Issue 23
သီတင်းကျွတ်ပွဲတော်
အထူးပရိုမိုးရှင်းများ
ပွင့်လင်းရာသီမှာ ရောင်းအားတွေတိုးလာဖို့ Red dot နဲ့ချိတ်ဆက်ထားတဲ့ ဘဏ်ဝန်ဆောင်မှုများ
ကိုယ်စားလှယ်များအတွက် သတင်းကောင်း
မာတိကာ
KBZ ဘဏ်ကတဆင့် Red dot စက်တွေကို ငွေပေးသွင်းရာမှာ
2
KBZ ဘဏ် အခမဲ့ဝန်ဆောင်မှု သက်တမ်းတိုးမြှင့်
3
နှစ်သက်ရာ ဆုလက်ဆောင် ရွေးချယ်နိုင်မယ့် အစီအစဉ်
4
Red dot ZAY မှာ ရောင်းဝယ်ဖို့
5
Viber Out ရဲ့ ဘောနပ်စ်အစီအစဉ်
သတိပြုရမှာကတော့
6
CB ဘဏ်ရဲ့ mobile banking လမ်းညွှန်
ဘဏ်ဖွင့်ရက် တနင်္လာမှ သောကြာနေ့များအတွင်းသာ
7
ရောင်းအားမြင့်လာမယ့် ပွင့်လင်းရာသီမှာ
ငွေဖြည့်သွင်းမယ်ဆိုရင် ဖြည့်သွင်းတဲ့အချိန်မှ နောက် ၃ နာရီ အတွင်း
10
Red dot Pay PIN ပရိုမိုးရှင်း အစီအစဉ်
မိမိစက်ထဲသို့ ငွေဝင်လာမှာ ဖြစ်ပါတယ်။ သောကြာနေ့ ညနေ
11
smart ဖုန်းနဲ့လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်းငါးမျိုး
တနင်္လာနေ့မှသာ စက်ထဲသို့ ငွေဝင်လာမှာပါ။
12
ကမ္ဘာ့ရတနာဘဏ်နဲ့ ချိတ်ဆက်မှု
13
ဖုန်းငွေဖြည့်ရင်း ကံထူးနိုင်မယ့် Top-up & Win
14
ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်း
16
ကိုယ်စားလှယ်တွေအတွက် အထူးအစီအစဉ်
Red dot Magazine - Issue 23
reddotnetwork.com +95 1370050 businessdevelopment@reddotnetwork.com www.linkedin.com/company/red-dot-network facebook.com/RedDotNetwork Red Dot Network Myanmar, York Centre, 22 Yaw Min Gyi Street, Yangon, Myanmar. No. 825, 62 Street Between 40 & 41 Street, Mahar Aung, Mandalay, Myanmar. 2
KBZဘဏ်ရဲ့ အခမဲ့ဝန်ဆောင်မှု ပရိုမိုးရှင်း ‘သုံးလ’ တိုးမြှင့်
အခမဲ့ဝန်ဆောင်မှုကို သုံးလသက်တမ်းအဖြစ် အောက်တိုဘာလကစပြီး ထပ်မံတိုးမြှင့်လိုက်ပါပြီ။ ဒါကြောင့် အောက်တိုဘာ၊ နိုဝင်ဘာနဲ့ ဒီဇင်ဘာလများ အတွင်း KBZ ဘဏ်ရဲ့ ဝန်ဆောင်မှုကိုရယူတဲ့ ကိုယ်စားလှယ်တွေဟာ ဘဏ်ဝန်ဆောင်ခ ကျသင့်မှာ မဟုတ်ပါကြောင်း အသိပေးပါရစေ။
လုပ်ဆောင်ရန်။ ပုံမှန်အားဖြင့် မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း
၅ နာရီ နောက်ပိုင်းမှ ပေးသွင်းမယ်ဆိုရင်တော့ နောက်တစ်ပတ်
KBZ ဘဏ်ကတဆင့် ငွေဖြည့်ဖို့ ဘာတွေလိုအပ်သလဲ
1/ 2/ 3/ 4/
နီးစပ်ရာ KBZ ဘဏ်ခွဲတစ်ခုကို သွားလိုက်ပါ Red dot Network ငွေစာရင်းကို ငွေဖြည့်ဖို့ပြောပါ MID နံပါတ် ၁၅ ခုကို ရှင်းလင်းစွာရေးသားပါ ငွေသွင်းစလစ်ပြေစာကို ရယူသိမ်းဆည်းပါ
Red dot ကိုယ်စားလှယ်တွေ နှစ်သက်ရာဆုလက်ဆောင် ရွေးချယ်နိုင်မယ့် သီတင်းကျွတ်အထူးအစီအစဉ် အောက်တိုဘာလထဲမှာ Red dot ဖုန်းငွေဖြည့် Top-up ရောင်းချရတဲ့ ကိုယ်စားလှယ်တွေအတွက် သတင်းကောင်းလေး ပါးလိုက်ပါရစေ။
သတ်မှတ်ကာလပတ်လေးပတ်…
ဒါကတော့ ရက်သတ္တပတ် တစ်ခုချင်းစီတိုင်းမှာ ကျပ် ၆၀၀,၀၀၀ ဖိုးနှင့်အထက် လေးပတ်ဆက်တိုက်ရောင်းချတဲ့ ကိုယ်စားလှယ်တွေကို ကျပ် ၄၀,၀၀၀ တန်ဖိုးရှိ ဆုလက်ဆောင်တွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ရွေးချယ်နိုင်တဲ့ လက်ဆောင်တွေကတော့… 1/ ကျပ် ၄၀,၀၀၀ တန် လက်ဆောင်ခြင်း 2/ ကျပ် ၄၀,၀၀၀ တန် City Mart gift voucher
3/ 4/
၄၀,၀၀၀ တန် Blazon Voucher ကျပ် ၄၀,၀၀၀ ကို terminal ထဲသို့ ငွေဖြည့်ပေးခြင်း
•
အောက်တိုဘာ ၃ ရက်နေ့မှ ၉ ရက်နေ့အထိ ပထမအပတ်
•
၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဒုတိယအပတ်
•
၁၇ ရက်နေ့မှ ၂၃ ရက်နေ့အထိ တတိယအပတ်
•
၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ နောက်ဆုံးအပတ် (လေးပတ်ဆက်တိုက်)
မှတ်ချက်။ လက်ဆောင်ခြင်းသည် ပို့ဆောင်ရန် အခက်အခဲများကြောင့် ရန်ကုန်နှင့် အနီးတဝိုက်သာ ပေးပို့နိုင်ကြောင်း မေတ္တာရပ်ခံအပ်ပါသည်။ ပရိုမိုးရှင်းအကြောင်း အသေးစိတ် သိရှိလိုတယ်ဆိုရင်တော့ ဝန်ဆောင်မှု ‘Customer Care’ ကို ဆက်သွယ်မေးမြန်း နိုင်ပါသည်။ ဖုန်း-၀၁ ၃၇၀ ၀၅၀ Red dot နဲ့ များများလေးရောင်းချပြီး အောက်တိုဘာလအတွက် ရင်ခုန်ဖွယ် ဆုများကို ရယူလိုက်ရအောင်။
reddotnetwork.com +95 1370050
3
Red dot ZAY မှာ အရောင်း၊ အဝယ်တွေ ဖြစ်နေကြပြီနော်!!! စက်တင်ဘာလကစပြီး Red dot ZAY ဝဘ်ဆိုက်ကို တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင်မိတ်ဆက်ခဲ့ရာမှာ တစ်လတာအတွင်း ကြည့်ရှုသူဦးရေ နှစ်ဆကျော် မြင့်တက် လာခဲ့ပါတယ်။ သင့်ရဲ့ အသုံးမလိုတဲ့ပစ္စည်းတွေကို Red dot ZAY မှာ အခမဲ့တင်ရောင်းပြီး ငွေသားအဖြစ် ပြောင်းလဲနိုင်ပါပြီ။ စတင်ဖွင့်လှစ်ချိန် စက်တင်ဘာလမှာပဲ အွန်လိုင်းအသုံးပြုသူတွေရဲ့ အထူးအာရုံစိုက်မှု ရရှိခဲ့သလို Red dot ZAY ဝဘ်ဆိုက်ပေါ်မှာ ကြော်ငြာတင် ရောင်းချရာမှာလည်း
FOR SALE
လူသုံးကုန်ပစ္စည်းအချို့ အချိန်တိုအတွင်းမှာ ရောင်းထွက်ခဲ့ပါတယ်။
Sell Your Stuff
အွန်လိုင်းကနေ ကြော်ငြာခမလို၊ အရေအတွက်
reddotZAY.com
အကန့်အသတ်မရှိ ရောင်းဝယ်နိုင်မယ့် www. reddotzay.com ဝဘ်ဆိုက်ကို အခုပဲ ဝင်ရောက်လေ့လာလိုက်ပါလို့ တိုက်တွန်းပါရစေ။ ဒီဝဘ်ဆိုက်ကတဆင့် ရောင်းသူဝယ်သူ တိုက်ရိုက်ဆက်သွယ်ရင်း မိမိတို့စိတ်ကြိုက် ပစ္စည်းများ ရောင်းဝယ်နိုင်ပါပြီ။
Red dot ZAY မှာ ဘယ်လိုရောင်းဝယ်ကြမလဲ အောက်ဖော်ပြပါ အဆင့်အတိုင်း သင့်ကုန်ပစ္စည်းတွေကို ဝဘ်ဆိုက်မှာတင်ပြီး ရောင်းဝယ်မှုစတင်လိုက်ပါ။ ရောင်းမယ်ဆိုရင်
တစ်စုံတစ်ရာဝယ်ယူရန်ရှာဖွေနေပါက
၁။ ပစ္စည်းအမျိုးအစား ခေါင်းစဉ်ရွေးချယ်ပါ။
၁။ သင်ရှာဖွေနေတဲ့ ပစ္စည်းအမျိုးအစားကို ‘ရှာဖွေရန် box’
၂။ အသေးစိတ်အချက်အလက်များ ဖြည့်သွင်းပါ။ ၃။ ရောင်းချမယ့် ပစ္စည်းဓါတ်ပုံတင်ပါ။ ဒီလို လွယ်ကူလျင်မြန်တဲ့ အချက်သုံးချက် ဖြည့်သွင်းရုံနဲ့ သင့်ထံကို ဈေးဝယ်သူတွေက တိုက်ရိုက် ဆက်သွယ်လာပါလိမ့်မယ်။
တွင် ဖြည့်သွင်းပါ။ ၂။ သာမန်ရှာဖွေခြင်းအပြင် အသေးစိတ်အချက်အလက်တွေ ကိုလည်း ထည့်သွင်းပြီး စိတ်ကြိုက်ပစ္စည်းတွေကို အတိအကျရှာဖွေနိုင်ပါတယ်။ ၃။ သင့် စိတ်တိုင်းကျပစ္စည်း ယခုမတွေ့သေးပါကလည်း ရောင်းလိုသူပေါ်ပေါက်လာပါကသင့်ထံ Red dot ZAY က ဆက်သွယ် အသိပေးနိုင်အောင်လည်း ပြုလုပ်လို့ ရပါသေးတယ်။
