3 minute read
Chapter 28 USB Boot and Clean Install
USB Boot and Clean
အလွယ်ဆုံး bootable OS X လုပ်ချင်တဲ့သူများအတွက်ပါ၊ Mac OS X 10.6 TO 10.9 ထိသုံးလို့ ရတယ်ဆိုတော့ Mavericks အတွက်ပါရပါတယ်။ လိုအပ်တာတွေကတော့။ ၁။ DiskMaker X download
Advertisement
၂။ download ပြီး install မလုပ်ခင် Install OSX ၃။ USB 8GB or greater
DiskMaker.dmg ကို down ပြီး install လုပ်။ ပြီး USB တပ်ပြီး click နိုပ်သွားယုံပါပဲ။ အရမ်းလွယ်ပါတယ်။ boot + copy ကူးတာစောင့် ပြီးရင် ကြိုက်တဲ့စက်မှာ အသစ် Mac OS X တင်ဖို့  stick တစ်ချောင်း အဆင်သင်ဖြစ်သွားပါပြီ။ ၁။ install ပြီးနောက် usb တပ်ထားပြီး စတင် run ပါ။ ပြီး version ရွေးပါ။
၂။ DiskMaker X က OS X install folder ရှိတဲ့နေရာကို auto ရှာဖွေသွားမှာပါ။
၃။ USB stick တစ်ခုလုံးကို ဖျက်ပြီး OS ကိုသွင်းဖို့လုပ်သွားမှာပါ။ An 8 GB USB နှိပ်ပါ။
password ရိုက်ပါ။
OS X folder ထဲက file တွေကို copy ကူးပေးသွားပြီး USB ကို Boot Install Disk တစ်ခုအနေနဲ့လုပ်ပေးသွားမှာပါ။ 5GB လောက်ရှိတဲ့အတွက် မီနစ် 30 ကျော်စောင့်ရမှာပါ။
နောက်ဆုံးအဆင့်အနေနဲ့ boot disk တစ်ခုအဆင်သင့်ဖြစ်ကြောင်း message ပါ။ Quit နိုပ်လိုက်ယုံပါ
ပုံမှာအတိုင်း desktop ပေါ်မှာ bookdisk ကိုတွေ့မြင်ရပါပြီး၊ နောက် OS X အသစ်တင်ချင်တဲ့ Mac မှာတပ်ပြီး install လုပ်ရုံ ပါပဲ။ ဒါကို နောက်တစ်ခန်းမှာ ဆက်လက်ကြည့်ပါ။
How to Clean Install OS X
Mac Computer တစ်လုံးကို စက်ဝယ်စတုန်းကလို OS X အသစ်ပြန်တင်နိုင်ပါတယ်။ အရင်ဆုံး အရေးကြီးတဲ့ data များကို external နဲ့ backup လုပ်ထားပါ။ app တော်တော်များများကလည်း Application အောက်မှ အလွယ်တကူ copy ကူးထားနိုင်ပါတယ်။ အားလုံးအဆင်သင့်ဖြစ်ပြီးဆိုရင် install လုပ်ခြင်းကို စလို့ရပါပြီ။ ၁။ အရင် tutorial မှာလုပ်ထားတဲ့ OS X Boot USB ကို Mac မှာတပ်ပြီး power ဖွင့်ပါ။ ၂။ ပြီး ထည့်ထားသော USB မှ Boot လုပ်ရန် (Boot Disk ရွေးရန် ) စက်အဖွင့်မှာ Option key နိုပ်ထားရပါမယ် Startup Manager တက်လာပြီး Boot လုပ်မယ့် USB ကို ရွေးပေးရပါမယ်။ ၃။ နောက်တဆင့်ကတော့ Disk Utility ကို ရွေးပြီး harddisk ကို Format ချရမှာပါ။ ဒါကြောင့် Erase Tab နိုပ် ပြီး Format မှာ Mac OS Extended (Journaled) ကိုရွေးပြီး Driver နံမည်ပေးပြီး Erase Button နိုပ်လိုက်ပါ။ ပြီး Reinstall OS X ရောက်အောင် ပြန်ထွက်ပါ။
၎။ ပြီး Reinstall OS X ရွေးပြီး Accept လုပ်ကာ install လုပ်လိုက်ပါ။အရမ်းလွယ်ကူပါတယ်။ စက်အနေအထားပေါ်မူတည်ပြီး အနည်းဆုံး မီနစ် ၃၀ နီးပါးကြာအောင် install လုပ်ရပါတယ်။
Install file အားလုံးဟာ usb ထဲမှာရှိတဲ့အတွက်ကြောင့် offline install လုပ်ပေးသွားမှာဖြစ်ပါတယ်။
install လုပ်အပြီး မှာ restart ကျသွားပြီး ပုံမှာ မြင်တဲ့အတိုင်း apple id ထည့်ပြီး သုံးနိုင်မယ့် အဆင့်ရောက်သွားပါပြီး ဒီအဆင့်မှာ internet ချိတ်ပြီး၊ ရှိပြီး apple id သုံးရင်ပိုမြန်ပါတယ် ။ မရှိသေးလဲ လုပ်လိုက်ပါ လွယ်ပါတယ်။ မြန်မာနိုင်ငံက လုပ်ရင် Myanmar (Burma) ရွေးပြီး အမှန် Address ထည့်ပြီး လုပ်လို့ ရပါတယ်။ (Apple ID Chapter တွင် ဖတ်နိုင်)
ဒီအဆင့်တွေ ပြီးရင်တော့ Clean OS X အသစ်နဲ့  ... စတင်သုံးနိုင်ပါပြီး။ အရေးကြီးတာက USB ဆိုတာ အဆင်မသင့်ရင်ပျက်တတ်တာမို့ အနီးမှာ တခြား Mac တစ်လုံးမရှိရင် နှစ်ခုလောက် boot usb လုပ်ပြီးမှ တင်သင့်ပါတယ်။ အားလုံးပြီးသွားရင်တော့ Mac စက်ကလေးက မူလဝယ်စဉ်ကအတိုင်း OS X နဲ့ ဖြစ်သွားပါပြီး။ လိုအပ်တဲ့ update တွေ software တွေတော့ ပြန်ထည့်ရမှာပါ။