Issue 21

Page 1

Issue Twenty One

Red dot ဆုလက်ဆောင်များ ပညာရေးကဏ္ဍ Red Dot ZAY နောက်ဆုံးသတင်း


မာတိကာ 3

Red dot Card

4

Red dot နဲ့ပဲ ဖုန်းငွေဖြည့်လေ့ရှိတဲ့ မစ်အာဆီယံပြိုင်ပွဲဝင် လဲ့ယမင်းဦး

6

ပြည်တွင်းက မြန်မာကျောင်းသားတွေ စကောလားရှစ်အမျိုးမျိုး

11

သင့်ရင်သွေးနဲ့ ဆက်ဆံပြောဆိုခြင်း

12

ခြင်လေးနဲ့ ခြင်္သေ့ကြီးပုံပြင်

13

Viber Out သုံးပြီး ဖုန်းခေါ်ရင်း ငွေဖြည့်ပမာဏ၂၀% ထပ်စောင်းရယူကြစို့

14

ReddotZAY.com ရဲ့ နောက်ဆုံးသတင်းများ

16

Myanmar Music Store ကလည်း Red dot Pay နဲ့ချိတ်ဆက်

17

Fantasy King ဂိမ်းနဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ရာသီ

18

အာရှပစိဖိတ်ဒေသမှာ ရေပန်းစားလာနိုင်တဲ့ ငွေပေးချေမှုနည်းလမ်းများ

14

CB ဘဏ်နှင့် KBZ ဘဏ်တို့၏ ပရိုမိုးရှင်း

Red dot Magazine - Issue 21

reddotnetwork.com +95 1370050 businessdevelopment@reddotnetwork.com www.linkedin.com/company/red-dot-network

facebook.com/RedDotNetwork Red Dot Network Myanmar, York Centre, 22 Yaw Min Gyi Street, Yangon, Myanmar. No. 825, 62 Street Between 40 & 41 Street, Mahar Aung, Mandalay, Myanmar.


Red dot ဆုလက်ဆောင်များအတွက် ရမှတ်များကို အလွယ်တကူ အဆင့်မြင့်မြင့် စုဆောင်းပြီး ဆုလက်ဆောင်များထုတ်ယူနိုင်မယ့် Red dot Card လာတော့မည် မိမိဆိုင်ကို လာရောက်ပြီး Red dot နဲ့ငွေဖြည့်သူတွေအားလုံးအတွက် Red dot Cards တွေ အမှန်တကယ်အသုံးပြုနိုင်အောင် (Activation) ပြုလုပ်ပေးခြင်းဖြင့် ကော်မရှင်များ ရယူနိုင်တော့မှာပါ! Red dot နဲ့ငွေဖြည့်သူများအားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကံစမ်းမဲဆုလက်ဆောင်တွေ ပေးအပ်တဲ့ Red dot Rewards အစီအစဉ်အတွက် ရမှတ်များစုဆောင်းရာမှာ လွယ်ကူအဆင်ပြေစေမယ့် အဆင့်မြင့် Red dot Card ကို မကြာမီ အသုံးပြုနိုင်တော့မှာဖြစ်ပါတယ်။ Red dot Card ကို Red dot စတိုးဆိုင်အားလုံးမှာ မကြာမီအခမဲ့ ရယူနိုင်တော့မှာဖြစ်ပါတယ်။ Red dot နဲ့ ငွေဖြည့်သွင်းတိုင်း အသုံးပြုသူက Red dot Card ကို ဆိုင်ရှင်ကိုပေးပြီး ရမှတ်များကို အလွယ်တကူ စုဆောင်း နိုင်မှာဖြစ်ပါတယ်။ Red dot အသုံးပြုသူတွေဟာ Red dot Card နဲ့ စုဆောင်းပြီးတဲ့ ရမှတ်များကို Red dot က မကြာမီ ဖန်တီးတော့မယ့် Red dot App မှာ ဝင်ရောက်ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် မိမိစုဆောင်းထားတဲ့ ရမှတ်များနဲ့ သက်ဆိုင်တဲ့ ဆုလက်ဆောင်များကိုလည်း လေ့လာပြီး ဝင်ရောက်ကံစမ်း၊ ရယူနိုင်ဦးမှာပါ။ ပြီးတာနဲ့ ထုံးစံအတိုင်း Red dot ဆိုင်တွေမှာ မိမိနဲ့ သက်ဆိုင်တဲ့ဆုလက်ဆောင်တွေ ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Red dot Card တွေကို

ရန်ကုန်မြို့ရှိ Red dot ဆိုင်များသို့ မကြာမီ ဖြန့်ဝေပေးသွားမှာပါ။ နောက်ပိုင်း မြန်မာနိုင်ငံအနှံ Red dot ဆိုင်အားလုံးမှာ ရနိုင်အောင် ဆောင်ရွက်သွားပါမယ်။ Red dot Card တွေကို ကိုယ်စားလှယ်ဆိုင်တွေအရောက် ဖြန့်ဖြူးပြီးတာနဲ့ Card အတွက် ဝန်ဆောင်မှုပေးပုံနဲ့ အသုံးပြုပုံတွေကို ကိုယ်စားလှယ်များထံသို့ လိုက်လံရှင်းပြပေးသွားဦးမှာပါ။ Red dot ကိုယ်စားလှယ်တွေအားလုံးဟာ Red dot နဲ့ငွေလာဖြည့်သူတွေအားလုံးကို Red dot Cards ထုတ်ပေးပြီး Card ကို အမှန်တကယ်အသုံးပြုနိုင်အောင်(Activation) ပြုလုပ်ပေးခြင်းဖြင့် ကော်မရှင်များစွာ ရယူနိုင်ပါဦးမယ်။ဒါ့အပြင် ယခင်ကအတိုင်း အသုံးပြုသူများ လာရောက်လဲလှယ် ထုတ်ယူတဲ့ ဆုလက်ဆောင်များကို ပေးအပ်ပေးရမှာဖြစ်ပါတယ်။ Red dot Card နဲ့ပတ်သက်တဲ့အသေးစိတ်အချက်အ လက်များနဲ့ ဝန်ဆောင်မှုများကို နောက်လ မဂ္ဂဇင်းမှာ ဆက်လက်ဖော်ပြပေးသွားပါမယ်။

03


Red dot နဲ့ပဲ ဖုန်းငွေဖြည့်လေ့ရှိတဲ့ မြန်မာနိုင်ငံကိုယ်စားပြု မစ်အာဆီယံပြိုင်ပွဲဝင် လဲ့ယမင်းဦး Q. ညီမလေးရဲ့ လက်ရှိ အနုပညာလှုပ်ရှားမှုလေးတွေကို ပြောပြပေးပါဦး။ ------- ညီမက မစ်အာဆီယံပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ Top 5 ဝင်ခဲ့ပြီး ၊ မကြာသေးခင်က ပြုလုပ်သွားတဲ့ Miss Myanmar World 2016 မှာ Top 10 ဝင်ခဲ့ပါတယ်ရှင့်။ Miss Laser Care Clinic မှာလည်း crown ရခဲ့ဖူးပါတယ်။ Q. ည်ီမလေးအနေနဲ့ ဖုန်းငွေဖြည့်တာမှာ ခဲခြစ်စရာမလိုတဲ့ Red dot လိုမျိုး ငွေဖြည့်စနစ်ကို အသုံးပြုဖူးပါသလား။ ဟုတ်ကဲ့ သုံးဖူးပါတယ်။ Q. ဒီလိုမျိုး သုံးတဲ့အခါမှာ ဘယ်လိုကွာခြားချက်တွေ ရှိတာသတိထားမိပါသလဲ။ အဆင်မပြေတာရော ရှိသေးလား။ ဟုတ်ကဲ့၊ အဆင်မပြေတာတော့ မကြုံဖူးသေးပါဘူး၊ အဓိကက Red dot နဲ့ငွေဖြည့်တဲ့ဆိုင်မှာက စက်လေးကနေပဲ ငွေဖြည့်ကုတ်ကထွက်လာတာလေ၊ အဲဒါကို ရိုက်ထည့်လိုက်ရင် အဆင်ပြေတယ်ရှင့်။ အခုဆို တစ်ခါတစ်လေ တယ်လီနောတို့၊ အမ်ပီတီတို့ ပရိုမိုးရှင်းတွေပေးလေ့ရှိတယ်၊ တစ်သောင်းကျပ် ဖုန်းငွေဖြည့်ရင် ဘာရမယ်ဆိုတာ၊ အဲလိုမျိုးဆိုရင် တစ်သောင်းတန်အပြင်မှာ မရတာတို့ဘာတို့ရှိတယ်၊ Red dot လိုမျိုးကျတော့ ဘယ်အော်ပရေတာပဲ လိုချင်တာဖြစ်ဖြစ် အချိန်မရွေးရတာက အားသာချက်ပါပဲ။ အဲဒါကြောင့် ညီမဆိုရင် ပရိုမိုးရှင်းတွေရှိနေလို့ကတော့ Red dot တံဆိပ်ရှိတဲ့နေရာကပဲ တန်းဝယ်လိုက်တယ်။ ခဲခြစ်ဆိုင်တွေမှာဆို ရှာရတာအချိန်ကုန်လို့။ တစ်ခါတစ်လေ Red dot ကပဲ ကံစမ်းလို့ရတဲ့ အစီအစဉ်တွေလည်း ရှိသေးတယ်၊ ညီမဆို ငွေဖြည့်ပြီးရင် အဲဒီ စလစ်ကိုသိမ်းထားဖြစ်တယ်။ ကံလည်း စမ်းဖြစ်ပါတယ်။ Q. ဖုန်းငွေဖြည့်တဲ့အခါ ဘယ်လိုနည်းလမ်းတွေကိုသုံးတာများ ပါသလဲ။ ------- ခဲခြစ်လည်း သုံးတယ်၊ ဘဏ်ကနေတစ်ဆင့် မိုဘိုင်း banking နဲ့လည်း ဖြည့်တယ်၊ Red dot တို့လိုမျိုး ဒီဂျစ်တယ်စနစ်တွေနဲ့လည်း ဖြည့်ဖြစ်ပါတယ်။ Red dot သုံးဖြစ်တာတော့ အများဆုံးပဲ၊ ညီမက အခု UFL

04

တက်နေတာဆိုတော့ ညီမတို့ကျောင်း ကန်တင်းမှာ Red dot ချိတ်ထားတယ်၊ ညီမကလည်း ကျောင်းမှာပဲ ငွေဖြည့်တာများတော့ Red dot ကို သုံးတာအများဆုံးလို့ ပြောလို့ရပါတယ်။ Q. ဆင်းကတ် ဘယ်နှစ်ခုလောက် သုံးဖြစ်နေပါသလဲရှင့်။ ------- ညီမအခု ဆင်းကတ် နှစ်ခုသုံးဖြစ်တယ်၊ အမ်ပီတီနဲ့ တယ်လီနောပါ၊ အိမ်မှာဆိုရင်တော့ မေမေ့ ဖုန်းယူသုံးဖြစ်တယ်။ မေမေကိုင်နေတာကတော့ အမ်အီးစီပါ။ အူရီဒူးကတော့ ညီမတို့နားသိပ်ပြီး လိုင်းမမိလို့ မသုံးဖြစ်ဘူး။ Q. ငွေဖြည့်ပမာဏကျတော့ရော ဘယ်လောက်ကို အများဆုံးဖြည့်ဖြစ်ပါသလဲ။ ------- ညီမသုံးစရာရှိရင်တော့ ကျပ် ၃၀၀၀ လောက်ဖြည့်တယ်။ ကိုယ့်အကြောင်းကိုယ်သိတော့ သုံးတာများမှာစိုးလို့ ထိန်းတဲ့အနေနဲ့ ကျပ် ၁၀၀၀ ဖိုးလည်းဖြည့်ဖြစ်ပါတယ်။ အမ်ပီတီတို့ တယ်လီနောတို့က ဖေ့ဘုတ် free ရလို့ ဖုန်းပြောတာလောက်ကိုပဲ သုံးဖြစ်တာဆိုတော့ ထိန်းသုံးပါတယ်။ Q. Viber သုံးတယ်ဆိုတော့ Viber အသုံးပြုမှု အပိုင်းကိုလည်း ပြောပြပေးပါဦး။


