Issue 22

Page 1

Issue 22

ဝန်ဆောင်မှုအသစ် မိတ်ဆက်

Red dot ရဲ့ ဆုလက်ဆောင်အစီအစဉ် Zay မှာ ရောင်းပါ! ဈေးကွက် ကိန်းဂဏန်းများ


မာတိကာ 2

Red dot ဆုလက်ဆောင် အစီအစဉ်

4

Johnရဲ့ အမှာစကား

8

Red dot Zay စတင်ဖွင့်လှစ်

Red dot ရဲ့ ဆုလက်ဆောင်တွေ ထုတ်ယူဖို့ “Red dot Card မကြာမီလာမည်” “Red dot နဲ့ ငွေဖြည်သ့ေူ တွအားလံုး လည်း ဆုလက်ဆောင်တွေရ။

9

ဈေးကွက်ဈေးနှုန်းများ

13

Community Online Game Company က Red dot Pay နဲ့ ချိတ်ဆက်

15

Micro Empire အွန်လိုင်း ပညာသင်ကြားမှု အစီအစဉ် Red dot Pay မှာ စတင်

16

ရေဘေးပြန်လည်ထူထောင်ရေးမှာ ပါဝင်နိုင်ဖို့

Red dot Magazine - Issue 22

reddotnetwork.com +95 1370050 businessdevelopment@reddotnetwork.com www.linkedin.com/company/red-dot-network

facebook.com/RedDotNetwork Red Dot Network Myanmar, York Centre, 22 Yaw Min Gyi Street, Yangon, Myanmar. No. 825, 62 Street Between 40 & 41 Street, Mahar Aung, Mandalay, Myanmar.

Red dotဆိငု ရ် ငှ် တွေလည်းကော်မရှငခ် တွေ ရယူနငို မ် ယ့် Rewards အစီအစဉ်” Red dot နဲ့ ဖုန်းငွေဖြည့်သူတိုင်းအတွက် ကျေးဇူးတုံ့ပြန်တဲ့ အစီအစဉ်ဖြစ်ပါတယ်။ ငွေဖြည့်တဲ့ အကြိမ်တိုင်း ရမှတ်တွေစုဆောင်းပြီး ဆုလက်ဆောင်တွေ ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဒီလို ရမှတ်စုဆောင်းရာမှာ လွယ်ကူအဆင်ပြေစေဖို့ Red dot ကတ်တွေကို မကြာခင် အသုံးပြုနိုင်ပါတော့မယ်။ မကြာမီ ထုတ်ဝေတော့မယ့် ဆုလက်ဆောင်ကတ်တွေကို Red dot စတိုးအားလုံးမှာ အခမဲ့ ရယူလိုက်ပါ။ Red dot နဲ့ ဖုန်းငွေဖြည့်တိုင်း ကတ်ကို ဆိုင်ရှင်ထံပေးပြီး ရမှတ်စုဆောင်းပါ။ ပြီးတာနဲ့ လစဉ်သတ်မှတ်စုဆောင်းထားတဲ့ ရမှတ်ပေါ်မူတည်ပြီး မတူညီတဲ့ ဆုလက်ဆောင်တွေကို ထုတ်ယူနိုင်မှာဖြစ်ပါတယ်။ အသေးစိတ် အချက်အလက် တွေကိုတော့ မကြာခင်ရရှိတော့မယ့် Red dot App မှာ လေ့လာကြည့်ရှု နိုင်ပါမယ်။ ဒီအစီအစဉ်မှာ ထူးခြားချက်ကတော့ သတ်မှတ်ထားတဲ့ ရမှတ်ထဲက ဆုလက်ဆောင်တွေကို ကတ်ကိုင်ဆောင်သူတွေက မိမိစိတ်ကြိုက် ရွေးချယ်ခွင့်ရှိတာပါ။ မိမိရဲ့ နေ့စဉ်ဘဝအတွက် လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ကနဦးအနေနဲ့ ရန်ကုန်မြို့မှာရှိတဲ့ Red dot ဆိုင်တိုင်းကို ဖြန့်ဝေပေးသွားပါမယ်။ မကြာခင်မှာပဲ တခြားမြို့တွေနဲ့ မြန်မာနိုင်ငံတဝှမ်း Red dot ရှိတဲ့ တခြားဒေသတွေ အားလုံးကို ထပ်မံဖြန့်ဖြူးပေးနိုင်အောင် ဆောင်ရွက်သွားပါမယ်။ ဒီအစီအစဉ်က ကိုယ်စားလှယ်တွေအတွက် အကျိုးအမြတ်များစွာ ရှိပါတယ်။ ရမှတ်တွေ ထပ်မံစုဆောင်းဖို့ ကတ်ကိုင်ဆောင်သူတွေက ကိုယ့်ဆိုင်ကို နောက်တစ်ကြိမ်လာပြီး ငွေဖြည့်ကြမှာကြောင့် ဖြစ်လို့ပါပဲ။ ငွေလာဖြည့်သူတွေကို Red dot ကတ်တွေထုတ်ပေးပြီး အမှန်တကယ် အသုံးပြုနိုင်အောင် Sign up လုပ်ပေးခြင်းကနေလည်း ကော်မရှင်ခများစွာ ရယူနိုင်ပါဦးမယ်။ ဝန်ဆောင်မှုနဲ့ အသုံးပြုပုံတွေကို အစီအစဉ်မကြေငြာခင်နဲ့ ကြေငြာပြီးနောက်ပိုင်း မှာလည်း ကိုယ်စားလှယ်တွေကို လေ့ကျင့်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။


သင့်ဘဝအတွက် အကျိုးပေးသော အသက်မွေးဝမ်းကြောင်းအလုပ်

မြန်မာ့ရိုးရာ မဟာဘုတ်ဗေဒင်ပညာမှာလာတဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းရွေးချယ်မှုနဲ့ ပတ်သက်လို့ ပြောပြချင်တာပါ။ မဟာဘုတ်တွက်နည်းကလွယ်ပါတယ်။ လူတိုင်းနီးပါး တတ်ကြပါတယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို တည်ပါ။ (၇) နဲ့စားပါ။ ဘာကြွင်းလဲ။ အဲဒီ အကြွင်းအလိုက် အကျိုးပေးအောင်မြင်စေမယ့် လုပ်ငန်းတွေကို ရွေးချယ်ပေးတာဖြစ်ပါတယ်။

ဒါလေးကိုအရင်သိထားပါ။ (၁)-တနင်္ဂနွေဂြိုဟ်... အုပ်ချုပ်ရေးအလုပ်၊ ကျပန်းအလုပ်။ (၂)-တနင်္လာဂြိုဟ်... ခရီးသွားရသောအလုပ်၊ ကုန်သည်အလုပ်။ (၃)-အင်္ဂါဂြိုဟ်... စာပေ၊ စစ်ဘက်၊ ဆေးဘက်။ (၄)-ဗုဒ္ဓဟူးဂြိုဟ်… အနုပညာ၊ အလှပညာလုပ်ငန်း။ (၅)-ကြာသပတေးဂြိုဟ်… ပညာနှင့် ပတ်သက်သောအလုပ်။ (၆)-သောကြာဂြိုဟ်... ခရီးဝေးသွားရသောအလုပ်။ (၀)-စနေဂြိုဟ်... ဝန်ထမ်းအလုပ်၊ လခစားအလုပ်၊ နိုင်ငံရေးအလုပ်။

အဲဒါကိုသိပြီးရင်တော့ ကျွန်တော်တို့ မဟာဘုတ်တွက်မယ်။ ကိုယ့်ရဲ့ မြန်မာမွေးသက္ကရာဇ်ကို (၇) နဲ့ စားလိုက်ပါ။ ဘာကြွင်းသလဲ။ အဲဒီ အကြွင်းအပေါ်မူတည်ပြီး အောက်မှာအကြွင်းအားလုံးအတွက် အကျိုးပေးသော နေ့နံ အလုပ်များကို ဖော်ပြပေးလိုက်ရပါတယ်။ အကြွင်း (၁) ရသူများအတွက် အကျိုးပေးသောလုပ်ငန်းများ (၅)-ကြာသပတေးဂြိုဟ်၊ (၆)-သောကြာဂြိုဟ်၊ (၀)-စနေဂြိုဟ် အကြွင်း(၂)ရသူများအတွက် အကျိုးပေးသောလုပ်ငန်းများ (၆)-သောကြာဂြိုဟ်၊ (၀)-စနေဂြိုဟ်၊ (၁)-တနင်္ဂနွေဂြိုဟ် အကြွင်း(၃)ရသူများအတွက်အကျိုးပေးသောလုပ်ငန်းများ (၀)-စနေဂြိုဟ်၊ (၁)-တနင်္ဂနွေဂြိုဟ်၊ (၂)-တနင်္လာဂြိုဟ် အကြွင်း (၄) ရသူများအတွက် အကျိုးပေးသောလုပ်ငန်းများ (၁)-တနင်္ဂနွေဂြိုဟ်၊ (၂)-တနင်္လာဂြိုဟ်၊ (၃)-အင်္ဂါဂြိုဟ် အကြွင်း (၅) ရသူများအတွက် အကျိုးပေးသောလုပ်ငန်းများ (၂)-တနင်္လာဂြိုဟ်၊ (၃)-အင်္ဂါဂြိုဟ်၊ (၄)-ဗုဒ္ဓဟူးဂြိုဟ် အကြွင်း (၆) ရသူများအတွက်အကျိုးပေးသောလုပ်ငန်းများ (၃)-အင်္ဂါဂြိုဟ်၊ (၄)-ဗုဒ္ဓဟူးဂြိုဟ်၊ (၅)-ကြာသပတေးဂြိုဟ် အကြွင်း (၀) ရသူများအတွက် အကျိုးပေးသောလုပ်ငန်းများ (၄)-ဗုဒ္ဓဟူးဂြိုဟ်၊ (၅)-ကြာသပတေးဂြိုဟ်၊ (၆)-သောကြာဂြိုဟ် တို့ပဲဖြစ်ပါတယ်။

