နေ့စဉ်ခနွ အ်ားအမှုတော်လပု င် န်း
အမှတ် (၁) စောတေလိန်း ၊ ဦးလူနလီ မ်း၊ ကရင်အမျိုးသားရပ်ကကွ ၊် ကြညြ့် မင်တငိုြ် မိုန့  ယ်၊ ရန်ကနု တ် ငိုး ဒေသကြီး။ ဖုန်း - ၀၁-၈၂၁၀၇၉၅၊ ၀၉-၄၂၆၄၉ ၂၀၁၇ အီးမေးလ် - myanmar@odb.org အနည်းငယ်သော အလှူငွေပင်ဖြစ်လင့က် စား လူများစွာတိ၏့ု ပါဝင်ပေးလှူမှုဖြင့် အသက်တာကို ပြောင်းလဲစေသည့် နှုတက် ပတ်ကျမ်းစာကို နေ့စဉ်ခနွ အ်ားလုပင် န်းမှ အခြားသူတထ့ို သံ့ို မျှဝေပေးနိငု ခ် ပ့ဲါသည်။ အဖွအ့ဲ စည်းတစ်ခခု ၊ု ဂိဏုး ဂဏအသင်းတော်တစ်ပါးပါးမှ အရန်သင့် ငွေရင်းရံပေုံ ငွ မတည်ပေးခြင်း၊ အမြဲအထောက်အပံရ့  ရန် ငွေပင်ငွေရင်း ပစ္စည်း တစ်စတုံ စ်ရာ စောင်ထားခြင်းများ မရှပိါ။
odb.org | myanmar-odb.org
(အသင်းတော်တင ွ း် ကန့်သတ်)
DX669
DX669 LAL-Death_MM_c_190320.indd All Pages
19/03/2020 3:15 PM
သေခြင်းတရားကို ကြောက်ရန် မလိေု တာ့ပြီ “မည်သူမျှ မသေချင်ပါ။” သေခြင်းထက် ကြောက်စရာကောင်းသည့် အရာ တစ်ချို့ ရှိပါသည်။ သေခြင်းတရားက ကျွန်ုပ်တို့ ခင်မင်
တွယ်တာသော အရာအားလုံးကို လျှပ်တစ်ပြက်အတွင်း ဆုံးရှုံးသွားစေနိုင်ကြောင်း သတိပေးလျက်ရှိပြီး ကျွန်ုပ် တို့အပေါ် အရိပ်ကြီးသဖွယ် လွှမ်းမိုးလျက်ရှိပါသည်။ ဖျားနာခြင်း၊ မတော်တဆဖြစ်ခြင်း၊ သို့မဟုတ် အသက် ကြီးရင့်လာခြင်း စသည့်အကြောင်း တစ်ခုခုကြောင့် သေခြင်းတရားကို ရှောင်လွှဲ၍မရဘဲ မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်သည်။ အချို့က သေခြင်းအတွက် ပြင်ဆင်ပြီးဖြစ်သလို၊ လူနည်းစုက သေရန်အသင့်သေခြင်းကို စောင့်ကြိုလျက်ရှိကြသည်။ ကျွန်ုပ်တို့ အများစုမှာမူ သေခြင်းကို ကြောက်ကြသည်။ ၎င်းသည် သဘာဝကျပါသည်။ အဘယ်ကြောင့်ဆိုသော် သေခြင်းကို အနိုင်ယူရန်၊ သေခြင်းမှလွတ်မြောက်ရန် နည်းလမ်းကို ကျွန်ုပ်တို့ ရှာ၍ မတွေ့ခြင်းကြောင့်ပါ။ သင်သည် သေခြင်းကို ကြောက်နေလျှင် သတိရ လိုက်ပါ။ သင် တစ်ယောက်တည်း မဟုတ်ပါ။
အက်ပယ်လ်ကွန်ပြူတာကို စတင်ဖန်တီးသူနှင့် အိုင်ဖုန်း နောက်ကွယ်မှ ပညာရှင်ဖြစ်သူ စတိဗ် ဂျော့ဘ်စ်၏ ၂၀၀၅ ခုနှစ်က သူ၏မိန့်ခွန်းတစ်ခုတွင် “ဘယ်သူမှ မသေချင်ကြပါဘူး။ ကောင်းကင်နိုင်ငံကို -၁-
သွားချင်တဲ့လူတွေတောင် အဲဒီကိုရောက်ဖို့အတွက် မသေချင်ကြပါဘူး” ဟု ပြောခဲ့ပါသည်။ ဂျော့ဘ်စ်က သူပြောနေသည့်အရာကို သူကောင်းကောင်းသိသည်။ အကြောင်းမှာ သူ၌ ပန်ကရိယကင်ဆာ ဖြစ်နေပြီး နောက်ထပ် ၃ လ မှ ၆ လ အထိသာ နေရတော့မည်ကို သိထားခြင်းကြောင့်ပါ။ ဤသတင်းဆိုးအပေါ် အစောပိုင်း သူ၏တုံ့ပြန်မှုမှ သူ၏စိတ်ခံစားမှု အခြေအနေကို ကျွန်ုပ်တို့ ခန့်မှန်းနိုင်ပါသည်။ “ကျွန်တော် ဒီဆေးစစ်ချက် ရလဒ်ကို လက်ခံနိုင်ဖို့ တစ်နေ့လုံး ကြိုးစားခဲ့ရတယ်”ဟု သူပြန်ပြောင်းပြောပြခဲ့သည်။ ၂၀၁၁ ခုနှစ်၌ သူကွယ်လွန် ခဲ့ပါသည်။ ကျွန်ုပ်တို့ဘာကြောင့် ဒီလောက် သေရမည်ကို ကြောက်နေကြရတာလဲ။ အတိအကျပြောရလျှင် ကျွန်ပု တ့ို ဘာကိုကြောက်နေကြတာလဲ။ ကျွန်ုပ်တို့ အများအားဖြင့် သိထားကြသည့် အောက်ဖော်ပြပါ အချက်များကြောင့် ကြောက်ခြင်းဖြစ်လိမ့်မည် ထင်ပါသည်။ သေခြင်းသည် အဆုံးသတ်ခြင်းကို ကိုယ်စားပြုသည်။ သေခြင်းသည် အမှန်တကယ် ပြီးဆုံးသွားခြင်းဖြစ်သည်။ ကျွန်ုပ်တို့ လောကတွင် အသက်ရှင်နေခြင်းကို အဆုံး သတ်လိုက်ပြီး ကျွန်ုပ်တို့၏ မျှော်လင့်ချက်များ၊ စိတ်ကူး များကို ဖြည့်ဆည်းရန်၊ အမှားများကို အမှန်ပြင်ရန် မည်သို့မျှ မဖြစ်နိုင်တော့ပါ။ သေခြင်းသည် အဆုံးစွန်သော ဆုံးရှုံးခြင်းဖြစ်သည်။ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်သာမက ကျွန်ုပ်တို့နှင့် ပတ်သက်သော မှတ်တမ်းများ၊ ဂုဏ်သရေများ၊ ထင်ရှား ကျော်စောမှုများအားလုံး ဆုံးရှုံးသွားခြင်းဖြစ်သည်။ သေခြင်းက ကျွန်ုပ်တို့ကို ချစ်ခင်ရသူများနှင့် ကွဲကွာစေသည်။ သူတို့က ကျွန်ုပ်တို့ကို ထားခဲ့ခြင်း သို့မဟုတ် ကျွန်ုပ်တို့က သူတို့ကို ထားခဲ့ခြင်းဖြစ်ပြီး လွမ်းဆွေးမှုများနှင့် ကျန်ရစ်စေသည်။ ကျွန်ုပ်တို့သည် -၂-
မိမိသေရန်အတွက် အသင့်ပြင်ပြီးဖြစ်သည့်တိုင် ကျန်ရစ် မည့်သူများအတွက် ဂရုစိုက်သူ ကင်းမဲ့နေမည်ကို စိုးရိမ် ပူပန်ကြသည်။ သေခြင်းသည် မသိနိုင်သည့် အကြောင်းတရားကို ကိုယ်စားပြုသည်။ သင်္ချိုင်းတစ်ဘက်တွင် ဘာရှိသနည်း။ ဘာတွေဖြစ်လာပြီး ဘာကိုရင်ဆိုင်ရမည်နည်း။ ကောင်းကင်နိုင်ငံ သို့မဟုတ် ငရဲသည် ရှိနေမည်လား။ ဘုရားသခင်နှင့်တွေ့ပြီး မိမိပြုခဲ့သည့် အရာများအတွက် ဖြေရှင်းရမည်လား။ လူအချို့က ဤမသိတရားများကို တွေးနေချိန်၌ ကျွန်ုပ်တို့အများစုက စိတ်ထဲလုံခြုံမှုမရှိ ဖြစ်နေမည်ပင်။ ပိုဆိုးသည်မှာ သေခြင်းတရားကို တစ်ယောက်တည်း ရင်ဆိုင်ရန် ကြောက်ကြသည်။ မည်သူကမှ ကျွန်ုပ်တို့၏ နောက်ဆုံးခရီးကို အဖော် မပြုပေးနိုင်ကြပါ။ တရုတ်စကားပုံ တစ်ခုက “ဘဝသည် လျင်မြန်စွာ ပျောက်ကွယ်သွားတတ်သည့် မြူမှုန်နှင့်တူသည်” ဟု ဘဝနှင့်ပတ်သက်၍ သုံးသပ်ထားသည်။ သေခြင်းတရား ရောက်လာသည့်အခါ ကျွန်ုပ်တို့ ဖြစ်ခဲ့သမျှ၊ ရှိခဲ့သမျှ၊ ရရှိခဲ့သည့် အောင်မြင်မှုမှန်သမျှကို ဖယ်ရှားပစ်မည် ဖြစ်သည်။ ညင်သာလွန်းသည့် လေပြေတိုက်လျှင်ပင် အဝေးသို့ လွင့်သွားသည့်မြူမှုန်ပမာ မတည်မြဲခြင်း သဘောကို မြင်စေသည်။
သေခြင်းကို ဆန့်ကျင်သည့် ကျွန်ုပ်တို့၏ ထာဝရတိုက်ပွဲ ယဉ်ကျေးမှုဆိုင်ရာ မနုဿဗေဒပညာရှင် အားန်နက်စ်တ် ဘက်ကာ (Ernest Becker) က သူ၏ ဆုရစာအုပ် တစ်အုပ်ဖြစ်သည့် ငြင်းဆိုခြင်း” ဆိုသည့် စာအုပ်တွင် -၃-
