ကိုကံကြီး မောင်တို့ တစ်သိုက်လုံး တောခို ကြပြီရှင်။ ကျွန်မကိုတောင် မပြောပါဘူး။ နောက်နှစ်ရက် သုံးရက်ရှိမှ ဘုရားပန်းအိုး အောက်မှာ ထားခဲ့တဲ့ စာကို ဘုရားပန်း လဲမှ ဖတ်ရလို့ သိရ တာပါ” “အိုရှင် ကိုပြေသိမ်းက တော့ကော” သည်တစ်ခါတော့ ဒေါ်ကြီးပုံက ၀င်ဖြေသည်။ “ညည်းယောက်ျားလည်း ပါသွားတာပေါ့ မအိမ်ကံရယ်။ တို့လည်း စိတ်မချမ်းသာကြဘူး။ သက်နှင်းက လူတစ်မျိုးအေ့။ ထားပါတော့အေ အခုတို့ အဲဒါ လာပြောတာပဲ။ တို့လည်း သည်မှာ တစ်ညအိပ်ပြီး မနက်စောစော ပြန်မယ်။ မလွတ်မကင်း တာများ ရှိရင် ဖယ်ရှားထားဦး။ မတော်”

294


မအိမ်ကံ နားလည်လိုက်ပြီ။ ကိုပြေသိမ်း ဒုတိယအကြိမ် ထွက်သွားခဲ့ပြန်ပြီကော။ သည်တစ်ခါလည်း ဘယ်သူ့ကိုမှ မပြောခဲ့ဘဲ ထွက်သွားခြင်းပါလားလို့ တွေးနေမိသည်။ မစန်းရီ ဆိုသူလည်း မအိမ်ကံလိုပဲ ရှိရှာပါလိမ့်မည်။ မအိမ်ကံ ဘယ်သူ့ကိုမှ အပြစ်မတင်ချင်တော့။ ကိုကံကြီးမောင် ခြေရှုပ်နေတာကိုလည်း ပြောမနေချင်။ မအိမ်ကံ တစ်ကိုယ်လုံး မြေကြီးထဲကျွံ ၀င်သွားလေသလား ထင်မှတ် နေမိခဲ့သည်။ ကိုပြေသိမ်းရက် စက်လေခြင်း ဆိုသည့် အသံတွေသာ ခေါင်းထဲမှာ ပြေးလွှားနေပါ၏။ မအိမ်ကံ ဘာလုပ်ရမလဲ။ လောလောဆယ် ဘာကိုမှ မစဉ်းစားတတ်နိုင်အောင် ဖြစ်ရပါ၏။ ကိုပြေသိမ်း ခြေလှမ်းပျက်နေတာ ကြာပြီ။ သည်လိုလုပ် လိမ့်မည်လို့တော့ မအိမ်ကံ မထင်။ ဂျပန်တော်လှန်ရေးတုန်းက တိုင်းပြည်၏ အရေးကိစ္စ ဆိုတော့ မအိမ်ကံ နားလည် လက်ခံခဲ့သည်။ ခွင့်လွှတ်ခဲ့သည်။ အခုကော ဘာအရေးကိစ္စများ ကြောင့်ပါလိမ့်။ တောသူမ မအိမ်ကံ နိုင်ငံရေး ဆိုတာတွေကို တော့နားလည်းမလည်။ သည်တစ်ခါတော့ ခွင့်မလွှတ်ချင် တော့ပြီ။ “ဘာပဲဖြစ်ဖြစ်

ကျွန်မ

ခေါင်းအေးအေးထားပြီး

ဘာလုပ်ရမယ်

ဆိုသာ

စဉ်းစားချင်ပါသေးသယ်။

မစန်းရီကိုလည်း

ကျေးဇူးတင်ပါသယ်။ ကျွန်မမှာတော့ လှည်းသံကြားတိုင်း မျှော်၊ စက်ဘီးသံကြားတိုင်း မျှော်နဲ့။ သြော် ကိုပြေသိမ်းရယ်” မအိမ်ကံ အိမ်ပေါ် တက်လာခဲ့သည်။ သည့်နောက်တော့ မအိမ်ကံ ကိုပြေသိမ်းနှင့် ပတ်သက်သမျှ အရာအားလုံးကို တစ်စ မကျန်အောင် မီးတိုက် ပစ်ခဲ့သည်။ မီးဖိုထဲ ရောက်နေသည့် လက်နှီးစုတ် ပုဆိုးဟောင်းကိုပင် မမြင်ချင်လို့ ချက်ချင်း မီးရှို့ ခိုင်းခဲ့သည် အထိပင်။ ကိုပြေသိမ်း ထွက်သွားပြီး နှစ်လလောက်မှာ လူကြုံ နှင့် စာတစ်စောင် ရောက်လာခဲ့သည်။ အခုက ဒုတိယအကြိမ်။ တော်လောက်ပါပြီ ကိုပြေသိမ်းရယ်။ သည်လောက်ပဲ ရှိပါစေတော့။ ပဲမှော်တိုက် ဘေးမှာ ထန်းကုလားထိုင် နှစ်လုံးရှိသည်။ အဖေ ဦးသာထန် လက်ထက်ကတည်းက ထန်းကုလားထိုင်များ ဖြစ်၍ ဟောင်းလှပြီ။ မအိမ်ကံက အဖေ့ကို လွမ်းသဖြင့်အသစ်နှင့် အစား မထိုးဘဲ ရေနံချေး နာနာသုတ်၊ အပြုတ်အပြုတွေကို ကြိမ်ဖြင့် ခိုင်ခိုင်တုတ် ခိုင်းထားခဲ့သည်။ အဖေမရှိသည့် နောက်ပိုင်း မှာသည် ကုလားထိုင် နှစ်လုံးကို ကိုပြေသိမ်းက အမွေ ဆက်ခံခဲ့၏။ တစ်လုံးပေါ်ထိုင် စာဖတ်၊ ကျန်တစ်လုံးပေါ်မှာက စာအုပ်ထပ်ကြီး။ သည်နေရာက အိမ်မနှင့်ရော ရက်ကန်းစင်နှင့်ပါ ရုတ်တရက် အမြင် ကွယ်သဖြင့် အတန်ငယ် လုံခြုံသည်။ တောပုန်းရည်သည်နှင့် မအိမ်ကံ မျက်နှာချင်းဆိုင် ထိုင်မိကြတော့မှ မအိမ်ကံက အကျိုးအကြောင်း မေးသည်။ “ကဲ ပြော ကိုတောပုန်းရည်ရေ။ ရှင်က ဘာလဲ ကွန်မြူ နစ်လား” တောပုန်းရည်သည်က လွယ်ထားသည့် လွယ်အိတ်လို ဖျင်ကြမ်း အိတ်ထူကြီးကို ပေါင်ပေါ်တင်သည်။ လွယ်အိတ်ကြီ က ကြေးညော်များ ကိုက်ကာ မာတောင့် ညစ်ထေးလွန်းလှကာ အစေးများပင် ပေါက်နေလေသည်။ လွယ်အိတ်ကိုင်း တစ်နေရာကို ခဲရာခဲဆစ်နှိုက်ကာ စာတစ်စောင် ထုတ်ပေးသည်။ စာက ရှည်ရှည်လျားလျား မဟုတ်။ လက်တစ်ဝါးစာလောက်သာ ရှိသည်။ မအိမ်ကံက ကုလားထိုင်က ကျောခွာရင်း တစ်ကြောင်း ချင်းဖတ်သည်။ “အိမ်ကလေး၊ တောပုန်းရည်သည် လူကြုံရှိလို့ စာရေးလိုက်တယ်။ အစ်ကိုတို့တော့ အခုထိ အခြေ မကျသေးပါဘူး။ ရောက်ရမယ့် နေရာ မရောက်သေးတာလည်း ပါပါတယ်။ နေလည်း ကောင်းပါတယ်။ ပြုခဲ့သမျှ ကိစ္စအ၀၀ အတွက် ခွင့်လွှတ် စေချင်ပါတယ်။ ခွင့်လွှတ်ချင်မှလည်း လွှတ်လိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကို နားလည်မှု ပေးနိုင်ပါတယ်။ အိမ်ကလေးနဲ့ သမီး နှစ်ယောက်ကို မညှာတာတာတော့ မဟုတ်ပါဘူး။ အစ်ကိုတို့မှာ အယူအဆ ရေးရာ ကိစ္စတွေများတဲ့ အတွက်ပဲလို့သာ အောက်မေ့ ပါလေ။ ဘာပဲဖြစ်ဖြစ် အိမ်ကလေး လက်ထဲမှာ သမီး နှစ်ယောက် ထားခဲ့ရတာ စိတ်ချတာလည်း ပါပါတယ်။ ရုံနဲ့ အုံမရှိကြတော့တဲ့ နောက်ပိုင်း လတွေကြား အခုလိုဖြစ်ရတာ စိတ်တော့ မကောင်းဘူး။ နောက်တစ်ကြိမ် ဆက်သွယ်ဖို့ ဆိုတာတော့ ခက်လိမ့်မယ်။ အခု လူကြုံကို စာပေးရင်တော့ ရသေး တယ်။ စိတ်ချရတဲ့ မြေပေါ်ရဲဘော် တစ်ယောက်ပဲ။

295


ချစ်လျက် ချမ်းသာ” စာမှာ ရက်စွဲမပါပါ။ စာက ကိုပြေသိမ်း လက်ရေး မှန်သော်လည်း ကတိုက်ကရိုက် ရေးလိုက်ပုံရပါ၏။ မအိမ်ကံ ရင်တွေတ ပွက်ပွက် ဆူလာသည်။ သမီးနှစ်ယောက်ကို စိတ်ချသတဲ့လား။ ပြီးတော့ ချမ်းသာ ဖြစ်သွားရပြန်ပတဲ့လား။ နာမည်ရင်းက သက်နှင်း။ နိုင်ငံရေး လုပ်တော့ ပြေသိမ်း။ အခု ကွန်မြူနစ်ဖြစ် ပြန်တော့ ချမ်းသာတဲ့လား။ မအိမ်ကံ နာကြည်းစွာပင် တစ်ချက် မဲ့လိုက်သည်။ ရသေ့လွယ်အိတ် ညစ်ထပ်ထပ်နှင့် လူကသည် ခံစားမှုတွေကို ဂရုမစိုက် အားသလို ကုလားထိုင်မှာ ကျောမှီရင်း မျက်လုံးတွေ မှိတ်ထားသည်။ ပထမ စာတုန်းကတော့ ချမ်းသာ မဟုတ်သေး။ ပြေသိမ်းဆိုသည့် အမည်နှင့်ပင် စာတို ကလေး ပို့လိုက်ဖူးသည်။ ဒါက ကိုပြေသိမ်း ထွက်သွားပြီး ရှစ်လအတွင်း ဒုတိယမြောက် ရောက်လာသည့် စာဖြစ်သည်။ သည်ကိစ္စ အတွက် မအိမ်ကံ ပြတ်ပြတ်သားသား ဆုံးဖြတ်ထား ပြီးပြီ။ နောက်ထပ် လူလည်း မလာစေချင်တော့။ စာလည်း မရောက်စေချင်တော့။ သည်ဘ၀သည်မျှနှင့် ပြီးချင်တော့ပြီ။ သူလည်းကိုယ့်ကို နောက်ဆံ မငင်စေချင်တော့။ ကံပါသလောက်ပေါ့။ ကံကိုလည်း မဖာချင်တော့ပြီ။ မပြုပြင်ချင်တော့ပြီ။ ချစ်တုန်းက ချစ်ခဲ့ကြသည်။ ဂုဏ်ကြီး ဒြပ်ကြီး စာရင်းဝင်ခဲ့သည်

မဆိုသာသော်လည်း

နယ်တစ်ကြောမှာတော့

ပညာတတ်

ကျောင်းအုပ်ကတော်

ဖြစ်ခဲ့ရဖူးပြီ။

ဆရာကြီးကတော် ဆိုသည့် ဂုဏ်ဖြင့် ပွဲတက်တင့်ခဲ့ဖူးပြီ။ ရုပ်ချော မနောကောင်း သူကြီး သမီးနှင့် ရုပ်သန့်ပညာတတ်တို့ ဖူးစာဖက် ခဲ့တာကို နတ်ဖက်သည့် အိမ်ထောင်လို့ လူတကာက ပြောခဲ့ကြ ဖူးပါ၏။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့ရသလဲ။ မအိမ်ကံ မသိ။ သိလည်း မသိချင်။ မလှအုံသာ ရှိလျှင်တော့“ ညည်း လင်က တောမျောက် တောသစ်ပင်ကို မထီသလိုပေါ့အေ” လို့ ပြောလိမ့်မည် ထင်သည်။ “မအိမ်ကံ စာတစ်စောင်လောက် ရေးပေးလိုက်ချင်သယ်။ စောင့်မလား။ ဒါထက်ရှင် ထမင်းမစားရသေးဘူး ထင်သယ်။ ကျေးဥရေ ဧည့်သည်ကို ထမင်းကျွေးလိုက်ပါအေ” ကျေးဥကို လှမ်းအော်ခဲ့ကာ အိမ်ပေါ် တက်လာခဲ့သည်။ မအိမ်ကံက သမီး ကျောင်းစာအုပ်ထဲက အူတစ်ရွက် နုတ်ပြီး စာရေးဖို့ ပြင်သည်။ စာတွေဘာတွေ ဟုတ်တိပတ်တိ ရေးဖူး ရေးလက်စ မရှိတာထား။ ဘာကစရမှန်း မသိဘဲ ဖြစ်နေလို့ ကိုယ့် ကိုယ်ကို ဒေါသ ဖြစ်ရပါ၏။ စိတ်ကို ငြိမ်အောင်ထားပြီးမှ တစ် လုံးချင်း ရေးသည်။ နေဦး ကိုပြေသိမ်းလို့ ရေးရမှာလား၊ ကိုချမ်းသာလို့ရေးရမှာလား။ သူက ချမ်းသာဆိုမှတော့ ချမ်းသာ ရတော့မှာပေါ့။ “ကိုချမ်းသာရှင့်၊ တောသူ ပညာမဲ့ဆိုတော့ စာကို လှအောင်ပအောင်တော့ မရေးတတ်ဘူး။ စာရတယ်။ နောက် ဘာစာမှ မရေးပါ နဲ့တော့။ ပို့ရင်လည်း ကျွန်မဖတ်မှာ မဟုတ်ဘူး။ ရှင်နဲ့ ကျွန်မ သည်ဘ၀ သည်မျှနှင့် ပြီးကြပါပြီ။ သမီးတွေ အတွက်တော့ စိတ်ချပါရှင်။ ကျွန်မက ၀မ်းနဲ့ လွယ်မွေးရသူပါ။ သည်ရက်ထဲ မှာ အလှူအတန်းလည်း လုပ်ဖြစ်ပါတယ်။ ကျွန်မ အသက်လည်း လေးဆယ်ပြည့်ပြီဆိုတော့ ချိုတာရော၊ ခါးတာရော ကြုံခဲ့ပါပြီ။ တစ်ခုတော့ စိတ်ချမ်းသာတယ်။ အမေနဲ့ မလှအုံ ဆုံးမှ ရှင်ထွက်သွားတာကိုပါ။ နို့မို့ရင် ရင်ကျိုးကြ ရှာမှာပဲလို့ တွေးမိတယ်။ မလှအုံ ပြောခဲ့ဖူးတဲ့ စကားရှိတယ်။ ငရုတ်တစ်လှမ်း ခရမ်း တစ်ခုန်တဲ့။ ငရုတ်ပင်များ စိုက်ရင် လူ့ခြေတစ်လှမ်းစာ ဝေးဝေးစိုက်ရုံပဲ။ ခရမ်း စိုက်ပြန်တော့ လူ့တစ်ခုန်လောက် ဝေးဝေးစိုက်ရတယ်။ ရှင်နဲ့ ကျွန်မကတော့ တစ်လှမ်းတစ်ခုန် မဟုတ်တော့ပါဘူး။ တစ်ဘ၀စာ ဝေးကြပြီ အောက်မေ့ပါတော့။ ကျွန်မနဲ့ ပတ်သက်ပြီး သုံးချက်ပဲ ရှင်တွေးဖို့ပါ။ ကျွန်မ ဘယ်တုန်းကမှ အမှား မရှိခဲ့ဖူးဘူး။ ဘယ်တုန်းကမှ သစ္စာ မပျက်ခဲ့ဖူးဘူး။ ဘယ်တုန်းကမှ ရုန်းမထွက်ခဲ့ဖူးဘူး။ ကျွန်မ အတွက်တော့ မပူပါနဲ့။ စာဝတီးတောင် နှုတ်သီးနဲ့ စာဗူးတောင်း ဆောက်နိုင်ကြရင် ကျွန်မ အဖို့ရာ မရုန်းနိုင်စရာ ဘာမှမရှိဘူး။ ထနောင်းတိုင်ကလည်း ကျွန်မနဲ့ ဆိုင်ခဲ့ဖူးတော့ စိတ်သာချပါတော့ရှင်။ ကျွန်မ အသွားအလာ မပျက်ပါဘူး။ဒါပါပဲ။

296


ကျွန်မဘက်ကတော့ စကား ကုန်ပါပြီ။ ဒါနောက်ဆုံးစာပါ။ မအိမ်ကံ ဇောင်ချမ်းကုန်းရွာ” မအိမ်ကံစာကို တစ်ခေါက် ပြန်ဖတ်သည်။ ကိုပြေသိမ်း သံယောဇဉ်မှ ပြတ်စေတော့ တမင်ခါးခါးသီးသီး ရေးလိုက်ခြင်း ဖြစ်သည်။ မအိမ်ကံ အိမ်ပေါ်က ဆင်းလာတော့ တောပုန်းရည်သည်က ထမင်းစားပြီးလို့ ဆေးလိပ်ထိုင် ဖွာနေပြီ။ ကုလားထိုင်မှာ အကျထိုင်လို့။ မအိမ်ကံက စာခေါက်ကိုပေးတော့ သူ့လွယ်အိတ်ကိုင်းထဲ ထိုးထည့်သည်။ ဧည့်သည်ဆိုတော့လည်း မအိမ်ကံက ခရီးစဉ် မေးသည်။ ညအိပ်ညနေ ကိစ္စ မေးသည်။ သူ့ခမျာ ကြားထဲက ဆောင်ရွက်ပေးရသူ ဆိုတော့ မအိမ်ကံမှာ ၀တ္တရားရှိသည်ဟု တွေးမိလို့မေးခြင်း ဖြစ်၏။ “ကျုပ်တို့က တစ်နေရာတည်း ကြာကြာနေလို့ မကိုက်ဘူး ဗျ။ မြင်းခြံဘက်တော့ မလှည့်တော့ဘူး။ တောင်ရွာဘက် တစ်ည ခိုပြီး ပြန်မှာပါ။ နေဦးဗျာ။ ကျုပ်ကို ခရီးစရိတ်တော့ ပေးပါဦး။ အားတော့ နာပါရဲ့” မအိမ်ကံက

ကျေးဥကို

လှမ်းခေါ်ကာ

ငွေအစိတ်

ပေးလိုက်စေသည်။

မအိမ်ကံ

ဝင်းတံခါးကြီး

လိုက်ဖွင့်ပေးတော့

စိုက်စိုက်ကိုင်းကိုင်း ပြန်ထွက်သွားလေ၏။ တပေါင်းလထဲမှာ

အစ်ကို

မောင်မြတ်သာနှင့်

မမစိမ်းမြတို့

ဇောင်ချမ်းကုန်းရွာကို

ဆိုက်ဆိုက်မြိုက်မြိုက်ကြီး

ရောက်လာခဲ့ကြသည်။ အစ်ကို ကျောင်းသားဘ၀ မြို့က ပြန်လာတိုင်း နေနေကျ လူပျို ခန်းထဲမှာပဲ။ နေရာချ ထားပေးလိုက်ပါ သည်။ ရောက်ရောက်ချင်း အစ်ကို ဘာစကားမှ မပြောနိုင်ဘဲ ပုံရိပ်ဟောင်းတွေကို လွမ်းနေပုံရ၏။ အိမ်ကြီးပတ်ပတ်လည် တစ်ဝိုင်းလုံး အနှံ့ လိုက်ကြည့်ရှာသည်။ အစ်ကိုလည်း အသက် ရလာခဲ့ပြီ။ ရင့်ကျက်မှုနှင့် တည်ငြိမ်မှုတွေ အစ်ကို မောင်မြတ်သာထံမှာ တွေ့နေရသည်။

ငယ်ငယ်တုန်းကတော့ အစ်ကို မောင်မြတ်သာလည်း မထူးပါ။ အဖေသူကြီးနှင့် အမြဲတမ်း ကဏ္ဋေကောစ။ အဖေဖြစ် စေချင်ခဲ့တာတွေ မဖြစ်ရကောင်းလား ဆိုပြီး အဖေက တဗျစ် တောက်တောက် ပြောဆိုနေတာတွေ မအိမ်ကံ အမြဲ ကြားခဲ့ရသည်။ သားဖြစ်သူကို မြို့ကျောင်းပို့ကာ မြို့အုပ်မြို့ပိုင် ဖြစ်စေ ချင်ခဲ့သော်လည်း အစ်ကိုက နည်းနည်းကလေးမှ စိတ်မ၀င်စား ဘဲရှိခဲ့သည်။ အင်္ဂလိပ် အုပ်ချုပ်သည့် ခေတ်မှာ ဖအေက သူကြီး၊ သားက ၀ရမ်းပြေး ဖြစ်ခဲ့ရတာတွေလည်း အခုတော့ အတိတ်၏ ပုံပြင်တွေ ဖြစ်ရလေပြီ။ သခင်မြတ်သာ ဘ၀က အိမ်ကိုရောက် လာတိုင်း မအိမ်ကံ ငိုရသည်ချည်းပင်။ ပင်ပန်း ဆင်းရဲခံကာ နိုင်ငံရေးမှာ ပျော်ပိုက်နေသည့် သားကိုကြည့်ပြီး ဖအေဖြစ်သူ ကလည်း စိတ်မချမ်းသာခဲ့။ မြန်မာပြည် လွတ်လပ်ရေး ရရန်ဆိုသည့် စိတ်က လွဲ၍ အခြားဘာမှ မရှိသော လူငယ်တွေက တစ်ဖက်၊ ရာထူးအာဏာ မက်မောခဲ့ကြသည့် လူကြီးတွေက တစ်ဖက်။ အခုတော့လည်း တိုင်းပြည် လွတ်လပ် ရေးရခဲ့ပြီ။ ကိုယ့်နိုင်ငံကိုယ် အုပ်ချုပ်ရေးဖြင့် တိုင်းပြည် ပြန်လည်ထူထောင် နေရချိန် ဆိုသော်လည်း ၀ါဒရေးရာတွေက မပြီးပျောက်နိုင်ဘဲစည် တွေ့တိုင်း လက်သီးဆုပ်နှင့် ထုချင်ကြသူတွေ များခဲ့သည်။ အစ်ကိုမောင်မြတ်သာ

ရောက်နေသည်ကြားတော့

သာအောင်နှင့်

လူကြီးတချို့

လာနှုတ်ဆက်ကြသည်။

အစ်ကို

မောင်မြတ်သာက လေအေးကလေးနှင့် စကားပြောတတ် ရုံမက အမူအရာပါ တည်ငြိမ် သွားတာက မအိမ်ကံ သတိထား မိပါ၏။ အစ်ကိုက ဗိုလ်မှူး အဆင့်ထိ ရာထူး တိုးမြင့်လာခဲ့ပြီ။ “အေးကွာ၊ ကိုယ့်ရပ် ကိုယ့်ရွာကို ကိုယ်တိုင် အုပ်ချုပ်ရပြီ ဆိုတော့ ကိုယ်ကညှာမှ ရပ်ရွာ အေးချမ်း သာယာသယ်။ တိုင်းပြည်လူထုဟာ ဘယ်သူဘယ်အစိုးရ တက်တက် လုပ်မှစား ကြရသူတွေပဲ။ ရုန်းနိုင်ကန်နိုင်မှ တစ်ဝမ်း တစ်ခါးဝကြ၊ လှကြရသယ်။ အုပ်ချုပ်သဲ့ သူက မကောင်းရင် ရွာနာသယ်။ တောသူ တောင်သားများခမျာ အသိပညာ နုန့်နဲ့ကြလေတော့ မိုးကောင်းလည်း တစ်စလောင်းပဲ၊ မိုးမကောင်းလည်း တစ်စလောင်းပဲ။ ဒါကို အမြဲ ဂရုစိုက်ကြကွာ” “အစ်ကိုမြတ်သာကို ရွာကလည်း မျှော်နေကြသာပါ။ ရွာက တစ်ခုတော့ ကံကောင်းပါသယ်။ မအိမ်ကံ အိမ်သား ဆရာလေး

297


ကိုပြေသိမ်းရှိတော့ အနားရွာတွေထဲမှာ ကျွန်တော်တို့ရွာ က အောက်မကျခဲ့ရဘူး။ ဆရာလေးရဲ့ ပညာဂုဏ်၊ သိက္ခာ ဂုဏ်၊ နိုင်ငံရေး သြဇာဂုဏ်ကို လေးစားကြသယ်” သာအောင်က ကိုပြေသိမ်း အကြောင်း ပြောနေလို့ မအိမ်ကံပင် မျက်နှာ မထားတတ်အောင် ဖြစ်ရပါ၏။ ကိုပြေသိမ်းကို ရွာက ချစ်ကြ၊ ရိုသေ လေးစားကြတာလည်း အမှန်ပင်။ ကိုပြေသိမ်း ဖြေရှင်းပေးလို့ ငြိမ်းရသည့် အမှုတွေ များခဲ့သည်။ ကိုပြေသိမ်း ရပ်တည်ပေးလို့ မတရားမှုတွေ ရှဲကုန်ကြတာ များခဲ့သည်။ ရွာကို ဓားပြတိုက်ချင်တာတောင် ဆရာလေး ကိုပြေသိမ်းရွာ ရယ်လို့ ဓားပြတွေကပင် လက်ရှောင်ခဲ့ကြတာတွေ ရှိပါ၏။ အခုတော့ ဇောင်ချမ်းကုန်းမှာ ကိုပြေသိမ်း မရှိတော့ပြီ။ ကိုပြေသိမ်း တစ်ယောက် တောခိုသွားပြီဆိုသည့် သတင်းက အူခနဲ ထတောက်လိုက်သော မီးကဲ့သို့ သည်ဘက်ရွာ တစ်ကြောမှာ ညီးညီး လောင်ခဲ့ပါ၏။ ဘယ်သူက ဘာမှမ ပြောသော်လည်း အစိုးရဘက်က မအိမ်ကံတို့ အိမ်ကို အကဲခတ်ကြတာတွေ ရှိလာသည်။ တစ်ဖက်ကလည်း

ဗိုလ်မှူးကြီးအဆင့်ရာထူးရနေပြီ

ဖြစ်သော

အစ်ကိုမောင်မြတ်သာ၏အရိပ်ကြောင့်

ဘာမှတော့

အမေးအမြန်း မရှိခဲ့။ အစ်ကိုမောင်မြတ်သာက ခရီးရောက်စမို့လား မသိပါ။ ကိုပြေသိမ်းနှင့် ပတ်သက်၍ တစ်လုံးတစ်ပါဒမှစကားမဟတာ ကို မအိမ်ကံ သတိထားမိသည်။ အစ်ကိုမောင်မြတ်သာတို့ လင်မယား ရောက်လာကတည်းက မအိမ်ကံကိုယ်တိုင် ဟင်း ကောင်း ကျွေးကောင်းရှာပြီး တည်တည်ပပကျွေးမွေးဧည့်ခံ သည်။ သူတို့မောင်နှမကြား မပြောရသေးသည့်စကားရှိသေး သည်။ အမွေကိစ္စဖြစ်၏။ ဖအေတူ မအေခြားကြသူတွေဆို သော်လည်း မောင်ရင်းနှမရင်းတွေဆိုတော့ သည်အိမ်ကြီးက အစ မိဘလက်ငုတ်လက်ရင်းမှန်သမျှ မောင်မြတ်သာနှင့်လည်း ဆိုင်သည်။ တစ်နေ့မှာတော့ သည်ကိစ္စ တရားဝင် ပြောကြဆိုကြ ရဖို့ရှိပါ၏။ မောင်မြတ်သာက နှမကိုညှာလို့ မပြောတာလည်း ဖြစ်ချင်ဖြစ်မည်။ ယောက်မ ဖြစ်သူကလည်း အစ်ကိုနှင့် ပတ်သက် နေပေသိ သူစိမ်းဖြစ်သည်။ အစ်ကို ဖြစ်သူနေနိုင်ဦးတော့ မမစိမ်းမြဘက်က ပြောချင် ဆိုချင်တာ ရှိကောင်း ရှိနိုင်သည်။ သို့သော် အစ်ကိုက မပြောသလို မမစိမ်းမြကလည်းသည်ကိစ္စ ခေါင်းထဲပင် ရှိကြပုံမပေါ်။ ဘာပဲဖြစ်ဖြစ် အစ်ကိုက ပညာတတ်လည်းဖြစ်၊ အကြီးလည်း ဖြစ်တော့ တရားသဖြင့်အောင် ဆောင်ရွက်ပေးမည်သာဖြစ်၏။ ဒါကိုတော့ မအိမ်ကံ ယုံသည်။ “အစ်ကိုလည်း ရွာပြန် အခြေချ ချင်လှပြီ ကံကလေးရေ။ အလုပ် ရာထူးက ထွက်ပြီး အေးအေးချမ်းချမ်း နေချင်ပြီ။ ထောင် နှုတ်ခမ်း လျှောက်ခဲ့ရတဲ့ ဘ၀တွေတုန်းကလည်း ပင်ပန်း ဆင်းရဲ ခဲ့ပါရဲ့။ တိုင်းပြည် လွတ်လပ်ပြန်တော့လည်း အစ်ကိုတို့မှာ ပင်ပန်းဆင်းရဲက မလွတ်ချင်ဘူး။ တော်လောက်ပြီလို့လည်း အောက်မေ့မိသယ်။ နောက်တစ်နှစ်၊ နှစ်နှစ်လောက်ဆိုရင်တော့ ထွက်ခွင့်ရကောင်းပါရဲ့” တစ်ရက်။ မောင်နှမ နှစ်ယောက် စကားတွေ ပြောဖြစ်ကြရင်း ပါလာသည့် စကားဖြစ်သည်။ သည်အခါမှာတော့ မအိမ်ကံ ခေါင်းထဲ ရှိနေသည့် စကားကို ပြောရန် အခွင့်သာပြီ။ မမစိမ်းမြ မရှိခိုက်ဆိုတော့ ပြောလို့လည်း ကောင်းသည့် အချိန်ဖြစ်၏။ “အစ်ကို့ကို မအိမ်ကံ စောင့်နေသာ အစ်ကိုကလည်း လာရင် သုံးရက်လောက်နဲ့ ပြန်သာများတော့ မပြောဖြစ်ဘူး။ ဘာမှ မဟုတ်ပါဘူး အစ်ကို၊ ပြောလည်း မပြောချင်ပါဘူး။ မပြောလို့လည်း မဖြစ်တော့ ပြောရမှာပဲ။ အမွေကိစ္စ အစ်ကို စီစဉ်စေချင်သယ်။ ရက်ကန်းရုံကတော့ မအိမ်ကံ စီးပွားပါ။ အဖေတို့အမေ တို့ထားခဲ့တဲ့ ပစ္စည်းတွေကတော့ သည်လို ရှိနေသာပါပဲ။ ရွှေငွေ ဆိုသာကလည်း ဓားပြတိုက် ခံရတာတို့ လှူသာ တန်းသာတို့နဲ့ ကုန်သင့်သလောက်ကုန်ခဲ့ပေသိ ကျန်ကောင်း ကျန်ရာတွေကို အစ်ကိုလည်း ဆိုင်သမှုတ်လား။ မြေတို့ ထန်းတို့လည်း ရှိသေးသယ်။ မိဘပစ္စည်းတွေ မအိမ်ကံကြောင့် မပွန်းခဲ့ပါဘူး အစ်ကို” မောင်မြတ်သာက နှမခေါင်းကို လှမ်းပွတ်သည်။ ပြုံး သည်။ လေးနက် တည်ကြည်သော အပြုံးမျိုးဖြစ်ပါ၏။ “ငါ့နှမရယ်၊ အဖေတို့ အမေတို့ကို အစ်ကို လုပ်မကျွေးခဲ့ ရသာ ထားတော့။ စိတ်ချမ်းသာအောင် လူလုံး လာမပြနိုင်သာ ကြည့်တော့။ ငါနှမရှိလို့လည်း နိုင်ငံရေးကို စိတ်ဖြောင့်လက်ဖြောင့် လုပ်ခဲ့သာပါ။ စည်းစိမ်တွေ ကုန်ပြီ ဆိုတော့လည်း အစ်ကို ဘယ့်နှယ်မှ မနေဘူး။ ဒါကို မဥပါဒ်နဲ့။ အစ်ကို အဲသာတွေ မသိဘူး။ အိမ်မှာ ရှိမှန်းလည်း မသိဘူး။ ရကောင်းစေ ရအပ်စေ ဆိုတာလည်း မရှိဘူး။ အစ်ကိုပြောသာ ယုံတော့”

298


အစ်ကို စကားကြောင့် မအိမ်ကံ မျက်ရည်ဝဲရသည်။ အစ်ကို ပေသိ ဖခင်လို စိတ်ထားမျိုးပါလားလို့ တွေးမိ၍ဖြစ်သည်။ “ဟုတ်တော့လည်း ဟုတ်ပါရဲ့။ ဒါပေသိ အစ်ကိုရယ်၊ အစ်ကို ရသင့်ရထိုက်သာ စောစောစီးစီးရတော့ အစ်ကိုတို့ လုပ်သင့် လုပ်ထိုက်သာ လုပ်ရသာပေါ့။ အစ်ကိုချည်းပဲ မဟုတ်သေး ဘူးလေ။ မမမြစိမ်းကလည်း ရှိသေးသာ ဥစ္စာ” “အေးပါ ငါ့နှမရာ။ သည်တစ်ခေါက်တို့လာသာ တစ်ကြောင်းပါ။ ငါ့နှမ စိတ်ဆင်းရဲ နေရှာမယ် ထင်လို့ရယ်၊ တောင်းစရာ ရှိလို့ရယ် လာခဲ့ကြသာပဲ။ ရက်ကြာကြာလည်း မနေနိုင်ဘူး။ အမွေကိစ္စက အစ်ကိုအနားယူတဲ့နှစ် ရွာပြောင်း လာတော့မှ ပြောကြရအောင်” “ဘာများ တောင်းစရာ ရှိလို့လဲ အစ်ကိုရယ်။ အစ်ကိုလို ချင်သာရှိရင် ယူသွားပါ။ တောင်းမနေရပါဘူးတော်” မောင်မြတ်သာက ပြုံးရုံသာ ပြုံးနေခဲ့သော်လည်း ဘာရယ် လို့တော့ မပြောပါ။ မမစိမ်းမြ ညနေဘက် ရောက်လာတော့မှ ပြောတော့မည်ဟု ဆို၏။ ဧည့်သည်တွေ ရောက်လာကြပြန်လို့ မအိမ်ကံတို့ အိမ်မှာ လူစည် ရပြန်ပါသည်။ အစ်ကိုဝမ်းကွဲ ကိုစံကောင်းတို့လည်း ပါသည်။ သူစိမ်းတွေလည်း ပါသည်။ ရပ်ရွာ လူကြီးတွေလည်း ပါလာကြသည်။ အစ်ကို့ အတွေ့အကြုံတွေ မေးကြသည်။ ဗိုလ်မှူးကြီး အဆင့်ဆိုသော်လည်း ငယ်ပေါင်းတွေက မြတ်သာကြီးလို့သာ ခေါ်ကြသည်။ ငယ်ငယ်က ခေါ်သလို မည်းလုံးလို့ ခေါ်ကြသူတွေလည်း ရှိသည်။ “မောင်မြတ်သာကို ငယ်ငယ်က မည်းလုံး ခေါ်ကြသာ။ မည်းမည်းလုံးလုံး ကလေးကိုးကွ။ မင်းအဖေသူကြီးနဲ့ သွားတူသာ။ နို့အခု မင်းက နှမကို ရန်ကုန် ဘုရားဖူး လာခေါ်သာလား” “လိုက်ရင် ခေါ်ပါ့ဗျား။ မေးကြည့်ပါဦး။ လိုက်မလားလို့” “မလိုက်နိုင်သေးပေါင် အစ်ကိုရယ်။ သမီး တစ်ယောက်က မြင်းခြံမှာ သမီး ကျောင်းပိတ်ရင်တော့ လိုက်ချင်ပါ့။ ရန်ကုန် တက္ကသိုလ်ဆိုသာကို ပို့ရဦးမှာ” အစ်ကို မောင်မြတ်သာက ရွာရေး ကိစ္စတွေ မေးသည်။ ရွာ့စီးပွားရေး မေးသည်။ စိုက်ရေးပျိုးရေးတွေ မေးသည်။ လှူရေး တန်းရေးတွေ မေးသည်။ နှစ်ပေါင်း လေးငါးဆယ် အတွင်း ရွာက လောက်လောက်လားလား ဖွံ့ဖြိုးလာသည်ဟု ပြောရန် ခက်သော်လည်း အတန်အသင့်တော့ ချောင်လည် နေကြပြီ။ အစ်ကို မောင်မြတ်သာက စက်ရေတွင်းတွေ စိုက်ခင်းတွေထဲမှာ တူးရန်လိုကြောင်း၊ အစိုးရ ရေတွင်းတူး ဌာနနှင့် မေးကြည့်မှာ ဖြစ်ကြောင်း၊ ရေသာရှိလျှင် ငွေပေါ်သီးနှံတွေ စိုက်နိုင်ကြောင်း၊ မြေသြဇာနှင့် ပိုးနှိမ်ဆေးတွေကို နားလည်ရန်လိုကြောင်း၊ သမား ရိုးကျ မစဉ်းစားဘဲ သိသင့်သိထိုက်တာတွေကို မေးမြန်း ဆည်းပူးရန် လိုကြောင်းတွေ ပြောပြနေသည်။ ရွာမှာ အခြေတကျ ပြန်နေပြီ ဆိုလျှင် သူလုပ်ချင်တာတွေ ခပ်များများ ရှိသည်ဟု ဆို၏။ ဧည့်သည်တွေ ပြန်သွားတော့မှ အစ်ကို ခဏနားသည်။ အိမ်ဝိုင်းကို လျှောက်ကြည့်သည်။ ကိုစံကောင်း ကျန်ခဲ့သဖြင့် ခြံစည်းရိုးတွေ လုံလုံလဲလဲ ပြန်ကာရန်နှင့် ၀င်းတံခါးက အစ အသစ်လဲရန်၊ အိမ်ကြီးကိုပါ ထပ်တန်တာထပ်၊ ပိုးတန်တာ ပိုးရန် တာဝန်ပေးသည်။ လိုအပ်သမျှ ငွေထုတ်ရန်နှင့် ရေနံပါ သုတ်ရန် အစ်ကိုက စီမံ ပေးနေသဖြင့် မအိမ်ကံ ၀မ်းသာရပါ၏။ ကိုစံကောင်းက ရွာလက်သမား ဆရာကြီး ဘိုးရံနှင့် တိုင်ပင်ပြီး တစ်ပတ်အတွင်း ဆောင်ရွက်ပေးမည်။ အားလုံး တွက်ချက်ပြီးမှ မအိမ်ကံဆီက ငွေထုတ်မည် ဆို၏။ “ကိုင်း ကံကလေး၊ အစ်ကို ရွာထဲ ခဏ လျှောက်လိုက်ဦးမယ်။ ကိုဖိုးငွေကြီး ကျွန်တော်နဲ့ လိုက်ခဲ့ဗျာ” အစ်ကို မောင်မြတ်သာတို့ ထွက်သွားကြတော့ မအိမ်ကံ ရင်လှိုက်ရင်မော ခံစား နေရပါ၏။ အစ်ကို ရှိသေးတာပဲလေ ဆိုသည့်

299


စိတ်ကြောင့် လုံခြုံသွား သလိုလည်း ခံစားရပါ၏။ သမီးငယ်ခိုင်က စောစောက ရန်ကုန်ဆိုသည့် စကား ကြားလို့လား မသိ။ မအေ့ဆီ ရောက်လာကာ ရန်ကုန် လိုက်ချင်သည် ပူဆာတော့၏။ “သွားမှာပေါ့ သမီးရဲ့ အမေလည်း မရောက်ဖူးဘူး။ သမီး မမလည်း ကျောင်းပိတ်ပြီလေ။ မြင်းခြံက ပြန်လာတော့မှာ။ သားအမိတွေ စုံရင် သွားကြသာပေါ့။ ကျေးကျေးပါခေါ်ခဲ့ချေ” “ခေါ်မှာပေါ့ အမေရဲ့။ သမီး ရန်ကုန်မှာ နေချင်သယ်။ရန်ကုန်က မြို့ကြီးဆို” မအိမ်ကံက ပြုံးရင်းကခေါင်းညိတ်ပြသည်။ မအိမ်ခိုင်က မအေကို သိုင်းဖက်ရင်း နမ်းလေသည်။ “အဲသာပဲ ငါ့နှမ၊ အစ်ကိုနဲ့ မစိမ်းမြတို့ တိုင်ပင်ပြီးပြီ။ ခိုင်ကလေးကို အစ်ကိုတို့ ရန်ကုန် ခေါ်ချင်သယ်။ ကျောင်းထား ပေးချင်သယ်။ ပြောရရင် အစ်ကိုတို့မှာ ရင်သွေးရယ်လို့ မပေါ် ပေါက်တော့ ခိုင့်ကို သမီးလို စောင့်ရှောက်ချင်သယ်။သည်နှစ် ကျောင်းပြန်ဖွင့် အမီ အစ်ကို လာခေါ်မယ်။ ငါ့နှမလည်း စဉ်းစား ပေါ့လေ” သည်ကနေ့ည အိမ်ကြီးထဲမှာ လူရှင်းနေသည်။ ဧည့်သည်တွေလည်း မလာကြ။ ကိုဖိုးငွေနှင့် ဖိုးတုတ်၊ ဖိုးကူးသား အဖတစ်တွေကို ဘုန်းကြီးက အခေါ် လွှတ်သဖြင့် ဆရာတော့် ကျောင်း ထသွားကြသည်။ ကျေးဥနှင့် ခိုင်၊ ထွန်းပ၊ ထွန်းရ တို့လည်း ပန်းပို့ရင်း လိုက်သွားကြလေ၏။ အစ်ကိုက သည်ကိစ္စချက်ချင်း မပြောသေးဘဲ စကားတွေ ခံနေခဲ့သည်။ နှမဖြစ်သူ စိတ်နှလုံးညှိုးခိုက် တစ်မျိုးထင်မှာ စိုးရှာတာလည်း ပါပါ၏။ လင်က တောထဲမှာ၊ သမီးကြီး မြိုင်က မြင်းခြံမှာ၊ သည်ကြားထဲက သမီးငယ် ခိုင်ကို ရန်ကုန် ခေါ်ချင်သည့် စကား ပြောဖို့ ခက်နေပုံလည်း ရပါသည်။ မအိမ်ကံပင် ကြားစက နင့်ခနဲ ခံစားလိုက်ရသည်။ မအိမ်ကံက ဘာမှ မပြောဖြစ်သေးဘဲ အစ်ကို့ စကားတွေကိုသာ နားထောင် နေခဲ့သည်။ မမစိမ်းမြကလည်း မအိမ်ကံကို ငေးနေရုံ။ ခိုင့်ကို ရန်ကုန် ခေါ်ကြမလို့တဲ့လား။ ရန်ကုန်မှာ ကျောင်းထားမယ်။ သမီးအဖြစ် မွေးချင်တယ်။ ကျောင်းဖွင့်ရက်မှာ လာခေါ်မယ်။ “ကံကလေးရယ်၊ ငါ့နှမဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဒါပါပဲကွယ်။ စာချုပ်စာတမ်း တွေ၊ ဘာတွေ မရှိရပါဘူးအေ။ နောက်နှစ်တွေဆို မြိုင်လည်း ရန်ကုန် ကျောင်းတက်ရတော့မယ်။ ဟိုမှာ ညီအစ်မနှစ်ယောက် စလုံး အစ်ကို ထိန်းရုံပဲ။ မဟုတ်ရင် ကံကလေးမှာ မြင်းခြံ ပြေးရ၊ ရွာပြန်ပြေးရ။ မြိုင့်ကို လှမ်းပူရ ဖြစ်မယ်လေ။ အစ်ကို့မှာ မိုးလင်းသာနဲ့ စစ်ရုံး သွားရတော့ အိမ်မှာ ညည်းအစ်မ တစ်ယောက်တည်းရယ်။ အစ်ကို့ တူမကလေး နှစ်ယောက်က အစ်ကို့ သမီးတွေပါပဲ။ ငါ့နှမ နားလည်မှာပါ” သည်လို စကားကြားရတော့ အမြော်အမြင် ရှိလေခြင်းရယ် လို့ အစ်ကို့ကို ပိုပြီး ကြည်ညိုရပါသည်။ သမီးနှစ်ယောက် ကျောင်းပညာရေး ကိစ္စမှာ မအိမ်ကံ ၀န်ထုပ်ဝန်ပိုး မဖြစ်စေချင် တာရော၊ ဒုက္ခများမှာကိုရော အစ်ကို ကြိုမြင်တတ်ပါလား။ ကိုပြေသိမ်းနှင့် ကွာလေခြင်း။ အစ်ကိုတို့မှာ သားသမီးမပွား စီးကြလေတော့ ခမျာများ ခြောက်ခန်းကြရော့မည်။ ညည်းဆီ ရောက်တော့ ညည်းသမီး၊ အစ်ကို့ဆီ နေတော့ အစ်ကို့သမီး။ ဟုတ်ပေသားပဲ။ သမီးငယ်ခိုင် အတွက်လည်း ပညာရေး ကိစ္စ ပြီးရတာပေါ့။ သည့်ထက် စိတ်ချရသည့် နေရာမရှိ။ သည့်ထက် လုံခြုံသည့် မေတ္တာ မရှိ။ မအိမ်ကံ ရင်ထဲ လင်းသွားခဲ့ပြီ။ တိုက် တိုက်ဆိုင်ဆိုင် သမီးခိုင်က ရန်ကုန်မှာ နေချင်သည်လို့ ညနေကပဲ ဆိုခဲ့တာ မဟုတ်လား။ ထူးဆန်းလိုက်တာ။ သမီးအတွက် ဘ၀ အကြောင်းပါခဲ့လို့ နိမိတ် စကားဆိုခဲ့တာပဲ ဖြစ်လိမ့်မည်။ မမစိမ်းမြကလည်း ၀င်ပြောပြန်ပါ၏။ “တို့စိတ်ထဲ ခိုင်ကလေးကို ခေါ်ချင်ကြသာ ကြာပါပြီအေ။ ပြောမထွက်သာနဲ့ပဲ မပြောခဲ့ကြသာပါ။ ကိုပြေသိမ်း မရှိတော့မှ တို့လည်း ပြောရဲကြသာပါ။ ဖအေဆိုတော့ တစ်မျိုးကိုး။ ငါ့ ညီမလည်း စဉ်းစားပါဦး။ ကလေးကိုလည်း မေးပါဦး။ လူကြီးတွေ စီစဉ်လို့သာ ဖြစ်ရသယ်။ ကလေးစိတ် မချမ်းမသာ ဖြစ်မှာလည်း တွက်ရသာကိုး” မမစိမ်းမြ

စကား

ဆုံးတော့မှ

မအိမ်ကံ

အတွေး

ဝင်မိရသည်။

ဟုတ်တော့လည်း

ဟုတ်ပါရဲ့။

လူကြီးတွေက

300


ဇွတ်စီစဉ်ရတာမျိုးဖြင့် ကလေး စိတ်မဆင်းရဲစေချင်။ သမီးခိုင်က မအေနဲ့ အစ်မနဲ့ ကျေးကျေးနဲ့ သွားချင်သာ ပြောသာပါ အမေရယ်။ အဲသလိုချည်းတော့ သွားမနေချင်ပါဘူး ဆိုရင်ကော။ သမီး စိတ်မချမ်းသာတာ မဖြစ်စေချင်။ သမီးမှာ ဆန္ဒရှိတယ် ဆိုရင်ကော မအိမ်ကံက ထည့်ရက်နိုင်ပါ့မလား။ “မမစိမ်းမြရယ် ပြောထွက်စရာ မရှိပါဘူး။ မအိမ်ကံလည်း ကျဉ်းထဲကျပ်ထဲ ကျနေသာပါ။ ခိုင်ကလေးက အတန်း ရပြီဆိုတော့ သူ့အစ်မလို မြင်းခြံ ပို့ရမလိုလို၊ ကျောင်းပဲနုတ် ရမလိုလို ဖြစ်နေသာကိုး။ မမစိမ်းမြတို့က ရန်ကုန်ခေါ်မယ်၊ ကျောင်းထားမယ် ဆိုရင်လည်း မအိမ်ကံ အဖို့ရာ သားရွှေအိုး ထမ်းပြန်သလိုပါပဲ။ တစ်ခုတော့ ရှိသယ်။ ကလေးသဘော တီးခေါက်ကြည့်ချင်သေးသယ်” “အေးပါအေ။ သည်တစ်ခေါက်လည်း မခေါ်သေးပါဘူး။ နောက်နှစ် ကျောင်းဖွင့်လို့ လာခေါ်တော့ ဆိုမှ သူ့ဘကြီး လာခေါ် လိမ့်မယ်။ လူကြုံ မလွှတ်ဘူး။ စိတ်ချ။ ကိုင်းပါအေ။ သူတော်ကောင်းမ ငါဖြင့် စိတ်ချမ်းသာ သွားပြီ” အစ်ကို မောင်မြတ်သာတို့ အိပ်ရာ ၀င်သွားကြတော့မှ မအိမ်ကံက ကျေးဥကို အကျိုးအကြောင်း ပြောပြသည်။ ကျေးဥ ကလည်း ၀မ်းသာ ရှာပါ၏။ မျက်နှာ မကောင်းသော်လည်း ခိုင့်နောင်ရေးကို တွေးမိပုံ ပေါ်သည်။ ဘာမှ ထွေထွေထူးထူး မပြောပါ။ ညီအစ်မနှစ်ယောက်စလုံး ပညာတတ် ဖြစ်တော့ ဘက်ညီသာပေါ့အေ လောက်သာ ဆိုလေသည်။ အစ်ကို မောင်မြတ်သာတို့ မပြန်ခင်

တစ်ရက်ရောက်တော့မှ

ကိုပြေသိမ်း

အကြောင်း

မေးလေသည်။

မအိမ်ကံကလည်း

သိသလောက်သာ

ပြောနိုင်ခဲ့သည်။ မပြောမဆို ထွက်သွားတာကို အစ်ကို မောင်မြတ်သာကလည်း ကြိုက်ပုံ မပေါ်ပါ။ သို့သော် ဖေးဖေး မမ ဆိုရှာပါသည်။ “မောင်ပြေသိမ်းကို အပြစ်တော့လည်း မတင်ချင်ပါဘူး။ အစ်ကိုတို့လည်း နိုင်ငံရေး လုပ်ခဲ့တုန်းက ဘယ်လိုလူမျိုးက တားတား နောက်မှ မဆုတ်ခဲ့ဘဲနဲ့။ ကိုယ့်ဝါဒအရ မှန်သယ် ထင်သာ တုံးတိုက်တိုက် ကျားကိုက်ကိုက် လုပ်လိုက်ရမှ စိတ်ထဲ ကျေနပ်သာကိုး နှမရဲ့။ ဒါပေသိ အခုဟာက တစ်မျိုး ပေါ့လေ” “ကွန်မြူနစ်ဆိုသာ ဘာလဲအစ်ကို။ တောခိုသယ် ဆိုတာ ကကော ဘာဖြစ်လို့လဲ။ ဘယ်တော့ ပြန်လာလို့ရမှာလဲ ဟင်” ဗိုလ်မှူးကြီး မြတ်သာက နှမ၏ အမေး စကားကြောင့် ၀မ်းနည်း သွားရလေ၏။ မအိမ်ကံဟာ တကယ်တော့ ဘာမှ မသိရှာသည့် တောသူ တစ်ယောက်ဆိုတာ ရင်ထဲ ရောက်သွားရလို့ ဖြစ်သည်။ “အယူအဆ မတူလို့ပေါ့အေ။ တစ်ခါက ငါ့နှမ မေးဖူးပါသယ်။ ဒါက တိုင်းပြည်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းချိန်နဲ့ လွတ်လပ်ရေး ရပြီးနောက်ပိုင်း မငြိမ်းနိုင်တဲ့ ၀ါဒ လွန်ဆွဲပွဲလို့ ပြောကြပါစို့။ အင်္ဂလိပ်ခုနှစ် တစ်ထောင့် ကိုးရာသုံးဆယ့် ကိုးခုနှစ်တုန်းက အင်္ဂလိပ် လက်တွင်း ကျနေချိန် ဗမာပြည် ကွန်မြူနစ်ပါတီ ဆိုပြီး သခင် အောင်ဆန်းတို့၊ သခင်စိုးတို့၊ သခင်လှဖေတို့၊ သခင် သိန်းဖေတို့၊ သခင်ဗဟိန်းတို့ သခင်လူငယ်တွေက လျှို့ဝှက်ပြီး ဖွဲ့ခဲ့ကြသာ။ မစ္စတာဂိုရှယ်တို့၊ မစ္စတာနတ်တို့ဆိုသာ လည်းပါတယ်။ ထားပါတော့။ ဂျပန်ခေတ် ရောက်တော့ သခင်စိုးက မြေအောက် အဖွဲ့တွေ ဖွဲ့တာမှာ အားကောင်း လာခဲ့သယ်။ တစ်ထော့င်ကိုးရာ လေးဆယ့်ငါးခုနှစ် စစ်ကြီး ပြီးခါနီးတော့ ရန်ကုန်မှာ မြေပေါ်ပါတီ အဖြစ် ထူထောင်သယ်။ နောက်နှစ်မှာပဲ ကွဲကြသာက စလိုက်သာ နှစ်ဂိုဏ်းကွဲကရော။ အလံနီ ဆိုပြီး ခွဲထောင်ကြသယ်။ တစ်ထောင့် ကိုးရာလေးဆယ့် ခုနစ် ခုနှစ်မှာ မတရားအသင်း ဆိုပြီး ကြေညာလိုက်တော့ တောခို ကြရရော။ သခင်သန်းထွန်းတို့ကလည်း အစိုးရကို ဆန့်ကျင် လာကြရာက လွတ်လပ် ရေးရပြီး နှစ်လလောက်မှာ တောခို ကြပြန်ရော။ သူတို့ကို အလံဖြူ ခေါ်ကြသယ်” “ကိုပြေသိမ်းက ဘယ်ဘက်ကလဲ အစ်ကို” “အနီလည်း ဖြစ်နိုင်သယ်၊ အဖြူလည်း ဖြစ်နိုင်သယ်။ အစ်ကို သိသလောက်တော့ သူပြောဖူးတဲ့ လေဖမ်းရသာပေါ့လေ။ အလံဖြူဖြစ်ဖို့ များသယ်။ သူစာအုပ်ကြီးတွေ ဖတ်ပြီဆို ကတည်းက တစ်နေ့ သည်ပြဿနာ ရှိလာတော့မယ် ဆိုသာ

301


အစ်ကိုသိတယ်။ တစ်ညမှာ အစ်ကို တော်တော်လေး ပြောခဲ့သယ်။ အင်္ဂလိပ်လို ပြောခဲ့သာ မှတ်မိမှာပေါ့။ အဲသည်ကတည်းက သူပြင်းထန် နေပါပြီ။ ထားပါလေ။ အခု ငါ့နှမ ဘယ်လို စဉ်းစားထားသလဲ” မအိမ်ကံ ဘယ်လို ဖြေရပါ့။ အမှန်အတိုင်းပဲ ပြောလိုက်တာ အကောင်းဆုံးပင်။ ဖြစ်ကြောင်းကုန်စင် အားလုံး ပြောပြတော့ အစ်ကိုရော၊

