-64C H A P T E R 12
Keyboard & Shortcuts Using Keyboard & Some Shortcuts Macbook Pro နဲ့ Macbook Air တို့မှာ ပါဝင်တဲ့ Keyboard က Keyေ တွရဲ့အသုံးပြုပုံတွေကို ရှင်းလင်းပြောကြားပေးသွားမှာ ဖြစ်ပါတယ်။ iMac ၊ Mac mini နဲ့ Mac Pro တို့သုံးမယ်ဆိုရင်လည်း Apple Bluethooth ကီးဘုတ်ကိုအသုံးပြုရပါလိမ့်မယ်။Apple Blue- tooth Keyboard မှာပါတဲ့ Key တွေရဲ့အသုံးပြုပုံကလည်း Windows အတွက် အသုံးပြုတဲ့ Keyboard တွေနဲ့မတူညီပဲ ကွဲပြားခြားနားတဲ့အတွက်ကြောင့် Mac အတွက် Key တစ်ခုချင်းစီကို ရှင်းလင်းပေးသွားပါ့မယ်။ အောက်ကပုံလေးကတော့ Macbook Pro မှာပါဝင်တဲ့ Keyboard ပဲဖြစ်ပါတယ်။
Figure : 1.0 [Non Retina Macbook Pro 13inches] Macbook တွေမှာပါတဲ့ Keyboard Key တွေအများစုကတော့ Windows Laptop တွေမှာပါတဲ့ ကီးတွေနဲ့  ဆင်တူပါတယ်။ ABCDEFG….စတဲ့ Standardေ တွကိုတော့ တူညီပါတယ်။ ဘာတွေကွဲသွားသလဲဆိုတော့ iTunes အတွက်အသုံးပြုလို့ရတဲ့ အထူး Key တွေ ပါဝင်လာပါတယ်။ အခုကတော့ Macbook Pro Retina မဟုတ်သေးတဲ့ Keyboard ထဲက Key တွေကို ဖော်ပြပေးလိုက်ပါတယ်။ Macbook Pro Retina မှာတော့ အခွေ Eject လုပ်တဲ့ ကီးမပါဝင်တော့ပါဘူး။
www.apple4mm.com