1 minute read

Chapter 15 Apple ID

Apple ID

Apple ID

Advertisement

Apple ID ကတော့ Mac OSX သုံးမယ်ဆိုတဲ့လူတွေအတွက် မရှိမဖြစ်လိုအပ်ပါတယ်။အခု Apple ID တစ်ခုကို ဘယ်လိုဘယ်ပုံပြုလုပ်ရမလဲဆိုတာ ပြောပြပေးသွားမှာဖြစ်ပါတယ်။ App Store ကိုဖွင့်လိုက်ပါ။ Free App တစ်ခုကို Download ပြုလုပ်လိုက်ပါ။ Apple ID မရှိတဲ့အတွက်ကြောင့် Apple ID ကိုမေးလာပါလိမ့်မယ်။ ထိုအခါ Create Apple ID ကိုနှိပ်ပြီးအသစ်ပြုလုပ်နိုင်ပါတယ်။

Continue ကိုဆက်နှိပ်ပါက License Agreement ကိုမေးလာခဲ့ပါက အမှန်ခြစ်ပေးလိုက်ပါ။ ပြီးရင်တော့ မိမိရဲ့ Email , Password နှင့် အခြား Data များကို မှန်ကန်စွာဖြည့်ပေးလိုက်ပါ။

ပြီးရင် Continue ကိုဆက်လက်နှိပ်ပေးပါ။ Payment Method ကိုဖြည့်ပေးရမှာဖြစ်ပါတယ်။ App Store ပေါ်မှာရှိတဲ့ App တွေ ကိုယ်ဝယ်ယူဖို့ဆိုတာ Online Banking နဲ့ချိတ်ဆက်ပေးထားရမှာဖြစ်ပါတယ်။

Online Bank မရှိတဲ့လူတွေအဖို့ None ကိုသာ ရွေးချယ်ပေးလိုက်ပါ။ ပြီးရင် အောက်မှာရှိတဲ့ Address ကို ဖြည့်ပေးလိုက်ပါ။ Redeem Code ကိုတော့ မဖြည့်လို့ရပါတယ်။ ပြီးရင် Create Apple ID ကိုနှိပ်လိုက်ရင် Apple ID တစ်ခုရရှိသွားပါပြီ။ မိမိရဲ့ Mail ထဲကိုသွားရောက်ပြီး Confirm ပြုလုပ်ပြီးပါက အသုံးပြုနိုင်မှာဖြစ်ပါတယ်။

This article is from: