Issue 5

Page 1

Issue Five

သင့်ဆိုင်အား ဈေးဝယ်သူ များများလာရောက် ဝယ်ယူစေရန် ဆွဲဆောင်ချင်ပါသလား? ဒီနေ့ပဲ Red Dot ဆိုင်ပိုင်ရှင်

မိုးရာသီအလွန်

တစ်ယောက်ဖြစ်အောင်

သန့်ရှင်းရေး

09 250 90 90 33 ကို ဖုန်းခေါ် သို့မဟုတ် retail@reddotnetwork.com သို့ အီးမေးလ်ပေးပို့ လိုက်ပါ။

လူမှုကွန်ရက် မီဒီယာ ၁ဝ၁


အကြံအဥာဏ် (၁) သင့်ဝန်ထမ်းများအတွက် လိုအပ်တဲ့ အားပေးလုပ်ဆောင်မှုတွေကို နားလည်သဘောပေါက်ပါ လူတွေဟာ ပုကိ ဆ် ထံ က်ပတို့ဲ အားပေးမှုတွေကို လိုအပ်တယ်ဆိုတာ သတိရစေချင်ပါတယ်။ သင့်ဝန်ထမ်းတွေကို အောင်မြင်တယ်ဆိုတာကို ခံစားစေမဲ့၊ လုံခြုံမှုပေးတဲ့၊ အသိအမှတ် ပြုပေးတတ်တဲ့ အားပေးချီးမြှောက်တတ်တဲ့ အလုပ်ပတ်ဝန်းကျင်ကိုဖန်တီးပေးမယ်ဆိုရင်၊ လစာတွေ အမြင့်ကြီးပေးပြီး ဝန်ထမ်း တွေကိုထိန်းထားဖို့ သိပ်တောင် လိုမှာမဟုတ်ပါဘူး။

အကြံအဥာဏ် (၂) ဝန်ထမ်းတွေကို တာဝန်အခန်း ကဏ္ဍအသစ်တွေပေး ပြီးစိန်ခေါ်မှုတွေကို ပေးပါ။ လုပ်ငန်းကို ပုံမှန်လုပ်ဆောင်နေကျ အတိုင်းလုပ်စေခြင်းနဲ့ သူတို့တွေကို တာဝန်တွေပိုမိုယူရဲလာအောင် အခွင့်ပေးခြင်း စတာတွေကို ရောနှောလိုက်ပါ။ အဲဒီလိုလုပ်စေခြင်းအားဖြင့် ၎င်းတို့ရဲ့တန်ဖိုးကိုခံစားရပြီး အလုပ်ကိုအရင်ကထက်ပိုပြီး ကြိုးစားလုပ်ဆောင်လာမှာ သံသရာဝင်စရာလိုမှာမဟုတ်ပါဘူး။

အားပေးခ

ဝန်ထမ်းများဆက်လက် တည်တံ့ရန်ထိန်းထားခြင်း ထူးချွန်ထက်မြက်တဲ့သင့်ရဲ့ဝန်ထမ်းတွေကိုဘယ်လို ထိန်းထားမလဲ

ပြန်လ

အရေးကြီးလ

အတေ

ချီးကျ

ဆောင်ပေ

ပြ

ဝေဖ

အောင်မြင်တဲ့ ဝန်ထမ်းခန့်ထားခြင်းအတွက် ထိပ်တန်းအကြံအḩာဏ် ၄ ချက်ကို ပြီးခဲ့တဲ့လ က Red Dot မဂ္ဂဇင်းမှာဖော်ပြခဲ့ပါတယ်။ ဒီတခေါက်မှာတော့ ထူးချွန်ထက်မြက်တဲ့ သင့်ရဲ့ဝန် ထမ်းတွေကိုထိန်းထားဖို့အတွက် ထိပ်တန်းအကြံအḩာဏ် ၄ ချက်ကို နောက်ဆက်တွဲ ဆောင်း ပါးအဖြစ် Red Dot က ဖော်ပြပေးလိုပါတယ်။ အတော်ဆုံးဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းထားခြင်းကြောင့် သင့်လုပ်ငန်းရဲ့ ရေရှည်အောင်မြင်ခြင်းနဲ့ ဖွံ့ဖြိုးဖို့အတွက် အရမ်းကိုအရေးပါလှပါတယ်။ အောင်မြင်တဲ့ စတိုး ဆိုင်ပိုင်ရှင်အများစုမှာ အဓိကကတော့ ဝန်ထမ်းများကို ရေရှည်ထိန်းထားနိုင်ခြင်းဖြင့် ရောင်း အားအတွက် သေချာစေပြီး ဈေးဝယ်သူတွေရဲ့ စိတ်ကျေနပ်မှုကို အကောင်းဆုံးပေးနိုင်ခြင်းကို ထိန်းထားနိုင်ခြင်းနဲ့အတူ ညီညွတ်လိုက်ဖက်မှုရှိသည့် အလုပ်လုပ်တဲ့ ပတ်ဝန်းကျင်ကိုဖြစ်ပေါ်စေမှာ ပါ။

အသိအ


အကြံအဥာဏ် (၃) ပြန်လည်သုံးသပ်ခြင်းနဲ့

ချီးကျူးခြင်းတို့ကို မျှတအောင်လုပ်ဆောင်ပါ

လည်သုံးသပ်ခြင်းနဲ့ ချီးကျူးခြင်းဆိုတာ အလွန်ပင်

လှပါတယ်။ သင့်ရဲ့ အလုပ်အလုပ်တာ အကောင်းဆုံးနဲ့

တ်ာဆုံး ဝန်ထမ်းကိုတောင် ပြန်လည်သုံးသပ်ခြင်း၊

ျူးခြင်းနဲ့ အားပေးအားမြှောက်ခြင်းတို့ကို ပုံမှန်လုပ်

ပးဖို့လိုပါတယ်။ လေ့လာချက်များအရ ဝန်ထမ်းများကို

န်လည်သုံးသပ်ခြင်းနဲ့ အပြုသဘောဆောင်တဲ့

ဖန်မှုတွေပြုလုပ်ခြင်းက ချီးကျူးထောပနာပြုခြင်းနဲ့

အမှတ်ပြုခြင်းတို့လိုပဲ အလွန်ပင်အရေးကြီးကြောင်း သိရပါတယ်။

အကြံအဥာဏ် (၄) ဝန်ထမ်းတွေကို အားပေးချီးမြှင့်လေ့ရှိတာကို ဗဟိုပြုတဲ့ ဝန်းကျင်ကိုဖန်တီးပါ သင့်ဝန်ထမ်းတွေအကြောင်းသိအောင်လုပ်ပါ။ ဒီလိုလုပ်ပေးခြင်းဖြင့် လက်ရှိအလုပ်ကို အလုပ်တစ်ခု လုပ်ဆောင်နေခြင်းထက်ပိုကြောင်း၊ သူတို့ဟာ ဒီဆိုင်ရဲ့အဖွဲ့ဝင်တစ်ယောက်ဖြစ်ကြောင်း သို့မဟုတ် မိသားစုဝင် ဖြစ်တယ်ဆိုတာကို သူတို့ကိုခံစားစေပါ။ လုပ်ငန်း အတွက် လိုအပ်တဲ့ ဆုံးဖြတ်ချက်တွေအတွက် သူတို့တတွေ ရဲ့ပါဝင်မှုကို ဖိတ်ခေါ်ခြင်းဖြင့် ဒီလုပ်ငန်းမှာ ကိုယ်တိုင်ပါဝင်ကြောင်း သင့်ဝန်ထမ်းတွေကို ဖော်ပြပါ။ အာမခံနိုင်တာတစ်ခုကတော့ ဒီဝန်ထမ်းဗဟိုပြု ချည်းကပ်နည်းက သင့်ဝန်ထမ်းတွေကို လေးစားသမှုပြုခြင်းနဲ့ တန်ဖိုးထားခြင်းကိုပါ တစ်ပါတည်းခံစားစေမှာပါ။


