1 minute read
Chapter 25 Using iTunes
Using iTunes
iTunes ကိုတော့ အားလုံးသိကြမယ်လို့ထင်ပါတယ်။ iTunes ရဲ့ ပထမဆုံး အဓိကရည်ရွယ်ချက်ကတော့ သီချင်းရောင်းဖို့ဖြစ် ပါတယ်။ အခုအချိန်မှာတော့ Music Player, Video Player, TV Shows, Audiobook အစရှိတာတွေပါဝင်လာပါတယ်။ iOS Application Library တစ်ခုလဲဖြစ်လာပါတယ်။ သီချင်းတွေ၊ ရုပ်ရှင်တွေကို ဝယ်နိုင်ပါတယ်။ အခုဆိုရင် iTunes Radio ကိုလည်း နားဆင်နိုင်ပြီဖြစ်ပါတယ်။ iPhone, iPod, iPad တွေအတွက်မရှိမဖြစ် Software တစ်ခုဖြစ်လာပါတယ်။ iDevice မှာရှိတဲ့ data တွေကို Backup လုပ်နိုင်လာပါတယ်။ iDevice အသစ်တစ်လုံးပြောင်းလဲသုံးစွဲမယ်ဆိုရင်လဲ အရင် Device က data တွေ settings တွေကို တစ်ခုမကျန် လွှဲပြောင်းပေးဖို့အတွက် တစ်ခုတည်းသောနည်းလမ်းကလည်း iTunes အသုံးပြုခြင်းပဲဖြစ်ပါတယ်။ iOS ကို firmware ပြန်တင်ချင်လဲ iTunes နဲ့တင်နိုင်ပါတယ်။ iTunes နဲ့ backup မလုပ်ထားတဲ့ iDevice တစ်ခုမှာ backup လုပ်မယ်ဖို့ခဏခဏ သတိပေးနေပါလိမ့်မယ်။ iTunes မှာ Music, Movie, Apps အစရှိတဲ့ Library တစ်ခုကနေတစ်ခုကို ပြောင်းချင်တယ်ဆိုရင်တော့ ဘယ်ဘက်မှာရှိတဲ့ Dropdown List ကနေပြောင်းနိုင်ပါတယ်။
Advertisement
iDevice ကို Manage လုပ်မယ်ဆိုမယ်ဆိုရင် iTunes နဲ့ ချိတ်ဆက်လိုက်ရင် ညာဘက်မှာ iPhone, iPad, iPod အစရှိသည်ပေါ်နေပါလိမ့်မယ်။ ထိုအထဲမှ iDevice တစ်ခုကို Manage လုပ်နိုင်ပြီး Windows မှာနဲ့ဆင်ပါတယ်။ အသေးစိတ် ရှင်းပြရင် တော်တော်များမှာဖြစ်တဲ့အတွက် အဓိက backup လုပ်တာနဲ့ sync လုပ်တာကိုဖော်ပြမှာပဲဖြစ်ပါတယ်။
Backup လုပ်မယ်ဆိုရင် backup ထဲမှာ backup to this computer လို့ ရွေးပြီး backup ဆိုတာကို နှိပ်လိုက်ယုံပါပဲ။
Backup လုပ်ထားတာကို ပြန်ယူချင်တယ်ဆိုရင် restore backup ကိုနှိပ်လိုက်ယုံပါပဲ။ jailbreak လုပ်ထားရင်တော့ backup သာလုပ်လို့ရမှာဖြစ်ပြီး restore backup တော့လုပ်နိုင်မှာမဟုတ်ပါဘူး။ Sync လုပ်မယ်ဆိုရင်တော့ Backup လုပ်ပါတယ်။ Sync လုပ်ချင်တဲ့ Music, Movie အစရှိတာတွေကို အပေါ်မှာ check လုပ်ပေးရပါတယ်။ ပြီးသွားရင် အောက်က ဆိုတာကိုနှိပ်လိုက်ရင် ဖုန်းထဲက သီချင်းတွေ ရုပ်ရှင်တွေကိုဖျက်ပြီး iTunes ထဲက ကောင်တွေနဲ့ အစားထိုးသွားမှာပဲဖြစ်ပါတယ်။