Issue 10

Page 1

Issue Ten

page

04

Ytalk ငွေဖြည့်ကတ်ကို Red Dot နဲ့ အခု ၀ယ်ယူနိုင်ပါပြီ

Bank & Win ကံစမ်းမဲကာလကို page

03

ဇူလိုင်လ ၁၈ ရက်အထိ တိုးမြှင့်လိုက်ပါပြီ


OK

Introducing Red Dot Pay Red Dot ရဲ့ အီလက်ထရောနစ် ဘေလ်ပေးဆောင်ခြင်း ဝန်ဆောင်မှုကို မကြာမီ မိတ်ဆက်ပေးသွားမှာပါ။

ပြီးခဲ့တဲ့အခေါက် မဂ္ဂဇင်းမှာ ဖော်ပြခဲ့သလိုပါပဲ မြန်မာနိုင်ငံမှာ ပထမဆုံးသော အီလက်ထရောနစ် ဘေလ်ပေးဆောင်ခြင်းစနစ်ကို Red Dot က ဝန်ဆောင်မှုပေးသွားမည့်အကြောင်း ကြေညာဖို့ စိတ်လှုပ်ရှားနေပါတယ်။ Red Dot ဆိုင်ပိုင်ရှင်ထံ ဒီဝန်ဆောင်မှု ပေးနိုင်ဖို့ ဆိုင်းပြင်းနေပါပြီ။ ဒါမှလဲ ဆိုင်ရှင်တွေက ဈေးဝယ်သူတွေကို ပိုပြီးဆွဲဆောင်နိုင်မှာပါ။ ဘေလ်ပေးဆောင်ခြင်းဝန်ဆောင်မှုအတွက် သက်မှတ်ချက်ပြည့်ဝဖို့ သင့်အနေနဲ့ အောက်ပါအချက်တွေလိုအပ်ပါတယ် -ကျွန်တော်တို့ရဲ့ Top Seller Club ရဲ့ Diamond သို့မဟုတ် Gold Club ဖြစ်ရပါမယ်။ ဆိုလိုတာကတော့ လစဉ် ကျပ်၁,၅၀၀,၀၀၀ ကျော် ရောင်းချသူဖြစ်ရမည်။ -Red Dot ကို ငွေဖြည့်ဖို့အတွက် ဘဏ်ကို အသုံးပြုရပါမည်။ သင်ကိုယ်တိုင် လိုအပ်ချက်များပြည့်မီ၊ မပြည့်မီကြောင်း သိရှိလိုပါက သို့မဟုတ် အခြားမေးမြန်းစုံစမ်းလိုပါက ကျွန်တော်တို့ရဲ့ Customer care အဖွဲ့ +၉၅ ၉၂၅၉ ၃၄ ၃၅၂၅ သို့ဆက်သွယ်ပါ။

reddotnetwork.com.mm 02

+95 92 53786491

05


Red Dot မှ နောက်ဆုံးပေါ် Hyundai Grand i10 ကားအသစ်ကြီးကို ပေးအပ်လျှက်ရှိပါတယ် Red Dot မှ နောက်ဆုံးပေါ် Hyundai Grand i10 ကားအသစ်ကြီးအား ကံထူးရှင် Red Dot စတိုးဆိုင်ပိုင်ရှင်တစ်ဦးကို ပေးအပ်သွားမှာဖြစ်ပါတယ်။ သင့်ရဲ့ Red Dot ကုန်သွယ်မှုစာရင်းသို့ ကျပ်တစ်သိန်းဖြည့်သွင်းသည့်အကြိမ်တိုင်း

အံ့သြဖွယ်ဆုလက်ဆောင်ကို

ပိုင်ဆိုင်နိုင်မည့်

အခွင့်အရေး ရရှိမှာ ဖြစ်ပါတယ်။ အခု ပိုမိုလွယ်ကူ လျင်မြန်စွာ လုပ်ဆောင်နိုင်ပါပြီ!!!!!

ကံစမ်းမဲကာလကို

သင့်အနေနဲ့ ဘဏ်စာရင်းဖွင့်ဖို့တောင် မလိုတော့ပါဘူး။

ဇူလိုင်လ ၁၈ ရက်အထိ

လုံးဝမမေ့လိုက်ပါနဲ့။ ဇူလိုင်လကုန်မှာ Red Dot ကွန်ရက်ဝင်ဆိုင်ပိုင်ရှင်တစ်ဦးက နောက်ဆုံး ပေါ် Hyundai Grand i10 ကားသစ်ကြီးကို ပိုင်ဆိုင်နိုင်မှာပါ။ ပိုင်ဆိုင်နိုင်မယ့်သူက သင်လည်း ဖြစ်နိုင်ပါတယ်။

တိုးမြှင့်ထားတဲ့အတွက် အံ့သြဖွယ် ဆုလက်ဆောင်တွေ

ဘဏ်မှတစ်ဆင့် သင့်ရဲ့ Red Dot ငွေစာရင်းကို ပိုက်ဆံဖြည့်ခြင်းဖြင့် ဆုလက်ဆောင်ကို ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကို ရရှိမှာ ဖြစ်ပါတယ်။

ပိုင်ဆိုင်နိုင်မယ့်အခွင့်အရေးကို

ဒါက အရမ်းကို လွယ်ကူပါတယ်။ သင့်အနေနဲ့ သင့်ရဲ့လက်ကျန်ငွေစာရင်း ကို ၂၄ နာရီအတွင်း ရရှိမှာ ဖြစ်ပါတယ်။

ရရှိနိုင်ရန် သင့်အနေနဲ့ အမြန်ဆုံး

လမ်းညွှန်ချက် AYA Bank ( သို.) KBZ ဘဏ် ( သို.) CB ဘဏ်မှ တစ်ဆင့် Red Dot ဘဏ် အကောင့်သို့ သင့်ရဲ့ဘဏ်စာရင်းရှိငွေကို Red Dot ငွေစာရင်း လက်ကျန်သို့လွှဲပေးနိုင် ပါတယ်။ (သို့) သင့်နဲ့နီးစပ်ရာ AYA Bank (သို့) KBZ ဘဏ် သို့ သင့်ရဲ့ Red Dot ငွေစာရင်းမှာ ထည့် မယ့်ငွေကိုယူလာပြီး Red Dot ဘဏ်စာရင်းသို့ တိုက်ရိုက်ထည့်သွင်းနိုင်ပါတယ်။ ဘဏ်စာရင်း ဖွင့်စရာမလိုဘဲ သင့်ရဲ့ ကုန်သွယ်မှုစာရင်းနံပါတ်ပဲ လိုအပ်ပါတယ်။ ဆုလက်ဆောင်ကံစမ်းမဲမှာ ပါဝင်ဖို့ သင့်အနေနဲ့ နေ့စဉ်အရောင်း ၃၀၀၀၀ ကျပ်နှင့်အထက် ရှိဖို့လိုအပ်ပါတယ်။ ကျပ် ၁၀၀,၀၀၀ နှင့်အထက်ငွေဖြည့်သွင်းသော Red Dot ဆိုင်ပိုင်ရှင်များအတွက်သာ အကျုံးဝင်ပြီး ဆုမဲကာလက ဇူလိုင် ၁၈ ရက်နေ့အထိသာ ဖြစ်ပါတယ်။

လုပ်ဆောင်လိုက်ပါ။

retail@reddotnetwork.com 03


မြန်မာနိုင်ငံမှ Sea Games ရွှေတံဆိပ်ဆုရှင် မစန္ဒီဦးနှင့်တွေ့ဆုံခြင်း ဒီနှစ်ဇွန်လမှာကျင်းပတဲ့ ၂၈ ကြိမ်မြောက် စင်ကာပူ Sea Games ၀ူရှူးအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိ သောမစန္ဒီဦးနဲ့ Red Dot က တွေ့ဆုံခဲ့ပါတယ်။ “မြန်မာ….မြန်မာ လို့ ပရိသတ်တွေဆီက ကြားရတဲ့ တန်ဖိုးရှိတဲ့အားပေးသံတွေက ကျွန်မကိုပိုပြီးတော့ အနိုင်ရ အောင်ယှဉ်ပြိုင်ဖို့ အင်အားဖြစ်စေပါတယ်” လို့ မစန္ဒီဦးက ပြောပါတယ်။ မစန္ဒီက ၇နှစ်အရွယ်ထဲက ၀ူရှူးကို စတင်ကစားခဲ့ပြီး သူမကို ပထမဆုံး ၀ူရှူးပညာကို မိတ်ဆက်ပေးခဲ့သူ တွေကတော့ သူမရဲ့မိဘနှစ်ပါးပဲဖြစ်ပါတယ်။ သူမရဲ့ ဖခင်ကလည်း ဆေးတက္ကသိုလ် ကိုယ်စားပြုအားကစားသမား တစ်ဦးဖြစ်ခဲ့ပါတယ်။ မစန္ဒီက အသက် ၉ နှစ်အရွယ်တွင် သူရဲ့ ပထမဆုံးသော နိုင်ငံတကာဝူရှူးအားကစားပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ် Sea Games အပါအ၀င် နိုင်ငံတကာပြိုင်ပွဲပေါင်း ၁၄ ခုကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ရွှေတံဆိပ် ၁၁ ခု၊ ငွေတံဆိပ် ၁၁ ခုနဲ့ ကြေးတံဆိပ် ၆ ခု ရရှိထားပါတယ်။ သူမရဲ့ပထမဆုံးသော Sea Game ပြိုင်ပွဲ အောင်မြင်မှုအနေနဲ့ ထိုင်းနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့သော ၂၄ ကြိမ်မြောက် Sea Gamesမှာ ကြေးတံဆိပ်တစ်ခု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ “ကျွန်မကလေးဘ၀ကတည်းက ၀ူရှူးလှုပ်ရှားမှုတွေဖြစ်တဲ့ ကိုယ်နေဟန်ထား၊ ကန်ချက်၊ ထိုးချက်၊ ဟန်ချက် ထိန်းတာ၊ ခုန်တာ၊ လှဲတာ၊ ပစ်တာတွေကို လေ့ကျင်ရတာကို အမြဲတမ်း သဘောကျခဲ့တယ်။ ဒါကလည်း ကျွန်မ ၀ူရှူးကစားသမားတစ်ယောက်ဖြစ်လာဖို့ရွေးချယ်ခဲ့တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ” ဟုပြောပါတယ်။ ယခုနှစ် ဇွန်လတွင် စင်ကာပူက လက်ခံကျင်းပခဲ့တဲ့ ၂၈ ကြိမ်မြောက်ဆီးဂိမ်းတွင် အမျိုးသမီး ချန်းစုလှံ ရှည်ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု၊ အမျိုးသမီး ချန်းချွမ်လက်နက်မဲ့ပြိုင်ပွဲတွင် ငွေတံဆိပ်ဆုနှင့် အမျိုးသမီး သွေ့လျန်နှစ် ယောက်တွဲအတိုက်တွင် ငွေတံဆိပ်ဆု ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။

Ytalk ငွေဖြည့်ကတ်ကို Red Dot နဲ့ အခု ၀ယ်ယူနိုင်ပါပြီ သင့်အနေနဲ့ သင့်ရဲ့customerများကို Red Dot စနစ်မှတစ်ဆင့် Ytalk ငွေဖြည့်ကတ်ကို ရောင်းချနိုင်ပြီိးဆိုတာကို ကျွန်တော်တို့ ၀မ်း မြောက်ဝမ်းသာအသိပေးချင်ပါတယ်။ ၂၀၁၂ ခုနှစ်တွင် ပထမဆုံးအကြိမ်စတင်မိတ်ဆက်ဖြန့်ချိပြီးနောက် Ytalk က မြန်မာနိုင်ငံ၏ ပထမဆုံးသော အင်တာနက်မှတစ်ဆင့် ဖုန်း ခေါ်ဆိုနိုင်သောဝန်ဆောင်မှု (VOIP) တစ်ခု ဖြစ်လာခဲ့ပါတယ်။ VOIP ဆိုသည်မှာ အင်တာနက်လိုင်းပေါ်တွင် တယ်လီဖုန်းပြောဆိုမှုများ ပြု လုပ်နိုင်သော နည်းပညာတစ်ခု ဖြစ်ပါတယ်။ Ytalk ဖြင့် နယ်ဝေးနှင့်

04

ပြည်ပဖုန်းခေါ်ဆိုမှုများကို

ဈေးနှုန်းသက်သာစွာဖြင့်ခေါ်ဆိုနိုင်ခြင်းစ

သည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါတယ်။ Red Dot စတိုးဆိုင်တိုင်းတွင် ၁,၀၀၀ တန်၊ ၃,၀၀၀ တန်၊ ၅,၀၀၀ တန်နှင့် ၁၀,၀၀၀ တန် Ytalk ငွေဖြည့်ကတ်များကို ယခု ၀ယ်ယူနိုင်ပါ တယ်။ Ytalk နှင့်ပတ်သက်သော သတင်းအချက်အလက်များပိုမိုသိရှိနိုင် ရန်www.ytalk.com.mm တွင် ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။


05


Red Dot မှ အကောင်းဆုံးစွမ်းဆောင်နိုင်သည့် လက်လီရောင်းချ သူများကို ဆုများချီးမြှင့်ရန် ကတိက၀တ်ပြုခဲ့ပါတယ်။ မကြာသေးခင် က အကောင်းဆုံးစွမ်းဆောင်နိုင်သည့် Red Dot ဆိုင်ပိုင်ရှင်များကို ဆုမဲကြီးများ၊ အထူးအခမ်းအနားအစီအစဉ်များ၊ ကံစမ်းမဲများချီးမြှင့်ပေး မယ့် Red Dot Top Seller Club ကို မိတ်ဆက်ပေးခဲ့ပါတယ်။ မြင်ကွင်းကျယ်တီဗွီများ၊ Red Dot Gala dinner သို့ဖိတ်ကြားခြင်းနှင့် နာမည်ကြီးတံဆိပ် စက်ဘီးများအပါအ၀င် ဆုမဲလက်ဆောင်အချို့ကို ကျွန်တော်တို့ရဲ့ Top Sellers Club မှ အဖွဲ့ဝင်များ ရရှိပြီး ဖြစ်ပါတယ်။ Red Dot Top Sellers Club နဲ့ ဆုမဲလက်ဆောင်ကြီးများကို ရရှိနိုင်မယ့် အခွင့်အရေးတွေမှာ ပါဝင်နိုင်ဖို့အတွက် သင့်အနေနဲ့ တစ်လစီတိုင်းမှာ တစ်ဖက်ပါ အရောင်းရည်မှန်းချက်များကို ပြည့်မီရမှာ ဖြစ်ပါတယ်။ Red Dot Top Sellers Club ရဲ့ အမျိုးအစား သတ်မှတ်ချက်များပေါ်မူတည်ပြီး ဆုလက်ဆောင်အမျိုးအစား ကွဲပြား သွားမှာ ဖြစ်ပါတယ်။

မိုဘိုင်းဖုန်းအသစ်တစ်လုံးဝယ်ရန် Red Dot Guide ဈေးကွက်မှာရှိတဲ့ဖုန်းအများအပြားထဲက

သင့်အတွက်သင့်တော်တဲ့

ဖုန်းတစ်လုံးကို ရွေးချယ်ရတာ ခက်ခဲပါတယ်။ ဖုန်းအသစ်တစ်လုံးဝယ်ရမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက် (၅) ချက်ကို Red Dot က အကြံပေး ထားပါတယ်။ သင်အပြင်ထွက်ပြီး ဖုန်းအသစ်မ၀ယ်ခင် အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ အရေးကြီးတဲ့သတင်းအချက်အလက်အချို့ကို ကျွန်တော်တို့ စုဆောင်းတင်ပြထားပါတယ်။

အဓိကထည့်သွင်းစဉ်းစားရမည့်အချက်များ 1

ကုန်ကျစရိတ်။

2

အရွယ်အစား။

အသုံးပြုပြီးသား ဖုန်းတစ်လုံးအတွက် အနိမ့်ဆုံးဈေးမှ iPhone 6 သစ်

တစ်လုံးအတွက် ဒေါ်လာ ၁၀၀၀ ထိ ဖုန်းဈေးနှုန်းများက ကွာခြားနိုင်ပါတယ်။ သင့်အနေနဲ့ ဖုန်းဆက်ရုံအသုံးပြုမှာလား (သို့) ဂိမ်းကစားဖို့ အသုံးပြုမှာ

လား၊ ဓါတ်ပုံရိုက်ဖို့၊ စာဖတ်ဖို့ဆိုတာ အပေါ်မှာ မူတည်ပြီး Screen အရွယ်အစားကို ရွေးချယ်

ပါ။ ခုချိန်မှာတော့ Screen အရွယ်အစားအမျိုးအစားမျိုးစုံရရှိနိုင်ပါပြီ။ ၆ လက်မအရွယ် Google Nexus မှ သေးငယ်တဲ့ ၃.၅ လက်မအရွယ် Apple iPhone 4 အမျိုးအစားထိ ရရှိနိုင်ပါ တယ်။

3

ဘတ္ထရီ။

ဘတ္ထရသီ က်တမ်းကအရေးကြီးပါတယ်။SamsungGalaxyကဲသ့ို

ဖုန်းအများစုရဲ့ ဘတ္ထရီသက်တမ်းက (၈) နာရီခန့် ခံပါတယ်။ iPhone 6 က (၁၀) နာရီ

ကြာအထိ အသုံးပြုနိုင်ပြီး Huawei Ascend Mate 2 ကတော့ (၁၄) နာရီကြာအထိ အသုံးပြုနိုင်ပါတယ်။

4

Operating System (OS) ။ Operating System အဓိက (၃)ခု ရှိပြီး - Google ရဲ့ Android, Apple ရဲ့ iOS နဲ့ Microsoft ရဲ့ Windows တို့ပဲ ဖြစ်ပါတယ်။ သင်အ

ကြိုက်နှစ်သက်ဆုံးစနစ်ကို ရွေးချယ်နိုင်ဖို့ တစ်ခုချင်းစီကို အချိန်ပေးပြီး လေ့လာကြည့် ပါ။

5 06

ကင်မရာ။

ဖုန်းကင်မရာကို ရွေးချယ်ရမှာ ထည့်သွင်းစဉ်းစားရမယ့်အချက်တွေက

တော့ megapixels၊ မှန်ဘီလူးအရည်အသွေး၊ ဓါတ်ပုံအရည်အသွေးနဲ့ ဖုန်းမှာ ရှေ့ကင်မရာ

နဲ့ နောက်ကင်မရာ နှစ်ခုလုံးပါ၊ မပါ စဉ်းစားရမှာဖြစ်ပါတယ်။


Profile

Silver Club

လစဉ်ပျမ်းမျှ အရောင်း

“မမျှော်လင့်ထားတဲ့ အချိန်မှာ Red Dot က သူတို့ရဲ့ Top Sellers Club အဖွဲ့ဝင် ဖြစ်ခွင့်ရတဲ့အတွက်ဝမ်းသာမိပါတယ်။ ပြီးတော့ customer တွေအပေါ်မှာ တန်ဖိုးထားကိုလည်းသိရပါ တယ်” ဟု Home K မြန်မာ၊ တရုတ် စားသောက်ဆိုင် ပိုင်ရှင် ကိုစိုးရာဇာငြိမ်းကပြောပါတယ်။ “ကျွန်မတို့ ဆိုင်ကို Red Dot မားကတ်တင်း အဖွဲ့လာရောက်မိတ်ဆက်ပြီးတဲ့နောက် Red Dot ကို အသုံးပြုဖို့ စာရင်းသွင်းဖြစ်သွားတာပါ။ အခုဆိုရင် ငွေဖြည့်ကတ် ပြတ်လပ်မှုတွေမရှိတော့တဲ့အတွက် အရမ်းကိုအဆင်ပြေပါတယ်။ ကျွန်မတို့ရဲ့ဈေးဝယ်သူတွေကလည်း Red Dot နဲ့ ငွေဖြည့်ဖို့အတွက် အထူးပဲမေးမြန်းလာကြပါပြီ။”

၁,၀၀၀,၀၀၀ ကျပ်နှင့်အထက်

Gold Club

နေ့စဉ်ပျမ်းမျှ အရောင်း ၁,၅၀၀,၀၀၀ ကျပ်နှင့်အထက်

Diamond Club

နေ့စဉ်ပျမ်းမျှ အရောင်း

Ko Soe Yarzar Nyein,

Bahan township, Yangon.

၂,၀၀၀,၀၀၀ ကျပ်နှင့်အထက်

အသုံးများသောအသုံးအနှုန်းများ 1

LCD (Liquid Crystal Display): ဒါကတော့ စမတ်ဖုန်း တွေမှာ အသုံးပြုထားတဲ့ မျက်နှာပြင်မှန်ကို ဖော်ပြတာ ဖြစ် ပါတယ်။

2

CPU (သို့) Processor: ဒါက သင့်ဖုန်း application များ ဘယ် လောက်မြန်မြန် အလုပ်လုပ်နိုင်တယ် ဆိုတာကို သတ်မှတ် ပေးပါတယ်။

3

2G (သို့) 3G: သင့်ဖုန်းမှာ အသုံးပြုထားတဲ့ မိုဘိုင်းဆက်သွယ် ရေးနည်းပညာကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ 2G က voice call များ၊ စာတိုများနဲ့ အခြေခံအင်တာနက်အသုံးပြုမှုများအ တွက် အခြေခံထားပါတယ်။ 3G ကတော့ ပိုမိုခေတ်မီပြီး ပိုမိုမြန် ဆန်သော အင်တာနက်အမြန်နှုန်းကို ပေးပါတယ်။ သို့သော် လည်း 3G က ပိုမိုဈေးကြီးပြီး တစ်နိုင်ငံလုံးလွှမ်းခြုံမှုတွင် 2G ထက် နည်းပါတယ်။ Megapixel: ဒစ်ဂျစ်တယ်ကင်မရာများတွင် ရုပ်ပုံများကို pixel

4

များနှင့် ရိုက်ယူပြီး one megapixel က pixel တစ်သန်းနှင့် ညီ မျှပါတယ်။ ယေဘုယျပြောရလျှင် megapixel များများ ကင် မရာမှာ ရှိလေ၊ ပိုမိုကောင်းမွန်သောအရည်အသွေးနှင့် ဓါတ်ပုံ များ ရရှိနိုင်လေ ဖြစ်ပါတယ်။

+95 92 53786491 07


မိုးရာသီနှင့် သင့်တော်သည့် ဖုန်းများ ရွေးချယ်နိုင်မည့် အခွင့်အလမ်း

မိုးရာသီအတွက် ကြိုတင်ပြင်ဆင်မှုတွင် Red Dot က ဈေးကွက်ရှိ ရေစိုခံ စမတ် ဖုန်း(၃) မျိုးကို လေ့လာဖော်ပြပေးလိုက်ပါတယ်။

Sony Xperia Z3 Sony Xperia စီးရီးစမတ်ဖုန်းများသည် ၎င်းတို့၏ ရေစိုခံနိုင်မှုအတွက် လူသိများ သည်။ Sony Xperia Z3 သည် ရေအောက်အနက် ၁.၅ မီတာတွင် မိနစ်(၃၀)ခန့် အထိ ရေကူးနေစဉ် ဓါတ်ပုံများရိုက်ယူနိုင်သည့် အကောင်းဆုံးစမတ်ဖုန်းများထဲမှ တစ်ခုဖြစ်ပါတယ်။ Sony ဒီဂျစ်တယ်ကင်မရာများ၏နည်းပညာအတိုင်း လှပစွာဖန် တီးပြုလုပ်ထားသောဒီဖုန်းက ဓါတ်ပုံနှင့် ဗွီဒီယိုများရိုက်ကူးရာတွင် အသင့်တော်ဆုံး နှင့်အကောင်းဆုံးဖြစ်ပါတယ်။ Samsung Galaxy S5 Samsung ၏ Galaxy S အမျိုးအစားဖုန်းများ (၅) ခုမြောက်versionဖြစ်သည့် Samsung Galaxy S5 ၏ အကောင်းဆုံးလုပ်ဆောင်ချက်များထဲမှ တစ်ခုကတော့ အပြည့်အ၀ ရေစိုခံနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒီဖုန်းက ပြီးခဲ့တဲ့နှစ်အတွက် လူကြိုက် အများဆုံး အကောင်းဆုံး စမတ်ဖုန်းမိုဒယ်တွေထဲက တစ်ခု ဖြစ်ပါတယ်။ Huawei Honor 3C Huawei Honor 3C က ဖုန်းနှင့်ရေစိုခံမှုကောင်းမွန်သကဲ့သို့ အရေးကြီးတဲ့ အချက်ကတော့

သင့်တင့်တဲ့ဈေးနှုန်းနဲ့ရနိုင်တဲ့

တန်ဖိုးသင့်ဖုန်းတစ်လုံးပဲ

ဖြစ်ပါ

တယ်။ ရေအောက်အနက် ၁ မီတာအထိ ရေထဲမှာနှစ်ထားနိုင်ပါတယ်။

မိုဘိုင်းဈေးကွက် နောက်ဆုံးရသတင်းများ

ပြီးခဲ့တဲ့နှစ်အတွင်း မြန်မာဆက်သွယ်ရေးကဏ္ဍတွင် ကြီးမား သော ပြောင်းလဲမှုကောင်းများနဲ့ ကြုံတွေ့ခဲ့ပါတယ်။ မြန်မာ့ဆက် သွယ်ရေး၊ စာတိုက်နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီး ဌာန၏

ပြောကြားချက်အရ

မြန်မာနိုင်ငံတွင်

မိုဘိုင်းနည်းပညာ

ပြောင်းလဲမှုနန်းက ၅၀ ရာခိုင်နှုန်းကျော် အထိ တိုးတက်လာခဲ့တယ်။

အလျင်အမြန်ကြီးထွားလာနေသော်လည်း

MPT

က

ယခုထိ

ဈေးကွက်ဦးဆောင်သူ ဖြစ်နေဆဲဖြစ်သည်။ Ooredoo က Sim Card ၃.၃ သန်းကျော်ရောင်းချထားရပြီး မြန်မာလူထူ၏ ၄၁ ရာခိုင် နှုန်းကို

