Issue 3

Page 1

Issue Three

Red Dot Magazine Myanmar ဈေးဝယ်သူများအား သင့်ဆိုင်သို့ ပိုမိုလာရောက်ရန်အတွက် ဆွဲဆောင်ရာတွင် သင့်အားအကူအညီပေးသွားမှာပါ။

သင့်ဈေးဆိုင်ကို

သင့်ဆိုင်ရဲ လက်တကမ်းကို

မြှင့်တင်ပါ

လျှို့ဝှက်ချက် အသေးစိတ်ကို အထဲတွင်ဖတ်ရှုပါ

စိတ်ဝင်စားပါက စာအုပ်ကျောဘက် စာမျက်နှာရှိ ဖောင်တွင်ဖြည့်ပါ။ H30 Honor 3C ရယူရန်အတွက် ကံစမ်းမဲအစီအစဉ်တွင် ပါဝင်ဆင်နွှဲပါ။ အသေးစိတ်ကို အထဲတွင်ဖတ်ရှုပါ

ကုန်ပစ္စည်းအသစ်

အခင်းအကျင်း

နည်းဗျုဟာ ၁ဝခု အသေးစိတ်ကို အထဲတွင်ဖတ်ရှုပါ

ရောက်ရှိလာမည့်

ဆိုင်

စမ်းသပ်အသုံးပြုပြီး

ဝဿန်မိုးရာသီမှ မဖိတ်ခေါ်ထားတဲ့ ဧည့်သည်


ဈေးဝယ်သူများအား အောက်ပါဝန်ဆောင်မှုများပေးပါ။

ခဲခြစ်စရာမလိုဘဲ ဖုန်းငွေဖြည့်နိုင်ရန်

သို့မဟုတ် ဈေးဝယ်သူများ၏ လစဉ်ကြေးများကို အလျင်အမြန်နှင့် အဆင်ပြေစွာ ပေးဆောင်နိုင်ရန် လုပ်ဆောင်ပါ။

www.reddotnetwork.com


Red Dot ဆိုတာဘယ်သူလဲ Red Dot ရဲ့ ရှင်းလင်းချက် Red Dot ကွန်ရက်ဆိုတာ နိုင်ငံတကာ အတွေ့ အကြုံရှိတဲ့ မြန်မာနိုင်ငံက ကုမ္ဗဏီတစ်ခုပဲဖြစ်ပါ တယ်။ ဈေးဆိုင်ပိုင်ရှင်က ၎င်းတို့ရဲ့ဈေးဝယ်သူတွေ ကို ဝန်ဆောင်မှုတွေပိုပေးနိုင်အောင် Red Dot ကလုပ် ဆောင်ပေးပါတယ်။ Red Dot က ကုန်ပစ္စည်းအမျိုး အစားအမျိုးမျိုးနဲ့ ဝန်ဆောင်မှုများကို ရပ်ကွက် ဈေး ဆိုင်တွေမှာ ဈေးဝယ်သူတွေ အဆင်ပြေလွယ်ကူစွာ ဈေးဝယ်ယူနိုင်အောင် စက်ကိရိယာပစ္စည်းများကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ ရပ်ကွက်ဈေး ဆိုင် များမှ ဖုန်းငွေဖြည့်ကတ်များကို ဆန်းသစ်တဲ့နည်း လမ်းများနဲ့ ရောင်းချနိုင်ရန်နှင့် ဈေးဝယ်သူများရဲ့ လစဉ်ကြေးများပေးဆောင်နိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားမှာပဲဖြစ်ပါတယ်။

မဂ္ဂဇင်း၏ ရည်ရွယ်ချက်

မိတ်ဆွေတို့ရဲ့ဆိုင်ကဲ့သို့ ဆိုင်များစွာနဲ့ အလုပ် လုပ်ဖူးတဲ့အတွေ့အကြုံများစွာ Red Dot မှာရှိပါ တယ်။ သင့်ဆိုင်လည်ပတ်ရာတွင် အသုံးဝင်မယ့် နည်းလမ်းများ၊ အကြံကောင်းများကိုလည်းပြောပြလို ပါတယ်။ ဆောင်းပါးများကစိတ်ဝင်စားစရာကောင်း ပြီး ဈေးဝယ်သူများကိုဆွဲဆောင်ဖို့အတွက် အကူအ ညီဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။

Red Dot ဆိုင်ရှင်တစ်ယောက်ဖြစ်ခြင်း

သင့်ကို Red Dot ဈေးဆိုင်ပိုင်ရှင် တစ်ယောက် အဖြစ်အလိုရှိပါတယ်။ Red Dot ဈေးဆိုင်ပိုင်ရှင်တွေ ဖြစ်ခြင်းဖြင့် လုပ်ငန်းလည်ပတ်ရာတွင်လွယ်ကူစေ ပြီး အမြတ်ဝင်ငွေတွေပိုမိုရရှိစေမှာပါ။ ကျွန်တော်တို့ အနေနဲ့ ဈေးဝယ်သူတွေကို ဝန်ဆောင်မှုတွေပိုပြီးပေး နိုင်ဖို့အတွက် လွယ်ကူပြီး ခေတ်မီဆန်းသစ်တဲ့ စက် ကိရိယာတွေ လည်းထောက်ပံ့ပေးမှာပါ။

မိုဘိုင်းလ်ဖုန်း ငွေဖြည့်ကတ်

• Red Dot ဆိုင်များတွင် ဖုန်းငွေဖြည့်ကတ် များရောင်းချနိုင်မည့် အသစ်စက်စက် စက်ကိရိယာ ပစ္စည်းများ တပ်ဆင်ပေးမှာဖြစ်ပါတယ်။ • Red Dot ဆိုင်ရှင်အနေနဲ့ ဖုန်းခ အကုန်ခံ စရာမလိုဘဲ ငွေဖြည့်ကတ်များကို ရောင်းချရန်ဖြည့် သွင်းနိုင်မှာ ဖြစ်ပြီး ကုန်ပစ္စည်းပြတ်လပ်မှုလည်းရှိမှာ မဟုတ်ပါဘူး။ • Red Dot ဟာ ငွေဖြည့်ကတ်တစ်မျိုးတစ် စားတည်း ရောင်းပေးမှာမဟုတ်ပါဘူး။ ဆိုင်ရှင်နဲ့ ဈေး ဝယ်သူများအတွက် ရွေးချယ်မှုများပြုလုပ်နိုင်မယ့် ငွေ ဖြည့်ကတ်များအတွက် ဝန်ဆောင်မှု ပေးသွားမှာပါ။

ကျသင့်ငွေ ပေးဆောင်ခြင်း

• Red Dot ဆိုင်များမှ လျှပ်စစ်သုံးစွဲခ/ တီဗွီ ဆက်တလိုက် အသုံးပြုခများကို အဆင်ပြေလွယ် ကူစွာနဲ့ အနီးအနားတွင်ပေးဆောင်နိုင်မှာပါ။ • အဲဒီလိုပေးဆောင်မှုကို အနီးအနားရှိဆိုင်၊ အဝေးကြီးသို့သွားရောက်စရာမလိုခြင်း သို့မဟုတ် အ ခြားသူတစ်ယောက်အား သွားရောက်ပေးဆောင် စရာမလိုဘဲပေးဆောင်နိုင်မှာပါ။

Contact Us Today Red Dot ဈေးဆိုင်ပိုင်ရှင်အဖွဲ့ဝင်ဖြစ်ဖို့ အတွက် ဒီနေ့ပဲ ဆက်သွယ်လိုက်ပါ။ မဂ္ဂဇင်း နောက်ဖုံးတွင်ပါဝင်တဲ့ အဖွဲ့ဝင် စုဆောင်းမှု ဖောင်တွင်ဖြည့်ပြီး

retail@reddotnetwork.com သို့အီးမေးလ်ပေးပို့ခြင်း သို့မ ဟုတ် ၀၉ ၂၅၀ ၉၀ ၉၀၃၃ သို့ ခေါ်ဆို ဆက်သွယ်နိုင် ပါတယ်။