ဆရာဟိန်းတင့်ဇော် ဖုန်း-၆၆၈၇၄၁၅၀၀၂၂။ www.heintinzaw.com မှ ကူးယူဖော်ပြသည်။

03


Ret dot တည်ထောင်သူ John Nagle အမှာစကား

Red dot ဆုလက်ဆောင်တွေ အသင့်ပြင်ထားပြီ! Red dot ငွေဖြည့်ဝန်ဆောင်မှု သုံးစွဲသူတိုင်းအတွက် ဆုလက်ဆောင်တွေ ပြန်လည်ရယူနိုင်မယ့် အစီအစဉ်ကို မကြာမီ အချိန်အတွင်း ကြေငြာပါတော့မယ်။ ဒီဆုလက်ဆောင်အစီအစဉ်က Red dot စတိုးဆိုင်တွေမှာ ဈေးဝယ်သူတွေ ဖုန်းငွေ ပိုဖြည့်လာ

Red dot ကိုယ်စားလှယ်တွေ “ဘဏ်” အသုံးပြုမှုများပြားလာ

စေဖို့ ရည်ရွယ်ပါတယ်။ ဒါဟာ ကျွန်တော်တို့ရဲ့ လက်လီ ဆိုင်ရှင် ကိုယ်စားလှယ်တွေအတွက် အဓိက ရည်ရွယ်တာပါ။ ဆုလက်ဆောင်အစီအစဉ်တွေကို Red dot အသုံးပြုသူ အားလုံးအတွက် အကျယ်တဝင့် ဖန်တီးပေးထားပါတယ်။ သုံးစွဲသူတွေအနေနဲ့ ဆုလက်ဆောင်တွေထုတ်ယူနိုင်မယ်။ အလားတူ Red dot ရဲ့ အဓိကသုံးစွဲသူအဖွဲ့ဝင် ဖြစ်လာအောင် ပါဝင်ဆောင်ရွက်ပေးတဲ့ ကိုယ်စားလှယ်တွေအတွက်လည်း အပိုဆောင်းအခွင့်အရေးတွေကို ဖန်တီးပေးထားပါသေးတယ်။ ဒါကတော့ Red dot ဆိုင်တွေကို ကာစတမ်မာတွေ မကြာခဏလာရောက်တာကြောင့် အကျိုးအမြတ်ရစေတာပါပဲ။ ဝင်ငွေကိုမြှင့်တင်ပေးမယ့် ဒီလိုဝန်ဆောင်မှုအတွက် ကိုယ်စားလှယ်တွေဟာ Red dot ကပေးမယ့် ကော်မရှင်ခတွေ ရရှိမှာဖြစ်ပါတယ်။ ဆိုင်ရှင်တွေရဲ့ စီးပွားရေးလုပ်ငန်းကို ပံ့ပိုးသွားနိုင်ဖို့လည်း ရည်ရွယ်ပါတယ်။ ဒီအစီအစဉ်က Red dot ကတ် ကိုင်ဆောင်သူတွေကို Red dot စတိုးဆိုင်တွေဆီထပ်မံလာရောက်စေချင်တဲ့ ရည်ရွယ်ချက်ပါ။ လူကြီးမင်းတို့အားလုံး၊ ကျွန်တော်တို့ရဲ့ Red dot သုံးစွဲသူတွေအားလုံးအတွက် ရည်ရွယ်လုပ်ဆောင်လိုက်တာပါ။

Red dot ရဲ့မိတ်ဖက်ဘဏ်တွေကနေတဆင့် ကိုယ်စားလှယ် ဆိုင်ရှင်တွေအတွက် အခကြေးငွေမလိုတဲ့ ဘဏ်ဝန်ဆောင်မှုတွေ သုံးနိုင်အောင် ပံ့ပိုးပေးထားပါတယ်။ အချိန်ကုန်လူပန်း သက်သာစေတဲ့ ဒီလို ဝန်ဆောင်မှုတွေကြောင့် လက်လီဆိုင်ရှင် တွေဟာ မိမိရဲ့စီးပွားရေးကို ချဲ့ထွင်ဖို့ တစ်ဘက် တစ်လမ်းက အထောက်အကူဖြစ်စေပါတယ်။ ပွင့်လင်းလာတဲ့ စီးပွားရေးအခြေအနေနဲ့အညီ ပြည်တွင်းဘဏ်တွေရဲ့ နည်းပညာနဲ့ ဝန်ဆောင်မှုပိုင်းတွေ လည်းတိုးတက်လာပါပြီ။ အရင်က မြန်မာနိုင်ငံလူဦးရေရဲ့ တစ်စိတ်တစ်ပိုင်းကသာ ဘဏ်ဝန်ဆောင်မှုတွေကို လက်လှမ်းမှီနိုင်ခဲ့တာပါ။ ခုချိန်မှာတော့ ပြည်တွင်းက ဦးဆောင်ဘဏ်တချို့ဟာ ဘဏ်ခွဲ အရေအတွက်တွေ ထပ်မံတိုးချဲ့နိုင်လာသလို၊ ခေတ်မှီ ဘဏ်လုပ်ငန်း တွေကြောင့် ကိုယ်ပိုင်ဘဏ်စာရင်း မရှိသူတွေပါ ဘဏ်ရဲ့ ဝန်ဆောင်မှုတွေ ရလာပါပြီ။ အနာဂတ်မှာ ဘဏ်စနစ်ကိုအသုံးပြုသူဦးရေ ပိုပြီးတိုးတက်လာဖို့လည်း မျှော်မှန်းထားကြပါတယ်။ ရှေ့ဆက်ပြီး ကိုယ်စားလှယ်တွေအတွက် ပိုမိုအဆင်ပြေလွယ်ကူစေ တဲ့ဘဏ်စနစ်တွေချိတ်ဆက်လုပ်ဆောင်ပေးနိုင်ဖို့လည်း Red dot မှာ အစီအစဉ်တွေရှိပါတယ်။ ဒီလိုဘဏ်ဝန်ဆောင်မှုတွေဟာ Red dot က လက်ရှိ ဝန်ဆောင်မှုပေးနေတဲ့ ဆိုင်အရောက်ဝင်ငွေကောက်ခံမှုစနစ်ကိုလည်း ပံ့ပိုးပေးပါတယ်။ Red dot ရဲ့ မိတ်ဖက်ဘဏ်တွေဖြစ်တဲ့ CB နဲ့ KBZ ဘဏ်တွေ ကတဆင့် မိမိတို့ရဲ့ Red dot စက်တွေကို အခမဲ့ငွေဖြည့်သွင်းမှု လုပ်ဆောင်နိုင်ကြောင်းလည်း သတင်းကောင်းပါးလိုပါတယ်။

04


CBဘဏ်မှာငွေဖြည့်သွင်းမှုတွေဘယ်လိုလုပ်နိုင်မလဲ ငွေဖြည့်သွင်းတဲ့ ကိုယ်စားလှယ်တွေဟာ ဘဏ်ထိသွားစရာမလိုတော့ပဲ မိမိဖုန်းမှာ CB ဘဏ် Mobile Banking App ရှိရုံနဲ့ တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ပါပြီ။

ကိုဇော်ဝင်းထွန်း၊ ကြယ်စင်လင်းစတိုး

CB ဘဏ်ရဲ့ Mobile Banking အသုံးပြုဖို့ လိုအပ်ချက်တွေ

• အသုံးပြုသူဟာ CB စာရင်းရှင်(သို့) ငွေစုစာရင်း (သို့) ATM ငွေစာရင်း တစ်မျိုးမျိုးရှိရပါမယ် ။ • ဒီငွေစာရင်း account နဲ့ mobile banking register လုပ်ထားဖို့ လိုပါတယ်။ • မိမိရဲ့ account နံပါတ်ကို ပထမဆုံးအကြိမ်မှာ Red dot network ရဲ့ Customer Care ကိုအကြောင်းကြားဖို့ လိုပါတယ်။ • အကြောင်းကြားပြီး ၂၄နာရီအကြာမှာ CB Mobile Banking ကို အသုံးပြုပြီး Red dot Payment-Menu မှတဆင့် ငွေလွှဲပြောင်းခြင်းကို စတင်နိုင်မှာဖြစ်ပါတယ်။ • Transfer to other card account menu နဲ့ ငွေလွှဲပြောင်းသူများ ငွေဝင်မှာမဟုတ်ကြောင်း သတိပြုပါ။

CB ဘဏ် Mobile Banking App အသုံးပြုပုံ • • • •

Mobile Banking ပင်နံပါတ် ရိုက်ထည့်ပါ My Service ကို သွားပြီး Payment ကို နှိပ်လိုက်ပါ Red dot Payment ကို ရွေးချယ်ပါ။ ဖြည့်လိုတဲ့ ငွေပမာဏ၊ ဆိုင်နာမည်၊ သုံးစွဲသူ ID (သင့် MID နံပါတ် ၁၅ လုံးကို ရိုက်ထည့်ရန်) နဲ့ ဖုန်းနံပါတ်တို့ကို ဖြည့်စွက်ပါ။ • ငွေလွှဲပြောင်း အောင်မြင်ပါက Success ပေါ်လာလိမ့်မယ်။ • Success မဖြစ်ပါက သင့်အချက်အလက်များ မှန်ကန်မှု ရှိမရှိ ပြန်လည်စစ်ဆေးပြီး ယခင်အဆင့်များအတိုင်း ရိုက်ထည့်ပါ။

သတိပြုရမယ့်အချက်တွေက ဘဏ်ဖွင့်ရက် တနင်္လာမှ သောကြာနေ့များအတွင်းသာ လုပ်ဆောင်ရန်။ ပုံမှန်အားဖြင့် မနက် ၉ နာရီမှ ညနေ ၅ နာရီ အတွင်း ငွေဖြည့်သွင်းမယ်ဆိုရင် ဖြည့်သွင်းတဲ့အချိန်မှ နောက် ၁း၃၀ အတွင်း မိမိစက်ထဲသို့ ငွေဝင်လာမှာဖြစ်ပါတယ်။ သောကြာနေ့ ညနေ ၅ နာရီနောက်ပိုင်းမှ ပေးသွင်းမယ်ဆိုရင်တော့ နောက်တစ်ပတ် တနင်္လာနေ့မှသာ စက်ထဲသို့ ငွေဝင်လာမှာပါ။ အလုံမြို့နယ် အောက်ကြည့်မြင့်နိုင်လမ်းပေါ်မှာ ကြယ်စင်လင်းစတိုး၊ အလုံမြို့နယ် ဆေးပစ္စည်းနဲ့ ကုန်မျိုးစုံ အရောင်းဆိုင်ဖွင့်ထားတဲ့ ကိုဇော်ဝင်းထွန်းကတော့ ၂၀၁၄ ခုနှစ် နှောင်းပိုင်းလောက်ကတည်းက Red dot ကွန်ယက်ကနေ တဆင့် ဖုန်းငွေပေးချေတာကို စတင်ချိတ်ဆက်ခဲ့တာပါ။

ကိုဇော်ဝင်းထွန်း

Red dot စက်ထဲကို ငွေဖြည့်သွင်းမှုအတွက်ကိုတော့ CB ဘဏ်ရဲ့ mobile banking စနစ်ကို အသုံးပြုနေပါတယ်။

ဘဏ်ကတဆင့် ငွေပေးချေမှုကဘာအားသာချက်တွေရှိလဲ အရင်က တခြားဘဏ်တွေကနေ ငွေလွှဲဖြစ်တယ်။ ဇူလိုင်လလောက် ကျတော့ mobile banking စသုံးတယ်။ အဲဒီစပြီး စီဘီဘဏ်နဲ့ပဲ ပို့ဖြစ်တယ်။ ဒီစနစ်ရဲ့ အားသာချက်က ဘဏ်ကိုသွားပြီး အချိန်ကုန်ခံစရာ မလိုတော့ဘူး။။ စီဘီဘဏ်က ငွေလွှဲခလည်း ပေးစရာမလိုဘူး။ ဘဏ်ရဲ့ လုပ်ငန်းစဉ်တွေ တစ်ခုပြီးမှတစ်ခု လုပ်တာလည်း စောင့်စရာမလိုတော့ဘူး။ တခြားအားသာချက်က ကိုယ်ကြိုက်တဲ့အချိန်မှာ ကြိုက်တဲ့ပမာဏအတိုင်း

သွင်းနိုင်တယ်။ ငွေကောက်တဲ့ သူနဲ့ကျတော့ အချိန်မှီပေးသွင်းရမှာတို့၊ ပမာဏသတ်မှတ်ထားတာတို့ ရှိတယ်။ ဘဏ်ခွဲဖွင့်လှစ်နိုင်မှုအားနဲတဲ့ တချို့နေရာတွေမှာတော့ ဆိုင်ရှင်တွေ အနေနဲ့ ငွေကောက်ခံသူကို စောင့်ဖို့လိုလိမ့်မယ်။ အခုနောက်ပိုင်းတော့ များသောအားဖြင့် မြို့ထဲနဲ့ အနီးတဝိုက်နေရာတိုင်းမှာ ဘဏ်ခွဲတွေ ဖွင့်နိုင်လာပါပြီ။ ဘဏ်ကနေတဆင့် ငွေသွင်းတာ ပိုကောင်းတဲ့ရွေးချယ်မှုလို့ ကျွန်တော်မြင်ပါတယ်။ ဘဏ်နဲ့လုပ်တဲ့အခါ အစပိုင်းမှာ နည်းပညာအခက်အခဲလေးတွေ ကြုံရတာရှိတယ်။ အခုနောက်ပိုင်းတော့ တော်တော်အဆင်ပြေလာပြီ။ အခက်အခဲတွေ မရှိသလောက်ပဲ။

Red dot ကိုဘာကြောင့် ရွေးချယ်လဲ စစချင်းမှာ Red dot ရဲ့ “ခဲခြစ်စရာမလိုငွေဖြည့်” နဲ့ပတ်သတ်ပြီး ဈေးဝယ်သူကို ရှင်းပြရတာရှိတယ်။ တချို့က ကတ်ပဲကြိုက်ကြတယ်။ ငွေဖြည့်လိုက်လို့ ကိုယ့်ဖုန်းထဲကို တကယ်ရောက်မလာမှာ စိုးကြတယ်။ နောက်ပိုင်းတော့ ခဲခြစ်စရာမလိုသလို ဖုန်းကတ်အမျိုးအစားမရွေး လိုချင်တဲ့ ပမာဏအတိုင်း ဝယ်နိုင်တဲ့ Red dot နဲ့ ငွေဖြည့်ရတာ ပိုအဆင်ပြေမှန်း သိလာတယ်။ ဆိုင်ရှင်တွေအတွက်လည်း ငွေဖြည့်ကတ်မရောင်းဖြစ်ရင် expire date ဖြစ်သွားတဲ့ အခက်အခဲမျိုး Red dot စက်နဲ့ကျတော့ မရှိဘူး။ Red dot သုံးစွဲတဲ့ နှစ်နှစ်အတွင်းမှာ ရောင်းရတဲ့ပမာဏ တက်လာတယ်။ ပြောရရင် Red dot ကို ရွေးချယ်သုံးစွဲရတဲ့ တခြားအချက်လည်း ရှိသေးတယ်။ သူနဲ့ငွေဖြည့်တဲ့အခါမှာ error မရှိသလောက်ပဲ။ ကျွှန်တော့အနေနဲ့ အကြံပြုလိုတာကတော့ ဖြတ်ပိုင်းက PIN နံပါတ်တွေကို အခုထက်ပိုပြီး ထင်းထင်းနဲ့ စာလုံးကြီးကြီး ဖြစ်စေချင်တယ်။ အသက်ကြီးတဲ့သူတွေအတွက်ကျတော့ နံပါတ်သေးရင်အဆင်မပြေဘူး။

အနာဂတ်အတွက်… ခေတ်နဲ့အညီ နည်းပညာတွေတိုးတက်လာတော့ စီးပွားရေးလုပ်တဲ့အခါမှာ အချိန်တွေ သိပ်စောင့်ဆိုင်းစရာ မလိုတော့ဘူး။ အလုပ် ပိုတွင်ကျယ်လာတယ်။ နောက်ပိုင်းလည်း Red dot က နေဖုန်းငွေဖြည့်တဲ့ ပမာဏ ပိုများလာဖို့ မျှော်လင့်ထားတယ်။ ငွေသွင်းဖို့ကိုလည်း mobile banking ရတဲ့ စီဘီဘဏ်ကနေတဆင့်ပဲ လုပ်ဖြစ်သွားဖို့ရှိတယ်။ 05


Merchant News

KBZဘဏ်မှာငွေဖြည့်သွင်းမှု ဘယ်လိုလုပ်နိုင်မလဲ

ဇူလိုင်၊ သြဂုတ်နဲ့ စက်တင်ဘာလသုံးလကို ပရိုမိုးရှင်းကာလအဖြစ် သတ်မှတ်ထားပြီး ဒီကာလအတွင်း ငွေသွင်းရာမှာ ဘဏ်ဝန်ဆောင်ခပေးစရာမလိုပဲ အခမဲ့ ပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။

ငွေဖြည့်ဖို့ ဘယ်လိုလုပ်ဆောင်ရမလဲ

1/ 2/ 3/ 4/

နီးစပ်ရာ ကမ္ဘောဇဘဏ်ခွဲတစ်ခုကို သွားလိုက်ပါ Red dot Network ငွေစာရင်းကို ငွေဖြည့်ဖို့ပြောပါ MID နံပါတ် ၁၅ ခုကို ရှင်းလင်းစွာရေးသားပါ ငွေသွင်းစလစ်ပြေစာကို ရယူသိမ်းဆည်းပါ

ကိုစန်းရွှေ၊ ရွှေသီမိုဘိုင်း

သတိပြုရမယ့်အချက်တွေက

ဘဏ်ဖွင့်ရက် တနင်္လာမှ သောကြာနေ့များအတွင်းသာ လုပ်ဆောင်ရန်။ ပုံမှန်အားဖြင့် မနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း ငွေဖြည့်သွင်းမယ်ဆိုရင် ဖြည့်သွင်းတဲ့အချိန်မှ နောက် ၃ နာရီအတွင်း မိမိစက်ထဲသို့ ငွေဝင်လာမှာ ဖြစ်ပါတယ်။

ကိုစန်းရွှေ ရွှေသီမိုဘိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်

Red dot Networkရဲ့ ရောင်းအားအကောင်းဆုံး Top Seller Club စာရင်းဝင်သူတစ်ဦး ဖြစ်ပါတယ်။

ယုဇနဥယျာဉ်မြို့တော်၊ စစ်တောင်းအိမ်ရာမှာ မိုဘိုင်းဖုန်းအရောင်းနဲ့ ပြုပြင်ရေးဆိုင် ဖွင့်လှစ်ထားပြီး အနီးတဝိုက်က Red dot ဆိုင်တွေအနက် အစောဆုံး ကိုယ်စားလှယ်ယူခဲ့သူ တစ်ယောက်ပါ။ KBZ ဘဏ်ကဆင့် Red dot စက်ထဲကို ငွေသွင်းရတာ အဆင်ပြေတယ်လို့ ဆိုပါတယ်။

