arakan ,gas,oil china

Page 1

အန္တရာယ်ဇုံ ဧရာမ တရု တ် စ က် မှု ဇုံြ ကီး က ရခို င် က မ်း ရိုး တန်း ဒေသကို ခြိ မ်း ခြောက်ေ နလေပြီ ရွှေဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေနံပိုက်လိုင်းများစတင်သည့် ရခိုင် ကမ်းရိုးတန်းဒေသတွင် တရုတ်နိုင်ငံက ဧရာမစက်မှုဇုံကြီးတစ်ခုကို တည်ဆောက်ရန် စီစဉ်နေခြင်းသည် ရခိုင်ပြည်သူထောင်ပါင်းများ စွာ၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေလိမ္မည်။ တဖန် ဤစီမံကိန်း ကြောင့်ပင်လျင် မြန်မာနိုင်ငံ၏ ဒုတိယအကြီးမားဆုံး လမုတောကြီး မှာလည်း လုံးဝပျက်သုန်းသွားနိုင်မည်ဖြစ်ပါသည်။ စတုရန်းကီလိုမီတာ(၁၂ဝ)ကျယ်ဝန်းမည့် အထူးစီးပွားရေးဇုံ ကို ကျောက်ဖြူမြို့နယ်၌ တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီက တာဝန်ယူတည်ဆောက်မည်ဖြစ်သည်။ လက်ရှိအချိန်တွင် အရှေ့အ လယ်ပိုင်းဒေသနှင့် အာဖရိကတို့မှ ဆိုက်ကပ်လာမည့် ရေနံတင် သင်္ဘောများအတွက် ကမ္ဘာ့(၁၁)ခုမြောက် အကြီးမားဆုံး ရေနက် ဆိပ်ကမ်းတစ်ခုကို တရုတ်နိုင်ငံက မဒေးကျွန်းတွင် တည်ဆောက် လျက်ရှိသည်။ ထို့ပြင် CITIC ကုမ္ပဏီသည် ကီလိုမီတာ ၈ဝဝ ရှည်လျှားမည့် ကျောက်ဖြူ-တရုတ် အမြန်ရထားလမ်းကို နှစ်(၅ဝ) BOT သဘောတူ ညီချက်အရ တည်ဆောက်မည်ဖြစ်သည်။ ဤရထားလမ်းကို ဖေါက် လုပ်ခြင်းဖြင့် အိန္ဒိယသမုဒ္ဒရာမှ မြန်မာနိုင်ငံကို ဖြတ်သန်းသွားမည့် တရုတ်တို့၏ ကုန်သွယ်ရေးလမ်းကြောင်းကို ပိုမို၍အဆင်ပြေလွယ်ကူ ချောမွေ့စေမည်ဖြစ်သည်။ အရှေ့တောင်အာရှတွင် တရုတ်၏ အကြီး မားဆုံးစီမံကိန်းဖြစ်သော ရထားလမ်းနှင့် အထူးစီးပွားရေးဇုံတို့ အတွက် ရင်းနှီးမြုတ်နှံမှုပမာဏမှာ(၃၅)နှစ်အတွင်း အမေရိကန်ဒေါ်လာ (၁၀၉) ဘီလီယံ ရှိမည်ဖြစ်သည်။ ဓါတ်ငွေ့ပိုက်လိုင်းနှင့် ရေနက်ဆိပ်ကမ်းတည်ဆောင်ခြင်းတို့ က လယ်ယာမြေအမြောက်အများ သိမ်းပိုက်ခံရမှုတို့ကိုဖြစ်ပေါ်စေ ခဲ့ပြီဖြစ်သည်။ ယခုချိန်တွင်လည်း အထူးစီးပွားရေးဇုံ တည်ဆောင်ရန် အတွက် အနည်းဆုံး ဒေသခံကျေးရွာပေါင်း (၄၀)ခန့်  ပြောင်းရွေ့ခံရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။ ဒေသခံပြည်သူ အများစုမှာ ရေနံ၊ဓါတုစက်ရုံနှင့် သတ္တုစက်ရုံတို့မှ ထွက်ရှိလာမည့် အဆိပ်သင့် စွန့်ပစ်ပစ္စည်းများနှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုများ၏ အန္တရယ်ကိုစိုးရိမ် မကင်းဖြစ်နေကြသည်။ သို့သော်လည်း စီမံကိန်းနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဒေသခံများထံသို့ အသိပေးဖြန့်ဝေခြင်း လုံးဝမရှိပေ။ မြန်မာနိုင်ငံတွင် ဤကဲ့သို့သော စီမံကိန်းများကို အကောင် ထည်ဖေါ် မဆောင်ရွက်မီ ပြည်သူလူထုနှင့် သဘာဝပတ်ဝန်းကျင်ကို အကာအကွယ်ပေးနိုင်ရန်အတွက် ခိုင်မာတိကျသော ဥပဒေများကို ပြဌာန်းရန် အရေးတကြီး လိုအပ်နေသည်။ ရခိုင့်ရေနံစောင့်ကြည့်ရေးအဖွဲ့မှထုတ်ဝေသည် (ဒီဇင်ဘာ-၂၀၁၂)


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.
arakan ,gas,oil china byိthan htut - Issuu