Child Protection Safety Nets Project

Page 1


This booklet highlights the ‘Child Protection Safety Nets’ methods, achievements and lessons learned. The project builds on best practices of combating violence against children and the promotion of child protection in schools and communities. The booklets includes interviews with stakeholders and stories of change from communities, as well as key learning points. This publication aims to contribute to ongoing and wider efforts to improve and expand child protection safety nets in all areas of Myanmar. ဤစာအုပ်ငယ်သည် “ကလေးသူငယ်ကာကာကွယ်စောင့်ရှောက့်ရေး လုံခြုံမှုကွန်ယက်” စီမံချက်မှ နည်းနာများ၊ အောင်မြင်မှုများနှင့် မှတ်သားဖွယ်သင်ခန်းစာများကို အလေးထား ဖော်ပြထားပါသည်။ စီမံချက်သည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို စာသင်ကျောင်းများနှင့် ရပ်ရွာအတွင်း တိုးမြှင့်လုပ်ဆောင်လာနိုင်စေရန်နှ င့် ကလေးသူငယ်အကြမ်းဖက်မှုများကို တိုက်ဖျက်ရန် အကောင်းဆုံးနည်းလမ်းအမူအကျင့်များကို တည်ဆောက်ရန် ဖြစ်သည်။ ဤစာအုပ်ငယ်တွင် ပူးပေါင်းလုပ်ဆောင်သူများနှင့် အင်တာဗျူးများ၊ ရပ်ရွာအတွင်း ပြုပြင်ပြောင်းလဲနိုင်ခဲ့သည့် ဇာတ်ကြောင်းများ၊ လေ့လာမှတ်သားဖွယ် အဓိက အချက်များပါဝင် ပါသည်။

Acknowledgment People in Need would like to would like to say thank you the European Commission and the Czech Development agency who funded this three year project. Thank you to our implementing partners the Monastic Education Development Group for their implementation in Monastic Schools, as well as the community members, teachers and students from the 30 participating schools and surrounding villages. We hope that the child protection safety nets project has established the foundations to integrate child safeguarding in the 1,500 Monastic Schools across Myanmar and the surrounding communities and broadened the space for non-state actors to support the protection of children and young people. All of those involved in the implementation participated wholeheartedly and enthusiastically and we could not achieve what we do without you, thank you.

ကျေှးဇူးတင်လွှာ People in Need (လိုအပ်နေသောပြည်သူများဆီသို့) အဖွဲ့အနေဖြင့် ဦးစွာပထမ ဥရောပ ကော်မရှင်၊ ၃နှစ်တာစီမံချက်အတွက် ကူညီထောက်ပံ့ပေးပါသော ချက်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ တို့အား ကျေးဇူးတင်ရှိပါသည်။ မိတ်ဘက်အဖွဲ့အစည်းဖြစ်သော ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် MEDG “ဘုန်းတော်ကြီးသင်ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့”၊ စာသင်ကျောင်းပေါင်း ၃၀ မှ ဆရာ၊ဆရာများနှင့်ကျောင်းသားကျောင်းသူများ၊ ၎င်းပါတ်ဝန်းကျင်ရှိ ရပ်ရွာလူထုများကို ကျေးဇူးအထူးတင်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုံခြုံမှုကွန်ယက်” သည် မြန်မာနိုင်ငံအတွင်းရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်း ၁၅၀၀နှင့် နီးစပ်ရာ ကျေးရွာများအတွင်း ကလေးသူငယ်များ လုံခြုံစိတ်ချရသောပတ်ဝန်းကျင် ဖြစ်စေရေးကို တိုးမြှင့်ဖန်တီးရန် အခြေခံ အုတ်မြစ်အနေဖြင့် အစပျိုးတည်ထောင်ခဲ့ပြီးဟု မျှော်လင့်ပါသည်။ ထို့အပြင် ကလေးသူငယ်များနှင့် လူငယ်များကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ရန် ရပ်ရွာလူထုအတွင်းရှိ တာဝန်ရှိသူများအားလုံး၏ အခန်းကဏ္ဍကိုလည်း အင်အားဖြည့်တင်းခဲ့သည်ဟု မျှော်လင့်ပါသည်။ အထက်ပါ ပါဝင်သူများ အားလုံး၏ စိတ်ရောကိုယ်ပါပူးပေါင်းပါဝင်မှုကြောင့်သာ စီမံချက်အကောင်ထည်ဖော်ဆောင်နိုင်ြ ခင်းဖြစ်ပြီး၊ ၎င်းတို့ မပါဝင်ပါက ကျွန်ုပ်တို့လိုလားသော အောင်မြင်မှုမျိုးကို လုံးဝ လုပ်ဆောင်နိုင်ခဲ့မည် မဟုတ်ပါ၊ ထပ်မံ၍ ကျေးဇူးဥပက္ကာရ တင်ရှိကြောင်း ဖော်ပြလိုပါသည်။