ဘဏ်စနစ်ကိုအသုံးပြုရတာ ဘာအားသာချက်တွေရှိလဲ

အလုပ်တစ်ဖက်နဲ့ အချိန်သိပ်မပေးနိုင်တော့ ငွေကောက်ခံသူကိုစောင့်ဖို့ အဆင်မပြေဘူးလေ။ ကိုယ်က ဆိုင်အတွက် ပစ္စည်းဝယ်ရတာလည်းရှိတော့ ဖုန်းဘေလ်တစ်ခုတည်းမှာ ငွေပမာဏ ဘယ်လောက်ဆိုပြီး သုံးထားဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် သွားရင်းလာရင်း နီးစပ်ရာဘဏ်မှာပဲ ငွေထည့်ဖြစ်တယ်။ အခု ကျွန်တော်ငွေသွင်းဖြစ်နေတဲ့ ဒေါပုံက KBZ ဆို Red dot ကောင်တာ သီးသန့် ထုတ်ပေးထားတယ်။ ငွေသွင်းဖို့ကို အချိန်အကြာကြီး စောင့်စရာမလိုဘူး။ ဒေါပုံဘဏ်မှာက ကောင်တာသီးသန့် ခွဲပေးထားတဲ့အတွက် ကိုယ့်အတွက် အလေးထားသလို ခံစားရတယ်။ နောက်ပိုင်းလည်း KBZ နဲ့ပဲ ဆက်လွှဲဖြစ်နေလိမ့်မယ်။ သူက နေရာတကာမှာ ရှိတာကိုး။ အခုနောက်ပိုင်း ကျွန်တော်တို့နေရာအနီးတဝိုက်မှာ cash collector တွေတောင် သိပ်မတွေ့ရတော့ဘူး။ ဘဏ်က Red dot ကောင်တာ သွားရင်တော့ ကိုယ့်လိုပဲ ကိုယ်စားလှယ်တွေ လေးငါးယောက်လောက် လာသွင်းနေတာ တွေ့ရတယ်။

06

Red dot ကို ဘာကြောင့် ရွေးချယ်လဲ

Red dot နဲ့ လုပ်တာက ကိုယ့်ငွေကြေးကို တစ်စုတစ်စည်းတည်း ဖြစ်စေတယ်လို့ မြင်တယ်။ တစ်သိန်းဖိုး ထည့်ထားတယ်ဆို တစ်သိန်းနဲ့ ဈေးဝယ်သူလိုချင်တဲ့ အမျိုးအစား ပေးလိုက်ရုံပဲ။ ဒီတော့ ကျွန်တော်တို့အတွက် ငွေက တန်ဖိုးပိုရှိသွားပြီး မပြန့်တော့ဘူး။ ငွေဖြည့်ကတ်ကကျတော့ အရင်းအနှီးများတယ်။ MPT, Ooredoo စသဖြင့် ဝယ်ရမယ်။ အဲဒီမှာမှ ၅၀၀၀ တန်၊ ၃၀၀၀ တန် စသဖြင့် ဈေးနှုန်းအစုံလည်း ရှိနေရမယ်။

အနာဂတ်အတွက်…

တခြားငွေပေးချေတဲ့ ဝန်ဆောင်မှုတွေ ပေါ်လာပေမယ့်လည်း Red dot နဲ့ ဆက်လုပ်သွားဖို့ အစီအစဉ်ရှိတယ်။ အခုနောက်ပိုင်းပေါ်လာတဲ့ တခြားနာမည်နဲ့ ငွေဖြည့်တဲ့စက်တွေ စမ်းလုပ်ကြည့်ဖူးတယ်။ ဒါပေမယ့် လောလောဆယ် ကတ်အစုံမရသေးလို့ ပြန်အပ်လိုက်တာရှိတယ်။ Red dot ကနေ မီတာခဆောင်ဖို့နဲ့ စကိုင်းနက်ဘေလ်ဆောင်တဲ့ ဝန်ဆောင်မှုတွေ စတော့မယ်လို့ ကြားတယ်။ ဒီလို ဝန်ဆောင်မှုအားလုံး ပါရလာရင် ပိုကောင်းမယ်။ မြန်မြန်ဖြစ်လာဖို့ မျှော်လင့်တယ်။ အဲဒါဆိုရင် ကျွန်တော်တို့အတွက်လည်း စီးပွားရေးတစ်ခု ဖြစ်သွားမယ်။


ကိုယ်စားလှယ်များအတွက် စိတ်လှုပ်ရှားဖွယ် Red dot Pay PROMOTION လာပါပြီ အွန်လိုင်းငွေပေးချေမှုတွေကို Red dot က စတင်လိုက်ပါပြီ။ဒီလို Red dot Pay အစီအစဉ်နဲ့အတူ Red dot ကိုယ်စားလှယ်တွေအတွက် “စိတ်လှုပ်ရှားဖွယ် ပရိုမိုးရှင်းတွေ” လည်း ပါဝင်လာပါတယ်။ ဒါကြောင့် Red dot Pay များများရောင်းရင်း ဘောနပ်စ်နဲ့ ကံထူးဆုတွေလည်း ရယူလိုက်ကြရအောင်။ ပရိုမိုးရှင်းအစီအစဉ်တွေကတော့

အစီအစဉ်-၁ (သြဂုတ်လ ၁၈ ရက်ကနေ နိုဝင်ဘာ ၁၈ရက်နေ့အထိ)

Bonus

K 2,000

ဒီသုံးလတာအတွင်း Red dot စက်ကတဆင့် Red dot Payနဲ့ ဈေးဝယ်သူတွေရဲ့ အွန်လိုင်းဘေလ်ကျသင့်ငွေတွေ လက်ခံဆောင်ရွက် ပေးခြင်းနဲ့ Red dot Pay PIN တွေရောင်းချရပါမယ်။ ကျေးဇူးတြုံ့ ပန်တဲ့ အနေနဲ့ တစ်လချင်းဆီမှာ ကျပ် ၅၀,၀၀၀ နဲ့ အထက် ရောင်းရတဲ့ ကိုယ်စားလှယ်ဆိုင်တိုင်းအတွက် လစဉ်ငွေကျပ်၂၀၀၀ ကို Red dot စက်ထဲ ထည့်ပေးသွားမှာဖြစ်ပါတယ်။

အစီအစဉ်-၂ (သြဂုတ်လ ၁၈ ကနေ နိုဝင်ဘာ

ရရှိမယ့်

၁၈ ရက်အထိ)

ဆုလက်ဆောင်တွေက

ပရိုမိုးရှင်းကာလအတွင်း Red dot Pay PIN တွေ ရောင်းချရရင်း ဆုလက်ဆောင် ကံထူးနိုင်မှာဖြစ်ပါတယ်။ သုံးလအတွင်း စုစုပေါင်း ရောင်းချငွေ ကျပ် ၂၀၀,၀၀၀ နဲ့ အထက်ရှိတဲ့ ဆိုင်ရှင်တွေတိုင်း ဆုလက်ဆောင် တွေကို မဲဖောက် ကံစမ်းပေးမှာဖြစ်ပါတယ်။

Sony 32” တီဗီ ၁ လုံး Xiaomi (Mi Note) ဖုန်း ၂ လုံး အဝတ်လျှော်စက် ၂ လုံး

ကျပ် ၁၀၀,၀၀၀ တန်ဖိုးရှိ Citymart Gift ဘောက်ချာ ၃ စောင်အပြင် လက်ငင်းငွေ ကျပ်၅၀,၀၀၀ ဆု ၁၀ ဆု တို့ကိုလဲ ကံထူးရယူနိုင်မှာဖြစ်ပါတယ်။

မှတ်ချက် - ပရိုမိုးရှင်းဆုံးဖြတ်ချက်၊ ကန့်သတ်၊ သတ်မှတ်ချက်များကို Red dot မှဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ တစ်စုံတစ်ရာ အငြင်းပွားဖွယ်ရှိသော် Red dot ဧ။်ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

Red dot စက်တိုင်းမှာ Red dot Pay ရနေပါပြီ! Red dot Pay အသုံးပြုပြီး အောက်ပါကုမ္မဏီတွေအတွက် ဘေလ် ပေးချေနိုင်ပြီ ဖြစ်ပါတယ်-

• အွန်လိုင်းဖြင့် mss.com.mm မှ မဂ္ဂဇင်း၊ ဂျာနယ် မှာယူခများပေးချေခြင်း။ • အွန်လိုင်းဖြင့် easyticket.asia မှ အဝေးပြေးကားလ က်မှတ်ဝယ်ယူခများပေးချေခြင်း။ • Carsdb.com တွင်ကားကြော်ငြာခများကို အလွယ်တစ်ကူ ပေးချေနိုင်ခြင်း။ • Myanmar game မှ Shan Koe Mee ဂိမ်းငွေကြေးများ၊ Myplay မှ Shan Koe Mee world ဂိမ်းငွေကြေးများဝယ်ယူနိုင်ခြင်းတို့အပြင် • အခြားသော Fantasy King ဂိမ်း၊ စောရရာဇာဂိမ်း၊ White Merak Comic app အတွက်ငွေကြေးများ နှင့် Myanmar Music Store မှ သီချင်းများကိုလည်း Red dot Pay PIN ဖြင့် လွယ်လင့်တစ်ကူ ဝယ်ယူအသုံးပြုနိုင်ပြီဖြစ်ပါတယ်။

ပိုပြီးသိရှိနားလည်စေဖို့ အသုံးပြုပုံ အသေးစိတ်ကို ရှင်းပြပေးထားပါတယ်။ Red dot Pay PIN ရောင်းချပုံ အဆင့်ဆင့်Red dot စက်မှ ၁။ OK ကို နှိပ်ပါ။ ၂။ Red dot Pay ကိုရွေးပါ ။ ၃။ Pay Pin ကိုရွေးချယ်ပြီးပါက ဈေးဝယ်သူ အလိုရှိသော ငွေအရေအတွက်ကို ပုံမှန်အတိုင်း အခြားငွေဖြည့်ကတ် MPT, Telenor, Ooredoo ငွေဖြည့်ကတ်များကို Red dot စက်မှရောင်းသကဲ့သို့ ရောင်းချပေးနိုင်ပါတယ်။

Red dot Pay Voucher ID ဖြင့် ဘေလ်ပေးဆောင်ပုံ အဆင့်ဆင့်Red dot စက်မှ ၁။ OK ကို နှိပ်ပါ။ ၂။ Red dot Pay ကိုရွေးပါ ။ ၃။ Enter Voucher ID ကိုရွေးပါ ၄။ ကုဒ်နံပါတ်ရိုက်ထည့်ပါ ပြီးလျှင် OK ကိုနှိပ်ပါ။ (ဈေးဝယ်သူယူဆောင်လာသော ကုဒ်နံပါတ်) ၅။ စက်၏ လျှို့ဝှက်နံပါတ် ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ။ ၆။ ထွက်လာသော Customer ဖြတ်ပိုင်းကို ဈေးဝယ်သူအားပေး၍ ကျသင့်ငွေတောင်းခံပါ။ 07