In Focus

------- Viber သုံးဖြစ်ပါတယ်။ Viber မှာက Group chat တွေ၊ မက်ဆေ့တွေ သုံးဖြစ်တယ်။ ပြီးတော့ Red Dot နဲ့ငွေဖြည့်ထားပြီး Viber out call အနေနဲ့ ပြည်ပက အင်တာနက်ရှိမနေတဲ့ ဖုန်းနံပါတ်တွေကို ခေါ်လို့ရတဲ့ ဝန်ဆောင်မှုလည်း သဘောကျလို့ သုံးဖြစ်တယ်။ Q. နည်းပညာပိုင်းအနေနဲ့ဆိုရင် မိုဘိုင်းဖုန်းဘက်ကိုစိတ် ဝင်စားလား၊ အပလီကေးရှင်း၊ ဖေ့ဘုတ်၊ ဂိမ်း စသဖြင့်မှာ ဘယ်လိုအပိုင်းကို စိတ်ဝင်စားလဲ။ ------- ညီမက အိုင်တီ ဒီပလိုမာပြီးထားတော့ အစကတော့ အိုင်တီပိုင်းစိတ်ဝင်စားသေးတယ်၊ သူကနည်းနည်းရှုပ်တော့ နောက်ပိုင်း ဖုန်းအပလီကေးရှင်းပိုင်း၊ အထူးသဖြင့် ဖေ့ဘုတ်တို့ Viber ၊ Beetalk တို့ကို ပိုပြီး သုံးဖြစ်တယ်။ Beetalk ဆိုရင် ဒီဘက်က Hi လို့ပြောလိုက်တာကို ဘယ်နှစ်စက္ကန့်အတွင်း ပျောက်သွားတာမျိုး ရှိတယ်၊ အဲလိုမျိုး တွေအားသာချက်ရှိတယ်။ ပြီးတော့ public acc တွေကိုလည်း သဘောကျပါတယ်။ ညီမအဲဒီအပိုင်းတွေကို အကုန်လုပ်ကြည့်ဖြစ်တယ်။ Q. ပညာအရည်အချင်းကိုလည်း မိတ်ဆက်ပေးပါဦး။ ------- အခုလက်ရှိ Diploma in Information Technology နဲ့ ပြီးထားတယ်၊ ပြီးတော့ အခု ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ရုရှားဘာသာ တတိယနှစ် တက်နေပါတယ်။ Q. အခုလက်ရှိ အနုပညာလုပ်ငန်းနဲ့ပတ်သက်ပြီး ဘာတွေလုပ်ဖြစ်နေလဲဆိုတာရယ်၊ နောက်ထပ်လုပ်သွားမယ့် အစီအစဉ်လေးတွေ ရှိရင်ပြောပြပေးပါဦး။ ------- အခုလက်ရှိကတော့ မစ်ပြိုင်ပွဲတွေ ပြိုင်တယ်၊ ဂျာနယ်၊ မဂ္ဂဇင်းတွေ ရိုက်တယ်။ ရှေ့ဆက်ပြီး ပညာရေးနဲ့ဆိုင်တဲ့ ပရဟိတတွေ လုပ်ဖို့ရှိတယ်။ ညီမက ကမ်းလင့်လက်များ ပရဟိတအဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လုပ်နေပါတယ်။

သူက အစုံလှူပေးတဲ့ အဖွဲ့ပါ၊ လုပ်အားကတော့ သိပ်မသွားဖြစ်လို့ အခုဆို တတ်နိုင်သလောက် အလှူငွေတော့ ထည့်ဝင်ဖြစ်ပါတယ်။ Q. ကင်းထောက်ထဲကိုလည်း ပါဖြစ်တယ်နော်။ ဘယ်လိုကနေ ပါဝင်ဖြစ်တာပါလဲ။ ------- ညီမတို့ ရုရှားဘာသာ ဌာနမှူးက Miss အပြင် အဘက်ဘက်မှာ ထူးချွန်မှုရှိအောင် ပါစေချင်လို့ UFL ကိုယ်စားပြုအနေနဲ့ ပါဝင်ဖြစ်တယ်။ မနှစ်က ၂၀၁၅ မေလလောက်မှာ camp ဝင်တာတို့၊ ခရီးထွက်တာတို့လုပ်ဖြစ်ပါတယ်။ သူတို့က training တွေပေးတာပေါ့။ ဒီမှာပါဝင်ရတာကလည်း အတွေ့အကြုံတွေအများကြီးရပါတယ်။ သူကလည်း လိုအပ်သမျှကို ကူညီနိုင်ဖို့၊ ကြက်ခြေနီနည်းပညာတွေကိုပါ သင်ရပါတယ်။ နောက်ပိုင်း နိုင်ငံတကာနဲ့ ချိတ်ဆက်လုပ်ဖို့ပါရှိတယ်လို့ သိရပါတယ်ရှင့်။ Q. ညီမလေးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။ ------- ညီမဆိုရင် အခု တက္ကသိုလ်တက်နေရင်း ဒီဖေ့ဘုတ်အသုံးများတာကြောင့် မျက်စိထိခိုက်ရတယ်၊ တစ်ခြား စာကျက်ချိန်တွေဘာတွေ ထိခိုက်တာတွေလည်း ရှိသေးတယ်၊ ဒါတောင် တက္ကသိုလ်မို့လို့လေ။ တစ်ခြား အငယ်တန်းတွေပဲဖြစ်ဖြစ်၊ ဒါကြီးကို အကျိုးရှိအောင်မသုံးဘူးဆိုရင် ကိုယ့်ဘဝမှာပါ ထိခိုက်လာနိုင်တာတွေ ရှိပါတယ်။ ဆိုရှယ်မီဒီယာနဲ့ နည်းပညာကို အကျိုးရှိအောင်သုံးနိုင်ရင် အကောင်းဆုံးပါပဲ၊ အွန်လိုင်းကနေတစ်ဆင့် ပညာရေးပိုင်းဆိုင်ရာ ဝက်ဘ်ဆိုက်တွေ၊ အကျိုးရှိတဲ့ စာပေတွေအတွက်လည်း အချိန်လေး တစ်ခု သပ်သပ်ပေးဖို့ အကြံပြုချင်ပါတယ်ရှင့်။

05


EDUCATION FEATURE

ပြည်တွင်းက မြန်မာကျောင်းသားတွေ စကောလားရှစ်လျှောက်မယ်ဆိုရင် စိတ်ဝင်စားတယ်ဆိုရင် လျှောက်ထားနိုင်မယ့် ပြည်ပတက္ကသိုလ်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းနိုင်ငံ Mahidol University မှ မြန်မာကျောင်းသားများအတွက် scholarship အစီအစဉ် (2016-2017 academic Year) ဆေးပညာပိုင်းဆိုင်ရာ စိတ်ဝင်စားသူတွေအတွက် ထိုင်းနိုင်ငံ မှာသွားရောက်သင်ယူနိုင်မယ့် စကောလားရှစ်တစ်ခုဖြစ်ပါတယ်။ scholarship အရေအတွက် အယောက် 100 သတ်မှတ်ထားပြီး Master နဲ့ PhD သင်တန်းများတက်ရောက်ရန် အကျုံးဝင်ကြောင်း သိရပါတယ်။ scholarship မှာ Partial scholarship ဖြစ်ပြီး scholarship မည်၍မည်မျှ cover ဖြစ်မည်ကို သက်ဆိုင်သူများမှ ဆုံးဖြတ်မည်ဖြစ်ကြောင်း သိရပါတယ်။ အင်တာဗျူးရန်အတွက် active recruitment registration form https://goo.gl/UnpYkg ကိုဖြည့်ပြီး gradinter@mahidol. ac.th သို့ 8 July 2016 မတိုင်မီ ပြန်လည်ပို့ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက်များအတွက် www.grad.mahidol.ac.th/pgscholarship2016/ သို့မဟုတ် gradinter@mahidol.ac.th ကိုဆက်သွယ်နိုင်ပါတယ်။ Tourism and Hospitality Management ၊ M.B.A ၊ Medical Technology ၊ Oral Biology၊ Dental Biomaterials Science ၊ Nursing အစရှိသော ပရိုဂရမ်တွေကို လျှောက်ထားနိုင်မှာဖြစ်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ၊ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အလုပ်သင်သွားရောက်လုပ်ကိုင်နိုင်သော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဘာသာရပ် ဥရောပ၏ ခရီးသွားလုပ်ငန်းအဖွဲ့ဖြိုးဆုံးနိုင်ငံတစ်ခုဖြစ်သော ဆွစ်ဇာန်နိုင်ငံ HTMI (Switzerland) ကျောင်းတွင် လုပ်ငန်းခွင်လက်တွေ့ဖြင့် ဟိုတယ်နှင့် ခရီးသွားစီမံခန့်ခွဲမှု ဘာသာရပ် ဘွဲ့ကြို၊ ဘွဲ့လွန်တန်းများကို တက်ရောက် သင်ယူနိုင်မယ့် အစီအစဉ်ကနေ ပညာသင်ထောက်ပံ့ကြေးတွေ ပေးအပ်မှာဖြစ်ပါတယ်။ ပညာသင်ထောက်ပံ့ကြေးအဖြစ် ဆွစ်ငွေ ၅၀၀၀၊ ၃၀၀၀၊ ၂၀၀၀ အသီးသီးရရှိနိုင်မှာဖြစ်ပြီး ၂၀၁၆ အတွင်း ပညာသင်ကြားမယ့် ကျောင်းသားကျောင်းသူတွေကို ပေးအပ်မယ်လို့ သိရပါတယ်။ စာသင်နှစ်တိုင်းမှာ စာတွေ့ (၆) လနှင့် ဆွစ်ဇာလန်နိုင်ငံရှိ ဟိုတယ်များတွင် (၆) လ လစာနဲ့ အလုပ်သင်အဖြစ် လုပ်ကိုင်ရမည့် Intership/Workplacement အစီအစဉ် ပါရှိပြီး အလုပ်ရှင်မှ ကြိုက်နှစ်သက်ပါက ဆက်လက်အလုပ်လုပ်ခွင့် ရရှိမှာလည်း ဖြစ်ပါတယ်။

