ရွှေမန်းသား
ကာမေသုက ကုမရပါ
ကာမေသုမိစ္ဆာစာရာ အစဖြာတဲ့ သီလသိက္ခာပုဒ်လေးကို ရှင်းမပြသေးခင် စာရေး သူ မုံရွာမှာနေစဉ်က ကြုံတွေ့ခဲ့ဖူးတဲ့ အဖြစ်ကလေးတစ်ခုကိုဖောက်သည်ချပါဦးမယ်၊ မုံရွာမှာ စာရေးသူနဲ့ သိကျွမ်းတဲ့
ကျောင်းအုပ်ဆရာကြီးတစ်ယောက်ရှိပါတယ်၊ ကျောင်း အုပ်ကြီးက မုံရွာနဲ့နီးတဲ့ ၀ဒါန်းဆိုတဲ့ရွာလေးက တွဲဘက်အထက်တန်းကျောင်းမှာ တာ ၀န်ကျပါတယ်၊ကျောင်းအုပ်ကြီးနေတာကတော့
မုံရွာမြို့ကအလယ်ရပ်မှာပါ၊ အလည်ရပ် ဆိုတာ မုံရွာမြို့ရဲ့ မြို့လည်ခေါင်အချက်အချာကြတဲ့နေရာလို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ကျောင်းအုပ်ကြီးနေရတာက ချောင်ကြကြ
လမ်းကြားလေးက၀င်သွားရတဲ့နေရာလေး မှာပါ၊ နောက်ပြီး နေရာတကလည်း ကိုယ်ပိုင်အိမ်ဆိုပေမဲ့
ဆွေမျိုးတွေရဲ့ဝင်းထဲမှာ ကပ် ပြီးနေရတာပါ၊ သူ့အိမ်ကြည့်တော့လည်း တဲသာသာလေးဖြစ်နေပါတယ်၊ တစ်နေ့မှာ အဲဒီကျောင်းအုပ်ကြီးသူကိုယ်တိုင် သူအဖြစ်ကို“တပည့်တော်ရတဲ့လခ နဲ့ နေမယ်ဆိုရင် အိမ်ပိုင်ယာပိုင်နဲ့ အိမ်ကြီးအိမ်ကောင်းဆောက်နေနိုင်ပါတယ်ဘုရား၊ ဒါပေမဲ့ ရတဲ့လခတွေက
မိန်းမကိစ္စတွေနဲ့ လုံးပါးပါးသွားတော့ ခုလိုအရှင်ဘုရားမြင်တဲ့အ တိုင်းနေနေရတာဘုရား” လို့ ရင်ဖွင့်ပါတယ်၊ ဒါကကြုံခဲ့ဖူးတဲ့ ကာမေသုကြောင့် ဘ၀မ လှပတဲ့အဖျက်ပျက်လေးပါ၊ နောက် စာရေးသူတွေ့ကြုံဖူးတာတစ်ခုကတော့ ရွာတစ်ရွာမှာ ကိုကံချစ်နဲ့မမာ ဆိုတဲ့
လင်မယားနှစ်ယောက်ရှိပါတယ်၊ သူတို့မှာ သားလေးတစ်ယောက် သမီးလေး တစ်ယောက်ရှိပါတယ်၊ သားလေးက(၁၆)နှစ်သားမှာဆုံးပါးသွားပါတယ်၊ ကျန်တဲ့သမီး လေးကတော့ အိမ်ထောင်ကျသွားပါတယ်၊ သမက်ဖြစ်တဲ့သူကိုလည်း သားသမီးနဲတော့ သူတို့အိမ်မှာပဲ ခေါ်ထားလိုက်ပါတယ်၊
သမက်ကလေးအိမ်ရောက်လာတော့ တောင်သူ အလုပ်တွေကို ကိုကံချစ်သိပ်လုပ်စရာမလိုတော့ပါဘူး၊ သမက်အလိမ္မာလေးကပဲအကုန် တာဝန်ယူလုပ်ဆောင်ပါတယ်၊
အဲဒီမှာ အားနေတဲ့ကိုကံချစ်က ဗွေဖောက်လာပါတယ်၊ နှစ်အစိတ်လောက်ပေါင်း လာတဲ့ အိမ်ကချစ်ဇနီးကို အိမ်ကဟာကြီးလို့ထင်လာပါတယ်၊ ထင်ရုံတင်မကပဲ ကွက် သစ်က ခင်မေသန်းဆိုတဲ့ လင်ရှိကောင်မလေးတစ်ယောက်နဲ့ အချစ်ဇာတ်လမ်းကို ခတ် ကြမ်းကြမ်ခင်းတော့တာပါပဲ၊ အစတော့
ဘယ်သူမှမသိအောင်တိုးတိုးတိတ်တိတ် ဟိုး နားတွေ့ဒီနားတွေ့ပေါ့၊ နောက်တော့ ခင်မေသန်းကလည်း အိမ်ကလင်ကြီးကိုပြစ် က လေးတွေကိုပြစ်ပြီး ကိုကံချစ်နဲ့ နှစ်ယောက်တစ်အိမ်မက်ဘ၀ထူထောင်ဖို့
အိမ်ပေါ်က ဆင်းချလာပါတယ်၊ အဲဒီမှာ မမာက ယူကြုံမရ အပူလုံးထပါတော့တာပါပဲ မုန့်သာဝေ စားမယ် အချစ်ကိုတော့ဝေမစားနိုင်ဘူးဆိုပြီး ရုံးတွေရောက် ဂတ်တွေဝင်နဲ့ အမှုတွေဖြစ် ကြပါတော့တယ်၊ နောက်ဆုံးကိုကံချစ်လည်း အိမ်ကမယားကြီးပြစ်ထားခဲ့ပြီး ခင်မေသန်း နဲ့လိုက်သွားတယ်၊
အိမ်ကပစ္စည်းတွေကိုလဲ မယားကြီးနဲ့ တစ်ယောက်တ၀က်ခွဲတမ်း ချယူသွားပါတယ်၊ ဒါပေမဲ့ ခင်မေသန်းနဲ့က သိပ်မပေါင်းလိုက်ရပါဘူး၊ အသစ်တွေဘယ် လောက်ကောင်းကောင်းအဟောင်းကိုတော့ တလည်လည်ဖြစ်တတ်တဲ့စိတ်နဲ့ နောက် ဆုံး ပါသွားတဲ့ပစ္စည်းတွေ ခင်မေသန်းလက်ထဲထားခဲ့ရပြီး မယားကြီးအိမ်ပေါ်ပြန်တက် လာပါတယ်၊