reddotZAY.com 4
ဘောနပ်စ်တွေ အများကြီးရမယ့် Viber Out ပရိုမိုးရှင်း သီတင်းကျွတ်အထူးအစီအစဉ်အဖြစ် Viber Out ဝယ်ယူသူများ အတွက် အပိုဆောင်းဘောနပ်စ်ကြီး စောင့်ကြိုနေပါတယ်။ Viber Out ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀,၀၀၀ ဖိုး ဝယ်ယူသူတိုင်း အတွက် ၃၀ ရာခိုင်နှုန်း အပိုဆောင်း ထပ်မံရမှာဖြစ်ပါတယ်။ (ဥပမာ - ကျပ် ၁၀,၀၀၀ ဖိုး ဝယ်ယူရင် Viber Out Credit အနေနဲ့ စုစုပေါင်း ကျပ် ၁၃,၀၀၀၊ ကျပ် ၅၀၀၀ ဖိုးဆိုရင် ကျပ် ၆၅၀၀ ဖိုး အပို Bonus ရရှိမှာ ဖြစ်လို့ အရမ်းတန်တယ်နော်။) ပရိုမိုးရှင်းကာလက အောက်တိုဘာ ၁၀ ရက်ကနေ ၁၆ ရက်နေ့အထိ တစ်ပတ်သာ ကြာမြင့်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဈေးနှုန်းချိုသာစွာ
Red Dot Terminal စက်တွင်ရောင်းချရန်
1/ 2/ 3/ 4/ 5/
ပြည်ပကို တိုက်ရိုက်ဖုန်းခေါ်ဆိုဖို့ နီးစပ်ရာ Red dot ဆိုင်များမှာ Viber Out Credit များများဝယ်ပြီး ဘောနပ်စ်များများ
Menu ကိုသွားပြီး TOPUP ကို ရွေးချယ်ပါ။ နံပါတ် (၆) ကို နှိပ်ပြီး Viber Out ကို ရွေးချယ်ပါ။ ငွေဖြည့်တန်ဖိုး ကျပ် ၁၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ရွေးချယ်ပြီး OK ကို နှိပ်ပါ။ စက်၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာကုဒ်နံပါတ် (+95) အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး ဝယ်ယူသူ၏ ဖုန်းနံပါတ်အား ဖြည့်သွင်းပါ။
6/
7/
ပြည်ပမှ ဖုန်းများအတွက် ငွေဖြည့်ပေး လိုပါက သက်ဆိုင်ရာနိုင်ငံ၏ ကုဒ်နံပါတ် (Country Code) ကို ရိုက်ထည့်ပြီး ဖုန်းနံပါတ် ဖြည့်သွင်းပါ။ (ဥပမာ - စင်ကာပူ ဖုန်းနံပါတ်အတွက် ဆိုလျှင် +65 xxxxxxxx) ဖုန်းနံပါတ်နှင့် ငွေဖြည့်တန်ဖိုးအား အတည်ပြုပြီးနောက် OK ကို နှိပ်ပါ။
သင့်ဖုန်းအတွင်းသို့ အလိုအလျောက် ငွေဖြည့်သွင်းပြီးပါပြီ။
အမြန်ရယူကြစို့။
ဒီလိုသက်သာတဲ့ Viber Out Credit တွေဘယ်လိုဖြည့်မလဲ? ကြိုက်နှစ်သက်ရာ Red dot ဆိုင်တိုင်းမှာ •
ကျပ် ၁၀၀၀၊ ကျပ် ၃၀၀၀၊ ကျပ် ၅၀၀၀ နှင့် ကျပ် ၁၀,၀၀၀ စသည်ဖြင့် ဝယ်ယူနိုင်ပါပြီ။ ဆိုင်ရှင်ကို သင့် Viber အကောင့်
Red Dot Tablet စက်တွင်ရောင်းချရန်
1/ 2/ 3/
Menu ကိုသွားပြီး TOPUP ကို ရွေးချယ်ပါ။
4/
ပြည်ပမှဖုန်းများအတွက် ငွေဖြည့်ပေးလိုပါက +95 အစား သက်ဆိုင်ရာနိုင်ငံ၏ ကုဒ်နံပါတ် (Country Code) ကို ရိုက်ထည့်ပြီး ဖုန်းနံပါတ်ဖြည့်သွင်းပါ။
ဖုန်းနံပါတ်ပြောပြပြီး ဖြည့်သွင်းမည့်ပမာဏကို ပေးလိုက်ပါ။ •
သတိရပါ - Viber Out ငွေဖြည့်ရာတွင် Viber app ဖွင့်ထားသည့် ဖုန်းနံပါတ် ဖြစ်ရမည်။
•
စက္ကန့်အနည်းငယ်အတွင်း Viber Out Credit ဖြည့်ပြီးကြောင်း Viber ထဲသို့ SMS ဝင်လာပါမည်။
5/
ငွေဖြည့်တန်ဖိုး ကျပ် ၁၀၀၀ မှ ကျပ် ၁၀,၀၀၀ စသည်ဖြင့် ရွေးချယ်ပြီး “အတည်ပြုရန်” ကို နှိပ်ပါ။
6/
ဖုန်းနံပါတ်နှင့် ငွေဖြည့်တန်ဖိုးအား အတည်ပြုပြီးနောက် “အတည်ပြုရန်” ကို နှိပ်ပါ။
Viber ကိုရွေးချယ်ပါ။ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာကုဒ်နံပါတ် (+95) အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး ဝယ်ယူသူ၏ ဖုန်းနံပါတ်အား ဖြည့်သွင်းပါ။
သင့်ဖုန်းအတွင်းသို့ အလိုအလျောက် ငွေဖြည့်သွင်းပြီးပါပြီ။
Viber Out အသုံးပြုပြီး နိုင်ငံတကာသို့  ဈေးနှုန်းချိုသာစွာဖုန်းခေါ် ဆိုလိုက်ရအောင်! Viber Out ဆိုတာ Viber အသုံးပြုသူတွေ မည်သည့်ဖုန်းနံပါတ်မဆို ဈေးနှုန်းချိုသာစွာ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ယခုအခါ မည်သည့်အိမ်ဖုန်း ကြိုးဖုန်းကိုမဆို နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ပြီး ဖုန်းလက်ခံတဲ့ဘက်မှ အင်တာနက်ကော၊ Viber Application ကောရှိစရာမလိုပါဘူး။ Viber out Credit များကို ယခုအခါ ကြိုက်နှစ်သက်ရာ Red dot ဆိုင်များတွင် မြန်မာကျပ်ငွေဖြင့်ဝယ်ယူရရှိနိုင်ပါပြီ။ ပိုမိုသိရှိလိုပါကး reddotnetwork.com/articles/112
|
viberout-lp.viber.com/reddot 5
CB Bankရဲ့ mobile banking ဝန်ဆောင်မှုကတဆင့် ငွေသွင်းနိုင်ဖို့ လမ်းညွှန် CB ကတဆင့် ငွေဖြည့်သွင်းမယ်ဆိုရင် Red dot ကိုယ်စားလှယ်တွေဟာ ဘဏ်ထိသွားစရာ မလိုတော့ပါဘူး။ မိမိဖုန်းမှာ CB ဘဏ်ရဲ့ Mobile Banking App ရှိရုံနဲ့ တိုက်ရိုက်ငွေဖြည့်သွင်းမှုတွေကို အောက်ပါအတိုင်းလုပ်ဆောင်လို့ရပါပြီ။
CB ဘဏ် Mobile Banking App အသုံးပြုပုံ
CB ဘဏ်ရဲ့ Mobile Banking အသုံးပြုဖို့လိုအပ်ချက်တွေ
1/ 2/ 3/ 4/ 5/
App ဖွင့်ပြီး log in ၀င်ပါ
•
အသုံးပြုသူဟာ CB စာရင်းရှင် (သို့) ငွေစုစာရင်း (သို့) ATM ငွေစာရင်းတစ်မျိုးမျိုး ရှိရပါမယ် ။
•
ယင်းငွေစာရင်း account ဖြင့် mobile banking register လုပ်ထားဖို့ လိုပါတယ်။
•
မိမိရဲ့ account နံပါတ်ကို ပထမဆုံးအကြိမ်တွင် Red dot network ရဲ့ Customer Care ကို အကြောင်းကြားဖို့ လိုပါတယ်။
6/
ငွေလွှဲပြောင်းအောင်မြင်ပါက Success ပေါ်လာလိမ့်မယ်
•
အကြောင်းကြားပြီး ၂၄ နာရီအကြာမှာ CB Mobile Banking ကို အသုံးပြုပြီး Red dot Payment-Menu မှ တဆင့် ငွေလွှဲပြောင်းခြင်းကို စတင်နိုင်မှာဖြစ်ပါတယ်။
•
Transfer to other card account menu နဲ့ ငွေလွှဲပြောင်းသူများ ငွေဝင်မှာမဟုတ်ကြောင်း သတိပြုပါ။
Mobile Banking ပင်နံပါတ်ရိုက်ထည့်ပါ My Service ကိုသွားပြီး Payment ကို နှိပ်လိုက်ပါ Red dot Payment Menu Bar ကိုရွေးချယ်ပါ ဖြည့်လိုတဲ့ ငွေပမာဏ၊ ဆိုင်နာမည်၊ သုံးစွဲသူ ID (သင့် MID နံပါတ် ၁၅ လုံးကို ရိုက်ထည့်ရန်)နဲ့ ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ပါ
** Success မဖြစ်ပါက သင့်အချက်အလက်များမှန်ကန်မှုရှိအောင် ပြန်လည်စစ်ဆေးပြီး ယခင်အဆင့်များအတိုင်းရိုက်ထည့်ပါ
အသုံးပြုရလွယ်ကူအောင် ပုံတွေမှာ နံပါတ်စဉ်နဲ့တကွ ညွှန်းထားပါတယ်
04. 06.