“သေခြင်းကို ကျွန်ုပ်တို့၏
ဘဝရှင်သန်မှုအတွက် ကြိုးပမ်းနေသည့်ကာလ အတော်များများ၏ နောက်ကွယ်၌ သေခြင်းတရားနှင့် ပတ်သက်သည့် ကြောက်ရွံ့မှုက နေရာယူလျက်ရှိသည် ဟု ဖော်ပြထားပါသည်။ “သေခြင်းကိုကြောက်သည့် စိတ်က လူသတ္တဝါများကို အခြား မည်သည့်အရာနှင့် မျှမတူဘဲ ခြောက်လှန့်လျက်ရှိသည်။ ထိုကြောက်စိတ်ကို ရှောင်လွှဲရန်၊ သေခြင်းသည် လူသားများအတွက် နောက်ဆုံးပန်းတိုင်ဖြစ်ခြင်းကို ငြင်းဆန်ပြီး သေခြင်းကို အနိုင်ယူရန် လူသားတို့၏ လုပ်ဆောင်မှုများကို အဓိကလှုေ့ံ ဆ်ာမြှု ဖစ်စေသည့် အရာသည် ထိေု ကြာက်စတိ ပင်ဖြစ်သည်” ဟု ၎င်းက ရေးသားထားပါသည်။ မည်မျှမှန်ကန်လိုက်ပါသနည်း။ ကျွန်ုပ်တို့သည် အသက်ကြီးလာခြင်းကို အံတုရန်၊ အသက် ပိုရှည်အောင် ဆေးကုသမှု ခံယူနိုင်ရေးအတွက် အမြဲကြိုးစားနေကြသည်။ မိမိ၏ အောင်မြင်မှုများကို ထိန်းသိမ်းလျက် အထိမ်းအမှတ်တစ်ခုခုကို စိုက်ထူ ထားခြင်းဖြင့် မျိုးရိုးအစဉ်အဆက် အမွေအနှစ်ကို ထိန်းသိမ်းနိုင်လျှင် ကျွန်ုပ်တို့ကို အများက မေ့ပျောက် လျက် မှေးမှိန်ပျောက်ကွယ်သွားခြင်းမျိုး မဖြစ်နိုင်တော့ ဟု ထင်ကြသည်။ သို့မဟုတ်ပါကလည်း ရှေးလူကြီးများ ဆိုရိုးစကားရှိသကဲ့သို့ ‘‘မနက်ဖြန် သေရတော့မှာပဲ၊ စားသောက်၊ ပျော်ပျော်ပါးပါးနေစမ်းပါ’’ ဟူ၍ သေခြင်း တရားရှိခြင်းကို ငြင်းပယ်ကာ ဘဝကို အပြည့်အဝ အရသာခံ ရှင်သန်နေထိုင်ကြသည်။ ဤနည်းလမ်းများက လူအချို့တို့အတွက် စိတ်ကျေ နပ်မှု အလုံအလောက်ပေးနိုင်သော်လည်း ကျွန်ုပ်တို့ အများစုအတွက်မူ သေခြင်းတရားနှင့်ပတ်သက်ပြီး ကြောက်ရွံ့နေမှုကို ဖယ်ရှားပစ်ရန် ခက်ခဲဆဲဖြစ်သည်။ သေခြင်းကို မည်သို့ပင် မေ့ပစ်ရန်ကြိုးစားကြိုးစား၊ မတွေးဘဲနေနေ မည်သည့်အခါမှ သေရန် အဆင်သင့် -၄-
ဖြစ်မနေကြပါ။ မိမိအတွက်ဖြစ်စေ၊ မိသားစုများအတွက် ဖြစ်စေ သေလွန်သွားရမည့်ကိစ္စကို တတ်နိုင်သမျှ ကြိုးစားပြင်ဆင်မှု ပြုကြသော်လည်း ကိုယ်ခန္ဓာ၌ ရောဂါတစ်ခုခုရှိကြောင်း သိလာရချိန်၊ သေခြင်းကို တကယ်တမ်း ရင်ဆိုင်ရတော့မည်ဟု သိလာရချိန်တွင် သေခြင်းကို စေ့စေ့ကြည့်ပြီး ငါတော့အသင့်ပဲဟု ပြောနိုင်ရန်မှာ ခက်ခဲလှသည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ အကြောင်း ရင်းမှာ လူသားပီပီ လူ့ဇာတိပကတိ၏ အတွင်း တစ်နေရာမှ ဤကြောက်ရွံ့မှုက ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သေခြင်း သဘောသည် အသက် သေခြင်းကို ရှင်သန်နိုင်ရေး လူ၏ မည်သို့ပင် မေ့ပစ်ရန် အလိုအလျောက် တုံ့ပြန် ကြိုးစားကြိုးစား၊ မှုနှင့် ဆန့်ကျင်ဘက် ဖြစ် မတွေးဘဲနေနေ သည်။ သေခြင်းတရား မည်သည့်အခါမှ သည် အမှောင်ထုနှင့် သေရန် အဆင်သင့် အ နိ စ ၥ ( အ န တၱ ) သေ ဘာ ဖြစ်မနေကြပါ။ ကို ကိုယ်စားပြုသည်။ မိမိ၌ ရှိသမျှအားလုံးကို ဆုံးရှုံးပြီး မိမိခန္ဓာကိုယ်နှင့် မိမိချစ်ခင်သူများကို ထာဝရခွဲခွာသွား ရမည်ဖြစ်သည့်အတွက် မကြောက်မလန့်ဘဲ ရှိနေရန်က ခက်ခဲလှပါသည်။ ကျွန်ုပ်တို့ တစ်ယောက်စီကို လွှမ်းမိုး လျက်ရှိသည့် သေခြင်းအရိပ်ကို မည်သည့်ဆေး၊ မည်သည့်အကြံအစည်၊ မည်သည့်အကောင်းမြင်၊ အပြု သဘောအတွေးကမှ မဖယ်ရှားပေးနိုင်ပါ။ သို့ဆိုလျှင် ကျွန်ုပ်တို့ ဘာလုပ်နိုင်မည်နည်း။ သေခြင်း တရားနှင့် ၎င်း၏ အကျိုးသက်ရောက်မှုမှ လွတ်မြောက် နိုင်မည့်နည်းလမ်း တစ်စုံတစ်ခု ရှိပါသလား။ ကျွန်ုပ်တို့ ထာဝရ အသက်ရှင်နေနိုင်မည်လား။ ဒီမေးခွန်းများ -၅-
အတွက် အဖြေရှိသည်ဟု ခရစ်ယာန်များက ယုံကြည် ကြပါသည်။
သေခြင်းတရားကို အောင်နငို ခ် သ့ဲူ ယေရှု လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်က “ငါသည် လမ်းခရီး ဖြစ်၏၊ သမ္မာတရားလည်းဖြစ်၏၊ အသက်လည်း ဖြစ်၏” ဟု လှည့်လည်သွန်သင်ခဲ့သူတစ်ဦး ရှိခဲ့ပါသည်။ သူ့အမည်မှာ ယေရှုဖြစ်ပြီး သူသည် ဘုရားသခင်၏ သားတော်ဖြစ်သည်၊ သူသည် သေခြင်းကို အောင်နိုင် မည့်သူဖြစ်သည်ဟု ရဲဝံ့စွာ ကြွေးကြော်ခဲ့ပါသည်။ သူ့ရန်သူများက သူ့ကို အဆုံးစီရင်ခဲ့သည်။ သို့သော် ၃ ရက် ကြာပြီးနောက် သေရာမှ သူပြန်လည်ရှင်ပြန် ထမြောက်ခဲ့သည်။(၁) ယခင်က သူ့ကို သံသယရှိသူများ အပါအဝင် လူရာပေါင်းများစွာတို့ သူ့ကို အသက်ရှင်လျက် ရှိကြောင်း ကိုယ်တိုင်မြင်ခဲ့ကြသည်။ အဘယ့်ကြောင့် သေခြင်းတရားကို ယေရှု အောင်နိုင် ခဲ့သနည်း။ သူ့ကို ဘုရားသခင်၏ ဘုန်းတန်ခိုးတော် အားဖြင့် ထမြောက်စေခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့် ဤသို့ ပြောနိုင်သနည်း။ သမ္မာ ကျမ်းစာမှ ဤသို့ရှင်းပြထားပါသည်။ ဘုရားသခင်က ကျွန်ုပ်တို့အားလုံးကို အသိဉာဏ်ရှိသော သက်ရှိများ အဖြစ် ဖန်ဆင်းခဲ့သည့်အတွက်ကြောင့် မည်သည့် အရာက အမှန်၊ မည်သည့်အရာက အမှား ဆိုသည်ကို ပင်ကိုယ်ဉာဏ်ဖြင့် သိကြသည်။ သို့သော် လုံးဝဥဿုံ မှန်သည့် အမှုအရာများ၊ အမှန်တရားနှင့် ကိုက်ညီသည့် အရာများကို ကျွန်ုပ်တို့ မလုပ်ဆောင်ကြပါ။(၂) သမ္မာ ကျမ်းစာမှ ၎င်းကို သန့်ရှင်းပြီးပြည့်စုံသည့် ဘုရားသခင်၏ ကိုယ်ကျင့်တရားစံကို မမီခြင်း - အပြစ် ဟု ခေါ်ပါသည်။(၃) ထို့ပြင် အပြစ်၏ နောက်ဆက်တွဲဆိုးကျိုးမှာ သေခြင်း ဖြစ်သည်ဟုလည်း ဖော်ပြထားသည်။(၄) ရလဒ်အနေဖြင့် -၆-
