မန္တလေးမြို့၊ မျက်ပါးရပ်မှ မြန်မာ့ရိုးရာရွှေဆိုင်းလုပ်ငန်း၏ အခြေအနေကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း၊ မြန်မာ့ရိုးရာရွှေဆိုင်းလုပ်ငန်း၏ အနာဂတ်ကို ပုံဖော်ခြင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ (မူကြမ်း)
အစီရင်ခံစာ ပေါ်ထွက်လာရခြင်း အကြောင်းရင်း ၁။
ရွှေဆိုင်းကို မန္တလေးမြို့၊ မျက်ပါးရပ်တွင် ထုတ်လုပ်ပါသည်။ ရတနာပုံမြို့တည် မင်းတုန်းမင်းကြီးလက်ထက်မှစ၍ မျက်ပါးရပ်တွင် ရွှေ ဆိုင်းထုတ်လုပ်လာခဲ့ရာ ယနေ့အထိတိုင် ဖြစ်ပါသည်။ ရွှေဆိုင်းထုတ်လုပ်ရေးလုပ်ငန်းသည် မြန်မာ့ရိုးရာလက်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ခေတ်အဆက်ဆက် တည်တခံဲ့ပါသည်။ မြန်မာနိင်ုငံတ၀ှမ်းလုံးတွင် ရွှေဆိုင်းထုတ်လုပ်သည့်အရပ်ဆ၍ို မျက်ပါးရပ်တစ်ခုတည်းသာ ရှိခဲ့ပါသည်။ သို့သော် ၂၀၁၄ ခုနှစမှ်စ၍ စက်နှင့်ထုတ်လုပ်သော စက်မှုထုတ်ကုန်ရွှေဆိုင်း ပေါ်ထွက်လာခဲ့ပါသည်။ ရန်ကုန်မြို့တွင် ပုဂ္ဂလိကကုမ္ပဏီတစ်ခုမှ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက စက်ကိုအသုံးပြု၍ ရွှေဆိုင်းထုတ်လုပ်လာခဲ့ပါသည်။
၂။
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရွှေဆိုင်းအရေအတွက် (၃၅,၀၀၀)ဆိုင်း၊ ရွက်ရေအားဖြင့် (၃,၅၀၀,၀၀၀)ကို ၀ယ်ယူရန် ရွှေတိဂဘုံရား ဂေါပကအဖွဲ့က ဈေးပြိုင်တင်ဒါ ခေါ်ခဲ့ပါသည်။ ရွှေတိဂုံဘုရားကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ဖြစ်ပါသည်။ မြန်မာနိုင်ငံရှိ တန်ခိုးကြီးဘုရားများမှ ဘုရားဂေါပကအဖွဲ့များသည် ဘုရားများကို ရွှေသင်္ကန်းကပ်လှူ၍ ကြည်ညိုဖွယ်ဖြစ်အောင် မွမ်း မံရန် သတ်မှတ်ထားသည့် နှစ်အပိုင်းအခြားအလိုက် ရွှေဆိုင်းလုပ်ငန်းရှင်များကို တင်ဒါခေါ်ပါသည်။ မန္တလေးမြို့၊ မျက်ပါးရပ်မှ ရွှေ ဆိုင်းလုပ်ငန်းရှင်များအတွက် တင်ဒါဆွဲခြင်းသည် အသားကျနေသော လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး ယခုနှစ် ရွှေတိဂဘုံရားမှခေါ် သည့် တင်ဒါကိလု ည်း ထုံးစံအတိုင်း ၀င်ဆွဲကြပါသည်။ ထူးခြားသည်မှာ ယခုတင်ဒါတွင် ရန်ကုန်မြို့မှ စက်နှင့်ရွှေဆိုင်းထုတ်လုပ်နေသည့် ရွှေဆိုင်းလုပ်ငန်းရှငလ် ည်း ၀င်ပြိုင်ပါသည်။ အဆိုပါလုပ်ငန်းရှင်သည် ရန်ကုန်မြို့တွင် ရွှေဆိုင်းထုတ်လုပ်သည့် စက်ထောင်ပြီး ရွှေ ဆိုင်း စတင်ထုတ်လုပ်နေပြီ။ ယခုနှစ် ရွှေတိဂုံဘုရား ရွှေဆိုင်းတင်ဒါမှစ၍ ရွှေဆိုင်းဈေးကွက်သို့ စတင်ဝင်ရောက်လာခဲ့ခြင်း ဖြစ်ပါ သည်။ မျက်ပါးရပ်မှ လက်မှုရွှေဆိုင်းလုပ်ငန်းရှင်များအနေဖြင့် ယခင်က