မမစိမ်းမြပါ

ပြောပြလိုက်ပါ၏။

ဂရုတစိုက်

နောက်ထပ်

နားထောင်ကြသည်။

မဆက်သွယ်တော့ရန်

မအိမ်ကံကတော့

စာရေး

တောပုန်းရည်သည်

ပေးလိုက်ကြောင်းလည်း

ပါ၏။

လာတာတွေပါ အစ်ကိုဖြစ်သူက

သဘောထားတော့ မပေးခဲ့။ ကောင်းသည်လည်း မပြော၊ ဆိုးသည်လည်း မပါ။ တော်တော်ကြီးကြာမှ အစ်ကိုက မပွင့်တပွင့် ပြောရှာပါ၏။ “မောင်ပြေသိမ်းက ကံကလေးကို မြတ်နိုးနေသာ မြင်မြင်ချင်းပါပဲ။ အစ်ကိုကလည်း သူ့သဘောကို သိလို့ ငါ့နှမဆီတောင် စာကြို ရေးလိုက်ပါသေးတယ်။ အစ်ကိုပဲ သဘောတူ ခဲ့သာပဲ။ လူက လူတော် လူမှန်ဆိုသာတော့ အခုထိ အစ်ကို ယုံကြည်လျက်ပဲ။ သည်လိုလုပ် သွားသာကတော့ ပြင်ပ အမှောင့်တွေပါသလို သူကိုယ်တိုင်ကလည်း ယုံကြည်သာပါလို့ ဖြစ်မှာပေါ့လေ။ အစ်ကို မဥပါဒ်ချင်ပါဘူး။ အစ်ကို့ ပယောဂ မကင်းခဲ့ဘူး” သည်စကားကြားတော့ မအိမ်ကံ စိတ်မချမ်းသာပြန်။ အစ်ကို မြတ်သာက ကိုပြေသိမ်း ဘယ်လို လူစားဆိုတာ နှမထံ စာရေးပြီး ထောက်ခံချက် ပေးခဲ့ဖူးသည်။ အခုတော့ သူ့ကြောင့် နှမဖြစ်သူ သည်ဘ၀မျိုး ကြုံရသည်ဟု ဆိုလိုခြင်း ဖြစ်၏။ မအိမ်ကံနှင့် ကိုပြေသိမ်းတို့ ချစ်ခြင်းအစ ရက်များဆီက ဖြစ်သည်။ “သတ္တ၀ါတစ်ခု၊ ကံတစ်ခုပါ အစ်ကိုရယ်။ မအိမ်ကံ ကလည်း မြင်ကတည်းက ဖူးစာဖက်ရမယ့် လူဆိုသာ သိခဲ့ပါသယ်။ ယုံလည်း ယုံကြည်မိသလို အားလည်း ကိုးခဲ့မိပါသယ်။ ကိုပြေသိမ်းက မေတ္တာရှိကြောင်း ပြောတော့ မအိမ်ကံ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ လက်ခံခဲ့သာပါ အစ်ကို။ အစ်ကို့ ပယောဂ မပါပါဘူး။ ဒါကိုတော့ အစ်ကို လိပ်ပြာ သန့်စေချင်သယ်” “အေးပါလေ။ မနက်ဖြန် အစ်ကိုတို့ ပြန်မယ်။ ခိုင်ကလေးကိုသာ မေးပြုပြီး ဖျောင်းဖျထားပါအေ။ အစ်ကို့ဆီ တယ်လီဖုန်း ဆက်လို့ရသယ်။ မြင်းခြံက မြပွဲရုံက ပွဲစားကြီး ဦးမြဆီမှာ တယ်လီဖုန်း ရှိသယ်။ အစ်ကိုလည်း မှာထားခဲ့မယ်” နောက်တစ်နေ့ မိုးလင်းတော့ အစ်ကို မြတ်သာနှင့် မမစိမ်း မြတို့ ပြန်ကြပြီ။ မအိမ်ကံက ရွာလက်ဆောင်များနှင့် အစ်ကို သုံးဖို့စွဲဖို့ ရွှေထည်ပစ္စည်း တချို့ ထည့်ပေးလိုက်သည်။ အစ်ကို နှင့်ယောက်မကို မအိမ်ကံ ထိုင်ကန်တော့သည်။ အစ်ကိုက ဆုတွေ ပေးပြန်တော့လည်း အဖေ့ကို သတိရလို့ ငိုမိပါ၏။ အစ်ကို ကြီးတော့ အဖအရာဆိုသည့် စကား မအိမ်ကံ ယုံကြည်ခဲ့ပြီ။ ဇောင်ချမ်းကုန်းမှာ သည်တစ်ခါ လှူမည့် အလှူက ထမင်း ရည်ချောင်းစီးဖြစ်သည်။ ဇောင်ချမ်းကုန်းရွာမှ မဟုတ်ပါ။ ၀န်းကျင်နရန်း ရွာတွေမှာ အလှူတွေ ရှိခဲ့ကြ၏။ အလှူဝ၊ အလှူပိန် အကြိမ်ကြိမ် ရှိခဲ့ပါပြီ။ ရေစာမိုးစာ ကောင်းသည့် နှစ်တွေမှာ ဗြောသံစည်သံ သောသောညံညံ ကြားရတတ်သည့် ရွာတွေ ဆိုတော့ တစ်ရွာ့ တစ်ရွာ အလှူ လိုက်ရတာကပင် အလုပ်တစ်ခု ဖြစ်ရပါ၏။ မျက်နှာ နာစရာချည်းဆိုတော့ လူမရောက် လက်ရောက် ရသလို၊ လက်ရောလူရော ရောက်ရသည်လည်း ရှိသည်။ ဇောင်ချမ်းကုန်းမှာ လွတ်လပ်ရေး ရပြီးသည့် နောက်ပိုင်း နေ၀င်သည်နှင့် မီးခွက် မှုတ်ရသည့် ရက်တွေ ကျော်လွန်ခဲ့သည်နှင့် အလှူတွေ မှိုကျင်းထသလို ရှိကြပါ၏။ “သန်းစုရေ၊ မတဲအလှူ မလိုက်ကြဘူးလားဟေး။ ညည်းတို့သွားရင် အဖက်လိုက် စမ်းပါရစီ” “လိုက်ခဲ့ပါ။ လှည်းမရလို့ ကုန်းကြောင်းသွားကြမှာနော” “ကုန်းကြောင်းလည်း ကုန်းကြောင်းပေါ့အေ။ နားရွက် ထမ်းပိုးကျည်းတပ် လျှောက်ကြရုံပေါ့” “မနက်ထခဲ့လေ။ မိုးလင်းရင် သွားကြမှာ”

302


တစ်အိမ့်တစ်အိမ် သည်လို အလှူလိုက် အဖော် စပ်နေကျ။ သည်အသံတွေ ကြားရတာကို မအိမ်ကံ ၀မ်းသာရသည်။ ဗုဒ္ဓ ဘာသာတွေဆိုတော့လည်း အလှူသံ ကြားရလျှင်ပင် ပီတိဖြစ် ကြရတာ မဟုတ်လား။ ရွာဦးဆရာတော် ခမျာလည်း မအားရပါ။ ရွာစဉ် အလှူ လိုက်နေရသည်။ ကိုယ့်ရွာအလှူ၊ သူ့ရွာ အလှူ ရက်မတိုက်မိအောင် ရှောင်ကြသော်လည်း တစ်ခါ တလေ နှစ်ရွာ၊ သုံးရွာမှာ အလှူတွေ ဆုံနေတတ်သည်။ သူ့ရွာနှင့် သူ့ကွမ်းတောင်ကိုင် အလှဆုံး ခြယ်သထားကြသော်လည်း ဇောင်ချမ်းကုန်းက အပျိုတွေကို ဘယ်ရွာကမှ မမီတာလည်း ထူးတော့ ထူးဆန်းသည်။ ဇောင်ချမ်း ကုန်းသူတွေ ချောကြ၊ လှကြတာ ဘ၀ ကုသိုလ်ဆိုတာထားတော့။ အသားအရေလှ ကြတာကတော့ ရေကောင်းလို့ဟု ဆိုကြပါသည်။ ဟုတ်တာ မဟုတ်တာထား။ ဇောင်ချမ်းကုန်းရေက ချိုပြီးလေးလေး ပင်ပင်ရှိသည်။ “ညည်းတို့ရွာက ရေတွင်းတွေ ဆားလာခတ်ဦးမှပါအေ။ ရေချိုချက်တော့ တွင်းရေထဲ ရွှေမှုန်များ ပါရောလားအေ” တခြား ရွာတွေက ပြောကြရသည် အထိပင်။ ဇောင်ချမ်းကုန်းမှာ ဟိုဘက်လေး၊ ငါးနှစ်တုန်းက ကွမ်းတောင်ကိုင်မှာ မ၀င်းလှဖြစ်သည်။ နာမည်နှင့် လိုက်အောင် ၀င်းဝင်းစက်စက် လှသူကလေးပင်။ မိဘကသောင်သာတော့ ရွှေငွေဘယက် လက်ကောက်က အစ ရွှေချည်ပိုးချည် အ၀တ်အဆင်အားဖြင့် ရွာ့ဂုဏ်ဆောင် နိုင်ခဲ့ပါ၏။ မ၀င်းလှ၊ မ၀င်းလှဆိုသည့် အသံတွေ စည်စည်ဝေေ၀ ရှိခဲ့သည် အထိပင်။ မ၀င်းလှ အိမ်ထောင် ကျပြန်တော့ ဇောင်ချမ်းကုန်းက “ညိုချော”ကို ကွမ်းတောင်ကိုင် ရွေးခဲ့ကြသည်။ ညိုချောကလည်း တစ်မျိုး လှရှာပါ၏။ အချမ်းသာကြီး မဟုတ်ပေသိ အကျင့် စာရိတ္တကောင်းကလေး ဖြစ်သည်။ အလှူအတန်း၊ သာရေးနာရေး ရှိလျှင် အိုးဆေး၊ ပန်းကန်ဆေး နေရာကို လိုလိုလားလားယူသူကလေး ဖြစ်ပါ၏။ ရွာက ဦးကျော်မောင့် အလှူမှာ ကွမ်းတောင်စ ကိုင်ရသည်။ ညို ချောကို စိတ်တိုင်းကျ ပြင်ဆင်ပေးသူမှာ မအိမ်ကံဖြစ်၏။ နဂို ချောသူကို မအိမ်ကံက ပြင်လိုက် ဆင်လိုက်တော့ ညိုချော တစ်ခေတ်ထ ရပြန်လေသည်။ “သည်တစ်ခါ အလှူက အလှူကြီး ညိုချောရေ။ မြင်းခြံ ဆိုင်းကလည်း ပါဦးမှာ။ ဆင်တောင် ငှားထားဆိုလား။ ၀က်ဝက် ကွဲပါအေ။ တို့ရွာ ဂုဏ်မငယ်စေနဲ့။ ရွာတကာ လာကြမှာ။ မအိမ်ကံ အလှဆုံး ပြင်ပေးမယ်။ သည်တစ်ပွဲ ကျောက်ထည် တွေချည်းပေါ့အေ” မအိမ်ကံက အလှူသံ ကြားကတည်းက ညိုချောကို မှာကာ အားပေးနှင့်သည်။ အလှူရက်တွင် ညိုချော ကွမ်းတောင် ပွေ့တာကို အလှူလာတို့ ငေးစေရမည်။ အလှူနေ့က သမီးကြီး မြိုင်ကလည်း ကျောင်းပိတ်ရက်မို့ ရွာကို ပြန်ရောက် နေသည်နှင့် ကြုံသဖြင့် ညိုချောကို ဖြီးလိမ်း ပြင်ဆင် လုပ်နေကြတာကို မြိုင် က ထိုင်ကြည့်နေခဲ့သည်။ မအိမ်မြိုင်က အိမ်နေ အ၀တ်အစား ကပိုကရိုကလေးနှင့်ပင် လှလွန်းသူကလေး ဆိုတော့ ညိုချော အမျိုးတွေက အချင်းချင်း လက်တို့ကြရသည် အထိပင်။ “ရက်စက်ပါ့အေ။ ရှင်အိမ်ကံရယ်။ ပြင်ထားသဲ့ ညိုချောတောင် ညည်းသမီးနဲ့ တွဲထိုင်တော့ မှိန်ရပါပကောအေ။ မအေ မီချက်တော့။ မအိမ်မြိုင် ကွမ်းတောင်ကိုင် အလှည့်များကျရင် မြင်းခြံတောင် တက်ပြိုင်လိုက်ချင်သေးသယ် အဟုတ်” ညိုချောအမေ မအုန်းရင်က အော်ကြီး ဟစ်ကျယ် ပြောနေသည်။ သမီးကြီး မြိုင်ကို ရွာက အခုကတည်းက အမှတ်ပြည့် ပေးနေကြပါပြီကော။ ညိုချောကို မအိမ်မြိုင်တို့ အိမ်ကြီးမှာ ကျကျနန ပြင်ပေးပြီးတော့ အလှူ အိမ်ကို လှည်းယဉ်နှင့် သွားစေသည်။ လှည်းပေါ်မှာ မအိမ်ကံနှင့် သမီးမြိုင်တို့ ပါလာခဲ့သည်။ မဏ္ဍပ် အ၀င်မှာ ပြင်ဆင်စရာ ရှိလျှင် ပြင်ဆင်ပေးနိုင်အောင် ဖြစ်၏။ မဏ္ဍပ်ကို တန်းမ၀င်နိုင်ပါ။ လူတွေက ကျိတ်ကျိတ်ကြီး စည်နေခဲ့ပြီ။ မဏ္ဍပ်နှင့် မနီးမဝေးမှာ လှည်းယဉ်ကို ရပ်စေပြီး မအိမ်ကံနှင့် မြိုင်တို့ အရင် ဆင်းကြသည်။ ရွာမှ ခွာကာ မြို့ကျောင်းမှာ ကျောင်းတက် နေရသည့် နှစ်ကာလအတွင်း လှချင်တိုင်း လှနေသော မအိမ်မြိုင်ကို လူရှေ့သူရှေ့ ပွဲထုတ်ပြသလို ရှိသည် ဖြစ်၍ အလှူလာကြသူမှန်သမျှ ညိုချောကိုပင် စိတ်မ၀င်စား နိုင်ကြဘဲရှိလေ၏။ ဖက်ဖူးနု ပိုးထဘီနှင့် ရှံစိမ်းစ လက်ရှည်ကလေး ၀တ်ထားသော မအိမ်မြိုင်ကို မြင်လိုက်ကြသည်နှင့် တီးလက်စဒိုးပတ်

303


ဝိုင်းများပင် ရပ်သွားခဲ့ကြပါ၏။ လူတွေက တဝေါဝေါ အသံပြု ကြရင်း သားအမိ နှစ်ယောက်ကို လာဝိုင်း နေကြလေသည်။ သမီး၏ အလှကြောင့် နဂိုလှသူ မအိမ်ကံပင် သွေးကြီးချင်စိတ် ၀င်ခဲ့ရသည်။ “ကိုင်းပါရှင်၊ ညိုချောကို မဏ္ဍပ်ထဲ သွင်းပါရစီ။ လာဟဲ့ ညိုချော။ ရှေ့က၀င်” မအိမ်ကံက လူရှင်းပေးရင်း ညိုချောကို ရှေ့က သွားစေသည်။ မဏ္ဍပ်အတွင်း ထိုင်နေကြသည့် အရွာရွာက အလှူလိုက် ပရိသတ်ကြီးတွေက လူတွေကြား တိုးဝင်လာကြသည့် မိန်းမချော သုံးယောက်ကို ကြည့်ကြရင်း ပါးစပ် အဟောင်းသားနှင့် ရှိကြလေ၏။ ထိုခဏတွင်ပင် ကျယ်လောင်လှသော အိုးစည်သံ၊ ဒိုးပတ်သံများ ကြိုင်ကြိုင်ဆူ ထွက်လာခဲ့သည်တွင် ဒိုးပတ်ဝိုင်းမှ အောင်မြင်လှသော သီချင်းသံတစ်သံဟိန်းထွက်လာခဲ့လေ၏။ “လှိုင်းကိုက်ပြန်တိမ်လိပ်နှင့်

ဘွဲ့ချိတ်ကိုတဲ့

မ၀တ်ဆင်။

ရပ်ကြီးသူ

ဖြူဖြူလတ်ကယ်။

နဂိုယဉ်လေသလားကွယ်။

ရွှေခါးတော်ညိုဆိုင်နှင့် ငွေခါးတော်ညိုဆိုင်နှင့် မတူနိုင်အနေခြား တယ်။ မိုးကျနတ်လား အား ဟား” မအိမ်ကံ ပြုံးလိုက်သည်။ ဒါသမီး အိမ်မြိုင်ကို စောင်းချိတ် ဆိုလိုက်သံ မဟုတ်လား။ ဆိုကြပါစေလေ။ ဆိုလိုက်ကြ စမ်းပါ။ မတူနိုင် အနေခြားတဲ့ မိုးကျနတ် သမီးကလေး အစစ်ပါရှင်။ တစ်နေ့ရှင်တို့ မျက်ဝါးထင်ထင် မြင်စေ့ရမယ်။ မအိမ်ကံက လူတွေကြားထဲ တိုးဝင်ရင်း ဘေးဘီကို မျက်လုံးဝေ့ကြည့် လိုက်သည်။ လူတွေ လူတွေ။ မဏ္ဍပ်ထဲမှာ လက်ကိုင်ပ၀ါ တစ်ထည် ကျစရာ နေရာမရှိ။ လူတွေနှင့်သာ ပြည့်ကျပ်နေပါ ၏။ များပြားလှသော အကြည့်တွေကြားက ထူးဆန်းသော အကြည့်ဖြင့် ကြည့်နေသူကို မအိမ်ကံ သတိ ထားမိလိုက်သည်။ စိမ်းစိမ်းဝါးဝါးကြည့်နေခဲ့သည့် မျက်လုံးများ။ ၀င်းဝင်း တောက်နေသလား ထင်ရလောက်အောင် စူးရှသော မျက်လုံး တစ်စုံက မအိမ်ကံတို့ သားအမိကို ကြည့်နေသည်ကော။ ထို မျက်လုံးထဲမှာ အားကျခြင်း၊ သိမ်ငယ်ခြင်း၊ မနာလိုခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်း အဓိပ္ပာယ်တွေ ပါနေတာကိုပင် မအိမ်ကံ ဖျတ်ခနဲ ဆုပ်ဖမ်း လိုက်မိလေသည်။ “ရာသီ ချိန်ခါ ရောက်လို့၊ လဲပေါက်ကယ်တဲ့ ပွင့်ညီ၊ ရွှေဖီနံ့သာနှင့်၊ ခြောက်ရောင်ဝါ စေတီရင်း မှာလ၊ ဆယ်ဖြာငုံ လက်စုံပူး၊ ဦးမြှောက် လို့ချီ” ၁၃၂၃ ခုနှစ် တပို့တွဲ လထဲပင် ရောက်ခဲ့လေပြီ။ လဲနှင့် ပေါက်တို့ ကွင်းခြေမြေ အနှံ့ ရဲမှည့်နေအောင် ပွင့်ကြရုံမက မြေတစ်ပြင် လုံး လဲ ပွင့်တွေ ကောက်လို့ သိမ်းလို့ပင် မနိုင်နိုင်။ လက်ပံပွင့် ခေါ်ကြသည့် လဲပွင့်တွေက ပင်မြင့် ပင်အိုကြီး တွေပေါ်က ပေါင်းလန်အောင် ချာလည် ချာလည် နှင့် ကျလာကာ မြေခ သက်ဆင်း ကြရသည်။ လဲပွင့် တွေကို သုံးစိတ်ဝင် ထန်းလျှော်တောင်းနှင့် ကောက်ကြသူတွေ ကလည်း များလှ၏။ လက်ပံခေါင်း ချဉ်ရည်ချက် ကလည်း ရာသီက ပေးသော တောဟင်း ဖြစ်ရတာ မဟုတ်လား။ ပေါက်ပင်ရဲရဲ တွေက ကျီးအာချုံ များ အထွေးလိုက် တက်နေကြသည့် ကြားက ပန်းနီတွေ ရဲနေ အောင် ပန်ကြ လေ၏။ ရွာ့ပြင် ထုံးစေတီ ကလေး တစ်ဆူ ရှိရာကို မအိမ်ကံ တစ်ခါ တစ်ရံ စိတ်ပြေ လက်ပျောက် တစ်ယောက်တည်း လျှောက်လာ တတ်သည်။ ထုံးစေတီ ကလေးသည်ပင် သည်ရာသီ ရောက်ပြီ ဆိုလျှင် နှစ်စဉ် ထုံးသင်္ကန်း တဖွေးဖွေးဖြင့် ရောင်တော် ပွင့်နေလေ့ ရှိ၏။ တပို့တွဲ လပြည့် ထမနဲပွဲ နီးလာခဲ့ပြီ မဟုတ်လား။ စေတီ ထုံးသင်္ကန်းကပ် အလှူကို တစ်ဦးမဟုတ် တစ်ဦးက ကုသိုလ်ယူလေ့ ရှိကြရာ နှစ်စဉ်ထုံး သင်္ကန်းရောင်ဖြင့် သပ္ပာယ် လှသည်က တစ်ကြောင်း၊ လူခြေ တိတ်ဆိတ် ရွာရိပ်နှင့် လှမ်းသည်က တစ်ကြောင်းကြောင့် မအိမ်ကံ သည်နေရာကို မကြာခဏ ရောက်ခြင်း ဖြစ်၏။ အိမ့်ဗာဟီရတွေ၊ အပူတွေ၊ သားရေး သမီးရေးတွေကို မြွေများ အခွံချွတ်သလို ချွတ်ထားခဲ့ကာ ပကတိ အေးချမ်းသော စိတ်ဖြင့် ရောက်ရောက် လာတတ်ခြင်း ဖြစ်သည်။ စေတီနှင့်ဝေးဝေးမှာ လက်ပံပွင့် ကောက်သူတွေကို မြင်နေရသည်။ ရွာထဲက မိန်းမသား အချို့နှင့် ကလေးတွေဖြစ်၏။ ဟေးဟေးဝါးဝါး အော်ကြရင်း အလုအယက် ကောက်နေကြတာ ပျော်စရာ။ မအိမ်ကံ ငယ်ငယ်တုန်းက လက်ပံပွင့် ကောက်ခဲ့တာကို သတိရမိပြန်၏။ ဘာရယ်မဟုတ်။ တောင်းကြီးတောင်း ငယ် ပေါင်းလန်အောင် ကောက်နိုင်တာကိုပဲ ဂုဏ်လုပ်ရခြင်းဖြစ်

သည်။

မလှအုံက

လိုသလောက်သာ

ခြွေကာ

နှစ်ပေါက်စာ

အခြောက်လှန်းသည်။

ဖျာကြမ်း

တစ်ချပ်စာလောက် ရပြီဆိုသည်နှင့် ကျန်တာတွေ လက်သင့်ရာ ပေးပစ်တတ်သည်။

304


“မလှအုံ ကလည်း ဘာဖြစ်လို့ ပေးပစ် ရသာလဲ။ မအိမ်ကံဖြင့် ကောက်လိုက်ရသာ ခါးတောင် ညောင်းသယ်” ကလေးပီပီ နှမြောစိတ်ဖြင့် ပြောခဲ့ဖူးသည့်စကားကို မအိမ်ကံ မှတ်မိသည်။ မလှအုံ ပြန်ပြောသည့် စကားကိုလည်း မှတ်မိပါသည်။ “မအိမ်ကံရယ်၊ လိုသလောက် ကောင်းပါသယ်အေ။ ပိုရင် အမှိုက် ဖြစ်သယ်အေ့။ လိုသဲ့လူ ပေးလိုက်တော့ မအိမ်ကံ ကုသိုလ် ရသာပေါ့။ အခုကိုပဲ သူများ မျှလိုက်တော့ ကုသိုလ် ရလှ ပေါ့အေ။ ငါ့ညီမနှယ်” အခုတော့လည်း မလှအုံ ပြောခဲ့သည့် စကားကို တရားနှင့် ကပ်မိပြီ။ ပိုရင် အမှိုက် ဖြစ်သတဲ့။ မှန်လိုက်တာ။ လူ့ဘ၀မှာ တော့ကော ဘာထူးလို့တုံး။ လူရယ်လို့ဖြစ်ပါပြီဆိုကတည်းက ရှိခဲ့ရသည့် သံယောဇဉ်တွေ၊ တွယ်တာမှုတွေ၊ အစွဲအလမ်း တွေ၊ တပ်မက်မှုတွေ။ သိမ်းလိုက်ရသာ၊ ပိုက်ပွေ့လိုက်ရသာ၊ အထုပ်လို ထမ်းလိုက်ရသာ ဘယ်နည်းလို့တုံး။ ပိုသမျှ မစွန့် နိုင်၊ မပစ်နိုင်၊ မနိုင်ဝန်ဖြစ်ကာမှ ဖြစ်ကရော။ ရွတ်ထားလိုက် ရတဲ့အပူ၊ ပိုးထားလိုက်ရတဲ့သောက၊ ထမ်းထားလိုက်ရတဲ့ ဗျာပါရတွေ။ လေးသည်ထက်သာ လေးတော့သည်။ ဇက်ကျိုး အောင်ရွက် ထားရတာကိုပဲ လေးသည်မထင်ခဲ့။ ဘ၀အကြောင်း ကံနှင့် ကံကြမ္မာက ဆွဲဆွဲချတော့မှ လျော့တန်သလောက် လျော့ ရပါ၏။ ဒါတောင် ပိုးတက် လာသည့် ဘ၀ ၀န်ထုပ် တွေက ဆင့်ကာ ဆင့်ကာ တိုးချင် နေသေးသည်။ ပိုသမျှ အမှိုက်ဖြစ်ရသာ အမှန်ပါပဲလား။ တပို့တွဲလ ရောက်လျှင် မလှအုံ၏ လက်ရာ ထမနဲကို မအိမ်ကံ နှစ်စဉ် စားခဲ့ရသည်။ ထမနဲနှင့် ပတ်သက်သည့် မလှအုံ ၏ ရှေး အစပ်အဟပ် တွေကို ကြားနာ ရတတ်သည်။ မအိမ်ကံ ကလေးတုန်းက ထမနဲ ထိုးနည်းတွေ သင်ပေး နေလို့ အမေပန်းရုံ က “မလှအုံရယ် ငါ့သမီးငယ် ပါသေးအေ။ ထမနဲ ထိုးဖို့ အဝေးကြီး လိုပါသေးသယ်” လို့ ဟန့်ခဲ့ ဖူးတာ သတိရ မိ၏။ အခုတော့ ထမနဲ ထိုးနိုင်သည့် အရွယ်တောင် လွန်ခဲ့ ပါရောလား။ မအိမ်ကံ အသက် လေးဆယ်ကျော်လို့ တစ်နှစ်စွန်းခဲ့ပြီ။ တစ်နေ့တစ်နေ့ လျှောက်ခဲ့ရသည့်ဘ၀ ခြေလှမ်းတွေ မနည်း တော့ပြီ။ မလှအုံ လက်ရာ ထမနဲ ကလေးကိုတော့ ငယ်ငယ်တုန်း ကလို တောင့်တ မိဆဲ ဖြစ်သည်။ မလှအုံ လက်ရာက နာမည်ရသည်။ အခုတော့ အမေ ပန်းရုံရော၊ မလှအုံပါ မရှိရှာ ကြတော့ပြီ။ တပို့တွဲလ ရောက်လျှင် ဘုရားပွဲနှင့် ထမနဲ တွေကတော့ မပျောက်မပျက် ရှိသေးသည်။ သို့သော် မလှအုံ လက်ရာ မဟုတ်တော့။ မလှအုံ မရှိမှတော့ မလှအုံ၏ လက်ရာဆိုတာ ဇောင်ချမ်းကုန်းမှာ နောက်ထပ် ဘယ်တော့မှ မရနိုင်ပြီ။ သည်ကနေ့ လည်း မအိမ်ကံတို့ အိမ်မှာ ရွာ ထမနဲပွဲ အတွက် မိုးပြဲဒယ်ကြီး နှစ်ဒယ်စာ ထိုးကြသည်။ ရွာဦးကျောင်းကို ကျေးဥတို့ သွားရောက် ကပ်လှူကြသည်။ ရွာထဲကို ဝေသည်။ သူများ အိမ်က ထမနဲတွေလည်း မအိမ်ကံတို့ အိမ်ကို ရောက်သည်။ ဆီတွေ နစ်နေအောင် ထိုးထားသော ထမနဲ လက်ကြားယိုကို မြင်ရတော့ အဖေ့ကို သတိရသည်။ အမေ့ကို သတိရသည်။ မလှအုံကို သတိရသည်။ တစ်အိမ်သားလုံး မျက်နှာ မကောင်းကြ။ ကိုဖိုးငွေဆိုလျှင် အိမ်နောက်ဖေး နွားစာစဉ်း ခုံနားမှာ ပုဆိုး ခါးပုံစကိုဖြုတ်ပြီး မျက်ရည် သုတ်တာကို မအိမ်ကံ မြင်လိုက် ရတော့ ရင်ထဲမှာ ကျင်ခနဲ နာရပါ၏။ ဇနီးသည်ကို လွမ်းရှာ လိမ့်မည်။ ခံစားမှု မဲ့သလို အမြဲတမ်း မထုံတက်သေး ရှိတတ်သော ကျေးဥ ပင်လျှင် မျက်ရည် ကလေး အမ်းနေ ရှာသည်။ သူလည်း ငိုထားပုံ ရပါ၏။ “ငါက ညည်းတို့ထက် ဆိုးတော့မပေါ့ ကျေးဥရယ်။ ငါ့မှာက သေကွဲရော ရှင်ကွဲရော ပါအေ။ ညည်းက နှစ်လမြူ တစ်လက်မျက် ဆိုရင် ငါက နှစ်လမျက် တစ်လမယ်ပါအေရဲ့။ အခုတော့ ငါ့ကိုယ်ငါ တရားရှိသယ် မပြောဝံ့ပါဘူး။ ဒါပေသိ ပိုရင် အမှိုက်ဖြစ်သယ် ဆိုသာ ငါနားလည်ပြီ” မအိမ်ကံ ရင်ထဲက ပြောဖြစ်သည့် စကားတွေပင်။ အစ်ကိုလေး ကိုစံကောင်းတို့ပဲ ထမနဲတွေ ထိုးကြခြင်း ဖြစ်၏။ ရွာက ရပ်က ကာလသား၊ ကာလသမီးတွေ တရုန်းရုန်း ရှိခဲ့သည်။ သည်လို ပွဲမျိုးမှာ ထမနဲ တိုက်ပန်းကန် တစ်ချပ်စာတော့ ဘယ်လောက် ဆင်းရဲဆင်းရဲ ရွာကျောင်းကို ရောက်အောင် ပို့လှူကြ သူတွေချည်း။ ညဘက် ထမနဲ ထိုးပွဲ အတွက် တတ်နိုင်သူက တတ်နိုင်သလို ကောက်ညှင်းဆန်၊ အုန်းသီး စသဖြင့် ပို့ကြတာ များလည်း ရှိပါ၏။ သူ့အိမ်၊ ငါ့အိမ်ပို့ကြ ကမ်းကြနှင့် မအိမ်ကံ တို့အိမ်ကို လာပို့ကြတာလည်း မနည်းပါ။ ကျေးဥက မြင်းခြံတောင် ပြေးပို့ လိုက်ချင်သေး ဟု ဆိုသည်။

305


ထမင်း စားသောက် ရေမိုးချိုး ပြီးတော့ ဖျင်ချောထည် ထူထူကလေး ၀တ်ပြီး ရွာစေတီဘက် မအိမ်ကံ ထွက်လာခဲ့ခြင်း ဖြစ်၏။ ခိုင်ကလေး တို့တစ်တွေ ကတော့ ခြံထဲက ပန်းတွေ ဆန်ခါခုံး တစ်လုံးနှင့် လည်ခူး နေကြသည်။ ဇလပ်ဖြူတွေက အူအူထအောင် ပွင့်နေကြလေ၏။ ညဘက် ဘုရားကုန်းသွား ပြီးပန်းတွေ သီကုံးကာ ပန်းကပ် လှူကြဖို့ ဖြစ်သည်။ မအိမ်ကံ ငယ်ငယ်ကလို သည်လို တပို့တွဲ ထမနဲပွဲ ရောက်တိုင်း ပန်းသီကုံးဖို့ စိတ်စော နေမိတာ အမှတ်ရ မိ၏။ မအိမ်ကံ၏ ငယ်ဘ၀တွေ ပျောက်ပျက် သွားခဲ့သော်လည်း ပန်းကုံးကြသည့် ဓလေ့ ကလေးက အခုတိုင် ထင်ကျန် ရစ်နေဆဲ။ ခိုင်ကလေးတို့ အလှည့် ရောက်ကြပြီ။ မအိမ်ကံ စေတီဘက် သွားချေဦးမယ်လို့ မပြောခဲ့ သော်လည်း ကျေးဥက သိထားသူ ဖြစ်သည်။ ခုတစ်လော မအိမ်ကံ သည်လို တစ်ယောက်တည်း တိတ်တိတ် ဆိတ်ဆိတ် နေချင်သည့် စိတ်ကလေး ၀င်နေခဲ့သည်။ အသက်အရွယ် ကလည်း လေးဆယ်ကျော်လို့ ငါးဆယ်တွင်း ခေါ်ကြသည့် အရွယ်။ သည် စေတီကလေး ဘေးမှာ ၀ါးကပ်မိုး အာရုံခံ တန်ဆောင်း ကလေး ရှိတော့ အေးအေး လူလူ ထိုင်နိုင်ပါ၏။ မအိမ်ကံနှင့် မနီးမဝေးမှာ နွားကျောင်းသား သုံးလေးယောက် ဖက်နှင့် ထုပ်ထားသော ထမနဲ တွေကို ပလုတ်ပလောင်း စားနေကြသည်။ စားပြီးတော့ နွားတွေ လွှတ်ကျောင်း ထားရာဘက်ကို ထွက်သွားကြသည်။ သူများ ပဲခင်းတွေ ထဲဝင်မှာ စိုးကြပုံပေါ်သည်။ ထုံးစေတီတော်မှ ဆည်းလည်းသံ ကလေးတွေ တောင် တောင်တင်တင်။ ပဲခင်းဆီကသီချင်းသံတစ်သံ လွင့်လာပါ၏။ ဇာတ်ထဲ ပွဲထဲမှာ ဆိုကြသည့် ငိုချင်း တစ်ပုဒ်ပင်။ “လွမ်းမကြုံ

ပန်းတစ်ငုံ

စံပယ်ဥကိုလ

မရှုချင်ဘူး။

မှာရက်ကယ်လွန်

ဝါချက်ကို

ဒီမယ်ရွံလို့၊

စံမလွန်ကြာညောင်

ရိပ်မှာလ(မောင်ကြီးရေ) လွမ်းစိတ်နှင့်ကူး...ဟူးဟူ...” ဇာတ်စင်ပေါ်က မင်းသမီးကလေး၏ ခံစားမှုကို ယောက်ျားသားကြီး တစ်ယောက်က လွမ်းလွမ်း ဆွေးဆွေး ဟစ်လိုက်ခြင်း ဖြစ်သည်။ မှာထားသည့် ရက်လွန်ပြီ ဖြစ်သော်လည်း မောင်မလာသည့် အကြောင်း၊ ၀ါချက်ကို သည်မယ်ရွံလို့ ဆင်ခြင်ဖို့ အကြောင်း၊ မယ့်မှာတော့ နန်းဆောင်ကြာညောင်ရိပ်က လွမ်းစိတ်နှင့် ကူးနေ ရကြောင်းကို လွမ်းသံ နှောနေခြင်းဖြစ်၏။ ၀ါချက်ကို သည်မယ်ရွံလို့တဲ့လား။ ကြွားဝါတာကို မယ်မကြိုက် ပါဘုရှင်၊ လာနိုင်မှလာနိုင်တယ် ပြောပါ။ အခုတော့ မှာတဲ့ရက် တောင်လွန်နေပြီပေါ့ဟာလို့ ရန်တွေ့သံပါပါ ငိုလိုက်ခြင်းဖြစ်ပါ ၏။ ကိုပြေသိမ်းကတော့ မှာရက်ကိုလွန်သည်လို့ မဆိုနိုင်။ ထွက်သွားတာတောင် မသိလိုက်ရမှတော့ မှာရက် ဆိုတာလည်း မရှိ။ သည်တော့လည်း ကြာညောင်ရိပ်က လွမ်းစိတ် ကလေး ကူးစရာပင် မရှိ။ အခုကော သည်စေတီ ကလေးဆီ ရောက်ရောက် လာတာ လွမ်းစိတ်နှင့် ကူးနေမိတာ များလား။ မအိမ်ကံ မဲ့ပြုံးတစ်ချက် ပြုံးလိုက်မိသည်။ ဘယ့်နှယ်ကြောင့် သည်လို တွေးမိရတာပါလိမ့်။ လူက မလွမ်း စိတ်ကများ လွမ်းမိရော့လား။ မြန်မာတွေ ဆိုတော့ သားသမီး မွေးရင်တောင် ပထမဆုံး မေးသည့် မေးခွန်းက ခြေစုံလက်စုံ ကလေးလားလို့ မေးတတ်ကြသည်။ သည်သား၊ သည်သမီး မိစုံဖစုံနှင့် အေးအတူပူ အမျှ ရိုးမြေကျ နေနိုင် ပါရစေလို့ ဆုတောင်း တတ်ကြသည်။ မိစုံဖစုံဆိုသည့် စကားကို အခုမှ လေးနက်မှန်း မအိမ်ကံ သိခဲ့ရသည်။ ဒါကြောင့်ပဲ “လင်စုံမယားဖက်”၊ “မိစုံဖစုံ”၊ “အသိုက် အမြုံမပျက်”ဆိုသည့် စကားတွေ ရှိလာရခြင်းပင်။ မအိမ်ကံ အဖို့တော့ သိုက်မြုံပျက်ရပြီ။ သိုက်မြုံ ပျက်ရပြီဆိုပြန်တော့ မိစုံဖစုံ မဟုတ်တော့ပြီ။ လင်စုံမယားဖက် မမည်တော့ပြီ။ သေကွဲ မဟုတ်သော်လည်း ရှင်ကွဲကပို၍ပင် ရင်နာစရာ ကောင်းပါ၏။ သေကွဲက ဖြေလို့ရသော်လည်း ရှင်ကွဲက ဖြေသာစရာ မရှိပြီ။ “သမီးနှစ်ယောက် အဖို့ရာ ဒါလည်း မိစုံဖစုံပါပဲလေ။ မိဝေးဖဝေးမှ မဟုတ်သာ။ မအေနဲ့ ရင်အုပ်မကွာ ရှိကြသဲ့ ဘ၀တွေပဲ။ ဖအေနဲ့ အနေဝေးရသယ် ဆိုပေသိ သူအသက်ရှင် နေသရွေ့ မိစုံဖစုံပဲပေါ့။ မိဘနှစ်ပါး ရှင်ကွဲ ကွဲနေကြရသာ ကတော့ ကိုယ့်ကုသိုလ်ပေါ့လေ” သည်လိုဖြေမိပြန်တော့လည်း မအိမ်ကံ နေသာသလို ရှိရပြန်သည်။ နေကလေး စောင်းကျသွားခဲ့ပြီ။ ငှက်တွေတောင်

306


အိပ်တန်း ပြန်ကြပြီ။ တစ်ခါတစ်ခါ ကောင်းကင်က အိပ်တန်းပြန် ငှက်အုပ်တွေလို မအိမ်ကံ ထိုင်လျက် ငေးနေတတ်ပါ၏။ အကြောင့်ကြမဲ့ကြသည့်

ငှက်တွေကို

မအိမ်ကံ

အားကျမိသည်။

အချိန်တန်

အိပ်တန်း

ပြန်ကြသည့်

ငှက်တွေကို

စိတ်ရောက်တိုင်း မအိမ်ကံ ကြည်နူးသည်။ သူတို့မှာတော့ သောက မရှိကြပါလား။ အချိန်တန်တော့ ငှက်တွေတောင် အိမ်ပြန်ကြသည်ပဲ။ ပွေခန်းငယ်လျှံ ရွှေနန်းစံ ကိုယ်တော်မြတ်မှာဖြင့် သည်းစပ် တွင်လောင်စံရှို့သည်သို့ ပူဖို့ပေပဲ။ ယှဉ်တုငယ်ပြိုင် တစ်နည်း စီဗျာပါလှိုင်လို့ မဟာမြိုင်ဟေ၀န် ကျေးတွင်ဖြင့် အမှုအို ကုသိုလ် မှေး သူတို့ကို ဆွေးဖို့ဖက်တွဲ...အဲ...ဟဲဟဲ...” ငိုချင်းသံက ဝေး၍ဝေး၍ ကျန်ခဲ့သည်။ ဘယ်သူကများ လွမ်းလွမ်းဆွေးဆွေး ဆိုနေတာပါလိမ့်။ သစ်ခင်းယာခင်းထဲမှာတော့ ကြည့်ဖူးသည့် ဇာတ်ထုပ်တွေထဲက နောက်ပိုင်း သီချင်းတွေ သည်လိုပဲ ဆိုနေကျဆိုတာ မအိမ်ကံ သိပါ၏။ သို့သော် သီချင်းတွေက မအိမ်ကံကိုများ စောင်းမြောင်းဆိုနေကြသလို ဖြစ်နေတာကိုတော့ မအိမ်ကံ အံ့သြရသည်။ တစ်နည်းစီဗျာပါ လှိုင်လို့ ဆိုတာကတော့ ဟုတ်မထင်ပေါင်။ ကိုပြေသိမ်းမှာ ဗျာပါ မရှိနိုင်သလို မအိမ်ကံမှာလည်း ဗျာပါမရှိ။ မအိမ်ကံ ကိုယ်တိုင်က သူ့ကိုယ်သူ ကုသိုလ်မှေးမှိန်သူရယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့။ “မအိမ်ကံကတော့ လင်သေ မုဆိုးမ မဟုတ်ရပေါင်ရှင်။ လင်ရှင် မုဆိုးမပါ။ ရှင်လျက်နဲ့ တစ်ခြမ်း သေနေရသဲ့ ဘ၀ပါ။ အမှုအိုကို ကုသိုလ်လည်း မှေးသယ် မထင်ပေါင်။ ဆွေးစရာ လွမ်းစရာကိုလည်း အဖက် မတွဲရပေါင်။ ရှင်အိမ်ကံတို့က တက်ကောင်းသရွေ့ လှေပြေးမယ့် မိန်းမ တော်ရေ့” ဘယ်သူဘယ်ဝါမှန်း မသိရသည့်သီချင်းရှင်ကို စိတ်နှင့် ရန်တွေ့ရင်း မန်ကျည်းစဉ် ရွာလမ်းအတိုင်း ပြန်လာခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် ဘုရားရိပ်၊ ဇရပ်ရိပ် ရောက်ရတော့လည်း အပူဗျာပါရ တဒင်္ဂသိမ်းနိုင်ခဲ့ပါ၏။ ညဘက် ထမနဲထိုးပွဲ အတွက် တစ်ပိုင်တစ်နိုင် လာရောက် လှူဒါန်းကြသူတို့ ဘုရား ကုန်းဆီ လာနေကြပြီ။ မအိမ်ကံကို တွေ့တော့ နှုတ်ဆက်ကြသည်။ သည်လူတွေလွန်သွားတော့ လင်လွမ်းလို့များ စေတီ ကလေးဘက် ညနေတိုင်းလာလေရော့သလား ထင်ကြမှာ လည်း စိုးခဲ့သည်။ ပြောချင်တာ ပြောကြပါစေလေ။ ဆင်တစ်စ မြင်းတစ်စ သည်လို ရှိတတ်ကြတာ ဓမ္မတာပဲ ဥစ္စာ။ မအိမ်ကံ အိမ်ဝင်းဝ ရောက်တော့ မှောင်လှပြီ။ သည်နှစ်ထဲမှာပဲ သမီးကြီးမအိမ်မြိုင် ဆယ့်ရှစ်နှစ်တင်း တင်းပြည့်သည်။ တပေါင်းလထဲမှာ သမီးကြီးမြိုင် ဇောင်ချမ်း ကုန်းကို ပြန်ရောက်လာခဲ့သည်။ သည်နှစ် မြိုင်က မြို့မှာ ကိုးတန်းစာမေးပွဲဖြေခဲ့ပြီ။ သမီးကြီးပြန်လာမည့် နေ့ကို မအိမ်ကံ အမျှော်ကြီး မျှော်ခဲ့ရသည်။ စာမေးပွဲမတိုင်ခင်ရက်တွေတုန်းက မြင်းခြံကို တစ်ခေါက်လားရောက်ခဲ့ပြီး နောက်ထပ် မရောက် ဖြစ်တော့။ စာမေးပွဲရက်ထဲတုန်းကလည်း မအိမ်ကံ စိတ်ရောက် သော်လည်း လူမရောက်နိုင်။ ကိုယ်သွားကာမှ သမီးကြီး စာဘက်လျော့မှာ စိုးတာလည်း ပါပါသည်။ သမီးကြီးစာတော် လေသလား၊ မတော်လေသလားဆိုတာကို မအိမ်ကံမသိ။ စာကြိုးစားတာတော့ မောင်သက်မင်းတို့ ပြောသလောက် သိခဲ့ ရသည်။ စာမေးပွဲပြီးမည့် ရက်မှာ မောင်သက်မင်းတို့ကို အလုပ် မပိုစေချင်သဖြင့် ကျေးဥနှင့် ဖိုးတုတ်တို့ကိုပဲ လှည်းနှင့် အကြို လွှတ်လိုက်ရသည်။ သမီးတို့ လှည်းပြန်ရောက်တော့ မိုးကြီးပင် ချုပ်လေပြီ။ မအိမ်ကံ ရွာလှည်းလမ်းဆီ မျှော်ရင်း အကြိုလှည်းကို ကြည့်ရတာ အမော။ အိမ်က လှည်းအီသံကို မအိမ်ကံ မှတ်မိသည်။ ကိုဖိုးငွေကပင် လှည်းမမြင်ရခင်က အိမ်က လှည်းသံ ဟ...ဟုဆိုသည်။ အိမ်ကြီး လေသာဆောင်က မျှော်ရတာအား မရနိုင်တော့ မအိမ်ကံ အောက်ထပ်ကို ဆင်းလာခဲ့ကာ ၀ိုင်းဝဆီ ပြေးသည်။ တံခါးကြီးကို လှပ်ကာ ရွာလမ်းအတိုင်း ဆံပင်ထုံးရင်းက ပြေးသည်။ အမေကြီးစောတို့အိမ်ကွေ့လောက်မှာရှိမည် မှန်းကာ နေလုံးပျောက်လုပျောက်ခင် အလင်းထဲ ပြေးထွက်လာခဲ့သည်။ ဟုတ်ပါ့တော်၊ အိမ်ကလှည်း။ သမီးကြီးမြိုင်က ၀ိုးဝိုးဝါးဝါး အလင်းထဲက မအေကို မြင်သွားတော့ “အမေ”လို့ လှမ်းအော်လိုက်သည်။ မအိမ်ကံ ရင်ထဲ လှိုက်ခနဲဖြစ်ရပါ၏။ လှည်းဆီကို အပြေးလာခဲ့သည်။ ဖိုးတုတ် က လှည်းကို စုတ်သပ်ရင်း ရပ်ပေးပါ၏။ အိမ်နှင့် မနီးမဝေး

307


လမ်းတစ်ကွေ့လောက်ခရီးကို စိတ်မရှည်နိုင်သည့် မအိမ်ကံကို ကြည့်ရင်း ကျေးဥက အကဲပိုရန်ကောဆိုသည့် သဘောဖြင့် ငေါက်လေ၏။ “မအိမ်ကံရယ်၊ ဖိနပ်ကောပါရဲ့လားအေ။ ညည်းဟာ တစ်ကွေ့ပဲ ကျန်တော့သဲ့ဟာကို” “မစောင့်နိုင်လို့ပေါ့အေရဲ့။ ငါဖြင့် ညနေစောင်းပါပြီဆို ကတည်းက မျှော်ရသာ။ ညည်းတို့များ ကြာလွန်းလိုက်သာ။ ဘာတွေများ လုပ်နေကြသာတုံး” “မြိုင်ကလေးပါအေ။ သူက ပစ္စည်းတွေ သိမ်းရသေးသာ ကိုး။ သူဆင်းလာမှ လှည်းကောက်ရသာ။ ထမင်းတောင် အလုအယက် စားရသာပါအေ။ ညည်းနှယ်” နေ၀င်ရိုးရီလှည်းလမ်းမှာ လှည်းရံတိုင်ကို ဆုပ်ကိုင်ရင်း စကားတွေပြောနေသည့် မအိမ်ကံနှင့် လှည်းပေါ်က ကျေးဥတို့ ကိုမြင်သူတွေက အံ့သြနေကြသည်။ မအိမ်ကံက လှည်းနောက် မြီးပေါ် စွေ့ခနဲ တင်ပါးလွှဲ တက်လိုက်တော့မှ ဖိုးတုတ်က ဇောင့်ခနဲ လှည်းထွက်လာခဲ့သည်။ မကြာခင် ၀ိုင်းဝကိုရောက်တော့ ပွင့်နေသည့်တံခါးကပဲ လှည်းဝင်လာခဲ့သည်။ ကိုဖိုးငွေနှင့် ဖိုးကူးက လှည်းပေါ်က ပစ္စည်းတွေ ချသည်။ ဖိုးတုတ်က နွားတွေဖြုတ်ပြီး နွားတင်းကုပ်ထဲ ဆွဲသွားသည်။ နွားတွေရေငတ် နေမှန်းသိလို့ဖြစ်၏။ သမီးငယ်ခိုင်က မအိမ်မြိုင်ကို ဆီးကြိုရင်း ညီအစ်မနှစ်ယောက် ဖက်ထားကြသည်။ သမီးနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ဖက်ထား ကြတာကိုမြင်ရတော့ မအိမ်ကံ ရင်ထဲ ဆို့ဆို့နင့်နင့်ကြီးခံစားရ ပါ၏။ သမီးတွေ အရွယ်ရောက်ကြပြီ။ တစ်ယောက်က ဆယ့် ရှစ်နှစ် အပျိုဖားဖား၊ တစ်ယောက်ကဆယ့်ငါးနှစ် အပျိုဖော် ၀င်စ။ ညီအစ်မနှစ်ယောက် ရုပ်ချင်းတစ်မျိုးစီဆိုပေသိ လှကြတာချင်းတော့ တူကြသည်။ ကြည်ကြည်စင်စင် သန့်ရည်ပြန့် ရည်ရှိကြသည့်အပြင် အပျိုရည်အပျိုသွေးကလေးတွေ စိုစို လူးလူး ရှိကြသဖြင့် ဖန်မီးအိမ်မီးရောင် အောက်မှာ ဘော်ကြယ် ပွင့်ကလေးတွေလို တဖျတ်ဖျတ် တောက်နေကြသည်။ မအိမ်ခိုင် ကလည်း သည်တစ်နှစ်ကျောင်းနားရင်း မအေ့ ရက်ကန်းရုံကို ၀ိုင်းကူ နေရတာဆိုတော့ ညီအစ်မချင်း မတွေ့ရတာကြာပြီ။ သမီးနှစ်ယောက် ချစ်ချစ်ခင်ခင် ရှိကြတာကိုကြည့်ရင်း မအိမ်ကံ အားတွေဖြစ်ရပြန်ပါ၏။ “မြိုင် ခဏနားပြီးရင် ရေချိုးမလား သမီး။ ထမင်း ဆာပြီလား” “ရေချိုးလိုက်ချင်သယ် အမေ၊ ညကျမှ စားတော့မယ်” “ကောင်းပါပြီတော်။ ခိုင် ကရော အမေတို့နဲ့ စားနှင့်မလား” “မမမြိုင်နဲ့မှပဲ စားတော့မယ် အမေ၊ သမီးလည်း မဆာလို့” ထိုညက မအိမ်ကံတို့ အိမ်ကြီးမှာ မီးရောင်တွေ ညီးညီး ထိန်ထိန် ရှိလှသည်။ သည်တစ်ခေါက် သမီးမြိုင်ပြန်လာတာ နွေကျောင်းပိတ်ရက်ဆိုတော့ အိမ်ကြီးမှာ ရက်ကြာကြာ နေရမည်။ ကျောင်းတွေ ဖွင့်လျှင်တော့ မြိုင်က မြင်းခြံကိုပြန်၊ ခိုင်က အစ်ကိုမောင်မြတ်သာတို့၊ မမစိမ်းမြတို့နှင့် ရန်ကုန်လိုက်။ နောက် တစ်နှစ် ကုန်လျှင်တော့ မြိုင်ပါ ရန်ကုန် တက္ကသိုလ်ကို

သွားရတော့မည်။

မအိမ်ကံကတော့

မန္တလေး

တက္ကသိုလ်မှာ

တက်စေ

ချင်သော်လည်း

အစ်ကို

မောင်မြတ်သာက ညီအစ်မ နှစ်ယောက်စလုံး သူ့ဆီပဲပို့ဖို့ စီမံ ပေးထားခဲ့သည်။ ညီအစ်မ အတူ နေရတာ ပေါ့တဲ့။ အစ်ကိုလည်း နောက်သုံးလေး နှစ်လောက်ဆိုလျှင် အလုပ်က အနားယူကာ ရွာမှာပဲ အပြီး နေတော့မှာဆိုတော့ သည်ကျမှ အစ်ကိုတို့ရော၊ သမီးတွေရော မအိမ်ကံ အနားမှာ လူစုံ တက်စုံ ခိုနားကြလိမ့်မည်ထင်၏။ ခွဲရလှ သုံးလေးနှစ်ပေါ့။ ကိုပြေသိမ်းကရောတဲ့။ ကိုပြေသိမ်းအကြောင်းရောက်တော့ မအိမ်ကံ ရင်မော သွားရပါ၏။ သမီးတွေကို တစ်ပြည်တစ်ရွာ ပို့ကာ မအိမ်ကံရင်ခွင်နှင့် ဝေးသော တစ်နေရာမှာ သွားထားရ တာကိုက ကိုပြေသိမ်းလို ပညာတတ်ကြီး ဖြစ်စေချင်လို့ဖြစ် သည်။ ဖအေပညာတတ်ကမွေးတော့ သမီးပညာတတ်တွေ ဖြစ်တာပေါ့ဆိုသည့် ဂုဏ်ကိုတော့ မအိမ်ကံ မက်စက်လှပါ၏။

308


ကိုယ်တိုင်က တောသူဆိုပေသိ လင်ပညာတတ်ကို ချစ်သည့် စိတ်ဖြင့်သာ ရင်စည်းခံ ခါးစည်းခံ ဘ၀ဖြင့် မအိမ်ကံ ရုန်းကန်နေ ခြင်းပဲ မဟုတ်လား။ ဒါတွေ တော်သိရဲ့လား ကိုပြေသိမ်းရေ့ လို့သာ ပြေးပြေး ရန်တွေ့လိုက်ချင်တော့၏။ ညဘက်မှာ

မြိုင့်ကိုလာနှုတ်ဆက်ကြသော

ဆွေဆွေမျိုးမျိုး

ရွာသူရွာသားတွေကြားမှာ

မှုံနံ့သာလည်းပါလေသည်။

မအိမ်ကံက သမီးနှစ်ယောက်နှင့် မှုံနံ့သာကို ယှဉ်ထိုးကြည့်ရင်း တခြားစီပါပဲလား ဆိုသည့် စိတ်ဖြင့် ကျေနပ်နေမိပါ၏။ မှုံနံ့သာနှင့် မြိုင်တို့က မိဘမျိုးရိုးချင်းလည်း တခြားစီ၊ ရုပ်ရည်ရူပကာ ချင်းလည်း တခြားစီ၊ ပညာတတ်ပုံချင်းကရော တခြားစီ။ မှုံနံ့သာသည် တောသွေး တောမွေးကလေးဖြင့် ရိုးရိုးယဉ်ယဉ် ဖြူစင်သော မိန်းမသူကလေး တစ်ယောက်မို့ သည်ကလေးမ ကလေး အပေါ်မှာ မအိမ်ကံ ဘာမှ မဥပဒ်မိရိုး အမှန်ပင်။ သို့သော် ကြီးတော်စံရွှေ၊ သာအောင်၊ ရွှေမှုံတို့နှင့် ပတ်သက်သော အကျိတ်အခဲကတော့ မအိမ်ကံရင်ထဲ ကျေပဲ မကျေနိုင်။ ချေသော်လည်း ကျေစရာ မရှိ။ ညဥ့်ကြီးနက်အောင် စကားတွေ ပြောကြရင်းက ကျေးဥက သားအမိတစ်တွေ အိပ်ကြဖို့ ၀င်သတိ ပေးရတော့၏။ ခိုင်နှင့် ကျေးဥတို့ အိပ်ရာ ၀င်ကြသည့်တိုင် မအိမ်ကံနှင့် မြိုင်တို့ သားအမိ စကားလက်စ မသတ်နိုင်ကြသေး။ မြိုင်က မြင်းခြံ အတွေ့အကြုံတွေ မေးသမျှ ဖြေနေခဲ့သည်။ သံစုံနာရီကြီးက ဒင်ခနဲနှစ်ချက် ထိုးမှ စကားဝိုင်းသိမ်းဖို့ ပြင်ရပါ၏။ “အဖေ့ဆီက လူတစ်ယောက် သမီးဆီ ရောက်လာသေး တယ် အမေ” “ဟဲ့ ဟုတ်ကဲ့လား။ ဘယ်သူတုံး။ သမီးနဲ့ ဘယ်မှာ တွေ့ ကြသာတုံး” မအိမ်မြိုင်က ထိုတစ်ရက်က အတွေ့အကြုံကို ပြောပြ သည်။ မအိမ်ကံ ရင်တွေ တလှပ်လှပ်ခုန်ရင်း နားထောင်နေခဲ့ သည်။ သည်စကား ဘာလို့များ စောစောစီးစီး မပြောပါလိမ့်။ လှည်းတစ်စီးက ကိုသက်မင်းတို့ အိမ်ရှေ့လာရပ်ပြီး လူတစ်ယောက် ဆင်းလာခဲ့သည်။ လှည်းက ဆက်ထွက်သွားတော့ ထိုလူက ကိုသက်မင်းတို့ အိမ်ဝင်းထဲ စွတ်ခနဲ ၀င်လာခဲ့၏။ ကိုသက်မင်းက ဘယ်သူနဲ့ တွေ့ချင်လို့လဲမေးတော့ ထိုလူက စကားကို နှစ်ကိုယ်ကြားလောက်ရုံသာ ပြောခဲ့သည်။ ကိုသက် မင်းက မအိမ်မြိုင်ကို ခေါ်ပေးကာ အိမ်အောက်က အေးခုတင် ကြီးပေါ်မှာ တွေ့ပေးသည်။ အနားမှာ ကိုသက်မင်းရှိသည် ဆို ၏။ ထိုလူက မအိမ်မြိုင်ကို စာတစ်စောင်ပေးသည်။ မအိမ်မြိုင်က စာဖတ်ရင်းငိုသည်။ “အဲသည်စာကော၊ မကြံကြီးမစည်ရာ သမီးရယ်၊ ညည်း အဖေများ ကလေးကိုဒုက္ခရောက်အောင်... အဲသည့်တစ်ခါ တည်းလာသာလား သမီး။ ဘာတွေ ရေးထားသာလဲ” “အဲသည်တစ်ခါတည်းပါ အမေရဲ့။ သမီးကိုစာကြိုးစား ဖို့၊ ဘွဲ့ရအောင် စာသင်ဖို့၊ ညီမလေးခိုင်ကိုလည်း သတိရကြောင်း ပါသယ်။ အဖေကတော့ ရိုးမဘက် ရောက်နေသတဲ့။ ဘယ်မှာလို့ မပါဘူး။ ကျန်းမာသယ်တဲ့။ သတိရလွန်းလို့ ရေးသာပါတဲ့” “အေးပါ၊ စာကောလို့၊ အမေ့ကိုပြစမ်း” “ဘထွေးသက်မင်းက မီးရှို့လိုက်ပြီ။ အဲသည် လူကြီးက ရှို့ခိုင်းလို့” ကိုသက်မင်းက ရိုးရိုးအအ။ အစိုးရလူတွေ ခြေချင်းလိမ် နေကြသည့် မြင်းခြံလိုမြို့မှာ အချိန်မရွေး ဒုက္ခရောက်သွားနိုင် သည်။ ကြားထဲက ကိုသက်မင်းတို့ပါ ဒုက္ခ ရောက်နိုင်သည်။ ကိုပြေသိမ်းနှင့် ပတ်သက်သည့် လူရင်းတွေကို စောင့်မကြည့်ဘူး မပြောနိုင်။ ဇောင်ချမ်းကုန်း၊ ထနောင်းတိုင်နှင့် မြင်းခြံမှာ သတင်းပေးတွေ ထားနိုင်သည်။ မသင်္ကာစရာ ရှိလျှင် ချက်ချင်း ဖမ်းဆီးနိုင်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်ကံက အရွဲ့တိုက်ပြီး စာမရေးဖို့၊ မဆက်သွယ်ဖို့ ပြောလိုက်တော့ သမီးကြီးဆီ လူကြုံ လွှတ်တာ ဖြစ်လိမ့်မည်။ သတိရလွန်းလို့ ရေးသာပါတဲ့ဆိုသည့် စကားကြောင့် မအိမ်ကံ နင့်ခနဲ ခံစားလိုက်ရသည်။ ဝေ့၀ဲလာ သည့်မျက်ရည်ပူတွေကို မျက်တောင်နှင့် ဆီးခံသော်လည်း မရတော့ပြီ။ လှိုက်တက်လာသည့် ခံစားမှုက ရှိုက်သံတစ်ချက် ထွက်စေခဲ့သည်။ သမီးက မအေကို ငေးကြည့်နေသည်။ အမေ ဘာဖြစ်လို့ ငိုတာပါလိမ့်။ အဖေ့ကို လွမ်းလို့လား။ ဒါမှမဟုတ် အမေ ဘာကို ကြောက်လန့်နေတာပါလိမ့်။

