2 minute read
Chapter 13 Dock
Dock
Advertisement
Dock ကတော့ Mac OSX ကို Unique ဖြစ်စေတဲ့ အကြောင်းရင်း တစ်ခုဆိုရင်လည်း မမှားပါဘူး။ Mac OSX မှာ Apps တွေကို စုစည်းပေးထားတဲ့ Dock ဟာအသုံးဝင်ပြီး User Interface အနေနဲ့လည်း ဆန်းသစ်လှပပါတယ်။ Dock ပေါ်မှာ မိမိရဲ့ စိတ်ကြိုက် App တွေ တင်ထားနိုင်သလို ၊ မလိုအပ်တဲ့ App တွေကိုလည်း Remove လုပ်နိုင်ပါတယ်။ Dock ပေါ်မှာရှိတဲ့ App iCon တွေရဲ့ Size တွေကိုလည်း မိမိစိတ်ကြိုက်ပြုပြင်ထားနိုင်သလို Dock ပေါ်က App တွေပေါ်ကို Mouse လေးရွှေ့လိုက်တာနဲ့  App Size လေးတွေကြီးလာအောင်လည်း ပြုလုပ်ထားနိုင်ပါတယ်။ Dock ကိုမိမိစိတ်ကြိုက်ပြင်ဆင်လိုတယ်ဆိုရင်တော့ System Preferences ကိုဖွင့်လိုက်ပါ။ ပြီးရင် System Preferences ထဲမှာ Dock ကိုရွေးလိုက်ပါ။
ရွေးပြီးရင်တော့ အောက်ပါပုံလေး ပေါ်လာမှာဖြစ်ပါတယ်။ ဒီနေရာလေးမှာပဲ Mac OSX ရဲ့ Dock ကိုမိမိစိတ်ကြိုက်ပြင်ဆင် နိုင်မှာဖြစ်ပါတယ်။
Size : Size ကတော့ Dock ရဲ့ အရွယ်အစားကို သတ်မှတ်ပေးတာပါ။ Small ဆိုရင်တော့ အသေးဆုံး အရွယ်အစားဖြစ် သွားပြီးတော့ Large ဆိုရင်တော့ Dock ကို အကြီးဆုံးဖြစ်အောင် လုပ်ဆောင်ပေးလိုက်တာပါ။ ကိုယ့်ဟာကို Small နဲ့ Large ကြားမှာ ကစားကြည့်လိုက်ရင်တော့ ဒါလေးကို သဘောပေါက်သွားမှာပါ။ Magnification : Magnification ကတော့ Dock ပေါ်က App iCon တွေကို မိမိရဲ့ Mouse လေးရွှေ့ပြီးတင်လိုက်တဲ့အခါမှာ မိမိရွှေ့လိုက်တဲ့ App iCon လေးတွေကို ကြီးလာအောင် လုပ်ဆောင်နိုင်ပါတယ်။
Position on screen : Position on screen ဆိုတာကတော့ Dock ကို ဘယ်နေရာမှာထားမလဲဆိုတာ ရွေးချယ်ပေးရတာပါ။ ရွေးချယ်စရာ သုံးခုရှိပါတယ်။ ဘယ်ဘက် ၊ အလယ် နဲ့ ညာဘက် တို့ပဲဖြစ်ပါတယ်။ Minimize window using : ဒါလေးကတော့ ကိုယ်လက်ရှိသုံးနေတဲ့ App လေးကို Minimize လုပ်လိုက်တဲ့အခါမှာ Dock ပေါ်ကို ပြေးဝင်သွားတဲ့ Style လေးကိုသတ်မှတ်ပေးထားတာပါ။ ရွေးချယ်စရာ နှစ်မျိုးရှိပါတယ်။ Double click a window’s title bar to minimize : ဒါလေးကတော့ App ရဲ့ Window လေးကို Double Click နှိပ်လိုက် တဲ့အခါမှာ Minimize လုပ်တဲ့ လုပ်ဆောင်ချက်လေးပါ။ အမှန်ခြစ်ထားရင် Minimize လုပ်မယ်လို့ ဆိုလိုတာပါ။
Minimize windows into application icon : ဒါလေးကတော့ လက်ရှိသုံးနေတဲ့ App ကို Minimize လုပ်လိုက်တဲ့အခါမှာ Dock ရဲ့ ညာဘက်ဆုံးအပိုင်းကို သွားမထားတော့ပဲနဲ့ ကိုယ်သုံးနေတဲ့ App iCon မှာပဲ Minimize လုပ်တာပါ။အမှန်ခြစ်ထားရင် Minimize လုပ်မယ်လို့ ဆိုလိုတာပါ။ Animate opening application : ဒါလေးကတော့ Dock ပေါ်က App လေးတွေကို Open လုပ်လိုက်တဲ့အခါမှာ ဒီလုပ်ဆောင်ချက်လေးကို အမှန်ခြစ်ထားရင် App iCon လေးက ခုန်ပြီး Animate ဖြစ်နေမှာပါ။
Automatically hide and show the Dock : ဒါလေးကို အမှန်ခြစ်ထားရင် Dock က ပုံမှန်အတိုင်းဆိုရင် ပျောက်နေမှာ ဖြစ်ပါတယ်။ Mouse လေးက Dock ရှိတဲ့နေရာကို ရောက်သွားမှသာ Dock ပြန်ပေါ်လာမှာဖြစ်ပါတယ်။ Show indicator lights for open applications : ဒါလေးကတော့ လက်ရှိ ကိုယ်ဖွင့်ထားတဲ့ App iCon လေးတွေရဲ့ အောက်မှာ မီးလေးလင်းနေအောင် လုပ်ဆောင်ပေးတဲ့ လုပ်ဆောင်ချက်တစ်ခုပါ။
ဒါဆိုရင်တော့ Dock နဲ့ ပက်သက်ပြီး မိမိစိတ်ကြိုက် ပြင်ဆင်နိုင်သွားမယ်လို့ မျှော်လင့်ပါတယ်။Dock ပေါ်က App လေးတွေကို Remove ပြုလုပ်ချင်ရင်တော့ Mouse နဲ့ ကိုယ် Remove ပြုလုပ်ချင်တဲ့ App iCon လေးပေါ်ကို ဖိထားပြီး အပေါ်ကို လွှင့်ပစ်ပြီး Remove ပြုလုပ်နိုင်ပါတယ်။
App တွေကို Dock ထဲကို တင်မယ်ဆိုရင်တော့ ကိုယ်ကြိုက်တဲ့ App iCon လေးကို Dock ပေါ်ကို Drag & Drop ပြုလုပ်ပြီး တင်နိုင်ပါတယ်။
ဒီလောက်ဆိုရင်တော့ Dock နဲ့ပက်သက်ပြီး အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။