Kno kna (burma) & a o pomdan ho

Page 1

♦ KNO/KNA (Burma) ၏ နိင်ုငေံ ရး ဦးတည်ချက် ♦ ♦ အပိုဒ်ပေါင်း (၃၀)ပါဝင်သော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပါအဝင်၊ ကမ္ဘာ့ကုလ သမဂ္ဂနှင့် နိုင်ငံတကာတို့မှ သတ်မှတ်ထားသော လူ့အခွင့်အရေး စံနှုန်းများနှင့်အညီ လူသားများ၏ မွေးရာပါ လူ့အခွင့်အရေးများကို ကူကီးပြည်သူများ တစ်ဦးချင်းစီအနေဖြင့် အပြည့်အဝ ရရှိရေး။ ♦ ကူကီးလူမျိုးများ ဘိုးဘွားစဉ်ဆက် ပိုင်ဆိုင်လာခဲ့ကြသော နယ်မြေဒေသများအား စုစည်း၍ ကိုယ်ပိုင်ပြဌါန်း ခွင့်အပြည့်အဝရှိသော ကူကီးအမျိုးသားပြည်နယ်ကို ဖွဲ့စည်းတည်ထောင်ရေး။ ♦ ပြည်သူလူထုတရပ်လုံး၏ အဓိကဘုံရန်သူဖြစ်သော စစ်အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ချေမှုန်းပစ် ရေး။

♦ ကူကီးလူမျိုးများအပါအဝင် လူမျိုးစုအသီးသီးတို့၏ ဘဝလုံခြုံမှုကို အာမခံနိုင်မည့် ဒီမိုကရေစီစနစ်ကို ကျင့် သုံးသည့်၊ လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား တန်းတူညီမျှမှုရှိသော စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စုနိုင် ငံတော်အား ဖွဲ့စည်းတည်ထောင်ရေး။

♦ ခါတော်မီစစ်ဆင်ရေး (၁၉၆၇) တွင် မတရားပြည်နှင်ခြင်းခံခဲ့ရသော ကူကီးပြည်သူများနှင့် သားစဉ်မြေဆက် များအားလုံးကို အလိုအလျှောက် နိုင်ငံသားအဖြစ် ပြန်လည်ခံယူပိုင်ခွင့် ရရှိရေး။

♦ KNO/KNA (Burma) ၏ အမျိုးသားရေး ဦးတည်ချက် ♦ ♦ လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော ကူကီးလူမျိုးတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်တို့ကို မြင့်တင် ရေး။ ♦ ကူကီးလူမျိုးတို့၏ စာပေ၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးတမ်းအစဉ်အလာများနှင့် အမျိုးသား ရေးလက္ခဏာများကို မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး။ ♦ ကူကီးလူမျိုးတို့၏ စည်းလုံးညီညွတ်ရေးနှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး။ ♦ ကူကီးလူမျိုးတို့၏ ကျန်းမာရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ စီးပွားရေးကဏ္ဍများနှင့် လူနေမှုစနစ် ဖွံ့ဖြိုးတိုးတက် ရေး။


♦ KNO/KNA (Burma) ၏ သစ္စာအဓိဌာန် ♦

♦ ကျန်ုပ်တို့သည်ခေတ်အဆက်ဆက် ကူကီးပြည်သူများအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်ခဲ့ကြသော အာဇာ နည်များအပေါ် သစ္စာရှိပါမည်။ ♦ ကျန်ုပ်တို့သည် ကူကီးပြည်သူများ အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရန်အတွက် သစ္စာရှိရှိဆောင်ရွက်ပါမည်။ ♦ ကျန်ုပ်တို့သည် အမျိုးသားရေးအတွက် လိုအပ်သော တာဝန်ဝတ္တရားများကို ကျေပြွန်စွာ ထမ်းဆောင်ရန် သစ္စာပြုပါသည်။

♦ ကျန်ုပ်တို့သည် စစ်မှန်သော ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော် တည်ဆောက်ရာတွင် ကူကီးအမျိုးသား များ၏ လိုအပ်ချက်များကို ဖြည့်စွမ်းနိုင်သည်အထိ ဆက်လက်တကိုပွဲဝင်ရန် သစ္စာပြုပါသည်။

♦ ကျန်ုပ်တို့သည် မြန်မာနိုင်ငံရှိလူမျိုးများ တန်းတူညီမျှမှုရှိသည်အထိ အသက်ပေး၍ ကာကွယ်စောင့်ရှောက် ကာ တိုက်ပွဲဝင်ရန် သစ္စာပြုပါသည်။