Business Insight

သင့်ဈေးဆိုင်ကို မြှင့်တင်ပါ Red Dot က ကမ္ဘာအနှံ့အပြားမှာရှိတဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်များက သူတို့ ရဲ့ လုပ်ငန်းတွေကို တိုးချဲ့မှုတွေလုပ်ဆောင်တဲ့အခါမှာ သုံးတဲ့အချိန်တိုင်းအသုံးတည့်စေ မယ့် အကြံဥာဏ်နဲ့ နည်းလမ်းဆယ်ချက်တို့ကို စုစည်းပေးလိုက်ပါတယ်။

၁ဝခု စမ်းသပ်အသုံးပြုပြီး နည်းဗျုဟာ

အရောင်း အမြဲမဟုတ်၊ အကြာကြီးမဟုတ် အရိုးရှင်းဆုံး အရောင်းမြင့်တင်ရေးဆိုတာ ကုန်ပစ္စည်းတချို့ကို အချိန်အကန့်အသတ်တစ်ခုမှာ ဈေးလျော့ပေးခြင်းဖြစ်ပါတယ်။ မိတ်ဆွေရဲ့ဈေးဝယ်သူတွေတောင်သတိမထားမိခင်လုပ်ဆောင်ပါ။

တစ်ခုဝယ် တစ်ခုလက်ဆောင်၊

လွယ်ကူရှင်းလင်းပါစေ။

ကိစ္စတွေ ရှုပ်ထွေးစရာမလိုပါဘူး။ မိတ်ဆွေအနေနဲ့ လက်ဆောင်ပေးမယ့် ပစ္စည်းနှင့် ရောင်းမည့်ကုန် ပစ္စည်းများ ရွေးချယ်သတ်မှတ်ပြီး အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ပြီးပေးနိုင်ဖို့ကြိုးစားပါ။

3

2

တဆင့်စကားတဆင့်ကြား ကြော်ငြာနည်း

ထောက်ခံပြောဆိုခြင်းဆိုတာက အထိရောက်ဆုံး ကြော်ငြာခြင်းပုံစံဖြစ်ပါတယ်။ ပျော်တတ်တဲ့ ဈေးဝယ်သူရှိပါ သလား။ သင့်ဆိုင်ဘယ်လို ကောင်းတယ်ဆိုတာကိုသူတို့ကနေတဆင့်ပြောပြစေပါ။

အရှုံးခံရောင်းချခြင်း၊

အရောင်းဆိုင်ကြီးများရဲ့ ပရိယာယ်

4

ဈေးအရောင်းဆိုင်ကြီးတွေဟာ ပစ္စည်းတွေကို အရှုံးခံပြီး လျော့ဈေးအကြီးအကျယ်ပြုလုပ်ကာ ရောင်းချကြပါတယ်။ အဲဒီလို လုပ်ဆောင်ခြင်းအားဖြင့် ဈေးဝယ်သူတွေကို သူတို့ဈေးဆိုင်ဆီပိုလာချင်အောင်နဲ့ တခြားကုန်ပစ္စည်းများ ပိုဝယ်ဖြစ်အောင်အထိ ဆွဲ ဆောင်နိုင်ဖို့ရည်ရွယ်ပါတယ်။

5

လွယ်လင့်တကူ ဝယ်ယူနိုင်ခြင်း

ဈေးမကြီးတဲ့ပစ္စည်း ချောကလက် သို့မဟုတ် ပီကေ စသည်ပစ္စည်းတွေကို သင့်ရဲ့ငွေရှင်းကောင်တာနားတွင်ထားပါ။ အဲဒီ ပစ္စည်း တွေကိုဈေးဝယ်သူတွေက ကျသင့်ငွေများပေးရှင်းနေချိန်မှာပင် အလျင်းသင့်သလို ဝယ်ယူကြတာကို အံ့အားသင့်ဖွယ် တွေ့ရမှာပါ။


ရာသီအလိုက် အရောင်း မြှင့်တင်ရေးများ

6

ရာသီနဲ့လိုက်အောင်ကုန်ပစ္စည်းတွေကို ရောနှော တင်ထားပါ။ ဥပမာ မိုးရာသီမှာ ထီးများကို ရှေ့ ထုတ်ခြင်းနဲ့ကျောင်းဖွင့်ချိန်ရာသီမှာ စာရေးကိရိ ယာများကိုရှေ့ထုတ်တင်ထားခြင်းတို့ ဖြစ်ပါတယ်။

ကုန်ပစ္စည်း အခင်း အကျင်းများ

လူမှုဝန်းကျင်ကို ကူညီပါ သင်ဝန်ဆောင်မှုပေးနေတဲ့ လူမှုဝန်းကျင်ကို ပြန်လည်ဝေငှပါ

8

လူမှုရေး စီမံကိန်းအစီအစဉ်တွေမှာ ပါဝင်ပါ။ ဒါဟာ သင့်လုပ်ငန်းအကြောင်းကို လူများ သိအောင် လုပ်ဖို့အကောင်းဆုံးနည်းလမ်းဖြစ်သလို တချိန်တည်းမှာပဲ လူမှုရေးလုပ်ငန်း တွေမှာပါဝင်နိုင်မှာဖြစ်တယ်။ လူမှုရေးထောက်ပံ့ကြေးအတွက် ရံပုံငွေရှာခြင်း သို့မ ဟုတ်ရပ်ကွက် ပွဲလမ်းသဘင်များကျင်းပရာတွင် ပါဝင်ကူညီခြင်းတို့ဖြစ်သည်။

7

သင့်ဆိုင် အရှေ့ပိုင်းနဲ့ အ လည်ဗဟိုမှာ အဆန်းသစ် ဆုံးနဲ့ စိတ်ဝင်စားဖွယ်အ ကောင်းဆုံး ကုန်ပစ္စည်းများကိုတင်ပါ။ “အသစ်”ဟု ထင်သာမြင်သာအောင် စာတန်း ရေးပြီး ခင်းကျင်းပြသတဲ့နေရာတစ်ခုဖန်တီးပြီး ဖြတ်သွားဖြတ်လာတွေကို ဆွဲဆောင်ပါ။ ဈေး ဝယ်သူ အသစ်အသစ်တွေ ပိုမိုရရှိလာမှာပါ။

9

ပုံမှန်ဈေးဝယ်သူ အောင်မြင်တဲ့လုပ်ငန်းတွေရဲ့ အဓိကအချက်

ဆွဲဆောင်မှုရှိတဲ့ဝန်ဆောင်မှုက ဈေးဝယ်သူကို သင့်ဆိုင်ဆီ ကိုပြန်လာစေမှာပါ။ ဥပမာ လျှော့ဈေး ပေးတာတို့ပေါ့။

ကံစမ်းမဲစီအစဉ်များနဲ့ပျော်စရာ ပြိုင်ပွဲများ သင့် ဈေးဝယ်သူကိုစိတ်လှုပ်ရှားအောင်လုပ်ပါ။

10

ဒီနည်းက ဈေးဝယ်သူတွေနဲ့ ဆက်ဆံတဲ့အခါအဆင်ပြေစေရုံသာမက ဘေးပတ်ဝန်းကျင်ရဲ့ စိတ်ဝင်စားခြင်းကိုလည်းရရှိမှာပါ။ ဈေးဝယ်သူတွေ အဆင်ပြေ လွယ်ကူစွာပါဝင်နိုင်မယ့် ပြိုင်ပွဲတွေကျင်းပပေးပါ။ သူတို့လိုချင်တဲ့ လက်ဆောင်ပစ္စည်းလည်းဖြစ်ပါစေ။