သေခြင်းတရား၏ ကျိန်ခြင်းအောက်တွင် ကျွန်ုပ်တို့ အသက်ရှင်နေကြရသည်။ သေခြင်းတရားက ကျွန်ုပ် တို့ကို ဘုရားသခင်နဲ့ ထာဝရခွဲပစ်လိုက်သည်။ သို့သော် ယေရှုက ကျွန်ုပ်တို့ကိုယ်စား ဤနောက်ဆက်တွဲ ဆိုးကျိုး များကို ခံယူခဲ့သည်။ သူသည် အပြစ်ကင်းစင်သူဖြစ် သော်လည်း ဤအကြောင်းတရားအတွက်ကြောင့် သေခြင်းကို လိုလားစွာရင်ဆိုင်ခဲ့သည်။ အပြစ်သားများ အတွက် အပြစ်ကင်းစင်သကူ အသေခံခသဲ့ ည်။ သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်းအားဖြင့် သေခြင်းနှင့် သေခြင်း၏ ကျိန်ခြင်းတို့ကို အောင်နိုင်ခဲ့ကြောင်း ပြသခဲ့သည်။
ကျွန်ပု တ် လ့ို ည်း သေခြင်းကို အောင်နငို သ် ည် သတင်းကောင်းမှာ ယေရှုက အပြစ်တရားနှင့် သေခြင်းအပေါ် အောင်နိုင်မှုကို ကျွန်ုပ်တို့နှင့် မျှဝေရန် ကမ်းလှမ်းလျက် အခွင့်ပေးနေသည်။
မည်သို့ အခွင့်ပေးနေသနည်း။ ကျွန်ုပ်တို့ကိုယ်စား သူအသေခံခေ့ဲ ကြာင်း ယြုံ ကည်ပြီး သူက့ို အရှငသ် ခင်အဖြစ် (၁) “ငါသည် ကိယု တ် ငို ခ် ယံ သူ ည်အတိငုး ၊ သင်တအ့ိုား ရှေဦ့းစွာအပ်ပေးသော အကြောင်းအရာဟူမကူား၊ ခရစ်တော်သည် ကျမ်းစာလာသည်အတိငုး ငါတိအ့ု ပြစ်ကြောင့် အသေခံတော်မြူ ပီ။ သင်္ဂြိုလ်ပြီးမှ၊ ကျမ်းစာလာသည့် အတိငုး သုးံ ရက်မြောက်သောနေ့၌ ထမြောက်တော်မ၏ူ ။ ကေဖသည် ကိယုေ် တ်ာကြို မင်ပြီးမှ၊ တစ်ကျိပန် စှ ပ်ါးသောသူတသ့ို ည် မြင်ရကြ၏။” (၁ကော ၁၅:၃-၅) (၂) “ငါ့အထဲမှာ ငါ့ဇာတိပကတိ၌ ကောင်းသောအရာ တစ်စတုံ စ်ခမျှု မတည်သည်ကို ငါသိ၏။ အကြောင်းမူကား၊ ငါသည် ကျင်ခ့ျင်သောစိတ် ရှေိ သ်ာလည်း၊ ကောင်းစွာကျင်တ့  တ်သောအကျင်က့ို ရှာ၍မတွေန့  ငို ။် ငါသည် ကျင်ခ့ျင်သော အကျင်ေ့  ကာင်းကို မကျင်၊့ မကျင်ခ့ျင်သော အကျင်ဆ့ိးု ကို ကျင်၏့  ။” (ရော ၇:၁၈-၁၉) (၃) “အဘယ်ကြောင်န့  ည်းဟူမကူား၊ လူအပေါင်းတိသ့ု ည် ဒုစရိကု က်ြို ပု၍ ဘုရားသခင်ေ့  ရှေ့  တာ်၌ အသရေပျက်ကြပြီ။” (ရော ၃:၂၃) (၄) “အပြစ်တရား၏ အခကား သေခြင်းပေတည်း။” (ရော ၆:၂၃) -၇-
ခံယူကာ သူ့နောက်တော်သို့လိုက်ရန် ဖြစ်သည်။ သမ္မာကျမ်းစာမှ “သင်သည် သခင်ယေရှုကို နှုတ်ဖြင့် ဝန်ခံ၍၊ ဘုရားသခင်သည် သူ့ကို သေခြင်းမှ ထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ ရောက်လိမ့်မည် (ရော ၁၀:၉)” ဟု ဖော်ပြထားပါသည်။ ထို့ပြင် ဘုရားသခင်သည် ကျွန်ုပ်တို့ကို ခွင့်လွှတ်ရုံသာမက သူနှင့် ထာဝရရှိနေ နိုင်ရန် ထာဝရအသက်ကိုပါ ပေးမည်ဟုလည်း သမ္မာကျမ်းစာမှ ပြောထားပါသည်။(၅) ကျောင်းအုပ်ကြီးနှင့် သွားတွေရ့  မည့် ကျောင်းသား တစ်ယောက်၏အဖြစ်ကို မြင်ယောင်ကြည့်လိုက်ပါ။ အပြစ်ပေးခံရတော့မည် ဟု ကြောက်လန့်ပြီး ကျောင်းအုပ်ကြီး ရုံးခန်း သို့ တုန်တုန်ရင်ရင်ဖြင့် ယေရှုက သွားမည် ဖြစ်သည်။ အခန်း အပြစ်တရားနှင့် ထဲဝင်ရန် အလွန်ကြောက် သေခြင်း အပေါ် ပြီး အပြင်၌ခေတ္တစောင့်နေ အောင်နိုင်မှုကို မည်။ ထိုစဉ် အခြား ကျွန်ုပ်တို့နှင့် မျှဝေရန် ကျောင်းသားတစ်ယောက် ကမ်းလှမ်းလျက် က မိမိကိုယ်ကိုယုံကြည်မှု