♦ KNO/KNA (Burma) ၏ နိငု င်ေံ ရး၊ အမျိုးသားရေး ယြုံ ကည်ချက် ♦ ♦ KNO/KNA (Burma) သည် မြန်မာနိုင်ငံတွင် စစ်မှန်ပြီး လူမျိုးပေါင်းစုံ လက္ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေ စီနိုင်ငံတော် မတည်ဆောက်နိုင်သေးသမျှ ပြည်တွင်းငြိမ်းချမ်းရေး၊ လူနည်းစုတို့၏ အခွင့်အရေးတို့နှင့် နိုင်ငံ ရေးရပိုင်ခွင့်များအပေါ် အာမခံချက်မရှိကြောင်း ယုံကြည်သည်။

♦ KNO/KNA (Burma) သည် စစ်အာဏာရှင်စနစ် သို့မဟုတ် လူမျိုးကြီးဝါဒအား အမြစ်ပါမကျန်အောင် သုတ်သင် ဖယ်ရှားနိုင်မှသာ စစ်မှန်ပြီး လူမျိုးပေါင်းစုံလက္ခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အား တည်ဆောက်နိုင်မည် ဖြစ်ကြောင်း ယုံကြည်သည်။ ♦ လူသားအားလုံး၏ မွေးရာပါအခွင့်အရေးဖြစ်သော အခြေခံလူ့အခွင့်အရေးများရရှိနိုင်ရန်အတွက် ၎င်းကို အ ဟန့်အတားပြုသော စစ်အာဏာရှင်စနစ် သို့မဟုတ် လူမျိုးကြီးဝါဒအား အမြစ်ပါမကျန်အောင် တိုက်ဖျက်

ရမည်၊ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် သို့မဟုတ် လူမျိုးကြီးဝါဒ အုပ်ချုပ်မင်းမူနေသမျှကာလပတ်လုံး ပြည်တွင်းငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်မည် မဟုတ်သည့်အပြင် ထိုအကျိုးဆက်ကြောင့် ပြည်သူများဆင်းရဲ တွင်းမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ကြောင်း KNO/KNA (Burma) အနေဖြင့် ယုံကြည်သည်။

♦ KNO/KNA (Burma) အနေဖြင့် မြန်မာနိုင်ငံ၏ ပြဿနာသည် ဒီမိုကရေစီအရေး သက်သက်မဟုတ်ဘဲ


လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်သော လူမျိုးစုများ၏ ရပိုင်ခွင့်အား ဒီမိုကရေစီအရေးနှင့် တပြိုင်တည်း ဆောင်ရွက်ရမည်ဟု ယုံကြည်သည်။

♦ KNO/KNA (Burma) အနေဖြင့် မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီအစိုးရတစ်ရပ် ပေါ်ပေါက်မှသာ ကူကီးလူမျိုးများ ကဲ့သို့သော လူနည်းစုတိုင်ရးသားများ၏ ဘဝလုံခြုံမှုနှင့် အမျိုးသားရေးရပိုင်ခွင့်များကို အာမ ခံချက်ပေးနိုင်မည်ဟု အခိုင်အမာ ယုံကြည်သည်။ ♦ KNO/KNA (Burma) အနေဖြင့် နိုင်ငံရေးပြဿနာများကို တွေ့ဆုံဆွေးနွေးခြင်းဖြင့် ငြိမ်းချမ်းစွာ အဖြေရှာမှ သာ ပြေလည်စေနိုင်မည်ဖြစ်ကြောင်း ယုံကြည်သည်။ ♦ KNO/KNA (Burma) အနေဖြင့် အာဏာရှင်စနစ်ဆိုး သို့မဟုတ် လူမျိုးကြီးဝါဒ ယနေ့အထိ ရှင်သန်အမြစ် တွယ်နေသေးခြင်းမှာ တိုင်းရင်းသားလူမျိုးစုအသီးသီး (ဗမာအပါအဝင်) တို့အကြား အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန် လေးစားအသိအမှတ်ပြုမှုများနှင့် အပြန်အလှန်နားလည်မှုများ၊ စစ်မှန်သော စည်းလုံးညီညွတ်မှု နည်းပါးနေသေး သောကြောင့်ပင်ဖြစ်ပြီး၊ အကယ်၍ ပြည်သူလထူုတရပ်လုံး ပူးပေါင်းတိုက်ပွဲဝင်မည်ဆိုပါက အချိန်တိုတိုအတွင်း အောင်ပွဲဆင်နိုင်မည်ဟု ယုံကြည်သည်။

