Issue 17

Page 1

Red dot Magazine Myanmar Issue Seventeen

၂၀၁၆ သင်္ကြန်ကို အန္တရာယ်ကင်းစွာ ဘယ်လိုကျော်ဖြတ်မလဲ ၂၀၁၅ ခုနှစ်ရဲ့ ထိပ်တန်းရောင်းအားကိုယ်စားလှယ် ဆိုင်ရှင် ၁၂ ဦးကို

ရွှေဒင်္ဂါးပြားများနှင့် ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်

၁

နှစ်ဆန်း ၁ ရက်နဲ့ ၂ ရက် ရောင်းအားများပေါ်

ရာခိုင်နှုန်း ဘောနပ်စ် ခံစားနိုင်ပြီ


Red dot မိသားစုက Red dot ကိုယ်စားလှယ်များ၏ဝယ်သူများထံမှ ကောက်ခံရရှိထားသော အလှူငွေစုစုပေါင်း ငွေကျပ်သိန်း ၂၀ နှင့်တကွ Red dot မှ သီးသန့် လှူဒါန်းငွေ ကျပ်သိန်း၂၀ ၊ အားလုံး စုစုပေါင်း ကျပ်သိန်း ၄၀ ကို HERO ဖောင်ဒေးရှင်းနှင့် ဧရာဝတီဖောင်ဒေးရှင်းများသို့ အချိုးကျ လှူဒါန်းပြီးဖြစ်ပါကြောင်း ကြေညာအပ်ပါသည်။ ယင်းအလှူငွေကျပ်သိန်း ၄၀ ကို သက်ဆိုင်ရာဖောင်ဒေးရှင်းများက လူထုအကျိုးပြုလုပ်ငန်းများ အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထပ်လောင်းသတင်းကောင်းပါး အပ်ပါသည်။ Red dot ကိုယ်စားလှယ်ဆိုင်ရှင်များနှင့်တကွ အားပေးဝယ်ယူသူများ အားလုံးကိုယခုကောင်းမှုအကြောင်းပြုကာ နှစ်သစ်မှာ ကောင်းသော လိုအင်ဆန္ဒပြည့်ဝကြပါစေ။

www.reddotnetwork.com/floodrelief


၂၀၁၆ သင်္ကြန်ကို အန္တရာယ်ကင်းစွာ ဘယ်လိုကျော်ဖြတ်မလဲ မိုးလေဝသ သတင်းပေးပို့ချက်တွေအရ အယ်လ်နီညိုကြောင့် သာမန်နှစ် တွေထက် ဒီနှစ်မှာ ပိုပူမယ်လို့ သိရပါတယ်။ သင်္ကြန်ကာလကလည်း နီးကပ် နေပြီဆိုတော့ကာ ဒီရေသဘင်ပွဲတော်အတွင်း နေပူပြင်းနေမယ့် အချိန်မှာ အန္တရာယ်ကင်းကင်း ရေကစားနိုင်ဖို့ အကြံပေးချက်လေးတွေကို Red Dot က ပြောပြသွားမှာပါ။ နေ့ခင်းနေ့လယ်တွေအတွင်းမှာ အချိန်အကန့်အသတ်နဲ့သာ အပြင်ထွက်ပါ။ သင်္ကြန်လို ပွဲမျိုးမှာ နေ့ခင်းတွေ အပြင်သိပ်မထွက်ဖို့ တားမယ် ဆိုရင် လွန်ရာကျမယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါပေမယ့် နေ့ခင်း ၁၁ နာရီနဲ့ ညနေ ၃ နာရီ ကြားထဲမှာ အပြင်မထွက်ဘဲ နေမယ်ဆိုရင်တော့ ရေဓာတ်ဆုံးရှုံး ခြင်း၊ နေလောင်ခြင်းနဲ့ အပူလှိုင်းဖြတ်ခံရခြင်း စတဲ့ အန္တရာယ်တွေကနေ သိသိ သာသာကြီး လွတ်ကင်းစေမှာ ဖြစ်ပါတယ်။ ရေကို ပုံမှန် ပက်ခံနေရခြင်းဟာ သင့်ကို သာမန်ထက် ပိုအေးမြလန်းဆန်းနေစေမယ် ဆိုတာ မမေ့ပါနဲ့။ တစ်ကိုယ်လုံးကို တတ်နိုင်သလောက် ဖုံးအုပ်ထားပါ။ နေကာဦးထုပ်တွေ၊ အင်္ကျီလက်ရှည်တွေဟာ ဧပြီ နွေရဲ့ ပူပြင်းလှတဲ့ အပူ ဒဏ်ကနေ

သင့်ကို

အကောင်းဆုံးအကာအကွယ်ပေးမှာပါ။

ပြီးတော့

ဘယ်သွားသွား ထီးလည်းဆောင်သွားဦးနော်။ ရေမစိုချင်တဲ့ အခါ ထီးကလေး ဖွင့်ဆောင်းပြီးကာနေလို့ရသလို နေကလာတဲ့ UV အလင်းတန်းတွေကိုလည်း ထီးက ကာကွယ်ပေးတယ်လေ။ နေလောင်ခံLotionအမြဲသုံးပေးပါ။ နေလောင်ခံLotionတွေကို

နေရောင်ခြည်ထိတွေ့နိုင်မယ့်

ခန္ဓာကိုယ်

အစိတ်အပိုင်းတွေမှာ လိမ်းထားသင့်တယ်လေ။ နေမလောင်စေဖို့အတွက် SPF ၄၅ အထက် နေလောင်ခံLotionကို သုံးကြည့်ဖို့ ကျွန်တော်တို့အနေနဲ့ အကြံပေးလိုပါတယ်။ ရေလောင်းခံရတဲ့ အခါတိုင်း Lotionတွေ ပြယ်ပြယ် သွားတတ်တော့ တစ်နာရီခြားတစ်ခါလောက် အထပ်ထပ်လိမ်းပေးဖို့ မမေ့ပါ နဲ့။ အလွယ်တကူ

လက်လှမ်းမမီတဲ့

ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုလည်း

ကာကွယ်ဖုံးအုပ်ထားဖို့ မမေ့ပါနဲ့။ နေလောင်ခံLotionလိမ်းတဲ့

နေရာမှာ

လူတွေ

မေ့ထားတတ်ကြတဲ့

နေရာတွေက ဒူးခေါက်ကွေး၊ လည်ပင်းနောက်၊ တံတောင်ဆစ်နဲ့ နားရွက် တွေပဲ။ အဲဒီလို လွယ်လွယ်လက်လှမ်းမမီတဲ့ နေရာတွေအတွက် သူငယ်ချင်း တစ်ယောက်ယောက်ကို ကူညီပြီးလိမ်းခိုင်းဖို့ ရှက်မနေသင့်ဘူးနော်။ အိမ်ပြန်ရောက်တဲ့အခါ ရေချိုးဖြစ်အောင် ချိုးပေးပါ။ ရေပက်ရတာ၊ ရေပက်ခံရတာကို အားလုံးသဘောကျကြတာတော့ ဟုတ် တာပေါ့။ ဒါပေမယ့် သင်္ကြန်တွင်းသုံးတဲ့ ရေဆိုတာ သန့်ရှင်းချင်မှ သန့်ရှင်းမှာ လေ။

အရေပြား

ယားယံတာတွေ၊

တခြားထိခိုက်မှုတွေ

ကာကွယ်ဖို့ အိမ်ရောက်တာနဲ့ ရေချိုးဖြစ်အောင်ချိုးပါ။

reddotnetwork.com +95 1370050

ဖြစ်လာမှာကို


၂၀၁၅ ခုနှစ်အတွင်း တစ်နှစ်တာအကောင်းဆုံး ထိပ်တန်းရောင်းအားပြည့်မှီ ကိုယ်စားလှယ်ဆိုင်ရှင် ၁၂ ဦးကို dot ရွှေဒင်္ဂါပြား ၁၂ ခု နှင့်တကွ ဂုဏ်ပြုမှတ်တမ်းလွှာများ ထိုက်ထိုက်တန်တန် ပေးအပ်ခဲ့ Red dot နဲ့ ယုံယုံကြည်ကြည်လက်တွဲလာခဲ့တဲ့ ကိုယ်စားလှယ် လက်လီ ဆိုင်အမျိုးအစားအမျိုးမျိုးရှိတဲ့အထဲက ၂၀၁၅ ခုနှစ်ရဲ့ တစ်နှစ်တာကာလအတွင်း ရောင်းအားအကောင်းဆုံး ကိုယ်စားလှယ်ဆိုင်ရှင် ၁၂ ဦးကို မဟာသင်္ကြန် နှစ်သစ်ကူး အခါသမယမှာ ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ရွှေစင်ရွှေသားအတိဖြင့်ပြု လုပ်ထားတဲ့ ရွှေဒင်္ဂါးပြားနှင့်တကွ တစ်နှစ်တာ ရောင်းအားအကောင်းဆုံး အသိ အမှတ်ပြုဂုဏ်ပြုမှတ်တမ်းလွှာ

တွေကိုပေးအပ်ခဲ့ပါကြောင်း

မင်္ဂလာသတင်း

ကောင်းပါးလိုက်ပါရစေ။ ရွှေဒင်္ဂါးပြားနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပိုင်ဆိုင်သွားတဲ့ Red dot ကိုယ်စားလှယ်ဆိုင်ရှင် ၁၂ ဦးစာရင်း

ဆိုင်နာမည်

မြို့နယ်

ပြည်နယ်/တိုင်း

ရွှေယမုံ လက်ဖက်ရည်ဆိုင်

ပြည်ကြီးတံခွန်

မန္တလေးတိုင်း

ဖားအံ

ကရင်ပြည်နယ်

မူဆယ်

ရှမ်းပြည်နယ်

လွိုင်ကော်

ကယားပြည်နယ်

ဒဂုံမြို့သစ်

ရန်ကုန်တိုင်း

ပီတိ ဆေးဆိုင်

ဇေယျာသီရိ

နေပြည်တော်

စိုးမိုး မိုလ်ဘိုင်းဆိုင်

သထုံ

မွန်ပြည်နယ်

လင်းတာရာ မိုလ်ဘိုင်း

မအူပင်

ဧရာဝတီတိုင်း

ရတနာတိုက် ဖုန်းနှင့်အပိုပစ္စည်းများ

ပဲခူး

ပဲခူးတိုင်း

ဘားအံ

ကရင်ပြည်နယ်

FAMILY(STORE)

စစ်တွေ

ရခိုင်ပြည်နယ်

ကောင်းစံစတိုးဆိုင်

စစ်ကိုင်း

စစ်ကိုင်းတိုင်း

ပန်းခွာညို ဂိမ်းဆိုင် ပီတိ လက်ဖက်ရည်ဆိုင် စံပယ်အောင် ဆေးဆိုင် ထွန်းသစ္စာ ဆေးဆိုင်

ဒေါ်ကြင်မြင့် စတိုးဆိုင်

Red dot စတင်တည်ထောာင်လာခဲ့ပြီး ယနေ့အချိန်အထိ အစဉ်လက် တွဲလာခဲ့တဲ့ လက်လီဆိုင်ရှင်တွေအားလုံး မြန်မာနိုင်ငံတစ်ဝန်းမှာ တစ်သောင်း ကျော်ရှိလာခဲ့ပါပြီ။

လက်ရှိကိုယ်စားလှယ်ဆိုင်ရှင်များသာမက

နောင်တိုးပွား

လာမယ့် ကိုယ်စားလှယ်များစွာကိုလည်းကြိုဆိုရင်း နှစ်သစ်မှာ customer များ အတွက် အလွန်လွယ်ကူလျင်မြန်တဲ့ ငွေပေးချေခြင်းဝန်ဆောင်မှုပေါင်းများစွာ ဖန်တီးလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။

reddotnetwork.com +95 1370050


နှစ်ဆန်း ၁ ရက်နဲ့ ၂ ရက်အတွက် Red dot ရဲ့ အထူးဘောနပ်စ် မြန်မာတို့ရဲ့မဟာသင်္ကြန်နှစ်သစ်ကူးပြောင်းစမှာ Red dot က ကိုယ်စားလှယ်ဆိုင်ရှင်များ အားလုံးကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်နှစ်မှတစ်ခါပေးအပ်တဲ့ နှစ်သစ်ကူးအထူး လက် ဆောင်ကို ပေးအပ်သွားပါမယ်။ ဧပြီလ ၁၇ ရက်နဲ့ ၁၈ ရက် (မြန်မာ နှစ်ဆန်း ၁ ရက်နဲ့ ၂ရက်) တွေမှာ Red dot နဲ့ ရောင်းချတဲ့ ပမာဏတွေပေါ်မှာ ၁% ဘောနပ်စ်ကို မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ကိုယ်စားလှယ် အားလုံးကို ပေးအပ်သွားမှာပါ။ ဒီသတ်မှတ်ကာလ နှစ်ရက်အတွင်း Red dot နဲ့ ရောင်းချတဲ့ ရောင်းအားပေါ်မှာ ကိုယ်စားလှယ်တွေအားလုံးကို ၁% ဘောနပ်စ်ပေးသွားမှာဖြစ်ပါတယ်။ Red dot ကိုယ်စားလှယ်ဆိုင်ရှင်များအားလုံး ရောင်းအားတွေများပြီး ဘောနပ်စ်များများ ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။ ** ဘောနပ်စ်များကို ဧပြီလကုန်ပိုင်းတွင် စက်ထဲသို့ထည့်သွင်းပေးသွားမည် ဖြစ်သည်။


ွာ

်ချစ တိ စ်ုံကြည

ွင် ယ တ် တ အနာဂ့် ည မ် ငို န်ာမှု သုံးဆွဲလ ငာ ဆ ဝန်ေ y e n o M Mobile

၂၀၁၀ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ဘဏ်လုပ် ငန်းများမှာ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ရုန်းကန် နေရဆဲဖြစ်ပါသည်။ အွန်လိုင်း ဘဏ်ကင်းနှင့် မိုဘိုင်းလ် ဘဏ်ကင်းတို့သည် အင်တာနက်အား အသုံးပြုပြီး မိုဘိုင်း ဖုန်း၊ တက်ဘလက်နှင့်ကွန်ပျူတာများမှ တစ်ဆင့်သုံးစွဲသူများ မိမိတို့၏ ဘဏ်အကာင့်များကို စီမံခန့်ခွဲနိုင်ပါသည်။ ၂၀၁၃ ခုနှစ် မှစတင်ပြီး စမတ်ဖုန်းအသုံးပြုသူ ဦးရေမှာသိသိသာသာမြင့်တက်

