သင်ကိုယ်တိုင်စွဲလမ်းမှုတစ်စုံတစ်ရာနှင့် ရုန်းကန်နေရပါသလား။ သို့မဟုတ် စွဲလမ်းမှုတစ်စုံတစ်ရာနှင့် ရုန်းကန်နေရသူတစ်ဦးဦးကို သင်သိပါသလား။ စွဲလမ်းမှုများမှ လွတ်မြောက်ခြင်း ဟူသည့်စာအုပ်ငယ်လေးတွင် စွဲလမ်းမှုက မည်သို့မည်ပုံဖြစ်ပေါ်လာသည်၊ ကျွန်ုပ်တို့၏ဘ၀များကို မည်သို့ထိခိုက်စေနိုင်သည်၊ ဘုရားသခင်၏မစမှုဖြင့် ထိုစွဲလမ်းမှုနှောင်ကြိုးကို မည်သို့ဖြတ်တောက်နိုင်မည်ကို ဆရာဝန်နှင့်သမ္မာကျမ်းစာသင်ကြားသူ ဆရာရောဘတ်ဆော်လမွန်က စူးစမ်းလေ့လာတင်ပြထားပါသည်။