မြတ်ဗုဒ္ဓ၏သာသနာကား ပင်လယ်ကြီးနှင့်တ
Page 1
အတုလျ ပုဂ္ဂို လ်အား ဘုရားရှငက် ... “မိုက်မဲသူတွေရဲ့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်း ကပဓာနမဟုတ်။ ပညာရှိတို့ရဲ့ချီးမွမ်းခြင်းသာ ချီမွမ်းခြင်းအမှန်။ ပညာရှိတို့ရဲ့ ကဲ့ရဲ့ခြင်းသာ ကဲ့ရဲ့ခြင်းအမှန်။ လူမိုကတို့ရဲ့အားက ပြစ်တင်ကဲ့ရဲ့ခြင်း” ဟု ဘုရားရှင်က ဟောတော်မူခဲ့ပါ၏။ နန္ဒာသိန်းဇံ ( မိတ်ဆွေကောင်းနှင့် ခရီးသွားခြင်းစာအုပ်မှ-)
ရွှေအိမ်နန်းနှင့် ကြငှန်းခံလည်း မတ်ပေါင်းရံလျှက် ပျော်စံရိပ်ငြိမ် မင်းစည်းစိမ်ကား သမုဒ္ဒရာ ရေမျက်နှာထက် ခဏတက်သည့် ရေပွက်ပမာ တစ်သက်လျှာတည်း။ ( အနန္တသူရိယ အမတ်)
ခန္တီတာဝန် ~ ဆဲဆိုတာ သူ့အလုပ် သည်းခံရမှာ ကိုယ့်တာဝန်၊ ~ ချစ်စရာကောင်းတာ သူ့အလုပ် မချစ်မိအောင်သည်းခံတာ ကိုယတ့်ာဝန်၊ ~ မုန်းစရာကောင်းတာ သူ့အလုပ် မမုန်းမိအောင်သည်းခံတာ ကိုယတ့်ာဝန်၊ ~ အာရုံတွေပေါ်တာ သူအ့  လုပ် ကိလေသာတွေမဖြစ်အောင်သည်းခံတာ ကိယု့်တာဝန်။ အရှင်ဆန္ဒာဓိက (စိတ်အားဖြည့်ဓမ္မသံစဉ်များ စာအုပ်မှ)
ဒေ၀ဒတ် ဘုရားရှခိးု ဣမေဟိ အဋ္ဌီဟိ တမဂ္ဂပုဂ္ဂလံ၊ ဒေ၀ါတိ ဒေ၀ံ နရဒမ္မ သာရထိံ ။ သမန္တ စက္ခုံ သတပုည လက္ခဏ၊ံ ၀ါတေဟိ ဗုဒ္ဓံ သရဏံ ဂတောသ္မိ။
အဂ္ဂပုဂ္ဂလံ - ကမ္ဘာအလုံးတွင် အသာဆုံးပုဂ္ဂိုလ်တည်း ဖြစ်တော်မူပေထသော။ ဒေ၀ါတိဒေ၀ံ -
နတ်အပေါင်းတို့၏ ဦးခေါင်းညွတ်လျှိုး ခိုကိုးရာအစစ်
နတ်မင်းလင်းဖြစ်တော်မူပေထသော။ နရဒမ္မသာရထိံ -
ဆုံးမရန်ကြုံ
များဗိုလ်ပုံကို စုံလင်စွာ သင်ပေးလျက် ယဉ်ကျေးအောင်ဆုံးမတော်မူပေထသော ။ သမန္တစက္ခုံ -
ကြွင်းမဲ့ဥဿုံ
အလုံးစုံကို အကုန်သြိ မင် သဗ္ဗညုဥာဏ်ရှင်လည်း ဖြစ်တော်မူပေထသော ။ သတပုညလက္ခဏံ - ရာပေါင်းများစွာ ဘုန်းသမ္ဘာကြောင့် ကောင်းစွာမြင့်ကြွယ် တင့်တယ်သော လက္ခဏာလည်း ရှိပေထသော။ တံဗုဒ္ဓံ - တု၍မနိုင် ပြိုင်၍မရ ကမ္ဘာ့ထိပ်ခေါင် ထိုနောင်တော် မြတ်ဘုရားကို ။ ဣမေဟိ အဋ္ဌီဟိ အသားတွေပျောက် အရေခြောက်သဖြင့် မျက်မှောက်ထင်စွာ ဤသံုး ရာသော အရိုးတို့ဖြင့် လည်းကောင်း။ ဣမေဟိ ပါဏေဟိ -
မငြိမ်လှုပ်လကှ်
ချုပ်ပျက်ခါနီးဖြစ်သော ဤအသက်တို့ဖြင့်လည်းကောင်း ။ သရဏံ ဦးတင်ကျန ဖူးချင်လှလည်း မရတော့ပါ ။ ကိုးကွယ်ရာဟူ၍ သာလျှင် ။ ဂတောသ္မိ -
အပြစ်ရှိသမျှ သတိရသဖြင့် အာမ၀န္တံ အကုန်ခံ၍
အတန်တန်ဆည်းကပ်ပါသည် ဘုရား။ နတ်တကာတိထု့ က် မြတ်တော်မထူ သော၊ လူ-နတ်-ဗြဟ္မာ သတ္တ၀ါအပေါင်းကို ယဉ်ကျေးအောင် ဆုံးမတော်မူတတ်သော၊ သဗ္ဗညုတဥာဏ်တော်နှင့် ပြည့်စုံတော်မူသော၊ အရာမကသော ကုသလိုတော်တို့ကြောင့် ဘုန်းလက္ခဏာနှင့် ပြည့်စုံတော်မူထသော၊ လောကတွင် အမြတ်ဆုံးဖြစ်တော်မူသော ထိုမြတ်စွာဘုရားကို အကျွန်ုပ်သည် ဤအရိုးတြို့ ဖင့်လည်းကောင်း၊ ဤကျန်ရှိနေသေးသော အသက်တို့ဖြင့်လည်းကောင်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏။ မှတ်သားရန်။ ။မြေမြိုနေသောကာလတွင် ဒေ၀ဒတ် က ဘုရားရှင်ကိုယ်တော်မြတ်ကြီးအားနောက်ဆုံး ရှိခိုးရွတ်ဆိုခဲ့သော ဘုရားရှိခိုးဖြစ်ပါတယ်။ ဒေ၀ဒတ်က ဤသို့ ရှိခိုးခဲ့သောကုသလိုကြောင့် နောင်ကာလတွင် ပစ္စေကဗုဒ္ဓ အဖြစ်ပွင့်မည်ဖြစ်ပါသည်။
ဗုဒဂ ၶ ဏ ု ေ် တာ် ဘုရားရှိခိးု
ဘုရားရှိခိုးဖြစ်ပါတယ်။ ဘုရားရှင်၏ ကျေးဇူးတော်များကို ရှိခိုးပူဇော်နိုင်ရန် အတွက် နှစ်သစ်မှာ ဘုရားရှိခိုး ကန်တော့စာနှင့် ရေးသားကာ ပူဇော်လိုက်ရပါသည်။
သူတော်ကောင်းမှန်၊ ကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။ သူတော်ကောင်းမှန်၊ မကောင်းမှု့ကံ ပြုရန်ခက် ပေသည်။ သူယုတ်မာမှန်၊ ကောင်းမှု့ကံ ပြုရန်ခက် ပေသည်။ သူယုတ်မာမှန်၊ မကောင်းမှု့ကံ ပြုရန်လွယ် ပေသည်။ ( ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး )
ကံနငှ့် ကံ၏အကျိုး ဝေဖန်ချက် ၁။ သူ့ကိုသတ်ဖြတ်၊ သက်တတို တ်၊ မသတ်အသက်ရှည်။ ၂။ ညှဉ်းဆဲသူကား၊ အနာများ၊ သနားကျန်းမာသည်။ ၃။ ဒေါသမီးလျှ၊ံ အကျည်းတန်၊ သည်းခံ လှပသည်။ ၄။ မနာလိုမှာ၊ ခြွေရံကွာ၊ ကြည်သာ ခြွေရံစည်။ ၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယသ် ည်။ ၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေမျိုးမြတ်သည်။ ၇။ မမေးမမြန်း၊ ဥာဏ်မြင်ကန်း၊ စုံစမ်းဥာဏ်ကြီးသည်။ ၈။ ဆိုးတာပြုက၊ ဆိုးတာရ၊ ကောင်းမှကောင်းစားသည်။ ၉။ ဆိုးကောင်းနှစ်တန်၊ ကံစည်မံ၊ ခံ စံကြရသည်။