ကိုယ်ကိုတိုင်သွားရောက်ပြီး အကောင့်တစ်ခုဖွင့်ရန် မလိုအပ်သည့်

လာခဲ့ပါသည်။

အတွက် အချိန်ရောလူပါ များစွာသက်သာ စေပါသည်။

မြန်မာနိုင်ငံရှိ ဘဏ်လုပ်ငန်းများမှာ ခေတ်နှင့် အညီ မိုဘိုင်းလ်

Red Dot သည် အခုလို အချိန်မကုန် လူမပင်ပန်းသော ဝန်

ဘဏ်ကင်း ဝန်ဆောင်မှုများဖြင့် သုံးစွဲသူများ ပိုမို များပြားလာရန် ဆွဲ

ဆောင်မှုအသစ်ကို ယုံကြည်စိတ်ချရသော Red Dot ဆိုင်ပိုင်ရှင်

ဆောင်လျက် ရှိပါသည်။ သို.သော် ယခု အချိန်ထိ ငွေသွင်း/ ငွေလွှဲ

များမှ တစ်ဆင့်ပြည်သူများထံ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ သင်တို့

ထုတ်ရန် ဘဏ်များသို့ သွားနေရဆဲဖြစ်ပြီး ပြည်တွင်း ဘဏ်များ ရင်

၏

ဆိုင်နေတဲ့ အကြီးမားဆုံး ပြသာနာမှာ မြို့ကြီးပြကြီး ပေါ်တွင်သာ

စိတ်ချရပါ့မလားဟုဖြစ်သည်။ အချိန်ကြာလာသည်နှင့်အမျှ ဆောက်

အာရုံစိုက်လျက်ရှိပြီး မြန်မာနိုင်ငံ၏ လူဦးရေ ၇၀ ရာခိုင်နှုန်းကို နေရာ

တည်ထားသည့် ကျွန်တော်တို့၏ ရိုးသားဖြောင့်မတ်ခြင်းကို ရဲရဲကြီး

ယူထားတဲ့ ကျေးလက်ဒေသတွင် ၁၀ ရာခိုင်နှုန်းသာလျင် ဘဏ်

အာမခံနိုင်ပါသည်။ ဒုတိယဖြစ်လာနိုင်သည့် အတွေးမှာ ဒါဖြစ်နိုင်

အကောင့် ပိုင်ဆိုင်ကြသည်ဖြစ်ရာ ဘဏ်လုပ်ငန်းလုပ်ကိုင်နေသူများ

ပါ့မလား။ တစ်နိုင်ငံလုံးအတိုင်းအတာထိ ကျယ်ပြန့်သော ကျွန်ုပ်

အဖို့ ဘဏ်သုံးစွဲသူဦးရေ ပိုမိုများပြားလာစေရန် ကြိုးစား ရုန်းကန်နေ

တို့ရဲ့ကွန်ရက်ကြီးကြောင့် ဖြစ်နိုင်ပါသည်ဟု သေသေချာချာ ခိုင်ခိုင်

ရဆဲဖြစ်သည်နှင့်အညီ ပြည်သူများဖက်မှလည်း ငွေလွှဲဖို့ရာအတွက်

မာမာကြီး ပြောရဲပါသည်။ နည်းပညာဆိုသည်မှာ လူတိုင်းအတွက်

အခက်အခဲများစွာ ကျန်ရှိပါသေးသည်။

လွယ်ကူစေရန် ဆောင်ရွက်ထားခြင်းဖြစ်သည်။ အခုလို အသုံးပြု

အခုလို အတားအဆီးများနှင့် စိန်ခေါ်မှုများ ကြားထဲမှ လူတိုင်း အတွက် မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် အလွယ်တကူ ငွေလွှဲ ငွေထုတ်နိုင် တဲ့ ဝန်ဆောင်မှု အသစ်ပ်ါပေါက်လာပါပြီ။ မိုဘိုင်းလ် ဘဏ်ကင်းနှင့် အဓိက ခြားနားချက်ကတော့ ငွေလွှဲငွေထုတ်ရန်အတွက် ဘဏ်အ ကောင့်ရှိရန် မလိုအပ်ခြင်းပဲ ဖြစ်သည်။ ပြည်သူတစ်ဦးက သူ၏ စမတ် ဖုန်းပေါ်ရှိ app ထဲသို့ ငွေများ လွယ်ကူစွာ ဖြည့်သွင်းနိုင်ပြီ အလုပ် လုပ်ပုံခြင်းမှာ မိုဘိုင်းလ်ဘဏ်ကင်းနှင့် ဆင်တူသော်လည်း ဘဏ်သို့

ပထမဆုံးဖြစ်လာနိုင်သည့်

အတွေးမှာ

ငါ့ပိုက်ဆံအတွက်

သူအဆင်ပြေစေရန်အတွက် သီးသန့်တီထွင်ထားသည့် app ကြောင့် မိမိဖုန်းမှတစ်ဆင့် လက်ဖြင့်တို့ထိ လိုက်ရုံနဲ့အချိန်အရွေး နေရာ မရွေး

ငွေလွှဲနိုင်ပါပြီ။ မိမိသူငယ်ချင်းတွေကို မွေးနေ့လက်ဆောင်

အဖြစ် ငွေပို့ပေးချင်တာပဲဖြစ်ဖြစ်၊ ကိုယ်ချစ်ခင်ရတဲ့ မိသားစုနဲ့ ဆွေမျိုး များအတွက် ငွေပို့တာပဲဖြစ်ဖြစ် လွယ်ကူပြီး စိတ်အချရဆုံး လမ်း ကြောင်းတစ်ခုတစ်နေဖြင့် ဒီ app အသစ်က သင့်အတွက် ပျော် ရွှင်စရာ အတွေ့အကြုံများစွာကိုဖန်းတီးပေးသွားမည်ဖြစ်သည်။


ဒီနှစ်ရဲ့ နှစ်သစ်အတာသင်္ကြန်မှာ Samsung Galaxy S7 edge နဲ့ တကွ အလန်းစားဆုလက်ဆောင်တွေများစွာက Red dot အသုံးပြုသူတွေအတွက် အသင့် စောင့်ကြိုနေပါပြီ! သင့်ဆိုင်မှာ Red dot နဲ့ ငွေဖြည့်တဲ့သူတွေအားလုံးကို ဒီ သတင်းကောင်းလေးပါးပြီး သင့်ဆိုင်မှာအစဉ်အမြဲငွေလာဖြည့် နိုင်အောင်ဆွဲဆောင်လိုက်ပါ။ သင့် customer တွေဟာ အတာ သင်္ကြန်မှာ ရွှင်လန်းချမ်းမြေ့စွာဖြတ်သန်းရင်း Red dot ရဲ့ ဧပြီလ အလန်းစားဆုလက်ဆောင်တွေကို reddotnetwork.com မှာ သွားရောက်ကံထူးနိုင်တယ်ဆိုတာကိုလည်းမမေ့ပါနဲ့ဦးနော်။ ဧပြီလမှာ Red dot နဲသာငွေဖြည့်ပြီး အောက်ပါ Rewards ဆုလက်ဆောင်တွေကို ကံစမ်းနိုင်မှာဖြစ်ပါတယ်။ Red dot နဲ့

အကြိမ်ရေများများငွေဖြည့်လေ

များလေပဲဆိုတာကို

သင့်

ကံထူးဖို့အခွင့်

Customers

အရေးပို

တွေကိုအသိပေး

လိုက်ပါဦး။

Samsung Galaxy S7 32” LED TV Spa ဘောက်ချာ NUXE skin care Mystylo မှ ဖက်ရှင်အဝတ်အစား Coca Cola