309


“အဲသာ ဘယ်တုန်းလောက်ကလဲ သမီး” “စာမေးပွဲ မဖြေခင်က အမေ၊ သမီး စာမေးပွဲဖြေမှာ သိသယ်နဲ့တူသယ်” “သြော် ကျောင်းဆရာပဲ သမီးရယ်၊ မသိရှိပါ့မလား။ အေး အေး အိပ်တော့၊ သမီး ပင်ပန်းလာသယ်။ ခိုင်နဲ့သမီးပဲ အိပ်လိုက်တော့နော်။ အမေ အပြင်မှာ အိပ်မယ်။ သွားသွား...အမေ မီးတွေ ငြှိမ်းခဲ့မယ်” သမီးမြိုင် ထသွားခဲ့သည့်တိုင် မအိမ်ကံ မီးတွေ မငြှိမ်းဖြစ် ခဲ့။ နေရာက မထဖြစ်ခဲ့။ မျက်ရည်များပင် မသိမ်းနိုင်ခဲ့။ သံစုံနာရီထိုးသံလေးချက်။ ဒင်...ဒင်...ဒင်...ဒင်။ မအိမ်ကံ မီးတွေငြှိမ်း၊ ပြတင်းတံခါးတွေပိတ်၊ သင်ဖြူး ဖျာကို လိပ်ပြီး အိပ်ရာဝင်မည်ပြင်တော့ မနက်ငါးနာရီ ထိုးပြီ။ ဖန်တွတ်နေသော မျက်လုံးများဖြင့် လှေကားဝက အိမ်တံခါးကို ဖွင့်သည်။ နှုတ်က တတွတ်တွတ် မေတ္တာပို့ရင်း ခြံဝိုင်းထဲ ဆင်းကာ ဖွေးနေအောင် ပွင့်နေသည့်ပန်းတွေကို ခူးသည်။ ခဏနေလျှင် ကျေးဥ နိုးတော့မည်။ ပန်းတွေမြင်လျှင် ဘုရား ကပ်လိမ့်မည်။ မအိမ်ကံက မျက်နှာကို အကြမ်းသစ်ပြီးမှ အိပ်ရာထဲ ၀င်ခဲ့သည်။ မျက်လုံးတွေ ညောင်းကြလှပြီ။ ခဏတော့ လှဲလိုက်ချင်သည်။ တကယ်တမ်း အိပ်လိုက်တော့လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့သည်။ သည်တစ်ခဏမှာပင် ထူးဆန်းသော အိပ်မက်ကို မက်ခဲ့ ခြင်းဖြစ်၏။ နံနက်ခင်း မိုးစင်စင်လင်းမှ မက်သည့် အိပ်မက်ပင်။ အလွန်

ညစ်ထေးလှသည့်

စုတ်ပေပေ

အ၀တ်အစားများနှင့်

မိန်းမတစ်ယောက်

အနောက်တန်း

ရွာတွေဘက်ကို

လျှောက်သွားနေသည်။ နေ့ခင်းမွန်းတည့်ချိန်ဆိုတော့ နေက အရိုးကွဲ လောက်အောင် ပူပြင်းလျက်ရှိ၏။ တဘက်မပါ၊ ခေါင်းဆောင်း မပါတာ ထားတော့။ ဖိနပ်ပင်မပါသော ခြေထောက်များဖြင့် ခြေပူပူ ရွာလမ်းတစ်လျှောက် တလှုပ်လှုပ် သွားနေခြင်းဖြစ်၏။ ညောင်ပင်ကြီး တစ်ပင်ကို အဝေးမှာ မြင်နေရသဖြင့် ထိုမိန်းမသည် ညောင်ပင်ရိပ်တွင် ခေတ္တ နေခိုရန် စိတ်ကူးမိသည်နှင့် ခပ်သုတ်သုတ် လျှောက်နေခဲ့သည်။ မျက်နှာပေါ်တွင် နေလောင် ကွက်များ၊ တင်းတိပ်များ ကွက်ချင်းထိုးလျက် ညိုမည်းနေ သည့်အပြင် သနပ်ခါးနှင့် ဖုန်တို့ ချွေးလူးကာ စီးကြောင်းများပင် ထနေပါ၏။ မိန်းမလည်း ညောင်ပင်ရိပ်ကို ၀င်မိသည်နှင့် ရေအိုးစင်မှ ရေကိုသောက်ဖို့ပြင်သည်။ ရေအိုးပေါ် ကန့်လန့်ဖြတ်တင်ထား သော အရိုးတပ်အုန်းမှုတ်ဖြင့် ရေအိုးထဲက ရေကို နှစ်ခပ်လိုက်ပြီး ရေ၀အောင် သောက်လိုက်၏။ ရေအိုးစင်မှာ ဒေါင်းရုပ်ကြီး အမောက်သဖွယ်တပ်ထားသည့် အုတ်ရေအိုးစင်ဖြစ်သည်။ ပဲ့သည့် နေရာကပဲ့၊ လပ်သည့်နေရာက လပ်နေသော်လည်း ရေအိုးစင်ကလေးက

သန့်သန့်ရှင်းရှင်းတော့

ရှိပါ၏။

ရေအိုးက

တစ်လုံးတည်း။

သဲအိုးဆိုတော့

ရေဓာတ်ကလေး

စိမ့်နေသဖြင့် စိုဖန့်လျက်ရှိသည်။ ရေအိုးနောက်တွင် ပြဒါးတွေ ပါးလျားလှပြီ ဖြစ်သော ကြည့်မှန်တစ်ချပ် အင်္ဂတေထဲ မြှုပ်ကာ တပ်ထားသည်။ ရေသောက်ပြီးသည်နှင့် ရေမှုတ်ကို အိုးဖုံးပေါ် တင်လိုက် သည်တွင် မှန်ပေါ်မှာ ထိုမိန်းမ၏ ရုပ်ဆင်းသဏ္ဌာန် ထင်ဟပ် လျက်ရှိ၏။ မှန်ထဲက မိန်းမသည် ရေအိုးစင်ဝတွင် ရပ်နေသည့် မိန်းမ၏ ပုံရိပ်ပင်ဖြစ်သော်လည်း တစ်ဦးကို တစ်ဦး အံ့သြဟန်နှင့် ကြည့်နေကြသည်။ ခရီးသည် မိန်းမလည်း ရေသောက်ပြီး ချက်ချင်းပြန်ထွက်ရန်ဖြစ်သော်လည်း မထွက်ဖြစ်ဘဲ မှန်ထဲက ပုံရိပ်ကိုသာ ငေးနေခဲ့သည်။ “ညည်း ဇောင်ချမ်းကုန်းက မအိမ်ကံ မှုတ်လား။ ငါလည်း မအိမ်ကံပါပဲအေ။ မှန်ထဲမှာ ပေါ်နေလို့ ညည်းရယ်လို့တော့ မထင်လိုက်လေနဲ့။ ငါက သတ်သတ် တစ်ယောက်အေ့။ ငါက ညည်းကို စောင့်နေသာရယ်။ ငါသည် မှန်ထဲမှာ နေရတာ ကြာပြီ။ မျှော်လိုက်ရသာအေ” မှန်ထဲက မိန်းမက ပြောနေခြင်းဖြစ်၏။ မှန်ထဲက မိန်းမ မျက်နှာက ကြောက်စရာ ကောင်းလှသည်။ မျက်နှာဖွေးဖွေး၊ မျက်ကွင်းညိုညို၊ မျက်နှာထားဆိုးဆိုးနှင့်။ လူတစ်ယောက်၏ မျက်နှာနှင့်ပင် မတူ။ ဒါပေမယ့် မအိမ်ကံမှ မအိမ်ကံပါပဲ။ မအိမ်ကံလည်း သည်တော့မှ လန့်ဖျပ်သွားကာ ရေအိုးစင် ကလေးကို ဝေ့၀ိုက်ကြည့်မိသည်။ ဒေါင်းရုပ်ကြီး အောက်နားမှာ ပန်းချီဆရာက သံချွန်နှင့် နှိုက်ရေးထားသော စာတန်းရှိသည်။

310


“ဦးသာထန်၊ ဒေါ်ပန်းရုံ မိသားစုကောင်းမှု” ဦးသာထန်၊ ဒေါ်ပန်းရုံ...။ မအိမ်ကံမှာ အံ့သြခြင်းကြီးစွာဖြင့် ရပ်မိနေဆဲဖြစ်သည်။ အဖေတို့၊ အမေတို့သည် ဘယ်တုန်းက ရေချမ်းစင် ဆောက်လှူခဲ့တာပါလိမ့်။ ဒါဘာရွာလဲ။ ဘယ်ရွာက ဘယ်ရွာကို ကူးတဲ့ လမ်းပါလိမ့်။ သည်ရေအိုးစင် မျိုး မအိမ်ကံတစ်ခါမှ မတွေ့ ဖူးခဲ့ပါလား။ “ညည်း မဟုတ်သာ မပြောနဲ့။ မအိမ်ကံ နှစ်ယောက် မရှိဘူး။ မအိမ်ကံ တစ်ယောက် တည်းရှိသယ်။ ဦးသာထန်၊ ဒေါ်ပန်းရုံဆိုသာ မအိမ်ကံ အဖေနဲ့ အမေ။ ညည်းက ဘယ်သူတုံး။ ဘာကိစ္စများနဲ့များ မအိမ်ကံကို စောင့်နေရတာပါလိမ့်။ ညည်းနဲ့ငါ တွေ့စရာ ဘာအကြောင်းမှလည်း မရှိဘူး။ ညည်းမျက်နှာလည်း မအိမ်ကံ မကြည့်ချင်ဘူး” “မကြည့်ချင်လို့

ရမလားအေ့။

ငါ့မျက်နှာကလည်း

ညည်းမျက်နှာပဲဟာ။

ငါ့ကို

မကြည့်ချင်ရင်

ညည်းမျက်နှာလည်း

ညည်းမကြည့်နဲ့တော့ပေါ့အေ့။ ညည်းနှယ်ဖြစ်ရလေ။ ငါက ညည်းကို ဒုတ်ဒုတ်ထိ စောင့်ရတာ ကြာကြာလှပေါ့။ တစ်နေ့ ညည်းလာကို လာရမယ်” “မလာဘူးအေ။ သွား...သွားစမ်း” မအိမ်ကံ ရေအိုးပေါ်က အုန်းမှုတ် ရေမှုတ်ရိုးကို ကျစ်ကျစ်ကြီး ဆုပ်ကိုင်လိုက်ပြီး အုန်းမှုတ်နှင့်မှန်ကို ခွမ်းခနဲ ရိုက်ချလိုက် သည်။ မှန်လည်းတစ်စစီ ကွဲကြေသွားခဲ့လေသည်။ မအိမ်ကံ ကရေအိုးကိုပါ ရိုက်ခွဲမည်ပြုပြီးမှ အဖေတို့၊ အမေတို့လှူထား သည့်ကုသိုလ်ကို သတိရ သွားခဲ့သည်။ ရေမှုတ်ကို အိုးပေါ် ပြန်တင်ခဲ့ကာ ညောင်ပင်ရိပ်က ထွက်ခဲ့သည်။ ပူပြင်းလှသော နေရောင်ကြောင့်

မအိမ်ကံ

ကျောပင်တွန့်သွားလေသလား

ထင်မှတ်ခဲ့သည်။

လမ်းက

ဝေးလှ၏။

မျက်စိတစ်ဆုံး

ဖြောင့်နေသဖြင့် လမ်းတစ်လျှောက်လုံးကို မြင်နေရသည်။ သစ်ပင်မရှိ၊ ဇရပ်မရှိ၊ နားနေစရာချုံရိပ်ပင်မရှိ။ လမ်းနှင့်ပူပြင်းသော နေရောင်သာရှိသည်။ မအိမ်ကံ ဆက်လျှောက်လာခဲ့၏။ ထိုစဉ်မှာပင်

မျက်နှာချင်းဆိုင်ဘက်မှ

မြင်းတစ်ကောင်

ဖုန်တထောင်းထောင်းထအောင်

စိုင်းလာတာ

မြင်ရလေပြီ။

ဘယ်နေရာကို မျှော်ကြည့်ကြည့် လူသူဆိုလို့တစ်ယောက်မျှပင် မမြင်ရသောနေပူကျစ်ကျစ်၊ ကုန်းခြောက်ခေါင်ခေါင်မှာ တစ်ယောက်တည်းသွားနေရသူ မအိမ်ကံ အဖို့ရာ မြင်း တစ်ကောင်၊ လူတစ်ယောက် လှမ်းမြင်လိုက်ရသည်ကို ၀မ်းသာ သွားခဲ့ရသည်။ ဖုန်တွေက တလိမ်းလိမ်း။ တစ်ခါတစ်ရံ ဖုန်တွေက အူအူကြီးထလျက်ရှိရာ မြင်းနှင့်လူက သူဖွခဲ့သော ဖုန်ထဲက ပြန်တိုးထွက်နေသည်နှင့်ပင် တူသည်။ နီးသည်ထက် နီးလာပြီ။ မြင်းက လမ်းအလယ် တည့်တည့်မှာ မိန်းမသား တစ်ယောက် ရပ်နေတာကို မမြင်လို့ပဲလား၊ မြင်လျက်နှင့် တိုး တိုက်သွားရန် ရည်ရွယ်သလားမသိရဘဲ မြင်းဇက်မသတ်ဘဲ အပြင်းနှင်လာခဲ့ ခြင်းဖြစ်သည်။ ၀ါးဆယ်ရိုက်၊ ၀ါးကိုးရိုက်၊ ၀ါးငါးရိုက်၊ ၀ါးနှစ်ရိုက်။ ဝေါခနဲ ဖြတ်သွားသြော မင်းနှင့်လူက မအိမ်ကံကို လှည့်၍မျှ မကြည့်။ သူ့ခရီးထက် ဘယ်အရာကိုမှအရေးတယူရှိချင်ပုံ မရ။ ရိပ်ခနဲ အဖြတ်တွင် မအိမ်ကံ ရှောင်နိုင်လို့သာ လွတ် လေ၏။ “ရက်စက်လိုက်သယ့် လူ့နှယ်နော်။ တစ်အိုးတစ်အောင့်များ ရပ်ပါဦးတော့” မအိမ်ကံက စိုင်းသွားသော မြင်းကို သမင်လည်ပြန်လှည့် ကြည့်တော့ မြင်းနောက်မြီးကို သီသီပင်မြင်ရတော့သည်။ ဖုန် တွေကြားက လွင့်လာသော အရာကိုမြင်လိုက်ရသဖြင့် မအိမ်ကံ နောက်ကြောင်းပြန်လှည့်ခဲ့သည်။ ထိုအရာကလေမှာ လွင့်နေ သဖြင့် မြေပေါ်ကို မကျဘဲ လေမိသော လေတံခွန်ကဲ့သို့ ကျ လိုက်၊ ထိုးတက်လိုက်ဖြစ်နေသည်။ ဖုန်နှင့် ကျောက်စရစ်မှုန့် များပါးသွားတော့မှ ထိုအရာသည် မြေပေါ်ကို တအိအိ ကျလာ ခဲ့သည်။ ပ၀ါ။ အဖြူပြောက်ကလေး ထိုးထားသော အနက်ခံပ၀ါ ပါးတစ်ထည်။ ယောက်ျားသားများ လည်ပင်းတွင် ပတ်သည့်

311


လည်ပတ်ပ၀ါစ။ ထောင့်မှာ စာတန်းကလေးတစ်တန်းပါ သည်။ ပိုးချည်နှင့် ရေးထားသည့် ပိုးချည်ထိုးစာ ဖြစ်၏။ “ချမ်းသာ” မအိမ်ကံက စာကိုဖတ်မိမှ ကိုပြေသိမ်းမှန်း သိတော့သည်။ အလို...။ မြင်းနှင့် ဖြတ်သွားသူက ကိုပြေသိမ်းပါလား။ “ကိုပြေသိမ်းရေ၊ ကိုပြေသိမ်းရေ” “ကိုပြေသိမ်းရေ” “မအိမ်ကံ၊ ဟဲ့ မအိမ်ကံ... ညည်းနှယ် နေကြီးပြူးပြူး ထွက်နေပြီအေရဲ့။ ဆွမ်းခံကိုယ်တော်တွေတောင် ပြန်ကြွကြပြီ။ ထ ထ၊ ရေချိုးလိုက်ဦး” မအိမ်ကံနားထဲမှာ ကြားနေရသည့်အသံက ကျေးဥ၏ အသံ။ မျက်လုံးတွေကို ဖွင့်မရချင်။ ရင်ထဲမှာ မောဟိုက်လွန်း လှပါ၏။ ၀မ်းနည်းလွန်းလှသဖြင့် လက်ထဲက ပ၀ါစကို ဆုပ်စမ်းကြည့်သည်။ မရှိ။ “ပ၀ါကော၊ ပ၀ါကော၊ ကိုပြေသိမ်းပ၀ါ” “ဘာပ၀ါလဲ မအိမ်ကံ။ ညည်းယောင်နေလို့ ငါနှိုးသာ၊ ထ ထ၊ ရေတစ်ပေါက် သောက်လိုက်ဦး။ ကြည့်စမ်းပါဦး။ ချွေးတွေများ ပြန်လို့အေ” ကျေးဥ အသံကြားရပြန်ပြီ။ သည်တော့မှ အသိကလေး ပြန်ကပ်လာကာ မျက်လုံးတွေ ဖွင့်ကြည့်လိုက်သည်။ ကျေးဥ က ခုတင်ဘေးတွင် ရပ်လျက်ရှိ၏။ မအိမ်ကံ ဘယ်လောက်တောင် လန့်အော်လိုက်သည်မသိ။ ကျေးဥပင်ကြားရသည်ဆိုတော့ အသံကျယ်လို့

ဖြစ်လိမ့်မည်။

ဟုတ်ပါရဲ့။

မိုးကြီးစင်စင်

လင်းကာမှမက်သည့်

အိပ်မက်က

ဝေေ၀၀ါးဝါး

မဟုတ်။

ရှင်းရှင်းလင်းလင်းကြီး ဖြစ်သည်။ မအိမ်ကံ ရင်ထဲမှာ မှန်ထဲက မိန်းမနှင့် အချီအချ ပြောသည့်စကားတွေ ကြားယောင်နေမိဆဲ ဖြစ်၏။ ရေအိုးထဲကရေ အေးမြမြပင် ခံစားနေရတုန်းဖြစ်၏။ ဖုန်ခိုးတွေကကော။ အိပ်မက်နှင့် ပတ်သက်၍ မလှအုံပြောခဲ့ဖူး သည့်စကားရှိသည်။ ညဦးတစ်နှစ်ဆောင်၊ သန်းခေါင်လခွဲ၊ သန်းလွဲခုနစ်ရက်၊ မိုးသောက်မက်တစ်လကြာ မှတ်ပါအိပ်မက် အကျိုးတည်းတဲ့။ “ငါတို့တော့ ညဘက် ဘုရားရှိခိုးရင် စည်ကြီးခွက်ခွင်း နရီပတ်သာ ခရာခေါင်းလောင်းသံကြား မက်ပါရစီ။ မြင်းမိုရ် တောင်ခေါင်းအုံးမက်ပါရစီ။ သမုဒ္ဒရာသင်ဖြူးခင်း မက်ပါရစီ။ ရေအိုးထဲ နေနဲ့လတွေ့သာ မက်ပါရစီ။ နေအိမ်ဖွဲ့လအိမ်ဖွဲ့ မက်ပါရစီ ဆုတောင်းသာ။ အသက်ကလေး ရလာတော့ တချို့ အိပ်မက်က စင်းသာ မှတ်မှတ်သားသားရှိသယ်။ သွေးလေ ချောက်ချားလို့ မက်သာလည်း ရှိသာပါပဲ။ ဒါပေသိ အိပ်မက် တိုင်းသာ နိမိတ်ဖြစ်ရရင် ခက်ခက်ရချေရဲ့” ကျေးဥဆင်းသွားတော့ အိပ်ရာက ချက်ချင်းမထသေးဘဲ မလှအုံ စကားတွေကို မအိမ်ကံ စဉ်းစားနေခဲ့မိသည်။ သမီး နှစ်ယောက်အသံ မကြားရ။ ညီအစ်မနှစ်ယောက်တွေ့ကြသခိုက် စကားတွေပြောလို့ ကုန်နိုင်ကြအံ့မထင်။ ညက သမီးမြိုင် ပြောခဲ့သည့် စကားကို သတိရမိပြန်သည်။ ကိုပြေသိမ်းဆီကို မအိမ်ကံ နာနာကြည်းကြည်း ရေးလိုက်သည့်စာ ရောက်သွားပုံ ပေါ်ပါ၏။ သည်တစ်ခါတော့ သမီးကြီးဆီပဲ ရေးပေးလိုက်ပုံ ရသည်။ ကိုပြေသိမ်း ဘယ်မှာလဲ။ သမီးပြောသလောက်တော့ ရိုးမတွေ ပေါ်မှာဟု ဆိုသည်။ ဘယ်ရိုးမတွေ ပေါ်မှာပါလိမ့်။ သူတို့ဘာတွေ လုပ်နေကြတာလဲ။ စာပဲ သင်ပေးနေရတာလား။ အစ်ကို မောင်မြတ်သာကတော့ အယူအဆ ပြဿနာတွေပေါ့ ငါ့နှမရာလို့ ပြောဖူးသည်။ ဘာအယူအဆတွေမို့ပါလိမ့်။ ကိုယ့် ကိုယ်ကို တောကြီးတောင်ကြီးတွေထဲ ရောက်အောင်၊ မိကွဲဖကွဲ လင်ကွဲမယားကွဲ ဖြစ်အောင် ဘယ်လို အယူအဆတွေကများ တွန်းပို့လိုက်ပါလိမ့်။ ကိုပြေသိမ်းကို မအိမ်ကံ မလွမ်းမဟုတ်၊ လွမ်းမိပါသည်။ သတိမရတာမဟုတ်။ နေ့စဉ်နှင့်အမျှ သတိရလှပါ၏။ ငယ်က

312


ပေါင်းသင်းသည့် ချစ်ရသူဆိုတော့လည်း ရင်နှင့်အမျှရှိရပါ၏။ သည်ထန်းစေ့မှုတ်မျိုးတော့ ဘယ်ထန်းပင်အောက်ကောက် ကောက် ရသားဆိုသည့် လင်မျိုးမဟုတ်။ ပညာရှိသူတော် ကောင်းဖြစ်သည်။ တိုင်းချစ်၊ ပြည်ချစ်စိတ်ရှိသည်။ အေးချမ်း နူးညံ့သည်။ သို့သော် တစ်ဖက်ကလည်း မအိမ်ကံ နားမလည် နိုင်တာတွေရှိနေပြန်သည်။ ငါးစိမ်းသည်အလေး ဘယ်လောက် မှန်တယ်ပြောပြော နှစ်ချင်ရွေးတော့ လျော့တာပဲဆိုသည့် စကားလို ကိုပြေသိမ်း ကိုယ်တိုင် နှစ်ချင်ရွေးလျော့တာကိုလည်း မအိမ်ကံ နားမလည်နိုင်။ သနပ်ခါးတောင်းတစ်တောင်း လှည်းပေါ်တင် ပေးခဲ့ရာက စခဲ့သည့်မေတ္တာ။ အခုတော့ သမီး တွေပဲ အပျိုစာရင်း ပေါက်ကြပြီ။ သည်တစ်သက်တော့ ကောက်ကာငင်ကာ ပျောက်စရာ မရှိတော့လို့ ထင်ခဲ့ရာက ပျောက်ခြင်းမလှ ပျောက်ရပြန်တော့ မအိမ်ကံမှာ မတွေးတတ် နိုင်အောင်ရှိရပါ၏။ ကျေးဥ ပြန်တက်လာပြန်သည်။ “ဟဲ့ ရေချိုးတော့လေ။ မယ်မင်းကြီးမ ထမင်း စားကြ ရအောင်” “သမီးတွေကော” “စားပြီးကြပေါ့။ ဖိုးကူးနဲ့ ရွာထဲ လျှောက်လည်နေကြ သယ်။ အမေကြီး ပုမုန့်ပေါင်းနဲ့ အကြော်သွားစားကြဦးမလို့သဲ့” မအိမ်ကံ ပြုံးသည်။ အမေကြီးပု မုန့်ပေါင်းနှင့် အကြော်က ဇောင်ချမ်းကုန်းမှာ နာမည်ရသည်။ ဆွေတကာ မျိုးတကာတို့ အိမ်လည်ရာပတ်ရာက ညနေစောင်းလျှင် မုန့်ပေါင်းနှင့် အကြော်ဆိုင် ၀င်ကာ စားကြဦးမတဲ့။ သွားကြပါစေလေ။ ကိုယ့်ရွာနှင့် ကိုယ်ဆိုတော့ စောင့်ရှောက်မည့် သူတွေများသည်။ သမီး နှစ်ယောက် ချောကြောင်းလှကြောင်း ရွာကို မောင်းခတ်ပြီးသား ဖြစ်တာပေါ့။ “မအိမ်ကံဖြင့် တစ်သက်လုံး ၀ိုင်းတိုက်ထဲက ခြေတစ်လှမ်း မထွက်ခဲ့ပေါင်အေ။ သူတို့ကျမှ ထွက်ကြသာ” “သြော် သူတို့ခေတ်က တစ်မျိုးကိုးအေ့။ တို့နဲ့ မတူတော့ဘူး။ မြိုင်ကလေးပဲ ကြည့်လေ။ ငူတူတူ မဟုတ်တော့ပေါင် အေ။ သွက်လိုက် ချက်လိုက်သာမှ မြို့စကားတွေ တတ်လာ ချက်တော့” မအိမ်ကံ ရေချိုး ထမင်းစားသည်။ ထမင်းစားပြီးတော့ မအိမ်ကံက သမီးကြီးမြိုင် ညက ပြောခဲ့သည့်စကားတွေကို ကျေးဥအား ပြန်ပြောပြခဲ့သည်။ ဖအေက လူကြုံလွှတ်ပြီး စာပေးလိုက်ကြောင်း၊ စာထဲမှာ ပါသည့် အကြောင်းအရာက အစ၊ မအိမ်ကံ စိုးရိမ်မိပုံ အဆုံး ပြောပြလိုက်ခြင်းဖြစ်သည်။ မအိမ်ကံ စိုးရိမ်တာ တစ်ချက်ပဲရှိသည်။ စာက တစ်ခါတည်း လာတာကော ဟုတ်ရဲ့လား။ သမီးကများ ထိမ်ချန်ထားတာ လား။ မောင်သက်မင်း သိတာ ရှိသလို မသိတာလည်း ရှိနိုင် သည်။ စွတ်ကယ်စွတ်ကယ် စာရေးပေးနိုင်တာမျိုး မဟုတ်ပေ သိ၊ အကြောင်းကြုံတိုင်း သမီးဆီကို စာရေးနေတာမျိုးကော မဖြစ်နိုင်ဘူးလား။ “ငါတော့ အဲသာစိတ်ပူသာ။ ဖအေက သမီးတွေကို သည်းသည်းနဲ့။ လူကြုံရှိတိုင်း စာရေးပေးနေမှာ စိုးသာ” “သမီးနဲ့ဖအေ၊ မာကြောင်းသာကြောင်း ရေးသာ အန္တရာယ် ရှိလို့လား” “တောတွင်းနဲ့ ဆက်သာ ဆိုတော့ အစိုးရက ဘယ်ကြည် သာပါ့မလဲ၊ ကျေးဥရယ်” “အိုအေ ငါဖြင့် ဘာမှ နားမလည်ပေါင်။ သမီးကို ချော့မေးပေါ့အေ။ အကျိုးအကြောင်းလည်း ကလေးကို ပြောပြမှ သိမှာပေါ့” မနက်ခင်းက

ချောက်ချောက်ချားချား

မက်ခဲ့သည့်ထူး

ဆန်းသောအိပ်မက်ကိုလည်း

ကျေးဥအား

ပြောပြဖြစ်သည်။

သည်ရက်တွေထဲမှာ မလှအုံကို အိပ်မက်မက်ခဲ့သည်။ မနက် ကလည်း မိုးကြီးပြဲပြဲစင်လင်းတော့မှ ကိုပြေသိမ်းကို အိပ်မက်

313


မက်ပြန်သည်။

တိုက်ဆိုင်တာတွေပါလို့

တွက်ချင်တွက်နိုင်

သော်လည်း

ထူးဆန်းတာကအိပ်မက်ထဲမှာ

မအိမ်ကံနှစ်

ယောက် ဖြစ်နေခြင်းပင်။ အပြင်မှာ ရပ်နေသည့် မအိမ်ကံနှင့် မှန်ပုံရိပ်ထဲက မအိမ်ကံ။ အပြင်နှင့်အတွင်းစကားတွေတောင် ပြောခဲ့ကြတာကိုလည်း နားမလည်နိုင်။ မအိမ်ကံ၏ အိပ်မက်ကို ကျေးဥက အကြားနှင့်ပင် ကြောက်လန့်နေပုံ ရ၏။ “နေပူကျက်ကျက်ကြီးထဲမှာ မအိမ်ကံ တစ်ယောက်တည်း လမ်းအတိုင်း လျှောက်သွား နေသာတဲ့။ လမ်းကလည်း ဖုန်လမ်းပါ။ သစ်ပင်သစ်ရိပ် မရှိဘူး။ အဝေးကြီးမှာ ညောင်ပင်ရိပ်တွေ့လို့ ၀မ်းသာအားရ ရောက်အောင် သွားခဲ့သယ်။ ရောက်လည်း ရောက်ပါရဲ့။ ရေအိုးစင်က ရေတစ်ပေါက်လည်းသောက်ရပါ ရဲ့။ ရေအိုးစင်က မှန်ကို ကြည့်တော့မှ” မအိမ်ကံက အိပ်မက်ကို အသေးစိတ် ပြောပြသည်။ မအိမ်ကံ နှစ်ယောက် အချီအချ စကားပြောကြပုံ၊ မအိမ်ကံ မျက်နှာတစ်ပြင်လုံး ရစရာ မရှိအောင် ပေရေ ညစ်ပတ်နေပုံ၊ မှန်ကို ရေမှုတ်ဖြင့် ရိုက်ခွဲခဲ့ပုံ၊ မြင်းတစ်စီး ရောက်လာပုံ၊ ပ၀ါ တစ်စလွင့်ကျလာပုံ။ “ကိုပြေသိမ်းက လှည့်တောင် မကြည့်ပါဘူးအေ။ မအိမ်ကံသာ မရှောင်ရင် မြင်းနဲ့တောင် တိုက်ချသွားမလား မှတ်ရသယ်။ ရက်စက်လိုက်ပုံများ ကျေးဥရယ်။ ကိုပြေသိမ်းနဲ့ ပတ်သက်ရင် ခင်ပုပ်ငှက် ပျံနိုင်သလောက်တော့ ဘုတ်ငှက်လည်း ပျံနိုင်သယ် သဘော ထားခဲ့သာပါ။ အခုတော့ လမ်းမှာ စင်စင်ကြီး ပက်ပင်းတိုးသာတောင် တစ်ချက် လှည့်မကြည့်သာတော့ ရင်ထဲ မကောင်းလိုက်သာအေ” “သြော် အိပ်မက်ပဲအေ။ အထအနကောက်ချင်လို့ ရပါ့ မလား မအိမ်ကံရဲ့။ လွင့်ကျလာသဲ့ ပ၀ါကြည့်ပြီး ကိုပြေသိမ်းပဲ ရယ်လို့ မှတ်ရသာကိုးအေ့။ ဟုတ်ချင်မှလည်း ဟုတ်မှာပေါ့။ ညည်းနှယ် မဟုတ်သာ ခံစား နေရသယ်လို့” “ဟုတ်လိုက်သာမှအေ။ လူနာမသည်း လက္ခဏာသည်း။ မအိမ်ကံက ပိုသိတော့မပေါ့။ ပ၀ါမှာတောင် ချမ်းသာလို့ထိုး ထားသကော။ သည့်ထက် သေချာရဦးမလား” “အဲသာ ပြောသာပေါ့။ ချမ်းသာဆိုမှတော့ ဆရာလေး ဟုတ်ပါတော့မလား” “ဆရာလေးနဲ့ ချမ်းသာ အတူတူပဲအေ့” ကျေးဥလည်း အူကြောင်ကြောင်ဖြစ်သွားရာက ငြိမ်ကျ သွားခဲ့သည်။ မအိမ်ကံကို သနားလှစွာ ငေးကြည့်နေခဲ့သည်။ ကျေးဥ ကိုယ်တိုင်က ဆင်းရဲသည် မှန်သော်လည်း ဘ၀တွင် အတက်အကျ မရှိ။ လေးမတတ်သူက နှံစုတ်ငှက်ကို ထိအောင် ပစ်နိုင်သကဲ့သို့ပင်။ မအိမ်ကံခမျာတော့ လေးအတတ်တွင် ကျွမ်းကျင်ပါလျက် စပါးပုတ် တစ်လုံးလုံး မြားချက် လွဲရသည့် အဖြစ်။ တစ်ခါတလေ ဘ၀ချင်းပင် လဲလို့ရလျှင် လဲလိုက်ချင် ပါ၏။ ကြုံသမျှ ကျသမျှ ဘ၀ လောကဓံကို သူသာခံလိုက်ချင် သည်။ မအိမ်ကံ စိတ်ဆင်းရဲနေတာကို သူပါစိတ်ဆင်းရဲသည်။ မအိမ်ကံကို စိတ်လက်ချမ်းသာ စေချင်လှပါ၏။ သည်အိမ်ကြီး မှာ ကျေးဥပင် တိုင်ပင်ဖော်၊ တိုင်ပင်ဖက်ဆိုတော့ မအိမ်ကံခမျာ ပြောစရာ ရှိတော့လည်း သူ့ကိုသာ ပြောရတာ မဟုတ်လား။ သူကိုယ်တိုင်ကလည်း ပြေရာ ပြေကြောင်းလောက်သာ ပြောနိုင် သည်။ အကျိုးနှင့် အကြောင်းနှင့် ပြောတတ်တာ မဟုတ်။ “ညည်း စိတ်စွဲနေလို့ပါ သူငယ်ချင်းရယ်။ မအိမ်မြိုင် ရောက်လာတော့ ညည်းရင်ထဲ အသစ်ဖြစ်ရလို့ပါ။ ငါကတော့ ညည်းကို မဥပဒ်စေချင်ပါဘူး။ တောခွေး ကျားမကြောက် နေခဲ့သဲ့ မိန်းမပဲဟာ” “မဥပဒ်ပေါင်အေ။ မအိမ်ကံနေတတ်လိုက်သာမှ တစ်ခုပဲ ပူသာပါ။ မြိုင့်အတွက် ဖအေနဲ့ မအေ မိစုံဖစုံ ရှိစေချင်သာပါ။ တစ်ချက်က ပေါင်းခဲ့သဲ့ လင်သားဆိုတော့လည်း မမေ့ပျောက် နိုင်ဘူး။ ပျောက်စေဆရာ အောက်ပြည် ပြန်သာအကြောင်း မဟုတ်ပေါင်အေ။ လူနာချည်မန်းကွင်း တန်းလန်းနဲ့ ဖြစ်နေလို့ ပြောရသာပါ” “ညည်းသမီးကို ကွမ်းတောင် ကိုင်စေချင်သာ မှုတ်လား။ ဆရာလေးက ဖွဟဲ့။ သေရွာသွားသာမှ မဟုတ်ဘဲ။ တစ်ရွာလုံး

314


ကျွက်ကျွက် ရိုက်လို့ပါအေ။ ညည်းသမီးမှ ကွမ်းတောင် မကိုင်ရ ဘယ်သူ ကိုင်ရမှာတဲ့တုံး။ တစ်ရွာလုံးက မအိမ်ကံ သမီးတွေ ဘုန်းနဲ့သမ္ဘာ ကပ်လျက်ပါသယ်လို့တောင် ပြောနေ ကြသဲ့ဟာ။ ပူစရာ မဟုတ်သာအေ” “ဟုတ်ကဲ့လား အေရယ်” “ရော် ညည်းနှယ်၊ ငါ့တူမတွေပါအေ။ မဟုတ်သာပြော ပါ့မလား။ မနေ့က ငါပဲ ခွဲသွားတော့ ပဲခွဲသဲ့အိမ်မှာ မိန်းမတွေ စုပြောနေကြသာ ကြားခဲ့ပ။ ရှင်အိမ်ကံသမီး ရှင်အိမ်ကံထက် ချောသေးသတဲ့။ ဆီများလက်ကြား ယိုသလို အလှတွေ တစ်ပေါက်ပေါက် ယိုကျနေသဲ့ကလေးတွေတဲ့။ တိမ်ညွန့်စားတွေ တဲ့တော်” ညနေစောင်းမှအိမ်လည်လွန် သမီးနှစ်ယောက် ဖိုးကူးနှင့် အတူ ပြန်ရောက်လာကြသည်။ ရွာထဲ အိမ်ပေါက်စေ့ ရောက်ခဲ့ ကြသတဲ့။ ရောက်သမျှ အိမ်တွေက ကျွေးကြ မွေးကြသတဲ့။ အမေကြီးပု မုန့်ပေါင်းဖိုမှာ အကြော်နဲ့ မုန့်စားခဲ့ကြသတဲ့။ ဖိုးကူးက မုန့်တွေ အိမ်ထုပ်ခဲ့ကြဖို့ ပြောသော်လည်း ဆိုင်မှာပဲ ဖုန်ထဲ ဖင်ချထိုင်ကာ စားကြသတဲ့။ ဒါကိုရွာက သဘောတွေ ကျကြ လွန်းလို့တဲ့။ ဖိုးကူးကတော့ ကြိုက်ပုံမရ။ မအိမ်ကံကို တိုင်နေသေးသည်။ “မမကံ သမီးတွေက ပြောမနိုင်၊ ဆိုမနိုင်လေးတွေပါဗျာ။ မေကြီးပုဆိုင်က ညစ်ပတ်လိုက်သာမှ၊ အဲသာ ပယ်ပယ်နယ်နယ် ထိုင်စားကြသာများ။ လူတွေ ထွက်ကြည့်ကြသာ အုန်းလို့” မအိမ်ကံနှင့်

ကျေးဥတို့ကတော့

တပြုံးပြုံး။

သည်လို

စိတ်ရှိတာကိုပဲ

ဝမ်းသာရပါ၏။

တောစိတ်

ရွာစိတ်ရှိကြလို့

တော်သေးရဲ့အောက်မေ့ရသည်။ “မေကြီးပုက ၀မ်းသာလို့ဗျ။ ညည်းအမေ ရှင်အိမ်ကံ လင်သာရကရော ငါ့ဆိုင်ရှေ့ မရောက်ဖူးပေါင်အေသဲ့။ ရှင်အိမ်ကံ့ သမီးတွေကျမှ ရောက်ကြလို့ ၀မ်းသာပါ့။ လှလိုက် ကြသာများ ဥစ္စာစောင့် ညီအစ်မျလို့တဲ့” ဖိုးကူးက ပြောနေသော်လည်း မအိမ်ကံ စိတ်က တခြား ရောက်နေခဲ့သည်။ သမီးတွေ ရွာကို လူလုံး ပြသလို ရှိခဲ့ကြပြီ။ ရွာကပဲ ချောင်းသွယ်ရေချ ကောင်းသတင်းတွေ ရေလို စီးဆင်း လာကြပါပကော။ ရွာမှာ ကြိတ်ကြိတ်ကြီး စည်ကားခဲ့သော အလှူတုန်းက ကွမ်းတောင်ကိုင် ညိုချောကို မဏ္ဍပ်အတွင်းထိ လိုက်ပို့ခဲ့တာ မအိမ်ကံ သတိရလိုက်သည်။ သည်တုန်းကကော ဘာထူးလို့လဲ။ “ကျေးဥရယ်၊ ညိုချောကို မဏ္ဍပ်အထိ လိုက်ပို့ရသာ အရသာ ရှိချက်တော့။ ညိုချောကို မအိမ်ကံ ပြင်ပေးသတဲ့ ဆိုသဲ့ နာမည်ကြီး ဟုန်းဟုန်းထခဲ့သာ ထားတော့။ ညိုချောကို လှအောင်ပြင်နိုင်ပါရဲ့။ ရွာမှာရှိဖူးသမျှ ကွမ်းတောင်ကိုင်တွေထဲမှာ အသာဆုံးဖြစ်အောင် ပြင်နိုင်ပါရဲ့ဆိုသဲ့စကားက ရွာတွေမှာ ပြောမဆုံးကြဘူး။ တစ်ခါ ကွမ်းတောင်ကိုင် မှိုင်ကရောဆိုသဲ့ စကားက တစ်ချီထ လှုပ်လိုက်သာ ရွာတုန်ကရော။ သည်ကြားထဲ မဏ္ဍပ်ထဲမှာ ရှိနေကြသဲ့ ရွှေမှုံတို့ သားအမိက တို့သားအမိကို မျက်လုံးဝင်းဝင်းကြီးတွေနဲ့ ပြူးကြည့်နေလိုက်ကြသာအေ။ ကျေးဥနှယ်၊ နဂါးသာဆို ပြာကျလောက်သယ်” ထိုနေ့က ရွှေမှုံတို့ သားအမိကြည့်နေကြသည့် မျက်လုံးစိမ်း ကြီးတွေကို သတိရတိုင်း မအိမ်ကံ ကျေနပ်ခဲ့ရပါ၏။ မလို တမာကြည့်ကြသည့်မျက်လုံးများ၊ အမုန်းအာဃာနှင့် ကြည့် ကြသည့်မျက်လုံးများ၊ ရန်လိုခြင်း၊ ငြူစူခြင်း၊ အမျက်ကြီးခြင်း တို့ဖြင့်

ရှိန်ရှိန်ထသေ

မျက်လုံးများ

ဆိုပေသိ

ထိုမျက်လုံး

များ၏

နောက်ကွယ်က

မတုပနိုင်ခြင်း၊

အရှုံးပေးခြင်း၊

လက်လှမ်းမမီခြင်း၊ ခေါင်းငုံ့ခံရခြင်း၊ ချိုးနှိမ်ခံရခြင်းစသော သိမ်ငယ်ခြင်း ပေါင်းစုံ ယှက်သန်း နေတာကို မအိမ်ကံ ဖျတ်ခနဲ မိလိုက်သည်။ တောဆင်ရိုင်းကို ကျုံးသွင်းသလို သွင်းနိုင်ခဲ့ လေခြင်း။ မြွေဆိုးကို ပခြုပ်ထဲ ထည့်သလို ထည့်နိုင်ခဲ့လေခြင်း။ ဒါကိုပင် မအိမ်ကံ ကျေနပ်ခဲ့ခြင်း ဖြစ်သည်။ ကျေးဥကတော့ အရိပ်နှင့်ပြိုင်ကာ တစ်ယောက်တည်း ကြက်ဖခွပ် နေပါပကောဆိုသည့် မျက်လုံးများဖြင့်သာ မအိမ်ကံ ကို ငေးကြည့်နေခဲ့သည်။ ညည်းတစ်ယောက်တည်း ပြိုင်ပြီး ညည်းတစ်ယောက်တည်း မောနေတာမျိုးပါလား ဆိုသည့်

315


မျက်ဝန်းများဖြင့် ကျေးဇူးရှင် သူငယ်ချင်းမအပေါ် ကရုဏာ သက်မိရုံက လွဲ၍ တခြား ဘာမှမပြောသာ။ အခုလည်း အမေ ကြီးပု ပြောလိုက်သည့် စကားအပေါ် ခမျာဝမ်းသာရှာတော့လည်း ပြီးတာပါပဲလေလို့သာ သဘောထားခဲ့ပါ၏။ ထိုညက မအိမ်ကံ မဆိုစဖူး သီချင်းကလေး တအေးအေး ညည်းနေခဲ့သေးသည်။ ပဲသိမ်းချိန် လှည်းမအားသည့်ကြားက သမီးမြိုင်ရောက် တုန်းရောက်သခိုက် အနောက်တန်းရွာတွေဘက် တစ်ညအိပ် ပြေးလိုက်သေးသည်။

မိဘများ

မရှိကာမှ

ဆွေမျိုးချင်းစိမ်းရက်

လေခြင်း

အထင်ခံရမှာ

စိုးတာလည်း

ပါပါသည်။

သမီးနှစ်ယောက် လှည်းပေါ်တင်ကာ ကျေးဥပါခေါ်၍ လာခဲ့ခြင်းဖြစ်၏။ အိမ်ကြီးမှာ ကိုဖိုးငွေတို့ သားအဖ မြေးအဘိုးတစ်တွေ ကျန်ရစ် ခဲ့ကြသည်။ ထုံးစံအတိုင်း လူပျိုသိုးကြီး ဖိုးကူးက လှည်းမောင်း။ မအိမ်ကံက ဖိုးကူးကို ထနောင်းတိုင်သူ ခင်သီနှင့် နေရာချထားပေးဖို့ တီးခေါက် ကြည့်ခဲ့ဖူးပါ၏။ ကောက်ညှင်း ကမစေး ဆန်ကြမ်းက စေးကာ ဖိုးကူး ငြင်းခဲ့လေသည်။ သူ့ အကြောင်းပြချက်ကတော့ ဇောင်ချမ်းကုန်းနှင့် မမကံတို့ မိသားစုကို မခွဲနိုင်ဟု ဆိုပါ၏။ ခင်သီကလည်း ဇောင်ချမ်းကုန်း မပါနိုင်လေတော့ အခက်သား။ “မမကံကလည်း မမကံတောင် ထနောင်းတိုင်သား ဆရာလေးကို ရွာပါအောင် ခေါ်လာနိုင်သေးသာ။ ကျုပ်ကျမှ ရွာက ပဲ့ရမယ်လို့ မဟုတ်လား” သည်လိုဆိုတော့လည်း ကိုပြေသိမ်းကို အောက်မေ့ရပြန် ပါ၏။ ခမျာ မအိမ်ကံကို ချစ်ရှာလွန်းလို့ ရွာကျောင်းဆရာ အဖြစ် ဇောင်ချမ်းကုန်းကို ပြောင်းရွေ့ လာခဲ့ရှာသာပဲ။ အခုတော့ ဘယ်လို ပယောဂများ မအိမ်ကံတို့ သားအမိတစ်တွေကို ပစ်ထားရက်ခဲ့တာပါလိမ့်။ တစ်နေ့တော့ သူပြန်လာမှာပါလေ။ မအိမ်ကံမှာ စိတ်ကို ဖြေရင်း တစ်ရက်ပြီးတစ်ရက်၊ တစ်လ ပြီးတစ်လ ကျော်လွှားခဲ့ရတာ နှစ်တောင် ကျူးပါပေါ့လား ကိုပြေသိမ်းရယ်။ မအိမ်ကံက အသည်းမာသူ ပီပီ သမီးနှစ်ယောက် ရှေ့မှာ ဖအေ အကြောင်းတစ်ခွန်း မဟနေခဲ့ရသည်။ သမီးတွေက လည်း အကင်းအညှာ ရှိကြသူ တွေမို့ မအေစိတ် ဆင်းရဲစေမည့် စကား မဆိုခဲ့ကြရှာပါ။ ညီအစ်မချင်းတော့ ဖအေ့ အကြောင်း ပြောဖြစ်ကြလိမ့်မည်။ ဖအေချစ်တွေကိုး။ အနောက်တန်း ရွာတွေ ရောက်တော့ ဆွေမျိုးတွေက သားအမိတစ်တွေကို ဖူးဖူး မှုတ်ထားကြသည်။ အိမ်ပေါက်စေ့ မျက်နှာပြရောက်ရတာကပင် ချွေးပေါက်ပေါက် ကျယူရပါ၏။ မြိုင်နှင့် ခိုင်တို့ညီအစ်မကို ငယ်ငယ်က မြင်ဖူးကြသူတို့ အံ့သြ ကြသည်။ အရွယ်ကြီး ဖားဖားရှိလာတာကတ စ်ကြောင်း၊ ရုပ်အဆင်း လှပတင့်တယ်တာက တစ်ကြောင်းဆိုတော့ ဆွေရွာ မျိုးရွာမှာလည်း မျက်နှာပြ လှကြလေ၏။ တိုက်တိုင်ဆိုင်ဆိုင်ပင် ထိုရွာမှာ အမေ ပန်းရုံဘက်က မိဆိုင်နတ်ကွန်း ရှိနေသဖြင့် မအိမ်ကံတို့ သားအမိတွေနှင့် ကျေးဥ တို့က ရွာခံ ဆွေမျိုးအချို့နှင့် အတူ နတ်ကွန်းကို သွားရောက် ပသ ခဲ့ကြသည်။ နတ်ကွန်းကို မအိမ်ကံတို့ တစ်ခါ ရောက်စဉ်က ခပ်ငယ်ငယ် ဆိုသော်လည်း သည်တစ်ခေါက် ရောက်တော့ ဆယ်ပေနှစ်ခန်း နတ်စင်ကြီးဖြစ်နေလေပြီ။ မိဆိုင်နတ်ဆိုတော့ မအိမ်ကံက နတ်ကတော်ကို ငွေတော်ဆက်သည်။ နတ်ကတော်က အမေပန်းရုံကို သိသော်လည်း သူကြီးကတော် ဖြစ်သွားကတည်းက ကောင်းကောင်း မဆုံဖြစ်ကြတော့ဟု ဆိုသည်။ “ပန်းရုံသမီးဆိုလို့ ဆုတွေပေးလိုက်ရမဦး” ဆိုကာ ဆုတွေ ပေးတာ မဆုံးနိုင်တော့။ နတ်ကတော်ကြီးက အသက်ကြီး လှရှာပြီ။ ပါးရေနားရေများပင် တွန့်နေပြီ။ အသံက အက်ကွဲကွဲ၊ ရှတတ။ ခေါင်းမှာ သပြေခက်ကလေး ထိုးထားပြီး နံ့သာဖြူ ရေကျဲကလေး ပွတ်ထားတာ သင်းလို့။ သွားတွေ မရှိတော့ စကားပြောတိုင်း ရှဲရှဲ ရှဲရှဲ မြည်နေတတ်သည်။ နတ်ပူးနေတာတော့ မဟုတ်။ တတွတ်တွတ် ပြောနေခြင်းသာ ဖြစ်သည်။ “အချောတွေပါလားဟဲ့။ ညည်းတို့ အမျိုးထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေ။ နတ်ဝင်သည် စကား လွဲခဲလှပေါ့။ ညည်းတို့ အိမ်မှာ ခွေးနက်၊ ဒါမှမဟုတ် ကြက်နက်၊ ဒါမှမဟုတ် ငှက်နက်၊ မဟုတ်ရင်လည်း ကြောင်နက် အင်းတစ်ကောင်ကောင် ရှိနေသယ်အေ့၊ ငါမြင်ရသယ် ရှိသလား ဟဲ့” “မရှိပါဘူး အမေကြီး”

316


“ရှိပါ့အေ။ ညည်းတို့ကို ကြည့်နေသာ၊ ညည်းတို့နောက်ကို တကောက်ကောက် လိုက်နေသာ။ အတိုက်အခိုက်များ သဟဲ့။ အိမ်မှာသည်က ပြန်ရင် ပွဲထိုးစမ်း၊ အိမ်တွင်း အဖေကြီးထိုး ဆုတောင်း၊ သွားသူကတော့ ပြန်မလာတော့ဘူး” မအိမ်ကံက နတ်ဝင်သည် အမေကြီး ပြောသမျှ ခေါင်းငုံ့ နားထောင်နေရသည်။ တချို့စကားတွေက တိမ်ဝင်သွားသဖြင့် မကြားတစ်ချက် ကြားတစ်ချက်။ “လုပ်စရာရှိသာ အမေကြီးသုန်ပဲ ကုန်စင်အောင် လုပ်ပေးပါ။ လူငယ်တွေပဲ ရှိကြတာပါ၊ လူကြီးတွေ မရှိကြတော့ ဘူး အမေကြီးရဲ့” ရွာခံကြီးတော် ၀မ်းကွဲက တောင်းပန်နေခြင်းဖြစ်သည်။ “ကောင်းပါပြီလေ၊ သည်နေ့သည် ရက်ကစလို့ မိဆိုင် ဖဆိုင်နတ်များက စောင့်ရှောက်ကြပါပြီ၊ လာမယ့်ဘေးဝေးပါ စီ၊ တိုက်မယ့် ခလုတ် မြုပ်ပါစီ၊ ကျမယ့် အန္တရာယ်ကွယ်ပါစီ” မအိမ်ကံတို့ပြန်တော့ သပြေတစ်ခက် ပေးလိုက်သည်။ မအိမ်ကံကို ပန်ခိုင်းသဖြင့် မအိမ်ကံလည်း ယုံယုံကြည်ကြည် ပန်ရပါ၏။ နတ်ကွန်းကထွက်တော့ ညနေစောင်းခဲ့ပြီ။ ထိုညက ရွာမှာ ဆီထမင်း ထိုးကြသည်။ စားတော်ပဲ၊ ကြက်သွန်ဆီ မွှေးအိအိနှင့် စားလို့ ကောင်းလှသည်။ သမီးတွေ အိပ်သော်လည်း မအိမ်ကံနှင့် ရွာဆွေ ရွာမျိုးတွေ မအိပ်နိုင်။ မအိမ်ကံက လာမည့်နှစ်မှာ သမီးတွေကို ရန်ကုန် ပို့မှာ ဖြစ်ကြောင်း၊ အစ်ကိုမောင်မြတ်သာနှင့် မမစိမ်းမြတို့က စောင့် ရှောက်ကြမှာ ဖြစ်ကြောင်း၊ သမီးတွေ ပညာစုံလို့ ရွာပြန်လာ ကြလျှင်တော့ မအိမ်ကံ အလုပ်တွေ နားကာ အေးအေးလူလူ နေတော့မှာ ဖြစ်ကြောင်း၊ ကျေးဥတို့ သားအမိ သားအဖတစ်တွေ အားကိုးရကြောင်းတွေ ပြောပြနေခဲ့သည်။ ကိုပြေသိမ်း အကြောင်းကိုတော့ ဆွေမျိုးတွေကလည်း မမေးဝံ့ကြသလို မအိမ်ကံကလည်း တစ်ခွန်း မဟခဲ့ပါ။ ဥာဥ့်နက်လို့ အိပ်ကြတော့ သမီးနှစ်ယောက်နှင့် အတူ မအိမ်ကံရော ကျေးဥပါ အပြင်တွင် ပြားအိပ်ကြသည်။ ဖိုးကူးက တစ်နေရာ။ တစ်ရွာလုံး အိပ်မောကျသည်အထိ မအိမ်ကံနိုး နေဆဲဖြစ်၏။ မအိမ်ကံက နတ်ကတော် အမေကြီးသုန်ကို သတိရ နေသည်။ သွားလေသူပြန်မလာတော့ဘူးဆိုတာ ဘာကို ပြောချင်တာပါလိမ့်။ ကိုပြေသိမ်းကို ပြောတာများလား။ အို မဟုတ်နိုင်ပါဘူး။ ကိုပြေသိမ်း တစ်ရက် ပြန်ကိုပြန်လာမှာ မအိမ်ကံ ယုံကြည်သည်။ ညည်းတို့ အမျိုးထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေတဲ့။ ဒါကတော့ သမီးကြီးမြိုင်ပဲ ဖြစ်ရလိမ့်မည်။ ညရိပ်မည်းမည်း သရက်ပင်အိုကြီးပေါ်မှာ ငှက်မည်းကြီး တစ်ကောင်

ရှိနေတာကိုတော့ မအိမ်ကံ

မမြင်ဘဲ

ရှိလေသည်။

ရွာကလေး၏ ညသည်

ဂီးခနဲ

အော်လိုက်သော

ငှက်တစ်ကောင်၏ အာခြစ်သံကြီး တစ်ချက် ပေါ်လာခဲ့ပြီး ပြန်လည်ငြိမ်သက် သွားပြန်လေ၏။ မအိမ်ကံပင် ကြက်သီးတွေ ထသွားခဲ့သည်။ နောက်တစ်နေ့ မနက်စာစားပြီး ဇောင်ချမ်းကုန်းကို အပြန် လှည်းပေါ်မှာ မအိမ်ကံက ထိုအကြောင်းကို သတိတရပြောပြ ဖြစ်ခဲ့သည်။ “ကျေးဥရယ် ညက ညည်းတို့လည်း အိပ်ကြပြီ၊ မအိမ်ကံဖြင့် အိပ်မပျော်နိုင်သေးဘူး၊ စိတ်တွေက ဟိုရောက်သည် ရောက်နဲ့။ ငှက်ကြီး တစ်ကောင်အေ သရက်ပင် ပေါ်ကနေ ဂီးခနဲ အော်လိုက်သာ လိပ်ပြာစင်ရော့ မှတ်သယ်။ မအိမ်ကံတို့ ၀ိုင်း တိုက်ထဲက ငှက်ကြီးနေမှာပဲ” ကျေးဥက ရယ်သည်။ သမီးတွေကလည်း မအေ့စကား ကို ပြုံးကြသည်။ ဘယ့်နှယ့် အနောက်တန်း ရွာတွေဘက် ဇောင်ချမ်းကုန်းက ငှက်က လိုက်လာပါ့မလဲ။ “တို့ဝိုင်းထဲ ငါလည်းနေလာသာ ကြာပါပြီအေရယ်၊ ငှက် ဆိုးမရှိဘူး။ ညဘက် ထွက်သဲ့ ငှက်တွေပါအေ၊ အသံဆိုးလို့ ငှက်ဆိုးဖြစ်ရရှာသာပါ။ ငှက်က ဆိုးသယ် ကောင်းသယ် မရှိလောက်ပါဘူးအေ” “ညည်းသာမတွေ့နေ ငါဖြင့် ငှက်ရှောင်နေရသာချည်းပဲ”

