3 minute read
Chapter 12 Keyboard & Shortcuts
Keyboard & Shortcuts
Using Keyboard & Some Shortcuts
Advertisement
Macbook Pro နဲ့ Macbook Air တို့မှာ ပါဝင်တဲ့ Keyboard က Key တွေရဲ့အသုံးပြုပုံတွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ iMac ၊ Mac mini နဲ့ Mac Pro တို့သုံးမယ်ဆိုရင်လည်း Apple Bluethooth ကီးဘုတ်ကိုအသုံးပြုရပါလိမ့်မယ်။Apple Bluetooth Keyboard မှာပါတဲ့ Key တွေရဲ့အသုံးပြုပုံကလည်း Windows အတွက် အသုံးပြုတဲ့ Keyboard တွေနဲ့မတူညီပဲ ကွဲပြားခြားနားတဲ့အတွက်ကြောင့် Mac အတွက် Key တစ်ခုချင်းစီကို ရှင်းလင်းပေးသွားပါ့မယ်။ အောက်ကပုံလေးကတော့ Macbook Pro မှာပါဝင်တဲ့ Keyboard ပဲဖြစ်ပါတယ်။
Figure : 1.0 [Non Retina Macbook Pro 13inches] Macbook တွေမှာပါတဲ့ Keyboard Key တွေအများစုကတော့ Windows Laptop တွေမှာပါတဲ့ ကီးတွေနဲ့ ဆင်တူပါတယ်။ ABCDEFG….စတဲ့ Standard တွေကိုတော့ တူညီပါတယ်။ ဘာတွေကွဲသွားသလဲဆိုတော့ iTunes အတွက်အသုံးပြုလို့ရတဲ့ အထူး Key တွေ ပါဝင်လာပါတယ်။ အခုကတော့ Macbook Pro Retina မဟုတ်သေးတဲ့ Keyboard ထဲက Key တွေကို ဖော်ပြပေးလိုက်ပါတယ်။ Macbook Pro Retina မှာတော့ အခွေ Eject လုပ်တဲ့ ကီးမပါဝင်တော့ပါဘူး။
Figure : 1.1
Esc Key - Escape F1 Key - Screen မျက်နှာပြင် အလင်းရောင်လျော့ခြင်း။ F2 Key - Screen မျက်နှာပြင် အလင်းရောင်တိုးခြင်း F3 Key - Mission Control
F4 Key - Launchpad F5 Key - Keyboard ကြားမှထွက်သောအလင်းရောင် လျော့ချခြင်း F6 Key - Keyboard ကြားမှထွက်သော အလင်းရောင် တိုးခြင်း F7 Key - iTunes Previous Key
F8 Key - iTunes Play & Pause Key
F9 Key - iTunes Next Key F10 Key - အသံပိတ်သော Key
F11 Key - အသံလျော့ချသော Key F12 Key - အသံချဲ့သော Key Eject Key - CD&DVD Disk ထုတ်သော Key
Figure : 1.2
Fn Key - Function Key
Control - Control Key
Alt , Option - Alter & Option Key Command - Mac အတွက်အဓိကသုံးသော Command Key
Shortcuts
Mac OSX ရဲ့ Keyboard Shortcuts လေးတွေကိုစုစည်းဖော်ပြပေးလိုက်ပါတယ်။ Shortcuts တွေကတော့ App တွေပေါ်မှာ မူတည်ပြီးကွဲပြားသွားပါလိမ့်မယ်။ အခုဖော်ပြမဲ့ Shortcut Key တွေကတော့ Standard အဖြစ်အသုံးများသော Key တွေကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။Command Key ကို Cmd လို့အတိုကောက်သုံးနှူန်းပါမယ်။ SpaceBar - File တစ်ခုခုကို ရွေးချယ်ပြီး SpaceBar Key နှိပ်လိုက်ရင် Quick View အနေနဲ့ ပေါ်လာပါလိမ့်မယ်။ Cmd+A - အကုန်ရွေးချယ်ခြင်း။ Cmd+C - Copy ကူးယူခြင်း။ Cmd+V - Paste လုပ်ခြင်း။ Cmd+Q - App ကိုထွက်ခွာခြင်း။ Cmd+W - App ကိုထွက်ခွာခြင်း။ Cmd+H - App ကို Hide လုပ်ခြင်း။ Cmd+SpaceBar - Spotlight Search (Default) Cmd+Z - Undo ပြုလုပ်ခြင်း။ Cmd+S - Save မှတ်သားခြင်း Cmd+Tab - App Window ပြောင်းလဲခြင်း Cmd+Left Arrow Key- Text ရှိသော နေရာများတွင် ဘယ်ဘက်အဆုံးသို့ သွားရောက်ခြင်း။ Finder တွင် ဘယ်ဘက်မှ File များကို Select မှတ်ခြင်း။ Cmd+Right Arrow Key- Text ရှိသောနေရာများတွင် ညာဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင်ညာဘက်မှ File များကို Select မှတ်ခြင်း။ Cmd+Down Arrow Key- Text ရှိသောနေရာများတွင် အောက်ဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင် အောက်ဘက်မှ File များကို Select မှတ်ခြင်း။ Cmd+Up Arrow Key - Text ရှိသောနေရာများတွင် အပေါ်ဘက်အဆုံးသို့သွားရောက်ခြင်း။ Finder တွင် အပေါ်ဘက်မှ File များကို Select မှတ်ခြင်း။ Fn 2x - Function Key ကိုနှစ်ခါဆက်တိုက်နှိပ်ပါက Voice ဖြင့် Text ရိုက်နိုင်သော Dictation Function ဖြစ်ပါတယ်။
Cmd+Shift+Delete - Trash Bin ထဲရှိ အမှိုက်များကို ရှင်းလင်းနိုင်ပါတယ်။ Cmd+Option+A - Select all လုပ်ထားသော File များကို Deselect လုပ်ခြင်း Cmd+Shift+A - Applications Folder ကိုဖွင့်ခြင်း Cmd+Shift+C - Computer Window ကိုဖွင့်ခြင်း Cmd+D - Selected Item ကို Duplicate လုပ်ခြင်း Cmd+Shift+D - Desktop Folder ကိုဖွင့်ခြင်း Cmd+E - CD & DVD အခွေထုတ်ခြင်း Cmd+F - လက်ရှိ Folder ထဲမှ Item များကို Spotlight ဖြင့်ရှာဖွေခြင်း Cmd+Shift+G - Folder ထဲသို့သွားခြင်း Cmd+Shift+H - လက်ရှိ အကောင့်၏ Home Folder ကိုတိုက်ရိုက်ဖွင့်ခြင်း Cmd+Shift+Ctrl+T - Select မှတ်ထားသော Item ကို Dock ပေါ်သို့ Add လုပ်ခြင်း Cmd+I - Select မှတ်ထားသော Item ၏ Information ကိုကြည့်ရှူနိုင်ခြင်း Cmd+Option+I - Inspector ကိုကြည့်ရှူနိုင်ခြင်း Cmd+J - View Options ကိုကြည့်ရှူနိုင်ခြင်း။ Cmd+K - Server သို့ချိတ်ဆက်နိုင်ခြင်း Cmd+Shift+K - Network window ကိုဖွင့်နိုင်ခြင်း Cmd+L - Select မှတ်ထားသော Item ကို Alias ပြုလုပ်နိုင်ခြင်း Cmd+M - Window ကို Minimize ပြုလုပ်ခြင်း Cmd+Option+M - Window အားလုံးကို Minimize ပြုလုပ်ခြင်း Cmd+N - Finder Window အသစ်ခေါ်ယူနိုင်ခြင်း Cmd+Shift+N - Folder အသစ်ခေါ်ယူနိုင်ခြင်း Cmd+O - Select လုပ်ထားသော Item ကို Open ပြုလုပ်နိုင်ခြင်း Cmd+Shift+Q - Log Out ပြုလုပ်နိုင်ခြင်း Cmd+Shift+Option+Q- Log Out ကိုချက်ချင်း ပြုလုပ်နိုင်ခြင်း Cmd+R - Alias ဖိုင်၏ Original ဖိုင်ကို ပြပေးခြင်း Cmd+T - SideBar သို့ Add လုပ်နိုင်ခြင်း
Cmd+Shift+T - Favorites သို့ Add လုပ်နိုင်ခြင်း Cmd+Option+T - ToolBar ကို Hide & Show ပြုလုပ်နိုင်ခြင်း Cmd+Shift+U - Utilities Folder ကိုဖွင့်နိုင်ခြင်း Cmd+1,2,3,4 - iCon View များကို ပြောင်းလဲပေးခြင်း Cmd+,(Comma) - Finder ၏ Preferences ကိုဖွင့်နိုင်ခြင်း Cmd+[ - Previous Folder ကိုသွားနိုင်ခြင်း Cmd+] - Next Folder ကိုသွားနိုင်ခြင်း စသဖြင့် အသုံးများတဲ့ Mac OSX ၏ Shortcut တွေထဲက စာရေးသူမှတ်မိသလောက် ဖော်ပြပေးလိုက်ပါတယ်။ ယခု ဖော်ပြခဲ့တဲ့ Shortcuts အများစုကတော့ Finder ပေါ်မှာ အခြေခံပြီး အသုံးပြုရတဲ့ Shortcuts တွေပဲဖြစ်ပါတယ်။ App တွေပေါ် မူတည်ပြီး အသုံးပြုတဲ့ Shortcuts တွေဟာလည်း ကွဲသွားခြားနားသွားတဲ့အတွက်ကြောင့် မိမိတို့ အသုံးပြုနေတဲ့ App ရဲ့ Menu Bar မှ Item တွေရဲ့ ဘေးမှာ အောက်ပါပုံအတိုင်း Shortcuts တွေပါရှိပါတယ်။ ဒါကတော့ Photoshop ရဲ့ Image Menu Bar အထဲမှ Item တွေရဲ့ Shortcuts လေးတွေကို နမူနာပြသထားခြင်းဖြစ်ပါတယ်။