01. 02.
05. 03.
သတိပြုရမယ့် အချက်တွေက ဘဏ်ဖွင့်ရက် တနင်္လာမှ သောကြာနေ့များအတွင်းသာ လုပ်ဆောင်ရန်။ ပုံမှန်အားဖြင့် မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း ငွေဖြည့်သွင်းမယ် ဆိုရင် ဖြည့်သွင်းတဲ့အချိန်မှ နောက် ၃ နာရီအတွင်း မိမိစက်ထဲသို့ ငွေဝင်လာမှာ ဖြစ်ပါတယ်။ သောကြာနေ့ ညနေ ၅ နာရီနောက်ပိုင်းမှ ပေးသွင်းမယ်ဆိုရင်တော့ နောက်တစ်ပတ် တနင်္လာနေ့ မှသာ စက်ထဲသို့ ငွေဝင်လာမှာပါ။ 6
Red dot ကိုယ်စားလှယ်တွေအတွက် ရောင်းအားသွက်မယ့် အချိန်အခါ ရောက်ရှိလာပါပြီ ဝါတွင်းသုံးလလွန်မြောက်ပြီး ယခုနှစ်ရဲ့ ပျော်ရွှင်စရာ သီတင်းကျွတ်အချိန်အခါ ရောက်ရှိလာပါတော့မယ်။ ဒီနှစ် ၂၀၁၆ ခုနှစ်အတွက် သီတင်းကျွတ်မီးထွန်းပွဲတော်က အောက်တိုဘာလ ၁၅ ရက်နေ့မှာ စတင်ကျရောက်မှာ ဖြစ်ပါတယ်။ သီတင်းကျွတ်ပွဲတော်ဟာ တန်ခူးလအတာသင်္ကြန်ပွဲပြီးရင် ဒုတိယအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကျင်းပကြတာ အားလုံးလည်းအသိပါ။ ရောင်းအား၊ ဝယ်အားတွေ ပြန်ကောင်းလာတဲ့ ပွင့်လင်းရာသီရဲ့ အစဖြစ်တာကြောင့် ဒီလိုအခါသမယမှာ Red dot ကိုယ်စားလှယ်တွေလည်း မိမိတို့ဆိုင်နဲ့ လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ရင်း မအားမလပ် ဖြစ်နေကြပါလိမ့်မယ်။ ရာသီပွဲတော်နဲ့ ဆက်စပ်တဲ့ကုန်ပစ္စည်းတွေ ရောင်းချနေချိန်မှာ Red dot top-up တွေရဲ့ ဝယ်လိုအားလည်း မြင့်တက်လာနိုင်တာကြောင့် စက်တွေထဲမှာ balance ငွေ များများဖြည့်တင်းထားဖို့ လိုအပ်လာပါပြီ။ ဒါကြောင့် ဒီအချိန်မှာ Red dot ငွေကောက်ခံသူတွေလည်း လူကြီးမင်းတို့ရဲ့ဆိုင်ကို မကြာခဏ ရောက်လာပါတော့မယ်။ Red dot ရုံးကို ဖုန်းဆက်သွယ် မေးမြန်းချင်တယ်ဆိုရင်လည်း Customer Care က မနက် ၉ နာရီကနေ ည ၉ နာရီအထိ ရှိနေမှာဖြစ်ပြီး ရုံးပိတ်ရက်တွေမှာလည်း ဝန်ဆောင်မှု ပေးသွားမှာဖြစ်ကြောင်း သတင်းကောင်းပါးပါရစေ။ ပွဲတော်ရက်မှာ လူမှုရေးအစဉ်အလာအရ ဘုရားကျောင်းကန်တွေသွားပြီး ပန်း၊ ဆီမီးတို့နဲ့ ကပ်လှူပူဇော်တာ၊ နေအိမ်တွေမှာ မီးထွန်းတာ၊ လမ်းတွေမှာ စတုဒီသာလှူဒါန်းကျွေးမွေးတာ၊ သက်ကြီးဝါကြီး မိဘဆရာသမားတွေကို ကန်တော့တာ စတာတွေ နှစ်စဉ်ပြုလုပ်ကြတာပဲ ဖြစ်ပါတယ်။ ဝါလကင်းလွတ် သီတင်းကျွတ်နောက်ပိုင်းမှသာ ကျင်းပတတ်တဲ့ လက်ထပ်မင်္ဂလာပွဲတွေအတွက် ရာသီအချိန်အခါလည်း ဖြစ်ပါတယ်။ အခုနောက်ပိုင်းတော့ မြို့ပြတွေမှာထက် ရိုးရာအစဉ်အလာမပြတ် ကျင်းပတတ်ကြတဲ့ နယ်မြို့လေးတွေမှာက ပိုပြီး စည်ကားတတ်ပါတယ်။ ရန်ကုန်မှာတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ပြန်လည်ကျင်းပခွင့်ရခဲ့တဲ့ ရေကျော်ပွဲဈေးက အမြို့မြို့အနယ်နယ်က လာရောက်ရောင်းချတဲ့ ယာယီစားသောက်ဆိုင်တန်းတွေ၊ ဇာတ်ပွဲ၊ ကလေးကစားစရာဆိုင် စတာတွေနဲ့ ပြည့်ကျပ်ပြီး အစည်ကားဆုံးပါပဲ။ မြန်မာနိုင်ငံတဝှမ်းမှာရှိတဲ့ တခြား အမြို့မြို့အနယ်နယ်တွေမှာလည်း ဘုရားပွဲဈေးတွေ အသီးသီးရှိကြပါတယ်။
7
ပျော်ရွှင်စရာသီတင်းကျွတ် အောက်တိုဘာလမှာ Red dot ကိုယ်စားလှယ်တွေ ပြင်ဆင်နေမှုနဲ့ပတ်သတ်ပြီး ရောင်းအား အကောင်းဆုံးစာရင်းမှာ Diamond အဆင့်ရရှိတဲ့ ဒေါ်ဆွေဆွေနိုင်ကိုလည်း Red dot က တွေ့ဆုံမေးမြန်းထားပါတယ်။ ကမာရွတ်မြို့နယ်က ဝင်းသော်တာစတိုးဆိုင်ပိုင်ရှင် ဒေါ်ဆွေဆွေနိုင်က သီတင်းကျွတ်ပွဲတော်အတွက် ပြင်ဆင်နေမှု၊ Red dot ရောင်းချရမှု စတဲ့ အခြေအနေတွေနဲ့ ပတ်သတ်ပြီး အခုလိုပြောပြပါတယ်။ “Red dot ငွေဖြည့်ရတာက ကတ်ဝယ်သလိုမျိုး ငွေအရင်းအနှီးများများသုံးဖို့ မလိုတာကို တော်တော်သဘောကျပါတယ်။ ကတ်က တစ်ခါဝယ်ရင် သိန်း ၃၀ ဖိုး အနည်းဆုံးဝယ်ရတယ်။ Red dot ကကျတော့ တစ်ခေါက် ငါးသိန်းလောက်သွင်းထားရင် အကုန်ရောင်းလို့ရတယ်။ ငွေလိုသလောက် ပမာဏကိုလည်း မကြာခဏ ပြန်ဖြည့်လို့ရတယ်” လို့ သူကပြောပါတယ်။ သူက ရန်ကုန်မြို့လူစည်ကားတဲ့ လှည်းတန်းဈေးနားတဝိုက်မှာ စတိုးဆိုင်ခွဲတွေကို ဖွင့်လှစ်ထားပါတယ်။ သီတင်းကျွတ်ပွဲတော်နား နီးပြီဖြစ်လို့ ရောင်းချမယ့် ကုန်စည်တွေအတွက် ကြိုတင်စုဆောင်းနေတာပါ။ “သီတင်းကျွတ်ကာလလို လူအရမ်းကျနေတဲ့အချိန်ဆို ဝယ်လိုအားများပြီး လူမနိုင်တဲ့ အခက်အခဲရှိတယ်” လို့ ပြောပါတယ်။ ဝင်းသော်တာစတိုးက Red dot ကိုယ်စားလှယ်ယူရောင်းတာ နှစ်နှစ်နီးပါးရှိပါပြီ။ ပုံမှန်ရက်တွေဆိုရင်တောင် သူ့ဆိုင်မှာ Red dot ရောင်းအားက နှစ်ရက်ကို ကျပ် ၅၀၀,၀၀၀ ဖိုး ပျမ်းမျှရှိတတ်ပါတယ်။ “Red dot နဲ့ စချိတ်တဲ့အချိန်က ရောင်းအား အခုလောက်ကောင်းလာမယ်လို့ မထင်ဘူး။ အရင်တုန်းကဆို ဝယ်တဲ့သူကလည်း ကတ်ပဲသုံးရတာ အားသာကြတယ်။ နောက်ပိုင်းတော့ လူတွေကလည်း ခဲခြစ်တာထက် အီလက်ထရွန်းနစ် ငွေဖြည့်တဲ့စနစ်ကိုသွားတဲ့ စာရွက်ကိုပဲ ပိုသဘောကျလာတော့ အဆင်ပြေသွားတယ်။ ရောင်းအားလည်း တော်တော်တက်လာတယ်။ အခုဆိုရင် လက်လီဖုန်းငွေဖြည့်တာအားလုံးကို Red dot နဲ့ပဲ လုပ်ဖြစ်တော့တယ်။ နှစ်ရက်ကို ငါးသိန်းဖိုးလောက် ရောင်းရတယ်” လို့ သူကဆိုပါတယ်။ “အရင်ကဆို ရောင်းအားများလို့ စာရွက်လိပ်ကုန်သွားတဲ့ အခက်အခဲတော့ရှိတယ်။ ဒါပေမယ့် Red dot ဝန်ထမ်းလေးတွေက ကိုယ့်ဆိုင်ကရောင်းအားကို သိပြီး အခုနောက်ပိုင်း စာရွက်လိပ်တွေ ကြိုပေးထားတယ်။ အခုတော့ ဒီပြဿနာမျိုးမတက်တော့ဘူး” လို့ သူကဆိုပါတယ်။ ဆက်သွယ်ရေးရုံးမှာ အချိန်ကုန်ခံတန်းစီပြီး ဖုန်းဘေလ်ပေးဆောင်တဲ့ခေတ် လွန်လာပြီးနောက်ပိုင်း ခဲခြစ်ပြီး ငွေဖြည့်ရတဲ့ပုံစံက ခေတ်စားခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ပြီး