Whatislinux mm

Page 1

About Linux What is Linux? Linux ဆိုတာ ဘာလဲ လို့ ကျွန်တော့်ကို မေးလာရင် Linux ဆိုတာ တစ်ကမ္ဘာလုံးကို အခမဲ့ပေးသံုး တဲ့ Open Source OS တစ်ခုလို့ ကျွန်တော်ဖြေဖြစ်ပါလိမ့်မယ် ဒါဆို ထပ်မေးစရာရှိလာလိမ့်မယ်ဗျ Open Source ဆိုတာ ဘာလဲလို့ပေါ့ Open Source ဆိုတာ လွတ်လပ်စွာ ပြင်ဆင်ခွင့် ပြောင်းလဲခွင့် Develop လုပ်ခွင့် Customize လုပ်ခွင့် ပေးထားခြင်းကိုဆိုလိုပါတယ် ဥပမာ Open Source Software တစ်ခုမှာ မူရင်း Code ကိုပါ Publish လုပ်ထားပါတယ် ကြိုက်တဲ့ User က ဖတ်ရှုခွင့်ရှိတယ် မိမိ စိတ်ကြိုက် ပြောင်းလဲသုံးစွဲခွင့်ရှိပါမယ် ပြင်ရေးခွင့်ရှိပါမယ် ဒါမျိုးကို Open Source လို့ခေါ်ပါတယ် ဒါဆို Linux ဆိုတာ ဘာလဲ နည်းနည်းတော့သဘောပေါက်လောက်ပါပြီ အခမဲ့ရတယ် Open Source ဖြစ်တယ် ဟုတ်ပြီး ဒါဆို Linux ဘယ်လိုဖြစ်လာသလဲ??? သမိုင်းကြောင်းလေးကို တစ်ချက်ကြည့်ရအောင်ဗျာ ;) History of Linux Linux အကြောင်းကိုပြောဖို့ဆိုရင် ဟိုးးးးးးးးးးးးးး ကွန်ပျုတာ ခေတ်ဥးကာလကို စပြီးသွားကြည့်ရမှာဖြစ်ပါတယ် ၁၉၇၀ ပြည့်နှစ်မှာ Ken Thompson နဲ့ Dennis Ritchie တို့နှစ်ယောက်ဟာ Unix ဆိုတဲ့ Operating System တစ်ခု ရေးသားခဲ့ပါတယ် အဲ့ဒီ့ခေတ် အဲ့ဒီ့အခါကတော့ အလွန်ပြီးပြည့်စုံသော OS တစ်ခုပါ တက္ကသိုလ်တွေအပါအ၀င် စီးပွားရေး လုပ်ငန်းတွေမှာပါ အသုံးပြုခဲ့တဲ့ OS တစ်ခုပါ နောက်ပိုင်းထွက်တဲ့ OS တွေဟာ Unix ရဲ့ OS Design ကို အခြေခံပြီး ထွက်ရှိလာတဲ့ OS တွေလို့တောင်ပြောလို့ရပါတယ် ၁၉၈၃ မှာတော့ GNU Project နှင့် GNU ( GNU General Public License ) ရဲ့ ဖခင်ကြီး Richard Stallman ဟာ GNU လို့ခေါ်တဲ့ Unix-Based OS တစ်ခုကိုတည်ဆောက်ခဲ့ပါတယ် GNU ဆိုတာ GNU's Not Unix ပါတဲ့ အစတုံးက GNU ကို ဥးတည်ခဲ့တဲ့ GNU Project ဟာ နောက်ပိုင်း မှာ Open Source Software Projects တွေကိုဥးတည်သွားပါတယ်


