1 minute read
Chapter 22 Myanmar App for Mac
Myanmar App for Mac
Mac အသုံးပြု မြန်မာ App များ ၁။ English-မြန်မာ (Zawgyi) Dictionary for Mac (developed by Ko Htain Lin Shwe)
Advertisement
ကိုစေတန်ခေါ် Ko Htain Lin Shwe ရေးထားတဲ့ Dictionary လေးပါ။ မူရင်း Dictionary App ထဲမှာ ထပ်ပေါင်းထည့်ပေး ထားတာပါ။
ဒီ dictionary ကို ထည့်သွင်းအသုံးပြုရန် အရင်ဆုံး မြန်မာစာ font zawgyi ကို ဦးစွာ install လုပ်ထားဖို့လိုပါတယ်။ 1. အရင်ဆုံး dictionary file ကို down ပါ။ https://www.dropbox.com/s/evtfu0w2ndb6qdb/ornagaien.dictionary.zip 2. unzip လုပ်ပြီး Finder> Go Menu > Go to Folder ထဲမှာ /Library/Dictionaries ကို copy paste လုပ်ပြီး Go နှိပ်ပါ။ 3. ပွင့်လာတဲ့ Folder ထဲကို unzip လုပ်ထားတဲ့ ornagaien.dictionary ဆိုတဲ့ file ကိုထည့်ပါ။
4. Dictionary App ဖွင့်ပါ။
Dictionary Menu > Preferences ဝင်ပြီး
အောက်ဖက်ဆုံးထိသွားပါ။ ပြီးရင် ornagaien ကို အမှန်ခြစ်ပေးပါ။
5. Dictionary ရဲ့ အမည်များထဲက ornagaien ကို ကလစ်နိုပ်ပြီး ရှာလိုသော English စာလုံးရိုက်ကာ ရှာဖွေနိုင်ပါပြီ။
၂။ မြန်မာ ပြက္ခဒိန် App for Mac (developed by Moe Win Hlaing)
OS X အတွက် Day One Myanmar Calendar တစ်ရက်စာ မြန်မာ ပြက္ခဒိန်လေးပါ။ AD 639 မှ 2039 ထိ နှစ်ပေါင်း နှစ်ထောင်ကျော်စာ ကြည့်လို့ရပါတယ်။ မြန်မာရက်စွဲများ အခါကြီးရက်ကြီးများ။ ပိတ်ရက်များကို ကြည့်နိုင်ပါတယ်။ (တရုတ်နှစ်သစ်ကူးတော့ နောက် version မှ ပါ ပါ့မယ်) ဒီ calendar လေး ရေးဖို့ မြန်မာပြက္ခဒိန်တွက်နည်းကို Ko Yan Naing Aye ဆီမှ ရရှိပါတယ်။ မြန်မာစာ embed ထည့်ဖို့ ကို Mg Zaw Min Soe မှ အကူညီပေး ပြောပြပါတယ်။ Down ပြီး run ရုံပါပဲ install လုပ်ဖို့မလိုပါဘူး။
https://www.dropbox.com/s/e2atz9y128cz7dh/Day%20One%20Myanmar%20Calendar.zip