အခုဆိုရင် နိုင်ငံတကာအလေ့အကျင့်ပုံစံအတိုင်းဖြစ်တဲ့ အီလက်ထရွန်းနစ်စနစ်နဲ့ ဖုန်းဘေလ်ပေးဆောင်မှုက စတင်နေရာယူလာပြီဖြစ်ပါတယ်။ “ဝင်းသော်တာစတိုးဆိုင်ကို ဗဟိုလမ်းပေါ်မှာဖွင့်လှစ်ထားပြီး လှည်းတန်းအတွင်းဘက်ကို ဆိုင်ရွှေ့လိုက်တော့ ဆိုင်မှာ Red dot ရတာကို လူသိပ်မသိကြသေးဘူး။ ကြော်ငြာသေချာလုပ်ထားပြီး နောက်ပိုင်းဆိုရင်တော့ ဒီထက်တောင် ရောင်းအားပိုကောင်းလာဖို့ မျှော်လင့်တယ်” လို့ သူကပြောပါတယ်။ ဝင်းသော်တာစတိုးဟာ ပြီးခဲ့တဲ့လက Red dot ပရိုမိုးရှင်းအစီအစဉ်မှာလည်း အဝတ်လျှော်စက်ဆု ဆွတ်ခူးခဲ့ပါသေးတယ်။ “အခုနောက်ပိုင်းဆို ပရိုမိုးရှင်းတွေမကြာခဏလု ပ်ပေးနေတာလည်း ဆိုင်ရှင်အတွက် အတော်လေးကောင်းတယ်” လို့ သူကဆိုပါတယ်။ အလုပ်များတဲ့အချိန်မှာ Red dot ဖုန်းငွေဖြည့်ပေးနိုင်ဖို့ ကြိုတင်ပြင်ဆင်ရတာအပြင် အဓိကလုပ်ရတာတော့ စားသောက်ကုန်တွေ ကြိုစုထားရတာဖြစ်ပါတယ်။ “သီတင်းကျွတ်ဆို မုန့်၊ အအေး၊ စားသောက်ကုန်တွေ အရမ်းရောင်းကောင်းတယ်။ တန်ဆောင်တိုင်နဲ့ သင်္ကြန်တွင်းကာလတွေမှာလည်း ရောင်းရပါတယ်။ ကန်တော့ခြင်းတွေ လုပ်ဖို့ ဖဲကြိုးတွေ၊ တိတ်တွေ ဝယ်ထားတာတောင် အခုထိမလုပ်ရသေးဘူး။” လို့ သူကဆိုပါတယ်။
8
မြန်မာပြက္ခဒိန်အရ သီတင်းကျွတ်လ အောက်တိုဘာလဟာ ပွင့်လင်းရာသီရဲ့ အစဖြစ်တာကြောင့် စီးပွားရေးလုပ်ငန်းတွေ သာမက လူမှုရေးနဲ့ဆိုင်တဲ့ ပွဲလမ်းသဘင် စတာတွေ ပြန်လည်အရှိန်ရစပြုလာချိန် ဖြစ်ပါတယ်။ စိုက်ပျိုးရေးလုပ်ငန်းကို အခြေခံတဲ့ နိုင်ငံဖြစ်တာကြောင့် သီးနှံပေါ်ချိန်မှာ ပြည်ပပို့ကုန်တင်ပို့နိုင်ဖို့ အစပျိုးချိန်လည်း ဖြစ်ပါတယ်။ ပြည်တွင်း ခရီးသွားလုပ်ငန်းတွေ အတွက်လည်း အထောက်အပံ့ပေးတဲ့ အချိန်ဖြစ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်အစရှိတဲ့ အဓိကမြို့ကြီးတွေမှာရှိတဲ့ ဈေးဝယ်စင်တာတွေမှာ လူသုံးကုန်ပစ္စည်းအမျိုးမျိုးအတွက် ပွဲတော်နဲ့ဆိုင်တဲ့ အရောင်းမြှင့်တင်မှု ပရိုမိုးရှင်းတွေလည်း အပြိုင်အဆိုင် စတင်လာကြပါတော့မယ်။ ဒါကြောင့် မိုးရာသီတစ်ခုလုံး ထိုင်းမှိုင်းခဲ့ပေမယ့် ဒီလိုအချိန်အခါ ကျရောက်လာရင်တော့ နှစ်စဉ် ဝယ်လိုအားတွေ ပြန်လည်မြင့်တက်လာပြီး ပြည်တွင်းဈေးကွက်တစ်ခုလုံးလည်း သွက်လက်လာလေ့ရှိပါတယ်။ ဒါက နိုင်ငံ့စီးပွားရေးအတွက်လည်း တစ်စိတ်တစ်ပိုင်း အထောက်အကူပြုပါတယ်။ ဒီလိုအချိန်အခါမှာ Red dot ကလည်း ရာသီအလိုက် ပရိုမိုးရှင်းအစီအစဉ်တွေ အများကြီးလုပ်ဖို့ရှိပါတယ်။ ဒီလထုတ် Red dot မဂ္ဂဇင်းထဲမှာတော့ သီတင်းကျွတ် အထူးပရိုမိုးရှင်းအစီအစဉ်တွေ ပါဝင်တာကိုလည်း အနည်းငယ်အချိန်ပေး ဖတ်ရှု့စေချင်ပါတယ်။ ဒီလိုပရိုမိုးရှင်းအစီအစဉ်တွေဟာ လက်လီဆိုင်ပိုင်ရှင် အတွက်သာမကသုံးစွဲသူတွေအတွက်ပါ ထည့်သွင်းထားတာကြောင့် Red dot နဲ့ ချိတ်ဆက်တဲ့ ကိုယ်စားလှယ်တွေအားလုံး ရောင်းအားပိုကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။
reddotnetwork.com +95 1370050
ဒါ့အပြင် Red dot ရဲ့ ဆိုင်ရှင်တွေ အားလုံးလည်း တစ်နှစ်ထက်တစ်နှစ် ရောင်းအားပိုကောင်း၊ စီးပွားပိုတက်လာစေဖို့ Red dot Network မိသားစုက ဆုတောင်းပေးလိုက်ပါတယ်။
9
Red dot Pay PIN ပရိုမိုးရှင်းအစီအစဉ် နိုဝင်ဘာလအထိနော် Red dot Pay တွင် Pay PIN နှင့် Voucher ID ဖြင့် ဘေလ်ပေးဆောင်ခြင်း ရောင်းချတဲ့ကိုယ်စားလှယ်တွေအတွက် ပရိုမိုးရှင်းအစီအစဉ်တွေ အကြောင်းကို ထပ်မံအသိပေးလိုပါတယ်။ Red dot Pay နဲ့ချိတ်ဆက်တဲ့ ငွေပေးချေမှုအမျိုးမျိုးအတွက် ဆိုင်ရှင်ကိုယ်စားလှယ်တွေက Red dot Pay PIN များများရောင်းရင်း ဆုလက်ဆောင်တွေ ကံထူးနိုင်မှာဖြစ်ပါတယ်။ အစီအစဉ်က နိုဝင်ဘာလလယ်အထိ သက်တမ်းကျန်သေးတာမို့ ကံထူးဆုတွေကို လက်မလွှတ်ပဲရယူလိုက်ရအောင်။
ပရိုမိုးရှင်းအစီအစဉ်-၁ (သြဂုတ်လ ၁၈ ရက် ကနေ နိုဝင်ဘာ ၁၈ ရက်နေ့အထိ) ဒီသုံးလတာအတွင်း Red dot စက်ကတဆင့် Red dot Pay (ဘောင်ချာနံပါတ်နဲ့ ဈေးဝယ်သူတွေရဲ့ အွန်လိုင်းဘေလ် ကျသင့်ငွေတွေ လက်ခံဆောင်ရွက်ပေးခြင်းနဲ့ Red dot Pay PIN တွေ ရောင်းချရပါမယ်။ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်လချင်းဆီမှာ ကျပ် ၅၀,၀၀၀ နဲ့ အထက်ရောင်းရတဲ့ ကိုယ်စားလှယ်ဆိုင်တိုင်း အတွက် လစဉ်ငွေကျပ် ၂၀၀၀ ကို Red dot စက်ထဲ ထည့်ပေးသွားမှာဖြစ်ပါတယ်။
ပရိုမိုးရှင်းအစီအစဉ်-၂
(သြဂုတ်လ ၁၈ ကနေ နိုဝင်ဘာ ၁၈ ရက်အထိ) ပရိုမိုးရှင်းကာလအတွင်း Red dot Pay (ဘောင်ချာနံပါတ်နဲ့ ဈေးဝယ်သူတွေရဲ့ အွန်လိုင်းဘေလ်ကျသင့်ငွေတွေ လက်ခံဆောင်ရွက်ပေးခြင်းနဲ့ Red dot Pay PIN တွေ ရောင်းချရရင်း ဆုလက်ဆောင်တွေ ကံထူးနိုင်မှာ ဖြစ်ပါတယ်။ သုံးလအတွင်း စုစုပေါင်း ရောင်းချငွေ ကျပ် ၂၀၀,၀၀၀ နဲ့ အထက်ရှိတဲ့ ဆိုင်ရှင်တွေတိုင်း ဆုလက်ဆောင်တွေကို မဲဖောက် ကံစမ်းပေးမှာဖြစ်ပါတယ်။ ရရှိမယ့် ဆုလက်ဆောင်တွေက •
Sony 32” တီဗီ - ၁ လုံး
•
Xiaomi (Mi Note) ဖုန်း - ၂ လုံး
•
အ၀တ်လျှော်စက် - ၂ လုံး
ကျပ် ၁၀၀,၀၀၀ တန်ဖိုးရှိ Citymart Gift ဘောက်ချာ ၃ စောင်အပြင် လက်ငင်းငွေ ကျပ် ၅၀,၀၀၀ ဆု ၁၀ ဆု တို့ကိုလဲ ကံထူးရယူနိုင်မှာဖြစ်ပါတယ်။ မှတ်ချက် - ပရိုမိုးရှင်းဆုံးဖြတ်ချက်၊ ကန့်သတ်၊ သတ်မှတ်ချက်များကို Red dot မှ ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရှိသော် Red dot ၏ ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
Red dot Pay PIN ရောင်းချပုံ အဆင့်ဆင့်-
Red dot စက်တိုင်းမှာ Red dot Pay PIN ရနေပါပြီ!