၁၉၈၇ မှာ Andrew S. Tanenbaum က Minix ဆိုတဲ့ Unix-Based OS တစ်ခုကို ထပ်မံတီထွင်ခဲ့ပါတယ် သို့သော်လည်း ယင်း OS ဟာ 16 Bit Design မျှသာဖြစ်ပြီး Intel 386 ရဲ့ 32 Bit Design မှာ အလုပ်မလုပ်တဲ့ ပြဿနာတွေ့လာပါရော.... Unix ဟာ ကျောင်းသားတွေနဲ့ ကွန်ပျုတာပညာရှင်တွေအတွက် သာ အဆင်ပြေပြီး Appe ရဲ့ Mac ကလည်းဈေးကြီးနေတဲ့အတွက် သာမန် User များအသုံးပြုရန် OS တစ်ခု လိုအပ်လာပါတယ် ဒါကို Linux ရဲ့ ဖခင်ကြီး Linus Torvalds ကစတင်သတိပြုခဲ့မိပြီး ၁၉၉၁ မှာ Linux Kernal ဖြစ်လာမယ့် OS Project တစ်ခုကို စတင်ခဲ့ပါတယ် Linux ဆိုတာ သူ့နာမည် Linus နဲ့ Minix ကိုပေါင်းပြီး ပေးထားတာဖြစ်ပါတယ် ကျွန်တော်ဆိုအမြဲမှားပါတယ် Linux လို့ပြောချင်တာကို Linus ချည်းပဲ ရေးမိပါတယ် Linux kernal ကို Linus Kernal လို့ရေးမိလို့ကတော့ ရှော့တတ်ပြီပဲ :D Linux Torvalds ရဲ့ ဘယ်အခေါင်းကို Update လုပ်ရမလဲဆိုပြီး လိုက်ရှာရမယ့်ကိန်းပါ အစက Linux Torvalds ဟာ Freax လို့ နာမည်ပေးချင်တာဗျ Free & Freak ဆိုတာကို ယူပြီး unix နဲ့ပေါင်းချင်တာပေါ့ နောက်ကျမှ Linux လို့ပဲ နာမည်ပေးလိုက်တော့တာ Linux Torvalds ကတော့ Linux ကို သူအပျော်သဘောမျိုးနဲ့ပဲ ရေးခဲ့တာပါတဲ့ အပျင်းပြေပေါ့ဗျာ :-D သူရေးပြီးတော့ Minix ကိုရေးတဲ့ Andrew S. Tanenbaum ကိုသွားပြပါသတဲ့ ဟို Minix ရေးတဲ့လူက ပါမောက္ခ သူက ကွန်ပျုတာ တက္ကသိုလ်ကျောင်းသား ဘာပြောကောင်းမလဲ ဟိုပါမောက္ခကကောလွှတ်လိုက်တာပေါ့ Linux က ဘာေ..ာက်သုံးကျလို့လဲတဲ့ :-D Linux Torvalds ဟာ Kernal ပြီးတာနဲ့ Usenet မှာ တင်ပေးလိုက်ပါရော Usenet ဆိုတာ လွယ်လွယ်ပြောရရင် ဟိုတုံးက အင်တာနက်ပေါ့ဗျာ ခေတ်ဟောင်း Internet သူတင်ပေးလိုက်ပုံကိုလည်းကြည့်ဥး Linux ဟာ GNU လို Pro မဟုတ်ပဲ အပျော်သဘောရေးထားတဲ့ ၀ါသနာအရတည်ဆောက်ထားတဲ့ OS တစ်ခုသက်သက်ပါပဲတဲ့ Minix က Code တွေလုံးဝမပါပါဘူးတဲ့ Free ပေးမယ် Open Source တဲ့ အစပိုင်းမှာတော့ Linux ဟာ GPL License အောက်မှာ မနေပါဘူး စီးပွားရေးလုပ်ငန်းတွေအတွက် သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ပါတဲ့ License သီးသန့်တစ်ခုနဲ့ အလုပ်လုပ်ပါတယ် နောက်ပိုင်းမှ GNU GPL ထဲကိုရောက်သွားတာပါ ဒီလိုနဲ့ Linux ကို ဟိုတစ်ယောက်ကသုံး ဒီတစ်ယောက်သုံးနဲ့ ဟိုတစ်ယောက်ပြင် ဒီတစ်ယောက်ပြင် နဲ့ ပိုမိုကောင်းမွန်ပြည့်စုံသော OS တစ်ခုသို့ရောက်ရှိလာပါတယ်


နောက်ပိုင်း GUI တွေ ပါ ထည့်သွင်း Customize လုပ်ရင်းနဲ့ Linux မူကွဲ Linux Distributions တွေအများကြီး ပေါ်ထွက်လာပါတယ် ( GNU ဆိုတာ Graphical User Interface ပါ ကျွန်တော်လေးတန်းတံုး က ဆရာမသင်သလိုပြောရရင် ကွန်ပျုတာပုံလေးမှာ မြားတင် ကလစ်နှစ်ချက်နှိပ် :-D ဒီလိုပေါ့ ဒါကို GUI လို့ခေါ်ပါတယ် ) အဲ့ဒီလို Linux Distributions တွေ ဘယ်လောက်ထိများလိုက်လိုဆိုရင် ရာချီပြီးရှိတာကို http://distrowatch.com/ မှာသွားကြည့်နိုင်ပါတယ် တချို့ကတော့ အခမဲ့ပေးတယ် တချို့ကျလည်းသူတို့ပြင်ထားတာကို ရောင်းစားတယ် ရောင်းစားခွင့်လည်းပေးထားပါတယ် GPL အရ ကိုယ့်စိတ်ကြိုက်ပြင် ပြီးရင် ပြင်ထားတဲ့ဟာကို Developer အလကားပေးချင်တဲ့လူကိုပေး တကယ်လို့ Developer က အမြင်ကပ်တဲ့ကောင်ဆို ပိုက်ဆံနဲ့ရောင်းစားလို့လည်း ဘာမှမပြောပါ :D ကဲ ဒါဆို ဒီလောက် Linux Distributions တွေများတာ ဘာကို ဘယ်လိုရွေးချယ်မလဲ ??? ကျွန်တော်တို့တွေးရပါပြီ ဒီမှာ ကျွန်တော်တို့ အရင်ဆုံး သူများတွေပြောတဲ့ အကောင်းဆုံးဆိုတာကို စပြီးရွေးချယ်မှာပေါ့ မဟုတ်ဘူးလား Top Ten Linux Distributions ဆိုပြီးအရင်ရှာလိုက်ရင် ဆယ်ခုကျလာပါမယ် ဆယ်ခုဆိုရင်ရော...ရွေးချယ်နေရဥးမှာပဲ ဒီတော့ အကောင်းဆုံးဆိုတာကို ရှာရပြန်ရော The Best Linux Distributions ပေါ့ အဲ့ဒီ့မှာ Ubuntu ဆိုတာကိုတွေ့ပါပြီ ဟုတ်ပြီ Ubuntu ကျွန်တော်တို့ဆုံးဖြတ်လိုက်ပြီ ဒါ အရိုးရှင်းဆုံး ဆုံးဖြတ်လိုက်မှုပါ တကယ်သုံးဖို့ဆို ဒီ့ထက်ပိုကောင်းတဲ့ အကြောင်းအရာတွေအများကြီးရှိပါတယ် ဒါပေမယ့် Linux ဆိုတာကို လုံးဝထိတွေ့ဖူးခြင်းမရှိတဲ့ User အတွက်တော့ဒီလိုပဲရွေးချယ်မှာ ၁၀၀ ရာခိုင်နှုန်းပါ ဟုတ်ပြီ Ubuntu ဒါဆို Ubuntu ဘာလဲ သိဖို့လိုလာပါပြီ