အဆင်းသာရှိ၍ ရနံ့မရှိသော၊ တင်တ့  ယ်လှပသော ( ပေါက်ပွင့်စသော ) ပန်းသည် ပန်ဆင်သူအား ရနံ့တည်းဟူသော အကျိုးကိုမဆောင်နိုင်သကဲ့သို့ ကောင်းစွာဟောကြားတော်မူအပ်သော ( ပိဋကတ် ) တရားတော်သည် မလိုက်နာ မကျင့် ကြံသူအား အကျိုးကိုမဆောင်နိုင်ကုန်။ ဆတ္တပါဏိဥပါသကာဝတ္ထု ၊ ပုဖ္ပ၀ဂ် ၊ ဓမ္မပဒပါဠိတော်
သီလမရှိ၊ သမာဓိမရှိပဲ အနှစ်တစ်ရာပတ်လုံး အသက်ရှည်နေရခြင်းထက် သီလရှိ၍ သမထ၊ ၀ိပဿနာကို ရှုနေသော သူ၏ တစ်ရက်မျှ အသက်ရှည်ရခြင်းသည် မြတ်၏ ။ သံကိစ္စသာမဏေရ၀တ္ထု ၊ သဟဿဝဂ် ၊ ဓမ္မပဒပါဠိတော် ယခုခါမူ၊ လူလည်းဖြစ်လာ သာသနာလည်းထွန်းခိုက်၊ အမြိုက်တရား ဟောကြားမည်သ့ူ၊ လူလည်းမရှား၊ သို့ပါလျှက်သားနှင့်မှ တရားမလိကု၊ အမှားကြို ကိုက်ကြလျှင်၊ အမိုကတ် ကာ့ဗိုလ်မင်း၊ အဖျင်းတကာ့ဗိုလ်ချုပ၊် အပါယ်လေးလီ၊ မြစ်နဒီတွင်၊ ပလုံစီမြုပ်လို့ လူယတ်ုကြီးတွေဖြစ်ချိမ့်မည်။ ( စလေဦးပုည )
ဒုလဘ္လ တရား ငါးပါး (၁) ဗုဒ္ဓုပ္ပါဒ ဒုလဘ္လ = ဘုရား၏အဖြစ်ကိုရခဲခြင်း။ (၂) မနုဿတ္တဘာဝ ဒုလဘ္လ = လူအဖြစ်ကိုရခဲခြင်း။ (၃) သဒ္ဓါသမ္ပတ္တိ ဒုလဘ္လ = သဒ္ဓါတရားနှင့် ပြည့်စသုံ ည့်အဖြစ်ကိုရခဲခြင်း။ (၄) ပဗ္ဗဇ္ဇိတာဘာဝ ဒုလ္လဘ = ရဟန်း၏ အဖြစ်ကိုရခဲခြင်း။ (၅) သဒ္ဓမ္မသ၀နအတိ ဒုလ္လဘ = သူတော်ကောင်းတရားနာကြားခွင့်ကို အလွန်ရခဲခြင်း။
သံသရာနယ်ချဲ့ ပပဉ္စ တရားသံုး ပါး တဏှာ... ငါ့ဥစ္စာဟု၊ စွဲမှုဖြစ်အင်၊ လောဘနဲ့လည်း၊ တပ်စွဲသူခင်၊ လောဘကင်းမှ၊ လွတ်ရပါယ်ခွင်၊
လူဘ့  ၀ ရကြတော်မည်ထင်။ မာန... ငါသာအမြတ်၊ ငါတတ်သည်သာ၊ ဒါကလည်းပဲ၊ မာနစွဲပါ၊မာနစွဲပြုတ်၊ အဟုတ်ချမ်းသာ၊ ပါယ်လေးဝ လွတ်ရသံသရာ။ ဒိဋ္ဌ.ိ .. ငါ့သား ငါ့မယား၊ စီးပွားဥစ္စာ၊ အတ္တဒိဋ္ဌ၊ိ စွဲငြိလို့သာ၊ သက္ကာယလည်း၊ သူပဲမည်တာ၊ အနတ္တ၊ ရှုကြဖန်ခါခါ၊ အတ္တကင်း၊ လွတ်ရှင်းပါယ်လေးရွာ၊ နောက်ဘ၀ ရောက်ရထက်ဘုံသာ။ ဤသို့ကောင်းမှု အကြောင်းပြု၊ ပေါင်းစုအမျှဝေ၊၀မ်းမြောက်စွာပြု၊ မြတ်ကောင်းမှုသာဓု၊ သာဓု၊ သာဓုခေါ်နိုင်စေ။ နတ်ရွာသုဂတိ၊ နိဗ္ဗာန်ထိ ရရှိကြပါစေ။ (အရှင်ဇနက )
တစ်ယောက်စကား၊ တစ်ယောက်နားမှာ၊ မခါးရအောင်၊ သတိဆောင်၍၊ မောင်တို့ဆိုလေ၊ ပျားသကာသို့ ချိုလှစေ၊၊ မတွေ့ခိုက်ရန်၊ မကျူးလွန်နှင့်၊ မျက်မာန်ဒေါသ၊ မထွက်ရအောင်၊ မာန်မာနကို ချုပ်ကြလေ၊၊ သေနှင့်အရက်၊ စီးပွားပျက်က၊ို တစ်စက်ကယ်မျှ၊ မသောက်ကြနှင့်၊ ရှောင်ကြပါလေ၊ ရှင်တော်ဟောသည့် အဆိပ်ရေ၊၊ ရှင်မဟာရဋ္ဌသာရ