အသုံးမလိုတာတွေပြန်ရောင်းရင်း အပိုဝင်ငွေဖန်တီးပေးမယ့် Red dot Zay ဖွင့်လှစ်လိုက်ပြီ အိမ်မှာအသုံးမတည့်လို့ပိုလျှံနေတဲ့ ဘယ်လိုပစ္စည်း အမျိုးအစားကို မဆို အချိန်မရွေး အဆင်ပြေလွယ်ကူစွာနဲ့ အခမဲ့ရောင်းချနိုင်ဖို့ reddotzay. com က ကြိုဆိုပါတယ်။ အွန်လိုင်းကတဆင့် ကြော်ငြာခမလို၊ အရေအတွက် အကန့်အသတ် မရှိ ရောင်းဝယ်နိုင်မယ့် Red dot Zay ကို စက်တင်ဘာ၁ရက်နေ့က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စတင်ကြေငြာလိုက်ပါတယ်။ Red dot Zay ကို သြဂုတ်လ ၁ ရက်နေ့မှာ Red dot ဝန်ထမ်းတွေနဲ့ လက်လီဆိုင်ပိုင်ရှင်တချို့က ရှေ့ပြေးစမ်းသပ် ရောင်းချခဲ့ရာမှာလည်း… လှိုင်မြို့နယ်မှာ Top Idea ဖုန်းနဲ့ အသုံးအဆောင်ပစ္စည်းဆိုင် ဖွင့်လှစ်ထားတဲ့ ကိုကျော်မျိုးလှိုင်က Red dot ဈေးကနေ ရောင်းချရင်း အပိုဝင်ငွေ ရှာဖွေနိုင်ခဲ့ပါတယ်။

“Zay ဝဘ်ဆိုက်ကနေတဆင့် ကိုယ့်ဆိုင်ကပစ္စည်းကို အလွယ်တကူနဲ့ ရောင်းနိုင်ခဲ့တယ်။ နှစ်ပတ်အတွင်း ရောင်းထွက်သွားတယ်။

အောက်ဖော်ပြပါအဆင့်အတိုင်း သင့်ကုန်ပစ္စည်းတွေကို ဝဘ်ဆိုက်မှာတင်ပြီး ရောင်းဝယ်မှုစတင်လိုက်ပါ။

ရောင်းမယ်ဆိုရင်

၁။ ပစ္စည်းအမျိုးအစားခေါင်းစဉ်ရွေးချယ်ပါ။ ၂။ အသေးစိတ်အချက်အလက်များဖြည့်သွင်းပါ။ ၃။ ရောင်းချမယ့်ပစ္စည်းဓါတ်ပုံတင်ပါ။ ဒီလို လွယ်ကူလျင်မြန်တဲ့ အချက်သုံးချက် အခမဲ့ဖြည့်သွင်းရုံနဲ့ သင့်ထံကို ဈေးဝယ်သူတွေက တိုက်ရိုက်ဆက်သွယ်လာတော့မှာဖြစ်ပါတယ်။

တစ်စုံတစ်ရာ ဝယ်ယူရန် ရှာဖွေနေပါက

၁။ သင်ရှာဖွေနေတဲ့ ပစ္စည်းအမျိုးအစားကို ‘ရှာဖွေရန် box’ တွင် ဖြည့်သွင်းပါ။ ၂။ သာမန်ရှာဖွေခြင်းအပြင် အသေးစိတ်အချက်အလက်တွေကိုလည်း ထည့်သွင်းပြီး စိတ်ကြိုက်ပစ္စည်းတွေကို အတိအကျရှာဖွေနိုင်ပါတယ်။ ၃။ သင့် စိတ်တိုင်းကျပစ္စည်း ယခုမတွေ့သေးပါကလည်း ရောင်းလိုသူပေါ်ပေါက်လာပါလျှင် သင့်ထံ Red dot Zayက ဆက်သွယ်အသိပေးနိုင်အောင်လည်း ပြုလုပ်လို့ရပါသေးတယ်။

ကြော်ငြာခတွေကို Red dot Pay PIN နဲ့ ဘယ်လိုပေးချေမလဲ

ဆိုင်မှာရှိတဲ့ပစ္စည်းတွေကို ဒီဝဘ်ဆိုက်ကနေ ထပ်ရောင်းဖို့လည်း ရှိတယ်။ ဝယ်တဲ့သူတွေရော၊ ရောင်းတဲ့သူတွေအတွက်ပါ အဆင်ပြေတဲ့ ဝဘ်ဆိုက်ပါ” ကဲ…ဒါဆို သင့်ရဲ့အသုံးမလို ပိုလျှံနေတဲ့ပစ္စည်းတွေအတွက် ဘာလို့စိတ်ရှုပ်ခံနေတော့မလဲ။ “သင့်ကုန်စည်တွေကို လူအများမြင်သာအောင် ထင်သာမြင်သာရှိတဲ့နေရာမှာ ကြော်ငြာချင်တယ်ဆိုရင်တော့ ကြော်ငြာခသက်သာစွာနဲ့ ဝဘ်ဆိုက်မှာ လွှင့်တင်နိုင်မှာဖြစ်ပါတယ်။ အထူးကြော်ငြာခတွေ ပေးသွင်းတဲ့နေရာမှာ နီးစပ်ရာ Red dot ဆိုင်တွေက Red dot Pay PIN တွေ ဝယ်ယူပြီး အလွယ်တကူပဲ ပေးချေနိုင်ပါတယ်”

08

Red dot Zay မှာ ဘယ်လိုရောင်းဝယ်ကြမလဲ

၁။ အနီးစပ်ဆုံး Red dot စတိုးဆိုင်ကိုသွားပြီး နှစ်သက်ရာ Pay PIN တန်ဖိုးကို ရွေးချယ်ပါ။ ၂။ premium ကြော်ငြာခအတွက် ငွေပေးချေရန် Red dot Zay ရဲ့ လမ်းညွှန်ချက်အတိုင်း လုပ်ဆောင်ပါ။ ၃။ PIN နံပါတ်ဖြည့်သွင်းရမယ့် အကွက်ထဲကို Red dot Pay PIN နံပါတ်ကို ဖြည့်သွင်းပါ။

Red dot ကိုယ်စားလှယ်တွေအတွက် အကျိုးကျေးဇူးများ

Red dot ကိုယ်စားလှယ်တွေအနေနဲ့လည်း မိမိတို့ဆိုင်မှာ လူကြိုက်နဲပြီး အရောင်းမသွက်တဲ့ ကုန်ပစ္စည်းကိုဖြစ်စေ၊ အနှစ်နှစ်အလလ အသုံးမလိုလို့ အံဆွဲထဲမှာသိမ်းထားတဲ့ ရှေးဟောင်းနာရီလေးကိုဖြစ်စေ၊ ဒီ reddotzay.com မှာ တင်ရောင်းပြီး အပိုဝင်ငွေရှာဖွေနိုင်ပါသေးတယ်နော်။ တစ်ဖက်ကလည်း ကြော်ငြာခကောက်ခံရင်း ကော်မရှင်တွေရယူလိုက်ပါဦး။

reddotZAY.com


သြဂုတ်လအတွင်းပြောင်းလဲဖြစ်ပေါ်ခဲ့တဲ့ဈေးနှုန်းတွေကို ရက်သတ္တပတ်အလိုက် အခြေခံဖော်ပြထားခြင်းဖြစ်ပါတယ်။

ဈေးကွက်ဈေးနှုန်းအညွှန်း အစိုးရ တရားဝင်ဝဘ်ဆိုက်တွေ ဖြစ်တဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ ရန်ကုန် စတော့အိတ်စ်ချိန်းနှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွေရဲ့ စာရင်းတွေကို မှီငြမ်းထားခြင်း ဖြစ်ပါတယ်။ စက်တင်ဘာလပထမပတ် ဈေးနှုန်းများ ငွေလဲနှုန်း

ကျပ် ၁၂၁၀ = အမေရိကန်တစ်ဒေါ်လာ

အခေါက်ရွှေ

ကျပ် ၈၅၀, ၀၀၀ (ရန်ကုန်) ကျပ် ၈၉၄,၃၀၀ (မန္တလေး)

ရှယ်ယာဈေး

ကျပ် ၂၀,၀၀၀ (FMI) ကျပ် ၄၂,၀၀၀ (MTSH) ကျပ် ၁၂,၀၀၀ (MCB)

စက်သုံးဆီဈေး ကျပ် ကျပ် ကျပ် ကျပ်

၅၇၀ ၆၀၀ ၆၅၀ ၅၇၀

(ဒီဇယ် ပုံမှန်) (ဒီဇယ် ပရီမီယံ92) (ဒီဇယ် ပရီမီယံ95) (အောက်တိန်း)

09


အဆင်ပြေလွယ်ကူတဲ့ Viber Out အကြောင်း လူတွေပြောလာကြပြီ! Viber App က မြန်မာနိုင်ငံမှာလူသုံးအများဆုံး application ပါ။ Viber Out ခေါ်ဆိုမှုတွေအတွက် လွယ်ကူစွာအကောင့်ဖွင့်နိုင်ပြီး အဆင်တပြေနဲ့ အသုံးပြုနိုင်မှုကြောင့် သုံးစွဲသူတွေများပြားလာပါတယ်။ ဒီတော့… Viber Out ဆိုတာဘာလဲ? Viber Out ဆိုတာViber app ကတဆင့် ဖုန်းခေါ်ဆိုတဲ့ ဝန်ဆောင်မှုတစ်ခုပါ။ မည်သည့် နိုင်ငံတကာ မိုဘိုင်းဖုန်းအမျိုးအစား၊ ကြိုးဖုန်းအမျိုးအစားကိုဖြစ်စေ ဈေးသက်သာစွာ တိုက်ရိုက် ဖုန်းခေါ်နိုင်မှာ ဖြစ်ပါတယ်။ Viber app ထည့်သွင်းမထားတဲ့ ဖုန်းကိုလည်း ခေါ်ဆိုနိုင်ပါတယ်။ Red Dot စတိုးဆိုင်တိုင်းမှာ Viber Out ခေါ်ဆိုခတွေကို ငွေသားနဲ့ အလွယ်တကူ ပေးချေနိုင်မှာ ဖြစ်ပါတယ်။