What is Ubuntu????? တိုတိုနဲ့လိုရင်းပြောရင်တော့ နာမည်အကျော်ဆုံး လူကြိုက်အများဆံုး Top One Linux-Based Free & Open Source OS တစ်ခုဖြစ်ပါတယ် Destop တွေရော Server တွေမှာပါ အသုံးပြုနိုင်တယ် ယူဘန်တူး ဥးဘန်တူ လို့ဖတ်ကြတယ် ဂျပန်မှာတော့ ယူဘန်ချူးလို့ ဖတ်တယ်လို့ ကိုကိုရဲ တစ်ခါပြောဖူးတယ် သူ့မှာ ဘာထူးခြားချက်တွေပါလဲ သူ့သမိုင်းကြောင်းက ဘာလဲ ဘယ်လိုတွေရှိလဲ တစ်ချက်ပိုပြီး နက်နက်ရှိုင်း ရှိုင်း လိုက်လေ့လာလိုက်ကြရအောင်.. Meaning of Ubuntu Ubuntu ဆိုတာ တောင်အာဖရိက စကားအရ လူသားအချင်းချင်း ကူညီရိုင်းပင်းခြင်းပါ ဒါကို Loco Team တွေ Ubuntu သုံးစွဲသူတွေအကြားမှာ သိသိသာသာတွေ့နိုင်ပါတယ် နိုင်ငံတကာမှာ Loco Team တွေဖွဲ့စည်းပြီး ပညာတွေမျှဝေတယ် User အချင်းချင်းလည်း Ubuntu နဲ့ပတ်သတ်ရင် ကူညီရဖို့ဝန်မလေး အခကြေးငွေ အကျိုးအမြတ်ကို မငှဲ့တွက် လူသားဆန်မှု ကူညီရိုင်းပင်းမှုကို အလေးထားတဲ့ သဘောသက်ရောက်ပါတယ် History Of Ubuntu Ubuntu ဟာ Debian Project ရဲ့ကိုင်းခွဲတစ်ခုပါ Debian Project ဆိုတာ GNU Project ကထွက်တဲ့ Free & Open Source Software တွေပါဝင်တဲ့ Open Source OS Project ပါ အစကတော့ Destop တွေမှာ လွယ်လွယ်ကူကူအသုံးပြုနိုင်ဖို့ Linux-Based OS တစ်ခုထွက်ရှိဖို့ စွမ်းဆောင်ရင်း Ubuntu ပေါ်ထွက်လာပါတယ် ၂၀၀၄ ခုနှစ် အောက်တိုဘာမှ စတင် ထွက်ရှိခဲ့ပါတယ် Ubuntu ကို စပွန်ဆာပေးတဲ့ တောင်အာဖရိက သူဌေး Mark

Shuttleworth ပိုင်ဆိုင်သော UK က Canonical ကုမ္ပဏီဟာ ခြောက်လတစ်ကြိမ် Ubuntu ကို Version အသစ်ထွက်ရှိစေခဲ့ပါတယ် Ubuntu Version တိုင်းကို ထွက်ရှိတဲ့ခုနှစ် ( Dot ) ထွက်ရှိတဲ့ လ ကို အခြေပြုပြီး


Version No. သတ်မှတ်ပါတယ် ဥပမာ နောက်ဆုံးထွက် Ubuntu Version ဟာ 2012 April မှာထွက်ရှိခဲ့တဲ့အတွက် 12.04 လို့သတ်မှတ်ပြီး Version အဟောင်း 11.10 ဟာတော့ 2011 10 လပိုင်းမှာ ထွက်ရှိခဲ့ပါတယ် ပြီးမှာ နာမည်လိုက်ပါတယ် ဥပမာ 12.04 ဆို 12.04 Precise Pangolin ပေါ့ အောက်ကဟာတွေကတော့ Version အလိုက်နာမည်လေးတွေ အမှတ်တရစုပေးထားတာပါ Ubuntu 4.10 Warty Warthog Ubuntu 5.04 Hoary Hedgehog Ubuntu 5.10 Breezy Badger) Ubuntu 6.06 LTS Dapper Drake Ubuntu 6.10 Edgy Eft Ubuntu 7.04 Feisty Fawn Ubuntu 7.10 Gutsy Gibbon Ubuntu 8.04 LTS Hardy Heron Ubuntu 8.10 Intrepid Ibex Ubuntu 9.04 Jaunty Jackalope Ubuntu 9.10 Karmic Koala Ubuntu 10.04 LTS Lucid Lynx Ubuntu 10.10 Maverick Meerkat Ubuntu 11.04 Natty Narwhal Ubuntu 11.10 Oneiric Ocelot Types of Ubuntu ဟ Linux-Based Distributions အများကြီးထဲက Ubuntu ကိုရွေးပြီးပြီ Ubuntu မှာလည်းရွေးချယ်စရာတွေရှိသေးတာလားဟ လို့ မေးမယ်ထင်ပါတယ် ဟုတ်ပါတယ် မိမိသုံးစွဲမယ့် Destop Environment ပေါ်မူတည်ပြီး ရွေးချယ်နိုင်ပါသေးတယ် Destop Environment ဆိုတာ GUI User တွေအတွက် မိမိသုံးစွဲမယ့် Destop Style ပါ နည်းနည်းနားရှုပ်သွားမယ်ထင်ပါရဲ့ သိပ်ထွေထွေထူးထူးမဟုတ်ပါဘူး အောက်မှာ နာမည်ကျော် Destop Environment နှစ်ခုဖြစ်တဲ့ Gnome နဲ့ KDE Destop Environment တွေကိုကြည့်လိုက်ရင် ဘာကိုဆိုလိုချင်တယ် ဆိုတာ သိသာမှာပါ