အခွင့်ပေးနေသည်။ အပြည့်ဖြင့် အခန်းထဲသို့ ဝင်သွားပြီး ခဏအကြာတွင် ပြုံးလျက်ပြန်ထွက်လာသည်ကို သူတွေ့လိုက်ရသည်။ ထိုကျောင်းသားကို ချဉ်းကပ်ပြီး “ကျောင်းအုပ်ကြီး ရုံး ခန်းထဲကို မကြောက်မလန့်ဝင်ပြီး မင်းဘာကြောင့် ပျော်ရွှင်စွာ ပြန်ထွက်လာနိုင်တာလဲ” ဟု မေးပါသည်။ ထိုကျောင်းသားက သူ့ကိုကြည့်ပြီး “ဘာလို့လဲဆိုတော့ သူက ငါ့အဖေမို့လို့ပေါ့” ဟု ဖြေပါသည်။ ယေရှုကို ကျွန်ပု တ့ို ယြုံ ကည်သည်အ့  ခါ ကျွန်ပု တ် လ့ို ည်း ဒုတိယကျောင်းသားကဲ့သို့ ဖြစ်ပါလိမ့်မည်။ သေခြင်း -၈-
တရားကို ကျွန်ုပ်တို့ ကြောက်စရာမလိုတော့ပါ။ ရုပ်ခန္ဓာက သေမည်ဖြစ်ပြီး သေခြင်း၏ အခြားတစ်ဘက်တွင် ဘုရား သခင်က ကျွန်ုပ်တို့ကို စောင့်နေမည်ဖြစ်သည်။ စီရင်ခြင်း ခံရမည်ကို ကြောက်လန့်နေရန် မရှိတော့ပါ။ ဘုရားသခင် ၏ ရှေ့တော်သို့ ကျွန်ုပ်တို့ အကြွင်းမဲ့တိုးဝင်နိုင်ပြီး နာကျင်မှုများနှင့် ဝမ်းနည်းကြေကွဲမှုများမှ ကင်းလွတ်ကာ ကျွန်ုပ်တို့၏ ဖန်ဆင်းရှင်ဘုရားသခင်နှင့် ထာဝရ မိတ်သဟာယဖွဲ့လျက် ပေါင်းဖော်ဆက်ဆံရေးကို ပျော်ရွှင်စွာ ခံစားရမည်ဖြစ်သည်။(၆) ယုံကြည်သူများဖြစ်သည့်အလျောက် သေခြင်းကို ကျွန်ုပ်တို့ တစ်ဦးတည်းရင်ဆိုင်ရန် မလိုတော့ပါ။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှုက ကျွန်ုပ်တို့ကို အဆုံးတိုင်အောင် အဖော်ပြုသွားမည် ဖြစ်သောကြောင့် ပါ။ ဘုရားသခင်၏ သားတော်အဖြစ်နှင့် သေခြင်းတရားကို ရင်ဆငိုေ် အာင်နငို ခ် သ့ဲ ကူ ကျွန်ပု တ် ၏့ို ဘဝခရီးတလျှောက် အဆုံးတိုင်အောင် အတူလိုက်လျှောက်နိုင်သူဖြစ်သည်။ အသက်ရှင်စဉ်အခါ မိသားစုများနှင့် မိတ်ဆွေများက အဖော်ပြုပေးနိုင်မည်ဖြစ်သော်လည်း သေလွန်ချိန်၌ (၅) “ဘုရားသခင်၏သားတော်ကို ယြုံ ကည်သောသူအပေါင်းတိသ့ု ည် ပျက်စီး ခြင်းသို့ မရောက်၊ ထာဝရအသက်ကို ရစေခြင်းငှာ၊ ဘုရားသခင်သည် မိမ၌ိ တစ်ပါးတည်းသောသားတော်ကို စွနေ့် တ်ာမသူ ည်တငိုေ် အာင် လောကီသားတိက့ို ချစ်တော်မ၏ူ ။” (ယော ၃:၁၆) (၆) “သင်တစ့ို တိ န် လှုးံ ပူပန်ခြင်းမရှေိ စနှင။့် ဘုရားသခင်ကို ယြုံ ကည်ကြလော့။ ငါ့ကလို ည်း ယြုံ ကည်ကြလော့။ ငါ့အဘ၏အိမေ် တာ်၌ နေစရာအခန်း အများရှ၏ိ ။ သိမ့ု ဟုတလ်ျှ င် မဟုတေ် ကြာင်းကို သင်တအ့ိုား ငါမပြောဘဲမနေ။ သင်တေ့ို နစရာအရပ်ကို ပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည် သွား၍ သင်တေ့ို နစရာအရပ်ကို ပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍ ငါရှရိာအရပ်၌ သင်တရ့ိုှေိ စခြင်းငှာ သင်တက့ို ငါ့ထသံ သ့ို မိး ဆည်းမည်။ ငါသည် အဘယ်အရပ်သို့ သွားသည်ကလို ည်းကောင်း၊ လမ်းခရီးကိလု ည်းကောင်း၊ သင်တသ့ိုြိ က၏။ ငါသည် လမ်းခရီးဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကအို မှမီ ပြုလျှင် အဘယ်သမျှူ ခမည်းတော်ထသံ့ို မရောက်ရ။ (ယော ၁၄:၁-၄၊ ၆) -၉-