317


“ဘာငှက်တုံး” “သိပါ့မလားအေ့၊ ငှက်မည်းမည်းကြီးရယ်။ ကိုပြေသိမ်းတောင် တွေ့ဖူးသယ်” ကျေးဥလည်း နှုတ်ဆိတ် သွားခဲ့သည်။ သည်စဉ်မှာပင် သမီးငယ်ခိုင်က မထင်မှတ်သော စကားကို ဆိုပါ၏။ မအိမ်ကံ မကြားဖူးသည့် စကားပင်။ သမီး စကားကြောင့် မအိမ်ကံ သမီးကိုပင် လှည့်ကြည့်လိုက်မိသည်။ “သမီးတွေ့ဖူးသယ်အမေ၊ တစ်ရက် သမီးဝိုင်းထဲက ပဲစင်းငုံခင်းထဲ ကစားနေတုန်း ငှက်ကြီးက ဆပ်သွားဖူးရုံထဲက ထွက်လာသာ၊ ငှက်က အကြီးကြီး ကျေးကျေးရဲ့” မအိမ်ကံက နတ်ကတော် အမေကြီး ပြောခဲ့သည့် ငှက်နက် ဆိုတာ သည်ငှက်ကြီးကို ပြောတာများလား တွေးမိခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် သည်ခရီးကို မအိမ်ကံ ပျော်ပါသည်။ သမီး နှစ်ယောက်နှင့် နေရတုန်း နေရသခိုက် သည်လိုသာ သွားနေချင် တော့သည်။ သမီးတွေ အခြေတကျ လူတစ်လုံး သူတစ်လုံး ဖြစ်ကြပြီ ဆိုလျှင်တော့ မအိမ်ကံ လူမောစိတ်မောတွေ ဖြေချင် လှတာလည်း အမှန်ပင်ဖြစ်၏။ လှည်းပေါ်မှာ ငြိမ်သက်လျက်။ တအီအီနှင့်ပင် လှည်း သည်လည်း ဇောင်ချမ်းကုန်း ရွာရိပ်ကို ၀င်လေပြီ။ ဘာလိုလိုနှင့် ကျောင်းတွေပြန်ဖွင့်တော့မည်။ သမီးကြီး မြိုင်ရောက်လာကတည်းက အ၀တ်အစားဟောင်းတွေကိုထုတ် ပြီး လျှော်ဖွပ်၊ သံမီးပူတိုက် လုပ်ခဲ့သော်လည်း အ၀တ်အစား လတ်လတ်လောလောတွေက ကြိမ်သေတ္တာထဲမှာသည်အတိုင်း ရှိနေကြသည်။ သမီးအ၀တ်အစားတွေ ထုတ်ပြီး နေပြရန်ပြင် ရပြီ။ ကြိမ်သေတ္တာနှစ်လုံးစလုံး ပြောင်စင်အောင် သုတ်ပြီး နေပြသည်။ ကျောင်းစာအုပ်တွေက အိတ်ကြီးတစ်လုံး။ ကိုး တန်းစာအုပ်တွေ အကုန် ပြန်သယ်ခဲ့ခြင်းဖြစ်၏။ သမီးကြီးပင် ဆယ်တန်း ကျောင်းသူကြီးဖြစ်တော့မှာပါလား။ သည်နှစ်ဆယ် တန်းအောင်သည်နှင့် ရန်ကုန် တက္ကသိုလ် ပို့ရတော့မည်။ မြင်းခြံ မှာနေရမည့် တစ်နှစ်စာ အတွင်းတော့ ရွာနှင့် ကူးချည်သန်းချည် ရှိရဦးမည်။ ကွမ်းတောင်ကိုင်ရန် အလှူပွဲရှိလျှင် ရွာပြန်။ အလှူ ပြီးတော့ မြို့ပြန်။ မအိမ်ကံနားထဲမှာ

အလှူသံတွေကြားနေရသည်။

ဒိုးသံ

ရှိုးသံတွေညံညံစီစီ။

ရွာပေါင်းစုံကလူတွေ

တကျိတ်ကျိတ်။

အလှူထမင်း အလှူဟင်းနံ့တွေ တလှိုင်လှိုင်။ ဖက်စိမ်းကွမ်းတောင်မှာ ငှက်ပျောဖက်စိမ်းဖက်ဝါတွေ လက်ခုပ်လက်ယှက် ထိုးထားတာဆိုတော့ ဒေါင်းစိမ်းရောင်ချိတ်နှင့် ပိတောက်ရောင် ချိတ်နှစ်ထည် ၀ယ်ရမည်။ ကတ္တီပါပုံတော် ဖိနပ်စိမ်း၊ ဖိနပ်ဝါ ၀ယ်ရမည်။ ပြောင်ခေါင်းစိမ်း ဘယက်တစ်ကုံး၊ ပယင်း ဘယက်တစ်ကုံးနှင့် ဆိုလျှင် အ၀တ်အစားနှင့် လိုက်ဖက်မည်။ မအိမ်ကံ တွေးရင်းက စာအုပ်ထုပ်ကို သွန်ချလိုက်သည်။ ကတိုက်ကရိုက် သိမ်းလာရဟန် တူပါ၏။ စာအုပ်တွေ ထိုးသိပ် ထည့်လာခြင်း ဖြစ်သည်။ တူရာတူရာ ထပ်သည်။ အင်္ဂလိပ်စာ အုပ်တွေ သတ်သတ်စီသည်။ သည်အထဲက စာအုပ်သေးသေး ကလေး ထွက်ကျလာခဲ့၏။ စာအုပ်ကလေးက အနီရောင် ကလေးဖြစ်၍ အထဲမှာ ဓာတ်ပုံကလေးတွေ ကပ်ထားသည်။ ဓာတ်ပုံကလေးတွေက သေးသေးကလေးတွေ။ အချို့ဓာတ်ပုံ တွေက ကော်တောင်ကွာကျနေပြီ။ ဖျောခနဲထွက်ကျလာလို့ အသာပြန်ညှပ်ရပါ၏။ ဘာပုံတွေပါလိမ့်။ ဘယ်သူ့ ဓာတ်ပုံတွေ လိမ့်။ မိန်းကလေး ပုံတွေချည်း ဖြစ်သည်။ သမီးနှင့် ရွယ်တူ ကလေးတွေဆိုတော့ အတန်းဖော်တွေ ဖြစ်လိမ့်မည်။ မအိမ်ကံ စာအုပ်ကိုပြန်ဖွင့်သည်။ တစ်မျက်နှာချင်း လိုက်ဖတ်သည်။ မြိုင် တို့တစ်တွေ ကျောင်းတော်မှာ ဆုံရတဲ့အခိုက် ချစ်ခင် ကြသလို ကျောင်းက ထွက်ကြလို့ ဝေးရတော့လည်း မမေ့ကြေးနော်။ မမြသန်း အေးကျင်းရပ်။

318


မြိုင်ရေ မြိုင်က စာလည်းတော်တယ်၊ ရုပ်လည်းလှတယ်၊ ဆုတောင်း ကောင်းလိုက်တာ၊ ခင်မင်ရတာ ၀မ်းသာပါတယ် သူငယ်ချင်း။ ခင်မူထား ကွေ့ကြီးရပ်။ သူငယ်ချင်း မအိမ်မြိုင် ဘ၀ခရီးလမ်းမှာ သာယာဖြောင့်ဖြူးစွာ လျှောက်လှမ်းနိုင်ပါစေ။ စိန်စိန် ကန်ဦးရပ်။ မအိမ်ကံက တစ်ရွက်ချင်း ဖတ်ကြည့်ရင်း ပြုံးသည်။ သည်ခေတ်ကလေးတွေက သည်လို ရေးကြတာပါလားဆိုတာကို တွေးမိတော့ စိတ်ချမ်းသာရသည်။ သူငယ်ချင်းတွေ အချင်း ချင်းရေးကြတာ ဖြစ်မည်။ သမီးမှာ ခေတ်ပညာတတ်သူငယ် ချင်းမတွေ အများကြီးပါပဲလား။ ပထမဆုံးစာမျက်နှာမှာ သမီး ကြီးက“မအိမ်မြိုင်၏ အော်တိုစာအုပ်” လို့ ရေးထားသဖြင့် သည်စာအုပ်ကို အော်တို စာအုပ်ခေါ်မှန်း သိလိုက်ပြီ။ စာမျက်နှာ ထောင့်တွေမှာ ဓာတ်ပုံကလေးတွေ ပါသူက ပါပြီး မပါသူက မပါ။ မအိမ်ကံ မပျင်းမရိ ထိုင်ဖတ်နေမိပါ၏။ မြိုင်တို့ရွာ ဇောင်ချမ်းကုန်းကို တို့သူငယ်ချင်းတွေ အားလုံး အလည်လိုက်ခဲ့မယ်။ ဘာကျွေးမှာလဲ။ မြိုင်တို့မှာ ထန်းတော တွေရှိတယ်ဆို၊ ထန်းရည်နဲ့ ပဲလှော်ဆိုရင်တော်ပါပြီဟာ...။ မောင်မောင်ညွှန့်၊ သိန်းမင်း၊ သံဒိုင်၊ ပေါက်ကြီး၊ ဗျစ်ထူ။ ဒါကတော့ ယောက်ျားလေးသူငယ်ချင်းတွေ ဖြစ်လိမ့်မည်။ ကိုယ်တော်တွေ အလည်လိုက်ခဲ့မယ်ဆိုပြီး မလိုက်လာခဲ့ ကြပါလား။ လာရင်တော့ ကျွေးရချေသေး။ သမီးကိုမြို့ ကျောင်းထားရတာ သည်တစ်ခုတော့ ၀မ်းသာသည်။ သူငယ်ချင်းတွေ ရှိလာသလို လူရေးလူရာ ၀င်လာတာ အမှန်ပင်။ ငယ် ငယ်ကလို ငေးငေးငေါင်ငေါင်မဟုတ်တော့။ သွက်သွက်လက် လက်ရှိလာတာ မအိမ်ကံမြင်နေရပြီ။ ကျေးဥကတောင် “မြိုင် ကလေး သွက်လာသယ်နော်”လို့ ဆိုခဲ့သည်။ တစ်မျက်နှာလှန်လိုက်သည်။ မြိုင် ကျောင်းရက်ရှည်ပိတ်တော့ ရည်ရှည်ရှည်ဝေးရတာ ပေါ့။ ကျောင်းဖွင့်ရင် မြန်မြန်ပြန်လာခဲ့နော်။ လွမ်းရတယ်။ သက်ဦးဝေ ပြောင်းပြာရပ်။ အလို။ ဘယ်နှယ့်ပါလိမ့်။ သက်ဦးဝေဆိုတာ ယောက်ျား လေးလား၊ မိန်းကလေးလား။ မြန်မြန်ပြန်လာခဲ့နော်၊ လွမ်းရ တယ် ဆိုတာကကော ရိုးရိုးသားသား ဟုတ်ရဲ့လား။ သက်ဦးဝေ။ မအိမ်ကံ စာရွက်တွေကို ဆက်မလှန်နိုင်တော့။ သက်ဦးဝေဆိုမှတော့ မိန်းကလေးပဲ ထင်ပါရဲ့။ မိန်းကလေး သူငယ်ချင်းချင်း လွမ်းတာလည်း ဖြစ်နိုင်တာပဲ မဟုတ်လား။ သည်စာအုပ်တွေကို မအိမ်ကံ ရှင်းရခြင်းမှာ သပ်သပ် ရပ်ရပ် သိမ်းဆည်း ထုပ်ပိုးချင်တာ ပါသလို ကိုပြေသိမ်းနှင့် သမီးတို့ အဆက်အသွယ် ရှိကြရော့လား သိချင်တာလည်း ပါပါ၏။ သမီးက တစ်ခါတည်းပါ ဆိုသော်လည်း မအိမ်ကံ ရင်ထဲမှာ စနိုးစနောင့်ဖြစ်နေရသည်။ ဖအေက သမီးဆီကို အကြောင်း သင့်တိုင်း စာပို့နေကျ ဖြစ်နိုင်သလို ရသမျှ စာတွေကို သမီးက သိမ်းထားချင်လည်း သိမ်းထားနိုင်သည်။ မအေ မသိအောင် လျှို့ဝှက်ဆက်သွယ်နေတာမျိုးလည်းဖြစ်နိုင်သည်။ ဒါကို မအိမ်ကံ တွေးမိကတည်းက သမီး ပါလာသော အထုပ်တွေကို ရှင်းချင်နေခဲ့သည်။ အခုတော့ ဖအေ့ဆီက စာကိုမတွေ့။ အော်တို စာအုပ်ဆိုတာကိုသာ တွေ့ရသည်။

319


“ကျေးဥရယ် ဆန်ခိုးမမိ ဖွဲခိုးမိရယ်လို့ ပြောရအောင် ကလည်း ပြောမဖြစ်ပြန်ဘူး။ ကိုပြေသိမ်းကများ သူ့သမီးဆီ အဆက်အသွယ်လုပ်နေလေသလား တွေးမိလို့ မအိမ်ကံစိတ်ထဲ ရှင်းသွားအောင်ရှာသာပါ။ မတွေ့ပေါင်အေ။ ဖအေကတစ်ခါ တည်းဆက်သွယ်သယ်ဆိုသာ ဟုတ်လောက်ပါရဲ့။ ဒါပေသိ အော်တိုစာအုပ်ဆိုသာတွေ့တော့ မအိမ်ကံဖြင့် ခေါင်းကြီးသွား ရသယ်။ ညည်းတူမ ရည်းစားများရှိရော့လားအေ” ကျေးဥကို ကမန်းကတန်းခေါ်ကာ မအိမ်ကံခံစားရသမျှ ပြောပြခဲ့သည်။ ကျေးဥကလည်း မဖြေရှင်းတတ်ပါ။ အော်တို စာအုပ်ဆိုတာတောင် ဘာမှန်းမသိ။ ခေတ်ကာလ ကလေးတွေ ဆိုတော့ မဝေဖန် တတ်တာလည်း ပါပါ၏။ မြို့ကျောင်းနေသူ ရုပ်ရည်ချောမောသည့် မိန်းကလေးတစ်ယောက် အဖို့ရာ သည် အရွယ်သည် အသက်ချစ်သူ ရည်းစားထားချင်လည်း ထားနိုင်သည်။ သို့သော် ရည်းစားစာမိတာမျိုး မဟုတ်တော့လည်း ပြောရခက်သားပင်။ “ငါတော့ သက်ဦးဝေဆိုသာ မိန်းကလေး ထင်ပါရဲ့ အေ၊ မိန်းကလေး နာမည် ဘယ်ယောက်ျားက မှည့်မှာတုံး။ ကိုသက်မင်းတို့လည်း ရှိသားဥစ္စာ၊ မေးစမ်းများကြည့်ပါဦး အေ” မအိမ်ကံ ချက်ချင်း မမေးဖြစ်ပါ။ စကားကျွံမှာ စိုးသည်။ ဆင်အိပ်ရာ ဆိတ်နှိုးဖြစ်မှာလည်းစိုးရသည်။ မအိမ်မြိုင်ကို တစ်အိမ်လုံးက ကလေးလိုမြင်ကြသော်လည်း ဆယ့်ရှစ်နှစ်ရှိပြီ။ မအိမ်ကံတုန်းက အသက် နှစ်ဆယ်ကျော်ကျော်မှာ အိမ်ထောင် ကျခဲ့တာ မဟုတ်လား။ သမီးကြီး အဖို့ရာ ဆယ့်ရှစ်နှစ်ဆိုတာ ပန်းတစ်ပွင့်နှင့် နှိုင်းလျှင် အပွင့်လှသည့်အရွယ်ပင်။ မိနီးဖနီး မဟုတ်တော့လည်း စိတ်ကစားချင်တာလည်း ဖြစ်နိုင်သည်။ မျက်စိအောက် ရောက်နေသည့် သမီးကို ကြည့်ပြန်တော့လည်း မှုန်မှုန်ဆန်ဆန် မရှိ။ ပကတိရိုးသားဖြူစင်စွာ နေသည်။ ထိုင်သည်။ ပြောသည်။ ဆိုသည်။ ကလေးဆန်လို့ပင် အချစ်ပိုရ သေးသည်။ ဝေခွဲရခက်လှသည်။ တစ်ရက်တော့ မြိုင် ရေချိုးခါနီး မအိမ်ကံက ကောက်ကာငင်ကာ မေးလိုက်သည်။ “သမီး အထုပ်အပိုးတွေ အမေ ရှင်းလိုက်သယ်။ သမီးလည်း မြင်းခြံပြန်ဖို့ရက် နီးလာလို့ ရှင်းလိုက်သာ။ သမီးအော်တို စာအုပ်ဆိုသာ တွေ့လို့ အမေ ဖတ်ကြည့်သေးသယ်၊ သူငယ်ချင်း တွေက ချစ်ကြရှာသားပဲ၊ တစ်ယောက်ကဆိုရင် ကျောင်းတွေ ပိတ်ရင် လွမ်းရမှာဆိုလား” “သူငယ်ချင်းတွေပါ အမေရယ်၊ အမေ ဘာတွေ လျှောက် ဖတ်တာလဲ၊ မဖတ်ရဘူး အမေရဲ့။ သူတစ်ပါး ကိစ္စဆိုရင် ခွင့်မပြုရင် ကိုင်မကြည့်ရဘူး၊ မမေးရဘူး” “အလိုတော် ငါမအေပါဟဲ့၊ သမီး ကိစ္စဆိုသာ သူတစ်ပါး ကိစ္စလား။ မအေက သမီးကိုခွင့်တောင်းရမှာလား။ မိဘဆိုသာ မိုးဝေးပေမယ့် ထီးမဝေးရဘူးအေရဲ့။ ညည်းတို့ ပညာတတ်ကာ မှ ပညာသင်ပေးသဲ့မိဘကို ပညာနည်းရန်ကောလို့ ပြောချင်ပြီ လား၊ ညည်းလည်း ညည်းအဖေလို” “ဟဲ့ ဟဲ့ မအိမ်ကံ၊ ညည်းကလည်းအေ၊ သွား သွား မြိုင်၊ ရေမိုးချိုးချေ” ကျေးဥ တက်လာပြီး မအိမ်မြိုင်ကို ရေချိုး ဆင်းခိုင်းလို့သာ စကားပြတ်ခဲ့ရသည်။ နောက်ထပ် ဘယ်လောက်တောင် စကား လုံးတွေ တောက်လောင်ခဲ့လေမလဲဆိုတာ မအိမ်ကံ မသိနိုင်။ မအိမ်ကံ အိမ်ပေါ်က ဆင်းလာခဲ့သည်။ ပဲမှော်စင်လေးက ထန်း ကုလားထိုင် နှစ်လုံးထဲက တစ်လုံးမှာ သွားထိုင်သည်။ မိုးချုပ်ရာက မှောင်၊ မှောင်ရာမှ သန်းခေါင်ချဉ်းခါနီးအထိ ထိုင်နေခဲ့ခြင်းဖြစ်၏။ ညသည် တိတ်ဆိတ်လျက်ရှိ၏။ လကွေးကွေးကလေး သာရှိသဖြင့် မှောင်လွန်းသည်လို့ မဆိုနိုင်သော်လည်း အလင်း မရှိတော့။ ကျေးဥသည်လည်းကောင်း၊ မအိမ်မြိုင်သည်လည်း ကောင်း ငြိမ်ချက်သား ကောင်းနေကြသလို မအိမ်ကံကလည်း တစ်ယောက်တည်း ထိုင်နေခဲ့ခြင်းဖြစ်၏။ သည်အသက်၊ သည်အရွယ်အထိ သမီးကိုစိတ်အနာတရ၊ ကိုယ်အနာတရ မဖြစ်စေခဲ့။ မအိမ်ကံ သမီးကိုမြို့ကျောင်းပို့ထားကာမှ ရည်းစား နှင့် ရှုပ်နေသတဲ့ဆိုသည့်စကား ရွာကိုအပါမခံနိုင်။ ရိုးပုံရိုးပါးနဲ့

320


ဗျိုင်းမမှန်လို့ ခြေမ စိမ်းတာပေါ့ဆိုသည့် စကား အရောက်မခံ နိုင်။ သည်သမီးနှစ်ယောက်ကို မအိမ်ကံမှာ ပိုးမွေးသလိုမွေးခဲ့ ရသည်။ ချည်ဝင်အူပေါက် အစမပျောက်အောင် ထိန်းခဲ့ရသည်။ “အမေ” ထန်းကုလားထိုင်တစ်လုံးပေါ်မှာ မအိမ်မြိုင် လာထိုင်တော့ မှ မအိမ်ကံ အတွေးပြတ်တော့သည်။ ကျေးဥက မတ်တတ်။ ခိုင်ကလေးက နောက်က။ ကျေးဥက အနားကတုံးတစ်တုံး ဆွဲထိုင်သည်။ “ကလေးကို စွပ်စွပ်စွဲစွဲ ပြောတော့ စိတ်မကောင်းဖြစ်နေရှာ သယ်။ တစ်ညနေလုံး ငိုနေလို့ ငါလည်း တတ်နိုင်သမျှ ဖျောင်းဖျနေသာပါအေ” မအိမ်ကံက သမီးကြီး လက်ကလေးကို လှမ်းကိုင်လိုက် သည်။ သွန်ကျလာသော မျက်ရည်တွေက မအိမ်မြိုင့် လက်ဖမိုး အစုံပေါ် တပေါက်ပေါက်ကျလျက်ရှိ၏။ မအိမ်မြိုင်က ထိုင်နေသည့် ကုလားထိုင်မှထကာ မအေ့ခြေထောက်နား ဒူးထောက် ချလိုက်သည်။ သားအမိနှစ်ယောက် ဖက်ထားကြတာကို ကြည့်ရင်း ကျေးဥ မျက်ရည်ကျရပါ၏။ ခိုင်ကလေးလည်း ငိုလို့။ စိတ်ကြီးသော သူတို့ အမေအကြောင်း သူတို့ အသိဆုံး မဟုတ်လား။ မအိမ်ကံက မြိုင့်ပါးကလေးတွေကို ဖျစ်သည်။ ဆံစတွေကို ပွတ်သပ်ပေးသည်။ “သမီး စိတ်မကောင်းဖြစ်သွားသလား။ အမေက မစွပ် စွဲပါဘူး သမီးရယ်။ အမေလည်း မှားပါသယ်လေ။ အမေ စိတ်ပူသွားသာလည်း ပါမှာပေါ့။ သမီးပညာသင်ဖို့ နှစ်ကာလတွေ အများကြီး ကျန်သေးတယ်။ ညည်းဖအေ မရှိပေမယ့် သူဖြစ်စေချင်သာ အမေဖြစ်အောင် လုပ်ပါ့မယ်လို့ ကတိပေး ထားသယ်။ အမေနဲ့သမီးတို့ နောက်ထပ် နေရလှ ရက်ပိုင်းပေါ့။ ပြီးရင် သမီးကလည်း မြင်းခြံသွားမယ်။ ညီမလေးကလည်း ရန်ကုန်သွားမယ် မဟုတ်လား။ သမီးတို့ ပညာရေးအတွက် ရန်ကုန်က ဘကြီးမြတ်သာဆီမှာ နောက်ထပ် လေးငါးနှစ် သွားနေကြရဦးမယ်။ အမေ့အတွက် ရက်မရှိပါဘူး သမီးရယ်။ အမေဟာ သစ်ကိုင်း နှစ်ကိုင်းနဲ့ သစ်ပင် လုပ်နေရသူပါ။ ဓမ္မ သတ် မသင်ခဲ့ရပေမယ့် တရား မစောင်းခဲ့သူပါ သမီးရယ်” “အမေရယ်၊ အမေနားမလည်လေခြင်းလို့ သမီး ပြောချင်သာ မဟုတ်ရပါဘူး။ အမေ သမီးကို မယုံသင်္ကာ ဖြစ်နေသာကို သမီး ပြောတတ် သလို ပြောမိသာပါ။ သမီးကို အမေ ယုံပါနော်။ သမီးမှာ...” “ယုံပါတယ် သမီးရယ်။ အမေ့ကို စိတ်ဆိုး နေရင်လည်း ပြေပါတော့။ အမေ့မှာ ဆေးလည်းမူး ထုံးလည်းပေါက် အဖြစ် မျိုးဖြစ်ရမှာ ကြောက်လွန်း လှသယ်ကွယ်။ ကျေးဥရေ သမီးကို ခေါ်သွားတော့။ အေးလာပြီ” “ညည်းလည်း ထတော့လေ မအိမ်ကံရဲ့” “အေးပါအေ။ ခဏကလေး ထိုင်ချင်သေးလို့ပါ။ လာပါ့ မယ်” ကျေးဥနှင့် သမီးတွေ ထသွားကြသည်။ မအိမ်ကံ မထနိုင်သေး။ ညသည်ပြန်လည် တိတ်ဆိတ် သွားပြန်လေ၏။ လကွေးကွေးကို မအိမ်ကံ မော့ကြည့် နေမိခဲ့သည်။ ထိုစဉ်မှာပင် ထူးဆန်းသော အဖြစ်ကို ရုတ်ခနဲ မြင်လိုက်ရသဖြင့် မအိမ်ကံမှာ အံ့သြ ထိတ်လန့်စွာ ပါးစပ် အဟောင်းသား ပွင့်သွားရလေ၏။ မြင်ရသည် ကပင် ဆန်းကြယ်လှပါ၏။ တစ်သက်နှင့် တစ်ကိုယ် မကြုံဖူးခဲ့သော အရာတို့သည် မျက်စိ ရှေ့မှောက်တွင် မျက်လှည့် ဆရာ၏ မှော်သေတ္တာ ထဲက အထူးအဆန်းတွေ ထုတ်ပြသလို ကိုယ်ထင်ပြနေ ကြခြင်းဖြစ်၏။ ညသည် တိတ်ဆိတ် ပူလောင် နေရာက ညဦး အလွန်တွင် စိမ့်စိမ့်ကလေး အေးလာခဲ့သည်။ ညဥ့်နက်လာလေ

321


အေးစက်ခြင်းသည်

ပိုမိုသိသာ

လာခဲ့လေပြီ။

ထိုအေးစက်ခြင်း

ကပင်

ညကို

လှုပ်ခါ

ပစ်လိုက်သ

ကဲ့သို့ရှိရာက

တိတ်ဆိတ်ခြင်းသည်လည်း သုသာန် တစပြင် ကဲ့သို့ရှိလာခဲ့၏။ ရွာတွေမှာ ကြားနေကျ ခွေးဟောင်သံ၊ လူသံ သူသံတွေပင် မရှိကြတော့။ မအိမ်ကံ ဘယ်လောက်ကြာကြာ ထိုင်နေမိခဲ့ သလဲ။ မအိမ်ကံ ကိုယ်တိုင်ပင် သတိ မထားမိတော့။ ပဲမှော်တိုက်နှင့် အိမ်မကြီးကြားက

ထန်းကုလားထိုင်

နှစ်လုံးမှာ

စိတ်လိုလက်ရ

ထိုင်ခဲ့တာမျိုး

အလွန်နည်းခဲ့သည်။

ဖျိုးဖျိုးဖျပ်ဖျပ်

ထိုင်မိတာက လွဲလို့ သည်လောက် ကြာကြာ မထိုင်ဖူးခဲ့ပါ။ အခုတော့ သမီး မအိမ်မြိုင် အော်တိုထဲက တွေ့လိုက်ရသော စာတစ်ကြောင်းကြောင့် မအိမ်ကံ မျှော်လင့်ချက်တွေ ပြိုကျသွားသလို ခံစား ခဲ့ရသည်။ သမီးကတော့ သူငယ်ချင်းပါ အမေရဲ့ဟု ဆိုပါ၏။ သက်ဦးဝေ ဆိုတာ ယောက်ျားကလေး ဖြစ်နေရင်ကော။ ယောက်ျားကလေး သူငယ်ချင်းက လွမ်းလှပါပြီ ဆိုတာကကော ခေတ်ကာလ အသုံးအနှုန်းများ ပေလား။ လွမ်းတယ် ဆိုမှတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ် တွယ်ကြလို့ပေါ့။ မအိမ်ကံ ဘ၀မှာ ကိုပြေသိမ်းကို လွမ်းခဲ့၊ တမ်းတ ခဲ့ဖူးသည်။ ချစ်သူဆိုတော့ လွမ်းရတာ အဓိပ္ပာယ်လည်း ရှိသည်။ ချစ်သူ မဟုတ် ဘာမဟုတ် သူငယ်ချင်း ယောက်ျားကလေးက သူငယ်ချင်း မိန်းကလေးကို လွမ်းတာကတော့ ရေလိုက် လွဲနေသလို ခံစားရပါ၏။ သမီးကလေး တော်လှ၊ တော်လှ ယောက်မမြင်း စီးလေရော့သလား။ တကယ်တော့ မအိမ်မြိုင် ငယ်ပါသေးသည်။ ရည်းစားသနာ ထားရမည့် အရွယ်မဟုတ်။ အင်းလေ ခေတ်အခါက တို့တုန်းကနဲ့ တူချင်မှ တူမှာကိုးလို့တော့ တွေးမိသား။ သက်ဦး ဝေဆိုတာ သမီးရဲ့ရည်းစား ဆိုလျှင်တော့လည်း စိတ်ကစားကြတာ နေမှာပါလေလို့ ဖြေတွေး တွေးကြည့်မိပြန်၏။ သည်အတွေးတွေကပဲ မအိမ်ကံကို ပဲမှော်တိုက်ကြားက ထန်းကုလားထိုင်က မထအောင် တုပ်နှောင်ထားကြသလို ရှိခဲ့သည်။ စောစောပိုင်းက ကျေးဥနှင့် သမီးမြိုင် ရောက်လာကာ မအိမ်ကံကို ရင်မီးငြိမ်း စေခဲ့ကြသည်။ ဘ၀လောကဒဏ်ကို အဖုံဖုံ တွေ့ကြုံခံစားခဲ့ရ သူ မအိမ်ကံ အဖို့ရာ သမီးစာအုပ်ထဲက စာတစ်ကြောင်း ကျတော့ မှ ဘာကြောင့်များ သည်လောက်တောင် ထိခိုက်ခဲ့ရပါလိမ့်။ မအိမ်ကံမှာ အဖြေရှိသည်။ အရွယ်မတိုင်ခင် သမီးကို ချစ်သူရည်းစား မထားစေချင်။ မြင်းခြံကို ကျောင်းသွားထားတာ ရည်းစားတွေ မှိုလိုပေါက် လို့တဲ့ ဆိုသည့် သတင်းစကား ရွာကို အရောက် မခံနိုင်။ ကွမ်းတောင်ကိုင်ဖို့ သေချာနေသည့် မအိမ်မြိုင်ကို အများက စိတ်စနိုးစနောင့် မဖြစ်စေချင်သလို မိဘတစ်ပါး အနေဖြင့်လည်း စလယ်ဝင် ဖင်မည်း အိမ်ထောင့်ကိစ္စ၊ အချစ်ရေးကိစ္စတွေ မတွေးစေချင်သေးတာလည်း ပါပါ၏။ ဖအေက တောထဲမှာ။ ဖအေမရှိကာမှ သမီးမြိုင် ဖြစ်ချင်သလို ဖြစ်နေတာမျိုး အရောက် မခံနိုင်။ မအိမ်ကံ့သမီး ကွမ်းတောင် ကိုင်ဖူးရမည်။ လူတစ်လုံး သူတစ်လုံး ဖြစ်ရမည်။ ပညာတတ်ရုပ်ချော မိန်းမသား အဖြစ် တစ်ဂုဏ် တင့်ရလိမ့်မည်။ သည်အိမ်သည် ၀ိုင်းမှာ မျိုးဆက်အဖြစ် ကျန်ရစ်ခဲ့ရမည့် သမီး နှစ်ယောက် အဖို့ ရာ လူ့အသိုင်းအ၀ိုင်းကြားမှာ သိက္ခာအရ တင့်တင့်တယ်တယ် နေခဲ့ရမည်။ မအိမ်ကံ ထိုင်နေစဉ် အတွင်း အချိန်သည် စောင့်နေသည် မဟုတ်။ တဖြည်းဖြည်း ညဥ့်နက်လာရာက သန်းခေါင်ကိုပင် သီသီကြီး ကျော်ခဲ့လေပြီ။ ထုံခဲမတတ် အေးစက်သော လေသည် ညဥ့်ဦးပိုင်းတွင် ငြိမ်သက် နေရာက တစ်စတစ်စ လှုပ်လာခဲ့၏။ ၀ိုင်းတိုက်ထဲတွင် ရှိသမျှ သစ်ပင်ကြီးတွေ အားလုံး သစ်ရွက်ချင်း ခတ်သံတွေ တဖျောဖျော မြည်လာကြသည် အထိ

လေသုန်လာ

ခြင်းဖြစ်၏။

အိမ်မကြီးနှင့်

ပဲမှော်တိုက်ကြားမှာ

ထိုင်နေသဖြင့်

လေကွယ်ရာကျသော်လည်း

အေးစက်ခြင်းကတော့ ရှောင်လို့ မရနိုင်ပါ။ မအိမ်ကံစိတ်ထဲ နောက်ကျောဘက်မှာ ရှိနေသည့် ပဲမှော်တိုက်သည်ပင် အိခနဲ ခါသွားသည် ထင်လိုက်မိ၏။ မဖြစ် နိုင်တာ။ ပဲမှော်တိုက်က အိုလှပြီ ဆိုသော်လည်း ခိုင်မာ တောင့်တင်းသေးသည်။ မအိမ်ကံ မှတ်မိသလောက် အသက် လေးဆယ်ကျော် အတွင်း ပဲမှော်တိုက်ကို ပြန်ဆောက် ခဲ့ရသည် မရှိခဲ့။ မအိမ်ကံ မမွေးခင်က ရှိနှင့်ခဲ့သော ပဲမှော်တိုက် ဖြစ်၍ ဆောက်စဉ် ကတည်းက ခိုင်ခိုင်ခံ့ခံ့ ဆောက်ခဲ့ခြင်း ဖြစ်သည်။ ပိုးထိုး ကျွန်းတိုင်လုံးများ၏ အ၀န်းသည်ပင် ခွဲတောင်းဝလောက် စီရှိကြသည်။ ရက်မနှင့် ထုပ်တန်းဆင့်တန်းတွေ ကလည်း သစ်ကောင်းများ ဖြစ်၍ ရေနံရည် ၀နေသဖြင့် ပိုးပုရွက်ဒဏ်က ကင်း သည်။ အမိုးက ၀ါးကပ်ဖြစ်၍ နှစ်နှစ် သုံးနှစ်တစ်ကြိမ်ဝါးကပ် စားထိုးရတာတော့ရှိ၏။

ဝါးထရံတွေကလည်း

ဝါးအကြော

ကိုရက်ထားသည့်အပြင်

ရေနံရည်ဝချင်

တိုင်းဝနေသဖြင့်

တောင့်တင်းဆဲဖြစ်၏။ ပဲမှော်တိုက်က အပေါ်ထပ်ဖြစ်၍ အောက်မှာတော့ နွားများထားရာ ဟာလာဟင်းလင်း မြေကုန်း

322


ကြီးဖြစ်၏။ နွားသုံးလေးကောင် ချောင်ချောင်ချိချိ နေနိုင် လှဲနိုင်ကြသည်။ သည့်နောက်ပိုင်းနှစ်တွေ မှာတော့ နွားတွေကို အိမ့်မြောက်ထောင့် ဆီးပင်ကြီးအောက်မှာ အထားလေ့သည်။ အနီးတွင် ကွပ်ပျစ် တစ်ချပ်ရှိ၍ ဖိုးကူးက ကွပ်ပျစ်မှာ အိပ်လေ့ရှိသည်။ နွားခိုးပူသည့် နှစ်တွေမှာတော့ ကိုဖိုးငွေပါ ဆီးပင်အောက် နွား စားကျင်းဘေးမှာ ဓားရှည် တစ်လက်နှင့် နေလေ့ရှိပါ၏။ ထို ကတည်းက ပဲမှော် တိုက်အောက်ထပ် နွားစားကျင်းကုန်းတွင် တောင်သူသုံး ပစ္စည်း အချို့သာ ထားကြသည်။ အိခနဲ လှုပ်သွား သော ပဲမှော်တိုက်၏ တုန်ခါမှုကို မအိမ်ကံ နားကြား လွဲတာလား၊ စိတ်ကပဲ ထင်လိုက်မိတာလား။ မသေချာသဖြင့် သည် အတိုင်း ထိုင်နေလိုက်သည်။ ၀ိုင်းတိုက်ထဲ

ရှိသမျှသစ်ပင်တွေက

ပို၍ပင်တဖျောဖျော

မြည်လာကြသည်။

သရက်ပင်ကြီးဆိုလျှင်

လေကြောင့်ပင်

တဝေါဝေါအသံထွက်နေသည်။ မအိမ်ကံက ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်သည်လည်း ညို့လာပါပ ကော။ ညို့သည် ဆိုသော်လည်း ခဲပုပ်ရောင်ချည်းမဟုတ်၊ နီရဲရဲ အခိုးအငွေ့တွေ ယှက်သန်းနေကြသည်။ ကောင်းကင်အနီ ရောင်သည် လေမှုန်တော့မည့် အရိပ် လက္ခဏာဖြစ်သည်။ ညကြီးသန်းလွဲ ဘယ်လိုကဘယ်လို လေမှုန်ဦးမှာပါလိမ့်တော်။ အနောက်ရမ်း လေတိုက်သည့် ရာသီမဟုတ် ဘာမဟုတ် ထူးတော့ ထူးဆန်းသည်။ “မိုးများရွာဦးမှာလား” မအိမ်ကံက ကောင်းကင်ကိုကြည့်ရင်း တွေးနေမိသည်။ မိုးရွာတော့မှာဆိုလျှင်တော့ ဆီးပင်အောက်က နွားစားကျင်းမှာ ရှိနေကြသည့် နွားတွေကို ပဲမှော်တိုက်အောက် နွားထားရာဖို့ မြေကုန်းကို ရွှေ့ရမည်။ ရွာတော့ မရွာသေး။ လေက စောစော ကထက် ပိုသုန်လာခဲ့ပါ၏။ မအိမ်ကံ ထလိုက်ဖို့ပြင်သည်။ သို့သော် တကယ်တမ်း မထဖြစ်။ ထန်းကုလားထိုင်က မထ နိုင်အောင် ဆုပ်ဆွဲထားသလို ဖြစ်နေခဲ့သည်။ အဖေ ဦးသာထန်က သည်ကုလားထိုင်မှာ တစ်သက်လုံး ထိုင်သွားခဲ့သည်။ အဖေက ရွာတွေကို လျှောက်သွားနေတာမျိုး မရှိခဲ့လျှင် သည် ကုလားထိုင်မှာထိုင်နေကျ။ ဇိနတ္ထပကာသနီကျမ်းစာအုပ်ကို ပါးစပ်တလှုပ်လှုပ်ဖတ်နေကျပင်။ လေက မြွေအော်သံလိုလို တရွှီရွှီမြည်လျက်ရှိ၏။ ကောင်းကင်မှာ တိမ်ခဲတွေ တရိပ်ရိပ်။ ကောင်းကင် အနီရောင်က တိမ်ပုပ်နှင့်ရောကာ ရွှံ့နှစ်ရောင်ပြေး နေသည်။ ထို တဒင်္ဂ။ အိမ့်တောင်ဘက် ပဲစင်းငုံခင်းဆီက တရွရွ လျှောက်လာသော အရိပ်ကြီးတစ်ရိပ်ကို မအိမ်ကံ ၀ိုးဝိုးဝါးဝါး မြင်လိုက်ရသည်။ လျှောက်လာသည်ဆိုသော်လည်း ဝေးပါသေးသည်။ ဘာများပါလိမ့်။ ပဲစင်းငုံခင်းက ပဲစင်းငုံပင်တွေ မရှိတော့ သဖြင့် ကွက်လပ်ကျယ်ကြီးလို ဟင်းလင်းကြီးဖြစ်၏။ ကြား မှာ သရက်ပင် သုံးလေးပင်ရှိသဖြင့် မှောင်ရိပ်ကျနေသည်။ မအိမ်ကံက ထူးဆန်းသော မြင်ကွင်းကို တွေတွေကြီး ကြည့်နေခဲ့သည်။ ဘာများပါလိမ့်။ မြင်ရသလောက် ကျွဲပေါက် တစ်ကောင်လောက်ရှိသော သတ္တ၀ါတစ်ကောင် လျှောက်လာ နေခြင်းဖြစ်သည်။ မကြာခင်မှာပင် ထိုပုံရိပ်သည် သရက်ပင် အုပ်ကလေးတွေကြားက အမှောင် ရိပ်ထဲကို ရောက်လာတာ ထန်းကုလားထိုင်မှာ ထိုင်ရင်းကပဲ မအိမ်ကံမြင်နေရသည်။ နွားတစ်ကောင်ကောင် လွတ်နေတာ များလား။ ဆီးပင်တွေ အောက်က နွားစားကျင်းကို လှမ်းကြည့်လို့ မရနိုင်။ အိမ်မကြီး ကွယ်နေသည်။ ကောင်းကင်ဆီက လျှပ်စီးမျှင် ကွေးကွေး တစ်ချက် လက်ခနဲ ပြက်လိုက်တာကိုပင် မြင်လိုက်ရပါ၏။ မိုးချုန်း သံတော့ လိုက်မလာပါ။ တိမ်ခွပ်တယ်ဆိုတာများလား။ နောက်ထပ် စက္ကန့်ပိုင်းလောက်မှာတော့ တရွရွလျှောက် လာနေသည့် သတ္တ၀ါကြီးက သရက်ပင်ရိပ်က လွတ်သည့် နေရာကို ရောက်လာခဲ့ပြီ။ အိမ်မကြီးနှင့် ပဲမှော်တိုက်ကြားမှာ အိမ်သား တစ်ယောက် သို့မဟုတ် လူတစ်ယောက်ထိုင်နေတာကို မသိသလို အေးအေးဆေးဆေးလျှောက်လာနေသည့် သတ္တ၀ါ။ မအိမ်ကံက အသံ မထွက်ဘဲ အသာငြိမ် နေလိုက်သည်။ အသက်ပင် မရှူမိ။ သည်အချိန်ကျမှတော့ “ကျေးဥရေ ဖိုးကူးရေ” ခေါ်လို့မဖြစ်နိုင်တော့ပြီ။ ကြက်သီးတွေ တဖြန်းဖြန်းထနေသည့် ကြားကပင် တောင့်တောင့်ကြီးထိုင်နေခဲ့ခြင်းဖြစ်၏။ “အလို ဘုရား ဘုရား စိန်ပွင့်”

323


စိန်ပွင့်။ မအိမ်ကံတို့အိမ်ကြီးမှာ နှစ်ပေါင်းများစွာအသုံး တော်ခံခဲ့သော အဖေ့မြင်းကြီး စိန်ပွင့်မှန်း မအိမ်ကံချက်ချင်း သိလိုက်သည်။ သည်မြင်းကြီးနှင့် အဖေရွာတကာလျှောက် သွားနေကျမဟုတ်လား။ အဖေက သူ့မြင်းကြီးကို အင်မတန် ချစ်ခင်ရှာသည်။ ကောင်းကောင်းကျွေး၊ ကောင်းကောင်းမွေး ကာ ယုယုယယရှိရှာခဲ့သည်။ စိန်ပွင့်က လူစကားနားလည် တယ် သမီးရဲ့လို့ မကြာခဏပြောတတ်သည်။ သို့သော် မြင်း သခင် အဖေဦးသာထန်ရော စိန်ပွင့်ပါ ဘ၀ခြားခဲ့ကြတာကြာပြီ ပဲ။ အဖေဆုံးတာကြာခဲ့ပြီ။ မြင်းကြီးစိန်ပွင့်သေတာ ကြာခဲ့ပြီ။ အခုတော့ မြင်းကြီးစိန်ပွင့်က မအိမ်ကံရှေ့မှာ တရွရွလျှောက် နေသည်။ မြင်းခွာသံက မကြားရသလောက် ညင်သာလှ၏။ မအိမ်ကံ ရှေ့တည့်တည့် ရောက်သော်လည်း ဘေးဘီကို မကြည့်ဘဲ အိမ်ဝိုင်း တစ်နေရာကို လျှောက်နေခြင်းဖြစ်၏။ သည်လိုပဲ သွားနေကျလား။ လူလို ပြောရလျှင် မြင်းကြီးစိန်ပွင့်က မကျွတ် မလွတ်သေးတာလား။ မအိမ်ကံ ဥာဏ်မမီနိုင်သဖြင့် မစဉ်းစား တတ်သော်လည်း လောလောလတ်လတ်သူ့ရှေ့က ဖြတ်သွား တာကတော့ စိန်ပွင့်မှ စိန်ပွင့်အစစ် ဖြစ်၏။ မအိမ်ကံတုန်လှုပ် သွားခဲ့သည်။ လူလူချင်း ဓားဆွဲထွက်ရမှာ မကြောက်ခဲ့သော မအိမ်ကံအဖို့ရာ ထူးဆန်းလှသော မြင်ကွင်းကြောင့် ကျောက်ဖိ ခြင်းခံရသော ငါးစို တစ်ကောင်လို ပိထပ်သွားခဲ့ရသည်။ ထိုခဏမှာပင် ဆပ်သွားဖူး ရုံကြီးဆီမှ ကြီးမားလှသော ငှက်မည်းကြီး တစ်ကောင် ထွက်လာခဲ့ခြင်းဖြစ်၏။ ကောင်းကင် ရောင်နောက်ခံဖြင့် ငှက်မည်းကြီးကို မြင်နေရသော်လည်း ထင်းထင်းကြီး မြင်ရတာမျိုးတော့ မဟုတ်။ ငှက်ကြီးက ဆပ်သွားဖူး ရုံထဲက ထွက်လာတာတော့ သေချာသည်။ သမီးငယ်ခိုင်ကပင် မြင်ဖူးသည်ဟု ပြောခဲ့ဖူးသည်။ အခုတော့ မအိမ်ကံကိုယ်တိုင် မြင်ရပြီ။ ငှက်ကြီးက မြင်းကြီးစိန်ပွင့်ကိုမြင် လိုက်လို့ ထွက်လာ တာလား၊ တိုက်ဆိုင်တာလားတော့ မသိ။ ၀ူးခနဲ ပျံသန်းလာ ရာက ပဲမှော်တိုက်ခေါင်ပေါ်မှာ နားလိုက်သလို ခံစားရသဖြင့် လည်ပြန် မော့ကြည့်မိပြန်သည်။ ငှက်တစ်ကောင်။ ပဲမှော်တိုက်ခေါင်ချုပ် ၀ါးကပ်နှုတ်ခမ်း တန်းတွင် မားမားကြီးနားလျက် ရှိ၏။ မြင်းကြီးစိန်ပွင့်က အိမ်ဝိုင်း တစ်နေရာမှာ ရှိနေလိမ့်မည်။ ငှက်ကြီးက မလှုပ်မယှက် နားလျက်။ ဘာသဘောများပါလိမ့်။ “ဂီး” တစ်ချက်တည်း ထိုးလိုက်သော ငှက်အော်သံကြီးက ဇောင်ချမ်းကုန်း တစ်ရွာလုံးပင် ခါသွားလောက်သည်။ အာခေါင်ကို ခြစ်အော်လိုက်သံက တော်ရုံလူမမာ အသက်ထွက်သွားနိုင် သည်အထိ ကျက်သရေမဲ့လှသည်။ သည်ညမှာတော့ မအိမ်ကံ ရင်တုန်စရာတွေချည်း မြင်နေရသည်။ ကြောက်မက်ဖွယ်ရာ ထူးဆန်းသော အဖြစ်နှင့် ကြုံခဲ့ရသည်။ ဒါတွေမြင်လိုက်ရတော့ သမီးအော်တို စာအုပ်ထဲက လွမ်းရသည်ဆိုသည့်စကားက ဘာမှ မဟုတ်တော့သလို သေးငယ်သွားခဲ့သည်။ ထန်းကုလား ထိုင်လက်တန်း နှစ်ဖက်ကို အားပြုကာ မအိမ်ကံ ထလိုက်ဖို့ပြင် သည်။ မြင်းကြီးစိန်ပွင့် တစ်ပတ် လှည့်လာနိုင်သည်။ ငှက်မည်းကြီးက

မအိမ်ကံ

မျက်နှာကို

ထိုးသုတ်ကုတ်

ခြစ်ပစ်လိုက်

နိုင်သည်။

သည်တစ်ခါမှာတော့

ကျေးဥကို

အသံကုန်ဟစ်ခေါ် လိုက်နိုင်လိုက်ပါ၏။ ကျေးဥအိပ်ပျော်နေပြီလား။ ဖိုးကူးရော။ ဖိုးကူးကိုခေါ် ဖို့ အားယူလိုက်စဉ်မှာ ငှက်မည်းကြီးက ဆပ်သွားဖူးရုံကြီး ဘက်ကို တန်းတန်းကြီးထိုးစိုက်ဝင်သွားတာ မြင်လိုက်ရသည်။ ဆပ်သွားဖူးပင်က ရုံကြီးကြီးလှသည်။ သည်ဆပ်သွားဖူးရုံကြီး ကို အဖေစိုက်ခဲ့တာလား။ အမေစိုက်ခဲ့တာလား။ မအိမ်ကံ မွေးတော့ တောကြီးထလှပြီ။ အပွင့်တွေမြုံနေရာက မအိမ်ကံ မွေးသည့်ရက်မှာပဲ ကောက်ကာငင်ကာ အပွင့်တွေပြလာခဲ့သည် ဆိုတာကိုလည်း မအိမ်ကံ မှတ်မှတ်သားသားရှိပါ၏။ ငှက်ကြီး က သည်အပင်ကြားထဲမှာ ပုန်းခိုနေတာသေချာပြီ။ နတ် ကတော် အမေကြီးသုန်အဟောရှိခဲ့သော ငှက်နက်ဆိုတာ သည် ငှက်ကြီးပဲဖြစ်လိမ့်မည်။ သည်ငှက်က ဘယ်ကငှက်ပါလိမ့်။ ဘာကြောင့် မအိမ်ကံတို့ ၀ိုင်းတိုက်ထဲမှာ အောင်းနေရတာလဲ။ မအိမ်ကံဘ၀မှာ သည်ငှက်ကို အကြိမ်ပေါင်းများစွာမြင်ဖူးခဲ့ သည်။ မြင်ရတိုင်းလည်း စိတ်ကသိကအောင့်ဖြစ်ရသည်ချည်း ပင်။ အတိတ်ငှက် နိမိတ်ငှက်လို့ပင် ထင်ခဲ့ဖူးပါ၏။ သည်ငှက် ကြီးပေါ်လာတိုင်း ထူးခြားသောအဖြစ်တွေ ဖြစ်ပျက်ခဲ့တာကို မအိမ်ကံသတိရသည်။ သည်ငှက်ကြီးအကြောင်း အဖေက လည်း မပြောဖူးခဲ့။ အမေကလည်း မပြောဖူးခဲ့။ မလှအုံကပင် အမှတ်တရပြောခဲ့တာမျိုး မရှိ။ ကိုပြေသိမ်းကတော့ တွေ့ခဲ့ဖူး သည်ဆို၏။ သမီးငယ်ခိုင်က မြင်ခဲ့ဖူးသည်ဆို၏။ မကြာခဏ တွေ့သူက မအိမ်ကံဖြစ်နေတာကလည်း ထူးဆန်းလှသည်။

324


မအိမ်ကံ ကုလားထိုင်က ကျုံးထရန် အားယူလိုက်စဉ်မှာပင် ဝေးလံသော အရပ်ဆီက လူစကားပြောသံတွေ ကြားလိုက် ရသည်။ “မအိမ်ကံ မအိမ်ကံ” “မမကံ မမကံ” မအိမ်ကံ မျက်လုံးတွေဖွင့်ကြည့်လိုက်သည်။ လူရိပ်မည်း မည်းအရိပ်နှစ်ရိပ်။ မအိမ်ကံကို ငုံ့ကြည့်နေကြသည်။ မအိမ်ကံ ပထမဆုံးသတိထားလိုက်မိတာက မျက်လုံးတွေပူနေခြင်းဖြစ် ၏။ အဖျားသွေးရှိသူတစ်ယောက် လေမိသလို ချမ်းစိမ့်စိမ့်ခံ စားနေရသည်။ “မအိမ်ကံ” “ကျေးဥ” “ထတော့ ညည်း ကယောင်ကတမ်းတွေပြောနေလို့ ငါလာထူသာ မရသာနဲ့ ဖိုးကူး ပြေးနှိုးရသယ်။ ငါထင်တော့ ထင်သား၊ တစ်ရေးနိုးတော့ မအိမ်ကံများ အပြင်ဘက်ရှိသေး သလားထင်မိသာနဲ့ လာကြည့်သာ။ ညည်းစကားတွေ လျှောက် ပြောနေသယ်၊ နဖူး စမ်းကြည့်တော့ ချစ်ချစ်တောက်လို့။ လာ ထ အိမ်ထဲဝင်ရအောင်” “ကျေးဥ စိန်ပွင့်ကို ငါတွေ့သယ်။ အဖေ့မြင်းကြီးလေ စိန်ပွင့်လေ။ ငါ့မျက်စိနဲ့မြင်သာ” “မဟုတ်သာပဲအေ။ ညည်းအိပ်ပျော်ရာက မြင်မိမြင်သာ နေမှာပါ” “ငါ့မျက်စိနဲ့မြင်သာပါဆိုနေမှအေ။ နောက်ပြီး ငှက်မည်းကြီး” “ကိုင်းပါ၊ ထတော့၊ အိပ်ရာထဲ ၀င်ရအောင်။ မအိမ်ကံ ညည်းဖျားနေပြီ” မအိမ်ကံကို အိပ်ရာထဲ ပို့ပြီးချိန်မှာတော့ အဖျားတွေ ရှိန်ရှိန် တက်လာခဲ့ပြီ။ လူမှန်းသူမှန်း မသိအောင် ကယောင်ကတမ်း ဖြစ်လာခဲ့သည်။ နှုတ်ကအသံတွေ ရေရွတ် နေမိတာကို သိသော် လည်း ဘာပြောလို့ပြောမိမှန်းတော့ မအိမ်ကံကိုယ်တိုင်ပင် မသိခဲ့။

ကျေးဥက

အိမ်မှာရှိနေသည့်

ငန်းဆေးတစ်ခွက်ဝင်

အောင်တိုက်သည်။

ဖျင်ကြမ်း

စောင်ထူထူခြုံပေးကာ

ခြေထောက်တွေကို ဆုပ်နယ်ပေးခဲ့သည်။ သည့်နောက်မှာတော့ ငန်းဆေးအရှိန်ကြောင့် မအိမ်ကံ ငြိမ်သက်သွားခဲ့လေသည်။ သည်တစ်ခေါက် သမီးကြီးမြိုင် မြင်းခြံကိုပြန်တော့ မအိမ်ကံနှင့် ကျေးဥတို့ကပဲ လိုက်ပို့ကြသည်။ မအိမ်ကံ စိတ်ထဲ မှာ ဘာမှမထားတော့။ သမီးကလည်း သူ့ဘက်က ဖြောင့်မတ်ခြင်းကို ယုံကြည်စွာဖြင့် နေရိုးနေစဉ် နေခဲ့သလို မအိမ်ကံက လည်း သူ့ဆန္ဒတွေကို ချိုးနှိမ် ထားနိုင်ခဲ့သည်။ သမီးစိတ် ဆင်းရဲမှန်း သိသဖြင့်လည်း သက်ဦးဝေ ကိစ္စကို နှုတ်ကမဟတော့ဘဲ မသိကျိုးကျွန်နေခဲ့ ခြင်း ဖြစ်သည်။ မအိမ်ကံဖျား စဉ်က သမီးမြိုင်ကပဲ ပြုစုခဲ့ သည်။ ခိုင်ကလေးကလည်း မအေ့အနားက မခွာ။ ကျေးဥ ခမျာ အိမ့်ဗာဟီရတွေကြားမှာ ခေါင်းမဖော်နိုင်ရှာ။ ယာထဲ အခင်းထဲ အလုပ် ဆင်းကြသည့် ကိုဖိုးငွေတို့သားအဖ မြေး အဘိုးတစ်တွေကို ထမင်းပို့ဖို့၊ ရက်ကန်းစင်ကိုစောင့်ကြည့်ဖို့ ကအစ ချက်ရေးပြုတ်ရေးတွေမှာ အေးငြိမ်နှင့်အတူ ဒလက် လည်အောင်လုပ်နေရရှာသည်။ ဆေးတိုက်တော့လည်း မြိုင်၊ မအေကို ခြေဆုပ်လက်နယ်ပြုတော့လည်း မြိုင်။ မအေနှင့် သမီးစကားတွေပြောခဲ့ကြသည်။ မအိမ်ကံက သူဖြစ်စေချင် တာတွေကို စောင်းပါးရိပ်ခြည်ပြောပြခဲ့သည်။ မအေပြောတော့ လည်း မြိုင်က နားထောင်ရှာပါ၏။ “အမေတို့ အမေကြီး ပန်းရုံတို့ လှူခဲ့သဲ့ ကျောင်းကြီး မီးလောင် သွားတုန်းကများ အမေဆိုသာ ရင်ကျိုးခဲ့ရသယ်။

325


လူလူချင်းထားသဲ့ အာဃာတများ ကြောက်စရာ ကောင်းချက်တော့ သမီးရယ်။ နှစ်ပေါင်းများစွာ ကျွဲများနွားများ စားကျက် ကွင်းထဲ လံသလိုလံထားရာက အခွင့်သာတော့မှ လက်စားချေ ကြသာ။ အမေ့ကို သေအောင် အမျိုးမျိုး ကြံစည်ခဲ့ကြသယ်။ အမေတို့ ၀ိုင်းတိုက်ထဲမှာ အစိမ်းတိုက် တိုက်ခဲ့ကြသယ်။ အမေ ကတော့ ကံမြင့်နေတုန်း ဘာမှမဖြစ်ခဲ့ဘူးပေါ့ကွယ်။ ဒါပေသိ အမေ ရင်နာလှသယ်။ လက်စားချေသာကို အမေ မကြိုက်ပေ မယ့် သင်းတို့ကို သည်တစ်သက်နိုင်ရမှ အမေ အသေဖြောင့် လိမ့်မယ်” “ဘယ်သူတွေက ဘာတွေလုပ်ခဲ့ကြလို့လဲ အမေ။ သမီး မသိရပါလား။ အမေက တစ်ရွာလုံး အပေါ် စိတ်ကောင်း စေတနာကောင်း သည်လောက်ထားနေသဲ့ဟာကို” “ကျောင်းတော်က ရန်စပေါ့အေ။ ဒါကြောင့်ပြောသာ၊ အမေ့ ဘ၀မှာ တစ်ချက်ကလေး လမ်းလွဲခဲ့ရခြင်းဟာ တစ်သက် စိတ်မချမ်းသာစရာတွေဖြစ်ခဲ့ရသယ်။ ရွာထဲက ဦးသာအောင်ကို သမီး သိသယ်မှုတ်လား။ မှုံနံ့သာတို့ အဖေလေ၊ အဲသည် သာအောင်နဲ့ အမေနဲ့ လူမသိသူမသိ ကွင်းထဲက အခင်း စောင့်တဲကလေးထဲမှာ နှစ်ယောက်ချင်းတွေ့မိခဲ့ကြသာက စသာပါပဲ” “ဦးသာအောင်က အမေ့ ငယ်ရည်းစားလား” မအိမ်မြိုင်က မအေကိုမျက်တောင်မခတ်စတမ်း ကြည့်နေ ခဲ့သည်။ မအိမ်ကံက ချက်ချင်းပြန်မဖြေ။ မျက်လုံးတွေကိုသာ မှိတ်ထားခဲ့သည်။ ပိတ်ထားသောမျက်လုံးတွေထဲက မျက်ရည် တွေ သွန်ကျလာခဲ့ပါ၏။ မအိမ်မြိုင်က ဘာမှမမေးဘဲ မိခင်ကို

