Burma vj

Page 1

'kwd,tdrf EdkifiHwumpmayqufqHa&;tiftm;pk P.O Box 201 Rochester, NY 14580------Ph: 585-957-6452----Fax: 585-671-4707 ၂၀၁၀ အော်စကာဆုပေးပွမဲ တိုင်ခင်၊ အမေရိကန်ပြည်ထောင်စုရဲ့တက္ကသိုလ်တွေမှာ Burma VJ ရုပ်ရှင်မှတ်တမ်း” ကိုပြပြီး ဗမာပြည်အကြောင်းကို ဆွေးနွေးနေဖြစ်ကြတယ်။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး မှာ အဓိကပါဝင်ဦးဆောင်ခဲ့ကြပြီး၊ အမေရိကန်ပြည်ထောင်စုမှာရောက်ရှိနေကြတဲ့၊ ဦးပညာဇောတ၊ ဦးအဂ္ဂ၊ ဦးဃောသိတ စတဲ့--ရဟန်းသံဃာတော်တွေကို တက္ကသိုလ်တွေက ဖိတ်ကြားဟောပြောခိုင်းတယ်။ အနောက်ဘက်ဒေသက တက္ကသိုလ်တွေမှာဟောပြောနေတုန်း၊ နယူးယောက်အထက်ပိုင်းဒေသ က တက္ကသိုလ်တွေက ဖိတ်ကြားတာကြောင့် မတ်လ (၄) ရက်နေ့မှာ သူတို့တတွေ နယူးယောက်အထက်ပိုင်းဒေသ ရိုချက်စတာမြို့ဆီကိုရောက်လာခဲ့ကြတယ်။ ဒီမြို့က တက္ကသိုလ်တွေမှာ ထူးခြားမှုတခုရှိတယ်။ တက္ကသိုလ်အတွင်းမှာ တည်ရှိတဲ့ ဖောင်ဒေးရှင်းတွေဆီမှာဦးဆောင်လုပ်ကိုင်နေသူတွေဟာ တချိန်တုန်းက အာဖရိကန်တွေအတွက်တန်းတူရေးလှုပ်ရှားမှု ( Civil Rights Movement) ကိုဦးဆောင်ပါဝင်ခဲ့သူတွေဖြစ်သလို၊ အထင်ကရနိုင်ငံရေးခေါင်းဆောင်တွေ၊ သူတို့ရဲ့သားသမီးတွေ၊ ထင်ရှားတဲ့ သတင်းသမားတွေလည်းရှိနေကြတယ်။ ဂါဇာကမ်းမြောင် က ပါလက်စတိုင်းနယ်မြေတွေကို အစ္စရေးလေတပ်က ဗုံးကြဲတိုက်ခိုက်နေတုန်းကဆိုရင် စာသင်ကျောင်းတွေကို ကျောင်းသားတွေက သိမ်းပိုက်လိုက်ပြီး အစ္စရေးရဲ့တိုက်ခိုက်မှုတွေရပ်တန့်စေဖို့ ဆန္ဒပြပွဲတွေကျင်းပခဲ့တဲ့ တက္ကသိုလ်တွေဖြစ်တယ်။ ( ဗြိတိန်တက္ကသိုလ်တွေမှာ ပြုလုပ်ခဲ့တဲ့ကျောင်းသားတွေရဲ့လှုပ်ရှားမှုကို သတင်းမီဒီယာတွေမှာဖေါ်ပြခဲ့ပေမဲ့ အမေရိကန်ပြည်ထောင်စုမှာ ပြုလုပ်တဲ့ဒီလိုပွဲမျိုးတွေကိုတော့ သတင်းတွေထဲမှာသိတ်မတွေ့ရဘူး)။ ရိုချက်စတာ တက္ကသိုလ်ထဲမှာ ရှိတဲ့ ဂန္ဒီ အကြမ်းမဖက်တက္ကသိုလ်မှာဆိုရင် အစ္စရေးရဲ့လုပ်ရပ်ကို နိုင်ငံတကာကိုတင်သွင်းရမဲ့ရာဇဝတ်မှုအဖြစ်စပ်ွစွဲရှုတ်ချခဲ့တာကြောင့် ကျောင်းအာဏာပိုင်တချို့နဲ့ ဂန္ဒီတက္ကသိုလ်မှာဦးဆောင်နေသူ၊ ပါမောက္ခတွေကြားပြဿနာတွေတက်ခ့တဲ ယ်။ တချို့ပါမောက္ခတွေကိုထုတ်ပစ်ဖို့အထိ အာဏာပိုင်တွေကကြိုးစားခဲ့ကြတယ်လို့ဆိုတယ်။ ဒါပေမဲ့ ပါမောက္ခတွေက သူတို့ရဲ့လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်တွေကိုကိုင်စွဲပြီး သူတို့ယုံကြည်ရာကိုလုပ်လေ့ရှိတယ်။ ဗမာပြည်လှုပ်ရှားမှုကိုအားပေးထောက်ခံပြီး Burma VJ မှတ်တမ်းတင်ရုပ်ရှင်ပြပွဲအတွက် ကမကထလုပ်ခဲ့သူ၊ ဒေါက်တာ “ဘရိုင်ဘယ်ရီ” က နဇာယာကောလိပ် အတွင်းက အနုပညာပြပွဲခမ်းမ ကို လိုက်လံပြရင်း အမေးအဖြေကဏ္ဍအတွက် ကျနော်တို့ကိုကြိုတင်ဆွေးနွေးတယ်။ “ဆီနိတ်တာ ဂျင်ဝက် ဆိုတ့ပဲုဂ္ဂိုလ်လုပ်နေတဲ့ အရာတွေဟာ ကျနော်တို့ကိုဒေါသစေတယ်ဗျာ။ သူ့ကို အသိပညာမြှင့်တင်ပေးဖို့လိုမယ်။ သူလုပ်တ့လဲုပ်ရပ်တွေက ကျနော်တို့အမေရိကန်တွေကိုအရှက်ရစေတာအမှန်ပဲ။ အမေးနဲ့အဖြေကဏ္ဍာမှာ ဗမာပြည်အပေါ်ထားတဲ့အမေရိကန်နိုင်ငံခြားရေးမူဝါဒအကြောင်းထည့်သွင်းဆွေးနွေးမယ်” လိ့ဆိုတယ်။ နာဇာယာကောလိပ်မှာ ပြသခဲ့တဲ့ Burma VJ မှတ်တမ်းရုပ်ရှင်ပြပွဲကိုတက္ကသိုလ်အသီးသီးက ပါမောက္ခအယောက်(၂၀) ကျော်နဲ့ ကျောင်းသူကျောင်းသား၊ (၁၅၀) ကျော်တက်ရောက်ကြတယ်။ ပရိဿတ်ထဲက မေးတဲ့မေးခွန်းတွေကို ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်ပါဝင်ခဲ့ သူရဟန်းသံဃာတော်တွေကဖြေကြားပြီး ကျနော်နဲ့ ဒေါက်တာဘရိုင်ဘယ်ရီ က လိုအပ်တဲ့ဘာသာပြန်မှု၊ ဖြည့်စွက်မှုတွေကိုလုပ်ပေးခဲ့တယ်။ တချို့မေးခွန်းတွေက စိတ်ဝင်စားစရာကောင်းတာမို့ဖေါ်ပြပေးလိုက်ပါတယ်။


မေး--- ရုပ်ရှင်မှတ်တမ်းထဲကမြင်ကွင်းတွေအရဆို၊ ဗမာစစ်အစိုးရဟာ ဆန္ဒပြပွဲတွေကိုအကြမ်းဖက်ဖြိုခွဲဖို့ဝန်မလေးဘူးဘူးဆိုတာထင်ရှားနေတယ်။ ခင်ဗျားတို့အနေနဲ့ ဆန္ဒပြပွဲတွေအကြမ်းမဖက်လှုပ်ရှားမှုတွေကထိရောက်ပါ့မလား၊ တခြားနည်းတွေကော လုပ်ဖို့စိတ်ကူးရှိလားဗျာ။ ဖြေ--ဦးဇင်းတို့ကတော့ ဗုဒ္ဓရဲ့သားတော်တွေဖြစ်တ့အဲ တွက် တချိန်မှာ အကြမ်းဖက်မှုတွေကို ငြိမ်းချမ်းမှုကအနိုင်ရသွားစေရမယ်လို့ယုံကြည်တယ်။ တချိန်ချိန်မှာ-မကောင်းဆုံးဝါးတွေ အဆုံးသတ်သွားမှာအသေအချာပါ။ နိုင်ထက်စီးနင်း ဖိနှိပ်စော်ကားမှုတွေ ကိုခုခံဖို့အတွက် လက်နက်ကိုင် ဆင်နွဲနေတဲ့ ကျောင်းသားအဖွ့အဲ စည်းတွေ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း နယ်စပ်မျဉ်းတလျောက်မှာရှိပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံအပြီးတုန်းကဆိုရင် ကျောင်းသားတွေထောင်ချီပြီးတောခိုကြတယ်။ လက်နက်ကိုင်တိုက်ပွဲကိုဆင်နွဲခဲ့ကြတယ်။ တချို့ဆိုမြို့ပေါ်ကိုပြန်လည်ရောက်ရှိသွားပြီး ဗိုလ်ချုပ်တွေကိုလုပ်ကြံသတ်ဖြတ်ဖို့အထိကြိုးစားခဲ့ကြတယ်။ဒါပေမဲ့ အကြမ်းဖက်ကို အကြမ်းဖက်မှုနဲ့ပြန်လည်ဆင်နတွဲ ယ်ဆိုတာ လွယ်ကူတ့အဲ ရာတော့မဟုတ်ပါဘူး။ ဥပမာ-လုပ်ကြံမှုတွေလုပ်ခါနီးမှ လက်နက်တွေ ရောက်မလာတာမျိုး၊ သတင်းပေါက်ပြီးဖမ်းဆီးခံတယ်။ သေဒဏ်တွေချမှတ်ခံခဲ့ရတယ်။ စစ်အေးတိုက်ပွဲအပြီးကာလဟာ--လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကို အကြပ်အတည်းကျရောက်သွားစေတယ်။ လက်နက်ဘယ်လိုရှာမလဲ၊ ဘယ်သူကလက်နက်ပေးမှာလဲ ဆိုတဲ့မေးခွန်းကိုသေသေချာချာမေးနေရတယ်။ နောက်-နယ်မြေပိုင်ဆိုင်မှုအနေအထား၊ နိုင်ငံအားလုံးဟာ ကိုယ်ကျိုးစီးပွားကိုသာ အဓိကစဉ်းစားနေကြတဲ့အတွက် နယ်မြေထိန်းချုပ်မှုပြဿနာတွေကလည်း အဓိကအကြောင်းအရာတခုအဖြစ်စဉ်းစားနေရတယ်။ ကျနော်တို့အနေနဲ့ တောင်အာဖရိကမှာလှုပ်ရှားခဲ့သလို၊ မင်ဒလဲားနဲ့အေအန်စီ၊ ဒက်စမွန်တူးတူးနဲ့ယူဒီအက်--စတဲ့လှုပ်ရှားမှုတွေကို အားကျခဲ့ပါတယ်။ ဒါပေမဲ့ ခုနပြောသလိုပါပဲ စစ်အေးတိုက်ပွဲအပြီးမှာ ပြဿနာတွေ၊ အကြပ်အတည်းတွေကအများကြီးပဲမို့လား။ ကျနော်တို့ရဲ့လှုပ်ရှားမှုကို ရောက်တ့ေဲ နရာတိုင်းမှာ ပြောပြနေခဲ့သလို၊ နိုင်ငံတကာကလူထုလှုပ်ရှားမှုတွေဆီက ကောင်းမွန်တဲ့၊ စိတ်ဓါတ်တက်ကြွစေမဲ့အရာမှန်သမျှကိုလည်းလေ့လာပါတယ်။ လူထုလှုပ်ရှားမှုခေါင်းဆောင်တွေနဲ့လည်း တွေ့ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ရေရှည်မှာ ကျနော်တို့တတွေ၊ အကြမ်းဖက်မှုကိုကျူးလွန်နေတဲ့စစ်အစိုးရကိုအနိုင်ရမှာအမှန်ပါ။ မေး--- “ဆီနိတ်တာဂျင်မ်ဝက်” ရဲ့ အပြုသဘောဆက်ဆံရေးမူကိုဘယ်လိုထင်ပါသလဲ၊ ပြည်သူတွေက ဆီးနိတ်တာ-ဂျင်မ်ဝက် ကို ဘယ်လို သဘောထားပါသလဲ။ ဖြေ-- ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ကျနော်တို့နိုင်ငံကပြည်သူတွေက ဂျင်ဝက်ဆိုတဲ့ပုဂ္ဂိုလ် ကို မုန်းပါတယ်။ ဂျင်ဝက်ကပြောနေတာက ဗမာပြည်လတ်ွမြောက်ရေးအကြောင်းမဟုတ်ပါဘူး။ သူက ကျနော်တို့နိုင်ငံကိုတရုတ်လွှမ်းမိုးမှုအောက်ရောက်သွားမှာ စိုးရိမ်နေတာတခုပါပဲ။ ဒါနဲ့ပတ်သက်လို့တရုတ်ကန်ွမြူနစ်တွေ နဲ့ ကျနော်တို့နိုင်ငံကပြည်သူတွေကြားကခံစားမှုတခုကိုပြောပါရစေ။ ကျနော်တို့နိုင်ငံကပြည်သူတွေက စစ်အစိုးရကိုလက်နက်ရောင်းချနေတဲ့တရုတ်ကွန်မြူနစ်တွေကို ခါးခါးသီးသီးဆန့်ကျင်ကြပါတယ်။ ထို့အတူပဲတရုတ်ကွန်မြူနစ်တွေက ဗမာစစ်အစိုးရကို စစ်လက်နက်အပါအဝင်၊ စက်မှုပစ္စည်းတွေရောင်းချတဲ့အခါတိုင်း၊ ဘယ်လိုမှအသုံးပြုလိ့မု ရတဲ့ပစ္စည်းတွေကိုတြွဲ ပီးရောင်းပေးလေ့ရှိတယ်။ ဗမာအစိုးရကလည်းတရုတ်လူလည်ကျနေတာကိုရိပ်မိပါတယ်။ အဖေါ်မရှိလို့ပေါင်းနေရပေမဲ့ တရုတ်ကန်ွမြူနစ်တွေရဲ့အမြတ်ထုတ်မှုကိုမကြိုက်ကြပါဘူး။ ဒါကြောင့်တရုတ်ကွန်မြူနစ်တွေရဲ့လွှမ်းမိုးမှုအောက်ရောက်မယ်ဆိုတဲ့အချက်ကို ဆီနိတ်တာဂျင်ဝက်အနေနဲ့ စိုးရိမ်စရာမလိုဘူးထင်တယ်။ နောက်တခုသတိပေးချင်တာက ကျနော်တို့ဟာ မကောင်းဆိုးဝါးတွေနဲ့ထိပ်တိုက်ရင်ဆိုင်နေရတာပါ။ လွတ်မြောက်ရေးလှုပ်ရှားမှုပါ။ ဒါကို အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံကြီးတွေကြားကလွန်ဆွဲပွဲ ကစားပွဲတခုလို သဘောမထားဖို့လိုပါလိမ့်မယ်။ ဆီနိတ်တာဂျင်ဝက်ပြောတဲ့ အပြုသဘောဆက်ဆံရေးဆိုတာ စိတ်ကူးသစ်တခုမဟုတ်ပါဘူး။ အရှေ့တောင်အာရှနိုင်ငံတွေ တလျောက်လုံးစွဲကိုင်လာတဲ့မူတခုပါ။ ဒါပေမဲ့ အနှစ် (၂၀) အတွင်းမှာ သူတို့ရဲ့မူလည်းမအောင်မြင်တဲ့အပြင် နာမည်ပျက်ခဲ့ပါတယ်။ မေး--ဂိမ်း တခုလိုမဟုတ်ဘူးဆိုရင်၊ ကျနော်တို့ နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းဆီက ဘာလုပ်ပေးစေချင်ပါသလဲ။ ဖြေ-- လောလောဆယ်-- ၂၀၁၀ မှာကျင်းပမဲ့ စစ်အစိုးရရဲ့အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့အသိအမှတ်မပြုပါနဲ့၊ သပိတ်မှောက်ကြပါ။ လူထု ခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင်၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ကျောင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ခံနေရတယ်။ ဒီလိုလူတွေကို လွှတ်မပေးပဲနဲ့ ကျင်းပတဲ့ရွေးကောက်ပွဲဆိုတာရှင်းပါတယ်။ စစ်အစိုးရက အောင်သေအောင်စားစားမဲ့ပွဲတခုထက်မပိုပါဘူး။ နောက်တခုက ကျနော်တို့မှာ ၁၉၉၀ တုန်းက အနိုင်ရပါတီရှိပြီးသားဖြစ်တယ်။ နောက်ထပ်ရွေးကောက်ပွဲမလိုသေးပါဘူး။ ရေရှည်လှုပ်ရှားမှုအနေနဲ့ ဗမာစစ်အစိုးရ ကို ဆန့်ကျင်နေတဲ့ ကျနော်တို့နိုင်ငံကလူထုကိုအမြဲတမ်းအားပေးထောက်ခံကူညီစေချင်ပါတယ်။


မေး-- တချို့က ပြောကြတယ်ဗျာ။ ဗမာစစ်အစိုးရရဲ့ နောက်တက်လာမဲမ့ျိုးဆက်ခေါင်းဆောင်တချို့ကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ နီးနီးကပ်ကပ်ဆက်ဆံခေါ်ယူပြီး၊ ပညာသင်ပေးလိုက်ရင်၊ ပြောင်းလဲသွားနိုင်တယ်လို့ထင်ကြတယ်။ ခင်ဗျားတို့ရဲ့အမြင်ကိုသိပါရစေ။ ဖြေ--အဲ့သလိုသာလုပ်မယ်ဆိုရင် စစ်အေးတိုက်ပတွဲုန်းက အာဏာရှင်တွေကိုထောက်ခံပေးမှုကြောင့်နာမည်ပျက်ခဲ့တဲ့၊ မှားယွင်းခဲ့တဲ့မူ ကို ပြန်ကိုင်သလိုမျိုးဖြစ်သွားလိမ့်မယ်လို့ကျနော်ထင်တယ်။ ဒါကြောင့်မလုပ်စေချင်ဘူး။ သတိပေးချင်ပါတယ်။ စစ်အေးတိုက်ပွဲတုန်းက ပြည်သူလူထုကိုရက်ရက်စက်စက်နှိပ်ကွပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့အာဏာရှင်တွေကိုကြည့်ဗျာ။ တော်တော်များများက အမေရိကန်ပြည်ထောင်စုရဲ့အကောင်းဆုံးစာသင်ကျောင်းတွေမှာပညာသင်ဘွဲ့ရသွားခဲ့ကြသူတွေမဟုတ်လား။ သူတို့တတွေ အမေရိကန်ဒီမိုကရေစီကိုမသိတာမဟုတ်ဘူး။ သိပြီး မကျင့်သုံးရဲတာဗျ။ အမေရိကန်ပြည်ထောင်စုကလူချမ်းသာတွေလို စည်းဇိမ်ခံဖို့လောက်သာ သူတို့လိုသင်ယူချင်တာမို့လား။ ဒါကြောင့်လည်း သူတို့အသိုင်းအဝိုင်းတခုလုံးကိုကြည့်လိုက်ပါ။ ပြည်သူတွေကသာ စားစရာမရှိငတ်ပြတ်နေတာ။ စစ်တပ်ထိပ်ပိုင်းအသိုင်းအဝိုင်းဟာ ထားစရာမရှိလောက်အောင်ချမ်းသာနေကြတယ်။ ကျနော့်အထင်တော့ သူတို့ကိုအမေရိကန်ပြည်ထောင်စုက တက္ကသိုလ်တွေမှာ ခေါ်ပြီးပညာသင်ပေးလည်း သူတို့အနေနဲ့အမေရိကန်ဒီမိုကရေစီ တော့သင်မှာမဟုတ်ဘူး။ သူတို့ရဲ့ စည်းဇိမ်တွေကိုကာကွယ်မ့အဲ ဆင့်မြင့်ခံတပ်ကိုဘယ်လိုဆောက်ရမလဲဆိုတာကိုပဲတတ်သွားလိမ့်မယ်။ မားကို့စ်၊ ပီနီုချေးနဲ့ လက်တင်အမေရိကား က ဗိုလ်ချုပ်တွေရဲ့လုပ်ရပ်ကိုသမိုင်းမှာအထင်အရှားတွေ့ရမယ်လေ။ ဗမာစစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းတွေကိုခေါ်ပြီးပညာသင်ပေးရမယ် ဆိုတဲ့ စိတ်ကူးကိုဖျက်ပစ်လိုက်ပါဗျာ။ နာမည်ပျက်တာပဲအဖတ်တင်သွားလိမ့်မယ်