၎င်းတို့ကို ထားခဲ့ရမည်ဖြစ်သည်။ သေခြင်းခရီး တစ်လျှောက်တွင်မူ ယေရှုသာလျှင် ကျွန်ုပ်တို့လက်ကို မြဲမြဲကိုင်ဆွဲပြီး ယခုဘ၀အသက်ရှင်ခြင်းမှ သေခြင်းဆီသို့၊ ထိုမှ ထာဝရအသက်သို့ ဝင်စားသည်အထိ ကျွန်ုပ်တို့ အနီး၌ ရှိနေပေးမည်ဖြစ်သည်။ ဤကတိစကားသည် အခြားသူထံမှ လာခြင်းမဟုတ်ဘဲ အပြစ်တရားနှင့် သေခြင်းတရားကို အောင်နိုင်ခဲ့သူ ဘုရားသခင်၏ သားတော် ယေရှုထံမှ လာခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့ ယုံကြည်စိတ်ချပြီး မျှော်လင့်ထားနိုင်သည့် ကတိတော်ဖြစ်သည်။
မကြောက်တော့ပါ သေရမည့်အရေးနှင့် သေခြင်းတရားက သင့် အတွက် မည်သို့အဓိပ္ပာယ်ရှိသည်ကိုတွေးပြီး
သင်စိတ်သောက ရောက်နေပါသလား။ သေခြင်းက လွှမ်းမိုးဖိစီးနေသကဲသ့ို ခံစားရပါသလား။ ရှောင်လွှဲမရနိငု သော သေခြင်းတရားကို လက်ခံနိုင်ဖို့အရေး ရုန်းကန် နေရဆဲလား။ သေခြင်းကို အောင်နိုင်ပြီး အပြစ်နှင့် နောက်ဆက်တွဲ အကျိုးဆက်များအပေါ် အနိုင်ယူ ချုပ်ထိန်းနိုင်စွမ်းရှိကြောင်း ပြခဲ့သည့် ယေရှုထံကို ဦးလှည့်ရန် စဉ်းစားကြည့်ပါ။ သင့်ကိုယ်စား သခင်၏ အသေခံခြင်းနှင့် စွနလ့် တွှြ် ခင်း၊ သူ၏ရှငြ် ပန်ထမြောက်ခြင်း နှင့် ထာဝရအသက်ကေို ပးရန် အာမခံချက်တက့ို သင် ယြုံ ကည်လျှ င် အပြစ်နငှ့် သေခြင်းတရားအပေါ် သခင်ယေရှု ၏ အောင်မြင်မကှု သင်၏အောင်မြင်မှု ဖြစ်လာနိငု ပ်ါသည်။ သခင်ယေရှု၌ သင်ယုံကြည်လျှင် သေခြင်းတရားနှင့် ထိ့ေု နာက် ဘာဖြစ်မည်ဆသို ည်ကို သင်ကြောက်စရာ မလို တော့ပါ။ ထိုအစား ရုပ်ခန္ဓာ သေဆုံးသွားပြီးနောက် ဆက်လက်အသက်ရှင်ပြီး ဘုရားသခင်နှင့် အတူရှိမည်။ ဘုရားသခင်နှင့် နီးကပ်စွာ ထာဝရမိတ်သဟာယဖွဲ့ခွင့်ရ - ၁၀ -
လျက် ပျော်ရွှင်ခံစားရမည်ဆိုသည့် မျှော်လင့်ချက်၊ စိတ်ချ မှုဖြင့် ရှငသ် န်သွားနိငု မ် ည်ဖြစ်သည်။ ယခု အသက်ရငှ စ် ဉ် သာမက သေလွနြ် ပီး ထာဝရအသက်တာသိဝ့ု င်စားချိန် အထိ သင်န့  ဘေး၌ သခင်ယေရှုရလျှိက် အတူလျှောက်လမှ်း နေကြောင်း ဆိုသည့်အသိဖြင့် သင်တစ်ယောက်တည်း သေရမည်ကို စိုးရိမ်နေစရာ မလိုတော့ပါ။
သခင်ယေရှုထံ ဦးလှည့်ရန် သင်စဉ်းစား မည်လား ယေရှုအကြောင်း ပိုသိချင်လျှင်၊ သေခြင်းနှင့် အပြစ်တရားကို အောင်နိုင်ခဲ့သည့် သခင်၏ အောင်ခြင်းကို မည်သို့မျှဝေခံစားရမည်ကိုသိလို လျှင် သင်အ့  နီးဝန်းကျင်ရှိ အသင်းတော်သို့ ဆက်သယွ ပ်ါ။
သင်သိလိုသည်များကို ကူညီဖြေကြားပေးနိုင်မည့်သူ တစ်စုံတစ်ဦးကို သင်တွေ့နိုင်ပါသည်။ နောက်တစ်နည်း မှာ ဘုရားသခင်အကြောင်းနှင့် သင်လိုအပ်နေသည့် နှစ်သိမ့်ခြင်းနှင့် ငြိမ်သက်ခြင်းကို ဘုရားသခင်က မည်သို့ ပေးနိငုေ် ကြာင်း သင်က့ေို ပြာပြမည့် သမ္မာကျမ်းစာကို ရယူပါ။