တစ်ခု။ တစ်ခု။ ငါးခု။ ၃စုံ ။ နှစ်စုံ။ ဗူး၂,၅ဝဝ ။

reddotnetwork.com +95 1370050


၂၀၁၆ သင်္ကြန် ဖက်ရှင် အလန်းစားပုံစံတွေက ဘယ်လိုဖြစ်မလဲ Red dot က သင်္ကြန်ဖက်ရှင်အတွက် အကြံပြုချက်တွေရရှိဖို့ နိုင်ငံ ကျော် မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း) နဲ့ ခေတ်ပေါ် ဖက်ရှင် ဒီဇိုင်နာတစ်ယောက်ဖြစ်တဲ့ ဒီဇိုင်နာ Y Stone တို့နဲ့ စကားပြောဖြစ်ခဲ့ပါ တယ်။ ဒီနှစ် ရေသဘင်ပွဲတော်မှာ အလန်းဆုံးဖြစ်မယ့် ဖက်ရှင်ရေစီး ကြောင်းတွေအကြောင်းကို သူတို့နှစ်ဦးကခုလိုဘဲ မျှဝေပေးခဲ့ပါတယ်။ မိတ်ကပ်ပညာရှင် ညီညီမောင် (စမ်းချောင်း) ညီညီမောင်က ဒီနှစ်မှာတော့ ဆံပင်တစ်ခြမ်းကို ရှိတ်ထိုးပြီး ဒီဇိုင်းဖော် တဲ့ ဆံပင်စတိုင်က လူငယ်အမျိုးသားတွေကြားမှာ ရေပန်းစားမယ်လို့ထင် ပါတယ်။ မိန်းကလေးတွေကတော့ ဆံပင်ရေစို အကောက်တွေ ပြင်ဆင်ကြ ပြီး ဒီနှစ်နွေရဲ့ အပူရှိန်ကြောင့် ကျစ်ဆံမြီးကျစ်မယ့် မမတွေတော့ နည်းနိုင် ပါတယ်။ အမျိုးသားတွေအတွက်တော့ ဂျင်းနဲ့ တီရှပ်က အမြဲရိုးမသွားနိုင်တဲ့ ဖက်ရှင်အတွဲလေးပါပဲ။ အရောင်တောက်တောက်နဲ့ ခရေစီကာလာဖက်ရှင် တွေကတော့

အမျိုးသမီးလေးတွေအတွက်ကြည့်ကောင်းနေစေပါလိမ့်

မယ်။ ဖက်ရှင်ဒီဇိုင်နာ Y Stone ဒီဇိုင်နာ Y Stone ကလည်း ဒီနှစ်သင်္ကြန်အတွက် ဂျင်း ဖက်ရှင်ကပဲ ရေပန်းစား လာမယ်လို့ ထပ်ပြီးထောက်ခံ လိုက်ပါတယ်။ ဂျင်းသားတွေကလည်း ဒီဇိုင်းအမျိုးမျိုး နဲ့ ရရှိနေပြီဖြစ်တဲ့အတွက် ဝတ်ရတာ သက်တောင့် သက်သာ ဖြစ်စေမယ့် ဒီဇိုင်းတွေကို ရွေးချယ်ဝတ် ဆင်သင့်ပါတယ်။ နေရောင်ခြည် ဒဏ်ကိုကာကွယ် ဖို့

လုံလုံခြုံခြုံရှိဖို့တော့လိုပါတယ်။

လျှောက်လည်ရမှာဖြစ်လို့

တစ်နေကုန်

ယောင်္ကျားလေးရော

မိန်းကလေးတွေပါ သရေသား သို့မဟုတ် Elastic သားတွေကို မရွေးဘဲ ချည်သားတွေကိုပဲ ရွေးချယ် ဝတ်ဆင်ကြဖို့ Y Stone က ဆက်ပြီး အကြံပြုထား ပါတယ်။ ဆံပင် အရောင်ဆိုးတာတွေ ခေတ်စား လာတာတွေ့ရတဲ့အတွက် အရောင်ရွေးတဲ့အခါမှာ လဲ ငြိမ်တဲ့ အရောင်တွေကို ရွေးချယ်ဆိုးကြဖို့၊ မီးခိုး ရောင် နဲ့ အနောက်နိုင်ငံက ဖက်ရှင်ကျတဲ့ ဆံပင် အရောင် တွေကို ရွေးချယ်ကြဖို့ပြောပါတယ်။ ဒီနှစ်ရေသဘင်ပွဲတော်ဟာ အပူဆုံး နှစ်တစ်နှစ် ဖြစ်မယ်လို့ ခန့်မှန်း ထားတဲ့အတွက် ဦးထုပ်ကတော့ သင်္ကြန်ဖက်ရှင် အတွက်မပါမဖြစ်ဖြစ်လာ မယ်လို့ အဆိုပါ ပညာရှင်နှစ်ဦးက မှတ်ချက်ပေးထားပါတယ်။


ရေစိုစိုအတာသင်္ကြန်မှာ အရောင်းသွက်မယ့် ကုန်ပစ္စည်းများစာရင်း

ဒီနှစ် သင်္ကြန်က ဧပရယ် ၁၂ ရက် အင်္ဂါနေ့ကနေ ဧပရယ် ၁၆ ရက် စနေနေ့ အထိပါ။ ပွဲတော်နီးကပ်လာတာနဲ့ အမျှ ဘယ်လို ကုန်ပစ္စည်းတွေ အရောင်း သွက်လာမယ်ဆိုတာ အခုချိန်မှာ စစဉ်းစားသင့်နေပြီ မဟုတ်လား။ ဒီလိုမျိုး ပွဲတော်ရက်အတွက် ကြိုတင်ပြင်ဆင်ရတာကလည်း စိန်ခေါ်မှုတွေ ရှိနေတဲ့ အလုပ်၊ သိပ်မလွယ်တဲ့ အလုပ်ဆိုဒါ ကျွန်တော်တို့ နားလည်ပါတယ်။ အဲဒါကြောင့် ဆိုင်ရှင်တွေကို ကူညီဖို့အတွက် ဒီသင်္ကြန်အတွင်း အရောင်းသွက် နိုင်မယ့် ပစ္စည်းစာရင်းတွေကို ပြုစုထားပေးတာပေါ့။ နေကာပစ္စည်းတွေ – နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်ရောက်တာနဲ့