သာ

ကြည့်နေခဲ့သည်။

လယ်ကွင်းတွေလို

အကွက်အရေး

အမေပိန်သွားတာကို အကြောင်းတွေ

သတိထားမိတာ

ထနေခဲ့လေပြီ။

ကြာပြီ။

ညိုရောင်လုလု

မျက်ရည်တွေက

မိုးရေမ၀သော

မျက်လုံးအိမ်တွေက

အသက်

လေးဆယ်ကျော်နှင့် မလိုက်အောင် အိတွဲချင်ကြပြီ။ တစ်ခါက သတင်းကြီးခဲ့သော အမေ့အလှက အခုတော့ အမေ့ဆီက ခွာစပြုနေလေပြီ။ ဒါပေမယ့် အမေ လှဆဲပင်။ အသားအရေက ၀င်းစက် နေဆဲပင်။ အမေ့ မာနတွေက အခိုးအလျှံတွေ ထွက်နေသလားထင်ရအောင် ပြင်းပြလွန်းလှ သည်။ မာနဆိုပေသိ တလွဲမာနတော့မဟုတ်။ လောကဓံကိုရဲရဲ ရင်ဆိုင်ဝံ့သော၊ ခံဝံ့သော မိန်းမသား တစ်ယောက်၏ အားမာန် မာနမျိုးသာဖြစ်သည်။ မအိမ်ကံက မျက်လုံးတွေကို ဖွင့်ကာ သမီးကိုကြည့်သည်။ ပြောသင့်တာလောက်တော့ သမီးကြီးကို ပြောရမည်။ “အမေလေး သူစိတ်ဆိုးလို့ ရစ်ရိုးနဲ့ ရိုက်လို့လေ ကျေစိစိ ကြေ ပျိုတို့မောင်လာကာမှ ဒဏ်ရာကို လှန်ကာပြလို့ရယ် ငိုပါ့မယ်လေးတဲ့ အမေတို့ ငယ်ငယ်က ဆိုခဲ့ကြသဲ့ သီချင်းပေါ့ အေ။ မကောင်းမှုဆိုသာ ဆိတ်ကွယ်ရာမရှိဘူး။ သို့ပေသိ အမေမကောင်းမှုလုပ်ခဲ့သာမဟုတ်ဘူး။ သည်ကနေ့သည် အချိန် အထိ အမေ့မေတ္တာ၊ အမေ့သစ္စာတရားဟာ သမီးတို့အဖေ တစ်ဦးတည်းအပေါ်မှာပဲ မယိုင်မလဲ ရှိနေခဲ့တာပါ။ အဲသည် တုန်းက သမီးတို့ ဘကြီးမြတ်သာက အင်္ဂလိပ်ကိုတော်လှန်ရေး လုပ်နေတဲ့ ကာလပေါ့။ တော်လှန်ရေးအတွက် လိုအပ်သဲ့ ရန်ပုံ ငွေကို ဘကြီးမြတ်သာက အမေ့ဆီက သာအောင်က တစ်ဆင့် တောင်းခံခဲ့တယ်။ အမေက အမေပိုင်သဲ့ ရွှေလက်ကောက်တွေကို သာအောင်က တစ်ဆင့် လှူခဲ့သယ်။ ဘကြီးမြတ်သာက လူမသိစေနဲ့ဆိုလို့ လျှို့ဝှက်ပြီး ပေးခဲ့ရသာ၊ အမေက အကြောက် လွန်ပြီး ကျေးဥနဲ့ အတူ ကွင်းထဲက တဲပျက်ထဲမှာ ချိန်းတွေ့ပြီး ပေးခဲ့ရသာပေါ့။ ဖြစ်ချင်တော့ သာအောင်က အမေ့ကို ကြိုက်နေလေတော့ အမေထုပ် ပေးလိုက်သဲ့ ရွှေထုပ်က လက်ကိုင်ပ၀ါကို သာအောင် ယူထားလိုက်သယ်။ ဒါကို သူ့အမေကြီးတော် စံရွှေ တွေ့သွားရာက အမေ့ကို သူ့သားနဲ့ မတူပါဘူး မတန်ပါဘူးနဲ့ လက်ညှိုးငေါက်ငေါက် ထိုးခဲ့သယ်။ သည်တုန်းက အမေ ရှက် လိုက်ရပုံများ” “သြော် အမေရယ် အမေကြီးစံရွှေက အမေ့ လက်ကိုင်ပ၀ါ မှန်းသိလို့လား” “အမေက လက်ကိုင်ပ၀ါမှာ အမြဲတမ်း အမေ့နာမည်ကို ပန်းချည်နဲ့ ထိုးလေ့ရှိသယ်။ တချို့အမှားတွေဟာ ကျေပျက် မသွားတတ်ဘူး သမီး။ အမှားရဲ့နောက်မှာ မီးပွားတွေ ပါလာ တတ်သယ်။ အဲသည်က စလောင်လိုက်သဲ့မီး ကြီးတော်စံရွှေ ဆုံးခါနီး အထိပါပဲ။ အမေဆောက်သဲ့ ကျောင်းကို မီးရှို့ပြီး လက်စားချေသွားလိုက်သေးသယ်”

326


“အမေ့မှာ အပြစ် မရှိဘဲ ရှုံးခဲ့ရသာပေါ့နော် အမေ” “အရှုံးဆိုသာ အပြစ်ရှိမှရှုံးသာ မဟုတ်ဘူးသမီး။ အပြစ် မရှိဘဲနဲ့လည်း ရှုံးသာရှိသယ်။ မိန်းကလေးဆိုသာ သတိကြီး ကြီးထားရသယ်။ မီးပွားဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်၊ ရွှေနန်းတော်ကြီးကိုလည်း လောင်နိုင်သယ်” မအိမ်ကံဖြစ်ခဲ့သမျှ သမီးကိုပြောပြဖြစ်ခဲ့ပါ၏။ မအိမ်မြိုင် က မအေ့စကားကို မျက်လုံးကလေးပြူးနေအောင် နားထောင် နေခဲ့သည်။ ကြီးတော်စံရွှေက မမစိမ်းမြတို့ဝိုင်းထဲလိုက်လာပုံ၊ ရန်တွေ့ပုံ၊ အော်ကြီးဟစ်ကျယ်အော်ခဲ့ပုံတွေကို ပြောပြတော့ မအိမ်မြိုင်မျက်ရည်တွေ ၀ိုင်းနေခဲ့သည်။ “ငါ့သားက ကွမ်းတောင်ကိုင်နဲ့ ယူမှာအေ့တဲ့၊ ညည်းရုပ်က ပပ၀တီလောက် ချောတယ်ပဲပြောပြော နဂါးဘုံ ဂဠုန်မကူး နိုင်သလိုပဲတဲ့၊ ညည်း သည်တစ်သက် ကွမ်းတောင်ကိုင် မဖြစ် ဘူးတဲ့၊ ညည်းမိဘက ငယ်လင်ငယ်မယား မဟုတ်လို့ ညည်း ဖြစ်စရာလည်း အကြောင်း မရှိဘူးတဲ့၊ ငါ့သားနဲ့များ ဝေးပါ သေးရဲ့အေတဲ့လေ။ အဲသည်အချိန်တုန်းက အမေ့လက်ထဲ ဓားမ တစ်ချောင်း ရှိနေခဲ့သယ်။ အမေ ခုတ်ဝံ့တဲ့ သတ္တိ ရှိပေမယ့် မခုတ်လိုက်ရဘူး” “ရွာက သည်ကိစ္စ သိကြသလား အမေ” “မသိဘဲရှိပါ့မလား သမီးရယ်။ အော်ကြီးဟစ်ကျယ် တမင်လုပ်တဲ့ ကိစ္စပဲဟာ၊ သည်ပွဲမှာ အမေနှစ်ခါ ရှုံးရသယ်။ အမေဟာ ဗိုင်းေ ကာင်းကျောက်ဖိနေခဲ့သဲ့ကြားက ဂုဏ်သိက္ခာ ကျခဲ့ရသယ်။ နောက်တစ်ချက်က အမေ မျှော်လင့်ခဲ့သဲ့ ကွမ်းတောင်ကိုင်ဖြစ်ခွင့် မရတော့ဘူးဆိုသာ သိလိုက်ရသာပါပဲ။ မြားတစ်ချောင်းတည်းနဲ့ ငှက်နှစ်ကောင် ပစ်လိုက်သာပေါ့အေ။ အဲသည်ကတည်းက ကြီးတော်စံရွှေကို အမေ အနာကြီး နာကြည်းခဲ့သယ်” ကြီးတော်စံရွှေကိုယ်တိုင် နောက်ပိုင်းမှာ ကန်တော့ပွဲ ရွက်ပြီး လာတောင်းပန်ခဲ့တာကိုလည်း မအိမ်ကံ ပြောပြခဲ့သည်။ မအိမ်ကံ ရင်ထဲမှာ သည်စကားတွေ ပြောရတာ မမောနိုင်ဘဲ ရှိခဲ့ရပါ၏။ သမီးနှင့်မအေ စကားရောက်တုန်း ရောက်သခိုက် တမင် ပြောစရာမလိုဘဲ အကွက် ဆိုက်လာခဲ့တာကိုလည်း မအိမ်ကံ ၀မ်းသာနေခဲ့သည်။ သည်စကားတွေကို တမင်ထည့်ပေး နေမိခြင်းသည်ပင် မှားလေရော့လား။ အို မမှားဘူး။ မအေ့စိတ်ထဲ အခဲမကျေမှုကို သမီးသိကို သိရမှာပေါ့။ အမေ့ ခံစားမှုဟာ သမီး အတွက်လည်း စိတ်အမွေဖြစ်ရမှာပေါ့။ ကြီးတော်စံရွှေက

သူ့တူကိုအဝေးရွာကခေါ်ကာ

ကျောင်း

မီးရှို့ခဲ့ပုံ၊

အိမ်ဝိုင်းအတွင်း

ကြီးတော်စံရွှေသားနှင့်ချွေးမက

အစိမ်းတိုက်ခဲ့ကြပုံတွေပါ ပြောပြခဲ့သည်။ သည်က စကားစ လိုက်တာ ရွှေမှုံတို့ မှုံနံ့သာတို့အထိ ရောက်လာခဲ့သည်။ အမေ ရင်နှင့်အမျှ ဖြစ်ချင်ခဲ့သော ကွမ်းတောင်ကိုင် ဘ၀ကို မဖြစ်ခဲ့ရ သည့်အခါ သမီးကိုဖြစ်စေချင်ကြောင်း၊ သမီးကွမ်းတောင်ကိုင် ရပြီဆိုလျှင် အမေ့ရှိခဲ့သမျှစိတ်၏ ဆင်းရဲခြင်း၊ ကိုယ်၏ဆင်းရဲ ခြင်းတွေ ပြေပျောက်နိုင်မှာဖြစ်ကြောင်း၊ ရုပ်ချော ပညာတတ် သမီးအဖို့ရာ ကွမ်းတောင်ကိုင်ဆိုသော ရွာ့ဂုဏ်ကို ဆောင်နိုင်ပြီ ဆိုလျှင် မြကိုရွှေနှင့်ကွပ်သည့် လည်ဆွဲပမာ ကျက်သရေရှိမှာ ဖြစ်ကြောင်းတွေပါ စိတ်လိုလက်ရ ပြောပြခဲ့သည်။ အဖျားသွေးက မကျချင်သေးသော်လည်း စကားတွေတစ်ဝကြီး ပြော လိုက်ရတော့ ချွေးကလေးစို့လာသည်။ နောက်ဆုံးတော့လည်း ပြောချင်ခဲ့သည့် စကားကို ပြောဖြစ်အောင် ပြောလိုက်ရပါ၏။ “သမီးကို အမေစိုးရိမ်သာ သမီးနားလည်ပါအေ။ အမေ က ညည်းအဖေ မရှိသာလည်း မပူဘူး။ ဥစ္စာ စည်းစိမ်ခြောက် ခန်းမှာလည်း မပူဘူး။ အမေ ပဲနုတ်စားနိုင်သယ်၊ မောင်းထောင်း စားနိုင်သယ်၊ ရက်ကန်း ခတ်စားနိုင်သယ်၊ တောသူ တောင်သားဆိုမှတော့ ကျောအရေပြား လန်အောင်ပူသဲ့ အပူလည်း မကြောက်ပါဘူး သမီးရယ်။ ဘ၀က ကံပါလာလို့ အမေ ပြည့်ပြည့်စုံစုံ နေခဲ့ရသယ်၊ ရုပ်ရည်အဆင်း တင့်ခဲ့ရသယ်။ လှူခဲ့တန်းခဲ့သယ်၊ ပေးခဲ့ ကမ်းခဲ့သယ်၊ ကျွေးခဲ့မွေးခဲ့သယ်။ အမေပြုခဲ့သဲ့ ကုသိုလ် အဖို့ဟာ ညည်းအဖေနဲ့ ညည်းတို့ အတွက်ပဲ။ သမီးတို့ဆီက တစ်ဆုပ်တစ်ခဲ အမေ မမျှော်ဘူး။ တစ်ခုပဲ။ သမီးကိုရွာ့ကွမ်းတောင်ကိုင်ဖြစ်စေချင်သယ်။ အမေ့ ဘ၀ရဲ့ အကြီးမားဆုံး တောင့်တချက်ကြီးပဲ။ အလှူတစ်ပွဲ တစ်ရက်တည်း ကိုင်ရကိုင်ရ၊ ငါ့သမီးကိုင်ပါ အမေမြင်ချင် သယ်။ အမေ့မှာရှိသမျှ အကျိတ်အခဲ ဒါနဲ့ပဲ ချေပါရစေအေ”

327


“ရွာကသမီးကို ကွမ်းတောင်ကိုင် ရွေးဦးမှကိုး အမေရဲ့။ သမီးကိုရွေးရင် သမီးကွမ်းတောင် ကိုင်ရုံပေါ့ အမေရယ်” မအိမ်ကံကပြုံးသည်။ သမီးလက်တွေကို ဆုပ်ချေသည်။ လှလိုက်တဲ့ သမီး။ ရွှေရေးမြတင် ရှိလိုက်တဲ့သမီး။ ဘဝေဘ၀က ထူးခြားတဲ့ အခံဓာတ်ကြောင့် ရှုတိုင်းယဉ် ဆင်တိုင်းလှမြင် သူတိုင်း တရတဲ့သမီး။ ဘယ့်နှယ့် ကွမ်းတောင်ကိုင် မဖြစ်ဘဲ ရှိပါ့မလဲအေ ညည်းနှယ်။ မေးမှ မေးရက်ပလေ။ ဇောင်ချမ်း ကုန်းမှာတောင် မကပါဘူး။ မြင်းခြံမြို့ကြီးတောင် တက်ပြိုင် လိုက်ချင်လှပါပကောအေ။ နှစ်ပါးမိဘ စုံတယ်။ ငယ်လင်ငယ် မယားဖြစ်တယ်။ ဥစ္စာရွှေငွေ ပြည့်စုံတယ်။ အကျင့်စာဂ ကောင်း တယ်။ ရုပ်ရည်ရှိရမယ် ဆိုတဲ့ ငါးချက်မှာ ဘယ်အချက်များ လျော့လို့တုံး သမီးရဲ့။ ကြိုက်တဲ့ရာဇူနဲ့ တိုက်စမ်းပါအေ အလေး မကဲတော့ ပြောချင်တိုင်းပြော။ ကြိုက်တဲ့ ကိုက်တံ ယူခဲ့စမ်းပါ အေ တစ်တောင်တစ်မိုက် မပိုတော့ ပြောချင်တိုင်းပြော။ ကြိုက် တဲ့တင်းတောင်းယူခဲ့စမ်းပါအေ စတုတ်တိုက်မချရတော့ ပြော ချင်တိုင်းပြော။ “ငါ့သမီးပဲ ကိုင်ရမှာပေါ့။ သည်တစ်ခါတော့ နတ်နေကိုင်း ပါ ရောချိုင်ချင်လို့ မရနိုင်တော့ ပါဘူး။ မြေကြီးလက်နဲ့ပုတ်တာ ကမှလွဲဦးမယ်။ အမေ့သမီး မလွဲနိုင်တော့ပါဘူး။ သမီးက လွဲလို့ဘယ်သူကိုမှလည်း အဖြစ်မခံနိုင်ပါဘူး။ ကုန်ကုန်ပြော မယ် သမီးရယ်၊ တခြားဘယ်သူပဲဖြစ်ဖြစ် အမေ ကျေနပ်မယ်ဆို ရင် ကျေနပ်နိုင်သေးသယ်။ ရွှေမှုံ့သမီး မှုံ့နံ့သာ မဖြစ်စေရဘူး အမေနှစ်ခါ အရှုံးမခံဘူး” မအိမ်ကံ အသံတွေ တုန်လှိုက်နေသည်။ မအိမ်ကံက ပြောနေတာနှင့် မတူဘဲ နတ်ဝင်သည် မိန်းမ တစ်ယောက်က နတ်စီး ပြီးပြောနေတာနှင့်ပင် တူသည်။ ကြားဖူးနေကျ အသံမျိုးမဟုတ်။ အသံထဲမှာ လှိုင်းထနေခဲ့ပါ၏။ နက်ရှိုင်းသော ရေတွင်းထဲကို ကျောက်တုံး တစ်တုံး ကျသွားသလို အဆင့်ဆင့် ရိုက်ခတ်လာ သော ပဲ့တင်သံမျိုးဖြစ်သည်။ သမီးဖြစ်သူကတော့ မအေတက် ကြွလှုပ်ရှား နေသလောက် မတက်ကြွဘဲ ရှိနေခဲ့သည်။ မအေ တုန်ခါနေသလောက် မတုန်ခါဘဲ ရှိနေခဲ့သည်။ အမေဘာဖြစ် လို့များ သည်ကွမ်းတောင်ကိုင်ကိစ္စကို အရေးတယူ ရှိနေရတာ လဲဆိုတာ မအိမ်မြိုင် ကိုယ်တိုင် မသိ။ မအိမ်မြိုင် မှတ်မိသလောက် အကြောင်း ရှိတိုင်းသည် စကားမျိုးကိုသာ တဖွဖွပြော နေခဲ့တာ မဟုတ်လား။ ငယ်ငယ်က မြင်းခြံအလှူပွဲမှာ အမေမအိမ်ကံက သမီးကို ကြီးရင် ကွမ်းတောင်ကိုင်ဖို့ ပြောဖူးတာကို မအိမ်မြိုင် မှတ်မိနေသည်။ မအိမ်မြိုင်က အမေမှ မကိုင်ရရင် သမီးလည်း မကိုင်ချင် ပါဘူးလို့ ကလေးပီပီ ရင်ထဲရှိတာ ပြောမိခြင်းကိုလည်း သတိရ မိပါ၏။ အမေ့မျက်နှာ ကွက်ခနဲ ပျက်သွားခဲ့တာကိုလည်း မမေ့ ပါ။ ကွမ်းတောင်ကိုင်ရတော့ ဘာဖြစ်သလဲ။ ကွမ်းတောင် မကိုင်ရတော့ ဘာဖြစ်သလဲ။ မအိမ်မြိုင့် အဖို့ရာ ဘာခံစားမှုမှ မရှိ။ အထူးသဖြင့် မြို့ကျောင်းမှာ နေရပြီဆိုကတည်းက မြို့ စိတ်ပဲ ရှိသည်။ မြို့ကျောင်းမှာ အတူနေရသည့် သူငယ်ချင်း မိန်းကလေးတွေကလည်း ရွာပြန်ပြီး ကွမ်းတောင်ကိုင်ရဦးမယ် လို့ ပြောကြတာ မကြားဖူးခဲ့။ သို့ပေသိ အမေ ဖြစ်စေချင်မှတော့ မငြင်းသာပါ။ အလှူရှိလို့ ကွမ်းတောင် လာကိုင် လှည့်ဆိုတော့လည်း ကိုင်လိုက်ရုံ။ သည်လို စကားတွေကြားရပြန်တော့ သက်ဦးဝေနှင့် ပတ်သက်လို့ အမေ စိတ်ဆင်းရဲသွားတာကို မအိမ်မြိုင် သဘောပေါက်ခဲ့သည်။ အမေ့ကိုကြည့်ရတာ မသက်သာလိုက်တာလောက်သာ တွေးရင်း မအိမ်မြိုင် မအေ့ ဘေးမှာ ၀င်လှဲလိုက်သည်။ “သားအမိတွေ ပြောလိုက်ကြသဲ့ စကားတော်။ ထမင်းစား ကြရအောင်။ မြိုင်ကြိုက်သဲ့ ဟင်းတွေ ကျေးကျေးချက်ထား ပါ့တော်။ မအိမ်ကံရော စားမလား” မအိမ်ကံက ကျေးဥ အသံကြောင့် မျက်လုံးတွေပြန်ဖွင့် သည်။ အတန်ငယ် မောပန်း သွားသလို ခံစားရသဖြင့် ထမင်း စားချင်စိတ်မရှိ။ ကျေးဥကို ငါးစိုကလေးများရွာထဲက ရှာရ လျှင် ငါးကြော်တစ်ဖဲ့တစ်ရွဲ့စားချင်ကြောင်းသာ ပြောလိုက် သည်။ မအိမ်မြိုင်ကတော့ ထပြေးနှင့်ပြီ။ မြိုင်ဆင်းသွားတော့မှ ကျေးဥက မအိမ်ကံကို မေးသည်။ “မအိမ်ကံ ကလေးကိုဘာတွေပြောနေသာလဲ။ စကားတွေ ပြောလွန်းလိုက်သာအေ။ သည်လောက် ပြောရမယ့် ကလေး မဟုတ်ပေါင်အေ။ မြို့က ပြန်ရတော့မယ်ဟာ စိတ်ချမ်းသာ လက်ချမ်းသာ နေစမ်းပါစီ”

328


“မပြောပါဘူးအေရယ် ငါ့အဖြစ်တွေကို ပြောနေသာပါ။ အင်းလေ ဟုတ်ပါရဲ့။ သမီးကိုတောင် ပို့ရမယ့်ရက်နီးလာပါ ပကော” သည်တစ်ခေါက်မြင်းခြံကို မအိမ်ကံနှင့် ကျေးဥတို့ သမီး ပို့ရောက်ခဲ့ကြသည်။ ကျေးဥက နေကောင်းခါစ မအိမ်ကံကို မလိုက်စေချင်။ မအိမ်ကံက လိုက်ချင်လွန်းသဖြင့် မတားသာ ဘဲရှိခဲ့ရပါ၏။ သမီးမြို့ကို မပြန်ခင် ပြောချင်တာတွေ ပြောလိုက် ရသဖြင့် ရင်ချောင် သွားခဲ့ရသည်။ သည်လိုနှင့်မောင်သက်မင်း တို့အိမ်မှာ နှစ်ရက်နေခဲ့သည်။ ကျောင်းမဖွင့်သေး သော်လည်း ဖွင့်ရက်နီးပြီ။ မြင်းခြံကို ရောက်တော့လည်း ကိုပြေသိမ်းကို လွမ်းမိရပါ၏။ “ကျွန်တော်က လူတွေကို လိုက်ပို့တာ မဟုတ်ပါဘူး ဗျာ။ သနပ်ခါး တောင်းကလေးကို လိုက်ပို့တာပါ။ တော်နေ မသူတော် လက် ပါမှာစိုးလို့ပါ” “မပါစေရပါဘူးရှင်။ သနပ်ခါးလိမ်းမိတိုင်း မေတ္တာပို့ သယ်မှတ်ပါ” ကိုပြေသိမ်းနှင့် တွေ့စ သနပ်ခါးတောင်း ကလေးလိုက်ပေးရင်း အပျိုလူပျို ပြောခဲ့သည့် စကားတွေကိုပါ သတိရမိပါ ၏။ အခုထိလည်း သနပ်ခါး လိမ်းတိုင်း မေတ္တာ ပို့လျက်ပါ ကိုပြေသိမ်းရယ်။ ကံမပေးလို့ ဝေးကြရပေမယ့် တောသူတွေရဲ့ မေတ္တာဟာ ခန်းခြောက်ရိုး မရှိပါဘူး။ တော်အနေစိမ်းပေမယ့် ကျုပ်စိတ်မတိမ်းပါဘူးတော်။ ချစ်မြဲချစ်လျက် မျှော်မြဲမျှော် လျက်ပါ လူစိမ်းကားကြီးရေ့။ မအိမ်ကံ ရင်ထဲ မချိတော့။ ဘယ်သူမှ မကြားနိုင်သည့်စကားတွေက ရင်ထဲမှာ စီကာစဉ် ကာရှိနေကြသော်လည်း မျက်နှာကတော့ တင်းမာနေခဲ့ပါ၏။ ကိုပြေသိမ်းကို သတိရမိတော့လည်း မြင်းခြံနှင့် ဇောင်ချမ်းကုန်း သွားချည်ပြန်ချည်ရက်တွေကို အောက်မေ့မိရပြန်သည်။

မြင်းခြံက ပြန်ခါနီးရက်တွင်ဖြစ်၏။ ကျေးဥနှင့် မအိမ်မြိုင် ဈေးဘက်လျှောက်ကြသခိုက် မောင်သက်မင်းကို မအိမ်ကံ မရှင်းသည့် ကိစ္စ ထုတ်မေးဖြစ်ခဲ့သည်။ မအိမ်ကံ သမီးစာအုပ် တွေရှင်းရာက အော်တိုစာအုပ် တွေ့ခဲ့ပုံကအစ ရင်ထဲမှာ စနိုး စနောင့်ဖြစ်ရတာ အဆုံး ပြောပြဖြစ်ပါ၏။ မောင်သက်မင်းဇနီး က တစ်လုံး တစ်ပါဒ ၀င်မပြောသော်လည်း မောင်သက်မင်းက တော့ ဝေခွဲရခက်နေပုံမျိုးဖြင့် မယုတ်မလွန်ဖြေသည်။ မောင်သက်မင်းက မအိမ်ကံထက် ငယ်သဖြင့် မမကံ ခေါ်လေ့ရှိသည်။ “မြိုင်က ကျွန်တော့်တူမ အရင်းပဲ မမကံ။ အစ်ကိုသက် နှင်းမရှိတဲ့ အခါ ကျွန်တော်က ဖခင်နေရာက စောင့်ရှောက်နေတာ ပါ။ မိန်းကလေး သူငယ်ချင်း ယောက်ျားလေး သူငယ်ချင်း ဆိုတာတွေတော့ မြို့မှာက ရှိကြတာပါပဲ။ ကျောင်းအတူသွား ထမင်းအတူစားလည်း ရှိကြတယ်၊ ဒါက မဆန်းဘူး။ ဒါပေမယ့် သက်ဦးဝေဆိုတဲ့ ကောင်လေးနဲ့တော့ အသွားအလာ များတယ်။ ကောင်လေးက လူကောင်း မျိုးရိုးကောင်းပါ။ မမကံ သိမှာပေါ့။ ပွဲစားကြီးကတော်ရဲ့တူ ကိုဝေဠုရဲ့သားလေ” “သြော်

ကိုဝေဠုရဲ့သားလား။

ဒါဆိုရင်တော့မမှားတန်

ကောင်းဘူးတွက်ရမှာပေါ့

မောင်သက်မင်းရယ်။

မမကံက

အရွယ်မတိုင်ခင် မဖြစ်သင့်သာဖြစ်မှာစိုးသာပါ။ သစ်သီးများ နေလောင် မှည့်ရသာမျိုးမဖြစ်စေချင်ဘူး။ မောင်သက်မင်းတို့ကို မယုံလို့ မဟုတ်ပါဘူးကွယ်။ ခေတ်ကာလက အရွယ်ကလေးရ လာတာနဲ့ စိတ်ကစားကြရာက မှားတတ်ကြလို့ စိုးရိမ်သာပါ” “ခက်သာက ကျွန်တော်တက့ို လည်း အလုပတ် စ်ဖက်နဲ့ ဆိုတော့ အိမမှ်ာပဲကြည့န် ငိုြ် ကတာပါ။ ကျောင်းသွားနေတဲ့ အချိနမှ်ာတော့ မစောင့်ရှောက်နိုင်တာလည်း

အမှန်ပဲ။

ကျောင်းပိတ်ရက်တွေမှာတော့

သည်ကိုလာတတ်ကြတယ်။မရိုးမသားတော့

တွေ့ပါဘူး” “အေးကွယ် ဘာပဲဖြစ်ဖြစ် မင်းတူမ စောင့်ရှောက်လိုက် ကြပါဦး” မအိမ်ကံ စိတ်တွေပေါ့ပါးသွားခဲ့ရပါ၏။ သက်ဦးဝေဆို တာ ကိုဝေဠုရဲ့သားကိုး။ ကိုပြေသိမ်းနှင့် ဂျပန် တော်လှန်ရေး အတူပါသွားသည့် ကိုဝေဠုကို မအိမ်ကံ ကောင်းကောင်းသိသည်။ ကိုပြေသိမ်း တော်လှန်ရေးက ပြန်မရောက်သော်လည်း ကိုဝေဠုတို့က တော်လှန်ရေးပြီးသည်နှင့် မြင်းခြံကိုပြန်ပေါက် လာကြသူတွေဖြစ်သည်။ ဇောင်ချမ်းကုန်းအိမ်ကို နှစ်ခေါက်သုံး

329


ခေါက် ရောက်ဖူးတာကိုလည်း မအိမ်ကံ မှတ်မိပါ၏။ ကျောင်းနေ အရွယ်ဆိုတော့ အိမ်ထောင်ပြုရန်မြိုင်ကလေးကလည်း စိတ် ကူးဝံ့စရာမရှိ။ လူငယ်သဘာဝ မေတ္တာရှိကြသည်ဆိုဦးတော့ ပညာစုံလျှင် မပေးစားနိုင်စရာလည်း မရှိ။ ဆွေကောင်းမျိုး ကောင်းတွေမှန်း မအိမ်ကံ သိထားသည်။ သည်လိုနှင့် မြင်းခြံက ပြန်ခဲ့ရသည်။ ၁၃၂၅ ခုနှစ်။ အစ်ကိုမောင်မြတ်သာ ရွာကို တစ်ခေါက် ရောက်လာခဲ့ သည်။ အစ်ကို ရောက်လာတော့လည်း အားရှိရသား။ သည် တစ်ခေါက် အစ်ကိုတို့ ဇနီးမောင်နှံ လာကြတာ သမီးငယ်ခိုင်ကို လာခေါ်ကြခြင်းဖြစ်၏။ ခိုင်ကလေးကလည်း ပျော်နေသည်။ မအိမ်ကံကတော့ အစ်ကိုနှင့်ယောက်မ ရွာကိုရောက်သခိုက် အဖေနှင့် အမေတို့ ပိုင်ဆိုင်ခဲ့သမျှ ပစ္စည်းစာရင်းကိုချပြသည်။ အစ်ကိုက ထန်းတောနှင့် ယာတောတွေကို မအိမ်ကံကိုပဲ ပေးရှာ သည်။ အတွင်းပစ္စည်းအချို့ကိုလည်း မအိမ်ကံဖြစ်စေချင်သလို လက်ခံခဲ့ပါ၏။ မအိမ်ကံကလည်း မရိုးမသားမရှိ။ ရှိသမျှ ချပြခြင်းဖြစ်သလို မောင်မြတ်သာကလည်း နှမ၏သီလကို ယုံကြည်သည်။ “အစ်ကို ဒါတွေလာယူသာ မဟုတ်ပါဘူး ငါ့နှမရယ်။ညည်းက ယူပါတော့ ယူပါတော့ဆိုလို့သာပါ။ ဘာတွေရှိမှန်း လည်း အစ်ကိုမသိဘူး။ မြေတွေထန်းတောတွေ အိမ်ခြံဝိုင်းတွေ အစ်ကို စာချုပ်စာတမ်း လုပ်ပေးထားခဲ့မယ်။ အစ်ကို လာမနေဖြစ် တော့ပါဘူး။ မြို့မှာပဲ ခြံကလေးတစ်ခြံဝယ်ထားပြီးပြီ။ အခု တော့ စစ်ရုံးကပေးတဲ့ အိမ်မှာနေတာဆိုပေသိ မြိုင်တို့ ခိုင်တို့နဲ့ အတူနေဖို့ အိမ်ဆောက်မယ်” “စာချုပ်စာတမ်း မလိုပါဘူး အစ်ကိုရယ်။ သည်မောင်နှမ ရှိသာပဲဟာ။ အစ်ကို လာနေတော့လည်း မအိမ်ကံ ၀မ်းတောင် သာရဦးမှာပါ” “မဟုတ်ဘူး ကံကလေးရဲ့။ တို့ကအရွယ်ရကြပြီ။ နောင် လာနောက်သားတွေက တို့လို စိတ်ရှိချင်မှ ရှိမှာကိုး။ စာချုပ်စာတမ်းနဲ့ တရားဝင်အောင် လုပ်ကြရသယ်” “အစ်ကို့သဘောပါ အစ်ကိုရယ်။ အားလုံး ခွဲစိတ်ပြီးကြရင် မအိမ်ကံ ရက်ကန်းရုံဖြုတ်တော့မယ်။ သမီးနှစ်ယောက် အစ်ကို့ ဆီမှာ နေကြရင် မအိမ်ကံ တစ်ယောက်တည်းကျန်မှာပဲ။ ကျေးဥ တို့တစ်တွေနဲ့ မအိမ်ကံ ယာခင်းကိုင်းခင်းက ထွက်သာနဲ့စား လောက်ပါသယ်။ အစ်ကို့ တူမနှစ်ယောက် အစ်ကိုတာဝန်ယူ တာကိုပဲ မအိမ်ကံ ၀မ်းသာလှပါပြီ” “ကောင်းတာပေါ့ ငါ့နှမရာ။ အပင်ပန်း မခံပါနဲ့တော့။ အစ်ကိုလည်း သွားသွားလာလာ ရှိမှာပါ။ သည်တစ်ခေါက် ခိုင် ကလေးကို အစ်ကိုတို့နဲ့ တစ်ပါတည်း ခေါ်သွားမယ်။ မြိုင်စာမေး ပွဲပြီးရင်တော့ ညီအစ်မ နှစ်ယောက်စလုံး အစ်ကို စောင့်ရှောက် ထားမှာပါ။ အစ်ကို့ တူမတွေ တက္ကသိုလ် ကျောင်းသူကြီးတွေ ဖြစ်လို့ ပညာစုံသွားရင် အစ်ကိုလည်း နားမယ်” သည်လိုနှင့်ပင် မအိမ်ခိုင်မြို့ကို ပါသွားခဲ့သည်။ ကျေးဥ ကတော့ ငိုလို့ပင် မဆုံးနိုင်။ မအိမ်ကံကလည်း တစ်ယောက် ပဲ့ရပြန်ပြီဆိုသည့်စိတ်ဝင်လာ တော့ ရင်မှာနာလှပါ၏။ သမီးငယ် ခိုင်ကတော့ မြို့ကျောင်း သွားတက်ရမှာကို ၀မ်းသာနေ ရှာသည်။ တစ်ချက်ကလေး မျက်နှာ မညှိုးတာကိုပဲ မအိမ်ကံ ရင်အေးရသေးသည်။ ခိုင်ကလေး တငိုငိုတရယ်ရယ် ဆိုလျှင် စိတ်မကောင်းဖြစ်ရဦး မည်။ မျက်ရည်လည်ရွဲ ဖြစ်နေသည့် ကျေးဥကတော့ မအိမ်ခိုင် သွားခါနီးမှာပင် ထမင်း ခွံ့နေရှာပါ၏။ “ဒါကျေးကျေး နောက်ဆုံးခွံ့တဲ့ ထမင်းပေါ့အေ။ ကျေး ကျေးတော့ ထမင်းစားတိုင်း မျက်ရည်ကျရတော့မယ်နဲ့ တူပါရဲ့။ ငါတို့မှာတော့ ပညာမတတ်လို့လည်း ဘာပြဿနာမှ မရှိပါဘူး။ ငါ့သားနှစ်ယောက်လည်း ယာထဲကိုင်းထဲ လှည်းထဲ လှေထဲ သူ့အဘိုး သူ့အဖေတို့လိုကြီးကြဖို့ပါပဲ။ ညည်းတို့သာ ခွဲကြရ ခွာကြရ သံယောဇဉ် မရှိခဲ့ရင် ကောင်းသား။ ခုတော့ ကျေးကျေး ရင်နာလှသအေ”

330


ကျေးဥစကားကြောင့် မအိမ်ကံပင် မျက်ရည်တွေတွေ ကျခဲ့ရသည်။ ဟုတ်ပါရဲ့။ ဖအေကျောင်းဆရာ ပညာတတ်ရဲ့ သမီးတွေဆိုတော့ ပညာရှိရာ လိုက်ကြရတာပါလားလို့ တွေးမိ သည်။ နောင်နှစ်ဆိုလျှင် မအိမ်မြိုင်ပါ လိုက်ရတော့မည်။ အစ်ကို မောင်မြတ်သာက မြိုင့်ကိုလည်း ရန်ကုန် တက္ကသိုလ်မှာပဲ ကျောင်းထားမည်ဆို၏။ အတန်းတွေပြီးတော့ကော သမီးတွေက တောကိုပြန်လာကြမှာတဲ့လား။ မအေ့ ရင်ခွင်ကို ပြန်ခိုကြပါ ဦးမလား။ မြို့မှာပဲ အိမ်ထောင်ရက်သားတွေကျကြလို့ မြို့မှာပဲ အလုပ်တွေ အကိုင်တွေနဲ့နေကြလေမလား။ သူတို့ဘ၀ သူတို့ အခြေ ရေမြင့်သလို ကြာလည်းမြင့်ကြပြီဆိုရင်တော့ ထမြစ် (ထန်းမြစ်)စားချင်လို့ ရွာပြန်နေကြမှာ မဟုတ်တော့။ လှည်း စီးချင်လို့ ရွာ စိတ်ရောက်စရာမရှိ။ မအေတောသူမကြီးက ကော။ သည်အိမ်သည်ဝိုင်း သည်ရွာကလေးကို ခွာပြီး မြို့ဆို တာကြီးကို စမ်းတ၀ါးဝါးလိုက်နေမည့်သူမဟုတ်။ သည်က တည်းက ဝေးကြရပြီဆိုတာ မအိမ်ကံသိနှင့်ပြီ။ သည်အိမ်ကြီးက လူတွေ တစ်ယောက်စီ တစ်ယောက်စီ ခွာကြရပြီ။ အဖေဆုံးသည်။ အမေဆုံးသည်။ မလှအုံဆုံးသည်။ ကိုပြေသိမ်းရှင်ကွဲကွဲရပြီ။ အခုသမီးငယ် ခိုင်ပါရပြန်ပြီ။ နောင်နှစ် သမီးကြီးမြိုင်ပါလိမ့်ဦးမည်။ ဟိုတစ်ချိန်က မီးခိုးမစဲ မီးမစဲ ရှိခဲ့သည့်အိမ်ကြီးမှာ အခုတော့ အခန်းလွတ်တွေများခဲ့ပြီ။ နေ့မီး ညမီး မဆက်တော့ပြီ။ “သမီးဘကြီးနဲ့ ကြီးကြီးစိမ်း ပြောသဲ့စကားကို အမေပြော သဲ့စကားလို အောက်မေ့ပါ။ ပညာကို စိတ်နှစ်ပြီးသင်။ အမေ့ကို မငဲ့နဲ့နော်သမီး။ အမေ နေတတ်သယ် ကျေးကျေးလည်း ရှိသယ်။ သမီးအတွက်စားဖို့ သောက်ဖို့ သုံးဖို့စွဲဖို့အမေပို့ပေးမယ်။ အမေလည်းလာမှာပေါ့။ သမီးလည်းလာခဲ့ပေါ့။ အမေမေတ္တာပို့ နေမယ်။ သမီးလေးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့် တစ်လုံးတစ်ဝတည်းပြည့်စုံပါစီတော်” မအိမ်ကံစကားတွေကို အားတင်းပြီးတုန်တုန်ရီရီပြောခဲ့ ရသည်။ ခိုင်က ထိုင်ကန်တော့သည့်အခါ သည်စကားတွေကို အားတင်းပြီးပြောရ၏။ လှိုက်တက်လာသော ဝေဒနာကကြီး မားလွန်းသဖြင့် ဆုကိုပင် မနည်းပြီးအောင် ပေးခဲ့ရသည်။ ခိုင်တို့လှည်းထွက်သွားတော့ မအိမ်ကံ ခြံဝအထိလိုက်ပို့ သည်။ ရွာအထွက်အထိ လိုက်ပို့ချင်သော်လည်း မအိမ်ကံ ဒူး မခိုင်ချင်တော့။ အိမ်ကြီးဘက်ကို ပြန်အလှည့်မှာတော့ အိမ်ကြီး က အခွံချည်း ကျန်ရစ်ခဲ့သလို မအိမ်ကံ ခံစားလိုက်ရသည်။ အိမ်ကြီးထဲမှာ

ကျေးဥ၏

ငိုသံသာ

ရှိတော့၏။

မအိမ်ကံက

ပဲမှော်

တိုက်နှင့်

အိမ်မကြီးကြားက

ထန်းပက်လက်

ကုလားထိုင်တွေဆီ ရောက်လာခဲ့ရပြန်ပြီ။ မအိမ်ကံလည်း ငိုခဲ့ရသည်ပင်။ ၁၃၂၅ ခုနှစ်အတွင်း အစိုးရ အပြောင်းအလဲဖြစ်ခဲ့သည့် နောက်ပိုင်း ရပ်ရွာ အုပ်ချုပ်ရေးတွေကလည်း ပြောင်းလဲသွားခဲ့ သည်။ မြို့မ ကျေးရွာ ရပ်ကွက်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ ဆိုသည့်အဖွဲ့တွေမှာ သာအောင်ပါ မလာနိုင်တော့။ ရွာက လူရေးလူစွာရှိသော ကိုစံကောင်းကို ရွာဥက္ကဋ္ဌတင်မြှောက်ခဲ့ ကြသည်။ ကိုစံကောင်း ရပ်ရွာကို ချုပ်ကိုင်ခွင့်ရလာသည့် အခါ မအိမ်ကံအဖို့ အားကိုးခဲ့ရသည်။ ကိုစံကောင်းက လူဖြောင့် လူမှန်ဆိုတော့ အများ၏ကိုးစားခြင်းခံရသူ ဖြစ်သည်။ ၁၃၂၅ ခုနှစ်အတွင်း ဇောင်ချမ်းကုန်းမှာ အလှူကြီးတစ် လှူရှိသည်။ ကိုစံကောင်းတို့ကိုယ်တိုင် ၀ိုင်းကြ၀န်းကြရှိရပြီ။ အလှူကတောင်သူကြီးဖြစ်သော ကိုမောင်သိန်းနှင့် မချောရင် တို့အလှူ။ တောင်သူကြီးဆိုတော့ အလှူကြီး ပေးနိုင်ကြသူတွေမို့ ၀က်ဝက်ကွဲစည်မည့် အလှူလည်းဖြစ်၏။ အလှူမတိုင်ခင် တရားပွဲ သုံးညကျင်းပမည်။ အလှူအ၀င်ညမှာ မန္တလေးဆိုင်း ငှားထားသည်။ အလှူက လေး၊ ငါးလလောက် လိုသေးသော် လည်း ရွာရပ် ထုံးစံတာဝန်တွေ အသီးသီးခွဲဝေနှင့်ကြပြီ။ ထူးခြားသည်မှာ ရွာ့ကွမ်းတောင်ကိုင်ချောညို အိမ်ထောင် ပြုခဲ့သည့် နောက်ပိုင်း ရွာ့ကွမ်းတောင်ကိုင် အသစ်ရွေးဖို့ ရွာက ရွာ့အပျိုတွေကို အကဲခတ် နေကြချိန်ဖြစ်၏။ ဇောင်ချမ်းကုန်းသူ ကလေးတွေက ပင်ကိုအားဖြင့် ရုပ်ရည်ရူပကာ တင့်တယ် လှပကြသူများ ဖြစ်၍ ခေါင်ကောက်ရွေးနိုင်သော်လည်း ကွမ်း တောင်ကိုင်ဖြစ်ဖို့ဆိုတာ လွယ်လှသည်မဟုတ်ပါ။ “ကျော်တင့်သမီးကလေး ချောပါ့အေ။ ခမျာ နွမ်းပါးရှာ လို့သာ” “တောကျော်တို့၊ ငှက်မတို့သမီး စိန်သွယ်လည်း မဆိုးပါဘူး”

331


“တောကျော်နဲ့ ငှက်မက ကြီးပေါင်းတွေ။ ငယ်လင် ငယ် မယားမှ မဟုတ်သာ” “ကျုပ်မျက်စိထဲမတော့ ရွှေမှုံတို့ သာအောင်တို့သမီး မှုံနံ့သာကိုပဲ မြင်သတော်” “ခင်ဗျားက စပ်ရင် အမျိုးကိုးဗျ။ သဟာက ဘက်လိုက်လို့ ဖြစ်သာမှုတ်ဘူး” “မအိမ်ကံ သမီးထက်များ ဘယ်သူကသာဦးမှာတုံးတော့်။ ရုပ်ရည်တော်၊ စည်းစိမ်တော်၊ ပညာတော်၊ မိဦးဘဦးတော်၊ မိဘတွေက ငယ်လင်ငယ်မယားတော်၊ အကျင့်စာဂကောင်းသ တော်” “မအိမ်ကံသမီး

မအိမ်မြိုင်လား။

သည်ကလေးမဆိုလို့

ကတော့

သည်နားရွာတွေ

နောက်ကောက်ကျရုံပေါ့။

ရေ

သောက်သာတောင် လည်ချောင်းထဲ ဆင်းသဲ့ရေ မြင်ရသဲ့ မိန်းမ မျိုး” “မအိမ်မြိုင်က မြို့နေ မြို့ကြီး ပညာတတ်နေပြီဟဲ့။ တောကိုလာပြီး ကွမ်းတောင်ကိုင်ပါ့မလား” “သြော် မြို့က ဆယ်တန်းဖြေပြီးလို့ ရွာရောက်နေသယ် တော်။ ညည်းဘယ်အိပ်ပျော်နေသာတုံး။ ရွာက ကောက်ရင် နေရမလားဟဲ့” ရွာ့အသံတွေက တစ်ယောက်တစ်ပေါက်ပင်။ ရွာအပျိုတွေ အားလုံး စေ့ငှအောင် အကဲခတ်ကြသည်။ ရွာအပျိုကချည်း သုံးလေးဆယ် ရှိနေသဖြင့် သူ့ဘက်ကိုယ့်ဘက် ဆွဲကြတာလည်း ရှိ၏။ သူ့အမျိုး ကိုယ့်အမျိုး ကွမ်းတောင်ကိုင်ဖြစ်စေရေး ဆွယ်တရား

ဟောကြတာတွေကလည်း

ကွမ်းတောင်ကိုင်ရွေးရမည်

ဆိုတိုင်းကြားရသည့်

အသံတွေ

ဖြစ်သည်။

ရွာ့ကွမ်းတောင်ကိုင် လက်စ ချောညို အိမ်ထောင်ကျပြီဆိုတော့ လာမည့် အလှူမှာ ကွမ်းတောင်ကိုင်ရှိမှ ဖြစ်တော့မည်။ မရွေးမဖြစ် ရွေးရတော့မည်။ ရွာဥက္ကဋ္ဌ ကိုစံကောင်းကတော့ သည်ကိစ္စကို ခပ်ရှောင်ရှောင် နေခဲ့သည်။ မအိမ်မြိုင်က သူ့တူမ ၀မ်းကွဲဆိုတော့ ရွာကရွေး ကြသည့် ကိစ္စမှာ သူ့ပယောဂ မပါချင်။ တစ်ရက် မအိမ်ကံတို့ အိမ်ကို ရောက်သဖြင့် သူ့သဘောထားကို ပြောဖြစ်ခဲ့သည်။ “ငါကြားရသလောက်တော့ ငါ့နှမရဲ့၊ မှန်သာပြောသာ နင့်သမီးပဲ မဲပေးနေကြသာပဲ။ ဒါပေသိ” “ဘာ ဒါပေသိလဲ အစ်ကိုလေးရဲ့။ ရွေးစရာ မလိုသဲ့ဟာ ရွေးနေကြရော့လား။ ထောပတ်တင်လဲ အိုးတွေ့နေသာတောင် ထမင်းအိုးချိုး ခြစ်နေကြသာများ အစ်ကိုလေးရယ်”

“သူ့ဘက်ကိုယ့်ဘက် ဆွဲကြသာပေါ့ဟာ။ မြောက်ပိုင်းက မြောက်ပိုင်းသူ ဖြစ်စေချင်သယ်။ တောင်ပိုင်းက တောင်ပိုင်းသူ ဖြစ်စေချင်သပေါ့ဟာ။ အများကတော့ မအိမ်မြိုင်ကို အသံမြည် ကြသာပဲဟ” “အစ်ကိုလေးတို့ ရွာသူကြီးတွေ သဘောကကော” “တို့ကတော့ ထမင်းရည်စည်းပေါ် ခွနေကြရသာပေါ့ဟာ။ အများက ရွေးကြမယ့်ဟာ ပယောဂပါမှာ စိုးသယ်” တစ်ရွာလုံးက သည်အလှူကြီး အကြောင်းသာ ပြောနေ ကြလေသည်။ ယာခင်းပဲခင်း၊ ရေတွင်းရေကန်၊ ပဲရွေးမောင်း ထောင်းစသည်ဖြင့် လူစုမိသည်နှင့် ဘယ်သူဘယ်ဝါတော့ အတော်သား၊ ဘယ်သူဘယ်ဝါတော့ ဘယ်လိုတဲ့ ပြောကြမြဲ ဖြစ်သည်။ အချင်းချင်းတီးခေါက်ကြသည်။ လူ့သဘာဝ ကိုယ့်လူကိုယ့် အပိုင်းက ဖြစ်စေချင်ကြသော်လည်း နောက်ဆုံး တော့ ရွာ့ကွမ်းတောင်ကိုင်မိန်းမချောကို သဘောညီသွားကြ တာကလည်း ထူးဆန်းလှပါ၏။ ဒါကြောင့်လည်း ဖက်စိမ်း

332


ကွမ်းတောင်ကို ကိုင်ရမည့် မိန်းမသားသည်လည်း ဘုန်းကံကြီး သော မိန်းမသား အဖြစ် မှတ်ယူကြလေသည်။ မအိမ်ကံ မက်မောသော အချက်ကလည်း သည်အချက်ပဲဖြစ်၏။ ကာရန်သင့်ချင်တော့

ကွမ်းတောင်ကိုင်

လစ်လပ်သည့်

အချိန်နှင့်

သမီးကြီးမြိုင်ရွာကို

ပြန်ရောက်သည့်အချိန်က

တစ်ထပ်တည်း ကျနေသည်။ မအိမ်ကံကတော့ သည်တစ်ချီသည် တစ်မောင်းဆွမ်းကြီးလောင်းရပြီ တွက်ခဲ့ပါ၏။ ရွှေမှုံသမီး မှုံနံ့သာကလည်း ညိုညက်ညက်လှရှာသည်သာ။ မအိမ်မြိုင်သာ မရှိလျှင် မှုံနံ့သာ ကွမ်းတောင်ကိုင်ဖြစ်ဖို့ သေချာသည်။ မှုံနံ့သာကလည်း လိမ္မာရေးခြား ရှိပုံကအစ ရပ်ရေးရွာရေး၊ ဗျိုရေးဗျာရေးတွေမှာ လက်ကြောတင်း သူကလေး အဖြစ် သတင်းပြေးလှသည်။ သည်အကြောင်းတွေကိုလည်း မအိမ်ကံ ကြားရပါ၏။ မြိုင်ကတော့ ယဉ်ယဉ်နွဲ့နွဲ့၊ ဣနြေ္ဒ ကျက်သရေ၊ ပညာ၊ ရုပ်အဆင်းမယှဉ်သာအောင် အထက်တန်းကျသူ ကလေးလို့ ရွာကမြင်ကြသည်။ သည်ရက်တွေထဲမှာ မအိမ်ကံက သမီးမြိုင်ကို ဖြီးလိမ်း ပြင်ဆင်ခြယ်သစေပြီး ရွာကို လူလုံးပြတော့သည်။ အ၀တ် အမျိုးမျိုး၊ ရှိုးအသွယ်သွယ် ထုတ်စေကာ သားအမိနှစ်ယောက် ရွာလှည့်ကြသည်။ ခါတိုင်း မရောက်ဖူးသည့် ချောင်တွေအထိ သွားကာ မြိုင့်အလှကို ရွာက မြင်စေသည်။ “ရှင်အိမ်ကံ့

သမီးများ သင်္ကြန်တွင်း အပြင်ထွက်ရင် သိကြားမင်းကတောင် ကောက်လောက်သယ်။ ကောင်းလိုက်

သဲ့ပါရမီနှယ်တော်။ ဘဝေဘ၀က ဘာများ လှူခဲ့လို့ပါလိမ့်။ မအေလှသာ ချောသာ ဘာဟုတ်သေးတုံး” “မအိမ်ကံက အရွယ်ရပါပြီ ကြီးတော်ရယ်။ အခုက သမီး တွေ အလှည့်ပါ။ မိန်းကလေးဆိုသာ ပန်းများလို ဖုံရာကငုံ၊ ငုံရာကဖူး၊ ဖူးရာကပွင့်ရသာမျိုး ပါ။ သည်အရွယ်လှရသာမှုတ် လား။ မြိုင်က ပညာတတ်ဆိုပေ သိလို့ တောစိတ် တောင်စိတ် ရွာစိတ်ရပ်စိတ်ရှိလို့ ၀မ်းသာရ သေး ကြီးတော်ရေ” ရပ်ရွာက ချီးမွမ်းကြတိုင်း သမီးအကြောင်းစကားထည့်ရ တာ အမော။ မအိမ်ကံကိုကြည့် ကာ ကျေးဥပင် အံ့သြရတော့သည်။ တစ်လောက ရွာပြင်စေတီ ဘက်ကို စက်ကျရာက ခုတော့ ရွာထဲရပ်ထဲခြေစကြာလှည့်နေ တာကို အံ့သြရခြင်းဖြစ်၏။ မအိမ်ကံ ဘာကိစ္စသည်လို လှည့်နေတာလဲ ဆိုတာကို သိသူပီပီ ဘာတစ်ခွန်းမှဝင် မပြောခဲ့ပါ။ ကျေးဥကြားရသလောက် ရွာကမြိုင့်ကို မဲပေးထားကြပြီး သား။ မြိုင်ပဲ ကွမ်းတောင်ကိုင်ဖြစ်ဖို့ရှိသည်။ သည်ကိစ္စက အရေးကြီးသည်လို့ ဆိုနိုင်သလို အရေးမကြီးပါလို့လည်း ပြောနိုင်ပါ၏။ ဖြစ်တော့လည်း ကိုင်လိုက်ရုံပင်။ မဖြစ်တော့ လည်း နေလိုက်ရုံပင်။ ဘယ်သူမှ မအိမ်ကံလို ယောက်ယက် ခတ်နေတာမျိုး မရှိ။ မအိမ်ကံ၏တစ်သက်လုံးက ခံစားနေ ရသော ဝေဒနာကိုသိထားတော့လည်း အတွင်းသိတစ်ဦးအနေ ဖြင့် ကိုယ်ချင်းစာမိသည်။ သနားမိသည်။ မအိမ်ကံမှာ သည်ဝေဒနာက မွေးရာပါ နာတာရှည်ရောဂါလို အမြစ်တွယ်နေ တာကိုလည်း သိပါ၏။ သည်ချင်ခြင်းသာ ပြေလျှင်ပြီးပြီ။ အခြား တောင့်တစရာ၊ ကြောင့်ကြစရာ မရှိ။ အလှူပွဲကြီးနီးလာခဲ့ပြီ။ အလှူသံတွေလည်း ညံနေခဲ့ပြီ။ ရွာမောင်းဆိုင်း၊ ရွာဒိုးဝိုင်းများပင် အသံ တစာစာ ပေးကြပြီ။ သီချင်းတွေ တိုက်ကြဆိုကြပြီ။ အ၀တ်အစားတွေ ချုပ်ကြ လုပ်ကြပြီ။ အလှူ့ဝေယျာဝစ္စတွေမှာ ကိုယ်စီကိုယ်င တတ် အားသရွေ့တာဝန်တွေ ခွဲဝေယူကြပြီ။ သည်ရက်ထဲမှာ မအိမ်ကံ ကိုယ်တိုင် သမီးကိုမြင်းခြံလွှတ်လိုက်ရသည်။ မြင်းခြံကတစ် ဆင့် ဘကြီးမြတ်သာရှိရာရန်ကုန်ကို တယ်လီဖုန်း ဆက်ရန်ဖြစ် သည်။ မအိမ်မြိုင် တက္ကသိုလ် ပထမနှစ် တက်ရန် ရန်ကုန်ကို သွားရတော့မည်ဖြစ်၍ အကျိုးအကြောင်းသွားမေးဖို့လိုအပ် တာကိုလည်းသိပါ၏။ “တစ်ညအိပ်ပြီး ပြန်ခဲ့ သမီး။ ထနောင်းတိုင်ဘက် မကူးနဲ့ တော့။ သမီး ရန်ကုန်သွားရင်းနဲ့မှ အမေနဲ့ အတူ ၀င်ကန်တော့ကြ ရအောင်။ ဘကြီးကို သေသေချာချာမေးနော်။ လာခေါ်မယ့် ရက်၊ ကျောင်းတက်ရမယ့်ရက်၊ ဘယ်သူလာခေါ်မှာလဲ၊ ဘာတွေ ယူခဲ့ရမှာလဲ၊ အကုန်မေးခဲ့။ ရန်ကုန်ကို အမေပါလိုက် မှာလို့ပါထည့်ပြော” မအိမ်မြိုင် မျက်နှာ မကောင်းတာကိုမြင်တော့ မအိမ်ကံ စိတ်မချမ်းသာ။ ရန်ကုန်က ချက်ချင်း လာခေါ်မည် ဆိုလျှင် သမီး လိုက်ရတော့မည်။ ဘာပဲဖြစ်ဖြစ် အလှူပွဲကြီးပြီးမှ ထည့်မည်။ အလှူက နှစ်လလားလိုတော့တာ မဟုတ်လား။ မအိမ်မြိုင် ဒါကို စိတ်မကောင်း ဖြစ်တာများလား။ မအိမ်မြိုင် မြင်းခြံသွားမည့်နေ့က တစ်ရက်စာ အ၀တ်အစားအိတ် တစ်အိတ် သာပါသည်။ ဖိုးကူး လှည်းကောက်ပြီးသည်နှင့် မအိမ်မြိုင် လှည်းပေါ်ရို့ခနဲ တက်လိုက်သည်။