နိဝါတောစ မင်္ဂလာ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။ ထိက်ုသူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။ ခြေသုတ်ပဆိုး၊ မြွေစွယ်ကျိုးလား၊ မလွှားမပ၊ စိတကိုချ၊ မုချမင်္ဂလာ။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး “ပါရမီနဂို၊ မရှိလိုက ကုသိုလဒ်ုစရိုက်၊ မဟောထိုက်တည့် လူမိုက်တိရစ္ဆာန်၊ နိဗ္ဗာန်စကား လွန်ခါးနား၏။” (မဃဒေ၀ လင်္ကာ)
အောင်မြင်ကြောင်းတရား(၄) ပါး ၁။ ဒေါသထွက်တဲ့ သူကို မေတ္တာပွား၊ ၂။ နှုတ်ကြမ်းတဲ့ သူကို ယဉ်ကျေးစွာပြော၊ ၃။ နှမြောတဲ့ သူကို နာနာပေး၊ ၄။ လိမ်တက်တဲ့ သူကို မှန်မှန်ကန်ကန်ဆက်ဆံ၊ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး (
“ဥတ္တရာဝတ္ထု”
တရားတော်မှ… ) ဓမ္မသာဝန (တရားနာရသော) အကျိုး(၅)ပါး ၁။ မကြားဘူးသောအကြောင်းအရာများကြို ကားရခြင်း၊ ၂။ ကြားဘူးသောအကြောင်းအရာများကို ထပ်၍ရှင်းလင်းစွာ နားလည်ရခြင်၊ ၃။ ယုံးမှားသံသယဖြစ်နေသော အချက်များ၌ ယုံးမှားကင်းရခြင်း၊ ၄။ အယူမှန်သမ္မာဒိဋ္ဌိကိုရခြင်း၊ ၅။ သဒ္ဓါပညာတိုး ပွား၍ စိတ်ကြည်လင်ခြင်း။ “သစ်ဆန်းကြားနာ၊ စင်ကြယ်စွာသား၊ ယုံမှားပယ်တက်၊ ဖြောင့်မတ်ယူမြင်၊ စိတ်ကြင်လင်ရိုး၊ ဤငါးမျိုးသည် တရားနာရာ အကျိုးတည်း။” ဓမ္မစေတီဆရာတော် အရှင်ကောသလ္လ
တောင်တ့  ၍မရသော တရား(၅)ပါး… ၁။ အိတု က်တက်တဲ့ သဘောတရားကို မအိုပါနဲ့လို့် တောင့်တ၍မရပါဘူး။ ၂။ နာတက်တက်တဲ့ သဘောတရားကို မနာပါနဲ့လို့ တောင့်တ၍မရပါဘူး။ ၃။ သေတက်တက်တဲ့ သဘောတရားကို မသေပါနဲ့လို့ တောင့်တ၍မရပါဘူး။ ၄။ ပျက်စီးတက်တက်တဲ့သဘောတရားကို မပျက်စီးပါနဲ့လို့ တောင့်တ၍မရပါဘူး။ ၅။ ကုန်ဆုးံ တက်တက်တဲ့သဘောတရားကို မကုန်ဆုံးပါနဲ့လို့် တောင့်တ၍မရပါဘူး။ အရှင်ကောဝိဒ ( " စိတဆိုတဲ့ စိတ် " တရားတော်မှ… ) ကိုယ်ကျိုးမနည်းဘူးလား ..... အားမှလုပ်မယ်၊ အားမှလုပ်မယ်ဆြို ပီး အားရက်စောင့်မယ်ဆိုရင် ခေါင်း(အလောင်းပုံး)
ထဲဝင် မယ့်နေ့ပဲ။ ဒီလိုဖြစ်မယ်ဆိုရင်
အားရက်ကိုမစောင့်နဲ့တော့။ ဒီကနေ့သည်ကိုယ့် အတွက် နောက်နေ့သည် ကိယု့်အတွက်မဟုတ်ဘူး လေ။ အနာဂတ်ဆိုတာမသေ ချာဘူးတဲ့။ မတော် ကွေးသောလက်မဆန်ခင်၊ ဆန့်သောလက်မကွေးခင် ဆိသု လို ညသေသွားဘယ့်နယှ်လုပ်မလဲ။ ကိယ်ုကျိုးမနည်းဘူးလား။ ကျေးဇူးတော်ရှင်အောင်ဆန်းဆရာတော်ဘုရားကြီး
သောတာပန်ပုဂ္ဂိုလ် တို့၌ မထိက်ုသော တရားခြောက်မျိုးအား အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် သီတ၀ဂ် ပဌမ အဘ္ဘဗဋ္ဌ္ဗာန သုတ်၌ ဤသို့ပြဆိုတော်မူခဲ့ပါသည် ။ ထိုခြောက်မျိုးသည်ကား...ဥာဏ်အမြင်နှင့်ပြည့်စုံသော(သောတာပန်)ပုဂ္ဂိုလ် သည်.... ၁။မြတ်စွာဘုရားအားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊ ၂။တရားတော်အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊ ၃။သံဃာတော်တို့အားမရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊
၎။အကျင့်သိက္ခာ၌မရိုသေ၊ မတုပ်ဝပ်ခြင်း၌လည်းကောင်း၊ ၅။မကပ်ရောက်အပ်သည်အ့  ကြောင်းတရား( ကံငါးပါး ၊ ဒိဋ္ဌိ ၆၂ ပါး ) ကိတု ဖန်ကပ်ရောက်ခြင်း၌လည်းကောင်း၊ ၆။ ရှစ်ကြိမ်မြောက် ( ကာမသုဂတိ ) ဘ၀ကို ဖြစ်စေခြင်း၌ လည်းကောင်း ....... မထိကု။ ဟူ၍ ဗုဒ္ဓမြတ်စွာမိန့်တော်မူခဲ့ပါသည် ။ ဗုဒအ္ဓ လိကျုဒါနပြုနည်း.... ၁။ ဘုရား ၊ တရား ၊ သံဃာ အပေါ်၌ သဒ္ဓါတရားပြည့်ဝစွာလှူခြင်း၊ ၂။အလှူခံပုဂ္ဂိုလ်အ်ားရိုရိုသေသေလှူခြင်း၊ ၃။အလှူခံပုဂ္ဂိုလ်၏လိအု ပ်မှုကိုလှူခြင်း၊ ၄။လှူပြီးဝတ္ထုကို မနှမျှောခြင်း၊ ၅။မိမိအလှူကြောင့်အခြားသူတို့အားမထိခိုက်ခြင်း။ “သဒ္ဓါကြည်ညို ၊ ရိုသေလှစွာ၊ အခါကိုသ၊ိ မစွန်းငြိပဲ၊ မထိမပ ဤငါးဝ၊မှတ်သား သပ္ပူရိသ မြတ်ဒါန” ဆရာတော် အရှင်ဇ၀န ကာလဒါန ( ၅ ) ပါး ၁။ အာဂန္တုက ဒါန ... ဧည့်သည်ဖြစ်သော ရဟန်းကိုလှူခြင်း၊ ၂။ ဂမိက ဒါန ... ခရီးသွားဖြစ်သော ရဟန်းကိုလှူခြင်း၊ ၃။ ဂိလာန ဒါန ... နာဖျားသော ရဟန်းကိလှုခြင်း၊ ၄။ ဒုဗ္ဘိက္ခဒါန ... ငတ်မွတ်ရှားပါးသော ကာလ၌ လှူဒါန်းခြင်း၊ ၅။ န၀သဿ န၀ဖလ ဒါန ... ကောက်ဦး ၊ သစ်သီး ဦးတို့ကို လှူဒါန်းခြင်း။ ဆရာကြီးဦးသုခမှတ်စုမ.ှ ... ။
ဒါန (၈) မျိုး ၁။ အာသဇ္ဇဒါန - ရောက်ဆဲခဏ၌ ပေးလှူခြင်း၊
၂။ ဘယဒါန - သူတစ်ပါးတို့ ကဲ့ရဲ့ခြင်းဘေး ၊ အပါယ်ဘေးတို့ကို ကြောက်ရွံ့၍လှူခြင်း၊ ၃။ အတီတာပေက္ခဒါန - ငါ့အား ပစ္စည်းဝတ္ထုကို ပေးဘူး သောသူဟု နှလုံးသွင်း၍ ပေးလှူခြင်း၊ ၄။ အနာဂတာပေက္ခဒါန - ဤပုဂ္ဂိုလ်အား ယခုလှူလျှင် နောင်ငါ့အား တစ်စုံတစ်ခုသော ၀တ္ထုကို ပေးလတ္တံ့........ ဟုနှလုံးသွင်း၍ပေးလှူခြင်း၊ ၅။ သာဟုဒါန - ဒါနဟူသည် ပညာရှိတို့ ချီးမွမ်းအပ်သောကြောင့် ကောင်း၏ဟု နှလုးံ သွင်း၍ ပေးလှူခြင်း၊ ၆။ နာရဟဒါန - စားနိုင်သောသူသည် ၊ မစားနိုင်သောသူ ( မစားရသူ ) အားမပေးပဲ မနေထိက်ုဟု ပေးလှူခြင်း ၊ ၇။ အဗ္ဘုဂ္ဂစ္ဆဒါန - ဤအလှူကိုပေးလှူသည်ရှိသော် ကောင်းသောကျော်စောသံသည် လွှမ်းမိုး၍ တက်လတ္တံ့ .. ဟုနှလုးံ သွင်း၍ပေးလှူခြင်း၊ ၈။ စိတ္တာလင်္ကာရဒါန - ၀ိပဿနာ စိတ်၏တန်ဆာ အခြံအရံ အကျိုးငှာ ပေးလှူခြင်း။ ဆရာကြီးဦးသုခမှတ်စုမ.ှ .. ။
စကားပြောခြင်းနှင့် ပတ်သက်ပြီး မြတ်ဗုဒ္ဓက အင်္ဂုတ္ထိုရ် ပါဠိတော်၌ ဤသို့ဟောကြားခဲ့ပါသည်။ (က) ကာလ= ပြောသင့်သောအခါမှ ပြောရ၏၊ အချိန်မတန်လျှ င် မပြောဆိုရာ။ (ခ) သစ္စာ= အမှန်ကိုသာ ပြောဆိုရာ၏။ (ဂ) သဏု= နူးညံ့ချိုသာစွာ ပြောဆိုရာ၏၊ ခက်ထန်ရင့်သီးစွာ မပြောဆိုရာ။ (ဃ) အတ္တသဟိံတ= အကျိုးစီးပွားဖြစ်မည့်စကားကိသုာ ပြောဆိုရာ၏။ (င) မေတ္တာစိတ=္တ မေတ္တာရှေ့ထား ပြောဆိုရာ၏၊ ဒေါသမောင်းတင်း၍ မပြောဆိုရာ။ မြတ်ဗုဒ္ဓကကောသလမင်းကြီးအားဤသို့ဟော်ကြားတော်မူခဲ့၏။
၁)အိပ်ယာမှခဏခဏနိုးနေသူအတွက် ည သည်ရှည်လျားလှစွာ၏။ ၂)ခရီးပန်းလာသောသူတို့အတွက် ခရီး သည်ရှညလ်ျားလှစွာ၏။ ၃)သူတော်ကောင်းတရားကို မသိကြသောသူတို့ အတွက် သံသရာခရီး သည်ရှည်လျားလှစွာ၏။
သရဏဂံပျုက်သည်ဆုရိာဝယ် ယုံကြည်ခြင်း ( belief ) ဆိုရာတွင် ရတနာသုံးပါးအပေါ်တွင် လည်းကောင်း၊ ကံ၊ ကံ၏ အကျိုးကို လည်းကောင်း ယုံကြည်သော တရားကို သဒ္ဓါတရား ယုံကြည်ခြင်း (
belief
)
ဟုဆိုပါသည်။ ထိုမှတပါးသော ယုံကြည်မှု နတ်၊
ဝိဇ္ဇာ၊ ဇော်ဂျီ စသောာ ကိုး ကွယ်ရာ အစစ်မဟုတ်သောအရာများအပေါ်၌ ယုံကြည်မှု သဒ္ဓါတရားဖြင့် ကိုးကွယ် လျှင်သရဏဂုံပျက်စီးပါသည်။ သေဆံုး သောအခါတွင်လည်း သရဏဂုံပျက်စီးသည်။ သို့သော်ကြောက်ရွံ့ခြင်း ကြောင့်လည်းကောင်း၊ မိမိအလိုလောဘကြောင့်လည်းကောင်း ဆည်းကပ်လျှ င် သရဏဂုံ ညှိုးနွမ်းပါသည်။ သရ ဏဂုံမတည်သူသည်ဗုဒဘ္ဓာသာဝင်မဖြစ်ထိုက်ပေ။ သရဏဂုံတည်ပါ၏ ဟုလည်းဆိုသေး၊ တစ်ခြားသောကိုး ကွယ်ရာအစစ်မဟုတသ် ည်များကိလု ည်း ဆည်းကပ်ပါသည်ဆိုသူသည်မိမိကာမပိုင်ရှိပါလျှက် နောက် တစ် ယောက်ကို မျက်စောင်းထိုးသူပမာ ရွံရှာဖွယ်အတိဖြစ်ပါ၏။ အင်္ဂုတ္တိုရ်အဋ္ဌကထာတွင်အပါယ်မလားလောက်အောင် ကုသိုလ် အားကြီးမားလှသဖြင့် သောတာပန် နှင့်တူ သည်ဟူ၍ပင် ဖွင့်ဆိုထားသောကုသိုလ် ၆ မျိုးရှိပါသည်။ ၄င်းတို့မှာ_ ၁။သရဏဂုံသုံးပါးကိုမတုန်မလှုပ်သက်ဝင်ယုံကြည်၍သရဏဂုံတည်သူ။ ၂။ငါးပါးသီလမြဲသူ။ ၃။မည်သည့်ရက်ဟသု တ်မှတ်၍စာရေးတံမဲဖြင့်ဆွမ်းအမြဲလှူသူ။ ၄။ဝါဆိုသင်္ကန်းလှူသူ။ ၅။ရေတွင်းရေကန်တူး၍လှူသူ။
၆။ကျောင်းဆောက်လှူသောသူ တြို့ ဖစ်ကြပါသည်။ ထိကုသိုလ်ခြောက်မျိုးတွင် သရဏဂုံ ကုသိုလ်က ထိပ်ဆုးံ သို့ရောက်နေခြင်းမှာ ကုသလိုစွမ်းအား အကြီးဆုံးဖြစ် သောကြောင့်ပင် ဖြစ်ပါသည်။ သရဏဂုံတည်ခြင်းအကျိုးနှင့် ပတ်သက်၍ အပါဒါန်ပါဠိတော် မြန်မာပြန်၌ ရရှိသောအကျိုးရှစ်ပါးကိုဤသို့မှတသ်ားခဲ့ရပါသည်။ (၁)ဒေသပူဇာ၊ (၂)ပညာထက်ညား၊ (၃)နတ်များစောင့်လာ၊ (၄)ဥစ္စာပေါကြွယ၊် (၅)နုနယ်လှပ၊ (၆)လူကချစ်ခင်၊ (၇)မိတလ်ျှင်မြဲတ၊ုံ (၈) ဂုဏသ် တင်းတက် ..... ဤရှစ်ချက် မပျက်သရဏဂုံအကျိုးတည်း။
သရဏဂုံ လေးမျိုး ၁)အတ္တသန္နိယျာတန သရဏဂံ=ု ယနေ့မှအစပြု၍ မိမိကိုယ်အား ရတနာသုံးပါး၌ဆောင်နှင်း၍ကိုယ်ကိုစွန့်ခြင်း။ ၂)တပ္ပရာယဏ သရဏဂံ=ု ယနေ့မှအစပြု၍ မိမိကိုယအ်ား ရတနာသုံးပါး၌ လည်းလျောင်းခြင်း။ ၃)သိဿဘာဝူပဂမန သရဏဂုံ= ယနေ့မှအစပြု၍မိမိကယိုအားရတနာသုံးပါ၌သာ တပည့်အဖြစ်ဖြင့်ဆည်း ကပ်ခြင်း။ ၄)ပါဏိပါတ သရဏဂံ=ု ယနေ့မှအစပြု၍ မိမိကိုယအ်ား ရတနာသုံးပါးတို့၌ရိုသေမြတ်နိုးစွာ အသက်စွန့်၍ ကိုးကွယ်ဆည်းကပ်လဲလျောင်ခြင်း။
(ဆရာကြီးဦးသုခမှတ်စုမှ...)
သရဏဂံေု ဆာက်တည်ခြင်းအကြောင်း(၄)ပါး ၁)အမျိုးအမှတ်ဖြင့်ရှိခိုးကိုးကွယြ် ခင်း၊(သရဏဂုံမမြောက်)။ ၂)ဘေးကိုကြောက်သောအားဖြင့်ရှိခိုးကိုးကွယ်ခြင်း၊(သရဏဂုံမမြောက်)။ ၃)ကျေးဇူးရှင်အမှတ်ဖြင့်ရှိခိုးကိုးကွယြ် ခင်း၊(သရဏဂုံမမြောက်)။ ၄) မြတ်သောအလှူကို ခံတော်မူထိုက်သောအားဖြင့် ရှိခိုးကိုး ကွယ်ခြင်း၊( သရဏဂုံမြောက်၏)။ (ဆရာကြီးဦးသုခမှတ်စုစာအုပ်မှ...)