လွှမ်းခြုံနိုင်သော

ကွန်ရက်ကို

ပိုင်ဆိုင်ထားပါတယ်။

Telenor က Sim Card ၆.၄ သန်းကျော် ရောင်းချထားရပြီး လူဦး ရေ၏ ၅၀ ရာခိုင်နှုန်းကို လွှမ်းခြုံနိင်သော ကွန်ရက်ကို ပိုင်ဆိုင်

Telenor နှင့် Ooredoo ကဲ့သို့ နိုင်ငံခြားဖုန်းအော်ပရေတာ များက လွန်ခဲ့တဲ့တစ်နှစ်ကျော်ခန့် ကဈေးကွက်ကို ၀င်ရောက်လာပြီး 08

ထားပါတယ်။


+95 92 53786491 တစ်မိနစ်လျှင် ၃၅ ကျပ်

တစ်မိနစ်လျှင် ၂၅ ကျပ်

တစ်မိနစ်လျှင် ၂၅ ကျပ် Activated ပြုလုပ်ပြီး တစ်မိနစ်လျှင် ၂၀ ကျပ်

message တစ်စောင်လျှင် ၁၅ ကျပ်

(Activate ဝန်ဆောင်ခ ၅၀၀ ကျပ်)

message တစ်စောင်လျှင် ၁၅ ကျပ်

message တစ်စောင်လျှင်

Internet: 1 MB လျှင်

Internet: 1 MB လျှင် ၅ ကျပ်မှ

၁၅ ကျပ်

၆ ကျပ် (အမြန်နှုန်းပေါ်မူတည်သည်)

၁၅ ကျပ် Internet: 1 MB လျှင် ၆ ကျပ်

*ဈေးနှုန်းများအားလုံးသည် ဇွန်လ၊ ၂၀၁၅ ခုနှစ်တွင် ကောက်ခံရရှိသည့်အတိုင်းဖြစ်သည်။

09


Red Dot Network ၏ Website စာမျက်နှာသစ်ကို မိတ်ဆက်ခြင်း

www.reddotnetwork.com ကို ၀င်ရောက်ပြီး ကျွန် တော်တို့ website စာမျက်နှာသစ်ကို လေ့လာကြည့်ပါ။ Red Dot စနစ်အကြောင်း လက်လီရောင်းချသူများသိလို သောမေးခွန်းများ နှင့်အဖြေများ အပြင် သင့်စီးပွားရေး လုပ်ငန်းလည်ပတ်မှုများ တိုးတက်စေရန် ကူညီပေးမည့် ဆိုင်ပိုင်ရှင်များအတွက် ဆောင်းပါးများနှင့် အကြောင်းအရာ

များကိုလည်း ဖတ်ရှုနိုင်ပါတယ်။ ထို့ပြင် customer အသစ် များအတွက် Red Dot နှင့်ပတ်သက်သည့်အကြောင်းအရာ များ၊ ၀န်ဆောင်မှုအားလုံးအတွက် သတင်းအချက်အလက် များရရှိ နိုင်မယ့်အရင်းအမြစ်တစ်ခုလည်း ဖြစ်ပါတယ်။

reddotnetwork.com.mm 10

+95 92 53786491

05


မြန်မာနိုင်ငံတွင် လူကြိုက်အများဆုံး Chat Apps (၅) ခု Red Dot မှ မြန်မာနိုင်ငံတွင် ရရှိနိုင်သော လူကြိုက်အများဆုံ မိုဘိုင်း Chat Apps (၅) ခုကို မိတ်ဆက်ပေးချင်ပါတယ်။

Facebook Messenger

၂၀၁၄တွင် Facebook က ၎င်း၏ မက်ဆေ့ဝန်ဆောင်မှုကို မိုဘိုင်း apps အနေနှင့် စတင်မိတ် ဆက်ခဲ့ပါတယ်။ သုံးစွဲသူ သန်း ၇၀၀ ကျော်နှင့် ကမ္ဘာပေါ်တွင် ဒုတိယ လူကြိုက်အများဆုံး chat app ဖြစ်ပါတယ်။

WhatsApp Whatsapp သည် မူလမက်ဆေ့ပို့နိုင်သော apps များထဲမှ တစ်ခုဖြစ်ပြီး သုံးစွဲသူသန်း ၈၀၀ ကျော်နှင့် တစ်ကမ္ဘာ့လုံးတွင် လူကြိုက်အများဆုံး apps ဖြစ်ပါတယ်။ WhatsApp၏ အကောင်းဆုံး လုပ်ဆောင်ချက်များထဲမှ တစ်ခုကတော့ သုံးစွဲသူ ၁၀၀ထိ ပါဝင်နိုင်သော Group Chat ပဲဖြစ်ပါ တယ်။

Viber အခြားသော Chat Apps များနှင့် နှိုင်းယှဉ်နိုင်သော Apps အသစ်တစ်ခုဖြစ်သော Viber မှ သင့်အနေဖြင့် အခမဲ့ဖုန်းခေါ်ဆိုမှုများ၊ စာတိုများ၊ ဓါတ်ပုံများ၊ Voice message နှင့် Video message များကို အခမဲ့ပေးပို့နိုင်ပါတယ်။

MyChat MyChat က မြန်မာနိုင်ငံမှသုံးစွဲသူများအတွက် သီးသန့်ထုတ်လုပ်ထားသော အခမဲ့ mobile messaging app တစ်ခုဖြစ်ပြီး ပါဝင်သောအကြောင်းအရာများအားလုံးကို မြန်မာလို ရေးဆွဲထားပါ တယ်။ MyChat ရဲ့ look around လုပ်ဆောင်ချက်က သင့်ကို သင့်ရဲ့သူငယ်ချင်းများရှာဖွေရန် ကူညီ ယုံသာမက သူငယ်ချင်းသစ်များ ရရှိလာအောင် ကူညီပေးမှာ ဖြစ်ပါတယ်။

WeChat

တရုတ်နိုင်ငံတွင် လူကြိုက်အများဆုံး app တစ်ခုဖြစ်ပြီး သင်လိုချင်သော မက်ဆေ့ပေးပို့ ခြင်း၊ ဖုန်းခေါ်ဆိုမှုများ၊ အသံမက်ဆေ့ပေးပို့နိုင်ခြင်း၊ ဗွီဒီယိုနှင့် ဓါတ်ပုံများပေးပို့နိုင်ခြင်းကဲ့သို Facebook စတိုင် Newsfeed များ၊ ဂိမ်းများနှင့် အခြားသောလုပ်ဆောင်ချက်များကို WeChat တွင် အသုံးပြုနိုင်ပါ တယ်။ WeChat ၏ မြန်မာ Version သစ်ကို သင့်အနေနဲ့ စမ်းသပ်သုံးစွဲကြည့်လိုက်ပါ။