ဝဿန်မိုးရာသီမှ မဖိတ်ခေါ်ထားတဲ့ ဧည့်သည် မိုးရာသီမှာ သူသူငါငါ ငှက်ဖျားရောဂါရဲ့ နောက်ဆက်တွဲဆိုးရွားတဲ့ ပြဿနာ နဲ့ တခြားသောကူးစက်ရောဂါများကို သတိထား ကာကွယ်လုပ်ဆောင်ပါ က ပိုမိုအကျိုးများစေမှာပါ။ တုပ်ကွေးရောဂါဟာ တုပ်ကွေးဗိုင်းရပ်စ်ပိုးကူးစက်ခံထားရတဲ့ သူနဲ့ ပူးပူး ကပ်ကပ်နေတာ ကနေတဆင့် သင့်ဆီကိုရောက်လာ နိုင်ပါတယ်။ အရွယ် ရောက်ပြီး သူများဟာသူတို့မှာ ဘယ်လိုရောဂါလက္ခဏာမှမပြပဲတစ်ရက်အ တွင်းမှာ ကူးစက်ခံရ ပြီးတော့ အဖျားဝင်ပြီးအများဆုံး ၇ ရက်အထိ တုပ်ကွေး ဗိုင်းရပ်စ်ပိုးအားပျံ့နှံ့စေနိုင်ပါတယ်။ သဘောကတော့​ သင်ဟာတုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီဆိုပါက သင့်ကိုယ်သင်ကူးစက်ခံလိုက်ရတယ်ဆို တာကို မသိခင်မှာပဲ သင်မှာဒီဗိုင်းရပ်စ်ပိုးကိုပျံ့နှံ့စေနိုင်တယ်ဆိုတာပါပဲ။

သတိထားစောင့်ကြည့်ရမယ့် တုပ်ကွေးရောဂါလက္ခဏာများ!

• • • • • •

ကိုယ်အပူချိန်မြင့်လာခြင်း ချွေးအအေးပတ်ပြီး ခိုက်ခိုက်တုန်လာခြင်း ခေါင်းကိုက်ခဲလာခြင်း ကိုယ်လက်ကိုက်ခဲလာခြင်း အားအင်ချိနဲ့ခြင်း အူလမ်းကြောင်းဆိုင်ရာ လက္ခဏာများ စသည့် အော့အန်ခြင်း၊ နဲ့ ဝမ်းလျောခြင်း (ကလေးများတွင်များအဖြစ်များသည်) ရက်သတ္တပါတ်တစ်ခုလုံး အဲဒီရောဂါလက္ခဏာတွေကို ပြတတ်ပါတယ်။ ပင်ပန်းနွမ်းနယ်မှုနဲ့ စိတ်ပင်ပန်းမှုများ ရက်သတ္တပါတ်တော်တော်များများဆက် လက်ဖြစ်တတ်ပါတယ်။

ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ပိုကောင်း၏

Red Dot မှ မြန်မာနိုင်ငံ ဆေးပညာရှင်များနဲ့ တွေ့ဆုံမေးမြန်း ထားသည့် တုပ်ကွေးပိုးကို ကာကွယ်ရန်အချက်များကို အောက်ပါအတိုင်း ဖော်ပြပေး လိုက်ပါသည်။ • လက်ဆေးသည့်အခါ လက်ကို ဆပ်ပြာနှင့်ရေ သို့မဟုတ် အရက်ပြန်ပါ တဲ့ လက်သန့်ဆေးတမျိုးနှင့် သန့်စင်ပါ။ • သင့်လက်များနှင့် မျက်စိ၊ နှာခေါင်း သို့ ပါးစပ် ကိုမထိပါနဲ့။ ရောဂါပိုး များလွယ်လွယ်ကူကူ ပျံ့နှံ့ နိုင်လို့ပါ။ • ဖျားနာနေသူများနှင့် အနီးကပ် ပြောဆိုဆက်သွယ်ခြင်း ကိုရှောင်ပါ။ • ကျန်းမာ စေတဲ့အလေ့အထများကို လေ့ကျင့်ပါ - အိပ်ရေးဝဝ အိပ်ပါ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ပါ၊ သင့် စိတ်ပင်ပန်းစေမည့် အရာ တွေကို စနစ်တကျ စီမံခန့်ခွဲလိုက်ပါ၊ ရေများများသောက်ပါ ပြီးတော့ ကျန်းမာစေမည့်အစာများစားပါ။ • သင့်နှာခေါင်းနဲ့ ပါးစပ်ကို သင်နှာချေသည့်အခါ သို့ ချောင်းဆိုးသည့် အခါတိုင်း တစ်ရှူးစက္ကူနှင့်အုပ်ပါ။ ပြီးနောက် အသုံးပြုပြီး တစ်ရှူးစက္ကူကို အမှိုက်ပုံးထဲသို့လွှင့်ပစ်ပါ။ • အကယ်၍ သင်ဟာ တုပ်ကွေးဆင်ဆင် ရောဂါလက္ခဏာများတွေ့ နေရပါက အနဲဆုံး ၂၄နာရီကြာ သင်အဖျားပျောက်ကင်းသွားတဲ့အချိန် အထိအိမ်မှာနေပါ။


လုပ်ငန်းခွင်မှာ ထားရမည့် ဝန်ထမ်းတစ်ယောက် ၏ စိတ်ဓာတ် သင့်ဝန်ထမ်းများ အလုပ်လုပ်နေသည့် လုပ်ငန်းပတ်ဝန်းကျင်နဲ့ပတ်သက်ပြီး ဘာများ စဉ်းစားမိဖူးပါသလဲ။ သင်ဟာ သူတို့အထဲမှ အတော်ဆုံးသူကို သိပါသလား။ သူတို့တွေက အသင်းအဖွဲ့နဲ့ အတူတကွ အကျိုးရှိရှိလုပ်ကိုင်ကြပါသလား။ ပျော်ပျော်ရွှင်ရွှင်နဲ့ တက် တက်ကြွကြွလုပ်ကိုင်နေတဲ့ ဝန်ထမ်းတွေဟာပိုကောင်းတဲ့ဝန်ဆောင်မှုကို ပေးစွမ်းနိုင်သူ တွေဖြစ်တယ်ဆိုတာသတိရပါ။ တစ်ဖက်မှာလဲ သင့်ရဲ့ ဈေးဝယ်သူတွေရဲ့ ဈေးဝယ်အ တွေ့အကြုံနဲ့ သင့်လုပ်ငန်းရဲ့ အမြတ်ဝင်ငွေတွေကို တိုးတက်စေမှာဖြစ်ပါတယ်။ ဝန်ထမ်းတစ်ယောက်၏ စာရိတ္တစိတ်နေစိတ်ထားကြောင့် ကုမ္ပဏီ၏ အောင်မြင် မှုတွေကိုလျင်မြန်စွာ တည်ဆောက်ပေးနိုင်သလို အလွယ်တကူ ဖျက်ဆီးပစ်နိုင်တာ ကြောင့်လုပ်ငန်းရှင်တွေအနေနဲ့ ဝန်ထမ်းတွေရဲ့ စာရိတ္တစိတ်နေစိတ်ထားမြင့်မားစေဖို့ အ တွက် အထူးဂရုစိုက်ဖို့ လိုပါတယ်။

