Mac OS X User Guide for Myanmar

Page 152

-151C H A P T E R 21

App Store App Store

App Store ကတော့ Mac OSX User တွေအတွက် One Stop အနေနဲ့ App တွေကိုစိတ်ကြိုက် ဝယ်ယူပြီး၊ One Click ဖြင့် Download ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အခြားသော OSေ တွထဲမှ Mac OSX ကို တမူထူးခြားစေခဲ့တဲ့ App တစ်ခုလည်းဖြစ်ပါတယ်။ ကိုယ့်ရဲ့ Mac ထဲမှာအသုံးပြုဖို့ App တွေကို တစ်နေရာတည်းမှာပဲ စုံစုံလင်လင်နဲ့ လွယ်လွယ်ကူကူ ရရှိနိုင်မှာဖြစ်ပါတယ်။ App Store ကိုအသုံးပြုမယ်ဆိုရင် Apple ID တစ်ခုပဲလိုအပ်ပါတယ်။ မြန်မာနိုင်ငံကဆိုရင်တော့ Paid App တွေအတွက် Gift Card (သို့) နိုင်ငံခြားမှ Online Banking တစ်ခုခုနဲ့ မိမိ Apple ID နဲ့ ချိတ်ဆက်ထားမှသာရနိုင်မှာပါ။ အခြား ကောင်းမွန်တဲ့ Free App တွေကိုလည်း App Store ပေါ်မှာပဲ အလွယ်တကူရရှိနိုင်ပါတယ်။ အမျိုးမျိုးသော ထူးခြားဆန်းပြားတဲ့ App များကို App Store ထဲမှာအလွယ်တကူ ရယူနိုင်ရုံမက Mac အတွက် OS Version တွေအသစ်ထွက်လာရင်လည်း One Click Upgrade ပြုလုပ်နိုင်မဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်။ Mac OSX ကို မိမိ Mac ပေါ်မှာ တင်ဖို့ဆိုတာ ခွေမလိုပါဘူး။ App Store ပေါ်မှာ One Click နှိပ်ပြီး Apple Server ကနေ Direct Downloadြ ပုလုပ်နိုင်ပါတယ်။ အလိုအလျောက် Installation System ပါဝင်တဲ့အတွက်ကြောင့် Download လုပ်ပြီး တာနဲ့ Install ဆိုတဲ့ Button လေးတစ်ချက်နှိပ်လိုက်တာနဲ့ အကုန်လုံးကို အလိုအလျောက် Installation ပြုလုပ်ပေးသွားမှာ ဖြစ်ပါတယ်။

www.apple4mm.com


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.