Red dot စက်မှ
Red dot Pay PIN အသုံးပြုပြီး အောက်ပါ ကုမ္မဏီတွေအတွက်
၁။ OK ကို နှိပ်ပါ။
ဘေလ်ပေးချေနိုင်ပြီ ဖြစ်ပါတယ်-
၂။ Red dot Pay ကိုရွေးပါ ။
•
၃။ Pay Pin ကို ရွေးချယ်ပြီးပါက ဈေးဝယ်သူအလိုရှိသော ငွေအရေအတွက်ကို
Myanmmar Game Centre မှ Fast Furious ကားပြိုင်ဂိမ်းနှင့်
ပုံမှန်အတိုင်း အခြားငွေဖြည့်ကတ်များ Red dot စက်မှ ရောင်းသကဲ့သို့
အခြားဂိမ်းများရဲ့ငွေကြေးများ၊ White Merak Comic
ရောင်းချပေးနိုင်ပါတယ်။
Red dot Pay ဘောင်ချာနံပါတ် (Voucher ID) ဖြင့် ဘေလ်ပေးဆောင်ပုံ အဆင့်ဆင့်Red dot စက်မှ
၁။ OK ကို နှိပ်ပါ။
app အတွက်ငွေကြေးများ နှင့် Myanmar Music Store မှ သီချင်းများကိုလည်း Red dot Pay PIN ဖြင့် လွယ်လင့်တကူ ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။ •
အွန်လိုင်းဖြင့် mss.com.mm မှ မဂ္ဂဇင်း၊ ဂျာနယ်မှာယူခများ ပေးချေခြင်း။
•
အွန်လိုင်းဖြင့် easyticket.asia မှ အဝေးပြေး ကားလက်မှတ်ဝယ်ယူခများ ပေးချေခြင်း။
၂။ Red dot Pay ကိုရွေးပါ ။ ၃။ Enter Voucher ID (သို့မဟုတ်) ဘောင်ချာနံပါတ်ရိုက်ရန် ကိုရွေးပါ ၄။ ကုဒ်နံပါတ်ရိုက်ထည့်ပါ ပြီးလျှင် OK ကိုနှိပ်ပါ။ (ဈေးဝယ်သူယူဆောင်လာသော ကုဒ်နံပါတ်) ၅။ စက်၏ လျှို့ဝှက်စာနံပါတ် ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ။ ၆။ ထွက်လာသော Customer ဖြတ်ပိုင်းကို ဈေးဝယ်သူအားပေး၍ ကျသင့်ငွေတောင်းခံပါ။
10
Fantasy King ဂိမ်း၊ စောရရာဇာဂိမ်း၊ MyFsih ၊ Hawk Hero ၊
•
Carsdb.com တွင် ကားကြော်ငြာခများကို အလွယ်တစ်ကူ ပေးချေနိုင်ခြင်းနှင့်
•
Myplay မှ Shan Koe Mee world ဂိမ်းငွေကြေးများကို ဘောင်ချာနံပါတ်ဖြင့် ပေးချေဝယ်ယူနိုင်ပြီဖြစ်ပါတယ်။
ကိုယ့်ရဲ့ Smart ဖုန်းနဲ့ လုပ်နိုင်မယ့် စီးပွားရေးလုပ်ငန်း ၅ မျိုး Smart ဖုန်းဆိုတာ ဒီနေ့ခေတ်ရဲ့ မရှိမဖြစ်အသုံးအဆောင်တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဒီလို Smart ဖုန်းတစ်လုံး ရှိရုံနဲ့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေ စတင်လို့ရတယ်ဆိုတာရော သင်ယုံကြည်ပါသလား။ ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းဈေးဝယ်ကဏ္ဍတွေ ပိုမိုအားကောင်းလာတာနဲ့အမျှ အိမ်ထဲနေရင်း ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်လို့ရတဲ့ အခွင့်အရေးတွေ ပိုများလာပါတယ်။ Smart ဖုန်းနဲ့ စီးပွားရေးတစ်ခု စတင်တော့မယ်ဆိုရင် ဆိုရှယ်မီဒီယာနဲ့ အွန်လိုင်းတော့ ပုံမှန်သုံးစွဲဖို့ လိုတယ်နော်။ ဒါ့အပြင် လုပ်ငန်းမစခင် အရေးကြီးဆုံးအချက်ကတော့ လုပ်ငန်းများစွာရှိတဲ့အနက် ကိုယ့်ရဲ့ စိတ်အားထက်သန်မှုက ဘယ်မှာရှိလဲဆိုတာကို အရင်ဆုံးဆန်းစစ်ဖို့ပါပဲ။ ဒါကိုသိပြီးပြီဆိုရင် Smart ဖုန်းတစ်လုံးနဲ့ စတင်နိုင်မယ့် စီးပွားရေးလုပ်ငန်းငါးမျိုးကို လေ့လာကြည့်ကြစို့။
မော်တော်ယာဉ်ဝန်ဆောင်မှုလုပ်ငန်း အမျိုးမျိုး ကားဝယ်ရောင်း၊ အလှဆင်တာ၊ ကားအဌားလိုက်တာ စတာတွေကို မိမိရဲ့ ကိုယ်ပိုင်ဖေ့စ်ဘုတ်ကနေ ကြော်ငြာလိုက်ရုံနဲ့ သင် လုပ်ငန်းရှင်တစ်ဦး ဖြစ်နိုင်ပါတယ်။ နောက်တစ်ဆင့်အနေနဲ့ ငွေကြေးသုံးစွဲပြီး ဖေ့စ်ဘုတ်ရဲ့ ပရိုမိုးရှင်းဝန်ဆောင်မှုတွေကနေ မိမိလုပ်ငန်း အချိန်တိုအတွင်း လူသိများလာအောင် လုပ်ဆောင်လို့ရပါတယ်။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ အွန်လိုင်းအရောင်းအဝယ် ဝဘ်ဆိုက်တချို့မှာ account ဖွင့်ပြီး အခမဲ့တင်ရောင်းတာပါ။
ခရီးသွားလမ်းညွှန် ခရီးသွားတာကို နှစ်ခြိုက်သူတစ်ယောက်ဆိုရင် ဒီလုပ်ငန်းက သင့်ရဲ့အောင်မြင်မှုကို ဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်။ ကိုယ်တိုင် ခရီးမှာလိုက်ပါဖို့ အခွင့်အရေးမပေးခဲ့ရင်လည်း Google Map ကနေတဆင့် လမ်းညွှန်လို့ ရနိုင်ပါသေးတယ်။ သင်ကိုယ်တိုင်က tour guide တစ်ဦးဆိုရင်တော့ သင့်ရဲ့ အွန်လိုင်း စီးပွားရေးလေးက အတိုင်းထက်အလွန်လို့ပဲ ပြောရတော့မှာပါ။ ဒီအောင်မြင်မှုကနေတဆင့် ခရီးသွားလုပ်ငန်းအေဂျင်စီကြီး ဖြစ်လာအောင် ချဲ့ထွင်နိုင်တော့မှာပဲဖြစ်ပါတယ်။
စာရေးမလား ငွေအရင်းအနှီး အနည်းဆုံးလုပ်ငန်းတစ်ခုပါပဲ။ ပြည်တွင်းမှာရော၊ ပြည်ပမှာပါ နာမည်ကြီးနေတဲ့ ဖေ့စ်ဘုတ်၊ ဘလော့ဂ်များစွာကိုတွေ့နိုင်ပါတယ်။ အရင်းအနှီးနည်းပေမယ့် စာရေးတဲ့အလုပ်က လွယ်တာတော့ မဟုတ်ဘူးနော်။ ကိုယ်ရေးလိုက်တဲ့စာက လူတွေအတွက် ဘယ်လောက်အတိုင်းအတာထိ မှန်ကန်ထိရောက်ပြီး အကျိုးရှိစေတယ်ဆိုတာက အရေးကြီးပါတယ်။ လက်ရှိ ဆိုရှယ်မီဒီယာတွေပေါ်မှာ ကျန်းမာရေး၊ ဗဟုသုတ၊ ကဗျာ၊ သတင်းဦး၊ သတင်းထူး၊ အပျော်ဖတ်ဟာသ စတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ စာဖတ်သူကို ဆွဲဆောင်ရေးသား နေကြပါတယ်။ စာရေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ ဘယ်အကြောင်းကို ဦးတည်ရေးသားမလဲဆိုတာ စဉ်းစားပါ။ စာရေးရင်း အောင်မြင်လာပြီဆိုရင်တော့ ကိုယ့်စာမျက်နှာမှာ ကြော်ငြာထည့်မယ့်သူတွေ၊ ပူးပေါင်း တိုးချဲ့မယ့်သူတွေ ပေါ်လာပြီး လုပ်ငန်းရှင်တစ်ယောက် ဖြစ်လာမှာမလွဲပါ။
ဖုန်းပြန်ဖြေတဲ့ အော်ပရေတာလုပ်ငန်း လက်ရှိခေတ်စားနေတာက အွန်လိုင်းဈေးဝယ်ရောင်းတွေအတွက် ဖုန်းပြန်ကြားပေးပြီး အော်ဒါကောက်ပေးတာမျိုးပါ။ အိမ်ထဲကနေ ဖုန်းတစ်လုံးရှိရုံနဲ့ ဝင်ငွေရမယ့် လုပ်ငန်းတစ်ခုပါ။ ဒါကြောင့် အွန်လိုင်းရှော့ပင်း အရေအတွက်များများ ချိတ်ဆက်နိုင်လေ၊ ဝင်ငွေတိုးလာလေ။