Red Dot ရဲ့ ထိပ်တန်း အကြံဉာဏ် (၅)ခုနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ခွန်အားတွေကို မြှင့်တင်လှုံ့ဆော်လိုက်ပါ။ သင့် ဝန်ထမ်းတွေကို အလုပ်ဟာ အလုပ်လုပ်တယ် ဆိုတာထက် ပိုတာရယ် နောက်ပြီး မိသားစုဝင် သို့မဟုတ် အဖွဲ့ဝင်ဖြစ်တယ်ဆိုတာကို ခံစားသိနားလည်ပါစေ။ အလုပ်မှာဖြစ်ဖြစ် အပြင်မှာဖြစ်ဖြစ် သင့်ဝန်ထမ်းတွေနဲ့ အချိန်ပေး သူတို့ရဲ့ အောင်မြင်မှုနဲ့ အရေးပါလှတဲ့ ဂုဏ်ပြုပွဲတွေပြုလုပ်ပေးပါ။

သင့်ဝန်ထမ်းများ ငြီးငွေ့မှာကို ရှောင်ကြဉ်ပါ။ ပုံမှန်သွားနေတဲ့ သမရိုးကျ လုပ်ရိုး လုပ်ထုံးတွေကို ရောသမမွှေပြီး လန်းဆန်းသစ်လွင်အောင်လုပ်ပစ်လိုက်ပါ။ သင့်ဝန်ထမ်းတွေကို အလုပ်မှာ အပြုသဘောဆောင်တဲ့စိတ်နေစိတ်ထား နဲ့ အားတက်သရောလုပ်ကိုင်တတ်စေရန် အားပေးအားမြောက်ပြုလုပ်ပါ။

ပျော်ရွှင်စရာလေးတွေဖန်တီးဖို့လဲ မမေ့နဲ့ဦးနော်။


Business Insight

ဆိုင်အခင်းအကျင်း လျှို့ဝှက်ချက် နာမည်ကြီး အရောင်းဆိုင်တွေ အသုံးပြုတဲ့ ဆိုင်အခင်းအကျင်းလျှိ့ဝှက်ချက်တစ်ချို့ကို Red Dot မှ ပြောပြပြီး မိတ်ဆွေတို့ရဲ့ စီးပွားရေးပိုမိုကောင်းမွန်လာဖို့ကူညီလိုက်ပါရစေ။ ဒီတစ်ခေါက်မှာတော့ ဆိုင်အခင်းအကျင်းအကြောင်းကို ဆွေးနွေးပြီး ၎င်းအခင်းအကျင်းက ဈေးဝယ်သူတွေအပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိတယ်ဆိုတာကိုပါ ပြောပြသွားမှာပါ။ ဆိုင်အခင်းအကျင်း ဆိုတာကို ရိုးရိုးလေးပြောရရင်တော့ ဆိုင်ရဲ့ ကြမ်းခင်းအနေအထားပေါ်မူ တည်တဲ့ အခင်းအကျင်း ဒီဇိုင်းနဲ့ ဆိုင်အတွင်း ပစ္စည်းတို့ရဲ့ အထားအသိုတို့ပဲဖြစ်ပါတယ်။ စူပါမား ကတ်အကြီးကြီးတွေမှာ သူတို့ရဲ့ ဆိုင်အခင်းအကျင်းအတွက် အသုံးပြုတဲ့အချိန်နဲ့ အားထုတ်မှုတို့ ကို သိရတဲ့အခါ အံသြသွားမှာ သေချာပါတယ်။ မိတ်ဆွေရဲ့ ဆိုင်အခင်းအကျင်းဟာ ဈေးဝယ် သူတို့ရဲ့ ဈေးဝယ်မှု အပေါ်ကိုအများကြီး လွှမ်းမိုးမှုတွေရှိနေပါတယ်။ မိတ်ဆွေရဲ့ လုပ်ဆောင်မှုမှန် ကန်ပါက ဆိုင်အခင်းအကျင်းသည် ဆိုင်၏အောင်မြင်မှု အတွက်အဓိက သော့ချက်ပင် ဖြစ်လာနိုင်ပါ တယ်။

အောက်ပါ (၅)ချက်ကိုရည်ညွှန်း ကိုးကားပြီး မိတ်ဆွေရဲ့ဆိုင် အထားအသို အခင်းအကျင်းအတွက် ပြင်ဆင်နိုင်ပါတယ်။ ဈေးဝယ်သူအနေဖြင့် ဆိုင်တွင် ၎င်းတို့လိုအပ်ရာ ပစ္စည်းကို အလွယ်တကူရှာဖွေနိုင်ရဲ့ လား။ စတိုးဆိုင်ငယ်များဟာ များသောအားဖြင့် စင်များနှင့် ကောင်တာတို့ကိုလေးထောင့် ကွက်ကျကျပုံစံကိုသုံးပြီး ရှည်လျားသော လူသွားစင်္ကြန်ပုံစံထားလေ့ရှိပါတယ်။ ၎င်းပုံစံကို သုံးခြင်းအားဖြင့် ဈေးဝယ်သူများမှာ ၎င်းတို့လိုအပ်သော ကုန်ပစ္စည်းကို အလွယ်တကူ ရှာဖွေနိုင်ပြီး အဲဒီပုံစံကလူကြိုက်များတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

ငွေရှင်းကောင်တာကို ဈေးဝယ်သူများ အလွယ်တကူရှာဖွေတွေ့ရှိနိုင်သော နေရာတွင်သာ အမြဲတမ်းထား ရှိသင့်ပါတယ်။ ဈေးဝယ်သူမှ တစ်စုံတစ်ခုကို ဝယ်ယူရန် အဆင်သင့် ဖြစ်နေတဲ့ အခါ၎င်းတို့ စောင့်ဆိုင်းမနေ စေရန် စီစဉ်ထားရှိသင့်ပါတယ်။ ဈေးဝယ်သူအနေဖြင့် လွယ်လွယ်ကူကူ ငွေရှင်းပြီး ဝယ်ယူနိုင်တဲ့အတွက် ၎င်းတို့အနေဖြင့်နောင်တွင် ပိုမို ဝယ်ယူအားပေးဖြစ်မှာပါ။ ဘယ်အရောင်းဆိုင်ရှင်မဆိုကိုယ့်ရဲ့ကုန်ပစ္စည်းပြတ်လပ်တာကိုလိုလားမှာမဟုတ်ပါဘူး။ကိုယ့် ဈေးဝယ်သူ အတွက်ရောကိုယ့်စီးပွါးရေးအတွက်ပါ ထိခိုက်နိုင်ပါတယ်။အဲဒီတော့ ရောင်းလိုက်ရသမျှကုန်ပစ္စည်းတွေ ကိုစစ်ဆေးပြီး ပြန်လည် ဖြည့်တင်းပေးသွားလိုက်ရင်ကိုယ့်ရဲ့ ဈေးဝယ်သူ အတွက်လည်း ရွေးချယ်စရာ တွေအမြဲရှိနေတော့အဆင်ပြေသလိုကိုယ့်စီးပွားရေးအတွက်လည်းမထိခိုက်နိုင်တော့ဘူးပေါ့။

ဝယ်သူနည်းပါးတဲ့ကုန်ပစ္စည်းတွေလား။ အရောင်းသွက်နေတဲ့ကုန်ပစ္စည်းတွေကြားမှာ အပို ရွေးချယ်စရာအနေနဲ့ ရောနှောထားကြည့်လိုက်ပါ။

အဓိကအရောင်းသွက်တဲ့ကြက်ဥတို့ ခေါက်ဆွဲပြုတ်တို့လိုတွဲဖက်စားသုံးလို့ရတာတွေဆိုရင်တစ်ခု နဲ့ တစ်ခုမျက်နှာချင်းဆိုင်ထားထားပေးပါ။ ဈေးဝယ်သူအနေနဲ့ ပစ္စည်းတစ်ခုဝယ်တိုင်းအဲဒီပစ္စည်းနဲ့ တွဲဖက်/လိုက်ဖက်တဲ့ပစ္စည်းကိုစိတ်ဝင်စားမှာအမှန်ပါပဲ။ အနားမှာလွယ်လွယ်ကူကူရှိနေတော့ပိုပြီးဝယ်ဖို့ ဖြစ်နိုင်တာပေါ့။


Red Dot Celebrity Spotlight

မြန်မာ့ဂုဏ်ဆောင် မေမြတ်နိုးမှ Miss Asia Pacific 2014 Before

After

သရဖူဆွတ်ခူးနိုင်ခဲ့ ဒီနှစ်အစောပိုင်းဖြစ်တဲ့ (ဇွန်လ၅ရက်၊၂၀၁၄)မှာ မေမြတ်နိုးဟာ မြန်မာနိုင်ငံရဲ့ပထမဆုံး Miss Asia Pacific အလှမယ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရန်ကုန်ဖွားဖြစ်သူ မေမြတ်နိုးဟာကိုရီးယား၊အိန္ဒိယ၊စင် ကာပူနိုင်ငံအသီးသီးတို့ မှပါဝင်ယှဉ်ပြိုင်ကြတဲ့ ၃၈ ယောက်သောအလှမယ်တို့ကို ယှဉ် ပြိုင်အနိုင်ရခဲ့တာပဲ ဖြစ်ပါတယ်။ Miss Asia Pacific World 2014 ကိုတော့ကိုရီးယားနိုင် ငံ၊ ဆိုးလ်မြို့မှာ ကျင်းပပြု လုပ်ခဲ့ပြီး မေမြတ်နိုးရဲ့ အောင်မြင်မှုကတော့ မြန် မာနိုင်ငံအတွက်နှစ် ၅၀ လောက် ဝေးကွာခဲ့ရတဲ့ အပြည်ပြည် ဆိုင်ရာ အလှမယ်ဆုကို ပြန်လည် ဆွတ်ခူးပေးနိုင်ခဲ့တာပဲ ဖြစ် ပါတယ်။


Red Dot မှ ဘာကို မျှော်လင့်နိုင်မလဲ Red Dot အဖွဲ့ရဲ့ ဈေးဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ဖို့ စိတ်ဝင်စားကြမယ် လို့ယုံကြည်ပါတယ်။ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော်တို့ဘက်က ဘာကို ထောက်ပံ့ပေးနိုင်မလဲဆိုတာကို ပြောပြပါရစေ။ Red Dot က သူတို့နဲ့အလုပ် အတူလုပ်တဲ့ ဆိုင်ပိုင်ရှင်တွေနဲ့ ဆက်ဆံရေးကို တန်ဖိုးထားပါတယ်။ သင်နဲ့လည်း ယုံကြည်မှုတည်ဆောက်ပြီး အကျိုးတူအောင်မြင်တဲ့ လုပ်ငန်း တွေ လုပ်ဆောင်ရန်အတွက် ပူးပေါင်းလိုပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုး ရှိစေမဲ့ ဆက်ဆံရေးကိုလိုလားပါတယ်။ တနည်းအားဖြင့် သင့်ဆိုင်ရောင်း ကောင်းလေလေ ကျွန်တော်တို့လည်းပျော်ရွှင်လေလေပါ။

သင့်အတွက် မိတ်ဖက်ကောင်းတစ်ယောက်

ရိုးရှင်းပြီး ပျော်စရာကောင်းတဲ့ Red Dot ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ် ဖို့ ကျွန်တော်တို့က ကူညီပေးသွားမှာပါ။ • ဈေးဝယ်သူများကို ဝန်ဆောင်မှုပေးနိုင်ရန် အသုံးပြုမယ့် စက်ကိရိ ယာများအသုံးပြုပုံကို သင်တန်းပေးရန်စီစဉ်ပေးသွားမှာပါ။ • သင့်အနေနဲ့ အခက်အခဲ ပြဿနာများကြုံပါက ဆက်သွယ်ရ မည့်နေရာရှိသည့်အတွက် အခက်အခဲများကို လျင်မြန်စွာနဲ့ ထိရောက် စွာဖြေရှင်းနိုင်မှာပါ။ • သင်ပေးမည့် ဝန်ဆောင်မှုအသစ်များအကြောင်းအသိပေးရာမှာ အ သုံးဝင်မယ့် ဈေးကွက်ဖော်ဆောင်ရေး ပစ္စည်းများနဲ့ ဆိုင်းဘုတ်ငယ် တွေကိုလည်းထောက်ပံ့ပေးသွားမှာပါ။

Red Dot ဈေးဆိုင်ပိုင်ရှင် ဖြစ်ဖို့အတွက် ယနေ့ပင်ဆက်သွယ် လိုက်ပါ။ မဂ္ဂဇင်းအနောက်ဖုံးမှာပါတဲ့ လိပ်စာအတိုင်းစာပို့ ဆက် သွယ်နိုင်ပါသည်။

retail@reddotnetwork.com သို့ အီးမေးလ်ပေးပို့ခြင်း သို့မဟုတ် ၀၉၂၅၀၉၀၉၀၃၃ သို့ ဖုန်းခေါ် ဆိုခြင်း သို့မဟုတ် မက်ဆေ့ ပေးပို့နိုင်ပါတယ်။ John Nagle CEO Red Dot Network

မကြာမီလာမည်

W e

မြန်မာပြည်ဈေးကွက်မှာ Red Dot ကွန်ရက်ရဲ့ အရှိန်အဟုန်နဲ့ ဆောင် ရွက်နေတဲ့အကြောင်း နားစွင့်ထားလိုက်ပါ။ များမကြာမီ သင်တို့ဆိုင်နား သို့ရောက်ရှိလာတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့အတူ ဘယ်လိုပူး ပေါင်းလုပ်ကိုင်နိုင်မလဲဆိုတာ တွေ့ဆုံဆွေးနွေးဖို့ မျှော်လင့်ပါတယ်။

o r from y u a e h

t toဘယ်သူတွေ ဘာတွေပြောနေမလဲဆိုတာ n wa Red Dot က အမြဲနားစွင့်နေပါတယ်။

အဓိက ကတော့ လူတိုင်းစိတ်ဝင်စားနေတဲ့ အကြောင်းအရာ သ တင်းဆောင်းပါးတွေကို Red Dot မှာ ရေးသားဖော်ပြသွားမယ်။ ဒီလို လုပ်ခြင်းဖြင့် ဈေးဝယ်သူတွေအတွက်လည်း အဆင်ပြေ၊ အရောင်းဆိုင် ဘက်ကပြန်ကြည့်ရင်လည်း ရောင်းအားတက်ပြီး ကိုယ့်ဆိုင်မှာလာဝယ် တဲ့သူတွေလည်း ပိုပိုများလာတာပေါ့။ နောက်ပြီး ကိုယ်ဖတ်ချင်တဲ့ အကြောင်း အရာတစ်ခုခုရှိရင်လည်း ဒီစာမျက်နှာနောက်ကျောဘက်မှာရှိတဲ့ အကြံပြုဖောင် ကနေတဆင့် အကြံဉာဏ်များပေးနိုင်ပါတယ်။


Business Insight

ဆိုင်သုံး စက်ပစ္စည်း - လျှပ်စစ်သုံး ငွေအဝင်အထွက်မှတ်တမ်းတင်စက် လျှပ်စစ်သုံးငွေအဝင်အထွက်မှတ်တမ်းတင်စက်ကို အသုံးပြုခြင်းဖြင့် ဈေးဝယ်သူနဲ့ အရောင်းအဝယ်လုပ်ငန်းများကို မှတ်တမ်းတင်နိုင်ခြင်းနဲ့ ငွေရှင်းရာတွင်လျင်မြန်လွယ် ကူစေမှာပါ။ စက်အမျိုးအစားတော်တော်များများဟာ တိကျတဲ့မှတ်တမ်းထားကို သိမ်း ထားနိုင်ပါတယ်။ အခြေခံစက်တစ်လုံးတွင် နံပါတ်များရိုက်နှိပ်ရန် ခလုပ်များ၊ ဖန်သား ပြင်နှင့် ဖြတ်ပိုင်းများထုတ်ပေးရန် ပရင်တာစက်များ ပါဝင်ပါတယ်။ အချို့တန်ဖိုး နည်း စက်ဆိုရင် အရောင်းစာရင်းကို မှတ်တမ်းတင်ခြင်း၊ ပြန်အမ်းငွေတွက်ချက်ခြင်း၊ ဈေးနှုန်းအားကြည့်နိုင်ခြင်းနဲ့ ကျသင့်ငွေဖြတ်ပိုင်းကို ပရင့်ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။ ယေဘုယျအားဖြင့် ထိုစက်ကိုအသုံးပြုရန် ဆော့ဖ်ဝဲလ်လိုအပ်ပါတယ်။ အဲဒီဆော့ဖ်ဝဲလ် ကတိကျမှန်ကန်တဲ့ အရောင်းခွန်အတိုင်းတွက်ချက်ပေးခြင်း၊ မှတ်တမ်းတင်သတင်း ပေးပို့ခြင်း၊ အရောင်းဝန်ထမ်း၏ လုပ်ဆောင်ချက် တွေကိုမှတ်တမ်းတင်ခြင်း စတာတွေ ကိုလုပ်ဆောင်နိုင်မှာပါ။ သင့်ရဲ့လုပ်ငန်းအပေါ်မူတည်ပြီး ၎င်းထပ်ပိုပြီး ခေတ်မှီတဲ့ လုပ် ဆောင်ခြင်းအတွက် တခြားဆော့ဖ်ဝဲလ်များကို အသုံးနိုင်ပါတယ်။ လျှပ်စစ်သုံးငွေအဝင် အထွက်မှတ်တမ်းတင်စက်တွင် ပါသောငွေသားများထည့်သည့် အံ့ဆွဲက အလို လျောက်တံခါးပိတ်ခြင်းနဲ့ စကားဝှက်များဖြင့်သာဖွင့်နိုင်သည့်စနစ်လည်းပါဝင်ပါသည်။

စောင့်ကြည့်နေရတဲ့ ခေတ်ရေစီးကြောင်း မြန်မာတို့ရဲ့ နောက်ဆုံးပေါ် ဖက်ရှင်များ ပြောင်းလဲလာတဲ့ မြန်မာတို့ရဲ့ နောက်ဆုံးပေါ် ခေတ်ရေစီးကြောင်းကို ခဏတဖြုတ် ကြည့်ရအောင်! 1.

ယဉ်ကျေးမှုရိုးရာအစဉ်အလာ အလှတရား - မြန်မာ့ ရိုးရာယဉ်ကျေးမှုများ သည်ခေတ်ရေစီးကြောင်းနဲ့ ရောယှက်ပြီး တခေတ်ဆန်းလာပါတယ်။

2.

ခေတ်မီတဲ့အဝတ်အစား ဝတ်ဆင် - ပွဲတခုခုကို သွား မလား ဒါမှမဟုတ် သင့်အနှစ်သက်ဆုံး စားသောက် ဆိုင်မှာ အထူးတွေ့ဆုံပွဲ သွားမလို့လား။ ဒီလို ခေတ် မီတဲ့ အဝတ်အစားတွေဟာသင့်ကို အံ့မခန်းလှပစေ ပြီး စိတ်ကျေနပ်နှစ်သက်စေပါလိမ့်မယ်။

3.

ဂျင်းဝတ်ဖို့ နေ့ရက်တွေကို ရောက်ပြီ - ဒီရာသီဥတု မှာတော့ ဂျင်းအဝတ်အစားတွေ ခေတ်စားလှပါ တယ်။ သင့်ရဲ့ ပေါ့ပေါ့ပါးပါး တီရှပ်တွေနဲ့ သင့် တော်မယ့် အင်္ကျီတွေ သို့မဟုတ် ချစ်ဖွယ် အပေါ် ထပ်ဝတ် ဂျက်ကက်အင်္ကျီတွေနဲ့ တွဲဖက်ဝတ်ဆင် လိုက်ပါ။


Mystery Shopper

လျှို့ဝှက် ဈေးဝယ်သူ

အကောင်းဆုံးဈေးဝယ်သူ အတွေ့အကြုံကို ရှာဖွေနေပါသလား။

ဟိုတစ်နေ့တုန်းကပေါ့ ကျွန်တော်လည်း လမ်းကြုံတာနဲ့ အသစ်ဖွင့်တယ်လို့ လူပြောများ တဲ့ ဆိုင်လေးတစ်ဆိုင်ကို ဝင်ကြည့်လိုက်မိ တယ်။ ဆိုင်လေးကတော့သန့်သန့်ပျံ့ပျံ့လေး ဗျ။ မိုးတွင်းမို့ ရေစိုနေတဲ့ရောင်စုံထီးလေးတွေ ထည့်ထားတဲ့ စင်လေးကလွဲလို့ပေါ့။ ဆိုင်ထဲလဲဝင်သွားရော ဆိုင်ထဲက၀န်ထမ်း

ကောင်မလေးတွေရဲ့ ချိုသာတဲ့ အပြုံးလေးနဲ့ နှုတ်ဆက်တဲ့ “ဘာများအလိုရှိပါသလဲရှင်” ဆို သော စကားသံလေးကပျံ့လွင့်လို့။ ဆိုင်အပြင်အဆင်ကတော့ ကျွန်တော့်ကို အံ့သြသွားစေမိတယ်။ ပစ္စည်းတွေကလဲ စုံလို့၊ လူတွေကလည်း အတော်တော့များသား။ အဲ့ဒီ မှာ ဝယ်မယ့်ပစ္စည်းတွေကိုထည့်ဖို့ဆိုပြီး ခြင်း တောင်းလေးတွေတောင် ပေးထားသေးတယ်။

ဒါ့အပြင် လျှပ်စစ်ပစ္စည်းတွေ အတန်းမှာ လည်း “စမ်းသပ်နိုင်ပါသည်” ဆိုတဲ့ စာတန်း လေးတွေကိုတွေ့လိုက်ရတော့ အတော့်ကို သဘောကျသွားမိတယ်။ ဈေးတွေကလဲတန် ပစ္စည်းတွေကလဲ အတော်စုံတော့ ဈေးဝယ်ရတာ အတော်ကောင်း လို့ ဒီဆိုင်လေးဟာ တကယ်ကိုပဲ စိတ်ကျေနပ် စရာကောင်းလှပါတယ်။

Brand Focus

သင့်ဆိုင်ရဲ့လက်တကမ်းကို ရောက်ရှိလာမည့် ကုန်ပစ္စည်းအသစ်

DABO နဲ့ SELLEOPE ကုန်အမှတ်တံဆိပ် အသစ် မြန်မာနိုင်ငံကို ရောက်ရှိလာပါ ပြီ။ ဒီကိုးရီးယား အလှကုန်ပစ္စည်းနဲ့ အသား ရေ ထိန်းသိမ်းကုန်ပစ္စည်းအသစ်ကို ၂၀၁၄ ဇွန်လအကုန်လောက်မှာ မိတ်ဆက်ခဲ့ပါ တယ်။


Red Dot Retailer Network

Red Dot Network, 608 Merchant Street, Pabedan Township, 11143 Yangon. Red Dot Network မှဝန်ထမ်းများခေါ်ယူနေပါသည်