06


စကာင်္ပူဒေါ်လာ ၁၅၀၀၀ အထိရရှိနိုင်မယ့် PSB Academy ပညာသင်ဆု အတွက် CROWN Education တွင် စာမေးပွဲဖြေဆိုနိုင် စင်္ကာပူနိုင်ငံ PSB Academy မှ မြန်မာနိုင်ငံသားများအတွက် ပညာသင်ဆုစာမေးပွဲရလဒ်ပေါ်တွင် မူတည်၍ စင်္ကာပူဒေါ်လာ ၁၅၀၀၀ အထိပညာသင်ဆုရရှိနိုင်ပြီး၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ အိုင်တီ၊ ခရီးသွားလုပ်ငန်း စီမံခန့်ခွဲမှု ဘာသာရပ်များအပါအဝင်၊ MBA နှင့် Biomedical Science ဘာသာရပ်များ သင်ယူနိုင်မည့်အခွင့်အရေးများ ရရှိမယ့် အစီအစဉ် ၂၀၁၆ ခုနှစ်အတွက် စတင်နေပြီလို့ သိရပါတယ်။ ပြည်တွင်းရှိ တက္ကသိုလ်ဝင်တန်း ဖြေဆို အောင်မြင်ထားသူများ၊ iGCSE ဖြေဆိုထားသူများ၊ HND/ ABE/LCCI (III) ဒီပလိုမာကိုင်ဆောင်ထားသူများ၊ ဘွဲ့တစ်ခုရရှိပြီး MBA လျှောက်ထားလိုသူများ ဝင်ရောက်ဖြေဆိုနိုင်မှာပါ။ IELTS ရမှတ်မရှိသေးသူများအနေနဲ့လည်း ဝင်ရောက်ဖြေဆိုနိုင်တယ်လို့ သိရပါတယ်။ အထက်ပါ စကောလားရှစ်တွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုရင်တော့ ဒီပြည်ပ တက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ CROWN Education (Yangon) အမှတ် (၂၇ဝ)၊ မြေညီထပ်၊ မြေနီကုန်း၊ ပြည်လမ်း၊ ဖုန်း ဝ၁ - ၅၂၇-၈၃၈ ၊ဝ၉- ၅၀၈၅-၁၈၅၊ ၊ ၀၉-၇-၉၉၉-၉၉၉-၇၇ သို့ ဆက်သွယ်စုံစမ်းနိုင်မှာဖြစ်ပါတယ်။

07


EDUCATION FEATURE

၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ပြည်တွင်းတွင် ရေပန်းစား လာသော ဘာသာရပ်များ

မြန်မာနိုင်ငံ၏ ဖွံဖြိုးတိုးတက်လာသော အနာဂါတ်စီးပွားရေးတိုး တက်လာမှုနှင့် အတူ ကျွမ်းကျင်ပညာရှင်များကို နေ့စဉ်နှင့်အမျှ လိုအပ်ချက်ရှိလာသည်။ ကျွန်တော်တို့နိုင်ငံသည် လွန်ခဲ့သည့်နှစ်များနှင့် မတူတော့ပဲ အသစ်အသစ်သော လုပ်ငန်းနယ်ပယ်များကို ပွင့်လင်းမြင်သာစွာ မြင်တွေ့နေပြီဖြစ်သည်။ သို့သော် ထိုလုပ်ငန်းခွင်အသစ်များအတွက်မူ လိုအပ်သော လုပ်ငန်းခွင် လိုအပ်ချက်များကို ပြည်တွင်းတွင် အနည်းငယ်သော အတတ်ပညာရှင်အချို့မှလွဲ၍ နိုင်ငံခြားသားလုပ်ငန်းရှင် အတတ် ပညာရှင်များကသာ နေရာယူ ဝင်ရောက်လုပ်ကိုင်လျက် ရှိသည်။ ထိုသို့ လိုအပ်နေသော လိုအပ်ချက်များကိုဖြည့်ဆည်းပေးနိုင်ရန် အတွက် ယခုအခါ နိုင်ငံတကာတွင် ရေပန်းစားနေသောပညာရပ်များကို မြန်မာနိုင်ငံတွင်လည်း လေ့လာသင်ယူနိုင်ရန်အတွက် တက္ကသိုလ်၊ ကောလိပ်များတွင် ထည့်သွင်းသင်ကြားပေးနေပြီ ဖြစ်ပါတယ်။

Biomedical engineering, Biometrics, Forensic science, Computer game design, Cybersecurity, Data Science, Business Analytics, Petroleum Engineering, Public Health, Robotics, Sustainability စသည့် ဘာသာရပ်များကို

မြန်မာနိုင်ငံထဲရှိ တက္ကသိုလ်၊ ကောလိပ်တို့မှာ သင်ယူနိုင်ပြီဖြစ်ပါတယ်။ ထိုသို့သော သင်ကြားပေးနေသော ပညာရပ်အသစ်နှစ်ခုကို ကောက်နုတ်ရှင်းပြသွားပါ့မယ်။

Petroleum Engineer Petroleum Engineer ဘာသာရပ်ဆိုတာ ရေနံထွက်ကုန်တွေဖြစ်တဲ့ လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့တွေကို ထုတ်ဖော်ဖို့အတွက် ဒီဇိုင်းနဲ့တွက်ချက်မှုဆိုင်ရာ အယူအဆတွေ တိုးတက်လာစေမယ့် ဘာသာရပ်တစ်ခု ဖြစ်တယ်။ ကုန်းမြေနဲ့ကမ်းလွန်နေရာတွေမှာ

08

စနစ်တကျ ရေနံထုတ်လုပ်ဖို့အတွက် နည်းပညာ အသစ်တွေနဲ့ စက်ယန္တရားတွေ ဖွံဖြိုးတိုးတက်အောင် မည်သို့ လုပ်ဆောင်ရမည်ကို သင်ကြားရမှာ ဖြစ်သလို ကုန်းမြေနဲ့ သမုဒ္ဓယာထဲမှ ရလာတဲ့ နမူနာတွေရလဒ်တွေကို ရှာဖွေပြီး မည်ကဲ့သို့သန့်စင်သော ရေနံ နှင့်လောင်စာကို ရအောင် လုပ်ဆောင်ရမည်ဆိုသည့် အသိပညာတွေ ကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ ထိုပညာရပ်အတွက်ဘွဲ့များကို ပြည်တွင်းမှာပင် ရယူနိုင်သလို ဘွဲ့လွန်ဘာသာရပ်များ၊ ဒေါက်တာဘွဲ့များပါ ထပ်မံဆည်းပူးရယူနိုင်မှာဖြစ်ပါတယ်။

Biomedical Engineer ဇီဝဗေဒသိပံ္ပနှင့် ဆေးပညာ နှစ်ခုလုံးကို စိတ်ဝင်စားသင်ကြားလိုသော ကျောင်းသားတွေ ပိုမိုအဆင်ပြေနိုင်မယ့် ဘာသာရပ်တစ်ခုဖြစ်တယ်။ ဒီဘာသာရပ်ဟာ ဇီဝဗေဒသိပ္ပံပညာရပ်လို ဆေးပညာဘာသာရပ်လို ဘာသာတစ်ခုခြင်းစီမဟုတ်ပဲ ဘာသာရပ်တစ်ခုထက်ပိုတဲ့ ရွေးချယ်မှုတစ်ခုဖြစ်တယ်။ ဒီဘာသာရပ်ဟာ ဆေးပညာဗဟုသုတနဲ့ ဇီဝသိပွံဗဟုသုတ နှစ်ခုပေါင်းစပ်ပြီး ကျန်းမာရေးဆိုင်ရာ ချို့ယွင်းချက်တွေ၊ စောင့်ကြည့်အဖြေရှာတာတွေနဲ့ ရောဂါကုထုံးတွေ တိုးတက်လာအောင် လုပ်ဆောင်တာတွေကို သင်ကြားရမှာဖြစ်တယ်။ အမျိုးမျိုးသောဆေး မှတ်တမ်းစစ်ချက်တွေ၊ ရောဂါကုထုံးတွေအပြင် တစ်ရှူးတွေ ဖွံ့ဖြိုးလာမှု၊ ဆေးဘက်ဆိုင်ရာဆေးဝါးတွေနဲ့ ဇီဝသိပ္ပံနည်းနဲ့ ကုသနည်းတွေပါ သင်ကြားနိုင်မှာဖြစ်ပါတယ်။


နည်းပညာများဖွံ့ဖြိုးလာမှုကို အသုံးချပြီး ပြည်တွင်းပညာရေးကဏ္ဍမှာ ဘယ်လိုလေ့လာသင်ယူနိုင်မလဲ

ယခုလို ၂၁ ရာစုခေတ်မှာ နည်းပညာဟာ လူငယ်တွေအတွက် ကောင်းကျိုးကောဆိုးကျိုးပါ ဒွန်တွဲလျှက်ဖြစ်နေတဲ့အချိန် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လူငယ်အများစုဟာ သူတို့ရဲ့ ကိုယ်ပိုင်အချိန်တွေကို အင်တာနက်အသုံးပြုခြင်းဖြင့် အချိန်ကုန်ဆုံး လေ့ရှိတာ တွေ့မြင်နေရပါတယ်။ အင်တာနက်အသုံးပြုသူ လူငယ်တွေ အများစုဟာ သူတို့ရဲ့ အင်တာနက်လူမှုကွန်ယက်တွေပေါ်မှာ ၈၀% အထိ အသုံးပြုကြပြီး ကျန်တဲ့ ၂၀% လောက်ကိုသာ လေ့လာရန်

အသုံးပြုနေတာကို တွေ့ရပါတယ်။ အင်တာနက်အသုံးပြုမှုဟာ လူငယ်တွေအတွက်တော့ ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သလို ဘဝရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေရာယူလျက်ရှိနေပါပြီ်။ မိမိတို့ရဲ့ အင်တာနက်သုံးစွဲတဲ့အချိန် တစ်စိတ်တစ်ပိုင်းကို အကျိုးရှိအောင်အသုံးချပြီး သူများတွေထက် ထူးချွန်တဲ့သူတွေဖြစ်အောင် ကြိုးစားနိုင်နေပြီဖြစ်ပါတယ်။

အင်တာနက်ပေါ်မှတစ်ဆင့် ဘယ်လိုသင်ယူနိုင်မလဲ၊ ဘာတွေသင်ယူကြမလဲ။ နိုင်ငံတကာတွင် အွန်လိုင်းပေါ်မှ စာသင်ကြားခြင်းဟာ အလွန်ခေတ်စားလာတဲ့ သင်ကြားနည်းတစ်မျိုး ဖြစ်လာပါတယ်။ အခုလို အင်တာနက်ပေါ်မှ စာသင်ကြားခြင်းတွေ အလျင်အမြန် တိုးတက်လာတဲ့ရတဲ့ အကြောင်းအရာကတော့ သင်ကြားလိုတဲ့ ဘာသာရပ်အစုံရှိခြင်း၊ ငွေကြေးအကုန်အကျသက်သာခြင်း၊ အချိန်ကုန်သက်သာခြင်းနဲ့ လျင်မြန်စွာသိရှိနိုင်ခြင်းတွေကြောင့် ဖြစ်ပါတယ်။ အင်တာနက်ပေါ်မှတစ်ဆင့် အလွယ်တကူ မိမိရယူလိုသော ပညာရပ်များကို သင်ကြားနိုင်ပြီဖြစ်ပြီး နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်များ၊ ဘွဲ့များ၊ ဘွဲ့လွန်များအထိပါ ရယူနိုင်နေပြီဖြစ်ပါတယ်။ အင်တာနက်ပေါ်မှ မိမိသိရှိလိုသောပညာရပ်များကို သင်ကြားနေစဉ် အတွင်းမှာပဲ အိုင်တီနည်းပညာနဲ့ဆိုင်တဲ့ ဗဟုသုတတွေပါ တိုးပွား လာနိုင်ပါတယ်။ တစ်ခါတစ်ရံ မိမိတက်နေသော ကျောင်း၊ တက္ကသိုလ် (သို့) မိမိလုပ်ကိုင်နေသော လုပ်ငန်းခွင်များက သင်တန်းတက်နိုင် အောင် လုံလောက်သောအချိန်မရှိခြင်း ၊ မိမိသင်ကြားလိုသော ဘာသာရပ်မှာ သင်တန်းကြေးဝန်ဆောင်မှု အဆင်မပြေမှုတွေ ရှိလာနိုင်ပါတယ်။ မိမိဝါသနာပါသော (သို့) မိမိ၏အလုပ်အတွက် လိုအပ်သော သင်ခန်းစာများကို အချိန်ကုန်သက်သာပြီး လျင်မြန်စွာ သင်ယူလိုသူတွေအတွက် ကိုယ်နဲ့သင့်တော်မယ့် ဘာသာရပ်ကို ရွေးချယ် သင်ကြားနိုင်နေပြီဖြစ်ပါတယ်။