Gnome KDE ပုံမှန် အခြားသော linux-based Distributions တွေမှာပါတဲ့ Destop Environment အပြင် Ubuntu ရဲ့ သီးသန့်သော Destop Environment ဖြစ်တဲ့ Unity ဆိုတာကိုပါ သုံးစွဲနိုင်ပါသေးတယ်


1.Ubuntu Ubuntu ဆိုတာ ပုံမှန် Default ပါတဲ့ Unity ( or ) Gnome Destop Environment ပေါ်မူတည်ပြီး အလုပ်လုပ်တဲ့ Type ပါ သူ့ရဲ့ Offical website ကတော့ http://www.ubuntu.com/ ပါ

2.Kbuntu သူကတော့ KDE Destop Environment ပေါ်မူတည်ပြီးအလုပ်လုပ်ပါတယ် သူကတော့Window နဲ့ပိုတူပါတယ် သူ့ရဲ့ Offical Website ကတော့ http://www.kubuntu.org/ ပါ သူ့ရဲ့ ပုံကိုတော့ အပေါ်မှာ Gnome နဲ့တွဲပြထားပါတယ် 3.Xbuntu

Xfce Destop Environment နဲ့အလုပ်လုပ်ပြီး

ပိုပေါ့တယ်လို့ပြောထားတာပါတယ် ဒါပေမယ့် ကျွန်တော့်အမြင်အရတော့ Destop အလှတရားမှာတော့ Ubuntu ထက်ပိုလှတယ်လို့မထင်မိပါဘူး Learn More at : http://xubuntu.org/


4.Edubuntu သူကတော့ ပညာရေးအတွက် အထူးပြုထုတ်လုပ်ထားတဲ့ Ubuntu based Type တစ်ခုဖြစ်ပါတယ် Learn More at http://edubuntu.org/ ;-)

5.Lubuntu သူကတော့ လူသိအလွန်နည်းပြီး lxde Destop Environment ပေါ်အခြေခံပြီး ထွက်ရှိထားတဲ့ Type တစ်ခုဖြစ်ပါတယ် Learn More at http://lubuntu.net/