♦ KNO/KNA (Burma) အနေဖြင့် ဗမာအပါအဝင် တိုင်းရင်းသားလူမျိုးစုအသီးသီးတို့သည် မိမိတို့၏ နိုင်ငံရေး ဦးတည်ချက်များနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးနိုင်မည့် ပင်လုံညီလာခံကဲ့သို့သော ညီလာခံတရပ်ကို

ကျင်းပကာ အချင်းချင်းအကြား လူမျိုးစုအသီးသီးတို့၏ ဘဝလြုံ ခူံမှုများအပေါ် အာမခံချက်ရရှိစေမည့် သ ဘောတူညီမှုများ ရယူနိုင်မှသာ တော်လှန်သူများအကြား စစ်မှန်သော စည်းလုံးညီညွတ်မှုကို ပေါ်ပေါက်စေပြီး

ထိုညီညွတ်မှုသည်ပင် အာဏာရှင်စနစ်ဆိုးအား အမြစ်ပြတ်ပယ်ရှားစေနိုင်မည်ဟု အလေးအနက် ယုံကြည် သည်။

♦ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသော တိုင်းရင်းသားလူမျိုးစုများ၏ ပြည်နယ်ထူထောင်ခွင့် အခွင့်အ ရေးသည် လွတ်လပ်ရေးနှင့်အတူ သန္ဓေတည်သော ဌာနေတိုင်းရင်းသားလူမျိုးစု အသီးသီးတို့၏ မဖြစ်မနေရ

ရှိရမည့် မွေးရာပါအခွင့်အရေးတရပ်ပင် ဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ယုံကြည် သည်။

♦ စစ်မှန်သော ဒီမိုကရေစီနှင့် တန်းတူညီမျှမှုရှိသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်အား ဖွဲ့စည်းတည်

ထောင်နိုင်ရန်အတွက် တိုင်ရင်းသားလူမျိုးများ ဆင်နွဲနေသော တော်လှန်ရေးသည် ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသည့် တိုင်ရင်းသားလူမျိုးစုများ၏ ပြည်နယ်ထူထောင်ခွင့်ရရှိရေးကိုပါ လုံးဝအာမခံသည့် တော် လှန်ရေးဖြစ်ရမည်ဟု KNO/ KNA (Burma) အနေဖြင့် အခိုင်အမာ ယုံကြည်လက်ခံသည်။

♦ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသည့် တိုင်ရင်းသားလူမျိုးစုများ၏ ပြည်နယ်ထူထောင်ခွင့်ရရှိရေးသည် တန်းတူညီမျှမှုအတွက် မရှိမဖြစ်လိုအပ်သည်ဟု KNO/KNA(Burma) အနေဖြင့် အခိုင်အမာ ယုံကြည်သည်။

♦ (၈) ပြည်နယ် (၈) လူမျိုးများ၏ တန်းတူရေးကိုသာ အခြေခံပြီးတည်ဆောက်မည့် ပြည်ထောင်စု ပုံသဏ္ဌာန်

မျိုးသည် ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသော တိုင်ရင်းသားလူမျိုးစုများ၏ ရည်မှန်းထားသည့် ပြည် ထောင်စုပုံသဏ္ဌာန်မျိုးနှင့် လုံးဝ ဆန့်ကျင်ကွဲလွဲနေပြီး၊ ထိုပြည်ထောင်စုပုံသဏ္ဌာန်မျိုးသည် စစ်မှန်သည့် ပြည်


ထောင်စု မဟုတ်သကဲ့သို့ အမှန်တရား၊ တရားမျှတမှုနှင့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်လိမ့်မည် မဟုတ်ဟု KNO/KNA(Burma) အ နေဖြင့် အခိုင်အမာ ယုံကြည်သည်။

♦ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသည့် တိုင်ရင်းသားလူမျိုးစုများ၏ ပြည်နယ်ထူထောင်ခွင့်ကို လျစ်လျူ ရှုထားခြင်းသည် လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား လူမျိုးရေး နိုင်ငံရေးအရ တန်းတူညီမျှမှု မရှိခြင်းပင် ဖြစ် သည်။ ပြည်ထောင်စုကြီးအတွင်း တန်းတူညီမျှမှု မရှိခြင်းသည် လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေးပြဿနာ များနှင့်အတူ

မပြီးဆုံးနိုင်သော

ပြည်တွင်းစစ်ကြီးကိုသာ

(Burma) အနေဖြင့် အခိုင်အမာ ယုံကြည်သည်။

ဆက်လက်ဖြစ်ပွားစေလိမ့်မည်ဟု

KNO/KNA

♦ (၈) ပြည်နယ်ကိုသာ အခြေခံပြီးတည်ဆောက်မည့် ပြည်ထောင်စုပုံသဏ္ဌာန်မျိုးသည် လူများစုဗမာလူမျိုး များနှင့် ပြည်နယ်ထူထောင်ခွင့်ရရှိပြီးဖြစ်သည့် လူမျိုး (၇) မျိုးအကြား တန်းတူရေးအတွက်ကိုသာ ဦးတည်

ရည်ရွယ်ခြင်းဖြစ်၍ ပြည်နယ်ထူထောင်ခွင့်မရရှိကြသေးသည့် တိုင်ရင်းသားလူမျိုးစုများအပေါ် လူမျိုးကြီးဝါဒ ကို ဆက်လက်၍ ကျင့်သုံးလိုခြင်းသာ ဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ယူဆသည်။ ♦ ပြည်နယ်အရေအတွက် တိုးများလာခြင်းသည် ပြဿနာမဟုတ်၊ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးအကြား၊ ပြည်နယ်

တစ်ပြည်နယ်နှင့် တစ်ပြည်နယ်အကြား လူမျိုးရေးအရ၊ နိုင်ငံရေးအရတန်းတူညီမျှမှု မရှိခြင်းသည်သာလျှင် အဓိက ပြဿနာကြီးတရပ်သာ ဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ယုံကြည်သည်။ ♦ လူဦးရေများခြင်း နည်းခြင်း၊ နယ်မြေဒေသကြီးခြင်း ငယ်ခြင်း၊ အင်အားကြီးခြင်း နည်းခြင်းတို့ကို အခြေမခံ ဘဲ တိုင်ရင်းသားလူမျိုးစုတိုင်း လူမျိုးတစ်မျိုးနှင့် တစ်မျိုးအကြား လူမျိုးရေး၊ နိုင်ငံရေးအရ တန်းတူညီမျှမှုရှိ

သော ဖက်ဒရယ်ပြည်ထောင်စုပုံသဏ္ဌာန်မျိုးသည်သာလျှင် စစ်မှန်သည့်ပြည်ထောင်စုဖြစ်ပြီး အမှန်တရား၊ တ

ရားမျှတမှုနှင့် ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်လိမ့်မည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အ မာ ယုံကြည်သည်။ ♦ ပြည်နယ်ထူထောင်ခွင့် မရရှိကြသေးသော တိုင်းရင်းသားလူမျိုးများအနေဖြင့် ပြည်နယ်ထူထောင်ခွင့် ရရှိ နိုင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေးအရ လက်တွဲလုပ်ကိုင်ရန် လိုအပ်သည်။ ထိုကဲ့သို့ လက်တွဲလုပ် ကိုင်နိုင်ရန်

အတွက် မဟာမိတ်တပ်ပေါင်းစုကြီးတရပ်အား ဖွဲ့စည်းကာ လှုပ်ရှားသင့်သည်ဟု KNO/KNA (Burma) အနေ ဖြင့် ယုံကြည်သည်။

♦ ကူကီးအမျိုးသားတော်လှန်ရေးသည် အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးနှင့် ကူကီးပြည်သူများအနေဖြင့် မတရားသဖြင့် အလုခံရသော ဘိုးဘွားပိုင်နယ်မြေများကို မိမိတို့လက်ဝယ် ပြန်လည်ရောက်ရှိရန်အတွက် တော်လှန်တိုက်ခိုက်သည့်

တရားသော စစ်ပွဲဖြစ်၍ ထိုတရားသောစစ်ပွဲကို ဆင်နွဲနေသော ကူကီးတော်လှန်

ရေးသည်လည်း မုချ အောင်မြင်မည်ဟု KNO/KNA (Burma) အနေဖြင့် အကြွင်းမဲ့ ယုံကြည်သည်။

♦ ကူကီးအမျိုးသားတော်လှန်ရေးဆင်နွဲရာတွင် ရန်သူ၏အားသာချက်ဖြစ်သော လက်နက်အင်အား၊ လူအင်


အား မည်မျှပင်ရှိစေကာမူ ကူကီးအမျိုးသားထုအကြားတွင် ခိုင်မာသော သွေးစည်းညီညွတ်မှုကို တည်