Background နောက်ခံ အကြောင်းရင်း Myanmar after years of conflict and violence is undergoing a period of remarkable political, economic and social change. Following decades of isolation and instability and the lack of child protection systems and awareness of child protection has left millions of children vulnerable to neglect, exploitation and abuse. Children in Myanmar face a myriad of risks such as family violence, sexual abuse and exploitation, violence in schools and communities, early marriage, justice related issues, living and working on the streets, dangerous labour, trafficking and inability by parents and caregivers to meet their basic needs. Monastic schools in Myanmar have existed for centuries and today cater to over 300,000 poor and disadvantaged children. Many of these children are from remote areas with little or no access to education and attend monastic school to escape poverty, ethnic violence and the recruitment into the army or non-state armed groups. The Monastic Education system falls under the Ministry of Religious Affairs and implements the national curriculum. Schools are largely funded by public donations which allows many children to receive free education. မြန်မာနိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ပြောင်းလဲခြင်းဖြစ်စဉ်များကို ပဋိပက္ခ နှင့် အကြမ်းဖက်ခြင်းများကို နှစ်အတော်ကြာ ခံစားနေခဲ့ရပါသည်။ သီးခြားရပ်တည်နေခြင်းနှင့် နိုင်ငံမတည်ငြိမ်မှုများကြောင့် ကလေးသူငယ်ကာ ကွယ်စောင့်ရှောက်ရေးစနစ်နှင့် သတိပြုမိစေရန်လုပ်ဆောင်ခြင်းများမရှိသည့် အတွက် သန်းပေါင်းများစွာသောကေ လးသူငယ်များကို လျစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းအစရှိသော မတော်မတရားပြုကျင့်ခြင်းများကို ကာကွယ်နိုင်ရန် အခွင့်အလမ်းနည်းပါးခဲ့ပါသည်။ မြန်မာနိုင်ငံရှိကလေးသူငယ်များအနေနှင့် မိသားစု အကြမ်းဖက်ခြင်းများ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုကျင့်ခြင်းများ၊ ခေါင်းပုံဖြတ်ခြင်းများ၊ စာသင်ကျောင်းများနှင့် ရပ်ရွာအတွင်း အကြမ်းဖက်ခြင်းများ၊ စောစီးစွာ အိမ်ထောင်ကျခြင်းများ၊ တရားဥပဒေနှင့်ငြိစွန်းသော ပြဿနာများ၊ လမ်းပေါ်နေထိုင်၍အလုပ်လုပ်ခြ င်းများ၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်တွင် အလုပ်လုပ်ရခြင်းများ၊ လူကုန်ကူးခြင်းများ စသော အန္တရယ်များ ကို မိဘများနှင့် အုပ်ထိန်းသူများမှ သိသိလျက်နှင့်ပင် မိမိတို့၏ အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက် ကလေးများကိုအသုံးချနေရပေသည်။ ရာစုနှစ်ပေါင်းများစွာကတည်းက ယနေ့အထိ မြန်မာနိုင်ငံရှိ ဘုန်းတော်ကြီးကျောင်းများတွင် စောင့်ရှောက်ထားသော ဆင်းရဲနွမ်းပါးသည့် ကလေးသူငယ်အရေအတွက် ၃သိန်းကျော်ရှိပါသည်။ ဝေးလံခေါင်ဖျားသောဒေသများမှ ကလေးသူငယ်များသည် ဘုန်းတော်ကြီးသင် စာသင်ကျောင်းများတွင် ပညာသင်ယူနိုင်မှုအခွင့်လမ်းနည်းပါး (သို့မဟုတ်) လုံးဝကင်းမဲ့ပြီး စစ်တပ်နှင့်လက်နက်ကိုင်အဖွဲ့အစည်းများမှ တပ်သားစုဆောင်းခြင်း၊ အကြမ်းဖက်ခြင်းနှင့်


ဆင်းရဲနွမ်းပါးမှုတို့မှ လွတ်မြောက်ရုန်းထွက်နိုင်ရန်အလို့ငှာ အဆိုပါ ဘုန်းတော်ကြီးကျောင်းများသို့ ရောက်ရှိ လာခြင်းဖြစ်ပါသည်။ဘုန်းတော်ကြီးသင်ပညာရေးစံနစ်သည် သာသနာရေးဝန်ကြီးဌာနအောက်တွင် တည်ရှိပြီး နိုင်ငံတော်၏ ထုတ်ပြန်ထားသော သင်ရိုးညွှန်းတန်းအား လိုက်နာအသုံးပြုလျက်ရှိပါသည်။ အဆိုပါ ဘုန်းတော်ကြီးသင် စာသင်ကျောင်းများသည် ပြည်သူလုထုမှ လှူဒါန်းမှုများအားဖြင့် ကလေးများ အခမဲ့ ပညာသင်ကြားနိုင်ရန် ကျယ်ပြန့်စွာ လုပ်ဆောင်လျက်ရှိပါသည်။

People in Need is working with community members who are finding solutions to child protection issues in their local community. People in Need in Myanmar aims to enlarge the space for the development of a genuine civil society to support local actions towards social protection, in particular the care and protection of vulnerable children and young people. Building a protective environment for children will help prevent and respond to violence, abuse and exploitation. In order to establish Child Protection Safety nets the project includes building communities and families capacity to identify and respond to child protection concerns, providing community awareness about child abuse, violence and exploitation; addressing harmful attitudes, customs and practices; including education for children to develop knowledge about child protection risks and protective behaviours; providing communities with tools to respond to violence and abuse; and implementing and monitoring mechanisms to respond to cases of violence and abuse. People in Need အဖွဲ့သည် ရပ်ရွာအတွင်းရှိကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးနှင့် ပါတ်သက်သည့်ပြဿနာများကို ရပ်ရွာအတွင်းရှိ ပြည်သူများနှင့်သာ ပူးပေါင်းအဖြေရှာလျက်ရှိပါသည်။ People in Need အဖွဲ့သည် အထူးသဖြင့် ထိရှလွယ်သော ကလေးသူငယ်များနှင့် လူငယ်များကို ကာကွယ်စောင့်ရှောက်နိုင်ရန် လူမှု ကာကွယ်ရေးများလုပ်ဆောင်နိုင်ရန် စစ်မှန်သော လူမှုပါတ်ဝန်းကျင် တစ်ခုဖန်တီးရန်နှင့် တိုးတက်ဖြစ်ထွန်းလာနိုင်ရန် ရည်ရွယ်ပါသည်။ ကလေးများအတွက် ကာကွယ်စောင့်ရှောက်နို င်သော ပါတ်ဝန်းကျင်များဖော်ဆောင်ခြင်းဖြင့် အကြမ်းဖက်ခြင်းများ၊ မတော်မတရားပြုကျင့်ခြင်းများနှင့် ခေါင်းပုံဖြတ်ခြင်းများကို ကာကွယ်တုံ့ပြန်နိုင်မည်ဖြစ်သည်။ “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ကွန်ယက်” များတည်ထောင်ပေးနိုင်ရန် လုပ်ငန်းစဉ်များတွင် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်စရာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ရပ်ရွာနှင့် မိသားစုဝင်များကို နားလည်သိရှိစေခြင်းနှင့် ကလေးသူငယ်များအပေါ်ကျရောက်နိုင်သော မတော်မတရားပြုကျင့်ခြင်းများ၊ အကြမ်းဖက်မှုများ၊ ခေါင်းပုံဖြတ်မှုများအကြောင်းကိုသတိမူလာစေခြင်း၊ အန္တရာယ်ရှိစေသော သဘောထား ယုံကြည်မှုများ၊ စံတန်ဖိုးများ၊ ဓလေ့ထုံးတမ်းနှင့် အမူအကျင့်များကို ထောက်ပြခြင်းတို့ပါဝင်ပါသည်။ ထို့အပြင် ကလေးသူငယ်များအား ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအန္တရာယ်များနှင့် ပတ်သက်၍ ကာကွယ်နိုင်ရန် အသိပညာမြှင့်တင်ပေးခြင်း၊ ရပ်ရွာလူထုအား အကြမ်းဖက်မှုနှင့် မတော်မတရားပြုကျင့်မှုများဖြစ်ပေါ်လာပါက တုံ့ပြန်ဖြေရှင်းနိုင်ရန် စွမ်းရည်မြှင့်တင်ခြင်း၊ တုံ့ပြန်မှုကို ဖော်ဆောင်ခြင်းနှင့် ဖြစ်ရပ်အပေါ်တွင် စောင့်ကြပ်စစ်ဆေးမှု ဖြစ်စဉ်များအတွက် ကူညီပံ့ပိုးပေးခြင်းများ ပါဝင်ပါသည်။

Mario Verli


Child Protection Safety Nets

ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး လုံခြုံမှုကွန်ယက် In January 2015, People in Need together with the Monastic Education Development Group, its Myanmar partner, launched a 3 year project, Strengthening non state actors participation in building ‘Child Protection Safety Nets’ in Myanmar. The Child Protection Safety Nets project has been working to build community and school based child protection systems and to educate communities and schools about protecting children from neglect, exploitation and abuse. The project engaged directly with 30 monastic schools and communities in Sagaing Division, Mandalay Division and Shan State in Myanmar. Through the establishment of school based and community based Child Protection Groups (CPGs) the project is enhancing the capacities of non-state actors and other relevant local entities to respond to child protection risks in their local communities. The project has supported the development of vital infrastructure for schools and communities to respond to child protection concerns. School and community based CPGs have directly reached over 20,000 children through awareness activities and, through integrated school curriculum in child protection nearly 3,000 have gained a greater awareness of child rights, self-protection and knowledge of where to seek help. ၂၀၁၅ ဇန်နဝါရီလတွင် People in Need သည်မိတ်ဘက်အဖွဲ့အစည်းဖြစ်သော MEDG (ဘုန်းတော်ကြီးသင်ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) နှင့်ပူးပေါင်းကာ မြန်မာနိုင်ငံတွင် “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း ကွန်ယက်” စီမံချက် ဖော်ဆောင်ရာတွင် ကလေးသူငယ်များကို ကာကွယ်စောင့်ရှောက်ခြင်းအတွက် တာဝန်ရှိသူများ၏ ပူးပေါင်းပါဝင်မှုကို အင်အားဖြည့်တင်းပေးခြင်း ၃နှစ်စီမံချက်ကို အကောင်အထည် ဖော်ဆောင်ခဲ့ပါသည်။ “ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်း ကွန်ယက်” စီမံချက်သည် ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး စံနစ်များကိုအခြေခံသော ရပ်ရွာအဖွဲ့အစည်း၊ စာသင်ကျောင်းများဖြစ် ပေါ်လာစေရန်နှင့် ကလေးသူငယ်များကိုလျစ်လျူရှုခြင်းများ၊ ခေါင်းပုံဖြတ့်ခြင်းများနှင့် မတော်မတရားပြုကျင့်ခြင်းများကို ကာကွယ်ရန်အတွက် ရပ်ရွာနှင့် စာသင်ကျောင်းများအတွင်း ပညာပေးခြင်း လုပ်ငန်းများကိုလုပ်ဆောင်လျက်ရှိပါသည်။ စီမံချက်တွင် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ရှမ်းပြည်နယ်အတွင်းရှိ ဘုန်းတော်ကြီးသင် စာသင်ကျောင်း ၃၀၊ ရပ်ရွာပေါင်း ၃၀ နှင့်တိုက်ရိုက်ချိတ်ဆက်လုပ်ဆောင်နေပါသည်။ စာသင်ကျောင်းအခြေပြုနှင့် ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ Child Protection Groups (CPG) များဖွဲ့စည်းတည်ထောင်ပေးထားခြင်းအားဖြင့် စီမံချက်သည် သက်ဆိုင်ရာတာဝန်ရှိ အဖွဲ့အစည်းများနှင့် အခြားသော ဒေသတွင်း သီးခြားအဖွဲ့အစည်းများ၏ ၎င်းတို့ ဒေသတွင်း ဖြစ်ပေါ်တတ်သည့်ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု ပြဿနာများကို တုံ့ပြန်ဖြေရှင်းနိုင်မှု စွမ်းရည်ကို ပိုမိုကောင်းမွန်လာစေပါသည်။ စီမံချက်သည် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ စိုးရိမ်ဖွယ်အခြေအနေမျးကို တုံ့ပြန်ရန်အတွက် လွန်စွာအရေကြီးသော စာသင်ကျောင်းများနှင့် ရပ်ရွာလူထုတို့၏ အဓိက စွမ်းဆောင်ရည်ဖွံ့ဖြိုးမှုအပိုင်းကို ကူညီထောက်ပံ့ခဲ့ပါသည် စာသင်ကျောင်းနှင့် ရပ်ရွာအခြေပြုအဖွဲ့အစည်းများ (CPG) အားဖြင့်သည် ကလေးသူငယ် နှစ်သောင်းကျော်ခန့်ကို ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေးနှင့်ပါတ်သက်သည့် သင်ရိုးများထည့်သွင်းပေးခြင်းဖြင့် ပိုမိုသိရှိလာစေကာ အနည်းဆုံးကလေးသူငယ် သုံးထောင်ခန့်သည် ကလေးသူငယ်အခွင့်အရေးများ၊ မိမိကိုယ်ကိုကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူညီ တောင်းခံနိုင်သည့် နေရာတို့ကိုသိရှိနားလည်လာကြပါသည်။


Myanmar TOTAL

15

NUMBER OF SCHOOLS PARTICIPATING

5

10

30

NUMBER OF CPG MEMBERS FROM SCHOOLS

311

135

238

684

NUMBER OF CPG MEMBERS FROM COMMUNITY

454

1,419

131

231

816

NUMBER OF CHILDREN PARTICIPATING IN CHILD PROTECTION CLASSES

473

MANDALAY

946

SAGAING SHAN

2,838




လးသူငယ်များကို ၄င်းတို့ကိုယ်တိုင် ကာကွယ်စေ၍ တာဝန်သိစိတ်များ ကိုယ်ပိုင်ဖြစ်ပေါ်စေပြီး စေတနာ့ဝန်ကို ထမ်းဆောင်နိုင်ချင်စိတ်များ ဖြစ်ပေါ်စေလျက်ရှိပါသည်။ ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးက “ကလေးသူငယ်ကာကွယ်စောင့်ရှော က်ခြင်းဆိုတာ ရပ်ရွာအတွက် အရမ်းကိုလိုအပ်ပါတယ်၊ အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဗဟုသုတ အသိပညာတွေကို နောင်လာနောင်သား မျိုးဆက်သစ် လူငယ်တွေကို လက်ဆင့်ကမ်းဝေမျှပေးသွားမှာပါ” ဟု မှတ်ချက်ပြုထားပါသည်။ ဤမှတ်ချက်သည် ရပ်ရွာအတွင်း ကလေးသူငယ်ကာကွယ်ရေးဆိုင်ရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းရာနှင့် ကလေးသူငယ်များ အကြမ်းဖက်ခြင်းများ၊ မတော်မတရားပြုကျင့်ခြင်းများကို ကြိုတင်ကာကွယ်နိုင်မှု ပေးစေရန် အင်အားဖြစ်စေလျက်ရှိပါသည်။ ရပ်ရွာဒေသတိုင်းတွင် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ခြင်းသည် မရှိမဖြစ်အရေးကြီးပါသည်။ ဒေသအတွင်းတွင်း ရှိ ရပ်ရွာလူထုမှ ကလေးသူငယ်အကြမ်းဖက်မှုများ၊ မတော်မတရား ပြုကျင့်ခြင်းများနှင့် ခေါင်းပြုံ ဖတ်အမြတ်ထုတ်ခြင်းများကိုဆန့်ကျင်ရပ်တည်လာခြင်းသည် ရပ်ရွာပတ်ဝန်းကျင်အတွင်း ပိုမိုအကျိုးဖြစ်ထွန်းသော ကာကွယ်စောင့်ရှောက်မှု ဖန်တီးခြင်းကို အင်အားဖြည့်တင်းခြင်း တစ်ခုအပါအ၀င်ဖြစ်ပါသည်။

Key learning points - Community Ownership: အဓိကမှတ်သားဖွယ် အချက်များ - ရပ်ရွာလူထု၏ ကိုယ်ပိုင်တာဝန်သိတတ်မှု Community based approaches value community ownership and promotes traditional practices to ensure that children remain in family-based care with relatives or close friends, where possible; and Empowers communities to identify locally based issues and promotes community ownership to offers solutions to tackle child protection issues. ရပ်ရွာကို အဓိကချဉ်းကပ်ခြင်းအားဖြင့် ဓလေ့ထုံးတမ်းအရ ကလေးသူငယ်များအား အနီးစပ်ဆုံး မိသားစုဝင်များမှအခြေခံ စောင့်ရှောက်မှု (သို့မဟုတ်) အဖြစ်နိုင်ဆုံး နီးစပ်ရာ အသိုင်းအ၀ိုင်းမှ ပြုစုစောင့်ရှောက်ခြင်းကို သေချာစေခြင်းနှင့် ရပ်ရွာလူထု၏ ကိုယ်ပိုင်တာဝန်သိတတ်မှုကို မြှင့်တင်စေပါသည်၊ ရပ်ရွာလူထုအား စွမ်းရည်မြှင့်တင်ခြင်းဖြင့် ရပ်ရွာအဆင့် ပြဿနာများကို ဖော်ထုတ်နိုင်မည် ဖြစ်ပြီး ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး ပြဿနာများကို ကုင်တွယ်ဖြေရှင်းရာတွင် ရပ်ရွာလူထု၏ ကိုယ်ပိုင်တာဝန်သိတတ်မှုကို မြင့်တက်စေပါသည်။

Mario Verli


Positive change through Case Management

Community volunteers who have joined the CPGs are trained in how to respond if child protection issues occur in the community. The project has successfully established pathways for reporting statutory cases to village authorities and further to Township Child Rights Committees (Township Child Rights Committees) and the Department of Social Welfare (DSW). Before the project, community members felt powerless to create positive change and to achieve justice for victims of violence, abuse and exploitation. A CPG member explains, “Before our group was formed cases of child abuse occurred. I felt frustrated but I could not do anything. The cases were solved by extortion or bribes and the vulnerable people were oppressed.” Through basic case management training CPG members have been able to respond to cases and assist in resolving them. “When the group was formed we attended trainings. Now I know how to identify the cases and what kind of help the child will need.” she adds. Once a case is identified, community based CPGs respond to the case by offering practical support and advice. “In the community we Typically, this means making an guarantee that child initial assessment with the child and abuse will never happen family to identify their needs. One community volunteer explains how here again” says member they provide assistance to victims of community based child of abuse, “Once we identify more protection group complicated cases we meet with the family and ask them if they want the help of a CPG member. Later we organize a CPG meeting and discuss how to help the family. Once there is a need of legal help to the family, we refer the case to a lawyer and coordinate together. We are for example collecting documentation for evidence.”


The presence of community members in the CPGs is perceived positively by members of the community and the program approach is well received as a mechanism to effectively address issues in the community. One CPG stated, “We are perceived as very reliable. There was never this kind of support for communities. For the people, our work is kind of a guarantee that child abuse will never happen in the community again.” Even though there are challenges addressing complex cases, the CPG members can see the positive impact of CPGs in the local community. A CPG member said “Other similar actions just support the children’s development. They do not reflect the cases once the child is abused. They do not get in touch with lawyers or go to the court. They are responsible for rehabilitation or social support. For us it is a very good experience to have a chance to deal with these kind of cases.” The community CPGs with expertise in case management act as a support network for victims and their families and fosters faster more effective case resolution. Community based CPGs through the assistance of sub-grants funds have been able to cover basic costs for victims to travel from remote communities to townships where they can attend court proceedings or meetings with the police, prior to the project this may not have been possible and such cases may have gone unreported. Other costs include health care costs, counselling fees, school enrolment and transportation.

ဖြစ်ရပ် စီမံခန့်ခွဲခြင်းအားဖြင့် အကောင်းဘက်သို့ ဦးတည်ပြောင်းလဲခြင်း

ရပ်ရွာအခြေပြု ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးရပ်ရွာ အဖွဲ့များနှင့် ပူးပေါင်း ဆောင်ရွက်သည့် စေတနာ့ဝန်ထမ်းများကို ရပ်ရွာအတွင်း ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးပြဿနာများပေါ်ပေါက်လာပါက မည်သို့ တုံ့ပြန် လုပ်ဆောင်ရမည်ကို ကောင်းမွန်စွာ သင်တန်းပေးထားပါသည်။ စီမံချက်သည် ဥပဒေကြောင်းအရ ဖြေရှင်းရမည့်ပြဿနာများကို ကျေးရွာလူကြီး၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ၊ လူမှုဝန်ထမ်းဦးစီးဌာန တို့ကို သတင်းပို့ရန်နည်းလမ်းများကို ထုတ်ပြန်ပေးပြီးဖြစ်ပါသည်။ စီမံချက်မစတင်မီအချိန်က ရပ်ရွာလူထုသည် ၎င်းတို့အနေဖြင့် အကြမ်းဖက်ခံ၊ မတော်မတရားပြုကျင့်ခံ၊ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရသူများအတွက် တရားမျှတစွာ အကောင်းဘက်သို့ ဦးတည်ပြောင်းလဲစေနိုင်ရေးကို ဖန်တီးကူညီပေးရန် အခွင့်အာဏာမရှိဟု ခံစားမိခဲ့ကြပါသည်။ “ကျွန်တော်တို့အခုလို အဖွဲ့တွေမဖွဲ့ခင်က ကလေးသူငယ် မတော်မတရားပြုကျင့်မှု တခုခုဖြစ်တာ တွေ့ရရင် စိတ်ထဲမှာ ဒေါသထွက်၊ အလိုမကျတာကလွဲလို့ ဘာမှမတတ်နိုင်ဘူးလို့ ခံစားရတယ်။ ဖြစ်လိုက်ရင် ခြိမ်းခြောက်တာတို့ လာဘ်စားတာတို့နဲ့ အားနည်းသူတွေကို ဖိနှိပ်ကြတာများပါတယ်” ဟု ရပ်ရွာအဖွဲ့ဝင်တစ်ဦးက ရှင်းပြပါတယ်။ “အခုလို သင်တန်းတွေကြောင့် ပြဿနာတွေကို ဘယ်လိုဖော်ထုတ်ဖြေရှင်းရမယ်ဆိုတာ သိလာတယ်။ ကလေးမှာ ဘယ်လို အကူအညီတွေလိုအပ်မယ်ဆိုလာတည်း သိလာတယ်” လို့ သူမက ထပ် လောင်းပြောကြားပါတယ်။


ဖြစ်ရပ်တစ်ခုကို ဖော်ထုတ်လိုက်ပြီဆိုတာနဲ့ တပြိုင်နက်၊ ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်မှု အဖွဲ့ဝင်တွေက ဖြစ်ရပ်ကို လက်တွေ့ကူညီပံ့ပိုးခြင်း၊ အကြံဥာဏ်ပေးခြင်းတို့အားဖြင့် တုံ့ပြန်ပါတယ်။ ထုံးစံအားဖြင့် ကလေးနဲ့မိသားစု လိုအပ်ချက်တွေကို ကနဦး စစ်တမ်းကောက်ယူမှုပြုလုပ်ရပါတယ်။ စေတနာ့ဝန်ထမ်းတစ်ဦးကတော့ မတော်မတရားပြုကျင့်ခံခဲ့ရသူတွေအပေါ် သူကူညီခဲ့တာကိုအခုလိုရှင်းပြပါတယ်။ ပိုမိုရှုပ်ထွေးတဲ့ ပြဿနာတွေကိုတော့ သတင်းရတာနဲ့ တပြိုင်နက် ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ရဲ့ အကူအညီလိုအပ်သလားဆိုတာကို ကလေးဖြစ်သူရဲ့မိသားစုကို တွေ့ဆုံပြီး မေးပါတယ်။ ပြီးတဲ့အခါ အဲ့ဒီမိသားစုကို ဘယ်လိုနည်းလမ်းနဲ့ ကူညီကြမယ်ဆိုတာကို တိုင်ပင်ဖို့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တွေအားလုံးကို အစည်းအဝေးခေါ်ပါတယ်။ ဥပဒေကြောင်းအရလို အပ်ရင်တော့ အဲ့ဒီဖြစ်ရပ်ကို ရှေ့နေတွေကိုလွှဲအပ်ပေးပြီး အတူတကွပူးပေါင်းဆောင်ရွက်ကြပါတယ်။ ကျွန်တော်တို့ကတော့ အထောက်အထား၊ စာရွက်စာတမ်း စတာတွေကို စုဆောင်းတဲ့နေရာမှာ တာဝန်ယူပါတယ်။ ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင်တစ်ဦးကတော့ ဒီလိုပြောပါတယ် ကလေးသူငယ်ကာကွယ်စောင့်ရှောက်မှုအဖွဲ့အစည်းများအတွင်း ရပ်ရွာလူထုကိုယ်တိုင် ပါဝင်ခြင်းသည် ဒေသတွင်း ဖြစ်ပွားသော ပြဿနာကို ကောင်းမွန်အကျိုးရှိစွာ ကိုင်တွယ်လုပ်ဆောင်နိုင်ခြင်းဟူသော အကျိုးရလဒ်ကောင်းကို ရရှိစေပါသည်။ “ကျွန်တော်တို့ကို ရပ်ရွာလူထုက အားထားယုံကြည်လာကြတယ်။ အရင်က ဒီလိုရပ်ရွာအတွက် ထောက်ပံ့မှုမျိုး မရှိခဲ့ဖူးဘူးလေ၊ လူတွေအတွက် ကျွန်ေ တ်ာတို့ရဲ့လုပ်ဆောင်ချက်တွေက ရပ်ရွာထဲမှာ ဒီလို

“ရပ်ကွက်ထဲမှာတော့ ကလေးသူင ယ်မတော်မတရားပြုကျင့်တာမျိုးေ တွ ထပ်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်အာမခံနိုင်တယ်”

မတော်မတရားပြုကျင့်မှုတွေထပ်မံ ဖြစ်ပေါ်မလာနိုင်အောင် ဟန့်တားလိုက်သလို၊ အာမခံလိုက်သလို ဖြစ်သွားတယ်။” တချို့သော ရှုပ်တွေးတဲ့ဖြစ်ရပ်တွေက စိမ်ခေါ်မှုတွေရှိသော်လည်း ရပ်ရွာလူထုအတွင်း ကောင်းမွန်စွာပြောင်းလဲသွားတဲ့ အကျိုးရလဒ်တွေကို အဖွဲ့ဝင်တွေအနေနဲ့ တွေ့မြင်နေရပြီဖြစ်ပါတယ်။ အဖွဲ့ဝင်တစ်ဦးကတော့ ဒီလိုပြောပါတယ် “ဒီလို ဖြစ်ရပ်တွေမှာ အလားတူထောက်ပံ့ပေးတဲ့ အဖွဲ့အစည်းတွေရှိပါတယ်၊ များသောအားဖြင့် ဖြစ်ပြီးသွားတဲ့ကလေးရဲ့ နောက်ပိုင်း

အနာဂတ်ဖွံ့ဖြိုးမှုအပေါ်မှာ အလေးထားထောက်ပံ့ကြတယ်၊ ကလေး ပြုကျင့်ခံလိုက်ရတာနဲ့ တပြိုင်နက် ကြားဝင်စွက်ဖ က်ကူညီပေးတာမျိုးတော့မဟုတ်ဘူး၊ ရှေ့နေတွေနဲ့ အဆက်အသွယ်လုပ်ပေးတာတွေ တရားခွင်လိုက်ပေးတာတွေမရှိဘူး၊ များသောအားဖြင့်ကတော့ ပြန်လည်ထူထောင်ရေးနဲ့ လူမှုကူညီထောက်ပံ့ရေးအတွက် အဓိက တာဝန်ယူတာပေါ့၊ ကျွန်တော်တို့အတွက်ကတော့ ဒီလို ဖြစ်ရပ်တွေအပေါ်နဲ့ တိုက်ရိုက်ထိတွေ့ ကူညီခွင့်ရတာ တကယ့်ကို အတွေ့အကြုံကောင်းပါပဲ” ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ဝင်တွေကို ဖြစ်ရပ်စီမံခန့်ခွဲမှုအပေါ်မှာ ကျွမ်းကျင်စေဖို့ လေ့ကျင့်ပေးလိုက်ခြင်းသည် မတော်မတရားပြုကျင့်ခံကလေးသူငယ်များ၊ ၎င်းတို့မိသားစုနှင့် အုပ်ထိန်းသူများအပေါ် ပိုမိုထိရောက်သော ဖြစ်ရပ်ဖြေရှင်းခြင်းနှင့် ချိတ်ဆက်ဆောင်ရွက်မှုကို အကူအညီဖြစ်စေခဲ့ပါသည်။ ထို့အပြင် ရပ်ရွာအခြေပြုအဖွဲ့ငယ်များသည် ဖြစ်ပွားသော ဖြစ်ရပ်များတွင် ပြုကျင့်ခံရသူ မိသားစုအနေဖြင့် ကုန်ကျစ ရိတ်မတတ်နိုင်ရခြင်းကြောင့် မတုံ့ပြန်၊ သတင်းမပို့ခြင်း မရှိရလေအောင် ဝေးလံသောဒေသများမှ မြို့နယ်တရားရုံးများ သို့လာရောက်ခြင်း၊ ရဲတပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ပြုလုပ်နိုင်ပါရန် ရံပုံငွေများ ထောက်ပံ့ကူညီပေးပါသည်။ အခြားသော ထောက်ပံ့မှုအနေဖြင့်၊ ကလေး၏ ကျန်းမာရေး၊ နှစ်သိမ့်ဆွေးနွေးမှုဆိုင်ရာ ကုန်ကျမှု၊ ကျောင်းအပ်နှံခြင်းနှင့် ခရီးစရိတ်ကုန်ကျမှုများကိုလည်း ထောက်ပံပေးလျက်ရှိပါသည်။



Collaboration and Coordination with Government

At the community level, the Child Protection Safety Nets Project works closely with existing structures in the community and township level including local government personnel, relevant departments, local authorities, Township Child Rights Committees, and other relevant child protection actors. The project has integrated engagement with the Township Child Rights Committees who have a role in monitoring children at risk and child victims.

Township Child Right Committees Township Child Right Committees, enshrined in the 1993 Myanmar Child Law, and comprised of local government representatives, including local authorities, health professionals, teachers and other relevant departments, are mandated to meet regularly to discuss and respond to Child Protection cases. Township Child Rights Committees play a critical role in addressing child protection issues in local communities. To help respond to child protection cases in the target areas, the project facilitated regular meeting with Township Child Rights Committee members, community and school based CPGS and other relevant child protection actors. Collaboration with key government sectors has been vital in responding effectively to child protection cases in the community. The community based CPGs utulised regular meetings to engage with the Township Child Rights Committee members and to coordinate efforts between government staff and community based groups and NGOs. In the Mandalay division, a case of sexual abuse of a small child was identified by communities and referred to the community based CPG, through engagement with the Township Child Rights Committee members the relevant actors were able to share information and intervene to ensure appropriate support was offered to the child and family, including access to legal advice and specialist health services. Such cooperation and networking ensures that Child Protection cases identified in the community are responded to in a timely matter. Mario Verli



Key learning points - Collaboration with Township Child Rights Committees, Government Departments, CSO and NGOs is critical for establish safety nets within the existing child protection structures: Working with relevant entities through Township Child Rights Committees, government departments and local authorities is a key strength of the project – and a challenge. Engagement was varied between various township due to various factors, including limited capacity of Township Child Rights Committee members who are assigned from government departments with limited or no knowledge of Child Protection. Ongoing capacity development of Township Child Rights Committee members appointed is essential; and Coordination between Township Child Rights Committees, local authorities, relevant child protection actors is vital in responding to cases of abuse and violence in the community. Meanwhile, it is sadly found that some of the victims and families are subject to threats and coercion by perpetrators through the use of bribes and utilising power and influence in the community to silence victims and families. Such cases contribute to a culture where individuals and families keep cases of abuse secret for reasons of prestige, honour and for fear of repercussions in the future. Similarly, where there has been cases where bribes may have been offered, victims were required to endure prolonged and lengthy court cases or over the duration of the court hearing the sentence was significantly decreased despite substantial evidence. In a case supported by the project, the mother of a 4 year old child who was sexually abused stated, “I would like the national level authorities and lawmakers to know that there is still some corruption and bribery, even in the court. I want my country’s law and legislature to be enforced, strengthened and firmed, not for the sake of my child, but for every parents who are suffering for child abuse victims.”





