1 minute read
Chapter 24 Using iPhoto
Using iPhoto
Advertisement
iPhoto ကတော့ ဓာတ်ပုံတွေကို တစ်စုတစ်စည်းတဲ့ သိမ်းထားဖို့အတွက်ဖြစ်ပြီး အနည်းငယ် edit ပြုလုပ်နိုင်ပါတယ်။ Camera တစ်လုံး၊ ဒါမှမဟုတ် iPhone တစ်လုံး ကို Mac နဲ့ချိတ်လိုက်မယ်ဆိုရင် iPhoto ပွင့်လာမှာဖြစ်ပြီး Import လုပ်လိုက်ယုံနဲ့ တစ်ခါတည်း iPhoto ထဲမှာသိမ်းသွားမှာပဲဖြစ်ပါတယ်။ သိမ်းထားတဲ့ ဓာတ်ပုံတွေကို Events တွေနဲ့ခွဲခြားပေးမှာဖြစ်ပြီး Geo Tagging ပါဝင်လာတဲ့ ဓာတ်ပုံတွေကိုတော့ Places ထဲမှာ ခွဲခြားကြည့်ရှုနိုင်ပါတယ်။ Faces ထဲမှာတော့ မျက်နှာတွေကို နာမည်နဲ့တကွ tag လုပ်ထားနိုင်ပါတယ်။
Facebook လိုမျိုး Social Network နဲ့ချိတ်ထားမယ်ဆိုရင်တော့ Facebook Album တွေကို iPhoto ကနေအလွယ်တစ်ကူ ဖွင့်ကြည့်နိုင်မှာဖြစ်ပါတယ်။ iPhoto ထဲက ဓာတ်ပုံတွေကိုလဲ Social Network တွေပေါ်သို့ via iPhoto နဲ့ တင်နိုင်ပါတယ်။
iPhoto ထဲကဓာတ်ပုံတွေကို browse window ကနေရွေးချင်ရင်တော့ Media, Photos ဆိုပြီး sidebar ကနေရွေးနိုင်ပါတယ်။ iPhoto ကတော့ Mountain Lion ကနေစလို့ Free ပါဝင်လာပါပြီ။ အဓိကကတော့ ဓာတ်ပုံတွေသိမ်းဖို့ Mac Application တစ်ခုဖြစ်ပါတယ်။