တစ်ဆင့်ခံပြန်ယူတဲ့ ပစ္စည်းတွေရောင်းမလား အွန်လိုင်းရှော့ပင်းဆိုတာ လွယ်ကူပြီး အရင်းအနှီးနည်းတဲ့ လုပ်ငန်းတစ်ခုပါ။ အလှကုန်၊ လူသုံးကုန်၊ အထည်အလိပ်၊ ယုတ်စွအဆုံး တာရှည်ခံတဲ့ စားသောက်ကုန်၊ ကလေးပစ္စည်းစတဲ့ အမျိုးအစားစုံကို ရောင်းချနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ပစ္စည်းရောက်မှ ငွေပေးချေတဲ့စနစ်ကပဲ အဆင်ပြေပါသေးတယ်။ အခုနောက်ပိုင်း အွန်လိုင်း အခမဲ့ဈေးဝယ်ဝဘ်ဆိုက်တွေလည်း ရှိလာပြီမို့ ကိုယ့်ဆီမှာ အရောင်းထိုင်းနေတာတွေကို ဈေးလျှော့ပေးပြီး တင်ရောင်းနိုင်ပါသေးတယ်။
ဒါတွေကတော့ ဆိုင်ခန်းမလို၊ ဖုန်းတစ်လုံးရှိရုံ၊ ဆိုရှယ်မီဒီယာအသုံးပြုတတ်ရုံနဲ့ ကိုယ်ပိုင်စီးပွားရေး တစ်ခုထူထောင်လို့ရမယ့် လုပ်ငန်းတွေပါပဲ။ ပြည်တွင်းမှာလည်း ဒီလိုလုပ်ငန်းတွေကနေ အောင်မြင်သူ အများအပြားရှိလာပါပြီ။ ဒါဆို သင်ကိုယ်တိုင်ရော ဆိုရှယ်မီဒီယာ page တွေ တည်ထောင်ပြီး ဘာကြောင့် လုပ်ငန်းမစတင်နိုင်ရမှာလဲ။
11
ကမ္ဘာ့ရတနာဘဏ် (GTB) နဲ့ ချိတ်ဆက်မှု AYA ၊ CB ၊ KBZ ဘဏ်တွေနဲ့ ငွေဖြည့်သွင်းဖို့ အလှမ်းဝေးနေတဲ့ ကိုယ်စားလှယ်တွေအတွက် အထူးအခွင့်အရေးတစ်ခုအနေနဲ့ ကမ္ဘာ့ရတနာဘဏ်နဲ့ ချိတ်ဆက်ထားတဲ့ အောက်ပါဖော်ပြပါ ဘဏ်ကိုးဘဏ်မှတဆင့် ဆိုင်ပိုင်ရှင်တွေရဲ့ စက်အတွင်းသို့ ငွေဖြည့်သွင်းနိုင်ပါပြီ။
Red dot ဆိုင်ရှင်တွေ လုပ်ဆောင်ရမယ့် အချက် ဆိုင်ပိုင်ရှင်တွေဟာ အောက်ဖော်ပြပါ GTB ဘဏ်စာရင်းထဲကို ဖြည့်သွင်းငွေလွှဲနိုင်ပါတယ်။ ငွေလွှဲဖြတ်ပိုင်း ဘောက်ချာပေါ်တွင် မိမိနာမည်နှင့်အတူ MID နံပါတ်အား ပူးတွဲဖြည့်စွက်ပေးရပါမယ်။
ငွေသွင်းရန် ဘဏ်စာရင်းနံပါတ်
•
မြန်မာအရှေ့တိုင်းဘဏ် (MOB)
•
သမဝါယမဘဏ် (CB)
0011130006697
•
အသေးစားနှင့်အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ် (SMIDB)
ငွေလွှဲကိစ္စရပ်များစုံစမ်းသိရှိလိုပါက
•
မြဝတီဘဏ်
အထွေထွေကိစ္စရပ်များစုံစမ်းရန်
•
အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ် (AGD)
•
ရန်ကုန်မြို့တော်ဘဏ်
•
ယူနိုက်တက်အမရဘဏ် (UAB)
•
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်
•
မြန်မာအသေးစားငွေရေးကြေးရေးဘဏ်
ဖုန်း- ၀၉၉၇ ၅၈၅၀ ၃၆၄ (banking team) ဖုန်း- ၀၁ ၃၇၀ ၀၅၀(customer care)
သတိပြုရန် ဆိုင်ပိုင်ရှင်များသည် ရန်ကုန်မြို့ GTB (Global Treasure Bank ) ရုံးချုပ်သို့ ငွေလွှဲနိုင်ပါသည်။ ငွေလွှဲခြင်းများကို နေ့လည် ၃ နာရီ မတိုင်မီ ဘဏ်ဖွင့်ရက်များဖြစ်သည့် တနင်္လာနေ့မှ သောကြာနေ့အတွင်း ပြုလုပ်နိုင်ပါသည်။
စက်တင်ဘာလအတွင်းပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ ဈေးနှုန်းတွေကို ရက်သတ္တပတ်အလိုက် အခြေခံဖော်ပြထားခြင်းဖြစ်ပါတယ်။
ငွေလဲနှုန်း- ကျပ်၁၂၆၀= အမေရိကန်တစ်ဒေါ်လာ အခေါက်ရွှေ ကျပ်၈၉၀, ၀၀၀ (ရန်ကုန်) ကျပ်၈၈၆,၅၀၀ (မန္တလေး) ရှယ်ယာဈေး ကျပ်၁၆,၅၀၀ (FMI) ကျပ်၄၁,၀၀၀ (MTSH)
12
ကျပ်၈၄၀၀ (MCB) စက်သုံးဆီဈေး ကျပ်၅၇၀ (ဒီဇယ် ပုံမှန်) ကျပ်၅၇၀ (ဒီဇယ် ပရီမီယံ92) ကျပ်၆၄၀ (ဒီဇယ် ပရီမီယံ95) ကျပ်၆၀၀ (အောက်တိန်း)
21-SEP-16
22-SEP-16
19-SEP-16
Octane 20-SEP-16
16-SEP-16
17-SEP-16
18-SEP-16
14-SEP-16
15-SEP-16
12-SEP-16
13-SEP-16
10-SEP-16
11-SEP-16
08-SEP-16
09-SEP-16
05-SEP-16
06-SEP-16
22-SEP
20-SEP
21-SEP
18-SEP
19-SEP
16-SEP
17-SEP
15-SEP
14-SEP
11-SEP
12-SEP
13-SEP
09-SEP
MCB 10-SEP
07-SEP
MTSH
အစိုးရ တရားဝင် ဝဘ်ဆိုက်တွေဖြစ်တဲ့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ရန်ကုန်စတော့အိတ်စ်ချိန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွေရဲ့ စာရင်းတွေကို မှီငြမ်းထားခြင်းဖြစ်ပါတယ်။ အောက်တိုဘာလပထမပတ် ဈေးနှုန်းများ
07-SEP-16
03-SEP-16
04-SEP-16
FMI
08-SEP
21-SEP-16
22-SEP-16
19-SEP-16
20-SEP-16
18-SEP-16
16-SEP-16
17-SEP-16
13-SEP-16
14-SEP-16
15-SEP-16
11-SEP-16
12-SEP-16
09-SEP-16
10-SEP-16
08-SEP-16
07-SEP-16
06-SEP-16
05-SEP-16
03-SEP-16
04-SEP-16
01-SEP-16
835000
02-SEP-16
840000
05-SEP
845000
Diesel Premium 95
ရ န် ကု န် စ တော့ အိ တ် စ် ချိ န်း
06-SEP
850000
Diesel Premium 92
စာ ရင်း ၀င် ကု မ္ပ ဏီ နှ စ် ခု တို့  ၏ ရှ ယ် ယာဈေး
03-SEP
အခေါက် ေ ရႊ ေ စ်း
04-SEP
865000 855000
01-SEP-16
45000 40000 35000 30000 25000 20000 15000 10000 5000 0
870000 860000
Diesel Normal 02-SEP-16
875000
စက္ သ ံ ု း ဆီ ေ စ်း
01-SEP
22 SEP 16
19 SEP 16
20-SEP-16
21-SEP-16
17-SEP-16
ြ ပငပ် ဈေးနနှုး 18-SEP-16
14-SEP-16
15-SEP-16
16-SEP-16
11-SEP-16
12-SEP-16
13-SEP-16
9-SEP-16
10-SEP-16
7-SEP-16
6-SEP-16
8 SEP 16
5-SEP-16
4-SEP-16
3-SEP-16
2-SEP-16
ဗဟဘို ဏရ် ညည် နွ်းနနှုး
700 600 500 400 300 200 100 0
02-SEP
ငွေ လဲ နှု န်း
1-SEP-16
1235 1230 1225 1220 1215 1210 1205 1200 1195
သီတင်းကျွတ်မှာ Red dotနဲ့ ဖုန်းငွေဖြည့်ရင်း ကံစမ်းကြစို့!
