ဤလမ်းညွှန်သည် ရွှေတြိဂံဒေသ (လာအို၊ မြန်မာနှင့် ထိုင်း) ရှိ ကုန်သွယ်မှုများ၌ သာမန်အားဖြစ် တွေ့ရှိရသော တောရိုင်းတိရစ္ဆာန်များကို ခွဲခြားဖော်ထုတ်ရာတွင် အထောက်အကူပြုနိုင်ရန် ဒီဇိုင်းပြုလုပ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ၂၀၀၈ ခုနှစ်နှင့် ၂၀၁၃ ခုနှစ်အတွင်း အာဆီယံဒေသအတွင်း တောရိုင်းတိရစ္ဆာန်များ ရောင်းဝယ်မှု ထိန်းချုပ်ရေးဆိုင်ရာ ကွန်ရက် (ASEAN-WEN) အတွက် ထုတ်ဝေခဲ့သော အရှေ့တောင်အာရှဒေသတွင်း ရောင်းဝယ်မှုပြုလေ့ရှိသည့် တောရိုင်းတိရစ္ဆာန်များအား ခွဲခြားခြင်းဆိုင်ရာ လမ်းညွှန်၏ နောက်ဆုံးအချက်အလက်များ ဖြစ်သည်။ ယခုလမ်းညွှန်အသစ်ကို ၂၀၂၀ ခုနှစ်တွင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။