ကဲ ဒီလောက်ဆို Ubuntu ဆိုတာ ဘာ Linux ဆိုတာဘာ တော်တော်ကြီးရိပ်မိလောက်ပါပြီ ဒါပေမယ့် အရေးကြီးဆုံး တစ်ခုကျန်ခဲ့ပါတယ် ကျွန်တော်တို့ ဘာလို့ Ubuntu ကိုသုံးစွဲသင့်လဲဆိုတာပဲ ကျွန်တော်ကိုယ်တွေ့အရတော့ Ubuntu ကို သုံးစွဲမိတဲ့အကြောင်းအရင်းများရဲ့ပထမဆုံးအကြောင်းရင်းကတော့ Community ပဲဗျ.။Ubuntu Loco Team က ကျွန်တော့်ရဲ့ Ubuntu နဲ့ပတ်သတ်တဲ့ ပြဿနာမှန်သမျှကို ဖြေရှုင်းပေးနိုင်တယ်.။တစ်ခုခုမေးတာနဲ့ အဖြေတစ်ခုတန်းထွက်လာတယ်.။ကျွန်တော်တစ်ယောက်တည်း Ubuntu ကြီးနဲ့ချပေးရင် တော်တော်လည်ထွက်သွားမယ်.။Google မှာရှာဖို့တောင် အသုံးအနှုန်း တွေမသိတဲ့ဘ၀.ဒါကြောင့် Ubuntu စသုံးဖို့စိတ်ကူးတာနဲ့ Ubuntu Loco Team နဲ့ချိတ်သင့်တယ် Facebook မှာလည်း Group ရှိတာပဲ..တကူးတကကြီးမဟုတ်ဘဲ Facebook ကမြင်းရင်းနဲ့ မေးလို့ရပါတယ်.။ ဒုတိယအချက်ကတော့ Wubi ဗျ.။ Wubi ဆိုတာ Window Ubuntu Binary လို့ခေါ်တဲ့ Window မှာ Dual Boot တက်ပေးနိုင်တယ် ဆော့ဖ်ဝဲတစ်ခုပါ.။ Ubuntu ကို Dual Boot တင်ချင်ရင် Partation ပိုင်းရပါတယ် တကယ်လို့ Partation အပိုင်းမတက်တာနဲ့ Window ကိုပါ ထိသွားပြီး မတော်ရင် တခြား Partation တွေပါကိန်နိုင်တဲ့အပြင် Data တွေပါ ပလုံသွားနိုင်ပါတယ်. ဒီ Wubi မှာတော့ one Click Install ပဲ..။Ubuntu ကို ဘယ်လောက် GB ပေးမယ် Username – Password ပေးမယ် ပြီးရင် Install ဆိုတာနဲ့ ပြီးပြီ.။Restart လုပ်ခိုင်းပြီး သုံးလို့ရပြီ.။ C ထဲမှာ ထည့်မလား D ထဲမှာထည့်မလား ကြိုက်တဲ့ Partition ထဲမှာထည့်ရုံပဲ မသုံးချင်တော့လို့ဖြုတ်ချင်ရင်လည်းမခက်ပါဘူး.။ Uninstall ဆိုတာနဲ့ပြုတ်သွားပြီ ဘယ်လောက်မိုက်လဲ.။ တတိယအချက်ကတော့ Internet ပဲဗျ.