Viber Out Credit ကို ဘယ်လိုဖြည့်မလဲ? ဖုန်းနံပါတ်နဲ့ Viber အကောင့်ဖွင့်ပါ။ Viber Out Credit ကို နီးစပ်ရာ Red dot စတိုးဆိုင်မှာဖြည့်ပါ။ ဆိုင်ရှင်ကို မိမိ Viber account ဖုန်းနံပါတ် ပြောပြပြီး ဖြည့်သွင်းမယ့်ပမာဏကို ပေးလိုက်ပါ။ Viber Out ငွေဖြည့်ရမှာ Viber app ဖွင့်ထားတဲ့ ဖုန်းနံပါတ်ဖြစ်ဖို့တော့ သတိပြုပါ။ ကျပ် ၁၀၀၀ ကနေ ၁၀,၀၀၀ အထိ နှစ်သက်ရာပမာဏ ရွေးချယ်ဖြည့်သွင်းပါ။ စက္ကန့်အနည်းငယ် အတွင်း Viber Out ငွေဖြည့်ပြီးကြောင်း SMS ဝင်လာပါမယ်။ ဒါဆိုရင် နိုင်ငံတကာကိုအလွယ်တကူ ဖုန်းခေါ်နိုင်ပြီပေါ့။

Viber Out Credit ကို Red Dot ဆိုင်အားလုံးမှာ အောက်ပါအတိုင်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။

Red Dot Terminal စက်တွင်ရောင်းချရန်

Red Dot Tablet စက်တွင်ရောင်းချရန်

1/ 2/

1/ 2/ 3/

3/ 4/ 5/ 6/

Menu ကိုသွားပြီး TOPUP ကိုရွေးချယ်ပါ။ နံပါတ် (၆) ကို နှိပ်ပြီး Viber Out ကို ရွေးချယ်ပါ။ ငွေဖြည့်တန်ဖိုး ကျပ် ၁၀၀၀ မှ ကျပ် ၁၀,၀၀၀ အထိ ရွေးချယ်ပြီး OK ကို နှိပ်ပါ။ စက်၏ လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပြီး OK ကို နှိပ်ပါ။ မြန်မာနိုင်ငံရဲ့ သက်ဆိုင်ရာကုဒ်နံပါတ် (+95) အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး ဝယ်ယူသူ၏ ဖုန်းနံပါတ်အား ဖြည့်သွင်းပါ။ ပြည်ပမှ ဖုန်းများအတွက် ငွေဖြည့်ပေးလိုပါက သက်ဆိုင်ရာနိုင်ငံ၏ ကုဒ်နံပါတ် (Country Code) ကို ရိုက်ထည့်ပြီး ဖုန်းနံပါတ် ဖြည့် သွင်းပါ။ ဖုန်းနံပါတ်နှင့် ငွေဖြည့် တန်ဖိုးအား အတည်ပြုပြီးနောက် OK ကို နှိပ်ပါ။ သင့်ဖုန်းအတွင်းသို့ အလိုအလျောက် ငွေဖြည့်သွင်းပြီးပါပြီ။

4/

5/ 6/

Menu ကိုသွားပြီး TOPUP ကိုရွေးချယ်ပါ။ Viber ကိုရွေးချယ်ပါ။ မြန်မာနိုင်ငံ၏ သက်ဆိုင်ရာကုဒ်နံပါတ် (+95) အလိုအလျောက် ပေါ်နေမည်ဖြစ်ပြီး ဝယ်ယူသူ၏ဖုန်းနံပါတ်အား ဖြည့်သွင်းပါ။ ပြည်ပမှဖုန်းများအတွက် ငွေဖြည့်ပေးလိုပါက +95 အစား သက်ဆိုင်ရာနိုင်ငံ၏ ကုဒ်နံပါတ် (Country Code) ကို ရိုက်ထည့်ပြီး ဖုန်းနံပါတ်ဖြည့်သွင်းပါ။ ငွေဖြည့်တန်ဖိုး ကျပ် ၁၀၀၀ မှ ကျပ် ၁၀,၀၀၀ စသည်ဖြင့် ရွေးချယ်ပြီး “အတည်ပြုရန်” ကို နှိပ်ပါ။ ဖုန်းနံပါတ်နှင့် ငွေဖြည့်တန်ဖိုးအား အတည်ပြု ပြီးနောက် “အတည်ပြုရန်” ကို နှိပ်ပါ။ သင့်ဖုန်းအတွင်းသို့ အလိုအလျောက် ငွေဖြည့်သွင်းပြီးပါပြီ။

Viber Out အသုံးပြုပြီး နိုင်ငံတကာသို့  ဈေးနှုန်းချိုသာစွာဖုန်းခေါ် ဆိုလိုက်ရအောင်! Viber Out ဆိုတာ Viber အသုံးပြုသူတွေ မည်သည့်ဖုန်းနံပါတ်မဆို ဈေးနှုန်းချိုသာစွာ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်တဲ့ဝန်ဆောင်မှုပဲဖြစ်ပါတယ်။ ယခုအခါ မည်သည့်အိမ်ဖုန်း ကြိုးဖုန်းကိုမဆို နိုင်ငံတကာသို့ တိုက်ရိုက်ဖုန်းခေါ်ဆိုနိုင်ပြီဖြစ်ပြီး ဖုန်းလက်ခံတဲ့ဘက်မှ အင်တာနက်ကော၊ Viber Application ကောရှိစရာမလိုပါဘူး။ Viber out Credit များကို ယခုအခါ ကြိုက်နှစ်သက်ရာ Red dot ဆိုင်များတွင် မြန်မာကျပ်ငွေဖြင့်ဝယ်ယူရရှိနိုင်ပါပြီ။ ပိုမိုသိရှိလိုပါကး reddotnetwork.com/articles/112 10

|

viberout-lp.viber.com/reddot


သီချင်းချစ်သူတွေအတွက် Myanmar Music Store မှာ Red dot Pay PIN နဲ့ဝယ်ယူနိုင် အရင်လကစပြီး Red dot ရဲ့ Pay Partner အဖြစ်ပါဝင်လာတဲ့ Myanmar Music Store မှာ မြန်မာသီချင်းအယ်လ်ဘမ်အသစ်တွေ ဝယ်ယူနိုင်ပါတယ်။ ဒါကြောင့် သီချင်းချစ်သူတွေအနေနဲ့ အနီးဆုံး Red dot ဆိုင်တွေမှာ Red dot Pay PIN တွေဝယ်ယူပြီး သီချင်းတွေကို ဒေါင်းလုဒ် ရယူကြစို့နော်။ Myanmar Music Store ရဲ့ ဝဘ်ဆိုက် (www.myanmarmusicstore.com) မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။ ဒီဝဘ်ဆိုက်ကို Legacy Music Network Company က တည်ထောင်ပြီး အသစ်ထွက် သမျှ မြန်မာသီချင်း အားလုံးကို တစ်နေရာ ထဲမှာ ဝယ်ယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အွန်လိုင်း Music store ဖြစ်ပါတယ်။

Myanmar Music Store မှ သီချင်းများကို Red dot Pay PIN ဖြင့် ဝယ်ယူနိုင်ခြင်း

Red dot ဆိုင်ရှင်တွေအနေဖြင့်လည်း Red dot PAY PIN ဝယ်ယူလိုသူတွေအတွက် အောက်ပါအတိုင်း ရောင်းချပေးပြီး အပိုကော်မရှင်ခတွေ ရယူနိုင်ပါပြီ။

www.myanmarmusicstore.com နဲ့ Myanmar Music Store မိုဘိုင်း

Myanmar Music Store အတွက် Red dot

Application တို့မှာ သီချင်းတွေအားလုံးကို လွယ်လင့်တကူ ဝယ်ယူဒေါင်းလုဒ် ရယူနိုင်ပါတယ်။ Myanmar Music Store ဝက်ဆိုက်ဒ်ပေါ်မှာ အကောင့်ရှိနေပြီဆိုရင် သီချင်းတွေဝယ်ယူနိုင်ဖို့အတွက် Red dot ဆိုင်များမှ Red dot Pay PIN ဖြင့် ဝယ်ယူငွေဖြည့်သွင်းပြီး ဝယ်ယူလို့ရပါတယ်။

1/ 2/ 3/ 4/ 5/

ဥပမာ - မိမိဝယ်ယူလိုတဲ့ အယ်ဘမ်က (၁၈၅၀) ခန့်ကျသင့်မယ်ဆို Red dot Pay PIN ကို (၂၀၀၀)ကျပ်ဖိုးဝယ်ယူပြီး Myanmar Music Store မှာသွားရောက်ဖြည့်သွင်းပါ။ မိမိဝယ်ယူလိုတဲ့ သီချင်းပမာဏအလိုက် Pay PIN ကိုဝယ်ယူပြီး သီချင်းတွေကို ရယူနိုင်ပါတယ်။

Pay PIN ဝန်ဆောင်မှုပေးရန် Red dot စက်မှ

6/ 7/ 8/

OK ကိုနှိပ်ပါ။ Red dot Pay ကိုရွေးပါ။ Pay PIN ကိုရွေးချယ်ပါ။ သုံးစွဲသူဝယ်လိုတဲ့ငွေပမာဏကို ရွေးချယ်ပါ။ ဝယ်ယူလိုသည့်အရေအတွက်ကို ရိုက်ထည့်ပြီး