သို့ ဆိုင်ရှင်များခင်ဗျား မြန်မာနိုင်ငံမှာ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ ဆက်သွယ်ရေးလုပ်ငန်းများဖြစ်ကြတဲ့ Ooredoo၊ Telenor နဲ့ အမှတ်တံဆိပ်ပြန်လည် ဆန်းသစ်ထားတဲ့ MPT တို့ရဲ့ စတင်ခြင်းတို့နဲ့အတူ အချိန်တွေဟာ ပြောင်းလဲနေပါတယ်။ ဒီပြောင်းလဲခြင်းတွေဟာဆိုရင် နိုင်ငံခြားဆက် သွယ်ရေးလုပ်ငန်းများ ဝင်ရောက်လာခြင်းသို့မဟုတ် လက်ကိုင်ဖုန်းအသစ်များ ဝယ်ယူရရှိလာမှုတိုးပွားလာရုံသာမက ကြီးမားတဲ့အပြောင်း အလဲတစ်ခုဖြစ်တဲ့ မိုဘိုင်းအသုံးပြုသူတို့ရဲ့ ဖုန်းကိုငွေဖြည့်မယ့်နည်းလမ်း စတာတွေ ကိုတွေ့မြင်ကြရမှာပါ။ တခြား ဒေသအတွင်းမှ ဈေးကွက်များဖြစ်ကြတဲ့ ထိုင်းနိုင်ငံမှာဆိုရင် ခဲခြစ်ဖုန်းငွေဖြည့်ကတ်ဟာ လွန်ခဲ့တဲ့အချိန်တုန်းက တွေ့ခဲ့ရတဲ့ အရာတစ်ခုဖြစ်သွားပါပြီ။ ဒီလိုခေတ်ရေစီးကြောင်းကို မြန်မာနိုင်ငံမှာလည်း တွေ့မြင်ဖို့ မျှော်လင့်ပါတယ်။ ဆိုင်ရှင်တွေကလည်း များပြားလာတဲ့ မိုဘိုင်းအော်ပရေတာများရဲ့ ခဲခြစ်ငွေဖြည့်ကတ်တွေဟာ အဆင်မပြေမှုများဖြစ်လာနိုင်ပြီး ဒါဟာဆိုးရွားလာနိုင်တဲ့ ပြဿနာလို့ ရှုမြင်ကြပါတယ်။ ဈေးဆိုင်ပိုင်ရှင်တစ်ယောက်နေနဲ့ Red Dot ဈေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ခြင်းရဲ့ အကျိုးကျေးဇူးကိုခံစားဖို့အတွက် ကြီးမားတဲ့အခွင့်အလမ်းကို ဒီခေတ်ရေစီးကြောင်းကနေ ပေးစွမ်းမှာပါ။ Red • • •

Dot မှနေပြီး သင်တို့ရဲ့ဆိုင်မှာ ဝန်ဆောင်မှုပေးနိုင်ဖို့ စက်ငယ်လေးတစ်ခုကို ထောက်ပံ့ပါတယ် ခဲခြစ်စရာမလိုဘဲ အကန့်အသတ်မရှိ ဖုန်းငွေဖြည့်ခြင်း ဖုန်းတိုင်းကို ငွေဖြည့်ရန် ဈေးနှုန်းပမာဏများရွေးခြယ်ခြင်းများနဲ့ မိုဘိုင်းအော်ပရေတာများ ကိုလွယ်လင့် တကူ စီမံခန့်ခွဲနိုင်ခြင်း ဈေးဆိုင်ပိုင်ရှင်များမှ မြန်ဆန်ပြီး အဆင်ပြေလွယ်ကူတဲ့ နည်းလမ်းဖြင့် ဈေးဝယ်သူများအား ဖုန်းငွေဖြည့်ပေးနိုင်ခြင်း

Red Dot နဲ့ဆိုရင် ခဲခြစ်ကတ်များ ဆိုင်တင်ဖို့ လိုက်ဝယ်စရာမလိုတဲ့အပြင် ဈေးဝယ်သူတွေရဲ့ ဖုန်းတွေကို ငွေဖြည့်ဖို့အတွက် ပစ္စည်းပြတ် လပ်သွားတာမျိုး မရှိနိုင်ပါဘူး။ စက်များလာရောက် တပ်ဆင်တဲ့အခါ အသုံးပြုပုံ Trainingကိုလည်း အပြည့်အဝပေးမှာဖြစ်တဲ့အတွက် Red Dot လက်လီအရောင်းဆိုင်ဖြစ်ရတာလောက် လွယ်ကူတာရှိတော့မှာ မဟုတ်ပါဘူး။ ဒီနေ့ပဲ ၀၉-၂၅၀၉၀၉၀၃၃ သို့ ဆက်သွယ်ပြီး Red Dot ရဲ့ ငွေဖြည့်နိုင်တဲ့စက်လေးကို တပ်ဆင်ခြင်းကြောင့် သင့်စီးပွားရေးလုပ်ငန်းကို ဘယ်လိုအကျိုးဖြစ်ထွန်းနိုင်မလဲဆိုတာ Red Dot အဖွဲ့ဝင်များထံ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ John Nagle

Fee db ac k

-

CEO Red Dot Network

d Re

t Do

tening to you s i l is အကြံပြုလွှာ

- Red Dot က သင်တို့ရဲ့အကြံပြုချက်များကို အစဉ်နားစွင့်နေပါတယ်

Red Dot က လစဉ်ထုတ်တဲ့ ဒီမဂ္ဂဇင်းအတွက် စိတ်ဝင်စားစရာ

ကောင်းပြီး ဆန်းသစ်တဲ့ အကြောင်းအရာများ ပါဝင်နိုင်အောင် အမြဲ ပြင်ဆင် နေပါတယ်။ ဈေးဝယ်သူတွေကိုပိုမို ဆွဲဆောင်နိုင်စေရန်အတွက် စိတ်ဝင်စားစရာ ကောင်းတဲ့

တယ်။

ဆောင်းပါးများဖြင့်

နောက်ထွက်ရှိမယ့်

ဒီမဂ္ဂဇင်းကိုစုံစုံလင်လင်ဖြစ်

အတွဲများတွင်လည်း

စေဖို့ရည်ရွယ်ထားပါ

ဆိုင်ပိုင်ရှင်များဖြစ်တဲ့မိတ်ဆွေတို့

ဖတ်ရှုလိုတဲ့ဆောင်းပါးများ ရှိလျှင် အကြံပြုပေးစေလိုပါတယ်။ ဒါ့ကြောင့် 09 250 90 90 33

သို့ ဖုန်းခေါ်ဆိုစာရင်းပေးနိုင်သလို retail@reddotnetwork.com သို့လည်းအီးမေးလ်ပေးပို့ နိုင်ပါတယ်။


Red Dot ဆိုတာဘယ်သူလဲ Red Dot Network သည် ကွန်ပျူတာနှင့်ကွန်ရက်ချိတ်ဆက်ပြီး ကျွန်တော်တို့ရဲ့ အရောင်းကိုယ်စားလှယ်များ အတွက်၎င်းတို့ ရဲ့ ဈေးဝယ် သူများကို မြန်ဆန်လွယ်ကူပြီး ခေတ်မီသည့် ဝန်ဆောင်မှုများ ဆောင် ရွက် ပေးနိုင်ရန် ကူညီပေးချင်သည့် အကျိုးတူ စီးပွားဖက် မိတ်ဆွေကောင်း တစ်ယောက်ပဲဖြစ်ပါတယ်။ သင့်ဆိုင်အောင်မြင်တိုးတက်လာသည်နှင့် အမျှ ကျွန်ုပ်တို့ Red Dot လည်းအောင်မြင်လာမည်ဖြစ်သဖြင့် ခေတ်မီဆန်းသစ်သော နည်းပညာ များဖြင့် သင့်ဆိုင်ရဲ့ နေ့စဉ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို လွယ်ကူ လျင်မြန်အောင် ဝန်ဆောင်မှုပေးမည့် Company တစ်ခု လည်းဖြစ်ပါ တယ်။ ဥပမာ၊ ရိုးရိုးဖုန်းငွေဖြည့်ကဒ်အစား အီလက်ထရောနစ်စနစ်ငွေ ဖြည့်နံပါတ်ကို အသုံးပြုနိုင်အောင် ကျွန်တော်တို့ Red Dot မှ ဆိုင်ပိုင်ရှင် များကို အီလက်ထရောနစ် ငွေဖြည့်စက်များကို ထားရှိပေးမည်ဖြစ်ပြီး ထို စက်ကိရိယာများကို မည်သို့အသုံးပြုရမည်ဆိုသည်ကိုလည်း ကူညီသင် ပြပေးမှာဖြစ်ပါတယ်။

အီလက်ထရောနစ်ငွေဖြည့်မှုရဲ့အားသာချက်ကတော့ Red Dot အ ရောင်းကိုယ်စားလှယ်တွေဟာ လက်ရှိဖုန်းငွေဖြည့်ကတ်များကို ဆိုင်တွင် ဝယ်တင်ထားစရာမလိုဘဲ အရောင်းသက်တမ်းကုန်ခြင်း၊ ပစ္စည်းပြတ်ခြင်း စသည်တို့မှကင်းဝေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် သင်တို့ရဲ့ဈေးဝယ်သူများ ပိုမိုအဆင်ပြေလွယ်ကူစေရန် TV (satellite) ဘေလ်၊ မီတာဘေလ်၊ အင်တာနက်ဘေလ် ကဲ့သို့သော သက်ဆိုင်ရာအဖွဲ့ အစည်းများသို့ ကိုယ်တိုင်သွားရောက်ပေးဆောင် ရမည့်လစဉ်ကြေးတို့ကို ကျွန်တော်တို့ Red Dot အရောင်းကိုယ်စား လှယ်များ၏ ဆိုင်များမှ တစ်ဆင့် ကွန်ပျူတာနှင့်ကွန်ရက်ချိတ်စက် ပြီး ပေးသွင်းနိုင်အောင် ကူညီလုပ်ဆောင်ပေးမည့် Company တစ်ခုလည်း ဖြစ်ပါတယ်။

www.reddotnetwork.com


Travel

သီတင်းကျွတ် ခရီးသွား လမ်းညွှန် သီတင်းကျွတ် ကျောင်းပိတ်ရက်တောင် ရောက်လာပါတော့ မယ်။ ကလေးတွေ ကျောင်းပိတ်ရက် အများကြီးရတဲ့ ဒီအချိန်က မိသားစုနဲ့အတူ ခရီးထွက်ဖို့ အချိန်ကောင်းပဲ မဟုတ်လား။ သီတင်းကျွတ်ခရီးစဉ်အနေဖြင့် Red Dot မှ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီကိုသွားရောက်ဖို့အကြံပြုပါရစေ။ ကျောက်တောင် အစွန်းဖျားလေးပေါ်မှာ တည်ရှိနေတဲ့ ကျိုက်ထီးရိုးဘုရားဟာ ဆိုရင် မြတ်စွာဘုရားရဲ့ ဆံတော်တွေ ဌာပနာပူဇော်ထားတာမို့ ဘုန်းတန်ခိုး နာမည်ကျော်ကြားလှပါတယ် သီတင်းကျွတ်ခရီး စဉ်အဖြစ် ကျိုက်ထီးရိုးဘုရားကို သွားသင့် တဲ့အချက်တွေကတော့- ထောင်ပေါင်းများစွာသော ဆီမီးတွေနဲ့ ဆံတော်ရှင် ကျိုက်ထီးရိုး ဘုရားကို ပူဇော်မယ့် ဆီမီးကိုးထောင် မီးပူဇော်ပွဲလည်းရှိနေ ပါတယ် - အမျိုးမျိုးသော အပင်တွေပါဝင်တဲ့ စိမ်းလန်းသော တော တောင်တွေ၊ လှပတဲ့ တောင်တန်းရှုမျော်ခင်းတွေနဲ့ ပြည့်နှက်နေတဲ့ ဝန်းကျင်တစ်ခုလုံးကို ရပ်သပ်ရှုမောမြင်တွေရမှာပါ။ - ကျိုက်ထီးရိုးတောင်ပေါ်ကနေ မြင်တွေရတဲ့ နေထွက်ချိန်နဲ့ နေဝင် ဆည်းဆာ အလှဟာ မြန်မာပြည်မှာသာလျှင် မြင်တွေ့နိုင်တဲ့ အလှပ ဆုံးမြင်ကွင်းတွေထဲက တစ်ခုပါပဲ။

ဒီလအတွက် သယ်ဆောင်သွားနိုင်တဲ့ Gadget

LG Pocket Photo! ထွက်ရှိထားတာ မကြာသေးတဲ့ LG မှ Pocket Photo ဆိုတဲ့ သယ်ဆောင်ရလွယ်ကူတဲ့ ဓာတ်ပုံပရင်တာလေးကို မိတ်ဆက်ပေးပါရ စေ။ သယ်ဆောင်ရလွယ်ကူတာတင်မက ပါဘူး၊ Android ဖုန်းလား၊ iOS ဖုန်းလား၊ Wireless/Bluetooth ချိတ်ဆက်တဲ့ စနစ်ပါတဲ့ ဘယ်ဖုန်းမှာမဆို အသုံးပြုပြီး မိတ်ဆွေအတွက် ဓာတ်ပုံလှလှလေးကို စက္ကန့်ပိုင်းအတွင်း ရယူနိုင်တော့မှာပါ။ Selfie ရိုက်တတ်သူတွေ၊ မိသားစုအလှ ဓာတ်ပုံရိုက်တတ်သူတွေ၊ အပျော်တမ်း ဓာတ်ပုံ ရိုက်တတ်သူတွေအတွက် အကောင်းဆုံးတွေ ထဲက အကောင်းဆုံး Gadget တစ်ခုပါလို့ အကြံပြုပါရစေ။

POCKET PHOTO


Business Insight

မိုးရာသီအလွန် သန့်ရှင်းရေး အခုမိုးရာသီရဲ့ နောက်ဆုံးရက်တွေကို ရောက်ရှိလို့ နေပါပြီ။ အခုဆိုရင်တော့ သင့်အနေနဲ့ နောက်လာ မယ့် ရာသီဥတုအတွက် သင့်ဆိုင်ကို ဘယ်လိုပြင် ဆင်မလဲဆိုတာ တွေးနေလောက်ရောပေါ့။ ဆိုင်ကို ပွတ်တိုက်ဆေးကြောပြီး ဆေးပြန်သုတ်ရမယ့် အချိန်ကို ရောက်လာပြီပေါ့။ ရှိပြီးသား ပုံမှန်ဈေး ဝယ်သူတွေကို ဆက်လက်ဝယ်စေဖို့နဲ့ နောက် ထပ်ဈေးဝယ်သူအသစ်တွေရရှိဖို့အတွက် သင့် ဆိုင်ကို သန့်ရှင်းသပ်ရပ်ပြီး ကျန်းမာရေးနဲ့အညီ ဖြစ်ဖို့သိပ်အရေးပါ ပါတယ်။ “နှစ်တိုင်းအတူတူပါပဲ! မိုးရာသီကုန်ပြီဆိုတာ အဓိပ္ပါယ်တစ်မျိုးတည်းရှိပါတယ်။ အဲဒါကတော့ သန့်ရှင်းရေးပါပဲ။ ဒီစိတ်ရှုပ်စရာအလုပ်ကြီးကို ဆိုင်ရှင်တိုင်း ရင်ဆိုင်ရမှာပါ။ သန့်ရှင်းရေးလုပ် တာ အချိန်အင်မတန် ကုန်ပေမယ့် ကျွန်မက တော့ ဈေးဝယ်သူတွေအတွက် ကြည့်ကောင်း တဲ့ ဆိုင်ဖြစ်အောင် ကျွန်မဆိုင်ကို ကြိုးစားပြီး သန့်ရှင်းရေးလုပ်ပါတယ်”လို့ ရန်ကုန်မြို့ သာ ကေတမှာနေတဲ့ အထွေထွေအရောင်းဆိုင်ပိုင် ရှင် တစ်ဦးဖြစ်တဲ့ မတရုတ်မ က ဆိုပါတယ်။

Red Dot ရဲ့ မိုးရာသီအ လွန် သန့်ရှင်းရေး ပြုလုပ်ရမယ့် အချက်တွေအတွက် အကြံပေးချက် ရေသလျှောက် - ရေသ လျှောက်တွေကို မိုးမကျခင်နဲ့ မိုးအကုန်၊ တစ် မှာအနည်းဆုံး နှစ်ကြိမ နှစ်တော့ သန့်ရှင်းရေး ပြုလုပ်ပေးသင့်ပါတယ်။ ဆိုင်အပြင်ဘက်ကို ဆေးပြန်သုတ်ခြင်း ဆိုင်အပြင်ဘက်ကို ဆေးပြန သုတ်လိုက်တာဟာ အရ် မ်းကို သိသာပြောင်းလဲစေမှာပါ။ ရေညှိမှို - ရေညှိမှိုေ တွဟာ မိုးရာသီနဲ့အ တူ ရောက်လာတဲ့ တွေပါပဲ။– Red Dot ရန်သူ ရဲ့အကြံဥာဏ် –ရေည မှိုတွေကို ဖယ်ရှားဖို့အတ ဈေးသက်သာပြီး ထွိေက် ရာက်တဲ့ နည်းလမ်းက တော့ ရှာလကာရည်က နဲ့ရောပြီး အဲဒီမှိုတွေရို ရှေိနေတဲ့ နေရာမှာ လောင်းထားလိုက်ပါ။ တစ် ခန့်ကြာရင်တော့ အဲဒ နာရီမှိုတွေပျောက်သွားမှာပါ။ ဆိုင်အရှေ့ဘက် ဧရိယာ –မိုးရာသီတွင်းမှာ သ င့်ဆိုင်ရဲ့ အပြင်ဘက်ေ လမ်းတွေမှာ ရေဝပ်ကေ နရာာင်း ဝပ်နိုင်ပါတယ်။ အဲ ဒီနေရာ ပတ်ဝန်းကျင်ေ ခြောက်သွေ့ပြီဆိုတာန တွဲ့ အဲဒီဧရိယာကို ရေအားပြင်းပြင်းနဲ့ ဆေးကြေ တာပဲဖြစ်ဖြစ် သန့်ရှင်ား ရေး ကောင်းကောင်းလုပ်သင့်ပါတယ်။ ဈေးဝယ တွေ သင့်ဆိုင်မှာ လ သ်ူာဝယ်တဲ့အခါ အဲဒီနေရာက ပထမဦးဆုံး မြင ရမယ့် နေရာ ဖြစ်လို့ သေ် တွ့  န့်ရှင်းနေစေဖို့ အင်မတ န် အရေးကြီးပါတယ်။ ပြတင်းပေါက်များ - စွ တ်စိုပြီး ထိုင်းမှိုင်းတဲ့ ရာသီဥတုမှာ ရှင်သန် ဖွားတဲ့ ရေညှိတွေဟာ ပေါက် သင့်ဆိုင်ရဲ့ ပြတင်းပေါက်မှာ ကပ်တွယ်ရှိနေန တာမို့ ပြတင်းပေါက်တေိုင်ွကိုလည်း သန့်ရှင်းရေး လုပ်ဖို့မမေ့ပါနဲ့။ ဘာပ ဖြစ် ဈေးဝယ်သူတွေ ဆဲြ ဖစိုင်အတွင်းကို လှမ်းမြင်နိုင်ဖို့ သင်လဲ အလိုရှိမှာပါ။


