2 minute read

Chapter 14 Macbook Pro Ports

Macbook Pro Ports

Macbook Pro Ports

Advertisement

Mac တွေထဲမှာ လူသုံးများပြီး စွမ်းဆောင်ရည်မြင့်မားတဲ့ Macbook Pro မှာပါရှိတဲ့ Ports နဲ့ Keyboard ရဲ့ အကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ ဘာတွေလဲဆိုတော့ Keyboard, USB,Card Reader(SDXC Card Slot),Thunderbolt,MagSafe,Headphone ,Dual mics , HDMI … စတဲ့အကြောင်းတွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ Keyboard

အထက်ဖော်ပြပုံလေးကတော့ Macbook Pro မှာ ပါဝင်တဲ့ Keyboard ပဲဖြစ်ပါတယ်။ နောက်ခံအရောင် ငွေရောင်မှာ Keyboard Key တွေကို အနက်ရောင်ဖြင့် အလွန်လိုက်ဖက်စွာ တည်ဆောက်ထားပါတယ်။ထို့အပြင် Keyboard မှာပါတဲ့ Key လေးတွေရဲ့ အောက်မှာလည်း backlit ကလည်း Keyboard Key လေးတွေကို မီးလင်းနေအောင် လုပ်ဆောင်ပေး ထားပါတယ်။

Keyboard တွင် ပါရှိတဲ့ Key လေးတွေရဲ့အကြောင်းကိုလည်း Keyboard & Shortcuts အပိုင်းမှာ အသေးစိတ် ရေးသားပေးထားပါတယ်။ USB

USB ကတော့ Macbook Pro မှာ Built in အနေနဲ့ ၂ ပေါက်ပါဝင်ပါတယ်။

Card Reader (SDXC Card Slot)

ဒါလေးကတော့ Card Reader ဖြစ်ပါတယ်။ SD Card တွေအသုံးပြုနိုင်ပါတယ်။ Tunderbolt

Thunderbolt ကတော့ Apple ရဲ့ အကောင်းဆုံး နည်းပညာထဲကတစ်ခုပါ။ သာမန် USB ထက် အဆ ၃၀ ပိုမိုမြန်ဆန်စွာ Data တွေအကူးအပြောင်းပြုလုပ်နိုင်ပါတယ်။ ဘယ်နေရာမှာအသုံးပြုသလဲဆိုတော့ Macbook Pro ကို Projector နဲ့ဖြစ်ဖြစ် ၊ Monitor နဲ့ဖြစ်ဖြစ် ၊ External Display အတွက်အသုံးများပါတယ်။

MagSafe

MagSafe ကတော့ Macbook Pro အတွက် Power ပေးတဲ့နေရာပါ။ Macbook Pro ကိုအားသွင်းတဲ့အခါမှာအသုံးပြုပါတယ်။ MagSafe မှာ ပါရှိတဲ့ အပေါက်ငယ်လေးတွေကို (Gold ) ရွှေသား ရောစပ်ပြီး ပြုလုပ်ထားပါတယ်။ ရွှေသားဖြင့် ပြုလုပ် ထားတဲ့အတွက်ကြောင့် လျှပ်စစ်စီးဝင်မှုကို ပိုမိုကောင်းမွန်မြန်ဆန်စေဖို့ ဖြစ်ပါတယ်။

HeadPhone Port

HeadPhone အပေါက်လေးကတော့ အခြားသော Laptop များမှာပါဝင်တဲ့ HeadPhone Port လေးအတိုင်းပါပဲ။ နားကြပ် ၊ External SoundBox တွေကိုတပ်ဆင်ပြီး နားဆင်နိုင်ပါတယ်။

Dual Mics

Dual Mics ကတော့ Macbook Pro မှာ Port နှစ်ခုပါဝင်ပါတယ်။ Port နှစ်ခုပါဝင်တဲ့အတွက်ကြောင့် အသံတွေကို ဖမ်းယူ ရာမှာ ပိုမိုကြည်လင်ပြတ်သားစေမှာဖြစ်ပါတယ်။ Macbook Pro Screen Size ပေါ်မူတည်ပြီး Mics Port နေရာလွဲနိုင်ပါတယ်။ 2011 late Macbook pro 13 inches တွေမှာ ဘယ်ဘက်အပေါ်ဆုံးမှာပါဝင်ပါတယ်။ HDMI

HDMI Port ကတော့ Macbook Pro ကို Full HD TV တွေနဲ့ ချိတ်ဆက်ရာမှာအသုံးပြုပါတယ်။Mabook Pro Display ကို Full HD TV တွေမှာ ချိတ်ဆက်ပြီး ပြသတဲ့နေရာမှာ အသုံးပြုပါတယ်။

ဒီလောက်ဆိုရင်တော့ Macbook Pro မှာ ပါဝင်တဲ့ Ports တွေအကြောင်း သဘောပေါက်ပြီလို့ မျှော်လင့်ပါတယ်။

This article is from: