-143C H A P T E R 20
Safari Safari & Other Web Browsers
Safari ကေတာ့ Mac OSX မွာ User ေ တြအသံုးအမ်ားဆံုး Web Browser ဆိုရင်လည်းမမှားပါဘူး။ Apple မှ ထုတ်လုပ် ထားတဲ့ အတွက်ကြောင့် Design ပိုင်းသာမက လုပ်ဆောင်ချက်တွေက အလွန်ထူးခြား ပြောင်မြောက်ပါတယ်။ Safari ဟာဆိုရင် အခြား Web Browser တွေနဲ့ယှဉ်လိုက်ရင် Web Browsing Speed က အမြန်ဆုံးပါပဲ။ Safari မှာ အသုံးပြု ထားတဲ့ Javascript Engine သည် အခြားသော Web Browser များမှာအသုံးပြုထားသော Javascript Engine များထက်ပင် သာလွန်ကောင်းမွန် မြန်ဆန်ပါတယ်။ Mac OSX Mavericks မှာဆိုရင် Apple ရဲ့နာမည်ကျော် App တွေဖြစ်တဲ့ Keynote , Pages , Numbers တို့ကိုတောင် Safari Web Browser ထဲမှာ Web App အနေနဲ့ iCloud ကိုအသုံးပြုပြီး အဆင်ပြေစွာ အသုံးပြုနိုင်ပါတယ်။ Safari ရဲ့လုပ်ဆောင်ချက်တွေအားလုံးကို အသေးစိတ်ပြောရမယ်ဆိုရင် စာအုပ်တစ်အုပ်လုံးပြည့်သွားပါလိမ့်မယ်။ ဒါကြောင့် Mac OSX ကိုအခုမှစ အသုံးပြုသူတွေအနေနဲ့ သိသင့်သိထိုက်သလောက်သာ အသုံးဝင်သော အချက်အလက်များကို ရွေးချယ် ဖော်ပြပေးသွားမှာဖြစ်ပါတယ်။
www.apple4mm.com