ကျွန်တော် Ubuntu ကိုစသုံးတုံးက မန်းကို Special DVD မရောက်သေးဘူး.။ Special DVD ဆိုတာ ဘာမှထပ်ထည့်စရာမလိုတဲ့ DVD . သဘောကတော့ မြန်မာဖောင့်ထပ်ထည့်ရင်မလို ဆော့ဖ်ဝဲတွေအသင့်ပါပြီးသား ဒီသဘောပေါ့.။ကျွန်တော်တုးံ က မရှိသေးတော့ ဆော့ဖ်ဝဲက အစ ကိုယ့်ဟာကို Download လုပ်ရတော့ အင်တာနက်ရှိမှဖြစ်မှာကိုး တကယ်လို့ Special DVD လိုချင်ရင် မန်းမှာဆို ကျွန်တော့်အကောင့်ကို မေးလ်ပို့ပြီးတောင်းပါ ရန်ကုန်မှာဆိုရင်တော့ Ubuntu Loco Team Facebook Page မှာတောင်းနိုင်ပါတယ်.။ တခြားမြို့တွေကဆိုရင် အဲ့ဒီ့က အကိုတွေအတွက် အလုပ်ရှုပ်နိုင်ပါတယ် ဒီအတွက် ကျွန်တော့်ကိုပဲတောင်းကြည့်ပါ နီးရင် ကားရှိရင် ပို့ပေးနိုင်ပါတယ် မေးလ်ပို့ရင်တော့ ကျေးဇူးပြုပြီး လက်ခံမယ့်သူနာမည် ဖုန်းနံပတ်ကလေးတွေ တစ်ချက်ထည့်ပေးလိုက်ပါ စတ္ထုထအချက်ကတော့ Security ပိုင်းပဲ.။ကိုယ်က ဒီလောကထဲကဆိုတော့ ဒီလောကထဲကအရာတွေကိုကြောက်တယ်ဗျ ဗိုင်းရပ်စ်ဆိုတာကို သိပ်မကြောက်လှဘူး ဗိုင်းရပ်စ်ထိပြီးလား ထိတာနဲ့ OS ကြီးဖြုတ်ချပြီးသားပဲ.။ Trojen ကျ အဲ့လိုမဟုတ်ဖူးဗျ ကိုယ့်အချက်အလက်အကုန်ပါသွားမှာ :O ဒါတော့ကြောက်တယ် Anti-Virus တွေရှိသားပဲလို့ပြောရင် တကယ်တော်တဲ့ ဟက်ကာတစ်ယောက်အတွက် AntiVirus ဆိုတာ ငပေါပဲ ရယ်တောင်ရယ်တာပေါ့.။ ကျွန်တော်လို ငချွတ်တောင် ကျော်ပြထားတာ ဟိုတစ်နေ့က ဆောင်းပါးမှာတင်ထားသားပဲ.။ ပြီးတော့ တကယ်ကောင်းတဲ့Trojen တစ်ကောင်ဆိုရင် FUD ဖြစ်တဲ့အပြင် သူရောက်ရှိနေတဲ့ System တစ်ခုထဲမှာ အများကြီးပွားထားပြီးသား.တစ်ခုအဖျက်ခံရလည်း နောက်ပွားထားတဲ့နေရာကဆက်ပြီး အသစ်အသစ်တွေထပ်ပွားတယ် ကဲ OS ကြီးကို ဖြုတ်ချပစ်မလား ဖြုတ်ချလဲ Back