(OK) ကိုနှိပ်ပါ။ စက်၏ လျှို့ဝှက်နံပါတ် Terminal Passcode ကိုရိုက်ထည့်ပြီး (OK) ကိုနှိပ်ပါ။ ဝယ်ယူသူကို Pay PIN နံပါတ်ပါနဲ့သုံးစွဲမှု လမ်းညွှန်များပါဝင်တဲ့ဖြတ်ပိုင်းကိုပေးပါ။ ဆိုင်ရှင်ဖြတ်ပိုင်းလိုချင်ရင်တော့ (OK) ကိုနှိပ်ပါ။

11


12


Community online ရဲ့ဂိမ်းအသစ်ကို Red dot Payနဲ့ ချိတ်ဆက်

Zombie Wars၊ ဒုတိယကမ္ဘာစစ်ပွဲလို ပုံစံမျိုးဖြစ်တဲ့ Tank! Tank! စတာတွေကိုလည်း ဒေါင်းလုဒ်ရယူနိုင်မှာဖြစ်ပါတယ်။

Community Online ကုမ္ပဏီအကြောင်း

Community onlineကုမ္ပဏီရဲ့ ပထမဆုံးFast Furious မိုဘိုင်းဂိမ်းအသစ်နဲ့ Red dot Pay တို့ ချိတ်ဆက်လိုက်ပါပြီ။ မြန်မာနိုင်ငံအတွက် အဓိကတီထွင်ထားတာဖြစ်ပါတယ်။ ဂိမ်းအတွက် Gems တွေကို နီးစပ်ရာ Red dot စတိုးတွေမှာ သွားရောက်ဝယ်ယူနိုင်ပါပြီ။

ဂိမ်းအညွှန်း Fast Furious ဆိုတာမြန်မာနိုင်ငံရဲ့အကောင်းဆုံး ကားပြိုင်ပွဲဆီးရီးဂိမ်း အမျိုးအစားတစ်ခုပါ။ လွယ်ကူပြီး ပျော်စရာကောင်းတဲ့ဂိမ်းအဖြစ် သင်မြင်တွေ့ရမှာပါ။ မြန်မာနိုင်ငံရဲ့ landscapes ရှုခင်းတွေ၊ အဆောက်အဦးတွေ၊ ကားနဲ့ ဇာတ်ဆောင်တွေကို ဂိမ်းထဲမှာ ထည့်သွင်းထားပါတယ်။ မြို့ပြယာဉ်ကြောအတွင်း ယှဉ်ပြိုင်မောင်းနှင်ရမှာ ဖြစ်ပြီး ဂိမ်းထဲမှာပံ့ပိုးပေးထားတဲ့ ကားအမျိုးအစားတွေက သင့်အကြိုက်နဲ့ ထပ်တူကျစေမှာပါ။ အပြင်မှာတကယ်ရှိတဲ့ လမ်းတွေအတိုင်း ပုံဖော်ထားပေမယ့် မျှော်လင့်မထားတဲ့ အချိုးအကွေ့တွေ ကြုံတွေ့ရမှာဖြစ်တာကြောင့် ဒီဂိမ်းကသင့်ကို စွဲလမ်းနှစ်သက်စေမှာပါ။ ကားပြိုင်ပွဲဟာ အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ အားကစားနည်း တစ်ခုဖြစ်ပါတယ်။ အခမဲ့ကစားနိုင်မှာ ဖြစ်ကြောင်း မြန်မာဂိမ်းဝါသနာရှင်တွေကို အသိပေးလိုက်ပါတယ်။

အမြန်နှုန်းမြင့်ကားနဲ့ ဘက်စ်ကားတွေကို မြို့ပြလမ်းတွေပေါ်မှာ မောင်းနှင်ကြည့်ရအောင်! ပထမဆုံး ကားဂိမ်းဖြစ်တဲ့ Fast Furious စာမျက်နှာကို ဖေ့စ်ဘုတ်မှာ ရိုက်ထည့်ပြီး ရှာဖွေနိုင်ပါတယ်။ https://www.facebook. com/1146766678691225/photos/1210472292320663 ဒါ့အပြင် community onlineရဲ့ အခြား ဂိမ်းအသစ်တွေဖြစ်တဲ့ fantastic Myanmar ဆိုတဲ့ candy crash ပုံစံဂိမ်း၊ တိုက်ခိုက်ရေးဂိမ်း ပုံစံမျိုးဖြစ်တဲ့

မိုဘိုင်းဂိမ်းတွေအပါအဝင် အခြားလူမှုကွန်ယက် တည်ဆောက်တဲ့ Apps တွေ ထုတ်လုပ်တဲ့ နိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၅ခုနှစ် ဒီဇင်ဘာလထဲမှာ တည်ထောင်ခဲ့ပါတယ်။ Fast Furious ဂိမ်းဟာ Community Online ကုမ္ပဏီက တီထွင်ထားတဲ့ ပထမဆုံးဂိမ်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီး တခြားသော ဆန်းသစ်ဂိမ်းများကို MM Games ဆိုတဲ့ ဂိမ်းစင်တာမှတဆင့် တီထွင်ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ တိုးတက်ပွင့်လင်းလာတဲ့ နိုင်ငံ့အခြေအနေတွေကြောင့် အွန်လိုင်း ရောင်းဝယ်မှု ဈေးကွက်ကလည်း အနာဂတ်မှာ အားကောင်းလာဖို့ မျှော်လင့်ထားပါတယ်။ ကုမ္ပဏီဟာ အွန်လိုင်းဈေးကွက် အထူးကျွမ်းကျင်မှုရှိပြီး မြန်မာနိုင်ငံနဲ့ လိုက်လျောညီထွေမယ့် အသိပညာတွေနဲ့ Application ပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုတို့ပါ ထပ်ဖြည့်ထားပါတယ်။ Red dot ကိုယ်စားလှယ်တွေအနေနဲ့ Red dot Pay PIN လာဝယ်တဲ့ ဖေါက်သည်တွေကို Fast Furious ဂိမ်းမှ Gems များရယူရန် မိမိတို့ရဲ့ Red dot စက်မှတစ်ဆင့် အောက်ပါအတိုင်းရောင်းချပေးနိုင်ပါတယ်။

Red dot စက်ကနေ-

• OK ကိုနှိပ်ပါ • Red Dot Pay ကိုရွေးချယ်ပါ • • • •

Pay PIN ကိုရွေးချယ်ပါ သုံးစွဲသူဝယ်ယူလိုတဲ့ငွေပမာဏကိုရွေးချယ်ပါ ဝယ်ယူလိုတဲ့အရေအတွက်ကို ရိုက်ထည့်ပြီး (OK) ကိုနှိပ်ပါ စက်ရဲ့လျှို့ဝှက်နံပါတ် Terminal passcode ကို ရိုက်ထည့်ပြီး (OK) ကိုနှိပ်ပါ • ဝယ်ယူသူကို Pay Pin နံပါတ်ပါနဲ့ သုံးစွဲမှုလမ်းညွှန်ချက်များ ပါဝင်တဲ့ ဖြတ်ပိုင်းကိုပေးပါ • ဆိုင်ရှင် ဖြတ်ပိုင်းလိုချင်ရင်တော့ (OK) ကိုနှိပ်ပါ။

13


14


မိုက်ခရိုအင်ပိုင်ယာရဲ့ အွန်လိုင်းပညာပေး အစီအစဉ် Red dot Pay နဲ့ ချိတ်ဆက်လိုက်ပါပြီ မိမိရဲ့ငွေကြေးကို ကောင်းမွန်စွာ စီမံခန့်ခွဲလိုပါသလား။ အကြွေးတွေများလို့ စိတ်မောနေပြီလား။ လိုချင်တာတွေ ဝယ်ယူနိုင်ဖို့ ငွေစုဆောင်းမှုကို ပိုပြီးနားလည်လိုပါသလား။ ဒါမှမဟုတ် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းတစ်ခု စတင်ချင်ပြီလား။ မိုက်ခရိုအင်ပိုင်ယာက ပြုလုပ်တဲ့ အွန်လိုင်းပညာရေးအစီအစဉ်က စီးပွားရေးလုပ်ငန်းငယ်လေးတွေ စတင်ဖို့ အကူအညီ ပေးပါလိမ့်မယ်။ ဒီသင်ယူမှုကနေ ငွေကြေးစီမံခန့်ခွဲမှုနဲ့ စီးပွားရေးလုပ်ငန်းကို နားလည်သဘောပေါက်လာစေမှာ ဖြစ်ပါတယ်။ ဒါဆိုရင် မြန်မာနိုင်ငံရဲ့ ကျေးလက်မြို့ပြနေ အခြေခံလူတန်းစားတွေအတွက် စီးပွားရေးလုပ်ငန်းငယ်တစ်ခုစတင် ဖို့ဟာ သိပ်မခက်ခဲတော့ပါဘူး။ မိမိရဲ့ရည်မှန်းချက်တွေ ပြီးပြည့်စုံဖို့အတွက် အွန်လိုင်းပညာရေးစနစ်သင်ယူမှုကို အခုပဲစတင်လိုက်ပါ။

မိုက်ခရိုအင်ပိုင်ယာ(Micro Emprie) ဆိုတာဘာလဲ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် ရည်ရွယ်ပြီး ဆင်းရဲမွဲတေမှုနဲ့ အလုပ်လက်မဲ့ပြသနာကို လျော့ပါး စေတဲ့ လူမှုရေးအဖွဲ့အစည်း လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်ပါတယ်။ မြန်မာနိုင်ငံရဲ့ အသေးစား စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ ရင်းနှီးမြှပ်နှံမှု ကဏ္ဍအတွက် လေးနှစ်ကျော် အချိန်ယူလေ့လာခဲ့တာ ဖြစ်ပါတယ်။

