3 minute read

Chapter 11 Using Launch Pad, Mission Conrol, Dashboard & Trash

Using LaunchPad , Mission Control , Dashboard & Trash Using Launchpad

အခုစာဖတ်သူတို့ ဖတ်ရမယ့် အပိုင်းကတော့ Mac OSX ရဲ့ LaunchPad ပဲဖြစ်ပါတယ်။ Launchpad ကို Mac OSX Lion Version မှစပြီး iOS Style ပုံစံဖြင့်ထည့်သွင်းခဲ့တာပါ။ဒါကြောင့် iOS အသုံးပြုဖူးတဲ့သူတွေ ဆိုရင် Launchpad အကြောင်းကို နည်းနည်းလောက် ပြောလိုက်တာနဲ့ သဘောပေါက်သွားမှာဖြစ်ပါတယ်။ Launchpad iCon ကို Dock ပေါ်မှာ အောက်ကပုံလေးအတိုင်း တွေ့နိုင်ပါတယ်။

Advertisement

ထို Launchpad ကို Click လိုက်တာနဲ့ Launchpad ရဲ့ View ကိုတွေ့မြင်ရမှာဖြစ်ပါတယ်။

Mavericks ရဲ့ Launchpad ကို နှိပ်လိုက်ရင် ပေါ်လာမဲ့ Launchpad View ကိုပြထားတာပါ။ ပုံမှာမြင်ရတဲ့အတိုင်းပါပဲ iOS Screen နဲ့ တူညီတဲ့အတွက်ကြောင့် iOS Device သုံးဖူးတဲ့သူဆိုရင် အထူးအထွေတောင် ပြောစရာမလိုပါဘူး။ ဒီတော့ သိသင့်တဲ့ အချက်လေးတွေလောက်ပဲ ပြောပေးပါ့မယ်။ Launchpad မှာ ကိုယ့်စက်ထဲ Install လုပ်ထားတဲ့ App မှန်သမျှကို ပြပေးပါတယ်။ အပေါ်က Search Bar မှာမိမိ လိုချင်တဲ့ App Name ကိုရိုက်ပြီး ရှာဖွေနိုင်ပါတယ်။

မိမိ လိုချင်တဲ့ App ကို Click နှိပ်လိုက်ရုံနဲ့ App ကို Open လုပ်ပေးမှာဖြစ်ပါတယ်။

Launchpad ထဲမှာရှိတဲ့ App တွေထဲက မလိုချင်တဲ့ App ကိုဖျက်မယ်ဆိုရင် ကိုယ်ဖျက်ချင်တဲ့ App iCon လေးပေါ်မှာ Click လေးတစ်ချက်နှိပ်ပြီး ခဏဖိထားလိုက်ရင် iCon လေးတွေဟာ တုန်လာပြီး (x) အမှတ်အသားလေးပေါ်လာပါလိမ့်မယ်။

ထို (x) အမှား Sign လေးကို နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။App တိုင်းတော့ ဖျက်လို့မရပါဘူး။ ဖျက်လို့မရတဲ့ App တွေကို Uninstaller App ကိုသုံးပြီး ဖျက်ပစ်နိုင်ပါတယ်။ App လေးတွေကို စုစည်းချင်တယ်ဆိုရင် Click လေးဖိပြီး တခြား App iCon လေးပေါ်သို့ Drag & Drop လုပ်လိုက်ရင် Folder လေးနဲ့ သီးခြား Group ဖွဲ့ပြီးသားဖြစ်သွားပါလိမ့်မယ်။

ထို့အပြင် iOS လိုပဲ Page တွေကို သီးသန့်ခွဲထုတ်ထားနိုင်ပါတယ်။ Launchpad ကို Macbook Pro , Macbook Air နဲ့ TrackPad တို့နဲ့လည်း ပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ TrackPad ကိုလက်နှစ်ချောင်းပူးတွဲအသုံးပြုပြီး Page တွေကို ပြောင်းလဲနိုင်ပါတယ်။

မိမိ ရွှေ့လိုတဲ့ App လေးတွေကိုလည်း လက်သုံးချောင်းအသုံးပြုပြီး ရွှေ့လိုတဲ့ App ကိုထောက်ပြီး ရွှေ့နိုင်ပါတယ်။ ထို့အပြင် လက်ငါးချောင်းကို အသုံးပြုပြီး Launchpad ကိုအဖွင့်အပိတ်လုပ်နိုင်ပါတယ်။

Using Dashboard

အခုဆက်လက်ဖော်ပြပေးမှာကတော့ Mac OSX ရဲ့ Dashboard ကိုအသုံးပြုပုံပဲဖြစ်ပါတယ်။

Dashboard ကတော့ အသုံးများတဲ့ Feature တစ်ခုပဲဖြစ်ပါတယ်။Dashboard ထဲမှာ နောက်ထပ် Widget အသစ်တွေ ကိုလည်း စိတ်တိုင်းကျ ထပ်ထည့်နိုင်ပါတယ်။ ဘယ်လိုထည့်မလဲဆိုရင် ဘယ်ဘက်ထောင့်အောက်ဆုံးနားက အပေါင်း (+) Sign လေးကိုနှိပ်လိုက်ပါ။

အဲ့ဒီအထဲမှာ မိမိကြိုက်နှစ်သက်တဲ့ Widget လေးတွေကိုလည်း Click နှိပ်ပြီး Add လုပ်နိုင်ပါတယ်။ မလိုချင်တဲ့ Widget တွေကိုလည်း (-) Sign လေးကိုနှိပ်လိုက်ပြီး (x) အမှား Sign လေးကိုနှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။ Widgets အသစ်လေးတွေ လိုချင်ရင်တော့ အောက်ပါ Link မှာသွားယူနိုင်ပါတယ်။ http://www.apple.com/downloads/dashboard/