ပထမဆုံးအနေဖြင့် မိမိ၏ တစ်နေ့တာဆောင်ရွက်ရန်များကို စနစ်တကျပြုစုထားသင့်ပါတယ်။ မိမိရဲ့အားလက်ချိန်များထဲမှ တစ်နေ့လျှင် ၂ နာရီစာကို မိမိ၏ အွန်လိုင်းသင်ကြားရေးအတွက်ပါ ထည့်သွင်းရေးဆွဲထားရပါတယ်။ မိမိသင်ကြားပြီးသောအပိုင်း များကို လည်း သေချာစွာမှတ်သားထားခြင်း၊ သိရှိလိုသောအချက်များ ကိုလည်း စာရင်းသေချာပြုစုထားခြင်းတို့ ပြုလုပ်ထားသင့်ပါတယ်။ မြန်မာနိုင်ငံက လူငယ်တော်တော်များများဟာ အိုင်တီနည်းပညာ ပိုင်းကိုလည်း လေ့လာမှုအားကောင်းလာတာကို တွေ့မြင်နေရ ပါတယ်။ လူငယ်တိုင်း၏လက်ထဲတွင် မိုဘိုင်းလ်ဖုန်းများသုံးစွဲ လာနိုင်မှုနှင့်အတူ နည်းပညာအသစ်အဆန်းများကိုလည်း ထိတွေ့ သိမြင် ခံစားလာရပါတယ်။ လူငယ်အများစုဟာ မိုဘိုင်းလ်ဖုန်းကနေ အင်တာနက်သုံးစွဲမှု ၈၅% ကျော်လောက် အသုံးပြုနေတာကို တွေ့ရပါတယ်။ ဝါသနာအရသော်လည်းကောင်း၊ သူများထက် ပိုမိုတတ်မြောက်လိုတာကြောင့် သော်လည်းကောင်း၊ လုပ်ငန်းခွင် လိုအပ်ချက်အရသော်လည်းကောင်း အိုင်တီနဲ့ မိုဘိုင်းလ်နည်းပညာ ဆိုင်ရာ ဘာသာရပ်တွေကို လေ့လာသင်ယူလာကြပါတယ်။ ထိုကဲ့သို့ လေ့လာသင်ယူလိုတဲ့သူတွေအတွက် မိမိသင်ယူလိုတဲ့ ဘာသာရပ်နဲ့သင့်တော်မယ့် တက္ကသိုလ်၊ကောလိပ်များကို ဖော်ပြပေးလိုက်ပါတယ်။

09


၂၀၁၆-၂၀၁၇ ခုနှစ်အတွက် ပြည်တွင်းတွင် ရေပန်းစားလာသော ဘာသာရပ်များ အကောင်းမြင်ဝါဒထားပါ။  ။ ထောင်တွင်းကလူနှစ်ယောက် ပြတင်းအပြင်ကိုကြည့်တဲ့အခါ တစ်ယောက်က ရွှံ့တွေကိုပဲမြင်ပြီး ကျန်တစ်ယောက်ကတော့ ကြယ်တွေကို မြင်ပါသတဲ့၊ ဒါကြောင့် ဖြစ်စဉ်တစ်ခုကို ကြည့်မြင်တဲ့အခါ အကောင်းဘက်ကနေ တွေးပေးတာက လူမှုဆက်ဆံရေးပိုင်းကို တိုးတက် ကောင်းမွန်စေပါတယ်။ တစ်ခါတစ်လေမှာ ဘာမှမပြောဘဲနေလိုက်ပါ။  ။ အလုပ်ပတ်ဝန်းကျင် မှာဖြစ်ဖြစ်၊ လူမှုပတ်ဝန်းကျင် အပေါင်းအသင်းတွေကြားပဲဖြစ်ဖြစ် မှားယွင်းနေတဲ့ကိစ္စရပ်တစ်ခုကို ပြောဆိုနေတာမျိုး ကြုံဖူးကြပါလိမ့်မယ်၊ မပြောပါနဲ့ ကိုယ်သိပြီးသားပေမယ့် ဝင်ပြီးမထောက်ပြပါနဲ့၊ တစ်ချိန်မှာ သူတို့ဘာသာ သိလာတာမျိုးက လူမှုဆက်ဆံရေးပိုင်းအတွက် အရွယ်ရောက်ပြီး လူတစ်ယောက်ဖြစ်လာတာနဲ့ လူမှုပတ်ဝန်းကျင်

အဆင်ပြေစေမှာပါလို့ ဆိုထားပါတယ်။

ဆိုတာကြီးကို တွေ့ကြုံလာရမှာဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်က လူတွေမှာလည်း လူအမျိုးမျိုး စိတ်အထွေထွေရှိနေလို့

စကားပြောရင် ဘာသာစကားနှစ်မျိုးပဲလိုပါတယ်။  ။

သဟဇာတဖြစ်အောင် ဆက်ဆံဖို့ရာ လိုအပ်လာပါတယ်။

လူတစ်ဦးနဲ့တစ်ဦး စကားပြောဆိုရာမှာ ဘာသာစကားမျိုးစုံ ရှိပေမယ့် အဓိကအနေနဲ့ကတော့ မိခင်ဘာသာစကားနဲ့ body language

ကိုယ့်ရဲ့ လူမှုပတ်ဝန်းကျင်က လူတွေနဲ့ ဆက်ဆံရေးပိုင်း

ပါပဲတဲ့။ စကားလုံးက ၁၀% ပဲ သက်ရောက်ပေမယ့် body language

အဆင်မပြေလို့ စိတ်ပျက်နေတယ်ဆိုရင်တော့ ဒီအချက်လေးတွေထဲက

ပိုင်းကတော့ ၉၀% လောက်အထိ သက်ရောက်စေတာပါတဲ့။

ဘယ်နှစ်ချက်လောက် လွဲချော်နေလို့လည်း ဆိုတာကို ပြန်လေ့လာကြည့်ကြရအောင်နော်။

အပေါ်မှာဖော်ပြခဲ့တဲ့ အချက် ၇ ချက်က လူမှုပတ်ဝန်းကျင်မှာ နေ့စဉ်ကြုံတွေ့နေကျ ဖြစ်ရပ်လေးတွေပါပဲ၊ တကယ်လို့

နားထောင်ပါ။  ။ သင်စကားပြောတာနည်းလေလေ သင်ပိုပြီး

ကိုယ်လက်ရှိ ပြုမူနေမိတာလေးတွေက ဒီအချက်လေးတွေနဲ့

ကြားလာရလေလေပါပဲလို့ ဆိုရိုးစကားရှိပါတယ်။ မိတ်ဆွေတွေ၊

ဆန့်ကျင်ဘက်ဖြစ်နေရင်တော့ ပတ်ဝန်းကျင်နဲ့ သဟဇာတ မဖြစ်တဲ့

ကိုယ့်ပတ်ဝန်းကျင်၊ အလုပ်ထဲကသူတွေပြောလာရင် ကိုယ်ကပဲ

သူတစ်ဦး ဖြစ်နေပြီလားဆိုတာလေး ပြန်ပြီးသုံးသပ်သင့်ပါတယ်။

နားထောင်သူလုပ်ပေးလိုက်ပါတဲ့။

ဒီအချက်တွေထဲက အကုန်လုံးဟုတ်ပေမယ့် တစ်ချို့ အချက်လေးတွေကို

တဖက်သားကို သေချာစိတ်ဝင်စားပေးပါ။  ။ ဒီအချက်ကလည်း အရေးကြီးတယ်လို့ ဆိုနိုင်ပါတယ်၊ ဘာလို့လဲဆိုတော့ တဖက်သား ပြောတာကို တကယ်စိတ်ဝင်စားလား ၊ သူပြောချင်တာပြော ငါလည်း လုပ်ချင်တာလုပ်မယ်ဆိုရင် တဖက်သားက အလွယ်တကူ ခံစားသိရှိပြီး မိတ်ပျက်နိုင်တာကြောင့်ပါပဲ။ ကိုယ်ပြောချင်တဲ့ ကိစ္စရပ်ကို ထပ်တလဲလဲပြောတိုင်း မှတ်မိကြမှာ မဟုတ်ပါဘူး။  ။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ကိုယ်တိုင်က ရှင်းရှင်းလင်းလင်းသိနေပေမယ့် တစ်ခြားသူတွေကတော့ သိထားမှာ မဟုတ်ပါဘူး၊ ဒီတော့ ပြောချင်တဲ့ကိစ္စကို တစ်ဖက်လူနားမလည်လို့ စိတ်ဆိုးမာန်ဆိုး ထပ်တလဲလဲ ပြောတာမျိုးထက် တစ်ဖက်လူ နားစွဲလွယ်၊ နားထောင်ချင်မယ့် အချိန်မျိုးမှာ ပြောတာက ပိုပြီး အဆင်ပြေစေမှာပါတဲ့။ သူများက ကိုယ့်အပေါ် ကောင်းမွန်စွာဆက်ဆံစေချင်ရင် ကိုယ်ကလည်း ကောင်းမွန်တဲ့ ဆက်ဆံမှုရှိဖို့လို။  ။ တစ်ခြားသူတွေ ကိုယ့်အပေါ် ဆက်ဆံတာမှာ နှစ်သက်တဲ့အချက်ရှိသလို၊ သင်မနှစ်သက်တဲ့ အချက်တွေလည်း ရှိနေမှာပါ၊ ဒီတော့ သင်သဘောကျတဲ့ အပြုအမူလေးတွေ အတိုင်းပဲ တစ်ခြားသူတွေကို ပြန်ဆက်ဆံပေးလိုက်ပါ။

10

လိုက်ပြီးကျင့်သုံးပြီး လူမှုပတ်ဝန်းကျင်မှာ ပေါင်းသင်းဆက်ဆံရေး ကောင်းသူတစ်ဦးအဖြစ် ရပ်တည်လိုက်ကြရအောင်နော်။


သင့်ရင်သွေးနဲ့ ဆက်ဆံပြောဆိုခြင်း မေမေတွေ ကိုယ့်ရင်သွေးလေးတွေနဲ့ ပိုမိုရင်းနှီးအဆင်ပြေဖို့ လိုအပ်ချက်လေးတွေ

ကလေးငယ်ကို မကြာမကြာပွေ့ချီပေးပါ

မိခင်တွေအနေနဲ့ မိမိရင်သွေးငယ်တွေကို

လုပ်ငန်းခွင်ဝင်နေတဲ့ မေမေတွေအနေနဲ့လည်း

ထိန်းသိမ်းစောင့်ရှောက်ရတာဟာ စိန်ခေါ်မှုတစ်ခုလိုတောင် ဖြစ်နေတယ်လို့ စစ်တမ်းတစ်ချို့မှာ ဖော်ပြထားပါတယ်။ ဒီတော့ မေမေတွေအနေနဲ့ ကိုယ့်ရင်သွေးလေးနဲ့ ပိုမိုရင်းနှီးအဆင်ပြေစေဖို့ ဒီအချက်လေးတွေကို မဖြစ်မနေလိုက်နာဖို့လိုတယ်လို့ မိခင်နဲ့ ကလေးဆိုင်ရာ လေ့လာမှုတစ်ချို့က အကြံပြု ထားပါတယ်။ ဒီအကြံပြုချက်လေးတွေထဲမှာ ကိုယ်လက်ရှိအနေအထားနဲ့ ဘယ်နှစ်ချက်လောက် ကိုက်ညီနေတယ် –– ဆိုတာကို လေ့လာကြည့်ရအောင်ပါ။