နေကာ

လိမ်းဆေးတွေ၊ နေကာမျက်မှန်တွေ၊ ဦးထုပ်တွေဟာ အရောင်းဆိုင် တွေရဲ့ စင်မြင့်တွေထက်မှာ ဝင့်ဝင့်ကြွားကြွား နေရာယူထားမှာပါ။ ရိုးရာ အစားအစာတွေ - ကောက်ညှင်းဆန်တွေ၊ ဆန်မှုန့်တွေ၊ အုန်းနို့တွေဟာလည်း ရိုးရာသင်္ကြန်အစားအစာတွေမှာ မပါမဖြစ်တဲ့ ပစ္စည်းတွေပဲလေ။ ရေစိုခံ ဖုန်းထည့်အိတ်တွေ – ဖောက်သည်တွေကို သင်္ကြန်တွင်းမှာ ဖုန်းတွေကိုရေမစိုစေဘဲနဲ့ အကောင်းဆုံး selfie တွေ ရိုက်ယူနိုင်ဖို့ ကူညီ လိုက်ပါ။ ရေစိုခံ အလှကုန်ပစ္စည်းတွေ – မဏ္ဍပ်တွေပေါ်မှာ အလှမပျက် ရှိနေချင်တဲ့ ကိုကို၊မမ တွေ အတွက် ရေစိုခံ မိတ်ကပ်တွေ၊ ခေါင်းလိမ်း gel တွေ၊ ရေစိုခံ ဆံပင်အရောင်ဆိုးတဲ့ မှုတ်ဆေးဘူးတွေကိုဆိုင်မှာ တင်ဖြစ်အောင် တင်ထား လိုက်ပါ။ သင်္ကြန် အတာအိုး ပစ္စည်းတွေ – မြေအိုး၊ အတာပန်းနဲ့ ရေ အသင့်ဖြည့်ပြီး အတာအိုး ပစ္စည်းတွေ အစုံလိုက် ဆင်ပြီး ready-made အတာပန်းအိုးလေးတွေရောင်းကြည့်လိုက်ပါ လား။ မုန့်ပဲသွားရည်စာတွေ – သင်္ကြန်တွင်းမှာ လက်ဖက်ရည် ဆိုင်တွေ၊ စားသောက်ဆိုင်တွေ တော်တော်များများက ပိတ် ကြမှာလေ။ အဲဒီတော့ သင်္ကြန်တွင်း လည်ပတ်ရင်း ဗိုက် ဆာကြမယ့် လူတွေအတွက် မုန့်ပဲသွားရည်စာတွေ၊ snack တွေ၊ အအေးတွေ အစုံအလင်ဆိုင်မှာ တင်ဖြစ်အောင် တင်ထားဦးနော်။

reddotnetwork.com +95 1370050


Oway Travel ဝက်ဘ်ဆိုဒ်နှင့် Oway Ride အသုံးပြုသူများအတွက် လွယ်ကူသည့် ငွေသွင်းစနစ်ကို Red dot Pay နဲ့ ချိတ်ဆက်လိုက်ပါပြီ! Red dot Pay ကိုယ်စားလှယ်ဆိုင်ရှင်များ မိမိဆိုင်မှာ ဝန်ဆောင်ခသာမက ဝယ်သူပါ ပိုမိုတိုး ပွားလာမယ့် Oway ဝန်ဆောင်မှုတစ်ခုကို Red dot က ထပ်မံဝေငှလိုက်ပါပြီ။ Customer ပေါင်း များစွာ ပိုင်ဆိုင်ထားတဲ့ Oway ကုမ္ပဏီနဲ့ Red dot Pay တို့ ပူးပေါင်းပြီး Oway website မှရှိတဲ့ ဝန် ဆောင်မှုများကို Red dot Pay ဖြင့် ဝယ်ယူခြင်းနဲ့ Oway Ride ကားဆရာများနဲ့ စီးနင်းတဲ့ ခရီးသည် တွေအတွက် လွယ်ကူအဆင်ပြေစေမယ့် ငွေပေးချေမှုစနစ်ကို Red dot Pay နဲ့ မကြာမီ ပေး သွင်းနိုင်မှာဖြစ်ပါတယ်။ Oway Travel ဝက်ဘ်ဆိုဒ် oway.com.mm မှာဝန်ဆောင်မှုပေးထားတဲ့ ဟိုတယ်အခန်း ဘွတ်ကင်လုပ်ခြင်း၊ လေယာဉ်လက်မှတ် ဘွတ်ကင်လုပ်ခြင်း၊ ကားငှားရမ်းခြင်း၊ အဝေးပြေးကား လက်မှတ်များ ဘွတ်ကင်လုပ်ခြင်းတို့အပြင် ခရီးစဉ်များရွေးချယ်သွားလာခြင်းစသည်တို့ အ တွက်ပေးချေရမည့်ငွေများကို Red dot Pay ဖြင့် အလွယ်တကူပေး ချေနိုင်မှာ ဖြစ်ပါတယ်။ ယင်းသို့လာရောက်ပေးချေတဲ့ အကြိမ်တိုင်းပေါ်မှာ Red dot Pay ကိုယ်စားလှယ်ဆိုင်ရှင်တွေ ဝန် ဆောင်မှုပေးခြင်းဖြင့် transaction fees (ဝန်ဆောင်ခ)များ ရယူနိုင်ပါသေးတယ်။ ဒါ့အပြင် Oway Ride နဲ့ချိတ်ဆက်ထားတဲ့ Taxi ကားများဟာ Red dot Pay ဆိုင်များမှာ သတ်မှတ်ထားတဲ့ ပမာဏမှ စတင်ကာ Driver app ထဲမှာ ငွေထည့်သွင်းထားနိုင်ပါတယ်။ ယင်းတို့ နေ့စဉ်ကုမ္ပဏီကို ပေးချေရမယ့် ဝန်ဆောင်ခများကို Driver app မှာ ထည့်သွင်းထား တဲ့ ငွေပမာဏထဲကနေ ကျသင့်ဝန်ဆောင်ခကို အလိုအလျောက် နှုတ်ယူပေးသွားမှာ ဖြစ်ပါ တယ်။ ဒါက Oway Ride ရဲ့ ကားဆရာတွေအတွက် Red dot Pay လက်တလော ဝန်ဆောင်မှုပါ။Red dot Pay ကိုယ်စားလှယ်တွေအနေနဲ့လည်း Oway အတွက် ကားဆရာတွေ ငွေလာသွင်းတဲ့အကြိမ်တိုင်းပေါ်မှာ Red dot Pay ရဲ့Transaction fees (ဝန်ဆောင်ခ) ခံစားခွင့် ရှိမှာပါ။ ဒီဝန်ဆောင်မှုကိုပေးခြင်းဖြင့် ဝန်ဆောင်ခတွေအပို အဖြစ်ရမယ့်အပြင် မိမိဆိုင်ကို ဝယ် သူ၊ ဖောက်သည်အသစ်တွေပိုရောက်လာပြီး ရေရှည်မှာ အမာခံဝယ်သူတွေ ပါရလာနိုင်မှာဖြစ်ပါ တယ်။ သင့် customer တွေဟာ Android ဖုန်းပေါ်မှာ သို့မဟုတ် iPhone ပေါ်မှာ Oway Customer Ride app ကို ဒေါင်းလုပ်ရယူထားပြီး ရန်ကုန်မြို့အတွင်းရှိ Oway Ride ကားများကို စက္ကန့်ပိုင်း အတွင်း ခေါ်ဆိုငှားရမ်းနိုင်ပါတယ်။ Oway Ride ဝန်ဆောင်မှု တိုင်းအတွက်လည်း အချိန်မရွေး ခေါ်ဆိုငှားရမ်းနိုင်ဖို့ Oway Ride app အပြင် Call Center ဖုန်း- ၀၉ ၄၅၀ ၄၅၀ ၆၀၆ ကို ၂၄ နာရီ ၇ ရက်ပတ်လုံးခေါ်ဆိုနိုင်ပါတယ်ဆိုတာ သင့် ဖောက်သည်တွေကို အသိပေးလိုက်ပါဦး။

Red dot Pay ဝန်ဆောင်မှုကို Terminal နှင့် Tablet ကိုယ်စားလှယ်များကအောက်ပါအတိုင်း ဝန်ဆောင်မှုပေးနိုင်ပါတယ်။ ၁။ OK ကိုနှိပ်ပါ။ ၂။ Red dot Pay ကိုရွေးပါ။ ၃။ ထို့နောက် QR Code ကို စကင်ဖတ်ပါ (သို့)

Enter Manual ကိုရွေးပါ။

၎။ အတည်ပြုပါ။ ဘေလ်လက်ကျန်မှန်/မမှန်စစ်ဆေးပါ။ ၅။ စက်လျို့ဝှက်နံပါတ်ရိုက်ထည့်ပြီး OK ကိုနှိပ်ပါ။ ၆။ Customer ဖြတ်ပိုင်းပရင့်ထွက်လာပါမည်။

reddotnetwork.com +95 1370050


Red dot စက်များပေါ်တွင် Red dot Pay ဖော်ပြချက်များ (screen flows) ပြောင်းလဲထား

Red dot Pay အတွက် Terminal စက်များပေါ်တွင် ဖော်ပြချက်များ (screen flows) ပြောင်းလဲထားပါသည်။ ယခင်က Red dot Pay ကို ရွေးချယ်ပြီး နောက်ပိုင်းတွင် Red dot Pay ဝန်ဆောင်မှုများ၏နာမည်တစ်ခုချင်း စီကို နံပါတ်စဉ်အလိုက်ဖော်ပြထားသော်လည်း ယခုအခါ ယင်း နံပါတ်စဉ်ဖော်ပြချက်များကို ပယ်ထုတ်လိုက်ပါသည်။ ထို့ကြောင့် Red dot Pay အဆင့်ပြီးသွားပါက QR Code ကို စကင်ဖတ် ရန်၊ Voucher နံပါတ်ရိုက်ထည့်ရန် စသည့်အဆင့်ပေါ် လာမည်ဖြစ်ပါသည်။ ယခင်အတိုင်း QR Code ကို စ ကင်ဖတ်ပြီး (သို့) Voucher နံပါတ်ရိုက်ထည့်ပြီး ဆက် လက်လပ်ုဆောင်နိုင်ပါကြောင်းအသိပေးအပ်ပါသည်။


သင်္ကြန်တွင်း ခရီးထွက်မယ်လို့ကြံနေတဲ့သူတွေအတွက် သင်္ကြန်ခရီးစဉ်တွေလာပြီ သင်္ကြန်ကာလအတွင်း ခရီးအလည်ထွက်ဖို့ စိတ်ကူးနေလား။ ဒါဆိုရင်တော့ အချိန်ကုန်ခံ ဦးနှောက်စားနေစရာ မလိုတော့ပါဘူး။ Red Dot ကပဲ သင့်အတွက် အပန်းဖြေစရာလမ်းကြောင်းတွေ စီစဉ်ထားပေးပြီးပါပြီး။ သင်္ကြန်ဆိုတဲ့ ခံစားချက် ကလေး ပျောက်မသွားအောင်လည်း ရေတွေ အများကြီးမြင်ရမယ့် နေရာတွေ ပို့ပေး မှာဆိုတော့ စိတ်သာချပေတော့။

ခရီးစဉ်အမည်။ ။ အနောက်ဘက်သို့ ခရီး (၅ည ၆ရက်) နေရာ။ ။ ရှေးဟောင်း ရခိုင်ပြည်နဲ့ ငပလီကမ်းခြေ ကုမ္ပဏီ ။ ။ Tango Tour & Trek ဈေးနှုန်း ။ ။ တစ်ဦးလျှင် ၂၃၀,၀၀၀ ကျပ် Tango Tour & Trek ကနေပြီး လူတစ်ယောက်လျှင် ၂၃၀,၀၀၀ ကျပ်နှုန်းစီနဲ့ မြောက်ဦး၊ ဝေသာလီ၊ ကျောက်တော်နဲ့ ငပလီဆီကို ပို့ဆောင်ပေးသွားမှာပါ။ ခရီးစဉ်မှာ ပါဝင်တဲ့ အထင် ကရ နေရာတွေကတော့

မြောက်ဦး နန်းတော်ဟောင်း၊ စေတီပုထိုးတွေ၊ ဝေသာလီမြို့

ဟောင်းနဲ့ ထင်ရှားတဲ့ သမိုင်းဝင် မဟာမြတ်မုနိ ရုပ်ပွားတော်ကြီးတို့အပြင် သျှစ်သောင်းစေတီနဲ့ ကိုးသောင်းစေတီတို့ ဖြစ်ပါတယ်။ အာရှမှာ နံပါတ်(၁) အဆင့် ပင်လယ်ကမ်းခြေလို့ Trip Advisor web-site မှာ ဖော်ပြထားတဲ့ ငပလီကမ်းခြေမှာ ခရီးစဉ်ကို အဆုံး သတ်မှာပါ။ ခရီးစဉ်ကို ဝါရင့်ခရီးသွားလမ်းညွှန်က ဦးဆောင်မှာဖြစ်ပြီး နေရာတစ်ခုချင်းစီ ရဲ့ နောက်ခံအနေအထားနဲ့ သမိုင်းကြောင်းတွေကို ရှင်းပြသွားမှာပါ။ အစား အသောက်တွေပါ တည်ခင်းကျွေးမွေးသွားမှာဖြစ်ပြီး ခရီးသည်တွေကို ကြယ်သုံး ပွင့်အဆင့် ဟိုတယ်တွေမှာ တည်းခိုစေမှာလည်း ဖြစ်ပါတယ်။ သင်္ကြန်တွင်း ခရီး စဉ်အတွက် ၀၉-၂၅၀၂၄၃၃၄၃ ကို ဆက်သွယ်စာရင်းပေးသွင်းနိုင်ပြီး အသေးစိတ် သိချင်တယ်ဆိုရင် www.facebook.com/Tangotourmyanmar မှာ ဝင်ရောက် လေ့လာနိုင်ပါတယ်။

reddotnetwork.com +95 1370050


ခရီးစဉ်အမည်။ ။ တောင်ဘက်ကျွန်းဆွယ် စွန့်စားခန်း

ခရီးစဉ်အမည် ။ ။ တောင်ကြီးသင်္ကြန် (၅ည ၆ရက်)

(၃ည ၄ရက်)

နေရာ။ ။ ရှမ်းပြည်နယ်

နေရာ ။ ။ မြိတ်ကျွန်းစုများ

ကုမ္ပဏီ။ ။ Tribal Village Travel and Tours

ကုမ္ပဏီ။ ။ အိုးဝေ

ဈေးနှုန်း။ ။ ၁၈၉,၀၀၀ ကျပ်

ဈေးနှုန်း ။ ။ ၃၉၀,၀၀၀ ကျပ် အာရှမှာ

ဆိပ်ကမ်းအလှအပတွေ

ထူးထူးခြားခြား

ပြည့်

သင်္ကြန်တွင်း ရှမ်းပြည်နယ်ကို အလည်ထွက်မယ့် ခရီးစဉ်မှာတော့ သင်္ကြန်ပွဲတော်ကို ဘယ်လို ပုံစံအမျိုး