“ အချိန်ကျပြီ” ဟုတ်တယ်၊ ဒါ နိစ္စဓူဝလုပ်နေကျ အလုပ် တစ်ခုလိုပါပဲ၊ ဒီအချိန်ရောက်ရင် ကျွန်တော့် ခြေထောက်တွေကသွားနေကျ လက်ဘက်ရည် ဆိုင်ကိုခြေဦးလှည့်နေမိသားပေါ့။ ဒီနားမှာ ဒီဆိုင် လေးကအခြားဆိုင်တွေထက် ပိုအောင်မြင်ပြီး လူနှစ်ဆလောက် ရှိနေတတ်တယ်။ ကျွန်တော် ကိုယ်တိုင်လည်းပုံမှန်ဖောက်သည် တစ်ယောက် လေ။ ဒီတော့ တစ်ခြားဆိုင်တွေထက်ထူးပြီး ဒီ ဆိုင်လေးက ကျွန်တော့်ကိုဘယ်လိုအရာတွေနဲ့ ညှို့ယူထားသလဲစဉ်စားကြည့်ရအောင်ဗျာ။ အရင်ဆုံးဆိုင်ရဲ့ အခင်းအကျင်းလေးပါ။ သူ့ဆိုင်မှာက ခွေးခြေခုံပုပုလေးတွေမဟုတ်ဘဲ ကျောမှီပါတဲ့ သစ်သားကုလားထိုင်ဆိုတော့ ဆောင့်ကြောင့် ထိုင်နေရတာမျိုးမဟုတ်ဘဲ သက်

တောင့်သက်တာ စမတ်ကျကျထိုင်စားနိုင်တာပေါ့၊ လူအဝင်အထွက် လမ်းအသားပေးပြီးခင်းထားတဲ့ စားပွဲဝိုင်းတွေကလည်း စီစီရီရီ၊ သပ်သပ်ရပ်ရပ်၊ အဝင်အထွက်မှာ ရှောင်စရာ တိမ်းစရာမလိုဘဲ လွပ် လွပ်လပ်လပ်ရှိလှတယ်။ ဆိုင်ရဲ့ အရှေ့ဘက်နဲ့ ဘေးဘက်မှာစားပွဲဝိုင်းအချို့ကိုအလှပန်းပင် ပန်း အိုးလေးတွေနဲ့ ထိုင်ချင်စဖွယ်ပြုလုပ်ထားသေးရဲ့။ ဟော..စားပွဲ ထိုး ဝန် ထ မ်းတွေ ကျပြန်ေ တာ့ လဲ ကလေးတွေမဟုတ်ဘဲ အသက်နှစ်ဆယ်ဝန်းကျင် တွေဆိုတော့ အလုပ်ကောင်းကောင်းလုပ်တတ်ကြ တယ်။ ဝန်ထမ်းအင်အားကလည်းအပြည့်။ အရွယ် ရောက်ပြီးသားဝန်ထမ်းတွေမို့ ဝန်ဆောင်မှုအပိုင်း ဆက်ဆံရေးပိုင်းတွေမှာ ကျွမ်းကျင်မှုရှိကြတယ်။ နောက်တစ်ချက် အားသာတာလေးကတော့ ဆိုင်

ရှင်ကိုယ်တိုင် ဧည့်သည်တွေနဲ့ စကားစမြည် ပြောဆိုပြီး ရင်းရင်းနှီးနှီးနေထိုင်လေ့ရှိတယ်။ နောက် အခြားဆိငုေ် တွလမျိုးဘောလံုး ပွစဲ ဉ်တွေ ပြ၊ သီချင်းတွေ ဖွင့်ပြထားတာမျိုးမရှိတော့ အော် ဟစ်ဆူညံနေတာမျိုးတွေ မဖြစ်တော့ဘူးပေါ့။ ကဲဒါဆို ကျွန်တော်ဒီဆိုင်လေးကိုအမြဲဘာ ကြောင့် ရောက်ရောက်လာတတ်သလဲမေးဖွယ် မရှိတော့သလို ဘေးဆိုင်တွေထက်လူနှစ်ဆ လောက်ပိုရှိနေရတဲ့ အကြောင်းဖြေဖို့မလိုတော့ ဘူးပေါ့။

www.reddotnetwork.com


Business Insight

အရောင်းဆိုင်ရှင်တို့အတွက် စီးပွားရေး ဆိုင်ရာ သင်တန်းများ စီးပွားရေးဆိုင်ရာ သင်တန်းများ တက်ရောက်ခြင်းဖြင့် နည်းပညာအ သစ်များ နဲ့ နည်းလမ်းအသစ်တွေကို လေ့လာသင်ကြားနိုင်မှာ ဖြစ်ပြီး သင့် ရဲ့ စီးပွားရေးပိုမိုတိုးတက်လာအောင် ကူညီပေးနိုင်မှာပါ။ အတွေ့အကြုံ ရင့်ကျက်တဲ့ စတိုးဆိုင်ငယ်ပိုင်ရှင်တွေတောင်မှ ဒီလိုအတန်းတွေ တက်ခြင်းအားဖြင့် အကျိုးများ စေနိုင်မှာပါ။ အခုဆိုရင် မြန်မာနိုင်ငံ မှာ သင်တန်းအမျိုးအစား စုံလင်စွာ တက်ရောက်နိုင်ပြီပဲ ဖြစ်ပါ တယ်။ သင့်ရဲ့ စီးပွားရေး ပိုမိုအောင်မြင်လာဖို့နဲ့ အရောင်းကောင်းဖို့ အတွက် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ သင်တန်းတွေ၊ သင့်ရဲ့ စီးပွား ရေးကို ပိုမိုကောင်းမွန်စွာ လည်ပါတ်နိုင်စေဖို့အတွက် အခြေခံလစာ နှင့် စာရင်းကိုင်သင်တန်းတွေ တက်ရောက်ပြီး သင့်လုပ်ငန်းရဲ့ငွေ လည်ပါတ်စီးဆင်းမှုတွေ အကြောင်းကို ပိုမိုသိရှိနိုင်မှာပါ။ အခုမြန်မာနိုင်ငံမှာ သင်တန်းကျောင်းတော်တော်များများဟာ စီးပွားရေးဆိုင်ရာ သင်တန်းတွေ သင်ကြားပေးနေတဲ့အတွက် အခုချိန်ဟာ သင်တန်းတက်ရောက်ဖို့အတွက် အချိန်ကောင်းပါပဲ။ အောက်မှာ ဖော်ပြထား တဲ့ သင်တန်းကျောင်းတွေထဲက သင်စိတ်ဝင်စားတဲ့ ဘာသာရပ်ကို သင်ကြား နေတဲ့ ကျောင်းကို ရွေးချယ်ပြီး လေ့လာနိုင်ဖို့ဖော်ပြလိုက်ရပါတယ်။

Strategy First Institute ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်မှာ တည်ရှိတဲ့ Strategy First Institute ကတော့ အရောင်းမြှင့်တင်ခြင်း (marketing), စီး ပွားရေး စီမံခန့်ခွဲမှု (Business Administration) နှင့် လူ့စွမ်းအား အရင်းအမြစ် စီမံခန့်ခွဲခြင်း(Human Resources) တို့ အပါ အဝင် ဘာသာရပ်များစွာအတွက် သင်ကြားပေးလျက်ရှိပါတယ်။ အသေးစိတ် အချက်အလက်အတွက် 01 539 135, 01 539 132 မှာ ဆက်သွယ် မေးမြန်းနိုင်ပါတယ်။ Myanmar Human Resource Institute လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲခြင်း(HR) ဘာသာရပ်ကို အဓိက သင်ကြားပေးလျက်ရှိတဲ့ Myanmar Human Resources Institute က တော့ လမ်းမတော် မြို့နယ်၊ ရန်ကုန် မှာပါ။ ဒါအပြင် အဲဒီကျောင်းမှာ အရောင်း မြှင့် တ င်ြ ခ င်းနှ င့် ဘဏ္ဍရေး စီမံ ခန့်ခွဲမှုနဲ့ ပတ် သက်တဲ့ သင်

တန်းတွေပါ တက်ရောက်နိုင်ပါတယ်။ ဒီသင်တန်းနဲ့ပတ်သတ်ပြီး ပိုသိချင်ရင်တော့ဖုန်းနံပါတ် 01- 707-822, 01-216-168 တို့ကို ဆက်သွယ်ပြီးတော့လည်း မေးမြန်းနိုင်ပါတယ်။ Regent Business Academy ရည်မှန်းချက် ပိုပြီးကြီးကြီးမားမားနှင့် ဒီပလိုမာနှင့် ဘွဲ့ဒီဂရီ လို ချင်တဲ့ သူတွေအတွက်တော့ Regent Business Academy မှ စီးပွားရေး စီမံခန့်ခွဲမှုဆိုင်ရာ ဘွဲ့များအတွက် တက်ရောက်နိုင်ပါ တယ်။ ကမာရွတ်မြို့နယ် နာနတ်တောလမ်းမှာတည်ရှိပြီး ဖုန်းနံ ပါတ် 01-500-952, 01-500-054 တို့ကို ဆက်သွယ်ပြီး အသေး စိတ်မေးမြန်းနိုင်ပါတယ်။ Asia Speed General Services (မန္တလေး ကျောင်းခွဲ) တစ်လခန့်ကြာမြင့်တဲ့ စီးပွားရေးဆိုင်ရာ အချိန်ပိုင်း သင်တန်း တွေ တက်ရောက်နိုင်တဲ့ သင်တန်းတွေ သင်ကြားပေးနေတဲ့ Asia Speed General Services ကတော့ မန္တလေးမြို့၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားမှာ တည်ရှိပါတယ်။ ဖုန်းနံပါတ် 02-69 325, 09650-0492 ကိုလည်းဆက်သွယ် မေးမြန်းနိုင်ပါတယ်။

www.reddotnetwork.com


Business Insight

ဈေးဝယ်သူအတွက် ဝန်ဆောင်မှု ဆိုင်အငယ်များနဲ့ လွတ်လပ်တဲ့ ဈေးဆိုင်တွေမှာ ဈေးဆိုင်ကြီးတွေထက်အားသာ တဲ့ အဓိကအချက်တစ်ချက်ကတော့ ဈေးဝယ်သူတွေအတွက် တစ်ဦးချင်း သီးသန့်ဝန် ဆောင်မှုပေးပြီး ဈေးဝယ်သူတွေကို ထိန်းထားနိုင်ခြင်းပါ။ မြန်မာနိုင်ငံမှာ ဈေးအရောင်းဆိုင် တွေ ပိုပိုပြီးများလာတဲ့အတွက် သင့်ဈေးဝယ်သူတွေကို ဆက်ထိန်းထားနိုင်ဖို့ကိစ္စဟာ အလွန် ကိုအရေးကြီးလာပါပြီ။ အထူးသဖြင့် ဈေးဝယ်သူအသစ်ရရှိဖို့ ကြိုးစားတဲ့အခါမှာ ကုန်ကျမည့် စရိတ်ဟာ လက်ရှိရှိနေတဲ့ဈေးဝယ်သူကို ထိန်းထားခြင်းထက် ၆ ဆလောက် ပိုများနေတယ်ဆိုတာ တွေ့ရပါတယ်။ ၂၀၁၃ ခုနှစ်တုန်းကပြုလုပ်ထားတဲ့ ကမ္ဘာလုံးဆိုင်ရာ သုံးသပ်လေ့လာတွေ့ရှိချက် များအရ မြန်မာနိုင်ငံကဲ့သို့သော ထွန်းသစ်စ နိုင်ငံများတွင် ၃၆ ရာခိုင်နှုန်းသော ဈေးဝယ်သူများသည် ဆိုင် များ၏ ဝန်ဆောင်မှုညံ့ဖျင်းမှုကြောင့် ဆိုင်ပြောင်းဝယ်ကြ တယ်လို့ တွေ့ရှိရပါတယ်။ လုပ်ငန်းအသေးစား ဆိုင်လေးတွေ အနေနဲ့ ဈေးဝယ်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုတည်ဆောက်နိုင်ခြင်းကို ဈေးဆိုင်ကြီးတွေ၊ စူပါမားကက်ကြီးတွေက မယှဉ်နိုင်ပါဘူး။ အမေရိကန်မှ လေ့လာသုံးသပ်ချက်အရ ကုန်ပစ္စည်းတန်ဖိုး ဈေးနှုန်းထက်စာလျှင် ဝန်ဆောင်မှုညံ့ဖျင်းမှုကြောင့်သာ ဈေးဝယ်သူတွေအနေနဲ့ ဆိုင်ပြောင်းဝယ်ဖို့အတွက် အလားအလာ ၄ ဆ အထိရှိကြောင်းတွေ့ရပါတယ်။ ဈေးဆိုင်ကြီးတွေနဲ့ ဈေးနှုန်းကဏ္ဍမှာ မယှဉ်နိုင်ဘူးဆိုရင်တောင် ဈေးဆိုင်လေးအနေနဲ့ ပိုမိုကောင်း မွန်တဲ့ ဝန်ဆောင်မှုများပေးနိုင်ရင်တော့ ပိုကောင်းတဲ့ အကျိုးအမြတ်ကိုရရှိစေမှာပါ။ တကယ်လို့ သင့်ဆိုင်ဟာ တစ်ဦးချင်း ဝန်ဆောင်မှုပေးတဲ့နေရာမှာ ကျော်ဇော်တယ် ပြီးတော့ သင်နဲ့ သင့်ဝန်ထမ်းတွေက ပုံမှန်လာဝယ် နေကျ ဈေးဝယ်သူတွေရဲ့ ပါးစပ်ဖျားမှာရှိနေမယ်၊ ဒါတင်မကဘူး သူတို့ ရဲ့လိုအပ်ချက်နဲ့ လိုချင်တဲ့အရာတွေကိုပါ နားလည်နေမယ်ဆိုရင် တော့ သူတို့တွေ ဈေးဆိုင်ပြောင်းဝယ်ဖို့ အလားအလာ အတော်ကို နည်းပါးသွားမှာပါ။ သင်တို့ရဲ့ဝန်ဆောင်မှုကို ကျေနပ်နှစ်သက်တဲ့ ဈေးဝယ် သူတွေက သူတို့ရဲ့ သူငယ်ချင်း၊ မိသားစုတွေကိုဝန်ဆောင်မှုအကြောင်း ပြန်ပြောပြပြီး သင်အတွက် လုပ်ငန်းသစ်တွေ၊ မိတ်သစ်တွေကို ခေါ်ပေးသွားမှာဖြစ်ပါတယ်။ အမေရိကန်မှလေ့လာချက်အရ ဝန်ဆောင်မှုကိုနှစ်သက်ကျေနပ်ပြီး ပျော်ရွှင်တဲ့ဈေးဝယ်သူတွေဟာ သင့်ဆိုင် ရဲ့ဝန်ဆောင်မှုကောင်းကြောင်းကို သူတို့ ရဲ့သူငယ်ချင်း ၄ ယောက်ကနေ ၆ ယောက်ကြားအထိပြောပြလေ့ရှိပါတယ်။ စတိုးဆိုင် အသေးစား လုပ်ငန်းရှင်တွေအနေနဲ့ သတိထားစဉ်းစားရမယ့်အချက်တွေကတော့ ညံ့ဖျင်းတဲ့ဝန်ဆောင်မှုကို ကြုံတွေ့ လိုက်ရတဲ့ ဈေးဝယ်သူတွေဟာ၊ တကယ်လို့ ဝန်ဆောင်မှုကောင်းကို ကြုံဖူးသည့်တိုင်အောင် မကောင်းတဲ့အကြောင်းကိုပဲ သူငယ်ချင်းတွေ၊ မိသားစုဝင်တွေကို ပိုပြီး ပြောပြတတ်ကြပါတယ်။ ညံ့ဖျင်းတဲ့ ဝန်ဆောင်မှုအကြောင်း သတင်းရဲ့ ပြန့်နှံ့မှုက သတင်းကောင်းပြန့်နှံ့မှုနှုန်း ထက် နှစ်ဆရှိတယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။

ဈေးဝယ်သူတွေဟာ ဝန်ဆောင်မှုတွေကိုစိတ်တိုင်းကျတယ်ဆိုတာကို သူတို့ရဲ့ ပိုက်ဆံအိတ်က အမြဲလိုလို ပြလေ့ရှိတယ်ဆိုတာကို မမေ့ပါနဲ့။


မြန်မာပြည်ရဲ့ ဝိုင် ထွန်းလင်းတောက်ပလာမည့် ရောင်းကုန်တစ်ခု ထွန်းသစ်စဈေးကွက် တစ်ခုအနေနဲ့ မြန်မာ နိုင်ငံရဲ့ ဝိုင်ထုတ်လုပ်မှု အရည်အသွေးမှာ အခု ဆို ပြည်ပတိုင်းပြည်များနဲ့ ရင်ဘောင်တန်း ယှဉ်ပြိုင် နိုင်ပါပြီ။ မြန်မာနိုင်ငံရဲ့ ရာသီဥတုမှာလည်း အရည်အ သွေး မြင့်မားတဲ့ ဝိုင်တွေထုတ်လုပ်နိုင်တဲ့ ရေခံမြေခံရှိနေ ပါတယ်။ ပြည်တွင်းဖြစ် ဝိုင်အမျိုးအစားများထွက်တဲ့ ရှမ်းပြည် မှာရှိတဲ့ အေးသာယာ ဝိုင်ခြံ၊ Red Mountain Estate တို့က ဒီ ထွန်းသစ်စဈေးကွက်မှာ အပြိုင်အဆိုင်ကိုခေတ်စားလာပါတယ်။ နောက်ပိုင်းမှာ ဝယ်လိုအားတွေများလာနိုင်တဲ့ မြန်မာပြည်ရဲ့ ထွန်းသစ်စ ဝိုင်လုပ်ငန်းအ တွက် Red Dot မှခန့်မှန်း ယူဆပါတယ်။ ဒီလို မြန်မာ့ဝိုင်တွေကို ဆိုင်မှာ တင်ရောင်းဖို့ စိတ်ဝင် စားမယ့် သူများအတွက် နာမည်ကြီး ဝိုင် အမှတ်တံဆိပ် ၂ခု အကြောင်း ဖော်ပြလိုက်ပါတယ်။ ပြီး တော့သင်တို့ရဲ့ ဆိုင်မှာ တင်ရောင်းဖို့ စိတ်ဝင်စားရင်လဲ ဆက်သွယ်နိုင်ဖို့ လိပ်စာတွေပါ ပါဝင်ပါ တယ်။ Red Mountain Estate Red Mountain Estate ကတော့ အင်းလေးကန်အနီးတွင် တည်ရှိပြီး ၂၀၀၃ခုနှစ်မှာ ဝိုင် ထုတ်လုပ်ရောင်းချမှုကို စတင်ခဲ့ပါတယ်။ ဝိုင်အတွက် လိုအပ်သည့်အပင်များအတွက် ပြင် သစ်နဲ့ စပိန်နိုင်နိုင်ငံတို့မှ တင်သွင်းပြီး ပြည်တွင်းမှာပဲ စိုက်ပျိုးကာ ထုတ်လုပ်ရောင်းချတာပဲ ဖြစ်ပါတယ်။ အတွေ့အကြုံရှိတဲ့ ပြင်သစ်မှ ဝိုင်ပြုလုပ်သူတို့နဲ့အတူ မြေသားမြေဆီလွှာကောင်း မွန်မှု၊ ရာသီဥတု သင့်တင့်မျှတမှုတို့ကြောင့် Real Mountain Estate မှ ထွက်ရှိလာတဲ့ ဝိုင်အမျိုး အစားတွေက လူကြိုက်အများဆုံးဝိုင်အဖြစ်လည်း ရပ်တည်နေနိုင်ခြင်းဖြစ်ပါတယ်။ Red Mountain Estate နဲ့ပတ်သက်ပြီး စုံစမ်းမေးမြန်းလိုပါက အမှတ် ၃၉ (A)၊ ၇ မိုင်ခွဲ၊ ပြည်လမ်း၊ မရမ်းကုန်းမြို့နယ်။ ဖုန်းနံပါတ် ၀၁ ၆၆၄ ၉၇၀ ကိုဆက်သွယ်နိုင်ပါတယ်။ အေးသာယာဝိုင်ခြံ အေးသာယာဝိုင်ခြံကိုတော့ ၁၉၉၉ခုနှစ်တည်းက ဥရောပနိုင်ငံသား ဝိုင်ပြုလုပ်တဲ့ အဖွဲ့ တစ်ဖွဲ့မှ ပြင်သစ်မှာရှိတဲ့ ဝိုင်အတွက်လိုအပ်သည့်အပင်များကို စတင်တင်သွင်းခဲ့ရာမှ စတင် ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ဝိုင်ခြံလို့ဆိုရင်လည်း မမှားနိုင်ပေ။ တည်နေရာမှာလည်း တောင်ကြီးနဲ့ အင်းလေးကန် အနီးတဝိုက်မှာ တည်ရှိပြီး ထိုနေရာရှိ ရာသီဥတုနဲ့ မြေနေရာ အ နေအထားတို့က ဝိုင်ပြုလုပ်ရန် အသင့်တော်ဆုံးဖြစ်တာကြောင့် အေးသာ ယာဝိုင်မှာလည်း နာမည်ကြီး လူသိများလှပါတယ်။ Red Dot ရဲ့ အေးသာယာဝိုင်ကို ကိုယ့်ဆိုင်မှာတင်သွင်းဖို့ဖြစ်ဖြစ် စုံစမ်း ထိပ်တန်း မေးမြန်းလိုလို့ပဲဖြစ်ဖြစ် အမှတ် ၃၉ (H1)၊ မဇ္စူလမ်း၊ ပါရ အကြံပေးချက် မီရိပ်သာ၊ မရမ်းကုန်းမြို့နယ်။ ဖုန်းနံပါတ် ၀၁ ၆၅၁ ၁၄၁ ကို ဝိုင်တွေကို သိုလှောင်ထိန်းသိမ်းမယ်ဆို ဆက်သွယ် နိုင်ပါတယ်။ ရင်တော့ အခန်းအပူချိန်မှာပဲ ထား ရှိပြီး နေရောင်နဲ့ တိုက်ရိုက်ထိ တွေ့တာကိုလည်း ရှောင်ရှားရပါမယ်။ ဝိုင်တွေကို အပူချိန် ၂၅°C အထက်မှာ ထားရှိ သိုလှောင်မယ်ဆိုရင်တော့ ဝိုင် သက်တမ်း ထိခိုက်နိုင်တဲ့အပြင် အရသာပါ ပျက်စီးသွားနိုင်ပါတယ်။


Business Insight

ကျန်းမာတဲ့ စားသောက်နေထိုင်မှု ကောင်းမွန်သည့်ပုံစံဖြင့် စားသောက်နေထိုင်ခြင်းအလေ့အထသည်သင့်စီးပွားရေးလုပ်ငန်း ၏ ရှုထောင့်စုံနှင့် သက်ဆိုင်ပါတယ်။ သင့်ဝန်ထမ်းများ တကိုယ်ရည်သန့်ရှင်းရေးမှသည် ပတ်ဝန်း ကျင်နှင့် မီးဖိုချောင်သုံးပစ္စည်း သန့်ရှင်းရေးအထိ ပါဝင်ပါသည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ အစာအဆိပ်မသင့်စေနိုင်ဖို့အတွက် ထည့်သွင်းစဉ်းစားရမည်မှာ အရေးကြီးလှပါသည်။ ဒီလိုမှ မဟုတ်ရင်တော့ သင့်ဈေးဝယ်သူများကို နာမကျန်းဖြစ်စေမိနေမှာပါ။ ကောင်းမွန်သည့် တကိုယ်ရည်သန့်ရှင်းရေးအလေ့အကျင့်သည် သင့်အစားအစာများဆီသို့ အန္တရာယ်ဖြစ်စေတဲ့ ရောဂါပိုးမွှားများကူးစက်မှုကို ဟန့်တားကာကွယ်ပေးပါတယ်။ သင့်ဝန်ထမ်း များ အစားအစာများကိုမကိုင်တွယ်ခင်မှာ လက်ကိုကောင်းကောင်းမွန်မွန် ဆေးကြောပြီး ခြောက် သွေ့စေဖို့ကို ဂရုစိုက်သင့်ပါတယ်။ အထူးသဖြင့်သင့်ဝန်ထမ်း အိမ်သာ သို့မဟုတ် အသားစိမ်း ငါးစိမ်း ကိုင်တွယ်ပြီးချိန်မှာ ဆေးကြောသန့်ရှင်းမှုဟာ အရေးပါလှတယ်။ အစာအဆိပ်သင့်စေတဲ့ အဓိကကြောင်းရင်းကတော့ အန္တရာယ်ပေးနိုင်တဲ့ ဓာတ်ပြုခြင်း ကြောင့် ဖြစ်ပါတယ်။ အန္တရာယ်ပေးနိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေဟာ ကူးစက်ရောဂါပိုးမွှားများ ပျံ့နှံ့ သည်မှ ဖြစ်ပေါ်တတ်ပြီး ပုံမှန်အားဖြင့် အစားအစာများပေါင်းဖက်မှုများယွင်းခြင်း၊ အသုံးပြုသည့် ပစ္စည်းများနှင့် အစားအသောက်များတင်သော ပစ္စည်းများရဲ့ မျက်နှာပြင်များကြောင့်ဖြစ်ပါတယ်။ ဒီလိုအစာအဆိပ်သင့်စေတာဟာများသောအားဖြင့် အသားစိမ်းများမှာ ပါဝင်တဲ့ ပိုးမွှားတွေနဲ့အ သင့်စား အစားအစာများထိတွေ့ခြင်းမှ ဖြစ်ပေါ်နိုင်ပါတယ်။ ဒီလိုမျိုး ဓာတ်ပြုမှုတွေ မဖြစ်ရလေ အောင် လုပ်ငန်းခွင်မှာ ပစ္စည်းများရဲ့မျက်နှာပြင်တွေ၊ အသုံးပြုပစ္စည်းများနှင့် ဟင်းသီးဟင်းရွက် နှင့်အသားငါး စင်းနှီးတုံး ဘုတ်ပြားများကို အသုံးပြုပြီးတိုင်း နှင့်အသုံးမပြုခင်မှာ သေချာစွာ ဆေး ကြောသန့်စင်ပြီး ပိုးတွေမကူးစက်နိုင်အောင် ဂရုစိုက်ပါ။ မီးဖိုချောင်သုံးပြုပစ္စည်းများကို အသုံးပြု ရာတွင် အသင့်စားအစားအစာများကို ကိုင်တွယ်သောပစ္စည်းနှင့် အသားစိမ်းငါးစိမ်းတို့ အတွက် အသုံးပြုသောပစ္စည်းများကို ခွဲခြားထားပါ။ ဆိုင်ရှင်များအတွက် အေးသောစားစရာများကို စီမံထိန်းသိမ်းရာတွင် အရေးပါသည့် နောက် တချက်ကတော့ ၎င်းအစားအစာများကို အေးခဲစေခြင်းဖြင့် ကူးစက်ရောဂါပိုးတွေ မပျံ့ပွားဖို့ အတွက် အထောက်အကူပြုပါတယ်။ ယေဘူယျအားဖြင့် ကူးစက်ရောဂါပိုးမွှားများဟာ ၄ ဒီဂရီ စင်တီဂရိတ် မှ ၆၀ ဒီဂရီ စင်တီဂရိတ် အတွင်းမှာသာ ရှင်သန်ကြီးထွားနိုင်ပါတယ်။ ဒါကြောင့် ပုပ် သိုးလွယ်တဲ့ အစားအစာများကို ဒီလိုအန္တရာယ်ဖြစ်စေနိုင်တဲ့ အရပ်မှာ ဘယ်သောအခါမှ ၁ နာရီ ထက်ပိုမထားလိုက်ပါနဲ့။ ကောင်းမွန်စွာချက်ပြုတ်ထားတဲ့ အစားအစာတွေဟာ အန္တရာယ်ပေးစေနိုင်တဲ့ ကူးစက်ရော ဂါပိုးအများစုကို သေစေပါတယ်။ မစားသုံးခင်မှာ အစားအစာများကို အပူကောင်းကောင်းနှင့် ဆူ ပွက်စေပြီး ချက်ပြုတ်ရမှာကို သတိရပါ။ အထူးသဖြင့် ဝက်သား နှင့် ကြက်သား တို့ကို ချက်ပြုတ် ရာမှာ အထူးအရေးကြီးပါသည်။ ဆိုင်ပိုင်ရှင်သင့်အနေနဲ့ ဆိုင်ထဲမှ အစားအစာများကို ရောင်းချရာ မှာ ရက်လွန်မဖြစ်စေရန် စစ်ဆေးရာတွင် သေချာပါစေ။