ခရစ်တော်ကို သင်ရှာ ဖွေတွေရ့  ရှိ န်နငှ့် သူကမ်းလှမ်း သည့် မျှော်လင်ြ့ ခင်းများကို သင်ရရှရိ န် နေ့စဉ်ခနွ အ်ား အမှုတော်လပု င် န်းမှ သင်က့ို ကူညလီ ပိုါသည်။ ကျွန်ုပ်တို့ ဘ၀မျှော်လင့်ချက်” စာအုပ်ငယ်လေးကို ထုတ်ဝေသည့် “ဘ၀မှေ တောင်းဆို ရယူပါ။ ပူးတွပဲါ တောင်းခံစာ ပုစံ တံ ငွ် ဖြည့သ် ငွ်း ပြီး ပြန်လည်ပေးပိန့ု ငို ပ်ါသည်။ အွနလ် ငိုး ရှိ myanmar-odb.org တွင် ကျွန်ုပ်တို့ထုတ်ဝေထားသော အခြားစာပေများကိုလည်း ၀င်ရောက်ကြည့်ရှုနိုင်ပါသည်။ ဘာသာပြန်သူ ။ ။ နော်မေဘယ်လ်သာလှ ကိုးကားကျမ်းချက်များကို ယုဒဿန်ဘာသာပြန်သမ္မာကျမ်းစာမှ ကောက်နုတ်ဖော်ပြသည်။ © 2019 Our Daily Bread Ministries® မူပိုင်ပြုလုပ်ပြီးဖြစ်သည်။ Myanmar “Death: Fear No More” - ၁၁ -
ဆက်လက်လေ့လာနိုင်ရန် “ဘ၀မှေ ဘ၀မျှော်လင့်ချက်ျက်” စာအုပ်ငယ်လေးကို ပို့ပေးပါ။
(ရုံး)
(မိုဘိုင်းလ်)
(ကျား/မ)
မွေးသက္ကရာဇ် (ရက်/လ/ခုနှစ်)
အသင်းတော်
ဤလျှောက်လွှာကိုဖြည့်စွက်ပြီး နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းသို့ စာအုပ်အဖုံးပေါ်မှလိပ်စာအတိုင်း ပြန်ပို့ပေးပါ။
အီးမေးလ်လိပ်စာ
အလုပ်အကိုင်
ဖုန်း (အိမ်)
နေရပ်လိပ်စာ
အမည်အပြည့်အစုံ
သတိ ။ ။ ခွင့်ပြုချက်မရပဲ အခြားသူအစား ဖြည့်စွက်တောင်းဆိုခြင်းကို နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းအနေနှင့် တာဝန်မယူပါ။ သင့်အမည်နှင့် သင်ဖြည့်စွက်ထားသော အချက်အလက်များကို လေးစားမှုဖြင့် လျှို့ဝှက်ထားပါမည်။ မည်သည့်အဖွဲ့အစည်းကိုမျှ သတင်းမပေးပါ။
ဆက်လက်ဖတ်ရှုစရာ စာအုပ်/စာစောင်များကို ကျွန်ုပ်ရယူလိုပါသည်။
DX669
နေ့စဉ်ခနွ အ်ားအမှုတော်လပု င် န်း
အမှတ် (၁) စောတေလိန်း ၊ ဦးလူနလီ မ်း၊ ကရင်အမျိုးသားရပ်ကကွ ၊် ကြညြ့် မင်တငိုြ် မိုန့  ယ်၊ ရန်ကနု တ် ငိုး ဒေသကြီး။ ဖုန်း - ၀၁-၈၂၁၀၇၉၅၊ ၀၉-၄၂၆၄၉ ၂၀၁၇ အီးမေးလ် - myanmar@odb.org အနည်းငယ်သော အလှူငွေပင်ဖြစ်လင့က် စား လူများစွာတိ၏့ု ပါဝင်ပေးလှူမှုဖြင့် အသက်တာကို ပြောင်းလဲစေသည့် နှုတက် ပတ်ကျမ်းစာကို နေ့စဉ်ခနွ အ်ားလုပင် န်းမှ အခြားသူတထ့ို သံ့ို မျှဝေပေးနိငု ခ် ပ့ဲါသည်။ အဖွအ့ဲ စည်းတစ်ခခု ၊ု ဂိဏုး ဂဏအသင်းတော်တစ်ပါးပါးမှ အရန်သင့် ငွေရင်းရံပေုံ ငွ မတည်ပေးခြင်း၊ အမြဲအထောက်အပံရ့  ရန် ငွေပင်ငွေရင်း ပစ္စည်း တစ်စတုံ စ်ရာ စောင်ထားခြင်းများ မရှပိါ။
odb.org | myanmar-odb.org
(အသင်းတော်တင ွ း် ကန့်သတ်)
DX669
DX669 LAL-Death_MM_c_190320.indd All Pages
19/03/2020 3:15 PM