နှက်နေတဲ့ မြို့လေးတစ်မြို့ဆီသွားရောက်လည်ပတ်နိုင်မယ့်

မျိုးနဲ့

အခွင့်အရေးပါ။ ပင်လယ်စာတွေ လတ်လတ်ဆတ်ဆတ် စား

Tribal Village Travel & Tours က စီစဉ်တဲ့ သင်္ကြန်တွင်း

သုံးနိုင်ဖို့၊ အသက်ရှူကိရိယာသုံးပြီး ရေငုပ်လေ့လာမှုတွေ လုပ်နိုင်

ရှမ်းပြည်နယ် ခရီးစဉ်မှာ ထမ့်စမ်းဂူ၊ မွေတော်ကက္ကူ ဘုရား၊

ဖို့၊ အပျိုစင်ကျွန်းတွေပေါ်မှာတဲထိုးပြီး ပျော်ပွဲစားထွက်နိုင်ဖို့အတွက်

အင်းလေးဖောင်တော်ဦးဘုရား၊ ပင်းတယ လိုဏ်ဂူနဲ့ ကလော

မျှော်လင့်ပြင်ဆင်ထားပေတော့။ ဒီ package မှာ ရန်ကုန်ကနေ မြိတ်

က နှီးဘုရားတို့ကိုလည်ပတ်ပြီး အဲဒီဒေသတွေက သင်္ကြန်ပွဲ

အသွားအပြန် လေယာဉ်စရိတ်၊ ကြယ်သုံးပွင့်ဟိုတယ်မှာ တစ်ည

ကျင်းပပုံကို

တည်းခိုစရိတ်၊ ကျွန်းပေါ်မှာ နှစ်ည ရွက်ဖျင်တဲနဲ့ နေထိုင်စရိတ်၊ ခရီး

အစားအသောက်စရိတ်အားလုံး၊

သွားလမ်းညွှန်နဲ့ တစ်နေ့ကို အစားအသောက်သုံးနပ် အကျွေးအမွေး

တည်းခိုစရိတ်၊ ခရီးသွားလမ်းညွန်နဲ့ ရန်ကုန်က တောင်ကြီးကို

စရိတ်ပါပါမှာ ဖြစ်ပါတယ်။ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုကို လျော့ချ

သွားမယ့်

နိုင်ဖို့အတွက် ဒီခရီးစဉ်တစ်ခုစီကို လူအရေအတွက် နည်းနည်းပဲ

Booking လုပ်ဖို့အတွက်ဆိုရင် ဖုန်းနံပါတ် ၀၉-၄၅၁၁-၈၈၀၆၁

လိုက်ပါဖို့ ကန့်သတ်ထားပါတယ်။

ကို ဆက်သွယ်လိုက်ပါ။

ပိုပြီး အသေးစိတ်သိနိုင်ဖို့ www.facebook.com/Oway27088973646570 မှာ ကြည့်ရှုနိုင်ပါတယ်။

ကျင်းပကြသလဲဆိုတာကို

တွေ့မြင်နိုင်ပါတယ်။

Scania

တွေ့ကြုံခံစားရမှာပါ။

ခရီးစဉ်စရိတ်တွေထဲမှာ ကြယ်သုံးပွင့်ဟိုတယ်မှာ

ကားစရိတ်လည်း

ပါမှာ

ဖြစ်ပါတယ်။


မဟာသင်္ကြန်တွင်းမှာ တရားဓမ္မနဲ့ မွေ့လျော်ချင်သူများ အဆင်ပြေစေဖို့ သင်္ကြန်ပွဲတော်ကြီး

နီးလာပြီဆိုတော့

အားလုံးကလည်း

တက်ကြွသွက်လက်နေကြတာပေါ့။ ကဲဖို့၊ ပျော်ဖို့အတွက် အစီ အစဉ်တွေဆိုရင်တော့ ထူးထူးခြားခြားညွှန်းနေစရာကိုမလိုတာ။ ဒါပေမယ့် တချို့သူတွေကျပြန်တော့လည်း နှစ်တစ်နှစ်ရဲ့ အကြာ ဆုံးပိတ်ရက်အတွင်းမှာ အေးအေးချမ်းချမ်းဖြစ်ပြီး တရားဓမ္မနဲ့မွေ့ လျော်နိုင်မယ့် နည်းလမ်းတွေကို ရှာကြတယ်လေ။ မြူးကြွနေတဲ့ သီချင်းသံတွေ၊ တစ်နေ့လုံးကဲမယ့်ပျော်မယ့် အစီအစဉ်တွေရဲ့ အဝေးမှာ အေးအေးဆေးဆေး နေချင်သူတွေအတွက် သင်္ကြန် ဆူညံမှုတွေဆီက လွတ်ကင်းမယ့် အေးချမ်းတိတ်ဆိတ်တဲ့ နေရာ လေးသုံးခုကို Red dot က လမ်းညွှန်းလိုက်ပါတယ်။ မိုးကုတ်ဝိပဿနာ စခန်း ဗဟန်းမြို့နယ် နတ်မောက်လမ်းမှာတည်ရှိတဲ့ ဒီတရားစခန်း ကတော့ မိုးကုတ်ဝိပဿနာစက်ဝိုင်းလို့ခေါ်တဲ့ သင်တန်းများကို ပို့ချပေးလျက်ရှိပါတယ်။

မိုးကုတ်

ဝိပဿနာတရားစခန်းဟာ

တစ်လမှာ ဆယ်ရက်တရားစခန်း နှစ်ကြိမ်စီ ဖွင့်ပါတယ်။ တရား စခန်းဝင်သူတွေအားလုံးဟာ ရင်ဖုံးအင်္ကျီအဖြူ (ဒါမှမဟုတ်) ရှပ် အင်္ကျီအဖြူနဲ့ လုံချည်ကို တွဲဝတ်ရတဲ့ ယောဂီဝတ်စုံကို ဝတ်ဆင်

နေထိုင်တရားကျင့်ကြပြီး စခန်းဝင်သူပေါင်း

နှစ်စဉ်လာရောက်တရား

၅၀၀ ကနေ ၁,၀၀၀ ကြား ရှိပါ

တယ်။ ဒီ တရားရိပ်သာအကြောင်းပို သိချင်တယ်ဆိုရင်

ရပါတယ်။ ဧပြီလအတွက် စာရင်းသွင်းရမယ့်ရက်တွေကတော့

တော့

မတ်လ ၂၉ ရက်မှာစမယ့် တရားစခန်းအတွက် မတ်လ ၁၉ရက်နေ့

မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.paaukforestmonastery.org

နောက်ဆုံး၊ ဧပြီလ ၁၀ ရက်နေ့မှာစမယ့် တရားစခန်းအတွက် ဧပြီလ ၃ ရက်နောက်ဆုံး၊ ဧပြီလ ၂၈ရက်မှာ ဖွင့်မယ့် တရားစခန်း အတွက် ဧပြီလ ၁၈ ရက်နောက်ဆုံးထားပြီး စာရင်းပေးသွင်း ရမှာ ဖြစ်ပါတယ်။ စာရင်းပေးသွင်းမယ်ဆိုရင်တော့ ဖုန်းနံပါတ် 01-541860 ကိုသာ ဆက်လိုက်ပါ။

မဟာစည် သာသနာ့ ရိပ်သာ မဟာစည်သာသနာ့ရိပ်သာကို ၁၉၅၀ ခုနှစ်မှာ သက်တော်ရှည် ကြီးမှူးပြီး

မဟာစည်ဆရာတော်ဘုရားကြီးက

စတင်တည်ထောင်ခဲ့ပါတယ်။

ဧက၂၀

ကျော် ကျယ်ဝန်းတဲ့ မဟာစည်သာသနာ့ရိပ်သာဟာ ဗဟန်းမြို့နယ်မှာတည်ရှိပြီး သစ်ပင်ဝါးပင်တွေကြောင့်