ကြည်နူးဖွယ်ရာ သီတင်းကျွတ်ကာလရဲ့ အထူးအစီအစဉ်အဖြစ် Red dot နဲ့ ဖုန်းငွေဖြည့်ရင်း ဖုန်းဘေလ်တွေ ကံစမ်းရယူကြစို့။ ဒီအစီအစဉ်အတွက် ရရှိမယ့်ဆုတွေကတော့ ကျပ် ၅၀၀၊ ကျပ် ၁၀၀၀၊ ကျပ် ၃၀၀၀၊ ကျပ် ၅၀၀၀ နဲ့ ကျပ် ၁၀,၀၀၀ တန်ဖုန်းဘေလ်များ၊ Pay PIN နှင့် Viber Out ဆုများအပြင် အထူးဆုအဖြစ် IPad Mini တို့လည်း ပါဝင်ပါတယ်။ ကံထူးနိုင်ဖို့အတွက် လုပ်ဆောင်ရမယ့် အဆင့်လေးတွေကတော့…
အနီးဆုံး Red dot ဆိုင်ကို သွားပါ
MPT, Telenor, Oored oo, MEC စတဲ့ အော်ပရေတာတ စ်ခုခုအတွက် ငွေဖြည့်ရင်း ဖြတ်ပိုင်းရယူ သိမ်းဆည်းပါ
http://reddotnetwork.com/TopUpWin/ ဝဘ်ဆိုက်ကိုသွားပါ။ ဖြတ်ပိုင်းပေါ်က Serial နံပါတ်ကို ရိုက်ထည့်ပြီး စိတ်လှုပ်ရှားကံစမ်းလိုက်ပါ။
reddotnetwork.com/TopUp-Win
အခုဖြည့်… အခုပေါက်… ချက်ချင်းရတဲ့ Red dot ရဲ့ Top-up & Win
မှတ်ချက် - အောက်တိုဘာ ၃ ရက်မှ ၃၀ ရက်နေ့အထိ Red dot နဲ့ ငွေဖြည့်သူများသာ ကံစမ်းနိုင်ပါတယ်။
13
အောက်တိုဘာလအတွက် ရာသီခွင်အလိုက် ဗေဒင်ဟောစာတမ်း
Libra (September 23 October 22)
Leo (July 23 - August 23) ဒီလထဲမှာတော့ ကိုယ့်မှာရှိတဲ့ စိတ်ကူးသစ်တွေကို ခဏမေ့ထားပြီး ငြိမ်ငြိမ်လေးနေလိုက်တာက
ဒီကာလအတွင်းမှာ ကိုယ်တိုင်ရဲ့ ပြဿနာမဟုတ်ဘဲ
အကောင်းဆုံးပါပဲ၊ ကြိုးတစ်ချောင်းကိုဖြတ်ဖို့ တစ်ချက်ထဲ
တစ်ခြားသူတွေအတွက် ကူညီဖြေရှင်းပေးရတာမျိုး
ပြီးရမှာကိုတောင် ၇ ချက်လောက် ဖြတ်ရမယ့် ကာလပါတဲ့။
တစ်ခါမက ကြုံရပါလိမ့်မယ်၊ ဒါပေမယ့် ဒီလိုပြဿနာတွေကို
အရင်က ကိုယ့်နေရာဒေသမှာ ဆရာတစ်ဆူ ဖြစ်ခဲ့ရင်တောင်မှ
ကိုယ်တစ်ယောက်တည်း ခေါင်းခံဖြေရှင်းပေးတာမျိုး မလုပ်ဖို့ သတိပေးပါရစေ။
ဒီလပိုင်းမှာတော့ ကိုယ့်အထက်မှာ တစ်ခြားတစ်ယောက် ရှိလာပါလိမ့်မယ်။
ဘယ်ကိစ္စမဆို ခေါင်းအေးအေးထားပြီး ဖြေရှင်းရင် အောင်မြင်မှုရနိုင်မယ့် ကာလပါပဲ။
စာချုပ်လက်မှတ်ထိုးတာတွေမှာလည်း အလျင်မလိုဖို့ သတိပေးထားပါတယ်။
ကိုယ့်အကျိုးအတွက် သူများထိခိုက်အောင် လုပ်မိတာမျိုးလည်း ရှိတတ်တာကြောင့်
အချစ်ရေးပိုင်းမှာလည်း ပြတ်စဲလုနီးနီး ဖြစ်လာနိုင်ပြီး နောက်ထပ်တွေ့မယ့်
မိမိမိတ်ဆွေ ပတ်ဝန်းကျင်အပေါ် အနိုင်မယူမိဖို့လည်း သတိထားရှောင်ကြဉ်သင့်တဲ့
အချစ်ရေးကလည်း ကိုယ်လိုပဲ ကံမကောင်းသူဖြစ်နေတတ်ပါတယ်တဲ့။
ကာလလို့ ပြောနိုင်ပါတယ်။
အထီးကျန်တယ်ဆိုတဲ့ အနေအထားကို ကယ်တင်ပေးနိုင်တာကတော့ ကိုယ့်ရဲ့ မိသားစုပါပဲ။
Aries (March 21 - April 20) ဒီလပိုင်းကတော့ အေးရီးစ်တွေအတွက် စကားပြော အနည်းငယ်သတိထားသင့်တဲ့ ကာလပဲဖြစ်ပါတယ်။ လုပ်ငန်းသစ် စတင်တာမျိုးကိုလည်း ရှောင်ကြဉ်သင့်ပါတယ်၊ သင်ဆုံးဖြတ်လုပ်ကိုင်သမျှ ဆုံးရှုံးနိုင်ခြေများတဲ့ ကာလလို့လည်း ဆိုနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုတွေဖြစ်လို့ ဘာမှမလုပ်ဘဲ ထိုင်နေတာမျိုးကလည်း မသင့်တော်ဘူးလို့ ဆိုထားပြန်ပါတယ်။ ဒီတော့ အလုပ်တစ်ခုစတော့မှာပဲဖြစ်ဖြစ်၊ မဖြစ်မနေလုပ်ရမှာမျိုးပဲဖြစ်ဖြစ် ကိစ္စပေါ်လာတဲ့အခါမှာ အခြားသူတစ်ဦးအတွက် ရည်ရွယ်ပြီး လုပ်ကိုင်သင့်ပါတယ်။ အချစ်ရေးနဲ့ ပတ်သက်လို့လည်း ပဋိပက္ခလေးတွေ အနည်းငယ်ရှိနိုင်ပြီး မိသားစု ပြဿနာတွေကလည်း အချစ်ရေးပိုင်းကို ရိုက်ခတ်နိုင်တာကြောင့် ဒီကာလမှာတော့ ဘာကိုမှ သက်သေပြမနေသင့်တဲ့ကာလပါပဲ။
Gemini (May 22 - June 21) ဒီလကတော့ Gemini တွေအတွက် ကံအဆိုးဆုံးလလို့ ပြောနိုင်ပါတယ်။ စိတ်ရှုတ်ထွေးစရာတွေ၊ ကံဆိုးမှုတွေ အလုပ်အဆင်မပြေတာတွေ ဆက်တိုက်လို ကြုံတွေ့ရနိုင်တဲ့လလည်း ဖြစ်ပါတယ်။ ဒီကာလရဲ့ အတွေ့အကြုံတွေကနေတစ်ဆင့် ဆောင်ရန်၊ ရှောင်ရန်တွေနဲ့ မပေါင်းအပ်တဲ့ သူတွေကိုလည်း ရှင်းရှင်းလင်းလင်း သိလာရပါလိမ့်မယ်။ တကယ့် သူငယ်ချင်းကောင်းကိုလည်း တွေ့ရနိုင်တဲ့ ကာလမို့ အဆိုးထဲက အကောင်းလို့ပဲ ဆိုရမှာပါ။ ချစ်သူနဲ့ မိသားစုတွေကလည်း သင့်အပေါ်စိုးရိမ်မှုနဲ့ ပြောဆိုကြတာတွေအပေါ် သင်ကခွန်းတုန့်ပြန်နေရင်တော့ ပြတ်စဲမှုတွေ ကြုံလာရနိုင်တာကြောင့် စိတ်ကိုလျော့ထားတာက အကောင်းဆုံးပါပဲ။ ကိုယ့်ရဲ့ ပြဿနာတွေကို အခြားသူအပေါ်ပုံချမိတာမျိုး မလုပ်ဘဲ ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းမှသာ အောင်မြင်နိုင်တဲ့ကာလလည်း ဖြစ်ပါတယ်။
14
Sagittarius (November 22 - December 21) ဒီလပိုင်းကတော့ မုန်တိုင်းမလာခင် ငြိမ်သက်နေတယ်လို့တောင် ပြောလို့ရတဲ့ လပါတဲ့၊ ဘယ်အချိန်မုန်တိုင်း ထတိုက်မယ်ဆိုတာ မှန်းလို့မရပေမယ့် ကြိုပြီးပြင်ဆင်ထားသင့်ပါတယ်။ အချစ်ရေး၊ မိသားစုရေး လုပ်ငန်းပိုင်းတွေမှာ ပင်ပန်းခံမှ အောင်မြင်မယ့် ကာလလည်းဖြစ်ပါတယ်။ ကိုယ်တကယ်လိုအပ်တဲ့ ငွေကြေးပမာဏထက် ပိုပြီး ရှာဖွေနေမယ့် လပိုင်းလည်း ဖြစ်ပြီး ခေါင်းဆောင်ပိုင်းတွေဆိုရင် ကိုယ့်လက်အောက် ငယ်သားက အလုပ်မလုပ်တာမျိုး ကြုံရလေ့ရှိပါတယ်။ အလုပ်အကိုင်အပြောင်းအရွှေ့ လုပ်တဲ့သူတွေ အနေနဲ့လည်း လုပ်ငန်းခွင်စိမ်းနေတာကြောင့် အခက်အခဲကြုံတွေ့ရနိုင်ပြီး လုပ်ငန်းခွင်အခက်အခဲက အချစ်ရေးကိုတောင် လာထိခိုက်စေလို့ သတိပြုသင့်ပါတယ်။
Taurus (April 21 - May 21) ဒီကာလကတော့ ရေထဲကငါးလိုပဲ လုပ်ငန်းကိစ္စတွေက ပုံမှန်အနေအထားပဲ ရှိနေမှာပါ၊ ဒါပေမယ့် အနည်းငယ်သတိထားသင့်တဲ့ အချက်ကတော့ ကျန်းမာရေးနဲ့ အချစ်ရေးပိုင်းပါပဲ။ အကယ်၍ တစ်စုံတစ်ခုသော အခက်အခဲတွေ ကြုံတွေ့ရလာချိန်မှာလည်း ရှောင်လွှဲမနေဘဲ တည့်တည့် ရင်ဆိုင်ဖြေရှင်းလိုက်တာက Taurus တွေအတွက် အောင်မြင်နိုင်မယ့် နည်းလမ်းလို့လည်း ဆိုထားပါတယ်။ လတစ်ဝက် ၁၅ ရက်အထိ အောင်မြင်မှု ရရှိမယ့် ကာလဖြစ်တာကြောင့် တိုးချဲ့မယ့်လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နိုင်ပါတယ်။ အချစ်ရေးနဲ့ မိသားစုပိုင်းနဲ့ ပတ်သက်လို့ကတော့ ချစ်ခင်သူ၊ မိတ်ဆွေသူငယ်ချင်း၊ မိသားစုတစ်ဦးဦးနဲ့ ပတ်သက်ပြီး ဘယ်လိုမှမျှော်လင့်မထားတဲ့ ပြဿနာတွေ ဖြေရှင်းပေးရတတ်ပါတယ်။ နောက်ထပ် အချစ်ဇာတ်လမ်းသစ်တွေလည်း ပေါ်ပေါက်လာနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်ဖြစ်စေမှာပါတဲ့။
Cancer (June 22 - July 22) Cancer တွေအတွက် အောင်မြင်မယ့် ကာလဖြစ်ပြီး လုပ်ငန်းစီးပွားတိုးတက်သလို ပိုက်ဆံလည်းဝင်မယ့် ကာလပါပဲ။ ဒါပေမယ့် ကိုယ့်ရဲ့ အောင်မြင်မှုတွေ အပေါ်မှာ မနာလိုသူတွေက အဆိုးဘက်ကို ဆွဲချတတ်တာကြောင့် သတိထားဖို့လိုပြီး ဒီလိုအချိန်မျိုးမှာ အလုံးစုံအောင်မြင်မှုရဖို့ ကိုယ့်ရဲ့ စိတ်ကိုနိုင်အောင်ထိန်းနိုင်ဖို့လည်း လိုမှာဖြစ်ပါတယ်။ ငွေကို ရတုန်းရခါ စုဖို့လည်း တိုက်တွန်းထားတာ တွေ့ရပါတယ်။ အချစ်ရေးပိုင်းနဲ့ မိသားစုရေးရာမှာတော့ တစ်ကိုယ်ကောင်းဆန်မိမယ့် ကာလလည်း ဖြစ်တာကြောင့် သတိထားသင့်ပါတယ်။
Capricorn (December 22 - January 20) အလုပ်ရှင်ရဲ့ ငြိုငြင်မှုခံရနိုင်တဲ့ လအပိုင်းအခြားပါ၊ အရင်လုပ်နေကျအလုပ်ကိုတောင် အောင်မြင်အောင် မလုပ်နိုင်တာမျိုးအထိ ဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အလုပ်ထွက်တာမျိုး၊ အလုပ်ပြောင်းချင်စိတ်ပေါက်တာမျိုးတွေ အထိ ဖြစ်လာနိုင်တာကို သတိပြုရမှာပါ။ လက်ရှိအလုပ်မှာ ဘယ်လိုမှ မနေပျော်တော့လို့ ပြောင်းမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်အတွေ့အကြုံတွေကြောင့် အခြားလုပ်ငန်းမှာလည်း အခက်အခဲမရှိနိုင်ဘူးလို့ သိရပါတယ်။ အချစ်ရေးမှာလည်း အချစ်စစ်နဲ့ တွေ့ကြုံလာနိုင်ဖွယ် ရှိပါတယ်။
Virgo (August 24 – September 22) အဆိုးတွေကုန်ပြီး အကောင်းတွေဖြစ်လာတဲ့ လပါပဲ၊ လုပ်ငန်းကိစ္စ၊ မိသားစုရေး၊ အချစ်ရေးအားလုံး
Pisces (February 20 - March 20)
အဆင်ပြေအောင်မြင်မယ့် ကာလလို့လည်း ဆိုနိုင်ပါတယ်။
စိန်ခေါ်မှုတွေကြောင့် စိတ်ပူပန်ရမယ့်
ကိုယ်ပိုင်လုပ်ငန်းချဲ့ထွင်ဖို့ အနေအထားကောင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လတ်တလောလုပ်ကိုင်နေတဲ့ လုပ်ငန်းကိုလည်း ပစ်ပယ်တာမျိုးမလုပ်ဘဲ နှစ်မျိုးလုံးကို ဆက်လုပ်သွားတာမျိုးက ပိုအဆင်ပြေစေမှာပါ။ ချစ်သူရှာနေသူအဖို့ စိတ်ချမ်းမြေ့တဲ့ အချစ်ရေးကို ရရှိနိုင်မယ့် ကာလတစ်ခုပါပဲ။
ကာလပါပဲ၊ လစာကိစ္စ ၊မိသားစုရေးရာ ကိစ္စတွေက အနှောက်အယှက်တစ်ခု ဖြစ်လာနိုင်ပေမယ့် ဒီအခက်အခဲတွေကို ကျော်လွန်ပြီး လုပ်ငန်း စွမ်းဆောင်ရည်တွေက တိုးမြင့်လာနိုင်မှာပါ။ ကိုယ့်လုပ်ငန်းအတွက် ဝယ်လိုအားတိုးတက်မယ့် ကာလဖြစ်ပြီး ကောင်းသော တိုးတက်ခြင်းတွေ ရရှိနိုင်မယ့် ကာလလို့ ပြောနိုင်ပါတယ်။ အချစ်ရေးမှာတော့ အလုပ်နဲ့ ပါစင်နယ်ကိစ္စ ရောထွေးပြီး
Scorpio (October 23 - November 21) အစစအောင်မြင်မှုရနေမယ့် Scorpio တွေကို နှောက်ယှက်ဖျက်ဆီးမယ့်သူ ပေါတာကြောင့် စိတ်ကျဝေဒနာထိတောင် ဖြစ်နိုင်မယ့် ကာလတစ်ခုပါပဲ၊ ဒီတော့ ဒီတစ်လမှာတော့ ဘာကိုမှ ကြီးကြီးမားမား မျှော်လင့်မနေဘဲ ပုံမှန်အနေအထားတိုင်းသာ မျောလိုက်သွားဖို့ အကြံပြုထားပါတယ်။ အချစ်ရေးမှာတော့ ထူးထူးခြားခြားပြောင်းလဲတာမျိုး မရှိဘဲ မိသားစုကိုသာ ပိုပြီး အချိန်ပေးဖြစ်နေပါလိမ့်မယ်တဲ့။ ဒီလရဲ့ အနေအထားအရ အရမ်းကောင်းတာတွေပဲ ဖြစ်လာလာ၊ ဆိုးတာပဲဖြစ်ဖြစ် သိပ်ပြီး အံ့အားသင့်မနေဘဲ ခံနိုင်ရည်ရှိအောင် ပြင်ဆင်ထားသင့်ပါတယ်တဲ့။
ပြဿနာအနည်းငယ် ရှိနိုင်ပါတယ်။
Aquarius (January 21 - February 19) လုပ်ငန်းအဆင်ပြေပြီး ဝင်ငွေတိုးမယ့် ကာလဖြစ်ပါတယ်။ လက်ရှိလုပ်ငန်းရဲ့ အောင်မြင်မှုအနေအထားပေါ် မူတည်ပြီး ကိုယ်ပိုင်လုပ်ငန်းပဲဖြစ်ဖြစ် လုပ်ငန်းတိုးချဲ့တာပဲ ဖြစ်ဖြစ်လုပ်နိုင်ပါတယ်။ အချစ်ရေးပိုင်းမှာ ရုတ်တရက် ထင်မှတ်မထားတာမျိုး ပေါ်လာတတ်ပြီး၊ လုပ်ငန်းနဲ့ ကိုယ်ေ၇းကိုယ်တာပိုင်းမှာ ကိုယ်ကိုယ်တိုင်ကလွဲရင် မိသားစု၊ ချစ်သူ၊ မိတ်ဆွေ သူငယ်ချင်းတွေက အားကိုးလို့မရတာကို သိမြင်လာရမယ့် ကာလလည်းဖြစ်ပါတယ်။
15
ကိုယ်စားလှယ်တွေအတွက် အထူးအစီအစဉ် လက်ရှိ Red dot ကိုယ်စားလှယ်တွေဟာ Red dot ကိုယ်စားလှယ်အသစ်တွေရှာပေးတိုင်း အပိုဆုဘောနပ်စ်တွေ ရရှိနိုင်မယ့် အခွင့်အရေး Red dot ဆိုင်သစ်တွေ များပြားလာတာနဲ့အမျှ Red dot ကိုယ်စားလှယ်တွေလည်း အကျိုးခံစားခွင့်ရမယ့် အစီအစဉ်ပဲဖြစ်ပါတယ်။ လက်ရှိ Red dot ကိုယ်စားလှယ်တွေဟာ မိမိနဲ့သိကျွမ်းတဲ့ ဆိုင်ပိုင်ရှင်တွေကို Red dot ကိုယ်စားလှယ်ဖြစ်လာအောင် ညွှန်းဆိုပေးရပါမယ်။ ကိုယ်စားလှယ်အသစ်တစ်ဦး တိုးလာတိုင်း အကျိုးအမြတ် အနေနဲ့ ငွေကျပ် ၁၀,၀၀၀ တိတိကို ၁၀ ရက်အတွင်း စက်ထဲ ပြန်ထည့်ပေးသွားမှာ ဖြစ်ပါတယ်။
“ဆိုင်သစ်တွေများများရအောင် ညွှန်းဆိုပေးနိုင်လေ၊ ဘောနပ်စ်များများရလေလေပါပဲ” Red Dot ကိုယ်စားလှယ်များအားလုံးအတွက် (Bonus) များစွာ ပိုင်ဆိုင်နိုင်မယ့် အထူးအစီအစဉ်တစ်ခုကို ၂၀၁၅ ဒီဇင်ဘာလကနေ ယနေ့အထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။
စည်းကမ်းသတ်မှတ်ချက် မိမိစည်းရုံးလိုက်တဲ့ ဆိုင်ရှင်ဟာ Red dot နဲ့ ချိတ်ဆက်လုပ်ကိုင်မှုကို နှစ်လမတိုင်မီ ရပ်စဲလိုက်မယ် ဆိုရင်တော့ မူလကပေးထားတဲ့ ဘောနပ်စ် ကျပ် ၁၀,၀၀၀ ကို ညွှန်းဆိုပေးတဲ့ ကိုယ်စားလှယ်ရဲ့ စက်လက်ကျန်စာရင်း (သို့) ကုန်သွယ်မှုစာရင်းမှ ပြန်နှုတ်ယူသွားမှာ ဖြစ်ပါတယ်။
reddotnetwork.com +95 1370050
Red dot နဲ့ အတူရှိနေပြီး အထူးရောင်းချမှုနဲ့ ပရိုမိုးရှင်းတွေအကြောင်း နားစွင့်နေလိုက်ပါ! အီးမေးလ်လိပ်စာရှိပါသလား။ info@reddotnetwork.com သို့ အီးမေးလ်တစ်စောင်ပို့ပြီး စာရင်းသွင်းလိုက်ပါ။ ဒီလိုစာရင်းပေးသွင်းခြင်းကြောင့် Red dot ရဲ့ အထူးအစီအစဉ်တွေနဲ့ ပရိုမိုးရှင်းတွေအားလုံးအကြောင်း တစ်ခုမှ လွတ်မသွားအောင် အသိပေးသွားမှာဖြစ်ပါတယ်။
16
ပေးပို့တဲ့မေးလ်မှာ ဒါလေးတွေရေးသားပါ။ •
မိမိနာမည်
•
ဆိုင်နာမည်
•
မိုဘိုင်းဖုန်းနံပါတ်
•
မြို့နယ်