လူမှုကွန်ရက် မီဒီယာ ၁ဝ၁ နိုင်ငံတကာမှ ဆက်သွယ်ရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ဖြစ်တဲ့ Ooredoo နဲ့ Telenor တို့က သူတို့ရဲ့ ဝန်ဆောင်မှုတွေကို မိတ် ဆက်ပြီးနောက်ပိုင်း ဈေးနှုန်းချိုသာပြီး အင်တာနက်ပါသုံးနိုင်တဲ့ မိုဘိုင်း ဖုန်းတွေ ပေါများလာပြီးတဲ့နောက် မြန်မာလူမျိုးတော်တော်များများ အင် တာနက် အသုံးပြုလာတာကို သတိပြုမိကြမှာပါ။ ဒီလိုမျိုးပြောင်းလဲ လာခြင်းဟာ လူမှုကွန်ယက် မီဒီယာလို့ခေါ်တဲ့ social media တွေဟာ ကျွန်တော်တို့တွေရဲ့ ဘဝမှာပိုပြီး အချိန်ယူလာတယ်ဆိုတာ ငြင်းလို့မရ ပါဘူး။ လူ မှု ကွ န် ရ က် မီ ဒီ ယာဆို တာအင် တာနက် ကို အ သုံးပြုပြီး လူေ တွ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့အတွက်ရည်ရွယ်ပြီး ပေါ်ထွန်း လာခဲ့တာပါ။ အွန်လိုင်းပေါ်က လူမှုကွန်ရက်ဟာ ကျွန်တော်တို့ပြင်ပ ဘဝရဲ့ လူမှုအသိုင်းအဝိုင်းလိုပါပဲ ကျွန်တော်တို့ရဲ့ မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေသာမက သူစိမ်းတွေနဲ့တောင်မှ ချိတ်ဆက် လို့ရနေပါတယ်။ သင်တို့ရဲ့ သူငယ်ချင်း ဒါမှမဟုတ် မိသားစုကို သင် တို့ရဲ့ အကောင့်ထဲမှာ ထည့်လိုက်တာနဲ့အတူ သူတို့နဲ့ ဓါတ်ပုံတွေ ဗီဒီယို တွေ မျှဝေနိုင်ယုံသာမက message တွေ၊ မှတ်ချက်တွေ ပေးတာနဲ့အတူ ကိုယ်လုပ်မယ့် အစီအစဉ် နဲ့ ပွဲတွေကိုပါ ဖိတ်ကြားနိုင်တယ်လေ။ သင်ရဲ့ကိုယ်ပိုင် အကောင့်တစ်ခု ဖန်တီးရတာ လွယ်ကူတဲ့အပြင် အခမဲ့ပါ။ လိုအပ်တာတွေကတော့ e-mail လိပ်စာတစ်ခုနဲ့ အင်တာ နက်ပါပဲ။ နာမည်ကြီး လူမှုကွန်ရက်မီဒီယာတွေဖြစ်တဲ့ Facebook, Twitter နှင့် YouTube တို့ကို စမတ်ဖုန်းတွေ၊ ကွန်ပျူတာတွေနဲ့ tablets တွေကတစ်ဆင့် အလွယ်တကူ အသုံးပြုနိုင်ပါတယ်။


Lifestyle

ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းမလုပ်နိုင်လောက်အောင် သင့်ဆိုင်ကို စီမံရတာ အရမ်းအလုပ်ရှုပ်နေလား

Red Dot မှ သင့်ဈေးဝယ်သူများကို ဝန်ဆောင်မှုပေးနေချိန်များကြားထဲမှာ လုပ်ဆောင် နိုင်မည့် လွယ်ကူမြန်ဆန်တဲ့ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများကို အကြုံပြုလိုက်ပါတယ်! လေ့ကျင့်ခန်း ၁ ကျောမှီ လေ့ကျင့်ခန်း၊ စားပွဲခုံ ကိုကျောမှီပြီး မတ်တပ်ရပ်ပါ၊ ထို့နောက် လက် ဖဝါးများကို မှောက်ပြီး စားပွဲပေါ်သို့ တဖက်ဆီတင်ပါ။ သင့်ခြေ ထောက်များနှင့်အတူ တံ တောင်ဆစ်ကို ၉၀ ဒီဂရီ ကွေးလိုက်ပါ။ ပြီးနောက် နဂိုပုံစံသို့ ပြန်မတ်လိုက်ပါ ။ ဒီအတိုင်း၁ဝ ကြိမ် လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း ၂ သစ်သားချောင်းသဏ္ဍန် ခြေချောင်း။ ထိုင်ခုံမှာထိုင်လိုက်ပါ၊ ခြေထောက်တဖက်ကို အရှေ့သို့ ၃စက္ကန့်မျှ ဆန့်တန်းထားလိုက်ပါ။ ထို့နောက် ကျန်ခန္ဓာကိုယ် အစိတ်အပိုင်းများ မလှုပ်စေပဲ အဲဒီ ခြေထောက်တဖက်ကို အပေါ်သို့ နောက် ၃စက္ကန့်မျှ သင်မြှင့်နိုင်သမျှ မြှင့်တင်လိုက်ပါ။ ဒီအတိုင်း၁၀ကြိမ်လုပ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်း ၃ စားပွဲကိုတွန်းသောလေ့ကျင့်ခန်း၊ သင့်စားပွဲမှ တစ်မီတာ အကွာတွင်ခြေနှစ်ဖက်စုံရပ် လိုက်ပါ၊ သင့်လက်ဖဝါးများကို စားပွဲခုံ ပေါ်သို့ပခုံးအကျယ်အတိုင်း တင်လိုက်ပါ။ ထို့နောက် သင့်ရင်ဘတ်ကို စားပွဲအစွန်းသို့ နှိမ့်ချလိုက်ပါ ပြီးနောက် နဂိုပုံစံသို့တွန်းတင်ပြီး ပြန်နေပါ။ ဒီ အတိုင်း၁၀ကြိမ်လုပ်ပေးနိုင်ပါတယ်။ လေ့ကျင်ခန်း မလုပ်မှီနဲ့လုပ်ပြီးတိုင်း အကြောလျှော့ဖို့မမေ့ပါနဲ့။ အကြောလျှော့ခြင်းဟာ သွေးလည်ပတ်မှုကို အားကောင်းစေပြီး အကြောလျော့နိုင်စေယုံသာမက စိတ်ပန်းပင်နွမ်းလျ ခြင်းကိုလဲ သက်သာစေပါတယ်။