လက်ရှိတွင် Red Dot Network က တက်ကြွ၍ ထက်မြက်သည့် အဖွဲ့တစ်ခုထူထောင်နေပါသည်။ အဖွဲ့အစည်း၏ အမျှော်အမြင်အရကျွန်တော်တို့တွင် အလုပ်ရာထူးနေရာများစွာအတွက် ခေါ်ယူမှုများ ပြုလုပ်လျက်ရှိပြီး ကျွန်တော် တို့အဖွဲ့အစည်း၏ တစ်စိတ်တစ်ဒေသဖြစ်လာမည့် ထူးချွန်ထက်မြက်၍ အတွေ့အကြုံရှိသူများအား ရှာဖွေနေပါ သည်။ လက်ရှိခေါ်ယူလျက်ရှိသော အလုပ်ခေါ်စာများအား ကျွန်တော်တို့၏ website www.reddotnetwork.com တွင် လေ့လာနိုင်ပါသည်။ အလုပ်လျှောက်လွှာများအတွက် သင်၏ ကိုယ်ရေးအကျဉ်း (CV) နှင့် မည်သည့် အလုပ်ရာထူး အတွက်လျောက်လိုကြောင်း cover letter အား MS Word သို့မဟုတ် PDF ဖိုင်များဖြင့် www.reddotnetwork. com သို့ပေးပို့နိုင်ပါသည်။

Sudoku

www.reddotnetwork.com

Easy

Difficult

7 3 8 2

3

Sudoku ကစားနည်းအညွှန်း

9 6 1

Sudoku ကစားနည်းမှာ -

9 1 3 9 6 5 2 8

9 1 8 4

နံပါတ် ၁ မှ ၉ အထိ ဂဏန်းများအား အကွက်တိုင်းတွင်

5 8 3 5 4 2

အောက်ဖော်ပြပါ လမ်းညွှန်မှုအတိုင်း ထည့်သွင်းရမည်။ ရေပြင်ညီအတန်းတိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ် စီပါဝင်ရမည် ထောင်လိုက်အတန်းတိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ် စီပါဝင်ရမည် စတုရန်းအကွက်အလတ်တိုင်းတွင် ၁ မှ ၉ အထိ ဂဏန်းများ တစ်ကြိမ်စီပါဝင်ရမည်


Business Insight

Red Dot ရဲ့ အဓိကစရိတ်လျော့ရန် လုပ်ဆောင်ချက် ၅ ချက် စွန့်ဦးတီထွင်မှုဟာ လက်တဆုတ်စာငွေကြေးနဲ့လဲစလို့ရပါတယ်။ အလုပ်တခုကို ပုံမှန်အကောင်ထည်ဖော်လုပ် ဆောင်လာတဲ့အခါမှာ သင့်ရဲ့အချိန်နဲ့ငွေ ကိုသက်သာစေမယ့် ချဉ်းကပ်နည်း ၅ မျိုးကို တင်ဆက်လိုက်ပါတယ်။

1. အလုပ်ရဲ့တန်ဖိုးကို ညှိနှိုင်းလို့ရတယ်ဆိုတာသတိရပါ - ဈေးညှိခြင်း နဲ့သင့်လုပ်ငန်းအတွက်ထောက်ပံ့ပေးတဲ့ မိတ်ဖက်တွေဆီက အမြဲတမ်းအကောင်းဆုံး ဈေးနဲ့ရ အောင်ပြုလုပ်ပါ။ အဲလိုမှ မဟုတ်ရင် တခြားထောက်ပံ့သူတွေနဲ့ပြောင်းလုပ်ပါ။ ဒီလိုလုပ်ဆောင်ခြင်းဖြင့် ရက်တို စိတ် ညစ်ရမှာနဲ့ ထောက်ပံ့သူများထည်လဲပြောင်းရတဲ့အတွက် စိတ်ရှုပ်နေတာထက် ရေရှည်မှာ သင့်ငွေစုဆောင်းရာမှာ အကျိုးရှိစေမှာပါ။

2. ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပါ - လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့သင့်အနေနဲ့ သင့်လုပ်ငန်းကို အမြဲတမ်း သုံးသပ်ဆန်းစစ်သင့်ပါတယ်။ အရင် ထက်ပိုပြီး သင့်လုပ်ငန်းအတွက် လိုအပ်ချက်တွေကို အချိန်ယူစဉ်းစားတိုင်း သင့်လုပ်ငန်းကို တန်ဖိုးမြှင့်တင် ပေးမှာလား။ အရောင်းဝန်ထမ်းအသစ်ခန့်လိုက်ရင် ရောင်းအားကိုတိုး တက်စေမှာလား။ ဆိုင်အတွက် လိုအပ်တဲ့ စက်ပစ္စည်းတစ်ခုခု ဝယ်လိုက်ရင်ကော လုပ်ငန်းကို တိုးတက်စေမှာလား သို့ အကျိုးရှိမှာလား။

3. သင့်ဈေးဝယ်သူတွေကို သင့်ဆိုင်သို့ ပြန်လာစေရန် လုပ် ဆောင်ပါ - လေ့လာမှုအရ ဈေးဝယ်သူအသစ် ရရှိအောင်လုပ်ဆောင်ရတဲ့ကုန်ကျငွေဟာ လက်ရှိရှိနေတဲ့ ဈေးဝယ်သူကို ဆက်လက် ထိန်းထားခြင်းထက် ပိုကုန်ကျတာကို တွေ့ရပါတယ်။ ပုံမှန် ဈေးဝယ်သူတွေနဲ့ ဆက်ရေးကောင်းေ အာင်တည်ဆောက်ခြင်းကလည်း သင့်ရဲ့အချိန်နဲ့ငွေကိုသက်သာစေမှာဖြစ်တယ်။ ပိုကောင်းတဲ့ ဝန်ဆောင်မှု သို့ မဟုတ် ဆွဲဆောင်မှုရှိတဲ့ လက်ဆောင်တွေပေးပြီး ဈေးဝယ်သူတွေကို နောက်ထပ်ပြန်လာချင်အောင် အရင်ထက်ပို အားစိုက် လုပ်ဆောင်ခြင်းဟာ ရေရှည်မှာ ကြီးမားတဲ့ အကျိုးကျေးဇူးကိုဖြစ်ပေါ်စေမှာပါ။

4. အိမ်နီးနားချင်းကောင်းတစ်ဦးဖြစ်ပါစေ - အရောင်းမြှင့်တင်ရေး နဲ့ ကြော်ငြာခအတွက် အနီးအနားရှိ လုပ်ငန်းတူများနဲ့အတူ ခွဲဝေလုပ်ဆောင်နိုင်မှာပါ။ ရောင်း ကုန်ပစ္စည်းအတူတူခြင်း ရောင်းနေသည့် သင့်ပတ်ဝန်းကျင်မှ ဆိုင်တွေကို ဖြန့်ချိရေး နှင့် ထောက်ပံ့ရေး လမ်း ကြောင်းများအကြောင်း ဝေမျှပါ၊ ပြောပြပါ။ အဲဒီလိုအိမ်နီချင်း ဆိုင်များနဲ့ အပြန်လှန်နားလည်မှု ရှိထားခြင်းဟာ ရေရှည်မှာအရမ်းအသုံးဝင်မှာပါ။ သင်လည်းဘယ်အချိန်အကူအညီလိုလာမလဲမပြောနိုင်ဘူးလေ။

5. အချိန်မဖြုန်းပါနဲ့ - အချိန်ဆိုတာငွေပါ။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့အလုပ်ကို ဘယ်လောက်ကြိုးစားသလဲဆိုတာ သိတဲ့အ တွက် အချိန်ဆိုတာအကန့်အသတ်ရှိတဲ့ အရင်းမြစ်တစ်ခုပဲဖြစ်ပါတယ်။ အချိန်အလာဟသ ဖြုန်းတီးခြင်းဟာ ဘယ် လုပ်ငန်းအတွက်မဆို ယိုပေါက်ဖြစ်ပြီး သင့်ရဲ့ အမြတ်ဝင်ငွေတွေအားလုံးကို စားသုံးပစ်နိုင်သူဖြစ်တယ်။ ဒါကြောင့် အချိန်တိုအတွင်းမှာ သင်အ့  ချိန်ကိုအကျိုးရှိအောင်ဆောင်ရွက်ခြင်းဟာ ရေရှည်မှာ သင့်ဘဏ္ဍာငွေအတွက် စု ဆောင်းမိစေမှာပါ။


