လူမှုတရားမျှတမှု (social justice) နဲ့ ဆက်နွှယ်တဲ့ အကြောင်းအရာတွေကို ရှုထောင့်မျိုးစုံက တင်ပြထားတဲ့ The Myanmar Quarterly ဂျာနယ် အမှတ် ၄ မှာ တင်ပြပုံသုံးခုကို ဖတ်ရှုရပါမယ်။ ပထမတခုက လူမှုတရားမျှတမှု (social justice) အယူအကောက် ဖွင့်ဆိုချက်တွေနဲ့ institution ပိုင်း ဆိုင်ရာ ရှု့ထောင်က ပြောဆိုရေးသားမှုတွေ ဖြစ်ပါတယ်။ ဥပဒေ အစရှိတဲ့ institution ကိစ္စရပ်တွေအပြင် တဖက်စောင်းနင်း ဖြစ်နေတဲ့ အာဏာနဲ့ ဓနဥစ္စာခွဲဝေမှုအရ တည်ဆောက်ထားတဲ့ လူ့အဖွဲ့အစည်းရဲ့ ပကတိဘာ၀ အခြေအနေ (societal structure) ကို ဆန်းစစ် ထောက်ပြထားတဲ့ ရှုထောင့်အမြင်များကိုလည်း ဒုတိယ ချဉ်းကပ်ပုံအဖြစ် ဖတ်ရပါမယ်။ တတိယတခုကတော့ ယဉ်ကျေးမှုဓလေ့နဲ့ စိတ်ဓာတ်ပိုင်း ဆိုင်ရာ ပြုပြင် ပြောင်လဲရေး၊ စိတ်ပညာအယူအဆ ရှုထောင့်ကနေ တင်ပြထားတဲ့ culture ပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေ ဖြစ်ပါတယ်။