လူကောင်းသည် အရူးနှင့်ပြိုင်၍ အ၀တ်မလစ်ကောင်း။ A good man should not remain naked as a mad man does . သူတော်ကောင်းသည် မသူတော်နှင့်ပြိုင်၍ ဒေါသမဖြစ်ကောင်း။ A gentleman should not show anger as a mad man does . ကျင်ကြီးသည် နွေးသည်ဖြစ်စေ ၊ အေးသည်ဖြစ်စေ ရွံရှာဖွယ်သာတည်း။ Stool is loath some whether it is hot or cool . (ပထမရွှေကျင်ဆရာတော်ကြီး၏ သြ၀ါဒ)
ငါတွေ့လို မြင်လေို သာ အရာ ၁) ရတနာသုံးပါးတို့၏ အရိပ်သည် .... သင်တို့၏ကိယ်ုစိတ်နှစ်ပါးဝယ် ထာဝရအေးငြိမ်းလျက်တည်ကြ့ပါစေ။ ၂) ရတနာသုံးပါးအား ........ အားကိုသလောက် အားကိုးရာလည်းရောက်ကြပါစေ။ ၃) ကုသိုလ်ကမ္မပထတရားများ ....... ကြိုးစားသလောက်အကျိုးများကြပါစေ။
၎) မိမိတို့စေတနာအလိက်ုထကိုသင့်သော အကျိုးထူးတရားများ မျက်မှောက်ခေတ်၌ပင် ချက်ချင်းလက်ငင်းခံစားနိုင် ကြပါစေ ။ (က) ဤသို့ ကုသိုလ်ကမ္မပထတရားများ ကြိုးစားမြဲကြိုစားနေကြသလို လောကီ လောကုတ္တရာနှစ်ဖြာသော အကျိုးတရားလည်း တိုးပွားမြဲတိုးပွားကြပါစေ။ (ခ) ဤသို့လောကီ လောကုတ္တရာတရားများ တိုးပွားမြဲတိုးပွားနေကြသလို ကုသိုလ်ကမ္မပထတရားများကိုလည်း ကြိုးစားမြဲကြိုးစားနိုင်ကြပါစေ။ (ဂ) ငါဖြည့်ကျင့်ခဲ့သော ပါရမီကသိုလက်ံ၏ တန်ခိုးတေဇော်မေတ္တာတော်အာနုဘော်ကြောင့် အားလုံးချမ်းသာခြင်းအပေါင်းနှင့်ပြည့်စုံကြပြီး ဆင်းရဲခြင်းအပေါင်းမှလွန်မြောက်နိုင်ကြပါစေ။ (မဟာဗောဓိမြိုင်ဆရာတော်ကြီး၏ ဓမ္မနီတိကထာမှ... )
ပညာရှတို့ စွနပ့် ယ်အပ်သူ (၁၁) ဦး ၁ ။ ကောဓံ - အမျက်ဒေါသကြီးသူ ။ ၂ ။ လောဘံ - အလိုကြီးသူ ။ ၃ ။ မဒံ - မာန်ယစ်လွန်းသူ ။ ၄ ။ မာနံ - ထောင်လွှားသူ ။ ၅ ။ တိန္နံ - ပျင်းရိသူ ။ ၆ ။ ဣဿံ - ငြူစူစောင်းမြောင်းသူ ။ ၇ ။ ပမာဒံ - ကုသိုလ်ကောင်းမှု၌ မေ့လျော့သူ ။ ၈ ။ သောဏ္ဏံ - သေအရက်သောက်ကြူးသူ ။ ၉ ။ နိဒ္ဒါလုကံ - အအိပ်ကြူးသူ ။ ၁၀။ မက္ခံ - ကျေးဇူးချေတက်သူ (ကန်းသူ) ။ ၁၁။ မစ္ဆေရဉ္စ - ၀န်တိုသူ ။
မြတ်ဗဒု ၏္ဓ သာသနာကား ပင်လယ်ကြီးနှငတ့် ၏ူ
သမုဒ္ဒရာရေလှိုင်းတွေ ပုတ်ခတ်လိုကတိုင်း ရတနာတွေဟာ သမုဒ္ဒရာ၏ အနက်ရှိုင်းဆံုး နေရာသို့ ရောက်ရသလို စိတ်ဓာတ်ရင့်ကျက်သော သူတော်ကောင်း တို့သည်လည်း လောကဓံတို့နှင့်ကြုံရလေလေ သာသနာ၏ အနက်ရှိုင်းဆုံးမဂ်ဥာဏ် ဖိုလ်ဥာဏ်သို့တိုင်အောင်ကြိုးကုတ်အားထုတ်ကြလေ၏။ ကျေးဇူးတော်ရှင် သီတဂူဆရာတော်ဘုရားကြီး
ဆင်းရဲဒက္ခု မကျရောက်နငိုြ် ခင်းတရား ၁ ။ အမျက်ဒေါသကို စွန့်ပယ်ခြင်း ။ ၂ ။ မာနကို စွန့်ပယ်ခြင်း ။ ၃ ။ သံယောဇဉ် အားလုးံ ကို ကျော်လွန်ခြင်း ။ ၄ ။ နာမ်ရုပ်၌ တွယတ်ာကပ်ငြိမှု မရှိခြင်း ။ ၅ ။ ကြောင်ြ့ ကမှု မရှိခြင်း ။
Turn static files into dynamic content formats.
Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.