-12CHAPTER 3
Introduction Introduction to Mac Mac OSX User Guide by Apple4MM စာအုပ်မှကြိုဆိုပါတယ်ခင်ဗျာ။ဒီစာအုပ်ထဲမှာ စာဖတ်သူကို Mac OSX ရဲ့ နောက်ဆုံးထုတ် Version ဖြစ်တဲ့ OSX 10.9 (Mavericks) ကိုအဓိကထားပြီး OSX ရဲ့အသုံးပြုပုံတွေ ဖွဲ့စည်းတည်ဆောက်ပုံ အချို့နဲ့ OSX နဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို စုံစုံလင်လင်နဲ့ စာတွေသာမက ဓာတ်ပုံတွေနဲ့ပါ တစ်ဆင့်ချင်း အသေးစိတ် ရှင်းလင်းပြသပေးသွားမှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ ဆိုရင်ဖြင့် Operation System တွေဟာ အပြိုင်အဆိုင်နဲ့ သူ့ထက်ငါသာအောင် ထုတ်လုပ်နေကြတာ တွေ့ရ ပါတယ်။ သူတို့ထဲက အသုံးများဆုံး OS တွေကတော့ Mac OSX , Windows နဲ့ Linux တို့ပဲဖြစ်ပါတယ်။ အခုစာအုပ်ကတော့ Mac OSX အကြောင်းပြောမဲ့စာအုပ်ဖြစ်တာကြောင့် ကျန်တဲ့ နှစ်မျိုးကိုတော့ မပြောတော့ပဲနဲ့ Mac OSX ရဲ့ ကောင်းကြောင်းတွေကိုပဲ ဆက်ပြောကြတာပေါ့။ Mac OSX ကဘာတွေပိုကောင်းသလဲဆိုတော့ ပြောရင်တော့ ကုန်နိုင်ဖွယ်မရှိဘူးဆိုရင် စာဖတ်သူအံ့သြသွားမယ်ထင်ပါတယ်။ ဟုတ်ပါတယ်၊ေ ကာင်းကြောင်းတွေ အများကြီးရှိတဲ့အထဲက အကောင်းတကာ့ အကောင်းဆုံးြ ဖစ်တဲ့ အားသာချက်တွေကိုသာ ပြောသွားပေးမှာဖြစ်ပါတယ်။ Mac OSX ကိုလူအများလက်ခံထားတဲ့ စကားလုံးတစ်လုံးရှိပါတယ်။ဘာလဲဆိုတော့ “တစ်ခါတင် တစ်သက်သုံး OS ဟာ Mac OSX ပဲတဲ့” တစ်ကယ်လည်းမှန်ပါတယ်။ OS တစ်ခါတင်လိုက်တာနဲ့ တစ်သက်လုံးတောင် သုံးလို့ရလောက်အောင်ကိုေ ကာင်းမွန်ပါ တယ်။ ဘာကြောင့်လဲဆိုတော့ Mac OSX သည် - တည်ငြိမ်မှူအပြည့်ရှိခြင်း အသုံးပြုမှူလွယ်ကူခြင်း လုံခြုံရေးအတွက် ယုံကြည်စိတ်ချရခြင်း Virus လုံးဝ (လုံးဝ) ကင်းစင်ခြင်း OS Update လုပ်ရလွယ်ကူခြင်း (Just One Click) Design အမြင်ဆန်းသစ်လှပခြင်း App များကို တစ်နေရာတည်းတွင်လွယ်ကူစွာ ရှာဖွေနိုင်ခြင်း နည်းပညာအသစ်များ အစဉ်အမြဲ ပါဝင်နေခြင်း
www.apple4mm.com