Using Mission Control

Mac OSX ရဲ့Mission Control Feature ဟာလည်း အတော်ကိုအသုံးဝင်တဲ့ Feature တစ်ခုပါ။ လက်ရှိ အသုံးပြုနေတဲ့ App တွေအားလုံးကို ခြုံပြီး မြင်နိုင်သလို Desktop တွေကိုလည်း ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။

Mission Control ကိုဖွင့်ချင်တယ်ဆိုရင် လက်လေးချောင်းနဲ့ ပုံပါအတိုင်း Trackpad ကို အပေါ်ကို ဆွဲတင်လိုက်ပါ။ထို့အပြင် တခြား Desktop ပေါ်သို့ App Window လေးတွေ ကို Click ဖိနှိပ်ပြီး Drag&Drop ဆွဲချနိုင်ပါတယ်။

Using Trash Bin

Trash Bin ဆိုတာကတော့ တခြားမဟုတ်ပါဘူး၊ မိမိဖျက်လိုတဲ့ ဖိုင်တွေကို ဖျက်ပစ်နိုင်အောင် လုပ်ဆောင်ပေးတဲ့ အမှိုက်ပုံး တစ်ခုပဲဖြစ်ပါတယ်။ Windows OS မှာဆိုရင် Recycle Bin နဲ့အတူတူပါပဲ။ မိမိဖျက်လိုတဲ့ File ကို Right Click နှိပ်ပြီး Move To Trash ကိုရွေးချယ်ပြီး Trash Bin ထဲကိုထည့်သွင်းပြီးဖျက်နိုင်ပါတယ်။

Move To Trash ကိုရွေးချယ်လိုက်ပြီဆိုရင်တော့ File လေးကို Dock ရဲ့ ညာဘက်ဆုံးမှာ ရှိတဲ့ အမှိုက်ပုံးလေးထဲမှာ အမှိုက် တွေနဲ့ပြည့်နေတာကို တွေ့ရမှာဖြစ်ပါတယ်။

လွယ်လွယ်ကူကူ အမှိုက်တွေရှင်းပစ်ချင်တယ်ဆိုရင်တော့ Trash Bin ကို Right Click နှိပ်ပြီး Empty Trash စာသားလေးကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Trash Bin အထဲကိုဝင်ကြည့်ရင်လည်း အောက်ပါအတိုင်းတွေ့နိုင်ပါတယ်။

အဲ့ဒီမှာ Open in New Tab - Tab တစ်ခုအနေနဲ့ အသစ်ဖွင့်မယ်လို့ပြောတာဖြစ်ပါတယ်။ Put Back - ဖိုင်ကိုမဖျက်တော့ပဲ နဂိုမူလရှိတဲ့ နေရာကို ပြန်ပို့မယ်လို့ပြောတာပါ။ Empty Trash - အမှိုက်ပုံးထဲက အမှိုက်တွေအားလုံးကို ဖျက်ပစ်မယ်လို့ပြောတာဖြစ်ပါတယ်။ Get Info - လက်ရှိ File ရဲ့ Information ကိုကြည့်တာပဲဖြစ်ပါတယ်။ Make Alias - Alias (like File Shortcuts) ပြုလုပ်တာပဲဖြစ်ပါတယ်။ Quick Look - Select မှတ်ထားတဲ့ အမှိုက်ရဲ့ Data ကိုအချို့ကို အမြန်ကြည့်တာပဲဖြစ်ပါတယ်။ Copy - အမှိုက် File ကို Copy ကူးတာပဲဖြစ်ပါတယ်။ Clean Up Selection - Select လုပ်ထားတဲ့ အမှိုက်ကို Clean Up လုပ်တာဖြစ်ပါတယ်။ Mac OSX မှာ Clean Up ဆိုတာက နေရာလွဲနေရင် တည်နေရာ အတည်တကျဖြစ်အောင် ပြန်လုပ်ပေးတာ ဖြစ်ပါတယ်။ Show View Options - သူကတော့ Trash Bin ထဲမှာရှိတဲ့ File တွေရဲ့ Show View ကိုစိတ်ကြိုက်ပြင်နိုင်ပါတယ်။ icon တွေကိုကြီးချင်ကြီး၊ သေးချင်သေး၊ အရောင်လေးပါပြောင်းလဲနိုင်ပါတယ်။ Tags - Mac OSX Mavericks ရဲ့ Tag Feature ပဲဖြစ်ပါတယ်။ Services - Services အထဲမှာတော့ မိမိ Install လုပ်ထားတဲ့ App တွေပေါ်မှာ မူတည်ပြီးကွဲပြား ပါတယ်။

အကုန်လုံးဖျက်ချင်ရင်တော့ Trash Bin ရဲ့ညာဘက်အပေါ်ဆုံးမှာ Empty ဆိုတဲ့ ခလုပ်လေးရှိပါတယ်။သူ့ကိုနှိပ်ပြီး ဖျက်ပစ်လိုက်လို့ရပါတယ်။

Empty Trash ကိုနှိပ်လိုက်ပြီး အမှိုက်ပုံးထဲက အမှိုက်တွေအားလုံးကို ဖျက်ပစ်လိုက်နိုင်ပါပြီ။

This article is from: