Mac OS X User Guide for Myanmar

Page 4

-3CHAPTER 1

About Apple 4 MM About This Book မင်္ဂလာပါ။ အခုလို ကျွန်တော်တို့ ဒီစာအုပ်လေးဖြစ်မြောက်လာရတဲ့ ရည်ရွယ်ချက်ကတော့  မြန်မာနိုင်ငံမှာ Apple ရဲ့ Mac OSX ဟာဆိုရင်ဖြင့် အတော်ကိုအသုံးများလာတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ အရင်က Computer ဆိုရင် Windows လို့သာ သိကြတဲ့ Userေ တွအနေနဲ့ အခုချိန်ခါမှာ Computer အတွက် Windows ဆိုတဲ့ Microsoft ကထုတ်လုပ်တဲ့ Operation System အပြင် Apple မှထုတ်လုပ်သော Mac OSX ရှိတယ်ဆိုတာကိုလည်း သဘောပေါက်နားလည်လာကြပြီဖြစ်ပါတယ်။ ဒါကြောင့် အခုနောက်ပိုင်းမှာ User တွေအနေနဲ့ Apple Computer တွေဖြစ်တဲ့ Macbook Pro , Macbook Air , iMac , Mac mini , Mac Pro အစရှိတဲ့ Mac များကိုလည်း ပြည်တွင်းမှာပင် လွယ်လွယ်ကူကူ ဝယ်ယူသုံးစွဲလာကြပါပြီ။ ဒါပေမဲ့ Windows OS ကနေ Mac OSX ကိုြေ ပာင်းသုံးတဲ့အခါမှာ End-­Userေ တ်ာတော်များများ အနေနဲ့ အသုံးပြုရာမှာ အခက်အခဲ ရှိလာပါတယ်။ English စာအားကောင်းတဲ့ User အတွက် Internet မှာ Manual Guideေ တွရှိလို့  လွယ်လွယ်ကူကူ Download လုပ်ပြီး ဖတ်ရှုနိုင်ပေမယ့် တစ်ချို့သော English စာ အားမကောင်းတဲ့ User တွေကတော့ အသုံးပြုနည်း စာအုပ်တွေကို ဖတ်ရှု နိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် တစ်ချို့သော User တွေက Macbook Pro ဝယ်ပြီးတော့ Mac OSX ကို မသုံးတတ်တဲ့ အတွက်ကြောင့် Mac OSX ကိုဖြုတ်ချပြီး Macbook Pro နဲ့ပဲ Windows OS ကိုပြန်တင်ပြီးအသုံးပြုနေကြတျာအများအပြားတွေ့ရှိရပါတယ်။ အမှန်မှာ Mac OSX ဟာ Windows OS ထက်ပင် ပိုမိုလွယ်ကူ ရှင်းလင်းစွာ အသုံးပြုနိုင်တယ်ဆိုတာကို Userေ တွအနေနဲ့ မသိတဲ့အတွက်ကြောင့်ပါ။ User တွေအတွက် လုပ်ဆောင်ချက်တွေကို လွယ်ကူရိုးရှင်းစွာဆောင်ရွက်နိုင်စေရန် Mac OSX ကို Apple ကလုပ်ဆောင်ပေးထားပါတယ်။ ထိုသို့ Mac OSX ကို Userေ တွအနေနဲ့ ကျွမ်းကျင်အောင် အသုံးမပြုတတ်သောအခါ သိချင်တာတွေရှိရင်ေ မးမြန်းရအောင် ဆိုပြီး ကိုမိုးဝင်းလှိုင်ဦးဆောင်ပြီး Facebook Group တစ်ခုကို Apple Mac OSX Users for Myanmar ဆိုပြီး 19,Aug , 2013 မှာစပြီးတော့ Group တစ်ခုတည်ထောင်ခဲ့ကြပါတယ်။ မသိတာတွေ မေးမြန်းတဲ့မေးခွန်းတွေကို ပြန်လည်ဖြေဆိုပေးဖို့အတွက် Group တစ်ခုတည်ထောင်ခဲ့ကြတဲ့အခါမှာ ကျွန်တော် အထက်က ပြောသလိုပဲ အများစုက Mac OSX ကိုအသုံးပြုမှူမှာ နားလည်မှူအားနည်းနေပြီး ကျွမ်းကျွမ်းကျင်ကျင် အသုံးမပြု တတ်ကြဘူးဆိုတာ တွေ့ရပါတယ်။ English လိုရေးထားတဲ့ Manual Guide တွေကို ညွှန်းပေးသော်လည်း အများစုဟာ Download လုပ်ပြီးမဖတ်ကြပါဘူး။

www.apple4mm.com


Turn static files into dynamic content formats.

Create a flipbook
Issuu converts static files into: digital portfolios, online yearbooks, online catalogs, digital photo albums and more. Sign up and create your flipbook.