Through the use of child protection special sub-grants for rapid response, Mi Hnin Si was able to enrol into a tailoring course to ensure she has the best chances in the future. Mi Hnin Si is one of the many victims as a result of family breakdown in Myanmar, which places children and young people at a higher risk of exploitation and abuse. Mi Hnin Si now participates in the community based CPG in her village and shares her personal experience and raises awareness about child rights and how to protect children in her community from the risks of neglect, abuse and exploitation. *The child’s name has been changed for her privacy. အောက်ပါ ဇာတ်လမ်းသည် ရပ်ရွာအဖွဲ့အစည်းမှ အန္တရာယ်ကျရောက်လုဆဲဆဲ အခြေအနေအတွင်းမှ အမျိုးသမီးငယ်လေးအား အထက်ပါပေးအပ်ထားသော ဖြစ်ရပ်စီမံခန့်ခွဲခြင်း ရံပုံငွေအားဖြင့် ကူညီထောက်ပံ့ပေးခဲ့ခြင်းများထဲမှ တစ်ခုအပါအ၀င်ဖြစ်ပါသည်။

ပြောင်းလဲစေခဲ့သော ဇာတ်လမ်းတစ်ပုဒ် နယ်စပ်တွင် စွန့်ပစ်ခံရခြင်း ၂၀၁၇ ဧပြီလ ဖြစ်သည်။ အသက် ၁၅နှစ်အရွယ်ရှိပြီဖြစ်သော မနှင်းဆီလေးအား သူမ၏ အဖေနှင့် မိထွေးဖြစ်သူမှ တရုတ်-မြန်မာ နယ်စပ်နှင့် ကပ်လျက်ရှိသော မြို့လေးတွင် စွန့်ပစ်ခဲ့သည်၊ ထိုနေရာသည် အများစုသော မိန်းမငယ်တို့ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရခြင်းနှင့် လူကုန်ကူးခံရသူအများအပြား သားကောင်အဖြစ် စတေးခံရသော နေရာဖြစ်သည်။ ရှမ်းပြည်နယ် ရပ်ရွာကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့၏ အစည်းအဝေး တစ်ခုတွင် မနှင်းဆီလေး၏ အဘွားဖြစ်သူမှ - သူမသည် မနှင်းဆီလေးအား ထိုကဲ့သို့သော မိန်းမငယ်လေးများအတွက် မြန်မာနိုင်ငံတဖက်ရှိ အနောက်တောင်ပိုင်း တရုတ်ပြည်သို့ ရောင်းစားခံရဖွယ်ရှိသော အခြေအနေမျိုးမှ ကာကွယ်ရန် မိုင်၃၀၀ ခန့်ရှည်လျားသော ခရီးကို သွားရောက်၍ ကယ်တင်ခဲ့ရကြောင်း ပြောပြနေသည်။ မနှင်းဆီ၏လုံခြုံရေးအတွက် ရပ်ရွာအဖွဲ့အစည်းနှင့် People in need တို့ပူးပေါင်းကာ ထောက်ပံ့ရံပုံငွေဖြင့် သူမ၏ရွာကို ချောမောစွာပြန်ရောက်နိုင်ပါရန် ပူပေါင်းကူညီဆောင်ရွက်ပေးခဲ့ရပါသည်။ မနှင်းဆီသည် သူမ၏ အဘွားပြောပြနေသည်များကို မျက်တောင်မခတ် နားထောင်နေလေသည်။ ဤအဖြစ်ပျက်များမြ ဖစ်မီကာလတွင်လည်း သူမသည် မိထွေးဖြစ်သူ၏ အကြမ်းဖက်မှုနှင့် မတော်မတရားပြုကျင့်မှုများကိုလည်း မကြာခဏ တွေ့ကြုံခဲ့ရပါသည်။ ထို့ကြောင့် သူမစိတ်ဒဏ်ရာ သက်သာလာစေရန် ရပ်ရွာအဖွဲ့အစည်းက စိတ်ပိုင်းဆိုင်ရာကျန်းမာေ ရးကောင်းမွန်လာစေရန် အထူးပြုစုစောင့်ရှောက်မှုများ ပေးခဲ့ရပါသည်။ ရွာကိုပြန်ရောက်လာသောအခါ သူမဘာသာရပ်တည်နိုင်ရန် အလုပ်လုပ်ဖို့လိုအပ်လာပါတော့ သည်။ သူမ၏ အဘွားသည် အခြားအိမ်များသို့ လိုက်လံအဝတ်လျှော်သော အလုပ်ကိုလုပ်ကိုင်ပြီး ၀င်ငွေအလွန်နည်းပါးပါသည်။ မနှင်းဆီသည် ငွေရေးကြေးရေး အရပူပန်စရာမရှိပါက အတန်းကျောင်းပြီးဆုံးအောင်တက်၍ စက်ချုပ်သင်တန်း တက်ရောက်လိုပါသော်လည်း အခြေအနေအရ ဘ၀အကျိုးပေးအနေဖြင့် ဆင်းရဲခြင်းနှင့် ကြုံတွေ့နေရသော အခက်အခဲများကြောင့် မဖြစ်နိုင်တော့ပေ။ ထို့နောက်တွင် ကလေးသူငယ်စောင့်ရှောက်ရေး အထူး ရံပုံငွေဖြင့် သူမအနာဂတ်ဘဝအခွင့်လမ်းကောင်းများရရှိစေရန်မနှ င်းဆီလေးအား စက်ချုပ်သင်တန်းကိုအပ်နှံခဲ့ပါတော့သည်။ ကလေးသူငယ်နှင့် လူငယ်လူရွယ်များ မတော်မတရားပြုကျင့်ခံရခြင်းနှင့် ခေါင်းပုံဖြတ်ခံရခြင်းများ အလွန်တရာဖြစ်ပွားသော မြန်မာနိုင်ငံတွင် မနှင်းဆီသည် မိဘအိမ်ထောင်ရေး အဆင်မပြေပြိုကွဲခြင်းကြောင့်ဒုက္ခအတိေ ရာက်ရသော ကလေးငယ်ပေါင်းများစွာထဲမှ တစ်ယောက်ဖြစ်လေသည်။ ယခုအခါတွင်တော့ မနှင်းဆီလေးသည် စက်ချုပ်သင်တန်းတက်ရောက်ရင်း ၄င်းကိုယ်တိုင်ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မိမိ၏ ရပ်ရွာအတွင်း ဝေမျှခြင်းဖြင့် ကလေးသူငယ်များကို လျစ်လျူရှုခြင်း၊




Awareness sessions have reached 1,540 children and 7,439 adults

CHILD PROTECTION AWARENESS THROUGH TAILOR MADE CURRICULUM FOR CHILDREN

A total of 180 awareness sessions have been delivered to increase community members, parents, care-givers and children’s understanding of child protection issues, especially child labour, domestic violence, corporal punishment, early marriage, trafficking, etc.