မေး--- အခု သံဃာတော်တွေအနေနဲ့ အမေရိကန်ပြည်ထောင်စုမှာ ဘယ်လိုရပ်တည်နေပါသလဲ။ ရွေဝါရောင်တော်လှန်ရေးကိုဘယ်လိုဆက်လုပ်ဖို့စိတ်ကူးရှိပါသလဲ။ ဖြေ-- ဦးဇင်းတို့အနေနဲ့ အဓိက ထောက်ပံ့ကူညီမှု (၃) ခုလုပ်ဆောင်ပါတယ်။ (၁) ရွှေဝါရောင်တော်လှန်ရေးကြောင့် အဖမ်းဆီးခံနေရတဲ့ အကျဉ်းထောင်အတွင်းကရဲဘော်တွေကိုထောက်ပံ့ကူညီပါတယ်။ (၂) နယ်စပ်ဒေသအသီးအသီးမှာထွက်ပြေးတိမ်းရှောင်လာရတဲ့ သံဃာတော်တွေကို သူတို့ဆက်အလုပ်လုပ်လို့ရအောင် ထောက်ပံ့ကူညီပေးပါတယ်။ (၃) ပြည်တွင်းမှာ ပုန်းရှောင်နေပြီး၊ စစ်အစိုးရဆက်လက်အန်တုနေကြတဲ့ ရဟန်းသံဃာတော်တွေကိုကူညီပံ့ပိုးပြီး ရွှေဝါရောင်တော်လှန်ရေးရဲ့ ဝိဥာည်ကိုဆက်လက်သယ်ဆောင်ပါတယ်။ နိုင်ငံတကာကိုလှည့်လည်ပြီး ဦးဇင်းတို့နိုင်ငံအကြောင်းကိုလှည့်လည်ဟောပြောနေပါတယ်။ အခုလည်း ဦးဇင်းတို့အနေနဲ့ ရွှေဝါရောင်တော်လှန်ရေးဘုန်းတော်ကြီးကျောင်းတကျောင်းကိုဆောက်ဖို့ကြိုးစားနေပါတယ်။ မေး-- ရွှေဝါရောင်တော်လှန်ရေးအပြီး ပုန်းအောင်းနေရတဲ့ပြည်တွင်းက ရဟန်းသံဃာတော်တွေရဲ့အနေအထားကရောဘယ်လိုရှိပါသလဲ။ သူတို့ဘယ်လိုရပ်တည်နေပါသလဲ။ ဖြေ-- တဝက်လောက်ကတော့ ဆက်လက်လှုပ်ရှားနိုင်ပါတယ်။ ကျန်တဲ့တဝက်လောက်ကတော့ စားဝတ်နေရေးအတွက်အခက်အခဲရှိတာကြောင့် လူဝတ်လခဲ့ရပါတယ်။ မေး-- တကယ်လို့ Burma VJ မှတ်တမ်းရုပ်ရှင်ဟာ အော်စကာဆုရမယ်ဆိုရင် ခင်ဗျားတို့နိုင်ငံရဲ့လှုပ်ရှားမှုကို ဘယ်လောက်ထိရောက်လိမ့်မယ်လို့ ထင်ပါသလဲ။ ဖြေ-- အများကြီးထိရောက်ပါလိမ့်မယ်။ ကျနော်တို့နိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို နိုင်ငံတကာက ဂုဏ်ပြုထောက်ခံတယ်။ ကျနော်တို့ပြည်သူတွေအထီးကျန်တည်ရှိမနေဘူး--စတာတွေကိုသိရှိနားလည်သွားတဲ့ပြည်သူတွေဟာ လှုပ်ရှားမှုကိုပိုမိုတက်ကြွစွာပါဝင်လာပါလိမ့်မယ်။ ဦးပညာဇောတ တို့ တတွေကတော့ အော်စကာဆုပေးပွဲအဖွ့ကဲ ဖိတ်ကြားထားခဲ့တဲ့အတွက် မနေ့ညကတည်းက လော့စ်အိန်ဂျယ်လိစ်မြို့ကို ရောက်သွားခဲ့ပါပြီ။ တကယ်လို့ တနင်္ဂနွေနေ့ည အော်စကာဆုပေးပွဲစင်မြင့်ပေါ်မှာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ “ ဗမာပြည်လွတ်မြောက်ရေး” ဓမ္မတေးသံတပိုင်းတစကိုကြားလိုက်ရမယ်ဆိုရင်တော့ အော်စကာဆုပေးပွဲသမိုင်းမှာ အထူးခြားဆုံးဖြစ်စဉ်တခုဖြစ်စေမှာအမှန်ပါပဲ။ ဘာပဲဖြစ်ဖြစ် Burma VJ အော်စကာဆုဆတ်ွခူးနိုင်ပါစေ

အောင်မိုးဝင်း



Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.