ကလေးငယ်ငိုတာဟာ ဂျီကျတာသက်သက်မဟုတ်ပါ ကလေးငယ်တွေ ပြင်းပြင်းထန်ထန်

ကလေးငယ်တွေကို ပွေ့ချီပေးခြင်းက ကလေးနဲ့ မိခင်တွေကို ရင်းနှီးမှုရစေတဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ တတ်နိုင်သမျှတော့ ပြုလုပ်ပေးရမယ့် အချက်ပါပဲ၊ ပွေ့ချီပေးခြင်း ခံရတဲ့ကလေးက သာမန်ကလေးတွေထက်ပိုပြီး ထက်မြက်တယ် လို့လည်း ဆိုထားပါသေးတယ်။

Diaper နဲ့ သားရေခံ တွေကို မေ့ထားလိုက်ပါ အခုခေတ်မှာတော်တော်များများက

Diaper ဖယ်တော့မှာလား ဒါကတော့ ကြုံလေ့ရှိမယ့် အချက်လို့ထင်ပါတယ်။ ကလေးငယ်တွေက Diaper ရဲ့ အရှိန်နဲ့ နွေးထွေးတဲ့ အနေအထား ကနေ ရုတ်တရက် Diaper ဖယ်လိုက်တဲ့အခါ အေးသွားပြီး ဆီးသွားလေ့ရှိပါသတဲ့၊ ကလေးတွေရဲ့ ဒီလိုအချိန် spray ကိုလည်း ကြိုတင်ရှောင်ရှားတတ်ဖို့ လိုမှာဖြစ်ပါတယ်။

မလိုအပ်ဘဲ ဖိနပ်မစီးပါစေနဲ့ ကလေးကတကယ်တမ်းလမ်းမလျှောက်သေးဘဲ၊ ဖိနပ်တွေ၊ ခြေအိတ်တွေ ဝတ်ဆင်ပေးတာ ကိုလည်း ရှောင်ကြပါလို့ အကြံပြုသူတွေက ဆိုပါတယ်။ ဒီလိုမလိုအပ်ဘဲဖြုန်းမယ့်အစား

တစ်ခြားကလေးအတွက် လိုအပ်မယ့် ကလေးတွေအတွက် Diper နဲ့ သားရေခံ တွေကို ဟာလေးတွေ ဝယ်လိုက်ပေါ့နော့။ တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြပါပြီ၊ ဒါဟာတကယ်တမ်းတော့ မလိုအပ်ပါဘူးတဲ့။ ဈေးနှုန်းအနည်းငယ်ကြီးပြီး ထိရှလွယ်တဲ့ ကလေးငယ်တွေရဲ့ အသားအရည်ကို အပူလောင်စေတယ်လို့တောင် လေ့လာသူ တွေက ဆိုပါတယ်။ ကလေးငယ်တွေရဲ့ အညစ်အကြေးမှာက ထိခိုက်စေတဲ့အရာတွေ

ကလေးငယ်တွေ ဂီတကို နှစ်သက် ကလေးငယ်တွေက နူးညံ့တဲ့ဂီတနဲ့ ချိုသာတဲ့ ဂီတသံတွေကို ပိုမိုနှစ်သက်လေ့ရှိပါတယ်တဲ့။

ကတော့ နူးညံ့တဲ့ အဝတ်စလေးနဲ့သုတ်ပေးတာ၊

ကလေးတွေကို စောစောအိပ်စေချင်သလား

ကလေးတွေအတွက် သင့်တော်မယ့်

အလွယ်ဆုံးနည်းကတော့ ကလေးငယ်ရှိနေတဲ့

နောက်ကျောနာကျင်တာမျိုး၊ သူ့ရဲ့

ဆပ်ပြာမျိုးနဲ့ ဆေးပေးတာမျိုးကိုပဲ လုပ်ဖို့

နေရာမှာ ခန်းလုံးပြည့်ခန်းစီးတွေကို

င့်ဖြစ်နိုင်တာကြောင့် စိတ်ပျက်တာမျိုးမလုပ်ဘဲ

ကလေးက အချိန်ကြာကြာအိပ်လေ့ရှိရင်

ငိုကြွေးလေ့ရှိတာဟာ ဂျီကျတာအဖြစ် မိခင်တွေက မှတ်ယူမိကြလေ့ရှိပါတယ်၊ ဒါဟာတကယ်တမ်းတော့ အလုံးစုံမှန်ကန်မှုမရှိပါဘူး၊ ကလေးငယ်အနေနဲ့

မပါဝင်တာကြောင့် အကောင်းဆုံးနည်းလမ်း

ကိုယ်ခန္ဓာအတွင်း ပုံမှန်မဟုတ်တာတစ်ခုခုကြော ညွှန်းဆိုထားပါတယ်။ ပိုမိုဂရုစိုက်ပေးသင့်ပါတယ်။

မိမိရင်သွေးလေးက အချိန်ကြာကြာအိပ်လေ့ရှိ တယ်ဆိုရင်တော့ စုပ်ယူမှုအားကောင်းတဲ့ ညသုံး Diaper တွေကိုသုံးဖို့ အကြံပြုထား ပါတယ်။

တပ်ဆင်ထားလိုက်ဖို့ပါပဲ၊ ဒါပေမယ့် ဒီနည်းက အရွယ်ရောက်ပြီး ကလေးငယ်တွေအတွက် တော့ အသုံးမဝင်ပါဘူးတဲ့၊ အရွယ်ရောက်ပြီး ရင်သွေးလေးတွေကိုတော့ ဒီအချိန်မှာ အိပ်ယာမဝင်လို့ မနက်မထနိုင်ရင်ဖြစ်လာမယ့် အကျိုးဆက်လေးတွေ ပြောပြပြီးအိပ်ခိုင်းတာက အကောင်းဆုံးနည်းပါပဲ။

ဒါပေမယ့် အချိန်လေးနဲ့ လဲလှယ်ပေးဖို့တော့ လိုမယ်နော်။

11


ခြင်လေးနဲ့ ခြင်္သေ့ကြီးပုံပြင် ဒီပုံပြင်လေးကတော့ မြင်နေရလို့ ရှောင်ရှားနိုင်တဲ့ ရန်သူထက် ကိုယ်သတိမထားမိလိုက်တဲ့ ရန်သူတွေက ပိုပြီး ကြောက်ဖို့ကောင်းတယ်ဆိုတာကို သတိပေးချင်တာဖြစ်ပါတယ်။ ကဲပုံပြင်လေးကို ဖတ်ကြည့်ကြရအောင်ပါ။ တစ်ရက်မှာ ခြင်ကလေးတစ်ကောင်က အိပ်ပျော်နေတဲ့ ခြင်္သေ့ကြီးရဲ့ ဝမ်းဗိုက်၊ ကျောကုန်း၊ မျက်နှာ အစရှိတဲ့ နေရာစုံကိုကိုက်ပြီး သွေးစုပ်ယူနေပါသတဲ့၊ ဒါနဲ့ ခြင်္သေ့ကြီးကနိုးလာပြီး ခြင်လေးကို အမြီးနဲ့ခတ်၊ လက်နဲ့ပုတ်ပြီး ဖယ်ရှားတာပေါ့၊ ခြင်ဆိုတာမျိုးက အကောင်သေးငယ်ပြီး လျင်မြန်တာကြောင့် ခြင်္သေ့ကြီး ဘယ်လိုလုပ်လုပ် မဖမ်းမိပါဘူးတဲ့။ ခြင်လေးကတော့ ငါ့ကို သူဘယ်လိုမှ မဖမ်းနိုင်ဘူးဆိုပြီး စိတ်ကြီးဝင်မိသတဲ့။ ခြင်လေးက စိတ်ကြိုက် ကိုက်ခဲပြီးချိန်မှာတော့ ရုတ်တရက် ထပျံလိုက်ပါတယ်၊ ဒီအခါမှာ ခြင်္သေ့ကြီးနားက ပင့်ကူအိမ်မှာ သွားငြိနေပါတော့တယ်၊ မြင်နေရတဲ့ ရန်သူတစ်ဦးဖြစ်တဲ့ ခြင်္သေ့ကြီးရန်က လွတ်အောင်ရှောင်နိုင်လို့ စိတ်ကြီးဝင်နေတဲ့ခြင်လေးဟာ သူသတိမမူ ၊ မမြင်မိတဲ့ ပင့်ကူအိမ်မှာငြိပြီး ပင့်ကူရဲ့ စားသောက်ခြင်းကို ခံလိုက်ရပါတော့တယ်။ ဒီပုံပြင်လေးကနေတစ်ဆင့် စိတ်ကြီးဝင်မာနကြီးတာဟာ မကောင်းဘူးဆိုတာရယ်၊ မြင်နေရတဲ့ ရန်သူထက် မမြင်ရတဲ့ ရန်သူကိုလည်း သတိပြုသင့်တယ်ဆိုတာတွေကို မှတ်သားထားလိုက်ကြရအောင်ပါနော်။

12


Viber Out သုံးပြီး သူများထက်အလွန်ချိုသာ တဲ့ဈေးနှုန်းနဲ့ ပြည်ပကိုတိုက်ရိုက် ဖုန်းခေါ်ရင်း ငွေဖြည့်ပမာဏ၂၀% ထပ်စောင်းရယူကြစို့

သြဂုတ်လ ၁၇ ရက်မှ ၂၁ရက်အတွင်း Viber Out ငွေဖြည့်ရင်း ၂၀%အပိုဆုယူလိုက်ပါ!

မိမိစိတ်ကြိုက် Viber Out ငွေပမာဏကို ပရိုမိုးရှင်းကာလ သြဂုတ် ၁၇ရက်မှ ၂၁ရက်အတွင်း ဖြည့်သွင်းလိုက်တာနဲ့ ငွေဖြည့်သွင်းလိုက်တဲ့ ပမာဏပေါ်မှာ ၂၀%အပိုစောင်းငွေကို ရရှိမှာပါ။

မည်သည့်ဖုန်းနံပါတ်များကိုမဆို (မိုလ်ဘိုင်းဖုန်း၊ ကြိုးဖုန်း) သင့်မိသားစု၊ သင့်သူငယ်ချင်းသို့ ခေါ်ဆိုနိုင်ခြင်း။

သင်နေ့စဉ်အသုံးပြုနေတဲ့ Viber မှ feature တမျိုးဖြစ်တဲ့ နိုင်ငံတကာကိုဈေးနှုန်းချိုသာစွာ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ Viber Out ကို ပရိုမိုးရှင်းကာလအတွင်း ငွေဖြည့်ပြီး ၂၀% အပိုရရှိမယ့်အခွင့်အရေးကို အမိအရ ရယူဖို့ တိုက်တွန်းလိုက်ပါရစေ။

Red dot စတိုးဆိုင်တွေတိုင်းမှာ ငွေသားနဲ့ အချိန်မရွေး ငွေဖြည့်နိုင်ခြင်း။

ငွေဖြည့်ပြီး စက္ကန့်အနည်းငယ်အတွင်း ငွေဖြည့်ပြီးကြောင်း Viber မှ မက်ဆေ့ခ်ျ ဝင်လာပါလိမ့်မယ်။

Viber Out အသုံးပြုခြင်း အကျိုးကျေးဇူး •

တကမ္ဘာလုံးသို့ အလွန်သက်သာသည့်ဈေးနှုန်းဖြင့် HD အရည်အသွေးမြင့်မားစွာ ခေါ်ဆိုနိုင်ခြင်း

နှစ်ဦးနှစ်ဖက်အသုံးပြုရအဆင်ပြေလွယ်ကူခြင်း။

တကမ္ဘာလုံးသို့ခေါ်ဆိုနိုင်ခြင်း။ မိမိခေါ်ဆိုလိုက်သည့် တစ်ဖက်လူတွင် Viber ၊ အင်တာနက်ကွန်နက်ရှင် မရှိသော်လည်း ခေါ်ဆိုနိုင်ခြင်း။

