besu_statement__1-2010_

Page 1

အခြေခံပညာကျောင်းသားများသမဂ္ဂ ခွပ်ဒေါင်းအလံ အလွဲသုံးစားလုပ်ခြင်းအား ရှုတ်ချကန်ျကန့်ကက်ွကြောင်းကြေညာချက်(၁/၂၀၁၀ ၂၀၁၀) ရက်စွဲ။ ။ ၆.၅.၂၀၁၀ ခွပ်ဒေါင်းအလံသည် ကျောင်းသားသမဂ္ဂများ၏ တရားဝင်အလံဖြစ်သည်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက်လုံး ဗိုလ်ချုပ်အောင်ဆန်းတို့ ကျောင်းသားဘ၀မှစ၍ ကျောင်းသား သမဂ္ဂတွင် ခွပ်ဒေါင်းအလံကို သုံးစွဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးတွင်လည်း ခွပ်ဒေါင်းအလံလွှင့်ထူ ကာ ပြည်သူလူထုကြီးတရပ်လုံးက စစ်အာဏာရှင်စနစ်ကို တိုက်ပွဲဝင်ခဲ့သည့် လူထုတိုက်ပွဲအလံလည်း ဖြစ်သည်။ ထို့အပြင် ခွပ်ဒေါင်းအလံကို ၁၉၆၀ ခုနှစ် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏ ဆဌမအကြိမ် ကျောင်းသားများညီလာခံမှ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၏

တရားဝင်အလံအဖြစ် ဆုံးဖြတ်

အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ ထို့ကြောင့် ခွပ်ဒေါင်းအလံကို ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်ကျောင်းသား သမဂ္ဂများကသာ တရားဝင် သုံးစွဲခွင့်ရှိသည်။ ကိုမင်းကိုနိုင်ဦးဆောင်သည့် ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့၏အမည်ကို ဆင်တူယိုးမှား နာမည် ခိုးယူထား သည့် ဦးရဲထွန်းတို့၏ ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)သည် ကိုယ့်ကိုယ်ကို ယုံကြည် လျှင် ကိုယ်ပိုင်အလံ၊ ကိုယ်ပိုင်တံဆိပ်တုံးတို့ကို တီထွင်အသုံးပြုနိုင်ပါသည်။ ယခုကဲ့သို့ သမိုင်းအစဉ်အလာ ကြီးမား သည့် ကျောင်းသားသမဂ္ဂများ၏ တိုက်ပွဲဝင်အလံကို ခိုးယူသုံးစွဲခြင်း လုံးဝမပြုလုပ်သင့်ပါ။ ဦးရဲထွန်းတို့၏ အတုအယောင် ၈၈မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ၏ ခွပ် ဒေါင်းအလံနှင့်

ခွပ်ဒေါင်းတံဆိပ်အား

သူတို့၏ပါတီအလံနှင့်တံဆိပ်အဖြစ်သုံးစွဲရန်ကြံစည်မှုနှင့်

ကောက်ပွဲကော်မရှင်သို့လျှောက်ထားမှုကို

အခြေခံပညာကျောင်းသားများသမဂ္ဂမှ

လုံးဝ(လုံးဝ)

ပြည်ထောင်စုရွေး ရှုတ်ချကန့်ကွက်

ပါသည်။ မိမိတို့၏ ရှုတ်ချကန့်ကွက်ခြင်းကို လက်မခံဘဲ ခွပ်ဒေါင်းအလံကို ဆက်လက်သုံးစွဲနေမည်ဆိုလျှင် ၈၈မျိုးဆက် ကျောင်းသားအမည်ခံ ဦးရဲထွန်းနှင့်အပေါင်းအပါများအားလုံးသည် အလွဲသုံးစားပြုခြင်း၏အကျိုးဆက်၊ သမိုင်း၏အကျိုး ဆက်ကို ခံစားရလိမ့်မည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်။

အခြေခံပညာကျောင်းသားများသမဂ္ဂ ဆက်သွယ်ရန် - besunion09@gmail.com


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.