Up လုပ်ဖို့ Removal Device ထည့်တာနဲ့ Removal Device ထဲပါ ရောက်ပြီးသား တကယ် ကိန် တယ် ဒီ Ubuntu မှာတော့ ဒီလိုမဟုတ်ဘူး OS တည်ဆောက်ပုံက WIndow နဲ့ကွာခြားစွာပဲ Registery တွေမပါဘူး .exe မ Run နိုင်ဘူး Window C: D: E: ဆိုတာကြီးတွေမရှိဘူး Home , Document တွေပဲရှိတယ် ext4 ပဲရှိတယ် ဒီတော့ ထရိုဂျန်ဝင်လည်းရယ်တာပေါ့ ဒါပေမယ့် Linux အတွက်သီးသန့်ထုတ်ထားတဲ့ Malware တွေရှိတယ်ဗျ တော်တော် ကို တော်တော် လေးနည်းပါတယ် ဒါတော့…။ တကယ်လို့ User က .exe ဖိုင်တွေ Run ချင်လို့ WIne ဆိုတဲ့ Application ထည့်ထားတောင်မှ FIle System တွေမတူညီတဲ့အချက်ကြောင့် Trojen တွေအလုပ်လုပ်မလုပ်ပါဘူး :-P ပဉ္စမအချက်ကတော့ Ubuntu can pay what I want ဆိုတာလေးပဲဗျ.။ Ubuntu ကို ဘယ်သူတွေက ဘယ်လောက်ပဲကောင်းတယ်ပြောပြော အလကားရတယ်ပဲပြောပြော ကျွန်တော့်အတွက် အသုံးမ၀င်ရင် မသံုး ပါဘူး တခြား User တွေလည်း ဒီလိုပဲနေမှာပါ.။ သုံးမယ့်သူက ဘယ်သူလဲ ? Designer လား Developer လား အဲ့ဒီ့ နယ်ပယ်အပေါ်မှာ Ubuntu က ဘာတွေထောက်ပံ့ပေးနိုင်သလဲ? ဥပမာဗျာ ကျွန်တော်ဆိုရင် Hacking &S ecurity သမား ကျွန်တော့်အတွက် နောက်ပိုင်း L inux က သိမှဖြစ်မယ် ဒီအတွက် ကျွန်တော့်ကို Ubuntu က ထောက်ပံ့ပေးနိုင်တယ်ပြီးတော့ ကျွန်တော်ကတစ်ခုခုကို ကလိရတာအရမ်းကြိုက်တယ်.။ Ubuntu က ကျွန်တော်လိုလူမျိုးအတွက် အဆင်ပြေတယ် ဒါလေးပါပဲ နောက်တစ်ခုက U buntu ရဲ့ Software Centre ဆိုတဲ့အရာပဲဗျ..Ubuntu မှာ Software Centre ဆိုတာပါတယ် အဲ့ဒီ့ Search မှာ လိုချင်တာကိုရိုက်ရှာလိုက် တွေ့ရင် Install ဆိုတာနဲ့ရပြီ စဉ်းစားကြည့်ဗျ Window မှာလို Crack ဖိုင်လေးရှာပါဥး ဘာညာဆိုတာတွေပြဿနာမတက်ဘူး Hardware Compability အရလည်း Ubuntu ဟာ စိတ်ကျေနပ်စရာအလွန်ကောင်းတယ်ဗျ Driver လိုတယ်ဆိုတာ တော်တော့်ကိုရှားတယ် Graphic လောက် Bluetooth လောက်ပဲ ဘယ်လောက်မိုက်လဲ Printer လိုဟာမျိုးဆို USB တပ် တန်းသုံးရုံပဲ နောက်ဆုံးအချက်က Ubuntu ရဲ့ Design ဟာ စွဲမက်စရာ ၁၀၀ % ဖြစ်တယ် ၀င်းဒိုးနဲ့ယှဉ်ရင် အလွန်ကွာခြားတယ် ဒီလို လှလှပပ သံုး နေရတာကိုက ကျွန်တော့်အတွက် Feel ပဲ ဒါဆို ဒီလောက်မိုက်တဲ့ Ubuntu ကို ဘာလို့မသုံးကြလဲ? 1.Ubuntu နဲ့ Linux ဟာ Genius တွေပဲသုံးနိုင်တယ်လို့လူတွေထင်နေကြလို့ပါ အရင်က ဟုတ်ချင်ဟုတ်ခဲ့မယ် အခုတော့ Ubuntu ဟာ သာမန် User တွေသုံးဖို့ အဆင်ပြေဆုံးနေရာတစ်ခုကိုရောက်ရှိနေပါပြီ။ 2.Free ဖြစ်လို့ တချို့လူတွေကပိုက်ဆံပေးရမှ သုံးချင်တာဗျ အလကားဆိုသိပ်အထင်မကြီးကြဘူး 3.Ubuntu ဘယ်လောက်ကောင်းတယ်ဆိုတာ သူတို့မသိလို့.။ မွေးကတည်းက လူတွေဟာ ၀င်းဒိုးပဲမြင်လာတယ် ဒီတော့ ၀င်းဒိုးပဲကောင်းတယ် Ubuntu မကောင်းဘူး Ubuntu ISO ကြီးပဲသွင်းပြီး ဘာမှလုပ်လို့မရဘူးအော်နေတယ် ဒီလိုဆို စဉ်းစားကြည့် Window လည်း ISO ကြီးပဲသွင်း ဘာလုပ်လို့ရမှာလဲ (တောက် ဒီကီးဘုတ်တော့ ရိုက်ခွဲခံရတော့မယ် တင်းလာပြီ) 4.ပြီးတော့ လူတွေက WIndow မှာသုံးတဲ့ Application အတိုင်း Ubuntu မှာသုံးချင်ကြတယ်။ ဥပမာ Photo


Editing ဆို Photoshop ကို Ubuntu မှာလာသံုး ချင်တယ် အဲ့လိုတော့မဖြစ်ဘူး ဒါပေမယ့် Photoshop လို စွမ်းဆောင်နိုင်တဲ့ Gimp တော့ရှိတယ် ဒီလို Window Software တွေလို စွမ်းဆောင်နိုင်တဲ့ ဆော့ဖ်ဝဲတွေရှိပါတယ် သုံးရတာလည်းအရမ်းမကွာလှပါဘူး ကဲ ဒါဆို ခင်ဗျားရော ဘာလို့ Ubuntu မသုံးမလဲ?


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.