ဖားအောက် ဝိပဿနာ ရိပ်သာ

စိမ်းစိမ်းလန်းလန်း သာသာယာယာ ရှိပါတယ်။ ဒီရိပ်

ဖားအောက်တောရဟာ မွန်ပြည်နယ် မော်လမြိုင်မြို့ရဲ့ အ ရှေ့တောင်ဘက် ၁၅ ကီလိုမီတာလောက်မှာ ရှိတဲ့ ဖားအောက် ရွာမှာပဲ

တည်ရှိပါတယ်။

ဤကျောင်းတိုက်သည်

ထေရဝါဒ

သာဟာ နေ့စဉ်တိုင်းမှာ ယောဂီအပါး ၅၀၀ လောက် ကို အလေးအနက်ထား တရားအားထုတ်ဖို့ ဖိတ်ခေါ် ကြိုဆိုနေပါတယ်။

ဗုဒ္ဓဘာသာကျောင်းဖြစ်ပြီး ဒီတရားစခန်းကတော့ ဘာသာရေးနဲ့

ဒီရိပ်သာမှာ အဆောက်အအုံ ၁၀၀ လောက် ရှိပြီး

ပတ်သက်တဲ့ လေ့လာစရာတွေ မျှဝေသင်ကြားတာထက် လက်

သီတင်းသုံးကြတဲ့ ဘုန်းတော်ကြီးတွေ၊ သီလရှင်တွေ၊

တွေ့တရားထိုင်နည်း

လာရောက်တရားအား ထုတ်ကြသူတွေနဲ့ တရားထိုင်

စနစ်တွေကိုပို

အလေးပေးသင်ကြားပါ

တယ်။ ဧက ၅၀၀ လောက် ကျယ်ဝန်းတဲ့ ဖားအောက်ရိပ်သာမှာ သံဃာတော်တွေ၊ သီလရှင်တွေနဲ့ တရားအားထုတ်နေသူတွေ

နည်းတွေ သင်ပြပေးသူတွေ ရှိနေကြပါတယ်။ ပိုပြီး အသေးစိတ်သိချင်တယ်ဆိုရင်တော့ www. mahasi.org.mm မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


ို အချိန်ခါက် န င်္ ကြာသ်းသစ်မင်္ဂလ စှ နှင်အပေါင မု ရ် စး ငိုာ ဆ် သိ tမးလှယ Red do ကိုယ်စာ t o d d်။ င်း Re ပ်ပါသည ကြိုဆိုရ အ်အချိန်ခါ သ့ို စ ပ္တာ သ် စှ တ န့်  မ နှငာင်းေ်ကျန်းမာ ယို ကိုဆုတေ က်ာသန်းနိုင သ တ်း ဖြ့်ျမ င ခ် စိတ့်ဝစွာဖြ အားလုံး္ဒများပြည န ဆ် င လိုအ င်းသော ကိုကော ! ကြပါစေ


သင်္ကြန်အခါတော် ဘဏ်မှပေးသွင်းငွေပမာဏများပေါ် ပေးအပ်သည့် ဘော်နပ်စ်ပရိုမိုးရှင်း Red dot ကိုယ်စားလှယ်များအားလုံး သတ်မှတ်ထားတဲ့ အပတ်စဉ်များမှာ ဘဏ်ကတစ်ဆင့် ငါးသိန်းကျပ်နှင့်အထက် ငွေပေးသွင်းပြီးနှစ်ထောင့်ငါးရာကျပ် ကို ရယူနိုင်ပါပြီ။ ပရိုမိုးရှင်းကာလာနှစ်မျိုးရှိသည့်အနက် ကာလတစ်ခုခြင်းစီတွင် ဘဏ်မှတစ် ဆင့် ပေးသွင်းငွေ ငါးသိန်းကျပ်နှင့်အထက်ရှိပါက ဘောနပ်စ်ငွေနှစ်ထောင့်ငါးရာ ကျပ် ရမှာဖြစ်ပါတယ်။ ပရိုမိုးရှင်းကာလများမှာ ဧပြီ ၁ ရက်မှ ၈ ရက်အတွင်း၊ ဧပြီ ၂၁ရက်မှ ၂၉ ရက် အတွင်းဖြစ်ပါတယ်။နှစ်သစ်ချိန်ခါမှာ ဘဏ်မှအလွယ်တကူငွေသွင်းပြီး ဘောနပ် စ်တွေပိုင်ဆိုင်လိုက်ကြရအောင်နော်။ ပထမပရိုမိုးရှင်းကာလတွင် ငါးသိန်းနှင့်အထက် ပေးသွင်းပြီးသူများမှာလည်း ဒုတိယကာလအတွက် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဧပြီလကုန်တွင် ဘောနပ်စ်ငွေများအားလုံးကို စက်ထဲသို့ ထည့်သွင်းပေးသွားမည်ဖြစ်သည်။

သင်္ကြန်ရက်တွေမှာတိုးတက်များပြားလာမယ့်ရောင်းအားကို အခုကတည်းက စဉ်းစားပြီး သင့်စက်ထဲကို ပိုက်ဆံအလုံအလောက်သွင်းထားရန်လိုအပ်ကြောင်း Red dot က အသိပေးလိုက်ပါရစေ။ အခုအချိန်က တည်းက သင့်စက်ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်သလဲအရင်စစ်လိုက်ပါ။ နောက်ပြီး သင်နဲ့နီးစပ်ရာဘဏ် ဒါမှမဟုတ် Red dot Customer Care ဌာနကို ဖုန်း-၀၁ ၃၇၀၀၅၀ ကိုဆက်သွယ်ပြီး သင်္ကြန်မှာ ရောင်းချမယ့်ပမာဏ ပြတ်လပ်မှုမရှိရအောင် စက်ထဲကို ပိုက်ဆံထည့် သွင်းထားလိုက်ပါဦးနော်။ သင်္ကြန်ပိတ်ရက်တွေမှာ Red dot Customer Care ဌာနက Red dot ကိုယ်စား လှယ်အားလုံး ငွေသွင်းမှုလွယ်ကူစေဖို့ အဆင်သင့် ရှိနေပါသေးတယ်။ ဒါကြောင့် ငွေသွင်းဖို့ မေ့ခဲ့ရင်တောင် သင်္ကြန်ရက်အတွင်းCustomer Care ဌာနကို ဖုန်းဆက် နိုင်ပါတယ်နော်!

reddotnetwork.com +95 1370050

Red dot နဲ့အတူရှိနေပြီး အထူးရောင်းချမှုနဲ့ ပရိုမိုးရှင်းတွေအကြောင်း နားစွင့်နေလိုက်ပါ! အီးမေးလ်လိပ်စာရှိပါသလား။ info@reddotnetwork.com သို့ အီးမေးလ် တစ်စောင်ပို့ပြီး ကျွန်တော်တို့ရဲ့ အီးမေးလ်ပေးပို့တဲ့စာရင်းမှာပါဖို့အတွက် စာရင်း သွင်းလိုက်ပါ။ ဒီလိုစာရင်းပေးသွင်းခြင်းကြောင့် Red

ပေးပို့တဲ့မေးလ်မှာ ဒါလေးတွေ ရေး သားပါ။

dot ရဲ့ အထူးအစီအစဉ်တွေနဲ့ ပရိုမိုးရှင်း

•

မိမိနာမည်

တွေအကြောင်းတစ်ခုမှ မလွတ်သွားအောင်

•

ဆိုင်နာမည်

•

မိုဘိုင်းလ်ဖုန်းနံပါတ်နဲ့

•

မြို့နယ်

အသိပေးသွားမှာပါ။


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.