တင်ဒါပွဲများ ၀င်နွှဲကြရာတွင် လက်မှုရွှေဆိုင်းအချင်းချင်း၊ လူမစှီုးပွားရေးအခြေခံအရ တစ်ဦးနှင့်တစ်ဦး မနီးရိုးစွဲလိုက်သည့် တစ်ရပ်ကွက်တည်းသားအချင်းချင်း ပြိုင်ရုံမှအပ အသွင်မတူသည့် အခြားပြိုင်ဖက်မရှိခဲ့ပါ။ ယခုနှစ် ရွှေတိဂုံဘုရားတင်ဒါတွင် တင်ဒါထုံးစံ လုပ်ငန်းမှတ်ပုံတင် တင်ပြခြင်း၊ နမူနာရွှေဆိုင်း တင်ပြခြင်း၊ deposit ငွေတင်ခြင်း၊ သွင်းနိုင်သည့် ဈေးဖြတ်ခြင်း စသည့်လုပ်ထုံးများအတိုင်း ပြိုင်ဆိုငခ်ဲ့ကြပါသည်။ မျက်ပါးရပ်မှ လက်မှုရွှေ ဆိုင်းလုပ်ငန်းရှင်များက တင်ဒါအုပ်စု lot ၅ ခုလုံးတွင် ၀င်ပြိုင်ကြပါသည်။ lot ၅ ခုလုံးတွင် မျက်ပါးရပ်မှ တင်ဒါမအောင်ခဲ့ပါ။ ရွှေတိဂုံ ဘုရားဂေါပကအဖွဲ့က စက်မှုထုတ်ကုန်ရွှေဆိုင်းကို ရွေးချယ်ခဲ့ကြပါသည်။ လက်မှုထုတ်ကုန်ရွှေဆိုင်းသည် စက်မှုထုတ်ကုန်ရွှေဆိုင်း ကို အနိုင်မရပါ။ ယှဉ်ပြိုင်သည့်အခါ ဈေးနှုန်းတွင် ရှုံးသည်။ အရည်အသွေးပိုင်းတွင် ရှုံးသည်။ ထုတ်လုပ်မှုအပိုင်းတွင်လည်း ရှုံးပါသည်။
၃။
ကုန်ထုတ်လုပ်မ(ှု production)အဆင့်တွင် အသာစီးရသောစက်က ထုတ်ကုန်အရည်အသွေးပိုင်း(quality)နှင့် ဈေးနှုန်းပိုင်း(price) တွင်ပါ လက်ကို အသာစီးယူပြီး အလဲထိုးခဲပ့ါသည်။ နောက်ဆက်တွဲဖြစ်ရပ်အနေနှင့် ပိုနေမြဲကျားနေမြဲ အခြေအနေတွင် အဆင်ပြေ နေသော မျက်ပါးရပ် လှုပ်ခတ်သွားပါသည်။ မီဒီယာတစ်ခုတွင် ရွှေတိဂုံဘုရားမှ ထိုးလိုက်သည့် ခေါင်းလောင်းသံဟု ဖော်ပြခဲ့သည်။ မြန်မာနိုင်ငံ ရွှေဆိုင်းဈေးကွက်လောကတွင် သြဇာလွှမ်းမိုးမှုကြီးမားသည့် ရွှေတိဂုံဘုရား၏ ရွေးချယ်မှုကို အခြားဘုရားများက လိုက် လံတုပတတ်သည့် ထုံးတမ်းစဉ်လာရှိခဲ့ဖူးသောကြောင့် စက်မှုထုတ်ကုန်ရွှေဆိုင်း၏တင်ဒါအောင်မြင်မှုသည် လက်မှုထုတ်ကုန်ရွှေဆိုင်း ၏ ဈေးကွက်ကို ခြိမ်းခြောက်လိုက်ခြင်း ဖြစ်ပါသည်။ မျက်ပါးရပ်အနေနှင့် ယခုလိုခြိမ်းခြောက်မှုမျိုးကို ယခင်က မကြုံခဲ့ဖူးပါ။ ထိေု့ ကြာင့် မျက်ပါးရပ်မှ လက်မှုရွှေဆိုင်းလုပ်ငန်းရှင်များ စုပေါင်း၍ ယခင်ကမရှိခဲ့ဖူးသည့် `မန္တလေးတိုင်းဒေသကြီး၊ မျက်ပါးရပ်ရွှေဆိုင်းလုပ်ငန်း ရှင်များအသင်း(ယာယီ)´ကို ဖွဲ့စည်းလိုက်ပါသည်။ မိမိတို့၏ ရွှေဆိုင်းလုပ်ငန်းကို ခုခံကာကွယ်ရတော့မည်ဖြစ်၍ စုစည်းမှုရှိဖို့ လိုအပ် လာပါသည်။ အကူအညီပေးနိုင်လောက်သည်ဟု ထင်ရသည့် ပတ်ဝန်းကျင်မှ အကူအညီများကိုလည်း တောင်းခံပါသည်။ မန္တလေး တက္ကသိုလ်ဆရာများသမဂ္ဂ၊ နိုင်ငံရေးအကျဉ်းသားများကူညီထောက်ပံ့ရေးအဖွဲ့၊ တသီးပုဂ္ဂလများ၊ မီဒီယာများ စသည်တို့က တတ် 1