ဆောင်းရာသီအတွက် အသားအရေထိန်းသိမ်းရေး အလှကုန်များ ချမ်းအေးတဲ့ဆောင်းရာသီရောက်လာတော့မယ်နော်! အခုအချိန်ဟာ သင့်ဈေးဝယ်သူတွေ ရှာဖွေနေမယ့် ကုန်ပစ္စည်း တွေကိုအဦးဆုံး ကြိုတင်မှန်းဆထားရမယ့် အချိန်ကောင်းပါ။ ဒါ့အပြင် သင့်ဈေးဝယ်သူများအံ့အားသင့်သွားစေမယ့်အခွင့်အခါလည်း ဖြစ်စေမှာပါ။ အေးချမ်းလှတဲ့ နေ့ရက်တွေမှာ အသားအရေထိန်းသိမ်းတဲ့ အလှကုန်ပစ္စည်းတွေဟာ ပိုပြီးလူကြိုက်များလှပါတယ်။နှုတ်ခမ်းကွဲတတ်ပြီး အသားအရေခြောက်သွေ့တတ်တဲ့ ဒီရာသီမှာ သင့်အရောင်းစင်တွေမှာ နေရာယူထားနိုင်မယ့် အလှကုန်ပစ္စည်း (၅)မျိုးကိုRed Dot မှ အကြံပေး ပြောပြလိုက်ပါတယ်။ Nivea Cream -ဂျာမန် အမှတ်တံဆိပ်ဖြစ်တဲ့ Nivea မှ အသားလှဆီ ခရမ်ကတော့ နေ့စဉ်သုံး စွဲနိုင်ဖို့ ရည်ရွယ်ပြီး အိတ်ကပ်ထဲ ထည့်ယူဆောင်နိုင်တဲ့ အရွယ်အစားမျိုးနဲ့လဲ ထုတ်လုပ်ပါတယ်။ ဒီခရမ်မှာ ပျက်စီးနေတဲ့ အသားအရေများအတွက် Eucerit ကြွယ်ဝစွာ ပေါင်းစပ် ဖန်တီးထားပါ တယ်။ Nivea Pearly Shine - ဗန်ဒါဆံ ဆီ၊ စပျစ်ဆံဆီ နှင့် Shea butter ရနံ့များ ရရှိနိုင်တဲ့ Nivea’s Pearly Shine နှုတ်ခမ်းအလှဆီ မှာ အစိုဓာတ်ထိန်းသိမ်းမှုပါဝင်ပြီး ခရမ်းလွန်ရောင်ခြည်ကိုလဲ ကာကွယ်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေပါဝင်ပါတယ်။ ဆောင်းရာသီမှာ နှုတ်ခမ်းကွဲသူများ အတွက် အကောင်းဆုံး ကုထုံးလေးတခုဖြစ်ပါတယ်။ Olay Moisturizing Lotion for Sensitive Skin - ဥရောတိုက်မှာတော့ ဒီအစိုဓာတ်ထိန်းပေး တဲ့ အလှဆီဟာ လူကြိုက်များလှပါတယ်။ Olay ရဲ့ ဒီအလှဆီကတော့ နေ့စဉ်သုံးစွဲနိုင်တဲ့ ထိခိုက် လွယ်သောအသားအရေပိုင်ရှင်များအတွက် ထုတ်လုပ်ထားတာပါ။ ဒီလိုဆောင်းရာသီမှာ ခြောက်သွေ့တတ်တဲ့အသားအရေ အတွက် ပြီးပြည့်စုံတဲ့ကုထုံးပါပဲ။ Pure Natural Moisture Body Lotion - မည်သည့် အသားအရည်မျိုးနဲ့မဆို သင့်လျော်ပြီး ပျားရည်နှင့် ဂျုံတို့ပေါင်းစပ် ဖန်တီးထားသည့် ၎င်းအစိုဓာတ်ထိန်းအလှဆီဟာ သဘာဝ ပစ္စည်းများ ဖြစ်တာမို့ သင့်ရဲ့ ဈေးဝယ်သူတွေနှစ်ခြိုက်မှာပါ။ Revlon Aquamarine Body Lotion with Aloe - Aloe-vera မှာ သဘာဝအတိုင်း ငယ်ရွယ်နု ပျိုမှုကို ပေးစွမ်းနိုင်တဲ့ ဂုဏ်သတ္တိ အမြောက်အများပါဝင်ပါတယ်။ ဒီကိုယ်လိမ်းအလှဆီဟာ သင့် အသားအရေခြောက်သွေ့ ပျက်ဆီးခြင်းကို ပြန်လည်ကောင်းမွန်စေပါတယ်။

Brand Focus

သင့် ဆိုင်ရှိရာဆီသို့ ချည်းကပ်လာမည် Red Dot မှ ကုန်ပစ္စည်းသစ် မိတ်ဆက်ပေးတဲ့ အခန်းကဏ္ဍလေး ရောက်ရှိလို့ လာပြန်ပါပြီ။ Red Dot အနေနဲ့ သင့်ဆိုင်ရဲ့ ဈေးဝယ်သူတွေ နှစ်သက်မယ့် ကုန်ပစ္စည်းတွေကို စဉ်းစားပြီးမိတ်ဆက်ပေးလိုက်ပါရစေ။ ကိုရီးယားနိုင်ငံထုတ် Nongshim အမှတ်တံဆိပ်နဲ့ အသင့်စားကိုရီးယား ပဲခေါက်ဆွဲကိုမိတ် ဆက်ပေးပါရစေ။ ပဲခေါက်ဆွဲဆိုတာက အီတလီခေါက်ဆွဲနဲ့ တရုတ်ရိုးရာပဲပိစပ် အနှစ်ရည်တို့ကို ပေါင်းစပ်ထားတဲ့ “Chajang” လို့လူသိများတဲ့ ပဲခေါက်ဆွဲပါ။ ပဲပိစပ်အနှစ်ရည် နှင့် ပြုလုပ်ထားတဲ့ ပဲခေါက်ဆွဲကို ကိုရီးယားနိုင်ငံမှာ ၁၉ ရာစုလောက်တည်းက တရုတ်လူမျိုး အလုပ်သမားတွေကနေစတင်မိတ်ဆက်ခဲ့တာပါ။

အဲဒီအချိန်ကတည်းက

ကိုရီးယားလူမျိုးတွေဟာ

နှစ်ခြိုက်စွာ

စားသုံးခဲ့တာ အခုဆိုရင်ကိုရီးယားနိုင်ငံရဲ့ လူကြိုက်အများဆုံး ခေါက်ဆွဲအဖြစ် ရပ်တည်နေနိုင်ပါပြီ။ ဒါအပြင် အချိုမှုန့်ရှောင်သူများ အတွက်လည်းသင့်လျော်ပြီး၊ ကိုလက်စထရော မပါဝင်ပဲအသင့်ထည့်သွင်း ထားပေးတဲ့ သံလွင်ဆီကြောင့် ကျန်းမာရေးအတွက်ပါ အထောက်အကူဖြစ်စေမှာပါ။


Red Dotဆိုင်ပိုင်ရှင်များအသင်းမှာပါဝင်ဖို့ ဒီနေ့ပဲဆက်သွယ်လိုက်ပါစို့။ 09 250 90 90 33 သို့ ဖုန်းခေါ်ဆိုစာရင်းပေးနိုင်သလို retail@reddotnetwork.comသို့လည်းအီးမေးလ်ပေးပို့ နိုင်ပါတယ်။ သင့်ဆက်သွယ်မှုအား Red Dot မှ အမြဲနားစွင့်နေပါတယ်။

8 4 9 7

1 5 2 9 4

5 7 1 9 2 3 6 9 3 2 6 4 9 1

မေး။ အကို့နာမည်လေးနဲ့ အကို့ဆိုင်အကြောင်းလေးမိတ်ဆက်ပေးပါဦး။ ဖြေ။

ဟုတ်ကဲ့၊

ဆိုင်ကယောမင်းကြီးလမ်းထဲမှာဖွင့်ထားတာပါ။

စား

သောက်ကုန်၊ လူသုံးကုန် အစုံရောင်းပါတယ်။ မနက် ၉ နာရီကနေ ည ၁ဝ နာရီအထိဖွင့်ပါတယ်။ မေး။ အကိုဘာကြောင့် Red Dot ကိုဆက်သွယ်ဖြစ်ခဲ့တာပါလဲ။ ဖြေ။ Red Dot မဂ္ဂဇင်းတွေကိုဆိုင်မှာလတိုင်းရတယ်။ ဖတ်ကြည့်ရင်း၊ ဖတ် ရင်းနဲ့ စိတ်ဝင်စားလာတယ်။ အဲဒါကြောင့် ဖုန်းလှမ်းဆက်လိုက်တာပါ။

6 1 4 3 6 9 2

8 1 4 3 2

7

Easy 4 3

6 9 9 5 1 2

3 5 6 5 3 9 1 4 2 7 8 5

1 5 4

Difficult

Sudoku ကစားနည်းအညွှန်း Sudoku ကစားနည်းမှာ နံပါတ် ၁ မှ ၉ အထိ ဂဏန်းများအား အကွက်တိုင်းတွင် အောက်ဖော်ပြပါ လမ်းညွှန်မှုအတိုင်းထည့်သွင်းရမည်။

မေး။ အခုဆို Red Dot က ဈေးကွက်ထဲမှာချက်ချင်းပဲစတင်တော့မှာပါ။ Red Dot

ဝန်ဆောင်မှုတွေကို ကိုယ်စားလှယ်ယူဖို့ရောစဉ်းစားထားပါ

သလားရှင်။ ဖြေ။ ဟုတ်ကဲ့။ စဉ်းစားထားပါတယ်။

ရေပြင်ညီအတန်းတိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ် စီပါဝင်ရမည် ထောင်လိုက်အတန်းတိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ်စီပါဝင်ရမည် စတုရန်းအကွက်အလတ်တိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ်စီပါဝင်ရမည်


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.