ဆောက်နိုင်ခြင်းအားဖြင့် ကူကီးအမျိုးသားတော်လှန်ရေးသည် မလွဲမသွေ အနိုင်ယူအောင်ပွဲခံမည်ဟု KNO/ KNA (Burma) အနေဖြင့် အကြွင်းမဲ့ယုံ ကြည်သည်။ ♦ တော်လှန်ရေးသမားများသာမကဘဲ ကူကီးပြည်သူတရပ်လုံးအကြား အမျိုးသားရေး၊ နိုင်ငံရေး အသိတရား များပေါက်ဖွားလာပြီး ဝံသာနုရက္ခိတတရားများ နိုးကြားရှင်သန်နိုင်မှသာ ကူကီးအမျိုးသားတော်လှန်ရေးသည်

အောင်မြင်ပြီး၊ ထိုတော်လှန်ရေး၏ အသီးအပွင့်ကို ကူကီးပြည်သူများမှ ဝေဆာစွာ ခံစားနိုင်ကြမည်ဟု KNO/ KNA (Burma) အနေဖြင့် အကြွင်းမဲ့ ယုံကြည်သည်။ ♦ မျိုးနွယ်စုစွဲ၊ ဂိုဏ်ဂဏစွဲ၊ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းကာ ထင်ပေါ်ကျော်ကြားလိုသော သူရဲကောင်းဝါဒကို မ ကျင့်သုံးဘဲ၊

ဤကူကီးအမျိုးသားတော်လှန်ရေးတွင်

ကူကီးတမျိုးသားလုံး

ပူးပေါင်းပါဝင်တိုက်ပွဲဝင်မှသာ

အောင်ပွဲဆင်နွဲနိုင်မည်ဟု ယုံကြည်သည်နှင့်အမျှ ပြည်သူလူထုကို စိတ်ဓာတ်မြှင့်တင်ရင်း တမျိုးသားလုံး တော်လှန်ပြီး တမျိုးသားလုံး အောင်ပွဲခံမည့် တော်လှန်ရေးလမ်းစဉ်ကိုသာ ခိုင်မြဲစွာဆုပ်ကိုင်မှသာ အောင်ပွဲ ဆင်နွဲနိုင်မည်ဟု KNO/KNA (Burma) အနေဖြင့် ယုံကြည်သည်။ ♦

♦ KNO/KNA (Burma) ၏ ဒီမကို ရေစီနငှ့် အမျိုးသားတော်လနှေ် ရး အပေါ်ခံယချူက် ♦ ♦ အနာဂတ်ကာလတွင် ကူကီးလူမျိုးများသည် အခြားလူမျိုးများနည်းတူ လူမျိုးတမျိုး၏ ရပိုင်ခွင့် အပြည့်အဝ ရရှိနိုင်ရေးသည် မျက်မှောက်ခေတ်လူငယ်များ၏ စည်းလုံးညီညွတ်သော ကြိုးစားအားထုတ်မှုအပေါ်တွင် လုံးဝမူတည်သည် ဟု KNO/KNA(Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။

♦ ကူကီးပြည်သူများ၏ အနာဂတ်အတွက် ဆိုးကျိုးကောင်းကျိုးများကို ဖန်တီးရာတွင် မျက်မှောက်ခေတ်ရှိ ကူ

ကီးပြည်သူများ၏ စွန့်လွှတ်ပေးဆပ်သော လုပ်ရပ်အပေါ်တွင်သာ မူတည်သည်ဟု KNO/KNA (Burma) အ နေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။ ♦ ကူကီးဘိုးဘွားပိုင်နယ်မြေများအား မတရားလုယူခြင်း ခံခဲ့ရယုံမျှမက ပိုင်ရှင်ကူကီးပြည်သူများကိုပင် မတ ရားနှိပ်စက်ကျွန်ပြုခဲ့သော ကိုလိုနီစနစ်နှင့် စစ်အာဏာရှင်စနစ်အမွေဆိုးတို့ကြောင့် ယနေ့ကူကီးလူမျိုးများ သည် ဘက်ပေါင်း စုံ၌ နိမ့်ကျနေခြင်းဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် စွဲမြဲစွာ ခံယူသည်။

♦ လူမျိုးတစ်မျိုး၏ ဂုဏ်အင်္ဂါရပ်များနှင့် ပြည့်စုံသော ကူကီးလူမျိုးတို့၏ အမျိုးသားရပိုင်ခွင့်သည် ကူကီးလူမျိုး

