How to install Wordpress by mmWordPress.com Wordpress install လုပ်ဖို့အတွက် free hosting ကိုရွေးပါတယ်။ (ဖရီးပဲ ကြိုက်တယ်။ ပိုက်ပိုက် ပေးရတာတွေ လာမပြောနဲ့ 1. http://www.agilityhoster.com မှာ sign up လုပ်ပါ။ 2. Sign up လုပ်ပြီးရင် http://www.agilityhoster.com မှ Hosting Account Information: ftp information တွေကို အီးမေးလ် ပို့လာပါလိမ့်မယ်။
3. Email မှ Members Zone ကို click လုပ်ပါ။ 4. Email မှာ ပေးထားတဲ့ username နဲ့ password တို့ဖြင့် log in လုပ်ပါ။ 5. ပြထားသောပုံကဲ့သို့ပေါ်လာပါလိမ့်မယ်။
6. ပုံမှ ပြထားသော Website Manager ကိုနှိပ်ပါ။
7. ပုံတွင်ပြထားသကဲ့သို့ ပေါ်လာပါလိမ့်မယ်။
ပုံ a1
8. ပုံ-a1 မှ နံပါတ် 1 က subdomain manager ကို သွားပါ။ အောက်တွင် ပြထားသကဲ့ကို အသုံးပြုလိုသော subdomain ကို ပြုလုပ်ပါ။ မှတ်လို့ကောင်းတဲ့ subdoamin တွေကတော့ myperssonline.com , mywebcommunity.org တို့ ဖြစ်ပါတယ်။ subdomin ပြုလုပ်အောင်မြင်လျှင် စာလုံးအစိမ်းနှင့် အောင်မြင်ပြီဖြစ်ကြောင်း အသုံးပြုနိုင်ရန် ၅ မိနစ်ခန့် စောင့်ဆိုင်းရမှာ ဖြစ်ကြောင်း ပေါ်လာပါလိမ့်မည်။
9. Website Manager ကိုပြန်သွားပါ။ ပုံ-a1 နံပါတ် 2 ကိုကြည့်ပါ။ Database Manager ကို ၀င်ပါ။ အောက်တွင်ပြထားသကဲ့သို့ ပေါ်လာပါလိမ့်မယ်။ နံပါတ် 1 နေရမှာ MySQL database - name, password လိုချင်သလိုပေးပြီး Create Datatbase နဲ့ database တစ်ခုပြုလုပ်ပါ။ နံပါတ် 2 တွင် ပြုလုပ်လိုက်တဲ့ database ကိုမြင်ရပါလိမ့်မယ်။ လိုအပ်တဲ့ အချက်အလက်တွေကို မှတ်သားထားပါ။ DB name, DB password, DB Host တွေဖြစ်ပါတယ်။
10. http://www.agilityhoster.com မှာ wordpress install လုပ်ဖို့အတွက် script မရှိပါ။ ဒါကြောင့် http://wordpress.org/download/ မှာ wordpress ကို အရင် ဒေါင်းလုပ်ချ ရပါမယ်။ dwonlaod ချပြီးရင် zip ဖိုင်ကို ဖြေရပါမယ်။ wordprss folder အောက်မှာ လိုအပ်တဲ့ ဖိုင်တွေ အသင့်ဖြစ်ရင် hosting ကို ပြန်တင်ဖို့ နောက်တစ်ဆင့် လုပ်ရပါမယ်။ wordpress ကို hosting ကို ပြန်တင်ဖို့အတွက် ftp software တခုခု လိုအပ်ပါတယ်။ ကွန်ပြူတာမှာ ftp software တင်ထားပြီးသား မရှိရင် filezilla ကိုအသုံးပြုနိုင်ပါတယ်။ filezilla ကိုဒေါင်းလုပ်ချဖို့အတွက် http://filezillaproject.org/ က filezilla for windows ကိုပါ ဒေါင်းလုပ်ချ ပြီးကွန်ပြူတာမှာ install လုပ်ပေးရပါမယ်။ အားလုံး အဆင်သင့်ဖြစ်ရင် filezilla ကို ဖွင့်ပါ။ အောက်ပါပုံကဲ့သို့တွေ့ရပါမယ်။