333


“အမေ သွားပြီနော်၊ ကျေးကျေးသွားပြီ” “အေးအေး၊ မြန်မြန်ပြန်ခဲ့နော် သမီး” ထိုနှုတ်ဆက်ခြင်းသည် တစ်ဘ၀စာ ဖြစ်ရတော့မည်ဆို တာကို မအိမ်ကံရော မအိမ်မြိုင်ပါ မသိကြပြီ။ ရွာလမ်းကွေး မှာ လှည်းပျောက်သည်အထိ မအိမ်ကံလိုက်ကြည့်နေခဲ့ရှာပါ ၏။ သို့သော် နောက်သုံးလေးရက်။ ထိုလမ်းကွေးက ဖိုးကူး ၏ လှည်းပြန်ပေါ်လာချိန်မှာတော့ မအိမ်မြိုင် ပါမလာခဲ့။ တစ်ည အိပ်ဆိုပြီး လွှတ်လိုက်သော သမီးမြိုင် တစ်ရက်၊ နှစ်ရက်၊ သုံးလေးရက်။ မအိမ်ကံ လှည်းကို အကြိမ်ကြိမ် ထွက်မျှော်ခဲ့ရ သည်။ ရောက်သင့်သည့်ရက်မှာ ရောက်မလာတော့ စိတ်ပူရပြီ။ မြင်းခြံမှာ အလုပ်ကိစ္စ မပြီးပြတ်လို့ တယ်လီဖုန်းစောင့်ဆက် နေရသည်ပဲထားပါဦး။ တစ်ည နှစ်ညပေါ့။ သုံးလေးည ကြာ နေတာကို မအိမ်ကံ နားမလည် နိုင်ရှိခဲ့ရသည်။ “ကျေးဥရယ်၊ မြိုင်တို့ပြန်လာဖို့ ကောင်းပြီ။ ဘယ့်နှယ့် ကြောင့်ပါလိမ့်” “ဟုတ်ပါ့။ သာလီဖောင်းများ ဆက်မရလို့လားအေ” “အိုအေ၊ ဆက်မရမရှိပါဘူး။ သည်လောက် ကြာရမယ် လို့” နောက်ရက်ညနေမှာတော့ ဖိုးကူးနှင့်အတူ မောင်သက် မင်းပါ ရောက်လာကြသည်။ မြိုင့်ကိုမမြင်။ မောင်သက်မင်း က လှည်းပေါ်ကဆင်းဆင်းချင်း အိမ်ထဲတန်းဝင်သွားကာ တန်းလျားခုံမှာ ငူငူကြီးထိုင်လေ၏။ မအိမ်ကံခမျာတော့ ရင်တွေ တဒိန်းဒိန်း ခုန်နေလေပြီ။ ဖိုးကူးက လှည်းချွတ်ပြီး အသာဝင်လာသည်။ ဘယ်သူကမှ စကားမဟတော့ မအိမ်ကံ ငေါက်ရတော့သည်။ “ဟဲ့ ဘာလဲ မောင်သက်မင်း၊ သမီးကော” “မမကံသမီး မိုက်တယ်။ ရောက်လို့ တစ်ရက်၊ နှစ်ရက် နေသေးတယ်။ နောက်ရက် အိမ်ပြန် မလာလို့ ရှာကြတာနဲ့ ရက်ကြာခဲ့ရတယ်” “ဘယ်လို၊ ဘယ်လိုကွယ့်” “မအိမ်မြိုင် သက်ဦးဝေနောက် ခိုးရာလိုက်သွားပြီ မမကံ။ ရှာလို့ကို မရတော့ဘူး” “အလို ဘုရား၊ ဘုရား” မအိမ်ကံ တောင့်တောင့်ကြီး ထိုင်နေခဲ့သည်။ မလှုပ် မယှက်။ လှည်းသွားရာ လိုက်ရသော လှည်းဦးက ကျေးကွေး ရုပ်လို စိတ်သွားရာ လိုက်နေသည်နှင့်ပင် တူပါ၏။ ညနေခင်း ရွာထဲဘက်ဆီက ဒိုးတိုက်သံတွေ ကြားနေရသည်။ ဝေေ၀၀ါး ၀ါး အော်သံဟစ်သံတွေကြားနေရသည်။ ရွာက မအိမ်မြိုင်ကို ဖက်စိမ်းကွမ်းတောင်ကိုင် အဖြစ် ရွေးလိုက်ပတဲ့ ဆိုသည့် မင်္ဂလာ သတင်းနှင့် အတူ အမင်္ဂလာ သတင်းသည် တစ်ချိန်တည်း ရောက်လာခဲ့တာပါလား။ မောင်သက်မင်းက ဖြစ်ပုံပျက်ပုံ အလုံးစုံကို ရှင်းပြနေသော်လည်း မအိမ်ကံ နားထဲမရောက်။ နားတွေ ကန်းခဲ့ပြီ။ မျက်လုံး တွေ ကွယ်ခဲ့ပြီ။ နှလုံးသားတွေ တစ်စစီပဲ့ကြွေကုန်ကြပြီ။ မြင်မြင်သမျှ အရာရာတိုင်း ကမ်းပါးပြိုသလို တ၀ုန်းဝုန်းပြိုကျ နေကြပြီ။ မအိမ်ကံ အသက်နှစ်ဆယ်တုန်းက ကွမ်းတောင် ပြုတ်ကျခဲ့သည်။ အခု အသက်လေးဆယ်ကျော်ပြန်တော့ သမီး ကိုင်ရမည့်

334


ကွမ်းတောင် ပြုတ်ကျရပြန်ပြီကော။ ငှက်ပျောဖက် စိမ်း၊ ငှက်ပျောဖက်ဝါတို့ရောကာနှောကာ ဖွဲ့ကာယှက်ကာ ထိုးထားသော လက်ရာမြောက် ဖက်ရွက်ကွမ်းတောင်သည် ငွေတန်ဖိုးအားဖြင့်တော့ ဘာမှ မတန်သော်လည်း ထိုကွမ်း တောင်ကိုင်ရသည် ဆိုသော ဘ၀ တန်ဖိုးကတော့ နှိုင်းဆစရာ မရှိလောက်အောင် တန်ဖိုးကြီးလှသည်။ မောင်သက်မင်းကတော့ ဇောင်ချမ်းကုန်းမှာ နှစ်ရက် လောက်နေခဲ့ပါသေးသည်။ မအိမ်ကံက မောင်သက်မင်းကို အပြစ် မတင်ရက်ပါ။ မိုက်မဲသူတစ်ယောက်အတွက် မခံနိုင်တာလည်းပါပါ၏။

နောက်

သက်ဦးဝေနှင့်

ထပ်မိုက်မဲမှုမျိုး မအိမ်မြိုင်တို့

မလိုချင်တော့သလို၊

ပြောမိတိုင်းရင်နာရတာ

သည်လိုဖြစ်သွားကြလိမ့်မည်ဆိုတာကို

အဝေးက

ကို

မအိမ်ကံ

မထင်တာမပြောပါနှင့်၊ အနီးကပ်နေထိုင်သူ ဦးလေးသက်မင်း ပင်ရိပ်စားမိလိုက်ပုံ မပေါ်မှတော့ အစကောက်ဖို့ခက်သည်။ သြော် မအေ့ဆန္ဒကလေးဖြည့်များသွားပါဦးတော့လား သမီး ရယ်။ သည်လောက်ပြောပြထားပါလျက်ကနဲ့။ မိုက်လိုက်လေ ခြင်း။ ရှိပါစေတော့လေ။ ဘယ်သူ့ကံကြမ္မာကို ဘယ်သူက ဖန်တီးနိုင်ကြလို့လဲ။ ဘ၀ထဲမှာ ဘယ်သူ့ကိုမှ ပုံသွင်းချင်လို့ မရနိုင်။ ချစ်လှပါသည်ဆိုသော အိမ်ဦးနတ်ဆိုသူကပင် ဇနီး နှင့်သမီးတွေကိုခွဲကာ တောထဲတောင်ထဲအဖော်ခေါ်ရာနောက် သုတ်ခနဲပါသွားသေးတာပဲ။ အားထားမိသော သမီးကြီးက ဆိုင်းမဆင့် ဗုံမဆင့် ထင်ရာစိုင်းခဲ့ပြီ။ သားအဖနှစ်ယောက် မအိမ်ကံကို နှိပ်စက်လို့ ၀သွားလောက်ကြရောပေါ့လေ။ မအိမ်ကံခမျာ အလှူကဒိုးသံ၊ ရွှဲတိုက်သံ၊ မောင်းဆိုင်းသံ တွေကြားရလေ အရူးရင့်လေ။ ရင်တွေ တလှပ်လှပ်ခုန်လာ သည်။ မတ်တတ်က ပြိုလုပြိုခင်။ သည်ကိစ္စ အစ်ကိုမောင် မြတ်သာကို အကြောင်းကြားခိုင်းလိုက်ရသည်။ နို့မို့သူ့ခမျာ တူမကြီးကို တမျှော်မျှော်ရှိရော့မည်။ ဘကြီးမြတ်သာကြားလျှင် ခိုင်လည်း ကြားနိုင်လောက်ပါ၏။ ရှိပါစေတော့။ ရှိကြပါစေ တော့။ တစ်သက်လုံးက မာန်နှင့်ဌာန်နှင့်နေခဲ့သော မအိမ်ကံ ပဲလေ။ ညည်းခံလိုက်ပါဦး။ မအိမ်ကံတို့အိမ်ကို အလှူဖိတ်စာရောက်လာသည့်အခါ မအိမ်ကံ ရင်ကွဲရပြန်သည်။ မအိမ်မြိုင့်သတင်းက တားမနိုင် ဆီးမရ ရွာလုံးကြားခဲ့ကြပြီမဟုတ်လား။ သည်ကိစ္စကို သိုသိပ် ထားချင်လို့လည်း မဖြစ်နိုင်ပါ။ မအိမ်ကံကိုယ်တိုင်ကလည်း သိုသိပ်ထားလိုစိတ်မရှိ။ ရွာ့ကွမ်းတောင်ကိုင်တစ်ယောက် ထပ်ရွေးကြရဦးမှာ မဟုတ်လား။ မအိမ်မြိုင့်သတင်းကြားရသူ တိုင်းက စုတ်တသပ်သပ် ရင်ထုမနာဖြစ်ကြရတာကိုလည်း မအိမ်ကံသိပါ၏။ မိုက်လိုက်တဲ့ကလေးမနှယ်ဆိုသူတွေချည်း။ ကိုစံကောင်းပင် မျက်ထောင့်နီကြီးနှင့်ရောက်လာကာ သေချာ ရဲ့လားမေးနေခဲ့သည်။ သေချာပါသယ် အစ်ကိုလေးရယ် လောက်သာ ဖြေနိုင်ခဲ့သည်။ “အောင်ချာရွှေပြည် တိုင်းရဲ့ဌာနီ ပုံဝေးလို့ကွာခဲ့ပြီ။ မြူမြူ တွေဖုံးပါလို့ မိုးလုံးပတ်လည် တိမ်ပန်းတိမ်နီနော်ကွယ် မင်ဇော် ရန်းတွေနှင့် ဘယ်ဝယ်မြောက်တောင် ဘယ်ဝယ်လေမြောက် တောင်ရော်လို့သာရမ်းရတယ်။ လာလမ်းသိပေါင်လေ” ဒိုးပတ်သီချင်းသံက မအိမ်ကံကိုများ စောင်းဆိုနေကြ ရော့လား။ အလှူပွဲကြီးကလည်း နီးသထက်နီးလာခဲ့ပြီ။ မအိမ်ကံ အနောက်တန်းရွာတွေဘက် ရှောင်နေရန် စဉ်းစား လိုက်သည်။ အလှူလှည့်လာလျှင် ရင်ကျိုးရတော့မှာကို မအိမ်ကံ မခံနိုင်။ သမီးကွမ်းတောင် မကိုင်ရတာထက် ရွှေမှုံ့ သမီး မှုံနံ့သာ ကွမ်းတောင် ကိုင်ရတော့မှာကို မခံနိုင်ခြင်းဖြစ် သည်။ “ကျေးဥရယ်၊ သင်းတို့ငါ့ကို နိုင်ကြပြန်ပါပကောအေ” “နိုင်သယ် မဟုတ်ပါဘူး မအိမ်ကံရယ်။ မှုံနံ့သာက ကွမ်းတောင်ကိုင်ရမယ်လို့လည်း သူတို့ကိုယ်တိုင် မျှော်လင့်ထားကြသာ မှုတ်ပါဘူးအေ။ ငါ့အသိဆုံးပါ။ မြိုင့်ကို သူတို့ မယှဉ်နိုင် သာ သိကြပါသယ်။ မအပ်မရာ ဖြစ်ရသယ်လို့လည်း မတွေး ကြပါဘူး။ တလွဲ မထင်ပါနဲ့” “အိုအေ၊ သူတို့က ဘယ်လိုသဘောထားထား၊ ငါရှုံးသာ ရှုံးသာပါပဲအေ။ ငါရှုံးသယ် ဆိုမှတော့ သင်းတို့နိုင်သာပဲပေါ့။ မအိမ်မြိုင်ကို ခုနေများ တွေ့ရင် အရိုးတစ်ချောင်းစီ ထုတ်ပြီး ပုံပစ်လိုက်ချင်သယ်။ အဲသလောက် နာသယ်။ အင်းလေငါ့သမီး ကိုတောင် ငါရှုံးမှတော့ သူများငါ့ကို နိုင်သာ ဘာဆန်းလို့တုံး”

335


ကျေးဥခမျာ

သည့်ထက်တရားမချဝံ့ပြီ။

အရာအားလုံး

ကျေးဥအပေါ်

သတ္တုကျလာနိုင်သည်။

မအိမ်ကံ့အနားက

အသာခွာခဲ့ခြင်းသာ အကောင်းဆုံး။ သည်လိုနှင့် အလှူဝင်ရန် နှစ်ရက် အလိုကို ရောက်လာခဲ့ ပါ၏။ မန္တလေးက ငှားထားသော ဆိုင်းသည်ပင် ရွာကိုကြို ရောက်နှင့်ကြပြီ။ မဏ္ဍပ်ကြီးက ဟည်းလို့။ ရွာပေါင်းစုံက ဧည့်တွေ လာကြတော့မည်။ မှုံနံ့သာအတွက် ရွှေမှုံတို့ အမျိုးတွေ မန္တလေးဘက် ချိတ်ထည် အ၀ယ်ထွက်ကြသတဲ့။ သမီးအတွက် ဘယ်လောက်ကုန်ကုန် ကုန်ပစေစမ်းတဲ့။ အသားညိုချော မှုံနံ့ သာက အဖြူရောင် ချိတ်ဝတ်လိမ့်မတဲ့။ ရွှေမှုံက ဥဿဖရား ကျောက်မျက်တစ်စုံဝယ်ကြသတဲ့။ မကြားချင်သော်လည်း ကြားနေရသည့် သတင်းတွေ။ အိမ်အပေါ်ထပ်ဆီက တစ်စုံတစ်ရာကျလာခဲ့ကာ အိမ်ရှေ့ မြေပြင်မှာ အစိတ်စိတ် ကွဲကြေသွားတာကို ကျေးဥကြားလိုက် ရသဖြင့် ထွက်ကြည့်သည်။ မအိမ်မြိုင်၏ ဓာတ်ပုံ။ မှန်တွေကွဲ၊ ဘောင်တွေ ကျိုးကြေသွားသော်လည်း ဓာတ်ပုံထဲက မအိမ်မြိုင် က ပြုံးလျက်။ မအိမ်ကံအပေါ်ထပ်က ပစ်ချလိုက်ခြင်းဖြစ်၏။ ကျေးဥက အသာ ကောက်ယူကာ သိမ်းထားလိုက်သည်။ “ဟုတ်ပါရဲ့ မြိုင်ရယ်။ ညည်းလုပ်ရက်လိုက်သာအေ။ ညည်းအမေကို ညည်းမြင်လှည့်ပါဦး” သည့်နောက်မှာတော့ တိတ်ဆိတ်သွားပြန်လေသည်။ ရွာအလှူက

၁၃၂၆

ခုနှစ်

တပို့တွဲလပြည့်နေ့ဖြစ်၍

ထိုရက်သည်

မအိမ်ကံ

အသက်လေးဆယ့်လေးနှစ်ပြည့်ရန်

ဆယ့်တစ်ရက်အလိုဖြစ်သည်။ ဘာလိုလိုနှင့် ကိုပြေသိမ်း ရွာက ထွက်သွားခဲ့တာပင် လေးနှစ်တင်းတင်းရှိခဲ့ပြီ။ ဘယ်လို ဖြစ် သည်မသိ။ သည်ရက်တွေထဲမှာမှ ကိုပြေသိမ်းကို မအိမ်ကံ လွမ်းနေမိသည်။ မကြင်နာစိမ်းသူကြီးရေဆိုသော်လည်း မအိမ်ကံ ချစ်မြတ်နိုးလို့ပေါင်းသင်းလာခဲ့သည့် လင်သား မဟုတ်လား။ တစ်နေ့တစ်ရက်မှ မေ့မရသလို နေ့စဉ်နှင့်အမျှ မေတ္တာပို့ဖြစ်ခဲ့ပါ၏။ သည်အချိန်မှာ သူသာကိုယ့်အနားရှိခဲ့လျှင် ဆိုသည့်အတွေးဖြင့် လွမ်းဆွတ်တသ ရှိခဲ့ရသည်။ သူလည်း မအိမ်ကံကို ချစ်ရှာသူပဲ။ တစ်နေ့ပြန်ရောက်အောင် လာလိမ့် မည်ဆိုတာ မအိမ်ကံ ယုံကြည်မျှော်လင့်နေဆဲဖြစ်၏။ “နွမ်းနယ်တစေ့၊

ရှေးကပါ၊

ကြမ္မာငွေ့ကြောင့်၊

မတွေ့ရ

တာ၊

ကြာညောင်းကြာမှ၊

မျက်နှာတူရူ၊

သူလည်းအလာ၊

မယ်သာအမျှော်”ဆိုသလို ကနေ့လား နက်ဖြန်ငယ် ရောက်လာ လေမလား။ ဒါမှမဟုတ် “တို့ချစ်ခြင်းကို၊ ကွင်းအောင်တစေ၊ နေ့တိုင်းမွှေတဲ့၊ သက်ကြီးရွယ်အို၊ မြင်တိုင်း မုန်းစရာ့၊ ကုန်း မအို၊ ရေလို ခန်းခြောက်ပါစေသား”လို့ မမြင်ရသည့် ကံကြမ္မာ ကိုပဲ ကျိန်ဆဲရလေမလား။ သည်ရက်ပိုင်းထဲ မအိမ်ကံစိတ်တွေ ပုံမှန်မဟုတ်တော့ တာတော့ သေချာသည်။ ဘယ်သူ့ကိုမှ အတွေ့မခံတော့ဘဲ အိမ်ကြီးပေါ်မှာ နေခဲ့သည်။ ငယ်ငယ်က ထိုင်နေကျ လေသာ ဆောင်က ခုံရှည်တန်းလျားမှာထိုင်ရင်း ခပ်ဝေးဝေးက သစ်ခင်း တွေကို ငေးနေတတ်သည်။ သွေ့ခြောက်သွားသော အိမ်ကြီး ပေါ်မှာ လူသံသူသံတွေ မရှိတော့ပြီ။ အိမ်မြှောင်စုတ်ထိုးသံက လွဲ၍ အခြားမရှိ။ အလှူရက်မတိုင်ခင် အဝေးဖိတ်နေ့က သည်အိမ်ကြီးဆီကို ထူးဆန်းသော ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။ ထူးဆန်းသည်ဆိုတာက သေလူအဖြစ် သဘောထားခဲ့သူဖြစ်ရုံမက တစ်လျှောက်လုံး ရွာနှင့်မအိမ်ကံ တို့ကို ဒုက္ခအမျိုးမျိုးပေးခဲ့သောသူ ဖြစ်နေခြင်းကြောင့်ပင်။ အလှူအိမ်ဘက်ဆီက ဆိုင်းသံကြားနေရသည်။ ကြေး နောင်သံဖြစ်၏။ မနက်ဖြန်ညဘက် ဆိုင်းဝင်လိမ့်မည်။ သန် ဘက်ခါအလှူကြီး။ ရွာ့ထုံးစံ မနက်ဖြန်အလှူဝင်ရက် ညနေမှာ ရှင်လောင်းလှည့်လိမ့်မည်။ ကနဦးတုန်းကတော့ သည်ရက် တွေမှာ အနောက်တန်းရွာတွေဘက်ရှောင်နေဖို့ စိတ်ကူးခဲ့ပါ ၏။ သို့သော် သွေးကြောင်သော အပြုအမူမျိုးကို မအိမ်ကံ လုပ်လိမ့်မည် မဟုတ်။ သတ္တိနည်းရာကျရော့မည်။ သည်တော့ စိတ်ကိုလျှော့ကာ အိမ်အပေါ်ထပ်မှာပဲ အသာလှဲနေခဲ့သည်။ “မအိမ်ကံ အိမ်ဝမှာလူတစ်ယောက် လာရပ်နေသယ်။ ညည်းနဲ့တွေ့ချင်လို့သဲ့။ အရေးကြီးလို့ပါလို့ ပြောသာပဲအေ့” “ဘယ်သူများပါလိမ့်”

336


“မပြောတတ်ဘူး။ ကစုတ်ကညစ်နဲ့” “ခေါ်လိုက်လေ ကျေးဥ၊ ဘာများပါလိမ့်” ဧည့်သည်က

မအိမ်ကံချပေးသည့်နေရာတွင်ထိုင်သည်။

ပဲမှော်တိုက်နှင့်

အိမ်မကြီးကြားက

ထန်းကုလားထိုင်နှစ်လုံး

မှာပင်ဖြစ်၏။ မုတ်ဆိတ်ကျင်စွယ်များနှင့် စုတ်ပေပေအင်္ကျီ အ၀တ်အစားက ထိုလူ၏မူလရုပ်ရည်ပုံပန်းကို ဖုံးကွယ်ထား သလိုဖြစ်နေသည်။ ကုလားထိုင်နှစ်လုံးမှာ မျက်နှာချင်းဆိုင် ထိုင်ကြပြီးနောက် ထိုလူက အဘိုးကြီးဆောင်း သိုးမွှေးခေါင်း စွပ်ကိုဖြုတ်သည်။ နဖူးပြောင်ပြောင် ဆံမွေးပါးပါးပေါ်လာ သည်အထိ မအိမ်ကံ မမှတ်မိ။ ထိုလူက သူ့ကိုယ်သူ ကျော်ဒင် ပါဆိုတော့လည်း ဘယ်ကျော်ဒင်မှန်းမသိ။ အမှုပွဲစားကျော်ဒင် ဆိုမှ မအိမ်ကံ ပါးစပ် အဟောင်းသားဖြစ်ရတော့သည်။ “မှတ်မိစရာတောင်

မရှိတော့ပါလား

ကိုကျော်ဒင်ရယ်။

တစ်ကွေ့ကွေ့တော့

တွေ့ကြသေးသာပေါ့ဆိုလို့

တစ်ခေါက်

ရောက်လာခဲ့ပြန်သာလား။ တွေ့ကြရုံပေါ့ရှင်” ကျော်ဒင်က မအိမ်ကံစကားကြောင့် မျက်နှာအိုသွားခဲ့ သည်။ မဟုတ်ရကြောင်း ငြင်းသည်။ တစ်ခါက နိုင်ငံရေး စကားတွေ ကျယ်ကျယ်လောင်လောင်ကြီးပြောခဲ့သော ကျော်ဒင်။ ဂျပန်ခေတ်တစ်လျှောက်လုံး ဂျပန်သတင်းပေးလုပ်ခဲ့ သော ကျော်ဒင်။ အင်္ဂလိပ်ပြန်အ၀င်မှာ ရွာကပျောက်သွားခဲ့ သော ကျော်ဒင်။ မအိမ်ကံတို့ မိသားစုအပေါ်မှာ အငြိုးရှိခဲ့သော ကျော်ဒင်။ မအိမ်ကံစိတ်ထဲမှာ ပုံရိပ်ဟောင်းတွေက စီကာ စဉ်ကာပေါ်လျက်ရှိ၏။ အခုတော့ ထိုကျော်ဒင် အမှတ်မထင် ဆိုက်ဆိုက်ကြီးေ ရာက်လာပြန်ပါပကော။ “ကျုပ် အခုတောထဲက ထွက်ပြေးလာသာ။ ပြောရရင် ဆရာလေး ကိုပြေသိမ်းတို့နဲ့ အတူတူပဲ။ ကျုပ်ပြုခဲ့သဲ့ အကုသိုလ် တွေကတော့ နောက်ဘ၀ကျမှ ခံရုံပေါ့ဗျာ။ ဂျပန်ခေတ် တစ်လျှောက်လုံး ကြီးတော်စံရွှေနဲ့ ပေါင်းပြီး စီးပွားရှာခဲ့သယ်။ ကျုပ် တို့လူမျိုးချင်းဆိုးခဲ့သာထား၊ ကိုယ့်ရွာသူကိုယ့်ရွာသား ချင်းအပေါ်မှာတောင် ကျုပ်မကောင်းခဲ့ဘူး” “အင်းပေါ့လေ၊ လူဆိုသာ မှားတတ်ပါသယ်။ အမှားမြင် တော့လည်း ပြင်ကြရုံပေါ့။ မအိမ်ကံကတော့ ရှင့်ကိုခေါင်းထဲ တောင် မရှိတော့ပါဘူး။ ရှင်သေပြီဆိုတဲ့သတင်း ရွာရောက် လာတော့ မှန်တာပြောရရင် သည်လိုပဲရှိရမှာပေါ့လို့တောင် တွေးမိသယ်” “အေးပေါ့ဗျာ၊ သည်လိုပဲရှိကြပါလိမ့်မယ်။ ကျုပ်ကြောင့် ဥစ္စာပျက်စီး လူပျက်စီးတွေ ရှိခဲ့တော့ ကျုပ်လည်း နယ်ကျဉ်း သွားခဲ့သယ်။ နောက်တော့ ကျုပ်လည်း တောခိုလိုက်သယ်။ ကြီးတော်စံရွှေက ကျုပ်ကြောင့် ပိုချမ်းသာလာသာတောင် နောက်ပိုင်း ကျုပ်ကိုဂျပန်နဲ့ လှည့်တိုက်လို့ သွားတွေတောင် ကျွတ်ခဲ့ရသယ်။ သည်မှာတင် ကျုပ်နောင်တရလိုက်သာပဲ။ မအိမ်ကံ အပေါ်မှာလည်း သူအခဲမကျေဘူး မအိမ်ကံရဲ့” “ကျွန်မ သိပါတယ်၊ ကိုကျော်ဒင်ရယ်။ ထားပါတော့။ အခုက ဘာအကြောင်းများပါလိမ့်” ကိုကျော်ဒင် ရောက်လာပုံထူးသဖြင့် မအိမ်ကံက ဗြောင်ဖွင့် မေးလိုက်သည်။ သူလည်း တောထဲ ရောက်သွားပြီ ဆိုတော့ ကိုပြေသိမ်းက လွှတ်လိုက်တာပဲဖြစ်ရမည်။ သည်လို အချိန်မှာ ကိုပြေသိမ်းထံက ကောင်းသတင်းလည်း မကြားချင်၊ ဆိုးသတင်းလည်း မကြားချင်။ ကိုပြေသိမ်း လူကိုယ်တိုင်ကိုယ် ထင်ပြလာမှာကိုပဲ မျှော်လင့်သည်။ လူလုံးမှ လာမပြနိုင်လျှင် ဘ၀နှစ်ခုခြားနေကြရမှတော့ ဘာအဓိပ္ပာယ် ရှိတော့မှာလဲ။ “ဆရာလေးအကြောင်းပဲ

မအိမ်ကံ။

ကျုပ်ကို

ဘယ်သူ

ကမှ

သတင်းပေးလွှတ်လိုက်သာ

မဟုတ်ပါဘူး။

ဒါပေသိ

ကျုပ်ရွာကိုရောက်အောင်သွားမယ်၊ ဖြစ်အောင်ပြောမယ်ဆိုပြီး လာခဲ့သာပဲ။ အန္တရာယ်ကြီးပါသယ်ဗျာ။ မပြောလို့ကလည်း မဖြစ်တော့” “ပြောပါ ကိုကျော်ဒင်”

337


“ဆရာလေး

တောထဲမှာကျသွားပြီ

မအိမ်ကံ။

တစ်လ

လောက်ရှိပြီ။

ဖြစ်ပျက်ပုံတွေတော့

ထားပါတော့ဗျာ။

စိတ်

မချမ်းသာစရာတွေပါ။ ကျုပ် ဒါကိုလာပြောဖြစ်အောင် ပြော သာပဲ။ ကျုပ်အမှားတွေကို မအိမ်ကံ ခွင့်သာလွှတ်တော့” မအိမ်ကံမျက်လုံးတွေက နေရာမရွေ့စတမ်း ကြောင် ကြောင်ကြီးငေးလျက်ရှိ၏။ မျက်တောင်မခတ်၊ မျက်လုံးအိမ် မရွေ့၊ လူကလည်း တောင့်တောင့်ကြီးမတ်သွားတော့သည်။ ထူးဆန်းလှချည့်လား။ သည်အိမ်ကြီးထဲက တစ်ဦး တည်းသော အဝေးရောက်နေသူကိုပင် ကံကြမ္မာက မညှာခဲ့ ပါလား။ ကိုပြေသိမ်းအပေါ် နာတုန်းကနာခဲ့သော်လည်း တောထဲမှာ ကျဆုံးပြီဆိုတော့ ကြေကြေကွဲကွဲခံစားရပါ၏။ လင်သား ရယ်လို့ ဘေးမှာ ငုတ်တုတ် မရှိသည့်တိုင် အဝေးမှာရှိနေသည် ဆိုသောစိတ်က ဖြေသာခဲ့သေးသည်။ မအိမ်မြိုင် မလိမ္မာခဲ့ သည့်တိုင် မအိမ်ခိုင်ရယ်လို့ မျှော်လင့်ချက်ရှိသေးသည်။ အခုတော့ ခိုင်ကလေး အတွက်ပါ မအိမ်ကံတို့မှာ လင်စုံမယားဖက် မဖြစ်နိုင်တော့ပြီ။ မိစုံဖစုံ မရှိရှာတော့ပြီ။ “မအိမ်ကံ၊ မအိမ်ကံ” “မအိမ်ကံ

သတိရှိပါသယ်

ကိုကျော်ဒင်။

သည်လိုသိရတော့

သူ့အတွက်

မအိမ်ကံ

ကုသိုလ်ကောင်းမှုပြုပြီး

အမျှ

အတန်းဝေနိုင်သာပေါ့။ ကျေးဇူးလည်း တင်ပါသယ်။ ကိုင်း ပြန်ပါရော့ ရှင်။ ဘာများလိုအပ်သေးတုံး” “မလိုပါဘူး မအိမ်ကံ။ ကျုပ်တာဝန်ကျေပါပြီ။ လူ သူတော်ကောင်း တစ်ယောက် ကျဆုံးခဲ့ပြီပေါ့ဗျာ” အမှုပွဲစားကျော်ဒင်ပြန်သွားတော့ မအိမ်ကံ ကုလားထိုင်မှာပဲ ဆက်ထိုင်နေခဲ့သည်။ အိမ်မကြီးဘက်က သံစုံနာရီမြည် သံ နှစ်ချက်ကြားလိုက်ရသည်။ နေ့ခင်း နာရီပြန်နှစ်ချက်။ အလှူအိမ်ဆီက ကြေးနောင်သံက လွမ်းစရာ ကောင်းလှသည်။ ကနေ့ အဝေးဖိတ်။ မနက်ဖြန် အဖိတ်နေ့ အလှူဝင်၊ သန်ဘက်ခါ အလှူကြီး။ မအိမ်ကံ မျက်စိထဲမှာ ကြိုးကြီးချိတ်အဖြူဝတ် ထားသော၊ ဥဿဖရားကျောက်မျက်စုံဆင်ထားသော ကွမ်းတောင်ကိုင် မှုံနံ့သာကို မြင်ယောင်နေခဲ့သည်။ မအိမ်ကံ အံကို တင်းတင်းဖိကြိတ်လိုက်သည်။ သွားချင်းပွတ်သံကိုပင် ကြား လိုက်ရ၏။ ကျေးဥကို လှမ်းခေါ်လိုက်သည်။ ကျေးဥရောက် လာတော့ မအိမ်ကံဘေးမှာ ၀င်ထိုင်သည်။ မအိမ်ကံက အသံကို ထိန်းကာ တည်တည်ငြိမ်ငြိမ်ပဲပြောရှာပါ၏။ “ကိုကျော်ဒင်လာသာ ဆုံးရှာပြီပေါ့အေ။

သတင်းဆိုးပါလာသယ်

တစ်လလောက်တောင်ရှိပြီတဲ့။

ကျေးဥ။

ညည်းဆရာလေး

ကိုကျော်ဒင်က

ဒီသတင်း

ကိုပြေသိမ်း ငါ့ဆီကို

တောထဲမှာကျသွားပြီတဲ့။

ရောက်အောင်လာပို့သာလေ။

ညည်းဆရာလေး အတွက် ကုသိုလ် ကောင်းမှုပြုရမှာပေါ့။ ညည်းပဲ စီစဉ်ပါ သူငယ်ချင်းရယ်”

ကျေးဥမျက်နှာလေး ညှိုးချုံးသွားရာက အသံမထွက်ဘဲ မျက်ရည်တွေတွေ ကျလာခဲ့သည်။ စကားတစ်ခွန်းမှ မပြောဘဲ မအိမ်ကံကိုသာ ကြည့်နေလိုက်သည်။ ကျေးဥမှာ ပြောစရာ စကား မရှိတော့။ နှစ်သိမ့်စရာစကား မကျန်တော့။ မအိမ်ကံ ပြောမည့်စကားကိုသာ စောင့်စားနေခဲ့ပါ၏။ မအိမ်ကံကတော့ တည်ငြိမ်လွန်းလှသည်။ မအိမ်ကံ မျက်ရည်တစ်စက်မကျတာ ကို ကျေးဥအံ့သြရသည်။ တကယ်ဆို မအိမ်ကံ ဆောက်တည် ရာမရဖြစ်ဖို့ကောင်းသည်။ ရင်တွေပေါက်ထွက်သွားအောင် အော်ဟစ်ငိုပစ်လိုက်ဖို့ကောင်းသည်။ အခုလို အေးစက်ထုံကျင် တည်ငြိမ်နေတာမျိုး ကျေးဥမကြိုက်။ မကြိုက်ဆိုတာထက် ကြောက်ဖို့ကောင်းသည်ဆိုလျှင် ပိုမှန်ပါလိမ့်မည်။ “သည်အိုးသည်အိမ်ဟာ ငါ့အိုးငါ့အိမ်လို့တောင် ပြောဖို့ ခက်ပြီကော ကျေးဥရယ်။ ဘ၀တွေများ ကြောက်စရာကောင်း ချက်တော့အေ။ သြော် ကြီးတော်စံရွှေ၊ ကြီးတော်စံရွှေ။ မနက်ဖြန် သူ့မြေး မှုံနံ့သာ ကွမ်းတောင် ကိုင်ရတော့မယ်။ ငါ့မှာတော့ တွေးသော်လည်းမဟန် ကြံသော်လည်း မထိုက်။ သူတို့မှာသာ ဖုတ်သွင်းရထားဆိုက်ရသဲ့ကိန်းပါလားအေ” “တရားနဲ့ဖြေပါ မအိမ်ကံရယ်။ ငါလည်း မချိတော့ပါ ဘူး။ ဖြစ်လာမှတော့ ရင်စည်းခံကြရုံပေါ့။ သည့်ထက်ဆိုးစရာ လည်း မရှိတော့ပါဘူးအေ။ ညည်းမှာအစ်ကိုရှိသယ်၊ သမီး ရှိသယ်။ သည်စည်းစိမ်တွေထုခွဲပြီး ညည်းရန်ကုန်လိုက်သွား စေချင်သာပဲ။

338


တို့တော့ မငဲ့ပါနဲ့အေ။ တို့က တောမှာနေတတ် စားတတ်ပါသယ်” မအိမ်ကံက တစ်ချက်ပြုံးလိုက်သည်။ နာကြည်း ဆွေး မြည့်သောအပြုံး။ “ငါ ထွက်မပြေးဘူး ကျေးဥ။ ရှုံးကြက်အဖြစ်မခံဘူး။ ငါ နိုင်ရမှာပေါ့။ ကွမ်းတောင်ကိုင်ဖြစ်ရဖို့ ငါကိုယ်တိုင် အနှစ် နှစ်ဆယ်စောင့်ခဲ့ရသယ်။ မဖြစ်ပြန်ဘူး။ တကယ်တော့ ဘာမှ မဟုတ်ပါဘူးအေ။ လူတွေကုန်မှ ငါနောင်တရခဲ့ပါပြီ” “အေးပါအေ။ သည်စကားကြားရသာ ငါစိတ်ချမ်းသာ ပါသယ်” “ညည်းမှတ်မိသေးလား ကျေးဥ။ မမစိမ်းမြရဲ့ အဖြစ်ကိုလေ။ သူကွမ်းတောင်ကိုင်ရမယ့် ညမှာ ရွာဓားပြ ၀င်တိုက်ရာက လူတစ်ယောက်သေနတ်မှန်လို့ သေရသယ်။ ရွာမှာ နာရေးပေါ် တော့ သာရေးကနောက်ဆုတ်ပေးခဲ့ရသယ်။ သူ့ဟာသူ နာရေး ပေါ်သဲ့ကိစ္စမှာ မဆီမဆိုင် မမစိမ်းမြက ကွမ်းတောင်ကိုင် လာဘ်ဦးလွဲခဲ့ရရှာသယ်။ ကွမ်းတောင်ကိုင်ရခါနီးမှ လက်ထဲက ပြုတ်ကျခဲ့ရသာများ ငါ့တစ်သက်မမေ့ဘူး” “ဒါတွေ တွေးမနေပါနဲ့တော့ သူငယ်ချင်းရယ်။ ညည်း သာ ကျန်းမာအောင်နေပါ” “အေး အေး၊ သွားတော့။ ငါသည် ပဲမှော်တိုက်နားမှာပဲ တစ်မှေး အိပ်လိုက်စမ်းပါရစီဦး။ ညည်းလုပ်စရာရှိတာသာ သွားလုပ်တော့နော်” နောက်ဆုံးတော့ မအိမ်ကံ စကားတွေက နူးညံ့ပျော့ပျောင်း လို့နေသည်။ ကျေးဥ ကုလားထိုင်က ထလာခဲ့သည်။ မအိမ်ကံ ခုတစ်လော သည်ကုလားထိုင်ဟောင်း နှစ်လုံးမှာ နာရီနှင့်ချီကာ ထိုင်လေ့ရှိသည်။ တစ်လောက ဖျားခဲ့ပြီးပြီ။ စိတ်ထောင်းရ သည့်ကြားထဲ ကိုယ်မကျန်းမာမှာကို ကျေးဥ စိုးရိမ်သည်။ ကျေးဇူးရှင် သူငယ်ချင်းမအပေါ် တစ်ခုပြီးတစ်ခု ကျရောက် လာသော အကုသိုလ်တွေ သည်မှာတင် ရပ်စေချင်ပြီ။ ရှင်ကွဲ ကွဲခဲ့ရသော လင်သားခမျာ သေကွဲပါကွဲခဲ့ရပြီ။ ဖအေဆုံးတာကို မအိမ်မြိုင် သိစရာမရှိ။ မအိမ်ခိုင်လည်း သိဦးမှာ မဟုတ်။ မအိမ်ကံကွယ်ရာ အိမ်မကြီးဆီ ရောက်တော့ တင်းဆည်ထားရ သမျှစိတ်ကို ကျေးဥ လွှတ်ပစ်လိုက်သည်။ ကြမ်းပြင်မှာ လူး လှိမ့်ပြီးအားရအောင် ငိုသည်။ မျက်ရည်မကျန်တော့လောက် အောင်ငိုပြီးမှ ကျေးဥထလာခဲ့သည်။ ကျေးဥက နွားစာကျွေးသည်။ ရေ သုံးလေးခေါက် ပြေးခပ်လိုက်သေးသည်။ အပြန် ဟင်းအိုးတွေ နွှေးသည်။ အဖေ ဖိုးငွေနှင့် မြေးနှစ်ယောက်က ဘုန်းကြီးကျောင်းက အခေါ်လွှတ် သဖြင့် သွားကြသည်။ ခင်ပွန်းသည် ကိုဖိုးတုတ်နှင့် ဖိုးကူး ညီအစ်ကိုကတော့ အခင်းထဲမှာပဲ ရှိကြဦးမည်။ အိမ်မကြီးဘက် ကူးလာတာတော့ မမြင်။ မအိမ်ကံ အိမ်မကြီးပေါ် မနေတာ ကြာပြီ။ အိမ်မကြီးက အခန်းတွေ လွတ်နေတာကို မကြည့်ရက် တာလည်း ပါလိမ့်မည်။ ကျေးဥက အိမ်ဝိုင်းအနှံ့ ဟိုဟိုသည် သည် လျှောက်ကြည့်သည်။ မအိမ်ကံအရိပ်အယောင်ပင် မတွေ့။ ပဲမှော်တိုက် လှေကားရင်းမှာ ဖိနပ်ကလေး ချွတ်ထား တာ တွေ့လိုက်ရသည်။ ပဲမှော်တိုက်ပေါ်မှာ တကယ်တော့ လှဲစရာ လျောင်းစရာ နေရာမရှိ။ ပြောင်းရိုးခြောက်နှင့် ပဲရိုးကြေတွေသာ ရှိသည်။ သံစုံနာရီကြီး လေးချက်ထိုးသံနှင့် အတူ ပဲမှော် တိုက်လှေကား ကတစ်ဆင့် ပဲမှော်တိုက်ပေါ် ကျေးဥ တက်လာခဲ့သည်။ လှေကားခုံပေါ် ရောက်ပြီဆိုသည်နှင့် မအိမ်ကံက ကျေးဥကို မျက် တောင်မခတ်စတမ်း လှမ်းကြည့်နေသည်။ ပြူးအစ်နေသော မျက်လုံးများဖြင့် ကြည့်နေခြင်းဖြစ်၏။ ချိန်သီးလို ချာချာ လည်နေသည့် မအိမ်ကံ။ “မအိမ်ကံရေ၊ အံမယ်လေး လာကြပါဦး၊ လာကြပါ ဦးတော် အံမယ်လေး” အာခေါင်ခြစ် အော်လိုက်သော ကျေးဥအော်သံက ချောက်ချားစရာ ကောင်းလှသည်။ မအိမ်ကံ၏ ခန္ဓာကိုယ်ကြီးက တစ်ဖက်ကို လည်သွားချိန်မှာတော့ လှေကား ခြေရင်းကို ကျေးဥ ခုန်ဆင်း မိခဲ့ပြီ။ ကြားသမျှသော လူတွေ ပဲမှော်တိုက်ရှိရာ

339


ဝိုင်းတိုက်ထဲကို အပြေး ရောက်လာကြလေ၏။ ဤသို့ဖြင့် နောက်တစ်ရက် အဖိတ်နေ့တွင် အားကြီးအား မောင်းကျင်းပရန် အရက်ရက် အလလက တည်းက ရွာလုံးကျွတ် သိုင်းခဲ့ဝိုင်းခဲ့ကြသော အလှူပွဲကြီး ပျက်ခဲ့လေပြီ။ အလှူပွဲပျက် ခဲ့သကဲ့သို့ ကြိုးကြီးချိတ် အဖြူ၊ ဥဿဖရား ကျောက်အစုံဖြင့် လှပတင့်တယ်စွာ ဖက်စိမ်း ကွမ်းတောင်ကိုင် ရမည့် မှုံနံ့သာ သည်လည်း ကွမ်းတောင်ကိုင် လာဘ်ဦး လွဲခဲ့ရလေသည်။ (ဇာတ်သိမ်းပိုင်း) မအိမ်ကံ ၁၃၃၈ ခုနှစ် တပို့တွဲ လပြည့်နေ့။ ဘုန်းကြီးကျောင်း အုတ်လှေကားကြီး ပေါ်က အဆင်း အုတ်ခုံခြေတွင် ချွတ်ထားခဲ့သော ကွင်းထိုး ခုံဖိနပ်ဟောင်းကို ငုံ့ကောက်ရင်း ဆွမ်းချိုင့် တစ်ဖက် ခုံဖိနပ်တစ်ဖက် တစ်ဖက်စီ ကိုင်ကာ နတ်လမ်းရိပ်ကို အရီးကျေးဥ ၀င်လာခဲ့သည်။ နတ်လမ်းကြီးက အရီးကျေးဥ ၀င်လာခဲ့သည်။ နတ်လမ်းကြီးက ရှည်လျား လှသည်။ တဖြောင့်တည်းတော့ မဟုတ်။ ခပ်ဝေးဝေးမှာ တစ်ချို့ ကွေ့သွားသော အဆစ်ကွေ့ တစ်ကွေ့ ရှိသည်။ ထိုနေရာမှာ စေတီဟောင်း ကလေး ရှိ၍ ကြီးမားလှသော မဏိဩဃပင်ကြီး တစ်ပင် ရှိသည်။ မဏိဩဃပင် အရိပ်က ကောင်းလှ သဖြင့် အရီး ကျေးဥ တစ်ထောင်နားရန် စိတ်ကူးကာ နတ်လမ်းအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာ ခဲ့သည်။ အသက်ငါးဆယ်ကျော်လို့ ခြောက်ဆယ်အတွင်း ၀င်လာတော့ တပို့တွဲ လပြည့်လေ။ ရှင်အိမ်ကံ ဆုံးသာ ဆယ့်နှစ်နှစ် ရှိပြီ။ ကျုပ် သူငယ်ချင်း ကျေးဇူးရှင်မကြီး အဖို့ရာ ဆွမ်းကလေး တစ်စ လောင်းလှူ နေကျကိုး။ ဘယ်တုံး ကျောင်းပဲလား” “ကျောင်းပါပဲ။ ဆရာတော် ရှိကဲ့လား” “ရှိပါ့၊ ခုပဲ ကျုပ်နဲ့ စကားပြောခဲ့ သေးသယ်” နတ်လမ်းထဲမှာ တွေ့ကြသူ ရွယ်တူတွေက နှုတ်ဆက်ကြခြင်း ဖြစ်သည်။ သည်အိမ်ကြီးမှာ လူတွေ ဆုံးပါးခဲ့ကြပြီ။ ဘိုးသာထန် ဆုံးခဲ့သည်။ ကြီးပန်းရုံ ဆုံးခဲ့ပြီ။ အရီးလှအုံ ဆုံးခဲ့ပြီ။ ကိုဖိုးငွေ ဆုံးခဲ့ပြီ။ ကိုဖိုးငွေကတော့ သည်ဆယ့်နှစ်နှစ် အတွင်း လူကြီး ရောဂါနှင့် ဆုံးခဲ့ခြင်း ဖြစ်၏။ ဘယ်သူ့ အတွက်မှ နှစ်စဉ် ဆွမ်းရယ်လို့ မှတ်မှတ်ရရ မပို့ဖြစ်သော်လည်း မအိမ်ကံ အတွက်တော့ သည်ရက် ရောက်တိုင်း ၀တ်မပျက် ဆွမ်းလှူခဲ့ သည်ပင် ဆယ့်နှစ်နှစ် ရှိခဲ့ပြီ။ ပဲမှော်တိုက်ပေါ်မှာ ဘ၀ဆုံးခဲ့ရှာ သူဆိုတော့ အသနား ပိုရတာ ပါပါ၏။ ကံကုန်သက်စေ့ မီးစာ ကုန်ဆီခန်း ဆုံးပါးရရှသူ မဟုတ်တော့ ရှိခဲ့သမျှ အစွဲအလမ်း တွေကြောင့် မကျွတ်မလွတ်မှာ စိုးတာလည်း ပါပါလိမ့်မည်။ “ရှင်အိမ်ကံရယ် ညည်းကို ရည်စူးပြီး အမျှအတန်းများ ဝေခဲ့ပါသယ်။ ဆွမ်းလှူခဲ့ပါသယ်။ ညည်းမကျွတ် မလွတ်သေးရင်လည်း သာဓု ခေါ်နိုင်ပါစီ၊ လွတ်ပါ ကျွတ်ပါစီ။ ညည်းလုပ်ချင်သာ ညည်းလုပ်ခဲ့သာ ပဲလေ။ တမလွန်မှာ ညည်းစိတ်ချမ်းသာ နေမှာလို့လည်း ငါတွက်ပါသယ်။ ညည်းကို မျက်စိအောက်က အပျောက် မခံဘဲ တစ်လျှောက်လုံး စောင့်ရှောက်ခဲ့သာ ပါအေ။ တစ်အောင့်ကလေး ငါသတိ လက်လွတ် ဖြစ်ရချိန် ကလေးမှာ ညည်း အရုပ်ဆိုးအောင် လုပ်သွားခဲ့ သာကို ငါဖြေမဆည် နိုင်ဘူး။ သူငယ်ချင်းမကြီး ကောင်းရာမွန်ရာ ဘ၀မခြား ရောက်နိုင် ရနိုင် ပါစီ” အရီးကျေးဥ စိတ်ထဲမှာ စကားတွေ ပြည့်လျှံနေသည်။ နှစ်စဉ် သည်ရက်ကို ရောက်တိုင်း အရာအားလုံး အသစ်ဖြစ်ရ မြဲပင်။ ဟိုတုန်းကတော့ သည်အိမ်ကြီးမှာ အဝေးဧည့်တွေ တရုန်းရုန်း။ ၀ိုင်းထဲမှာ အဝေးဧည့်တွေ ချွတ်ထားတတ်သော လှည်းဆက် မပြတ်။ တစ်နယ်လုံးက သေနတ်ဆုရ ဇောင်ချမ်းကုန်းသူကြီး ဦးသာထန် ဆိုသည်နှင့် မီးမသေ ရေမနောက် ချစ်ကြောက် ရိုသေ ရှိခဲ့ကြသည်။ သူကြီးကတော် မပန်းရုံ ကျတော့လည်း မာန်မာန မရှိလို့ ချစ်ခင်ကြသည်။ ရိုးဖြောင့်လို့ လေးစားကြသည်။ သူကြီးသမီး

340


မအိမ်ကံ ကတော့ ထူးထူးခြားခြား လှလွန်းသော ရုပ်ရည်ကြောင့် နယ်လုံးပေါက် ရွာလုံးပေါက် ကျော်ကြားခဲ့ပါ၏။ ရုပ်ရည် ချောမောသလောက် စိတ်နှလုံး တည်ကြည်သည်။ အကျင့် စာရိတ္တ ကောင်းသည်။ သူတစ်ပါး အပေါ် ရက်ရော ပေးကမ်း ရှိသည်။ စွန့်ကြဲရာတွင် လက်ဖွာသူ ဖြစ်သည်။ မအိမ်ကံ ထမင်းလုတ်ကို စားဖူးကြသူတွေချည်း ဖြစ်သည်။ အဖိုးတန် ကျောက်မျက်တိုင်း အနာအဆာ ကလေး တစ်ချက် ပါတတ်သလို မအိမ်ကံ တွင်လည်း အနာအဆာကလေး တစ်ချက်ပါသည်ဟု ဆိုလျှင် ထိုအနာအဆာသည် ကွမ်းတောင်ကိုင် ဘ၀ကို အလွန်အမင်း တပ်မက်ခဲ့ခြင်း ကိုသာ ပြရလိမ့်မည်။ သည်တစ်ချက် ကိုတော့ သိကြားမင်း ဖျက်တောင် ပျက်နိုင်လိမ့်မည် မထင်။ မအိမ်ကံ ကိုယ်တိုင် အဖို့ရာ အနှစ် နှစ်ဆယ် လုံးလုံး မျှော်လင့်ခဲ့ရသည့် နည်းတူ သမီးကြီး မအိမ်မြိုင် အတွက် အနှစ် နှစ်ဆယ် တင်းတင်း စောင့်စားခဲ့သည်။ သည်အနှစ်လေးဆယ်လုံး ကုသိုလ် တစ်ပိဿာ ငရဲ တစ်ရွေးသား ဆိုသလို ထိုအစွဲ တစ်ရွေးသားကို မစွန့်နိုင်ခဲ့တာလည်း ထူးဆန်းလှပါ၏။ တကယ်တမ်း စွန့်သွားခဲ့တာက ရခဲလှသော လူ့ဘ၀ အသက် တစ်ချောင်းသာ ဖြစ်၏။ မအိမ်ကံ ဆုံးခါနီး ကလေးမှာပင် ကွမ်းတောင်ကိုင် လာဘ်ဦး လွဲခဲ့ဖူးသော မမစိမ်းမြ အကြောင်း ပြောသွားခဲ့သည်။ အလှူအတန်း လှည့်မည့်ရက်မှာ ရွာထဲ နာရေးပေါ်လျှင် အလှူပွဲ ပျက်သည်။ နောက်ဆုတ်ပေး ရသည်။ ရွာက ရွေးချယ်ထားသော ကွမ်းတောင်ကိုင် ခမျာလည်း လာဘ်ဦးလွဲ ရတော့သည်။ ကွမ်းတောင်ကိုင် အဖြစ်က ဖယ်ပေး ရသည်။ မင်္ဂလာ မရှိခြင်းနှင့် ကြုံကြိုက်ရသည့် ကွမ်းတောင်ကိုင် အဖြစ် သတ်မှတ်ခံရကာ ကွမ်းတောင်ကိုင်သစ် ရွေးကြရသည်။ ရွှေမှုံ့ သမီး မှုံနံ့သာကို ကွမ်းတောင်ကိုင် ရွေးလိုက်ကြပြီ ဆိုကတည်းက မအိမ်ကံမှာ စိတ်ကူးဆန်းတွေ ရှိနေပုံ ရပါ၏။ နောက်ဆုံး ကိုယ့်အသက်နှင့် ရင်းကာ ရက်ရက်စက်စက် ပြုမူ သွားခဲ့သည် အထိ တည်တည်ငြိမ်ငြိမ် ဆုံးဖြတ်ခဲ့သည်။ သို့သော် မအိမ်ကံ ဣနြေ္ဒ ကောင်းလွန်း လှသည်။ အေးဆေး လွန်းလှသည်။ အရာအားလုံးကို စွန့်ခွာ ရတော့မည့် အချိန်ကလေး မှာပင် ညင်သာ လွန်းလှသည်။ ကျေးဥပင် မရိပ်စား မိခဲ့။ သည်လောက် အကျည်းတန်အောင် လုပ်လိမ့်မည် မထင်ခဲ့။ နွားချည်ကြိုး တစ်ချောင်းကပဲ မအိမ်ကံ ဘ၀ကို ဘ၀ ခြားစေခဲ့သည်။ မအိမ်ကံ အလောင်းကို တွေ့ရသူတိုင်းက အံ့သြကြသည်။ မျက်လုံးတွေ ပြူးအစ် နေသော်လည်း မျက်နှာက ပြုံးနေတာကို အံ့သြကြခြင်း ဖြစ်သည်။ နောက်ဆုံး အချိန်ကလေးမှာ သူနိုင်ခဲ့ ပြီ ဆိုသည့် အပြုံးဆိုတာ ကျေးဥက သူတကာထက် ပိုသိပါ၏။ တကယ်တော့ မအိမ်ကံ နိုင်ခဲ့ခြင်း မဟုတ်။ အရှုံးကြီး ရှုံးခဲ့ခြင်းသာ ဖြစ်သည်။ စောစောကပဲ ကျောင်းပေါ်မှာ ဆရာတော်က မိန့်ခဲ့သေးသည်။ “ဒကာမကြီး မအိမ်ကံခမျာ ဘ၀ တစ်လျှောက်လုံး သဒ္ဓါတရား ကြီးခဲ့သူ ဖြစ်သော်လည်းပဲ အဘိဇ္ဈာ တည်းဟူသော မတရားသဖြင့် ကြံစည်မှု ကလေးကြောင့် ဘ၀ဇာတ်သိမ်း အကျည်းတန် ရရှာသူ ဖြစ်ခဲ့ရသယ်။ လူတွေဟာ ကာမဂုဏ် အာရုံတွေမှာ စွဲလမ်းသယ်။ ဘ၀မှာ စွဲလမ်းသယ်။ ဘ၀ပျက်သော အယူမှာ စွဲလမ်းကြသယ်။ ဒါကြောင့်ပဲ သူ့မှာ ဥပစ္ဆေဒက မရဏ ခေါ်တဲ့ သက်တမ်းမကုန် ကံစွမ်းမကုန် နှစ်ပါး စုံပါလျက် ကနဲ့ ကပ်၍ ဖြတ်တတ်သောကံကြောင့် ဘ၀နစ်မွန်း ရရှာသယ်။ အဲဒါကို ဘယ်အရာက ဖြစ်စေသာလည်း ဆိုတော့ ဗျာပါဒ- ပျက်စီးစေလိုသောစိတ်၊ ဥဒ္ဓစ္စ ကုက္ကုစ္စ- စိတ်ရဲ့ မငြိမ်သက်ခြင်း က လွှမ်းမိုးသဲ့ စိတ်ကြောင့် ၀ိစိကိစ္ဆာ ဖြစ်ရသာ။ ယုံမှားတွေး တောမိသာပေါ့။ အဲသည်ယုံမှား တွေးတောခြင်းက အမှန်တရားကို သို့မဟုတ် ဖြစ်အပ်သဲ့ တရားကို ဖုံးလွှမ်းပစ်လိုက်နိုင်သဲ့ အာနိသင် ရှိကြသယ်။ ဒါဟာ အမှားပဲ။ ပြင်းပြစွာ စွဲလမ်းမှုတိုင်းဟာ ဥပါဒါန်ပဲ ဒကာမကြီး” “တပည့်တော်မ အဖို့ရာတော့ အကြောင်းသိ သူငယ်ချင်းကလည်း ဖြစ်ပြန်၊ ကျေးဇူးရှင်ကလည်း ဖြစ်ပြန်ဆိုတော့ တပည့် တော်မ သိသလောက်တော့ ဖျောင်းဖျပါသယ် ဘုရား။ မအိမ်ကံက သည်တစ်ချက်ကိုတော့ မပြင်နိုင်ခဲ့ရှာပါဘူး ဘုရား” “ပြင်းပြစွဲလမ်းမှုဟာ အားကြီးသော အကြောင်းကိုး ဒကာမကြီးရဲ့။ ချေဖျက်ဖို့ ခက်သယ်။ မိမိကိုယ်ကို မိမိ ပင်ပန်း ဆင်းရဲအောင် ညှဉ်းဆဲသာ ဘယ်သူကမှ လုပ်သာ မဟုတ်ဘူး။ ဒါကို နှလုံးသွင်းပါ ဒကာမကြီး” ဆရာတော်က တရားတော်နှင့် ငြှိမ်းတော့လည်း စိတ်ကလေး ငြိမ်းရပါ၏။ မဏိသြဃပင်ကြီးနား ရောက်တော့ နတ်လမ်းက တစ်ကွေ့ကြီး ကျန်သေးသည်။ ဘုန်းကြီးကျောင်းရိပ် ကလွတ်ပြီ ဖြစ်သဖြင့် ကွင်းထိုး ခုံဖိနပ်ဟောင်းကို ချစီးကာ အနီးက စေတီကလေးဘက် ဆက်လျှောက် လာခဲ့သည်။ စေတီ ကလေးနှင့် ကပ်လျက်မှာ ဇရပ်ဟောင်း ကလေး ရှိသည်။ ရေချမ်းစင်