တိုင်း၏ သမိုင်းပေးတာဝန်ဖြစ်ပြီး၊ ထိုအမျိုးသားရပိုင်ခွင့်များကို ဆုံးရှုံးနေမည့်အစား အသေခံတိုက်ပွဲဝင်ခြင်း သည်သာလျှင် မြင့်မြတ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။ ♦ မတရားသိမ်းပိုက်ခြင်းခံရသော ကူကီးလူမျိုးတို့၏ ဘိုးဘွားပိုင်နယ်မြေများအား မူလပိုင်ရှင်ကူကီးပြည်သူ များလက်ဝယ် ပြန်လည်ရောက်ရှိနိုင်ရန်အတွက် ဆင်နွဲနေသော ကူကီးအမျိုးသားတော်လှန်ရေးသည် အမွန်


မြတ်ဆုံးတရားသော တော်လှန်ရေးဖြစ်ပြီး ဤတော်လှန်ရေးအောင်မြင်ရေးသည် ကူကီးတမျိုးသားလုံး၏ သ မိုင်းပေးတာဝန်ဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။

♦ ကူကီးအမျိုးသားတော်လှန်ရေး အောင်မြင်နိုင်ရန် လက်နက်အင်အား လူအင်အားတို့ထက် ကျစ်လစ်ခိုင်မာ

သော အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်နိုင်ရေးသည်သာလျှင် ပို၍အဓိကကျသည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။ ♦ ကူကီးအမျိုးသားတော်လှန်ရေး အောင်မြင်နိုင်ရန် အဓိကသော့ချက်ဖြစ်သော အမျိုးသားစည်းလုံးညီညွတ် မှုကို တည်ဆောက်ရာတွင် ၎င်းကိုအဟန့်အတားဖြစ်စေနိုင်မည့် အမည်နာမစွဲစိတ်ဓာတ်များ၊ ဆွေမျိုးနွယ်စုစွဲ စိတ်ဓာတ်များ၊ တကိယ်ုကောင်းဆန်သော စိတ်ဓာတ်များ၊ ထင်ပေါ်ကျော်ကြားလိုသော အတ္တစိတ်များနှင့် အ

တွေးအခေါ်ဟောင်းများကိုပါ တော်လှန်ရေးကာလတွင် ဖယ်ရှားပစ်ရမည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။

♦ ယနေ့ဆင်နွဲနေသော ကူကီးအမျိုးသားတော်လှန်ရေးသည် ကူကီးတမျိုးသားလုံး၏ အကျိုးစီးပွားနှင့် ဘဝ

လုံခြုံမှုကို အာမခံချက် အပြည့်အဝ ရရှိစေမည့် တော်လှန်ရေးဖြစ်သည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။ ♦ ယနေ့ဆင်နွဲနေသော ကူကီးအမျိုးသားတော်လှန်ရေးတွင် ကူကီးပြည်သူတရပ်လုံးသည် မလွဲမသွေ ပါဝင် ဆောင်ရွက်ရန် တာဝန်ရှိသည်။ မိမိတို့၏ ကျရာအခန်းကဏ္ဍအလိုက် မိမိတို့ တာဝန်ဝတ္တရားများကို ကျေပြွန် စွာထမ်းဆောင်ရမည်ဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။

♦ လူမျိုးစုအသီးသီးကို အခြေခံ၍ဖွဲ့စည်းတည်ဆောက်ထားသော ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင် ပြည် နယ်ထူထောင်ခွင့် မရရှိသေးသော ကူကီးလူမျိုးတို့၏ဘဝသည် လုံခြုံမှုမရှိသည့်အပြင် ကျွန်ဘဝနှင့် မည်သို့မျှ ခြားနားမှုမရှိဟု KNO/KNA (Burma) အနေဖြင့် အခိုင်အမာ ဆုပ်ကိုင်ခံယူသည်။ ♦ ကူကီးအမျိုးသားပြည်နယ် ဖွဲ့စည်းထူထောင်ခွင့် မရှိမခြင်း ကူကီးအမျိုးသားတော်လှန်ရေးသည်လည်း အ ဆုံးမသတ်ဘဲ ပို၍ပင် အမျိုးသားတော်လှန်ရေးကို အရှိန်အဟုန်မြှင့်တင်ရမည်ဟု KNO/KNA (Burma) အနေ ဖြင့် အခိုင်အမာ ခံယသူ ည်။

♦

knoknaburma@gmail.com http://issuu.com/knoknaburma


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.