ပုံ-a2 11. ပုံ-a2 ရဲ့ နံပါတ် 1 နေရာမှာ အဆင့် 8 မှာ ပြူုလုပ်ထားတဲ့ subdomin နာမည်ကို ဖြည်ပါ။ နံပါတ်2 နဲ့ 3 မှာ အီးမေးလ်က ပို့လာတဲ့ ftp username နဲ့ password ဖြည့်ပြီှးQuickconnect ကိုနှိပ်ပါ။ 12. Connect လုပ်လို့ ရသွားရင် ပုံ-a2 က နံပါတ် 4 နေရာမှာ မိမိလုပ်ထားတဲ့ subdomin folder ကိုတွေ့ရပါမယ်။ အဲဒီမှာ index.html ဆိုတဲ့ ဖိုင်ကိုတွေ့ရပါမယ်။
13. ပုံ-a2 က နံပါတ် 5 နေရာမှာ ကွန်ပြူတာထဲမှာ ရှိတဲ့ download ချပြီး zip ဖြေထားတဲ့ wordprss folder ကိုညွန်ပေးပါ။ ပုံ-a2 နံပါတ် 6 မှာ wordpress folder ထဲမှာ ရှိတဲ့ files, folders တွေကို တွေ့ရပါမယ်။ အဲဒီက files နဲ့ folder အားလုံးကို select လုပ်ပြီး ပုံ-a2 နံပါတ် 4 ထဲကို drag and drop ချလိုက်ပါ။ filezilla မှ wordpress ဖိုင်တွေကို hosting ကို upload တင်ပါလိမ့်မယ်။ ပြီးသည်အထိစောင့်ပါ။
14. Upload တင်ပြီးသွားရင် ပုံ-a2 နံပါတ် 8 က failed transfers ကို စစ်ဆးကြည့်ပါ။ ဖိုင်တွေ တင်တာကျန်နေတာ ရှိရင် select all လုပ် right click နှိပ်ပြီး reset and requeue selected files ကို နှိပ်ပေးပါ။ ပုံပြထားပါတယ်။
15. ကျန်ခဲ့တဲ့ဖိုင်တွေ Queued files ဘက်ကို ရောက်သွားပါမယ်။ ပုံ-a2 နံပါတ် 9 နေရာဖြစ်ပါတယ်။ Queued files ကိုသွားပါ။ ထုံးစံအတိုင်း select all လုပ် right click နှိပ်ပြီး Process Queue ကိုနှိပ်ပေးပါ။
16. လိုအပ်တဲ့ wordpress အတွက်ဖိုင်တွေ hosting ထဲကို ရောက်သွားပါပြီ။ နောက်ပိုင်း အသုံးပြုချင်တဲ့ themes တွေ plugiins တွေကိုလဲ ဒီလိုပဲ filezilla ကနေတဆင့် hosting ကိုတင်ပေးရမှာဖြစ်ပါတယ်။ filezilla ကိုဖွင့် hsot name, user name, password တွေကို ရိုက်ထည့် Quickconnect လုပ် ပုံ-a2 က နံပါတ် 4 နေရာမှာ မိမိ subdomin name ကို click လုပ်၊ wp-content folder ထပ် click လုပ်။ wp-content folder မှာ plugins ဆို plugins folder ထဲထည့်၊ theme ဆို themes folder ထဲထည့်။ ဒီလိုပုံစံအတိုင်းပဲ ဖြစ်ပါတယ်။ ကျွန်တော် တဆင့်ချင်း လျောက်ရေးထားတာ ကိုယ့်ကိုကိုယ်တောင် ဖတ်ပြီး အူကြောင်ကြောင် ဖြစ်သွားတယ်။ ဒါပေမဲ့ တကယ်လုပ်ကြည့်ရင် မခက်ပါဘူး ကွန်ပြူတာ အခြေခံ ရှိသူတိုင်း လွယ်လွယ်ကူကူ လုပ်လို့ ရမှာပါ။ :P
17. Internet explorer သို့ firefox ကိုဖွင့်ပါ။ url bar မှာ မိမိလုပ်ထားတဲ့ နာမည်ကို ရိုက်ထဲ့ပါ။ အဆင့် 8 မှာလုပ်ထားတဲ့ မိမိအသုံးပြုမဲ့ url ပေါ့ဗျာ။ ဥပမာ ကျွန်တော့်ဟာဆို mmwordpress.mypressonline.com ပေါ့။ အားလုံး အိုကေ တယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံတတ်လာပါလိမ့်မယ်။
18. Create a wp-config.php file through a web interface ကိုနှိပ်ပါ။ ပြထားတဲ့ပုံတတ်လာပါလိမ့်မယ်။
19. Database name , User name , password , database host တွေကို အဆင့်(9) တွင်မှတ်ထားတာတွေကို ဖြည့်ပါ။ table prefix မပြောင်းရင်လဲ ရပါတယ်။ ပြီးရင် submit ကိုနှိပ်ပါ။
20. Wordpress မှာ setup လုပ်လို့ရပါပြီ။ run and install ကို click လုပ်ပါ။
21. First step ကို click လုပ်ပါ။
22. Weblog title နဲ့ email ဖြည့်ပါ။
23. Wordpress login အတွက် username , password နဲ့ login address တွေကို ပေးပါလိမ့်မယ်။ မှတ်ထားပါ။
24. Wordpress ကို login လုပ်ပါ။
25. Wordpress install လုပ်တာ အောင်မြင်ပါပြီ ခင်ဗျာ။
http://mmwordpress.com
Wordpress တွင် ဇော်ဂျီဖောင့် assign လုပ်ခြင်း 1. Wordpress / Presentation / themes editor ကိုသွားပါ။ select themes to edit တွင် edit လုပ်ချင်သော themes ကိုရွေးချယ်ပါ။
2. Editing style.css box ထဲမှာ font , font-family ရှိတဲ့၊ နေရာတိုင်း အားလုံးမှာ zawgyi-one ထပ်ထည့်ပေးပါ။ ဒါဆိုရင် မြန်မာလို ကောင်းကောင်းပေါ်ပါပြီခင်ဗျာ။
3. အလွယ်ဆုံးနည်းကတော့ style.css ထဲက code တွေအားလုံးကို notepad ထဲ copy and paste လုပ်ပြီး search နဲ့ font ဆိုတာကို ရှာပါ။ font , font-family, font-size အစရှိတဲ့ code တွေကို တလိုင်းချင်း လိုက်ကြည့်ပါ။ font name ကို assign လုပ်ထားတဲ့ arial , Trebuchet , Sans Serif, Verdana အစရှိတဲ့ ဖေါင့်နာမည်တွေရဲ့ အရှေ့မှာ Zawgyione, Zawgyi1, Zawgyione ဆိုတာ ထပ်ဖြည့်ပေးလိုက်ပါ။ ပြီးရင် notepad က ဇော်ဂျီထပ်ဖြည့် ထားတဲ့ code အားလုံးကို editing style.css ထဲကို ပြန်ကူးထည့်ပြီး save ပေးလိုက်ရင် အိုကေ ပါပြီ။ ကြုံဖူးတာ တစ်ခုက ဖေါင့်နာမည် အမှန် Zawgyi-one တစ်ခုတည်း ထပ်ဖြည့်တာ အဆင်မပြေပဲ Zawgyi-one, Zawgyi1, Zawgyione ဆိုပြီး သုံးမျိုး ထည့်လိုက်မှ အဆင်ပြေသွားတာ တစ်ခါကြုံဘူးပါတယ်။ (ကိုမျိုးကျော်ထွန်း ၏ Myanmar bloggers community တွင်ဖြေကြားထားချက်မှ Wordpress မှာ wp-content folder ရှိပါတယ်။ အဲ့ဒီ့ရဲ့ အောက်မှာ plugins နဲ့ theme folder ထပ် ရှိပါတယ်။ wordpress admin မှာ ကိုယ်လက်ရှိ select လုပ်ထားတဲ့ theme folder မှာ ရှိတဲ့ style.css ကို တစ်ချက်ကြည့်ကြည့်ပါ။ ပြီးတော့ သက်ဆိုင်တဲ့ declaration တွေမှာ assign လုပ်ပေးပါ။ ဒီလောက်ပါပဲ။ blogger လိုတော့ ပုံသေမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ theme ထွင်တဲ့သူက သူ ကြိုက်သလို css ကို asssign လုပ်ထားတာလို့ပါ။)
Wordpress နဲ့ EOT Eot လုပ်နည်းကို ကိုမောင်လှ ဘလော့ဂ်မှာ အသေးစိတ် တင်ပြထားပါတယ်။ wordpress မှာ eot ထည့်မယ်ဆိုရင် style.css ရဲ့ အပေါ်ဆုံးမှာ ထည့်ရုံပါပဲ။ ဥပမာ style.css ရဲ့အပေါ်ဆုံးမှာ
@font-face {
font-family: Zawgyi-One; font-style: normal;
font-weight: normal; }
src: url(http://kwnaing.googlepages.com/ZAWGYIO0.eot);
ဒါမျိုးလေး ထည့်ပေးလိုက်ရင် ရပါပြီ။
Cbox နှင့် အခြား Widgets များ Cbox နှင့် အခြား widgets များကို presentation / widgets တွင် ထည့်သွင်းနိုင်ပါတယ်။ blogger က eidt layout အတိုင်းပါပဲ။ blogger မှာ add a page elements / html/java script ထဲမှာ ထည့်သလို wordpress မှာ Text widget ထဲမှာ ထည့်လို့ ရပါတယ်။ text widget ကို ထပ်တိုးချင်တယ်ဆိုရင် အောက်က ပုံမှာ ပြထားသလို တိုးနိုင်ပါတယ်။
Blogger မှ ပို့စ် အဟောင်းများကို Wordpress သို့ Import လုပ်မယ် ကျွန်တော် Free Host မှာ install လုပ်ထားတဲ့ wordpress မှာ blogger က ပို့စ် အဟာင်းကို import လုပ်တာ မအောင်မြင်ပါဘူး။ wordpress.com မှာကြတော့ အဆင်ပြေတယ်။ ဘာကြောင့် error ဖြစ်နေတာလဲ ဆိုတာ အပင်ပန်းခံ လိုက်ရှာမနေတော့ဘဲ အလွယ်နည်းသုံးလိုက်ပါတယ်။ 1. Wordpress.com မှာ ဘလော့ဂ် တစ်ခုလုပ်ပါ။
2. Dashboard / Manage / Import / Blogger မှ blogger ပို့စ်အဟောင်းများကို Import လုပ်ပါ။ 3. Dashboard / Manage / Export မှ download export file ကိုနှိပ်ပြီး download ချပါ။ XML ဖိုင်တစ်ခု ရပါမယ်။ 4. Free Host မှာ လုပ်ထားတဲ့ wordpress ကိုသွားပါ။ 5. Dashboard / Manage / Import / Wordpress ကို ရွေးပါ။ download ချထားတဲ့ XML ဖိုင်ကို upload တင်ပေးလိုက်ပါ။ 6. Free Host က wordpress ကို ပို့စ်အဟောင်းတွေ ရောက်ပါပြီ။
Wordpress တွင် မြန်မာပို့စ် တင်ခြင်း ကိုဘုရင့်နောင် Blog မှ ပို့စ်ရေးသော အခါတွင် Write post တွင် Visual နှင့် Code ၂မျိုးကို တွေ့ပါလိမ့်မည်။ Code ကိုသွားပါ။ ထို့နောက် ဒီ HTML ကို အသုံးပြုပါ။ myanmar sar ။ myanmar sar တွင် မိမိတင်လိုသော ပို့စ်ကို notepad ပေါ်တွင် ရေးကာ တခုလုံးကို paste လုပ်၍ လည်းကောင်း၊တိုက်ရိုက် type ပြီးအသုံးပြုချင်ရင် မိမိရေးလိုသော စာလုံးအစ ၁လုံး ၂ လုံးကို ရေးပါ။ ပြီးလျှင် Visual ကို ပြန် နှိပ်ပါ။ မြန်မာလို ပေါ်နေပါလိပ့်မယ်။ ထို့နောက် ရေးချင်တာကိုဆက်လက် ရေးသားပါ။ ဘလော့တွင် မြန်မာလို ကောင်းစွာပေါ်ပါသည်။
Sidebar တွင် မြန်မာလို လင့် များ ၊ မြန်မာလိုပြောချင်တာများကို ရေးသားချင်ရင် Presentation > widgets >Text widgets ကို အသုံးပြုပါ။ Text widgets ကို ဖွင့်ပါ။ ခေါင်းစဉ်ကို အင်္ဂလိပ်လိုရေးပါ။ စာသားတွေကို myanmar sar ဖြင့်ရေးပါ။ မိမိလိုသလို HTML tag များကိုသုံးနိုင်ပါတယ်။ ဖောင့်ဆိုက်၊ ကာလာ ကိုပြောင်းချင်ရင် myanmar sar ဆိုပြီးသုံးပါ။ လင့်များ ရေးတဲ့အခါ
ဘုရင့်နောင် စသည်ဖြင့် အသုံးပြုပါ။ တခုထက်ပိုသော လင့်များကိုအသုံးပြုရန်  အဆုံးတွင်
ကိုထက်ထည့်ပါ။ ဘုရင့်နောင်
ခံပြီးရေးပါ။
မောင်သင်္ကြန် http://mmwordpress.com