မြို့ပြနေ အခြေခံလူတန်းစားတွေနဲ့ ကျေးလက်ဒေသမှာ ရှိတဲ့ လက်လုပ်လက်စားများ၊ လယ်သမားများသာမက လူငယ်နဲ့ အမျိုးသမီးများအတွက် ဒီပညာပေး အစီအစဉ်တွေက တဆင့် မိမိကိုယ်ပိုင် ငွေကြေးနဲ့ လုပ်ငန်းစတင်လည်ပတ်နိုင်ဖို့ ရည်ရွယ်ပါတယ်။ “အွန်လိုင်းကနေ သင်ကြားပေးမယ့် အစီအစဉ်ဖြစ် တာကြောင့် စာသင်ခန်းထဲ သွားရောက်သင်ကြား စရာမလို၊ သီးသန့်အချိန်ပေးစရာမလိုတဲ့ အားသာချက်တွေ ရှိပါတယ်”

သင်ယူနိုင်မယ့် ခေါင်းစဉ်တွေကတော့ • • • • • • •

ဘက်ဂျက်ရေးဆွဲခြင်း ငွေစုအစီအစဉ် အကြွေးတွေကို စီမံခန့်ခွဲခြင်း ဘယ်လိုစုဆောင်းမှု ပြုလုပ်သင့်လဲဆိုတာ ကောင်းမွန်တဲ့ ငွေချေးငှားမှုဆိုတာဘာလဲ ဘယ်လိုစီးပွားရေးမျိုး စလုပ်ရမလဲ လုပ်ငန်းတစ်ခုအောင်မြင်ဖို့ ဘာလုပ်သင့်သလဲ တို့ပဲဖြစ်ပါတယ်။

သင်ကြားရေးအတွက် လုပ်ဆောင်ရမယ့် အဆင့်တွေ အလွန်လွယ်ကူ ၁) နီးစပ်ရာ Red dot ဈေးဆိုင်တွေမှာ ကျပ် ၁၀၀၀ သို့မဟုတ် ကျပ် ၅၀၀၀ တန် Red dot Pay PIN တွေနဲ့ သက်ဆိုင်ရာ သင်ခန်းစာတွေကို ဝယ်ယူပါ (ဖုန်းငွေဖြည့်ကတ် အသုံးပြု သကဲ့သို့ပင်ဖြစ်သည်) ၂) Red dot Pay PIN နံပါတ်ရယူပြီးရင် မိမိဖုန်းမှာ ရိုက်နှိပ်ပြီး သင်ခန်းစာများကို လေ့လာပါ ၃) သင်ခန်းစာတွေ လေ့လာသင်ယူပြီးမိမိရဲ့ လုပ်ငန်းတွေ ပိုမိုတိုးတက်မြင့်မားလာအောင် သင်ကိုယ်တိုင် ဖန်တီးယူနိုင်ပါပြီ။

သင်ခန်းစာတွေကို စက်တင်ဘာ ၁ရက်နေ့အထိ အခမဲ့ သင်ယူနိုင်ပါတယ်။ စက်တင်ဘာလကုန်ပြီး နောက်ပိုင်း သင်ခန်းစာ အသစ်တွေ ထပ်မံသင်ယူမယ် ဆိုရင်တော့ ကုန်ကျစရိတ်က ကျပ် ၁၀၀၀ ကနေ ကျပ် ၅၀၀၀ အထိသာ ရှိပါတယ်။ အသေးစိတ် သတင်းအချက်အလက်တွေအတွက် www.microempire-education.com အင်တာနက်စာမျက်နှာမှာ အခမဲ့ ဝင်ရောက် ကြည့်ရှု စမ်းသပ်နိုင်ပါပြီ။ ကျပ် ၅၀၀၀ နဲ့ အထက်ရှိတဲ့ သင်ခန်းစာတွေအတွက် နီးစပ်ရာ Red dot ဆိုင်တွေမှတဆင့် Red dot Pay PIN များ ဝယ်ယူဖြည့်သွင်း၍ လေ့လာနိုင်ပါတယ်။ မိုက်ခရိုအင်ပါယာမှ သင်ခန်းစာများ ရယူဖို့အတွက် Red dot Pay PIN လာဝယ်သော ဖေါက်သည်များကို Red dot စက်မှတစ်ဆင့် ကိုယ်စားလှယ်များက အောက်ပါအတိုင်း ရောင်းချပေးနိုင်ပါတယ်။

Red dot စက်မှ• • • • •

OK ကိုနှိပ်ပါ Red Dot Pay ကို ရွေးချယ်ပါ Pay PIN ကို ရွေးချယ်ပါ သုံးစွဲသူ ဝယ်ယူလိုတဲ့ငွေပမာဏကို ရွေးချယ်ပါ ဝယ်ယူလိုတဲ့ အရေအတွက်ကို ရိုက်ထည့်ပြီး (OK) ကို နှိပ်ပါ • စက်ရဲ့ လျှို့ဝှက်နံပါတ် Terminal passcode ကို ရိုက်ထည့်ပြီး (OK) ကို နှိပ်ပါ • ဝယ်ယူသူကို Pay Pin နံပါတ်ပါနဲ့ သုံးစွဲမှုလမ်းညွှန်ချက်များ ပါဝင်တဲ့ ဖြတ်ပိုင်းကို ပေးပါ • ဆိုင်ရှင် ဖြတ်ပိုင်းလိုချင်ရင်တော့ (OK) ကို နှိပ်ပါ။

15


အကူအညီလိုအပ်နေတဲ့ ရေဘေးသင့် ပြည်သူတွေအတွက် Red dot နဲ့အတူပါဝင်လှူဒါန်းကြစို့

မြန်မာနိုင်ငံတစ်ဝှမ်း ရေကြီးနစ်မြုပ်ဒဏ်ခံစားနေရတဲ့ ဒေသတွေ အတွက် အလှူငွေတွေကို နီးစပ်ရာ Red dot စတိုးဆိုင်တွေက တဆင့် လှူဒါန်းနိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။ အရပ်ဖက်လူမှုအဖွဲ့အစည်း NGO တွေနဲ့ ပူးပေါင်းပြီး လိုအပ်တဲ့ အကူအညီတွေကို တတ်နိုင်သလောက် ပေးသွားဖို့ စီစဉ်နေပါတယ်။ ကောက်ခံရရှိတဲ့ အလှူငွေ ၁၀၀ ရာခိုင်နှုန်းကို Red dot နဲ့ ချိတ်ဆက်ထားတဲ့ ရေဘေးပြန်လည်ထူထောင်ရေးမှာ စွမ်းစွမ်း တမံ ဆောင်ရွက်နေတဲ့ Ayeyarwady နဲ့ Hero ဖောင်ဒေးရှင်း တွေဆီကို အတိအကျ လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ ယမန်နှစ်ကလည်း Red dot မိသားစုက Red dot ကိုယ်စားလှယ် တွေရဲ့ ဝယ်ယူသူတွေဆီက ကောက်ခံရရှိ ထားတဲ့ အလှူငွေစုစုပေါင်း ကျပ်သိန်း ၂၀ နဲ့တကွ Red dotရဲ့ သီးသန့်လှူဒါန်းငွေ ကျပ်သိန်း ၂၀၊ စုစုပေါင်း ကျပ်သိန်း ၄၀ ကို လှူဒါန်းနိုင်ခဲ့ပါတယ်။ လှူဒါန်းမှုနဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို Red dot network ရဲ့ ဝဘ်စာမျက်နှာမှာ သွားရောက်ဖတ်ရှုနိုင် ပါတယ်။ www. reddotnetwork.com/floodrelief

လှူဒါန်းလိုသူတွေအတွက် • နီးစပ်ရာ Red dot စတိုးဆိုင်ကိုသွားပါ။ • ကျပ် ၅၀၀ မှ ကျပ် ၁၀,၀၀၀ အတွင်း ကိုယ်လှူဒါန်းလိုတဲ့ပမာဏကို ရွေးချယ်လိုက်ပါ။ • လှူဒါန်းငွေကို ဆိုင်ရှင်ထံအပ်နှံပြီးပါက ငွေဖြတ်ပိုင်းပမာဏကို ရရှိပါလိမ့်မယ် • သင်လှူလိုက်တဲ့ငွေဟာ နောက်တစ်နေ့မှာ Hero နဲ့ Ayeyarwady ဖောင်ဒေးရှင်းတွေဆီကို အညီအမျှရောက်ရှိသွားပါလိမ့်မယ်။

Red dot စက်နဲ့ ကိုယ်စားလှယ်တွေအတွက် အလှူငွေကောက်ခံပုံအဆင့်ဆင့် Terminal ကိုယ်စားလှယ်တွေအတွက် • စက်ပေါ်မှာ Top up ကို ရွေးပါ။ • ‘Donate’ ကို ရွေးပါ။ • ကျပ် ၅၀၀ မှ ကျပ် ၁၀,၀၀၀ အထိ လှူဒါန်းလိုတဲ့ ငွေပမာဏကို ရွေးချယ်ပါ။

Tablet ကိုယ်စားလှယ်တွေအတွက် • “မိုဘိုင်းဖုန်းငွေဖြည့်ရန်”ကို ရွေးပါ။ • “ရေဘေးကယ်ဆယ်ရေးကူညီမှု”ကိုနှိပ်ပါ။ • လှူဒါန်းလိုတဲ့ ပမာဏကိုရွေးချယ်ပါ။ • “ပေးချေသည်” ကို နှိပ်ပါ။ • “အတည်ပြုရန်” ကို နှိပ်ပါက အလှူငွေဖြတ်ပိုင်းထွက်လာပါမယ်။ • စက်မှထွက်လာတဲ့ ဖြတ်ပိုင်းကို လှူဒါန်းသူကိုပေးလိုက်ပါ။ 16

လှူဒါန်းမှုနဲ့ပတ်သတ်တဲ့ transaction ဝန်ဆောင်မှု အားလုံးအပေါ် အဖိုးအခပေးစရာ မလိုသလို၊ ကိုယ်စားလှယ်တွေအတွက်လည်း ကော်မရှင်ခရမှာမဟုတ်ပါဘူး။ ရေဘေးသင့်ပြည်သူတွေအတွက် တစ်ထောင့်တစ်နေရာကနေ ကူညီနိုင်ဖို့ Red dot နဲ့ အတူတကွ ပူးပေါင်းဆောင်ရွက်လိုက်ပါ!


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.