341


ကလေး ရှိသည်။ ရီးကျေးဥ ဆွမ်းချိုင့်ချကာ ရေတစ်မှုတ် ခပ်သောက်သည်။ ဇရပ်ခြေမှာ ထိုင်ရင်း ခဏနားသည်။ ရေနံရောင် မည်းချိတ်နေသည့် နတ်လမ်းကို ကြည့်ရင်း ဆရာလေး ကိုပြေသိမ်းကို သတိရသည်။ သည်နတ်လမ်း အတိုင်း လျှောက်ရင်း မအိမ်ကံကို ချစ်ခွင့်တောင်းခဲ့တာ မဟုတ်လား။ ဇောင်ချမ်းကုန်းကို မြင်းတစ်စီးနှင့် ရောက်လာတတ်သော မြို့သား ကိုလူချောကို မအိမ်ကံ အင်မတန် ချစ်ရှာသည်။ ဆရာလေး ကိုပြေသိမ်းကလည်း မြို့ရပ်က ခွာကာ တောမှာ နေခဲ့ရှာပါ၏။ တောမှာပဲ ကျောင်းဆရာ လုပ်ရင်း မအိမ်ကံ အပါးက မခွာဘဲ ရှိခဲ့သည်။ သည်အိမ်ကြီးက

ထွက်ချင်တော့လည်း

အပမှီ

သူတစ်ယောက်လို

ကောက်ကာငင်ကာ

ထွက်သွားတတ်

ပြန်ပါ၏။

ဆရာလေး မရှိတော့သည့် ရက်တွေမှာ မအိမ်ကံ နေတတ်အောင် နေခဲ့တာ ကိုလည်း ရီးကျေးဥ သတိရသည်။ စိတ်မချမ်း သာသော်လည်း စိတ်ချမ်းသာ သလို နေခဲ့သည်။ သမီး နှစ်ယောက်ကို အရိပ် တကြည့်ကြည့် ရှိခဲ့ရှာသည်။ နောက်တော့ သမီးငယ်က မြို့ရောက်။ သမီးကြီးက ချစ်သူနောက် ကောက်ကောက်ပါ။ တောထဲက လင်ဆုံးပြီ ဆိုတော့ မအိမ်ကံ ခမျာ လှေပျက် ရေ၀င်သလို အိုးဒယ်နစ်နစ် ရှာသည်။ ဒါတွေ တွေးမိတော့လည်း ရီးကျေးဥ မျက်ရည် စမ်းစမ်းကျရ ပြန်ပါ၏။ “ဟဲ့ ကျေးဥလားလို့။ ညည်းဘာလုပ်နေသာတုံး” ရီးကျေးဥက ဇရပ်ရိပ်ထဲကနေ နတ်လမ်းဘက် ကိုလှမ်း ကြည့်သည်။ ရွယ်တူ မိန်းမတစ်ယောက်။ မိန်းကလေး နှစ်ယောက်၊ သုံးယောက်လည်း ပါသည်။ ဘယ်သူတွေများပါ လိမ့်တော်။ မျက်လုံးကို မှေးစင်းကာ အားယူကြည့်၏။ နောက်မှ အသံကျက်မိ သွားသည်။ “ရွှေမှုံလား။ အေး သူငယ်ချင်းရယ်၊ ကျောင်းကို ဆွမ်းလာပို့သာ။ အရိပ်ကောင်းလို့ တစ်အောင့်နားသာပါ။ ညည်း ကျောင်းကိုလား” “အေး ထမနဲ လာလှူသာ၊ ရော့ သမီးတို့ ကျောင်းကို သွားနှင့်ကြ။ အမေကြီး လိုက်ခဲ့မယ်” ရီးရွှေမှုံက ဇရပ်ရိပ်မှာ လာထိုင်သည်။ ဆံပင်တွေဖြူကာ မျက်ရစ် ကျီးခြေတွေနှင့် ဇရာဘက်ကို ယိမ်းနေပြီ ဖြစ်သော တစ်ခါက ရွာ့ကွမ်းတောင်ကိုင် ရီးရွှေမှုံကို ရီးကျေးဥ တွေတွေ ငေးငေး ကြည့်နေမိ ပါ၏။ တိုက်တိုက်ဆိုင်ဆိုင် လာတွေ့တတ် ပလေ။ ပြောလို့သာ ပြောရ၊ ရွှေမှုံ သူငယ်ချင်းမနှင့် မတွေ့ရတာ တောင်ကြာပြီ။ ရွှေမှုံ၊ ကျေးဥ၊ မအိမ်ကံတို့ ဆိုတာက ရွယ်တူ မတိမ်းမယိမ်း သူငယ်ချင်းတွေ။ မအိမ်ကံတို့ အိမ်ကြီးကို ကျေးဥ မရောက်ခင် ကပင် ရွှေမှုံတို့နှင့် တပူးတွဲတွဲ ရှိခဲ့သူ။ ရွှေမှုံမိဘ များနှင့် ကျေးဥ မိဘတွေ ကလည်း သူငယ်ချင်း မိတ်ဆွေတွေ ပင်။ ရွှေမှုံက ကြီးတော် စံရွှေ့သား သာအောင်နှင့် အိမ်ထောင် ကျတော့မှ အနေဝေးခဲ့ ကြခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် အခုတော့လည်း အရီးကျေးဥ၊ အရီးရွှေမှုံ ဖြစ်ခဲ့ကြပြီ။ “ဆွမ်းလာပို့သာလား ကျေးဥ။ ရီးကြာညွန့် အတွက် ထင်ပ။ ရီးကြာညွန့်လည်း သတိရပါ့အေ။ ငါ့ယောက္ခမက ညည်းအမေဆို လက်ကသုံးတောင်ဝှေး အောက်မေ့သာ” “အမေ့အတွက် မဟုတ်ပါဘူးအေ။ ရှင်အိမ်ကံ အတွက်ပါ။ ခမျာ ဆုံးသာ ဆယ့်နှစ်နှစ်ရှိရှာပြီ။ ကံကုန်သက်စေ့ မဟုတ်ရှာတော့ ကုသိုလ်ကလေး ဖက်ပေးနေသာပါ” “အင်း ဟုတ်ပါရဲ့။ မအိမ်ကံဆုံးသာတောင် ဆယ့်နှစ်နှစ် ရှိပြီနော်။ မနေ့တစ်နေ့ကလိုပါပဲအေ။ ပြန်တွေးရင် အသစ်တွေ ဖြစ်ရသယ်။ မအိမ်ကံက ဘာလို့တို့တစ်တွေ အပေါ် အငြိုးကြီး ရရှာသာလဲဆိုသာ ငါနားမလည်နိုင်ဘူး။ ငါ့ယောက္ခမများနဲ့ ဘာတွေဖြစ်ခဲ့သယ် ဆိုသာထား။ ငါကတော့အေ၊ မအိမ်ကံ အပေါ် မကောင်းစိတ် မရှိရိုး အမှန်ပါ။ ငါ့သမီး မှုံနံ့သာ ကဆိုသာ မအိမ်မြိုင် ကွမ်းတောင်ကိုင် ဖြစ်မှ ရွာမျက်နှာရမှာ အမေရဲ့လို့ ပြောရှာသာ။ သူ့ကိုယ်သူ ကွမ်းတောင်ကိုင် ဖြစ်ရမယ်လို့လည်း မတွက်ရှာပါဘူး။ ဘာပဲဖြစ်ဖြစ်ပါအေ။ မအိမ်ကံ သည်လို အဖြစ် ဆိုးရရှာသာကို ငါ တကယ် စိတ်မချမ်းသာခဲ့ရပါဘူး ကျေးဥရယ်”

342


“အေးပါ ရွှေမှုံရယ်။ ငါသိပါသယ်။ ဖြစ်ခဲ့သာ တွေလည်း ဖြစ်ခဲ့ပါပြီအေ။ သည်အဖြစ်အပျက် တွေကို ငါအသိဆုံးပါ။ မအိမ်ကံမှာ နာစရာတွေ ရှိသယ် ဆိုရင်တော့လည်း သေရွာပါပြီ ပေါ့အေ။ မအိမ်ကံခမျာ လူတကာ အပေါ်မှာ ကောင်းခဲ့ရှာသူပါ။ သူ့စိတ်ကို သူ့မအေ အရင်းကြီး ပန်းရုံတောင် ငါ့လောက် မသိပါ ဘူး။ ခမျာ ကံဆိုးရှာလွန်းသယ်။ မအိမ်ကံ ဆုံးခါနီးအထိ အကုသိုလ်တွေ ကုပ်ခွစီး နေခဲ့သာပါ။ မနေ့ တစ်နေ့က လိုပဲလို့ ညည်းပြောသဲ့ စကား မှန်လိုက်သာအေ။ ငါ့မှာ အဲသည်အိမ်ကြီးမှာ နေရသာ ဆိုတော့ မနက် မိုးလင်းသာနဲ့ ကိုယ်နဲ့ မဆိုင်သဲ့ နေရာ ရောက်နေရ သလိုပါပဲ။ အိမ်ကြီးရှင်တွေကို မနက်တိုင်း ငါမေတ္တာပို့ပါရဲ့။ အော် အိမ်ကြီးရှင်တို့ မရှိကြတော့တဲ့ အိမ်ကြီးမှာ တို့သားအမိ သားအဖ တစ်တွေက မြဲနေကြရသယ်။ ငါ့စိတ်ထဲမတော့ မအိမ်ကံ ရှိနေသလိုပဲ။ တစ်ခါတလေ ကျေးဥရေလို့ ခေါ်လိုက်သလား ထင်မိသေးသာ။ သည်လိုစိတ်ဖြစ် ရတိုင်း ငါ့မှာ မျက်ရည်ကျရသယ်အေ” “အေးပေါ့အေ။ ညည်းကို ညီအစ်မ အရင်းလို ချစ်ခဲ့ရှာသာ ငါသိပါသယ်။ ကိုင်း ကိုင်း ပြန်ရော့။ ငါလည်း မြေးတွေ နောက်လိုက်လိုက်ဦးမယ်။ မနက်က ထမနဲ ထိုးဖြစ်သာနဲ့ ဆရာတော့် ကျောင်းပို့ချေဦးမယ်ဆိုပြီး ထွက်လာသာ။ ငါ့အိမ်လည်း ၀င်ပါ ထွက်ပါအေ။ ငါလည်း တစ်ခေါက် လာပါဦးမယ်။ လိုသာရှိတော့လည်း ပြောပါအေ နော်ကျေးဥ” “အေးပါအေ၊ ပြောပါ့မယ်။ ကိုင်း သွားမနှော” အရီးကျေးဥ ဇရပ်ရိပ်မှ နတ်လမ်းအတိုင်း လျှောက်လာခဲ့သည်။ နတ်လမ်း အကွေ့က တစ်ဆစ်ချိုး လိုက်သည့် အခါ ကိုပြေသိမ်း မအိမ်ကံ ကောင်းမှုဆိုသည့် နတ်လမ်း အခန်း ငါးခန်းစာ အလှူရှင် အမည်ကို မြင်နေရသည်။ နတ်လမ်းဟောင်းကို အသစ် ပြန်ပြင်ခဲ့စဉ်က လှူခဲ့သည့် ကောင်းမှုဖြစ်သည်။ အခုတော့ အလှူ့ဒကာ ကိုပြေသိမ်းလည်း မရှိတော့ပြီ။ အလှူ့ အစ်မ မအိမ်ကံလည်း ဆုံးပါးခဲ့ပြီ။ သူတို့ နှစ်ဦး၏ ကုသိုလ် ကောင်းမှုကတော့ ရှိနေဆဲ။ အေးမြသော အရိပ်ကို ပေးနေဆဲပင်။ အရီးကျေးဥနှုတ်က တတွတ်တွတ် ရွတ်နေခဲ့ပါ၏။ “ရှင်အိမ်ကံရယ် ညည်းကုသိုလ်တွေ မနည်းခဲ့ပေါင်အေ။ သည်ကုသိုလ် အဖို့ကြောင့် နောင်ဘ၀ဆက်တိုင်း ဆက်တိုင်း ဖက်စိမ်းကွမ်းတောင် ပွေ့နိုင်ပါစေတော်” ၁၃၄၀ ပြည့်နှစ် ကဆုန်လ၏ ရက်တစ်ရက်တွင်ဖြစ်သည်။ သည်နှစ်တော့ ဇောင်ချမ်းကုန်း တောင်သူတို့ မိုးရေ ရသည့် နှစ်ဖြစ်သည်။ သင်္ကြန် အခါရက်တွေ ပြီးကတည်းက မိုးဦး ကောင်းခဲ့သည်။ အချို့ ရက်တွေ ဆိုလျှင် မိုးများပင် စွေနေ ခဲ့ပါ၏။ အိမ်မှာ အရီးကျေးဥ တစ်ယောက်တည်း ရှိနေခဲ့သည်။ မအိမ်ကံတို့ အိမ်ကြီးမှာ ရီးကျေးဥ မနေတာကြာပြီ။ မအိမ်ကံ ဆုံးကတည်းက ဖြစ်သည်။ အိမ်ကြီးကို တံခါးတွေ အလုံပိတ်ကာ သည်အတိုင်း ထားခဲ့ကြသဖြင့် လှမ်းကြည့်လိုက်တိုင်း အထီးကျန်နိုင်လွန်း လှသည်။ မအိမ်ကံ ဆုံးခါစ နှစ်တွေတုန်းက အစ်ကို မောင်မြတ်သာနှင့် မမစိမ်းမြတို့ တစ်နှစ်တစ်ခေါက် ဆိုသလို ရောက်လာတတ် ကြသည်။ ရီးကျေးဥတို့ မိသားစုကို အိမ်ကြီးမှာ နေကြဖို့ ခွင့်ပြု ရှာကြသည်။ နေစေချင်ကြသည်။ ထိုစဉ်က အဖေ ဦးဖိုးငွေရှိ နေသေးတော့ အဖေ ဦးဖိုးငွေကပဲ ငြင်းဆန်ခဲ့သည်။ အိမ်ဝိုင်း တိုက်ထဲမှာပဲ သီးသန့် အိမ်ကလေး တစ်လုံး ဆောက်နေရန်သာ ခွင့်ပြုဖို့ တောင်းဆိုသည်။ နွားစားကျင်းနှင့် နွားတင်းကုပ်ကို လည်း ရွှေ့လိုက်ကြသည်။ ဦးမြတ်သာက အိမ်ကြီးကို ထိန်းသိမ်း စောင့်ရှောက် ထားပါရန် တာဝန်ပေးခဲ့သည်။ ထန်းတောနှင့် ကိုင်းမြေယာ တော်တော်များများ ရောင်းချခဲ့သော်လည်း ရီးကျေးဥတို့ သားအဖတစ်တွေ ပိုပိုလျှံလျှံ စားလောက်သည့် မြေအတော် များများကို တရားဝင်လွှဲပေးခဲ့သည်။ ဆရာလေး ကိုပြေသိမ်းတို့ ဘက်က ဆွေမျိုးတွေက ဆိုလျှင် အမြဲတမ်းလိုလို ပေးပေးကမ်းကမ်း ဆိုတော့ ရီးကျေးဥတို့ မပူမပင် မကြောင့်မကြ နေရပါ၏။ အရီးကျေးဥသားကြီးထွန်းပက ရွာမှာပဲအိမ်ထောင်ကျ သဖြင့် တစ်အိုးတစ်အိမ် ထူထောင်ပေးလိုက်ရပြီ။ အငယ်ကောင် ထွန်းရကတော့ အနောက်တန်း ရွာသူနှင့် အိမ်ထောင်ကျသဖြင့် အနောက်တန်း ရွာတွေဘက်မှာ။ တစ်ခါတစ်ခါသား တွဲလောင်း၊ သမီးတွဲလောင်းနှင့် ရောက်လာတတ်ကြသော်လည်း များသော အားဖြင့် သည်ဝိုင်းထဲကို မရောက်လေ့ကြ။ ရီးကျေးဥက

343


မြေးတွေကို လွမ်းလျှင်တော့ လူလွှတ်အခေါ်ခိုင်းတတ်သည်။ အေးငြိမ်ကတော့ အရီးကျေးဥ တို့နှင့် ပင်နေသည်။ အေးငြိမ်ကပဲ ချက်ပြုတ်လျှော်ဖွပ် အိမ့်ဗာဟီရတွေမှာ လက်လွှဲရသည်။ အဖိုး အခရယ် မဟုတ်ဘဲ နှစ်ကုန်မှ ယာထွက်ကိုင်းထွက် သီးနှံပေးရ သည်။ အေးငြိမ် ကိုယ်တိုင်ကလည်း အမိအဖမဲ့ ရှာသူကလေးဆိုတော့ ရီးကျေးဥကို မအေလို ချစ်ရှာသည်။ မအိမ်ကံ ရှိစဉ် ကတည်းက ရက်ကန်းခတ်ရင်းက အိမ်ကြီးကို ရောက်လာခဲ့သူပင်။ အခုတော့ အေးငြိမ်သည်လည်း အိမ်ပါ မိသားစုဖြစ်ရပြီ။ “အေးငြိမ် ညည်းဘကြီးတုတ်တော့ သည်မိုးနဲ့ ဆိုရင် ပြန် မလာလောက်ဘူး။ ကိုင်းထဲမှာပဲ ရှိမှာ။ ထမင်း သွားပို့ချေအေ။ မိုးသိပ်အေးရင် ပြန်ခဲ့လို့ပြော” “ဟုတ်ကဲ့ မမကျေး။ မမကျေး ထမင်းစားတော့လေ။ ကျုပ်ခူးထားခဲ့မယ်” “မဆာသေးပေါင်အေ။ ညည်းပြန်မှစားပါ့မယ်” “ကျုပ်က ရွာထဲဝင်ဦးမှာ။ ဒွေးလေးတို့ဆီ မရောက်သာ ကြာလို့။ ဘကြီးတုတ်ဆီ ထမင်းပို့ပြီးမှပါ” “အေး အေး သွားလေ။ ထမင်းတောင်းကို ၀ါတာဖလူး အုပ်သွား” ၀ါတာဖလူးဆိုတာ မိုးကာစကို ပြောမှန်း အေးငြိမ်သိသည်။ အေးငြိမ် ထွက်သွားတော့မှ အရီးကျေးဥ အ၀တ်ဟောင်း ထုပ်ကို မ ယူလာကာ အိမ်ရှေ့ကပြင် အလင်းရောင် ကောင်းကောင်းမှာ ထိုင်သည်။ အပ်ချည်ကို အပ်ပေါက် ထိုးတော့မှ အေးငြိမ်ကိုမှ မထိုးခိုင်း လိုက်ရလေခြင်းလို့ တွေးမိသည်။ ရီးကျေးဥ တစ်ကြိမ်၊ နှစ်ကြိမ် ကြိုးစားကြည့်သော်လည်း အဆင်မပြေ။ မိုးကလေး တဖွဲဖွဲဆိုတော့ တာလမ်းပေါ်မှာ လူသွားလူလာ မရှိ။ အိမ်ဘေး ၀ိုင်းတိုက်က ငတာကို လှမ်းခေါ်ရန် စိတ်ကူးသည်။ မိုးဖျောက်ဖျောက်ထဲမှာ ကစားနေကြသည့် ကလေးတွေတော့ ရှိသည်။ ဘယ်သူတွေမှန်းလည်း မသိ။ ရီးကျေးဥက အ၀တ်ဟောင်းပုံထဲက အပြဲတွေကို အရင်ရွေးကာ သီးသန့်ဖယ်သည်။ လူစလူနများ တွေ့ရလေမလား ၀ိုင်းဝကို မျှော်ကြည့်သည်။ ပဲမှော်တိုက်။ ရီးကျေးဥ မျက်စိက ပဲမှော်တိုက်ဆီ ရောက်သွားခဲ့သည်။ သည်နှစ် မိုးကောင်းပုံနှင့် ဆိုလျှင် ပဲမှော်တိုက် ပြိုရော့မလား တွေးမိလိုက်ခြင်း ဖြစ်၏။ ပြီးခဲ့သည့် သုံးလေးနှစ် အတွင်း မိုးဦးမကောင်း မိုးလယ်ကောင်း၊ မိုးလယ်မကောင်း မိုးနှောင်းကောင်း ဆိုသလို မိုးတွေ ခါတိုင်းနှင့် မတူအောင် ရွာခဲ့ လို့ပဲလားတော့ မသိ။ အလွန် ခိုင်ခန့်လှသော ပဲမှော်တိုက်ကြီး ပြိုလုပြိုခင် စောင်းကျ သွားခဲ့သည်။ ပိုးထိုးရာအနာတွေ၊ ကျောက်ပေါက်မာ ထိုးနေသည့် ကျွန်းတိုင်တွေ ဆိုသော်လည်း တိုင်ကြီးတွေက ခိုင်လှပါ၏။ ထရံတွေ ကလည်း မဆွေး၊ ဆင့်တန်းရက်မ တွေကလည်း လေး၊ နှစ်တွေချည်း ဖြစ်၏။ သို့သော် မအိမ်ကံ ဆုံးပါးခဲ့သည့် နောက်ပိုင်း ထူးထူးဆန်းဆန်း တစ်ဖက် ယိုင်သွားခဲ့သည်။ အိမ်မကြီးကို ထိန်းသိမ်းစောင့် ရှောက်ခဲ့သော်ငြား လည်း ပဲမှော်တိုက် ကိုတော့ ပစ်ထားခဲ့ကြသည်။ ပဲမှော်တိုက်ကြီးဘက် လူမသွားဝံ့ကြ တာပင် ကြာပြီ။ ရီးကျေးဥတို့ အိမ်နောက်ဖေး ဘက်တွင် ပဲမှော်တိုက် သေးသေး တစ်လုံး ထပ်ဆောက်ခဲ့ ကြသည်။ ပဲမှော် တိုက်အိုကြီးမှာ စောင်းရသည့်ကြားထဲ နွားချေး ကျင်းဟောင်းက ထပေါက်ကြသော ဘူးနှင့် ဖရုံပင်ကြီးတွေက ပဲမှော်တိုက်ပေါ် ကုတ်ကတ် တွယ်တက်ကြရာက ပဲမှော်တိုက်ကိုပင် ဖုံးပစ်လိုက်ကြသည်။ အသီးတွေ၊ အပွင့်တွေ ထွားထွား ကျိုင်းကျိုင်း သီးကြပွင့်ကြသော်လည်း ဘယ်သူကမှ မခူးကြ။ နွယ်ရှင်တွေကလည်း တိုးလို့ တွဲလောင်းကျလျက်။ နောက်တော့ ပဲမှော်တိုက် စောင်းသွားသည့် အတိုင်း နွယ်ရှင်တွေကပါ လိုက်စောင်းကြရာက ပဲမှော်တိုက်နှင့် နွယ်ပင်တို့ အချင်းချင်း ထူပေးထားကြသကဲ့သို့ ရှိလာခဲ့သည်။ နွယ်ရှင်တွေ၊ ဖုန်တွေ၊ ပင့်ကူမျှင်တွေ ထလုံးလိုက်ကာ မူလ ရုပ်သွင်မရှိတော့သော ပဲမှော်တိုက်ဘက်ကို မျက်စောင်းပင် ထိုးမကြည့်ဝံ့အောင်ရှိခဲ့ ရသည်။ ဦးမြတ်သာ တစ်ခေါက် ရောက်လာတုန်းကတော့ ပဲမှော်တိုက်ကို ဖြိုဖို့ ခွင့်ပြုခဲ့သည်။ ဦးစံကောင်းနှင့် ရွာသား အချို့ကို ပင် ခေါ်ထားပြီးပြီ။ မနက်ဖြန် ပဲမှော်တိုက် ဖြိုတော့မည်ဆိုလျှင်ပဲ သည်ကနေ့လို ညမှာ ကျေးဥ အိပ်မက် မက်ခဲ့သည်။ အိပ်မက်ထဲမှာ မအိမ်ကံက ပဲမှော်တိုက်ပေါ်မှာ ဒါန်းစီး နေခဲ့ခြင်း ဖြစ်သည်။ ပဲမှော်တိုက် ခေါင်တန်းဆီက ကြိုးနှစ်ချောင်း

344


ချကာ ဒါန်းစီး နေသော မအိမ်ကံက ပဲမှော်တိုက်ပေါ်မှာ ငါနေသာ၊ မဖြိုကြနဲ့နော် လို့ပြောတာကို ကျေးဥ မ မှတ်မှတ်ထင်ထင် ရှိခဲ့သည်။ ကျေးဥလန့်နိုးတော့ မိုးပင်မလင်းသေး။ မနက်မိုးလင်းတော့ အစ်ကို မောင်မြတ်သာကို အိပ်မက် အကြောင်း ပြောပြဖြစ်ခဲ့ သည်။ အစ်ကို မောင်မြတ်သာခမျာ တစ်ချက်တွေ သွားခဲ့ကာ ခေါ်ထားသည့် လူတွေကို ပြန်လွှတ်လိုက်ရ တော့သည်။ ပဲမှော် တိုက်ကို မဖြို ဖြစ်တော့။ “ကျေးဥ၊

ပဲမှော်တိုက်ကို

မဖြိုနဲ့။

သည်အတိုင်းသာ

ထားပါဟာ။

သူ့ဟာသူ

ပြိုတော့လည်း

ပြိုရုံပေါ့။

ငါမပြန်ခင်

ဆွမ်းကျွေးချင်သယ်။ ပဲမှော်တိုက်နားမှာ ပရိတ်တော် ရွတ်ဖတ်ပြီး အမျှအတန်း ဝေမယ်။ ငါ့နှမကလေး မကျွတ်ရှာဘူးနဲ့ တူပါရဲ့။ ကိုစံကောင်းတို့နဲ့ တိုင်ပင်ပြီး စီစဉ်တော့” တကယ်လည်း ဆွမ်းကျွေး အမျှဝေခဲ့ ကြသည်။ ပရိတ်တော် ရွတ်ဖတ်ကြသည်။ အမျှအတန်း ဝေကြသည်။ သည့်နောက်တော့ ပဲမှော်တိုက် သည်လည်း နှစ်ပေါင်းများစွာ ငုတ်တုတ် စောင်းစောင်း ရှိနေခဲ့ တော့သည်။ အိမ်မကြီးကတော့ အကောင်း ပကတိ ရှိသည် ဆိုသော်လည်း လူသူ မနေကြသဖြင့် ခြောက်ကပ်စွာ ထီးထီးကြီး တည်နေခဲ့သည်။ ဦးမြတ်သာတို့ ရောက်လာသည့် အခါတွင်လည်း သည်အိမ်ကြီးမှာ မတည်းကြပါ။ မမစိမ်းမြတို့အိမ် တည်းကြကာ လိုအပ်မှ ရောက်လာကြခြင်း ဖြစ်သည်။ သည်ဘက် နှစ်တွေ မှာတော့ အလာကျဲသွား ကြပြီ။ ခိုင်ကလေးလည်း အိမ်ထောင်ရက်သား ကျသွားခဲ့ပြီ။ တစ်ခါက ပန်းမျိုး စုံလင်တို့ ပွင့်လန်းခဲ့ရာ အိမ်ဝိုင်းတိုက်ကြီးမှာ ခုတော့ ပန်းတွေလည်း မပွင့်ကြတော့ပြီ။ အပြုအပြင် ကင်းမဲ့နေကြသော သီးပင် စားပင်တွေ ကလည်း ဝေေ၀ဆာဆာ မရှိကြ။ မအိမ်ကံ လွင့်မျောသွားခြင်းနှင့် အတူ သစ်ပင်ပန်းပင်တို့ သည်လည်း တမလွန်သို့ လွင့်မျော ကြတော့မည့် ပမာ အရာရာ သည် ဆုတ်ယုတ်လျော့ပါး နေကြလေပြီ။ ခြံထောင့်က ဆပ်သွားဖူး ရုံကြီးဆိုလျှင် အလိုလို ပုတ်ရိကာ မျိုးတုံး သွားခဲ့သည်။ ဆပ်သွားဖူးရုံကြီးထဲမှာ ခေါင်းစိုက်ကာ သေနေသော ငှက်မည်းကြီး တစ်ကောင်ကို တွေ့လိုက်ရသည့် နေ့က ကျေးဥပင် အော်ဂလီ ဆန်ခဲ့ရသည်။ တစ်ခြံလုံး အသက်မရှူနိုင်လောက်အောင် ပုပ်စော်နံ နေသဖြင့် ရှာကြ ဖွေကြရာက ငှက်မည်း အသေကောင်ကို တွေ့လိုက် ရခြင်းဖြစ်၏။ မအိမ်ကံ ရှိစဉ်က ပြောခဲ့ဖူးသော ငှက်မည်းကြီး ဆိုတာကို သည်တော့မှ ရီးကျေးဥ လက်ခံ ခဲ့ရသည်။ ခမျာ ကြောက်မည်ဆို ကြောက်စရာ။ မိုးမှုန်မှုန်ဖွဲဖွဲ ကျနေသည့် ကဆုန်လ ကောင်းကင်အောက်တွင် အိမ်ကြီးနှင့် ပဲမှော်တိုက်တို့ကို ရီးကျေးဥ ခပ်ဝါးဝါးလှမ်း မြင်နေရလေ၏။

မိုးရေစွတ်စွတ်

မြင်ကွင်းတွေကို

ရီးကျေးဥ

လှမ်းကြည့်

နေခိုက်မှာပင်

ဝိုင်းဝဆီက

လူရိပ်လိုလို

မြင်လိုက်ရသည်။ မျက်လုံးတွေက မကောင်းတော့ ၀ိုးဝိုးဝါးဝါး ထင်လိုက် ခြင်းသာဖြစ်၏။ ခေါ်သံလိုလို ကြားလိုက်ရတော့ အနားက ၀ါးဖတ် ခမောက်ကို ဆောင်းကာ ထွက်လာခဲ့သည်။ မိန်းမသား နှစ်ယောက်။ တစ်ယောက်ကကြီးကြီး။ တစ်ယောက်က အပျိုပေါက်။ မိုးရေထဲမှာ အကာမပါ၊ အဆောင်းမပါကြဘဲ စုံးမွှားမွှား ရပ်နေ ကြခြင်းဖြစ်သည်။ တံခါးအပြင်မှာ ရပ်နေကြ သဖြင့် တိတိပပတော့ ရှင်းရှင်းကြီး မမြင်ရသေး။ ဇလီကွက်တွေကြားက မြင်ရခြင်းသာ ဖြစ်သည်။ ဘယ်သူတွေများ ပါလိမ့်။ အနောက်တန်း ရွာက ဧည့်သည်တွေများလား။ “ကျေးကျေး” နှစ်ပေါင်းများစွာက အသံ။ အားမပါ လှသော အသံပေသိ သည်အသံကို ရီးကျေးဥ မမေ့နိုင်ပါ။ ၀င်းတံခါး ထိပ်နှစ်ချပ်ကို တွဲခတ်ထားသော သံကွင်းကို လှမ်းမပြီး တံခါးနှစ်ချပ်ကိုဖွင့် လိုက်တော့ အသံရှင်က ရီးကျေးဥကို လှမ်းဖက်လိုက်သည်။ သည်အထိလည်း ရီးကျေးဥ မဝေခွဲနိုင် သေးသလို ကြောင်ကြောင်ကြီးရပ်နေခဲ့သည်။ ကျေးကျေးတဲ့။ ဒါဆိုရင် ဘယ်သူ ဖြစ်ရဦးမှာလဲ။ “မြိုင်ကလေး၊ မအိမ်မြိုင် ဟုတ်ကဲ့လား”

345


“ဟုတ်ပါသယ် ကျေးကျေး။ မအိမ်မြိုင်ပါရှင်” “ရော် ၀င်ခဲ့လေ။ မိုးတွေ ဖြိုးဖြိုးဖြောက်ဖြောက် နဲ့ကွယ်။ လာလာ သြော် ဖြစ်မှ ဖြစ်ရ ပလေသယ်အေ” အိမ်မကြီးနှင့် ပဲမှော်တိုက် စောင်းစောင်းကို မအိမ်မြိုင်က တွေတွေကြီး ရပ်ကြည့် နေခဲ့သည်။ ရီးကျေးဥက လက်ကို ဆွဲကာ ခေါ်လာခဲ့ရ၏။ အပျိုပေါက် မိန်းကလေးကတော့ ဘာကိုမှ အရေးမထားသည့် မျက်နှာမူနှင့် အရာရာကို ကြည့်တည့် ကြောင်တောင်လိုက်လံ ကြည့်ရှုနေသည်။ နှစ်ယောက်လာခဲ့ ကြသော်လည်း ပါလာကြသည်က လွယ်အိတ်ကလေး တစ်လုံးမျှသာ။ သည်မှာနေကြမှာလား၊ ခဏ တစ်ဖြုတ်လား၊ ပြန်ကြမှာလား။ အိမ်ပေါ်ရောက်တော့ ရွာထွက်ဖျင် တဘက်တစ်ထည် လှမ်းပေးကာ ခေါင်းက ရေတွေ သုတ်စေသည်။ အ၀တ်အစား လဲစေသည်။ ရေနွေးပူပူ တစ်ခွက်စီ သောက်စေသည်။ သည်အထိ စကားမပြောဖြစ်ကြ။ ရီးကျေးဥကတော့ မအိမ်မြိုင် ရောက်လာခြင်း ကိုသာ အံ့သြနေတော့သည်။ အဆုံးထားသော အဖိုးတန် ပစ္စည်း တစ်ခုကို ပြန်တွေ့လိုက်ရ သကဲ့သို့ ရင်ထဲ ကတုန် ကယင်ကြီး ဖြစ်လို့နေ၏။ ဘယ်လိုက ဘယ်လိုများ ရောက်လာ တာပါလိမ့်။ အိမ်က ထွက်သွားသည့် နေ့ကတည်းက သည်ကနေ့မှ ပြန်ရောက်လာသော အိမ်ကြီးရှင် ဧည့်သည်။ မအိမ်မြိုင် မြင်းခြံကို သွားသည့် နေ့က ဖိုးကူးလှည်းနှင့် လိုက်ပို့ခဲ့ပြီး အပြန်မှာတော့ သတင်းဆိုးသာ ပါလာခဲ့သည်။ ဆယ့်ငါးနှစ်တောင် ရှိပါပေါ့လား။ သည်ဆယ့်ငါးနှစ် အတွင်းမှာ အရာရာသည် ပြောင်းလဲ ခဲ့ကြပြီ။ ထွက်သွားတုန်းက မိန်းမချော မိန်းမလှ။ ရွာ့ကွမ်း တောင်ကိုင် စာရင်း ပေါက်ခဲ့သူ ပပ၀တီ မင်းသမီးကလေး။ ပြန်ရောက်လာတော့လည်း မနွံမရေ ရှိလှချည့်လားအေ။ သည်အိမ်ကြီးမှာ ဘာတွေဖြစ်လို့ ဘာတွေတော့ဖြင့် ပျက်ခဲ့ပြီ ဆိုတာကော ညည်းသိရဲ့လား။ ရီးကျေးဥက ခွမ်းခနဲ ကျကွဲသွားသော ဓာတ်ပုံတစ်ချပ်ကို သတိရလိုက်သည်။ မအိမ်ကံ ကိုယ်တိုင် အပေါ်ထပ်ဆီက နာနာကြည်းကြည်း ပစ်ချ ခွဲချေ ပစ်လိုက်သော ဓာတ်ပုံ။ အခုတော့လည်း မှန်စတွေလို တစ်စစီ ကြေခဲ့ ကြပြီကောအေ။ “သူကလေးက” “မြိုင့်သမီးလေ မအိမ်စိုတဲ့” မအိမ်စို။ မအိမ်ကံ တုန်းကတော့ အိမ်ကြီးရဲ့ကံ အဖြစ် မအိမ်ကံလို့ အမည်မှည့်ခဲ့ ကြသည်။ သမီးနှစ်ယောက် ကျတော့ မအိမ်မြိုင်တဲ့။ မအိမ်ခိုင်တဲ့။ အိမ်ကြီး အဖို့ရာတော့ မမြိုင်ခဲ့ မခိုင်ခဲ့ကြသူတွေ။ အခု လာပြန်ပြီလား မအိမ်စို။ မအိမ်စို ရောက်လာတော့ အရာရာ ခြောက်ခန်းချိန် ဆိုက်ခဲ့ပြီ။ အတိတ်နိမိတ်နှင့် အတူ တစ်ကျော့ပြန် စိုပြည် လန်းဆန်း ပါစေတော့။ “ကျေးကျေး မြိုင့်ကို စိတ်ဆိုး နေမှာပေါ့နော။ မြိုင်သည်ဘက်ကို ခြေဦး မလှည့်တော့ဘူးလို့ ဆုံးဖြတ်ထား ပြီးသားပါ။ သည်ရွာ၊ သည်နေရာ၊ သည်အိမ်ကြီးကို စိတ်ရင်း အတိုင်း ဆိုရင် လာစရာ မရှိတော့ ပါဘူး။ မလာချင်တော့ ပါဘူး။ မြိုင့်အမှားတွေဟာ မြိုင်နဲ့ အတူပဲ ရှိရမှာပါ။ ဒါပေသိ မြိုင်အိမ်ကြီးကို နေ့စဉ်နဲ့ အမျှ သတိရသယ်။ အမေ့ကို နေ့စဉ်နဲ့အမျှ သတိရသယ်။ ကျေးကျေးတို့၊ ညီမလေး ခိုင်တို့ကို သတိရသယ်။ အခုလည်း မြိုင် အိမ်ကြီးကို လာကြည့်သာပါ။ သင်္ချိုင်းမှာ အမေ့ကို ကန်တော့ချင်လို့ လာခဲ့သာပါ။ ကျေးကျေးကို ကန်တော့ ချင်လို့ လာခဲ့သာပါ” မြိုင်ကပြောရင်း ငိုလေသည်။ ရီးကျေးဥကတော့ သူ့ရှေ့မှာ ငုတ်တုတ် ထိုင်နေကြသည့် သားအမိကိုပဲ ငေးကြည့်နေခဲ့သည်။ မအိမ်မြိုင်ရဲ့အလှတွေ

ဘယ်ရောက်ကုန်ပါလိမ့်။

တကယ့်ကို

ရင့်ရော်ရော်

မိန်းမတစ်ယောက်လို

ဖြစ်ခဲ့ပြီ။

ဒါတွေ

ထားပါတော့။ သက်ဦးဝေ ကကော။ ပျောက်သွားခဲ့ပြီ ဆိုကတည်းက ဘာသတင်းမှ မကြားရတော့သော အိမ်သား တစ်ယောက်ကို ပြန်ပေါ်လာတော့ ဘာက စမေးရမှန်း မသိဘဲရှိခဲ့ရ သည်။ တကယ်တော့ သည်အိမ်ကြီးက ရောက်လာသည့် ဧည့်သည်ရဲ့အိမ်။ ငါကသာ အိမ်ကြီးရဲ့ ဧည့်သည်။ သည်လို အခြေအနေ မျိုးမှာ ရီးကျေးဥ ဘာပြောရမှန်း မသိ။ အပြစ်တင် ရမှာလား။ ရေငုံနှုတ်ပိတ် နေရမှာလား။ ဒါကိုလည်း မတွေး တတ်တော့ပြီ။ မအိမ်မြိုင် ကိုသာ ငေးနေမိ တော့သည်။ ရင်ထဲ

346


ရောက်လာသည့် စကားတွေကိုတော့ ပြောမိပါ၏။ “ညည်းကိုတွေ့ရတော့ ရှင်အိမ်ကံကို သတိရလှ သကွယ်။ ဘိုးသာထန်၊ ကြီးပန်းရုံ၊ ရီးလှအုံ၊ အဖေကို ဖိုးငွေနောက် ညည်းအဖေ ဆရာလေး ကိုပြေသိမ်း။ သွားလေသူတွေ အားလုံးကို ငါသတိရ လိုက်သာ။ ဒုက္ခ သုက္ခတွေကို ညည်းကိုယ်တိုင် မကြည့်ရက်လို့ ထွက်သွားသလို ပါပဲအေ။ ကျေးကျေး ကတော့ ညည်းတို့ ဇာတ်ရုပ်တွေ ထဲမှာ မထင်မရှား ပါခဲ့ရပေသိလို့ ငါ့ ရှေ့မှာ အကုန်ဖြစ်ခဲ့ သာကိုး။ သည်အိမ်ကြီးမှာ တစ်ခါက ပျော်ခဲ့ ရွှင်ခဲ့ ရယ်ခဲ့မောခဲ့ရသဲ့ အဖြစ်တွေဟာ ပဲလှေ့သဲ့ အခါ လွင့်ကုန်သဲ့ အဖျင်းအမှော်တွေလိုပဲ လွင့်ကုန်လိုက်သာ ရက်ကန်းသံ တညံညံ ခြူကုံးသံ တလွင်လွင်နဲ့ မီးခိုးမစဲ မီးမစဲခဲ့သဲ့ အိမ်ကြီးဟာ ချက်ချင်းပဲ သုသာန်လို ဖြစ်သွားခဲ့သာ ပါအေ” “နောက်ဆုံးအခေါက် မြင်းခြံကို သွားခါနီးမှာ အမေ ပြောခဲ့သဲ့ စကားကို မြိုင် မှတ်မိသယ်။ အပြစ်ရှိမှ ရှုံးသာ မဟုတ်ဘူး၊ အပြစ်မရှိလည်း ရှုံးသာပါပဲတဲ့။ အမှားရဲ့နောက်မှာ မီးပွားတွေ ပါလာ တတ်သယ်တဲ့။ မီးပွားဆိုသာ အမှိုက်တောင်းကိုလည်း လောင်နိုင်သယ်။ ရွှေနန်းတော်ကိုလည်း လောင်နိုင်သယ်တဲ့။ အမေ မှန်ပါသယ်” “ကိုင်းပါအေ။ ဒါတွေ ထားလိုက်ဦး။ ထမင်းစားကြ။ ကလေးမလေး ခမျာ ဆာရော့မယ်။ ကျေးကျေး လက်ရာတော့ မဟုတ်ပါဘူးအေ။ အေးငြိမ် ချက်ပြုတ် နေရသာပါ။ ညည်း ဦးလေး ဖိုးတုတ်တော့ ကိုင်းထွန်နေသယ်။ လာမှာပါ ကိုင်းလာ” ရီးကျေးဥက ထမင်းခူး ခပ်နေစဉ် မအိမ်မြိုင်က ကျေးကျေးတို့ အိမ်ရှေ့ခန်း ကလေးကို လိုက်ကြည့် နေခဲ့သည်။ ၀ါးထရံမှာ ဓာတ်ပုံတစ်ပုံ။ မအိမ်မြိုင်၏ ပုံပင်။ မှန်မရှိ၊ ဘောင်မရှိ။ ဓာတ်ပုံ အတိုင်း ထရံမှာ ၀ါးနှီးစ ကလေးများဖြင့် ထိုးကာ ကပ်ထားခြင်း ဖြစ်၏။ ဓာတ်ပုံထဲက မအိမ်မြိုင်က အပြင်က မအိမ်မြိုင်ကို ပြုံးပြနေသည်။ မအိမ်မြိုင်နှင့် မအိမ်မြိုင် တစ်ယောက်ကို တစ်ယောက် ကြည့်နေကြ သော်လည်း ကိုယ်မဟုတ်သလို စိမ်းလွန်းလှသည်။ “မြိုင်ရေ ထမင်းစားလိုက်ဦး” မအိမ်မြိုင်တို့ သားအမိ မီးဖိုဘက်ကို ထွက်လာခဲ့ကြသည်။ “မြိုင် မြင်းခြံကို မသွားခင်နေ့တွေ အထိ မြိုင့်စိတ်ထဲမှာ တခြား ဘာမှ မရှိခဲ့ပါဘူး ကျေးကျေးရယ်။ ယုံပါတော့။ အမေက တစ်ညလုံး အအေးကြီးထဲ ငုတ်တုတ်ထိုင် နေခဲ့တာတွေ မြိုင့်ကို စကားတွေ မပြောစဖူး အများကြီး ပြောခဲ့တာတွေကို မြိုင် အံ့သြရတာက လွဲလို့ အမေ့ကို အပြစ် မမြင်မိပါဘူး။ အမေက မိဘဆိုတော့ မြိုင့်ကို ကလေးလို မြင်နေသာပေါ့ ကျေးကျေး ရယ်။ မှန်သာ ပြောရရင် မြိုင့်မှာ ချစ်သူ ရှိနေပါပြီ။ ချစ်သူဆိုပေသိ ချက်ချင်း ခိုးရာလိုက်ရမယ့် ချစ်သူမျိုး မဟုတ်သလို အဲသလောက်လည်း မြိုင် မမိုက်မဲပါဘူး။ ဦးဝေဠုရဲ့သား သက်ဦးဝေဟာ မြိုင့်ကို အင်မတန် ချစ်ခင် ရှာသူပါ။ မြိုင်နဲ့ သက်ဦးဝေဟာ သာမန် ချစ်သူမျိုး မဟုတ်ပါဘူး။ အမှားလည်း မရှိခဲ့ကြပါဘူး။ အဖေနဲ့ ပတ်သက်လို့ မြိုင့်ကို ကူညီခဲ့တဲ့ မိတ်ကောင်း ဆွေကောင်း အဖေ သူ့မိဘများ ဘက်ကလည်း မြိုင်နဲ့ခိုးရာ လိုက်ပြေးကြသယ်ဆိုရင် နောက်ဆက်တွဲ ပြဿနာ မရှိတော့ဘူး။ သည်လိုနဲ့ မြိုင်နဲ့ သက်ဦးဝေ တောထဲ ရောက်သွားကြသယ်။ မြိုင် မြင်းခြံကို ထွက်လာပြီး ရက်မကြာခင်မှာပဲ အိမ်ထောင် ကျခဲ့သယ် ပြောပါတော့။ မသေချာတဲ့ သတင်း အပေါ် မြိုင်တို့ နှစ်ယောက် ဆုံးဖြတ်ခဲ့ကြသာ ဆိုပေမယ့် နောင်တော့ သည်သတင်းဟာ မှန်နေသာ ပါပဲ။ အဖေတောထဲမှာ ကျသွားသယ်ဆိုသာ အမှန်ပဲ ကျေးကျေး” မအိမ်မြိုင် ရွာခြေ ပြန်ကပ်ပြီ ဆိုသည့် သတင်းက နောက်တစ်ရက်မှာပင် ရွာလုံးကြားခဲ့ကြ လေပြီ။ တချို့က ကရုဏာဖြင့် လာရောက် ကြည့်ခဲ့ကြသည်။ မအိမ်မြိုင် သမီး မအိမ်စိုကို ကြည့်ကြသည်။ မအိမ်မြိုင်တောင် သားသည် အမေ ဖြစ်ခဲ့ပြီ တဲ့လား။ မအိမ်မြိုင် အိမ်ထောင်ကျပြီ ဆိုတာ ရွာက သိနှင့်ကြရိုး မှန်သော်လည်း ရွာကို ရောက်လာတော့ လင်သား မပါတာကို ထူးဆန်းနေကြသည်။ ဘယ်သူကမှတော့ ဖွင့်ဟ မမေးကြပါ။ တချို့က ရွာထဲ အလည်ခေါ်ကာ ကျွေးမွေးကြသည်။

347


“ငါ့မြေး နာမည် ဘယ်သူတဲ့တုံး” “မအိမ်စို” “အဖေကကော” “သေပြီ” ကွယ်ရာမှာ မေးကြသော်လည်း မအိမ်စိုက သည့်ထက် မပြောတော့ ခက်သားပင်။ မိဘက သင်ထားတာ မဟုတ်။ မအိမ်စို ကိုယ်တိုင်က ဥာဏ်ရည် မမီသည့် ကလေး တစ်ယောက်လို ဖြစ်နေတာကို သဘောပေါက် ကြသဖြင့်လည်း သည်လောက်ပဲ သိခွင့် ရခဲ့ကြသည်။ မအိမ်စိုက ရုပ်ရည်အားဖြင့် ချစ်စရာ ကောင်းသူ ကလေးပင်။ မအိမ်ကံတို့ ဘက်ကို တူသဖြင့် ကြည်ကြည်စင်စင် ရှိရှာ ပါ၏။ သို့ပေသိ မျက်လုံးတွေက ဂနာ မငြိမ်ဘဲ ရှိသည်။ မျက်နှာကလေးက နုနုနယ်နယ် ဆိုသော်လည်း စိတ်ကြီးချင်သည့် အခါ ကြီးတတ်သည်။ စကားကောင်း ပြောနေရာက ဒေါသတကြီး ရှိချင်ရှိသည်။ တစ်ခါတစ်ရံ အိမ်ဝိုင်းကျယ်ကြီးထဲမှာ ကလေး တစ်ယောက်လို ကစားချင် ကစားနေတတ် ပါ၏။ ပြိုလဲလုလု ပဲမှော်စင်ကို ပတ်ပြေးချင် ပြေးနေတတ်သည်။ ပဲမှော်စင်အောက် ၀င်နေတတ်သဖြင့် ရီးကျေးဥက ဆွဲထုတ်ရသည်ပင် အခါခါ။ “သည်အောက်ကို မ၀င်ရဘူး ငါ့မြေးရဲ့။ မြွေပါး ကင်းပါးနဲ့။ အမေကြီး ကျေးတောင် မ၀င်ဘူး။ နောက်မ၀င်နဲ့နော် ကြားလား” “မြွေပါးကင်းပါးဆိုတာ ဘာလဲ ကျေးဥ” “မြွေလေ၊ မြွေကိုပြောသာ” “မကြောက်ဘူး” မအေက ကျေးကျေး ခေါ်သော်လည်း မအိမ်စိုက ကျေးဥ လို့ခေါ်လေသည်။ အမေကြီး ကျေးလို့ ခ်ါဖို့ သင်သော်လည်း မရ။ တစ်ခါတစ်ခါ မအိမ်ကံများ ၀င်စားလေသလား ထင်မိ သည်။ မအိမ်ကံ ဆုံးသည့်အချိန်နှင့် မအိမ်စို မွေးသည့်ရက် တွက်ကြည့်တော့လည်း မအိမ်စိုမွေးသည့် ရက်က နောက်ကျသည် ဆိုတော့ ဖြစ်ချင်လည်း ဖြစ်နိုင်သည်။ ကျေးဥလို့ ခေါ်တာ တင်မကပါ။ စိတ်ကူးရလျှင် ရီးကျေးဥကို ငေးနေတတ်သည်။ ပြုံးပြတတ်သည်။ ထိုအခါမျိုးတွင် မအိမ်ကံ၏ စိုရွှန်းရွှန်း မျက်ဝန်းများကိုပင် သတိရမိ တတ်သည်။ မအိမ်မြိုင်ကို သည် သဘောထား ပြောပြတော့ ဖြစ်နိုင်သည် ဆိုပါ၏။ မအိမ်မြိုင် ပြောပြသလောက် မအိမ်စို ကိုယ်ဝန် လွယ်ထားစဉ် မိခင် မအိမ်ကံကို အိပ်မက် မကြာခဏ မက်သည် ဆိုပြန်ရာ ထင်မည်ဆို ထင်လောက်သည်။ မအိမ်စိုကလေးက တောတွင်း တစ်နေရာမှာ ကြီးပြင်းရသည့် အပြင် ပတ်ဝန်းကျင် ခန်းခြောက်ရာမှာ နေထိုင် ခဲ့ရသည့် အတွက်ပေလားတော့ မသိ။ မအိမ်စို၏ စရိုက်က ကြမ်းချင်သည်။ တဇွတ်ထိုးနိုင်သည်။ ပြောမနိုင် ဆိုမကောင်း ကလေးဖြစ်သည်။ မအိမ်မြိုင်ကတော့ သည်ကိစ္စတွေကို ဖြစ်ရိုးဖြစ်စဉ်လို့ သဘောထားပုံ ရသော်လည်း ရီးကျေးဥ ကတော့ ရေရှည် အတွက် စိတ်စနောင့်စနင်း ဖြစ်နေရပါ၏။ တစ်ခါလည်း အိမ်မှာ ကျိုထားသည့် နို့အိုးကို မှောက်ပစ်သည်။ ထမင်းစားရင်းက ဖိတ်ကျသော ထမင်းလုံးတွေကို ကောက်စားချင် စားသည်။ ကျန်ကောင်းကျန်ရာ ပန်းပင်တွေက ပန်းပွင့်တွေကို ခူးကာ ဓား တစ်ချောင်းနှင့် နုပ်နုပ်စဉ်းချင် စဉ်းနေတတ်သည်။ လူကြီး တွေစကားပြောနေခိုက် ပျောက်သွားတတ်သဖြင့် လိုက်ရှာရ တာလည်း ခဏခဏပင်။ ညကြီးသန်းခေါင်ကျော် အိပ်ရာထဲက ထသွားကာ အိမ်ဝိုင်းကြီးထဲမှာ လျှောက်သွားနေလို့ ဘကြီး ဖိုးတုတ်က ရှာခေါ်ခဲ့ရသည်။ ထိုညက မအိမ်စို ပြောစကားကြောင့် ရီးကျေးဥပင် လန့်သွားခဲ့ရသည်။ “ကျေးဥ ညက မြင်းကြီး တစ်ကောင်တွေ့တယ်။ သမီး မြင်းကြီးနဲ့ လျှောက်သွားတာ”

348


မအိမ်ကံ ဆုံးခါနီး ရက်တွေတုန်းက မြင်းကြီး စိန်ပွင့်ကို တွေ့ခဲ့ကြောင်း ပြောဖူးတာကို ရီးကျေးဥ သတိရမိ၍ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် မအိမ်မြိုင်တို့ သားအမိ ပြန်ရောက်လာလို့ ၀ိုင်းတိုက်ထဲမှာ စိုပြည် လာခဲ့ရသည်။ မအိမ်မြိုင် ရောက်လာကြောင်း ရန်ကုန်က ဘကြီး မြတ်သာထံနှင့် ထနောင်းတိုင်ရွာက ဆွေမျိုး များသိစေရန် လူလွှတ် အကြောင်းကြားဖို့ တာဝန် ရှိသော်လည်း ရီးကျေးဥ လူမလွှတ်ဖြစ်သေး။ မအိမ်မြိုင်၏ ရှေ့ရေးကို ရီးကျေးဥ မသိရသေး။ မေးလို့ကလည်း မကောင်းနိုင်။ သည်အိမ်ကြီးက သူတို့အိမ်၊ သည်ဝိုင်းက သူတို့ဝိုင်း။ သူတို့ ယာတွေကိုင်းတွေ ရှိသေးသည်။ မအိမ်မြိုင် သားအမိသာသည် အိမ်ကြီးမှာ တစ်သက်လုံးနေမည် ဆိုလျှင်တော့ ရီးကျေးဥ ၀မ်းသာလိုက်ရမယ့် ဖြစ်ချင်း။ တစ်ရက်မှာတော့ မအိမ်မြိုင်က အိမ်ကြီးကို ဖွင့်ကြည့်ချင်သည် ဆိုလာခဲ့၏။ ပဲမှော်တိုက် ထဲကို ရနိုင်သလောက် ၀င်ကြည့် ချင်သည် ဆို၏။ အိမ်မကြီးကို သော့ရယ်လို့ ခတ်ထားတာ မဟုတ်ဘဲ တံခါးမကြီးကို သစ်သားနှစ်ချောင်း ကန့်လန့်ရိုက် ပိတ်ထားလိုက်ခြင်းသာ ဖြစ်သည်။ ဦးဖိုးတုတ်က သစ်သား နှစ်ချောင်းကို ခွာကာ ဖွင့်ပြသည်။ ရီးကျေးဥ ကိုယ်တိုင်ပင် အိမ်မကြီးထဲကို

မရောက်တာ

ကြာပြီဆိုတော့

အောက်ထပ်ရော၊

အပေါ်ထပ်ပါ

လိုက်ကြည့်ခဲ့

ပါ၏။

ဖုန်တွေက

ထုကြီးတက်လျက်။ တံခါးတွေက ဖွင့်လိုက်တိုင်း ညည်းသံ ထွက်နေကြ သည်။ ပိတ်ထားခဲ့စဉ်က အတိုင်း ပျဉ်နံရံတွေမှာ ကိုပြေသိမ်း

မြေဖြူနှင့်

ရေးခြစ်ထားသော

အင်္ဂလိပ်စာတွေ၊

ဂဏန်းတွေ

ရှိသေးသည်။

မအိမ်ကံ၏

အ၀တ်အစား

သေတ္တာများနှင့် အ၀တ် အစားတွေကလည်း သည်အတိုင်း။ ရီးကျေးဥက မအိမ်ကံ အ၀တ်ဟောင်းတွေကို လှူပစ်ချင်ခဲ့ သော်လည်း သူ့သဘောနှင့် သူ မလုပ်လို သဖြင့် သည်အတိုင်း ခေါက်ရိုးမပျက် ရှိနေခြင်း ဖြစ်သည်။ မအိမ်မြိုင် သည်လို လိုက်ကြည့်တာ အိမ်ကြီးပေါ်မှာများနေချင်ရော့လား။ နေချင်တော့လည်း နေရုံပေါ့။ “အဖေနဲ့အမေ့ကို လွမ်းလို့ လိုက်ကြည့်သာပါ ကျေးကျေး ရယ်။ သည်လို မြင်ရပြန်တော့ အရိပ်တွေက ခြောက်လှန့်နေ သလိုပဲ။ မြိုင့်ရှေ့ရေးကို ဘကြီးနဲ့ တိုင်ပင်ရဦးမယ်။ ထနောင်း တိုင်က အမျိုးတွေ ဆီကိုလည်း မြိုင်သွားမှာပါ။ သည်အိမ်ကြီး ပေါ်ကို မြိုင်နေလို့ မဖြစ်ပါဘူး။ မြိုင်လေ အမေ့ကို ခုထိ ကြောက်နေမိတုန်းပဲ” မအိမ်မြိုင်က သူ့ရှေ့ရေးကို တွေးပြီးသားဖြစ်လိမ့်မည်။ မြိုင်နှင့်ခိုင်တို့ညီအစ်မအတွက် အမွေတွေကို ဘကြီးမြတ်သာ ကိုင်ထားတာဆိုတော့ ပူစရာမရှိ။ “ပဲမှော်တိုက် ကတော့ ပြိုလုလုရယ်။ အတွင်းကို မ၀င်စေ ချင်ဘူး။ ချုံတွေ၊ နွယ်တွေ တိုးဖို့ရာလည်း မလွယ်ဘူး။ တိုင်တွေက တစ်ဖက်ကျွံပြီး စောင်းနေသာလေ။ ညည်း ဘကြီး မြတ်သာက မဖြိုရဘူးပြောခဲ့သယ်” “ချုံတွေ၊ နွယ်တွေရှင်းပြီး ပဲမှော်တိုက်ကို ပြန်တည့်ရင်ကော ကျေးကျေး” “ကြမ်းတွေ ဆွေးပြီ။ ရက်မတွေ၊ ဆင့်တုံးတွေ၊ စရွေး တွေချောင်ကုန်ပြီ။ ကျေးကျေး သဘောကတော့ မလုပ်စေချင်ဘူး။ ပြီးတော့ မရှိကောင်းတော့ဘူး ထင်သာပဲလေ” “ဟုတ်ပါသယ်လေ” ချည်ထုပ်အဟောင်းတွေ၊ အထည်ရက်ပြီးသား အထုပ်တွေ၊ ဆိုးဆေးတွေ၊ ဆိုးဆေးအင်တုံကြီးတွေ၊ ရက်ကန်းပစ္စည်း ဟောင်းတွေကတော့ အိမ်ထောင့် တစ်နေရာမှာ ရုံထိုးပြီးထား သည်။ ဖုန်တသောသော ရက်ကန်းစင်ဟောင်း တွေက မိုးရွာ အစို၊ နေပူအခြောက်။ ဒါတွေမြင်ရပြန်တော့ အသစ်ဖြစ်ရပါ၏။ ရီးကျေးဥက အ၀တ်အစား ပါမလာသော မအိမ်မြိုင်ကို မအေ့ အ၀တ်အစားတွေ ယူဝတ် ပါလို့ပြောခဲ့သည်။ သည် အ၀တ်အစားတွေ ညည်းအတွက် ထားခဲ့သလို ပါပဲအေလို့ ဆိုခဲ့သည်။ မအိမ်မြိုင်က များလှသော အ၀တ်အထည် တွေကို ထုတ်ကြည့်ရင်း မျက်ရည်တွေ ကျနေခဲ့ပါ၏။ “ဒါတွေ မြင်ရတော့လည်း သွားလေသူကြီးကို သတိရ လိုက်သာအေ။ ညည်းနဲ့ ညည်းအမေပြန်များ ဆုံလိုက်ရရင် သည်လိုဖြစ်လိမ့်မယ် မထင်ဘူး။ မအိမ်မြိုင် ခိုးရာ လိုက်သွား ပြီဆိုသာ ကြားတဲ့နေ့က ဒေါသတွေ ကြီးလိုက်သာအေ။ မြစ်နား

349


ရွာတွေမယ် ၀ါဆိုဝါခေါင် ရေတိုးချိန် ကမ်းပါးပြိုသလိုပါပဲ။ ညည်းကို တော်တော် မျှော်လင့်ရှာသယ်။ သူ့တုန်းက မဖြစ်ခဲ့တဲ့ ကွမ်းတောင်ကိုင် ငါ့သမီးကျ ဖြစ်ရစေ့မယ် ရယ်လို့ အနှစ်လေး ဆယ်လုံးလုံး စောင့်ခဲ့ရရှာ သူပါအေ။ ညည်းအကြောင်းကြားတော့ တုန်လှုပ်သွား သလောက် ဆရာလေး ကိုပြေသိမ်း ဆုံးသွားတဲ့ အခါ ငြိမ်သွား ခဲ့သယ်။ မအိမ်ကံ သည်လောက် မငြိမ်ဖူးဘူး။ ချက်ချင်းပဲ တရားရသွား သလို ငြိမ်သက်သွားသာ ဆိုတော့ ကျေးကျေးလည်း မထင်ခဲ့ဘူး။ အဲသည့်ရက်က ရွာမှာမကြုံ ဖူးတဲ့ အလှူကြီး ကလည်း ရှိသယ်။ ညည်းသိသားပဲ။ ဒါပေသိ သမီးမရှိတော့ဘူး ဆိုတဲ့ နောက် မှုံနံ့သာ ကွမ်းတောင် ကိုင်တော့မယ် ဆိုသာလည်း ကြားရော ဆောက်တည်ရာ မရရှာတော့ဘူး

ပြောပါတော့အေ။

သူဟာ

ညည်းတို့နဲ့

တစ်နေ့

ခွဲရတော့မယ်ဆိုသာ

သိသူပါ။

သမီးနှစ်ယောက်

မြို့ကျောင်းရောက်လို့ ပညာတွေ စုံကြရင် ရွာကို ပြန်စောင်းငဲ့ကြမယ် မဟုတ်ဘူးဆိုသာ သူသိပါသယ်။ လင်ယောက်ျား ဆန္ဒ ပြည့်ဝပါစီတော့ ရယ်လို့ သမီးတွေ ပညာတတ် ဖြစ်သွားရင် ပြီးရောလို့ သဘောထားရှာသယ်။ သူကတော့ တစ်ယောက်တည်း တောမှာပဲ ကျေးကျေးတို့နဲ့ နေရ တော့မယ် ဆိုသာလည်း တွက်ပြီးသားအေ့။ ညည်းအမေ ကွမ်းတောင် ကိုင်စေချင်သာ ကွမ်းတောင်ကိုင်ဆိုတဲ့ ပကာသနကို မက်လို့ မဟုတ်ဘူး။ ကွမ်းတောင်ကိုင်ဆိုသာ စည်းတွေ ကမ်းတွေနဲ့ ရွေးချယ်ထားတဲ့ ရွာ့မိန်းမကောင်း ဆိုသာကို မက်သာ။ တန်ဖိုးရှိတဲ့ မိန်းမဆိုသာကို လိုချင်ရှာသာ။ ရွာ့ကျက်သရေကို ဆောင်နိုင်တဲ့ မိန်းမမြတ်ဆိုတဲ့ ဂုဏ်ကို ခံချင်ရှာသာ။ ဒါပေမယ့် ရှင်အိမ်ကံက အရှုံးကို ရင်မဆိုင်ဝံ့ ရှာဘူး။ သူ့ဘ၀မှာ အမြဲတမ်း နိုင်ခဲ့သူ ဆိုတော့ သူရှုံးရမှာကို သေမလောက် ကြောက်ရှာသယ်။ အသက်နဲ့ လဲပြီး အနိုင်ယူလိုက် မဟဲ့ရယ်လို့ သူတွေးမိခဲ့ ပုံရသယ်။ မှန်ပါသယ်။ သူသည်လို လုပ်လိုက်တော့ မှုံနံ့သာ ကွမ်းတောင်ကိုင် မဖြစ်ရရှာတော့ ဘူးပေါ့။ လာဘ်ဦး လွဲရသယ်ပေါ့လေ။ တကယ်တော့ မအိမ်ကံမှာ အငြိုးတွေ၊ အာဃာတတွေ၊ မကောင်းတဲ့ စိတ်တွေနဲ့ လက်စားချေခဲ့သာမျိုး မဟုတ်ဘူးဆိုသာ ကျေးဥယုံသယ်။ သည်ကိစ္စနဲ့ ပတ်သက်ပြီး သူအခါခါ ရှုံးခဲ့ရခြင်း အပေါ် မခံမရပ်နိုင် လွန်းလို့ နိုင်ပေါက်ကို တိုးဝင်သွား ခဲ့ရှသာပဲ။ သည်တော့ သူနိုင်သယ်လို့ ကျေကျေနပ်နပ်ကြီး ခံယူ သွားရှာသာ ပေါ့အေ။ ဒါပေသိ အနိုင် မကျန်ခဲ့ဘူး။ အကျည်းတန်သာ ကျန်ခဲ့သယ်” ရီးကျေးဥက

ပါးပြင်ပေါ်က

တလိမ့်လိမ့်

ကျဆင်းလာသော

မျက်ရည်တွေကို

သုတ်သည်။

ငယ်ကပေါင်းခဲ့သည့်

ငယ်ပေါင်းသူငယ်ချင်းမအပေါ် အပြစ်ရယ်လို့ မြူမတင်စေချင် တော့ပါ။ “ကိုင်း ပြီးခဲ့သာတွေလည်း ပြီးပါပြီလေ။ မှိုတစ်ကျင်း မြင်းတစ်ပြေးတဲ့။ မှိုကျင်းများ ကောင်းမိရင် မြင်းတစ်ပြေးစာ တမျှော်တခေါ်ကြီး နုတ်လို့ မနိုင်ဘူး။ အကုသိုလ်များလည်း အဲသလိုပဲ။ တမျှော် တခေါ်ကြီးအေ့။ မဆုံးနိုင်ဘူး။ သံသရာက ပါကရောပေါ့လေ” လမ်းပေါ်မှာ လှည်းတွေ တအီအီ။ ဇောင်ချမ်းကုန်း ရွာကတော့ ပူပြင်းသော နယုန်လနေရောင်တွင် စူးစူးတောက်လျက် ရှိ၏။ အိမ်ကြီးပေါ်က ဆင်းလာကြတော့ မအိမ်စိုက လှေကား ဆံတွေမှာ ရိုက်ထားသော ငွေမတ်စေ့ ကလေးတွေကို နင်းကာ နင်းကာ ဆင်းလာခဲ့သည်။ ရီးကျေးဥက ဒါကိုမြင်လိုက်တော့ အမှတ်တရ ပြောလိုက်ပါ၏။ “ညည်းအမေ ရှင်အိမ်ကံလည်း အဲသလိုပဲ လှေကား အတက်အဆင်းတိုင်း မတ်စေ့ပြားတွေကို နင်းနင်းတက်သယ်၊ နင်းနင်းဆင်းသယ်။ အဲသာ တစ်သက်လုံးပဲ။ သေချာပါသယ် အေ။ ညည်းသမီးက ရှင်အိမ်ကံပါ။ မဟုတ်မှသာ လွဲကရော” “မြိုင်နဲ့ သက်ဦးဝေ တောထဲမရောက်ခင် ရန္တပိုရွာကလေး မှာ တစ်လနီးပါးလောက်ခိုခဲ့ကြရသယ်။ လူကြီးတွေက ရှာလေသလား မသိပါဘူး ကျေးကျေးရယ်။ အမေ့ကို သတိရလိုက်သာ မပြောပါနဲ့တော့။ ရန္တပိုက သက်ဦးဝေရဲ့သူငယ်ချင်း တစ်ယောက်ရဲ့ ရွာပါ။ ရန္တပိုရွာမှာ မြိုင်တို့ ဆက်သွယ်တဲ့ လူ မလာမချင်း အောင်းနေခဲ့ကြသယ်။ “တစ်နေ့တော့ လူတစ်ယောက်က မြိုင်တို့ကို လှေကလေး တစ်စီးနဲ့ လာခေါ်သယ်။ မြိုင်တို့ အဆက်အသွယ် လုပ်တဲ့ လူတော့ မဟုတ်ဘူး။ ကြားလူပါ။ ဒါပေသိ စိတ်ချရမှန်း သိလို့ လိုက်သွားခဲ့ကြသယ်။ မြိုင်နဲ့ သက်ဦးဝေတို့ အကြင်လင်မယား အဖြစ် ပေါင်းဖက်ခဲ့ကြပြီ ဆိုတော့ နှစ်ယောက်အားနဲ့ အကြောက်အရွံ့ မရှိခဲ့ကြဘူး ကျေးကျေးရဲ့။ သည်လူကပဲ တစ်ဖက်ကမ်းကို

350


ကူးပြီး မြေတော်နယ် တစ်ကြောကိုဖြတ်ပြီး ရွာတစ်ရွာကို လိုက်ပို့သယ်။ အဲသည်ကမှ ပခုက္ကူဘက်ကို ကူးဖို့ပါ။ အဲသည် ရွာမှာ ခဏ ခိုကြရင်း ကြာလာတော့ မြိုင် တစ်ရက်မှ မနေချင် တော့ဘူး။ ခက်တာက တောထဲကို ၀င်ဖို့ဆိုသာ အဆက်အသွယ် မရှိဘဲ မဖြစ်ဘူးကိုး။ နောက်တော့ လူတစ်ယောက် လာခေါ် ပါသယ်။ သည်လူကလည်း အဖေ ကျဆုံးသွားပြီ ဆိုသာ မကြား ပါဘူးလို့ ပြောတော့ မြိုင် အားတက်သွားမိသယ်။ သူခေါ်ရာ နောက်ကို လိုက်ရင်း အဖေကျသွားပြီ ဆိုသာ မဟုတ်ပါစေနဲ့လို့ မြိုင်တစ်လမ်းလုံး ဆုတောင်းသယ်။ “ပြောကြစတမ်းဆိုရင် မြိုင်တို့မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ တောထဲဝင်ဖို့ အထိ စိတ်ရှိကြသာ မဟုတ်ပါဘူး။ မြိုင့်စိတ်ထဲမှာ တစ်ခုပဲရှိသယ်။ အဖေ ရှိသေးရင် မြေပေါ်ကို ပြန်ခေါ်မယ်။ အမေ့ကို စိတ်ချမ်းသာစေ ချင်သယ်။ မြိုင်တို့ ညီအစ်မ ပညာစုံကြရင် အဖေနဲ့ အမေ့ကို လုပ်ကျွေးမယ်။ မြိုင့်စိတ်ကူးတွေ ပေါ့လေ။ မြိုင်တို့ကို လိုက်ပို့တဲ့သူက တောတွင်းမှာ အခြေအနေ မကောင်းပုံတွေကို ပြောပြသယ်။ ဒါတွေထားပါတော့ ကျေးကျေးရယ်။ မြိုင်တို့လည်း ဝေခွဲရခက် နေသာပေါ့။ မြိုင်တို့ တောထဲရောက်ပြီး တောတွင်း အဖွဲ့အစည်းနဲ့ ဆက်သွယ်မိပြီဆိုရင် မြိုင်တို့ လွတ်အောင်ရှောင်ရတော့မယ်။ သည်တော့ နယ်မကျွံခင် စဉ်းစားကြရသာပေါ့။ သက်ဦးဝေက တောထဲ မ၀င်ဘဲ ရွာတစ်ရွာမှာ အခြေချပြီး သတင်း စုံစမ်းကြည့်ချင်သယ်လို့ ပြောတော့ မြိုင်လည်း သဘောတူလိုက်သယ်။ စမ်းတ၀ါးဝါး လိုက်နေသာနဲ့ စာရင် သေချာမှ လိုက်ခေါ်သာ ကောင်းမှာကိုး။ “မြိုင်တို့ အဲသည်ရွာမှာ ရှိတုန်း မြိုင်တို့ကို ခေါ်လာတဲ့ လူက နောက်လူတစ်ယောက်ကို ခေါ်လာခဲ့သယ်။ သူက အဖေနဲ့ အတူ နေခဲ့တဲ့လူ။ ဦးဘသောင်းတဲ့။ မြင်းခြံနယ်သားပဲ။ သူက သတင်း နှစ်ခုပေးသယ်။ နှစ်ခုစလုံး မကောင်းတဲ့ သတင်းတွေပါ ကျေးကျေးရယ်။ သူက အဖေ ကျဆုံးသွားသယ်ဆိုတာ အမှန်ပဲတဲ့။ သူ့မျက်စိရှေ့မှာ တွေ့မြင်လိုက်ရတဲ့ အဖေကျဆုံး ပုံတွေပြောပြတော့ မြိုင်ဖြင့် ကြောက်လိုက်သာ။ တောထဲ မလိုက်ကြနဲ့၊ အခြေအနေတွေက တော်တော့်ကို ဆိုးနေလို့ ပြောသာတဲ့။ နောက်သတင်းက အမေ ဇောင်ချမ်းကုန်းမှာ ဆုံးရှာပြီဆိုတဲ့ သတင်းပဲ။ အဲသည်အချိန်မှာ မြိုင် မူးလဲသွားခဲ့သယ်။ ရွာကပဲ ဆေးဝါးကုသ ပေးကြသယ်။ မြိုင့်မှာ ကိုယ်ဝန် ရှိနေပြီဆိုသာ သိလိုက်ရပြီ။ “ပြောရဦးမယ် ကျေးကျေးရယ်။ မြိုင်တို့ကို အကျိုး အကြောင်း ပြောပြတဲ့ ဦးဘသောင်းက အမေ့ဆီကို အဖေလွှတ်လို့ တောပုန်းရည်သည် အဖြစ်နဲ့ ရွာကို နှစ်ခေါက် ရောက်ဖူး သယ်တဲ့။ အဖေ ကျဆုံးသာကို အမေ့ဆီ အကျိုးအကြောင်း ပြောမယ်ဆိုပြီးသွားတော့

အမေ

ဆုံးသွားပြီဆိုသာ

သိခဲ့သာတဲ့။

သည်သတင်းတွေက

သေချာပြီ။

မိဘနှစ်ပါး

မရှိကြတော့ဘူး။ မြိုင်လည်း တောကျွံခဲ့ပြီ။ ဘ၀ ကျွံခဲ့ပြီ။ မြိုင့်ကြောင့် သက်ဦးဝေ ခမျာလည်း ဒုက္ခ ရောက်ခဲ့ရသယ်။ မြိုင့်မှာ အမေ့ကို ထားပြီး အဖေ့ဆီ လာခဲ့တော့လည်း အဖေက မရှိတော့ဘူး။ နောက်လှည့် ကြည့်တော့ အမေကလည်း ဝေးရပြီ။ ရောက်နေတဲ့ နေရာက တောကြီးခေါင်ခေါင်။ သည်ကြားထဲ ဖြစ်ချင်တော့ မြိုင့် ကိုယ်ဝန်က ရင့်လာခဲ့ပြီ။ တောမရောက် တောင်မရောက်ဆိုသာ ဒါမျိုးနေမှာပါ ကျေးကျေးရယ်။ အစာ အာဟာရကလည်း မပြည့်စုံ၊ ဆေးဝါးဓာတ်စာကလည်း မစားရတော့ ရွာလက်သည်နဲ့သမီးကို မွေးတော့ ခြောက်ပေါင်တောင် ရှိပါ့မလား မသိဘူး။ တကယ့်ကြွက်ကလေးလို မွေးလာသာပါ။ ကလေးဆိုသာ ငိုနိုင်တဲ့ အားတောင် မရှိခဲ့ရှာဘူး။ မြိုင်ကလည်း နို့မထွက်တော့ ရွာကပဲ နို့တိုက်ကြ၊ ပြုစုကြသယ်။ “တိုတို ပြောကြပါစို့ ကျေးကျေးရယ်။ ပြောရရင် ရင်နာစရာတွေချည်းပါ။ ဦးဘသောင်း ပြောတဲ့ စကားထဲမှာ မြင်းခြံမှာ ဖြစ်နေသာက မြိုင်တို့နှစ်ယောက် ခိုးရာ လိုက်ပြေးကြပြီ ဆိုသာထက် တောခိုသွားကြပြီဆိုတဲ့ သတင်းက ပိုကြီးနေသတဲ့။ မြိုင်တို့ နှစ်ယောက်ကို ဖမ်းဖို့ ရှိသယ်ဆိုသာ ပါလေတော့ မြို့တွေကို ရှောင်ကြရသာပေါ့။ အဲသည့်အခါ တောရွာတွေမှာကလည်း အခြေအနေတွေ မကောင်းဘူး မဟုတ်လား။ မြိုင်တို့မှာ ပြေးလို့ ချည်းနေရသယ် ပြောပါတော့။ ရွာပေါင်းကို အတော်စုံပါသယ်။ မြိုင်တို့ကို နှစ်ဖက်စလုံးက မသင်္ကာ ဖြစ်နေသာဆိုတော့ အတော့်ကို ဇာတ်မြှုပ် နေခဲ့ကြရသာပါလေ။ နောက်တော့ ဖြစ်ချင်ရာဖြစ် စေတော့ဆိုပြီး တောမြို့ကလေးမှာ အိမ်ကလေး တစ်လုံး ငှားနေခဲ့ ကြသယ်။ သမီးကလေးက ဥာဏ်မမီ ရှာတော့ခမျာ ကျောင်းရယ်လို့လည်း မတက်ခဲ့ရ ရှာပါဘူး။ မြိုင်ကပဲ ရသလောက် စာသင်ပေးခဲ့သယ်။ သမီးစိတ်က ဒေါ်တိ ဒေါ်ရာ ဆိုပေသိ သနားသာနဲ့ပဲ ခွင့်လွှတ်ထားခဲ့ရသယ်။ သည်တော့ ပိုဆိုးလာ ပြန်ရော။ စကားလည်း နားထောင်ချင်မှ ထောင်သာရယ်။

351


“သမီး ဆယ်နှစ်သမီးလောက် ရောက်တော့ သက်ဦးဝေ တီဘီရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရပါပြီ။ ဆေးရယ်ဝါး ရယ်လို့လည်း ကောင်းကောင်း မကုရတော့ ဗုံးဗုံးလဲတော့သာ ပါပဲ။ မြိုင်ဖြင့် ယူကျုံးမရ ဖြစ်လိုက်ရသာလေ။ ခမျာ မြိုင့် အတွက် ဘ၀ ပေးသွားရရှာသယ်လို့တောင် ပြောပါရစေတော့။ သူဆုံးခါနီးတော့ မြိုင့်ကို ဘာပဲဖြစ်ဖြစ် မြင်းခြံကို ပြန်နေဖို့ မှာသွားခဲ့ရှာသယ်။ သမီးအတွက် လုံခြုံမှု ရှိစေချင်လို့တဲ့။ ဒါပေမယ့် မြိုင် ဘယ်သူ့ကိုမှ ရင်မဆိုင်ရဲသာနဲ့ အဲသည်ရွာမှာပဲ ပေနေခဲ့ပါသေးသယ်။ “သက်ဦးဝေကြောင့် မြိုင် သံဝေဂရခဲ့သာ ဘာလဲဆိုတော့ ထွက်လာကတည်းက သူ့မိသူ့ဖ သူ့ဆွေသူ့မျိုး သူ့ရပ်သူ့ရွာကို ပြန်မရောက်ခဲ့ရရှာပါလားလို့ တွေးမိသယ်။ မြိုင်က နေဦးတော့ သမီး အူတိအူချာ ကလေးအတွက် မြိုင်စဉ်းစားရတော့မယ်။ မြိုင်မရှိတော့ဘူး ဆိုရင် သည်သမီးကလေး ဘယ်သူ့လက်ကို အပ်ထားခဲ့ရမလဲ။ မြိုင့်ဝန်းကျင်မှာ သူစိမ်းတွေပဲ ရှိသယ်။ သည်တော့ သမီးအတွက် လုံခြုံမှုဟာ ကိုယ့်ရပ်ကိုယ့်ရွာ ကိုယ့်ဆွေကိုယ့်မျိုး အသိုက်အ၀န်းရဲ့ရင်ခွင်ပဲလို့ မြိုင် သဘောပေါက် လာခဲ့ပါသယ်။ မြိုင်တို့ သားအမိရဲ့ဘ၀ဟာ ဆွေရိပ်မျိုးရိပ် အောက်မှာရှိမှသာ အဓိပ္ပာယ် ရှိမှာပေါ့လို့ တွေးမိသယ်။ နဂိုက မြိုင် ဆွေရိပ်မျိုးရိပ်ကို မပြန်တော့ဘူး။ မျက်နှာ မပြတော့ဘူးလို့ ဆုံးဖြတ်ထားသာပါ။ သမီး အရွယ် ရောက်လာတော့ မြိုင့် ဆုံးဖြတ်ချက်ကို ပြင်ရတော့မယ်ဆိုသာသိပြီ။ သမီးကို မြိုင် မထိန်းနိုင်တော့ဘူး။ သွားချင်ရာသွားနေသာမျိုး၊ ညကြီး သန်းခေါင် လမ်းထလျှောက်သာမျိုးက အစ မကြောက်မလန့် ရှိလေတော့ သမီးကလေး ဒုက္ခရောက်ရချေရဲ့ဆိုတဲ့စိတ်နဲ့ မြိုင် ပြန်ဖို့ ရွေးချယ်လိုက်သယ်။ “မြိုင်တို့ သားအမိ ဘယ်ကိုပြန်ရမလဲ။ ဘကြီးမြတ်သာတို့၊ ညီမလေးခိုင်တို့ ဆီလား။ သက်ဦးဝေရဲ့ မိဘများ ဆီကိုလား။ ထနောင်းတိုင် ရွာကိုလား။ တကယ်တမ်း မြိုင် တမ်းတမိသာက အမေ့ရဲ့ ရင်ခွင်ပဲ။ သည်တော့ အမေ့ရဲ့ရွာ ဇောင်ချမ်းကုန်းကိုပဲ ပြန်မယ်လို့ ရွေးချယ်လိုက်သယ်။ အမေမရှိပေမယ့် မြိုင့် အပေါ်မှာ အမေနဲ့မခြား မေတ္တာ ရင်ငွေ့ပေးနိုင်တဲ့ ကျေးကျေး ရှိရာ အရပ်ကို မြိုင် ပြန်လာခဲ့သာပါ။ ဇောင်ချမ်းကုန်းကို ပထမ ဆုံးခြေချခဲ့သာ အမေ့သင်္ချိုင်းကို ကန်တော့ချင်လို့ပါ။ မြိုင့် ရှေ့ရေးဆိုတာထက် သမီးကလေး ရှေ့ရေးက ပိုအရေးကြီးသယ် မှုတ်လား။ ဘကြီးဆီကိုလည်း မြိုင်ပဲ ဖုန်းဆက်ပါ့မယ်။ မြင်းခြံ ကိုတစ်ရက်သွားပြီး သက်ဦးဝေ မိဘများကိုလည်း ကန်တော့မယ်။ ထနောင်းတိုင်က အမျိုးတွေဆီကိုလည်း ၀င်မယ်။ မအိမ်စိုကို ဆွေပြမျိုးပြ သွားရမယ် ကျေးကျေး။ မြိုင်လည်း ကျောင်းဆရာမ အလုပ်လျှောက်မယ်” “အခုတော့ မြိုင်တို့သားအမိ ကျေးကျေးနဲ့နေလိုက်ဦးမယ် ဆိုတဲ့ စိတ်ပဲ ရှိတယ်။ မြိုင် မှားခဲ့သယ်ဆိုရင် ခွင့်လွှတ်ပါတော့ ကျေးကျေးရယ်” ရွာ့တောင်ပိုင်း အလှူအိမ်ဝိုင်း တိုက်ဆီက အသံချဲ့စက်သံ ညံလှသည်။ ဆောင်းကျွတ်လို့ သီးနှံပေါ်ချိန် ရောက်သည်နှင့် အလှူသံတွေ ကြားလာရပြီ။ တစ်ရွာလုံးလိုလို အလှူ အတွက် အလုပ်တွေများနေကြသည်။ ရီးကျေးဥပင် ကြက်သွန်လှီး ဆန်ရွေးလိုက်လိုက်ရသေးသည်။ ၀ိုင်းလုံးပြည့် ထိုး ထားသော မဏ္ဍပ်ကြီးထဲမှာ ဖျာကြမ်းတွေ အပြည့်ခင်းထားသဖြင့် အားသူက အားသလို ရောက်လာကြကာ ဆန်ရွေး၊ ပဲရွေးလိုက်ကြတာ ရွာဓလေ့ပင်။ သည်ရက်ထဲမှာ မအိမ်မြိုင် မရှိ။ မအိမ်စိုကို ရီးကျေးဥနှင့် ထားခဲ့ကာ မြင်းခြံကို အလုပ်ကိစ္စနှင့် သွားနေခိုက်ဖြစ်သည်။ မအိမ်မြိုင် သားအမိကို ဘကြီးဖြစ်သူ ဦးမြတ်သာက ၀မ်းသာအားရ လာတွေ့ခဲ့ကာ ရှေ့ရေးစီမံပေး ခဲ့သည်။ သက်ဦးဝေ မိဘများနှင့် ထနောင်းတိုင်က ဆွေမျိုးတွေ ကလည်း လာနေစေချင် ကြသည်။ မအိမ်မြိုင်က မူလတန်းပြ ဆရာမေ လျှာက်ထားသည့်ကိစ္စ အဆင်ပြေလျှင် တစ်နေရာမှာ အခြေချဖို့ စိတ်ကူးထားသည်။ သည်ရက်ထဲမှာ လူကိုယ်တိုင် လာတွေ့ပါမှာသဖြင့် မြင်းခြံကိုလိုက်သွားခြင်း ဖြစ်သည်။ မအိမ်စိုကို ပထမတစ်ခေါက် နှစ်ခေါက်ခေါ် သွားခဲ့သော်လည်း အလုပ်ကိစ္စနှင့်မို့ သည်တစ်ခေါက်ရွာမှာပဲ ထားခဲ့ခြင်းဖြစ်သည်။ “မအိမ်မြိုင် သမီးက အချောလေးပဲ ရီးကျေးဥရဲ့၊ မအေ က ဘယ်သွားလို့တုံး” “မြင်းခြံကို နှစ်ရက်သုံးရက် ပြေးသာ၊ အလုပ် ကိစ္စခေါ်လို့” “ရီးကျေးဥနဲ့တော့ နေသားပါလား”

352


“နေသယ်။ ရောက်စတုန်းက စိမ်းသေးတော့ ပြောစကား ဆိုစကား နားမထောင်ချင်ဘူး။ ခုတော့ ခင်ရှာပါပြီ။ ခေါ်သာတော့ ကျေးဥတဲ့လေ” မေးသူတွေက မေးတော့လည်း ရီးကျေးဥက အလိုက်သင့် ဖြေရပါ၏။ အလှူ အ၀င်ည။ ညဦးပိုင်းတုန်းကတော့ မဏ္ဍပ်ထဲမှာ ရွာမောင်းဆိုင်းနှင့် ရွာမင်းသမီးတို့ ဧည့်ခံကလေး ပါသဖြင့် အလှူ ကူလုပ်ကြရင်း အလှူအိမ် ရောက်ကြရသည်။ ချက်သူတွေကချက်၊ ဖက်စိမ်း ကွမ်းတောင် ထိုးသူတွေကထိုး၊ မနက်ဖြန်ရှင်လောင်း လှည့်ရန် ပြင်သူတွေကပြင်၊ ပရိက္ခရာတွေ နေရာချသူတွေကချ။ မောင်းဆိုင်းနှင့် မင်းသမီး ကတာကို မအိမ်စို သဘောကျနေ သည်။ မင်းသမီးကိုကြည့်ရင်း သူကပါ မဏ္ဍပ်ထဲမှာလိုက်ကနေ သဖြင့် ပွဲကျနေကြသည်။ ရီးကျေးဥကတော့ သူ့အမေကြီး မအိမ်ကံသာ ရှိလျှင် သည်လို ကတာကို ကြိုက်ပါ့မလား တွေးနေ မိသည်။ မအိမ်စို ပျော်နေတာ တွေ့တော့လည်း သူနေချင် သလောက် နေပေးရပါ၏။ မောင်းဆိုင်းပြီးလို့ သိမ်းတာတောင် မအိမ်စို မပြန်ချင်။ ရီးကျေးဥကို ကလန်ကဆန် လုပ်လာခဲ့သည်။ ဆူဆူပူပူ ဖြစ်လာခဲ့သည်။ ကျေးဥ တစ်ယောက်တည်း ပြန်တော့၊ မဏ္ဍပ်ထဲမှာပဲ အိပ်တော့မည် ဆိုတာမျိုးဖြင့် တင်းမာလာခဲ့တော့ သည်။ ရီးကျေးဥက ချော့သော်လည်း မရ။ မဏ္ဍပ်ထဲက လူတွေက သည်အဖြစ်ကို မြင်သည့်အခါ ရယ်ကြပါ၏။ “ရီးကျေးဥက ကလေး ပျော်နေတဲ့ ဥစ္စာ နေပါစေလား။ ကျွန်မတို့ ပြန်ပို့ပါ့မယ်။ ထားခဲ့ပါတော်” “ညဥ့်နက်ပါပြီအေ။ ထားခဲ့လို့ မဖြစ်ပါဘူး။ ကလေးက တော်တော်ရယ်” တော်တော်ရယ်ဆိုသည့် စကားက ပြောမနိုင် ဆိုမနိုင် ခပ်ကြောင်ကြောင်ကလေးလို့ ပြောခြင်းဖြစ်ကြောင်း သဘောပေါက် ကြ၏။ အလှူမဏ္ဍပ်မှာ ထားခဲ့ဖို့ စိတ်မချစရာ မရှိသော်လည်း တုံးပေကတ်သတ် ဇောက်တိဇောက်ထိုး လုပ်မည့် ကလေးမှန်း သိသဖြင့် မထားခဲ့လိုခြင်း ဖြစ်သည်။ ကလေးဆိုသော်လည်း ဆယ့်လေးငါးနှစ် အပျိုမပေါက်တပေါက် ဆိုတော့ ကိုယ်နှင့် မကွာထားချင်တာလည်း ပါပါ၏။ ရီးကျေးဥက လူရှင်းသွား ချိန်အထိ စောင့်နေပြီးမှ ချော့ချော့မော့မော့ ပြန်ခေါ်ရသည်။ သည်လိုဆိုတော့လည်း အသာတကြည် လိုက်ရှာပါ၏။ “မနက်ဖြန် အမေပြန်လာတော့မှာပါ ကလေးရယ်။ အမေ လာတော့ မင်းသမီးကသာ လာကြည့်လှည့်၊ ကြားလား ငါ့မြေး” “မင်းသမီး ကမှာလား” “ကမှာပေါ့။ မနက်ဖြန် ပိုတောင်ကဦးမှာ” ထိုညက လရောင်ရှိသည်။ မအိမ်စိုနှင့် ရီးကျေးဥပြန်ကြ တော့ သန်းခေါင်ကြက်ပင်တွန်ခဲ့ပြီ။ အလှူအိမ်ဘက်ဆီက အသံတွေပင် ငြိမ်သွားခဲ့ပြီ။ တစ်အိုးတစ်အောင့် နားကြခြင်းသာ ဖြစ်၍ မနက်အရုဏ်မတက်မီ ပြန်ထကြရတော့မည်။ အလှူ့ ဝေယျာဝစ္စတွေက အများသား မဟုတ်လား။ မအိမ်စိုက ရီးကျေးဥဘေးမှာအိပ်ရင်းက လက်ဆစ်တွေတဖျောက်ဖျောက် ချိုးနေလို့ ညဘက်လက်ဆစ်မချိုးရဘူး ငါ့မြေးရဲ့လုပ်ရသေးသည်။ ဒါတောင် ချိုးတော့ ဘာဖြစ်လို့တုံးမေးနေလို့ မနည်း အိပ်ခိုင်းရပါ၏။ မနက်စောစောထ၊ အလှူ လှည့်သာကြည့်ရဦး မှာ၊ မနိုးဘဲ နေလိမ့်မယ်ဆိုတော့မှ ငြိမ်ကျသွားခဲ့သည်။ ရီးကျေးဥလည်း မှေးခနဲ အိပ်ပျော် သွားခဲ့ပါ၏။ “ရီးကျေးဥ၊ ရီးကျေးဥ။ ဘကြီးဖိုးတုတ် ထကြပါဦး” အသံတွေက ၀ိုင်းဝဆီက ဖြစ်၏။ လူတွေ ဘာဖြစ်နေကြ တာပါလိမ့်။ အော်သံတွေက ဆူပွက်နေသည်။ ရီးကျေးဥက အိပ်ချင်မူးတူးဖြင့် ထထိုင်ကာ မအိမ်စိုကို စမ်းသည်။ အိမ်ထဲမှာ မှောင်နေသေး၍ ဖြစ်၏။ မအိမ်စို မရှိ။ ဘယ်များ

353


ရောက်နေပါလိမ့်။ မအိမ်စို ကိစ္စကို ခဏထားကာ အိမ်ရှေ့က ခေါ်သံတွေဆီ အရင်ထလာခဲ့သည်။ အိမ်က အိမ်သား ကိုဖိုးတုတ်ပင် တံခါးဝ ရောက်နေပြီ။ တံခါးကြီး နှစ်ချပ်မှာ ကလန့်လျှို ထိုးထားသော ၀ါးတွေ မရှိ။ တွန်းဖွင့်လိုက် ရုံဖြင့် ပွင့်သွားတာကလည်း ထူးဆန်းသား။ ဟုတ်ပါရဲ့။ အိမ်ရှေ့မှာ ယောက်ျားမိန်းမလေး ငါးဆယ်လောက် ရပ်နေကြသည်။ “ရီးကျေးဥ ကလေးမလေးကော” “ဟဲ့ ဘယ်ကလေးမလေးလဲ။ ဘာတွေဖြစ်နေကြသာ တုံး” “မအိမ်မြိုင် သမီးကလေးဟာ ကောဗျာ” “ရှိသယ်။ ပြောပါဦး ဘာဖြစ်လို့လဲ” “မနက်ကြီးလေးနာရီလောက်က မဏ္ဍပ်ထဲ ရောက်လာသယ်။ အားလုံးခဏ မှေးနေကြတုန်း ရောက်လာသာ။ ထမင်းချက်တဲ့ လူတွေက မအိပ်ကြတော့ မဏ္ဍပ်ထဲ စွပ်ခနဲ ၀င်သွားသာ တွေ့လိုက်ကြသယ်။ အဲသာ ဖက်စိမ်းကွမ်းတောင်ကြီး စားပွဲပေါ် တင်ထားသာ ပိုက်ပြေးလို့” “ဘုရား ဘုရား၊ ဟုတ်ကဲ့လားဟယ်။ ကိုဖိုးတုတ်ရေ မအိမ်စို ရှာစမ်းပါဦး။ မကြံကောင်း မစည်ရာတော်” လူတွေအားလုံး ၀ိုင်းတိုက်ထဲ ၀င်လာခဲ့ကြသည်။ ဒေါသ ဖြစ်သူတွေက ဖြစ်နေကြသည်။ ပြန်တွေ့လျှင်တွေ့ မတွေ့လျှင် တုတ်ဆွဲ ဓားဆွဲ ရှိကြတော့မည့် မျက်နှာတွေ။ မအိမ်စိုကို အရင် ရှာကြရသည်။ အိမ်ထဲမှာ မရှိ။ သေချာအောင် ရှာကြသည်။ မရှိ။ တစ်ဝင်းလုံး ပတ်ရှာကြသည်။ မတွေ့ပါ။ ရီးကျေးဥက နာမည်ကို တစာစာခေါ်သည်။ မထူး။ ဒါဆိုလျှင် အလှူအိမ်က ဖက်စိမ်းကွမ်းတောင် သွားပွေ့ပြီးကတည်းက ပြန်မရောက် လာတာ သေချာပြီ။ ဖက်စိမ်းကွမ်းတောင် ပျောက်တာက ပြဿနာ တစ်ခု။ လူကိုယ်တိုင် ပျောက်နေတာက ပိုဆိုးသည်။ မတော်တရော် တခြားရွာတွေဘက် လျှောက်သွားတာ မျိုးလည်း ဖြစ်နိုင်သည်။ အရှေ့ကို သွားသလား၊ အနောက်ကို သွားသလား။ အိမ်ကြို အိမ်ကြားတွေက ဖြတ်ပြီး သစ်ခင်းတွေ ဘက်ပဲ ဆင်းရော့လား။ ရီးကျေးဥတို့ လင်မယား တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ရုံက လွဲ၍ မစဉ်းစားတတ်အောင် ဖြစ်ရပါ၏။ ကောင်းကင်ဆီက ရောင်နီပင် ပျို့ခဲ့ပြီ။ မဏ္ဍပ်ထဲက ထလိုက်လာခဲ့သည့် လူတွေသာမက ရပ်ရွာထဲက လူတွေပါ ၀ိုင်းတိုက်ထဲမှာ ပြည့်နေကြပြီ။ “ဟော ဟိုမှာ ရက်ကန်းစင် ဟောင်းတွေကြားထဲ ပုန်းနေ သာဟေ့။ ပြေးပြီ ပြေးပြီ” ရိပ်ခနဲ လှုပ်ရှားလိုက်သော မအိမ်စို၏ သဏ္ဌာန်ကို အားလုံးက လှမ်းမြင်လိုက်ကြရသည်။ ဖက်စိမ်း ကွမ်းတောင်ကို ပိုက်ရင်း ပဲမှော်တိုက်ဘက်ကို အထွက် မြင်လိုက်ကြခြင်း ဖြစ်သည်။ မအိမ်စိုက ရက်ကန်းစင်ဟောင်းတွေ ကြားမှာ ပုန်းနေရာက လူတွေ များလာတော့ ထိတ်လန့်သွားပုံ ပေါ်သည်။ ပိုမိုလုံခြုံသည့် ပဲမှော်တိုက် စောင်းစောင်းကြီး အောက်ကို ပြေးဝင်ရန် ရွေးလိုက်ခြင်း ဖြစ်၏။ လူတွေအားလုံး ပဲမှော်တိုက်ကို ၀ိုင်းလိုက် ကြလေပြီ။ အတွင်းကို မမြင်ရ။ ခြုံတွေ၊ နွယ်တွေက သိပ်သိပ်သည်းသည်း ဖုံးအုပ်ထားသဖြင့် မအိမ်စို ကိုကော ဖက်စိမ်း ကွမ်းတောင်ကိုပါ မမြင်နိုင်ကြဘဲ ဖြစ်နေခဲ့သည်။ ရီးကျေးဥက ၀င်ပေါက်ကိုသိသဖြင့် စွတ်ခနဲ ၀င်လိုက်သွားခဲ့သည်။ ဖက်စိမ်း ကွမ်းတောင်ကို ဘေးချကာ ရင်တုန်ပန်းတုန် ထိုင်နေသော

မအိမ်စို။

ရီးကျေးဥကို

သနားစဖွယ်

မော့ကြည့်နေရှာပါ၏။

အမှား

လုပ်ခဲ့ပြီဆိုတာ

ကိုသိနေသည့်

မျက်နှာကလေးက ညှိုးနွမ်းလွန်းလှသည်။ “ကျေးဥ”

354


“လာ ထွက်ခဲ့တော့ သမီး။ လာ သည်အထဲက မကောင်းဘူး” မအိမ်စိုလက်ကို ဆတ်ခနဲဆွဲကာ ခြုံတွေကြားက ထွက်လာခဲ့ကြသည်။ ဖက်စိမ်း ကွမ်းတောင်ကတော့ ကျန်ရစ်ခဲ့သည်။ မအိမ်စိုနှင့် ရီးကျေးဥကို လူတွေက ၀ိုင်းကြည့်နေကြဆဲ။ ဘယ်မှာလဲ ဖက်စိမ်း ကွမ်းတောင်။ အလှူအိမ်က လိုက်လာသူ တွေက စိတ်မရှည်နိုင်ကြတော့သလို ပဲမှော်တိုက် ၀င်ပေါက်ကို တိုးကြဖို့ ခြုံတွေ၊ နွယ်တွေ ဆွဲပစ်နေကြသခိုက် မှာပင်။ အိခနဲ လှုပ်သွားခြင်းနှင့် အတူ ပဲမှော်တိုက်ကြီး တစ်ခုလုံး စောင်းစောင်းကြီး တည်နေရာမှ ၀ုန်းခနဲ ပြိုလဲကျသွားလေသည်။ ခြုံတွေ၊ နွယ်တွေပါ ရောထွေး ပါသွားသဖြင့် လည်းကောင်း၊ ရက်မ၊ ဆင့်တန်းများ၊ အခြင်ရနယ်များ၊ ခင်းပျဉ်ဟောင်းများ၊ ထရံဆွေးများ အားလုံး ဦးစောက်ကျွမ်းပြန် ပြိုကျ သွားသဖြင့် လည်းကောင်း၊ ကြောက်စရာ ကောင်းလှသော အသံကြီး ဟည်းထ သွားခဲ့လေသည်။ ပိုးထိုး ကျွန်းတိုင်ကြီးတွေက မြေမှ ကျွတ်ကာ ပိုးလိုးပက်လက် လန်နေကြပြီ။ လေပြင်း မုန်တိုင်းဒဏ် ခံလိုက်ရသော တဲဟောင်း တစ်လုံးကဲ့သို့ ရစရာ မရှိအောင် ပြိုကျသွား ခဲ့သော ထိုမြင်ကွင်းသည် ရွာသူရွာသား တို့ရှေ့တွင် အချိန်ကိုက် တွန်းလှဲ လိုက်သကဲ့သို့ ရှိလေ၏။ ရှိရှိ သမျှ ကြည့်နေကြသူတွေ အားလုံး သွေးဆုတ်သွားကြသလို ထုံခဲခဲ အေးစက်စက် မလှုပ်မယှက် ရှိကြလေ၏။ ရီးကျေးဥ ကတော့ ထူးဆန်းလှသော အဖြစ်ကို တစ်စုံတစ်ရာသိနေသည့် ပမာ “မအိမ်ကံရေ အမျှ အမျှ အမျှ”ဟူ၍ နှုတ်ခမ်းကလေး လှုပ်ရုံ အမျှဝေ နေခဲ့ပါ၏။ “နတ်ကတော်ကြီး အမေသုန် ဟောခဲ့တဲ့ ညည်းတို့အမျိုး ထဲက ကွမ်းတောင်ကိုင် ထွက်ဦးမှာပါအေ ဆိုတဲ့ စကား မှန်နေ ပါပကော။ ဒါဆိုရင်လည်း မအိမ်ကံ တစ်ယောက် ကျေနပ်နိုင် ရောပေါ့လေ။ ညည်း မအိမ်စို အဖြစ် ၀င်စားပြီးများ ကွမ်းတောင်ကို ရအောင် ကိုင်ခဲ့ရော့ သလား မအိမ်ကံရယ်” လို့လည်း အရီး ကျေးဥ ကိုယ့်ဘာသာ တွေးနေမိသည်။ တစ်ယောက်က ထအော်လိုက်သည်။ “ဟေ့ စန်းမောင်။ ပြေးစမ်း။ မစိန်လှတို့ ညီအစ်မကို ဖက်စိမ်းကွမ်းတောင် တစ်တောင် အမြန်ချိုးခိုင်း ချေစမ်း။ အလှူ ရှင်လောင်း လှည့်ပျက်လို့ မဖြစ်ဘူး။ ကိုင်း အားတဲ့လူက အပြို အပျက်တွေ ၀ိုင်းရှင်းကြဗျာ။ အလှူကူရမယ့် လူတွေက မဏ္ဍပ်ကိုသွားကြတော့” ဘကြီးဖိုးတုတ်က တဆတ်ဆတ် တုန်ရီနေရှာသည့် မအိမ်စိုကို ဝေးရာဘက် ခေါ်လာခဲ့သည်။ ထိုစဉ်မှာပင် မဏ္ဍပ်ဆီက မင်္ဂလာ ရေကင်းသံကြီး ထွက်ပေါ်လာခဲ့လေပြီ။ ဇောင်ချမ်းကုန်း ရွာသည်လည်း ပျို့လာသော အလင်းရောင်နှင့်အတူ ပြန်လည် လှုပ်ခုန် လာခဲ့လေ၏။ တစ်ခါက မြင်းခြံနယ် ဇောင်ချမ်းကုန်း ရွာကလေးတွင် အလွန်တရာ ချောမော လှပသလောက် စိတ်မနော ဖြူစင်သော မအိမ်ကံ ဆိုသူ မိန်းမသား တစ်ယောက်၏ ဘ၀ ဇာတ်လမ်းသည် ဤတွင် တစ်ခန်း ရပ်ခဲ့လေပြီ။ မျိုးဆက် သုံးဆက်အထိ အတိ ဒုက္ခ ပင်လယ် ဝေခဲ့သော အဖြစ်အပျက် များသည်လည်း အဆုံးသတ် သွားခဲ့ပါ၏။ ထူးဆန်းသည်ဟု ပြောနိုင်သည့် အချက်မှာ ပဲမှော် တိုက်ကြီး ပြိုကျပြီးသည့် နောက်ပိုင်း မအိမ်ကံ ၀င်စားသည် ဆိုသော မအိမ်စို တစ်ယောက် မူမှန်စိတ်ဖြင့် နူးညံ့ ရည်မွန်သော မိန်းမချော တစ်ယောက် အဖြစ် ထင်ရှား လာခဲ့ခြင်း ဖြစ်သည်။ ထို့ထက် ထူးဆန်းသည်ဟု ဆိုနိုင်သည့် အချက်မှာ မအိမ်စိုက ဇောင်ချမ်းကုန်းကို ရွာနေပြည်ထိုင် တစ်ယောက်လို သံယောဇဉ် တွယ်နေခြင်း ဖြစ်ပါ၏။ မိခင်ဖြစ်သူ မအိမ်မြိုင် ထနောင်းတိုင် ရွာတွင် ကျောင်းဆရာမ တာဝန်ကျပြီ ဆိုသည့် အခါမှာ မအိမ်စို လိုက်မသွားတော့ဘဲ အမေကြီး ကျေးနှင့် နေခဲ့မည် ဆိုလာသည့် အခါ အားလုံးက အံ့သြခဲ့ကြရသည်။ တစ်နေ့ တစ်နေ့ ပုံထားသည့် ရက်ကန်းစင်တွေကိုကြည့်သည်။ ချည်ထုပ်ချည်ထည် ဟောင်းတွေ၊ ဆိုးဆေးအင်တုံကြီးတွေက အစ ရက်ကန်းနှင့် ဆိုင်သမျှ အားလုံး အာရုံဝင်စား နေတတ်သော မအိမ်စိုကို ရီးကျေးဥ မြင်တွေ့နေရသည်။ ရက်ကန်းနှင့်ပတ် သက်သမျှ ရီးကျေးဥကို မေးသည်။ မကြီးအေးငြိမ်ကို မေးသည်။ အမေကြီး မအိမ်ကံ၏ တစ်ခါက ကျော်ကြားခဲ့သော မအိမ်ကံ လက်ရက်ကန်းထည်တွေနှင့် မခြား မအိမ်စိုလက်ရက် ကန်းထည်တွေ ပြန်လည်တစ်ခေတ် ဆန်းစေချင်ကြောင်း ပြောလာတော့ ရီးကျေးဥ မအံ့သြဘဲ မနေနိုင်။ သည်တုန်းက ရီးကျေးဥ ကပင် ဟုတ်မှ ဟုတ်ပါ့မလား အောက်မေ့ခဲ့ပါသေးသည်။

355


“ဘိုးလေး ကိုစံကောင်းကို ခေါ်ပြီး ရက်ကန်းစင်တွေ ပြန်ဆင်ချင်သယ်။ ရက်ကန်းသားတွေ ပြန်စုချင်သယ်။ ရက်ကန်း ရုံကြီး ခိုင်ခိုင်မာမာပြန်ဆောက်ချင်သယ် ကျေးဥရယ်။ သမီး ရက်ကန်း ခတ်ချင်သယ်” မအိမ်စိုသည် လူပင်မက စိတ်ကပါ မအိမ်ကံနှင့် တူလွန်း လှသည်။ သူဖြစ်ချင်ရာကို မရမက အကောင်အထည် ဖော်ပြီဆို တော့ ရီးကျေးဥတို့တစ်တွေလည်း မနေသာတော့။ ရန်ကုန်က ဘကြီးမြတ်သာကပဲ မအိမ်စို သဘောကျ စီမံဆောင်ရွက်ပေးရပါ တော့၏။ မအိမ်စိုက အိမ်ကြီးကို ပြန်လည်ပြုပြင်ပြီး အိမ်ကြီး ပေါ်မှာပဲ နေသည်။ ဘကြီးဖိုးတုတ်နှင့် ရီးကျေးဥကို မိဘအရာ ထား၍ မကြီးအေးငြိမ်က ရက်ကန်းခေါင်း ဖြစ်လာခဲ့သည်။ သူကြီးမင်း ဘိုးသာထန်တို့ မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့သော ပျဉ်ထောင်အိမ်ကြီးမှာ ရေနံရောင် တစိုစိုဖြင့် အသက်ပြန်ဝင်လာ ခဲ့ပြန်လေပြီ။ မအိမ်စိုက ပဲမှော်တိုက်ကြီး နေရာမှာ ကံကော် ပင်(ကံ့ကော်ပင်)တစ်ပင် စိုက်ခဲ့သည်။ အမေကြီး မအိမ်ကံ ဖြစ်လေရာဘဝ

ကံကောင်းအကြောင်း

လှပါစေသားလို့လည်း

ဆုတောင်း

လိုက်ပါသေး၏။

ဆပ်သွားဖူးရုံဟောင်း

မရှိတော့သည့် မြေပက်လက်မှာ ဆပ်သွားဖူးပင်သစ် စိုက်ခဲ့သည်။ သရက်တောအုပ်ကို ရှင်းလိုက်ပြီး နှင်းဆီတော၊ စံပယ်တော ဖြစ်စေခဲ့သည်။ ခတ္တာ၊ ဇလပ်ဖြူ၊ လေးကျွန်းစကြာပန်းတွေ ဝေကြပြီ။ ရက်ကန်းသံတွေ ညံခဲ့ပြီ။ ခြူကုံးသံတွေ လွင်ခဲ့ပြီ။ “ဖက်စိမ်းကွမ်းတောင် အမှတ်တံဆိပ်၊ မအိမ်စို လက်ရက် ကန်းထည်များ အရောင်အသွေး အာမခံ၊ ဇောင်ချမ်းကုန်း၊ မြင်းခြံမြို့နယ်” ရီးကျေးဥက ပုံနှိပ်စက္ကူစ ကလေးတွေကို ဖတ်ရင်း ပြုံး သည်။ ပါးပြင်ပေါ်သို့ မျက်ရည်တွေ တလိမ့်လိမ့် ကျဆင်းလာခဲ့သည်။ “ရှင်အိမ်ကံရယ်။ ညည်းငါ့ကို လွမ်းလွန်းလို့ အစားပြန် ရောက်လာသာလားအေ။ ညည်းမြေးမ မအိမ်စိုက ညည်းမှ ညည်းအစစ် ပါအေ။ ငါဖြင့် စိတ်ချမ်းသာလိုက် သာတော်။ သည်အိမ်ကြီးကို ညည်းပြန်ရောက်လာ သလိုပါပဲလား။ ခဲတံ တစ်ချောင်း ဆံထုံးမှာ ထိုးပြီး ရက်ကန်းရုံထဲ ၀င်ထွက်နေသာများ ညည်းမှ ညည်းအတိုင်းပါအေ” ပင်နီလည်ထောင် အင်္ကျီကလေး ၀တ်ထားသော ကိုယ်သားကိုယ်ရေ ၀င်းဖန့်ဖန့် မိန်းမချော မအိမ်စိုကို လှမ်းကြည့်ရင်း ရီးကျေးဥ စကားတွေ တတွတ်တွတ် ဆိုနေမိ၏။ လေအဝေ့မှာ ဆပ်သွားဖူး ပန်းရုံပျိုဆီက ပန်းရနံ့တို့ကြိုင် ခနဲ သင်းသွားလေသည်။ ဆပ်သွားဖူးပန်းတွေတောင် ပွင့်ကြပြီ ကော။ “ပျိုလေးတို့ ဗိုင်းရစ်ခုံ...ပန်းပုံလို့ပေး ဘယ်အပျို ပန်ပြီလဲ...မောင်ကြီးကိုမေး။ ဘယ်အပျိုမှ ပန်ပါဘူးကွယ်...ပန်ဦးမို့လေး။ ဒေါင့်တလိပ် ခုနစ်စင်...ဘယ်ခင်ကမွှေး ပျိုတို့မောင် စင်တော်မြင့်က လေသင့်ရာမွှေး။” ခင်ခင်ထူး ကျေးဇူးစကား ရွှေအမြုတေ မဂ္ဂဇင်းတွင် ၃၆ လတိုင်တိုင် ရေးသားဖြစ်ခဲ့ သော မအိမ်ကံ အခန်းဆက် ၀တ္ထုရှည်ကြီး ဤလတွင် အဆုံး သတ်နိုင်ခဲ့ပါပြီ။ လပေါင်းများစွာ နေရာပေး ဖော်ပြခွင့် ပြုခဲ့ကြသော အစ်ကိုဆရာ ဦးဝင်းငြိမ်းနှင့် ဆရာ မျိုးမြင့်ညိမ်း တို့ကို လည်းကောင်း၊ ရွှေအမြုတေ မဂ္ဂဇင်း အဖွဲ့သူ အဖွဲ့သားများကို လည်းကောင်း၊ လစဉ်သရုပ်ဖော် ပန်းချီရေးဆွဲ ပေးခဲ့သော ပန်းချီ ဆရာ ဆရာဖေညွန့်ဝေကို လည်းကောင်း လွန်စွာ ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုပါသည်။ အထူးသဖြင့် လစဉ်မပျက် စောင့်စား ဖတ်ရှုခဲ့ကြသော အနယ်နယ် အရပ်ရပ်မှ စာချစ်သူများ၏ အားပေးမှု၊ နွေးထွေးမှု၊ ချစ်ခင်မှုများ သည်လည်း ကျွန်မ အတွက် အားဖြစ် ရပါသည်။ဝမ်းမြောက်ဝမ်းသာ ကျေးဇူးတင်ပါကြောင်း ဖော်ပြလိုပါသည်။ မအိမ်ကံ လုံးချင်း ၀တ္ထုကို ဥဒယ ကျေးရွာ စာပေမှ မကြာမီ ထုတ်ဝေရန် စီစဉ်ထား ပါကြောင်း လေးစားစွာ အသိ ပေးအပ်

356


ပါသည်။ စိတ်ချမ်းသာ ကိုယ်ကျန်းမာ နှစ်ဖြာသုခ ပြည့်စုံကြပါစေ။

357


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.