ကိုယ့်ရဲ့ ဈေးဝယ်သူတွေရဲ့ စကားသံတွေ အကြံပြုချက်တွေကို - နားထောင်ပါ၊ သင်ယူပါ၊ အောင်မြင်မှုကိုရယူပါ။

အကြံပြုချက်တွေနဲ့ ဈေးကွက်ရှာဖွေတဲ့ အခန်းကဏ္ဍ က အရမ်းကို အရေးပါတဲ့ အချက်တစ်ချက်ပါ။ ကိုယ့်ရဲ့ ဈေးဝယ်သူတွေဘာတွေ လိုအပ်နေမလဲကို အမြဲနား စွင့်နေဖို့နဲ့ သူတို့ရဲ့ အကြံဉာဏ်တွေကို တန်ဖိုးထား တတ်ဖို့က တကယ်ကို အရေးကြီးပါတယ်။ ဈေးကွက် တစ်ခုကို စတင်ရှာဖွေနေပြီပဲ ဆိုကြပါစို့။ ကိုယ့်ရဲ့ဈေး ဝယ်သူတွေ တစ်ခုခု လာဝယ်တဲ့အခါ စကားစမြည် ပြောကြည့်လိုက်ပါ။ ကိုယ့်ရဲ့ဆိုင်လေးအပေါ် သူတို့ တွေ ဘယ်လိုမြင်တယ်၊ ဘယ်အချက်တွေ သဘောကျ တယ်၊ ဘယ်အချက်တွေကိုတော့ သဘောမကျဘူး စတာ တွေက တစ်ဆင့် ကိုယ့်စီးပွားရေးကို လက်ရှိအခြေအနေ ထက်ပိုကောင်းအောင် လုပ်ဖို့မြင်သာစေတယ်လေ။ အောင် မြင်ကြီးပွားတဲ့ စီးပွားရေးတစ်ခုကို တည်ဆောက်နေချိန် မှာ ကိုယ့်ရဲ့ ဈေးဝယ်သူ တွေရဲ့ စကားသံတွေ အကြံပြုချက် တွေကို အမြဲနားထောင်ပြီး အမှန်အမှားကို ခွဲခြားသိမြင်နိုင်ဖို့က အရေးကြီးတဲ့ အချက်ပင်မဟုတ်ပါလား။


Red Dot ဆိုင်ပိုင်ရှင် ကွန်ရက်တွင်

Red Dot အရောင်းကိုယ်စားလှယ်ဖြစ်လိုပါက ဆက်သွယ် ပါ။ ပြီးတော့ H30 Honor 3C ရရှိမည့်ကံစမ်းမဲအစီ အစဉ် တွင်

ပါဝင်ဆင်နွဲလိုက်ပါ။

ပါဝင်ပါ။

အောက်ပါဖောင်အားဖြည့်၍

retailers@reddotnetwork.com သို့ အီးမေးလ် သို့မဟုတ် 09-250909033 သို့ဆက်သွယ်ပေးပို့ပါ။

သင့်ဈေးဝယ်သူများအတွက်ရွေးချယ်စရာများပိုမို ဖန်တီး

သင့်ဆီမှဆက်သွယ်မှုအားနားစွင့်နေမှာပါ။

ပေးပါ။ ဈေးဝယ်သူများအား သင့်ဆိုင်သို့ မကြာခဏ ဈေး လာဝယ်သည်ကိုတွေ့ရမည်ဖြစ်သည်။

အမည်:

ပထမခြေလှမ်း

အစပြုဖို့ယနေ့ပင်ကျွန်တော်တို့ကိုဆက်သွယ်လိုက်ပါ။

09-250909033 ဖုန်းသို့ခေါ်ဆိုနိုင်ပါတယ်။ ပြီးတော့ retailers@reddotnetwork.com သို့လဲ အီးမေးလ်ပေးပို့ ခြင်း သို့မဟုတ် စာအုပ်နောက်ဖက်မှ လျှောက်လွှာဖောင်အားရေးဖြည့်၍ ပေးပို့နိုင်ပါတယ်။

ဖုန်းနံပါတ်:

ဆိုင်အမည်၊ လိပ်စာ

ကျွန်တော်တို့ထံ

ဆိုင်အမျိုးအစား:

ဆက်သွယ်ပါ။

လက်ရှိတွင် မိုဘိုင်း ငွေဖြည့်ကတ် ရောင်းချနေပါသလား။

ဟုတ်သည်။

လက်ရှိသင့်ဆိုင်တွင် အင်တာနက် ချိတ်ဆက်မှုများရှိပါသလား။

ဟုတ်သည်။

ပြီးတော့ H30 Honor 3C

မဟုတ်ပါ။

အသစ်စက်စက်ရရှိနိုင်မည့် ကံစမ်းမဲ အစီအစဉ်မှာ

မဟုတ်ပါ။

ပါဝင်ပါ။

ယခု မဂ္ဂဇင်းမှ မည်သည့် ဆောင်းပါးအား သင်နှစ်သက်ပါသနည်း။

ယခင်လ ကံစမ်းမဲ အစီအစဉ်မှ Sony Xperia Z1 ကံထူးရှင်ကတော့ ကိုစိုးကိုကိုဦး ဖြစ်ပါတယ်။

သင်၏ စိတ်ဝင်စားမှုအား ကျေးဇူးတင်ပါသည်။ ကံကောင်းပါစေ။

www.reddotnetwork.com

မြန်မာနိုင်ငံမှ ပျူမြို့ဟောင်းများ ပထမဦးဆုံးအကြိမ်အဖြစ် UNESCO ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ဖြစ်လာ ဧရာဝတီမြစ်ကမ်းနားရှိ ပျူမြို့ဟောင်းတို့သည် မြန်မာနိုင်ငံအတွက် ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ရက်နေ့တွင် သတ်မှတ်ခြင်းခံခဲ့ရသည်။ ၎င်းပျူမြို့ဟောင်း သုံးခုအား ယူနက်စကို (UNESCO) ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ ဖြိုးမှုအရ အကျိုးဆက်ခံစားရမည့် ဘေးအန္တာရာယ်တို့ မှ အကာအကွယ် ပေးသွားမည် ဖြစ်သည်။ ဘီစီ ၂၀၀ နှင့် အေဒီ ၉ဝဝ ကြားကာလတွင် တည်ရှိခဲ့သော ပျူမြို့ဟောင်း သည် အီဂျစ်နိုင်ငံမှ ပိရမစ်များနှင့် သြစတေးလျနိုင်ငံမှ the Great Barrier Reef တို့ ကဲ့သို့ အခြားနိုင်ငံများနှင့်အတူ ကမ္ဘာ့အမွေအနှစ်စာရင်းအဖြစ် သတ်မှတ်လိုက်ပြီဖြစ် ပါသည်။ နိုင်ငံတကာအဖွဲ့အစည်းဖြစ်သည့် ယူနက်စကို (UNESCO) ၏ မျှော်မှန်းချက် ဖြစ်သည့် ကမ္ဘာ့ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်တို့အား ထိန်းသိမ်းကာကွယ် စောင့် ရှောက်ရန်အတွက် နိုင်ငံတကာ၏ ပူးပေါင်းပါဝင်ဆောင်ရွက်ရန်ဖြစ်သည်။


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.