Red Dot စက်ကိုအသုံးပြုပြီး Viber Out Credit ဝယ်ယူခြင်းအကြောင်း ပိုမိုသိရှိလိုပါက Red dot Network Customer Care 01 370050 သို့ ဆက်သွယ်လိုက်ပါ။

*ငွေလည်းဖြည့်ရင်း အပိုဆုတွေလည်းရ၊ ဈေးအလွန်ချိုသာစွာနဲ့ နိုင်ငံခြားကို စိတ်ချမ်းသာစွာ တိုက်ရိုက် ဖုန်းလည်းခေါ်ဆိုနိုင်ဖို့ Viber Out ကို ပရိုမိုးရှင်းကာလအတွင်း ငွေဖြည့်လိုက်ကြစို့*

ချိုသာသောဈေးနှုန်းဖြင့် နိုင်ငံတကာသို့ခေါ်ဆိုပါ! Viber Out ဖြင့် USA သို့ တစ်မိနစ်လျှင် ခေါ်ဆိုခ ၁.၉ဆင့် (မြန်မာကျပ်ငွေ ၂၂ကျပ်ဝန်းကျင်သာ) ကျသင့်မည်။ Viber အကောင့်ရှိသူများသာ Viber Out ကိုငွေဖြည့်နိုင်မည်။ Viber ကို အခမဲ့ ဒေါင်းလုပ်ရယူပါ။ viber.com

မလေးရှားသို့ တစ်မိနစ်လျှင် ခေါ်ဆိုခ ၂.၁ဆင့် (မြန်မာကျပ်ငွေ ၂၅ကျပ်ဝန်းကျင်) စင်ကာပူသို့ တစ်မိနစ်လျှင် ခေါ်ဆိုခ ၁.၉ဆင့် (မြန်မာကျပ်ငွေ ၂၂ကျပ်ဝန်းကျင်)

ထိုင်းနိုင်ငံသို့ တစ်မိနစ်လျှင် ခေါ်ဆိုခ ၉ဆင့် (မြန်မာကျပ်ငွေ ၁၀၃ကျပ်ဝန်းကျင်) ခေါ်ဆိုခနှုန်းထားမှာ ဒေါ်လာဈေးအတက်အကျပေါ်မူတည်၍ အပြောင်းအလဲရှိမည်*

13


ReddotZAY.com က သင်အသုံးမလိုတော့တဲ့ ပစ္စည်းတွေပေါ်မှာ အပိုဝင်ငွေတွေများစွာ ဖန်တီးပေးနေပါပြီ မိမိပစ္စည်းတွေ လူပိုသိပြီး အရောင်းအဝယ်သွက်စေဖို့ reddotzay.com မှာ အခမဲ့ တိုက်ရိုက်ကြော်ငြာလိုက်ကြပါစို့! အခုပဲ reddotzay.com မှာ သင်အသုံးမလိုတော့လို့ ပိုလျှံနေတဲ့ မည်သည့်ပစ္စည်းအမျိုးအစားကိုမဆို အချိန်မရွေး မိမိစိတ်ကြိုက် အလွန်လွယ်ကူစွာ အခမဲ့တင်ရောင်းနိုင်ပြီး အပိုဝင်ငွေများစွာ ရှာဖွေနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။ ဇူလိုင်လကစတင်ပြီး ယင်းဝက်ဘ်ဆိုဒ်မှာ ကုန်ပစ္စည်းအမျိုးမျိုးကို အခမဲ့ စိတ်ကြိုက်တင်ရောင်းနေကြပါပြီ။ မိမိကုန်ပစ္စည်းတွေကို မိမိကိုယ်တိုင် reddotzay.com ပေါ်မှာရောင်းချနေတဲ့ ဗဟန်းမြို့နယ်နေ မချိုချိုမာက “ဒီဝက်ဘ်ဆိုဒ်အကြောင်း သိသိချင်းပဲ ဝက်ဘ်ဆိုဒ်မှာ ကိုယ်ပိုင်စာရင်း ဖွင့်ထားလိုက်တယ်။ နောက်ပြီး ကိုယ့်မှာအသုံးမလိုတဲ့ အဝတ်အထည်လေးတွေကို ဓာတ်ပုံရိုက်ပြီး တင်ကြည့်လိုက်တယ်။ တစ်ပတ်အတွင်း ဝယ်သူပေါ်လာပြီး အရောင်းအဝယ်ဖြစ်သွားတယ်။ ဝက်ဘ်ဆိုဒ်အသုံးပြုရတာလည်း အရမ်းလွယ်ကူပါတယ်” လို့ ဆိုပါတယ်။ ဒီဝက်ဘ်ဆိုဒ်ဟာ သင့်အိမ်မှာရှိတဲ့ အသုံးမလိုတော့လို့ ဂိုထောင်ထဲမှာ ပစ်ထားရတဲ့ ပစ္စည်းတွေကို အပိုဝင်ငွေအဖြစ် ဖန်းတီးပေးတဲ့၊ အမျိုးမျိုးသော ကုန်ပစ္စည်းတွေကို တစ်နေရာထဲမှာ ရောင်းဝယ် ဖောက်ကားနိုင်တဲ့ အွန်လိုင်းဈေးရုံကြီးတစ်ခုပါ။ ကား၊ အိမ်စသည်တို့မှ အစ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝန်ဆောင်မှုအမျိုးမျိုးအထိ ဥပဒေအရ တားမြစ်ပိတ်ပင်ထားတဲ့ ပစ္စည်းတွေကလွဲလို့ ပစ္စည်းမျိုးစုံ ဈေးနှုန်းမျိုးစုံကို တစ်နေရာထဲမှာ လွယ်ကူလျင်မြန်စွာ ပိုင်ရှင်ကိုယ်တိုင် တိုက်ရိုက်ရောင်းဝယ် ဖောက်ကားနိုင်ပြီဖြစ်ပါတယ်။

14

Red dot ZAY မှာ ဘယ်လိုရောင်းဝယ်နိုင်သလဲ အောက်ဖော်ပြပါအဆင့်အတိုင်း သင့်ကုန်ပစ္စည်းတွေကို ဝက်ဘ်ဆိုဒ်မှာလွှင့်တင်ပြီး ရောင်းဝယ် ဖောက်ကားနိုင်ပါတယ်။

အသုံးပြုပုံလမ်းညွှန် တစ်စုံတစ်ခုရောင်းချလိုပါက ၁။ ပစ္စည်းအမျိုးအစားခေါင်းစဉ်ရွေးချယ်ပါ။ ၂။ အသေးစိတ်အချက်အလက်များဖြည့်သွင်းပါ။ ၃။ ပစ္စည်းဓာတ်ပုံတင်ပါ။ ဤလွယ်ကူလျင်မြန်သော အချက်သုံးချက် အခမဲ့ဖြည့်သွင်းရုံဖြင့် သင့်ထံသို့ ဝယ်လိုသူများမှ တိုက်ရိုက်ဆက်သွယ်လာတော့မှာ ဖြစ်ပါတယ်။

တစ်စုံတစ်ရာဝယ်ယူရန်ရှာဖွေနေပါက ၁။ သင်ရှာဖွေနေသော ပစ္စည်းအမျိုးအစားကို ရှာဖွေရန် box တွင် ဖြည့်သွင်းပါ။ ၂။ သာမန်ရှာဖွေခြင်းအပြင် အသေးစိတ်အချက်အလက်များလည်း ထည့်သွင်းပြီး သင့်စိတ်ကြိုက်ပစ္စည်းကို အတိအကျရှာဖွေနိုင်ပါတယ်။ ၃။ သင့်စိတ်တိုင်းကျပစ္စည်း ယခုမတွေ့သေးပါကလည်း ရောင်းလိုသူ ပေါ်ပေါက်လာပါလျှင် သင့်ထံကျွနု်ပ်တို့မှ ဆက်သွယ်အသိပေးနိုင်အောင်လည်း ပြုလုပ်နိုင်ပါသေးသည်။


ဒီလိုတင်ရောင်းတဲ့အခါမှာ အခြေခံအားဖြင့် ကြောငြာခပေးစရာမလိုဘဲ အခမဲ့ အရေအတွက် အကန့်အသတ်မရှိ ရောင်းနိုင် ဝယ်နိုင်မှာဖြစ်ပါတယ်။ တစ်ဦးတစ်ယောက်ချင်းစီသာမက စိတ်ဝင်စားတဲ့ ကုမ္ပဏီတွေကလည်း သူတို့ရဲ့ ကုန်စည်အသစ်တွေကို ဒီဝက်ဘ်ဆိုဒ်မှာ ကြေငြာနိုင်မှာဖြစ်တဲ့အတွက် ကုန်ပစ္စည်း အမျိုးအစားအစုံ အလင်ကို တစ်နေရာထဲမှာပဲ ရှာဖွေနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင့်ကုန်စည်တွေကို လူအများမြင်သာအောင် ထင်သာမြင်သာရှိတဲ့ အထူးနေရာမှာ ကြော်ငြာချင်တယ်ဆိုရင်လည်း ကြော်ငြာခသက်သာစွာနဲ့ ဝက်ဘ်ဆိုဒ်မှာ လွှင့်တင်နိုင်မှာဖြစ်ပါတယ်။ အထူးကြော်ငြာခတွေကို ပေးသွင်းတဲ့နေရာမှာနီးစပ်ရာ Red dot ဆိုင်တွေမှ Red dot Pay Pin ကိုဝယ်ယူပြီး အလွယ်တကူပဲ ပေးချေနိုင်ပါတယ်။

ကြော်ငြာခတွေကို Red dot Pay PIN နဲ့ ဘယ်လိုပေးချေမလဲ ၁။ အနီးစပ်ဆုံး Red dot စတိုးဆိုင်ကိုသွားပြီး နှစ်သက်ရာ Pay PIN တန်ဖိုး ရွေးချယ်ဝယ်ယူပါ။ ၂။ Premium ကြော်ငြာခအတွက် ငွေပေးချေရန် Red dot ZAY မှ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။ ၃။ PIN နံပါတ်ဖြည့်သွင်းရမည့် အကွက်ထဲသို့ Red dot Pay PIN နံပါတ်ကိုဖြည့်သွင်းပါ။

Red dot ကိုယ်စားလှယ်များအတွက် အကျိုးကျေးဇူးများ Red dot ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ဆိုင်တွင် လူကြိုက်နည်းပြီး အရောင်းမသွက်တဲ့ ကုန်ပစ္စည်းတွေကိုဖြစ်စေ၊ အနှစ်နှစ်အလလ အသုံးမလိုလို့ အံဆွဲထဲမှာ သိမ်းထားတဲ့ ရှေးဟောင်း နာရီလေးကိုဖြစ်စေ ဒီ reddotzay.com မှာ တင်ရောင်းပြီး အပိုဝင်ငွေ ရှာနိုင်ပါသေးတယ်နော်။ တဖက်ကလည်း ကြော်ငြာခ ကောက်ခံရင်း ကော်မရှင်တွေ ရယူလိုက်ပါဦး။

reddotZAY.com

15


Myanmar Music Store ကလည်း Red dot Pay နဲ့ချိတ်ဆက်လိုက်ပါပြီ။ Myanmar Music Store မှလည်း Red dot Pay Partner အသစ်အဖြစ်ပါဝင်လာပါပြီ။ သီချင်းချစ်သူတွေအတွက် ဒီ Myanmar Music Store (www.myanmarmusicstore. com) ဝက်ဆိုက်ဒ်မှာဆိုရင် အသစ်ထွက်ပေါ်လာတဲ့ မြန်မာသီချင်းအယ်လ်ဘမ်သစ်တွေ ကို အလွယ်တကူဝယ်ယူနိုင်ပါသည်။ အခုဆိုရင် Red dot Pay နဲ့ ချိတ်ဆက်ထားလိုက်ပြီဖြစ်တာကြောင့် Red dot ဆိုင်တွေမှာ Red dot PAY PIN တွေကိုဝယ်ပြီး သီချင်းသစ်တွေကို ဝယ်ယူ ဒေါင်းလုဒ်ရယူနိုင်တော့မှာပါ။

Myanmar Music Store ဆိုတာဘာလဲ

www.myanmarmusicstore.com နှင့် Myanmar Music Store မိုဘိုင်းလ် Application တို့တွင် သီချင်းများအားလုံးကိုလွယ်လင့်တကူ ဝယ်ယူဒေါင်းလုဒ် ရယူနိုင်ပါသည်။ Myanmar Music Store ဝက်ဆိုက်ဒ်ပေါ်မှာအကောင့်ရှိနေပြီဆိုရင် သီချင်းတွေဝယ်ယူနိုင်ဖို့အတွက် Red dot ဆိုင်များမှ Red dot PAY PIN ဖြင့် ဝယ်ယူငွေဖြည့်သွင်းပြီး ဝယ်ယူလို့ရပါတယ်။ ဥပမာ - မိမိဝယ်ယူလိုတဲ့ အယ်ဘမ်က (၁၈၅၀) ခန့်ကျသင့်မယ်ဆို Red dot Pay PIN ကို (၂၀၀၀) ကျပ်ဖိုးဝယ်ယူပြီး Myanmar Music Store မှာသွားရောက်ဖြည့်သွင်းပါ။ ယင်းသို့ဖြင့် မိမိဝယ်ယူလိုသည့် သီချင်းပမာဏအလိုက် Pay PIN ကိုဝယ်ယူပြီး သီချင်းတွေကိုရယူနိုင်ပါပြီ။

Myanmar Music Store ဆိုသည်မှာ Legacy Music Network Company မှ တည်ထောင်ခဲ့သည့် မြန်မာနိုင်ငံရဲ့ပထမဦးဆုံးသော အွန်လိုင်း Music Store တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိလာသမျှသော သီချင်းသစ်အမျိုးအစားအားလုံးကို တစ်နေရာထဲတွင် ဝယ်ယူနိုင်သော ဝက်ဆိုက်ဒ်တစ်ခုဖြစ်ပါသည်။

Red dot ဆိုင်ရှင်တွေအနေဖြင့်လည်း Red dot PAY PIN ဝယ်ယူလိုသူတွေအတွက် အောက်ပါအတိုင်း ရောင်းချပေးပြီးအပိုကော်မရှင်ခတွေရယူနိုင်ပါပြီ။

Legacy Music Network Company ဆိုသည်မှာ မြန်မာလူထုအကြိုက် Iron Cross Music Band ကို ဖွဲ့စည်းခဲ့သူမှ တည်ထောင်ပြီး ဂီတလောကတွင် ဦးဆောင်နေသော ကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ပြည်တွင်း နာမည်ကြီးအဆိုတော်များ၏ Live ရှိုးပွဲများကို စီစဉ်ကျင်းပခဲ့သည့်အပြင် နာမည်ကျော်

OK ကို နှိပ်ပါ။

Red dot Pay ကိုရွေးပါ။

Pay PIN ကိုရွေးချယ်ပါ။

သုံးစွဲသူဝယ်လိုတဲ့ငွေပမာဏကို ရွေးချယ်ပါ။

ဝယ်ယူလိုသည့်အရေအတွက်ကိုရိုက် ထည့်ပြီး (OK) ကိုနှိပ်ပါ။

သီချင်းအယ်ဘမ် (၁၀၀) ကျော်ကို ထုတ်လုပ်ပေးခဲ့သည့် ကုမ္ပဏီတစ်ခုဖြစ်ပါသည်။

16

Myanmar Music Store မှ သီချင်းများကို Red dot PAY PIN ဖြင့် ဝယ်ယူနိုင်ခြင်း

Myanmar Music Store အတွက် Red dot Pay PIN ဝန်ဆောင်မှုပေးရန် Red dot စက်မှ •

စက်၏ လျှို့ဝှက်နံပါတ် Terminal Passcode ကိုရိုက်ထည့်ပြီး (OK) ကိုနှိပ်ပါ။

ဝယ်ယူသူကို Pay PIN နံပါတ်နဲ့ သုံးစွဲမှုလမ်းညွှန်များ ပါဝင်တဲ့ ဖြတ်ပိုင်းကိုပေးပါ။

ဆိုင်ရှင်ဖြတ်ပိုင်းလိုချင်ရင်တော့ (OK) ကိုနှိပ်ပါ။


အသွင်သစ်များထပ်မံဖြည့်စွက်ထားတဲ့ Fantasy King ဂိမ်းနဲ့ အင်္ဂလိပ်ပရီးမီးယားလိဂ်ရာသီ Fantasy King ဂိမ်း ကို IOS နှင့် Android ဖုန်း နှစ်မျိုးလုံးဖြင့် ကစားနိုင်ပြီ! အင်္ဂလိပ်ပရီးမီးယားလိဂ်ရာသီအသစ် တဖန်ပြန်လည်ရောက်ရှိလို့လာပါပြီ။ ဒါကြောင့် Fantasy King ဂိမ်းကစားသူတွေအနေဖြင့် မိမိ စိတ်ကြိုက်ကစားသမားများနှင့် အသင်းဖွဲ့ကာ အင်္ဂလိပ်ပရီးမီးယားလိဂ်ကို အပတ်စဉ်တိုင်း ဝင်ရောက်ကစားနိုင်ပါပြီ။ Fantasy King ဂိမ်းမှာလည်း ထူးခြားတဲ့အသွင်သစ်တွေကို

ကိုယ်စားလှယ်ဆိုင်ရှင်များအတွက် FK Coins အတွက် Red dot Pay PIN ရောင်းချပုံအဆင့်ဆင့်

ထပ်မံဖြည့်စွက်ထားတာကြောင့် ယခင်ကထက် ခမ်းနားထည်ဝါစွာ

1.

OK ကိုနှိပ်ပါ။

ကစားနိုင်ပြီနော်။ ဂိမ်းကစားရာမှာဝယ်ယူလိုတဲ့ Fantasy King Coin

2.

Red dot Pay ကိုရွေးချယ်ပါ။

3.

Pay PIN ကိုရွေးချယ်ပါ။

4.

သုံးစွဲသူဝယ်ယူလိုတဲ့ငွေပမာဏကို ရွေးချယ်ပါ။

5.

ဝယ်ယူလိုတဲ့ အရေအတွက်ကို ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ။

6.

စက်ရဲ့ လျို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။

7.

ဝယ်ယူသူကို Pay PIN နံပါတ်နဲ့ သုံးစွဲမှုလမ်းညွှန်ချက်ပါဝင်တဲ့

တွေကို နီးစပ်ရာ Red dot ဆိုင်အားလုံးမှာ Red dot Pay PIN အသုံးပြုပြီး အလွယ်တကူ ငွေသားနဲ့ ပေးချေဝယ်ယူနိုင်ပါသေးတယ်။ ဂိမ်းကစားရင်း အနိုင်ရရှိပါက Fantasy King စတိုးမှာပြသထားတဲ့ ဆုလက်ဆောင်တွေကို လဲလှယ်ထုတ်ယူခွင့်ရဦးမှာပါ။ ဒါကြောင့် ဘောလုံးဝါသနာရှင်များအနေဖြင့် အင်္ဂလိပ်ပရီးမီးယားလိဂ် ပွဲစဉ်တွေမှာ အပတ်စဉ်တိုင်း မိမိစိတ်ကြိုက်အကောင်းဆုံး ကစားသမား ၁၁

ဖြတ်ပိုင်းကိုပေးပါ

ယောက်ကိုရွေးချယ်ပြီး အခြားဘောလုံးဝါသနာရှင်တွေနဲ့ ယှဉ်ပြိုင်ကာ ဆုလက်ဆောင်များ ရရှိနိုင်ဖို့ Fantasy King App ကို အခမဲ့

8.

ဆိုင်ရှင်ဖြတ်ပိုင်းရယူလိုပါက OK ကို နှိပ်ပါ။

ဒေါင်းလုပ်ရယူလိုက်ပါဦး။ အသေးစိတ်အချက်အလက်များကို www.

**FK Coins တွေကို ရောင်းချပေးတဲ့ Red dot

fantasyking.us နဲ့ www.facebook.com/fantasykingmm မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။

ကိုယ်စားလှယ်များအနေနဲ့ ကော်မရှင်များစွာရရှိနေပါပြီ**

17


အာရှပစိဖိတ်ဒေသမှာ ရေပန်းစားလာနိုင်တဲ့ ငွေပေးချေမှုနည်းလမ်းများ ငွေသားကိုင်တွယ်သုံးစွဲမှုဟာ လက်နှိပ်စက်သုံးတာလို၊ တိပ်ခွေနဲ့ဖွင့်ရတဲ့ကက်ဆက်နဲ့ သီချင်းနားထောင်တာလို ခေတ်နောက်ကျတဲ့ ကိစ္စတစ်ခုဖြစ်သွားတော့မယ်လို့ တွေးကြည့်ဖူးပါသလား။ အာရှပစိဖိတ်ဒေသမှာ စမတ်ဖုန်းသုံးစွဲသူအရေအတွက်က အလျင်အမြန် မြင့်တက်လာနေပြီး ၂၀၂၀ ခုနှစ်ဆိုရင် ၃ ဘီလျံအထိ ရှိလာလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထား ပါတယ်။ ဒီအချက်က ဒီနေ့ခေတ်မှာ စားသုံးသူတွေဟာ ကမ္ဘာကြီးနဲ့ ချိတ်ဆက်နိုင်ဖို့ အလွန်တရာ စိတ်အားထက်သန်နေကြတယ်ဆိုတာကို ပြနေပါတယ်။ နောက်ပြီး လက်ရှိအချိန်မှာကိုပဲ အာရှပစိဖိတ်ဒေသမှာ ဒစ်ဂျစ်တယ်စနစ်သုံး ငွေပေးချေမှုနည်းလမ်းတွေ အရှိန်အဟုန်နဲ့ တိုးတက်များပြားလာနေတာကြောင့် မဝေးတော့တဲ့ အနာဂတ်မှာ ရေပန်းစားလာနိုင်တဲ့ ငွေပေးချေမှုနည်းလမ်း (၅) ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ mPOS ( Mobile Point Of Sale) mPOS (Mobile Point Of Sale) ဆိုတာကတော့ စမတ်ဖုန်း အပါအဝင် ဒီဂျစ်တယ်နည်းလမ်းနဲ့ ချိတ်ဆက်လို့ရတဲ့ ကိရိယာ တွေကို ငွေပေးချေမှုကိရိယာတွေအဖြစ် အသုံးပြုနိုင်စေတဲ့ ပေးချေမှု နည်းလမ်းပဲ ဖြစ်ပါတယ်။ bluetooth , NFC စတဲ့ ချိတ်ဆက်မှု နည်းလမ်း တွေကနေတစ်ဆင့် ငွေပေးချေရတာ ဖြစ်ပါတယ်။ ဒီနည်းလမ်းက တပ်ဆင်ရလွယ်ကူပြီး ကုန်ကျစရိတ်လည်း မကြီးမားတာကြောင့် ငွေသားနဲ့ပဲလက်ခံနေဆဲဖြစ်တဲ့ အသေးစား စီးပွားရေးလုပ်ငန်းတွေကို အီလက်ထရောနစ်နည်းလမ်းနဲ့ ငွေလက်ခံနိုင်စေမှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ မကြာခင်ကာလမှာပဲ စင်္ကာပူ၊ ဗီယက်နမ်နဲ့ အခြားအာရှပစိဖိတ်ဒေသတွင်းက နိုင်ငံတွေမှာ ရေပန်းစားလာဖို့ ရှိနေပါတယ်။

၂။ စမတ်ကား ကားတွေနဲ့ပတ်သက်လို့ တိုးတက်လာနေတဲ့ နည်းပညာတွေထဲမှာ အလိုအလျောက်မောင်းနှင်စနစ်၊ မတိုက်မိခင် ကြိုတင်အာရုံခံသတိပေးနိုင်တဲ့ နည်းပညာ

စတာတွေအပြင် ကားဆီကနေ တိုက်ရိုက်ငွေပေးချေတဲ့ နည်းပညာလည်း ပါဝင်နေပါတယ်။ စင်္ကာပူနိုင်ငံမှာ လမ်း၊ တံတားကြေး (လမ်းခွန်)ကို ERP (Electronic Road Pricing) လို့ခေါ်တဲ့ အဲဒီလို ကားဆီကနေ တိုက်ရိုက်အလိုအလျောက် ပေးချေမှုနည်းလမ်းနဲ့ ကောက်ခံနေတာ နှစ်အတန်ကြာ ရှိနေပြီဖြစ်ပါတယ်။ ဒါကြောင့် နောက်ပိုင်းမှာ အာရှပစိဖိတ်နိုင်ငံတွေမှာ ကားကနေတိုက်ရိုက် လမ်း၊ တံတားကြေး ပေးချေတာအပြင် လောင်စာဆီဖိုးပေးတာ၊ အစားအသောက်ဝယ်တာ စတဲ့ အခြားဝန်ဆောင်မှုတွေအတွက်ပါ ပေးချေမှုပြုလုပ်နိုင်လာဖွယ် ရှိနေပါတယ်။

၃။ လုံခြုံရေးအသားပေး ဒီဂျစ်တယ်ပေးချေမှုနည်းလမ်းများ ဒီဂျစ်တယ်နည်းလမ်းနဲ့ ချိတ်ဆက်မှုတွေ မြင့်တက်လာတာနဲ့အမျှ လုံခြုံရေးပိုင်း ခြိမ်းခြောက်မှုတွေကလည်း မြင့်တက်လာနေပါတယ်။ ဒါကြောင့် လုံခြုံရေးပိုင်းစိတ်ချရပြီး လျှို့ဝှက်နံပါတ်တွေလည်း သီးသန့် မှတ်သားနေဖို့မလိုတဲ့ လက်ဗွေ၊ မျက်နှာ၊ အသံ စတာတွေကို အသုံးပြုရတဲ့ ဒီဂျစ်တယ်ငွေပေးချေမှုနည်းလမ်းတွေလည်း ရေပန်းစားလာနိုင်ချေ ရှိနေပါတယ်။

၎။ စတိုးဆိုင်အတွင်း ဝယ်သူကိုယ်တိုင် ပေးချေနိုင်မည့်နည်းလမ်းများ စတိုးဆိုင်တွေမှာ၊ ဈေးဝယ်စင်တာတွေမှာ ငွေရှင်းဖို့အတွက် တန်းစီမနေရဖို့အတွက် ရည်ရွယ်ပြီး ကုန်ပစ္စည်းတွေမှာ QR ကုဒ်တွေ၊ Radio Frequency Identification (RFID) ချစ်ပ်ပြားတွေ ထည့်သွင်းပြီး ဝယ်သူက မိုဘိုင်းလ်ဖုန်းနဲ့ scan ဖတ်လိုက်ရုံနဲ့ ငွေရှင်းပြီးသား ဖြစ်သွားမယ့် နည်းလမ်းတွေကိုလည်း ပညာရှင်တွေက တီထွင်စမ်းသပ်လျှက် ရှိပါတယ်။ အဲဒီနည်းလမ်းမျိုးကို တောင်ကိုရီးယားက မြေအောက်ရထားဘူတာရုံတွေက ဆိုင်လေး တွေမှာ စမ်းသပ်သုံးစွဲနေပြီး အောင်မြင်မှုလည်းရရှိနေပါတယ်။

၅။ ကြားခံပစ္စည်းမလိုဘဲ ကိုယ်ဟန်အမူအရာနဲ့ ပေးချေနိုင်မယ့်နည်းလမ်းများ စိတ်ကူးယဉ်ဆန်တယ်လို့ ထင်ချင်စရာရှိပေမဲ့ ဘာကြားခံပစ္စည်းမှ မလိုဘဲ လူက ကိုယ်ဟန်အမူအရာတစ်ခုခု ပြလိုက်ရုံနဲ့တင် ငွေပေးချေနိုင်မယ့် နည်းလမ်းတွေကို တကယ်ပဲ စမ်းသပ်တီထွင်နေပြီ ဖြစ်တာကြောင့် အဲဒီိလိုပေးချေမှုနည်းလမ်းတွေကိုလည်း အနာဂတ်မှာ အမှန်တကယ်မြင်တွေ့လာရဖို့ ရှိနေပါတယ်။

18


CB ဘဏ်မှတဆင့် Red dot စက်များသို့ CB ဘဏ် Mobile Banking အသုံးပြု၍ ဝန်ဆောင်ခ အခမဲ့ဖြင့် ငွေသွင်းနိုင်ပြီ ကိုယ်စားလှယ်များ ဇူလိုင်လမှစတင်ကာ CB ဘဏ် Mobile Banking မှတစ်ဆင့် ငွေသွင်းလျက်ရှိ CB ဘဏ်မှတဆင့် ငွေဖြည့်သွင်းသည့်ကိုယ်စားလှယ်များသည် ဘဏ်သို့ သွားရောက်စရာမလိုတော့ဘဲ မိမိဖုန်းတွင် CB ဘဏ် Mobile Banking App ရှိရုံဖြင့် တိုက်ရိုက် ငွေဖြည့်သွင်းနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။ အချိန်ကုန် လူပင်ပန်းသက်သာသည့်အပြင် ဝန်ဆောင်ခ အခမဲ့ဖြစ်သည့် အတွက် CB ဘဏ်မှတဆင့် ငွေဖြည့်သွင်းသည့် ကိုယ်စားလှယ်များ အားလုံး လွယ်ကူချောမွေ့စွာ ငွေဖြည့်သွင်းနိုင်မည် ဖြစ်သည်။

CB ဘဏ် Mobile Banking အသုံးပြုရန်အတွက် လိုအပ်ချက်များ ၁။ အသုံးပြုမည့် Customer သည် current account (သို့မဟုတ်) saving account (သို့မဟုတ်) ATM account ရှိရန်လိုအပ်သည်။ ၂။ ၄င်း Account ဖြင့် Mobile Banking Register လုပ်ထားရန် လိုအပ်ပါသည်။ ၃။ ၄င်း Account နံပါတ်အား ပထမဆုံး အကြိမ်တွင် Red Dot Network ၏ Customer Care သို့ အကြောင်းကြားရန် လိုအပ်သည် ။ ၄ ။ အကြောင်းကြားပြီး ၂၄ နာရီ အကြာတွင် CB Mobile Banking ကို အသုံးပြု၍ Red Dot Payment - Menu မှ တစ်ဆင့် ငွေလွှဲပြောင်းခြင်းအား စတင် ပြုလုပ်နိုင်မည် ဖြစ်သည်။ ၅ ။ Transfer to Other Card Account Menu မှ ငွေလွှဲပြောင်းသူများ ငွေဝင်မည် မဟုတ်ပါ ။ (သတိပြုရန် အချက် )

CB ဘဏ် Mobile Banking App အသုံးပြုပုံ ၁။ Mobile Banking ပင်နံပါတ်ရိုက်ထည့်ပါ။ ၂။ My Service ကိုသွားပြီး Payment ကို နှိပ်လိုက်ပါ။ ၃။ Red dot Payment ကို ရွေးချယ်ပါ။ ၄။ ဖြည့်လိုသည့် ငွေပမာဏ၊ ဆိုင်နာမည်၊ သုံးစွဲသူ ID (သင့် MID နံပါတ် ၁၅ လုံးကို ရိုက်ထည့်ရန်) နှင့် ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ပါ။ ၅။ ငွေလွှဲပြောင်းမှုအောင်မြင်ပါက Success ပေါ်လာပါလိမ့်မည်။ Success မဖြစ်ပါက သင့်အချက်အလက်များ မှန်ကန်မှုရှိအောင် သတိထားပြီး ယခင်အဆင့်များအတိုင်း ရိုက်ထည့်ပါ။ (သို့) ၀၁-၂၅၁၉၄၄ , ၀၁-၂၅၀၁၃၇ သို့ ဆက်သွယ်ပါ။

သတိပြုရန်အချက်များ ပုံမှန်အားဖြင့် တနင်္လာနေ့မှ သောကြာနေ့၊ မနက် ၉ နာရီမှ ၅ နာရီအတွင်း ငွေဖြည့်သွင်းသူများသည့် ဖြည့်သွင်းသည့်အချိန်မှ နောက် ၃ နာရီအတွင်း မိမိစက်ထဲသို့ ငွေဝင်လာမည်ဖြစ်သည်။ သို့သော် သောကြာနေ့ညနေ ၅နာရီနောက်ပိုင်းမှ ပေးသွင်းသူ များသည် နောက်တပတ် တနင်္လာနေ့မှသာ စက်ထဲသို့ ငွေဝင်မည်ဖြစ်သည်။

KBZ ဘဏ်မှတစ်ဆင့် Red dot စက်များသို့ ငွေသွင်းမှုအပေါ် KBZ ဘဏ်က ဇူလိုင်လမှစပြီး သုံးလအတွင်း ဘဏ်ဝန်ဆောင်ခ ပေးစရာမလိုပေ ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာသုံးလအတွင်း KBZ ဘဏ်ဝန်ဆောင်ခ အခမဲ့ဖြစ်သည်။ Red dot ကိုယ်စားလှယ်ဆိုင်ရှင်များ KBZ Bank မှတစ်ဆင့် စက်ထဲသို့ငွေသွင်းရာတွင် ဝန်ဆောင်ခများကို ဇူလိုင်လမှ စပြီး သုံးလအတွင်း ဘဏ်ဝန်ဆောင်ခ ပေးစရာမလိုတော့ကြောင်း သတင်းကောင်းပါးအပ်ပါသည်။

ဇူလိုင်၊ သြဂုတ် နှင့် စက်တင်ဘာလ သုံးလကို ပရိုမိုးရှင်း ကာလအဖြစ် သတ်မှတ်ပြီး ယင်းကာလအတွင်း ငွေသွင်းရာတွင် ဘဏ်ဝန်ဆောင်ခပေးစရာမလိုပဲ အခမဲ့သွင်းနိုင်မည်ဖြစ်သည်။ 19


reddotnetwork.com +95 1370050

Red dot နဲ့အတူရှိနေပြီး အထူးရောင်းချမှုနဲ့ ပရိုမိုးရှင်းတွေအကြောင်း နားစွင့်နေလိုက်ပါ! အီးမေးလ်လိပ်စာရှိပါသလား။ info@ reddotnetwork.com သို့ အီးမေးလ် တစ်စောင်ပို့ပြီး ကျွန်တော်တို့ရဲ့ အီးမေးလ်ပေးပို့တဲ့ စာရင်းမှာပါဖို့အတွက် စာရင်းသွင်းလိုက်ပါ။ ဒီလို စာရင်းပေးသွင်းခြင်းကြောင့် Red dot ရဲ့အထူးအစီအစဉ်တွေနဲ့ ပရိုမိုးရှင်း တွေအကြောင်းတစ်ခုမှ မလွတ်သွားအောင် အသိပေးသွားမှာပါ။ 20

ပေးပို့တဲ့မေးလ်မှာ ဒါလေးတွေ ရေးသားပါ။ •

မိမိနာမည်

ဆိုင်နာမည်

မိုဘိုင်းလ်ဖုန်းနံပါတ်နဲ့

မြို့နယ်


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.