11


Red Dot အသုံးပြုသူတစ်ဦးရဲ့ ဖွင့်ဟချက် အရင်ဆုံးအစ်ကိုရဲ့အကြောင်းမိတ်ဆက်ပေးပါအုံး။ ကျွန်တော်နာမည်က မောင်လင်းလက်ဝင်းမောင်ပါ။ ၂၂/၁ ကံ့ကော်မြိုင်လမ်း၊ စု ပေါင်းသုဝဏ္ဏမှာနေပါတယ်။ အလုပ်အကိုင်အနေနဲ့ Colour Palace ဆိုတဲ့ ဗီနိုင်းဆိုင် ကို မ၀သလမ်းဆုံ၊ ပင်လုံလမ်းမပေါ်မှာဖွင့်ထားပါတယ်။ Red Dot ကိုဘယ်တုံးကစပြီးသုံးဖြစ်သွားတာလဲ။ စသုံးတဲ့အချိန်ကိုတော့မမှတ်မိတော့ပါဘူး။ ဖြစ်ချင်တော့ Red Dot ဆိုင်က ကျွန် တော် ဆိုင်ဘေးမှာပဲလေ။ Red Dot ကို အသုံးပြုဖြစ်သွားပုံလေးပြောပြပါအုံး။ နည်းပညာအသစ်အဆန်းတွေကို စိတ်ဝင်စားတဲ့သူဖြစ်တဲ့အတွက် ဒီ Red Dot ရောက် လာတဲ့အခါမှာလည်း စမ်းသပ်အသုံးပြုဖို့ အာသီသဖြစ်လာတာပါ။ Red Dot ကို အသုံးပြုတဲ့အခါမှာကြိုက်နှစ်သက်ရတဲ့ အချက် (၃) ချက်လောက် ပြောပြ ပေးပါ။ ၁) ခဲခြစ်စရာမလိုခြင်း ၂) လိုင်းရတဲ့နေရာတွေမှာ Red Dot စက်ကိုအလွယ်တကူသယ်ယူသွားပြီးအသုံးပြု နိုင်ခြင်း ၃) တစ်နေရာတည်းမှာအခြားသောဆင်းကဒ်တွေ အတွက်ပါငွေဖြည့်သွင်းနိုင်ခြင်း စတဲ့ အချက်တွေဖြစ်ပါတယ်။ Red Dot အကြောင်း ကိုယ့်အသိမိတ်ဆွေ သူငယ်ချင်းတွေကို ပြောပါဆိုရင် ဘာကိုပြောပြ မှာလဲ။ အပေါ်မှာ ဖြေကြားခဲ့သလိုပါပဲ ဆန်းသစ်တဲ့ နည်းပညာ၊ ခဲခြစ်စရာမလိုပဲ တစ်နေရာ တည်းမှာ ငွေဖြည့်ကတ် အမျိုးစားအားလုံးကို ငွေဖြည့်နိုင်တယ်လို့ပဲ ပြောပြသွားမှာပါ။

Red Dot ဆိုတာ ဘယ်သူလဲ။ ကျွန်တော်တို့ရဲ့ ၀န်ဆောင်မှုများ အီလက်ထရောနစ်ဖုန်းငွေဖြည့်သွင်းခြင်း အီလက်ထရောနစ်ဘီလ်ပေးဆောင်ခြင်း လက်လီရောင်းချသူများအတွက် ဆုလက်ဆောင်များ Customers များအတွက် ဆုလက်ဆောင်များ Red Dot ၏ ကိန်းဂဏန်းများ Red Dot ကို ၂၀၁၄ ခုနှစ်၊ မေလ (၈) ရက်နေ့တွင် မြန်မာနိုင်ငံ၌ စတင်တည် ထောင်ခဲ့ပါသည်။ ကျွန်တော်တို့အနေနှင့် လက်ရှိတွင် ဆိုင်ပေါင်း ၃၀၀၀ ကျော်နှင့် ချိတ်ဆက်ဝန် ဆောင်မှု ပေးလျှက်ရှိပြီး ဆိုင်အရေအတွက်မှာ နေ့စဉ်ပိုမိုတိုးတက်လာလျှက်ရှိပါသည်။ ရန်ကုန်နှင့် မန္တလေးမြို့များမှ မြို့နယ်တိုင်းရှိ လက်လီအရောင်းဆိုင်များတွင် Red Dot ၏၀န်ဆောင်မှုများကို ရရှိနိုင်ပါသည်။ Red Dot ကို စတိုးဆိုင်များ 12

မိုဘိုင်းဖုန်းဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များတွင်လည်း ရရှိနိုင်ပါတယ်။


မိုးရာသီ လုပ်ဆောင်ချက်များ မိုးရာသီက သင့်ကို စိတ်ညစ်ညူးမှုတွေ မဖြစ်အောင် အောက်မှာ ပေးထားတဲ့ ပျော်ရွှင်ဖွယ်လုပ်ဆောင်ချက်လေးတွေကို လုပ်ကြည့်ပြီး မိုးအေးအေးလေးနဲ့ ဘယ်လောက် ပျော်စရာကောင်းတယ်ဆိုတာကို စမ်းသပ်ကြည့်ပါ။

1

ရုပ်ရှင်ကြည့်ပါ။ မိုးရေတွေကို ရှောင်ရှားဖို့ရုပရ် ငှ ရ်ုံ (သိ)ု့ အိမမှ်ာပဲ သူငယ် ချင်းတွေနဲ့အတူ ရုပ်ရှင်ကြည့်နိုင်ပါတယ်။

2

ဈေးဝယ်ထွက်ပါ။ ဈေးတစ်ခုခုကိုသွားပြီး သင့်အနေနဲ့ ဈေးဝယ်နိုင်ပါ တယ်။ (သို့) အသစ်ထွက်ရှိတဲ့ ကုန်ပစ္စည်းသစ်တွေကို လေ့ လာလှည့်ပတ်ကြည့်ရှုနိုင်ပါတယ်။

3

KTV သွားပါ။

4

Game Appsများ။ Angry Birds, Candy Crush Saga (သို့) Temple Run ကဲ့သို့ နောက်ဆုံးပေါ်ဂိမ်းများကို download ချပြီး ကစားနိုင်ပါတယ်။

5

Skill အသစ်တစ်ခုကို သင်ယူပါ။ သင့်လက်ထဲမှာ ရှိနေတဲ့ အားလပ်ချိန် တွေကို လမ်းညွှန်ချက်အသစ်တစ်ခုကို ရယူပါ (သို့) ဘာသာစကားတစ်ခုကို စတင်သင်ယူပါ။ အချိန်တိုအတွင်း လျင်လျင်မြန်မြန် သင့်အနေနဲ့ ကျွမ်း ကျင်လာပါလိမ့်မယ်။

သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေသီဆိုနိုင်ပါတယ်။

Dove မြန်မာနိုင်ငံကို ရောက်ရှိလာပါပြီ Red Dot စာစောင်တိုင်းတွင် မြန်မာနိုင်ငံတွင် မကြာသေးခင်ကမှ စတင်မိတ်ဆက်ခဲ့သော တံဆိပ်သစ်များနှင့် ထုတ်ကုန်များကို ဖော်ပြ ပေးခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ Customer များတွေ ကြိုက်နှစ်သက် မယ်လို့ အကြောင်းအရာ၊ ပစ္စည်းသစ်တစ်ခုကို အမြဲတမ်း မိတ်ဆက် ဖော်ပြပေးခဲ့ပါတယ်။

Dove အမှတ်တံဆိပ်ထုတ်ကုန်များကို ယခုနိုင်ငံတစ်ဝန်းတွင် ရောင်းချပေးနေပါပြီ။ Dove ကို အလှကုန်၊ Hair Care နှင့် အမျိုးသား၊ အမျိုးသမီးသုံးlotionများ တွင် လူသိများသော Unilever မှ ထုတ်လုပ် ပါတယ်။ Dove ထုတ်ကုန်များကို ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း ၈၀ ကျော် တွင် လက်ရှိရောင်းချလျက်ရှိပြီး လူတိုင်းကို မိမိ၏နဂိုမူရင်းအတိုင်း လှပမှုကိုခံစားနိုင်ရန် အားပေးသော ၎င်း၏ Campaign for real beauty အတွက် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သည်။ 13


Coca-Cola Brand Ambassadors ကိုယ်ရေးအကျဉ်း Coca-Cola Brand Ambassador နှင့် မြန်မာ Hip-Hop အဆိုတော်

သည်

မိစန္ဒီကို မိတ်ဆက်ခြင်း

အောင်

အကြီိးအကျယ် မြင်ခဲ့သည်။

သူ

သည် ၂၀၁၄ ခုနှစ် မြန်မာဂီတဆုပေး မိစန္ဒီ(မိစန္ဒီမင်းညံ) ကို ၁၉၉၀ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် မွေးဖွား ခဲ့ပြီး ဂီတဆုရ အဆိုတော်၊ သီချင်းရေးသူတစ်ဦး ဖြစ်သည်။ သူသည်

ပွဲတွင် မိုးရာသီအထူးဂီတဆုကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်အတွက် အောင် မြင်မှု သရဖူဆောင်းနိုင်ခဲ့သည်။

နိုင်ငံတွင်း Hip-Hop လောကသို့ အခြားသော အနုပညာရှင်များနှင့်အတူ underground performer တစ်ဦးအဖြစ် စတင်ဝင်ရောက်ခဲ့သည်။

မကြာသေးခင်က အသက် ၂၄ နှစ်အရွယ် မွန်လူမျိုးအဆိုတော်

သူ၏အဆိုတော်ဘ၀ကို ၂၀၁၃ ခုနှစ်တွင်ထုတ်ဝေခဲ့သော ပထမဆုံး

မလေးသည် မြန်မာနိုင်ငံရှိမြို့ ပျော်ရွှင်ခြင်းခရီးစဉ်တွင် အခြားသော

အယ်လ်ဘမ် ‘မိုနိုပိုလီ’နှင့် စတင်ခဲ့ပြီး လူအများ၏ သတိပြုမှုနှင့် အခိုင်

အနုပညာရှင်များနှင့်အတူ ပါဝင်ဖျော်ဖြေခဲ့သည်။ ၂၀၁၅ ခုနှစ်တွင်

အမာပရိသတ်များစွာ ရရှိစေခဲ့သည်။ ရေဒီယိုတွင် မကြာခဏထုတ်

သူသည် အခြားသောအနုပညာရှင်များဖြစ်သော စိုင်းစိုင်းခမ်းလှိုင်၊ အိမ့်

လွှင့်ပြီး အကောင်းဆုံးသီချင်းစာရင်းတွင် မကြာခဏပါဝင်သော သူ၏

ချစ်တို့နှင့်အတူ Coca-Cola ၏ မြန်မာပြည် Ambassador အဖြစ် ခန့်

ကျော်ကြားသော ရေခဲရိုက်အပြုံး သီချင်းသည် ထိုအယ်လ်ဘမ်တွင်

အပ်ခြင်းခံရသည်။

ပါဝင်ခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် မိစန္ဒီသည် သူ၏ ဒုတိယမြောက်အယ်လ်ဘမ် ‘ပစ်တိုင်းထောင်’ ကို မြန်မြန် ဆန်ဆန် အသံသွင်းပြီး ထုတ်ဝေခဲ့သည်။ သူ ကိုယ်တိုင်ရေးသားသော သီိချင်းများစွာ ပါဝင်သော ထိုအယ်လ်ဘမ်

14


4

ဈေးဝယ်သူများပြောလေ့ရှိသော စကား(၃)မျိုး သင့်ဆိုင် အရောင်းပိုသွက်ချင်ပါသလား? ဒါဆိုရင်တော့ ဈေးဝယ်လာသူတွေပြောလေ့ရှိတဲ့

အောက်ပါစကားတွေကို သိဖို့လိုပါတယ်။ ဈေးဝယ်သူတွေက အကြောင်းအမျိုးမျိုးကြောင့် ကုန် ပစ္စည်းကို ဝယ်ဖို့တွန့်ဆုတ်တဲ့အခါ ပြောတတ်တဲ့ စကားတွေကို သင်ကောင်းမွန်စွာ ဖြေရှင်းနိုင်ရင် ဆိုင်ရောင်းအားသွက်လာမှာ အသေအချာပါပဲ။

1

ဝယ်ဖို့မတတ်နိုင်ပါဘူးရှင်။ ဒါက အရောင်းဝန်ထမ်းများ မကြာခဏကြားဖူးတဲ့ စကားဖြစ်ပေမယ့် ဒီစကားကြောင့် နောက်

