(Mon) 21 Oct 2013
- 02 / 2013
သို့ ။ ပြည်ထောင်စု ငြိမ်း ချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ (UPT) ပြည်ထောင်စု ငြိမ်း ချမ်းရေး လုပင် န်းဖော်ဆောင်မှု ကော်မတီ (UPWC) မြန်မာ ငြိမ်း ချမ်းရေး စင်တာ (MPC)
အကြောင်းအရာ။
။ ပြည်ထောင်စု ငြိမ်း ချမ်းရေးလုပင် န်းစဉ်များနှင့် ပတ်သက်၍ ကူကီး အမျိုးသားအ
စည်းအရံုး /ကူကီး အမျိုးသားတပ်မတော် KNO/KNA (Burma) ၏ ဆန္ဒသဘောထားများကို ထုတြ် ပန်အ သိပေးခြင်း။ ၁။ KNO/KNA (Burma) သည် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ ကူကီးဘိုးဘွားပိုင်နယ်မြေများဖြစ်သည့် တမူးမြို့နယ်၊ လေရှီးမြို့နယ်၊ ဟုမ္မလင်းမြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို အခြေပြု၍ နိုင်ငံရေး၊ စစ်ရေး လှုပ်ရှားမှု များကို ပြုလုပ်ဆောင်ရွက်နေသော တော်လှန်ရေး အဖွဲ့အစည်းဖြစ်သည်။
၂။ ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲရေး ကို အမှန်တကယ် ဆောင်ရွက်မည်ဆိုပါက ကိယ်ုကံကြမ္မာကိုယ် ဖန်တီးပိုင်ခွင့်ရရှိရေးအတွက် ၁၉၈၈ ခု
နှစ်မှစ၍ လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သော KNO/KNA (Burma) သည်လည်း ငြိမ်းချမ်းရေးလုပ် ငန်းစဉ်များတွင် မလွှဲမသွေ ပါဝင်ရန် လိုအပ်သည်ဟု ယုံကြည်သည်။ ထိုသို့ ပါဝင်မှသာလျှင် တစ်နိုင်ငံ
လုံး အတိုင်းအတာဖြင့် ပြုလုပ်ဆောင်ရွက်မည့် အပစ်အခတ်ရပ်စဲရေးမှာ ပြည့်စုံအောင်မြင် နိုင်လိမ့်မည် ဖြစ်သည်။
၃။ ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော် KNO/KNA (Burma)သည် ပြည်ထောင် စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဆောင်ရွက်လျှက်ရှိနေသော ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များနှင့် ပတ်သက်၍ များစွာစိတ်ပါဝင်စားမှု ရှိသည်။
၎။ နိုင်ငံရေးအရ စစ်မှန်သော တွေ့ဆုံဆွေးနွေးမှုများကို မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဆောင်ရွက်
မည်ဆိုပါက KNO/KNA (Burma) သည် အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန် ဆန္ဒရှိ သည်။
၎။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ ဖြေရှင်းရန်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ပါဝင်ရန်နှင့် အ ပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ရန်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ကမ်းလှမ်းကြိုဆိုမည်ဆိုပါက
ကူကီးအမျိုးသားအစည်းအရုံး/ကူကီးအမျိုးသားတပ်မတော်(မြန်မာပြည်) အနေဖြင့် ပါဝင်ဆောင်ရွက်ရန် အသင့်ရှိနေသည်။
၅။ KNO/KNA (Burma) သည် မိမိတို့နှင့် နိုင်ငံတော်အစိုးရအကြား အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး နှင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ထွန်းလာစေရန်အတွက် မြန်မာ ငြိမ်းချမ်းရေးစင်တာ (MPC) မှ ကြားဝင်ဆောင်ရွက်ပေးရန် လိုလားသည်။
+91 – 89 74 71 62 13 knoknaburma@gmail.com http://issuu.com/knoknaburma