A total of 87 teachers from received training in child protection curriculum to be delivered to children in grades 4 & 8. Awareness through tailor made child protection curriculum reached a total of 2,838 (2016-2017 Academic year in 30 monastic schools)

The project has delivered 6 awareness session in the 30 target communities. ‘PREVENTION OF ABUSE THROUGH COMMUNITY AWARENESS SESSION’

PREVENT

IDENTIFY

TAILOR-MADE TRAINING FOR SCHOOL BASED AND COMMUNITY BASED CHILD PROTECTION GROUPS Tailor made training meets the needs and gaps in the target communities and schools and equips community and school volunteers with the skills to identify child protection risks and concerns.

30 schools received tailor-made training in the following topics: Child

Rights & Child Law, Child Protection | Child Protection Policy training | dentifying signs of abuse and responding to reports

30 communities received training in the

following topics: First Intensive training - Forming

Child Protection Groups, ToR, Action Plans | Second Intensive training - Township Resource Mapping | Child Protection Training | Child Rights and Child Law Training

RESPOND RESPONDING TO CHILD PROTECTION THROUGH CASE MANAGEMENT The project has provided tools for community members to respond to violence and abuse through the establishment of case management systems.

As of September 2017, a total of 80 cases were resolved.

A total of 144 children and young people have received support as a result of the Child Protection Safety Nets project The project delivered two sessions in delivered case management in 30 communities, the first session was attended by 640 CPG members and the second refresher training was attended 809 CPG members


CHILD PROTECTION SAFETY NETS SNAP SHOT GENERAL FACTS

DISTRIBUTION OF CASES BETWEEN MALES AND FEMALEST

FEMALES 86 Cases

NEGLECT 76 Cases

MALES 58 Cases SEXUAL ABUSE 18 Cases

OTHER 4 Cases

PHYSICAL ABUSE 127 Cases

OTHER FORMS OF VIOLENCE

Including commercial sexual exploitation, trafficking, child labour

EXPLOITATION

11 Cases

ABDUCTION 1 Cases

GENERAL WELFARE SUPPORT 4 Cases

Including corporal punishment and harmful traditional practices

18 Cases

CASE RESOLUTION

CLOSED CASES 80 Cases

ONGOING - FOLLOW UP 64 Cases

CASES SUPPORTED IN COORDINATION WITH OTHER GOVERNMENT, LOCAL AUTHORITIES AND OTHER STAKEHOLDERS

DEPARTMENT OF SOCIAL WELFARE (DSW)

31 cases 28 cases

POLICE

TOWNSHIP CHILD RIGHTS COMMITTEES

13 cases 18 cases

MONASTIC SCHOOL IMMIGRATION OFFICE

18 cases 5 cases 5 cases 6 cases

OTHER AGENCIES AND CSO/CBOS

including women affairs federation, social affairs group, YMCA, World vision

VILLAGE LEVEL AUTHORITIES LEGAL PROFESSIONALS HEALTH CARE PROFESSIONALS

18 cases Data from September 2017


People in Need in Myanmar People In Need started to work in Myanmar in 1998 by providing assistance to members of civil society groups directly within the country or on the Myanmar-Thai border, where hundreds of thousands of Myanmar´s refugees were living. In 2012, People In Need established a permanent office in Yangon with the aim to gain direct access to its beneficiaries and to deliver its assistance to civil society organizations directly on the spot. People in Need in Myanmar aims to enlarge the space for the development of a genuine civil society to support local actions towards social cohesion, social protection and economic development as well as civic participation in all democratic processes. People In Need is currently working to support Child Protection initiatives, Civil Society organisations and Social Cohesion programming.

People in Need မြန်မာ People in Need သည် မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်မှ စတင်ကာ မြန်မာဒုက္ခသည်ထောင်ပေါင်းများစွာနေထိုင်လျက်ရှိသော ထိုင်း-မြန်မာနယ်စပ်တွင် ကူညီမှုများပေးအပ်နိုင်ရန် အရပ်ဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးခြင်းဖြင့် စတင်ခဲ့ပါသည်။ အရပ်ဖက်လူမှူအဖွဲ့အစည်းများကို တိုက် ရိုက်ထောက်ပံ့ပေးနိုင်ရန်နှင့် လိုအပ်သလို ကူညီထောက်ပံ့မှုများ အချိန်မီရောက်ရှိနိုင်စေရန် အလို့ငှာ ၂၀၁၂ခုနှစ်တွင် People in Need သည် ရန်ကုန်မြို့၌ ရုံးခန်ူး အတည်တကျ ဖွင့်လှစ်ခဲ့ပါသည်။ ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ်တွင် ပြည်သူအားလုံးပါဝင်လာရန် အလို့ငှာ လူမှုပေါင်းစည်းရေး၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် စီးပွားဖွံ့ဖြိုး တိုးတက်ရေးဆီသို့ တက်လှမ်းနိုင်ရန်နှင့် ထိုသို့ ဖွံ့ဖြိုးလာစေရန် အရပ်ဖက်လူမှုအဖွဲ့အစည်းများမှ တဆင့် အမှန်တကယ် တိုးတက်ဖွံ့ဖြိုးလာစေရန်မှာ People in Need မြန်မာ၏ အဓိက ရည်ရွယ်ချက် ဖြစ်ပါသည်။ ယခုလက်ရှိတွင် People in Need သည် ကလေးသူငယ်ကာကွယ်ေ စာင့်ရှောက်ရေးလုပ်ငန်းစဉ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၏ အင်အားဖြည့်ဆည်းခြင်းအစီအ စဉ်များနှင့် လူမှုပေါင်းစည်းရေး အစီအစဉ်များကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

Child Protection Safety Net ကလေးသူငယ်စောင့်ရှောက်ရေး အစီအစဉ်

Social Cohesion Programme လူမှုပေါင်းစည်းခြင်းအစီအစဉ်

Support of Civil Society အရပ်ဘက်အဖွဲ့အစည်းများကို ထောက်ပံ့ပေးခြင်းအစီအစဉ်


Notes

မှတ်စုတိုများ



People in Need 37-B, Thirimingalar Street (Previous Artia Street) (8) Quarter, Kamaryut Township, Yangon, Myanmar tel.: 01 525 961 PIN.Myanmar@peopleinneed.cz www.peopleinneed.cz

လိုအပ်နေသောပြည်သူများဆီသို့အဖွဲ့ (People in Need) ၃၇ ဘီ၊ သီရိမင်္ဂလာလမ်း (ယခင်အာတီးယားလမ်း) အမှတ် (၈) ရပ်ကွက်၊ ကမာရွတ်မြို့နယ် ရန်ကုန်မြို့၊ မြန်မာ။ အီးမေးလ်: PIN.Myanmar@peopleinneed.cz

Follow us on Facebook: People in Need Myanmar

f


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.