ဆုတ်ဖို့ မလိုသေးပါဘူး။ လေ့လာမှုတွေအရ ဒီစကားဟာ အပြည့်အဝ မမှန်ပါဘူး။ ပစ္စည်းဝယ်ဖို့ ဇဝေ ဇဝါဖြစ်ချိန်မှာဒီစကားကို ဈေးဝယ်သူတွေ ပြောလေ့ရှိပါတယ်။ ဒီလိုအချိန်မှာ ဝယ်ဖို့လည်းအတင်း မတိုက်တွန်းသင့်ပေမယ့် အဲဒီကုန်ပစ္စည်းရဲ့ အသုံးဝင်မှုကို စဉ်းစားမိလာအောင် ရှင်းပြသင့်ပါ တယ်။ နောက်တစ်နည်းကတော့ ဒီထက်ဈေးသက်သာပြီး တူညီတဲ့ပစ္စည်းကိုပြပြီး ပထမတစ်မျိုးရဲ့ အားသာချက်ကို ပေါ်လွင်အောင်ရှင်းပြပါ။ ဥပမာ ထီးရောင်းတဲ့အချိန်မှာ ဝယ်သူက လုံခြုံတဲ့ထီးအ ကြီးကိုကြိုက်နေပြီး ဈေးအနည်းငယ်များလို့ စဉ်းစားနေတယ်ဆိုရင် ဒီထက်ဈေးသက်သာတဲ့ နောက် ထီးတစ်လက်ပြပြီး အရင်ထီးထက် ဈေးသက်သာပေမယ့် အရင်ထီးလောက် လုံခြုံမှုမရှိနိုင်ကြောင်းနဲ့ ငွေနည်းနည်း ထပ်စိုက်ပြီး မိုးရေထဲမှာ ပိုပြီးလုံခြုံတဲ့ ထီးအကြီး ရနိုင်ကြောင်း ရှင်းပြသင့်ပါတယ်။

2

ကြည့်ရုံပါပဲ။ ဒီစကားကိုကြားရုံနဲ့တော့ လှည့်မပြန်ပဲနဲ့ ထိုစကားမျိုးကြားတဲ့အချိန် သင့်မှာလည်းကုန်ပစ္စည်း

အသစ်တွေ ရှိနေရင် “ဟုတ်ကဲ့ အေးဆေးကြည့်လို့ရပါတယ်။ ဒီဘက်မှာ အသစ်ထပ်ရောက်တာတွေ လည်း ရှိပါတယ်။ ဝင်ကြည့်ပါ။” စတဲ့စကားတွေနဲ့ ကုန်ပစ္စည်းအသစ်တွေကို ပြလို့ရပါတယ်။ ဒီလို ခေါ်ပြပြီး သူ့အနားမှာ အရမ်းကပ်နေတာမျိုးတော့ မလုပ်ပဲ မလှမ်းမကမ်းကနေ ပစ္စည်းဝယ်ဖို့ စိတ်ဝင် စားလာချိန်ကို စောင့်ပြီးလိုအပ်တဲ့အခါ အဆင်သင့်ရှိနေဖို့ပဲ လိုပါတယ်။

3

အိမ်ကယောင်္ကျားကိုပြန်မေးရအုံးမယ်။ အိမ်ကမိန်းမကိုပြန်မေးရအုံးမယ်။ တကယ်တော့ ဒီစကားက ဝယ်ဖို့ မသေချာသေးလို့ပါ။ ဒီစကားကြားရင် သူရှာနေတဲ့ ပစ္စည်းကို

သေချာပြန်မေးပြီး ဝယ်သည်ဖြစ်စေ မဝယ်သည်ဖြစ်စေ သေချာရှင်းပြပါ။ အိမ်ကလူကို ပြန်မေးရမယ် ဆိုရင်တောင် သင်ရှင်းပြခဲ့တဲ့ပစ္စည်း ကောင်းကြောင်းကို သူလည်း သေချာပြန်ရှင်းပြနိုင်မှာပါ။ အ ကျိုးဆက်အနေနဲ့ ဆိုင်သို့ပြန်လာကာ ဝယ်ယူနိုင်ပါတယ်။ ဈေးဝယ်သူတွေဆီက ဒီစကားတွေကြားလာပြီဆိုရင် ကောင်းကောင်းကိုင်တွယ်ပြီး သင့်ရဲ့ ရောင်းအား ကိုမြှင့်တင်လိုက်ပါ။ မိုးရှင်း (I.M.T) Ref: retaildoc.com

15


Red Dot Customer များအတွက် လက်ဆောင်များ Red Dot Customer များအတွက် loyalty smartphone app အသစ်ကို မိတ်ဆက်ခြင်း။ ဒီ သုံးစွဲသူများအတွက် loyalty app က သင့်၏ Customerများကို Red Dot စနစ်အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းတိုင်း ဆုလက်ဆောင်များ လဲလှယ်နိုင်စေမယ့် တံဆိပ်များ ရရှိနိုင်စေမှာ ဖြစ်ပါတယ်။ Red Dot စနစ်အသုံးပြုပြီး ဖုန်းငွေဖြည့်သွင်းပြီးနောက် သုံးစွဲသူအနေနဲ့ အီလက်ထရောနစ် ငွေဖြည့်ကတ်နံပါတ်ကို app တွင် ရေးသွင်းရမှာ ဖြစ်ပါတယ်။ ထို့နောက် တံဆိပ်တစ်ခု ကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့တံဆိပ်အရေအ တွက်ရောက်လျှင် Customer များက နီးစပ်ရာ Red Dot စတိုး ဆိုင်များတွင် ဆုလက်ဆောင်များကိုလဲလှယ်ထုတ်ယူနိုင်မှာ ဖြစ်ပါတယ်။ Red Dot မှ ငွေဖြည့်ကတ် တစ်မျိုးမျိုးဝယ်ယူပါ ပြီးနောက် Burn အချိုရည်တစ်ဘူးကို အရယူပါ။ Red Dot မှ ငွေဖြည့်ကတ် ၂ ကတ်ဝယ်ယူပါ ပြီးနောက် Junction Square ရုပ်ရှင်ရုံတွင် ကြည့်ရှုရန် ရုပ်ရှင်လက်မှတ် များ အရယူပါ။ Red Dot ငွေဖြည့်ကတ် ၄ ကတ် ကျပ် ၃၀,၀၀၀ အထက် ဝယ်ယူပါ ပြီးနောက် နှင့် Music Box ကာရာအိုကေ ဗေါက်ချာ တစ်ခု အရယူပါ။ Customer များကို Loyalty အစီအစဉ် ပြုလုပ်ပေးခြင်းဖြင့် Customer များကို တစ်ကြိမ်ပြီးတစ်ကြိမ် သင့်ဆိုင်ကို လာပြီး Red Dot စနစ်အသုံးပြုကာ ဖုန်းငွေဖြည့်သွင်းကြမှာပါ။ အဆိုပါ App ကို Red Dot ဆိုင်ပိုင်ရှင်ပေါင်း ၂၀ တို့ ရဲ့ ဆိုင်များတွင် ဇူလိုင်လမှ အစမ်းသဘောဖြင့် အသုံးပြုသွားမှာပါ။ လာမည့်လတွေမှာလည်း Red Dot ဆိုင်များသို့ ပိုမိုရောက် ရှိစေဖို့အတွက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ App များ အ ဆင်သင့်ဖြစ်ပြီဆိုပါက တိုက်ရိုက် ဆက်သွယ်ပေးသွားမှာ ဖြစ်ပါတယ်။


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.